(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၄၂)
သင်္ကြန်၏အနှစ်သာရကို ပုံရိပ်အင်မတန်နှစ်သက်သည်။သင်္ကြန်မှာ နေရာဒေသမတူလည်းပဲ ရင်းနှီးကျွမ်း၀င်ပြီးသား သူတွေကဲ့သို့ရေပက်တမ်းကစားနိုင်သည်။ကိုယ်နှင့်မသိပေမဲ့ သင်္ကြန်မှာရေပက်သည်ဟူသော အသိကြောင့်စိတ်ဆိုး၍
မရနိုင်ပေ။
ကလေးများသည်လည်း အချုပ်အနှောင်မှကင်းလွှတ်သော အချိန်အခါတစ်ခုဖြစ်လေသည်။
ဘယ်လောက်အရွယ်ငယ်ပါစေ သင်္ကြန်မှာတော့မိဘများကရေကစားခွင့်ပေးထားကြလေသည်။
စင်စစ်ပင် သင်္ကြန်၏အတာရေသည် လူကိုဖျားနာခြင်းအဖြစ်နည်းစေသည်။
မိစုလေးသည် ကလေးများထဲတွင်အငယ်ဆုံးဖြစ်နေ၍ အခြားကလေးများက သူ့ကိုပဲဖိလောင်းကာ စကြသည်။ရေအလောင်းခံရလည်း သွားလေးဖြဲ၍ ရယ်ပြုံးနေပြီး အပျော်ကြီးပျော်နေလေသည်။
ရပ်ကွက်ထဲတွင်လည်း အုန်းလတ်များမိုးထားသောမဏ္ဍပ်များ ဟိုတစ်စုသည်တစ်စုရှိနေပြီး
စောင်းဗောက်များဖြင့် သီချင်းပေါင်းစုံဖွင့်ထားကြ၍ ရွှံ့အိုင်ထဲမှာကျွဲတွေလူးကြသလို
ကလေးများကလည်းလူလှိမ့်နေအောင်ကကြသည်။ လူကြီးများကလည်း အမူးသောက်ကာ ကဲကြလေတော့သည်။
"မကြီးပုံ...ရရဲ့လား...."
"ရတယ်..."
ချစ်မင်းသည် ရေပုံးကိုအတင်းဝိုင်းကူဆွဲပေးမယ်လုပ်ပေမဲ့ ပုံရိပ်ကတော့ကိုယ့်ဘာသာပဲ ဆွဲပြီး
ရွှံ့တောထဲတွင်ရှိနေသော ပုံးကြီးထဲသို့ရေဖြည့်လိုက်သည်။
ကလေးတွေကတော့ ထိုရေတွေကိုခပ်ပြီး
အားမနာတမ်းလိုက်လောင်းကြတာပေါ့။
"ပိစိမတို့များနော်....နည်းနည်းပါးပါးတောင်
မကူဘူး...သူများခပ်ပြီးသားနဲ့ သူချည်းပဲဆော့နေတာ..."
"မမကလည်း...ပိစိကလည်းကူပေးမလို့ပါ...မိစုကအတင်းခေါ်နေလို့...ဟဲ့..ဟဲ့..ဟိုမှာလူလာနေပြီ
ပက်....ရအောင်ပြေးပက်..."
ပိစိမသည် ပြောရင်းဆိုရင်းနှင့်ကလေးတွေနှင့်အပြိုင် လမ်းမပေါ်မှလူတွေကို ပြေးပက်နေပြန်သည်။ပုံရိပ်လည်း သူများတွေကိုလိုက်ပက်တာပေမဲ့ သူ့လောက်တော့မကဲမိပေ။
ခွက်တွေကို လက်ဖဝါးပေါ်ကိုတင်ပြီး ခွက်စောင်းခုတ်တတ်လွန်းလို့ ဘယ်ချက်ပြဿနာဖြစ်မလဲဟု ရင်ထဲမှာတထိတ်ထိတ်ဖြစ်နေရသည်။
"မကြီးပုံရေ...ဟိုမှာအများကြီးပဲလာနေကြပြီ...."
"အေး...လာပြီ..."
တမင်ရေပက်ခံထွက်ကြသလိုစတိုင်လ်နှင့် လမ်းလျှောက်လာနေကြသော ကလေးအုပ်စုကိုတွေ့တော့ ပုံရိပ်လည်းအမြန်ပြေးသွားလိုက်ကာ
ခေါင်းတွေကနေပဲ လောင်းချပစ်လိုက်ပြီး
တဟားဟားအော်ရယ်မိတော့သည်။
ရေပက်ပြီး၍ အနောက်သို့ပြန်လှည့်ကြည့်လိုက်တော့ လင်းခောတ်ဆိုတဲ့လူကြီးက သူတို့၏
အိမ်ခြံစည်းရိုးအ၀မှာရပ်ကာ ပုံရိပ်တို့ကိုလှောင်ရယ်နေလေသည်။
ဘာကြောင့်မှန်းမသိ အဲ့ဒီ့လူကြီးကိုအလိုလိုနေရင်းအမြင်ကပ်ပါသည်။
"ပိစိမရေ....လာအုံး...."
"ဘာလဲမမရဲ့...."
"ဟိုမှာ...ဟိုလူကြီးကြည့်နေပြန်ပြီ...."
ပိစိမသည် တစ်ဖက်ခြံအ၀သို့
ခေါင်းတစ်ပတ်လည်အောင်ငေးကြည့်လိုက်သောအခါလင်းခောတ်ဆိုသောလူကြီးသည်
မမကိုငေးကြည့်နေရာမှ ပိစိမကြောင့်မျက်နှာလွှဲသွားလေသည်။
ပင်နီပုဆိုးနှင့် စွပ်ကျယ်ချိုင်းပြတ်ကို၀တ်ထားပြီး
သစ်တိုင်လုံးကို ဆိုက်ဂိုက်အပြည့်နှင့်မှီထားပုံက အပေါ်ယံကြည့်လျှင် ယောက်ျားပီသလိုလိုပုံဖမ်းနေပေမဲ့ တကယ့်တကယ်မှာတော့ ပဲများနေခြင်းဖြစ်သည်။
ရုပ်ကိုက မချိုမချဉ်ပုံစံကြီးပင်။ကလေးတွေဆော့နေတာကြည့်သလိုလိုနှင့် မမ၏ရေစိုအလှကိုတမင်နှာဗူးထနေမှန်းအသိသာကြီး။
"နေဦး...မမ...အဲ့လူကြီးကိုပိစိမကိုယ်တိုင်ပညာပြမယ်..."
ပိစိမသည် မုန့်လုံးရေပေါ်တွေလုံးနေကြသော
ပုံရိပ်တို့၏ခြံထဲသို့ပြေး၀င်သွားပြီး သိပ်မကြာလိုက်ပဲ မုန့်လုံးရေပေါ်ပန်းကန်အဖြူလေးတစ်လုံးကိုကိုင်၍ ပြန်ထွက်လာလေသည်။
"မမကြည့်နေနော်..."
ပုံရိပ်၏အနားသို့ကပ်ကာ မျက်စိတစ်ဖက်လည်းမှိတ်ပြသွားသေးသည်။ဘာလုပ်မလို့လဲဟု တွေးနေရင်းနှင့်ပင် မုန့်လုံးရေပေါ်ပန်းကန်ကို ဦးလင်းခောတ်ရှိသောနေရာသို့ ယူသွားပြီးအတင်းမြည်းခိုင်းနေတော့သည်။
ဘာကြောင့်ရယ်မသိ ထိုလူကြီးကပုံရိပ်ကိုလှမ်းကြည့်၍ ပြုံးလိုက်သေးသည်။
ပြီးနောက် ခဏလေးတောင်မစောင့်ပဲပန်းကန်ပေါ်မှာ မုန့်လုံးရေပေါ်ကိုတုတ်လေးနဲ့ထိုးပြီး ဝါးစားလိုက်လေသည်။မုန့်လုံးရေပေါ်ကိုဝါးနေရင်းနှင့်
မကြာခင်မှာပဲသူ့မျက်နှာကြီး ချက်ချင်းရှံ့မဲ့ပြီး
နီတက်လာလေသည်။
"အား...အား...စပ်တယ်...အဟွတ် ..အဟွတ်"
"ဟယ်...အရမ်းစပ်သွားတာလား...အဲ့တစ်ခုကငရုတ်သီးစိမ်းထည့်ထားတာထင်တယ်..
ရော့ရော့ အစပ်ပြေအောင်ဒီတစ်လုံးကိုစားလိုက်...."
ဟိုလူကြီး၏အော်သံက ဘယ်လောက်ကျယ်သလဲဆိုရင် ရေဆော့နေတဲ့ကလေးတွေတောင် သူ့ကိုပဲဝိုင်းကြည့်နေကြသည့်အဖြစ်ရောက်တော့သည်။ပထမတစ်လုံးစားတာ အမှတ်မရှိသေးပဲ
နောက်တစ်လုံးထပ်စားလိုက်သောအခါမှာတော့....
"အောင်မလေး...နင့်မေကြီးတော်..ညည်းငါ့ကို
သတ်နေတာလား...မုန့်လုံးရေပေါ်လာကျွေးနေတာလား...ငရုတ်သီးပင်ကြီးကိုဝါးစားခိုင်းနေတာလား...."
"မဟုတ်ပါဘူး...အစ်ကိုကြီးရယ်...စေတနာနဲ့ကျွေးတာပါ...ခင်မင်ရင်တော့စားပါနော်..
ငရုတ်သီးလေးဝါးလိုက်မိလို့တော့စိတ်မဆိုးပါနဲ့..."
"ဟာ...အဟုတ်မှတ်လို့...သီချင်းစာသားတွေလာရွတ်ပြနေတယ်...တော်ပြီတော်ပြီ...ငါ့ဘာသာအိမ်ထဲမှာစာအုပ်ဖတ်နေတာပဲအေးတယ်...
အား...စပ်လိုက်တာ...
တော်သေးတာပေါ့..စေတနာပါပေလို့..
မဟုတ်ရင်ငရုတ်ဆုံထဲများ ထည့်ထောင်း
မလားမသိဘူး...""
လျှာကြီးတစ်လစ်တစ်လစ်ထုတ်လျှင် မျက်နှာကြီးလည်းနီရဲကာအိမ်ထဲသို့ ပြန်၀င်ပြေးသွားတော့
ပိစိမသည်ပုံရိပ်ဘက်သို့လှည့်လိုက်ကာ အိုကေသည်ဟုလက်ဟန်အမူအရာပြကာ နွားပွဲစားကဲ့သို့ သွားဖြဲကာရယ်ပြနေလေတော့သည်။
"တွေ့လားမမ...ပိစိမရဲ့အကြံဘယ်လောက်
ပိုင်သလဲဆိုတာ..ချက်ချင်းကိုအိမ်ထဲပြေး၀င်သွားတော့တာပဲ.. "
"နေပါအုံး...နင့်ကသူ့ကိုဘယ်လိုပြောပြီးသွားကျွေးလိုက်တာလဲ..."
"ဒီလိုပါ...မမကအစ်ကိုကြီးကိုမုန့်လုံးရေပေါ်စားစေချင်လွန်းလို့..ဦးဦးဖျားဖျားလာပို့ခိုင်းတာလို့...
မမကချက်ချင်းစားစေချင်တာလို့လေးပဲ ပြောလိုက်တာ...ခိ..ခိ..."
"ဟင်...ကြည့်စမ်း..ကြည့်စမ်း...ငါ့နာမည်ကိုအလွဲသုံးစားလုပ်တယ်ပေါ့လေ...
ငါကအကောင်းမှတ်လို့ရပ်ကြည့်နေတာ...
အဲ့လိုသွားပြောလိုက်တော့ ငါကသူ့ကိုတမင်ချည်းကပ်သလိုဖြစ်နေမှာပေါ့...'
"ဖြစ်စရာလားမမရယ်...မမကသူ့ကိုတမင်ဂျင်းထည့်တယ်လို့ထင်သွားတာပါ..နောက်ဆိုမမနားကိုသူမကပ်ရဲလောက်တော့ဘူး..
သေချာတာတစ်ခုတော့သိလိုက်တယ်.."
"ဘာလဲ .."
"အဲ့လူကြီးကမမကိုကြိုက်နေတာလေ..ဒါကြောင့်လည်း...ကျွေးတိုင်းစားတာပေါ့..
ဟိ...ဟိ..တို့မမကတော့မန္တလေးကနေရန်ကုန်အထိလာစွံနေတာပါလား...ဘာဆေးတွေများစားထားသလဲဟင်..."
"ဟယ်...တော်စမ်းပါ...သွားပန်းကန်သွားထားလိုက်တော့..ပြီးရင်မုန့်လုံးရေပေါ်တွေဝေရအုံးမှာ..."
"ဟုတ်ကဲ့ပါဆရာကြီး.."
ပုံရိပ်ကိုအလေးပြုသလို ပုံသဏ္ဍန်လုပ်ပြသွားပြီး ခြံထဲသို့ပိစိမပြန်၀င်သွားသောအခါ ကော်ပုံးကြီးထဲတွင် ရေများနည်းနေပြီဖြစ်၍ လက်ဆွဲပုံးလေးနှင့် သွားခပ်ဖို့စဉ်စားလိုက်သည်။
"ပုံရိပ်...ငါ့ကိုပေး..."
"ဟိန်းကို...."
စကားသံမဆုံးသေးခင်ပင် လက်ဆွဲပုံးလေးသည် တစ်စုံတစ်ယောက်၏လုယူခြင်းကိုခံလိုက်ရသည်။ဆက်ခနဲမော့ကြည့်လိုက်တော့ တစ်နှစ်ကျော်လောက်အထိ ပုံရိပ်တမင်မေ့ထားခဲ့သူတစ်ယောက်ဖြစ်နေသည်။ပုံရိပ်ကို နာကျင်မှုတွေသာပေးစွမ်းခဲ့သော လူဖြစ်သည်။ဒါပေမဲ့ သူ့မျက်၀န်းတွေက ပကတိဖြူစင်ရိုးသားနေပြီး ပုံရိပ်၏မျက်၀န်းထဲတွင်လည်း အမျက်အာဃာသတို့ကင်းစင်နေသည်။
တစ်နှစ်ကျော်သွားခဲ့ပါပြီ။
ပုံရိပ်သူ့ကိုထပ်ပြီးမုန်းတီးနေရအုံးမှာလား။
"နင့်အမေဆီကိုလာတာလား...."
ပုံရိပ်တို့၏ခြံထဲတွင် ရပ်ကွက်ထဲမှအန်တီကြီးများသည် မုန့်လုံးရေပေါ်လာလုံးပေးနေကြပြီး
ထိုအထဲတွင် ဟိန်းကို၏အမေလည်း ပါ၀င်လေသည်။ယခင်တုန်းက ပုံရိပ်နှင့်မတည့်ခဲ့ပေမဲ့ ဒေါ်လေးတို့စီးပွားရေးအစဉ်ပြေသွားတော့လည်း အချိုးတွေကတစ်မျိုးပြောင်းသွားကြတာပေါ့။
ဟိုးအရင်ကမတူသလို မတန်သလိုဆက်ဆံခဲ့သူများ၊မရှိလို့ငွေသွားချေးရင်တောင် ပုန်းကောင်းနေခဲ့သော သူများသည် ယခုတော့အဒေါ့်ကိုပြန်၍ ဖားနေကြသောအခြေအနေဖြစ်နေကြလေသည်။
ပုံရိပ်ကအမှတ်သည်းခြေကြီးပေမဲ့ ဒေါ်လေးက"ထားလိုက်ပါ...လူတိုင်းကိုမေတ္တာနှင့်ပဲ တုန့်ပြန်ပါ.."ဟုပြောသောကြောင့် ငြိမ်နေလိုက်ရသည်။
အခုတော့ အိမ်မှာစတုဒီသာ ကျွေးမည်ဟုပြောလိုက်ကြတော့ အုပ်လိုက်ကြီးလိုက်လာကာ ကူညီပေးကြတော့သည်။
"ဟဲ့...ကလေးနှစ်ယောက်...မုန့်လုံးရေပေါ်စားကြပါလား..တော်ကြာကိုယ့်အိမ်ကလုပ်တာကိုယ်မစားလိုက်ရပဲ...မုန့်ဝေတဲ့အလှည့်မပါပဲ
တုတ်ဝေတဲ့အလှည့်မှ ပါနေကြအုန်းမယ် .."
ပုံရိပ်တို့နှစ်ယောက်၏လက်ထဲသို့ အစားဆိုလျှင် အလှူရှင်ကဦးအောင်စားထားရမည်ဆိုသော ဒဿနကိုလက်ကိုင်ထားတတ်သောဟိန်းကို၏အမေသည်မုန့်လုံးရေပေါ်ပန်းကန်ပြားလေး လာပေးသွား၍ ပန်းပင်တွေစိုက်ထားသော ခုံတန်းလေးဘက်သို့သွားကာ ပန်းရနံ့ကိုရှူရှိုက်ရင်း ထိုင်မိကြသည်။
"နင်တို့အိမ်ကလုပ်တဲ့မုန့်လုံးရေပေါ်က စားလို့ကောင်းတယ်နော်..."
"အင်း..."
အုန်းသီးဖက်လေးတွေ ဖြူးထားသောမုန့်လုံးရေပေါ်ဖြူဖြူအိအိလေးကို စူးချွန်လေးနှင့်ထောက်လိုက်ပြီး တလုတ်ဆယ်စားလိုက်ရင်း "အင်း.."တစ်လုံးသာပြန်ဖြေလိုက်သည်။
"နင်စာမေးပွဲဖြေနိုင်လား...."
"ဖြေနိုင်ပါတယ်...နင်ရော..."
"ငါလည်းဖြေနိုင်ပါတယ်...ငါကနင်ရှိတဲ့မန္တလေးကိုကျောင်းလာတက်ချင်တာလေ..."
သူ့မျက်၀န်းတွေနှင့် ပုံရိပ်ဆုံမိသွားသည်။
မုန့်လုံးရေပေါ်ကို စူးချွန်လေးနှင့်ထိုးစိုက်လိုက်ပေမဲ့ မစားမိတော့ပေ။သူ့ရဲ့အပြင်ပုံစံက အရင်နဲ့အနည်းငယ် ကွဲပြားသွားပေမဲ့ သူ့ရဲ့စိတ်ကတော့
အရင်အတိုင်းပါပဲလား။
လူတစ်ယောက်ကို တွယ်ကပ်မိပြီဆိုရင် အဲ့လူအနားမှာပဲ ရစ်ဝဲနေချင်တာမျိုး။
"အဲ့လောက်လည်း လန့်မသွားပါနဲ့ဟာ..ငါကသဘောပြောတာပါ..ငါ့အမေကလည်းလွှတ်မှာမဟုတ်ပါဘူး..."
ပုံရိပ်ကို ပြုံးပြနေသောသူ့မျက်၀န်းတွေသည်
ဂဏာမငြိမ်ဖြစ်နေကာ မလုံမလဲဖြစ်စွာပြုံးလိုက်သေးသည်။တကယ်ကို သူ့ရဲ့အပြုအမူတစ်ခုချင်းဆီတိုင်းက အရင်နဲ့မတူတော့သလို ခံစားရတယ်။
"နင်တကယ်ပဲဖြေနိုင်တာလား...အရင်ကစာလုပ်ရတာမကြိုက်ဘူးဆို...."
"ငါတကယ်ဖြေနိုင်တာပါ...နင်မရှိတော့တဲ့နောက်ပိုင်းမှာ...ငါ့ကိုယ်ငါပြန်သုံးသပ်ပြီး အများကြီးကြိုးစားခဲ့ပါတယ်...."
သူပြောသည့်စကားများကို ခေါင်းငြိမ့်ခေါင်းခါတော့ မလုပ်မိပေ။မုန့်လုံးရေပေါ်ကိုသာ ဆက်စားပြီးအပြင်ဘက်သို့ငေးနေလိုက်သည်။မုန့်လုံးရေပေါ်လုံးနေကြသော လူများသည်စံပယ်ပန်းရုံတွေရှိသော အိမ်ခြေရင်းဘက်မှာဖြစ်ကြ၍ အသံဆူညံမှုသိပ်မရှိပဲ သူပြောသည့်စကားတွေကို ပုံရိပ်သေချာကြားနေရပါသည်။
"ငါမှားသွားခဲ့ပါတယ်...ယမင်းမှာသာနှလုံးရောဂါရှိမှန်းသိရင် ငါဒီလိုမယုတ်မာခဲ့ပါဘူး...ငါ့အမှားကိုငါသိသွားပေမဲ့ နောက်ကျသွားပြီဆိုတာလည်း
ငါသိပါတယ်...ငါ့စိတ်ထဲမှာတဒင်္ဂဖြစ်တည်လာတဲ့ ဆန္ဒတစ်ခုအတွက်နဲ့ ယမင်းကိုငါအသုံးချမိခဲ့တယ်
...ငါကတကယ်ကိုမကောင်းတဲ့ကောင်ပါဟာ...
နင်ထွက်သွားပြီးနောက်ပိုင်းမှာ ငါ့ကိုယ့်ကိုကိုယ်ပြန်စမ်းစစ်ပြီး ဆင်ဆင်ခြင်ခြင်နေခဲ့ပါတယ်...."
"နင့်ကိုယ်နင် ပြောင်းလဲလိုက်တော့ရော ဘာထူးမှာလဲ...နင့်တစ်ယောက်တည်းအတွက်သာပြောင်းလဲသွားပြီး အခြားသူတွေအတွက်ရလဒ်က ယမင်းမရှိတော့ဘူးလေ..."
"ဒါပေမဲ့ ငါသူ့ကိုသေပါစေတော့လို့မရည်ရွယ်ခဲ့ပါဘူးဟာ...."
"ပြင်လို့မရတဲ့အမှားတစ်ခုမှာ ဒါပေမဲ့ဆိုတာမရှိဘူး.
လုပ်ပြီးမှ ရတဲ့နောင်တကိုနင်ကဘာတွေ
အဖက်ပြန်ဆယ်ချင်နေသေးတာလဲ...
ယမင်းကပြန်အသက်ရှင်သွားပြီလား...
ဒီမှာဟိန်းကို...အတိတ်ဆိုတာကိုနင်လှည့်မကြည့်ချင်ပဲနေလို့ရတယ်..ဒါပေမဲ့နင်လုပ်ခဲ့တဲ့လုပ်ရပ်တွေကတော့ လုံး၀ပျောက်ကွယ်သွားမှာမဟုတ်ဘူး...."
မျက်ရည်စတွေရစ်ဝဲလာလျှက် ပုံရိပ်သူ့ကိုဒေါသထွက်စွာ ပြောမိတော့သူ့မျက်နှာသည်လည်း
ညှို့မှိုင်းသွားခဲ့လေသည်။ခေါင်းကိုငုံ့ချလိုက်ပြီး မြေကြီးကိုသာစူးစိုက်ကြည့်နေခဲ့သည်။
ပုံရိပ်သည်လည်း နှုတ်ခမ်းတစ်ချက်တွန့်ကာ
မဲ့ပြစ်လိုက်ပြီး ဆက်ထိုင်ချင်စိတ်မရှိတော့၍
မတ်တပ်ထရပ်လိုက်မိသည်။
သူ့အပေါ်မှာ အရင်လိုဒေါ်သတွေမရှိတော့ဘူးလို့ထင်ခဲ့မိပေမဲ့ ယမင်း၏အကြောင်းကိုပြန်တွေးလိုက်မိတိုင်း အဟောင်းတွေကအသစ်ပြန်ဖြစ်လာသည်။
"ငါ့ကိုခွင့်လွှတ်ပေးလို့မရတော့ဘူးလားဟာ...
ငါမှားခဲ့ပါတယ်...ညဘက်ဆိုရင်..ငါကောင်းကောင်းအိပ်မပျော်နိုင်တဲ့အထိ...နင်တို့ရဲ့အမုန်းတရားတွေငါ့ကို လာစူးနေတာရောသိရဲ့လားဟာ...
ယမင်းအပေါ်မှာ လုပ်ခဲ့မိတဲ့ငါ့အမှားအတွက်...
ငါဘယ်လောက်အထိ ခံစားနေရသလဲ...
နင်မသိပါဘူး..နင်ဒီကိုစရောက်တဲ့နေ့တည်းက
ငါနင့်ဆီကိုလာချင်ပေမဲ့...ငါ့ခြေလှမ်းတွေကိုငါ့ရဲ့အရိပ်မည်းတွေက ဆွဲခေါ်နေခဲ့တယ်...ကျေးဇူးပြုပြီးငါ့ကို အသစ်ကနေ ပြန်စခွင့်ပေးပါလားဟာ.."
ပုံရိပ်သက်ပြင်းချလိုက်မိပေမဲ့ သူ့ကိုကျောခိုင်းထား၍ သူကတော့သိမည်မထင်ပေ။
ပုံရိပ်သူ့ကို ခွင့်လွှတ်သင့်ရဲ့လား။
မဟုတ်ဘူး ယမင်းသာဆိုလျှင်ခွင့်လွှတ်မှာလား။
ယမင်းသာ နှလုံးရောဂါသည်လေးမဟုတ်ခဲ့ရင်
အခုချိန်အထိ အသက်ရှင်နေနိုင်အုံးမှာလား။
ဘယ်လိုပဲဖြစ်ဖြစ် ယမင်းက သူ့ကိုသိပ်ချစ်ခဲ့တာပါ။သူကတော့ ယမင်းရဲ့စစ်မှန်တဲ့ခံစားချက်တွေအကုန်လုံးကို လျစ်လျှူရှုခဲ့တဲ့လူ။
"ဟိန်းကို...ယမင်းကနင့်ကိုတကယ်ချစ်ခဲ့ပေမဲ့...
နင်ကတော့ ယမင်းရဲ့အချစ်ကိုကစားခဲ့တယ်...
နင်ငါ့အပေါ်မှာ ဘယ်လိုခံစားချက်ရှိသလဲဆိုတာ
ငါသိတယ်...ဒါပေမဲ့..ငါကတော့နင့်အပေါ်မှာသူငယ်ချင်းဆိုတာထက်..ဘယ်တော့မှပိုလို့ရမှာမဟုတ်ဘူး...နင်သာယမင်းရဲ့အချစ်တွေကိုမြင်နိုင်ခဲ့ရင်...ယမင်းအခုလိုနာကျင်ခဲ့ရမှာမဟုတ်ဘူး...
နင်သူ့ကိုဥပက္ခာပြုထားတဲ့ရက်တွေက သူ့ရင်ထဲမှာ
နင့်ကိုဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်းချစ်မိကြောင်း...နင့်ကိုဘယ်လောက်အထိမျှော်လင့်နေကြောင်း ငါ့ကိုရင်ဖွင့်လာတယ်...
နင်နဲ့မပတ်သတ်တော့ဖို့တောင် ငါသတိပေးခဲ့ပေမဲ့...သူကအချစ်ရူးလေ...ရူးတာမှဘာကိုမှမမြင်နိုင်တော့တာ....ကျောင်းဆင်းချိန်မှာ နင့်ဆီလိုက်သွားတာကိုငါအော်တားပေမဲ့....သူမျက်ရည်ပဲကျပြီး...
ငါတို့နှစ်ယောက်တည်းမှာနင့်ကိုပဲရွေးချယ်ခဲ့တယ်
...ဘယ်သူနဲ့ယှဉ်လာလာ...အဲ့ဒီ့အရူးမလေးကနင့်ကိုပဲ သေချာပေါက်ရွေးချယ်လိမ့်မယ်...
သူကနင့်ကိုအဲ့လောက်အထိ နင့်နင့်နဲနဲချစ်ခဲ့တာ
..ဒါပေမဲ့နင်တန်ဖိုးမထားခဲ့ဘူး..
အခုနင်ခံစားနေရတာက...သူ့ရဲ့ဆယ်ပုံတစ်ပုံစာတောင်မရှိပါဘူး...နင်အခုသူ့ရဲ့အချစ်စူးကိုစူးနေတာပါ...နင့်ကိုယ်နင်ဖြေသိမ့်နိုင်ဖို့အတွက်နဲ့ ငါ့ဆီကနေခွင့်လွှတ်မှုကို လာမတောင်းပါနဲ့ တကယ်နစ်နာခဲ့ရတာက ငါမဟုတ်ဘူး...အေးတကယ်နစ်နာခဲ့ရတဲ့လူကလည်း မရှိတော့တဲ့အတွက်နင့်ဘာသာပဲဖြေဖျောက်နိုင်အောင်ကြိုးစားလိုက်တော့....."
ခြေလှမ်းကျဲများနှင့်ပင် ပုံရိပ်သူ့အနားမှထွက်ခွာလာခဲ့လိုက်ပြီး အိမ်ပေါ်သို့တက်ကာရေစိုနေသောအ၀တ်အစားတွေကိုလည်း လဲလိုက်ပြီး
ကိုယ့်အိပ်ခန်းထဲမှာသာ လှဲအိပ်နေလိုက်သည်။
သူ့ဆီကနေ ချောကလက်လေးကိုမယူမိလို့ လွှင့်ပစ်တာတွေ ပုံရိပ်ကိုရိသဲသဲလုပ်၍၁၂ကျောင်းကကောင်လေးကို ထိုးနှက်ခဲ့တာတွေပြန်တွေးနေမိပြီး
မျက်လုံးတွေကို မှိတ်ထားမိသည်။
ဟိန်းကိုရေ ငါနင့်ကိုမမုန်းပါဘူး။ဒါပေမဲ့ ငါနင်နဲ့ထပ်ပြီး မပတ်သတ်ချင်တာတော့အမှန်ပဲ။
နင့်ကိုလည်းအခုထိခွင့်မလွှတ်နိုင်သေးဘူး။
ယမင်းအပေါ်မှာလည်း ငါဘယ်တော့မှသစ္စာ
ဖောက်မှာမဟုတ်ဘူး။
ဒါပေမဲ့ နင်ခံစားနေရတာတွေကို ကြားရပြန်တော့လည်းငါစာနာစိတ်ဖြစ်မိပါတယ်။
ပြန်တွေးကြည့်လိုက်တော့ ခုဏတုန်းကပုံရိပ်သူ့ကိုပြောခဲ့သော စကားများသည်သိပ်ကိုရင့်လွန်းသွားသည်ဟုထင်မြင်မိသည်။ယမင်းဆုံးတာတောင်
တစ်နှစ်ကျော်သွားခဲ့ပြီပဲ။
သူ့ကိုနှိပ်စက်သလိုများဖြစ်နေပြီလား။
ဟင့်အင်း..ယမင်းအပေါ်ကိုသူကပိုရက်စက်ခဲ့တဲ့လူပါ။
သူ့ကိုနှောင်ကျင်အောင်တော့ ခဏနှိပ်စက်ပစ်မယ်။မဟုတ်ရင် နောက်ထပ်တူညီတဲ့အမှားတစ်ခုကို
ထပ်ကျူးလွန်မှာသေချာတယ်။
"မမ...ဘာတွေမှိုင်နေတာလဲ...နဖူးပေါ်ကိုလက်တင်ပြီး..စဉ်းစားနေတာအဖွားကြီးကြနေတာပဲ.."
ပိစိမကတော့ အိပ်ခန်းထဲသို့၀င်လာတာနှင့် ပုံရိပ်ကိုဖဲ့ဖို့သာချောင်းနေတော့သည်။
ရေတွေဆက်တောက်ဆက်တောက်နှင့် အ၀တ်ဗီဒိုကိုဖွင့်ပြီး စပဲန့်သားဂါ၀န်အဝါလေးကို လဲ၀တ်နေပြန်သည်။ပိစိမသည် လူကောင်ကြီးသလို အသားလေးကလည်း ညိုနေကာ မျက်နှာကလည်းလှသည့်အထဲတွင်မပါပေ။
သို့ပေမဲ့စိတ်ထားလေးကကောင်းတော့
ပုံရိပ်ကသည်သူ့ကိုညီမအရင်းလေးလိုချစ်ပါသည်။
တစ်ခုခုတိုင်ပင်စရာရှိရင်လည်း သူနဲ့အများဆုံးဆွေးနွေးတတ်ပြီး ခံစားချက်အကြောင်းကိုလည်းသူ့ကိုပဲ ပြောပြတတ်သည်။
ကလေးစကား အရူးစကားဆိုတာမှန်တတ်သည်ဟု ရှေးလူကြီးများက ပြောခဲ့ကြသည်။
ထို့ကြောင့် တစ်ခုခုတိုင်ပင်ဆွေးနွေးလိုက်တိုင်း
ပိစိမ၏အားမနာတမ်းပြောတတ်တဲ့အကြံပေးချက်များသည် အလုပ်ဖြစ်သည်ကများသည်။
ပုံရိပ် ဆရာ့ကိုကြိုက်နေတာတောင် ပိစိမကိုပြောပြထားသည်အထိ သူ့ကိုယုံသည်။
"ပိစိမ...လူတစ်ယောက်ကအခြားလူတစ်ယောက်ကို သေစေနိုင်လောက်တဲ့အထိ အပြစ်ကျူးလွန်ခဲ့တယ်ဆိုပါစို့...အဲ့လူကနောင်တတွေရပြီး သူ့ကိုသူပြန်ပြုပြင်ပြောင်းလဲနေတယ်ဆိုရင် ခွင့်လွှတ်ပေးသင့်လား...."
"မသိဘူးလေ..."
"အေးရော...သူ့ကိုမေးကာမှသံဃာစင်ပါမှောက်ရတဲ့အဖြစ်....မြန်မာစကားကိုတောင်နားမလည်ဘူးလား...ချီးထုပ်မရဲ့...."
"ဟား..ဟား...မမဆဲတာကိုကြားဖူးပြီကွ...
နောက်လည်းများများဆဲအောင်လုပ်ရမယ်...
အဲ့ဒါမှ...ပိစိမကနတ်ပြည်ကနေ...မမကိုလှမ်းပြောင်ပြလို့ရမှာ...."
"အေးပါ..စေတနာလေးတွေကိုကျေးဇူးတင်ပါတယ်
တကယ်တည်း...စကားပြောတိုင်းအပြောင်အပြတ်မပါရင် မပြောတတ်ဘူးလားမသိဘူး..."
ပုံရိပ်က သူ့ကိုစိတ်ဆိုးသွားတော့ ချက်ချင်းပဲခေါင်းအုံးပေါ်သို့ လှဲချလိုက်ပြီး ပုံရိပ်ကိုလာဖက်လေသည်။ဒီကလေးက ပွတ်သီးပွတ်သပ်အင်မတန်နေတတ်သည့် ကလေးပင်။ပုံရိပ်ကိုဆိုမျက်စိအောက်က အပျောက်မခံပဲ အရမ်းတွယ်တာလွန်းသည်။
"မမရာ....ဘယ်အရာကမှတည်မြဲတာမှမဟုတ်ပဲ...
ခွင့်လွှတ်သင့်ရင်...ခွင့်လွှတ်လိုက်ပေါ့...တစ်ယောက်နဲ့တစ်ယောက်မုန်းတယ်ဆိုတာ...အမုန်းခံရသူလည်းမကောင်းသလို...မုန်းတဲ့လူကိုယ်တိုင်လည်းပူလောင်ရတာပဲ...မြတ်စွာဘုရားရှင်တောင်
အင်္ဂုလိမာလကို ခွင့်လွှတ်ပေးခဲ့တာပါ...
သေရင်လည်းတစ်ယောက်တည်း...မွေးတော့လည်းတစ်ယောက်တည်းပဲ...ဘယ်သူ့မှကိုယ့်နောက်ကိုအဖော်လိုက်မလာနိုင်ဘူး....ဘယ်သူ့ကိုမှ
မနာကျင်ခိုင်းရင် ပိုမကောင်းဘူးလား...
သေစေနိုင်လောက်တဲ့အပြစ်ဆိုတော့ သူ့လက်နဲ့ကိုယ်တိုင် ကျူးလွန်တာမှမဟုတ်ပဲ...သေနှစ်စေ့ရင်လူတိုင်းက သေကြရမဲ့လူတွေချည်းပဲ...."
"ဒါပေမဲ့...ရိုးရိုးဖျားနာပြီး သေဆုံးတာနဲ့...
စိတ်ထိခိုက်လို့သေဆုံးရတာကမတူဘူးလေ...
လူတစ်ယောက်ကိုချစ်မိလို့ အဲ့ဒီ့စိတ်နဲ့ပဲထိခိုက်ခံစားပြီး ဆုံးသွားတာ"
"ဘာမှမကွာပါဘူး...လူတွေကကိုယ့်အတ္တနဲ့ကိုယ်ပြန်ချည်မိနေကြတာပါ...အတင်းအကျပ်လုပ်ယူစေခိုင်းတာမျိုးမဟုတ်ရင်...အဲ့လူကိုသူဆက်မချစ်လို့ရတယ်လေ...ကိုယ့်ကိုမချစ်တဲ့လူကိုဖက်တွယ်ထားပြီး စိတ်ဒုက္ခခံနေတာက ကိုယ်တိုင်ရွေးချယ်ကြတာပဲ....ချစ်လို့သေတာမဟုတ်ဘူး...မစွန့်လွှတ်နိုင်လို့သေတာ..."
"နင်ပြောတော့လွယ်လိုက်တာ...ပေါ့ပေါ့လေးအချစ်ကိုတန်ဖိုးထားခဲ့ရင်တော့ ဟုတ်တာပေါ့...ရင်ဘတ်တစ်ခုလုံးနဲ့ ပုံအပ်ပြီးချစ်တဲ့လူတွေအတွက်က
ဘယ်လွယ်မှာလည်း...."
"ဟာ...မသိတော့ဘူးမမရယ်..ပိစိမသိတာကတော့
ချစ်ရင်လည်း အားကြီးချစ်လိုက်...
ကိုယ့်ကိုမချစ်တော့ဘူးထင်ရင်လည်း...
စွန့်လွှတ်နိုင်အောင်လေ့ကျင့်ထား..
ဘယ်သူ့ဆီကမှ အများကြီးမမျှော်ကိုးနဲ့...
လူ့စိတ်ဆိုတာ အပြောင်းအလဲမြန်တယ်...."
ပုံရိပ်အဖို့ လေးလံစွာပဲ သက်ပြင်းချနိုင်တော့သည်။
ခွင့်လွှတ်တတ်ဖို့ကို ပုံရိပ်သင်ယူရပေတော့မည်။
တကယ်တော့ ယမင်းတို့ကိစ္စက ပုံရိပ်ကြောင့်ဖြစ်လာခဲ့ပေမဲ့။ပုံရိပ်က တမင်နီးစပ်အောင်လုပ်ပေးခဲ့တာမှ မဟုတ်ပဲ။ပုံရိပ်မှာရော အပြစ်ရှိသလား။
🌹🌹🌹🌹🌹🌹
စာဖတ်သူတွေကိုဖတ်စေချင်လို့
တင်ပေးလိုက်ပါပြီ...အရမ်းမရှည်လို့စိတ်မဆိုးကြပါနဲ့နော်
========================================================================
ဆူးႀကိဳး(အခန္း၄၂)
သႀကၤန္၏အႏွစ္သာရကို ပံုရိပ္အင္မတန္ႏွစ္သက္သည္။သႀကၤန္မွာ ေနရာေဒသမတူလည္းပဲ ရင္းႏွီးကၽြမ္း၀င္ၿပီးသား သူေတြကဲ့သို႔ေရပက္တမ္းကစားႏိုင္သည္။ကိုယ္ႏွင့္မသိေပမဲ့ သႀကၤန္မွာေရပက္သည္ဟူေသာ အသိေၾကာင့္စိတ္ဆိုး၍
မရႏိုင္ေပ။
ကေလးမ်ားသည္လည္း အခ်ဳပ္အေနွာင္မွကင္းလႊတ္ေသာ အခ်ိန္အခါတစ္ခုျဖစ္ေလသည္။
ဘယ္ေလာက္အရြယ္ငယ္ပါေစ သႀကၤန္မွာေတာ့မိဘမ်ားကေရကစားခြင့္ေပးထားၾကေလသည္။
စင္စစ္ပင္ သႀကၤန္၏အတာေရသည္ လူကိုဖ်ားနာျခင္းအျဖစ္နည္းေစသည္။
မိစုေလးသည္ ကေလးမ်ားထဲတြင္အငယ္ဆံုးျဖစ္ေန၍ အျခားကေလးမ်ားက သူ႔ကိုပဲဖိေလာင္းကာ စၾကသည္။ေရအေလာင္းခံရလည္း သြားေလးၿဖဲ၍ ရယ္ႃပံုးေနၿပီး အေပ်ာ္ႀကီးေပ်ာ္ေနေလသည္။
ရပ္ကြက္ထဲတြင္လည္း အုန္းလတ္မ်ားမိုးထားေသာမ႑ပ္မ်ား ဟိုတစ္စုသည္တစ္စုရိွေနၿပီး
ေစာင္းေဗာက္မ်ားျဖင့္ သီခ်င္းေပါင္းစံုဖြင့္ထားၾက၍ ရႊံ႔အိုင္ထဲမွာကၽဲြေတြလူးၾကသလို
ကေလးမ်ားကလည္းလူလိွမ့္ေနေအာင္ကၾကသည္။ လူႀကီးမ်ားကလည္း အမူးေသာက္ကာ ကဲၾကေလေတာ့သည္။
"မႀကီးပံု...ရရဲ့လား...."
"ရတယ္..."
ခ်စ္မင္းသည္ ေရပံုးကိုအတင္းဝိုင္းကူဆဲြေပးမယ္လုပ္ေပမဲ့ ပံုရိပ္ကေတာ့ကိုယ့္ဘာသာပဲ ဆဲြၿပီး
ရႊံ႔ေတာထဲတြင္ရိွေနေသာ ပံုးႀကီးထဲသို႔ေရျဖၫ့္လိုက္သည္။
ကေလးေတြကေတာ့ ထိုေရေတြကိုခပ္ၿပီး
အားမနာတမ္းလိုက္ေလာင္းၾကတာေပါ့။
"ပိစိမတို႔မ်ားေနာ္....နည္းနည္းပါးပါးေတာင္
မကူဘူး...သူမ်ားခပ္ၿပီးသားနဲ႔ သူခ်ည္းပဲေဆာ့ေနတာ..."
"မမကလည္း...ပိစိကလည္းကူေပးမလို႔ပါ...မိစုကအတင္းေခၚေနလို႔...ဟဲ့..ဟဲ့..ဟိုမွာလူလာေနၿပီ
ပက္....ရေအာင္ေျပးပက္..."
ပိစိမသည္ ေျပာရင္းဆိုရင္းႏွင့္ကေလးေတြႏွင့္အၿပိဳင္ လမ္းမေပၚမွလူေတြကို ေျပးပက္ေနျပန္သည္။ပံုရိပ္လည္း သူမ်ားေတြကိုလိုက္ပက္တာေပမဲ့ သူ႔ေလာက္ေတာ့မကဲမိေပ။
ခြက္ေတြကို လက္ဖဝါးေပၚကိုတင္ၿပီး ခြက္ေစာင္းခုတ္တတ္လြန္းလို႔ ဘယ္ခ်က္ျပႆနာျဖစ္မလဲဟု ရင္ထဲမွာတထိတ္ထိတ္ျဖစ္ေနရသည္။
"မႀကီးပံုေရ...ဟိုမွာအမ်ားႀကီးပဲလာေနၾကၿပီ...."
"ေအး...လာၿပီ..."
တမင္ေရပက္ခံထြက္ၾကသလိုစတိုင္လ္ႏွင့္ လမ္းေလ်ွာက္လာေနၾကေသာ ကေလးအုပ္စုကိုေတြ့ေတာ့ ပံုရိပ္လည္းအျမန္ေျပးသြားလိုက္ကာ
ေခါင္းေတြကေနပဲ ေလာင္းခ်ပစ္လိုက္ၿပီး
တဟားဟားေအာ္ရယ္မိေတာ့သည္။
ေရပက္ၿပီး၍ အေနာက္သို႔ျပန္လွၫ့္ၾကၫ့္လိုက္ေတာ့ လင္းေခာတ္ဆိုတဲ့လူႀကီးက သူတို႔၏
အိမ္ၿခံစည္းရိုးအ၀မွာရပ္ကာ ပံုရိပ္တို႔ကိုေလွာင္ရယ္ေနေလသည္။
ဘာေၾကာင့္မွန္းမသိ အဲ့ဒီ့လူႀကီးကိုအလိုလိုေနရင္းအျမင္ကပ္ပါသည္။
"ပိစိမေရ....လာအံုး...."
"ဘာလဲမမရဲ့...."
"ဟိုမွာ...ဟိုလူႀကီးၾကၫ့္ေနျပန္ၿပီ...."
ပိစိမသည္ တစ္ဖက္ၿခံအ၀သို႔
ေခါင္းတစ္ပတ္လည္ေအာင္ေငးၾကၫ့္လိုက္ေသာအခါလင္းေခာတ္ဆိုေသာလူႀကီးသည္
မမကိုေငးၾကၫ့္ေနရာမွ ပိစိမေၾကာင့္မ်က္ႏွာလႊဲသြားေလသည္။
ပင္နီပုဆိုးႏွင့္ စြပ္က်ယ္ခ်ိဳင္းျပတ္ကို၀တ္ထားၿပီး
သစ္တိုင္လံုးကို ဆိုက္ဂိုက္အျပၫ့္ႏွင့္မွီထားပံုက အေပၚယံၾကၫ့္လ်ွင္ ေယာက္်ားပီသလိုလိုပံုဖမ္းေနေပမဲ့ တကယ့္တကယ္မွာေတာ့ ပဲမ်ားေနျခင္းျဖစ္သည္။
ရုပ္ကိုက မခ်ိဳမခ်ဉ္ပံုစံႀကီးပင္။ကေလးေတြေဆာ့ေနတာၾကၫ့္သလိုလိုႏွင့္ မမ၏ေရစိုအလွကိုတမင္ႏွာဗူးထေနမွန္းအသိသာႀကီး။
"ေနဦး...မမ...အဲ့လူႀကီးကိုပိစိမကိုယ္တိုင္ပညာျပမယ္..."
ပိစိမသည္ မုန႔္လံုးေရေပၚေတြလံုးေနၾကေသာ
ပံုရိပ္တို႔၏ၿခံထဲသို႔ေျပး၀င္သြားၿပီး သိပ္မၾကာလိုက္ပဲ မုန္႔လံုးေရေပၚပန္းကန္အျဖဴေလးတစ္လံုးကိုကိုင္၍ ျပန္ထြက္လာေလသည္။
"မမၾကၫ့္ေနေနာ္..."
ပံုရိပ္၏အနားသို႔ကပ္ကာ မ်က္စိတစ္ဖက္လည္းမိွတ္ျပသြားေသးသည္။ဘာလုပ္မလို႔လဲဟု ေတြးေနရင္းႏွင့္ပင္ မုန႔္လံုးေရေပၚပန္းကန္ကို ဦးလင္းေခာတ္ရိွေသာေနရာသို႔ ယူသြားၿပီးအတင္းျမည္းခိုင္းေနေတာ့သည္။
ဘာေၾကာင့္ရယ္မသိ ထိုလူႀကီးကပံုရိပ္ကိုလွမ္းၾကၫ့္၍ ႃပံုးလိုက္ေသးသည္။
ၿပီးေနာက္ ခဏေလးေတာင္မေစာင့္ပဲပန္းကန္ေပၚမွာ မုန႔္လံုးေရေပၚကိုတုတ္ေလးနဲ႔ထိုးၿပီး ဝါးစားလိုက္ေလသည္။မုန႔္လံုးေရေပၚကိုဝါးေနရင္းႏွင့္
မၾကာခင္မွာပဲသူ႔မ်က္ႏွာႀကီး ခ်က္ခ်င္းရွံ႔မဲ့ၿပီး
နီတက္လာေလသည္။
"အား...အား...စပ္တယ္...အဟြတ္ ..အဟြတ္"
"ဟယ္...အရမ္းစပ္သြားတာလား...အဲ့တစ္ခုကငရုတ္သီးစိမ္းထၫ့္ထားတာထင္တယ္..
ေရာ့ေရာ့ အစပ္ေျပေအာင္ဒီတစ္လံုးကိုစားလိုက္...."
ဟိုလူႀကီး၏ေအာ္သံက ဘယ္ေလာက္က်ယ္သလဲဆိုရင္ ေရေဆာ့ေနတဲ့ကေလးေတြေတာင္ သူ႔ကိုပဲဝိုင္းၾကၫ့္ေနၾကသၫ့္အျဖစ္ေရာက္ေတာ့သည္။ပထမတစ္လံုးစားတာ အမွတ္မရိွေသးပဲ
ေနာက္တစ္လံုးထပ္စားလိုက္ေသာအခါမွာေတာ့....
"ေအာင္မေလး...နင့္ေမႀကီးေတာ္..ညည္းငါ့ကို
သတ္ေနတာလား...မုန႔္လံုးေရေပၚလာကၽြေးေနတာလား...ငရုတ္သီးပင္ႀကီးကိုဝါးစားခိုင္းေနတာလား...."
"မဟုတ္ပါဘူး...အစ္ကိုႀကီးရယ္...ေစတနာနဲ႔ကၽြေးတာပါ...ခင္မင္ရင္ေတာ့စားပါေနာ္..
ငရုတ္သီးေလးဝါးလိုက္မိလို႔ေတာ့စိတ္မဆိုးပါနဲ႔..."
"ဟာ...အဟုတ္မွတ္လို႔...သီခ်င္းစာသားေတြလာရြတ္ျပေနတယ္...ေတာ္ၿပီေတာ္ၿပီ...ငါ့ဘာသာအိမ္ထဲမွာစာအုပ္ဖတ္ေနတာပဲေအးတယ္...
အား...စပ္လိုက္တာ...
ေတာ္ေသးတာေပါ့..ေစတနာပါေပလို႔..
မဟုတ္ရင္ငရုတ္ဆံုထဲမ်ား ထၫ့္ေထာင္း
မလားမသိဘူး...""
လ်ွာႀကီးတစ္လစ္တစ္လစ္ထုတ္လ်ွင္ မ်က္ႏွာႀကီးလည္းနီရဲကာအိမ္ထဲသို႔ ျပန္၀င္ေျပးသြားေတာ့
ပိစိမသည္ပံုရိပ္ဘက္သို႔လွၫ့္လိုက္ကာ အိုေကသည္ဟုလက္ဟန္အမူအရာျပကာ ႏြားပဲြစားကဲ့သို႔ သြားၿဖဲကာရယ္ျပေနေလေတာ့သည္။
"ေတြ့လားမမ...ပိစိမရဲ့အႀကံဘယ္ေလာက္
ပိုင္သလဲဆိုတာ..ခ်က္ခ်င္းကိုအိမ္ထဲေျပး၀င္သြားေတာ့တာပဲ.. "
"ေနပါအံုး...နင့္ကသူ႔ကိုဘယ္လိုေျပာၿပီးသြားကၽြေးလိုက္တာလဲ..."
"ဒီလိုပါ...မမကအစ္ကိုႀကီးကိုမုန႔္လံုးေရေပၚစားေစခ်င္လြန္းလို႔..ဦးဦးဖ်ားဖ်ားလာပို႔ခိုင္းတာလို႔...
မမကခ်က္ခ်င္းစားေစခ်င္တာလို႔ေလးပဲ ေျပာလိုက္တာ...ခိ..ခိ..."
"ဟင္...ၾကၫ့္စမ္း..ၾကၫ့္စမ္း...ငါ့နာမည္ကိုအလဲြသံုးစားလုပ္တယ္ေပါ့ေလ...
ငါကအေကာင္းမွတ္လို႔ရပ္ၾကၫ့္ေနတာ...
အဲ့လိုသြားေျပာလိုက္ေတာ့ ငါကသူ႔ကိုတမင္ခ်ည္းကပ္သလိုျဖစ္ေနမွာေပါ့...'
"ျဖစ္စရာလားမမရယ္...မမကသူ႔ကိုတမင္ဂ်င္းထၫ့္တယ္လို႔ထင္သြားတာပါ..ေနာက္ဆိုမမနားကိုသူမကပ္ရဲေလာက္ေတာ့ဘူး..
ေသခ်ာတာတစ္ခုေတာ့သိလိုက္တယ္.."
"ဘာလဲ .."
"အဲ့လူႀကီးကမမကိုႀကိဳက္ေနတာေလ..ဒါေၾကာင့္လည္း...ကၽြေးတိုင္းစားတာေပါ့..
ဟိ...ဟိ..တို႔မမကေတာ့မႏၲေလးကေနရန္ကုန္အထိလာစြံေနတာပါလား...ဘာေဆးေတြမ်ားစားထားသလဲဟင္..."
"ဟယ္...ေတာ္စမ္းပါ...သြားပန္းကန္သြားထားလိုက္ေတာ့..ၿပီးရင္မုန႔္လံုးေရေပၚေတြေဝရအံုးမွာ..."
"ဟုတ္ကဲ့ပါဆရာႀကီး.."
ပံုရိပ္ကိုအေလးျပဳသလို ပံုသ႑န္လုပ္ျပသြားၿပီး ၿခံထဲသို႔ပိစိမျပန္၀င္သြားေသာအခါ ေကာ္ပံုးႀကီးထဲတြင္ ေရမ်ားနည္းေနၿပီျဖစ္၍ လက္ဆဲြပံုးေလးႏွင့္ သြားခပ္ဖို႔စဉ္စားလိုက္သည္။
"ပံုရိပ္...ငါ့ကိုေပး..."
"ဟိန္းကို...."
စကားသံမဆံုးေသးခင္ပင္ လက္ဆဲြပံုးေလးသည္ တစ္စံုတစ္ေယာက္၏လုယူျခင္းကိုခံလိုက္ရသည္။ဆက္ခနဲေမာ့ၾကၫ့္လိုက္ေတာ့ တစ္ႏွစ္ေက်ာ္ေလာက္အထိ ပံုရိပ္တမင္ေမ့ထားခဲ့သူတစ္ေယာက္ျဖစ္ေနသည္။ပံုရိပ္ကို နာက်င္မႈေတြသာေပးစြမ္းခဲ့ေသာ လူျဖစ္သည္။ဒါေပမဲ့ သူ႔မ်က္၀န္းေတြက ပကတိျဖဴစင္ရိုးသားေနၿပီး ပံုရိပ္၏မ်က္၀န္းထဲတြင္လည္း အမ်က္အာဃာသတို႔ကင္းစင္ေနသည္။
တစ္ႏွစ္ေက်ာ္သြားခဲ့ပါၿပီ။
ပံုရိပ္သူ႔ကိုထပ္ၿပီးမုန္းတီးေနရအံုးမွာလား။
"နင့္အေမဆီကိုလာတာလား...."
ပံုရိပ္တို႔၏ၿခံထဲတြင္ ရပ္ကြက္ထဲမွအန္တီႀကီးမ်ားသည္ မုန႔္လံုးေရေပၚလာလံုးေပးေနၾကၿပီး
ထိုအထဲတြင္ ဟိန္းကို၏အေမလည္း ပါ၀င္ေလသည္။ယခင္တုန္းက ပံုရိပ္ႏွင့္မတၫ့္ခဲ့ေပမဲ့ ေဒၚေလးတို႔စီးပြားေရးအစဉ္ေျပသြားေတာ့လည္း အခ်ိဳးေတြကတစ္မ်ိဳးေျပာင္းသြားၾကတာေပါ့။
ဟိုးအရင္ကမတူသလို မတန္သလိုဆက္ဆံခဲ့သူမ်ား၊မရိွလို႔ေငြသြားေခ်းရင္ေတာင္ ပုန္းေကာင္းေနခဲ့ေသာ သူမ်ားသည္ ယခုေတာ့အေဒါ့္ကိုျပန္၍ ဖားေနၾကေသာအေျခအေနျဖစ္ေနၾကေလသည္။
ပံုရိပ္ကအမွတ္သည္းေျခၾကီးေပမဲ့ ေဒၚေလးက"ထားလိုက္ပါ...လူတိုင္းကိုေမတၲာႏွင့္ပဲ တုန႔္ျပန္ပါ.."ဟုေျပာေသာေၾကာင့္ ၿငိမ္ေနလိုက္ရသည္။
အခုေတာ့ အိမ္မွာစတုဒီသာ ကၽြေးမည္ဟုေျပာလိုက္ၾကေတာ့ အုပ္လိုက္ႀကီးလိုက္လာကာ ကူညီေပးၾကေတာ့သည္။
"ဟဲ့...ကေလးႏွစ္ေယာက္...မုန႔္လံုးေရေပၚစားၾကပါလား..ေတာ္ၾကာကိုယ့္အိမ္ကလုပ္တာကိုယ္မစားလိုက္ရပဲ...မုန႔္ေဝတဲ့အလွၫ့္မပါပဲ
တုတ္ေဝတဲ့အလွၫ့္မွ ပါေနၾကအုန္းမယ္ .."
ပံုရိပ္တို႔ႏွစ္ေယာက္၏လက္ထဲသို႔ အစားဆိုလ်ွင္ အလႉရွင္ကဦးေအာင္စားထားရမည္ဆိုေသာ ဒႆနကိုလက္ကိုင္ထားတတ္ေသာဟိန္းကို၏အေမသည္မုန္႔လံုးေရေပၚပန္းကန္ျပားေလး လာေပးသြား၍ ပန္းပင္ေတြစိုက္ထားေသာ ခံုတန္းေလးဘက္သို႔သြားကာ ပန္းရနံ႔ကိုရႉရိႈက္ရင္း ထိုင္မိၾကသည္။
"နင္တို႔အိမ္ကလုပ္တဲ့မုန႔္လံုးေရေပၚက စားလို႔ေကာင္းတယ္ေနာ္..."
"အင္း..."
အုန္းသီးဖက္ေလးေတြ ျဖဴးထားေသာမုန႔္လံုးေရေပၚျဖဴႁဖူအိအိေလးကို စူးခၽြန္ေလးႏွင့္ေထာက္လိုက္ၿပီး တလုတ္ဆယ္စားလိုက္ရင္း "အင္း.."တစ္လံုးသာျပန္ေျဖလိုက္သည္။
"နင္စာေမးပဲြေျဖႏိုင္လား...."
"ေျဖႏိုင္ပါတယ္...နင္ေရာ..."
"ငါလည္းေျဖႏိုင္ပါတယ္...ငါကနင္ရိွတဲ့မႏၲေလးကိုေက်ာင္းလာတက္ခ်င္တာေလ..."
သူ႔မ်က္၀န္းေတြႏွင့္ ပံုရိပ္ဆံုမိသြားသည္။
မုန႔္လံုးေရေပၚကို စူးခၽြန္ေလးႏွင့္ထိုးစိုက္လိုက္ေပမဲ့ မစားမိေတာ့ေပ။သူ႔ရဲ့အျပင္ပံုစံက အရင္နဲ႔အနည္းငယ္ ကဲြျပားသြားေပမဲ့ သူ႔ရဲ့စိတ္ကေတာ့
အရင္အတိုင္းပါပဲလား။
လူတစ္ေယာက္ကို တြယ္ကပ္မိၿပီဆိုရင္ အဲ့လူအနားမွာပဲ ရစ္ဝဲေနခ်င္တာမ်ိဳး။
"အဲ့ေလာက္လည္း လန႔္မသြားပါနဲ႔ဟာ..ငါကသေဘာေျပာတာပါ..ငါ့အေမကလည္းလႊတ္မွာမဟုတ္ပါဘူး..."
ပံုရိပ္ကို ႃပံုးျပေနေသာသူ႔မ်က္၀န္းေတြသည္
ဂဏာမၿငိမ္ျဖစ္ေနကာ မလံုမလဲျဖစ္စြာႃပံုးလိုက္ေသးသည္။တကယ္ကို သူ႔ရဲ့အျပဳအမူတစ္ခုခ်င္းဆီတိုင္းက အရင္နဲ႔မတူေတာ့သလို ခံစားရတယ္။
"နင္တကယ္ပဲေျဖႏိုင္တာလား...အရင္ကစာလုပ္ရတာမႀကိဳက္ဘူးဆို...."
"ငါတကယ္ေျဖႏိုင္တာပါ...နင္မရိွေတာ့တဲ့ေနာက္ပိုင္းမွာ...ငါ့ကိုယ္ငါျပန္သံုးသပ္ၿပီး အမ်ားႀကီးႀကိဳးစားခဲ့ပါတယ္...."
သူေျပာသၫ့္စကားမ်ားကို ေခါင္းၿငိမ့္ေခါင္းခါေတာ့ မလုပ္မိေပ။မုန႔္လံုးေရေပၚကိုသာ ဆက္စားၿပီးအျပင္ဘက္သို႔ေငးေနလိုက္သည္။မုန႔္လံုးေရေပၚလံုးေနၾကေသာ လူမ်ားသည္စံပယ္ပန္းရံုေတြရိွေသာ အိမ္ေျခရင္းဘက္မွာျဖစ္ၾက၍ အသံဆူညံမႈသိပ္မရိွပဲ သူေျပာသၫ့္စကားေတြကို ပံုရိပ္ေသခ်ာၾကားေနရပါသည္။
"ငါမွားသြားခဲ့ပါတယ္...ယမင္းမွာသာႏွလံုးေရာဂါရိွမွန္းသိရင္ ငါဒီလိုမယုတ္မာခဲ့ပါဘူး...ငါ့အမွားကိုငါသိသြားေပမဲ့ ေနာက္က်သြားၿပီဆိုတာလည္း
ငါသိပါတယ္...ငါ့စိတ္ထဲမွာတဒႁဂၤဖစ္တည္လာတဲ့ ဆႏၵတစ္ခုအတြက္နဲ႔ ယမင္းကိုငါအသံုးခ်မိခဲ့တယ္
...ငါကတကယ္ကိုမေကာင္းတဲ့ေကာင္ပါဟာ...
နင္ထြက္သြားၿပီးေနာက္ပိုင္းမွာ ငါ့ကိုယ့္ကိုကိုယ္ျပန္စမ္းစစ္ၿပီး ဆင္ဆင္ျခင္ျခင္ေနခဲ့ပါတယ္...."
"နင့္ကိုယ္နင္ ေျပာင္းလဲလိုက္ေတာ့ေရာ ဘာထူးမွာလဲ...နင့္တစ္ေယာက္တည္းအတြက္သာေျပာင္းလဲသြားၿပီး အျခားသူေတြအတြက္ရလဒ္က ယမင္းမရိွေတာ့ဘူးေလ..."
"ဒါေပမဲ့ ငါသူ႔ကိုေသပါေစေတာ့လို႔မရည္ရြယ္ခဲ့ပါဘူးဟာ...."
"ျပင္လို႔မရတဲ့အမွားတစ္ခုမွာ ဒါေပမဲ့ဆိုတာမရိွဘူး.
လုပ္ၿပီးမွ ရတဲ့ေနာင္တကိုနင္ကဘာေတြ
အဖက္ျပန္ဆယ္ခ်င္ေနေသးတာလဲ...
ယမင္းကျပန္အသက္ရွင္သြားၿပီလား...
ဒီမွာဟိန္းကို...အတိတ္ဆိုတာကိုနင္လွၫ့္မၾကၫ့္ခ်င္ပဲေနလို႔ရတယ္..ဒါေပမဲ့နင္လုပ္ခဲ့တဲ့လုပ္ရပ္ေတြကေတာ့ လံုး၀ေပ်ာက္ကြယ္သြားမွာမဟုတ္ဘူး...."
မ်က္ရည္စေတြရစ္ဝဲလာလ်ွက္ ပံုရိပ္သူ႔ကိုေဒါသထြက္စြာ ေျပာမိေတာ့သူ႔မ်က္ႏွာသည္လည္း
ၫွို႔မိႈင္းသြားခဲ့ေလသည္။ေခါင္းကိုငံု႔ခ်လိုက္ၿပီး ေျမၾကီးကိုသာစူးစိုက္ၾကၫ့္ေနခဲ့သည္။
ပံုရိပ္သည္လည္း ႏႈတ္ခမ္းတစ္ခ်က္တြန႔္ကာ
မဲ့ျပစ္လိုက္ၿပီး ဆက္ထိုင္ခ်င္စိတ္မရိွေတာ့၍
မတ္တပ္ထရပ္လိုက္မိသည္။
သူ႔အေပၚမွာ အရင္လိုေဒၚသေတြမရိွေတာ့ဘူးလို႔ထင္ခဲ့မိေပမဲ့ ယမင္း၏အေၾကာင္းကိုျပန္ေတြးလိုက္မိတိုင္း အေဟာင္းေတြကအသစ္ျပန္ျဖစ္လာသည္။
"ငါ့ကိုခြင့္လႊတ္ေပးလို႔မရေတာ့ဘူးလားဟာ...
ငါမွားခဲ့ပါတယ္...ညဘက္ဆိုရင္..ငါေကာင္းေကာင္းအိပ္မေပ်ာ္ႏိုင္တဲ့အထိ...နင္တို႔ရဲ့အမုန္းတရားေတြငါ့ကို လာစူးေနတာေရာသိရဲ့လားဟာ...
ယမင္းအေပၚမွာ လုပ္ခဲ့မိတဲ့ငါ့အမွားအတြက္...
ငါဘယ္ေလာက္အထိ ခံစားေနရသလဲ...
နင္မသိပါဘူး..နင္ဒီကိုစေရာက္တဲ့ေန့တည္းက
ငါနင့္ဆီကိုလာခ်င္ေပမဲ့...ငါ့ေျခလွမ္းေတြကိုငါ့ရဲ့အရိပ္မည္းေတြက ဆဲြေခၚေနခဲ့တယ္...ေက်းဇူးျပဳျပီးငါ့ကို အသစ္ကေန ျပန္စခြင့္ေပးပါလားဟာ.."
ပံုရိပ္သက္ျပင္းခ်လိုက္မိေပမဲ့ သူ႔ကိုေက်ာခိုင္းထား၍ သူကေတာ့သိမည္မထင္ေပ။
ပံုရိပ္သူ႔ကို ခြင့္လႊတ္သင့္ရဲ့လား။
မဟုတ္ဘူး ယမင္းသာဆိုလ်ွင္ခြင့္လႊတ္မွာလား။
ယမင္းသာ ႏွလံုးေရာဂါသည္ေလးမဟုတ္ခဲ့ရင္
အခုခ်ိန္အထိ အသက္ရွင္ေနႏိုင္အံုးမွာလား။
ဘယ္လိုပဲျဖစ္ျဖစ္ ယမင္းက သူ႔ကိုသိပ္ခ်စ္ခဲ့တာပါ။သူကေတာ့ ယမင္းရဲ့စစ္မွန္တဲ့ခံစားခ်က္ေတြအကုန္လံုးကို လ်စ္လ်ွူရႈခဲ့တဲ့လူ။
"ဟိန္းကို...ယမင္းကနင့္ကိုတကယ္ခ်စ္ခဲ့ေပမဲ့...
နင္ကေတာ့ ယမင္းရဲ့အခ်စ္ကိုကစားခဲ့တယ္...
နင္ငါ့အေပၚမွာ ဘယ္လိုခံစားခ်က္ရိွသလဲဆိုတာ
ငါသိတယ္...ဒါေပမဲ့..ငါကေတာ့နင့္အေပၚမွာသူငယ္ခ်င္းဆိုတာထက္..ဘယ္ေတာ့မွပိုလို႔ရမွာမဟုတ္ဘူး...နင္သာယမင္းရဲ့အခ်စ္ေတြကိုျမင္ႏိုင္ခဲ့ရင္...ယမင္းအခုလိုနာက်င္ခဲ့ရမွာမဟုတ္ဘူး...
နင္သူ႔ကိုဥပကၡာျပဳထားတဲ့ရက္ေတြက သူ႔ရင္ထဲမွာ
နင့္ကိုဘယ္ေလာက္အထိ နက္နက္ရိႈင္းရိႈင္းခ်စ္မိေၾကာင္း...နင့္ကိုဘယ္ေလာက္အထိေမ်ွာ္လင့္ေနေၾကာင္း ငါ့ကိုရင္ဖြင့္လာတယ္...
နင္နဲ႔မပတ္သတ္ေတာ့ဖို႔ေတာင္ ငါသတိေပးခဲ့ေပမဲ့...သူကအခ်စ္ရူးေလ...ရူးတာမွဘာကိုမွမျမင္ႏိုင္ေတာ့တာ....ေက်ာင္းဆင္းခ်ိန္မွာ နင့္ဆီလိုက္သြားတာကိုငါေအာ္တားေပမဲ့....သူမ်က္ရည္ပဲက်ၿပီး...
ငါတို႔ႏွစ္ေယာက္တည္းမွာနင့္ကိုပဲေရြးခ်ယ္ခဲ့တယ္
...ဘယ္သူနဲ႔ယွဉ္လာလာ...အဲ့ဒီ့အရူးမေလးကနင့္ကိုပဲ ေသခ်ာေပါက္ေရြးခ်ယ္လိမ့္မယ္...
သူကနင့္ကိုအဲ့ေလာက္အထိ နင့္နင့္နဲနဲခ်စ္ခဲ့တာ
..ဒါေပမဲ့နင္တန္ဖိုးမထားခဲ့ဘူး..
အခုနင္ခံစားေနရတာက...သူ႔ရဲ့ဆယ္ပံုတစ္ပံုစာေတာင္မရိွပါဘူး...နင္အခုသူ႔ရဲ့အခ်စ္စူးကိုစူးေနတာပါ...နင့္ကိုယ္နင္ေျဖသိမ့္ႏိုင္ဖို႔အတြက္နဲ႔ ငါ့ဆီကေနခြင့္လႊတ္မႈကို လာမေတာင္းပါနဲ႔ တကယ္နစ္နာခဲ့ရတာက ငါမဟုတ္ဘူး...ေအးတကယ္နစ္နာခဲ့ရတဲ့လူကလည္း မရိွေတာ့တဲ့အတြက္နင့္ဘာသာပဲေျဖေဖ်ာက္ႏိုင္ေအာင္ႀကိဳးစားလိုက္ေတာ့....."
ေျခလွမ္းက်ဲမ်ားႏွင့္ပင္ ပံုရိပ္သူ႔အနားမွထြက္ခြာလာခဲ့လိုက္ၿပီး အိမ္ေပၚသို႔တက္ကာေရစိုေနေသာအ၀တ္အစားေတြကိုလည္း လဲလိုက္ၿပီး
ကိုယ့္အိပ္ခန္းထဲမွာသာ လွဲအိပ္ေနလိုက္သည္။
သူ႔ဆီကေန ေခ်ာကလက္ေလးကိုမယူမိလို႔ လႊင့္ပစ္တာေတြ ပံုရိပ္ကိုရိသဲသဲလုပ္၍၁၂ေက်ာင္းကေကာင္ေလးကို ထိုးႏွက္ခဲ့တာေတျြပန္ေတြးေနမိၿပီး
မ်က္လံုးေတြကို မိွတ္ထားမိသည္။
ဟိန္းကိုေရ ငါနင့္ကိုမမုန္းပါဘူး။ဒါေပမဲ့ ငါနင္နဲ႔ထပ္ၿပီး မပတ္သတ္ခ်င္တာေတာ့အမွန္ပဲ။
နင့္ကိုလည္းအခုထိခြင့္မလႊတ္ႏိုင္ေသးဘူး။
ယမင္းအေပၚမွာလည္း ငါဘယ္ေတာ့မွသစၥာ
ေဖာက္မွာမဟုတ္ဘူး။
ဒါေပမဲ့ နင္ခံစားေနရတာေတြကို ၾကားရျပန္ေတာ့လည္းငါစာနာစိတ္ျဖစ္မိပါတယ္။
ျပန္ေတြးၾကၫ့္လိုက္ေတာ့ ခုဏတုန္းကပံုရိပ္သူ႔ကိုေျပာခဲ့ေသာ စကားမ်ားသည္သိပ္ကိုရင့္လြန္းသြားသည္ဟုထင္ျမင္မိသည္။ယမင္းဆံုးတာေတာင္
တစ္ႏွစ္ေက်ာ္သြားခဲ့ၿပီပဲ။
သူ႔ကိုႏိွပ္စက္သလိုမ်ားျဖစ္ေနၿပီလား။
ဟင့္အင္း..ယမင္းအေပၚကိုသူကပိုရက္စက္ခဲ့တဲ့လူပါ။
သူ႔ကိုေနွာင္က်င္ေအာင္ေတာ့ ခဏႏိွပ္စက္ပစ္မယ္။မဟုတ္ရင္ ေနာက္ထပ္တူညီတဲ့အမွားတစ္ခုကို
ထပ္က်ူးလြန္မွာေသခ်ာတယ္။
"မမ...ဘာေတြမိႈင္ေနတာလဲ...နဖူးေပၚကိုလက္တင္ၿပီး..စဉ္းစားေနတာအဖြားႀကီးၾကေနတာပဲ.."
ပိစိမကေတာ့ အိပ္ခန္းထဲသို႔၀င္လာတာႏွင့္ ပံုရိပ္ကိုဖဲ့ဖို႔သာေခ်ာင္းေနေတာ့သည္။
ေရေတြဆက္ေတာက္ဆက္ေတာက္ႏွင့္ အ၀တ္ဗီဒိုကိုဖြင့္ၿပီး စပဲန႔္သားဂါ၀န္အဝါေလးကို လဲ၀တ္ေနျပန္သည္။ပိစိမသည္ လူေကာင္ႀကီးသလို အသားေလးကလည္း ညိုေနကာ မ်က္ႏွာကလည္းလွသၫ့္အထဲတြင္မပါေပ။
သို႔ေပမဲ့စိတ္ထားေလးကေကာင္းေတာ့
ပံုရိပ္ကသည္သူ႔ကိုညီမအရင္းေလးလိုခ်စ္ပါသည္။
တစ္ခုခုတိုင္ပင္စရာရိွရင္လည္း သူနဲ႔အမ်ားဆံုးေဆြးေနြးတတ္ၿပီး ခံစားခ်က္အေၾကာင္းကိုလည္းသူ႔ကိုပဲ ေျပာျပတတ္သည္။
ကေလးစကား အရူးစကားဆိုတာမွန္တတ္သည္ဟု ေရွးလူႀကီးမ်ားက ေျပာခဲ့ၾကသည္။
ထို႔ေၾကာင့္ တစ္ခုခုတိုင္ပင္ေဆြးေနြးလိုက္တိုင္း
ပိစိမ၏အားမနာတမ္းေျပာတတ္တဲ့အႀကံေပးခ်က္မ်ားသည္ အလုပ္ျဖစ္သည္ကမ်ားသည္။
ပံုရိပ္ ဆရာ့ကိုႀကိဳက္ေနတာေတာင္ ပိစိမကိုေျပာျပထားသည္အထိ သူ႔ကိုယံုသည္။
"ပိစိမ...လူတစ္ေယာက္ကအျခားလူတစ္ေယာက္ကို ေသေစႏိုင္ေလာက္တဲ့အထိ အျပစ္က်ူးလြန္ခဲ့တယ္ဆိုပါစို႔...အဲ့လူကေနာင္တေတြရၿပီး သူ႔ကိုသူျပန္ျပဳျပင္ေျပာင္းလဲေနတယ္ဆိုရင္ ခြင့္လႊတ္ေပးသင့္လား...."
"မသိဘူးေလ..."
"ေအးေရာ...သူ႔ကိုေမးကာမွသံဃာစင္ပါေမွာက္ရတဲ့အျဖစ္....ျမန္မာစကားကိုေတာင္နားမလည္ဘူးလား...ခ်ီးထုပ္မရဲ့...."
"ဟား..ဟား...မမဆဲတာကိုၾကားဖူးၿပီကြ...
ေနာက္လည္းမ်ားမ်ားဆဲေအာင္လုပ္ရမယ္...
အဲ့ဒါမွ...ပိစိမကနတ္ျပည္ကေန...မမကိုလွမ္းေျပာင္ျပလို႔ရမွာ...."
"ေအးပါ..ေစတနာေလးေတြကိုေက်းဇူးတင္ပါတယ္
တကယ္တည္း...စကားေျပာတိုင္းအေျပာင္အျပတ္မပါရင္ မေျပာတတ္ဘူးလားမသိဘူး..."
ပံုရိပ္က သူ႔ကိုစိတ္ဆိုးသြားေတာ့ ခ်က္ခ်င္းပဲေခါင္းအံုးေပၚသို႔ လွဲခ်လိုက္ၿပီး ပံုရိပ္ကိုလာဖက္ေလသည္။ဒီကေလးက ပြတ္သီးပြတ္သပ္အင္မတန္ေနတတ္သၫ့္ ကေလးပင္။ပံုရိပ္ကိုဆိုမ်က္စိေအာက္က အေပ်ာက္မခံပဲ အရမ္းတြယ္တာလြန္းသည္။
"မမရာ....ဘယ္အရာကမွတည္ၿမဲတာမွမဟုတ္ပဲ...
ခြင့္လႊတ္သင့္ရင္...ခြင့္လႊတ္လိုက္ေပါ့...တစ္ေယာက္နဲ႔တစ္ေယာက္မုန္းတယ္ဆိုတာ...အမုန္းခံရသူလည္းမေကာင္းသလို...မုန္းတဲ့လူကိုယ္တိုင္လည္းပူေလာင္ရတာပဲ...ျမတ္စြာဘုရားရွင္ေတာင္
အဂၤုလိမာလကို ခြင့္လႊတ္ေပးခဲ့တာပါ...
ေသရင္လည္းတစ္ေယာက္တည္း...ေမြးေတာ့လည္းတစ္ေယာက္တည္းပဲ...ဘယ္သူ႔မွကိုယ့္ေနာက္ကိုအေဖာ္လိုက္မလာႏိုင္ဘူး....ဘယ္သူ႔ကိုမွ
မနာက်င္ခိုင္းရင္ ပိုမေကာင္းဘူးလား...
ေသေစႏိုင္ေလာက္တဲ့အျပစ္ဆိုေတာ့ သူ႔လက္နဲ႔ကိုယ္တိုင္ က်ူးလြန္တာမွမဟုတ္ပဲ...ေသႏွစ္ေစ့ရင္လူတိုင္းက ေသၾကရမဲ့လူေတြခ်ည္းပဲ...."
"ဒါေပမဲ့...ရိုးရိုးဖ်ားနာၿပီး ေသဆံုးတာနဲ႔...
စိတ္ထိခိုက္လို႔ေသဆံုးရတာကမတူဘူးေလ...
လူတစ္ေယာက္ကိုခ်စ္မိလို႔ အဲ့ဒီ့စိတ္နဲ႔ပဲထိခိုက္ခံစားၿပီး ဆံုးသြားတာ"
"ဘာမွမကြာပါဘူး...လူေတြကကိုယ့္အတၲနဲ႔ကိုယ္ျပန္ခ်ည္မိေနၾကတာပါ...အတင္းအက်ပ္လုပ္ယူေစခိုင္းတာမ်ိဳးမဟုတ္ရင္...အဲ့လူကိုသူဆက္မခ်စ္လို႔ရတယ္ေလ...ကိုယ့္ကိုမခ်စ္တဲ့လူကိုဖက္တြယ္ထားၿပီး စိတ္ဒုကၡခံေနတာက ကိုယ္တိုင္ေရြးခ်ယ္ၾကတာပဲ....ခ်စ္လို႔ေသတာမဟုတ္ဘူး...မစြန႔္လႊတ္ႏိုင္လို႔ေသတာ..."
"နင္ေျပာေတာ့လြယ္လိုက္တာ...ေပါ့ေပါ့ေလးအခ်စ္ကိုတန္ဖိုးထားခဲ့ရင္ေတာ့ ဟုတ္တာေပါ့...ရင္ဘတ္တစ္ခုလံုးနဲ႔ ပံုအပ္ၿပီးခ်စ္တဲ့လူေတြအတြက္က
ဘယ္လြယ္မွာလည္း...."
"ဟာ...မသိေတာ့ဘူးမမရယ္..ပိစိမသိတာကေတာ့
ခ်စ္ရင္လည္း အားႀကီးခ်စ္လိုက္...
ကိုယ့္ကိုမခ်စ္ေတာ့ဘူးထင္ရင္လည္း...
စြန႔္လႊတ္ႏိုင္ေအာင္ေလ့က်င့္ထား..
ဘယ္သူ႔ဆီကမွ အမ်ားႀကီးမေမ်ွာ္ကိုးနဲ႔...
လူ႔စိတ္ဆိုတာ အေျပာင္းအလဲျမန္တယ္...."
ပံုရိပ္အဖို႔ ေလးလံစြာပဲ သက္ျပင္းခ်ႏိုင္ေတာ့သည္။
ခြင့္လႊတ္တတ္ဖို႔ကို ပံုရိပ္သင္ယူရေပေတာ့မည္။
တကယ္ေတာ့ ယမင္းတို႔ကိစၥက ပံုရိပ္ေၾကာင့္ျဖစ္လာခဲ့ေပမဲ့။ပံုရိပ္က တမင္နီးစပ္ေအာင္လုပ္ေပးခဲ့တာမွ မဟုတ္ပဲ။ပံုရိပ္မွာေရာ အျပစ္ရိွသလား။
🌹🌹🌹🌹🌹🌹
ထပ္ဆက္ခ်င္ေပးမဲ့ တင္ေပးတဲ့လူကလည္းအလုပ္နဲ႔ စာဖတ္သူေတြကိုလည္းဖတ္ေစခ်င္လို႔
တင္ေပးလိုက္ပါၿပီ...အရမ္းမရွည္လို႔စိတ္မဆိုးၾကပါနဲ႔ေနာ္
No comments:
Post a Comment