(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၄၄)
"မမရေ....ဖုန်းလာနေတယ်...ဖွားညိုဆီကတဲ့...."
"အေး...ငါလာပြီ...."
မီးဖိုချောင်ထဲတွင် ထမင်းစားပြီး၍ဆေးလက်စပန်းကန်ကို အမြန်လက်စသတ်ကာဖုန်းဆီသို့အပြေးသွားရလေသည်။ဖွားညိုဆို၍ ရင်တော့ထိတ်မိသည်။ဖုန်းဆက်တိုင်း ပြန်လာဖို့ချည်းပဲပြောနေ၍ မနည်းချွဲထားရသည်မဟုတ်ပါလား။
"မမရေ....ရော့....ကွိုင်နော်.."
ပိစိမ၏ လက်ထဲမှဖုန်းကိုလှမ်းယူလိုက်မိပေမဲ့
မကိုင်မိသေးပေ။ပိစိမ၏ မျက်နှာကြီးမသာမယာဖြစ်နေပုံရရင်တော့ ဟိုကဆူလိုက်လို့ပဲနေမည်။
ဖွားညိုဟာလေ ပြောတော့ပုံရိပ်ကိုတစ်ကိုယ်တည်းကောင်းကောင်းရပ်တည်စေချင်တယ်ဆိုပြီး
ဘယ်နေရာသို့သွားသွားစိတ်မချတတ်ပေ။
ဘယ်လောက်ပဲ ထက်မြက်သည့်အမျိုးသမီးဖြစ်နေပါစေ အသက်ကြီးလာတော့လည်း သားသမီးမြေးမြစ်တွေကို အနီးမှာပဲရှိစေချင်ပုံရသည်။
"နင့်ကို ဘာပြောသေးလဲ..."
"သင်္ကြန်လည်တဲ့ကိစ္စကို ဆူနေတာ...ပိစိကတော့
ကျွင်းတူးပြီးသာ ပုန်းနေလိုက်ချင်တော့တယ်...."
မျက်နှာလေး ငိုမဲ့မဲ့နှင့် အိမ်ရှေ့ခန်းတွင်ရှိနေကြသော ကလေးနှစ်ယောက်နှင့်သွားဆော့နေလေသည်။ပုံရိပ်ကိုလည်း ဘာတွေဆူအုံးမလဲမသိပေ။
သက်ပြင်းမောကိုမှုတ်ထုတ်လိုက်ကာ
ဖုန်းကိုကိုင်လိုက်ရသည်။
"ဟယ်လို...ဖွားညို...နေကောင်းရဲ့လား....."
".............…...….."
"အင်း....ဘယ်တွေမှမသွားပါဘူးအဖွားရယ်...
အဲ့တစ်ရက်လေးပဲ ထွက်လည်တာပါ.."
"..................….…"
"ဖွားကလည်း ကြံဖန်ပြီးစိတ်ပူနေပြန်ပါပြီ...ဒီမှာဒေါ်လေးကလည်း အပြင်တွေအရမ်းထွက်တာကို
မကြိုက်ဘူးလေ...ဒါကြောင့်..ခြံပြင်မှာလောက်ပဲ...ရေထွက်ပက်တာပါ...."
"........…......."
"တကယ်ပါဖွားရယ်...မလိမ်ပါဘူး...အားတဲ့အချိန်ဆိုရင် ဘုန်းကြီးကျောင်းမှာသွားနေတယ်လေ..."
..............
"ဒေါ်လေးက...အခုအိမ်မှာမရှိဘူးလေ...ဒီနားကဈေးဆိုင်ကိုသွားတယ်...ဖွားညိုရောညနေစာစားပြီးပြီလား ....ဆေးရောသောက်ပြီးပြီလား...."
........
"ဟုတ်ကဲ့ပါ...နှစ်ဆန်းတစ်ရက်နေ့ကိုရောက်တာနဲ့ ချက်ချင်းပြန်လာခဲ့ပါ့မယ်...စိတ်ချပါ...ပြန်လာတာနဲ့..အဖွားစိတ်တိုင်းကျအောင်အထိ ကြိုးစားမှာပါ.."
.......
"ဟုတ်ကဲ့...အဖွားလည်းကျန်းမာရေးကို ဂရုစိုက်ပါနော်...ဒါပဲနော်...ဟူး!!!!"
ဖုန်းပြောအပြီးမှာ လေကိုအ၀ရှူသွင်းပြီး ရှိုက်ထုတ်လိုက်ရသည်။
အဖွားကတော့ ပုံရ်ပ်ကိုအတင်းပြန်ခေါ်နေလေပြီ။
ဒီနေ့ကအကြက်နေ့ဆိုတော့ မနက်ဖြန်တစ်ရက်စာနေပြီးရင် ပုံရိပ်မန္တလေးသို့ ပြန်ရတော့မည်။
ထပ်ပြီးတော့ ဒီကလူတွေနှင့်တစ်နှစ်ပတ်လုံး ခွဲရအုံးတော့မည်။ပုံရိပ် ဘာလုပ်ရမလဲ။
ဆရာနဲ့ တွေ့ရဖို့ဆိုရင် ဒီနေ့ကအကောင်းဆုံးပါပဲ။မနက်ဖြန်ဆိုရင် မနက်ပိုင်းမှာ ဥပုဒ်စောင့်ပြီးတာနဲ့ ကားလတ်မှတ်ကြိုဖြတ်ရအုံးမည်။ခရီးသွားဖို့အတွက် ပြင်ဆင်ရမှာဖြစ်ပြီး လက်ဆောင်ပစ္စည်းတွေလည်း သွား၀ယ်ရအုံးမည်မို့ တစ်နေကုန်အားနိုင်မည်မထင်ပေ။
"ပိစိမရေ...ဒေါ်လေးပြန်လာရင်...
ငါဘုန်းကြီးကျောင်းကို ခဏသွားတယ်လို့ပြောလိုက်နော်...."
"ဟုတ်ကဲ့...မကြီးကဘယ်အချိန်ပြန်လာမှာလဲ....."
"သိပ်မကြာပါဘူး...."
ချက်ချင်းပဲ အိမ်အပြင်သို့ ပြေးထွက်လိုက်ပြီ ခြေလှမ်းသွက်သွက်နှင့်ပင် ဘုန်းကြီးကျောင်းသို့လျှောက်လာခဲ့လိုက်သည်။
ပုံရိပ်သည် ယောက်ျားတစ်ယောက်ဆီကို အရှက်မဲ့စွာလှမ်းသွားနေမိပြီ။
ဆရာ့ကြောင့် ပုံရိပ်တွင်မာနတွေ ကင်းစင်ကုန်လေပြီ။
ဒါပေမဲ့ ဆရာကတော့ပုံရိပ်အပေါ်မှာ တပည့်
တစ်ယောက်ထက်တော့ ပို၍မြင်နိုင်မည်မထင်ပေ။ပုံရိပ်ကလှသည်ဟု အခြားလူတွေကခဏခဏ
ပြောဖူးပေမဲ့ ဆရာ့ကတော့ ပုံရိပ်ကိုထိုသို့မြင်မည်မဟုတ်ပေ။ပုံရိပ်ကို ကလေးဟုပဲသတ်မှတ်သည်။ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံသည်။
သူ့စိတ်ကို ပုံရိပ်ဘယ်လို ပြောင်းလဲရပါ့မလဲ။
ပုံရိပ်ဟာ ပန်းကလေးတစ်ပွင့်ဖြစ်နေပြီး ဆရာ့ရှေ့တည့်တည့်မှာ ကြွေကျပြရင်တောင်
ဆရာကကောက်ယူမည်မထင်ပေ။
ယမင်းကဲ့သို့ ပုံရိပ်သည်လည်းအချစ်ရူးဖြစ်နေလေပြီ။
"ကိုရင်....ဆရာနေမျိုးရှိလား..."
ဘုန်းကြီးကျောင်း၀န်းထဲသို့ ရောက်သည်နှင့်
ကိုရင်တစ်ပါးကို မေးလိုက်မိလေသည်။
"ဆရာမရှိဘူး...အပြင်ခဏသွားတယ်..."
"ဘယ်တော့ပြန်လာမယ်လို့ပြောခဲ့လဲ..."
"သိဘူးလေ...အဲ့ဒါတော့..."
ကိုရင်လေးကလည်း ခေါင်းတကုတ်ကုတ်နှင့်
သူမသိကြောင်းပြောပြီး ဘောဇနဆောင်ထဲသို့
၀င်သွားလေသည်။ ပုံရိပ်မှာတော့ ဘုန်းကြီးကျောင်းထဲတွင်ပဲ ထိုင်စောင့်နေရမလား။
အိမ်ကိုပဲ ပြန်ရတော့မလားနှင့် တိုင်ပတ်နေတော့သည်။
သို့ပေမဲ့ ဆရာပြန်လာနိုးနှင့် မထူးဇာတ်ခင်းပြီး
ကျောင်းဂိတ်ပေါက်၀နှင့် တန်းနေသော
ဘောဇနဆောင်အနီးမှ ခုံတန်းလေးတွေပေါ်တွင် ထိုင်၍စောင့်နေလိုက်သည်။
"ဒူ....ဒူ....ဒူ"
ဘောဇနဆောင်ဘက်မှ မောင်းထုသံကြားလိုက်ရ၍
ကိုယ်ရင်တွေ ဆွမ်းစားချိန်ရောက်နေပြီမှန်း
သိလိုက်ရသည်။စောင့်နေရတာ နာရီ၀က်နီးပါးလောက်ရှိနေပေမဲ့ ဆရာပြန်မလာခဲ့ပေ။
"ဒကာမကြီး...ဘယ်သူ့ကိုစောင့်နေတာလဲ...."
"ဆရာနေမျိုးကို စောင့်နေတာပါ..."
"ဟုတ်လား..နေမျိုးကထွက်သွားတာ နည်းနည်းကြာပြီကွဲ့..အသိတစ်ယောက်ရဲ့အိမ်မှာ ပြင်စရာလေးတွေရှိလို့ သွားကူပေးအုံးမယ်လို့တော့
ပြောသွားတာပဲ...ပြန်လာတာနောက်ကျမယ်ထင်တယ်...အရေးကြီးကိစ္စရှိရင်....ဦးဇင်းကိုပြောခဲ့လေ..."
"အရမ်းတော့အရေးမကြီးပါဘူး...တပည့်တော်ကနောက်တစ်ရက်လောက်ဆိုရင်...မန္တလေးကိုပြန်ရတော့မှာမို့လို့...ကြိုပြီးလာနှုတ်ဆက်တာပါ..
ဒါဆိုတပည့်တော်...ညနေဘက်မှပဲပြန်လာပါတော့မယ်..."
"ကောင်းပါပြီကွယ်...."
ဦးဇင်းလည်း ကျောင်းပေါ်သို့တက်သွားသလို
ပုံရိပ်လည်း ကျောင်းထဲမှထွက်လာခဲ့လိုက်သည်။
အနောက်ဘက်တွင်ကျန်ခဲ့သော ကန်စွန်းခင်းတွေရှိသည့် ဘက်သို့ကြည့်လိုက်ပြီး ဒီနေရာလေးကို နောက်ထပ်နှစ်တွေထပ်စောင့်ပြီးမှ လာနိုင်မည့်အရေးကို တွေးပူနေမိသည်။
"ဆရာ...."
ပုံရိပ်တို့၏ ခြံထဲသို့ လှမ်း၀င်လိုက်သောအခါ
မထင်မှတ်ထားသော လူနှင့်တွေ့လိုက်ရ၍
အံ့ဩသွားမိသလို ရင်ထဲမှလည်းလှိုက်ဖိုကြည်နူးရပါသည်။
ဆရာကတော့ ပုံရိပ်ကိုမမြင်ပေမဲ့ ပုံရိပ်ကတော့
ဆရာ့လှုပ်ရှားမှု တစ်ခုဆီတိုင်းကို
မျက်တောင်မခတ်စတမ်း ငေး၍ကြည့်နေမိလေသည်။
ဘောင်းဘီအတို ဒူးအုပ်လောက်နှင့် ရှပ်အိင်္ကျီလက်တိုကို ၀တ်ဆင်ထားသည်မှာအသက်၂၄နှစ်အရွယ် အမျိုးကောင်းသားလေးမှန်း ပို၍ထင်ပေါ်နေသလိုပင်။
"ဆရာတို့...ဘာလုပ်နေတာလဲ...."
ရေမော်တာနှင့်ရေစည်ရှိသောနေရာတွင် အခြားလက်သမားနှစ်ယောက်နှင့်အတူတစ်ခုခုဆောက်လုပ်နေဟန်ရှိ၍ ဆရာ့ဆီသို့ပြေးသွားကာ မေးလိုက်မိသည်။
"ရေချိုးတဲ့နေရာကိုကာနေတာလေ.…."
"ဟင်...ဟိန်းကို..."
ဆရာ့ကို မေးလိုက်ပေမဲ့ဖြေလိုက်တာက ဟိန်းကိုဖြစ်နေသည်။သေချာကြည့်လိုက်တော့မှ
အခြားအလုပ်သမားတစ်ယောက်နှင့်အတူ
အကာလုပ်နေသော ဘက်အခြမ်းတွင် ရှိနေသူမှာဟိန်းကို ဖြစ်နေသည်။ဟိန်းကိုကရော ဘာကြောင့်ရောက်နေတာပါလိမ့်။
"ဟဲ့...နင်ကရော...ဘာလာလုပ်တာလဲ..."
"အမယ်...အစ်မကြီးရယ်..မေးလိုက်ပုံကြီးကလည်း
အစ်မကြီးတို့ရဲ့ အိမ်သားတွေလုံလုံခြုံခြုံရေချိုးလို့ရအောင်...လာကာပေးတာလေ...ငါကတော့ဆရာလုပ်နေတာတွေ့လို့..လာကူပေးတာ..."
"ပုံရိပ်...ဒီမှာကနေပူတယ်...အိမ်ထဲကို၀င်တော့..."
"ဟုတ်ကဲ့...."
သံကိုတူနှင့်ထုနေရင်းမှ ပုံရိပ်ကိုအတင်းနှင်လွှတ်နေသောဆရာ့ကြောင့် အိမ်ထဲသို့၀င်ဖို့လုပ်ရတော့သည်။ဒေါ်လေးတို့ပိစိမတို့ကတော့
အိမ်အပေါက်၀မှနေ၍ သူတို့လုပ်တာကို ထိုင်ကြည့်နေကြလေသည်။
ပုံရိပ်ကတော့ ဒေါ်သတွေအလိပ်လိုက်ထွက်လာတာပဲသိတယ်။
သူများဆရာကိုများ နေပူကြီးထဲမှာ ဒေါ်လေးမို့လို့ခိုင်းရက်တယ်။
ပိစိမကို အနောက်သို့တွန်းထုတ်ပြီး သူ့နေရာမှာလုထိုင်ပြစ်လိုက်သည်။
"ဟဲ့...ဘယ်လိုဖြစ်နေတာလဲ..."
"ဘာဖြစ်ရမှာလဲဒေါ်လေးရဲ့...သူများဆရာကို
အခုလိုနေပူကြီးထဲမှာ အလုပ်လုပ်ခိုင်းတာကောင်းသလားလို့...အားနာစရာကြီး.."
"ဟဲ့....နင့်ဆရာကိုငါကဘာလို့လုပ်ခိုင်းရမှာလည်း..
သူကပန်းရံသမားမှမဟုတ်တာ..."
"ကြည့်ဒေါ်လေးတို့က ဗြောင်လိမ်ပြီ..."
"အံမယ်..ငါခေါက်ထည့်လိုက်ရ....."
"ကောင်းတယ်...."
"ပိစိမ...နင်နော်..."
ဒေါ်လေးက ပုံရိပ်ကိုခေါက်မယ်ဆို၍ အပျော်ကြီးပျော်နေသော ပိစိမကိုမျက်စောင်းလှမ်းထိုးလိုက်မိသည်။
အကျင့်ယုတ်မ...ဆရာ့ကိုရှာဖို့ဘုန်းကြီးကျောင်းကို သွားမှန်းသိလျှက်နဲ့ ဆရာကဒီရောက်နေတာတောင် လာမခေါ်ဘူး။
ပုံရိပ်မှာတော့ ဘုန်းကြီးကျောင်းမှာ ဟိုလူကြည့်တာခံလိုက်ရ ဒီလူကြည့်တာခံလိုက်ရနှင့် အရှက်မရှိစောင့်လိုက်ရတာ။
"ဘာမှ ပိစိမကိုသွားပြီးအပြစ်တင်မနေနဲ့...နင့်ဆရာကိုလည်း ကျုပ်တို့ကခိုင်းတာမဟုတ်ပါဘူးတော်...
သူ့ဘာသာ ဒေါ်လေးတို့အိမ်မှာက မိန်းမသားတွေချည်းပဲတဲ့...ရေချိုးတာအကာအရံလေးနဲ့မှ သင့်တော်တယ်ဆိုပြီး လာလုပ်ပေးနေတာပဲ..
ဟိန်းကိုလေးကတော့ လမ်းသွားရင်းနဲ့၀င်ကူညီတာပေါ့.…"
နေပူထဲမှာ ချွေးသီးချွေးပေါက်တွေ ခိုတွဲ၍မောနေရှာသော ဆရာ့ကိုလှမ်းကြည့်လိုက်မိရင် ပြုံးလိုက်မိပါသည်။ဆရာက ပုံရိပ်၏အတွင်းစိတ်ကို သိနေသလိုပဲကွယ်။ဟိုဘက်အိမ်က ယောက်ျားလေးတွေက ပုံရိပ်တို့ရေချိုးတဲ့အချိန်မှာ အပေါက်၀မှာရပ်နေတာနဲ့ ဆုံတဲ့အခါတိုင်းစိတ်မသိုးမသန့်ဖြစ်ခဲ့ရသည်။
အကာအရံလေးနဲ့ဆိုတော့ လုံခြုံသွားတာပေါ့။
"ဟဲ့...သူတို့ပြီးပြီထင်တယ်...နောက်ဖေးမှာလက်ဖက်သုပ်ပန်းကန်နဲ့ဓာတ်ဗူးတင်ထားတဲ့
လင်ဗန်းကို သွားယူစမ်းပါမိပုံရယ်...."
"ဟုတ်ကဲ့...ဒေါ်လေး...."
နောက်ဖေးမီးဖိုထဲသို့ ပုံရိပ်၀င်သွားလိုက်တော့
ပိစိမကလည်းအနောက်မှ လိုက်လာလေသည်။
လိုက်ကူညီတာတော့ မဟုတ်ပဲစကားလိုက်များခြင်းဖြစ်နေလေသည်။
"မမရဲ့လူကြီးက....အလိုက်တော့သိသားပဲနော်...
တို့မမလေး..ရေချိုးရင်ရှက်နေမှာသိလို့ချက်ချင်းကို အကာအရံတွေလာလုပ်ပေးတာ...."
"ဟာ...ဆရာကငါ့တစ်ယောက်တည်းအတွက်
လာလုပ်ပေးတာမဟုတ်လောက်ပါဘူးဟယ်...
ဒီအိမ်မှာကမိန်းမတွေပဲနေတာလေ...အကုန်လုံးအတွက်ပေါ့.."
"မဟုတ်ပါဘူးနော်...ဒေါ်လေးကအသက်ကြီးနေပြီလေ...သူ့ကိုဘယ်သူကကြည့်ကြမှာလဲ...
သမီးကလည်းလှမှမလှတဲ့ဥစ္စာ...ငမဲခြောက်ကိုတော့ အရေးအရာလုပ်ပြီး လာမကြည့်လောက်ပါဘူး..အဲ့တော့ဟော့ဒီကအချောအလှ...
တို့မမအတွက်မဟုတ်ရင်..
ဘယ်သူ့အတွက်ဖြစ်နိုင်မှာလဲ...."
"နင်ပြောသလိုဆိုရင်တော့...ကောင်းတာပေါ့..."
"ဟုတ်ပါတယ်ဆိုနေမှ...မယုံဘူးနော်..."
"အေးပါ...ထားလိုက်တော့...ငါရေနွေးသွားပို့လိုက်အုံးမယ်..."
ရေနွေးကြမ်းဗန်းကို အိမ်ရှေ့သို့သယ်ထုတ်လာတော့ ဆရာနှင့်ဟိန်းကိုက အိမ်ကြီးနှင့်ကပ်လျှက်ရှိ နှင်းဆီပန်းအိုးတွေ စိုက်ထားသောအရိပ်ရသည့်နေရာတွင် ထိုင်နေကြလေသည်။
ဒေါ်လေးကတော့ အိမ်အပေါက်၀မှနေ၍စကားတွေလှမ်းပြောနေလေသည်။
"ဒါနဲ့...နယ်ကိုပြောင်းရတော့မယ်ဆို...ဟုတ်လား.."
"ဟုတ်ကဲ့...ဒါပေမဲ့လိုပါသေးတယ်...ခြောက်လပိုင်းကျော်ကျော်လောက်မှပါဒေါ်လေး...."
"အင်း...တောင်ကြီးကိုမဟုတ်ပဲ...မန္တလေးကိုကျရင်ကောင်းမှာပဲ...ဒါဆိုရင်မင်းရဲ့နှမလေးကိုလည်း စောင့်ရှောက်လို့ရတာပေါ့...."
ဒေါ်လေးက ဒီနေရာမှာတော့အားကိုးရသားဟု
တွေးလိုက်မိပြီး ပုံရိပ်ကြိတ်၍ပြုံးလိုက်မိသည်။ဆရာတို့ဘေးနားသို့ သွားထိုင်ပြီး ရေနွေးကြမ်းကိုငဲ့ပေးလိုက်ကာ တစ်ယောက်တစ်ခွက် ကမ်းပေးလိုက်သောအခါ ဟိန်းကိုက ပုံရိပ်ကိုမျက်လုံးလေးဝိုင်းကာ အံ့ဩဟန်နှင့်မော့ကြည့်လာလေသည်။
ပုံရိပ်လည်း သူ့ကိုပြုံးပြလိုက်မိပါသည်။
ယမင်းရဲ့ ကိစ္စကလည်းလွှတ်ချလိုက်ဖို့အချိန်တန်ပါပြီလေ။သူ့ကိုလည်း ခွင့်လွှတ်လိုက်ပါပြီ။
"ဒါနဲ့ဆရာ...ဆရာကဘယ်ဌာနမှာလုပ်တာလဲ...."
"ဆရာကHRအနေနဲ့လုပ်တာလေ...."
"ဟာ...ဒါဆိုရင်ဆရာကလစာကောင်းတာပေါ့..."
"အဲ့လောက်လည်းမဟုတ်ပါဘူး...၁၀သိန်းအထက်လောက်ပါပဲ..."
"ဟာ...မိုက်လိုက်တာ...အင်ဂျင်နီယာတောင်ဆရာ့လောက်ရပါ့မလား..."
"ရတဲ့လူတွေလည်းရှိမှာပေါ့ကွာ...."
"ဆရာကအဲ့လောက်လစာများတာ...မန္တလေးကို
သာပြောင်းလာရင်...ပုံရိပ်ကခဏခဏမုန့်၀ယ်ကျွေးခိုင်းမှာ...."
တမင်တကာဆရာ့ကို စမ်းသပ်သည့်အနေနဲ့မေးလိုက်ခြင်းဖြစ်သည်။
ပုံရိပ်၏စကားကြောင့် ဆရာသည်အနည်းငယ်တွေဝေသွားပုံပေါ်လေသည်။
နဖူးကို လက်ချောင်းတွေနှင့်ကုတ်ခြစ်နေတာကအစ
ချစ်စရာကောင်းနေပြန် ၏။
ဆရာ့၏ လက်ချောင်းရှည်ရှည်သွယ်သွယ်လေးများကအစ ပုံရိပ်လိုက်ငေးနေမိသည်။
ဆရာပြန်ပြောမည့်စကားအတွက်လည်း ရင်ခုန်နေမိလေပြီ။
"မုန့်၀ယ်ကျွေးတာကတော့ ပုံရိပ်ကဆရာ့ထက်တောင်၀င်ငွေကောင်းသေးတယ်...ဆရာ့ကိုပြန်၀ယ်ကျွေးရမှာမဟုတ်ဘူးလား...ဆရာ့အလုပ်ကပုံရိပ်ထက်အများကြီး လစာနည်းတယ်..."
"ဟာ...ဆရာကလည်း...လစာကမနည်းပါဘူးနော်...
ဆရာကအရမ်းတော်တာ...ကြိုးစားနေတဲ့လူတိုင်း
ကို သမီးကအထင်ကြီးပြီးသားပဲ...ငွေကအဓိကမဟုတ်ဘူး..."
"မမရေ..."
ပုံရိပ်ဘက်မှ စကားကျွံသွားတာကြောင့် ပိစိမကလှမ်း၍ဟန့်လေသည်။စိတ်ထိန်းနေသည့်ကြားထဲကနေ ဘာလို့များမြောင်းဖောက်တဲ့ စကားတွေပြောမိရပြန်တာလဲ။ဆရာနဲ့တွေ့ရင် စကားပြောတာကအစအဲ့လိုကပြောင်းကပြန်တွေ အမြဲဖြစ်သည်။
"ဆရာက တောင်ကြီးကိုသွားဖို့သဘောတူလိုက်ပြီဆိုတော့ မန္တလေးကိုအခြားတစ်ယောက်က သွားရမှာလေ..."
"အင်း...ဒါဆိုရင်တော့...နောက်နောင်ဆရာနဲ့တွေ့ဖို့ကအဆင်မပြေနိုင်တော့ဘူး...သမီးကလည်းမန္တလေးမှာ ကျောင်းတက်ရမှာနဲ့...လုပ်ငန်းအကြောင်းတွေကို လေ့လာရမှာနဲ့...ဆရာကလည်းဒီမှာရှိတော့မှာ မဟုတ်ဘူး...."
"ဖုန်းဆက်လို့ရတယ်လေ...ဆရာ့ဖုန်းနံပါတ်ကို ပုံရိပ်သိနေတာပဲ....."
"အော်...ဒါနဲ့ဆရာဖေ့ဘွတ်ခ်သုံးလား...သမီးလည်းမနေ့ကမှဖွင့်လိုက်တာ..."
"ပုံရိပ်...နင်ဖေ့ဘွတ်ခ်သုံးရင်...ငါလာaddလိုက်မယ်လေ..."
"အေး...ငါဖုန်းသွားယူလိုက်အုံးမယ်..."
ပုံရိပ်လည်း အပေါ်မှာဖုန်းပြေးယူလိုက်ပြီး
အင်တာနက်ဖွင့်လိုက်ကာ အောက်သို့ပြန်ဆင်းလာခဲ့လိုက်သည်။ Facebook ဖွင့်တာက သိပ်မကြာသေးတော့ သုံးနေသုံးထတော့ မရှိသေးပေ။
"ဆရာ...ဆရာ့အကောင့်ကိုရိုက်လိုက်ပါလား....
သမီးကဖုန်းလက်ကွက်ကို နှိပ်ရတာမသွက်သေးလို့.."
ဆရာ့လက်ထဲသို့ ပုံရိပ်၏ဖုန်းလေးကို ပေးလိုက်တော့ ဆရာသည်သူ့လက်ချောင်းရှည်ရှည်သွယ်သွယ်လေးများကို အလုပ်ပေးနေလေတော့သည်။
ခဏအကြာမှာ Nay(နေ)ဆိုပြီးအင်္ဂလိပ်စာလုံးနှင့် အမည်ပေးထားသော အကောင့်ကိုပုံရိပ်ကိုပြလေသည်။
ဆရာ့အကောင့်၏profileတွင် ဆရာတို့ရုံး၏
ယူနီဖောင်းနှင့် ရိုက်ထားသောပုံကိုတင်ထားလေသည်။ဆရာက HRဆိုတော့အလုပ်သမားတွေကလာ၍ followထားပုံရသည်။လိုက်ခ်ပေးထားသူတွေရော followထားသူတွေရောများတဲ့အပြင် friendအရေအတွက်လက်ခံထားတာကလည်း
ထောင်ကျော်သည်။
အသက်လည်းငယ်တယ်၊ရုပ်လည်းချောတဲ့အပြင် တော်လည်းတော်တော့ အလုပ်မှာဝိုင်းဝိုင်းလည်နေမှာ သေချာသည်။
ဆရာ့၏ အပြင်လူနေမှုပုံစံကို စပ်စုခွင့်ရလေပြီမို့အနည်းငယ်တော့ ပျော်သွားမိပါသည်။
ဆရာ့အကောင့်ကတော့ ဆယ်လီအကောင့်လိုဖြစ်နေပေမဲ့ ပုံရိပ်၏အကောင့်ကတော့ profileကနှင်းဆီပန်းပုံကြီး ဖြစ်နေကာဘာသူငယ်ချင်းမှလည်း မရှိသေးပဲအကောင့်အတုကြီးလို
ဖြစ်နေသည်။ဆယ်တန်းဖြေပြီးမှ ဖုန်းကိုင်ခွင့်ပေးသောအဖွားကိုလည်း စိတ်ဆိုးမိပါသည်။
"ပုံရိပ်...ငါ့အကောင့်ကိုရိုက်ပေးမယ်လေ..."
"အေး...ရိုက်ရှာပေး...."
ဟိန်းကိုသည်လည်း သူ့အကောင့်ကိုရိုက်ပေးနေ၍ ရှေ့တိုးပြီးကြည့်လိုက်တော့....
"အမယ်..Ko Koဆိုပါလား... followerတွေကလည်း၅၀၀၀တောင်များလှချည်လား...ဟိန်းကို..
နင်ကဆယ်လီဖြစ်နေပြီပေါ့...."
"ဟာ...မဟုတ်ပါဘူးဟာ...ငါကttဆော့တယ်လေ...အဲ့ဒါကြောင့်..ttကလူတွေကလာပြီး
Followလုပ်ကြတာပါ..."
"ttဟုတ်လား..အဲ့ဒါကဘာကြီးလည်း...."
"ဟာ...နင်ကလည်းသူဌေးအိမ်မှာနေပြီးတော့
ဒါလေးတောင်မသိဘူးလား..တစ်တော့ခ်ကိုပြောတာလေဟာ..ဖျော်ဖြေရေးအပလီကေးရှင်းပေါ့...
လူတိုင်းttဆော့နေတာ နင်ပဲကျောက်ခောတ်ရောက်နေသိလား...."
"ဟဲ့...ငါကဆယ်တန်းပြီးမှဖုန်းကိုင်ခွင့်ရတာလေ...
Websiteထဲမှာတော့အဲ့ဒီအပလီကေးရှင်းကိုတွေ့ဖူးပါတယ်...ဒါပေမဲ့စိတ်မ၀င်စားလို့ဝင်မကြည့်မိပါဘူး...နင်ပြောမှပဲငါလည်းDownloadပြီးဆော့ကြည့်ရမယ်...."
"ဟာ..မလုပ်နဲ့နော်...နင့်ရုပ်နင့်ရည်နဲ့ဆိုရင်...နှာဘူးတွေဝိုင်းပြီး... followလုပ်ကြလိမ့်မယ်...မလုပ်နဲ့"
"ဟုတ်လား...ဆရာ...ဆရာရော..ttဆော့လားဟင်.."
မျက်လုံးဝိုင်းလေးများနှင့် မေးလာသောပုံရိပ်ကိုကြည့်ပြီး ဆရာသည်သွားစွယ်လေးများပေါ်အောင် ရယ်လိုက်လေတော့သည်။ပြီးနောက် ပုံရိပ်၏ခေါင်းလေးကို ပုတ်လိုက်ပြီး...
"ဆရာကတော့...ဝါသနာမပါလို့မဆော့ဖြစ်ဘူး...
ပုံရိပ်ကအပြင်းပြေကြည့်ချင်ရင်တော့ဖွင့်ထားပေါ့..
သူများဆော့တာကို လိုက်ကြည့်ပြီး...ဆော့တတ်ရင်ဆော့ပေါ့...ဒါပေမဲ့လျှပ်ပေါ်လော်လီတာတွေတော့
မတင်နဲ့ပေါ့..."
"ဟုတ်တယ်...နင်မဟုတ်တာတွေလျှောင်မတင်နဲ့နော်...အချို့ကောင်မလေးတွေဆိုရင်...
အလကားနေ ဒီလိုဒီလိုခါပြနေတာ...."
"ဟား...ဟား..."
"ဟဲ့..ဟိန်းကိုအခြောက်မ...ဘာကြီးတုံး...."
"ဟိန်းကိုရယ်...နင့်ဟာကလည်းဟယ်...."
"ဒေါ်လေးကလည်း အဲ့လိုလှုပ်တာပါဆို...."
ဟိန်းကိုက မတ်တပ်ထရပ်လိုက်ပြီး ခါးကိုဘယ်ညာရမ်းကာ ခပ်နွဲ့နွဲ့နှင့်အိုးလေးလှုပ်ပါဟေ့ သီချင်းလိုသူ့အိုးကို လှုပ်ပြနေတော့ ပုံရိပ်တို့တစ်သိုက်လုံး
ဝါးလုံးကွဲအောင် ရယ်မိကြလေသည်။
"ဟဲ့...ငါကအဲ့လိုလုပ်စရာလား...ဒီတိုင်းပဲအပြင်းပြေကြည့်မှာ...."
"သိဘူးလေ...လုပ်မှာစိုးလို့ပြောပြတာ...
ကောင်မလေးတေများ...မြန်မာ၀တ်စုံတွေနဲ့လည်းအဲ့လိုလှုပ်ပြနေတာပဲ...အောက်ကနှာဘူးတွေကလည်း သွားရည်တမျှမျှနဲ့...အချစ်လေးဘာလေးနဲ့...
ကောလ်မန့်တွေဝိုင်းရေးကြတာဟာ..."
"အံမယ်...အဲ့နှာဘူးထဲမှာနင်လည်းပါတယ်မဟုတ်လား...အဲ့လိုမဟုတ်ပဲနဲ့..နင်ကအိုးလှုပ်တာရော...
ကောမန့်မှာရေးထားကြတာရော...ဘယ်လိုသိမလဲ...
"ဟာ....နင်ကလဲ..."
ရှက်ပြီး သူ့လည်ဂုတ်ကိုသူပွတ်နေ၍ ပုံရိပ်နှင့်ပိစိမကတော့ တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ကာ ရယ်လိုက်မိသည်။
ဆရာ့ကိုကြည့်လိုက်တော့ ပုံရိပ်၏ဖုန်းကိုကိုင်ပြီးttဖွင့်ပေးနေလေသည်။
"ပုံရိပ်..ဒီမှာကြည့်လို့ရပြီ...."
ဟိန်းကိုက မတ်တပ်ရပ်နေသည့်အတွက်သူ့နေရာမှ၀င်ထိုင်လိုက်ပြီး ဆရာညွှန်ပြလိုက်သည့်
ဖုန်းစခရင်မ်ကို ကြည့်လိုက်သည်။
ဆရာ့လက်ချောင်းလေးတွေက အကွက်လေးတွေကို လိုက်ထောက်နေ၍ ရွေ့လျှားမှုတစ်ခုဆီတိုင်းကို အလွတ်မပေးမိချေ။ဘေးခြင်းယှဉ်လျှက်ထိုင်နေမိ၍ ဆရာ့ဆီကအမျိုးသားသုံး အမွှေးနံ့သင်းသင်းလေးကိုလည်း ရနေလေသည်။
ပခုံးချင်းထိမိသည့်အခါ ပုံရိပ်၏လက်ဖျားတွေအေးတက်လာပေမဲ့ နှလုံးသွေးတွေကတော့ ပူလောင်လာကာ ရင်ခုန်နှုန်းတွေပါ မြန်ဆန်လာသည်။ပုံရိပ်က အနောက်သို့နည်းနည်းရောက်နေသဖြင့် ဆရာ့နားသယ်စလေးကို မြင်နေရလေသည်။
ပုံရိပ်၏ နှာသီး၀မှလေပူလေးတွေ မှုတ်ထုတ်လိုက်တိုင်း ဆရာ့နားသယ်စပ်လေးကို တိုးတိုက်သွားတာကို ဆရာကရောသတိမှထားမိရဲ့လား။
"ဆရာ...ဒီဟာကဘာလဲဟင်..."
ဆရာထောက်ပြနေသော အကွက်လေးဘေးနားကိုလက်ညှိုးလေးနှင့် ထောက်ပြလိုက်တော့
ဆရာ့လက်ချောင်းနှင့်ပုံရိပ်၏လက်ညှိုးလေးက တိုက်မိသွားသည်။
တမင်ဒီလိုဖြစ်အောင် လုပ်လိုက်တာမို့
နှုတ်ခမ်းကိုစိပြီး ပြုံးလိုက်မိသည်။
ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ကာပြုံးလိုက်ရင်း
အပေါ်သို့မော့ကြည့်လိုက်တော့ ဒေါ်လေးနှင့်ပိစိက အဓိပ္ပာယ်ပါသော မျက်၀န်းများဖြင့် ကြည့်လာကြသည်။
သွားပြီ...ဒေါ်လေးရိပ်မိသွားပြီလားမသိဘူး
"ရပြီ...ဆရာ...သမီးဒီလောက်ဆိုရင်...
နားလည်ပါပြီ...ဒါကသုံးချင်မှလည်းသုံးမှာပါ..."
"အာ...မမကလည်း...သူများလိုကပြစရာမှမလိုတာ..၀တ်စုံလှလှလေး၀တ်ပြီးစန္ဒယားတီးပြလိုက်လေ...ပိစိကဗီဒီယိုရိုက်ပေးမှာပေါ့..."
"ပုံရိပ်ကစန္ဒယားလည်းတီးတတ်တာလား..."
"ဟုတ်ကဲ့...သမီးတီးတတ်ပါတယ်...."
"တယ်ဟုတ်ပါလား..."
ဆရာက အချိုသာဆုံးပြုံးပြီး ချီးမွမ်းခန့်ဖွင့်လာတော့ လူကအလိုလိုလေထဲသို့မြောက်ချင်လာသည်။ဒီလိုမှန်းသာသိရင် ဆရာချီးကျူးအောင် ခဏခဏကိုယ်တတ်တဲ့အရာတွေကို ထုတ်ကြွားခဲ့ပါတယ်။
"ပုံရိပ်...နင်သာစန္ဒယားတီးပြရင်...ဆယ်လီဖြစ်သွားမှာကျိန်းသေတယ်..."
"ဟုတ်တယ်...ဖွားညိုကမမကို...ယဉ်ကျေးမှုတက္ကသိုလ်က တကယ်တော်တဲ့ဆရာကြီးနဲ့သင်ခိုင်းထားတာလေ...ပထမဆရာလေးတုန်းကတော့
မမကို ကြိတ်ကြွေနေပုံရတယ်သိလား...မမစန္ဒယားတီးနေရင်...ခိုးခိုးကြည့်တာ...ပိစိမမြင်သားပဲ...
အဲ့ဒါကြောင့် ဖွားညိုကအလုပ်ဖြုတ်လိုက်တာ...
ဖွားညိုကမမကိုသိပ်ချစ်တာ...
အခြားမြေးတွေထက်ကို ပိုချစ်တယ်
ဖွားညိုကလေ...မမကိုဘယ်သူနဲ့မှသဘောတူတာမဟုတ်ဘူး..."
"ပိစိမ...ဘာတွေလျှောက်ပြောနေတာလဲ...."
စကားတွေ တအားမလွန်လာခင်ပိစိမကို ပုံရိပ်လှမ်းဟန့်လိုက်ရသည်။ဖွားညိုက ပုံရိပ်ကိုမဖြစ်သင့်တာမဖြစ်ရအောင် ကာကွယ်ပေးတတ်ပေမဲ့ပုံရိပ်၏ ရွေးချယ်မှုကိုတော့ အမြဲအလေးထားတတ်သူပါလေ။
"ရေချိုးဖို့ ကာတာလည်းပြီးသွားပြီဆိုတော့ ကျွန်တော်ပြန်လိုက်ပါအုံးမယ်ဒေါ်လေး...
လက်သမားခကတော့ ကျွန်တော်ပေးပြီးသွားပါပြီ.."
"ဟယ်...အဲ့လိုတော့မလုပ်ပါနဲ့နေမျိုးရယ်...
ကူလည်းဆောက်ပေးသေးတယ်...လက်သမားခလည်းဆိုက်ပြီး ပေးလိုက်တယ်ဆိုတော့..
အားနာစရာကြီးကွယ်.."
"ရပါတယ်...ကျွန်တော်ပြန်လိုက်ပါအုံးမယ်...."
"နေ့လယ်စာတော့ စားသွားအုံးလေကွယ်..."
"ကျွန်တော်စားပြီးပါပြီ..."
"အေး..အေး..."
ပုံရိပ်၏စိတ်ထဲမှာ ဝေခွဲမရသည့်ခံစားချက်ကြီးတိုး၀င်လာသည်။ချက်ချင်းကြီး ထပြန်ရလောက်သည်အထိ ဆရာဘာကိုစိတ်ဆိုးသွားတာဖြစ်မလဲ။
ပိစိမရဲ့ စကားကြောင့်များလား။
မဖြစ်နိုင်တာ ဆရာကပုံရိပ်ကိုစိတ်၀င်စားနေရင်တော့ တစ်မျိုးပေါ့။အခုကြတော့ ချက်ချင်းလက်ငင်းကြီးကို မျက်နှာကမသာမယာဖြစ်သွားပြီး ထပြန်သွားသည်။
ဆရာ့ရဲ့အတွေးတွေကို ပုံရိပ်လိုက်မမှီတော့ဘူးဆရာရယ်။ဆရာ့နှလုံးသားထဲက သွေးကြောမျှင်တစ်ခုစီတိုင်းကို မြင်နိုင်စွမ်းရှိရင်သိပ်ကောင်းမှာပဲ။
ပုံရိပ်ဘက်ကနေ စပြီးပွင့်လင်းရအောင်လည်း
ဆရာ့ဘက်ကခံစားချက်ကို ပုံရိပ်နားမလည်ဘူး။
ပြီးတော့ ပုံရိပ်ရဲ့အသက်ကအရမ်းငယ်သေးတယ်။
အခုချိန်မှာ ရည်းစားထားမိရင် ဖွားညိုနဲ့တကွ အကုန်လုံးက ပုံရိပ်ကိုအပြစ်တင်ကြလိမ့်မယ်။
ချစ်တတ်တာပဲ သိပေမဲ့။
ဖွင့်ဟဖို့တော့ မရဲဘူးဆရာရယ်။အခြားနေရာမှာ လုပ်ရဲကိုင်ရဲ ရှိချင်ရှိမယ်။
ဒါပေမဲ့ အချစ်နဲ့ပတ်သတ်ရင်တော့ အသက်အရွယ်ရော၊အတွေ့အကြုံရောက အနုတ်အောက်မှပါ။
ပုံရိပ်အများကြီး မမျှော်မှန်းတော့ပါဘူး။
ဆရာပေးသမျှ ကြင်နာမှုလေးတွေကိုသာ
မြတ်နိုးခြင်းသေတ္တာလေးထဲမှာ အမှတ်တရသိမ်းထားချင်ပါတယ်။သိမ်းထားခွင့်ပြုပါ။
"ပုံရိပ်...ငါလည်းပြန်တော့မယ်...အိမ်ရောက်တော့မှ..ဖေ့ဘွတ်ခ်မှာ...နင်addထားတာကိုလက်ခံလိုက်မယ်..."
"အေးပါ..."
ဟိန်းကိုအား လက်ပြလိုက်ပြီးနောက် ခုံပေါ်မှာတင်ထားသော ဖုန်းလေးကိုကောက်ကိုင်လိုက်ပြီး
ကိုယ့်အိပ်ခန်းထဲသို့ ပြန်၀င်လာခဲ့လိုက်သည်။
အင်တာနက်ချိတ်ပြီးသားမို့ ဆရာ့အကောင့်ထဲသို့ တစ်ချက်၀င်မွှေလိုက်ပါသည်။
ဆရာက ဆေးကုမ္ပဏီမှာလုပ်တာဆိုတော့
သူ့ဝေါလ်ထမှာက ဆေးဝါးထုတ်ကုန်အ ကြောင်းတွေနှင့် အလုပ်သမားတွေအလုပ်လုပ်နေသည့်
ပုံတွေကိုသာ တင်ထားလေသည်။
နောက်ဆုံးတင်ထားတာကတော့ သင်္ကြန်အကြို
နေ့ကဖြစ်သည်။ဘာပုံမှတွဲပြီးမတင်ထားပဲ
စာသားချည်းပဲတင်ထားလေသည်...
**မျက်၀န်းဝိုင်းလေးတွေနှင့် ဆုံသည်..
ကြည်လင်းပြီး မွှေးပျံ့တဲ့ရနံ့လေး
အသက်ရှုဖို့တောင်
မေ့ခဲ့တဲ့ တခဏဟာ သူမကြောင့်တဲ့လား..*
"ဘာလဲဟဒါက..ကဗျာလား..ဒါဆိုရင်ဘာလို့တိုတိုလေးဖြစ်နေရတာလဲ...."
ပုံရိပ်လည်း အရမ်းသိချင်နေတာမို့ ကောမန့်နေရာကိုလက်ထောက်ကြည့်လိုက်မိသည်။
သူတို့အလုပ်ကလား သူငယ်ချင်းတွေလားမသိပေမဲ့ မန့်ထားတာတော့ မနည်းမနောပင်။
ပုံရိပ်လည်း စိတ်ရှည်ရှည်နဲ့တစ်ခုချင်းဆီကို
လိုက်ဖတ်ကြည့်လိုက်မိသည်။
ဆရာကလည်း မေးခွန်းတစ်ခုဆီကိုစာပြန်ထားလေသည်။
ဆရာကြီးရေ...ဘယ်ကမျက်၀န်းဝိုင်းလေးလဲဗျ
ပြောပြစရာလား
ကြောင်မြတ်ရှင်နဲ့တွေ့ခဲ့တာလား...
ဟ...ခင်ဗျားက..ကွီးနေထူးနိုင်ဖန်များလား
"ဟား..ဟား...မထင်ထားဘူး...ဆရာကလည်းပြန်နောက်တတ်တာပဲ..."
Commentမှာဆရာစာပြန်ထားတာကို လိုက်ဖတ်ပြီးတစ်ယောက်တည်း သွားကြီးဖြဲပြီး ရယ်နေမိတာ ပါးစပ်ကို ပြန်၍မစိနိုင်တော့ပေ။အသက်တွေသာ ကြီးကြတာ ပေါက်ကရတော့ ပြော၍မဆုံးကြပေ။
ကျုပ်သိတယ်နော်...ဆရာမကိုပဲအသဲစွဲအောင်ချစ်တော့မည်မဟုတ်လား...
ဟာဗျာ...လုပ်ပြီ...တင်းပုတ်နဲ့အထုခံရမယ်နော်
"ဒါကဆရာမကြည်ပြာရဲ့ ယောက်ျားအကောင့်မဟုတ်လား...ဆရာမကိုပဲဆိုတာ...
မမခင်ရူပကိုပြောတာများလား...ဆရာကလည်း
မငြင်းထားဘူးဆိုတော့...ဟင်း...အသဲကွာဖို့ရာခိုင်နှုန်းကများနေပြီပေါ့...."
ကြည်လင်ပြီး မွှေးပျံ့တာ...ဗျူးတီးခေါင်းလျှော်ရေလား ဆရာ
Ha..Ha😁
အစ်မတစ်ယောက်က ပြောထားတာကိုကြတော့ ဆရာကအီမိုဂျီလေးပို့ပြီး ရယ်ထားသေးသည်။
သူ့ရုံးကလူတွေနေမှာပေါ့ ။
တို့ဆရာကြီးတော့ အချစ်ဒဿနတွေ ဖွင့်ဟပြနေပြီပေါ့
နေမျိုးရေ...မလျှိုနဲ့နော်
ရင်ကိုခွဲပြီး...ဆားသိပ်တော့မှာလားဟေ...
အသက်ရှူဖို့မေ့တယ်ဆိုတော့...အောက်စီဂျင်ဗူးယူလာပေးရမလား
ဆေးရုံတက်ဖို့ မှီသေးတယ်မဟုတ်လား..
ဘာပန်းလေးလဲဆရာ....
ကော့မန့်တွေထဲမှာ ဒီတစ်ယောက်ပဲ အဆင်ပြေပြေမန့်ထားတာကြောင့် အောက်ကစာပြန်ထားသောနေရာလေးကို ထောက်ကြည့်လိုက်တော့ ဆရာကစာပြန်ထားလေသည်။ဆရာရေးထားတဲ့ စာလေးကိုစိတ်လှုပ်ရှားစွာ ပုံရိပ်ဖတ်ကြည့်လိုက်မိသည်..
ဖြူစင်တဲ့....တောပန်းကလေးပါ...
စံပယ်လား...ခရေလား...စကားပန်းလား...
ထိုလူကထပ်မေးထားတော့ ဆရာကစာနဲ့ပြန်မဖြေပဲ ထိုcommentလေးကို❤️အသဲလေးသာပေးထားလေသည်။
ဘာကိုဆိုလိုချင်တာလဲ။
ဒီပန်းတွေထဲက တစ်ခုခုများလား။
ပဟေဠိဆန်လိုက်တာဆရာရယ် ရှေ့နေမလုပ်ပဲစုံထောက်လိုင်းကို ပြောင်းရမလိုတောင်ဖြစ်နေပြီ။
ဆရာ့ရင်ထဲက စာတွေကိုပုံရိပ်ကဘယ်လိုလုပ်ပြီး ဖတ်တတ်မှာလဲ။
"ဟူး...."
လေပူတွေကိုမှုတ်ထုတ်လိုက်ပြီး ဖုန်းကိုပိတ်ထားလိုက်မိသည်။
ဆရာပြောတဲ့ ပန်းကလေးကဘယ်ပန်းများလဲ။
ဆရာပြောတဲ့ မျက်၀န်းဝိုင်းလေးကရော
ဘယ်တစ်ခုကလဲ။
ဆရာက အလုပ်သမားပေါင်းများစွာနဲ့ တွဲပြီး
အလုပ်လုပ်နေရသူဆိုတော့ မမခင်ရူပမဟုတ်လည်း သူ့အလုပ်ထဲကတစ်ယောက်ယောက်ဖြစ်နိုင်တာပဲ။
ပုံရိပ်သာ လိုက်ပြီးသ၀န်တိုရရင် အသက်အရင်
တိုလိမ့်မယ်ဆရာကြီးရေ။
🌹🌹🌹🌹🌹🌹🌹
(ပုံရိပ်ကို စုံထောက်လိုင်းကိုပြောင်းကူပေးလိုက်ကြပါ)
=======================================================================
ဆူးႀကိဳး(အခန္း၄၄)
"မမေရ....ဖုန္းလာေနတယ္...ဖြားညိုဆီကတဲ့...."
"ေအး...ငါလာၿပီ...."
မီးဖိုေခ်ာင္ထဲတြင္ ထမင္းစားၿပီး၍ေဆးလက္စပန္းကန္ကို အျမန္လက္စသတ္ကာဖုန္းဆီသို႔အေျပးသြားရေလသည္။ဖြားညိုဆို၍ ရင္ေတာ့ထိတ္မိသည္။ဖုန္းဆက္တိုင္း ျပန္လာဖို႔ခ်ည္းပဲေျပာေန၍ မနည္းခၽဲြထားရသည္မဟုတ္ပါလား။
"မမေရ....ေရာ့....ကြိုင္ေနာ္.."
ပိစိမ၏ လက္ထဲမွဖုန္းကိုလွမ္းယူလိုက္မိေပမဲ့
မကိုင္မိေသးေပ။ပိစိမ၏ မ်က္ႏွာႀကီးမသာမယာျဖစ္ေနပံုရရင္ေတာ့ ဟိုကဆူလိုက္လို႔ပဲေနမည္။
ဖြားညိုဟာေလ ေျပာေတာ့ပံုရိပ္ကိုတစ္ကိုယ္တည္းေကာင္းေကာင္းရပ္တည္ေစခ်င္တယ္ဆိုၿပီး
ဘယ္ေနရာသို႔သြားသြားစိတ္မခ်တတ္ေပ။
ဘယ္ေလာက္ပဲ ထက္ျမက္သၫ့္အမ်ိဳးသမီးျဖစ္ေနပါေစ အသက္ႀကီးလာေတာ့လည္း သားသမီးေျမးျမစ္ေတြကို အနီးမွာပဲရိွေစခ်င္ပံုရသည္။
"နင့္ကို ဘာေျပာေသးလဲ..."
"သႀကၤန္လည္တဲ့ကိစၥကို ဆူေနတာ...ပိစိကေတာ့
ကၽြင္းတူးၿပီးသာ ပုန္းေနလိုက္ခ်င္ေတာ့တယ္...."
မ်က္ႏွာေလး ငိုမဲ့မဲ့ႏွင့္ အိမ္ေရ႔ွခန္းတြင္ရိွေနၾကေသာ ကေလးႏွစ္ေယာက္ႏွင့္သြားေဆာ့ေနေလသည္။ပံုရိပ္ကိုလည္း ဘာေတြဆူအံုးမလဲမသိေပ။
သက္ျပင္းေမာကိုမႈတ္ထုတ္လိုက္ကာ
ဖုန္းကိုကိုင္လိုက္ရသည္။
"ဟယ္လို...ဖြားညို...ေနေကာင္းရဲ့လား....."
".............…...….."
"အင္း....ဘယ္ေတြမွမသြားပါဘူးအဖြားရယ္...
အဲ့တစ္ရက္ေလးပဲ ထြက္လည္တာပါ.."
"..................….…"
"ဖြားကလည္း ႀကံဖန္ၿပီးစိတ္ပူေနျပန္ပါၿပီ...ဒီမွာေဒၚေလးကလည္း အျပင္ေတြအရမ္းထြက္တာကို
မႀကိဳက္ဘူးေလ...ဒါေၾကာင့္..ၿခံျပင္မွာေလာက္ပဲ...ေရထြက္ပက္တာပါ...."
"........…......."
"တကယ္ပါဖြားရယ္...မလိမ္ပါဘူး...အားတဲ့အခ်ိန္ဆိုရင္ ဘုန္းႀကီးေက်ာင္းမွာသြားေနတယ္ေလ..."
..............
"ေဒၚေလးက...အခုအိမ္မွာမရိွဘူးေလ...ဒီနားကေဈးဆိုင္ကိုသြားတယ္...ဖြားညိုေရာညေနစာစားၿပီးၿပီလား ....ေဆးေရာေသာက္ၿပီးၿပီလား...."
........
"ဟုတ္ကဲ့ပါ...ႏွစ္ဆန္းတစ္ရက္ေန့ကိုေရာက္တာနဲ႔ ခ်က္ခ်င္းျပန္လာခဲ့ပါ့မယ္...စိတ္ခ်ပါ...ျပန္လာတာနဲ႔..အဖြားစိတ္တိုင္းက်ေအာင္အထိ ႀကိဳးစားမွာပါ.."
.......
"ဟုတ္ကဲ့...အဖြားလည္းက်န္းမာေရးကို ဂရုစိုက္ပါေနာ္...ဒါပဲေနာ္...ဟူး!!!!"
ဖုန္းေျပာအၿပီးမွာ ေလကိုအ၀ရႉသြင္းၿပီး ရိႈက္ထုတ္လိုက္ရသည္။
အဖြားကေတာ့ ပံုရ္ပ္ကိုအတင္းျပန္ေခၚေနေလၿပီ။
ဒီေန့ကအၾကက္ေန့ဆိုေတာ့ မနက္ျဖန္တစ္ရက္စာေနၿပီးရင္ ပံုရိပ္မႏၲေလးသို႔ ျပန္ရေတာ့မည္။
ထပ္ၿပီးေတာ့ ဒီကလူေတြႏွင့္တစ္ႏွစ္ပတ္လံုး ခဲြရအံုးေတာ့မည္။ပံုရိပ္ ဘာလုပ္ရမလဲ။
ဆရာနဲ႔ ေတြ့ရဖို႔ဆိုရင္ ဒီေန့ကအေကာင္းဆံုးပါပဲ။မနက္ျဖန္ဆိုရင္ မနက္ပိုင္းမွာ ဥပုဒ္ေစာင့္ၿပီးတာနဲ႔ ကားလတ္မွတ္ႀကိဳျဖတ္ရအံုးမည္။ခရီးသြားဖို႔အတြက္ ျပင္ဆင္ရမွာျဖစ္ၿပီး လက္ေဆာင္ပစၥည္းေတြလည္း သြား၀ယ္ရအံုးမည္မို႔ တစ္ေနကုန္အားႏိုင္မည္မထင္ေပ။
"ပိစိမေရ...ေဒၚေလးျပန္လာရင္...
ငါဘုန္းႀကီးေက်ာင္းကို ခဏသြားတယ္လို႔ေျပာလိုက္ေနာ္...."
"ဟုတ္ကဲ့...မႀကီးကဘယ္အခ်ိန္ျပန္လာမွာလဲ....."
"သိပ္မၾကာပါဘူး...."
ခ်က္ခ်င္းပဲ အိမ္အျပင္သို႔ ေျပးထြက္လိုက္ၿပီ ေျခလွမ္းသြက္သြက္ႏွင့္ပင္ ဘုန္းႀကီးေက်ာင္းသို႔ေလ်ွာက္လာခဲ့လိုက္သည္။
ပံုရိပ္သည္ ေယာက္်ားတစ္ေယာက္ဆီကို အရွက္မဲ့စြာလွမ္းသြားေနမိၿပီ။
ဆရာ့ေၾကာင့္ ပံုရိပ္တြင္မာနေတြ ကင္းစင္ကုန္ေလၿပီ။
ဒါေပမဲ့ ဆရာကေတာ့ပံုရိပ္အေပၚမွာ တပၫ့္
တစ္ေယာက္ထက္ေတာ့ ပို၍ျမင္ႏိုင္မည္မထင္ေပ။ပံုရိပ္ကလွသည္ဟု အျခားလူေတြကခဏခဏ
ေျပာဖူးေပမဲ့ ဆရာ့ကေတာ့ ပံုရိပ္ကိုထိုသို႔ျမင္မည္မဟုတ္ေပ။ပံုရိပ္ကို ကေလးဟုပဲသတ္မွတ္သည္။ကေလးတစ္ေယာက္ကဲ့သို႔ ဆက္ဆံသည္။
သူ႔စိတ္ကို ပံုရိပ္ဘယ္လို ေျပာင္းလဲရပါ့မလဲ။
ပံုရိပ္ဟာ ပန္းကေလးတစ္ပြင့္ျဖစ္ေနၿပီး ဆရာ့ေရ႔ွတၫ့္တၫ့္မွာ ႂကြေက်ျပရင္ေတာင္
ဆရာကေကာက္ယူမည္မထင္ေပ။
ယမင္းကဲ့သို႔ ပံုရိပ္သည္လည္းအခ်စ္ရူးျဖစ္ေနေလၿပီ။
"ကိုရင္....ဆရာေနမ်ိဳးရိွလား..."
ဘုန္းႀကီးေက်ာင္း၀န္းထဲသို႔ ေရာက္သည္ႏွင့္
ကိုရင္တစ္ပါးကို ေမးလိုက္မိေလသည္။
"ဆရာမရိွဘူး...အျပင္ခဏသြားတယ္..."
"ဘယ္ေတာ့ျပန္လာမယ္လို႔ေျပာခဲ့လဲ..."
"သိဘူးေလ...အဲ့ဒါေတာ့..."
ကိုရင္ေလးကလည္း ေခါင္းတကုတ္ကုတ္ႏွင့္
သူမသိေၾကာင္းေျပာၿပီး ေဘာဇနေဆာင္ထဲသို႔
၀င္သြားေလသည္။ ပံုရိပ္မွာေတာ့ ဘုန္းႀကီးေက်ာင္းထဲတြင္ပဲ ထိုင္ေစာင့္ေနရမလား။
အိမ္ကိုပဲ ျပန္ရေတာ့မလားႏွင့္ တိုင္ပတ္ေနေတာ့သည္။
သို႔ေပမဲ့ ဆရာျပန္လာႏိုးႏွင့္ မထူးဇာတ္ခင္းၿပီး
ေက်ာင္းဂိတ္ေပါက္၀ႏွင့္ တန္းေနေသာ
ေဘာဇနေဆာင္အနီးမွ ခံုတန္းေလးေတြေပၚတြင္ ထိုင္၍ေစာင့္ေနလိုက္သည္။
"ဒူ....ဒူ....ဒူ"
ေဘာဇနေဆာင္ဘက္မွ ေမာင္းထုသံၾကားလိုက္ရ၍
ကိုယ္ရင္ေတြ ဆြမ္းစားခ်ိန္ေရာက္ေနၿပီမွန္း
သိလိုက္ရသည္။ေစာင့္ေနရတာ နာရီ၀က္နီးပါးေလာက္ရိွေနေပမဲ့ ဆရာျပန္မလာခဲ့ေပ။
"ဒကာမႀကီး...ဘယ္သူ႔ကိုေစာင့္ေနတာလဲ...."
"ဆရာေနမ်ိဳးကို ေစာင့္ေနတာပါ..."
"ဟုတ္လား..ေနမ်ိဳးကထြက္သြားတာ နည္းနည္းၾကာၿပီကဲြ႔..အသိတစ္ေယာက္ရဲ့အိမ္မွာ ျပင္စရာေလးေတြရိွလို႔ သြားကူေပးအံုးမယ္လို႔ေတာ့
ေျပာသြားတာပဲ...ျပန္လာတာေနာက္က်မယ္ထင္တယ္...အေရးႀကီးကိစၥရိွရင္....ဦးဇင္းကိုေျပာခဲ့ေလ..."
"အရမ္းေတာ့အေရးမႀကီးပါဘူး...တပၫ့္ေတာ္ကေနာက္တစ္ရက္ေလာက္ဆိုရင္...မႏၲေလးကိုျပန္ရေတာ့မွာမို႔လို႔...ႀကိဳၿပီးလာႏႈတ္ဆက္တာပါ..
ဒါဆိုတပၫ့္ေတာ္...ညေနဘက္မွပဲျပန္လာပါေတာ့မယ္..."
"ေကာင္းပါၿပီကြယ္...."
ဦးဇင္းလည္း ေက်ာင္းေပၚသို႔တက္သြားသလို
ပံုရိပ္လည္း ေက်ာင္းထဲမွထြက္လာခဲ့လိုက္သည္။
အေနာက္ဘက္တြင္က်န္ခဲ့ေသာ ကန္စြန္းခင္းေတြရိွသၫ့္ ဘက္သို႔ၾကၫ့္လိုက္ၿပီး ဒီေနရာေလးကို ေနာက္ထပ္ႏွစ္ေတြထပ္ေစာင့္ၿပီးမွ လာႏိုင္မၫ့္အေရးကို ေတြးပူေနမိသည္။
"ဆရာ...."
ပံုရိပ္တို႔၏ ၿခံထဲသို႔ လွမ္း၀င္လိုက္ေသာအခါ
မထင္မွတ္ထားေသာ လူႏွင့္ေတြ့လိုက္ရ၍
အံ့ဩသြားမိသလို ရင္ထဲမွလည္းလိႈက္ဖိုၾကည္ႏူးရပါသည္။
ဆရာကေတာ့ ပံုရိပ္ကိုမျမင္ေပမဲ့ ပံုရိပ္ကေတာ့
ဆရာ့လႈပ္ရွားမႈ တစ္ခုဆီတိုင္းကို
မ်က္ေတာင္မခတ္စတမ္း ေငး၍ၾကၫ့္ေနမိေလသည္။
ေဘာင္းဘီအတို ဒူးအုပ္ေလာက္ႏွင့္ ရွပ္အိက်ႌလက္တိုကို ၀တ္ဆင္ထားသည္မွာအသက္၂၄ႏွစ္အရြယ္ အမ်ိဳးေကာင္းသားေလးမွန္း ပို၍ထင္ေပၚေနသလိုပင္။
"ဆရာတို႔...ဘာလုပ္ေနတာလဲ...."
ေရေမာ္တာႏွင့္ေရစည္ရိွေသာေနရာတြင္ အျခားလက္သမားႏွစ္ေယာက္ႏွင့္အတူတစ္ခုခုေဆာက္လုပ္ေနဟန္ရိွ၍ ဆရာ့ဆီသို႔ေျပးသြားကာ ေမးလိုက္မိသည္။
"ေရခ်ိဳးတဲ့ေနရာကိုကာေနတာေလ.…."
"ဟင္...ဟိန္းကို..."
ဆရာ့ကို ေမးလိုက္ေပမဲ့ေျဖလိုက္တာက ဟိန္းကိုျဖစ္ေနသည္။ေသခ်ာၾကၫ့္လိုက္ေတာ့မွ
အျခားအလုပ္သမားတစ္ေယာက္ႏွင့္အတူ
အကာလုပ္ေနေသာ ဘက္အျခမ္းတြင္ ရိွေနသူမွာဟိန္းကို ျဖစ္ေနသည္။ဟိန္းကိုကေရာ ဘာေၾကာင့္ေရာက္ေနတာပါလိမ့္။
"ဟဲ့...နင္ကေရာ...ဘာလာလုပ္တာလဲ..."
"အမယ္...အစ္မႀကီးရယ္..ေမးလိုက္ပံုႀကီးကလည္း
အစ္မႀကီးတို႔ရဲ့ အိမ္သားေတြလံုလံုႃခံုျခဳံေရခ်ိဳးလို႔ရေအာင္...လာကာေပးတာေလ...ငါကေတာ့ဆရာလုပ္ေနတာေတြ့လို႔..လာကူေပးတာ..."
"ပံုရိပ္...ဒီမွာကေနပူတယ္...အိမ္ထဲကို၀င္ေတာ့..."
"ဟုတ္ကဲ့...."
သံကိုတူႏွင့္ထုေနရင္းမွ ပံုရိပ္ကိုအတင္းႏွင္လႊတ္ေနေသာဆရာ့ေၾကာင့္ အိမ္ထဲသို႔၀င္ဖို႔လုပ္ရေတာ့သည္။ေဒၚေလးတို႔ပိစိမတို႔ကေတာ့
အိမ္အေပါက္၀မွေန၍ သူတို႔လုပ္တာကို ထိုင္ၾကၫ့္ေနၾကေလသည္။
ပံုရိပ္ကေတာ့ ေဒၚသေတြအလိပ္လိုက္ထြက္လာတာပဲသိတယ္။
သူမ်ားဆရာကိုမ်ား ေနပူႀကီးထဲမွာ ေဒၚေလးမို႔လို႔ခိုင္းရက္တယ္။
ပိစိမကို အေနာက္သို႔တြန္းထုတ္ၿပီး သူ႔ေနရာမွာလုထိုင္ျပစ္လိုက္သည္။
"ဟဲ့...ဘယ္လိုျဖစ္ေနတာလဲ..."
"ဘာျဖစ္ရမွာလဲေဒၚေလးရဲ့...သူမ်ားဆရာကို
အခုလိုေနပူႀကီးထဲမွာ အလုပ္လုပ္ခိုင္းတာေကာင္းသလားလို႔...အားနာစရာႀကီး.."
"ဟဲ့....နင့္ဆရာကိုငါကဘာလို႔လုပ္ခိုင္းရမွာလည္း..
သူကပန္းရံသမားမွမဟုတ္တာ..."
"ၾကၫ့္ေဒၚေလးတို႔က ေျဗာင္လိမ္ၿပီ..."
"အံမယ္..ငါေခါက္ထၫ့္လိုက္ရ....."
"ေကာင္းတယ္...."
"ပိစိမ...နင္ေနာ္..."
ေဒၚေလးက ပံုရိပ္ကိုေခါက္မယ္ဆို၍ အေပ်ာ္ႀကီးေပ်ာ္ေနေသာ ပိစိမကိုမ်က္ေစာင္းလွမ္းထိုးလိုက္မိသည္။
အက်င့္ယုတ္မ...ဆရာ့ကိုရွာဖို႔ဘုန္းႀကီးေက်ာင္းကို သြားမွန္းသိလ်ွက္နဲ႔ ဆရာကဒီေရာက္ေနတာေတာင္ လာမေခၚဘူး။
ပံုရိပ္မွာေတာ့ ဘုန္းႀကီးေက်ာင္းမွာ ဟိုလူၾကၫ့္တာခံလိုက္ရ ဒီလူၾကၫ့္တာခံလိုက္ရႏွင့္ အရွက္မရိွေစာင့္လိုက္ရတာ။
"ဘာမွ ပိစိမကိုသြားၿပီးအျပစ္တင္မေနနဲ႔...နင့္ဆရာကိုလည္း က်ဳပ္တို႔ကခိုင္းတာမဟုတ္ပါဘူးေတာ္...
သူ႔ဘာသာ ေဒၚေလးတို႔အိမ္မွာက မိန္းမသားေတြခ်ည္းပဲတဲ့...ေရခ်ိဳးတာအကာအရံေလးနဲ႔မွ သင့္ေတာ္တယ္ဆိုၿပီး လာလုပ္ေပးေနတာပဲ..
ဟိန္းကိုေလးကေတာ့ လမ္းသြားရင္းနဲ႔၀င္ကူညီတာေပါ့.…"
ေနပူထဲမွာ ခၽြေးသီးခၽြေးေပါက္ေတြ ခိုတဲြ၍ေမာေနရွာေသာ ဆရာ့ကိုလွမ္းၾကၫ့္လိုက္မိရင္ ႃပံုးလိုက္မိပါသည္။ဆရာက ပံုရိပ္၏အတြင္းစိတ္ကို သိေနသလိုပဲကြယ္။ဟိုဘက္အိမ္က ေယာက္်ားေလးေတြက ပံုရိပ္တို႔ေရခ်ိဳးတဲ့အခ်ိန္မွာ အေပါက္၀မွာရပ္ေနတာနဲ႔ ဆံုတဲ့အခါတိုင္းစိတ္မသိုးမသန႔္ျဖစ္ခဲ့ရသည္။
အကာအရံေလးနဲ႔ဆိုေတာ့ လံုႃခံုသြားတာေပါ့။
"ဟဲ့...သူတို႔ၿပီးၿပီထင္တယ္...ေနာက္ေဖးမွာလက္ဖက္သုပ္ပန္းကန္နဲ႔ဓာတ္ဗူးတင္ထားတဲ့
လင္ဗန္းကို သြားယူစမ္းပါမိပံုရယ္...."
"ဟုတ္ကဲ့...ေဒၚေလး...."
ေနာက္ေဖးမီးဖိုထဲသို႔ ပံုရိပ္၀င္သြားလိုက္ေတာ့
ပိစိမကလည္းအေနာက္မွ လိုက္လာေလသည္။
လိုက္ကူညီတာေတာ့ မဟုတ္ပဲစကားလိုက္မ်ားျခင္းျဖစ္ေနေလသည္။
"မမရဲ့လူႀကီးက....အလိုက္ေတာ့သိသားပဲေနာ္...
တို႔မမေလး..ေရခ်ိဳးရင္ရွက္ေနမွာသိလို႔ခ်က္ခ်င္းကို အကာအရံေတြလာလုပ္ေပးတာ...."
"ဟာ...ဆရာကငါ့တစ္ေယာက္တည္းအတြက္
လာလုပ္ေပးတာမဟုတ္ေလာက္ပါဘူးဟယ္...
ဒီအိမ္မွာကမိန္းမေတြပဲေနတာေလ...အကုန္လံုးအတြက္ေပါ့.."
"မဟုတ္ပါဘူးေနာ္...ေဒၚေလးကအသက္ႀကီးေနၿပီေလ...သူ႔ကိုဘယ္သူကၾကၫ့္ၾကမွာလဲ...
သမီးကလည္းလွမွမလွတဲ့ဥစၥာ...ငမဲေျခာက္ကိုေတာ့ အေရးအရာလုပ္ၿပီး လာမၾကၫ့္ေလာက္ပါဘူး..အဲ့ေတာ့ေဟာ့ဒီကအေခ်ာအလွ...
တို႔မမအတြက္မဟုတ္ရင္..
ဘယ္သူ႔အတြက္ျဖစ္ႏိုင္မွာလဲ...."
"နင္ေျပာသလိုဆိုရင္ေတာ့...ေကာင္းတာေပါ့..."
"ဟုတ္ပါတယ္ဆိုေနမွ...မယံုဘူးေနာ္..."
"ေအးပါ...ထားလိုက္ေတာ့...ငါေရႏြေးသြားပို႔လိုက္အံုးမယ္..."
ေရႏြေးၾကမ္းဗန္းကို အိမ္ေရ႔ွသို႔သယ္ထုတ္လာေတာ့ ဆရာႏွင့္ဟိန္းကိုက အိမ္ႀကီးႏွင့္ကပ္လ်ွက္ရိွ ႏွင္းဆီပန္းအိုးေတြ စိုက္ထားေသာအရိပ္ရသၫ့္ေနရာတြင္ ထိုင္ေနၾကေလသည္။
ေဒၚေလးကေတာ့ အိမ္အေပါက္၀မွေန၍စကားေတြလွမ္းေျပာေနေလသည္။
"ဒါနဲ႔...နယ္ကိုေျပာင္းရေတာ့မယ္ဆို...ဟုတ္လား.."
"ဟုတ္ကဲ့...ဒါေပမဲ့လိုပါေသးတယ္...ေျခာက္လပိုင္းေက်ာ္ေက်ာ္ေလာက္မွပါေဒၚေလး...."
"အင္း...ေတာင္ႀကီးကိုမဟုတ္ပဲ...မႏၲေလးကိုက်ရင္ေကာင္းမွာပဲ...ဒါဆိုရင္မင္းရဲ့ႏွမေလးကိုလည္း ေစာင့္ေရွာက္လို႔ရတာေပါ့...."
ေဒၚေလးက ဒီေနရာမွာေတာ့အားကိုးရသားဟု
ေတြးလိုက္မိၿပီး ပံုရိပ္ႀကိတ္၍ႃပံုးလိုက္မိသည္။ဆရာတို႔ေဘးနားသို႔ သြားထိုင္ၿပီး ေရႏြေးၾကမ္းကိုငဲ့ေပးလိုက္ကာ တစ္ေယာက္တစ္ခြက္ ကမ္းေပးလိုက္ေသာအခါ ဟိန္းကိုက ပံုရိပ္ကိုမ်က္လံုးေလးဝိုင္းကာ အံ့ဩဟန္ႏွင့္ေမာ့ၾကၫ့္လာေလသည္။
ပံုရိပ္လည္း သူ႔ကိုႃပံုးျပလိုက္မိပါသည္။
ယမင္းရဲ့ ကိစၥကလည္းလႊတ္ခ်လိုက္ဖို႔အခ်ိန္တန္ပါၿပီေလ။သူ႔ကိုလည္း ခြင့္လႊတ္လိုက္ပါၿပီ။
"ဒါနဲ႔ဆရာ...ဆရာကဘယ္ဌာနမွာလုပ္တာလဲ...."
"ဆရာကHRအေနနဲ႔လုပ္တာေလ...."
"ဟာ...ဒါဆိုရင္ဆရာကလစာေကာင္းတာေပါ့..."
"အဲ့ေလာက္လည္းမဟုတ္ပါဘူး...၁၀သိန္းအထက္ေလာက္ပါပဲ..."
"ဟာ...မိုက္လိုက္တာ...အင္ဂ်င္နီယာေတာင္ဆရာ့ေလာက္ရပါ့မလား..."
"ရတဲ့လူေတြလည္းရိွမွာေပါ့ကြာ...."
"ဆရာကအဲ့ေလာက္လစာမ်ားတာ...မႏၲေလးကို
သာေျပာင္းလာရင္...ပံုရိပ္ကခဏခဏမုန႔္၀ယ္ကၽြေးခိုင္းမွာ...."
တမင္တကာဆရာ့ကို စမ္းသပ္သၫ့္အေနနဲ႔ေမးလိုက္ျခင္းျဖစ္သည္။
ပံုရိပ္၏စကားေၾကာင့္ ဆရာသည္အနည္းငယ္ေတြေဝသြားပံုေပၚေလသည္။
နဖူးကို လက္ေခ်ာင္းေတြႏွင့္ကုတ္ျခစ္ေနတာကအစ
ခ်စ္စရာေကာင္းေနျပန္ ၏။
ဆရာ့၏ လက္ေခ်ာင္းရွည္ရွည္သြယ္သြယ္ေလးမ်ားကအစ ပံုရိပ္လိုက္ေငးေနမိသည္။
ဆရာျပန္ေျပာမၫ့္စကားအတြက္လည္း ရင္ခုန္ေနမိေလၿပီ။
"မုန႔္၀ယ္ကၽြေးတာကေတာ့ ပံုရိပ္ကဆရာ့ထက္ေတာင္၀င္ေငြေကာင္းေသးတယ္...ဆရာ့ကိုျပန္၀ယ္ကၽြေးရမွာမဟုတ္ဘူးလား...ဆရာ့အလုပ္ကပံုရိပ္ထက္အမ်ားႀကီး လစာနည္းတယ္..."
"ဟာ...ဆရာကလည္း...လစာကမနည္းပါဘူးေနာ္...
ဆရာကအရမ္းေတာ္တာ...ႀကိဳးစားေနတဲ့လူတိုင္း
ကို သမီးကအထင္ႀကီးၿပီးသားပဲ...ေငြကအဓိကမဟုတ္ဘူး..."
"မမေရ..."
ပံုရိပ္ဘက္မွ စကားကၽြံသြားတာေၾကာင့္ ပိစိမကလွမ္း၍ဟန႔္ေလသည္။စိတ္ထိန္းေနသၫ့္ၾကားထဲကေန ဘာလို႔မ်ားေျမာင္းေဖာက္တဲ့ စကားေတြေျပာမိရျပန္တာလဲ။ဆရာနဲ႔ေတြ့ရင္ စကားေျပာတာကအစအဲ့လိုကေျပာင္းကျပန္ေတြ အၿမဲျဖစ္သည္။
"ဆရာက ေတာင္ႀကီးကိုသြားဖို႔သေဘာတူလိုက္ၿပီဆိုေတာ့ မႏၲေလးကိုအျခားတစ္ေယာက္က သြားရမွာေလ..."
"အင္း...ဒါဆိုရင္ေတာ့...ေနာက္ေနာင္ဆရာနဲ႔ေတြ့ဖို႔ကအဆင္မေျပႏိုင္ေတာ့ဘူး...သမီးကလည္းမႏၲေလးမွာ ေက်ာင္းတက္ရမွာနဲ႔...လုပ္ငန္းအေၾကာင္းေတြကို ေလ့လာရမွာနဲ႔...ဆရာကလည္းဒီမွာရိွေတာ့မွာ မဟုတ္ဘူး...."
"ဖုန္းဆက္လို႔ရတယ္ေလ...ဆရာ့ဖုန္းနံပါတ္ကို ပံုရိပ္သိေနတာပဲ....."
"ေအာ္...ဒါနဲ႔ဆရာေဖ့ဘြတ္ခ္သံုးလား...သမီးလည္းမေန့ကမွဖြင့္လိုက္တာ..."
"ပံုရိပ္...နင္ေဖ့ဘြတ္ခ္သံုးရင္...ငါလာaddလိုက္မယ္ေလ..."
"ေအး...ငါဖုန္းသြားယူလိုက္အံုးမယ္..."
ပံုရိပ္လည္း အေပၚမွာဖုန္းေျပးယူလိုက္ၿပီး
အင္တာနက္ဖြင့္လိုက္ကာ ေအာက္သို႔ျပန္ဆင္းလာခဲ့လိုက္သည္။ Facebook ဖြင့္တာက သိပ္မၾကာေသးေတာ့ သံုးေနသံုးထေတာ့ မရိွေသးေပ။
"ဆရာ...ဆရာ့အေကာင့္ကိုရိုက္လိုက္ပါလား....
သမီးကဖုန္းလက္ကြက္ကို ႏိွပ္ရတာမသြက္ေသးလို႔.."
ဆရာ့လက္ထဲသို႔ ပံုရိပ္၏ဖုန္းေလးကို ေပးလိုက္ေတာ့ ဆရာသည္သူ႔လက္ေခ်ာင္းရွည္ရွည္သြယ္သြယ္ေလးမ်ားကို အလုပ္ေပးေနေလေတာ့သည္။
ခဏအၾကာမွာ Nay(ေန)ဆိုၿပီးအဂၤလိပ္စာလံုးႏွင့္ အမည္ေပးထားေသာ အေကာင့္ကိုပံုရိပ္ကိုျပေလသည္။
ဆရာ့အေကာင့္၏profileတြင္ ဆရာတို႔ရံုး၏
ယူနီေဖာင္းႏွင့္ ရိုက္ထားေသာပံုကိုတင္ထားေလသည္။ဆရာက HRဆိုေတာ့အလုပ္သမားေတြကလာ၍ followထားပံုရသည္။လိုက္ခ္ေပးထားသူေတြေရာ followထားသူေတြေရာမ်ားတဲ့အျပင္ friendအေရအတြက္လက္ခံထားတာကလည္း
ေထာင္ေက်ာ္သည္။
အသက္လည္းငယ္တယ္၊ရုပ္လည္းေခ်ာတဲ့အျပင္ ေတာ္လည္းေတာ္ေတာ့ အလုပ္မွာဝိုင္းဝိုင္းလည္ေနမွာ ေသခ်ာသည္။
ဆရာ့၏ အျပင္လူေနမႈပံုစံကို စပ္စုခြင့္ရေလၿပီမို႔အနည္းငယ္ေတာ့ ေပ်ာ္သြားမိပါသည္။
ဆရာ့အေကာင့္ကေတာ့ ဆယ္လီအေကာင့္လိုျဖစ္ေနေပမဲ့ ပံုရိပ္၏အေကာင့္ကေတာ့ profileကႏွင္းဆီပန္းပံုႀကီး ျဖစ္ေနကာဘာသူငယ္ခ်င္းမွလည္း မရိွေသးပဲအေကာင့္အတုႀကီးလို
ျဖစ္ေနသည္။ဆယ္တန္းေျဖၿပီးမွ ဖုန္းကိုင္ခြင့္ေပးေသာအဖြားကိုလည္း စိတ္ဆိုးမိပါသည္။
"ပံုရိပ္...ငါ့အေကာင့္ကိုရိုက္ေပးမယ္ေလ..."
"ေအး...ရိုက္ရွာေပး...."
ဟိန္းကိုသည္လည္း သူ႔အေကာင့္ကိုရိုက္ေပးေန၍ ေရ႔ွတိုးၿပီးၾကၫ့္လိုက္ေတာ့....
"အမယ္..Ko Koဆိုပါလား... followerေတြကလည္း၅၀၀၀ေတာင္မ်ားလွခ်ည္လား...ဟိန္းကို..
နင္ကဆယ္လီျဖစ္ေနၿပီေပါ့...."
"ဟာ...မဟုတ္ပါဘူးဟာ...ငါကttေဆာ့တယ္ေလ...အဲ့ဒါေၾကာင့္..ttကလူေတြကလာၿပီး
Followလုပ္ၾကတာပါ..."
"ttဟုတ္လား..အဲ့ဒါကဘာႀကီးလည္း...."
"ဟာ...နင္ကလည္းသူေဌးအိမ္မွာေနၿပီးေတာ့
ဒါေလးေတာင္မသိဘူးလား..တစ္ေတာ့ခ္ကိုေျပာတာေလဟာ..ေဖ်ာ္ေျဖေရးအပလီေကးရွင္းေပါ့...
လူတိုင္းttေဆာ့ေနတာ နင္ပဲေက်ာက္ေခာတ္ေရာက္ေနသိလား...."
"ဟဲ့...ငါကဆယ္တန္းၿပီးမွဖုန္းကိုင္ခြင့္ရတာေလ...
Websiteထဲမွာေတာ့အဲ့ဒီအပလီေကးရွင္းကိုေတြ့ဖူးပါတယ္...ဒါေပမဲ့စိတ္မ၀င္စားလို႔ဝင္မၾကၫ့္မိပါဘူး...နင္ေျပာမွပဲငါလည္းDownloadၿပီးေဆာ့ၾကၫ့္ရမယ္...."
"ဟာ..မလုပ္နဲ႔ေနာ္...နင့္ရုပ္နင့္ရည္နဲ႔ဆိုရင္...ႏွာဘူးေတြဝိုင္းၿပီး... followလုပ္ၾကလိမ့္မယ္...မလုပ္နဲ႔"
"ဟုတ္လား...ဆရာ...ဆရာေရာ..ttေဆာ့လားဟင္.."
မ်က္လံုးဝိုင္းေလးမ်ားႏွင့္ ေမးလာေသာပံုရိပ္ကိုၾကၫ့္ၿပီး ဆရာသည္သြားစြယ္ေလးမ်ားေပၚေအာင္ ရယ္လိုက္ေလေတာ့သည္။ၿပီးေနာက္ ပံုရိပ္၏ေခါင္းေလးကို ပုတ္လိုက္ၿပီး...
"ဆရာကေတာ့...ဝါသနာမပါလို႔မေဆာ့ျဖစ္ဘူး...
ပံုရိပ္ကအျပင္းေျပၾကၫ့္ခ်င္ရင္ေတာ့ဖြင့္ထားေပါ့..
သူမ်ားေဆာ့တာကို လိုက္ၾကၫ့္ၿပီး...ေဆာ့တတ္ရင္ေဆာ့ေပါ့...ဒါေပမဲ့လ်ွပ္ေပၚေလာ္လီတာေတြေတာ့
မတင္နဲ႔ေပါ့..."
"ဟုတ္တယ္...နင္မဟုတ္တာေတြေလ်ွာင္မတင္နဲ႔ေနာ္...အခ်ိဳ႕ေကာင္မေလးေတြဆိုရင္...
အလကားေန ဒီလိုဒီလိုခါျပေနတာ...."
"ဟား...ဟား..."
"ဟဲ့..ဟိန္းကိုအေျခာက္မ...ဘာႀကီးတံုး...."
"ဟိန္းကိုရယ္...နင့္ဟာကလည္းဟယ္...."
"ေဒၚေလးကလည္း အဲ့လိုလႈပ္တာပါဆို...."
ဟိန္းကိုက မတ္တပ္ထရပ္လိုက္ၿပီး ခါးကိုဘယ္ညာရမ္းကာ ခပ္ႏဲြ႔ႏဲြ့ႏွင့္အိုးေလးလႈပ္ပါေဟ့ သီခ်င္းလိုသူ႔အိုးကို လႈပ္ျပေနေတာ့ ပံုရိပ္တို႔တစ္သိုက္လံုး
ဝါးလံုးကဲြေအာင္ ရယ္မိၾကေလသည္။
"ဟဲ့...ငါကအဲ့လိုလုပ္စရာလား...ဒီတိုင္းပဲအျပင္းေျပၾကၫ့္မွာ...."
"သိဘူးေလ...လုပ္မွာစိုးလို႔ေျပာျပတာ...
ေကာင္မေလးေတမ်ား...ျမန္မာ၀တ္စံုေတြနဲ႔လည္းအဲ့လိုလႈပ္ျပေနတာပဲ...ေအာက္ကႏွာဘူးေတြကလည္း သြားရည္တမ်ွမ်ွနဲ႔...အခ်စ္ေလးဘာေလးနဲ႔...
ေကာလ္မန႔္ေတြဝိုင္းေရးၾကတာဟာ..."
"အံမယ္...အဲ့ႏွာဘူးထဲမွာနင္လည္းပါတယ္မဟုတ္လား...အဲ့လိုမဟုတ္ပဲနဲ႔..နင္ကအိုးလႈပ္တာေရာ...
ေကာမန႔္မွာေရးထားၾကတာေရာ...ဘယ္လိုသိမလဲ...
"ဟာ....နင္ကလဲ..."
ရွက္ၿပီး သူ႔လည္ဂုတ္ကိုသူပြတ္ေန၍ ပံုရိပ္ႏွင့္ပိစိမကေတာ့ တစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္ၾကၫ့္ကာ ရယ္လိုက္မိသည္။
ဆရာ့ကိုၾကၫ့္လိုက္ေတာ့ ပံုရိပ္၏ဖုန္းကိုကိုင္ၿပီးttဖြင့္ေပးေနေလသည္။
"ပံုရိပ္..ဒီမွာၾကၫ့္လို႔ရၿပီ...."
ဟိန္းကိုက မတ္တပ္ရပ္ေနသၫ့္အတြက္သူ႔ေနရာမွ၀င္ထိုင္လိုက္ၿပီး ဆရာၫႊန္ျပလိုက္သၫ့္
ဖုန္းစခရင္မ္ကို ၾကၫ့္လိုက္သည္။
ဆရာ့လက္ေခ်ာင္းေလးေတြက အကြက္ေလးေတြကို လိုက္ေထာက္ေန၍ ေရြ့လ်ွားမႈတစ္ခုဆီတိုင္းကို အလြတ္မေပးမိေခ်။ေဘးျခင္းယွဉ္လ်ွက္ထိုင္ေနမိ၍ ဆရာ့ဆီကအမ်ိဳးသားသံုး အေမႊးနံ႔သင္းသင္းေလးကိုလည္း ရေနေလသည္။
ပခံုးခ်င္းထိမိသၫ့္အခါ ပံုရိပ္၏လက္ဖ်ားေတြေအးတက္လာေပမဲ့ ႏွလံုးေသြးေတြကေတာ့ ပူေလာင္လာကာ ရင္ခုန္ႏႈန္းေတြပါ ျမန္ဆန္လာသည္။ပံုရိပ္က အေနာက္သို႔နည္းနည္းေရာက္ေနသျဖင့္ ဆရာ့နားသယ္စေလးကို ျမင္ေနရေလသည္။
ပံုရိပ္၏ ႏွာသီး၀မွေလပူေလးေတြ မႈတ္ထုတ္လိုက္တိုင္း ဆရာ့နားသယ္စပ္ေလးကို တိုးတိုက္သြားတာကို ဆရာကေရာသတိမွထားမိရဲ့လား။
"ဆရာ...ဒီဟာကဘာလဲဟင္..."
ဆရာေထာက္ျပေနေသာ အကြက္ေလးေဘးနားကိုလက္ၫွိုးေလးႏွင့္ ေထာက္ျပလိုက္ေတာ့
ဆရာ့လက္ေခ်ာင္းႏွင့္ပံုရိပ္၏လက္ၫွိုးေလးက တိုက္မိသြားသည္။
တမင္ဒီလိုျဖစ္ေအာင္ လုပ္လိုက္တာမို႔
ႏႈတ္ခမ္းကိုစိၿပီး ႃပံုးလိုက္မိသည္။
ပါးစပ္ကို လက္ဖဝါးနဲ႔အုပ္ကာႃပံုးလိုက္ရင္း
အေပၚသို႔ေမာ့ၾကၫ့္လိုက္ေတာ့ ေဒၚေလးႏွင့္ပိစိက အဓိပၸာယ္ပါေသာ မ်က္၀န္းမ်ားျဖင့္ ၾကၫ့္လာၾကသည္။
သြားၿပီ...ေဒၚေလးရိပ္မိသြားၿပီလားမသိဘူး
"ရၿပီ...ဆရာ...သမီးဒီေလာက္ဆိုရင္...
နားလည္ပါၿပီ...ဒါကသံုးခ်င္မွလည္းသံုးမွာပါ..."
"အာ...မမကလည္း...သူမ်ားလိုကျပစရာမွမလိုတာ..၀တ္စံုလွလွေလး၀တ္ၿပီးစႏၵယားတီးျပလိုက္ေလ...ပိစိကဗီဒီယိုရိုက္ေပးမွာေပါ့..."
"ပံုရိပ္ကစႏၵယားလည္းတီးတတ္တာလား..."
"ဟုတ္ကဲ့...သမီးတီးတတ္ပါတယ္...."
"တယ္ဟုတ္ပါလား..."
ဆရာက အခ်ိဳသာဆံုးႃပံုးၿပီး ခ်ီးမြမ္းခန႔္ဖြင့္လာေတာ့ လူကအလိုလိုေလထဲသို႔ေျမာက္ခ်င္လာသည္။ဒီလိုမွန္းသာသိရင္ ဆရာခ်ီးက်ူးေအာင္ ခဏခဏကိုယ္တတ္တဲ့အရာေတြကို ထုတ္ႂကြားခဲ့ပါတယ္။
"ပံုရိပ္...နင္သာစႏၵယားတီးျပရင္...ဆယ္လီျဖစ္သြားမွာက်ိန္းေသတယ္..."
"ဟုတ္တယ္...ဖြားညိုကမမကို...ယဉ္ေက်းမႈတကၠသိုလ္က တကယ္ေတာ္တဲ့ဆရာႀကီးနဲ႔သင္ခိုင္းထားတာေလ...ပထမဆရာေလးတုန္းကေတာ့
မမကို ႀကိတ္ႂကြေနပံုရတယ္သိလား...မမစႏၵယားတီးေနရင္...ခိုးခိုးၾကၫ့္တာ...ပိစိမျမင္သားပဲ...
အဲ့ဒါေၾကာင့္ ဖြားညိုကအလုပ္ျဖဳတ္လိုက္တာ...
ဖြားညိုကမမကိုသိပ္ခ်စ္တာ...
အျခားေျမးေတြထက္ကို ပိုခ်စ္တယ္
ဖြားညိုကေလ...မမကိုဘယ္သူနဲ႔မွသေဘာတူတာမဟုတ္ဘူး..."
"ပိစိမ...ဘာေတြေလ်ွာက္ေျပာေနတာလဲ...."
စကားေတြ တအားမလြန္လာခင္ပိစိမကို ပံုရိပ္လွမ္းဟန႔္လိုက္ရသည္။ဖြားညိုက ပံုရိပ္ကိုမျဖစ္သင့္တာမျဖစ္ရေအာင္ ကာကြယ္ေပးတတ္ေပမဲ့ပံုရိပ္၏ ေရြးခ်ယ္မႈကိုေတာ့ အၿမဲအေလးထားတတ္သူပါေလ။
"ေရခ်ိဳးဖို႔ ကာတာလည္းၿပီးသြားၿပီဆိုေတာ့ ကၽြန္ေတာ္ျပန္လိုက္ပါအံုးမယ္ေဒၚေလး...
လက္သမားခကေတာ့ ကၽြန္ေတာ္ေပးၿပီးသြားပါၿပီ.."
"ဟယ္...အဲ့လိုေတာ့မလုပ္ပါနဲ႔ေနမ်ိဳးရယ္...
ကူလည္းေဆာက္ေပးေသးတယ္...လက္သမားခလည္းဆိုက္ၿပီး ေပးလိုက္တယ္ဆိုေတာ့..
အားနာစရာႀကီးကြယ္.."
"ရပါတယ္...ကၽြန္ေတာ္ျပန္လိုက္ပါအံုးမယ္...."
"ေန့လယ္စာေတာ့ စားသြားအံုးေလကြယ္..."
"ကၽြန္ေတာ္စားၿပီးပါၿပီ..."
"ေအး..ေအး..."
ပံုရိပ္၏စိတ္ထဲမွာ ေဝခဲြမရသၫ့္ခံစားခ်က္ႀကီးတိုး၀င္လာသည္။ခ်က္ခ်င္းႀကီး ထျပန္ရေလာက္သည္အထိ ဆရာဘာကိုစိတ္ဆိုးသြားတာျဖစ္မလဲ။
ပိစိမရဲ့ စကားေၾကာင့္မ်ားလား။
မျဖစ္ႏိုင္တာ ဆရာကပံုရိပ္ကိုစိတ္၀င္စားေနရင္ေတာ့ တစ္မ်ိဳးေပါ့။အခုၾကေတာ့ ခ်က္ခ်င္းလက္ငင္းႀကီးကို မ်က္ႏွာကမသာမယာျဖစ္သြားၿပီး ထျပန္သြားသည္။
ဆရာ့ရဲ့အေတြးေတြကို ပံုရိပ္လိုက္မမွီေတာ့ဘူးဆရာရယ္။ဆရာ့ႏွလံုးသားထဲက ေသြးေၾကာမ်ွင္တစ္ခုစီတိုင္းကို ျမင္ႏိုင္စြမ္းရိွရင္သိပ္ေကာင္းမွာပဲ။
ပံုရိပ္ဘက္ကေန စၿပီးပြင့္လင္းရေအာင္လည္း
ဆရာ့ဘက္ကခံစားခ်က္ကို ပံုရိပ္နားမလည္ဘူး။
ၿပီးေတာ့ ပံုရိပ္ရဲ့အသက္ကအရမ္းငယ္ေသးတယ္။
အခုခ်ိန္မွာ ရည္းစားထားမိရင္ ဖြားညိုနဲ႔တကြ အကုန္လံုးက ပံုရိပ္ကိုအျပစ္တင္ၾကလိမ့္မယ္။
ခ်စ္တတ္တာပဲ သိေပမဲ့။
ဖြင့္ဟဖို႔ေတာ့ မရဲဘူးဆရာရယ္။အျခားေနရာမွာ လုပ္ရဲကိုင္ရဲ ရိွခ်င္ရိွမယ္။
ဒါေပမဲ့ အခ်စ္နဲ႔ပတ္သတ္ရင္ေတာ့ အသက္အရြယ္ေရာ၊အေတြ့အႄကံုေရာက အႏုတ္ေအာက္မွပါ။
ပံုရိပ္အမ်ားႀကီး မေမ်ွာ္မွန္းေတာ့ပါဘူး။
ဆရာေပးသမ်ွ ၾကင္နာမႈေလးေတြကိုသာ
ျမတ္ႏိုးျခင္းေသတၲာေလးထဲမွာ အမွတ္တရသိမ္းထားခ်င္ပါတယ္။သိမ္းထားခြင့္ျပဳပါ။
"ပံုရိပ္...ငါလည္းျပန္ေတာ့မယ္...အိမ္ေရာက္ေတာ့မွ..ေဖ့ဘြတ္ခ္မွာ...နင္addထားတာကိုလက္ခံလိုက္မယ္..."
"ေအးပါ..."
ဟိန္းကိုအား လက္ျပလိုက္ၿပီးေနာက္ ခံုေပၚမွာတင္ထားေသာ ဖုန္းေလးကိုေကာက္ကိုင္လိုက္ၿပီး
ကိုယ့္အိပ္ခန္းထဲသို႔ ျပန္၀င္လာခဲ့လိုက္သည္။
အင္တာနက္ခ်ိတ္ၿပီးသားမို႔ ဆရာ့အေကာင့္ထဲသို႔ တစ္ခ်က္၀င္ေမႊလိုက္ပါသည္။
ဆရာက ေဆးကုမၸဏီမွာလုပ္တာဆိုေတာ့
သူ႔ေဝါလ္ထမွာက ေဆးဝါးထုတ္ကုန္အ ေၾကာင္းေတြႏွင့္ အလုပ္သမားေတြအလုပ္လုပ္ေနသၫ့္
ပံုေတြကိုသာ တင္ထားေလသည္။
ေနာက္ဆံုးတင္ထားတာကေတာ့ သႀကၤန္အႀကိဳ
ေန့ကျဖစ္သည္။ဘာပံုမွတဲြၿပီးမတင္ထားပဲ
စာသားခ်ည္းပဲတင္ထားေလသည္...
**မ်က္၀န္းဝိုင္းေလးေတြႏွင့္ ဆံုသည္..
ၾကည္လင္းၿပီး ေမႊးပ်ံ႔တဲ့ရနံ႔ေလး
အသက္ရႈဖို႔ေတာင္
ေမ့ခဲ့တဲ့ တခဏဟာ သူမေၾကာင့္တဲ့လား..*
"ဘာလဲဟဒါက..ကဗ်ာလား..ဒါဆိုရင္ဘာလို႔တိုတိုေလးျဖစ္ေနရတာလဲ...."
ပံုရိပ္လည္း အရမ္းသိခ်င္ေနတာမို႔ ေကာမန႔္ေနရာကိုလက္ေထာက္ၾကၫ့္လိုက္မိသည္။
သူတို႔အလုပ္ကလား သူငယ္ခ်င္းေတြလားမသိေပမဲ့ မန႔္ထားတာေတာ့ မနည္းမေနာပင္။
ပံုရိပ္လည္း စိတ္ရွည္ရွည္နဲ႔တစ္ခုခ်င္းဆီကို
လိုက္ဖတ္ၾကၫ့္လိုက္မိသည္။
ဆရာကလည္း ေမးခြန္းတစ္ခုဆီကိုစာျပန္ထားေလသည္။
ဆရာႀကီးေရ...ဘယ္ကမ်က္၀န္းဝိုင္းေလးလဲဗ်
ေျပာျပစရာလား
ေၾကာင္ျမတ္ရွင္နဲ႔ေတြ့ခဲ့တာလား...
ဟ...ခင္ဗ်ားက..ကီြးေနထူးႏိုင္ဖန္မ်ားလား
"ဟား..ဟား...မထင္ထားဘူး...ဆရာကလည္းျပန္ေနာက္တတ္တာပဲ..."
Commentမွာဆရာစာျပန္ထားတာကို လိုက္ဖတ္ၿပီးတစ္ေယာက္တည္း သြားႀကီးၿဖဲျပီး ရယ္ေနမိတာ ပါးစပ္ကို ျပန္၍မစိႏိုင္ေတာ့ေပ။အသက္ေတြသာ ႀကီးၾကတာ ေပါက္ကရေတာ့ ေျပာ၍မဆံုးၾကေပ။
က်ဳပ္သိတယ္ေနာ္...ဆရာမကိုပဲအသဲစဲြေအာင္ခ်စ္ေတာ့မည္မဟုတ္လား...
ဟာဗ်ာ...လုပ္ၿပီ...တင္းပုတ္နဲ႔အထုခံရမယ္ေနာ္
"ဒါကဆရာမၾကည္ျပာရဲ့ ေယာက္်ားအေကာင့္မဟုတ္လား...ဆရာမကိုပဲဆိုတာ...
မမခင္ရူပကိုေျပာတာမ်ားလား...ဆရာကလည္း
မျငင္းထားဘူးဆိုေတာ့...ဟင္း...အသဲကြာဖို႔ရာခိုင္ႏႈန္းကမ်ားေနၿပီေပါ့...."
ၾကည္လင္ၿပီး ေမႊးပ်ံ႔တာ...ဗ်ူးတီးေခါင္းေလ်ွာ္ေရလား ဆရာ
Ha..Ha😁
အစ္မတစ္ေယာက္က ေျပာထားတာကိုၾကေတာ့ ဆရာကအီမိုဂ်ီေလးပို႔ၿပီး ရယ္ထားေသးသည္။
သူ႔ရံုးကလူေတြေနမွာေပါ့ ။
တို႔ဆရာႀကီးေတာ့ အခ်စ္ဒႆနေတြ ဖြင့္ဟျပေနၿပီေပါ့
ေနမ်ိဳးေရ...မလ်ိႈနဲ႔ေနာ္
ရင္ကိုခဲြၿပီး...ဆားသိပ္ေတာ့မွာလားေဟ...
အသက္ရႉဖို႔ေမ့တယ္ဆိုေတာ့...ေအာက္စီဂ်င္ဗူးယူလာေပးရမလား
ေဆးရံုတက္ဖို႔ မွီေသးတယ္မဟုတ္လား..
ဘာပန္းေလးလဲဆရာ....
ေကာ့မန႔္ေတြထဲမွာ ဒီတစ္ေယာက္ပဲ အဆင္ေျပျပေမန႔္ထားတာေၾကာင့္ ေအာက္ကစာျပန္ထားေသာေနရာေလးကို ေထာက္ၾကၫ့္လိုက္ေတာ့ ဆရာကစာျပန္ထားေလသည္။ဆရာေရးထားတဲ့ စာေလးကိုစိတ္လႈပ္ရွားစြာ ပံုရိပ္ဖတ္ၾကၫ့္လိုက္မိသည္..
ျဖဴစင္တဲ့....ေတာပန္းကေလးပါ...
စံပယ္လား...ခေရလား...စကားပန္းလား...
ထိုလူကထပ္ေမးထားေတာ့ ဆရာကစာနဲ႔ျပန္မေျဖပဲ ထိုcommentေလးကို❤️အသဲေလးသာေပးထားေလသည္။
ဘာကိုဆိုလိုခ်င္တာလဲ။
ဒီပန္းေတြထဲက တစ္ခုခုမ်ားလား။
ပေဟဠိဆန္လိုက္တာဆရာရယ္ ေရ႔ွေနမလုပ္ပဲစံုေထာက္လိုင္းကို ေျပာင္းရမလိုေတာင္ျဖစ္ေနၿပီ။
ဆရာ့ရင္ထဲက စာေတြကိုပံုရိပ္ကဘယ္လိုလုပ္ၿပီး ဖတ္တတ္မွာလဲ။
"ဟူး...."
ေလပူေတြကိုမႈတ္ထုတ္လိုက္ၿပီး ဖုန္းကိုပိတ္ထားလိုက္မိသည္။
ဆရာေျပာတဲ့ ပန္းကေလးကဘယ္ပန္းမ်ားလဲ။
ဆရာေျပာတဲ့ မ်က္၀န္းဝိုင္းေလးကေရာ
ဘယ္တစ္ခုကလဲ။
ဆရာက အလုပ္သမားေပါင္းမ်ားစြာနဲ႔ တဲြၿပီး
အလုပ္လုပ္ေနရသူဆိုေတာ့ မမခင္ရူပမဟုတ္လည္း သူ႔အလုပ္ထဲကတစ္ေယာက္ေယာက္ျဖစ္ႏိုင္တာပဲ။
ပံုရိပ္သာ လိုက္ၿပီးသ၀န္တိုရရင္ အသက္အရင္
တိုလိမ့္မယ္ဆရာႀကီးေရ။
🌹🌹🌹🌹🌹🌹🌹
(ပံုရိပ္ကို စံုေထာက္လိုင္းကိုေျပာင္းကူေပးလိုက္ၾကပါ)
No comments:
Post a Comment