အခန်း(၂၁) 🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

 

Unicode/Zawgyi 🚩 


🌺အခန်း(၂၁)

🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺


အညှာအတာမဲ့ ရွာသွန်းလာသော

မိုးရေစက်များကြားမှာအရှိန်နှင့်

မောင်းနှင်လာသော ကားတစ်စီး၏

အလင်းရောင်ကြောင့် ချစ်ပန်းဝေလည်း

အသည်းအူလှိုက်မတတ်

ကြောက်ရွံ့သွားလေသည်။


သေပစ်လိုက်မည်ဟု ဆုံးဖြတ်ပြီးမှတော့

နာကျင်မှာကိုကြောက်မနေသင့်တော့ပေ။

တစ်ခါလောက် နက်နက်နဲနဲ

နာကျင်သွားရတာက

သူ့အနားမှာနေပြီးတစ်သက်လုံး

နာကျင်နေရမှာထက်တော့

ခံသာပါသေးသည်ဟု

 တွေးလိုက်မိသည့်အခိုက်

လဲကျနေရာမှ ပြန်မထပဲ

ညိမ်နေလိုက်မိသည်။


ခြေတွေလက်တွေ ကျိုးပဲ့သွားတာက

နာကောင်း နာနိုင်ပေမယ့်

မုန်းတီးစွာကြည့်တတ်တဲ့

သူ့မျက်ဝန်းအကြည့်တွေ၊

သူပေးတဲ့စိတ်ဝေဒနာတွေကိုတော့

ထပ်ပြီးမခံယူလိုတော့ပေ။


ကိုယ့်ကိုမုန်းတီးနေသူကိုမှ 

တမ်းတမ်းတတ ရင်နင့်နေအောင်

ချစ်နေမိတဲ့ ဒုက္ခကနေ

ကင်းဝေးသွားခြင်းသည်လည်း

ဝဋ်ကြွေးတစ်ခု ကြေသွားခြင်းလို့ပဲ

မှတ်ယူမိပါတယ်။


"ကျွီ!!!"


ချစ်ပန်းဝေသည် မျက်လုံးများကို

မှိတ်လိုက်ကာ အရှိန်နဲ့မောင်းလာနေသော

ကားကလေး ဖြတ်တိုက်သွားလျှင်တောင်သဘောထားကြီးကြီးနဲ့ သေပေးဖို့

အဆင်သင့်ဖြစ်နေလေပြီ။


သို့ပေမဲ့ ထိုကားလေးကတော့ သူမကို

ဖြတ်တိုက်သွားမည့်အစား သူမ၏

လက်တစ်လှမ်းစာအလိုတွင်

ရပ်တန့်သွားလေသည်။


"ဟေ့..မင်းသေချင်နေတာလား

ဘာကိစ္စငါ့ကားရှေ့မှာလာရပ်နေရတာလဲ

ရူးနေလား.."


ကားပေါ်မှထီးအနက်ရောင်ကိုဆောင်း၍

ဆင်းလာသူသည် ချစ်ပန်းဝေကို

အမျိုးမျိုး ကြိမ်း‌၀ါးနေလေတော့တယ်။

ပြီးနောက် သူ့ကားရှေ့မှာလဲကျနေသော

ချစ်ပန်းဝေကို လက်မောင်းကနေ

ဆွဲ၍ မထူလိုက်လေရာ....


"ဟင်..မင်းက!!!!!

မင်းချစ်ပန်းဝေပဲ..

ဘယ်လိုလုပ်ပြီး မင်းဖြစ်နေရတာလဲ.."


လက်မောင်းကနေ ခပ်ကြမ်းကြမ်း

ဆွဲမလာသူသည် ချစ်ချစ်၏

နာမည်ကို တအံ့တသြကြီးခေါ်လိုက်လေရာ

ချစ်ချစ်လည်းထိုလူကို

ထူးဆန်းသလိုမော့ကြည့်လိုက်မိသည်။


,"ရှင်က..သျှင်နေခောတ်ဆိုတဲ့လူလား.."


"ဟုတ်တယ်လေ

ကိုယ့်ရုပ်ကဒီလောက်ချောတာ

မင်း..မမှတ်မိစရာလားကွ.."


သျှင်နေခောတ်လည်း ကောင်မလေးကို

အမှတ်မထင်ပြန်တွေ့လိုက်ရ၍

စနောက်လိုက်မိပေမယ့်

တစ်ကိုယ်လုံးရေတွေ စိုရွှဲပြီး

တုန်ယင်နေသည်ကို မြင်လိုက်ရတော့

သနားသွားမိလေသည်။


"ဘယ်လိုဖြစ်ပြီး...မိုးရေထဲမှာ

လျှောက်သွားနေရတာလဲကွာ..

နှုတ်ခမ်းတွေတောင်ပြာနေပြီ..

အအေးပတ်တော့မှာပဲ

လာ..လာ..ကိုယ့်ကားထဲကိုလိုက်ခဲ့.."


"ဟင့်အင်း..ကျွန်မရှင့်ကားနဲ့မလိုက်ချင်ဘူး.."


ချစ်ပန်းဝေ၏ ငြင်းဆန်မှုကြောင့်

သျှင်နေခေတ်၏မျက်ခုံးတန်းတွေ

တွန့်တက်သွားရလေသည်။


ပုံမှန်ဆိုရင်သူခေါ်သည်နှင့် လိုက်ချင်သည့်မိန်းကလေးတွေဆိုတာ 

ဒုနဲ့ဒေးပါပဲ။


သူ့လိုလူကိုမိန်းမလှလေး

တော်တော်များများက 

အတင်းဆွဲထားတာတောင်မရတဲ့

အနေအထားမှာ အခုသူဆွဲခေါ်နေမိတဲ့

ကြွက်စုတ်လေးကတော့

ကြွက်အရွယ်အစားနဲ့ မလိုက်ဖက်အောင်

မာနကမိုးထိုးနေသည်။


**မလိုက်ချင်နေခဲ့ဟာဆိုပြီး

မိုးရေထဲမှာပစ်ထားခဲ့လို့ရပေမယ့်

ကြက်ကြော်ဝယ်စားတာတောင်

တိုင်ပတ်နေသည့်

ပေါက်စလေးကိုတော့ ပစ်မထားရပ်ပေ..**


"ကဲ..ငါ့ကားထဲမှာမထိုင်ချင်လဲ

ဟိုနားမှာရှိတဲ့ ရေကူးကန်နားက

အမိုးအောက်ကိုသွားရအောင်.."


"ဟင့်အင်း..ကျွန်မကို

တစ်ယောက်တည်းထားခဲ့ပါ..

ရှင့်ဘာသာ သွားစရာရှိတဲ့နေရာကိုသွား.."


သျှင်နေခေတ်က အတင်းဆွဲခေါ်နေပေမယ့်

ဆွဲခေါ်သည့်လက်ကို ခဏခဏ

ဖြုတ်ချနေလေသည်။

ကောင်မလေး၏မျက်နှာကလည်း

အတော်လေး ကြေကွဲနေဟန်

ပေါ်နေသောကြောင့်

စိတ်ချလက်ချလည်းမထားခဲ့နိုင်ပေ။


"ဟေ့ကောင်မလေး

မင်းလိုက်မလား..

ငါဆွဲပွေ့ပြီးခေါ်ရမလား.."


"..ရှင်ဘာစကားပြောတာလဲ.."


"..ကြားတဲ့အတိုင်းပဲကွာ

..လာစမ်းပါ!!!"


နောက်ဆုံးမှာတော့ ချစ်ပန်းဝေလည်း

ဘယ်လိုမှ မတတ်သာတော့ပဲ

သျှင်နေခေတ် ခေါ်ဆောင်ရာအတိုင်း

လိုက်ခဲ့ရလေတော့သည်။


"ကဲ..ဒီနေရာကတော့မိုးမဆိုတော့ဘူး

..နေဦး..မင်းရဲ့ခေါင်းကိုသုတ်ဖို့

ငါကားပေါ်ကနေ

သပါတ်တစ်ထည်သွားယူပေးမယ်.."


အလောတကြီးနှင့် ထီးဆောင်းပြီး

ပြန်ပြေးထွက်သွားသော 

သျှင်နေခေတ်ကိုကြည့်နေမိရင်း

ချစ်ချစ်မျက်ရည်ကျမိလေသည်။


အခု..သျှင်နေခေတ်နေရာမှာ

ရှိုင်းသာဆိုလျှင် သိပ်ကောင်းမှာပဲဟု

တွေးမိသည့်အခါတိုင်း

ကိုယ့်ရဲ့ကံကြမ္မာကိုပဲ

အပြစ်တင်နေမိသည်။


"ဟေ့..ဘာတွေငိုင်နေတာလဲ

ဒီမှာ..သပါတ်..

မင်းဆံပင်တွေကိုသုတ်လိုက်.."


သျှင်နေခေတ်သည် ပြောပြောဆိုဆိုနှင့်

သူ့လက်ထဲရှိ သပါတ်အဖြူလေးကို

ချစ်ပန်းဝေ၏ ခေါင်းပေါ်သို့

တင်လိုက်လေသည်။


"ဟေ့..မင်းငိုနေတာလား

ဘာဖြစ်လို့ငိုနေတာလည်းကွာ..

ရှိုင်းကမင်းကိုအနိုင်ကျင့်လိုက်လို့လား..

.......

စိတ်မပူစမ်းပါနဲ့..သူကမင်းကို

စိတ်ဆင်းရဲအောင်လုပ်လိုက်လို့..

သူ့ဆီမှာ မနေချင်ရင်

..ငါအနောက်ကိုသာလိုက်ခဲ့..

..........

ငါကမင်းကို လုံးဝပျော်အောင်ထားမှာ..

....လိုက်မလား..

ငါမင်းကိုခေါ်သွားမယ်.."


"..ဟာ..မလိုက်ချင်ပါဘူး..

ကျွန်မမှာ ကာမပိုင်ယောက်ျားရှိတယ်လေ

ရှင့်အနောက်ကိုလိုက်စရာလား.."


"ဟား..ဟား..

မင်းကလေ လူကိုကြည့်တော့

ကြွက်စုတ်ဖြစ်နေပြီ..

မာနကိုတော့ တစ်ဖဝါးမှမချဘူး..

.......

မင်းရဲ့ အဲဒီယောက်ျားက

မင်းလိုမျိုးစိတ်ဓာတ်ရှိရဲ့လား..

အခုသူ့ကြောင့်..မင်းမိုးရေထဲကို 

ထွက်လာရတာမဟုတ်ဘူးလား.."


"..ဟင်..ရှင်ဘယ်လိုသိတာလဲ.."


"..အတတ်သိစရာမှမလိုတာ

ခန့်မှန်းကြည့်လိုက်ရင် ရတာပဲကို..

..............

...ရှိုင်းနဲ့ငါက ဟိုး..ကလေးဘဝထဲက

ပြိုင်ဘက်တွေကွ..

.........

ငါ့လောက်သူ့အကြောင်းကို

ဘယ်သူက ပိုသိဦးမှာလဲ

ဒီကောင်ကလေ..သူမယူချင်ဘူးဆို

သီကြားမင်းဆင်းပြီး တောင်းပန်ရင်တောင်

ရမယ့်ကောင်မျိုးမဟုတ်ဘူးကွ

သူ့ဆီက ဘာတွေများ

မျှော်လင့်နေတာလဲ.."


"နေပါအုံး ရှင်ကသူ့အကြောင်းကို

အဲ့လောက်သိနေရအောင်

ရှင်နဲ့သူကဘာတော်လို့လဲ..

ရှင်တို့က ငယ်သူငယ်ချင်းတွေလား.."


"နိုး..သူနဲ့ငါကဘယ်တော့မှ

သူငယ်ချင်းမဖြစ်နိုင်ဘူး..

ပြောရရင်တော့ ငါတို့နှစ်ယောက်က

အချင်းချင်း..ခါးခါးသီးသီး

မုန်းတီးနေကြတဲ့..ဆွေမျိုးတွေပေါ့.."


သျှင်နေခေတ်၏စကားကြောင့်

ချစ်ပန်းဝေ မျက်လုံးပြူးသွားရလေသည်။

သူတို့နှစ်ယောက်၏ကိစ္စက

ပိုပိုပြီးတောင်ရှုပ်ထွေးလာသလိုပဲ။


"ဆွေမျိုးဆိုတော့

ရှင်တို့က..ဘယ်လိုတော်တာလဲ.."


"အဲဒါတွေ..မင်းနောက်တော့သိလာမှာပါ

အခုလောလောဆယ်..

မင်း..ငါ့နောက်ကိုလိုက်မှာလား

မလိုက်ဘူးလား..ဒါပဲပြော..."


"ဟင့်အင်း..မလိုက်ပါဘူး..

ရှင်နဲ့ရှိုင်းက အမျိုးဖြစ်ဖြစ်၊ဘာဖြစ်ဖြစ်

ကျွန်မရှင့်နောက်ကိုတော့

..မလိုက်နိုင်ဘူး.."


"ကဲ..ခက်ပါရောလားအစ်မတော်ရယ်

ငါသွားရင်..မင်းထပ်ပြီးတော့

မိုးရေထဲကို ထွက်သွားဦးမှာမဟုတ်လား

မင်းအကြံကို ငါမသိဘူးများ

ထင်နေသလား..

...............

မေးစိတ်ထဲမှာဖြစ်နေတာတွေအားလုံး

မင်းရဲ့မျက်နှာမှာ အကုန်ပေါ်နေတယ်ကွ

မင်း..ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့..

စဉ်းစားထားတယ်မဟုတ်လား.."


"..ရှင်ဒါလည်းသိနေတာပဲလား.."


မိုးရေတွေ စိုစွတ်နေသည့်

မျက်တောင်လေးများကို 

ပုတ်ခတ်ပုတ်ခတ်လုပ်လျက်

မျက်လုံးအဝိုင်းသားနှင့် မေးလာသော

သူမကိုကြည့်နေရင်း

နေခေတ်ရင်ထဲမှာ ပိုပိုပြီး

အသည်းယားလာလေသည်။


*ဘယ်လိုအူကြောင်ကျားမှန်းကိုမသိတာ..*


"ရှင်..ဘာကြည့်နေတာလဲ

ကိုယ့်ဘာသာပြန်စရာရှိ..ပြန်တော့လေ..."


"ကိုယ်ပြောပြီးပြီပဲ

မင်းမပါပဲနဲ့ ကိုယ်မသွားဘူးလို့


"မလိုက်ဘူးလို့.ကျွန်မပြောပြီးသားပဲလေ

သူများခေါ်တိုင်း လိုက်စရာလား

ရှင်က ရှိုင်းနဲ့ငယ်ငယ်တည်းက

ရန်သူတွေဆိုတော့

ရှင့်ကိုလည်းကျွန်မမယုံဘူး.."


"ဟာ..အမိရယ်

မင်းနဲ့မှပဲ ကိုယ်လည်းပြောရတာ

အာတောင်ပေါက်လာပြီ.."


"!!အာပေါက်နေရင်

မင်း..အဲဒီနေရာမှာပဲ..လဲသေလိုက်လေ.."


"..ဟင်...ရိုင်း!!!"


ရှိုင်း၏အသံကိုကြားသည်နှင့်

ချစ်ချစ်လည်း 

ခေါင်းလည်ထွက်လောက်သည်အထိ

လှည့်ကြည့်မိသွားလေသည်။


မိုးရေစိုထားသော ထီးကိုကိုင်ရင်း

ခြေလှမ်းခပ်ကျဲကျဲနှင့်

လှမ်းလာနေသည့် ရှိုင်းကိုတွေ့တော့ 

သျှင်နေခေတ်နှင့်အတူ

ရှိနေမိတာကိုတောင်

စိတ်မလုံချင်ဖြစ်သွားမိသည်။


နဂိုကမှအမြင်မကြည်ပါဘူးဆို

သူ့ရန်သူတော်ကြီးနဲ့မှ

 ပတ်ပင်းတိုးမိရတယ်လို့။


"ဟာ..တိုက်ဆိုင်လိုက်တာကွာ

ဒါနဲ့ဆိုမင်းနဲ့ငါ ဒီတစ်နေ့ထဲမှာ

ဆုံတာနှစ်ခါတောင်ရှိနေပြီနော်.."


"အပိုတွေပြောမနေနဲ့

မင်းဒီကိုဘာလာလုပ်တာလဲ

မှန်မှန်ပြော.."


သျှင်နေခေတ်ဖက်မှ ဟန်ဆောင်၍

မျက်နှာချိုသွေးလိုက်ပေမယ့်

ရှိုင်း၏ အညိုရောင်နှုတ်ခမ်းတွေမှ

ရင့်သီးစွာ စကားစဆိုလာလေရာ

နေခေတ်၏မျက်နှာလည်း

ချက်ချင်း မဲကျသွားလေတော့သည်။


"မင်းပိုင်တဲ့နေရာကို

ငါက လာချင်လို့လာတယ်များ

မှတ်နေလား..

ငါ့သူငယ်ချင်းတစ်ယောက်က

ဒီမှာနေလို့..သူ့ဆီလာလည်တာ.."


"အဲ့ဒါဆို လာလည်ပြီးပြီမဟုတ်လား..

ပြီးရင်ပြန်တော့လေ

ဘာလို့..ငါ့မိန်းမအနားမှာ

ရစ်သီရစ်သီလာလုပ်နေတာလဲ..."


"အစကတော့ ငါ့လမ်းငါ

အေးအေးဆေးဆေးပြန်တာပဲလေ

ဒါပေမဲ့!!!

မင်းမိန်းမက မိုးရေထဲမှာ

ငါ့ကားနဲ့တိုက်မိမလိုဖြစ်တာကိုတောင်

မရှောင်ပဲ ငိုနေတော့

ငါလည်းသနားလို့အဖော်ပြုပေးနေရတာပေါ့..."


"မလိုပါဘူး..မင်းကိုယ့်လမ်းကိုယ်သွား!!!"


"ငါလည်း...ကိုယ့်လမ်းကိုယ်

သွားချင်ပါတယ်

..ဒါပေမယ့်..ငါတို့က

နှလုံးသားအရမ်းနုတော့

ကိုယ့်အရှေ့မှာသူများဒုက္ခရောက်နေရင်

ကြည့်မနေတတ်ဘူးကွ..."


"သျှင်နေခေတ်..

မင်းငါမိန်းမကို ကြောင်တောင်နှိုက်ချင်တာနဲ့

အပိုတွေလာပြောမနေနဲ့..

မင်းပြောတာတွေကို

ငါကယုံမယ်များမှတ်နေလား..

မင်းလိုကောင်က

သူများဒုက္ခရောက်တိုင်း

ကယ်မယ့် ကောင်စားမျိုးမှမဟုတ်တာ..."


"ဟုတ်တယ်ကွာ..ဘာဖြစ်လဲ..

အဲ့တော့ဘာဖြစ်လဲ..

မင်းမိန်းမဖြစ်နေလို့ကို

တမင်လုပ်တာ.."


"ဘာပြောတယ်ကွ...မင်း.."


"ရှိုင်း..မလုပ်ပါနဲ့

.....ရန်မဖြစ်ကြပါနဲ့...

ကျွန်မတောင်းပန်ပါတယ်.."


ရှိုင်းသည် ဒေါနှင့်မောနှင့်

ရှေ့တိုးလာသောကြောင့်

 ချစ်ချစ်ကပဲ ကြားကနေ

၀င်တားရလေသည်။

မဟုတ်လျှင်ပြဿနာတွေ

အကြီးအကျယ် တက်ကုန်တော့မှာ

သေချာတယ်။


"..ရန်မဖြစ်ပါနဲ့နော်..

ကျွန်မနူးအညွှတ် တောင်းပန်ပါတယ်

အားလုံးကကျွန်မအမှားတွေပါ

အပြစ်တင်ချင်ရင်

ကျွန်မကိုပဲအပြစ်တင်ပါတော့.."


သူ့ ရင်ဘတ်ကိုလက်ကလေးနှင့်

အသာတွန်းထားပြီး 

ပြဿနာဖြစ်မည်ကိုစိုးရိမ်နေသည့်

မျက်နှာလေးအား

ရှိုင်းသေချာကြည့်လိုက်မိသည်။


ခေါင်းအစ၊ခြေအဆုံး မိုးရေတွေ

စိုရွှဲနေပြီး မျက်နှာတစ်ခုလုံး

ဖြူဆုတ်နေကာ

 နှုတ်ခမ်းလေးတွေကအစ

ပြာနေလေသည်။


လက်ညှိုးလေးနှင့် တွန်းလိုက်လျှင်တောင်

လဲကျသွားနိုင်သည့်ကောင်မလေးဟာ

ယောက်ျားနှစ်ယောက်

ရန်ဖြစ်နေသည့် ကြားသို့ဝင်ပါရဲသတဲ့။


"..လာခဲ့အိမ်ပြန်မယ်.."


"ဟေ့ကောင်..ရှိုင်း

မင်းငါနဲ့ ရန်မဖြစ်တော့ဘူးလား..."


"တွေ့ရာနေရာမှာ ရန်ဖြစ်ရအောင်

ငါကမင်းလိုအရူးမဟုတ်ဘူး..."


ချမ်း၍တစ်ကိုယ်လုံး တုန်ယင်နေသော

ချစ်ပန်းဝေ၏ အေးစက်စက်

လက်ကောက်ဝတ်ကလေးကို

လှမ်းဆွဲလိုက်ကာ

ဟိုကောင်ပေးထားသော

သပါတ်ကိုလည်း ပစ်ချထားခဲ့လိုက်သည်။

ပြီးနောက် ဓာတ်လှေကားနှင့်

အပေါ်သို့သာ တက်လာခဲ့လိုက်သည်။


"..အခန်းထဲမှာဝင်နားတော့.."


"ဟုတ်ကဲ့!!!"


ချစ်ပန်းဝေသည် 

အိမ်ထဲသို့ ရောက်တော့လည်း

သူခိုင်းသည့်အတိုင်း သူမ၏အိပ်ခန်းထဲသို့အသာတကြည်ဝင်သွားလေသည်။


သူမအပေါ်ကိုလွန်လွန်ကျူးကျူး

ပြောဆိုခဲ့မိသည်ဆိုပေမယ့်

ကိုယ့်ကို တစ်ချက်လေးတောင်

ရန်ပြန်မတွေ့ခဲ့ဘူး။

ကိုယ့်အပေါ်အပြစ်တင်လိုသည့်

အကြည့်မျိုးနဲ့ 

တစ်ချက်တောင်ကြည့်မသွားခဲ့ပေ။


**မင်းနဲ့ကိုယ့်ရဲ့တွေ့ဆုံမှုက

အခြားသာမန်လူတွေလိုဖြစ်ခဲ့ရင်

သိပ်ကောင်းမှာပဲ..

အဲဒီ့ညက မိုးသက်မုန်တိုင်းတွေ

မတိုက်ခဲ့ဘူးဆိုရင်....

မင်းရဲ့အစ်ကိုကလည်း

ပြဿနာလာမရှာခဲ့ဘူးဆိုရင်

ကိုယ်တို့နှစ်ယောက်က

မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်ပေမယ့်

အခုတော့...အရာအားလုံးက

ပြန်ဖာထေးလို့..မရအောင်

ဖြစ်သွားခဲ့ပြီ ချစ်ပန်းဝေရယ်..**


🌺🌺🌺🌺🌺🌺🌺🌺🌺


"ဒေါက်!!!ဒေါက်!!"


အဝတ်အစားလဲပြီးချိန်တွင်

တံခါးခေါက်သံကြား၍

ချစ်ချစ်တံခါးသွားဖွင့်ကြည့်လိုက်မိတော့

တံခါးဝမှာရပ်နေသူဟာ

ရှိုင်းဖြစ်နေလေသည်။


မထင်မှတ်ထားသော ကိစ္စဖြစ်နေ၍

ချစ်ချစ်အံ့သြနေမိစဉ်မှာပဲ..


"ရော့..ဒီမှာလေမှုတ်စက်

မင်းဆံပင်တွေရေစိုနေတယ်မဟုတ်လား

ရေစိုကြီးနဲ့အိပ်ရင်

အအေးပတ်သွားလိမ့်မယ်...

ရော့..မြန်မြန်ယူ.."


လေမှုတ်စက်ကိုချစ်ချစ်၏လက်ထဲသို့

အတင်းထိုးထည့်နေ၍ ယူလိုက်ရပေမဲ့

သူ့ရဲ့ဂရုစိုက်မှု သေးသေးလေးကိုတောင်ကြည်နူး၍မဆုံးနိုင် ဖြစ်နေရသည်။


ဒါပေမဲ့ ဒီလိုလေမှုတ်စက်ကို

တစ်ခါမှမသုံးဖူးတော့ 

ဘယ်လိုဖွင့်ရမလဲတောင်မသိ‌ပေ။


"ရှိုင်း.."


သူခပ်ဝေးဝေးသို့ မရောက်ခင်မှာပဲ

ချစ်ချစ်အမြန်လှမ်းခေါ်လိုက်ရလေသည်။

သူ့ကိုမေးချင်ပေမဲ့လည်း

သူနဲ့မျက်နှာချင်းဆိုင်မိတိုင်း

ရင်တုန်နေမိ၍ အရင်ဆုံး

စိတ်ကိုညိမ်အောင်လုပ်ရသေးသည်။


"ဘာလဲ..ဘာပြောမလို့လဲ..."


"ဟိုလေ...ဒီလေမှုတ်စက်က

ဘယ်လိုသုံးရတာလဲဟင်..

တစ်ခါမှမသုံးဖူးလို့ပါ.."


"ဘာ..မင်းကမိန်းကလေးဖြစ်ပြီး

လေမှုတ်စက်တောင် မသုံးဖူးဘူးလား..."


"ဟို..ကျွန်မက

ဆံပင်စင်းတဲ့လူမို့လို့

ဆံပင်ဆိုင်လည်း တစ်ခါမှမသွားဖြစ်ဖူး

ပုံမှန်ဆို ညဘက်လည်းတစ်ခါမှ

ခေါင်းမလျှော်တော့

လေမှုတ်စက်ကိုလည်းမဝယ်ဖြစ်တာပါ

လုပ်ပုံလုပ်နည်းကို

တစ်ခါလောက်ပဲပြပေးပါနော်..."


"အဲဒါဆိုလည်း..

ငါ့အခန်းထဲကိုသာလိုက်ခဲ့

မင်းဆံပင်ကို ငါကိုယ်တိုင်

လေမှုတ်ပေးမယ်..

အခုမှစလုပ်မှာဆိုတော့

အပူလောင်သွားရင်ဒုက္ခရောက်နေမယ်.."


"ရှင်..ရှိုင်းရဲ့အခန်းထဲကို 

လိုက်ရမှာလား.."


"ဘာလဲ..မင်းက..ငါ့အခန်းထဲကို

မလိုက်ချင်ဘူးလား..

မီးဖိုချောင်တို့..ဧည့်ခန်းတို့မှာ

လုပ်ချင်လို့လား..

မင်းအခန်းထဲမှာဆိုရင်လည်း

လေမှုတ်စက်ရဲ့အသံကြောင့်

မင်းအမေနိုးသွားနိုင်တယ်လေ..."


"ဟုတ်ကဲ့ကျွန်မနားလည်ပါပြီ.."


"ဒါဆိုလည်း အမြန်လိုက်ခဲ့

ငါကအားတာမဟုတ်ဘူး..

ဇာတ်ညွှန်းတွေဖတ်ရဦးမယ်..

အချိန်မရှိဘူး..."


လူက စိတ်ရင်းကောင်းပေမယ့်

စကားပြောရင်တော့တစ်ခါမှ

မချိုသာသောကြောင့် သူမမြင်ခင်

မျက်စောင်းလှည့်ထိုးလိုက်မိသည်။


သို့ပေမယ့် သူ့ကိုလည်းကြောက်နေရတော့

သူ့အနောက်ကနေ ခပ်ကုပ်ကုပ်နဲ့ပဲ

သူ့အခန်းထဲသို့ဝင်လိုက်မိလေသည်။


"..ဒီအနားကိုလာခဲ့.."


ရှိုင်း၏ ကုတင်အနီးတွင်

မီးအားသွင်းသည့် ပလက်‌ပေါက်လေးရှိနေရာ

ထိုနေရာတွင် ထိုင်ခုံလေးချထားပြီး

ချစ်ချစ်ကိုလှမ်းခေါ်နေ၍

ထိုခုံလေးပေါ်တွင် 

ခပ်ကြုံ့ကြုံ့ ၀င်ထိုင်လိုက်ရသည်။


"လေပူနဲ့မှုတ်မှာဆိုတော့

နည်းနည်းတော့ပူမယ်နော်..

ငါအတတ်နိုင်ဆုံး

ဖြည်းဖြည်းလေးမှုတ်ပေးမယ်.."


"ဟုတ်ကဲ့ပါ..ရပါတယ်.."


သူ့စိတ်ကောင်းဝင်နေသည့် အချိန်မို့

ချစ်ချစ်လည်း အထွန့်မတက်ရဲပဲ

ငြိမ်ငြိမ်လေးသာ နေလိုက်မိသည်။


ချစ်ချစ်၏ဆံပင်ကို 

သူလေမှုတ်ပေးနေစဉ်မှာပဲ

သူ့အခန်းကိုအနည်းငယ်

ဝေ့ဝိုက်ပြီးကြည့်လိုက်မိလေသည်။


သူဟာ စိတ်မြန်လက်မြန်နဲ့

အနည်းငယ်ဒေါသကြီးတက်သူမို့

သူ့အခန်းလေးဟာ သူ့ရဲ့စိတ်ထားလိုပဲ

ဖြစ်နေလိမ့်မည်ဟု တွေးထားခဲ့မိပေမယ့်

ယခုတော့ တွေးထားတာနှင့်

တခြားစီဖြစ်နေလေသည်။


အခန်းတစ်ခုလုံးကို နို့နှစ်ရောင်လေး

ဆေးခြယ်ထားပြီး အလွန်လှပသော

အသွေးအရောင်မျိုးစုံနှင့်ဖြစ်နေသည့်

ပန်းချီကားချပ်တွေကိုလည်း 

ချိတ်ဆွဲထားလေရာ

ပန်းချီပြခန်းထဲသို့ ရောက်နေသကဲ့လို့

ကြည့်မဆုံး၊ရှုမဆုံးဖြစ်နေရလေသည်။


*ရှိုင်းဟာ အနုပညာသမားတစ်ယောက်

ပီသပါပေတယ်..

သူ့ရဲ့လက်ချောင်းလေးတွေကအစ

အနုပညာလက်ဟု ဆိုရလောက်အောင်

သွယ်လျှနေပြီး...

‌သူနေထိုင်သည့် နေရာကလည်း

စိတ်ကူးယဉ်ဆန်လွန်းသည်..."


အခန်း၏ ထောင့်တစ်နေရာတွင်လည်း

ဂစ်တာလေးတစ်လုံးကို ထောင်ထားပြီး

ခေါင်းရင်းဘက် ကုတင်အထက်နားမှာတော့

သူ၏ အလှဓာတ်ပုံအကြီးကြီးကို

ချိတ်ထားလေသည်။


အခန်းထဲတွင် ကိုယ်ပိုင်တီဗွီ

အကြီးကြီးတစ်လုံးရှိနေပြီး

 အခန်းနံရံတွင် ကပ်ထားသည့်

မှန်ပေါင်တွေထဲတွင်လည်း

သူရခဲ့သောဆုတံဆိပ်များစွာ

 ထည့်ထားလေသည်။


အဝတ်ဗီဒိုတွေ၊ဖိနပ်ဗီဒိုတွေတော့

သူ့အခန်းထဲတွင်မရှိပေမယ့်

 လသာဆောင်အနီးတွင်တော့

မန်ယူဘောလုံးအသင်းအင်္ကျီလေးကို

ချိတ်ထားလေသည်။


အခန်းအပြင်ဘက်ရှိ

လသာဆောင်နေရာတွင်တော့

သူဆွဲထားလက်စ ပန်းချီကားချပ်လေးကို

ထောက်တိုင်လေး‌ပေါ်မှာတင်ထားလေသည်။


တီဗွီအစီအစဉ်တွေ၊သတင်းတွေထဲမှာ

ရှိုင်း၏အကြောင်းများကို သိရှိခဲ့ပေမယ့်

သူပန်းချီဆွဲတတ်သည့် ကိစ္စကိုတော့

ယခုမှ ပထမဆုံးသိလိုက်ခြင်းပါပဲ။


"ဘာတွေလိုက်ကြည့်နေတာလဲ..

ညိမ်ညိမ်နေလေ.."


သူ့အခန်းကို လိုက်ကြည့်နေမိ၍

ချစ်ချစ်၏ခေါင်းက လှုပ်စိလှုပ်စိ

ဖြစ်နေလေရာ ရှိုင်းက

ထဟောက်လေးတော့သည်။


ဒီတော့မှချစ်ချစ်လည်း

လက်ကလေးနှစ်ဖက်ကို ယှက်ထွေး၍

အတတ်နိုင်ဆုံး ညိမ်နေလိုက်ရသည်။


မဟုတ်ရင် သူစိတ်ကောင်းဝင်နေတာလေး

ပျောက်သွားမှာစိုးရတယ်။


"...အရမ်းပူနေလား..

ဟေ့!!!ငါမေးနေတယ်လေ..

အရမ်းပူနေလားလို့.."


"ရှင်.. ပူ..ပူပါတယ်.."


"ဘာ!!!!"


"ဟမ်..မဟုတ်ဘူး...

မပူဘူးလို့ ပြောတာပါ.."


"ဘာလဲကွ..ပူတာလား..

မပူတာလား.."


ကြောင်တောင်တောင် 

ဂေါက်တောက်တောက်‌ပုံစံနှင့်

ကောင်မလေးက ဖြေချင်ရာ

ဖြေနေသောကြောင့် 

သူကိုယ်တိုင်လေမှုတ်စက်၏အပူချိန်ကို

 လက်နှင့်ခံပြီး စမ်းသပ်လိုက်ရသည်။


"သိပ်မပူပါဘူး..ဆင်ပြေတယ်မလား"


ရှိုင်းကမေးလိုက်ပေမယ့် တစ်ဖက်လူဆီမှ

ပြန်ဖြေသံထွက်မလာခဲ့ပေ။

သူစိတ်တိုသွားပေမယ့် ကောင်မလေး၏

လည်ကုတ်နေရာမှ ချွေးများကို

စမ်းမိလိုက်လေရာ 

သူအနည်းငယ်သဘောပေါက်သွားသည်။


"..မင်းငါ့ကိုကြောက်နေတာလား.."


"မကြောက်..မကြောက်ပါဘူး"


မကြောက်ပါဘူးဆိုသည့်လူက

စကားတွေပါ အထစ်အထစ်ဖြစ်နေတော့

သူ့ပါးပေါ်မှ ပါးချိုင့်လေး‌

ခွက်ဝင်သွားသည်အထိ

သူပြုံးလိုက်မိလေသည်။


"မှန်မှန်ပြောပါ..

မင်းငါ့ကိုကြောက်နေတဲ့မဟုတ်လား

ညနေကကိစ္စကြောင့်

မင်းငါ့ကိုမုန်းသွားပြီမဟုတ်လား..."


"ဟင့်အင်း...ရှိုင်းကိုမမုန်းပါဘူး

ရိုင်းဖြစ်နေတဲ့ခံစားချက်တွေကို

ကျွန်မနားလည်ပါတယ်..

.........

ရှိုင်းနေရာမှာကျွန်မဆိုလဲ

အဲ့ဒီလိုပဲခံစားရမှာပါ...

............

ကိုယ်မချစ်တဲ့လူတစ်ယောက်ကို

ဘယ်သူက..ကိုယ့်ဘေးနားမှာ

တသက်လုံးခေါ်ထားချင်ပါ့မလဲ

.............

အဲဒီခံစားချက်ကို

ကျွန်မနားလည်ပါတယ်..."


"ဒါဆိုကိုယ်တို့...ဘာဆက်လုပ်ကြမလဲ..."


ဘာကြောင့်များကျွန်မကို

ဒီမေးခွန်းမေးရတာလည်းရှိုင်းရယ်။

ရှင့်ဆီကမေတ္တာတွေကို

တိတ်တခိုးတမ်းတနေသူအဖို့

ရှင့်ဘေးနားကနေ ထွက်မသွားရဖို့က

ကျွန်မရဲ့ဆန္ဒဆိုတာ  

ရှင့်ကိုပြောပြချင်လိုက်တာ။


ဒါပေမဲ့ ကျွန်မဆီကနေ

ရှင်ကြားချင်တဲ့စကားကတော့

ကျွန်မရဲ့ဆန္ဒတွေနဲ့ 

ဆန့်ကျင်ဘက်တွေဖြစ်နေလိမ့်မယ်ဆိုတာ

ရှင်မသိလေရော့သလား။


"မင်းလည်းကိုယ့်ရဲ့ စိတ်ဆန္ဒကို

သိနေပြီဆိုတော့ ကိုယ်တို့

ဘာဆက်လုပ်ကြမလဲ..."


"ကျွန်မ..မသိဘူးရှိုင်း..

အဲဒီ့ကိစ္စကို ရှင်ပဲဆုံးဖြတ်ပါ

ရှင်ဖြစ်စေချင်တဲ့အတိုင်း 

ကျွန်မလိုက်လျောပေးပါ့မယ်..."


"ကောင်းပြီလေ ဒါဆိုရင်ကိုယ်တို့

ပွင့်ပွင့်လင်းလင်းပဲပြောကြတာပေါ့..."


ရိုင်းဟာ ဆံပင်တွေလေမှုတ်နေတာကို

ရပ်ပစ်လိုက်ပြီး ချစ်ချစ်၏အရှေ့မှာ

လာရပ်နေပေမယ့် သူ၏မျက်နှာကိုတော့

ချစ်ချစ်ကြည့်ဖို့ မဝံ့ရဲခဲ့ပေ။


"ပြောပါ..ရှိုင်းဖြစ်ချင်တာတွေအားလုံး

ကျွန်မလိုက်လျောပေးပါမယ်..."


"ကိုယ်တို့လက်ထက်တာက

စာချုပ်နဲ့လည်းဖြစ်တယ် 

မနေ့တနေ့ကမှလက်ထပ်လိုက်တာဆိုတော့

ကွာရှင်းတာဘာညာဖြစ်ရင်

ကိုယ့်မိဘတွေလည်းစိတ်ဆင်းရဲရမယ်

မင်းလဲ..အရှက်ရလိမ့်မယ်

............

ဒီတော့..အားလုံးအဆင်ပြေသွားအောင်

ဥပဒေအရ နောက်ခြောက်လကျော်တဲ့အခါ

ကိုယ်တို့နှစ်ယောက်

တရားဝင်..ကွာရှင်းကြရအောင်

မင်းအတွက်ရပိုင်ခွင့်တွေကိုတော့

ကိုယ်ပေးမှာပါ...

............

ဒါကတော့ ကိုယ့်ဆုံးဖြတ်ချက်ပေါ့လေ

မင်းဘက်ကရော ဘယ်လိုသဘောရလဲ

အခုတည်းက ပွင့်ပွင့်လင်းလင်းပြောပါ

နောက်မှ ဇယားတွေရှုပ်လာမှာကို

ကိုယ်မကြိုက်ဘူး..."


ကျွန်မရဲ့ရပိုင်ခွင့်တွေတဲ့။

*ရှင့်ဆီကနေ ကျွန်မလိုချင်တာဟာ

စစ်မှန်တဲ့မေတ္တာတရား တစ်ခုပဲလို့

ပြောလိုက်ချင်ပေမယ့် ဘယ်လိုသတ္တိမျိုးနဲ့

ချစ်ချစ်ပြောရပါ့မလဲ...*

အဲဒီတော့ ခေါင်းငြိမ့်ရုံကလွဲပြီး

တခြားဘာမှလည်း ပြောခွင့်မရှိတော့ပါဘူး။


"ကျွန်...လက်ခံပါ့မယ်

ခြောက်လကျော်တဲ့အခါ ကျွန်မတို့

ကွာရှင်းကြတာပေါ့...

ဒါပေမဲ့ ကျွန်မရှင့်ဆီကနေ

ဘာပိုင်ဆိုင်မှုကိုမှ ခွဲဝေပြီးမယူချင်ပါဘူး

ကျွန်မလိုချင်တာတစ်ခုတော့ရှိတယ်

အဲဒီအရာကို ကျွန်မတို့ကွာရှင်းတဲ့အခါမှ

ကျွန်မတောင်းဆိုချင်တယ်

ရှင်ပေးနိုင်ပါ့မလား...."


"ဒါကတော့

မင်းဘာတောင်းမလဲ မသိပဲ

ငါကဘယ်လိုလုပ်ပြီး ကြိုတင်

ကတိပေးလို့ရပါ့မလဲ..."


"ကြိုပြီးပြောစရာမလိုပါဘူး...

ရှိုင်းလည်း..အဲဒီနေ့ကြမှ

ကျွန်မကိုအဖြေပြန်ပေးပါ..."


"ကောင်းပြီလေ

ကိုယ်လည်းပြောစရာရှိတာ ပြောပြီးပြီ

မင်းရဲ့ဆံပင်လည်း ခြောက်သွားပြီဆိုတော့

အခန်းထဲမှာ ပြန်နားလိုက်တော့လေ..."


"ဟုတ်ကဲ့..."


ရိုင်းကိုကျောခိုင်းပြီး သူ့အခန်းထဲမှ

ချစ်ချစ်ထွက်လာခဲ့မိသည်။

ရှိုင်းကိုမြင်ခွင့်မပေးလိုက်မိတဲ့ 

တစ်ခုတည်းသောအရာကတော့

ချစ်ချစ်၏မျက်ရည်တွေပါပဲ။


ခေါင်းကိုလေမှုတ်ပေးမယ်ဆိုတုန်းက

သူ၏ ကြင်နာနူးညံ့မှုလေးထဲမှာ

ခဏတာပျော်ဝင်သွားခဲ့ရတယ်။

ဒါပေမဲ့ရှိုင်းရယ် ဘာကြောင့်များကျွန်မကို

ခပ်ကြာကြ

ာလေး ပျော်ခွင့်မပေးရတာလဲ။


ခြောက်လပြည့်ပြီးတာနဲ့ 

ကွာရှင်းမယ့်ကိစ္စကို

လက်ထပ်ပြီးနောက်တစ်နေ့မှာပဲ

အပြောခံလိုက်ရတဲ့

မိန်းမတစ်ယောက်အတွက်

သိပ်ရက်စက်လွန်းတဲ့ ကိစ္စတစ်ရပ်လို့

ရှင်ဘာကြောင့် မတွေးမိရတာလဲ။


အဲဒီလိုအပြောခံလိုက်ရတဲ့မိန်းမဟာ

ပိုက်ဆံရှိရုံနဲ့ လိုသုံးလုပ်လို့ရတဲ့

ပြည့်တန်ဆာအဆင့်နဲ့ ဘာကွာတော့မှာလဲ။

ရှင်အတွက် ကျွန်မဟာ

သိပ်ကို တန်ဖိုးမဲ့နေသလားလို့

ရှင့်ကို မေးခွန်းထုတ်ချင်မိပါရဲ့..။


*အစကတော့ 

ရှင်ဟာကျွန်မအတွက်

စံပြပုဂ္ဂိုလ်တစ်ယောက်မို့ 

သဘောကျနှစ်သက်ရတဲ့လူတစ်ယောက်မို့

ဘယ်လိုမှ မမုန်းရက်ခဲ့ပေမယ့်

ဒီနေ့ရှင့်ရဲ့ စကားလေးတစ်ခွန်းနဲ့တင်

ကျွန်မရှင့်ကိုမုန်းမိတော့မယ်..ရှိုင်းရယ်..

ရှင်ဟာသိပ်ရက်စက်ပြီး

သွေးအေးလွန်းတဲ့ လူတစ်ယောက်ဆိုတာ

ကျွန်မလက်ခံလိုက်ပါပြီ....*


...အခန်း(၂၂)ဆက်ရန်....


🌺🌺🌺🌺🌺🌺🌺🌺


(မောင်တို့ကတော့

လွန်လွန်ကျူးကျူးတွေ ပြောလိုက်ပီနော်

ဘာဆက်ဖြစ်ကြမလဲ..)


🌺🌺🌺🌺🌺🌺🌺🌺

🌺🌺🌺🌺🌺🌺🌺🌺


Zawgyi 🚩 


🌺အခန္း(၂၁)

🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺


အညႇာအတာမဲ့ ႐ြာသြန္းလာေသာ

မိုးေရစက္မ်ားၾကားမွာအရွိန္ႏွင့္

ေမာင္းႏွင္လာေသာ ကားတစ္စီး၏

အလင္းေရာင္ေၾကာင့္ ခ်စ္ပန္းေဝလည္း

အသည္းအူလႈိက္မတတ္

ေၾကာက္႐ြံ႕သြားေလသည္။


ေသပစ္လိုက္မည္ဟု ဆုံးျဖတ္ၿပီးမွေတာ့

နာက်င္မွာကိုေၾကာက္မေနသင့္ေတာ့ေပ။

တစ္ခါေလာက္ နက္နက္နဲနဲ

နာက်င္သြားရတာက

သူ႔အနားမွာေနၿပီးတစ္သက္လုံး

နာက်င္ေနရမွာထက္ေတာ့

ခံသာပါေသးသည္ဟု

 ေတြးလိုက္မိသည့္အခိုက္

လဲက်ေနရာမွ ျပန္မထပဲ

ညိမ္ေနလိုက္မိသည္။


ေျခေတြလက္ေတြ က်ိဳးပဲ့သြားတာက

နာေကာင္း နာႏိုင္ေပမယ့္

မုန္းတီးစြာၾကည့္တတ္တဲ့

သူ႔မ်က္ဝန္းအၾကည့္ေတြ၊

သူေပးတဲ့စိတ္ေဝဒနာေတြကိုေတာ့

ထပ္ၿပီးမခံယူလိုေတာ့ေပ။


ကိုယ့္ကိုမုန္းတီးေနသူကိုမွ 

တမ္းတမ္းတတ ရင္နင့္ေနေအာင္

ခ်စ္ေနမိတဲ့ ဒုကၡကေန

ကင္းေဝးသြားျခင္းသည္လည္း

ဝဋ္ေႂကြးတစ္ခု ေၾကသြားျခင္းလို႔ပဲ

မွတ္ယူမိပါတယ္။


"ကြၽီ!!!"


ခ်စ္ပန္းေဝသည္ မ်က္လုံးမ်ားကို

မွိတ္လိုက္ကာ အရွိန္နဲ႔ေမာင္းလာေနေသာ

ကားကေလး ျဖတ္တိုက္သြားလွ်င္ေတာင္သေဘာထားႀကီးႀကီးနဲ႔ ေသေပးဖို႔

အဆင္သင့္ျဖစ္ေနေလၿပီ။


သို႔ေပမဲ့ ထိုကားေလးကေတာ့ သူမကို

ျဖတ္တိုက္သြားမည့္အစား သူမ၏

လက္တစ္လွမ္းစာအလိုတြင္

ရပ္တန႔္သြားေလသည္။


"ေဟ့..မင္းေသခ်င္ေနတာလား

ဘာကိစၥငါ့ကားေရွ႕မွာလာရပ္ေနရတာလဲ

႐ူးေနလား.."


ကားေပၚမွထီးအနက္ေရာင္ကိုေဆာင္း၍

ဆင္းလာသူသည္ ခ်စ္ပန္းေဝကို

အမ်ိဳးမ်ိဳး ႀကိမ္း‌၀ါးေနေလေတာ့တယ္။

ၿပီးေနာက္ သူ႔ကားေရွ႕မွာလဲက်ေနေသာ

ခ်စ္ပန္းေဝကို လက္ေမာင္းကေန

ဆြဲ၍ မထူလိုက္ေလရာ....


"ဟင္..မင္းက!!!!!

မင္းခ်စ္ပန္းေဝပဲ..

ဘယ္လိုလုပ္ၿပီး မင္းျဖစ္ေနရတာလဲ.."


လက္ေမာင္းကေန ခပ္ၾကမ္းၾကမ္း

ဆြဲမလာသူသည္ ခ်စ္ခ်စ္၏

နာမည္ကို တအံ့တၾသႀကီးေခၚလိုက္ေလရာ

ခ်စ္ခ်စ္လည္းထိုလူကို

ထူးဆန္းသလိုေမာ့ၾကည့္လိုက္မိသည္။


,"ရွင္က..သွ်င္ေနေခာတ္ဆိုတဲ့လူလား.."


"ဟုတ္တယ္ေလ

ကိုယ့္႐ုပ္ကဒီေလာက္ေခ်ာတာ

မင္း..မမွတ္မိစရာလားကြ.."


သွ်င္ေနေခာတ္လည္း ေကာင္မေလးကို

အမွတ္မထင္ျပန္ေတြ႕လိုက္ရ၍

စေနာက္လိုက္မိေပမယ့္

တစ္ကိုယ္လုံးေရေတြ စို႐ႊဲၿပီး

တုန္ယင္ေနသည္ကို ျမင္လိုက္ရေတာ့

သနားသြားမိေလသည္။


"ဘယ္လိုျဖစ္ၿပီး...မိုးေရထဲမွာ

ေလွ်ာက္သြားေနရတာလဲကြာ..

ႏႈတ္ခမ္းေတြေတာင္ျပာေနၿပီ..

အေအးပတ္ေတာ့မွာပဲ

လာ..လာ..ကိုယ့္ကားထဲကိုလိုက္ခဲ့.."


"ဟင့္အင္း..ကြၽန္မရွင့္ကားနဲ႔မလိုက္ခ်င္ဘူး.."


ခ်စ္ပန္းေဝ၏ ျငင္းဆန္မႈေၾကာင့္

သွ်င္ေနေခတ္၏မ်က္ခုံးတန္းေတြ

တြန႔္တက္သြားရေလသည္။


ပုံမွန္ဆိုရင္သူေခၚသည္ႏွင့္ လိုက္ခ်င္သည့္မိန္းကေလးေတြဆိုတာ 

ဒုနဲ႔ေဒးပါပဲ။


သူ႔လိုလူကိုမိန္းမလွေလး

ေတာ္ေတာ္မ်ားမ်ားက 

အတင္းဆြဲထားတာေတာင္မရတဲ့

အေနအထားမွာ အခုသူဆြဲေခၚေနမိတဲ့

ႂကြက္စုတ္ေလးကေတာ့

ႂကြက္အ႐ြယ္အစားနဲ႔ မလိုက္ဖက္ေအာင္

မာနကမိုးထိုးေနသည္။


**မလိုက္ခ်င္ေနခဲ့ဟာဆိုၿပီး

မိုးေရထဲမွာပစ္ထားခဲ့လို႔ရေပမယ့္

ၾကက္ေၾကာ္ဝယ္စားတာေတာင္

တိုင္ပတ္ေနသည့္

ေပါက္စေလးကိုေတာ့ ပစ္မထားရပ္ေပ..**


"ကဲ..ငါ့ကားထဲမွာမထိုင္ခ်င္လဲ

ဟိုနားမွာရွိတဲ့ ေရကူးကန္နားက

အမိုးေအာက္ကိုသြားရေအာင္.."


"ဟင့္အင္း..ကြၽန္မကို

တစ္ေယာက္တည္းထားခဲ့ပါ..

ရွင့္ဘာသာ သြားစရာရွိတဲ့ေနရာကိုသြား.."


သွ်င္ေနေခတ္က အတင္းဆြဲေခၚေနေပမယ့္

ဆြဲေခၚသည့္လက္ကို ခဏခဏ

ျဖဳတ္ခ်ေနေလသည္။

ေကာင္မေလး၏မ်က္ႏွာကလည္း

အေတာ္ေလး ေၾကကြဲေနဟန္

ေပၚေနေသာေၾကာင့္

စိတ္ခ်လက္ခ်လည္းမထားခဲ့ႏိုင္ေပ။


"ေဟ့ေကာင္မေလး

မင္းလိုက္မလား..

ငါဆြဲေပြ႕ၿပီးေခၚရမလား.."


"..ရွင္ဘာစကားေျပာတာလဲ.."


"..ၾကားတဲ့အတိုင္းပဲကြာ

..လာစမ္းပါ!!!"


ေနာက္ဆုံးမွာေတာ့ ခ်စ္ပန္းေဝလည္း

ဘယ္လိုမွ မတတ္သာေတာ့ပဲ

သွ်င္ေနေခတ္ ေခၚေဆာင္ရာအတိုင္း

လိုက္ခဲ့ရေလေတာ့သည္။


"ကဲ..ဒီေနရာကေတာ့မိုးမဆိုေတာ့ဘူး

..ေနဦး..မင္းရဲ႕ေခါင္းကိုသုတ္ဖို႔

ငါကားေပၚကေန

သပါတ္တစ္ထည္သြားယူေပးမယ္.."


အေလာတႀကီးႏွင့္ ထီးေဆာင္းၿပီး

ျပန္ေျပးထြက္သြားေသာ 

သွ်င္ေနေခတ္ကိုၾကည့္ေနမိရင္း

ခ်စ္ခ်စ္မ်က္ရည္က်မိေလသည္။


အခု..သွ်င္ေနေခတ္ေနရာမွာ

ရႈိင္းသာဆိုလွ်င္ သိပ္ေကာင္းမွာပဲဟု

ေတြးမိသည့္အခါတိုင္း

ကိုယ့္ရဲ႕ကံၾကမၼာကိုပဲ

အျပစ္တင္ေနမိသည္။


"ေဟ့..ဘာေတြငိုင္ေနတာလဲ

ဒီမွာ..သပါတ္..

မင္းဆံပင္ေတြကိုသုတ္လိုက္.."


သွ်င္ေနေခတ္သည္ ေျပာေျပာဆိုဆိုႏွင့္

သူ႔လက္ထဲရွိ သပါတ္အျဖဴေလးကို

ခ်စ္ပန္းေဝ၏ ေခါင္းေပၚသို႔

တင္လိုက္ေလသည္။


"ေဟ့..မင္းငိုေနတာလား

ဘာျဖစ္လို႔ငိုေနတာလည္းကြာ..

ရႈိင္းကမင္းကိုအႏိုင္က်င့္လိုက္လို႔လား..

.......

စိတ္မပူစမ္းပါနဲ႔..သူကမင္းကို

စိတ္ဆင္းရဲေအာင္လုပ္လိုက္လို႔..

သူ႔ဆီမွာ မေနခ်င္ရင္

..ငါအေနာက္ကိုသာလိုက္ခဲ့..

..........

ငါကမင္းကို လုံးဝေပ်ာ္ေအာင္ထားမွာ..

....လိုက္မလား..

ငါမင္းကိုေခၚသြားမယ္.."


"..ဟာ..မလိုက္ခ်င္ပါဘူး..

ကြၽန္မမွာ ကာမပိုင္ေယာက္်ားရွိတယ္ေလ

ရွင့္အေနာက္ကိုလိုက္စရာလား.."


"ဟား..ဟား..

မင္းကေလ လူကိုၾကည့္ေတာ့

ႂကြက္စုတ္ျဖစ္ေနၿပီ..

မာနကိုေတာ့ တစ္ဖဝါးမွမခ်ဘူး..

.......

မင္းရဲ႕ အဲဒီေယာက္်ားက

မင္းလိုမ်ိဳးစိတ္ဓာတ္ရွိရဲ႕လား..

အခုသူ႔ေၾကာင့္..မင္းမိုးေရထဲကို 

ထြက္လာရတာမဟုတ္ဘူးလား.."


"..ဟင္..ရွင္ဘယ္လိုသိတာလဲ.."


"..အတတ္သိစရာမွမလိုတာ

ခန႔္မွန္းၾကည့္လိုက္ရင္ ရတာပဲကို..

..............

...ရႈိင္းနဲ႔ငါက ဟိုး..ကေလးဘဝထဲက

ၿပိဳင္ဘက္ေတြကြ..

.........

ငါ့ေလာက္သူ႔အေၾကာင္းကို

ဘယ္သူက ပိုသိဦးမွာလဲ

ဒီေကာင္ကေလ..သူမယူခ်င္ဘူးဆို

သီၾကားမင္းဆင္းၿပီး ေတာင္းပန္ရင္ေတာင္

ရမယ့္ေကာင္မ်ိဳးမဟုတ္ဘူးကြ

သူ႔ဆီက ဘာေတြမ်ား

ေမွ်ာ္လင့္ေနတာလဲ.."


"ေနပါအုံး ရွင္ကသူ႔အေၾကာင္းကို

အဲ့ေလာက္သိေနရေအာင္

ရွင္နဲ႔သူကဘာေတာ္လို႔လဲ..

ရွင္တို႔က ငယ္သူငယ္ခ်င္းေတြလား.."


"ႏိုး..သူနဲ႔ငါကဘယ္ေတာ့မွ

သူငယ္ခ်င္းမျဖစ္ႏိုင္ဘူး..

ေျပာရရင္ေတာ့ ငါတို႔ႏွစ္ေယာက္က

အခ်င္းခ်င္း..ခါးခါးသီးသီး

မုန္းတီးေနၾကတဲ့..ေဆြမ်ိဳးေတြေပါ့.."


သွ်င္ေနေခတ္၏စကားေၾကာင့္

ခ်စ္ပန္းေဝ မ်က္လုံးျပဴးသြားရေလသည္။

သူတို႔ႏွစ္ေယာက္၏ကိစၥက

ပိုပိုၿပီးေတာင္ရႈပ္ေထြးလာသလိုပဲ။


"ေဆြမ်ိဳးဆိုေတာ့

ရွင္တို႔က..ဘယ္လိုေတာ္တာလဲ.."


"အဲဒါေတြ..မင္းေနာက္ေတာ့သိလာမွာပါ

အခုေလာေလာဆယ္..

မင္း..ငါ့ေနာက္ကိုလိုက္မွာလား

မလိုက္ဘူးလား..ဒါပဲေျပာ..."


"ဟင့္အင္း..မလိုက္ပါဘူး..

ရွင္နဲ႔ရႈိင္းက အမ်ိဳးျဖစ္ျဖစ္၊ဘာျဖစ္ျဖစ္

ကြၽန္မရွင့္ေနာက္ကိုေတာ့

..မလိုက္ႏိုင္ဘူး.."


"ကဲ..ခက္ပါေရာလားအစ္မေတာ္ရယ္

ငါသြားရင္..မင္းထပ္ၿပီးေတာ့

မိုးေရထဲကို ထြက္သြားဦးမွာမဟုတ္လား

မင္းအႀကံကို ငါမသိဘူးမ်ား

ထင္ေနသလား..

...............

ေမးစိတ္ထဲမွာျဖစ္ေနတာေတြအားလုံး

မင္းရဲ႕မ်က္ႏွာမွာ အကုန္ေပၚေနတယ္ကြ

မင္း..ကိုယ့္ကိုကိုယ္အဆုံးစီရင္ဖို႔..

စဥ္းစားထားတယ္မဟုတ္လား.."


"..ရွင္ဒါလည္းသိေနတာပဲလား.."


မိုးေရေတြ စိုစြတ္ေနသည့္

မ်က္ေတာင္ေလးမ်ားကို 

ပုတ္ခတ္ပုတ္ခတ္လုပ္လ်က္

မ်က္လုံးအဝိုင္းသားႏွင့္ ေမးလာေသာ

သူမကိုၾကည့္ေနရင္း

ေနေခတ္ရင္ထဲမွာ ပိုပိုၿပီး

အသည္းယားလာေလသည္။


*ဘယ္လိုအူေၾကာင္က်ားမွန္းကိုမသိတာ..*


"ရွင္..ဘာၾကည့္ေနတာလဲ

ကိုယ့္ဘာသာျပန္စရာရွိ..ျပန္ေတာ့ေလ..."


"ကိုယ္ေျပာၿပီးၿပီပဲ

မင္းမပါပဲနဲ႔ ကိုယ္မသြားဘူးလို႔


"မလိုက္ဘူးလို႔.ကြၽန္မေျပာၿပီးသားပဲေလ

သူမ်ားေခၚတိုင္း လိုက္စရာလား

ရွင္က ရႈိင္းနဲ႔ငယ္ငယ္တည္းက

ရန္သူေတြဆိုေတာ့

ရွင့္ကိုလည္းကြၽန္မမယုံဘူး.."


"ဟာ..အမိရယ္

မင္းနဲ႔မွပဲ ကိုယ္လည္းေျပာရတာ

အာေတာင္ေပါက္လာၿပီ.."


"!!အာေပါက္ေနရင္

မင္း..အဲဒီေနရာမွာပဲ..လဲေသလိုက္ေလ.."


"..ဟင္...႐ိုင္း!!!"


ရႈိင္း၏အသံကိုၾကားသည္ႏွင့္

ခ်စ္ခ်စ္လည္း 

ေခါင္းလည္ထြက္ေလာက္သည္အထိ

လွည့္ၾကည့္မိသြားေလသည္။


မိုးေရစိုထားေသာ ထီးကိုကိုင္ရင္း

ေျခလွမ္းခပ္က်ဲက်ဲႏွင့္

လွမ္းလာေနသည့္ ရႈိင္းကိုေတြ႕ေတာ့ 

သွ်င္ေနေခတ္ႏွင့္အတူ

ရွိေနမိတာကိုေတာင္

စိတ္မလုံခ်င္ျဖစ္သြားမိသည္။


နဂိုကမွအျမင္မၾကည္ပါဘူးဆို

သူ႔ရန္သူေတာ္ႀကီးနဲ႔မွ

 ပတ္ပင္းတိုးမိရတယ္လို႔။


"ဟာ..တိုက္ဆိုင္လိုက္တာကြာ

ဒါနဲ႔ဆိုမင္းနဲ႔ငါ ဒီတစ္ေန႔ထဲမွာ

ဆုံတာႏွစ္ခါေတာင္ရွိေနၿပီေနာ္.."


"အပိုေတြေျပာမေနနဲ႔

မင္းဒီကိုဘာလာလုပ္တာလဲ

မွန္မွန္ေျပာ.."


သွ်င္ေနေခတ္ဖက္မွ ဟန္ေဆာင္၍

မ်က္ႏွာခ်ိဳေသြးလိုက္ေပမယ့္

ရႈိင္း၏ အညိဳေရာင္ႏႈတ္ခမ္းေတြမွ

ရင့္သီးစြာ စကားစဆိုလာေလရာ

ေနေခတ္၏မ်က္ႏွာလည္း

ခ်က္ခ်င္း မဲက်သြားေလေတာ့သည္။


"မင္းပိုင္တဲ့ေနရာကို

ငါက လာခ်င္လို႔လာတယ္မ်ား

မွတ္ေနလား..

ငါ့သူငယ္ခ်င္းတစ္ေယာက္က

ဒီမွာေနလို႔..သူ႔ဆီလာလည္တာ.."


"အဲ့ဒါဆို လာလည္ၿပီးၿပီမဟုတ္လား..

ၿပီးရင္ျပန္ေတာ့ေလ

ဘာလို႔..ငါ့မိန္းမအနားမွာ

ရစ္သီရစ္သီလာလုပ္ေနတာလဲ..."


"အစကေတာ့ ငါ့လမ္းငါ

ေအးေအးေဆးေဆးျပန္တာပဲေလ

ဒါေပမဲ့!!!

မင္းမိန္းမက မိုးေရထဲမွာ

ငါ့ကားနဲ႔တိုက္မိမလိုျဖစ္တာကိုေတာင္

မေရွာင္ပဲ ငိုေနေတာ့

ငါလည္းသနားလို႔အေဖာ္ျပဳေပးေနရတာေပါ့..."


"မလိုပါဘူး..မင္းကိုယ့္လမ္းကိုယ္သြား!!!"


"ငါလည္း...ကိုယ့္လမ္းကိုယ္

သြားခ်င္ပါတယ္

..ဒါေပမယ့္..ငါတို႔က

ႏွလုံးသားအရမ္းႏုေတာ့

ကိုယ့္အေရွ႕မွာသူမ်ားဒုကၡေရာက္ေနရင္

ၾကည့္မေနတတ္ဘူးကြ..."


"သွ်င္ေနေခတ္..

မင္းငါမိန္းမကို ေၾကာင္ေတာင္ႏႈိက္ခ်င္တာနဲ႔

အပိုေတြလာေျပာမေနနဲ႔..

မင္းေျပာတာေတြကို

ငါကယုံမယ္မ်ားမွတ္ေနလား..

မင္းလိုေကာင္က

သူမ်ားဒုကၡေရာက္တိုင္း

ကယ္မယ့္ ေကာင္စားမ်ိဳးမွမဟုတ္တာ..."


"ဟုတ္တယ္ကြာ..ဘာျဖစ္လဲ..

အဲ့ေတာ့ဘာျဖစ္လဲ..

မင္းမိန္းမျဖစ္ေနလို႔ကို

တမင္လုပ္တာ.."


"ဘာေျပာတယ္ကြ...မင္း.."


"ရႈိင္း..မလုပ္ပါနဲ႔

.....ရန္မျဖစ္ၾကပါနဲ႔...

ကြၽန္မေတာင္းပန္ပါတယ္.."


ရႈိင္းသည္ ေဒါႏွင့္ေမာႏွင့္

ေရွ႕တိုးလာေသာေၾကာင့္

 ခ်စ္ခ်စ္ကပဲ ၾကားကေန

၀င္တားရေလသည္။

မဟုတ္လွ်င္ျပႆနာေတြ

အႀကီးအက်ယ္ တက္ကုန္ေတာ့မွာ

ေသခ်ာတယ္။


"..ရန္မျဖစ္ပါနဲ႔ေနာ္..

ကြၽန္မႏူးအၫႊတ္ ေတာင္းပန္ပါတယ္

အားလုံးကကြၽန္မအမွားေတြပါ

အျပစ္တင္ခ်င္ရင္

ကြၽန္မကိုပဲအျပစ္တင္ပါေတာ့.."


သူ႔ ရင္ဘတ္ကိုလက္ကေလးႏွင့္

အသာတြန္းထားၿပီး 

ျပႆနာျဖစ္မည္ကိုစိုးရိမ္ေနသည့္

မ်က္ႏွာေလးအား

ရႈိင္းေသခ်ာၾကည့္လိုက္မိသည္။


ေခါင္းအစ၊ေျခအဆုံး မိုးေရေတြ

စို႐ႊဲေနၿပီး မ်က္ႏွာတစ္ခုလုံး

ျဖဴဆုတ္ေနကာ

 ႏႈတ္ခမ္းေလးေတြကအစ

ျပာေနေလသည္။


လက္ညႇိဳးေလးႏွင့္ တြန္းလိုက္လွ်င္ေတာင္

လဲက်သြားႏိုင္သည့္ေကာင္မေလးဟာ

ေယာက္်ားႏွစ္ေယာက္

ရန္ျဖစ္ေနသည့္ ၾကားသို႔ဝင္ပါရဲသတဲ့။


"..လာခဲ့အိမ္ျပန္မယ္.."


"ေဟ့ေကာင္..ရႈိင္း

မင္းငါနဲ႔ ရန္မျဖစ္ေတာ့ဘူးလား..."


"ေတြ႕ရာေနရာမွာ ရန္ျဖစ္ရေအာင္

ငါကမင္းလိုအ႐ူးမဟုတ္ဘူး..."


ခ်မ္း၍တစ္ကိုယ္လုံး တုန္ယင္ေနေသာ

ခ်စ္ပန္းေဝ၏ ေအးစက္စက္

လက္ေကာက္ဝတ္ကေလးကို

လွမ္းဆြဲလိုက္ကာ

ဟိုေကာင္ေပးထားေသာ

သပါတ္ကိုလည္း ပစ္ခ်ထားခဲ့လိုက္သည္။

ၿပီးေနာက္ ဓာတ္ေလွကားႏွင့္

အေပၚသို႔သာ တက္လာခဲ့လိုက္သည္။


"..အခန္းထဲမွာဝင္နားေတာ့.."


"ဟုတ္ကဲ့!!!"


ခ်စ္ပန္းေဝသည္ 

အိမ္ထဲသို႔ ေရာက္ေတာ့လည္း

သူခိုင္းသည့္အတိုင္း သူမ၏အိပ္ခန္းထဲသို႔အသာတၾကည္ဝင္သြားေလသည္။


သူမအေပၚကိုလြန္လြန္က်ဴးက်ဴး

ေျပာဆိုခဲ့မိသည္ဆိုေပမယ့္

ကိုယ့္ကို တစ္ခ်က္ေလးေတာင္

ရန္ျပန္မေတြ႕ခဲ့ဘူး။

ကိုယ့္အေပၚအျပစ္တင္လိုသည့္

အၾကည့္မ်ိဳးနဲ႔ 

တစ္ခ်က္ေတာင္ၾကည့္မသြားခဲ့ေပ။


**မင္းနဲ႔ကိုယ့္ရဲ႕ေတြ႕ဆုံမႈက

အျခားသာမန္လူေတြလိုျဖစ္ခဲ့ရင္

သိပ္ေကာင္းမွာပဲ..

အဲဒီ့ညက မိုးသက္မုန္တိုင္းေတြ

မတိုက္ခဲ့ဘူးဆိုရင္....

မင္းရဲ႕အစ္ကိုကလည္း

ျပႆနာလာမရွာခဲ့ဘူးဆိုရင္

ကိုယ္တို႔ႏွစ္ေယာက္က

မိတ္ေဆြေကာင္းေတြ ျဖစ္လာႏိုင္ေပမယ့္

အခုေတာ့...အရာအားလုံးက

ျပန္ဖာေထးလို႔..မရေအာင္

ျဖစ္သြားခဲ့ၿပီ ခ်စ္ပန္းေဝရယ္..**


🌺🌺🌺🌺🌺🌺🌺🌺🌺


"ေဒါက္!!!ေဒါက္!!"


အဝတ္အစားလဲၿပီးခ်ိန္တြင္

တံခါးေခါက္သံၾကား၍

ခ်စ္ခ်စ္တံခါးသြားဖြင့္ၾကည့္လိုက္မိေတာ့

တံခါးဝမွာရပ္ေနသူဟာ

ရႈိင္းျဖစ္ေနေလသည္။


မထင္မွတ္ထားေသာ ကိစၥျဖစ္ေန၍

ခ်စ္ခ်စ္အံ့ၾသေနမိစဥ္မွာပဲ..


"ေရာ့..ဒီမွာေလမႈတ္စက္

မင္းဆံပင္ေတြေရစိုေနတယ္မဟုတ္လား

ေရစိုႀကီးနဲ႔အိပ္ရင္

အေအးပတ္သြားလိမ့္မယ္...

ေရာ့..ျမန္ျမန္ယူ.."


ေလမႈတ္စက္ကိုခ်စ္ခ်စ္၏လက္ထဲသို႔

အတင္းထိုးထည့္ေန၍ ယူလိုက္ရေပမဲ့

သူ႔ရဲ႕ဂ႐ုစိုက္မႈ ေသးေသးေလးကိုေတာင္ၾကည္ႏူး၍မဆုံးႏိုင္ ျဖစ္ေနရသည္။


ဒါေပမဲ့ ဒီလိုေလမႈတ္စက္ကို

တစ္ခါမွမသုံးဖူးေတာ့ 

ဘယ္လိုဖြင့္ရမလဲေတာင္မသိ‌ေပ။


"ရႈိင္း.."


သူခပ္ေဝးေဝးသို႔ မေရာက္ခင္မွာပဲ

ခ်စ္ခ်စ္အျမန္လွမ္းေခၚလိုက္ရေလသည္။

သူ႔ကိုေမးခ်င္ေပမဲ့လည္း

သူနဲ႔မ်က္ႏွာခ်င္းဆိုင္မိတိုင္း

ရင္တုန္ေနမိ၍ အရင္ဆုံး

စိတ္ကိုညိမ္ေအာင္လုပ္ရေသးသည္။


"ဘာလဲ..ဘာေျပာမလို႔လဲ..."


"ဟိုေလ...ဒီေလမႈတ္စက္က

ဘယ္လိုသုံးရတာလဲဟင္..

တစ္ခါမွမသုံးဖူးလို႔ပါ.."


"ဘာ..မင္းကမိန္းကေလးျဖစ္ၿပီး

ေလမႈတ္စက္ေတာင္ မသုံးဖူးဘူးလား..."


"ဟို..ကြၽန္မက

ဆံပင္စင္းတဲ့လူမို႔လို႔

ဆံပင္ဆိုင္လည္း တစ္ခါမွမသြားျဖစ္ဖူး

ပုံမွန္ဆို ညဘက္လည္းတစ္ခါမွ

ေခါင္းမေလွ်ာ္ေတာ့

ေလမႈတ္စက္ကိုလည္းမဝယ္ျဖစ္တာပါ

လုပ္ပုံလုပ္နည္းကို

တစ္ခါေလာက္ပဲျပေပးပါေနာ္..."


"အဲဒါဆိုလည္း..

ငါ့အခန္းထဲကိုသာလိုက္ခဲ့

မင္းဆံပင္ကို ငါကိုယ္တိုင္

ေလမႈတ္ေပးမယ္..

အခုမွစလုပ္မွာဆိုေတာ့

အပူေလာင္သြားရင္ဒုကၡေရာက္ေနမယ္.."


"ရွင္..ရႈိင္းရဲ႕အခန္းထဲကို 

လိုက္ရမွာလား.."


"ဘာလဲ..မင္းက..ငါ့အခန္းထဲကို

မလိုက္ခ်င္ဘူးလား..

မီးဖိုေခ်ာင္တို႔..ဧည့္ခန္းတို႔မွာ

လုပ္ခ်င္လို႔လား..

မင္းအခန္းထဲမွာဆိုရင္လည္း

ေလမႈတ္စက္ရဲ႕အသံေၾကာင့္

မင္းအေမႏိုးသြားႏိုင္တယ္ေလ..."


"ဟုတ္ကဲ့ကြၽန္မနားလည္ပါၿပီ.."


"ဒါဆိုလည္း အျမန္လိုက္ခဲ့

ငါကအားတာမဟုတ္ဘူး..

ဇာတ္ၫႊန္းေတြဖတ္ရဦးမယ္..

အခ်ိန္မရွိဘူး..."


လူက စိတ္ရင္းေကာင္းေပမယ့္

စကားေျပာရင္ေတာ့တစ္ခါမွ

မခ်ိဳသာေသာေၾကာင့္ သူမျမင္ခင္

မ်က္ေစာင္းလွည့္ထိုးလိုက္မိသည္။


သို႔ေပမယ့္ သူ႔ကိုလည္းေၾကာက္ေနရေတာ့

သူ႔အေနာက္ကေန ခပ္ကုပ္ကုပ္နဲ႔ပဲ

သူ႔အခန္းထဲသို႔ဝင္လိုက္မိေလသည္။


"..ဒီအနားကိုလာခဲ့.."


ရႈိင္း၏ ကုတင္အနီးတြင္

မီးအားသြင္းသည့္ ပလက္‌ေပါက္ေလးရွိေနရာ

ထိုေနရာတြင္ ထိုင္ခုံေလးခ်ထားၿပီး

ခ်စ္ခ်စ္ကိုလွမ္းေခၚေန၍

ထိုခုံေလးေပၚတြင္ 

ခပ္ႀကဳံ႕ႀကဳံ႕ ၀င္ထိုင္လိုက္ရသည္။


"ေလပူနဲ႔မႈတ္မွာဆိုေတာ့

နည္းနည္းေတာ့ပူမယ္ေနာ္..

ငါအတတ္ႏိုင္ဆုံး

ျဖည္းျဖည္းေလးမႈတ္ေပးမယ္.."


"ဟုတ္ကဲ့ပါ..ရပါတယ္.."


သူ႔စိတ္ေကာင္းဝင္ေနသည့္ အခ်ိန္မို႔

ခ်စ္ခ်စ္လည္း အထြန္႔မတက္ရဲပဲ

ၿငိမ္ၿငိမ္ေလးသာ ေနလိုက္မိသည္။


ခ်စ္ခ်စ္၏ဆံပင္ကို 

သူေလမႈတ္ေပးေနစဥ္မွာပဲ

သူ႔အခန္းကိုအနည္းငယ္

ေဝ့ဝိုက္ၿပီးၾကည့္လိုက္မိေလသည္။


သူဟာ စိတ္ျမန္လက္ျမန္နဲ႔

အနည္းငယ္ေဒါသႀကီးတက္သူမို႔

သူ႔အခန္းေလးဟာ သူ႔ရဲ႕စိတ္ထားလိုပဲ

ျဖစ္ေနလိမ့္မည္ဟု ေတြးထားခဲ့မိေပမယ့္

ယခုေတာ့ ေတြးထားတာႏွင့္

တျခားစီျဖစ္ေနေလသည္။


အခန္းတစ္ခုလုံးကို ႏို႔ႏွစ္ေရာင္ေလး

ေဆးျခယ္ထားၿပီး အလြန္လွပေသာ

အေသြးအေရာင္မ်ိဳးစုံႏွင့္ျဖစ္ေနသည့္

ပန္းခ်ီကားခ်ပ္ေတြကိုလည္း 

ခ်ိတ္ဆြဲထားေလရာ

ပန္းခ်ီျပခန္းထဲသို႔ ေရာက္ေနသကဲ့လို႔

ၾကည့္မဆုံး၊ရႈမဆုံးျဖစ္ေနရေလသည္။


*ရႈိင္းဟာ အႏုပညာသမားတစ္ေယာက္

ပီသပါေပတယ္..

သူ႔ရဲ႕လက္ေခ်ာင္းေလးေတြကအစ

အႏုပညာလက္ဟု ဆိုရေလာက္ေအာင္

သြယ္လွ်ေနၿပီး...

‌သူေနထိုင္သည့္ ေနရာကလည္း

စိတ္ကူးယဥ္ဆန္လြန္းသည္..."


အခန္း၏ ေထာင့္တစ္ေနရာတြင္လည္း

ဂစ္တာေလးတစ္လုံးကို ေထာင္ထားၿပီး

ေခါင္းရင္းဘက္ ကုတင္အထက္နားမွာေတာ့

သူ၏ အလွဓာတ္ပုံအႀကီးႀကီးကို

ခ်ိတ္ထားေလသည္။


အခန္းထဲတြင္ ကိုယ္ပိုင္တီဗြီ

အႀကီးႀကီးတစ္လုံးရွိေနၿပီး

 အခန္းနံရံတြင္ ကပ္ထားသည့္

မွန္ေပါင္ေတြထဲတြင္လည္း

သူရခဲ့ေသာဆုတံဆိပ္မ်ားစြာ

 ထည့္ထားေလသည္။


အဝတ္ဗီဒိုေတြ၊ဖိနပ္ဗီဒိုေတြေတာ့

သူ႔အခန္းထဲတြင္မရွိေပမယ့္

 လသာေဆာင္အနီးတြင္ေတာ့

မန္ယူေဘာလုံးအသင္းအက်ႌေလးကို

ခ်ိတ္ထားေလသည္။


အခန္းအျပင္ဘက္ရွိ

လသာေဆာင္ေနရာတြင္ေတာ့

သူဆြဲထားလက္စ ပန္းခ်ီကားခ်ပ္ေလးကို

ေထာက္တိုင္ေလး‌ေပၚမွာတင္ထားေလသည္။


တီဗြီအစီအစဥ္ေတြ၊သတင္းေတြထဲမွာ

ရႈိင္း၏အေၾကာင္းမ်ားကို သိရွိခဲ့ေပမယ့္

သူပန္းခ်ီဆြဲတတ္သည့္ ကိစၥကိုေတာ့

ယခုမွ ပထမဆုံးသိလိုက္ျခင္းပါပဲ။


"ဘာေတြလိုက္ၾကည့္ေနတာလဲ..

ညိမ္ညိမ္ေနေလ.."


သူ႔အခန္းကို လိုက္ၾကည့္ေနမိ၍

ခ်စ္ခ်စ္၏ေခါင္းက လႈပ္စိလႈပ္စိ

ျဖစ္ေနေလရာ ရႈိင္းက

ထေဟာက္ေလးေတာ့သည္။


ဒီေတာ့မွခ်စ္ခ်စ္လည္း

လက္ကေလးႏွစ္ဖက္ကို ယွက္ေထြး၍

အတတ္ႏိုင္ဆုံး ညိမ္ေနလိုက္ရသည္။


မဟုတ္ရင္ သူစိတ္ေကာင္းဝင္ေနတာေလး

ေပ်ာက္သြားမွာစိုးရတယ္။


"...အရမ္းပူေနလား..

ေဟ့!!!ငါေမးေနတယ္ေလ..

အရမ္းပူေနလားလို႔.."


"ရွင္.. ပူ..ပူပါတယ္.."


"ဘာ!!!!"


"ဟမ္..မဟုတ္ဘူး...

မပူဘူးလို႔ ေျပာတာပါ.."


"ဘာလဲကြ..ပူတာလား..

မပူတာလား.."


ေၾကာင္ေတာင္ေတာင္ 

ေဂါက္ေတာက္ေတာက္‌ပုံစံႏွင့္

ေကာင္မေလးက ေျဖခ်င္ရာ

ေျဖေနေသာေၾကာင့္ 

သူကိုယ္တိုင္ေလမႈတ္စက္၏အပူခ်ိန္ကို

 လက္ႏွင့္ခံၿပီး စမ္းသပ္လိုက္ရသည္။


"သိပ္မပူပါဘူး..ဆင္ေျပတယ္မလား"


ရႈိင္းကေမးလိုက္ေပမယ့္ တစ္ဖက္လူဆီမွ

ျပန္ေျဖသံထြက္မလာခဲ့ေပ။

သူစိတ္တိုသြားေပမယ့္ ေကာင္မေလး၏

လည္ကုတ္ေနရာမွ ေခြၽးမ်ားကို

စမ္းမိလိုက္ေလရာ 

သူအနည္းငယ္သေဘာေပါက္သြားသည္။


"..မင္းငါ့ကိုေၾကာက္ေနတာလား.."


"မေၾကာက္..မေၾကာက္ပါဘူး"


မေၾကာက္ပါဘူးဆိုသည့္လူက

စကားေတြပါ အထစ္အထစ္ျဖစ္ေနေတာ့

သူ႔ပါးေပၚမွ ပါးခ်ိဳင့္ေလး‌

ခြက္ဝင္သြားသည္အထိ

သူၿပဳံးလိုက္မိေလသည္။


"မွန္မွန္ေျပာပါ..

မင္းငါ့ကိုေၾကာက္ေနတဲ့မဟုတ္လား

ညေနကကိစၥေၾကာင့္

မင္းငါ့ကိုမုန္းသြားၿပီမဟုတ္လား..."


"ဟင့္အင္း...ရႈိင္းကိုမမုန္းပါဘူး

႐ိုင္းျဖစ္ေနတဲ့ခံစားခ်က္ေတြကို

ကြၽန္မနားလည္ပါတယ္..

.........

ရႈိင္းေနရာမွာကြၽန္မဆိုလဲ

အဲ့ဒီလိုပဲခံစားရမွာပါ...

............

ကိုယ္မခ်စ္တဲ့လူတစ္ေယာက္ကို

ဘယ္သူက..ကိုယ့္ေဘးနားမွာ

တသက္လုံးေခၚထားခ်င္ပါ့မလဲ

.............

အဲဒီခံစားခ်က္ကို

ကြၽန္မနားလည္ပါတယ္..."


"ဒါဆိုကိုယ္တို႔...ဘာဆက္လုပ္ၾကမလဲ..."


ဘာေၾကာင့္မ်ားကြၽန္မကို

ဒီေမးခြန္းေမးရတာလည္းရႈိင္းရယ္။

ရွင့္ဆီကေမတၱာေတြကို

တိတ္တခိုးတမ္းတေနသူအဖို႔

ရွင့္ေဘးနားကေန ထြက္မသြားရဖို႔က

ကြၽန္မရဲ႕ဆႏၵဆိုတာ  

ရွင့္ကိုေျပာျပခ်င္လိုက္တာ။


ဒါေပမဲ့ ကြၽန္မဆီကေန

ရွင္ၾကားခ်င္တဲ့စကားကေတာ့

ကြၽန္မရဲ႕ဆႏၵေတြနဲ႔ 

ဆန႔္က်င္ဘက္ေတြျဖစ္ေနလိမ့္မယ္ဆိုတာ

ရွင္မသိေလေရာ့သလား။


"မင္းလည္းကိုယ့္ရဲ႕ စိတ္ဆႏၵကို

သိေနၿပီဆိုေတာ့ ကိုယ္တို႔

ဘာဆက္လုပ္ၾကမလဲ..."


"ကြၽန္မ..မသိဘူးရႈိင္း..

အဲဒီ့ကိစၥကို ရွင္ပဲဆုံးျဖတ္ပါ

ရွင္ျဖစ္ေစခ်င္တဲ့အတိုင္း 

ကြၽန္မလိုက္ေလ်ာေပးပါ့မယ္..."


"ေကာင္းၿပီေလ ဒါဆိုရင္ကိုယ္တို႔

ပြင့္ပြင့္လင္းလင္းပဲေျပာၾကတာေပါ့..."


႐ိုင္းဟာ ဆံပင္ေတြေလမႈတ္ေနတာကို

ရပ္ပစ္လိုက္ၿပီး ခ်စ္ခ်စ္၏အေရွ႕မွာ

လာရပ္ေနေပမယ့္ သူ၏မ်က္ႏွာကိုေတာ့

ခ်စ္ခ်စ္ၾကည့္ဖို႔ မဝံ့ရဲခဲ့ေပ။


"ေျပာပါ..ရႈိင္းျဖစ္ခ်င္တာေတြအားလုံး

ကြၽန္မလိုက္ေလ်ာေပးပါမယ္..."


"ကိုယ္တို႔လက္ထက္တာက

စာခ်ဳပ္နဲ႔လည္းျဖစ္တယ္ 

မေန႔တေန႔ကမွလက္ထပ္လိုက္တာဆိုေတာ့

ကြာရွင္းတာဘာညာျဖစ္ရင္

ကိုယ့္မိဘေတြလည္းစိတ္ဆင္းရဲရမယ္

မင္းလဲ..အရွက္ရလိမ့္မယ္

............

ဒီေတာ့..အားလုံးအဆင္ေျပသြားေအာင္

ဥပေဒအရ ေနာက္ေျခာက္လေက်ာ္တဲ့အခါ

ကိုယ္တို႔ႏွစ္ေယာက္

တရားဝင္..ကြာရွင္းၾကရေအာင္

မင္းအတြက္ရပိုင္ခြင့္ေတြကိုေတာ့

ကိုယ္ေပးမွာပါ...

............

ဒါကေတာ့ ကိုယ့္ဆုံးျဖတ္ခ်က္ေပါ့ေလ

မင္းဘက္ကေရာ ဘယ္လိုသေဘာရလဲ

အခုတည္းက ပြင့္ပြင့္လင္းလင္းေျပာပါ

ေနာက္မွ ဇယားေတြရႈပ္လာမွာကို

ကိုယ္မႀကိဳက္ဘူး..."


ကြၽန္မရဲ႕ရပိုင္ခြင့္ေတြတဲ့။

*ရွင့္ဆီကေန ကြၽန္မလိုခ်င္တာဟာ

စစ္မွန္တဲ့ေမတၱာတရား တစ္ခုပဲလို႔

ေျပာလိုက္ခ်င္ေပမယ့္ ဘယ္လိုသတၱိမ်ိဳးနဲ႔

ခ်စ္ခ်စ္ေျပာရပါ့မလဲ...*

အဲဒီေတာ့ ေခါင္းၿငိမ့္႐ုံကလြဲၿပီး

တျခားဘာမွလည္း ေျပာခြင့္မရွိေတာ့ပါဘူး။


"ကြၽန္...လက္ခံပါ့မယ္

ေျခာက္လေက်ာ္တဲ့အခါ ကြၽန္မတို႔

ကြာရွင္းၾကတာေပါ့...

ဒါေပမဲ့ ကြၽန္မရွင့္ဆီကေန

ဘာပိုင္ဆိုင္မႈကိုမွ ခြဲေဝၿပီးမယူခ်င္ပါဘူး

ကြၽန္မလိုခ်င္တာတစ္ခုေတာ့ရွိတယ္

အဲဒီအရာကို ကြၽန္မတို႔ကြာရွင္းတဲ့အခါမွ

ကြၽန္မေတာင္းဆိုခ်င္တယ္

ရွင္ေပးႏိုင္ပါ့မလား...."


"ဒါကေတာ့

မင္းဘာေတာင္းမလဲ မသိပဲ

ငါကဘယ္လိုလုပ္ၿပီး ႀကိဳတင္

ကတိေပးလို႔ရပါ့မလဲ..."


"ႀကိဳၿပီးေျပာစရာမလိုပါဘူး...

ရႈိင္းလည္း..အဲဒီေန႔ၾကမွ

ကြၽန္မကိုအေျဖျပန္ေပးပါ..."


"ေကာင္းၿပီေလ

ကိုယ္လည္းေျပာစရာရွိတာ ေျပာၿပီးၿပီ

မင္းရဲ႕ဆံပင္လည္း ေျခာက္သြားၿပီဆိုေတာ့

အခန္းထဲမွာ ျပန္နားလိုက္ေတာ့ေလ..."


"ဟုတ္ကဲ့..."


႐ိုင္းကိုေက်ာခိုင္းၿပီး သူ႔အခန္းထဲမွ

ခ်စ္ခ်စ္ထြက္လာခဲ့မိသည္။

ရႈိင္းကိုျမင္ခြင့္မေပးလိုက္မိတဲ့ 

တစ္ခုတည္းေသာအရာကေတာ့

ခ်စ္ခ်စ္၏မ်က္ရည္ေတြပါပဲ။


ေခါင္းကိုေလမႈတ္ေပးမယ္ဆိုတုန္းက

သူ၏ ၾကင္နာႏူးညံ့မႈေလးထဲမွာ

ခဏတာေပ်ာ္ဝင္သြားခဲ့ရတယ္။

ဒါေပမဲ့ရႈိင္းရယ္ ဘာေၾကာင့္မ်ားကြၽန္မကို

ခပ္ၾ

ကာၾကာေလး ေပ်ာ္ခြင့္မေပးရတာလဲ။


ေျခာက္လျပည့္ၿပီးတာနဲ႔ 

ကြာရွင္းမယ့္ကိစၥကို

လက္ထပ္ၿပီးေနာက္တစ္ေန႔မွာပဲ

အေျပာခံလိုက္ရတဲ့

မိန္းမတစ္ေယာက္အတြက္

သိပ္ရက္စက္လြန္းတဲ့ ကိစၥတစ္ရပ္လို႔

ရွင္ဘာေၾကာင့္ မေတြးမိရတာလဲ။


အဲဒီလိုအေျပာခံလိုက္ရတဲ့မိန္းမဟာ

ပိုက္ဆံရွိ႐ုံနဲ႔ လိုသုံးလုပ္လို႔ရတဲ့

ျပည့္တန္ဆာအဆင့္နဲ႔ ဘာကြာေတာ့မွာလဲ။

ရွင္အတြက္ ကြၽန္မဟာ

သိပ္ကို တန္ဖိုးမဲ့ေနသလားလို႔

ရွင့္ကို ေမးခြန္းထုတ္ခ်င္မိပါရဲ႕..။


*အစကေတာ့ 

ရွင္ဟာကြၽန္မအတြက္

စံျပပုဂၢိဳလ္တစ္ေယာက္မို႔ 

သေဘာက်ႏွစ္သက္ရတဲ့လူတစ္ေယာက္မို႔

ဘယ္လိုမွ မမုန္းရက္ခဲ့ေပမယ့္

ဒီေန႔ရွင့္ရဲ႕ စကားေလးတစ္ခြန္းနဲ႔တင္

ကြၽန္မရွင့္ကိုမုန္းမိေတာ့မယ္..ရႈိင္းရယ္..

ရွင္ဟာသိပ္ရက္စက္ၿပီး

ေသြးေအးလြန္းတဲ့ လူတစ္ေယာက္ဆိုတာ

ကြၽန္မလက္ခံလိုက္ပါၿပီ....*


...အခန္း(၂၂)ဆက္ရန္....


🌺🌺🌺🌺🌺🌺🌺🌺


(ေမာင္တို႔ကေတာ့

လြန္လြန္က်ဴးက်ဴးေတြ ေျပာလိုက္ပီေနာ္

ဘာဆက္ျဖသ္ၾကမလဲ..)




3 comments:

  1. မျော်နေပါတယ်သာသာ😍😍

    ReplyDelete
  2. မန်ယူဖန်ဆိုကတည်းကချစ်ချစ်ဆီမာရှုံးတော့မာ

    ReplyDelete
  3. ရှိုင်းကမချစ်နိုင်တဲ့သူဆိုတောပြောနိင်တာပေါ့တဖက်သတ်ချစ်နေတဲ့ချစ်ပန်းဝေတစ်ယောက်ကတော့ဘယ်ခံစားနိုင်ပါ့မလည်းလေ။ချစ်နေတဲ့သူကအရှုံးဘဲပေါ့။ချစ်ပန်းဝေကဘာတွေတောင်းဆိုမှာပါလိမ်ံ့

    ReplyDelete