(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌹ဆူးကြိုး
အခန်း(၃၉)ပထမပိုင်း
"ဒေါ်လေးရေ..ဒေါ်လေး..."
"ဟယ်...ပုံပုံလာပြီ..."
ခြံစည်းရိုးကိုဝါးချပ်များနှင့်ကာထားသော
ပေနှစ်ဆယ်ပတ်လည်ခြံလေးရှေ့သို့ရောက်သည်နှင့် ကားကိုရပ်ခိုင်းလိုက်ပြီးကားပေါ်မှအထုပ်ကြီးအထုပ်ငယ်ကို ဆွဲချလာလျှက်
လူထက်အသံကအရင်ရောက်နေလေသည်။
ကားဒရိုင်ဘာကြီး ဦးတင်စိန်သည်အထုပ်များကို ချပေးပြီး ပုံရိပ်၏နောက်ပါးတော်ပိစိမကလည်း လက်ဆောင်ထုပ်တွေကိုမထားလေသည်။ဒေါ်ရှင်းသန့်ကတော့ သစ်အိမ်လေးပေါ်မှ ဖိနပ်တောင်မပါပဲခပ်မြန်မြန်ပြေးဆင်းလာပြီး ခြံ၀သို့ရောက်သည်နှင့် သူ့တူမကိုပြေး၍ဖကါလိုက်သည်။
"ပုံပုံရယ်ထွားလာလိုက်တာကြည့်စမ်း
...ဒေါ်လေးကညနေလောက်မှရောက်မယ်ထင်တာ...ငါ့တူမလေးပင်ပန်းနေမှာပေါ့.."
"မပင်ပန်းပါဘူး...ဒေါ်လေးရယ်...ပြန်လာချင်လွန်းလို့..မနက်သုံးနာရီခွဲလောက်တည်းကထွက်လာတာ..ဒေါ်လေးကိုလွမ်းနေတာပါဆို...ဟင်းကောင်းချက်ထားတယ်မဟုတ်လား..ဒေါ်လေးရဲ့လက်ရာကိုသတိရနေတာ.."
"အမယ်လေး..ချက်ထားပါ့တော်...တို့ပုံပုံလေး..ကြိုက်သမျှကိုအစောကြီးဈေးသွားပြီး ချက်ထားတယ်..ဟွန့်..အဒေါ့်ကိုသတိရတယ်ဆိုပြီး..ရောက်တာနဲ့ဘာဟင်းချက်သလဲ
တန်းမေးတော့တာပဲ.."
"ဟီး...ဒေါ်လေးကလည်းသတိရလို့ပါဆို..
ဒေါ်လေးရဲ့လက်ရာကိုရော..ကလေးတွေကိုရော..သတိရတာမှအရမ်းပဲ....."
"အမယ်လေး..ခဏခဏဖုန်းဆက်နေပြီးတော့လဲ..သတိရတာပဲလား..."
"ဟဲ..ဟဲ...."
တစ်နှစ်ကျော်လေးအတွင်းမှာ အသွေးအမွေးတွေကအစအများကြီးပြောင်းလဲသွားပါသော အပျိုလေးပေါက်စသည် အဒေါ်ဖြစ်သူကို
မှီနွှဲ့၍ ချွဲနွဲ့နေသေးတာမို့ ဒေါ်ရှင်းသန့်လည်းပို၍၀မ်းသာ ရွှင်မျှမဆုံးဖြစ်နေသည်။
ဘယ်လောက် အနေဝေးဝေးသွေးမအေးသွားသော ကောင်မလေးပင်။သံယောဇဉ်သိပ်ကြီးပြီး ချစ်ခင်သူတွေကိုဘယ်တော့မှမမေ့ထားတတ်သည့် ကောင်မလေးဖြစ်သည်။
"မကြီးပုံရေ...မကြီးပုံ!!!!"
"ဟယ်..မိစုနဲ့ထွန်းကို...အမယ်လေး..မမရဲ့အချစ်လေးတွေ..."
ဘယ်ချောင်မှာသွားဆော့နေကြသလဲမသိပေမဲ့ ပုံရိပ်ကိုမြင်တာနဲ့ ကဆုန်ပေါက်ပြီးအော်ခေါ်ကာ ပြေးလာကြလေသည်။ပုံရိပ်လည်း မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးနှစ်ယောက်ကို ဆီးကြို၍ဖက်ထားလိုက်သည်။အာဘွားတွေလည်း ပေးလိုက်ကြတာ မျက်နှာတစ်ခုလုံးသူတို့ရဲ့ သထွေးတွေကြီးပဲ။
"မကြီးပုံ...သားတို့ဆီကိုလာလည်တယ်နော်..
ဟီး..ပျော်လိုက်တာ..."
"မကြီးပုံ..ဒီတစ်ခါအကြာကြီးနေမှာလားဟင်.."
"နေမှာပေါ့...မကြီးပုံက..လေးရက်တောင်နေမှာ..."
"မကြီးပုံမကောင်းဘူးသိလား..မိစုတို့ကို
မန်းလေးကိုလည်း မခေါ်သွားဘူး..မိစုက
မန်းလေးကိုတွားချင်လို့ပါဆို..."
"ဟဲ့..မန္တလေးပါဟာ..စကားလည်းမပီဘူး..
ခိ..ခိ..ခိ..."
သူ့ညီမကိုလှောင်ပြီး ထွန်းကိုလေးကရယ်တော့ အရင်လိုကြက်တောင်စည်းလေးနဲ့မဟုတ်တော့ပဲ ဆံပင်ဂုတ်ထောက်လေးနဲ့
မိစုက စိတ်ကောက်သွားလေသည်။
နှုတ်ခမ်းလေးကိုထော်လို့...။
"မကြီးပုံ...သားတို့ကိုအကြာကြီးပဲပစ်ထားခဲ့တယ်နော်..ဖုန်းပဲဆက်ပြီး..ခုမှပေါ်လာတော့တယ်..."
"အော်..အော်..ဟုတ်လား..ဒီကမကြီးပုံတကယ်ဆိုးတာပဲနော်..."
"အင်း..အများကြီးဆိုးတာပေါ့..ဒီတစ်ခါပြန်ရင်..သားတို့လည်းလိုက်မှာနော်.."
"ဟဲ့..ကလေးတွေ..နင်တို့ဟာကလည်းခုမှရောက်တယ်...ခုပဲပြန်သွားခိုင်းနေတယ်..
အိမ်ပေါ်လေးဘာလေးတက်ပါစေအုံးလား..."
"ရပါတယ်..ဒေါ်လေးရယ်..သူတို့စိတ်ထဲရှိတိုင်းပြောနေတာ...ပြောကြပါစေ..."
"မေကြီးကလည်း..မကြီးကတောင်ဘာမှမပြောပဲနဲ့ သက်သက်စိတ်ပုပ်တာ..."
မိစုလေးက သူ့အမေကိုမျက်စောင်းထိုးပြီးပြောလိုက်တော့ အကုန်လုံးရယ်မိကြလေသည်။တကယ့်အတတ်ကလေးတွေပါလား။
"ကဲ...မကြီးပုံကိုစိတ်မဆိုးကြပါနဲ့နော်...ဒီကမန္တလေးကနေတောင်...အရုပ်တွေ၀ယ်လာခဲ့ရတာ...မိစုအတွက်ဆိုပြီး..ဘိုမရုပ်လေးတွေနဲ့..ထွန်းကိုအတွက်..ပါဝါရိန်းကျားအရုပ်တွေအကတ်လိုက်၀ယ်လာခဲ့ရတာ..."
"ဟာ...တကယ်လား...."
"တကယ်ပေါ့..."
"ဟား..ဟား..ပျော်လိုက်တာ..."
ကလေးတွေဆိုတာ လက်ဆောင်ကိုဘယ်အချိန်ရရ အရမ်းပျော်ရွှင်တတ်သူလေးတွေပင်။အခုလည်း ခုန်ပေါက်နေလိုက်ကြတာ မျောက်ပေါက်ကလေးတွေလိုပဲ။
ကလေးနှစ်ယောက်ကို လက်ဆွဲပြီး ခြံထဲသို့၀င်မယ်လုပ်တော့ ခြံပြင်ထွက်၍ကြည့်နေသော အိမ်နီးနားချင်းများကလည်း နှုတ်ဆက်ကြလေသည်။
"ပုံရိပ်က..အရမ်းလှပြီးထွားလာတာပါလားအေ..ငါ့တူမကြီးကိုမှတ်တောင်မမှတ်မိဘူး..
ကြည့်စမ်း...မန္တလေးသူကြီးဖြစ်နေပြီပေါ့လေ...တို့ဖို့ကျုံးရေလေးနဲနဲလောက် ခပ်မလာခဲ့ဘူးလား..."
"အဒေါ်ရယ်..ကျုံးရေခပ်ဖို့နေနေသာသာ..
ကျုံးထဲကိုတောင် မဆင်းရဲပါဘူး...ခဏနေမှ လက်ဆောင်လာပေးပါ့မယ်နော်..."
"အေးပါကွယ်..ငါ့တူမကြီး..ဟိုမှာအဆင်ပြေတယ်မဟုတ်လား..အဖွားဆီမှာသွားနေရတာဆို...အခုရောဘယ်နှစ်ရက်နေမှာလဲ..."
"ဟုတ်ကဲ့..ပြေပါတယ်..အဖွားကတော့နှစ်ဆန်းတစ်ရက်နေ့မှာ ပြန်လာရမယ်လို့ပြောလိုက်တယ်..."
"အေး...အေး...အဒေါ်တို့အိမ်ကိုလည်း အားရင်အလည်လာခဲ့ပေါ့နော်..အိမ်မှာကသားနှစ်ယောက်ရှိပေမဲ့..အလုပ်ပဲသွားနေကြတော့ ပျင်းနေတာကွဲ့.."
"ဟုတ်ကဲ့..လာခဲ့ပါ့မယ်ရှင့်.. "
"အေးကွယ်..ဆက်ဆက်လာခဲ့နော်..မျှော်နေပါ့မယ်...ထမင်းလည်းကျွေးချင်လို့ပါကွဲ့..
အဒေါ့်သားတွေကသိပ်လိမ်မာတာ..
အရက်မသောက်၊ဆေးလိပ်မသောက်..
မိန်းမကိစ္စလည်းရှုပ်ရှုပ်ရှက်ရှက်မရှိဘူး..
.ဒါပေမဲ့ကွယ်..လူပျိုကြီးတွေဆိုတော့..သမီးလေးတစ်ယောက်တော့လိုချင်သား..ပုံရိပ်လေးသာအဒေါ့်သမီးလေးဖြစ်ရင်..
ဘယ်လောက်ကောင်းမလဲနော်..."
အင်!!..စကားအသွားအလာကပုံရိပ်အကြောင်းကိုပြောရာကနေ သူ့သားတွေဆီဘက်သို့လှည့်သွားသည်။သူ့သားတွေကို
ပုံရိပ်မသိသလို သူ့ကိုလည်းမသိပါဘူး။အဒေါ်တို့နဲ့အိမ်နီးချင်းမို့လို့သာ နှုတ်ဆက်စကားပြောနေမိပေမဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့မဆိုင်တဲ့စကားတွေကို ပြောနေရတာလဲ။
"မဝေမာရေ...ကျွန်မတူမလေးကသုံးနာရီခွဲတည်းက မန္တလေးကနေထွက်လာရလို့..
ခရီးပန်းနေပြီရှင့်..နားဖို့ခေါ်သွားလိုက်တော့မယ်နော်..."
"အော်..အင်း..အင်းပါ.."
"ဘာအင်းပါလဲ..အဲ့ဒီ့အန်တီဝေမာကြီးက
သိပ်စကားများတာပဲ..ဟွန့်..."
ဒေါ်လေးကအတင်းခြံထဲသို့ ဆွဲခေါ်သလို မိစုကလည်း မျက်စောင်းထိုး၍ခြေဆောင့်ကာအနောက်မှ ကွတကွတနှင့်လိုက်လာလေတော့ ပုံရိပ်ရယ်လိုက်မိသည်။ပိစိမနှင့်ဦးတင်စိန်ကလည်း အထုပ်တွေဆွဲကာအနောက်မှပြေးလိုက်လာပြီး အတူအိမ်ပေါ်သို့ တက်လိုက်ကြသည်။
"ငါ့တူမကြီးလူကဲခတ်ညံ့သေးတာပဲ..ဟိုကညည်းကိုပိုက်ဆံရှိမှန်းသိလို့..ချွေးမတော်ချင်နေတာဟဲ့...စကားလက်ခံပြောနေလိုက်တာများ..သူဘာမေးမေး..မသိဘူးလို့ပြောလိုက်ပြီးရော.."
"အော်..ဒေါ်လေးကလည်း အိမ်နီးချင်းတွေဆိုတော့..ဒေါ်လေးတို့အခက်အခဲတစ်ခုခုဖြစ်ရင် ကူညီပေးပေါ်ရအောင် ဖော်ရွေပေးတဲ့သဘောပါပဲ..."
"မမကလည်း..အဲ့အဒေါ်ကြီးရုပ်ကိုကြည့်တာနဲ့..စောလူမင်းကိုငမျှားချိပ်မှာထားပြီး..
ကျန်စစ်သားကို အမိဖမ်းနေချင်မှန်းသိသာနေတဲ့ဥစ္စာ..."
"နင့်ဟာကလည်း..ဟား..ဟား.."
"မရယ်ပါနဲ့..တို့မမကဆယ်ကျောသက်လှသွေးကြွယ်နေတဲ့မင်းသမီးလေး..သူ့သားတွေကဖြူသလား..မဲသလားမသိပဲနဲ့..သမီးတော်ချင်သလေး..ဘာလေးနဲ့...ဟွန့်.."
ဒေါ်လေးနဲ့ပိစိမသည် ပုံရိပ်ကိုအလယ်မှာထားပြီး အမျိုးမျိုးစကားချွေနေလေတော့
ဦးတင်စိန်ကပါရယ်ချင်ပက်ကျိဖြစ်နေလေပြီ။
ကလေးနှစ်ယောက်ကတော့ ပုံရိပ်၏ပေါင်ပေါ်တွင် တစ်ယောက်တစ်ဖက်ဆီမျှခွဲ၍ ထိုင်ကြလေသည်။
"ကဲ..တော်ပါပြီ..သိပါပြီ..သူ့သားတွေကိုလည်းစိတ်မ၀င်စားပါဘူး...ဒေါ်လေး..
ဦးတင်စိန်ကိုထမင်းကျွေးဖို့လုပ်ပါအုံးနော်...
မန္တလေးကိုနေ့ချင်းပြန်ရမှာမို့..ထမင်းလေးကျွေးလိုက်ချင်တယ်..."
"အော်..ဟုတ်သားပဲ...ငါ့တူမလေးကိုမတွေ့ရတာကြာလို့ တ၀ကြီးအနားမှာကပ်နေမိတာနဲ့..
လုပ်ရမှာတွေတောင်မေ့ကုန်ပြီ...ထမင်းပွဲသွားပြင်လိုက်အုံးမယ်..."
ဒေါ်လေးထွက်သွားတာနဲ့ ပုံရိပ်လည်းထိုင်ခုံမှထထိုင်လိုက်ပြီး အိမ်လေးကိုလှည့်ပတ်ကြည့်နေမိသည်။ပုံရိပ်ပို့သော ပိုက်ဆံလေးနှင့်
ဒီအိမ်နှင့်ခြံကို ၀ယ်ထားတာပေါ့လေ။ခြံလေးကကျယ်ပြီး အိမ်ကခြေတံရှည် သစ်အိမ်လေးဆိုတော့ ခြေရင်းဖက်ပြူတင်းပေါက်ကိုဖွင့်လိုက်သောအခါ အိမ်ဘေးမှမြေနေရာတောင်ပိုနေသေးသည်။
တောစံပယ်ရုံလေးတွေကိုလည်း တွေ့လိုက်ရတာကြောင့် အနံ့လေးတွေကသင်းနေကာ
အိမ်အပေါ်ကနေတောင်မွှေးကြူမိ၍ စိတ်တွေလန်းဆန်းရပါသည်။
"မမ..ဟိုမှာနှင်းဆီပန်းလေးတွေပွင့်နေတာ...လှလိုက်တာနော်..."
"မကြီးပုံအတွက် သမီးနှင်းဆီပန်းလေးခူးပေးမယ်နော်..."
"ဟယ်မိစု..မခူးနဲ့လေ..အလှစိုက်ထားတဲ့ဟာကို..."
ပုံရိပ်တားချိန်ပင်မရလိုက်ပေ။မိစုကပန်းအိုးထဲမှာ တစ်ပွင့်တည်းသာရှိသောနှင်းဆီပန်းအဝါလေးကို ချိုးလိုက်လေပြီ။
လက်မှာ စူးများဆိုက်သွားမလားဟု ကြည့်လိုက်မိတော့ ဆူးမစူးလို့တော်သေးသည်။
"မမတို့အိမ်လေးက...အပြင်ကကြည့်ရင်ပိုချစ်ဖို့ကောင်းတယ်နော်...နေချင်စရာလေး..."
ဟုတ်ပါရဲ့...အပြင်ဘက်ကနေကြည့်လိုက်တော့ သံဇကာခပ်ထားသောပြူတင်းပေါက်ကျယ်ကျယ်လေးဖောက်ထားပြီး ခန်းစီးပန်းရောင်လေးကို တပ်ထားသောကြောင့် တစ်မျိုးလေးကြည့်ကောင်းနေလေသည်။
ခြံထဲတွင်လည်း ခုံတန်းလေးတွေချပြီး နှင်းဆီပန်းအရောင်ကွဲလေးတွေကိုပန်းအိုးလေးတွေနှင့် စိုက်ထားသေးသည်။
ဖွားညိုကြောင့်သာ မဟုတ်ရင်ပုံရိပ်လည်း ဒီလိုငွေရှာနိုင်မှာမဟုတ်သလို ဒေါ်လေးတို့ကိုလည်း အဆင်ပြေအောင်ထားနိုင်မယ်မထင်ဘူး။
ဒေါ်လေးကတော့ သူတစ်ခုခုလုပ်တိုင်းပုံရိပ်ကိုဖုန်းလှမ်းဆက်ပြီးအမြဲလှမ်း၍တိုင်ပင်တတ်သည်။ပုံရိပ်ပို့လိုက်သောငွေလေးနှင့် ဈေးရုံထဲမှာအခြောက်အခြမ်းဆိုင်ဖွင့်ထားသည်ဟုဆိုသည်။
ဧရာ၀တီတိုင်းသူဆိုတော့ ငပိ၊ငန်ပြာရည်ကတော့ အရမ်းရောင်းရပြီး ငါးခြောက်တွေကိုလည်း ကိုယ့်နယ်ဘက်ကနေပဲပြန်မှာသည်။ဦးသက်ဆွေဖြတ်စီးခဲ့သော ဈေးဆိုင်လေးထက်အစပေါင်းများစွာ အမြတ်၀င်တာမို့ ချောင်ချောင်ချိချိ စားသောက်နိုင်တာနဲ့တင် ၀မ်းသာနေပါပြီ။
မိစုတို့ ထွန်းကိုလေးတို့ကိုလည်း အရင်လိုဆင်းရဲစွာ နေထိုင်စားသောက်နေရတဲ့အဖြစ်မျိုး ပြန်မရောက်စေချင်ပေ။သူတို့လေးတွေကို ကံကောင်းစေချင်သည်။
ပုံရိပ်လို အတန်းထဲမှာသူများနဲ့မစားချင်လောက်အောင်အထိ ကိုယ့်ဟင်းတွေကိုကြည့်ပြီး အားငယ်ရတာမျိုး မဖြစ်စေချင်ပေ။
မုန့်ဖိုးမရလို့ မုန့်ဈေးတန်းကိုမသွားနိုင်တာကြောင့် အတူစား၊အတူသွားမဲ့ သူငယ်ချင်းကင်းမဲ့ရသော အဖြစ်ကိုမရောက်စေချင်မိတာ အမှန်ဖြစ်သည်။
အတန်းထဲမှာ ဘာကြေးညာကြေးဆိုလည်း
မထည့်နိုင်လို့အခြားအတန်း ဖော်တွေရဲ့
အငြူအစူခံခဲ့ရဖူးသည်။
မိစုတို့၊ထွန်းကိုတို့ကိုတော့ သူများနဲ့တန်းတူနေနိုင်၊စားနိုင်စေချင်သည်။ဒါဟာ ပုံရိပ်ရဲ့အဖြူစင်ဆုံးစေတနာပါပဲ။
"ကဲ...ထမင်းစားလို့ရပြီနော်..."
"အော်...ဟုတ်ကဲ့ဒေါ်လေး..."
အိမ်အပေါက်၀မှနေ၍ လှမ်းခေါ်နေသောကြောင့် အိမ်ထဲသို့ပြန်၀င်လိုက်ကြသည်။
အိမ်ကြမ်းပြင်သည်လည်း သစ်ခင်းထားပေမဲ့
ဖွားညိုတို့အိမ်ကလို ကျွန်းသားတွေတော့ ဘယ်ဟုတ်ပါ့မလဲ။
အိမ်အတွင်းပိုင်းကို ၀င်သောအပေါက်၀မှာ လိုက်ကာလေးတပ်ထားသည်မို့ အသာမပြီးအနောက်ဘက်သို့ ၀င်လိုက်သောအခါ တစ်ဖက်တစ်ချက်ဆီမှာ အခန်းကန့်ထားပြီး အလယ်မှလျှောက်လေးကကျဉ်းကျဉ်းလေးဖြစ်သည်။
"အော်...မီးဖိုချောင်သီးသန့်ရှိတာပဲ..."
လျှောက်လမ်းလေးအတိုင်း လျှောက်ပြီးနောက်ဖေးဘက်သို့ဆင်းလိုက်တော့အကာမရှိပေမဲ့ မီးဖိုချောင်လေးသည်တမံသလင်းခင်းထားသောကြောင့် သက်သက်ရပ်ရပ်ရှိပါသည်။အိမ်သာနဲ့နီးနေပေမဲ့လို့ အနံ့အသက်တွေတော့ ရောက်မလာပေ။
"မကြီးပုံရေ...သားအတွက်အရုပ်ဆို..."
"အော်...ဟိုအိပ်အနက်ထဲမှာရှိတယ်..ဇစ်ဆွဲပြီးကြည့်လိုက် အပေါ်ဆုံးမှာတင်ထားတယ်..."
"ဟာ...သမီးလည်းအရုပ်မကိုသွားယူအုံးမယ်..."
ပုံရိပ်၏အနားသို့အတင်းလိုက်ကပ်နေသော
မိစုကပါအိမ်အရှေ့ဘက်သို့သူ့အစ်ကိုနှင့်အတူ ပြေးထွက်သွားလေသည်။
တမံသလင်းအပေါ်မှာ ခြေတံရှည်သစ်သားခုံလေးရှိနေပြီး ထမင်းဟင်းတွေကို နွေးကာသေချာပြင်ထားသည်မို့ သုံးယောက်သားထိုင်ပြီး အားရအောင်စားကြတော့သည်။
"ဒီငါးခေါင်းချဉ်ဟင်းလေးက စားလို့ကောင်းလိုက်တာဒေါ်လေးရယ်...ဟိုမှာဆိုရင်သူတို့ကငါးခေါင်းမကြိုက်တော့ ဒါမျိုးကိုမစားရဘူး..
ကြိုက်လိုက်တာ..."
"ကြိုက်ရင်စား..ဒေါ်လေးကဈေးဆိုင်ပိတ်ပြီး သေချာလေးချက်ထားတာ..ဟော့ဒီ့မှာပုံပုံကြိုက်တဲ့...မြင်းခွာရွက်သုပ်လေး..ကိုတင်စိန်ကရော..ဝက်သားနဲ့တည့်လားရှင့်..ဒီမှာမျှစ်ချဉ်လေးနဲ့ချက်ထားတယ်စားကြည့်ပါလား.."
"တည့်ပါတယ်ဗျာ...ကျွန်တော်ကသွေးတိုးမရှိပါဘူး..."
"အဲ့ဒါဆိုရင်...စားနော်အားမနာနဲ့..ဒါနဲ့ဟိုကလေးမကဘယ်သူ...နာမည်တောင်မေ့နေပြီ..."
"ပိစိပါ..အန်တီရဲ့နှစ်လုံးတည်းရယ်..."
"အေးဟယ်..နင့်မိဘတွေကဘယ်လိုနာမည်ပေးလိုက်သလဲမသိဘူး...လူကောင်နဲ့နာမည်က..မလိုက်သလိုပဲ..."
"ငယ်ငယ်က လူကောင်ညှပ်တယ် ဒေါ်လေးရဲ့..တီဘီဖြစ်တော့ ဆေးတွေသောက်ပြီး၀သွားတာ.."
"အေးပါ..အေးပါ...စားနော်..အားမနာနဲ့..."
"အားမနာပါဘူး...ဝေသာလီပြည်ကိုဘီလူးဆိုက်တယ်အပြောခံရမှာစိုးလို့လျှော့ထားတာ
ဒီငါးခေါင်းချဉ်ဟင်းက သောက်လို့သိပ်ကောင်းတာပဲ...မရမ်းသီးထောင်းလေးကလည်းစပ်စပ်လေးနဲ့...ပိစိတို့အကြိုက်တွေချည်းပဲ..."
"အမယ်လေး...ကြိုက်ရင်စားပါနော်...
နောက်နေ့လည်းချက်ကျွေးပါ့မယ်..."
"ဒီလိုဆိုရင်တော့ အားမနာတော့ဘူးဟေ့..
ဆင်ဖြူတော်ကိုမှီပြီး ကြံချည်းထိုင်စုပ်နေရတာ ဘယ်လောက်မိုက်သလဲ..ဒေါ်လေးကအရမ်းသဘောကောင်းတာပဲ..မမလိုပဲနော်..
အဆင့်အတန်းလုံး၀မခွဲဘူး...ဟိုအိမ်ကလူတွေနဲ့များကွာပါ့..."
"ပိစိမ...ထမင်းပဲစားစမ်းပါဟယ်..နင့်သထွေးတွေငါ့ပန်းကန်ထဲကိုလည်း ရောက်တော့မယ်..""
မဆိုင်တဲ့အကြောင်းတွေပါကုန်မည်ဆိုး၍
ပိစိမကိုအတင်းဘရိတ်အုပ်လိုက်ရသည်။မဟုတ်ရင် ဒေါ်လေးကစိုးရိမ်စိတ်ခပ်ကြီးကြီးရယ်။ဟိုအိမ်မှာ နေရတာအဆင်မပြေဘူးထင်ပြီး ပြန်မလွှတ်မှ အဖွားနဲ့ပြဿနာဖြစ်နေအုံးမယ်။ဟိုအိမ်က ကိစ္စတွေကိုတော့ ဒေါ်လေးကိုပေးသိလို့မဖြစ်ပေ။
"ဒါနဲ့...ဒေါ်လေးရဲ့ဆိုင်ကသင်္ကြန်တွင်းမှာ
မပိတ်ဘူးလား..."
"ပိတ်တဲ့ဆိုင်တွေလည်းရှိပေမဲ့...ဒေါ်လေးကစားသောက်ကုန်ရောင်းတာလေ..အထည်ဆိုင်တွေကတော့ပိတ်တာပါ..သင်္ကြန်နားနီးရင်ပိုပြီး အရောင်းသွက်တယ်..."
"အင်း..စီးပွားရေးတွေကြီးပဲ ဖိလုပ်မနေနဲ့
..အနားလည်းယူပါအုံး..ဒေါ်လေးရဲ့အကြောင်းကို ပုံရိပ်သိတယ်..ဒေါ်လေးကသိပ်ခေါင်းမာတာလေ..တော်ရုံတန်ရုံဖြစ်ရင်လည်း ဆေးကကုတာမဟုတ်ဘူး...အခုကကလေးနှစ်ယောက်ကိုပဲ မျက်နှာထောက်ရမှာနော်...ဒေါ်လေးသာယိုင်လဲသွားရင်..ကလေးတွေဒုက္ခရောက်မှာ.."
"အမယ်လေး...အသက်က၁၆ကျော်ပဲရှိသေးတယ်...အဒေါ့်ကိုပြန်ဆုံးမနေပြီပေါ့..ကျုပ်သာမရှိတော့ရင်...ညည်းဆီကိုအဲ့ကလေးနှစ်ယောက်လုံးပို့လိုက်မှာနော်..."
"အို...ဒေါ်လေးကလည်း မဟုတ်တာတွေ...
မင်္ဂလာမရှိတဲ့စကားတွေသိပ်မပြောပါနဲ့..ဒါမှမဟုတ်ကူဖော်လောင်ဖက်ရအောင် နောက်ယောက်ျားယူလိုက်ပေါ့...."
"အမယ်လေး...ကံထောင်းတာပဲခံပါ့မယ်အေ
..လင်ထောင်းတာတော့ဒီတစ်သတ်မခံပါစေနဲ့တော့...ကိုသက်ဆွေတောင်ဟိုမှာလေဖြတ်လို့တဲ့ သူ့ညီတွေကငါ့ကိုခေါ်ခိုင်းချင်နေတာ...
ငါကတော့လှည့်ကိုမကြည့်ချင်တော့တာ..."
"ဟုတ်လား..ဦးသက်ဆွေကလေဖြတ်နေတာပေါ့..."
"ဟုတ်ပါ့...ကိုယ်တစ်ခြမ်းလေဖြတ်နေတာတဲ့
...ဟိုတစ်ခါသူ့ရွာကနေလာတဲ့လူကလမ်းကြုံပြောသွားတာ..."
"ဟယ်..."
ပုံရိပ်..ကိုယ့်ရင်ဘတ်ကိုလက်နဲ့ပြန်ဖိနေမိသည်။စားရတဲ့ထမင်းတောင်မမှိန်တော့သလိုပဲ။အော်..၀ဋ်ကြွေးရှိရင်လူတိုင်း ပြန်ခံရမှာပါပဲ။အရင်ကသူများကို နှိပ်စက်ထားသမျှ အခုတော့သူပြန်ပြီးခံနေရလေပြီ။
ဒီလိုဆိုတော့လည်း စိတ်မကောင်းဖြစ်မိသည်။
ကိုယ်ကတော့ မတိုက်တွန်းချင်ပေမဲ့ သူ့ယောက်ျားကိုပြန်ခေါ်တာ မခေါ်တာကတော့ ဒေါ်လေးပဲဆုံးဖြတ်ပါစေလေ။
ခေါ်ပြီး ပြုစုပေးလည်း အထွန့်မတက်ချင်တော့ပေ။မဟုတ်ရင် ကိုယ်၀ယ်ပေးတဲ့ခြံမှာနေလို့ ပြောတယ်ဆိုရင်မကောင်းတတ်မှာ သေချာသည်။
ကိုယ်လည်း ဒီမှာနေမှာမှမဟုတ်ပဲ။
တစ်ခုပဲ ဒေါ်လေးကိုတော့ထပ်ပြီး စိတ်မဆင်းရဲစေချင်တော့ပေ။ဒီတစ်ခါဆိုရင်တော့ ပုံရိပ်ဘက်က အဆုံးအစွန်ထိသွားပစ်မိမှာပဲ။
အိမ်တွင်း အကြမ်းဖက်မှုမျိုးကို ပုံရိပ်သိပ်မုန်းပါသည်။
"ဒေါ်လေး...ဆရာနေမျိုးရော...လာလည်သေးလား..."
"အေး..တခါတလေတော့လာပါတယ်..."
"သမီးရဲ့အကြောင်းကိုရော မေးသေးလား..."
"မမေးပါဘူး...ကလေးနှစ်ယောက်ကိုစာလာလာသင်ပေးတာ...ခုနောက်ပိုင်းသူလည်းနယ်ပြောင်းရမှာနဲ့မအားလို့...မလာဖြစ်တော့ဘူး..
ကလေးနှစ်ယောက်ကိုလည်း သူ့အသိဆရာတစ်ယောက်ရဲ့ကျူရှင်မှာ အပ်ပေးတယ်...
ကျောင်းကပြန်တာနဲ့ သူတို့လည်းကျူရှင်တန်းသွားရတာပဲ..."
"ဒေါ်လေးပင်ပန်းမှာပေါ့...အိမ်ကိုတစ်ခေါက်ပြန်လာရသေးတာပေါ့..."
"မပြန်လာပါဘူး...သူတို့ကိုမုန့်ဖိုးလည်းပေးထားတယ်လေ...ကျောင်းကိုသုံးဘီးနဲ့သွားကြိုပြီး ကျူရှင်ကိုတန်းပို့လိုက်တာ..ညနေဆိုင်ပိတ်တာနဲ့ သူတို့ကျူရှင်လွှတ်တာနဲ့အချိန်ကသိပ်မကွာဘူး..."
"ဆရာကသမီးကို တကယ်ပဲမမေးဘူးလားဟင်..."
"အင်း...အဆင်ပြေလားဘာညာတော့ မေးတာပေါ့...ကျန်တာတော့ထွေထွေထူးထူးမမေးပါဘူး...နေပါအုံး..ပုံပုံကရော..ကိုယ့်ဆရာကိုဖုန်းမဆက်ဘူးလား..ဟိုကဆရာလေ..တပည့်ဖြစ်သူက လှမ်းမေးသင့်တာပေါ့..."
"ဟုတ်ဘူး..ဒေါ်လေးရဲ့ဆရာ့ဖုန်းနံပါတ်ပျောက်သွားလို့..."
"ဟော့တော်...ပုံပုံရယ်...ကိုယ့်အပေါ်ဒီလောက်ကောင်းခဲ့တဲ့လူကို စိမ်းရက်လိုက်တာ..သွားခါနီးတောင်စက်ဘီးအသစ်လေးလက်ဆောင်ပေးလိုက်သေးတယ်...
ဖုန်းနံပါတ်သိချင်ရင် ဒေါ်လေးကိုလှမ်းမေးခိုင်းလည်း ရနေတဲ့ဥစ္စာကို...ဟိုကစိတ်မဆိုးတဲ့အပြင် ဒီအိမ်က..ကလေးတွေရဲ့ကျောင်းကိစ္စတွေကိုပါ ကူညီပေးနေသေးလို့
တော်သေးတာပေါ့..."
"ဒေါ်လေးပြောမှပဲ သမီးငိုတောင်ငိုချင်လာပြီ...ဒေါ်လေးနဲ့ဖုန်းပြောတဲ့အချိန်ကလည်း ကျဲလာတော့ ဆရာ့ဖုန်းနံပါတ်ကိုတောင်းဖို့မေ့မေ့သွားတာ...သမီးအခုပဲကျောင်းကိုသွားလိုက်မယ်..."
"မမရေ...သမီးလည်းလိုက်မယ်လေ..."
ထမင်းစားပွဲကနေအလျှင်စလို ထသွားသောပုံရိပ်၏ နောက်ကျောလေးကိုကြည့်ပြီး
ဒေါ်ရှင်းသန့်လည်းသက်ပြင်းမောကိုချလိုက်မိသည်။
ဆံပင်ရှည်တွေကို ပြေပြေလေးစီးနှောင်ထားပေမဲ့ အုံထူတော့ကျောပေါ်မှာ အထွေးလိုက်ဖြစ်နေကာ ရမ်းခါသွားတိုင်း မဟာဆန်ချင်သည်။အသားအရည်ဖြူနုနေတာကိုမှ သူဌေးအိမ်မှာနေရတော့ ၀င်းပြီးကြည်လင်နေသည်။
မျက်နှာလေးက ဆယ့်ခြောက်နှစ်သမီးလေးဆိုတဲ့အတိုင်း ပြစ်မျိုးမှဲ့မထင်လှပနေကာ ကိုယ်လုံးကိုယ်ထည်ကလည်း ဖွံ့ဖွံ့ထွားထွားကြီးမဟုတ်ပေမဲ့ ကောက်ကြောင်းလှလှလေးနဲ့ ယဉ်စစလေးဖြစ်နေသည်။
"အော်..ဒီမိန်းကလေးကိုမတော်တရော်လူမျိုးတွေနဲ့ မတွေ့စေချင်ပေ...ကိုယ့်စိတ်ထဲမှာတော့အသင့်တော်ဆုံးလူကိုတွေ့ထားပေမဲ့..ထုတ်၍လည်းမပြောချင်ပေ။ငယ်လည်း ငယ်သေးသည်ကို။သူ့အဖွားက စည်းကမ်းကြီးသူဆိုတော့ သေချာကြပ်မတ်လောက်မှာပါ။
သူတို့ကြားက သံယောဇဉ်လေးတွေကိုယ့်ကြောင့် အရောင်စွန်းထင်ကုန်မှာလည်း စိုးရသည်။
(ဒုတိယပိုင်း...ဆက်ရန်ရှိသည်..)
🌹🌹🌹🌹🌹🌹
updateလေးကြာသွားလို့စိတ်မဆိုးပါနဲ့နော် ဇာတ်လမ်းကိုendingအထိ စဉ်းစားထားပြီးပေမဲ့ စာဖတ်သူတွေကျေနပ်အောင် ဘယ်လိုအချိုးအကွေ့လုပ်ရမလဲ စဉ်းစားရင် မေးခွန်းလေးအဖြေမပေါ်ဖြစ်နေလို့ပါ...ဒီရက်ပိုင်အသံသွင်းတာလေး စမ်းနေတာလည်းပါပါတယ်...
======================================================================
🌹ဆူးႀကိဳး
အခန္း(၃၉)ပထမပိုင္း
"ေဒၚေလးေရ..ေဒၚေလး..."
"ဟယ္...ပံုပံုလာၿပီ..."
ၿခံစည္းရိုးကိုဝါးခ်ပ္မ်ားႏွင့္ကာထားေသာ
ေပႏွစ္ဆယ္ပတ္လည္ၿခံေလးေရ႔ွသို႔ေရာက္သည္ႏွင့္ ကားကိုရပ္ခိုင္းလိုက္ၿပီးကားေပၚမွအထုပ္ႀကီးအထုပ္ငယ္ကို ဆဲြခ်လာလ်ွက္
လူထက္အသံကအရင္ေရာက္ေနေလသည္။
ကားဒရိုင္ဘာႀကီး ဦးတင္စိန္သည္အထုပ္မ်ားကို ခ်ေပးၿပီး ပံုရိပ္၏ေနာက္ပါးေတာ္ပိစိမကလည္း လက္ေဆာင္ထုပ္ေတြကိုမထားေလသည္။ေဒၚရွင္းသန႔္ကေတာ့ သစ္အိမ္ေလးေပၚမွ ဖိနပ္ေတာင္မပါပဲခပ္ျမန္ျမန္ေျပးဆင္းလာၿပီး ၿခံ၀သို႔ေရာက္သည္ႏွင့္ သူ႔တူမကိုေျပး၍ဖကါလိုက္သည္။
"ပံုပံုရယ္ထြားလာလိုက္တာၾကၫ့္စမ္း
...ေဒၚေလးကညေနေလာက္မွေရာက္မယ္ထင္တာ...ငါ့တူမေလးပင္ပန္းေနမွာေပါ့.."
"မပင္ပန္းပါဘူး...ေဒၚေလးရယ္...ျပန္လာခ်င္လြန္းလို႔..မနက္သံုးနာရီခဲြေလာက္တည္းကထြက္လာတာ..ေဒၚေလးကိုလြမ္းေနတာပါဆို...ဟင္းေကာင္းခ်က္ထားတယ္မဟုတ္လား..ေဒၚေလးရဲ့လက္ရာကိုသတိရေနတာ.."
"အမယ္ေလး..ခ်က္ထားပါ့ေတာ္...တို႔ပံုပံုေလး..ႀကိဳက္သမ်ွကိုအေစာႀကီးေဈးသြားၿပီး ခ်က္ထားတယ္..ဟြန႔္..အေဒါ့္ကိုသတိရတယ္ဆိုၿပီး..ေရာက္တာနဲ႔ဘာဟင္းခ်က္သလဲ
တန္းေမးေတာ့တာပဲ.."
"ဟီး...ေဒၚေလးကလည္းသတိရလို႔ပါဆို..
ေဒၚေလးရဲ့လက္ရာကိုေရာ..ကေလးေတြကိုေရာ..သတိရတာမွအရမ္းပဲ....."
"အမယ္ေလး..ခဏခဏဖုန္းဆက္ေနၿပီးေတာ့လဲ..သတိရတာပဲလား..."
"ဟဲ..ဟဲ...."
တစ္ႏွစ္ေက်ာ္ေလးအတြင္းမွာ အေသြးအေမြးေတြကအစအမ်ားႀကီးေျပာင္းလဲသြားပါေသာ အပ်ိဳေလးေပါက္စသည္ အေဒၚျဖစ္သူကို
မွီႏႊဲ႔၍ ခၽဲြႏဲြ႔ေနေသးတာမို႔ ေဒၚရွင္းသန႔္လည္းပို၍၀မ္းသာ ရႊင္မ်ွမဆံုးျဖစ္ေနသည္။
ဘယ္ေလာက္ အေနေဝးေဝးေသြးမေအးသြားေသာ ေကာင္မေလးပင္။သံေယာဇဉ္သိပ္ႀကီးၿပီး ခ်စ္ခင္သူေတြကိုဘယ္ေတာ့မွမေမ့ထားတတ္သၫ့္ ေကာင္မေလးျဖစ္သည္။
"မႀကီးပံုေရ...မႀကီးပံု!!!!"
"ဟယ္..မိစုနဲ႔ထြန္းကို...အမယ္ေလး..မမရဲ့အခ်စ္ေလးေတြ..."
ဘယ္ေခ်ာင္မွာသြားေဆာ့ေနၾကသလဲမသိေပမဲ့ ပံုရိပ္ကိုျမင္တာနဲ႔ ကဆုန္ေပါက္ၿပီးေအာ္ေခၚကာ ေျပးလာၾကေလသည္။ပံုရိပ္လည္း ေျမၾကီးေပၚတြင္ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး ကေလးႏွစ္ေယာက္ကို ဆီးႀကိဳ၍ဖက္ထားလိုက္သည္။အာဘြားေတြလည္း ေပးလိုက္ၾကတာ မ်က္ႏွာတစ္ခုလံုးသူတို႔ရဲ့ သေထြးေတြႀကီးပဲ။
"မႀကီးပံု...သားတို႔ဆီကိုလာလည္တယ္ေနာ္..
ဟီး..ေပ်ာ္လိုက္တာ..."
"မႀကီးပံု..ဒီတစ္ခါအၾကာႀကီးေနမွာလားဟင္.."
"ေနမွာေပါ့...မႀကီးပံုက..ေလးရက္ေတာင္ေနမွာ..."
"မႀကီးပံုမေကာင္းဘူးသိလား..မိစုတို႔ကို
မန္းေလးကိုလည္း မေခၚသြားဘူး..မိစုက
မန္းေလးကိုတြားခ်င္လို႔ပါဆို..."
"ဟဲ့..မႏၲေလးပါဟာ..စကားလည္းမပီဘူး..
ခိ..ခိ..ခိ..."
သူ႔ညီမကိုေလွာင္ၿပီး ထြန္းကိုေလးကရယ္ေတာ့ အရင္လိုၾကက္ေတာင္စည္းေလးနဲ႔မဟုတ္ေတာ့ပဲ ဆံပင္ဂုတ္ေထာက္ေလးနဲ႔
မိစုက စိတ္ေကာက္သြားေလသည္။
ႏႈတ္ခမ္းေလးကိုေထာ္လို႔...။
"မႀကီးပံု...သားတို႔ကိုအၾကာႀကီးပဲပစ္ထားခဲ့တယ္ေနာ္..ဖုန္းပဲဆက္ၿပီး..ခုမွေပၚလာေတာ့တယ္..."
"ေအာ္..ေအာ္..ဟုတ္လား..ဒီကမႀကီးပံုတကယ္ဆိုးတာပဲေနာ္..."
"အင္း..အမ်ားႀကီးဆိုးတာေပါ့..ဒီတစ္ခါျပန္ရင္..သားတို႔လည္းလိုက္မွာေနာ္.."
"ဟဲ့..ကေလးေတြ..နင္တို႔ဟာကလည္းခုမွေရာက္တယ္...ခုပဲျပန္သြားခိုင္းေနတယ္..
အိမ္ေပၚေလးဘာေလးတက္ပါေစအံုးလား..."
"ရပါတယ္..ေဒၚေလးရယ္..သူတို႔စိတ္ထဲရိွတိုင္းေျပာေနတာ...ေျပာၾကပါေစ..."
"ေမႀကီးကလည္း..မႀကီးကေတာင္ဘာမွမေျပာပဲနဲ႔ သက္သက္စိတ္ပုပ္တာ..."
မိစုေလးက သူ႔အေမကိုမ်က္ေစာင္းထိုးၿပီးေျပာလိုက္ေတာ့ အကုန္လံုးရယ္မိၾကေလသည္။တကယ့္အတတ္ကေလးေတြပါလား။
"ကဲ...မႀကီးပံုကိုစိတ္မဆိုးၾကပါနဲ႔ေနာ္...ဒီကမႏၲေလးကေနေတာင္...အရုပ္ေတြ၀ယ္လာခဲ့ရတာ...မိစုအတြက္ဆိုၿပီး..ဘိုမရုပ္ေလးေတြနဲ႔..ထြန္းကိုအတြက္..ပါဝါရိန္းက်ားအရုပ္ေတြအကတ္လိုက္၀ယ္လာခဲ့ရတာ..."
"ဟာ...တကယ္လား...."
"တကယ္ေပါ့..."
"ဟား..ဟား..ေပ်ာ္လိုက္တာ..."
ကေလးေတြဆိုတာ လက္ေဆာင္ကိုဘယ္အခ်ိန္ရရ အရမ္းေပ်ာ္ရႊင္တတ္သူေလးေတြပင္။အခုလည္း ခုန္ေပါက္ေနလိုက္ၾကတာ ေမ်ာက္ေပါက္ကေလးေတြလိုပဲ။
ကေလးႏွစ္ေယာက္ကို လက္ဆဲြၿပီး ၿခံထဲသို႔၀င္မယ္လုပ္ေတာ့ ၿခံျပင္ထြက္၍ၾကၫ့္ေနေသာ အိမ္နီးနားခ်င္းမ်ားကလည္း ႏႈတ္ဆက္ၾကေလသည္။
"ပံုရိပ္က..အရမ္းလွၿပီးထြားလာတာပါလားေအ..ငါ့တူမႀကီးကိုမွတ္ေတာင္မမွတ္မိဘူး..
ၾကၫ့္စမ္း...မႏၲေလးသူႀကီးျဖစ္ေနၿပီေပါ့ေလ...တို႔ဖို႔က်ဳံးေရေလးနဲနဲေလာက္ ခပ္မလာခဲ့ဘူးလား..."
"အေဒၚရယ္..က်ဳံးေရခပ္ဖို႔ေနေနသာသာ..
က်ဳံးထဲကိုေတာင္ မဆင္းရဲပါဘူး...ခဏေနမွ လက္ေဆာင္လာေပးပါ့မယ္ေနာ္..."
"ေအးပါကြယ္..ငါ့တူမႀကီး..ဟိုမွာအဆင္ေျပတယ္မဟုတ္လား..အဖြားဆီမွာသြားေနရတာဆို...အခုေရာဘယ္ႏွစ္ရက္ေနမွာလဲ..."
"ဟုတ္ကဲ့..ေျပပါတယ္..အဖြားကေတာ့ႏွစ္ဆန္းတစ္ရက္ေန့မွာ ျပန္လာရမယ္လို႔ေျပာလိုက္တယ္..."
"ေအး...ေအး...အေဒၚတို႔အိမ္ကိုလည္း အားရင္အလည္လာခဲ့ေပါ့ေနာ္..အိမ္မွာကသားႏွစ္ေယာက္ရိွေပမဲ့..အလုပ္ပဲသြားေနၾကေတာ့ ပ်င္းေနတာကဲြ႔.."
"ဟုတ္ကဲ့..လာခဲ့ပါ့မယ္ရွင့္.. "
"ေအးကြယ္..ဆက္ဆက္လာခဲ့ေနာ္..ေမ်ွာ္ေနပါ့မယ္...ထမင္းလည္းကၽြေးခ်င္လို႔ပါကဲြ႔..
အေဒါ့္သားေတြကသိပ္လိမ္မာတာ..
အရက္မေသာက္၊ေဆးလိပ္မေသာက္..
မိန္းမကိစၥလည္းရႈပ္ရႈပ္ရွက္ရွက္မရိွဘူး..
.ဒါေပမဲ့ကြယ္..လူပ်ိဳႀကီးေတြဆိုေတာ့..သမီးေလးတစ္ေယာက္ေတာ့လိုခ်င္သား..ပံုရိပ္ေလးသာအေဒါ့္သမီးေလးျဖစ္ရင္..
ဘယ္ေလာက္ေကာင္းမလဲေနာ္..."
အင္!!..စကားအသြားအလာကပံုရိပ္အေၾကာင္းကိုေျပာရာကေန သူ႔သားေတြဆီဘက္သို႔လွၫ့္သြားသည္။သူ႔သားေတြကို
ပံုရိပ္မသိသလို သူ႔ကိုလည္းမသိပါဘူး။အေဒၚတို႔နဲ႔အိမ္နီးခ်င္းမို႔လို႔သာ ႏႈတ္ဆက္စကားေျပာေနမိေပမဲ့ ဘယ္လိုရည္ရြယ္ခ်က္နဲ႔မဆိုင္တဲ့စကားေတြကို ေျပာေနရတာလဲ။
"မေဝမာေရ...ကၽြန္မတူမေလးကသံုးနာရီခဲြတည္းက မႏၲေလးကေနထြက္လာရလို႔..
ခရီးပန္းေနၿပီရွင့္..နားဖို႔ေခၚသြားလိုက္ေတာ့မယ္ေနာ္..."
"ေအာ္..အင္း..အင္းပါ.."
"ဘာအင္းပါလဲ..အဲ့ဒီ့အန္တီေဝမာႀကီးက
သိပ္စကားမ်ားတာပဲ..ဟြန႔္..."
ေဒၚေလးကအတင္းၿခံထဲသို႔ ဆဲြေခၚသလို မိစုကလည္း မ်က္ေစာင္းထိုး၍ေျခေဆာင့္ကာအေနာက္မွ ကြတကြတႏွင့္လိုက္လာေလေတာ့ ပံုရိပ္ရယ္လိုက္မိသည္။ပိစိမႏွင့္ဦးတင္စိန္ကလည္း အထုပ္ေတြဆဲြကာအေနာက္မွေျပးလိုက္လာၿပီး အတူအိမ္ေပၚသို႔ တက္လိုက္ၾကသည္။
"ငါ့တူမႀကီးလူကဲခတ္ညံ့ေသးတာပဲ..ဟိုကညည္းကိုပိုက္ဆံရိွမွန္းသိလို႔..ခၽြေးမေတာ္ခ်င္ေနတာဟဲ့...စကားလက္ခံေျပာေနလိုက္တာမ်ား..သူဘာေမးေမး..မသိဘူးလို႔ေျပာလိုက္ၿပီးေရာ.."
"ေအာ္..ေဒၚေလးကလည္း အိမ္နီးခ်င္းေတြဆိုေတာ့..ေဒၚေလးတို႔အခက္အခဲတစ္ခုခုျဖစ္ရင္ ကူညီေပးေပၚရေအာင္ ေဖာ္ေရြေပးတဲ့သေဘာပါပဲ..."
"မမကလည္း..အဲ့အေဒၚႀကီးရုပ္ကိုၾကၫ့္တာနဲ႔..ေစာလူမင္းကိုငမ်ွားခ်ိပ္မွာထားၿပီး..
က်န္စစ္သားကို အမိဖမ္းေနခ်င္မွန္းသိသာေနတဲ့ဥစၥာ..."
"နင့္ဟာကလည္း..ဟား..ဟား.."
"မရယ္ပါနဲ႔..တို႔မမကဆယ္ေက်ာသက္လွေသြးႂကြယ္ေနတဲ့မင္းသမီးေလး..သူ႔သားေတြကျဖဴသလား..မဲသလားမသိပဲနဲ႔..သမီးေတာ္ခ်င္သေလး..ဘာေလးနဲ႔...ဟြန႔္.."
ေဒၚေလးနဲ႔ပိစိမသည္ ပံုရိပ္ကိုအလယ္မွာထားၿပီး အမ်ိဳးမ်ိဳးစကားခၽြေနေလေတာ့
ဦးတင္စိန္ကပါရယ္ခ်င္ပက္က်ိျဖစ္ေနေလၿပီ။
ကေလးႏွစ္ေယာက္ကေတာ့ ပံုရိပ္၏ေပါင္ေပၚတြင္ တစ္ေယာက္တစ္ဖက္ဆီမ်ွခဲြ၍ ထိုင္ၾကေလသည္။
"ကဲ..ေတာ္ပါၿပီ..သိပါၿပီ..သူ႔သားေတြကိုလည္းစိတ္မ၀င္စားပါဘူး...ေဒၚေလး..
ဦးတင္စိန္ကိုထမင္းကၽြေးဖို႔လုပ္ပါအံုးေနာ္...
မႏၲေလးကိုေန့ခ်င္းျပန္ရမွာမို႔..ထမင္းေလးကၽြေးလိုက္ခ်င္တယ္..."
"ေအာ္..ဟုတ္သားပဲ...ငါ့တူမေလးကိုမေတြ့ရတာၾကာလို႔ တ၀ႀကီးအနားမွာကပ္ေနမိတာနဲ႔..
လုပ္ရမွာေတြေတာင္ေမ့ကုန္ၿပီ...ထမင္းပဲြသြားျပင္လိုက္အံုးမယ္..."
ေဒၚေလးထြက္သြားတာနဲ႔ ပံုရိပ္လည္းထိုင္ခံုမွထထိုင္လိုက္ၿပီး အိမ္ေလးကိုလွၫ့္ပတ္ၾကၫ့္ေနမိသည္။ပံုရိပ္ပို႔ေသာ ပိုက္ဆံေလးႏွင့္
ဒီအိမ္ႏွင့္ၿခံကို ၀ယ္ထားတာေပါ့ေလ။ၿခံေလးကက်ယ္ၿပီး အိမ္ကေျခတံရွည္ သစ္အိမ္ေလးဆိုေတာ့ ေျခရင္းဖက္ျပဴတင္းေပါက္ကိုဖြင့္လိုက္ေသာအခါ အိမ္ေဘးမွေျမေနရာေတာင္ပိုေနေသးသည္။
ေတာစံပယ္ရံုေလးေတြကိုလည္း ေတြ့လိုက္ရတာေၾကာင့္ အနံ႔ေလးေတြကသင္းေနကာ
အိမ္အေပၚကေနေတာင္ေမႊးၾကဴမိ၍ စိတ္ေတြလန္းဆန္းရပါသည္။
"မမ..ဟိုမွာႏွင္းဆီပန္းေလးေတြပြင့္ေနတာ...လွလိုက္တာေနာ္..."
"မႀကီးပံုအတြက္ သမီးႏွင္းဆီပန္းေလးခူးေပးမယ္ေနာ္..."
"ဟယ္မိစု..မခူးနဲ႔ေလ..အလွစိုက္ထားတဲ့ဟာကို..."
ပံုရိပ္တားခ်ိန္ပင္မရလိုက္ေပ။မိစုကပန္းအိုးထဲမွာ တစ္ပြင့္တည္းသာရိွေသာႏွင္းဆီပန္းအဝါေလးကို ခ်ိဳးလိုက္ေလၿပီ။
လက္မွာ စူးမ်ားဆိုက္သြားမလားဟု ၾကၫ့္လိုက္မိေတာ့ ဆူးမစူးလို႔ေတာ္ေသးသည္။
"မမတို႔အိမ္ေလးက...အျပင္ကၾကၫ့္ရင္ပိုခ်စ္ဖို႔ေကာင္းတယ္ေနာ္...ေနခ်င္စရာေလး..."
ဟုတ္ပါရဲ့...အျပင္ဘက္ကေနၾကၫ့္လိုက္ေတာ့ သံဇကာခပ္ထားေသာျပဴတင္းေပါက္က်ယ္က်ယ္ေလးေဖာက္ထားၿပီး ခန္းစီးပန္းေရာင္ေလးကို တပ္ထားေသာေၾကာင့္ တစ္မ်ိဳးေလးၾကၫ့္ေကာင္းေနေလသည္။
ၿခံထဲတြင္လည္း ခံုတန္းေလးေတြခ်ၿပီး ႏွင္းဆီပန္းအေရာင္ကဲြေလးေတြကိုပန္းအိုးေလးေတြႏွင့္ စိုက္ထားေသးသည္။
ဖြားညိုေၾကာင့္သာ မဟုတ္ရင္ပံုရိပ္လည္း ဒီလိုေငြရွာႏိုင္မွာမဟုတ္သလို ေဒၚေလးတို႔ကိုလည္း အဆင္ေျပေအာင္ထားႏိုင္မယ္မထင္ဘူး။
ေဒၚေလးကေတာ့ သူတစ္ခုခုလုပ္တိုင္းပံုရိပ္ကိုဖုန္းလွမ္းဆက္ၿပီးအၿမဲလွမ္း၍တိုင္ပင္တတ္သည္။ပံုရိပ္ပို႔လိုက္ေသာေငြေလးႏွင့္ ေဈးရံုထဲမွာအေျခာက္အျခမ္းဆိုင္ဖြင့္ထားသည္ဟုဆိုသည္။
ဧရာ၀တီတိုင္းသူဆိုေတာ့ ငပိ၊ငန္ျပာရည္ကေတာ့ အရမ္းေရာင္းရၿပီး ငါးေျခာက္ေတြကိုလည္း ကိုယ့္နယ္ဘက္ကေနပဲျပန္မွာသည္။ဦးသက္ေဆျြဖတ္စီးခဲ့ေသာ ေဈးဆိုင္ေလးထက္အစေပါင္းမ်ားစြာ အျမတ္၀င္တာမို႔ ေခ်ာင္ေခ်ာင္ခ်ိခ်ိ စားေသာက္ႏိုင္တာနဲ႔တင္ ၀မ္းသာေနပါၿပီ။
မိစုတို႔ ထြန္းကိုေလးတို႔ကိုလည္း အရင္လိုဆင္းရဲစြာ ေနထိုင္စားေသာက္ေနရတဲ့အျဖစ္မ်ိဳး ျပန္မေရာက္ေစခ်င္ေပ။သူတို႔ေလးေတြကို ကံေကာင္းေစခ်င္သည္။
ပံုရိပ္လို အတန္းထဲမွာသူမ်ားနဲ႔မစားခ်င္ေလာက္ေအာင္အထိ ကိုယ့္ဟင္းေတြကိုၾကၫ့္ၿပီး အားငယ္ရတာမ်ိဳး မျဖစ္ေစခ်င္ေပ။
မုန႔္ဖိုးမရလို႔ မုန႔္ေဈးတန္းကိုမသြားႏိုင္တာေၾကာင့္ အတူစား၊အတူသြားမဲ့ သူငယ္ခ်င္းကင္းမဲ့ရေသာ အျဖစ္ကိုမေရာက္ေစခ်င္မိတာ အမွန္ျဖစ္သည္။
အတန္းထဲမွာ ဘာေၾကးညာေၾကးဆိုလည္း
မထၫ့္ႏိုင္လို႔အျခားအတန္း ေဖာ္ေတြရဲ့
အျငဴအစူခံခဲ့ရဖူးသည္။
မိစုတို႔၊ထြန္းကိုတို႔ကိုေတာ့ သူမ်ားနဲ႔တန္းတူေနႏိုင္၊စားႏိုင္ေစခ်င္သည္။ဒါဟာ ပံုရိပ္ရဲ့အျဖဴစင္ဆံုးေစတနာပါပဲ။
"ကဲ...ထမင္းစားလို႔ရၿပီေနာ္..."
"ေအာ္...ဟုတ္ကဲ့ေဒၚေလး..."
အိမ္အေပါက္၀မွေန၍ လွမ္းေခၚေနေသာေၾကာင့္ အိမ္ထဲသို႔ျပန္၀င္လိုက္ၾကသည္။
အိမ္ၾကမ္းျပင္သည္လည္း သစ္ခင္းထားေပမဲ့
ဖြားညိုတို႔အိမ္ကလို ကၽြန္းသားေတြေတာ့ ဘယ္ဟုတ္ပါ့မလဲ။
အိမ္အတြင္းပိုင္းကို ၀င္ေသာအေပါက္၀မွာ လိုက္ကာေလးတပ္ထားသည္မို႔ အသာမၿပီးအေနာက္ဘက္သို႔ ၀င္လိုက္ေသာအခါ တစ္ဖက္တစ္ခ်က္ဆီမွာ အခန္းကန႔္ထားၿပီး အလယ္မွေလ်ွာက္ေလးကက်ဉ္းက်ဉ္းေလးျဖစ္သည္။
"ေအာ္...မီးဖိုေခ်ာင္သီးသန႔္ရိွတာပဲ..."
ေလ်ွာက္လမ္းေလးအတိုင္း ေလ်ွာက္ၿပီးေနာက္ေဖးဘက္သို႔ဆင္းလိုက္ေတာ့အကာမရိွေပမဲ့ မီးဖိုေခ်ာင္ေလးသည္တမံသလင္းခင္းထားေသာေၾကာင့္ သက္သက္ရပ္ရပ္ရိွပါသည္။အိမ္သာနဲ႔နီးေနေပမဲ့လို႔ အနံ႔အသက္ေတြေတာ့ ေရာက္မလာေပ။
"မႀကီးပံုေရ...သားအတြက္အရုပ္ဆို..."
"ေအာ္...ဟိုအိပ္အနက္ထဲမွာရိွတယ္..ဇစ္ဆဲြၿပီးၾကၫ့္လိုက္ အေပၚဆံုးမွာတင္ထားတယ္..."
"ဟာ...သမီးလည္းအရုပ္မကိုသြားယူအံုးမယ္..."
ပံုရိပ္၏အနားသို႔အတင္းလိုက္ကပ္ေနေသာ
မိစုကပါအိမ္အေရ႔ွဘက္သို႔သူ႔အစ္ကိုႏွင့္အတူ ေျပးထြက္သြားေလသည္။
တမံသလင္းအေပၚမွာ ေျခတံရွည္သစ္သားခံုေလးရိွေနၿပီး ထမင္းဟင္းေတြကို ေနြးကာေသခ်ာျပင္ထားသည္မို႔ သံုးေယာက္သားထိုင္ၿပီး အားရေအာင္စားၾကေတာ့သည္။
"ဒီငါးေခါင္းခ်ဉ္ဟင္းေလးက စားလို႔ေကာင္းလိုက္တာေဒၚေလးရယ္...ဟိုမွာဆိုရင္သူတို႔ကငါးေခါင္းမႀကိဳက္ေတာ့ ဒါမ်ိဳးကိုမစားရဘူး..
ႀကိဳက္လိုက္တာ..."
"ႀကိဳက္ရင္စား..ေဒၚေလးကေဈးဆိုင္ပိတ္ၿပီး ေသခ်ာေလးခ်က္ထားတာ..ေဟာ့ဒီ့မွာပံုပံုႀကိဳက္တဲ့...ျမင္းခြာရြက္သုပ္ေလး..ကိုတင္စိန္ကေရာ..ဝက္သားနဲ႔တၫ့္လားရွင့္..ဒီမွာမ်ွစ္ခ်ဉ္ေလးနဲ႔ခ်က္ထားတယ္စားၾကၫ့္ပါလား.."
"တၫ့္ပါတယ္ဗ်ာ...ကၽြန္ေတာ္ကေသြးတိုးမရိွပါဘူး..."
"အဲ့ဒါဆိုရင္...စားေနာ္အားမနာနဲ႔..ဒါနဲ႔ဟိုကေလးမကဘယ္သူ...နာမည္ေတာင္ေမ့ေနၿပီ..."
"ပိစိပါ..အန္တီရဲ့ႏွစ္လံုးတည္းရယ္..."
"ေအးဟယ္..နင့္မိဘေတြကဘယ္လိုနာမည္ေပးလိုက္သလဲမသိဘူး...လူေကာင္နဲ႔နာမည္က..မလိုက္သလိုပဲ..."
"ငယ္ငယ္က လူေကာင္ၫွပ္တယ္ ေဒၚေလးရဲ့..တီဘီျဖစ္ေတာ့ ေဆးေတြေသာက္ၿပီး၀သြားတာ.."
"ေအးပါ..ေအးပါ...စားေနာ္..အားမနာနဲ႔..."
"အားမနာပါဘူး...ေဝသာလီျပည္ကိုဘီလူးဆိုက္တယ္အေျပာခံရမွာစိုးလို႔ေလ်ွာ့ထားတာ
ဒီငါးေခါင္းခ်ဉ္ဟင္းက ေသာက္လို႔သိပ္ေကာင္းတာပဲ...မရမ္းသီးေထာင္းေလးကလည္းစပ္စပ္ေလးနဲ႔...ပိစိတို႔အႀကိဳက္ေတြခ်ည္းပဲ..."
"အမယ္ေလး...ႀကိဳက္ရင္စားပါေနာ္...
ေနာက္ေန့လည္းခ်က္ကၽြေးပါ့မယ္..."
"ဒီလိုဆိုရင္ေတာ့ အားမနာေတာ့ဘူးေဟ့..
ဆင္ျဖဴေတာ္ကိုမွီၿပီး ႀကံခ်ည္းထိုင္စုပ္ေနရတာ ဘယ္ေလာက္မိုက္သလဲ..ေဒၚေလးကအရမ္းသေဘာေကာင္းတာပဲ..မမလိုပဲေနာ္..
အဆင့္အတန္းလံုး၀မခဲြဘူး...ဟိုအိမ္ကလူေတြနဲ႔မ်ားကြာပါ့..."
"ပိစိမ...ထမင္းပဲစားစမ္းပါဟယ္..နင့္သေထြးေတြငါ့ပန္းကန္ထဲကိုလည္း ေရာက္ေတာ့မယ္..""
မဆိုင္တဲ့အေၾကာင္းေတြပါကုန္မည္ဆိုး၍
ပိစိမကိုအတင္းဘရိတ္အုပ္လိုက္ရသည္။မဟုတ္ရင္ ေဒၚေလးကစိုးရိမ္စိတ္ခပ္ႀကီးႀကီးရယ္။ဟိုအိမ္မွာ ေနရတာအဆင္မေျပဘူးထင္ၿပီး ျပန္မလႊတ္မွ အဖြားနဲ႔ျပႆနာျဖစ္ေနအံုးမယ္။ဟိုအိမ္က ကိစၥေတြကိုေတာ့ ေဒၚေလးကိုေပးသိလို႔မျဖစ္ေပ။
"ဒါနဲ႔...ေဒၚေလးရဲ့ဆိုင္ကသႀကၤန္တြင္းမွာ
မပိတ္ဘူးလား..."
"ပိတ္တဲ့ဆိုင္ေတြလည္းရိွေပမဲ့...ေဒၚေလးကစားေသာက္ကုန္ေရာင္းတာေလ..အထည္ဆိုင္ေတြကေတာ့ပိတ္တာပါ..သႀကၤန္နားနီးရင္ပိုၿပီး အေရာင္းသြက္တယ္..."
"အင္း..စီးပြားေရးေတြႀကီးပဲ ဖိလုပ္မေနနဲ႔
..အနားလည္းယူပါအံုး..ေဒၚေလးရဲ့အေၾကာင္းကို ပံုရိပ္သိတယ္..ေဒၚေလးကသိပ္ေခါင္းမာတာေလ..ေတာ္ရံုတန္ရံုျဖစ္ရင္လည္း ေဆးကကုတာမဟုတ္ဘူး...အခုကကေလးႏွစ္ေယာက္ကိုပဲ မ်က္ႏွာေထာက္ရမွာေနာ္...ေဒၚေလးသာယိုင္လဲသြားရင္..ကေလးေတြဒုကၡေရာက္မွာ.."
"အမယ္ေလး...အသက္က၁၆ေက်ာ္ပဲရိွေသးတယ္...အေဒါ့္ကိုျပန္ဆံုးမေနၿပီေပါ့..က်ဳပ္သာမရိွေတာ့ရင္...ညည္းဆီကိုအဲ့ကေလးႏွစ္ေယာက္လံုးပို႔လိုက္မွာေနာ္..."
"အို...ေဒၚေလးကလည္း မဟုတ္တာေတြ...
မဂၤလာမရိွတဲ့စကားေတြသိပ္မေျပာပါနဲ႔..ဒါမွမဟုတ္ကူေဖာ္ေလာင္ဖက္ရေအာင္ ေနာက္ေယာက္်ားယူလိုက္ေပါ့...."
"အမယ္ေလး...ကံေထာင္းတာပဲခံပါ့မယ္ေအ
..လင္ေထာင္းတာေတာ့ဒီတစ္သတ္မခံပါေစနဲ႔ေတာ့...ကိုသက္ေဆြေတာင္ဟိုမွာေလျဖတ္လို႔တဲ့ သူ႔ညီေတြကငါ့ကိုေခၚခိုင္းခ်င္ေနတာ...
ငါကေတာ့လွၫ့္ကိုမၾကၫ့္ခ်င္ေတာ့တာ..."
"ဟုတ္လား..ဦးသက္ေဆြကေလျဖတ္ေနတာေပါ့..."
"ဟုတ္ပါ့...ကိုယ္တစ္ျခမ္းေလျဖတ္ေနတာတဲ့
...ဟိုတစ္ခါသူ႔ရြာကေနလာတဲ့လူကလမ္းႄကံုေျပာသြားတာ..."
"ဟယ္..."
ပံုရိပ္..ကိုယ့္ရင္ဘတ္ကိုလက္နဲ႔ျပန္ဖိေနမိသည္။စားရတဲ့ထမင္းေတာင္မမိွန္ေတာ့သလိုပဲ။ေအာ္..၀ဋ္ႂကြေးရိွရင္လူတိုင္း ျပန္ခံရမွာပါပဲ။အရင္ကသူမ်ားကို ႏိွပ္စက္ထားသမ်ွ အခုေတာ့သူျပန္ၿပီးခံေနရေလၿပီ။
ဒီလိုဆိုေတာ့လည္း စိတ္မေကာင္းျဖစ္မိသည္။
ကိုယ္ကေတာ့ မတိုက္တြန္းခ်င္ေပမဲ့ သူ႔ေယာက္်ားကိုျပန္ေခၚတာ မေခၚတာကေတာ့ ေဒၚေလးပဲဆံုးျဖတ္ပါေစေလ။
ေခၚၿပီး ျပဳစုေပးလည္း အထြန႔္မတက္ခ်င္ေတာ့ေပ။မဟုတ္ရင္ ကိုယ္၀ယ္ေပးတဲ့ၿခံမွာေနလို႔ ေျပာတယ္ဆိုရင္မေကာင္းတတ္မွာ ေသခ်ာသည္။
ကိုယ္လည္း ဒီမွာေနမွာမွမဟုတ္ပဲ။
တစ္ခုပဲ ေဒၚေလးကိုေတာ့ထပ္ၿပီး စိတ္မဆင္းရဲေစခ်င္ေတာ့ေပ။ဒီတစ္ခါဆိုရင္ေတာ့ ပံုရိပ္ဘက္က အဆံုးအစြန္ထိသြားပစ္မိမွာပဲ။
အိမ္တြင္း အၾကမ္းဖက္မႈမ်ိဳးကို ပံုရိပ္သိပ္မုန္းပါသည္။
"ေဒၚေလး...ဆရာေနမ်ိဳးေရာ...လာလည္ေသးလား..."
"ေအး..တခါတေလေတာ့လာပါတယ္..."
"သမီးရဲ့အေၾကာင္းကိုေရာ ေမးေသးလား..."
"မေမးပါဘူး...ကေလးႏွစ္ေယာက္ကိုစာလာလာသင္ေပးတာ...ခုေနာက္ပိုင္းသူလည္းနယ္ေျပာင္းရမွာနဲ႔မအားလို႔...မလာျဖစ္ေတာ့ဘူး..
ကေလးႏွစ္ေယာက္ကိုလည္း သူ႔အသိဆရာတစ္ေယာက္ရဲ့က်ူရွင္မွာ အပ္ေပးတယ္...
ေက်ာင္းကျပန္တာနဲ႔ သူတို႔လည္းက်ူရွင္တန္းသြားရတာပဲ..."
"ေဒၚေလးပင္ပန္းမွာေပါ့...အိမ္ကိုတစ္ေခါက္ျပန္လာရေသးတာေပါ့..."
"မျပန္လာပါဘူး...သူတို႔ကိုမုန႔္ဖိုးလည္းေပးထားတယ္ေလ...ေက်ာင္းကိုသံုးဘီးနဲ႔သြားႀကိဳၿပီး က်ူရွင္ကိုတန္းပို႔လိုက္တာ..ညေနဆိုင္ပိတ္တာနဲ႔ သူတို႔က်ူရွင္လႊတ္တာနဲ႔အခ်ိန္ကသိပ္မကြာဘူး..."
"ဆရာကသမီးကို တကယ္ပဲမေမးဘူးလားဟင္..."
"အင္း...အဆင္ေျပလားဘာညာေတာ့ ေမးတာေပါ့...က်န္တာေတာ့ေထြေထြထူးထူးမေမးပါဘူး...ေနပါအံုး..ပံုပံုကေရာ..ကိုယ့္ဆရာကိုဖုန္းမဆက္ဘူးလား..ဟိုကဆရာေလ..တပၫ့္ျဖစ္သူက လွမ္းေမးသင့္တာေပါ့..."
"ဟုတ္ဘူး..ေဒၚေလးရဲ့ဆရာ့ဖုန္းနံပါတ္ေပ်ာက္သြားလို႔..."
"ေဟာ့ေတာ္...ပံုပံုရယ္...ကိုယ့္အေပၚဒီေလာက္ေကာင္းခဲ့တဲ့လူကို စိမ္းရက္လိုက္တာ..သြားခါနီးေတာင္စက္ဘီးအသစ္ေလးလက္ေဆာင္ေပးလိုက္ေသးတယ္...
ဖုန္းနံပါတ္သိခ်င္ရင္ ေဒၚေလးကိုလွမ္းေမးခိုင္းလည္း ရေနတဲ့ဥစၥာကို...ဟိုကစိတ္မဆိုးတဲ့အျပင္ ဒီအိမ္က..ကေလးေတြရဲ့ေက်ာင္းကိစၥေတြကိုပါ ကူညီေပးေနေသးလို႔
ေတာ္ေသးတာေပါ့..."
"ေဒၚေလးေျပာမွပဲ သမီးငိုေတာင္ငိုခ်င္လာၿပီ...ေဒၚေလးနဲ႔ဖုန္းေျပာတဲ့အခ်ိန္ကလည္း က်ဲလာေတာ့ ဆရာ့ဖုန္းနံပါတ္ကိုေတာင္းဖို႔ေမ့ေမ့သြားတာ...သမီးအခုပဲေက်ာင္းကိုသြားလိုက္မယ္..."
"မမေရ...သမီးလည္းလိုက္မယ္ေလ..."
ထမင္းစားပဲြကေနအလ်ွင္စလို ထသြားေသာပံုရိပ္၏ ေနာက္ေက်ာေလးကိုၾကၫ့္ၿပီး
ေဒၚရွင္းသန႔္လည္းသက္ျပင္းေမာကိုခ်လိုက္မိသည္။
ဆံပင္ရွည္ေတြကို ေျပျပေလးစီးေနွာင္ထားေပမဲ့ အံုထူေတာ့ေက်ာေပၚမွာ အေထြးလိုက္ျဖစ္ေနကာ ရမ္းခါသြားတိုင္း မဟာဆန္ခ်င္သည္။အသားအရည္ျဖဴႏုေနတာကိုမွ သူေဌးအိမ္မွာေနရေတာ့ ၀င္းၿပီးၾကည္လင္ေနသည္။
မ်က္ႏွာေလးက ဆယ့္ေျခာက္ႏွစ္သမီးေလးဆိုတဲ့အတိုင္း ျပစ္မ်ိဳးမွဲ႔မထင္လွပေနကာ ကိုယ္လံုးကိုယ္ထည္ကလည္း ဖြံ႔ဖြံ႔ထြားထြားႀကီးမဟုတ္ေပမဲ့ ေကာက္ေၾကာင္းလွလွေလးနဲ႔ ယဉ္စစေလးျဖစ္ေနသည္။
"ေအာ္..ဒီမိန္းကေလးကိုမေတာ္တေရာ္လူမ်ိဳးေတြနဲ႔ မေတြ့ေစခ်င္ေပ...ကိုယ့္စိတ္ထဲမွာေတာ့အသင့္ေတာ္ဆံုးလူကိုေတြ့ထားေပမဲ့..ထုတ္၍လည္းမေျပာခ်င္ေပ။ငယ္လည္း ငယ္ေသးသည္ကို။သူ႔အဖြားက စည္းကမ္းႀကီးသူဆိုေတာ့ ေသခ်ာၾကပ္မတ္ေလာက္မွာပါ။
သူတို႔ၾကားက သံေယာဇဉ္ေလးေတြကိုယ့္ေၾကာင့္ အေရာင္စြန္းထင္ကုန္မွာလည္း စိုးရသည္။
(ဒုတိယပိုင္း...ဆက္ရန္ရိွသည္..)
🌹🌹🌹🌹🌹🌹
updateေလးၾကာသြားလို႔စိတ္မဆိုးပါနဲ႔ေနာ္ ဇာတ္လမ္းကိုendingအထိ စဉ္းစားထားၿပီးေပမဲ့ စာဖတ္သူေတြေက်နပ္ေအာင္ ဘယ္လိုအခ်ိဳးအေကြ့လုပ္ရမလဲ စဉ္းစားရင္ ေမးခြန္းေလးအေျဖမေပၚျဖစ္ေနလို႔ပါ...ဒီရက္ပိုင္အသံသြင္းတာေလး စမ္းေနတာလည္းပါပါတယ္...
No comments:
Post a Comment