(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၅၀)
🎶ဘာကြောင့်လဲ ဘာအတွက်လဲ
🎶ကိုယ်က ချစ်နေမိတာ
🎶မေးရန်လွယ်ပေမဲ့ အဖြေခက်
🎶သိသလို မသိသလိုပါပဲ
🎶ပန်ချင်သူ မရှိလည်း
🎶အချိန်တန်ရင် ပန်းကတော့ပွင့်နေမှာပါ
🎶အပိုတွေကို မဆိုတတ်ဘူး
🎶သာမာန်လူတစ်ယောက်မို့
🎶တကယ်ပါမေရယ်
🎶ကိုယ်ကတော့ ချစ်တာတစ်ခုပဲသိတယ်.....🎶
ညနေခင်းဖြစ်၍ နေမင်းကြီးကလည်းနီသွေးရောင်ဆောင်ကာ တိမ်တိုက်များကြားတွင် ကွန့်မြူးနေပုံမှာ ရူးလောက်အောင်လှလေသည်။
တနင်္ဂနွေပိတ်ရက်ဖြစ်၍ သူတို့၏ယောက်ျားလေးအဆောင်ကတော့ ဂစ်တာခေါက်သံလွင်လွင်ဖြင့်ညနေခင်းနှင့်အပြိုင် ပန်းချီကားချပ်ဆန်နေလေသည်။
"ဟာ...ဟိုမှာ..ပြတင်းပေါက်ကနေကျွန်တော့်ရဲ့
ရှမ်းမလေးကြည့်နေတယ်...."
"ပအိုဝ်းမလေးမဟုတ်ဘူးလား..."
"ဟုတ်တယ်..ဟုတ်တယ်..ကဲအားလုံးရယ်ဒီ..."
🎶"ရှမ်းမလေးတွေ ချောတယ် ပေါတယ်
အေးချမ်းလှတဲ့ ဌာနေ၀ယ်...
ပါးလေးတွေ နီမြန်းလို့ရယ်..
ချစ်စရာကောင်းလှပေတယ်
ကြိုက်စရာကောင်းလှပေတယ်...🎶
သီချင်းဆိုသည့်လူတွေကလည်း စိတ်ကူးပေါက်ရင်ပေါက်သလို ဟိုဟာဆိုလိုက်၊ဒီဟာဆိုလိုက်နှင့်
ဒေါင်ချာဆိုင်းနေသလို ဂစ်တာကိုခေါက်နေသူတွေကလည်း ဘယ်သီချင်းလာလာသံစဉ်က
ဒါနဲ့တင်တိုင်ပတ်နေ၍ နေမျိုးအဖို့ရယ်ချင်ချင်တော့ဖြစ်မိသည်။
သူတို့အလုပ်သမားတွေနေရသော
အဆောင်များသည် ခြံ၀န်းကြီးတစ်ခုတည်းတွင်ဆောက်ထားခြင်းဖြစ်ပြီး ယောက်ျားလေးအဆောင်နှင့်မိန်းကလေးအဆောင်တွေသည် မျက်နှာချင်းဆိုင်ဖြစ်နေ၍ ကြူးလို့အင်မတန်ကောင်းလေသည်။
နေမျိုးသည် စက်ရုံကြီးတွင်HRရာထူးကို တာ၀န်ယူနေရသောသူဖြစ်၍ သူ့အခန်း၏လသာဆောင်သည် အခြားအလုပ်သမားများထက် ပိုကျယ်ပြီး
အပြင်ဘက်သို့ပါထွက်လို့ရ၍ တနင်္ဂနွေသို့ရောက်သည်နှင့် သကောင့်သားများသည်
သူနှင့်ကိုဗျောကြီးနေသော အခန်းသို့လာကာ
စားသောက်ပျော်ပါးလေ့ရှိကြလေသည်။
ဂစ်တာတဒေါင်ဒေါင်တဒင်ဒင်နှင့် ဟိုဘက်အဆောင်မှ ပအိုဝ်းမလေးတွေကို
လှမ်းနှာဘူးထရတာလည်း အမောပင်။
တောင်ကြီးဆေးဝါးစက်ရုံဖြစ်၍ အဆောင်သူများထဲတွင် ရှမ်းလည်းပါသလို ဗမာလည်းရှိကာအခြားတိုင်းရင်းသားများလည်း အတူနေထိုင်ကြလေသည်။
ထိုအထဲတွင် ရန်ကုန်မှပြောင်းလာကြသော ရန်ကုန်ဂျလေဗီအုပ်စုက အဘူးဆုံးဖြစ်လေသည်။
"ဟေ့ကောင်..နောက်တစ်ပုဒ်လောက်....
နောက်တစ်ပုဒ်...."
"ဘာလဲ...ရှမ်းမအလှည့်ပြီးတော့...ဗျိုင်းမလာအုံး
မလို့လား..."
"ဟာဟေ့ကောင်...တို့ကဒီတနင်္ဂနွေနေ့လေးမှ နားရတာလေကွာ...နားတုန်းလေးဟဲရတာပါကွာ..."
"ခင်ဗျားဟာက...ဟဲလည်းဟဲနိုင်လွန်းတယ်..
အဆောင်သူတွေကို အီးလှည့်ပေါက်မယ်မကြံနဲ့
...မိန်းမကြီးတစ်ယောက်လုံးရန်ကုန်မှာ ကျန်ခဲ့တာလည်း သတိရအုံး..."
"ဟား...ဟား...ပိုင်ဖြိုးတို့ဖြုတ်ပြီဟေ့..."
နေမျိုးအပါအ၀င် ဝိုင်း၍ထိုင်နေကြသည့် လူတွေအားလုံးသည် ထရယ်လိုက်မိကြပြီး လက်ခုပ်သံတဖြောင်းဖြောင်းဖြစ်နေလေသည်။
ယောက်ျားလေးတွေကြီးပဲ စုဝေးမိကြသော
ဝိုင်းဖြစ်၍ ဘီယာနှင့်အမြည်းကတော့အလျှံပယ်ဖြစ်နေလေသည်။
ဆယ်ကျော်သက်လေးများနှင့်နေမျိုးကလွဲ၍
ကျန်သူများသည်အရက်သေရည်စာ သောက်စားတတ်သူများ ဖြစ်ကြလေသည်။
နေမျိုးကတော့ စပျစ်သီးပန်းကန်ကိုပင်တိုင်ယူထားကာ ပက်လက်ကုလားထိုင်ပေါ်တွင် မှီ၍ ကောင်းကင်ကြီး၏ အလှအပကိုခံစားရင်း
လူတခြား အတွေးတခြားဖြစ်နေလေသည်။
"ကိုဗျောကြီး...ခင်ဗျားကလူပျိုလုပ်ချင်တာများ ဘာလို့မိန်းမယူထားသေးလဲ..ခင်ဗျားရဲ့မိန်းမကြီးကို သစ္စာဖောက်ရာကြတာပေါ့..."
"မင်းကလည်းကွာ...ငါတို့ကအပျော်သဘောပြောတာပါ...တကယ်မလုပ်ပါဘူးဟ...ငါ့မိန်းမလောက်ဘယ်သူမှမကောင်းဘူး...."
"ဒါဆို...ခင်ဗျားမိန်းမကအတော်ကောင်းသလား..."
"အေး...ကောင်းတယ်...ဆားလေးနဲ့တို့စားရင်တော့
ဟာ...ဒီကောင်ကွာ...."
"ဟား...ဟား..."
ကိုဗျောကြီးက ယောင်တတ်သူမို့ အားလုံး
ဝိုင်းစလည်း သူ့ချည်းပဲလှိမ့်ခံရလေသည်။လသာဆောင်မှာ အပျိုတွေကိုငေးတယ်ဆိုလို့
လူပျိုတွေချည်းမဟုတ်ပဲ အအိုတွေကထိပ်ဆုံးမှပါလေသည်။
"လှောင်ကြပါကွာ...မင်းတို့ကအိမ်ထောင်ရေးသုက္ခကိုမှ မသိကြသေးတာ...ဒီတော့ဘယ်အရပ်ဒေသကိုရောက်ရောက် စိတ်ပူပေးနေသူရှိတဲ့ခံစားချက်ကိုလည်း မင်းတို့မသိသလို သားသမီးကိုလွမ်းတဲ့အရသာကိုလည်း သိကြမှာမဟုတ်ပါဘူး...."
"အမယ်လေး...ကိုဗျောကြီးရယ်...ခင်ဗျားရဲ့အိမ်ထောင်ရေးကသာ သာယာနေတာ...ကျုပ်ရဲ့အိမ်ထောင်ရေးကတော့ တွေ့တိုင်းတကြပ်ကြပ်ရန်ဖြစ်လွန်းလို့...အရင်ဘ၀ကရန်သူတွေများဖြစ်ခဲ့သလား မသိပါဘူး..."
ကိုဗျောကြီးက သူ့ဇနီးအကြောင်းကို ဖောက်သည်ချတော့ ကိုနိုင်ကလည်းသူ့အိမ်သူသက်ထားနှင့်
နှောင်ချိန်ပလေးရတာတွေကို ဘီယာအရှိန်လေးနှင့် ရင်ဖွင့်လာလေသည်။
"နေပါအုံး...မင်းရဲ့မိန်းမကမင်းထက်ကြီးတယ်မဟုတ်လား...ဘာလို့မတည့်ကြတာလဲ...."
"အင်း...မယူခင်တုန်းကတော့နားလည်မှုအပြည့်အ၀ရှိသလိုလိုနဲ့ ယူပြီးတော့ပုံစံကတစ်မျိုးပြောင်းသွားတာပဲဗျာ..ဘယ်နေရာသွားသွား
စိတ်မချလို့ ဖုန်းတဂွမ်ဂွမ်ခေါ်တဲ့အပြင်
ဗီဒီယိုကော်လ်နဲ့ပါ ရောက်လေရာ နေရာကိုပြခိုင်းသေးတာ...အိမ်ပြန်ရင်လည်း အိင်္ကျီတွေကိုအနံ့ခံလိုက်တာလည်းမပြောနဲ့...ဗီဒီယိုကော်လ်ခေါ်တဲ့အချိန်မှာ သူငယ်ချင်းရည်းစားကိုတွေ့သွားပြီး
..ဘယ်ကကောင်မလဲ...
ဘာအချိုးချိုးတာလဲနဲ့...ရစ်လို့ကိုမပြီးတော့ဘူး..
အဲ့ဒါနဲ့ကျွန်တော်လည်း...တောင်ကြီးကိုပြောင်းရမဲ့အထဲ နာမည်စာရင်းပေးလိုက်တော့တာပဲ...."
"ဒါကကြတော့ မင်းမိန်းမကမင်းကိုအချစ်လွန်ပြီး ချုပ်ချယ်သလိုဖြစ်သွားတာ...တမင်တကာကြီးရှောင်ပြေးချင်နေမဲ့အစား သဘောထားမတိုက်ဆိုင်ရင် လမ်းခွဲလိုက်ပေါ့ဒါပဲရှိတယ်..."
"ဟာ...အဲ့လိုလုပ်လို့ရမလားဗျ...ကိုယ်ချစ်လို့ယူထားရတဲ့မိန်းမကို သူ့အကျင့်ကိုမကြိုက်ပေမဲ့
သူမရှိရင်လည်း မနေတတ်ပါဘူးဗျာ..."
"အဲ့ဒါဆိုလည်း ခေါင်းချင်းဆိုင်ပြီးညှိနှိုင်းလေကွာ..
ငါကတော့ ဘယ်လိုနေတတ်တယ်၊မင်းကဘယ်လိုဖြစ်စေချင်လဲ...ဘယ်လိုလေးဆိုရင်နားလည်ပေးကွာဘာညာပေါ့...မိန်းမလေ..ကိုင်တတ်ရင်ပျော့ပါတယ်..."
"ကိုင်တတ်ရင်ပျော့ရအောင်..ထမနှဲမဟုတ်ဘူးဗျ.."
"ဟ...ကိုဗျောကြီးတို့ကတော့ပိုင်တယ်ဗျာ...
သူ့မိန်းမကိုဘယ်လောက်ကိုင်ထားသလဲမသိဘူး ..
ပျော့ပြီးပြဲနေတာပဲ...."
"ဟာ...ဒီခွေးသားကတော့..."
ပိုင်ဖြိုးကထယောင်တော့ နဂိုတည်းကခပ်ထွေထွေဖြစ်နေ၍ ဘီယာဘူးအခွံနှင့် ကောက်ပေါက်လိုက်ရာ ပိုင်ဖြိုးတစ်ယောက်သိုင်းကွက်တွေနင်းပြီး
ရှောင်ရလေသည်။
"ကျွန်တော်ကတော့ ရှင်းရှင်းပဲ...ကျွန်တော့်မိဘတွေနဲ့ဘေးပတ်၀န်းကျင်မှာ မြင်နေတွေ့နေရတာတွေကြောင့် အိမ်ထောင်ရေးဒုက္ခတွေကိုမရှာချင်ဘူး...
ကြိုက်ရင်လိုက်မယ်...ကောင်မလေးဘက်ကလက်ခံရင်ချစ်ပစ်မယ်...အဟင်း...အခုခောတ်မိန်းကလေးတွေက ငွေမက်တဲ့အမျိုးပါဗျာ..ကျွန်တော်တို့ယောက်ျားတွေကို တွဲလိုက်တာနဲ့ငွေတွင်းကိုပိုက်ထားမိသလို သဘောထားကြတာ..တောင်းလိုက်တဲ့လက်ဆောင်ဆိုတာ...သူတို့ရဲ့အထှာကိုနက်ရင်ရပါတယ်...သူတို့လိုချင်တာကိုပေးလိုက်ပြီး ဟိုတယ်မှာချစ်တင်း၀င်နှောလည်း အိုကေမှာစိုပြေပဲ...
ဘာမေတ္တာမှမလိုအပ်သလို...လက်ထက်ခြင်းတွေနဲ့လည်းနှောင်တွယ်စရာမလိုဘူး...
ကျွန်တော်ကိုယ်တိုင်ကလည်း အဲ့ဒါတွေကိုမကြိုက်ဘူး..."
သူဌေး၏တူဖြစ်သော သက်တံ့သည်ပိုက်ဆံရှိသလောက် မိန်းကလေးတွေကိုထည်လဲတွဲနေသူ
ဖြစ်ရာ ကိုဗျောကြီးတို့၏ စကားဝိုင်းကိုကန့်ကွက်လေသည်။နေမျိုးကတော့ မျက်ခုံးပင့်ပြီးသာနားထောင်နေလိုက်သည်။ကိုဗျောကြီးကတော့ အချစ်ကိုကိုးကွယ်သူကြီးဆိုတော့ ခေါင်းတခါခါလုပ်၍နေသည်။
"ညီလေး...ဒါကြတော့မင်းကမင်းရဲ့စိတ်ဒဏ်ရာအစွဲကြောင့် တမင်တွန်းကန်ထားသလိုဖြစ်သွားပြီ...
တကယ်တော့မလိုအပ်ဘူးလို့ မင်းပြောပေမဲ့...
မင်းကမှတကယ်အချစ်ခံရဖို့လိုအပ်နေတာလို့
ငါထင်တယ်...ဒီမှာညီလေး...အချစ်မပါပဲကာမကိစ္စကိုလုပ်ချင်တာများကွာ...ရည်းစားစကားတွေဘာတွေသွားပြောနေစရာမလိုပါဘူး...ရိုင်းရိုင်းပြောရရင်ပြည့်တန်ဆာတစ်ယောက်ကိုခေါ်ပြီး ဆန္ဒကိုဖြည့်လိုက်ရင် ပြီးသွားတာပဲလေ...အချစ်ဆိုတာတန်ဖိုးထားတတ်မှ တန်ဖိုးရှိတာကွ...
တန်ဖိုးမထားရဲပဲသူများသမီးပျိုတွေကိုတော့
မဖျက်စီးပါနဲ့...
ကိုကြီးက စေတနာနဲ့ပြောတာနော်...လူတစ်ယောက်ကြောင့် အခြားလူတွေအကုန်မကောင်းဘူးလို့ လက်ညှိုးထိုးလို့မှမရတာ...မြန်မာနိုင်ငံမှာမိန်းမတွေအများကြီးပဲရှိတယ် မင်းကဘယ်နှစ်ယောက်နဲ့ဆုံဖူးပြီးပြီလဲ...မင်းကိုယ်တိုင်ကခံစားချက်ကိစ္စကို
ပေါ့ပေါ့တန်တန်တွေးရင် မင်းအနားကိုရောက်လာတဲ့လိပ်ပြာလေးတွေကလည်း အပေါ်ယံပျားသကာရည်ကိုစုပ်ဖို့ပဲ ဖြစ်နေလိမ့်မယ်...သေချာအလေးအနက်ထား ရွေးချယ်ကြည့်ပြီး တစ်ယောက်ဆို
တစ်ယောက်ပဲ ချစ်ကြည့်...တကယ့်အနှစ်သာရကိုတွေ့လာလိမ့်မယ်...."
"ကိုဗျောကြီးပြောတာကို ကျွန်တော်စိတ်မဆိုးပါဘူး...ဒါပေမဲ့တစ်ယောက်ဆိုတစ်ယောက်
စိတ်နှစ်ပြီး ချစ်ကြည့်မှ...နာကျင်ရရင်ကျွန်တော်ကခံနိုင်ရည်ရှိမှာမဟုတ်ဘူး..."
"ဒီမှာညီလေး...အချစ်နာကျလို့သေတဲ့မသာတော့
မရှိပါဘူးကွာ...နာကျင်လည်းခံလိုက်ပေါ့...ပြီးရင်သင်ခန်းစာယူလိုက်ပေါ့ကွာ...မှန်ကန်တဲ့အချိန်
တစ်ခုမှာ..မှန်ကန်တဲ့လူနဲ့တွေ့ရင်တော့
မင်းပျော်ရမှာပေါ့..."
ဒီလိုကြတော့လည်း ကိုဗျောကြီးကစိတ်ရှည်စွာရှင်းပြနေလေသည်။ပုံမှန်ဆိုရင် လူပုသလောက်စိတ်တိုတတ်ပေမဲ့ အရက်ကလေး၀င်သွားရင်တော့
ညီလေးဆိုတာကို ပါးစပ်ဖျားကနေမချတော့ပေ။
"နေဦး...တို့ကြီးပဲပြောနေတာ...တို့ရဲ့ဆရာကြီးကတော့..စပျစ်သီးပန်းကန်နဲ့ငြိမ်ချက်သားကောင်းနေပါ့လားဟေ့....ဆရာဇီးကွက်ရေ...စကားဝိုင်းလေးစိုပြည်သွားအောင် အချစ်ဒဿနလေးနည်းနည်းလောက် ဟောကြားပါအုံး...."
"ဟုတ်တယ်ဟေ့...ဟိုတလောကတင်...ညဆိုင်းကပြန်လာလာချင်းမန္တလေးကိုဆင်းသွားတာ...
သူ့ချစ်ချစ်နဲ့ သွားတွေ့တာလားမှမသိပဲ...."
"ဟာ..ဟုတ်လား...နေမျိုးတို့ကတော့လျှိုတယ်ဟေ့
...ကဲဟောစမ်းပါအုံးဆရာကြီးရဲ့..."
ဘီယာဝိုင်းမှလူတွေအားလုံးသူ့ဘက်သို့လှည့်လာကြတော့ နေမျိုးလည်းမနေတတ်တော့၍ စပျစ်သီးပန်းကန်ကို အောက်ချလိုက်ပြီးရှက်ကိုးရှက်ကန်းဖြစ်နေရသည်။လုပ်ငန်းခွင်မှာအကြီးအကဲ
တစ်ယောက်ဖြစ်ပေမဲ့ အဆောင်မှာတော့အသက်အကြီးဆုံးမဟုတ်ပေ။
ဆရာမလေးခင်ရူပ၏အသိကုမ္ပဏီဖြစ်၍
အလုပ်လျှောက်ကြည့်ရာကနေ ပထမအဆင့်အင်တာဗျူးမှာတင် အလုပ်ရှင်၏သဘောကျခြင်းကို ခံခဲ့ရသည်။
ထို့ကြောင့်လည်း အသက်ငယ်ငယ်နှင့်အတွေ့အကြုံမရင့်သန်သေးပါပဲ လုပ်ငန်းခွင်မှာကြီးကြပ်ခွင့်ရလေသည်။ကိုယ့်ဘက်ကလည်း အကောင်းဆုံးကြိုးစားပြတော့ လုပ်ရည်ကိုင်ရည်ကိုသဘောကျပြီး သူဌေးကအစတွေ့တိုင်းချီးကျူးတတ်လေသည်။သို့ပေမဲ့ သူကတော့ကိုယ့်ထက်ရာထူး၊နိမ့်သည်ဖြစ်စေ၊မြင့်သည်ဖြစ်စေ လုပ်ငန်းခွင်မှာသာအလုပ်သဘောအရ ဆက်ဆံတတ်ပေမဲ့
အပြင်မှာတော့ညီအစ်ကိုလိုပဲ ပေါင်းဖြစ်ပါသည်။
အခုလည်း အားလုံးကမေးလာတော့ မဖြေလို့ကမရတော့ပေ။
"အချစ်ဆိုတာက ကျွန်တော့်အတွက်တော့ပန်းသီးတစ်လုံးနဲ့တူတယ်....ခက်ခက်ခဲခဲနဲ့ဈေးကြီးပေး၀ယ်နိုင်ဖို့ကြိုးစားလေ ပိုချိုလေပဲ...
တစ်ချို့ပန်းသီးကြတော့ ချိုမယ်လို့ထင်ပြီး၀ယ်လိုက်ပေမဲ့ ချဉ်နေတတ်တယ်...
တစ်ချို့ပန်းသီးကြပြန်တော့ အပြင်ပန်းကကြည့်ရင်
အရောင်အသွေးမလှလို့ ပုပ်နေတယ်လို့တောင်
ထင်ရပေမဲ့ တကယ့်တန်းစားကြည့်တော့ချိူတာမျိုးဖြစ်နေနိုင်တယ်....
ဒါကြောင့်ချိုလား၊ချဉ်လားခန့်မှန်းရခက်တဲ့ပန်းသီးအစား...ခက်ခက်ခဲခဲကြိုးစားပြီးတော့...ဈေးကြီးတဲ့ပန်းသီးလေးကိုပဲ၀ယ်ချင်တယ်...
ဒါပေမဲ့စားရမှာကိုတော့ကြောက်နေသေးတယ်..."
"နေမျိုးရယ်...မင်းဦးနှောက်ကိုလည်းငါလိုက်လို့မမှီတော့ပါဘူး...ချဉ်တာတွေရော...ချိုတာတွေရော..
ရှုပ်နေတာပဲ...."
"နေကြီးပြောချင်တဲ့အဓိပ္ပာယ်ကို ကျွန်တော်သိတယ်..."
"ဆိုစမ်းပါအုံး...."
အဖွဲ့ထဲတွင် နေမျိုးကဲ့သို့အရက်မသောက်တတ်သော ငပိုင်သည်ဂစ်တာကိုတစ်ချက်လောက်ခေါက်လိုက်ပြီး ပြောမည့်အရေးအိင်္ကျီကော်လံစတွေကိုပါ ဆွဲဆန့်နေသေးသည်။
"နေကြီးပြောချင်တာက...တစ်ချို့အချစ်တွေကခက်ခက်ခဲခဲကြိုးစားပြီးတည်ဆောက်မှတည်မြဲပြီးခံစားချက်ချိုမြိန်တာတဲ့...အချို့ကြတော့ကိုယ့်ဘက်ကအချစ်စစ်ဖြစ်နေပေမဲ့ ပြန်ရတာကဖောက်ပြန်ခြင်းတို့၊ချစ်ချင်ယောင်ဆောင်ပြီးအတုတွေဖြစ်နေတတ်တယ်...အဲ့ဒါကိုပန်းသီးကချဉ်တယ်လို့သူကတင်စားထားတာ...
အချို့ကြပြန်တော့..အပေါ်ယံကနေဆုံးဖြတ်ပြီး
မကောင်းဘူးလို့ထင်ထားခဲ့ပေမဲ့ ကိုယ့်အပေါ်ကိုတကယ်အချစ်စစ်နဲ့ချစ်တဲ့လူဖြစ်နေတတ်ရောတဲ့
...ကြည့်ရတာတော့
ကိုနေကြီး ကြိုက်တဲ့သူကဥစ္စာပေါရုပ်ချောလေးပဲဖြစ်ရမယ်...ဒါကြောင့်မို့ခက်ခဲပြီးဈေးကြီးတယ်လို့
ပြောတာဟုတ်တယ်မဟုတ်လား...
ဒါပေမဲ့ခင်ဗျားရဲ့ခံစားချက်တွေကမရေရာသေးလို့
ချစ်ရမှာကြောက်နေသေးတာပေါ့..ဟုတ်လား..."
ငပိုင်ပြောတာကို သဘောကျ၍သူပြုံးလိုက်မိပေမဲ့ ခေါင်းလည်းမငြိမ့်သလိုခေါင်းလည်းမခါပဲ အခန်းထဲသို့၀င်ကာ ကိုယ့်ကုတင်ပေါ်မှာလှဲချလိုက်မိသည်။ဘ၀မှာတုန့်ပြန်မှုမခံခဲ့ရပဲ တစ်ကြိမ်တော့တိတ်တခိုးချစ်ခဲ့ဖူးပေမဲ့ ကိုယ့်အချစ်ကိုရွံရှာသလို ဆက်ဆံခဲ့တဲ့ အရင်းနီးဆုံးလူနှစ်ယောက်ကြောင့်
အချစ်ရေးနဲ့ ပက်သတ်ရင်အမြဲတွေဝေနေမိတယ်။
ခံစားချက်အသစ်ကိုရှာကြည့်ချင်ပေမဲ့ အချစ်ကိုရာနှုန်းပြည့်မယုံကြည်တော့ပေ။
ကိုယ်ဟာ ကံဆိုးစွာနဲ့အပေါ်ယံလှပြီးအတွင်းထဲကချဉ်နေတဲ့ပန်းသီးတစ်လုံးကို ၀ယ်ခဲ့မိပါတယ်။
ဖုန်းကိုထုတ်လိုက်ပြီးနောက် ဖေ့ဘွတ်ကိုဟိုကြည့်
ဒီကြည့်လုပ်နေခိုက် ပုံတွေတက်လာလို့ကြည့်လိုက်တော့ တက္ကသိုလ်၀င်းထဲမှာစာအုပ်လေးတွေကိုပိုက်ပြီးသူငယ်ချင်းတွေနှင့်ပြုံးပြုံးလေးဓာတ်ပုံရိုက်ထားတဲ့ ပထမနှစ်တက္ကသိုလ်ကျောင်းသူလေးကိုတွေ့လိုက်ရသည်။
*ဒီပန်းသီးလေးကရော ချိုပါရဲ့လား...
ကိုယ်မယုံရဲဘူး....*
🔥🔥🔥🔥🔥🔥🔥🔥
အပိုင်းနဲနဲတိုသွားလို့ စိတ်မရှိကြပါနဲ့နော်...
အိမ်မှာ ကျန်းမာရေးကိစ္စလေးကြောင့် အပိုင်းရှည်ရှည်ရေးပြီးသားရှိပေမဲ့
စာစစ်ဖို့ မအားလို့ပါ🙏
နောက်တစ်ပိုင်းကိုရှည်ရှည်လေးရေးပေးပါ့မယ်ရှင့်
ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်
=========================================================================
🌹ဆူးႀကိဳး(အခန္း၅၀)
🎶ဘာေၾကာင့္လဲ ဘာအတြက္လဲ
🎶ကိုယ္က ခ်စ္ေနမိတာ
🎶ေမးရန္လြယ္ေပမဲ့ အေျဖခက္
🎶သိသလို မသိသလိုပါပဲ
🎶ပန္ခ်င္သူ မရိွလည္း
🎶အခ်ိန္တန္ရင္ ပန္းကေတာ့ပြင့္ေနမွာပါ
🎶အပိုေတြကို မဆိုတတ္ဘူး
🎶သာမာန္လူတစ္ေယာက္မို႔
🎶တကယ္ပါေမရယ္
🎶ကိုယ္ကေတာ့ ခ်စ္တာတစ္ခုပဲသိတယ္.....🎶
ညေနခင္းျဖစ္၍ ေနမင္းႀကီးကလည္းနီေသြးေရာင္ေဆာင္ကာ တိမ္တိုက္မ်ားၾကားတြင္ ကြန္႔ျမဴးေနပံုမွာ ရူးေလာက္ေအာင္လွေလသည္။
တနဂၤေနြပိတ္ရက္ျဖစ္၍ သူတို႔၏ေယာက္်ားေလးအေဆာင္ကေတာ့ ဂစ္တာေခါက္သံလြင္လြင္ျဖင့္ညေနခင္းႏွင့္အၿပိဳင္ ပန္းခ်ီကားခ်ပ္ဆန္ေနေလသည္။
"ဟာ...ဟိုမွာ..ျပတင္းေပါက္ကေနကၽြန္ေတာ့္ရဲ့
ရွမ္းမေလးၾကၫ့္ေနတယ္...."
"ပအိုဝ္းမေလးမဟုတ္ဘူးလား..."
"ဟုတ္တယ္..ဟုတ္တယ္..ကဲအားလံုးရယ္ဒီ..."
🎶"ရွမ္းမေလးေတြ ေခ်ာတယ္ ေပါတယ္
ေအးခ်မ္းလွတဲ့ ဌာေန၀ယ္...
ပါးေလးေတြ နီျမန္းလို႔ရယ္..
ခ်စ္စရာေကာင္းလွေပတယ္
ႀကိဳက္စရာေကာင္းလွေပတယ္...🎶
သီခ်င္းဆိုသၫ့္လူေတြကလည္း စိတ္ကူးေပါက္ရင္ေပါက္သလို ဟိုဟာဆိုလိုက္၊ဒီဟာဆိုလိုက္ႏွင့္
ေဒါင္ခ်ာဆိုင္းေနသလို ဂစ္တာကိုေခါက္ေနသူေတြကလည္း ဘယ္သီခ်င္းလာလာသံစဉ္က
ဒါနဲ႔တင္တိုင္ပတ္ေန၍ ေနမ်ိဳးအဖို႔ရယ္ခ်င္ခ်င္ေတာ့ျဖစ္မိသည္။
သူတို႔အလုပ္သမားေတြေနရေသာ
အေဆာင္မ်ားသည္ ၿခံ၀န္းႀကီးတစ္ခုတည္းတြင္ေဆာက္ထားျခင္းျဖစ္ၿပီး ေယာက္်ားေလးအေဆာင္ႏွင့္မိန္းကေလးအေဆာင္ေတြသည္ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေန၍ ၾကဴးလို႔အင္မတန္ေကာင္းေလသည္။
ေနမ်ိဳးသည္ စက္ရံုႀကီးတြင္HRရာထူးကို တာ၀န္ယူေနရေသာသူျဖစ္၍ သူ႔အခန္း၏လသာေဆာင္သည္ အျခားအလုပ္သမားမ်ားထက္ ပိုက်ယ္ၿပီး
အျပင္ဘက္သို႔ပါထြက္လို႔ရ၍ တနဂၤေနြသို႔ေရာက္သည္ႏွင့္ သေကာင့္သားမ်ားသည္
သူႏွင့္ကိုေဗ်ာႀကီးေနေသာ အခန္းသို႔လာကာ
စားေသာက္ေပ်ာ္ပါးေလ့ရိွၾကေလသည္။
ဂစ္တာတေဒါင္ေဒါင္တဒင္ဒင္ႏွင့္ ဟိုဘက္အေဆာင္မွ ပအိုဝ္းမေလးေတြကို
လွမ္းႏွာဘူးထရတာလည္း အေမာပင္။
ေတာင္ႀကီးေဆးဝါးစက္ရံုျဖစ္၍ အေဆာင္သူမ်ားထဲတြင္ ရွမ္းလည္းပါသလို ဗမာလည္းရိွကာအျခားတိုင္းရင္းသားမ်ားလည္း အတူေနထိုင္ၾကေလသည္။
ထိုအထဲတြင္ ရန္ကုန္မွေျပာင္းလာၾကေသာ ရန္ကုန္ဂ်ေလဗီအုပ္စုက အဘူးဆံုးျဖစ္ေလသည္။
"ေဟ့ေကာင္..ေနာက္တစ္ပုဒ္ေလာက္....
ေနာက္တစ္ပုဒ္...."
"ဘာလဲ...ရွမ္းမအလွၫ့္ၿပီးေတာ့...ဗ်ိဳင္းမလာအံုး
မလို႔လား..."
"ဟာေဟ့ေကာင္...တို႔ကဒီတနဂၤေနြေန့ေလးမွ နားရတာေလကြာ...နားတုန္းေလးဟဲရတာပါကြာ..."
"ခင္ဗ်ားဟာက...ဟဲလည္းဟဲႏိုင္လြန္းတယ္..
အေဆာင္သူေတြကို အီးလွၫ့္ေပါက္မယ္မႀကံနဲ႔
...မိန္းမႀကီးတစ္ေယာက္လံုးရန္ကုန္မွာ က်န္ခဲ့တာလည္း သတိရအံုး..."
"ဟား...ဟား...ပိုင္ၿဖိဳးတို႔ျဖဳတ္ၿပီေဟ့..."
ေနမ်ိဳးအပါအ၀င္ ဝိုင္း၍ထိုင္ေနၾကသၫ့္ လူေတြအားလံုးသည္ ထရယ္လိုက္မိၾကၿပီး လက္ခုပ္သံတေျဖာင္းေျဖာင္းျဖစ္ေနေလသည္။
ေယာက္်ားေလးေတြႀကီးပဲ စုေဝးမိၾကေသာ
ဝိုင္းျဖစ္၍ ဘီယာႏွင့္အျမည္းကေတာ့အလ်ွံပယ္ျဖစ္ေနေလသည္။
ဆယ္ေက်ာ္သက္ေလးမ်ားႏွင့္ေနမ်ိဳးကလဲြ၍
က်န္သူမ်ားသည္အရက္ေသရည္စာ ေသာက္စားတတ္သူမ်ား ျဖစ္ၾကေလသည္။
ေနမ်ိဳးကေတာ့ စပ်စ္သီးပန္းကန္ကိုပင္တိုင္ယူထားကာ ပက္လက္ကုလားထိုင္ေပၚတြင္ မွီ၍ ေကာင္းကင္ႀကီး၏ အလွအပကိုခံစားရင္း
လူတျခား အေတြးတျခားျဖစ္ေနေလသည္။
"ကိုေဗ်ာႀကီး...ခင္ဗ်ားကလူပ်ိဳလုပ္ခ်င္တာမ်ား ဘာလို႔မိန္းမယူထားေသးလဲ..ခင္ဗ်ားရဲ့မိန္းမႀကီးကို သစၥာေဖာက္ရာၾကတာေပါ့..."
"မင္းကလည္းကြာ...ငါတို႔ကအေပ်ာ္သေဘာေျပာတာပါ...တကယ္မလုပ္ပါဘူးဟ...ငါ့မိန္းမေလာက္ဘယ္သူမွမေကာင္းဘူး...."
"ဒါဆို...ခင္ဗ်ားမိန္းမကအေတာ္ေကာင္းသလား..."
"ေအး...ေကာင္းတယ္...ဆားေလးနဲ႔တို႔စားရင္ေတာ့
ဟာ...ဒီေကာင္ကြာ...."
"ဟား...ဟား..."
ကိုေဗ်ာႀကီးက ေယာင္တတ္သူမို႔ အားလံုး
ဝိုင္းစလည္း သူ႔ခ်ည္းပဲလိွမ့္ခံရေလသည္။လသာေဆာင္မွာ အပ်ိဳေတြကိုေငးတယ္ဆိုလို႔
လူပ်ိဳေတြခ်ည္းမဟုတ္ပဲ အအိုေတြကထိပ္ဆံုးမွပါေလသည္။
"ေလွာင္ၾကပါကြာ...မင္းတို႔ကအိမ္ေထာင္ေရးသုကၡကိုမွ မသိၾကေသးတာ...ဒီေတာ့ဘယ္အရပ္ေဒသကိုေရာက္ေရာက္ စိတ္ပူေပးေနသူရိွတဲ့ခံစားခ်က္ကိုလည္း မင္းတို႔မသိသလို သားသမီးကိုလြမ္းတဲ့အရသာကိုလည္း သိၾကမွာမဟုတ္ပါဘူး...."
"အမယ္ေလး...ကိုေဗ်ာႀကီးရယ္...ခင္ဗ်ားရဲ့အိမ္ေထာင္ေရးကသာ သာယာေနတာ...က်ဳပ္ရဲ့အိမ္ေထာင္ေရးကေတာ့ ေတြ့တိုင္းတၾကပ္ၾကပ္ရန္ျဖစ္လြန္းလို႔...အရင္ဘ၀ကရန္သူေတြမ်ားျဖစ္ခဲ့သလား မသိပါဘူး..."
ကိုေဗ်ာႀကီးက သူ႔ဇနီးအေၾကာင္းကို ေဖာက္သည္ခ်ေတာ့ ကိုႏိုင္ကလည္းသူ႔အိမ္သူသက္ထားႏွင့္
ေနွာင္ခ်ိန္ပေလးရတာေတြကို ဘီယာအရိွန္ေလးႏွင့္ ရင္ဖြင့္လာေလသည္။
"ေနပါအံုး...မင္းရဲ့မိန္းမကမင္းထက္ႀကီးတယ္မဟုတ္လား...ဘာလို႔မတၫ့္ၾကတာလဲ...."
"အင္း...မယူခင္တုန္းကေတာ့နားလည္မႈအျပၫ့္အ၀ရိွသလိုလိုနဲ႔ ယူၿပီးေတာ့ပံုစံကတစ္မ်ိဳးေျပာင္းသြားတာပဲဗ်ာ..ဘယ္ေနရာသြားသြား
စိတ္မခ်လို႔ ဖုန္းတဂြမ္ဂြမ္ေခၚတဲ့အျပင္
ဗီဒီယိုေကာ္လ္နဲ႔ပါ ေရာက္ေလရာ ေနရာကိုျပခိုင္းေသးတာ...အိမ္ျပန္ရင္လည္း အိက်ႌေတြကိုအနံ႔ခံလိုက္တာလည္းမေျပာနဲ႔...ဗီဒီယိုေကာ္လ္ေခၚတဲ့အခ်ိန္မွာ သူငယ္ခ်င္းရည္းစားကိုေတြ့သြားၿပီး
..ဘယ္ကေကာင္မလဲ...
ဘာအခ်ိဳးခ်ိဳးတာလဲနဲ႔...ရစ္လို႔ကိုမၿပီးေတာ့ဘူး..
အဲ့ဒါနဲ႔ကၽြန္ေတာ္လည္း...ေတာင္ႀကီးကိုေျပာင္းရမဲ့အထဲ နာမည္စာရင္းေပးလိုက္ေတာ့တာပဲ...."
"ဒါကၾကေတာ့ မင္းမိန္းမကမင္းကိုအခ်စ္လြန္ၿပီး ခ်ဳပ္ခ်ယ္သလိုျဖစ္သြားတာ...တမင္တကာႀကီးေရွာင္ေျပးခ်င္ေနမဲ့အစား သေဘာထားမတိုက္ဆိုင္ရင္ လမ္းခဲြလိုက္ေပါ့ဒါပဲရိွတယ္..."
"ဟာ...အဲ့လိုလုပ္လို႔ရမလားဗ်...ကိုယ္ခ်စ္လို႔ယူထားရတဲ့မိန္းမကို သူ႔အက်င့္ကိုမႀကိဳက္ေပမဲ့
သူမရိွရင္လည္း မေနတတ္ပါဘူးဗ်ာ..."
"အဲ့ဒါဆိုလည္း ေခါင္းခ်င္းဆိုင္ၿပီးၫွိႏိႈင္းေလကြာ..
ငါကေတာ့ ဘယ္လိုေနတတ္တယ္၊မင္းကဘယ္လိုျဖစ္ေစခ်င္လဲ...ဘယ္လိုေလးဆိုရင္နားလည္ေပးကြာဘာညာေပါ့...မိန္းမေလ..ကိုင္တတ္ရင္ေပ်ာ့ပါတယ္..."
"ကိုင္တတ္ရင္ေပ်ာ့ရေအာင္..ထမႏွဲမဟုတ္ဘူးဗ်.."
"ဟ...ကိုေဗ်ာႀကီးတို႔ကေတာ့ပိုင္တယ္ဗ်ာ...
သူ႔မိန္းမကိုဘယ္ေလာက္ကိုင္ထားသလဲမသိဘူး ..
ေပ်ာ့ၿပီးၿပဲေနတာပဲ...."
"ဟာ...ဒီေခြးသားကေတာ့..."
ပိုင္ၿဖိဳးကထေယာင္ေတာ့ နဂိုတည္းကခပ္ေထြေထျြဖစ္ေန၍ ဘီယာဘူးအခြံႏွင့္ ေကာက္ေပါက္လိုက္ရာ ပိုင္ၿဖိဳးတစ္ေယာက္သိုင္းကြက္ေတြနင္းၿပီး
ေရွာင္ရေလသည္။
"ကၽြန္ေတာ္ကေတာ့ ရွင္းရွင္းပဲ...ကၽြန္ေတာ့္မိဘေတြနဲ႔ေဘးပတ္၀န္းက်င္မွာ ျမင္ေနေတြ့ေနရတာေတြေၾကာင့္ အိမ္ေထာင္ေရးဒုကၡေတြကိုမရွာခ်င္ဘူး...
ႀကိဳက္ရင္လိုက္မယ္...ေကာင္မေလးဘက္ကလက္ခံရင္ခ်စ္ပစ္မယ္...အဟင္း...အခုေခာတ္မိန္းကေလးေတြက ေငြမက္တဲ့အမ်ိဳးပါဗ်ာ..ကၽြန္ေတာ္တို႔ေယာက္်ားေတြကို တဲြလိုက္တာနဲ႔ေငြတြင္းကိုပိုက္ထားမိသလို သေဘာထားၾကတာ..ေတာင္းလိုက္တဲ့လက္ေဆာင္ဆိုတာ...သူတို႔ရဲ့အထွာကိုနက္ရင္ရပါတယ္...သူတို႔လိုခ်င္တာကိုေပးလိုက္ၿပီး ဟိုတယ္မွာခ်စ္တင္း၀င္ေနွာလည္း အိုေကမွာစိုေျပပဲ...
ဘာေမတၲာမွမလိုအပ္သလို...လက္ထက္ျခင္းေတြနဲ႔လည္းေနွာင္တြယ္စရာမလိုဘူး...
ကၽြန္ေတာ္ကိုယ္တိုင္ကလည္း အဲ့ဒါေတြကိုမႀကိဳက္ဘူး..."
သူေဌး၏တူျဖစ္ေသာ သက္တံ့သည္ပိုက္ဆံရိွသေလာက္ မိန္းကေလးေတြကိုထည္လဲတဲြေနသူ
ျဖစ္ရာ ကိုေဗ်ာႀကီးတို႔၏ စကားဝိုင္းကိုကန႔္ကြက္ေလသည္။ေနမ်ိဳးကေတာ့ မ်က္ခံုးပင့္ၿပီးသာနားေထာင္ေနလိုက္သည္။ကိုေဗ်ာႀကီးကေတာ့ အခ်စ္ကိုကိုးကြယ္သူႀကီးဆိုေတာ့ ေခါင္းတခါခါလုပ္၍ေနသည္။
"ညီေလး...ဒါၾကေတာ့မင္းကမင္းရဲ့စိတ္ဒဏ္ရာအစဲြေၾကာင့္ တမင္တြန္းကန္ထားသလိုျဖစ္သြားၿပီ...
တကယ္ေတာ့မလိုအပ္ဘူးလို႔ မင္းေျပာေပမဲ့...
မင္းကမွတကယ္အခ်စ္ခံရဖို႔လိုအပ္ေနတာလို႔
ငါထင္တယ္...ဒီမွာညီေလး...အခ်စ္မပါပဲကာမကိစၥကိုလုပ္ခ်င္တာမ်ားကြာ...ရည္းစားစကားေတြဘာေတြသြားေျပာေနစရာမလိုပါဘူး...ရိုင္းရိုင္းေျပာရရင္ျပည့္တန္ဆာတစ္ေယာက္ကိုေခၚၿပီး ဆႏၵကိုျဖၫ့္လိုက္ရင္ ၿပီးသြားတာပဲေလ...အခ်စ္ဆိုတာတန္ဖိုးထားတတ္မွ တန္ဖိုးရိွတာကြ...
တန္ဖိုးမထားရဲပဲသူမ်ားသမီးပ်ိဳေတြကိုေတာ့
မဖ်က္စီးပါနဲ႔...
ကိုႀကီးက ေစတနာနဲ႔ေျပာတာေနာ္...လူတစ္ေယာက္ေၾကာင့္ အျခားလူေတြအကုန္မေကာင္းဘူးလို႔ လက္ၫွိုးထိုးလို႔မွမရတာ...ျမန္မာႏိုင္ငံမွာမိန္းမေတြအမ်ားႀကီးပဲရိွတယ္ မင္းကဘယ္ႏွစ္ေယာက္နဲ႔ဆံုဖူးၿပီးၿပီလဲ...မင္းကိုယ္တိုင္ကခံစားခ်က္ကိစၥကို
ေပါ့ေပါ့တန္တန္ေတြးရင္ မင္းအနားကိုေရာက္လာတဲ့လိပ္ျပာေလးေတြကလည္း အေပၚယံပ်ားသကာရည္ကိုစုပ္ဖို႔ပဲ ျဖစ္ေနလိမ့္မယ္...ေသခ်ာအေလးအနက္ထား ေရြးခ်ယ္ၾကည့္ၿပီး တစ္ေယာက္ဆို
တစ္ေယာက္ပဲ ခ်စ္ၾကၫ့္...တကယ့္အႏွစ္သာရကိုေတြ့လာလိမ့္မယ္...."
"ကိုေဗ်ာႀကီးေျပာတာကို ကၽြန္ေတာ္စိတ္မဆိုးပါဘူး...ဒါေပမဲ့တစ္ေယာက္ဆိုတစ္ေယာက္
စိတ္ႏွစ္ၿပီး ခ်စ္ၾကၫ့္မွ...နာက်င္ရရင္ကၽြန္ေတာ္ကခံႏိုင္ရည္ရိွမွာမဟုတ္ဘူး..."
"ဒီမွာညီေလး...အခ်စ္နာက်လို႔ေသတဲ့မသာေတာ့
မရိွပါဘူးကြာ...နာက်င္လည္းခံလိုက္ေပါ့...ၿပီးရင္သင္ခန္းစာယူလိုက္ေပါ့ကြာ...မွန္ကန္တဲ့အခ်ိန္
တစ္ခုမွာ..မွန္ကန္တဲ့လူနဲ႔ေတြ့ရင္ေတာ့
မင္းေပ်ာ္ရမွာေပါ့..."
ဒီလိုၾကေတာ့လည္း ကိုေဗ်ာႀကီးကစိတ္ရွည္စြာရွင္းျပေနေလသည္။ပံုမွန္ဆိုရင္ လူပုသေလာက္စိတ္တိုတတ္ေပမဲ့ အရက္ကေလး၀င္သြားရင္ေတာ့
ညီေလးဆိုတာကို ပါးစပ္ဖ်ားကေနမခ်ေတာ့ေပ။
"ေနဦး...တို႔ႀကီးပဲေျပာေနတာ...တို႔ရဲ့ဆရာႀကီးကေတာ့..စပ်စ္သီးပန္းကန္နဲ႔ၿငိမ္ခ်က္သားေကာင္းေနပါ့လားေဟ့....ဆရာဇီးကြက္ေရ...စကားဝိုင္းေလးစိုျပည္သြားေအာင္ အခ်စ္ဒႆနေလးနည္းနည္းေလာက္ ေဟာၾကားပါအံုး...."
"ဟုတ္တယ္ေဟ့...ဟိုတေလာကတင္...ညဆိုင္းကျပန္လာလာခ်င္းမႏၲေလးကိုဆင္းသြားတာ...
သူ႔ခ်စ္ခ်စ္နဲ႔ သြားေတြ့တာလားမွမသိပဲ...."
"ဟာ..ဟုတ္လား...ေနမ်ိဳးတို႔ကေတာ့လ်ိႈတယ္ေဟ့
...ကဲေဟာစမ္းပါအံုးဆရာႀကီးရဲ့..."
ဘီယာဝိုင္းမွလူေတြအားလံုးသူ႔ဘက္သို႔လွၫ့္လာၾကေတာ့ ေနမ်ိဳးလည္းမေနတတ္ေတာ့၍ စပ်စ္သီးပန္းကန္ကို ေအာက္ခ်လိုက္ၿပီးရွက္ကိုးရွက္ကန္းျဖစ္ေနရသည္။လုပ္ငန္းခြင္မွာအႀကီးအကဲ
တစ္ေယာက္ျဖစ္ေပမဲ့ အေဆာင္မွာေတာ့အသက္အႀကီးဆံုးမဟုတ္ေပ။
ဆရာမေလးခင္ရူပ၏အသိကုမၸဏီျဖစ္၍
အလုပ္ေလ်ွာက္ၾကၫ့္ရာကေန ပထမအဆင့္အင္တာဗ်ူးမွာတင္ အလုပ္ရွင္၏သေဘာက်ျခင္းကို ခံခဲ့ရသည္။
ထို႔ေၾကာင့္လည္း အသက္ငယ္ငယ္ႏွင့္အေတြ့အႄကံုမရင့္သန္ေသးပါပဲ လုပ္ငန္းခြင္မွာႀကီးၾကပ္ခြင့္ရေလသည္။ကိုယ့္ဘက္ကလည္း အေကာင္းဆံုးႀကိဳးစားျပေတာ့ လုပ္ရည္ကိုင္ရည္ကိုသေဘာက်ၿပီး သူေဌးကအစေတြ့တိုင္းခ်ီးက်ူးတတ္ေလသည္။သို႔ေပမဲ့ သူကေတာ့ကိုယ့္ထက္ရာထူး၊နိမ့္သည္ျဖစ္ေစ၊ျမင့္သည္ျဖစ္ေစ လုပ္ငန္းခြင္မွာသာအလုပ္သေဘာအရ ဆက္ဆံတတ္ေပမဲ့
အျပင္မွာေတာ့ညီအစ္ကိုလိုပဲ ေပါင္းျဖစ္ပါသည္။
အခုလည္း အားလံုးကေမးလာေတာ့ မေျဖလို႔ကမရေတာ့ေပ။
"အခ်စ္ဆိုတာက ကၽြန္ေတာ့္အတြက္ေတာ့ပန္းသီးတစ္လံုးနဲ႔တူတယ္....ခက္ခက္ခဲခဲနဲ႔ေဈးႀကီးေပး၀ယ္ႏိုင္ဖို႔ႀကိဳးစားေလ ပိုခ်ိဳေလပဲ...
တစ္ခ်ိဳ႕ပန္းသီးၾကေတာ့ ခ်ိဳမယ္လို႔ထင္ၿပီး၀ယ္လိုက္ေပမဲ့ ခ်ဉ္ေနတတ္တယ္...
တစ္ခ်ိဳ႕ပန္းသီးၾကျပန္ေတာ့ အျပင္ပန္းကၾကၫ့္ရင္
အေရာင္အေသြးမလွလို႔ ပုပ္ေနတယ္လို႔ေတာင္
ထင္ရေပမဲ့ တကယ့္တန္းစားၾကၫ့္ေတာ့ခ်ိူတာမ်ိဳးျဖစ္ေနႏိုင္တယ္....
ဒါေၾကာင့္ခ်ိဳလား၊ခ်ဉ္လားခန႔္မွန္းရခက္တဲ့ပန္းသီးအစား...ခက္ခက္ခဲခဲႀကိဳးစားၿပီးေတာ့...ေဈးႀကီးတဲ့ပန္းသီးေလးကိုပဲ၀ယ္ခ်င္တယ္...
ဒါေပမဲ့စားရမွာကိုေတာ့ေၾကာက္ေနေသးတယ္..."
"ေနမ်ိဳးရယ္...မင္းဦးေနွာက္ကိုလည္းငါလိုက္လို႔မမွီေတာ့ပါဘူး...ခ်ဉ္တာေတြေရာ...ခ်ိဳတာေတြေရာ..
ရႈပ္ေနတာပဲ...."
"ေနႀကီးေျပာခ်င္တဲ့အဓိပၸာယ္ကို ကၽြန္ေတာ္သိတယ္..."
"ဆိုစမ္းပါအံုး...."
အဖဲြ႔ထဲတြင္ ေနမ်ိဳးကဲ့သို႔အရက္မေသာက္တတ္ေသာ ငပိုင္သည္ဂစ္တာကိုတစ္ခ်က္ေလာက္ေခါက္လိုက္ၿပီး ေျပာမၫ့္အေရးအိက်ႌေကာ္လံစေတြကိုပါ ဆဲြဆန႔္ေနေသးသည္။
"ေနႀကီးေျပာခ်င္တာက...တစ္ခ်ိဳ႕အခ်စ္ေတြကခက္ခက္ခဲခဲႀကိဳးစားၿပီးတည္ေဆာက္မွတည္ၿမဲျပီးခံစားခ်က္ခ်ိဳၿမိန္တာတဲ့...အခ်ိဳ႕ၾကေတာ့ကိုယ့္ဘက္ကအခ်စ္စစ္ျဖစ္ေနေပမဲ့ ျပန္ရတာကေဖာက္ျပန္ျခင္းတို႔၊ခ်စ္ခ်င္ေယာင္ေဆာင္ၿပီးအတုေတျြဖစ္ေနတတ္တယ္...အဲ့ဒါကိုပန္းသီးကခ်ဉ္တယ္လို႔သူကတင္စားထားတာ...
အခ်ိဳ႕ၾကျပန္ေတာ့..အေပၚယံကေနဆံုးျဖတ္ၿပီး
မေကာင္းဘူးလို႔ထင္ထားခဲ့ေပမဲ့ ကိုယ့္အေပၚကိုတကယ္အခ်စ္စစ္နဲ႔ခ်စ္တဲ့လူျဖစ္ေနတတ္ေရာတဲ့
...ၾကၫ့္ရတာေတာ့
ကိုေနႀကီး ႀကိဳက္တဲ့သူကဥစၥာေပါရုပ္ေခ်ာေလးပဲျဖစ္ရမယ္...ဒါေၾကာင့္မို႔ခက္ခဲၿပီးေဈးႀကီးတယ္လို႔
ေျပာတာဟုတ္တယ္မဟုတ္လား...
ဒါေပမဲ့ခင္ဗ်ားရဲ့ခံစားခ်က္ေတြကမေရရာေသးလို႔
ခ်စ္ရမွာေၾကာက္ေနေသးတာေပါ့..ဟုတ္လား..."
ငပိုင္ေျပာတာကို သေဘာက်၍သူႃပံုးလိုက္မိေပမဲ့ ေခါင္းလည္းမၿငိမ့္သလိုေခါင္းလည္းမခါပဲ အခန္းထဲသို႔၀င္ကာ ကိုယ့္ကုတင္ေပၚမွာလွဲခ်လိုက္မိသည္။ဘ၀မွာတုန႔္ျပန္မႈမခံခဲ့ရပဲ တစ္ႀကိမ္ေတာ့တိတ္တခိုးခ်စ္ခဲ့ဖူးေပမဲ့ ကိုယ့္အခ်စ္ကိုရြံရွာသလို ဆက္ဆံခဲ့တဲ့ အရင္းနီးဆံုးလူႏွစ္ေယာက္ေၾကာင့္
အခ်စ္ေရးနဲ႔ ပက္သတ္ရင္အၿမဲေတြေဝေနမိတယ္။
ခံစားခ်က္အသစ္ကိုရွာၾကၫ့္ခ်င္ေပမဲ့ အခ်စ္ကိုရာႏႈန္းျပၫ့္မယံုၾကည္ေတာ့ေပ။
ကိုယ္ဟာ ကံဆိုးစြာနဲ႔အေပၚယံလွၿပီးအတြင္းထဲကခ်ဉ္ေနတဲ့ပန္းသီးတစ္လံုးကို ၀ယ္ခဲ့မိပါတယ္။
ဖုန္းကိုထုတ္လိုက္ၿပီးေနာက္ ေဖ့ဘြတ္ကိုဟိုၾကၫ့္
ဒီၾကၫ့္လုပ္ေနခိုက္ ပံုေတြတက္လာလို႔ၾကၫ့္လိုက္ေတာ့ တကၠသိုလ္၀င္းထဲမွာစာအုပ္ေလးေတြကိုပိုက္ၿပီးသူငယ္ခ်င္းေတြႏွင့္ႃပံုးႃပံုးေလးဓာတ္ပံုရိုက္ထားတဲ့ ပထမႏွစ္တကၠသိုလ္ေက်ာင္းသူေလးကိုေတြ့လိုက္ရသည္။
*ဒီပန္းသီးေလးကေရာ ခ်ိဳပါရဲ့လား...
ကိုယ္မယံုရဲဘူး....*
🔥🔥🔥🔥🔥🔥🔥🔥
အပိုင္းနဲနဲတိုသြားလို႔ စိတ္မရိွၾကပါနဲ႔ေနာ္...
အိမ္မွာ က်န္းမာေရးကိစၥေလးေၾကာင့္ အပိုင္းရွည္ရွည္ေရးၿပီးသားရိွေပမဲ့
စာစစ္ဖို႔ မအားလို႔ပါ🙏
ေနာက္တစ္ပိုင္းကိုရွည္ရွည္ေလးေရးေပးပါ့မယ္ရွင့္
ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းဆီတိုင္းကို အထူးေက်းဇူးတင္ရိွပါတယ္
No comments:
Post a Comment