🌹ဆူးကြိုး(အခန်း၃၇) ပထမပိုင်း🌹

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🌹 ဆူးကြိုး(အခန်း၃၇)🌹

🌹ပထမပိုင်း🌹


ဝါးတဲအတွင်းပိုင်းတွင် လူများစုဝေးလျှက်ရှိနေ‌ပြီး အများစုမှာသက်လတ်ပိုင်းယောက်ျားများနှင့်လူကြီးများသာဖြစ်သည်။အားလုံး၏အာရုံကတော့ ဝါးအိမ်၏ကြမ်းပေါ်တွင် စီရီထားသောကျောက်တုံးများနှင့်ထိုကျောက်တုံးများကို ကျောက်ကြည့်ဓာတ်မီးနှင့်ထိုးပြနေသော လူကြီးအပြင်စိတ်၀င်တစားနှင့် မျက်လုံးများ‌အရောင်လက်နေသော ကောင်မလေးကိုပင် ကြည့်နေကြလေသည်။


"အခွံကိုကြည့်ပြီး..အတွင်းသားကိုနည်းနည်းမှန်းလို့တော့ရတယ်..ဒါပေမဲ့အလုံးစုံမှန်တယ်လို့တော့မဆိုလိုဘူး..အခွံနဲ့အတွင်းသားအရောင်မတူတာလည်း‌အများကြီးတွေ့ရမှာပါ..ဒါကရေဆေးပြီးသား..ဒီမှာကြည့်..

ဒဏ်ရာလည်းမရှိဘူး..အမဲစံလည်းမရှိဘူး...လက်ကောက်ကောင်းကောင်းလုပ်လို့ရတယ်..အရေကောင်းတယ်.."


ဦးလေးကြီးသည် ထွင်းထား၍ကျောက်သားစိမ်းစိမ်းတွေပေါ်နေသော ကျောက်စိမ်းတုံးကိုဓာတ်မီးနှင့်လိုက်ထိုးပြသည်။တစ်ဖက်မှမီးထိုးလိုက်လျှင် တစ်ဖက်ခြမ်းကနေတောင်ဖောက်ထွင်းပြီးမြင်နေရလေသည်။

အထဲမှာလည်း အမဲစံမရှိသလို ရေဆေးထားသောမျက်နှာပြင်ကလည်း ဒဏ်ရာမရှိပေ။


"ဒီကျောက်စိမ်းက ဒီကျောက်ကွက်ကပဲထွက်တာလား..."


"မဟုတ်ဘူး...ဒါတွေက..ကချင်ပြည်ဖားကန့်ဘက်က...ဒီမှာပတ္တမြားနဲ့၊နီလာပိုထွက်တယ်..

တူမကြီးလာမယ်ဆိုလို့...ဟိုတစ်နေ့ကရောက်တဲ့အထဲကနေနမူနာယူပြပေးတာ..."


"ဒါဆိုရင်..ဘယ်လောက်တန်မလဲဟင်..."


"ဒါဆို..သိန်း၂၀၀လောက်တန်ပါတယ်..ဒီလောက်အတုံးကို..ဒဏ်ရာတွေနဲ့ဆိုရင်တောင်..တရုတ်ကုန်သယ်တွေကို‌တိုက်ရိုက်ရောင်းကျတဲ့လူတွေဆိုရင်သိန်း၇၀လောက်ကတော့အသာလေးပဲ..."


"ဒါတွေကအောင်ပြီးသားကျောက်တွေပေါ့နော်.."


"ဟုတ်တယ်..ဒါတွေကအောင်ပြီးသားတွေ..ဟိုတစ်ခုကိုကြည့်ကြည့်..အဲ့ဒါကဂျေဒိုက်လေ...သူကနက်ဖရိုက်ထက်ပိုလှပြီး..

တန်ဖိုးလည်းပိုမြင့်တယ်.."


ထိုဦးလေးပြသော ကျောက်စိမ်းတုံးကိုကြည့်ပြီးနောက် နီရဲရဲလေးဖြစ်နေသောပတ္တမြားတုံးလေးကိုကောင်ကိုင်ကာ ခေါင်းကိုမော့၍မျက်လုံးရှေ့မှာ ထောင်ကြည့်မိသည်။

ဓာတ်မီးနဲ့ထောက်ကြည့်တော့ ပတ္တမြားကအနီရောင်ထက်ပန်းရောင်ဘက်ကို ပိုသန်းနေတာတွေလိုက်ရသည်။


အရင်တုန်းက ကျောက်တွေ၊ပတ္တမြားတွေကိုအ‌ရေစီးသလား၊အောင်သလား၊အပေါက်ပါလား စသဖြင့်နည်းလမ်းအမျိုးမျိုးပို သင်ပေးရာတွင် နမူနာကျောက်များကိုပါ အိမ်အထိ‌ယူပြီး စမ်းပြသဖြင့် ပုံရိပ်သည်ယခင်ကလိုတန်ဖိုးကြီးပစ္စည်းကို ကိုင်တိုင်းလက်မတုန်တတ်တော့ပေ။


ပုံရိပ်၏မျက်၀န်းများသည်စူးရှနေပြီး ပတ္တမြား၏အတွင်းသားထဲအထိ မြင်မိလောက်အောင် မဟူရာနက်မျက်၀န်းကမှော်အစွမ်းရှိနေသကဲ့သို့ ဖြစ်နေသည်။

အရည်အသွေးကောင်းပြီးသားပတ္တမြားဖြစ်နေ၍ အထူးတလည်မမေးချင်တော့ပေ။


"အော်...ဒါနဲ့ဟိုးဘက်အခြမ်းကို သွားချင်တယ်..ရမလား..ကျောက်တွင်းတွေတူးထားတဲ့ဘက်အခြမ်းကို..."


"ရပါတယ်..ဦးလိုက်ပို့ပါ့မယ်...ကိုသိုက်ရေ

..ဒါတွေကိုသေချာပြန်သိမ်းပြီး...

ကုမ္ပဏီကိုပို့လိုက်.."


"ဟုတ်ကဲ့..."


ဝါးတဲပေါ်ကနေပြန်ဆင်းလာကြတော့ ပုံရိပ်အနောက်သို့ ဦးထွန်းမြိုင်တစ်ယောက်သာလိုက်ခဲ့ပြီး ကျန်သူများကကျန်ခဲ့ကြလေသည်။မိုးကုတ်အထိလိုက်ပို့သော ကားဒရိုင်ဘာကြီးဦးတင်စိန်ကလည်း ပုံရိပ်ကိုစိတ်မချ၍နောက်မှ တကောက်ကောက်လိုက်လာသလို၊ပိစိမကလည်း ပုံရိပ်၏ဘေးမှတဖဝါးမှမခွာပေ။


အဖွားသည်မိုးကုတ်မှကျောက်တွင်းကို သွားလေ့လာဆိုပြီး စိတ်ချလက်ချလွှတ်လိုက်၍

ဒီနေ့မနက်ကပဲ မိုးကုတ်ကိုရောက်ပြီးဟော်တယ်မှာ ခဏနားကာသုံးနာရီလောက်တည်းက ကျောက်တွင်းသို့ရောက်နေခြင်းဖြစ်သည်။


ပတ္တမြားမြေဟု သမုတ်သောမိုးကုတ်မြို့ကို စိတ်ကူးယဉ်ကြည့်မိသည့်အခါ အရောင်တဖြတ်ဖြတ်လက်နေပေမဲ့ အလုပ်သမားတွေရဲ့ ပင်းပန်းဆင်းရဲစွာလုပ်ကိုင်နေပုံကို မြင်ရတော့လည်းစိတ်မကောင်းနိုင်ပေ။


"ဦးလေး...အဖွားပြောတာတော့..မိုးကုတ်မြို့ကလူအများစုက ဒီအလုပ်ကိုပဲလုပ်ကြတယ်ဆို..ဒါဆိုရင်..ဘာလို့လူတိုင်းကချမ်းသာမနေရတာလဲ..."


"ဟား...ဟား...လူတိုင်းကကြိုးစားခွင့်ရှိပေမဲ့ ဘုရင်ကတော့တစ်ယောက်ပဲဖြစ်ခွင့်ရှိတာလေကွယ်...သူ့ဘုန်းကံနဲ့သူပေါ့..."


ဦးထွန်းမြိုင်၏ စကားကိုပုံရိပ်နှာခေါင်းရှုံ့မိသည်။

ဘာကိုဘုန်းကံလဲ။ ခောတ်‌အဆက်အဆက် အောက်ခြေလူတန်းစားတွေကို ဘယ်နှစ်ခါအခွင့်အ‌ရေးပေးဖို့ ကြည့်ကြတာမှတ်လို့။

ကန်တော့ပါရဲ့ အဖွားကိုပြစ်မှားတာတော့မဟုတ်ပါဘူး။


"တွင်းစားသမားတွေလည်းရှိသလို..အစုစားသမားတွေလည်းရှိပါတယ်တူမကြီးရဲ့..

အစုစားသမားတွေကတော့၂၀ရာခိုင်နှုန်းစားခွင့်ရှိတယ်..၈လမပြည့်ခင်တော့လစားပေါ့

..၈လပြည့်ပြီးတာနဲ့အစုစားဖြစ်ခွင့်ပေးထားတာပဲလေ.."


"ဒါဆိုရင်သိပ်မတတ်နိုင်တဲ့..တနိုင်တပိုင်လုပ်တဲ့လူတွေကြတော့ရော.."


"သူတို့ကတော့ ကုမ္ပဏီကနေတူးပြီး၊ကြိတ်ပြီးမှစွန့်ပစ်တဲ့ကျောက်ခွဲသားအစတွေကို ရေဆေးပြီး ကျောက်ရှာစားတာပေါ့...ဒီမြို့မှာ..ဒီလိုပဲကျသင့်သလိုလုပ်စားရတာပါပဲ

..တူမကြီးရာ..."


ဦးထွန်းမြိုင်နှင့်အပြန်အလှန်ဆွေးနွေးရင်းနှင့် ကျောက်တွင်းသို့ရောက်လာသောအခါ အောက်သို့ငုံ့ကြည့်မိတော့ မဲမှောင်နေ၍ ခေါင်းတွေတောင်မိုက်ခနဲမူးချင်သွားသည်။

ကျောင်တောင်တွေတူးသောဘက်အခြမ်းကိုလည်းသွားခဲ့ပြီး၍ ဖုန်တွေ၊ကျောက်စတွေစင်ပြီး လူကသိပ်နေလို့မကောင်းချင်တော့ပေ။ပင်ပင်ပန်းပန်းနှင့်အလုပ်လုပ်နေကြသော အလုပ်သမားများကိုတောင် အားနာလာမိသည်။


"ဒီတွင်းက ဘယ်လောက်နက်လည်းဟင်.."


"ပေ..၃၀၀အနက်ရှိတယ်..ဟိုဘက်မှာတွင်းဟောင်းတွေလည်းရှိတယ်...ရေပေါက်ပြီးမြေပြိုလို့..ခဏနားထားရတယ်..."


"ဟုတ်လား...ထိခိုက်ဒဏ်ရာရသွားကြသေးလား .."


"အလုပ်သမားနှစ်ယောက်ပိတ်မိပြီး ဆုံးသွားတယ်လေ..."


"ဟာ..."


"မမရယ်...ကြောက်စရာကြီးနော်...အန္တရာယ်သိပ်များမှာပဲ.."


ပိစိမကပုံရိပ်၏ လက်မောင်းကိုလာတွဲပြီးညည်းလေသည်။ပုံရိပ်ကတော့ အန္တရာယ်များသော အလုပ်ကိုလုပ်နေကြသည့်အလုပ်သမားများကို သနားနေမိသည်။

 ဖားကန့်တွင်မြေပြို၍ လူပေါင်းများစွာသေကြေကြရသည်ကို သတင်းတွေထဲတွင်ဖတ်ရကြားရတာနဲ့တင် စိတ်မကောင်းဖြစ်ခဲ့မိသည်။


ယခုတော့ ကိုယ်တိုင်ကဒီလုပ်ငန်းကိုလုပ်ကိုင်နေရသော သူဌေး၏မြေးဖြစ်နေရသည်။

ပုံရိပ် သက်ပြင်းချလိုက်မိသည်။

 မိုးကုတ်မှာရှိသော ဖွားညိုပိုင်ဆိုင်သည့်ကျောက်တွင်းတွေကို လိုက်လေ့လာပြီးသည်နှင့် ပုဂံသို့မသွားတော့ပဲ အိမ်သို့သာပြန်လာခဲ့လိုက်သည်။


🔥ဆူးကြိုး...🔥အခန်း(၃၇)🔥  ဒုတိယပိုင်း ဆက်ဖတ်ရန်


=========================================================================

🌹ဆူးႀကိဳး(အခန္း၃၇)🌹

🌹ပထမပိုင္း🌹


ဝါးတဲအတြင္းပိုင္းတြင္ လူမ်ားစုေဝးလ်ွက္ရိွေန‌ၿပီး အမ်ားစုမွာသက္လတ္ပိုင္းေယာက္်ားမ်ားႏွင့္လူႀကီးမ်ားသာျဖစ္သည္။အားလံုး၏အာရံုကေတာ့ ဝါးအိမ္၏ၾကမ္းေပၚတြင္ စီရီထားေသာေက်ာက္တံုးမ်ားႏွင့္ထိုေက်ာက္တံုးမ်ားကို ေက်ာက္ၾကၫ့္ဓာတ္မီးႏွင့္ထိုးျပေနေသာ လူႀကီးအျပင္စိတ္၀င္တစားႏွင့္ မ်က္လံုးမ်ား‌အေရာင္လက္ေနေသာ ေကာင္မေလးကိုပင္ ၾကၫ့္ေနၾကေလသည္။


"အခြံကိုၾကၫ့္ၿပီး..အတြင္းသားကိုနည္းနည္းမွန္းလို႔ေတာ့ရတယ္..ဒါေပမဲ့အလံုးစံုမွန္တယ္လို႔ေတာ့မဆိုလိုဘူး..အခြံနဲ႔အတြင္းသားအေရာင္မတူတာလည္း‌အမ်ားႀကီးေတြ့ရမွာပါ..ဒါကေရေဆးၿပီးသား..ဒီမွာၾကၫ့္..

ဒဏ္ရာလည္းမရိွဘူး..အမဲစံလည္းမရိွဘူး...လက္ေကာက္ေကာင္းေကာင္းလုပ္လို႔ရတယ္..အေရေကာင္းတယ္.."


ဦးေလးႀကီးသည္ ထြင္းထား၍ေက်ာက္သားစိမ္းစိမ္းေတြေပၚေနေသာ ေက်ာက္စိမ္းတံုးကိုဓာတ္မီးႏွင့္လိုက္ထိုးျပသည္။တစ္ဖက္မွမီးထိုးလိုက္လ်ွင္ တစ္ဖက္ျခမ္းကေနေတာင္ေဖာက္ထြင္းၿပီးျမင္ေနရေလသည္။

အထဲမွာလည္း အမဲစံမရိွသလို ေရေဆးထားေသာမ်က္ႏွာျပင္ကလည္း ဒဏ္ရာမရိွေပ။


"ဒီေက်ာက္စိမ္းက ဒီေက်ာက္ကြက္ကပဲထြက္တာလား..."


"မဟုတ္ဘူး...ဒါေတြက..ကခ်င္ျပည္ဖားကန႔္ဘက္က...ဒီမွာပႂတၲမားနဲ႔၊နီလာပိုထြက္တယ္..

တူမႀကီးလာမယ္ဆိုလို႔...ဟိုတစ္ေန့ကေရာက္တဲ့အထဲကေနနမူနာယူျပေပးတာ..."


"ဒါဆိုရင္..ဘယ္ေလာက္တန္မလဲဟင္..."


"ဒါဆို..သိန္း၂၀၀ေလာက္တန္ပါတယ္..ဒီေလာက္အတံုးကို..ဒဏ္ရာေတြနဲ႔ဆိုရင္ေတာင္..တရုတ္ကုန္သယ္ေတြကို‌တိုက္ရိုက္ေရာင္းက်တဲ့လူေတြဆိုရင္သိန္း၇၀ေလာက္ကေတာ့အသာေလးပဲ..."


"ဒါေတြကေအာင္ၿပီးသားေက်ာက္ေတြေပါ့ေနာ္.."


"ဟုတ္တယ္..ဒါေတြကေအာင္ၿပီးသားေတြ..ဟိုတစ္ခုကိုၾကၫ့္ၾကၫ့္..အဲ့ဒါကေဂ်ဒိုက္ေလ...သူကနက္ဖရိုက္ထက္ပိုလွၿပီး..

တန္ဖိုးလည္းပိုျမင့္တယ္.."


ထိုဦးေလးျပေသာ ေက်ာက္စိမ္းတံုးကိုၾကၫ့္ၿပီးေနာက္ နီရဲရဲေလးျဖစ္ေနေသာပႂတၲမားတံုးေလးကိုေကာင္ကိုင္ကာ ေခါင္းကိုေမာ့၍မ်က္လံုးေရ႔ွမွာ ေထာင္ၾကၫ့္မိသည္။

ဓာတ္မီးနဲ႔ေထာက္ၾကၫ့္ေတာ့ ပႂတၲမားကအနီေရာင္ထက္ပန္းေရာင္ဘက္ကို ပိုသန္းေနတာေတြလိုက္ရသည္။


အရင္တုန္းက ေက်ာက္ေတြ၊ပႂတၲမားေတြကိုအ‌ေရစီးသလား၊ေအာင္သလား၊အေပါက္ပါလား စသျဖင့္နည္းလမ္းအမ်ိဳးမ်ိဳးပို သင္ေပးရာတြင္ နမူနာေက်ာက္မ်ားကိုပါ အိမ္အထိ‌ယူၿပီး စမ္းျပသျဖင့္ ပံုရိပ္သည္ယခင္ကလိုတန္ဖိုးႀကီးပစၥည္းကို ကိုင္တိုင္းလက္မတုန္တတ္ေတာ့ေပ။


ပံုရိပ္၏မ်က္၀န္းမ်ားသည္စူးရွေနၿပီး ပႂတၲမား၏အတြင္းသားထဲအထိ ျမင္မိေလာက္ေအာင္ မဟူရာနက္မ်က္၀န္းကေမွာ္အစြမ္းရိွေနသကဲ့သို႔ ျဖစ္ေနသည္။

အရည္အေသြးေကာင္းၿပီးသားပႂတၲမားျဖစ္ေန၍ အထူးတလည္မေမးခ်င္ေတာ့ေပ။


"ေအာ္...ဒါနဲ႔ဟိုးဘက္အျခမ္းကို သြားခ်င္တယ္..ရမလား..ေက်ာက္တြင္းေတြတူးထားတဲ့ဘက္အျခမ္းကို..."


"ရပါတယ္..ဦးလိုက္ပို႔ပါ့မယ္...ကိုသိုက္ေရ

..ဒါေတြကိုေသခ်ာျပန္သိမ္းၿပီး...

ကုမၸဏီကိုပို႔လိုက္.."


"ဟုတ္ကဲ့..."


ဝါးတဲေပၚကေနျပန္ဆင္းလာၾကေတာ့ ပံုရိပ္အေနာက္သို႔ ဦးထြန္းၿမိဳင္တစ္ေယာက္သာလိုက္ခဲ့ၿပီး က်န္သူမ်ားကက်န္ခဲ့ၾကေလသည္။မိုးကုတ္အထိလိုက္ပို႔ေသာ ကားဒရိုင္ဘာႀကီးဦးတင္စိန္ကလည္း ပံုရိပ္ကိုစိတ္မခ်၍ေနာက္မွ တေကာက္ေကာက္လိုက္လာသလို၊ပိစိမကလည္း ပံုရိပ္၏ေဘးမွတဖဝါးမွမခြာေပ။


အဖြားသည္မိုးကုတ္မွေက်ာက္တြင္းကို သြားေလ့လာဆိုၿပီး စိတ္ခ်လက္ခ်လႊတ္လိုက္၍

ဒီေန့မနက္ကပဲ မိုးကုတ္ကိုေရာက္ၿပီးေဟာ္တယ္မွာ ခဏနားကာသံုးနာရီေလာက္တည္းက ေက်ာက္တြင္းသို႔ေရာက္ေနျခင္းျဖစ္သည္။


ပႂတၲမားေျမဟု သမုတ္ေသာမိုးကုတ္ၿမိဳ႔ကို စိတ္ကူးယဉ္ၾကၫ့္မိသၫ့္အခါ အေရာင္တျဖတ္ျဖတ္လက္ေနေပမဲ့ အလုပ္သမားေတြရဲ့ ပင္းပန္းဆင္းရဲစြာလုပ္ကိုင္ေနပံုကို ျမင္ရေတာ့လည္းစိတ္မေကာင္းႏိုင္ေပ။


"ဦးေလး...အဖြားေျပာတာေတာ့..မိုးကုတ္ၿမိဳ႔ကလူအမ်ားစုက ဒီအလုပ္ကိုပဲလုပ္ၾကတယ္ဆို..ဒါဆိုရင္..ဘာလို႔လူတိုင္းကခ်မ္းသာမေနရတာလဲ..."


"ဟား...ဟား...လူတိုင္းကႀကိဳးစားခြင့္ရိွေပမဲ့ ဘုရင္ကေတာ့တစ္ေယာက္ပဲျဖစ္ခြင့္ရိွတာေလကြယ္...သူ႔ဘုန္းကံနဲ႔သူေပါ့..."


ဦးထြန္းၿမိဳင္၏ စကားကိုပံုရိပ္ႏွာေခါင္းရႈံ႔မိသည္။

ဘာကိုဘုန္းကံလဲ။ ေခာတ္‌အဆက္အဆက္ ေအာက္ေျခလူတန္းစားေတြကို ဘယ္ႏွစ္ခါအခြင့္အ‌ေရးေပးဖို႔ ၾကၫ့္ၾကတာမွတ္လို႔။

ကန္ေတာ့ပါရဲ့ အဖြားကိုျပစ္မွားတာေတာ့မဟုတ္ပါဘူး။


"တြင္းစားသမားေတြလည္းရိွသလို..အစုစားသမားေတြလည္းရိွပါတယ္တူမႀကီးရဲ့..

အစုစားသမားေတြကေတာ့၂၀ရာခိုင္ႏႈန္းစားခြင့္ရိွတယ္..၈လမျပၫ့္ခင္ေတာ့လစားေပါ့

..၈လျပၫ့္ၿပီးတာနဲ႔အစုစားျဖစ္ခြင့္ေပးထားတာပဲေလ.."


"ဒါဆိုရင္သိပ္မတတ္ႏိုင္တဲ့..တႏိုင္တပိုင္လုပ္တဲ့လူေတြၾကေတာ့ေရာ.."


"သူတို႔ကေတာ့ ကုမၸဏီကေနတူးၿပီး၊ႀကိတ္ၿပီးမွစြန႔္ပစ္တဲ့ေက်ာက္ခဲြသားအစေတြကို ေရေဆးၿပီး ေက်ာက္ရွာစားတာေပါ့...ဒီၿမိဳ႔မွာ..ဒီလိုပဲက်သင့္သလိုလုပ္စားရတာပါပဲ

..တူမႀကီးရာ..."


ဦးထြန္းၿမိဳင္ႏွင့္အျပန္အလွန္ေဆြးေနြးရင္းႏွင့္ ေက်ာက္တြင္းသို႔ေရာက္လာေသာအခါ ေအာက္သို႔ငံု႔ၾကၫ့္မိေတာ့ မဲေမွာင္ေန၍ ေခါင္းေတြေတာင္မိုက္ခနဲမူးခ်င္သြားသည္။

ေက်ာင္ေတာင္ေတြတူးေသာဘက္အျခမ္းကိုလည္းသြားခဲ့ၿပီး၍ ဖုန္ေတြ၊ေက်ာက္စေတြစင္ၿပီး လူကသိပ္ေနလို႔မေကာင္းခ်င္ေတာ့ေပ။ပင္ပင္ပန္းပန္းႏွင့္အလုပ္လုပ္ေနၾကေသာ အလုပ္သမားမ်ားကိုေတာင္ အားနာလာမိသည္။


"ဒီတြင္းက ဘယ္ေလာက္နက္လည္းဟင္.."


"ေပ..၃၀၀အနက္ရိွတယ္..ဟိုဘက္မွာတြင္းေဟာင္းေတြလည္းရိွတယ္...ေရေပါက္ၿပီးေျမၿပိဳလို႔..ခဏနားထားရတယ္..."


"ဟုတ္လား...ထိခိုက္ဒဏ္ရာရသြားၾကေသးလား .."


"အလုပ္သမားႏွစ္ေယာက္ပိတ္မိၿပီး ဆံုးသြားတယ္ေလ..."


"ဟာ..."


"မမရယ္...ေၾကာက္စရာႀကီးေနာ္...အႏၲရာယ္သိပ္မ်ားမွာပဲ.."


ပိစိမကပံုရိပ္၏ လက္ေမာင္းကိုလာတဲြၿပီးညည္းေလသည္။ပံုရိပ္ကေတာ့ အႏၲရာယ္မ်ားေသာ အလုပ္ကိုလုပ္ေနၾကသၫ့္အလုပ္သမားမ်ားကို သနားေနမိသည္။

 ဖားကန႔္တြင္ေျမၿပိဳ၍ လူေပါင္းမ်ားစြာေသေၾကၾကရသည္ကို သတင္းေတြထဲတြင္ဖတ္ရၾကားရတာနဲ႔တင္ စိတ္မေကာင္းျဖစ္ခဲ့မိသည္။


ယခုေတာ့ ကိုယ္တိုင္ကဒီလုပ္ငန္းကိုလုပ္ကိုင္ေနရေသာ သူေဌး၏ေျမးျဖစ္ေနရသည္။

ပံုရိပ္ သက္ျပင္းခ်လိုက္မိသည္။

 မိုးကုတ္မွာရိွေသာ ဖြားညိုပိုင္ဆိုင္သၫ့္ေက်ာက္တြင္းေတြကို လိုက္ေလ့လာၿပီးသည္ႏွင့္ ပုဂံသို႔မသြားေတာ့ပဲ အိမ္သို႔သာျပန္လာခဲ့လိုက္သည္။


🔥ဆူးႀကိဳး...🔥အခန္း(၃၇)🔥  ဒုတိယပိုင္း ဆက္ဖတ္ရန္


No comments:

Post a Comment