(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၄၉)
"တီ!!!...တီ...တီ..."
ဖုန်းမြည်သံကြောင့် မွေ့ယာပေါ်မှာမှောက်အိပ်နေရင်းတန်းလန်း လန့်နိုးသွားလေသည်။ဆံပင်တွေက ရှုပ်ပွနေကာ သွားရည်တွေကိုအမြန်သုတ်လိုက်ပြီး
ခေါင်းအုံးအောက်တွင်ရောက်နေသော ဖုန်းကိုမျက်လုံးမဖွင့်ပဲ အမြန်ကိုင်လိုက်ရသည်။
"ဟယ်လို....ဘယ်သူပါလဲ..."
"ပုံရိပ်..ဆရာပါ..."
"ဟင်..ဆရာနေမျိုးလား..."
မှေးကျဉ်းနေသော မျက်လုံးများသည် ချက်ချင်းပြူးကျယ်သွားပြီး ဖုန်းနံပါတ်ကိုအမြန်ပြန်ကြည့်လိုက်ရာ တကယ်ပင်ဆရာနေမျိုးဖြစ်နေသေည်။
တစ်နေ့တည်းမှာ နှစ်ခါတောင်ဖုန်းပြန်ဆက်တယ်ဆိုတော့ ဆရာဖုန်းမှားပြီးနှိပ်မိသွားတာများလား။
"ဆရာ...ဆောရီးပါနော်...အိပ်ချင်မူးထူးဖြစ်နေလို့....
ဆရာဖုန်းခေါ်မှန်းမသိလိုက်ဘူး.."
"ရပါတယ်...အခုပုံရိပ်ခြံအရှေ့ကိုထွက်လာခဲ့ပေးလို့ရမလား...."
"ဟင်...ခြံရှေ့ကိုထွက်လာရမယ်....ဘာဖြစ်လို့လဲဆရာ..."
"ဆရာကပုံရိပ်တို့နေတဲ့ ခြံရှေ့ကိုရောက်နေလို့ပေါ့...
ပုံရိပ်ဆီကို ဆရာဘာလည်တာပါ...."
"ဘယ်လို..."
ဖုန်းပြောနေရင်းနှင့်ပင် ကြက်ကြီးအစာနင်သလို ဆန့်ငင်ဆန့်ငင်ကြီး ဖြစ်သွားသလိုခံစားလိုက်ရသည်။ဆယ်နာရီခွဲလောက်ကအထိ ဆရာတောင်ကြီးမှာ မဟုတ်ဘူးလား။
လက်ပတ်နာရီကိုကြည့်လိုက်မိတော့
တစ်နာရီထိုးခါနီးနေလေပြီ။
ချက်ချင်းလက်ငင်းကြီး ဆရာကဘယ်လိုလုပ်မန္တလေးကို ရောက်လာရတာပါလိမ့်။
ဟုတ်ပါ့မလား။
"ဆရာ...ခဏလေးနော်...သမီးအခုပဲအိမ်အောက်ကို ဆင်းလာခဲ့ပါ့မယ်.."
"ကောင်းပါပြီ...ဆရာစောင့်နေမယ်နော်..."
မွေ့ယာပေါ်မှ အမြန်လျှောဆင်းချလိုက်ပြီး
အရင်ဆုံးပြေးမိသည်က မှန်တင်ခုံဆီကိုဖြစ်လေသည်။
အမြဲတမ်းသပ်သပ်ရက်ရက်နေတတ်သော
ပုံရိပ်သည်။မနက်တုန်းကကဲ့သို့ ဂျင်းဘောင်းဘီအပွနှင့် တီရှပ်အဖြူရောင်ကိုပင် ၀တ်ထားလျှက်ရှိနေသေးသည်။အိပ်ထား၍ အ၀တ်အစားတွေကလည်း တွန့်ကြေနေကာ ဆံပင်တွေကပွလျှောင်းနေ၍
အမြန်သပ်ချလိုက်ရသည်။
"သွားတိုက်ရင်ကောင်မလား...အပြင်မှာနေပူနေတာဆိုတော့ ဆရာစောင့်ရတာကြာသွားမှာပေါ့..."
အပြင်ဘက်၀ရံတာသို့ လှမ်းကြည့်လိုက်တော့
မိုးဖွဲလေးတောင် မကျတော့ပဲနေကအသားကုန်ပူနေလေသည်။သွားတိုက်မည့် ဆုံးဖြတ်ချက်ကို
ပယ်ဖြတ်လိုက်ပြီး အခန်းတံခါးကိုမြန်မြန်ဆွဲဖွင့်ကာ အောက်ထပ်သို့ လှေကားတွေကိုပါ တဒုန်းဒုန်းမြည်သည်အထိ ပြေးဆင်းနေမိတော့သည်။
ဆရာနဲ့တွေ့တဲ့အခါတိုင်း ပုံရိပ်၏အပြုအမူတွေဟာ ငြိမ်သက်မှုမရှိတော့ပဲ နှလုံးခုန်သံတွေကအစ
အရိုင်းဆန်နေတုန်းပါပဲ။၁၅၀၀ဆိုသော ချစ်ခြင်းနှင့်ပတ်သတ်လျှင် ပုံရိပ်ဟာတကယ်ကို
ကိုယ့်ကိုကိုယ် ထိန်းသိမ်းဖို့ပါ မေ့နေတတ်လေပြီ။
"ဟဲ့...ပုံရိပ်...ဘယ်သွားမလို့လဲ...အ၀တ်အစားလည်းမလဲရသေးဘူး...ချော်လဲနေပါအုံးမယ်..."
"ခြံတံခါးသွားဖွင့်မလို့...."
"ဘယ်သူလာလို့ သွားဖွင့်မှာလဲ..."
"ရန်ကုန်မှာ သမီးကိုစာသင်ပေးခဲ့တဲ့ဆရာ..."
စကားအများကြီးပြောနေလျှင် ဆရာအကြာကြီးစောင့်ရမည်စိုး၍ အမြန်စကားကိုလက်စသတ်ကာ အိမ်အပြင်သို့ ပြေးထွက်လာခဲ့လိုက်သည်။
လျှောက်လမ်းအကျယ်ကြီးအတိုင်းပြေးသွားမိနေသော ပုံရိပ်သည် ခြံတံခါးအနားကိုရောက်မှ သတိထားမိလိုက်တာကတော့ ဖိနပ်ပါမလာခဲ့ပေ။
တဆက်တည်းမှာ နေပူမိထားသော တမံသလင်းတွေက တအားပူနေ၍လူကခုန်ဆွခုန်ဆွဖြစ်ချင်နေသည်။
"ဟင်...ဘယ်သူမှလည်းမရှိပါလား...."
ခြံအပြင်ကိုကြည့်လိုက်တော့ တံခါးအနောက်မှာမည်သူမျှရှိမနေပေ။ကိုင်ထားမိသော ဖုန်းကိုပြန်ဖွင့်ကြည့်လိုက်မိတော့ ခုဏလေးကမှခေါ်ထားသောဖုန်းနံပါတ်သည် ဆရာ့ဖုန်းနံပါတ်ပါပဲ။
"ဦးလေ...ခြံရှေ့ကိုဘယ်သူလာသေးလဲ..."
"ဘယ်သူမှမလာပါဘူးကွယ်...."
"ဟင်...တကယ်ကြီးလား..."
"မညာပါဘူးကွယ်...တကယ်မလာပါဘူး.."
ဦးလေးကြီးကိုကြည့်ရတာလည်း ညာနေပုံမပေါ်ပေ။ဆရာက ပုံရိပ်ကိုလှမ်းစလိုက်တာမျိုးလား။
ပုံရိပ်မှာတော့ သွားတောင်မတိုက်ခဲ့ရသလို
ဖိနပ်စီးဖို့တောင် မေ့ခဲ့ရတယ်။
ဆရာ့ကိုတွေ့ရနိုးနိုးနှင့် တစ်ယောက်စာ၀င်လို့ရသော တံခါးကိုသာ ဖွင့်လိုက်ပြီးငိုမဲ့မဲ့ မျက်နှာလေးနှင့် ခြံအပြင်သို့ထွက်လိုက်မိလေသည်။
"ဆရာ..."
မြန်မာဆန်ဆန်လည်ကတုံးအဖြူနှင့်ပုဆိုးလေးကိုတွဲ၀တ်ထားသောဆရာသည် ကျောပိုးအိတ်အနက်ရောင်လေးကိုလွယ်ကာ ပုံရိပ်တို့ခြံအရှေ့ရှိ
အလှသစ်ပင်တစ်ခုနှင့်ကွယ်ကာ ရပ်စောင့်နေလေသည်။
ဆရာ့ကိုတွေ့လိုက်တာနှင့် ပူကျစ်နေသော
တမံသလင်းများသည် ချက်ချင်းအေးစက်သွားသည့်နယ် အပြေးသွားမိလေသည်။
"ဟာ...ပုံရိပ်...ဖိနပ်လည်းမပါပါလား...."
ဆရာ့အနားသို့ပုံရိပ်ရောက်သည်နှင့် ချက်ချင်းပဲလက်ကောက်၀တ်ကလေးကိုဆွဲကာ မြက်ခင်းလေးရှိသော နေရာသို့တွန်းပေပြီးရပ်ခိုင်းလေသည်။
ပုံရိပ်တောင် ဖိနပ်မပါမှန်းချက်ချင်းသတိမရခဲ့ပေမဲ့ ဆရာကချက်ချင်းမျက်မှန်းတန်းမိ၍
ပျော်ရပါသည်။
နည်းနည်းတော့လည်း ရှက်မိတာပေါ့လေ။
ပုံရိပ်၏ပုံစံက ဆရာ့ကိုကြိုက်နေမှန်းအရမ်းသိသာသွားပြီး တန်ဖိုးမဲ့မှာလည်းစိုးရသည်။
"အခုမှအိပ်ယာက နိုးလာတဲ့အတိုင်းပဲကွာ...
ဆံပင်လေးတွေက ဖွာလံကျဲနေတာပဲငါးဘာဟာလုံးဂုဏ်ထူးထွက်အောင်လုပ်နိုင်ခဲ့ပြီးတော့
ဖိနပ်ကြတော့ စီးဖို့မေ့နေခဲ့တယ်ပေါ့...."
"ဟို...ဆရာနေပူထဲမှာတစ်ယောက်တည်းရပ်စောင့်နေရမှာစိုးလို့...အမြန်ထွက်လာလိုက်ရင်းဖိနပ်ကိုမေ့သွားတာပါ..."
သွားမတိုက်ခဲ့ရ၍ အာပုပ်စော်နံမှာစိုးသောကြောင့် ပါးစပ်ကိုလက်ဖဝါးနှင့်အုပ်ပြီးမှ ဆရာ့ကိုပြန်ပြောလိုက်သည်။ဆရာကတော့ မျက်ခုံးတန်းထူထူလေးများ ပြေလျှော့သွားက ကျေနပ်သွားဟန်နှင့်
ပုံရိပ်ကိုပြုံးပြလာလေသည်။
ပုံရိပ်ကို မူးမေ့စေနိုင်သော အဲ့ဒီ့အပြုံးကိုပုံရိပ်သိပ်ကြောက်ပါသည်။
"ဘာလို့...ပါးစပ်ကြီးကိုပိတ်ပြီးပြောနေရတာလဲ...."
"ဟို....သွားမတိုက်ရသေးလို့..."
ဆရာ့အမေးကြောင့် ရှက်စိတ်နှင့်အတူ ပါးတွေပူတက်လာကာ မျက်လုံးလေးကိုဟိုကြည့်ဒီကြည့်လုပ်၍ ပါးစပ်ကိုလက်နှင့်ပိတ်ကာထပ်ဖြေလိုက်ရသည်။
"ဆရာစောင့်နေမှာစိုးလို့...အိပ်နေရင်းကနေချက်ချင်းထလာခဲ့မိတာ...သွားမတိုက်ရသေးဘူး..."
"ဟား..ဟား..ဒီကောင်မလေးကတော့ကွာ..."
နှုတ်ခမ်းနှစ်ခုကိုဖိကြိတ်ကာ ဗလုံးဗထွေးအသံကြီးနှင့် ပြောလိုက်မိတော့ဆရာကသွားစွယ်လေးများပေါ်သည်အထိ သဘောတကျထရယ်လိုက်လေသည်။
ဆရာကရယ်လေ ပုံရိပ်ကပိုရှက်လေပါပဲ။
ရယ်နေရင်းနှင့် ဆရာသည် ပုံရိပ်အနားသို့
ခြေတစ်လှမ်းတိုးရပ်လိုက်ကာ ပုံရိပ်၏ဦးခေါင်းဆီသို့ လက်ဆန့်တန်းလိုက်ပြီးမှ သူ့လည်ဂုတ်ကိုသူပြန်ပွတ်နေလေတော့သည်။
ဒီနေ့ဆရာထူးဆန်းနေသလိုပဲ။
"နောက်တစ်ခါ...ဘာပဲလုပ်လုပ်...စိတ်အေးအေးထားပြီးကိုယ်လုပ်စရာရှိတာကိုလုပ်လိုက်ပါ...
ဆရာကမလောတတ်ပါဘူး...ပုံရိပ်ကိုအမြဲစောင့်နေပေးမှာပါ....ဘာကြောင့်လဲဆိုရင်...ပုံရိပ်က
ဆရာ့ဆီကိုရောက်လာမယ်ဆိုတာ သေချာပေါက်သိနေလို့ပဲ...ဆရာ့အတွက်နဲ့အလှမပျက်စေနဲ့နော်...."
ပုံရိပ်နှင့် မျက်၀န်းအကြည့်ချင်းဆုံ၍ ကြည်လင်နေသောအသံဩဩကြီးသည် နူးနူးညံ့ညံ့လေးဖြစ်နေသောအခါ ပါးစပ်ကိုလက်နှင့်အုပ်ထားမိရာမှ သဘောတကျပြုံးလိုက်မိလေသည်။
တကယ်တော့ ရင်ထဲမှရယ်နေမိတာက
ပါးစပ်ကြီးဟာနားရွက်ကို တက်ချိတ်မိနေပါပြီ။နှုတ်ခမ်းကို အတင်းမရရအောင် စေ့ထားမိကာသက်ပြင်းကိုသာ ဘာမှန်းညာမှန်းမသိချလိုက်ရသည်။ရင်ခုန်ရလွန်းလို့ ရူးနိုင်လောက်ပါရဲ့
ကဝေဆရာကြီးရယ်။
"ဒါနဲ့...ဆရာကဘယ်လိုဖြစ်ပြီး တောင်ကြီးကနေမန္တလေးကို ချက်ချင်းရောက်လာရတာလဲ..."
"ပုံရိပ်ရဲ့အဖွားနဲ့တွေ့ဖို့လေ..မန္တလေးကိုသူငယ်ချင်းတစ်ယောက်ဆီကိုလာရင်းနဲ့..ပုံရိပ်ကငိုပြီးဖုန်းလှမ်းဆက်တော့ တက်ကူလိုတယ်ထင်လို့ လာကူပေးတာ...ဆရာ့ကိုပုံရိပ်ရဲ့အဖွားဆီ ခေါ်သွားပေးနော်.."
"ဟာ...ဒါတော့မဖြစ်ဘူးနော်....အဖွားကအရမ်းစိတ်ကြီးတာ...ဆုံးဖြတ်ချက်ချပြီးရင်ပြန်မပြင်တတ်ဖူး..ဆရာ့ကိုနင့်နင့်နာနာတွေ ပြောလွှတ်လိုက်မှာကြောက်တယ်..."
"ဖြစ်သွားတဲ့ရုပ်လေးကလည်းကွာ...
ဘာကိုကြောက်ရမှာလဲပုံရိပ်ရဲ့...
ဆရာ့ကိုယုံထားစမ်းပါ...လာ..သွားကြရအောင်..."
ဆရာ့ကိုခြံတံခါးဖွင့်ပေးလိုက်ပြီး အိမ်ထဲသို့ခေါ်လာလိုက်တော့ အိမ်ကြီးကိုတစ်ချက်ဝေ့ဝဲကြည့်လိုက်ရင်းမှ ဆရာ့မျက်နှာတစ်ချက်ညှိုးကျသွားတာကို သတိထားလိုက်မိသည်။
"ပုံရိပ်တို့အဖွားကတော်တော်ချမ်းသာတာပဲနော်...
ဆရာတော့အများကြီးကြိုးစားရတော့မှာပဲ...."
ဆရာ့ဘာကိုဆိုလိုချင်သလဲဆိုတာ ပုံရိပ်နားမလည်ပေမဲ့ ဆရာသက်ပြင်းရှိုက်လိုက်တာကိုတော့ သတိထားလိုက်မိသည်။
ဆရာက ဘာကိုစိတ်မောသွားရတာလဲ။
"ပုံရိပ်လေး...ဒါကဘယ်သူလည်း...."
အန်တီယဉ်တင့်က အပြုံးမျက်နှာလေးနှင့်ဆရာ့ကို ပြုံးပြလိုက်ပြီး ပုံရိပ်ကိုအံ့ဩသလိုမေးလာလေသည်။
တစ်ခါမှ အိမ်ကိုသူငယ်ချင်းတောင်ခေါ်မလာတတ်သောပုံရိပ်သည် ဆရာ့ကိုခေါ်လာတော့ အံ့ဩသွားတယ်ထင်ပါရဲ့။
"ဒါက...သမီးကိုးတန်းတုန်းက စာပြပေးခဲ့တဲ့ဆရာပါ...ဆရာ့နာမည်ကဆရာနေမျိုးပါ...
ဆရာကတောင်ကြီးမှာအလုပ်လုပ်တာပါဒေါ်လေး...
မန္တလေးကို အလည်လာရင်းနဲ့သမီးဆီကို၀င်လည်တာတဲ့..."
"ဟုတ်ကဲ့...ကျွန်တော့်နာမည်နေမျိုးပါ...ကျွန်တော်ကရန်ကုန်မှာနေတဲ့ပုံရိပ်ရဲ့အဒေါ်နဲ့လည်းရင်းနှီးပါတယ်...မန္တလေးကိုရောက်တုန်းလေး...ပုံရိပ်ဆီကို၀င်လည်တာပါ...ပြီးတော့ပုံရိပ်ရဲ့အဖွားနဲ့တွေ့ပြီး
ပုံရိပ်ရဲ့ကျောင်းကိစ္စနဲ့ပတ်သတ်ပြီး စကားလေးနည်းနည်းလောက် ပြောချင်လို့ပါ..."
"ဘယ်လို...မေညိုနဲ့ကျောင်းကိစ္စမစကားပြောလို့ဟုတ်လား...အမယ်လေးသားရယ်...မနက်ကတင်
အဲ့ကိစ္စနဲ့ပဲ ပြဿနာဖြစ်ထားတာပါ...အခုနေသွားပြောရင် ရာဇ၀တ်အိုးကိုတုတ်နဲ့ထိုးသလိုဖြစ်နေလိမ့်မယ်...မေညို့ရဲ့အကြောင်းကိုအန်တီကအသိဆုံးပဲ
...မေညိုကသူဒါဆိုရင်ဒါလိုက်မှကြိုက်တာကွဲ့....
တော်ကြာမင်းကိုပက်ပက်စက်စက်ပြောလွှတ်လိုက်လို့ အားနာစရာတွေဖြစ်ကုန်ပါအုံးကမယ်ကွယ်...
ပုံရိပ်ကလည်း မပြောထားဘူးလား...."
"သမီးပြောပါတယ်...ဒါပေမဲ့ဆရာ..."
"ပုံရိပ်ကို အပြစ်မတင်ပါနဲ့အန်တီမ...မနက်ကသူ့ကိုအောင်စာရင်းမေးရင်းနဲ့...အကြောင်းအရင်းကို
သိလိုက်ရတာပါ...ကျွန်တော့်ကိုစိတ်မပူပါနဲ့အန်တီ...
အသက်ကြီးတဲ့သူရဲ့စကားက ကြားမကောင်းရင်တောင် စိတ်ထဲမှာမထားတတ်ပါဘူး...ပုံရိပ်ရဲ့အဖွားနဲ့သာ တွေ့ခွင့်ပေးပါ..."
"တင့်တင့်...အဲ့ဒါကဘယ်သူလဲ...."
"ဖွား......"
ဘီးတပ်ကုလားထိုင်ကိုလက်နှင့်တွန်း၍ တရွေ့ရွေ့လာနေသောအဖွားကို ပုံရိပ်တို့အားလုံးလှည့်ကြည့်လိုက်မိလေသည်။အသံကအစ မာထန်နေကာမြန်မာ၀တ်စုံရင်ဖုံးနှင့်လုံချည်ကို ၀တ်ဆင်ထားသောအဖွားသည် ဆရာ့ကိုမြင်လိုက်တော့
မျက်မှောင်ကြုံ့၍ စူးစမ်းသလိုကြည့်နေလေသည်။
ပုံရိပ်ကိုလည်း မယုံသင်္ကာမျက်လုံးများနှင့်
ကြည့်လာ၍ အန်တီယဉ်တင့်ကိုအကူအညီ
တောင်းသလို လှမ်းကြည့်လိုက်ပြီး ခေါင်းကိုသာငုံ့ထားလိုက်မိသည်။
"မေညို...ဒါကပုံရိပ်ကိုကိုးတန်းတုန်းကစာသင်ခဲ့တဲ့ဆရာတဲ့..မန္တလေးကိုအလည်လာရင်းနဲ့ပုံရိပ်ဆီကို၀င်လည်တာပါ..."
"မင်းရဲ့နာမည်...ဘယ်လိုခေါ်လဲ..."
"ကျွန်တော့နာမည်နေမျိုးပါအဖွား...."
"မင်းကိုကြည့်ရတာ တော်တော်ငယ်မဲ့ပုံပဲ...အသက်ဘယ်လောက်ရှိပြီလဲ..."
"နှစ်ဆယ့်လေးနှစ်ကျော်ပါပြီ....မကြာခင်နှစ်ဆယ့်ငါးနှစ်ပြည့်တော့မှာပါ..."
"အင်း...ထင်တဲ့အတိုင်း...အရမ်းငယ်လွန်းတယ်..."
မေညိုတို့ကတော့ ဆရာငယ်ငယ်လေးဆိုတာနဲ့မျက်နှာက တစ်မျိုးပြောင်းသွားလေသည်။
ပုံရိပ်ကိုဆိုရင် ဘယ်ယောက်ျားလေးနဲ့မှမငြိစေချင်လို့ စန္ဒယားဆရာကိုတောင် အသက်ကြီးတဲ့လူပြောင်းခဲ့လေသည်။အခုလည်း နေမျိုးဆိုတဲ့ကောင်လေးကိုတစ်လှည့် ပုံရိပ်ကိုတစ်လှည့်ကြည့်ပြီး သံသယမျက်လုံးတွေနဲ့ စိုးရိမ်နေပုံကို
ဘေးလူဖြစ်သောတင့်တင့်ပါ မြင်နေရလေသည်။
"အင်း...အရိပ်ရဲ့ဆရာဆိုတော့...လာတုန်းလေးဧည့်၀တ်ကျေအောင်နေပါယဉ်တင့်..ကောင်လေးကို
နေ့လည်စာပါ ကျွေးလိုက်ပါ..."
"ရပါတယ်အဖွား...ကျွန်တော်ကအချိန်ရရင်
တောင်ကြီးကို တန်းပြန်တော့မှာပါ...အခုလာတာကအဖွားနဲ့စကားလေးနည်းနည်းလောက် ပြောချင်လို့ပါ...
ပုံရိပ်နဲ့ပတ်သတ်ပြီး ကျွန်တော်ဆွေးနွေးချင်တာလေးရှိနေလို့ပါ...အဖွားနဲ့ကျွန်တော်နှစ်ယောက်တည်း အေးဆေးစကားပြောလို့ရမလား..."
လေသံကို ရိုသေသမှုနှင့် နှိမ့်ချလိုက်ပြီး ဖော်ရွေစွာပြုံး၍ ပြောနေသောကြောင့် ဒေါ်ရိပ်ညိုသည် သေချာအကဲခတ်လိုက်ကာ ခေါင့်ငြိမ့်ပြလိုက်လေသည်။
ဒေါ်ယဉ်တင့်နှင့်ပုံရိပ်ကတော့ ဧည့်ခန်းထဲသို့သွားနေသော ဆရာနှင့်ဒေါ်ရိပ်ညိုကိုကြည့်ပြီး ရင်တမမနှင့်တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်၍ ပူပန်နေကြလေတော့သည်။
ဆရာနေမျိုးကိုကြည့်နေသော ဖွားညို၏မျက်နှာကတင်းမာလွန်းနေသောကြောင့်
ပို၍ရင်မောရလေသည်။
ဆရာ့ကို မတူသလိုမတန်သလိုပြောဆိုလွှတ်လိုက်မှာကိုလည်း စိုးရိမ်မိပါသည်။
🌹🌹🌹🌹🌹🌹🌹🌹
"မောင်ရင်ပြောမယ်ဆိုတာဘာလဲ...
ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်...
နှစ်ယောက်တည်းသီးသန့်ပြောချင်တယ်ဆိုတော့ အခြားသူတွေသိလို့မရတဲ့သဘောလား..."
ဒေါ်ရိပ်ညိုက စကားစလာတော့နေမျိုးလည်း အပြုံးနှင့်သာပြန်တုန့်ပြန်လိုက်ပြီး ခေါင်းညိမ့်ကာ
ဆက်တီပေါ်တွင် ထိုင်လိုက်လေသည်။
မကြာခင်မှာပဲ ပုံရိပ်သည်လိမ္မော်ရည်ဗန်းလေးနှင့် ဧည့်ခန်းထဲသို့ ၀င်လာပြီးသူ့ကိုစိုးရိမ်စွာကြည့်လာသောကြောင့် ကလေးမကိုစိတ်မပူစေရန်
ခေါင်းခါပြလိုက်မိသည်။
ကောင်မလေးကတော့ မျက်နှာလေးမကောင်းစွာနှင့် သူ့အဖွားကို တစ်ချက်ကြည့်ပြီး ခေါင်းလေးငုံ့ကာ လင်ဗန်းလေးကိုမ၍ ပြန်ထွက်သွားလေသည်။
ထိုအချင်းအရာကို စူးစိုက်ကြည့်၍ဝေဖန်အကဲခတ်နေသူကတော့ ဒေါ်ရိပ်ညိုပင်ဖြစ်သည်။
ပုံရိပ်သည် အိမ်ကိုသူစိမ်းယောက်ျားလေးအလည်ခေါ်လေ့မရှိသောကြောင့် သူ့အတွက်ပို၍ထူးဆန်းနေခြင်းဖြစ်သည်။
ဒီကောင်လေးဟာ ပုံရိပ်နဲ့ထူးခြားတဲ့ဆက်ဆံရေးရှိသည်ဟုလည်း စိတ်ထဲမှာထင်နေမိ၍ ရင်လေးနေမိသည်။
"နေမျိုးဟုတ်တယ်နော်...မောင်ရင်ပြောချင်တာကို
မြန်မြန်ပြောပေးပါ..."
"ဟုတ်ကဲ့...မနက်တုန်းကပုံရိပ်နဲ့ကျွန်တော်စကားပြောဖြစ်ပါတယ်...စာမေးပွဲရလဒ်ကိစ္စပေါ့...
စကားပြောနေရင်းနဲ့ ပုံရိပ်ကငိုလာလို့...ကျွန်တော်စိုးရိမ်သွားခဲ့တယ်...အဖွားကသူ့ကိုဥပဒေမေဂျာ
မယူခိုင်းလို့ဆိုပြီး ပြောပြပါတယ်..."
"အဲ့ဒီ့ကိစ္စဆိုရင်တော့ မင်းပြန်လိုက်တော့
ကောင်လေး...တို့ကအရိပ်ကို နိုင်ငံခြားမှာစီးပွားရေးနဲ့ပတ်သတ်ပြီး လေ့လာခိုင်းမှာ...ဥပဒေဆိုတာက
ဒီနိုင်ငံမှာ..ကိုယ်ချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့
ရတာမဟုတ်ဘူး...
နောက်ပြီးအရိပ်ရဲ့အကြောင်းကိုအဖွားအသိဆုံးပဲ...သူကတစ်ခုခုကိုလုပ်ပြီဆိုရင် အဆုံးထိလုပ်တတ်တဲ့စိတ်ရှိတယ်...ရှေ့နေဘက်မှာစိတ်နှစ်ပြီးရင် သူ့ကိုပြန်ဆွဲထုတ်ဖို့ခက်လိမ့်မယ်....
သူကမင်းရဲ့တပည့်မို့ သူ့ဘက်ကနေကူပြီးမပြောပေးပါနဲ့ တို့ကသူ့ရဲ့အဖွားပါ...သူကောင်းဖို့အတွက်ပဲ အမြဲဦးတည်ပြီးစဉ်းစားထားတာပါ..."
"ဟုတ်ပါတယ်...ကျွန်တော်အဖွားကိုနားလည်ပါတယ်...ဘာကြောင့်လည်းဆိုရင်အဖွားဖြစ်စေချင်တဲ့အရာတွေအားလုံးကလည်း ပုံရိပ်အတွက်အကျိုးယုတ်စေမဲ့အရာတွေမှ မဟုတ်ပဲ...ဒါပေမဲ့
သူလုပ်ချင်တာလေးကိုလည်း လုပ်ခွင့်ပေးပြီးမှ...
အဖွားဖြစ်စေချင်သလိုလည်း တဖြည်းဖြည်းပုံသွင်းစေချင်တာပါ..."
"မင်းပြောချင်တာက သူ့ကိုအရင်Lawတက်ခိုင်းပြီးမှနိုင်ငံခြားကိုလွတ်..အဲ့လိုလား...အဲ့ဒါဆိုရင်
သူ့အတွက်အချိန်အများကြီးပုပ်ကုန်မှာပေါ့..."
"သူကအသက်ငယ်ငယ်လေးရှိသေးတာပဲ
အဖွားရယ်..."
"အို...ငယ်တာတွေကြီးတာတွေနားမလည်ဘူး..
ဥပဒေက၅နှစ်တက်ရမှာလေ...ပြီးရင်မဟာတန်းတွေဒီပလိုမာတွေဆက်တက်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ပါ့မလဲ...အသက်၂၃နှစ်လောက်မှနိုင်ငံခြားကိုသွားပြီး ငါသေမှသူပြန်လာရလိမ့်မယ်သိရဲ့လား...
ငါ့အသက်က၇၀ကျော်ပြီ...ငါကြာကြာနေရတော့မှာ မဟုတ်မှန်းငါ့ကိုယ်ငါလည်းသိတယ်...
သူ့အတွက် အချိန်အများကြီးရှိပေမဲ့ငါ့အတွက်အချိန်မရှိဘူး...အဲ့ဒါကိုတော့မင်းတို့အားလုံး
လစ်လျှူရှုရက်ကြတာလား..."
နေမျိုးလည်း မျက်ရည်များဝဲတက်လာသော
အဖွားကို သနားမိလေသည်။
ဒါပေမဲ့ ကြိုမမြင်နိုင်တဲ့ကိစ္စတွေကို တွေးပူပြီး
လူတစ်ယောက်ကို သူ့စိတ်ဆန္ဒအတိုင်း
ရှင်သန်ခွင့်မပေးတာဟာ ကောင်းတဲ့အရာမှမဟုတ်ပဲ။
သူ့အတွက်လို့ ပြောနေပေမဲ့ အဲ့ဒီလူမပျော်တာကို ဇွတ်လုပ်နေရင်ဒါဟာ ကိုယ့်အတ္တအတွက်
ဖြစ်သွားပြီ။
"ကျွန်တော်နဲ့ပုံရိပ်စတွေ့တုန်းက ဘုန်းကြီးကျောင်းတစ်ခုမှာပါ...ပွင့်ပွင့်လင်းလင်းပြောရရင်..
ကျွန်တော်ကဘုန်းကြီးကျောင်းသားတစ်ယောက်ပါ...ကျွန်တော့်ရဲ့မွေးစားမိဘတွေဆုံးသွားလို့ အသက်၁၃နှစ်အရွယ်လောက်တည်းက
ဘုန်းကြီးကခေါ်ပြီး မွေးစားခဲ့တာပါ...
မိုးတွေအရမ်းရွာတဲ့ ညတစ်ညမှာဘုန်းကြီးကျောင်းရဲ့ ဘုရားရင်ပြင်ပေါ်မှာ လူတစ်ယောက်လာထိုင်နေတယ်ဆိုပြီး ဦးဇင်းတစ်ပါးကလာပြောလို့ ကျွန်တော်တို့ ရင်ပြင်ပေါ်အထိသွားကြည့်ခဲ့ကြတယ်..ဘုရားရင်ပြင်ပေါ်လည်းရောက်ရော ကောင်မလေးတစ်ယောက်က မိုးရေတွေစိုရွှဲပြီး
မျက်နှာကအအေးပက်ထားလို့ သွေးတောင်မရှိတော့သလိုပဲ...ငုတ်တုတ်လေးထိုင်နေခဲ့တယ်...
အဲ့ဒီ့ကောင်မလေးကို ဘယ်သူလို့ထင်သလဲ...."
"ပုံရိပ်လား...."
"ဟုတ်တယ်...."
သူ၀န်ခံလိုက်တော့ အဖွားသည်သူ့ရင်ဘတ်ကို
လက်နှင့်ဖိလိုက်ကာ ထိတ်လန့်သွားလေသည်။
ဘယ်ယုံကြည်နိုင်ပါ့မလဲ။
ဒီလို အိမ်ကြီးထဲမှာအရမ်းချမ်းသာတဲ့
အဖွားကြီးတစ်ယောက်၏ မတို့ရက်မထိရက်စရာလှလွန်းနေ မြေးမလေးဟာ ဒီလိုအဖြစ်မျိုးတွေနဲ့ကြုံခဲ့ပါတယ်ဆိုရင် ဘယ်ယုံချင်ကြပါ့မလဲ။
"အဲ့ဒီ့နေ့က....ကျွန်တော်သူ့ကိုမေးကြည့်တော့
အိမ်မှာ မတွေ့ချင်တဲ့လူရှိလို့ဆိုပြီးပြောတယ်....
သူ့အဒေါ်လာပြီးခေါ်တော့မှ သိလိုက်ရတယ်..
သူ့အဒေါ်ရဲ့ယောက်ျားနဲ့ပြဿနာတတ်ပြီး
အိမ်ကိုမပြန်ချင်တော့တာဆိုတာပါ...
ဒီကလေးမကလေ..
အခြားသူတွေ သူ့ကြောင့်စိတ်မပင်ပန်းစေချင်ဘူး..
တစ်ခုခုခံစားရလည်း အပြင်ကိုတော်ရုံထုတ်ပြလေ့မရှိဘူး..
သူ့ကြောင့်အခြားသူတွေပါစိတ်ဆင်းရမှာ
သိပ်စိုးရိမ်တဲ့ကလေးပါ..
ဒါကြောင့်..ကျောင်းမှာအနှိမ်ခံရတာတွေကိုလည်း သူ့အဒေါ်ကိုပြန်မပြောသလို...
ဘာဆိုဘာမှအဒေါ်ကိုပြန်အပူမတိုက်တတ်တဲ့ကလေးပါ....အကျိုးဆက်ကတော့...
ကျောင်းမှာအပေါင်းအသင်းမဲ့လာတယ်...
ကျောင်းမှာအတန်းဖော်တွေက သူနဲ့မပေါင်းချင်တာကြောင့်ပြဿနာဖြစ်လာတယ်...ဆရာမတွေရဲ့အပြစ်ပေးတာကိုခဏခဏခံရလာတယ်...
ဒါပေမဲ့သူ့အဒေါ်ကို သူဖြစ်တဲ့ကိစ္စတွေကို တစ်ခါမှပြန်မပြောပြခဲ့ဘူး..
ဘာကြောင့်ကျွန်တော်က ဒါတွေကိုသိတာလည်းဆိုတော့ ကျောင်းကိုကျွန်တော်သွားရင်
ကျွန်တော့်အသိဆရာမတွေနဲ့ သူ့အတန်းပိုင်ကိုမေးကြည့်လို့သိရတာပါ...."
နေမျိုး၏စကားကို နားထောင်ပြီးနောက်မှာ
ဒေါ်ရိပ်ညို၏ ရင်ထဲ၀ယ်အင်မတန်လေးလံသွားလေသည်။
ပုံရိပ်ကလေးသည် ကိုယ့်ဆီကိုရောက်လာတဲ့အချိန်မှာ အင်မတန်လိမ္မာပြီး တအားကြိုးစားတာကြောင့်
နောက်ကွယ်မှာ ဒီလိုတွေဖြစ်ပျက်ခဲ့မှန်းတကယ်ကို
မသိခဲ့တာပါ။သနားလိုက်တာ ကလေးရယ်။
"အဖွားသိတဲ့အတိုင်းပဲ ပုံရိပ်ရဲ့အဒေါ်ကဆင်းရဲတယ်...ဒါပေမဲ့သူ့ကလေးနှစ်ယောက်အပါအ၀င်
ပုံရိပ်ကိုပါ ပညာတတ်ကြီးသိပ်ဖြစ်စေချင်ခဲ့တာ..
ဒါကြောင့်လည်း အလုပ်မျိုးစုံလုပ်ပြီးကလေးသုံးယောက်ကို မရရအောင်ရုန်းကန်ရင်းကျောင်းထားပေးခဲ့တယ်...ပုံရိပ်ကသူ့အဒေါ်ကိုမကြည့်ရက်တော့လို့ ထင်ပါတယ်...ဆောက်လုပ်ရေးဆိုက်ထဲမှာ အလုပ်ကြမ်းတောင်လိုက်လုပ်ခဲ့သေးတယ်...."
"အမလေး..တကယ်လား...ငါ့မြေးလေးက
တကယ်ပဲအလုပ်ကြမ်းလုပ်ခဲ့တာလား...."
"ဟုတ်ပါတယ်....ဖြစ်ချင်တော့သူအလုပ်လုပ်တဲ့ဆိုက်မှာ ကျွန်တော့်သူငယ်ချင်းကအင်ဂျင်နီယာအဖြစ် တာ၀န်ယူပေးနေတာပါ...သူ့ဆီကိုသွားလည်ရင်းနဲ့ ပုံရိပ်ကိုတွေ့တွေ့ချင်း ကျွန်တော်အိမ်ကိုအချိန်မှီ ပြန်ပို့ပေးခဲ့ပါတယ်..."
"မင်းနဲ့တွေ့လို့ တော်သေးတာပေါ့..."
"ဟုတ်တယ်အဖွား...အချိန်မှီမတွေ့ခဲ့ရင်
အဲ့ကလေးကကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ကိုပဲတွေးတော့မှာ...အဓိကအချက်ကို
အခုမှစပြောမှာပါ...
ပုံရိပ်ကို ဆယ်တန်းအောင်ရင်ဘာဖြစ်ချင်လဲဆိုတာနဲ့..
သူ့ရဲ့ရည်မှန်းချက်အကြောင်းတွေကိုကျွန်တော်ခဏခဏမေးခဲ့ပေမဲ့...
သူတစ်ခါမှရေရေရာရာပြန်မဖြေခဲ့ဘူး...
ဒါပေမဲ့ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်က...
သူကျွန်တော့်ကိုရှေ့နေဖြစ်ချင်တယ်လို့
ပြောခဲ့တယ်...အဲ့လိုပြောနေတဲ့အချိန်မှာ
ဖြစ်လာတဲ့သူ့ရဲ့စိတ်အားထက်သန်မှုတွေကို ကျွန်တော်အရင်ကတစ်ခါမှ မမြင်ခဲ့ဖူးဘူး...
သူ့မျက်လုံးတွေကအရောင်တွေ တောက်နေသလိုပါပဲ...သူတကယ်ပဲ ဥပဒေပညာရပ်ကို သင်ချင်မှန်းရင်ဖွင့်ခဲ့ပြီး...အကြောင်းပြချက်လည်း
သူ့မှာရှိနေခဲ့တယ်..."
"ဘာအကြောင်းပြချက်လဲ...."
စိတ်၀င်တစားနှင့် ဝှီးချဲလ်ကိုဘီးလှိမ့်ကာ
အနားကပ်လာသော အဖွားကိုကြည့်၍
နေမျိုးလည်းကျေနပ်စွာပြုံးလိုက်မိလေသည်။
"အဖွားမသိသေးတဲ့ အကြောင်းအရာတွေထဲက
တစ်ခုကို ပြောရရင်တော့ပုံရိပ်ကအိမ်တွင်းအကြမ်းဖက်ခံခဲ့ရဖူးတယ်...အဲ့ဒါကလည်းသူမန္တလေးကိုလာချင်ခဲ့တဲ့ အကြောင်းပြချက်တစ်ခုပဲ...."
"အိမ်တွင်း အကြမ်းဖက်ခံရတယ်...ဟုတ်လား..."
"ဟုတ်ပါတယ်...စိတ်တော့မကောင်းပေမဲ့
အဖွားသိအောင် ပြန်ပြောပြချင်ပါတယ်...
အဲ့ဒီ့နေ့ကစာမေးပွဲရက်ကြီးပါ...
သူ့အဒေါ်ပြောပြပုံအရ...သူ့အဒေါ်ရဲ့ယောက်ျား
ဦးသက်ဆွေက မိန်းမဖြစ်သူကိုရိုက်နှက်ပြီး
ကလေးတွေကိုပါ ကိုယ်ထိလက်ရောက်လုပ်လာလို့ ပုံရိပ်က၀င်ပါတော့ အိမ်ထဲကိုဆွဲခေါ်ပြီး
ချောင်ပိတ်ရိုက်ခဲ့ပါတယ်တဲ့..
ကျွန်တော်ရောက်သွားတော့
ပုံရိပ်ရဲ့ မျက်နှာတွေမှာ ဖူးယောင်နေတဲ့ဒဏ်ရာတွေတွေ့ခဲ့ရတယ်...
ဦးသက်ဆွေလည်းအချုပ်ကျခဲ့ပါတယ်....
အဲ့လူကိုမကျေနပ်ပေမဲ့သူ့အဒေါ်ကိုယ်တိုင်က
အမှုကိုလိုက်နိုင်တဲ့အင်အားမရှိလို့ ပိတ်လိုက်တာနဲ့ ကျွန်တော်လည်းကာယကံရှင်၍ဆန္ဒမပါပဲ
၀င်မပါဖြစ်တော့ဘူး....
..အဲ့တည်းကပုံရိပ်ကမန္တလေးကို ပြန်မယ်ပဲပြောနေခဲ့တာပါ...အခုချိန်အထိအဲ့ဒီ့ကိစ္စကို
သူမမေ့သေးတာသေချာတယ်...
ဒါကြောင့်သူ့ရှေ့နေဖြစ်ချင်ပါတယ်တဲ့....
သူ့လိုပဲခံစားခဲ့ရတဲ့လူတွေကို ကူညီပေးချင်တယ်လို့ပြောပါတယ်...
ကျွန်တော်ကတော့သူဖြစ်ချင်တာလေးကိုလည်း ဖြည့်ဆည်းပေးစေချင်ပါတယ်...
..ဒီကလေးကသူ့ဘ၀မှာ သူ့အတွက်သီးသန့်
လိုချင်တယ်၊ဖြစ်ချင်တယ်လို့ ပြောတာအရမ်းရှားတဲ့ကလေးပါ...နောက်ပြီးသူကရင်ထဲမှာပဲမျိုသိပ်ထားတတ်ပြီး..အပြင်ကိုထုတ်မပြတတ်တဲ့
ကလေးဖြစ်လို့..အဖွားရဲ့ဆန္ဒတွေကိုလည်း
သူငြင်းဆန်မှာမဟုတ်ပါဘူး...
အဖွားအနေနဲ့ကိုယ်ဖြစ်စေချင်တာလေးကို
လုပ်ခိုင်းဖို့တိုက်တွန်းရင်းနဲ့ သူစိတ်အားထက်သန်နေတာလေးကိုလည်း ခွင့်ပြုစေချင်ပါတယ်....."
သူ့စကားအဆုံးမှာ ဒေါ်ရိပ်ညို၏ အမြဲတမ်းမာထန်နေတတ်သော မျက်နှာသည် ချက်ချင်းမှိုင်ကျသွားခဲ့ လေသည်။
သူ၏ ပါးပြင်ပေါ်သို့လည်း မျက်ရည်တွေ
ကျဆင်းလာခဲ့သည်။
အမြဲတမ်း စိတ်ကိုတင်းထားတတ်သောကြောင့် တော်ရုံကိစ္စက သူ့ကိုစိတ်မလှုပ်ရှားနိုင်စေပေမဲ့
ချစ်မြေးမလေး၏ အတိတ်တွေကိုကြားလိုက်ရတော့ ရင်နှင့်မဆန့်အောင် ၀မ်းနည်းရသည်။
အငယ်ဆုံးသားလေးကို အဝေးမှာပစ်ထားခဲ့ပြီး မြေးလေးကိုတစ်ခါမှ သွားမကြည့်ခဲ့မိသော
ကိုယ့်အပြစ်တွေကို ပြန်၍သံဝေဃရနေမိသည်။
ဒီကလေးဟာ ဘယ်လောက်တောင်မျိုသိပ်ထားတတ်သလဲဆိုရင် ဒီလိုဖြစ်ရပ်ဆိုးတွေကြုံခဲ့ရတာ
ကိုတောင် ဒီကောင်လေးပြောမှသိလိုက်ရခြင်းပင်။
"အော်....ငါဖြစ်စေချင်တာပဲတစ်လျှောက်လုံး
ဖိအားပေးနေခဲ့မိတာပဲ...သူလေးဘာဖြစ်ချင်သလဲလို့ ငါမေးဖို့ကိုမေ့နေခဲ့တာမဟုတ်ပဲ...
တမင်မေ့ထားမိခဲ့တယ်..."
🌹🌹🌹🌹🌹🌹🌹🌹🌹
အန်တီယဉ်တင့်နှင့်တကွ မိစုအပါအ၀င်ပုံရိပ်တို့
သုံးဦးသည် လှေကား၏အခြေရင်းမှာ
အကျအနထိုင်လျှက်နှင့်ပင် ဧည့်ခန်း၏တံခါး၀
အနားကို လှမ်း၍ကြည့်နေမိကြလေသည်။
စိတ်လှုပ်ရှားလွန်းလို့ နှလုံးခုန်နှုန်းတွေပါမြန်လာပြီး နှလုံးရောဂါတောင်ရချင်နေလေပြီ။
"အန်တီယဉ်တင့်...အဖွားနဲ့ဆရာတို့နှစ်ယောက် စကားတော့မများလောက်ပါဘူးနော်..."
"တို့လည်းဘယ်သိမှာတုန်း...ညည်းလေးရဲ့အဖွားကအမောက်တထောင်ထောင်နဲ့အဖွားကြီးလေ...
ခွပ်ပြီးမလွှတ်လိုက်ပါစေနဲ့လို့သာ ဆုတောင်းကြ..."
"အန်တီပြောမှပဲ အဖွားကကြက်မကြီးဖြစ်တော့တယ်..."
"ဟဲ့...အော်...ငါကသဘောကိုပြောပြတာပါ...
ဘယ့်နယ်လူကြီးကိုကြက်နဲ့နှိုင်းရတယ်လို့.... "
"မမရေ...ဟိုမှာဧည့်ခန်းထဲကနေထွက်လာကြပြီ..."
ဆရာနှင့်ဖွားညိုတို့နှစ်ယောက် ဧည့်ခန်းထဲမှ
ထွက်လာကြသောအခါတွင် ဆရာသည်ပုံရိပ်ကို
ပြုံးပြနေပြီး ဖွားညိုကတော့မျက်၀န်းတွေက
နီမို့မို့ဖြစ်နေကာ ပုံရိပ်ကိုမော့ကြည့်လာလေသည်။
ပုံရိပ်ကတော့ အဆင်ပြေကြရဲ့လားဆိုတာနှင့်
သူတို့နှစ်ယောက် ဘာတွေပြောကြသလဲပဲ
သိချင်သည်။
"အရိပ်...အဖွားအနားကိုလာပါအုံး...."
အသံတုန်တုန်လေးနှင့် အဖွားကခေါ်နေ၍
အဖွား၏အနားသို့ ကိုယ်ကိုကိုင်းညွှတ်၍
တိုးပေးလိုက်သောအခါ ပုံရိပ်၏ခါးကိုသိုင်းဖက်၍ လက်ကလေးကိုဖျစ်ညှစ်လာလေသည်။လက်မောင်းရင်းကနေအသာဆွဲချကာ ပုံရိပ်၏
ပါးတွေကိုလည်း ကြင်ကြင်နာနာနမ်းနေ၍
ရင်ထဲမှာကြည်နူးလာလေသည်။
"ဖွားကိုခွင့်လွှတ်ပါကွယ်...အရိပ်ကိုတိုးတက်စေချင်လို့အဖွားက ကိုယ့်စိတ်တိုင်းကျစီမံမိတာပါ...
အခုအဖွားဘက်ကနေ မြေးလေးဖြစ်ချင်တာကိုလိုက်လျောပေးပါ့မယ်...ဒါပေမဲ့အဖွားသိပ်ပြီးဘ၀င်မကျတဲ့ဘက်ဖြစ်လို့...နိုင်ငံခြားအထိပို့ပြီး
Inter Lawကိုတော့အဖွားတက်ခိုင်းမှာမဟုတ်ဘူး
...မန္တလေးတက္ကသိုလ်မှာပဲ...ဥပဒေကိုတက်ခွင့်ပေးမယ်.."
"ဟာ....အဖွားတကယ်ပြောတာလား...ဟေး...
ပျော်လိုက်တာ...အန်တီတင့်...မိစု..."
ပုံရိပ်လည်း ထခုန်မိသည်အထိအပျော်ကြီး
ပျော်သွားမိလေသည်။
ဆရာ့ကိုမော့ကြည့်လိုက်တော့ ဆရာကလည်းပြုံး၍ ခေါင်းညိမ့်ပြနေလေသည်။
ကြည့်ရတာ အဖွားကိုဆရာနားချလိုက်ပုံပါပဲ။
"အပျော်မစောပါနဲ့အုံး...မဟာတန်းတက်ဖို့အမှတ်မှီရင်တစ်နှစ်ထပ်တက်ခွင့်ပေးမယ်...
ပြီးတာနဲ့နိုင်ငံခြားမှာအဖွားတက်စေချင်တဲ့ကျောင်းကိုသွားတက်ရမယ်...စစခြင်းတော့အဖွားထောက်ပံ့မယ်..ဒါပေမဲ့နောက်ပိုင်းမှာအလုပ်လုပ်ပြီး...
ကိုယ့်ကျောင်းစရိတ်ကို ကိုယ်ရှာရမယ်...
အဲ့ကနေဘွဲ့တစ်ခုယူပြီး ပြန်လာနိုင်မှ..ဒီဘက်မှာဒီပလိုမာထပ်တက်ခွင့်ပေးမယ်...ဘယ်လိုလဲ...
အစိုးရရှေ့နေတော့လုပ်ခွင့်ပေးမှာမဟုတ်ဘူးနော်..."
"စိတ်ချပါအဖွားရဲ့...သမီးကအဖွားကိုကူပေးပြီး...
အလကားရှေ့နေလိုက်ပေးမှာ..."
"ပြောပုံကိုက...ထမင်းရည်သောက်ပြီးရှေ့နေအငှားလိုက်ပေးမဲ့ရုပ်နဲ့...."
"ဟဲ...ဟဲ....အဖွားကသမီးအကြောင်းကိုသိနေတာပဲ"
သူ့အဖွားကိုဖက်ပြီး ပခုံးပေါ်မေးတင်ကာ
ချွဲနေသောကောင်မလေးက အသဲယားစရာကောင်းလောက်အောင် ချစ်စရာကောင်းနေလေသည်။
ဘယ်လောက်ပင် လူကြီးလေးလိုဟန်ဆောင်နေသော်ငြားလည်း ကလေးဟာကလေးပါပဲ။
"အဖွား...ကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး...လမ်းကြုံလို့၀င်တာဆိုပေမဲ့ တောင်ကြီးကိုအမှီပြန်ချင်လို့ပါ"
"ထမင်းစားမသွားတော့ဘူးလားကွယ်..."
"ဟုတ်ကဲ့...ကျွန်တော်လမ်းမှာစားလာခဲ့ပါတယ်..."
တကယ်တော့ တောင်ကြီးကနေထွက်လာတည်းက
ကားပေါ်မှာလည်း အိပ်၍ပါလာသောကြောင့်
လမ်းမှာရောင်းသောမုန့်တွေကို၀ယ်စားဖို့ လစ်ဟင်းခဲ့သည်။
ပုံရိပ်အတွက်၀ယ်ထားတဲ့ စားစရာလက်ဆောင် လေးတွေပါပေမဲ့ ကလေးမအတွက်ရည်ရွယ်ထား၍ မထိချင်ပေ။
ခုဏက ဧည့်ခန်းထဲကိုလာချပေးသော
လိမ္မော်ရေတစ်ခွက်လုံးကို ကုန်အောင်သောက်ခဲ့ပေမဲ့ အခုထိဆာနေတုန်းပါပဲ။
သူများအိမ်မှာ အကြာကြီးမနေချင်တာရယ်။
ဆက်နေရင် ခွဲခွာရမှာကို နှမျောစိတ်တွေဖြစ်လာနိုင်၍ ငြင်းဖို့ကိုသာရွေးချယ်လိုက်သည်။
"အင်း...ဒီလိုဆိုတော့လည်းဘယ်တတ်နိုင်ပါ့မလဲ...
အရိပ်ရေ...မောင်နေမျိုးကိုအိမ်အရှေ့အထိလိုက်ပို့လိုက်ပါကွယ်...."
"ဟုတ်ကဲ့အဖွား..."
ကောင်လေးငယ်ငယ်လေးတွေနဲ့ဆိုရင် စိတ်မချတတ်သောအဖွားသည် ဆရာနေမျိုးကိုတော့
ခြံအရှေ့အထိ လိုက်ပို့ရန်တိုက်တွန်းနေလေသည်။
ဆရာနဲ့ခင်မင်ပြီးရင် ဆရာ့ကိုလူတိုင်းက နှစ်သက်ကြသည်ဆိုသောအချက်ဟာ တကယ်ကိုလုံး၀မမှားပါလား။
"ဆရာပြောတော့ သူငယ်ချင်းဆီကိုလာတာဆို...
အခုရောသူငယ်ချင်းဆီကိုမပြန်ဘူးလား....
ဒီကျောပိုးအိတ်တစ်လုံးပဲပါတာလားဟင်..
ခရီးထွက်လာတာကလည်း တစ်မျိုးကြီးပဲ..."
ခြံရှေ့ကိုရောက်သည်နှင့် ဆရာ့ကိုအထွန့်တက်ကာ မေးခွန်းထုတ်မိတော့ ဆရာသည် သူ့လက်ဂုတ်ကို
သူပြန်ပွတ်ပြီးမျက်မှောင်ကြီး ကျုံ့သွားလေသည်။
အခုမှ သတိထားမိတာက ဆရာ့မေးစေ့နှင့်
နှုတ်ခမ်းအထက်မှာ နှုတ်ခမ်းမွှေးအရာစိမ်းစိမ်းလေးတွေဖြစ်နေလေသည်။
နှုတ်ခမ်းမွှေးလေးနဲ့လည်း ဆရာကသိပ်ဖြောင့်တာပါပဲ။
"အော်...ပုံရိပ်အတွက်...အမေဇုန်ကနေလှမ်းမှာထားတဲ့စာအုပ်လေးရောက်ရင်..ဒီအိမ်လိပ်စာကိုပဲပို့လိုက်မယ်နော်...ဂုဏ်ထူးငါးဘာသာပါတဲ့အထိန်းအမှတ်အနေနဲ့ပေါ့...."
"ဟာ...တကယ်ကြီးလား...ဘာစာအုပ်လဲဟင်...."
"အခုမပြောပြသေးဘူး...ရောက်လာမှကြည့်လိုက်ပေါ့...အခုလောလောဆယ်တော့..ဆရာ့အိတ်ထဲမှာလက်ဆောင်ပါတယ်..."
"ဟုတ်လား...သမီးကိုပြလေ...ဘာလက်ဆောင်မို့လို့ဖွက်ထားရတာလဲ....အရမ်းသိချင်နေပြီ..."
"အစကတော့ ပေးမလို့ပဲအခုတော့မပေးချင်တော့ပါဘူးကွာ..."
"ဟာ...ဆရာကလည်းမရဘူးနော်...မပေးရင်တော့လုမှာပဲ..."
ကျောပိုးအိတ်ကို နောက်မှာပိုးထား၍
ဆရာ့နောက်ကျောသို့ ရအောင်သွားလိုက်တိုင်းဆရာက ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်ရာ
မရရအောင်လိုက်ဆွဲမိလေသည်။
"ဟား...ဟား...မိပြီကွ..."
"ပုံရိပ်...."
နားအနားမှာကပ်၍ အော်လိုက်သလိုစူးထွက်သွားတာကြောင့် အပေါ်သို့မော့ကြည့်လိုက်သောအခါ
ပုံရိပ်ကိုငုံ့ကြည့်နေသော ဆရာ့မျက်နှာနှင့်နီးကပ်လွန်းနေ၍ သူ၏နှာသီး၀မှ၀င်သက်ထွက်သက်လေနုအေးသည် ပုံရိပ်၏မျက်လုံးနားကို
လာတိုးဝေ့လေရာ မျက်တောင်များအား ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။
ပုံရိပ်၏ ခါးသိမ်သိမ်းလေးကိုရစ်သိုင်းထားသော လက်နွေးနွေးကြီးများသည် အနည်းငယ်ရွေ့လျှားကာ ပုံရိပ်ကိုလဲမသွားအောင် ထိန်းထားပေးနေလေသည်။
လက်မောင်းကိုခပ်လျော့လျော့ ဆုပ်ကိုင်ထားသော
အထိအတွေ့တို့က ပိုမိုတင်းကြပ်သွားသောအခါမှ ဆရာ့နောက်ကျောမှ ကျောပိုးအိတ်ကိုဆွဲထားရင်းနှင့် ရင်ခွင်နှစ်ခုနီးစပ်နေသော အခြေအနေမှသတိ၀င်လာခဲ့လေသည်။
"လဲသွားမှာစိုးလို့...."
ပုံရိပ်၏ညာဘက်လက်မောင်းအိအိလေးကို
ဆရာသည် သူ့ဘယ်ဘက်လက်နှင့်ထိန်းကိုင်ပေးထားရာမှ ခန္ဓာကိုယ်ကို ပြန်တည့်မတ်ရန်တွန်းပေးလိုက်ပြီး အနောက်သို့ခြေတစ်လှမ်းဆုတ်သွားလေသည်။
ဆရာ့မျက်၀န်းတွေက ဂဏှာမငြိမ်ဖြစ်နေသလို
ပုံရိပ်သည်လည်း ရှက်လွန်းလို့နားရွက်တွေတောင် ထူပူကာနီရဲလာလေသည်။
"ရော့...အစားတစ်လုပ်အတွက်နဲ့ချော်လဲအောင်လိုက်လုချင်တဲ့ဟာလေး...ဒီမှာနှမ်းထောင်းခေါပုတ်နဲ့၊တောင်ကြီးဈေးထဲက မနေ့ကမှ၀ယ်ထားတဲ့
စတော်ဘယ်ရီတစ်ဗူး....ဒီစတော်ဘယ်ရီကအရမ်းချိုတယ်နော်..ချဉ်တယ်ထင်မှာစိုးလို့..."
*ဆရာပေးတဲ့အရာတိုင်းက ပုံရိပ်အတွက်တော့အကုန်ချိုပါတယ်...ဒီလူသားဟာပုံရိပ်ကို
ဘယ်တော့မှ...ခါးသပ်တဲ့ခံစားချက်တွေမဖြစ်စေခဲ့ဘူး..ကိုယ့်ကိုသာလက်ဆောင်တွေတစ်ခုပြီးတစ်ခု
ပေးတတ်ပေမဲ့ သူ့ကိုပြန်ပေးရင်တော့
မကြိုက်တတ်ပေ..ဘယ်လိုလူကြီးလဲမသိဘူး...*
ဆရာသည် နှမ်းထောင်းခေါပုတ်ဗူးလေးကို
ပုံရိပ်၏လက်ထဲသို့ ထည့်ပေးပြီး ဖူဂျီဆပ်ပြာဗူးအသေးလေးလိုစတော်ဘယ်ရီတွေအပြည့်ပါလာသော ဗူး၏အဖုံးကိုဖွင့်ကာ
စတော်ဘယ်ရီသီးရဲရဲလေးကို ယူပြလေသည်။
ဆရာ့လက်ထဲ၌ ကိုင်ထားသောစတော်ဘယ်ရီသီးလေးက ပိုချိုသည်ဟုထင်မိသောကြောင့် ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး စတော်ဘယ်ရီဗူးကိုအမြန်ယူကာ ဆရာ့လက်ထဲမှစတော်ဘယ်ရီသီး လေးကို တစ်ကိုက်ကိုက်ပစ်လိုက်သည်။
"ပုံရိပ်...."
"အင်း....တကယ်ချိုတာပဲ...."
နှုတ်ခမ်းကိုဖိကြိတ်ကာ အချိုသာဆုံးပြုံးပြလိုက်ပြီး ခြံထဲသို့ပြန်ပြေး၀င်လာလိုက်သည်။
ဆရာ့လက်ချောင်းလေးတွေနှင့် ကိုင်ထားသော
စတော်ဘယ်ရီသီးလေးကို ကိုက်လိုက်မိသည့်
ကိုယ့်ကိုကိုယ် သတ္တိကောင်းလိုက်တာဟုတွေးရင်းနှင့် လူကလေထဲသို့ မြောက်တက်သွားလောက်အောင်အထိ ရင်ခုန်ကြည်နူးနေမိပြန်သည်။
"ရင်ဘတ်ထဲမှာတောင်မောလာသလိုပဲ...
နှလုံးရောဂါရနေပြီလားမသိဘူးဆေးခန်းသွားပြအုံးမှပဲ..."
ကိုယ့်ဘာသာတွေးပြီး ကိုယ့်ဘာသာသွားကြီးဖြီးပြီး ပြန်ရယ်နေမိပြန်သည်။
ခြံထဲသို့ ၀င်နေပြီးခါမှ ခြံအပြင်သို့ပြန်ချောင်းကြည့်လိုက်တော့ ဆရာကရှိမနေတော့ပေ။
"ဆရာက...ငါ့စိတ်ကိုများသိနေတာလား...
တစ်နေ့ညက စတော်ဘယ်ရီသီးစားချင်လို့
ဖေ့ဘွတ်မှာပုံတင်လိုက်မိတယ်...အဲ့ဒါကိုများတွေ့သွားလို့၀ယ်ထားတာလား..."
🌹🌹🌹🌹🌹
နှလုံးရောဂါ ရကုန်ကြပြီလားမသိဘူး ဆေးခန်းသွားပြကြနော်😀
ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်...
လိုအပ်ချက်လေးတွေရှိနေသေးတာမို့ နားလည်ခွင့်လွှတ်ပေးစေလိုပါတယ်
=========================================================================
🌹ဆူးႀကိဳး(အခန္း၄၉)
"တီ!!!...တီ...တီ..."
ဖုန္းျမည္သံေၾကာင့္ ေမြ့ယာေပၚမွာေမွာက္အိပ္ေနရင္းတန္းလန္း လန႔္ႏိုးသြားေလသည္။ဆံပင္ေတြက ရႈပ္ပြေနကာ သြားရည္ေတြကိုအျမန္သုတ္လိုက္ၿပီး
ေခါင္းအံုးေအာက္တြင္ေရာက္ေနေသာ ဖုန္းကိုမ်က္လံုးမဖြင့္ပဲ အျမန္ကိုင္လိုက္ရသည္။
"ဟယ္လို....ဘယ္သူပါလဲ..."
"ပံုရိပ္..ဆရာပါ..."
"ဟင္..ဆရာေနမ်ိဳးလား..."
ေမွးက်ဉ္းေနေသာ မ်က္လံုးမ်ားသည္ ခ်က္ခ်င္းျပဴးက်ယ္သြားၿပီး ဖုန္းနံပါတ္ကိုအျမန္ျပန္ၾကၫ့္လိုက္ရာ တကယ္ပင္ဆရာေနမ်ိဳးျဖစ္ေနေသည္။
တစ္ေန့တည္းမွာ ႏွစ္ခါေတာင္ဖုန္းျပန္ဆက္တယ္ဆိုေတာ့ ဆရာဖုန္းမွားၿပီးႏိွပ္မိသြားတာမ်ားလား။
"ဆရာ...ေဆာရီးပါေနာ္...အိပ္ခ်င္မူးထူးျဖစ္ေနလို႔....
ဆရာဖုန္းေခၚမွန္းမသိလိုက္ဘူး.."
"ရပါတယ္...အခုပံုရိပ္ၿခံအေရ႔ွကိုထြက္လာခဲ့ေပးလို႔ရမလား...."
"ဟင္...ၿခံေရ႔ွကိုထြက္လာရမယ္....ဘာျဖစ္လို႔လဲဆရာ..."
"ဆရာကပံုရိပ္တို႔ေနတဲ့ ၿခံေရ႔ွကိုေရာက္ေနလို႔ေပါ့...
ပံုရိပ္ဆီကို ဆရာဘာလည္တာပါ...."
"ဘယ္လို..."
ဖုန္းေျပာေနရင္းႏွင့္ပင္ ၾကက္ႀကီးအစာနင္သလို ဆန႔္ငင္ဆန႔္ငင္ႀကီး ျဖစ္သြားသလိုခံစားလိုက္ရသည္။ဆယ္နာရီခဲြေလာက္ကအထိ ဆရာေတာင္ႀကီးမွာ မဟုတ္ဘူးလား။
လက္ပတ္နာရီကိုၾကၫ့္လိုက္မိေတာ့
တစ္နာရီထိုးခါနီးေနေလၿပီ။
ခ်က္ခ်င္းလက္ငင္းႀကီး ဆရာကဘယ္လိုလုပ္မႏၲေလးကို ေရာက္လာရတာပါလိမ့္။
ဟုတ္ပါ့မလား။
"ဆရာ...ခဏေလးေနာ္...သမီးအခုပဲအိမ္ေအာက္ကို ဆင္းလာခဲ့ပါ့မယ္.."
"ေကာင္းပါၿပီ...ဆရာေစာင့္ေနမယ္ေနာ္..."
ေမြ့ယာေပၚမွ အျမန္ေလ်ွာဆင္းခ်လိုက္ၿပီး
အရင္ဆံုးေျပးမိသည္က မွန္တင္ခံုဆီကိုျဖစ္ေလသည္။
အၿမဲတမ္းသပ္သပ္ရက္ရက္ေနတတ္ေသာ
ပံုရိပ္သည္။မနက္တုန္းကကဲ့သို႔ ဂ်င္းေဘာင္းဘီအပြႏွင့္ တီရွပ္အျဖဴေရာင္ကိုပင္ ၀တ္ထားလ်ွက္ရိွေနေသးသည္။အိပ္ထား၍ အ၀တ္အစားေတြကလည္း တြန႔္ေၾကေနကာ ဆံပင္ေတြကပြေလ်ွာင္းေန၍
အျမန္သပ္ခ်လိုက္ရသည္။
"သြားတိုက္ရင္ေကာင္မလား...အျပင္မွာေနပူေနတာဆိုေတာ့ ဆရာေစာင့္ရတာၾကာသြားမွာေပါ့..."
အျပင္ဘက္၀ရံတာသို႔ လွမ္းၾကၫ့္လိုက္ေတာ့
မိုးဖဲြေလးေတာင္ မက်ေတာ့ပဲေနကအသားကုန္ပူေနေလသည္။သြားတိုက္မၫ့္ ဆံုးျဖတ္ခ်က္ကို
ပယ္ျဖတ္လိုက္ၿပီး အခန္းတံခါးကိုျမန္ျမန္ဆဲြဖြင့္ကာ ေအာက္ထပ္သို႔ ေလွကားေတြကိုပါ တဒုန္းဒုန္းျမည္သည္အထိ ေျပးဆင္းေနမိေတာ့သည္။
ဆရာနဲ႔ေတြ့တဲ့အခါတိုင္း ပံုရိပ္၏အျပဳအမူေတြဟာ ၿငိမ္သက္မႈမရိွေတာ့ပဲ ႏွလံုးခုန္သံေတြကအစ
အရိုင္းဆန္ေနတုန္းပါပဲ။၁၅၀၀ဆိုေသာ ခ်စ္ျခင္းႏွင့္ပတ္သတ္လ်ွင္ ပံုရိပ္ဟာတကယ္ကို
ကိုယ့္ကိုကိုယ္ ထိန္းသိမ္းဖို႔ပါ ေမ့ေနတတ္ေလၿပီ။
"ဟဲ့...ပံုရိပ္...ဘယ္သြားမလို႔လဲ...အ၀တ္အစားလည္းမလဲရေသးဘူး...ေခ်ာ္လဲေနပါအံုးမယ္..."
"ၿခံတံခါးသြားဖြင့္မလို႔...."
"ဘယ္သူလာလို႔ သြားဖြင့္မွာလဲ..."
"ရန္ကုန္မွာ သမီးကိုစာသင္ေပးခဲ့တဲ့ဆရာ..."
စကားအမ်ားႀကီးေျပာေနလ်ွင္ ဆရာအၾကာႀကီးေစာင့္ရမည္စိုး၍ အျမန္စကားကိုလက္စသတ္ကာ အိမ္အျပင္သို႔ ေျပးထြက္လာခဲ့လိုက္သည္။
ေလ်ွာက္လမ္းအက်ယ္ႀကီးအတိုင္းေျပးသြားမိေနေသာ ပံုရိပ္သည္ ၿခံတံခါးအနားကိုေရာက္မွ သတိထားမိလိုက္တာကေတာ့ ဖိနပ္ပါမလာခဲ့ေပ။
တဆက္တည္းမွာ ေနပူမိထားေသာ တမံသလင္းေတြက တအားပူေန၍လူကခုန္ဆြခုန္ဆျြဖစ္ခ်င္ေနသည္။
"ဟင္...ဘယ္သူမွလည္းမရိွပါလား...."
ၿခံအျပင္ကိုၾကၫ့္လိုက္ေတာ့ တံခါးအေနာက္မွာမည္သူမ်ွရိွမေနေပ။ကိုင္ထားမိေသာ ဖုန္းကိုျပန္ဖြင့္ၾကၫ့္လိုက္မိေတာ့ ခုဏေလးကမွေခၚထားေသာဖုန္းနံပါတ္သည္ ဆရာ့ဖုန္းနံပါတ္ပါပဲ။
"ဦးေလ...ၿခံေရ႔ွကိုဘယ္သူလာေသးလဲ..."
"ဘယ္သူမွမလာပါဘူးကြယ္...."
"ဟင္...တကယ္ႀကီးလား..."
"မညာပါဘူးကြယ္...တကယ္မလာပါဘူး.."
ဦးေလးႀကီးကိုၾကၫ့္ရတာလည္း ညာေနပံုမေပၚေပ။ဆရာက ပံုရိပ္ကိုလွမ္းစလိုက္တာမ်ိဳးလား။
ပံုရိပ္မွာေတာ့ သြားေတာင္မတိုက္ခဲ့ရသလို
ဖိနပ္စီးဖို႔ေတာင္ ေမ့ခဲ့ရတယ္။
ဆရာ့ကိုေတြ့ရႏိုးႏိုးႏွင့္ တစ္ေယာက္စာ၀င္လို႔ရေသာ တံခါးကိုသာ ဖြင့္လိုက္ၿပီးငိုမဲ့မဲ့ မ်က္ႏွာေလးႏွင့္ ၿခံအျပင္သို႔ထြက္လိုက္မိေလသည္။
"ဆရာ..."
ျမန္မာဆန္ဆန္လည္ကတံုးအျဖဴႏွင့္ပုဆိုးေလးကိုတဲြ၀တ္ထားေသာဆရာသည္ ေက်ာပိုးအိတ္အနက္ေရာင္ေလးကိုလြယ္ကာ ပံုရိပ္တို႔ၿခံအေရ႔ွရိွ
အလွသစ္ပင္တစ္ခုႏွင့္ကြယ္ကာ ရပ္ေစာင့္ေနေလသည္။
ဆရာ့ကိုေတြ့လိုက္တာႏွင့္ ပူက်စ္ေနေသာ
တမံသလင္းမ်ားသည္ ခ်က္ခ်င္းေအးစက္သြားသၫ့္နယ္ အေျပးသြားမိေလသည္။
"ဟာ...ပံုရိပ္...ဖိနပ္လည္းမပါပါလား...."
ဆရာ့အနားသို႔ပံုရိပ္ေရာက္သည္ႏွင့္ ခ်က္ခ်င္းပဲလက္ေကာက္၀တ္ကေလးကိုဆဲြကာ ျမက္ခင္းေလးရိွေသာ ေနရာသို႔တြန္းေပၿပီးရပ္ခိုင္းေလသည္။
ပံုရိပ္ေတာင္ ဖိနပ္မပါမွန္းခ်က္ခ်င္းသတိမရခဲ့ေပမဲ့ ဆရာကခ်က္ခ်င္းမ်က္မွန္းတန္းမိ၍
ေပ်ာ္ရပါသည္။
နည္းနည္းေတာ့လည္း ရွက္မိတာေပါ့ေလ။
ပံုရိပ္၏ပံုစံက ဆရာ့ကိုႀကိဳက္ေနမွန္းအရမ္းသိသာသြားၿပီး တန္ဖိုးမဲ့မွာလည္းစိုးရသည္။
"အခုမွအိပ္ယာက ႏိုးလာတဲ့အတိုင္းပဲကြာ...
ဆံပင္ေလးေတြက ဖြာလံက်ဲေနတာပဲငါးဘာဟာလံုးဂုဏ္ထူးထြက္ေအာင္လုပ္ႏိုင္ခဲ့ၿပီးေတာ့
ဖိနပ္ၾကေတာ့ စီးဖို႔ေမ့ေနခဲ့တယ္ေပါ့...."
"ဟို...ဆရာေနပူထဲမွာတစ္ေယာက္တည္းရပ္ေစာင့္ေနရမွာစိုးလို႔...အျမန္ထြက္လာလိုက္ရင္းဖိနပ္ကိုေမ့သြားတာပါ..."
သြားမတိုက္ခဲ့ရ၍ အာပုပ္ေစာ္နံမွာစိုးေသာေၾကာင့္ ပါးစပ္ကိုလက္ဖဝါးႏွင့္အုပ္ၿပီးမွ ဆရာ့ကိုျပန္ေျပာလိုက္သည္။ဆရာကေတာ့ မ်က္ခံုးတန္းထူထူေလးမ်ား ေျပေလ်ွာ့သြားက ေက်နပ္သြားဟန္ႏွင့္
ပံုရိပ္ကိုႃပံုးျပလာေလသည္။
ပံုရိပ္ကို မူးေမ့ေစႏိုင္ေသာ အဲ့ဒီ့အႃပံုးကိုပံုရိပ္သိပ္ေၾကာက္ပါသည္။
"ဘာလို႔...ပါးစပ္ႀကီးကိုပိတ္ၿပီးေျပာေနရတာလဲ...."
"ဟို....သြားမတိုက္ရေသးလို႔..."
ဆရာ့အေမးေၾကာင့္ ရွက္စိတ္ႏွင့္အတူ ပါးေတြပူတက္လာကာ မ်က္လံုးေလးကိုဟိုၾကၫ့္ဒီၾကၫ့္လုပ္၍ ပါးစပ္ကိုလက္ႏွင့္ပိတ္ကာထပ္ေျဖလိုက္ရသည္။
"ဆရာေစာင့္ေနမွာစိုးလို႔...အိပ္ေနရင္းကေနခ်က္ခ်င္းထလာခဲ့မိတာ...သြားမတိုက္ရေသးဘူး..."
"ဟား..ဟား..ဒီေကာင္မေလးကေတာ့ကြာ..."
ႏႈတ္ခမ္းႏွစ္ခုကိုဖိႀကိတ္ကာ ဗလံုးဗေထြးအသံႀကီးႏွင့္ ေျပာလိုက္မိေတာ့ဆရာကသြားစြယ္ေလးမ်ားေပၚသည္အထိ သေဘာတက်ထရယ္လိုက္ေလသည္။
ဆရာကရယ္ေလ ပံုရိပ္ကပိုရွက္ေလပါပဲ။
ရယ္ေနရင္းႏွင့္ ဆရာသည္ ပံုရိပ္အနားသို႔
ေျခတစ္လွမ္းတိုးရပ္လိုက္ကာ ပံုရိပ္၏ၪီးေခါင္းဆီသို႔ လက္ဆန႔္တန္းလိုက္ၿပီးမွ သူ႔လည္ဂုတ္ကိုသူျပန္ပြတ္ေနေလေတာ့သည္။
ဒီေန့ဆရာထူးဆန္းေနသလိုပဲ။
"ေနာက္တစ္ခါ...ဘာပဲလုပ္လုပ္...စိတ္ေအးေအးထားၿပီးကိုယ္လုပ္စရာရိွတာကိုလုပ္လိုက္ပါ...
ဆရာကမေလာတတ္ပါဘူး...ပံုရိပ္ကိုအၿမဲေစာင့္ေနေပးမွာပါ....ဘာေၾကာင့္လဲဆိုရင္...ပံုရိပ္က
ဆရာ့ဆီကိုေရာက္လာမယ္ဆိုတာ ေသခ်ာေပါက္သိေနလို႔ပဲ...ဆရာ့အတြက္နဲ႔အလွမပ်က္ေစနဲ႔ေနာ္...."
ပံုရိပ္ႏွင့္ မ်က္၀န္းအၾကၫ့္ခ်င္းဆံု၍ ၾကည္လင္ေနေသာအသံဩဩႀကီးသည္ ႏူးႏူးညံ့ညံ့ေလးျဖစ္ေနေသာအခါ ပါးစပ္ကိုလက္ႏွင့္အုပ္ထားမိရာမွ သေဘာတက်ႃပံုးလိုက္မိေလသည္။
တကယ္ေတာ့ ရင္ထဲမွရယ္ေနမိတာက
ပါးစပ္ႀကီးဟာနားရြက္ကို တက္ခ်ိတ္မိေနပါၿပီ။ႏႈတ္ခမ္းကို အတင္းမရရေအာင္ ေစ့ထားမိကာသက္ျပင္းကိုသာ ဘာမွန္းညာမွန္းမသိခ်လိုက္ရသည္။ရင္ခုန္ရလြန္းလို႔ ရူးႏိုင္ေလာက္ပါရဲ့
ကေဝဆရာႀကီးရယ္။
"ဒါနဲ႔...ဆရာကဘယ္လိုျဖစ္ၿပီး ေတာင္ႀကီးကေနမႏၲေလးကို ခ်က္ခ်င္းေရာက္လာရတာလဲ..."
"ပံုရိပ္ရဲ့အဖြားနဲ႔ေတြ့ဖို႔ေလ..မႏၲေလးကိုသူငယ္ခ်င္းတစ္ေယာက္ဆီကိုလာရင္းနဲ႔..ပံုရိပ္ကငိုၿပီးဖုန္းလွမ္းဆက္ေတာ့ တက္ကူလိုတယ္ထင္လို႔ လာကူေပးတာ...ဆရာ့ကိုပံုရိပ္ရဲ့အဖြားဆီ ေခၚသြားေပးေနာ္.."
"ဟာ...ဒါေတာ့မျဖစ္ဘူးေနာ္....အဖြားကအရမ္းစိတ္ႀကီးတာ...ဆံုးျဖတ္ခ်က္ခ်ၿပီးရင္ျပန္မျပင္တတ္ဖူး..ဆရာ့ကိုနင့္နင့္နာနာေတြ ေျပာလႊတ္လိုက္မွာေၾကာက္တယ္..."
"ျဖစ္သြားတဲ့ရုပ္ေလးကလည္းကြာ...
ဘာကိုေၾကာက္ရမွာလဲပံုရိပ္ရဲ့...
ဆရာ့ကိုယံုထားစမ္းပါ...လာ..သြားၾကရေအာင္..."
ဆရာ့ကိုၿခံတံခါးဖြင့္ေပးလိုက္ၿပီး အိမ္ထဲသို႔ေခၚလာလိုက္ေတာ့ အိမ္ႀကီးကိုတစ္ခ်က္ေဝ့ဝဲၾကၫ့္လိုက္ရင္းမွ ဆရာ့မ်က္ႏွာတစ္ခ်က္ၫွိုးက်သြားတာကို သတိထားလိုက္မိသည္။
"ပံုရိပ္တို႔အဖြားကေတာ္ေတာ္ခ်မ္းသာတာပဲေနာ္...
ဆရာေတာ့အမ်ားႀကီးႀကိဳးစားရေတာ့မွာပဲ...."
ဆရာ့ဘာကိုဆိုလိုခ်င္သလဲဆိုတာ ပံုရိပ္နားမလည္ေပမဲ့ ဆရာသက္ျပင္းရိႈက္လိုက္တာကိုေတာ့ သတိထားလိုက္မိသည္။
ဆရာက ဘာကိုစိတ္ေမာသြားရတာလဲ။
"ပံုရိပ္ေလး...ဒါကဘယ္သူလည္း...."
အန္တီယဉ္တင့္က အႃပံုးမ်က္ႏွာေလးႏွင့္ဆရာ့ကို ႃပံုးျပလိုက္ၿပီး ပံုရိပ္ကိုအံ့ဩသလိုေမးလာေလသည္။
တစ္ခါမွ အိမ္ကိုသူငယ္ခ်င္းေတာင္ေခၚမလာတတ္ေသာပံုရိပ္သည္ ဆရာ့ကိုေခၚလာေတာ့ အံ့ဩသြားတယ္ထင္ပါရဲ့။
"ဒါက...သမီးကိုးတန္းတုန္းက စာျပေပးခဲ့တဲ့ဆရာပါ...ဆရာ့နာမည္ကဆရာေနမ်ိဳးပါ...
ဆရာကေတာင္ႀကီးမွာအလုပ္လုပ္တာပါေဒၚေလး...
မႏၲေလးကို အလည္လာရင္းနဲ႔သမီးဆီကို၀င္လည္တာတဲ့..."
"ဟုတ္ကဲ့...ကၽြန္ေတာ့္နာမည္ေနမ်ိဳးပါ...ကၽြန္ေတာ္ကရန္ကုန္မွာေနတဲ့ပံုရိပ္ရဲ့အေဒၚနဲ႔လည္းရင္းႏွီးပါတယ္...မႏၲေလးကိုေရာက္တုန္းေလး...ပံုရိပ္ဆီကို၀င္လည္တာပါ...ၿပီးေတာ့ပံုရိပ္ရဲ့အဖြားနဲ႔ေတြ့ၿပီး
ပံုရိပ္ရဲ့ေက်ာင္းကိစၥနဲ႔ပတ္သတ္ၿပီး စကားေလးနည္းနည္းေလာက္ ေျပာခ်င္လို႔ပါ..."
"ဘယ္လို...ေမညိုနဲ႔ေက်ာင္းကိစၥမစကားေျပာလို႔ဟုတ္လား...အမယ္ေလးသားရယ္...မနက္ကတင္
အဲ့ကိစၥနဲ႔ပဲ ျပႆနာျဖစ္ထားတာပါ...အခုေနသြားေျပာရင္ ရာဇ၀တ္အိုးကိုတုတ္နဲ႔ထိုးသလိုျဖစ္ေနလိမ့္မယ္...ေမညို႔ရဲ့အေၾကာင္းကိုအန္တီကအသိဆံုးပဲ
...ေမညိုကသူဒါဆိုရင္ဒါလိုက္မွႀကိဳက္တာကဲြ႔....
ေတာ္ၾကာမင္းကိုပက္ပက္စက္စက္ေျပာလႊတ္လိုက္လို႔ အားနာစရာေတျြဖစ္ကုန္ပါအံုးကမယ္ကြယ္...
ပံုရိပ္ကလည္း မေျပာထားဘူးလား...."
"သမီးေျပာပါတယ္...ဒါေပမဲ့ဆရာ..."
"ပံုရိပ္ကို အျပစ္မတင္ပါနဲ႔အန္တီမ...မနက္ကသူ႔ကိုေအာင္စာရင္းေမးရင္းနဲ႔...အေၾကာင္းအရင္းကို
သိလိုက္ရတာပါ...ကၽြန္ေတာ့္ကိုစိတ္မပူပါနဲ႔အန္တီ...
အသက္ႀကီးတဲ့သူရဲ့စကားက ၾကားမေကာင္းရင္ေတာင္ စိတ္ထဲမွာမထားတတ္ပါဘူး...ပံုရိပ္ရဲ့အဖြားနဲ႔သာ ေတြ့ခြင့္ေပးပါ..."
"တင့္တင့္...အဲ့ဒါကဘယ္သူလဲ...."
"ဖြား......"
ဘီးတပ္ကုလားထိုင္ကိုလက္ႏွင့္တြန္း၍ တေရြ့ေရြ့လာေနေသာအဖြားကို ပံုရိပ္တို႔အားလံုးလွၫ့္ၾကၫ့္လိုက္မိေလသည္။အသံကအစ မာထန္ေနကာျမန္မာ၀တ္စံုရင္ဖံုးႏွင့္လံုခ်ည္ကို ၀တ္ဆင္ထားေသာအဖြားသည္ ဆရာ့ကိုျမင္လိုက္ေတာ့
မ်က္ေမွာင္ႄကံု႔၍ စူးစမ္းသလိုၾကၫ့္ေနေလသည္။
ပံုရိပ္ကိုလည္း မယံုသကၤာမ်က္လံုးမ်ားႏွင့္
ၾကၫ့္လာ၍ အန္တီယဉ္တင့္ကိုအကူအညီ
ေတာင္းသလို လွမ္းၾကၫ့္လိုက္ၿပီး ေခါင္းကိုသာငံု႔ထားလိုက္မိသည္။
"ေမညို...ဒါကပံုရိပ္ကိုကိုးတန္းတုန္းကစာသင္ခဲ့တဲ့ဆရာတဲ့..မႏၲေလးကိုအလည္လာရင္းနဲ႔ပံုရိပ္ဆီကို၀င္လည္တာပါ..."
"မင္းရဲ့နာမည္...ဘယ္လိုေခၚလဲ..."
"ကၽြန္ေတာ့နာမည္ေနမ်ိဳးပါအဖြား...."
"မင္းကိုၾကၫ့္ရတာ ေတာ္ေတာ္ငယ္မဲ့ပံုပဲ...အသက္ဘယ္ေလာက္ရိွၿပီလဲ..."
"ႏွစ္ဆယ့္ေလးႏွစ္ေက်ာ္ပါၿပီ....မၾကာခင္ႏွစ္ဆယ့္ငါးႏွစ္ျပၫ့္ေတာ့မွာပါ..."
"အင္း...ထင္တဲ့အတိုင္း...အရမ္းငယ္လြန္းတယ္..."
ေမညိုတို႔ကေတာ့ ဆရာငယ္ငယ္ေလးဆိုတာနဲ႔မ်က္ႏွာက တစ္မ်ိဳးေျပာင္းသြားေလသည္။
ပံုရိပ္ကိုဆိုရင္ ဘယ္ေယာက္်ားေလးနဲ႔မွမၿငိေစခ်င္လို႔ စႏၵယားဆရာကိုေတာင္ အသက္ႀကီးတဲ့လူေျပာင္းခဲ့ေလသည္။အခုလည္း ေနမ်ိဳးဆိုတဲ့ေကာင္ေလးကိုတစ္လွၫ့္ ပံုရိပ္ကိုတစ္လွၫ့္ၾကၫ့္ၿပီး သံသယမ်က္လံုးေတြနဲ႔ စိုးရိမ္ေနပံုကို
ေဘးလူျဖစ္ေသာတင့္တင့္ပါ ျမင္ေနရေလသည္။
"အင္း...အရိပ္ရဲ့ဆရာဆိုေတာ့...လာတုန္းေလးဧၫ့္၀တ္ေက်ေအာင္ေနပါယဉ္တင့္..ေကာင္ေလးကို
ေန့လည္စာပါ ကၽြေးလိုက္ပါ..."
"ရပါတယ္အဖြား...ကၽြန္ေတာ္ကအခ်ိန္ရရင္
ေတာင္ႀကီးကို တန္းျပန္ေတာ့မွာပါ...အခုလာတာကအဖြားနဲ႔စကားေလးနည္းနည္းေလာက္ ေျပာခ်င္လို႔ပါ...
ပံုရိပ္နဲ႔ပတ္သတ္ၿပီး ကၽြန္ေတာ္ေဆြးေနြးခ်င္တာေလးရိွေနလို႔ပါ...အဖြားနဲ႔ကၽြန္ေတာ္ႏွစ္ေယာက္တည္း ေအးေဆးစကားေျပာလို႔ရမလား..."
ေလသံကို ရိုေသသမႈႏွင့္ ႏိွမ့္ခ်လိုက္ၿပီး ေဖာ္ေရြစြာႃပံုး၍ ေျပာေနေသာေၾကာင့္ ေဒၚရိပ္ညိုသည္ ေသခ်ာအကဲခတ္လိုက္ကာ ေခါင့္ၿငိမ့္ျပလိုက္ေလသည္။
ေဒၚယဉ္တင့္ႏွင့္ပံုရိပ္ကေတာ့ ဧၫ့္ခန္းထဲသို႔သြားေနေသာ ဆရာႏွင့္ေဒၚရိပ္ညိုကိုၾကၫ့္ၿပီး ရင္တမမႏွင့္တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျပန္ၾကၫ့္၍ ပူပန္ေနၾကေလေတာ့သည္။
ဆရာေနမ်ိဳးကိုၾကၫ့္ေနေသာ ဖြားညို၏မ်က္ႏွာကတင္းမာလြန္းေနေသာေၾကာင့္
ပို၍ရင္ေမာရေလသည္။
ဆရာ့ကို မတူသလိုမတန္သလိုေျပာဆိုလႊတ္လိုက္မွာကိုလည္း စိုးရိမ္မိပါသည္။
🌹🌹🌹🌹🌹🌹🌹🌹
"ေမာင္ရင္ေျပာမယ္ဆိုတာဘာလဲ...
ပြင့္ပြင့္လင္းလင္းေျပာလို႔ရပါတယ္...
ႏွစ္ေယာက္တည္းသီးသန႔္ေျပာခ်င္တယ္ဆိုေတာ့ အျခားသူေတြသိလို႔မရတဲ့သေဘာလား..."
ေဒၚရိပ္ညိုက စကားစလာေတာ့ေနမ်ိဳးလည္း အႃပံုးႏွင့္သာျပန္တုန႔္ျပန္လိုက္ၿပီး ေခါင္းညိမ့္ကာ
ဆက္တီေပၚတြင္ ထိုင္လိုက္ေလသည္။
မၾကာခင္မွာပဲ ပံုရိပ္သည္လိမၼော္ရည္ဗန္းေလးႏွင့္ ဧၫ့္ခန္းထဲသို႔ ၀င္လာၿပီးသူ႔ကိုစိုးရိမ္စြာၾကၫ့္လာေသာေၾကာင့္ ကေလးမကိုစိတ္မပူေစရန္
ေခါင္းခါျပလိုက္မိသည္။
ေကာင္မေလးကေတာ့ မ်က္ႏွာေလးမေကာင္းစြာႏွင့္ သူ႔အဖြားကို တစ္ခ်က္ၾကၫ့္ၿပီး ေခါင္းေလးငံု႔ကာ လင္ဗန္းေလးကိုမ၍ ျပန္ထြက္သြားေလသည္။
ထိုအခ်င္းအရာကို စူးစိုက္ၾကၫ့္၍ေဝဖန္အကဲခတ္ေနသူကေတာ့ ေဒၚရိပ္ညိုပင္ျဖစ္သည္။
ပံုရိပ္သည္ အိမ္ကိုသူစိမ္းေယာက္်ားေလးအလည္ေခၚေလ့မရိွေသာေၾကာင့္ သူ႔အတြက္ပို၍ထူးဆန္းေနျခင္းျဖစ္သည္။
ဒီေကာင္ေလးဟာ ပံုရိပ္နဲ႔ထူးျခားတဲ့ဆက္ဆံေရးရိွသည္ဟုလည္း စိတ္ထဲမွာထင္ေနမိ၍ ရင္ေလးေနမိသည္။
"ေနမ်ိဳးဟုတ္တယ္ေနာ္...ေမာင္ရင္ေျပာခ်င္တာကို
ျမန္ျမန္ေျပာေပးပါ..."
"ဟုတ္ကဲ့...မနက္တုန္းကပံုရိပ္နဲ႔ကၽြန္ေတာ္စကားေျပာျဖစ္ပါတယ္...စာေမးပဲြရလဒ္ကိစၥေပါ့...
စကားေျပာေနရင္းနဲ႔ ပံုရိပ္ကငိုလာလို႔...ကၽြန္ေတာ္စိုးရိမ္သြားခဲ့တယ္...အဖြားကသူ႔ကိုဥပေဒေမဂ်ာ
မယူခိုင္းလို႔ဆိုၿပီး ေျပာျပပါတယ္..."
"အဲ့ဒီ့ကိစၥဆိုရင္ေတာ့ မင္းျပန္လိုက္ေတာ့
ေကာင္ေလး...တို႔ကအရိပ္ကို ႏိုင္ငံျခားမွာစီးပြားေရးနဲ႔ပတ္သတ္ၿပီး ေလ့လာခိုင္းမွာ...ဥပေဒဆိုတာက
ဒီႏိုင္ငံမွာ..ကိုယ္ခ်ယ္လွယ္ခ်င္တိုင္း ခ်ယ္လွယ္လို႔
ရတာမဟုတ္ဘူး...
ေနာက္ၿပီးအရိပ္ရဲ့အေၾကာင္းကိုအဖြားအသိဆံုးပဲ...သူကတစ္ခုခုကိုလုပ္ၿပီဆိုရင္ အဆံုးထိလုပ္တတ္တဲ့စိတ္ရိွတယ္...ေရ႔ွေနဘက္မွာစိတ္ႏွစ္ၿပီးရင္ သူ႔ကိုျပန္ဆဲြထုတ္ဖို႔ခက္လိမ့္မယ္....
သူကမင္းရဲ့တပၫ့္မို႔ သူ႔ဘက္ကေနကူၿပီးမေျပာေပးပါနဲ႔ တို႔ကသူ႔ရဲ့အဖြားပါ...သူေကာင္းဖို႔အတြက္ပဲ အၿမဲဦးတည္ၿပီးစဉ္းစားထားတာပါ..."
"ဟုတ္ပါတယ္...ကၽြန္ေတာ္အဖြားကိုနားလည္ပါတယ္...ဘာေၾကာင့္လည္းဆိုရင္အဖြားျဖစ္ေစခ်င္တဲ့အရာေတြအားလံုးကလည္း ပံုရိပ္အတြက္အက်ိဳးယုတ္ေစမဲ့အရာေတြမွ မဟုတ္ပဲ...ဒါေပမဲ့
သူလုပ္ခ်င္တာေလးကိုလည္း လုပ္ခြင့္ေပးၿပီးမွ...
အဖြားျဖစ္ေစခ်င္သလိုလည္း တျဖည္းျဖည္းပံုသြင္းေစခ်င္တာပါ..."
"မင္းေျပာခ်င္တာက သူ႔ကိုအရင္Lawတက္ခိုင္းၿပီးမွႏိုင္ငံျခားကိုလြတ္..အဲ့လိုလား...အဲ့ဒါဆိုရင္
သူ႔အတြက္အခ်ိန္အမ်ားႀကီးပုပ္ကုန္မွာေပါ့..."
"သူကအသက္ငယ္ငယ္ေလးရိွေသးတာပဲ
အဖြားရယ္..."
"အို...ငယ္တာေတြႀကီးတာေတြနားမလည္ဘူး..
ဥပေဒက၅ႏွစ္တက္ရမွာေလ...ၿပီးရင္မဟာတန္းေတြဒီပလိုမာေတြဆက္တက္ခ်င္တယ္ဆိုရင္ ဘယ္လိုလုပ္ပါ့မလဲ...အသက္၂၃ႏွစ္ေလာက္မွႏိုင္ငံျခားကိုသြားၿပီး ငါေသမွသူျပန္လာရလိမ့္မယ္သိရဲ့လား...
ငါ့အသက္က၇၀ေက်ာ္ၿပီ...ငါၾကာၾကာေနရေတာ့မွာ မဟုတ္မွန္းငါ့ကိုယ္ငါလည္းသိတယ္...
သူ႔အတြက္ အခ်ိန္အမ်ားႀကီးရိွေပမဲ့ငါ့အတြက္အခ်ိန္မရိွဘူး...အဲ့ဒါကိုေတာ့မင္းတို႔အားလံုး
လစ္လ်ွူရႈရက္ၾကတာလား..."
ေနမ်ိဳးလည္း မ်က္ရည္မ်ားဝဲတက္လာေသာ
အဖြားကို သနားမိေလသည္။
ဒါေပမဲ့ ႀကိဳမျမင္ႏိုင္တဲ့ကိစၥေတြကို ေတြးပူၿပီး
လူတစ္ေယာက္ကို သူ႔စိတ္ဆႏၵအတိုင္း
ရွင္သန္ခြင့္မေပးတာဟာ ေကာင္းတဲ့အရာမွမဟုတ္ပဲ။
သူ႔အတြက္လို႔ ေျပာေနေပမဲ့ အဲ့ဒီလူမေပ်ာ္တာကို ဇြတ္လုပ္ေနရင္ဒါဟာ ကိုယ့္အတၲအတြက္
ျဖစ္သြားၿပီ။
"ကၽြန္ေတာ္နဲ႔ပံုရိပ္စေတြ့တုန္းက ဘုန္းႀကီးေက်ာင္းတစ္ခုမွာပါ...ပြင့္ပြင့္လင္းလင္းေျပာရရင္..
ကၽြန္ေတာ္ကဘုန္းႀကီးေက်ာင္းသားတစ္ေယာက္ပါ...ကၽြန္ေတာ့္ရဲ့ေမြးစားမိဘေတြဆံုးသြားလို႔ အသက္၁၃ႏွစ္အရြယ္ေလာက္တည္းက
ဘုန္းႀကီးကေခၚၿပီး ေမြးစားခဲ့တာပါ...
မိုးေတြအရမ္းရြာတဲ့ ညတစ္ညမွာဘုန္းႀကီးေက်ာင္းရဲ့ ဘုရားရင္ျပင္ေပၚမွာ လူတစ္ေယာက္လာထိုင္ေနတယ္ဆိုၿပီး ဦးဇင္းတစ္ပါးကလာေျပာလို႔ ကၽြန္ေတာ္တို႔ ရင္ျပင္ေပၚအထိသြားၾကၫ့္ခဲ့ၾကတယ္..ဘုရားရင္ျပင္ေပၚလည္းေရာက္ေရာ ေကာင္မေလးတစ္ေယာက္က မိုးေရေတြစိုရႊဲၿပီး
မ်က္ႏွာကအေအးပက္ထားလို႔ ေသြးေတာင္မရိွေတာ့သလိုပဲ...ငုတ္တုတ္ေလးထိုင္ေနခဲ့တယ္...
အဲ့ဒီ့ေကာင္မေလးကို ဘယ္သူလို႔ထင္သလဲ...."
"ပံုရိပ္လား...."
"ဟုတ္တယ္...."
သူ၀န္ခံလိုက္ေတာ့ အဖြားသည္သူ႔ရင္ဘတ္ကို
လက္ႏွင့္ဖိလိုက္ကာ ထိတ္လန႔္သြားေလသည္။
ဘယ္ယံုၾကည္ႏိုင္ပါ့မလဲ။
ဒီလို အိမ္ႀကီးထဲမွာအရမ္းခ်မ္းသာတဲ့
အဖြားႀကီးတစ္ေယာက္၏ မတို႔ရက္မထိရက္စရာလွလြန္းေန ေျမးမေလးဟာ ဒီလိုအျဖစ္မ်ိဳးေတြနဲ႔ႄကံုခဲ့ပါတယ္ဆိုရင္ ဘယ္ယံုခ်င္ၾကပါ့မလဲ။
"အဲ့ဒီ့ေန့က....ကၽြန္ေတာ္သူ႔ကိုေမးၾကၫ့္ေတာ့
အိမ္မွာ မေတြ့ခ်င္တဲ့လူရိွလို႔ဆိုၿပီးေျပာတယ္....
သူ႔အေဒၚလာၿပီးေခၚေတာ့မွ သိလိုက္ရတယ္..
သူ႔အေဒၚရဲ့ေယာက္်ားနဲ႔ျပႆနာတတ္ၿပီး
အိမ္ကိုမျပန္ခ်င္ေတာ့တာဆိုတာပါ...
ဒီကေလးမကေလ..
အျခားသူေတြ သူ႔ေၾကာင့္စိတ္မပင္ပန္းေစခ်င္ဘူး..
တစ္ခုခုခံစားရလည္း အျပင္ကိုေတာ္ရံုထုတ္ျပေလ့မရိွဘူး..
သူ႔ေၾကာင့္အျခားသူေတြပါစိတ္ဆင္းရမွာ
သိပ္စိုးရိမ္တဲ့ကေလးပါ..
ဒါေၾကာင့္..ေက်ာင္းမွာအႏိွမ္ခံရတာေတြကိုလည္း သူ႔အေဒၚကိုျပန္မေျပာသလို...
ဘာဆိုဘာမွအေဒၚကိုျပန္အပူမတိုက္တတ္တဲ့ကေလးပါ....အက်ိဳးဆက္ကေတာ့...
ေက်ာင္းမွာအေပါင္းအသင္းမဲ့လာတယ္...
ေက်ာင္းမွာအတန္းေဖာ္ေတြက သူနဲ႔မေပါင္းခ်င္တာေၾကာင့္ျပႆနာျဖစ္လာတယ္...ဆရာမေတြရဲ့အျပစ္ေပးတာကိုခဏခဏခံရလာတယ္...
ဒါေပမဲ့သူ႔အေဒၚကို သူျဖစ္တဲ့ကိစၥေတြကို တစ္ခါမျွပန္မေျပာျပခဲ့ဘူး..
ဘာေၾကာင့္ကၽြန္ေတာ္က ဒါေတြကိုသိတာလည္းဆိုေတာ့ ေက်ာင္းကိုကၽြန္ေတာ္သြားရင္
ကၽြန္ေတာ့္အသိဆရာမေတြနဲ႔ သူ႔အတန္းပိုင္ကိုေမးၾကၫ့္လို႔သိရတာပါ...."
ေနမ်ိဳး၏စကားကို နားေထာင္ၿပီးေနာက္မွာ
ေဒၚရိပ္ညို၏ ရင္ထဲ၀ယ္အင္မတန္ေလးလံသြားေလသည္။
ပံုရိပ္ကေလးသည္ ကိုယ့္ဆီကိုေရာက္လာတဲ့အခ်ိန္မွာ အင္မတန္လိမၼာၿပီး တအားႀကိဳးစားတာေၾကာင့္
ေနာက္ကြယ္မွာ ဒီလိုေတျြဖစ္ပ်က္ခဲ့မွန္းတကယ္ကို
မသိခဲ့တာပါ။သနားလိုက္တာ ကေလးရယ္။
"အဖြားသိတဲ့အတိုင္းပဲ ပံုရိပ္ရဲ့အေဒၚကဆင္းရဲတယ္...ဒါေပမဲ့သူ႔ကေလးႏွစ္ေယာက္အပါအ၀င္
ပံုရိပ္ကိုပါ ပညာတတ္ႀကီးသိပ္ျဖစ္ေစခ်င္ခဲ့တာ..
ဒါေၾကာင့္လည္း အလုပ္မ်ိဳးစံုလုပ္ၿပီးကေလးသံုးေယာက္ကို မရရေအာင္ရုန္းကန္ရင္းေက်ာင္းထားေပးခဲ့တယ္...ပံုရိပ္ကသူ႔အေဒၚကိုမၾကည့္ရက္ေတာ့လို႔ ထင္ပါတယ္...ေဆာက္လုပ္ေရးဆိုက္ထဲမွာ အလုပ္ၾကမ္းေတာင္လိုက္လုပ္ခဲ့ေသးတယ္...."
"အမေလး..တကယ္လား...ငါ့ေျမးေလးက
တကယ္ပဲအလုပ္ၾကမ္းလုပ္ခဲ့တာလား...."
"ဟုတ္ပါတယ္....ျဖစ္ခ်င္ေတာ့သူအလုပ္လုပ္တဲ့ဆိုက္မွာ ကၽြန္ေတာ့္သူငယ္ခ်င္းကအင္ဂ်င္နီယာအျဖစ္ တာ၀န္ယူေပးေနတာပါ...သူ႔ဆီကိုသြားလည္ရင္းနဲ႔ ပံုရိပ္ကိုေတြ့ေတြ့ခ်င္း ကၽြန္ေတာ္အိမ္ကိုအခ်ိန္မွီ ျပန္ပို႔ေပးခဲ့ပါတယ္..."
"မင္းနဲ႔ေတြ့လို႔ ေတာ္ေသးတာေပါ့..."
"ဟုတ္တယ္အဖြား...အခ်ိန္မွီမေတြ့ခဲ့ရင္
အဲ့ကေလးကေက်ာင္းထြက္ၿပီး အလုပ္လုပ္ဖို႔ကိုပဲေတြးေတာ့မွာ...အဓိကအခ်က္ကို
အခုမွစေျပာမွာပါ...
ပံုရိပ္ကို ဆယ္တန္းေအာင္ရင္ဘာျဖစ္ခ်င္လဲဆိုတာနဲ႔..
သူ႔ရဲ့ရည္မွန္းခ်က္အေၾကာင္းေတြကိုကၽြန္ေတာ္ခဏခဏေမးခဲ့ေပမဲ့...
သူတစ္ခါမွေရေရရာရာျပန္မေျဖခဲ့ဘူး...
ဒါေပမဲ့ၿပီးခဲ့တဲ့ သႀကၤန္ပိတ္ရက္က...
သူကၽြန္ေတာ့္ကိုေရ႔ွေနျဖစ္ခ်င္တယ္လို႔
ေျပာခဲ့တယ္...အဲ့လိုေျပာေနတဲ့အခ်ိန္မွာ
ျဖစ္လာတဲ့သူ႔ရဲ့စိတ္အားထက္သန္မႈေတြကို ကၽြန္ေတာ္အရင္ကတစ္ခါမွ မျမင္ခဲ့ဖူးဘူး...
သူ႔မ်က္လံုးေတြကအေရာင္ေတြ ေတာက္ေနသလိုပါပဲ...သူတကယ္ပဲ ဥပေဒပညာရပ္ကို သင္ခ်င္မွန္းရင္ဖြင့္ခဲ့ၿပီး...အေၾကာင္းျပခ်က္လည္း
သူ႔မွာရိွေနခဲ့တယ္..."
"ဘာအေၾကာင္းျပခ်က္လဲ...."
စိတ္၀င္တစားႏွင့္ ဝွီးခ်ဲလ္ကိုဘီးလိွမ့္ကာ
အနားကပ္လာေသာ အဖြားကိုၾကၫ့္၍
ေနမ်ိဳးလည္းေက်နပ္စြာႃပံုးလိုက္မိေလသည္။
"အဖြားမသိေသးတဲ့ အေၾကာင္းအရာေတြထဲက
တစ္ခုကို ေျပာရရင္ေတာ့ပံုရိပ္ကအိမ္တြင္းအၾကမ္းဖက္ခံခဲ့ရဖူးတယ္...အဲ့ဒါကလည္းသူမႏၲေလးကိုလာခ်င္ခဲ့တဲ့ အေၾကာင္းျပခ်က္တစ္ခုပဲ...."
"အိမ္တြင္း အၾကမ္းဖက္ခံရတယ္...ဟုတ္လား..."
"ဟုတ္ပါတယ္...စိတ္ေတာ့မေကာင္းေပမဲ့
အဖြားသိေအာင္ ျပန္ေျပာျပခ်င္ပါတယ္...
အဲ့ဒီ့ေန့ကစာေမးပဲြရက္ႀကီးပါ...
သူ႔အေဒၚေျပာျပပံုအရ...သူ႔အေဒၚရဲ့ေယာက္်ား
ဦးသက္ေဆြက မိန္းမျဖစ္သူကိုရိုက္ႏွက္ၿပီး
ကေလးေတြကိုပါ ကိုယ္ထိလက္ေရာက္လုပ္လာလို႔ ပံုရိပ္က၀င္ပါေတာ့ အိမ္ထဲကိုဆဲြေခၚၿပီး
ေခ်ာင္ပိတ္ရိုက္ခဲ့ပါတယ္တဲ့..
ကၽြန္ေတာ္ေရာက္သြားေတာ့
ပံုရိပ္ရဲ့ မ်က္ႏွာေတြမွာ ဖူးေယာင္ေနတဲ့ဒဏ္ရာေတြေတြ့ခဲ့ရတယ္...
ဦးသက္ေဆြလည္းအခ်ဳပ္က်ခဲ့ပါတယ္....
အဲ့လူကိုမေက်နပ္ေပမဲ့သူ႔အေဒၚကိုယ္တိုင္က
အမႈကိုလိုက္ႏိုင္တဲ့အင္အားမရိွလို႔ ပိတ္လိုက္တာနဲ႔ ကၽြန္ေတာ္လည္းကာယကံရွင္၍ဆႏၵမပါပဲ
၀င္မပါျဖစ္ေတာ့ဘူး....
..အဲ့တည္းကပံုရိပ္ကမႏၲေလးကို ျပန္မယ္ပဲေျပာေနခဲ့တာပါ...အခုခ်ိန္အထိအဲ့ဒီ့ကိစၥကို
သူမေမ့ေသးတာေသခ်ာတယ္...
ဒါေၾကာင့္သူ႔ေရ႔ွေနျဖစ္ခ်င္ပါတယ္တဲ့....
သူ႔လိုပဲခံစားခဲ့ရတဲ့လူေတြကို ကူညီေပးခ်င္တယ္လို႔ေျပာပါတယ္...
ကၽြန္ေတာ္ကေတာ့သူျဖစ္ခ်င္တာေလးကိုလည္း ျဖၫ့္ဆည္းေပးေစခ်င္ပါတယ္...
..ဒီကေလးကသူ႔ဘ၀မွာ သူ႔အတြက္သီးသန႔္
လိုခ်င္တယ္၊ျဖစ္ခ်င္တယ္လို႔ ေျပာတာအရမ္းရွားတဲ့ကေလးပါ...ေနာက္ၿပီးသူကရင္ထဲမွာပဲမ်ိဳသိပ္ထားတတ္ၿပီး..အျပင္ကိုထုတ္မျပတတ္တဲ့
ကေလးျဖစ္လို႔..အဖြားရဲ့ဆႏၵေတြကိုလည္း
သူျငင္းဆန္မွာမဟုတ္ပါဘူး...
အဖြားအေနနဲ႔ကိုယ္ျဖစ္ေစခ်င္တာေလးကို
လုပ္ခိုင္းဖို႔တိုက္တြန္းရင္းနဲ႔ သူစိတ္အားထက္သန္ေနတာေလးကိုလည္း ခြင့္ျပဳေစခ်င္ပါတယ္....."
သူ႔စကားအဆံုးမွာ ေဒၚရိပ္ညို၏ အၿမဲတမ္းမာထန္ေနတတ္ေသာ မ်က္ႏွာသည္ ခ်က္ခ်င္းမိႈင္က်သြားခဲ့ ေလသည္။
သူ၏ ပါးျပင္ေပၚသို႔လည္း မ်က္ရည္ေတြ
က်ဆင္းလာခဲ့သည္။
အၿမဲတမ္း စိတ္ကိုတင္းထားတတ္ေသာေၾကာင့္ ေတာ္ရံုကိစၥက သူ႔ကိုစိတ္မလႈပ္ရွားႏိုင္ေစေပမဲ့
ခ်စ္ေျမးမေလး၏ အတိတ္ေတြကိုၾကားလိုက္ရေတာ့ ရင္ႏွင့္မဆန႔္ေအာင္ ၀မ္းနည္းရသည္။
အငယ္ဆံုးသားေလးကို အေဝးမွာပစ္ထားခဲ့ၿပီး ေျမးေလးကိုတစ္ခါမွ သြားမၾကၫ့္ခဲ့မိေသာ
ကိုယ့္အျပစ္ေတြကို ျပန္၍သံေဝဃရေနမိသည္။
ဒီကေလးဟာ ဘယ္ေလာက္ေတာင္မ်ိဳသိပ္ထားတတ္သလဲဆိုရင္ ဒီလိုျဖစ္ရပ္ဆိုးေတြႄကံုခဲ့ရတာ
ကိုေတာင္ ဒီေကာင္ေလးေျပာမွသိလိုက္ရျခင္းပင္။
"ေအာ္....ငါျဖစ္ေစခ်င္တာပဲတစ္ေလ်ွာက္လံုး
ဖိအားေပးေနခဲ့မိတာပဲ...သူေလးဘာျဖစ္ခ်င္သလဲလို႔ ငါေမးဖို႔ကိုေမ့ေနခဲ့တာမဟုတ္ပဲ...
တမင္ေမ့ထားမိခဲ့တယ္..."
🌹🌹🌹🌹🌹🌹🌹🌹🌹
အန္တီယဉ္တင့္ႏွင့္တကြ မိစုအပါအ၀င္ပံုရိပ္တို႔
သံုးဦးသည္ ေလွကား၏အေျခရင္းမွာ
အက်အနထိုင္လ်ွက္ႏွင့္ပင္ ဧၫ့္ခန္း၏တံခါး၀
အနားကို လွမ္း၍ၾကၫ့္ေနမိၾကေလသည္။
စိတ္လႈပ္ရွားလြန္းလို႔ ႏွလံုးခုန္ႏႈန္းေတြပါျမန္လာၿပီး ႏွလံုးေရာဂါေတာင္ရခ်င္ေနေလၿပီ။
"အန္တီယဉ္တင့္...အဖြားနဲ႔ဆရာတို႔ႏွစ္ေယာက္ စကားေတာ့မမ်ားေလာက္ပါဘူးေနာ္..."
"တို႔လည္းဘယ္သိမွာတုန္း...ညည္းေလးရဲ့အဖြားကအေမာက္တေထာင္ေထာင္နဲ႔အဖြားႀကီးေလ...
ခြပ္ၿပီးမလႊတ္လိုက္ပါေစနဲ႔လို႔သာ ဆုေတာင္းၾက..."
"အန္တီေျပာမွပဲ အဖြားကၾကက္မႀကီးျဖစ္ေတာ့တယ္..."
"ဟဲ့...ေအာ္...ငါကသေဘာကိုေျပာျပတာပါ...
ဘယ့္နယ္လူႀကီးကိုၾကက္နဲ႔ႏိႈင္းရတယ္လို႔.... "
"မမေရ...ဟိုမွာဧၫ့္ခန္းထဲကေနထြက္လာၾကၿပီ..."
ဆရာႏွင့္ဖြားညိုတို႔ႏွစ္ေယာက္ ဧၫ့္ခန္းထဲမွ
ထြက္လာၾကေသာအခါတြင္ ဆရာသည္ပံုရိပ္ကို
ႃပံုးျပေနၿပီး ဖြားညိုကေတာ့မ်က္၀န္းေတြက
နီမို႔မို႔ျဖစ္ေနကာ ပံုရိပ္ကိုေမာ့ၾကၫ့္လာေလသည္။
ပံုရိပ္ကေတာ့ အဆင္ေျပၾကရဲ့လားဆိုတာႏွင့္
သူတို႔ႏွစ္ေယာက္ ဘာေတြေျပာၾကသလဲပဲ
သိခ်င္သည္။
"အရိပ္...အဖြားအနားကိုလာပါအံုး...."
အသံတုန္တုန္ေလးႏွင့္ အဖြားကေခၚေန၍
အဖြား၏အနားသို႔ ကိုယ္ကိုကိုင္းၫႊတ္၍
တိုးေပးလိုက္ေသာအခါ ပံုရိပ္၏ခါးကိုသိုင္းဖက္၍ လက္ကေလးကိုဖ်စ္ၫွစ္လာေလသည္။လက္ေမာင္းရင္းကေနအသာဆဲြခ်ကာ ပံုရိပ္၏
ပါးေတြကိုလည္း ၾကင္ၾကင္နာနာနမ္းေန၍
ရင္ထဲမွာၾကည္ႏူးလာေလသည္။
"ဖြားကိုခြင့္လႊတ္ပါကြယ္...အရိပ္ကိုတိုးတက္ေစခ်င္လို႔အဖြားက ကိုယ့္စိတ္တိုင္းက်စီမံမိတာပါ...
အခုအဖြားဘက္ကေန ေျမးေလးျဖစ္ခ်င္တာကိုလိုက္ေလ်ာေပးပါ့မယ္...ဒါေပမဲ့အဖြားသိပ္ၿပီးဘ၀င္မက်တဲ့ဘက္ျဖစ္လို႔...ႏိုင္ငံျခားအထိပို႔ၿပီး
Inter Lawကိုေတာ့အဖြားတက္ခိုင္းမွာမဟုတ္ဘူး
...မႏၲေလးတကၠသိုလ္မွာပဲ...ဥပေဒကိုတက္ခြင့္ေပးမယ္.."
"ဟာ....အဖြားတကယ္ေျပာတာလား...ေဟး...
ေပ်ာ္လိုက္တာ...အန္တီတင့္...မိစု..."
ပံုရိပ္လည္း ထခုန္မိသည္အထိအေပ်ာ္ႀကီး
ေပ်ာ္သြားမိေလသည္။
ဆရာ့ကိုေမာ့ၾကၫ့္လိုက္ေတာ့ ဆရာကလည္းႃပံုး၍ ေခါင္းညိမ့္ျပေနေလသည္။
ၾကၫ့္ရတာ အဖြားကိုဆရာနားခ်လိုက္ပံုပါပဲ။
"အေပ်ာ္မေစာပါနဲ႔အံုး...မဟာတန္းတက္ဖို႔အမွတ္မွီရင္တစ္ႏွစ္ထပ္တက္ခြင့္ေပးမယ္...
ၿပီးတာနဲ႔ႏိုင္ငံျခားမွာအဖြားတက္ေစခ်င္တဲ့ေက်ာင္းကိုသြားတက္ရမယ္...စစျခင္းေတာ့အဖြားေထာက္ပံ့မယ္..ဒါေပမဲ့ေနာက္ပိုင္းမွာအလုပ္လုပ္ၿပီး...
ကိုယ့္ေက်ာင္းစရိတ္ကို ကိုယ္ရွာရမယ္...
အဲ့ကေနဘဲြ႔တစ္ခုယူၿပီး ျပန္လာႏိုင္မွ..ဒီဘက္မွာဒီပလိုမာထပ္တက္ခြင့္ေပးမယ္...ဘယ္လိုလဲ...
အစိုးရေရ႔ွေနေတာ့လုပ္ခြင့္ေပးမွာမဟုတ္ဘူးေနာ္..."
"စိတ္ခ်ပါအဖြားရဲ့...သမီးကအဖြားကိုကူေပးၿပီး...
အလကားေရ႔ွေနလိုက္ေပးမွာ..."
"ေျပာပံုကိုက...ထမင္းရည္ေသာက္ၿပီးေရ႔ွေနအငွားလိုက္ေပးမဲ့ရုပ္နဲ႔...."
"ဟဲ...ဟဲ....အဖြားကသမီးအေၾကာင္းကိုသိေနတာပဲ"
သူ႔အဖြားကိုဖက္ၿပီး ပခံုးေပၚေမးတင္ကာ
ခၽဲြေနေသာေကာင္မေလးက အသဲယားစရာေကာင္းေလာက္ေအာင္ ခ်စ္စရာေကာင္းေနေလသည္။
ဘယ္ေလာက္ပင္ လူႀကီးေလးလိုဟန္ေဆာင္ေနေသာ္ျငားလည္း ကေလးဟာကေလးပါပဲ။
"အဖြား...ကၽြန္ေတာ့္ကိုျပန္ခြင့္ျပဳပါအံုး...လမ္းႄကံုလို႔၀င္တာဆိုေပမဲ့ ေတာင္ႀကီးကိုအမွီျပန္ခ်င္လို႔ပါ"
"ထမင္းစားမသြားေတာ့ဘူးလားကြယ္..."
"ဟုတ္ကဲ့...ကၽြန္ေတာ္လမ္းမွာစားလာခဲ့ပါတယ္..."
တကယ္ေတာ့ ေတာင္ႀကီးကေနထြက္လာတည္းက
ကားေပၚမွာလည္း အိပ္၍ပါလာေသာေၾကာင့္
လမ္းမွာေရာင္းေသာမုန႔္ေတြကို၀ယ္စားဖို႔ လစ္ဟင္းခဲ့သည္။
ပံုရိပ္အတြက္၀ယ္ထားတဲ့ စားစရာလက္ေဆာင္ ေလးေတြပါေပမဲ့ ကေလးမအတြက္ရည္ရြယ္ထား၍ မထိခ်င္ေပ။
ခုဏက ဧၫ့္ခန္းထဲကိုလာခ်ေပးေသာ
လိမၼော္ေရတစ္ခြက္လံုးကို ကုန္ေအာင္ေသာက္ခဲ့ေပမဲ့ အခုထိဆာေနတုန္းပါပဲ။
သူမ်ားအိမ္မွာ အၾကာႀကီးမေနခ်င္တာရယ္။
ဆက္ေနရင္ ခဲြခြာရမွာကို ႏွေမ်ာစိတ္ေတျြဖစ္လာႏိုင္၍ ျငင္းဖို႔ကိုသာေရြးခ်ယ္လိုက္သည္။
"အင္း...ဒီလိုဆိုေတာ့လည္းဘယ္တတ္ႏိုင္ပါ့မလဲ...
အရိပ္ေရ...ေမာင္ေနမ်ိဳးကိုအိမ္အေရ႔ွအထိလိုက္ပို႔လိုက္ပါကြယ္...."
"ဟုတ္ကဲ့အဖြား..."
ေကာင္ေလးငယ္ငယ္ေလးေတြနဲ႔ဆိုရင္ စိတ္မခ်တတ္ေသာအဖြားသည္ ဆရာေနမ်ိဳးကိုေတာ့
ၿခံအေရ႔ွအထိ လိုက္ပို႔ရန္တိုက္တြန္းေနေလသည္။
ဆရာနဲ႔ခင္မင္ၿပီးရင္ ဆရာ့ကိုလူတိုင္းက ႏွစ္သက္ၾကသည္ဆိုေသာအခ်က္ဟာ တကယ္ကိုလံုး၀မမွားပါလား။
"ဆရာေျပာေတာ့ သူငယ္ခ်င္းဆီကိုလာတာဆို...
အခုေရာသူငယ္ခ်င္းဆီကိုမျပန္ဘူးလား....
ဒီေက်ာပိုးအိတ္တစ္လံုးပဲပါတာလားဟင္..
ခရီးထြက္လာတာကလည္း တစ္မ်ိဳးႀကီးပဲ..."
ၿခံေရ႔ွကိုေရာက္သည္ႏွင့္ ဆရာ့ကိုအထြန႔္တက္ကာ ေမးခြန္းထုတ္မိေတာ့ ဆရာသည္ သူ႔လက္ဂုတ္ကို
သူျပန္ပြတ္ၿပီးမ်က္ေမွာင္ႀကီး က်ဳံ႔သြားေလသည္။
အခုမွ သတိထားမိတာက ဆရာ့ေမးေစ့ႏွင့္
ႏႈတ္ခမ္းအထက္မွာ ႏႈတ္ခမ္းေမႊးအရာစိမ္းစိမ္းေလးေတျြဖစ္ေနေလသည္။
ႏႈတ္ခမ္းေမႊးေလးနဲ႔လည္း ဆရာကသိပ္ေျဖာင့္တာပါပဲ။
"ေအာ္...ပံုရိပ္အတြက္...အေမဇုန္ကေနလွမ္းမွာထားတဲ့စာအုပ္ေလးေရာက္ရင္..ဒီအိမ္လိပ္စာကိုပဲပို႔လိုက္မယ္ေနာ္...ဂုဏ္ထူးငါးဘာသာပါတဲ့အထိန္းအမွတ္အေနနဲ႔ေပါ့...."
"ဟာ...တကယ္ႀကီးလား...ဘာစာအုပ္လဲဟင္...."
"အခုမေျပာျပေသးဘူး...ေရာက္လာမွၾကၫ့္လိုက္ေပါ့...အခုေလာေလာဆယ္ေတာ့..ဆရာ့အိတ္ထဲမွာလက္ေဆာင္ပါတယ္..."
"ဟုတ္လား...သမီးကိုျပေလ...ဘာလက္ေဆာင္မို႔လို႔ဖြက္ထားရတာလဲ....အရမ္းသိခ်င္ေနၿပီ..."
"အစကေတာ့ ေပးမလို႔ပဲအခုေတာ့မေပးခ်င္ေတာ့ပါဘူးကြာ..."
"ဟာ...ဆရာကလည္းမရဘူးေနာ္...မေပးရင္ေတာ့လုမွာပဲ..."
ေက်ာပိုးအိတ္ကို ေနာက္မွာပိုးထား၍
ဆရာ့ေနာက္ေက်ာသို႔ ရေအာင္သြားလိုက္တိုင္းဆရာက ခႏၶာကိုယ္ကိုတစ္ပတ္လွၫ့္လိုက္ရာ
မရရေအာင္လိုက္ဆဲြမိေလသည္။
"ဟား...ဟား...မိၿပီကြ..."
"ပံုရိပ္...."
နားအနားမွာကပ္၍ ေအာ္လိုက္သလိုစူးထြက္သြားတာေၾကာင့္ အေပၚသို႔ေမာ့ၾကၫ့္လိုက္ေသာအခါ
ပံုရိပ္ကိုငံု႔ၾကၫ့္ေနေသာ ဆရာ့မ်က္ႏွာႏွင့္နီးကပ္လြန္းေန၍ သူ၏ႏွာသီး၀မွ၀င္သက္ထြက္သက္ေလႏုေအးသည္ ပံုရိပ္၏မ်က္လံုးနားကို
လာတိုးေဝ့ေလရာ မ်က္ေတာင္မ်ားအား ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္မိသည္။
ပံုရိပ္၏ ခါးသိမ္သိမ္းေလးကိုရစ္သိုင္းထားေသာ လက္ေနြးေနြးႀကီးမ်ားသည္ အနည္းငယ္ေရြ့လ်ွားကာ ပံုရိပ္ကိုလဲမသြားေအာင္ ထိန္းထားေပးေနေလသည္။
လက္ေမာင္းကိုခပ္ေလ်ာ့ေလ်ာ့ ဆုပ္ကိုင္ထားေသာ
အထိအေတြ့တို႔က ပိုမိုတင္းၾကပ္သြားေသာအခါမွ ဆရာ့ေနာက္ေက်ာမွ ေက်ာပိုးအိတ္ကိုဆဲြထားရင္းႏွင့္ ရင္ခြင္ႏွစ္ခုနီးစပ္ေနေသာ အေျခအေနမွသတိ၀င္လာခဲ့ေလသည္။
"လဲသြားမွာစိုးလို႔...."
ပံုရိပ္၏ညာဘက္လက္ေမာင္းအိအိေလးကို
ဆရာသည္ သူ႔ဘယ္ဘက္လက္ႏွင့္ထိန္းကိုင္ေပးထားရာမွ ခႏၶာကိုယ္ကို ျပန္တၫ့္မတ္ရန္တြန္းေပးလိုက္ၿပီး အေနာက္သို႔ေျခတစ္လွမ္းဆုတ္သြားေလသည္။
ဆရာ့မ်က္၀န္းေတြက ဂဏွာမၿငိမ္ျဖစ္ေနသလို
ပံုရိပ္သည္လည္း ရွက္လြန္းလို႔နားရြက္ေတြေတာင္ ထူပူကာနီရဲလာေလသည္။
"ေရာ့...အစားတစ္လုပ္အတြက္နဲ႔ေခ်ာ္လဲေအာင္လိုက္လုခ်င္တဲ့ဟာေလး...ဒီမွာႏွမ္းေထာင္းေခါပုတ္နဲ႔၊ေတာင္ႀကီးေဈးထဲက မေန့ကမွ၀ယ္ထားတဲ့
စေတာ္ဘယ္ရီတစ္ဗူး....ဒီစေတာ္ဘယ္ရီကအရမ္းခ်ိဳတယ္ေနာ္..ခ်ဉ္တယ္ထင္မွာစိုးလို႔..."
*ဆရာေပးတဲ့အရာတိုင္းက ပံုရိပ္အတြက္ေတာ့အကုန္ခ်ိဳပါတယ္...ဒီလူသားဟာပံုရိပ္ကို
ဘယ္ေတာ့မွ...ခါးသပ္တဲ့ခံစားခ်က္ေတြမျဖစ္ေစခဲ့ဘူး..ကိုယ့္ကိုသာလက္ေဆာင္ေတြတစ္ခုၿပီးတစ္ခု
ေပးတတ္ေပမဲ့ သူ႔ကိုျပန္ေပးရင္ေတာ့
မႀကိဳက္တတ္ေပ..ဘယ္လိုလူႀကီးလဲမသိဘူး...*
ဆရာသည္ ႏွမ္းေထာင္းေခါပုတ္ဗူးေလးကို
ပံုရိပ္၏လက္ထဲသို႔ ထၫ့္ေပးၿပီး ဖူဂ်ီဆပ္ျပာဗူးအေသးေလးလိုစေတာ္ဘယ္ရီေတြအျပၫ့္ပါလာေသာ ဗူး၏အဖံုးကိုဖြင့္ကာ
စေတာ္ဘယ္ရီသီးရဲရဲေလးကို ယူျပေလသည္။
ဆရာ့လက္ထဲ၌ ကိုင္ထားေသာစေတာ္ဘယ္ရီသီးေလးက ပိုခ်ိဳသည္ဟုထင္မိေသာေၾကာင့္ ညစ္က်ယ္က်ယ္ႃပံုးလိုက္ၿပီး စေတာ္ဘယ္ရီဗူးကိုအျမန္ယူကာ ဆရာ့လက္ထဲမွစေတာ္ဘယ္ရီသီး ေလးကို တစ္ကိုက္ကိုက္ပစ္လိုက္သည္။
"ပံုရိပ္...."
"အင္း....တကယ္ခ်ိဳတာပဲ...."
ႏႈတ္ခမ္းကိုဖိႀကိတ္ကာ အခ်ိဳသာဆံုးႃပံုးျပလိုက္ၿပီး ၿခံထဲသို႔ျပန္ေျပး၀င္လာလိုက္သည္။
ဆရာ့လက္ေခ်ာင္းေလးေတြႏွင့္ ကိုင္ထားေသာ
စေတာ္ဘယ္ရီသီးေလးကို ကိုက္လိုက္မိသၫ့္
ကိုယ့္ကိုကိုယ္ သတၲိေကာင္းလိုက္တာဟုေတြးရင္းႏွင့္ လူကေလထဲသို႔ ေျမာက္တက္သြားေလာက္ေအာင္အထိ ရင္ခုန္ၾကည္ႏူးေနမိျပန္သည္။
"ရင္ဘတ္ထဲမွာေတာင္ေမာလာသလိုပဲ...
ႏွလံုးေရာဂါရေနၿပီလားမသိဘူးေဆးခန္းသြားျပအံုးမွပဲ..."
ကိုယ့္ဘာသာေတြးၿပီး ကိုယ့္ဘာသာသြားႀကီးၿဖီးၿပီး ျပန္ရယ္ေနမိျပန္သည္။
ၿခံထဲသို႔ ၀င္ေနၿပီးခါမွ ၿခံအျပင္သို႔ျပန္ေခ်ာင္းၾကၫ့္လိုက္ေတာ့ ဆရာကရိွမေနေတာ့ေပ။
"ဆရာက...ငါ့စိတ္ကိုမ်ားသိေနတာလား...
တစ္ေန့ညက စေတာ္ဘယ္ရီသီးစားခ်င္လို႔
ေဖ့ဘြတ္မွာပံုတင္လိုက္မိတယ္...အဲ့ဒါကိုမ်ားေတြ့သြားလို႔၀ယ္ထားတာလား..."
🌹🌹🌹🌹🌹
ႏွလံုးေရာဂါ ရကုန္ၾကၿပီလားမသိဘူး ေဆးခန္းသြားျပၾကေနာ္😀
ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းဆီတိုင္းကိုေက်းဇူးအထူးတင္ရိွပါတယ္...
လိုအပ္ခ်က္ေလးေတြရိွေနေသးတာမို႔ နားလည္ခြင့္လႊတ္ေပးေစလိုပါတယ္
No comments:
Post a Comment