🌹ဆူးကြိုး(အခန်း၃၇) 🌹ဒုတိယပိုင်း🌹

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 ဆူးကြိုး(အခန်း၃၇)

🌹ဒုတိယပိုင်း🌹


ဖွားညိုကတော့ သူ့လုပ်ငန်းတွေအကြောင်းကို ထဲထဲ၀င်၀င်သိအောင် ရှင်းပြပြောပြလေ့ရှိသည်။မြန်မာ့ကျောက်မျက်ရတနာသည် ကမ္ဘာပေါ်ရှိ ကျောက်မျက်ရတနာဈေးကွက်တိုင်းမှာ မယှဉ်ရဲစရာမရှိလောက်အောင် အရည်အသွေးကောင်းသည်ဟု အမေရိကန်မှကျောက်မျက်ကိုယ်စားလှယ်များကပါ အသိအမှတ်ပြုထားလေသည်။


ပတ္တမြားမြေဖြစ်သော မိုးကုတ်တွင်အဖိုးတန်ပတ္တမြားထွက်သည့် ကျောက်တွင်းများပိုင်ဆိုင်ထားသည့် ဒေါ်ရိပ်ညို၏မြေးဖြစ်သော်ငြားလည်း ၀မ်းမသာပေ။အဖွားပိုင်သောပစ္စည်းများသည် အဖွားနှင့်သာသက်ဆိုင်သည်ဟု သတ်မှတ်ထားသည်။


"အမယ်လေး..မြန်မာနိုင်ငံမှာသယံဇာတတွေပေါပေမဲ့ ငါတို့အတွက်မဟုတ်ပါဘူး..

တို့အမျိုးထဲက လင်းလင်းဆိုတဲ့ကောင်လေးတစ်ယောက်ဆိုရင် သူဌေးဖြစ်ချင်လို့တဲ့..

ဖားကန့်မှာအလုပ်သွားလုပ်တာ..မြေပြိုတဲ့အထဲကို ပါသွားတာများ...သူ့မိသားစုဆိုရင်..

ပူဆွေးပြီးကျန်ခဲ့ရတာပဲအဖက်တင်တယ်...

သူ့အမေကြီးဆိုရင် ရူးမတတ်ပဲ.."


အဒေါ့်စကားတွေကို ပြန်ကြားယောင်မိတော့ စန္ဒားတီးသင်နေရင်းနှင့် စိတ်အာရုံတွေက စက်ခလုတ်တွေကိုမရောက်ပဲဖြစ်နေသည်။

ဒေါ်လေးကို လွမ်းတဲ့စိတ်တောင်ပေါ်လာပြီ။


"ပုံရိပ်...အဆင်ပြေရဲ့လား...နားချင်လား..."


"ရှင်..."


စန္ဒယားသင်ပေးသော ဆရာကြီးသည် ပုံရိပ်ကိုပြုံးပြ၍ကြည့်နေလေသည်။အတွေးများပြီး တီးချင်စိတ်တွေလည်းမရှိတော့၍ ဆရာကြီးကိုနှုတ်ဆက်ပြီး အပေါ်ထပ်သို့တက်နားဖို့သာတွေးမိသည်။


"မမရေ...မမ.."


ဖြူနုသော ခြေ‌ဖဝါးလေးသည် လှေကားပထမအဆင့်ကိုပင် မနင်းမိတော့ပဲ နောက်ကိုလှည့်ကြည့်လိုက်တော့ ကြက်တောင်စည်းနှင့်သနပ်ခါးဗျင်းကျားလိမ်းထားသောပိစိမက ခပ်သုပ်သုပ်ပြေး၍လာနေသည်။


"အမယ်လေး...မောလိုက်တာမမရယ်..ဒီအိမ်ကဘာလို့ဒီလောက်အထိ ကျယ်နေသလဲမသိပါဘူး...တစ်နေရာနဲ့တစ်နေရာလမ်းလျှောက်ရတာနဲ့တင် အသက်ထွက်တော့မယ်..."


ပါတိတ်၀မ်းစက်အဝါရောင်ရင်ဖုံးလေးကို၀တ်ထားသော ပုံရိပ်၏လက်မောင်းတွေကို အတင်းမှီတွဲကာ အမောဖြေနေ၍ အသဲယားကာပိစိမ၏ ဆံပင်ငုတ်စိကို ချစ်စနိုးနဲ့ဆွဲလိုက်မိသည်။


"အာ့...မမနော်..ဒီကစကားအကောင်းပြောမလို့ကို..."


"အဟင်း...ပြောပါရှင်..ဘာပြောမလို့လဲ..."


သနပ်ခါးလိမ်းမထားပေမဲ့ ဖြူစင်သောမျက်နှာလေးတွင် အပြုံးလွင်လွင်လေးသန်းလိုက်သည်။


"ဟိုတစ်ခါက..တရုတ်နယ်စပ်မှာ..ရောင်းဖို့..မမရဲ့ကျောက်ကိုထည့်လိုက်တဲ့ဦးထွန်းမြိုင်လေ..အခုဧည့်ခန်းထဲမှာစောင့်နေပြီ..."


"ဟင်...ဟုတ်လား...ဒါဆိုတို့သွားရအောင်..

ရင်တောင်ခုန်နေပြီပိစိမရယ်..အခြေအနေဘယ်လိုရှိသလဲမသိဘူး..."


"ပိစိမလည်းရင်ခုန်နေပြီ...ပိုက်ဆံရရင်သာမုန့်၀ယ်ကျွေးဖို့မမေ့နဲ့နော်..."


"စိတ်ချပါဟယ်..."


အဖွားမမြင်ခင် ခြေလှမ်းကျဲကြီးများဖြင့် ပြေးနေမိသည်။အဖွားသည် လမ်းလျှောက်လျှင်တောင်အိန္ဒြေရရလျှောက်မှကြိုက်သလို စကားပြောလျှင်လည်း အပိုစာသားတွေ

မပြောပဲ တည်တည်တံ့တံ့နေတာကို သဘောကျသူဖြစ်သည်။ထို့ကြောင့် အဖွားအရှေ့မှာဆိုလျှင် ပုံရိပ်သည် နန်းမတော်မယ်နုဖြစ်နေရလေသည်။


"ဟဲ့...ဟဲ့...ဘယ်လိုဖြစ်လာရတာတုန်း.."


"ဟင်...အဖွားပါရှိနေတာလား..."


ဧည့်ခန်းအရှေ့သို့ရောက်သည်နှင့် တန့်ခနဲဖြစ်သွားကာ ခြေလှမ်းတွေကိုချက်ချင်းဘရိတ်အုပ်လိုက်ရသည်။

"အဖွားပါရှိနေတာဘာလို့မပြောသလဲ..."

ပိစိမကို အသံတိတ်နှင့်မျက်စောင်းထိုးလိုက်တော့...

"မမကမှမမေးတာကို..."ရယ်တာလား၊ငိုတာလားမသိသော မျက်နှာပေးနှင့်သွားဖြီးပြနေသော ပိစိမကိုထုသာထုလိုက်ချင်မိသည်။


"အရိပ်...နောက်တစ်ခါအပြေးတွေအလွှားတွေနဲ့မလုပ်နဲ့နော်...အဖွားမကြိုက်ဘူး..."


"ဟုတ်ကဲ့ပါအဖွားရဲ့..သမီးကဦးထွန်းမြိုင်

..ရောက်နေတယ်ဆိုလို့..၀မ်းသာသွားလို့ပါ

...ဦးထွန်းမြိုင်...အခြေအနေဘာထူးလဲဟင်...



ဆက်တီပေါ်မှာ ထိုင်လိုက်ပြီးနောက် ဦးထွန်းမြိုင်၏ မျက်နှာကိုအကဲခတ်နေမိသည်။

ဦးထွန်းမြိုင်ကို ရောင်းခိုင်းလိုက်သောကျောက်စိမ်းသည် သူများဆီမှတစ်ဆင့်ပြန်၀ယ်ထားခြင်းဖြစ်ပြီး အခြားသူ၏

အကူအညီကိုမယူပဲ ပုံရိပ်ကိုယ်တိုင်စစ်ထားသော ကျောက်ဖြစ်နေသည်။အဖွားဆီမှ ပိုက်ဆံသိန်းနှစ်ဆယ်ချေးကာ ၀ယ်ထား‌မိတာဖြစ်၍ ရှုံးရင်တော့တစ်နေကုန်ထိုင်ငိုမိလိမ့်မည်။


"ဒဏ်ရာပါပေမဲ့...ပွဲစားကသဘောကျပါတယ်

..ဒီမှာသိန်းငါးဆယ်..."


ဦးထွန်းမြိုင်သည် အိတ်အမဲထုပ်ကို ခုန်ပေါ်သို့တင်လိုက်သောအခါ ပါးစပ်ကိုလက်နှင့်အုပ်ထားရသည်အထိ အံ့ဩနေမိသည်။

တကယ်ကြီး အောင်မြင်သွားတာလား။


"မမ...မမလုပ်နိုင်သွားပြီ.."


ပုံရိပ်၏ဘေးနားတွေမတ်တပ်ရပ်နေသောပိစိမသည် ပခုံးကိုလာ၍လှုပ်ပြီး ထခုန်မတတ်ပျော်နေ‌လေသည်။ပုံရိပ်လည်းထခုန်ချင်ပါရဲ့။ဒါပေမဲ့ တစ်ကိုယ်လုံးလှုပ်၍မရပဲ

အစာတစ်ခုခုနင်နေသလိုဖြစ်နေသည်။


ပိုက်ဆံထုပ်ကိုလှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်တော့မှ ယုံသွားမိတော့သည်။

လက်တွေတုန်နေပေမဲ့ ပိုက်ဆံတွေကိုကိုင်၍မျက်ရည်ကဝဲချင်လာသည်။

ဒီလောက်များတဲ့ ပိုက်ဆံတွေကိုတစ်ချီတည်းနဲ့ရှာနိုင်လိမ့်မယ်လို့ အိပ်မက်ထဲမှာတောင်

မတွေးခဲ့ဖူးပေ။


"ဂုဏ်ယူပါတယ်အရိပ်...ဒီလောက်မြန်မြန်နဲ့..

ကျောက်ကောင်းတစ်လုံးကို ရှာ၀ယ်နိုင်တာ..

နည်းတဲ့အရည်အချင်းမှမဟုတ်ပဲ..ဘယ်လိုလဲ..ပထမဆုံးအကြိမ်မှာတင်..အောင်မြင်သွားတာ..ပျော်ရဲ့လား..."


အဘွားက ဝှီးချဲလ်ကိုပုံရိပ်၏ဘေးနားသို့တွန်းလာပြီး ဂုဏ်ယူနေသောအပြုံးနှင့်မေးလေသည်။ပုံရိပ်ကလည်း အဖွားကိုကျေနပ်ပီတိဖြစ်နေသောအပြုံးများဖြင့် ပြန်၍တုန့်ပြန်မိပါသည်။အဖွားသာ ဒီပညာတွေကိုမသင်ပေးခဲ့ရင်၊လုပ်ငန်းနဲ့ပတ်သတ်တာတွေ

မသင်ခိုင်းခဲ့ရင် အသက်၁၅နှစ်အရွယ်နဲ့ဆယ်နှင့်ချီသောပိုက်ဆံကို ရှာဖို့စွမ်းဆောင်နိုင်မည် မထင်ပေ။အရာအားလုံးက အဖွားကြောင့်ပါပဲ။


"အဖွားရယ်..သမီးသိပ်ပျော်တာပဲ..."


အဖွား၏ရင်ခွင်ထဲသို့တိုး၀င်၍ မျက်ရည်များဝိုင်းနေမိသည်။ပျော်လွန်းလို့ငိုမိတာပါ။

ပုံရိပ်၏ ဆံပင်တွေကိုပွတ်သပ်ပေးပြီး နှစ်သိမ့်ပေးလာသော အဖွား၏ကိုယ်မှ နံ့သာဆီရနံ့လေးသည် ပို‌၍နွေးထွေးလွန်းသည်။


"အခုအဲ့ဒီ့ငွေတွေနဲ့...ဘာဆက်လုပ်မှာလဲ..."


ပုံရိပ်၏ မျက်ရည်တွေကိုသုတ်ပေးနေသောကြောင့် အဖွား၏မျက်၀န်းတွေကို

၀မ်းနည်းရိပ်သန်းကာကြည့်လိုက်ပြီး မဝံ့ရဲပေမဲ့အမှန်အတိုင်းပဲပြောချင်သည်။


"ဖွားညို...သမီးလေ..ဒီပိုက်ဆံထဲကဆယ်သိန်းလောက်ကို ဒေါ်လေးဆီပို့ချင်တယ်...

ဒေါ်လေးကလည်း သမီးရဲ့ကျေးဇူးရှင်ပါပဲ..

ပဲပြုတ်ရောင်းနေရပေမဲ့ သမီးကိုတစ်ခါမှအလုပ်ထွက်မလုပ်ခိုင်းဘူး..သမီးဒေါ်လေးကိုထောက်ပံ့ချင်တယ်...ဖွားညိုကိုသိန်းနှစ်ဆယ်‌

ပြန်ဆပ်ပြီး...ကျန်တဲ့ပိုက်ဆံနဲ့ထပ်ရင်းမယ်

..ဆယ်သိန်းလောက်ကိုတော့..ဒေါ်လေးဆီကိုပို့ပေးပါရစေနော်.."


"အရိပ်ရဲ့သဘောပါကွယ်..အဖွားက

မကန့်ကွက်ပါဘူး..ဆယ်သိန်းမဟုတ်ဘူး..

သိန်းနှစ်ဆယ်ပို့လိုက်ပါ...ဒါမှတစ်ခုခုရင်းနှီးပြီးစားသောက်လို့ရမှာ...အကျိုးရှိတဲ့နေရာမှာအသုံးပြုတာပဲ..ကန့်ကွက်စရာမရှိပါဘူး..

အလုပ်တစ်ခုလုပ်တယ်ဆိုတာ ရည်ရွယ်ချက်တစ်ခုရှိဖို့လိုတယ်လေ..အရိပ်ရဲ့ရင်ထဲမှာ အဒေါ်မိသားစုကိုထောက်ပံ့ချင်တာကိုအဖွားမတားပါဘူး...အခုအဖွားဆီကယူထားတဲ့သိန်းနှစ်ဆယ်ကိုလည်းထပ်ရင်းဖို့ယူထားလိုက်...တစ်ခုတော့ရှိတယ်..ကျောင်းပြန်တတ်ရင်တော့..အလုပ်ကိစ္စတွေအားလုံးကိုရပ်ရမယ်...ပညာရေးအပေါ်မှာပဲအာရုံစိုက်မှကြိုက်တာနော်..."


"စိတ်ချပါဖွားညိုရယ်...အရိပ်ကအဖွားရဲ့စကားကိုအမြဲနားထောင်မှာ..."


"အဟင်း...ဒါမှ..အဖွားရဲ့‌အရိပ်...အဖွားသွားနားလိုက်အုံးမယ်..."


"ဟုတ်ကဲ့..."


ဧည့်ခန်းထဲမှ အဖွားထွက်သွားသလိုဦးထွန်းမြိုင်‌လည်း ပြန်သွားသောအခါပိုက်ဆံသိန်းငါးဆယ်ကို ကိုင်ပြီးမတ်တပ်ထရပ်ကာ

ပိစိမနှင့်အကြည့်ချင်းဆုံသွားမိသည်။


"ပိစိမ...သိန်းသုံးဆယ်ဟ..သိန်းသုံးဆယ်တောင်မြတ်တယ်..."


"ဟုတ်ပ...မမရယ်..ပိစိဖြင့်အဲ့ကျောက်တုံးကြီးကို မမ၀ယ်လိုက်တုန်းကဒီလောက်မြတ်မယ်မထင်ထားဘူး...မမအရမ်းတော်တယ်...

ပိစိမကိုမုန့်၀ယ်ကျွေးရမယ်နော်..."


"နင့်တစ်ယောက်တည်းတင်မကဘူး...

အကုန်လုံးကို၀ယ်ကျွေးမှာ...အိမ်ကအလုပ်သမားအကုန်လုံးကို ကြေးအိုးဆီချက်၀ယ်ကျွေးမယ်..လာ...ဦးတင်စိန်ကို၀ယ်ခိုင်းဖို့ သွားရှာရအောင်..."


ကလေးတွေမို့ နှစ်ယောက်သားခုန်ပေါက်ကာ

တစ်ယောက်ပခုံးပေါ်သို့တစ်ယောက်လက်တင်ပြီး ဦးတင်စိန်ရှိရာသို့ ပြေးသွားကာ

ကြေးအိုးဆီချက်တွေကို ၀ယ်ခိုင်း၍တစ်အိမ်လုံးကို ၀ယ်ကျွေးပစ်လိုက်သည်။


မီးဖိုချောင်ထဲတွင်တော့ အန်တီလှခင်ကဦးဆောင်၍ အိမ်အလုပ်သမားများကို ဆီချက်တွေမျှ၍ကျွေးလေသည်။ပုံရိပ်နှင့်ပိစိကတော့ အပိုမှာလိုက်သောပီဇာနှင့်ကြက်ကြော်တွေကို  စားပွဲခုံအပုလေးမှာအကျအနထိုင်၍ အ၀ဆွဲတော့သည်။


"မမလေးပုံရိပ်...ကျန်းမာပါစေ..ချမ်းသာပါစေရှင်...အမြဲတမ်းနုပျိုပြီး..လှပနိုင်ပါစေ..

လိုအင်ဆန္ဒမှန်သမျှ‌ပြည့်နိုင်ပါစေ.."


"မမိကလည်း...ပုံရိပ်ကို..နာမည်ပဲခေါ်ပါဆိုတာ..မမလေးလို့ခေါ်ပြန်ပြီ..တောဆန်လိုက်တာ...ခုခောတ်မှာဘယ်သူမှအဲ့လိုမခေါ်တော့ဘူး..သိရဲ့လား...အခေါ်အဝေါ်တွေကိုမပြင်ရင်..‌ဆီချက်ပန်းကန်ကိုပြန်သိမ်းလိုက်မှာနော် .."


"ဆီချက်ပန်းကန်တော့ပြန်မသိမ်းပါနဲ့ရှင်လေးရယ်...မခေါ်နဲ့ဆိုရင်မခေါ်တော့ပါဘူး..."


"ဒီလိုမှပေါ့...ပိစိမ..နင်ကလည်းပီဇာကိုနင်တစ်ယောက်ပဲ စားနေသိလား...ပေးအုံးငါလဲစားမှာ..."


ပိစိမ၏လက်ထဲမှ ပီဇာကိုလုလိုက်တော့ လက်ထဲမှာတစ်၀က်ပဲပါလာသည်။

သူ့ပီဇာကိုထပ်လုမှာစိုးလို့ ပါးစပ်ထဲသို့အကုန်ထိုးထည့်လိုက်သည့် ပိစိမကိုကြည့်ပြီး ရယ်ရတာပါးစပ်တောင်မစိချင်တော့ပေ။

ဒီလောက်စားနေရတာတောင် ပုံရိပ်ဆီကဟာကို စားချင်တုန်း..


"ဟာ..မမ..အဲ့ဒါသမီးဟာနော်..သူခိုးလက်ကနေတစ်ပြန်မလုရဘူးနော်..."


"အံမာ..သူ့ကိုယ်သူတော့သူခိုးမှန်းသိသားပဲ..."


"ဟား..ဟား..."


ပုံရိပ်အပါအ၀င် မီးဖိုထဲတွင်ရှိသမျှလူအားလုံးလိုလိုပင် ပိစိမကိုဝိုင်း၍စကာ ရယ်ကြလေသည်။ပိစိမဆိုသည်မှာ ဒီအိမ်ကိုရောက်တည်းက ပုံရိပ်၏ဘေးနားကနေမခွာပဲ ညီအစ်မသဖွယ်အမြဲရှိနေတတ်သည်။


ပေါတောတောနေတတ်ပေမဲ့ နှုတ်လုံသူဖြစ်၍ အတွင်းရေးမှန်သမျှကို သူနှင့်တိုင်ပင်ပြီးရင်ဖွင့်တတ်သည်။ပိစိမသာ အနားကနေ

ထွက်သွားခဲ့လျှင် ပုံရိပ်နေတတ်တော့မည်

မထင်ပေ။


"ဟဲ့...စားကောင်းသောက်ဖွယ်တွေနဲ့ပါလား..."


မီးဖို‌ဆောင်ထဲသို့ ယွန်းဆိုင်မှပြန်လာသော အန်တီယဉ်တင့်က၀င်လာလေသည်။

စားသောက်နေကြတာကိုတွေ့တော့ လက်ကိုင်အိတ်ကို ခုံပေါ်သို့ချကာ ပုံရိပ်တို့၏

အနားတွင်လာ၍ရပ်လေသည်။


"ပုံရိပ်လေးက..ကျောက်စိမ်းရောင်းတာမြတ်လို့တဲ့..ကျွန်မတို့ကို၀ယ်ကျွေးတာ..မတင့်ရောစားအုံးမလား..ဒီမှာနှစ်ထုပ်တောင်ပိုနေသေးတယ်..."


"ဟာ...စားမှာပေါ့...ကြေးအိုးဆိုရင်..ကျွန်မကသိပ်ကြိုက်တာ..."


အန်တီလှခင်ကပန်းကန်ထဲသို့ကြေးအိုးထည့်ပေးလိုက်သောအခါ ပုံရိပ်၏ဘေးမှာလာထိုင်၍ စားလေသည်။ပုံရိပ်တို့ထိုင်နေသောနေရာတွင် သစ်သားစားပွဲခုံဝိုင်းလေးသာရှိပြီး ထိုင်ခုံအပုလေးတွေလည်း ရှိလေသည်။


အန်တီယဉ်တင့်သည် အဆင့်အတန်းလုံး၀

မခွဲခြားတတ်ပေ။ဘယ်လိုလူနဲ့ပဲဖြစ်ဖြစ် အပေါင်းအသင်းဆန့်သောကြောင့် အကုန်လုံးကချစ်ခင်ကြသည်။


ပုံရိပ်လည်း အန်တီယဉ်တင့်ကို သိပ်ချစ်သည်။ပုံရိပ်လိုအပ်တဲ့အရာရာတိုင်းကို အဖွားကအမိန့်ပေးပြီးစေခိုင်းပေမဲ့ တကယ်လက်တွေ့လိုက်လုပ်ပေးသူမှာ အန်တီယဉ်တင့်ပင်ဖြစ်သည်။ဒီအိမ်ကြီးတစ်ခုလုံး၏ ကိစ္စအ၀၀ကိုစီမံဆောင်ရွက်နေသူမှာလည်း အန်တီယဉ်တင့်သာဖြစ်လေသည်။


🌹🌹🌹🌹🌹🌹🌹


=========================================================================


ဆူးႀကိဳး(အခန္း၃၇)

🌹ဒုတိယပိုင္း🔥


ဖြားညိုကေတာ့ သူ႔လုပ္ငန္းေတြအေၾကာင္းကို ထဲထဲ၀င္၀င္သိေအာင္ ရွင္းျပေျပာျပေလ့ရိွသည္။ျမန္မာ့ေက်ာက္မ်က္ရတနာသည္ ကမ႓ာေပၚရိွ ေက်ာက္မ်က္ရတနာေဈးကြက္တိုင္းမွာ မယွဉ္ရဲစရာမရိွေလာက္ေအာင္ အရည္အေသြးေကာင္းသည္ဟု အေမရိကန္မွေက်ာက္မ်က္ကိုယ္စားလွယ္မ်ားကပါ အသိအမွတ္ျပဳထားေလသည္။


ပႂတၲမားေျမျဖစ္ေသာ မိုးကုတ္တြင္အဖိုးတန္ပႂတၲမားထြက္သၫ့္ ေက်ာက္တြင္းမ်ားပိုင္ဆိုင္ထားသၫ့္ ေဒၚရိပ္ညို၏ေျမးျဖစ္ေသာ္ျငားလည္း ၀မ္းမသာေပ။အဖြားပိုင္ေသာပစၥည္းမ်ားသည္ အဖြားႏွင့္သာသက္ဆိုင္သည္ဟု သတ္မွတ္ထားသည္။


"အမယ္ေလး..ျမန္မာႏိုင္ငံမွာသယံဇာတေတြေပါေပမဲ့ ငါတို႔အတြက္မဟုတ္ပါဘူး..

တို႔အမ်ိဳးထဲက လင္းလင္းဆိုတဲ့ေကာင္ေလးတစ္ေယာက္ဆိုရင္ သူေဌးျဖစ္ခ်င္လို႔တဲ့..

ဖားကန႔္မွာအလုပ္သြားလုပ္တာ..ေျမၿပိဳတဲ့အထဲကို ပါသြားတာမ်ား...သူ႔မိသားစုဆိုရင္..

ပူေဆြးၿပီးက်န္ခဲ့ရတာပဲအဖက္တင္တယ္...

သူ႔အေမႀကီးဆိုရင္ ရူးမတတ္ပဲ.."


အေဒါ့္စကားေတြကို ျပန္ၾကားေယာင္မိေတာ့ စႏၵားတီးသင္ေနရင္းႏွင့္ စိတ္အာရံုေတြက စက္ခလုတ္ေတြကိုမေရာက္ပဲျဖစ္ေနသည္။

ေဒၚေလးကို လြမ္းတဲ့စိတ္ေတာင္ေပၚလာၿပီ။


"ပံုရိပ္...အဆင္ေျပရဲ့လား...နားခ်င္လား..."


"ရွင္..."


စႏၵယားသင္ေပးေသာ ဆရာႀကီးသည္ ပံုရိပ္ကိုႃပံုးျပ၍ၾကၫ့္ေနေလသည္။အေတြးမ်ားၿပီး တီးခ်င္စိတ္ေတြလည္းမရိွေတာ့၍ ဆရာႀကီးကိုႏႈတ္ဆက္ၿပီး အေပၚထပ္သို႔တက္နားဖို႔သာေတြးမိသည္။


"မမေရ...မမ.."


ျဖဴႏုေသာ ေျခ‌ဖဝါးေလးသည္ ေလွကားပထမအဆင့္ကိုပင္ မနင္းမိေတာ့ပဲ ေနာက္ကိုလွၫ့္ၾကၫ့္လိုက္ေတာ့ ၾကက္ေတာင္စည္းႏွင့္သနပ္ခါးဗ်င္းက်ားလိမ္းထားေသာပိစိမက ခပ္သုပ္သုပ္ေျပး၍လာေနသည္။


"အမယ္ေလး...ေမာလိုက္တာမမရယ္..ဒီအိမ္ကဘာလို႔ဒီေလာက္အထိ က်ယ္ေနသလဲမသိပါဘူး...တစ္ေနရာနဲ႔တစ္ေနရာလမ္းေလ်ွာက္ရတာနဲ႔တင္ အသက္ထြက္ေတာ့မယ္..."


ပါတိတ္၀မ္းစက္အဝါေရာင္ရင္ဖံုးေလးကို၀တ္ထားေသာ ပံုရိပ္၏လက္ေမာင္းေတြကို အတင္းမွီတဲြကာ အေမာေျဖေန၍ အသဲယားကာပိစိမ၏ ဆံပင္ငုတ္စိကို ခ်စ္စႏိုးနဲ႔ဆဲြလိုက္မိသည္။


"အာ့...မမေနာ္..ဒီကစကားအေကာင္းေျပာမလို႔ကို..."


"အဟင္း...ေျပာပါရွင္..ဘာေျပာမလို႔လဲ..."


သနပ္ခါးလိမ္းမထားေပမဲ့ ျဖဴစင္ေသာမ်က္ႏွာေလးတြင္ အႃပံုးလြင္လြင္ေလးသန္းလိုက္သည္။


"ဟိုတစ္ခါက..တရုတ္နယ္စပ္မွာ..ေရာင္းဖို႔..မမရဲ့ေက်ာက္ကိုထၫ့္လိုက္တဲ့ၪီးထြန္းၿမိဳင္ေလ..အခုဧၫ့္ခန္းထဲမွာေစာင့္ေနၿပီ..."


"ဟင္...ဟုတ္လား...ဒါဆိုတို႔သြားရေအာင္..

ရင္ေတာင္ခုန္ေနၿပီပိစိမရယ္..အေျခအေနဘယ္လိုရိွသလဲမသိဘူး..."


"ပိစိမလည္းရင္ခုန္ေနၿပီ...ပိုက္ဆံရရင္သာမုန႔္၀ယ္ကၽြေးဖို႔မေမ့နဲ႔ေနာ္..."


"စိတ္ခ်ပါဟယ္..."


အဖြားမျမင္ခင္ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေျပးေနမိသည္။အဖြားသည္ လမ္းေလ်ွာက္လ်ွင္ေတာင္အိႁႏၵေရရေလ်ွာက္မွႀကိဳက္သလို စကားေျပာလ်ွင္လည္း အပိုစာသားေတြ

မေျပာပဲ တည္တည္တံ့တံ့ေနတာကို သေဘာက်သူျဖစ္သည္။ထို႔ေၾကာင့္ အဖြားအေရ႔ွမွာဆိုလ်ွင္ ပံုရိပ္သည္ နန္းမေတာ္မယ္ႏုျဖစ္ေနရေလသည္။


"ဟဲ့...ဟဲ့...ဘယ္လိုျဖစ္လာရတာတုန္း.."


"ဟင္...အဖြားပါရိွေနတာလား..."


ဧၫ့္ခန္းအေရ႔ွသို႔ေရာက္သည္ႏွင့္ တန္႔ခနဲျဖစ္သြားကာ ေျခလွမ္းေတြကိုခ်က္ခ်င္းဘရိတ္အုပ္လိုက္ရသည္။

"အဖြားပါရိွေနတာဘာလို႔မေျပာသလဲ..."

ပိစိမကို အသံတိတ္ႏွင့္မ်က္ေစာင္းထိုးလိုက္ေတာ့...

"မမကမွမေမးတာကို..."ရယ္တာလား၊ငိုတာလားမသိေသာ မ်က္ႏွာေပးႏွင့္သြားၿဖီးျပေနေသာ ပိစိမကိုထုသာထုလိုက္ခ်င္မိသည္။


"အရိပ္...ေနာက္တစ္ခါအေျပးေတြအလႊားေတြနဲ႔မလုပ္နဲ႔ေနာ္...အဖြားမႀကိဳက္ဘူး..."


"ဟုတ္ကဲ့ပါအဖြားရဲ့..သမီးကဦးထြန္းၿမိဳင္

..ေရာက္ေနတယ္ဆိုလို႔..၀မ္းသာသြားလို႔ပါ

...ဦးထြန္းၿမိဳင္...အေျခအေနဘာထူးလဲဟင္...



ဆက္တီေပၚမွာ ထိုင္လိုက္ၿပီးေနာက္ ဦးထြန္းၿမိဳင္၏ မ်က္ႏွာကိုအကဲခတ္ေနမိသည္။

ဦးထြန္းၿမိဳင္ကို ေရာင္းခိုင္းလိုက္ေသာေက်ာက္စိမ္းသည္ သူမ်ားဆီမွတစ္ဆင့္ျပန္၀ယ္ထားျခင္းျဖစ္ၿပီး အျခားသူ၏

အကူအညီကိုမယူပဲ ပံုရိပ္ကိုယ္တိုင္စစ္ထားေသာ ေက်ာက္ျဖစ္ေနသည္။အဖြားဆီမွ ပိုက္ဆံသိန္းႏွစ္ဆယ္ေခ်းကာ ၀ယ္ထား‌မိတာျဖစ္၍ ရႈံးရင္ေတာ့တစ္ေနကုန္ထိုင္ငိုမိလိမ့္မည္။


"ဒဏ္ရာပါေပမဲ့...ပဲြစားကသေဘာက်ပါတယ္

..ဒီမွာသိန္းငါးဆယ္..."


ဦးထြန္းၿမိဳင္သည္ အိတ္အမဲထုပ္ကို ခုန္ေပၚသို႔တင္လိုက္ေသာအခါ ပါးစပ္ကိုလက္ႏွင့္အုပ္ထားရသည္အထိ အံ့ဩေနမိသည္။

တကယ္ႀကီး ေအာင္ျမင္သြားတာလား။


"မမ...မမလုပ္ႏိုင္သြားၿပီ.."


ပံုရိပ္၏ေဘးနားေတြမတ္တပ္ရပ္ေနေသာပိစိမသည္ ပခံုးကိုလာ၍လႈပ္ၿပီး ထခုန္မတတ္ေပ်ာ္ေန‌ေလသည္။ပံုရိပ္လည္းထခုန္ခ်င္ပါရဲ့။ဒါေပမဲ့ တစ္ကိုယ္လံုးလႈပ္၍မရပဲ

အစာတစ္ခုခုနင္ေနသလိုျဖစ္ေနသည္။


ပိုက္ဆံထုပ္ကိုလွမ္းယူလိုက္ၿပီး ဖြင့္ၾကၫ့္လိုက္ေတာ့မွ ယံုသြားမိေတာ့သည္။

လက္ေတြတုန္ေနေပမဲ့ ပိုက္ဆံေတြကိုကိုင္၍မ်က္ရည္ကဝဲခ်င္လာသည္။

ဒီေလာက္မ်ားတဲ့ ပိုက္ဆံေတြကိုတစ္ခ်ီတည္းနဲ႔ရွာႏိုင္လိမ့္မယ္လို႔ အိပ္မက္ထဲမွာေတာင္

မေတြးခဲ့ဖူးေပ။


"ဂုဏ္ယူပါတယ္အရိပ္...ဒီေလာက္ျမန္ျမန္နဲ႔..

ေက်ာက္ေကာင္းတစ္လံုးကို ရွာ၀ယ္ႏိုင္တာ..

နည္းတဲ့အရည္အခ်င္းမွမဟုတ္ပဲ..ဘယ္လိုလဲ..ပထမဆံုးအႀကိမ္မွာတင္..ေအာင္ျမင္သြားတာ..ေပ်ာ္ရဲ့လား..."


အဘြားက ဝွီးခ်ဲလ္ကိုပံုရိပ္၏ေဘးနားသို႔တြန္းလာၿပီး ဂုဏ္ယူေနေသာအႃပံုးႏွင့္ေမးေလသည္။ပံုရိပ္ကလည္း အဖြားကိုေက်နပ္ပီတိျဖစ္ေနေသာအႃပံုးမ်ားျဖင့္ ျပန္၍တုန႔္ျပန္မိပါသည္။အဖြားသာ ဒီပညာေတြကိုမသင္ေပးခဲ့ရင္၊လုပ္ငန္းနဲ႔ပတ္သတ္တာေတြ

မသင္ခိုင္းခဲ့ရင္ အသက္၁၅ႏွစ္အရြယ္နဲ႔ဆယ္ႏွင့္ခ်ီေသာပိုက္ဆံကို ရွာဖို႔စြမ္းေဆာင္ႏိုင္မည္ မထင္ေပ။အရာအားလံုးက အဖြားေၾကာင့္ပါပဲ။


"အဖြားရယ္..သမီးသိပ္ေပ်ာ္တာပဲ..."


အဖြား၏ရင္ခြင္ထဲသို႔တိုး၀င္၍ မ်က္ရည္မ်ားဝိုင္းေနမိသည္။ေပ်ာ္လြန္းလို႔ငိုမိတာပါ။

ပံုရိပ္၏ ဆံပင္ေတြကိုပြတ္သပ္ေပးၿပီး ႏွစ္သိမ့္ေပးလာေသာ အဖြား၏ကိုယ္မွ နံ႔သာဆီရနံ႔ေလးသည္ ပို‌၍ေနြးေထြးလြန္းသည္။


"အခုအဲ့ဒီ့ေငြေတြနဲ႔...ဘာဆက္လုပ္မွာလဲ..."


ပံုရိပ္၏ မ်က္ရည္ေတြကိုသုတ္ေပးေနေသာေၾကာင့္ အဖြား၏မ်က္၀န္းေတြကို

၀မ္းနည္းရိပ္သန္းကာၾကၫ့္လိုက္ၿပီး မဝံ့ရဲေပမဲ့အမွန္အတိုင္းပဲေျပာခ်င္သည္။


"ဖြားညို...သမီးေလ..ဒီပိုက္ဆံထဲကဆယ္သိန္းေလာက္ကို ေဒၚေလးဆီပို႔ခ်င္တယ္...

ေဒၚေလးကလည္း သမီးရဲ့ေက်းဇူးရွင္ပါပဲ..

ပဲျပဳတ္ေရာင္းေနရေပမဲ့ သမီးကိုတစ္ခါမွအလုပ္ထြက္မလုပ္ခိုင္းဘူး..သမီးေဒၚေလးကိုေထာက္ပံ့ခ်င္တယ္...ဖြားညိုကိုသိန္းႏွစ္ဆယ္‌

ျပန္ဆပ္ၿပီး...က်န္တဲ့ပိုက္ဆံနဲ႔ထပ္ရင္းမယ္

..ဆယ္သိန္းေလာက္ကိုေတာ့..ေဒၚေလးဆီကိုပို႔ေပးပါရေစေနာ္.."


"အရိပ္ရဲ့သေဘာပါကြယ္..အဖြားက

မကန႔္ကြက္ပါဘူး..ဆယ္သိန္းမဟုတ္ဘူး..

သိန္းႏွစ္ဆယ္ပို႔လိုက္ပါ...ဒါမွတစ္ခုခုရင္းႏွီးၿပီးစားေသာက္လို႔ရမွာ...အက်ိဳးရိွတဲ့ေနရာမွာအသံုးျပဳတာပဲ..ကန႔္ကြက္စရာမရိွပါဘူး..

အလုပ္တစ္ခုလုပ္တယ္ဆိုတာ ရည္ရြယ္ခ်က္တစ္ခုရိွဖို႔လိုတယ္ေလ..အရိပ္ရဲ့ရင္ထဲမွာ အေဒၚမိသားစုကိုေထာက္ပံ့ခ်င္တာကိုအဖြားမတားပါဘူး...အခုအဖြားဆီကယူထားတဲ့သိန္းႏွစ္ဆယ္ကိုလည္းထပ္ရင္းဖို႔ယူထားလိုက္...တစ္ခုေတာ့ရိွတယ္..ေက်ာင္းျပန္တတ္ရင္ေတာ့..အလုပ္ကိစၥေတြအားလံုးကိုရပ္ရမယ္...ပညာေရးအေပၚမွာပဲအာရံုစိုက္မွႀကိဳက္တာေနာ္..."


"စိတ္ခ်ပါဖြားညိုရယ္...အရိပ္ကအဖြားရဲ့စကားကိုအၿမဲနားေထာင္မွာ..."


"အဟင္း...ဒါမွ..အဖြားရဲ့‌အရိပ္...အဖြားသြားနားလိုက္အံုးမယ္..."


"ဟုတ္ကဲ့..."


ဧၫ့္ခန္းထဲမွ အဖြားထြက္သြားသလိုဦးထြန္းၿမိဳင္‌လည္း ျပန္သြားေသာအခါပိုက္ဆံသိန္းငါးဆယ္ကို ကိုင္ၿပီးမတ္တပ္ထရပ္ကာ

ပိစိမႏွင့္အၾကၫ့္ခ်င္းဆံုသြားမိသည္။


"ပိစိမ...သိန္းသံုးဆယ္ဟ..သိန္းသံုးဆယ္ေတာင္ျမတ္တယ္..."


"ဟုတ္ပ...မမရယ္..ပိစိျဖင့္အဲ့ေက်ာက္တံုးႀကီးကို မမ၀ယ္လိုက္တုန္းကဒီေလာက္ျမတ္မယ္မထင္ထားဘူး...မမအရမ္းေတာ္တယ္...

ပိစိမကိုမုန႔္၀ယ္ကၽြေးရမယ္ေနာ္..."


"နင့္တစ္ေယာက္တည္းတင္မကဘူး...

အကုန္လံုးကို၀ယ္ကၽြေးမွာ...အိမ္ကအလုပ္သမားအကုန္လံုးကို ေၾကးအိုးဆီခ်က္၀ယ္ကၽြေးမယ္..လာ...ဦးတင္စိန္ကို၀ယ္ခိုင္းဖို႔ သြားရွာရေအာင္..."


ကေလးေတြမို႔ ႏွစ္ေယာက္သားခုန္ေပါက္ကာ

တစ္ေယာက္ပခံုးေပၚသို႔တစ္ေယာက္လက္တင္ၿပီး ဦးတင္စိန္ရိွရာသို႔ ေျပးသြားကာ

ေၾကးအိုးဆီခ်က္ေတြကို ၀ယ္ခိုင္း၍တစ္အိမ္လံုးကို ၀ယ္ကၽြေးပစ္လိုက္သည္။


မီးဖိုေခ်ာင္ထဲတြင္ေတာ့ အန္တီလွခင္ကဦးေဆာင္၍ အိမ္အလုပ္သမားမ်ားကို ဆီခ်က္ေတြမ်ွ၍ကၽြေးေလသည္။ပံုရိပ္ႏွင့္ပိစိကေတာ့ အပိုမွာလိုက္ေသာပီဇာႏွင့္ၾကက္ေၾကာ္ေတြကို  စားပဲြခံုအပုေလးမွာအက်အနထိုင္၍ အ၀ဆဲြေတာ့သည္။


"မမေလးပံုရိပ္...က်န္းမာပါေစ..ခ်မ္းသာပါေစရွင္...အၿမဲတမ္းႏုပ်ိဳၿပီး..လွပႏိုင္ပါေစ..

လိုအင္ဆႏၵမွန္သမ်ွ‌ျပၫ့္ႏိုင္ပါေစ.."


"မမိကလည္း...ပံုရိပ္ကို..နာမည္ပဲေခၚပါဆိုတာ..မမေလးလို႔ေခၚျပန္ၿပီ..ေတာဆန္လိုက္တာ...ခုေခာတ္မွာဘယ္သူမွအဲ့လိုမေခၚေတာ့ဘူး..သိရဲ့လား...အေခၚအေဝၚေတြကိုမျပင္ရင္..‌ဆီခ်က္ပန္းကန္ကိုျပန္သိမ္းလိုက္မွာေနာ္ .."


"ဆီခ်က္ပန္းကန္ေတာ့ျပန္မသိမ္းပါနဲ႔ရွင္ေလးရယ္...မေခၚနဲ႔ဆိုရင္မေခၚေတာ့ပါဘူး..."


"ဒီလိုမွေပါ့...ပိစိမ..နင္ကလည္းပီဇာကိုနင္တစ္ေယာက္ပဲ စားေနသိလား...ေပးအံုးငါလဲစားမွာ..."


ပိစိမ၏လက္ထဲမွ ပီဇာကိုလုလိုက္ေတာ့ လက္ထဲမွာတစ္၀က္ပဲပါလာသည္။

သူ႔ပီဇာကိုထပ္လုမွာစိုးလို႔ ပါးစပ္ထဲသို႔အကုန္ထိုးထၫ့္လိုက္သၫ့္ ပိစိမကိုၾကၫ့္ၿပီး ရယ္ရတာပါးစပ္ေတာင္မစိခ်င္ေတာ့ေပ။

ဒီေလာက္စားေနရတာေတာင္ ပံုရိပ္ဆီကဟာကို စားခ်င္တုန္း..


"ဟာ..မမ..အဲ့ဒါသမီးဟာေနာ္..သူခိုးလက္ကေနတစ္ျပန္မလုရဘူးေနာ္..."


"အံမာ..သူ႔ကိုယ္သူေတာ့သူခိုးမွန္းသိသားပဲ..."


"ဟား..ဟား..."


ပံုရိပ္အပါအ၀င္ မီးဖိုထဲတြင္ရိွသမ်ွလူအားလံုးလိုလိုပင္ ပိစိမကိုဝိုင္း၍စကာ ရယ္ၾကေလသည္။ပိစိမဆိုသည္မွာ ဒီအိမ္ကိုေရာက္တည္းက ပံုရိပ္၏ေဘးနားကေနမခြာပဲ ညီအစ္မသဖြယ္အၿမဲရိွေနတတ္သည္။


ေပါေတာေတာေနတတ္ေပမဲ့ ႏႈတ္လံုသူျဖစ္၍ အတြင္းေရးမွန္သမ်ွကို သူႏွင့္တိုင္ပင္ၿပီးရင္ဖြင့္တတ္သည္။ပိစိမသာ အနားကေန

ထြက္သြားခဲ့လ်ွင္ ပံုရိပ္ေနတတ္ေတာ့မည္

မထင္ေပ။


"ဟဲ့...စားေကာင္းေသာက္ဖြယ္ေတြနဲ႔ပါလား..."


မီးဖို‌ေဆာင္ထဲသို႔ ယြန္းဆိုင္မျွပန္လာေသာ အန္တီယဉ္တင့္က၀င္လာေလသည္။

စားေသာက္ေနၾကတာကိုေတြ့ေတာ့ လက္ကိုင္အိတ္ကို ခံုေပၚသို႔ခ်ကာ ပံုရိပ္တို႔၏

အနားတြင္လာ၍ရပ္ေလသည္။


"ပံုရိပ္ေလးက..ေက်ာက္စိမ္းေရာင္းတာျမတ္လို႔တဲ့..ကၽြန္မတို႔ကို၀ယ္ကၽြေးတာ..မတင့္ေရာစားအံုးမလား..ဒီမွာႏွစ္ထုပ္ေတာင္ပိုေနေသးတယ္..."


"ဟာ...စားမွာေပါ့...ေၾကးအိုးဆိုရင္..ကၽြန္မကသိပ္ႀကိဳက္တာ..."


အန္တီလွခင္ကပန္းကန္ထဲသို႔ေၾကးအိုးထၫ့္ေပးလိုက္ေသာအခါ ပံုရိပ္၏ေဘးမွာလာထိုင္၍ စားေလသည္။ပံုရိပ္တို႔ထိုင္ေနေသာေနရာတြင္ သစ္သားစားပဲြခံုဝိုင္းေလးသာရိွၿပီး ထိုင္ခံုအပုေလးေတြလည္း ရိွေလသည္။


အန္တီယဉ္တင့္သည္ အဆင့္အတန္းလံုး၀

မခဲြျခားတတ္ေပ။ဘယ္လိုလူနဲ႔ပဲျဖစ္ျဖစ္ အေပါင္းအသင္းဆန႔္ေသာေၾကာင့္ အကုန္လံုးကခ်စ္ခင္ၾကသည္။


ပံုရိပ္လည္း အန္တီယဉ္တင့္ကို သိပ္ခ်စ္သည္။ပံုရိပ္လိုအပ္တဲ့အရာရာတိုင္းကို အဖြားကအမိန႔္ေပးၿပီးေစခိုင္းေပမဲ့ တကယ္လက္ေတြ့လိုက္လုပ္ေပးသူမွာ အန္တီယဉ္တင့္ပင္ျဖစ္သည္။ဒီအိမ္ႀကီးတစ္ခုလံုး၏ ကိစၥအ၀၀ကိုစီမံေဆာင္ရြက္ေနသူမွာလည္း အန္တီယဉ္တင့္သာျဖစ္ေလသည္။


🌹🌹🌹🌹🌹🌹🌹

No comments:

Post a Comment