🔥🌹ဆူးကြိုး(အခန်း၅၃)🔥


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 🔥🌹ဆူးကြိုး(အခန်း၅၃)🔥


မနက်၅နာရီတွင် ပတ်၀န်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပေမဲ့ ပုံရိပ်၏ အခန်းလေးထဲတွင်တော့

ဆူညံပွက်လောရိုက်နေလေသည်။

ပိစိမနှင့်အန်တီယဉ်တင့်ကတော့ မျက်စိအလွန်နောက်နေလေပြီ။


ပုဲရိပ်သည်ခရီးတစ်ခါထွက်ဖို့အရေး ပစ္စည်းတစ်ခုကိုသတိရလိုက် ခရီးဆောင်အိတ်ထဲသို့

ကောက်ထည့်လိုက်လုပ်နေ၍ ပိစိမသည်

နှာခေါင်းတရှုံ့ရှုံ့နှင့်ဖြစ်နေလေသည်။


"မမရယ်...မနေ့ကတည်းက

ပစ္စည်းတွေလျှောက်ထည့်နေတာ....

ဒီတစ်သတ်ထည့်လို့ရော..ပြီးပါအုံးမလား

..တောင်ကြီးကို..အလည်သွားတာများ

...ယောက်ျားနောက်ပါ

တစ်ခါတည်းလိုက်တော့မဲ့ စတိုင်လ်နှင့်...."


"ဟဲ့...ပိစိမ...နင်နော်..."


ပိစိမ၏စကားများသည် အဓိပ္ပာယ်တစ်မျိုးသက်ရောက်နေ၍ အန်တီယဉ်တင့်ကို

စိတ်မလုံလဲစွာဖြင့်ကြည့်လိုက်မိသည်။

လူငယ်တွေ၏အထှာကိုနပ်သော အန်တီယဉ်တင့်က

သွားကြီးဖြီး၍ နေလေသည်။


တော်ပြီ...။နောက်ဆို အဲ့ကောင်မလေးကို

ဘာမှမပြောပြတော့ဘူး....


"အရိပ်လေး...အန်တီ၀ယ်ပေးထားတဲ့ 

ဂျင်းဘောင်းဘီတွေနဲ့သိုးမွှေးဦးထုပ်လေးရော

ထည့်ထားရဲ့လား...အခုကဆောင်းရာသီဆိုတော့

မန္တလေးမှာတောင် ဒီလောက်အေးတာ...

တောင်ကြီးမှာဆို...မြေပြန့်သူလေးက

အအေးဒဏ်ကြောင့် အရိုးကွဲမတတ်ခံစားရလိမ့်...

ဒီနှစ်က အအေးလိုင်းဖြတ်မယ်တဲ့...

အခုတောင်တော်တော်အေးနေပြီ....ဒါနဲ့

ဆွယ်တာလေးတွေနဲ့ဂါ၀န်အရှည်ကြီးတွေရော

ထည့်ထားသေးလား...မာဖလာတွေ၊

လက်အိတ်တွေရော...ပါရဲ့လား..."


"ပါပါတယ်အန်တီတင့်ရဲ့....အန်တီတင့်၀ယ်ပေးထားတာမှန်သမျှ....သမီးကအကုန်ထည့်ထားတာ..."


ဆောင်းရာသီ၏ နှင့်စက်ပွင့်လေးများနှင့်အပြိုင်

ဖြူနုနေသော မျက်နှာလေးထပ်မှာ 

ပန်းလေးတစ်ပွင့်ကဲ့သို့ အပြုံးလေးတစ်ခု

ဖူးပွင့်သွားလေသည်။


ပုံရိပ်သည် မြန်မာ၀တ်စုံ၀မ်းဆက်လေးကိုမှ

အပွင့်နုပ်သေးသေးလေးများပါရှိသော

အပြာရောင်လုံချည်လေးနှင့် ပုံဆန်းချုပ်ထားသော

လက်ရှည်လေးကို၀တ်ထားကာ ဆံပင်လေးများကို

အပေါ်တစ်လွှာစည်းနှောင်ထားပုံမှာ

အလွန်ကို ချစ်စရာကောင်းသောဆက်ကျော်သက်

အရွယ်လေးမှန်း သိသာစေသည်။


မြင်သူတကာ မငေးပဲမနိုင်လောက်အောင်

ယဉ်သူလေးဖြစ်ပြီး ပွင့်ဖူးကာစ

နှင်းဆီဖူးကလေးကဲ့သို့ ရွှန်းစိုကာ

လှပနေလေသည်။


"သမီးပြီးပြီ...အောက်ထပ်ကိုဆင်းကြရအောင်..."


ခရီးဆောင်အိတ်ကိုတော့ ပိစိမကဒိုင်ခံဆွဲပေးပြီး

ပုံရိပ်က ကျောပိုးအိတ်ကိုလွယ်၍

အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

ဖွားညို၏အခန်းရှေ့သို့ ရောက်သောအခါတံခါးကို

အသာတွန်းဖွင့်လိုက်ရာ အဖွားသည်ကုတင်ပေါ်တွင် 

ထိုင်ပြီး ပုတီးစိပ်နေလေသည်။


"ဖွား...သမီးသွားတော့မယ်နော်...

ဖွားကိုလာကန်တော့တာ..."


ဖွားညို၏အရှေ့မှာ ပဆစ်တုပ်၍ထိုင်ပြီး

ကန်တော့သောအခါ ဖွားညိုကပြုံးပြီး

ကြည့်နေလေသည်။

ဆုတွေလည်း ပေးကာဂရုစိုက်ဖို့အထပ်ထပ်မှာနေလေတော့သည်။

အမှန်တွင်တော့ တောင်ကြီးခရီးစဉ်ကိုအဖွားက

မလွှတ်ချင်ခဲ့ပေ။

ဒေသန္တရဗဟုသုတရအောင်ဆိုကာ

လေးလေးခန့်ကပါ ကူပြောပေးတော့မှ

သွားခွင့်ပြုလေသည်။


"ပုံရိပ်လေးရေ....အ၀တ်အစားကအခုတစ်ခါထဲ

လဲသွားမလား...ကားဂိတ်ရောက်မှလဲမလား..."


"ဒီမှာပဲ လဲသွားတော့မယ်...."


အမှန်တွင်တော့ဖွားညိုကို ခရီးသွားခါနီး

နှုတ်ဆက်ရမည်ဖြစ်၍ ဖွားမကြိုက်သော

ခောတ်ပေါ်အ၀တ်အစားများကို မ၀တ်ရဲခဲ့ပေ။

ယခုတော့ ဂါ၀န်ပြန်လဲရတာက အလုပ်တစ်လုပ်

ဖြစ်နေလေတော့သည်။

နီးရာအခန်းထဲသို့အမြန်ပြေး၀င်လိုက်ပြီး

ခြေမျက်စိအထိ ရှည်သောဂါ၀န်ပန်းရောင်လေးကို

၀တ်လိုက်သည်။ အပေါ်မှအမွှေးဖွားလေးများ

ပါသော ဆွယ်တာခါးတိုအဖြူလေးကို 

ကောက်စွပ်လိုက်သည်။


သိုးမွှေးဦးထုပ်ပန်းရောင်လေးကိုမှ ထိပ်မှာ

၀က်ဝံရုပ်လေးပါတာကို ရွေး‌ဆောင်းလိုက်ပြီး

ဆံပင်လေးတွေသည် နားရွက်နောက်လေးမှ

ဖြာစင်းကာ တင်ပါးအထိအုပ်ချင်နေသောကြောင့်

ချစ်စရာအလွန်ကောင်းနေလေသည်။


"ဟယ်တော့လှလိုက်တာ..."


အ၀တ်အစားလဲပြီး အခန်းထဲမှပြန်ထွက်လာတော့

ဒေါ်ယဉ်တင့်က မျက်လုံးအဝိုင်းသားနှင့်

ပုံရိပ်ကို ကြည့်မ၀ဖြစ်နေလေသည်။

နို့နှစ်ရောင် အသားအရည်လေးကြောင့်

လက်ဖမိုးလေးတွေအပေါ်မှ အကြောစိမ်းလေးတွေကိုတောင် မြင်နေရလေသည်။


ပါးလေးတွေက ပါးနီရေးရေးလေး

ဆိုးထားသော‌ကြောင့် နဂိုနီစိုစိုလေးဖြစ်နေရာမှ

ပိုရဲလာကာ နှင်းဆီပန်းနုရောင်လေးကဲ့သို့

ဖြစ်နေသည်။နှခေါင်းထိပ်လေးကအစ

ပန်းရောင်သန်းနေလေသည်။


မျက်လုံးလေးများက ဝိုင်းစက်ပြီး

အရည်လဲ့တာမျိုးထက် မျက်တောင်ကော့ကော့ထူထူလေးတွေ ၀န်းရံထား၍ညှို့အားပြင်းကာ

ရွှန်းစိုတောက်ပနေတာမျိုးဖြစ်သည်။


နှုတ်ခမ်းနီလေး ဆိုးထားသောကြောင့်

နှုတ်ခမ်းပါးလေးကအစ ရယ်လိုက်ရင်

အရောင်တောက်နေသည်။

ဒီကလေးကို သူများလက်ထဲသို့ထည့်ရမည့်

အချိန်ရောက်ရင် ကိုယ်တွေဘယ်လောက်အထိ

နှမျောလွန်းလို့ ရင်ထုမနာဖြစ်ရလိမ့်မလဲဆိုတာကို

ကြိုတွေးပြီး ရင်မောနေရသည်။


"အန်တီတင့်၀ယ်ပေးထားတာတွေကလဲ..

အရောင်နုတွေချည်းပဲ...ကြည့်အုံး

ခေါင်းစွပ်ကြီးကထိပ်မှာ အရုပ်ကြီးနဲ့ဆိုတော့...

မွေးခါစကလေး ၀တ်တဲ့ဟာတွေလိုပဲ...."


"မမကလည်း....ကိုယ့်ရုပ်လည်းကိုယ်

ပြန်ကြည့်လိုက်အုံး..ဆယ့်ရှစ်နှစ်သာ

ပြည့်ခါနီးနေတာ...၁၅နှစ်သမီးပုံဖြစ်နေတာလေ.."


"နင်ကငါ့ကိုလူစဉ်မမှီဘူးလို့ပြောချင်တာလား..."


"အင်းပေါ့ .."


"ဟာ...နင်နော်..."


"ကဲတော်စမ်းပါ...မေညိုကြားသွားလို့

အပြင်ထွက်လာရင်...ဒီပုံစံ၀တ်စားထားတာကို

မြင်သွားပါအုံးမယ်..ပုံရိပ်ရေ..ဒါရိုင်ဘာကြီး

စောင့်နေတာကြာပြီ...အမြန်သွားတော့..."


"ဟုတ်ကဲ့ပါ..အန်တီတင့်ရဲ့သွားတော့မယ်နော်...

ပြန်လာရင်လက်ဆောင်တွေ၀ယ်ခဲ့မယ်..."


*"အေးပါ...ဖောင်တော်ဦးဘုရားကိုသွားရင်သာ

‌အန်တီတင့်လှူခိုင်းတာလေးကို လှူဖိူ့မမေ့နဲ့နော်...."


"လုံး၀မမေ့ဘူး..."


စာမေးပွဲတွေပြီးတာနှင့် သူငယ်ချင်းတွေနှင့်

တိုင်ပင်ထားသည့်အတိုင်း တောင်ကြီးသို့သွားဖို့ဖြစ်လာခဲ့သည်။

ပုံရိပ်ကတော့ ဆရာ့ကိုစပရိုက်စ်လုပ်မည်ဟု

စဉ်းစားထားမိ၍ ကိုယ့်ဘာသာကြိတ်၍

ပျော်နေမိသည်။


ခရီးသွားကားနှင့်ပဲ သူငယ်ချင်းတွေ

ပျော်ပျော်ပါးပါးခရီးထွက်ကြမည်ဟု

အစီအစဉ်ဆွဲထားသောကြောင့်

ဒါရိုင်ဘာကို သူငယ်ချင်းတွေစောင့်နေသော ကားဂိတ်သို့သာလိုက်ပို့‌ခိုင်းလိုက်သည်။

ကားဂိတ်သို့ရောက်တော့ သူငယ်ချင်းများက

ဆူပုပ်နေကြလေတော့သည်။


"အစ်မကြီးရေ....ထွက်လာတော့

ကာတွန်းကားထဲကစတိုင်လ်နဲ့...

ကြည့်အုံးခုနှစ်နာရီကားထွက်မှာကို

ဆယ်မိနစ်အလိုမှရောက်လာတယ်နော်...."


"ဘိုဘိုစုတ်ရယ်....နင်ကလည်းဒေါသကြီးပဲ...."


"ဘာဘီရုပ်မ...ဘိုဘိုပြောလည်းပြောချင်စရာပဲ

နင့်ကိုငါတို့က မလာတော့ဘူးတောင်ထင်တာ..

ကားတောင်စက်နှိုးနေပြီ....

ကျန်တဲ့အချိန်တွေမှာ သွက်သလောက်

ပြင်တဲ့ဆင်တဲ့အချိန်ဆို နင်အရမ်းကြာတာပဲ...

ပြီးတော့ထွက်ချလာတဲ့ပုံက 

ဘာဘီအရုပ်မဆီကနေ

အကုန်လုပြီး ၀တ်လာသလားမှတ်ရတယ်...."


"ဟဲ့...အိမိုးသော်ရယ်...လှပါတယ်ဟ...

ခေါင်းစွပ်မှာအရုပ်လေးနဲ့...

ပုံရိပ်နင်ဒါကိုဘယ်ကနေ ၀ယ်တာလဲဟင်...

ငါ့ကိုလည်းပြောအုံး

ငါ့တူမလေးကို၀ယ်ပေးချင်လို့....."


အန်တီယဥ်တင့်ရဲ့ စနက်တွေကြောင့်

သူငယ်ချင်းတွေ တစ်ယောက်တစ်လှည့်

ဝိုင်းဖဲ့တာကို ခံနေရလေသည်။

ကားပေါ်ရောက်သည်အထိ ပုံရိပ်၏ခေါင်းစွပ်မှ

အ‌ရုပ်လေးကို လာလာဆွဲနေကြ၍ နှုတ်ခမ်းက

ရှေ့သို့တစ်တောင်လောက် ဆူထွက်နေတော့သည်။


"ပုံရိပ်...ဓာတ်ပုံရိုက်ရအောင်...."


ပိုးအိသည် ပုံရိပ်စိတ်တိုနေမှန်းသိလို့

တမင်စနောက်ပြီး ဓာတ်ပုံတွေတဖြတ်ဖြတ်

လာရိုက်နေလေသည်။

ကားလေးသည်မန္တလေးမှ စတင်ထွက်ခွာနေပြီ

ဖြစ်ရာ တောင်ကြီးတွင်ရှိသောမောချယ်ရီကားဂိတ်တွင်ဆိုက်ရပ်မည်ဖြစ်သည်။

ကားဂိတ်သို့ရောက်ပါက ဆေးဝါးကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်နေသော  ဘိုဘို၏အန်တီလေးက

လာကြိုမှာဖြစ်ပြီး ပုံရိပ်တို့တည်းရမည့် 

ဟော်တယ်သို့ လိုက်ပို့ပေးမည်ဖြစ်သည်။


ပုံရိပ်လည်း ခရီးသွားတုန်းလေးဖေ့ဘွတ်မှာ 

ပုံတင်ရမည်ဟု စိတ်ကူးလိုက်ပြီး

 လက်လေးနှစ်ချောင်းထောင်ကာ

သွားလေးပေါ်အောင် ပြုံးပြီးဆယ်ဖီဆွဲလိုက်သည်။

ပုံရိပ်၏ ဖေ့ဘွတ်အကောင့်ထဲတွင်

ရှဲထားသည်မှာ ဥပဒေအကြောင်းတွေချည်းပဲ

ဖြစ်နေပြီး ပုံတင်တာကဆယ်ခါကျော်မှ

တစ်ခါလောက်သာဖြစ်သည်။

ယခုပုံတင်တာကတော့ လူတစ်ယောက်ကို

တမင် မြင်စေချင်၍ ဖြစ်သည်။

သူမြင်တဲ့အခါ ဘယ်လိုလာပြောမလဲ သိချင်သည်။


*တောင်ကြီးမြို့သို့အလည်တစ်ခေါက်....

မောချယ်ရီကားဂိတ်ကို အမြန်ရောက်ချင်နေမိ*


ခေါင်းစဉ်စာသားကို တမင်တောင်ကြီးလို့

ထည့်ရေးပြီး ပုံတင်လိုက်သည်။

ပုံတင်ပြီး မိနစ်ပိုင်းလေးမှာတင်

တတောင်တောင်နှင့် ကောလ်မန့်ပေးသော

အချက်ပေးသံများမြည်လာလေသည်။

ကောလ်မန့်ထဲမှာ ဆရာနေမျိုးများ

စာလာရေးထားမလား‌ဆိုသော

မျှော်လင့်ချက်လေးနှင့် လိုက်ဖတ်ကြည့်တော့...


*တောင်ကြီးကနေကြိုဆိုပါတယ်..."


ချစ်စရာလေးကွာ...


တောင်ကြီးမှာ ပျော်ခဲ့ကြနော်....


*ဒဂုန်မှာCourt trialလာပြိုင်တဲ့အဖွဲ့ထဲက

ဂျူနီယာညီမလေး မဟုတ်လား..."*


လာချင်ပေမဲ့..ပိုက်ဆံမရှိတဲ့အဖွဲ့ကပါ.....


ရိပ်လေးရေ...မမတို့ကတော့ပုဂံကိုရောက်နေတယ်...


ပုံရိပ်နှင့် ပြိုင်ပွဲအတူတူပြိုင်ကြသော

အစ်ကိုကြီးတွေရော အစ်မကြီးတွေကပါ

စကားလာပြောပေးဖော်ရပေမဲ့ ဆရာကတော့

ပုံရိပ်တင်သော ဓာတ်ပုံလေးကိုတွေ့မှတွေ့ရဲ့လား

မသိပေ။


"တောင်!!!!"


စိတ်ပျက်စွာနှင့် လိုင်းပိတ်မလို့ လုပ်နေကာမှ

အချက်ပေးသံထပ်မြည်လာလို့ ကြည့်လိုက်တော့..


*ပုံရိပ်...နင်ကငါ့ကိုတောင်မခေါ်ဘူးနော်...

စိတ်ဓာတ်ပဲ....နင်နဲ့ငါတွေ့ကြသေးတာပေါ့....*


"ဘာလဲဟ...ရူးကြောင်ကြောင်နဲ့...."


ကိုထက်၏စာကြောင့် ကြည်လင်နေသော

စိတ်တွေတောင် နောက်ကျိသွားလေသည်။

ကိုထက်ဆိုသောကောင်က အမြဲသူများကို

စိတ်ဆင်းရဲအောင် လုပ်ရမှကျေနပ်မည့်သူ

ထင်ပါရဲ့။


ဖွားညိုက သူ့ကိုပါအဖော်ခေါ်ပါဟု ပြောလာ၍

သူ့ကိုဖုန်းခေါ်ကြည့်တော့လည်းမကိုင်သလို 

စာပို့တော့လည်း မကြည့်ပဲနဲ့ 

အခုမှဒေါသလာထွက်ပြနေတယ်။

ရည်းစားထည်လဲတွဲပြီး လျှောက်လိမ့်နေတဲ့

ကောင်ကို တစ်နေ့တစ်ခြား အမြင်ကပ်လာသည်။


ဒေါသထွက်ပြီး သေလည်းအေးတာပဲ။

မျက်စိနောက်သက်သာတယ်။


စိတ်ထဲမှ သူ့ကိုကျိန်ဆဲပစ်လိုက်ပြီး 

‌လမ်းဘေးမှရှုခင်းတွေကိုသာ ကြည့်နေလိုက်သည်။

ဆောင်း၏ အငွေ့အသက်ကိုပုံရိပ်နှစ်သက်ပါသည်။

စောသေးသော အချိန်ဖြစ်၍ 

လမ်းဘေးရှုခင်းများသည်လည်း ဝိုးတိုးဝါးတား

ဖြစ်နေပေမဲ့ ထိုအချင်းအရာကပဲကဗျာဆန်သည်။

ကြည်နူးစေသည်။

စူးစမ်းလိုသော စိတ်ဝိဉာဉ်အလှကိုထုတ်ဖော်ပေး

သည်။


အချို့အရာတွေက ရှင်းလင်းစွာမြင်နေရပေမဲ့

နှလုံးသား၏ နှစ်လိုမှုကို ကိုင်မလှုပ်နိုင်ပေ။

မှုန်ပျပျ မှိုင်းပျပျဖြစ်နေသော ရသတစ်မျိုးကမှ

ခံစားသက်၀င်လို့ ပိုကောင်းသည်ဟုမြင်သည်။

ပြဿနာတိုင်းဟာ ရှင်းလင်းနေခဲ့ရင်

အဖြေရှာချင်သူတွေဟာလည်း ရှိလာလိမ့်မည်

မထင်ပေ။


ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ အရာအားလုံးကို

ငြိမ်းချမ်းစေချင်သည်။

မကောင်းသူတွေကို အသိတရားရစေချင်သလို

ဘ၀ကို ခက်ခဲစွာရုန်းကန်နေရပါတယ်ဆိုမှ 

ပိုမို ခက်ခဲအောင်အလုပ်ခံနေရသော လူများကို

ထိုဒုက္ခတွေမှ ကင်းဝေးစေချင်သည်။


အခုလောလောဆယ်တော့ ပုံရိပ်၏စိတ်နံရံ

တစ်ချို့သည် ဆောင်းရာသီ၏မြူနှင်းဝေသော

နေ့ရပ်တစ်ခုကို ဖော်ဆောင်နေပါပြီ။


*"ကိုယ်ချစ်တာကို....ဖွင့်မပြောပဲ

သူသိလို့မရဘူးလား....

မိန်းမသားတစ်ယောက်မှာ

ချစ်တတ်တာနှင့်သိက္ခာတရားက

ထပ်တူကျနေတော့...

ကျွန်မရဲ့ သိက္ခာတရားကိုချနင်းပြမှ

ရှင့်နှလုံးသားကို ပိုင်ခွင့်ရမှာလား..."*


🌹🌹🌹🌹🌹🌹🌹🌹🌹


"နေကြီး...မင်းတစ်ယောက်တည်း

တကယ်ဖြစ်ရဲ့လား..."


"ရပါတယ်...ကျွန်တော်အဆင်ပြေတယ်...

ဆေးသောက်လိုက်ရင်ပျောက်သွားမှာပါ...."


ရာသီဥတုကအရမ်းအေးလာတာရော

အလုပ်ပင်ပန်းတာတွေပါပေါင်းပြီး လူကနုံးခွေကာ

မထချင်တော့လောက်အောင် ဖြစ်နေသည်။


ကိုယ်တွေနွေးနေကာ နေမကောင်းဖြစ်‌နေပေမဲ့

အနားမှာ ပြုစုမည့်သူတစ်ယောက်မှ ရှိမနေပေ။

မန်နေဂျာက ၀န်ထမ်းမလေးတစ်ယောက်ကို 

ချက်ပြုတ်ပေးဖို့ လွှတ်လိုက်မည်ဟု ဖုန်းဆက်ပေမဲ့

မသင့်တော်ဘူးဟု ထင်မိ၍ငြင်းခဲ့သည်။

ကိုယ့်ကြောင့် သူများတွေစိတ်အနှောက်အယှက် 

ဖြစ်မှာလည်း စိုးသည်။


အနွေးထည်ကိုသာ နှစ်ထပ်လောက်၀တ်လိုက်ပြီး

ရေနွေးကြိုရလေသည်။

ပြီးနောက် ဆေးသောက်ဖို့ရန်

ခနှောဆန်ပြုတ်ပြုတ်ဖို့လုပ်လိုက်သည်။

ဆန်ပြုတ်ပြုတ်နေရင်းနှင့် ခေါင်းထဲမှာမိုက်ကနဲ

မူးဝေသလိုဖြစ်သွား၍

ကိုယ့်ကိုယ်ကိုမနဲထိန်းနေရသည်။


"အဟွတ်....အဟွတ်..."


လည်ချောင်းတွေခြောက်နေ၍ ရေနွေးကိုခွက်ထဲသို့ငှဲ့ထည့်လိုက်ပြီး တစ်ငုံလောက်သောက်လိုက်သည်။


"အဟွတ်...အဟွတ်..."


ချောင်းတွေကအဆက်မပြတ်ဆိုးနေသောကြောင့်

နေမျိုး၏ မျက်နှာတစ်ခုလုံးနီမြန်းလာခဲ့သည်။

၀င်သက်ထွက်သက်တွေကအစ ပူလောင်နေ၍

နေရထိုင်ရတာ လုံး၀မကောင်းပေ။

ထို့ကြောင့် ဆန်ပြုတ်ကိုလည်းဖြစ်သလို

ပြုတ်လိုက်ပြီး ခွက်ထဲသို့ထည့်ကာ

အအေးခံထားလိုက်သည်။


လူကလှဲ၍သာနေချင်နေ၍ အနွေးထည်ကို

ခဏချွတ်လိုက်ပြီး အိပ်ယာပေါ်မှာ

ခဏလှဲချလိုက်မိသည်။

ငယ်ငယ်တည်းက အထီးကျန်ဆန်စွာ

ဘ၀ကိုဖြတ်သန်းခဲ့ရသောသူဟာ အခုလည်း

ဖျားနာတာတောင်မှ တစ်ယောက်တည်း

ဖြစ်နေသည်။


ဘုန်းကြီးကလွဲလို့ သူများတွေလို ခင်တွယ်စရာ

ဆွေမျိုးဆိုတာ တစ်ယောက်မှမရှိသော

သူ့ဘ၀ကြီးသည် ကန္တာရထဲမှာတစ်ယောက်တည်း

သွားလာနေရတာနှင့်ပင် တူသေးသည်။


ချစ်သူလေးတစ်ယောက်လောက်

ထားချင်ပေမဲ့ ကိုယ်တိုင်တောင်

ယိုင်နွဲ့မသွားဖို့ ဒေါက်တိုင်အမျိုးမျိုးနှင့်

ထိန်းမတ်နေရသည့် မပြည့်စုံတဲ့

 ဘ၀ကြီးထဲကို ဘယ်သူ့ကိုမှ

မခေါ်ရက်ပေ။


အရာရာကို အလေးအနက်ထားတတ်သော

သူဖြစ်၍ အချစ်ရေးနှင့် ပတ်သတ်ပြီးလည်း

လေးနက်စွာ အမြဲတွေးဖြစ်သည်။

ရွှေမင်းသမီးလေးတစ်ပါးအဖြစ်နဲ့ ပုလ္လင်ပေါ်ကို

ရောက်သွားတဲ့သူလေးကို လယ်ထဲမှာ

တူနှစ်ကိုယ် တဲအိုပျက်နဲ့နေရအောင်လို့

ဘယ်လိုသတ္တိတွေနဲ့ ခေါ်ရက်ပါ့မလဲ။


ဘယ်နေရာမှာမဆို အာမာန်အပြည့်နဲ့

ကြိုးစားတတ်ပြီး လူတိုင်း၏ချီးကျူးမှုကို

ခံရလေ့ရှိပေမဲ့ အချစ်ရေးမှာတော့

သူညံ့လွန်းပါသည်။


အတွေးမျိုးစုံနှင့် နဖူးပေါ်လက်တင်၍

အိပ်မောကျသွားမိကာ ဆန်ပြုတ်သောက်ဖို့ကိုတောင် မေ့သွားခဲ့လေသည်။


အိပ်မက်လိုလို ဝိုးတဝါးအရာတွေ

မြင်မက်နေမိရာမှ သူ့ကိုရင်ခွင်ထဲမှာ

ပိုက်ထားသောသူတွေသည်

သူနှင့်ဝေးရာကို ထွက်သွားကြသောအခါ

သူ့မျက်ရည်များသည် ပါးပြင်ပေါ်မှ

ခေါင်းအုံးပေါ်သို့ စီးကျလာသည်အထိ

သူရင်နင့်စွာ ငိုမိသည်။


လူတိုင်းအပေါ်မှာ စိတ်ရင်းနဲ့

အကောင်းမွန်ဆုံး အမြဲဆက်ဆံပေးသလောက်

သူ့ကိုတော့ ထားသွားရက်ကြတယ်။


သူဟာအကောင်းနဲ့မထိုက်တန်တာလား။

အချစ်စစ်၊မေတ္တာတရားတွေနဲ့ မထိုက်တန်တာလား။

မေတ္တာကို ကိုယ့်ဘက်ကနေရက်ရောစွာ

ပေးတိုင်း ပေးသလောက်ပြန်မရခဲ့ဘူး။


သူ့ရဲ့ ကလေးဘ၀တစ်လျှောက်လုံး

အခန်းငယ်တစ်ခုထဲမှာ၊သူများ‌တွေမမြင်နိုင်တဲ့

မျက်ကွယ်ရာလေးမှာ အမြဲကြိတ်ငိုခဲ့ရတယ်။

သူဟာ သိပ်သနားစရာကောင်းပေမဲ့

ဘယ်သူမှ သနားမပေးခဲ့ကြဘူး။


‌ဘုန်းကြီးကျောင်းသားမို့ အနှိမ်ခံခဲ့ရသလို။

မိမရှိ၊ဖမရှိလို့ အမြဲအလှောင်ခံခဲ့ရတယ်။

သူဟာ သူနှင့်ရွယ်တူတွေအနိုင်ကျင့်လို့

သိပ်ကောင်းသော ကလေး‌တစ်ယောက်ဖြစ်ခဲ့သည်။


"အဲ့ကောင်ကို နင်တို့ခေါ်ဆော့ရင်...

ငါနင်တို့နဲ့မဆော့တော့ဘူး...."


"မိမရှိ၊ဖမရှိတဲ့ကောင်...နင်ငါ့ကလေးတွေနဲ့

လာမကစားနဲ့...ကြည့်အုံး...အ၀တ်အစားကလည်း

စုတ်ပျက်သတ်နေတာပဲ...ရွံလိုက်တာ...."


သူများအိမ်၏ ခြံစည်းရိုးအပေါက်၀လေးတွင်

 အ၀တ်နွမ်းလေးတွေနှင့် ပေရည်နေကာ

မှိုင်းမှိုင်းလေးရပ်နေသော ငါးနှစ်အရွယ်သူ့ကို 

ရွံရှာစွာမောင်းထုတ်ခဲ့ကြသည်။


"ဆရာမ....

သူ့လိုကောင်ကအဆင့်တစ်ရတယ်ဆိုတော့

ခိုးချလို့များလား..."


"ဟုတ်တယ်ဆရာမ...သူစာခိုးချတာပဲနေမယ်..."


"သူစာခိုးချတာကို သမီးမြင်တယ်..."


အတန်းထဲမှာ သူအဆင့်တစ်ရ၍မကျေနပ်သော

အုပ်စုသည် တစ်ယောက်ပြီးတစ်ယောက်သူ့ကိုလက်ညှိုးဝိုင်းထိုးကာ သူခိုးဟုစွတ်စွဲကြသည်။


မျက်နှာငယ်လေးနှင့် သူသည်

ဟိုကြည့်ဒီကြည့်လုပ်၍

မျက်ရည်လေးများ ရစ်ဝိုင်းလာကာ

ဆရာမကိုမော့ကြည့်ခဲ့သည်။

ဆရာမသည် မွေးစားမိဘတွေကိုခေါ်၍

တိုင်ခဲ့သည်။


အဖေသည် သူ့ခြေသလုံးတွေကို ဝါးခြမ်းပြားနှင့်

တရွမ်းရွမ်းမြည်အောင်၊ အသားနီလံအောင်အထိ

ရိုက်ခဲ့သည်။


သူငိုခဲ့ပေမဲ့ ဘယ်သူမှမသနားခဲ့ကြဘူး။

သူမခိုးဘူးဟု ငြင်းပေမဲ့ဘယ်သူမှမယုံခဲ့ကြဘူး။


မွေးစားအမေသည် အဖေသူ့အားရိုက်နေသည်ကို

မြင်ပေမဲ့ ၀င်မဆွဲခဲ့ပေ။

သေချာတာကတော့ သူတို့သည်ကိုယ့်ရဲ့

မိဘအရင်းတွေဖြစ်နေရင်တောင် ကိုယ့်ဘက်မှာ

ရပ်တည်ပေးကြမည်မထင်ပေ။


အဘယ်ကြောင့်ဆိုသော် မိဘအရင်းများသည်

သူတို့ထက်ရက်စက်တတ်သော နှလုံးသားရှိ၍

လူမမယ်ကလေးကို စွန့်ပစ်ခဲ့ကြသည်မဟုတ်ပါလား။


*နောက်တစ်ခါ...စာခိုးချအုံးမှာလား...."


"အား....သားမခိုးချတော့ပါဘူး...

ကြောက်ပါပြီဗျ...."


သူသည် သူခိုးတစ်ယောက်မဟုတ်ပေ။

သို့သော် သူသည်တရားခံတစ်ယောက်ဖြစ်ခဲ့သည်။

ကိုယ်မလုပ်သော အရာအတွက်မှား‌ကြောင်း

၀န်ခံခဲ့ရသည်။


ခြေသလုံးတွေ၊ကြောပြင်တွေကို ခပ်စပ်စပ်

ရိုက်လိုက်တိုင်း ကောင်းစေချင်လို့ဟူသော

စိတ်နှင့်သာ ဖြေသိမ့်ခဲ့ရသည်။

အဖေ့ကို မမုန်းရက်ပါဘူး။


အဖေသည် သူ့ကိုပထမဆုံးပခုံးပေါ်သို့ 

ထမ်း၍တင်ပေးခဲ့သူဖြစ်ပြီး

အမေသည်ကမ္ဘာပေါ်တွင် သူတိုး၀င်ခိုလှုံခဲ့ဖူးသည့် 

 တစ်ခုတည်းသော ရင်ခွင်တစ်ခုဖြစ်သည်။

ကိုယ့်ကမ္ဘာထဲတွင် သူတို့နှစ်ဦးသာရှိ၍

သူတို့တွေ စွန့်ပစ်သွားမည်ကို သေမလောက်

ကြောက်ခဲ့သည်။


"နောက်တစ်ခါ စာခိုးချအုံးမှာလားဟမ်...


"ဖြန်း!!!!!!"


"ကျွန်တော်မခိုးဘူး!!!!!!"


"အိပ်မက်မက်နေတာပဲ..."


အဖျားတက်နေတော့ ဂယောင်ချောက်ခြားနှင့်

အိပ်မက်ဆိုးတွေ မက်နေမိသည်။

နာရီကိုကြည့်လိုက်တော့ သူအိပ်ပျော်သွားတာ

တစ်နာရီခွဲလောက်ရှိသွားလေသည်။

အရသာပေါ့ပျက်ပျက်ဖြစ်နေသော ဆန်ပြုတ်ကို သုံးလုပ်လောက်သောက်လိုက်ပြီး

ဆေးသောက်လိုက်သည်။


 အီးမေးလ်ပို့ထားသလားဟု စစ်ရအောင်

လိုင်းဖွင့်လိုက်သောအခါ အရင်တက်လာသော

အချက်ပေးသည့်အကောင့်သည် ပုံရိပ်လေး၏

အကောင့်ဖြစ်နေသည်။


အိပ်ယာပေါ်သို့ လှဲချလိုက်ပြီးကောင်မလေး၏

အကောင့်ထဲသို့ ၀င်ကြည့်လိုက်သောအခါ 

၀က်ဝံရုပ်လေးပါသော

ပန်းရောင်ခေါင်းစွပ်လေး၀တ်ထားသော

ကလေးပေါက်စလေးသည် ပြုံးရွှင်နေကာ

ပုံထဲမှာတောင် ပါးပြင်လေးတွေက

နီမြန်း၍နေလေသည်။

ခြောက်သွေ့နေသော သူ့နှုတ်ခမ်းထက်၌

သစ်လွင်သော အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။


"ဟင်....ပုံရိပ်က..တောင်ကြီးကိုလာနေတာလား..."


စာကို ဖတ်မိသွားပြီး ကောင်မလေးပုံတင်သောအချိန်ကိုကြည့်လိုက်တော့ မနက်ခုနှစ်နာရီ

ကျော်လောက်ကဖြစ်နေသည်။


အခုကရှစ်နာရီ ခွဲနေပြီဆိုတော့....


အတွေးနှင့်အတူ အနွေးထည်ကို

ကောက်၀တ်လိုက်ပြီး ဆိုင်ကယ်သော့ကို

ပြေးယူလိုက်မိသည်။


"အဟွတ်...အဟွတ်..."


မိန်းကလေးတစ်ယောက်ကြောင့် သူ့စိတ်တွေ

လွတ်သွားခဲ့လေပြီ။သူ့ခန္ဓာကိုယ်တစ်ခုလုံးက

မီးစလေးတစ်ခုလို ပူလောင်နေပြီး

ချောင်းတွေက ဆိုးနေတုန်းပါပဲ။

ဒါပေမဲ့ ကုန်းဆင်းလမ်းအတိုင်းဆိုင်ကယ်ကို

မောင်းချပြီး သူမလေးရေးထားသည့်အတိုင်း

မောချယ်ရီကားဂိတ်ဆီသို့သာ

မောင်းသွားမိလေသည်။


ထင်းရှူးတန်းလမ်းကလေးကို သူဖြတ်မောင်းခဲ့ပြီး

လေအေးများသည် သူ့မျက်နှာကိုလာရိုက်ခတ်နေပေမဲ့ ဘယ်လိုအားမာန်တွေဟာသူ့ကို

ခွန်အားပေးနေသလဲ မသိနိုင်လောက်အောင်

သူ့စိတ်အာရုံသည် အခြားတစ်ဖက်သို့ရောက်နေခဲ့သည်။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


"ပုံရိပ်ရေ....ဟဲ့...အိတ်ပုပ်မ...ထတော့လေ..."


"ဟင်...ရောက်ပြီလား....ဝါး...ငါအိပ်ပျော်သွားတယ်.."


"အိပ်ပျော်မှန်း အခုမှသိတာလား...တစ်လမ်းလုံး

နင်အိပ်ပြီးလိုက်လာတာ...မန္တလေးကနေစထွက်တည်းကပဲ..."


သူငယ်ချင်းက ဆူငေါက်နေလည်းပဲ

လူကအိပ်ထား၍ မူးနောက်နောက်ဖြစ်ချင်နေမိသည်။မျက်လုံးပေါ်အထိအုပ်ကျနေသော

ခေါင်းစွပ်ကို ဆွဲလှန်လိုက်တော့ မျက်လုံးထဲသို့

အလင်းရောင်တွေက စူး၀င်လာသည်။

မျက်မှောင်ကြုံ့ပြီး ပြင်ပပတ်၀န်းကျင်ကို

သေချာကြည့်လိုက်မိတော့...


"ဟင်...ငါတို့မန္တလေးကားဂိတ်ကို

ပြန်ရောက်နေတာလား..."


"ဟဲ့...အော်...မျက်လုံးကြီးနှစ်လုံးကို

သေချာပြူးကြည့်စမ်းပါ...ဒါတောင်ကြီးကို

ရောက်နေတာ...သူများတွေတောင်ဆင်းကုန်ပြီ

နင်မြန်မြန်ဆင်းတော့ဟာ...ကားပေါ်မှာနေရတာ

မွန်းကြပ်လာပြီ..."


ပိုးအိမက အတင်းတွန်းနေ၍ အပေါ်စင်မှာ

တင်ထားသော လွယ်အိတ်ကိုလွယ်လိုက်ပြီး

ကားပေါ်ကနေဆင်းလိုက်သည်။

ထိုတော့မှ သူငယ်ချင်းတွေအားလုံး 

ကားအပြင်မှာ ရောက်နေမှန်း

သိလိုက်ရသည်။


"ကဲ...အားလုံးကိုငါမိတ်ဆက်ပေးရအုံးမယ်..

ဒါကငါ့ရဲ့အန်တီလေး...နာမည်ကမေချူးသွယ်တဲ့

ငါကတော့တီချူးလို့ပဲခေါ်တယ်...."


ဘိုဘို့ဒေါ်လေးဆို၍ အသက်ကြီးကြီးအဒေါ်ကြီးဟု

ထင်ထားခဲ့ပေမဲ့ အခုတော့အသက်အစိပ်လောက်ပဲ

ရှိလိမ့်ဦးမည်။အသားကဖွေးဖွေးလေးနှင့်

ရှမ်းဘောင်းဘီရယ်၊ရှမ်းအိင်္ကျီဆင်စွယ်ရောင်ရယ်ကို တွဲဖက်၍၀တ်ဆင်ထားလေသည်။

ရယ်လိုက်ရင် ပိုပြီးတောင်နုပါသေးတယ်။

ပုံရိပ်လည်း တီချူး၏အနားသို့သွားလိုက်ပြီး 

အနီးကပ်သေချာကြည့်ကာ ပြုံးပြလိုက်သည်။


"တီချူးကတော်တော်လှတယ်နော်...

ဘိုဘိုနဲ့တော့ကွာပါ့..

သူက လဒကြီး‌အောက်သွားမရှိသလို

တမှိုင်မှိုင်ဖြစ်နေတဲ့ရုပ်သိလား..."


"ဟာ...ဘာဘီစုတ်မ...အေးပါနင်ကသိပ်ကို

ချောပါတယ်လှပါတယ်...ကတ်တရာစေးနဲ့

လမ်းခင်းထားသလို ပြောင်ပြီးချောနေတာပါတဲ့..."


"ဟား...ဟား...ဘာဖြစ်လည်း...ကတ္တရာလမ်းလည်း

အသုံး၀င်တာပဲ...နင့်ကသာကျီးထိုးထိုး၊ခြစားစား

ဘယ်လိုမှပုံမလာတာ..."


"အေးပါ...အဲ့မှာကြံဖန်ပြီးဂုဏ်ယူနေလိုက်တော့...

ရှေ့နေစုတ်မ....စကားပြောရင်သူနိုင်ရမှ...

တရားခွင်မှာသာ အဲ့လိုရန်သွားတွေ့ကြည့်ပါလား

တရားခံကထောင်မကျပဲ နင်ကလက်ထိပ်နဲ့

ဂျေးအောင်းနေရလိမ့်မယ်...

တစ်သတ်တစ်ကျွန်းဆိုပြီး...ဟား..ဟား

ပဲဟင်းစားပြီး..ချီးပန်းပြီးသေ..အေးရော..

မျက်လုံးထဲမှာတောင်..ကွက်ကွက်ကွင်းကွင်း

မြင်လာပြီ..."


"ဘိုဘိုစုတ်မ...နင်..နင်နော်...နိမိတ်မရှိနမာမရှိနဲ့..."


ဘိုဘိုစုတ်ကို စိတ်ဆိုးလွန်းလို့ ပုံရိပ်၏မျက်နှာကြီး

နီတက်လာလေတော့ ဘိုဘိုကအသံထွက်အောင်

ရယ်လေသည်။

ပိုးအိတို့၊အိမိုးသော်တို့ကတောဓာတ်ပုံတွေသာ

ရိုက်နေကြပြီး ဘာမှအားမကိုးရဘူး။


"ကဲ...တော်ကြပါတော့ဟယ်...ညနေကြရင်..

တောင်ကြီးလမ်းမှာ...မူကထလိုက်ကျွေးပါ့မယ်

ရန်မဖြစ်ကြပါနဲ့တော့..."


"ဟာ...တီချူးကလည်း...အဲ့အစီစဉ်ကိုအစတည်းက

ပြောရောပေါ့...ဒါဆိုရင်ဘယ်ရန်ဖြစ်ပါ့မလဲ..

အာဘွားကြီးပဲ လှိမ့်ပေးပြစ်မှာပေါ့..."


"ရှေ့နေစုတ်...နင့်အာဘွားကိုငါမလိုချင်ဘူးနော်..."


ဘိုဘို့၏ပခုံးကို မမှီမကမ်းနှင့် လှမ်းဖက်ပြီး

စလိုက်တော့  အတင်းယက်ကန်ယက်ကန်လုပ်နေ၍

ပုံရိပ်ရယ်ချင်သွားမိသည်။


"ဒါနဲ့...သမီးတို့က...ဘယ်ဟော်တယ်မှာ

တည်းရမှာလဲ...*


"‌ဟုတ်သားပဲ...တီချူးကအမြန်လာခဲ့ရတော့

ဟော်တယ်ကို မစုံစမ်းခဲ့ရဘူး...ဘယ်လိုလုပ်မလဲ.."


 အခုရာသီဟာ ခရီးသွားတွေများသောရာသီဖြစ်၍

ကားတွေတစ်ကားပြီးတစ်ကားရောက်လာသလို 

လူတွေတစ်စုပြီးတစ်စုဆင်းလာကြလေသည်။

ပုံရိပ်တို့လည်း လူနည်းနည်းရှင်းသောနေရာတွင်

အုပ်စုဖွဲ့လိုက်ပြီး လည်ပတ်ရန်နေရာများနှင့်

တည်းရမည့်ဟော်တယ်ကိစ္စကိုပါ ဆွေးနွေးမိကြသည်။


"ပုံရိပ်!!!!!"


ပုံရိပ်၏ အနောက်ဘက်မှအော်ခေါ်လိုက်သော

အသံကြောင့် ပုံရိပ်၏အာရုံကြောတွေ အားလုံး

ရပ်တန့်သွားလေသည်။

မူးချင်သလို မေ့ချင်သလိုခံစားချက်ကြီး

ချည်းနင်း၀င်ရောက်လာပြီးနောက်မှာ

နှစ်လိုဖွယ်ကောင်းသောအပြုံးမဟုတ်ပဲ

အ‌တိုင်းအဆမရှိ ကျေနပ်သွားသောအပြုံးနှင့်

နောက်သို့ လှည့်ကြည့်လိုက်မိသည်။


"ဆရာ..!!!!"


ဆရာ့ခြေလှမ်းများက ယိုင်နဲ့ချင်နေသလား

မသိပေမဲ့ပုံရိပ်ဆီသို့ တန်းတန်းမတ်မတ်

လျှောက်လာနေလေသည်။

ဆရာ့မျက်၀န်းများသည် လူမမာတစ်ယောက်လိုမှေးကျဉ်းပြီး အရောင်မှိန်နေပေမဲ့

ဆရာ့မျက်လုံးထဲ၌ ပုံရိပ်ရှိနေသည်။

အကြောင်းမှာ ဆရာသည်လူအများကြီးထဲမှာမှ

ပုံရိပ်တစ်ယောက်တည်းကိုသာ

ကြည့်နေသောကြောင့်ဖြစ်သည်။


"ဆရာ...ကားဂိတ်ကိုဘာလာလုပ်တာလဲ..."


"ဟို...သူငယ်ချင်းတစ်ယောက်ကိုလိုက်ပို့တာပါ..."


ဆရာသည် သူ့စကားလေးတစ်ခွန်းအပေါ်၌

ယုံကြည်မှုရှိမနေပဲ သူစိတ်လှုပ်ရှားလျှင်

လုပ်လေ့ရှိသော အကျင့်အတိုင်း သူ့ဂုတ်ပိုးကို

လက်နှင့်ပွတ်နေလေသည်။


ဆရာဘာဖြစ်လို့ ညာရတာလဲ။

*သူငယ်ချင်းတစ်ယောက်ကိုလိုက်ပို့တာ*ဟု

ပြောလိုက်ပြီးနောက် အန်တီချူးသွယ်ကိုမလုံမလဲ

ကြည့်နေပုံထောက်ရင် ဆရာနဲ့တီချူးကသိနေကြတာများလား။


"ကိုနေ့ကို ဒီမှာတွေ့မယ်လို့မထင်ထားဘူး...

အတော်ပဲကိုနေရေ...ဒီကလေးတွေကိုဟော်တယ်

လိုက်ပို့မလို့...ဘယ်မှာတည်းခိုင်းရမလဲ...

နည်းနည်းအကြံပေးပါအုံး...သူတို့တွေကို

ချူးနဲ့အနီးမှာထားမှလည်းဖြစ်မှာမို့...

မစဉ်းစားတတ်တော့ဘူး..."


"ကိစ္စမရှိပါဘူး...တို့တွေနဲ့သိပ်မဝေးဘူး‌လေ...

ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာပဲ ချယ်ရီမြေဟော်တယ်ဆိုတာရှိတယ်...နေဦးဟိုနားမှာ

ကိုယ်နဲ့အသိကလိုင်းဆွဲတယ်...စီးလုံးငှားလို့

ရသလားလို့ သွားမေးကြည့်လိုက်အုံးမယ်...

လိုင်စင်မဲ့ပေမဲ့..စိတ်ချရပါတယ်...."


ဥပဒေကျောင်းသားပုံရိပ်ကို တမင်သေချာကြည့်ပြီး

လိုင်စင်မဲ့ ကိစ္စပြောသွားခဲ့လေသည်။

တောင်ကြီးမှာ လိုင်စင်မဲ့တွေပေါတာကိုလည်း

ပုံရိပ်ကမသိတာကြနေတာပဲ။

လာကြိုရင် လာကြိုတယ်၊စိတ်ပူရင် ပူတယ်ပေါ့။


"ပုံရိပ်...ကိုယ့်ကိုလွယ်အိတ်နဲ့...လက်ဆွဲအိတ်ပေး..."


ပုံရိပ်၏လွယ်အိတ်ကိုအတင်းဆွဲယူနေ၍

ပေးလွယ်လိုက်ရသလို လက်ကေ့ချ်ကိုလည်းသူပဲ

ဆွဲယူသွားလေသည်။

ဘေးနားမှာ ကိုယ့်အိတ်ကိုယ်ဆွဲပြီး ကိုယ့်အားကိုယ်ကိုးနေရသော

သူငယ်ချင်းများကိုတောင် အားနာသလိုလို

ဖြစ်လာပေမဲ့ ကိုယ့်ကုသိုလ်ကံနှင့်ကိုယ်ဆိုတော့

ပြုံး၍သာနေလိုက်သည်။


"ဟဲ့...မိပုံမ...ဒါကဘာသဘောလဲ..."


"ဘာသဘောရမှာလဲ...မြင်တဲ့အတိုင်းပဲလေ..."


"ရုပ်ကိုက...တောင်နံရံနဲ့ပြေးစောင့်တော့မလိုနဲ့...

 အစ်ကိုကြီးက အဝေးရောက်ချစ်သူကို

လာကြိုနေသလိုပဲနော်...နင်တို့ကဘာလား..."


"ဘာမှမလားဘူး..."


"တစ်ခုခုတော့ လားတယ်လုပ်လိုက်ပါဟယ်..."


"ဟဲ့...သူမှမလားတာ...ငါကဘယ်လိုလားရမလဲ..."


"ဟယ်...မိန်းမရယ်...ဈေးကျလိုက်တာ...

အဲ့အစ်ကိုကြီးနဲ့ နင်နဲ့တန်တောင်မတန်ဘူး..."


အရှေ့ခပ်လှမ်းလှမ်းမှ တီချူးနှင့်အတူယှဉ်၍

သွားနေသော ဆရာ့ကိုကြည့်ကာ အုပ်စုလိုက်

ဝိုင်း၍နှိပ်ကွပ်နေကြလေသည်။


ပုံရိပ်တို့ စီးရမည့်ကားအ‌နားကိုရောက်တော့မှ

အားလုံးမျက်နှာပိုးသတ်လိုက်ကြသည်။


"ပုံရိပ်...ဒီမှာပုံရိပ်ရဲ့လွယ်အိတ်..."


ပုံရိပ်ကို လွယ်အိတ်ပြန်ပေးသောအခါ

ဆရာ့လက်ဖမိုးအသားကို ပုံရိပ်ထိလိုက်မိသည်။

ဆရာ့အသားတွေက ဆောင်းတွင်းကြီးတောင်

နွေးနေတာလား။

ကျန်တဲ့လူတွေကားပေါ်သို့ တက်ကုန်ကြပေမဲ့

ပုံရိပ်ကတော့ ကားဘေးနားမှာပဲ ရပ်နေမိလေသည်။

ဆရာကလည်း ထိုနေရာမှာပဲငူငူကြီး

ရပ်၍နေသည်။


"‌ဆရာ...နေကောင်းရဲ့လား...ဆရာ့မျက်နှာက

နည်းနည်းဖျော့နေ‌သလားလို့..."


"အင်း...နည်းနည်းဖျားချင်နေယုံပါ..

ဘာမှမဖြစ်ပါဘူး..."


"ဒါနဲ့...ဆရာကဘယ်မှာနေတာလဲဟင်...

ဆရာ့ဆီကို...လာလည်လို့ရမလား.."


မိန်းကလေးတစ်ယောက်၏တန်ဖိုးကို

အဆုံးစွန်အထိ နှိမ်ချပြီး ယောက်ျားပျိုတစ်ယောက်ထံသို့ လည်ပတ်ခွင့်ရဖို့ပထမဆုံး

တောင်းဆိုမိခြင်းပင်။

ပုံရိပ်သည် ငယ်ရွယ်ပေမဲ့ မာနဆူးအပြည့်နှင့်

၀န်းရံထားသော မိန်းမသားဖြစ်သည်။

သို့ပေမဲ့ ထိုမာနတွေကအခြားယောက်ျားများအတွက်ဖြစ်ပြီး ဆရာ့အပေါ်တွင်တော့

မသက်ရောက်နိုင်ပေ။


သာမာန် ဆက်ဆံရေးတစ်ခုသာဖြစ်ခဲ့ရင်

ဘာခံစားချက်မှသာမရှိခဲ့ရင် ဒီလိုအချိန်မှာ

ပုံရိပ်မျက်နှာပူစရာလိုမယ်မထင်ပေ။


"နေတာကတော့ မချူးသွယ်တို့မိန်းကလေးအဆောင်နဲ့မျက်နှာချင်းဆိုင်မှာပါ...

ယောက်ျားလေးအဆောင်ဆိုတော့

ပုံရိပ်မလာပါနဲ့...ဆရာပဲလာခဲ့ပါ့မယ်..."


"ပုံရိပ်ရေ...ကားထွက်တော့မယ်နော်..."


"သွားတော့လေ...သူငယ်ချင်းတွေစောင့်ရတာ

ကြာနေမှာပေါ့..."


ဆရာ့မျက်နှာကို ပုံရိပ်ကြည့်၍မ၀သလို

ဆရာ့ကိုလည်း ပုံရိပ်မခွဲချင်ပေမဲ့

ကားပေါ်သို့တက်ခဲ့ရလေသည်။

ဆရာ့အရိပ်ကလေး မှိုင်းပျပျသာ

ကျန်တော့သည်အထိ ‌လိုက်ငေးနေမိလေသည်။

ဆရာ့ကိုယ်ပေါ်မှာ အနွေးထည်က

နှစ်ထပ်ဖြစ်‌နေတာကို ပုံရိပ်သတိထားမိသည်။

ဆရာ့မျက်လုံးတွေ နီနေခဲ့တယ်။

ဆရာ့ပုံစံက တော်တော်နေမကောင်းဖြစ်နေသလို

ပုံကြီးပင်။ပုံရိပ် ဘယ်လိုလုပ်ရမလဲ။


ဟော်တယ်သို့ရောက်ပြီး အခန်းငှားကာ

ပစ္စည်းတွေကို နေရာချနေသည်အထိ ပုံရိပ်သည်

စိတ်နှင့်လူနဲ့မကပ်တော့ပေ။

ပုံရိပ်၏ စိတ်ဝိဉာဉ်ကို တစ်စုံတစ်ယောက်က

ယူဆောင်သွားခဲ့လေပြီ။


"ကဲ...အားလုံးအဆင်ပြေပြီဆိုတော့...တီချူးလည်းအ‌ဆောင်ခဏပြန်ပြီးရင်အလုပ်ပြန်၀င်ရတော့မယ်...နေ့တစ်၀က်ခွင့်ယူထားတာဆိုတော့

ညနေအလုပ်ဆင်းမှ...

မူကထလိုက်ကျွေးတော့မယ်နော်ကလေးတို့..."


"ဟုတ်ကဲ့ပါတီချူးရေ...သမီးတို့လည်း

အနားယူလိုက်အုံးမယ်..."


အခန်းထဲမှ တီချူးထွက်‌သွားသောအခါ ပုံရိပ်၏

စိတ်တွေသည် တွေဝေမှုများစွာဖြစ်ပေါ်လာသည်။

ပုံရိပ်ဘာလုပ်သင့်သလဲ။

ပုံရိပ်ဒီခရီးကို လိုက်လာမိတာဟာ ဆရာဆိုသူ၏

အနီးဆုံးမှာ ရှိနေနိုင်ဖို့ဖြစ်တဲ့အတွက်

ဆရာနှင့်အနီးဆုံးကိုရောက်အောင်

ပုံရိပ်သွားချင်သည်။

ဆရာနေမကောင်းမှုစိုးလို့ စိတ်ပူပြီး

လာကြည့်တာဟုပြောလိုက်ရင် ယုံကြည်ပါ့မလား။


"ဟဲ့...ပုံရိပ်...ဘယ်သွားမလို့လဲ...."


"တီချူးကိုအမှီလိုက်မလို့...ငါတီချူးတို့

အဆောင်ကို လိုက်သွားအုံးမယ်..."


အနွေးထည်ကိုအမြန်ယူ၀တ်လိုက်ပြီး

၀က်ဝံရုပ်လေးပါသော ခေါင်းစွပ်ကိုပြန်ဆောင်းကာ

ဟော်တယ်အခန်းထဲမှ ထွက်သွားသော

တီချူး၏အနောက်သို့  ပြေးလိုက်မိလေသည်။


*ဆရာပင်ပန်းနွမ်း‌နယ်နေချိန်မှာ မှီခိုဖို့ကမ်းသော

ပခုံးတစ်ခုဟာ ပုံရိပ်သာလျှင်ဖြစ်လိုသည်...*


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ဆရာကပဲ ပုံရိပ်အပေါ်တစ်လျှောက်လုံး

ကောင်းလာပေးခဲ့တော့ ပုံရိပ်ကရော

ဘယ်လိုပြန်ကောင်းပေးမလဲ????


မျိုသိပ်တတ်လွန်းတဲ့ ဆရာနေမျိုးရဲ့

ငယ်ဘ၀အကြောင်းကို အိပ်မက်တွေကနေ

ဝိုးတဝါး ထည့်ရေးထားပါသေးတယ်...


ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ဆီတိုင်းကို

ကျေးဇူးအထူး တင်ရှိပါတယ်..


=========================================================================


🔥🌹ဆူးႀကိဳး(အခန္း၅၃)🔥


မနက္၅နာရီတြင္ ပတ္၀န္းက်င္တစ္ခုလံုးတိတ္ဆိတ္ေနေပမဲ့ ပံုရိပ္၏ အခန္းေလးထဲတြင္ေတာ့

ဆူညံပြက္ေလာရိုက္ေနေလသည္။

ပိစိမႏွင့္အန္တီယဉ္တင့္ကေတာ့ မ်က္စိအလြန္ေနာက္ေနေလၿပီ။


ပဲုရိပ္သည္ခရီးတစ္ခါထြက္ဖို႔အေရး ပစၥည္းတစ္ခုကိုသတိရလိုက္ ခရီးေဆာင္အိတ္ထဲသို႔

ေကာက္ထၫ့္လိုက္လုပ္ေန၍ ပိစိမသည္

ႏွာေခါင္းတရႈံ႔ရႈံ႔ႏွင့္ျဖစ္ေနေလသည္။


"မမရယ္...မေန့ကတည္းက

ပစၥည္းေတြေလ်ွာက္ထၫ့္ေနတာ....

ဒီတစ္သတ္ထၫ့္လို႔ေရာ..ၿပီးပါအံုးမလား

..ေတာင္ႀကီးကို..အလည္သြားတာမ်ား

...ေယာက္်ားေနာက္ပါ

တစ္ခါတည္းလိုက္ေတာ့မဲ့ စတိုင္လ္ႏွင့္...."


"ဟဲ့...ပိစိမ...နင္ေနာ္..."


ပိစိမ၏စကားမ်ားသည္ အဓိပၸာယ္တစ္မ်ိဳးသက္ေရာက္ေန၍ အန္တီယဉ္တင့္ကို

စိတ္မလံုလဲစြာျဖင့္ၾကၫ့္လိုက္မိသည္။

လူငယ္ေတြ၏အထွာကိုနပ္ေသာ အန္တီယဉ္တင့္က

သြားႀကီးၿဖီး၍ ေနေလသည္။


ေတာ္ၿပီ...။ေနာက္ဆို အဲ့ေကာင္မေလးကို

ဘာမွမေျပာျပေတာ့ဘူး....


"အရိပ္ေလး...အန္တီ၀ယ္ေပးထားတဲ့ 

ဂ်င္းေဘာင္းဘီေတြနဲ႔သိုးေမႊးဦးထုပ္ေလးေရာ

ထၫ့္ထားရဲ့လား...အခုကေဆာင္းရာသီဆိုေတာ့

မႏၲေလးမွာေတာင္ ဒီေလာက္ေအးတာ...

ေတာင္ႀကီးမွာဆို...ေျမျပန႔္သူေလးက

အေအးဒဏ္ေၾကာင့္ အရိုးကဲြမတတ္ခံစားရလိမ့္...

ဒီႏွစ္က အေအးလိုင္းျဖတ္မယ္တဲ့...

အခုေတာင္ေတာ္ေတာ္ေအးေနၿပီ....ဒါနဲ႔

ဆြယ္တာေလးေတြနဲ႔ဂါ၀န္အရွည္ႀကီးေတြေရာ

ထၫ့္ထားေသးလား...မာဖလာေတြ၊

လက္အိတ္ေတြေရာ...ပါရဲ့လား..."


"ပါပါတယ္အန္တီတင့္ရဲ့....အန္တီတင့္၀ယ္ေပးထားတာမွန္သမ်ွ....သမီးကအကုန္ထၫ့္ထားတာ..."


ေဆာင္းရာသီ၏ ႏွင့္စက္ပြင့္ေလးမ်ားႏွင့္အၿပိဳင္

ျဖဴႏုေနေသာ မ်က္ႏွာေလးထပ္မွာ 

ပန္းေလးတစ္ပြင့္ကဲ့သို႔ အႃပံုးေလးတစ္ခု

ဖူးပြင့္သြားေလသည္။


ပံုရိပ္သည္ ျမန္မာ၀တ္စံု၀မ္းဆက္ေလးကိုမွ

အပြင့္ႏုပ္ေသးေသးေလးမ်ားပါရိွေသာ

အျပာေရာင္လံုခ်ည္ေလးႏွင့္ ပံုဆန္းခ်ဳပ္ထားေသာ

လက္ရွည္ေလးကို၀တ္ထားကာ ဆံပင္ေလးမ်ားကို

အေပၚတစ္လႊာစည္းေနွာင္ထားပံုမွာ

အလြန္ကို ခ်စ္စရာေကာင္းေသာဆက္ေက်ာ္သက္

အရြယ္ေလးမွန္း သိသာေစသည္။


ျမင္သူတကာ မေငးပဲမႏိုင္ေလာက္ေအာင္

ယဉ္သူေလးျဖစ္ၿပီး ပြင့္ဖူးကာစ

ႏွင္းဆီဖူးကေလးကဲ့သို႔ ရႊန္းစိုကာ

လွပေနေလသည္။


"သမီးၿပီးၿပီ...ေအာက္ထပ္ကိုဆင္းၾကရေအာင္..."


ခရီးေဆာင္အိတ္ကိုေတာ့ ပိစိမကဒိုင္ခံဆဲြေပးၿပီး

ပံုရိပ္က ေက်ာပိုးအိတ္ကိုလြယ္၍

ေအာက္ထပ္သို႔ဆင္းလာခဲ့လိုက္သည္။

ဖြားညို၏အခန္းေရ႔ွသို႔ ေရာက္ေသာအခါတံခါးကို

အသာတြန္းဖြင့္လိုက္ရာ အဖြားသည္ကုတင္ေပၚတြင္ 

ထိုင္ၿပီး ပုတီးစိပ္ေနေလသည္။


"ဖြား...သမီးသြားေတာ့မယ္ေနာ္...

ဖြားကိုလာကန္ေတာ့တာ..."


ဖြားညို၏အေရ႔ွမွာ ပဆစ္တုပ္၍ထိုင္ၿပီး

ကန္ေတာ့ေသာအခါ ဖြားညိုကႃပံုးၿပီး

ၾကၫ့္ေနေလသည္။

ဆုေတြလည္း ေပးကာဂရုစိုက္ဖို႔အထပ္ထပ္မွာေနေလေတာ့သည္။

အမွန္တြင္ေတာ့ ေတာင္ႀကီးခရီးစဉ္ကိုအဖြားက

မလႊတ္ခ်င္ခဲ့ေပ။

ေဒသႏၲရဗဟုသုတရေအာင္ဆိုကာ

ေလးေလးခန႔္ကပါ ကူေျပာေပးေတာ့မွ

သြားခြင့္ျပဳေလသည္။


"ပံုရိပ္ေလးေရ....အ၀တ္အစားကအခုတစ္ခါထဲ

လဲသြားမလား...ကားဂိတ္ေရာက္မွလဲမလား..."


"ဒီမွာပဲ လဲသြားေတာ့မယ္...."


အမွန္တြင္ေတာ့ဖြားညိုကို ခရီးသြားခါနီး

ႏႈတ္ဆက္ရမည္ျဖစ္၍ ဖြားမႀကိဳက္ေသာ

ေခာတ္ေပၚအ၀တ္အစားမ်ားကို မ၀တ္ရဲခဲ့ေပ။

ယခုေတာ့ ဂါ၀န္ျပန္လဲရတာက အလုပ္တစ္လုပ္

ျဖစ္ေနေလေတာ့သည္။

နီးရာအခန္းထဲသို႔အျမန္ေျပး၀င္လိုက္ၿပီး

ေျခမ်က္စိအထိ ရွည္ေသာဂါ၀န္ပန္းေရာင္ေလးကို

၀တ္လိုက္သည္။ အေပၚမွအေမႊးဖြားေလးမ်ား

ပါေသာ ဆြယ္တာခါးတိုအျဖဴေလးကို 

ေကာက္စြပ္လိုက္သည္။


သိုးေမႊးဦးထုပ္ပန္းေရာင္ေလးကိုမွ ထိပ္မွာ

၀က္ဝံရုပ္ေလးပါတာကို ေရြး‌ေဆာင္းလိုက္ၿပီး

ဆံပင္ေလးေတြသည္ နားရြက္ေနာက္ေလးမွ

ျဖာစင္းကာ တင္ပါးအထိအုပ္ခ်င္ေနေသာေၾကာင့္

ခ်စ္စရာအလြန္ေကာင္းေနေလသည္။


"ဟယ္ေတာ့လွလိုက္တာ..."


အ၀တ္အစားလဲၿပီး အခန္းထဲမျွပန္ထြက္လာေတာ့

ေဒၚယဉ္တင့္က မ်က္လံုးအဝိုင္းသားႏွင့္

ပံုရိပ္ကို ၾကၫ့္မ၀ျဖစ္ေနေလသည္။

ႏို႔ႏွစ္ေရာင္ အသားအရည္ေလးေၾကာင့္

လက္ဖမိုးေလးေတြအေပၚမွ အေၾကာစိမ္းေလးေတြကိုေတာင္ ျမင္ေနရေလသည္။


ပါးေလးေတြက ပါးနီေရးေရးေလး

ဆိုးထားေသာ‌ေၾကာင့္ နဂိုနီစိုစိုေလးျဖစ္ေနရာမွ

ပိုရဲလာကာ ႏွင္းဆီပန္းႏုေရာင္ေလးကဲ့သို႔

ျဖစ္ေနသည္။ႏွေခါင္းထိပ္ေလးကအစ

ပန္းေရာင္သန္းေနေလသည္။


မ်က္လံုးေလးမ်ားက ဝိုင္းစက္ၿပီး

အရည္လဲ့တာမ်ိဳးထက္ မ်က္ေတာင္ေကာ့ေကာ့ထူထူေလးေတြ ၀န္းရံထား၍ၫွို႔အားျပင္းကာ

ရႊန္းစိုေတာက္ပေနတာမ်ိဳးျဖစ္သည္။


ႏႈတ္ခမ္းနီေလး ဆိုးထားေသာေၾကာင့္

ႏႈတ္ခမ္းပါးေလးကအစ ရယ္လိုက္ရင္

အေရာင္ေတာက္ေနသည္။

ဒီကေလးကို သူမ်ားလက္ထဲသို႔ထၫ့္ရမၫ့္

အခ်ိန္ေရာက္ရင္ ကိုယ္ေတြဘယ္ေလာက္အထိ

ႏွေမ်ာလြန္းလို႔ ရင္ထုမနာျဖစ္ရလိမ့္မလဲဆိုတာကို

ႀကိဳေတြးၿပီး ရင္ေမာေနရသည္။


"အန္တီတင့္၀ယ္ေပးထားတာေတြကလဲ..

အေရာင္ႏုေတြခ်ည္းပဲ...ၾကၫ့္အံုး

ေခါင္းစြပ္ႀကီးကထိပ္မွာ အရုပ္ႀကီးနဲ႔ဆိုေတာ့...

ေမြးခါစကေလး ၀တ္တဲ့ဟာေတြလိုပဲ...."


"မမကလည္း....ကိုယ့္ရုပ္လည္းကိုယ္

ျပန္ၾကၫ့္လိုက္အံုး..ဆယ့္ရွစ္ႏွစ္သာ

ျပၫ့္ခါနီးေနတာ...၁၅ႏွစ္သမီးပံုျဖစ္ေနတာေလ.."


"နင္ကငါ့ကိုလူစဉ္မမွီဘူးလို႔ေျပာခ်င္တာလား..."


"အင္းေပါ့ .."


"ဟာ...နင္ေနာ္..."


"ကဲေတာ္စမ္းပါ...ေမညိုၾကားသြားလို႔

အျပင္ထြက္လာရင္...ဒီပံုစံ၀တ္စားထားတာကို

ျမင္သြားပါအံုးမယ္..ပံုရိပ္ေရ..ဒါရိုင္ဘာႀကီး

ေစာင့္ေနတာၾကာၿပီ...အျမန္သြားေတာ့..."


"ဟုတ္ကဲ့ပါ..အန္တီတင့္ရဲ့သြားေတာ့မယ္ေနာ္...

ျပန္လာရင္လက္ေဆာင္ေတြ၀ယ္ခဲ့မယ္..."


*"ေအးပါ...ေဖာင္ေတာ္ဦးဘုရားကိုသြားရင္သာ

‌အန္တီတင့္လႉခိုင္းတာေလးကို လႉဖိူ႔မေမ့နဲ႔ေနာ္...."


"လံုး၀မေမ့ဘူး..."


စာေမးပဲြေတြၿပီးတာႏွင့္ သူငယ္ခ်င္းေတြႏွင့္

တိုင္ပင္ထားသၫ့္အတိုင္း ေတာင္ႀကီးသို႔သြားဖို႔ျဖစ္လာခဲ့သည္။

ပံုရိပ္ကေတာ့ ဆရာ့ကိုစပရိုက္စ္လုပ္မည္ဟု

စဉ္းစားထားမိ၍ ကိုယ့္ဘာသာႀကိတ္၍

ေပ်ာ္ေနမိသည္။


ခရီးသြားကားႏွင့္ပဲ သူငယ္ခ်င္းေတြ

ေပ်ာ္ေပ်ာ္ပါးပါးခရီးထြက္ၾကမည္ဟု

အစီအစဉ္ဆဲြထားေသာေၾကာင့္

ဒါရိုင္ဘာကို သူငယ္ခ်င္းေတြေစာင့္ေနေသာ ကားဂိတ္သို႔သာလိုက္ပို႔‌ခိုင္းလိုက္သည္။

ကားဂိတ္သို႔ေရာက္ေတာ့ သူငယ္ခ်င္းမ်ားက

ဆူပုပ္ေနၾကေလေတာ့သည္။


"အစ္မႀကီးေရ....ထြက္လာေတာ့

ကာတြန္းကားထဲကစတိုင္လ္နဲ႔...

ၾကၫ့္အံုးခုႏွစ္နာရီကားထြက္မွာကို

ဆယ္မိနစ္အလိုမွေရာက္လာတယ္ေနာ္...."


"ဘိုဘိုစုတ္ရယ္....နင္ကလည္းေဒါသႀကီးပဲ...."


"ဘာဘီရုပ္မ...ဘိုဘိုေျပာလည္းေျပာခ်င္စရာပဲ

နင့္ကိုငါတို႔က မလာေတာ့ဘူးေတာင္ထင္တာ..

ကားေတာင္စက္ႏိႈးေနၿပီ....

က်န္တဲ့အခ်ိန္ေတြမွာ သြက္သေလာက္

ျပင္တဲ့ဆင္တဲ့အခ်ိန္ဆို နင္အရမ္းၾကာတာပဲ...

ၿပီးေတာ့ထြက္ခ်လာတဲ့ပံုက 

ဘာဘီအရုပ္မဆီကေန

အကုန္လုၿပီး ၀တ္လာသလားမွတ္ရတယ္...."


"ဟဲ့...အိမိုးေသာ္ရယ္...လွပါတယ္ဟ...

ေခါင္းစြပ္မွာအရုပ္ေလးနဲ႔...

ပံုရိပ္နင္ဒါကိုဘယ္ကေန ၀ယ္တာလဲဟင္...

ငါ့ကိုလည္းေျပာအံုး

ငါ့တူမေလးကို၀ယ္ေပးခ်င္လို႔....."


အန္တီယဥ္တင့္ရဲ့ စနက္ေတြေၾကာင့္

သူငယ္ခ်င္းေတြ တစ္ေယာက္တစ္လွၫ့္

ဝိုင္းဖဲ့တာကို ခံေနရေလသည္။

ကားေပၚေရာက္သည္အထိ ပံုရိပ္၏ေခါင္းစြပ္မွ

အ‌ရုပ္ေလးကို လာလာဆဲြေနၾက၍ ႏႈတ္ခမ္းက

ေရ႔ွသို႔တစ္ေတာင္ေလာက္ ဆူထြက္ေနေတာ့သည္။


"ပံုရိပ္...ဓာတ္ပံုရိုက္ရေအာင္...."


ပိုးအိသည္ ပံုရိပ္စိတ္တိုေနမွန္းသိလို႔

တမင္စေနာက္ၿပီး ဓာတ္ပံုေတြတျဖတ္ျဖတ္

လာရိုက္ေနေလသည္။

ကားေလးသည္မႏၲေလးမွ စတင္ထြက္ခြာေနၿပီ

ျဖစ္ရာ ေတာင္ႀကီးတြင္ရိွေသာေမာခ်ယ္ရီကားဂိတ္တြင္ဆိုက္ရပ္မည္ျဖစ္သည္။

ကားဂိတ္သို႔ေရာက္ပါက ေဆးဝါးကုမၸဏီတစ္ခုတြင္အလုပ္လုပ္ေနေသာ  ဘိုဘို၏အန္တီေလးက

လာႀကိဳမွာျဖစ္ၿပီး ပံုရိပ္တို႔တည္းရမၫ့္ 

ေဟာ္တယ္သို႔ လိုက္ပို႔ေပးမည္ျဖစ္သည္။


ပံုရိပ္လည္း ခရီးသြားတုန္းေလးေဖ့ဘြတ္မွာ 

ပံုတင္ရမည္ဟု စိတ္ကူးလိုက္ၿပီး

 လက္ေလးႏွစ္ေခ်ာင္းေထာင္ကာ

သြားေလးေပၚေအာင္ ႃပံုးၿပီးဆယ္ဖီဆဲြလိုက္သည္။

ပံုရိပ္၏ ေဖ့ဘြတ္အေကာင့္ထဲတြင္

ရွဲထားသည္မွာ ဥပေဒအေၾကာင္းေတြခ်ည္းပဲ

ျဖစ္ေနၿပီး ပံုတင္တာကဆယ္ခါေက်ာ္မွ

တစ္ခါေလာက္သာျဖစ္သည္။

ယခုပံုတင္တာကေတာ့ လူတစ္ေယာက္ကို

တမင္ ျမင္ေစခ်င္၍ ျဖစ္သည္။

သူျမင္တဲ့အခါ ဘယ္လိုလာေျပာမလဲ သိခ်င္သည္။


*ေတာင္ႀကီးၿမိဳ႔သို႔အလည္တစ္ေခါက္....

ေမာခ်ယ္ရီကားဂိတ္ကို အျမန္ေရာက္ခ်င္ေနမိ*


ေခါင္းစဉ္စာသားကို တမင္ေတာင္ႀကီးလို႔

ထၫ့္ေရးၿပီး ပံုတင္လိုက္သည္။

ပံုတင္ၿပီး မိနစ္ပိုင္းေလးမွာတင္

တေတာင္ေတာင္ႏွင့္ ေကာလ္မန႔္ေပးေသာ

အခ်က္ေပးသံမ်ားျမည္လာေလသည္။

ေကာလ္မန႔္ထဲမွာ ဆရာေနမ်ိဳးမ်ား

စာလာေရးထားမလား‌ဆိုေသာ

ေမ်ွာ္လင့္ခ်က္ေလးႏွင့္ လိုက္ဖတ္ၾကၫ့္ေတာ့...


*ေတာင္ႀကီးကေနႀကိဳဆိုပါတယ္..."


ခ်စ္စရာေလးကြာ...


ေတာင္ႀကီးမွာ ေပ်ာ္ခဲ့ၾကေနာ္....


*ဒဂုန္မွာCourt trialလာၿပိဳင္တဲ့အဖဲြ႔ထဲက

ဂ်ူနီယာညီမေလး မဟုတ္လား..."*


လာခ်င္ေပမဲ့..ပိုက္ဆံမရိွတဲ့အဖဲြ႔ကပါ.....


ရိပ္ေလးေရ...မမတို႔ကေတာ့ပုဂံကိုေရာက္ေနတယ္...


ပံုရိပ္ႏွင့္ ၿပိဳင္ပဲြအတူတူၿပိဳင္ၾကေသာ

အစ္ကိုႀကီးေတြေရာ အစ္မႀကီးေတြကပါ

စကားလာေျပာေပးေဖာ္ရေပမဲ့ ဆရာကေတာ့

ပံုရိပ္တင္ေသာ ဓာတ္ပံုေလးကိုေတြ့မွေတြ့ရဲ့လား

မသိေပ။


"ေတာင္!!!!"


စိတ္ပ်က္စြာႏွင့္ လိုင္းပိတ္မလို႔ လုပ္ေနကာမွ

အခ်က္ေပးသံထပ္ျမည္လာလို႔ ၾကၫ့္လိုက္ေတာ့..


*ပံုရိပ္...နင္ကငါ့ကိုေတာင္မေခၚဘူးေနာ္...

စိတ္ဓာတ္ပဲ....နင္နဲ႔ငါေတြ့ၾကေသးတာေပါ့....*


"ဘာလဲဟ...ရူးေၾကာင္ေၾကာင္နဲ႔...."


ကိုထက္၏စာေၾကာင့္ ၾကည္လင္ေနေသာ

စိတ္ေတြေတာင္ ေနာက္က်ိသြားေလသည္။

ကိုထက္ဆိုေသာေကာင္က အၿမဲသူမ်ားကို

စိတ္ဆင္းရဲေအာင္ လုပ္ရမွေက်နပ္မည့္သူ

ထင္ပါရဲ့။


ဖြားညိုက သူ႔ကိုပါအေဖာ္ေခၚပါဟု ေျပာလာ၍

သူ႔ကိုဖုန္းေခၚၾကည့္ေတာ့လည္းမကိုင္သလို 

စာပို႔ေတာ့လည္း မၾကၫ့္ပဲနဲ႔ 

အခုမွေဒါသလာထြက္ျပေနတယ္။

ရည္းစားထည္လဲတဲြၿပီး ေလ်ွာက္လိမ့္ေနတဲ့

ေကာင္ကို တစ္ေန့တစ္ျခား အျမင္ကပ္လာသည္။


ေဒါသထြက္ၿပီး ေသလည္းေအးတာပဲ။

မ်က္စိေနာက္သက္သာတယ္။


စိတ္ထဲမွ သူ႔ကိုက်ိန္ဆဲပစ္လိုက္ၿပီး 

‌လမ္းေဘးမွရႈခင္းေတြကိုသာ ၾကၫ့္ေနလိုက္သည္။

ေဆာင္း၏ အေငြ့အသက္ကိုပံုရိပ္ႏွစ္သက္ပါသည္။

ေစာေသးေသာ အခ်ိန္ျဖစ္၍ 

လမ္းေဘးရႈခင္းမ်ားသည္လည္း ဝိုးတိုးဝါးတား

ျဖစ္ေနေပမဲ့ ထိုအခ်င္းအရာကပဲကဗ်ာဆန္သည္။

ၾကည္ႏူးေစသည္။

စူးစမ္းလိုေသာ စိတ္ဝိဉာဉ္အလွကိုထုတ္ေဖာ္ေပး

သည္။


အခ်ိဳ႕အရာေတြက ရွင္းလင္းစြာျမင္ေနရေပမဲ့

ႏွလံုးသား၏ ႏွစ္လိုမႈကို ကိုင္မလႈပ္ႏိုင္ေပ။

မႈန္ပ်ပ် မိႈင္းပ်ပ်ျဖစ္ေနေသာ ရသတစ္မ်ိဳးကမွ

ခံစားသက္၀င္လို႔ ပိုေကာင္းသည္ဟုျမင္သည္။

ျပႆနာတိုင္းဟာ ရွင္းလင္းေနခဲ့ရင္

အေျဖရွာခ်င္သူေတြဟာလည္း ရိွလာလိမ့္မည္

မထင္ေပ။


ဒါေပမဲ့ တစ္ခါတစ္ေလမွာေတာ့ အရာအားလံုးကို

ၿငိမ္းခ်မ္းေစခ်င္သည္။

မေကာင္းသူေတြကို အသိတရားရေစခ်င္သလို

ဘ၀ကို ခက္ခဲစြာရုန္းကန္ေနရပါတယ္ဆိုမွ 

ပိုမို ခက္ခဲေအာင္အလုပ္ခံေနရေသာ လူမ်ားကို

ထိုဒုကၡေတြမွ ကင္းေဝးေစခ်င္သည္။


အခုေလာေလာဆယ္ေတာ့ ပံုရိပ္၏စိတ္နံရံ

တစ္ခ်ိဳ႕သည္ ေဆာင္းရာသီ၏ျမဴႏွင္းေဝေသာ

ေန့ရပ္တစ္ခုကို ေဖာ္ေဆာင္ေနပါၿပီ။


*"ကိုယ္ခ်စ္တာကို....ဖြင့္မေျပာပဲ

သူသိလို႔မရဘူးလား....

မိန္းမသားတစ္ေယာက္မွာ

ခ်စ္တတ္တာႏွင့္သိကၡာတရားက

ထပ္တူက်ေနေတာ့...

ကၽြန္မရဲ့ သိကၡာတရားကိုခ်နင္းျပမွ

ရွင့္ႏွလံုးသားကို ပိုင္ခြင့္ရမွာလား..."*


🌹🌹🌹🌹🌹🌹🌹🌹🌹


"ေနႀကီး...မင္းတစ္ေယာက္တည္း

တကယ္ျဖစ္ရဲ့လား..."


"ရပါတယ္...ကၽြန္ေတာ္အဆင္ေျပတယ္...

ေဆးေသာက္လိုက္ရင္ေပ်ာက္သြားမွာပါ...."


ရာသီဥတုကအရမ္းေအးလာတာေရာ

အလုပ္ပင္ပန္းတာေတြပါေပါင္းၿပီး လူကႏံုးေခြကာ

မထခ်င္ေတာ့ေလာက္ေအာင္ ျဖစ္ေနသည္။


ကိုယ္ေတြႏြေးေနကာ ေနမေကာင္းျဖစ္‌ေနေပမဲ့

အနားမွာ ျပဳစုမၫ့္သူတစ္ေယာက္မွ ရိွမေနေပ။

မန္ေနဂ်ာက ၀န္ထမ္းမေလးတစ္ေယာက္ကို 

ခ်က္ျပဳတ္ေပးဖို႔ လႊတ္လိုက္မည္ဟု ဖုန္းဆက္ေပမဲ့

မသင့္ေတာ္ဘူးဟု ထင္မိ၍ျငင္းခဲ့သည္။

ကိုယ့္ေၾကာင့္ သူမ်ားေတြစိတ္အေနွာက္အယွက္ 

ျဖစ္မွာလည္း စိုးသည္။


အေနြးထည္ကိုသာ ႏွစ္ထပ္ေလာက္၀တ္လိုက္ၿပီး

ေရႏြေးႀကိဳရေလသည္။

ၿပီးေနာက္ ေဆးေသာက္ဖို႔ရန္

ခေနွာဆန္ျပဳတ္ျပဳတ္ဖို႔လုပ္လိုက္သည္။

ဆန္ျပဳတ္ျပဳတ္ေနရင္းႏွင့္ ေခါင္းထဲမွာမိုက္ကနဲ

မူးေဝသလိုျဖစ္သြား၍

ကိုယ့္ကိုယ္ကိုမနဲထိန္းေနရသည္။


"အဟြတ္....အဟြတ္..."


လည္ေခ်ာင္းေတြေျခာက္ေန၍ ေရႏြေးကိုခြက္ထဲသို႔ငွဲ႔ထၫ့္လိုက္ၿပီး တစ္ငံုေလာက္ေသာက္လိုက္သည္။


"အဟြတ္...အဟြတ္..."


ေခ်ာင္းေတြကအဆက္မျပတ္ဆိုးေနေသာေၾကာင့္

ေနမ်ိဳး၏ မ်က္ႏွာတစ္ခုလံုးနီျမန္းလာခဲ့သည္။

၀င္သက္ထြက္သက္ေတြကအစ ပူေလာင္ေန၍

ေနရထိုင္ရတာ လံုး၀မေကာင္းေပ။

ထို႔ေၾကာင့္ ဆန္ျပဳတ္ကိုလည္းျဖစ္သလို

ျပဳတ္လိုက္ၿပီး ခြက္ထဲသို႔ထၫ့္ကာ

အေအးခံထားလိုက္သည္။


လူကလွဲ၍သာေနခ်င္ေန၍ အေနြးထည္ကို

ခဏခၽြတ္လိုက္ၿပီး အိပ္ယာေပၚမွာ

ခဏလွဲခ်လိုက္မိသည္။

ငယ္ငယ္တည္းက အထီးက်န္ဆန္စြာ

ဘ၀ကိုျဖတ္သန္းခဲ့ရေသာသူဟာ အခုလည္း

ဖ်ားနာတာေတာင္မွ တစ္ေယာက္တည္း

ျဖစ္ေနသည္။


ဘုန္းႀကီးကလဲြလို႔ သူမ်ားေတြလို ခင္တြယ္စရာ

ေဆြမ်ိဳးဆိုတာ တစ္ေယာက္မွမရိွေသာ

သူ႔ဘ၀ႀကီးသည္ ကႏၲာရထဲမွာတစ္ေယာက္တည္း

သြားလာေနရတာႏွင့္ပင္ တူေသးသည္။


ခ်စ္သူေလးတစ္ေယာက္ေလာက္

ထားခ်င္ေပမဲ့ ကိုယ္တိုင္ေတာင္

ယိုင္ႏဲြ႔မသြားဖို႔ ေဒါက္တိုင္အမ်ိဳးမ်ိဳးႏွင့္

ထိန္းမတ္ေနရသည့္ မျပၫ့္စံုတဲ့

 ဘ၀ႀကီးထဲကို ဘယ္သူ႔ကိုမွ

မေခၚရက္ေပ။


အရာရာကို အေလးအနက္ထားတတ္ေသာ

သူျဖစ္၍ အခ်စ္ေရးႏွင့္ ပတ္သတ္ၿပီးလည္း

ေလးနက္စြာ အၿမဲေတြးျဖစ္သည္။

ေရႊမင္းသမီးေလးတစ္ပါးအျဖစ္နဲ႔ ပုလႅင္ေပၚကို

ေရာက္သြားတဲ့သူေလးကို လယ္ထဲမွာ

တူႏွစ္ကိုယ္ တဲအိုပ်က္နဲ႔ေနရေအာင္လို႔

ဘယ္လိုသတၲိေတြနဲ႔ ေခၚရက္ပါ့မလဲ။


ဘယ္ေနရာမွာမဆို အာမာန္အျပၫ့္နဲ႔

ႀကိဳးစားတတ္ၿပီး လူတိုင္း၏ခ်ီးက်ူးမႈကို

ခံရေလ့ရိွေပမဲ့ အခ်စ္ေရးမွာေတာ့

သူညံ့လြန္းပါသည္။


အေတြးမ်ိဳးစံုႏွင့္ နဖူးေပၚလက္တင္၍

အိပ္ေမာက်သြားမိကာ ဆန္ျပဳတ္ေသာက္ဖို႔ကိုေတာင္ ေမ့သြားခဲ့ေလသည္။


အိပ္မက္လိုလို ဝိုးတဝါးအရာေတြ

ျမင္မက္ေနမိရာမွ သူ႔ကိုရင္ခြင္ထဲမွာ

ပိုက္ထားေသာသူေတြသည္

သူႏွင့္ေဝးရာကို ထြက္သြားၾကေသာအခါ

သူ႔မ်က္ရည္မ်ားသည္ ပါးျပင္ေပၚမွ

ေခါင္းအံုးေပၚသို႔ စီးက်လာသည္အထိ

သူရင္နင့္စြာ ငိုမိသည္။


လူတိုင္းအေပၚမွာ စိတ္ရင္းနဲ႔

အေကာင္းမြန္ဆံုး အၿမဲဆက္ဆံေပးသေလာက္

သူ႔ကိုေတာ့ ထားသြားရက္ၾကတယ္။


သူဟာအေကာင္းနဲ႔မထိုက္တန္တာလား။

အခ်စ္စစ္၊ေမတၲာတရားေတြနဲ႔ မထိုက္တန္တာလား။

ေမတၲာကို ကိုယ့္ဘက္ကေနရက္ေရာစြာ

ေပးတိုင္း ေပးသေလာက္ျပန္မရခဲ့ဘူး။


သူ႔ရဲ့ ကေလးဘ၀တစ္ေလ်ွာက္လံုး

အခန္းငယ္တစ္ခုထဲမွာ၊သူမ်ား‌ေတြမျမင္ႏိုင္တဲ့

မ်က္ကြယ္ရာေလးမွာ အၿမဲႀကိတ္ငိုခဲ့ရတယ္။

သူဟာ သိပ္သနားစရာေကာင္းေပမဲ့

ဘယ္သူမွ သနားမေပးခဲ့ၾကဘူး။


‌ဘုန္းႀကီးေက်ာင္းသားမို႔ အႏိွမ္ခံခဲ့ရသလို။

မိမရိွ၊ဖမရိွလို႔ အၿမဲအေလွာင္ခံခဲ့ရတယ္။

သူဟာ သူႏွင့္ရြယ္တူေတြအႏိုင္က်င့္လို႔

သိပ္ေကာင္းေသာ ကေလး‌တစ္ေယာက္ျဖစ္ခဲ့သည္။


"အဲ့ေကာင္ကို နင္တို႔ေခၚေဆာ့ရင္...

ငါနင္တို႔နဲ႔မေဆာ့ေတာ့ဘူး...."


"မိမရိွ၊ဖမရိွတဲ့ေကာင္...နင္ငါ့ကေလးေတြနဲ႔

လာမကစားနဲ႔...ၾကၫ့္အံုး...အ၀တ္အစားကလည္း

စုတ္ပ်က္သတ္ေနတာပဲ...ရြံလိုက္တာ...."


သူမ်ားအိမ္၏ ၿခံစည္းရိုးအေပါက္၀ေလးတြင္

 အ၀တ္ႏြမ္းေလးေတြႏွင့္ ေပရည္ေနကာ

မိႈင္းမိႈင္းေလးရပ္ေနေသာ ငါးႏွစ္အရြယ္သူ႔ကို 

ရြံရွာစြာေမာင္းထုတ္ခဲ့ၾကသည္။


"ဆရာမ....

သူ႔လိုေကာင္ကအဆင့္တစ္ရတယ္ဆိုေတာ့

ခိုးခ်လို႔မ်ားလား..."


"ဟုတ္တယ္ဆရာမ...သူစာခိုးခ်တာပဲေနမယ္..."


"သူစာခိုးခ်တာကို သမီးျမင္တယ္..."


အတန္းထဲမွာ သူအဆင့္တစ္ရ၍မေက်နပ္ေသာ

အုပ္စုသည္ တစ္ေယာက္ၿပီးတစ္ေယာက္သူ႔ကိုလက္ၫွိုးဝိုင္းထိုးကာ သူခိုးဟုစြတ္စဲြၾကသည္။


မ်က္ႏွာငယ္ေလးႏွင့္ သူသည္

ဟိုၾကၫ့္ဒီၾကၫ့္လုပ္၍

မ်က္ရည္ေလးမ်ား ရစ္ဝိုင္းလာကာ

ဆရာမကိုေမာ့ၾကၫ့္ခဲ့သည္။

ဆရာမသည္ ေမြးစားမိဘေတြကိုေခၚ၍

တိုင္ခဲ့သည္။


အေဖသည္ သူ႔ေျခသလံုးေတြကို ဝါးျခမ္းျပားႏွင့္

တရြမ္းရြမ္းျမည္ေအာင္၊ အသားနီလံေအာင္အထိ

ရိုက္ခဲ့သည္။


သူငိုခဲ့ေပမဲ့ ဘယ္သူမွမသနားခဲ့ၾကဘူး။

သူမခိုးဘူးဟု ျငင္းေပမဲ့ဘယ္သူမွမယံုခဲ့ၾကဘူး။


ေမြးစားအေမသည္ အေဖသူ႔အားရိုက္ေနသည္ကို

ျမင္ေပမဲ့ ၀င္မဆဲြခဲ့ေပ။

ေသခ်ာတာကေတာ့ သူတို႔သည္ကိုယ့္ရဲ့

မိဘအရင္းေတျြဖစ္ေနရင္ေတာင္ ကိုယ့္ဘက္မွာ

ရပ္တည္ေပးၾကမည္မထင္ေပ။


အဘယ္ေၾကာင့္ဆိုေသာ္ မိဘအရင္းမ်ားသည္

သူတို႔ထက္ရက္စက္တတ္ေသာ ႏွလံုးသားရိွ၍

လူမမယ္ကေလးကို စြန႔္ပစ္ခဲ့ၾကသည္မဟုတ္ပါလား။


*ေနာက္တစ္ခါ...စာခိုးခ်အံုးမွာလား...."


"အား....သားမခိုးခ်ေတာ့ပါဘူး...

ေၾကာက္ပါၿပီဗ်...."


သူသည္ သူခိုးတစ္ေယာက္မဟုတ္ေပ။

သို႔ေသာ္ သူသည္တရားခံတစ္ေယာက္ျဖစ္ခဲ့သည္။

ကိုယ္မလုပ္ေသာ အရာအတြက္မွား‌ေၾကာင္း

၀န္ခံခဲ့ရသည္။


ေျခသလံုးေတြ၊ေၾကာျပင္ေတြကို ခပ္စပ္စပ္

ရိုက္လိုက္တိုင္း ေကာင္းေစခ်င္လို႔ဟူေသာ

စိတ္ႏွင့္သာ ေျဖသိမ့္ခဲ့ရသည္။

အေဖ့ကို မမုန္းရက္ပါဘူး။


အေဖသည္ သူ႔ကိုပထမဆံုးပခံုးေပၚသို႔ 

ထမ္း၍တင္ေပးခဲ့သူျဖစ္ၿပီး

အေမသည္ကမ႓ာေပၚတြင္ သူတိုး၀င္ခိုလႈံခဲ့ဖူးသၫ့္ 

 တစ္ခုတည္းေသာ ရင္ခြင္တစ္ခုျဖစ္သည္။

ကိုယ့္ကမ႓ာထဲတြင္ သူတို႔ႏွစ္ဦးသာရိွ၍

သူတို႔ေတြ စြန႔္ပစ္သြားမည္ကို ေသမေလာက္

ေၾကာက္ခဲ့သည္။


"ေနာက္တစ္ခါ စာခိုးခ်အံုးမွာလားဟမ္...


"ျဖန္း!!!!!!"


"ကၽြန္ေတာ္မခိုးဘူး!!!!!!"


"အိပ္မက္မက္ေနတာပဲ..."


အဖ်ားတက္ေနေတာ့ ဂေယာင္ေခ်ာက္ျခားႏွင့္

အိပ္မက္ဆိုးေတြ မက္ေနမိသည္။

နာရီကိုၾကၫ့္လိုက္ေတာ့ သူအိပ္ေပ်ာ္သြားတာ

တစ္နာရီခဲြေလာက္ရိွသြားေလသည္။

အရသာေပါ့ပ်က္ပ်က္ျဖစ္ေနေသာ ဆန္ျပဳတ္ကို သံုးလုပ္ေလာက္ေသာက္လိုက္ၿပီး

ေဆးေသာက္လိုက္သည္။


 အီးေမးလ္ပို႔ထားသလားဟု စစ္ရေအာင္

လိုင္းဖြင့္လိုက္ေသာအခါ အရင္တက္လာေသာ

အခ်က္ေပးသၫ့္အေကာင့္သည္ ပံုရိပ္ေလး၏

အေကာင့္ျဖစ္ေနသည္။


အိပ္ယာေပၚသို႔ လွဲခ်လိုက္ၿပီးေကာင္မေလး၏

အေကာင့္ထဲသို႔ ၀င္ၾကၫ့္လိုက္ေသာအခါ 

၀က္ဝံရုပ္ေလးပါေသာ

ပန္းေရာင္ေခါင္းစြပ္ေလး၀တ္ထားေသာ

ကေလးေပါက္စေလးသည္ ႃပံုးရႊင္ေနကာ

ပံုထဲမွာေတာင္ ပါးျပင္ေလးေတြက

နီျမန္း၍ေနေလသည္။

ေျခာက္ေသြ့ေနေသာ သူ႔ႏႈတ္ခမ္းထက္၌

သစ္လြင္ေသာ အႃပံုးတစ္ခုျဖစ္ေပၚလာခဲ့သည္။


"ဟင္....ပံုရိပ္က..ေတာင္ႀကီးကိုလာေနတာလား..."


စာကို ဖတ္မိသြားၿပီး ေကာင္မေလးပံုတင္ေသာအခ်ိန္ကိုၾကၫ့္လိုက္ေတာ့ မနက္ခုႏွစ္နာရီ

ေက်ာ္ေလာက္ကျဖစ္ေနသည္။


အခုကရွစ္နာရီ ခဲြေနၿပီဆိုေတာ့....


အေတြးႏွင့္အတူ အေနြးထည္ကို

ေကာက္၀တ္လိုက္ၿပီး ဆိုင္ကယ္ေသာ့ကို

ေျပးယူလိုက္မိသည္။


"အဟြတ္...အဟြတ္..."


မိန္းကေလးတစ္ေယာက္ေၾကာင့္ သူ႔စိတ္ေတြ

လြတ္သြားခဲ့ေလၿပီ။သူ႔ခႏၶာကိုယ္တစ္ခုလံုးက

မီးစေလးတစ္ခုလို ပူေလာင္ေနၿပီး

ေခ်ာင္းေတြက ဆိုးေနတုန္းပါပဲ။

ဒါေပမဲ့ ကုန္းဆင္းလမ္းအတိုင္းဆိုင္ကယ္ကို

ေမာင္းခ်ၿပီး သူမေလးေရးထားသၫ့္အတိုင္း

ေမာခ်ယ္ရီကားဂိတ္ဆီသို႔သာ

ေမာင္းသြားမိေလသည္။


ထင္းရႉးတန္းလမ္းကေလးကို သူျဖတ္ေမာင္းခဲ့ၿပီး

ေလေအးမ်ားသည္ သူ႔မ်က္ႏွာကိုလာရိုက္ခတ္ေနေပမဲ့ ဘယ္လိုအားမာန္ေတြဟာသူ႔ကို

ခြန္အားေပးေနသလဲ မသိႏိုင္ေလာက္ေအာင္

သူ႔စိတ္အာရံုသည္ အျခားတစ္ဖက္သို႔ေရာက္ေနခဲ့သည္။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


"ပံုရိပ္ေရ....ဟဲ့...အိတ္ပုပ္မ...ထေတာ့ေလ..."


"ဟင္...ေရာက္ၿပီလား....ဝါး...ငါအိပ္ေပ်ာ္သြားတယ္.."


"အိပ္ေပ်ာ္မွန္း အခုမွသိတာလား...တစ္လမ္းလံုး

နင္အိပ္ၿပီးလိုက္လာတာ...မႏၲေလးကေနစထြက္တည္းကပဲ..."


သူငယ္ခ်င္းက ဆူေငါက္ေနလည္းပဲ

လူကအိပ္ထား၍ မူးေနာက္ေနာက္ျဖစ္ခ်င္ေနမိသည္။မ်က္လံုးေပၚအထိအုပ္က်ေနေသာ

ေခါင္းစြပ္ကို ဆဲြလွန္လိုက္ေတာ့ မ်က္လံုးထဲသို႔

အလင္းေရာင္ေတြက စူး၀င္လာသည္။

မ်က္ေမွာင္ႄကံု႔ၿပီး ျပင္ပပတ္၀န္းက်င္ကို

ေသခ်ာၾကၫ့္လိုက္မိေတာ့...


"ဟင္...ငါတို႔မႏၲေလးကားဂိတ္ကို

ျပန္ေရာက္ေနတာလား..."


"ဟဲ့...ေအာ္...မ်က္လံုးႀကီးႏွစ္လံုးကို

ေသခ်ာျပဴးၾကၫ့္စမ္းပါ...ဒါေတာင္ႀကီးကို

ေရာက္ေနတာ...သူမ်ားေတြေတာင္ဆင္းကုန္ၿပီ

နင္ျမန္ျမန္ဆင္းေတာ့ဟာ...ကားေပၚမွာေနရတာ

မြန္းၾကပ္လာၿပီ..."


ပိုးအိမက အတင္းတြန္းေန၍ အေပၚစင္မွာ

တင္ထားေသာ လြယ္အိတ္ကိုလြယ္လိုက္ၿပီး

ကားေပၚကေနဆင္းလိုက္သည္။

ထိုေတာ့မွ သူငယ္ခ်င္းေတြအားလံုး 

ကားအျပင္မွာ ေရာက္ေနမွန္း

သိလိုက္ရသည္။


"ကဲ...အားလံုးကိုငါမိတ္ဆက္ေပးရအံုးမယ္..

ဒါကငါ့ရဲ့အန္တီေလး...နာမည္ကေမခ်ူးသြယ္တဲ့

ငါကေတာ့တီခ်ူးလို႔ပဲေခၚတယ္...."


ဘိုဘို႔ေဒၚေလးဆို၍ အသက္ႀကီးႀကီးအေဒၚႀကီးဟု

ထင္ထားခဲ့ေပမဲ့ အခုေတာ့အသက္အစိပ္ေလာက္ပဲ

ရိွလိမ့္ဦးမည္။အသားကေဖြးေဖြးေလးႏွင့္

ရွမ္းေဘာင္းဘီရယ္၊ရွမ္းအိက်ႌဆင္စြယ္ေရာင္ရယ္ကို တဲြဖက္၍၀တ္ဆင္ထားေလသည္။

ရယ္လိုက္ရင္ ပိုၿပီးေတာင္ႏုပါေသးတယ္။

ပံုရိပ္လည္း တီခ်ူး၏အနားသို႔သြားလိုက္ၿပီး 

အနီးကပ္ေသခ်ာၾကၫ့္ကာ ႃပံုးျပလိုက္သည္။


"တီခ်ူးကေတာ္ေတာ္လွတယ္ေနာ္...

ဘိုဘိုနဲ႔ေတာ့ကြာပါ့..

သူက လဒႀကီး‌ေအာက္သြားမရိွသလို

တမိႈင္မိႈင္ျဖစ္ေနတဲ့ရုပ္သိလား..."


"ဟာ...ဘာဘီစုတ္မ...ေအးပါနင္ကသိပ္ကို

ေခ်ာပါတယ္လွပါတယ္...ကတ္တရာေစးနဲ႔

လမ္းခင္းထားသလို ေျပာင္ၿပီးေခ်ာေနတာပါတဲ့..."


"ဟား...ဟား...ဘာျဖစ္လည္း...ကတၲရာလမ္းလည္း

အသံုး၀င္တာပဲ...နင့္ကသာက်ီးထိုးထိုး၊ျခစားစား

ဘယ္လိုမွပံုမလာတာ..."


"ေအးပါ...အဲ့မွာႀကံဖန္ၿပီးဂုဏ္ယူေနလိုက္ေတာ့...

ေရ႔ွေနစုတ္မ....စကားေျပာရင္သူႏိုင္ရမွ...

တရားခြင္မွာသာ အဲ့လိုရန္သြားေတြ့ၾကၫ့္ပါလား

တရားခံကေထာင္မက်ပဲ နင္ကလက္ထိပ္နဲ႔

ေဂ်းေအာင္းေနရလိမ့္မယ္...

တစ္သတ္တစ္ကၽြန္းဆိုၿပီး...ဟား..ဟား

ပဲဟင္းစားၿပီး..ခ်ီးပန္းၿပီးေသ..ေအးေရာ..

မ်က္လံုးထဲမွာေတာင္..ကြက္ကြက္ကြင္းကြင္း

ျမင္လာၿပီ..."


"ဘိုဘိုစုတ္မ...နင္..နင္ေနာ္...နိမိတ္မရိွနမာမရိွနဲ႔..."


ဘိုဘိုစုတ္ကို စိတ္ဆိုးလြန္းလို႔ ပံုရိပ္၏မ်က္ႏွာႀကီး

နီတက္လာေလေတာ့ ဘိုဘိုကအသံထြက္ေအာင္

ရယ္ေလသည္။

ပိုးအိတို႔၊အိမိုးေသာ္တို႔ကေတာဓာတ္ပံုေတြသာ

ရိုက္ေနၾကၿပီး ဘာမွအားမကိုးရဘူး။


"ကဲ...ေတာ္ၾကပါေတာ့ဟယ္...ညေနၾကရင္..

ေတာင္ႀကီးလမ္းမွာ...မူကထလိုက္ကၽြေးပါ့မယ္

ရန္မျဖစ္ၾကပါနဲ႔ေတာ့..."


"ဟာ...တီခ်ူးကလည္း...အဲ့အစီစဉ္ကိုအစတည္းက

ေျပာေရာေပါ့...ဒါဆိုရင္ဘယ္ရန္ျဖစ္ပါ့မလဲ..

အာဘြားႀကီးပဲ လိွမ့္ေပးျပစ္မွာေပါ့..."


"ေရ႔ွေနစုတ္...နင့္အာဘြားကိုငါမလိုခ်င္ဘူးေနာ္..."


ဘိုဘို႔၏ပခံုးကို မမွီမကမ္းႏွင့္ လွမ္းဖက္ၿပီး

စလိုက္ေတာ့  အတင္းယက္ကန္ယက္ကန္လုပ္ေန၍

ပံုရိပ္ရယ္ခ်င္သြားမိသည္။


"ဒါနဲ႔...သမီးတို႔က...ဘယ္ေဟာ္တယ္မွာ

တည္းရမွာလဲ...*


"‌ဟုတ္သားပဲ...တီခ်ူးကအျမန္လာခဲ့ရေတာ့

ေဟာ္တယ္ကို မစံုစမ္းခဲ့ရဘူး...ဘယ္လိုလုပ္မလဲ.."


 အခုရာသီဟာ ခရီးသြားေတြမ်ားေသာရာသီျဖစ္၍

ကားေတြတစ္ကားၿပီးတစ္ကားေရာက္လာသလို 

လူေတြတစ္စုၿပီးတစ္စုဆင္းလာၾကေလသည္။

ပံုရိပ္တို႔လည္း လူနည္းနည္းရွင္းေသာေနရာတြင္

အုပ္စုဖဲြ႔လိုက္ၿပီး လည္ပတ္ရန္ေနရာမ်ားႏွင့္

တည္းရမၫ့္ေဟာ္တယ္ကိစၥကိုပါ ေဆြးေနြးမိၾကသည္။


"ပံုရိပ္!!!!!"


ပံုရိပ္၏ အေနာက္ဘက္မွေအာ္ေခၚလိုက္ေသာ

အသံေၾကာင့္ ပံုရိပ္၏အာရံုေၾကာေတြ အားလံုး

ရပ္တန႔္သြားေလသည္။

မူးခ်င္သလို ေမ့ခ်င္သလိုခံစားခ်က္ႀကီး

ခ်ည္းနင္း၀င္ေရာက္လာၿပီးေနာက္မွာ

ႏွစ္လိုဖြယ္ေကာင္းေသာအႃပံုးမဟုတ္ပဲ

အ‌တိုင္းအဆမရိွ ေက်နပ္သြားေသာအႃပံုးႏွင့္

ေနာက္သို႔ လွၫ့္ၾကၫ့္လိုက္မိသည္။


"ဆရာ..!!!!"


ဆရာ့ေျခလွမ္းမ်ားက ယိုင္နဲ႔ခ်င္ေနသလား

မသိေပမဲ့ပံုရိပ္ဆီသို႔ တန္းတန္းမတ္မတ္

ေလ်ွာက္လာေနေလသည္။

ဆရာ့မ်က္၀န္းမ်ားသည္ လူမမာတစ္ေယာက္လိုေမွးက်ဉ္းၿပီး အေရာင္မိွန္ေနေပမဲ့

ဆရာ့မ်က္လံုးထဲ၌ ပံုရိပ္ရိွေနသည္။

အေၾကာင္းမွာ ဆရာသည္လူအမ်ားႀကီးထဲမွာမွ

ပံုရိပ္တစ္ေယာက္တည္းကိုသာ

ၾကၫ့္ေနေသာေၾကာင့္ျဖစ္သည္။


"ဆရာ...ကားဂိတ္ကိုဘာလာလုပ္တာလဲ..."


"ဟို...သူငယ္ခ်င္းတစ္ေယာက္ကိုလိုက္ပို႔တာပါ..."


ဆရာသည္ သူ႔စကားေလးတစ္ခြန္းအေပၚ၌

ယံုၾကည္မႈရိွမေနပဲ သူစိတ္လႈပ္ရွားလ်ွင္

လုပ္ေလ့ရိွေသာ အက်င့္အတိုင္း သူ႔ဂုတ္ပိုးကို

လက္ႏွင့္ပြတ္ေနေလသည္။


ဆရာဘာျဖစ္လို႔ ညာရတာလဲ။

*သူငယ္ခ်င္းတစ္ေယာက္ကိုလိုက္ပို႔တာ*ဟု

ေျပာလိုက္ၿပီးေနာက္ အန္တီခ်ူးသြယ္ကိုမလံုမလဲ

ၾကၫ့္ေနပံုေထာက္ရင္ ဆရာနဲ႔တီခ်ူးကသိေနၾကတာမ်ားလား။


"ကိုေန့ကို ဒီမွာေတြ့မယ္လို႔မထင္ထားဘူး...

အေတာ္ပဲကိုေနေရ...ဒီကေလးေတြကိုေဟာ္တယ္

လိုက္ပို႔မလို႔...ဘယ္မွာတည္းခိုင္းရမလဲ...

နည္းနည္းအႀကံေပးပါအံုး...သူတို႔ေတြကို

ခ်ူးနဲ႔အနီးမွာထားမွလည္းျဖစ္မွာမို႔...

မစဉ္းစားတတ္ေတာ့ဘူး..."


"ကိစၥမရိွပါဘူး...တို႔ေတြနဲ႔သိပ္မေဝးဘူး‌ေလ...

ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမွာပဲ ခ်ယ္ရီေျမေဟာ္တယ္ဆိုတာရိွတယ္...ေနဦးဟိုနားမွာ

ကိုယ္နဲ႔အသိကလိုင္းဆဲြတယ္...စီးလံုးငွားလို႔

ရသလားလို႔ သြားေမးၾကၫ့္လိုက္အံုးမယ္...

လိုင္စင္မဲ့ေပမဲ့..စိတ္ခ်ရပါတယ္...."


ဥပေဒေက်ာင္းသားပံုရိပ္ကို တမင္ေသခ်ာၾကၫ့္ၿပီး

လိုင္စင္မဲ့ ကိစၥေျပာသြားခဲ့ေလသည္။

ေတာင္ႀကီးမွာ လိုင္စင္မဲ့ေတြေပါတာကိုလည္း

ပံုရိပ္ကမသိတာၾကေနတာပဲ။

လာႀကိဳရင္ လာႀကိဳတယ္၊စိတ္ပူရင္ ပူတယ္ေပါ့။


"ပံုရိပ္...ကိုယ့္ကိုလြယ္အိတ္နဲ႔...လက္ဆဲြအိတ္ေပး..."


ပံုရိပ္၏လြယ္အိတ္ကိုအတင္းဆဲြယူေန၍

ေပးလြယ္လိုက္ရသလို လက္ေက့ခ်္ကိုလည္းသူပဲ

ဆဲြယူသြားေလသည္။

ေဘးနားမွာ ကိုယ့္အိတ္ကိုယ္ဆဲြၿပီး ကိုယ့္အားကိုယ္ကိုးေနရေသာ

သူငယ္ခ်င္းမ်ားကိုေတာင္ အားနာသလိုလို

ျဖစ္လာေပမဲ့ ကိုယ့္ကုသိုလ္ကံႏွင့္ကိုယ္ဆိုေတာ့

ႃပံုး၍သာေနလိုက္သည္။


"ဟဲ့...မိပံုမ...ဒါကဘာသေဘာလဲ..."


"ဘာသေဘာရမွာလဲ...ျမင္တဲ့အတိုင္းပဲေလ..."


"ရုပ္ကိုက...ေတာင္နံရံနဲ႔ေျပးေစာင့္ေတာ့မလိုနဲ႔...

 အစ္ကိုႀကီးက အေဝးေရာက္ခ်စ္သူကို

လာႀကိဳေနသလိုပဲေနာ္...နင္တို႔ကဘာလား..."


"ဘာမွမလားဘူး..."


"တစ္ခုခုေတာ့ လားတယ္လုပ္လိုက္ပါဟယ္..."


"ဟဲ့...သူမွမလားတာ...ငါကဘယ္လိုလားရမလဲ..."


"ဟယ္...မိန္းမရယ္...ေဈးက်လိုက္တာ...

အဲ့အစ္ကိုႀကီးနဲ႔ နင္နဲ႔တန္ေတာင္မတန္ဘူး..."


အေရ႔ွခပ္လွမ္းလွမ္းမွ တီခ်ူးႏွင့္အတူယွဉ္၍

သြားေနေသာ ဆရာ့ကိုၾကၫ့္ကာ အုပ္စုလိုက္

ဝိုင္း၍ႏိွပ္ကြပ္ေနၾကေလသည္။


ပံုရိပ္တို႔ စီးရမၫ့္ကားအ‌နားကိုေရာက္ေတာ့မွ

အားလံုးမ်က္ႏွာပိုးသတ္လိုက္ၾကသည္။


"ပံုရိပ္...ဒီမွာပံုရိပ္ရဲ့လြယ္အိတ္..."


ပံုရိပ္ကို လြယ္အိတ္ျပန္ေပးေသာအခါ

ဆရာ့လက္ဖမိုးအသားကို ပံုရိပ္ထိလိုက္မိသည္။

ဆရာ့အသားေတြက ေဆာင္းတြင္းႀကီးေတာင္

ေနြးေနတာလား။

က်န္တဲ့လူေတြကားေပၚသို႔ တက္ကုန္ၾကေပမဲ့

ပံုရိပ္ကေတာ့ ကားေဘးနားမွာပဲ ရပ္ေနမိေလသည္။

ဆရာကလည္း ထိုေနရာမွာပဲငူငူႀကီး

ရပ္၍ေနသည္။


"‌ဆရာ...ေနေကာင္းရဲ့လား...ဆရာ့မ်က္ႏွာက

နည္းနည္းေဖ်ာ့ေန‌သလားလို႔..."


"အင္း...နည္းနည္းဖ်ားခ်င္ေနယံုပါ..

ဘာမွမျဖစ္ပါဘူး..."


"ဒါနဲ႔...ဆရာကဘယ္မွာေနတာလဲဟင္...

ဆရာ့ဆီကို...လာလည္လို႔ရမလား.."


မိန္းကေလးတစ္ေယာက္၏တန္ဖိုးကို

အဆံုးစြန္အထိ ႏိွမ္ခ်ၿပီး ေယာက္်ားပ်ိဳတစ္ေယာက္ထံသို႔ လည္ပတ္ခြင့္ရဖို႔ပထမဆံုး

ေတာင္းဆိုမိျခင္းပင္။

ပံုရိပ္သည္ ငယ္ရြယ္ေပမဲ့ မာနဆူးအျပၫ့္ႏွင့္

၀န္းရံထားေသာ မိန္းမသားျဖစ္သည္။

သို႔ေပမဲ့ ထိုမာနေတြကအျခားေယာက္်ားမ်ားအတြက္ျဖစ္ၿပီး ဆရာ့အေပၚတြင္ေတာ့

မသက္ေရာက္ႏိုင္ေပ။


သာမာန္ ဆက္ဆံေရးတစ္ခုသာျဖစ္ခဲ့ရင္

ဘာခံစားခ်က္မွသာမရိွခဲ့ရင္ ဒီလိုအခ်ိန္မွာ

ပံုရိပ္မ်က္ႏွာပူစရာလိုမယ္မထင္ေပ။


"ေနတာကေတာ့ မခ်ူးသြယ္တို႔မိန္းကေလးအေဆာင္နဲ႔မ်က္ႏွာခ်င္းဆိုင္မွာပါ...

ေယာက္်ားေလးအေဆာင္ဆိုေတာ့

ပံုရိပ္မလာပါနဲ႔...ဆရာပဲလာခဲ့ပါ့မယ္..."


"ပံုရိပ္ေရ...ကားထြက္ေတာ့မယ္ေနာ္..."


"သြားေတာ့ေလ...သူငယ္ခ်င္းေတြေစာင့္ရတာ

ၾကာေနမွာေပါ့..."


ဆရာ့မ်က္ႏွာကို ပံုရိပ္ၾကၫ့္၍မ၀သလို

ဆရာ့ကိုလည္း ပံုရိပ္မခဲြခ်င္ေပမဲ့

ကားေပၚသို႔တက္ခဲ့ရေလသည္။

ဆရာ့အရိပ္ကေလး မိႈင္းပ်ပ်သာ

က်န္ေတာ့သည္အထိ ‌လိုက္ေငးေနမိေလသည္။

ဆရာ့ကိုယ္ေပၚမွာ အေနြးထည္က

ႏွစ္ထပ္ျဖစ္‌ေနတာကို ပံုရိပ္သတိထားမိသည္။

ဆရာ့မ်က္လံုးေတြ နီေနခဲ့တယ္။

ဆရာ့ပံုစံက ေတာ္ေတာ္ေနမေကာင္းျဖစ္ေနသလို

ပံုႀကီးပင္။ပံုရိပ္ ဘယ္လိုလုပ္ရမလဲ။


ေဟာ္တယ္သို႔ေရာက္ၿပီး အခန္းငွားကာ

ပစၥည္းေတြကို ေနရာခ်ေနသည္အထိ ပံုရိပ္သည္

စိတ္ႏွင့္လူနဲ႔မကပ္ေတာ့ေပ။

ပံုရိပ္၏ စိတ္ဝိဉာဉ္ကို တစ္စံုတစ္ေယာက္က

ယူေဆာင္သြားခဲ့ေလၿပီ။


"ကဲ...အားလံုးအဆင္ေျပၿပီဆိုေတာ့...တီခ်ူးလည္းအ‌ေဆာင္ခဏျပန္ၿပီးရင္အလုပ္ျပန္၀င္ရေတာ့မယ္...ေန့တစ္၀က္ခြင့္ယူထားတာဆိုေတာ့

ညေနအလုပ္ဆင္းမွ...

မူကထလိုက္ကၽြေးေတာ့မယ္ေနာ္ကေလးတို႔..."


"ဟုတ္ကဲ့ပါတီခ်ူးေရ...သမီးတို႔လည္း

အနားယူလိုက္အံုးမယ္..."


အခန္းထဲမွ တီခ်ူးထြက္‌သြားေသာအခါ ပံုရိပ္၏

စိတ္ေတြသည္ ေတြေဝမႈမ်ားစြာျဖစ္ေပၚလာသည္။

ပံုရိပ္ဘာလုပ္သင့္သလဲ။

ပံုရိပ္ဒီခရီးကို လိုက္လာမိတာဟာ ဆရာဆိုသူ၏

အနီးဆံုးမွာ ရိွေနႏိုင္ဖို႔ျဖစ္တဲ့အတြက္

ဆရာႏွင့္အနီးဆံုးကိုေရာက္ေအာင္

ပံုရိပ္သြားခ်င္သည္။

ဆရာေနမေကာင္းမႈစိုးလို႔ စိတ္ပူၿပီး

လာၾကၫ့္တာဟုေျပာလိုက္ရင္ ယံုၾကည္ပါ့မလား။


"ဟဲ့...ပံုရိပ္...ဘယ္သြားမလို႔လဲ...."


"တီခ်ူးကိုအမွီလိုက္မလို႔...ငါတီခ်ူးတို႔

အေဆာင္ကို လိုက္သြားအံုးမယ္..."


အေနြးထည္ကိုအျမန္ယူ၀တ္လိုက္ၿပီး

၀က္ဝံရုပ္ေလးပါေသာ ေခါင္းစြပ္ကိုျပန္ေဆာင္းကာ

ေဟာ္တယ္အခန္းထဲမွ ထြက္သြားေသာ

တီခ်ူး၏အေနာက္သို႔  ေျပးလိုက္မိေလသည္။


*ဆရာပင္ပန္းႏြမ္း‌နယ္ေနခ်ိန္မွာ မွီခိုဖို႔ကမ္းေသာ

ပခံုးတစ္ခုဟာ ပံုရိပ္သာလ်ွင္ျဖစ္လိုသည္...*


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ဆရာကပဲ ပံုရိပ္အေပၚတစ္ေလ်ွာက္လံုး

ေကာင္းလာေပးခဲ့ေတာ့ ပံုရိပ္ကေရာ

ဘယ္လိုျပန္ေကာင္းေပးမလဲ????


မ်ိဳသိပ္တတ္လြန္းတဲ့ ဆရာေနမ်ိဳးရဲ့

ငယ္ဘ၀အေၾကာင္းကို အိပ္မက္ေတြကေန

ဝိုးတဝါး ထၫ့္ေရးထားပါေသးတယ္...


ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ဆီတိုင္းကို

ေက်းဇူးအထူး တင္ရိွပါတယ္..

No comments:

Post a Comment