(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၃၅)🔥 ဒုတိယပိုင်း
ဆံပင်ဂုတ်ထောက်ကိုမှ စုချည်ထား၍
မျက်နှာအလှကပေါ်လွင်နေသည်။
"အရိပ်ရဲ့..နာမည်ကိုတော့ငါပြောပြပြီးလို့သိကြမှာပါ...အရိပ်ကိုဒီနေ့ကစပြီးငါ့ရဲ့အမွေစားအမွေခံအဖြစ် ခေါ်ထားမှာ..."
"အမေ...ဒီလိုကြော်ငြာတာက နည်းနည်းလွန်မနေဘူးလား...သူကဒီနေ့မှစရောက်တာနော်
...ဘယ်လိုပဲအမျိူးတော်စပ်နေပါစေ...
သူနေခဲ့ရတဲ့ အသိုင်းအဝိုင်းကနိမ့်ကျပြီး အဆင့်လုံး၀မရှိဘူး..နည်းနည်းပါးပါးလေ့လာပြီးမှ ဒီလိုပြောသင့်တယ်...ကျွန်မသမီးတွေကိုမှအားမနာ..."
ဒေါ်ယဉ်တင့်ကတော့ စပြီးပြဿနာရှာပြီဟေ့ဟု သက်ပြင်းချလိုက်မိပြီး ပုံရိပ်လေးကိုသာလှမ်းကြည့်လိုက်မိသည်။မေညိုသည် အခြားကိစ္စတွေမှာ သေချာစဉ်းစားတွေးခေါ်ပြီးမှပြောတတ်သလောက် ဟိုဘက်ကဆက်ဆက်ထိမခံသည့် အမွေကိစ္စကိုချက်ခြင်းကြီးပြောထွက်တာကတော့ နားမလည်နိုင်တော့ပေ။
ဒါမှမဟုတ် ပုံရိပ်ကိုအထင်မသေးရဲအောင် တမင်နှိပ်ကွပ်လိုက်တာများလား။
အကြောင်းမရှိပဲတော့ ပြောမှာမဟုတ်ဘူး။
ပုံရိပ်လေးကတော့ မျက်နှာမကောင်းစွာ
ခေါင်းကိုသာ ငုံ့ထားလေသည်။
ဒီနေ့မှ စရောက်ပြီးဒီနေ့ပဲ စိတ်ဆင်းရဲရပါ ရောလား။
"လေးတန်းတောင်မအောင်လို့ အဖေကိုယ်တိုင်..ပစ်ပယ်ထားတဲ့သူရဲ့သမီးကိုပြန်ခေါ်ပြီး...ဘာလုပ်ချင်နေတာလည်းအမေရယ်...မေဦးတော့တကယ်စိတ်ဆင်းရဲတယ်..."
"ငါ့အိမ်ပေါ်မှာ အလကားလာနေရပြီး ဘာတွေကိုစိတ်ဆင်းရဲနေတာလည်း...ဘာလည်းအမွေတွေကို လုမဲ့လူပေါ်လာလို့ဆိုပြီးစိတ်ဆင်းရဲနေတာလား...ငါ့အိမ်မှာငါ့ဆုံးဖြတ်
ချက်က အရာမရောက်တော့ဘူးလား..
လေးတန်းမအောင်တာကသူ့အမေလေ..
ငါ့သားမှမဟုတ်တာ..ကိုယ့်မောင်ရဲ့သမီးကိုတောင် နင်မသထာနိုင်တော့ဘူးလား"
"မဟုတ်ပါဘူးအမေရယ်...သမီးကစိုးရိမ်လို့ပါ...ခြေနှစ်ချောင်းမကယ်ကောင်းဘူးတဲ့..
ဟိုတလောကမှ ယတျာသွားချေထားရတာ..အညံ့တွေပျောက်အောက်..ခုရက်ပိုင်းခြေနှစ်ချောင်းကို မ၀င်မခံနဲ့တဲ့..."
"ဘုန်း!!!!!"
ထမင်းစားခုံကိုထုချလိုက်သောကြောင့် အကုန်လုံးမျက်လုံးအပြူးသားနှင့်ထိတ်လန့်သွားကြသည်။အဖွား၏မျက်နှာသည်
တည်တင်း၍ ဒေါသကြောင့် မျက်ခုံးတန်းများတွန့်ကြုံ့လျှက် မျက်လုံးအကြည့်တွေကပါ ကြက်သီးထစရာကောင်းနေသည်။
"နင့်ပန်းကန်ထဲမှာ အခုထည့်စားနေတာကြက်သားဟင်းမဟုတ်ဘူးလား...ခြေနှစ်ချောင်းသားကြတော့ စားပြီးခြေနှစ်ချောင်းတော့အ၀င်မခံဘူးပေါ့လေ...မနေချင်ရင်အကုန်သွားကြ...ငါစကားတွေအပိုမပြောချင်ဘူး..."
"အဖွား...အဖွားကသမီးတို့ကိုပါနှင်ချနေတာလား...ဒီကောင်မလေးကြောင့်လား...အဖွားလုံး၀မတရားဘူး.."
"နေခြည်...ကိုယ့်အဖွားကိုဘယ်လိုလေသံနဲ့ပြန်ပြောနေတာလဲ..ပြန်ထိုင်စမ်း..."
မမနေခြည်က ပုံရိပ်ကိုလက်ညှိုးထိုး၍ အော်ပြောလိုက်သောအခါ အန်တီမေဦးက၀င်ဟန့်၍ထိန်းလေသည်။
ထမင်းစားရမည့်လက်တွေက ဇွန်းကိုတောင်
မထိချင်လောက်သည်အထိ ပုံရိပ်ကတော့စိတ်ဓာတ်တွေထိုးကျနေရတော့သည်။
ရန်ကုန်မှာ အဒေါ့်ရဲ့ယောက်ျားကြောင့်မနေချင်တော့၍ မန္တလေးကိုပြေးလာခဲ့ပါတယ်ဆိုမှ ဒီမှာလည်းပြဿနာတစ်ခုက အစပြုနေလေပြီ။
အမွေတွေလည်း တစ်ခုမှမလိုချင်ပါဘူး။
ပုံရိပ်လိုချင်တာက နွေးထွေးတဲ့မေတ္တာနဲ့ချစ်ခင်ပေးမဲ့ မိသားစုအသိုက်အ၀န်းလေးတစ်ခုပါပဲ။အခုအဖွားလုပ်နေပုံက ပုံရိပ်ကိုပြေးပေါက်မှားစေနိုင်သည်အထိ ဒုက္ခရောက်သွားစေနိုင်သည်။ဟိုမှာမနေချင်လို့ ဒီကိုပြေးလာရတဲ့ အဖြစ်မှာ ဒီကလူတွေကပါအမြင်မကြည်ရင် နောက်ထပ်ပြေးစရာဆိုလို့ မယ်သီလရှင်ကျောင်းပဲရှိတော့တယ်။
"အမေစိတ်ချမ်းသာသလိုသာလုပ်ပါတော့...
ဒါပေမဲ့ ကိုနောင်သာသိရင်တော့သိပ်သဘောကျမှာမဟုတ်ဘူး..."
"နင့်ယောက်ျားကို ငါကကြောက်စရာလား...
သူအခုလက်ရှိလုပ်နေတာတွေတောင်..
ငါကပေးကမ်းထားလို့ဆိုတာ..နားမလည်တာလား..ငါရှိနေလို့သူထောင်ထဲကို မ၀င်ရတာလည်းထည့်ပြောလိုက်ပါအုံး..."
"အမေကလေ..တဆိတ်ရှိဒါပဲထည့်ပြောနေတယ်...သူလည်းကြိုးစားခဲ့တာပဲ..
အရာမထင်တာတော့...ကံတရားပဲပေါ့...
အခုလည်းသူဘာအမှားတွေလုပ်နေလို့လဲ.."
"အော်...ငါဝှီးချဲလ်ပေါ်ထိုင်နေရတာနဲ့ပဲ..
ဘာမှမသိနားမလည်တော့ဘူးလို့ ထင်နေတာလား..ငါ့အရှေ့မှာသာ မခုတ်တတ်တဲ့ကြောင်လုပ်နေတာ..ငါ့နောက်ကွယ်မှာတော့ ခြေလှမ်းတွေပျက်နေတာကိုမသိရအောင် ငါကကန်းနေတာမှမဟုတ်ပဲ..သူကျောက်တွင်းအသစ်တူးနေတာကို မနေ့ကမှသိလိုက်ရတယ်..
အဲ့ဒါဘာသဘောလဲ..."
"ဒါကတော့..အမေ့သူ့ကိုတိုက်ရိုက်မေးလေ..
သမီးကကိုယ့်အလုပ်ပဲကိုယ်စိတ်၀င်စားတာ
သူဘာလုပ်နေလဲဆိုတာလုံး၀မသိဘူး..စိတ်လည်းမ၀င်စားဘူး...သူ့ကိုတော့တိုက်ရိုက်မပြောပဲ...သမီးကိုပဲဘာလို့လိုက်ရန်ရှာနေရတာလဲ..."
"ငါသူ့ကိုတိုက်ရိုက်ပြောရင်..နင်တို့လင်မယားကွဲပြီလေ.. သီဟနောင်အကြောင်းကိုငါကမသိတာမှတ်လို့...နင့်ယောက်ျားကို နင့်ဘာသာရအောင်ထိန်း...ငါသည်းမခံနိုင်တော့တဲ့အချိန်ရောက်မှ..ထောင်၀င်စာသွားတွေ့ရလို့..ငါ့အဆိုးမဆိုနဲ့..."
"အမေ့...ဘယ်လိုပြောလိုက်တာလည်း...
ကလေးတွေရှေ့မှာ..."
"သူတို့လည်းငယ်တော့တဲ့အရွယ်တွေမဟုတ်တော့ဘူး...ဒါတွေကိုသိသင့်တယ်...အရိပ်..
ထမင်းစားစရာရှိတာစားတော့..."
"ဟုတ်ကဲ့...."
အဖွားကရန်ပွဲကို သူ့ဘာသာစပြီးသူ့ဘာသာပြန်၍ ဘရိတ်အုပ်လိုက်သည်။ပုံရိပ်သံသယဖြစ်မိတာကတော့ အဖွားသည်ပုံရိပ်ကိုအန်တီ မေဦးရန်ရှာနေတာကနေ ရှောင်ထွက်သွားလို့ရအောင် တမင်အန်တီမေဦး၏ယောက်ျားနှင့်ပတ်သတ်ပြီး ပြဿနာရှာလိုက်လေသလား။
ဒါမှမဟုတ် ပုံရိပ်ကိုသိစေချင်လို့ တမင်ပြောနေတာများလား။ဒီလိုမှမဟုတ်ရင် ဒီနေ့မှစရောက်တဲ့ ပုံရိပ်ရဲ့အရှေ့မှာဒီလိုရန်ပွဲကို
ဘာကြောင့်အစပြုနေရတာလဲ။
ပုံရိပ်၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာရောက်လာခဲ့သည်။
"ပုံရိပ်.....အဲ့ဒီ့ပုစွန်ထုပ်ဟင်းလေးကြိုက်လား..."
"ဟုတ်ကဲ့...ကြိုက်ပါတယ်..."
"ကြိုက်ရင်စား..ရော့..."
အန်တီယဉ်တင့်က ပုံရိပ်၏ပန်းကန်ထဲသို့ ပုစွန်ထုပ်ဟင်းကို ခပ်ထည့်ပေးလေသည်။
စားပွဲပေါ်တွင် တင်ထားသောဟင်းများသည် ဒေါ်လေးတို့အိမ်၏တစ်လစာတန်ဖိုးလောက်ရှိနိုင်သည်။အမဲသားကို အသားချည်းပဲ၀ယ်ချက်ရင်တော့ နဲနဲသာ၀ယ်နိုင်၍ဈေးသက်သာသော အရွတ်တွေကိုသာ ၀ယ်စားလေ့ရှိသည်။ပုစွန်ဆိုလျှင်လည်း ဒီလိုအကောင်ကြီးကြီးပင်လယ်ပုစွန်လုံးကြီးတွေကို ထိကိုမထိရဲခဲ့ပေ။
ပုစွန်ထုပ်လေးကို ဇွန်းနှင့်ခပ်စားလိုက်ချိန်တွင် ဒေါ်လေးနှင့်ကလေးတွေ၏မျက်နှာကိုပြေး၍မြင်မိသည်။ငါးပိရည်ခွက်တစ်ခွက်တောင် မရှိသောစားပွဲပေါ်တွင် တင်ထားသောဟင်းများသည် ကြက်သောက်ဆမ်းဟင်း၊ပုစွန်ထုပ်ဟင်းအပြင်နောက်ထပ်ဟင်းအမယ်လေးမျိုးလောက်က စားချင်စဖွယ်ဖြစ်နေသည်။
စာပွဲက စုံလည်ဖြစ်၍ ဟင်းခပ်စားချင်ပါက ကိုယ့်ဘက်သို့ဟင်းပွဲရောက်အောင် လှည့်ယူရသည်။မြင်းခွာရွက်သုပ်လေးကိုမြင်တော့ အဒေါ်သုပ်ပေးခဲ့တာကို သတိရ၍ကိုယ့်ဘက်ကို လှည့်ယူနေမိပေမဲ့ မျက်စောင်းထိုး၍ ပုံရိပ်ဘက်သို့ဟင်းခွက်ကိုမရောင်အောင် ဆွဲထားသူကြောင့် လက်လျှော့ပြီး အန်တီယဉ်တင့်ထည့်ပေးသော ဟင်းများနဲ့သာခပ်စားလိုက်သည်။နောက်နေ့တွေလည်း ဒီလိုပဲကြုံနေရတော့မှာလား။
"အရိပ်...စားလို့မှကောင်းရဲ့လား..."
"ဟုတ်ကဲ့ကောင်းပါတယ်..."
အန်တီမေဦးက သဘောကောင်းသလိုဟန်လုပ်၍ မေးလာသည်ကိုသိပေမဲ့ ကိုယ့်အဒေါ်ဆိုတော့ အလိုက်သင့်ပြန်ဖြေလိုက်သည်။
"ကောင်းမှာပေါ့..အမေရယ်...ရန်ကုန်ကအဒေါ်ကဆင်းရဲတော့ ဒါမျိုးတွေကိုဘယ်စားခဲ့ရမလဲ...စားရကံကြုံတုန်းများများစားထားနော်ပုံရိပ်...."
"ဟုတ်တယ်သမီး...များများစား...သမီးလေးကအာဟာရချို့တဲ့ခဲ့လို့ထင်တယ်...နဲနဲလူကောင်ညှပ်နေသလိုပဲ...များများစားနော်.."
"အော်..ဒီမှာအမဲသားပြားကင်လေ...စတိခ်လို့ခေါ်တယ်..ယူရိုပီယမ်စတိုင်လ်နဲ့လုပ်ထားတာလေ..မစားဖူးဘူးမဟုတ်လား..မြည်းကြည့်နော်.."
"မစားတော့ပါဘူး...သမီးကဒါမျိုးတွေမစားတတ်ဘူး..."
"ဟုတ်တာပေါ့...ဆင်းဆင်းရဲရဲနဲ့နေခဲ့ရတော့..
ဒါမျိုးတွေဘယ်စားချင်ပါ့မလဲ...ငါးပိရည်စားနေကျလူက ဒါမျိုးအစားကောင်းကောင်းတွေမစားသင့်ဘူးလေ...ဗိုက်အောင့်တတ်တယ်..
ဟုတ်တယ်နော်မမ...."
"ငါ့ကိုလာမမေးနဲ့ သူ့ဘာသူစားချင်တာစားပါစေ...စကားအရမ်းများတာပဲ...ပါးစပ်ပိတ်ပြီးစားစမ်းပါ..."
မမနေခြည်၏ခနဲ့တဲ့တဲ့ စကားတွေကြောင့်စားလက်စဇွန်းကိုပင် လွှင့်ပစ်ချင်မိလောက်အောင်အထိ ဒေါသထွက်နေမိသည်။
စိတ်ကိုမနဲတင်းပြီး ခေါင်းကိုသာငုံ့နေလိုက်သည်။ဖြစ်နိုင်ရင် ဒီထမင်းဝိုင်းကနေထသွားချင်မိသည်။အဖွားကမထသေးတော့ အခက်တွေ့နေရသည်။
ဆွဲတင်သလိုနဲ့ ပြန်တွန်းချပြီး၊အားပေးသလိုနဲ့ အားငယ်အောင်လုပ်နေသောမေဦးနှင့်သူ့သမီးအငယ်မကို ဒေါ်ယဉ်တင့်ကြည့်မရတော့ပေ။မေညို့ကိုကြည့်လိုက်တော့လည်း
ဘာမျှ၀င်မပြော၍ ကိုယ်လည်းနှုတ်ဆိတ်နေလိုက်ရသည်။အခုကြ မေညိုကဘာကြောင့်နှုတ်ဆိတ်နေရတာလဲ။ပုံရိပ်လေးစော်ကားပြောဆိုခံနေတာကို ဒီအတိုင်းအေးဆေးနေနိုင်လိုက်တာဟု မခံမရပ်နိုင်ဖြစ်နေမိသည်။
ပုံရိပ်လေးကတော့ မျက်နှာလေးညှိုးကျသွားတာများ သနားစရာပင်။
ဒီအဖွားရယ်၊ဒီသားသမီးနဲ့ဒီမြေးတွေကြားမှာ ကလေးမလေးကို ဘယ်လိုကာကွယ်ပေးရကောင်းမလဲ။သူ့ခမျာ အားငယ်နေရှာမှာပေါ့။
"အရိပ်...ထမင်းစားပြီးရင်...အဖွားရဲ့အခန်းထဲကိုလာခဲ့..."
"အခုပဲပြီးပြီအဖွား...အခုပဲလိုက်ခဲ့မယ်.."
အဖွားရဲ့စကားစမည့်အချိန်ကိုစောင့်နေမိ၍ ချက်ချင်းပဲအနောက်မှ ထရပ်လိုက်သည်။
အဖွား၏ဝှီးချဲလ်ကိုအလိုက်သင့်လေးတွန်းပေး၍ ထမင်းစားခန်းမှထွက်လာလိုက်သည်။
ကိုယ့်ကို စကားနာထိုးခဲ့သူတွေကိုတော့ ပုံရိပ်လှည့်တောင်မကြည့်ခဲ့ပေ။
"အရိပ်...အခန်းတံခါးကိုပိတ်ပြီး ဟိုခုံပေါ်မှာသွားထိုင်..."
ပုံရိပ်လည်း အဖွားပြောသည့်အတိုင်းအခန်းတံခါးကို ပိတ်ပြီးအခန်းထဲတွင် ချထားသောဆက်တီခုံပေါ်တွင် ၀င်ထိုင်လိုက်သည်။
အဖွားကတော့ ပုံရိပ်နှင့်မျက်နှာချင်းဆိုင်တွင်
ဝှီးချဲလ်ကိုရပ်လိုက်သည်။
"ခုဏက...ထမင်းဝိုင်းမှာ...ဘာလို့သူတို့ပြောသမျှကို ခံမပြောပဲငြိမ်ခံနေခဲ့တာလဲ.."
အဖွားဒေါ်ရိပ်ညိုသည် သူ၏မာထန်သောအသံအား အရှိန်မလျှော့ပဲပုံရိပ်ကိုမေးသည်။
ဝှီးချဲလ်ပေါ်မှာထိုင်နေပေမဲ့ ရောက်ခါစတည်းကသတိထားမိသည်မှာ အဖွားသည်အမြဲတမ်းခါးကိုမတ်မတ်ထားပြီး ထိုင်တတ်လေသည်။နဖူးကိုအပြောင်သိမ်းကာဆံပင်ကို ထိပ်တွင်ဆုထုံးထား၍ အဖွား၏မျက်နှာသည်ကျော့ရှင်းနေသည်။
"တကယ်တော့ သမီးဒီကိုရောက်လာရတာက အဒေါ့်ယောက်ျားနဲ့ပြဿနာဖြစ်လို့ပါ...ဒီအိမ်ကနေထပ်ပြီးထွက်သွားရရင် သမီးမှာသွားဖို့နေရာမရှိတော့ဘူး...ဒါကြောင့်လူတိုင်းနဲ့ပြဿမဖြစ်ချင်လို့ သည်းခံနေတာပါ..
နောက်ပြီး သူတို့ကသမီးရဲ့အစ်မတွေ၊အဒေါ်တွေဖြစ်နေတော့ ပြန်ပြောရင်ရိုင်းတယ်လို့ထင်ကြမှာမျိုး မဖြစ်စေချင်ဘူး...အရာရာကိုသည်းခံဖို့သမီးစဉ်းစားထားပါတယ်..."
"မဟုတ်သေးဘူးပုံရိပ်.. သည်းခံတယ်ဆိုတာပုံစံအမျိုးမျိုးရှိတယ်...ကိုယ့်အတွက်အကျိုးရှိတဲ့ကိစ္စနဲ့အကျိုးအမြတ်ရမဲ့ကိစ္စကိုသည်းခံတာကကိစ္စမရှိဘူး...နောက်ဆုံးမှာအမြတ်ရမှာကကိုယ်ပဲ...တမင်နစ်နာစေချင်လို့နှိမ့်ချတာကိုတော့ သည်းခံစရာမလိုဘူး...သူတို့ကအဖွားကလွဲပြီး...ကျန်တာကိုကြောက်ကြတဲ့လူတွေမဟုတ်ဘူး...အခုအဘွားရှိနေလျှက်နဲ့တောင်...ဒီလိုအနိုင်ကျင့်ချင်ရင်..အဖွားကွယ်ရာမှာ ဒီ့ထပ်ဆိုးလိမ့်မယ်...မင်းကအဖွားရဲ့မြေး..သူတို့ကလည်းအဖွားရဲ့မြေးတွေပေမဲ့ သူတို့မိဘရဲ့လောင်းရိပ်အောက်မှာ ဗီဇဆိုးတွေကပါလာခဲ့တော့ အဖွားသွန်သင်လို့မရတော့ဘူး...အရိပ်ကတော့မတူဘူး...
မှတ်ထား..နောက်တစ်ခါအကျိုးမရှိပဲဘယ်တော့မှသည်းမခံနဲ့...အရိပ်ဘက်ကနေနေရာတိုင်းလိုက်ပြီး ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး..ကိုယ့်ကိုကိုယ်အားကိုး..မင်းရဲ့အနောက်မှာ အဖွားရှိတယ်.."
"ဟုတ်ကဲ့...သမီးမှတ်ထားပါမယ်..."
"အင်း..နောက်နေ့ကစပြီး..အရိပ်ကိုသင်ယူခိုင်းစရာတွေအများကြီးရှိပါသေးတယ်...
ဒီနေ့တော့..သွားနားလိုက်အုံး..."
"ဟုတ်ကဲ့..."
အပေါ်ဆုံးအထပ်သို့ အမြန်ပြေးတက်ခဲ့ပြီး အခန်းတံခါးကိုဖွင့်ကာ အိပ်ယာပေါ်သို့လှဲချလိုက်မိသည်။
ဘယ်အရာကမှ လွယ်ကူမနေပါလား။သင်ယူစရာတွေအများကြီး ရှိသေးသည်တဲ့။အဖွားကဘာတွေကို သင်ယူခိုင်းမှာများလဲ။
အဖေပြောဖူးသော စကားတွေကိုတော့ပုံရိပ်မှတ်မိပါသည်။အဖွားကဟင်းချက်အရမ်းကောင်းသည်တဲ့လေ။ပြီးတော့ ဆောင်းတီးတာကိုဝါသနာပါသည်ဟု ပြောခဲ့တယ်။
ပုံရိပ်၏ အခန်းထဲတွင်လည်း ဆောင်းတစ်ခုကို အလှထားတာကိုတွေ့ရလေသည်။
"ဟူး...၀င်္ကမ္ဘာထဲကိုရောက်လာရသလိုပဲ..."
အခုချိန်မှာ ပုံရိပ်အလုပ်ချင်ဆုံးအရာကတော့ ဒေါ်လေးတို့၊ဆရာတို့ဆီကိုဖုန်းဆက်ချင်တာပဲ။
အခုအချိန်လောက်ဆို ဒေါ်လေးတို့ဘာလုပ်နေကြ
မလဲ။အတွေးစတွေနှင့်အတူ ရင်မောလျှက် တံခါးကိုဖွင့်ပြီး လသာဆောင်ကိုထွက်လာမိတော့
ဟိုးအဝေးကြီးမှာ အတန်းလိုက်ဖြစ်နေသော တောင်တန်းတွေကို မှိုင်းမှိုင်းပျပျတွေ့နေရလေသည်။
ပြီးတော့ မီးတွေထိန်လင်းနေသောကားလမ်းမကြီးကိုပါလှမ်းမြင်နေရသည်။
ဒီတစ်ညတာကုန်ဆုံးပြီးလျှင် ပုံရိပ်၏ဘ၀ဟည်ဘယ်လိုဘယ်ပုံ မျောလွင့်ရအုံးမှာပါလဲ။
သန်းခေါ်ထက်တော့ ညဉ့်မနက်နိုင်တော့ပေ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ပုံရိပ်ရဲ့ ဘ၀ကအဖွားကြီးနဲ့တွေ့မှ စပြီးပြောင်းလဲလာမှာပါ...
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၃၅)🔥 ဒုတိယပိုင္း
ေရႊေရာင္ေရပိုက္ေတြကလည္း နံရံမွာသြယ္ယွက္လ်ွက္ လွၫ့္ရေသာခလုတ္ေတြကတစ္ခုမကေပ။လိုက္လွၫ့္ၾကၫ့္ၿပီး လက္နဲ႔ခံၾကၫ့္ေတာ့မွ ေရပူ၊ေရေအးကိုခဲြထားေသာခလုတ္မ်ားျဖစ္ေနသည္။
"အိုး...ဆပ္ျပာေတြကဒီေလာက္ေတာင္မ်ားတာလား..."
သြားတိုက္ေဆးအၿမွဳံ႔ေတျြပၫ့္ၾကပ္ေနေသာေၾကာင့္ အသံကဗလံုးဗေထြးႏွင့္ထြက္သြားသည္။နံရံမွာကပ္ထားေသာ ဗီဒိုေလးေတြကိုလိုက္ဖြင့္ၾကၫ့္လိုက္မိေတာ့
ကိုယ္တိုက္ဆပ္ျပာဗူးေတြက အေရာင္အမ်ိဳးမ်ိဳးႏွင့္အေသး၊အႀကီးမ်ိဳးစံုျဖစ္ေနသည္။
သြားတိုက္တံလွလွေလးမ်ားႏွင့္မ်က္ႏွာသစ္ဆပ္ျပာဗူးေတြကလည္း အနံ႔ေတြကအစ
ဝါးစားခ်င္စရာျဖစ္ေနသည္။သပါတ္အျဖဴေတြလည္း ထၫ့္ေပးထားေသးသည္။
"အဖြားကငါ့ကိုလိုေလေသးမရိွေအာင္
လုပ္ေပးထားတာပဲ...."
ပံုရိပ္အေပၚတြင္ထားေသာ အဖြား၏ေစတနာကို အသိအမွတ္ျပဳလိုက္ၿပီးေနာက္ ႃပံုးမိသြားေလသည္။ပလုတ္က်င္း၍ မ်က္ႏွာကိုအျမန္သစ္လိုက္ၿပီး အနည္းငယ္ပြေယာင္းေနေသာဆံပင္ရွည္ေတြကို ေဘာင္တန္းေတြေပၚရိွ ခြက္ကေလးထဲတြင္ ေထာင္လ်က္သားျဖစ္ေနေသာဘီးေလးကို အသာယူ၍ဖီးသင္လ်ွက္ျပန္စည္းလိုက္သည္။
"မမ...ၿပီးသြားၿပီလား...ခဏေလးရယ္ေနာ္..
မမနႏၵာတို႔ဆိုရင္..တစ္ခုခုလုပ္တိုင္းတစ္နာရီ၊ႏွစ္နာရီေလာက္ကို ၾကာတတ္တာ..."
"သူမ်ားအေၾကာင္းကို သိပ္မေျပာပါနဲ႔..
ေတာ္ၾကာ..အတင္းတုပ္တယ္ျဖစ္ေနပါအံုးမယ္.."
"ဟုတ္ကဲ့ပါမမ..."
ေခါင္းေလးငံု႔ၿပီး ပံုရိပ္၏စကားကိုနာခံသလိုေလးလုပ္ကာ အခန္းအျပင္သို႔ထြက္သြားတာေၾကာင့္ပံုရိပ္လည္း သေဘာတက်ႃပံုးလိုက္ၿပီး ပိစိမႏွင့္အတူအခန္းအျပင္သို႔ထြက္လာလိုက္သည္။ေလွကားႀကီးကျမင့္လြန္း၍ ေလွကားမွဆင္းတာကိုေတာင္ မိနစ္ပိုင္း ေလာက္အခ်ိန္ယူလိုက္ရသည္။
"မမ...ဒီအခန္းေလ..."
ထမင္းစားခန္းသည္ ကၽြန္းေလွကားႀကီးႏွင့္အရမ္းမေဝးေသာအခန္းတစ္ခန္းျဖစ္ၿပီး
ပံုရိပ္၀င္သြားေတာ့ အခန္းထဲတြင္စားပဲြဝိုင္း၌လူေတြ ဝိုင္း၍ထမင္းစားေနၾကေလသည္။
အဖြားတစ္ေယာက္တည္းသာလ်ွင္ ဝွီးခ်ဲလ္ႏွင့္ထိုင္၍ ထမင္းမစားေသးပဲ မ်က္ႏွာကတည္ေနေလသည္။
"အဖြားသမီးေရာက္ပါၿပီ...."
ပံုရိပ္၏အသံက အားနာသံေရာလ်ွက္ တိုးတိုးေလးသာထြက္ေတာ့သည္။ထိုစဉ္ပံုရိပ္၏
ဘက္သို႔ လွၫ့္ၾကၫ့္လာေသာမ်က္၀န္းမ်ားေၾကာင့္ လန႔္ေတာင္လန႔္ခ်င္သြားသည္။
"ဒီမွာလာထိုင္ေလ...အရိပ္..."
အဖြားကသူ႔ေဘးနားကခံုကို လက္ႏွင့္ပုတ္ျပ၍ ပံုရိပ္လည္းအလိုက္သင့္၀င္ထိုင္လိုက္ရသည္။ထမင္းစားပဲြက လူေတြကိုမခို႔တရို႔ေလး လိုက္ၾကၫ့္မိေတာ့ အားလံုးကထမင္းစားတာကို လံုး၀ရပ္လိုက္ၾကၿပီး ပံုရိပ္ကိုသာၾကၫ့္ေနၾကေလသည္။
အန္တီယဉ္တင့္ကိုေတြ့ရေပမဲ့ ဦးမင္းခန႔္ကိုေတာ့မေတြ့ရေပ။စားပဲြဝိုင္းမွာ ထိုင္ေနတာကအသက္ႀကီးႀကီး အန္တီတစ္ေယာက္ႏွင့္ပံုရိပ္ထက္ႀကီးပံုရေသာ မိန္းကေလးႏွစ္ေယာက္ျဖစ္ေနသည္။
"အေမ...ဒါကမိုးရိပ္ရဲ့သမီးလား..."
"ဟုတ္တယ္.....ေမဦး...ပံုရိပ္..ဒါကသမီးရဲ့အေဒၚယြန္းေမဦးလို႔ေခၚတယ္..ဟိုဘက္မွာထိုင္ေနတာက..အလတ္မယြန္းနႏၵာ..သူကေတာ့တကၠသိုလ္တက္ေနၿပီ..ဒီဘက္ကေတာ့ယြန္းေနျခည္လို႔ေခၚတယ္...သူကဆယ္တန္းဒုတိယႏွစ္တက္ရမွာေလ...
အရိပ္ထက္တစ္ႏွစ္ႀကီးေပမဲ့...ဆယ္တန္းအတူတူတက္ရမွာေပါ့..."
"ဖြားညိုကလည္း...ဒါပဲေျပာေနတယ္..."
အဖြားမိတ္ဆက္ေပးေသာေၾကာင့္
တစ္ေယာက္ခ်င္းဆီကိုလိုက္ၾကၫ့္မိေပမဲ့ သူတို႔ကမႃပံုးျပေတာ့ ကိုယ္ကလည္းျပန္မႃပံုးျပမိေပ။
အန္တီေမဦးကေတာ့ စေတြ့ကတည္းကမ်က္ႏွာကို ေမာ့ခ်ီထားပံုေၾကာင့္ ကိုယ့္ကို
မလိုလားမွန္းသိလိုက္ရေလသည္။
မမနႏၵာကေတာ့ ပံုရိပ္ကိုမၾကၫ့္ပဲထမင္းကိုသာ အာရံုစိုက္၍စားေနေလသည္။
မမနႏၵာသည္ ဆံပင္ကိုေရႊဝါေရာင္ဆိုးထားေသာေၾကာင့္ ျဖဴေသာအသားအရည္ဟာ ပို၍အေရာင္လက္ေနၿပီး မ်က္ႏွာေလးကအစၾကည္ရွင္းေနသည္။ သို႔ေပမဲ့ မ်က္ႏွာထားတည္ေန၍ စိတ္သေဘာထားေကာင္းသူဟု
မသတ္မွတ္ရဲေပ။
မမေနျခည္ကေတာ့ ပံုရိပ္ထပ္တစ္ႏွစ္ပဲႀကီး၍ထင္သည္ ပံုရိပ္ႏွင့္ရြယ္တူ ျဖစ္ေနသလိုပင္။မမနႏၵာထက္ပင္ မိတ္ကပ္ေတြသိသာစြာလိမ္းထား၍ အလွႀကိဳက္တတ္လြန္းမွန္းသိသာေနသည္။
ဆံပင္ဂုတ္ေထာက္ကိုမွ စုခ်ည္ထား၍
မ်က္ႏွာအလွကေပၚလြင္ေနသည္။
"အရိပ္ရဲ့..နာမည္ကိုေတာ့ငါေျပာျပၿပီးလို႔သိၾကမွာပါ...အရိပ္ကိုဒီေန့ကစၿပီးငါ့ရဲ့အေမြစားအေမြခံအျဖစ္ ေခၚထားမွာ..."
"အေမ...ဒီလိုေၾကာ္ျငာတာက နည္းနည္းလြန္မေနဘူးလား...သူကဒီေန့မွစေရာက္တာေနာ္
...ဘယ္လိုပဲအမ်ိူးေတာ္စပ္ေနပါေစ...
သူေနခဲ့ရတဲ့ အသိုင္းအဝိုင္းကနိမ့္က်ၿပီး အဆင့္လံုး၀မရိွဘူး..နည္းနည္းပါးပါးေလ့လာၿပီးမွ ဒီလိုေျပာသင့္တယ္...ကၽြန္မသမီးေတြကိုမွအားမနာ..."
ေဒၚယဉ္တင့္ကေတာ့ စၿပီးျပႆနာရွာၿပီေဟ့ဟု သက္ျပင္းခ်လိုက္မိၿပီး ပံုရိပ္ေလးကိုသာလွမ္းၾကၫ့္လိုက္မိသည္။ေမညိုသည္ အျခားကိစၥေတြမွာ ေသခ်ာစဉ္းစားေတြးေခၚၿပီးမွေျပာတတ္သေလာက္ ဟိုဘက္ကဆက္ဆက္ထိမခံသၫ့္ အေမြကိစၥကိုခ်က္ျခင္းႀကီးေျပာထြက္တာကေတာ့ နားမလည္ႏိုင္ေတာ့ေပ။
ဒါမွမဟုတ္ ပံုရိပ္ကိုအထင္မေသးရဲေအာင္ တမင္ႏိွပ္ကြပ္လိုက္တာမ်ားလား။
အေၾကာင္းမရိွပဲေတာ့ ေျပာမွာမဟုတ္ဘူး။
ပံုရိပ္ေလးကေတာ့ မ်က္ႏွာမေကာင္းစြာ
ေခါင္းကိုသာ ငံု႔ထားေလသည္။
ဒီေန့မွ စေရာက္ၿပီးဒီေန့ပဲ စိတ္ဆင္းရဲရပါ ေရာလား။
"ေလးတန္းေတာင္မေအာင္လို႔ အေဖကိုယ္တိုင္..ပစ္ပယ္ထားတဲ့သူရဲ့သမီးကိုျပန္ေခၚၿပီး...ဘာလုပ္ခ်င္ေနတာလည္းအေမရယ္...ေမဦးေတာ့တကယ္စိတ္ဆင္းရဲတယ္..."
"ငါ့အိမ္ေပၚမွာ အလကားလာေနရၿပီး ဘာေတြကိုစိတ္ဆင္းရဲေနတာလည္း...ဘာလည္းအေမြေတြကို လုမဲ့လူေပၚလာလို႔ဆိုၿပီးစိတ္ဆင္းရဲေနတာလား...ငါ့အိမ္မွာငါ့ဆံုးျဖတ္
ခ်က္က အရာမေရာက္ေတာ့ဘူးလား..
ေလးတန္းမေအာင္တာကသူ႔အေမေလ..
ငါ့သားမွမဟုတ္တာ..ကိုယ့္ေမာင္ရဲ့သမီးကိုေတာင္ နင္မသထာႏိုင္ေတာ့ဘူးလား"
"မဟုတ္ပါဘူးအေမရယ္...သမီးကစိုးရိမ္လို႔ပါ...ေျခႏွစ္ေခ်ာင္းမကယ္ေကာင္းဘူးတဲ့..
ဟိုတေလာကမွ ယတ်ာသြားေခ်ထားရတာ..အညံ့ေတြေပ်ာက္ေအာက္..ခုရက္ပိုင္းေျခႏွစ္ေခ်ာင္းကို မ၀င္မခံနဲ႔တဲ့..."
"ဘုန္း!!!!!"
ထမင္းစားခံုကိုထုခ်လိုက္ေသာေၾကာင့္ အကုန္လံုးမ်က္လံုးအျပဴးသားႏွင့္ထိတ္လန႔္သြားၾကသည္။အဖြား၏မ်က္ႏွာသည္
တည္တင္း၍ ေဒါသေၾကာင့္ မ်က္ခံုးတန္းမ်ားတြန႔္ႄကံု႔လ်ွက္ မ်က္လံုးအၾကၫ့္ေတြကပါ ၾကက္သီးထစရာေကာင္းေနသည္။
"နင့္ပန္းကန္ထဲမွာ အခုထၫ့္စားေနတာၾကက္သားဟင္းမဟုတ္ဘူးလား...ေျခႏွစ္ေခ်ာင္းသားၾကေတာ့ စားၿပီးေျခႏွစ္ေခ်ာင္းေတာ့အ၀င္မခံဘူးေပါ့ေလ...မေနခ်င္ရင္အကုန္သြားၾက...ငါစကားေတြအပိုမေျပာခ်င္ဘူး..."
"အဖြား...အဖြားကသမီးတို႔ကိုပါႏွင္ခ်ေနတာလား...ဒီေကာင္မေလးေၾကာင့္လား...အဖြားလံုး၀မတရားဘူး.."
"ေနျခည္...ကိုယ့္အဖြားကိုဘယ္လိုေလသံနဲ႔ျပန္ေျပာေနတာလဲ..ျပန္ထိုင္စမ္း..."
မမေနျခည္က ပံုရိပ္ကိုလက္ၫွိုးထိုး၍ ေအာ္ေျပာလိုက္ေသာအခါ အန္တီေမဦးက၀င္ဟန႔္၍ထိန္းေလသည္။
ထမင္းစားရမၫ့္လက္ေတြက ဇြန္းကိုေတာင္
မထိခ်င္ေလာက္သည္အထိ ပံုရိပ္ကေတာ့စိတ္ဓာတ္ေတြထိုးက်ေနရေတာ့သည္။
ရန္ကုန္မွာ အေဒါ့္ရဲ့ေယာက္်ားေၾကာင့္မေနခ်င္ေတာ့၍ မႏၲေလးကိုေျပးလာခဲ့ပါတယ္ဆိုမွ ဒီမွာလည္းျပႆနာတစ္ခုက အစျပဳေနေလၿပီ။
အေမြေတြလည္း တစ္ခုမွမလိုခ်င္ပါဘူး။
ပံုရိပ္လိုခ်င္တာက ေနြးေထြးတဲ့ေမတၲာနဲ႔ခ်စ္ခင္ေပးမဲ့ မိသားစုအသိုက္အ၀န္းေလးတစ္ခုပါပဲ။အခုအဖြားလုပ္ေနပံုက ပံုရိပ္ကိုေျပးေပါက္မွားေစႏိုင္သည္အထိ ဒုကၡေရာက္သြားေစႏိုင္သည္။ဟိုမွာမေနခ်င္လို႔ ဒီကိုေျပးလာရတဲ့ အျဖစ္မွာ ဒီကလူေတြကပါအျမင္မၾကည္ရင္ ေနာက္ထပ္ေျပးစရာဆိုလို႔ မယ္သီလရွင္ေက်ာင္းပဲရိွေတာ့တယ္။
"အေမစိတ္ခ်မ္းသာသလိုသာလုပ္ပါေတာ့...
ဒါေပမဲ့ ကိုေနာင္သာသိရင္ေတာ့သိပ္သေဘာက်မွာမဟုတ္ဘူး..."
"နင့္ေယာက္်ားကို ငါကေၾကာက္စရာလား...
သူအခုလက္ရိွလုပ္ေနတာေတြေတာင္..
ငါကေပးကမ္းထားလို႔ဆိုတာ..နားမလည္တာလား..ငါရိွေနလို႔သူေထာင္ထဲကို မ၀င္ရတာလည္းထၫ့္ေျပာလိုက္ပါအံုး..."
"အေမကေလ..တဆိတ္ရိွဒါပဲထၫ့္ေျပာေနတယ္...သူလည္းႀကိဳးစားခဲ့တာပဲ..
အရာမထင္တာေတာ့...ကံတရားပဲေပါ့...
အခုလည္းသူဘာအမွားေတြလုပ္ေနလို႔လဲ.."
"ေအာ္...ငါဝွီးခ်ဲလ္ေပၚထိုင္ေနရတာနဲ႔ပဲ..
ဘာမွမသိနားမလည္ေတာ့ဘူးလို႔ ထင္ေနတာလား..ငါ့အေရ႔ွမွာသာ မခုတ္တတ္တဲ့ေၾကာင္လုပ္ေနတာ..ငါ့ေနာက္ကြယ္မွာေတာ့ ေျခလွမ္းေတြပ်က္ေနတာကိုမသိရေအာင္ ငါကကန္းေနတာမွမဟုတ္ပဲ..သူေက်ာက္တြင္းအသစ္တူးေနတာကို မေန့ကမွသိလိုက္ရတယ္..
အဲ့ဒါဘာသေဘာလဲ..."
"ဒါကေတာ့..အေမ့သူ႔ကိုတိုက္ရိုက္ေမးေလ..
သမီးကကိုယ့္အလုပ္ပဲကိုယ္စိတ္၀င္စားတာ
သူဘာလုပ္ေနလဲဆိုတာလံုး၀မသိဘူး..စိတ္လည္းမ၀င္စားဘူး...သူ႔ကိုေတာ့တိုက္ရိုက္မေျပာပဲ...သမီးကိုပဲဘာလို႔လိုက္ရန္ရွာေနရတာလဲ..."
"ငါသူ႔ကိုတိုက္ရိုက္ေျပာရင္..နင္တို႔လင္မယားကဲြၿပီေလ.. သီဟေနာင္အေၾကာင္းကိုငါကမသိတာမွတ္လို႔...နင့္ေယာက္်ားကို နင့္ဘာသာရေအာင္ထိန္း...ငါသည္းမခံႏိုင္ေတာ့တဲ့အခ်ိန္ေရာက္မွ..ေထာင္၀င္စာသြားေတြ့ရလို႔..ငါ့အဆိုးမဆိုနဲ႔..."
"အေမ့...ဘယ္လိုေျပာလိုက္တာလည္း...
ကေလးေတြေရ႔ွမွာ..."
"သူတို႔လည္းငယ္ေတာ့တဲ့အရြယ္ေတြမဟုတ္ေတာ့ဘူး...ဒါေတြကိုသိသင့္တယ္...အရိပ္..
ထမင္းစားစရာရိွတာစားေတာ့..."
"ဟုတ္ကဲ့...."
အဖြားကရန္ပဲြကို သူ႔ဘာသာစၿပီးသူ႔ဘာသာျပန္၍ ဘရိတ္အုပ္လိုက္သည္။ပံုရိပ္သံသယျဖစ္မိတာကေတာ့ အဖြားသည္ပံုရိပ္ကိုအန္တီ ေမဦးရန္ရွာေနတာကေန ေရွာင္ထြက္သြားလို႔ရေအာင္ တမင္အန္တီေမဦး၏ေယာက္်ားႏွင့္ပတ္သတ္ၿပီး ျပႆနာရွာလိုက္ေလသလား။
ဒါမွမဟုတ္ ပံုရိပ္ကိုသိေစခ်င္လို႔ တမင္ေျပာေနတာမ်ားလား။ဒီလိုမွမဟုတ္ရင္ ဒီေန့မွစေရာက္တဲ့ ပံုရိပ္ရဲ့အေရ႔ွမွာဒီလိုရန္ပဲြကို
ဘာေၾကာင့္အစျပဳေနရတာလဲ။
ပံုရိပ္၏ ေခါင္းထဲတြင္ ေမးခြန္းေပါင္းမ်ားစြာေရာက္လာခဲ့သည္။
"ပံုရိပ္.....အဲ့ဒီ့ပုစြန္ထုပ္ဟင္းေလးႀကိဳက္လား..."
"ဟုတ္ကဲ့...ႀကိဳက္ပါတယ္..."
"ႀကိဳက္ရင္စား..ေရာ့..."
အန္တီယဉ္တင့္က ပံုရိပ္၏ပန္းကန္ထဲသို႔ ပုစြန္ထုပ္ဟင္းကို ခပ္ထၫ့္ေပးေလသည္။
စားပဲြေပၚတြင္ တင္ထားေသာဟင္းမ်ားသည္ ေဒၚေလးတို႔အိမ္၏တစ္လစာတန္ဖိုးေလာက္ရိွႏိုင္သည္။အမဲသားကို အသားခ်ည္းပဲ၀ယ္ခ်က္ရင္ေတာ့ နဲနဲသာ၀ယ္ႏိုင္၍ေဈးသက္သာေသာ အရြတ္ေတြကိုသာ ၀ယ္စားေလ့ရိွသည္။ပုစြန္ဆိုလ်ွင္လည္း ဒီလိုအေကာင္ႀကီးႀကီးပင္လယ္ပုစြန္လံုးႀကီးေတြကို ထိကိုမထိရဲခဲ့ေပ။
ပုစြန္ထုပ္ေလးကို ဇြန္းႏွင့္ခပ္စားလိုက္ခ်ိန္တြင္ ေဒၚေလးႏွင့္ကေလးေတြ၏မ်က္ႏွာကိုေျပး၍ျမင္မိသည္။ငါးပိရည္ခြက္တစ္ခြက္ေတာင္ မရိွေသာစားပဲြေပၚတြင္ တင္ထားေသာဟင္းမ်ားသည္ ၾကက္ေသာက္ဆမ္းဟင္း၊ပုစြန္ထုပ္ဟင္းအျပင္ေနာက္ထပ္ဟင္းအမယ္ေလးမ်ိဳးေလာက္က စားခ်င္စဖြယ္ျဖစ္ေနသည္။
စာပဲြက စံုလည္ျဖစ္၍ ဟင္းခပ္စားခ်င္ပါက ကိုယ့္ဘက္သို႔ဟင္းပဲြေရာက္ေအာင္ လွၫ့္ယူရသည္။ျမင္းခြာရြက္သုပ္ေလးကိုျမင္ေတာ့ အေဒၚသုပ္ေပးခဲ့တာကို သတိရ၍ကိုယ့္ဘက္ကို လွၫ့္ယူေနမိေပမဲ့ မ်က္ေစာင္းထိုး၍ ပံုရိပ္ဘက္သို႔ဟင္းခြက္ကိုမေရာင္ေအာင္ ဆဲြထားသူေၾကာင့္ လက္ေလ်ွာ့ၿပီး အန္တီယဉ္တင့္ထၫ့္ေပးေသာ ဟင္းမ်ားနဲ႔သာခပ္စားလိုက္သည္။ေနာက္ေန့ေတြလည္း ဒီလိုပဲႄကံုေနရေတာ့မွာလား။
"အရိပ္...စားလို႔မွေကာင္းရဲ့လား..."
"ဟုတ္ကဲ့ေကာင္းပါတယ္..."
အန္တီေမဦးက သေဘာေကာင္းသလိုဟန္လုပ္၍ ေမးလာသည္ကိုသိေပမဲ့ ကိုယ့္အေဒၚဆိုေတာ့ အလိုက္သင့္ျပန္ေျဖလိုက္သည္။
"ေကာင္းမွာေပါ့..အေမရယ္...ရန္ကုန္ကအေဒၚကဆင္းရဲေတာ့ ဒါမ်ိဳးေတြကိုဘယ္စားခဲ့ရမလဲ...စားရကံႄကံုတုန္းမ်ားမ်ားစားထားေနာ္ပံုရိပ္...."
"ဟုတ္တယ္သမီး...မ်ားမ်ားစား...သမီးေလးကအာဟာရခ်ိဳ႕တဲ့ခဲ့လို႔ထင္တယ္...နဲနဲလူေကာင္ၫွပ္ေနသလိုပဲ...မ်ားမ်ားစားေနာ္.."
"ေအာ္..ဒီမွာအမဲသားျပားကင္ေလ...စတိခ္လို႔ေခၚတယ္..ယူရိုပီယမ္စတိုင္လ္နဲ႔လုပ္ထားတာေလ..မစားဖူးဘူးမဟုတ္လား..ျမည္းၾကၫ့္ေနာ္.."
"မစားေတာ့ပါဘူး...သမီးကဒါမ်ိဳးေတြမစားတတ္ဘူး..."
"ဟုတ္တာေပါ့...ဆင္းဆင္းရဲရဲနဲ႔ေနခဲ့ရေတာ့..
ဒါမ်ိဳးေတြဘယ္စားခ်င္ပါ့မလဲ...ငါးပိရည္စားေနက်လူက ဒါမ်ိဳးအစားေကာင္းေကာင္းေတြမစားသင့္ဘူးေလ...ဗိုက္ေအာင့္တတ္တယ္..
ဟုတ္တယ္ေနာ္မမ...."
"ငါ့ကိုလာမေမးနဲ႔ သူ႔ဘာသူစားခ်င္တာစားပါေစ...စကားအရမ္းမ်ားတာပဲ...ပါးစပ္ပိတ္ၿပီးစားစမ္းပါ..."
မမေနျခည္၏ခနဲ႔တဲ့တဲ့ စကားေတြေၾကာင့္စားလက္စဇြန္းကိုပင္ လႊင့္ပစ္ခ်င္မိေလာက္ေအာင္အထိ ေဒါသထြက္ေနမိသည္။
စိတ္ကိုမနဲတင္းၿပီး ေခါင္းကိုသာငံု႔ေနလိုက္သည္။ျဖစ္ႏိုင္ရင္ ဒီထမင္းဝိုင္းကေနထသြားခ်င္မိသည္။အဖြားကမထေသးေတာ့ အခက္ေတြ့ေနရသည္။
ဆဲြတင္သလိုနဲ႔ ျပန္တြန္းခ်ၿပီး၊အားေပးသလိုနဲ႔ အားငယ္ေအာင္လုပ္ေနေသာေမဦးႏွင့္သူ႔သမီးအငယ္မကို ေဒၚယဉ္တင့္ၾကၫ့္မရေတာ့ေပ။ေမညို႔ကိုၾကၫ့္လိုက္ေတာ့လည္း
ဘာမ်ွ၀င္မေျပာ၍ ကိုယ္လည္းႏႈတ္ဆိတ္ေနလိုက္ရသည္။အခုၾက ေမညိုကဘာေၾကာင့္ႏႈတ္ဆိတ္ေနရတာလဲ။ပံုရိပ္ေလးေစာ္ကားေျပာဆိုခံေနတာကို ဒီအတိုင္းေအးေဆးေနႏိုင္လိုက္တာဟု မခံမရပ္ႏိုင္ျဖစ္ေနမိသည္။
ပံုရိပ္ေလးကေတာ့ မ်က္ႏွာေလးၫွိုးက်သြားတာမ်ား သနားစရာပင္။
ဒီအဖြားရယ္၊ဒီသားသမီးနဲ႔ဒီေျမးေတြၾကားမွာ ကေလးမေလးကို ဘယ္လိုကာကြယ္ေပးရေကာင္းမလဲ။သူ႔ခမ်ာ အားငယ္ေနရွာမွာေပါ့။
"အရိပ္...ထမင္းစားၿပီးရင္...အဖြားရဲ့အခန္းထဲကိုလာခဲ့..."
"အခုပဲၿပီးၿပီအဖြား...အခုပဲလိုက္ခဲ့မယ္.."
အဖြားရဲ့စကားစမၫ့္အခ်ိန္ကိုေစာင့္ေနမိ၍ ခ်က္ခ်င္းပဲအေနာက္မွ ထရပ္လိုက္သည္။
အဖြား၏ဝွီးခ်ဲလ္ကိုအလိုက္သင့္ေလးတြန္းေပး၍ ထမင္းစားခန္းမွထြက္လာလိုက္သည္။
ကိုယ့္ကို စကားနာထိုးခဲ့သူေတြကိုေတာ့ ပံုရိပ္လွၫ့္ေတာင္မၾကၫ့္ခဲ့ေပ။
"အရိပ္...အခန္းတံခါးကိုပိတ္ၿပီး ဟိုခံုေပၚမွာသြားထိုင္..."
ပံုရိပ္လည္း အဖြားေျပာသၫ့္အတိုင္းအခန္းတံခါးကို ပိတ္ၿပီးအခန္းထဲတြင္ ခ်ထားေသာဆက္တီခံုေပၚတြင္ ၀င္ထိုင္လိုက္သည္။
အဖြားကေတာ့ ပံုရိပ္ႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္
ဝွီးခ်ဲလ္ကိုရပ္လိုက္သည္။
"ခုဏက...ထမင္းဝိုင္းမွာ...ဘာလို႔သူတို႔ေျပာသမ်ွကို ခံမေျပာပဲၿငိမ္ခံေနခဲ့တာလဲ.."
အဖြားေဒၚရိပ္ညိုသည္ သူ၏မာထန္ေသာအသံအား အရိွန္မေလ်ွာ့ပဲပံုရိပ္ကိုေမးသည္။
ဝွီးခ်ဲလ္ေပၚမွာထိုင္ေနေပမဲ့ ေရာက္ခါစတည္းကသတိထားမိသည္မွာ အဖြားသည္အၿမဲတမ္းခါးကိုမတ္မတ္ထားၿပီး ထိုင္တတ္ေလသည္။နဖူးကိုအေျပာင္သိမ္းကာဆံပင္ကို ထိပ္တြင္ဆုထံုးထား၍ အဖြား၏မ်က္ႏွာသည္ေက်ာ့ရွင္းေနသည္။
"တကယ္ေတာ့ သမီးဒီကိုေရာက္လာရတာက အေဒါ့္ေယာက္်ားနဲ႔ျပႆနာျဖစ္လို႔ပါ...ဒီအိမ္ကေနထပ္ၿပီးထြက္သြားရရင္ သမီးမွာသြားဖို႔ေနရာမရိွေတာ့ဘူး...ဒါေၾကာင့္လူတိုင္းနဲ႔ျပႆမျဖစ္ခ်င္လို႔ သည္းခံေနတာပါ..
ေနာက္ၿပီး သူတို႔ကသမီးရဲ့အစ္မေတြ၊အေဒၚေတျြဖစ္ေနေတာ့ ျပန္ေျပာရင္ရိုင္းတယ္လို႔ထင္ၾကမွာမ်ိဳး မျဖစ္ေစခ်င္ဘူး...အရာရာကိုသည္းခံဖို႔သမီးစဉ္းစားထားပါတယ္..."
"မဟုတ္ေသးဘူးပံုရိပ္.. သည္းခံတယ္ဆိုတာပံုစံအမ်ိဳးမ်ိဳးရိွတယ္...ကိုယ့္အတြက္အက်ိဳးရိွတဲ့ကိစၥနဲ႔အက်ိဳးအျမတ္ရမဲ့ကိစၥကိုသည္းခံတာကကိစၥမရိွဘူး...ေနာက္ဆံုးမွာအျမတ္ရမွာကကိုယ္ပဲ...တမင္နစ္နာေစခ်င္လို႔ႏိွမ့္ခ်တာကိုေတာ့ သည္းခံစရာမလိုဘူး...သူတို႔ကအဖြားကလဲြၿပီး...က်န္တာကိုေၾကာက္ၾကတဲ့လူေတြမဟုတ္ဘူး...အခုအဘြားရိွေနလ်ွက္နဲ႔ေတာင္...ဒီလိုအႏိုင္က်င့္ခ်င္ရင္..အဖြားကြယ္ရာမွာ ဒီ့ထပ္ဆိုးလိမ့္မယ္...မင္းကအဖြားရဲ့ေျမး..သူတို႔ကလည္းအဖြားရဲ့ေျမးေတြေပမဲ့ သူတို႔မိဘရဲ့ေလာင္းရိပ္ေအာက္မွာ ဗီဇဆိုးေတြကပါလာခဲ့ေတာ့ အဖြားသြန္သင္လို႔မရေတာ့ဘူး...အရိပ္ကေတာ့မတူဘူး...
မွတ္ထား..ေနာက္တစ္ခါအက်ိဳးမရိွပဲဘယ္ေတာ့မွသည္းမခံနဲ႔...အရိပ္ဘက္ကေနေနရာတိုင္းလိုက္ၿပီး ကာကြယ္ေပးႏိုင္မွာမဟုတ္ဘူး..ကိုယ့္ကိုကိုယ္အားကိုး..မင္းရဲ့အေနာက္မွာ အဖြားရိွတယ္.."
"ဟုတ္ကဲ့...သမီးမွတ္ထားပါမယ္..."
"အင္း..ေနာက္ေန့ကစၿပီး..အရိပ္ကိုသင္ယူခိုင္းစရာေတြအမ်ားႀကီးရိွပါေသးတယ္...
ဒီေန့ေတာ့..သြားနားလိုက္အံုး..."
"ဟုတ္ကဲ့..."
အေပၚဆံုးအထပ္သို႔ အျမန္ေျပးတက္ခဲ့ၿပီး အခန္းတံခါးကိုဖြင့္ကာ အိပ္ယာေပၚသို႔လွဲခ်လိုက္မိသည္။
ဘယ္အရာကမွ လြယ္ကူမေနပါလား။သင္ယူစရာေတြအမ်ားႀကီး ရိွေသးသည္တဲ့။အဖြားကဘာေတြကို သင္ယူခိုင္းမွာမ်ားလဲ။
အေဖေျပာဖူးေသာ စကားေတြကိုေတာ့ပံုရိပ္မွတ္မိပါသည္။အဖြားကဟင္းခ်က္အရမ္းေကာင္းသည္တဲ့ေလ။ၿပီးေတာ့ ေဆာင္းတီးတာကိုဝါသနာပါသည္ဟု ေျပာခဲ့တယ္။
ပံုရိပ္၏ အခန္းထဲတြင္လည္း ေဆာင္းတစ္ခုကို အလွထားတာကိုေတြ့ရေလသည္။
"ဟူး...၀ကၤမ႓ာထဲကိုေရာက္လာရသလိုပဲ..."
အခုခ်ိန္မွာ ပံုရိပ္အလုပ္ခ်င္ဆံုးအရာကေတာ့ ေဒၚေလးတို႔၊ဆရာတို႔ဆီကိုဖုန္းဆက္ခ်င္တာပဲ။
အခုအခ်ိန္ေလာက္ဆို ေဒၚေလးတို႔ဘာလုပ္ေနၾက
မလဲ။အေတြးစေတြႏွင့္အတူ ရင္ေမာလ်ွက္ တံခါးကိုဖြင့္ၿပီး လသာေဆာင္ကိုထြက္လာမိေတာ့
ဟိုးအေဝးႀကီးမွာ အတန္းလိုက္ျဖစ္ေနေသာ ေတာင္တန္းေတြကို မိႈင္းမိႈင္းပ်ပ်ေတြ့ေနရေလသည္။
ၿပီးေတာ့ မီးေတြထိန္လင္းေနေသာကားလမ္းမႀကီးကိုပါလွမ္းျမင္ေနရသည္။
ဒီတစ္ညတာကုန္ဆံုးၿပီးလ်ွင္ ပံုရိပ္၏ဘ၀ဟည္ဘယ္လိုဘယ္ပံု ေမ်ာလြင့္ရအံုးမွာပါလဲ။
သန္းေခၚထက္ေတာ့ ညၪ့္မနက္ႏိုင္ေတာ့ေပ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ပံုရိပ္ရဲ့ ဘ၀ကအဖြားႀကီးနဲ႔ေတြ့မွ စၿပီးေျပာင္းလဲလာမွာပါ...
No comments:
Post a Comment