🔥ဆူးကြိုး(အခန်း၅၂)🔥

 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး(အခန်း၅၂)🔥


မိုးသားတိမ်လိပ်တို့သည် နေရာတိုင်းမှာမဲမှောင်ညို့တက်နေလေသည်။

မိုးစက်များက ခန္ဓာကိုယ်ပေါ်သို့ တပေါက်ပေါက်ကျလာခဲ့သည်။


ယခင်က မိုးရေထဲမှာ‌အပူမီးတောက်စွာပြေးလွှားခဲ့ဖူးသည်။အပေါက်အဖာလေးများနှင့် ဖြစ်နေသောထီးလေးကိုဆောင်းပြီး လေပြင်းတိုက်၍ထီးရွက်

မလန်သွားအောင် မနည်းထိန်းပြီးပြန်ခဲ့ရဖူးသည်။


စက်ဘီးကို အသစ်မဟုတ်ရင်တောင်

တစ်ပတ်ရစ်လေးဖြစ်ဖြစ် စီးကြည့်ချင်ခဲ့ဖူးသည်။

အိမ်ကနေ ကားနဲ့လာကြိုလေ့ရှိသော ယမင်းတို့ကို အားကျခဲ့ဖူးပြီး ကိုယ်စီးခဲ့သောဖိနပ်စုတ်ကလေးကို အားငယ်စွာပြန်ငုံ့ကြည့်ခဲ့ဖူးပါသည်။


အကယ်၍များပုံရိပ်သာ လောကဓံရဲ့

အထုအထောင်းတွေကိုမခံခဲ့ရပါလျှင် အခုချိန်မှာပေါ့ပေါ့တန်တန်နေတတ်စားတတ်သော မိန်းကလေးတစ်ယောက်များဖြစ်နေမလား။

တစ်ခါတစ်လေမှာ အခက်အခဲတွေဆိုတာက

ကိုယ့်ကိုရင့်ကျက်တည်ငြိမ်အောင်လေ့ကျင့်ပေးတဲ့ ဆရာသမားတွေဟုတောင် ပြောလို့ရသည်။


"ပီ....ပီ!!!!!!!"


ကိုထက်တို့ ခြံအရှေ့နားလောက်ကိုရောက်တော့ တိုက်မိမည်ဆိုး၍ ဟွန်းတီးလိုက်မိလေသည်။

ဂန္ဓာမာပန်းတွေစိုက်ထားသော ခြံလေးထဲသို့

လှမ်းကြည့်လိုက်မိတော့ ခြံထဲမှာကိုထက်၏

ဆိုင်ကယ်ကို လှမ်းတွေ့လိုက်ရသည်။


ပုံရိပ်သူနှင့် မဆုံမိအောင်နေခဲ့တာ ဒုတိယနှစ်၀က်ကို‌ တောင်ရောက်နေပြီဆိုတော့ တော်တော်ကြာလေပြီ။ဒီရက်ပိုင်းအတွင်းမှာ သူ့ဖေ့ဘွတ်စာမျက်နာ၌ ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်နှင့် တွဲလိုက်၊ပြတ်လိုက်ဖြစ်ကာ ပုံတွေဆက်တိုက်တင်နေတာကို တွေ့ရလေသည်။

တွဲသမျှကလည်း မေဂျာကွင်းတွေချည်းပဲဆိုတော့ သူ့မကောင်းသတင်းကတော့ UFLတွင်တော်တော်မွှေးနေလေပြီ။


ရုပ်ရှိ ရေလျှံဆိုတော့လည်း ကပ်ချင်တဲ့သူတွေက

ပုံနေတာ သဘာ၀ပဲထင်ပါရဲ့။


"ပီ!!!ပီ;!!!!"


"တူမကြီးပြန်လာပြီလား..."


"ဟုတ်ကဲ့ဦးလေး...

လမ်းမှာလေရော၊မိုးရောဆိုတော့

တော်တော်လေးစိုသွားတယ်..."


"အေး...အေး...ဆေးလေးဘာလေးသောက်လိုက်အုံး..အခုကတုပ်ကွေးတွေပြန်ထနေတာ...

ဖျားရင်နေလို့ထိုင်လို့ ကောင်းမှာမဟုတ်ဘူး..."


"ဟုတ်ကဲ့ပါဦးလေးရဲ့..ဦးလေးလည်းတံခါးတွေသေချာပိတ်‌ထားနော်...တော်ကြာမိုးတွေပက်လို့

ဖျားနေအုံးမယ်..."


ပုံရိပ်ဆိုသည်မှာ ဤကဲ့သို့စိတ်ရင်းစေတနာကောင်းသောကောင်မလေးဖြစ်လေသည်။

ဂိတ်စောင့်ရန် မာလီအတွက်သံပန်းတံခါးအနား၌ အုပ်နှင့်ကျောတစ်ခင်းစာအဆောက်အဦးလေး ဆောက်ထားပေးသောကြောင့် ဂိတ်ထဲကိုအမြန်၀င်ဖို့နှင့် တံခါးတွေ‌ကို သေချာပိတ်ဖို့ သတိပေးသွားခဲ့သေးသည်။


ဒီမိုးရိပ်အိမ်ကြီးတွင် အလုံးသမားများနှင့်အရင်းနှီးဆုံးသူမှာ ပုံရိပ်တစ်ယောက်သာရှိပြီး အလုပ်သမားများအား မိသားစုနှင့်မခြားဆက်ဆံတတ်၍ အကုန်လုံးက သူလေးကိုချစ်ခင်ကြလေသည်။


"မမပြန်လာပြီလား..."


ဂိုထောင်ထဲမှာ ဆိုင်ကယ်မသွင်းချင်တော့၍

ပေါ်တီအောက်တွင်ဆိုင်ကယ်ကို ရပ်လိုက်တယ်ဆို

ပိစိမသည်အိမ်ထဲမှ ပြေးထွက်လာပြီး

ကြောက်ရွံ့နေပုံလေးနှင့် ပုံရိပ်ကိုအမောတကြီး

ခေါ်လေသည်။


"မမရေ...အိမ်ထဲမှာအန်တီမေးဦးတို့လင်မယားသောင်းကျန်းနေတယ်..."


"အဲ့ဒါငါနဲ့ ဘာဆိုင်လည်းဟယ်...သူတို့လင်မယားကခဏခဏရန်ဖြစ်နေတာပဲကို..."


"အခုကမတူဘူးလေမမရဲ့...အခုကဖွားညိုကိုရန်တွေ့နေကြတာ..."


"ဟုတ်လား..ဒါဆိုအန်တီယဉ်တင့်ကိုသွားခေါ်လိုက်လေ...."


"အန်တီတင့်က...ယွန်းဆိုင်မှာလေ....ဖုန်းဆက်

ထားပေမဲ့ နဲနဲကြာမှပြန်ရောက်လောက်မှာ

...အလုပ်ရှုပ်နေတာနဲ့တူ‌တယ်...

ဖွားညိုကမနက်ကတင် ခေါင်းတွေမူးလို့

ဆေးတိုက်ထားရတာမမရဲ့...

အခုသူတို့ကရန်ရှာနေတော့...

တစ်ခုခုဖြစ်မှာ သမီးစိုးရိမ်တယ်..."


"ဟုတ်ပြီ...ငါသွားလိုက်မယ်...ဆိုင်ကယ်ကို

ဟိုထောင့်နားရွေ့ထားပြီး သော့ကိုငါ့အခန်းထဲမှာသွားထားလိုက်...ရော့ဦးထုပ်ပါသိမ်းလိုက်..."


ပိစိမ၏လက်ထဲသို့ လွယ်အိတ်ကိုပါပစ်ပေးခဲ့လိုက်ပြီး ဖွားညို၏အခန်းဆီသို့ ပြေးသွားမိလေသည်။

အလုပ်သမားတွေကတောင် ဖွားညို၏အခန်းရှေ့တွင် စိတ်ပူပြီးရပ်နေကြပေမဲ့ မနေခြည်နှင့်မနန္ဒာကတော့ ဧည့်ခန်းထဲတွင် မျက်နှာချင်းဆိုင်ပြီး

ဂိမ်းဆော့လို့ ကောင်းနေကြလေသည်။

တကယ်ကို စိတ်ပျက်ဖို့ကောင်းတဲ့လူတွေပါ။


🌹🌹🌹🌹🌹🌹🌹🌹


"ဒုန်း!!!!!!"


ကြမ်းပြင်ပေါ်သို့ ကိန္နရီ၊ကိန္နရာမောင်နှံပန်းပုအရုပ်လေး ‌ပြုတ်ကျသွားသောကြောင့် ဒေါ်ရိပ်ညို၏

မျက်၀န်းများသည် ခံပြင်းမှုနှင့်ဒေါသတရားတို့ ဖုံးလွှမ်းသွားခဲ့သည်။သူ၏မျက်၀န်းတို့တွင်မျက်ရည်စတို့ခိုတွဲလာလေသည်။

သမီးအရင်းဖြစ်သူ၏ လုပ်ရပ်တွေသည်

သူ့နှလုံးအသဲပွတ်ထဲအထိ နာကျင်စေသည်။


ဒါဟာ သူမွေးထားတဲ့သမီးတဲ့။မိခင်ဖြစ်သူကို အမုန်း‌တရားတွေရစ်သီနေသော မျက်၀န်းများနှင့်

စူးစိုက်ကြည့်နေသော မေဦးကိုမြင်နေရတဲ့သူ့အဖို့ ဆုံးမသွန်သင်မှု ညံ့ဖျင်းခဲ့သလားဟု ကိုယ့်ကိုကိုယ်ပြန်၍ မေးခွန်းထုတ်မိသည်။


"အမေ...အဲ့ဒီ့ကိစ္စကို အခုချက်ချင်းရှင်းနော်..

ကျွန်မတို့လင်မယားကလုံး၀မကျေနပ်ဘူး..."


"မကျေနပ်လည်းမတတ်နိုင်ဘူးဟေ့...

အခုမှလာပြီး မျက်ရည်ခံထိုးချင်မနေကြနဲ့...

ငါနင်တို့ကိုအချိန်တွေအများကြီးပေးခဲ့ပြီးပြီ...

ဒီအတောအတွင်းမှာ နင်တို့ဘာတွေတိုးတက်အောင်လုပ်ခဲ့ကြလဲ..ဆုံးရှုံးလိုက်ရတာပဲအဖက်တင်တယ်

ငါရှင်းရှင်းပဲပြောမယ်...အရည်အချင်းမရှိရင်...

ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့နေရာမှာပဲနေကြ

ငါ့ဆီကတော့ ဘာမှထပ်ပြီးမမျှော်ကိုးကြနဲ့..."


"အမေအဲ့လိုတော့ မပြောပါနဲ့...ကျွန်တော်လည်းကြိုးစားတာပဲ...အမေအခုလုပ်လိုက်ပုံက..

ကျွန်တော့်ရဲ့သိက္ခာကိုလည်းချလိုက်သလိုပဲ..

စီအီးအိုရာထူးကနေ..မန်နေဂျင်းဒါရိုက်တာနေရာရောက်သွားတော့ ကျွန်တော်ဘယ်လောက်အရှက်ကွဲသွားသလဲ သိရဲ့လား....""


"ဟေ့...ဘာမှလာမပြောကြနဲ့တော့...ကုမ္ပဏီမှာ

ငါ့စိတ်ကြိုက် ငါ့ဘာသာ..ဘာလုပ်လုပ်

နင်တို့နာခံရမယ်...ဒီမှာသီဟနောင်...

နင့်မှာသာအရည်အချင်းရှိရင်...

ငါကစီအီးအိုရာထူးကို အားအားယားယား

ဖြုတ်ချမယ်လို့ ထင်သလား...

အေး..ငါ့သားမက်ဖြစ်နေလို့ မန်နေဂျင်းရာထူးပေးထားတာပဲ လွန်လှပြီ...

ကိုယ့်ကိုကိုယ် ရွှေနားကပ်အရောင်နဲ့

ပါးပြောင်နေတယ်ဆိုတာမမေ့နဲ့...ငါ့သမီးနဲ့ရလို့...

နင်ဒီလိုအခြေအနေဖြစ်နေတာနော်.."


"အမေ..ကျွန်မယောက်ျားကို အဲ့လိုမပြောနဲ့နော်...

အမေတို့က လုပ်ပေးနေတဲ့အချိန်တုန်းကတော့

ဘာအသံမှမထွက်ဘူး...အမှားလေးနည်းနည်းလုပ်မိတာနဲ့...သောက်ပြစ်ကအသေတင်တတ်တာနော်..."


အမေဖြစ်သူကို နှုတ်သီးကောင်းလျှာပါးနှင့် ပြန်ရန်တွေ့နေသော သမီးဖြစ်သူကြောင့် ဒေါ်ရိပ်ညိုပို၍ မခံမရပ်နိုင်ဖြစ်ရသည်။သူ့ယောက်ျားမှားမှန်းသိလျှက်နှင့် မှားတဲ့ဘက်ကနေသိသိကြီးရပ်တည်ပြီး မိခင်ကို ပြန်တော်လှန်နေသော

သမီးမိုက်ကြောင့် ရင်ထဲကနေအောင့်မျက်နာကျင်လာသည်။


ကိုယ်မွေးထားတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက်တယ်ဆိုတာ ဒါကိုပြောတာထင်တယ်။

ဒေါ်ရိပ်ညိုသည် သူ၏နှုတ်ခမ်းတစ်ဖက်အား

မဲ့ချလိုက်ပြီး သမီးနှင့်သားမက်ဖြစ်သူကို

ခပ်စိမ်းစိမ်းတစ်ချက်ကြည့်လိုက်သည်။


"အမှားသေးသေးလေးလို့နင့်ကိုဘယ်သူကပြောလိုက်တာလဲ..အေးပေါ့...နင်တို့လက်နဲ့ကိုယ်တိုင်

ထူထောင်ခဲ့တာတစ်ခုမှမပါတော့...

ပေါ့ပေါ့တန်တန်ပဲတွေးကြမှာပေါ့...

.............

အမှားသေးသေးလေးသာဆိုရင် အဲ့ဒီ့ရွှေခောတ်

ကျောက်မျက်ရတနာဆိုင်ကို

ပိတ်သိမ်းလိုက်ရပါ့မလား..ဒီမှာမေဦး...

ငါရှင်းရှင်းပဲ‌ပြောလိုက်မယ်

ညည်းယောက်ျားကနောက်ကွယ်မှာ

ဘယ်လောက်ခိုးဖွက်နေသလဲဆိုတာ

ညည်းသိလား...

...........

ခဏခဏအလွဲသုံးစားလုပ်ပြီး ငွေကြေးတွေကိုလိမ်လည်တဲ့ စာရင်းတွေကိုအတုတွေလုပ်ပြီး

သူ့လုပ်ငန်းတစ်ခုထဲကို တိတ်တိတ်ပုန်းထည့်နေတာကို ငါကသိသိကြီးနဲ့ခွင့်လွှတ်ပေးထားတာနော်

ကန်းတက်လာတဲ့အတွက်...ငါဒီလိုလုပ်လိုက်တာ.."


"အဲ့တော့ဘာဖြစ်လဲ...အမေ့ကုမ္ပဏီမှာလုပ်ရင်

ရသမျှပိုက်ဆံက အမေ့အိတ်ထဲကိုပဲ၀င်တာလေ...

ကျွန်မယောက်ျားက သူပြန်ပေးဆပ်ရသလောက်မှ

မရတာ..အဲ့တော့ရှယ်ယာတွေကိုပါတစ်ဖက်လက်နဲ့

၀ယ်ဖို့လုပ်တယ်...အဲ့ဒါဘာဖြစ်လည်း...

အမေ့ရဲ့ကျောက်တွင်းတစ်တွင်းကထွက်တဲ့

အဖိုးအခရဲ့သုံးပုံတစ်ပုံတောင်မရှိတဲ့ဥစ္စာကို...."


"အော်....လက်စသတ်တော့...

နင်ကပါအလိုတူအလိုပါကို...ဟား...

မွေးရကျိုးနပ်လိုက်တဲ့သမီး...

ငါ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တာလောက်

ငါမုန်းတာမရှိဘူး..."


ဒေါ်ရိပ်ညိုသည် လုံး၀တင်းမခံနိုင်တော့ပဲ မျက်ရည်ကျမိလေသည်။

ခေါင်းတညိမ့်ညိမ့်ပြုလုပ်လျှက် သမီးဖြစ်သူ၏

သူခိုးကို ဓားရိုးကမ်းနေသောအဖြစ်အား

ရင်နာနာနှင့်နားထောင်နေရသည်။

ကိုခန့်ကိုမွေးပြီးနောက် သမီးလေးတစ်ယောက်ကိုထပ်မွေးတော့ ကိုယ့်မှာအဖော်မွန်လေးရပြီဆိုကာ

ချစ်လိုက်ရတာ ပျော်လိုက်ရတာ။


ကိုယ်ပိုးမွေးသလို မွေးခဲ့ရတဲ့သမီးကအခုတော့သူစိမ်းတစ်ယောက်ကြောင့် အမိ၏ပါးကိုခပ်နာနာလေး ပြန်ရိုက်လိုက်သလိုပါပဲလား။


"နင်တို့နှစ်ယောက်အခုချက်ချင်းငါ့အခန်းထဲကနေ

ထွက်သွားတော့...မဟုတ်ဘူး..ငါ့အိမ်ပေါ်ကနေပါဆင်းသွားကြ...‌မန်နေဂျင်းရာထူးရလို့

မကျေနပ်ကြဘူးဟုတ်လား...အခုငါတစ်ခါတည်းအပြတ်ပြောလိုက်မယ်...သီဟနောင်ကို

ငါ့ကုမ္ပဏီကနေအလုပ်ထုတ်လိုက်ပြီ....

သွားကြတော့...

နင်တို့မျက်နှာတွေကို ငါမမြင်ချင်ဘူး...."


"ခင်ဗျားအဲ့လိုလုပ်လို့မရဘူးနော်.."


ဒေါ်ရိပ်ညို၏ဆုံးဖြတ်ချက်ကိုမကျေနပ်သောကြောင့် ဦးသီဟနောင်သည် ဒေါသအရှိန်နှင့်မျက်နှာကြီးနီမြန်းလာကာ ဒေါ်ရိပ်ညို၏ဝှီးချဲကို

ဆုပ်ကိုင် လှုပ်ယမ်းလိုက်လေသည်။


"ဦးသီဟနောင်..ရှင်ဘာလုပ်တာလဲ..."


အခန်းထဲသို့ ပြေး၀င်လာသောပုံရိပ်သည်

ဖွားညို၏ဝှီးချဲကို ကိုင်လှုပ်၍အန္တရာယ်ပြုလိုသော

ပုံစံဖြစ်နေသည့် ဦးသီဟနောင်၏အိင်္ကျီဂုတ်စကို

ဆွဲထည့်လိုက်ပြီး ရင်ဘတ်ကိုတွန်းပစ်လိုက်သည်။

သတိလက်လွှတ်ဖြစ်သွား၍ အနောက်သို့လန်ကျသွားသော ဦးသီဟနောင်ကို သူ့မိန်းမကလှမ်းထိန်းလိုက်လေသည်။


"အဖွားရရဲ့လား...တစ်ခုခုထိခိုက်မိသွားသေးလား.."


"အရိပ်...အဖွားရဲ့ရင်ထဲမှာတလှပ်လှပ်နဲ့‌

မော‌နေတာနေလို့မကောင်းဘူးကွယ်..."


ရင်ဘတ်ကလေးကိုဖိလျှက် အသက်ရှုသံပြင်းနေသော အဖွားကိုသနားစိတ်၀င်မိ၍ စိတ်မကောင်းစွာကြည့်လိုက်ပြီးနောက် အန်တီမေဦးတို့လင်မယားကိုတော့ စူးရဲစွာကြည့်လိုက်သည်။


"အန်တီမေဦး...ကိုယ့်ယောက်ျားကိုယ်ထိန်းပါ...

သူများအိမ်မှာတက်နေပြီး..အိမ်ရှင်ကိုဆော်ကားတာတော့မကောင်းဘူးထင်တယ်...

အဖွားတစ်ခုခုဖြစ်လို့ကတော့...ရှင်တို့ကိုအရေးယူပစ်မှာနော်...."


"အောင်မာ...နင်ကများလူပါး၀လို့...

ဥပဒေပညာလေးကိုသင်ထားတာနဲ့...

နေရာတကာသောက်တတ်ကြီးလာလုပ်နေတယ်

...နင့်ကိုနင်ဘာထင်နေလဲ...

မြှောက်စားပေးတိုင်းရောင့်တက်မလာနဲ့...

ကိုယ့်အဆင့်ကိုယ်သိကောင်မ.."


"အေး...ကျွန်မကကိုယ့်အဆင့်ကိုယ်သိတယ်...

ရှင်တို့ကသာ ရတာမလို..လိုတာမရဖြစ်နေကြတာ..

ကိုယ်ရသလောက်နဲ့မတင်းတိမ်နိုင်ပဲ...

ခိုးဖို့အထိပါကြိုးစားလာကြတာလေ..

သိပ်ကိုအဆင့်အတန်းရှိတဲ့...

အန်တီ့ယောက်ျားသူခိုးကြီးကိုတော့...

သူခိုးကြံရာပါအဖြစ်လိုက်ကာကွယ်ပေးပြီး...

အမေဖြစ်သူကိုတော့ဆော်ကားရဲတယ်နော်

ဒါက ရှင့်ကိုအသက်စွန့်ပြီးမွေးခဲ့ရတဲ့အမေနော်..."


"အဲ့ဒါဘာဖြစ်လည်း...အမေဖြစ်ဖြစ်

ဘယ်သူဖြစ်ဖြစ်မတရားလုပ်ရင်တော့...

ငါကခံနေမှာမဟုတ်ဘူး...

လမ်းဘေးမှာခွေးမဖြစ်ချင်ရင် နင်၀င်မပါနဲ့နော်

....အချိန်မရွေးဒီအိမ်ကနေပထုတ်လိုက်လို့ရတယ်သိလား..."


"လုပ်လိုက်လေ...ရှင်ကဒီအိမ်မှာဘာမို့လို့ကျွန်မကိုမောင်းထုတ်လို့ရမှာလည်း...အဒေါ်အရင်းဖြစ်နေလို့ ငြိမ်ခံနေတာကို သိပ်အဟုတ်ကြီးထင်မနေနဲ့...

ရှင်တို့ဒီအခန်းထဲကနေအခုချက်ချင်းထွက်သွားပေးပါ...မဟုတ်ရင်ကျွန်မရဲကိုအကြောင်းကြားရလိမ့်မယ်...."


"ကောင်မလူပါး၀လို့...."


"ဖြန်း!!!!!!"


"အား!!!...အရိပ်..."


ပုံရိပ်၏ပါးတစ်ဖက်ကို အားပါပါနှင့်ရိုက်ချလိုက်သောကြောင့် မျက်နှာတောင်လည်ထွက်သွားလေသည်။မျက်ရည်တွေချက်ချင်းဝေ့တက်လာသော

ပုံရိပ်သည် အံကိုတင်း၍နှုတ်ခမ်းကို ဖိကြိတ်လိုက်ပြီး လက်သီးကိုဆုပ်ကာ နားထင်ကြောတွေပါ

တင်းမာလာသည်အထိ ဒေါသအရှိန်ပြင်းထန်လာခဲ့သည်။

သူ့စိတ်ထဲမှာ အဒေါ်တွေဘာတွေလည်းနားမလည်နိုင်တော့ပဲ ပြန်လုပ်ချင်သည့်စိတ်ကိုမနည်းထိန်းနေရသည်။


"မေဦး....နင်ငါ့မြေးကိုဘာလုပ်လိုက်တာလဲ...

မိန်းမယုတ်မ...ယောက်ျားအားကိုးနဲ့

နင်သိပ်မိုက်ကန်းနေတယ်ပေါ့...

အခုချက်ချင်းငါ့အိမ်ပေါ်ကနေ ဆင်းသွားကြ"


"မဆင်းနိုင်ဘူး..လုံး၀မဆင်းနိုင်ဘူး...

ကျွန်မတို့ရသင့်ရထိုက်တာတွေကိုမရသေးပဲ..

ဒီအိမ်ထဲကနေ ခြေတစ်လှမ်းတောင်မခွာနိုင်ဘူး...

ကြည့်နေ...အဲ့ကောင်မကိုအသေလုပ်ပစ်မှာ..."


"အား!!!!!"


အန်တီမေဦးသည် ပါးရိုက်တာပါအားမရတော့၍

ပုံရိပ်၏ဆံပင်ကိုပါလာဆွဲလေသည်။

အခန်းထဲတွင်တော့ ရန်ဖြစ်သံ၊ရုန်းထိုးသံတွေနှင့် ဆူညံပွက်လောရိုက်နေတော့သည်။


ဒေါ်ရိပ်ညိုသည် သူ့မြေးကိုစိုးရိမ်စိတ်နှင့် ဝှီးချဲပေါ်မှ ခုန်ဆင်းလိုက်မိပြီး ကြမ်းပြင်ပေါ်မှာ

ဖင်တရွေ့ရွေ့နှင့် သွားနေရသည်မှာသနားစရာအလွန်ကောင်းလေသည်။

ဦးသီဟနောင်ကတော့ ၀င်၍မဆွဲပဲပွဲကြီးပွဲကောင်းကို ကြည့်နေသည့်အလား လက်ပိုက်၍သဘောကျနေလေသည်။


"ဘာဖြစ်နေကြတာလဲ....ဟာ..အမေ့...

နင်တို့တော်ကြစမ်း..."


ဦးမင်းခန့်သည်လည်း အော်ကြီးဟေ့ကျယ်လုပ်၍ အခန်းထဲသို့၀င်လာပြီး ပုံရိပ်ကိုဆွဲကာမေဦးကိုအနောက်သို့ တွန်းထုတ်လိုက်သည်။

ပြီးနောက် အမေဖြစ်သူကိုဆွဲပွေ့လိုက်ပြီး

ဘီးတပ်ကုလားထိုင်ပေါ်၌ ပြန်ထိုင်ခိုင်းလိုက်လေသည်။


ဒေါ်ရိပ်ညိုသည် သားဖြစ်သူ၏လက်မောင်းကို

ဖက်ကာ အားကိုးတကြီးရှိုက်၍ငိုလေတော့သည်။

ပုံရိပ်ကတော့ မျက်နှာမှာရောလည်ပင်းမှာပါ

မေဦးကုပ်ဖဲ့ထားသော ဒဏ်ရာများကြောင့်

နီရဲနေကာ ဆံပင်တွေပါ ဖွာလန်ကျဲနေလေသည်။


"မေဦး...နင်တော်တော်ရိုင်းစိုင်းတဲ့မိန်းမပဲ...

ကိုယ့်အမေတစ်ယောက်လုံးကိုဒုက္ခပေးလို့အားမရတဲ့အပြင်...တူမအရင်းခေါက်ခေါက်ကိုပါ

ကိုယ်ထိလက်ရောက်ကျူးလွန်တယ်...

တောက်...နင်နော်..

ငါလုပ်လိုက်ရင် သေတော့မယ်..."


ဆရာ၀န်ကြီးဆိုသောဂုဏ်ပုဒ်နှင့်အညီ တည်ငြိမ်အေးဆေးစွာပဲနေတတ်သော ဦးမင်းခန့်သည်

နူးညံ့ညင်သာမှုတို့ကင်းစင်ကာ ညီမဖြစ်သူအား

ဒေါသတကြီးနှင့် ရိုက်ဖို့ပြင်လိုက်တော့

ဦးသီဟနောင်က သူ့မိန်းမရှေ့ကနေ၀င်၍ ကာလေသည်။


"သီဟနောင်...အခန်းထဲမှာဒီလောက်အထိ

ဖြစ်ပျက်နေတာကို မင်းက၀င်မတားပဲ..

ကြည့်ကောင်းလို့ရပ်ကြည့်နေတာလား

...ငါ့အမေနဲ့ငါ့တူမ..တစ်ခုခုဖြစ်လို့ကတော့...

မင်းတို့နှစ်ယောက်မလွယ်ဘူးမှတ်...သွားကြ...

အခုချက်ချင်းထွက်သွားကြ...."


ပုံရိပ်နှင့်တစ်လေသံထဲဖြစ်နေသော ဦးမင်းခန့်အော်ငေါက်လိုက်မှ သီဟနောင်တို့နှစ်ယောက်သည် အခန်းထဲမှ ထွက်သွားကြတော့သည်။

ဦးမင်းခန့်သည် အဖွားကိုအိပ်ယာပေါ်သို့

ပွေ့တင်ပေးလိုက်ပြီး ဆေးရုံမှပြန်လာခဲ့သည်ဖြစ်၍ အသင့်ပါလာသော လက်ဆွဲအိတ်ထဲမှသွေးပေါင်ချိန်စက်ကို ထုတ်လိုက်ပြီး သွေးပေါင်

ချိန်ပေးနေလိုက်သည်။


ပုံရိပ်ကတော့ အဖွား၏အခန်းထဲမှပြေးထွက်လာလိုက်ပြီး အပေါ်ထပ်သို့ခြေသံတဒုန်းဒုန်းမြည်အောင် တက်လိုက်ကာ အခန်းထဲသို့၀င်၍

ရှိသမျှအ၀တ်တွေကိုဆွဲထုတ်လိုက်သည်။

အ၀တ်တွေကို အိတ်တစ်ခုထဲသို့ ထည့်သိပ်လိုက်ကာ အိမ်အပေါ်ထပ်မှ ပြန်ဆင်းပြေးလာလိုက်သည်။


"အန်တီယဉ်တင့်..."


လှေကားအောက်ခြေတွင် ပုံရိပ်ကိုရပ်ကြည့်နေသော အန်တီယဉ်တင့်ကိုတွေ့လိုက်ရသောအခါ

၀မ်းနည်းစိတ်‌‌ကြောင့်မျက်ရည်၀ဲတက်လာမိသည်။ဒါပေမဲ့ ဆုံးဖြတ်ပြီးသားကိစ္စကို ပြန်မပြင်နိုင်တော့၍ လှေကားအောက်သို့ခပ်မြန်မြန်ပဲပြန်ဆင်းလိုက်ပြီး ထွက်သွားဖို့ကိုသာ လောကြီးနေမိသည်။


"ပုံရိပ်...ကလေးရယ်...မသွားပါနဲ့ကွယ်...

အန်တီတင့်တောင်းပန်ပါတယ်..."


လှေကားအောက်ခြေသို့ရောက်သည်နှင့်

ပုံရိပ်၏ကိုယ်လေးကို သိုင်းဖက်ပြီးမျက်ရည်များကျကာ ပါးချင်းကပ်၍ထားလေသည်။

နီရဲနေသော ပုံရိပ်၏ပါးပြင်လေးကို လက်ဖဝါးနှင့်

ခပ်ဖွဖွပွတ်ပေးရင်းနှင့် ပုံရိပ်၏အ၀တ်ထုတ်ကိုလှမ်းဆွဲလေသည်။


"မသွားပါနဲ့အရိပ်ရယ်...အန်တီတင့်တောင်းပန်ပါတယ်...နောက်ဒီလိုမဖြစ်ရအောင်အန်တီတင့်တို့လည်းဂရုစိုက်ပါ့မယ်...ပုံရိပ်ရဲ့အဖွားကိုသနားပါကွယ်...ဟိုမိန်းမတွေကြောင့်တော့

ဒီအိမ်ကနေထွက်မသွားပါနဲ့...မတန်ပါဘူး..."


"အန်တီ...သမီးရဲ့ဘ၀မှာအနာဆုံးစကားက...

မောင်းထုတ်တဲ့စကားပဲ..သမီးရဲ့မိဘတွေဆုံးသွားခဲ့လို့...အဒေါ့်အိမ်မှာနေခဲ့စဉ်တုန်းကလည်း...

ဒီလိုစကားမျိုးကို အဒေါ့်ယောက်ျားဆီကခဏခဏကြားခဲ့ရတယ်...သမီးဆက်ပြီးအဲ့လိုအပြောမခံချင်တော့ဘူး...ကျောင်းနဲ့နီးတဲ့အဆောင်မှာပဲသွားနေတော့မယ်...သမီးကိုခွင့်ပြုပေးပါ..."


အန်တီယဉ်တင့်ကို ကန်တော့လိုက်ပြီးအ၀တ်ထုပ်ကိုပြန်ဆွဲကာ ဧည့်ခန်းကိုဖြတ်ကျော်လာခဲ့လိုက်သည်။အဖွားကိုနှုတ်ဆက်ချင်ပေမဲ့ ပုံရိပ်ခံစားနိုင်မယ်

မထင်ဘူး။ဒီတစ်ကြိမ်က ဒုတိယအကြီးဆုံးဒဏ်ရာပဲ။ပုံရိပ်ရဲ့ဘ၀မှာ ဒဏ်ရာတွေသိပ်များခဲ့ပါပြီ။

ထိုဒဏ်ရာတွေကို အနီးဆုံးလူတွေကပဲ ပေးကြတယ်။


"ပုံရိပ်...."


လေးလေးခန့်၏ ခေါ်သံကြောင့်မျက်ရည်တွေကိုသုတ်ပြီး အနောက်သို့လှည့်ကြည့်လိုက်တော့

လေးလေးခန့်ကပုံရိပ်ဆီသို့ တစ်လှမ်းချင်းလျှောက်လာ၍ သနားဂရုနာသက်စွာကြည့်နေလေသည်။


"ပုံရိပ်ရဲ့အဖွားက ပုံရိပ်နဲ့စကားပြောချင်လို့တဲ့...

သွားတွေ့လိုက်ပါနော်..."


လက်ထဲမှ အိတ်ကိုဖိဆုပ်၍ကိုင်ထားမိရာမှ အဖွား၏အိပ်ခန်းဆီသို့ကြည့်လိုက်မိသည်။

ပုံရိပ်ပြန်သွားသင့်ရဲ့လား။

မျက်နှာက တဆစ်ဆစ်ဖြစ်နေသော ကုပ်ဖဲ့ရာတွေကတော့ ပုံရိပ်‌၏ခြေလှမ်းတွေကို နောက်ပြန်ဆုတ်ဖို့ခွင့်မပြုပေ။ဒါပေမဲ့ ယခုအချိန်မှာဖွားညိုဟာ

ပုံရိပ်၏အုပ်ထိန်းသူဖြစ်နေသည်။


"သမီးတွေ့ပါ့မယ်..."


အိတ်ကိုပါဆွဲသွားလိုက်ပြီး ဖွားညို၏အခန်းထဲသို့ ၀င်သွားလိုက်တော့ ကုတင်ပေါ်တွင်ထိုင်နေသောဖွားညိုသည် ပုံရိပ်ဆီသို့ကလေးတစ်ယောက်ကဲ့သို့လက်ဆန့်တန်းလာလေသည်။

အဖွား၏ လက်ဖဝါးလေးတွေကို ဆုပ်ကိုင်မိတော့ အေးစက်နေလိုက်တာ။


"အရိပ်ရယ်...အဖွားကိုထားခဲ့မလို့လားဟင်..."


"သမီးဒီမှာဆက်ရှိနေရင် ပြဿနာတွေထပ်ဖြစ်လာနိုင်တယ်..."


"အို..အခုဖြစ်တဲ့ပြဿနာကအရိပ်ကြောင့်မှမဟုတ်တာကွယ်..."


"ဒါပေမဲ့ သမီးသူတို့နဲ့အတူမနေချင်ဘူးဖွားရယ်...

သမီးထပ်ပြီးအနိုင်ကျင့်မခံနိုင်တော့ဘူး...

သမီးကို နှိမ်ချပြီးပြောတာကိုလည်းမခံနိုင်တော့ဘူး.."


"အဲ့ဒါနဲ့ပဲ...အားလုံးနဲ့ဝေးရာကိုရှောင်ပြေးတော့မယ်ပေါ့..."


အဖွားကိုမော့ကြည့်လိုက်မိတော့ အသက်၇၀ကျော်နေပေမဲ့ မျက်၀န်းတွေကစူးရှတောက်ပနေတုန်းပင်ဖြစ်သည်။ပါးရည်တွေတွန့်နေသော မျက်နှာလေးသည် အစောပိုင်းက ပြဿနာဖြစ်နေတာကိုပင် 

မေ့လျှော့နေသကဲ့သို့ သောကတို့ကင်းစင်နေလေသည်။


"အရိပ်ရဲ့ဆရာနေမျိုးဆိုတဲ့ကောင်လေး

ပြောပြခဲ့လို့အဖွားအကုန်သိပြီးပြီ...ရှင်းသန့်ရဲ့ယောက်ျားနဲ့ပြဿနာဖြစ်ခဲ့လို့ မန္တလေးကိုလာချင်ခဲ့တာဆို..."


"ဆရာကအဖွားကို အားလုံးပြောပြသွားခဲ့တာလား..."


"ဟုတ်တယ်...အားလုံးပဲ...

အရိပ်ကိုဥပဒေပညာသင်ခွင့်ပေးဖို့

အရိပ်ကြုံခဲ့ရတဲ့အခက်အခဲတွေကို 

သူသိသလောက်အကုန်ပြောပြသွားခဲ့တယ်...

အရိပ်ဘယ်အချိန်အထိ ပြဿနာတွေကနေ

ဝေးရာကို ထွက်ပြေးနေအုံးမှာလဲ...

အဖွားကိုကြည့်လိုက်စမ်း...

...........

အဖွားရဲ့အသက်က၇၀ကျော်နေပြီ...

အခုချိန်အထိ အဖွားကလုပ်ငန်းတွေကို

စီစဉ်ညွှန်ကြားနေတုန်းပဲ..အရိပ်လည်းသိမှာပါ

...လုပ်ငန်းခွင်မှာလည်းအဖွားကို

မလိုလားသူတွေ တိုက်ခိုက်လိုသူတွေရှိသလို..

မိသားစုမှာလည်း အရိပ်လေးအနားကိုရောက်မလာခင်အထိ...အဖွားရဲ့အနားမှာပတ်လည်ဝိုင်းနေတဲ့

အချိန်မရွေး အန္တ‌ရာယ်‌ပြုနိုင်တဲ့

အိမ်တွင်းဒုက္ခတွေကိုတွေ့မှာပါ...

...........

အခက်အခဲနဲ့ကြုံတွေ့တိုင်း

ရှောင်ပြေးနေမယ်ဆိုရင်...

ဒီအသက်အရွယ်အထိတောင် 

သက်ဆိုးရှည်နိုင်မယ်မထင်ဘူး...

အပင်မြင့်လေ...လေတိုက်လေပဲအရိပ်...

ပိုမြင့်တဲ့နေရာကို သွားချင်လေ...

ပိုခက်ခဲတဲ့လမ်းကိုလျှောက်ရလေပဲ...

ပိုပြီး ကြံ့ခိုင်မှရမယ်...

ရေမပြည့်သေးတဲ့အိုးမှာဘောင်ဘင်တော့ခပ်မှာပဲ

.........

....ဒါဆိုရင်တို့တွေဘာလုပ်ကြမလဲ...

ရေကိုအပြည့်ဖြည့်ရမယ်...

အခြားသူတွေနှိမ်တာက နှိမ်လို့ရလို့နှိမ်တာ...

ကိုယ်ကသူတို့ထက်နိမ့်ကျနေသေးလို့ 

နှိမ်ချလို့ရတာမဟုတ်လား...

သူတို့အနိုင်ကျင့်လို့ရတယ်ဆိုတာ...

ကိုယ်ကအားနည်းနေသေးလို့ပဲ...

.........

ဒါကြောင့်သူများတွေ အထင်မသေးရဲအောင်..

နှိမ်ချမဆက်ဆံရဲအောင် ကြိုးစားပြလိုက်ပါ...

အချိန်တန်ရင်..အလိုလိုဦးညွှတ်လာကြလိမ့်မယ်..

လူတော်ဖြစ်ချင်ရင်...သူများထက်သာချင်ရင်..

သူများလေးစားတာခံချင်ရင်...ဘယ်တော့မှအခက်အခဲတွေဆီကနေ ထွက်မပြေးနဲ့...

ဘယ်တော့မှ အရှုံးမပေးနဲ့...

အဖွားအတွက်ကတော့...စိတ်ကိုဒုန်းဒုန်းချပြီး...

အရှုံးပေးလိုက်တဲ့နေ့ဟာ...အဖွားသေတဲ့နေ့ပဲ...."


"အဖွားရယ်..."


အဖွား၏ခါးကို ဖက်ပြီးအဖွား၏ပေါင်ပေါ်တွင်လှဲချလိုက်ကာ ရှိုက်၍ငိုမိလေသည်။

ပုံရိပ်၏ခေါင်းကိုဖေးမကာ ကိုင်ထားပြီး 

ကျော်ပြင်ပေါ်သို့ နူးညံ့ညင်သာစွာပုတ်ပေး၍

နှစ်သိမ့်ပေးရှာသည်။သေမှပဲ အရှုံးပေးမည်ဟု

ကြွေးကြော်လိုက်သောအဖွားကို ချီးကျူးမဆုံး

ဖြစ်မိသည်။အဖွားကဲ့သို့ စိတ်မထားနိုင်ပဲ

ပြဿနာဖြစ်တိုင်းရှောင်ပြေးနေတတ်သော

ပုံရိပ်သည် ကြောက်ရွံ့မှုကိုလက်ကိုင်ဆွဲထားပြီး

ရှုံးနိမ့်ခဲ့ပေါင်းများလေပြီ။


"အခုရော...ပြေးအုံးမှာလား..."


အဖွားကိုဖက်ထားမိရာမှ ပြန်မော့ကြည့်လိုက်ပြီး

မျက်ရည်တွေကြားမှ ပြုံးလိုက်မိလေသည်။

အဖွားသည်လည်း ပုံရိပ်၏ပွယောင်းနေသော

ဆံစလေးတွေကို သပ်တင်ပေးပြီးအားပြု၍

ပြုံးပြသည်။


"သမီးဘယ်မှမပြေးတော့ဘူး...အဖွားအနားမှာပဲ

တစ်သက်လုံးနေမယ်....အဖွားနဲ့အတူဖြစ်လာတဲ့ပြဿနာတိုင်းကိုအတူရင်ဆိုင်ကြမယ်..."


"အဖွားရဲ့အနားမှာပဲ တစ်သတ်လုံးနေမယ်ဆိုတော့

ယောက်ျားမယူတော့ဘူးပေါ့...."


"အာ...အဖွားကလည်း...."


ပုံရိပ်က ရှက်ပြီးခေါင်းကြီးငုံ့သွားတော့

အဖွားကရယ်လေသည်။အဖွား၏ရယ်သံတွေ 

ပြန်၍သစ်လွင်လာတဲ့အတွက် ၀မ်းသာမိပေမဲ့

အဖွားကို ထပ်ပြီးဟိုလူတွေဒုက္ခပေးလာမှာကို

စိုးရိမ်မိသည်။


"အဖွား...အန်တီမေဦးတို့ကိစ္စကိုဘယ်လိုလုပ်မှာလဲ

သူတို့ကိုကြည့်ရတာ...ကျေနပ်ကြသေးမဲ့ပုံမပေါ်ဘူး


"စိတ်ချပါ...အဖွားကြည့်ပြီးစီစဉ်လိုက်ပါ့မယ်..

အခုတော့...မြေးရဲ့လေးလေးခန့်ဆီမှာ..

မျက်နှာကဒဏ်ရာတွေကို ဆေးလူးပေးဖို့

သွားလိုက်အုံးနော်...ဟိုကောင်မက..

လက်သည်းတွေနဲ့ကုတ်လိုက်တာ..ကြည့်ပါအုံး...

တော်တော်ရဲနေပြီ...ငါ့မြေးလေးကိုလုပ်ရပ်လိုက်တာ..."


"ဒီလောက်ကတော့ မိုင်နာပါအဖွားရယ်...အဖွားကိုစောင့်ပေးဖို့ တစ်ယောက်လောက်လွှတ်လိုက်မယ်နော်..."


"အေး...အေး...သွား...သွား..."


အခန်းထဲမှ အရိပ်ထွက်သွားသည်နှင့်ဒေါ်ရိပ်ညိုသည် ကုတင်ဘေးမှဖုန်းကိုချက်ချင်းလှမ်းယူပြီး

ကုမ္ပဏီသို့ လှမ်းဆက်လိုက်လေသည်။

သူ့မျက်၀န်းများသည် အခိုးအငွေ့များထွက်လောက်အောင် တောက်လောင်လျှက်ရှိနေသည်။

မာန်မာနကြီးသော အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အပြင်...အမျိုးသားများကိုပါဦးဆောင်နေရသော

သူဖြစ်၍ သီဟနောင်ကိုသူလုံး၀ မကျေနပ်ပေ။


"ဟယ်လို..တင်မြင့်လား...ငါပြောတာကို

တစ်ချက်လောက် သေချာနားထောင်ပေးပါနော်...

အခုချက်ခြင်း...သီဟနောင်လာဘ်စားထားတဲ့

စာရင်းဇယားတွေအားလုံးကို...စုပြီး...

သက်သေအတိအကျနဲ့...တရားစွဲဖို့လုပ်ပေးပါ...

အင်း..ဟုတ်တယ်...ဖမ်း၀ရမ်းနဲ့ပါဖြစ်ချင်တယ်...

အခုလုပ်...ဒီနေ့နေမစောင်းခင်...အကြောင်းထူးတာကိုမြင်ချင်တယ်..."


..........


"ရတယ်...ငါ့ကိုငဲ့စရာမလိုဘူး...ငါ့သမီးရဲ့

ယောက်ျားဖြစ်နေရင်တောင်...အမှားလုပ်တဲ့လူကို..

အလျှော့ပေးမှာမဟုတ်တော့ဘူး...

အရင်ကတားခဲ့တယ်ဆိုတာက...

သမီးနဲ့မြေးတွေရဲ့ မျက်နှာကိုထောက်ထားခဲ့လို့...အခုတော့ဘယ်သူ့မျက်နှာကိုမှမထောက်တော့ဘူး...ဟုတ်ပြီ...အဲ့ဒါဆိုဒါပဲနော်...."


ဖုန်းချလိုက်သည်နှင့် သူ့နှုတ်ခမ်းထက်တွင်

တမာကဲ့သို့ ခါးသက်သောမဲ့ပြုံးတစ်ခုပေါ်ပေါက်လာခဲ့သည်။ဟိုအရင်က ခင်ပွန်းဖြစ်သူကိုယ်တိုင်

သီဟနောင်ကို အချုပ်ကျအောင်လုပ်ခဲ့ပေမဲ့ 

သမီးရဲ့မျက်နှာကြောင့် ကိုယ်ပါ၀င်တားဆီးခဲ့မိတယ်။

အခုတော့ မိဘကိုဆော်ကားတဲ့သမီးမိုက်ကိုပါ

သိပ်နာကျည်းနေမိပြီ။


ကျေးဇူးကန်းတဲ့ဟာတွေ...နင်တို့ငါ့အကြောင်းကိုကောင်းကောင်းသိစေရမယ်....


🌹🌹🌹🌹🌹🌹🌹🌹


 ပြူတင်းပေါက်ဘေးနားတွင် ခုန်လေးကိုချကာ တံခါးဘောင်ပေါ်သို့ မေးတင်လျှက် တိမ်သားထုကြီး၏နံဘေးမှ တိမ်မျှင်တန်းလေးများကို

ငေးကြည့်နေမိသည်။

ရှမ်းတောင်တန်းကြီး၏ အနောက်သို့တဖြည်းဖြည်းခို၀င်သွားသော နေမင်းကြီးကိုကြည့်နေရတာ 

၀မ်းနည်းသလို၊ပူဆွေးမိသလို ခံစားရသည်။


အောက်ဘက်သို့ငုံ့ကြည့်လိုက်တော့ ဂန္ဓာမာပန်းများ

ပတ်လည်ဝိုင်းနေသော ကိုထက်တို့၏အိမ်လေးကိုတွေ့လိုက်ရသောအခါ အညိုရောင်သန်းနေသောမျက်၀န်းလေးမှ ထူထဲသောမျက်တောင်လေးများ 

လှုပ်ခက်သွားပြီး ပန်းနုရောင်နှုတ်ပါးလေးသည် ခပ်ပြေပြေလေး ပြုံးသွားမိသည်။

မျက်လုံးလေးကို မှိတ်လိုက်တော့ ငှက်ကလေး

တစ်ကောင်သည် လွတ်လပ်ပေါ့ပါးစွာလေထဲ၌ 

တဝဲလည်လည်ပျံသန်းနေခဲ့သည်။


"ဒုန်း!!!!!ဒုန်း!!!!မမရေ...မမ..."


တံခါးကိုကြမ်းတမ်းစွာထုနေသောပိစိမကြောင့် 

စိတ်ရှုပ်စွာကျစ်သပ်လိုက်ပြီး တံခါးကိုပြေးဖွင့်လိုက်သည်။


"ဘာဖြစ်လို့လဲ..."


"အောက်ထပ်မှာ ပြဿနာဖြစ်နေကြတယ်..."


"ဟင်း...ဖြစ်ပြန်ပြီ....စိတ်တွေလည်းညစ်ပါတယ်"


ဖြန့်ချထားသော ဆံပင်တွေကိုဆွဲဖွလိုက်မိပြီး သက်ပြင်းချလိုက်မိပြန်သည်။

နေ့ခင်းကမှပြဿနာဖြစ်လို့ အမာရွတ်တွေတောင်ကျန်နေသေးတာကို အခုထပ်ဖြစ်ပြန်ပြီဆိုတော့

သင်္ချိုင်းကုန်းကိုသာ တန်းပြေးလိုက်ချင်တော့တယ်။


"ဘာလဲ..အန်တီမေဦးတို့ပြဿနာထပ်ရှာပြန်တာလား..."


"ဒီတစ်ခါပြဿနာရှာတာမဟုတ်ဘူး...

ပြဿနာတက်တာ...

ဦးသီဟနောင်ကိုရဲတွေလာဖမ်းသွားလို့...

အန်တီမေဦးဝုန်းဒိုင်းကျဲနေတယ်.....


"ဟဲ့..ဘယ်လိုဖြစ်တာတုန်း..ရဲတွေကဘာလို့

လာဖမ်းရတာလဲ..."


"ငွေကြေးလိမ်လည်မှုနဲ့အလွဲသုံးစားလုပ်မှုတဲ့လေ...

တိုင်တဲ့လူက ဘယ်သူလည်းရောသိချင်လား..."


"ဘယ်သူလဲ...."


"ဖွားညိုလေ...ဖွားညိုကိုယ်တိုင်...တိုင်ချက်ဖွင့်လိုက်တာ..."


"ဟာ!!!!!"


အတွင်းသတင်းတွေအရ ပုံရိပ်လည်းကုမ္ပဏီကိစ္စတွေကို သိသင့်သလောက်သိပါတယ်။

ဦးသီဟနောင်အလွဲသုံးစားလုပ်ထားတဲ့ငွေတွေက

သိန်းပေါင်းသောင်းနဲ့ချီရှိသည်။

အဖွားကမမြင်ချင်ယောင်ဆောင်ပေးထားပေမဲ့

အခုတော့ တမင်ကိုထောင်ကျအောင်လုပ်ချင်နေတာကြိမ်းသေတယ်။


ငွေဒဏ်ဆောင်ရအောင်လည်း အဖွားကလိုအပ်မှာမဟုတ်ဘူး။ဒါကြောင့် ဦးသီဟနောင်ကို

ထောင်မကျကျအောင် ချမှာသေချာတယ်။


ရဲတွေလာဖမ်းတယ်ဆိုတည်းက ဖမ်း၀ရမ်းရအောင် 

သက်သေတွေခိုင်မာတဲ့အပြင် ပုဒ်မ၄၂၀လောက်နဲ့

မဖြစ်နိုင်ဘူး။

သေချာတာကတော့ အနည်းဆုံးထောင်၃နှစ်နဲ့

အခြားဆွဲချက်အမျိုးမျိုးပေါင်းထားရင်တော့

ထောင်၇နှစ်ပဲ။


နောက်ပြီး ဦးသီဟနောင်က သူ့အကြောင်းတွေကို အကုန်သိပြီးသူ့ကိစ္စတွေကို ဖုံးပေးထားတဲ့လူကို အစဖျောက်ထားတယ်ဆိုတဲ့ သတင်းကိုလည်း

 အဖွားသိနေတော့အဲ့ဒီ့ကိစ္စပါပေါင်းလိုက်ရင် အပြစ်ကတော်တော်ကြီးသွားပြီ။


"ငါတို့...အောက်ထပ်ကိုဆင်းကြည့်ရအောင်..."


ပိစိမနှင့်အတူ အောက်ထပ်သို့ပြေးဆင်းလိုက်ပြး

အဖွား၏အခန်းဆီသို့ သွားလိုက်တော့အခန်းရှေ့တွင်အိမ်အကူတွေစုပြုံနေကြပြီး 

အခန်းထဲတွင်တော့ အန်တီမေဦးတင်မကပဲ

သူ့သမီးတွေကပါ မျက်ရည်နှင့်မျက်ခွက်ဖြစ်လျှက် အဖွားကိုဒူးထောက်၍တောင်းပန်နေကြလေသည်။


ပုံရိပ်လည်း နံရံဘက်အခြမ်းတွင်ရပ်နေသော

အန်တီတင့်နဲ့လေးလေးခန့်အနားသို့ သွားရပ်‌လိုက်တော့ လေးလေးခန့်ကမျက်နှာမကောင်းစွာပဲ

ပုံရိပ်ကို ကြည့်လာသည်။


"အမေရယ်...သမီးတောင်းပန်ပါတယ်..

သမီးမှားခဲ့ပါတယ်...သမီးယောက်ျားကို

ထောင်ကျအောင်တော့မလုပ်ပါနဲ့နော်...

အမေ့မြေးတွေရဲ့မျက်နှာကိုလည်း

ငဲ့ပါအုံးအမေရယ်..အမေ့မြေးတွေကို

ထောင်ထွက်ရဲ့သားသမီးတွေလို့ သူများတွေက

အပုပ်ချမှာကို အမေမြင်ချင်သလား

အမေတို့လည်း သိက္ခာကျပါတယ်...

ကိုယ့်သားမက်ကို ပြန်ထောင်ချတဲ့ယောက္ခမအဖြစ်

ပတ်၀န်းကျင်က သွားပုပ်လေလွှင့်ပြောကြလိမ့်မယ်

အမှုကို ကျေအေးပေးပါအမေရယ်နော်..."


"ဟုတ်ပါတယ်...ဖွားညိုရယ်...သမီးတို့ကိုချစ်ရင်

ဖေကြီးရဲ့အမှုကိုကျေအေးပေးပါနော်..အဟင့်..."


"ဖွားညိုသိပ်ရက်စက်တာပဲ...ဘယ်လိုနှလုံးသားနဲ့များအဖေ့ကိုထောင်ကျအောင်လုပ်ရက်ရတာလဲ..

ဖွားညိုမှာ...သားသမီးသံယောဇဉ်ကိုထောက်ထားတတ်တဲ့ စိတ်မရှိတော့ဘူးလား..."


အန်တီမေးဦးကပြောလိုက် မနေခြည်နှင့်မနန္ဒာက

ငိုပြီးအော်လိုက်နှင့်ဖြစ်နေတော့ အဖွားအစား

ပုံရိပ်ပါနားပူလာသည်။

အဖွားကတော့ ခံစားချက်မဲ့နေဟန်နဲ့ 

ခပ်အေးအေးပဲ လက်ကိုပိုက်ထားလေသည်။

အဖွားကိုကြည့်ရတာတော့ သူလုပ်လိုက်တဲ့

လုပ်ရပ်အတွက် နောင်တတရားဆိုတာ

မရှိဘူးထင်ပါရဲ့။

အဖွားက သိပ်ကိုပြတ်သားတဲ့အမျိုးသမီးပါလား။


"အမေ့...ကျွန်မတို့ဒီလောက်တောင်းပန်နေတာတောင်...ဘာလို့ငြိမ်နေရတာလဲ...နည်းနည်းပါးပါးပြန်ဖြေပါအုံးလား...

အမေ့ဘက်ကဆုံးရှုံးရတာတွေအတွက်

လျှော်ကြေးဘယ်လောက်လိုချင်လဲ...

ကျွန်မအမေ့ကိုပြန်လျှော်ပေးမယ်...အမေ့ဘက်က

စိမ်းပြတ်မှတော့ ကျွန်မကလည်းခပ်စိမ်းစိမ်းပဲ...

အမေ့လိုမိခင်မျိုးကို ကျွန်မတကယ်မတွေ့ဖူးဘူး...

ငွေကြေးဥစ္စာတစ်ခုတည်းအတွက်ပဲရှင်သန်နေတာ


"ဒီမှာမေဦး..ငါ့ဆီကအဖြေစကားကိုလိုချင်ရင်တော့

အခုနင့်ယောက်ျားကို လုပ်လိုက်တာက

ငါပေးတဲ့အဖြေပဲ...နင့်ယောက်ျားအလွဲသုံးစားလုပ်ထားတဲ့ ပမာဏကနင့်တစ်သက်ကျွန်ခံပြီး

ဆပ်ရင်တောင်..မကြေဘူး..ရှင်းလား...

.............

သံယောဇဉ်ကို အလေးထားလွန်းလို့

နင်တို့လုပ်သမျှကို ငတုံးမကြီးလိုမသိချင်ယောင်ဆောင်နေတာ....

............

ဒါကို"အ"တယ်လို့ထင်နေကြတာမဟုတ်လား...

အေး...အခုငါဘာလဲဆိုတာသိအောင်ပြလိုက်တာပဲ

..........

မှတ်ထား...မိခင်ဆိုတာသားသမီးကိုအသက်စွန့်ပြီး

မွေးရဲသလို...အသက်ပျောက်သွားအောင်လည်း

ပြန်လုပ်နိုင်တယ်....အခုနင်လင်ပူမိနေတဲ့ဝေဒနာက

နင့်ကြောင့်ငါခံစားရတဲ့ ဝေဒနာရဲ့

ဆယ်ပုံတစ်ပုံတောင်မရှိသေးပါဘူး....

.......

နင်ပြန်ပေးသလောက် နင်ပြန်ရတာပဲ

ကျေနပ်လိုက်တော့...အိမ်ပေါ်ကနေဆင်းသွားဖို့တော့..ငါမနှင်ပါဘူး..ဒါပေမဲ့..

မကျေနပ်ရင်ဆင်းသွားလို့ရတယ်...

မင်းခန့်ရေ....ငါပင်ပန်းလို့နားချင်ပြီ...

အကုန်လုံးအခန်းအပြင်ကိုထွက်ကြတော့...."


"အမေ့...အမေအဲ့လိုလုပ်လို့မရဘူးနော်..အီဟီး..."


လေးလေးခန့်က အိမ်အကူတွေကိုမျက်စပစ်ပြတော့ 

ဟိုသားအမိတွေကိုဆွဲ၍ အိပ်ခန်းအပြင်သို့ထုတ်လိုက်ကြသည်။တံခါးကို ဂျက်ချလိုက်ပြီးအန်တီတင့်နှင့်ပုံရိပ်တို့နှစ်ယောက်သည် အဖွားကိုနှစ်သိမ့်ပေးမိကြလေသည်။


"ငါမမှားပါဘူးနော်..ယဉ်တင့်..."


‌ထိုစကားကို ဦးသီဟနောင်အားပြစ်ဒဏ်ချမှတ်ပြီးသည်အထိ အဖွားမေးခဲ့သည်။


ဆက်ရန်ရှိသည်.....


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ပထမကတောင်ကြီးသွားမလို့ပဲ...မနက်ဖြန်မှသွားကြမယ်နော်...


အချိန်တိုင်းလောင်နေရတယ်လို့တော့မထင်လိုက်ပါနဲ့နော် 

လောင်သင့်လို့လောင်ပေးတယ်လို့ 

မှတ်လိုက်ပါနော်😀


ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို

ကျေးဇူးအထူးတင်ရှိပါတယ်....


=========================================================================


🔥🌹ဆူးႀကိဳး(အခန္း၅၂)🔥


မိုးသားတိမ္လိပ္တို႔သည္ ေနရာတိုင္းမွာမဲေမွာင္ညို႔တက္ေနေလသည္။

မိုးစက္မ်ားက ခႏၶာကိုယ္ေပၚသို႔ တေပါက္ေပါက္က်လာခဲ့သည္။


ယခင္က မိုးေရထဲမွာ‌အပူမီးေတာက္စြာေျပးလႊားခဲ့ဖူးသည္။အေပါက္အဖာေလးမ်ားႏွင့္ ျဖစ္ေနေသာထီးေလးကိုေဆာင္းၿပီး ေလျပင္းတိုက္၍ထီးရြက္

မလန္သြားေအာင္ မနည္းထိန္းၿပီးျပန္ခဲ့ရဖူးသည္။


စက္ဘီးကို အသစ္မဟုတ္ရင္ေတာင္

တစ္ပတ္ရစ္ေလးျဖစ္ျဖစ္ စီးၾကၫ့္ခ်င္ခဲ့ဖူးသည္။

အိမ္ကေန ကားနဲ႔လာႀကိဳေလ့ရိွေသာ ယမင္းတို႔ကို အားက်ခဲ့ဖူးၿပီး ကိုယ္စီးခဲ့ေသာဖိနပ္စုတ္ကေလးကို အားငယ္စြာျပန္ငံု႔ၾကၫ့္ခဲ့ဖူးပါသည္။


အကယ္၍မ်ားပံုရိပ္သာ ေလာကဓံရဲ့

အထုအေထာင္းေတြကိုမခံခဲ့ရပါလ်ွင္ အခုခ်ိန္မွာေပါ့ေပါ့တန္တန္ေနတတ္စားတတ္ေသာ မိန္းကေလးတစ္ေယာက္မ်ားျဖစ္ေနမလား။

တစ္ခါတစ္ေလမွာ အခက္အခဲေတြဆိုတာက

ကိုယ့္ကိုရင့္က်က္တည္ၿငိမ္ေအာင္ေလ့က်င့္ေပးတဲ့ ဆရာသမားေတြဟုေတာင္ ေျပာလို႔ရသည္။


"ပီ....ပီ!!!!!!!"


ကိုထက္တို႔ ၿခံအေရ႔ွနားေလာက္ကိုေရာက္ေတာ့ တိုက္မိမည္ဆိုး၍ ဟြန္းတီးလိုက္မိေလသည္။

ဂႏၶာမာပန္းေတြစိုက္ထားေသာ ၿခံေလးထဲသို႔

လွမ္းၾကၫ့္လိုက္မိေတာ့ ၿခံထဲမွာကိုထက္၏

ဆိုင္ကယ္ကို လွမ္းေတြ့လိုက္ရသည္။


ပံုရိပ္သူႏွင့္ မဆံုမိေအာင္ေနခဲ့တာ ဒုတိယႏွစ္၀က္ကို‌ ေတာင္ေရာက္ေနၿပီဆိုေတာ့ ေတာ္ေတာ္ၾကာေလၿပီ။ဒီရက္ပိုင္းအတြင္းမွာ သူ႔ေဖ့ဘြတ္စာမ်က္နာ၌ ေကာင္မေလးေတြတစ္ေယာက္ၿပီးတစ္ေယာက္ႏွင့္ တဲြလိုက္၊ျပတ္လိုက္ျဖစ္ကာ ပံုေတြဆက္တိုက္တင္ေနတာကို ေတြ့ရေလသည္။

တဲြသမ်ွကလည္း ေမဂ်ာကြင္းေတြခ်ည္းပဲဆိုေတာ့ သူ႔မေကာင္းသတင္းကေတာ့ UFLတြင္ေတာ္ေတာ္ေမႊးေနေလၿပီ။


ရုပ္ရိွ ေရလ်ွံဆိုေတာ့လည္း ကပ္ခ်င္တဲ့သူေတြက

ပံုေနတာ သဘာ၀ပဲထင္ပါရဲ့။


"ပီ!!!ပီ;!!!!"


"တူမႀကီးျပန္လာၿပီလား..."


"ဟုတ္ကဲ့ဦးေလး...

လမ္းမွာေလေရာ၊မိုးေရာဆိုေတာ့

ေတာ္ေတာ္ေလးစိုသြားတယ္..."


"ေအး...ေအး...ေဆးေလးဘာေလးေသာက္လိုက္အံုး..အခုကတုပ္ေကြးေတျြပန္ထေနတာ...

ဖ်ားရင္ေနလို႔ထိုင္လို႔ ေကာင္းမွာမဟုတ္ဘူး..."


"ဟုတ္ကဲ့ပါဦးေလးရဲ့..ဦးေလးလည္းတံခါးေတြေသခ်ာပိတ္‌ထားေနာ္...ေတာ္ၾကာမိုးေတြပက္လို႔

ဖ်ားေနအံုးမယ္..."


ပံုရိပ္ဆိုသည္မွာ ဤကဲ့သို႔စိတ္ရင္းေစတနာေကာင္းေသာေကာင္မေလးျဖစ္ေလသည္။

ဂိတ္ေစာင့္ရန္ မာလီအတြက္သံပန္းတံခါးအနား၌ အုပ္ႏွင့္ေက်ာတစ္ခင္းစာအေဆာက္အဦးေလး ေဆာက္ထားေပးေသာေၾကာင့္ ဂိတ္ထဲကိုအျမန္၀င္ဖို႔ႏွင့္ တံခါးေတြ‌ကို ေသခ်ာပိတ္ဖို႔ သတိေပးသြားခဲ့ေသးသည္။


ဒီမိုးရိပ္အိမ္ႀကီးတြင္ အလံုးသမားမ်ားႏွင့္အရင္းႏွီးဆံုးသူမွာ ပံုရိပ္တစ္ေယာက္သာရိွၿပီး အလုပ္သမားမ်ားအား မိသားစုႏွင့္မျခားဆက္ဆံတတ္၍ အကုန္လံုးက သူေလးကိုခ်စ္ခင္ၾကေလသည္။


"မမျပန္လာၿပီလား..."


ဂိုေထာင္ထဲမွာ ဆိုင္ကယ္မသြင္းခ်င္ေတာ့၍

ေပၚတီေအာက္တြင္ဆိုင္ကယ္ကို ရပ္လိုက္တယ္ဆို

ပိစိမသည္အိမ္ထဲမွ ေျပးထြက္လာၿပီး

ေၾကာက္ရြံ႔ေနပံုေလးႏွင့္ ပံုရိပ္ကိုအေမာတႀကီး

ေခၚေလသည္။


"မမေရ...အိမ္ထဲမွာအန္တီေမးဦးတို႔လင္မယားေသာင္းက်န္းေနတယ္..."


"အဲ့ဒါငါနဲ႔ ဘာဆိုင္လည္းဟယ္...သူတို႔လင္မယားကခဏခဏရန္ျဖစ္ေနတာပဲကို..."


"အခုကမတူဘူးေလမမရဲ့...အခုကဖြားညိုကိုရန္ေတြ့ေနၾကတာ..."


"ဟုတ္လား..ဒါဆိုအန္တီယဉ္တင့္ကိုသြားေခၚလိုက္ေလ...."


"အန္တီတင့္က...ယြန္းဆိုင္မွာေလ....ဖုန္းဆက္

ထားေပမဲ့ နဲနဲၾကာမျွပန္ေရာက္ေလာက္မွာ

...အလုပ္ရႈပ္ေနတာနဲ႔တူ‌တယ္...

ဖြားညိုကမနက္ကတင္ ေခါင္းေတြမူးလို႔

ေဆးတိုက္ထားရတာမမရဲ့...

အခုသူတို႔ကရန္ရွာေနေတာ့...

တစ္ခုခုျဖစ္မွာ သမီးစိုးရိမ္တယ္..."


"ဟုတ္ၿပီ...ငါသြားလိုက္မယ္...ဆိုင္ကယ္ကို

ဟိုေထာင့္နားေရြ့ထားၿပီး ေသာ့ကိုငါ့အခန္းထဲမွာသြားထားလိုက္...ေရာ့ဦးထုပ္ပါသိမ္းလိုက္..."


ပိစိမ၏လက္ထဲသို႔ လြယ္အိတ္ကိုပါပစ္ေပးခဲ့လိုက္ၿပီး ဖြားညို၏အခန္းဆီသို႔ ေျပးသြားမိေလသည္။

အလုပ္သမားေတြကေတာင္ ဖြားညို၏အခန္းေရ႔ွတြင္ စိတ္ပူၿပီးရပ္ေနၾကေပမဲ့ မေနျခည္ႏွင့္မနႏၵာကေတာ့ ဧၫ့္ခန္းထဲတြင္ မ်က္ႏွာခ်င္းဆိုင္ၿပီး

ဂိမ္းေဆာ့လို႔ ေကာင္းေနၾကေလသည္။

တကယ္ကို စိတ္ပ်က္ဖို႔ေကာင္းတဲ့လူေတြပါ။


🌹🌹🌹🌹🌹🌹🌹🌹


"ဒုန္း!!!!!!"


ၾကမ္းျပင္ေပၚသို႔ ကိႏၷရီ၊ကိႏၷရာေမာင္ႏွံပန္းပုအရုပ္ေလး ‌ျပဳတ္က်သြားေသာေၾကာင့္ ေဒၚရိပ္ညို၏

မ်က္၀န္းမ်ားသည္ ခံျပင္းမႈႏွင့္ေဒါသတရားတို႔ ဖံုးလႊမ္းသြားခဲ့သည္။သူ၏မ်က္၀န္းတို႔တြင္မ်က္ရည္စတို႔ခိုတဲြလာေလသည္။

သမီးအရင္းျဖစ္သူ၏ လုပ္ရပ္ေတြသည္

သူ႔ႏွလံုးအသဲပြတ္ထဲအထိ နာက်င္ေစသည္။


ဒါဟာ သူေမြးထားတဲ့သမီးတဲ့။မိခင္ျဖစ္သူကို အမုန္း‌တရားေတြရစ္သီေနေသာ မ်က္၀န္းမ်ားႏွင့္

စူးစိုက္ၾကၫ့္ေနေသာ ေမဦးကိုျမင္ေနရတဲ့သူ႔အဖို႔ ဆံုးမသြန္သင္မႈ ညံ့ဖ်င္းခဲ့သလားဟု ကိုယ့္ကိုကိုယ္ျပန္၍ ေမးခြန္းထုတ္မိသည္။


"အေမ...အဲ့ဒီ့ကိစၥကို အခုခ်က္ခ်င္းရွင္းေနာ္..

ကၽြန္မတို႔လင္မယားကလံုး၀မေက်နပ္ဘူး..."


"မေက်နပ္လည္းမတတ္ႏိုင္ဘူးေဟ့...

အခုမွလာၿပီး မ်က္ရည္ခံထိုးခ်င္မေနၾကနဲ႔...

ငါနင္တို႔ကိုအခ်ိန္ေတြအမ်ားႀကီးေပးခဲ့ၿပီးၿပီ...

ဒီအေတာအတြင္းမွာ နင္တို႔ဘာေတြတိုးတက္ေအာင္လုပ္ခဲ့ၾကလဲ..ဆံုးရႈံးလိုက္ရတာပဲအဖက္တင္တယ္

ငါရွင္းရွင္းပဲေျပာမယ္...အရည္အခ်င္းမရိွရင္...

ကိုယ့္အရည္အခ်င္းနဲ႔ ကိုက္ညီတဲ့ေနရာမွာပဲေနၾက

ငါ့ဆီကေတာ့ ဘာမွထပ္ၿပီးမေမ်ွာ္ကိုးၾကနဲ႔..."


"အေမအဲ့လိုေတာ့ မေျပာပါနဲ႔...ကၽြန္ေတာ္လည္းႀကိဳးစားတာပဲ...အေမအခုလုပ္လိုက္ပံုက..

ကၽြန္ေတာ့္ရဲ့သိကၡာကိုလည္းခ်လိုက္သလိုပဲ..

စီအီးအိုရာထူးကေန..မန္ေနဂ်င္းဒါရိုက္တာေနရာေရာက္သြားေတာ့ ကၽြန္ေတာ္ဘယ္ေလာက္အရွက္ကဲြသြားသလဲ သိရဲ့လား....""


"ေဟ့...ဘာမွလာမေျပာၾကနဲ႔ေတာ့...ကုမၸဏီမွာ

ငါ့စိတ္ႀကိဳက္ ငါ့ဘာသာ..ဘာလုပ္လုပ္

နင္တို႔နာခံရမယ္...ဒီမွာသီဟေနာင္...

နင့္မွာသာအရည္အခ်င္းရိွရင္...

ငါကစီအီးအိုရာထူးကို အားအားယားယား

ျဖဳတ္ခ်မယ္လို႔ ထင္သလား...

ေအး..ငါ့သားမက္ျဖစ္ေနလို႔ မန္ေနဂ်င္းရာထူးေပးထားတာပဲ လြန္လွၿပီ...

ကိုယ့္ကိုကိုယ္ ေရႊနားကပ္အေရာင္နဲ႔

ပါးေျပာင္ေနတယ္ဆိုတာမေမ့နဲ႔...ငါ့သမီးနဲ႔ရလို႔...

နင္ဒီလိုအေျခအေနျဖစ္ေနတာေနာ္.."


"အေမ..ကၽြန္မေယာက္်ားကို အဲ့လိုမေျပာနဲ႔ေနာ္...

အေမတို႔က လုပ္ေပးေနတဲ့အခ်ိန္တုန္းကေတာ့

ဘာအသံမွမထြက္ဘူး...အမွားေလးနည္းနည္းလုပ္မိတာနဲ႔...ေသာက္ျပစ္ကအေသတင္တတ္တာေနာ္..."


အေမျဖစ္သူကို ႏႈတ္သီးေကာင္းလ်ွာပါးႏွင့္ ျပန္ရန္ေတြ့ေနေသာ သမီးျဖစ္သူေၾကာင့္ ေဒၚရိပ္ညိုပို၍ မခံမရပ္ႏိုင္ျဖစ္ရသည္။သူ႔ေယာက္်ားမွားမွန္းသိလ်ွက္ႏွင့္ မွားတဲ့ဘက္ကေနသိသိႀကီးရပ္တည္ၿပီး မိခင္ကို ျပန္ေတာ္လွန္ေနေသာ

သမီးမိုက္ေၾကာင့္ ရင္ထဲကေနေအာင့္မ်က္နာက်င္လာသည္။


ကိုယ္ေမြးထားတဲ့ေမ်ာက္က ကိုယ့္ကိုျပန္ေျခာက္တယ္ဆိုတာ ဒါကိုေျပာတာထင္တယ္။

ေဒၚရိပ္ညိုသည္ သူ၏ႏႈတ္ခမ္းတစ္ဖက္အား

မဲ့ခ်လိုက္ၿပီး သမီးႏွင့္သားမက္ျဖစ္သူကို

ခပ္စိမ္းစိမ္းတစ္ခ်က္ၾကၫ့္လိုက္သည္။


"အမွားေသးေသးေလးလို႔နင့္ကိုဘယ္သူကေျပာလိုက္တာလဲ..ေအးေပါ့...နင္တို႔လက္နဲ႔ကိုယ္တိုင္

ထူေထာင္ခဲ့တာတစ္ခုမွမပါေတာ့...

ေပါ့ေပါ့တန္တန္ပဲေတြးၾကမွာေပါ့...

.............

အမွားေသးေသးေလးသာဆိုရင္ အဲ့ဒီ့ေရႊေခာတ္

ေက်ာက္မ်က္ရတနာဆိုင္ကို

ပိတ္သိမ္းလိုက္ရပါ့မလား..ဒီမွာေမဦး...

ငါရွင္းရွင္းပဲ‌ေျပာလိုက္မယ္

ညည္းေယာက္်ားကေနာက္ကြယ္မွာ

ဘယ္ေလာက္ခိုးဖြက္ေနသလဲဆိုတာ

ညည္းသိလား...

...........

ခဏခဏအလဲြသံုးစားလုပ္ၿပီး ေငြေၾကးေတြကိုလိမ္လည္တဲ့ စာရင္းေတြကိုအတုေတြလုပ္ၿပီး

သူ႔လုပ္ငန္းတစ္ခုထဲကို တိတ္တိတ္ပုန္းထၫ့္ေနတာကို ငါကသိသိႀကီးနဲ႔ခြင့္လႊတ္ေပးထားတာေနာ္

ကန္းတက္လာတဲ့အတြက္...ငါဒီလိုလုပ္လိုက္တာ.."


"အဲ့ေတာ့ဘာျဖစ္လဲ...အေမ့ကုမၸဏီမွာလုပ္ရင္

ရသမ်ွပိုက္ဆံက အေမ့အိတ္ထဲကိုပဲ၀င္တာေလ...

ကၽြန္မေယာက္်ားက သူျပန္ေပးဆပ္ရသေလာက္မွ

မရတာ..အဲ့ေတာ့ရွယ္ယာေတြကိုပါတစ္ဖက္လက္နဲ႔

၀ယ္ဖို႔လုပ္တယ္...အဲ့ဒါဘာျဖစ္လည္း...

အေမ့ရဲ့ေက်ာက္တြင္းတစ္တြင္းကထြက္တဲ့

အဖိုးအခရဲ့သံုးပံုတစ္ပံုေတာင္မရိွတဲ့ဥစၥာကို...."


"ေအာ္....လက္စသတ္ေတာ့...

နင္ကပါအလိုတူအလိုပါကို...ဟား...

ေမြးရက်ိဳးနပ္လိုက္တဲ့သမီး...

ငါ့ယံုၾကည္မႈကို အလဲြသံုးစားလုပ္တာေလာက္

ငါမုန္းတာမရိွဘူး..."


ေဒၚရိပ္ညိုသည္ လံုး၀တင္းမခံႏိုင္ေတာ့ပဲ မ်က္ရည္က်မိေလသည္။

ေခါင္းတညိမ့္ညိမ့္ျပဳလုပ္လ်ွက္ သမီးျဖစ္သူ၏

သူခိုးကို ဓားရိုးကမ္းေနေသာအျဖစ္အား

ရင္နာနာႏွင့္နားေထာင္ေနရသည္။

ကိုခန႔္ကိုေမြးၿပီးေနာက္ သမီးေလးတစ္ေယာက္ကိုထပ္ေမြးေတာ့ ကိုယ့္မွာအေဖာ္မြန္ေလးရၿပီဆိုကာ

ခ်စ္လိုက္ရတာ ေပ်ာ္လိုက္ရတာ။


ကိုယ္ပိုးေမြးသလို ေမြးခဲ့ရတဲ့သမီးကအခုေတာ့သူစိမ္းတစ္ေယာက္ေၾကာင့္ အမိ၏ပါးကိုခပ္နာနာေလး ျပန္ရိုက္လိုက္သလိုပါပဲလား။


"နင္တို႔ႏွစ္ေယာက္အခုခ်က္ခ်င္းငါ့အခန္းထဲကေန

ထြက္သြားေတာ့...မဟုတ္ဘူး..ငါ့အိမ္ေပၚကေနပါဆင္းသြားၾက...‌မန္ေနဂ်င္းရာထူးရလို႔

မေက်နပ္ၾကဘူးဟုတ္လား...အခုငါတစ္ခါတည္းအျပတ္ေျပာလိုက္မယ္...သီဟေနာင္ကို

ငါ့ကုမၸဏီကေနအလုပ္ထုတ္လိုက္ၿပီ....

သြားၾကေတာ့...

နင္တို႔မ်က္ႏွာေတြကို ငါမျမင္ခ်င္ဘူး...."


"ခင္ဗ်ားအဲ့လိုလုပ္လို႔မရဘူးေနာ္.."


ေဒၚရိပ္ညို၏ဆံုးျဖတ္ခ်က္ကိုမေက်နပ္ေသာေၾကာင့္ ဦးသီဟေနာင္သည္ ေဒါသအရိွန္ႏွင့္မ်က္ႏွာႀကီးနီျမန္းလာကာ ေဒၚရိပ္ညို၏ဝွီးခ်ဲကို

ဆုပ္ကိုင္ လႈပ္ယမ္းလိုက္ေလသည္။


"ဦးသီဟေနာင္..ရွင္ဘာလုပ္တာလဲ..."


အခန္းထဲသို႔ ေျပး၀င္လာေသာပံုရိပ္သည္

ဖြားညို၏ဝွီးခ်ဲကို ကိုင္လႈပ္၍အႏၲရာယ္ျပဳလိုေသာ

ပံုစံျဖစ္ေနသၫ့္ ဦးသီဟေနာင္၏အိက်ႌဂုတ္စကို

ဆဲြထည့္လိုက္ၿပီး ရင္ဘတ္ကိုတြန္းပစ္လိုက္သည္။

သတိလက္လႊတ္ျဖစ္သြား၍ အေနာက္သို႔လန္က်သြားေသာ ဦးသီဟေနာင္ကို သူ႔မိန္းမကလွမ္းထိန္းလိုက္ေလသည္။


"အဖြားရရဲ့လား...တစ္ခုခုထိခိုက္မိသြားေသးလား.."


"အရိပ္...အဖြားရဲ့ရင္ထဲမွာတလွပ္လွပ္နဲ႔‌

ေမာ‌ေနတာေနလို႔မေကာင္းဘူးကြယ္..."


ရင္ဘတ္ကေလးကိုဖိလ်ွက္ အသက္ရႈသံျပင္းေနေသာ အဖြားကိုသနားစိတ္၀င္မိ၍ စိတ္မေကာင္းစြာၾကၫ့္လိုက္ၿပီးေနာက္ အန္တီေမဦးတို႔လင္မယားကိုေတာ့ စူးရဲစြာၾကၫ့္လိုက္သည္။


"အန္တီေမဦး...ကိုယ့္ေယာက္်ားကိုယ္ထိန္းပါ...

သူမ်ားအိမ္မွာတက္ေနၿပီး..အိမ္ရွင္ကိုေဆာ္ကားတာေတာ့မေကာင္းဘူးထင္တယ္...

အဖြားတစ္ခုခုျဖစ္လို႔ကေတာ့...ရွင္တို႔ကိုအေရးယူပစ္မွာေနာ္...."


"ေအာင္မာ...နင္ကမ်ားလူပါး၀လို႔...

ဥပေဒပညာေလးကိုသင္ထားတာနဲ႔...

ေနရာတကာေသာက္တတ္ႀကီးလာလုပ္ေနတယ္

...နင့္ကိုနင္ဘာထင္ေနလဲ...

ၿမွောက္စားေပးတိုင္းေရာင့္တက္မလာနဲ႔...

ကိုယ့္အဆင့္ကိုယ္သိေကာင္မ.."


"ေအး...ကၽြန္မကကိုယ့္အဆင့္ကိုယ္သိတယ္...

ရွင္တို႔ကသာ ရတာမလို..လိုတာမရျဖစ္ေနၾကတာ..

ကိုယ္ရသေလာက္နဲ႔မတင္းတိမ္ႏိုင္ပဲ...

ခိုးဖို႔အထိပါႀကိဳးစားလာၾကတာေလ..

သိပ္ကိုအဆင့္အတန္းရိွတဲ့...

အန္တီ့ေယာက္်ားသူခိုးႀကီးကိုေတာ့...

သူခိုးႀကံရာပါအျဖစ္လိုက္ကာကြယ္ေပးၿပီး...

အေမျဖစ္သူကိုေတာ့ေဆာ္ကားရဲတယ္ေနာ္

ဒါက ရွင့္ကိုအသက္စြန႔္ၿပီးေမြးခဲ့ရတဲ့အေမေနာ္..."


"အဲ့ဒါဘာျဖစ္လည္း...အေမျဖစ္ျဖစ္

ဘယ္သူျဖစ္ျဖစ္မတရားလုပ္ရင္ေတာ့...

ငါကခံေနမွာမဟုတ္ဘူး...

လမ္းေဘးမွာေခြးမျဖစ္ခ်င္ရင္ နင္၀င္မပါနဲ႔ေနာ္

....အခ်ိန္မေရြးဒီအိမ္ကေနပထုတ္လိုက္လို႔ရတယ္သိလား..."


"လုပ္လိုက္ေလ...ရွင္ကဒီအိမ္မွာဘာမို႔လို႔ကၽြန္မကိုေမာင္းထုတ္လို႔ရမွာလည္း...အေဒၚအရင္းျဖစ္ေနလို႔ ၿငိမ္ခံေနတာကို သိပ္အဟုတ္ႀကီးထင္မေနနဲ႔...

ရွင္တို႔ဒီအခန္းထဲကေနအခုခ်က္ခ်င္းထြက္သြားေပးပါ...မဟုတ္ရင္ကၽြန္မရဲကိုအေၾကာင္းၾကားရလိမ့္မယ္...."


"ေကာင္မလူပါး၀လို႔...."


"ျဖန္း!!!!!!"


"အား!!!...အရိပ္..."


ပံုရိပ္၏ပါးတစ္ဖက္ကို အားပါပါႏွင့္ရိုက္ခ်လိုက္ေသာေၾကာင့္ မ်က္ႏွာေတာင္လည္ထြက္သြားေလသည္။မ်က္ရည္ေတြခ်က္ခ်င္းေဝ့တက္လာေသာ

ပံုရိပ္သည္ အံကိုတင္း၍ႏႈတ္ခမ္းကို ဖိႀကိတ္လိုက္ၿပီး လက္သီးကိုဆုပ္ကာ နားထင္ေၾကာေတြပါ

တင္းမာလာသည္အထိ ေဒါသအရိွန္ျပင္းထန္လာခဲ့သည္။

သူ႔စိတ္ထဲမွာ အေဒၚေတြဘာေတြလည္းနားမလည္ႏိုင္ေတာ့ပဲ ျပန္လုပ္ခ်င္သၫ့္စိတ္ကိုမနည္းထိန္းေနရသည္။


"ေမဦး....နင္ငါ့ေျမးကိုဘာလုပ္လိုက္တာလဲ...

မိန္းမယုတ္မ...ေယာက္်ားအားကိုးနဲ႔

နင္သိပ္မိုက္ကန္းေနတယ္ေပါ့...

အခုခ်က္ခ်င္းငါ့အိမ္ေပၚကေန ဆင္းသြားၾက"


"မဆင္းႏိုင္ဘူး..လံုး၀မဆင္းႏိုင္ဘူး...

ကၽြန္မတို႔ရသင့္ရထိုက္တာေတြကိုမရေသးပဲ..

ဒီအိမ္ထဲကေန ေျခတစ္လွမ္းေတာင္မခြာႏိုင္ဘူး...

ၾကၫ့္ေန...အဲ့ေကာင္မကိုအေသလုပ္ပစ္မွာ..."


"အား!!!!!"


အန္တီေမဦးသည္ ပါးရိုက္တာပါအားမရေတာ့၍

ပံုရိပ္၏ဆံပင္ကိုပါလာဆဲြေလသည္။

အခန္းထဲတြင္ေတာ့ ရန္ျဖစ္သံ၊ရုန္းထိုးသံေတြႏွင့္ ဆူညံပြက္ေလာရိုက္ေနေတာ့သည္။


ေဒၚရိပ္ညိုသည္ သူ႔ေျမးကိုစိုးရိမ္စိတ္ႏွင့္ ဝွီးခ်ဲေပၚမွ ခုန္ဆင္းလိုက္မိၿပီး ၾကမ္းျပင္ေပၚမွာ

ဖင္တေရြ့ေရြ့ႏွင့္ သြားေနရသည္မွာသနားစရာအလြန္ေကာင္းေလသည္။

ဦးသီဟေနာင္ကေတာ့ ၀င္၍မဆဲြပဲပဲြႀကီးပဲြေကာင္းကို ၾကၫ့္ေနသၫ့္အလား လက္ပိုက္၍သေဘာက်ေနေလသည္။


"ဘာျဖစ္ေနၾကတာလဲ....ဟာ..အေမ့...

နင္တို႔ေတာ္ၾကစမ္း..."


ဦးမင္းခန႔္သည္လည္း ေအာ္ႀကီးေဟ့က်ယ္လုပ္၍ အခန္းထဲသို႔၀င္လာၿပီး ပံုရိပ္ကိုဆဲြကာေမဦးကိုအေနာက္သို႔ တြန္းထုတ္လိုက္သည္။

ၿပီးေနာက္ အေမျဖစ္သူကိုဆဲြေပြ့လိုက္ၿပီး

ဘီးတပ္ကုလားထိုင္ေပၚ၌ ျပန္ထိုင္ခိုင္းလိုက္ေလသည္။


ေဒၚရိပ္ညိုသည္ သားျဖစ္သူ၏လက္ေမာင္းကို

ဖက္ကာ အားကိုးတႀကီးရိႈက္၍ငိုေလေတာ့သည္။

ပံုရိပ္ကေတာ့ မ်က္ႏွာမွာေရာလည္ပင္းမွာပါ

ေမဦးကုပ္ဖဲ့ထားေသာ ဒဏ္ရာမ်ားေၾကာင့္

နီရဲေနကာ ဆံပင္ေတြပါ ဖြာလန္က်ဲေနေလသည္။


"ေမဦး...နင္ေတာ္ေတာ္ရိုင္းစိုင္းတဲ့မိန္းမပဲ...

ကိုယ့္အေမတစ္ေယာက္လံုးကိုဒုကၡေပးလို႔အားမရတဲ့အျပင္...တူမအရင္းေခါက္ေခါက္ကိုပါ

ကိုယ္ထိလက္ေရာက္က်ူးလြန္တယ္...

ေတာက္...နင္ေနာ္..

ငါလုပ္လိုက္ရင္ ေသေတာ့မယ္..."


ဆရာ၀န္ႀကီးဆိုေသာဂုဏ္ပုဒ္ႏွင့္အညီ တည္ၿငိမ္ေအးေဆးစြာပဲေနတတ္ေသာ ဦးမင္းခန႔္သည္

ႏူးညံ့ညင္သာမႈတို႔ကင္းစင္ကာ ညီမျဖစ္သူအား

ေဒါသတႀကီးႏွင့္ ရိုက္ဖို႔ျပင္လိုက္ေတာ့

ဦးသီဟေနာင္က သူ႔မိန္းမေရ႔ွကေန၀င္၍ ကာေလသည္။


"သီဟေနာင္...အခန္းထဲမွာဒီေလာက္အထိ

ျဖစ္ပ်က္ေနတာကို မင္းက၀င္မတားပဲ..

ၾကၫ့္ေကာင္းလို႔ရပ္ၾကၫ့္ေနတာလား

...ငါ့အေမနဲ႔ငါ့တူမ..တစ္ခုခုျဖစ္လို႔ကေတာ့...

မင္းတို႔ႏွစ္ေယာက္မလြယ္ဘူးမွတ္...သြားၾက...

အခုခ်က္ခ်င္းထြက္သြားၾက...."


ပံုရိပ္ႏွင့္တစ္ေလသံထဲျဖစ္ေနေသာ ဦးမင္းခန႔္ေအာ္ေငါက္လိုက္မွ သီဟေနာင္တို႔ႏွစ္ေယာက္သည္ အခန္းထဲမွ ထြက္သြားၾကေတာ့သည္။

ဦးမင္းခန္႔သည္ အဖြားကိုအိပ္ယာေပၚသို႔

ေပြ့တင္ေပးလိုက္ၿပီး ေဆးရံုမျွပန္လာခဲ့သည္ျဖစ္၍ အသင့္ပါလာေသာ လက္ဆဲြအိတ္ထဲမွေသြးေပါင္ခ်ိန္စက္ကို ထုတ္လိုက္ၿပီး ေသြးေပါင္

ခ်ိန္ေပးေနလိုက္သည္။


ပံုရိပ္ကေတာ့ အဖြား၏အခန္းထဲမွေျပးထြက္လာလိုက္ၿပီး အေပၚထပ္သို႔ေျခသံတဒုန္းဒုန္းျမည္ေအာင္ တက္လိုက္ကာ အခန္းထဲသို႔၀င္၍

ရိွသမ်ွအ၀တ္ေတြကိုဆဲြထုတ္လိုက္သည္။

အ၀တ္ေတြကို အိတ္တစ္ခုထဲသို႔ ထၫ့္သိပ္လိုက္ကာ အိမ္အေပၚထပ္မွ ျပန္ဆင္းေျပးလာလိုက္သည္။


"အန္တီယဉ္တင့္..."


ေလွကားေအာက္ေျခတြင္ ပံုရိပ္ကိုရပ္ၾကၫ့္ေနေသာ အန္တီယဉ္တင့္ကိုေတြ့လိုက္ရေသာအခါ

၀မ္းနည္းစိတ္‌‌ေၾကာင့္မ်က္ရည္ဝဲတက္လာမိသည္။ဒါေပမဲ့ ဆံုးျဖတ္ၿပီးသားကိစၥကို ျပန္မျပင္ႏိုင္ေတာ့၍ ေလွကားေအာက္သို႔ခပ္ျမန္ျမန္ပဲျပန္ဆင္းလိုက္ၿပီး ထြက္သြားဖို႔ကိုသာ ေလာႀကီးေနမိသည္။


"ပံုရိပ္...ကေလးရယ္...မသြားပါနဲ႔ကြယ္...

အန္တီတင့္ေတာင္းပန္ပါတယ္..."


ေလွကားေအာက္ေျခသို႔ေရာက္သည္ႏွင့္

ပံုရိပ္၏ကိုယ္ေလးကို သိုင္းဖက္ၿပီးမ်က္ရည္မ်ားက်ကာ ပါးခ်င္းကပ္၍ထားေလသည္။

နီရဲေနေသာ ပံုရိပ္၏ပါးျပင္ေလးကို လက္ဖဝါးႏွင့္

ခပ္ဖြဖြပြတ္ေပးရင္းႏွင့္ ပံုရိပ္၏အ၀တ္ထုတ္ကိုလွမ္းဆဲြေလသည္။


"မသြားပါနဲ႔အရိပ္ရယ္...အန္တီတင့္ေတာင္းပန္ပါတယ္...ေနာက္ဒီလိုမျဖစ္ရေအာင္အန္တီတင့္တို႔လည္းဂရုစိုက္ပါ့မယ္...ပံုရိပ္ရဲ့အဖြားကိုသနားပါကြယ္...ဟိုမိန္းမေတြေၾကာင့္ေတာ့

ဒီအိမ္ကေနထြက္မသြားပါနဲ႔...မတန္ပါဘူး..."


"အန္တီ...သမီးရဲ့ဘ၀မွာအနာဆံုးစကားက...

ေမာင္းထုတ္တဲ့စကားပဲ..သမီးရဲ့မိဘေတြဆံုးသြားခဲ့လို႔...အေဒါ့္အိမ္မွာေနခဲ့စဉ္တုန္းကလည္း...

ဒီလိုစကားမ်ိဳးကို အေဒါ့္ေယာက္်ားဆီကခဏခဏၾကားခဲ့ရတယ္...သမီးဆက္ၿပီးအဲ့လိုအေျပာမခံခ်င္ေတာ့ဘူး...ေက်ာင္းနဲ႔နီးတဲ့အေဆာင္မွာပဲသြားေနေတာ့မယ္...သမီးကိုခြင့္ျပဳေပးပါ..."


အန္တီယဉ္တင့္ကို ကန္ေတာ့လိုက္ၿပီးအ၀တ္ထုပ္ကိုျပန္ဆဲြကာ ဧၫ့္ခန္းကိုျဖတ္ေက်ာ္လာခဲ့လိုက္သည္။အဖြားကိုႏႈတ္ဆက္ခ်င္ေပမဲ့ ပံုရိပ္ခံစားႏိုင္မယ္

မထင္ဘူး။ဒီတစ္ႀကိမ္က ဒုတိယအႀကီးဆံုးဒဏ္ရာပဲ။ပံုရိပ္ရဲ့ဘ၀မွာ ဒဏ္ရာေတြသိပ္မ်ားခဲ့ပါၿပီ။

ထိုဒဏ္ရာေတြကို အနီးဆံုးလူေတြကပဲ ေပးၾကတယ္။


"ပံုရိပ္...."


ေလးေလးခန႔္၏ ေခၚသံေၾကာင့္မ်က္ရည္ေတြကိုသုတ္ၿပီး အေနာက္သို႔လွၫ့္ၾကၫ့္လိုက္ေတာ့

ေလးေလးခန႔္ကပံုရိပ္ဆီသို႔ တစ္လွမ္းခ်င္းေလ်ွာက္လာ၍ သနားဂရုနာသက္စြာၾကၫ့္ေနေလသည္။


"ပံုရိပ္ရဲ့အဖြားက ပံုရိပ္နဲ႔စကားေျပာခ်င္လို႔တဲ့...

သြားေတြ့လိုက္ပါေနာ္..."


လက္ထဲမွ အိတ္ကိုဖိဆုပ္၍ကိုင္ထားမိရာမွ အဖြား၏အိပ္ခန္းဆီသို႔ၾကၫ့္လိုက္မိသည္။

ပံုရိပ္ျပန္သြားသင့္ရဲ့လား။

မ်က္ႏွာက တဆစ္ဆစ္ျဖစ္ေနေသာ ကုပ္ဖဲ့ရာေတြကေတာ့ ပံုရိပ္‌၏ေျခလွမ္းေတြကို ေနာက္ျပန္ဆုတ္ဖို႔ခြင့္မျပဳေပ။ဒါေပမဲ့ ယခုအခ်ိန္မွာဖြားညိုဟာ

ပံုရိပ္၏အုပ္ထိန္းသူျဖစ္ေနသည္။


"သမီးေတြ့ပါ့မယ္..."


အိတ္ကိုပါဆဲြသြားလိုက္ၿပီး ဖြားညို၏အခန္းထဲသို႔ ၀င္သြားလိုက္ေတာ့ ကုတင္ေပၚတြင္ထိုင္ေနေသာဖြားညိုသည္ ပံုရိပ္ဆီသို႔ကေလးတစ္ေယာက္ကဲ့သို႔လက္ဆန႔္တန္းလာေလသည္။

အဖြား၏ လက္ဖဝါးေလးေတြကို ဆုပ္ကိုင္မိေတာ့ ေအးစက္ေနလိုက္တာ။


"အရိပ္ရယ္...အဖြားကိုထားခဲ့မလို႔လားဟင္..."


"သမီးဒီမွာဆက္ရိွေနရင္ ျပႆနာေတြထပ္ျဖစ္လာႏိုင္တယ္..."


"အို..အခုျဖစ္တဲ့ျပႆနာကအရိပ္ေၾကာင့္မွမဟုတ္တာကြယ္..."


"ဒါေပမဲ့ သမီးသူတို႔နဲ႔အတူမေနခ်င္ဘူးဖြားရယ္...

သမီးထပ္ၿပီးအႏိုင္က်င့္မခံႏိုင္ေတာ့ဘူး...

သမီးကို ႏိွမ္ခ်ၿပီးေျပာတာကိုလည္းမခံႏိုင္ေတာ့ဘူး.."


"အဲ့ဒါနဲ႔ပဲ...အားလံုးနဲ႔ေဝးရာကိုေရွာင္ေျပးေတာ့မယ္ေပါ့..."


အဖြားကိုေမာ့ၾကၫ့္လိုက္မိေတာ့ အသက္၇၀ေက်ာ္ေနေပမဲ့ မ်က္၀န္းေတြကစူးရွေတာက္ပေနတုန္းပင္ျဖစ္သည္။ပါးရည္ေတြတြန႔္ေနေသာ မ်က္ႏွာေလးသည္ အေစာပိုင္းက ျပႆနာျဖစ္ေနတာကိုပင္ 

ေမ့ေလ်ွာ့ေနသကဲ့သို႔ ေသာကတို႔ကင္းစင္ေနေလသည္။


"အရိပ္ရဲ့ဆရာေနမ်ိဳးဆိုတဲ့ေကာင္ေလး

ေျပာျပခဲ့လို႔အဖြားအကုန္သိၿပီးၿပီ...ရွင္းသန႔္ရဲ့ေယာက္်ားနဲ႔ျပႆနာျဖစ္ခဲ့လို႔ မႏၲေလးကိုလာခ်င္ခဲ့တာဆို..."


"ဆရာကအဖြားကို အားလံုးေျပာျပသြားခဲ့တာလား..."


"ဟုတ္တယ္...အားလံုးပဲ...

အရိပ္ကိုဥပေဒပညာသင္ခြင့္ေပးဖို႔

အရိပ္ႄကံုခဲ့ရတဲ့အခက္အခဲေတြကို 

သူသိသေလာက္အကုန္ေျပာျပသြားခဲ့တယ္...

အရိပ္ဘယ္အခ်ိန္အထိ ျပႆနာေတြကေန

ေဝးရာကို ထြက္ေျပးေနအံုးမွာလဲ...

အဖြားကိုၾကၫ့္လိုက္စမ္း...

...........

အဖြားရဲ့အသက္က၇၀ေက်ာ္ေနၿပီ...

အခုခ်ိန္အထိ အဖြားကလုပ္ငန္းေတြကို

စီစဉ္ၫႊန္ၾကားေနတုန္းပဲ..အရိပ္လည္းသိမွာပါ

...လုပ္ငန္းခြင္မွာလည္းအဖြားကို

မလိုလားသူေတြ တိုက္ခိုက္လိုသူေတြရိွသလို..

မိသားစုမွာလည္း အရိပ္ေလးအနားကိုေရာက္မလာခင္အထိ...အဖြားရဲ့အနားမွာပတ္လည္ဝိုင္းေနတဲ့

အခ်ိန္မေရြး အႏၲ‌ရာယ္‌ျပဳႏိုင္တဲ့

အိမ္တြင္းဒုကၡေတြကိုေတြ့မွာပါ...

...........

အခက္အခဲနဲ႔ႄကံုေတြ့တိုင္း

ေရွာင္ေျပးေနမယ္ဆိုရင္...

ဒီအသက္အရြယ္အထိေတာင္ 

သက္ဆိုးရွည္ႏိုင္မယ္မထင္ဘူး...

အပင္ျမင့္ေလ...ေလတိုက္ေလပဲအရိပ္...

ပိုျမင့္တဲ့ေနရာကို သြားခ်င္ေလ...

ပိုခက္ခဲတဲ့လမ္းကိုေလ်ွာက္ရေလပဲ...

ပိုၿပီး ႀကံ့ခိုင္မွရမယ္...

ေရမျပၫ့္ေသးတဲ့အိုးမွာေဘာင္ဘင္ေတာ့ခပ္မွာပဲ

.........

....ဒါဆိုရင္တို႔ေတြဘာလုပ္ၾကမလဲ...

ေရကိုအျပၫ့္ျဖၫ့္ရမယ္...

အျခားသူေတြႏိွမ္တာက ႏိွမ္လို႔ရလို႔ႏိွမ္တာ...

ကိုယ္ကသူတို႔ထက္နိမ့္က်ေနေသးလို႔ 

ႏိွမ္ခ်လို႔ရတာမဟုတ္လား...

သူတို႔အႏိုင္က်င့္လို႔ရတယ္ဆိုတာ...

ကိုယ္ကအားနည္းေနေသးလို႔ပဲ...

.........

ဒါေၾကာင့္သူမ်ားေတြ အထင္မေသးရဲေအာင္..

ႏိွမ္ခ်မဆက္ဆံရဲေအာင္ ႀကိဳးစားျပလိုက္ပါ...

အခ်ိန္တန္ရင္..အလိုလိုဦးၫႊတ္လာၾကလိမ့္မယ္..

လူေတာ္ျဖစ္ခ်င္ရင္...သူမ်ားထက္သာခ်င္ရင္..

သူမ်ားေလးစားတာခံခ်င္ရင္...ဘယ္ေတာ့မွအခက္အခဲေတြဆီကေန ထြက္မေျပးနဲ႔...

ဘယ္ေတာ့မွ အရႈံးမေပးနဲ႔...

အဖြားအတြက္ကေတာ့...စိတ္ကိုဒုန္းဒုန္းခ်ၿပီး...

အရႈံးေပးလိုက္တဲ့ေန့ဟာ...အဖြားေသတဲ့ေန့ပဲ...."


"အဖြားရယ္..."


အဖြား၏ခါးကို ဖက္ၿပီးအဖြား၏ေပါင္ေပၚတြင္လွဲခ်လိုက္ကာ ရိႈက္၍ငိုမိေလသည္။

ပံုရိပ္၏ေခါင္းကိုေဖးမကာ ကိုင္ထားၿပီး 

ေက်ာ္ျပင္ေပၚသို႔ ႏူးညံ့ညင္သာစြာပုတ္ေပး၍

ႏွစ္သိမ့္ေပးရွာသည္။ေသမွပဲ အရႈံးေပးမည္ဟု

ႂကြေးေၾကာ္လိုက္ေသာအဖြားကို ခ်ီးက်ူးမဆံုး

ျဖစ္မိသည္။အဖြားကဲ့သို႔ စိတ္မထားႏိုင္ပဲ

ျပႆနာျဖစ္တိုင္းေရွာင္ေျပးေနတတ္ေသာ

ပံုရိပ္သည္ ေၾကာက္ရြံ႔မႈကိုလက္ကိုင္ဆဲြထားၿပီး

ရႈံးနိမ့္ခဲ့ေပါင္းမ်ားေလၿပီ။


"အခုေရာ...ေျပးအံုးမွာလား..."


အဖြားကိုဖက္ထားမိရာမွ ျပန္ေမာ့ၾကၫ့္လိုက္ၿပီး

မ်က္ရည္ေတြၾကားမွ ႃပံုးလိုက္မိေလသည္။

အဖြားသည္လည္း ပံုရိပ္၏ပြေယာင္းေနေသာ

ဆံစေလးေတြကို သပ္တင္ေပးၿပီးအားျပဳ၍

ႃပံုးျပသည္။


"သမီးဘယ္မွမေျပးေတာ့ဘူး...အဖြားအနားမွာပဲ

တစ္သက္လံုးေနမယ္....အဖြားနဲ႔အတူျဖစ္လာတဲ့ျပႆနာတိုင္းကိုအတူရင္ဆိုင္ၾကမယ္..."


"အဖြားရဲ့အနားမွာပဲ တစ္သတ္လံုးေနမယ္ဆိုေတာ့

ေယာက္်ားမယူေတာ့ဘူးေပါ့...."


"အာ...အဖြားကလည္း...."


ပံုရိပ္က ရွက္ၿပီးေခါင္းႀကီးငံု႔သြားေတာ့

အဖြားကရယ္ေလသည္။အဖြား၏ရယ္သံေတြ 

ျပန္၍သစ္လြင္လာတဲ့အတြက္ ၀မ္းသာမိေပမဲ့

အဖြားကို ထပ္ၿပီးဟိုလူေတြဒုကၡေပးလာမွာကို

စိုးရိမ္မိသည္။


"အဖြား...အန္တီေမဦးတို႔ကိစၥကိုဘယ္လိုလုပ္မွာလဲ

သူတို႔ကိုၾကၫ့္ရတာ...ေက်နပ္ၾကေသးမဲ့ပံုမေပၚဘူး


"စိတ္ခ်ပါ...အဖြားၾကၫ့္ၿပီးစီစဉ္လိုက္ပါ့မယ္..

အခုေတာ့...ေျမးရဲ့ေလးေလးခန႔္ဆီမွာ..

မ်က္ႏွာကဒဏ္ရာေတြကို ေဆးလူးေပးဖို႔

သြားလိုက္အံုးေနာ္...ဟိုေကာင္မက..

လက္သည္းေတြနဲ႔ကုတ္လိုက္တာ..ၾကၫ့္ပါအံုး...

ေတာ္ေတာ္ရဲေနၿပီ...ငါ့ေျမးေလးကိုလုပ္ရပ္လိုက္တာ..."


"ဒီေလာက္ကေတာ့ မိုင္နာပါအဖြားရယ္...အဖြားကိုေစာင့္ေပးဖို႔ တစ္ေယာက္ေလာက္လႊတ္လိုက္မယ္ေနာ္..."


"ေအး...ေအး...သြား...သြား..."


အခန္းထဲမွ အရိပ္ထြက္သြားသည္ႏွင့္ေဒၚရိပ္ညိုသည္ ကုတင္ေဘးမွဖုန္းကိုခ်က္ခ်င္းလွမ္းယူၿပီး

ကုမၸဏီသို႔ လွမ္းဆက္လိုက္ေလသည္။

သူ႔မ်က္၀န္းမ်ားသည္ အခိုးအေငြ့မ်ားထြက္ေလာက္ေအာင္ ေတာက္ေလာင္လ်ွက္ရိွေနသည္။

မာန္မာနႀကီးေသာ အမ်ိဳးသမီးတစ္ေယာက္ျဖစ္တဲ့အျပင္...အမ်ိဳးသားမ်ားကိုပါဦးေဆာင္ေနရေသာ

သူျဖစ္၍ သီဟေနာင္ကိုသူလံုး၀ မေက်နပ္ေပ။


"ဟယ္လို..တင္ျမင့္လား...ငါေျပာတာကို

တစ္ခ်က္ေလာက္ ေသခ်ာနားေထာင္ေပးပါေနာ္...

အခုခ်က္ျခင္း...သီဟေနာင္လာဘ္စားထားတဲ့

စာရင္းဇယားေတြအားလံုးကို...စုၿပီး...

သက္ေသအတိအက်နဲ႔...တရားစဲြဖို႔လုပ္ေပးပါ...

အင္း..ဟုတ္တယ္...ဖမ္း၀ရမ္းနဲ႔ပါျဖစ္ခ်င္တယ္...

အခုလုပ္...ဒီေန့ေနမေစာင္းခင္...အေၾကာင္းထူးတာကိုျမင္ခ်င္တယ္..."


..........


"ရတယ္...ငါ့ကိုငဲ့စရာမလိုဘူး...ငါ့သမီးရဲ့

ေယာက္်ားျဖစ္ေနရင္ေတာင္...အမွားလုပ္တဲ့လူကို..

အေလ်ွာ့ေပးမွာမဟုတ္ေတာ့ဘူး...

အရင္ကတားခဲ့တယ္ဆိုတာက...

သမီးနဲ႔ေျမးေတြရဲ့ မ်က္ႏွာကိုေထာက္ထားခဲ့လို႔...အခုေတာ့ဘယ္သူ႔မ်က္ႏွာကိုမွမေထာက္ေတာ့ဘူး...ဟုတ္ၿပီ...အဲ့ဒါဆိုဒါပဲေနာ္...."


ဖုန္းခ်လိုက္သည္ႏွင့္ သူ႔ႏႈတ္ခမ္းထက္တြင္

တမာကဲ့သို႔ ခါးသက္ေသာမဲ့ႃပံုးတစ္ခုေပၚေပါက္လာခဲ့သည္။ဟိုအရင္က ခင္ပြန္းျဖစ္သူကိုယ္တိုင္

သီဟေနာင္ကို အခ်ဳပ္က်ေအာင္လုပ္ခဲ့ေပမဲ့ 

သမီးရဲ့မ်က္ႏွာေၾကာင့္ ကိုယ္ပါ၀င္တားဆီးခဲ့မိတယ္။

အခုေတာ့ မိဘကိုေဆာ္ကားတဲ့သမီးမိုက္ကိုပါ

သိပ္နာက်ည္းေနမိၿပီ။


ေက်းဇူးကန္းတဲ့ဟာေတြ...နင္တို႔ငါ့အေၾကာင္းကိုေကာင္းေကာင္းသိေစရမယ္....


🌹🌹🌹🌹🌹🌹🌹🌹


 ျပဴတင္းေပါက္ေဘးနားတြင္ ခုန္ေလးကိုခ်ကာ တံခါးေဘာင္ေပၚသို႔ ေမးတင္လ်ွက္ တိမ္သားထုႀကီး၏နံေဘးမွ တိမ္မ်ွင္တန္းေလးမ်ားကို

ေငးၾကၫ့္ေနမိသည္။

ရွမ္းေတာင္တန္းႀကီး၏ အေနာက္သို႔တျဖည္းျဖည္းခို၀င္သြားေသာ ေနမင္းႀကီးကိုၾကၫ့္ေနရတာ 

၀မ္းနည္းသလို၊ပူေဆြးမိသလို ခံစားရသည္။


ေအာက္ဘက္သို႔ငံု႔ၾကၫ့္လိုက္ေတာ့ ဂႏၶာမာပန္းမ်ား

ပတ္လည္ဝိုင္းေနေသာ ကိုထက္တို႔၏အိမ္ေလးကိုေတြ့လိုက္ရေသာအခါ အညိုေရာင္သန္းေနေသာမ်က္၀န္းေလးမွ ထူထဲေသာမ်က္ေတာင္ေလးမ်ား 

လႈပ္ခက္သြားၿပီး ပန္းႏုေရာင္ႏႈတ္ပါးေလးသည္ ခပ္ေျပျပေလး ႃပံုးသြားမိသည္။

မ်က္လံုးေလးကို မိွတ္လိုက္ေတာ့ ငွက္ကေလး

တစ္ေကာင္သည္ လြတ္လပ္ေပါ့ပါးစြာေလထဲ၌ 

တဝဲလည္လည္ပ်ံသန္းေနခဲ့သည္။


"ဒုန္း!!!!!ဒုန္း!!!!မမေရ...မမ..."


တံခါးကိုၾကမ္းတမ္းစြာထုေနေသာပိစိမေၾကာင့္ 

စိတ္ရႈပ္စြာက်စ္သပ္လိုက္ၿပီး တံခါးကိုေျပးဖြင့္လိုက္သည္။


"ဘာျဖစ္လို႔လဲ..."


"ေအာက္ထပ္မွာ ျပႆနာျဖစ္ေနၾကတယ္..."


"ဟင္း...ျဖစ္ျပန္ၿပီ....စိတ္ေတြလည္းညစ္ပါတယ္"


ျဖန႔္ခ်ထားေသာ ဆံပင္ေတြကိုဆဲြဖြလိုက္မိၿပီး သက္ျပင္းခ်လိုက္မိျပန္သည္။

ေန့ခင္းကမျွပႆနာျဖစ္လို႔ အမာရြတ္ေတြေတာင္က်န္ေနေသးတာကို အခုထပ္ျဖစ္ျပန္ၿပီဆိုေတာ့

သခ်ၤိဳင္းကုန္းကိုသာ တန္းေျပးလိုက္ခ်င္ေတာ့တယ္။


"ဘာလဲ..အန္တီေမဦးတို႔ျပႆနာထပ္ရွာျပန္တာလား..."


"ဒီတစ္ခါျပႆနာရွာတာမဟုတ္ဘူး...

ျပႆနာတက္တာ...

ဦးသီဟေနာင္ကိုရဲေတြလာဖမ္းသြားလို႔...

အန္တီေမဦးဝုန္းဒိုင္းက်ဲေနတယ္.....


"ဟဲ့..ဘယ္လိုျဖစ္တာတုန္း..ရဲေတြကဘာလို႔

လာဖမ္းရတာလဲ..."


"ေငြေၾကးလိမ္လည္မႈနဲ႔အလဲြသံုးစားလုပ္မႈတဲ့ေလ...

တိုင္တဲ့လူက ဘယ္သူလည္းေရာသိခ်င္လား..."


"ဘယ္သူလဲ...."


"ဖြားညိုေလ...ဖြားညိုကိုယ္တိုင္...တိုင္ခ်က္ဖြင့္လိုက္တာ..."


"ဟာ!!!!!"


အတြင္းသတင္းေတြအရ ပံုရိပ္လည္းကုမၸဏီကိစၥေတြကို သိသင့္သေလာက္သိပါတယ္။

ဦးသီဟေနာင္အလဲြသံုးစားလုပ္ထားတဲ့ေငြေတြက

သိန္းေပါင္းေသာင္းနဲ႔ခ်ီရိွသည္။

အဖြားကမျမင္ခ်င္ေယာင္ေဆာင္ေပးထားေပမဲ့

အခုေတာ့ တမင္ကိုေထာင္က်ေအာင္လုပ္ခ်င္ေနတာႀကိမ္းေသတယ္။


ေငြဒဏ္ေဆာင္ရေအာင္လည္း အဖြားကလိုအပ္မွာမဟုတ္ဘူး။ဒါေၾကာင့္ ဦးသီဟေနာင္ကို

ေထာင္မက်က်ေအာင္ ခ်မွာေသခ်ာတယ္။


ရဲေတြလာဖမ္းတယ္ဆိုတည္းက ဖမ္း၀ရမ္းရေအာင္ 

သက္ေသေတြခိုင္မာတဲ့အျပင္ ပုဒ္မ၄၂၀ေလာက္နဲ႔

မျဖစ္ႏိုင္ဘူး။

ေသခ်ာတာကေတာ့ အနည္းဆံုးေထာင္၃ႏွစ္နဲ႔

အျခားဆဲြခ်က္အမ်ိဳးမ်ိဳးေပါင္းထားရင္ေတာ့

ေထာင္၇ႏွစ္ပဲ။


ေနာက္ၿပီး ဦးသီဟေနာင္က သူ႔အေၾကာင္းေတြကို အကုန္သိၿပီးသူ႔ကိစၥေတြကို ဖံုးေပးထားတဲ့လူကို အစေဖ်ာက္ထားတယ္ဆိုတဲ့ သတင္းကိုလည္း

 အဖြားသိေနေတာ့အဲ့ဒီ့ကိစၥပါေပါင္းလိုက္ရင္ အျပစ္ကေတာ္ေတာ္ႀကီးသြားၿပီ။


"ငါတို႔...ေအာက္ထပ္ကိုဆင္းၾကၫ့္ရေအာင္..."


ပိစိမႏွင့္အတူ ေအာက္ထပ္သို႔ေျပးဆင္းလိုက္ျပး

အဖြား၏အခန္းဆီသို႔ သြားလိုက္ေတာ့အခန္းေရ႔ွတြင္အိမ္အကူေတြစုႃပံုေနၾကၿပီး 

အခန္းထဲတြင္ေတာ့ အန္တီေမဦးတင္မကပဲ

သူ႔သမီးေတြကပါ မ်က္ရည္ႏွင့္မ်က္ခြက္ျဖစ္လ်ွက္ အဖြားကိုဒူးေထာက္၍ေတာင္းပန္ေနၾကေလသည္။


ပံုရိပ္လည္း နံရံဘက္အျခမ္းတြင္ရပ္ေနေသာ

အန္တီတင့္နဲ႔ေလးေလးခန႔္အနားသို႔ သြားရပ္‌လိုက္ေတာ့ ေလးေလးခန႔္ကမ်က္ႏွာမေကာင္းစြာပဲ

ပံုရိပ္ကို ၾကၫ့္လာသည္။


"အေမရယ္...သမီးေတာင္းပန္ပါတယ္..

သမီးမွားခဲ့ပါတယ္...သမီးေယာက္်ားကို

ေထာင္က်ေအာင္ေတာ့မလုပ္ပါနဲ႔ေနာ္...

အေမ့ေျမးေတြရဲ့မ်က္ႏွာကိုလည္း

ငဲ့ပါအံုးအေမရယ္..အေမ့ေျမးေတြကို

ေထာင္ထြက္ရဲ့သားသမီးေတြလို႔ သူမ်ားေတြက

အပုပ္ခ်မွာကို အေမျမင္ခ်င္သလား

အေမတို႔လည္း သိကၡာက်ပါတယ္...

ကိုယ့္သားမက္ကို ျပန္ေထာင္ခ်တဲ့ေယာကၡမအျဖစ္

ပတ္၀န္းက်င္က သြားပုပ္ေလလႊင့္ေျပာၾကလိမ့္မယ္

အမႈကို ေက်ေအးေပးပါအေမရယ္ေနာ္..."


"ဟုတ္ပါတယ္...ဖြားညိုရယ္...သမီးတို႔ကိုခ်စ္ရင္

ေဖႀကီးရဲ့အမႈကိုေက်ေအးေပးပါေနာ္..အဟင့္..."


"ဖြားညိုသိပ္ရက္စက္တာပဲ...ဘယ္လိုႏွလံုးသားနဲ႔မ်ားအေဖ့ကိုေထာင္က်ေအာင္လုပ္ရက္ရတာလဲ..

ဖြားညိုမွာ...သားသမီးသံေယာဇဉ္ကိုေထာက္ထားတတ္တဲ့ စိတ္မရိွေတာ့ဘူးလား..."


အန္တီေမးဦးကေျပာလိုက္ မေနျခည္ႏွင့္မနႏၵာက

ငိုၿပီးေအာ္လိုက္ႏွင့္ျဖစ္ေနေတာ့ အဖြားအစား

ပံုရိပ္ပါနားပူလာသည္။

အဖြားကေတာ့ ခံစားခ်က္မဲ့ေနဟန္နဲ႔ 

ခပ္ေအးေအးပဲ လက္ကိုပိုက္ထားေလသည္။

အဖြားကိုၾကၫ့္ရတာေတာ့ သူလုပ္လိုက္တဲ့

လုပ္ရပ္အတြက္ ေနာင္တတရားဆိုတာ

မရိွဘူးထင္ပါရဲ့။

အဖြားက သိပ္ကိုျပတ္သားတဲ့အမ်ိဳးသမီးပါလား။


"အေမ့...ကၽြန္မတို႔ဒီေလာက္ေတာင္းပန္ေနတာေတာင္...ဘာလို႔ၿငိမ္ေနရတာလဲ...နည္းနည္းပါးပါးျပန္ေျဖပါအံုးလား...

အေမ့ဘက္ကဆံုးရႈံးရတာေတြအတြက္

ေလ်ွာ္ေၾကးဘယ္ေလာက္လိုခ်င္လဲ...

ကၽြန္မအေမ့ကိုျပန္ေလ်ွာ္ေပးမယ္...အေမ့ဘက္က

စိမ္းျပတ္မွေတာ့ ကၽြန္မကလည္းခပ္စိမ္းစိမ္းပဲ...

အေမ့လိုမိခင္မ်ိဳးကို ကၽြန္မတကယ္မေတြ့ဖူးဘူး...

ေငြေၾကးဥစၥာတစ္ခုတည္းအတြက္ပဲရွင္သန္ေနတာ


"ဒီမွာေမဦး..ငါ့ဆီကအေျဖစကားကိုလိုခ်င္ရင္ေတာ့

အခုနင့္ေယာက္်ားကို လုပ္လိုက္တာက

ငါေပးတဲ့အေျဖပဲ...နင့္ေယာက္်ားအလဲြသံုးစားလုပ္ထားတဲ့ ပမာဏကနင့္တစ္သက္ကၽြန္ခံၿပီး

ဆပ္ရင္ေတာင္..မေၾကဘူး..ရွင္းလား...

.............

သံေယာဇဉ္ကို အေလးထားလြန္းလို႔

နင္တို႔လုပ္သမ်ွကို ငတံုးမႀကီးလိုမသိခ်င္ေယာင္ေဆာင္ေနတာ....

............

ဒါကို"အ"တယ္လို႔ထင္ေနၾကတာမဟုတ္လား...

ေအး...အခုငါဘာလဲဆိုတာသိေအာင္ျပလိုက္တာပဲ

..........

မွတ္ထား...မိခင္ဆိုတာသားသမီးကိုအသက္စြန႔္ၿပီး

ေမြးရဲသလို...အသက္ေပ်ာက္သြားေအာင္လည္း

ျပန္လုပ္ႏိုင္တယ္....အခုနင္လင္ပူမိေနတဲ့ေဝဒနာက

နင့္ေၾကာင့္ငါခံစားရတဲ့ ေဝဒနာရဲ့

ဆယ္ပံုတစ္ပံုေတာင္မရိွေသးပါဘူး....

.......

နင္ျပန္ေပးသေလာက္ နင္ျပန္ရတာပဲ

ေက်နပ္လိုက္ေတာ့...အိမ္ေပၚကေနဆင္းသြားဖို႔ေတာ့..ငါမႏွင္ပါဘူး..ဒါေပမဲ့..

မေက်နပ္ရင္ဆင္းသြားလို႔ရတယ္...

မင္းခန႔္ေရ....ငါပင္ပန္းလို႔နားခ်င္ၿပီ...

အကုန္လံုးအခန္းအျပင္ကိုထြက္ၾကေတာ့...."


"အေမ့...အေမအဲ့လိုလုပ္လို႔မရဘူးေနာ္..အီဟီး..."


ေလးေလးခန႔္က အိမ္အကူေတြကိုမ်က္စပစ္ျပေတာ့ 

ဟိုသားအမိေတြကိုဆဲြ၍ အိပ္ခန္းအျပင္သို႔ထုတ္လိုက္ၾကသည္။တံခါးကို ဂ်က္ခ်လိုက္ၿပီးအန္တီတင့္ႏွင့္ပံုရိပ္တို႔ႏွစ္ေယာက္သည္ အဖြားကိုႏွစ္သိမ့္ေပးမိၾကေလသည္။


"ငါမမွားပါဘူးေနာ္..ယဉ္တင့္..."


‌ထိုစကားကို ဦးသီဟေနာင္အားျပစ္ဒဏ္ခ်မွတ္ၿပီးသည္အထိ အဖြားေမးခဲ့သည္။


ဆက္ရန္ရိွသည္.....


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ပထမကေတာင္ႀကီးသြားမလို႔ပဲ...မနက္ျဖန္မွသြားၾကမယ္ေနာ္...


အခ်ိန္တိုင္းေလာင္ေနရတယ္လို႔ေတာ့မထင္လိုက္ပါနဲ႔ေနာ္ 

ေလာင္သင့္လို႔ေလာင္ေပးတယ္လို႔ 

မွတ္လိုက္ပါေနာ္😀


ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီတိုင္းကို

ေက်းဇူးအထူးတင္ရိွပါတယ္....

No comments:

Post a Comment