🔥🌹ဆူးကြိုး(အခန်း၅၄)🔥

 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥🌹ဆူးကြိုး(အခန်း၅၄)🔥


နေ့လည်ပိုင်းမို့ တောင်ကြီးမြို့၏ရာသီဥတုသည်

တိမ်ထူထပ်မနေတော့ပဲ နေရောင်သာပြီးအေးမြမှုနှင့် ပူနွေးမှုလေးကို တစ်ပြိုင်နက်တည်းပေးစွမ်း

နေလေသည်။

ဒါပေမဲ့ ပုံရိပ်၏ခန္ဓာကိုယ်ကတော့ ရာသီဥတုနှင့်ဆန့်ကျင်ဘက်ဖြစ်စွာ အေးစက်နေလေသည်။

စိတ်လှုပ်ရှား လွန်း၍လက်ဖျားတွေအေးစက်နေသည်ဆိုပါက ပို၍မှန်ပါလိမ့်မည်။


တက္ကသိုလ်တက်နေစဉ်အချိန်တွင် လမ်းသွားတိုင်း

ပုံရိပ်ကိုလိုက်၍စကားပြောသူများရှိသလို

အနားရောက်သွားမှ သီချင်းညည်းကာ

ဖွန်ကြောင်သူများလည်း ရှိလေသည်။

ပုံရိပ်သည် ရည်းစားကိစ္စနှင့်အင်မတန်ရှင်းလင်း

ကြောင်းကို ကျိန်ဆို၍တောင်ပြနိုင်သည်။


ကျောင်းကန်တဲင်းသို့ရောက်တိုင်း ဂစ်တာနှင့်

 သီချင်းညည်းသော အုပ်စုအရှေ့ကနေတောင်

ရှက်လို့ ဖြတ်မလျှောက်သောပုံရိပ်သည်

ယခုတော့ အရှက်မရှိနိုင်စွာဖြင့် ယောက်ျားလေးအဆောင်ထဲသို့ ရောက်နေလေသည်။

တီချူးသွယ်ကို အလုပ်အေးဆေးသွားဖို့ပြောပြီး

မိန်းကလေးအဆောင်မှာကျန်နေခဲ့ရာကနေ 

အခုလိုယောက်ျားလေးအဆောင်ဘက်ကူးလာတာ

သိရင် ဘယ်လိုထင်သွားမလဲမသိဘူး။


ယောက်ျားတစ်ယောက်အတွက်နဲ့ မိန်းကလေးတို့

စောင့်ထိန်းအပ်သော စည်းတွေအကုန်လုံးကို

ချိုးဖောက်နေမိတာဟာ မှန်ကန်ပါရဲ့လား။


"ကလေးမ...ဘယ်သူနဲ့တွေ့ချင်လို့လဲ...."


အသံဝဲဝဲနှင့်ဦးလေးကြီးသည် ပုံရိပ်ကိုမေးမြန်းနေသည်မှာ ယခုနှင့်ဆိုလျှင်သုံးလေးကြိမ်လောက်

ရှိပေလိမ့်မည်။အမှန်အတိုင်းပြောချင်ပေမဲ့

ဒဲ့ပြောလိုက်ရင် ပုံရိပ်ကိုအထင်သေးသွားနိုင်တယ်။


"ဟိုလေ...သမီးရဲ့အစ်ကို၀မ်းကွဲတစ်ယောက်ဆီကို

အလည်လာတာပါ..."


"ဟုတ်လား...ကလေးမရဲ့အစ်ကိုနာမည်က

ဘယ်သူလည်းကွဲ့...အခုကအလုပ်သမားတွေ

အလုပ်ဆင်းသွားကြတဲ့အချိန်လေ...ညနေလောက်မှ

ပြန်ရောက်ကြမှာ...."


"ဟို...အစ်ကို့နာမည်ကနေမျိုးလို့ခေါ်ပါတယ်...

သူနေသိပ်မကောင်းဘူးလို့ကြားထားတယ်..."


အတိအကျမသိပေမဲ့ အခြေအနေတစ်ခုကိုတော့

ရှင်းရှင်းလင်းလင်းသိချင်သည်။

တကယ်လို့ ကျန်းမာရေးကောင်းတယ်ဆိုရင်တော့

စိတ်ပူစရာမလိုတော့ပဲ ပြန်ရုံပေါ့။


ပုံရိပ်ပြောလိုက်သော နာမည်ကိုကြားတော့

ဦးလေးကြီးက ခဏစဉ်းစားနေပြီးနောက်

ပုံရိပ်ကိုတစ်ဖန်ပြန်ကြည့်လာသည် ပြီးနောက်

ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး ခဏစောင့်ခိုင်းကာအပေါ်ထပ်သို့ တက်သွားခဲ့သည်။

အချိန်ခဏလေးအတွင်းမှာပဲ သူပြန်ပေါ်လာခဲ့၍

အကြာကြီးတော့ မစောင့်လိုက်ရပေ။


"ဘယ်လိုလဲ...ဦးလေး...."


"ဦးလေးတံခါးခေါက်ကြည့်တာတော့

သူကပြန်မထူးဘူး...အမှန်တော့တူမကြီးရဲ့

အစ်ကိုက...နေသိပ်ကောင်းပုံမပေါ်ဘူး...

နေမကောင်းတဲ့ကြားကနေ ဒီမနက်ပိုင်းဆိုင်ကယ်နဲ့တောင်အပြင်ကိုသွားလိုက်သေးတယ်...

ပြန်လာတော့ သူ့မျက်နှာကဖြူဖျော့နေတာပဲ....

ဒီကောင်လေးကခေါင်းမာတယ်...အခြားသူတွေ

တစ်ခုခုဖြစ်ရင်သာ သူ့မှာပြာနေတတ်တာ...

သူဖြစ်ရင်တော့ ဘယ်သူ့မှမကူညီခိုင်းတာ

ခက်တယ်.."


"အခုရော...သူ့ဘေးမှာတစ်ယောက်မှ မရှိဘူးလား.."


ဦးလေးကြီး၏စကားကြောင့် ပုံရိပ်၏စိုးရိမ်

ရေအမှတ်တွေက ကျော်လွန်ကုန်လေပြီ။

လူကသာ နေရာတွင်မလှုပ်မယှက်ရပ်နေမိပေမဲ့

စိတ်ကတော့ အပေါ်ထပ်ကဆရာ့အခန်းရှေ့သို့

ရောက်နေလေပြီ။

‌ဘယ်နေရာမှာပဲဖြစ်ဖြစ် ယောက်ျားလေးတွေနှင့်

ပတ်သတ်လာရင် မာနကြီးသည်ဟုသတ်မှတ်

ခံရသော ပုံရိပ်သည် မာနတွေအားလုံးပြာကျ

ကုန်လေပြီ။


"ဦးလေး....အစ်ကို့ဆီကိုသမီးသွားလို့ရနိုင်မလားဟင်...တော်တော်နဲ့ခေါ်လို့မရရင်‌တော့

သမီးပြန်ပါ့မယ်....သူအရမ်းဖျားနေသလားမသိဘူး...."


"အေးလေ...အစ်ကိုဆိုတော့လည်းစိုးရိမ်ရှာမှာပေါ့..

အပေါ်ထပ်ကိုတက်သွားပြီး...ညာဘက်ကအစွန်ဆုံးအခန်းပဲ...အဲ့အခန်းကအကျယ်ဆုံးပါပဲ...

တံခါးကလည်းကျွန်းတံခါးကွဲ့...."


"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်...သမီးအခုပဲ

တင်သွားလိုက်တော့မယ်...."


ဦးလေးကြီးကို ကျေးဇူးတင်စကားပြောလိုက်ပြီး

 လမ်းမှာ၀င်၀ယ်ခဲ့သောအသီးအချို့နှင့်

စားစရာအထုပ်ကိုဆွဲကာ အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။


အခန်းတွေ၏အရှေ့မှဖြစ်လျောက်နေစဉ်တစ်ချိန်လုံးလည်း တစ်ယောက်ယောက်အခန်းထဲကနေ

ထွက်လာမည်စိုး၍ ဇောချွေးတွေပြန်နေမိသည်။

ဦးလေးကြီးကတော့ အကုန်လုံးအလုပ်ဆင်းနေတယ်ဟု ပြောပေမဲ့ကိုယ့်စိတ်ကိုယ်မလုံသလိုခံစား‌ နေရသည်။

အခြားသူတွေက ပုံရိပ်ကိုမိန်းကလေးတန်မဲ့

ယောက်ျားလေးအဆောင်သို့ ကျူးကျော်လာသည်ဟု အထင်သေးကြတာမျိုးကို မဖြစ်ချင်ပေ။


"ဒေါက်!!ဒေါက်!!!!!ဆရာ...ဆရာနေမျိုး...."


တကယ်တော့ "ဆရာ"ဟူသည့်နာမ်စားကြီးကို

ပုံရိပ်မသုံးချင်တော့ပေ။ဒါပေမဲ့ အခြားသူတွေလို

*ကိုနေ*တို့ဘာတို့ခေါ်ရအောင်လည်း ဆရာနှင့်

ပုံရိပ်က၈နှစ်ကျော်လောက်ကွာနေ၍ ရွယ်တူလို

မခေါ်ချင်ပေ။ 

ဆရာဆိုတာဟာ ပုံရိပ်တို့နှစ်ယောက်ကြားမှာ

စည်းခြားနေသလို အသုံးအနှုန်းဖြစ်နေပေမဲ့

နှုတ်ကျိုးနေလေပြီ။ပြောင်းပြီးခေါ်ရင်ကို

ထူးဆန်းနေတော့မှာ။


"ဒေါက်...ဒေါက်!!!ဆရာ...."


"ဒုန်း!!!!ဂလွမ်း!!!!ဘယ်သူလဲ..."


"ဆရာတစ်ခုခုဖြစ်လို့လားဟင်...."


ဆရာ့အခန်းထဲမှ ပြန်ထူးသံနှင့်အတူပစ္စည်းတစ်ခုခု

ကျကွဲသံကိုကြားလိုက်ရ၍ ဆရာတစ်ခုခုဖြစ်မည်ကို စိုးရိမ်သွားခဲ့သည်။

တံခါးကို တွန်းကြည့်ဖို့လုပ်လိုက်တဲ့အချိန်မှာပဲ

အတွင်းထဲမှ တံခါးဖွင့်လိုက်သံနှင့်အတူ

တံခါး၀မှာရပ်၍ ကြောင်ကြည့်နေသောသူကို

တွေ့လိုက်ရသည်။


ဆရာ့မျက်၀န်းတွေက နေမကောင်းသည့်အရှိန်ကြောင့် နီရဲနေပြီးမျက်နှာကလည်း

သွေးမရှိတော့သလိုဖြူဖျော့နေသည်။

နှုတ်ခမ်းတွေကအရောင်အဆင်းမရှိတော့သလို

ဖြစ်နေလေသည်။


"ပုံရိပ်...ကိုယ့်ဆီလာတယ်..."


ဆရာကတအံ့တဩကြီးဖြစ်နေတော့ ပုံရိပ်လည်း

ရှက်ရွံ့သွားမိသည်။

ဆရာ့တံခါးအ၀အထိရောက်လာတော့ ဆရာများ

အထင်သေးသွားပြီလား။

စိတ်ကိုအတတ်နိုင်ဆုံး ပြန်တင်းလိုက်ပြီး

ပါဆယ်ထုပ်တွေကို ဆရာ့အရှေ့၌ထောင်ပြလိုက်သည်။ထိုတော့မှ ဆရာကလည်းအသိတစ်ခု

၀င်သွားပုံဖြင့် ပုံရိပ်၏မျက်၀န်းတွေထဲအထိ

စူးနင့်စွာကြည့်လာသည်။


"မနက်တည်းက သတိထားမိလိုက်တယ်..

ဆရာဖျားနေတယ်မဟုတ်လား..."


"ဟို...အထဲ၀င်မလား...."


ရုတ်တရက်အဖျားခတ်ကာ တုန်တုန်ယင်ယင်အသံနှင့် ဖိတ်ခေါ်ခံလိုက်ရသောကြောင့် ဘာပြောရမှန်း

မသိတော့သလိုဖြစ်သွားသည်။

ပုံရိပ်တို့နှစ်ယောက်ကြားမှ လေထုသည်

တော်တော်ကို နေရထိုင်ရခက်ခဲနေသလိုပါပဲ။


"..ကိုယ်ပြောချင်တာက...နေသိပ်မကောင်းလို့

အပြင်ကိုအတူသွားလို့မရဘူး...နောက်ပြီး

အပြင်မှာရပ်နေတာ...တစ်ယောက်ယောက်မြင်ရင်

ပုံရိပ်ထိခိုက်မှာစိုးလို့ပါ...တစ်မျိုးမထင်ပါနဲ့..."


ဆရာသည် ပုံရိပ်ကိုတောင်ကြည့်မနေတော့ပဲ

သူ့လည်ဂုတ်ကိုသူပွတ်သတ်နေလေသည်။

ပြောပြီးမှ ပုံရိပ်စိတ်ဆိုးမယ်ထင်ပြီးနောင်တရသွားပုံပါပဲ။ပုံရိပ်လည်း ရှက်တတ်သော

ကောင်ငယ်လေးလို ဖြစ်နေသည့်ဆရာ့ကို

ပြုံးကြည့်လိုက်မိပြီး တံခါးကိုအနည်းငယ်ဟကာ

အခန်းထဲသို့ လှမ်း၀င်လိုက်သည်။


သေချာတာကတော့ ယခုအခြေအနေဟာ

ပုံရိပ်ဘက်မှ အစွမ်းကုန်စည်းကျော်လိုက်မိသော

အခိုက်အတန့်တစ်ခုဖြစ်သည်။


"ဒုန်!!!!!!"


တံခါးပိတ်သံကြောင့် ပုံရိပ်အနည်းငယ်တုန်ယင်သွားပေမဲ့ အတတ်နိုင်ဆုံးအိန္ဒြေကိုထိန်းကာ

ဆရာ့အခန်းကို ဝေ့ဝဲ၍ကြည့်လိုက်မိသည်။

အခန်းကနေသာထိုင်သာရှိရုံလောက်ကျယ်၀န်းပြီး

နံရံတစ်ဖက်တစ်ချက်ဆီတွင် ကုတင်တစ်လုံးဆီ

ထားရှိလေသည်။


ကြည့်ရတာတော့ ဒီအခန်းထဲမှာ

နှစ်ယောက်ပေါင်းပြီး နေတာထင်ပါရဲ့။

လသာဆောင်ဘက်အခြမ်းနားရှိ ပြတင်းပေါက်ဘေးနားတွင်တော့ ထမင်း၊ဟင်းချက်ရန်

ပေါင်းအိုးတွေတင်ထားသော စင်လေးရှိပြီး

ရေခဲသေတ္တာအသေးလေးတစ်လုံးလည်း

ရှိလေသည်။


ယောက်ကျားလေးတွေနေသောအခန်းဖြစ်၍

အနည်းငယ်ရှုပ်ပွနေကာ အ၀တ်အစားတွေကလည်း

ဟိုတစ်စုသည်တစ်စု ပြန့်ကျဲနေသည်။

ပုံရိပ်ရပ်နေသောနေရာနှင့်နီးသော 

ကုတင်ကတော့အနည်းငယ်

သန့်ရှင်းနေ၍ ဆရာ့ကုတင်မှန်းတတ်အပ်သိလိုက်လေသည်။


"ဆရာ...ခ‌နောဆန်ပြုတ်ကဆရာ့ဘာသာ

ပြုတ်ထားတာလား...."


ပုံရိပ်မေးလိုက်တော့မှ အနောက်ဘက်မှာ

တည်တည်ငြိမ်ငြိမ်နှင့် လက်ပိုက်၍တံခါးကို

မှီ၍ရပ်နေသော ဆရာသည်ပုံရိပ်ကို စိုက်ကြည့်ပြီး သူ့မျက်လွှာတွေကိုချပစ်ခါ

ခေါင်းငြိမ့်လာလေသည်။

ဆရာ့ရဲ့ အခုပုံစံကနည်းနည်းကြက်သီးထစရာတော့

ကောင်းနေသည်။


အိမ်နေရင်းမို့ထင်ပါ၍ ပုဆိုးအနက်ကွက်လေးကို

၀တ်ထားပြီး အနွေးထည်နှစ်ထပ်နှင့်

အရပ်ရှည်သော ဆရာ့ပုံစံသည် နေမကောင်းဖြစ်နေတာတောင် တစ်မျိုးကြည့်ကောင်းနေသလိုပါပဲ။


"ဆရာ...နေမကောင်းဘူးမဟုတ်လား...

ခဏလှဲနေလိုက်ပါလား...သမီးကိုအားမနာပါနဲ့..

ဆရာအသီးတစ်ခုခုစားချင်လားဟင်...

ဒါမှမဟုတ်အိုဗာတင်းသောက်ချင်လား...

သမီး၀ယ်လာခဲ့တယ်.."


စကားလေးတစ်ခွန်း၊နှစ်ခွန်းလောက်ပြောလိုက်တော့ ဆရာကသွားစွယ်လေးများပေါ်အောင်အထိ

ရယ်လိုက်ပြီး သူ့ကုတင်အပေါ်တွင်စောင်ခြုံကာ

လှဲနေလေသည်။

ဆရာ့နဖူးကို စမ်းကြည့်ချင်ပေမဲ့ ပုံရိပ်မှာဒီလိုသတ္တိ

တွေ ဘယ်လိုလုပ်ပြီးရှိမှာလဲ။


"ဆရာ...နေ့ခင်းဆေးသောက်ပြီးပြီလား...."


"မသောက်ရသေးဘူး...."


"အင်း...ဆရာစားဖို့တစ်ခုခုလုပ်ပေးမယ်...

အစာစားပြီးမှ ဆေးသောက်ပေါ့..."


ရေခဲသေတ္တာလေးဆီသို့သွားလိုက်ပြီး အသီးတွေကို

ထည့်ဖို့လုပ်လိုက်တော့ အေးခဲနေသောကြက်သားတွေကို သွားတွေ့လေသည်။

ဆရာ့ဘက်သို့ လှည့်ကြည့်လိုက်မိတော့ ဆရာက

မျက်လုံးတွေကိုမှိတ်ထားပြီး မှိန်းနေလေသည်။

စိတ်တွေက ဘယ်လိုမှမနေနိုင်တော့ပဲ

ဆရာ့နဖူးကို သွားစမ်းမိလိုက်တော့ ကိုယ်တွေက

ပူကျစ်နေ၍ ပုံရိပ်၏ခန္ဓာကိုယ်တစ်ခုလုံးပါ

ရှိန်းတက်လာပြီး စိုးရိမ်စိတ်တွေလွန်ကဲလာသည်။


ရေခဲသေတ္တာထဲမှ ရေတစ်ဗူးကိုထုတ်လိုက်ပြီး

အခန်းထဲမှကော်ခွက်တစ်ခုကို ရှာလိုက်ကာ

ရေထည့်၍ ဆရာ့ကုတင်ပေါ်ကသပါတ်စတစ်ခုကို

ရေစိမ်၍ ညှစ်လိုက်သည်။


ပြီးနောက်ဆရာ့နဖူးပေါ်သို့ကပ်ပေးလိုက်မိလေသည်။အေးစက်စက်ကြီးခံစားနေရ၍ ထင်ပါရဲ့

ဆရာ့မျက်လုံးတွေ ခပ်မှေးမှေးပြန်ပွင့်လာပြီး

သပါတ်စကိုဖယ်ဖို့ လုပ်သောအခါနဖူးပေါ်မှ

ဆရာ့လက်ဖမိုးကို အလျှင်စလိုပြန်ဖိချလိုက်ရသည်။


"ဟို...ကိုယ်တွေပူနေတယ်...

အဲ့..အဲ့ဒါကိုမဖယ်ပါနဲ့..."


စကားတွေထစ်ငေါ့စွာဖြင့် အားပါပါနှင့်ဖိဆုပ်လိုက်မိသော ဆရာ့လက်ချောင်းလေးတွေကို

ပြန်လွှတ်လိုက်မိသည်။


ဘယ်လိုတွေတောင်လွဲတာပါလိမ့်။

သူ့အခန်းထဲကို ကိုယ်ကအရင်၀င်လာပြီး

သူ့အသားကိုလည်း ကိုယ်ကအရင်ထိတယ်။


*မဟုတ်သေးဘူးလေ...အခုသူကဖျားနေလို့

ပုံရိပ်ကလာပြုစုနေတာ...သူနားလည်မှာပါ...*


ဆရာ့ကိုပြန်ကြည့်လိုက်မိတော့ တော်တော်

နေထိုင်မကောင်း၍ထင်သည် မျက်လုံးလေးတွေ

ပြန်မှိတ်သွားလေသည်။

သေချာကြည့်လိုက်တော့မှ ဆရာ့နှုတ်ခမ်း

အထက်နှင့်အောက်နားတွင် နှုတ်ခမ်းမွှေးလေးတွေ

ထောင်နေတာကို တွေ့လိုက်ရသည်။

နှုတ်ခမ်းမွှေးတောင်မရိတ်နိုင်တဲ့အထိ

အလုပ်တွေရှုပ်နေခဲ့တာထင်ပါတယ်။


ဒါပေမဲ့ ဆရာကယောက်ျားဆန်တဲ့မျက်နှာကျနဲ့

အရမ်းချောပါတယ်။

မျက်ခုံးမွှေးတန်းစိမ်းစိမ်းလေးတွေက ရှမ်းရိုးမကို

မိုးရေထိထား၍ လန်းဆန်းနေသလိုစွဲဆောင်မှုရှိသည်။


နှာတံကထင်းထွက်နေပြီး စေ့ပိတ်ထားသောနှုတ်ခမ်းများကလည်း အနားသတ်တိကျပြီး

သေသပ်လှသည်။


ဆရာ့အပေါ်ကိုတီချူးကြည့်တဲ့ မျက်၀န်းတွေက

သိပ်မရိုးသားသလိုပဲ။

ဆရာကအသက်ငယ်တဲ့အပြင် အရည်အချင်းရှိတဲ့

ကောင်ငယ်လေးဆိုတော့ တီချူးလိုသဘောကျနေတဲ့ မိန်းကလေးတွေသူ့လုပ်ငန်းထဲမှာအများကြီး

ရှိမှာပဲ။ဒီအတောအတွင်းမှာ ဆရာချစ်သူတွေ၊

ဘာတွေရနေပြီများလား။

ဒီလိုဆို ပုံရိပ်စည်းကျော်နေတာကိုသာ

သိရင်ဆံပင်လာစောင့်ဆွဲခံရမှာ သေချာတယ်။


ပြောရင်းတောင်...ခေါင်းတွေကြိမ်းလာပြီ


ဘယ်လိုပဲဖြစ်ဖြစ် ခုလောလောဆယ်တော့

ဆရာနေပြန်ကောင်းရေးက တို့အရေးဖြစ်၍

ရေခဲသေတ္တာဆီသို့ပုန်သွားကာ ကြက်သားခွက်ကို

ထုတ်လိုက်ပြီး ဆန်အိုးကိုရှာကာ ကြက်သားဆန်ပြုတ်လုပ်ဖို့သာ တွေးလိုက်သည်။


အန်တီယဉ်တင့်ဆီမှာ ချက်ပြုတ်နည်းတွေ

သင်ထားဖူး၍ပုံရိပ်အတွက်ကတော့

ချက်ပြုတ်တာဟာ ခက်ခဲသောအလုပ်တစ်ခုတော့

မဟုတ်ပေ။

ထို့အတွက်ကြောင့် ပုံရိပ်ကိုဘယ်အရာမဆို

တတ်မြောက်စေချင်ခဲ့သော ဖွားညိုကို

ကျေးဇူးတင်မိလေသည်။


ကြက်သားဆန်ပြုတ်ကျက်သွားပြီးနောက် 

နွေးအောင်လုပ်လိုက်ပြီး ဆရာ့ကိုနှိုးဖို့လုပ်ရသည်။

နာရီကိုကြည်လိုက်တော့  နေ့လည်ဆယ့်တစ်နာရီခွဲ

နေလေပြီ။


ဆရာ့ကိုနှိုးပြီးဆေးတိုက်ချင်ပေမဲ့ အိပ်ပျော်သွားတာသိပ်မကြာသေး၍ မနှိုးသေးပဲ ဆရာ့ကုတင်ဘက်အခြမ်းတွင်ရှိသော အ၀တ်လေးတွေကို‌

သိမ်းပေးလိုက်သည်။နံရံတွင်ထောင်ထားသော တံမြက်စည်းကိုယူပြီး လှဲလိုက်ကာ

ကော်ပြားလေးထဲသို့ လှဲထည့်လိုက်သည်။


"စာအုပ်တွေလည်း စီပေးလိုက်ရမလား..."


တုန့်ဆိုင်းမနေပဲ ကုတင်ခြေရင်းတွင်ကပ်ထားသောခုံလေးပေါ်မှ စာအုပ်စင်ကိုရှင်းပေးလိုက်သည်။

ထိုစဉ်စာအုပ်တွေကြားမှ အနီရောင်မှတ်စု

စာအုပ်လေးကို တွေ့လိုက်ရ၍ စာမျက်နှာလေးကို

လှန်ကြည့်လိုက်မိသည်။

မထင်မှတ်ထားစွာ အထဲမှာကဗျာတွေအများကြီး

ရေးထားလေသည်။

ကဗျာတော်တော်များများက အချစ်ကဗျာနှင့်

စိတ်အားတက်စေသောကဗျာများဖြစ်၍

လိုက်ဖတ်ကြည့်မိသည်။


"ခုနှစ်ကလွန်ခဲ့တဲ့လေးနှစ်လောက်ကဆိုတော့

ဆရာတက္ကသိုလ်စတက်ခါစအချိန်ကပေါ့..."


ကလောင်နာမည်ကအစ နေမျိုးလို့ပေးထားသောကြောင့် ပုံရိပ်ပြုံးလိုက်မိသည်။

ကဗျာတွေအားလုံးက ဖတ်လို့ကောင်းပြီး

ပုံရိပ်၏စိတ်ကို ဆွဲဆောင်နိုင်သည်။

ထိုအထဲမှ တစ်ခုတည်းသောကဗျာလေးကတော့

ဘာကြောင့်ရယ်မသိ ပုံရိပ်ကိုသိချင်စိတ်တွေ

ပြင်းပြသွားစေသည်။


"စိမ်းရက်တဲ့နွယ်...."


သိပ်လှတဲ့ပန်းကလေးကို

ခူးစွပ်ဖို့ အားခဲမိတိုင်း

ဆူးကလေးတွေ စူးလို့

နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ထွက်

မင်း..သိပ်ရက်စက်တယ်နွယ်


‌ရထားကြီးက တဂျုံးဂျုံးမြည်လို့

သံလမ်းထက်မှာ ဖြန့်ခင်းထားတဲ့

အသဲနှလုံးကို မြင်ပါလျှက်နဲ့

တို့..လမ်းခွဲကြရအောင်တဲ့

ကိုယ့်ရင်တွေ ကြေပါပြီနွယ်ရယ်


တစ်ဖက်မှာ ချစ်တတ်တဲ့နှလုံးသား

တစ်ဖက်မှာ မင်းမက်တဲ့ကျောက်သံပတ္တမြား

နှစ်ခုလုံးနဲ့ပြစ်ပေါက်ပြီး

မင်းကိုပြောလိုက်ချင်တယ်...

"ငါမင်းကို...အသက်လောက်ချစ်တာလို့..."


ဟိုးရှေးရှေးက လယ်ကွင်းစိမ်းထဲ

ပြေးလွှားဆော့ခဲ့တဲ့ အချိန်မှာပေါ့

ကိုယ့်ကို မစိမ်းကားခဲ့ဖို့

ကိုယ်ပြောခဲ့တယ်လေ


မင်းကိုယ်တိုင် သကာရေလောင်းပြီး

ချိုမြမြပြုံးပြခဲ့ပေမဲ့ 

လယ်ကွင်းစိမ်းတွေက မင်းလောက်တော့

မစိမ်းရက်ဘူးရယ်လို့ 

သိလိုက်ပါပြီကွယ်


မြိုင်ဟေ၀န်ထဲမှာ မာယာကိုဝှက်သိမ်းပြီး

နတ်စစ်သည်တို့နောက်ကို

ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်


*နွယ်...

ကျောခိုင်းပြီးရင်..ပြန်လှည့်မကြည့်ပါနဲ့*


ကဗျာရေးထားတဲ့ ခုနှစ်ကိုကြည့်လိုက်တော့

ဆရာဆယ်ကျော်သက်အရွယ်လောက်က

ဖြစ်နေသည်။

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်မှာ

အချစ်ဦးနှင့် ပတ်သတ်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်

ရှိနေတာများလား။

ကဗျာလေးက ကလေးဆန်ပြီးမရင့်ကျက်မှုကို

ပြပေမဲ့ သူသိပ်ခံစားခဲ့ရတယ်ဆိုတာတော့

သေချာတယ်။


*နွယ်ဆိုတာကဘယ်သူလဲ...ဒီကဗျာကသာ

ဆရာ့ရဲ့ခံစားချက်အစစ်အမှန်တွေဆိုရင်

နွယ်ဆိုတာက ပုံရိပ်တွေးမိသလို...တကယ်ပဲ

ဆရာ့ရဲ့အချစ်ဦးများလား...ဒါပေမဲ့ဒီကဗျာလေးကို

ရေးထားတဲ့ ခုနှစ်ကလည်းကြာပြီဖြစ်သလို

အချစ်ဦးကိုလည်း ဆရာမေ့လောက်မှာပါ။...

ဒါပေမဲ့ အချစ်ဦးဆိုတာမြေးဦးရတဲ့အထိ

မမေ့နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ သူများတွေက

ပြောလေ့ရှိကြတယ်။


အမှန်ပြောရရင် ပုံရိပ်ဟာဒုတိယလူမဖြစ်ချင်ပေ။

ကိုယ်တိုင်လည်း ကိုယ်ချစ်တဲ့လူနဲ့မှဘ၀တစ်ခုလုံး

ပုံအပ်မည်ဟု စိတ်ထားထား၍

ဘယ်ယောက်ျားလေးကိုမှ မလှည့်စားခဲ့ပေ။


"နွယ်....နွယ်....မဟုတ်ဘူး...ကိုယ်မဟုတ်ဘူး..

အဲ့လိုမပြောပါနဲ့.....နွယ်......"


ရုတ်တရက် အဖျားတွေတက်ပြီးညည်ငြူလာသောဆရာ့ဆီသို့ ပုံရိပ်သွားလိုက်ပြီး

ဆရာ့ပခုံးကို လှုပ်နှိုးဖို့ပြင်လိုက်သည်။

ဆရာ့နဖူးကို စမ်းကြည့်တော့လည်းချွေးစေးတွေ

ပြန်ပြီး စိုရွှဲနေသည်။


"မဟုတ်ဘူး...ကိုယ်မဟုတ်ဘူး..

အဲ့လိုမပြောပါနဲ့.....နွယ်......"


"ဆရာ....ဆရာ့...ထပါအုံး...အိပ်မက်ဆိုးတွေမက်နေတာလား...."


"နွယ်!!!!!!"


ညည်းတွားသံအကျယ်ကြီးနှင့်အတူ 

ပုံရိပ်၏ခန္ဓာကိုယ်သည် နွေးထွေးမှုကို

ခံစားလိုက်ရသည်။ကျောပြင်တစ်လျှောက်

သိုင်းဖက်ထားသောလက်တွေဟာ ပိုမိုတင်းကြပ်လာခဲ့သည်။

ရင်ခုန်သံနှစ်ခု ထပ်တူကြသွားသောအချိန်ဖြစ်ပေမဲ့

ပုံရိပ်၀မ်းနည်းနေမိသည်။


အေးမျှသော ရာသီဥတုကို အံတုပြီးသူ့ရင်ခွင်သည်

နွေးထွေးလွန်းပါသည်။

ယခင်လို အမွေးရနံ့သာတစ်ခုမှ မသုံးထားပေမဲ့

ထူးခြားသော ကိုယ်သင်းရနံ့သည် ပုံရိပ်ကို

ညွှတ်နူးစေသည်။သူနှင့်တွေ့လျှင် ပုံရိပ်သည်

မာန်ဖီဖို့တောင် တွေဝေနေ‌တတ်သော ကျားလေးတစ်ကောင် ဖြစ်နေတတ်လေပြီ။


"ဆောရီး...ကိုယ်တောင်ပန်ပါတယ်...."


တောင်းပန်တယ်ဟူသော စကားလေးတစ်ခွန်းနှင့်အတူ ပုံရိပ်၏ကျောပြင်ထပ်မှ သူ့လက်တွေကိုဖြေလျှော့ပေးခဲ့သည်။

သူဟာ ယောက်ျားကောင်းတစ်ယောက်ဆိုတာကို

သက်သေပြနေသလိုပါပဲ။

ပုံရိပ်အပေါ်မှာ သူဘယ်တုန်းကမှ

ခံစားချက်ရှိမနေခဲ့ဘူး။


*နွယ်..*ဆိုသောညည်းတွားသံနှင့်အတူ

သူပွေ့ဖက်ချင်ခဲ့တာဟာ နွယ်ဖြစ်ပါလိမ့်မယ်။

ဒါဆိုပုံရိပ်ကရော.....


"ပုံရိပ်....ငိုနေတာလား...ကိုယ့်ကြောင့်ငိုနေတာလား..."


သူ့ကိုမော့မကြည့်မိပေမဲ့ သူ့အသံတွေတုန်ယင်နေတာကို ခံစားလိုက်မိသည်။

သေချာတာကတော့ ပုံရိပ်အပေါ်ကိုပြုလုပ်လိုက်မိတဲ့ အမှားတစ်ခုကိုနောင်တရသွားတာဖြစ်နိုင်သလို

ပုံရိပ်၏ မျက်ရည်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။


"မငိုပါနဲ့ကွာ...."


သူ့လက်ချောင်းတွေ ပုံရိပ်ရဲ့ပါးပြင်ပေါ်ကို

တို့ထိဖို့ကြိုးစားလာခဲ့ပေမဲ့ ကိုယ့်ဘာသာပဲ

လက်ခုံနှင့်သုတ်ပစ်လိုက်ပြီး နီရဲစပြုလာသော

မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ

သူ့ကိုကြည့်လိုက်သည်။

အပိုထပ်စောင်းကာ  ပြုံး၍ပင်ပြလိုက်သေးသည်။

ရင်ထဲမှာတော့ နာကျင်နေတာသူဘယ်မြင်ပါ့မလဲ။


"အိုးထဲမှာ...ကြက်သားဆန်ပြုတ်လုပ်ထားတယ်...

အဲ့ဒါလေးစားပြီးမှ ဆေးသောက်‌လိုက်ပါ...

သမီးသွားတော့မယ်...."


"ဒုန်း!!!!!!!"


အခန်းတံခါးကို စောင့်ပိတ်သွားသော

ကောင်မလေးကြောင့် ‌သူသက်ပြင်းချလိုက်မိပြီး

ချွေးတွေစိုရွှဲနေသော ဆံပင်တွေကိုသပ်တင်လိုက်ကာ အိပ်ယာပေါ်သို့ ပြန်လှဲချလိုက်မိသည်။


"ငါဘာကြောင့် ချက်ချင်းပြန်မလွှတ်မိတာလဲ...

အခုတော့ ငိုသွားပြီ...."


အိပ်ယာပေါ်မှာ လှဲနေရင်းနှင့်ကုတင်စွန်းမှ

ပစ္စည်းတစ်ခုခုကို လက်ကစမ်းမိ၍ကြည့်လိုက်တော့ ၀က်ဝံရုပ်ပါသော ခေါင်းစွပ်ကလေးဖြစ်နေသည်။

ခေါင်းစွပ်ကလေးကို ကြည့်၍သူပြုံးလိုက်ပြီးနောက်

လမ်းအနည်းငယ်လျှောက်ပြီးဒယ်အိုးကို

ဖွင့်ကြည့်လိုက်မိတော့  ကြက်သားဆန်ပြုတ်၏ရနံ့လေးက သူ့ကိုဆွဲဆောင်နေလေသည်


ဇွန်းနှင့်မွှေနှောက်ပြီး မြည်းကြည့်လိုက်တော့

သူ့ဘ၀မှာ စားဖူးသမျှဆန်ပြုတ်တွေထဲတွင် 

အကောင်းဆုံးလို့ဆိုရမည်။

ငယ်ငယ်က သူဖျားနေသောအချိန်တွေမှာတောင်

မိဘတွေက သူ့ကိုဂရုမစိုက်နိုင်လောက်အောင်

စား၀တ်နေရေးအတွက် လုံးပမ်းနေခဲ့သောကြောင့်

ဒီလိုဆန်ပြုတ်မျိုးကို ဘယ်လိုအရသာခံနိုင်ခဲ့မှာလဲ။


သူ့ကုတင်ပတ်လည်သို့ ကြည့်လိုက်မိတော့လည်း

ရှင်းလင်းနေလေသည်။သူပြုံးလိုက်မိသည်။

ဘ၀မှာ ပထမဦးဆုံးကလေးတစ်ယောက်လို

ခံစားလိုက်ရသော အခိုက်အတန့်လေးဖြစ်သည်။

အခုတော့ သူလေးကိုငိုအောင်လုပ်လိုက်မိပြီ။


🌹🌹🌹🌹🌹🌹🌹🌹


ဘာဆက်ဖြစ်မလဲ

နေမျိုးကရော ပုံရိပ်အပေါ်မှာတကယ်

ချစ်မိနေရဲ့လား....

=========================================================================


🔥🌹ဆူးႀကိဳး(အခန္း၅၄)🔥


ေန့လည္ပိုင္းမို႔ ေတာင္ႀကီးၿမိဳ႔၏ရာသီဥတုသည္

တိမ္ထူထပ္မေနေတာ့ပဲ ေနေရာင္သာၿပီးေအးျမမႈႏွင့္ ပူေနြးမႈေလးကို တစ္ၿပိဳင္နက္တည္းေပးစြမ္း

ေနေလသည္။

ဒါေပမဲ့ ပံုရိပ္၏ခႏၶာကိုယ္ကေတာ့ ရာသီဥတုႏွင့္ဆန႔္က်င္ဘက္ျဖစ္စြာ ေအးစက္ေနေလသည္။

စိတ္လႈပ္ရွား လြန္း၍လက္ဖ်ားေတြေအးစက္ေနသည္ဆိုပါက ပို၍မွန္ပါလိမ့္မည္။


တကၠသိုလ္တက္ေနစဉ္အခ်ိန္တြင္ လမ္းသြားတိုင္း

ပံုရိပ္ကိုလိုက္၍စကားေျပာသူမ်ားရိွသလို

အနားေရာက္သြားမွ သီခ်င္းညည္းကာ

ဖြန္ေၾကာင္သူမ်ားလည္း ရိွေလသည္။

ပံုရိပ္သည္ ရည္းစားကိစၥႏွင့္အင္မတန္ရွင္းလင္း

ေၾကာင္းကို က်ိန္ဆို၍ေတာင္ျပႏိုင္သည္။


ေက်ာင္းကန္တဲင္းသို႔ေရာက္တိုင္း ဂစ္တာႏွင့္

 သီခ်င္းညည္းေသာ အုပ္စုအေရ႔ွကေနေတာင္

ရွက္လို႔ ျဖတ္မေလ်ွာက္ေသာပံုရိပ္သည္

ယခုေတာ့ အရွက္မရိွႏိုင္စြာျဖင့္ ေယာက္်ားေလးအေဆာင္ထဲသို႔ ေရာက္ေနေလသည္။

တီခ်ူးသြယ္ကို အလုပ္ေအးေဆးသြားဖို႔ေျပာၿပီး

မိန္းကေလးအေဆာင္မွာက်န္ေနခဲ့ရာကေန 

အခုလိုေယာက္်ားေလးအေဆာင္ဘက္ကူးလာတာ

သိရင္ ဘယ္လိုထင္သြားမလဲမသိဘူး။


ေယာက္်ားတစ္ေယာက္အတြက္နဲ႔ မိန္းကေလးတို႔

ေစာင့္ထိန္းအပ္ေသာ စည္းေတြအကုန္လံုးကို

ခ်ိဳးေဖာက္ေနမိတာဟာ မွန္ကန္ပါရဲ့လား။


"ကေလးမ...ဘယ္သူနဲ႔ေတြ့ခ်င္လို႔လဲ...."


အသံဝဲဝဲႏွင့္ဦးေလးႀကီးသည္ ပံုရိပ္ကိုေမးျမန္းေနသည္မွာ ယခုႏွင့္ဆိုလ်ွင္သံုးေလးႀကိမ္ေလာက္

ရိွေပလိမ့္မည္။အမွန္အတိုင္းေျပာခ်င္ေပမဲ့

ဒဲ့ေျပာလိုက္ရင္ ပံုရိပ္ကိုအထင္ေသးသြားႏိုင္တယ္။


"ဟိုေလ...သမီးရဲ့အစ္ကို၀မ္းကဲြတစ္ေယာက္ဆီကို

အလည္လာတာပါ..."


"ဟုတ္လား...ကေလးမရဲ့အစ္ကိုနာမည္က

ဘယ္သူလည္းကဲြ႔...အခုကအလုပ္သမားေတြ

အလုပ္ဆင္းသြားၾကတဲ့အခ်ိန္ေလ...ညေနေလာက္မွ

ျပန္ေရာက္ၾကမွာ...."


"ဟို...အစ္ကို႔နာမည္ကေနမ်ိဳးလို႔ေခၚပါတယ္...

သူေနသိပ္မေကာင္းဘူးလို႔ၾကားထားတယ္..."


အတိအက်မသိေပမဲ့ အေျခအေနတစ္ခုကိုေတာ့

ရွင္းရွင္းလင္းလင္းသိခ်င္သည္။

တကယ္လို႔ က်န္းမာေရးေကာင္းတယ္ဆိုရင္ေတာ့

စိတ္ပူစရာမလိုေတာ့ပဲ ျပန္ရံုေပါ့။


ပံုရိပ္ေျပာလိုက္ေသာ နာမည္ကိုၾကားေတာ့

ဦးေလးႀကီးက ခဏစဉ္းစားေနၿပီးေနာက္

ပံုရိပ္ကိုတစ္ဖန္ျပန္ၾကၫ့္လာသည္ ၿပီးေနာက္

ေခါင္းတစ္ခ်က္ၿငိမ့္လိုက္ၿပီး ခဏေစာင့္ခိုင္းကာအေပၚထပ္သို႔ တက္သြားခဲ့သည္။

အခ်ိန္ခဏေလးအတြင္းမွာပဲ သူျပန္ေပၚလာခဲ့၍

အၾကာႀကီးေတာ့ မေစာင့္လိုက္ရေပ။


"ဘယ္လိုလဲ...ဦးေလး...."


"ဦးေလးတံခါးေခါက္ၾကၫ့္တာေတာ့

သူကျပန္မထူးဘူး...အမွန္ေတာ့တူမႀကီးရဲ့

အစ္ကိုက...ေနသိပ္ေကာင္းပံုမေပၚဘူး...

ေနမေကာင္းတဲ့ၾကားကေန ဒီမနက္ပိုင္းဆိုင္ကယ္နဲ႔ေတာင္အျပင္ကိုသြားလိုက္ေသးတယ္...

ျပန္လာေတာ့ သူ႔မ်က္ႏွာကျဖဴေဖ်ာ့ေနတာပဲ....

ဒီေကာင္ေလးကေခါင္းမာတယ္...အျခားသူေတြ

တစ္ခုခုျဖစ္ရင္သာ သူ႔မွာျပာေနတတ္တာ...

သူျဖစ္ရင္ေတာ့ ဘယ္သူ႔မွမကူညီခိုင္းတာ

ခက္တယ္.."


"အခုေရာ...သူ႔ေဘးမွာတစ္ေယာက္မွ မရိွဘူးလား.."


ဦးေလးႀကီး၏စကားေၾကာင့္ ပံုရိပ္၏စိုးရိမ္

ေရအမွတ္ေတြက ေက်ာ္လြန္ကုန္ေလၿပီ။

လူကသာ ေနရာတြင္မလႈပ္မယွက္ရပ္ေနမိေပမဲ့

စိတ္ကေတာ့ အေပၚထပ္ကဆရာ့အခန္းေရ႔ွသို႔

ေရာက္ေနေလၿပီ။

‌ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ေယာက္်ားေလးေတြႏွင့္

ပတ္သတ္လာရင္ မာနႀကီးသည္ဟုသတ္မွတ္

ခံရေသာ ပံုရိပ္သည္ မာနေတြအားလံုးျပာက်

ကုန္ေလၿပီ။


"ဦးေလး....အစ္ကို႔ဆီကိုသမီးသြားလို႔ရႏိုင္မလားဟင္...ေတာ္ေတာ္နဲ႔ေခၚလို႔မရရင္‌ေတာ့

သမီးျပန္ပါ့မယ္....သူအရမ္းဖ်ားေနသလားမသိဘူး...."


"ေအးေလ...အစ္ကိုဆိုေတာ့လည္းစိုးရိမ္ရွာမွာေပါ့..

အေပၚထပ္ကိုတက္သြားၿပီး...ညာဘက္ကအစြန္ဆံုးအခန္းပဲ...အဲ့အခန္းကအက်ယ္ဆံုးပါပဲ...

တံခါးကလည္းကၽြန္းတံခါးကဲြ႔...."


"ဟုတ္ကဲ့...ေက်းဇူးတင္ပါတယ္...သမီးအခုပဲ

တင္သြားလိုက္ေတာ့မယ္...."


ဦးေလးႀကီးကို ေက်းဇူးတင္စကားေျပာလိုက္ၿပီး

 လမ္းမွာ၀င္၀ယ္ခဲ့ေသာအသီးအခ်ိဳ႕ႏွင့္

စားစရာအထုပ္ကိုဆဲြကာ အေပၚထပ္သို႔တက္လာခဲ့လိုက္သည္။


အခန္းေတြ၏အေရ႔ွမျွဖစ္ေလ်ာက္ေနစဉ္တစ္ခ်ိန္လံုးလည္း တစ္ေယာက္ေယာက္အခန္းထဲကေန

ထြက္လာမည္စိုး၍ ေဇာခၽြေးေတျြပန္ေနမိသည္။

ဦးေလးႀကီးကေတာ့ အကုန္လံုးအလုပ္ဆင္းေနတယ္ဟု ေျပာေပမဲ့ကိုယ့္စိတ္ကိုယ္မလံုသလိုခံစား‌ ေနရသည္။

အျခားသူေတြက ပံုရိပ္ကိုမိန္းကေလးတန္မဲ့

ေယာက္်ားေလးအေဆာင္သို႔ က်ူးေက်ာ္လာသည္ဟု အထင္ေသးၾကတာမ်ိဳးကို မျဖစ္ခ်င္ေပ။


"ေဒါက္!!ေဒါက္!!!!!ဆရာ...ဆရာေနမ်ိဳး...."


တကယ္ေတာ့ "ဆရာ"ဟူသၫ့္နာမ္စားႀကီးကို

ပံုရိပ္မသံုးခ်င္ေတာ့ေပ။ဒါေပမဲ့ အျခားသူေတြလို

*ကိုေန*တို႔ဘာတို႔ေခၚရေအာင္လည္း ဆရာႏွင့္

ပံုရိပ္က၈ႏွစ္ေက်ာ္ေလာက္ကြာေန၍ ရြယ္တူလို

မေခၚခ်င္ေပ။ 

ဆရာဆိုတာဟာ ပံုရိပ္တို႔ႏွစ္ေယာက္ၾကားမွာ

စည္းျခားေနသလို အသံုးအႏႈန္းျဖစ္ေနေပမဲ့

ႏႈတ္က်ိဳးေနေလၿပီ။ေျပာင္းၿပီးေခၚရင္ကို

ထူးဆန္းေနေတာ့မွာ။


"ေဒါက္...ေဒါက္!!!ဆရာ...."


"ဒုန္း!!!!ဂလြမ္း!!!!ဘယ္သူလဲ..."


"ဆရာတစ္ခုခုျဖစ္လို႔လားဟင္...."


ဆရာ့အခန္းထဲမွ ျပန္ထူးသံႏွင့္အတူပစၥည္းတစ္ခုခု

က်ကဲြသံကိုၾကားလိုက္ရ၍ ဆရာတစ္ခုခုျဖစ္မည္ကို စိုးရိမ္သြားခဲ့သည္။

တံခါးကို တြန္းၾကၫ့္ဖို႔လုပ္လိုက္တဲ့အခ်ိန္မွာပဲ

အတြင္းထဲမွ တံခါးဖြင့္လိုက္သံႏွင့္အတူ

တံခါး၀မွာရပ္၍ ေၾကာင္ၾကၫ့္ေနေသာသူကို

ေတြ့လိုက္ရသည္။


ဆရာ့မ်က္၀န္းေတြက ေနမေကာင္းသၫ့္အရိွန္ေၾကာင့္ နီရဲေနၿပီးမ်က္ႏွာကလည္း

ေသြးမရိွေတာ့သလိုျဖဴေဖ်ာ့ေနသည္။

ႏႈတ္ခမ္းေတြကအေရာင္အဆင္းမရိွေတာ့သလို

ျဖစ္ေနေလသည္။


"ပံုရိပ္...ကိုယ့္ဆီလာတယ္..."


ဆရာကတအံ့တဩႀကီးျဖစ္ေနေတာ့ ပံုရိပ္လည္း

ရွက္ရြံ႔သြားမိသည္။

ဆရာ့တံခါးအ၀အထိေရာက္လာေတာ့ ဆရာမ်ား

အထင္ေသးသြားၿပီလား။

စိတ္ကိုအတတ္ႏိုင္ဆံုး ျပန္တင္းလိုက္ၿပီး

ပါဆယ္ထုပ္ေတြကို ဆရာ့အေရ႔ွ၌ေထာင္ျပလိုက္သည္။ထိုေတာ့မွ ဆရာကလည္းအသိတစ္ခု

၀င္သြားပံုျဖင့္ ပံုရိပ္၏မ်က္၀န္းေတြထဲအထိ

စူးနင့္စြာၾကၫ့္လာသည္။


"မနက္တည္းက သတိထားမိလိုက္တယ္..

ဆရာဖ်ားေနတယ္မဟုတ္လား..."


"ဟို...အထဲ၀င္မလား...."


ရုတ္တရက္အဖ်ားခတ္ကာ တုန္တုန္ယင္ယင္အသံႏွင့္ ဖိတ္ေခၚခံလိုက္ရေသာေၾကာင့္ ဘာေျပာရမွန္း

မသိေတာ့သလိုျဖစ္သြားသည္။

ပံုရိပ္တို႔ႏွစ္ေယာက္ၾကားမွ ေလထုသည္

ေတာ္ေတာ္ကို ေနရထိုင္ရခက္ခဲေနသလိုပါပဲ။


"..ကိုယ္ေျပာခ်င္တာက...ေနသိပ္မေကာင္းလို႔

အျပင္ကိုအတူသြားလို႔မရဘူး...ေနာက္ၿပီး

အျပင္မွာရပ္ေနတာ...တစ္ေယာက္ေယာက္ျမင္ရင္

ပံုရိပ္ထိခိုက္မွာစိုးလို႔ပါ...တစ္မ်ိဳးမထင္ပါနဲ႔..."


ဆရာသည္ ပံုရိပ္ကိုေတာင္ၾကၫ့္မေနေတာ့ပဲ

သူ႔လည္ဂုတ္ကိုသူပြတ္သတ္ေနေလသည္။

ေျပာၿပီးမွ ပံုရိပ္စိတ္ဆိုးမယ္ထင္ၿပီးေနာင္တရသြားပံုပါပဲ။ပံုရိပ္လည္း ရွက္တတ္ေသာ

ေကာင္ငယ္ေလးလို ျဖစ္ေနသၫ့္ဆရာ့ကို

ႃပံုးၾကၫ့္လိုက္မိၿပီး တံခါးကိုအနည္းငယ္ဟကာ

အခန္းထဲသို႔ လွမ္း၀င္လိုက္သည္။


ေသခ်ာတာကေတာ့ ယခုအေျခအေနဟာ

ပံုရိပ္ဘက္မွ အစြမ္းကုန္စည္းေက်ာ္လိုက္မိေသာ

အခိုက္အတန႔္တစ္ခုျဖစ္သည္။


"ဒုန္!!!!!!"


တံခါးပိတ္သံေၾကာင့္ ပံုရိပ္အနည္းငယ္တုန္ယင္သြားေပမဲ့ အတတ္ႏိုင္ဆံုးအိႁႏၵေကိုထိန္းကာ

ဆရာ့အခန္းကို ေဝ့ဝဲ၍ၾကၫ့္လိုက္မိသည္။

အခန္းကေနသာထိုင္သာရိွရံုေလာက္က်ယ္၀န္းၿပီး

နံရံတစ္ဖက္တစ္ခ်က္ဆီတြင္ ကုတင္တစ္လံုးဆီ

ထားရိွေလသည္။


ၾကၫ့္ရတာေတာ့ ဒီအခန္းထဲမွာ

ႏွစ္ေယာက္ေပါင္းၿပီး ေနတာထင္ပါရဲ့။

လသာေဆာင္ဘက္အျခမ္းနားရိွ ျပတင္းေပါက္ေဘးနားတြင္ေတာ့ ထမင္း၊ဟင္းခ်က္ရန္

ေပါင္းအိုးေတြတင္ထားေသာ စင္ေလးရိွၿပီး

ေရခဲေသတၲာအေသးေလးတစ္လံုးလည္း

ရိွေလသည္။


ေယာက္က်ားေလးေတြေနေသာအခန္းျဖစ္၍

အနည္းငယ္ရႈပ္ပြေနကာ အ၀တ္အစားေတြကလည္း

ဟိုတစ္စုသည္တစ္စု ျပန္႔က်ဲေနသည္။

ပံုရိပ္ရပ္ေနေသာေနရာႏွင့္နီးေသာ 

ကုတင္ကေတာ့အနည္းငယ္

သန႔္ရွင္းေန၍ ဆရာ့ကုတင္မွန္းတတ္အပ္သိလိုက္ေလသည္။


"ဆရာ...ခ‌ေနာဆန္ျပဳတ္ကဆရာ့ဘာသာ

ျပဳတ္ထားတာလား...."


ပံုရိပ္ေမးလိုက္ေတာ့မွ အေနာက္ဘက္မွာ

တည္တည္ၿငိမ္ၿငိမ္ႏွင့္ လက္ပိုက္၍တံခါးကို

မွီ၍ရပ္ေနေသာ ဆရာသည္ပံုရိပ္ကို စိုက္ၾကၫ့္ၿပီး သူ႔မ်က္လႊာေတြကိုခ်ပစ္ခါ

ေခါင္းၿငိမ့္လာေလသည္။

ဆရာ့ရဲ့ အခုပံုစံကနည္းနည္းၾကက္သီးထစရာေတာ့

ေကာင္းေနသည္။


အိမ္ေနရင္းမို႔ထင္ပါ၍ ပုဆိုးအနက္ကြက္ေလးကို

၀တ္ထားၿပီး အေနြးထည္ႏွစ္ထပ္ႏွင့္

အရပ္ရွည္ေသာ ဆရာ့ပံုစံသည္ ေနမေကာင္းျဖစ္ေနတာေတာင္ တစ္မ်ိဳးၾကၫ့္ေကာင္းေနသလိုပါပဲ။


"ဆရာ...ေနမေကာင္းဘူးမဟုတ္လား...

ခဏလွဲေနလိုက္ပါလား...သမီးကိုအားမနာပါနဲ႔..

ဆရာအသီးတစ္ခုခုစားခ်င္လားဟင္...

ဒါမွမဟုတ္အိုဗာတင္းေသာက္ခ်င္လား...

သမီး၀ယ္လာခဲ့တယ္.."


စကားေလးတစ္ခြန္း၊ႏွစ္ခြန္းေလာက္ေျပာလိုက္ေတာ့ ဆရာကသြားစြယ္ေလးမ်ားေပၚေအာင္အထိ

ရယ္လိုက္ၿပီး သူ႔ကုတင္အေပၚတြင္ေစာင္ႃခံုကာ

လွဲေနေလသည္။

ဆရာ့နဖူးကို စမ္းၾကၫ့္ခ်င္ေပမဲ့ ပံုရိပ္မွာဒီလိုသတၲိ

ေတြ ဘယ္လိုလုပ္ၿပီးရိွမွာလဲ။


"ဆရာ...ေန့ခင္းေဆးေသာက္ၿပီးၿပီလား...."


"မေသာက္ရေသးဘူး...."


"အင္း...ဆရာစားဖို႔တစ္ခုခုလုပ္ေပးမယ္...

အစာစားၿပီးမွ ေဆးေသာက္ေပါ့..."


ေရခဲေသတၲာေလးဆီသို႔သြားလိုက္ၿပီး အသီးေတြကို

ထၫ့္ဖို႔လုပ္လိုက္ေတာ့ ေအးခဲေနေသာၾကက္သားေတြကို သြားေတြ့ေလသည္။

ဆရာ့ဘက္သို႔ လွၫ့္ၾကၫ့္လိုက္မိေတာ့ ဆရာက

မ်က္လံုးေတြကိုမိွတ္ထားၿပီး မိွန္းေနေလသည္။

စိတ္ေတြက ဘယ္လိုမွမေနႏိုင္ေတာ့ပဲ

ဆရာ့နဖူးကို သြားစမ္းမိလိုက္ေတာ့ ကိုယ္ေတြက

ပူက်စ္ေန၍ ပံုရိပ္၏ခႏၶာကိုယ္တစ္ခုလံုးပါ

ရိွန္းတက္လာၿပီး စိုးရိမ္စိတ္ေတြလြန္ကဲလာသည္။


ေရခဲေသတၲာထဲမွ ေရတစ္ဗူးကိုထုတ္လိုက္ၿပီး

အခန္းထဲမွေကာ္ခြက္တစ္ခုကို ရွာလိုက္ကာ

ေရထၫ့္၍ ဆရာ့ကုတင္ေပၚကသပါတ္စတစ္ခုကို

ေရစိမ္၍ ၫွစ္လိုက္သည္။


ၿပီးေနာက္ဆရာ့နဖူးေပၚသို႔ကပ္ေပးလိုက္မိေလသည္။ေအးစက္စက္ႀကီးခံစားေနရ၍ ထင္ပါရဲ့

ဆရာ့မ်က္လံုးေတြ ခပ္ေမွးေမွးျပန္ပြင့္လာၿပီး

သပါတ္စကိုဖယ္ဖို႔ လုပ္ေသာအခါနဖူးေပၚမွ

ဆရာ့လက္ဖမိုးကို အလ်ွင္စလိုျပန္ဖိခ်လိုက္ရသည္။


"ဟို...ကိုယ္ေတြပူေနတယ္...

အဲ့..အဲ့ဒါကိုမဖယ္ပါနဲ႔..."


စကားေတြထစ္ေငါ့စြာျဖင့္ အားပါပါႏွင့္ဖိဆုပ္လိုက္မိေသာ ဆရာ့လက္ေခ်ာင္းေလးေတြကို

ျပန္လႊတ္လိုက္မိသည္။


ဘယ္လိုေတြေတာင္လဲြတာပါလိမ့္။

သူ႔အခန္းထဲကို ကိုယ္ကအရင္၀င္လာၿပီး

သူ႔အသားကိုလည္း ကိုယ္ကအရင္ထိတယ္။


*မဟုတ္ေသးဘူးေလ...အခုသူကဖ်ားေနလို႔

ပံုရိပ္ကလာျပဳစုေနတာ...သူနားလည္မွာပါ...*


ဆရာ့ကိုျပန္ၾကၫ့္လိုက္မိေတာ့ ေတာ္ေတာ္

ေနထိုင္မေကာင္း၍ထင္သည္ မ်က္လံုးေလးေတြ

ျပန္မိွတ္သြားေလသည္။

ေသခ်ာၾကၫ့္လိုက္ေတာ့မွ ဆရာ့ႏႈတ္ခမ္း

အထက္ႏွင့္ေအာက္နားတြင္ ႏႈတ္ခမ္းေမႊးေလးေတြ

ေထာင္ေနတာကို ေတြ့လိုက္ရသည္။

ႏႈတ္ခမ္းေမႊးေတာင္မရိတ္ႏိုင္တဲ့အထိ

အလုပ္ေတြရႈပ္ေနခဲ့တာထင္ပါတယ္။


ဒါေပမဲ့ ဆရာကေယာက္်ားဆန္တဲ့မ်က္ႏွာက်နဲ႔

အရမ္းေခ်ာပါတယ္။

မ်က္ခံုးေမႊးတန္းစိမ္းစိမ္းေလးေတြက ရွမ္းရိုးမကို

မိုးေရထိထား၍ လန္းဆန္းေနသလိုစဲြေဆာင္မႈရိွသည္။


ႏွာတံကထင္းထြက္ေနၿပီး ေစ့ပိတ္ထားေသာႏႈတ္ခမ္းမ်ားကလည္း အနားသတ္တိက်ၿပီး

ေသသပ္လွသည္။


ဆရာ့အေပၚကိုတီခ်ူးၾကၫ့္တဲ့ မ်က္၀န္းေတြက

သိပ္မရိုးသားသလိုပဲ။

ဆရာကအသက္ငယ္တဲ့အျပင္ အရည္အခ်င္းရိွတဲ့

ေကာင္ငယ္ေလးဆိုေတာ့ တီခ်ူးလိုသေဘာက်ေနတဲ့ မိန္းကေလးေတြသူ႔လုပ္ငန္းထဲမွာအမ်ားႀကီး

ရိွမွာပဲ။ဒီအေတာအတြင္းမွာ ဆရာခ်စ္သူေတြ၊

ဘာေတြရေနၿပီမ်ားလား။

ဒီလိုဆို ပံုရိပ္စည္းေက်ာ္ေနတာကိုသာ

သိရင္ဆံပင္လာေစာင့္ဆဲြခံရမွာ ေသခ်ာတယ္။


ေျပာရင္းေတာင္...ေခါင္းေတြႀကိမ္းလာၿပီ


ဘယ္လိုပဲျဖစ္ျဖစ္ ခုေလာေလာဆယ္ေတာ့

ဆရာေနျပန္ေကာင္းေရးက တို႔အေရးျဖစ္၍

ေရခဲေသတၲာဆီသို႔ပုန္သြားကာ ၾကက္သားခြက္ကို

ထုတ္လိုက္ၿပီး ဆန္အိုးကိုရွာကာ ၾကက္သားဆန္ျပဳတ္လုပ္ဖို႔သာ ေတြးလိုက္သည္။


အန္တီယဉ္တင့္ဆီမွာ ခ်က္ျပဳတ္နည္းေတြ

သင္ထားဖူး၍ပံုရိပ္အတြက္ကေတာ့

ခ်က္ျပဳတ္တာဟာ ခက္ခဲေသာအလုပ္တစ္ခုေတာ့

မဟုတ္ေပ။

ထို႔အတြက္ေၾကာင့္ ပံုရိပ္ကိုဘယ္အရာမဆို

တတ္ေျမာက္ေစခ်င္ခဲ့ေသာ ဖြားညိုကို

ေက်းဇူးတင္မိေလသည္။


ၾကက္သားဆန္ျပဳတ္က်က္သြားၿပီးေနာက္ 

ေနြးေအာင္လုပ္လိုက္ၿပီး ဆရာ့ကိုႏိႈးဖို႔လုပ္ရသည္။

နာရီကိုၾကည္လိုက္ေတာ့  ေန့လည္ဆယ့္တစ္နာရီခဲြ

ေနေလၿပီ။


ဆရာ့ကိုႏိႈးၿပီးေဆးတိုက္ခ်င္ေပမဲ့ အိပ္ေပ်ာ္သြားတာသိပ္မၾကာေသး၍ မႏိႈးေသးပဲ ဆရာ့ကုတင္ဘက္အျခမ္းတြင္ရိွေသာ အ၀တ္ေလးေတြကို‌

သိမ္းေပးလိုက္သည္။နံရံတြင္ေထာင္ထားေသာ တံျမက္စည္းကိုယူၿပီး လွဲလိုက္ကာ

ေကာ္ျပားေလးထဲသို႔ လွဲထၫ့္လိုက္သည္။


"စာအုပ္ေတြလည္း စီေပးလိုက္ရမလား..."


တုန႔္ဆိုင္းမေနပဲ ကုတင္ေျခရင္းတြင္ကပ္ထားေသာခံုေလးေပၚမွ စာအုပ္စင္ကိုရွင္းေပးလိုက္သည္။

ထိုစဉ္စာအုပ္ေတြၾကားမွ အနီေရာင္မွတ္စု

စာအုပ္ေလးကို ေတြ့လိုက္ရ၍ စာမ်က္ႏွာေလးကို

လွန္ၾကၫ့္လိုက္မိသည္။

မထင္မွတ္ထားစြာ အထဲမွာကဗ်ာေတြအမ်ားႀကီး

ေရးထားေလသည္။

ကဗ်ာေတာ္ေတာ္မ်ားမ်ားက အခ်စ္ကဗ်ာႏွင့္

စိတ္အားတက္ေစေသာကဗ်ာမ်ားျဖစ္၍

လိုက္ဖတ္ၾကၫ့္မိသည္။


"ခုႏွစ္ကလြန္ခဲ့တဲ့ေလးႏွစ္ေလာက္ကဆိုေတာ့

ဆရာတကၠသိုလ္စတက္ခါစအခ်ိန္ကေပါ့..."


ကေလာင္နာမည္ကအစ ေနမ်ိဳးလို႔ေပးထားေသာေၾကာင့္ ပံုရိပ္ႃပံုးလိုက္မိသည္။

ကဗ်ာေတြအားလံုးက ဖတ္လို႔ေကာင္းၿပီး

ပံုရိပ္၏စိတ္ကို ဆဲြေဆာင္ႏိုင္သည္။

ထိုအထဲမွ တစ္ခုတည္းေသာကဗ်ာေလးကေတာ့

ဘာေၾကာင့္ရယ္မသိ ပံုရိပ္ကိုသိခ်င္စိတ္ေတြ

ျပင္းျပသြားေစသည္။


"စိမ္းရက္တဲ့ႏြယ္...."


သိပ္လွတဲ့ပန္းကေလးကို

ခူးစြပ္ဖို႔ အားခဲမိတိုင္း

ဆူးကေလးေတြ စူးလို႔

ႏွလံုးသားမွာ ေသြးစိမ္းရွင္ရွင္ထြက္

မင္း..သိပ္ရက္စက္တယ္ႏြယ္


‌ရထားႀကီးက တဂ်ဳံးဂ်ဳံးျမည္လို႔

သံလမ္းထက္မွာ ျဖန႔္ခင္းထားတဲ့

အသဲႏွလံုးကို ျမင္ပါလ်ွက္နဲ႔

တို႔..လမ္းခဲြၾကရေအာင္တဲ့

ကိုယ့္ရင္ေတြ ေၾကပါၿပီႏြယ္ရယ္


တစ္ဖက္မွာ ခ်စ္တတ္တဲ့ႏွလံုးသား

တစ္ဖက္မွာ မင္းမက္တဲ့ေက်ာက္သံပႂတၲမား

ႏွစ္ခုလံုးနဲ႔ျပစ္ေပါက္ၿပီး

မင္းကိုေျပာလိုက္ခ်င္တယ္...

"ငါမင္းကို...အသက္ေလာက္ခ်စ္တာလို႔..."


ဟိုးေရွးေရွးက လယ္ကြင္းစိမ္းထဲ

ေျပးလႊားေဆာ့ခဲ့တဲ့ အခ်ိန္မွာေပါ့

ကိုယ့္ကို မစိမ္းကားခဲ့ဖို႔

ကိုယ္ေျပာခဲ့တယ္ေလ


မင္းကိုယ္တိုင္ သကာေရေလာင္းၿပီး

ခ်ိဳျမျမႃပံုးျပခဲ့ေပမဲ့ 

လယ္ကြင္းစိမ္းေတြက မင္းေလာက္ေတာ့

မစိမ္းရက္ဘူးရယ္လို႔ 

သိလိုက္ပါၿပီကြယ္


ၿမိဳင္ေဟ၀န္ထဲမွာ မာယာကိုဝွက္သိမ္းၿပီး

နတ္စစ္သည္တို႔ေနာက္ကို

ေကာက္ေကာက္ပါေအာင္ လိုက္သြားခဲ့တယ္


*ႏြယ္...

ေက်ာခိုင္းၿပီးရင္..ျပန္လွၫ့္မၾကၫ့္ပါနဲ႔*


ကဗ်ာေရးထားတဲ့ ခုႏွစ္ကိုၾကၫ့္လိုက္ေတာ့

ဆရာဆယ္ေက်ာ္သက္အရြယ္ေလာက္က

ျဖစ္ေနသည္။

ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္မွာ

အခ်စ္ဦးႏွင့္ ပတ္သတ္တဲ့ဇာတ္လမ္းေလးတစ္ပုဒ္

ရိွေနတာမ်ားလား။

ကဗ်ာေလးက ကေလးဆန္ၿပီးမရင့္က်က္မႈကို

ျပေပမဲ့ သူသိပ္ခံစားခဲ့ရတယ္ဆိုတာေတာ့

ေသခ်ာတယ္။


*ႏြယ္ဆိုတာကဘယ္သူလဲ...ဒီကဗ်ာကသာ

ဆရာ့ရဲ့ခံစားခ်က္အစစ္အမွန္ေတြဆိုရင္

ႏြယ္ဆိုတာက ပံုရိပ္ေတြးမိသလို...တကယ္ပဲ

ဆရာ့ရဲ့အခ်စ္ဦးမ်ားလား...ဒါေပမဲ့ဒီကဗ်ာေလးကို

ေရးထားတဲ့ ခုႏွစ္ကလည္းၾကာၿပီျဖစ္သလို

အခ်စ္ဦးကိုလည္း ဆရာေမ့ေလာက္မွာပါ။...

ဒါေပမဲ့ အခ်စ္ဦးဆိုတာေျမးဦးရတဲ့အထိ

မေမ့ႏိုင္တဲ့ ပုဂၢိုလ္တစ္ေယာက္လို႔ သူမ်ားေတြက

ေျပာေလ့ရိွၾကတယ္။


အမွန္ေျပာရရင္ ပံုရိပ္ဟာဒုတိယလူမျဖစ္ခ်င္ေပ။

ကိုယ္တိုင္လည္း ကိုယ္ခ်စ္တဲ့လူနဲ႔မွဘ၀တစ္ခုလံုး

ပံုအပ္မည္ဟု စိတ္ထားထား၍

ဘယ္ေယာက္်ားေလးကိုမွ မလွၫ့္စားခဲ့ေပ။


"ႏြယ္....ႏြယ္....မဟုတ္ဘူး...ကိုယ္မဟုတ္ဘူး..

အဲ့လိုမေျပာပါနဲ႔.....ႏြယ္......"


ရုတ္တရက္ အဖ်ားေတြတက္ၿပီးညည္ျငဴလာေသာဆရာ့ဆီသို႔ ပံုရိပ္သြားလိုက္ၿပီး

ဆရာ့ပခံုးကို လႈပ္ႏိႈးဖို႔ျပင္လိုက္သည္။

ဆရာ့နဖူးကို စမ္းၾကၫ့္ေတာ့လည္းခၽြေးေစးေတြ

ျပန္ၿပီး စိုရႊဲေနသည္။


"မဟုတ္ဘူး...ကိုယ္မဟုတ္ဘူး..

အဲ့လိုမေျပာပါနဲ႔.....ႏြယ္......"


"ဆရာ....ဆရာ့...ထပါအံုး...အိပ္မက္ဆိုးေတြမက္ေနတာလား...."


"ႏြယ္!!!!!!"


ညည္းတြားသံအက်ယ္ႀကီးႏွင့္အတူ 

ပံုရိပ္၏ခႏၶာကိုယ္သည္ ေနြးေထြးမႈကို

ခံစားလိုက္ရသည္။ေက်ာျပင္တစ္ေလ်ွာက္

သိုင္းဖက္ထားေသာလက္ေတြဟာ ပိုမိုတင္းၾကပ္လာခဲ့သည္။

ရင္ခုန္သံႏွစ္ခု ထပ္တူၾကသြားေသာအခ်ိန္ျဖစ္ေပမဲ့

ပံုရိပ္၀မ္းနည္းေနမိသည္။


ေအးမ်ွေသာ ရာသီဥတုကို အံတုၿပီးသူ႔ရင္ခြင္သည္

ေနြးေထြးလြန္းပါသည္။

ယခင္လို အေမြးရနံ႔သာတစ္ခုမွ မသံုးထားေပမဲ့

ထူးျခားေသာ ကိုယ္သင္းရနံ႔သည္ ပံုရိပ္ကို

ၫႊတ္ႏူးေစသည္။သူႏွင့္ေတြ့လ်ွင္ ပံုရိပ္သည္

မာန္ဖီဖို႔ေတာင္ ေတြေဝေန‌တတ္ေသာ က်ားေလးတစ္ေကာင္ ျဖစ္ေနတတ္ေလၿပီ။


"ေဆာရီး...ကိုယ္ေတာင္ပန္ပါတယ္...."


ေတာင္းပန္တယ္ဟူေသာ စကားေလးတစ္ခြန္းႏွင့္အတူ ပံုရိပ္၏ေက်ာျပင္ထပ္မွ သူ႔လက္ေတြကိုေျဖေလ်ွာ့ေပးခဲ့သည္။

သူဟာ ေယာက္်ားေကာင္းတစ္ေယာက္ဆိုတာကို

သက္ေသျပေနသလိုပါပဲ။

ပံုရိပ္အေပၚမွာ သူဘယ္တုန္းကမွ

ခံစားခ်က္ရိွမေနခဲ့ဘူး။


*ႏြယ္..*ဆိုေသာညည္းတြားသံႏွင့္အတူ

သူေပြ့ဖက္ခ်င္ခဲ့တာဟာ ႏြယ္ျဖစ္ပါလိမ့္မယ္။

ဒါဆိုပံုရိပ္ကေရာ.....


"ပံုရိပ္....ငိုေနတာလား...ကိုယ့္ေၾကာင့္ငိုေနတာလား..."


သူ႔ကိုေမာ့မၾကၫ့္မိေပမဲ့ သူ႔အသံေတြတုန္ယင္ေနတာကို ခံစားလိုက္မိသည္။

ေသခ်ာတာကေတာ့ ပံုရိပ္အေပၚကိုျပဳလုပ္လိုက္မိတဲ့ အမွားတစ္ခုကိုေနာင္တရသြားတာျဖစ္ႏိုင္သလို

ပံုရိပ္၏ မ်က္ရည္ေတြေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။


"မငိုပါနဲ႔ကြာ...."


သူ႔လက္ေခ်ာင္းေတြ ပံုရိပ္ရဲ့ပါးျပင္ေပၚကို

တို႔ထိဖို႔ႀကိဳးစားလာခဲ့ေပမဲ့ ကိုယ့္ဘာသာပဲ

လက္ခံုႏွင့္သုတ္ပစ္လိုက္ၿပီး နီရဲစျပဳလာေသာ

မ်က္လံုးကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ

သူ႔ကိုၾကၫ့္လိုက္သည္။

အပိုထပ္ေစာင္းကာ  ႃပံုး၍ပင္ျပလိုက္ေသးသည္။

ရင္ထဲမွာေတာ့ နာက်င္ေနတာသူဘယ္ျမင္ပါ့မလဲ။


"အိုးထဲမွာ...ၾကက္သားဆန္ျပဳတ္လုပ္ထားတယ္...

အဲ့ဒါေလးစားၿပီးမွ ေဆးေသာက္‌လိုက္ပါ...

သမီးသြားေတာ့မယ္...."


"ဒုန္း!!!!!!!"


အခန္းတံခါးကို ေစာင့္ပိတ္သြားေသာ

ေကာင္မေလးေၾကာင့္ ‌သူသက္ျပင္းခ်လိုက္မိၿပီး

ခၽြေးေတြစိုရႊဲေနေသာ ဆံပင္ေတြကိုသပ္တင္လိုက္ကာ အိပ္ယာေပၚသို႔ ျပန္လွဲခ်လိုက္မိသည္။


"ငါဘာေၾကာင့္ ခ်က္ခ်င္းျပန္မလႊတ္မိတာလဲ...

အခုေတာ့ ငိုသြားၿပီ...."


အိပ္ယာေပၚမွာ လွဲေနရင္းႏွင့္ကုတင္စြန္းမွ

ပစၥည္းတစ္ခုခုကို လက္ကစမ္းမိ၍ၾကၫ့္လိုက္ေတာ့ ၀က္ဝံရုပ္ပါေသာ ေခါင္းစြပ္ကေလးျဖစ္ေနသည္။

ေခါင္းစြပ္ကေလးကို ၾကၫ့္၍သူႃပံုးလိုက္ၿပီးေနာက္

လမ္းအနည္းငယ္ေလ်ွာက္ၿပီးဒယ္အိုးကို

ဖြင့္ၾကၫ့္လိုက္မိေတာ့  ၾကက္သားဆန္ျပဳတ္၏ရနံ႔ေလးက သူ႔ကိုဆဲြေဆာင္ေနေလသည္


ဇြန္းႏွင့္ေမႊေနွာက္ၿပီး ျမည္းၾကၫ့္လိုက္ေတာ့

သူ႔ဘ၀မွာ စားဖူးသမ်ွဆန္ျပဳတ္ေတြထဲတြင္ 

အေကာင္းဆံုးလို႔ဆိုရမည္။

ငယ္ငယ္က သူဖ်ားေနေသာအခ်ိန္ေတြမွာေတာင္

မိဘေတြက သူ႔ကိုဂရုမစိုက္ႏိုင္ေလာက္ေအာင္

စား၀တ္ေနေရးအတြက္ လံုးပမ္းေနခဲ့ေသာေၾကာင့္

ဒီလိုဆန္ျပဳတ္မ်ိဳးကို ဘယ္လိုအရသာခံႏိုင္ခဲ့မွာလဲ။


သူ႔ကုတင္ပတ္လည္သို႔ ၾကၫ့္လိုက္မိေတာ့လည္း

ရွင္းလင္းေနေလသည္။သူႃပံုးလိုက္မိသည္။

ဘ၀မွာ ပထမဦးဆံုးကေလးတစ္ေယာက္လို

ခံစားလိုက္ရေသာ အခိုက္အတန႔္ေလးျဖစ္သည္။

အခုေတာ့ သူေလးကိုငိုေအာင္လုပ္လိုက္မိၿပီ။


🌹🌹🌹🌹🌹🌹🌹🌹


ဘာဆက္ျဖစ္မလဲ

ေနမ်ိဳးကေရာ ပံုရိပ္အေပၚမွာတကယ္

ခ်စ္မိေနရဲ့လား....

No comments:

Post a Comment