🔥ဆူးကြိုး...🔥အခန်း(၄၇)

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၄၇)



ရေစက်ပါလာတဲ့အခါကြုံကြိုက်ကြတယ်.

ပြီးနောက်ပြန်လည်ခွဲခွာကြရတယ်။ခွဲခွာရတဲ့အခါ ခံစားရတဲ့နာကျင်၀မ်းနည်းမှုကြီးကို ပုံရိပ်သိပ်မုန်းတာပဲ။


နှစ်ဆန်းတစ်ရက်နေ့မှာ ပုံရိပ်လိုအိမ်ကနေထွက်ခွာရမည့် သူတွေတိုင်းနာကျင်ရမည်ထင်ပါတယ်။

နေ့လည်၁၁နာရီထိုးနေပြီဆိုပေမဲ့ မိုးဖွဲလေးများကျဆင်းနေ၍ နေမသာပဲ ပတ်၀န်းကျင်တစ်ခုလုံးအုံ့မှိုင်းနေလေသည်။


ပုံရိပ်ငိုနေမိသလို ပိစိမသည်လည်းမျက်ရည်ကျကာ

ရှိုက်၍ငိုနေလေသည်။

ဒေါ်လေးသည် မငိုပေမဲ့နောက်ထပ်ဘယ်အချိန်ပြန်လာနိုင်သလဲဟုသာ မေးနေလေသည်။

ထိုအမေးကိုတော့ ပုံရိပ်ပြန်မဖြေနိုင်ခဲ့ပေ။

ကတိပေးခဲ့ပြီး မတည်နိုင်မှာကို ပုံရိပ်သိပ်ကြောက်ပါသည်။


"မကြီးပုံ...မီးတို့ကိုတကယ်ပဲထားသွားတော့မှာလားဟင်...."


"မကြီးပုံပြန်လာမှာပါ..."


"ဘယ်တော့လဲ .."


မိစုလေး၏ မေးခွန်းကိုမဖြေခင်ဒေါ်လေးကိုလှမ်းကြည့်လိုက်မိသည်။ထိုမေးခွန်းကိုဒေါ်လေးကလည်း မေးချင်ပုံရသည်။ဒါပေမဲ့ ပုံရိပ်ရဲ့ဘ၀ကပုံရိပ်ပိုင်တာမှမဟုတ်ပဲလေ။ဘွားညိုရဲ့စီမံခန့်ခွဲမှုအောက်မှာ ပဲ ကြီးပြင်းရတော့မဲ့ပုံရိပ်က ကိုယ့်ဆန္ဒတွေကို

တစ်ထစ်လျှော့ရတော့မည်ဖြစ်သည်။


"မမပုံ...အခြေအနေကြည့်ပြီး ပြန်ခွင့်ရတာနဲ့ချက်ချင်းပြန်လာခဲ့ပါ့မယ်...ဒီကြားထဲမှာအသဲလေးတို့နဲ့ဖုန်းပြောမယ်လေ..."


"ဟုတ်ကဲ့...သားကဖုန်းကိုင်တာကျွမ်းတယ်...."


"အေးပါ...ထွန်းကိုလေးရယ်...မမရဲ့ကလေးလေးတော်မှန်းသိပါတယ်...‌"


"ကဲ...အချိန်လင့်နေအုံးမှာ...မိစုနဲ့ထွန်းကိုရယ်...

သားတို့မမကိုသွားခိုင်းလိုက်တော့နော်...."


"ဒေါ်လေး..ကျန်းမာရေးကိုဂရုစိုက်နော်...

ကလေးတွေကိုလည်းဂရုစိုက်ပေးပါနော်..."


"အေးပါကွယ်..."


ကားလေးမောင်းထွက်သွားသောအခါ မျက်ရည်တွေကိုလက်ခုံနှင့်ဖိသုတ်လိုက်သော်လည်း 

ဖြေမဆယ်နိုင်အောင်၀မ်းနည်းနေမိသည်။

ဖွားညိုကလည်း ပုံရိပ်ကိုနှစ်ဆန်းတစ်ရက်နေ့အထိတောင် ရန်ကုန်တွင်ပေးမနေတော့ပေ။

ဖွားညို၏စိတ်ကို ပုံရိပ်လုံး၀နားမလည်တော့ပေ။

ဒါပေမဲ့ ကိုယ့်အဖွားဖြစ်နေတဲ့အပြင် ပုံရိပ်အပေါ်မှာထားတဲ့ စေတနာတွေကိုမြင်နေရ၍ အပြစ်မတင်ရက်ပါဘူး။


"တူမကြီး...ရှေ့မှာကားကိုတားနေတယ်..

တူမကြီးနဲ့အသိလား...ကားရပ်ပေးလိုက်ရမလား...."


ကားရှေ့ဆုံးခန်းဘက်အခြမ်းမှ လှမ်းကြည့်လိုက်တော့ လမ်းထိပ်တွင်ကားကိုတားနေသူမှာ ဟိန်းကိုဖြစ်လေသည်။ဒီနေ့တော့ ပုဆိုးလေးနှင့်ရှပ်ကော်လံပါတာလေးကို တွဲ၀တ်ထားပြီးရည်ရည်မွန်မွန်လေးဖြစ်နေလေသည်။

ကားရပ်လိုက်သည်နှင့် ပုံရိပ်ထိုင်နေသော

ဘက်အခြမ်းသို့ လျှောက်လာ၍ ကားမှန်ကိုချလိုက်မိသည်။


"ဟိန်းကို...ဘာကိစ္စရှိလို့လည်းဟင်..."


"ငါနင့်ကိုလက်ဆောင်ပေးချင်လို့ပါ...နင်နဲ့ပြန်တွေ့ဖို့ဆိုတာ အကြာကြီးစောင့်ရနိုင်တာမို့...လက်ဆောင်လေးပေးလိုက်ချင်ပါတယ်....နင်လက်ခံပေးပါနော်..."


ပုံရိပ်ခေါင်းငြိမ့်ပြလိုက်သည်နှင့် ဟိန်းကိုသည်

သူ့လွယ်အိတ်ထဲမှ ဗူးလှလှလေးနှင့်သော့ခတ်ထားသော ပန်းရောင်သဏ္ဍန်လေးကိုထုတ်ပေးလေသည်။ပုံရိပ်ယူကြည့်လိုက်တော့ ဗူးလေးထဲတွင်စာအုပ်လေးရှိနေတာကို သိလိုက်သည်။


"ရော့...သော့ကဒီမှာ..."


ပုံရိပ်ကလက်ဖြန့်ပေးလိုက်တော့ ဟိန်းကိုသည်သော့သေးသေးတစ်တွဲကိုပုံရိပ်၏လက်ဖဝါးလေးထဲသို့ ထည့်လိုက်လေသည်။သူ့မျက်၀န်းတွေသည် အုံ့မှိုင်းနေသော မိုးတိမ်တို့ထက် ပိုညို့မှိုင်းနေသည်။

သူ၀မ်းနည်းနေတာလား။သူ့မျက်၀န်းထဲမှ မျက်ရည်စတွေကိုတောင် ပုံရိပ်မြင်နေရသည်။


"ဒီစာအုပ်လေးကို ငါလက်ဆောင်ပေးခဲ့ဖူးတာဆိုလို့ နင်ရယ်..ဆရာနေမျိုးရယ်..နှစ်ယောက်ပဲရှိသေးတယ်...ငါ့မှာလည်းဒါမျိုးလေးတစ်အုပ်ရှိတယ်...

နင်၀မ်းနည်းရင်ဖြစ်ဖြစ်..ပျော်ရွှင်ရင်ဖြစ်ဖြစ်...

အပြင်မှာထုတ်ပြောလို့မရတဲ့ခံစားချက်အပိုင်းအစ..တစ်ခုစီတိုင်းကို ဒီအထဲမှာချရေးလို့ရတယ်...ဒီစာအုပ်လေးကအဖိုးမတန်ပါဘူး...

ဒါပေမဲ့...နင့်လိုမြိုသိပ်ပြီးခံစားတတ်တဲ့လူအတွက်

...အသုံးတည့်မယ်လို့ငါမျော်လင့်ပါတယ်..."


"ကျေးဇူးတင်ပါတယ်...ဟိန်းကို..ငါသေချာလေးတန်ဖိုးထားပြီးသုံးပေးပါ့မယ်..."


စာအုပ်လေးကို ဖက်ထားပြီးပြုံးကာပြောလိုက်တော့ ဟိန်းကိုသည်၀မ်းသာ၀မ်းနည်းမျက်နှာဖြင့် ကျေနပ်သွားဟန်တူလေသည်။ပုံရိပ်၏ခေါင်းလေးကို သူလှမ်းပုတ်သောအခါ အစကရှောင်တိမ်းမလို့လုပ်လိုက်မိပေမဲ့ နောက်ဆုံးနှုတ်ဆက်ချိန်လေးမှာ 

သူ့ကို၀မ်းနည်းကာ ကျန်မနေခဲ့စေချင်၍ငြိမ်နေလိုက်မိသည်။


ပုံရိပ်၏ ဆံစလေးကိုဖွဖွလေးတစ်ချက်မျှ 

သပ်လိုက်ရင်း သူ့မျက်ရည်တစ်စက်သည် 

ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်ကို ပုံရိပ်တွေ့လိုက်သည်။သူငိုနေတာတဲ့လား။

သူ့လို လူကြမ်းလေးက ပုံရိပ်အတွက်ငိုတယ်တဲ့။


"ပုံရိပ်...နင်ပြန်လာမဲ့အချိန်ကိုငါစောင့်နေပါ့မယ်...

နင်နဲ့ငါကဖေ့ဘွတ်မှာလည်းသူငယ်ချင်းဖွဲ့ထားပြီပြီပဲ...ငါစာပို့ရင်လည်းနင်စာပြန်ပါဟာနော်...ငါတို့တွေထာ၀ရသူငယ်ချင်းဖွဲ့ကြရအောင်...."


"အေးပါဟာ...နင်လည်းကိုယ့်ကိုကိုယ်ဂရုစိုက်နော်..အရင်လိုမဆိုးနဲ့တော့နော်...."


"စိတ်ချပါပုံရိပ်...."


ပုံရိပ်တို့၏ကားလေးသည် လမ်းကြားထဲမှထွက်လိုက်ပြီး ကားလမ်းမကြီးတည့်တည့်သို့သွားနေသောအခါ နောက်ကြောင်းသို့ပြန်လှည့်ကြည့်လိုက်မိသည်။ဟိန်းကို၏ လက်လှမ်းပြနေသောမှိန်ပျပျ အရိပ်လေးကိုသာတွေ့ရပြီး ပုံရိပ်နှုတ်အဆက်ချင်ဆုံး လူသားတစ်ယောက်ကတော့ အရိပ်ကလေးကိုတောင်မတွေ့ခဲ့ရပေ။


ဒီတစ်ခါရန်ကုန်ကနေ ထွက်ခွာရတာဟာ ပုံရိပ်၏

ရင်ခုန်သံတွေကိုပါ ထားခဲ့ရလေပြီ။

ဆရာ့အတွက်ပုံရိပ်က အရေးမပါတဲ့အမှိုက်စကလေးတစ်ခုဖြစ်နေပေမဲ့ ပုံရိပ်အတွက်တော့ဆရာဟာ ရင်ဘတ်တစ်ခုလုံးမှာ နေရာယူထားတယ်ဆိုတာကို သိရင်သိပ်ကောင်းမှာပဲ။

ဒီနေရာကို ထပ်ပြီးခြေချဖို့ဆိုရင် ပုံရိပ်ရဲ့ရင်ထဲမှာဆရာမရှိတော့မှ ‌ဖြစ်ပေလိမ့်မည်။


ပုံရိပ်ဆရာ့ကို မေ့နိုင်အောင်ကြိုးစားချင်တယ်။

ဟိန်းကိုက ထာ၀ရသူငယ်ချင်းအဖြစ်ဆက်ရှိနေပေးဖို့ တောင်းဆိုလာသလို ဆရာနဲ့ပုံရိပ်ရဲ့ကြားကဖြူစင်တဲ့ မေတ္တာတရားတွေကိုလည်းထာ၀ရတည်ရှိနေစေချင်ပါတယ်။

ပုံရိပ် လောဘမကြီးဝံ့တော့ပါဘူး။


🌹🌹🌹🌹🌹🌹


နွေဥတုကိုနှောင်းလွန်၍ မိုးဥတုသို့ကူးပြောင်းခဲ့လေပြီ။

ရွက်ဝါတွေပြိုကျသောအခါ ရွက်နုစိမ်းတို့ထွက်ပေါ်လာဖို့ အခွင့်အရေးရခဲ့လေသည်။

နွေလည်၏ ဥဩတွန်သံတို့နေရာတွင် မိုးသံတို့ကအစား၀င်ရောက်လာခဲ့သည်။အိပ်ခန်းထဲတွင် လေအေးပေးစက်မဖွင့်ထားသော်ငြားလည်း

မိုးအေးအေးနှင့် စောင်ခြုံထဲ၌လုံးထွေးနေမိသည်။

အာရုံတွေကနိုးကြားနေပေမဲ့ အလုပ်နားသောအချိန်လေးဖြစ်၍ တမင်ပေ၍အိပ်ရာထဲတွင်သာခွေခေါက်နေချင်သည်။


"ဒေါက်....ဒေါက်....ပုံရိပ်လေးရေထတော့လေ..."


"ဒေါက်..ဒေါက်...ပုံရိပ်လေးရေ....ဒီနေ့အောင်စာရင်းထွက်မှာမဟုတ်ဘူးလား..ပြောတော့ကိုယ်တိုင်သွားကြည့်မလို့ဆို...."


"ဟာ....ဟုတ်သားပဲ...."


အောင်စရင်းသွားကြည့်မည့်ကိစ္စကို သတိရသွားသောကြောင့် အိပ်ချင်မူးထူးဖြစ်နေသောမျက်လုံးတွေကိုအားယူ၍ဖွင့်လိုက်ပြီးမွေ့ယာပေါ်မှာထထိုင်လိုက်မိလေသည်။

သူငယ်ချင်းတွေနှင့်ခုနှစ်နာရီမှာ အောင်စာရင်းသွားကြည့်ဖို့ချိန်းထားတာကိုမှ မေ့နေမိ၍ကိုယ့်ကိုကိုယ်ပဲ ထုချင်မိတော့သည်။


ရေချိုးခန်းထဲသို့မြန်မြန်၀င်ကာ သွားတိုက်၍

မျက်နှာသစ်ဆေးနှင့်သစ်လိုက်ပြီးနောက် 

ဘာမှ လိမ်းမနေတော့ပဲဆံပင်ဖားလျားနှင့်ပင် အိပ်ခန်းထဲမှ ပြေးထွက်လာခဲ့လိုက်သည်။

စက်ဘီးစီးရမည်ဖြစ်၍ ဖွားညိုမသိအောင်

ဂျင်းဘောင်းဘီအပွနှင့်တီရှပ်လက်တိုအဖြူကိုတွဲ၀တ်လိုက်ပြီး ရှူးဖိနပ်ကိုအမြန်စွပ်လာခဲ့လိုက်ကာ

အိမ်အောက်ထပ်သို့ပြေးဆင်းလာခဲ့လိုက်သည်။


ထမင်းစားခန်းထဲသို့၀င်ပြီး ရေခဲသေတ္တာထဲမှ

နို့ပုလင်းနှင့် ကိတ်မုန့်ကိုယူစားနေသည့်အချိန်တွင် မမနေခြည်နှင့် ဆုံလေသည်။


"အောင်စာရင်းကြည့်ပြီးပြီလား..."


"ကြည့်ပြီးပြီ....."


စကားပြန်ပြောဖော်တော့ရသေး၍ နှုတ်ခမ်းတွန့်ယုံတစ်ချက်ပြုံးလိုက်သည်။ဒီအတောအတွင်းမှာ မောင်နှမ၀မ်းကွဲတွေနှင့် သိပ်မတည့်ချင်ပေမဲ့အတူနေကြပါများလာတော့ ရင်းနှီးလာသလိုခံစားရသည်။အရင်လိုလည်း စကားခဏခဏမများရတော့ပေ။အနည်းငယ်စိမ်းကြပေမဲ့ မေးထူးခေါ်ပြောတော့ရှိလာလေသည်။ဖွားညိုက လုပ်ငန်းတွေထဲအထိ

ပုံရိပ်ကို ၀င်ပါခိုင်းကာအရေးပေးလွန်းနေတော့

သူတို့စိတ်ထဲမှာ မခေါ်မပြော၍မရတော့ဘူးဟု သတ်မှတ်လိုက်တာလည်းဖြစ်နိုင်သည်။


"အောင်တယ်မဟုတ်လား..."


"အင်း...."


"ဂုဏ်ထူးရောပါသေးလား...."


"ရိုးရိုးပဲအာင်တာ..."


"ညီမအတွက်ရော....ကြည့်လာသေးလား.…"


"ငါကိုယ်တိုင်ကြည့်တာမဟုတ်ဘူး....ငါ့သူငယ်ချင်းတွေက အစောကြီးသွားကြည့်ကြတာ...နင့်ခုံနံပါတ်လည်းငါမသိ‌ဘူးလေ...သိလည်းမကြည့်ခိုင်းဘူး..."


"ကျေးဇူးတင်ပါတယ် ..ကိုယ့်ဘာသာသွားကြည့်တော့ ပိုရင်ခုန်ရတာပေါ့...သေချာတာကတော့

ညီမတို့တစ်ဖွဲ့လုံးက ဂုဏ်ထူးတွေပါကြမှာ..."


"ငကြွားမ...."


ပုံရိပ်ကိုမဲ့ကာရွဲ့ကာနှင့်ပြောပြီး မုန့်ဟင်းခါးကိုစားနေသောကြောင့် ပုံရိပ်လည်းပြုံးလိုက်ပြီး အမှိုက်ပုံးထဲသို့ သောက်ပြီးသားနိုးဗူးကိုပစ်ထည့်လိုက်ပြီး 

လွယ်အိတ်ကိုကျောနောက်သို့ လွှဲချလိုက်ကာ ထမင်းစားခန်းထဲမှ ထွက်လာလိုက်သည်။

၀မ်းကွဲတွေကို နိုင်စားဖို့နည်းလမ်းမှာ ကြွားဖို့တစ်ခုသာရှိလေသည်။


သူတို့မှာက မိဘလည်းရှိသလိုအရာရာပြည့်စုံနေတော့ ကိုယ်ကချည်းအမြဲခံဖက်ဖြစ်နေတာကို လုံး၀မကြိုက်ပေ။

ဒီရက်တွေအတွင်းမှာ ကိုယ့်ကိုကိုယ်ပိုနေတတ်ထိုင်တတ်လာသည်ဟု ခံစားမိသည်။

ယခင်ကထက် ပိုစိတ်ဆက်လာပြီး တဖြည်းဖြည်းနှင့်ဖွားညိုပုံသွင်းသော ဘောင်ထဲသို့၀င်မှန်းမသိ၀င်လာခဲ့သည်။


ကိုယ့်ထက်အသက်ကြီးကြီးငယ်ငယ် နေရာဒေသကိုလိုက်၍ ပြုမူပြောဆိုတတ်ရမည်။

ကိုယ့်ကို ဖိချင်တဲ့လူတိုင်းအား ကိုယ်ကသန်မာကြောင်းကိုသူတို့မြင်နိုင်သော အပေါ်ယံအမူအရာနှင့်အရင်ချပြရမည်တဲ့။အရင်လိုတွင်းစားတွေထံမှ ကျောက်တွေ၀ယ်ယူပြီးလုပ်တာကိုမကြိုက်တော့ပဲ ကုမ္ပဏီမှာ စာရင်းပိုင်းနိုင်နင်းအောင်အရင်၀င်လုပ်ခိုင်းလေသည်။


လုပ်ငန်းခွင်ထဲမှာ တဖြည်းဖြည်းနဲ့နေရာပေးခံရတဲ့ ပုံရိပ်ကိုအန်တီမေဦး၏ယောက်ျားကလည်း 

မျက်စောင်းတခဲခဲဖြစ်လာခဲ့သလို လုပ်ငန်းခွင်ထဲမှအကြီးအကဲများကပါ ဖွားညို၏နေရာကိုဆက်ခံမည့်သူဆိုပြီး လက်လှုပ်၊ခြေလှုပ်တာကအစ

စောင့်ကြည့်နေကြလေသည်။တစ်ကွက်လောက်မှားလိုက်တာနဲ့ ပုံရိပ်တင်မကပဲ ဖွားညိုပါတွဲလျှက်ဒုက္ခရောက်လာနိုင်သည်။

ဒီတော့ အသက်ဆယ့ခုနှစ်သာရှိသေးသောပုံရိပ်သည်အတွင်းစိတ်ထဲမှာ ကလေးလိုဖြစ်နေလည်းပဲသန်မာမှရပေတော့မည်။


"ဟ...ငါ့တူမကြီးကတယ်လှနေပါ့လား..."


ထမင်းစားခန်းထဲကထွက်သည်နှင့် ဆေးရုံမှပြန်လာသောလေးလေးခန့်နှင့်တန်းတိုးလေသည်။

လေးလေးခန့်ကိုတော့ ပုံရိပ်ကအဖေ့နေရာမှာထားကာ ချွဲတတ်လေသည်။

အခုလည်း လေးလေးခန့်ကလှတယ်ဟု

ပြောလိုက်၍ခန္တာကိုယ်ကိုတစ်ပတ်လှည့်ပြလိုက်ပြီး ခါးထောက်ကာမေးကို ချီမော့ပြလိုက်သည်။


"ဟုတ်ပါပြီ....ဆရာမကြီးရယ်...ပြောမိတာမှားပါတယ်...ဒါနဲ့အခုကဘယ်သွားမလို့လဲ..."


"အောင်စာရင်းသွားကြည့်မလို့လေ..."


"ဟုတ်လား...လေးလေးကားနဲ့လိုက်ပို့မယ်လေ..."


"ဟာ...နေပါစေ...သူငယ်ချင်းတွေနဲ့ချိန်းထားတယ်.."


"အပင်ပန်းခံလို့ကွာ... websiteကနေကြည့်လည်းရသားနဲ့..."


"ခံစားချက်ချင်းမတူဘူးလေ...အဲ့ဒါတွေအသာထားပါ...အခုအပြင်သွားမလို့မုန့်ဖိုးလေးမပေးချင်ဘူးလားဟင်...ဖွားညိုကလခ မပေးသေးဘူးလေ...

အဲ့တော့ဘိုင်ပျက်နေတယ်..."


"ဟား...ဟား...အေးပါကွာ...ရော့တစ်သိန်း...."


"ဟား...အများကြီးပဲ...လေးလေးခန့်ကိုတော့

ချစ်သွားပြီကွာ..."


လေးလေးခန့်၏လက်မောင်းကို ခိုတွဲ၍လှုပ်ရမ်းလိုက်ပြီး အိမ်အပြင်သို့ထွက်လာလိုက်ကာ စက်ဘီးအနီလေးကိုထုတ်စီးလိုက်သည်။

ဆရာပေးထားသောစက်ဘီးလေးကို ရန်ကုန်ကနေပြန်လာပြီးတည်းက ခဏခဏထုတ်စီးဖြစ်လေသည်။ယခုတော့ ဆရာ့စက်ဘီးလေးနှင့်ပင်

ခရီးဆက်ရ‌ပေတော့မည်။


သူငယ်ချင်းများနှင့်စုရပ်ကို ပုသိမ်ကြီး၏အစိုးရကျောင်းအရှေ့မှာချိန်းထားလိုက်ပြီး ပုံရိပ်ရောက်သွားသောအခါ သူငယ်ချင်းတွေကစုံနေလေပြီ။


"ဟား...ပုံရိပ်ရေ...တယ်လန်းနေပါ့လား...အရင်ကတော့အပျိုကြီးဂိုက်ဖမ်းနေပြီး ဒီနေ့မှဘယ်လိုဖြစ်တာလဲ..."


"အပြောင်းအလဲလေးဖြစ်အောင်ပါဟာ...ဖွားညို

မသိအောင်...၀တ်လာရတာ...ဒါနဲ့နင်တို့စောင့်နေတာကြာပြီလား...."


"‌ကြာပြီကောင်မရဲ့...လူစုံမှကြည့်မလို့နင့်ကိုစောင့်နေတာ....မှန်မှန်ပြောစမ်း...အိပ်ယာထနောက်ကျနေတာမဟုတ်လား..."


"ဟဲ...ဟဲ...ရုပ်ကိုသာကြည့်လိုက်တော့ သနပ်ခါးတောင်မလိမ်းခဲ့ရဘူး..."


စက်ဘီးပေါ်မှ ဆင်းလိုက်ပြီးသူငယ်ချင်းများ၏အထုအထောင်းလေးကို ခံလိုက်ရသေးသည်။ပုံရိပ်တို့အဖွဲ့သည် စုစုပေါင်းငါးယောက်ဖြစ်ပြီး မိန်းကလေးတွေကများလေသည်။

ဘိုဘိုတစ်ယောက်တည်းကသာ ကျားမှန်းမသိ၊

မမှန်းမသိဖြစ်နေခြင်းပင်။

ကျောင်းထဲသို့ စက်ဘီးတွေတွန်းလာခဲ့လိုက်ကြပြီးနောက် လူတွေဝိုင်းအုံကာကြည့်နေသော အောင်စာရင်းကပ်ထားသည့်နေရာသို့ 

ဘိုဘိုကဦးဆောင်၍ပြေးနေလေတော့သည်။


တကယ့်တကယ်ကြည့်ရတော့လည်း ရင်တွေခုန်လိုက်တာပြောမနေပါနှင့်။

အံကိုကြိတ်ပြီး စိတ်လှုပ်ရှားလွန်းနေသည်။

ပုံရိပ်တို့ကလူကောင်သေး၍ တော်တော်နှင့်ရှေ့

မရောက်ပေမဲ့ ဘိုဘိုကတော့

သံဇကာကို ဖက်တက်နေလေတော့သည်။


"နှင်းပပရေ...နင်ကဂုဏ်ထူးနှစ်ဘာသာတောင်ပါတယ်ဟ...ငါလည်းဂုဏ်ထူးနှစ်ဘာသာပဲ...."


"ဟာ...ဂုဏ်ထူးနှစ်ဘာသာတဲ့...အမယ်လေးပျော်လိုက်တာ...အား!!!!"


နှင်းပပကသူ့ဘာသာထခုန်ရုံတင်မဟုတ်ပဲ ဘေးနားကလူတွေကိုပါ မွှေ့ရမ်းနေ၍ချော်မလဲတာကံကောင်းသည်။


"ဟဲ့...ဘိုဘိုရေ...ငါတို့ခုံနံပါတ်တွေလည်းကြည့်ပေးအုံးလေ...နင့်လက်မှာဘော့ပဲင်နဲ့ရေးပေးထားတာအကောင်းမဟုတ်ဘူးနော်..."


ပိုးအိစံသည် ပုံရိပ်တို့အဖွဲ့ထဲတွင် လူကောင်အသေးဆုံးဖြစ်နေ၍ သူမတိုးနိုင်သောကြောင့်ဘိုဘို့လက်တွင် ပုံရိပ်တို့အားလုံး၏ခုံနံပါတ်တွေကို ရေပေးထားလေသည်။ဘိုဘိုကတော့ သူ့လက်က

ခုံနံပါတ်တွေကို တစ်ခါကြည့်လိုက်ကပ်ထားသော စာရွက်တွေကိုကြည့်လိုက်နှင့် အလုပ်ရှုပ်နေလေတော့သည်။


"ဟား...တွေ့ပြီ....ပိုးအိရေ...နင်ကဂုဏ်ထူးတစ်ဘာသာပါတယ်ဟ...အိမိုးသော်ကသုံးဘာသာဂုဏ်ထူးဟ...အိမိုးသော်ရေ...နင်ဂုဏ်ထူးအများဆုံးထင်တယ်..."


"ဟား....ပျော်လိုက်တာ...သုံးဘာသာတဲ့..."


အိမိုးသော်ပျော်သလို သူငယ်ချင်းတွေအားလုံးပျော်နေပေမဲ့ ပုံရိပ်ကတော့မပျော်နိုင်ပေ။

ပုံရိပ်၏ခုံနံပါတ်ကို ကြည့်မပေးသေး၍လည်း

ဘို့ဘို့ကိုစိတ်ဆိုးမိလေသည်။


"ဟဲ့..ဘိုလိုစုတ်...ငါ့ခုံနံပါတ်ကိုလည်းကြည့်ပေးအုံးလေ..."


"ရှာနေတာပဲဟ...မတွေ့သေးလို့..."


"နောက်ဆုံးကနေစရှာလေဟာ...."


"အေး...နောက်ဆုံးကနေရှာတာမတွေ့ဘူးဟ...."


"ဒါဆိုရှေ့ဆုံးကနေရှာဟာ..."


ပုံရိပ်ပြောလိုက်တော့ ဘိုဘိုသည်သံဇကာကို

တွယ်တက်ထားရာမှ ခုန်ဆင်းလိုက်ပြီး ရှေ့ဘက်အခြမ်းသို့သွားကာ သံဇကာကိုတွက်တက်နေပြန်သည်။


"ဟာ...တွေ့ပြီဟေ့...တွေ့ပြီ....ပုံရိပ်...

နင်ကငါးဘာသာဂုဏ်ထူးဟ..."


ဘိုဘို့၏ အော်ပြောလိုက်သောစကားကြောင့်

ကိုယ့်ပါးစပ်ကိုယ်ပြန်ပိတ်လိုက်မိ‌ပြီး မျက်လုံးကြီးအကြောင်သားနှင့် သူငယ်ချင်းတွေကိုလိုက်ကြည့်မိတော့ သူတို့ကလည်းပုံရိပ်ကိုကြောင်၍ ကြည့်နေကြလေသည်။

ပြီးနောက် တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ပြီး.....



"အား!!!!!!ငါတို့သူငယ်ချင်းကငါးဘာသာဂုဏ်ထူးရှင်ကြီးပေါ့....၀မ်းသာလိုက်တာဟယ်...."


အားလုံးပြိုင်တူထအော်လိုက်ကြသောအချိန်တွင်

ပုံရိပ်ကတော့ ကိုယ့်ကိုကိုယ်မယုံနိုင်ဖြစ်နေမိလေသည်။

ငါးဘာသာဂုဏ်ထူးဆိုတော့ ဆေးမှတ်မှီနေလျှင် ဘယ်လိုလုပ်ပါ့မလဲ။ပုံရိပ်က ရှေ့နေဖြစ်ချင်တာလေ။


"ဟဲ့...ငါတို့တွေစာမေးပွဲအောင်တဲ့အထိမ်းအမှတ်နဲ့...မုန့်သွားစားကြရအောင်...."


"ဟာ...နင်ကလည်းငါတို့ပုံကိုလည်းကြည့်လိုက်အုံး

သူတောင်းစားက ‌အမေပြန်ခေါ်ရမဲ့ရုပ်တွေနဲ့ ပုံရိပ်ဆိုရင်ဆံပင်ဖားလျှားကြီးနဲ့ ဘာမှမလိမ်းထားလို့မျက်နှာကသွေးစုပ်ဖုတ်ကောင်လို ဖြူဖတ်နေပြီ..."


"ဟဲ့...ပိုးအိမ...နင့်ရုပ်ကြတော့ခရမ်းချဉ်သီးကို လည်စင်းထားသလိုရုပ်နဲ့များ...."


"အေးပါ..‌သွေးစုပ်ဖုတ်ကောင်မရယ်..."


"နင်နော်...."


ပုံရိပ်ကိုစနေ၍ ပိုးအိမကိုထုဖြစ်အောင်ထုလိုက်သေးသည်။ ပုံရိပ်တို့ငါးယောက်သည် ဆယ်တန်းနှစ်တွင်မှ မန္တလေးသို့ကျောင်းပြောင်းလာသော ကျောင်းသားများဖြစ်၍ အတူတူနှင့်အနူနူချင်းစု

မိကာခင်သွားခဲ့ကြချင်းဖြစ်သည်။

ခင်သည်ဆိုပေမဲ့ သူတို့လေးယောက်ကကျူရှင်အတူတူတက်ရ၍ ပုံရိပ်ထက်ပိုပြီးတပူးပူးတတွဲတွဲနေရလေ့ရှိသည်။


"ဟဲ့...ငါစဉ်စားမိပြီ...ညနေ..နေအေးတော့မှသေချာပြင်ဆင်ပြီးကုန်တိုက်မှာမုန့်သွားစားကြမယ်ဟာ...

‌စာမေးပွဲအောင်တော့ ငါလည်းမုန့်ဖိုးများများတောင်းလို့ရပြီလေ...ကုန်တိုက်ထဲမှာလျှောက်ပတ်ကြည့်ရင်း ၀ယ်ချင်တာတွေလျှောက်၀ယ်ရအောင်.....ပုံရိပ်...နင်ရောဖြစ်ရဲ့လား....နင့်အိမ်ကငါတို့အိမ်တွေနဲ့မတူဘူးလေ..."


ဘိုဘိုကစ၍အကြံပေးသောကြောင့် အားလုံးကဝိုင်းထောက်ခံကာ ခေါင်းငြိမ့်ပြကြ၍ ပုံရိပ်ကတော့လုံးလုံးလျားလျားကတိမပေးရဲပေ။

ဒါပေမဲ့ သူငယ်ချင်းတွေနဲ့တစ်ခါလောက်တော့ ပျော်ပျော်ပျော်ပါးပါးလည်ဖူးချင်သည်။


"ဖြစ်တယ်ဟာ...ဖွားကိုငါမရမကပြောမယ်...

မရရင်တော့ခိုးထွက်မယ်...."


"ဟား..ဟား...အိန္ဒြေရှင်မကြီးတို့ပွင့်ထွက်ကုန်ပြီဟေ့....ဒါဆိုရင်အခုရန်ကင်းတောင်ကိုတက်ကြမယ်...အား....နင့်မေကြီးတော်"


ဘိုဘို့စကားဆုံးသည်နှင့် သူ့ကိုအကုန်ဝိုင်းထုကြတော့ ဘိုဘို့ခမျာ နောက်စေ့ကိုဖိအုပ်ပြီး

အာဗြဲကြီးနှင့် ထအော်လေတော့သည်။


"ငါ့ကိုဘာလို့ထုကြတာလဲ..."


"ခွေးစုတ်ရဲ့....အခုနေတောင်ပေါ်တက်မှတော့...

ဘယ်လိုလုပ်ပြီး...ညနေဘက်မှာသွားလည်လို့ရတော့မှာလဲ...ပေါင်ကွပြီးအိပ်ယာထဲမှာ ခွေနေရတော့မှာပေါ့..."


"ဟ...စက်ဘီးတွေရှိတာပဲ...တောင်ပေါ်ကိုစက်ဘီးနဲ့တက်မယ်လေဟာ....ငါကတောင်ပေါ်ကဘုရားမှာ

စာမေးပွဲအောင်ရင် ပြန်လာကန်တော့မယ်လို့ကတိပေးထားတယ်..."


"သေနာရဲ့...စက်ဘီးနဲ့တက်တာပိုစိုးတာပေါ့...

ကတိပဲပေးထားတာလေ...ကြုံရင်သွားဖူးလိုက်ပေါ့.."


"နင်တို့ကလည်းဟာ...နင်တို့မလိုက်လည်းနေ...

ဟဲ့အိမိုးသော်...နင်ကအချက်အပြုတ်ဝါသနာပါတယ်မဟုတ်လား...တောင်ပေါ်မှာငါးရံ့နှစ်ကောင်လောက်သွားကြော်ရင်း ဘုရားဖူးကြမယ်လေ...."


ဘိုဘို့စကားကိုလည်းကြားရော အိမိုးသော်သည် 

မျက်နှာကြီးနီကာ ရှူးရှူးရှဲရှဲဖြစ်သွားပြီးကို ဘိုဘို့ဆီသို့ပြေးသွားကာ နားရွက်ကိုဆွဲလိမ်ပစ်လိုက်သည်။


"အား...သေနာမ...ဘာလုပ်တာတုန်း...."


"သေပါစေ...ငါးရံ့မင်းတောင်ပေါ်မှာ

ငါးရံ့နှစ်ကောင်ကို နင့်ဘာသာသွားကြော်ပြီးစားအကောင်ရဲ့ ငါ့ကိုငရဲကြီးအောင်လာမလုပ်နဲ့....."


"ဟုတ်တယ်...အဲ့ကောင်ကိုတီးပစ်ဒါမှမှတ်မှာ....."


အကုန်ဝိုင်းအားပေးကြတော့ အိမိုးသော်ကလည်းဇောင်းကြွကာ ဘိုဘို့ကိုသမတော့သည်။

ပုံရိပ်တို့ကတော့ ရယ်ကြီးသာနေလေတော့သည်။

စာမေးပွဲကျသူတွေကတော့ မျက်ရည်နှင့်မျက်ခွက်ဖြစ်နေကြချိန်မှာ ပုံရိပ်တို့အုပ်စုကတော့ ရယ်လို့မပြီးနိုင်ကြတော့ပေ။

ဆယ်တန်းတွင်ဂုဏ်ထူးငါးဘာသာထွက်တာကိုသာ သိလျှင်ဖွားညိုက ဘယ်လောက်ဂုဏ်ယူလိုက်မလဲ။

လေးလေးခန့်ကတော့ ဆရာ၀န်လောင်းနောက်တစ်ယောက်ထွက်တော့မည်ဟု ကြွေးကြော်နိုင်သည်။


ပုံရိပ်ကိုမရှိတဲ့ကြားကနေ ပညာတတ်ကြီးဖြစ်စေချင်ခဲ့သော ဒေါ်လေးရှင်းသန့်သာကြားလျှင်

ထကပြီးတစ်ရပ်ကွက်လုံးကို တစ်အိမ်၀င်တစ်အိမ်ထွက် လိုက်ပြောမှာသေချာသည်။


ဆရာသိရင်ရော ဘယ်လိုနေလိမ့်မလဲ။

ဆရာ့ကိုဖေ့ဘွတ်မှာရော ဖုန်းနှင့်ပါအဆက်အသွယ်မလုပ်မိတာ နှစ်လကျော်နေလေပြီ။

ထူးထူးချွန်ချွန်ဆယ်တန်းအောင်ခဲ့တဲ့ ပုံရိပ်အတွက်

ဆရာဂုဏ်ယူနေနိုင်လောက်မလား။

အခုလောက်ဆိုရင် ဆရာတောင်ကြီးမှာရောက်နေလောက်ရောပေါ့။


🌹🌹🌹🌹🌹🌹🌹🌹🌹


ကြိုက်နှစ်သက်ရဲ့လားရှင်....ပုံရိပ်ကိုဒီလိုလေးမြင်ချင်ကြမယ်ထင်ပါတယ်....ဇာတ်လမ်းလေးကအပိုင်း၆၀နီးပါးလောက်ပဲ ရေးဖို့စဉ်းစားထားလို့ 

နောက်ဆယ်ပိုင်းကျော်လောက်ဆို ဇာတ်သိမ်း

ချင်လည်းသိမ်းသွားနိုင်တယ်..လိုအပ်ရင်တော့ဆက်ရေးရမှာပေါ့လေ...... ဇာတ်လမ်းကို ဘယ်လိုလေးထပ်ဖြစ်စေချင်ပါလဲရှင့်...

 ဝေဝေ့မှာတော့တွေးထားပြီးသား Endingကဇာတ်လမ်းမရေးခင်တည်းက ရှိနေခဲ့တာပါ...


=========================================================================


🌹ဆူးႀကိဳး(အခန္း၄၇)🌹


ေရစက္ပါလာတဲ့အခါႄကံုႀကိဳက္ၾကတယ္.

ၿပီးေနာက္ျပန္လည္ခဲြခြာၾကရတယ္။ခဲြခြာရတဲ့အခါ ခံစားရတဲ့နာက်င္၀မ္းနည္းမႈႀကီးကို ပံုရိပ္သိပ္မုန္းတာပဲ။


ႏွစ္ဆန္းတစ္ရက္ေန့မွာ ပံုရိပ္လိုအိမ္ကေနထြက္ခြာရမၫ့္ သူေတြတိုင္းနာက်င္ရမည္ထင္ပါတယ္။

ေန့လည္၁၁နာရီထိုးေနၿပီဆိုေပမဲ့ မိုးဖဲြေလးမ်ားက်ဆင္းေန၍ ေနမသာပဲ ပတ္၀န္းက်င္တစ္ခုလံုးအံု႔မိႈင္းေနေလသည္။


ပံုရိပ္ငိုေနမိသလို ပိစိမသည္လည္းမ်က္ရည္က်ကာ

ရိႈက္၍ငိုေနေလသည္။

ေဒၚေလးသည္ မငိုေပမဲ့ေနာက္ထပ္ဘယ္အခ်ိန္ျပန္လာႏိုင္သလဲဟုသာ ေမးေနေလသည္။

ထိုအေမးကိုေတာ့ ပံုရိပ္ျပန္မေျဖႏိုင္ခဲ့ေပ။

ကတိေပးခဲ့ၿပီး မတည္ႏိုင္မွာကို ပံုရိပ္သိပ္ေၾကာက္ပါသည္။


"မႀကီးပံု...မီးတို႔ကိုတကယ္ပဲထားသြားေတာ့မွာလားဟင္...."


"မႀကီးပံုျပန္လာမွာပါ..."


"ဘယ္ေတာ့လဲ .."


မိစုေလး၏ ေမးခြန္းကိုမေျဖခင္ေဒၚေလးကိုလွမ္းၾကၫ့္လိုက္မိသည္။ထိုေမးခြန္းကိုေဒၚေလးကလည္း ေမးခ်င္ပံုရသည္။ဒါေပမဲ့ ပံုရိပ္ရဲ့ဘ၀ကပံုရိပ္ပိုင္တာမွမဟုတ္ပဲေလ။ဘြားညိုရဲ့စီမံခန႔္ခဲြမႈေအာက္မွာ ပဲ ႀကီးျပင္းရေတာ့မဲ့ပံုရိပ္က ကိုယ့္ဆႏၵေတြကို

တစ္ထစ္ေလ်ွာ့ရေတာ့မည္ျဖစ္သည္။


"မမပံု...အေျခအေနၾကၫ့္ၿပီး ျပန္ခြင့္ရတာနဲ႔ခ်က္ခ်င္းျပန္လာခဲ့ပါ့မယ္...ဒီၾကားထဲမွာအသဲေလးတို႔နဲ႔ဖုန္းေျပာမယ္ေလ..."


"ဟုတ္ကဲ့...သားကဖုန္းကိုင္တာကၽြမ္းတယ္...."


"ေအးပါ...ထြန္းကိုေလးရယ္...မမရဲ့ကေလးေလးေတာ္မွန္းသိပါတယ္...‌"


"ကဲ...အခ်ိန္လင့္ေနအံုးမွာ...မိစုနဲ႔ထြန္းကိုရယ္...

သားတို႔မမကိုသြားခိုင္းလိုက္ေတာ့ေနာ္...."


"ေဒၚေလး..က်န္းမာေရးကိုဂရုစိုက္ေနာ္...

ကေလးေတြကိုလည္းဂရုစိုက္ေပးပါေနာ္..."


"ေအးပါကြယ္..."


ကားေလးေမာင္းထြက္သြားေသာအခါ မ်က္ရည္ေတြကိုလက္ခံုႏွင့္ဖိသုတ္လိုက္ေသာ္လည္း 

ေျဖမဆယ္ႏိုင္ေအာင္၀မ္းနည္းေနမိသည္။

ဖြားညိုကလည္း ပံုရိပ္ကိုႏွစ္ဆန္းတစ္ရက္ေန့အထိေတာင္ ရန္ကုန္တြင္ေပးမေနေတာ့ေပ။

ဖြားညို၏စိတ္ကို ပံုရိပ္လံုး၀နားမလည္ေတာ့ေပ။

ဒါေပမဲ့ ကိုယ့္အဖြားျဖစ္ေနတဲ့အျပင္ ပံုရိပ္အေပၚမွာထားတဲ့ ေစတနာေတြကိုျမင္ေနရ၍ အျပစ္မတင္ရက္ပါဘူး။


"တူမႀကီး...ေရ႔ွမွာကားကိုတားေနတယ္..

တူမႀကီးနဲ႔အသိလား...ကားရပ္ေပးလိုက္ရမလား...."


ကားေရ႔ွဆံုးခန္းဘက္အျခမ္းမွ လွမ္းၾကၫ့္လိုက္ေတာ့ လမ္းထိပ္တြင္ကားကိုတားေနသူမွာ ဟိန္းကိုျဖစ္ေလသည္။ဒီေန့ေတာ့ ပုဆိုးေလးႏွင့္ရွပ္ေကာ္လံပါတာေလးကို တဲြ၀တ္ထားၿပီးရည္ရည္မြန္မြန္ေလးျဖစ္ေနေလသည္။

ကားရပ္လိုက္သည္ႏွင့္ ပံုရိပ္ထိုင္ေနေသာ

ဘက္အျခမ္းသို႔ ေလ်ွာက္လာ၍ ကားမွန္ကိုခ်လိုက္မိသည္။


"ဟိန္းကို...ဘာကိစၥရိွလို႔လည္းဟင္..."


"ငါနင့္ကိုလက္ေဆာင္ေပးခ်င္လို႔ပါ...နင္နဲ႔ျပန္ေတြ့ဖို႔ဆိုတာ အၾကာႀကီးေစာင့္ရႏိုင္တာမို႔...လက္ေဆာင္ေလးေပးလိုက္ခ်င္ပါတယ္....နင္လက္ခံေပးပါေနာ္..."


ပံုရိပ္ေခါင္းၿငိမ့္ျပလိုက္သည္ႏွင့္ ဟိန္းကိုသည္

သူ႔လြယ္အိတ္ထဲမွ ဗူးလွလွေလးႏွင့္ေသာ့ခတ္ထားေသာ ပန္းေရာင္သ႑န္ေလးကိုထုတ္ေပးေလသည္။ပံုရိပ္ယူၾကၫ့္လိုက္ေတာ့ ဗူးေလးထဲတြင္စာအုပ္ေလးရိွေနတာကို သိလိုက္သည္။


"ေရာ့...ေသာ့ကဒီမွာ..."


ပံုရိပ္ကလက္ျဖန႔္ေပးလိုက္ေတာ့ ဟိန္းကိုသည္ေသာ့ေသးေသးတစ္တဲြကိုပံုရိပ္၏လက္ဖဝါးေလးထဲသို႔ ထၫ့္လိုက္ေလသည္။သူ႔မ်က္၀န္းေတြသည္ အံု႔မိႈင္းေနေသာ မိုးတိမ္တို႔ထက္ ပိုညို႔မိႈင္းေနသည္။

သူ၀မ္းနည္းေနတာလား။သူ႔မ်က္၀န္းထဲမွ မ်က္ရည္စေတြကိုေတာင္ ပံုရိပ္ျမင္ေနရသည္။


"ဒီစာအုပ္ေလးကို ငါလက္ေဆာင္ေပးခဲ့ဖူးတာဆိုလို႔ နင္ရယ္..ဆရာေနမ်ိဳးရယ္..ႏွစ္ေယာက္ပဲရိွေသးတယ္...ငါ့မွာလည္းဒါမ်ိဳးေလးတစ္အုပ္ရိွတယ္...

နင္၀မ္းနည္းရင္ျဖစ္ျဖစ္..ေပ်ာ္ရႊင္ရင္ျဖစ္ျဖစ္...

အျပင္မွာထုတ္ေျပာလို႔မရတဲ့ခံစားခ်က္အပိုင္းအစ..တစ္ခုစီတိုင္းကို ဒီအထဲမွာခ်ေရးလို႔ရတယ္...ဒီစာအုပ္ေလးကအဖိုးမတန္ပါဘူး...

ဒါေပမဲ့...နင့္လိုၿမိဳသိပ္ၿပီးခံစားတတ္တဲ့လူအတြက္

...အသံုးတၫ့္မယ္လို႔ငါေမ်ာ္လင့္ပါတယ္..."


"ေက်းဇူးတင္ပါတယ္...ဟိန္းကို..ငါေသခ်ာေလးတန္ဖိုးထားၿပီးသံုးေပးပါ့မယ္..."


စာအုပ္ေလးကို ဖက္ထားၿပီးႃပံုးကာေျပာလိုက္ေတာ့ ဟိန္းကိုသည္၀မ္းသာ၀မ္းနည္းမ်က္ႏွာျဖင့္ ေက်နပ္သြားဟန္တူေလသည္။ပံုရိပ္၏ေခါင္းေလးကို သူလွမ္းပုတ္ေသာအခါ အစကေရွာင္တိမ္းမလို႔လုပ္လိုက္မိေပမဲ့ ေနာက္ဆံုးႏႈတ္ဆက္ခ်ိန္ေလးမွာ 

သူ႔ကို၀မ္းနည္းကာ က်န္မေနခဲ့ေစခ်င္၍ၿငိမ္ေနလိုက္မိသည္။


ပံုရိပ္၏ ဆံစေလးကိုဖြဖြေလးတစ္ခ်က္မ်ွ 

သပ္လိုက္ရင္း သူ႔မ်က္ရည္တစ္စက္သည္ 

ပါးျပင္ေပၚသို႔ လိမ့္ဆင္းလာသည္ကို ပံုရိပ္ေတြ့လိုက္သည္။သူငိုေနတာတဲ့လား။

သူ႔လို လူၾကမ္းေလးက ပံုရိပ္အတြက္ငိုတယ္တဲ့။


"ပံုရိပ္...နင္ျပန္လာမဲ့အခ်ိန္ကိုငါေစာင့္ေနပါ့မယ္...

နင္နဲ႔ငါကေဖ့ဘြတ္မွာလည္းသူငယ္ခ်င္းဖဲြ႔ထားၿပီျပီပဲ...ငါစာပို႔ရင္လည္းနင္စာျပန္ပါဟာေနာ္...ငါတို႔ေတြထာ၀ရသူငယ္ခ်င္းဖဲြ႔ၾကရေအာင္...."


"ေအးပါဟာ...နင္လည္းကိုယ့္ကိုကိုယ္ဂရုစိုက္ေနာ္..အရင္လိုမဆိုးနဲ႔ေတာ့ေနာ္...."


"စိတ္ခ်ပါပံုရိပ္...."


ပံုရိပ္တို႔၏ကားေလးသည္ လမ္းၾကားထဲမွထြက္လိုက္ၿပီး ကားလမ္းမႀကီးတၫ့္တၫ့္သို႔သြားေနေသာအခါ ေနာက္ေၾကာင္းသို႔ျပန္လွၫ့္ၾကၫ့္လိုက္မိသည္။ဟိန္းကို၏ လက္လွမ္းျပေနေသာမိွန္ပ်ပ် အရိပ္ေလးကိုသာေတြ့ရၿပီး ပံုရိပ္ႏႈတ္အဆက္ခ်င္ဆံုး လူသားတစ္ေယာက္ကေတာ့ အရိပ္ကေလးကိုေတာင္မေတြ့ခဲ့ရေပ။


ဒီတစ္ခါရန္ကုန္ကေန ထြက္ခြာရတာဟာ ပံုရိပ္၏

ရင္ခုန္သံေတြကိုပါ ထားခဲ့ရေလၿပီ။

ဆရာ့အတြက္ပံုရိပ္က အေရးမပါတဲ့အမိႈက္စကေလးတစ္ခုျဖစ္ေနေပမဲ့ ပံုရိပ္အတြက္ေတာ့ဆရာဟာ ရင္ဘတ္တစ္ခုလံုးမွာ ေနရာယူထားတယ္ဆိုတာကို သိရင္သိပ္ေကာင္းမွာပဲ။

ဒီေနရာကို ထပ္ၿပီးေျခခ်ဖို႔ဆိုရင္ ပံုရိပ္ရဲ့ရင္ထဲမွာဆရာမရိွေတာ့မွ ‌ျဖစ္ေပလိမ့္မည္။


ပံုရိပ္ဆရာ့ကို ေမ့ႏိုင္ေအာင္ႀကိဳးစားခ်င္တယ္။

ဟိန္းကိုက ထာ၀ရသူငယ္ခ်င္းအျဖစ္ဆက္ရိွေနေပးဖို႔ ေတာင္းဆိုလာသလို ဆရာနဲ႔ပံုရိပ္ရဲ့ၾကားကျဖဴစင္တဲ့ ေမတၲာတရားေတြကိုလည္းထာ၀ရတည္ရိွေနေစခ်င္ပါတယ္။

ပံုရိပ္ ေလာဘမႀကီးဝံ့ေတာ့ပါဘူး။


🌹🌹🌹🌹🌹🌹


ေနြဥတုကိုေနွာင္းလြန္၍ မိုးဥတုသို႔ကူးေျပာင္းခဲ့ေလၿပီ။

ရြက္ဝါေတြၿပိဳက်ေသာအခါ ရြက္ႏုစိမ္းတို႔ထြက္ေပၚလာဖို႔ အခြင့္အေရးရခဲ့ေလသည္။

ေနြလည္၏ ဥဩတြန္သံတို႔ေနရာတြင္ မိုးသံတို႔ကအစား၀င္ေရာက္လာခဲ့သည္။အိပ္ခန္းထဲတြင္ ေလေအးေပးစက္မဖြင့္ထားေသာ္ျငားလည္း

မိုးေအးေအးႏွင့္ ေစာင္ႃခံုထဲ၌လံုးေထြးေနမိသည္။

အာရံုေတြကႏိုးၾကားေနေပမဲ့ အလုပ္နားေသာအခ်ိန္ေလးျဖစ္၍ တမင္ေပ၍အိပ္ရာထဲတြင္သာေခြေခါက္ေနခ်င္သည္။


"ေဒါက္....ေဒါက္....ပံုရိပ္ေလးေရထေတာ့ေလ..."


"ေဒါက္..ေဒါက္...ပံုရိပ္ေလးေရ....ဒီေန့ေအာင္စာရင္းထြက္မွာမဟုတ္ဘူးလား..ေျပာေတာ့ကိုယ္တိုင္သြားၾကၫ့္မလို႔ဆို...."


"ဟာ....ဟုတ္သားပဲ...."


ေအာင္စရင္းသြားၾကၫ့္မၫ့္ကိစၥကို သတိရသြားေသာေၾကာင့္ အိပ္ခ်င္မူးထူးျဖစ္ေနေသာမ်က္လံုးေတြကိုအားယူ၍ဖြင့္လိုက္ၿပီးေမြ့ယာေပၚမွာထထိုင္လိုက္မိေလသည္။

သူငယ္ခ်င္းေတြႏွင့္ခုႏွစ္နာရီမွာ ေအာင္စာရင္းသြားၾကၫ့္ဖို႔ခ်ိန္းထားတာကိုမွ ေမ့ေနမိ၍ကိုယ့္ကိုကိုယ္ပဲ ထုခ်င္မိေတာ့သည္။


ေရခ်ိဳးခန္းထဲသို႔ျမန္ျမန္၀င္ကာ သြားတိုက္၍

မ်က္ႏွာသစ္ေဆးႏွင့္သစ္လိုက္ၿပီးေနာက္ 

ဘာမွ လိမ္းမေနေတာ့ပဲဆံပင္ဖားလ်ားႏွင့္ပင္ အိပ္ခန္းထဲမွ ေျပးထြက္လာခဲ့လိုက္သည္။

စက္ဘီးစီးရမည္ျဖစ္၍ ဖြားညိုမသိေအာင္

ဂ်င္းေဘာင္းဘီအပြႏွင့္တီရွပ္လက္တိုအျဖဴကိုတဲြ၀တ္လိုက္ၿပီး ရႉးဖိနပ္ကိုအျမန္စြပ္လာခဲ့လိုက္ကာ

အိမ္ေအာက္ထပ္သို႔ေျပးဆင္းလာခဲ့လိုက္သည္။


ထမင္းစားခန္းထဲသို႔၀င္ၿပီး ေရခဲေသတၲာထဲမွ

ႏို႔ပုလင္းႏွင့္ ကိတ္မုန႔္ကိုယူစားေနသၫ့္အခ်ိန္တြင္ မမေနျခည္ႏွင့္ ဆံုေလသည္။


"ေအာင္စာရင္းၾကၫ့္ၿပီးၿပီလား..."


"ၾကၫ့္ၿပီးၿပီ....."


စကားျပန္ေျပာေဖာ္ေတာ့ရေသး၍ ႏႈတ္ခမ္းတြန႔္ယံုတစ္ခ်က္ႃပံုးလိုက္သည္။ဒီအေတာအတြင္းမွာ ေမာင္ႏွမ၀မ္းကဲြေတြႏွင့္ သိပ္မတၫ့္ခ်င္ေပမဲ့အတူေနၾကပါမ်ားလာေတာ့ ရင္းႏွီးလာသလိုခံစားရသည္။အရင္လိုလည္း စကားခဏခဏမမ်ားရေတာ့ေပ။အနည္းငယ္စိမ္းၾကေပမဲ့ ေမးထူးေခၚေျပာေတာ့ရိွလာေလသည္။ဖြားညိုက လုပ္ငန္းေတြထဲအထိ

ပံုရိပ္ကို ၀င္ပါခိုင္းကာအေရးေပးလြန္းေနေတာ့

သူတို႔စိတ္ထဲမွာ မေခၚမေျပာ၍မရေတာ့ဘူးဟု သတ္မွတ္လိုက္တာလည္းျဖစ္ႏိုင္သည္။


"ေအာင္တယ္မဟုတ္လား..."


"အင္း...."


"ဂုဏ္ထူးေရာပါေသးလား...."


"ရိုးရိုးပဲအာင္တာ..."


"ညီမအတြက္ေရာ....ၾကၫ့္လာေသးလား.…"


"ငါကိုယ္တိုင္ၾကၫ့္တာမဟုတ္ဘူး....ငါ့သူငယ္ခ်င္းေတြက အေစာႀကီးသြားၾကၫ့္ၾကတာ...နင့္ခံုနံပါတ္လည္းငါမသိ‌ဘူးေလ...သိလည္းမၾကၫ့္ခိုင္းဘူး..."


"ေက်းဇူးတင္ပါတယ္ ..ကိုယ့္ဘာသာသြားၾကၫ့္ေတာ့ ပိုရင္ခုန္ရတာေပါ့...ေသခ်ာတာကေတာ့

ညီမတို႔တစ္ဖဲြ႔လံုးက ဂုဏ္ထူးေတြပါၾကမွာ..."


"ငႂကြားမ...."


ပံုရိပ္ကိုမဲ့ကာရဲြ႔ကာႏွင့္ေျပာၿပီး မုန႔္ဟင္းခါးကိုစားေနေသာေၾကာင့္ ပံုရိပ္လည္းႃပံုးလိုက္ၿပီး အမိႈက္ပံုးထဲသို႔ ေသာက္ၿပီးသားႏိုးဗူးကိုပစ္ထၫ့္လိုက္ၿပီး 

လြယ္အိတ္ကိုေက်ာေနာက္သို႔ လႊဲခ်လိုက္ကာ ထမင္းစားခန္းထဲမွ ထြက္လာလိုက္သည္။

၀မ္းကဲြေတြကို ႏိုင္စားဖို႔နည္းလမ္းမွာ ႂကြားဖို႔တစ္ခုသာရိွေလသည္။


သူတို႔မွာက မိဘလည္းရိွသလိုအရာရာျပၫ့္စံုေနေတာ့ ကိုယ္ကခ်ည္းအၿမဲခံဖက္ျဖစ္ေနတာကို လံုး၀မႀကိဳက္ေပ။

ဒီရက္ေတြအတြင္းမွာ ကိုယ့္ကိုကိုယ္ပိုေနတတ္ထိုင္တတ္လာသည္ဟု ခံစားမိသည္။

ယခင္ကထက္ ပိုစိတ္ဆက္လာၿပီး တျဖည္းျဖည္းႏွင့္ဖြားညိုပံုသြင္းေသာ ေဘာင္ထဲသို႔၀င္မွန္းမသိ၀င္လာခဲ့သည္။


ကိုယ့္ထက္အသက္ႀကီးႀကီးငယ္ငယ္ ေနရာေဒသကိုလိုက္၍ ျပဳမူေျပာဆိုတတ္ရမည္။

ကိုယ့္ကို ဖိခ်င္တဲ့လူတိုင္းအား ကိုယ္ကသန္မာေၾကာင္းကိုသူတို႔ျမင္ႏိုင္ေသာ အေပၚယံအမူအရာႏွင့္အရင္ခ်ျပရမည္တဲ့။အရင္လိုတြင္းစားေတြထံမွ ေက်ာက္ေတြ၀ယ္ယူၿပီးလုပ္တာကိုမႀကိဳက္ေတာ့ပဲ ကုမၸဏီမွာ စာရင္းပိုင္းႏိုင္နင္းေအာင္အရင္၀င္လုပ္ခိုင္းေလသည္။


လုပ္ငန္းခြင္ထဲမွာ တျဖည္းျဖည္းနဲ႔ေနရာေပးခံရတဲ့ ပံုရိပ္ကိုအန္တီေမဦး၏ေယာက္်ားကလည္း 

မ်က္ေစာင္းတခဲခဲျဖစ္လာခဲ့သလို လုပ္ငန္းခြင္ထဲမွအႀကီးအကဲမ်ားကပါ ဖြားညို၏ေနရာကိုဆက္ခံမၫ့္သူဆိုၿပီး လက္လႈပ္၊ေျခလႈပ္တာကအစ

ေစာင့္ၾကၫ့္ေနၾကေလသည္။တစ္ကြက္ေလာက္မွားလိုက္တာနဲ႔ ပံုရိပ္တင္မကပဲ ဖြားညိုပါတဲြလ်ွက္ဒုကၡေရာက္လာႏိုင္သည္။

ဒီေတာ့ အသက္ဆယ့ခုႏွစ္သာရိွေသးေသာပံုရိပ္သည္အတြင္းစိတ္ထဲမွာ ကေလးလိုျဖစ္ေနလည္းပဲသန္မာမွရေပေတာ့မည္။


"ဟ...ငါ့တူမႀကီးကတယ္လွေနပါ့လား..."


ထမင္းစားခန္းထဲကထြက္သည္ႏွင့္ ေဆးရံုမျွပန္လာေသာေလးေလးခန႔္ႏွင့္တန္းတိုးေလသည္။

ေလးေလးခန႔္ကိုေတာ့ ပံုရိပ္ကအေဖ့ေနရာမွာထားကာ ခၽဲြတတ္ေလသည္။

အခုလည္း ေလးေလးခန႔္ကလွတယ္ဟု

ေျပာလိုက္၍ခႏၲာကိုယ္ကိုတစ္ပတ္လွၫ့္ျပလိုက္ၿပီး ခါးေထာက္ကာေမးကို ခ်ီေမာ့ျပလိုက္သည္။


"ဟုတ္ပါၿပီ....ဆရာမႀကီးရယ္...ေျပာမိတာမွားပါတယ္...ဒါနဲ႔အခုကဘယ္သြားမလို႔လဲ..."


"ေအာင္စာရင္းသြားၾကၫ့္မလို႔ေလ..."


"ဟုတ္လား...ေလးေလးကားနဲ႔လိုက္ပို႔မယ္ေလ..."


"ဟာ...ေနပါေစ...သူငယ္ခ်င္းေတြနဲ႔ခ်ိန္းထားတယ္.."


"အပင္ပန္းခံလို႔ကြာ... websiteကေနၾကၫ့္လည္းရသားနဲ႔..."


"ခံစားခ်က္ခ်င္းမတူဘူးေလ...အဲ့ဒါေတြအသာထားပါ...အခုအျပင္သြားမလို႔မုန႔္ဖိုးေလးမေပးခ်င္ဘူးလားဟင္...ဖြားညိုကလခ မေပးေသးဘူးေလ...

အဲ့ေတာ့ဘိုင္ပ်က္ေနတယ္..."


"ဟား...ဟား...ေအးပါကြာ...ေရာ့တစ္သိန္း...."


"ဟား...အမ်ားႀကီးပဲ...ေလးေလးခန႔္ကိုေတာ့

ခ်စ္သြားၿပီကြာ..."


ေလးေလးခန႔္၏လက္ေမာင္းကို ခိုတဲြ၍လႈပ္ရမ္းလိုက္ၿပီး အိမ္အျပင္သို႔ထြက္လာလိုက္ကာ စက္ဘီးအနီေလးကိုထုတ္စီးလိုက္သည္။

ဆရာေပးထားေသာစက္ဘီးေလးကို ရန္ကုန္ကေနျပန္လာၿပီးတည္းက ခဏခဏထုတ္စီးျဖစ္ေလသည္။ယခုေတာ့ ဆရာ့စက္ဘီးေလးႏွင့္ပင္

ခရီးဆက္ရ‌ေပေတာ့မည္။


သူငယ္ခ်င္းမ်ားႏွင့္စုရပ္ကို ပုသိမ္ႀကီး၏အစိုးရေက်ာင္းအေရ႔ွမွာခ်ိန္းထားလိုက္ၿပီး ပံုရိပ္ေရာက္သြားေသာအခါ သူငယ္ခ်င္းေတြကစံုေနေလၿပီ။


"ဟား...ပံုရိပ္ေရ...တယ္လန္းေနပါ့လား...အရင္ကေတာ့အပ်ိဳႀကီးဂိုက္ဖမ္းေနၿပီး ဒီေန့မွဘယ္လိုျဖစ္တာလဲ..."


"အေျပာင္းအလဲေလးျဖစ္ေအာင္ပါဟာ...ဖြားညို

မသိေအာင္...၀တ္လာရတာ...ဒါနဲ႔နင္တို႔ေစာင့္ေနတာၾကာၿပီလား...."


"‌ၾကာၿပီေကာင္မရဲ့...လူစံုမွၾကၫ့္မလို႔နင့္ကိုေစာင့္ေနတာ....မွန္မွန္ေျပာစမ္း...အိပ္ယာထေနာက္က်ေနတာမဟုတ္လား..."


"ဟဲ...ဟဲ...ရုပ္ကိုသာၾကၫ့္လိုက္ေတာ့ သနပ္ခါးေတာင္မလိမ္းခဲ့ရဘူး..."


စက္ဘီးေပၚမွ ဆင္းလိုက္ၿပီးသူငယ္ခ်င္းမ်ား၏အထုအေထာင္းေလးကို ခံလိုက္ရေသးသည္။ပံုရိပ္တို႔အဖဲြ႔သည္ စုစုေပါင္းငါးေယာက္ျဖစ္ၿပီး မိန္းကေလးေတြကမ်ားေလသည္။

ဘိုဘိုတစ္ေယာက္တည္းကသာ က်ားမွန္းမသိ၊

မမွန္းမသိျဖစ္ေနျခင္းပင္။

ေက်ာင္းထဲသို႔ စက္ဘီးေတြတြန္းလာခဲ့လိုက္ၾကၿပီးေနာက္ လူေတြဝိုင္းအံုကာၾကၫ့္ေနေသာ ေအာင္စာရင္းကပ္ထားသည့္ေနရာသို႔ 

ဘိုဘိုကဦးေဆာင္၍ေျပးေနေလေတာ့သည္။


တကယ့္တကယ္ၾကၫ့္ရေတာ့လည္း ရင္ေတြခုန္လိုက္တာေျပာမေနပါႏွင့္။

အံကိုႀကိတ္ၿပီး စိတ္လႈပ္ရွားလြန္းေနသည္။

ပံုရိပ္တို႔ကလူေကာင္ေသး၍ ေတာ္ေတာ္ႏွင့္ေရ႔ွ

မေရာက္ေပမဲ့ ဘိုဘိုကေတာ့

သံဇကာကို ဖက္တက္ေနေလေတာ့သည္။


"ႏွင္းပပေရ...နင္ကဂုဏ္ထူးႏွစ္ဘာသာေတာင္ပါတယ္ဟ...ငါလည္းဂုဏ္ထူးႏွစ္ဘာသာပဲ...."


"ဟာ...ဂုဏ္ထူးႏွစ္ဘာသာတဲ့...အမယ္ေလးေပ်ာ္လိုက္တာ...အား!!!!"


ႏွင္းပပကသူ႔ဘာသာထခုန္ရံုတင္မဟုတ္ပဲ ေဘးနားကလူေတြကိုပါ ေမႊ့ရမ္းေန၍ေခ်ာ္မလဲတာကံေကာင္းသည္။


"ဟဲ့...ဘိုဘိုေရ...ငါတို႔ခံုနံပါတ္ေတြလည္းၾကၫ့္ေပးအံုးေလ...နင့္လက္မွာေဘာ့ပဲင္နဲ႔ေရးေပးထားတာအေကာင္းမဟုတ္ဘူးေနာ္..."


ပိုးအိစံသည္ ပံုရိပ္တို႔အဖဲြ႔ထဲတြင္ လူေကာင္အေသးဆံုးျဖစ္ေန၍ သူမတိုးႏိုင္ေသာေၾကာင့္ဘိုဘို႔လက္တြင္ ပံုရိပ္တို႔အားလံုး၏ခံုနံပါတ္ေတြကို ေရေပးထားေလသည္။ဘိုဘိုကေတာ့ သူ႔လက္က

ခံုနံပါတ္ေတြကို တစ္ခါၾကၫ့္လိုက္ကပ္ထားေသာ စာရြက္ေတြကိုၾကၫ့္လိုက္ႏွင့္ အလုပ္ရႈပ္ေနေလေတာ့သည္။


"ဟား...ေတြ့ၿပီ....ပိုးအိေရ...နင္ကဂုဏ္ထူးတစ္ဘာသာပါတယ္ဟ...အိမိုးေသာ္ကသံုးဘာသာဂုဏ္ထူးဟ...အိမိုးေသာ္ေရ...နင္ဂုဏ္ထူးအမ်ားဆံုးထင္တယ္..."


"ဟား....ေပ်ာ္လိုက္တာ...သံုးဘာသာတဲ့..."


အိမိုးေသာ္ေပ်ာ္သလို သူငယ္ခ်င္းေတြအားလံုးေပ်ာ္ေနေပမဲ့ ပံုရိပ္ကေတာ့မေပ်ာ္ႏိုင္ေပ။

ပံုရိပ္၏ခံုနံပါတ္ကို ၾကၫ့္မေပးေသး၍လည္း

ဘို႔ဘို႔ကိုစိတ္ဆိုးမိေလသည္။


"ဟဲ့..ဘိုလိုစုတ္...ငါ့ခံုနံပါတ္ကိုလည္းၾကၫ့္ေပးအံုးေလ..."


"ရွာေနတာပဲဟ...မေတြ့ေသးလို႔..."


"ေနာက္ဆံုးကေနစရွာေလဟာ...."


"ေအး...ေနာက္ဆံုးကေနရွာတာမေတြ့ဘူးဟ...."


"ဒါဆိုေရ႔ွဆံုးကေနရွာဟာ..."


ပံုရိပ္ေျပာလိုက္ေတာ့ ဘိုဘိုသည္သံဇကာကို

တြယ္တက္ထားရာမွ ခုန္ဆင္းလိုက္ၿပီး ေရ႔ွဘက္အျခမ္းသို႔သြားကာ သံဇကာကိုတြက္တက္ေနျပန္သည္။


"ဟာ...ေတြ့ၿပီေဟ့...ေတြ့ၿပီ....ပံုရိပ္...

နင္ကငါးဘာသာဂုဏ္ထူးဟ..."


ဘိုဘို႔၏ ေအာ္ေျပာလိုက္ေသာစကားေၾကာင့္

ကိုယ့္ပါးစပ္ကိုယ္ျပန္ပိတ္လိုက္မိ‌ၿပီး မ်က္လံုးႀကီးအေၾကာင္သားႏွင့္ သူငယ္ခ်င္းေတြကိုလိုက္ၾကၫ့္မိေတာ့ သူတို႔ကလည္းပံုရိပ္ကိုေၾကာင္၍ ၾကၫ့္ေနၾကေလသည္။

ၿပီးေနာက္ တစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္ၾကၫ့္ၿပီး.....



"အား!!!!!!ငါတို႔သူငယ္ခ်င္းကငါးဘာသာဂုဏ္ထူးရွင္ႀကီးေပါ့....၀မ္းသာလိုက္တာဟယ္...."


အားလံုးၿပိဳင္တူထေအာ္လိုက္ၾကေသာအခ်ိန္တြင္

ပံုရိပ္ကေတာ့ ကိုယ့္ကိုကိုယ္မယံုႏိုင္ျဖစ္ေနမိေလသည္။

ငါးဘာသာဂုဏ္ထူးဆိုေတာ့ ေဆးမွတ္မွီေနလ်ွင္ ဘယ္လိုလုပ္ပါ့မလဲ။ပံုရိပ္က ေရ႔ွေနျဖစ္ခ်င္တာေလ။


"ဟဲ့...ငါတို႔ေတြစာေမးပဲြေအာင္တဲ့အထိမ္းအမွတ္နဲ႔...မုန႔္သြားစားၾကရေအာင္...."


"ဟာ...နင္ကလည္းငါတို႔ပံုကိုလည္းၾကၫ့္လိုက္အံုး

သူေတာင္းစားက ‌အေမျပန္ေခၚရမဲ့ရုပ္ေတြနဲ႔ ပံုရိပ္ဆိုရင္ဆံပင္ဖားလ်ွားႀကီးနဲ႔ ဘာမွမလိမ္းထားလို႔မ်က္ႏွာကေသြးစုပ္ဖုတ္ေကာင္လို ျဖဴဖတ္ေနၿပီ..."


"ဟဲ့...ပိုးအိမ...နင့္ရုပ္ၾကေတာ့ခရမ္းခ်ဉ္သီးကို လည္စင္းထားသလိုရုပ္နဲ႔မ်ား...."


"ေအးပါ..‌ေသြးစုပ္ဖုတ္ေကာင္မရယ္..."


"နင္ေနာ္...."


ပံုရိပ္ကိုစေန၍ ပိုးအိမကိုထုျဖစ္ေအာင္ထုလိုက္ေသးသည္။ ပံုရိပ္တို႔ငါးေယာက္သည္ ဆယ္တန္းႏွစ္တြင္မွ မႏၲေလးသို႔ေက်ာင္းေျပာင္းလာေသာ ေက်ာင္းသားမ်ားျဖစ္၍ အတူတူႏွင့္အႏူႏူခ်င္းစု

မိကာခင္သြားခဲ့ၾကခ်င္းျဖစ္သည္။

ခင္သည္ဆိုေပမဲ့ သူတို႔ေလးေယာက္ကက်ူရွင္အတူတူတက္ရ၍ ပံုရိပ္ထက္ပိုၿပီးတပူးပူးတတဲြတဲြေနရေလ့ရိွသည္။


"ဟဲ့...ငါစဉ္စားမိၿပီ...ညေန..ေနေအးေတာ့မွေသခ်ာျပင္ဆင္ၿပီးကုန္တိုက္မွာမုန႔္သြားစားၾကမယ္ဟာ...

‌စာေမးပဲြေအာင္ေတာ့ ငါလည္းမုန႔္ဖိုးမ်ားမ်ားေတာင္းလို႔ရၿပီေလ...ကုန္တိုက္ထဲမွာေလ်ွာက္ပတ္ၾကၫ့္ရင္း ၀ယ္ခ်င္တာေတြေလ်ွာက္၀ယ္ရေအာင္.....ပံုရိပ္...နင္ေရာျဖစ္ရဲ့လား....နင့္အိမ္ကငါတို႔အိမ္ေတြနဲ႔မတူဘူးေလ..."


ဘိုဘိုကစ၍အႀကံေပးေသာေၾကာင့္ အားလံုးကဝိုင္းေထာက္ခံကာ ေခါင္းၿငိမ့္ျပၾက၍ ပံုရိပ္ကေတာ့လံုးလံုးလ်ားလ်ားကတိမေပးရဲေပ။

ဒါေပမဲ့ သူငယ္ခ်င္းေတြနဲ႔တစ္ခါေလာက္ေတာ့ ေပ်ာ္ေပ်ာ္ေပ်ာ္ပါးပါးလည္ဖူးခ်င္သည္။


"ျဖစ္တယ္ဟာ...ဖြားကိုငါမရမကေျပာမယ္...

မရရင္ေတာ့ခိုးထြက္မယ္...."


"ဟား..ဟား...အိႁႏၵေရွင္မႀကီးတို႔ပြင့္ထြက္ကုန္ၿပီေဟ့....ဒါဆိုရင္အခုရန္ကင္းေတာင္ကိုတက္ၾကမယ္...အား....နင့္ေမႀကီးေတာ္"


ဘိုဘို႔စကားဆံုးသည္ႏွင့္ သူ႔ကိုအကုန္ဝိုင္းထုၾကေတာ့ ဘိုဘို႔ခမ်ာ ေနာက္ေစ့ကိုဖိအုပ္ၿပီး

အာၿဗဲႀကီးႏွင့္ ထေအာ္ေလေတာ့သည္။


"ငါ့ကိုဘာလို႔ထုၾကတာလဲ..."


"ေခြးစုတ္ရဲ့....အခုေနေတာင္ေပၚတက္မွေတာ့...

ဘယ္လိုလုပ္ၿပီး...ညေနဘက္မွာသြားလည္လို႔ရေတာ့မွာလဲ...ေပါင္ကြၿပီးအိပ္ယာထဲမွာ ေခြေနရေတာ့မွာေပါ့..."


"ဟ...စက္ဘီးေတြရိွတာပဲ...ေတာင္ေပၚကိုစက္ဘီးနဲ႔တက္မယ္ေလဟာ....ငါကေတာင္ေပၚကဘုရားမွာ

စာေမးပဲြေအာင္ရင္ ျပန္လာကန္ေတာ့မယ္လို႔ကတိေပးထားတယ္..."


"ေသနာရဲ့...စက္ဘီးနဲ႔တက္တာပိုစိုးတာေပါ့...

ကတိပဲေပးထားတာေလ...ႄကံုရင္သြားဖူးလိုက္ေပါ့.."


"နင္တို႔ကလည္းဟာ...နင္တို႔မလိုက္လည္းေန...

ဟဲ့အိမိုးေသာ္...နင္ကအခ်က္အျပဳတ္ဝါသနာပါတယ္မဟုတ္လား...ေတာင္ေပၚမွာငါးရံ့ႏွစ္ေကာင္ေလာက္သြားေၾကာ္ရင္း ဘုရားဖူးၾကမယ္ေလ...."


ဘိုဘို႔စကားကိုလည္းၾကားေရာ အိမိုးေသာ္သည္ 

မ်က္ႏွာႀကီးနီကာ ရႉးရႉးရွဲရွဲျဖစ္သြားၿပီးကို ဘိုဘို႔ဆီသို႔ေျပးသြားကာ နားရြက္ကိုဆဲြလိမ္ပစ္လိုက္သည္။


"အား...ေသနာမ...ဘာလုပ္တာတုန္း...."


"ေသပါေစ...ငါးရံ့မင္းေတာင္ေပၚမွာ

ငါးရံ့ႏွစ္ေကာင္ကို နင့္ဘာသာသြားေၾကာ္ၿပီးစားအေကာင္ရဲ့ ငါ့ကိုငရဲႀကီးေအာင္လာမလုပ္နဲ႔....."


"ဟုတ္တယ္...အဲ့ေကာင္ကိုတီးပစ္ဒါမွမွတ္မွာ....."


အကုန္ဝိုင္းအားေပးၾကေတာ့ အိမိုးေသာ္ကလည္းေဇာင္းႂကြကာ ဘိုဘို႔ကိုသမေတာ့သည္။

ပံုရိပ္တို႔ကေတာ့ ရယ္ႀကီးသာေနေလေတာ့သည္။

စာေမးပဲြက်သူေတြကေတာ့ မ်က္ရည္ႏွင့္မ်က္ခြက္ျဖစ္ေနၾကခ်ိန္မွာ ပံုရိပ္တို႔အုပ္စုကေတာ့ ရယ္လို႔မၿပီးႏိုင္ၾကေတာ့ေပ။

ဆယ္တန္းတြင္ဂုဏ္ထူးငါးဘာသာထြက္တာကိုသာ သိလ်ွင္ဖြားညိုက ဘယ္ေလာက္ဂုဏ္ယူလိုက္မလဲ။

ေလးေလးခန႔္ကေတာ့ ဆရာ၀န္ေလာင္းေနာက္တစ္ေယာက္ထြက္ေတာ့မည္ဟု ႂကြေးေၾကာ္ႏိုင္သည္။


ပံုရိပ္ကိုမရိွတဲ့ၾကားကေန ပညာတတ္ႀကီးျဖစ္ေစခ်င္ခဲ့ေသာ ေဒၚေလးရွင္းသန႔္သာၾကားလ်ွင္

ထကၿပီးတစ္ရပ္ကြက္လံုးကို တစ္အိမ္၀င္တစ္အိမ္ထြက္ လိုက္ေျပာမွာေသခ်ာသည္။


ဆရာသိရင္ေရာ ဘယ္လိုေနလိမ့္မလဲ။

ဆရာ့ကိုေဖ့ဘြတ္မွာေရာ ဖုန္းႏွင့္ပါအဆက္အသြယ္မလုပ္မိတာ ႏွစ္လေက်ာ္ေနေလၿပီ။

ထူးထူးခၽြန္ခၽြန္ဆယ္တန္းေအာင္ခဲ့တဲ့ ပံုရိပ္အတြက္

ဆရာဂုဏ္ယူေနႏိုင္ေလာက္မလား။

အခုေလာက္ဆိုရင္ ဆရာေတာင္ႀကီးမွာေရာက္ေနေလာက္ေရာေပါ့။


🌹🌹🌹🌹🌹🌹🌹🌹🌹


ႀကိဳက္ႏွစ္သက္ရဲ့လားရွင္....ပံုရိပ္ကိုဒီလိုေလးျမင္ခ်င္ၾကမယ္ထင္ပါတယ္....ဇာတ္လမ္းေလးကအပိုင္း၆၀နီးပါးေလာက္ပဲ ေရးဖို႔စဉ္းစားထားလို႔ 

ေနာက္ဆယ္ပိုင္းေက်ာ္ေလာက္ဆို ဇာတ္သိမ္း

ခ်င္လည္းသိမ္းသြားႏိုင္တယ္..လိုအပ္ရင္ေတာ့ဆက္ေရးရမွာေပါ့ေလ...... ဇာတ္လမ္းကို ဘယ္လိုေလးထပ္ျဖစ္ေစခ်င္ပါလဲရွင့္...

 ေဝေဝ့မွာေတာ့ေတြးထားၿပီးသား Endingကဇာတ္လမ္းမေရးခင္တည္းက ရိွေနခဲ့တာပါ...

No comments:

Post a Comment