(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၅၁)
အတန်းပြီးသောအချိန်သည် နေ့လည်နှစ်နာရီခွဲဖြစ်၍ သူငယ်ချင်းတွေနှင့်အတူ အတန်းထဲမှထွက်လာလိုက်ပြီး ကြိုတင်စီစဉ်ထားသည့်အတိုင်း အမရပူရဘက်မှကျောက်စိမ်းစေတီတော်ဆီသို့သွားဖို့ရန် ဆိုင်ကယ်တွေစီထားသော နေရာသို့သွားလိုက်ကြသည်။
ပုံရိပ်သည် တက္ကသိုလ်ကိုနေ့ကျောင်းသားအဖြစ်တက်ခြင်းဖြစ်၍ ကျောင်းသို့နေ့တိုင်းလာရသည်။ထို့ကြောင့် ကိုယ်ရောက်ဖူးချင်သောနေရာလေးတွေကိုလည်ခွင့်ရ၍
ယခင်ကထက်ပိုလွတ်လပ်လာသည်ဟု
ခံစားမိသည်။သူငယ်ချင်းတွေနှင့်လည်း
ပိုမိုရင်းနီးလာကာ လူငယ်ဘ၀၏
အနှစ်အရသာကို ပိုခံစားလာရသည်။
အတန်းစောစောပြီးသော နေ့များတွင်
မရောက်ဖူးသေးသော နေရာတွေသို့သူငယ်ချင်းများနှင့် လည်ဖြစ်ကြသည်။
ဖွားညိုကလည်း လည်ပတ်သည့်ကိစ္စကိုအရမ်းကြီးမပြောပေမဲ့ ခဏခဏလည်တာကိုမကြိုက်၍ တစ်ပတ်မှာတစ်ရက်လောက်တော့ ကျောင်းပြန်ရင်းနှင့် သူငယ်ချင်းများနှင့်
မုန့်ထွက်စားတာတို့ဘာတို့လုပ်လေ့ရှိသည်။
မန္တလေးတောင်ဆိုလျှင် မြွေကြီးနှစ်ကောင်နှင့် သူငယ်ချင်းဖြစ်လောက်အောင်အထိ ခဏခဏသွားဖူးသည်။
"ဟဲ့...ငါတို့မန္တလေးတောင်ကိုတက်ကြမလား..."
"မဖြစ်ဘူးဟ...အရမ်းနောက်ကျရင်အဖွားကဆူလိမ့်မယ်..ဒီလိုလုပ်ဟာ..ကျောက်စိမ်း စေတီဆီကိုငါတို့သွားမလည်ရသေးဘူးလေ..
အဲ့ကိုအရင်သွားကြမယ်...နောက်အပတ်ကျရင်စစ်ကိုင်းကို သွားကြတာပေါ့..."
"အေး..အဲ့ဒါလည်းကောင်းပါတယ်...
ကျောက်စိမ်းစေတီမှာ...ကျောက်ပြင်အကြီးကြီးရှိတယ်တဲ့ဟ..."
"အေးပါ...ဟိုရောက်ရင်ttရိုက်ပေးပါ့မယ်..."
"ဒါမှငါ့သူငယ်ချင်းကွ...."
ပိုးအိကပုံရိပ်ကို ကျေးဇူးတင်သလိုအတင်းလာဖက်၍ ပိုတယ်ဟုမျက်စောင်းထိုးပစ်လိုက်သည်။ထိုစဉ်ဘိုဘိုသည်လည်း
ဆိုင်ကယ်ရပ်ထားသောနေရာသို့
လာနေ၍လက်လှမ်းပြလိုက်မိလေသည်။
ပုံရိပ်တို့အဖွဲ့သည် မေဂျာချင်းမတူကြပေမဲ့ လည်ပတ်မည်၊စားသောက်မည်ဆိုပါက တက်ညီလက်ညီရှိတတ်ကြသည်။။
တက္ကသိုလ် ပထမနှစ်တက်ခါစပဲရှိသေးပေမဲ့
တော်တော်များများ လည်ပတ်လို့ပြီးခဲ့လေပြီ။
ဦးပိန်တံတားကိုရောက်ခဲ့ပြီး ရည်စားမရှိသူအချင်းချင်းဖေးမသည့်အနေနှင့် အကုန်လုံးလက်ချင်းတွဲပြီး တံတားအစကနေအဆုံးအထိ နှစ်ခါတောင်လျှောက်ပြီးခဲ့လေသည်။
တံတားအစတွင်ဖရဲသီးစေ့နှင့်လုပ်ထားသောဆံထိုးလေးတွေကိုလည်း လျှောက်၀ယ်မိပြီး အခုတော့ကိုယ်လည်းမပန်ပဲ ဟိုပစ်၊ဒီပစ်ဖြစ်ကုန်လေပြီ။
"တီ...တီ...တီ..."
ဖုန်းမည်သံကြား၍ ဖုန်းကိုထုတ်ပြီးကြည့်လိုက်တော့ ဟိန်းဇေယျာထက်၏ဖုန်းနံပါတ်ဖြစ်နေလေသည်။သူ့နာမည်ကို မြင်လိုက်သည်နှင့် နှာခေါင်းကိုရှုံ့လိုက်မိသည်။
ကိုထက်အိမ်ကိုအလည်လာပြီးသည့်နေ့မှစ၍
ဖွားညိုသည် အပြင်သွားတိုင်းကိုထက်နှင့်ပဲသွားခိုင်းသည်။
ကိုထက်၏အဖေသည်လည်း ပုံရိပ်တို့အိမ်သို့ အ၀င်အထွက်များလာသလိုယခင်တုန်းက
မတူသလိုမတန်သလိုဆက်ဆံခဲ့သော
ကိုထက်၏အဒေါ်သည်လည်း ပုံရိပ်ကိုဆို သမီးလေး၊သမီးလေးနှင့်ပါးစပ်ဖျားကကို
မချတော့ပေ။ဥစ္စာပစ္စည်းရဲ့မျက်နှာများ
တယ်ကြီးသကိုး။
"ဟယ်လို...."
...................
"အေး...ငါတို့ကျောက်စိမ်းစေတီဆီကိုသွားမလို့...ဟမ်...နင်ပါလိုက်မယ်ဟုတ်လား...
ဖြစ်ပါ့မလား..နင်အတန်းမတက်ရတော့ဘူးလား,..ငါတို့ကသွားတော့မှာ...
ဟာ...နင်ကလည်းဟာ”ပြီးရောစောင့်နေမယ်..."
ဖုန်းကိုချလိုက်ပြီးသည်နှင့် မကျေနပ်သောကြောင့် နှုတ်ခမ်းကိုဆူထားလိုက်မိတော့ အိမိုးသော်ကရယ်ကျဲကျဲလုပ်နေလေသည်။သူတို့တောင်မှ ပုံရိပ်နှင့်ကိုထက်ကို ဘာလိုလိုထင်ကုန်ကြပြီ။
"ဘာလဲ...လိုက်မယ်တဲ့လား..."
"ဟုတ်တယ်..."
"ဟင်း...အဲ့ကောင်လေးကနင့်ကိုကြိုက်နေတာလား...နင်ဘယ်သွားသွားသူပါတယ်နော်..."
"မသိပါဘူးဟာ...အဖွားကဘယ်သွားသွား
သူ့ကိုအမြဲအဖော်လိုက်ခိုင်းနေတာဟ...
ရုပ်ရှင်တောင်ကြည့်ချင်တာ သူလိုက်လာမှာစိုးလို့သွားမကြည့်ရဲဘူး..."
"ကြည့်လုပ်အုံး..နင့်အဖွားကသူနဲ့သဘောတူနေတာလားမှမသိတာ...."
အိမိုးသော်၏စကားကြောင့် ပုံရိပ်လည်း
နည်းနည်းတော့ ထိတ်လန့်သွားမိသည်။အဖွားကဘိုဘို့ကိုတောင် သိပ်ကြည့်မရချင်ပေမဲ့ ကိုထက်ကိုတော့အရမ်းယုံစားသည်။
ကိုထက်သည်UFLကျောင်းသားဖြစ်ပြီး
ပုံရိပ်တို့၏ဘက်သို့ခဏခဏလာလည်တတ်သည်။
ယောက်ျားလေးတွေနှင့် စကားရပ်ပြောမိလျှင်တောင် မကြိုက်ချင်၍သူ့နာမည်ကိုကြားသည်နှင့် လူကအလိုလိုစိတ်ညစ်နေမိသည်။
မသိလျှင် ဖွားညိုသည်သူ့အစားကိုထက်ကို
ဘော်ဒီဂတ်အဖြစ် နေခိုင်းထားတာနှင့်ပင်တူသေးသည်။
"ဟဲ့...ဟိုမှာနင့်ကောင်လေးလာနေပြီ..."
"ဘာကိုနင့်ကောင်လေးလည်း...သူနဲ့ငါကဘာမှမဆိုင်ဘူး..."
"နင်ကသာမဆိုင်တာ သူကဇွတ်ဆိုင်ချင်နေတာများ...ငါတို့လည်းမကန်းသေးပါဘူးဟယ်.."
သူငယ်ချင်းများကတောင် ဆိုင်ကယ်စီး၍
၀င်လာသော ကိုထက်ကိုမျက်စပစ်၍နောက်နေကြလေသည်။ကိုထက်သည် အဖြူရောင် ကော်လံနှင်အိင်္ကျီကိုတံတောင်ဆစ်နေရာအထိ လိပ်တင်ထားပြီးဆိုင်ကယ်ဦးထုပ်ကို ဆောင်းကာ မင်းသားစတိုင်လ်ဖမ်းနေသလိုပါပဲ။UFLမှာတော့သူတို့ရဲ့အင်္ဂလိပ်စာအထူးပြုမေဂျာ၏ကင်းဖြစ်လေသည်။
ရုပ်ရည်က မိန်းမချောချော၍ သူ့ဖေ့ဘွတ်
အကောင့်မှာဆိုလျှင် ဖော်လိုဝါတွေများမနည်းပေ။တော်တော်များများကတော့
မိန်းမလျှာတွေနှင့်မိန်းကလေးတွေများလေသည်။ထိုအထဲတွင်တော့ ပုံရိပ်မပါပေ။
ဘယ်ယောက်ျားတွေက ဘယ်လောက်ချောပါစေ ပုံရိပ်မျက်လုံးထဲမှာတော့ ဆရာ့လောက်
မချောဘူးဟုပဲ သတ်မှတ်ထားသည်။
"ပုံရိပ်...သွားကြမယ်လေ..."
"အေး....အေး.."
ပုံရိပ်တို့အကုန်လုံးလည်း ဆိုင်ကယ်ဦးထုပ်အသီးသီးဆောင်းလိုက်ကြပြီး ကျောင်း၀န်းထဲမှာ ရှေ့ဆင့်နောက်ဆင့်မောင်းထွက်လာခဲ့လိုက်ကြသည်။ဖွားညိုက ကား၀ယ်ပေးမည်ဟုပြောပေမဲ့ ပုံရိပ်ကတော့ ကလစ်ဘီးလေးကိုသာ ၀ယ်ခိုင်းခဲ့သည်။
အိမ်မှာလည်းကားတွေရှိသောကြောင့်
ကားမောင်းသင်ပြီးလျှင် ဘယ်ကားကိုယူမောင်းမောင်းရပါလျှက်နဲ့ အပိုတွေကိုအကုန်မခံချင်ပေ။
အိမ်က ၀မ်းကွဲမောင်နှမသုံးယောက်ကတော့ တစ်ယောက်ကိုကားတစ်စီးနှင့်ဖြစ်ကြသည်။
ပုံရိပ်တို့ခြံကကျယ်လွန်းပြီး ကားဂိုထောင်ကလည်းကြီး၍သာတော်တော့သည်။
ကိုကြီးသီဟဆိုရင် သူ့ဆိုင်ကယ်ကြီးပဲငါးစီးလောက်ကို ဂိုထောင်ထဲမှာထားလေသည်။
ပုံရိပ်ကတော့ တမင်ဖြုန်းနေကြတယ်ဟုသာ ထင်မိသည်။
"ဟဲ့....ဟဲ့...ခဏရပ်ကြအုံး..."
"ဘာဖြစ်လို့လဲပုံရိပ်ရဲ့...."
"ဟိုဆိုင်မှာ အထည်လေး၀ယ်ချင်လို့...."
အမရပူရမြို့ထဲသို့ ၀င်လာသောအခါ
ကညာပျိုဆိုသော အထည်ဆိုင်လေးရှေ့မှာဆိုင်ကယ်ကိုရပ်လိုက်ပြီး ဆိုင်ထဲသို့၀င်လိုက်သည်။အမရပူရမှထွက်သော ယက္ကန်းအထည်တွေကို သဘောကျ၍ပုံရိပ်ကတော့ လူကိုယ်တိုင်လာမ၀ယ်ရင်တောင် ဖုန်းနှင့်လှမ်းမှာလေ့ရှိသည်။
"အစ်မရေ...ဒီပုဆိုးလေးတွေကရက္ကန်းထည်တွေလား..."
"ဟုတ်ပါတယ်ညီမလေး..ဒါလေးတွေက
စက်ယက္ကန်းထည်လေးတွေပါ...ချည်သားစစ်ပါတယ်...အဆင်လည်းရွေးလို့ရပါတယ်..."
"ပုံရိပ်...နင်ကပုဆိုးကိုဘာလို့၀ယ်မှာလဲ..."
"လက်ဆောင်ပေးမလို့ပေါ့ဟ..."
အခြားသူတွေက ကိုယ့်ဆိုင်ကယ်ပေါ်မှာသာထိုင်၍စောင့်နေကြပေမဲ့ ဘိုဘိုမကတော့အနောက်ကနေလိုက်လာပြီး စပ်စုစိန်လုပ်နေလေတော့သည်။ပုံရိပ်လည်း နက်ပြာအကွက်ချည်ထည်လေးနှင့်မရမ်းရောင်လေး တစ်ထည်သာမကပဲ ငါးထည်လောက်ကိုသေချာရွေးပြီး ပိုက်ဆံရှင်းကာ ဆိုင်ထဲမှထွက်လာလိုက်သည်။
"ဟ..ပုဆိုးတွေပါလား...လေးလေးခန့်အတွက်လား...ငါ့အတွက်လား..."
ဟိန်းဇေယျာထက်က လက်ရဲဇက်ရဲနိုင်စွာပုဆိုးထုတ်ကိုလှမ်းဆွဲသောကြောင့် ချက်ချင်းအနောက်မှာ ဖွက်ထားလိုက်ပြီးဆိုင်ကယ်ဘောက်စ်ထဲသို့ထည့်ကာ သော့ပြန်ခတ်ထားလိုက်သည်။
"နင်ကလည်းဟာ...ငါ့ကိုပေးချင်တာများ..
အခုပေးလိုက်လည်းရတာပဲကို..."
"စဉ်းစားလေ...စိတ်ကူးတွေယဉ်မနေနဲ့...
လေးလေးခန့်အတွက်ကနှစ်ထည်ရယ်..
ကျန်တာကသူများကို လက်ဆောင်ပေးမလို့
..."
"ဘာ...နင်ကလက်ဆောင်တွေဘာတွေပေးပြီး
အမ်းရလောက်အောင် ဘယ်ကောင်နဲ့အဲ့လောက်သိနေတာလဲ...."
"ငါ့ဘာသာဘယ်ကောင်နဲ့သိသိပေါ့..
သေချာတာကတော့ နင့်အတွက်မပါဘူး...."
ပုံရိပ်လည်း ကလစ်ဘီးကိုစက်နှိုးလိုက်ပြီး အရှေ့မှဦးဆောင်၍ မောင်းသွားလိုက်သည်။
ကိုထက်၏ ဒေါသတကြီးတောက်ခေါက်လိုက်သံကို ကြားပေမဲ့ တမင်မသိချင်ယောင်ဆောင်နေလိုက်သည်။
အရင်ကတော့ သူ့ကိုခင်ပေမဲ့အခုနောက်ပိုင်းမှာ ပုံရိပ်၏ကိစ္စတိုင်း၌ ၀င်ပါလာတတ်လွန်း၍ အမြင်တောင်ကပ်လာသည်။
သူဘာကြောင့် ပြောင်းလဲသွားသလဲဆိုတာကို တကယ်နားမလည်တော့ပေ။
ယခင်က အရမ်းလိမ္မာတဲ့ပုံစံလေးပေမဲ့
အခုတော့ဂျစ်ကန်ကန်နိုင်လာသည်။
ဆယ်တန်းတုန်းကနဲ့ မတူတော့ပဲ
သူတော်တော်ပြောင်းလဲသွားတယ်။
"ဟိုမှာ..ရောက်ပြီ...."
ကျောက်စိမ်းစေတီတော်သို့၀င်သော မုဒ်ဦးသို့မရောက်ခင်ပင် ဆိုင်ကယ်တွေကိုအပ်လိုက်ကြပြီး ဘုရားသို့အရင်မသွားသေးပဲ မိန်းကလေးတို့သဘာ၀ ကျောက်ပုတီးလေးတွေနင့်လက်ဆောင်ပစ္စည်းများရောင်းသော အတန်းတွေဘက်သို့ အရင်ရောက်ကြလေသည်။
"ဟဲ့..ဒီကျောက်စိမ်းလက်ကောက်လေးလှတယ်နော်...ငါတို့တွေဆင်တူ၀တ်ရအောင်..."
"အေး...ကောင်းတယ်၀ယ်ကြမယ်..."
ကျောင်းစိမ်းတုံးအစစ်တွေကို ကိုင်ဖူးသူဆိုပေမဲ့ သူငယ်ချင်းတွေကဆင်တူ၀တ်ချင်တယ်ဆို၍ ဆင်တူကျောက်စိမ်းလက်ပတ်လေးကို ၀ယ်လိုက်ရလေသည်။
ကျောက်စိမ်းစေတီဆိုတဲ့အတိုင်း ဆိုင်တွေကရောင်းသောလက်ဆောင်ပစ္စည်းတွေကလည်း ကျောက်ရိုင်းနှင့်ပြုလုပ်ထားသော လက်ဆောင်ပစ္စည်းလေးတွေကများလေသည်။ကျောက်စိမ်းပုတီးလေးကိုတော့
အန်တီယဉ်တင့်အတွက် ၀ယ်လိုက်မိလေသည်။
"ဟဲ့...နင်တို့ကဘုရားပေါ်ရောရောက်ပါအုံး
မလား..."
"ဟဲ့..ဘိုဘိုမစိတ်တိုနေပြီ...အမြန်သွားကြမယ်..."
ပုံရိပ်တို့လည်း ဘုရားရင်ပြင်ပေါ်သို့တက်လာလိုက်ပြီး စေတီကိုအနီးကပ်မဖူးခင်လှေကားလေးတွေမှာပါ ဓာတ်ပုံတွေရိုက်ဖြစ်ကြလေသည်။စေတီတော်ကြီးသည် ကျောက်စိမ်း
အရိုင်းတုံးများနှင့် တည်ဆောင်ထားသည့်အတိုင်း တကယ်ကိုလှပပြီး သပ္ပာယ်စရာကောင်းပါသည်။
"ဟဲ့...ညဘက်ဆိုရင်...ဟိုထိပ်ဖျားကနေကျောက်စိမ်းကြီးကအရောင်တောက်နေတာတဲ့..."
"အင်း...ညဘက်ကပိုလှမှာသေချာတယ်..
ညဘက်က လူလည်းပိုစည်တော့ ပိုပျော်ဖို့ကောင်းမှာဟ..."
"ပုံရိပ်...ငါတို့ဓာတ်ပုံအတူတူရိုက်ရအောင်.."
"မရိုက်ချင်ပါဘူး..."
"နင်ကလည်းဟာ..နှစ်ယောက်အတူရိုက်ရအောင်ပါဆို...မရိုက်ရင်ငါဖက်နမ်းလိုက်မှာနော်..."
"ပုံရိပ်ရယ်..ရိုက်ပေးလိုက်စမ်းပါ.."
ပိုးအိကပါ ၀င်ပြောနေတာရယ် ဓာတ်ပုံမရိုက်ပေးရင် သေတော့မလိုဖြစ်နေတာကြောင့်
စူစူအောင့်အောင့်နှင့်ပဲ အတူတွဲ၍ဓာတ်ပုံရိုက်ပေးလိုက်ရသည်။
"ဟဲ့...ပုံရိပ်ရေ...ကောင်လေးတစ်သိုက်တို့နောက်ကနေ လိုက်လာတာလှိုင်ဂူထဲကိုသွားပြီး ပြန်ထွက်လာတည်းကနော်...ဘာတွေလည်းမသိဘူး..."
ပိုးအိကအနားကို ကပ်၍ပြောလာသောကြောင့် အနောက်သို့လှည့်ကြည့်လိုက်မိတော့ ယောက်ျားလေးသုံးယောက်သည် ပုံရိပ်တို့အနောက်မှလိုက်လာတာကို တွေ့လိုက်ရသည်။သူတို့ကိုလှည့်ကြည့်မှန်းသိတော့ အလည်ကတစ်ယောက်သည်ပုံရိပ်ကိုမျက်စပစ်ပြနေလေသည်။
နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး မျက်စောင်းထိုးကာ ကိုထက်တို့ကိုမှီအောင် ခပ်သုတ်သုတ်
သွားနေမိသည်။
"ဟာ...မပြေးပါနဲ့ကောင်မလေးရာ...အမရပူရသားနဲ့ဖူးစာမဆုံချင်ဘူးလား..."
"စိတ်မ၀င်စားဘူး..ကိုယ့်လမ်းကိုယ်သွားကြ..."
ပုံရိပ်တို့အနားသို့ အရဲတင်းစွာလာကပ်၍ လျှောက်နေသောကြောင့် စိတ်ကသိကအောင့်ဖြစ်ရသည်။ပိုးအိကတော့ နဂိုတည်းကကြောက်တတ်သူမို့ လက်ကလေးတွေပါတုန်နေသည်။
"ဟိုဘက်ကညီမလေးက ကြောက်နေတာထင်တယ်...စိတ်မပူပါနဲ့ဗျာ..အမရပူရသားက
မရိုင်းတတ်ပါဘူး...ခင်ချင်ရုံသပ်သပ်ပါဗျာ..."
"ဟေ့ကောင်...မင်းဘာကောင်လဲ!!!!..."
ဒေါသတကြီးနှင့် အော်ပြောလိုက်သော
ကိုထက်ကြောင့် ဘေးနားကကောင်လေးတွေလည်း အောင့်သက်သက်ဖြစ်သွားပုံရလေသည်။ကိုထက်ကို မျက်မှောင်ကြုံ့၍ ကြည့်လိုက်ကြသည်။
"မင်းကရော ဘာကောင်မို့လို့လဲ...*
"ငါဘာကောင်လည်း...သိချင်တယ်ဟုတ်လား...အေးသိရမယ်..."
"အား!!!....ဘိုဘိုရေ...ဆွဲပါအုံး..."
ဘိုဘိုကရန်မဖြစ်အောင် ဆွဲပေမဲ့အမရပူရသားဘက်က သူငယ်ချင်းကတော့ဘိုဘို့ကိုပါဆွဲထိုးပြီး ရန်ရှာလေသည်။
ပုံရိပ်တို့လည်း ၀င်ဆွဲပေမဲ့ဘယ်လိုမှ ထိန်း၍မနိုင်ပေ။
ကျားပေါက်တွေလို မာန်တဟဲဟဲဖြစ်နေတော့
ကိုယ်ပါ ဒဏ်ရာအနာတရဖြစ်မည်ဆိုး၍ အတင်းကာရောကြားမ၀င်ရဲပေ။ဘုရားဖူးလာတဲ့ဦးလေးကြီးတွေက အတင်းဝိုင်းဆွဲတော့မှ လူခွဲသွားလေသည်။
သို့ပေမဲ့ ထိုနေရာသို့ ဂေါပကတွေရောက်လာပြီး ရဲကိုအကြောင်းကြားသည်အထိ ဖြစ်လာခဲ့သည်။
ပုံရိပ်တို့မိန်းကလေးအဖွဲ့က အတင်းတောင်းပန်ပြီး "တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြောင်း ကျောင်းသားကဒ်တွေထုတ်ပြပြီး စိတ်အခန့်မသင့်လို့ ရန်ဖြစ်မိတာကြောင့် ခွင့်လွှတ်ပေးဖို့ရယ် ၊နောက်မဖြစ်စေရပါဘူးဟု ကတိပေးခဲ့ရလေသည်။
ပုံရိပ်ကတော့ ထိုနေ့ကစပြီး ကိုထက်ကိုစကားမပြောဖြစ်တော့ပေ။အိမ်ရောက်တော့လည်း အဖွားကိုပြန်တိုင်မိလေသည်။
"အဖွားရယ်..စဉ်းစားကြည့်စမ်းပါ...
အဲ့လောက်အထိကိုယ့်ဘက်ကနေကိုယ်ထိလက်ရောက်လုပ်စရာမှ မလိုပဲနဲ့..သူကအရင်သွားလုပ်ရတယ်လို့..အခုတော့ယောက်ျားလေးမို့ အားမကိုးရပဲသူ့ကိုပြန်ထိန်းနေရတာနဲ့..ပြီးနေတာ..တောင်းပန်လိုက်ရတာလည်းရှိခိုးမတတ်ပဲ..."
"မြေးရယ်...သူကလည်းစေတနာနဲ့ပါ..."
"ဘာစေတနာလည်းအဖွားရယ်..တကယ်ဆိုရင်...ပုံရိပ်တို့ကိုအဲ့နေရာကနေခေါ်သွားပေးရင်ရပါပြီ...အခုတော့စကားကမပြောရသေးဘူး..လက်ကအရင်ပါနေပြီ...သမီးကအဲ့လိုအပြုအမူတွေကို မကြိုက်ဘူး..."
"အရိပ်ကလည်း အခုတည်းကခါးခါးသီးသီးဖြစ်နေတော့ ရှေ့ဆက်ပြီးဖွားကဘယ်လိုစီစဉ်ပေးရတော့မှာလဲ..ဖွားကကိုထက်နဲ့အရိပ်ကို
တက္ကသိုလ်နောက်ဆုံးနှစ်ကြရင်စေ့စပ်ပေးဖို့ သဘောတူထားတာ..."
"ရှင်...ဖွားညိုဘာပြောလိုက်တယ်...
သမီးနဲ့သူ့ကိုဟုတ်လား..."
"ဟုတ်တယ်အရိပ်ရယ်..ဖွားမရှိတော့တဲ့အခါ
အရိပ်ကိုဖွားစိတ်ချတဲ့လူရဲ့လက်ထဲ ထည့်ပေးထားခဲ့ပြီးမှ အသေဖြောင့်နိုင်မှာ..."
ဒီတစ်ခါတော့ အဖွား၏စကားကိုပုံရိပ်
နားမထောင်ချင်တော့ပေ။
ချက်ချင်းပဲမတ်တပ်ထရပ်လိုက်ပြီး ခေါင်းကိုတွင်တွင်ခါပြစ်လိုက်သည်။
"သမီးသဘောမတူဘူးနော်...ကိုထက်ကိုသူငယ်ချင်းလိုပဲသတ်မှတ်ထားတာ...
သမီးသူ့ကိုစိတ်မ၀င်စားသလို..လက်တွဲဖော်အဖြစ်လည်း မသတ်မှတ်နိုင်ဘူး...သမီးရဲ့နှလုံးသားရေးရာကိုတော့ သမီးဘာသာဆုံးဖြတ်ခွင့်ပြုပါဖွားညိုရယ်..."
"ဖွားကလည်း အတင်းမတိုက်တွန်းပါဘူး...
ဒါပေမဲ့ ပုံရိပ်အတွက်ကိုထက်ကိုအဖွားကြည့်ထားတယ်ဆိုတာကိုသိစေချင်လို့ ပြောပြတာပါ..အရိပ်လည်းသူ့ကို သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေ သေချာလေ့လာကြည့်ပေါ့..."
အတင်းမတိုက်တွန်းပါဘူးဟု ပြောနေပေမဲ့
ပုံရိပ်ရဲ့သဘောဆန္ဒအတိုင်း ဆုံးဖြတ်ပါဟုလည်း အခွင့်အရေးမပေးပါလား။
အဖွား၏ မျက်နှာတွင်မြင်နေရသော အမူအရာတွေသည် ပုံရိပ်ကိုစိတ်သက်သာရာရအောင် ပြောပြီး ရှေ့ဆက်တိုးမည့်အနေအထားရှိသည်။မိဘက ပိုက်ဆံရှိလို့ပွဲလယ်တင့်နေတဲ့သူကို အဖွားကဘာတွေများအထင်ကြီးနေသလဲ မသိတော့ပေ။
🌹🌹🌹🌹🌹🌹🌹
"တရားသူကြီးမင်းရှင့် တရားခံဦးခင်ဇော်ဟာ
ဇနီးဖြစ်သူအပေါ်မှာ...ရိုက်နှက်ခဲ့တဲ့အပြင်ကြမ်းတမ်းစွာ ဆဲဆိုခဲ့ပါသေးတယ်...
မမျိုးမျိုးရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာအနာတရတွေကို ကြည့်ခြင်းအားဖြင့်သိနိုင်တာကြောင့် ရာဇသတ်ကြီးပုဒ်မ၃၂၃မှ၃၂၆အရနာကျင်စေမှုမြည်ပါတယ်..
အိမ်နီးချင်းများကသက်သေထွက်ဆိုပေးလို့ရပါတယ်...မမျိုးမျိုးရဲ့ ဦးခေါင်းမှာလည်း
သုံးချက်ချုပ်ထားရပါတယ်..ထို့ကြောင့်ဒီလိုလူမဆန်တဲ့ အကြမ်းဖက်သမားလိုအမျိုးသားနဲ့ကွာရှင်းပြတ်ဆဲလိုကြောင်းနှင့် တရားခံကို နာကျင်စေခြင်း၊ခြိမ်းခြောက်ခြင်းနဲ့ညစ်ညမ်းစွာပြုမူဆဲဆိုခြင်းတို့
ဖြင့် ဆွဲချက်တင်ကြောင်း...လျှောက်လှဲချက်ပေးချင်ပါတယ်...."
အင်း၀ဆောင်ထဲတွင် အထက်တန်းရှေ့နေ၊တရားလွှတ်တော်ရှေ့နေနှင့်ပါမောက္ခတွေပါ ရှိနေလေသည်။
သရုပ်ပြတရားရုံးကိုပထမဆုံးလာနားထောင်ခြင်းဖြစ်သည့်အတွက် ပုံရိပ်တို့လို ပထမနှစ်ကျောင်းသူတွေအတွက်က ဗဟုသုတတွေအများကြီးရလိုက်လေသည်။
နောက်ဆုံးနှစ်ကျောင်းသားအချို့ကတော့ ဆရာတွေ၏ညွှန်ကြားမှုတွေနှင့်အညီ လက်စွမ်းပြသွားကြလေသည်။
"ရည်ရွယ်ချက်ရှိရှိခြိမ်းခြောက်တာဆိုတော့
ပုဒ်မဘယ်လောက်နဲ့ သွားငြိသလဲ.."
"ရာဇသတ်ကြီးပုဒ်မ၅၀၆ပေါ့..ဆဲဆိုကြိမ်းမောင်းတာကတော့ ပုဒ်မ၁၈၄ပေါ့..."
ပုံရိပ်သည် Mock trial(သရုပ်ပြတရားရုံး)ကိုတစ်ခါမှလက်တွေ့မလုပ်ဖူးသေးပေမဲ့
ဆေးကျောင်းမှီသောကျောင်းသားတစ်ယောက်ဖြစ်၍ ပုဒ်မတွေကိုတော့သူများပထမနှစ် ကျောင်းသားတွေထက် အာဂုံဆောင်ထားနိုင်လေသည်။
အမှုစစ်တဲ့နေရာမှာ ဘယ်လိုလျှောက်လှဲချက်ပေးရမလဲဆိုတာကို စာတွေလိုက်ဖတ်ထား၍
လက်တွေ့မဆင်းဖူးပေမဲ့ အရမ်းကြီးတော့
မစိမ်းသက်နေပေ။အချို့ကတော့ အပျော်လာတတ်ကြတာဖြစ်ပြီး ပုံရိပ်ကတော့တကယ်ဝါသနာပါ၍ ဥပဒေပညာရပ်ကိုသင်ကြားနေခြင်းပင်။
သရုပ်ပြတရားရုံးမှာဆိုရင် ဥပဒေကျောင်းသားအချင်းချင်း ဗဟုသုတဖလှယ်မိကြ၍ ပျော်စရာတော့ကောင်းပါသည်။
"ငါ့အစ်မရဲ့ အသိတစ်ယောက်ကလေ
...ကောင်လေးတစ်ယောက်နဲ့ဖေ့ဘွတ်မှာသိကြရင်း ချစ်သူတွေဖြစ်သွားတာ..
သူကအဲ့ကောင်လေးရှိတဲ့နေရာကိုလိုက်သွားရင်းနဲ့ အလိုမတူပဲဖြတ်စီးခံလိုက်ရတယ်ဟာ
....အခုကတော့သူကကိုယ်၀န်ရပြီး...ကောင်လေးကသူ့မှာမိန်းမနဲ့ကလေးနဲ့ရှိနေတော့ အဆက်အသွယ်
မလုပ်ပဲ ခေါင်းရှောင်နေတာ..အဲ့ဒါ၄၁၇နဲ့ငြိနိုင်
မလား..."
"အဲ့ဒါကြတော့ဟာ..ငါဟိုတစ်နေ့ကတရားလွှတ်တော်ရှေ့နေကြီးပြောတာကိုနားထောင်လိုက်ရတယ်...အမှုကခပ်ဆင်ဆင်ပဲ...
သူတို့နှစ်ယောက်က တရား၀င်လည်းစာချုပ်မှာလတ်မှတ်မထိုးထားဘူး...ကောင်လေးကလည်း
ယူပါမယ်...တာ၀န်ယူမှာဆိုတဲ့စကားတွေနဲ့ အချိုသတ်ပြီးဖြတ်စီးခဲ့မဟုတ်ရင်တော့ ၄၁၇နဲ့ငြိတယ်လို့ မပြောနိုင်ဘူး..မိန်းကလေးဘက်ကနေစပြီး ကောင်လေးနေတဲ့မြို့ကို သူ့စိတ်ဆန္ဒအတိုင်းလိုက်သွားခဲ့တာလေ..အဲ့ဒါကလည်းမှားတဲ့အချက်ပဲ
...ဟိုဘက်မှာလည်း ကောင်လေးကတစ်လင်တစ်မယားဥပဒေနဲ့ငြိနေတော့...ကောင်မလေးကိုတာ၀န်ယူမှာမဟုတ်ဘူး...
...ကလေးမွေးပြီးမှပဲ..ဒီကလေးကကောင်လေးရဲ့သွေးသားဖြစ်ကြောင်း ထောက်ခံချက်သက်သေနဲ့တကွ...ကလေးစရိတ်နဲ့ထောက်ပံ့ကြေးရအောင် လုပ်ရတော့မှာ...
တကယ်လို့ ၄၁၇နဲ့ငြိတယ်ဆိုရင်တော့ သက်သေအထောက်အထားမခိုင်လုံရင်
တရားခံဘက်ကလည်း သူနဲ့ရတာမဟုတ်ဘူးလို့ငြင်းဆိုရင်..ကလေးမွေးပြီးတဲ့အထိစောင့်ပြီးမှပဲ အပြစ်ပေးလို့ရတော့မယ်..ဒါကြတော့မိန်းကလေးဘက်က စိတ်ပိုင်းဆိုင်ရာအတော်ထိခိုက်ရမှာ..."
"အေးဟယ်...ခုနောက်ပိုင်းခောတ်ကြီးကတိုးတက်လာလည်းပဲ...၄၁၇တွေကတော်တော်များတာ..."
"အင်း...အထူးသဖြင့်ကျေးရွာနဲ့နယ်ဘက်အခြမ်းတွေမှာ ပိုများတယ်...နင်နဲ့အတူထိုင်ရတာ စကားပြောလို့ကောင်းတယ်သိလား.."
သဇင်ချစ်ဆိုသော ပထမနှစ်ကျောင်းသူလေးက အတန်းသားချင်းအတူတူ ပုံရိပ်ကိုချီးကျူးနေလေသည်။ပထမနှစ်ချင်းတူပေမဲ့ ပုံရိပ်တို့ကရှေ့ဆုံးအခန်းကဖြစ်သည်။
အတန်းစတက်သောနေ့ကဆိုရင် ငါးဘာသာဂုဏ်ထူးပါပြီး ဥပဒေလိုင်းကိုရွေးလိုက်လို့
လက်ထောက်ပါမောက္ခက အံ့ဩတကြီးဖြစ်ခဲ့သည်။
အတန်းသားတွေအားလုံးကလည်း ပုံရိပ်ကိုထူးထူးဆန်းဆန်းကြည့်လာကြပြီး
ပထမနှစ်၀က်မှာတင် ပထမနှစ်ကျောင်းသားများအကြား ပုံရိပ်၏နာမည်ကသတင်းမွှေးနေခဲ့သည်။
ရည်းစားစကားလိုက်ပြောသူတွေကလည်း ပထမနှစ်၀က်အတွင်းပင် လက်ဆယ်ချောင်းပြည့်လေသည်။သို့ပေမဲ့ ပုံရိပ်၏နှလုံးသားထဲတွင် အမိန့်သားထိုင်နေခဲ့သော
လူတစ်ယောက်ကြောင့် လူတိုင်းကိုအပြတ်ငြင်းလွှတ်ခဲ့သည်ကြီးပင်။
ဘယ်သူ့ကိုမှ မျှော်လင့်ချက်ပေးပြီးမနာကျင်စေချင်ပေ။ပုံရိပ်ကိုယ်တိုင်ကလည်း တစ်စုံတစ်ယောက်ဆီက ချစ်ခြင်းသီသောမေတ္တာဖွဲ့စကားကို မျှော်လင့်နေရသူဖြစ်၍ အလိုလိုနေရင်း နာကျင်နေရသူဖြစ်သည်။
ဆရာနှင့်ဖေ့ဘွတ်မှာစကားပြောရင်
စားပြီးပြီလားနှင့် အဆင်ပြေလားလောက်သာဖြစ်သည်။ဆရာသည် ဖုန်းထဲမှာဆိုရင်စကားအရမ်းနည်းသလားမပြောတတ်ပေမဲ့
တခါတလေ စာသွားပို့ရင် အီမိုဂျီလောက်သာပြန်ပို့တတ်သည်။
ထို့ကြောင့် ပုံရိပ်အပေါ်တွင်ဆရာ့အနေနဲ့ခံစားချက်မရှိဘူးဟု တစ်စထက်တစ်စသိလာရ၍ ဆရာနှင့်သိပ်စကားမပြောဖြစ်တော့ပဲ နောက်ဆုံးနှစ်ကျောင်းသားများနှင့်အတူအဖွဲ့လိုက်သရုပ်ပြတရားရုံးပြိုင်ပွဲအတွက် ပါ၀င်နိုင်ဖို့ ကြိုးစားနေမိလေသည်။
သရုပ်ပြတရားရုံးဆိုတာကတော့ ထွေထွေထူးထူးမဟုတ်ပဲ ဆရာ၊ဆရာမတွေညွှန်ကြားတဲ့အတိုင်း ကျောင်းသားတွေက
ရဲအဖြစ်လည်းကောင်း၊တရားခံ၊တရားလို
စသဖြင့် အသီးသီးသရုပ်ပြရခြင်းဖြစ်၍
သိပ်မခက်ခဲပေ။ဒါပေမဲ့ နောက်နှစ်လောက်မှာ ဒဂုံတက္ကသိုလ်၌ ကျင်းပမည့်
Moot courtကိုတော့ သွားပြိုင်နိုင်ချင်သည်။
"ဟင်....ဆရာကငါတင်တဲ့ပုံကိုအသဲပေးထားတာပါလား...ဟား...ဟား.."
"ဟဲ့...ဘာထဖြစ်တာလဲ..."
"နင်တို့မသိပါဘူးဟာ..."
သရုပ်ပြတရားရုံးထဲကနေ ထွက်လာပြီးနောက်ဖုန်းကိုကြည့်လိုက်မိတော့ ပုံရိပ်တင်ထားသော တရားရုံးထဲကပုံကို ဆရာသည်
အသဲအနီလေးပေးထားလေသည်။
ပျော်လွန်းလို့ ထခုန်မိမတတ်ပါပဲ။
ပုံရိပ်ဘာတင်တင် ဘာရှဲရှဲလက်မတောင်အပြင်းပြေလာမပေးတတ်သည့်ဆရာဟာ အခုတော့ အသဲတွေဘာတွေလာပေးလို့ပါလား။
"ပုံရိပ်...ငါတို့အဖွဲ့ကျောင်းပိတ်ရင်ငါ့အဒေါ်ရှိတဲ့ တောင်ကြီးကိုအလည်သွားမလို့ နင်လိုက်မလား..."
"တောင်ကြီး..."
"အေးလေ...ဒါမှမဟုတ်လည်း..ဆောင်းရာသီလောက်သွားကြမယ်...မီးပုံးပျံပွဲလည်းကြည့်လို့ရတာပေါ့...တောင်ကြီးကဆောင်းရာသီဆိုအသေမိုက်တာ...တောင်ပေါ်ရှုခင်းတွေကလည်းလှမှလှ...."
"ဘိုဘို...ဒီတစ်ခါတော့နင့်အကြံမဆိုးဘူး...
ပုံရိပ်လိုက်ခဲ့ပါဟာ...နင်ပါရင်ပိုပျော်ဖို့ကောင်းမှာ...ငါတို့အားလုံးသွားကြမှာလေ..."
"ငါကမလိုက်ဘူးပြောနေလို့လား...
အခုတောင်သွားချင်တယ်..."
"ဟယ်ကောင်မရယ်...မူတောင်မမူတော့ဘူး..."
ဘိုဘိုကပုံရိပ်၏ကျောကိုလက်သီးဆုပ်နှင့်
ထုပြီး မိန်းကလေးဟန်ပန်နှင့် ပြောလာတော့ အားလုံးဝိုင်းရယ်လိုက်ကြသည်။
အဖွဲ့ထဲမှာ LGBTတစ်ယောက်ပါရင်ဘယ်တော့မှ မပျင်းရသလို။
သူတို့က ချစ်ဖို့လည်းကောင်းကြတယ်။
*ဆရာရေ...ဆရာကပုံရိပ်ရှိတဲ့နေရာကိုမလာမှတော့ ပုံရိပ်ကပဲလိုက်လာရတော့မှာပေါ့...
နေကြာပန်းလေးက နေထွက်တဲ့အရပ်ကိုမျက်နှာမူသလို ပုံရိပ်ကတော့ဆရာရှိတဲ့အရပ်ဆီကို မျက်နှာမူရုံမကပဲ ရောက်အောင်လာခဲ့မှာပါ*
ယမင်းပြောခဲ့ဖူးတဲ့စကားက သိပ်ကိုမှန်တာပဲ။
"ပုံရိပ်လိုလူမျိုးတွေက တကယ်ချစ်မိပြီဆိုရင်မိုင်ပေါင်းများစွာဝေးကွာလည်း အရောက်သွားလိမ့်မယ်တဲ့...*
🌹🌹🌹🌹🌹🌹🌹🌹
နောက်တစ်ခန်းမှာဆရာရှိတဲ့တောင်ကြီးကို သွားကြမယ်နော်
=========================================================================
🌹ဆူးႀကိဳး(အခန္း၅၁)
အတန္းၿပီးေသာအခ်ိန္သည္ ေန့လည္ႏွစ္နာရီခဲြျဖစ္၍ သူငယ္ခ်င္းေတြႏွင့္အတူ အတန္းထဲမွထြက္လာလိုက္ၿပီး ႀကိဳတင္စီစဉ္ထားသၫ့္အတိုင္း အမရပူရဘက္မွေက်ာက္စိမ္းေစတီေတာ္ဆီသို႔သြားဖို႔ရန္ ဆိုင္ကယ္ေတြစီထားေသာ ေနရာသို႔သြားလိုက္ၾကသည္။
ပံုရိပ္သည္ တကၠသိုလ္ကိုေန့ေက်ာင္းသားအျဖစ္တက္ျခင္းျဖစ္၍ ေက်ာင္းသို႔ေန့တိုင္းလာရသည္။ထို႔ေၾကာင့္ ကိုယ္ေရာက္ဖူးခ်င္ေသာေနရာေလးေတြကိုလည္ခြင့္ရ၍
ယခင္ကထက္ပိုလြတ္လပ္လာသည္ဟု
ခံစားမိသည္။သူငယ္ခ်င္းေတြႏွင့္လည္း
ပိုမိုရင္းနီးလာကာ လူငယ္ဘ၀၏
အႏွစ္အရသာကို ပိုခံစားလာရသည္။
အတန္းေစာေစာၿပီးေသာ ေန့မ်ားတြင္
မေရာက္ဖူးေသးေသာ ေနရာေတြသို႔သူငယ္ခ်င္းမ်ားႏွင့္ လည္ျဖစ္ၾကသည္။
ဖြားညိုကလည္း လည္ပတ္သၫ့္ကိစၥကိုအရမ္းႀကီးမေျပာေပမဲ့ ခဏခဏလည္တာကိုမႀကိဳက္၍ တစ္ပတ္မွာတစ္ရက္ေလာက္ေတာ့ ေက်ာင္းျပန္ရင္းႏွင့္ သူငယ္ခ်င္းမ်ားႏွင့္
မုန႔္ထြက္စားတာတို႔ဘာတို႔လုပ္ေလ့ရိွသည္။
မႏၲေလးေတာင္ဆိုလ်ွင္ ႁမြေႀကီးႏွစ္ေကာင္ႏွင့္ သူငယ္ခ်င္းျဖစ္ေလာက္ေအာင္အထိ ခဏခဏသြားဖူးသည္။
"ဟဲ့...ငါတို႔မႏၲေလးေတာင္ကိုတက္ၾကမလား..."
"မျဖစ္ဘူးဟ...အရမ္းေနာက္က်ရင္အဖြားကဆူလိမ့္မယ္..ဒီလိုလုပ္ဟာ..ေက်ာက္စိမ္း ေစတီဆီကိုငါတို႔သြားမလည္ရေသးဘူးေလ..
အဲ့ကိုအရင္သြားၾကမယ္...ေနာက္အပတ္က်ရင္စစ္ကိုင္းကို သြားၾကတာေပါ့..."
"ေအး..အဲ့ဒါလည္းေကာင္းပါတယ္...
ေက်ာက္စိမ္းေစတီမွာ...ေက်ာက္ျပင္အႀကီးႀကီးရိွတယ္တဲ့ဟ..."
"ေအးပါ...ဟိုေရာက္ရင္ttရိုက္ေပးပါ့မယ္..."
"ဒါမွငါ့သူငယ္ခ်င္းကြ...."
ပိုးအိကပံုရိပ္ကို ေက်းဇူးတင္သလိုအတင္းလာဖက္၍ ပိုတယ္ဟုမ်က္ေစာင္းထိုးပစ္လိုက္သည္။ထိုစဉ္ဘိုဘိုသည္လည္း
ဆိုင္ကယ္ရပ္ထားေသာေနရာသို႔
လာေန၍လက္လွမ္းျပလိုက္မိေလသည္။
ပံုရိပ္တို႔အဖဲြ႔သည္ ေမဂ်ာခ်င္းမတူၾကေပမဲ့ လည္ပတ္မည္၊စားေသာက္မည္ဆိုပါက တက္ညီလက္ညီရိွတတ္ၾကသည္။။
တကၠသိုလ္ ပထမႏွစ္တက္ခါစပဲရိွေသးေပမဲ့
ေတာ္ေတာ္မ်ားမ်ား လည္ပတ္လို႔ၿပီးခဲ့ေလၿပီ။
ဦးပိန္တံတားကိုေရာက္ခဲ့ၿပီး ရည္စားမရိွသူအခ်င္းခ်င္းေဖးမသၫ့္အေနႏွင့္ အကုန္လံုးလက္ခ်င္းတဲြၿပီး တံတားအစကေနအဆံုးအထိ ႏွစ္ခါေတာင္ေလ်ွာက္ၿပီးခဲ့ေလသည္။
တံတားအစတြင္ဖရဲသီးေစ့ႏွင့္လုပ္ထားေသာဆံထိုးေလးေတြကိုလည္း ေလ်ွာက္၀ယ္မိၿပီး အခုေတာ့ကိုယ္လည္းမပန္ပဲ ဟိုပစ္၊ဒီပစ္ျဖစ္ကုန္ေလၿပီ။
"တီ...တီ...တီ..."
ဖုန္းမည္သံၾကား၍ ဖုန္းကိုထုတ္ၿပီးၾကၫ့္လိုက္ေတာ့ ဟိန္းေဇယ်ာထက္၏ဖုန္းနံပါတ္ျဖစ္ေနေလသည္။သူ႔နာမည္ကို ျမင္လိုက္သည္ႏွင့္ ႏွာေခါင္းကိုရႈံ႔လိုက္မိသည္။
ကိုထက္အိမ္ကိုအလည္လာၿပီးသၫ့္ေန့မွစ၍
ဖြားညိုသည္ အျပင္သြားတိုင္းကိုထက္ႏွင့္ပဲသြားခိုင္းသည္။
ကိုထက္၏အေဖသည္လည္း ပံုရိပ္တို႔အိမ္သို႔ အ၀င္အထြက္မ်ားလာသလိုယခင္တုန္းက
မတူသလိုမတန္သလိုဆက္ဆံခဲ့ေသာ
ကိုထက္၏အေဒၚသည္လည္း ပံုရိပ္ကိုဆို သမီးေလး၊သမီးေလးႏွင့္ပါးစပ္ဖ်ားကကို
မခ်ေတာ့ေပ။ဥစၥာပစၥည္းရဲ့မ်က္ႏွာမ်ား
တယ္ႀကီးသကိုး။
"ဟယ္လို...."
...................
"ေအး...ငါတို႔ေက်ာက္စိမ္းေစတီဆီကိုသြားမလို႔...ဟမ္...နင္ပါလိုက္မယ္ဟုတ္လား...
ျဖစ္ပါ့မလား..နင္အတန္းမတက္ရေတာ့ဘူးလား,..ငါတို႔ကသြားေတာ့မွာ...
ဟာ...နင္ကလည္းဟာ”ၿပီးေရာေစာင့္ေနမယ္..."
ဖုန္းကိုခ်လိုက္ၿပီးသည္ႏွင့္ မေက်နပ္ေသာေၾကာင့္ ႏႈတ္ခမ္းကိုဆူထားလိုက္မိေတာ့ အိမိုးေသာ္ကရယ္က်ဲက်ဲလုပ္ေနေလသည္။သူတို႔ေတာင္မွ ပံုရိပ္ႏွင့္ကိုထက္ကို ဘာလိုလိုထင္ကုန္ၾကၿပီ။
"ဘာလဲ...လိုက္မယ္တဲ့လား..."
"ဟုတ္တယ္..."
"ဟင္း...အဲ့ေကာင္ေလးကနင့္ကိုႀကိဳက္ေနတာလား...နင္ဘယ္သြားသြားသူပါတယ္ေနာ္..."
"မသိပါဘူးဟာ...အဖြားကဘယ္သြားသြား
သူ႔ကိုအၿမဲအေဖာ္လိုက္ခိုင္းေနတာဟ...
ရုပ္ရွင္ေတာင္ၾကၫ့္ခ်င္တာ သူလိုက္လာမွာစိုးလို႔သြားမၾကၫ့္ရဲဘူး..."
"ၾကၫ့္လုပ္အံုး..နင့္အဖြားကသူနဲ႔သေဘာတူေနတာလားမွမသိတာ...."
အိမိုးေသာ္၏စကားေၾကာင့္ ပံုရိပ္လည္း
နည္းနည္းေတာ့ ထိတ္လန႔္သြားမိသည္။အဖြားကဘိုဘို႔ကိုေတာင္ သိပ္ၾကၫ့္မရခ်င္ေပမဲ့ ကိုထက္ကိုေတာ့အရမ္းယံုစားသည္။
ကိုထက္သည္UFLေက်ာင္းသားျဖစ္ၿပီး
ပံုရိပ္တို႔၏ဘက္သို႔ခဏခဏလာလည္တတ္သည္။
ေယာက္်ားေလးေတြႏွင့္ စကားရပ္ေျပာမိလ်ွင္ေတာင္ မႀကိဳက္ခ်င္၍သူ႔နာမည္ကိုၾကားသည္ႏွင့္ လူကအလိုလိုစိတ္ညစ္ေနမိသည္။
မသိလ်ွင္ ဖြားညိုသည္သူ႔အစားကိုထက္ကို
ေဘာ္ဒီဂတ္အျဖစ္ ေနခိုင္းထားတာႏွင့္ပင္တူေသးသည္။
"ဟဲ့...ဟိုမွာနင့္ေကာင္ေလးလာေနၿပီ..."
"ဘာကိုနင့္ေကာင္ေလးလည္း...သူနဲ႔ငါကဘာမွမဆိုင္ဘူး..."
"နင္ကသာမဆိုင္တာ သူကဇြတ္ဆိုင္ခ်င္ေနတာမ်ား...ငါတို႔လည္းမကန္းေသးပါဘူးဟယ္.."
သူငယ္ခ်င္းမ်ားကေတာင္ ဆိုင္ကယ္စီး၍
၀င္လာေသာ ကိုထက္ကိုမ်က္စပစ္၍ေနာက္ေနၾကေလသည္။ကိုထက္သည္ အျဖဴေရာင္ ေကာ္လံႏွင္အိက်ႌကိုတံေတာင္ဆစ္ေနရာအထိ လိပ္တင္ထားၿပီးဆိုင္ကယ္ဦးထုပ္ကို ေဆာင္းကာ မင္းသားစတိုင္လ္ဖမ္းေနသလိုပါပဲ။UFLမွာေတာ့သူတို႔ရဲ့အဂၤလိပ္စာအထူးျပဳေမဂ်ာ၏ကင္းျဖစ္ေလသည္။
ရုပ္ရည္က မိန္းမေခ်ာေခ်ာ၍ သူ႔ေဖ့ဘြတ္
အေကာင့္မွာဆိုလ်ွင္ ေဖာ္လိုဝါေတြမ်ားမနည္းေပ။ေတာ္ေတာ္မ်ားမ်ားကေတာ့
မိန္းမလ်ွာေတြႏွင့္မိန္းကေလးေတြမ်ားေလသည္။ထိုအထဲတြင္ေတာ့ ပံုရိပ္မပါေပ။
ဘယ္ေယာက္်ားေတြက ဘယ္ေလာက္ေခ်ာပါေစ ပံုရိပ္မ်က္လံုးထဲမွာေတာ့ ဆရာ့ေလာက္
မေခ်ာဘူးဟုပဲ သတ္မွတ္ထားသည္။
"ပံုရိပ္...သြားၾကမယ္ေလ..."
"ေအး....ေအး.."
ပံုရိပ္တို႔အကုန္လံုးလည္း ဆိုင္ကယ္ဦးထုပ္အသီးသီးေဆာင္းလိုက္ၾကၿပီး ေက်ာင္း၀န္းထဲမွာ ေရ႔ွဆင့္ေနာက္ဆင့္ေမာင္းထြက္လာခဲ့လိုက္ၾကသည္။ဖြားညိုက ကား၀ယ္ေပးမည္ဟုေျပာေပမဲ့ ပံုရိပ္ကေတာ့ ကလစ္ဘီးေလးကိုသာ ၀ယ္ခိုင္းခဲ့သည္။
အိမ္မွာလည္းကားေတြရိွေသာေၾကာင့္
ကားေမာင္းသင္ၿပီးလ်ွင္ ဘယ္ကားကိုယူေမာင္းေမာင္းရပါလ်ွက္နဲ႔ အပိုေတြကိုအကုန္မခံခ်င္ေပ။
အိမ္က ၀မ္းကဲြေမာင္ႏွမသံုးေယာက္ကေတာ့ တစ္ေယာက္ကိုကားတစ္စီးႏွင့္ျဖစ္ၾကသည္။
ပံုရိပ္တို႔ၿခံကက်ယ္လြန္းၿပီး ကားဂိုေထာင္ကလည္းႀကီး၍သာေတာ္ေတာ့သည္။
ကိုႀကီးသီဟဆိုရင္ သူ႔ဆိုင္ကယ္ႀကီးပဲငါးစီးေလာက္ကို ဂိုေထာင္ထဲမွာထားေလသည္။
ပံုရိပ္ကေတာ့ တမင္ျဖဳန္းေနၾကတယ္ဟုသာ ထင္မိသည္။
"ဟဲ့....ဟဲ့...ခဏရပ္ၾကအံုး..."
"ဘာျဖစ္လို႔လဲပံုရိပ္ရဲ့...."
"ဟိုဆိုင္မွာ အထည္ေလး၀ယ္ခ်င္လို႔...."
အမရပူရၿမိဳ႔ထဲသို႔ ၀င္လာေသာအခါ
ကညာပ်ိဳဆိုေသာ အထည္ဆိုင္ေလးေရ႔ွမွာဆိုင္ကယ္ကိုရပ္လိုက္ၿပီး ဆိုင္ထဲသို႔၀င္လိုက္သည္။အမရပူရမွထြက္ေသာ ယကၠန္းအထည္ေတြကို သေဘာက်၍ပံုရိပ္ကေတာ့ လူကိုယ္တိုင္လာမ၀ယ္ရင္ေတာင္ ဖုန္းႏွင့္လွမ္းမွာေလ့ရိွသည္။
"အစ္မေရ...ဒီပုဆိုးေလးေတြကရကၠန္းထည္ေတြလား..."
"ဟုတ္ပါတယ္ညီမေလး..ဒါေလးေတြက
စက္ယကၠန္းထည္ေလးေတြပါ...ခ်ည္သားစစ္ပါတယ္...အဆင္လည္းေရြးလို႔ရပါတယ္..."
"ပံုရိပ္...နင္ကပုဆိုးကိုဘာလို႔၀ယ္မွာလဲ..."
"လက္ေဆာင္ေပးမလို႔ေပါ့ဟ..."
အျခားသူေတြက ကိုယ့္ဆိုင္ကယ္ေပၚမွာသာထိုင္၍ေစာင့္ေနၾကေပမဲ့ ဘိုဘိုမကေတာ့အေနာက္ကေနလိုက္လာၿပီး စပ္စုစိန္လုပ္ေနေလေတာ့သည္။ပံုရိပ္လည္း နက္ျပာအကြက္ခ်ည္ထည္ေလးႏွင့္မရမ္းေရာင္ေလး တစ္ထည္သာမကပဲ ငါးထည္ေလာက္ကိုေသခ်ာေရြးၿပီး ပိုက္ဆံရွင္းကာ ဆိုင္ထဲမွထြက္လာလိုက္သည္။
"ဟ..ပုဆိုးေတြပါလား...ေလးေလးခန႔္အတြက္လား...ငါ့အတြက္လား..."
ဟိန္းေဇယ်ာထက္က လက္ရဲဇက္ရဲႏိုင္စြာပုဆိုးထုတ္ကိုလွမ္းဆဲြေသာေၾကာင့္ ခ်က္ခ်င္းအေနာက္မွာ ဖြက္ထားလိုက္ၿပီးဆိုင္ကယ္ေဘာက္စ္ထဲသို႔ထၫ့္ကာ ေသာ့ျပန္ခတ္ထားလိုက္သည္။
"နင္ကလည္းဟာ...ငါ့ကိုေပးခ်င္တာမ်ား..
အခုေပးလိုက္လည္းရတာပဲကို..."
"စဉ္းစားေလ...စိတ္ကူးေတြယဉ္မေနနဲ႔...
ေလးေလးခန႔္အတြက္ကႏွစ္ထည္ရယ္..
က်န္တာကသူမ်ားကို လက္ေဆာင္ေပးမလို႔
..."
"ဘာ...နင္ကလက္ေဆာင္ေတြဘာေတြေပးၿပီး
အမ္းရေလာက္ေအာင္ ဘယ္ေကာင္နဲ႔အဲ့ေလာက္သိေနတာလဲ...."
"ငါ့ဘာသာဘယ္ေကာင္နဲ႔သိသိေပါ့..
ေသခ်ာတာကေတာ့ နင့္အတြက္မပါဘူး...."
ပံုရိပ္လည္း ကလစ္ဘီးကိုစက္ႏိႈးလိုက္ၿပီး အေရ႔ွမွဦးေဆာင္၍ ေမာင္းသြားလိုက္သည္။
ကိုထက္၏ ေဒါသတႀကီးေတာက္ေခါက္လိုက္သံကို ၾကားေပမဲ့ တမင္မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။
အရင္ကေတာ့ သူ႔ကိုခင္ေပမဲ့အခုေနာက္ပိုင္းမွာ ပံုရိပ္၏ကိစၥတိုင္း၌ ၀င္ပါလာတတ္လြန္း၍ အျမင္ေတာင္ကပ္လာသည္။
သူဘာေၾကာင့္ ေျပာင္းလဲသြားသလဲဆိုတာကို တကယ္နားမလည္ေတာ့ေပ။
ယခင္က အရမ္းလိမၼာတဲ့ပံုစံေလးေပမဲ့
အခုေတာ့ဂ်စ္ကန္ကန္ႏိုင္လာသည္။
ဆယ္တန္းတုန္းကနဲ႔ မတူေတာ့ပဲ
သူေတာ္ေတာ္ေျပာင္းလဲသြားတယ္။
"ဟိုမွာ..ေရာက္ၿပီ...."
ေက်ာက္စိမ္းေစတီေတာ္သို႔၀င္ေသာ မုဒ္ဦးသို႔မေရာက္ခင္ပင္ ဆိုင္ကယ္ေတြကိုအပ္လိုက္ၾကၿပီး ဘုရားသို႔အရင္မသြားေသးပဲ မိန္းကေလးတို႔သဘာ၀ ေက်ာက္ပုတီးေလးေတြနင့္လက္ေဆာင္ပစၥည္းမ်ားေရာင္းေသာ အတန္းေတြဘက္သို႔ အရင္ေရာက္ၾကေလသည္။
"ဟဲ့..ဒီေက်ာက္စိမ္းလက္ေကာက္ေလးလွတယ္ေနာ္...ငါတို႔ေတြဆင္တူ၀တ္ရေအာင္..."
"ေအး...ေကာင္းတယ္၀ယ္ၾကမယ္..."
ေက်ာင္းစိမ္းတံုးအစစ္ေတြကို ကိုင္ဖူးသူဆိုေပမဲ့ သူငယ္ခ်င္းေတြကဆင္တူ၀တ္ခ်င္တယ္ဆို၍ ဆင္တူေက်ာက္စိမ္းလက္ပတ္ေလးကို ၀ယ္လိုက္ရေလသည္။
ေက်ာက္စိမ္းေစတီဆိုတဲ့အတိုင္း ဆိုင္ေတြကေရာင္းေသာလက္ေဆာင္ပစၥည္းေတြကလည္း ေက်ာက္ရိုင္းႏွင့္ျပဳလုပ္ထားေသာ လက္ေဆာင္ပစၥည္းေလးေတြကမ်ားေလသည္။ေက်ာက္စိမ္းပုတီးေလးကိုေတာ့
အန္တီယဉ္တင့္အတြက္ ၀ယ္လိုက္မိေလသည္။
"ဟဲ့...နင္တို႔ကဘုရားေပၚေရာေရာက္ပါအံုး
မလား..."
"ဟဲ့..ဘိုဘိုမစိတ္တိုေနၿပီ...အျမန္သြားၾကမယ္..."
ပံုရိပ္တို႔လည္း ဘုရားရင္ျပင္ေပၚသို႔တက္လာလိုက္ၿပီး ေစတီကိုအနီးကပ္မဖူးခင္ေလွကားေလးေတြမွာပါ ဓာတ္ပံုေတြရိုက္ျဖစ္ၾကေလသည္။ေစတီေတာ္ႀကီးသည္ ေက်ာက္စိမ္း
အရိုင္းတံုးမ်ားႏွင့္ တည္ေဆာင္ထားသၫ့္အတိုင္း တကယ္ကိုလွပၿပီး သပၸာယ္စရာေကာင္းပါသည္။
"ဟဲ့...ညဘက္ဆိုရင္...ဟိုထိပ္ဖ်ားကေနေက်ာက္စိမ္းႀကီးကအေရာင္ေတာက္ေနတာတဲ့..."
"အင္း...ညဘက္ကပိုလွမွာေသခ်ာတယ္..
ညဘက္က လူလည္းပိုစည္ေတာ့ ပိုေပ်ာ္ဖို႔ေကာင္းမွာဟ..."
"ပံုရိပ္...ငါတို႔ဓာတ္ပံုအတူတူရိုက္ရေအာင္.."
"မရိုက္ခ်င္ပါဘူး..."
"နင္ကလည္းဟာ..ႏွစ္ေယာက္အတူရိုက္ရေအာင္ပါဆို...မရိုက္ရင္ငါဖက္နမ္းလိုက္မွာေနာ္..."
"ပံုရိပ္ရယ္..ရိုက္ေပးလိုက္စမ္းပါ.."
ပိုးအိကပါ ၀င္ေျပာေနတာရယ္ ဓာတ္ပံုမရိုက္ေပးရင္ ေသေတာ့မလိုျဖစ္ေနတာေၾကာင့္
စူစူေအာင့္ေအာင့္ႏွင့္ပဲ အတူတဲြ၍ဓာတ္ပံုရိုက္ေပးလိုက္ရသည္။
"ဟဲ့...ပံုရိပ္ေရ...ေကာင္ေလးတစ္သိုက္တို႔ေနာက္ကေန လိုက္လာတာလိႈင္ဂူထဲကိုသြားၿပီး ျပန္ထြက္လာတည္းကေနာ္...ဘာေတြလည္းမသိဘူး..."
ပိုးအိကအနားကို ကပ္၍ေျပာလာေသာေၾကာင့္ အေနာက္သို႔လွၫ့္ၾကၫ့္လိုက္မိေတာ့ ေယာက္်ားေလးသံုးေယာက္သည္ ပံုရိပ္တို႔အေနာက္မွလိုက္လာတာကို ေတြ့လိုက္ရသည္။သူတို႔ကိုလွၫ့္ၾကၫ့္မွန္းသိေတာ့ အလည္ကတစ္ေယာက္သည္ပံုရိပ္ကိုမ်က္စပစ္ျပေနေလသည္။
ႏႈတ္ခမ္းကို ဖိကိုက္လိုက္ၿပီး မ်က္ေစာင္းထိုးကာ ကိုထက္တို႔ကိုမွီေအာင္ ခပ္သုတ္သုတ္
သြားေနမိသည္။
"ဟာ...မေျပးပါနဲ႔ေကာင္မေလးရာ...အမရပူရသားနဲ႔ဖူးစာမဆံုခ်င္ဘူးလား..."
"စိတ္မ၀င္စားဘူး..ကိုယ့္လမ္းကိုယ္သြားၾက..."
ပံုရိပ္တို႔အနားသို႔ အရဲတင္းစြာလာကပ္၍ ေလ်ွာက္ေနေသာေၾကာင့္ စိတ္ကသိကေအာင့္ျဖစ္ရသည္။ပိုးအိကေတာ့ နဂိုတည္းကေၾကာက္တတ္သူမို႔ လက္ကေလးေတြပါတုန္ေနသည္။
"ဟိုဘက္ကညီမေလးက ေၾကာက္ေနတာထင္တယ္...စိတ္မပူပါနဲ႔ဗ်ာ..အမရပူရသားက
မရိုင္းတတ္ပါဘူး...ခင္ခ်င္ရံုသပ္သပ္ပါဗ်ာ..."
"ေဟ့ေကာင္...မင္းဘာေကာင္လဲ!!!!..."
ေဒါသတႀကီးႏွင့္ ေအာ္ေျပာလိုက္ေသာ
ကိုထက္ေၾကာင့္ ေဘးနားကေကာင္ေလးေတြလည္း ေအာင့္သက္သက္ျဖစ္သြားပံုရေလသည္။ကိုထက္ကို မ်က္ေမွာင္ႄကံု႔၍ ၾကၫ့္လိုက္ၾကသည္။
"မင္းကေရာ ဘာေကာင္မို႔လို႔လဲ...*
"ငါဘာေကာင္လည္း...သိခ်င္တယ္ဟုတ္လား...ေအးသိရမယ္..."
"အား!!!....ဘိုဘိုေရ...ဆဲြပါအံုး..."
ဘိုဘိုကရန္မျဖစ္ေအာင္ ဆဲြေပမဲ့အမရပူရသားဘက္က သူငယ္ခ်င္းကေတာ့ဘိုဘို႔ကိုပါဆဲြထိုးၿပီး ရန္ရွာေလသည္။
ပံုရိပ္တို႔လည္း ၀င္ဆဲြေပမဲ့ဘယ္လိုမွ ထိန္း၍မႏိုင္ေပ။
က်ားေပါက္ေတြလို မာန္တဟဲဟဲျဖစ္ေနေတာ့
ကိုယ္ပါ ဒဏ္ရာအနာတရျဖစ္မည္ဆိုး၍ အတင္းကာေရာၾကားမ၀င္ရဲေပ။ဘုရားဖူးလာတဲ့ၪီးေလးႀကီးေတြက အတင္းဝိုင္းဆဲြေတာ့မွ လူခဲြသြားေလသည္။
သို႔ေပမဲ့ ထိုေနရာသို႔ ေဂါပကေတြေရာက္လာၿပီး ရဲကိုအေၾကာင္းၾကားသည္အထိ ျဖစ္လာခဲ့သည္။
ပံုရိပ္တို႔မိန္းကေလးအဖဲြ႔က အတင္းေတာင္းပန္ၿပီး "တကၠသိုလ္ေက်ာင္းသားေတျြဖစ္ေၾကာင္း ေက်ာင္းသားကဒ္ေတြထုတ္ျပၿပီး စိတ္အခန႔္မသင့္လို႔ ရန္ျဖစ္မိတာေၾကာင့္ ခြင့္လႊတ္ေပးဖို႔ရယ္ ၊ေနာက္မျဖစ္ေစရပါဘူးဟု ကတိေပးခဲ့ရေလသည္။
ပံုရိပ္ကေတာ့ ထိုေန့ကစၿပီး ကိုထက္ကိုစကားမေျပာျဖစ္ေတာ့ေပ။အိမ္ေရာက္ေတာ့လည္း အဖြားကိုျပန္တိုင္မိေလသည္။
"အဖြားရယ္..စဉ္းစားၾကၫ့္စမ္းပါ...
အဲ့ေလာက္အထိကိုယ့္ဘက္ကေနကိုယ္ထိလက္ေရာက္လုပ္စရာမွ မလိုပဲနဲ႔..သူကအရင္သြားလုပ္ရတယ္လို႔..အခုေတာ့ေယာက္်ားေလးမို႔ အားမကိုးရပဲသူ႔ကိုျပန္ထိန္းေနရတာနဲ႔..ၿပီးေနတာ..ေတာင္းပန္လိုက္ရတာလည္းရိွခိုးမတတ္ပဲ..."
"ေျမးရယ္...သူကလည္းေစတနာနဲ႔ပါ..."
"ဘာေစတနာလည္းအဖြားရယ္..တကယ္ဆိုရင္...ပံုရိပ္တို႔ကိုအဲ့ေနရာကေနေခၚသြားေပးရင္ရပါၿပီ...အခုေတာ့စကားကမေျပာရေသးဘူး..လက္ကအရင္ပါေနၿပီ...သမီးကအဲ့လိုအျပဳအမူေတြကို မႀကိဳက္ဘူး..."
"အရိပ္ကလည္း အခုတည္းကခါးခါးသီးသီးျဖစ္ေနေတာ့ ေရ႔ွဆက္ၿပီးဖြားကဘယ္လိုစီစဉ္ေပးရေတာ့မွာလဲ..ဖြားကကိုထက္နဲ႔အရိပ္ကို
တကၠသိုလ္ေနာက္ဆံုးႏွစ္ၾကရင္ေစ့စပ္ေပးဖို႔ သေဘာတူထားတာ..."
"ရွင္...ဖြားညိုဘာေျပာလိုက္တယ္...
သမီးနဲ႔သူ႔ကိုဟုတ္လား..."
"ဟုတ္တယ္အရိပ္ရယ္..ဖြားမရိွေတာ့တဲ့အခါ
အရိပ္ကိုဖြားစိတ္ခ်တဲ့လူရဲ့လက္ထဲ ထၫ့္ေပးထားခဲ့ၿပီးမွ အေသေျဖာင့္ႏိုင္မွာ..."
ဒီတစ္ခါေတာ့ အဖြား၏စကားကိုပံုရိပ္
နားမေထာင္ခ်င္ေတာ့ေပ။
ခ်က္ခ်င္းပဲမတ္တပ္ထရပ္လိုက္ၿပီး ေခါင္းကိုတြင္တြင္ခါျပစ္လိုက္သည္။
"သမီးသေဘာမတူဘူးေနာ္...ကိုထက္ကိုသူငယ္ခ်င္းလိုပဲသတ္မွတ္ထားတာ...
သမီးသူ႔ကိုစိတ္မ၀င္စားသလို..လက္တဲြေဖာ္အျဖစ္လည္း မသတ္မွတ္ႏိုင္ဘူး...သမီးရဲ့ႏွလံုးသားေရးရာကိုေတာ့ သမီးဘာသာဆံုးျဖတ္ခြင့္ျပဳပါဖြားညိုရယ္..."
"ဖြားကလည္း အတင္းမတိုက္တြန္းပါဘူး...
ဒါေပမဲ့ ပံုရိပ္အတြက္ကိုထက္ကိုအဖြားၾကၫ့္ထားတယ္ဆိုတာကိုသိေစခ်င္လို႔ ေျပာျပတာပါ..အရိပ္လည္းသူ႔ကို သူငယ္ခ်င္းဆိုတဲ့ေခါင္းစဉ္ေအာက္ကေန ေသခ်ာေလ့လာၾကၫ့္ေပါ့..."
အတင္းမတိုက္တြန္းပါဘူးဟု ေျပာေနေပမဲ့
ပံုရိပ္ရဲ့သေဘာဆႏၵအတိုင္း ဆံုးျဖတ္ပါဟုလည္း အခြင့္အေရးမေပးပါလား။
အဖြား၏ မ်က္ႏွာတြင္ျမင္ေနရေသာ အမူအရာေတြသည္ ပံုရိပ္ကိုစိတ္သက္သာရာရေအာင္ ေျပာၿပီး ေရ႔ွဆက္တိုးမၫ့္အေနအထားရိွသည္။မိဘက ပိုက္ဆံရိွလို႔ပဲြလယ္တင့္ေနတဲ့သူကို အဖြားကဘာေတြမ်ားအထင္ႀကီးေနသလဲ မသိေတာ့ေပ။
🌹🌹🌹🌹🌹🌹🌹
"တရားသူႀကီးမင္းရွင့္ တရားခံဦးခင္ေဇာ္ဟာ
ဇနီးျဖစ္သူအေပၚမွာ...ရိုက္ႏွက္ခဲ့တဲ့အျပင္ၾကမ္းတမ္းစြာ ဆဲဆိုခဲ့ပါေသးတယ္...
မမ်ိဳးမ်ိဳးရဲ့ခႏၶာကိုယ္ေပၚက ဒဏ္ရာအနာတရေတြကို ၾကၫ့္ျခင္းအားျဖင့္သိႏိုင္တာေၾကာင့္ ရာဇသတ္ႀကီးပုဒ္မ၃၂၃မွ၃၂၆အရနာက်င္ေစမႈျမည္ပါတယ္..
အိမ္နီးခ်င္းမ်ားကသက္ေသထြက္ဆိုေပးလို႔ရပါတယ္...မမ်ိဳးမ်ိဳးရဲ့ ဦးေခါင္းမွာလည္း
သံုးခ်က္ခ်ဳပ္ထားရပါတယ္..ထို႔ေၾကာင့္ဒီလိုလူမဆန္တဲ့ အၾကမ္းဖက္သမားလိုအမ်ိဳးသားနဲ႔ကြာရွင္းျပတ္ဆဲလိုေၾကာင္းႏွင့္ တရားခံကို နာက်င္ေစျခင္း၊ၿခိမ္းေျခာက္ျခင္းနဲ႔ညစ္ညမ္းစြာျပဳမူဆဲဆိုျခင္းတို႔
ျဖင့္ ဆဲြခ်က္တင္ေၾကာင္း...ေလ်ွာက္လွဲခ်က္ေပးခ်င္ပါတယ္...."
အင္း၀ေဆာင္ထဲတြင္ အထက္တန္းေရ႔ွေန၊တရားလႊတ္ေတာ္ေရ႔ွေနႏွင့္ပါေမာကၡေတြပါ ရိွေနေလသည္။
သရုပ္ျပတရားရံုးကိုပထမဆံုးလာနားေထာင္ျခင္းျဖစ္သၫ့္အတြက္ ပံုရိပ္တို႔လို ပထမႏွစ္ေက်ာင္းသူေတြအတြက္က ဗဟုသုတေတြအမ်ားႀကီးရလိုက္ေလသည္။
ေနာက္ဆံုးႏွစ္ေက်ာင္းသားအခ်ိဳ႕ကေတာ့ ဆရာေတြ၏ၫႊန္ၾကားမႈေတြႏွင့္အညီ လက္စြမ္းျပသြားၾကေလသည္။
"ရည္ရြယ္ခ်က္ရိွရိွၿခိမ္းေျခာက္တာဆိုေတာ့
ပုဒ္မဘယ္ေလာက္နဲ႔ သြားၿငိသလဲ.."
"ရာဇသတ္ႀကီးပုဒ္မ၅၀၆ေပါ့..ဆဲဆိုႀကိမ္းေမာင္းတာကေတာ့ ပုဒ္မ၁၈၄ေပါ့..."
ပံုရိပ္သည္ Mock trial(သရုပ္ျပတရားရံုး)ကိုတစ္ခါမွလက္ေတြ့မလုပ္ဖူးေသးေပမဲ့
ေဆးေက်ာင္းမွီေသာေက်ာင္းသားတစ္ေယာက္ျဖစ္၍ ပုဒ္မေတြကိုေတာ့သူမ်ားပထမႏွစ္ ေက်ာင္းသားေတြထက္ အာဂံုေဆာင္ထားႏိုင္ေလသည္။
အမႈစစ္တဲ့ေနရာမွာ ဘယ္လိုေလ်ွာက္လွဲခ်က္ေပးရမလဲဆိုတာကို စာေတြလိုက္ဖတ္ထား၍
လက္ေတြ့မဆင္းဖူးေပမဲ့ အရမ္းႀကီးေတာ့
မစိမ္းသက္ေနေပ။အခ်ိဳ႕ကေတာ့ အေပ်ာ္လာတတ္ၾကတာျဖစ္ၿပီး ပံုရိပ္ကေတာ့တကယ္ဝါသနာပါ၍ ဥပေဒပညာရပ္ကိုသင္ၾကားေနျခင္းပင္။
သရုပ္ျပတရားရံုးမွာဆိုရင္ ဥပေဒေက်ာင္းသားအခ်င္းခ်င္း ဗဟုသုတဖလွယ္မိၾက၍ ေပ်ာ္စရာေတာ့ေကာင္းပါသည္။
"ငါ့အစ္မရဲ့ အသိတစ္ေယာက္ကေလ
...ေကာင္ေလးတစ္ေယာက္နဲ႔ေဖ့ဘြတ္မွာသိၾကရင္း ခ်စ္သူေတျြဖစ္သြားတာ..
သူကအဲ့ေကာင္ေလးရိွတဲ့ေနရာကိုလိုက္သြားရင္းနဲ႔ အလိုမတူပဲျဖတ္စီးခံလိုက္ရတယ္ဟာ
....အခုကေတာ့သူကကိုယ္၀န္ရၿပီး...ေကာင္ေလးကသူ႔မွာမိန္းမနဲ႔ကေလးနဲ႔ရိွေနေတာ့ အဆက္အသြယ္
မလုပ္ပဲ ေခါင္းေရွာင္ေနတာ..အဲ့ဒါ၄၁၇နဲ႔ၿငိႏိုင္
မလား..."
"အဲ့ဒါၾကေတာ့ဟာ..ငါဟိုတစ္ေန့ကတရားလႊတ္ေတာ္ေရ႔ွေနႀကီးေျပာတာကိုနားေထာင္လိုက္ရတယ္...အမႈကခပ္ဆင္ဆင္ပဲ...
သူတို႔ႏွစ္ေယာက္က တရား၀င္လည္းစာခ်ဳပ္မွာလတ္မွတ္မထိုးထားဘူး...ေကာင္ေလးကလည္း
ယူပါမယ္...တာ၀န္ယူမွာဆိုတဲ့စကားေတြနဲ႔ အခ်ိဳသတ္ၿပီးျဖတ္စီးခဲ့မဟုတ္ရင္ေတာ့ ၄၁၇နဲ႔ၿငိတယ္လို႔ မေျပာႏိုင္ဘူး..မိန္းကေလးဘက္ကေနစၿပီး ေကာင္ေလးေနတဲ့ၿမိဳ႔ကို သူ႔စိတ္ဆႏၵအတိုင္းလိုက္သြားခဲ့တာေလ..အဲ့ဒါကလည္းမွားတဲ့အခ်က္ပဲ
...ဟိုဘက္မွာလည္း ေကာင္ေလးကတစ္လင္တစ္မယားဥပေဒနဲ႔ၿငိေနေတာ့...ေကာင္မေလးကိုတာ၀န္ယူမွာမဟုတ္ဘူး...
...ကေလးေမြးၿပီးမွပဲ..ဒီကေလးကေကာင္ေလးရဲ့ေသြးသားျဖစ္ေၾကာင္း ေထာက္ခံခ်က္သက္ေသနဲ႔တကြ...ကေလးစရိတ္နဲ႔ေထာက္ပံ့ေၾကးရေအာင္ လုပ္ရေတာ့မွာ...
တကယ္လို႔ ၄၁၇နဲ႔ၿငိတယ္ဆိုရင္ေတာ့ သက္ေသအေထာက္အထားမခိုင္လံုရင္
တရားခံဘက္ကလည္း သူနဲ႔ရတာမဟုတ္ဘူးလို႔ျငင္းဆိုရင္..ကေလးေမြးၿပီးတဲ့အထိေစာင့္ၿပီးမွပဲ အျပစ္ေပးလို႔ရေတာ့မယ္..ဒါၾကေတာ့မိန္းကေလးဘက္က စိတ္ပိုင္းဆိုင္ရာအေတာ္ထိခိုက္ရမွာ..."
"ေအးဟယ္...ခုေနာက္ပိုင္းေခာတ္ႀကီးကတိုးတက္လာလည္းပဲ...၄၁၇ေတြကေတာ္ေတာ္မ်ားတာ..."
"အင္း...အထူးသျဖင့္ေက်းရြာနဲ႔နယ္ဘက္အျခမ္းေတြမွာ ပိုမ်ားတယ္...နင္နဲ႔အတူထိုင္ရတာ စကားေျပာလို႔ေကာင္းတယ္သိလား.."
သဇင္ခ်စ္ဆိုေသာ ပထမႏွစ္ေက်ာင္းသူေလးက အတန္းသားခ်င္းအတူတူ ပံုရိပ္ကိုခ်ီးက်ူးေနေလသည္။ပထမႏွစ္ခ်င္းတူေပမဲ့ ပံုရိပ္တို႔ကေရ႔ွဆံုးအခန္းကျဖစ္သည္။
အတန္းစတက္ေသာေန့ကဆိုရင္ ငါးဘာသာဂုဏ္ထူးပါၿပီး ဥပေဒလိုင္းကိုေရြးလိုက္လို႔
လက္ေထာက္ပါေမာကၡက အံ့ဩတႀကီးျဖစ္ခဲ့သည္။
အတန္းသားေတြအားလံုးကလည္း ပံုရိပ္ကိုထူးထူးဆန္းဆန္းၾကၫ့္လာၾကၿပီး
ပထမႏွစ္၀က္မွာတင္ ပထမႏွစ္ေက်ာင္းသားမ်ားအၾကား ပံုရိပ္၏နာမည္ကသတင္းေမႊးေနခဲ့သည္။
ရည္းစားစကားလိုက္ေျပာသူေတြကလည္း ပထမႏွစ္၀က္အတြင္းပင္ လက္ဆယ္ေခ်ာင္းျပၫ့္ေလသည္။သို႔ေပမဲ့ ပံုရိပ္၏ႏွလံုးသားထဲတြင္ အမိန႔္သားထိုင္ေနခဲ့ေသာ
လူတစ္ေယာက္ေၾကာင့္ လူတိုင္းကိုအျပတ္ျငင္းလႊတ္ခဲ့သည္ႀကီးပင္။
ဘယ္သူ႔ကိုမွ ေမ်ွာ္လင့္ခ်က္ေပးၿပီးမနာက်င္ေစခ်င္ေပ။ပံုရိပ္ကိုယ္တိုင္ကလည္း တစ္စံုတစ္ေယာက္ဆီက ခ်စ္ျခင္းသီေသာေမတၲာဖဲြ႔စကားကို ေမ်ွာ္လင့္ေနရသူျဖစ္၍ အလိုလိုေနရင္း နာက်င္ေနရသူျဖစ္သည္။
ဆရာႏွင့္ေဖ့ဘြတ္မွာစကားေျပာရင္
စားၿပီးၿပီလားႏွင့္ အဆင္ေျပလားေလာက္သာျဖစ္သည္။ဆရာသည္ ဖုန္းထဲမွာဆိုရင္စကားအရမ္းနည္းသလားမေျပာတတ္ေပမဲ့
တခါတေလ စာသြားပို႔ရင္ အီမိုဂ်ီေလာက္သာျပန္ပို႔တတ္သည္။
ထို႔ေၾကာင့္ ပံုရိပ္အေပၚတြင္ဆရာ့အေနနဲ႔ခံစားခ်က္မရိွဘူးဟု တစ္စထက္တစ္စသိလာရ၍ ဆရာႏွင့္သိပ္စကားမေျပာျဖစ္ေတာ့ပဲ ေနာက္ဆံုးႏွစ္ေက်ာင္းသားမ်ားႏွင့္အတူအဖဲြ႔လိုက္သရုပ္ျပတရားရံုးၿပိဳင္ပဲြအတြက္ ပါ၀င္ႏိုင္ဖို႔ ႀကိဳးစားေနမိေလသည္။
သရုပ္ျပတရားရံုးဆိုတာကေတာ့ ေထြေထြထူးထူးမဟုတ္ပဲ ဆရာ၊ဆရာမေတြၫႊန္ၾကားတဲ့အတိုင္း ေက်ာင္းသားေတြက
ရဲအျဖစ္လည္းေကာင္း၊တရားခံ၊တရားလို
စသျဖင့္ အသီးသီးသရုပ္ျပရျခင္းျဖစ္၍
သိပ္မခက္ခဲေပ။ဒါေပမဲ့ ေနာက္ႏွစ္ေလာက္မွာ ဒဂံုတကၠသိုလ္၌ က်င္းပမၫ့္
Moot courtကိုေတာ့ သြားၿပိဳင္ႏိုင္ခ်င္သည္။
"ဟင္....ဆရာကငါတင္တဲ့ပံုကိုအသဲေပးထားတာပါလား...ဟား...ဟား.."
"ဟဲ့...ဘာထျဖစ္တာလဲ..."
"နင္တို႔မသိပါဘူးဟာ..."
သရုပ္ျပတရားရံုးထဲကေန ထြက္လာၿပီးေနာက္ဖုန္းကိုၾကၫ့္လိုက္မိေတာ့ ပံုရိပ္တင္ထားေသာ တရားရံုးထဲကပံုကို ဆရာသည္
အသဲအနီေလးေပးထားေလသည္။
ေပ်ာ္လြန္းလို႔ ထခုန္မိမတတ္ပါပဲ။
ပံုရိပ္ဘာတင္တင္ ဘာရွဲရွဲလက္မေတာင္အျပင္းေျပလာမေပးတတ္သၫ့္ဆရာဟာ အခုေတာ့ အသဲေတြဘာေတြလာေပးလို႔ပါလား။
"ပံုရိပ္...ငါတို႔အဖဲြ႔ေက်ာင္းပိတ္ရင္ငါ့အေဒၚရိွတဲ့ ေတာင္ႀကီးကိုအလည္သြားမလို႔ နင္လိုက္မလား..."
"ေတာင္ႀကီး..."
"ေအးေလ...ဒါမွမဟုတ္လည္း..ေဆာင္းရာသီေလာက္သြားၾကမယ္...မီးပံုးပ်ံပဲြလည္းၾကၫ့္လို႔ရတာေပါ့...ေတာင္ႀကီးကေဆာင္းရာသီဆိုအေသမိုက္တာ...ေတာင္ေပၚရႈခင္းေတြကလည္းလွမွလွ...."
"ဘိုဘို...ဒီတစ္ခါေတာ့နင့္အႀကံမဆိုးဘူး...
ပံုရိပ္လိုက္ခဲ့ပါဟာ...နင္ပါရင္ပိုေပ်ာ္ဖို႔ေကာင္းမွာ...ငါတို႔အားလံုးသြားၾကမွာေလ..."
"ငါကမလိုက္ဘူးေျပာေနလို႔လား...
အခုေတာင္သြားခ်င္တယ္..."
"ဟယ္ေကာင္မရယ္...မူေတာင္မမူေတာ့ဘူး..."
ဘိုဘိုကပံုရိပ္၏ေက်ာကိုလက္သီးဆုပ္ႏွင့္
ထုၿပီး မိန္းကေလးဟန္ပန္ႏွင့္ ေျပာလာေတာ့ အားလံုးဝိုင္းရယ္လိုက္ၾကသည္။
အဖဲြ႔ထဲမွာ LGBTတစ္ေယာက္ပါရင္ဘယ္ေတာ့မွ မပ်င္းရသလို။
သူတို႔က ခ်စ္ဖို႔လည္းေကာင္းၾကတယ္။
*ဆရာေရ...ဆရာကပံုရိပ္ရိွတဲ့ေနရာကိုမလာမွေတာ့ ပံုရိပ္ကပဲလိုက္လာရေတာ့မွာေပါ့...
ေနၾကာပန္းေလးက ေနထြက္တဲ့အရပ္ကိုမ်က္ႏွာမူသလို ပံုရိပ္ကေတာ့ဆရာရိွတဲ့အရပ္ဆီကို မ်က္ႏွာမူရံုမကပဲ ေရာက္ေအာင္လာခဲ့မွာပါ*
ယမင္းေျပာခဲ့ဖူးတဲ့စကားက သိပ္ကိုမွန္တာပဲ။
"ပံုရိပ္လိုလူမ်ိဳးေတြက တကယ္ခ်စ္မိၿပီဆိုရင္မိုင္ေပါင္းမ်ားစြာေဝးကြာလည္း အေရာက္သြားလိမ့္မယ္တဲ့...*
🌹🌹🌹🌹🌹🌹🌹🌹
ေနာက္တစ္ခန္းမွာဆရာရိွတဲ့ေတာင္ႀကီးကို သြားၾကမယ္ေနာ္
No comments:
Post a Comment