(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၃၈)🔥 ပထမပိုင်း
🍂တစ်နှစ်ခန့်ကြာသော်...
တစ်နှစ်ဆိုသော အချိန်ကာလသည်ပုံရိပ်အတွက်တော့ အကွေ့အကောက်များသောတောင်တက်လမ်းပေါ်သို့ မောင်းနှင်နေရသောကားတစ်စီးလို အခက်အခဲအမျိုးမျိုးကိုအသားကျအောင်ကျော်လွှားခဲ့ရသောကာလဖြစ်ခဲ့သည်။
အလှည့်အပြောင်းမျိုးစုံဖြစ်ပွားပြီး ၀မ်းသာတစ်လှည့်၊နာကျင်တစ်လှည့်နှင့် အရာအားလုံးကိုတောင့်ခံနိုင်ခဲ့လေပြီ။
ဘ၀အသစ်တစ်ခုမှာ နေသားကျနေပြီဟုဆိုပါက ပိုမှန်ပါလိမ့်မည်။ဆယ်တန်းမတက်ခင်အထိ ကျောက်အရောင်းအ၀ယ်လုပ်ရာကနေ သိန်းရာနဲ့ချီပြီး စုမိသည်အထိအကျိုးအမြတ်ရခဲ့သည်။
ဖွားညို ပြောခဲ့သလိုပါပဲ ကျောက်မျက်ရတနာတွေဟာပုံရိပ်၏ လက်ပေါ်မှာ ကူးလူးနေသောအဆင့်သို့ ရောက်ခဲ့လေပြီ။
ဖွားညို၏ ဆုံးမသင်ပြမှုများကြောင့် အရွယ်
မတိုင်ခင်ငွေရှာနိုင်လာပေမဲ့ အကျိုးမရှိသောနေရာများတွင် လက်လွတ်စပယ်မသုံးရဟူသော စည်းကမ်းချက်ကြောင့် ရန်ကုန်တွင်ရှိသော ဒေါ်လေးဆီသို့သာ ပို့ပြီးစီးပွားရေးလုပ်ဖို့၊ခြံ၀ယ်ထားဖို့အတွက် ပို့ပေးလေ့ရှိသည်။
ဖွားညိုကတော့ ပုံရိပ်၏ အကွက်မြင်ပုံကိုသဘောကျပေမဲ့ မုဒိတာမပွားနိုင်သူများကတော့ အန်တီမေဦးနှင့် သူ၏သမီးများဖြစ်သည်။ဖွားညိုကကျန်းမာရေးနဲနဲကောင်းတာနှင့် လုပ်ငန်းခွင်တွေထဲသို့ခေါ်သွားတတ်သောကြောင့် ဘုံပျောက်မှာစိုးသောအန်တီမေဦး၏ယောက်ျား ဦးသီဟနောင်ကပါ ပုံရိပ်ကိုအမြင်မကြည်ချင်တော့ပေ။
"အမေ...နောက်မှပေါက်တဲ့ရွှေကြာကိုနေရာပေးနေတာဘာသဘောလဲ..အလုပ်ထဲအထိခေါ်သွားပြီး...ကုမ္ပဏီရဲ့အရေးပါတဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့..၀န်ထမ်းတကာကိုလိုက်မိတ်ဆက်ပေးနေတော့...ကျွန်မယောက်ျားကဘာဖြစ်သွားပြီလဲ..အမေ့လုပ်ငန်းတွေမှာ သက်သက်လိုသုံးအလုပ်ခံနေရတဲ့...ရုပ်သေးရုပ်လား..."
"နင်ငါ့ကိုဘာမှ ဘာမှလာအထွန့်တက်စရာမလိုပဲ...ငါ့လုပ်ငန်းကိုငါ့ဘာသာစီစဉ်တာ..
နင်နဲ့မဆိုင်ဘူး..."
"ဘာလို့ မဆိုင်ရမှာလည်း..သမီးယောက်ျားကတော့အမေ့လုပ်ငန်းတွေမှာကြိုးစားပမ်းစားနဲ့နွားအဖြစ်ခံပြီးနေပေးရသလောက် နောက်ဆုံးမှာအမေရွေ့မဲ့အကွက်က ကျွန်မတို့ခေါင်းပေါ်ကို တက်နင်းမဲ့ကိစ္စကြီး..နောက်ဆုံးမှာကျွန်မတို့ဘယ်လောက်ပဲကြိုးစားပေးပါစေ...ကျွန်မတို့ကအငွေ့ကိုပဲစားရမှာမဟုတ်လား...တကယ်အသီးကိုအသာလေးဖြုတ်စားသွားမှာက..ဟိုကောင်မလေးပဲ...အမေလုံး၀မတရားဘူး..."
"မေဦး..နင်ဘယ်လိုတွေးနေတာလဲ..အဲ့ဒါနင့်တူမအရင်းခေါက်ခေါက်နော်...နင်အရမ်းချစ်တဲ့နင့်မောင်ရဲ့တစ်ဦးတည်းသောသမီးလေးဟဲ့...ကလေးကိုတောင်နင်လိုက်ပြိုင်နေတာမရှက်ဘူး.."
"အို...ကျွန်မချစ်ခဲ့တာကကျွန်မမောင်ကိုလေ..
သူ့သမီးကိုမှမဟုတ်တာ...ဒီလောက်အနေဝေးပြီး သွေးအေးခဲ့တာ...မချစ်ပါဘူး..အမြင်တောင်ကပ်သေးတယ်...ကလေးလို့သဘောထားရင်လည်း...ကလေးနေရာမှာ
အမေထားလေ...အမေဘာလုပ်ချင်နေလဲသမီးသိတယ်နော်...အမေကတကယ်ကိုဘက်လိုက်တယ်..ဇွဲသီဟမင်းလို..
မြေးယောက်ျားလေးတစ်ယောက်လုံးရှိနေ
လျှက်နဲ့...နောက်မှရောက်လာတဲ့ပုံရိပ်ကိုနေရာပေးတယ်...ကျွန်မသမီးတွေကိုတော့...
အမေပစ်ထားရက်တယ်နော်..."
"နင့်သားသမီးတွေအကြောင်းကိုလာမပြောနဲ့..နင့်သားသမီးတွေကတစ်ယောက်မှကောင်းတဲ့ဟာတွေမဟုတ်ဘူး...မျိုးစေ့မမှန်တော့အပင်မသန်တဲ့စကားမှန်နေတာပဲလေ...
နင့်ယောက်ျားအကြောင်းလည်း ငါမပြောချင်လို့ကြည့်နေတာနော်..ငါ့မျက်လုံးနှစ်လုံးပွင့်ပြီး..လုပ်နိုင်ကိုင်နိုင်သေးလို့သာ...အရာအားလုံးပျက်စီးမသွားတာ..နင့်ယောက်ျားလက်ထဲသာအကုန်ရောက်ကြည့်...တစ်စစီတောင်လိုက်ကောက်ရအုံးမယ်...နင့်သားကိုတော့လာထည့်မပြောနဲ့..ဆရာ၀န်လောင်းဖြစ်ပြီး...ကလပ်တက်လိုက်၊ဘားသွားလိုက်နဲ့..
ဆေးသုံးနေပြီလားတောင်မသိဘူး...ပုံရိပ်ရဲ့ခြေဖျားကိုတောင်မမှီဘူး...ပုံရိပ်ကငါပုံသွင်းသလိုနေတယ်...ကြိုးစားချင်စိတ်အပြည့်ရှိတယ်...ကလေးတစ်ယောက်ကိုတောင်ကြောက်နေတည်းက...နင့်ယောက်ျားရဲ့အရည်အချင်းက အခွံပဲရှိတာ...သိထားလိုက်..."
ထိုနေ့က ဖွားညိုနှင့်အန်တီမေဦးတို့အကြီးအကျယ်ရန်ဖြစ်ခဲ့ကြသည်။ပုံရိပ်ကြောင့်ပဲပေါ့။အဖွားရဲ့မျက်နှာနဲ့ အန်တီယဉ်တင့်တို့၏ ကာကွယ်ပေးမှုကြောင့်ရော တူမအရင်းဖြစ်တာကြောင့်ပါ ပုံရိပ်ကိုနာကျင်အောင်မလုပ်နိုင်ပေမဲ့ အမြဲတမ်းစကားနာထိုးတတ်တာကြောင့် မမနေခြည်နဲ့မမနန္ဒာတို့ကပါ ပုံရိပ်ကိုအမုန်းကြီးမုန်းလာခဲ့ကြတယ်။
မမနေခြည်နဲ့ပုံရိပ်ကဆယ်တန်းတက်သော ကိုယ်ပိုင်ကျောင်းချင်းတူနေသည့်အတွက် ကျောင်းမှာပုံရိပ်ကို သူ့သူငယ်ချင်းတွေနဲ့အနိုင်ကျင့်တာမျိုးတွေရှိပေမဲ့ အတတ်နိုင်ဆုံးအဖွားကို ပြန်မပြောပြခဲ့ဘူး။
လမ်းလျှောက်ရင် ခြေထိုးခံတယ်။
တမင်ရေနဲ့ပတ်တယ်။
မုန့်ဈေးတန်းမှာ ပုံရိပ်၀ယ်မဲ့မုန့်တွေကို လု၀ယ်တဲ့အပြင် ပုံရိပ်ကိုလိုက်ကြိုက်နေတဲ့ကောင်တွေကိုပါ သူကသူ့ကိုပြန်ကြိုက်အောင်လုပ်တယ်။တကယ်တော့ ပုံရိပ်ဘက်ကဘာမှအကျိုးမယုတ်သွားပဲ သူ့ကြောင့်ကောင်လေးတွေရန်ခဏခဏဖြစ်လို့ အန်တီမေဦးသာမျက်နှာငယ်နဲ့ ဆရာမဆီလာတွေ့ပြီး
တောင်းပန်ရတာခဏခဏဖြစ်လာသည်။
"ပုံရိပ်ကအဆင့်တစ်ရပါတယ်...အားလုံးပဲပုံရိပ်လိုကြိုးစားကြနော်..."
"ပုံရိပ်က...မြို့နယ်အဆင့်အင်္ဂလိပ်စာထူးချွန်မှာ၀င်ပြိုင်ရမယ်နော်...."
"တိုင်းအဆင့်ပန်းချီပြိုင်ပွဲမှာ ပထမဆုရတဲ့အတွက် ဂုဏ်ယူပါတယ်.."
"ပုံရိပ်...နင်အရမ်းတော်တယ်...ငါတို့နားမလည်တဲ့စာတွေကိုလည်း...ရှင်းပြရမယ်နော်..."
"ပုံရိပ်..ငါတို့ကနင်နဲ့ပဲထိုင်ချင်တာ...နင်နဲ့ထိုင်ရင်...စာပိုရတယ်..စာနားမလည်ရင်...နင်ကရှင်းပြလို့...ဒီတစ်တန်းလုံးမှာနင့်ကိုအခင်ဆုံးပဲ..နင်တို့ကအရမ်းချမ်းသာတာတဲ့..ဆရာမတွေပြောနေတာကြားမိတယ်...
ဒါပေမဲ့နင်ကမာနမကြီးဘူးနော်..."
ကိုးတန်းတုန်းက အဆင့်ဘိတ်ချေးရခဲ့သော ပုံရိပ်သည်ဆယ်တန်းရောက်သောအခါ အဆင့်တစ်ဆိုသောနံပါတ်သည် ပုံရိပ်၏
နာမည်နှင့်တွဲပါလာနေကြနံပါတ်တစ်ခုဖြစ်နေလေပြီ။ထူးချွန်ပြိုင်ပွဲတိုင်းတွင်လည်း ပုံရိပ် ပါ၀င်ခွင့်ရ၍ပုံရိပ်၏အိပ်ခန်းထဲတွင်
ဆုတံဆိပ်များတစ်ခုပြီး တစ်ခုတိုးလာခဲ့သည်။
ကျောင်းမှာအရေးကြီးပွဲများ ရှိတိုင်းလည်းအဖွားက ပွဲလာတက်ပေးသည့်အတွက်
မမနေခြည်နှင့် ပုံရိပ်သည်ကျောင်းတွင်မျက်နှာအပွင့်ဆုံးကလေးများဖြစ်လာခဲ့သည်။
အတန်းထဲရှိ သူငယ်ချင်းများကအစ ပုံရိပ်နှင့်ပဲ ထိုင်ချင်ကြသည်အထိ ဖြစ်လာသည်။
ပုံရိပ်နှင့်ထိုင်လျှင် စာရပါသတဲ့။စန္ဒယားတီးတာနှင့် လုပ်ငန်းအကြောင်းတွေကို မသင်ရတော့ပေမဲ့ ကျောင်းသားတစ်ယောက်၏
တာ၀န်သည် အင်မတန်လေးလံလှသည်။
နေရာတိုင်းမှာထူးချွန်နေခြင်း၏နောက်ကွယ်မှာ ပုံရိပ်၏ပေးဆပ်ရသောလုပ်အားသည် သာမာန်ကျောင်းသားများရူးလောက်ချင်စရာဖြစ်သည်။
ကျောင်းကနေအိမ်ကိုရောက်သည်နှင့် ဂိုက်ဆရာကအိမ်မှာအဆင်သင့်စောင့်နေလေ့ရှိသည်။အိမ်ကိုရောက်သည်နှင့် ခဏတောင်
မနားရပဲ စာကြည့်ခန်းထဲသို့တန်းသွားကာဘာသာရပ်ဆရာတစ်ယောက်ပြီးတစ်ယောက်နှင့်သင်ရသည်။
ပုံရိပ်၏ကျူရှင်သည်သူများတွေလို အပြင်မှာမဟုတ်ပဲ အခန်းတစ်ခုထဲမှာဖြစ်သည်။စကားပြောစရာသူငယ်ချင်းအဖော်မရှိပဲ စက်ရုပ်တစ်ရုပ်ကဲ့သို့ တိကျမှန်ကန်စွာအလုပ်လုပ်သောဆရာများနှင့် စာသင်ရသည်။
မမနေခြည်ကတော့ ပုံရိပ်နှင့်အတူမသင်ချင်၍ဆိုကာ အပြင်ကျူရှင်ကိုကားနှင့်အသွားအပြန်လုပ်လေသည်။
"ကျူရှင်သွားတက်ရင်..အသွားအပြန်မှာအချိန်ပုပ်တယ်...ပြီးရင်သူငယ်ချင်းတွေနဲ့ဟေးလားဝါးလားလုပ်အုံးမယ်..နေခြည်တို့.
နန္ဒာတို့တုန်းတည်းကစောင့်ကြည့်နေတာ..
ကျူရှင်သွားမယ်ဆိုပြီး..ရုပ်ရှင်ရုံကိုသွားရင်သွားနေတာ..အပြန်ကြတော့လည်း အိမ်ကိုတန်းပြီးပြန်မလာကြဘူး...ဟို၀င်၊ဒီထွက်နဲ့
..ကျောင်းသားဆိုတာ..စာကြိုးစားရမဲ့အရွယ်လေ..သူ့အရွယ်နဲ့သူအလုပ်ကိုကြိုးစားမှ..
အချိန်တစ်ခုရောက်လာရင်အောင်မြင်နိုင်မှာ...အချိန်ကိုတန်ဖိုးထားရမယ်.
အချိန်ကတော့သူ့ဘာသာလည်ပတ်ပြီးကုန်သွားမှာပဲ..အဲ့အတောအတွင်းမှာဘာမှမလုပ်ရင်ဘာမှမရဘူး..အချိန်ကိုနောက်ပြန်လှည့်ချင်တယ်ဆိုရင်တော့..ရူးနေလို့ပဲ..လုပ်စရာရှိတာကို လုပ်ရမဲ့အချိန်မှာအပြီးလုပ်..."
အဖွား၏စကားများသည် အဓိပ္ပာယ်ကောက်တတ်လျှင်တော့ မှန်ကန်နိုင်ပေမဲ့
တစ်ဖက်မှာတော့စစ်မှန်သော ခင်မင်မှုရှိသည့်သူငယ်ချင်းမျိုးနှင့် ဝေးသွားခဲ့ရသည်။
ဆယ်တန်းကျောင်းသားများ၏ အချိန်တော်တော်များများသည်ကျောင်းမှာထက် ကျူရှင်မှာကုန်ဆုံးရတာကများသည်။ကျောင်းလာတက်သော သူငယ်ချင်းများသည် ကျူရှင်တူသူများရှိသောအခါ သူ့အဖွဲ့နှင့်သူစကားဖွဲ့ပြောလျှင် ပုံရိပ်ကအထီးကျန်ရသည်။
ပုံရိပ်ကို စကားလာပြောလျှင်တောင် စာကိစ္စကလွှဲ၍ အခြားပုဂ္ဂိုလ်ရေးများကိုပြောလေ့မရှိကြပေ။အချို့ကျောင်းသားများကတော့ ငယ်ငယ်တည်းကအတန်းတူတူတက်ပြီးခင်မင်လာကြသူများဖြစ်ကြပေမဲ့ ပုံရိပ်ကတော့ဆယ်တန်းနှစ်မှဒီကျောင်းမှာ တက်ရသူဖြစ်သည်။
အဖွား၏ စေတနာကိုနားလည်ပေမဲ့
တခါတလေမှာအဖွား၏စီမံကွပ်ကဲမှုတွေကနေ ရုန်းထွက်ချင်မိသည်။ဒါပေမဲ့ ပုံရိပ်၏
ဘ၀ကိုအခြားသူတွေ အထင်အမြင်မသေးရအောင်မွန်းမံပေးသူဖြစ်နေ၍ အဖွားကိုပုံရိပ်မတော်လှန်ချင်ပေ။
🔥ဆူးကြိုး...🔥အခန်း(၃၈)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၃၈)🔥 ပထမပိုင္း
🍂တစ္ႏွစ္ခန႔္ၾကာေသာ္...
တစ္ႏွစ္ဆိုေသာ အခ်ိန္ကာလသည္ပံုရိပ္အတြက္ေတာ့ အေကြ့အေကာက္မ်ားေသာေတာင္တက္လမ္းေပၚသို႔ ေမာင္းႏွင္ေနရေသာကားတစ္စီးလို အခက္အခဲအမ်ိဳးမ်ိဳးကိုအသားက်ေအာင္ေက်ာ္လႊားခဲ့ရေသာကာလျဖစ္ခဲ့သည္။
အလွၫ့္အေျပာင္းမ်ိဳးစံုျဖစ္ပြားၿပီး ၀မ္းသာတစ္လွၫ့္၊နာက်င္တစ္လွၫ့္ႏွင့္ အရာအားလံုးကိုေတာင့္ခံႏိုင္ခဲ့ေလၿပီ။
ဘ၀အသစ္တစ္ခုမွာ ေနသားက်ေနၿပီဟုဆိုပါက ပိုမွန္ပါလိမ့္မည္။ဆယ္တန္းမတက္ခင္အထိ ေက်ာက္အေရာင္းအ၀ယ္လုပ္ရာကေန သိန္းရာနဲ႔ခ်ီၿပီး စုမိသည္အထိအက်ိဳးအျမတ္ရခဲ့သည္။
ဖြားညို ေျပာခဲ့သလိုပါပဲ ေက်ာက္မ်က္ရတနာေတြဟာပံုရိပ္၏ လက္ေပၚမွာ ကူးလူးေနေသာအဆင့္သို႔ ေရာက္ခဲ့ေလၿပီ။
ဖြားညို၏ ဆံုးမသင္ျပမႈမ်ားေၾကာင့္ အရြယ္
မတိုင္ခင္ေငြရွာႏိုင္လာေပမဲ့ အက်ိဳးမရိွေသာေနရာမ်ားတြင္ လက္လြတ္စပယ္မသံုးရဟူေသာ စည္းကမ္းခ်က္ေၾကာင့္ ရန္ကုန္တြင္ရိွေသာ ေဒၚေလးဆီသို႔သာ ပို႔ၿပီးစီးပြားေရးလုပ္ဖို႔၊ၿခံ၀ယ္ထားဖို႔အတြက္ ပို႔ေပးေလ့ရိွသည္။
ဖြားညိုကေတာ့ ပံုရိပ္၏ အကြက္ျမင္ပံုကိုသေဘာက်ေပမဲ့ မုဒိတာမပြားႏိုင္သူမ်ားကေတာ့ အန္တီေမဦးႏွင့္ သူ၏သမီးမ်ားျဖစ္သည္။ဖြားညိုကက်န္းမာေရးနဲနဲေကာင္းတာႏွင့္ လုပ္ငန္းခြင္ေတြထဲသို႔ေခၚသြားတတ္ေသာေၾကာင့္ ဘံုေပ်ာက္မွာစိုးေသာအန္တီေမဦး၏ေယာက္်ား ဦးသီဟေနာင္ကပါ ပံုရိပ္ကိုအျမင္မၾကည္ခ်င္ေတာ့ေပ။
"အေမ...ေနာက္မွေပါက္တဲ့ေရႊၾကာကိုေနရာေပးေနတာဘာသေဘာလဲ..အလုပ္ထဲအထိေခၚသြားၿပီး...ကုမၸဏီရဲ့အေရးပါတဲ့လူတစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔..၀န္ထမ္းတကာကိုလိုက္မိတ္ဆက္ေပးေနေတာ့...ကၽြန္မေယာက္်ားကဘာျဖစ္သြားၿပီလဲ..အေမ့လုပ္ငန္းေတြမွာ သက္သက္လိုသံုးအလုပ္ခံေနရတဲ့...ရုပ္ေသးရုပ္လား..."
"နင္ငါ့ကိုဘာမွ ဘာမွလာအထြန႔္တက္စရာမလိုပဲ...ငါ့လုပ္ငန္းကိုငါ့ဘာသာစီစဉ္တာ..
နင္နဲ႔မဆိုင္ဘူး..."
"ဘာလို႔ မဆိုင္ရမွာလည္း..သမီးေယာက္်ားကေတာ့အေမ့လုပ္ငန္းေတြမွာႀကိဳးစားပမ္းစားနဲ႔ႏြားအျဖစ္ခံၿပီးေနေပးရသေလာက္ ေနာက္ဆံုးမွာအေမေရြ့မဲ့အကြက္က ကၽြန္မတို႔ေခါင္းေပၚကို တက္နင္းမဲ့ကိႁစၥကီး..ေနာက္ဆံုးမွာကၽြန္မတို႔ဘယ္ေလာက္ပဲႀကိဳးစားေပးပါေစ...ကၽြန္မတို႔ကအေငြ့ကိုပဲစားရမွာမဟုတ္လား...တကယ္အသီးကိုအသာေလးျဖဳတ္စားသြားမွာက..ဟိုေကာင္မေလးပဲ...အေမလံုး၀မတရားဘူး..."
"ေမဦး..နင္ဘယ္လိုေတြးေနတာလဲ..အဲ့ဒါနင့္တူမအရင္းေခါက္ေခါက္ေနာ္...နင္အရမ္းခ်စ္တဲ့နင့္ေမာင္ရဲ့တစ္ဦးတည္းေသာသမီးေလးဟဲ့...ကေလးကိုေတာင္နင္လိုက္ၿပိဳင္ေနတာမရွက္ဘူး.."
"အို...ကၽြန္မခ်စ္ခဲ့တာကကၽြန္မေမာင္ကိုေလ..
သူ႔သမီးကိုမွမဟုတ္တာ...ဒီေလာက္အေနေဝးၿပီး ေသြးေအးခဲ့တာ...မခ်စ္ပါဘူး..အျမင္ေတာင္ကပ္ေသးတယ္...ကေလးလို႔သေဘာထားရင္လည္း...ကေလးေနရာမွာ
အေမထားေလ...အေမဘာလုပ္ခ်င္ေနလဲသမီးသိတယ္ေနာ္...အေမကတကယ္ကိုဘက္လိုက္တယ္..ဇဲြသီဟမင္းလို..
ေျမးေယာက္်ားေလးတစ္ေယာက္လံုးရိွေန
လ်ွက္နဲ႔...ေနာက္မွေရာက္လာတဲ့ပံုရိပ္ကိုေနရာေပးတယ္...ကၽြန္မသမီးေတြကိုေတာ့...
အေမပစ္ထားရက္တယ္ေနာ္..."
"နင့္သားသမီးေတြအေၾကာင္းကိုလာမေျပာနဲ႔..နင့္သားသမီးေတြကတစ္ေယာက္မွေကာင္းတဲ့ဟာေတြမဟုတ္ဘူး...မ်ိဳးေစ့မမွန္ေတာ့အပင္မသန္တဲ့စကားမွန္ေနတာပဲေလ...
နင့္ေယာက္်ားအေၾကာင္းလည္း ငါမေျပာခ်င္လို႔ၾကၫ့္ေနတာေနာ္..ငါ့မ်က္လံုးႏွစ္လံုးပြင့္ၿပီး..လုပ္ႏိုင္ကိုင္ႏိုင္ေသးလို႔သာ...အရာအားလံုးပ်က္စီးမသြားတာ..နင့္ေယာက္်ားလက္ထဲသာအကုန္ေရာက္ၾကၫ့္...တစ္စစီေတာင္လိုက္ေကာက္ရအံုးမယ္...နင့္သားကိုေတာ့လာထၫ့္မေျပာနဲ႔..ဆရာ၀န္ေလာင္းျဖစ္ၿပီး...ကလပ္တက္လိုက္၊ဘားသြားလိုက္နဲ႔..
ေဆးသံုးေနၿပီလားေတာင္မသိဘူး...ပံုရိပ္ရဲ့ေျခဖ်ားကိုေတာင္မမွီဘူး...ပံုရိပ္ကငါပံုသြင္းသလိုေနတယ္...ႀကိဳးစားခ်င္စိတ္အျပၫ့္ရိွတယ္...ကေလးတစ္ေယာက္ကိုေတာင္ေၾကာက္ေနတည္းက...နင့္ေယာက္်ားရဲ့အရည္အခ်င္းက အခြံပဲရိွတာ...သိထားလိုက္..."
ထိုေန့က ဖြားညိုႏွင့္အန္တီေမဦးတို႔အႀကီးအက်ယ္ရန္ျဖစ္ခဲ့ၾကသည္။ပံုရိပ္ေၾကာင့္ပဲေပါ့။အဖြားရဲ့မ်က္ႏွာနဲ႔ အန္တီယဉ္တင့္တို႔၏ ကာကြယ္ေပးမႈေၾကာင့္ေရာ တူမအရင္းျဖစ္တာေၾကာင့္ပါ ပံုရိပ္ကိုနာက်င္ေအာင္မလုပ္ႏိုင္ေပမဲ့ အၿမဲတမ္းစကားနာထိုးတတ္တာေၾကာင့္ မမေနျခည္နဲ႔မမနႏၵာတို႔ကပါ ပံုရိပ္ကိုအမုန္းႀကီးမုန္းလာခဲ့ၾကတယ္။
မမေနျခည္နဲ႔ပံုရိပ္ကဆယ္တန္းတက္ေသာ ကိုယ္ပိုင္ေက်ာင္းခ်င္းတူေနသၫ့္အတြက္ ေက်ာင္းမွာပံုရိပ္ကို သူ႔သူငယ္ခ်င္းေတြနဲ႔အႏိုင္က်င့္တာမ်ိဳးေတြရိွေပမဲ့ အတတ္ႏိုင္ဆံုးအဖြားကို ျပန္မေျပာျပခဲ့ဘူး။
လမ္းေလ်ွာက္ရင္ ေျခထိုးခံတယ္။
တမင္ေရနဲ႔ပတ္တယ္။
မုန႔္ေဈးတန္းမွာ ပံုရိပ္၀ယ္မဲ့မုန႔္ေတြကို လု၀ယ္တဲ့အျပင္ ပံုရိပ္ကိုလိုက္ႀကိဳက္ေနတဲ့ေကာင္ေတြကိုပါ သူကသူ႔ကိုျပန္ႀကိဳက္ေအာင္လုပ္တယ္။တကယ္ေတာ့ ပံုရိပ္ဘက္ကဘာမွအက်ိဳးမယုတ္သြားပဲ သူ႔ေၾကာင့္ေကာင္ေလးေတြရန္ခဏခဏျဖစ္လို႔ အန္တီေမဦးသာမ်က္ႏွာငယ္နဲ႔ ဆရာမဆီလာေတြ့ၿပီး
ေတာင္းပန္ရတာခဏခဏျဖစ္လာသည္။
"ပံုရိပ္ကအဆင့္တစ္ရပါတယ္...အားလံုးပဲပံုရိပ္လိုႀကိဳးစားၾကေနာ္..."
"ပံုရိပ္က...ၿမိဳ႔နယ္အဆင့္အဂၤလိပ္စာထူးခၽြန္မွာ၀င္ၿပိဳင္ရမယ္ေနာ္...."
"တိုင္းအဆင့္ပန္းခ်ီၿပိဳင္ပဲြမွာ ပထမဆုရတဲ့အတြက္ ဂုဏ္ယူပါတယ္.."
"ပံုရိပ္...နင္အရမ္းေတာ္တယ္...ငါတို႔နားမလည္တဲ့စာေတြကိုလည္း...ရွင္းျပရမယ္ေနာ္..."
"ပံုရိပ္..ငါတို႔ကနင္နဲ႔ပဲထိုင္ခ်င္တာ...နင္နဲ႔ထိုင္ရင္...စာပိုရတယ္..စာနားမလည္ရင္...နင္ကရွင္းျပလို႔...ဒီတစ္တန္းလံုးမွာနင့္ကိုအခင္ဆံုးပဲ..နင္တို႔ကအရမ္းခ်မ္းသာတာတဲ့..ဆရာမေတြေျပာေနတာၾကားမိတယ္...
ဒါေပမဲ့နင္ကမာနမႀကီးဘူးေနာ္..."
ကိုးတန္းတုန္းက အဆင့္ဘိတ္ေခ်းရခဲ့ေသာ ပံုရိပ္သည္ဆယ္တန္းေရာက္ေသာအခါ အဆင့္တစ္ဆိုေသာနံပါတ္သည္ ပံုရိပ္၏
နာမည္ႏွင့္တဲြပါလာေနၾကနံပါတ္တစ္ခုျဖစ္ေနေလၿပီ။ထူးခၽြန္ၿပိဳင္ပဲြတိုင္းတြင္လည္း ပံုရိပ္ ပါ၀င္ခြင့္ရ၍ပံုရိပ္၏အိပ္ခန္းထဲတြင္
ဆုတံဆိပ္မ်ားတစ္ခုၿပီး တစ္ခုတိုးလာခဲ့သည္။
ေက်ာင္းမွာအေရးႀကီးပဲြမ်ား ရိွတိုင္းလည္းအဖြားက ပဲြလာတက္ေပးသၫ့္အတြက္
မမေနျခည္ႏွင့္ ပံုရိပ္သည္ေက်ာင္းတြင္မ်က္ႏွာအပြင့္ဆံုးကေလးမ်ားျဖစ္လာခဲ့သည္။
အတန္းထဲရိွ သူငယ္ခ်င္းမ်ားကအစ ပံုရိပ္ႏွင့္ပဲ ထိုင္ခ်င္ၾကသည္အထိ ျဖစ္လာသည္။
ပံုရိပ္ႏွင့္ထိုင္လ်ွင္ စာရပါသတဲ့။စႏၵယားတီးတာႏွင့္ လုပ္ငန္းအေၾကာင္းေတြကို မသင္ရေတာ့ေပမဲ့ ေက်ာင္းသားတစ္ေယာက္၏
တာ၀န္သည္ အင္မတန္ေလးလံလွသည္။
ေနရာတိုင္းမွာထူးခၽြန္ေနျခင္း၏ေနာက္ကြယ္မွာ ပံုရိပ္၏ေပးဆပ္ရေသာလုပ္အားသည္ သာမာန္ေက်ာင္းသားမ်ားရူးေလာက္ခ်င္စရာျဖစ္သည္။
ေက်ာင္းကေနအိမ္ကိုေရာက္သည္ႏွင့္ ဂိုက္ဆရာကအိမ္မွာအဆင္သင့္ေစာင့္ေနေလ့ရိွသည္။အိမ္ကိုေရာက္သည္ႏွင့္ ခဏေတာင္
မနားရပဲ စာၾကၫ့္ခန္းထဲသို႔တန္းသြားကာဘာသာရပ္ဆရာတစ္ေယာက္ၿပီးတစ္ေယာက္ႏွင့္သင္ရသည္။
ပံုရိပ္၏က်ူရွင္သည္သူမ်ားေတြလို အျပင္မွာမဟုတ္ပဲ အခန္းတစ္ခုထဲမွာျဖစ္သည္။စကားေျပာစရာသူငယ္ခ်င္းအေဖာ္မရိွပဲ စက္ရုပ္တစ္ရုပ္ကဲ့သို႔ တိက်မွန္ကန္စြာအလုပ္လုပ္ေသာဆရာမ်ားႏွင့္ စာသင္ရသည္။
မမေနျခည္ကေတာ့ ပံုရိပ္ႏွင့္အတူမသင္ခ်င္၍ဆိုကာ အျပင္က်ူရွင္ကိုကားႏွင့္အသြားအျပန္လုပ္ေလသည္။
"က်ူရွင္သြားတက္ရင္..အသြားအျပန္မွာအခ်ိန္ပုပ္တယ္...ၿပီးရင္သူငယ္ခ်င္းေတြနဲ႔ေဟးလားဝါးလားလုပ္အံုးမယ္..ေနျခည္တို႔.
နႏၵာတို႔တုန္းတည္းကေစာင့္ၾကၫ့္ေနတာ..
က်ူရွင္သြားမယ္ဆိုၿပီး..ရုပ္ရွင္ရံုကိုသြားရင္သြားေနတာ..အျပန္ၾကေတာ့လည္း အိမ္ကိုတန္းၿပီးျပန္မလာၾကဘူး...ဟို၀င္၊ဒီထြက္နဲ႔
..ေက်ာင္းသားဆိုတာ..စာႀကိဳးစားရမဲ့အရြယ္ေလ..သူ႔အရြယ္နဲ႔သူအလုပ္ကိုႀကိဳးစားမွ..
အခ်ိန္တစ္ခုေရာက္လာရင္ေအာင္ျမင္ႏိုင္မွာ...အခ်ိန္ကိုတန္ဖိုးထားရမယ္.
အခ်ိန္ကေတာ့သူ႔ဘာသာလည္ပတ္ၿပီးကုန္သြားမွာပဲ..အဲ့အေတာအတြင္းမွာဘာမွမလုပ္ရင္ဘာမွမရဘူး..အခ်ိန္ကိုေနာက္ျပန္လွၫ့္ခ်င္တယ္ဆိုရင္ေတာ့..ရူးေနလို႔ပဲ..လုပ္စရာရိွတာကို လုပ္ရမဲ့အခ်ိန္မွာအၿပီးလုပ္..."
အဖြား၏စကားမ်ားသည္ အဓိပၸာယ္ေကာက္တတ္လ်ွင္ေတာ့ မွန္ကန္ႏိုင္ေပမဲ့
တစ္ဖက္မွာေတာ့စစ္မွန္ေသာ ခင္မင္မႈရိွသၫ့္သူငယ္ခ်င္းမ်ိဳးႏွင့္ ေဝးသြားခဲ့ရသည္။
ဆယ္တန္းေက်ာင္းသားမ်ား၏ အခ်ိန္ေတာ္ေတာ္မ်ားမ်ားသည္ေက်ာင္းမွာထက္ က်ူရွင္မွာကုန္ဆံုးရတာကမ်ားသည္။ေက်ာင္းလာတက္ေသာ သူငယ္ခ်င္းမ်ားသည္ က်ူရွင္တူသူမ်ားရိွေသာအခါ သူ႔အဖဲြ႔ႏွင့္သူစကားဖဲြ႔ေျပာလ်ွင္ ပံုရိပ္ကအထီးက်န္ရသည္။
ပံုရိပ္ကို စကားလာေျပာလ်ွင္ေတာင္ စာကိစၥကလႊဲ၍ အျခားပုဂၢိုလ္ေရးမ်ားကိုေျပာေလ့မရိွၾကေပ။အခ်ိဳ႕ေက်ာင္းသားမ်ားကေတာ့ ငယ္ငယ္တည္းကအတန္းတူတူတက္ၿပီးခင္မင္လာၾကသူမ်ားျဖစ္ၾကေပမဲ့ ပံုရိပ္ကေတာ့ဆယ္တန္းႏွစ္မွဒီေက်ာင္းမွာ တက္ရသူျဖစ္သည္။
အဖြား၏ ေစတနာကိုနားလည္ေပမဲ့
တခါတေလမွာအဖြား၏စီမံကြပ္ကဲမႈေတြကေန ရုန္းထြက္ခ်င္မိသည္။ဒါေပမဲ့ ပံုရိပ္၏
ဘ၀ကိုအျခားသူေတြ အထင္အျမင္မေသးရေအာင္မြန္းမံေပးသူျဖစ္ေန၍ အဖြားကိုပံုရိပ္မေတာ္လွန္ခ်င္ေပ။
🔥ဆူးႀကိဳး...🔥အခန္း(၃၈)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္
No comments:
Post a Comment