🔥ဆူးကြိုး...🔥အခန်း(၃၉)🔥ဒုတိယပိုင်း

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


  🔥ဆူးကြိုး...🔥အခန်း(၃၉)🔥ဒုတိယပိုင်း  


"မမရယ်...သမီးကို‌စောင့်ပါအုံးလား..

နေတွေဒီလောက်ပူနေတဲ့ဥစ္စာကို မမအသားတွေနေလောင်ကုန်ပါအုံးမယ်..."


ပိစိမသည် ထီးကို‌ဖွင့်ဆောင်းလျှက် ပုံရိပ်၏နောက်မှ ပြေးလိုက်လာပေမဲ့ လူကောင်သေးသလောက် သွက်လွန်းသောပုံရိပ်၏ခြေလှမ်းကို မနည်းမှီအောင် လိုက်နေရလေသည်။


မမကတော့လေ ဘာဇောတွေကပ်နေသလဲမသိပါဘူး။မန္တလေးမှာဆိုရင် တော်ရုံကိစ္စလောက်နဲ့

တုပ်တုပ်တောင်မလှုပ်တဲ့ လူက ထဘီစကပ်ကြီးတောင် ကွဲထွက်သွားတော့မည့်အတိုင်း လမ်းလျှောက်နေတာများ အပြေးပြိုင်နေသလိုပဲ။

ဖွားညိုသာ ဒီလိုရှပ်ပြာရှပ်ပြာဖြစ်နေပုံကိုမြင်ကြည့်ပါလား..မန္တလေးကိုချက်ခြင်းပြန်ရမှာသေချာတယ်..။


"နင့်ကိုအဖော်ထည့်လိုက်တာက ပျော်ဖို့ပါးဖို့မဟုတ်ဘူးနော်..

အရိပ်ကိုသေချာစောင့်ကြည့်ထားဖို့လွှတ်လိုက်တာ..သူ့အဒေါ်တွေနဲ့ဆက်ဆံရေးကို သေချာလေးစောင့်ကြည့်....သူ့အဒေါ်ကအရိပ်ကို မဟုတ်တာတွေ လျှောက်မသင်ပေးစေနဲ့..."


ဖွားညို၏ တစ်ချက်လွှတ်အမိန့်သံကြီးကို နားထောင်ပြီး ကိုယ့်ခေါင်းကိုသာပြန်ကုတ်လိုက်မိသည်။

ကိုယ့်ဘာသာစိတ်သန့်သန့်နဲ့နေချင်ပေမဲ့ အခုတော့သလျှိုလိုလို ဘာလိုလိုဖြစ်နေရပြီ။ဘာပဲဖြစ်ဖြစ် ပိစိမရဲ့တာ၀န်က မမကိုစောင့်ရှောက်ဖို့ပဲ မဟုတ်ဘူးလား။မမဆိုတာ အရမ်းလိမ္မာတဲ့သူတစ်ယောက်ဖြစ်လို့ ဘာအမှားကြီးကြီးမားမားမှ မလုပ်လောက်ဘူးဟု တွက်လိုက်သည်။


"မမရေ..သမီးကိုစောင့်ပါအုံးလို့...."


နေပူထဲတွင် ခပ်သုတ်သုတ်သွားနေသော မမ၏အနောက်သို့ပြေးလိုက်သွားပြီး အပေါ်မှထီးမိုးပေးလိုက်သည်။ဘယ်လိုပဲ ဖြစ်ဖြစ် ပိစိကမမဘက်မှာပဲ ရှိနေမှာ။မမဘာပဲလုပ်လုပ် ပိစိကထောက်ပံ့ပေးမှာ။မမက ပိစိရဲ့တစ်ဦးတည်းသောအစ်မကြီးလိုပဲ။


"မမရယ်...ဘာလို့အဲ့လောက် မြန်မြန်လျှောက်နေရတာလဲ...

ချော်လဲပါအုံးမယ်..."


"မဖြစ်ပါဘူးဟာ...အခုနေမှမရှင်းပြရင်..ဆရာကငါ့ကိုအထင်လွဲတော့မှာ...ငါတော်တော်အသုံးမကျတာပဲပိစိရယ်..တကယ်အရေးကြီးတဲ့လူကိုမှ မေ့ထားမိတယ်...‌စည်းစိမ်ချမ်းသာတွေကိုခံစားပြီး...

ငါဘ၀မေ့သွားတာများလား..

ဆရာပေးခဲ့တဲ့စက်ဘီး‌နီနီလေးကိုလည်း...အခုထိငါထုတ်ပြီးမစီးဖူးသေးဘူး..."


"အော်...ဖွားညိုကစက်ဘီးမှမစီးခိုင်းတာပဲကို...

မမကအမြဲ...ကားနဲ့ပဲသွားနေရတော့ စက်ဘီးမလိုဘူးလေ..."


"မဟုတ်ဘူး...ပိစိ..ငါတကယ်ကိုမေ့နေခဲ့တာ...

ငါဆရာ့စေတနာကိုဆော်ကားလိုက်သလိုပဲ..

ဆရာကငါ့အပေါ်မှာ ဘယ်လောက်ကောင်းခဲ့သလဲဆိုတာ...ငါအသိဆုံးပဲ..."


မမရဲ့မျက်၀န်းတွေကမှေးကျနေပြီး တော်တော်လေးယူကြုံးမရစွာ၀မ်းနည်းနေသလိုပဲ။

လေသံကအစ ငိုသံစွတ်နေ၍ပိစိမတောင် သနားနေမိသည်။အဲ့ဒီ့ဆရာဆိုသောလူက မမအတွက်

ဒီလောက်တောင် အရေးပါတာလား။

ဖွားညိုကတော့ တစ်ခုခု ထူးခြားတာရှိရင်အကြောင်းကြားတဲ့။

ဒီကိစ္စကို ဖွားညိုဆီပြန်ပြောလိုက်ရမလား။


အို..မဖြစ်ပါဘူး..မဖြစ်ဘူး။မမစိတ်ဆင်းရဲရလိမ့်မယ်...။ဟိုမှာဆိုရင် မမကအမြဲလိုလိုခံစားချက်ကို ထိန်းထားရတဲ့လူတစ်ယောက်မဟုတ်လား။

သူ့အဒေါ်‌နဲ့တွေ့တော့ ပျော်နေတဲ့မျက်နှာလေးကမျက်လုံးထဲကကို မထွက်ဘူး။

မမကို ဒီလိုလေးပဲအမြဲမြင်ချင်ပါတယ်။


"မမ...ဒါကဘုန်းကြီးကျောင်းမဟုတ်လား..."


ဘုန်းကြီးကျောင်းတစ်ခု၏အရှေ့ကို ရောက်တော့ပါးစပ်က လွတ်ခနဲထွက်သွားသည်။မမကတော့ ‌ကျောင်းပေါက်၀မှာ ဖိနပ်ချွတ်နေရင်းနဲ့ မျက်လုံးလေးတွေကအစ အရောင်တောက်လို့။

ခြေဖမိုးပြည့်ပြည့်လေးမှ ဖိနပ်အနက်ရောင်လေးကိုချွတ်လိုက်တော့ ဖွေးဥနေသောခြေချောင်းလေးတွေက ရှည်ရှည်သွယ်သွယ်လေးတွေဖြစ်နေသည်။

မမက ခြေဆုံး၊ခေါင်းဆုံးလှလွန်းသူလေးပါ။


"ဆရာက...ဘုန်းကြီးကျောင်းသားလေ...တို့အရင်ကဒီမှာ ကျူရှင်လာတတ်ခဲ့ဖူးတယ်...."


"ဟော့တော်....မမကဒီမှာကျူရှင်တက်တာ..."


"အင်း...တို့အဒေါ်ကအပြင်ကျူရှင်မှမထားနိုင်တာ..အဲ့တော့ဆရာ့ဆီမှာလာတက်ရတာပေါ့...

ဆရာကအရမ်းသဘောကောင်းတယ်...အသင်အပြလည်းသိပ်ကောင်းတာ...စေတနာကတော့ ပြောမပြတတ်အောင်ပါပဲ..."


"ဘုန်းကြီးကျောင်းမှာ ကျူရှင်တက်ရတော့မမအားငယ်မှာပဲနော်..."


"မငယ်ပါဘူး...ဘာအားငယ်စရာရှိလို့လဲ...ဆရာ့လိုလူမျိုးနဲ့တွေ့ဆုံရတာကိုက...နတ်မတာပဲ..

အန်တီမေဦးလို...ပုပ္ပါးကိုခဏခဏသွားစရာမလိုပဲ..

ကောင်းချီးပေးခံရတာဘယ်လောက်မိုက်သလဲ...

ဆရာကတို့ရဲ့မီးအိမ်ရှင်...တို့ရဲ့ပထမဆုံးရင်ဘတ်မိတ်ဆွေ...ဆရာ့ကြောင့်သာမဟုတ်ရင်....

တို့လမ်းမှားကိုရောက်နေတာကြာပေါ့..."


အရင်ကအတိတ်တွေကို ပြန်တွေးတော့ ကောင်းနိုးရာရာလေးတွေကိုထုတ်နုတ်၍ပြုံးလိုက်မိသည်။


ဟုတ်ပါတယ်။ဆရာဟာ ပုံရိပ်ကိုအိပ်မက်ဆိုးတွေကနေဆွဲထုတ်ပေးတဲ့ ကယ်တင်ရှင်ကြီးပါ။

ပုံရိပ်မဖြေရှင်းနိုင်တဲ့ အခက်အခဲပြဿနာတိုင်းကို ဆရာနဲ့တိုင်ပင်ကြည့်လိုက်တာနဲ့ အဖြေကအလိုလိုတန်းရသွားရော။


စာအုပ်တွေနဲ့ တ‌ဖြည်းဖြည်းဝေးကွာချင်နေတဲ့ပုံရိပ်ကို ဘကကျောင်းရဲ့စာကြည့်တိုက်လေးဆီခေါ်လာခဲ့တာလည်း ဆရာပါပဲ။ဆူးလေဘုရားကြီးနဲ့မြို့တော်ခန်းမဆိုသော ရန်ကုန်မြို့၏အလယ်ခေါင်ကို ရောက်အောင်ခေါ်သွားပေးခဲ့တာကလည်း ဆရာဖြစ်ပြီး စာအုပ်ဟောင်းတန်းကြီးကိုပထမဆုံးမြင်ခွင့်ရအောင် လုပ်ပေးခဲ့သူကလည်းဆရာပါပဲ။

ဆရာသာ ဒေါ်လေးကိုအတန်းပိုင်ဆရာမနဲ့ပေး

မတွေ့ခဲ့ရင် ပုံရိပ်လည်းအခုလောက်ဆို စာသင်ခန်းနဲ့အဝေးကို ရောက်နေလောက်ပြီ။


"မမပုံ...ဘာတွေစဉ်းစားနေတာလဲဟင်...ကျောင်းထဲကို ၀င်မ‌ယ်လေ...."


"အော်....ဟုတ်သားပဲ...ဆရာနဲ့တွေ့ဆုံခဲ့ရတဲ့အကြောင်းတွေကို အစကနေပြန်တွေးနေမိတာ..."


ပွင့်ပွင့်လင်းလင်းပြောချလိုက်ပြောလိုက်သောမမကြောင့်

ပိစိမ‌တောင်မျက်လုံးပြူးသွားရသည်။

*မဟုတ်မှ မမကအဲ့ဒီ့ဆရာဆိုသူအပေါ်မှာ.....

မဟုတ်လောက်ပါဘူး...ငါ့အထင်နေမှာပါ...မမလိုလူကဘုန်းကြီးကျောင်းသားတစ်ယောက်အပေါ်မှာ ဒီလိုစိတ်တွေမရှိနိုင်လောက်ပါဘူး....*


ခေါင်းကိုသာအကြိမ်ကြိမ်ဖိရမ်းရင်း ကိုယ်ဘာသာပြန်၍ငြင်းဆန်နေမိသည်။


"ဦးဇင်းပြုံးချို...ဦးဇင်းပြုံးချို...တပည့်တော်မကိုမှတ်မိလား..."


"ဟင်...ဘယ်သူတုန်း...."


ပုလင်းဖင်လောက်မျက်မှန်ကိုတပ်ထားရသည့် ဦးဇင်းပြုံးချိုသည် သူ့မျက်မှန်ကိုကိုင်ပြီး သေချာလေးပြူး‌ကြည့်နေပေမဲ့ မမှတ်မိဘူးထင်သည်။

တစ်နှစ်ကျော်လေးပဲ ကြာသွားတာကို...ဆရာကရောပုံရိပ်ကို ဒီလိုမမှတ်မိပဲနေမှာလား။


"ဟော...ပုံရိပ်မဟုတ်လား...တကာမကပုံရိပ်လား..."


"အစစ်ပါပဲ...ဦးဇင်းရဲ့...."


"ဟေ...တကာမလေးကိုဦးဇင်းမှတ်တောင်မမှတ်မိဘူး...

လူကောင်လည်းထွားလာတာကို...မြန်မာ၀တ်စုံကြီးနဲ့ အပျိုကြီးပုံဖမ်းနေမှတော့ လူမှားပြီပေါ့...

နေပါအုံး...ပုံရိပ်ကအဖွားဆီကိုသွားနေတာဆို...

နေမျိုးပြောတာလေ...မန္တလေးမှာအဆင်ရောပြေရဲ့လား..."


"ပြေပါတယ်ဦးဇင်းရဲ့..."


"အေးအေး..တကာမလေးရဲ့ဆရာဆီကိုလာတာမဟုတ်လား...မနက်ဖြန်ဆရာတော်ကြီးရဲ့မိခင်ဆုံးတဲ့ဆယ်နှစ်ပြည့်မို့လို့...ဟင်းချက်တဲ့အဆောင်ဘက်မှာအလုပ်ရှုပ်နေတယ်...ဦးဇင်းလည်း၀ယ်ခြမ်းစရာလေးတွေရှိလို့ သွားလိုက်အုံးမယ်နော်.."


"တင်ပါ့...."


အမြဲတမ်းစကားပြောလျှင် ပြုံးရွှင်နေတတ်သော ဦးဇင်းပြုံးချိုကို ပြုံးပြလိုက်ပြီးအလုပ်တွေဘာတွေလုပ်ရင် ချက်ပြုတ်နေကြမီးဖိုဆောင်ဘက်သို့ ကူးလာခဲ့လိုက်သည်။ကျောင်းဆောင်တွေကလည်း အသစ်တွေထပ်ဆောက်ထားသောကြောင့် အမြင်တောင်မှားချင်နေလေပြီ။ဘုရားကြီး‌ဘေးရှိကန်ကိုလည်း အုတ်တံတိုင်းခတ်ထား၍ အလွယ်တကူ၀င်ခွင့်မရတော့ပေမဲ့ ကလေးတွေရေကန်ထဲသို့ ကျမည့်ဘေးမှဝေးသွားလေပြီ။


ဘုရားရင်ပြင်ပေါ်မှာရှိသော အင်ကြင်းပန်းပင်ကြီးကတော့ လှပစွာရှိနေတုန်းပါပဲ။ဒေါ်လေးကနေတစ်ဆင့် ကျောင်းကိုလှူခိုင်းခဲ့တာတွေရှိတာကြောင့် ဆရာလည်း ပုံရိပ်ကိုချီးကျူးနေမှာပါလေ။


"ဆရာ...."


မီးဖိုဆောင်ရှေ့သို့ ရောက်လာသောကြောင့် နောက်ကျောဘက်ကိုတွေ့လိုက်ရတော့ ဆရာ့ကိုနှုတ်ဆင်ချင်ပေမဲ့ ပုံရိပ်၏ပါးစပ်မှစကားသံထွက်မလာရဲပေ။


"ကိုနေမျိုး....ပင်ပန်းနေပြီလား....ပေးပေး...

နုနုတလှည့်လုပ်ပါ့မယ်....

ဟယ်ကြည့်စမ်း...

ကြက်သားမွှေနေတဲ့လူက ကြက်သားရုပ်ပေါက်တော့မှာပဲ...ဒီမှာငရုတ်သီးဖက်တွေကပ်နေတယ်...

ဒုက္ခပါပဲ...စပ်နေတော့မှာပဲ...."


"နုနုရေ...နေမျိုးကိုနင်ပဲ...သေချာကြည့်ထားပါဟယ်...မလုပ်ပါနဲ့ဆိုတာလာလုပ်နေတယ်...ရော့..

ဒီတစ်ရှူးနဲ့သုပ်ပေးလိုက်...."


"ရပါတယ်...ကျွန်တော့ဘာသာပဲသုတ်ပါ့မယ်...."


"အို...အစ်ကို့လက်မှာက ဟင်းရေတွေနဲ့ကိုငြိမ်ငြိမ်နေပါ...နုနုသုတ်ပေးပါ့မယ်..."


"ငြင်းမနေပါနဲ့အေ...နောက်လည်းငြင်းမရတဲ့လူတွေဖြစ်မှာပဲကို...."


"ဟာ...ဆရာမကလည်းဗျာ...ဆရာမနုနုကိုအားနာစရာ..."


"ဘာအားနာစရာရှိသလဲ...နုနုကဆရာ့ဘက်မှာပါနော်...."


"ဟား...ဟား..."


ပုံရိပ်ကသာ အရာအားလုံးကိုမြင်နေကြားနေရပေမဲ့ သူတို့ကတော့ပုံရိပ်ကိုမမြင်ဘူးထင်ပါတယ်။

သူတို့အပျော်နှင့်သူတို့ ရယ်မော၍မဆုံးဖြစ်နေသည်။

ကျောခိုင်ထားသည့် ဆရာ့ကျောပြင်ကျယ်ကျယ်

ကြီးကိုကြည့်ပြီး ၀မ်းနည်းလာသလိုခံစားနေရသည်။

ဆရာ့မျက်နှာကို တစ်ရှူးနဲ့ဖွဖွလေးသုတ်ပေးနေသော ဆရာမနုနုကို အကြောင်းအရင်းမရှိ

အမြင်ကပ်နေမိသည်။


နီးကပ်လွန်းသော မျက်နှာနှစ်ခုကို ဆွဲ၍ဖယ်ပြစ်ချင်နေမိသည်။ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲလာပြီး ဒေါသတွေလည်း ထွက်လာမိသည်။အံကိုကြိတ်မထားမိပေမဲ့ ပုံရိပ်ဆရာ့ကိုဒီနေရာကနေ ဆွဲခေါ်သွားချင်သည်။ဆရာကရော ဘာလို့ဆရာမနုနုနဲ့ဒီလောက်

 နီးနီးကပ်ကပ်နေနေရတာလဲ။မဟုတ်မှသူတို့က ချစ်သူတွေများလား။


"ဟယ်...ဟိုဟာဘယ်သူလေးလဲ...."


ပုံရိပ်နှင့်ပိစိကိုမြင်သွားသော ဆရာမနုနုကအခန်းပေါက်၀သို့လက်ညှိုးထိုက်‌လိုက်သည်။

အားလုံးကပုံရိပ်ကိုသာ လှမ်း၍အံ့ဩထူးဆန်းသလို ကြည့်နေကြလေသည်။ပုံရိပ်ကို ကျောခိုင်းထားသောဆရာသည်လည်း တဖြည်းဖြည်းလှည့်ကြည့်လာခဲ့သည်။

ဆရာ့ကိုတွေ့တွေ့ချင်း နှစ်လိုဖွယ်ကောင်းအောင်ပြုံးပြလိုက်မိပေမဲ့ ဆရာကတော့မျက်လုံးတွေမှေးကျင်းသွားအောင်အထိ ခေါင်းအစ၊ခြေအဆုံးသေချာအကဲခတ်‌နေလေသည်။


ပြုံးနေမိသော ပုံရိပ်၏နှုတ်ခမ်းတွေ တည်ကျသွားမိသည်။တစ်နှစ်ကျော်လေးပဲရှိသေးတာကို ဆရာကပုံရိပ်ကိုမမှတ်မိတော့ဘူးတဲ့လား။ရင်ထဲမှာ အလိုလို၀မ်းနည်းလာသည်။ဆံပင်တွေပိုရှည်လာတာနဲ့ အရပ်နည်းနည်းရှည်လာတာပဲရှိတာပါ။

မျက်နှာကလည်း ဘာမှသိပ်မပြောင်းလဲပါဘူး။

မဟုတ်မှ မြန်မာ၀မ်းဆက်၀တ်ထားလို့များလား။

၀မ်းနည်းမိ၍မျက်ရည်တောင်ဝဲချင်လာသည်။


"နေမျိုးရေ...ဆရာတော်ကြီးခေါ်နေတယ်...ကျောင်းပေါ်ကိုလာခဲ့ပါအုံးတဲ့....အရေးကြီးလို့ချက်ချင်းလိုက်ခဲ့ပါတဲ့..."


"ဟုတ်ကဲ့...ဦးဇင်းတပည့်တော်အခုလာခဲ့ပါ့မယ်...

အော်...ပုံရိပ်...ဆရာတို့နောက်မှစကားပြောကြတာပေါ့..."


"ဟင်..."


အခန်းအပေါက်၀တွင် ပုံရိပ်ကမလှုပ်မယှက်ရပ်နေမိတော့ ပခုံးစွန်းကိုအနည်းငယ်တိုက်မိသွားပြီး လေသံတိုးတိုးနှင့် ပြောသွားခဲ့‌သည်။

ထွက်သွားတဲ့ ဆရာ့ကျောပြင်ကိုလိုက်ကြည့်ပြီး၀မ်းနည်းလွန်းလို့ မျက်ရည်ဝဲမိသည်။

သိရဲ့သားနဲ့၊မှတ်မိရဲ့သားနဲ့ အကြည့်ချင်းစဆုံတည်းက နှုတ်မဆက်ပဲ အခုမှမြင်တွေ့ဖူးသလို

ခပ်စိမ်းစိမ်းကြည့်နေခဲ့တယ်။


*အေးပေါ့လေ..ပုံရိပ်အတွက်သာဆရာကတစ်ဦးတည်းသော..ရင်ဘတ်မိတ်ဆွေကြီးဖြစ်ပေမဲ့..

ဆရာ့မှာခင်မင်စရာတပည့်တွေက ပုံရိပ်တစ်ယောက်တည်းမှမဟုတ်ပဲ.."


"မမ...ခုဏကလူကမမရဲ့ဆရာလား..."


"ဟုတ်တယ်.."


ကျောင်း၀န်းထဲမှာဆက်မနေချင်တော့၍ ပြန်ထွက်လာမိရာမှနောင်တရနေမိသည်။

ဆရာ့ကိုစောင့်လိုက်ရင်ကောင်းမလား။

"ဟင့်အင်း...မစောင့်ချင်တော့ဘူး..ဆရာကပုံရိပ်ကိုတွေ့တာတောင် ဖလှဲတကင်းနှုတ်ဆက်ဖော်တောင်မရဘူး.."


"မမရဲ့ဆရာက ငယ်ငယ်လေးရယ်နော်..ဟီးဟီး..

ချောလည်းချောတယ်နော်...အရပ်မြင့်မြင့်ကြီးနဲ့...တောင့်တောင့်ဖြောင့်ဖြောင့်ကြီး..."


"ဘာတွေလျှောက်ပြောနေတာလည်း ပိစိမရယ်...

စိတ်ညစ်ရတဲ့အထဲ..."


"မမကလည်း...ခုဏကတော့ဆရာ့ကိုတွေ့ချင်တာ အသက်ထွက်တော့မလိုပဲ..အခုကြတော့တစ်မျိုးဖြစ်နေပါလား...ဘာလဲ...ဟိုဆရာမလေးကြောင့်လား..."


"ဟင်!!!!!"


ပိစိမ၏စကားကြောင့် ပုံရိပ်၏မျက်နှာတွေ ထူပူထွက်သွားသည်။ရင်တွေအရမ်းခုန်လာတာကြောင့် ကိုယ့်ရင်ဘတ်ကိုယ် ပြန်စမ်းကြည့်နေမိသည်။

ဆရာမနုနုကြောင့်လား။ဒါမှမဟုတ် ပုံရိပ်ကိုမမှတ်မိတော့သလိုလုပ်နေတဲ့ ဆရာ့အပြုအမူတွေကြောင့်များလား။ပုံရိပ်တကယ်ကို မတွေးတတ်တော့ဘူး။

၀တ္ထုတွေထဲမှာ ဖတ်ရသလိုသ၀န်တိုနေတာများလား။


"ဟင့်အင်း...မဟုတ်ဘူး...မဟုတ်ဘူး..."


"ဟာ...မမရေ...ထီးဆောင်းပါဆိုတာ..."


ပိစိမက အတင်းထီးလိုက်ဆောင်းပေးပေမဲ့။

ကိုယ့်အတွေးနဲ့ကို ရှက်စိတ်မွှန်ကာခြေလှမ်းကျဲကြီးများဖြင့် အိမ်သာပြန်လာခဲ့မိသည်။

အရင်တုန်းကဆိုရင်မမလှလှလေးတွေကို တွေ့တိုင်းဆရာ့အတွက်ရည်စူးထားပေးမိပေမဲ့ ယခုတော့ဘယ်သူနှင့်မှသဘောမတူနိုင်ပေ။ဆရာ့အနားသို့ ဆရာမနုနုကပ်တာကိုပင် စိတ်ဆိုးဒေါသထွက်နေမိသည့်အဖြစ်ပါလား။


"ဆရာရယ်...ဆရာ့ကိုအဆက်အသွယ်မလုပ်လို့ ပုံရိပ်ကိုစိတ်ခုနေတာဆိုရင်တော့...

အမျက်တွေမြန်မြန်ပြယ်ပါတော့နော်...

ပုံရိပ်မခံစားနိုင်ဘူး...

ဆရာသူစိမ်းဆန်ဆန် ပြုမူဆက်ဆံတာကိုပုံရိပ်တကယ်ကို...ရင်ထဲမှာနာကျင်လို့ပါ...

မန္တလေးကိုပြန်ရောက်ရင် ဆရာလက်ဆောင်ပေးထားတဲ့စက်ဘီးလေးကိုလည်း ထုတ်စီးပါ့မယ်...

ဆရာ့ဘက်ကနေစပြီး ပုံရိပ်ကိုစကားလာပြောရင်ကောင်းမှာပဲ...

ပုံရိပ်ကတော့မပြောရဲဘူးဆရာရယ်...ခံစားချက်တွေပြောင်းလဲလာတော့မဝံ့ရဲတော့ဘူး...

အမှားလုပ်မိသူကလည်း ပုံရိပ်တစ်ယောက်တည်းရယ်ပါ....**


🌹🌹🌹🌹🌹


"မမရေ. ဒီမှာစံပယ်ပန်းလေးတွေ သီလာတယ်..."


သနပ်ခါးသွေးနေရင်းနှင့် မှန်ထဲတွင်ပေါ်လာသော ပိစိမကိုပြုံး၍လှမ်းကြည့်လိုက်မိသည်။

စံပယ်ပန်းခွေလေးကို လက်ထဲမှာကိုင်လာပြီး ပြေး၀င်လာကာ ပုံရိပ်၏ဘေးတွင်ခင်းထားသော ဖျာပေါ်တွင်ထိုင်ချလိုက်လေသည်။


"နေပါအုံး..ဒီစံပယ်ပန်းတွေကို...ဘယ်ကနေရတာလဲ..."


"ဟဲ..ဟဲ..အိမ်ခြေရင်းဘက်ကမမရဲ့ဒေါ်လေးစိုက်ထားတာတွေလေ...အပွင့်တွေဝေနေတာများ..မခူးပဲဒီအတိုင်းထားတာ နှမျောစရာကြီး..ပြီးရင်ကြွေကျသွားမှာ..

တို့မမရဲ့ရုပ်အဆင်းရူပါပြည့်စုံမှုနဲ့..ပန်းလေးတွေရဲ့ ရနံ့နဲ့ပေါင်းလိုက်ရင်..

ဘယ်လောက်လှလိုက်မလဲ.."


"ပန်တာတော့ဟုတ်ပါပြီ..ဘယ်မှလည်းသွားတာမဟုတ်ပဲနဲ့ ဝါးလုံးခေါင်းထဲမှာလသာသလိုဖြစ်နေမှာပေါ့.."


"အမယ်လေး...တို့မမကလည်းအတွေးခေါင်လိုက်တာ..အိမ်ထဲမှာလည်းလှလှလေးနေပေါ့

..ဘာဖြစ်လဲ..."


ထဘီရင်လျှားထားသည့် ပုံရိပ်၏ပခုံးကိုသိုင်းဖက်ပြီး ကလေးတစ်ယောက်လိုဘယ်ညာယိမ်းနေ၍ သူ့ခေါင်းကိုဖွဖွပုတ်လိုက်မိသောအခါ ပိန်ပါးသောကြောင့်ပေါ်လွှင်နေသော ညှပ်ရိုးကိုနမ်းသွားလေသည်။


"ပိစိမရယ်...နင်နဲ့နေရတာ..ငါလန့်တောင်လာပြီနော်..."


"ဟဲ..ဟဲ...လန့်စရာမလိုပါဘူး..ပိစိကအစိုမှအစိုအစစ်..ကိုယ့်အစ်မကြီးကိုအသဲယားလို့နမ်းတာ...မမသိလား..ပိစိမသာယောက်ျားလေးဆို..မမကိုပဲကြိုက်မှာ..ရုပ်လေးလည်းလှ..စိတ်ထားလေးလည်းကောင်းပြီး..

တော်လည်းတော်တယ်..မမကိုရတဲ့အမျိုးသားကတော့ ကံကောင်းမှာပဲနော်.."


"ဟဲ့...ငါကအခုမှအသက်၁၆နှစ်ပဲရှိသေးတယ်လေ..ဘာစကားကြီးတုန်း.."


"သိဘူး..ပိစိမကစိတ်ထဲရှိတဲ့အတိုင်းပြောတာ.."


မှန်ကိုကြည့်ပြီး ပါးကွက်ဝိုင်းဝိုင်းလေးကွက်နေမိပြီးမှ ပိစိမကိုလှမ်းကြည့်လိုက်မိသည်။

ပုံရိပ်၏အနားမှာ အမြဲတမ်းရှိနေတတ်ပြီး

အ‌သေးအမွှားလေးကအစလိုက်စိတ်ပူပေးတတ်လွန်းလို့ ကိုယ်ကလည်းညီမအရင်းလေးလို ချစ်ခင်မိပါတယ်။


ဟိုမှာဆိုရင် အစ်မတွေနဲ့လည်း သိပ်စကား

မပြောဖြစ်ပေမဲ့ ပိစိမရှိနေရင်ကို ပျော်ဖို့ကောင်းသည်။သူတစ်ပါးစိတ်ချမ်းသာအောင်လည်း ပြောတတ်၍ပိုပြီး သံယောဇဉ်ဖြစ်မိသည်။


"ဒါနဲ့လေ..မမနဲ့ဟိုဆရာကဘယ်လိုတွေ့ကြတာလဲဟင်..."


ပါတိတ်၀မ်းဆက်အ၀ါနုတ်‌လေးကိုမှ ရင်စေ့လေးရွေး၀တ်လိုက်ပြီး ဆံပင်တွေကိုစုထုံးလိုက်ကာ စံပယ်ပန်း‌ကိုခွေ၍ပန်လိုက်သည်။

ပိစိမ၏ စကားကိုဖြေဖို့ဆိုလျှင် မိုးသဲသော

ညတစ်ညမှ ပြန်၍ဆက်ရပေလိမ့်မည်။


ဆရာနဲ့ပုံရိပ်၏တွေ့ဆုံမှုမှာ ဆရာ့ဘက်ကနေပဲအမြဲကူညီထောက်ပံ့ပေးခဲ့တော့ ပုံရိပ်၀မ်းနည်းရသည်။ဆရာ့အတွက်၀ယ်လာတဲ့ လက်ဆောင်ထုပ်လေးတွေကိုလည်း

လှမ်းကြည့်လိုက်မိပြီး သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်။


"ဆရာနဲ့..တို့စတွေ့တာက..မိုးတွေအရမ်းရွာတဲ့နေ့ကလေ..အဲ့နေ့မှာဦးသက်ဆွေကတို့‌အရမ်းချစ်တဲ့ကြောင်လေးကိုသတ်ပစ်လိုက်လို့ဆိုပြီး..စိတ်ဆိုးဒေါသထွက်တာနဲ့..အိမ်ကိုမပြန်တော့ပဲ...ဘုန်းကြီးကျောင်းထဲမှာပဲ ဘုန်းကြီးမသိအောင် ၀င်ခိုနေလိုက်တယ်..

ဆရာနေမျိုးနဲ့ကိုရင်တစ်ပါးက လာခေါ်တော့မှ လိုက်သွားတာပေါ့..အဲ့ဒီ့အချိန်တုန်းက

တို့စိတ်ထဲမှာ သေသွားရင်တောင်ကြောက်နေမှာမဟုတ်ဘူးလို့..တွေးခဲ့တာ.."


"ဟယ်...မမရယ်..မတွေးကောင်းတာတွေ..

ဒါဆိုရင်...အဲ့ဒီ့ဆရာက..မမကိုအသက်ဘေးကနေကယ်ခဲ့တာပေါ့..."


"အင်း..အဲ့လိုပြောလို့ရပါတယ်...ဆရာ့ကို

စတွေ့တုန်းက..တို့ကိုဆူလို့ဆိုပြီး..အမြင်ကပ်ခဲ့တာ...ဒါပေမဲ့..အဲ့ဒီ့ညရဲ့အချိန်ခဏလေးအတွင်းမှာ..တို့သိလိုက်တာကတော့သူကသိပ်နွေးထွေးပေးတတ်ပြီး ကြင်နာတတ်တဲ့လူတစ်ယောက်ဆိုတာပဲ..တို့ချမ်းနေမှာစိုးလို့

အသစ်ဆက်ဆက်အ၀တ်အစားကိုတောင် လက်ဆောင်ပေးလိုက်သေးတယ်..

အဲ့အချိန်ကတို့ဘယ်မှာနေတယ်...နာမည်ဘယ်သူလည်း သူမသိဘူးနော်..ဆရာ့ရဲ့စိတ်ရင်းကအဲ့လောက်အထိ သူတပါးအပေါ်ကိုစေတနာထားတတ်တာ..."


"မမပြောတာနဲ့..ကျွန်မတောင်အဲ့ဆရာကိုလေးစားလာပြီ.."


ပုံရိပ်လည်း ပြုံးလိုက်ပြီးနံရံကိုမှီထားလိုက်မိသည်။ဆရာနဲ့အနီးကပ်နေမိသူတိုင်းက

ဆရာ့ကိုသဘောကျတယ်ဆိုရင် ဆရာမနုနုလည်းဆရာ့ကို သဘောကျမှာအသေအချာပဲ။ကိုတန်းနှစ်တည်းက ဆရာမနုနုနဲ့ဆရာနေမျိုးကို ဦးဇင်းပြုံးချိုတင်မကပဲအခြားဆရာမတွေကပါ ဝိုင်းပြီးသဘောတူပေးနေကြမှန်းသိပါတယ်။


ကြိုးချင်းထားတော့ ထိတယ်ဆိုရင်ဆရာမနုနုနဲ့ တွေ့ပါများတော့ဆရာများ ဆရာမနုနုကို သဘောကျနေပြီလား။ဘယ်လိုပဲဖြစ်ဖြစ်ဆရာပျော်နေရင်ရပါပြီ။

စတွေ့ခဲ့တဲ့အချိန်တည်းက ပုံရိပ်ရဲ့အပေါ်မှာအများကြီး ကောင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။


"ပုံရိပ်ရေ...သမီးရဲ့ဆရာရောက်နေတယ်..ထွက်တွေ့လိုက်ပါအုံး..."


အခန်းပေါက်၀တွင်လာရပ်၍ပြောလိုက်သောဒေါ်လေး၏စကားကြောင့် ပုံရိပ်ကြောင်အသွားမိလေသည်။


"ဒေါ်လေး..ဆရာဆိုတာ ဆရာနေမျိုးကိုပြောတာလားဟင်..."


"ဟယ်..ဒီကလေးမကတော့..နင့်ဆရာပါဆိုဘယ်သူရှိအုံးမှာလဲ..သွား..ထွက်တွေ့လိုက်...

ခြံထဲမှာစောင့်နေတယ်..ဆရာ့ဆီကိုသွားတာ လူကိုမတွေ့ပဲပြန်လာရတယ်လို့..ဟိုကလိုက်လာရတဲ့အဖြစ်ရောက်နေပြီ..အားနာဖို့ဘယ်လောက်ကောင်းသလဲ.."


ဒေါ်လေးက ဆူပြီးပြန်ထွက်သွားလေသည်။

ပုံရိပ်ကတော့ ကြောင်တောင်တောင်ကြီးဖြစ်နေမိရာမှ ချက်ချင်းအသိ၀င်လာကာ မတ်တပ်ထရပ်လိုက်ပြီး လက်ပျက်၀မ်းဆက်လေးကို တွန့်ကြေနေမှာစိုးလို့ အသာဆွဲဆန့်လိုက်သည်။


"မမ..မသွားသေးဘူးလား..ဘာလုပ်မလို့လဲ..."


"မှန်ကြည့်မလို့..."


"ဟင်..."


ပိစိမလည်း ဒီနေ့မှထူးခြားနေသောမမ၏

ဖြစ်ပျက်နေမှုတွေကို တစ်ခုမကျန်လိုက်ကြည့်နေမိသည်။

မှန်ကိုကြည့်ပြီး အပြောင်သိမ်းထားသော

နဖူးပေါ်သို့ဆံစလေးတွေကိုဆွဲချနေလေသည်။


မှန်ကိုကြည့်ပြီး လှလှလေးပြုံးလိုက်သေးတဲ့အပြင် ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်သေးသည်။

မမရဲ့အခုပုံစံက ချစ်သူနဲ့သွားချိန်းတွေ့ခါနီး 

ရင်ခုန်စိတ်လှုပ်ရှားနေသလို ပုံစံဖြစ်နေတာမို့

ပိစိမလည်း ကြိတ်၍ရယ်လိုက်မိသည်။

ပထမဆုံး ကျောက်အရောင်းအ၀ယ်ဖြစ်တုန်းကလို ပျော်ရွှင်နေတာမျိုးလေးပင်။


"တို့အဆင်ပြေရဲ့လားပိစိ..."


"ဘာကိုလည်းဟင်..."


"တို့ကြည့်ကောင်းရဲ့လားလို့.."


"အဟင်း..ကြည့်ကောင်းရုံတင်မဟုတ်ဘူး..

လှလိုက်တာမှ..တာ၀တိံသာနတ်သမီးလေးနတ်သက်ကြွေကျလာသလိုပဲ..."


ပိစိမ၏ အမြှောက်စကားကြောင့်ပုံရိပ်ပြုံးလိုက်မိပြီး ဆရာ့အတွက်၀ယ်လာသောလက်ဆောင်ထုပ်လေးကို အိတ်ထဲမှထုတ်လိုက်ကာ အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။ခြံထဲကိုရောက်တော့ ဆရာကထွန်းကိုနှင့်မိစုကို ပေါင်ပေါ်သို့တင်ပြီးပုံပြင်ပြောပြနေလေသည်။


"ဆရာ...."


သူတို့ပုံပြင်ပြောပြီးတဲ့အထိ စောင့်ပေးဖို့စဉ်းစားထားပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် အလျှင်လိုမိကာ ဆရာ့ကိုချက်ခြင်းလှမ်းခေါ်လိုက်မိသည်။


ပုံမှန်ဆိုရင် အိမ်မှာနေရင်းစွပ်ကျယ်တို့ ပုဆိုးအနွမ်းတို့နဲ့ပဲနေတတ်တဲ့ဆရာက အခုတော့တီရှပ်ကိုမှကော်လံပါတဲ့ အညိုရောင်လေးနှင့်ပုဆိုးအနက်ကွက်လေးကို လိုက်ဖက်စွာ၀တ်ဆင်ထားသည်။

ပုံရိပ်ဘက်သို့ လှည့်၍ပြုံးလိုက်သောအခါ

အရက်သမားများ ရေချိန်မကိုက်၍ကတုန်ကယင်ဖြစ်လာသလို ခံစားချက်ကြီးကစီး၀င်လာခဲ့သည်။


"ဆရာ...စောင့်ရတာကြာသွားပြီလား..."


"ဟင့်အင်း...မကြာသေးပါဘူး...ဆရာတို့စကားပြောရအောင်...ပုံရိပ်လိုက်ခဲ့ချင်လား..

ဆရာ့မှာဆိုင်ကယ်လ်ပါတယ်.."


"ဟုတ်ကဲ့...လိုက်ခဲ့ချင်ပါတယ်...ပုံရိပ်လည်း...

ဆရာနဲ့စကားတွေပြောချင်တယ်..."


ပုံရိပ်တို့နှစ်ယောက်၏ စကားပြောသံများသည်

တိုးညှင်းနေ၏။လေပြေနုနုက ဖြတ်တိုက်သွားတိုင်းဆရာ့ကို ငေးကြည့်နေမိရာမှ ဘယ်နှစ်ခါမှန်းမသိအောင် မျက်လွှာချနေမိသည်။နှင်းဆီတို့၏ရနံ့သည်သင်းထုံမွှေးပျံ့နေပေမဲ့ ‌ဆရာ့၏အမူအရာတစ်ခုဆီကိုသာ တရှိုက်မတ်မတ်လိုက်လံငေးကြည့်နေမိသည်။


"သွားရအောင်လေ..."


"ဟုတ်ကဲ့..."


ကလေးတစ်ယောက်လို ပုံရိပ်၏လက်ကိုဆွဲခေါ်သွားတာမျိုးမဟုတ်ပဲ အရှေ့မှဆိုင်ကယ်လ်သော့ကိုဝေ့ယမ်း၍ အေးဆေးစွာသွားနေလေသည်။

ဝါ၀င်းပြီးသား ဆရာ့၏အသားအရည်သည်

နဂိုထက် ပို၍ကြည်လင်လာသလိုပါပဲ။

အပြင်ထွက်တိုင်း ဆံပင်တွေကိုဂျယ်လ်လိမ်းထားတတ်သကဲ့သို့ ယခုလည်းဆရာလှချင်ပြန်လေပြီ။

ပုံရိပ်ပြုံးလိုက်မိပြီး ဆိုင်ကယ်လ်စက်နှိုးသည်နှင့်

ပုံရိပ်လည်းဘေးစောင်းလေးတက်ထိုင်လိုက်သည်။


"မန္တလေးမှာ ဆိုင်ကယ်လ်စီးသင်ခဲ့လား..."


"ဘယ်ကလာဆရာရယ်...ကျောင်းကိုအမြဲကားနဲ့ပဲသွားရလို့..ဆိုင်ကယ်လ်စီးတာကဘာမှန်းတောင်

မသိရသေးဘူး..အခုကပထမဆုံးဆိုင်ကယ်လ်နောက်ကလိုက်ဖူးတာ..."


"ဒါဆို...ဆရာဖြည်းဖြည်းမောင်းပါ့မယ်...သေချာကိုင်ထားနော်..."


"ဟုတ်ကဲ့..."


အနောက်သို့လှည့်မေးလာသော ဆရာ့ကြောင့်လက်ဖျားတွေအေးစက်လာကာ ဆိုင်ကယ်နောက်မှီးကိုသာ အားနဲ့ဆုပ်ကိုင်လိုက်မိသည်။

ဆရာ့ခါးကိုတော့ မဖက်ရဲပါဘူး။

အခုတောင် နေရထိုင်ရတာရှက်နေသလိုလိုနဲ့

ဘာတွေဖြစ်နေမှန်းကိုမသိဘူး။

ပုံရိပ်ရယ် သမ္မတ‌နဲ့တွေ့နေတာလည်းမဟုတ်ပဲ

ဘာကြောင့် ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ။


"အမယ်လေး...."


"သေချာကိုင်ထားလေ...ဂမုတွေရှိတယ်...

မပြုတ်ကျစေနဲ့..."


"ဟုတ်ကဲ့..."


ဒီညနေမှစကားနည်းလွန်းနေသောကိုယ့်ကိုကိုယ်လည်း ဒေါသထွက်မိသည်။

ဆရာ့ပခုံးပေါ်သို့ ပုံရိပ်၏လက်ရှည်ရှည်သွယ်သွယ်လေးတွေ တင်လိုက်သောအခါ အညိုရောင်အိင်္ကျီအသားမို့ ပုံရိပ်၏လက်ဖြူဖြူလေးတွေကပို၍ အရောင်တောက်နေသလိုပါပဲ။ပုံရိပ်တစ်ချက်မျှ ပြုံးလိုက်ပြီး ပြုတ်ကျမည်စိုး၍ ဆရာ့ပခုံးကိုအားလေးနည်းနည်းထည့်ကာ ဖိကိုင်ထားမိသည်။


ပုံရိပ်သတိထားမိသလောက် ဆရာ့ကိုယ်သင်းရနံ့ကပြောင်းလဲသွားလေပြီ။အရင်က ဈေးပေါသောစံပယ်ရေ‌မွှေးကိုသုံးလေ့ရှိပေမဲ့ ယခုတော့

ဈေးကြီးသော အမျိုးသားသုံးရေမွှေးတစ်ခုကို

စွတ်ထားမှန်းသိသာသည်။ဆရာ့အကြိုက်တွေ ပြောင်းလဲသွားပြီထင်ပါရဲ့။


အခန်း(၄၀..ဆက်ရန်)


🌹🌹🌹🌹🌹🌹


romanceလေးတွေပါလာပြီနော်..ပုံရိပ်တို့ရင်ခုန်နေပြီလား..သိဘူး😊


updateစောင့်ရကြာသွားစေမိလို့ တောင်းပန်ပါတယ်နော်...

စိတ်ရှည်သီးခံပြီး ဖတ်ပေးလို့လဲကျေးဇူးတင်ပါတယ်...


========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၃၉)🔥ဒုတိယပိုင္း  


"မမရယ္...သမီးကို‌ေစာင့္ပါအံုးလား..

ေနေတြဒီေလာက္ပူေနတဲ့ဥစၥာကို မမအသားေတြေနေလာင္ကုန္ပါအံုးမယ္..."


ပိစိမသည္ ထီးကို‌ဖြင့္ေဆာင္းလ်ွက္ ပံုရိပ္၏ေနာက္မွ ေျပးလိုက္လာေပမဲ့ လူေကာင္ေသးသေလာက္ သြက္လြန္းေသာပံုရိပ္၏ေျခလွမ္းကို မနည္းမွီေအာင္ လိုက္ေနရေလသည္။


မမကေတာ့ေလ ဘာေဇာေတြကပ္ေနသလဲမသိပါဘူး။မႏၲေလးမွာဆိုရင္ ေတာ္ရံုကိစၥေလာက္နဲ႔

တုပ္တုပ္ေတာင္မလႈပ္တဲ့ လူက ထဘီစကပ္ႀကီးေတာင္ ကဲြထြက္သြားေတာ့မၫ့္အတိုင္း လမ္းေလ်ွာက္ေနတာမ်ား အေျပးၿပိဳင္ေနသလိုပဲ။

ဖြားညိုသာ ဒီလိုရွပ္ျပာရွပ္ျပာျဖစ္ေနပံုကိုျမင္ၾကၫ့္ပါလား..မႏၲေလးကိုခ်က္ျခင္းျပန္ရမွာေသခ်ာတယ္..။


"နင့္ကိုအေဖာ္ထၫ့္လိုက္တာက ေပ်ာ္ဖို႔ပါးဖို႔မဟုတ္ဘူးေနာ္..

အရိပ္ကိုေသခ်ာေစာင့္ၾကၫ့္ထားဖို႔လႊတ္လိုက္တာ..သူ႔အေဒၚေတြနဲ႔ဆက္ဆံေရးကို ေသခ်ာေလးေစာင့္ၾကၫ့္....သူ႔အေဒၚကအရိပ္ကို မဟုတ္တာေတြ ေလ်ွာက္မသင္ေပးေစနဲ႔..."


ဖြားညို၏ တစ္ခ်က္လႊတ္အမိန႔္သံႀကီးကို နားေထာင္ၿပီး ကိုယ့္ေခါင္းကိုသာျပန္ကုတ္လိုက္မိသည္။

ကိုယ့္ဘာသာစိတ္သန႔္သန႔္နဲ႔ေနခ်င္ေပမဲ့ အခုေတာ့သလ်ိႈလိုလို ဘာလိုလိုျဖစ္ေနရၿပီ။ဘာပဲျဖစ္ျဖစ္ ပိစိမရဲ့တာ၀န္က မမကိုေစာင့္ေရွာက္ဖို႔ပဲ မဟုတ္ဘူးလား။မမဆိုတာ အရမ္းလိမၼာတဲ့သူတစ္ေယာက္ျဖစ္လို႔ ဘာအမွားႀကီးႀကီးမားမားမွ မလုပ္ေလာက္ဘူးဟု တြက္လိုက္သည္။


"မမေရ..သမီးကိုေစာင့္ပါအံုးလို႔...."


ေနပူထဲတြင္ ခပ္သုတ္သုတ္သြားေနေသာ မမ၏အေနာက္သို႔ေျပးလိုက္သြားၿပီး အေပၚမွထီးမိုးေပးလိုက္သည္။ဘယ္လိုပဲ ျဖစ္ျဖစ္ ပိစိကမမဘက္မွာပဲ ရိွေနမွာ။မမဘာပဲလုပ္လုပ္ ပိစိကေထာက္ပံ့ေပးမွာ။မမက ပိစိရဲ့တစ္ဦးတည္းေသာအစ္မႀကီးလိုပဲ။


"မမရယ္...ဘာလို႔အဲ့ေလာက္ ျမန္ျမန္ေလ်ွာက္ေနရတာလဲ...

ေခ်ာ္လဲပါအံုးမယ္..."


"မျဖစ္ပါဘူးဟာ...အခုေနမွမရွင္းျပရင္..ဆရာကငါ့ကိုအထင္လဲြေတာ့မွာ...ငါေတာ္ေတာ္အသံုးမက်တာပဲပိစိရယ္..တကယ္အေရးႀကီးတဲ့လူကိုမွ ေမ့ထားမိတယ္...‌စည္းစိမ္ခ်မ္းသာေတြကိုခံစားၿပီး...

ငါဘ၀ေမ့သြားတာမ်ားလား..

ဆရာေပးခဲ့တဲ့စက္ဘီး‌နီနီေလးကိုလည္း...အခုထိငါထုတ္ၿပီးမစီးဖူးေသးဘူး..."


"ေအာ္...ဖြားညိုကစက္ဘီးမွမစီးခိုင္းတာပဲကို...

မမကအၿမဲ...ကားနဲ႔ပဲသြားေနရေတာ့ စက္ဘီးမလိုဘူးေလ..."


"မဟုတ္ဘူး...ပိစိ..ငါတကယ္ကိုေမ့ေနခဲ့တာ...

ငါဆရာ့ေစတနာကိုေဆာ္ကားလိုက္သလိုပဲ..

ဆရာကငါ့အေပၚမွာ ဘယ္ေလာက္ေကာင္းခဲ့သလဲဆိုတာ...ငါအသိဆံုးပဲ..."


မမရဲ့မ်က္၀န္းေတြကေမွးက်ေနၿပီး ေတာ္ေတာ္ေလးယူႄကံုးမရစြာ၀မ္းနည္းေနသလိုပဲ။

ေလသံကအစ ငိုသံစြတ္ေန၍ပိစိမေတာင္ သနားေနမိသည္။အဲ့ဒီ့ဆရာဆိုေသာလူက မမအတြက္

ဒီေလာက္ေတာင္ အေရးပါတာလား။

ဖြားညိုကေတာ့ တစ္ခုခု ထူးျခားတာရိွရင္အေၾကာင္းၾကားတဲ့။

ဒီကိစၥကို ဖြားညိုဆီျပန္ေျပာလိုက္ရမလား။


အို..မျဖစ္ပါဘူး..မျဖစ္ဘူး။မမစိတ္ဆင္းရဲရလိမ့္မယ္...။ဟိုမွာဆိုရင္ မမကအၿမဲလိုလိုခံစားခ်က္ကို ထိန္းထားရတဲ့လူတစ္ေယာက္မဟုတ္လား။

သူ႔အေဒၚ‌နဲ႔ေတြ့ေတာ့ ေပ်ာ္ေနတဲ့မ်က္ႏွာေလးကမ်က္လံုးထဲကကို မထြက္ဘူး။

မမကို ဒီလိုေလးပဲအၿမဲျမင္ခ်င္ပါတယ္။


"မမ...ဒါကဘုန္းႀကီးေက်ာင္းမဟုတ္လား..."


ဘုန္းႀကီးေက်ာင္းတစ္ခု၏အေရ႔ွကို ေရာက္ေတာ့ပါးစပ္က လြတ္ခနဲထြက္သြားသည္။မမကေတာ့ ‌ေက်ာင္းေပါက္၀မွာ ဖိနပ္ခၽြတ္ေနရင္းနဲ႔ မ်က္လံုးေလးေတြကအစ အေရာင္ေတာက္လို႔။

ေျခဖမိုးျပၫ့္ျပၫ့္ေလးမွ ဖိနပ္အနက္ေရာင္ေလးကိုခၽြတ္လိုက္ေတာ့ ေဖြးဥေနေသာေျခေခ်ာင္းေလးေတြက ရွည္ရွည္သြယ္သြယ္ေလးေတျြဖစ္ေနသည္။

မမက ေျခဆံုး၊ေခါင္းဆံုးလွလြန္းသူေလးပါ။


"ဆရာက...ဘုန္းႀကီးေက်ာင္းသားေလ...တို႔အရင္ကဒီမွာ က်ူရွင္လာတတ္ခဲ့ဖူးတယ္...."


"ေဟာ့ေတာ္....မမကဒီမွာက်ူရွင္တက္တာ..."


"အင္း...တို႔အေဒၚကအျပင္က်ူရွင္မွမထားႏိုင္တာ..အဲ့ေတာ့ဆရာ့ဆီမွာလာတက္ရတာေပါ့...

ဆရာကအရမ္းသေဘာေကာင္းတယ္...အသင္အျပလည္းသိပ္ေကာင္းတာ...ေစတနာကေတာ့ ေျပာမျပတတ္ေအာင္ပါပဲ..."


"ဘုန္းႀကီးေက်ာင္းမွာ က်ူရွင္တက္ရေတာ့မမအားငယ္မွာပဲေနာ္..."


"မငယ္ပါဘူး...ဘာအားငယ္စရာရိွလို႔လဲ...ဆရာ့လိုလူမ်ိဳးနဲ႔ေတြ့ဆံုရတာကိုက...နတ္မတာပဲ..

အန္တီေမဦးလို...ပုပၸါးကိုခဏခဏသြားစရာမလိုပဲ..

ေကာင္းခ်ီးေပးခံရတာဘယ္ေလာက္မိုက္သလဲ...

ဆရာကတို႔ရဲ့မီးအိမ္ရွင္...တို႔ရဲ့ပထမဆံုးရင္ဘတ္မိတ္ေဆြ...ဆရာ့ေၾကာင့္သာမဟုတ္ရင္....

တို႔လမ္းမွားကိုေရာက္ေနတာၾကာေပါ့..."


အရင္ကအတိတ္ေတြကို ျပန္ေတြးေတာ့ ေကာင္းႏိုးရာရာေလးေတြကိုထုတ္ႏုတ္၍ႃပံုးလိုက္မိသည္။


ဟုတ္ပါတယ္။ဆရာဟာ ပံုရိပ္ကိုအိပ္မက္ဆိုးေတြကေနဆဲြထုတ္ေပးတဲ့ ကယ္တင္ရွင္ႀကီးပါ။

ပံုရိပ္မေျဖရွင္းႏိုင္တဲ့ အခက္အခဲျပႆနာတိုင္းကို ဆရာနဲ႔တိုင္ပင္ၾကၫ့္လိုက္တာနဲ႔ အေျဖကအလိုလိုတန္းရသြားေရာ။


စာအုပ္ေတြနဲ႔ တ‌ျဖည္းျဖည္းေဝးကြာခ်င္ေနတဲ့ပံုရိပ္ကို ဘကေက်ာင္းရဲ့စာၾကၫ့္တိုက္ေလးဆီေခၚလာခဲ့တာလည္း ဆရာပါပဲ။ဆူးေလဘုရားႀကီးနဲ႔ၿမိဳ႔ေတာ္ခန္းမဆိုေသာ ရန္ကုန္ၿမိဳ႔၏အလယ္ေခါင္ကို ေရာက္ေအာင္ေခၚသြားေပးခဲ့တာကလည္း ဆရာျဖစ္ၿပီး စာအုပ္ေဟာင္းတန္းႀကီးကိုပထမဆံုးျမင္ခြင့္ရေအာင္ လုပ္ေပးခဲ့သူကလည္းဆရာပါပဲ။

ဆရာသာ ေဒၚေလးကိုအတန္းပိုင္ဆရာမနဲ႔ေပး

မေတြ့ခဲ့ရင္ ပံုရိပ္လည္းအခုေလာက္ဆို စာသင္ခန္းနဲ႔အေဝးကို ေရာက္ေနေလာက္ၿပီ။


"မမပံု...ဘာေတြစဉ္းစားေနတာလဲဟင္...ေက်ာင္းထဲကို ၀င္မ‌ယ္ေလ...."


"ေအာ္....ဟုတ္သားပဲ...ဆရာနဲ႔ေတြ့ဆံုခဲ့ရတဲ့အေၾကာင္းေတြကို အစကေနျပန္ေတြးေနမိတာ..."


ပြင့္ပြင့္လင္းလင္းေျပာခ်လိုက္ေျပာလိုက္ေသာမမေၾကာင့္

ပိစိမ‌ေတာင္မ်က္လံုးျပဴးသြားရသည္။

*မဟုတ္မွ မမကအဲ့ဒီ့ဆရာဆိုသူအေပၚမွာ.....

မဟုတ္ေလာက္ပါဘူး...ငါ့အထင္ေနမွာပါ...မမလိုလူကဘုန္းႀကီးေက်ာင္းသားတစ္ေယာက္အေပၚမွာ ဒီလိုစိတ္ေတြမရိွႏိုင္ေလာက္ပါဘူး....*


ေခါင္းကိုသာအႀကိမ္ႀကိမ္ဖိရမ္းရင္း ကိုယ္ဘာသာျပန္၍ျငင္းဆန္ေနမိသည္။


"ဦးဇင္းႃပံုးခ်ိဳ...ဦးဇင္းႃပံုးခ်ိဳ...တပၫ့္ေတာ္မကိုမွတ္မိလား..."


"ဟင္...ဘယ္သူတုန္း...."


ပုလင္းဖင္ေလာက္မ်က္မွန္ကိုတပ္ထားရသၫ့္ ဦးဇင္းႃပံုးခ်ိဳသည္ သူ႔မ်က္မွန္ကိုကိုင္ၿပီး ေသခ်ာေလးျပဴး‌ၾကၫ့္ေနေပမဲ့ မမွတ္မိဘူးထင္သည္။

တစ္ႏွစ္ေက်ာ္ေလးပဲ ၾကာသြားတာကို...ဆရာကေရာပံုရိပ္ကို ဒီလိုမမွတ္မိပဲေနမွာလား။


"ေဟာ...ပံုရိပ္မဟုတ္လား...တကာမကပံုရိပ္လား..."


"အစစ္ပါပဲ...ဦးဇင္းရဲ့...."


"ေဟ...တကာမေလးကိုၪီးဇင္းမွတ္ေတာင္မမွတ္မိဘူး...

လူေကာင္လည္းထြားလာတာကို...ျမန္မာ၀တ္စံုႀကီးနဲ႔ အပ်ိဳႀကီးပံုဖမ္းေနမွေတာ့ လူမွားၿပီေပါ့...

ေနပါအံုး...ပံုရိပ္ကအဖြားဆီကိုသြားေနတာဆို...

ေနမ်ိဳးေျပာတာေလ...မႏၲေလးမွာအဆင္ေရာေျပရဲ့လား..."


"ေျပပါတယ္ဦးဇင္းရဲ့..."


"ေအးေအး..တကာမေလးရဲ့ဆရာဆီကိုလာတာမဟုတ္လား...မနက္ျဖန္ဆရာေတာ္ႀကီးရဲ့မိခင္ဆံုးတဲ့ဆယ္ႏွစ္ျပၫ့္မို႔လို႔...ဟင္းခ်က္တဲ့အေဆာင္ဘက္မွာအလုပ္ရႈပ္ေနတယ္...ဦးဇင္းလည္း၀ယ္ျခမ္းစရာေလးေတြရိွလို႔ သြားလိုက္အံုးမယ္ေနာ္.."


"တင္ပါ့...."


အၿမဲတမ္းစကားေျပာလ်ွင္ ႃပံုးရႊင္ေနတတ္ေသာ ဦးဇင္းႃပံုးခ်ိဳကို ႃပံုးျပလိုက္ၿပီးအလုပ္ေတြဘာေတြလုပ္ရင္ ခ်က္ျပဳတ္ေနၾကမီးဖိုေဆာင္ဘက္သို႔ ကူးလာခဲ့လိုက္သည္။ေက်ာင္းေဆာင္ေတြကလည္း အသစ္ေတြထပ္ေဆာက္ထားေသာေၾကာင့္ အျမင္ေတာင္မွားခ်င္ေနေလၿပီ။ဘုရားႀကီး‌ေဘးရိွကန္ကိုလည္း အုတ္တံတိုင္းခတ္ထား၍ အလြယ္တကူ၀င္ခြင့္မရေတာ့ေပမဲ့ ကေလးေတြေရကန္ထဲသို႔ က်မၫ့္ေဘးမွေဝးသြားေလၿပီ။


ဘုရားရင္ျပင္ေပၚမွာရိွေသာ အင္ၾကင္းပန္းပင္ႀကီးကေတာ့ လွပစြာရိွေနတုန္းပါပဲ။ေဒၚေလးကေနတစ္ဆင့္ ေက်ာင္းကိုလႉခိုင္းခဲ့တာေတြရိွတာေၾကာင့္ ဆရာလည္း ပံုရိပ္ကိုခ်ီးက်ူးေနမွာပါေလ။


"ဆရာ...."


မီးဖိုေဆာင္ေရ႔ွသို႔ ေရာက္လာေသာေၾကာင့္ ေနာက္ေက်ာဘက္ကိုေတြ့လိုက္ရေတာ့ ဆရာ့ကိုႏႈတ္ဆင္ခ်င္ေပမဲ့ ပံုရိပ္၏ပါးစပ္မွစကားသံထြက္မလာရဲေပ။


"ကိုေနမ်ိဳး....ပင္ပန္းေနၿပီလား....ေပးေပး...

ႏုႏုတလွၫ့္လုပ္ပါ့မယ္....

ဟယ္ၾကၫ့္စမ္း...

ၾကက္သားေမႊေနတဲ့လူက ၾကက္သားရုပ္ေပါက္ေတာ့မွာပဲ...ဒီမွာငရုတ္သီးဖက္ေတြကပ္ေနတယ္...

ဒုကၡပါပဲ...စပ္ေနေတာ့မွာပဲ...."


"ႏုႏုေရ...ေနမ်ိဳးကိုနင္ပဲ...ေသခ်ာၾကၫ့္ထားပါဟယ္...မလုပ္ပါနဲ႔ဆိုတာလာလုပ္ေနတယ္...ေရာ့..

ဒီတစ္ရႉးနဲ႔သုပ္ေပးလိုက္...."


"ရပါတယ္...ကၽြန္ေတာ့ဘာသာပဲသုတ္ပါ့မယ္...."


"အို...အစ္ကို႔လက္မွာက ဟင္းေရေတြနဲ႔ကိုၿငိမ္ၿငိမ္ေနပါ...ႏုႏုသုတ္ေပးပါ့မယ္..."


"ျငင္းမေနပါနဲ႔ေအ...ေနာက္လည္းျငင္းမရတဲ့လူေတျြဖစ္မွာပဲကို...."


"ဟာ...ဆရာမကလည္းဗ်ာ...ဆရာမႏုႏုကိုအားနာစရာ..."


"ဘာအားနာစရာရိွသလဲ...ႏုႏုကဆရာ့ဘက္မွာပါေနာ္...."


"ဟား...ဟား..."


ပံုရိပ္ကသာ အရာအားလံုးကိုျမင္ေနၾကားေနရေပမဲ့ သူတို႔ကေတာ့ပံုရိပ္ကိုမျမင္ဘူးထင္ပါတယ္။

သူတို႔အေပ်ာ္ႏွင့္သူတို႔ ရယ္ေမာ၍မဆံုးျဖစ္ေနသည္။

ေက်ာခိုင္ထားသၫ့္ ဆရာ့ေက်ာျပင္က်ယ္က်ယ္

ႀကီးကိုၾကၫ့္ၿပီး ၀မ္းနည္းလာသလိုခံစားေနရသည္။

ဆရာ့မ်က္ႏွာကို တစ္ရႉးနဲ႔ဖြဖြေလးသုတ္ေပးေနေသာ ဆရာမႏုႏုကို အေၾကာင္းအရင္းမရိွ

အျမင္ကပ္ေနမိသည္။


နီးကပ္လြန္းေသာ မ်က္ႏွာႏွစ္ခုကို ဆဲြ၍ဖယ္ျပစ္ခ်င္ေနမိသည္။ရင္ခုန္သံေတြ ဝုန္းဒိုင္းက်ဲလာၿပီး ေဒါသေတြလည္း ထြက္လာမိသည္။အံကိုႀကိတ္မထားမိေပမဲ့ ပံုရိပ္ဆရာ့ကိုဒီေနရာကေန ဆဲြေခၚသြားခ်င္သည္။ဆရာကေရာ ဘာလို႔ဆရာမႏုႏုနဲ႔ဒီေလာက္

 နီးနီးကပ္ကပ္ေနေနရတာလဲ။မဟုတ္မွသူတို႔က ခ်စ္သူေတြမ်ားလား။


"ဟယ္...ဟိုဟာဘယ္သူေလးလဲ...."


ပံုရိပ္ႏွင့္ပိစိကိုျမင္သြားေသာ ဆရာမႏုႏုကအခန္းေပါက္၀သို႔လက္ၫွိုးထိုက္‌လိုက္သည္။

အားလံုးကပံုရိပ္ကိုသာ လွမ္း၍အံ့ဩထူးဆန္းသလို ၾကၫ့္ေနၾကေလသည္။ပံုရိပ္ကို ေက်ာခိုင္းထားေသာဆရာသည္လည္း တျဖည္းျဖည္းလွၫ့္ၾကၫ့္လာခဲ့သည္။

ဆရာ့ကိုေတြ့ေတြ့ခ်င္း ႏွစ္လိုဖြယ္ေကာင္းေအာင္ႃပံုးျပလိုက္မိေပမဲ့ ဆရာကေတာ့မ်က္လံုးေတြေမွးက်င္းသြားေအာင္အထိ ေခါင္းအစ၊ေျခအဆံုးေသခ်ာအကဲခတ္‌ေနေလသည္။


ႃပံုးေနမိေသာ ပံုရိပ္၏ႏႈတ္ခမ္းေတြ တည္က်သြားမိသည္။တစ္ႏွစ္ေက်ာ္ေလးပဲရိွေသးတာကို ဆရာကပံုရိပ္ကိုမမွတ္မိေတာ့ဘူးတဲ့လား။ရင္ထဲမွာ အလိုလို၀မ္းနည္းလာသည္။ဆံပင္ေတြပိုရွည္လာတာနဲ႔ အရပ္နည္းနည္းရွည္လာတာပဲရိွတာပါ။

မ်က္ႏွာကလည္း ဘာမွသိပ္မေျပာင္းလဲပါဘူး။

မဟုတ္မွ ျမန္မာ၀မ္းဆက္၀တ္ထားလို႔မ်ားလား။

၀မ္းနည္းမိ၍မ်က္ရည္ေတာင္ဝဲခ်င္လာသည္။


"ေနမ်ိဳးေရ...ဆရာေတာ္ႀကီးေခၚေနတယ္...ေက်ာင္းေပၚကိုလာခဲ့ပါအံုးတဲ့....အေရးႀကီးလို႔ခ်က္ခ်င္းလိုက္ခဲ့ပါတဲ့..."


"ဟုတ္ကဲ့...ဦးဇင္းတပၫ့္ေတာ္အခုလာခဲ့ပါ့မယ္...

ေအာ္...ပံုရိပ္...ဆရာတို႔ေနာက္မွစကားေျပာၾကတာေပါ့..."


"ဟင္..."


အခန္းအေပါက္၀တြင္ ပံုရိပ္ကမလႈပ္မယွက္ရပ္ေနမိေတာ့ ပခံုးစြန္းကိုအနည္းငယ္တိုက္မိသြားၿပီး ေလသံတိုးတိုးႏွင့္ ေျပာသြားခဲ့‌သည္။

ထြက္သြားတဲ့ ဆရာ့ေက်ာျပင္ကိုလိုက္ၾကၫ့္ၿပီး၀မ္းနည္းလြန္းလို႔ မ်က္ရည္ဝဲမိသည္။

သိရဲ့သားနဲ႔၊မွတ္မိရဲ့သားနဲ႔ အၾကၫ့္ခ်င္းစဆံုတည္းက ႏႈတ္မဆက္ပဲ အခုမျွမင္ေတြ့ဖူးသလို

ခပ္စိမ္းစိမ္းၾကၫ့္ေနခဲ့တယ္။


*ေအးေပါ့ေလ..ပံုရိပ္အတြက္သာဆရာကတစ္ဦးတည္းေသာ..ရင္ဘတ္မိတ္ေဆြႀကီးျဖစ္ေပမဲ့..

ဆရာ့မွာခင္မင္စရာတပၫ့္ေတြက ပံုရိပ္တစ္ေယာက္တည္းမွမဟုတ္ပဲ.."


"မမ...ခုဏကလူကမမရဲ့ဆရာလား..."


"ဟုတ္တယ္.."


ေက်ာင္း၀န္းထဲမွာဆက္မေနခ်င္ေတာ့၍ ျပန္ထြက္လာမိရာမွေနာင္တရေနမိသည္။

ဆရာ့ကိုေစာင့္လိုက္ရင္ေကာင္းမလား။

"ဟင့္အင္း...မေစာင့္ခ်င္ေတာ့ဘူး..ဆရာကပံုရိပ္ကိုေတြ့တာေတာင္ ဖလွဲတကင္းႏႈတ္ဆက္ေဖာ္ေတာင္မရဘူး.."


"မမရဲ့ဆရာက ငယ္ငယ္ေလးရယ္ေနာ္..ဟီးဟီး..

ေခ်ာလည္းေခ်ာတယ္ေနာ္...အရပ္ျမင့္ျမင့္ႀကီးနဲ႔...ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ႀကီး..."


"ဘာေတြေလ်ွာက္ေျပာေနတာလည္း ပိစိမရယ္...

စိတ္ညစ္ရတဲ့အထဲ..."


"မမကလည္း...ခုဏကေတာ့ဆရာ့ကိုေတြ့ခ်င္တာ အသက္ထြက္ေတာ့မလိုပဲ..အခုၾကေတာ့တစ္မ်ိဳးျဖစ္ေနပါလား...ဘာလဲ...ဟိုဆရာမေလးေၾကာင့္လား..."


"ဟင္!!!!!"


ပိစိမ၏စကားေၾကာင့္ ပံုရိပ္၏မ်က္ႏွာေတြ ထူပူထြက္သြားသည္။ရင္ေတြအရမ္းခုန္လာတာေၾကာင့္ ကိုယ့္ရင္ဘတ္ကိုယ္ ျပန္စမ္းၾကၫ့္ေနမိသည္။

ဆရာမႏုႏုေၾကာင့္လား။ဒါမွမဟုတ္ ပံုရိပ္ကိုမမွတ္မိေတာ့သလိုလုပ္ေနတဲ့ ဆရာ့အျပဳအမူေတြေၾကာင့္မ်ားလား။ပံုရိပ္တကယ္ကို မေတြးတတ္ေတာ့ဘူး။

၀တၴုေတြထဲမွာ ဖတ္ရသလိုသ၀န္တိုေနတာမ်ားလား။


"ဟင့္အင္း...မဟုတ္ဘူး...မဟုတ္ဘူး..."


"ဟာ...မမေရ...ထီးေဆာင္းပါဆိုတာ..."


ပိစိမက အတင္းထီးလိုက္ေဆာင္းေပးေပမဲ့။

ကိုယ့္အေတြးနဲ႔ကို ရွက္စိတ္မႊန္ကာေျခလွမ္းက်ဲႀကီးမ်ားျဖင့္ အိမ္သာျပန္လာခဲ့မိသည္။

အရင္တုန္းကဆိုရင္မမလွလွေလးေတြကို ေတြ့တိုင္းဆရာ့အတြက္ရည္စူးထားေပးမိေပမဲ့ ယခုေတာ့ဘယ္သူႏွင့္မွသေဘာမတူႏိုင္ေပ။ဆရာ့အနားသို႔ ဆရာမႏုႏုကပ္တာကိုပင္ စိတ္ဆိုးေဒါသထြက္ေနမိသၫ့္အျဖစ္ပါလား။


"ဆရာရယ္...ဆရာ့ကိုအဆက္အသြယ္မလုပ္လို႔ ပံုရိပ္ကိုစိတ္ခုေနတာဆိုရင္ေတာ့...

အမ်က္ေတျြမန္ျမန္ျပယ္ပါေတာ့ေနာ္...

ပံုရိပ္မခံစားႏိုင္ဘူး...

ဆရာသူစိမ္းဆန္ဆန္ ျပဳမူဆက္ဆံတာကိုပံုရိပ္တကယ္ကို...ရင္ထဲမွာနာက်င္လို႔ပါ...

မႏၲေလးကိုျပန္ေရာက္ရင္ ဆရာလက္ေဆာင္ေပးထားတဲ့စက္ဘီးေလးကိုလည္း ထုတ္စီးပါ့မယ္...

ဆရာ့ဘက္ကေနစၿပီး ပံုရိပ္ကိုစကားလာေျပာရင္ေကာင္းမွာပဲ...

ပံုရိပ္ကေတာ့မေျပာရဲဘူးဆရာရယ္...ခံစားခ်က္ေတြေျပာင္းလဲလာေတာ့မဝံ့ရဲေတာ့ဘူး...

အမွားလုပ္မိသူကလည္း ပံုရိပ္တစ္ေယာက္တည္းရယ္ပါ....**


🌹🌹🌹🌹🌹


"မမေရ. ဒီမွာစံပယ္ပန္းေလးေတြ သီလာတယ္..."


သနပ္ခါးေသြးေနရင္းႏွင့္ မွန္ထဲတြင္ေပၚလာေသာ ပိစိမကိုႃပံုး၍လွမ္းၾကၫ့္လိုက္မိသည္။

စံပယ္ပန္းေခြေလးကို လက္ထဲမွာကိုင္လာၿပီး ေျပး၀င္လာကာ ပံုရိပ္၏ေဘးတြင္ခင္းထားေသာ ဖ်ာေပၚတြင္ထိုင္ခ်လိုက္ေလသည္။


"ေနပါအံုး..ဒီစံပယ္ပန္းေတြကို...ဘယ္ကေနရတာလဲ..."


"ဟဲ..ဟဲ..အိမ္ေျခရင္းဘက္ကမမရဲ့ေဒၚေလးစိုက္ထားတာေတြေလ...အပြင့္ေတြေဝေနတာမ်ား..မခူးပဲဒီအတိုင္းထားတာ ႏွေမ်ာစရာႀကီး..ၿပီးရင္ႂကြေက်သြားမွာ..

တို႔မမရဲ့ရုပ္အဆင္းရူပါျပၫ့္စံုမႈနဲ႔..ပန္းေလးေတြရဲ့ ရနံ႔နဲ႔ေပါင္းလိုက္ရင္..

ဘယ္ေလာက္လွလိုက္မလဲ.."


"ပန္တာေတာ့ဟုတ္ပါၿပီ..ဘယ္မွလည္းသြားတာမဟုတ္ပဲနဲ႔ ဝါးလံုးေခါင္းထဲမွာလသာသလိုျဖစ္ေနမွာေပါ့.."


"အမယ္ေလး...တို႔မမကလည္းအေတြးေခါင္လိုက္တာ..အိမ္ထဲမွာလည္းလွလွေလးေနေပါ့

..ဘာျဖစ္လဲ..."


ထဘီရင္လ်ွားထားသၫ့္ ပံုရိပ္၏ပခံုးကိုသိုင္းဖက္ၿပီး ကေလးတစ္ေယာက္လိုဘယ္ညာယိမ္းေန၍ သူ႔ေခါင္းကိုဖြဖြပုတ္လိုက္မိေသာအခါ ပိန္ပါးေသာေၾကာင့္ေပၚလႊင္ေနေသာ ၫွပ္ရိုးကိုနမ္းသြားေလသည္။


"ပိစိမရယ္...နင္နဲ႔ေနရတာ..ငါလန႔္ေတာင္လာၿပီေနာ္..."


"ဟဲ..ဟဲ...လန႔္စရာမလိုပါဘူး..ပိစိကအစိုမွအစိုအစစ္..ကိုယ့္အစ္မႀကီးကိုအသဲယားလို႔နမ္းတာ...မမသိလား..ပိစိမသာေယာက္်ားေလးဆို..မမကိုပဲႀကိဳက္မွာ..ရုပ္ေလးလည္းလွ..စိတ္ထားေလးလည္းေကာင္းၿပီး..

ေတာ္လည္းေတာ္တယ္..မမကိုရတဲ့အမ်ိဳးသားကေတာ့ ကံေကာင္းမွာပဲေနာ္.."


"ဟဲ့...ငါကအခုမွအသက္၁၆ႏွစ္ပဲရိွေသးတယ္ေလ..ဘာစကားႀကီးတုန္း.."


"သိဘူး..ပိစိမကစိတ္ထဲရိွတဲ့အတိုင္းေျပာတာ.."


မွန္ကိုၾကၫ့္ၿပီး ပါးကြက္ဝိုင္းဝိုင္းေလးကြက္ေနမိၿပီးမွ ပိစိမကိုလွမ္းၾကၫ့္လိုက္မိသည္။

ပံုရိပ္၏အနားမွာ အၿမဲတမ္းရိွေနတတ္ၿပီး

အ‌ေသးအမႊားေလးကအစလိုက္စိတ္ပူေပးတတ္လြန္းလို႔ ကိုယ္ကလည္းညီမအရင္းေလးလို ခ်စ္ခင္မိပါတယ္။


ဟိုမွာဆိုရင္ အစ္မေတြနဲ႔လည္း သိပ္စကား

မေျပာျဖစ္ေပမဲ့ ပိစိမရိွေနရင္ကို ေပ်ာ္ဖို႔ေကာင္းသည္။သူတစ္ပါးစိတ္ခ်မ္းသာေအာင္လည္း ေျပာတတ္၍ပိုၿပီး သံေယာဇဉ္ျဖစ္မိသည္။


"ဒါနဲ႔ေလ..မမနဲ႔ဟိုဆရာကဘယ္လိုေတြ့ၾကတာလဲဟင္..."


ပါတိတ္၀မ္းဆက္အဝါႏုတ္‌ေလးကိုမွ ရင္ေစ့ေလးေရြး၀တ္လိုက္ၿပီး ဆံပင္ေတြကိုစုထံုးလိုက္ကာ စံပယ္ပန္း‌ကိုေခြ၍ပန္လိုက္သည္။

ပိစိမ၏ စကားကိုေျဖဖို႔ဆိုလ်ွင္ မိုးသဲေသာ

ညတစ္ညမွ ျပန္၍ဆက္ရေပလိမ့္မည္။


ဆရာနဲ႔ပံုရိပ္၏ေတြ့ဆံုမႈမွာ ဆရာ့ဘက္ကေနပဲအၿမဲကူညီေထာက္ပံ့ေပးခဲ့ေတာ့ ပံုရိပ္၀မ္းနည္းရသည္။ဆရာ့အတြက္၀ယ္လာတဲ့ လက္ေဆာင္ထုပ္ေလးေတြကိုလည္း

လွမ္းၾကၫ့္လိုက္မိၿပီး သက္ျပင္းေငြ့ေငြ့ခ်လိုက္မိသည္။


"ဆရာနဲ႔..တို႔စေတြ့တာက..မိုးေတြအရမ္းရြာတဲ့ေန့ကေလ..အဲ့ေန့မွာဦးသက္ေဆြကတို႔‌အရမ္းခ်စ္တဲ့ေၾကာင္ေလးကိုသတ္ပစ္လိုက္လို႔ဆိုၿပီး..စိတ္ဆိုးေဒါသထြက္တာနဲ႔..အိမ္ကိုမျပန္ေတာ့ပဲ...ဘုန္းႀကီးေက်ာင္းထဲမွာပဲ ဘုန္းႀကီးမသိေအာင္ ၀င္ခိုေနလိုက္တယ္..

ဆရာေနမ်ိဳးနဲ႔ကိုရင္တစ္ပါးက လာေခၚေတာ့မွ လိုက္သြားတာေပါ့..အဲ့ဒီ့အခ်ိန္တုန္းက

တို႔စိတ္ထဲမွာ ေသသြားရင္ေတာင္ေၾကာက္ေနမွာမဟုတ္ဘူးလို႔..ေတြးခဲ့တာ.."


"ဟယ္...မမရယ္..မေတြးေကာင္းတာေတြ..

ဒါဆိုရင္...အဲ့ဒီ့ဆရာက..မမကိုအသက္ေဘးကေနကယ္ခဲ့တာေပါ့..."


"အင္း..အဲ့လိုေျပာလို႔ရပါတယ္...ဆရာ့ကို

စေတြ့တုန္းက..တို႔ကိုဆူလို႔ဆိုၿပီး..အျမင္ကပ္ခဲ့တာ...ဒါေပမဲ့..အဲ့ဒီ့ညရဲ့အခ်ိန္ခဏေလးအတြင္းမွာ..တို႔သိလိုက္တာကေတာ့သူကသိပ္ေနြးေထြးေပးတတ္ၿပီး ၾကင္နာတတ္တဲ့လူတစ္ေယာက္ဆိုတာပဲ..တို႔ခ်မ္းေနမွာစိုးလို႔

အသစ္ဆက္ဆက္အ၀တ္အစားကိုေတာင္ လက္ေဆာင္ေပးလိုက္ေသးတယ္..

အဲ့အခ်ိန္ကတို႔ဘယ္မွာေနတယ္...နာမည္ဘယ္သူလည္း သူမသိဘူးေနာ္..ဆရာ့ရဲ့စိတ္ရင္းကအဲ့ေလာက္အထိ သူတပါးအေပၚကိုေစတနာထားတတ္တာ..."


"မမေျပာတာနဲ႔..ကၽြန္မေတာင္အဲ့ဆရာကိုေလးစားလာၿပီ.."


ပံုရိပ္လည္း ႃပံုးလိုက္ၿပီးနံရံကိုမွီထားလိုက္မိသည္။ဆရာနဲ႔အနီးကပ္ေနမိသူတိုင္းက

ဆရာ့ကိုသေဘာက်တယ္ဆိုရင္ ဆရာမႏုႏုလည္းဆရာ့ကို သေဘာက်မွာအေသအခ်ာပဲ။ကိုတန္းႏွစ္တည္းက ဆရာမႏုႏုနဲ႔ဆရာေနမ်ိဳးကို ဦးဇင္းႃပံုးခ်ိဳတင္မကပဲအျခားဆရာမေတြကပါ ဝိုင္းၿပီးသေဘာတူေပးေနၾကမွန္းသိပါတယ္။


ႀကိဳးခ်င္းထားေတာ့ ထိတယ္ဆိုရင္ဆရာမႏုႏုနဲ႔ ေတြ့ပါမ်ားေတာ့ဆရာမ်ား ဆရာမႏုႏုကို သေဘာက်ေနၿပီလား။ဘယ္လိုပဲျဖစ္ျဖစ္ဆရာေပ်ာ္ေနရင္ရပါၿပီ။

စေတြ့ခဲ့တဲ့အခ်ိန္တည္းက ပံုရိပ္ရဲ့အေပၚမွာအမ်ားႀကီး ေကာင္းေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။


"ပံုရိပ္ေရ...သမီးရဲ့ဆရာေရာက္ေနတယ္..ထြက္ေတြ့လိုက္ပါအံုး..."


အခန္းေပါက္၀တြင္လာရပ္၍ေျပာလိုက္ေသာေဒၚေလး၏စကားေၾကာင့္ ပံုရိပ္ေၾကာင္အသြားမိေလသည္။


"ေဒၚေလး..ဆရာဆိုတာ ဆရာေနမ်ိဳးကိုေျပာတာလားဟင္..."


"ဟယ္..ဒီကေလးမကေတာ့..နင့္ဆရာပါဆိုဘယ္သူရိွအံုးမွာလဲ..သြား..ထြက္ေတြ့လိုက္...

ၿခံထဲမွာေစာင့္ေနတယ္..ဆရာ့ဆီကိုသြားတာ လူကိုမေတြ့ပဲျပန္လာရတယ္လို႔..ဟိုကလိုက္လာရတဲ့အျဖစ္ေရာက္ေနၿပီ..အားနာဖို႔ဘယ္ေလာက္ေကာင္းသလဲ.."


ေဒၚေလးက ဆူၿပီးျပန္ထြက္သြားေလသည္။

ပံုရိပ္ကေတာ့ ေၾကာင္ေတာင္ေတာင္ႀကီးျဖစ္ေနမိရာမွ ခ်က္ခ်င္းအသိ၀င္လာကာ မတ္တပ္ထရပ္လိုက္ၿပီး လက္ပ်က္၀မ္းဆက္ေလးကို တြန႔္ေၾကေနမွာစိုးလို႔ အသာဆဲြဆန႔္လိုက္သည္။


"မမ..မသြားေသးဘူးလား..ဘာလုပ္မလို႔လဲ..."


"မွန္ၾကၫ့္မလို႔..."


"ဟင္..."


ပိစိမလည္း ဒီေန့မွထူးျခားေနေသာမမ၏

ျဖစ္ပ်က္ေနမႈေတြကို တစ္ခုမက်န္လိုက္ၾကၫ့္ေနမိသည္။

မွန္ကိုၾကၫ့္ၿပီး အေျပာင္သိမ္းထားေသာ

နဖူးေပၚသို႔ဆံစေလးေတြကိုဆဲြခ်ေနေလသည္။


မွန္ကိုၾကၫ့္ၿပီး လွလွေလးႃပံုးလိုက္ေသးတဲ့အျပင္ ခႏၶာကိုယ္ကိုတစ္ပတ္လွၫ့္လိုက္ေသးသည္။

မမရဲ့အခုပံုစံက ခ်စ္သူနဲ႔သြားခ်ိန္းေတြ့ခါနီး 

ရင္ခုန္စိတ္လႈပ္ရွားေနသလို ပံုစံျဖစ္ေနတာမို႔

ပိစိမလည္း ႀကိတ္၍ရယ္လိုက္မိသည္။

ပထမဆံုး ေက်ာက္အေရာင္းအ၀ယ္ျဖစ္တုန္းကလို ေပ်ာ္ရႊင္ေနတာမ်ိဳးေလးပင္။


"တို႔အဆင္ေျပရဲ့လားပိစိ..."


"ဘာကိုလည္းဟင္..."


"တို႔ၾကၫ့္ေကာင္းရဲ့လားလို႔.."


"အဟင္း..ၾကၫ့္ေကာင္းရံုတင္မဟုတ္ဘူး..

လွလိုက္တာမွ..တာ၀တႎသာနတ္သမီးေလးနတ္သက္ႂကြေက်လာသလိုပဲ..."


ပိစိမ၏ အၿမွောက္စကားေၾကာင့္ပံုရိပ္ႃပံုးလိုက္မိၿပီး ဆရာ့အတြက္၀ယ္လာေသာလက္ေဆာင္ထုပ္ေလးကို အိတ္ထဲမွထုတ္လိုက္ကာ အိမ္ေရ႔ွသို႔ထြက္လာခဲ့လိုက္သည္။ၿခံထဲကိုေရာက္ေတာ့ ဆရာကထြန္းကိုႏွင့္မိစုကို ေပါင္ေပၚသို႔တင္ၿပီးပံုျပင္ေျပာျပေနေလသည္။


"ဆရာ...."


သူတို႔ပံုျပင္ေျပာၿပီးတဲ့အထိ ေစာင့္ေပးဖို႔စဉ္းစားထားေပမဲ့ ရင္ခုန္စိတ္လႈပ္ရွားမႈေၾကာင့္ အလ်ွင္လိုမိကာ ဆရာ့ကိုခ်က္ျခင္းလွမ္းေခၚလိုက္မိသည္။


ပံုမွန္ဆိုရင္ အိမ္မွာေနရင္းစြပ္က်ယ္တို႔ ပုဆိုးအႏြမ္းတို႔နဲ႔ပဲေနတတ္တဲ့ဆရာက အခုေတာ့တီရွပ္ကိုမွေကာ္လံပါတဲ့ အညိုေရာင္ေလးႏွင့္ပုဆိုးအနက္ကြက္ေလးကို လိုက္ဖက္စြာ၀တ္ဆင္ထားသည္။

ပံုရိပ္ဘက္သို႔ လွၫ့္၍ႃပံုးလိုက္ေသာအခါ

အရက္သမားမ်ား ေရခ်ိန္မကိုက္၍ကတုန္ကယင္ျဖစ္လာသလို ခံစားခ်က္ႀကီးကစီး၀င္လာခဲ့သည္။


"ဆရာ...ေစာင့္ရတာၾကာသြားၿပီလား..."


"ဟင့္အင္း...မၾကာေသးပါဘူး...ဆရာတို႔စကားေျပာရေအာင္...ပံုရိပ္လိုက္ခဲ့ခ်င္လား..

ဆရာ့မွာဆိုင္ကယ္လ္ပါတယ္.."


"ဟုတ္ကဲ့...လိုက္ခဲ့ခ်င္ပါတယ္...ပံုရိပ္လည္း...

ဆရာနဲ႔စကားေတြေျပာခ်င္တယ္..."


ပံုရိပ္တို႔ႏွစ္ေယာက္၏ စကားေျပာသံမ်ားသည္

တိုးၫွင္းေန၏။ေလေျပႏုႏုက ျဖတ္တိုက္သြားတိုင္းဆရာ့ကို ေငးၾကၫ့္ေနမိရာမွ ဘယ္ႏွစ္ခါမွန္းမသိေအာင္ မ်က္လႊာခ်ေနမိသည္။ႏွင္းဆီတို႔၏ရနံ႔သည္သင္းထံုေမႊးပ်ံ႔ေနေပမဲ့ ‌ဆရာ့၏အမူအရာတစ္ခုဆီကိုသာ တရိႈက္မတ္မတ္လိုက္လံေငးၾကၫ့္ေနမိသည္။


"သြားရေအာင္ေလ..."


"ဟုတ္ကဲ့..."


ကေလးတစ္ေယာက္လို ပံုရိပ္၏လက္ကိုဆဲြေခၚသြားတာမ်ိဳးမဟုတ္ပဲ အေရ႔ွမွဆိုင္ကယ္လ္ေသာ့ကိုေဝ့ယမ္း၍ ေအးေဆးစြာသြားေနေလသည္။

ဝါ၀င္းၿပီးသား ဆရာ့၏အသားအရည္သည္

နဂိုထက္ ပို၍ၾကည္လင္လာသလိုပါပဲ။

အျပင္ထြက္တိုင္း ဆံပင္ေတြကိုဂ်ယ္လ္လိမ္းထားတတ္သကဲ့သို႔ ယခုလည္းဆရာလွခ်င္ျပန္ေလၿပီ။

ပံုရိပ္ႃပံုးလိုက္မိၿပီး ဆိုင္ကယ္လ္စက္ႏိႈးသည္ႏွင့္

ပံုရိပ္လည္းေဘးေစာင္းေလးတက္ထိုင္လိုက္သည္။


"မႏၲေလးမွာ ဆိုင္ကယ္လ္စီးသင္ခဲ့လား..."


"ဘယ္ကလာဆရာရယ္...ေက်ာင္းကိုအၿမဲကားနဲ႔ပဲသြားရလို႔..ဆိုင္ကယ္လ္စီးတာကဘာမွန္းေတာင္

မသိရေသးဘူး..အခုကပထမဆံုးဆိုင္ကယ္လ္ေနာက္ကလိုက္ဖူးတာ..."


"ဒါဆို...ဆရာျဖည္းျဖည္းေမာင္းပါ့မယ္...ေသခ်ာကိုင္ထားေနာ္..."


"ဟုတ္ကဲ့..."


အေနာက္သို႔လွၫ့္ေမးလာေသာ ဆရာ့ေၾကာင့္လက္ဖ်ားေတြေအးစက္လာကာ ဆိုင္ကယ္ေနာက္မွီးကိုသာ အားနဲ႔ဆုပ္ကိုင္လိုက္မိသည္။

ဆရာ့ခါးကိုေတာ့ မဖက္ရဲပါဘူး။

အခုေတာင္ ေနရထိုင္ရတာရွက္ေနသလိုလိုနဲ႔

ဘာေတျြဖစ္ေနမွန္းကိုမသိဘူး။

ပံုရိပ္ရယ္ သမၼတ‌နဲ႔ေတြ့ေနတာလည္းမဟုတ္ပဲ

ဘာေၾကာင့္ ဒီေလာက္စိတ္လႈပ္ရွားေနရတာလဲ။


"အမယ္ေလး...."


"ေသခ်ာကိုင္ထားေလ...ဂမုေတြရိွတယ္...

မျပဳတ္က်ေစနဲ႔..."


"ဟုတ္ကဲ့..."


ဒီညေနမွစကားနည္းလြန္းေနေသာကိုယ့္ကိုကိုယ္လည္း ေဒါသထြက္မိသည္။

ဆရာ့ပခံုးေပၚသို႔ ပံုရိပ္၏လက္ရွည္ရွည္သြယ္သြယ္ေလးေတြ တင္လိုက္ေသာအခါ အညိုေရာင္အိက်ႌအသားမို႔ ပံုရိပ္၏လက္ျဖဴႁဖူေလးေတြကပို၍ အေရာင္ေတာက္ေနသလိုပါပဲ။ပံုရိပ္တစ္ခ်က္မ်ွ ႃပံုးလိုက္ၿပီး ျပဳတ္က်မည္စိုး၍ ဆရာ့ပခံုးကိုအားေလးနည္းနည္းထၫ့္ကာ ဖိကိုင္ထားမိသည္။


ပံုရိပ္သတိထားမိသေလာက္ ဆရာ့ကိုယ္သင္းရနံ႔ကေျပာင္းလဲသြားေလၿပီ။အရင္က ေဈးေပါေသာစံပယ္ေရ‌ေမႊးကိုသံုးေလ့ရိွေပမဲ့ ယခုေတာ့

ေဈးႀကီးေသာ အမ်ိဳးသားသံုးေရေမႊးတစ္ခုကို

စြတ္ထားမွန္းသိသာသည္။ဆရာ့အႀကိဳက္ေတြ ေျပာင္းလဲသြားၿပီထင္ပါရဲ့။


အခန္း(၄၀..ဆက္ရန္)


🌹🌹🌹🌹🌹🌹


romanceေလးေတြပါလာၿပီေနာ္..ပံုရိပ္တို႔ရင္ခုန္ေနၿပီလား..သိဘူး😊


updateေစာင့္ရၾကာသြားေစမိလို႔ ေတာင္းပန္ပါတယ္ေနာ္...

စိတ္ရွည္သီးခံၿပီး ဖတ္ေပးလို႔လဲေက်းဇူးတင္ပါတယ္...

No comments:

Post a Comment