(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၃၈)🔥 ဒုတိယပိုင်း
"ပုံရိပ်ရေ...ဒီမှာ...အန်တီတင့်ကဒီမှာ..."
"မမ...ပိစိမတို့ကဒီမှာ...."
စာမေးပွဲခန်းထဲကနေထွက်လာသောအခါ ကျောင်းအပြင်ဘက်တွင်မိဘများက ဝိုင်းအုံပြီးသားသမီးများကို ကြိုနေကြလေသည်။
ထို့ကြောင့်ကျောင်းရှေ့တွင် လူများအုံကြွနေပြီး ဈေးသည်များ၏အသံများကလည်း ဆူညံနေလေသည်။ပုံရိပ်ကို လက်လှမ်းပြနေသော အန်တီယဉ်တင့်နှင့်ပိစိမအနားသို့ပြေးသွားလိုက်ပြီး ပိစိမကမ်းပေးသော အအေးဗူးလေးကို ဖောက်သောက်လိုက်သည်။
"မမဖြေနိုင်လား..."
"အင်းဖြေနိုင်ပါတယ်..."
"ဟေး...လွတ်ပြီ...ကျွတ်ပြီကွ..ဟားဟား..
ငါတို့ရုပ်ရှင်သွားကြည့်ရအောင်..စာမေးပွဲနောက်ဆုံးအထိမ်းအမှတ်အဖြစ်ပေါ့..."
"ဘုရားကိုသွားကြမလား...ပြီးရင်မုန့်သွားစားကြမယ်..."
ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ကျောင်းသားများသည်လည်းအပျော်ကြီးပျော်နေကြလေသည်။ပုံရိပ်လည်းပျော်ပါသည်။ကျောင်းတွေပိတ်သွားတော့ တစ်နှစ်ပတ်လုံးပင်ပန်းခဲ့ရသမျှကို အတိုးချ၍နားပစ်မည်ဟု စဉ်းစားထားမိသည်။
"ပုံရိပ်...လာ..ဟိုမှာအိမ်ကကားစောင့်နေတယ်..."
မလေးရှားပိတောက်ပင်ကြီး၏အောက်တွင် ရပ်ထားသောကားအနက်ရောင်လေးဆီသို့သုံးယောက်သားသွားလိုက်တော့ ဦးတင်စိန်ကကားတံခါးကိုဖွင့်၍ ပြုံးပြလာသည်။
စာမေးပွဲအဆင့်ကြီးဖြေရသောအခါ ပုသိမ်
ကြီးမြို့နယ်၏ အထက်တန်းကျောင်းမှာဖြေရခြင်းဖြစ်၍ အိမ်သို့သိပ်ကြာကြာကားမမောင်းလိုက်ရပဲရောက်လေသည်။
ပေါ်တီကိုအောက်မှာကားကို ရပ်လိုက်ပြီး ကားပေါ်မှဆင်းသည်နှင့် အဖွားဆီသို့တန်း၍ပြေးသွားမိသည်။မမနေခြည်ကတော့ သူ့အမေဘယ်အချိန်ကလာကြိုသွားသလဲမသိပေ ဧည့်ခန်းမှာထိုင်ပြီး ဖုန်းနှိပ်နေလေသည်။
ဒေါ်ယဉ်တင့်ကတော့ကျောင်းစိမ်း၀တ်စုံလေးနှင့် တင်ပါးလောက်အထိ ရောက်လုနီးပါးဖြစ်နေသော ဆံပင်အုံထူထူနက်နက်များကို ကျစ်စံမြီးကျစ်ထားသော ပုံရိပ်ကိုသာပြုံး၍ ကြည့်နေလိုက်သည်။
"ဖွားညို...."
"ဟော...အရိပ်..ပြန်ရောက်ပြီလား..."
အဖွားသည်ကုတင်ပေါ်တွင် ခြေဆင်း၍
ခေါင်းအုံးကိုကျောအောက်မှာခုထားပြီး
စာအုပ်ဖတ်နေလေသည်။အဖွား၏ဘေးနားသို့ အမြန်သွက်သွက်သွားလိုက်ပြီး ကုတင်စွန်းမှာအိကနဲနေအောင် ထိုင်ချလိုက်မိသည်။
"ဖွားညို...သမီးတို့စာမေးပွဲပြီးသွားပြီ..."
"အဲ့တော့..အရိပ်ကအဖွားဆီကနေဘာလိုချင်သလဲ..."
အဖွားသည်ပုံရိပ်၏ မျက်၀န်းလေးတွေကိုကြည့်ပြီး ကလေးပိစိလေးသဖွယ်မေးစေ့ကိုကိုင်လှုပ်၍မေးလေသည်။ပုံရိပ်တစ်ခုခုလိုချင်နေမှန်း သိနေသောအဖွားကိုမအံ့ဩတော့ပါဘူး။ဒါပေမဲ့ ခွင့်တောင်းမဲ့ကိစ္စကနဲနဲကြီးနေတော့ မပြောရဲဘူးဖြစ်နေသည်။
"အဖွား...သမီး...ဒီနှစ်သင်္ကြန်မှာရန်ကုန်ကိုခဏပြန်ချင်တယ်..."
"ဟင်...အဒေါ့်ယောက်ျားနဲ့မတည့်ဘူးဆို..."
"ဒါပေမဲ့..အခု..အဒေါ့်ယောက်ျားကသူ့ရွာကိုသူပြန်သွားပြီ..အဒေါ်နဲ့တူတူနေတာမဟုတ်တော့ဘူးအဖွားရဲ့.."
"မသွားရဘူး..."
"ဟင်..."
"ဒီနှစ်သင်္ကြန်လည်း..မန္တလေးမှာပဲနေရမယ်..
ဆယ်တန်းပြီးပြီဆိုတော့..လေ့လာရမဲ့အရာတွေကပိုများလာပြီ..အရိပ်အတွက်အဖွားစီစဉ်ထားတာတွေအများကြီးရှိတယ်..အဖွားရဲ့မျက်ကွယ်မှာတစ်ယောက်ယောက်ကသွေးထိုးလှုံ့ဆော်လို့..စိတ်ဓာတ်ပျက်ပြားသွားမှာတွေလည်းအဖြစ်မခံနိုင်ဘူး...လည်ချင်ရင်နေခြည်တို့၊နန္ဒာတို့နဲ့အတူ..မန္တလေးသင်္ကြန်ကိုတစ်ရက်လောက်တော့လွှတ်ပေးမယ်.."
"အဖွားရယ်...မမနန္ဒာတို့နဲ့က..တည့်မှမတည့်တာ..သူတို့နဲ့အတူမလည်ချင်ပါဘူး...ရန်ကုန်ကိုပဲပြန်ချင်တယ်...လေးရက်လောက်ပဲနေမှာဥစ္စာကို ဘာလို့မလွှတ်ရတာလဲ..မရဘူး..
ဒီတစ်ခါတော့ သမီးရအောင်သွားမှာ..."
"မသွားရဘူးလို့ပြောနေတယ်နော်...အဖွားမကြိုက်ဘူး...မသွားနဲ့..."
"အဖွားမကောင်းဘူး..အဖွားဖြစ်စေချင်သလိုအဖွားစိတ်တိုင်းကျအောင် နေပေးရဲ့သားနဲ့..သမီးရဲ့ဆန္ဒကိုတော့ဒါလေးတစ်ခုပဲတောင်းမိတာတောင် ခွင့်မပြုပေးဘူး..အဟင့်
..."
"ဒုန်း!!!!!"
အဖွား၏အခန်းတံခါးကို အသံမြည်အောင်ပိတ်ခဲ့လိုက်ပြီး အပေါ်ထပ်သို့ပြေးတက်လာခဲ့လိုက်ကာ အိပ်ယာထဲမှာလှဲချရင်း ရှိုက်ကြီးတငင်ငိုနေမိသည်။ပုံရိပ်ဟာအဖွားအတွက်တော့ သက်မဲ့အရုပ်တရုပ်လိုပဲ။
အဖွားပြုပြင်ချင်တဲ့နေရာကို ပြုပြင်ပေးပြီးအဖွားဆွဲခေါ်ရာကိုပဲ လိုက်ရသည့်ဘ၀ဖြစ်နေသည်။
ထိုင်ဆိုထိုင်၊ထဆိုထ ပြောသမျှကိုသာနာခံရပြီး မလှုပ်နှင့်ဆိုလျှင် အသက်တောင်ရှူခွင့်မရှိတော့ဘူးတဲ့လား။ပုံရိပ်လိုချင်တာကနွေးထွေးမှု၊ကြင်နာမှု၊ဂရုစိုက်မှုပါပဲ။အထိန်းချုပ်ခံချင်တာမဟုတ်ဘူး။ခံစားချက်နဲ့လှုပ်ရှားသွားလာချင်တာ။
"ဒေါက်...ဒေါက်...ပုံရိပ်...ထမင်းစားရအောင်..."
"မစားဘူး...ဘာထမင်းမှမစားချင်ဘူး..."
ဘယ်သူပဲတံခါးလာခေါက်ခေါက် ပုံရိပ်ငြင်းပစ်သည်။တစ်ခါလေးပဲ အဆုံးအစွန်အထိခေါင်းမာမည်ဟု တွေးထားလိုက်သည်။
မိစုနှင့် ဒေါ်လေးတို့ကိုလွှမ်းသည်။
ပြီးတော့ဆရာ့ကိုလည်း လွမ်းပါသည်။
ဆရာ့ဖုန်းနံပါတ်လေးနှင့် အီးမေးလ်ကိုရေးထားသောစာရွက်လေးပျောက်သွား၍ အဆက်အသွယ်မရတာကြာလေပြီး။
အတိတ်ကိုပြန်မသွားချင်ပေမဲ့ အတိတ်မှာကျန်ခဲ့သောလူတွေကိုတော့ ပြန်တွေ့ချင်မိသည်။အဖွားခွင့်ပြုပေးရင် သိပ်ကောင်းမှာပဲ။
"ဒေါက်...ဒေါက်!!!ပုံရိပ်လေး...အဖွားကထမင်းအတူစားရအောင်တဲ့...ဆင်းခဲ့ပါကွယ်...မနေ့ကကျောင်းကနေပြန်လာတည်းကဘာမှမစားရသေးဘူးမဟုတ်လား
ကိုယ့်ကိုကိုယ်မနှိပ်စက်ပါနဲ့...."
"မစားဘူး..မစားဘူး...ဒေါ်လေးတို့ဆီကိုအလည်သွားဖို့ ခွင့်မပြုမချင်းမစားဘူး..."
"အဲ့လိုမလုပ်ပါနဲ့ကွယ်..."
"လုပ်မှာပဲ...အဟင့်...ဒါလေးပဲခွင့်တောင်းမိတာပါ..အခြားကြီးကြီးမားမားလည်းမဟုတ်ပဲနဲ့...အဖွားသိပ်ရက်စက်တယ်..."
ဒုတိယမြောက်နေ့အထိ ဆက်လက်၍ ဆန္ဒပြမိလေသည်။အမှန်တော့ပုံရိပ်၏အခန်းထဲတွင် စာကျက်ရင်းစားဖို့မုန့်တွေအဆင်သင့်ရှိပါသည်။အဖွားကိုဆန္ဒပြချင်၍ တမင်ကိုမထွက်ခြင်းဖြစ်သည်။
"ငါလုပ်နေတာ...မှားများနေပြီလား..အဖွားကကျန်းမာရေးသိပ်ကောင်းတာမဟုတ်ဘူး..
စိတ်ဆင်းရဲပြီး တစ်ခုခုဖြစ်သွားမှဒုက္ခပါပဲ..."
ကိုယ့်ဘာသာ တောင်တွေးမြောက်တွေ့နှင့် အခန်းတံခါးကိုဖွင့်၍ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။ထမင်းစားခန်းသို့ရောက်သောအခါ အဖွားသည်ပုံရိပ်ကိုတကယ်စောင့်နေလေသည်။နေ့လည်ဘက်ကြီးဖြစ်၍
အန်တီမေဦးတို့မိသားစုကတော့ မရှိပေ။
"အစာငတ်ခံပြီး..ဆန္ဒပြနေတာမဟုတ်ဘူးလား..."
အဖွားကိုအားနာသလိုကြည့်လိုက်မိသည်။အဖွားနှင့်နေပါများပြီး ရင်းနှီးလာတော့နွဲ့ဆိုးဆိုးချင်လာမှန်း ကိုယ့်ဘာသာသိပါတယ်။အဖွားများ စိတ်ဆိုးနေသလားလို့အကဲခတ်လိုက်မိတော့ ခပ်တည်တည်နှင့်ပင်ထမင်းကို ဇွန်းနှင့်ခပ်၍စားနေလေသည်။
ပုံရိပ်လည်း ပုစွန်ထုပ်ဟင်းကိုစယ်ပြီး စားလို့မ၀င်၍ ဟိုထိုးဒီထိုးနှင့်လျှောက်လုပ်နေမိသည်။
"လေးရက်ပဲနော်...နှစ်ဆန်းတစ်ရက်နေ့ကြရင်...ချက်ချင်းပြန်လာရမယ်..."
ပုစွန်ထုပ်ကို ခရင်းနှင့်ထိုးချလိုက်မိရာမှ အဖွား၏စကားကြောင့် ချော်ထွက်သွားလေသည်။ပုံရိပ်နားကြားမှားသွားတာများလား။မတ်တပ်ရပ်နေသော ပိစိမကိုကြည့်လိုက်တော့ အိုကေဆိုပြီးလက်မနှင့်လက်ညှိုးကိုကွေးပြသည်။
"အား...အဲ့ဒါကြောင့်ဖွားညိုကိုချစ်နေရတာ..မွ..မွ.."
"ဟဲ့...ဟဲ့...ဒီမှာထမင်းစားနေတယ်လေ.."
"ဟီး...ပျော်လို့ပါအဖွားရဲ့..."
"အင်း...သင်္ကြန်ကရောက်ဖို့လိုသေးတယ်..
ဒီကြားထဲမှာ လုပ်စရာရှိတာတော့ပုံနှန်အတိုင်းလုပ်ရမှာနော်..."
"စိတ်ချ..အဖွားစကားကိုတသွေမသိမ်းလိုက်နာမှာ.."
"အဟွန်း..လိုက်နာလို့ပဲ..."
အဖွားရယ်သလို ပုံရိပ်လည်းရယ်လိုက်မိသည်။စိတ်ကတော့ ယခုတည်းကရန်ကုန်ကိုပြန်ရောက်နေလေပြီ။ပုံရိပ်ပို့ပေးသော ငွေတွေနှင့်ဒေါ်လေးတို့ကောင်းကောင်းမွန်မွန်နေနေရတာကိုမျက်ဝါးထင်ထင်မြင်ကြည့်ချင်နေမိသည်။ပြီးတော့ ပုံရိပ်၏ဘ၀မှာတွယ်တာမိသည့် တစ်ဦးတည်းသောအမျိုးသားတစ်ယောက်ကိုရောပေါ့။
=======================================================================
🔥ဆူးႀကိဳး...🔥အခန္း(၃၈)🔥 ဒုတိယပိုင္း
"ပံုရိပ္ေရ...ဒီမွာ...အန္တီတင့္ကဒီမွာ..."
"မမ...ပိစိမတို႔ကဒီမွာ...."
စာေမးပဲြခန္းထဲကေနထြက္လာေသာအခါ ေက်ာင္းအျပင္ဘက္တြင္မိဘမ်ားက ဝိုင္းအံုၿပီးသားသမီးမ်ားကို ႀကိဳေနၾကေလသည္။
ထို႔ေၾကာင့္ေက်ာင္းေရ႔ွတြင္ လူမ်ားအံုႂကြေနၿပီး ေဈးသည္မ်ား၏အသံမ်ားကလည္း ဆူညံေနေလသည္။ပံုရိပ္ကို လက္လွမ္းျပေနေသာ အန္တီယဉ္တင့္ႏွင့္ပိစိမအနားသို႔ေျပးသြားလိုက္ၿပီး ပိစိမကမ္းေပးေသာ အေအးဗူးေလးကို ေဖာက္ေသာက္လိုက္သည္။
"မမေျဖႏိုင္လား..."
"အင္းေျဖႏိုင္ပါတယ္..."
"ေဟး...လြတ္ၿပီ...ကၽြတ္ၿပီကြ..ဟားဟား..
ငါတို႔ရုပ္ရွင္သြားၾကၫ့္ရေအာင္..စာေမးပဲြေနာက္ဆံုးအထိမ္းအမွတ္အျဖစ္ေပါ့..."
"ဘုရားကိုသြားၾကမလား...ၿပီးရင္မုန႔္သြားစားၾကမယ္..."
ဆယ္တန္းစာေမးပဲြေနာက္ဆံုးေန့ဆိုေတာ့ ေက်ာင္းသားမ်ားသည္လည္းအေပ်ာ္ႀကီးေပ်ာ္ေနၾကေလသည္။ပံုရိပ္လည္းေပ်ာ္ပါသည္။ေက်ာင္းေတြပိတ္သြားေတာ့ တစ္ႏွစ္ပတ္လံုးပင္ပန္းခဲ့ရသမ်ွကို အတိုးခ်၍နားပစ္မည္ဟု စဉ္းစားထားမိသည္။
"ပံုရိပ္...လာ..ဟိုမွာအိမ္ကကားေစာင့္ေနတယ္..."
မေလးရွားပိေတာက္ပင္ႀကီး၏ေအာက္တြင္ ရပ္ထားေသာကားအနက္ေရာင္ေလးဆီသို႔သံုးေယာက္သားသြားလိုက္ေတာ့ ဦးတင္စိန္ကကားတံခါးကိုဖြင့္၍ ႃပံုးျပလာသည္။
စာေမးပဲြအဆင့္ႀကီးေျဖရေသာအခါ ပုသိမ္
ႀကီးၿမိဳ႔နယ္၏ အထက္တန္းေက်ာင္းမွာေျဖရျခင္းျဖစ္၍ အိမ္သို႔သိပ္ၾကာၾကာကားမေမာင္းလိုက္ရပဲေရာက္ေလသည္။
ေပၚတီကိုေအာက္မွာကားကို ရပ္လိုက္ၿပီး ကားေပၚမွဆင္းသည္ႏွင့္ အဖြားဆီသို႔တန္း၍ေျပးသြားမိသည္။မမေနျခည္ကေတာ့ သူ႔အေမဘယ္အခ်ိန္ကလာႀကိဳသြားသလဲမသိေပ ဧၫ့္ခန္းမွာထိုင္ၿပီး ဖုန္းႏိွပ္ေနေလသည္။
ေဒၚယဉ္တင့္ကေတာ့ေက်ာင္းစိမ္း၀တ္စံုေလးႏွင့္ တင္ပါးေလာက္အထိ ေရာက္လုနီးပါးျဖစ္ေနေသာ ဆံပင္အံုထူထူနက္နက္မ်ားကို က်စ္စံၿမီးက်စ္ထားေသာ ပံုရိပ္ကိုသာႃပံုး၍ ၾကၫ့္ေနလိုက္သည္။
"ဖြားညို...."
"ေဟာ...အရိပ္..ျပန္ေရာက္ၿပီလား..."
အဖြားသည္ကုတင္ေပၚတြင္ ေျခဆင္း၍
ေခါင္းအံုးကိုေက်ာေအာက္မွာခုထားၿပီး
စာအုပ္ဖတ္ေနေလသည္။အဖြား၏ေဘးနားသို႔ အျမန္သြက္သြက္သြားလိုက္ၿပီး ကုတင္စြန္းမွာအိကနဲေနေအာင္ ထိုင္ခ်လိုက္မိသည္။
"ဖြားညို...သမီးတို႔စာေမးပဲြၿပီးသြားၿပီ..."
"အဲ့ေတာ့..အရိပ္ကအဖြားဆီကေနဘာလိုခ်င္သလဲ..."
အဖြားသည္ပံုရိပ္၏ မ်က္၀န္းေလးေတြကိုၾကၫ့္ၿပီး ကေလးပိစိေလးသဖြယ္ေမးေစ့ကိုကိုင္လႈပ္၍ေမးေလသည္။ပံုရိပ္တစ္ခုခုလိုခ်င္ေနမွန္း သိေနေသာအဖြားကိုမအံ့ဩေတာ့ပါဘူး။ဒါေပမဲ့ ခြင့္ေတာင္းမဲ့ကိစၥကနဲနဲႀကီးေနေတာ့ မေျပာရဲဘူးျဖစ္ေနသည္။
"အဖြား...သမီး...ဒီႏွစ္သႀကၤန္မွာရန္ကုန္ကိုခဏျပန္ခ်င္တယ္..."
"ဟင္...အေဒါ့္ေယာက္်ားနဲ႔မတၫ့္ဘူးဆို..."
"ဒါေပမဲ့..အခု..အေဒါ့္ေယာက္်ားကသူ႔ရြာကိုသူျပန္သြားၿပီ..အေဒၚနဲ႔တူတူေနတာမဟုတ္ေတာ့ဘူးအဖြားရဲ့.."
"မသြားရဘူး..."
"ဟင္..."
"ဒီႏွစ္သႀကၤန္လည္း..မႏၲေလးမွာပဲေနရမယ္..
ဆယ္တန္းၿပီးၿပီဆိုေတာ့..ေလ့လာရမဲ့အရာေတြကပိုမ်ားလာၿပီ..အရိပ္အတြက္အဖြားစီစဉ္ထားတာေတြအမ်ားႀကီးရိွတယ္..အဖြားရဲ့မ်က္ကြယ္မွာတစ္ေယာက္ေယာက္ကေသြးထိုးလႈံ႔ေဆာ္လို႔..စိတ္ဓာတ္ပ်က္ျပားသြားမွာေတြလည္းအျဖစ္မခံႏိုင္ဘူး...လည္ခ်င္ရင္ေနျခည္တို႔၊နႏၵာတို႔နဲ႔အတူ..မႏၲေလးသႀကၤန္ကိုတစ္ရက္ေလာက္ေတာ့လႊတ္ေပးမယ္.."
"အဖြားရယ္...မမနႏၵာတို႔နဲ႔က..တၫ့္မွမတၫ့္တာ..သူတို႔နဲ႔အတူမလည္ခ်င္ပါဘူး...ရန္ကုန္ကိုပဲျပန္ခ်င္တယ္...ေလးရက္ေလာက္ပဲေနမွာဥစၥာကို ဘာလို႔မလႊတ္ရတာလဲ..မရဘူး..
ဒီတစ္ခါေတာ့ သမီးရေအာင္သြားမွာ..."
"မသြားရဘူးလို႔ေျပာေနတယ္ေနာ္...အဖြားမႀကိဳက္ဘူး...မသြားနဲ႔..."
"အဖြားမေကာင္းဘူး..အဖြားျဖစ္ေစခ်င္သလိုအဖြားစိတ္တိုင္းက်ေအာင္ ေနေပးရဲ့သားနဲ႔..သမီးရဲ့ဆႏၵကိုေတာ့ဒါေလးတစ္ခုပဲေတာင္းမိတာေတာင္ ခြင့္မျပဳေပးဘူး..အဟင့္
..."
"ဒုန္း!!!!!"
အဖြား၏အခန္းတံခါးကို အသံျမည္ေအာင္ပိတ္ခဲ့လိုက္ၿပီး အေပၚထပ္သို႔ေျပးတက္လာခဲ့လိုက္ကာ အိပ္ယာထဲမွာလွဲခ်ရင္း ရိႈက္ႀကီးတငင္ငိုေနမိသည္။ပံုရိပ္ဟာအဖြားအတြက္ေတာ့ သက္မဲ့အရုပ္တရုပ္လိုပဲ။
အဖြားျပဳျပင္ခ်င္တဲ့ေနရာကို ျပဳျပင္ေပးၿပီးအဖြားဆဲြေခၚရာကိုပဲ လိုက္ရသၫ့္ဘ၀ျဖစ္ေနသည္။
ထိုင္ဆိုထိုင္၊ထဆိုထ ေျပာသမ်ွကိုသာနာခံရၿပီး မလႈပ္ႏွင့္ဆိုလ်ွင္ အသက္ေတာင္ရႉခြင့္မရိွေတာ့ဘူးတဲ့လား။ပံုရိပ္လိုခ်င္တာကေနြးေထြးမႈ၊ၾကင္နာမႈ၊ဂရုစိုက္မႈပါပဲ။အထိန္းခ်ဳပ္ခံခ်င္တာမဟုတ္ဘူး။ခံစားခ်က္နဲ႔လႈပ္ရွားသြားလာခ်င္တာ။
"ေဒါက္...ေဒါက္...ပံုရိပ္...ထမင္းစားရေအာင္..."
"မစားဘူး...ဘာထမင္းမွမစားခ်င္ဘူး..."
ဘယ္သူပဲတံခါးလာေခါက္ေခါက္ ပံုရိပ္ျငင္းပစ္သည္။တစ္ခါေလးပဲ အဆံုးအစြန္အထိေခါင္းမာမည္ဟု ေတြးထားလိုက္သည္။
မိစုႏွင့္ ေဒၚေလးတို႔ကိုလႊမ္းသည္။
ၿပီးေတာ့ဆရာ့ကိုလည္း လြမ္းပါသည္။
ဆရာ့ဖုန္းနံပါတ္ေလးႏွင့္ အီးေမးလ္ကိုေရးထားေသာစာရြက္ေလးေပ်ာက္သြား၍ အဆက္အသြယ္မရတာၾကာေလၿပီး။
အတိတ္ကိုျပန္မသြားခ်င္ေပမဲ့ အတိတ္မွာက်န္ခဲ့ေသာလူေတြကိုေတာ့ ျပန္ေတြ့ခ်င္မိသည္။အဖြားခြင့္ျပဳေပးရင္ သိပ္ေကာင္းမွာပဲ။
"ေဒါက္...ေဒါက္!!!ပံုရိပ္ေလး...အဖြားကထမင္းအတူစားရေအာင္တဲ့...ဆင္းခဲ့ပါကြယ္...မေန့ကေက်ာင္းကေနျပန္လာတည္းကဘာမွမစားရေသးဘူးမဟုတ္လား
ကိုယ့္ကိုကိုယ္မႏိွပ္စက္ပါနဲ႔...."
"မစားဘူး..မစားဘူး...ေဒၚေလးတို႔ဆီကိုအလည္သြားဖို႔ ခြင့္မျပဳမခ်င္းမစားဘူး..."
"အဲ့လိုမလုပ္ပါနဲ႔ကြယ္..."
"လုပ္မွာပဲ...အဟင့္...ဒါေလးပဲခြင့္ေတာင္းမိတာပါ..အျခားႀကီးႀကီးမားမားလည္းမဟုတ္ပဲနဲ႔...အဖြားသိပ္ရက္စက္တယ္..."
ဒုတိယေျမာက္ေန့အထိ ဆက္လက္၍ ဆႁႏၵပမိေလသည္။အမွန္ေတာ့ပံုရိပ္၏အခန္းထဲတြင္ စာက်က္ရင္းစားဖို႔မုန႔္ေတြအဆင္သင့္ရိွပါသည္။အဖြားကိုဆႁႏၵပခ်င္၍ တမင္ကိုမထြက္ျခင္းျဖစ္သည္။
"ငါလုပ္ေနတာ...မွားမ်ားေနၿပီလား..အဖြားကက်န္းမာေရးသိပ္ေကာင္းတာမဟုတ္ဘူး..
စိတ္ဆင္းရဲၿပီး တစ္ခုခုျဖစ္သြားမွဒုကၡပါပဲ..."
ကိုယ့္ဘာသာ ေတာင္ေတြးေျမာက္ေတြ့ႏွင့္ အခန္းတံခါးကိုဖြင့္၍ ေအာက္ထပ္သို႔ဆင္းလာခဲ့လိုက္သည္။ထမင္းစားခန္းသို႔ေရာက္ေသာအခါ အဖြားသည္ပံုရိပ္ကိုတကယ္ေစာင့္ေနေလသည္။ေန့လည္ဘက္ႀကီးျဖစ္၍
အန္တီေမဦးတို႔မိသားစုကေတာ့ မရိွေပ။
"အစာငတ္ခံၿပီး..ဆႁႏၵပေနတာမဟုတ္ဘူးလား..."
အဖြားကိုအားနာသလိုၾကၫ့္လိုက္မိသည္။အဖြားႏွင့္ေနပါမ်ားၿပီး ရင္းႏွီးလာေတာ့ႏဲြ႔ဆိုးဆိုးခ်င္လာမွန္း ကိုယ့္ဘာသာသိပါတယ္။အဖြားမ်ား စိတ္ဆိုးေနသလားလို႔အကဲခတ္လိုက္မိေတာ့ ခပ္တည္တည္ႏွင့္ပင္ထမင္းကို ဇြန္းႏွင့္ခပ္၍စားေနေလသည္။
ပံုရိပ္လည္း ပုစြန္ထုပ္ဟင္းကိုစယ္ၿပီး စားလို႔မ၀င္၍ ဟိုထိုးဒီထိုးႏွင့္ေလ်ွာက္လုပ္ေနမိသည္။
"ေလးရက္ပဲေနာ္...ႏွစ္ဆန္းတစ္ရက္ေန့ၾကရင္...ခ်က္ခ်င္းျပန္လာရမယ္..."
ပုစြန္ထုပ္ကို ခရင္းႏွင့္ထိုးခ်လိုက္မိရာမွ အဖြား၏စကားေၾကာင့္ ေခ်ာ္ထြက္သြားေလသည္။ပံုရိပ္နားၾကားမွားသြားတာမ်ားလား။မတ္တပ္ရပ္ေနေသာ ပိစိမကိုၾကၫ့္လိုက္ေတာ့ အိုေကဆိုၿပီးလက္မႏွင့္လက္ၫွိုးကိုေကြးျပသည္။
"အား...အဲ့ဒါေၾကာင့္ဖြားညိုကိုခ်စ္ေနရတာ..မြ..မြ.."
"ဟဲ့...ဟဲ့...ဒီမွာထမင္းစားေနတယ္ေလ.."
"ဟီး...ေပ်ာ္လို႔ပါအဖြားရဲ့..."
"အင္း...သႀကၤန္ကေရာက္ဖို႔လိုေသးတယ္..
ဒီၾကားထဲမွာ လုပ္စရာရိွတာေတာ့ပံုႏွန္အတိုင္းလုပ္ရမွာေနာ္..."
"စိတ္ခ်..အဖြားစကားကိုတေသြမသိမ္းလိုက္နာမွာ.."
"အဟြန္း..လိုက္နာလို႔ပဲ..."
အဖြားရယ္သလို ပံုရိပ္လည္းရယ္လိုက္မိသည္။စိတ္ကေတာ့ ယခုတည္းကရန္ကုန္ကိုျပန္ေရာက္ေနေလၿပီ။ပံုရိပ္ပို႔ေပးေသာ ေငြေတြႏွင့္ေဒၚေလးတို႔ေကာင္းေကာင္းမြန္မြန္ေနေနရတာကိုမ်က္ဝါးထင္ထင္ျမင္ၾကၫ့္ခ်င္ေနမိသည္။ၿပီးေတာ့ ပံုရိပ္၏ဘ၀မွာတြယ္တာမိသၫ့္ တစ္ဦးတည္းေသာအမ်ိဳးသားတစ္ေယာက္ကိုေရာေပါ့။
No comments:
Post a Comment