🔥ဆူးကြိုး...🔥အခန်း(၄၁)

 




(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၄၁)


(သင်္ကြန်အကြိုနေ့)


မနက်ခင်းသည် မိုးစက်ပွင့်တို့နှင့်အတူ ပွင့်လန်းလာခဲ့သည်။မျက်လုံးတွေကိုမှိတ်ထားမိပေမဲ့ တံခါးဂျက်ကိုဖွင့်လိုက်သည့်အသံကိုလည်း ကြားလိုက်သလိုအ‌လင်းရောင်စူးစူးကိုလည်း ခံစားလိုက်မိသည်။

နှာသီး၀သို့ လာရောက်ထိခတ်နေသော စွတ်ပျံ့သည့်စံပယ်ပန်းရ‌နံ့လေးကြောင့် အလိုလိုနေရင်း

စိတ်ကြည်လင်လာသည်။


ဒီလိုအေးချမ်းပြီးသင်းရနံ့လှိုင်နေသော ပေါ့ပါးသည့်မနက်ခင်းမျိုးကို ခံစားရတာသိကြိုက်သည်။နှုတ်ခမ်းနုနုလေးကို တစ်ချက်မျှပြုံးယောင်သန်းလိုက်ပြီး မျက်လုံးမှိတ်ထားလျှက်နှင့်ပင် စောင်ကိုဆွဲယူ၍ပြန်ကွေးနေလိုက်သည်။


"အာ့...ဘယ်သူလဲ"


ခေါင်းကို တစ်ယောက်ယောက်လာကုတ်လိုက်၍ လန့်ပြီးမျက်လုံးတွေချက်ချင်းပြူးကျယ်သွားသည်။ဘေးကိုကြည့်လိုက်တော့

ပိစိမကလည်း ရှိမနေပေ။လှမ်းကုတ်တာက ခေါင်းရင်းဘက်အခြမ်းကဖြစ်နေ၍ ခြင်ထောင်ကို

မပြီး ခေါင်းရင်းတွင်ပွင့်‌နေသော ပြူတင်းပေါက်မှ ခေါင်းပြူ၍ကြည့်မိတော့ စံပယ်ပန်းတွေအုံခဲနေသော စံပယ်ပန်းပင်တွေကိုသာ တွေ့ရလေသည်။


ပြူတင်းပေါက်က ပုံရိပ်တို့အိပ်နေသည့်နေရာနှင့် တန်းနေသောကြောင့်လက်ကိုဆန့်တန်းပြီး ပြူတင်းတံခါးကိုပိတ်ဖို့လှမ်းဆွဲလိုက်သည်။


"ဝါး!!!"


"အမယ်လေး..နင့်မေကုလား..."


ငယ်သံပါအောင် အော်လိုက်ပြီးလက်ဆစ်ကပေါ်လာသည့်လူရဲ့ခေါင်းပေါ်သို့ဒေါက်ခနဲမြည်‌အောင်ရောက်သွားသည်...


"အောင်မလေး..သေပါပြီ...အား...လက်သံကလည်းပြောင်လိုက်တာ...."


"ဟား..ဟား..."


ပုံရိပ်လည်းပြူးပြူးပြာပြာနှင့် ပြတင်းကနေအောက်ဘက်ကို ငုံ့ကြည့်လိုက်တော့ ပိစိမကငုတ်တုတ်ကြီး ထိုင်လျှက်ဖြစ်နေပြီး ဘေးမှာလည်းရယ်နေကြတဲ့ကလေးပေါက်စလေးတွေကပါ ပုံရိပ်ကိုမော့ကြည့်လာကြသည်။


"ဟဲ့...ကလေးတွေဘယ်လိုဖြစ်ပြီး ဒီအောက်မှာထိုင်နေကြတာလဲ..ပိစိမရယ်...နင်ကလည်းမကြီးမငယ်နဲ့...ကလေးတွေနဲ့ရောပြီး...ကဲနေတယ်...ငါလည်းယောင်ပြီးတော့ခေါက်မိသွားတာပေါ့..."


"မမကလည်း...သမီးကိုသူတို့မြှောက်ပေးတဲ့ဥစ္စာ...

သမီးဘာသာစံပယ်ပန်းတွေလာခူးတာကို...သူတို့ကမကြီးပုံကို နှိုးရအောင်ဆိုပြီးလာစတာ...အီး...

အခုတော့အီစလံဝေသွားတာပဲ...တို့မမကလူကောင်သေးသလောက် လက်သံကပြောင်လိုက်တာ..."


"မဟုတ်ဘူး...မကြီးပုံ..သူ့ဘာသာစတာ...သားတို့ဘာမှမပြောဘူးနော်....."


"ဟုတ်တယ်...မိစုလည်းပါဘူးနော်..."


"အံမာ..နင်တို့ကအခုတော့ငါ့ကိုလွှဲချပြီပေါ့...နင်တို့ခိုင်းလို့ငါလုပ်ရတာလေ...နင်တို့ဗြောင်မလိမ်နဲ့...

မမရေ..အပြစ်ပေးချင်ရင်သူတို့ကိုပါပေးသိလား...

တကယ့်အဆိုးလေးတွေ..စံပယ်ပန်းကူခူးပေးမယ်ဆိုပြီး...လာညာစားကြတာ..."


"ဟုတ်ဘူးနော်..စုစုပါဘူး...အဲ့ဒါဒီဆင်ပေါက်ကြီးလုပ်တာ..."


"ဟုတ်တယ်...ဆင်ခြေတွေပေးနေတာ...

သူပဲလုပ်ပြီးတော့..."


"နင်တို့နော်...နင်တို့အိမ်မှာလာနေတယ်ဆိုပြီး

...အနိုင်မကျင့်ကြနဲ့...ဒေါ်လေးနဲ့တိုင်လိုက်မှာ..."


"အမ်...တိုင်တော့မတိုင်ပါနဲ့....စုစုထန်းလျှက်ချောင်း

၀ယ်ကျွေးပါ့မယ်...."


"သားလည်း...ဂေါ်လီလုံးတွေလက်ဆောင်ပေးပါ့မယ်နော်...မေကြီးကိုတော့မတိုင်ပါနဲ့..."


"ဟဲ့...ထန်းလျှက်ချောင်းကသွားပိုးစားတယ်..

မစားချင်ပါဘူး...ဂေါ်လီလုံးကိုရောငါကဘာလုပ်ရမှာလဲ ..ဝါးစားလို့မှမရတဲ့ဥစ္စာ...မလိုချင်ဘူး

မလိုချင်ဘူး...ဘာမှမလိုချင်ဘူး...နင်တို့နှစ်ယောက်ကိုဒေါ်လေးနဲ့ပဲ တိုင်ပစ်မယ်..."


"ပိစိမကတော့လေ..ကလေးတွေကိုမနောက်စမ်းပါနဲ့..."


"ဟီး..သမီးကချစ်လို့စတာပါ..လာ..နင်တို့အပြစ်

နင်တို့သိတယ်နော်..ငါနဲ့အတူ..စံပယ်ပန်းတွေလိုက်ခူးပေးရမယ်..."


ကလေးနှစ်ယောက်ကိုပါခေါ်ပြီး စံပယ်ပန်းပင်တွေကြားမှာကုန်းကုန်းကွကွနှင့် စံပယ်ပန်းသွားခူးနေသောမြင်ကွင်းလေးကိုကြည့်ကာ ပုံရိပ်ပြုံးလိုက်မိသည်။ဘုန်းကြီးကျောင်းသို့လည်း သွားရအုံးမှာမို့ အမြန်ထပြီးခြင်ထောက်ကိုသိမ်းတင်ကာ

အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည်။


အိမ်ရှေ့အခန်းသို့ရောက်တော့ ဒေါ်လေးကဘုရားစင်အောက်တွင် ကျုံ့ကျုံ့လေးထိုင်၍ ဘုရား၀တ်ပြုနေသည်။အိင်္ကျီအဖြူရင်ဖုံးလေးနှင့်ယောဂီထဘီအညိုရောင်လေးကို ၀တ်ဆင်ထား၍ မြင်ရတာပိုပြီး ကျက်သရေရှိနေသလိုပင်။

ဘုရားပန်းအိုးလေးမှာလည်း သစ္စာပန်းအဖြူလေးတွေကို ထိုးထားတာများအပွင့်လေးတွေဝေနေ၍ သိပ်သပ္ပာယ်ဖို့ကောင်းနေသည်။


ဒီနေ့ကဥပုဒ်စောင့်ရသောနေ့ဖြစ်၍ တစ်အိမ်လုံးကကျက်သရည်မင်္ဂလာနှင့်ပြည့်စုံနေသလို ခံစားနေရသည်။

ဒေါ်လေးကို ပုံရိပ်ကဒီလိုလေးပဲအမြဲမြင်ချင်မိတာပါလေ။အပူအပင်ကင်းကင်းနဲ့ ဘ၀ကိုဒီလို‌‌လေးပဲဖြတ်သန်းစေချင်ပေမဲ့ ကိုယ်တိုင်ကလည်းအပြည့်အ၀ကူညီမပေးနိုင်သေးသလို ဒေါ်လေးကလည်းအချောင်ရတိုင်း ယူချင်သူမဟုတ်ပေ။


"ပုံပုံ...အိပ်ယာနိုးလာပြီလား...."


ဘုရား၀တ်ပြုပြီး၍ ထလာသောဒေါ်လေးသည်

ပုံရိပ်ကိုသေချာကြည့်၍ပြုံးကာမေးလေသည်။ဒေါ်လေး၏အပြုံးများသည် ကြည်ရွှင်နေပြီး

ယခင်လိုမှုန်မှိုင်းသောနာကျင်အပြုံးတို့မရှိတော့ပေ။အသားအရည်တွေလည်း ယခင်ကထက်ပိုပြီးအရောင်ထွက်လာသည်။ပုံရိပ်မှတ်မိပါသေးသည် ။‌

ဒေါ်လေးဖျားပြီး ဆေးဖိုးမတတ်နိုင်၍ စပ်ဆေးဆိုင်မှာ ဆေးသွား၀ယ်ခိုင်းတုန်းကဆိုရင် ပုံရိပ်အရမ်းရင်ကြုံးမရဖြစ်ခဲ့ရသည်။

အခုတော့ အဲ့ဒီ့အခြေအနေကနေ ကင်းလွတ်ခဲ့ပြီလို့ဆိုရမယ်။


"ဟဲ့...ဒီကောင်မလေး..အိပ်ချင်မူးထူးနဲ့ဘာတွေငေးငိုင်နေတာလဲ..မျက်နှာသွားသစ်တော့လေ...

ငါတောင်ဘုန်းကြီးကျောင်းမှာဆရာတော်ကြီးရဲ့မယ်တော်နှစ်ပတ်လည်အတွက်သွားစားပြီးပြီ

...နင့်ဆရာကတောင်..ပုံရိပ်မလာသေးဘူးလားဆိုပြီး..မေးနေသေးတယ်...."


"ဟင်...ဆရာကပုံရိပ်ကိုမေးတယ် ..

အာ..ဟုတ်သားပဲ...ခြောက်နာရီထိုးရင်လာခဲ့ဆိုတာ..အခုပဲ...ခြောက်နာရီထိုးတော့မယ်...

သေပြီဆရာပဲ..."


"အမယ်လေး...အခုမှမင်းတပ်ကြီးပြိုနေသလို...

ဖြစ်ပျက်ပြနေတာများ..ပုံပုံတို့ကတော့ပုံစံသာပြောင်းသွားတယ်..စိတ်ကတော့ကလေးစိတ်..."


မနေ့က ခရီးပန်းလာ၍ ညတုန်းကအစောကြီးအိပ်ပျော်သွားမိသလို မနက်ကြတော့လည်းနောက်ကျမှ နိုးခြင်းဖြစ်သည် ။အနောက်ဘက်မှ ဒေါ်လေးသည်ပွစိပွစိပြော၍ကျန်ရစ်ခဲ့လည်း

ဂရုစိုက်မနေတော့ပဲအိမ်ရှေ့ဘက်ရှိ ရေစည်ပိုင်းဆီသို့သာ အမြန်ဆင်းလာခဲ့ပြီး သွားတိုက်၊မျက်နှာသစ်သည့်ကိစ္စကို  ကန်စွန်းရွက်ခြွေသကဲ့သို့မြန်မြန်သွက်သွက်လုပ်လိုက်သည်။


ရေချိုးချင်ပေမဲ့လည်း အချိန်မမှီမှာစိုး၍

ကိုယ်လက်သာဆေးကျောပြီး အိမ်ပေါ်သို့ပြန်တက်ဖို့ပြင်တော့ ဟိုဘက်ခြံ၏အိမ်တံခါး၀တွင်ရပ်နေသော ယောက်ျားတစ်ယောက်နှင့် အကြည့်ချင်းဆုံသွားမိသည်။


ထိုလူသည် ဆရာတို့ထက်အသက်ကြီးလောက်သည်ဟု တွက်စလိုက်မိသည်။

ပြန်ကြည့်လိုက်မိတော့ ပုံရိပ်ကိုမျက်တောင်မခတ်တမ်း ခပ်စူးစူးငေးနေသောကြောင့် မနေတတ်ဖြစ်ရကာ အံကိုကြိတ်ပြီးမျက်စောင်းထိုးပြလိုက်သည်။မျက်စောင်ထိုးလိုက်မှ ရယ်ကျဲကျဲလုပ်ပြီး အိမ်ထဲသို့ပြန်၀င်သွား၍သက်ပြင်းချပြီး အိမ်ပေါ်သို့ပြန်တက်လာခဲ့လိုက်သည်။


ခြံနှစ်ခြံကိုခြားထားတဲ့ ဝါးကပ်တွေကလည်းမြင့်ပေမဲ့ သူတို့အိမ်၏အပေါက်၀ကနေဒီဘက်ခြံကို မြင်နေရ၍ နောက်လည်းရေချိုးတဲ့အခါတွေမှာ ဒီလိုအကြည့်ခံရရင်ဘယ်လိုလုပ်ပါ့မလဲဟု တွေးပူနေမိသည်။

ပုံရိပ်တို့၏ ရေစည်ပိုင်းကလည်း အိမ်ရှေ့မျက်နှာစာမှာဖြစ်နေသည်။


"မမရေ...သနပ်ခါးလိမ်းပြီးပြီလား...ဘာတွေသက်ပြင်းချနေတာလဲ...."


စံပယ်ပန်းကုံးလေးတွေကို ကိုင်ပြီးပိစိမကအိပ်ခန်း‌ထဲသို့၀င်လာ၍ သနပ်ခါးလိမ်းနေရာမှလှည့်ကြည့်လိုက်မိသည်။ပိစိမ၏လက်ထဲမှ စံပယ်ပန်းတွေကိုပါ သူကမပေးခင်ကိုယ်ကအရင်ယူကာ

ပန်ပစ်လိုက်သည်။


ကိုယ်တိုင်လည်း မွှေးလို့ရသလို ကိုယ့်အနားသို့ကပ်လာသူတိုင်းလည်း ရနံ့သင်းသင်းလေးကိုရနိုင်၍ စံပယ်ပန်းကိုသိပ်ကြိုက်ပါသည်။သို့ပေမဲ့ နှင်းဆီကိုပိုကြိုက်သည်။ဆူးတွေ၀န်းရံထားပေမဲ့ နှင်းဆီ

ဆိုတာဘယ်လိုနေရာနှင့်မဆို လိုက်ဖက်သော

ခောတ်မှီသည့် ပန်းတစ်ပွင့်ဟုသတ်မှတ်ထားမိသည်။


"အော်...ဒါနဲ့..နင့်ကိုပြောပြရအုံးမယ်.. ငါခုဏကမျက်နှာသစ်နေတုန်းလေ...ဟိုဘက်ခြံကယောက်ျားလေးတစ်ယောက်ကငါ့ကိုအကြာကြီးစိုက်ကြည့်နေတာသိလား...ငါလေဒေါသထွက်လိုက်တာပြောမနေနဲ့..."


"ဟင်..အဲ့ဒါဟိုအန်တီကြီးရဲ့အရက်မသောက်၊ဆေးလိပ်မသောက်ပဲမိန်းမကိစ္စကင်းတယ်ဆိုတဲ့ သားတွေထဲကတစ်ယောက်နေမှာပေါ့..."


"ဟုတ်မှာပေါ့...ဒါပေမဲ့ဟယ်..ကိုယ့်ညီမအရွယ်ကိုအဲ့လိုနှာဘူးထနေတာကို ငါမကြိုက်ဘူး..

နောက်တစ်ခါဆိုရင်တော့ငါပြန်ရန်တွေ့မိတော့မယ်..

တော်ကြာအဒေါ်‌တို့ပါ..ပါလာပြီး ပြဿနာတွေဖြစ်မှာစိုးလို့သိလား..မဟုတ်ရင်ငါ့စိတ်နဲ့တော့မလွယ်ဘူး...ဥပုဒ်နေ့ကြီးလည်း ဖြစ်နေလို့ဒင်းသက်သာသွားတာ..

ရုပ်ကိုက..ငပိဖုတ်ကိုတပ်သုတ်ရိုက်ထားတဲ့ရုပ်နဲ့..

အမြင်ကပ်စရာကြီး..."


"အမယ်လေးမမရယ်...ကိုယ့်အနေအထားနဲ့ပွဲတော့သွားမကြမ်းပါနဲ့...ဒီတစ်ခါလာကြည့်ရင်ပိစိကိုပြော

...ပိစိသွားပြောပစ်မယ်..

ပြောသာပြောတာ..တို့မမကလှလွန်းစိန်ဆိုတော့ သူမပြောနဲ့ပိစိတောင်ကြိုက်တာပါဆို...အဟုတ်.."


"ပိစိနော်..ခြောက်တောက်တောက်လာမလုပ်နဲ့..

တို့လက်ဝါးကပါးမရွေးဘူး .."


"အမယ်လေး...ကြောက်လိုက်တာ..

မကြိုက်ရဲတော့ပါဘူးတဲ့...ဟား..ဟား.."


ပုံရိပ်ကစလိုက်တော့ ကြောက်ဟန်ဆောင်တဲ့လူက

ပုံရိပ်ကိုအတင်းလာဖက်ပြီး ပါးတစ်ဖက်ကိုဆွဲညှစ်လိုက်ပြန်သည်။


"ဟာ..ဒီမှာသနပ်ခါးတွေပျက်ကုန်ပြီလေ..."


စိတ်တိုတိုနဲ့ ခေါင်းကိုပိတ်ခေါက်ပစ်လိုက်တော့

သူ့ငယ်ထိပ်ကို ပွတ်ပြီးသနားစရာကောင်းအောင်လုပ်ပြပြန်သည်။


"အားရို့...လက်သံကလည်းပြောင်လိုက်တာ...

ယောက်ျား၊မိန်းမ..မရွေးဘူးနော်..

လူလေးကြည့်တော့လှတပတလေးနဲ့ 

စိန်ဂျက်စတင်းနဲ့အမျိုးတော်တာလားဟင်..."


"နေစမ်းပါဟယ်..ဒီမှာအ၀တ်လဲရအုံးမယ်..

ပြီးရင်ဘုန်းကြီးကျောင်းကိုပြေးရမှာ..

ရပ်ကွက်ထဲမှာရေမပက်သေးဘူးမဟုတ်လား.."


"အခုမှခြောက်နာရီကျော်ပဲရှိသေးတာ ဘယ်လိုလုပ်ပြီးရေပက်အုံးမှာလဲ...မမသွားရင်သမီးနဲ့ကလေးတွေလည်း လိုက်မှာနော်..

ဒေါ်လေးကဥပုဒ်စောင့်မှာဆိုတော့ အိမ်မှာနေခဲ့ရမှာပျင်းတယ်..."


"ဟာ..ငါကဟိုမှာကူလုပ်ရမှာလေ..ကလေးတွေနဲ့ရှုပ်နေမှာပေါ့..ကူလုပ်ပြီးလို့ပြန်လာရင်လည်း..

ရေဆော့မှာပဲဥစ္စာ..*


"မရှုပ်ပါဘူး..သမီးတို့ကဘုရားရင်ပြင်ပေါ်မှာ

 သွားနေမယ်လေ...ဒါနဲ့မမကဥပုဒ်မစောင့်ဘူးလား..."


အိင်္ကျီခရမ်းရောင်ရင်ဖုံးလေးကို ကြယ်သီးတပ်ကာ ထဘီကိုပြင်၀တ်လိုက်ပြီးနောက် ဆံပင်ကိုသေချာပြန်ဖြီးလိုက်မိလေသည်။သင်္ကြန်ပိတ်ရက်လေးပဲ နားခွင့်ရတာကို ဥပုဒ်စောင့်လိုက်ရင် ပျော်ရွှင်ရမဲ့အချိန်လေးတွေ လက်လွှတ်သွားမှာပေါ့။

အဖွားဆီမှာနေရတဲ့တစ်ချိန်လုံးမှာ အလုပ်သမားတစ်‌ယောက်လိုနေ့စဉ်တိုင်း အလုပ်ရှုပ်နေခဲ့ရတော့ ဒီလေးရက်တာလေးမှာပျော်ပျော်နေချင်သည်။


"ဆော့မှာ...ရေကိုအ၀ဆော့မှာ..ငါကမြို့ထဲမဏ္ဍပ်တွေကိုတောင်လျှောက်လည်ချင်တာ..."


"ဟာ..အဲ့ဒါတော့မရဘူးနော်မမ...မန္တလေးလမ်းလျှောက်သင်္ကြန်မှာဆိုအရက်သောက်ပြီး

မူးနေရင်းကတဲ့လူတွေလည်းတွေ့ဖူးတယ်..

မမနေခြည်တို့ယိမ်းကတာတောင်အဖွဲ့လိုက်မို့..

လူကြီးတွေလည်းပါလို့ရိသဲ့သဲ့မလုပ်ရဲတာ...

ရန်ကုန်ဆိုရင်ပိုဆိုးတော့မှာပေါ့..."


"အေးပါဟယ်...သွားချင်ရင်တောင်လိုက်ပို့ပေးမဲ့လူလည်းရှိတာမဟုတ်ပဲနဲ့..."


"အံမယ်...ရှိရင်တော့သွားချင်တယ်ပေါ့..."


"အေးပေါ့..ကဲ..လာပါဟယ်..နောက်ကျနေပြီ...

တော်ကြာဆရာကငါ့ကိုအိပ်ပုပ်ကြီးထင်နေတော့မှာပဲ..."


"အံမယ်..သူ့ဆရာကိုတော့ကြောက်တတ်သား.."


နှစ်ယောက်သားအိပ်ခန်းထဲမှ ထွက်လာတော့မိစုနှင့်ထွန်းကိုကလည်း အိမ်ရှေ့တွင်ဆော့၍စောင့်နေကြလေသည်။

ဒေါ်လေးကတော့ ဥပုဒ်သွားမစောင့်ခင်သူ့ပန်းပင်တွေကို ရေအ၀လောင်းနေလေရဲ့။

ပုံရိပ်လည်း ဖိနပ်တစ်လက်မဒေါက်လေးကိုကောက်စီးလိုက်ပြီး ကလေးနှစ်ယောက်ကိုလက်တွဲကာ

ခြံပြင်သို့ထွက်မယ်လုပ်ပြီးမှာ ဒေါ်လေးဆီသို့ပြန်သွားလိုက်သည်။


"ဒေါ်လေး..ဥပုဒ်‌ကကျောင်းမှာပဲစောင့်မှာလား.."


"မဟုတ်ဘူး...ဓမ္မာရုံမှာပဲကျောင်းဆင်းဥပုဒ်စောင့်လိုက်တော့မယ်..ရှစ်နာရီခွဲလောက်မှသွားမှာလေ..ထမင်းစားချင်ရင်လည်း..အိမ်မှာဟင်းတွေရော အကုန်ချက်ပြီးသွားပြီ..

ဒေါ်လေးပြန်မလာသေးလို့..ဗိုက်ဆာရင်ကိုယ့်ဟာကိုယ်ခူးစားလိုက်...အုပ်ဆောင်းအောက်မှာ..

ဟင်းတွေခပ်ထားတယ်..."


"ဟုတ်ကဲ့ပါ...ဒါနဲ့ဒေါ်လေး..ညနေကြရင်..

မုန့်လုံးရေပေါ်လုပ်စားကြရအောင်နော်..

လမ်းထဲမှာလည်းဝေပေးချင်လို့..."


"အင်း..ဒါဆိုဒေါ်လေးပြန်လာတာနဲ့..အိမ်မှာရှိတဲ့ကောက်ညှင်း‌လေးပြည်ရှိသေးတယ်..

သွားကြိတ်ပြီးအရည်စစ်ထားလိုက်မယ်..

ညနေလောက်ဆိုရလောက်ပါပြီ..."


"ရပါတယ်...ဒေါ်လေးပြန်လာမှာနဲ့ဆိုကြာနေအုံးမယ်...သမီးပြန်ရောက်တာနဲ့..သွားကြိတ်ပေးမယ်

...ကောက်ညှင်းကိုပုံးထဲမှာရေစိမ်ထားလိုက်..."


"အေး...အေး...ညနေလုပ်တော့မှအပျိုကြီးတို့ရော..ရပ်ကွက်ထဲကမိန်းမတွေကိုပါခေါ်လုံးခိုင်းလိုက်မယ်.."


ဒေါ်လေးဆီက ခွင့်ပြုချက်ရသည်နှင့်ကလေးတစ်သိုက်နှင့်ဘုန်းကြီးကျောင်းသို့ ချီတက်ရတော့သည်။ဥပုဒ်နေ့ဆိုသည့်အတိုင်း ကျောင်း၀န်းတစ်ခုလုံးကလည်း ဓမ္မသံတွေနှင့်သာပြည့်နှက်နေ၍

သင်္ကြန်အကြိုနေ့ရက်လေးသည် မင်္ဂလာအပေါင်းခညောင်းနေတော့သည်။


ကလေးနှစ်ယောက်နှင့် ပိစိမသည်အလိုက်သိစွာဘုရားရင်ပြင်ပေါ်သို့ ပြေးတက်သွားကြလေသည်။ဘုရားရင်ပြင်တော်ပေါ်တွင်လည်း ပုံမှန်နေ့များထက် လူပိုများနေပြီးအများစုကတော့ ယောဂီ၀တ်စုံများနှင့်ဥပုဒ်လာစောင့်သော သူများဖြစ်ကြသည်။နောက်ဆုံအတက်နေ့တွင်တော့ ပုံရိပ်လည်းဥပုဒ်စောင့်အုံးမှလေဟု တွေးလိုက်မိသည်။


ပုံရိပ်သည် ယခင်အတိုင်းမီးဖိုဆောင်သို့သာ ကူလုပ်ပေးဖို့သွားလိုက်သည်။မီးဖိုဆောင်ထဲတွင်တော့ ယခင်နေ့ကလိုဆရာမတွေနှင့်ဆရာနေမျိုးတို့မဟုတ်တော့ပဲ ပုံရိပ်တစ်ခါမှမမြင်ဖူးသော

အဒေါ်ကြီးတွေသာစုဝေးနေလေသည်။


"သမီးဘာလုပ်ပေးရမလဲဟင်...."


"ဟယ်...လုပ်စရာမလိုပါဘူးကွယ်...သမီးလေးက

လှတပတလေး၀တ်စားထားတဲ့ဥစ္စာကို ပေကြံကုန်တော့မှာပေါ့..."


"အဲ့ဒါဆိုပန်းကန်တွေပဲ သွားကူဆေးလိုက်မယ်နော်...သမီးကူလုပ်ပေးချင်လို့ပါ..."


ပုံရိပ်ကအတင်းတောင်းဆိုတော့ အန်တီကြီးတွေလည်း ပန်းကန်ဆေးသောနေ‌ရာသို့ညွှန်းလိုက်ကြလေသည်။အရင်လိုမီးဖိုဆောင်နှင့်ပန်းကန်ဆေးတဲ့နေရာကကပ်လျှက်မဟုတ်တော့ပဲ ကိုရင်တွေရေချိုးကြသော နေရာအထိသွားရလေသည်။


ထိုနေရာတွင်လည်း အန်တီကြီးအချို့က 

အထပ်လိုက်ဖြစ်နေသောစားပြီးသားပန်းကန်တွေကို ဆေးနေကြ၍ ပုံရိပ်လည်း၀င်ထိုင်လိုက်ပြီး အကျအနထိုင်ဆေးနေလိုက်သည်။


ပုံရိပ်၏ပုံစံသည် ဖဲသားလက်တိုရင်ဖုံးလေးနှင့်

ချည်သားချိတ်အဆင်ကိုတွဲ၀တ်ထားတဲ့အပြင်

စပယ်ပန်းတွေပါပန်လာတော့အန်တီကြီးတွေက အထူးအဆန်းလိုကြည့်နေကြလေသည်။

မေးလိုက်မြန်လိုက်တာလည်း လွန်ရော။


"သမီးလေးက...ဘယ်သူ့သမီးလဲ.."


"သမီးရဲ့မိဘတွေကဆုံးသွားပါပြီ..အန်တီတို့သိမှာမဟုတ်ပါဘူး...သမီးရဲ့အဒေါ်ကဒေါ်ရှင်းသန့်ပါ..."


"အော်...မရှင်းသန့်ကိုအန်တီသိတယ်လေ..

အရင်ကဆိုသူ့ဆီကနေပဲပြုတ်၀ယ်စားနေကြ..

အခုသူရောင်းတာလဲမတွေ့မိတော့ဘူးနော်..."


"ဟုတ်တယ်...ဒေါ်လေးကနားလိုက်တာတစ်နှစ်ကျော်ပြီလေ..အခုတော့ဈေးထဲမှာကုန်ခြောက်ဆိုင်လေးဖွင့်ထားတယ်..."


"အော်..အေးအေး..အဆင်ပြေတယ်ဆိုတာကြားရတော့ ၀မ်းသာပါတယ်..ဒါနဲ့သမီးကအသက်ဘယ်လောက်ရှိပြီလဲ..."


"ဆယ့်ခြောက်နှစ်ကျော်ပါပြီ..."


"အော်..ဒါဆိုအန်တီ့သားနဲ့အတူတူပဲပေါ့..ဆယ်တန်းဖြေပြီးပြီလား.."


"ဖြေပြီးပါပြီရှင့်...ဖြေနိုင်ပါတယ်..."


ထပ်မေးလာတော့မည့်မေးခွန်းကိုကြိုသိနေ၍

ဖြေနိုင်ကြောင်းကိုပါ အပိုဆောင်း၍ပြောလိုက်မိသည်။


"အန်တီ့သားကတော့လေ...စာမေးပွဲနီးတာတောင်ဘောလုံးပွဲကိုသွားကြည့်သေးတာ...

ဖြေနိုင်လားလို့မေးရင်...သူမဖြေနိုင်တဲ့နေ့က

တစ်ရက်မှမရှိဘူး..စာမေးပွဲကျရင်တော့အသေကိုတွယ်ပစ်အုံးမှာ တစ်နေ့တစ်နေ့ဂိမ်းချည်းပဲထိုင်ဆော့နေတော့တာပဲ...ဒါနဲ့သမီးကဥပုဒ်လာစောင့်တာလား.."


"မဟုတ်ပါဘူး..သမီးကလာကူလုပ်ပေးတာပါ.."


"အယ်..လိမ္မာလိုက်တာကွယ်..

သာဓု..သာဓု..သာဓု..အိမ်ကသမီးတွေများအလကားနေသင်္ကြန်လည်ဖို့ပဲတွေးနေတာ..

အလကားပါ..အိမ်ပြန်လာရင်လည်းတစ်ကိုယ်လုံးကြွက်စုတ်ဖြစ်ပြီးပြန်လာကြရတာပဲကို..

ပြီးရင်ဖျားကြရော..မရှင်းသန့်ရဲ့တူမလေးလောက်များ အိမ်ကဟာလေးတွေလိမ္မာရင်..အိမ်ဦးခန်းမှာတောင်တင်ထားလိုက်အုံးမယ်..."


ပန်းကန်သာထိုင်ဆေးနေရပေမဲ့ စိတ်ကတော့အင်မတန်ရှုပ်လာသည်။အဒေါ်ကြီးတွေဆိုတော့လည်း မေးလိုက်မြန်းလိုက်ကြတာ

ဂျပန်ကင်ပေတိုင်တွေ၀င်စားကြသလားမှတ်ရတယ်။


ကိုယ့်သားသမီးမကောင်းတာကို ပညာသားပါပါနဲ့အချိန်ပေးပြီးမဆုံးမပဲ အလကားနေသူများတကာ

နဲ့ လိုက်ယှဉ်နေတယ်။ဒါကြောင့်လည်း သူတို့သားသမီးတွေက သူတို့စကားကိုနားမထောင်ကြတာ နေမှာပေါ့။


ပန်းကန်ဆေးတာနာရီ၀က်လောက်ရှိနေပြီဖြစ်သောကြောင့် ကြောတွေတောင့်လာပေမဲ့ စားပြီးသားပန်းကန်တွေကလည်း လာချလို့မဆုံးတော့ပေ။အဒေါ်ကြီးတွေခမျာလည်း အတင်းထိုင်တုတ်နိုင်ကြလို့သာ ဒီလောက်အထိကြာကြာလုပ်နိုင်ကြသည်ဟု တွေးလိုက်မိသည်။


တကယ်တော့ ဒီလိုဝေယျာ၀စ္စလာလုပ်ပေးကြသူအများစုသည် မရှိသောသူကများလေသည်။ ပိုက်ဆံချမ်းသာသူက ဘယ်လိုလုပ်ပြီးဒီလိုအောက်ခြေသိမ်းကအစလာလုပ်ပေးနိုင်ပါ့မလဲ။အဒေါ်ကြီးတွေ၏ စကားဝိုင်းထဲကို ၀င်မိတော့မှ

 သူတို့၏ဘ၀ကို စာနာမိလေသည်။


မိသားစုစား၀တ်နေရေးအတွက် ရုန်းကန်နေကြရတော့ သားသမီးတွေကိုလည်းလှည့်မကြည့်နိုင်တော့ပဲ ကိုယ်တိုင်ကလည်းအတန်းပညာရေးနိမ့်ပါးခဲ့ကြတော့ သားသမီးတွေကိုဆုံးမတဲ့အခါမှာလည်း ကြမ်းတမ်းမိကြသည်။


ထို့အတွက် ရလဒ်ကတော့သားသမီးတွေဟာ မိဘကိုအရွဲ့တိုက်ပြီး စကားနားမထောင်တော့ပဲ

လုပ်ချင်တာသာလုပ်နေကြတော့သည်။

ဒီလိုဆိုတော့ ကျူးကျော်ရပ်ကွက်ကချစ်မင်းလေးကိုတောင် သတိရမိသေးသည်။


ဒီကလေးမျိုးကြတော့ ထိန်းကွပ်ပေးမဲ့မိဘထက်

သူ့ကိုယ်သူသာပဲ့ပြင်သွားနိုင်သည့် ကလေးမျိုးဟုဆိုရမည်။ချစ်မင်းလေးကိုထောက်ပံ့ပေးဖို့ အဒေါ့်ကိုလှမ်းပြီး ငွေပို့ခဲ့ဖူး၍ကျောင်းလည်း တက်နေပြီဟုဆိုသည်။

တစ်နေ့တော့ ဒီကလေးကိုသွားတွေ့အုံးမှပါလေ။


"ပုံရိပ်...."


အနောက်ဘက်မှခေါ်သံစူးစူးကြောင့် လှည့်ကြည့်လိုက်မိတော့ ဆရာသည်ပုံရိပ်၀ယ်ပေးထားသော လည်ကတုံးလက်ရှည်အဖြူလေးနှင့် ငွေမျှင်ကြိုးလေးတွေထိုးထားသော ပုဆိုးလေးကို၀တ်ထားသောကြောင့် သန့်ပြန့်လွန်းနေသည်။


"ဒီမှာဘာလုပ်နေတာလဲ...ကျောင်းကိုရောက်တာကြာပြီလား..."


"ဒီသမီးလေးပန်းကန်လာဆေးနေတာ..

နာရီ၀က်လောက်တော့ရှိပြီနေမျိုးရဲ့...

နင့်တပည့်လေးလား..."


"ဟုတ်ပါတယ်..ဒေါ်ဒေါ်..ကျွန်တော်သူ့ကိုခေါ်သွားလိုက်တော့မယ်နော်..ကျောင်းပေါ်မှာကူခိုင်းစရာရှိလို့ပါ..."


"အေးပါ...ခေါ်သွား..ခေါ်သွား..၀တ်ကောင်းစားလှ၀တ်ပြီး..ပန်းကန်လာဆေးနေလို့အန်တီတို့တောင်ပြောနေသေးတယ်..."


"ဟုတ်တယ်...သူကပန်းကန်ဆေးရတာကိုသိပ်ကြိုက်တာလေ..."


"ဆရာ့!!!!!!"


တမင်ရွဲ့ပြောနေသောဆရာ့ကို အသံခပ်ဆောင့်ဆောင့်လေးနှင့်ခေါ်လိုက်မိတော့ ပုံရိပ်ကိုမျက်လုံးကြီးဆောင်ပြီး ပြန်ကြည့်လာသည်။

ဆရာစိတ်ဆိုးအောင်ပုံရိပ်ထပ်လုပ်မိပြန်ပြီ။

ပုံရိပ်ကနေရာမှမရွေ့တော့ လက်ကောက်၀တ်ကို

ဆွဲပြီး ကျောင်းပေါ်သို့ခေါ်လာခဲ့လေသည်။

လမ်းတလျှောက်လုံးမှာလည်း  ပုံရိပ်ကိုခပ်ကြိတ်ကြိတ်ဆူနေ၍ စိတ်ညစ်ရပြန်သည်။


"ကျောင်းကိုရောက်နေပြီး..ဘာလို့ဆရာ့ကိုလာ

မတွေ့ရတာလဲ...၀တ်ထားတော့ထဘီအချိတ်နဲ့

ပန်းကပါပန်လာသေး‌တယ်..ပြီးတော့ရေစည်ဘေးနားမှာ ငုတ်တုတ်ထိုင်ပြီးပန်းကန်သွားဆေးနေတယ်ပေါ့.."


"ဆရာကလည်း...၀တ်ကောင်းစားလှ၀တ်ပြီးပန်းကန်မဆေးရဘူးလို့ ဘယ်ဘုရားကဟောထားလို့လဲ..."


မျက်နှာငယ်လေးနဲ့ပုံရိပ်ညည်းတွားလိုက်မိတော့ ဆရာကသက်ပြင်းချလိုက်လေသည်။

အသက်နှစ်ဆယ့်လေးနှစ်အရွယ်ဆရာသည် အဖိုးကြီးတစ်ယောက်လို ဆူပူနေ၍နည်းနည်းတောင်ရယ်ချင်မိသည်။

ဘာကြောင့်လဲဆိုရင် ဆရာကအရမ်းချောတာကိုး။


ဆံပင်တိုတိုလေးကို ဂျယ်လူးထား‌သောကြောင့်ပို၍ကပ်နေကာ ကြည်လင်ပြီး တစိမ့်စိမ့်ငေးနေချင်စရာကောင်းသော မျက်နှာလေးကလည်းရှင်းထွက်နေသည်။မျက်နှာကျက အရမ်းမသွယ်ပေမဲ့လို့ နှာတံထင်းထင်းနှင့်မျက်ခုံးမွှေးတွေကလည်း

စိမ်းညို့နေကာ မျက်လုံးအကြည့်တွေကအစ

ဆွဲဆောင်မှုအားကောင်းသည်။


နှုတ်ခမ်းလေးတွေဟာလည်း စုထွေးနေကာ တင်းတင်းစေ့ထားပြီး ရုပ်တည်နေတဲ့အချိန်တွေဆိုလျှင် ပိုပြီးတော့ ခန့်သည်ဟုထင်မိသည်။


ဆရာရုပ်အဆိုးဆုံးအချိန်ကတော့ ဒေါသထွက်သောအချိန်ပဲ။ခါးကိုထောက်ပြီး လူကိုစူးစိုက်ကြည့်ရင် လိပ်ပြာတောင်လွှင့်နိုင်ပါရဲ့။

ပုံရိပ်မြင်ဖူးသော ဆရာဒေါသအရမ်းထွက်သည့်အချိန်ကတော့ ကိတ်မုန့်ဆိုင်မှာလက်ဆောင်ပေး၍ အော်ထုတ်သောတစ်ချိန်သာရှိလေသည်။များသောအားဖြင့် ဆရာသည်အစိမ်းရောင်သစ်တောကြီးကဲ့သို့ လူတိုင်းအပေါ်တွင် နွေးထွေးကြင်နာတတ်သည်။


"ဟေ့...ဘာတွေတွေးနေတာလဲ..မေးနေတာမကြားဘူးလား...."


"ဟင်...ဘာမေးလိုက်တာလဲ.."


ပုံရိပ်ကိုဆူနေသော ဆရာ့အသံကိုအာရုံမထားမိပဲ ဆရာ့မျက်နှာကိုသာငေးကြည့်နေမိသည့်

ကိုယ့်အဖြစ်ကိုပြန်အံ့ဩနေမိသည်။

ပုံရိပ်လည်း ဘာထူးလို့လဲ။

ဆရာနဲ့တွေ့တိုင်း နှာဘူးအကြီးစားဖြစ်နေမိသည်။

ဒါပေမဲ့ ပုံရိပ်ကဆရာ့တစ်ယောက်ကိုပါပဲ။


"မနက်စာ..စားခဲ့ပြီးပြီလား.."


"မစားခဲ့ဘူးဆရာ..အိပ်ယာထနောက်ကျသွားလို့..."


"ဖြစ်ရမယ်...အဲ့ဒါကိုကျောင်းပေါ်မတက်လာပဲ..

ပန်းကန်တွေသွားဆေးနေတာပေါ့...ဟင်း..

မင်းကတော့လေ..ပုံစံသာပြောင်းလဲသွားတယ်..

အကျင့်ကအရင်အတိုင်းပဲ..ချောင်ထဲမှာပဲနေချင်တုန်း...သွား..ဟိုမှာဆရာမနုနုတို့နဲ့အတူ..တစ်ဝိုင်းထဲသွားထိုင်စားနေ..."


"ဆရာရော...မစားဘူးလား..."


"ပြီးမှလာခဲ့မယ်...ဆရာတော်ကြီးဆီကိုခဏသွားလိုက်အုံးမယ်...."


"ဟာ...နေအုံးလေ..."


စကားပြောရင်လည်းမြန်သလိုလှုပ်ရှားမှုလည်းမြန်ဆန်လွန်းသောကြောင့် ကျောင်းအောက်သို့

မဆင်းခင် လက်ကိုအမြန်လှမ်းဆွဲလိုက်မိသည်။

လက်နှစ်ဖက်လုံးနှင့် ဆရာ့လက်ချောင်းလေးတွေကိုဆုပ်ကိုင်ထားမိသလို ဖြစ်နေ၍ရင်ခုန်သံတွေတောင် ခုန်ပေါက်ပြေးလွှားကုန်လေပြီ။


ချစ်ခြင်းဟာ ပျားရည်မြစ်တစ်ဆင်းဆိုလျှင်

အခုချိန်မှာခုန်ဆင်းဖို့အသင့်ပါပဲ။

ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်းယောင်းမတို့ရေဟု မင်းမဟာဂီရိနတ်မင်းကြီးကိုပင် ချစ်ခြင်းမေတ္တာတွေကို တိုင်တည်ပြလိုက်ချင်သည်။


ငယ်သူမို့ ချစ်မိတဲ့အခါမြင်းရိုင်းကလေး တရွေ့ရွေ့ပြေးသလို ပိုရင်ခုန်စရာကောင်းတယ်ဆရာ။

နှလုံးသားနုနု သွေးချေဥသွားသလိုပိုနူးညံ့တယ်။

လက်ဖျားစလေးကို ဖွဖွလေးကိုင်မိတာတောင်ရင်ခုန်ရပါတယ်။ဒါပေမဲ့ ပန်းကလေးမှာလည်း

မာနနဲ့မို့ ဥယျာဉ်မှူးကိုစိတ်ကောက်တတ်ပါတယ်။


ပန်းကလေးတွေအများကြီးထဲမှာ ပုံရိပ်ဆိုတဲ့

ပန်းကလေးက ဆရာ့ကိုမျှော်နေပါ့မယ်။

ဆရာလာမခူးပဲ ခူးလှည့်ပါလို့ မအော်ပါရ‌စေနဲ့။

ပုံရိပ်၏နှုတ်ခမ်းတွေ ပြုံးတက်သွားပေမဲ့ ဆရာ့ကိုအားနာသွားမိ၍ မလွှတ်ချင်ပဲလွှတ်ပေးလိုက်ရသည်။


"ဘာပြောမလို့လဲ...."


"ဟို...ဟိုလေ...."


"ဘာဖြစ်နေတာလဲ..တဟိုဟိုနဲ့ပြောစရာရှိတာမြန်မြန်ပြောကွာ..."


ပုံရိပ်မှာသာ ပန်းနာရင်ကြပ်ဖြစ်ချင်သလိုလို၊နှလုံးရောဂါပဲထဖောက်ချင်သလိုလိုနှင့် ကတုန်ကယင်ဖြစ်ကာ စကားထစ်နေပေမဲ့ ဆရာကတော့ပုံရိပ်စကားပြောတာလိုရင်းမရောက်လို့ ထင်ပါရဲ့ ဒေါသထွက်နေသလိုမျိုးမျက်နှာကြီးနီရဲ နေပြီး လေသံကအစမာတင်းနေသည်။


တစ်နှစ်ကျော်ကြာပြီး ပြန်တွေ့ကတည်းက ဆရာနှင့်ပုံရိပ်၏ကြားမှာ စည်းလေးတစ်ခုခြားသွားသလို ခံစားနေမိ၍ စိတ်တော့မကောင်းပေ။

ထိုစည်းကတော့ စိမ်းသက်ခြင်းတဲ့....။


"ဟို...မိစုနဲ့ထွန်းကိုတို့ကိုလည်းကျွေးချင်လို့ပါ...

သူတို့လည်းမစားရသေးဘူး...."


"သူတို့ကစားပြီးနေပြီ...ဘုရားပေါ်မှာသူတို့ကိုတွေ့လို့...မင်း..ဒီရောက်နေမှန်းသိလိုက်တာ...

မဟုတ်ရင်...အဲ့ဒီ့ပန်းကန်ဆေးတဲ့နေရာမှာပဲသောင်တင်နေတော့မှာမဟုတ်လား...."


"ဟာ...ဆရာကလဲ..."


ပုံရိပ်မျက်နှာကြီး စူပုတ်သွားတော့တစ်ချက်ပြုံး၍ ကျောင်းအောက်သို့ဆင်းသွားသော

ဆရာ့ကျောပြင်ကျယ်ကြီးကို မမှိတ်မသုန်လိုက်

ငေးကြည့်နေမိသည်။ပြီးနောက် ကိုယ့်လက်ဖဝါးလေးနှစ်ဖက်ကို ပြန်ပွတ်ကြည့်လိုက်မိပြီး

လူမြင်မည်ဆိုး၍နှုတ်ခမ်းနှစ်ဖက်ကို ဖိကြိတ်ကာပြုံးလိုက်မိသည်။


သေချာကိုင်ကြည့်လိုက်တော့ ဆရာ့လက်ချောင်းလေးတွေက ရှည်ရှည်သွယ်သွယ်လေးဖြစ်နေသည်။

ဆရာ့အသားကို ဒီလောက်နူးညံ့လိမ့်မည်ဟု မထင်ခဲ့မိပေ။လက်သည်းခွံလေးတွေကအစ ဖွေးသန့်နေတာပဲ။ဆက်တွေးရင် ပါးနှစ်ဖက်လုံး နီရဲတက်လာတော့မည်ဖြစ်သောကြောင့် အခြားစားပွဲဝိုင်းတွေကြားမှ ခေါင်းငုံ့၍သွားလိုက်ပြီး ဆရာမနုနုတို့ရှိသော စားပွဲမှာ သွားထိုင်လိုက်သည်။


"ပုံရိပ်...မနေ့ကကျောင်းကိုလာပြီး ဘာလို့ပြန်ထွက်သွားရတာလဲ..တို့တွေကိုတောင်နှုတ်မဆက်သွားဘူး..."


"ဟို...သမီးခေါင်းတွေထိုးကိုက်လာလို့ပါ...

အဲ့ဒါကြောင့်အိမ်ကိုချက်ချင်းပြန်သွားမိတာ..."



သင်္ကြန်အကြိုနေ့မှာပဲ အလိမ်စကား‌ကိုပြောလိုက်ရ၍ စိတ်ထဲကတော့သိပ်မလုံချင်ပေ။ဝိုင်းမှာအတူထိုင်နေကြသောလူများသည် ဆရာ၊ဆရာမတွေဖြစ်ကြပြီး မနက်ကပုံရိပ်ကိုမျက်နှာသစ်နေတုန်း

ကြည့်နေခဲ့သော နှာဘူးကြီးလည်းပါလေသည်။

ဆရာမတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောနေပုံထောက်ရင် သူကလည်းကျောင်းဆရာများလား။


ကိုယ်နှင့်မသက်ဆိုင်သည်မို့ ချဉ်ရည်ဟင်းပန်းကန်ကိုသာလှမ်းခပ်လိုက်ပါသည်။သခွားသီးသုပ်လေးကိုလည်း ကြိုက်သောကြောင့် လှမ်းယူချင်ပေမဲ့

ကိုယ့်ဘက်မှာမဟုတ်တော့ အကြည့်နှင့်ပင်

လှမ်းစားလိုက်မိသည်။


သခွားသီးသုပ်ပန်းကန်ကိုပုံရိပ်ကြည့်နေစဉ်မှာပဲ

ဟိုနှာဘူးကြီးကသခွားသီးသုပ်ပန်းကန်ကိုယူလိုက်ပြီး ပုံရိပ်ဘက်သို့ကမ်းပေးလာသည်။

ပုံရိပ်သူ့ကို ကြောင်ငေး၍ကြည့်နေစဉ်မှာပဲ

သူကထပ်၍မျက်ခုံးပင့်ပြသည်။


"ယူလေ...ပုံရိပ်စားချင်နေတာမဟုတ်လား..."


"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်...."


ဆရာမတွေခေါ်နေကြ၍ ပုံရိပ်၏နာမည်ကိုပါ

သူသိနေလေပြီ။သိပ်တော့သဘောမကျပေမဲ့

ကိုယ်စားချင်သည့်အရာကိုယူပေးတော့လည်း ကျေးဇူးတင်ကြောင်းပြောလိုက်ရသည်။

သခွားသီးသုပ်တွေရော ကြက်သားဟင်းတွေနှင့်ပါ အားပါးတရစားနေလိုက်ပြီးနောက် ရေသောက်ဖို့ခွက်ထဲသို့ ရေထည့်နေရင်းနှင့် သူ့ဘက်သို့မတော်တဆကြည့်လိုက်မိတော့လည်း ပုံရိပ်ကိုငေးကာပြုံးပြနေပြန်သည်။

ဘယ်လိုလူပါလိမ့်။ဆရာတစ်ယောက်ဖြစ်ပြီး အိ‌န္ဒြောသိက္ခာကိုမရှိဘူးဟု ကြိမ်ဆဲလိုက်မိသည်။


"ဟာ...ဆရာနေမျိုးကအခုမှလာတာလား...ဒီမှာကျွန်မတို့က..စားတာ၀တောင်၀တော့မယ်..."


ဆရာမနုနု၏ အသံဆာဆာကြောင့်အနောက်ကို လှည့်ကြည့်လိုက်မိတော့ ဆရာကပုံရိပ်တို့ဝိုင်းသို့လာနေလေသည်။အစကတော့ ၀မ်းသာမိပေမဲ့

ပုံရိပ်၏ဘေးမှာမထိုင်ပဲ ဆရာမနုနုနှင့်ဟိုနှာဘူးကြီး၏အလည်မှာသွားထိုင်၍ စိတ်ကချက်ချင်းကိုမိုးအုံ့သွားလေသည်။ကိုယ့်တပည့်လေး လူကြီးတွေကြားထဲမှာ အနေအထိုင်ကျဉ်းကြပ်မှာပဲဟု စာနာစိတ်မရှိရကောင်းလားဟု စိတ်လည်းဆိုးချင်မိသည်။


"ပုံရိပ်...ထမင်းထပ်ယူအုံးမလား...."


"ဟုတ်ကဲ့...နည်းနည်း...."


ဟိုနှာဘူးကြီးက ထမင်းပန်းကန်ကိုကမ်းပေးလာသောကြောင့် ဗိုက်၀နေပြီပေမဲ့ တမင်ထမင်းထပ်ထည့်ပြီး အခြေအနေကိုစောင့်ကြည့်ရအောင်ထိုင်နေလိုက်သည်။ဆရာက အခုမှထမင်းစစားမှာဆိုတော့ ပုံရိပ်ထသွားလို့မဖြစ်ဘူး။


"ပုံရိပ်ကလူကောင်သာသေးတာ..စားတော့စားနိုင်တယ်နော်..."


"အော်...ဆရာလင်းခောတ်ကတော့လေ..

မိန်းကလေးတွေကိုသိပ်အထင်သေးတာပဲ..."


"ဟုတ်ပါတယ်ဗျာ...ပုံရိပ်ကပိန်ပိန်သွယ်သွယ်လေးဆိုတော့ ကျွန်တော်အထင်သေးမိသွားပါတယ်...

ဟို‌တစ်နေ့ကဖေ့ဘွတ်မှာဗီဒီယိုတစ်ခုတက်လာတာဗျာ...ကောင်လေးနဲ့ကောင်မလေး ချိန်းတွေ့တာ

အစကတော့ကောင်မလေးကအစားနဲသလိုလိုနဲ့...

ကောင်လေးကခုံအောက်မှာပစ္စည်းတစ်ခုကျနေလို့ ပြန်ကောက်ပြီး စားပွဲပေါ်ကိုလည်းပြန်ကြည့်လိုက်ရော...သူ့အတွက်တောင်ဘာမှမကျန်တော့ဘူး..."


"ဟား...ဟား...အဲ့ဒါပြောတာပေါ့...မိန်းကလေးတွေကိုအထင်မသေးနဲ့ဆိုတာ..."


အခြားဆရာမတစ်ယောက်နှင့်အတူ အကြောင်းမရှိအကြောင်းရှာပြီး စကားပြောနေသောလင်းခောတ်ဆိုသူကို ပုံရိပ်နှာခေါင်းရှုံ့လိုက်မိသည်။

နာမည်ကလည်း ဘာကြီးမှန်းမသိဘူး။

ဆရာတစ်ယောက်ရဲ့နာမည်က တည်ငြိမ်မှုရှိရမှာပေါ့ဆရာနေမျိုးဆိုရင် နာမည်ကြားတည်းက

လေးစားချင်စရာလေး။သူက‌တော့ ဆရာနေမျိုးထက်အသက်ကြီးပြီး ရုပ်ကိုကစပ်ဖြီးဖြီးနဲ့ ဆရာနေမျိုးဆိုရင်သူ့ဘာသာ တည်တည်ငြိမ်ငြိမ်လေးနဲ့ ထမင်းစားနေတာ ဘာသံမှမထွက်ဘူး။

သူ့တစ်ယောက်တည်းကသာ ဂဏှာမငြိမ်ဖြစ်နေတာ။


"အော်...ဒါနဲ့နုနုရေ...မနက်ဖြန်လည်ဖို့ကားငှားပြီးသွားပြီလား...."


"ငှားပြီးသွားပြီ...ငါးသောင်းတဲ့..လည်ပတ်မှာဆိုတော့တန်ပါတယ်...မြို့တော်ခန်းမဘက်တွေပါသွားမှာလေ...မဏ္ဍပ်တွေစုံနေအောင် ပတ်မောင်းပေးမှာ..."


"ဟယ်...အဲ့ဒါဆိုတန်တာပေါ့နော်...အရင်နှစ်တွေကတော့တစ်ခါမှမလည်ဖူးဘူး...ဒီနှစ်တော့တို့အမျိုးသားနဲ့ပါတိုင်ပင်ကိုက်သွားပြီ..."


"ကျွန်တော့်ကိုလည်းမေ့ကျန်မနေခဲ့ကြနဲ့နော်...."


"အမယ်လေး...ဆရာလင်းခောတ်ကိုဘယ်သူကမေ့ကျန်ခဲ့မှာလဲ..."


"ကားပေါ်ကနေပဲ တွန်းချခဲ့မှာ...."


"ဟား...ဟား..မလုပ်ကြပါနဲ့ဟယ်...တော်ကြာကောင်မလေးတွေဝိုင်းဆွဲထားကြလို့...ဘောင်းဘီတောင်ပြန်ပါမလာပဲနေပါအုံးမယ်...."


"မလုပ်ကြပါနဲ့ဗျာ...ကျွန်တော်ကရှက်တတ်လို့ပါ..."


"အမယ်လေး...မရှက်ပါနဲ့ရှင်..ထ(၄)ကျောင်းမှာဆရာဘယ်လောက်မျက်နှာပွင့်သလဲဆိုတာ

မသိရင်ခက်လို့...ဒါကြောင့်လည်း...

လင်းခောတ်ကိုဆို..ဆရာမတိုင်းကလက်မလွှတ်ချင်တာပေါ့..."


"ဟာဗျာ...."


ဟိုတစ်ပေါက် ဒီတစ်ပေါက်နှင့်နားတွေညီးလာသောကြောင့် စားပွဲဝိုင်းကနေထပြေးချင်ပေမဲ့

ဆရာကလည်းထိုင်စားနေသေးသည်မို့ ပုံရိပ်လည်းဆက်၍သည်းခံပြီး ထိုင်နေလိုက်မိသည်။

ဆရာနေမျိုးနှင့်ဆရာလင်းခောတ်သည် တော်တော်လေးကို ကွာခြားသည်။


စားပွဲဝိုင်းမှာဆရာနှစ်ယောက်ထိုင်နေပေမဲ့

ဆရာလင်းခောတ်ကိုသာ အားမနာတမ်းစနောက်ရဲပြီး ဆရာ့ကိုတော့တော်ရုံမစနောက်ရဲကြပေ။

ပုံရိပ်၏ ဆရာသည်မိန်းမတွေကြားမှာနေရင် ထိုသို့အနေတည်သည့် လူရိုးကြီးဖြစ်သည်။


"အော်...ဒါနဲ့..ဆရာနေမျိုးရော...မနက်ဖြန်သင်္ကြန်လည်မှာလိုက်အုံးမလား..."


"ကျွန်တော်ကအဲ့ဒါတွေသိပ်ဝါသနာမပါလို့ပါ..."


ဆရာမနုနုမေးလိုက်သော အမေးကိုဆရာကတိုတိုတုတ်တုတ်သာ ပြန်ပြောလိုက်၍ ခေါင်းကိုငုံ့လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။


"ပုံရိပ်ရော....လိုက်ချင်လား...ကားကအချောင်ကြီးရယ်...."


ပုံရိပ်ကို တဖန်မေးလာတော့ ကြောင်အသွားမိကာနားထင်ကိုလက်ညှိုးနှင့်တစ်ချက်ခြစ်၍စဉ်းစားလိုက်မိသည်။မနှစ်ကမန္တလေးသင်္ကြန်မှာ

ပုံရိပ်မလည်ခဲ့ရသောကြောင့် အခွင့်အရေးရတုန်းလေး လည်ကြည့်ချင်သည်။ဒါဟာပုံရိပ်အတွက်အခွင့်အရေးပဲ နောက်တစ်ခါဒီလိုအခွင့်အရေးမျိုးဆိုတာ ကြုံချင်ရင်တောင်ကြုံပါအုံးမလား။


"ဟို...သမီးလိုက်ချင်ပါတယ်...ဒါပေမဲ့နောက်တစ်ယောက်ပါအဖော်ခေါ်လို့ရသေးလားဟင်..."


"ရတာပေါ့...ခေါ်ပါ..."


"ဟုတ်...သမီးလိုက်ခဲ့ပါ့မယ်...."


"လူများတော့ပိုပျော်စရာကောင်းတာပေါ့...ကလေးတွေပါတော့...တို့ယောက်ျားလည်းသိပ်သောက်ရဲတော့မှာမဟုတ်ဘူး...အိမ်က‌ပေါက်စလေးတွေကိုလည်း...ပုံရိပ်တို့အဖော်ရအောင်ခေါ်ခဲ့လိုက်မယ်...

မဟုတ်ရင်ဂျီကျနေမှာ...."


ဆရာမနုနုကိုလှမ်းပြောနေသော ဆရာမတစ် ယောက်ကြောင့် ပုံရိပ်လည်းပြုံးလိုက်မိပြီး ဆရာ့ကိုပြန်ငေးကြည့်လိုက်မိသည်။

ဆရာသည် ဘာကြောင့်ရယ်မသိ ထမင်းကိုဆက်

မစားတော့ပဲ ဇွန်းကိုသာငေးကြည့်နေလေသည်။

တစ်ခုခုကို တွေးနေပုံရ၍ဆရာ့ကိုဆက်ငေးနေမိစဉ်မှာ မျက်ခုံးတန်းတွေကိုတွန့်ကြုံ့ထားလျှက်နှင့်

ပုံရိပ်ကိုစိုက်ကြည့်လာသည်။

ဆရာဘာကို ဒေါသထွက်နေတာပါလိမ့်။


(အခန်း၄၂)ဆက်ရန်ရှိသည်....


🌹🌹🌹🌹🌹🌹🌹


Updateလေးကြာသွားပြန်ပါပြီ


ရေးနေ‌ရင်းနဲ့ နောက်ထပ်ဇာတ်ကောင်တွေကို

ထပ်ထည့်မိပြန်ပြီ....😊ဇာတ်ကောင်ကသိပ်မများဘူးဆိုတော့...


ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးအထူးတင်ရှိပါတယ်နော်....


========================================================================


🔥ဆူးႀကိဳး 🔥 အခန္း(၄၁)


(သႀကၤန္အႀကိဳေန့)


မနက္ခင္းသည္ မိုးစက္ပြင့္တို႔ႏွင့္အတူ ပြင့္လန္းလာခဲ့သည္။မ်က္လံုးေတြကိုမိွတ္ထားမိေပမဲ့ တံခါးဂ်က္ကိုဖြင့္လိုက္သၫ့္အသံကိုလည္း ၾကားလိုက္သလိုအ‌လင္းေရာင္စူးစူးကိုလည္း ခံစားလိုက္မိသည္။

ႏွာသီး၀သို႔ လာေရာက္ထိခတ္ေနေသာ စြတ္ပ်ံ႔သၫ့္စံပယ္ပန္းရ‌နံ႔ေလးေၾကာင့္ အလိုလိုေနရင္း

စိတ္ၾကည္လင္လာသည္။


ဒီလိုေအးခ်မ္းၿပီးသင္းရနံ႔လိႈင္ေနေသာ ေပါ့ပါးသၫ့္မနက္ခင္းမ်ိဳးကို ခံစားရတာသိႀကိဳက္သည္။ႏႈတ္ခမ္းႏုႏုေလးကို တစ္ခ်က္မ်ွႃပံုးေယာင္သန္းလိုက္ၿပီး မ်က္လံုးမိွတ္ထားလ်ွက္ႏွင့္ပင္ ေစာင္ကိုဆဲြယူ၍ျပန္ေကြးေနလိုက္သည္။


"အာ့...ဘယ္သူလဲ"


ေခါင္းကို တစ္ေယာက္ေယာက္လာကုတ္လိုက္၍ လန႔္ၿပီးမ်က္လံုးေတြခ်က္ခ်င္းျပဴးက်ယ္သြားသည္။ေဘးကိုၾကၫ့္လိုက္ေတာ့

ပိစိမကလည္း ရိွမေနေပ။လွမ္းကုတ္တာက ေခါင္းရင္းဘက္အျခမ္းကျဖစ္ေန၍ ျခင္ေထာင္ကို

မၿပီး ေခါင္းရင္းတြင္ပြင့္‌ေနေသာ ျပဴတင္းေပါက္မွ ေခါင္းျပဴ၍ၾကၫ့္မိေတာ့ စံပယ္ပန္းေတြအံုခဲေနေသာ စံပယ္ပန္းပင္ေတြကိုသာ ေတြ့ရေလသည္။


ျပဴတင္းေပါက္က ပံုရိပ္တို႔အိပ္ေနသၫ့္ေနရာႏွင့္ တန္းေနေသာေၾကာင့္လက္ကိုဆန႔္တန္းၿပီး ျပဴတင္းတံခါးကိုပိတ္ဖို႔လွမ္းဆဲြလိုက္သည္။


"ဝါး!!!"


"အမယ္ေလး..နင့္ေမကုလား..."


ငယ္သံပါေအာင္ ေအာ္လိုက္ၿပီးလက္ဆစ္ကေပၚလာသၫ့္လူရဲ့ေခါင္းေပၚသို႔ေဒါက္ခနဲျမည္‌ေအာင္ေရာက္သြားသည္...


"ေအာင္မေလး..ေသပါၿပီ...အား...လက္သံကလည္းေျပာင္လိုက္တာ...."


"ဟား..ဟား..."


ပံုရိပ္လည္းျပဴးျပဴးျပာျပာႏွင့္ ျပတင္းကေနေအာက္ဘက္ကို ငံု႔ၾကၫ့္လိုက္ေတာ့ ပိစိမကငုတ္တုတ္ႀကီး ထိုင္လ်ွက္ျဖစ္ေနၿပီး ေဘးမွာလည္းရယ္ေနၾကတဲ့ကေလးေပါက္စေလးေတြကပါ ပံုရိပ္ကိုေမာ့ၾကၫ့္လာၾကသည္။


"ဟဲ့...ကေလးေတြဘယ္လိုျဖစ္ၿပီး ဒီေအာက္မွာထိုင္ေနၾကတာလဲ..ပိစိမရယ္...နင္ကလည္းမႀကီးမငယ္နဲ႔...ကေလးေတြနဲ႔ေရာၿပီး...ကဲေနတယ္...ငါလည္းေယာင္ၿပီးေတာ့ေခါက္မိသြားတာေပါ့..."


"မမကလည္း...သမီးကိုသူတို႔ၿမွောက္ေပးတဲ့ဥစၥာ...

သမီးဘာသာစံပယ္ပန္းေတြလာခူးတာကို...သူတို႔ကမႀကီးပံုကို ႏိႈးရေအာင္ဆိုၿပီးလာစတာ...အီး...

အခုေတာ့အီစလံေဝသြားတာပဲ...တို႔မမကလူေကာင္ေသးသေလာက္ လက္သံကေျပာင္လိုက္တာ..."


"မဟုတ္ဘူး...မႀကီးပံု..သူ႔ဘာသာစတာ...သားတို႔ဘာမွမေျပာဘူးေနာ္....."


"ဟုတ္တယ္...မိစုလည္းပါဘူးေနာ္..."


"အံမာ..နင္တို႔ကအခုေတာ့ငါ့ကိုလႊဲခ်ၿပီေပါ့...နင္တို႔ခိုင္းလို႔ငါလုပ္ရတာေလ...နင္တို႔ေျဗာင္မလိမ္နဲ႔...

မမေရ..အျပစ္ေပးခ်င္ရင္သူတို႔ကိုပါေပးသိလား...

တကယ့္အဆိုးေလးေတြ..စံပယ္ပန္းကူခူးေပးမယ္ဆိုၿပီး...လာညာစားၾကတာ..."


"ဟုတ္ဘူးေနာ္..စုစုပါဘူး...အဲ့ဒါဒီဆင္ေပါက္ႀကီးလုပ္တာ..."


"ဟုတ္တယ္...ဆင္ေျခေတြေပးေနတာ...

သူပဲလုပ္ၿပီးေတာ့..."


"နင္တို႔ေနာ္...နင္တို႔အိမ္မွာလာေနတယ္ဆိုၿပီး

...အႏိုင္မက်င့္ၾကနဲ႔...ေဒၚေလးနဲ႔တိုင္လိုက္မွာ..."


"အမ္...တိုင္ေတာ့မတိုင္ပါနဲ႔....စုစုထန္းလ်ွက္ေခ်ာင္း

၀ယ္ကၽြေးပါ့မယ္...."


"သားလည္း...ေဂၚလီလံုးေတြလက္ေဆာင္ေပးပါ့မယ္ေနာ္...ေမႀကီးကိုေတာ့မတိုင္ပါနဲ႔..."


"ဟဲ့...ထန္းလ်ွက္ေခ်ာင္းကသြားပိုးစားတယ္..

မစားခ်င္ပါဘူး...ေဂၚလီလံုးကိုေရာငါကဘာလုပ္ရမွာလဲ ..ဝါးစားလို႔မွမရတဲ့ဥစၥာ...မလိုခ်င္ဘူး

မလိုခ်င္ဘူး...ဘာမွမလိုခ်င္ဘူး...နင္တို႔ႏွစ္ေယာက္ကိုေဒၚေလးနဲ႔ပဲ တိုင္ပစ္မယ္..."


"ပိစိမကေတာ့ေလ..ကေလးေတြကိုမေနာက္စမ္းပါနဲ႔..."


"ဟီး..သမီးကခ်စ္လို႔စတာပါ..လာ..နင္တို႔အျပစ္

နင္တို႔သိတယ္ေနာ္..ငါနဲ႔အတူ..စံပယ္ပန္းေတြလိုက္ခူးေပးရမယ္..."


ကေလးႏွစ္ေယာက္ကိုပါေခၚၿပီး စံပယ္ပန္းပင္ေတြၾကားမွာကုန္းကုန္းကြကြႏွင့္ စံပယ္ပန္းသြားခူးေနေသာျမင္ကြင္းေလးကိုၾကၫ့္ကာ ပံုရိပ္ႃပံုးလိုက္မိသည္။ဘုန္းႀကီးေက်ာင္းသို႔လည္း သြားရအံုးမွာမို႔ အျမန္ထၿပီးျခင္ေထာက္ကိုသိမ္းတင္ကာ

အခန္းအျပင္သို႔ထြက္လာခဲ့လိုက္သည္။


အိမ္ေရ႔ွအခန္းသို႔ေရာက္ေတာ့ ေဒၚေလးကဘုရားစင္ေအာက္တြင္ က်ဳံ႔က်ဳံ႔ေလးထိုင္၍ ဘုရား၀တ္ျပဳေနသည္။အိက်ႌအျဖဴရင္ဖံုးေလးႏွင့္ေယာဂီထဘီအညိုေရာင္ေလးကို ၀တ္ဆင္ထား၍ ျမင္ရတာပိုၿပီး က်က္သေရရိွေနသလိုပင္။

ဘုရားပန္းအိုးေလးမွာလည္း သစၥာပန္းအျဖဴေလးေတြကို ထိုးထားတာမ်ားအပြင့္ေလးေတြေဝေန၍ သိပ္သပၸာယ္ဖို႔ေကာင္းေနသည္။


ဒီေန့ကဥပုဒ္ေစာင့္ရေသာေန့ျဖစ္၍ တစ္အိမ္လံုးကက်က္သရည္မဂၤလာႏွင့္ျပၫ့္စံုေနသလို ခံစားေနရသည္။

ေဒၚေလးကို ပံုရိပ္ကဒီလိုေလးပဲအၿမဲျမင္ခ်င္မိတာပါေလ။အပူအပင္ကင္းကင္းနဲ႔ ဘ၀ကိုဒီလို‌‌ေလးပဲျဖတ္သန္းေစခ်င္ေပမဲ့ ကိုယ္တိုင္ကလည္းအျပၫ့္အ၀ကူညီမေပးႏိုင္ေသးသလို ေဒၚေလးကလည္းအေခ်ာင္ရတိုင္း ယူခ်င္သူမဟုတ္ေပ။


"ပံုပံု...အိပ္ယာႏိုးလာၿပီလား...."


ဘုရား၀တ္ျပဳျပီး၍ ထလာေသာေဒၚေလးသည္

ပံုရိပ္ကိုေသခ်ာၾကၫ့္၍ႃပံုးကာေမးေလသည္။ေဒၚေလး၏အႃပံုးမ်ားသည္ ၾကည္ရႊင္ေနၿပီး

ယခင္လိုမႈန္မိႈင္းေသာနာက်င္အႃပံုးတို႔မရိွေတာ့ေပ။အသားအရည္ေတြလည္း ယခင္ကထက္ပိုၿပီးအေရာင္ထြက္လာသည္။ပံုရိပ္မွတ္မိပါေသးသည္ ။‌

ေဒၚေလးဖ်ားၿပီး ေဆးဖိုးမတတ္ႏိုင္၍ စပ္ေဆးဆိုင္မွာ ေဆးသြား၀ယ္ခိုင္းတုန္းကဆိုရင္ ပံုရိပ္အရမ္းရင္ႄကံုးမရျဖစ္ခဲ့ရသည္။

အခုေတာ့ အဲ့ဒီ့အေျခအေနကေန ကင္းလြတ္ခဲ့ၿပီလို႔ဆိုရမယ္။


"ဟဲ့...ဒီေကာင္မေလး..အိပ္ခ်င္မူးထူးနဲ႔ဘာေတြေငးငိုင္ေနတာလဲ..မ်က္ႏွာသြားသစ္ေတာ့ေလ...

ငါေတာင္ဘုန္းႀကီးေက်ာင္းမွာဆရာေတာ္ႀကီးရဲ့မယ္ေတာ္ႏွစ္ပတ္လည္အတြက္သြားစားၿပီးၿပီ

...နင့္ဆရာကေတာင္..ပံုရိပ္မလာေသးဘူးလားဆိုၿပီး..ေမးေနေသးတယ္...."


"ဟင္...ဆရာကပံုရိပ္ကိုေမးတယ္ ..

အာ..ဟုတ္သားပဲ...ေျခာက္နာရီထိုးရင္လာခဲ့ဆိုတာ..အခုပဲ...ေျခာက္နာရီထိုးေတာ့မယ္...

ေသၿပီဆရာပဲ..."


"အမယ္ေလး...အခုမွမင္းတပ္ႀကီးၿပိဳေနသလို...

ျဖစ္ပ်က္ျပေနတာမ်ား..ပံုပံုတို႔ကေတာ့ပံုစံသာေျပာင္းသြားတယ္..စိတ္ကေတာ့ကေလးစိတ္..."


မေန့က ခရီးပန္းလာ၍ ညတုန္းကအေစာႀကီးအိပ္ေပ်ာ္သြားမိသလို မနက္ၾကေတာ့လည္းေနာက္က်မွ ႏိုးျခင္းျဖစ္သည္ ။အေနာက္ဘက္မွ ေဒၚေလးသည္ပြစိပြစိေျပာ၍က်န္ရစ္ခဲ့လည္း

ဂရုစိုက္မေနေတာ့ပဲအိမ္ေရ႔ွဘက္ရိွ ေရစည္ပိုင္းဆီသို႔သာ အျမန္ဆင္းလာခဲ့ၿပီး သြားတိုက္၊မ်က္ႏွာသစ္သၫ့္ကိစၥကို  ကန္စြန္းရြက္ႁခြေသကဲ့သို႔ျမန္ျမန္သြက္သြက္လုပ္လိုက္သည္။


ေရခ်ိဳးခ်င္ေပမဲ့လည္း အခ်ိန္မမွီမွာစိုး၍

ကိုယ္လက္သာေဆးေက်ာၿပီး အိမ္ေပၚသို႔ျပန္တက္ဖို႔ျပင္ေတာ့ ဟိုဘက္ၿခံ၏အိမ္တံခါး၀တြင္ရပ္ေနေသာ ေယာက္်ားတစ္ေယာက္ႏွင့္ အၾကၫ့္ခ်င္းဆံုသြားမိသည္။


ထိုလူသည္ ဆရာတို႔ထက္အသက္ႀကီးေလာက္သည္ဟု တြက္စလိုက္မိသည္။

ျပန္ၾကၫ့္လိုက္မိေတာ့ ပံုရိပ္ကိုမ်က္ေတာင္မခတ္တမ္း ခပ္စူးစူးေငးေနေသာေၾကာင့္ မေနတတ္ျဖစ္ရကာ အံကိုႀကိတ္ၿပီးမ်က္ေစာင္းထိုးျပလိုက္သည္။မ်က္ေစာင္ထိုးလိုက္မွ ရယ္က်ဲက်ဲလုပ္ၿပီး အိမ္ထဲသို႔ျပန္၀င္သြား၍သက္ျပင္းခ်ၿပီး အိမ္ေပၚသို႔ျပန္တက္လာခဲ့လိုက္သည္။


ၿခံႏွစ္ၿခံကိုျခားထားတဲ့ ဝါးကပ္ေတြကလည္းျမင့္ေပမဲ့ သူတို႔အိမ္၏အေပါက္၀ကေနဒီဘက္ၿခံကို ျမင္ေနရ၍ ေနာက္လည္းေရခ်ိဳးတဲ့အခါေတြမွာ ဒီလိုအၾကၫ့္ခံရရင္ဘယ္လိုလုပ္ပါ့မလဲဟု ေတြးပူေနမိသည္။

ပံုရိပ္တို႔၏ ေရစည္ပိုင္းကလည္း အိမ္ေရ႔ွမ်က္ႏွာစာမွာျဖစ္ေနသည္။


"မမေရ...သနပ္ခါးလိမ္းၿပီးၿပီလား...ဘာေတြသက္ျပင္းခ်ေနတာလဲ...."


စံပယ္ပန္းကံုးေလးေတြကို ကိုင္ၿပီးပိစိမကအိပ္ခန္း‌ထဲသို႔၀င္လာ၍ သနပ္ခါးလိမ္းေနရာမွလွၫ့္ၾကၫ့္လိုက္မိသည္။ပိစိမ၏လက္ထဲမွ စံပယ္ပန္းေတြကိုပါ သူကမေပးခင္ကိုယ္ကအရင္ယူကာ

ပန္ပစ္လိုက္သည္။


ကိုယ္တိုင္လည္း ေမႊးလို႔ရသလို ကိုယ့္အနားသို႔ကပ္လာသူတိုင္းလည္း ရနံ႔သင္းသင္းေလးကိုရႏိုင္၍ စံပယ္ပန္းကိုသိပ္ႀကိဳက္ပါသည္။သို႔ေပမဲ့ ႏွင္းဆီကိုပိုႀကိဳက္သည္။ဆူးေတြ၀န္းရံထားေပမဲ့ ႏွင္းဆီ

ဆိုတာဘယ္လိုေနရာႏွင့္မဆို လိုက္ဖက္ေသာ

ေခာတ္မွီသၫ့္ ပန္းတစ္ပြင့္ဟုသတ္မွတ္ထားမိသည္။


"ေအာ္...ဒါနဲ႔..နင့္ကိုေျပာျပရအံုးမယ္.. ငါခုဏကမ်က္ႏွာသစ္ေနတုန္းေလ...ဟိုဘက္ၿခံကေယာက္်ားေလးတစ္ေယာက္ကငါ့ကိုအၾကာႀကီးစိုက္ၾကၫ့္ေနတာသိလား...ငါေလေဒါသထြက္လိုက္တာေျပာမေနနဲ႔..."


"ဟင္..အဲ့ဒါဟိုအန္တီႀကီးရဲ့အရက္မေသာက္၊ေဆးလိပ္မေသာက္ပဲမိန္းမကိစၥကင္းတယ္ဆိုတဲ့ သားေတြထဲကတစ္ေယာက္ေနမွာေပါ့..."


"ဟုတ္မွာေပါ့...ဒါေပမဲ့ဟယ္..ကိုယ့္ညီမအရြယ္ကိုအဲ့လိုႏွာဘူးထေနတာကို ငါမႀကိဳက္ဘူး..

ေနာက္တစ္ခါဆိုရင္ေတာ့ငါျပန္ရန္ေတြ့မိေတာ့မယ္..

ေတာ္ၾကာအေဒၚ‌တို႔ပါ..ပါလာၿပီး ျပႆနာေတျြဖစ္မွာစိုးလို႔သိလား..မဟုတ္ရင္ငါ့စိတ္နဲ႔ေတာ့မလြယ္ဘူး...ဥပုဒ္ေန့ႀကီးလည္း ျဖစ္ေနလို႔ဒင္းသက္သာသြားတာ..

ရုပ္ကိုက..ငပိဖုတ္ကိုတပ္သုတ္ရိုက္ထားတဲ့ရုပ္နဲ႔..

အျမင္ကပ္စရာႀကီး..."


"အမယ္ေလးမမရယ္...ကိုယ့္အေနအထားနဲ႔ပဲြေတာ့သြားမၾကမ္းပါနဲ႔...ဒီတစ္ခါလာၾကၫ့္ရင္ပိစိကိုေျပာ

...ပိစိသြားေျပာပစ္မယ္..

ေျပာသာေျပာတာ..တို႔မမကလွလြန္းစိန္ဆိုေတာ့ သူမေျပာနဲ႔ပိစိေတာင္ႀကိဳက္တာပါဆို...အဟုတ္.."


"ပိစိေနာ္..ေျခာက္ေတာက္ေတာက္လာမလုပ္နဲ႔..

တို႔လက္ဝါးကပါးမေရြးဘူး .."


"အမယ္ေလး...ေၾကာက္လိုက္တာ..

မႀကိဳက္ရဲေတာ့ပါဘူးတဲ့...ဟား..ဟား.."


ပံုရိပ္ကစလိုက္ေတာ့ ေၾကာက္ဟန္ေဆာင္တဲ့လူက

ပံုရိပ္ကိုအတင္းလာဖက္ၿပီး ပါးတစ္ဖက္ကိုဆဲြၫွစ္လိုက္ျပန္သည္။


"ဟာ..ဒီမွာသနပ္ခါးေတြပ်က္ကုန္ၿပီေလ..."


စိတ္တိုတိုနဲ႔ ေခါင္းကိုပိတ္ေခါက္ပစ္လိုက္ေတာ့

သူ႔ငယ္ထိပ္ကို ပြတ္ၿပီးသနားစရာေကာင္းေအာင္လုပ္ျပျပန္သည္။


"အားရို႔...လက္သံကလည္းေျပာင္လိုက္တာ...

ေယာက္်ား၊မိန္းမ..မေရြးဘူးေနာ္..

လူေလးၾကၫ့္ေတာ့လွတပတေလးနဲ႔ 

စိန္ဂ်က္စတင္းနဲ႔အမ်ိဳးေတာ္တာလားဟင္..."


"ေနစမ္းပါဟယ္..ဒီမွာအ၀တ္လဲရအံုးမယ္..

ၿပီးရင္ဘုန္းႀကီးေက်ာင္းကိုေျပးရမွာ..

ရပ္ကြက္ထဲမွာေရမပက္ေသးဘူးမဟုတ္လား.."


"အခုမွေျခာက္နာရီေက်ာ္ပဲရိွေသးတာ ဘယ္လိုလုပ္ၿပီးေရပက္အံုးမွာလဲ...မမသြားရင္သမီးနဲ႔ကေလးေတြလည္း လိုက္မွာေနာ္..

ေဒၚေလးကဥပုဒ္ေစာင့္မွာဆိုေတာ့ အိမ္မွာေနခဲ့ရမွာပ်င္းတယ္..."


"ဟာ..ငါကဟိုမွာကူလုပ္ရမွာေလ..ကေလးေတြနဲ႔ရႈပ္ေနမွာေပါ့..ကူလုပ္ၿပီးလို႔ျပန္လာရင္လည္း..

ေရေဆာ့မွာပဲဥစၥာ..*


"မရႈပ္ပါဘူး..သမီးတို႔ကဘုရားရင္ျပင္ေပၚမွာ

 သြားေနမယ္ေလ...ဒါနဲ႔မမကဥပုဒ္မေစာင့္ဘူးလား..."


အိက်ႌခရမ္းေရာင္ရင္ဖံုးေလးကို ၾကယ္သီးတပ္ကာ ထဘီကိုျပင္၀တ္လိုက္ၿပီးေနာက္ ဆံပင္ကိုေသခ်ာျပန္ၿဖီးလိုက္မိေလသည္။သႀကၤန္ပိတ္ရက္ေလးပဲ နားခြင့္ရတာကို ဥပုဒ္ေစာင့္လိုက္ရင္ ေပ်ာ္ရႊင္ရမဲ့အခ်ိန္ေလးေတြ လက္လႊတ္သြားမွာေပါ့။

အဖြားဆီမွာေနရတဲ့တစ္ခ်ိန္လံုးမွာ အလုပ္သမားတစ္‌ေယာက္လိုေန့စဉ္တိုင္း အလုပ္ရႈပ္ေနခဲ့ရေတာ့ ဒီေလးရက္တာေလးမွာေပ်ာ္ေပ်ာ္ေနခ်င္သည္။


"ေဆာ့မွာ...ေရကိုအ၀ေဆာ့မွာ..ငါကၿမိဳ႔ထဲမ႑ပ္ေတြကိုေတာင္ေလ်ွာက္လည္ခ်င္တာ..."


"ဟာ..အဲ့ဒါေတာ့မရဘူးေနာ္မမ...မႏၲေလးလမ္းေလ်ွာက္သႀကၤန္မွာဆိုအရက္ေသာက္ၿပီး

မူးေနရင္းကတဲ့လူေတြလည္းေတြ့ဖူးတယ္..

မမေနျခည္တို႔ယိမ္းကတာေတာင္အဖဲြ႔လိုက္မို႔..

လူႀကီးေတြလည္းပါလို႔ရိသဲ့သဲ့မလုပ္ရဲတာ...

ရန္ကုန္ဆိုရင္ပိုဆိုးေတာ့မွာေပါ့..."


"ေအးပါဟယ္...သြားခ်င္ရင္ေတာင္လိုက္ပို႔ေပးမဲ့လူလည္းရိွတာမဟုတ္ပဲနဲ႔..."


"အံမယ္...ရိွရင္ေတာ့သြားခ်င္တယ္ေပါ့..."


"ေအးေပါ့..ကဲ..လာပါဟယ္..ေနာက္က်ေနၿပီ...

ေတာ္ၾကာဆရာကငါ့ကိုအိပ္ပုပ္ႀကီးထင္ေနေတာ့မွာပဲ..."


"အံမယ္..သူ႔ဆရာကိုေတာ့ေၾကာက္တတ္သား.."


ႏွစ္ေယာက္သားအိပ္ခန္းထဲမွ ထြက္လာေတာ့မိစုႏွင့္ထြန္းကိုကလည္း အိမ္ေရ႔ွတြင္ေဆာ့၍ေစာင့္ေနၾကေလသည္။

ေဒၚေလးကေတာ့ ဥပုဒ္သြားမေစာင့္ခင္သူ႔ပန္းပင္ေတြကို ေရအ၀ေလာင္းေနေလရဲ့။

ပံုရိပ္လည္း ဖိနပ္တစ္လက္မေဒါက္ေလးကိုေကာက္စီးလိုက္ၿပီး ကေလးႏွစ္ေယာက္ကိုလက္တဲြကာ

ၿခံျပင္သို႔ထြက္မယ္လုပ္ၿပီးမွာ ေဒၚေလးဆီသို႔ျပန္သြားလိုက္သည္။


"ေဒၚေလး..ဥပုဒ္‌ကေက်ာင္းမွာပဲေစာင့္မွာလား.."


"မဟုတ္ဘူး...ဓမၼာရံုမွာပဲေက်ာင္းဆင္းဥပုဒ္ေစာင့္လိုက္ေတာ့မယ္..ရွစ္နာရီခဲြေလာက္မွသြားမွာေလ..ထမင္းစားခ်င္ရင္လည္း..အိမ္မွာဟင္းေတြေရာ အကုန္ခ်က္ၿပီးသြားၿပီ..

ေဒၚေလးျပန္မလာေသးလို႔..ဗိုက္ဆာရင္ကိုယ့္ဟာကိုယ္ခူးစားလိုက္...အုပ္ေဆာင္းေအာက္မွာ..

ဟင္းေတြခပ္ထားတယ္..."


"ဟုတ္ကဲ့ပါ...ဒါနဲ႔ေဒၚေလး..ညေနၾကရင္..

မုန႔္လံုးေရေပၚလုပ္စားၾကရေအာင္ေနာ္..

လမ္းထဲမွာလည္းေဝေပးခ်င္လို႔..."


"အင္း..ဒါဆိုေဒၚေလးျပန္လာတာနဲ႔..အိမ္မွာရိွတဲ့ေကာက္ၫွင္း‌ေလးျပည္ရိွေသးတယ္..

သြားႀကိတ္ၿပီးအရည္စစ္ထားလိုက္မယ္..

ညေနေလာက္ဆိုရေလာက္ပါၿပီ..."


"ရပါတယ္...ေဒၚေလးျပန္လာမွာနဲ႔ဆိုၾကာေနအံုးမယ္...သမီးျပန္ေရာက္တာနဲ႔..သြားႀကိတ္ေပးမယ္

...ေကာက္ၫွင္းကိုပံုးထဲမွာေရစိမ္ထားလိုက္..."


"ေအး...ေအး...ညေနလုပ္ေတာ့မွအပ်ိဳႀကီးတို႔ေရာ..ရပ္ကြက္ထဲကမိန္းမေတြကိုပါေခၚလံုးခိုင္းလိုက္မယ္.."


ေဒၚေလးဆီက ခြင့္ျပဳခ်က္ရသည္ႏွင့္ကေလးတစ္သိုက္ႏွင့္ဘုန္းႀကီးေက်ာင္းသို႔ ခ်ီတက္ရေတာ့သည္။ဥပုဒ္ေန့ဆိုသၫ့္အတိုင္း ေက်ာင္း၀န္းတစ္ခုလံုးကလည္း ဓမၼသံေတြႏွင့္သာျပၫ့္ႏွက္ေန၍

သႀကၤန္အႀကိဳေန့ရက္ေလးသည္ မဂၤလာအေပါင္းခေညာင္းေနေတာ့သည္။


ကေလးႏွစ္ေယာက္ႏွင့္ ပိစိမသည္အလိုက္သိစြာဘုရားရင္ျပင္ေပၚသို႔ ေျပးတက္သြားၾကေလသည္။ဘုရားရင္ျပင္ေတာ္ေပၚတြင္လည္း ပံုမွန္ေန့မ်ားထက္ လူပိုမ်ားေနၿပီးအမ်ားစုကေတာ့ ေယာဂီ၀တ္စံုမ်ားႏွင့္ဥပုဒ္လာေစာင့္ေသာ သူမ်ားျဖစ္ၾကသည္။ေနာက္ဆံုအတက္ေန့တြင္ေတာ့ ပံုရိပ္လည္းဥပုဒ္ေစာင့္အံုးမွေလဟု ေတြးလိုက္မိသည္။


ပံုရိပ္သည္ ယခင္အတိုင္းမီးဖိုေဆာင္သို႔သာ ကူလုပ္ေပးဖို႔သြားလိုက္သည္။မီးဖိုေဆာင္ထဲတြင္ေတာ့ ယခင္ေန့ကလိုဆရာမေတြႏွင့္ဆရာေနမ်ိဳးတို႔မဟုတ္ေတာ့ပဲ ပံုရိပ္တစ္ခါမွမျမင္ဖူးေသာ

အေဒၚႀကီးေတြသာစုေဝးေနေလသည္။


"သမီးဘာလုပ္ေပးရမလဲဟင္...."


"ဟယ္...လုပ္စရာမလိုပါဘူးကြယ္...သမီးေလးက

လွတပတေလး၀တ္စားထားတဲ့ဥစၥာကို ေပႀကံကုန္ေတာ့မွာေပါ့..."


"အဲ့ဒါဆိုပန္းကန္ေတြပဲ သြားကူေဆးလိုက္မယ္ေနာ္...သမီးကူလုပ္ေပးခ်င္လို႔ပါ..."


ပံုရိပ္ကအတင္းေတာင္းဆိုေတာ့ အန္တီႀကီးေတြလည္း ပန္းကန္ေဆးေသာေန‌ရာသို႔ၫႊန္းလိုက္ၾကေလသည္။အရင္လိုမီးဖိုေဆာင္ႏွင့္ပန္းကန္ေဆးတဲ့ေနရာကကပ္လ်ွက္မဟုတ္ေတာ့ပဲ ကိုရင္ေတြေရခ်ိဳးၾကေသာ ေနရာအထိသြားရေလသည္။


ထိုေနရာတြင္လည္း အန္တီႀကီးအခ်ိဳ႕က 

အထပ္လိုက္ျဖစ္ေနေသာစားၿပီးသားပန္းကန္ေတြကို ေဆးေနၾက၍ ပံုရိပ္လည္း၀င္ထိုင္လိုက္ၿပီး အက်အနထိုင္ေဆးေနလိုက္သည္။


ပံုရိပ္၏ပံုစံသည္ ဖဲသားလက္တိုရင္ဖံုးေလးႏွင့္

ခ်ည္သားခ်ိတ္အဆင္ကိုတဲြ၀တ္ထားတဲ့အျပင္

စပယ္ပန္းေတြပါပန္လာေတာ့အန္တီႀကီးေတြက အထူးအဆန္းလိုၾကၫ့္ေနၾကေလသည္။

ေမးလိုက္ျမန္လိုက္တာလည္း လြန္ေရာ။


"သမီးေလးက...ဘယ္သူ႔သမီးလဲ.."


"သမီးရဲ့မိဘေတြကဆံုးသြားပါၿပီ..အန္တီတို႔သိမွာမဟုတ္ပါဘူး...သမီးရဲ့အေဒၚကေဒၚရွင္းသန႔္ပါ..."


"ေအာ္...မရွင္းသန႔္ကိုအန္တီသိတယ္ေလ..

အရင္ကဆိုသူ႔ဆီကေနပဲျပဳတ္၀ယ္စားေနၾက..

အခုသူေရာင္းတာလဲမေတြ့မိေတာ့ဘူးေနာ္..."


"ဟုတ္တယ္...ေဒၚေလးကနားလိုက္တာတစ္ႏွစ္ေက်ာ္ၿပီေလ..အခုေတာ့ေဈးထဲမွာကုန္ေျခာက္ဆိုင္ေလးဖြင့္ထားတယ္..."


"ေအာ္..ေအးေအး..အဆင္ေျပတယ္ဆိုတာၾကားရေတာ့ ၀မ္းသာပါတယ္..ဒါနဲ႔သမီးကအသက္ဘယ္ေလာက္ရိွၿပီလဲ..."


"ဆယ့္ေျခာက္ႏွစ္ေက်ာ္ပါၿပီ..."


"ေအာ္..ဒါဆိုအန္တီ့သားနဲ႔အတူတူပဲေပါ့..ဆယ္တန္းေျဖၿပီးၿပီလား.."


"ေျဖၿပီးပါၿပီရွင့္...ေျဖႏိုင္ပါတယ္..."


ထပ္ေမးလာေတာ့မၫ့္ေမးခြန္းကိုႀကိဳသိေန၍

ေျဖႏိုင္ေၾကာင္းကိုပါ အပိုေဆာင္း၍ေျပာလိုက္မိသည္။


"အန္တီ့သားကေတာ့ေလ...စာေမးပဲြနီးတာေတာင္ေဘာလံုးပဲြကိုသြားၾကၫ့္ေသးတာ...

ေျဖႏိုင္လားလို႔ေမးရင္...သူမေျဖႏိုင္တဲ့ေန့က

တစ္ရက္မွမရိွဘူး..စာေမးပဲြက်ရင္ေတာ့အေသကိုတြယ္ပစ္အံုးမွာ တစ္ေန့တစ္ေန့ဂိမ္းခ်ည္းပဲထိုင္ေဆာ့ေနေတာ့တာပဲ...ဒါနဲ႔သမီးကဥပုဒ္လာေစာင့္တာလား.."


"မဟုတ္ပါဘူး..သမီးကလာကူလုပ္ေပးတာပါ.."


"အယ္..လိမၼာလိုက္တာကြယ္..

သာဓု..သာဓု..သာဓု..အိမ္ကသမီးေတြမ်ားအလကားေနသႀကၤန္လည္ဖို႔ပဲေတြးေနတာ..

အလကားပါ..အိမ္ျပန္လာရင္လည္းတစ္ကိုယ္လံုးႂကြက္စုတ္ျဖစ္ၿပီးျပန္လာၾကရတာပဲကို..

ၿပီးရင္ဖ်ားၾကေရာ..မရွင္းသန႔္ရဲ့တူမေလးေလာက္မ်ား အိမ္ကဟာေလးေတြလိမၼာရင္..အိမ္ဦးခန္းမွာေတာင္တင္ထားလိုက္အံုးမယ္..."


ပန္းကန္သာထိုင္ေဆးေနရေပမဲ့ စိတ္ကေတာ့အင္မတန္ရႈပ္လာသည္။အေဒၚႀကီးေတြဆိုေတာ့လည္း ေမးလိုက္ျမန္းလိုက္ၾကတာ

ဂ်ပန္ကင္ေပတိုင္ေတြ၀င္စားၾကသလားမွတ္ရတယ္။


ကိုယ့္သားသမီးမေကာင္းတာကို ပညာသားပါပါနဲ႔အခ်ိန္ေပးၿပီးမဆံုးမပဲ အလကားေနသူမ်ားတကာ

နဲ႔ လိုက္ယွဉ္ေနတယ္။ဒါေၾကာင့္လည္း သူတို႔သားသမီးေတြက သူတို႔စကားကိုနားမေထာင္ၾကတာ ေနမွာေပါ့။


ပန္းကန္ေဆးတာနာရီ၀က္ေလာက္ရိွေနၿပီျဖစ္ေသာေၾကာင့္ ေၾကာေတြေတာင့္လာေပမဲ့ စားၿပီးသားပန္းကန္ေတြကလည္း လာခ်လို႔မဆံုးေတာ့ေပ။အေဒၚႀကီးေတြခမ်ာလည္း အတင္းထိုင္တုတ္ႏိုင္ၾကလို႔သာ ဒီေလာက္အထိၾကာၾကာလုပ္ႏိုင္ၾကသည္ဟု ေတြးလိုက္မိသည္။


တကယ္ေတာ့ ဒီလိုေဝယ်ာ၀စၥလာလုပ္ေပးၾကသူအမ်ားစုသည္ မရိွေသာသူကမ်ားေလသည္။ ပိုက္ဆံခ်မ္းသာသူက ဘယ္လိုလုပ္ၿပီးဒီလိုေအာက္ေျခသိမ္းကအစလာလုပ္ေပးႏိုင္ပါ့မလဲ။အေဒၚႀကီးေတြ၏ စကားဝိုင္းထဲကို ၀င္မိေတာ့မွ

 သူတို႔၏ဘ၀ကို စာနာမိေလသည္။


မိသားစုစား၀တ္ေနေရးအတြက္ ရုန္းကန္ေနၾကရေတာ့ သားသမီးေတြကိုလည္းလွၫ့္မၾကၫ့္ႏိုင္ေတာ့ပဲ ကိုယ္တိုင္ကလည္းအတန္းပညာေရးနိမ့္ပါးခဲ့ၾကေတာ့ သားသမီးေတြကိုဆံုးမတဲ့အခါမွာလည္း ၾကမ္းတမ္းမိၾကသည္။


ထို႔အတြက္ ရလဒ္ကေတာ့သားသမီးေတြဟာ မိဘကိုအရဲြ႔တိုက္ၿပီး စကားနားမေထာင္ေတာ့ပဲ

လုပ္ခ်င္တာသာလုပ္ေနၾကေတာ့သည္။

ဒီလိုဆိုေတာ့ က်ူးေက်ာ္ရပ္ကြက္ကခ်စ္မင္းေလးကိုေတာင္ သတိရမိေသးသည္။


ဒီကေလးမ်ိဳးၾကေတာ့ ထိန္းကြပ္ေပးမဲ့မိဘထက္

သူ႔ကိုယ္သူသာပဲ့ျပင္သြားႏိုင္သၫ့္ ကေလးမ်ိဳးဟုဆိုရမည္။ခ်စ္မင္းေလးကိုေထာက္ပံ့ေပးဖို႔ အေဒါ့္ကိုလွမ္းၿပီး ေငြပို႔ခဲ့ဖူး၍ေက်ာင္းလည္း တက္ေနၿပီဟုဆိုသည္။

တစ္ေန့ေတာ့ ဒီကေလးကိုသြားေတြ့အံုးမွပါေလ။


"ပံုရိပ္...."


အေနာက္ဘက္မွေခၚသံစူးစူးေၾကာင့္ လွၫ့္ၾကၫ့္လိုက္မိေတာ့ ဆရာသည္ပံုရိပ္၀ယ္ေပးထားေသာ လည္ကတံုးလက္ရွည္အျဖဴေလးႏွင့္ ေငြမ်ွင္ႀကိဳးေလးေတြထိုးထားေသာ ပုဆိုးေလးကို၀တ္ထားေသာေၾကာင့္ သန႔္ျပန႔္လြန္းေနသည္။


"ဒီမွာဘာလုပ္ေနတာလဲ...ေက်ာင္းကိုေရာက္တာၾကာၿပီလား..."


"ဒီသမီးေလးပန္းကန္လာေဆးေနတာ..

နာရီ၀က္ေလာက္ေတာ့ရိွၿပီေနမ်ိဳးရဲ့...

နင့္တပၫ့္ေလးလား..."


"ဟုတ္ပါတယ္..ေဒၚေဒၚ..ကၽြန္ေတာ္သူ႔ကိုေခၚသြားလိုက္ေတာ့မယ္ေနာ္..ေက်ာင္းေပၚမွာကူခိုင္းစရာရိွလို႔ပါ..."


"ေအးပါ...ေခၚသြား..ေခၚသြား..၀တ္ေကာင္းစားလွ၀တ္ၿပီး..ပန္းကန္လာေဆးေနလို႔အန္တီတို႔ေတာင္ေျပာေနေသးတယ္..."


"ဟုတ္တယ္...သူကပန္းကန္ေဆးရတာကိုသိပ္ႀကိဳက္တာေလ..."


"ဆရာ့!!!!!!"


တမင္ရဲြ႔ေျပာေနေသာဆရာ့ကို အသံခပ္ေဆာင့္ေဆာင့္ေလးႏွင့္ေခၚလိုက္မိေတာ့ ပံုရိပ္ကိုမ်က္လံုးႀကီးေဆာင္ၿပီး ျပန္ၾကၫ့္လာသည္။

ဆရာစိတ္ဆိုးေအာင္ပံုရိပ္ထပ္လုပ္မိျပန္ၿပီ။

ပံုရိပ္ကေနရာမွမေရြ့ေတာ့ လက္ေကာက္၀တ္ကို

ဆဲြၿပီး ေက်ာင္းေပၚသို႔ေခၚလာခဲ့ေလသည္။

လမ္းတေလ်ွာက္လံုးမွာလည္း  ပံုရိပ္ကိုခပ္ႀကိတ္ႀကိတ္ဆူေန၍ စိတ္ညစ္ရျပန္သည္။


"ေက်ာင္းကိုေရာက္ေနၿပီး..ဘာလို႔ဆရာ့ကိုလာ

မေတြ့ရတာလဲ...၀တ္ထားေတာ့ထဘီအခ်ိတ္နဲ႔

ပန္းကပါပန္လာေသး‌တယ္..ၿပီးေတာ့ေရစည္ေဘးနားမွာ ငုတ္တုတ္ထိုင္ၿပီးပန္းကန္သြားေဆးေနတယ္ေပါ့.."


"ဆရာကလည္း...၀တ္ေကာင္းစားလွ၀တ္ၿပီးပန္းကန္မေဆးရဘူးလို႔ ဘယ္ဘုရားကေဟာထားလို႔လဲ..."


မ်က္ႏွာငယ္ေလးနဲ႔ပံုရိပ္ညည္းတြားလိုက္မိေတာ့ ဆရာကသက္ျပင္းခ်လိုက္ေလသည္။

အသက္ႏွစ္ဆယ့္ေလးႏွစ္အရြယ္ဆရာသည္ အဖိုးႀကီးတစ္ေယာက္လို ဆူပူေန၍နည္းနည္းေတာင္ရယ္ခ်င္မိသည္။

ဘာေၾကာင့္လဲဆိုရင္ ဆရာကအရမ္းေခ်ာတာကိုး။


ဆံပင္တိုတိုေလးကို ဂ်ယ္လူးထား‌ေသာေၾကာင့္ပို၍ကပ္ေနကာ ၾကည္လင္ၿပီး တစိမ့္စိမ့္ေငးေနခ်င္စရာေကာင္းေသာ မ်က္ႏွာေလးကလည္းရွင္းထြက္ေနသည္။မ်က္ႏွာက်က အရမ္းမသြယ္ေပမဲ့လို႔ ႏွာတံထင္းထင္းႏွင့္မ်က္ခံုးေမႊးေတြကလည္း

စိမ္းညို႔ေနကာ မ်က္လံုးအၾကၫ့္ေတြကအစ

ဆဲြေဆာင္မႈအားေကာင္းသည္။


ႏႈတ္ခမ္းေလးေတြဟာလည္း စုေထြးေနကာ တင္းတင္းေစ့ထားၿပီး ရုပ္တည္ေနတဲ့အခ်ိန္ေတြဆိုလ်ွင္ ပိုၿပီးေတာ့ ခန႔္သည္ဟုထင္မိသည္။


ဆရာရုပ္အဆိုးဆံုးအခ်ိန္ကေတာ့ ေဒါသထြက္ေသာအခ်ိန္ပဲ။ခါးကိုေထာက္ၿပီး လူကိုစူးစိုက္ၾကၫ့္ရင္ လိပ္ျပာေတာင္လႊင့္ႏိုင္ပါရဲ့။

ပံုရိပ္ျမင္ဖူးေသာ ဆရာေဒါသအရမ္းထြက္သၫ့္အခ်ိန္ကေတာ့ ကိတ္မုန႔္ဆိုင္မွာလက္ေဆာင္ေပး၍ ေအာ္ထုတ္ေသာတစ္ခ်ိန္သာရိွေလသည္။မ်ားေသာအားျဖင့္ ဆရာသည္အစိမ္းေရာင္သစ္ေတာႀကီးကဲ့သို႔ လူတိုင္းအေပၚတြင္ ေနြးေထြးၾကင္နာတတ္သည္။


"ေဟ့...ဘာေတြေတြးေနတာလဲ..ေမးေနတာမၾကားဘူးလား...."


"ဟင္...ဘာေမးလိုက္တာလဲ.."


ပံုရိပ္ကိုဆူေနေသာ ဆရာ့အသံကိုအာရံုမထားမိပဲ ဆရာ့မ်က္ႏွာကိုသာေငးၾကၫ့္ေနမိသၫ့္

ကိုယ့္အျဖစ္ကိုျပန္အံ့ဩေနမိသည္။

ပံုရိပ္လည္း ဘာထူးလို႔လဲ။

ဆရာနဲ႔ေတြ့တိုင္း ႏွာဘူးအႀကီးစားျဖစ္ေနမိသည္။

ဒါေပမဲ့ ပံုရိပ္ကဆရာ့တစ္ေယာက္ကိုပါပဲ။


"မနက္စာ..စားခဲ့ၿပီးၿပီလား.."


"မစားခဲ့ဘူးဆရာ..အိပ္ယာထေနာက္က်သြားလို႔..."


"ျဖစ္ရမယ္...အဲ့ဒါကိုေက်ာင္းေပၚမတက္လာပဲ..

ပန္းကန္ေတြသြားေဆးေနတာေပါ့...ဟင္း..

မင္းကေတာ့ေလ..ပံုစံသာေျပာင္းလဲသြားတယ္..

အက်င့္ကအရင္အတိုင္းပဲ..ေခ်ာင္ထဲမွာပဲေနခ်င္တုန္း...သြား..ဟိုမွာဆရာမႏုႏုတို႔နဲ႔အတူ..တစ္ဝိုင္းထဲသြားထိုင္စားေန..."


"ဆရာေရာ...မစားဘူးလား..."


"ၿပီးမွလာခဲ့မယ္...ဆရာေတာ္ႀကီးဆီကိုခဏသြားလိုက္အံုးမယ္...."


"ဟာ...ေနအံုးေလ..."


စကားေျပာရင္လည္းျမန္သလိုလႈပ္ရွားမႈလည္းျမန္ဆန္လြန္းေသာေၾကာင့္ ေက်ာင္းေအာက္သို႔

မဆင္းခင္ လက္ကိုအျမန္လွမ္းဆဲြလိုက္မိသည္။

လက္ႏွစ္ဖက္လံုးႏွင့္ ဆရာ့လက္ေခ်ာင္းေလးေတြကိုဆုပ္ကိုင္ထားမိသလို ျဖစ္ေန၍ရင္ခုန္သံေတြေတာင္ ခုန္ေပါက္ေျပးလႊားကုန္ေလၿပီ။


ခ်စ္ျခင္းဟာ ပ်ားရည္ျမစ္တစ္ဆင္းဆိုလ်ွင္

အခုခ်ိန္မွာခုန္ဆင္းဖို႔အသင့္ပါပဲ။

ခ်စ္တဲ့သူငယ္ေလ သူငယ္ခ်င္းေကာင္းေယာင္းမတို႔ေရဟု မင္းမဟာဂီရိနတ္မင္းႀကီးကိုပင္ ခ်စ္ျခင္းေမတၲာေတြကို တိုင္တည္ျပလိုက္ခ်င္သည္။


ငယ္သူမို႔ ခ်စ္မိတဲ့အခါျမင္းရိုင္းကေလး တေရြ့ေရြ့ေျပးသလို ပိုရင္ခုန္စရာေကာင္းတယ္ဆရာ။

ႏွလံုးသားႏုႏု ေသြးေခ်ဥသြားသလိုပိုႏူးညံ့တယ္။

လက္ဖ်ားစေလးကို ဖြဖြေလးကိုင္မိတာေတာင္ရင္ခုန္ရပါတယ္။ဒါေပမဲ့ ပန္းကေလးမွာလည္း

မာနနဲ႔မို႔ ဥယ်ာဉ္မွဴးကိုစိတ္ေကာက္တတ္ပါတယ္။


ပန္းကေလးေတြအမ်ားႀကီးထဲမွာ ပံုရိပ္ဆိုတဲ့

ပန္းကေလးက ဆရာ့ကိုေမ်ွာ္ေနပါ့မယ္။

ဆရာလာမခူးပဲ ခူးလွၫ့္ပါလို႔ မေအာ္ပါရ‌ေစနဲ႔။

ပံုရိပ္၏ႏႈတ္ခမ္းေတြ ႃပံုးတက္သြားေပမဲ့ ဆရာ့ကိုအားနာသြားမိ၍ မလႊတ္ခ်င္ပဲလႊတ္ေပးလိုက္ရသည္။


"ဘာေျပာမလို႔လဲ...."


"ဟို...ဟိုေလ...."


"ဘာျဖစ္ေနတာလဲ..တဟိုဟိုနဲ႔ေျပာစရာရိွတာျမန္ျမန္ေျပာကြာ..."


ပံုရိပ္မွာသာ ပန္းနာရင္ၾကပ္ျဖစ္ခ်င္သလိုလို၊ႏွလံုးေရာဂါပဲထေဖာက္ခ်င္သလိုလိုႏွင့္ ကတုန္ကယင္ျဖစ္ကာ စကားထစ္ေနေပမဲ့ ဆရာကေတာ့ပံုရိပ္စကားေျပာတာလိုရင္းမေရာက္လို႔ ထင္ပါရဲ့ ေဒါသထြက္ေနသလိုမ်ိဳးမ်က္ႏွာႀကီးနီရဲ ေနၿပီး ေလသံကအစမာတင္းေနသည္။


တစ္ႏွစ္ေက်ာ္ၾကာၿပီး ျပန္ေတြ့ကတည္းက ဆရာႏွင့္ပံုရိပ္၏ၾကားမွာ စည္းေလးတစ္ခုျခားသြားသလို ခံစားေနမိ၍ စိတ္ေတာ့မေကာင္းေပ။

ထိုစည္းကေတာ့ စိမ္းသက္ျခင္းတဲ့....။


"ဟို...မိစုနဲ႔ထြန္းကိုတို႔ကိုလည္းကၽြေးခ်င္လို႔ပါ...

သူတို႔လည္းမစားရေသးဘူး...."


"သူတို႔ကစားၿပီးေနၿပီ...ဘုရားေပၚမွာသူတို႔ကိုေတြ့လို႔...မင္း..ဒီေရာက္ေနမွန္းသိလိုက္တာ...

မဟုတ္ရင္...အဲ့ဒီ့ပန္းကန္ေဆးတဲ့ေနရာမွာပဲေသာင္တင္ေနေတာ့မွာမဟုတ္လား...."


"ဟာ...ဆရာကလဲ..."


ပံုရိပ္မ်က္ႏွာႀကီး စူပုတ္သြားေတာ့တစ္ခ်က္ႃပံုး၍ ေက်ာင္းေအာက္သို႔ဆင္းသြားေသာ

ဆရာ့ေက်ာျပင္က်ယ္ႀကီးကို မမိွတ္မသုန္လိုက္

ေငးၾကၫ့္ေနမိသည္။ၿပီးေနာက္ ကိုယ့္လက္ဖဝါးေလးႏွစ္ဖက္ကို ျပန္ပြတ္ၾကၫ့္လိုက္မိၿပီး

လူျမင္မည္ဆိုး၍ႏႈတ္ခမ္းႏွစ္ဖက္ကို ဖိႀကိတ္ကာႃပံုးလိုက္မိသည္။


ေသခ်ာကိုင္ၾကၫ့္လိုက္ေတာ့ ဆရာ့လက္ေခ်ာင္းေလးေတြက ရွည္ရွည္သြယ္သြယ္ေလးျဖစ္ေနသည္။

ဆရာ့အသားကို ဒီေလာက္ႏူးညံ့လိမ့္မည္ဟု မထင္ခဲ့မိေပ။လက္သည္းခြံေလးေတြကအစ ေဖြးသန႔္ေနတာပဲ။ဆက္ေတြးရင္ ပါးႏွစ္ဖက္လံုး နီရဲတက္လာေတာ့မည္ျဖစ္ေသာေၾကာင့္ အျခားစားပဲြဝိုင္းေတြၾကားမွ ေခါင္းငံု႔၍သြားလိုက္ၿပီး ဆရာမႏုႏုတို႔ရိွေသာ စားပဲြမွာ သြားထိုင္လိုက္သည္။


"ပံုရိပ္...မေန့ကေက်ာင္းကိုလာၿပီး ဘာလို႔ျပန္ထြက္သြားရတာလဲ..တို႔ေတြကိုေတာင္ႏႈတ္မဆက္သြားဘူး..."


"ဟို...သမီးေခါင္းေတြထိုးကိုက္လာလို႔ပါ...

အဲ့ဒါေၾကာင့္အိမ္ကိုခ်က္ခ်င္းျပန္သြားမိတာ..."



သႀကၤန္အႀကိဳေန့မွာပဲ အလိမ္စကား‌ကိုေျပာလိုက္ရ၍ စိတ္ထဲကေတာ့သိပ္မလံုခ်င္ေပ။ဝိုင္းမွာအတူထိုင္ေနၾကေသာလူမ်ားသည္ ဆရာ၊ဆရာမေတျြဖစ္ၾကၿပီး မနက္ကပံုရိပ္ကိုမ်က္ႏွာသစ္ေနတုန္း

ၾကၫ့္ေနခဲ့ေသာ ႏွာဘူးႀကီးလည္းပါေလသည္။

ဆရာမေတြနဲ႔ ရင္းရင္းႏွီးႏွီးစကားေျပာေနပံုေထာက္ရင္ သူကလည္းေက်ာင္းဆရာမ်ားလား။


ကိုယ္ႏွင့္မသက္ဆိုင္သည္မို႔ ခ်ဉ္ရည္ဟင္းပန္းကန္ကိုသာလွမ္းခပ္လိုက္ပါသည္။သခြားသီးသုပ္ေလးကိုလည္း ႀကိဳက္ေသာေၾကာင့္ လွမ္းယူခ်င္ေပမဲ့

ကိုယ့္ဘက္မွာမဟုတ္ေတာ့ အၾကၫ့္ႏွင့္ပင္

လွမ္းစားလိုက္မိသည္။


သခြားသီးသုပ္ပန္းကန္ကိုပံုရိပ္ၾကၫ့္ေနစဉ္မွာပဲ

ဟိုႏွာဘူးႀကီးကသခြားသီးသုပ္ပန္းကန္ကိုယူလိုက္ၿပီး ပံုရိပ္ဘက္သို႔ကမ္းေပးလာသည္။

ပံုရိပ္သူ႔ကို ေၾကာင္ေငး၍ၾကၫ့္ေနစဉ္မွာပဲ

သူကထပ္၍မ်က္ခံုးပင့္ျပသည္။


"ယူေလ...ပံုရိပ္စားခ်င္ေနတာမဟုတ္လား..."


"ဟုတ္ကဲ့...ေက်းဇူးတင္ပါတယ္...."


ဆရာမေတြေခၚေနၾက၍ ပံုရိပ္၏နာမည္ကိုပါ

သူသိေနေလၿပီ။သိပ္ေတာ့သေဘာမက်ေပမဲ့

ကိုယ္စားခ်င္သၫ့္အရာကိုယူေပးေတာ့လည္း ေက်းဇူးတင္ေၾကာင္းေျပာလိုက္ရသည္။

သခြားသီးသုပ္ေတြေရာ ၾကက္သားဟင္းေတြႏွင့္ပါ အားပါးတရစားေနလိုက္ၿပီးေနာက္ ေရေသာက္ဖို႔ခြက္ထဲသို႔ ေရထၫ့္ေနရင္းႏွင့္ သူ႔ဘက္သို႔မေတာ္တဆၾကၫ့္လိုက္မိေတာ့လည္း ပံုရိပ္ကိုေငးကာႃပံုးျပေနျပန္သည္။

ဘယ္လိုလူပါလိမ့္။ဆရာတစ္ေယာက္ျဖစ္ၿပီး အိ‌ႁႏၵောသိကၡာကိုမရိွဘူးဟု ႀကိမ္ဆဲလိုက္မိသည္။


"ဟာ...ဆရာေနမ်ိဳးကအခုမွလာတာလား...ဒီမွာကၽြန္မတို႔က..စားတာ၀ေတာင္၀ေတာ့မယ္..."


ဆရာမႏုႏု၏ အသံဆာဆာေၾကာင့္အေနာက္ကို လွၫ့္ၾကၫ့္လိုက္မိေတာ့ ဆရာကပံုရိပ္တို႔ဝိုင္းသို႔လာေနေလသည္။အစကေတာ့ ၀မ္းသာမိေပမဲ့

ပံုရိပ္၏ေဘးမွာမထိုင္ပဲ ဆရာမႏုႏုႏွင့္ဟိုႏွာဘူးႀကီး၏အလည္မွာသြားထိုင္၍ စိတ္ကခ်က္ခ်င္းကိုမိုးအံု႔သြားေလသည္။ကိုယ့္တပၫ့္ေလး လူႀကီးေတြၾကားထဲမွာ အေနအထိုင္က်ဉ္းၾကပ္မွာပဲဟု စာနာစိတ္မရိွရေကာင္းလားဟု စိတ္လည္းဆိုးခ်င္မိသည္။


"ပံုရိပ္...ထမင္းထပ္ယူအံုးမလား...."


"ဟုတ္ကဲ့...နည္းနည္း...."


ဟိုႏွာဘူးႀကီးက ထမင္းပန္းကန္ကိုကမ္းေပးလာေသာေၾကာင့္ ဗိုက္၀ေနၿပီေပမဲ့ တမင္ထမင္းထပ္ထၫ့္ၿပီး အေျခအေနကိုေစာင့္ၾကည့္ရေအာင္ထိုင္ေနလိုက္သည္။ဆရာက အခုမွထမင္းစစားမွာဆိုေတာ့ ပံုရိပ္ထသြားလို႔မျဖစ္ဘူး။


"ပံုရိပ္ကလူေကာင္သာေသးတာ..စားေတာ့စားႏိုင္တယ္ေနာ္..."


"ေအာ္...ဆရာလင္းေခာတ္ကေတာ့ေလ..

မိန္းကေလးေတြကိုသိပ္အထင္ေသးတာပဲ..."


"ဟုတ္ပါတယ္ဗ်ာ...ပံုရိပ္ကပိန္ပိန္သြယ္သြယ္ေလးဆိုေတာ့ ကၽြန္ေတာ္အထင္ေသးမိသြားပါတယ္...

ဟို‌တစ္ေန့ကေဖ့ဘြတ္မွာဗီဒီယိုတစ္ခုတက္လာတာဗ်ာ...ေကာင္ေလးနဲ႔ေကာင္မေလး ခ်ိန္းေတြ့တာ

အစကေတာ့ေကာင္မေလးကအစားနဲသလိုလိုနဲ႔...

ေကာင္ေလးကခံုေအာက္မွာပစၥည္းတစ္ခုက်ေနလို႔ ျပန္ေကာက္ၿပီး စားပဲြေပၚကိုလည္းျပန္ၾကၫ့္လိုက္ေရာ...သူ႔အတြက္ေတာင္ဘာမွမက်န္ေတာ့ဘူး..."


"ဟား...ဟား...အဲ့ဒါေျပာတာေပါ့...မိန္းကေလးေတြကိုအထင္မေသးနဲ႔ဆိုတာ..."


အျခားဆရာမတစ္ေယာက္ႏွင့္အတူ အေၾကာင္းမရိွအေၾကာင္းရွာၿပီး စကားေျပာေနေသာလင္းေခာတ္ဆိုသူကို ပံုရိပ္ႏွာေခါင္းရႈံ႔လိုက္မိသည္။

နာမည္ကလည္း ဘာႀကီးမွန္းမသိဘူး။

ဆရာတစ္ေယာက္ရဲ့နာမည္က တည္ၿငိမ္မႈရိွရမွာေပါ့ဆရာေနမ်ိဳးဆိုရင္ နာမည္ၾကားတည္းက

ေလးစားခ်င္စရာေလး။သူက‌ေတာ့ ဆရာေနမ်ိဳးထက္အသက္ႀကီးၿပီး ရုပ္ကိုကစပ္ၿဖီးၿဖီးနဲ႔ ဆရာေနမ်ိဳးဆိုရင္သူ႔ဘာသာ တည္တည္ၿငိမ္ၿငိမ္ေလးနဲ႔ ထမင္းစားေနတာ ဘာသံမွမထြက္ဘူး။

သူ႔တစ္ေယာက္တည္းကသာ ဂဏွာမၿငိမ္ျဖစ္ေနတာ။


"ေအာ္...ဒါနဲ႔ႏုႏုေရ...မနက္ျဖန္လည္ဖို႔ကားငွားၿပီးသြားၿပီလား...."


"ငွားၿပီးသြားၿပီ...ငါးေသာင္းတဲ့..လည္ပတ္မွာဆိုေတာ့တန္ပါတယ္...ၿမိဳ႔ေတာ္ခန္းမဘက္ေတြပါသြားမွာေလ...မ႑ပ္ေတြစံုေနေအာင္ ပတ္ေမာင္းေပးမွာ..."


"ဟယ္...အဲ့ဒါဆိုတန္တာေပါ့ေနာ္...အရင္ႏွစ္ေတြကေတာ့တစ္ခါမွမလည္ဖူးဘူး...ဒီႏွစ္ေတာ့တို႔အမ်ိဳးသားနဲ႔ပါတိုင္ပင္ကိုက္သြားၿပီ..."


"ကၽြန္ေတာ့္ကိုလည္းေမ့က်န္မေနခဲ့ၾကနဲ႔ေနာ္...."


"အမယ္ေလး...ဆရာလင္းေခာတ္ကိုဘယ္သူကေမ့က်န္ခဲ့မွာလဲ..."


"ကားေပၚကေနပဲ တြန္းခ်ခဲ့မွာ...."


"ဟား...ဟား..မလုပ္ၾကပါနဲ႔ဟယ္...ေတာ္ၾကာေကာင္မေလးေတြဝိုင္းဆဲြထားၾကလို႔...ေဘာင္းဘီေတာင္ျပန္ပါမလာပဲေနပါအံုးမယ္...."


"မလုပ္ၾကပါနဲ႔ဗ်ာ...ကၽြန္ေတာ္ကရွက္တတ္လို႔ပါ..."


"အမယ္ေလး...မရွက္ပါနဲ႔ရွင္..ထ(၄)ေက်ာင္းမွာဆရာဘယ္ေလာက္မ်က္ႏွာပြင့္သလဲဆိုတာ

မသိရင္ခက္လို႔...ဒါေၾကာင့္လည္း...

လင္းေခာတ္ကိုဆို..ဆရာမတိုင္းကလက္မလႊတ္ခ်င္တာေပါ့..."


"ဟာဗ်ာ...."


ဟိုတစ္ေပါက္ ဒီတစ္ေပါက္ႏွင့္နားေတြညီးလာေသာေၾကာင့္ စားပဲြဝိုင္းကေနထေျပးခ်င္ေပမဲ့

ဆရာကလည္းထိုင္စားေနေသးသည္မို႔ ပံုရိပ္လည္းဆက္၍သည္းခံၿပီး ထိုင္ေနလိုက္မိသည္။

ဆရာေနမ်ိဳးႏွင့္ဆရာလင္းေခာတ္သည္ ေတာ္ေတာ္ေလးကို ကြာျခားသည္။


စားပဲြဝိုင္းမွာဆရာႏွစ္ေယာက္ထိုင္ေနေပမဲ့

ဆရာလင္းေခာတ္ကိုသာ အားမနာတမ္းစေနာက္ရဲၿပီး ဆရာ့ကိုေတာ့ေတာ္ရံုမစေနာက္ရဲၾကေပ။

ပံုရိပ္၏ ဆရာသည္မိန္းမေတြၾကားမွာေနရင္ ထိုသို႔အေနတည္သၫ့္ လူရိုးႀကီးျဖစ္သည္။


"ေအာ္...ဒါနဲ႔..ဆရာေနမ်ိဳးေရာ...မနက္ျဖန္သႀကၤန္လည္မွာလိုက္အံုးမလား..."


"ကၽြန္ေတာ္ကအဲ့ဒါေတြသိပ္ဝါသနာမပါလို႔ပါ..."


ဆရာမႏုႏုေမးလိုက္ေသာ အေမးကိုဆရာကတိုတိုတုတ္တုတ္သာ ျပန္ေျပာလိုက္၍ ေခါင္းကိုငံု႔လိုက္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႃပံုးလိုက္မိသည္။


"ပံုရိပ္ေရာ....လိုက္ခ်င္လား...ကားကအေခ်ာင္ႀကီးရယ္...."


ပံုရိပ္ကို တဖန္ေမးလာေတာ့ ေၾကာင္အသြားမိကာနားထင္ကိုလက္ၫွိုးႏွင့္တစ္ခ်က္ျခစ္၍စဉ္းစားလိုက္မိသည္။မႏွစ္ကမႏၲေလးသႀကၤန္မွာ

ပံုရိပ္မလည္ခဲ့ရေသာေၾကာင့္ အခြင့္အေရးရတုန္းေလး လည္ၾကၫ့္ခ်င္သည္။ဒါဟာပံုရိပ္အတြက္အခြင့္အေရးပဲ ေနာက္တစ္ခါဒီလိုအခြင့္အေရးမ်ိဳးဆိုတာ ႄကံုခ်င္ရင္ေတာင္ႄကံုပါအံုးမလား။


"ဟို...သမီးလိုက္ခ်င္ပါတယ္...ဒါေပမဲ့ေနာက္တစ္ေယာက္ပါအေဖာ္ေခၚလို႔ရေသးလားဟင္..."


"ရတာေပါ့...ေခၚပါ..."


"ဟုတ္...သမီးလိုက္ခဲ့ပါ့မယ္...."


"လူမ်ားေတာ့ပိုေပ်ာ္စရာေကာင္းတာေပါ့...ကေလးေတြပါေတာ့...တို႔ေယာက္်ားလည္းသိပ္ေသာက္ရဲေတာ့မွာမဟုတ္ဘူး...အိမ္က‌ေပါက္စေလးေတြကိုလည္း...ပံုရိပ္တို႔အေဖာ္ရေအာင္ေခၚခဲ့လိုက္မယ္...

မဟုတ္ရင္ဂ်ီက်ေနမွာ...."


ဆရာမႏုႏုကိုလွမ္းေျပာေနေသာ ဆရာမတစ္ ေယာက္ေၾကာင့္ ပံုရိပ္လည္းႃပံုးလိုက္မိၿပီး ဆရာ့ကိုျပန္ေငးၾကၫ့္လိုက္မိသည္။

ဆရာသည္ ဘာေၾကာင့္ရယ္မသိ ထမင္းကိုဆက္

မစားေတာ့ပဲ ဇြန္းကိုသာေငးၾကၫ့္ေနေလသည္။

တစ္ခုခုကို ေတြးေနပံုရ၍ဆရာ့ကိုဆက္ေငးေနမိစဉ္မွာ မ်က္ခံုးတန္းေတြကိုတြန႔္ႄကံု႔ထားလ်ွက္ႏွင့္

ပံုရိပ္ကိုစိုက္ၾကၫ့္လာသည္။

ဆရာဘာကို ေဒါသထြက္ေနတာပါလိမ့္။


(အခန္း၄၂)ဆက္ရန္ရိွသည္....


🌹🌹🌹🌹🌹🌹🌹


Updateေလးၾကာသြားျပန္ပါၿပီ


ေရးေန‌ရင္းနဲ႔ ေနာက္ထပ္ဇာတ္ေကာင္ေတြကို

ထပ္ထၫ့္မိျပန္ၿပီ....😊ဇာတ္ေကာင္ကသိပ္မမ်ားဘူးဆိုေတာ့...


ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို ေက်းဇူးအထူးတင္ရိွပါတယ္ေနာ္....

No comments:

Post a Comment