(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥🌹ဆူးကြိုး(အခန်း၅၆)🔥
ကိုဗျောကြီးသည် စောင်ပုံကြားထဲတွင်ကွေးနေရင်းနှင့် သူ့နားထဲတွင်လမ်းလျှောက်သံတွေလိုလို
သီချင်းဆိုသံလိုလို ကြားနေရလေသည်။
ဒီနေ့ဟာ လပြည့်နေ့ဖြစ်ပြီးအလုပ်လည်း
ပိတ်တယ်ဆိုတာကို သူအမှတ်မမှားပါဘူး။
ပုံမှန်ဆိုရင် ဒီအချိန်ဟာယောက်ျားလေး
အဆောင်တစ်ခုလုံး တိတ်ဆိတ်နေရမှာဖြစ်သည်။
တောင်ကြီးလို ဆောင်းရာသီတစ်လျှောက်လုံး
အေးလွန်းနေတဲ့မနက်ခင်းကြီးမှာ
အလုပ်ပိတ်ရက်တောင် စောစောထပြီး
သီချင်းဆိုနိုင်သည့်လူဟာ မြောက်အမေရိကတိုက်ဘက်မှာ ရေခဲတွေနဲ့အသားကျပြီးသား
ပိုလာ၀က်ဝံကြီးပဲဖြစ်လိမ့်မည်။
ခေါင်းအထိခြုံထားသော ဂွမ်းဆောင်ကိုဖယ်ပြီး
အခန်းထဲသို့ဝေ့ဝဲကြည့်လိုက်တော့ တကယ်ကို
ပိုလာ၀က်ဝံတစ်ကောင်က သူတို့အခန်းထဲတွင်
ရှိနေသည်။ထိုသူကတော့ တစ်ဆောင်လုံး၏
ဆရာကြီးနေမျိုးပေါ့။
🎶သူ့ကိုမှ ချစ်မိနေပါတယ်
🎶တွေ့နေ..မြင်နေကျမို့
🎶ဖြေဖျောက်ဖို့လည်းမလွယ်
🎶မျက်စိထဲ..တဝဲလည်လည်
🎶သူ့အလှ..ပင့်ကိုမြှေးသဖွယ်
🎶ဪ..ရစ်ပတ်ဖွဲနှောထားလို့
🎶ရုန်းထွက်ဖို့လည်း ခက်လှတယ်
🎶ကိုယ့်ကိုကွယ် စိုးမိုးနိုင်လွန်းတယ်
တွံတေးသိန်းတန်သီချင်းကို ခပ်တိုးတိုးညည်းနေပြီး
နံရံမှာ ချိတ်ထားသောမှန်သေးသေးလေးကိုကြည့်ကာ တိုကပ်ကပ်ဆံပင်ကိုအအခါခါ
ဖြီးနေသော နေမျိုးကိုဗျောကြီးမျက်မှောင်ကြုံး၍
ကြည့်လိုက်သည်။
ကိုယ်တော်ချောက ဒီနေ့မှဘာစိတ်ကူးတွေ
ပေါက်သလဲတော့မသိဘူး။
လူငယ်ဆန်ဆန်၀တ်စားထားပြီး ရေမွှေးတွေလည်းစွတ်နေလေသည်။
နေမျိုးဟာ ရုပ်ဖြောင့်ပြီးငယ်ရွယ်သူဖြစ်တဲ့အပြင်
HRဌာနမှာ အလုပ်လုပ်ရသောကြောင့်
အမြဲအလုပ်ထဲမှာ ခေါင်းဆိုက်နေသူဖြစ်သည်။
အဆောင်မှာနေသည့်အချိန်လေးတွင်သာ
အေးအေးလူလူနေတတ်ပေမဲ့ အလုပ်မှာတော့
ဂိုထောင်ထဲမှာမဟုတ်ရင် အလုပ်သမားတွေကိုလိုက်ပြီးကြီးကြပ်နေတတ်ကာ ဖြစ်ပေါ်လာတဲ့
ပြဿနာတိုင်းကို ဒိုင်ခံဖြေရှင်းနေရတာနှင့်ပင်
ရှုပ်နေတတ်သည်။
ငယ်ရွယ်ပေမဲ့ ရာထူးအကြီးပိုင်းကို ကိုင်နိုင်တာလည်းမပြောနှင့် ကိုယ်တွေထက်အလုပ်နှစ်ဆလုပ်နိုင်သည်။
ဘာမှ လုပ်စရာမရှိရင်တောင် စာရင်းစာအုပ်ထဲမှာ
ခေါင်းနှစ်ထားတတ်သူပင်။
ထမင်းစားချိန်တောင် မမှန်တတ်သောသူက
အလုပ်ပိတ်ရက်လေးမှာ မနက်အစောကြီး
ထပြီး အလှပြင်နိုင်တယ်ဆိုတော့
ကမ္ဘာ့အတွက်ကြွဆုံး လူသားပါပဲ။
"အ၀တ်အစားအသစ်တွေ၀တ်ထားတော့
မင်းက ရေချိုးထားတာလား..."
"ဟုတ်တယ်လေ..."
ခေါင်းကိုဘီးနှင့် သေချာဖြီးနေရင်းမှ
ကိုဗျောကြီးကို သူကြည့်ပြီးမျက်ခုံးပင့်ပြလိုက်သည်။ပြီးနောက် မှန်ထဲသို့ပြန်ကြည့်လိုက်ပြီး
တစ်ချက်လောက်ပြုံးကြည့်လိုက်သညိ။
"နေကြီး...မင်းရူးနေတာတော့မဟုတ်ပါဘူးနော်..
ဒီလောက်အေးနေတဲ့အချိန်ကြီးမှာ
ရေချိုးနိုင်တယ်ဆိုတော့ မင်းကတကယ်ကို
ပိုလာ၀က်ဝံကြီးဖြစ်နေတာပဲ.."
ကိုဗျောကြီး၏စကားကြောင့် နေမျိုး၏
မျက်ခုံးတစ်ဖက်တွန့်တက်သွားသည်။
သူမနက်အစောကြီးရေထချိုးတာ ဒီလောက်တောင်
ထူးဆန်းနေတာလား။
သူကတော့ အရမ်းမစောဘူးထင်တာပဲ။
"ခင်ဗျားကလည်းယောက်ျားကြီးဖြစ်ပြီး
သိပ်အပိုတွေပြောတာပဲ...ကျွန်တော်ရေချိုးတာက
ငါးနာရီထိုးလောက်ကမှပါ...."
ဒီတစ်ခါတော့ အမောင်ဗျောကြီးအဖို့
တက်ကြီးသေနိုင်လောက်အောင် မျက်လုံးတွေ
ပြူးကျယ်သွားလေသည်။
အပြင်မှာသာ အရမ်းမအေးရင်
စောင်ပုံအောက်ကနေထွက်ပြီး
နေမျိုးတစ်ယောက် ကျန်းမာရေးမှကောင်းရဲ့လားဟု စစ်ဆေးကြည့်လိုက်ချင်သည်။
"မင်းနေတော့ကောင်းပါတယ်နော်...ဒီလောက်အေးနေတဲ့ဆောင်းတွင်းကြီးမှာကွာ..ငါးနာရီထိုးလောက်ကြီးရေထချိုးတာ မင်းတစ်ယောက်ပဲရှိလိမ့်မယ်..
ငါဆို..ရေမချိုးတာသုံးရက်ပြည့်သွားပြီ..."
"ဟာ...ညစ်ပတ်လိုက်တာဗျာ..."
သူ့ကိုနှာခေါင်းရှုံ့လိုက်သည့်နေမျိုးကို သူကပြန်၍
နှာချောင်းရှုံ့လိုက်ချင်သည်။
သူများကိုတော့ ညစ်ပတ်တယ်ပြောပြီး
သူကြတော့ တစ်ကိုယ်ရည်တကာရသန့်ရှင်းတာလေးကလွဲပြီး အမောင်ကပ်စေးနဲဖြစ်သည်။
ဘယ်လောက်ကပ်စေးနဲသလည်းဆိုလျှင်
သူအခုကြည့်နေသော မှန်ကလည်းကိုယ်၀ယ်ထားသောမှန်ဖြစ်ပြီး ဖြီးနေသောဘီးကအစဗျောကြီး
၀ယ်ထားတာတွေသာဖြစ်သည်။
HRတစ်ယောက်၏လစာသည် သူတို့လိုလက်အောက်ငယ်သားတွေထက် နှစ်စ၊သုံးစလောက်များနေမယ်ဆိုတာ ဗေဒင်မေးစရာတာင်
မလိုသည့်ကိစ္စပင်။နေမျိုးကတော့
သွားတိုက်ဆေးကိုဖင်ကပ်ပဲ ကျန်တာတောင်
သွားနဲ့ခြစ်ထုတ်ပြီး တိုက်သောသူတစ်ယောက်
ဖြစ်လေသည်။
ဒါကြောင့်လည်း ရည်းစားမရတာပေါ့။
ရုပ်ချောပေမဲ့ ဒီလိုကပ်စေးကုပ်လွန်းလို့လည်း
အခုထိစင်ဂယ်လ်ဖြစ်နေတာပေါ့။
မဟုတ်ရင် ဒီကောင့်အခန်းမှာသူ့ကောင်မလေးတွေချည်းပဲ
တစ်နေ့တစ်ယောက်လောက် လာသန့်ရှင်းရေး
လုပ်နေကြမှာ သေချာတယ်။
"ဒါနဲ့မင်း..တကယ်ကြီးအပြင်သွားမလို့လား
ဘယ်သွားမလို့လဲ...."
"ကိုဗျောကြီးရယ် ခင်ဗျားကသိပ်စကားရှည်တာပဲ...ကိုယ့်ချိုင်းနံ့သာကိုယ်ရှူပြီး
အိပ်ယာထဲမှာပြန်လှဲနေလိုက်စမ်းပါ..."
"ဟာ..ဒီသေနာလေးကတော့..."
ကိုယ်ဗျောကြီးကို သူခနဲ့လိုက်ပြီး ဟူဒီအပေါ်မှာလောင်းကုဒ်ကိုထပ်၀တ်လိုက်သည်။
ထို့နောက်ကျောပိုးအိတ်ထဲသို့ လိုအပ်တာတွေထည့်လိုက်ပြီး ဆိုင်ကယ်သော့ကိုယူကာအခန်းအပြင်သို့ ထွက်လိုက်သည်။
အချိန်ကစောလွန်းသေးတာကြောင့်ရော
ပိတ်ရက်ဖြစ်နေတာကြောင့်ပါ လျှောက်လမ်းတစ်ခုလုံးက တိတ်ဆိတ်နေသည်။
ထို့ကြောင့် စိတ်အေးလက်အေးနှင့် လေချွန်လိုက်ပြီး ဆိုင်ကယ်သော့ကို လက်ညှိုးနှင့်
ဝေ့ရမ်းပစ်လိုက်သည်။
"အောင်မလေး..."
"ဟာ..ဘာဖြစ်တာလဲ..."
အခန်းတစ်ခုထဲမှ အိပ်ချင်မူးထူးနှင့်ထွက်လာသောငပိုင်သည် သူ့ကိုတွေ့သည်နှင့် မျက်လုံးမျက်ဆံပြူးကာ ထအော်လိုက်၍
စိတ်ကသိပ်မကြည်ချင်တော့ပေ။
အဆောင်ကလူတွေ ဘာဖြစ်နေကြတာလဲ။
"ငပိုင်မင်းဘာဖြစ်နေတာလဲ.."
"ကျွန်တော်ကသာ..ခင်ဗျားဘာဖြစ်နေသလဲမေးရမှာပါ...ခင်ဗျားနေတော့ကောင်းပါတယ်
နော်....ဒီလိုမနက်အစောကြီးမှာ ပြင်ဆင်ခြယ်သပြီးထွက်တည်းက သေချာတယ်ခင်ဗျားတစ်ခုခုတော့ ဖြစ်နေပြီ..."
"တစ်ခုခုဖြစ်နေတာကငါမဟုတ်လောက်ဘူး..
မင်းတို့တစ်ဆောင်လုံးပဲနေလိမ့်မယ်...
ဆေးခန်းလေးဘာလေး သွားပြလိုက်ကြအုံး..."
ငပိုင်လည်း သူ့ကိုရန်စကားမမြည်သော
စကားနှင့် ရန်တွေ့သွားသည့်ကိုနေကြီး၏
နောက်ကျောကိုကြည့်၍ ခေါင်းကုတ်နေမိလေသည်။ဒီလူဘယ်လို ဖြစ်ရတာလဲ။
ပုံမှန်ဆိုရင် ဒီလူကပိတ်ရက်တွေမှာ နေဖင်ထိုးမှထတတ်တာပါ။
ဒီနေ့ဘာကြောင့် ထူးကဲနေရတာလဲ။
ပြီးတော့ ကိုနေကြီးနဲ့နေလာခဲ့တဲ့ တစ်လျှောက်လုံးမှာ ဒီနေ့လောက်
သားသားနားနား၀တ်စားထားတာမျိုး တစ်ခါမှမတွေ့ခဲ့ဖူးပေ။
ရုပ်ခံရှိတော့ ပြင်ပြင်ဆင်ဆင်နေလိုက်တဲ့အခါ တည်ကြည်ခန့်ငြားနေ၍ မိန်းကလေး
အဆောင်မှာနေသောညီမဖြစ်သူဟာ
ကိုနေကြီးကို သဘောကျနေတာကို
သူသဘောမတူနိုင်စရာမရှိတော့ပါဘူး။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
"တူ!!!!တူ!!!တူ!!!!
"မနက်စောစောစီးစီးဘယ်သူကလာဆက်နေတာလည်းကွာ..."
ဘိုဘိုတစ်ယောက် အိပ်ချင်နေသောမျက်လုံးများကို မနည်းဖြဲလိုက်ပြီး ဖုန်းကိုလှမ်းယူကာစပီကာဖွင့်ထားလိုက်သည်။
"ဟယ်လို...."
"ဘိုဘိုရေ...တီချူးဆက်တာပါ...ဘိုဘိုတို့ကိုစောစောလေး တောင်ကြီးဈေးနဲ့အခြားနေရာလေးတွေ လိုက်ပို့ချင်လို့ပါ..အခုသားတို့အဆောင်ကို တီချူးလာနေပြီ...အဆင်သင့်လုပ်ထားကြနော်..."
"ဟာ...ဖုန်းချသွားပြီ..."
အိပ်ချင်မူးထူးဖြစ်နေသော သူ့မျက်လုံးတွေတောင် ပြူးချင်သွားသည်။
အဘယ့်ကြောင့် တီချူးကအစောကြီးဝီရိယသိပ်ကောင်းနေရတာလဲ။ဒီနေ့အလုပ်ပိတ်လို့
လိုက်ပို့ချင်တယ်ဆိုရင်တောင် ဒီလောက်အလျှင်လိုဖို့ မလိုပါဘူး။
"ဝါး....မသိတော့ဘူးဟာ..."
ဘိုဘိုလည်း အိပ်ယာပေါ်မှထထိုင်လိုက်ပြီး
ဟိုကောင်မလေးတွေကို ဖုန်းခေါ်ကာနှိုးလိုက်သည်။
တစ်ဖက်တွင်တော့ ပုံရိပ်တို့တစ်သိုက်သည်
ဘိုဘို၏ ဖုန်းဆက်ပြီးနှိုးမှုကြောင့် ရေချိုးခန်းထဲသို့ အလုအယက်၀င်နေကြလေတော့သည်။
"အိမိုးသော်...နင်မြန်မြန်ချိုးနော်..."
"အေးပါဟာ..."
ပုံရိပ်ကတော့ မနက်အစောကြီးနေသလို
လသာဆောင်ဘက်ကနေအအေးဓာတ်က အခန်းထဲသို့ စိမ့်၀င်လာသလို ခံစားနေရ၍
ရေမချိူးတော့ပဲ မျက်နှာသစ်ရုံသာသစ်လိုက်သည်။
မြန်မာ၀တ်စုံကို၀တ်ချင်ပေမဲ့ ရာသီဥတုကအရမ်းအေးတာကြောင့် အချမ်းပေါ့စေရန် အသားကပ်ဘောင်းဘီအရှည်ကို၀တ်လိုက်ပြီး
လှချတဲ့ စိတ်လေးကြောင့် အပေါ်မှစကပ်အဖြူရောင် အရှည်လေးနှင့်တီရှက်အဖြူရောင်လေးကို ရွေး၀တ်လိုက်တာ ခေါင်းစွပ်အနွေးထည်ခါးတိုလေးကို ထပ်စွပ်ချလိုက်သည်။
မိတ်ကပ်ကိုအထူကြီး မလိမ်းတတ်သောကြောင့် အောက်ခံမိတ်ကပ်လိမ်းပြီးသည်နှင့် ပေါင်ဒါပါးပါးလေးပုတ်လိုက်ပြီး
နှုတ်ခမ်းနီ ပန်းရောင်လေးကိုဆိုးလိုက်သည်။
မျက်ခုံးမွှေးတို့မျက်တောင်မွှေးတို့ဆိုတာ
တမင်ပြုပြင်စရာမလိုပဲ ပုံရိပ်၏မျက်နှာလေးနှင့်ငယ်ငယ်တည်းက အံ၀င်ခွင်ကျဖြစ်နေသောတန်ဆာများဖြစ်လေသည်။
"ဟဲ့...ပုံရိပ်...နင်ကပြီးသွားပြီလား..."
"အေး...နင်တို့လည်းမြန်မြန်လုပ်ကြ.."
ကျန်တဲ့ သူငယ်ချင်းတွေ ရေချိုးပြီးကြချိန်တွင်ပုံရိပ်ကတော့ အားလုံးအဆင်သင့်ဖြစ်နေလေပြီ။
သူတို့ကတော့ ဘာ၀တ်ရမလဲဆိုတာကို
ခေါင်းခြောက်ခံပြီး စဉ်းစားနေကြလေသည်။
ပုံရိပ်ကတော့ ဘာပဲ၀တ်၀တ်လုံခြုံမှုရှိပြီး
အခြားလူအမြင်မကပ်ရင် ရလေပြီ။
လူငယ်ဆိုပေမဲ့ ပုံရိပ်ကလူငယ်ဆန်ဆန်
သိပ်မနေတတ်ပေ။
"ဒေါက်..ဒေါက်...ဟဲ့..နင်တို့ပြီးကြပြီလား..."
အပြင်ဘက်က ဘိုဘို့အသံကြောင့်တံခါးကို
အမြန်ပြေးဖွင့်လိုက်ရသည်။
ဘိုဘိုလည်း ကတိုက်ကရိုက်လုပ်ပြီးပြေးလာရပုံပါပဲ။ဆံပင်တွေကအစ ရှုပ်ပွနေသည်။
"ပုံရိပ်...ဟိုလူတွေကမပြီးသေးဘူး..နင်ကပြီးသွားတာ မြန်လှချည်လား..."
"သူကရေမှမချိူးပဲ..."
အခန်းထဲမှနှစ်ကောင်က လှမ်းအော်ပြောလိုက်၍ ဘိုဘို့ကိုပြုံးပြလိုက်မိသည်။
ဆောင်းတွင်းကြီးမှာ ရေမချိုးလည်းဘာဖြစ်သလဲ။မျက်နှာလည်း အဆီပြန်တာမဟုတ်သလို ချွေးလည်းထွက်မှာမှမဟုတ်ပဲ။
ထိုအတွေးကို နောင်တရမိသောအချိန်ကတော့ ဟော်တယ်အရှေ့သို့ထွက်လာရသောအချိန်ဖြစ်လေသည်။
ပုံရိပ်တို့ကိုလာခေါ်တဲ့အဖွဲ့ထဲမှာ ဆရာနေမျိုးလည်း ပါလာလိမ့်မယ်ဟု ပုံရိပ်တကယ်ကို
မထင်မိခဲ့ပေ။
"မနက်စာတစ်ခုခုသွားစားရအောင်..."
ထိုဗိုလ်ချုပ်အောင်ဆန်းလမ်း၌ပင်
ပုံရိပ်တို့အဖွဲ့သည် ဆိုင်ကောင်းကောင်းတစ်ခု၌၀င်၍ မနက်စာစားခဲ့ကြသည်။
လမ်းတစ်လျှောက်လုံးလည်း ပုံရိပ်ဆရာ့ကိုစကားမပြောရဲခဲ့ပေ။
မနေ့ညက ကိစ္စမှာဆရာကအရက်မူးနေခဲ့တော့ ဖြစ်ခဲ့သမျှကိုမမှတ်မိမှာစိုးရိမ်နေမိသည်။
"ကျွန်တော်ကိုယ်တိုင်ကောင်တာမှာ သွားမှာပေးမယ်..ဒီကသူဌေးကကျွန်တော်နဲ့သိတယ်..."
ကောင်တာဆီသို့ ဆရာသွားတော့မှသာ ပုံရိပ်အသက်၀၀ရှူရဲလေသည်။
ကောင်တာမှာမှီပြီး အစားအစာတွေမှာနေသောဆရာ့ကို ပုံရိပ်ခိုးကြည့်လိုက်မိသည်။
မီးခိုးရောင် ဟူဒီအပေါ်မှာ လောင်းကုဒ်အနက်ရောင်ကို ထူးထူးခြားခြားထပ်၀တ်ထားသောကြောင့် နိုင်ငံခြားသားတစ်ယောက်နှင့်တောင် တူနေသလိုပါပဲ။
သူ့ပုံစံအတိုင်း ကျောပိုးအိတ်ကို တစ်ဖက်ပဲလွယ်ထားတာလေးကိုကြည့်ပြီး
ဟိုအရင်က ဆူးလေသို့ပထမဆုံးသွားခွင့်ရတဲ့အချိန်လေးကို ပြန်အမှတ်ရနေမိသည်။
"ဟင်...အဟွတ်..အဟွတ်..."
ရေတစ်ခွက်ကိုငှဲ့သောက်သလိုလိုနှင့်
ခိုးကြည့်နေမိသောပုံရိပ်ဘက်သို့
လှည့်လာကာပြုံးပြလာသောကြောင့်
ရေတွေတောင်သီးကုန်လေသည်။
ထိုအဖြစ်ကိုမြင်တော့ ဆရာကသွားလေးတွေပေါ်သည်အထိ ပိုပြုံးလိုက်တာကို တွေ့လိုက်ရသည်။
ဘာလဲ..ဆရာကငါ့ကိုလှောင်နေတာလား..
ကိုယ့်ဘာသာမလုံမလဲဖြစ်နေမိ၍ ခေါင်းကိုသာငုံ့ထားလိုက်မိသည်။
မနေ့ညကကိစ္စကို ဆရာမမှတ်မိဘူးနဲ့တူပါတယ်။မှတ်မိရင်ရော ဒီလိုပဲအေးတိအေးစက်နဲ့ဆက်ဆံနေအုံးမှာလား။
ပုံရိပ်မှာတော့ ပထမဦးဆုံးသူစိမ်းယောက်ျားလေးကို ပေးလိုက်ရသောအနမ်းတစ်ပွင့်ဖြစ်လို့ တစ်ညလုံးအိပ်လို့မရခဲ့ပေ။
မနေ့ညက အနမ်းတစ်ပွင့်ဟာ ပုံရိပ်၏
လည်တိုင်ထက်မှာ ကပ်ကျန်နေခဲ့တုန်းလို့တောင် ခံစားနေရတယ်။
"ဒါနဲ့တီချူးတို့က ဘယ်လိုဖြစ်ပြီးအစောကြီးရောက်လာရတာလဲ...သမီးတို့ကဒီလောက်စောမယ်မထင်ထားခဲ့ဘူး..."
အိမိုးသော်က တီချူးကိုမေးလိုက်တော့
တီချူးကဆရာ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး
လေသံခပ်တိုးတိုးနှင့် ပြောရန်ပြင်လိုက်သည်။ဆရာနှင့်အတူပါလာသော
သူကလည်း ပုံရိပ်တို့၏စကားဝိုင်းကို
စိတ်၀င်တစားနားထောင်နေလေသည်။
"ဒီလိုဟေ့...အမှန်တော့တီချူးက..
နေ့ခင်းလောက်မှလျှောက်လည်ဖို့လိုက်ပို့ပေးမလို့..
ကိုနေပေါ့..မနက်အစောကြီးအဆောင်ကိုရောက်ချလာပြီး..ပုံရိပ်တို့အဖွဲ့ကိုဈေးကိုလိုက်ပို့ဖို့ သွားခေါ်ရအောင်တဲ့..ညဘက်မီးပုံးပျံပွဲကြည့်အုံးမှာဆိုတော့ စောစောလည်ပြီး နေခင်းနားရအောင်တဲ့လေ..ငါ့မှာအလှတောင်သေချာမပြင်ခဲ့ရဘူး..."
"ဟုတ်တယ်ဟေ့..အစ်ကိုလည်းအငြိမ်မနေရဘူး..ဆိုင်ကယ်နဲ့အဆောင်၀န်းထဲကို ၀င်လာရုံရှိသေးတယ်...ကလေးတွေကိုလည်ပတ်ခိုင်းဖို့
ကယ်ရီသမားတစ်ယောက်လိုသေးတယ်ဆိုတာနဲ့ လိုက်လာခဲ့ရတာ .."
"ဟား..ဟား..ကြည့်ရတာကိုနေမျိုးကြီးက
ငါတို့ထက်ပိုစိတ်အားထက်သန်နေပုံရတယ်.."
ဘိုဘိုကစသလို၊နောက်သလိုနှင့်ပုံရိပ်ကိုကြည့်လာခဲ့သည်။ဘိုဘိုဘာကိုဆိုလိုချင်တာလဲ။ဆရာက ပုံရိပ်အတွက်နဲ့ ဒီလိုအေးလွန်းတဲ့ဆောင်းတွင်းကြီးမှာ ဝီရိယကောင်းပြလိမ့်မည်ဆိုတာ မယုံနိုင်တဲ့ကိစ္စပါပဲ။
သူတို့ပြောတာကို နားထောင်ပြီး တွေးနေမိသောအချိန်မှာပဲ ဆရာကပြန်ရောက်လာခဲ့လေသည်။
"အကုန်မှာပြီးပြီ...ခဏလေးတော့စောင့်ရမယ်..ပြီးရင်တော့လာပို့ပါလိမ့်မယ်..."
"ကိုနေ..."
နူးညံ့ပြီး အနည်းငယ်စူးရှသောအသံတစ်ခုကိုကြားလိုက်ရ၍ ပုံရိပ်တို့အားလုံး
ဆိုင်တံခါး၀သို့ အကြည့်ရောက်သွားကြလေသည်။ပုံရိပ်တို့ထိုင်တဲ့စားပွဲဝိုင်းက ဆိုင်တံခါးနှင့်မဝေးသောကြောင့် ၀င်လာသောလူများကိုအလွယ်တူတွေ့နိုင်လေသည်။
"နွယ်...."
ရုတ်တရက်ထိုင်ရာကနေ ဝုန်းကနဲမတ်တပ်
ထရပ်လိုက်သော ဆရာ့ကြောင့်အားလုံးအံ့ဩသင့်သွားလေသည်။
အဲ့ဒီ့အထဲမှာ ပုံရိပ်ကအဆိုးဆုံးပေါ့။
အံ့ဩသွားတာထက် စိုးရိမ်စိတ်ကပိုနေမိတာပါ။ကိုယ်၀ယ်ယူဖို့တွေးထားတဲ့ ပစ္စည်းလေးကိုငေးကြည့်နေတုန်းမှာပဲ သူများကလုယူသွားလိုက်သလို ၀မ်းနည်းပြီး၊နှမျောတသဖြစ်ကာ နေမထိထိုင်မသာဖြစ်ရတာမျိုးပေါ့။
*နွယ်*တဲ့လား..ဒီလိုအခေါ်အဝေါ်မျိုးကို
သူစွဲမက်နေတုန်းဖြစ်နေလို့ပဲလား။
ဒါမှမဟုတ် နှုတ်ကျိုးနေခဲ့တာလား။
ပုံရိပ်၏ရင်ထဲမှာ အမည်ဖော်ဆောင်၍မရသော နာကျင်မှုများတိုးပွားလာခဲ့သည်။
"နွယ်!!!ဘာရပ်လုပ်နေတာလဲ..."
ဆရာနေမျိုး၏ နူးညံ့ညင်သာသောအသံနှင့်ခြားနားစွာ ရန်လိုနေသော၀ံပုလွေတစ်ကောင်ကဲ့သို့ဟိန်းဟောက်လိုက်သံလားရာကို ကြည့်လိုက်မိသည်။
နွယ်ဆိုသော အစ်မ၏အနောက်ဘက်မှဖြစ်ပြီး ကားသော့ကိုဝေ့ရမ်းကာ ဟိတ်ဟန်ထုတ်၍တံခါး၀ဆီသို့
လျှောက်လာနေလေသည်။
ထိုသူသည် မမနွယ်၏ပခုံးကို ပိုင်စိုးပိုင်နင်းဖြင့်ဖက်လိုက်ပြီး ဆရာ့ကိုရန်လိုစွာကြည့်၍
မဲ့ပြုံးပြုံးလိုက်သည်။သူ့အပြုံးတွေက တကယ်ကို မညင်သာပါဘူး။
သူ့မျက်လုံးတွေက ဝံ့ကြွားမှုတွေပြည့်နေပြီး
မမနွယ်ကို သူ့ဘက်သို့ပို၍ဆွဲယူလိုက်လေသည်။
ပြီးနောက် ထီမထင်သောမျက်နှာပေးနှင့်
ရှေ့သို့ခြေတစ်လှမ်းတိုးလာခဲ့ကာ
ညာဘက်လက်ကိုဆန့်ထုတ်လိုက်လေသည်။
သူ့ဘက်မှာလည်း နိုင်ငံခြားဖြစ်ဈေးကြီးသောနာရီကို ပတ်ထားလေသည်။
"ပြန်တွေ့ရတာ၀မ်းသာပါတယ်..နေမျိုး..."
🌹🌹🌹🌹🌹🌹🌹
Spoiler 🛑
နောက်အခန်းမှာတော့ ပုံရိပ်တို့ကြမ်းတော့မယ်နော်
😀
TNH Appမှာဖတ်သောသူများ
TNHဆိုပြီး သီးသန့်ဖွင့်ထားတဲ့pageလေးကို
Follow လုပ်ထားကြပါနော်
=========================================================================
🔥🌹ဆူးႀကိဳး(အခန္း၅၆)🔥
ကိုေဗ်ာႀကီးသည္ ေစာင္ပံုၾကားထဲတြင္ေကြးေနရင္းႏွင့္ သူ႔နားထဲတြင္လမ္းေလ်ွာက္သံေတြလိုလို
သီခ်င္းဆိုသံလိုလို ၾကားေနရေလသည္။
ဒီေန့ဟာ လျပၫ့္ေန့ျဖစ္ၿပီးအလုပ္လည္း
ပိတ္တယ္ဆိုတာကို သူအမွတ္မမွားပါဘူး။
ပံုမွန္ဆိုရင္ ဒီအခ်ိန္ဟာေယာက္်ားေလး
အေဆာင္တစ္ခုလံုး တိတ္ဆိတ္ေနရမွာျဖစ္သည္။
ေတာင္ႀကီးလို ေဆာင္းရာသီတစ္ေလ်ွာက္လံုး
ေအးလြန္းေနတဲ့မနက္ခင္းႀကီးမွာ
အလုပ္ပိတ္ရက္ေတာင္ ေစာေစာထၿပီး
သီခ်င္းဆိုႏိုင္သၫ့္လူဟာ ေျမာက္အေမရိကတိုက္ဘက္မွာ ေရခဲေတြနဲ႔အသားက်ၿပီးသား
ပိုလာ၀က္ဝံႀကီးပဲျဖစ္လိမ့္မည္။
ေခါင္းအထိႃခံုထားေသာ ဂြမ္းေဆာင္ကိုဖယ္ၿပီး
အခန္းထဲသို႔ေဝ့ဝဲၾကၫ့္လိုက္ေတာ့ တကယ္ကို
ပိုလာ၀က္ဝံတစ္ေကာင္က သူတို႔အခန္းထဲတြင္
ရိွေနသည္။ထိုသူကေတာ့ တစ္ေဆာင္လံုး၏
ဆရာႀကီးေနမ်ိဳးေပါ့။
🎶သူ႔ကိုမွ ခ်စ္မိေနပါတယ္
🎶ေတြ့ေန..ျမင္ေနက်မို႔
🎶ေျဖေဖ်ာက္ဖို႔လည္းမလြယ္
🎶မ်က္စိထဲ..တဝဲလည္လည္
🎶သူ႔အလွ..ပင့္ကိုၿမွေးသဖြယ္
🎶ဪ..ရစ္ပတ္ဖဲြေနွာထားလို႔
🎶ရုန္းထြက္ဖို႔လည္း ခက္လွတယ္
🎶ကိုယ့္ကိုကြယ္ စိုးမိုးႏိုင္လြန္းတယ္
တြံေတးသိန္းတန္သီခ်င္းကို ခပ္တိုးတိုးညည္းေနၿပီး
နံရံမွာ ခ်ိတ္ထားေသာမွန္ေသးေသးေလးကိုၾကၫ့္ကာ တိုကပ္ကပ္ဆံပင္ကိုအအခါခါ
ၿဖီးေနေသာ ေနမ်ိဳးကိုေဗ်ာႀကီးမ်က္ေမွာင္ႄကံုး၍
ၾကၫ့္လိုက္သည္။
ကိုယ္ေတာ္ေခ်ာက ဒီေန့မွဘာစိတ္ကူးေတြ
ေပါက္သလဲေတာ့မသိဘူး။
လူငယ္ဆန္ဆန္၀တ္စားထားၿပီး ေရေမႊးေတြလည္းစြတ္ေနေလသည္။
ေနမ်ိဳးဟာ ရုပ္ေျဖာင့္ၿပီးငယ္ရြယ္သူျဖစ္တဲ့အျပင္
HRဌာနမွာ အလုပ္လုပ္ရေသာေၾကာင့္
အၿမဲအလုပ္ထဲမွာ ေခါင္းဆိုက္ေနသူျဖစ္သည္။
အေဆာင္မွာေနသၫ့္အခ်ိန္ေလးတြင္သာ
ေအးေအးလူလူေနတတ္ေပမဲ့ အလုပ္မွာေတာ့
ဂိုေထာင္ထဲမွာမဟုတ္ရင္ အလုပ္သမားေတြကိုလိုက္ၿပီးႀကီးၾကပ္ေနတတ္ကာ ျဖစ္ေပၚလာတဲ့
ျပႆနာတိုင္းကို ဒိုင္ခံေျဖရွင္းေနရတာႏွင့္ပင္
ရႈပ္ေနတတ္သည္။
ငယ္ရြယ္ေပမဲ့ ရာထူးအႀကီးပိုင္းကို ကိုင္ႏိုင္တာလည္းမေျပာႏွင့္ ကိုယ္ေတြထက္အလုပ္ႏွစ္ဆလုပ္ႏိုင္သည္။
ဘာမွ လုပ္စရာမရိွရင္ေတာင္ စာရင္းစာအုပ္ထဲမွာ
ေခါင္းႏွစ္ထားတတ္သူပင္။
ထမင္းစားခ်ိန္ေတာင္ မမွန္တတ္ေသာသူက
အလုပ္ပိတ္ရက္ေလးမွာ မနက္အေစာႀကီး
ထၿပီး အလျွပင္ႏိုင္တယ္ဆိုေတာ့
ကမ႓ာ့အတြက္ႂကြဆံုး လူသားပါပဲ။
"အ၀တ္အစားအသစ္ေတြ၀တ္ထားေတာ့
မင္းက ေရခ်ိဳးထားတာလား..."
"ဟုတ္တယ္ေလ..."
ေခါင္းကိုဘီးႏွင့္ ေသခ်ာၿဖီးေနရင္းမွ
ကိုေဗ်ာႀကီးကို သူၾကၫ့္ၿပီးမ်က္ခံုးပင့္ျပလိုက္သည္။ၿပီးေနာက္ မွန္ထဲသို႔ျပန္ၾကၫ့္လိုက္ၿပီး
တစ္ခ်က္ေလာက္ႃပံုးၾကၫ့္လိုက္သညိ။
"ေနႀကီး...မင္းရူးေနတာေတာ့မဟုတ္ပါဘူးေနာ္..
ဒီေလာက္ေအးေနတဲ့အခ်ိန္ႀကီးမွာ
ေရခ်ိဳးႏိုင္တယ္ဆိုေတာ့ မင္းကတကယ္ကို
ပိုလာ၀က္ဝံႀကီးျဖစ္ေနတာပဲ.."
ကိုေဗ်ာႀကီး၏စကားေၾကာင့္ ေနမ်ိဳး၏
မ်က္ခံုးတစ္ဖက္တြန႔္တက္သြားသည္။
သူမနက္အေစာႀကီးေရထခ်ိဳးတာ ဒီေလာက္ေတာင္
ထူးဆန္းေနတာလား။
သူကေတာ့ အရမ္းမေစာဘူးထင္တာပဲ။
"ခင္ဗ်ားကလည္းေယာက္်ားႀကီးျဖစ္ၿပီး
သိပ္အပိုေတြေျပာတာပဲ...ကၽြန္ေတာ္ေရခ်ိဳးတာက
ငါးနာရီထိုးေလာက္ကမွပါ...."
ဒီတစ္ခါေတာ့ အေမာင္ေဗ်ာႀကီးအဖို႔
တက္ႀကီးေသႏိုင္ေလာက္ေအာင္ မ်က္လံုးေတြ
ျပဴးက်ယ္သြားေလသည္။
အျပင္မွာသာ အရမ္းမေအးရင္
ေစာင္ပံုေအာက္ကေနထြက္ၿပီး
ေနမ်ိဳးတစ္ေယာက္ က်န္းမာေရးမွေကာင္းရဲ့လားဟု စစ္ေဆးၾကၫ့္လိုက္ခ်င္သည္။
"မင္းေနေတာ့ေကာင္းပါတယ္ေနာ္...ဒီေလာက္ေအးေနတဲ့ေဆာင္းတြင္းႀကီးမွာကြာ..ငါးနာရီထိုးေလာက္ႀကီးေရထခ်ိဳးတာ မင္းတစ္ေယာက္ပဲရိွလိမ့္မယ္..
ငါဆို..ေရမခ်ိဳးတာသံုးရက္ျပၫ့္သြားၿပီ..."
"ဟာ...ညစ္ပတ္လိုက္တာဗ်ာ..."
သူ႔ကိုႏွာေခါင္းရႈံ႔လိုက္သၫ့္ေနမ်ိဳးကို သူကျပန္၍
ႏွာေခ်ာင္းရႈံ႔လိုက္ခ်င္သည္။
သူမ်ားကိုေတာ့ ညစ္ပတ္တယ္ေျပာၿပီး
သူၾကေတာ့ တစ္ကိုယ္ရည္တကာရသန႔္ရွင္းတာေလးကလဲြၿပီး အေမာင္ကပ္ေစးနဲျဖစ္သည္။
ဘယ္ေလာက္ကပ္ေစးနဲသလည္းဆိုလ်ွင္
သူအခုၾကၫ့္ေနေသာ မွန္ကလည္းကိုယ္၀ယ္ထားေသာမွန္ျဖစ္ၿပီး ၿဖီးေနေသာဘီးကအစေဗ်ာႀကီး
၀ယ္ထားတာေတြသာျဖစ္သည္။
HRတစ္ေယာက္၏လစာသည္ သူတို႔လိုလက္ေအာက္ငယ္သားေတြထက္ ႏွစ္စ၊သံုးစေလာက္မ်ားေနမယ္ဆိုတာ ေဗဒင္ေမးစရာတာင္
မလိုသၫ့္ကိစၥပင္။ေနမ်ိဳးကေတာ့
သြားတိုက္ေဆးကိုဖင္ကပ္ပဲ က်န္တာေတာင္
သြားနဲ႔ျခစ္ထုတ္ၿပီး တိုက္ေသာသူတစ္ေယာက္
ျဖစ္ေလသည္။
ဒါေၾကာင့္လည္း ရည္းစားမရတာေပါ့။
ရုပ္ေခ်ာေပမဲ့ ဒီလိုကပ္ေစးကုပ္လြန္းလို႔လည္း
အခုထိစင္ဂယ္လ္ျဖစ္ေနတာေပါ့။
မဟုတ္ရင္ ဒီေကာင့္အခန္းမွာသူ႔ေကာင္မေလးေတြခ်ည္းပဲ
တစ္ေန့တစ္ေယာက္ေလာက္ လာသန႔္ရွင္းေရး
လုပ္ေနၾကမွာ ေသခ်ာတယ္။
"ဒါနဲ႔မင္း..တကယ္ႀကီးအျပင္သြားမလို႔လား
ဘယ္သြားမလို႔လဲ...."
"ကိုေဗ်ာႀကီးရယ္ ခင္ဗ်ားကသိပ္စကားရွည္တာပဲ...ကိုယ့္ခ်ိဳင္းနံ႔သာကိုယ္ရႉၿပီး
အိပ္ယာထဲမွာျပန္လွဲေနလိုက္စမ္းပါ..."
"ဟာ..ဒီေသနာေလးကေတာ့..."
ကိုယ္ေဗ်ာႀကီးကို သူခနဲ႔လိုက္ၿပီး ဟူဒီအေပၚမွာေလာင္းကုဒ္ကိုထပ္၀တ္လိုက္သည္။
ထို႔ေနာက္ေက်ာပိုးအိတ္ထဲသို႔ လိုအပ္တာေတြထၫ့္လိုက္ၿပီး ဆိုင္ကယ္ေသာ့ကိုယူကာအခန္းအျပင္သို႔ ထြက္လိုက္သည္။
အခ်ိန္ကေစာလြန္းေသးတာေၾကာင့္ေရာ
ပိတ္ရက္ျဖစ္ေနတာေၾကာင့္ပါ ေလ်ွာက္လမ္းတစ္ခုလံုးက တိတ္ဆိတ္ေနသည္။
ထို႔ေၾကာင့္ စိတ္ေအးလက္ေအးႏွင့္ ေလခၽြန္လိုက္ၿပီး ဆိုင္ကယ္ေသာ့ကို လက္ၫွိုးႏွင့္
ေဝ့ရမ္းပစ္လိုက္သည္။
"ေအာင္မေလး..."
"ဟာ..ဘာျဖစ္တာလဲ..."
အခန္းတစ္ခုထဲမွ အိပ္ခ်င္မူးထူးႏွင့္ထြက္လာေသာငပိုင္သည္ သူ႔ကိုေတြ့သည္ႏွင့္ မ်က္လံုးမ်က္ဆံျပဴးကာ ထေအာ္လိုက္၍
စိတ္ကသိပ္မၾကည္ခ်င္ေတာ့ေပ။
အေဆာင္ကလူေတြ ဘာျဖစ္ေနၾကတာလဲ။
"ငပိုင္မင္းဘာျဖစ္ေနတာလဲ.."
"ကၽြန္ေတာ္ကသာ..ခင္ဗ်ားဘာျဖစ္ေနသလဲေမးရမွာပါ...ခင္ဗ်ားေနေတာ့ေကာင္းပါတယ္
ေနာ္....ဒီလိုမနက္အေစာႀကီးမွာ ျပင္ဆင္ျခယ္သၿပီးထြက္တည္းက ေသခ်ာတယ္ခင္ဗ်ားတစ္ခုခုေတာ့ ျဖစ္ေနၿပီ..."
"တစ္ခုခုျဖစ္ေနတာကငါမဟုတ္ေလာက္ဘူး..
မင္းတို႔တစ္ေဆာင္လံုးပဲေနလိမ့္မယ္...
ေဆးခန္းေလးဘာေလး သြားျပလိုက္ၾကအံုး..."
ငပိုင္လည္း သူ႔ကိုရန္စကားမျမည္ေသာ
စကားႏွင့္ ရန္ေတြ့သြားသၫ့္ကိုေနႀကီး၏
ေနာက္ေက်ာကိုၾကၫ့္၍ ေခါင္းကုတ္ေနမိေလသည္။ဒီလူဘယ္လို ျဖစ္ရတာလဲ။
ပံုမွန္ဆိုရင္ ဒီလူကပိတ္ရက္ေတြမွာ ေနဖင္ထိုးမွထတတ္တာပါ။
ဒီေန့ဘာေၾကာင့္ ထူးကဲေနရတာလဲ။
ၿပီးေတာ့ ကိုေနႀကီးနဲ႔ေနလာခဲ့တဲ့ တစ္ေလ်ွာက္လံုးမွာ ဒီေန့ေလာက္
သားသားနားနား၀တ္စားထားတာမ်ိဳး တစ္ခါမွမေတြ့ခဲ့ဖူးေပ။
ရုပ္ခံရိွေတာ့ ျပင္ျပင္ဆင္ဆင္ေနလိုက္တဲ့အခါ တည္ၾကည္ခန႔္ျငားေန၍ မိန္းကေလး
အေဆာင္မွာေနေသာညီမျဖစ္သူဟာ
ကိုေနႀကီးကို သေဘာက်ေနတာကို
သူသေဘာမတူႏိုင္စရာမရိွေတာ့ပါဘူး။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
"တူ!!!!တူ!!!တူ!!!!
"မနက္ေစာေစာစီးစီးဘယ္သူကလာဆက္ေနတာလည္းကြာ..."
ဘိုဘိုတစ္ေယာက္ အိပ္ခ်င္ေနေသာမ်က္လံုးမ်ားကို မနည္းၿဖဲလိုက္ၿပီး ဖုန္းကိုလွမ္းယူကာစပီကာဖြင့္ထားလိုက္သည္။
"ဟယ္လို...."
"ဘိုဘိုေရ...တီခ်ူးဆက္တာပါ...ဘိုဘိုတို႔ကိုေစာေစာေလး ေတာင္ႀကီးေဈးနဲ႔အျခားေနရာေလးေတြ လိုက္ပို႔ခ်င္လို႔ပါ..အခုသားတို႔အေဆာင္ကို တီခ်ူးလာေနၿပီ...အဆင္သင့္လုပ္ထားၾကေနာ္..."
"ဟာ...ဖုန္းခ်သြားၿပီ..."
အိပ္ခ်င္မူးထူးျဖစ္ေနေသာ သူ႔မ်က္လံုးေတြေတာင္ ျပဴးခ်င္သြားသည္။
အဘယ့္ေၾကာင့္ တီခ်ူးကအေစာႀကီးဝီရိယသိပ္ေကာင္းေနရတာလဲ။ဒီေန့အလုပ္ပိတ္လို႔
လိုက္ပို႔ခ်င္တယ္ဆိုရင္ေတာင္ ဒီေလာက္အလ်ွင္လိုဖို႔ မလိုပါဘူး။
"ဝါး....မသိေတာ့ဘူးဟာ..."
ဘိုဘိုလည္း အိပ္ယာေပၚမွထထိုင္လိုက္ၿပီး
ဟိုေကာင္မေလးေတြကို ဖုန္းေခၚကာႏိႈးလိုက္သည္။
တစ္ဖက္တြင္ေတာ့ ပံုရိပ္တို႔တစ္သိုက္သည္
ဘိုဘို၏ ဖုန္းဆက္ၿပီးႏိႈးမႈေၾကာင့္ ေရခ်ိဳးခန္းထဲသို႔ အလုအယက္၀င္ေနၾကေလေတာ့သည္။
"အိမိုးေသာ္...နင္ျမန္ျမန္ခ်ိဳးေနာ္..."
"ေအးပါဟာ..."
ပံုရိပ္ကေတာ့ မနက္အေစာႀကီးေနသလို
လသာေဆာင္ဘက္ကေနအေအးဓာတ္က အခန္းထဲသို႔ စိမ့္၀င္လာသလို ခံစားေနရ၍
ေရမခ်ိူးေတာ့ပဲ မ်က္ႏွာသစ္ရံုသာသစ္လိုက္သည္။
ျမန္မာ၀တ္စံုကို၀တ္ခ်င္ေပမဲ့ ရာသီဥတုကအရမ္းေအးတာေၾကာင့္ အခ်မ္းေပါ့ေစရန္ အသားကပ္ေဘာင္းဘီအရွည္ကို၀တ္လိုက္ၿပီး
လွခ်တဲ့ စိတ္ေလးေၾကာင့္ အေပၚမွစကပ္အျဖဴေရာင္ အရွည္ေလးႏွင့္တီရွက္အျဖဴေရာင္ေလးကို ေရြး၀တ္လိုက္တာ ေခါင္းစြပ္အေနြးထည္ခါးတိုေလးကို ထပ္စြပ္ခ်လိုက္သည္။
မိတ္ကပ္ကိုအထူႀကီး မလိမ္းတတ္ေသာေၾကာင့္ ေအာက္ခံမိတ္ကပ္လိမ္းၿပီးသည္ႏွင့္ ေပါင္ဒါပါးပါးေလးပုတ္လိုက္ၿပီး
ႏႈတ္ခမ္းနီ ပန္းေရာင္ေလးကိုဆိုးလိုက္သည္။
မ်က္ခံုးေမႊးတို႔မ်က္ေတာင္ေမႊးတို႔ဆိုတာ
တမင္ျပဳျပင္စရာမလိုပဲ ပံုရိပ္၏မ်က္ႏွာေလးႏွင့္ငယ္ငယ္တည္းက အံ၀င္ခြင္က်ျဖစ္ေနေသာတန္ဆာမ်ားျဖစ္ေလသည္။
"ဟဲ့...ပံုရိပ္...နင္ကၿပီးသြားၿပီလား..."
"ေအး...နင္တို႔လည္းျမန္ျမန္လုပ္ၾက.."
က်န္တဲ့ သူငယ္ခ်င္းေတြ ေရခ်ိဳးၿပီးၾကခ်ိန္တြင္ပံုရိပ္ကေတာ့ အားလံုးအဆင္သင့္ျဖစ္ေနေလၿပီ။
သူတို႔ကေတာ့ ဘာ၀တ္ရမလဲဆိုတာကို
ေခါင္းေျခာက္ခံၿပီး စဉ္းစားေနၾကေလသည္။
ပံုရိပ္ကေတာ့ ဘာပဲ၀တ္၀တ္လံုႃခံုမႈရိွၿပီး
အျခားလူအျမင္မကပ္ရင္ ရေလၿပီ။
လူငယ္ဆိုေပမဲ့ ပံုရိပ္ကလူငယ္ဆန္ဆန္
သိပ္မေနတတ္ေပ။
"ေဒါက္..ေဒါက္...ဟဲ့..နင္တို႔ၿပီးၾကၿပီလား..."
အျပင္ဘက္က ဘိုဘို႔အသံေၾကာင့္တံခါးကို
အျမန္ေျပးဖြင့္လိုက္ရသည္။
ဘိုဘိုလည္း ကတိုက္ကရိုက္လုပ္ၿပီးေျပးလာရပံုပါပဲ။ဆံပင္ေတြကအစ ရႈပ္ပြေနသည္။
"ပံုရိပ္...ဟိုလူေတြကမၿပီးေသးဘူး..နင္ကၿပီးသြားတာ ျမန္လွခ်ည္လား..."
"သူကေရမွမခ်ိူးပဲ..."
အခန္းထဲမွႏွစ္ေကာင္က လွမ္းေအာ္ေျပာလိုက္၍ ဘိုဘို႔ကိုႃပံုးျပလိုက္မိသည္။
ေဆာင္းတြင္းႀကီးမွာ ေရမခ်ိဳးလည္းဘာျဖစ္သလဲ။မ်က္ႏွာလည္း အဆီျပန္တာမဟုတ္သလို ခၽြေးလည္းထြက္မွာမွမဟုတ္ပဲ။
ထိုအေတြးကို ေနာင္တရမိေသာအခ်ိန္ကေတာ့ ေဟာ္တယ္အေရ႔ွသို႔ထြက္လာရေသာအခ်ိန္ျဖစ္ေလသည္။
ပံုရိပ္တို႔ကိုလာေခၚတဲ့အဖဲြ႔ထဲမွာ ဆရာေနမ်ိဳးလည္း ပါလာလိမ့္မယ္ဟု ပံုရိပ္တကယ္ကို
မထင္မိခဲ့ေပ။
"မနက္စာတစ္ခုခုသြားစားရေအာင္..."
ထိုဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၌ပင္
ပံုရိပ္တို႔အဖဲြ႔သည္ ဆိုင္ေကာင္းေကာင္းတစ္ခု၌၀င္၍ မနက္စာစားခဲ့ၾကသည္။
လမ္းတစ္ေလ်ွာက္လံုးလည္း ပံုရိပ္ဆရာ့ကိုစကားမေျပာရဲခဲ့ေပ။
မေန့ညက ကိစၥမွာဆရာကအရက္မူးေနခဲ့ေတာ့ ျဖစ္ခဲ့သမ်ွကိုမမွတ္မိမွာစိုးရိမ္ေနမိသည္။
"ကၽြန္ေတာ္ကိုယ္တိုင္ေကာင္တာမွာ သြားမွာေပးမယ္..ဒီကသူေဌးကကၽြန္ေတာ္နဲ႔သိတယ္..."
ေကာင္တာဆီသို႔ ဆရာသြားေတာ့မွသာ ပံုရိပ္အသက္၀၀ရႉရဲေလသည္။
ေကာင္တာမွာမွီၿပီး အစားအစာေတြမွာေနေသာဆရာ့ကို ပံုရိပ္ခိုးၾကၫ့္လိုက္မိသည္။
မီးခိုးေရာင္ ဟူဒီအေပၚမွာ ေလာင္းကုဒ္အနက္ေရာင္ကို ထူးထူးျခားျခားထပ္၀တ္ထားေသာေၾကာင့္ ႏိုင္ငံျခားသားတစ္ေယာက္ႏွင့္ေတာင္ တူေနသလိုပါပဲ။
သူ႔ပံုစံအတိုင္း ေက်ာပိုးအိတ္ကို တစ္ဖက္ပဲလြယ္ထားတာေလးကိုၾကၫ့္ၿပီး
ဟိုအရင္က ဆူးေလသို႔ပထမဆံုးသြားခြင့္ရတဲ့အခ်ိန္ေလးကို ျပန္အမွတ္ရေနမိသည္။
"ဟင္...အဟြတ္..အဟြတ္..."
ေရတစ္ခြက္ကိုငွဲ႔ေသာက္သလိုလိုႏွင့္
ခိုးၾကၫ့္ေနမိေသာပံုရိပ္ဘက္သို႔
လွၫ့္လာကာႃပံုးျပလာေသာေၾကာင့္
ေရေတြေတာင္သီးကုန္ေလသည္။
ထိုအျဖစ္ကိုျမင္ေတာ့ ဆရာကသြားေလးေတြေပၚသည္အထိ ပိုႃပံုးလိုက္တာကို ေတြ့လိုက္ရသည္။
ဘာလဲ..ဆရာကငါ့ကိုေလွာင္ေနတာလား..
ကိုယ့္ဘာသာမလံုမလဲျဖစ္ေနမိ၍ ေခါင္းကိုသာငံု႔ထားလိုက္မိသည္။
မေန့ညကကိစၥကို ဆရာမမွတ္မိဘူးနဲ႔တူပါတယ္။မွတ္မိရင္ေရာ ဒီလိုပဲေအးတိေအးစက္နဲ႔ဆက္ဆံေနအံုးမွာလား။
ပံုရိပ္မွာေတာ့ ပထမဦးဆံုးသူစိမ္းေယာက္်ားေလးကို ေပးလိုက္ရေသာအနမ္းတစ္ပြင့္ျဖစ္လို႔ တစ္ညလံုးအိပ္လို႔မရခဲ့ေပ။
မေန့ညက အနမ္းတစ္ပြင့္ဟာ ပံုရိပ္၏
လည္တိုင္ထက္မွာ ကပ္က်န္ေနခဲ့တုန္းလို႔ေတာင္ ခံစားေနရတယ္။
"ဒါနဲ႔တီခ်ူးတို႔က ဘယ္လိုျဖစ္ၿပီးအေစာႀကီးေရာက္လာရတာလဲ...သမီးတို႔ကဒီေလာက္ေစာမယ္မထင္ထားခဲ့ဘူး..."
အိမိုးေသာ္က တီခ်ူးကိုေမးလိုက္ေတာ့
တီခ်ူးကဆရာ့ဘက္သို႔ လွၫ့္ၾကၫ့္လိုက္ၿပီး
ေလသံခပ္တိုးတိုးႏွင့္ ေျပာရန္ျပင္လိုက္သည္။ဆရာႏွင့္အတူပါလာေသာ
သူကလည္း ပံုရိပ္တို႔၏စကားဝိုင္းကို
စိတ္၀င္တစားနားေထာင္ေနေလသည္။
"ဒီလိုေဟ့...အမွန္ေတာ့တီခ်ူးက..
ေန့ခင္းေလာက္မွေလ်ွာက္လည္ဖို႔လိုက္ပို႔ေပးမလို႔..
ကိုေနေပါ့..မနက္အေစာႀကီးအေဆာင္ကိုေရာက္ခ်လာၿပီး..ပံုရိပ္တို႔အဖဲြ႔ကိုေဈးကိုလိုက္ပို႔ဖို႔ သြားေခၚရေအာင္တဲ့..ညဘက္မီးပံုးပ်ံပဲြၾကၫ့္အံုးမွာဆိုေတာ့ ေစာေစာလည္ၿပီး ေနခင္းနားရေအာင္တဲ့ေလ..ငါ့မွာအလွေတာင္ေသခ်ာမျပင္ခဲ့ရဘူး..."
"ဟုတ္တယ္ေဟ့..အစ္ကိုလည္းအၿငိမ္မေနရဘူး..ဆိုင္ကယ္နဲ႔အေဆာင္၀န္းထဲကို ၀င္လာရံုရိွေသးတယ္...ကေလးေတြကိုလည္ပတ္ခိုင္းဖို႔
ကယ္ရီသမားတစ္ေယာက္လိုေသးတယ္ဆိုတာနဲ႔ လိုက္လာခဲ့ရတာ .."
"ဟား..ဟား..ၾကၫ့္ရတာကိုေနမ်ိဳးႀကီးက
ငါတို႔ထက္ပိုစိတ္အားထက္သန္ေနပံုရတယ္.."
ဘိုဘိုကစသလို၊ေနာက္သလိုႏွင့္ပံုရိပ္ကိုၾကၫ့္လာခဲ့သည္။ဘိုဘိုဘာကိုဆိုလိုခ်င္တာလဲ။ဆရာက ပံုရိပ္အတြက္နဲ႔ ဒီလိုေအးလြန္းတဲ့ေဆာင္းတြင္းႀကီးမွာ ဝီရိယေကာင္းျပလိမ့္မည္ဆိုတာ မယံုႏိုင္တဲ့ကိစၥပါပဲ။
သူတို႔ေျပာတာကို နားေထာင္ၿပီး ေတြးေနမိေသာအခ်ိန္မွာပဲ ဆရာကျပန္ေရာက္လာခဲ့ေလသည္။
"အကုန္မွာၿပီးၿပီ...ခဏေလးေတာ့ေစာင့္ရမယ္..ၿပီးရင္ေတာ့လာပို႔ပါလိမ့္မယ္..."
"ကိုေန..."
ႏူးညံ့ၿပီး အနည္းငယ္စူးရွေသာအသံတစ္ခုကိုၾကားလိုက္ရ၍ ပံုရိပ္တို႔အားလံုး
ဆိုင္တံခါး၀သို႔ အၾကၫ့္ေရာက္သြားၾကေလသည္။ပံုရိပ္တို႔ထိုင္တဲ့စားပဲြဝိုင္းက ဆိုင္တံခါးႏွင့္မေဝးေသာေၾကာင့္ ၀င္လာေသာလူမ်ားကိုအလြယ္တူေတြ့ႏိုင္ေလသည္။
"ႏြယ္...."
ရုတ္တရက္ထိုင္ရာကေန ဝုန္းကနဲမတ္တပ္
ထရပ္လိုက္ေသာ ဆရာ့ေၾကာင့္အားလံုးအံ့ဩသင့္သြားေလသည္။
အဲ့ဒီ့အထဲမွာ ပံုရိပ္ကအဆိုးဆံုးေပါ့။
အံ့ဩသြားတာထက္ စိုးရိမ္စိတ္ကပိုေနမိတာပါ။ကိုယ္၀ယ္ယူဖို႔ေတြးထားတဲ့ ပစၥည္းေလးကိုေငးၾကၫ့္ေနတုန္းမွာပဲ သူမ်ားကလုယူသြားလိုက္သလို ၀မ္းနည္းၿပီး၊ႏွေမ်ာတသျဖစ္ကာ ေနမထိထိုင္မသာျဖစ္ရတာမ်ိဳးေပါ့။
*ႏြယ္*တဲ့လား..ဒီလိုအေခၚအေဝၚမ်ိဳးကို
သူစဲြမက္ေနတုန္းျဖစ္ေနလို႔ပဲလား။
ဒါမွမဟုတ္ ႏႈတ္က်ိဳးေနခဲ့တာလား။
ပံုရိပ္၏ရင္ထဲမွာ အမည္ေဖာ္ေဆာင္၍မရေသာ နာက်င္မႈမ်ားတိုးပြားလာခဲ့သည္။
"ႏြယ္!!!ဘာရပ္လုပ္ေနတာလဲ..."
ဆရာေနမ်ိဳး၏ ႏူးညံ့ညင္သာေသာအသံႏွင့္ျခားနားစြာ ရန္လိုေနေသာဝံပုေလြတစ္ေကာင္ကဲ့သို႔ဟိန္းေဟာက္လိုက္သံလားရာကို ၾကၫ့္လိုက္မိသည္။
ႏြယ္ဆိုေသာ အစ္မ၏အေနာက္ဘက္မျွဖစ္ၿပီး ကားေသာ့ကိုေဝ့ရမ္းကာ ဟိတ္ဟန္ထုတ္၍တံခါး၀ဆီသို႔
ေလ်ွာက္လာေနေလသည္။
ထိုသူသည္ မမႏြယ္၏ပခံုးကို ပိုင္စိုးပိုင္နင္းျဖင့္ဖက္လိုက္ၿပီး ဆရာ့ကိုရန္လိုစြာၾကၫ့္၍
မဲ့ႃပံုးႃပံုးလိုက္သည္။သူ႔အႃပံုးေတြက တကယ္ကို မညင္သာပါဘူး။
သူ႔မ်က္လံုးေတြက ဝံ့ႂကြားမႈေတျြပၫ့္ေနၿပီး
မမႏြယ္ကို သူ႔ဘက္သို႔ပို၍ဆဲြယူလိုက္ေလသည္။
ၿပီးေနာက္ ထီမထင္ေသာမ်က္ႏွာေပးႏွင့္
ေရ႔ွသို႔ေျခတစ္လွမ္းတိုးလာခဲ့ကာ
ညာဘက္လက္ကိုဆန႔္ထုတ္လိုက္ေလသည္။
သူ႔ဘက္မွာလည္း ႏိုင္ငံျခားျဖစ္ေဈးႀကီးေသာနာရီကို ပတ္ထားေလသည္။
"ျပန္ေတြ့ရတာ၀မ္းသာပါတယ္..ေနမ်ိဳး..."
🌹🌹🌹🌹🌹🌹🌹
Spoiler 🛑
ေနာက္အခန္းမွာေတာ့ ပံုရိပ္တို႔ၾကမ္းေတာ့မယ္ေနာ္
😀
TNH Appမွာဖတ္ေသာသူမ်ား
TNHဆိုၿပီး သီးသန႔္ဖြင့္ထားတဲ့pageေလးကို
Follow လုပ္ထားၾကပါေနာ္
No comments:
Post a Comment