(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၄၈)
သူငယ်ချင်းတွေနှင့် လမ်းခွဲခဲ့ပြီးအပြန်မှာ မိုးဖွဲလေးများကျနေသောကြောင့် စက်ဘီးအနီလေးကိုအမြန်နင်းလာမိလေသည်။
ဂုဏ်ထူးငါးဘာသာပါတဲ့ ကိုယ့်ကိုကိုယ်လည်း
ဂုဏ်ယူနေမိ၍ ပျော်ရွှင်မှုကတော့အတိုင်းအဆမရှိပါပဲ။
ပုံရိပ်တို့၏ရပ်ကွက်သည် လမ်းတွေဖောက်ထားတာကလည်း ကျယ်သလိုအိမ်ကြီးအိမ်ကောင်းတွေကြီးပဲ ဖြစ်နေ၍ VIPဆိတ်ငြိမ်ရပ်ကွက်လိုဖြစ်နေသည်။
ခြံကြီးတွေကလည်း အလွန်ကျယ်ပြီးအိမ်တိုင်းကလည်း ဆန်းသစ်လေသည်။
ဒါပေမဲ့ ဖွာညိုတို့နေသော ခြံကတော့ဒီလမ်းထဲမှာအကျယ်ဆုံးဖြစ်ပြီး အခမ်းနားဆုံးဟုဆိုလျှင်
ပိုမည်မထင်ပေ။
မိုးရိပ်ခြံဟု ပြောလိုက်သည်နှင့် ဒီပတ်၀န်းကျင်တွင်မသိသူမရှိလောက်အောင် ရှားလေသည်။
ဒါကလည်း ဒီမိသားစု၏ချမ်းသာကြွယ်၀မှုကြောင့်သာ ဖြစ်လေသည်။
"တော်သေးတာပေါ့...မိုးမရွာတော့လို့...."
စက်ဘီးနင်းနေရင်းနှင့် အဝါရောင်ဂန္ဓမာပန်းခင်းကြီးရှိသော ခြံတစ်ခု၏အရှေ့တွင်စက်ဘီးကို ရပ်လိုက်ကာ ခြေတစ်ဖက်ကိုမြေကြီးမှာထောက်၍
ခြံထဲသို့ငေးကြည့်နေမိသည်။
ခြံကြီးက ကျယ်သလောက်ဂန္ဓမာပန်းခင်းကြီးကလည်း သုံးထပ်တိုက်ကြီးကိုပတ်ပတ်လည်ဝိုင်းထားလေသည်။
ခြံကိုကာရံထားသော အုတ်တံတိုင်းသည်နိမ့်လွန်းသောကြောင့် ခြံထဲသို့ပုံရိပ်၏အရပ်နှင့်ခွကျော်၍ တောင်၀င်နိုင်သည်။
ခြံတံခါးကို အစိမ်းရောင်ဆေးသုတ်ထားပြီး
ပန်းခင်းကြီးကိုတစ်ဖက်တစ်ချက်ထားကာ
ကားတစ်စီး၀င်စာလောက်လမ်းကလေးကို
အိမ်မကြီးဆီအထိဖောက်ထားလေသည်။
စက်ဘီးလဲမသွားစေရန် မြေကြီးပေါ်တွင် ခြေထောက်နှင့်ထောက်ထားပြီး ထိုအိမ်လေးဆီသို့ငေးကြည့်နေမိစဉ်မှာပဲ အိမ်လေးထဲမှကောင်လေးတစ်ယောက်ထွက်လာတာကို တွေ့လိုက်ရလေသည်။
ကောင်လေးသည်ဆွယ်တာအဖြူရောင်လေးနှင့်
ဒူးကျဂျင်းဘောင်းဘီအနက်ရောင်လေးကို၀တ်ဆင်ထားပြီး အဝေးမှလှမ်းကြည့်လျှင်တောင် အသားဖြူမှန်းသိသာလေသည်။
အရပ်ရှည်ပေမဲ့ ခန္ဓာကိုယ်ကအရမ်းမထွားကျိုင်းပဲ ပိန်ပိန်ရှည်ရှည်ကြီးဖြစ်နေသည်။
"သူ့ကိုမြင်ဖူးသလိုပဲ...."
စက်ဘီးနင်းဖို့ပြင်ပြီးမှ ရင်းနှီးသလိုဖြစ်နေသော
ထိုကောင်လေး၏ပုံသဏ္ဍန်ကြောင့် လမ်းကိုဖြတ်ကူးလိုက်ပြီး အစိမ်းရောင်ခြံတံခါးကြီးအနားသို့
တိုးကပ်၍ သူ့ကိုလှမ်းကြည့်နေမိလေသည်။
ပုံရိပ်ကြည့်နေတာကို ရိပ်စားမိသွား၍ ကောင်လေးသည်လည်း ပုံရိပ်ရှိနေသောခြံတခါးဘက်သို့
လမ်းလေးအတိုင်းပြေးလာနေတော့သည်။
"ပုံရိပ်!!!!!"
ထိုကောင်လေးသည် ပုံရိပ်၏နာမည်ကိုအော်ခေါ်လိုက်ပြီး မျက်နှာတွင်လည်း၀မ်းသာသောအရိပ်များထင်ဟပ်လာသည်။
ပိုပြီးနီးကပ်လာလေ သူ့မျက်နှာသည် ပုံရိပ်ရင်းနှီးခဲ့ဖူးသော လူတစ်ယောက်နှင့်တူလာသည်။
"နင်က...ဟိန်းဇေယျာထက်မဟုတ်လား...."
ပုံရိပ်၏စကားပင်မဆုံးသေးခင်မှာပဲ စေ့ထားသောတံခါးကိုဆွဲဖွင့်ကာ ပုံရိပ်ကိုပြေးဖက်လာလေသည်။
အံ့ဩမှုနှင့် ထိတ်လန့်မှုတို့ရောထွေးသွားသောအခါ ဆဠမအာရုံ၏လှုံ့ဆော်မှုနှင့်အတူ သူ့ရင်ဘတ်ကို လက်ဖြင့်တွန်းကာ ရုန်းလိုက်မိသည်။
"ဆောရီး...ပုံရိပ်ရယ်...ငါအရမ်း၀မ်းသာသွားလို့ပါ..
မန္တလေးကိုရောက်တည်းက ငါနင့်ကိုပဲသတိရနေမိတာ...."
ဟိန်းဇေယျာထက်၏မျက်၀န်းများသည် တစ်ခုခုကိုကျေနပ်နေဟန်ရှိပြီး စကားပြောနေသောတစ်လျှောက်လုံးတွင် ပြုံး၍သာနေလေသည်။
ခြံအပြင်သို့ တစ်လှမ်းချင်းထွက်လာပြီး ပုံရိပ်၏
စက်ဘီးဂိုက်ကိုပါ ကိုင်ထားသေးသည်။
အရင်လို မိန်းမချောချောသူဆိုပေမဲ့ အရပ်ကပိုရှည်လာလေသည်။ပုံရိပ်ထက်တောင် ခေါင်းတစ်လုံးစာလောက် မြင့်နေ၍သူ့ကိုပြန်၍ မော့ကြည့်နေရသည်။
"ဒီခြံကိုအရင်တည်းက နင်တို့ပိုင်တာလား...."
"မဟုတ်ဘူး...ငါတို့၀ယ်လိုက်တာမကြာသေးဘူး...
ပစ္စည်းတွေကတော့ ရွေ့ထားပြီးတာသုံးရက်လောက်ရှိပြီ...ငါတို့ကတော့မနေ့ကညနေပိုင်းလောက်ကမှ...ဒီကိုရောက်ကြတာ....အားတဲ့အချိန်ကြရင်...ငါနင့်ဆီကိုလာလည်မယ်လေ...မန္တလေးမှာအရင်ကနေဖူးပေမဲ့..အခုမှပြန်ပြောင်းလာတာဆိုတော့...နည်းနည်းစိမ်းသွားသလိုပဲ...နင်ငါ့ကိုအဖော်ပြုပေးရမယ်နော်...."
"ဒုက္ခပဲ....ငါ့ဟာငါတောင်ဖွားညိုကဘယ်မှမလွှတ်လို့...ပုသိမ်ကြီးထဲမှာတင်ပိတ်မိနေတာ...နင့်ကိုဘယ်လိုအဖော်ပြုပေးရမှာလဲ....ဒီညနေမှာ စာမေးပွဲအောင်တဲ့အထိန်းအမှတ်နဲ့...သူငယ်ချင်းတွေနဲ့
မုန့်သွားစားရဖို့အရေးတောင် ဖွားညိုဆီကနေ
မနဲခွင့်တောင်းရမှာ..."
"ဟား...ဟား....အရင်တုန်းကဂျစ်ကန်ကန်နေခဲ့တဲ့ကောင်မလေး...အခုတော့ဖွားညိုရဲ့တုတ်စာကိုကြောက်နေရပြီပေါ့...."
"နင်နော်..."
ကိုထက်၏စကားကြောင့် နှုတ်ခမ်းလေးစူပြီး မျက်မှောင်လေးကြုံ့သွားသောကြောင့် ကိုထက်သည်လည်း မျက်လုံးလေးများလခြမ်းပုံသဏ္ဍန်ကွေးညွှတ်သွားတာကို မူးမူးမေ့မေ့ကြည့်နေမိလေသည်။
မတွေ့ကြတော့တဲ့နှစ်အတွင်းမှာ သူ့ကိုအခင်အမင်မပြတ်သေးသောကြောင့်ကျေနပ်တာထက်ကို
ပိုပျော်မိသည်ဆိုက မှန်ပါလိမ့်မည်။
မပြောင်းလဲသေးသောအချက်ကတော့ ပုံရိပ်ဟာ
အရင်လိုချစ်စရာကောင်းနေတုန်းဖြစ်ပြီး ပြောင်းလဲသွားသောအချက်ကတော့ အရင်ထက်မျက်နှာလေးပိုရွှင်ပြလာပြီး ပိုလှလာသည်။
ခါးကျော်ပြီး တင်ပါးထိရောက်နေသော ပိတုန်းရောင်ဆံနွယ်လေးတွေကို ကျောအပြည့်ဖြန့်ခင်းထားပုံမှာ ဂန္ဓမာပန်းလေးတွေ စီရရီကျဲထားသလို နုဖတ်သောမျက်နှာကလေးနှင့် လိုက်ဖက်လွန်းလိုက်တာ။
ဘာအခြယ်အသမှမရှိသော မျက်နှာလေးသည်ပကတိဖြူစင်နေပြီး အသားဖြူလွန်းသောကြောင့် ပါးပြင်လေးတွေကအစ နေရောင်ဖြန်းခံထားရ၍
နီနီရဲရဲလေးဖြစ်နေကာ နှာခေါင်းထိပ်လေးများကအစ အသဲယား၍ဆွဲညှစ်ချင်စရာကောင်းလောက်အောင် ပန်းရောင်သန်းနေပြီး ရဲတက်နေလေသည်။
နှုတ်ခမ်းလေးများကွေးညွှတ်လိုက်တိုင်းမှာ
ထူထဲသောမျက်တောင်များ၀န်းရံထားသည့် စူးရှကြည်လင်သော မျက်၀န်းလေးတွေလှုပ်ရှားသွား၍ အတိုင်းထက်အလွန်ရင်ခုန်ရပါသည်။
အချိန်အကြာကြီးမတွေ့ရပေမဲ့ ကောင်မလေးအပေါ်မှာထားတဲ့ သူ့ရဲ့ခံစားချက်တွေက မှေးမှိန်မသွားပါလား။
"နင်ငါ့ကို ဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ..."
"မတွေ့ရတာကြာပြီမို့လို့ပေါ့...ဘာလဲကြည့်ခွင့်မရှိဘူးလား.."
"ဟာ..အဲ့လိုသဘောမျိုးနဲ့မေးတာမဟုတ်ပါဘူး..
.ငါ့မျက်နှာမှာတစ်ခုခုပေနေလားလို့ပါ.."
"မပေပါဘူး...လှပါတယ်.."
"အာ!!!!"
လှတယ်ဟုမြှောက်ပြောလိုက်တဲ့အခါတိုင်း
ရှက်သွားသူလေးမို့ သူစလိုက်မိတော့ပါးအို့လေးတွေပါ ပိုရဲလာလေသည်။
ဘာကြောင့်ရယ်မသိ သူလေး၏မျက်နှာကိုကြည့်နေရင်းမှာ အားမလိုအားမရဖြစ်ကာ
ပိုနီးကပ်စေရန် ရှေ့သို့တစ်လှမ်းတိုးလိုက်မိလေသည်။
"ပုံရိပ်..စာမေးပွဲအောင်တယ်ဆိုတော့..ဂုဏ်ထူးရောပါသေးလား..."
"ပါတာပေါ့ဟ...ဘယ်သူမှတ်လို့လဲ...နင်ရောပါတယ်မဟုတ်လား.."
ကိုထက်ကိုပြန်မေးလိုက်တော့ သူကခေါင်း
တဆတ်ဆတ်ညိမ့်ပြပြီး လက်သုံးချောင်းထောင်ပြနေလေသည်။
"နင်ရော..ဘယ်နှစ်ဘာသာပါလဲ..."
"ငါးဘာသာ...."
"ဟ...မိုက်လှချည်လား ...ငါကသုံးဘာသာပဲပါတာ...ပုံရိပ်နင်အရမ်းတော်တယ်...
ငါအရင်တည်းကသိပြီးသားပါ...နင်ကဘာပဲဖြစ်ချင်ချင်မရရအောင်ကြိုးစားတတ်တဲ့ကောင်မလေးမဟုတ်လား...အပြင်ကျူရှင်တွေမယူပဲငါ့ကိုကျော်ပြီး အခန်းထဲမှာအဆင့်တစ်ရအောင် လုပ်နိုင်ခဲ့တည်းကနင့်အရည်အချင်းကို ငါယုံပြီးသား..."
"ကိုးတန်းတုန်းက..ငါအပြင်ကျူရှင်မယူခဲ့ဘူးလို့ နင့်ကိုဘယ်သူပြောတာလဲ...ငါ့ကိုပိုက်ဆံ
မယူပဲအခမဲ့သင်ပေးခဲ့တဲ့ဆရာရှိတယ်...
ဆရာ့ကြောင့်သာမဟုတ်ရင် နင့်ကိုကျော်တက်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်မှာလဲ..."
"ဟုတ်ပါပြီဟာ...အခုရောနင်ဖွားညိုတို့အိမ်ကိုပြန်မလို့လား...ဒါမှမဟုတ်ရင်အိမ်ထဲကိုအလည်၀င်ဖို့ ငါဖိတ်ပါရစေ..."
"နေပါစေ...မ၀င်တော့ပါဘူး..."
"အေးပါဟာ..ဒါဆိုရင်နေအုံး..ခုဏကနင်
ပန်းခင်းကို လှမ်းကြည့်နေတာမဟုတ်လား..
ငါနင့်အတွက်လက်ဆောင်ပေးလိုက်မယ်.. "
ကိုထက်သည် တားချိန်တောင်မရလိုက်ပဲ လျှောက်လမ်းလေးအတိုင်း သူ့အိမ်ထဲသို့ပြေး၀င်သွားလေသည်။သိပ်မကြာခင်မှာပဲ ပြန်ပြေးထွက်လာပြီး ပန်းခင်းထဲသို့၀င်ကာ ပန်းတွေကိုကပ်ကြေးနှင့်လိုက်ညှပ်နေတော့သည်။ခြံထဲသို့ မ၀င်သေးပဲခြံအပြင်ကနေ အံ့ဩကာရပ်ကြည့်နေသော ပုံရိပ်ဆီသို့ခဏအကြာတွင် ဂန္ဓမာပန်းတွေကိုပွေ့ပိုက်ပြီး ပြန်လာလေသည်။
"ရော့..နင့်အတွက်ဂုဏ်ပြုလက်ဆောင်...
တန်ဖိုးမကြီးပေမဲ့..အမှတ်တရတော့ဖြစ်မယ်ထင်ပါတယ်.."
"အေးပါ...ကျေးဇူးတင်ပါတယ်နော်...အိမ်မှာပန်းထိုးလို့ရတာပေါ့...ငါတို့အိမ်ကိုလည်းလာလည်လေ...."
ကိုထက်ကိုနှုတ်ဆက်ခဲ့ပြီး စက်ဘီးခြင်းထဲသို့ ပန်းကလေးတွေကိုထည့်ကာ အိမ်သို့ပြန်ခဲ့လိုက်သည်။ကိုထက်ကိုတွေ့တော့ ယမင်းကိုတောင်သတိရမိသေးသည်။ယမင်းကရော အခုဘယ်ဘ၀မှာ ရောက်နေမည်လဲ။
ယမင်းအကြောင်းကို ပြန်တွေးကြည့်လိုက်မိတိုင်း ရင်နာရပါတယ်။
ကိုထက်ကိုတွေ့လိုက်တိုင်းလည်း အားနာနေမိတယ်။
🌹🌹🌹🌹🌹🌹
"ဖွားရေ ..ဖွားညိုရေ..."
အိမ်ရှေ့မှာ စက်ဘီးကိုရပ်ပြီး ပန်းတွေကိုပိုက်ကာ အိမ်ထဲသို့၀င်လာသည်နှင့် ပထမဦးဆုံးအော်ခေါ်မိတာကတော့ ဖွားညိုကိုဖြစ်သည်။
"မမရေ..ဖြည်းဖြည်းအော်ပါ..ဖွားညိုကဧည့်ခန်းထဲမှာ ထိုင်စောင့်နေတယ်..."
ပိစိမသည် အိမ်ထဲမှပြေးထွက်လာပြီးပုံရိပ်၏
လက်ကို ၀မ်းသာအားရလာကိုင်လေသည်။
ပုံရိပ်လည်း သူ့ကိုဂန္ဓမာပန်းတွေပေးခဲ့လိုက်ပြီး ဧည့်ခန်းထဲသို့၀င်လိုက်သောအခါတွင် အန်တီယဉ်တင့်တို့ရော လေးလေးခန့်တို့ပါရှိနေသည့်အပြင် မမနေခြည်နှင့်
အန်တီယွန်းမေဦးပါထိုင်နေလေသည်။
"အရိပ်လေး...သိပ်တော်တဲ့အရိပ်ကလေး
..ဖွားရဲ့အနားကိုလာပါအုံး..."
ဖွားညိုကတော့ ပုံရိပ်ကိုမြင်သည်နှင့် မျက်နှာလေးရွှင်ကြည်ကာ ကျေနပ်နေဟန်နှင့်
အနားသို့ခေါ်လိုက်၍ လူကြီးတွေအရှေ့မှခေါင်းငုံ့၍ လျှောက်လိုက်ကာ ဖွားညို၏
အနားသို့သွားပြီး ဖက်ထားလိုက်မိသည်။
"အန်တီတင့်ကတော့ ကြားကြားချင်း၀မ်းသာလွန်းလို့ ထခုန်မိတော့တာပဲကလေးရယ်...
တော်လိုက်တာကွယ်..."
"တော်ဆို..သူ့ဦးလေးတွေ၊အဖိုးတွေကလည်း အကုန်ဆရာ၀န်တွေပဲလေ...အဲ့တော့ငါ့တူမ
ကြီးတော်တာမဆန်းတော့ပါဘူး...."
"အမယ်လေး...မြှောက်စရာမရှိ..ကိုယ်ကိုကိုယ်ပြန်မြှောက်နေပြန်ပါပြီ..."
"ဟား..ဟား..."
အန်တီယဉ်တင့်က မျက်စောင့်တခဲခဲနှင့်လေးလေးခန့်ကိုကြည့်၍ပြောတော့ လေးလေးခန့်ကလည်းတအားအော်ရယ်လေသည်။
အန်တီတင့်ကတော့ သူ့ယောက်ျားကို
မျက်စောင်းတချီချီနှင့် ဖြစ်နေလေတော့သည်။
အန်တီမေဦးကတော့ ဒီတစ်ခေါက်မှာ ထူးဆန်းစွာတိတ်ကျနေလေသည်။
"ဖွားညို..ဒါနဲ့သမီးစာမေးပွဲအောင်တာကို ဘယ်လိုလုပ်ပြီးသိသွားတာလဲဟင်.."
"ကိုယ်ပိုင်ကျောင်းကနေ ဖုန်းဆက်တယ်လေ
...အရိပ်ကဂုဏ်ထူးငါးဘာသာပါလို့တဲ့
ဂုဏ်ပြုပွဲကိုတက်ပြီး ဆုတက်ယူပေးဖို့
ဖုန်းလှမ်းဆက်တာတဲ့..အရိပ်တို့တစ်ကျောင်းလုံးမှာ အရိပ်ကဂုဏ်ထူးအများဆုံးပါတာပဲ..”
"ဟုတ်လား..သမီးကဖွားညိုမသိသေးဘူးထင်လို့ ..အဲ့တော့အံ့ဩစရာမကောင်းတော့ဘူးပေါ့..."
"အမယ်လေး..စိတ်မကောင်းတော့မဖြစ်ပါနဲ့
..ငါ့မြေးတွေကနှစ်ယောက်လုံး စာမေးပွဲအောင်ကြတော့..ဒီအဖွားကြီးကပြောမပြတတ်အောင်ပျော်တာပါ..ကဲပြော၊ဖွားဘာ၀ယ်ပေးရမလဲ...ဘာလိုချင်ကြလဲ...."
"သမီးကကားလိုချင်တယ်ဖွား...သမီးရဲ့သူငယ်ချင်းဆိုရင် သူ့အဖေကပြိုင်ကားလေး၀ယ်ပေးထားတာသိလား..အမေ့ကိုပူဆာတာလည်းကြာပြီး တစ်ခါမှ၀ယ်မပေးဘူး..."
မမနေခြည်သည် သူ့အမေ၏ဘေးမှာထိုင်နေရာမှ ဖွားညိုနှင့်ပုံရိပ်၏ကြားထဲမှာ
ကပ်သီးကပ်သပ်လာထိုင်ပြီး ကား၀ယ်ပေးဖို့မရရအောင်ပူဆာနေလေတော့သည်။
မစားရသော ကလေးဟာပိုငတ်တယ်ဆိုတာ
ဟုတ်လိမ့်မည်။သူပြောတဲ့ကားကလည်း ဈေးကခေါင်ခိုက်နေလေသည်။
ဖွားညိုကတော့ အပြုံးမပျက်ပဲခေါင်းညိမ့်ပြလိုက်လေတော့သည်။
"ရေး...ဒါမှတို့ဖွားညိုကွ..ကားကိုညနေကြမှသွား၀ယ်မယ်နော်...သမီးအရမ်းပျော်တာပဲဖွားညိုရယ်..."
"အမယ်လေး...လိုချင်တာရသွားတော့လည်းကပ်ချွဲနေလိုက်တာ...အမေရေ..အမေ့မြေးကလေခုဏကအထိ သူ့ကိုကား၀ယ်မပေးဘူးဆိုလို့ စိတ်ကောက်နေတာလေ..."
"စာမေးပွဲအောင်တဲ့အထိမ်းအမှတ်အနေနဲ့ အဖွားက၀ယ်ပေးတာပါ..စိတ်မကောက်ရတော့ဘူးနော်..နေခြည်..."
"မကောက်တော့ပါဘူးအဖွားရဲ့ ဖြောင့်သွားပြီ.."
"ဟား...ဟား...ဟား..."
မမနေခြည်၏စကားလေးကြောင့် အကုန်လုံးပွဲကျအောင် ရယ်မိကြလေသည်။
ပုံရိပ်တစ်ယောက်တည်းကသာ ဧည့်ခန်းထဲရှိ ရှိနံရံဘေးတွင်ထောင်ထားသော ပန်းပုရုပ်ထုလေးကိုသာ ငေးကြည့်နေမိလေသည်။
မျက်လုံးကိုစည်းနှောင်ထားသော အမျိုးသမီးလေးသည် ချိန်ခွင်တစ်ခုကို လက်ဆန့်တန်း၍ ကိုင်ထားလေသည်။
ပြီးနောက် အခန်း၏ထောင့်အကျဆုံးတွင် တော့ အတောင်ကြီးကိုဖြန့်ကားထားသော သိန်းငှက်ရုပ်ထုကြီးရှိနေလေသည်။
"အရိပ်ကရော...ဘာတွေငေးနေတာလဲ
ဖွားမေးထားတာကိုဖြေပါအုံး...စာမေးပွဲကို
ငါးဘာသာဂုဏ်ထူးနဲ့အောင်ထားတာပဲ...
ဘာလိုချင်လဲ...ဖွားကအကုန်ပေးမှာ...
နေခြည်လေးလို ပြိုင်ကားလိုချင်သလား...."
"ဟင့်အင်းဖွား...သမီးအဲ့ဒါတွေတစ်ခုမှ
မလိုချင်ဘူး သမီးလိုချင်တာတစ်ခုပဲရှိတယ်..."
"ကဲ..ပြော..ဘာလိုချင်တာလဲ..."
"သမီးဖြေလိုက်ရင် ဖွားညိုကတကယ်ခွင့်ပြုပေးမှာလား.."
"ဘာလိုချင်လို့ ဒီလောက်တောင်အထပ်ထပ်မေးနေရတာလဲ အရိပ်ရယ်...အရိပ်ဘာလိုချင်ချင်အဖွားကအကုန်ဖြည့်ဆည်းပေးမှာ..."
"အမေတို့ကတော့လေ..လုပ်ပြီနော်...ဟိုကကုမ္ပဏီကိုလက်လွှဲပေးပါဆိုရင်...ကုန်နေအုံးမယ်.."
သူ့သမီးပြိုင်ကားတောင်းတုန်းကတော့မျက်နှာကပြုံးဖြီးနေပြီး ပုံရိပ်အလှည့်ရောက်တော့မှ အသံတွေထွက်လာ၍အန်တီမေဦးကို သိပ်ကြည့်မရတော့ပေ။
ပုံရိပ်ထက် သူ့သားသမီးတွေကို သာစေချင်ပေမဲ့ လက်တွေ့မှာဖြစ်မလာတော့ စကားနာထိုးဖို့သာ တတ်နိုင်လေတော့သည်။
ယခုဆိုလျှင် သူ့သားအကြီးကောင်ထက်တောင် ပုံရိပ်ကဂုဏ်ထူးများသေးသည်။
ဓာတုဗေဒဘာသာဖြေတဲ့နေ့ကသာ
ပုံရိပ်မဖျားခဲ့ရင် ခြောက်ဘာသာလုံးဂုဏ်ထူးထွက်နိုင်သည်။ဒါပေမဲ့ ပုံရိပ်ကကိုယ်ဖြေထားတာထက် အမှတ်တွေကိုတမင်လျှော့တွက်ထားတာကြောင့် ဘယ်သူ့ကိုမှ
ငါဘယ်လောက်ဖြေနိုင်ပါတယ်ဆိုပြီး ကြွားလုံးမထုတ်တတ်ပေ။
"အရိပ်...ဘာတွေငိုင်နေတာလဲ...ဖွားကိုပြောစမ်းပါ...အရိပ်ဘာလိုချင်သလဲ..."
"ပြောလိုက်လေ...ပုံရိပ်ရဲ့..."
အန်တီယဉ်တင့်ရောလေးလေးခန့်ကပါ မျက်နှာရိပ်ပြကာ တိုက်တွန်းလာသောကြောင့် ပုံရိပ်သည် ထိုင်နေရာမှချက်ချင်းထလိုက်ပြီး ဖွားညို၏ ရှေ့တည့်တည့်မှာခေါင်းကိုငုံ့၍
ရပ်လိုက်မိသည်။
"သမီးကို...ဥပဒေမေဂျာယူခွင့်ပြုပါဖွား...
သမီး..ရှေ့နေဖြစ်ချင်ပါတယ်...
သမီးကိုအဲ့တစ်ခုလေးပဲ ခွင့်ပြုပေးပါ..."
"ဘာပြောလိုက်တယ်!!!!..."
ထင်တဲ့အတိုင်းပါကဲ ဖွားညို၏အသံတွေသည် ပျော့ပြောင်းမနေတော့ပါဘူး။
ဖွားညို၏ မျက်နှာကိုမော့ကြည့်လိုက်မိတော့
မျှော်လင့်ချက်တွေကို ရိုက်ချိုးခံလိုက်ရသည့် လူတစ်ယောက်ကဲ့သို့ အံ့ဩမှုနှင့် တင်းမာမှုတွေ ရောယှက်နေသည်။
"သမီးရယ်..ဂုဏ်ထူးငါးဘာသာတောင်ပါတဲ့ဥစ္စာကို ဆရာ၀န်လိုင်းကိုရွေးပါလားကွာ..."
"ဘာဆရာ၀န်လိုင်းမှမရွေးရဘူး..."
ဖွားညို၏ ဒေါသအသံကြောင့် အားလုံးထိတ်လန့်သွားကာ မျက်နှာပျက်သွားကြလေသည်။ပုံရိပ်ကတော့ ခန့်မှန်းထားမိပြီးသားမို့
ခေါင်းကိုသာငုံ့ထားပြီး မျက်ရည်ကျရုံသာတတ်နိုင်ပါသည်။
ဖွားညိုရဲ့ ဆုံးဖြတ်ချက်ဟာ သိပ်ကိုပြတ်သားတာပါလား။
"အမေရိကန်မှာ ကျောင်းသွားတက်ရမယ်...
ငါအားလုံးစီစဉ်ထားပြီးသား..ဟိုမှာအဆောင်နေဖို့အတွက်ပါ စုံစမ်းထားတယ်..."
"အမေကအဲ့လိုကြေးလား...ကျွန်မသားသမီးတွေကိုတော့ ဒီလိုတစ်ခါမှမစဉ်းစားပေးခဲ့ဖူးပဲ ဒီကောင်မလေးကြမှ...ဘာလို့ဒီလိုတွေအထိပါ လုပ်ပေးနေရတာလဲ..အဲ့ဒါဘာသဘောလဲ.."
စိတ်ညစ်နေရသည့်ကြားထဲ အန်တီမေဦးကထဖောက်လာပြန်သည်။လေးလေးခန့်ကလည်းမျက်နှာမကောင်းသလို အန်တီယဉ်တင့်ကလည်းပုံရိပ်ကိုလာဖက်၍နှစ်သိမ့်ပေးလေသည်။ဒါပေမဲ့ ဖြစ်ချင်တာကိုဖြစ်ခွင့်မရတော့ဘူးဆိုသောအသိကြောင့် သိပ်၀မ်းနည်းမိတာပဲ။
"မေဦး...ငါစကားပြောနေတယ်ညည်း၀င်မပါနဲ့...နင့်သားသမီးသုံးယောက်လုံးကိုငါကဘာကိစ္စနဲ့ကျောင်းထားပေးရမှာလဲ...
အခုကားလိုချင်တယ်ဆိုလို့ကား၀ယ်ပေးမယ်လေ..ဒီလောက်ဆိုတော်ရောပေါ့...
သူတို့သုံးယောက်လုံးမှာ အုပ်ထိန်းသူရှိတယ်
..အဲ့ဒီ့အုပ်ထိန်းသူက နင်တို့ကိုယ်တိုင်ဆိုတာရောမေ့နေကြတာလား...ကိုယ့်သားသမီးကို
ပိုမြင့်မြင့်ထားချင်ရင်..ပိုကြိုးစားပေါ့..
အလကားနေငါ့ဆီကနေ လက်ဖြန့်တောင်းဖို့တွေးနေတာပဲ...အရိပ်ကနင့်သားသမီးတွေလိုမဟုတ်ဘူး..သူ့ရဲ့အုပ်ထိန်းသူက ငါကိုယ်တိုင်ဖြစ်တဲ့အတွက် ငါစီမံတာကို နာခံရမယ်...."
"အဖွား..."
"စကားတစ်ခွန်းမှ အထွန့်တက်ဖို့မကြိုးစားနဲ့အရိပ်...အခုချက်ချင်းအပေါ်တက်တော့...
ဂုဏ်ထူးငါးဘာသာပါအောင်ကြိုးစားခဲ့ပြီး
..အမှတ်၄၀၀တောင်မပြည့်တဲ့ဥပဒေ၀င်ခွင့်ကို လျှောက်ချင်နေတာကို ငါလုံး၀သဘောမတူဘူး..."
မျက်ရည်တွေဝဲတက်လာကာ ခံစားချက်တွေကိုမျိုသိပ်ပြီး စိတ်ကိုတင်းထားမိပေမဲ့ ဖွား၏မာထန်လွန်းသော အမိန့်စကားကြောင့်
အပေါ်ထပ်လှေကားသို့ အသက်မပါစွာတက်လာခဲ့ရလေသည်။
အသက်၇၀ကျော်ဖြစ်ပြီး ဝှီးချဲပေါ်မှာပဲထိုင်နေရသူဆိုပေမဲ့ မျက်နှာထန်ပြီးလက်ညှိုး
တစ်ချက်ဝေ့ယမ်းလိုက်သည်နှင့် သူ့ရဲ့စူးရှသောမျက်၀န်းတွေကို ဘယ်သူမှတန်ပြန်စိုက်မကြည့်ရဲတော့ပေ။
ပုံရိပ်လည်း အဖွားဒေါသထွက်နေသော အချိန်ဖြစ်၍စိတ်ကိုအတတ်နိုင်ဆုံး လျှော့လိုက်ပါသည်။
ကျန်းမာရေးမကောင်းသော အဖွားကိုပုံရိပ်ပို၍ဝေဒနာတွေမပေးချင်ပေ။
ဒါပေမဲ့ အဖွားလိုပဲပုံရိပ်မှာလည်းပြတ်သားသည့် ဆုံးဖြတ်ချက်ရှိသည်။
ပုံရိပ် ရှေ့နေ့ဖြစ်ရမည်။ဘယ်အတွက်ကြောင့်မှ ပုံရိပ်လက်မလျော့ဘူး။ဒီလိုစိတ်ထားခဲ့လို့လဲ အဖေကမန္တလေးကိုပြန်မလာခဲ့တော့တာဆိုလျှင် ပုံရိပ်ကဒုတိယမိုးရိပ်ဖြစ်လာပေလိမ့်မည်။
"အမေလုံး၀မတရားဘူး.."
အပေါ်ထက်လှေကားသို့တက်နေစဉ်တွင်
အန်တီမေဦးနှင့်အဖွား၏ ခပ်ကြိတ်ကြိတ်ရန်ဖြစ်သံကို ကြားနေရလေသည်။
မျက်ရည်တွေကိုအသာ သုတ်ပြီးအပေါ်ထပ်သို့သာ ပြေးတက်လာခဲ့လိုက်သည်။
အခန်းထဲသို့ ပြန်ရောက်တော့ ဒေါ်လေးဆီသို့ဖုန်းခေါ်လိုက်မိသည်။ဒေါ်လေးတို့မိသားစုဟာ ပုံရိပ်အတွက်တော့အိုအေစစ်လေးပါပဲ။
"ဟယ်လို..ဒေါ်လေး..သမီးပါ..."
"အေး...ပုံပုံလေး..နေကောင်းရဲ့လား.."
"ကောင်းပါတယ်..ဒေါ်လေးရဲ့..ဒေါ်လေးရောနေကောင်းရဲ့လား...ကလေးတွေရော.."
"ဒေါ်လေးကကောင်းပါတယ်ကွယ်..ကလေးတွေကတော့ကျောင်းပို့ထားတယ်လေ...
အော်ဒါနဲ့ မနက်ကဟိန်းကိုလာတယ်သိလား..
အောင်စာရင်းထွက်လို့တဲ့ သူအောင်တယ်လို့ပြောတယ်...ပုံပုံရောအောင်လား.."
"အောင်တာပေါ့ဒေါ်လေးရဲ့...အောင်ရုံတင်မဟုတ်ဘူး...ဂုဏ်ထူးငါးဘာသာတောင်ပါတယ်..."
"ဟယ်...တကယ်ကြီး..အမယ်လေးငါ့တူမလေးကတော်လိုက်တာဟယ်...ဒါဆိုရင်ဆရာ၀န်လုပ်လို့ရပြီပေါ့...တို့မျိုးရိုးထဲမှာဆရာ၀န်တစ်ယောက်မှမရှိဘူး...ကြိုးစားစမ်းပုံရိပ်ရယ်...ဒေါ်လေးပုံပုံ့အတွက်ကြာဇံကြော်ပြီး တစ်ရပ်ကွက်လုံးကို လိုက်ဝေပေးမယ်သိလား..."
ဒေါ်လေးနှင့်ဖုန်းပြောရတာလည်း ၀မ်းသာတစ်၀က်၊၀မ်းနည်းတစ်၀က်ဖြစ်နေသည်။
ပုံရိပ်ဂုဏ်ထူးပါလို့ အခုလောက်ဆိုရင်ရပ်ကွက်ထဲမှာ လှည့်ပြီးကြွားနေမှာသေချာသည်။၀မ်းနည်းတာကတော့ ဂုဏ်ထူးတွေအများကြီးပါတိုင်း ဆရာ၀န်ပဲဖြစ်စေချင်ကြပြီး *နင်ဘာဖြစ်ချင်သလဲ*ဟု မမေးပေးကြ၍ဖြစ်သည်။
ကျောင်းသားဘ၀မှာ ကျောင်းစာကိုအကောင်းဆုံးကြိုးစားခဲ့တာက ဆရာ၀န်ဖြစ်ရမည်ဆိုသော ရည်ရွယ်ချက်ကြောင့်မှမဟုတ်ပဲ။
ကျောင်းသားတာ၀န်ကိုအကောင်းဆုံးကျေပွန်ချင်လို့၊ဖွားညိုတို့ကိုစိတ်မပျက်စေချင်လို့ ကြိုးစားခဲ့တာလောက်ပါပဲ။
ပုံရိပ်ဟာ ဆရာ၀န်ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့ဘူး။
ဒါကို နားလည်ပေးမယ့်သူမရှိပါလား။
"တူ!!!တူ!!!!တူ!!!!!"
ဖုန်းမြည်သံကြောင့် အိပ်ယာပေါ်မှာမှောက်၍ငိုနေမိရာမှ ဖုန်းကိုယူပြီးကြည့်လိုက်မိတော့ မြင်နေရသောဖုန်းနံပါတ်မှာ ဆရာ့ဖုန်းနံပါတ်ဖြစ်နေသည်။ချက်ချင်းပဲထထိုင်ကာ
မျက်ရည်တွေကို သုတ်လိုက်ပြီးနောက် အစိမ်းရောင်အကွက်လေးကို နှိပ်လိုက်သည်။
"ဟယ်လို.....ဆရာလားဟင်..."
"ပုံရိပ်...စာမေးပွဲအောင်လား...ဆရာက
ညဆိုင်းဆင်းနေရလို့ အခုမှအားတာနဲ့ဖုန်းဆက်လိုက်တာ...."
ဆရာ့အသံကို ကြားလိုက်ရတော့ပုံရိပ်ပိုငိုချင်လာသည်။အလုပ်အားတာနှင့် ပုံရိပ်ကိုသတိရပေးသော ဆရာ့ကိုမမခင်ရူပကြောင့်သူစိမ်းဆန်စွာ အဆက်အသွယ်ဖြတ်ခဲ့မိတယ်။
ဆရာကတော့ နောက်တစ်နေ့တောင်မကူးပဲ
အောင်စာရင်းထွက်တဲ့နေ့မှာပဲ ချက်ချင်းသတင်းလှမ်းမေးရှာတာပါလား။
"ဆရာပြောတာ...ကြားလား..ပုံရိပ်တစ်ခုခုဖြစ်လို့လား..."
"ဆရာ..သမီးအောင်ပါတယ်..
ဂုဏ်ထူးငါးဘာသာလည်းပါတယ်..."
"ဟာ...တော်လိုက်တာကွာ...ပုံရိပ်အရမ်းတော်တယ်...ဘာလက်ဆောင်လိုချင်လဲ..
ဆရာတောင်ကြီးကနေ လှမ်းပို့လိုက်မယ်လေ..."
ပုံရိပ်၏မျက်၀န်းမှ မျက်ရည်ပူလေးများသည်ပါးပြင်ပေါ်သို့ စီးကျလာလျှက်ပြုံးလိုက်မိသော နှုတ်ခမ်းပေါ်သို့ကူးလူးသွားခဲ့သည်။
အခုချိန်မှာ လက်ဆောင်တစ်ခုခုကိုလှမ်းပို့ပေးမဲ့အစား ဆရာကိုယ်တိုင်ရောက်လာရင်
ပိုပြီး ကျေနပ်မိမှာပါ။ဆရာ့ကိုလွမ်းတယ်။
မဖြစ်နိုင်မှန်းသိပေမဲ့ ဆရာ့ရဲ့ရင်ခွင်နွေးနွေးကြီးထဲမှာ ခဏလောက်ခိုနားပြီး ငိုပစ်ချင်မိပါတယ်။
"ဆရာ့လိုပဲ ဖွားကလည်းဘာလိုချင်လဲလို့မေးတယ်...ဥပဒေမေဂျာကိုတက်ခွင့်ပေးပါလို့ပြောလိုက်ပေမဲ့ ပုံရိပ်ကိုအရမ်းစိတ်ဆိုးသွားတယ်ဆရာ...အဟင့်..သမီးဘယ်လိုလုပ်ရမှန်းမသိတော့ဘူး...."
"ဟာ..ပုံရိပ်ငိုနေတာလားကွာ...မငိုပါနဲ့..
သေချာစိတ်အေးအေးထားပြီးပြောကြည့်ပေါ့
..ရှေ့နေလည်းလုပ်မယ်..စီးပွားရေးနဲ့
ပတ်သတ်တာလည်းလေ့လာမယ်လို့ပြောကြည့်ပါလား..."
"ရမယ်မထင်ပါဘူးဆရာရယ်...အခုတောင်သမီးကိုစကားတစ်ခွန်းမှ ပေးမပြောတဲ့ဥစ္စာ
အဖွားက သိပ်ခေါင်းမာတာသူပြောတဲ့အတိုင်းမလုပ်ရင် လုံး၀မကြိုက်ဘူး...."
"ဒါဆိုရင် ပုံရိပ်ကရော အဖွားဖြစ်ချင်တဲ့အတိုင်းလုပ်မှာလား..."
"ဟင့်အင်း...သမီးရန်ကုန်ကိုပြန်တော့မယ်ဆရာ...ရန်ကုန်မှာပဲကျောင်းဆက်တတ်တော့မယ်..."
"ဟာ..အဲ့လိုတယူသန်ကြီးမဆုံးဖြတ်နဲ့လေ...
ဒီကမိသားစုတွေကစိတ်ထဲဘယ်ကောင်းပါ့
မလဲ..ပုံရိပ်ရဲ့အဖွားကိုနည်းနည်းစာနာပေးလိုက်ပါကွာ...အချိန်တစ်ခုကိုယူပြီးညှိကြည့်ကြပါလို့ ဆရာအကြံပေးချင်တယ်..."
"ရမယ်...မထင်ပါဘူးဆရာရယ်..သမီးငိုချင်တာပဲသိတယ်...အဟင့်...."
စိတ်မထိန်းနိုင်စွာ ရှိုက်သံပါထွက်သွားမိသောအခါ ဆရာ့ဘက်အခြမ်းမှဘာစကားသံမှ မထွက်တော့ပဲငြိမ်ကျသွားလေသည်။
ပုံရိပ်ကြောင့် ဆရာ့ပါစိတ်ဒုက္ခရောက်ရမှန်းသိပေမဲ့ ဆရာနဲ့မှသာခံစားချက်တွေကိုလွှတ်ပေးရဲတာမို့ ဆရာ့ဆီမှာသာ ငိုပါရစေ။
ဆရာ့ဆီမှာ ရင်ဖွင့်ပါရစေ။
"ပုံရိပ်...အခုပုံရိပ်တို့နေတဲ့ပုသိမ်ကြီးကလိပ်စာအတိအကျကို မက်ဆေ့ခ်ျပို့ပေးပါလား..."
"ဘာဖြစ်လို့လဲဆရာ.."
"မက်ဆေ့ခ်ျသာပို့ထားလိုက်ပါ..ဆရာဘာလုပ်မလဲနောက်ကျရင် ပုံရိပ်သိရမှာပါ...
မငိုနဲ့တော့နော်..ပုံရိပ်လေးကလိမ္မာတယ်..
အိမ်ကနေထွက်သွားဖို့အတွက်လည်း
မတွေ့ပါနဲ့အုံး...ဆရာဖုန်းချလိုက်တော့မယ်နော်..."
စကားကိုအလျှင်အမြန်ပြောခဲ့ပြီး ဖုန်းချသွား၍ အပြည့်အ၀ရင်မဖွင့်လိုက်ရပေမဲ့ ဆရာကမငိုစေချင်ဘူးဆိုတော့ မျက်ရည် တွေကိုသုတ်လိုက်မိပါသည်။
မနက်စာတွေလည်း စားချင်စိတ်မရှိတော့သလို ငိုထား၍ခေါင်းတွေကိုက်လာသောကြောင့် အိပ်ယာပေါ်တွင်မှောက်ကာ အိပ်ပစ်လိုက်မိလေသည်။
🌹🌹🌹🌹🌹🌹🌹🌹🌹
"ကိုဗျောကြီး...ကျွန်တော်...သွားစရာရှိလို့ခွင့်တိုင်ပေးထားပါအုံး..."
နေမျိုး၏စကားကြောင့် တစ်ခန်းတည်းအတူနေသော ဗျောကြီးလည်းနှစ်ထပ်ကုတင်ပေါ်တွင် တုံးလုံးလှဲနေရာမှ အ၀တ်အစားနှစ်စုံလောက်ကို ကျောပိုးအိတ်ထဲသို့ထည့်နေသော နေမျိုးကို ထူးဆန်းသလိုလိုက်ကြည့်နေမိလေသည်။
အမြဲတမ်းအေးဆေးတည်ငြိမ်နေတတ်သည့်
နေမျိုးကို ဒီလိုပြာယီးပြာယာဖြစ်နေတတ်သော ပုံစံနှင့်မမြင်ဖူးသူမို့ သူပါခေါင်းကုတ်ကာစဉ်းစားခန်းဖွင့်နေမိတော့သည်။
"နေမျိုး...ခွင့်တိုင်းမယ်ဆိုတော့..မင်းကအခုဘယ်သွားမလို့လဲ..."
"ကျွန်တော်...မန္တလေးကိုသွားမလို့ပါ...
အချိန်ရှိသေးရင်တော့ နေ့တွင်းချင်းပြန်လာပါ့မယ်..မဟုတ်ရင်တော့တည်းခိုခန်းမှာ တည်းပြီး နောက်နေ့မနက်မှပြန်လာဖြစ်လိမ့်မယ်..."
"ဟ...မင်းဟာကလည်း အလုပ်ကနေပြန်လာတာတောင်မကြာသေးဘူး...အနားလေးဘာလေးယူပါအုံးလား..."
"အချိန်မလောက်တော့ဘူးဗျ...အရေးကြီးတယ်..အိပ်တာကကားပေါ်မှာအိပ်လည်းရတာပဲဗျာ..အထူးအဆန်းမှမဟုတ်ပဲ..."
"နေအုံး...ခရီးထွက်မှာကိုပေါ့ပေါပါးပါး
၀တ်မသွားပဲ ပုဆိုးကြီးနဲ့လည်ကတုံးကိုဘာလို့ရွေး၀တ်ထားတာလဲဟ...မင်းအရင်ကအပြင်ထွက်ရင် ရှိုးနဲ့မိုးနဲ့အခုတော့လူအိုကြီးလိုပဲ..."
"ဖြည်းဖြည်းသက်သာဝေဖန်ပါဗျာ..အခုကအသက်ကြီးတဲ့အမျိုးသမီးကြီးတစ်ယောက်နဲ့သွားတွေ့ရမှာ ဒီလို၀တ်စားမှအဆင်ပြေမှာမို့လို့ပါ.."
နေမျိုးလည်း မှန်ကိုကောက်ယူပြီး
ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်လိုက်မိတော့
မရိပ်ရသေးသော နှုတ်ခမ်းမွှေးစိမ်းစိမ်းလေးတွေကမေးရိုးတစ်လျှောက်မှာ ရစ်သိုင်းနေလေသည်။
ရိတ်ဖို့လည်း အချိန်မရှိတော့တာကြောင့် ကျောပိုးအိတ်ကိုလွယ်ကာ လမ်းကုန်းဆင်းတွေအတိုင်း ဆိုက်ကယ်ငှား၍ဖြတ်လာခဲ့ပြီး တောင်ကြီးကားဂိတ်သို့ ဆင်းလာခဲ့လိုက်သည်။
ထင်းရှူးပင်တန်းလေးတွေကတော့ သူ့ရင်ထဲက ပူပန်မှုတွေကို မြင်နိုင်မည်ထင်ပါတယ်။
မင်းသိပ်စိမ်းကားတယ် ပုံရိပ်ရယ်။
သင်္ကြန်ကာလကို ကျော်လွန်ပြီးတည်းကကိုယ့်ကိုအဆက်အသွယ်ဖြတ်ခဲ့တဲ့ကောင်မလေးကို မနေနိုင်မထိုင်နိုင်ဖြစ်ပြီးသူလေးရဲ့စာမေးပွဲရလဒ်ကိုမေးမိရာကနေငိုသံလေးတစ်ခုကြောင့် ရင်ခွင်တစ်ခုလုံးလှိုင်းထန်ခဲ့တဲ့အပြင် တောင်ကြီးကနေမန္တလေးကို အပြေးလာဖို့အထိဖြစ်လာရတယ်။
သူ့အတွက်တော့ အလုပ်တွေနှောင့်နှေးရမှာထက် သူလေးရဲ့ငိုသံတွေနေရာမှာ ရယ်သံလွင်လွင်လေးတွေကိုပဲ ဖြစ်တည်စေချင်တယ်။အမြဲတမ်း စိတ်ပင်ပန်းမှုတွေကြုံနေရတတ်တဲ့ကောင်မလေးကိုဖြစ်နိုင်ရင်ထွေးပွေ့ထားချင်မိပါတယ်။
ဖြစ်နိုင်ရင်ပေါ့လေ...။
တစ်ညလုံး ညဆိုင်းဆင်းထားရ၍ပင်ပန်းမှုတွေနှင့် အိပ်ချင်နေသောစိတ်ကို ကားပေါ်မှာသာဖြေဖျောက်လိုက်ရလေသည်။
ခရီးကဘာမှန်းမသိလောက်အောင်အထိ လမ်းခရီးတစ်လျှောက်လုံး ဇာတ်ကျိုးအောင်အိပ်လာမိသည့် သူ့အဖြစ်ကိုသူ့၀န်ထမ်းလေးတွေမြင်ရင် လှောင်ရယ်နေနိုင်သည်။မတတ်နိုင်တော့ဘူး ။
သူလေးအတွက်ဆိုရင် ပင်လယ်ကြီးကို
ကျော်ဖြတ်ရရင်တောင် သူလုပ်ပါမည်။
🌹🌹🌹🌹🌹🌹
ဆရာ့ခံစားချက်လေးက သိပ်နူးညံ့ပါတယ်..
ငိုသံလေးကြားတာနဲ့ အလုပ်ပင်ပန်းနေတာတောင်
တန်းပြေးတဲ့ လူကြီး
ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ဆီတိုင်းကို ကျေးဇူးတင်ပါတယ်
=========================================================================
🌹ဆူးႀကိဳး(အခန္း၄၈)🌹
သူငယ္ခ်င္းေတြႏွင့္ လမ္းခဲြခဲ့ၿပီးအျပန္မွာ မိုးဖဲြေလးမ်ားက်ေနေသာေၾကာင့္ စက္ဘီးအနီေလးကိုအျမန္နင္းလာမိေလသည္။
ဂုဏ္ထူးငါးဘာသာပါတဲ့ ကိုယ့္ကိုကိုယ္လည္း
ဂုဏ္ယူေနမိ၍ ေပ်ာ္ရႊင္မႈကေတာ့အတိုင္းအဆမရိွပါပဲ။
ပံုရိပ္တို႔၏ရပ္ကြက္သည္ လမ္းေတြေဖာက္ထားတာကလည္း က်ယ္သလိုအိမ္ႀကီးအိမ္ေကာင္းေတြႀကီးပဲ ျဖစ္ေန၍ VIPဆိတ္ၿငိမ္ရပ္ကြက္လိုျဖစ္ေနသည္။
ၿခံႀကီးေတြကလည္း အလြန္က်ယ္ၿပီးအိမ္တိုင္းကလည္း ဆန္းသစ္ေလသည္။
ဒါေပမဲ့ ဖြာညိုတို႔ေနေသာ ၿခံကေတာ့ဒီလမ္းထဲမွာအက်ယ္ဆံုးျဖစ္ၿပီး အခမ္းနားဆံုးဟုဆိုလ်ွင္
ပိုမည္မထင္ေပ။
မိုးရိပ္ၿခံဟု ေျပာလိုက္သည္ႏွင့္ ဒီပတ္၀န္းက်င္တြင္မသိသူမရိွေလာက္ေအာင္ ရွားေလသည္။
ဒါကလည္း ဒီမိသားစု၏ခ်မ္းသာႂကြယ္၀မႈေၾကာင့္သာ ျဖစ္ေလသည္။
"ေတာ္ေသးတာေပါ့...မိုးမရြာေတာ့လို႔...."
စက္ဘီးနင္းေနရင္းႏွင့္ အဝါေရာင္ဂႏၶမာပန္းခင္းႀကီးရိွေသာ ၿခံတစ္ခု၏အေရ႔ွတြင္စက္ဘီးကို ရပ္လိုက္ကာ ေျခတစ္ဖက္ကိုေျမၾကီးမွာေထာက္၍
ၿခံထဲသို႔ေငးၾကၫ့္ေနမိသည္။
ၿခံႀကီးက က်ယ္သေလာက္ဂႏၶမာပန္းခင္းႀကီးကလည္း သံုးထပ္တိုက္ႀကီးကိုပတ္ပတ္လည္ဝိုင္းထားေလသည္။
ၿခံကိုကာရံထားေသာ အုတ္တံတိုင္းသည္နိမ့္လြန္းေသာေၾကာင့္ ၿခံထဲသို႔ပံုရိပ္၏အရပ္ႏွင့္ခြေက်ာ္၍ ေတာင္၀င္ႏိုင္သည္။
ၿခံတံခါးကို အစိမ္းေရာင္ေဆးသုတ္ထားၿပီး
ပန္းခင္းႀကီးကိုတစ္ဖက္တစ္ခ်က္ထားကာ
ကားတစ္စီး၀င္စာေလာက္လမ္းကေလးကို
အိမ္မႀကီးဆီအထိေဖာက္ထားေလသည္။
စက္ဘီးလဲမသြားေစရန္ ေျမၾကီးေပၚတြင္ ေျခေထာက္ႏွင့္ေထာက္ထားၿပီး ထိုအိမ္ေလးဆီသို႔ေငးၾကၫ့္ေနမိစဉ္မွာပဲ အိမ္ေလးထဲမွေကာင္ေလးတစ္ေယာက္ထြက္လာတာကို ေတြ့လိုက္ရေလသည္။
ေကာင္ေလးသည္ဆြယ္တာအျဖဴေရာင္ေလးႏွင့္
ဒူးက်ဂ်င္းေဘာင္းဘီအနက္ေရာင္ေလးကို၀တ္ဆင္ထားၿပီး အေဝးမွလွမ္းၾကၫ့္လ်ွင္ေတာင္ အသားျဖဴမွန္းသိသာေလသည္။
အရပ္ရွည္ေပမဲ့ ခႏၶာကိုယ္ကအရမ္းမထြားက်ိဳင္းပဲ ပိန္ပိန္ရွည္ရွည္ႀကီးျဖစ္ေနသည္။
"သူ႔ကိုျမင္ဖူးသလိုပဲ...."
စက္ဘီးနင္းဖို႔ျပင္ၿပီးမွ ရင္းႏွီးသလိုျဖစ္ေနေသာ
ထိုေကာင္ေလး၏ပံုသ႑န္ေၾကာင့္ လမ္းကိုျဖတ္ကူးလိုက္ၿပီး အစိမ္းေရာင္ၿခံတံခါးႀကီးအနားသို႔
တိုးကပ္၍ သူ႔ကိုလွမ္းၾကၫ့္ေနမိေလသည္။
ပံုရိပ္ၾကၫ့္ေနတာကို ရိပ္စားမိသြား၍ ေကာင္ေလးသည္လည္း ပံုရိပ္ရိွေနေသာၿခံတခါးဘက္သို႔
လမ္းေလးအတိုင္းေျပးလာေနေတာ့သည္။
"ပံုရိပ္!!!!!"
ထိုေကာင္ေလးသည္ ပံုရိပ္၏နာမည္ကိုေအာ္ေခၚလိုက္ၿပီး မ်က္ႏွာတြင္လည္း၀မ္းသာေသာအရိပ္မ်ားထင္ဟပ္လာသည္။
ပိုၿပီးနီးကပ္လာေလ သူ႔မ်က္ႏွာသည္ ပံုရိပ္ရင္းႏွီးခဲ့ဖူးေသာ လူတစ္ေယာက္ႏွင့္တူလာသည္။
"နင္က...ဟိန္းေဇယ်ာထက္မဟုတ္လား...."
ပံုရိပ္၏စကားပင္မဆံုးေသးခင္မွာပဲ ေစ့ထားေသာတံခါးကိုဆဲြဖြင့္ကာ ပံုရိပ္ကိုေျပးဖက္လာေလသည္။
အံ့ဩမႈႏွင့္ ထိတ္လန႔္မႈတို႔ေရာေထြးသြားေသာအခါ ဆဠမအာရံု၏လႈံ႔ေဆာ္မႈႏွင့္အတူ သူ႔ရင္ဘတ္ကို လက္ျဖင့္တြန္းကာ ရုန္းလိုက္မိသည္။
"ေဆာရီး...ပံုရိပ္ရယ္...ငါအရမ္း၀မ္းသာသြားလို႔ပါ..
မႏၲေလးကိုေရာက္တည္းက ငါနင့္ကိုပဲသတိရေနမိတာ...."
ဟိန္းေဇယ်ာထက္၏မ်က္၀န္းမ်ားသည္ တစ္ခုခုကိုေက်နပ္ေနဟန္ရိွၿပီး စကားေျပာေနေသာတစ္ေလ်ွာက္လံုးတြင္ ႃပံုး၍သာေနေလသည္။
ၿခံအျပင္သို႔ တစ္လွမ္းခ်င္းထြက္လာၿပီး ပံုရိပ္၏
စက္ဘီးဂိုက္ကိုပါ ကိုင္ထားေသးသည္။
အရင္လို မိန္းမေခ်ာေခ်ာသူဆိုေပမဲ့ အရပ္ကပိုရွည္လာေလသည္။ပံုရိပ္ထက္ေတာင္ ေခါင္းတစ္လံုးစာေလာက္ ျမင့္ေန၍သူ႔ကိုျပန္၍ ေမာ့ၾကၫ့္ေနရသည္။
"ဒီၿခံကိုအရင္တည္းက နင္တို႔ပိုင္တာလား...."
"မဟုတ္ဘူး...ငါတို႔၀ယ္လိုက္တာမၾကာေသးဘူး...
ပစၥည္းေတြကေတာ့ ေရြ့ထားၿပီးတာသံုးရက္ေလာက္ရိွၿပီ...ငါတို႔ကေတာ့မေန့ကညေနပိုင္းေလာက္ကမွ...ဒီကိုေရာက္ၾကတာ....အားတဲ့အခ်ိန္ၾကရင္...ငါနင့္ဆီကိုလာလည္မယ္ေလ...မႏၲေလးမွာအရင္ကေနဖူးေပမဲ့..အခုမျွပန္ေျပာင္းလာတာဆိုေတာ့...နည္းနည္းစိမ္းသြားသလိုပဲ...နင္ငါ့ကိုအေဖာ္ျပဳေပးရမယ္ေနာ္...."
"ဒုကၡပဲ....ငါ့ဟာငါေတာင္ဖြားညိုကဘယ္မွမလႊတ္လို႔...ပုသိမ္ႀကီးထဲမွာတင္ပိတ္မိေနတာ...နင့္ကိုဘယ္လိုအေဖာ္ျပဳေပးရမွာလဲ....ဒီညေနမွာ စာေမးပဲြေအာင္တဲ့အထိန္းအမွတ္နဲ႔...သူငယ္ခ်င္းေတြနဲ႔
မုန႔္သြားစားရဖို႔အေရးေတာင္ ဖြားညိုဆီကေန
မနဲခြင့္ေတာင္းရမွာ..."
"ဟား...ဟား....အရင္တုန္းကဂ်စ္ကန္ကန္ေနခဲ့တဲ့ေကာင္မေလး...အခုေတာ့ဖြားညိုရဲ့တုတ္စာကိုေၾကာက္ေနရၿပီေပါ့...."
"နင္ေနာ္..."
ကိုထက္၏စကားေၾကာင့္ ႏႈတ္ခမ္းေလးစူၿပီး မ်က္ေမွာင္ေလးႄကံု႔သြားေသာေၾကာင့္ ကိုထက္သည္လည္း မ်က္လံုးေလးမ်ားလျခမ္းပံုသ႑န္ေကြးၫႊတ္သြားတာကို မူးမူးေမ့ေမ့ၾကၫ့္ေနမိေလသည္။
မေတြ့ၾကေတာ့တဲ့ႏွစ္အတြင္းမွာ သူ႔ကိုအခင္အမင္မျပတ္ေသးေသာေၾကာင့္ေက်နပ္တာထက္ကို
ပိုေပ်ာ္မိသည္ဆိုက မွန္ပါလိမ့္မည္။
မေျပာင္းလဲေသးေသာအခ်က္ကေတာ့ ပံုရိပ္ဟာ
အရင္လိုခ်စ္စရာေကာင္းေနတုန္းျဖစ္ၿပီး ေျပာင္းလဲသြားေသာအခ်က္ကေတာ့ အရင္ထက္မ်က္ႏွာေလးပိုရႊင္ျပလာၿပီး ပိုလွလာသည္။
ခါးေက်ာ္ၿပီး တင္ပါးထိေရာက္ေနေသာ ပိတုန္းေရာင္ဆံႏြယ္ေလးေတြကို ေက်ာအျပၫ့္ျဖန႔္ခင္းထားပံုမွာ ဂႏၶမာပန္းေလးေတြ စီရရီက်ဲထားသလို ႏုဖတ္ေသာမ်က္ႏွာကေလးႏွင့္ လိုက္ဖက္လြန္းလိုက္တာ။
ဘာအျခယ္အသမွမရိွေသာ မ်က္ႏွာေလးသည္ပကတိျဖဴစင္ေနၿပီး အသားျဖဴလြန္းေသာေၾကာင့္ ပါးျပင္ေလးေတြကအစ ေနေရာင္ျဖန္းခံထားရ၍
နီနီရဲရဲေလးျဖစ္ေနကာ ႏွာေခါင္းထိပ္ေလးမ်ားကအစ အသဲယား၍ဆဲြၫွစ္ခ်င္စရာေကာင္းေလာက္ေအာင္ ပန္းေရာင္သန္းေနၿပီး ရဲတက္ေနေလသည္။
ႏႈတ္ခမ္းေလးမ်ားေကြးၫႊတ္လိုက္တိုင္းမွာ
ထူထဲေသာမ်က္ေတာင္မ်ား၀န္းရံထားသၫ့္ စူးရွၾကည္လင္ေသာ မ်က္၀န္းေလးေတြလႈပ္ရွားသြား၍ အတိုင္းထက္အလြန္ရင္ခုန္ရပါသည္။
အခ်ိန္အၾကာႀကီးမေတြ့ရေပမဲ့ ေကာင္မေလးအေပၚမွာထားတဲ့ သူ႔ရဲ့ခံစားခ်က္ေတြက ေမွးမိွန္မသြားပါလား။
"နင္ငါ့ကို ဘာလို႔အဲ့ေလာက္ေတာင္ၾကၫ့္ေနတာလဲ..."
"မေတြ့ရတာၾကာၿပီမို႔လို႔ေပါ့...ဘာလဲၾကၫ့္ခြင့္မရိွဘူးလား.."
"ဟာ..အဲ့လိုသေဘာမ်ိဳးနဲ႔ေမးတာမဟုတ္ပါဘူး..
.ငါ့မ်က္ႏွာမွာတစ္ခုခုေပေနလားလို႔ပါ.."
"မေပပါဘူး...လွပါတယ္.."
"အာ!!!!"
လွတယ္ဟုၿမွောက္ေျပာလိုက္တဲ့အခါတိုင္း
ရွက္သြားသူေလးမို႔ သူစလိုက္မိေတာ့ပါးအို႔ေလးေတြပါ ပိုရဲလာေလသည္။
ဘာေၾကာင့္ရယ္မသိ သူေလး၏မ်က္ႏွာကိုၾကၫ့္ေနရင္းမွာ အားမလိုအားမရျဖစ္ကာ
ပိုနီးကပ္ေစရန္ ေရ႔ွသို႔တစ္လွမ္းတိုးလိုက္မိေလသည္။
"ပံုရိပ္..စာေမးပဲြေအာင္တယ္ဆိုေတာ့..ဂုဏ္ထူးေရာပါေသးလား..."
"ပါတာေပါ့ဟ...ဘယ္သူမွတ္လို႔လဲ...နင္ေရာပါတယ္မဟုတ္လား.."
ကိုထက္ကိုျပန္ေမးလိုက္ေတာ့ သူကေခါင္း
တဆတ္ဆတ္ညိမ့္ျပၿပီး လက္သံုးေခ်ာင္းေထာင္ျပေနေလသည္။
"နင္ေရာ..ဘယ္ႏွစ္ဘာသာပါလဲ..."
"ငါးဘာသာ...."
"ဟ...မိုက္လွခ်ည္လား ...ငါကသံုးဘာသာပဲပါတာ...ပံုရိပ္နင္အရမ္းေတာ္တယ္...
ငါအရင္တည္းကသိၿပီးသားပါ...နင္ကဘာပဲျဖစ္ခ်င္ခ်င္မရရေအာင္ႀကိဳးစားတတ္တဲ့ေကာင္မေလးမဟုတ္လား...အျပင္က်ူရွင္ေတြမယူပဲငါ့ကိုေက်ာ္ၿပီး အခန္းထဲမွာအဆင့္တစ္ရေအာင္ လုပ္ႏိုင္ခဲ့တည္းကနင့္အရည္အခ်င္းကို ငါယံုၿပီးသား..."
"ကိုးတန္းတုန္းက..ငါအျပင္က်ူရွင္မယူခဲ့ဘူးလို႔ နင့္ကိုဘယ္သူေျပာတာလဲ...ငါ့ကိုပိုက္ဆံ
မယူပဲအခမဲ့သင္ေပးခဲ့တဲ့ဆရာရိွတယ္...
ဆရာ့ေၾကာင့္သာမဟုတ္ရင္ နင့္ကိုေက်ာ္တက္ဖို႔ဆိုတာ ဘယ္ျဖစ္ႏိုင္မွာလဲ..."
"ဟုတ္ပါၿပီဟာ...အခုေရာနင္ဖြားညိုတို႔အိမ္ကိုျပန္မလို႔လား...ဒါမွမဟုတ္ရင္အိမ္ထဲကိုအလည္၀င္ဖို႔ ငါဖိတ္ပါရေစ..."
"ေနပါေစ...မ၀င္ေတာ့ပါဘူး..."
"ေအးပါဟာ..ဒါဆိုရင္ေနအံုး..ခုဏကနင္
ပန္းခင္းကို လွမ္းၾကၫ့္ေနတာမဟုတ္လား..
ငါနင့္အတြက္လက္ေဆာင္ေပးလိုက္မယ္.. "
ကိုထက္သည္ တားခ်ိန္ေတာင္မရလိုက္ပဲ ေလ်ွာက္လမ္းေလးအတိုင္း သူ႔အိမ္ထဲသို႔ေျပး၀င္သြားေလသည္။သိပ္မၾကာခင္မွာပဲ ျပန္ေျပးထြက္လာၿပီး ပန္းခင္းထဲသို႔၀င္ကာ ပန္းေတြကိုကပ္ေၾကးႏွင့္လိုက္ၫွပ္ေနေတာ့သည္။ၿခံထဲသို႔ မ၀င္ေသးပဲၿခံအျပင္ကေန အံ့ဩကာရပ္ၾကၫ့္ေနေသာ ပံုရိပ္ဆီသို႔ခဏအၾကာတြင္ ဂႏၶမာပန္းေတြကိုေပြ့ပိုက္ၿပီး ျပန္လာေလသည္။
"ေရာ့..နင့္အတြက္ဂုဏ္ျပဳလက္ေဆာင္...
တန္ဖိုးမႀကီးေပမဲ့..အမွတ္တရေတာ့ျဖစ္မယ္ထင္ပါတယ္.."
"ေအးပါ...ေက်းဇူးတင္ပါတယ္ေနာ္...အိမ္မွာပန္းထိုးလို႔ရတာေပါ့...ငါတို႔အိမ္ကိုလည္းလာလည္ေလ...."
ကိုထက္ကိုႏႈတ္ဆက္ခဲ့ၿပီး စက္ဘီးျခင္းထဲသို႔ ပန္းကေလးေတြကိုထၫ့္ကာ အိမ္သို႔ျပန္ခဲ့လိုက္သည္။ကိုထက္ကိုေတြ့ေတာ့ ယမင္းကိုေတာင္သတိရမိေသးသည္။ယမင္းကေရာ အခုဘယ္ဘ၀မွာ ေရာက္ေနမည္လဲ။
ယမင္းအေၾကာင္းကို ျပန္ေတြးၾကၫ့္လိုက္မိတိုင္း ရင္နာရပါတယ္။
ကိုထက္ကိုေတြ့လိုက္တိုင္းလည္း အားနာေနမိတယ္။
🌹🌹🌹🌹🌹🌹
"ဖြားေရ ..ဖြားညိုေရ..."
အိမ္ေရ႔ွမွာ စက္ဘီးကိုရပ္ၿပီး ပန္းေတြကိုပိုက္ကာ အိမ္ထဲသို႔၀င္လာသည္ႏွင့္ ပထမဦးဆံုးေအာ္ေခၚမိတာကေတာ့ ဖြားညိုကိုျဖစ္သည္။
"မမေရ..ျဖည္းျဖည္းေအာ္ပါ..ဖြားညိုကဧၫ့္ခန္းထဲမွာ ထိုင္ေစာင့္ေနတယ္..."
ပိစိမသည္ အိမ္ထဲမွေျပးထြက္လာၿပီးပံုရိပ္၏
လက္ကို ၀မ္းသာအားရလာကိုင္ေလသည္။
ပံုရိပ္လည္း သူ႔ကိုဂႏၶမာပန္းေတြေပးခဲ့လိုက္ၿပီး ဧၫ့္ခန္းထဲသို႔၀င္လိုက္ေသာအခါတြင္ အန္တီယဉ္တင့္တို႔ေရာ ေလးေလးခန႔္တို႔ပါရိွေနသၫ့္အျပင္ မမေနျခည္ႏွင့္
အန္တီယြန္းေမဦးပါထိုင္ေနေလသည္။
"အရိပ္ေလး...သိပ္ေတာ္တဲ့အရိပ္ကေလး
..ဖြားရဲ့အနားကိုလာပါအံုး..."
ဖြားညိုကေတာ့ ပံုရိပ္ကိုျမင္သည္ႏွင့္ မ်က္ႏွာေလးရႊင္ၾကည္ကာ ေက်နပ္ေနဟန္ႏွင့္
အနားသို႔ေခၚလိုက္၍ လူႀကီးေတြအေရ႔ွမွေခါင္းငံု႔၍ ေလ်ွာက္လိုက္ကာ ဖြားညို၏
အနားသို႔သြားၿပီး ဖက္ထားလိုက္မိသည္။
"အန္တီတင့္ကေတာ့ ၾကားၾကားခ်င္း၀မ္းသာလြန္းလို႔ ထခုန္မိေတာ့တာပဲကေလးရယ္...
ေတာ္လိုက္တာကြယ္..."
"ေတာ္ဆို..သူ႔ဦးေလးေတြ၊အဖိုးေတြကလည္း အကုန္ဆရာ၀န္ေတြပဲေလ...အဲ့ေတာ့ငါ့တူမ
ႀကီးေတာ္တာမဆန္းေတာ့ပါဘူး...."
"အမယ္ေလး...ၿမွောက္စရာမရိွ..ကိုယ္ကိုကိုယ္ျပန္ၿမွောက္ေနျပန္ပါၿပီ..."
"ဟား..ဟား..."
အန္တီယဉ္တင့္က မ်က္ေစာင့္တခဲခဲႏွင့္ေလးေလးခန႔္ကိုၾကၫ့္၍ေျပာေတာ့ ေလးေလးခန႔္ကလည္းတအားေအာ္ရယ္ေလသည္။
အန္တီတင့္ကေတာ့ သူ႔ေယာက္်ားကို
မ်က္ေစာင္းတခ်ီခ်ီႏွင့္ ျဖစ္ေနေလေတာ့သည္။
အန္တီေမဦးကေတာ့ ဒီတစ္ေခါက္မွာ ထူးဆန္းစြာတိတ္က်ေနေလသည္။
"ဖြားညို..ဒါနဲ႔သမီးစာေမးပဲြေအာင္တာကို ဘယ္လိုလုပ္ၿပီးသိသြားတာလဲဟင္.."
"ကိုယ္ပိုင္ေက်ာင္းကေန ဖုန္းဆက္တယ္ေလ
...အရိပ္ကဂုဏ္ထူးငါးဘာသာပါလို႔တဲ့
ဂုဏ္ျပဳပဲြကိုတက္ၿပီး ဆုတက္ယူေပးဖို႔
ဖုန္းလွမ္းဆက္တာတဲ့..အရိပ္တို႔တစ္ေက်ာင္းလံုးမွာ အရိပ္ကဂုဏ္ထူးအမ်ားဆံုးပါတာပဲ..”
"ဟုတ္လား..သမီးကဖြားညိုမသိေသးဘူးထင္လို႔ ..အဲ့ေတာ့အံ့ဩစရာမေကာင္းေတာ့ဘူးေပါ့..."
"အမယ္ေလး..စိတ္မေကာင္းေတာ့မျဖစ္ပါနဲ႔
..ငါ့ေျမးေတြကႏွစ္ေယာက္လံုး စာေမးပဲြေအာင္ၾကေတာ့..ဒီအဖြားႀကီးကေျပာမျပတတ္ေအာင္ေပ်ာ္တာပါ..ကဲေျပာ၊ဖြားဘာ၀ယ္ေပးရမလဲ...ဘာလိုခ်င္ၾကလဲ...."
"သမီးကကားလိုခ်င္တယ္ဖြား...သမီးရဲ့သူငယ္ခ်င္းဆိုရင္ သူ႔အေဖကၿပိဳင္ကားေလး၀ယ္ေပးထားတာသိလား..အေမ့ကိုပူဆာတာလည္းၾကာၿပီး တစ္ခါမွ၀ယ္မေပးဘူး..."
မမေနျခည္သည္ သူ႔အေမ၏ေဘးမွာထိုင္ေနရာမွ ဖြားညိုႏွင့္ပံုရိပ္၏ၾကားထဲမွာ
ကပ္သီးကပ္သပ္လာထိုင္ၿပီး ကား၀ယ္ေပးဖို႔မရရေအာင္ပူဆာေနေလေတာ့သည္။
မစားရေသာ ကေလးဟာပိုငတ္တယ္ဆိုတာ
ဟုတ္လိမ့္မည္။သူေျပာတဲ့ကားကလည္း ေဈးကေခါင္ခိုက္ေနေလသည္။
ဖြားညိုကေတာ့ အႃပံုးမပ်က္ပဲေခါင္းညိမ့္ျပလိုက္ေလေတာ့သည္။
"ေရး...ဒါမွတို႔ဖြားညိုကြ..ကားကိုညေနၾကမွသြား၀ယ္မယ္ေနာ္...သမီးအရမ္းေပ်ာ္တာပဲဖြားညိုရယ္..."
"အမယ္ေလး...လိုခ်င္တာရသြားေတာ့လည္းကပ္ခၽဲြေနလိုက္တာ...အေမေရ..အေမ့ေျမးကေလခုဏကအထိ သူ႔ကိုကား၀ယ္မေပးဘူးဆိုလို႔ စိတ္ေကာက္ေနတာေလ..."
"စာေမးပဲြေအာင္တဲ့အထိမ္းအမွတ္အေနနဲ႔ အဖြားက၀ယ္ေပးတာပါ..စိတ္မေကာက္ရေတာ့ဘူးေနာ္..ေနျခည္..."
"မေကာက္ေတာ့ပါဘူးအဖြားရဲ့ ေျဖာင့္သြားၿပီ.."
"ဟား...ဟား...ဟား..."
မမေနျခည္၏စကားေလးေၾကာင့္ အကုန္လံုးပဲြက်ေအာင္ ရယ္မိၾကေလသည္။
ပံုရိပ္တစ္ေယာက္တည္းကသာ ဧၫ့္ခန္းထဲရိွ ရိွနံရံေဘးတြင္ေထာင္ထားေသာ ပန္းပုရုပ္ထုေလးကိုသာ ေငးၾကၫ့္ေနမိေလသည္။
မ်က္လံုးကိုစည္းေနွာင္ထားေသာ အမ်ိဳးသမီးေလးသည္ ခ်ိန္ခြင္တစ္ခုကို လက္ဆန႔္တန္း၍ ကိုင္ထားေလသည္။
ၿပီးေနာက္ အခန္း၏ေထာင့္အက်ဆံုးတြင္ ေတာ့ အေတာင္ႀကီးကိုျဖန႔္ကားထားေသာ သိန္းငွက္ရုပ္ထုႀကီးရိွေနေလသည္။
"အရိပ္ကေရာ...ဘာေတြေငးေနတာလဲ
ဖြားေမးထားတာကိုေျဖပါအံုး...စာေမးပဲြကို
ငါးဘာသာဂုဏ္ထူးနဲ႔ေအာင္ထားတာပဲ...
ဘာလိုခ်င္လဲ...ဖြားကအကုန္ေပးမွာ...
ေနျခည္ေလးလို ၿပိဳင္ကားလိုခ်င္သလား...."
"ဟင့္အင္းဖြား...သမီးအဲ့ဒါေတြတစ္ခုမွ
မလိုခ်င္ဘူး သမီးလိုခ်င္တာတစ္ခုပဲရိွတယ္..."
"ကဲ..ေျပာ..ဘာလိုခ်င္တာလဲ..."
"သမီးေျဖလိုက္ရင္ ဖြားညိုကတကယ္ခြင့္ျပဳေပးမွာလား.."
"ဘာလိုခ်င္လို႔ ဒီေလာက္ေတာင္အထပ္ထပ္ေမးေနရတာလဲ အရိပ္ရယ္...အရိပ္ဘာလိုခ်င္ခ်င္အဖြားကအကုန္ျဖၫ့္ဆည္းေပးမွာ..."
"အေမတို႔ကေတာ့ေလ..လုပ္ၿပီေနာ္...ဟိုကကုမၸဏီကိုလက္လႊဲေပးပါဆိုရင္...ကုန္ေနအံုးမယ္.."
သူ႔သမီးၿပိဳင္ကားေတာင္းတုန္းကေတာ့မ်က္ႏွာကႃပံုးၿဖီးေနၿပီး ပံုရိပ္အလွၫ့္ေရာက္ေတာ့မွ အသံေတြထြက္လာ၍အန္တီေမဦးကို သိပ္ၾကၫ့္မရေတာ့ေပ။
ပံုရိပ္ထက္ သူ႔သားသမီးေတြကို သာေစခ်င္ေပမဲ့ လက္ေတြ့မွာျဖစ္မလာေတာ့ စကားနာထိုးဖို႔သာ တတ္ႏိုင္ေလေတာ့သည္။
ယခုဆိုလ်ွင္ သူ႔သားအႀကီးေကာင္ထက္ေတာင္ ပံုရိပ္ကဂုဏ္ထူးမ်ားေသးသည္။
ဓာတုေဗဒဘာသာေျဖတဲ့ေန့ကသာ
ပံုရိပ္မဖ်ားခဲ့ရင္ ေျခာက္ဘာသာလံုးဂုဏ္ထူးထြက္ႏိုင္သည္။ဒါေပမဲ့ ပံုရိပ္ကကိုယ္ေျဖထားတာထက္ အမွတ္ေတြကိုတမင္ေလ်ွာ့တြက္ထားတာေၾကာင့္ ဘယ္သူ႔ကိုမွ
ငါဘယ္ေလာက္ေျဖႏိုင္ပါတယ္ဆိုၿပီး ႂကြားလံုးမထုတ္တတ္ေပ။
"အရိပ္...ဘာေတြငိုင္ေနတာလဲ...ဖြားကိုေျပာစမ္းပါ...အရိပ္ဘာလိုခ်င္သလဲ..."
"ေျပာလိုက္ေလ...ပံုရိပ္ရဲ့..."
အန္တီယဉ္တင့္ေရာေလးေလးခန႔္ကပါ မ်က္ႏွာရိပ္ျပကာ တိုက္တြန္းလာေသာေၾကာင့္ ပံုရိပ္သည္ ထိုင္ေနရာမွခ်က္ခ်င္းထလိုက္ၿပီး ဖြားညို၏ ေရ႔ွတည့္တည့္မွာေခါင္းကိုငံု႔၍
ရပ္လိုက္မိသည္။
"သမီးကို...ဥပေဒေမဂ်ာယူခြင့္ျပဳပါဖြား...
သမီး..ေရ႔ွေနျဖစ္ခ်င္ပါတယ္...
သမီးကိုအဲ့တစ္ခုေလးပဲ ခြင့္ျပဳေပးပါ..."
"ဘာေျပာလိုက္တယ္!!!!..."
ထင္တဲ့အတိုင္းပါကဲ ဖြားညို၏အသံေတြသည္ ေပ်ာ့ေျပာင္းမေနေတာ့ပါဘူး။
ဖြားညို၏ မ်က္ႏွာကိုေမာ့ၾကၫ့္လိုက္မိေတာ့
ေမ်ွာ္လင့္ခ်က္ေတြကို ရိုက္ခ်ိဳးခံလိုက္ရသၫ့္ လူတစ္ေယာက္ကဲ့သို႔ အံ့ဩမႈႏွင့္ တင္းမာမႈေတြ ေရာယွက္ေနသည္။
"သမီးရယ္..ဂုဏ္ထူးငါးဘာသာေတာင္ပါတဲ့ဥစၥာကို ဆရာ၀န္လိုင္းကိုေရြးပါလားကြာ..."
"ဘာဆရာ၀န္လိုင္းမွမေရြးရဘူး..."
ဖြားညို၏ ေဒါသအသံေၾကာင့္ အားလံုးထိတ္လန႔္သြားကာ မ်က္ႏွာပ်က္သြားၾကေလသည္။ပံုရိပ္ကေတာ့ ခန႔္မွန္းထားမိၿပီးသားမို႔
ေခါင္းကိုသာငံု႔ထားၿပီး မ်က္ရည္က်ရံုသာတတ္ႏိုင္ပါသည္။
ဖြားညိုရဲ့ ဆံုးျဖတ္ခ်က္ဟာ သိပ္ကိုျပတ္သားတာပါလား။
"အေမရိကန္မွာ ေက်ာင္းသြားတက္ရမယ္...
ငါအားလံုးစီစဉ္ထားၿပီးသား..ဟိုမွာအေဆာင္ေနဖို႔အတြက္ပါ စံုစမ္းထားတယ္..."
"အေမကအဲ့လိုေၾကးလား...ကၽြန္မသားသမီးေတြကိုေတာ့ ဒီလိုတစ္ခါမွမစဉ္းစားေပးခဲ့ဖူးပဲ ဒီေကာင္မေလးၾကမွ...ဘာလို႔ဒီလိုေတြအထိပါ လုပ္ေပးေနရတာလဲ..အဲ့ဒါဘာသေဘာလဲ.."
စိတ္ညစ္ေနရသၫ့္ၾကားထဲ အန္တီေမဦးကထေဖာက္လာျပန္သည္။ေလးေလးခန႔္ကလည္းမ်က္ႏွာမေကာင္းသလို အန္တီယဉ္တင့္ကလည္းပံုရိပ္ကိုလာဖက္၍ႏွစ္သိမ့္ေပးေလသည္။ဒါေပမဲ့ ျဖစ္ခ်င္တာကိုျဖစ္ခြင့္မရေတာ့ဘူးဆိုေသာအသိေၾကာင့္ သိပ္၀မ္းနည္းမိတာပဲ။
"ေမဦး...ငါစကားေျပာေနတယ္ညည္း၀င္မပါနဲ႔...နင့္သားသမီးသံုးေယာက္လံုးကိုငါကဘာကိစၥနဲ႔ေက်ာင္းထားေပးရမွာလဲ...
အခုကားလိုခ်င္တယ္ဆိုလို႔ကား၀ယ္ေပးမယ္ေလ..ဒီေလာက္ဆိုေတာ္ေရာေပါ့...
သူတို႔သံုးေယာက္လံုးမွာ အုပ္ထိန္းသူရိွတယ္
..အဲ့ဒီ့အုပ္ထိန္းသူက နင္တို႔ကိုယ္တိုင္ဆိုတာေရာေမ့ေနၾကတာလား...ကိုယ့္သားသမီးကို
ပိုျမင့္ျမင့္ထားခ်င္ရင္..ပိုႀကိဳးစားေပါ့..
အလကားေနငါ့ဆီကေန လက္ျဖန႔္ေတာင္းဖို႔ေတြးေနတာပဲ...အရိပ္ကနင့္သားသမီးေတြလိုမဟုတ္ဘူး..သူ႔ရဲ့အုပ္ထိန္းသူက ငါကိုယ္တိုင္ျဖစ္တဲ့အတြက္ ငါစီမံတာကို နာခံရမယ္...."
"အဖြား..."
"စကားတစ္ခြန္းမွ အထြန႔္တက္ဖို႔မႀကိဳးစားနဲ႔အရိပ္...အခုခ်က္ခ်င္းအေပၚတက္ေတာ့...
ဂုဏ္ထူးငါးဘာသာပါေအာင္ႀကိဳးစားခဲ့ၿပီး
..အမွတ္၄၀၀ေတာင္မျပၫ့္တဲ့ဥပေဒ၀င္ခြင့္ကို ေလ်ွာက္ခ်င္ေနတာကို ငါလံုး၀သေဘာမတူဘူး..."
မ်က္ရည္ေတြဝဲတက္လာကာ ခံစားခ်က္ေတြကိုမ်ိဳသိပ္ၿပီး စိတ္ကိုတင္းထားမိေပမဲ့ ဖြား၏မာထန္လြန္းေသာ အမိန႔္စကားေၾကာင့္
အေပၚထပ္ေလွကားသို႔ အသက္မပါစြာတက္လာခဲ့ရေလသည္။
အသက္၇၀ေက်ာ္ျဖစ္ၿပီး ဝွီးခ်ဲေပၚမွာပဲထိုင္ေနရသူဆိုေပမဲ့ မ်က္ႏွာထန္ၿပီးလက္ၫွိုး
တစ္ခ်က္ေဝ့ယမ္းလိုက္သည္ႏွင့္ သူ႔ရဲ့စူးရွေသာမ်က္၀န္းေတြကို ဘယ္သူမွတန္ျပန္စိုက္မၾကၫ့္ရဲေတာ့ေပ။
ပံုရိပ္လည္း အဖြားေဒါသထြက္ေနေသာ အခ်ိန္ျဖစ္၍စိတ္ကိုအတတ္ႏိုင္ဆံုး ေလ်ွာ့လိုက္ပါသည္။
က်န္းမာေရးမေကာင္းေသာ အဖြားကိုပံုရိပ္ပို၍ေဝဒနာေတြမေပးခ်င္ေပ။
ဒါေပမဲ့ အဖြားလိုပဲပံုရိပ္မွာလည္းျပတ္သားသၫ့္ ဆံုးျဖတ္ခ်က္ရိွသည္။
ပံုရိပ္ ေရ႔ွေန့ျဖစ္ရမည္။ဘယ္အတြက္ေၾကာင့္မွ ပံုရိပ္လက္မေလ်ာ့ဘူး။ဒီလိုစိတ္ထားခဲ့လို႔လဲ အေဖကမႏၲေလးကိုျပန္မလာခဲ့ေတာ့တာဆိုလ်ွင္ ပံုရိပ္ကဒုတိယမိုးရိပ္ျဖစ္လာေပလိမ့္မည္။
"အေမလံုး၀မတရားဘူး.."
အေပၚထက္ေလွကားသို႔တက္ေနစဉ္တြင္
အန္တီေမဦးႏွင့္အဖြား၏ ခပ္ႀကိတ္ႀကိတ္ရန္ျဖစ္သံကို ၾကားေနရေလသည္။
မ်က္ရည္ေတြကိုအသာ သုတ္ၿပီးအေပၚထပ္သို႔သာ ေျပးတက္လာခဲ့လိုက္သည္။
အခန္းထဲသို႔ ျပန္ေရာက္ေတာ့ ေဒၚေလးဆီသို႔ဖုန္းေခၚလိုက္မိသည္။ေဒၚေလးတို႔မိသားစုဟာ ပံုရိပ္အတြက္ေတာ့အိုေအစစ္ေလးပါပဲ။
"ဟယ္လို..ေဒၚေလး..သမီးပါ..."
"ေအး...ပံုပံုေလး..ေနေကာင္းရဲ့လား.."
"ေကာင္းပါတယ္..ေဒၚေလးရဲ့..ေဒၚေလးေရာေနေကာင္းရဲ့လား...ကေလးေတြေရာ.."
"ေဒၚေလးကေကာင္းပါတယ္ကြယ္..ကေလးေတြကေတာ့ေက်ာင္းပို႔ထားတယ္ေလ...
ေအာ္ဒါနဲ႔ မနက္ကဟိန္းကိုလာတယ္သိလား..
ေအာင္စာရင္းထြက္လို႔တဲ့ သူေအာင္တယ္လို႔ေျပာတယ္...ပံုပံုေရာေအာင္လား.."
"ေအာင္တာေပါ့ေဒၚေလးရဲ့...ေအာင္ရံုတင္မဟုတ္ဘူး...ဂုဏ္ထူးငါးဘာသာေတာင္ပါတယ္..."
"ဟယ္...တကယ္ႀကီး..အမယ္ေလးငါ့တူမေလးကေတာ္လိုက္တာဟယ္...ဒါဆိုရင္ဆရာ၀န္လုပ္လို႔ရၿပီေပါ့...တို႔မ်ိဳးရိုးထဲမွာဆရာ၀န္တစ္ေယာက္မွမရိွဘူး...ႀကိဳးစားစမ္းပံုရိပ္ရယ္...ေဒၚေလးပံုပံု႔အတြက္ၾကာဇံေၾကာ္ၿပီး တစ္ရပ္ကြက္လံုးကို လိုက္ေဝေပးမယ္သိလား..."
ေဒၚေလးႏွင့္ဖုန္းေျပာရတာလည္း ၀မ္းသာတစ္၀က္၊၀မ္းနည္းတစ္၀က္ျဖစ္ေနသည္။
ပံုရိပ္ဂုဏ္ထူးပါလို႔ အခုေလာက္ဆိုရင္ရပ္ကြက္ထဲမွာ လွၫ့္ၿပီးႂကြားေနမွာေသခ်ာသည္။၀မ္းနည္းတာကေတာ့ ဂုဏ္ထူးေတြအမ်ားႀကီးပါတိုင္း ဆရာ၀န္ပဲျဖစ္ေစခ်င္ၾကၿပီး *နင္ဘာျဖစ္ခ်င္သလဲ*ဟု မေမးေပးၾက၍ျဖစ္သည္။
ေက်ာင္းသားဘ၀မွာ ေက်ာင္းစာကိုအေကာင္းဆံုးႀကိဳးစားခဲ့တာက ဆရာ၀န္ျဖစ္ရမည္ဆိုေသာ ရည္ရြယ္ခ်က္ေၾကာင့္မွမဟုတ္ပဲ။
ေက်ာင္းသားတာ၀န္ကိုအေကာင္းဆံုးေက်ပြန္ခ်င္လို႔၊ဖြားညိုတို႔ကိုစိတ္မပ်က္ေစခ်င္လို႔ ႀကိဳးစားခဲ့တာေလာက္ပါပဲ။
ပံုရိပ္ဟာ ဆရာ၀န္ဘယ္တုန္းကမွ မျဖစ္ခ်င္ခဲ့ဘူး။
ဒါကို နားလည္ေပးမယ့္သူမရိွပါလား။
"တူ!!!တူ!!!!တူ!!!!!"
ဖုန္းျမည္သံေၾကာင့္ အိပ္ယာေပၚမွာေမွာက္၍ငိုေနမိရာမွ ဖုန္းကိုယူၿပီးၾကၫ့္လိုက္မိေတာ့ ျမင္ေနရေသာဖုန္းနံပါတ္မွာ ဆရာ့ဖုန္းနံပါတ္ျဖစ္ေနသည္။ခ်က္ခ်င္းပဲထထိုင္ကာ
မ်က္ရည္ေတြကို သုတ္လိုက္ၿပီးေနာက္ အစိမ္းေရာင္အကြက္ေလးကို ႏိွပ္လိုက္သည္။
"ဟယ္လို.....ဆရာလားဟင္..."
"ပံုရိပ္...စာေမးပဲြေအာင္လား...ဆရာက
ညဆိုင္းဆင္းေနရလို႔ အခုမွအားတာနဲ႔ဖုန္းဆက္လိုက္တာ...."
ဆရာ့အသံကို ၾကားလိုက္ရေတာ့ပံုရိပ္ပိုငိုခ်င္လာသည္။အလုပ္အားတာႏွင့္ ပံုရိပ္ကိုသတိရေပးေသာ ဆရာ့ကိုမမခင္ရူပေၾကာင့္သူစိမ္းဆန္စြာ အဆက္အသြယ္ျဖတ္ခဲ့မိတယ္။
ဆရာကေတာ့ ေနာက္တစ္ေန့ေတာင္မကူးပဲ
ေအာင္စာရင္းထြက္တဲ့ေန့မွာပဲ ခ်က္ခ်င္းသတင္းလွမ္းေမးရွာတာပါလား။
"ဆရာေျပာတာ...ၾကားလား..ပံုရိပ္တစ္ခုခုျဖစ္လို႔လား..."
"ဆရာ..သမီးေအာင္ပါတယ္..
ဂုဏ္ထူးငါးဘာသာလည္းပါတယ္..."
"ဟာ...ေတာ္လိုက္တာကြာ...ပံုရိပ္အရမ္းေတာ္တယ္...ဘာလက္ေဆာင္လိုခ်င္လဲ..
ဆရာေတာင္ႀကီးကေန လွမ္းပို႔လိုက္မယ္ေလ..."
ပံုရိပ္၏မ်က္၀န္းမွ မ်က္ရည္ပူေလးမ်ားသည္ပါးျပင္ေပၚသို႔ စီးက်လာလ်ွက္ႃပံုးလိုက္မိေသာ ႏႈတ္ခမ္းေပၚသို႔ကူးလူးသြားခဲ့သည္။
အခုခ်ိန္မွာ လက္ေဆာင္တစ္ခုခုကိုလွမ္းပို႔ေပးမဲ့အစား ဆရာကိုယ္တိုင္ေရာက္လာရင္
ပိုၿပီး ေက်နပ္မိမွာပါ။ဆရာ့ကိုလြမ္းတယ္။
မျဖစ္ႏိုင္မွန္းသိေပမဲ့ ဆရာ့ရဲ့ရင္ခြင္ေနြးေနြးႀကီးထဲမွာ ခဏေလာက္ခိုနားၿပီး ငိုပစ္ခ်င္မိပါတယ္။
"ဆရာ့လိုပဲ ဖြားကလည္းဘာလိုခ်င္လဲလို႔ေမးတယ္...ဥပေဒေမဂ်ာကိုတက္ခြင့္ေပးပါလို႔ေျပာလိုက္ေပမဲ့ ပံုရိပ္ကိုအရမ္းစိတ္ဆိုးသြားတယ္ဆရာ...အဟင့္..သမီးဘယ္လိုလုပ္ရမွန္းမသိေတာ့ဘူး...."
"ဟာ..ပံုရိပ္ငိုေနတာလားကြာ...မငိုပါနဲ႔..
ေသခ်ာစိတ္ေအးေအးထားၿပီးေျပာၾကၫ့္ေပါ့
..ေရ႔ွေနလည္းလုပ္မယ္..စီးပြားေရးနဲ႔
ပတ္သတ္တာလည္းေလ့လာမယ္လို႔ေျပာၾကၫ့္ပါလား..."
"ရမယ္မထင္ပါဘူးဆရာရယ္...အခုေတာင္သမီးကိုစကားတစ္ခြန္းမွ ေပးမေျပာတဲ့ဥစၥာ
အဖြားက သိပ္ေခါင္းမာတာသူေျပာတဲ့အတိုင္းမလုပ္ရင္ လံုး၀မႀကိဳက္ဘူး...."
"ဒါဆိုရင္ ပံုရိပ္ကေရာ အဖြားျဖစ္ခ်င္တဲ့အတိုင္းလုပ္မွာလား..."
"ဟင့္အင္း...သမီးရန္ကုန္ကိုျပန္ေတာ့မယ္ဆရာ...ရန္ကုန္မွာပဲေက်ာင္းဆက္တတ္ေတာ့မယ္..."
"ဟာ..အဲ့လိုတယူသန္ႀကီးမဆံုးျဖတ္နဲ႔ေလ...
ဒီကမိသားစုေတြကစိတ္ထဲဘယ္ေကာင္းပါ့
မလဲ..ပံုရိပ္ရဲ့အဖြားကိုနည္းနည္းစာနာေပးလိုက္ပါကြာ...အခ်ိန္တစ္ခုကိုယူၿပီးၫွိၾကၫ့္ၾကပါလို႔ ဆရာအႀကံေပးခ်င္တယ္..."
"ရမယ္...မထင္ပါဘူးဆရာရယ္..သမီးငိုခ်င္တာပဲသိတယ္...အဟင့္...."
စိတ္မထိန္းႏိုင္စြာ ရိႈက္သံပါထြက္သြားမိေသာအခါ ဆရာ့ဘက္အျခမ္းမွဘာစကားသံမွ မထြက္ေတာ့ပဲၿငိမ္က်သြားေလသည္။
ပံုရိပ္ေၾကာင့္ ဆရာ့ပါစိတ္ဒုကၡေရာက္ရမွန္းသိေပမဲ့ ဆရာနဲ႔မွသာခံစားခ်က္ေတြကိုလႊတ္ေပးရဲတာမို႔ ဆရာ့ဆီမွာသာ ငိုပါရေစ။
ဆရာ့ဆီမွာ ရင္ဖြင့္ပါရေစ။
"ပံုရိပ္...အခုပံုရိပ္တို႔ေနတဲ့ပုသိမ္ႀကီးကလိပ္စာအတိအက်ကို မက္ေဆ့ခ္်ပို႔ေပးပါလား..."
"ဘာျဖစ္လို႔လဲဆရာ.."
"မက္ေဆ့ခ္်သာပို႔ထားလိုက္ပါ..ဆရာဘာလုပ္မလဲေနာက္က်ရင္ ပံုရိပ္သိရမွာပါ...
မငိုနဲ႔ေတာ့ေနာ္..ပံုရိပ္ေလးကလိမၼာတယ္..
အိမ္ကေနထြက္သြားဖို႔အတြက္လည္း
မေတြ့ပါနဲ႔အံုး...ဆရာဖုန္းခ်လိုက္ေတာ့မယ္ေနာ္..."
စကားကိုအလ်ွင္အျမန္ေျပာခဲ့ၿပီး ဖုန္းခ်သြား၍ အျပၫ့္အ၀ရင္မဖြင့္လိုက္ရေပမဲ့ ဆရာကမငိုေစခ်င္ဘူးဆိုေတာ့ မ်က္ရည္ ေတြကိုသုတ္လိုက္မိပါသည္။
မနက္စာေတြလည္း စားခ်င္စိတ္မရိွေတာ့သလို ငိုထား၍ေခါင္းေတြကိုက္လာေသာေၾကာင့္ အိပ္ယာေပၚတြင္ေမွာက္ကာ အိပ္ပစ္လိုက္မိေလသည္။
🌹🌹🌹🌹🌹🌹🌹🌹🌹
"ကိုေဗ်ာႀကီး...ကၽြန္ေတာ္...သြားစရာရိွလို႔ခြင့္တိုင္ေပးထားပါအံုး..."
ေနမ်ိဳး၏စကားေၾကာင့္ တစ္ခန္းတည္းအတူေနေသာ ေဗ်ာႀကီးလည္းႏွစ္ထပ္ကုတင္ေပၚတြင္ တံုးလံုးလွဲေနရာမွ အ၀တ္အစားႏွစ္စံုေလာက္ကို ေက်ာပိုးအိတ္ထဲသို႔ထၫ့္ေနေသာ ေနမ်ိဳးကို ထူးဆန္းသလိုလိုက္ၾကၫ့္ေနမိေလသည္။
အၿမဲတမ္းေအးေဆးတည္ၿငိမ္ေနတတ္သၫ့္
ေနမ်ိဳးကို ဒီလိုျပာယီးျပာယာျဖစ္ေနတတ္ေသာ ပံုစံႏွင့္မျမင္ဖူးသူမို႔ သူပါေခါင္းကုတ္ကာစဉ္းစားခန္းဖြင့္ေနမိေတာ့သည္။
"ေနမ်ိဳး...ခြင့္တိုင္းမယ္ဆိုေတာ့..မင္းကအခုဘယ္သြားမလို႔လဲ..."
"ကၽြန္ေတာ္...မႏၲေလးကိုသြားမလို႔ပါ...
အခ်ိန္ရိွေသးရင္ေတာ့ ေန့တြင္းခ်င္းျပန္လာပါ့မယ္..မဟုတ္ရင္ေတာ့တည္းခိုခန္းမွာ တည္းၿပီး ေနာက္ေန့မနက္မျွပန္လာျဖစ္လိမ့္မယ္..."
"ဟ...မင္းဟာကလည္း အလုပ္ကေနျပန္လာတာေတာင္မၾကာေသးဘူး...အနားေလးဘာေလးယူပါအံုးလား..."
"အခ်ိန္မေလာက္ေတာ့ဘူးဗ်...အေရးႀကီးတယ္..အိပ္တာကကားေပၚမွာအိပ္လည္းရတာပဲဗ်ာ..အထူးအဆန္းမွမဟုတ္ပဲ..."
"ေနအံုး...ခရီးထြက္မွာကိုေပါ့ေပါပါးပါး
၀တ္မသြားပဲ ပုဆိုးႀကီးနဲ႔လည္ကတံုးကိုဘာလို႔ေရြး၀တ္ထားတာလဲဟ...မင္းအရင္ကအျပင္ထြက္ရင္ ရိႈးနဲ႔မိုးနဲ႔အခုေတာ့လူအိုႀကီးလိုပဲ..."
"ျဖည္းျဖည္းသက္သာေဝဖန္ပါဗ်ာ..အခုကအသက္ႀကီးတဲ့အမ်ိဳးသမီးႀကီးတစ္ေယာက္နဲ႔သြားေတြ့ရမွာ ဒီလို၀တ္စားမွအဆင္ေျပမွာမို႔လို႔ပါ.."
ေနမ်ိဳးလည္း မွန္ကိုေကာက္ယူၿပီး
ကိုယ့္မ်က္ႏွာကိုယ္ ျပန္ၾကၫ့္လိုက္မိေတာ့
မရိပ္ရေသးေသာ ႏႈတ္ခမ္းေမႊးစိမ္းစိမ္းေလးေတြကေမးရိုးတစ္ေလ်ွာက္မွာ ရစ္သိုင္းေနေလသည္။
ရိတ္ဖို႔လည္း အခ်ိန္မရိွေတာ့တာေၾကာင့္ ေက်ာပိုးအိတ္ကိုလြယ္ကာ လမ္းကုန္းဆင္းေတြအတိုင္း ဆိုက္ကယ္ငွား၍ျဖတ္လာခဲ့ၿပီး ေတာင္ႀကီးကားဂိတ္သို႔ ဆင္းလာခဲ့လိုက္သည္။
ထင္းရႉးပင္တန္းေလးေတြကေတာ့ သူ႔ရင္ထဲက ပူပန္မႈေတြကို ျမင္ႏိုင္မည္ထင္ပါတယ္။
မင္းသိပ္စိမ္းကားတယ္ ပံုရိပ္ရယ္။
သႀကၤန္ကာလကို ေက်ာ္လြန္ၿပီးတည္းကကိုယ့္ကိုအဆက္အသြယ္ျဖတ္ခဲ့တဲ့ေကာင္မေလးကို မေနႏိုင္မထိုင္ႏိုင္ျဖစ္ၿပီးသူေလးရဲ့စာေမးပဲြရလဒ္ကိုေမးမိရာကေနငိုသံေလးတစ္ခုေၾကာင့္ ရင္ခြင္တစ္ခုလံုးလိႈင္းထန္ခဲ့တဲ့အျပင္ ေတာင္ႀကီးကေနမႏၲေလးကို အေျပးလာဖို႔အထိျဖစ္လာရတယ္။
သူ႔အတြက္ေတာ့ အလုပ္ေတြႏွောင့္ေနွးရမွာထက္ သူေလးရဲ့ငိုသံေတြေနရာမွာ ရယ္သံလြင္လြင္ေလးေတြကိုပဲ ျဖစ္တည္ေစခ်င္တယ္။အၿမဲတမ္း စိတ္ပင္ပန္းမႈေတြႄကံုေနရတတ္တဲ့ေကာင္မေလးကိုျဖစ္ႏိုင္ရင္ေထြးေပြ့ထားခ်င္မိပါတယ္။
ျဖစ္ႏိုင္ရင္ေပါ့ေလ...။
တစ္ညလံုး ညဆိုင္းဆင္းထားရ၍ပင္ပန္းမႈေတြႏွင့္ အိပ္ခ်င္ေနေသာစိတ္ကို ကားေပၚမွာသာေျဖေဖ်ာက္လိုက္ရေလသည္။
ခရီးကဘာမွန္းမသိေလာက္ေအာင္အထိ လမ္းခရီးတစ္ေလ်ွာက္လံုး ဇာတ္က်ိဳးေအာင္အိပ္လာမိသၫ့္ သူ႔အျဖစ္ကိုသူ႔၀န္ထမ္းေလးေတျြမင္ရင္ ေလွာင္ရယ္ေနႏိုင္သည္။မတတ္ႏိုင္ေတာ့ဘူး ။
သူေလးအတြက္ဆိုရင္ ပင္လယ္ႀကီးကို
ေက်ာ္ျဖတ္ရရင္ေတာင္ သူလုပ္ပါမည္။
🌹🌹🌹🌹🌹🌹
ဆရာ့ခံစားခ်က္ေလးက သိပ္ႏူးညံ့ပါတယ္..
ငိုသံေလးၾကားတာနဲ႔ အလုပ္ပင္ပန္းေနတာေတာင္
တန္းေျပးတဲ့ လူႀကီး
ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ဆီတိုင္းကို ေက်းဇူးတင္ပါတယ္
No comments:
Post a Comment