(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၄၀)
သစ်ရွက်လှုပ်သံဟာ ရင်ခုန်စရာကောင်းတယ်ဆိုရင် သူ့အနားမှာရှိတဲ့အချိန်လောက်တော့ ရင်ခုန်သံတွေပြင်းထန်မယ်မထင်ပေ။
တိမ်စိုင်လေးတွေရွေ့လျှားသွားတာက သိပ်လှတယ်ဆိုရင် သူ့လက်ချောင်းလေးတွေရွေ့လျှားသွားတာလောက်ရော လှရဲ့လား။
ပန်းသီးလေးကိုစားရတာသိပ်ချိုပါတယ်ဆိုရင်
သူ့စကားပြောသံလောက် ချိုမျှပါရဲ့လား။
ပန်းရနံ့ကမွှေးမျှပေမဲ့ သူ့ကိုယ်သင်းရနံ့ကပိုသင်းပျံ့တယ်။
နှင်းဆီပန်းကလှတယ်ဆိုရင် သူ့အပြုံးကပိုလှတယ်။
စံပယ်ကဖြူစင်ပါတယ်ဆိုရင် ရင်ထဲကသူ့ကိုချစ်တဲ့အချစ်လောက်ဖြူစင်ပါရဲ့လား။
*အချစ်ဒဿနဆိုတာ ဖွင့်ပြမှသိမှာ
တိတ်တခိုးအချစ်မို့ တိမ်ဖုံးထားတဲ့လလို
အလင်းရောင်မှိန်ပျပျ သူမြင်နိုင်ပါ့မလား
အဖိုးကလည်းအဖွားကိုချစ်တယ်ပြောမှာပဲ
အဖေကလည်းအမေ့ကိုချစ်တယ်ပြောမှာပဲ
မင်းချစ်တာလည်း သူသိနိုင်ပါစေ...*
*ချစ်ပန်းဝေ*ဆိုသော သိပ်လှတဲ့နာမည်လေးပေးထားသည့် ကိတ်မုန့်ဆိုင်၏နံရံတွင် ကပ်ထားသောကဗျာလေးကို ဖတ်ကြည့်ပြီး ပြုံးလိုက်မိသည်။
တိတ်တခိုးအချစ်က တိမ်ဖုံးထားတဲ့လလိုပါပဲတဲ့။
ဟုတ်ပါတယ်လေ။တိမ်တွေဖုံးအုပ်ထားမှတော့လရဲ့အလင်းရောင်ကို ဘယ်သူကမြင်မှာလဲ။
ထို့နည်းတူပဲ သူသိအောင်ပြောမပြပဲ သူကဘယ်လိုလုပ်ပြီး ကိုယ့်ရင်ထဲကခံစားချက်ကိုမြင်နိုင်ပါ့မလဲ။
ကိုယ့်ရင်ထဲမှာ သူရှိနေပေမဲ့။
သူရင်ထဲမှာရော ကိုယ်ရှိနေပါ့မလား။
သာမာန်ဆက်ဆံရေးတစ်ခုနဲ့တင် အဆုံးသတ်ခဲ့ပြီး တစ်နှစ်ကျော်လောက်ဝေးကွာသွားပြီးခါမှ
ကိုယ့်ခံစားချက်တွေပြောင်းလဲလာတာကို ကလေးစိတ်မို့တွေးကြိတ်ပြီး စိတ်ကူးယဉ်ဆန်တယ်လို့များ သတ်မှတ်လေမလား။
"ချွင်!!!"
အိပ်မက်ဖမ်းသူဟုခေါ်ကြသော အဝိုင်းလေးအောက်ကတွဲလောင်းကျနေသော ကြိုးလေးတွင်တပ်ထားသော ခေါင်းလောင်းလေးကို ခေါင်းနဲ့တိုက်မိသောကြောင့် "ချွင်.."ကနဲမြည်သွားသည့်အသံလားရာကို မမှိတ်မသုန်ငေးကြည့်နေမိသည်။
ဘူဖေးစနစ်မို့ ကိတ်မုန့်ပန်းကန်လေးတွေကို ကိုယ်တိုင်သယ်လာကာ အညိုရောင်တီရှပ်လေးနှင့် ဖွေးသန့်နေသောဆရာသည် ပုံရိပ်စောင့်နေမိသည့် တစ်ဦးတည်းသောအမျိုးသားတစ်ယောက်ဖြစ်သည်။
"ချစ်ပန်းဝေ*ဆိုသည့်အမည်အတိုင်း ဆိုင်လေး၏
အပြင်အဆင်ကလည်း နူးညံ့မှုတွေနှင့်သာ ပြည့်နှက်နေသည်။စားပွဲတစ်ခုဆီတိုင်းမှာ အလှပန်းအိုးလေးတွေထိုးထားပြီး အမိုးဘက်မှာလည်း သစ်ရွက်စိမ်းစိမ်းလေးတွေပါသည့် သစ်နွယ်ကြိုးအတုလေးတွေကို သွယ်တန်းထားသည်။
အဝါရောင် မီးလုံးလေးတွေက အိပ်မက်ပိုဆန်စေသည်။
နံရံလေးတွေမှာ အသဲပုံစံမီးခွေလေးတွေက
တဖြတ်ဖြတ်လက်နေ၍ ညနေခင်းအချိန်အခါလေးနှင့်သိပ်လိုက်ဖက်လွန်းသည်။ကိတ်မုန့်ပန်းကန်လေးနှစ်ခုကို ယူ၍ပုံရိပ်ရှိသောစားပွဲဆီသို့ လျှောက်လာနေသော ဆရာသည် ကိုယ်ဟန်ခပ်မတ်မတ်ဖြစ်နေတာကပဲ တစ်မျိုးကြည့်ကောင်းနေသည်။
ဘေးဝိုင်းမှ အစ်မကြီးများက ဆရာ့ကိုခဏခဏလှမ်းလှမ်းကြည့်ကြ၍ အမြန်လျှောက်လာပါဟု လှမ်း၍ အော်ပြောလိုက်ချင်မိသည်။
"ဒီမှာစတော်ဘယ်ရီကိတ်လေး..."
ဆရာက ပုံရိပ်၏အရှေ့သို့ စတော်ဘယ်ရီကိတ်မုန့်ပန်းကန်လေးကို ချပေးလေသည်။
ဆရာ့ကိုယ်တိုင်ကတော့ ချောကလက်ကွတ်ကီးကိတ်ကလေးကို သူ့နေရာမှာချထားလိုက်သည်။
"ဒါစားချင်လို့လား..."
"အဟင်း...မဟုတ်ပါဘူး..."
ဆရာ့မျက်နှာကိုမကြည့်ရဲလို့ သူ့ရှေ့ကကိတ်ပန်းကန်လေးကို ကြည့်နေမိတော့စားချင်နေသည်ဟု ထင်သွားပုံပါပဲ။အမြန်ခေါင်းယမ်းပြလိုက်ပြီး
စတော်ဘယ်ရီရောင်ကိတ်မုန့်လေးကို ဇွန်းသေးသေးလေးနှင့် ခပ်စားလိုက်သည်။
အရသာက ချိုချိုလေးဆိုတော့ ဆရာ့အပေါ်မှာထားတဲ့ပုံရိပ်ရဲ့ခံစားချက်လိုပေါ့။
"ကိတ်မုန့်စားရတာ အဲ့လောက်တောင်ပျော်နေတာလား..."
"ရှင်!!!အော်...ဟုတ်...ဟုတ်ကဲ့...ဒါမျိုးကိုအိမ်မှာလုပ်စားနေကြလေ..."
တစ်ယောက်တည်းကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်မိတော့ ဆရာကထမေးလိုက်ရာ ရှက်ကိုးရှက်ကန်းနှင့်ဖြေလိုက်မိတာက တလွဲဖြစ်နေသည်...။
"ကိုယ့်ဘာသာလုပ်တတ်တာလား...ဘယ်လိုလုပ်ရတာလဲ...ပြောပါအုံး..."
"ဟမ်..မဟုတ်ဘူးဆရာ..သမီးကသူများလုပ်ပြီးသားကိုစားပေးရတာပါ..ကိတ်မုန့်လုပ်တာတော့
မသင်ရသေးဘူး...အိမ်မှာလေးလေးခန့်ရဲ့မိန်းမကကိတ်မုန့်လုပ်ကျွေးတာပါ..."
လက်ကလေးတခါခါနှင့် အတင်းငြင်းယူတော့ဆရာက သွားစွယ်လေးများပေါ်သည်အထိပြုံးလိုက်လေသည်။မပြုံးပါနဲ့ဆရာရယ် ဆရာပြုံးရင်သမီးအအေးပတ်လိမ့်မယ်။
လွှင့်ပြယ်ချင်လုလုစိတ်ကို ချုပ်တည်းပြီးကိတ်မုန့်ပန်းကန်ပေါ်တွင်သာ စုချည်ထားလိုက်မိတော့
ဆရာကလည်းသူ့ရဲ့ချောကလက်ကိတ်လေးကို
ခပ်စားနေလေသည်။
ကိတ်မုန့်တွေကို ခပ်စားနေသောဇွန်းသံမှအပ အခြားအာရုံနှောက်စရာမရှိလေတော့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေသည်။အစောပိုင်းကတော့ ဆရာကပဲဦးဆောင်ပြီးမေးနေ၍ အလိုက်သင့်ဖြေရုံသာရှိသည်။အခုတော့ အရမ်းတိတ်ဆိတ်နေသလိုပဲ။ကိတ်မုန့်ခပ်စားနေသော ဆရာ့ကိုမော့၍ကြည့်လိုက်ပြီး ကိုယ့်ဘက်ကပဲစကားစဖို့ ဆုံးဖြတ်လိုက်သည်။ဆရာ့ကိုလည်း တောင်းပန်ရအုံးမည်မဟုတ်လား။
"ဆရာ...ဒီဆိုင်လေးကလှတယ်နော်..ဈေးနဲ့လည်းနီးတယ်...ဒီဘက်အခြမ်းမှာ..မွေးနေ့ကိတ်ဆိုင်ဆိုလို့
ဒီတစ်ခုပဲရှိတယ်နော်...ဆရာဘယ်လိုစိတ်ကူးပေါက်ပြီး ဒီဆိုင်ကိုရွေးလိုက်တာလဲ..."
"ကလေးတွေက ကိတ်မုန့်ကြိုက်တယ်မဟုတ်လား
..ဟိုနေ့ကဒီနားကိုလာရင်း..ဒီဆိုင်လေးကို
မထင်မှတ်ပဲတွေ့လိုက်လို့..."
အင်!!!ဆရာပြောချင်တဲ့အဓိပ္ပာယ်က ပုံရိပ်ဟာကလေးပေါ့။ဒါကြောင့် ကိတ်မုန့်ဆိုင်ကိုခေါ်လာတာပေါ့လေ။
ဒါဆိုရင်တော့ ဆရာသိပ်မှားသွားပြီ။
ပုံရိပ်က ကလေးမဟုတ်တော့ဘူးဆရာရဲ့။ကိုယ်တိုင်ငွေရှာနိုင်နေပြီ။ကိုယ်ပိုင်ခြံတောင်ရှိပါသေးတယ်။ဆရာ့ မျက်လုံးထဲမှာတော့ ပုံရိပ်ဟာဆယ့်ငါးနှစ်သမီးလေးပဲ ဖြစ်နေတာထင်ပါရဲ့။
ကိုယ့်ခေါင်းမှာ ပန်ထားတဲ့စံပယ်ပန်းတွေကိုလည်း ပြန်စမ်းကြည့်လိုက်မိပြီး ၀တ်ထားတဲ့မြန်မာ၀တ်စုံ၀မ်းဆက်လေးကိုပါ ပြန်ငုံ့ကြည့်လိုက်မိသည်။
ဟွန့်..ဘယ်နေရာက ကလေးနဲ့တူတာလဲ။
"ဟိုမှာနေရတာ ပျော်ရဲ့လား..ပုံရိပ်ရဲ့သတင်းတွေကိုတော့ ပုံရိပ်ရဲ့ဒေါ်လေးကအမြဲပြန်ပြောပြပါတယ်..
သူဌေးမလေး ဖြစ်နေပြီဆို...."
"အဲ့လောက်လည်း မဟုတ်ပါဘူးဆရာရယ်...
အဖွားတို့က ကျောက်မျက်ရတနာကုမ္ပဏီပိုင်တယ်လေ..
အဲ့တော့ ပုံရိပ်ကိုလည်းရတနာတွေအကြောင်းကို
လေ့လာခိုင်းတယ်...ပွဲစားတွေဆီကနေကျောက်ကို အောင်မအောင်အကဲခတ်ပြီး..၀ယ်ထားလိုက်တယ်..
တရုတ်ဘက်ကိုတစ်ဆင့်ပြန်ရောင်းတဲ့အခါ...
အမြတ်ရတာမျိုးပါ...အမှန်တော့ဟိုမှာနေရတာက..
ကောင်းကောင်းတော့ နေရပါတယ်..ဒါပေမဲ့လွတ်လပ်မှုမရှိဘူး..အခုထိမန္တလေးမြို့ကိုတောင် ကောင်းကောင်းမလည်ပတ်ဖူးသေးဘူး...
အန်တီတင့်ကတော့ တက္ကသိုလ်ရောက်ရင်အပြတ်လည်ပစ်တဲ့လေ...အဖွားကအရမ်းစည်းကမ်းကြီးတာ..လမ်းလျှောက်ရင်တောင် ပုရွက်ဆိတ်လေးလို ရွရွလေးလျှောက်တာမှ ကြိုက်တာ...အ၀တ်အစားဆိုလည်းကိုယ်၀တ်ချင်တာမ၀တ်ရဘူး..."
မကျေနက်ချက်တွေအားလုံးကို တထိုင်တည်းညည်းတွားလိုက်မိတော့ ဆရာကတည်ကြည်သော မျက်၀န်းများဖြင့်ပုံရိပ်ကိုသေချာစိုက်ကြည့်နေလေသည်။
ပြီးတော့ ပြုံးတောင်ပြုံးလိုက်သေးသည်။
ဆရာဘာကို သဘောကျနေတာပါလိမ့်။
"အဟွန်း...အခုပုံစံကအဖွားကြီးအိုပေါက်စလေးနဲ့တူပေမဲ့ ကြည့်လို့အဆင်ပြေပါတယ်.."
*အဆင်ပြေပါတယ်တဲ့လား*လှတယ်ဆိုရင်တော့ ထခုန်မိမှာပဲ။အခုတော့လူကို အပျိုကြီးပုံဖမ်းတယ်ဆိုပြီး လှောင်ချင်နေတာများမသိရင်ခတ်မယ်။အုံ့မှိုင်းသွားတဲ့စိတ်ကြောင့် မရယ်နိုင်တော့ပဲ ချက်ချင်းမျက်နှာကိုတည်ပစ်လိုက်သည်။
"အ၀တ်အစားဆိုတာ..အရေးပါတဲ့အခန်းကဏ္ဍ
တစ်ခုမှာပါ၀င်နေပေမဲ့....စိတ်ထဲမှာသိပ်ထားစရာ
မလိုပါဘူး..အ၀တ်အစားသားသားနားနား၀တ်ပြီး..
စိတ်ဓာတ်အဆင့်အတန်းအောက်တန်းကျနေတဲ့လူတွေမှ တစ်ပုံကြီးပဲ...လျှပ်ပေါ်လော်လီတဲ့အ၀တ်အစားတွေ၀တ်ပြီး..ခောတ်မှီတဲ့အတွေးအခေါ်ဗဟုသုတမကြွယ်၀သူတွေလည်းအများကြီးပဲ...
အ၀တ်အစား၀တ်တာခောတ်မှီဖို့ထက်..
ခောတ်မှီတဲ့အတွေးအမြင်ဗဟုသုတရှိဖို့ကပိုအရေးကြီးတယ်...မြန်မာအမျိုးသမီးတစ်ယောက်က ကိုယ့်မြန်မာ၀တ်စုံပုံစံကို ပြန်မရှုံ့ချသင့်ဘူး..
လွတ်လပ်ပေါ့ပါးတဲ့၀တ်စားဆင်ယင်မှုထက်..
လိပ်ပြာသန့်သန့်နဲ့ကိုယ့်လမ်းကိုယ်လျှောက်ပြီး...
ကိုယ့်ရည်မှန်းချက်တွေကို အကောင်းဆုံးပုံဖော်နိုင်တာကမှလွတ်လပ်တဲ့ဘ၀ကို ပိုင်ဆိုင်ခြင်းပဲ..
အပေါ်ယံလွတ်လပ်မှုကိုမမက်ပါနဲ့ အတွင်းစိတ်ထဲကလွတ်လပ်မှုကိုပဲရအောင် ပုံဖော်ကြည့်ပါ
...အရည်အချင်းပြည့်မှီပြီး
ထက်မြတ်တဲ့လူတစ်ယောက်က ဘယ်လိုပုံပဲ၀တ်စားထားပါစေ..ယုံကြည်မှုအပြည့်ရှိနေမှာပဲ..."
စကားတစ်လုံးချင်းဆီတိုင်းက အဓိပ္ပာယ်ပြည့်၀နေသောကြောင့် ခုံပေါ်သို့လက်တင်ကာမေးထောက်ပြီး ဆရာ့ကိုငေးကြည့်နေမိသည်။ဆရာ့၏နီမြန်းမြန်းနှုတ်ခမ်းတွေကို သဘောကျသည်။
ပုံရိပ်၏လွဲမှားနေသော ထင်မြင်ယူဆချက်တွေကို အမြဲတည့်မက်ပေးတတ်သည့် ပုံစံကိုလည်းကြိုက်သည်။
စကားပြောတိုင်း လက်ဟန်အမူအယာနှင့် ပြောတတ်သော ခပ်တည်တည်ပုံစံလေးကိုလည်း ရင်ခုန်ပါသည်။
တစ်နှစ်ကျော်အတွင်း ပုံရိပ်၏ နေ့စဉ်အသက်
ရှူနှုန်းတိုင်းမှာ ဆရာ့နာမည်ပါ၀င်သည်။
အစက သတိမထားမိပေမဲ့ ဆရာမနုနုနှင့်အတူတွဲပြီး တွေ့လိုက်ရတော့မှ ရင်ခုန်သံတွေဗြောင်းပြန်ပက်လက်တွေ ဖြစ်ကုန်ရတာလို့ ၀န်ခံရင်
ယုံပါ့မလား။
အခြားသူတွေကိုလည်း ဒီလိုစိတ်ရှည်ရှည်နဲ့ရှင်းပြ၊ပြောပြတတ်ပြီး လူကြီး၊လူငယ်မရွေးကူညီတတ်သူဆိုပေမဲ့ ပုံရိပ်၏အပေါ်တွင်တော့ ပို၍ထူးကဲစေချင်သည်။
"ဆယ်တန်းစာမေးပွဲရော...ဖြေနိုင်လား..."
"ဟုတ်ကဲ့..ဖြေနိုင်ပါတယ်.."
"ဂုဏ်ထူးပါမယ်လို့ထင်လား..."
"ဂုဏ်ထူးကတော့ပါချင်တာပေါ့ဆရာရယ်...
အကောင်းဆုံးလည်း ကြိုးစားပြီးဖြေခဲ့ပါတယ်...
ဂုဏ်ထူးထွက်မထွက်ကတော့ ဆရာ၊ဆရာမတွေအပေါ်ကိုမူတည်သွားပြီ..ကိုယ့်ကိုကိုယ်တော့ အထင်တွေဇွတ်ကြီးမထားချင်ဘူး..အကျနာမှာစိုးလို့..."
ပုံရိပ်၏စကားကြောင့် ဆရာရယ်ပြန်ပါပြီ။
ဆရာရယ်လိုက်တိုင်း ရင်ခုန်နေမိမှန်းသာသိရင် ဆရာရယ်ပါအုံးတော့မလား။
"ဒါဆို...ပုံရိပ်ကဘယ်တက္ကသိုလ်ကိုတက်ချင်လဲ..
အရင်တုန်းကရည်မှန်းချက်အကြောင်းကိုမေးတော့ ရေရေရာရာမဖြေဘူး...အခုရောအဖြေရပြီလား..."
ရည်မှန်းချက်နဲ့ပတ်သတ်ရင် ဆရာပြောခဲ့သော စကားလေးတစ်ခွန်းကိုအမြဲအမှတ်ရမိသည်။
တစ်ဦးတစ်ယောက်ကိုလည်း အကျိုးပြုနိုင်ရမည်တဲ့။ပုံရိပ်ရဲ့ ရည်မှန်းချက်ကိုပြောရင်
ဆရာလှောင်ရယ်မည်လား။
"ပုံရိပ်တို့အဖိုးဘက်ကမျိုးရိုးကဆရာ၀န်ဆိုတဲ့
ဘွဲ့ကိုသိပ်မက်ကြတယ်..အဖိုးကအဖေ့ကိုဆရာ၀န်လိုင်းမရလို့..ဒေါသထွက်ပြီးကြိမ်းမောင်းခဲ့ဖူးတယ်...ပုံရိပ်ရဲ့ဦးလေးကလည်းဆရာ၀န်ပဲ...
အစ်ကို၀မ်းကွဲလည်..ဘွဲ့ရပြီးကာစ..ဆရာ၀န်လောင်းပဲ..ဒါပေမဲ့အဖွားကတော့ စီးပွားရေးလိုင်းဘက်ကိုသွားစေချင်တယ်..."
"ဒါဆိုရင် ပုံရိပ်ကဆရာ၀န်ဖြစ်ချင်တာလား...
စီးပွားရေးသမားတစ်ယောက်ဖြစ်ချင်တာလား..
ဒီနှစ်လမ်းကသက်ဆိုင်မှုတော့မရှိပေမဲ့...
ကိုယ့်ရွေးချယ်မှုကိုတော့ ကိုယ်ကျေနပ်ရမယ်နော်..."
"မဟုတ်ဘူးဆရာ..သမီးကအဲ့နှစ်ခုလုံးဖြစ်ချင်တာမဟုတ်ဘူး..."
"ဘယ်လို...ဒါဆို..ပုံရိပ်ကဘာကိုရွေးဖို့စဉ်းစားထားတာလဲ..."
"ဥပဒေကိုရွေးချင်တာဆရာ..သမီးlawတက်ချင်တယ်..ရှေ့နေဖြစ်ချင်တယ်ဆရာ..."
"ဟ...တကယ်ပြောနေတာလား..."
ကြည့်..ဆရာတောင်မယုံချင်တော့ဘူးမဟုတ်လား။ပုံရိပ်၏အဖြေက အားလုံးနဲ့ကွဲထွက်နေတော့
ဘယ်သူကမှယုံကြည်မပေးချင်ကြဘူး။
အဖွားရဲ့အရှေ့မှာသာ ပြောမိရင်
"လာပြန်ပြီ ဒုတိယမိုးရိပ်.."ဟုပြောခံရမှာသေချာသည်။ပုံရိပ်၏ရင်ထဲမှာ ပထမဆုံးဖြစ်ပေါ်လာသည့် လေးနက်သောရည်မှန်းချက်တစ်ခုပါပဲ။
"တကယ်ပဲရှေ့နေဖြစ်ချင်တာလား..
ဘာကြောင့်ရှေ့နေဖြစ်ချင်တာလဲ..."
ပုံရိပ်ကို ဒီမေးခွန်းမေးလာတဲ့လူဟာ ဆရာပထမဆုံးပါပဲ။မေးကြပါစေလို့တောင် ဆုတောင်းနေခဲ့မိတာပါ။
"ပုံရိပ်ရဲ့ ရည်မှန်းချက်ကဘာလဲလို့ ဆရာမေးခဲ့စဉ်တုန်းက..သမီးဘယ်လိုဖြေရမှန်းမသိခဲ့ဘူး...
တကယ်တော့အဲ့ဒီ့ရည်မှန်းချက်က သမီးရဲ့ဘ၀တွေမှာကိုအဖြေရှိနေခဲ့တာပါ...
သမီးနဲ့တကယ်ကိုရင်းနှီးပါတယ်...
ဒီကိုအလည်မလာခင်တစ်ပတ်အလိုက..
အန်တီယဉ်တင့်နဲ့အတူတူ...သူ့သူငယ်ချင်းလင်မယား..ကွာရှင်းပြီးတရားရုံးမှာလင်မယားပိုင်ပစ္စည်းကို ခွဲဝေကြတဲ့ကိစ္စ..တရားရင်ဆိုင်တော့ သမီးလိုက်သွားခဲ့မိတယ်..အဲ့ဒီ့နေ့က..သူတို့အမူကိုစစ်ဆေးမှုမလုပ်ခင်...အခြားပြီးလုဆဲဆဲ တရားခွင်တစ်ခုကိုကြားနာကြည့်ခဲ့သေးတယ်...ဥပဒေအကြောင်းကိုသမီးနားမလည်ပါဘူး...
သူတို့ပြောနေတဲ့အကြောင်းတွေကိုလည်း
စိတ်မ၀င်စားပါဘူး..ဒါပေမဲ့တရားလိုဘက်က အမျိုးသမီးက အမှုရှုံးသွားတယ်ဆိုတာတော့
သိလိုက်ပါတယ်..သူတို့ဘက်မှာအစိုးရရှေ့နေရှိပေမဲ့ အထောက်အထားမခိုင်လုံလို့ တရားခံကိုအပြစ်
မပေးလိုက်နိုင်ပါဘူး...အဲ့ဒီ့နေ့ကတရားခွင်ထဲမှာလည်းမနေချင်လို့ တရားရုံးအပြင်ဘက်ကိုထွက်လာတော့ အမှုရှုံးသွားတဲ့အမျိုးသမီးက ထိုင်ငိုနေခဲ့တယ်...စိတ်မကောင်းဖြစ်မိလို့ အိတ်ထဲကတစ်ရှူးထုပ်ကို သွားပေးလိုက်တော့...ကျေးဇူးတင်လိုက်တာလို့ပြောပြီး..ဆက်ငိုနေတယ်..သူ့အဖြစ်အပျက်ကိုလည်းသမီးကိုပြောပြတယ်..သူ့မှာမွေးခါစလသားအရွယ်တောင်မရှိသေးတဲ့ သားလေးတစ်ယောက်ရှိတယ်...သူ့ယောက်ျားကရွှေဆိုင်တွေမှာလချုပ်ပိုက်ဆံလိုက်ကောက်ရပြီး...ကားတိုက်မှုဖြစ်တော့..သူကမီးတွင်းထဲမှာတဲ့...
...သူ့ခေါင်းမှာကလေးအနှီးကိုခေါင်းပေါင်းထားပြီး..တစ်ကိုယ်လုံးလည်းနနွင်းတွေကြောင့် ဝါထိန်နေတာပဲ...သွေးနုနုသားနုနုနဲ့...တရားရုံးကိုလာခဲ့ရတဲ့သူ့ကိုသမီးသိပ်သနားမိတယ်...သူ့ယောက်ျားရော..သူရောကမိဘဆွေမျိုးတွေ
မရှိကြတော့ဘူး...ဒါပေမဲ့ကြိုးစားရုန်းကန်ရင်း အခက်ခဲဆုံးအချိန်တွေကိုဖြတ်ကျော်လာနိုင်ခဲ့ပြီးမှ...ဒုက္ခတွင်းထဲကိုပြန်ပြီးခုန်ဆင်းရတဲ့အမျိုးသမီးကဘယ်လောက်သနားစရာကောင်းလိုက်သလဲ...
ရင်နဲ့မဆံ့အောင်ခံစားရလို့ သူငိုနေတာတဲ့လေ..
သူတို့ဘက်မှာအကျိုးအမြတ်မမျှော်ကိုးပဲ..
သေချာကူညီပေးချင်တဲ့လူတစ်ယောက်မှမရှိဘူး...
တရားခံရှေ့နေနဲ့...သူ့ဘက်ကရှေ့နေဇာတ်တိုက်ထားတယ်လို့ သူသံသယ၀င်ပေမဲ့...
သူ့မှာပြောပိုင်ခွင့်မရှိသလို..ပြောလည်းမပြောရဲဘူးတဲ့..
အမှုပြီးသွားတော့မှ..တရားခံရှေ့နေက..လျှော်ကြေးယူပြီး..ကိစ္စတွေကိုဆက်မရှည်တော့ဖို့..ခြိမ်းချောက်သလိုပြောလာခဲ့တယ်လို့သူကရင်ဖွင့်တယ်...
ငါးတန်းတောင်မအောင်တဲ့အပြင် တုံးအတဲ့မိန်းမတစ်ယောက်၊မီးတွင်းထဲကနေ ကလေးကိုထားရစ်ခဲ့ပြီး သွေးနုနုနဲ့ထွက်လာခဲ့ရတဲ့ မိန်းမတစ်ယောက်ကို..ဝိုင်းပြီးဖိနှိပ်ရက်ကျတယ်..ဝိုင်းပြီးအနိုင်ကျင့်ကြတယ်..
အဲ့ဒီ့အချိန်မှာ သမီးအရမ်းခံပြင်းခဲ့တယ်..
ဥပဒေအကြောင်းနားမလည်ပေမဲ့..
ကိုယ်ချင်းစာတရားနဲ့ဒီမိန်းမဘက်ကနေ ရပ်တည်ပေးချင်မိခဲ့တယ်..ဒါပေမဲ့သမီးဘာမှမတတ်နိုင်ခဲ့ဘူး..သမီးရပ်နေရတဲ့နေရာက..
သူရင်ဆိုင်နေရတဲ့အခန်းကဏ္ဍနဲ့လုံး၀မသက်ဆိုင်တော့..အံကြိတ်ပြီးပဲရင်ထဲမှာ တနုတ်နုတ်ခံစားရုံနဲ့ သာပြန်လာခဲ့ရတယ်...သမီးသာရှေ့နေတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်..ရလဒ်ကဒီလိုဖြစ်လာပါ့မလား..
သမီးသူ့ကိုအကြံဉာဏ်တွေပေးနိုင်မှာသေချာတယ်.."
"ဒါကြောင့်..ရှေ့နေဖြစ်ချင်သွားတယ်ပေါ့..."
ထိုင်ခုံနောက်မှီကို ကျောကပ်လိုက်ပြီး လက်ချောင်းတွေကို ယှက်ထွေးထားကာ သဘောကျကျေနပ်နေသော မျက်၀န်းတွေနှင့် ဆရာကပုံရိပ်ကိုကြည့်နေလေသည်။
ဆရာ့မျက်၀န်းတွေက အရောင်လက်နေပြီး ဆရာ့အပြုံးတွေက ပုံရိပ်ကိုလှောင်နေတာမျိုးမဟုတ်လို့ ရေတံခွန်ကြီးတဝေါဝေါစီးကျသွားသလို စကားတွေအဆက်မပြတ်ပြောလိုက်သည့် ကိုယ့်ကိုကိုယ်နောင်တမရမိတော့ပေ။
ပုံရိပ်၏ စကားကိုဆရာကဘယ်တော့ဖြစ်ဖြစ်
လေးလေးနက်နက်နားထောင်ပေးတတ်တယ်။အဖြေမရမချင်း မေးခွန်းတစ်ခုကိုခဏခဏမေးတတ်တယ်။ဆရာမေးလွန်းလို့လဲ ဘယ်သူ့ကိုမှ
မပြောဖြစ်ပဲ ရင်ထဲမှာမျိုသိပ်ထားမိတဲ့ စကားတွေကိုပြောလိုက်မိသည်။
"တကယ်တော့..အဲ့ဒီ့ကိစ္စတစ်ခုတည်းအတွက်ကြောင့် မဟုတ်ပါဘူး...ဦးသက်ဆွေနဲ့ပြဿနာဖြစ်ခဲ့တဲ့ကိစ္စကို ဆရာလည်းသိပါတယ်..အခုအချိန်အထိအဲ့ဒီ့နေ့ကအဖြစ်အပျက်က သမီးကိုခြောက်လှန့်နေတုန်းပဲ...
ဒေါ်လေးကသူ့ယောက်ျားကို ထောင်ချချင်ခဲ့တာ..ဒါပေမဲ့ငွေကြေးလည်းမတတ်နိုင်သလို..
ဘယ်ရှေ့နေကမှလည်းအခမဲ့လိုက်ပေးမှာမဟုတ်ဘူး...တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ဘ၀ကဘယ်လိုလုပ်ပြီး...အချိန်တွေရော၊ငွေတွေရောကို
ဒီအထဲမှာ ပုံအပ်ထားနိုင်ပါ့မလဲ...ဒါတင်မကသေးဘူး...
အရင်ကဒေါ်လေးတို့လင်မယားရန်ဖြစ်တိုင်း..
ဒေါ်လေးရဲ့ခေါင်းမှာသွေးထွက်တဲ့အထိ
အရိုက်ခံခဲ့ရဖူးတယ်....ဒါပေမဲ့အပြစ်လုပ်တဲ့လူကအပြစ်ပြန်မခံရတော့...နောက်ထပ်ကျူးလွန်မြဲထပ်ကျူးလွန်တာပဲ...ပုံရိပ်သာရှေ့နေတစ်ယောက်ဆိုရင် အဲ့လူထောင်ထဲကိုရောက်နေတာကြာပြီပေါ့...
လက္ဖက်ရည်ဆိုင်ရှင်ကအသက်မပြည့်သေးတဲ့ကလေးတစ်ယောက်ကို ခိုင်းချင်သလိုခိုင်းပြီး
လစာမပေးပဲအလုပ်ထုတ်လိုက်တာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရဖူးတယ်...လူအများကြီးကိုမကူညီနိုင်ပေမဲ့...လက်လှမ်းမှီသလောက်လေးတော့
နစ်နာသူတွေဘက်ကနေ...ရပ်တည်ပေးချင်တယ်...."
"အရမ်းမောနေပြီမဟုတ်လား...ရော့...ရေသောက်လိုက်အုံး..."
ခုံပေါ်မှာ ဆိုင်ကအလကားလာချပေးထားသည့် ရေခဲရေဗူးကို ပုံရိပ်ဘက်သို့တွန်းပို့ပေးလိုက်တာကြောင့် ဆရာ့ကိုစိတ်ဆိုးမိသည်။
ဒါပေမဲ့ တကယ်လည်းစကားတွေအများကြီးပြောပြီး မောနေသောကြောင့် ရေငဲ့သောက်လိုက်ကာ ဆောင့်ကနဲခွက်ကိုပြန်ချလိုက်ပြီး ဆရာ့ကိုမကြည်သလိုကြည့်လိုက်မိသည်။
"ဆရာကသမီးကို လှောင်တာလား..."
"မဟုတ်ပါဘူး...ပုံရိပ်ကိုထောက်ခံတာပါ...
ပုံရိပ်ဒီလောက်အထိ စိတ်အားထက်သန်နေတာကို တစ်ခါမှမမြင်ခဲ့ဖူးဘူး...အဟင်း..ဆရာကသဘောကျနေတာပါ...ပုံရိပ်ရဲ့ရည်ရွယ်ချက်က
သိပ်ကိုအဖိုးတန်လွန်းလို့ အလေးအနက်ထားပြီး နားထောင်ပေးနေတာပေါ့...ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေါ့..အားပေးပါတယ်..ဒါပေမဲ့
တကယ်လက်တွေ့လုပ်တဲ့အခါမှ...လမ်းကြောင်းတွေမပြောင်းမိစေနဲ့ပေါ့...
ဒီလိုပြောဖို့ကစောပါသေးတယ်...
ပုံရိပ်ကိုဆရာယုံတယ်..."
"တကယ်ယုံတာလား..ဆရာ.."
"အင်းပေါ့..."
တုန့်ဆိုင်းမှုမရှိပဲ ယုံကြည်ပေးနေသည့်ဆရာ့ကြောင့် ချက်ချင်းလက်ငင်းပဲ စိတ်တွေရွှင်မြူးတက်ကြွသွားသည်။ဆရာက ပုံရိပ်ကိုယုံကြည်တယ်တဲ့။
ဘယ်သူမှ မယုံရင်တောင်ဆရာယုံရင်ကျေနပ်နေတတ်တဲ့ ပုံရိပ်အဖို့ပျော်ရွှင်မှုကတော့ အတိုင်းထက်အလွန်ပါပဲ။
"အော်...သမီးပြောချင်တာတွေပဲဇွတ်ပြောနေတာနဲ့ ဆရာ့အတွက်ယူလာတဲ့ လက်ဆောင်ကိုတောင်
မပေးရသေးဘူး..."
ဘေးကခုံပေါ်တွင်တင်ထားသော အိတ်အဖြူလေးကို ဆရာ့ဆီသို့တရိုတသေမတ်တပ်ရပ်ပြီး ပေးလိုက်ပေမဲ့ ဆရာကလုံး၀လက်မခံပေ။
ဆရာ့မျက်နှာကြီး တည်ကျသွားတာကိုငေးကြည့်နေမိပြီး အနည်းငယ်လန့်သွားမိပေမဲ့ ပြန်ထိုင်လိုက်ပြီးအထုပ်တစ်ထုပ်ချင်းဆီကို ယူကာဆရာထိုင်နေသော ဘက်အခြမ်းသို့တင်ပေးလိုက်သည်။
"ဒါကကွင်းထိုးဖိနပ်လေးပါ...ဆရာမှတ်မိလားတော့မသိဘူး..စာအုပ်ဟောင်းတန်းမှာ သမီးရဲ့ဖိနပ်လေးပျက်သွားတော့သမီးငိုတာလေ..ဆရာကချက်ချင်းပဲဖိနပ်၀ယ်ပြီးပြန်ပြေးလာခဲ့တယ်..အဲ့ဒီ့အချိန်တည်းက..တစ်နေ့နေ့မှာဆရာ့ကိုဖိနပ်တစ်ရံပြန်၀ယ်ပေးချင်ခဲ့တာ...ဒါကတော့အမရပူရကနေလှမ်းမှာထားတဲ့...ပုဆိုးနဲ့လည်ကတုံးသုံးစုံဆီပါပဲ...ဒီအ၀တ်အစားတွေပေးတာကလည်း...ရည်ရွယ်ချက်ရှိတယ်
...ဆရာနဲ့သမီးနဲ့စတွေ့တဲ့နေ့ကလေ...သမီးချမ်းနေလို့ဆိုပြီး...သူများကိုပေးထားတဲ့မွေးနေ့လက်ဆောင်ကို တစ်ခါမှမသိကျွမ်းခဲ့ဖူးပဲ..သမီးကိုရက်ရက်ရောရော...လက်ဆောင်ပေးခဲ့တယ်...
အဲ့အချိန်တည်းက...ဆရာ့ကိုသမီးလက်ဆောင်ပြန်ပေးချင်ခဲ့တာပါ...."
"ဒါပေမဲ့...ဆရာလက်မခံနိုင်ဘူး..."
"ဆရာကြတော့သမီးကို စက်ဘီးလက်ဆောင်ပေးပြီး...သမီးကြတော့ဘာလို့မရတာလည်း...မရဘူးဆရာလက်ခံရမယ်..."
"ပုံရိပ်..ဆရာပြောနေတယ်...လက်မခံဘူးလို့ဆိုနေ
...ဆရာမကြိုက်ရင်ထပ်မပြောနဲ့တော့..."
"ဘာလဲ...ဆရာ့ကိုဒီကြားထဲမှာမဆက်သွယ်မိလို့လား...ဆရာကစာအကြောင်းကလွဲပြီးအခြားအကြောင်းပြောရင်မကြိုက်မှာစိုးလို့မခေါ်မိတာပေါ့...နောက်ပြီးဖုန်းနံပါတ်တွေရေးထားတဲ့စာရွက်လေးကပျောက်သွားလို့ပါ...သမီးကတော့ဆရာနဲ့စကားမပြောဖြစ်လည်း အမြဲသတိရနေတာပါ...
ဒါကြောင့် ဒီလက်ဆောင်တွေကိုအစောတည်းကကြို၀ယ်ထားခဲ့တာ...အခုဆရာကလက်မခံဘူးဆိုတော့ သမီးကဘယ်သူ့ကိုပေးပစ်ရမှာလဲ..."
ဆရာလက်မခံမချင်းအလျှော့မပေးဘူးဟု စဉ်းစားထားသောကြောင့် မျက်ရည်ကိုပါ လက်နက်အဖြစ်အသုံးချနေမိသည်။တကယ်၀မ်းနည်းတာဆိုပေမဲ့
ဟန်ဆောင် ပန်ဆောင်လေးကလည်း အပိုဆောင်းပါနေတာကို ဆရာမရိပ်မိပါစေနဲ့။
"ကဲ...ဆရာတို့သွားကြရအောင်...ပုံရိပ်စားလို့၀ပြီမဟုတ်လား...ဆရာပိုက်ဆံရှင်းပြီးပြီ..."
ဆရာကပုံရိပ်ငိုတာကို တကယ်ပဲမသနားပါလား။
ဆရာက ဆိုင်ကယ်လ်သော့ယူပြီးထထွက်သွားတော့ ပုံရိပ်လည်းအိတ်အဖြူလေးကိုဆွဲပြီး အနောက်မှလိုက်ရတော့သည်။
မဟုတ်ရင် ဆိုင်ထဲမှာတစ်ယောက်တည်းကျန်ခဲ့မှာပေါ့။
ပုံရိပ်သည် ဆရာ့ကိုအမှန်တကယ်စိတ်ကောက်နေမိပေမဲ့ ဆရာကတော့ပုံရိပ်စိတ်ကောက်နေမှန်းတောင် သိပါရဲ့လား။
"သေချာကိုင်ထားနော်...."
"ဟုတ်!!!!"
နှုတ်ခမ်းကိုစူထားလိုက်မိပြီး ဆိုင်ကယ်လ်အနောက်ခုံမှာ တက်ထိုင်လိုက်မိပေမဲ့ ဆရာ့ပခုံးကို မကိုင်မိအောင်နေလိုက်သည်။
အရင်ကလိုပဲ ဈေးတန်းလမ်းကလေးက လူစည်နေပြီး ပြန်ကျဈေးသည်တွေကလည်း အခင်းတွေခင်း၍အသီးအရွက်တွေ၊အသားငါးတွေကို ထုတ်နေကြလေသည်။ညနေစောင်းလာ၍ လမ်းဘေးဆိုင်လေးတွေကလည်း မီးတွေထွန်းလာကြသည်။
လက်ပျက်၀တ်ထား၍ လေတိုက်တိုင်းအေးစိမ့်စိမ့်ဖြစ်နေပေမဲ့ မျက်ရည်ဝဲလျှက်
ဆရာ့ကျောပြင်ကိုသာ ငေးကြည့်နေမိသည်။
သိပ်သူစိမ်းဆန်တဲ့လူပါလား။
ဆရာမနုနုက သူ့အသားကိုထိတာကြလက်ခံပြီး ကိုယ်ကလက်ဆောင်ပေးတာကြတော့ လက်မခံပဲ ဘူးခံငြင်းသည်။
တမင်စည်းခြားထားတာလည်း ဖြစ်နိုင်တာပဲ။
ဒါပေမဲ့ဆရာဘောင်ခတ်ထားတဲ့အတားအဆီးက
ပုံရိပ်ကလွဲပြီး အခြားမိန်းကလေးတွေအကုန်၀င်နိုင်တာလား။ဆရာ့ကျောကို ထုလိုက်ချင်သည်။
ဒါပေမဲ့ မထုရဲပါဘူး။
ဒေါ်လေးတို့၏ ခြံရှေ့ကိုရောက်တဲ့အထိ ပုံရိပ်၏
မျက်နှာကြီးက မလျှော့သောဇွဲနှင့် တည်တင်းနေခဲ့သည်။
"သမီးအထဲကို ၀င်တော့မယ်...."
ဆိုင်ကယ်လ်ပေါ်ကဆင်းသည်နှင့် နှစ်ကိုယ်သားကြားရုံသာပြောပြီး ခြံထဲသို့ပြေး၀င်ဖို့ကြိုးစားလိုက်သည်။
"နေဦးလေ...."
"ဟင်...ဘာလို့.."
ဆရာက ဆိုင်ကယ်လ်ကိုခွလျှက်အနေအထားနှင့်ပင် ပုံရိပ်တင်းတင်းဆုပ်ကိုင်ထားသောအိတ်အဖြူလေးကို လှမ်းဆွဲသည်။နားမလည်လို့ မျက်ခုံးကြုံ့ပြီးကြည့်လိုက်တော့ အိတ်အဖြူလေးကိုမေးငေါ့ပြနေလေတော့ ပုံရိပ်လည်းအိတ်ကိုကိုင်ထားမိရာမှ လက်လွှတ်လိုက်ရတော့သည်။
ကြည့်ပါအုံး နှစ်နှစ်ကာကာပြုံးလိုက်တာ ဆည်းဆာရောင်ခြည်နဲ့အပြိုင် အရောင်တောက်နေတာပဲ။
"ဒါကကိုယ့်အတွက်ဆို...ယူသွားလိုက်မယ်နော်...
ဆိုင်ကယ်လ်စီးတော့ လေတိုက်ပြီးအေးနေမှာပေါ့...
ဆေးကြိုသောက်ထားလိုက်...မနက်ဖြန်၆နာရီလောက် ဘုန်းကြီးကျောင်းမှာလုပ်အားလာပေးအုံး.."
"ဟုတ်...ဟုတ်ကဲ့...."
ဆရာ့ဆိုင်ကယ်လ်လေးမောင်းထွက်သွားသည်နှင့်ပါးစပ်ကမအော်မိရုံတမယ် ရွှင်မြူးပြုံးပျော်ပြီး အိမ်ပေါ်သို့ ပြေးတက်လိုက်မိသည်။
ထိုနေ့ညက အိပ်မက်ထဲမှာပုံရိပ်ကရှေ့နေကြီးဖြစ်ပြီး အမှုနိုင်လို့ပြုံးပျော်နေစဉ် ဆရာကပုံရိပ်ကိုလာကြိုသည်တဲ့။ဆရာစီးလာတဲ့ စက်ဘီးလေးကအနီရောင်လေးဖြစ်ပြီး ဆရာ၀တ်ထားတဲ့၀တ်စုံလေးကပုံရိပ်လက်ဆောင်ပေးထားသော ငွေရောင်ချဉ်မျှင်တန်းလေးတွေပါသည့် ပုဆိုးအနက်ကွက်လေးနှင့် အိင်္ကျီလည်ကတုံးလေးဖြစ်နေသည်။
ပုံရိပ်၏စွဲလမ်းစိတ်သည် အိပ်မက်နတ်သားကိုတောင် အလုပ်များစေမိပြီ။
အခန်း(၄၁)ဆက်ရန်ရှိသည်..
🌹🌹🌹🌹🌹🌹
Updateလေးတစ်ရက်ကျော်သွားမိပါတယ်..
ကြိုက်နှစ်သက်ကြရဲ့လားရှင့်
အရေးအသားညံ့သေးလို့ ရင်ထဲကိုမရောင်ရင်ခွင့်လွှတ်ပါနော်
ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်❤️
=======================================================================
🔥ဆူးႀကိဳး...🔥အခန္း(၄၀)
သစ္ရြက္လႈပ္သံဟာ ရင္ခုန္စရာေကာင္းတယ္ဆိုရင္ သူ႔အနားမွာရိွတဲ့အခ်ိန္ေလာက္ေတာ့ ရင္ခုန္သံေတျြပင္းထန္မယ္မထင္ေပ။
တိမ္စိုင္ေလးေတြေရြ့လ်ွားသြားတာက သိပ္လွတယ္ဆိုရင္ သူ႔လက္ေခ်ာင္းေလးေတြေရြ့လ်ွားသြားတာေလာက္ေရာ လွရဲ့လား။
ပန္းသီးေလးကိုစားရတာသိပ္ခ်ိဳပါတယ္ဆိုရင္
သူ႔စကားေျပာသံေလာက္ ခ်ိဳမ်ွပါရဲ့လား။
ပန္းရနံ႔ကေမႊးမ်ွေပမဲ့ သူ႔ကိုယ္သင္းရနံ႔ကပိုသင္းပ်ံ႔တယ္။
ႏွင္းဆီပန္းကလွတယ္ဆိုရင္ သူ႔အႃပံုးကပိုလွတယ္။
စံပယ္ကျဖဴစင္ပါတယ္ဆိုရင္ ရင္ထဲကသူ႔ကိုခ်စ္တဲ့အခ်စ္ေလာက္ျဖဴစင္ပါရဲ့လား။
*အခ်စ္ဒႆနဆိုတာ ဖြင့္ျပမွသိမွာ
တိတ္တခိုးအခ်စ္မို႔ တိမ္ဖံုးထားတဲ့လလို
အလင္းေရာင္မိွန္ပ်ပ် သူျမင္ႏိုင္ပါ့မလား
အဖိုးကလည္းအဖြားကိုခ်စ္တယ္ေျပာမွာပဲ
အေဖကလည္းအေမ့ကိုခ်စ္တယ္ေျပာမွာပဲ
မင္းခ်စ္တာလည္း သူသိႏိုင္ပါေစ...*
*ခ်စ္ပန္းေဝ*ဆိုေသာ သိပ္လွတဲ့နာမည္ေလးေပးထားသၫ့္ ကိတ္မုန႔္ဆိုင္၏နံရံတြင္ ကပ္ထားေသာကဗ်ာေလးကို ဖတ္ၾကၫ့္ၿပီး ႃပံုးလိုက္မိသည္။
တိတ္တခိုးအခ်စ္က တိမ္ဖံုးထားတဲ့လလိုပါပဲတဲ့။
ဟုတ္ပါတယ္ေလ။တိမ္ေတြဖံုးအုပ္ထားမွေတာ့လရဲ့အလင္းေရာင္ကို ဘယ္သူကျမင္မွာလဲ။
ထို႔နည္းတူပဲ သူသိေအာင္ေျပာမျပပဲ သူကဘယ္လိုလုပ္ၿပီး ကိုယ့္ရင္ထဲကခံစားခ်က္ကိုျမင္ႏိုင္ပါ့မလဲ။
ကိုယ့္ရင္ထဲမွာ သူရိွေနေပမဲ့။
သူရင္ထဲမွာေရာ ကိုယ္ရိွေနပါ့မလား။
သာမာန္ဆက္ဆံေရးတစ္ခုနဲ႔တင္ အဆံုးသတ္ခဲ့ၿပီး တစ္ႏွစ္ေက်ာ္ေလာက္ေဝးကြာသြားၿပီးခါမွ
ကိုယ့္ခံစားခ်က္ေတြေျပာင္းလဲလာတာကို ကေလးစိတ္မို႔ေတြးႀကိတ္ၿပီး စိတ္ကူးယဉ္ဆန္တယ္လို႔မ်ား သတ္မွတ္ေလမလား။
"ခၽြင္!!!"
အိပ္မက္ဖမ္းသူဟုေခၚၾကေသာ အဝိုင္းေလးေအာက္ကတဲြေလာင္းက်ေနေသာ ႀကိဳးေလးတြင္တပ္ထားေသာ ေခါင္းေလာင္းေလးကို ေခါင္းနဲ႔တိုက္မိေသာေၾကာင့္ "ခၽြင္.."ကနဲျမည္သြားသၫ့္အသံလားရာကို မမိွတ္မသုန္ေငးၾကၫ့္ေနမိသည္။
ဘူေဖးစနစ္မို႔ ကိတ္မုန႔္ပန္းကန္ေလးေတြကို ကိုယ္တိုင္သယ္လာကာ အညိုေရာင္တီရွပ္ေလးႏွင့္ ေဖြးသန႔္ေနေသာဆရာသည္ ပံုရိပ္ေစာင့္ေနမိသၫ့္ တစ္ဦးတည္းေသာအမ်ိဳးသားတစ္ေယာက္ျဖစ္သည္။
"ခ်စ္ပန္းေဝ*ဆိုသၫ့္အမည္အတိုင္း ဆိုင္ေလး၏
အျပင္အဆင္ကလည္း ႏူးညံ့မႈေတြႏွင့္သာ ျပၫ့္ႏွက္ေနသည္။စားပဲြတစ္ခုဆီတိုင္းမွာ အလွပန္းအိုးေလးေတြထိုးထားၿပီး အမိုးဘက္မွာလည္း သစ္ရြက္စိမ္းစိမ္းေလးေတြပါသၫ့္ သစ္ႏြယ္ႀကိဳးအတုေလးေတြကို သြယ္တန္းထားသည္။
အဝါေရာင္ မီးလံုးေလးေတြက အိပ္မက္ပိုဆန္ေစသည္။
နံရံေလးေတြမွာ အသဲပံုစံမီးေခြေလးေတြက
တျဖတ္ျဖတ္လက္ေန၍ ညေနခင္းအခ်ိန္အခါေလးႏွင့္သိပ္လိုက္ဖက္လြန္းသည္။ကိတ္မုန႔္ပန္းကန္ေလးႏွစ္ခုကို ယူ၍ပံုရိပ္ရိွေသာစားပဲြဆီသို႔ ေလ်ွာက္လာေနေသာ ဆရာသည္ ကိုယ္ဟန္ခပ္မတ္မတ္ျဖစ္ေနတာကပဲ တစ္မ်ိဳးၾကၫ့္ေကာင္းေနသည္။
ေဘးဝိုင္းမွ အစ္မႀကီးမ်ားက ဆရာ့ကိုခဏခဏလွမ္းလွမ္းၾကၫ့္ၾက၍ အျမန္ေလ်ွာက္လာပါဟု လွမ္း၍ ေအာ္ေျပာလိုက္ခ်င္မိသည္။
"ဒီမွာစေတာ္ဘယ္ရီကိတ္ေလး..."
ဆရာက ပံုရိပ္၏အေရ႔ွသို႔ စေတာ္ဘယ္ရီကိတ္မုန႔္ပန္းကန္ေလးကို ခ်ေပးေလသည္။
ဆရာ့ကိုယ္တိုင္ကေတာ့ ေခ်ာကလက္ကြတ္ကီးကိတ္ကေလးကို သူ႔ေနရာမွာခ်ထားလိုက္သည္။
"ဒါစားခ်င္လို႔လား..."
"အဟင္း...မဟုတ္ပါဘူး..."
ဆရာ့မ်က္ႏွာကိုမၾကၫ့္ရဲလို႔ သူ႔ေရ႔ွကကိတ္ပန္းကန္ေလးကို ၾကၫ့္ေနမိေတာ့စားခ်င္ေနသည္ဟု ထင္သြားပံုပါပဲ။အျမန္ေခါင္းယမ္းျပလိုက္ၿပီး
စေတာ္ဘယ္ရီေရာင္ကိတ္မုန႔္ေလးကို ဇြန္းေသးေသးေလးႏွင့္ ခပ္စားလိုက္သည္။
အရသာက ခ်ိဳခ်ိဳေလးဆိုေတာ့ ဆရာ့အေပၚမွာထားတဲ့ပံုရိပ္ရဲ့ခံစားခ်က္လိုေပါ့။
"ကိတ္မုန႔္စားရတာ အဲ့ေလာက္ေတာင္ေပ်ာ္ေနတာလား..."
"ရွင္!!!ေအာ္...ဟုတ္...ဟုတ္ကဲ့...ဒါမ်ိဳးကိုအိမ္မွာလုပ္စားေနၾကေလ..."
တစ္ေယာက္တည္းကိုယ့္အေတြးနဲ႔ကိုယ္ ႃပံုးလိုက္မိေတာ့ ဆရာကထေမးလိုက္ရာ ရွက္ကိုးရွက္ကန္းႏွင့္ေျဖလိုက္မိတာက တလဲြျဖစ္ေနသည္...။
"ကိုယ့္ဘာသာလုပ္တတ္တာလား...ဘယ္လိုလုပ္ရတာလဲ...ေျပာပါအံုး..."
"ဟမ္..မဟုတ္ဘူးဆရာ..သမီးကသူမ်ားလုပ္ၿပီးသားကိုစားေပးရတာပါ..ကိတ္မုန႔္လုပ္တာေတာ့
မသင္ရေသးဘူး...အိမ္မွာေလးေလးခန႔္ရဲ့မိန္းမကကိတ္မုန္႔လုပ္ကၽြေးတာပါ..."
လက္ကေလးတခါခါႏွင့္ အတင္းျငင္းယူေတာ့ဆရာက သြားစြယ္ေလးမ်ားေပၚသည္အထိႃပံုးလိုက္ေလသည္။မႃပံုးပါနဲ႔ဆရာရယ္ ဆရာႃပံုးရင္သမီးအေအးပတ္လိမ့္မယ္။
လႊင့္ျပယ္ခ်င္လုလုစိတ္ကို ခ်ဳပ္တည္းၿပီးကိတ္မုန႔္ပန္းကန္ေပၚတြင္သာ စုခ်ည္ထားလိုက္မိေတာ့
ဆရာကလည္းသူ႔ရဲ့ေခ်ာကလက္ကိတ္ေလးကို
ခပ္စားေနေလသည္။
ကိတ္မုန႔္ေတြကို ခပ္စားေနေသာဇြန္းသံမွအပ အျခားအာရံုေနွာက္စရာမရိွေလေတာ့ စိတ္ထဲမွာ တစ္မ်ိဳးႀကီးျဖစ္ေနသည္။အေစာပိုင္းကေတာ့ ဆရာကပဲဦးေဆာင္ၿပီးေမးေန၍ အလိုက္သင့္ေျဖရံုသာရိွသည္။အခုေတာ့ အရမ္းတိတ္ဆိတ္ေနသလိုပဲ။ကိတ္မုန႔္ခပ္စားေနေသာ ဆရာ့ကိုေမာ့၍ၾကၫ့္လိုက္ၿပီး ကိုယ့္ဘက္ကပဲစကားစဖို႔ ဆံုးျဖတ္လိုက္သည္။ဆရာ့ကိုလည္း ေတာင္းပန္ရအံုးမည္မဟုတ္လား။
"ဆရာ...ဒီဆိုင္ေလးကလွတယ္ေနာ္..ေဈးနဲ႔လည္းနီးတယ္...ဒီဘက္အျခမ္းမွာ..ေမြးေန့ကိတ္ဆိုင္ဆိုလို႔
ဒီတစ္ခုပဲရိွတယ္ေနာ္...ဆရာဘယ္လိုစိတ္ကူးေပါက္ၿပီး ဒီဆိုင္ကိုေရြးလိုက္တာလဲ..."
"ကေလးေတြက ကိတ္မုန႔္ႀကိဳက္တယ္မဟုတ္လား
..ဟိုေန့ကဒီနားကိုလာရင္း..ဒီဆိုင္ေလးကို
မထင္မွတ္ပဲေတြ့လိုက္လို႔..."
အင္!!!ဆရာေျပာခ်င္တဲ့အဓိပၸာယ္က ပံုရိပ္ဟာကေလးေပါ့။ဒါေၾကာင့္ ကိတ္မုန႔္ဆိုင္ကိုေခၚလာတာေပါ့ေလ။
ဒါဆိုရင္ေတာ့ ဆရာသိပ္မွားသြားၿပီ။
ပံုရိပ္က ကေလးမဟုတ္ေတာ့ဘူးဆရာရဲ့။ကိုယ္တိုင္ေငြရွာႏိုင္ေနၿပီ။ကိုယ္ပိုင္ၿခံေတာင္ရိွပါေသးတယ္။ဆရာ့ မ်က္လံုးထဲမွာေတာ့ ပံုရိပ္ဟာဆယ့္ငါးႏွစ္သမီးေလးပဲ ျဖစ္ေနတာထင္ပါရဲ့။
ကိုယ့္ေခါင္းမွာ ပန္ထားတဲ့စံပယ္ပန္းေတြကိုလည္း ျပန္စမ္းၾကၫ့္လိုက္မိၿပီး ၀တ္ထားတဲ့ျမန္မာ၀တ္စံု၀မ္းဆက္ေလးကိုပါ ျပန္ငံု႔ၾကၫ့္လိုက္မိသည္။
ဟြန႔္..ဘယ္ေနရာက ကေလးနဲ႔တူတာလဲ။
"ဟိုမွာေနရတာ ေပ်ာ္ရဲ့လား..ပံုရိပ္ရဲ့သတင္းေတြကိုေတာ့ ပံုရိပ္ရဲ့ေဒၚေလးကအၿမဲျပန္ေျပာျပပါတယ္..
သူေဌးမေလး ျဖစ္ေနၿပီဆို...."
"အဲ့ေလာက္လည္း မဟုတ္ပါဘူးဆရာရယ္...
အဖြားတို႔က ေက်ာက္မ်က္ရတနာကုမၸဏီပိုင္တယ္ေလ..
အဲ့ေတာ့ ပံုရိပ္ကိုလည္းရတနာေတြအေၾကာင္းကို
ေလ့လာခိုင္းတယ္...ပဲြစားေတြဆီကေနေက်ာက္ကို ေအာင္မေအာင္အကဲခတ္ၿပီး..၀ယ္ထားလိုက္တယ္..
တရုတ္ဘက္ကိုတစ္ဆင့္ျပန္ေရာင္းတဲ့အခါ...
အျမတ္ရတာမ်ိဳးပါ...အမွန္ေတာ့ဟိုမွာေနရတာက..
ေကာင္းေကာင္းေတာ့ ေနရပါတယ္..ဒါေပမဲ့လြတ္လပ္မႈမရိွဘူး..အခုထိမႏၲေလးၿမိဳ႔ကိုေတာင္ ေကာင္းေကာင္းမလည္ပတ္ဖူးေသးဘူး...
အန္တီတင့္ကေတာ့ တကၠသိုလ္ေရာက္ရင္အျပတ္လည္ပစ္တဲ့ေလ...အဖြားကအရမ္းစည္းကမ္းႀကီးတာ..လမ္းေလ်ွာက္ရင္ေတာင္ ပုရြက္ဆိတ္ေလးလို ရြရြေလးေလ်ွာက္တာမွ ႀကိဳက္တာ...အ၀တ္အစားဆိုလည္းကိုယ္၀တ္ခ်င္တာမ၀တ္ရဘူး..."
မေက်နက္ခ်က္ေတြအားလံုးကို တထိုင္တည္းညည္းတြားလိုက္မိေတာ့ ဆရာကတည္ၾကည္ေသာ မ်က္၀န္းမ်ားျဖင့္ပံုရိပ္ကိုေသခ်ာစိုက္ၾကၫ့္ေနေလသည္။
ၿပီးေတာ့ ႃပံုးေတာင္ႃပံုးလိုက္ေသးသည္။
ဆရာဘာကို သေဘာက်ေနတာပါလိမ့္။
"အဟြန္း...အခုပံုစံကအဖြားႀကီးအိုေပါက္စေလးနဲ႔တူေပမဲ့ ၾကၫ့္လို႔အဆင္ေျပပါတယ္.."
*အဆင္ေျပပါတယ္တဲ့လား*လွတယ္ဆိုရင္ေတာ့ ထခုန္မိမွာပဲ။အခုေတာ့လူကို အပ်ိဳႀကီးပံုဖမ္းတယ္ဆိုၿပီး ေလွာင္ခ်င္ေနတာမ်ားမသိရင္ခတ္မယ္။အံု႔မိႈင္းသြားတဲ့စိတ္ေၾကာင့္ မရယ္ႏိုင္ေတာ့ပဲ ခ်က္ခ်င္းမ်က္ႏွာကိုတည္ပစ္လိုက္သည္။
"အ၀တ္အစားဆိုတာ..အေရးပါတဲ့အခန္းက႑
တစ္ခုမွာပါ၀င္ေနေပမဲ့....စိတ္ထဲမွာသိပ္ထားစရာ
မလိုပါဘူး..အ၀တ္အစားသားသားနားနား၀တ္ၿပီး..
စိတ္ဓာတ္အဆင့္အတန္းေအာက္တန္းက်ေနတဲ့လူေတြမွ တစ္ပံုႀကီးပဲ...လ်ွပ္ေပၚေလာ္လီတဲ့အ၀တ္အစားေတြ၀တ္ၿပီး..ေခာတ္မွီတဲ့အေတြးအေခၚဗဟုသုတမႂကြယ္၀သူေတြလည္းအမ်ားႀကီးပဲ...
အ၀တ္အစား၀တ္တာေခာတ္မွီဖို႔ထက္..
ေခာတ္မွီတဲ့အေတြးအျမင္ဗဟုသုတရိွဖို႔ကပိုအေရးႀကီးတယ္...ျမန္မာအမ်ိဳးသမီးတစ္ေယာက္က ကိုယ့္ျမန္မာ၀တ္စံုပံုစံကို ျပန္မရႈံ႔ခ်သင့္ဘူး..
လြတ္လပ္ေပါ့ပါးတဲ့၀တ္စားဆင္ယင္မႈထက္..
လိပ္ျပာသန႔္သန႔္နဲ႔ကိုယ့္လမ္းကိုယ္ေလ်ွာက္ၿပီး...
ကိုယ့္ရည္မွန္းခ်က္ေတြကို အေကာင္းဆံုးပံုေဖာ္ႏိုင္တာကမွလြတ္လပ္တဲ့ဘ၀ကို ပိုင္ဆိုင္ျခင္းပဲ..
အေပၚယံလြတ္လပ္မႈကိုမမက္ပါနဲ႔ အတြင္းစိတ္ထဲကလြတ္လပ္မႈကိုပဲရေအာင္ ပံုေဖာ္ၾကၫ့္ပါ
...အရည္အခ်င္းျပည့္မွီၿပီး
ထက္ျမတ္တဲ့လူတစ္ေယာက္က ဘယ္လိုပံုပဲ၀တ္စားထားပါေစ..ယံုၾကည္မႈအျပၫ့္ရိွေနမွာပဲ..."
စကားတစ္လံုးခ်င္းဆီတိုင္းက အဓိပၸာယ္ျပၫ့္၀ေနေသာေၾကာင့္ ခံုေပၚသို႔လက္တင္ကာေမးေထာက္ၿပီး ဆရာ့ကိုေငးၾကၫ့္ေနမိသည္။ဆရာ့၏နီျမန္းျမန္းႏႈတ္ခမ္းေတြကို သေဘာက်သည္။
ပံုရိပ္၏လဲြမွားေနေသာ ထင္ျမင္ယူဆခ်က္ေတြကို အၿမဲတည့္မက္ေပးတတ္သၫ့္ ပံုစံကိုလည္းႀကိဳက္သည္။
စကားေျပာတိုင္း လက္ဟန္အမူအယာႏွင့္ ေျပာတတ္ေသာ ခပ္တည္တည္ပံုစံေလးကိုလည္း ရင္ခုန္ပါသည္။
တစ္ႏွစ္ေက်ာ္အတြင္း ပံုရိပ္၏ ေန့စဉ္အသက္
ရႉႏႈန္းတိုင္းမွာ ဆရာ့နာမည္ပါ၀င္သည္။
အစက သတိမထားမိေပမဲ့ ဆရာမႏုႏုႏွင့္အတူတဲြၿပီး ေတြ့လိုက္ရေတာ့မွ ရင္ခုန္သံေတြေျဗာင္းျပန္ပက္လက္ေတြ ျဖစ္ကုန္ရတာလို႔ ၀န္ခံရင္
ယံုပါ့မလား။
အျခားသူေတြကိုလည္း ဒီလိုစိတ္ရွည္ရွည္နဲ႔ရွင္းျပ၊ေျပာျပတတ္ၿပီး လူႀကီး၊လူငယ္မေရြးကူညီတတ္သူဆိုေပမဲ့ ပံုရိပ္၏အေပၚတြင္ေတာ့ ပို၍ထူးကဲေစခ်င္သည္။
"ဆယ္တန္းစာေမးပဲြေရာ...ေျဖႏိုင္လား..."
"ဟုတ္ကဲ့..ေျဖႏိုင္ပါတယ္.."
"ဂုဏ္ထူးပါမယ္လို႔ထင္လား..."
"ဂုဏ္ထူးကေတာ့ပါခ်င္တာေပါ့ဆရာရယ္...
အေကာင္းဆံုးလည္း ႀကိဳးစားၿပီးေျဖခဲ့ပါတယ္...
ဂုဏ္ထူးထြက္မထြက္ကေတာ့ ဆရာ၊ဆရာမေတြအေပၚကိုမူတည္သြားၿပီ..ကိုယ့္ကိုကိုယ္ေတာ့ အထင္ေတြဇြတ္ႀကီးမထားခ်င္ဘူး..အက်နာမွာစိုးလို႔..."
ပံုရိပ္၏စကားေၾကာင့္ ဆရာရယ္ျပန္ပါၿပီ။
ဆရာရယ္လိုက္တိုင္း ရင္ခုန္ေနမိမွန္းသာသိရင္ ဆရာရယ္ပါအံုးေတာ့မလား။
"ဒါဆို...ပံုရိပ္ကဘယ္တကၠသိုလ္ကိုတက္ခ်င္လဲ..
အရင္တုန္းကရည္မွန္းခ်က္အေၾကာင္းကိုေမးေတာ့ ေရေရရာရာမေျဖဘူး...အခုေရာအေျဖရၿပီလား..."
ရည္မွန္းခ်က္နဲ႔ပတ္သတ္ရင္ ဆရာေျပာခဲ့ေသာ စကားေလးတစ္ခြန္းကိုအၿမဲအမွတ္ရမိသည္။
တစ္ဦးတစ္ေယာက္ကိုလည္း အက်ိဳးျပဳႏိုင္ရမည္တဲ့။ပံုရိပ္ရဲ့ ရည္မွန္းခ်က္ကိုေျပာရင္
ဆရာေလွာင္ရယ္မည္လား။
"ပံုရိပ္တို႔အဖိုးဘက္ကမ်ိဳးရိုးကဆရာ၀န္ဆိုတဲ့
ဘဲြ႔ကိုသိပ္မက္ၾကတယ္..အဖိုးကအေဖ့ကိုဆရာ၀န္လိုင္းမရလို႔..ေဒါသထြက္ၿပီးႀကိမ္းေမာင္းခဲ့ဖူးတယ္...ပံုရိပ္ရဲ့ဦးေလးကလည္းဆရာ၀န္ပဲ...
အစ္ကို၀မ္းကဲြလည္..ဘဲြ႔ရၿပီးကာစ..ဆရာ၀န္ေလာင္းပဲ..ဒါေပမဲ့အဖြားကေတာ့ စီးပြားေရးလိုင္းဘက္ကိုသြားေစခ်င္တယ္..."
"ဒါဆိုရင္ ပံုရိပ္ကဆရာ၀န္ျဖစ္ခ်င္တာလား...
စီးပြားေရးသမားတစ္ေယာက္ျဖစ္ခ်င္တာလား..
ဒီႏွစ္လမ္းကသက္ဆိုင္မႈေတာ့မရိွေပမဲ့...
ကိုယ့္ေရြးခ်ယ္မႈကိုေတာ့ ကိုယ္ေက်နပ္ရမယ္ေနာ္..."
"မဟုတ္ဘူးဆရာ..သမီးကအဲ့ႏွစ္ခုလံုးျဖစ္ခ်င္တာမဟုတ္ဘူး..."
"ဘယ္လို...ဒါဆို..ပံုရိပ္ကဘာကိုေရြးဖို႔စဉ္းစားထားတာလဲ..."
"ဥပေဒကိုေရြးခ်င္တာဆရာ..သမီးlawတက္ခ်င္တယ္..ေရ႔ွေနျဖစ္ခ်င္တယ္ဆရာ..."
"ဟ...တကယ္ေျပာေနတာလား..."
ၾကၫ့္..ဆရာေတာင္မယံုခ်င္ေတာ့ဘူးမဟုတ္လား။ပံုရိပ္၏အေျဖက အားလံုးနဲ႔ကဲြထြက္ေနေတာ့
ဘယ္သူကမွယံုၾကည္မေပးခ်င္ၾကဘူး။
အဖြားရဲ့အေရ႔ွမွာသာ ေျပာမိရင္
"လာျပန္ၿပီ ဒုတိယမိုးရိပ္.."ဟုေျပာခံရမွာေသခ်ာသည္။ပံုရိပ္၏ရင္ထဲမွာ ပထမဆံုးျဖစ္ေပၚလာသၫ့္ ေလးနက္ေသာရည္မွန္းခ်က္တစ္ခုပါပဲ။
"တကယ္ပဲေရ႔ွေနျဖစ္ခ်င္တာလား..
ဘာေၾကာင့္ေရ႔ွေနျဖစ္ခ်င္တာလဲ..."
ပံုရိပ္ကို ဒီေမးခြန္းေမးလာတဲ့လူဟာ ဆရာပထမဆံုးပါပဲ။ေမးၾကပါေစလို႔ေတာင္ ဆုေတာင္းေနခဲ့မိတာပါ။
"ပံုရိပ္ရဲ့ ရည္မွန္းခ်က္ကဘာလဲလို႔ ဆရာေမးခဲ့စဉ္တုန္းက..သမီးဘယ္လိုေျဖရမွန္းမသိခဲ့ဘူး...
တကယ္ေတာ့အဲ့ဒီ့ရည္မွန္းခ်က္က သမီးရဲ့ဘ၀ေတြမွာကိုအေျဖရိွေနခဲ့တာပါ...
သမီးနဲ႔တကယ္ကိုရင္းႏွီးပါတယ္...
ဒီကိုအလည္မလာခင္တစ္ပတ္အလိုက..
အန္တီယဉ္တင့္နဲ႔အတူတူ...သူ႔သူငယ္ခ်င္းလင္မယား..ကြာရွင္းၿပီးတရားရံုးမွာလင္မယားပိုင္ပစၥည္းကို ခဲြေဝၾကတဲ့ကိစၥ..တရားရင္ဆိုင္ေတာ့ သမီးလိုက္သြားခဲ့မိတယ္..အဲ့ဒီ့ေန့က..သူတို႔အမူကိုစစ္ေဆးမႈမလုပ္ခင္...အျခားၿပီးလုဆဲဆဲ တရားခြင္တစ္ခုကိုၾကားနာၾကၫ့္ခဲ့ေသးတယ္...ဥပေဒအေၾကာင္းကိုသမီးနားမလည္ပါဘူး...
သူတို႔ေျပာေနတဲ့အေၾကာင္းေတြကိုလည္း
စိတ္မ၀င္စားပါဘူး..ဒါေပမဲ့တရားလိုဘက္က အမ်ိဳးသမီးက အမႈရႈံးသြားတယ္ဆိုတာေတာ့
သိလိုက္ပါတယ္..သူတို႔ဘက္မွာအစိုးရေရ႔ွေနရိွေပမဲ့ အေထာက္အထားမခိုင္လံုလို႔ တရားခံကိုအျပစ္
မေပးလိုက္ႏိုင္ပါဘူး...အဲ့ဒီ့ေန့ကတရားခြင္ထဲမွာလည္းမေနခ်င္လို႔ တရားရံုးအျပင္ဘက္ကိုထြက္လာေတာ့ အမႈရႈံးသြားတဲ့အမ်ိဳးသမီးက ထိုင္ငိုေနခဲ့တယ္...စိတ္မေကာင္းျဖစ္မိလို႔ အိတ္ထဲကတစ္ရႉးထုပ္ကို သြားေပးလိုက္ေတာ့...ေက်းဇူးတင္လိုက္တာလို႔ေျပာၿပီး..ဆက္ငိုေနတယ္..သူ႔အျဖစ္အပ်က္ကိုလည္းသမီးကိုေျပာျပတယ္..သူ႔မွာေမြးခါစလသားအရြယ္ေတာင္မရိွေသးတဲ့ သားေလးတစ္ေယာက္ရိွတယ္...သူ႔ေယာက္်ားကေရႊဆိုင္ေတြမွာလခ်ဳပ္ပိုက္ဆံလိုက္ေကာက္ရၿပီး...ကားတိုက္မႈျဖစ္ေတာ့..သူကမီးတြင္းထဲမွာတဲ့...
...သူ႔ေခါင္းမွာကေလးအႏွီးကိုေခါင္းေပါင္းထားၿပီး..တစ္ကိုယ္လံုးလည္းနႏြင္းေတြေၾကာင့္ ဝါထိန္ေနတာပဲ...ေသြးႏုႏုသားႏုႏုနဲ႔...တရားရံုးကိုလာခဲ့ရတဲ့သူ႔ကိုသမီးသိပ္သနားမိတယ္...သူ႔ေယာက္်ားေရာ..သူေရာကမိဘေဆြမ်ိဳးေတြ
မရိွၾကေတာ့ဘူး...ဒါေပမဲ့ႀကိဳးစားရုန္းကန္ရင္း အခက္ခဲဆံုးအခ်ိန္ေတြကိုျဖတ္ေက်ာ္လာႏိုင္ခဲ့ၿပီးမွ...ဒုကၡတြင္းထဲကိုျပန္ၿပီးခုန္ဆင္းရတဲ့အမ်ိဳးသမီးကဘယ္ေလာက္သနားစရာေကာင္းလိုက္သလဲ...
ရင္နဲ႔မဆံ့ေအာင္ခံစားရလို႔ သူငိုေနတာတဲ့ေလ..
သူတို႔ဘက္မွာအက်ိဳးအျမတ္မေမ်ွာ္ကိုးပဲ..
ေသခ်ာကူညီေပးခ်င္တဲ့လူတစ္ေယာက္မွမရိွဘူး...
တရားခံေရ႔ွေနနဲ႔...သူ႔ဘက္ကေရ႔ွေနဇာတ္တိုက္ထားတယ္လို႔ သူသံသယ၀င္ေပမဲ့...
သူ႔မွာေျပာပိုင္ခြင့္မရိွသလို..ေျပာလည္းမေျပာရဲဘူးတဲ့..
အမႈၿပီးသြားေတာ့မွ..တရားခံေရ႔ွေနက..ေလ်ွာ္ေၾကးယူၿပီး..ကိစၥေတြကိုဆက္မရွည္ေတာ့ဖို႔..ၿခိမ္းေခ်ာက္သလိုေျပာလာခဲ့တယ္လို႔သူကရင္ဖြင့္တယ္...
ငါးတန္းေတာင္မေအာင္တဲ့အျပင္ တံုးအတဲ့မိန္းမတစ္ေယာက္၊မီးတြင္းထဲကေန ကေလးကိုထားရစ္ခဲ့ၿပီး ေသြးႏုႏုနဲ႔ထြက္လာခဲ့ရတဲ့ မိန္းမတစ္ေယာက္ကို..ဝိုင္းၿပီးဖိႏိွပ္ရက္က်တယ္..ဝိုင္းၿပီးအႏိုင္က်င့္ၾကတယ္..
အဲ့ဒီ့အခ်ိန္မွာ သမီးအရမ္းခံျပင္းခဲ့တယ္..
ဥပေဒအေၾကာင္းနားမလည္ေပမဲ့..
ကိုယ္ခ်င္းစာတရားနဲ႔ဒီမိန္းမဘက္ကေန ရပ္တည္ေပးခ်င္မိခဲ့တယ္..ဒါေပမဲ့သမီးဘာမွမတတ္ႏိုင္ခဲ့ဘူး..သမီးရပ္ေနရတဲ့ေနရာက..
သူရင္ဆိုင္ေနရတဲ့အခန္းက႑နဲ႔လံုး၀မသက္ဆိုင္ေတာ့..အံႀကိတ္ၿပီးပဲရင္ထဲမွာ တႏုတ္ႏုတ္ခံစားရံုနဲ႔ သာျပန္လာခဲ့ရတယ္...သမီးသာေရ႔ွေနတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္..ရလဒ္ကဒီလိုျဖစ္လာပါ့မလား..
သမီးသူ႔ကိုအႀကံဉာဏ္ေတြေပးႏိုင္မွာေသခ်ာတယ္.."
"ဒါေၾကာင့္..ေရ႔ွေနျဖစ္ခ်င္သြားတယ္ေပါ့..."
ထိုင္ခံုေနာက္မွီကို ေက်ာကပ္လိုက္ၿပီး လက္ေခ်ာင္းေတြကို ယွက္ေထြးထားကာ သေဘာက်ေက်နပ္ေနေသာ မ်က္၀န္းေတြႏွင့္ ဆရာကပံုရိပ္ကိုၾကၫ့္ေနေလသည္။
ဆရာ့မ်က္၀န္းေတြက အေရာင္လက္ေနၿပီး ဆရာ့အႃပံုးေတြက ပံုရိပ္ကိုေလွာင္ေနတာမ်ိဳးမဟုတ္လို႔ ေရတံခြန္ႀကီးတေဝါေဝါစီးက်သြားသလို စကားေတြအဆက္မျပတ္ေျပာလိုက္သၫ့္ ကိုယ့္ကိုကိုယ္ေနာင္တမရမိေတာ့ေပ။
ပံုရိပ္၏ စကားကိုဆရာကဘယ္ေတာ့ျဖစ္ျဖစ္
ေလးေလးနက္နက္နားေထာင္ေပးတတ္တယ္။အေျဖမရမခ်င္း ေမးခြန္းတစ္ခုကိုခဏခဏေမးတတ္တယ္။ဆရာေမးလြန္းလို႔လဲ ဘယ္သူ႔ကိုမွ
မေျပာျဖစ္ပဲ ရင္ထဲမွာမ်ိဳသိပ္ထားမိတဲ့ စကားေတြကိုေျပာလိုက္မိသည္။
"တကယ္ေတာ့..အဲ့ဒီ့ကိစၥတစ္ခုတည္းအတြက္ေၾကာင့္ မဟုတ္ပါဘူး...ဦးသက္ေဆြနဲ႔ျပႆနာျဖစ္ခဲ့တဲ့ကိစၥကို ဆရာလည္းသိပါတယ္..အခုအခ်ိန္အထိအဲ့ဒီ့ေန့ကအျဖစ္အပ်က္က သမီးကိုေျခာက္လွန႔္ေနတုန္းပဲ...
ေဒၚေလးကသူ႔ေယာက္်ားကို ေထာင္ခ်ခ်င္ခဲ့တာ..ဒါေပမဲ့ေငြေၾကးလည္းမတတ္ႏိုင္သလို..
ဘယ္ေရ႔ွေနကမွလည္းအခမဲ့လိုက္ေပးမွာမဟုတ္ဘူး...တစ္ေန့လုပ္မွတစ္ေန့စားရတဲ့ဘ၀ကဘယ္လိုလုပ္ၿပီး...အခ်ိန္ေတြေရာ၊ေငြေတြေရာကို
ဒီအထဲမွာ ပံုအပ္ထားႏိုင္ပါ့မလဲ...ဒါတင္မကေသးဘူး...
အရင္ကေဒၚေလးတို႔လင္မယားရန္ျဖစ္တိုင္း..
ေဒၚေလးရဲ့ေခါင္းမွာေသြးထြက္တဲ့အထိ
အရိုက္ခံခဲ့ရဖူးတယ္....ဒါေပမဲ့အျပစ္လုပ္တဲ့လူကအျပစ္ျပန္မခံရေတာ့...ေနာက္ထပ္က်ူးလြန္ၿမဲထပ္က်ူးလြန္တာပဲ...ပံုရိပ္သာေရ႔ွေနတစ္ေယာက္ဆိုရင္ အဲ့လူေထာင္ထဲကိုေရာက္ေနတာၾကာၿပီေပါ့...
လကၹက္ရည္ဆိုင္ရွင္ကအသက္မျပၫ့္ေသးတဲ့ကေလးတစ္ေယာက္ကို ခိုင္းခ်င္သလိုခိုင္းၿပီး
လစာမေပးပဲအလုပ္ထုတ္လိုက္တာကို မ်က္ျမင္ကိုယ္ေတြ့ႄကံုခဲ့ရဖူးတယ္...လူအမ်ားႀကီးကိုမကူညီႏိုင္ေပမဲ့...လက္လွမ္းမွီသေလာက္ေလးေတာ့
နစ္နာသူေတြဘက္ကေန...ရပ္တည္ေပးခ်င္တယ္...."
"အရမ္းေမာေနၿပီမဟုတ္လား...ေရာ့...ေရေသာက္လိုက္အံုး..."
ခံုေပၚမွာ ဆိုင္ကအလကားလာခ်ေပးထားသၫ့္ ေရခဲေရဗူးကို ပံုရိပ္ဘက္သို႔တြန္းပို႔ေပးလိုက္တာေၾကာင့္ ဆရာ့ကိုစိတ္ဆိုးမိသည္။
ဒါေပမဲ့ တကယ္လည္းစကားေတြအမ်ားႀကီးေျပာၿပီး ေမာေနေသာေၾကာင့္ ေရငဲ့ေသာက္လိုက္ကာ ေဆာင့္ကနဲခြက္ကိုျပန္ခ်လိုက္ၿပီး ဆရာ့ကိုမၾကည္သလိုၾကၫ့္လိုက္မိသည္။
"ဆရာကသမီးကို ေလွာင္တာလား..."
"မဟုတ္ပါဘူး...ပံုရိပ္ကိုေထာက္ခံတာပါ...
ပံုရိပ္ဒီေလာက္အထိ စိတ္အားထက္သန္ေနတာကို တစ္ခါမွမျမင္ခဲ့ဖူးဘူး...အဟင္း..ဆရာကသေဘာက်ေနတာပါ...ပံုရိပ္ရဲ့ရည္ရြယ္ခ်က္က
သိပ္ကိုအဖိုးတန္လြန္းလို႔ အေလးအနက္ထားၿပီး နားေထာင္ေပးေနတာေပါ့...ျဖစ္ခ်င္တာကိုျဖစ္ေအာင္လုပ္ေပါ့..အားေပးပါတယ္..ဒါေပမဲ့
တကယ္လက္ေတြ့လုပ္တဲ့အခါမွ...လမ္းေၾကာင္းေတြမေျပာင္းမိေစနဲ႔ေပါ့...
ဒီလိုေျပာဖို႔ကေစာပါေသးတယ္...
ပံုရိပ္ကိုဆရာယံုတယ္..."
"တကယ္ယံုတာလား..ဆရာ.."
"အင္းေပါ့..."
တုန႔္ဆိုင္းမႈမရိွပဲ ယံုၾကည္ေပးေနသၫ့္ဆရာ့ေၾကာင့္ ခ်က္ခ်င္းလက္ငင္းပဲ စိတ္ေတြရႊင္ျမဴးတက္ႂကြသြားသည္။ဆရာက ပံုရိပ္ကိုယံုၾကည္တယ္တဲ့။
ဘယ္သူမွ မယံုရင္ေတာင္ဆရာယံုရင္ေက်နပ္ေနတတ္တဲ့ ပံုရိပ္အဖို႔ေပ်ာ္ရႊင္မႈကေတာ့ အတိုင္းထက္အလြန္ပါပဲ။
"ေအာ္...သမီးေျပာခ်င္တာေတြပဲဇြတ္ေျပာေနတာနဲ႔ ဆရာ့အတြက္ယူလာတဲ့ လက္ေဆာင္ကိုေတာင္
မေပးရေသးဘူး..."
ေဘးကခံုေပၚတြင္တင္ထားေသာ အိတ္အျဖဴေလးကို ဆရာ့ဆီသို႔တရိုတေသမတ္တပ္ရပ္ၿပီး ေပးလိုက္ေပမဲ့ ဆရာကလံုး၀လက္မခံေပ။
ဆရာ့မ်က္ႏွာႀကီး တည္က်သြားတာကိုေငးၾကၫ့္ေနမိၿပီး အနည္းငယ္လန႔္သြားမိေပမဲ့ ျပန္ထိုင္လိုက္ၿပီးအထုပ္တစ္ထုပ္ခ်င္းဆီကို ယူကာဆရာထိုင္ေနေသာ ဘက္အျခမ္းသို႔တင္ေပးလိုက္သည္။
"ဒါကကြင္းထိုးဖိနပ္ေလးပါ...ဆရာမွတ္မိလားေတာ့မသိဘူး..စာအုပ္ေဟာင္းတန္းမွာ သမီးရဲ့ဖိနပ္ေလးပ်က္သြားေတာ့သမီးငိုတာေလ..ဆရာကခ်က္ခ်င္းပဲဖိနပ္၀ယ္ၿပီးျပန္ေျပးလာခဲ့တယ္..အဲ့ဒီ့အခ်ိန္တည္းက..တစ္ေန့ေန့မွာဆရာ့ကိုဖိနပ္တစ္ရံျပန္၀ယ္ေပးခ်င္ခဲ့တာ...ဒါကေတာ့အမရပူရကေနလွမ္းမွာထားတဲ့...ပုဆိုးနဲ႔လည္ကတံုးသံုးစံုဆီပါပဲ...ဒီအ၀တ္အစားေတြေပးတာကလည္း...ရည္ရြယ္ခ်က္ရိွတယ္
...ဆရာနဲ႔သမီးနဲ႔စေတြ့တဲ့ေန့ကေလ...သမီးခ်မ္းေနလို႔ဆိုၿပီး...သူမ်ားကိုေပးထားတဲ့ေမြးေန့လက္ေဆာင္ကို တစ္ခါမွမသိကၽြမ္းခဲ့ဖူးပဲ..သမီးကိုရက္ရက္ေရာေရာ...လက္ေဆာင္ေပးခဲ့တယ္...
အဲ့အခ်ိန္တည္းက...ဆရာ့ကိုသမီးလက္ေဆာင္ျပန္ေပးခ်င္ခဲ့တာပါ...."
"ဒါေပမဲ့...ဆရာလက္မခံႏိုင္ဘူး..."
"ဆရာၾကေတာ့သမီးကို စက္ဘီးလက္ေဆာင္ေပးၿပီး...သမီးၾကေတာ့ဘာလို႔မရတာလည္း...မရဘူးဆရာလက္ခံရမယ္..."
"ပံုရိပ္..ဆရာေျပာေနတယ္...လက္မခံဘူးလို႔ဆိုေန
...ဆရာမႀကိဳက္ရင္ထပ္မေျပာနဲ႔ေတာ့..."
"ဘာလဲ...ဆရာ့ကိုဒီၾကားထဲမွာမဆက္သြယ္မိလို႔လား...ဆရာကစာအေၾကာင္းကလဲြၿပီးအျခားအေၾကာင္းေျပာရင္မႀကိဳက္မွာစိုးလို႔မေခၚမိတာေပါ့...ေနာက္ၿပီးဖုန္းနံပါတ္ေတြေရးထားတဲ့စာရြက္ေလးကေပ်ာက္သြားလို႔ပါ...သမီးကေတာ့ဆရာနဲ႔စကားမေျပာျဖစ္လည္း အၿမဲသတိရေနတာပါ...
ဒါေၾကာင့္ ဒီလက္ေဆာင္ေတြကိုအေစာတည္းကႀကိဳ၀ယ္ထားခဲ့တာ...အခုဆရာကလက္မခံဘူးဆိုေတာ့ သမီးကဘယ္သူ႔ကိုေပးပစ္ရမွာလဲ..."
ဆရာလက္မခံမခ်င္းအေလ်ွာ့မေပးဘူးဟု စဉ္းစားထားေသာေၾကာင့္ မ်က္ရည္ကိုပါ လက္နက္အျဖစ္အသံုးခ်ေနမိသည္။တကယ္၀မ္းနည္းတာဆိုေပမဲ့
ဟန္ေဆာင္ ပန္ေဆာင္ေလးကလည္း အပိုေဆာင္းပါေနတာကို ဆရာမရိပ္မိပါေစနဲ႔။
"ကဲ...ဆရာတို႔သြားၾကရေအာင္...ပံုရိပ္စားလို႔၀ၿပီမဟုတ္လား...ဆရာပိုက္ဆံရွင္းၿပီးၿပီ..."
ဆရာကပံုရိပ္ငိုတာကို တကယ္ပဲမသနားပါလား။
ဆရာက ဆိုင္ကယ္လ္ေသာ့ယူၿပီးထထြက္သြားေတာ့ ပံုရိပ္လည္းအိတ္အျဖဴေလးကိုဆဲြၿပီး အေနာက္မွလိုက္ရေတာ့သည္။
မဟုတ္ရင္ ဆိုင္ထဲမွာတစ္ေယာက္တည္းက်န္ခဲ့မွာေပါ့။
ပံုရိပ္သည္ ဆရာ့ကိုအမွန္တကယ္စိတ္ေကာက္ေနမိေပမဲ့ ဆရာကေတာ့ပံုရိပ္စိတ္ေကာက္ေနမွန္းေတာင္ သိပါရဲ့လား။
"ေသခ်ာကိုင္ထားေနာ္...."
"ဟုတ္!!!!"
ႏႈတ္ခမ္းကိုစူထားလိုက္မိၿပီး ဆိုင္ကယ္လ္အေနာက္ခံုမွာ တက္ထိုင္လိုက္မိေပမဲ့ ဆရာ့ပခံုးကို မကိုင္မိေအာင္ေနလိုက္သည္။
အရင္ကလိုပဲ ေဈးတန္းလမ္းကေလးက လူစည္ေနၿပီး ျပန္က်ေဈးသည္ေတြကလည္း အခင္းေတြခင္း၍အသီးအရြက္ေတြ၊အသားငါးေတြကို ထုတ္ေနၾကေလသည္။ညေနေစာင္းလာ၍ လမ္းေဘးဆိုင္ေလးေတြကလည္း မီးေတြထြန္းလာၾကသည္။
လက္ပ်က္၀တ္ထား၍ ေလတိုက္တိုင္းေအးစိမ့္စိမ့္ျဖစ္ေနေပမဲ့ မ်က္ရည္ဝဲလ်ွက္
ဆရာ့ေက်ာျပင္ကိုသာ ေငးၾကၫ့္ေနမိသည္။
သိပ္သူစိမ္းဆန္တဲ့လူပါလား။
ဆရာမႏုႏုက သူ႔အသားကိုထိတာၾကလက္ခံၿပီး ကိုယ္ကလက္ေဆာင္ေပးတာၾကေတာ့ လက္မခံပဲ ဘူးခံျငင္းသည္။
တမင္စည္းျခားထားတာလည္း ျဖစ္ႏိုင္တာပဲ။
ဒါေပမဲ့ဆရာေဘာင္ခတ္ထားတဲ့အတားအဆီးက
ပံုရိပ္ကလဲြၿပီး အျခားမိန္းကေလးေတြအကုန္၀င္ႏိုင္တာလား။ဆရာ့ေက်ာကို ထုလိုက္ခ်င္သည္။
ဒါေပမဲ့ မထုရဲပါဘူး။
ေဒၚေလးတို႔၏ ၿခံေရ႔ွကိုေရာက္တဲ့အထိ ပံုရိပ္၏
မ်က္ႏွာႀကီးက မေလ်ွာ့ေသာဇဲြႏွင့္ တည္တင္းေနခဲ့သည္။
"သမီးအထဲကို ၀င္ေတာ့မယ္...."
ဆိုင္ကယ္လ္ေပၚကဆင္းသည္ႏွင့္ ႏွစ္ကိုယ္သားၾကားရံုသာေျပာၿပီး ၿခံထဲသို႔ေျပး၀င္ဖို႔ႀကိဳးစားလိုက္သည္။
"ေနဦးေလ...."
"ဟင္...ဘာလို႔.."
ဆရာက ဆိုင္ကယ္လ္ကိုခြလ်ွက္အေနအထားႏွင့္ပင္ ပံုရိပ္တင္းတင္းဆုပ္ကိုင္ထားေသာအိတ္အျဖဴေလးကို လွမ္းဆဲြသည္။နားမလည္လို႔ မ်က္ခံုးႄကံု႔ၿပီးၾကၫ့္လိုက္ေတာ့ အိတ္အျဖဴေလးကိုေမးေငါ့ျပေနေလေတာ့ ပံုရိပ္လည္းအိတ္ကိုကိုင္ထားမိရာမွ လက္လႊတ္လိုက္ရေတာ့သည္။
ၾကၫ့္ပါအံုး ႏွစ္ႏွစ္ကာကာႃပံုးလိုက္တာ ဆည္းဆာေရာင္ျခည္နဲ႔အၿပိဳင္ အေရာင္ေတာက္ေနတာပဲ။
"ဒါကကိုယ့္အတြက္ဆို...ယူသြားလိုက္မယ္ေနာ္...
ဆိုင္ကယ္လ္စီးေတာ့ ေလတိုက္ၿပီးေအးေနမွာေပါ့...
ေဆးႀကိဳေသာက္ထားလိုက္...မနက္ျဖန္၆နာရီေလာက္ ဘုန္းႀကီးေက်ာင္းမွာလုပ္အားလာေပးအံုး.."
"ဟုတ္...ဟုတ္ကဲ့...."
ဆရာ့ဆိုင္ကယ္လ္ေလးေမာင္းထြက္သြားသည္ႏွင့္ပါးစပ္ကမေအာ္မိရံုတမယ္ ရႊင္ျမဴးႃပံုးေပ်ာ္ၿပီး အိမ္ေပၚသို႔ ေျပးတက္လိုက္မိသည္။
ထိုေန့ညက အိပ္မက္ထဲမွာပံုရိပ္ကေရ႔ွေနႀကီးျဖစ္ၿပီး အမႈႏိုင္လို႔ႃပံုးေပ်ာ္ေနစဉ္ ဆရာကပံုရိပ္ကိုလာႀကိဳသည္တဲ့။ဆရာစီးလာတဲ့ စက္ဘီးေလးကအနီေရာင္ေလးျဖစ္ၿပီး ဆရာ၀တ္ထားတဲ့၀တ္စံုေလးကပံုရိပ္လက္ေဆာင္ေပးထားေသာ ေငြေရာင္ခ်ဉ္မ်ွင္တန္းေလးေတြပါသၫ့္ ပုဆိုးအနက္ကြက္ေလးႏွင့္ အိက်ႌလည္ကတံုးေလးျဖစ္ေနသည္။
ပံုရိပ္၏စဲြလမ္းစိတ္သည္ အိပ္မက္နတ္သားကိုေတာင္ အလုပ္မ်ားေစမိၿပီ။
အခန္း(၄၁)ဆက္ရန္ရိွသည္..
🌹🌹🌹🌹🌹🌹
Updateေလးတစ္ရက္ေက်ာ္သြားမိပါတယ္..
ႀကိဳက္ႏွစ္သက္ၾကရဲ့လားရွင့္
အေရးအသားညံ့ေသးလို႔ ရင္ထဲကိုမေရာင္ရင္ခြင့္လႊတ္ပါေနာ္
ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီတိုင္းကို ေက်းဇူးအထူးတင္ရိွပါတယ္❤️
No comments:
Post a Comment