(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း၄၀
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
"အမယ်လေး...မောင်လေးရယ်..
အဖြစ်ဆိုးလှချည်လား..
မမကြီးတို့ကိုထားခဲ့ပြီပေါ့
နင်ပြောတော့ ကလောကို
အလည်လာခဲ့ပါအုံးမယ်ဆို..ငါနင့်ကိုအတန်တန်
ပြောခဲ့ပါတယ်..ကိုယ့်အရပ်ကိုယ့်ရွာမှာပဲ
ခေါင်းချပါလို့ဆိုတာ..အီဟီးအခုတော့
နှုတ်ဆက်ခွင့်တောင် မရလိုက်ပါလား
ထွန်း၀င်းရဲ့..."
"ထွန်း၀င်းရေ..နင်စိတ်ချလက်ချသာ
သွားပါဟယ်..နင့်မိသားစုကိုငါတို့လည်း
တတ်နိုင်သလောက် စောင့်ရှောက်ထားနှင့်ပါ့မယ်..
သွားလေတော့ဟဲ့ ထွန်း၀င်းရဲ့..."
ဒီနေ့သည် အသုဘချမည့်နေ့ဖြစ်၍ ကလောမှ
ရောက်လာကြသော ဆွေမျိုးတွေကတော့
တသောသော ငိုကြလေတော့သည်။
မန္တလေးကို မပြောင်းခင်တည်းက
အမျိုးမျိုး တားဆီးခဲ့ကြသော အဖေ့ရဲ့
မမကြီးတွေကတော့ မေ့မလဲရုံတမယ်ပါပဲ။
အဖေ့ညီမတွေဆိုရင် ရင်ကွဲပက်လက်
ဖြစ်လောက်အောင်ကို ငိုကြွေးကြပြီး
မေ့တောင်လဲ၍ ရှူဆေးဗူးတွေ၊သံပုရာသီးတွေ
အတင်းရှူခိုင်းမှသာ သက်သာကြလေသည်။
မေဝိုင်းလေးကတော့ ဧည့်ခန်းအတွင်းပိုင်းတွင်
နံရံလေးကို မှီပြီးပါးပြင်ပေါ်ကို မျက်ရည်လေးတွေ
အဆက်မပြတ် စီးကျလာကာ တိတ်တိတ်ကလေး
ပူဆွေးနေရှာသည်။
မိဘမဲ့ဂေဟာကနေ ဖေဖေခေါ်ဆောင်လာပေးတဲ့
နေ့ရက်တွေမှစပြီး ဖေဖေနဲ့အတူရှိခဲ့တဲ့
အမှတ်တရတိုင်းကိုသာ မေ့မသွားစေရန်
ပြန်တွေးနေမိလေသည်။
ဧည့်ခန်း၏ အပြင်ဘက်နံရံနားတွင်တော့
ခင်ထိပ်ထားဦးသည် သူ့အဖေ၏
ရုပ်အလောင်းကိုသာ
ငူငူငိုင်ငိုင်ကြီး ထိုင်ကြည့်နေတော့သည်။
ပုံမှန်ဆို မိတ်ကပ်အဖွေးသားနှင့်သာ
နေလေ့ရှိသော သူ့မျက်နှာတွင်
မိတ်ကပ်တစ်စက်တောင် ထင်ကျန်မနေပဲ
အပူသည်ရုပ်ပေါက်နေလေသည်။
အဖေ့ရဲ့မမကြီးတို့က အော်ငိုကြတဲ့အခါမှာတော့
သူ့မျက်လုံးတွေဟာ ချက်ချင်း
အရောင်ပြောင်းသွားခဲ့ပြီး နီရဲလာကာ
မျက်ရည်တွေ တစ်ပေါက်ပြီးတစ်ပေါက်
ကျလာတော့သည်။
သူ့ရဲ့ငိုကြွေးသံကတော့ မေဝိုင်းလေးလို
အဖေ့ရဲ့နောက်ဆုံးအချိန်ကို မမှီလိုက်လို့မဟုတ်ပဲ
အဖေအသက်ရှိစဉ်အခါမှာ
မပြုစုပေးလိုက်ရသည့်အတွက် ကိုယ့်ကိုကိုယ်
မကျေနပ်ခြင်းသာဖြစ်သည်။
သူ့ရဲ့မျက်ရည်တွေဟာ နောင်တမျက်ရည်တွေသာ
ဖြစ်လေသည်။
ဂျပန်ကိုသွားခါနီးတုန်းက ဆံပင်အတိုအပြီး
ဆံပင်ညှပ်တာကို အဖေကမကြိုက်တဲ့အတွက်
အဖေ့ရှေ့မှာတောင် ဖြတ်မလျှောက်ဖြစ်ခဲ့ဘူး။
အခုဂျပန်မှ ပြန်ရောက်ပြီးနောက်ပိုင်းတွင်လည်း
ရောဂါဝေဒနာသည်အဖေကြီးအနားကို
လုံး၀မကပ်ဖြစ်ပဲ ကိုယ့်အပျော်အပါးဘက်သာ
အာရုံစိုက်ထားမိခဲ့တယ်။
အဖေဟာ ကိုယ့်ကြောင့်ဆုံးပါးသွားတာ
မဟုတ်ပေမဲ့ သေဆုံးသွားသည့်တိုင်
သားသမီး၀တ္တရားကိုနည်းနည်းလေးမှ
မကျေပွန်မိခဲ့တဲ့အတွက် နောင်တဆိုသည့်အရာက
စိတ်မလုံမလဲမှုကိုပါ ဖြစ်စေလာတယ်။
အဖေကတော့ ထိပ်ထားကိုလက်ဖျားနဲ့
မထိရက်လောက်အောင် ချစ်ပေးခဲ့ပေမဲ့
ကိုယ့်ကတော့ မေဝိုင်းလေးကို
မွေးစားဖို့ခေါ်လာခဲ့တဲ့နေ့ကစပြီး ဖေဖေ့ကို
အမုန်းကြီးမုန်းခဲ့မိတယ်။
ဖေဖေ့ဘက်က ဘယ်လောက်ပဲအလျှော့ပေးပြီး
ချော့မြှူခဲ့ပါစေ အမြဲတမ်းအလိုက်ကမ်းဆိုးမသိ
ဆိုးနွဲ့ခဲ့မိတယ်။
ဘယ်အရာမှာမဆို မေဝိုင်းလေးထက်
သာလွန်ချင်တဲ့စိတ်ကြောင့် မိဘတွေတတ်နိုင်သလား အကဲမခတ်ပဲ လိုချင်တာကို
အမြဲရအောင် ကြံစည်ခဲ့တယ်။
ပြန်တွေးကြည့်လိုက်တိုင်း
"ငါဟာအဖေ့အပေါ်မှာ တစက်ကလေးမှ
မကောင်းခဲ့ပါလား.."ဟုသံဝေဃရနေမိလေသည်။
"အဟင့်..အဖေရယ်သမီးတောင်းပန်းပါတယ်နော်
သမီးအဖေ့အပေါ် မသိတတ်ခဲ့ပါဘူး..
ဒီသမီးမိုက်ကို ခွင့်လွှတ်ပေးပါ.."
အဖေ့အခေါင်းရှိသောဘက်သို့
ထိုင်လျှက်ကနေ လှမ်း၍ကန်တော့လိုက်ပြီး
ဧည့်ခန်းထဲသို့ ပြေး၀င်သွားမိလေသည်။
ဧည့်ခန်းထဲသို့ ရောက်သောအခါ အ၀င်အ၀နားရှိ
နံရံဘေးတွင် ငုတ်တုတ်လေးထိုင်နေသော
မေဝိုင်းလေးကို တွေ့လိုက်မိခိုက်
သူ့ရဲ့ ၀မ်းနည်းနေသောမျက်နှာကို
ပြန်ပြင်လိုက်မိသည်။
"နင်ကတော့ ကျေနပ်နေမှာပေါ့နော်
တစ်လျှောက်လုံး အဖေနဲ့အနီးကပ်နေခဲ့ရလို့.."
"မမ..ဘာတွေလာပြောနေတာလဲ
အခုအချိန်မှာ အားလုံးပူဆွေးနေကြတာပါဟာ
ကျေးဇူးပြုပြီး စကားနိုင်လာလုမနေပါနဲ့
မမနဲ့ရန်မဖြစ်ချင်ဘူး..ဝိုင်းလေးကိုမမြင်ချင်ရင်
တစ်ခြားနေရာကို သွားလို့ရတယ်
ဒါမှမဟုတ် ဝိုင်းလေးတစ်ခြားနေရာကို
ရွှေ့ပေးမယ်.."
ဝိုင်းလေးမှာ အဖေ့ကိုဆုံးရှုံးလိုက်ရလို့
စိတ်ဆင်းရဲနေရတဲ့ကြားထဲ အစ်မကပါလာပြီး
ရန်ဆောင်နေ၍ ပိုစိတ်ညစ်သွားရသည်။
ပုံမှန်ဆိုရင် ပြေရာပြေကြောင်းပြန်ပြောမိမှာပေမဲ့
ယခုအချိန်မှာတော့ ဘုနဲ့ဘောက်သာ
ပြန်ပြောချင်နေမိသည်။
"တစ်ခြားနေရာကို ရွှေ့မယ်ဆိုလည်းခဏလေး
မရွေ့နဲ့ အပြီးအပိုင်ရွှေ့သွားလိုက်..
ဒီမိသားစုနဲ့ နောက်တစ်ခါလာမပတ်သတ်နဲ့တော့.."
"မမ..နင်ငါ့ကိုဘာလို့ဒီလောက်တောင်
ရန်လိုနေရတာလဲ..ဒါကအဖေ့နာရေးနော်..
ဒီလိုစကားတွေလာပြောနေရမဲ့အချိန်မဟုတ်ဘူး.."
"ပြောမယ်..ဒီနေ့ဒီစကားတွေကို ငါသေချာပေါက်
ပြောရမှကိုဖြစ်မယ်..ဒီမိသားစုထဲကို
နင်ရောက်လာတဲ့နေ့ကစပြီး ငါနဲ့အဖေ့ရဲ့
ဆက်ဆံရေးက တဖြည်းဖြည်းဝေးသွားခဲ့ရတာ..
ဒီနေ့လို နောင်တတွေတစ်သီကြီးနဲ့
အဖေ့အပေါ် တာ၀န်မကျေခဲ့မိတဲ့အဖြစ်မျိုး
ရောက်အောင်လဲ နင်ပဲလုပ်ခဲ့တာ.."
"ဟာ..ဘာဆိုင်လို့လဲ.."
Sora Sora, [4/11/2025 2:50 PM]
"ဆိုင်တာပေါ့..ဒီမိသားစုထဲမှာ
ငါတစ်ယောက်တည်း ရှိတဲ့အချိန်တုန်းကဆိုရင်
အားလုံးရဲ့ အချစ်တွေကိုငါတစ်ယောက်တည်းပဲ
ရခဲ့တာ..
......
အေး..နင်ရောက်လာတဲ့နေ့ကစပြီး
ငါ့ဘ၀ကြီးက အရာရာပြောင်းလဲသွားခဲ့ရတယ်
ငါပိုင်ဆိုင်တဲ့အရာတိုင်းကို နင်ကိုအမြဲ
ခွဲပေးခဲ့ရတဲ့အပြင်..ပစ္စည်းဥစ္စာတွေတင်မကပဲ
အဖေနဲ့အမေရဲ့ မေတ္တာတွေနဲ့
အားလုံးရဲ့ဂရုစိုက်မှုတွေကိုပါ
ငါ့ဆီကနေ နင်လုယူသွားခဲ့တာ..
.....
နင့်ရဲ့မာယာတွေနဲ့
သမီးအလိမ္မာလေးဖြစ်ချင်ယောင်ဆောင်ပြီး
ချူပြ၊မြှူပြတတ်တော့ အလိုလိုနေရင်း
ငါကအရိုင်းအစိုင်းမကြီး ဖြစ်ခဲ့ရတာလေ..
........
နင်နဲ့အနှိုင်းခံရပြီး လူချစ်၊လူခင်အောင်
မနေတတ်ဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ငါက
သမီးဆိုးတစ်ယောက် ဖြစ်ခဲ့ရတယ်..
ငါတစ်ယောက်တည်း ပိုင်ဆိုင်ရမဲ့အရာတွေ
အားလုံးကို လုယူသွားခဲ့တဲ့နင်က
ငါ့အတွက်တော့ ဂျိုဆိုးမပဲ..
ဒီလိုနေ့မှာ မမထိပ်ထားကသူ့ရဲ့ခံစားချက်တွေကို
မျက်ရည်တွေနဲ့အတူ ရင်ဖွင့်လာခဲ့မယ်လို့
မထင်ထားခဲ့မိပေ။
ဒါပေမဲ့ ဒီစကားတွေကိုသူ့ပါးစပ်ကနေ
ပြောမထွက်ခင်တည်းက
သူ့လုပ်ရပ်တွေကနေတစ်ဆင့်
ဝိုင်းလေးအပေါ်မှာ သူဘယ်လို
သဘောထားလည်း သိပြီးသားပါ။
"မမဘက်ကနေကြည့်တော့လည်း မမမှန်တယ်လို့
ထင်နေမှာပေါ့.. မမဝိုင်းလေးအပေါ်မှာ
ဘယ်လို သဘောထားတယ်ဆိုတာ
ဟိုးငယ်ငယ်လေးတည်းက သိပြီးသားပါ..
ဒါပေမဲ့ မမအပေါ်မှာမကျေနပ်ကြောင်း
ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး..
.......
မမမှားနေတာတစ်ခုတော့ ဖြေရှင်းချင်တယ်
ဖေဖေနဲ့မေမေက ဘယ်တုန်းကမှ
မမပိုင်ဆိုင်ခဲ့တဲ့အရာတွေ ဝိုင်းလေးကို
ခွဲဝေမပေးခဲ့ဖူးဘူး..
သူတို့မမအပေါ်မှာထားတဲ့ မျှော်လင့်ချက်တွေကို
မမဘာသာပဲ ရိုက်ချိုးပြစ်ခဲ့တာ..
ဝိုင်းလေးကို အပြစ်တင်ရမှာမဟုတ်ဘူး
မမကိုယ်မမအပြစ်တင်ရမှာ..
.....
ဝိုင်းလေး..ဖေဖေ့အနားမှာ ရှိခဲ့တဲ့အချိန်တွေမှာ
မမဘာလုပ်နေခဲ့လဲ..မမရောအဲ့ဒီ့အခွင့်အရေးမျိုး
မရခဲ့လို့လား..ဂျပန်ကနေပြန်လာပြီးနောက်ပိုင်း
မမဘာတွေ လုပ်နေခဲ့လဲ..
မမကသမီးအရင်းဖြစ်တဲ့အတွက်
မမကိုသူတို့ ဘယ်တော့မှစွန့်ပစ်ကြမှာမဟုတ်ဘူး
ဝိုင်းလေးကတော့မတူဘူး
ဝိုင်းလေးသာလိမ်လိမ်မာမာ..မနေခဲ့ရင်
အချိန်မရွေး စွန့်ပစ်ခံရမှာလေ..
အဲ့ဒါကြောင့် ညီမရဲ့တစ်နေရာစာလေးကို
ကုတ်ကပ်ပြီး ဖက်တွယ်ထားမိတာအပြစ်တဲ့လား.."
"ဘယ်လိုပဲဖြစ်ဖြစ် ငါနင့်ကိုအမြဲတမ်း
မုန်းနေမှာပဲ မေဝိုင်းလေ.."
"မုန်းပါ..၀ိုင်းလေးကိုကြိုက်သလောက်
မုန်းနိုင်ပါတယ် ဒါပေမဲ့ဒီမိသားစုထဲကနေ
အပြီးတိုင် ထွက်သွားပေးပါလို့တော့
မပြောပါနဲ့..ဝိုင်းလေးမှာတွယ်တာစရာဆိုလို့
ဒီမိသားစုလေးပဲ ရှိလို့ပါ.."
စကားလုံးတွေနဲ့တင်မဟုတ် အတတ်နိုင်ဆုံး
ကိုယ့်ကိုကိုယ် ချိုးနှိမ်ထားသောမျက်၀န်း
အကြည့်တွေနဲ့ပါ မမထိပ်ထားကို
တောင်းပန်နေမိပေမဲ့ သူကတော့မူလအတိုင်း
မုန်းတီးနေတုန်းပါပဲ။
*အော်..ကိုယ့်ဘက်က ဘယ်လောက်ပဲ
စိတ်စေတနာကောင်းထားပါစေ
လူတွေရဲ့ဝေဖန်ပြစ်တင်ခြင်းကနေ
ဘယ်တော့မှ လွတ်နိုင်မှာမဟုတ်သလို
ချစ်ခင်ပေးတဲ့လူတွေရှိသလို မုန်းတဲ့သူတွေလည်း
ဆက်ရှိနေအုံးမှာပါပဲ..ဒီတော့လည်း
အရေထူစွာနဲ့ သည်းခံလိုက်ဖို့သာ
ရှိတော့တာပေါ့.*
မကြာခင်မှာပဲ အသုဘချရမည့်အချိန်နီးကပ်လာ၍
အဖေ့ရဲ့အခေါင်းဘေးနားမှာ
ထိုင်ကန်တော့ လိုက်ကြပြီးနောက်
ကားတွေဆီသို့သွားရန် အမေ့လက်ကို
တွဲပေးလိုက်သည်။
အခေါင်းကို သယ်သွားကြပြီဆိုပေမဲ့
အမျိုးတွေကတော့ အဖေ့နာမည်ကိုတပြီး
ငိုနေကြတုန်းပါပဲ။
ကာယကံရှင်ဖြစ်တဲ့ ဝိုင်းလေးတို့မိသားစုကတော့
အတတ်နိုင်ဆုံး စိတ်ကိုတင်းခံထားကြပေမဲ့
ရေဝေးကို ရောက်တဲ့အခါအဖေ့အခေါင်းကို
မီးသင်္ဂြိုလ်သည့်နေရာသို့ ထည့်ပြီးတံခါးပိတ်သွားချိန်မှာတော့ "အဖေနဲ့ငါတို့တကယ်ကြီး
ခွဲခွာသွားရပြီ"ဆိုသည့် အသိ၀င်လာချိန်
စိတ်ဓာတ်တွေပါ ထိုးကျသွားခဲ့ပြီး
တစ်ကိုယ်လုံး အားအင်တွေယုတ်လျော့ကုန်ကာ
ညွှတ်ခွေကျသွားလေတော့သည်။
"ဟယ်..ဝိုင်းလေး..ဝိုင်းလေးသတိလစ်သွားပြီ..
လုပ်ကြပါအုံး.."
မေဝိုင်းလေး၏သူငယ်ချင်းဖြစ်သူ
၀တ်ရည်သည် သတိလစ်ကာမေ့မျောသွားသော
မေဝိုင်းလေးကို ဖက်ပေးထားလျှက်
ထအော်လိုက်တော့ လူတွေလည်းထိုနေရာသို့
ဝိုင်းအုံလာကြလေသည်။
အသုဘလိုက်ပို့ပေးကြသော ဒေါ်ရတနာနှင့်
အိမ်ချစ်မှူးဝေတို့ကတော့ မေဝိုင်းလေး၏
ဖြစ်အင်ကိုကြည့်ပြီး စိုးရိမ်သွားမိကြသလို
တစ်ပြိုင်တည်းမှာ စိတ်မကောင်းလည်း
ဖြစ်မိကြလေသည်။
တကယ့်အရေးကြီးသောအချိန်မှာမှ
ခရီးထွက်သွားသော မင်းစက်အာဏာကို
သတိရမိကြတော့ ခမည်းခမက်ချင်း
မျက်နှာတောင် မပြရဲလောက်အောင်
အားနာနေမိကြလေသည်။
========================
========================
အသုဘပြီးသည်နှင့် ဒေါ်ရတနာလည်း
အမေ့ကို စိတ်ပူ၍အိမ်သို့ခဏပြန်လာလိုက်သည်။
သံဝေဃတွေလည်း တစ်သီကြီးရမိသလို
အလုပ်တွေဘက်ကို ဦးလှည့်တာလျှော့ပြီး
မိခင်ဖြစ်သူကို အနီးကပ်ဂရုစိုက်ပေးရမည်ဟု
အတွေး၀င်လာမိသည်။
ထို့ကြောင့် မှူးကိုအသုဘအိမ်မှာ
မေဝိုင်းလေးအား အဖော်ပြုပေးစေကာ
ကိုယ်ကတော့ အိမ်မှာကျန်ခဲ့သည့်
အမေ့ဆီသို့ ပြန်လစ်လာခဲ့လိုက်သည်။
အမေ့အိပ်ခန်းထဲသို့ ၀င်လိုက်တော့
ကုတင်ပေါ်မှာ အေးဆေးတရားစာထိုင်ဖတ်နေသည့်
စိတ်အေးလက်အေးဖြစ်နေပုံကို
တွေ့လိုက်ရလေသည်။
"အမေ..နေ့လည်နေ့ခင်းမအိပ်ဘူးလား.."
"အိပ်ပြီးပါပြီတော်..ခဏပဲအိပ်လို့ရပြီး
စိတ်မကြည်တာနဲ့ တရားစာထိုင်ဖတ်နေတာ.."
"ပုံမှန်ဆို စိတ်မကြည်ရင်ကိုရီးယားကား
ကြည့်တာမဟုတ်ဘူးလား..ဒီနေ့မှအထူးအဆန်း.."
"အင်း..ဝိုင်းလေးရဲ့အဖေသတင်းကြားပြီးတည်းက
ရင်ထဲမှာ မကောင်းဘူးဖြစ်နေတာလေ..
သေချာတွေးကြည့်ရင်ဖြိုးကနဲဖြတ်ကနဲဆိုတော့
ငါလည်း တရားလေးဘာလေးဘက်ကို
အာရုံပြန်ဆိုက်တဲ့သဘောပါ..
အင်း..မောင်ထွန်း၀င်းကငါ့ကို
သတိပေးလိုက်သလိုပါပဲ.."
"အဲ့ဒါအသာထားအုံး..အခုအမေ့မြေးကို
ဆက်သွယ်ပေးဖို့လုပ်အုံး..အမေက
KGရဲ့ စိမံကမန်နေဂျာနဲ့ ရင်းနှီးတယ်မဟုတ်လား.."
"ကိုစက်ကို ဆက်သွယ်ချင်တာများ
သူ့ဖုန်းကိုဆက်လိုက်ပါလား.."
"ဟာ..အမေကလည်းထိုင်းကိုသွားပါတယ်ဆို
ထိုင်းဆင်းကဒ်ပြောင်းလိုက်ပြီနေမှာပေါ့..
အဲ့ဒါကြောင့် သမီးဆက်ကြည့်တာမရဘူး
ဖြစ်နေတယ်.."
"အဲ့ဒါဆို..မှူးကိုဆက်သွယ်ခိုင်းကြည့်ပါလား
သူတို့မောင်နှမတွေကတော့
တစ်နည်းမဟုတ်တစ်နည်း ဆက်သွယ်လို့ရမှာပေါ့.."
"မေးပြီးပြီ..မှူးပြောတာကတော့..
ကိုစက်က ဖေ့ဘွတ်မပြောနဲ့အင်စတာဂရမ်ဆိုလား
အဲ့ဒါတောင် မသုံးဘူးတဲ့..ပြီးတော့
ကိုစက်ရဲ့အီးမေးလ်ကို စာပို့ရအောင်လည်း
အီးမေးလ်နံပါတ်ကို မှူးကမသိဘူးတဲ့လေ..
ဒါပေမဲ့ မှူးကဘန်ကောက်မှာရှိတဲ့
KGဖျော်ဖြေရေး ကုမ္ပဏီကိုလမ်းဆက်ကြည့်ပြီး
အကြောင်းကြားခိုင်းလိုက်တယ်.."
"အဲ့တော့ ဘာထူးလဲ..."
ဒေါ်နုယဉ်က မျှော်လင့်တကြီးမေးလိုက်ပေမဲ့
သမီးဖြစ်သူကတော့ စိတ်ညစ်ညူးစွာဖြင့်
ခေါင်းခါလိုက်လေတော့သည်။
"ဘန်ကောက်ကနေ အကြောင်းပြန်တာကတော့
ကိုစက်ကချင်းမိုင်ဘက်ထွက်သွားလို့
သူတို့ဘယ်လိုမှ ပြောပေးလို့မရပါဘူးတဲ့
ကိုစက်ရဲ့ ယခုလက်ရှိထိုင်းနံပါတ်ကိုလည်း
သူတို့မသိဘူးတဲ့
အဲ့ဒါထက်ဆိုးတာက
ဟိုတယ်လ်ပရောဂျက်အသစ်အတွက်
ကိုစက်က ပင်လယ်ဘက်ကိုထွက်သွားပြီတဲ့လေ
ကျွန်းတစ်ခုကိုသွားတာတော့သိပေမဲ့
ဘယ်နေရာလည်း အတိအကျမသိပါဘူးတဲ့.."
"ဟယ်..၀န်ထမ်းတွေကလည်းညံ့လိုက်တာ
ကိုယ့်ကုမ္ပဏီကစီအီးအိုတစ်ယောက်လုံး
ဘယ်နေရာကိုသွားလဲတောင် အတိအကျ
မပြောနိုင်ကြဘူး.."
"အော်..အမေကလဲ..မှူးဆက်ပေးတာက
ဖျော်ဖြေရေးကုမ္ပဏီလေ..နယ်ပယ်ချင်းက
တစ်ခြားစီဥစ္စာ ဟိုတယ်ပရောဂျက်ကိစ္စကို
သူတို့ကဘယ်လိုလုပ်ပြီး သိကြပါ့မလဲ.."
"အဲ့ဒါလည်းဟုတ်တာပဲ နေအုံး..
မန်နေဂျာ မောင်သန့်ဇင်ကို
ဖုန်းဆက်ကြည့်လိုက်မယ်...."
အမေဖြစ်သူက ချက်ချင်းပဲသူ့ဖုန်းကိုယူကာ
မန်နေဂျာကို ဆက်ကြည့်နေ၍ဒေါ်ရတနာလည်း
ဆက်လို့ရပါစေဟုအကြိမ်ကြိမ်
ဆုတောင်းနေမိသည်။
မင်းစက်သာပြန်လာရင် ပထမဆုံးလုပ်ချင်တာက
နှောင်ကျင်အောင်ကို ထုထောင်းပစ်ချင်တာ။
ဘယ့်နှယ်..ခရီးထွက်သွားတယ်ဆိုပေမဲ့လည်း
အိမ်မှာ သူ့မိန်းမတစ်ယောက်လုံး
ကျန်နေခဲ့တာလေ။နည်းနည်းပါးပါးတော့
ဆက်သွယ်သင့်တာပေါ့။
မဟုတ်ရင်လည်း သူ့ကိုဆက်သွယ်လို့ရမဲ့
ဖုန်းနံပါတ်တွေဘာတွေ ပေးထားသင့်တာပေါ့။
တစ်ခုခုအရေးကြုံလာတဲ့အခါ
ဘယ်လို သိနိုင်ပါတော့မလဲ။
တစ်ခုခုလုပ်ရင် နောက်ကြောင်းကို
လှည့်မကြည့်တတ်တဲ့ အကျင့်ကြီးက
တော်တော်ကို ဆိုးလွန်းတယ်။
ကိုယ်ကလူပျိုလူလွတ်လည်း မဟုတ်တော့ဘူး။
ဒါကြောင့်မို့ ဒင်းကိုကလေးရစေချင်တာ။
ကလေးတွေနဲ့ဆိုရင် ဒီလိုအေးစက်စက်ကြီး
ဖြစ်တော့မှာ မဟုတ်လောက်ဘူး..။
*ဟူး..ခုတော့ဒင်းကခရီးခဏခဏ ထွက်နေတာနဲ့ပဲ
မြေးရတနာက ဘယ်ချောင်ကပ်နေပြီလဲ
မသိဘူး..*
"ရတနာရေ..မောင်သန့်ဇင်ကိုဖုန်းခေါ်ကြည့်ပေမဲ့
စက်ပိတ်ထားတယ်.."
"ဟင်း..စိတ်ညစ်ပါတယ်အမေရယ်..
သားတစ်ယောက်မွေးထားပါတယ်
ကျားတစ်ထောင်ထိန်းရတာထက် ပိုဆိုးနေပြီ
အခုဝိုင်းလေးက အဖေသေလို့စိတ်ထိခိုက်နေတယ်
ဒီလိုအချိန် ဝိုင်းလေးရဲ့ဘေးမှာ
သူရှိနေသင့်တာပေါ့..ကောင်မလေးက
စိတ်ထိခိုက်ပြီး မူးတောင်လဲတယ်
သနားပါတယ်အမေရယ်.."
"အေးဟယ်..ကိုစက်ကတစ်လနေမှ
ပြန်လာမှာဆိုတော့ ဝိုင်းလေးကသူ့ကို
စိတ်ဆိုးနေတော့မှာပဲ.."
"အသေအချာပဲ..အနည်းဆုံးတော့
လူပြန်မလာနိုင်တောင် ဖုန်းလေးတော့
လှမ်းဆက်သင့်တာပေါ့..အမေ့မြေးကိုက
နေနိုင်လွန်းတယ်.."
"ဟဲ့..အဲ့ဒါနင့်သားလေ..နင်မွေးထားတာ.."
"အမေကလဲ အရေးထဲ
စကားနိုင်လာလုနေသေးတယ်...
သေချာပြန်တွေးကြည့်တော့ သားလေးအခုလို
တစ်ကိုယ်ကောင်းဆန်ပြီး သွေးအေးတဲ့
သတ္တဝါလေးလိုပုံစံဖြစ်နေတာရဲ့ အဓိကတရားခံကသူရမင်းခေါင်ကြောင့်ပဲ..သူ့ကြောင့်
ကျွန်မသားက အခုလိုပုံစံဖြစ်သွားခဲ့တာ
သမီးသူ့ကို သိပ်မုန်းတာပဲ.."
"အသက်တွေလည်း ကြီးပါပြီအေ
အာဃာတတွေလည်း ထားမနေပါနဲ့တော့.."
အမေကနှစ်သိမ့်ပေးနေပေမဲ့ ရတနာ့ရင်ထဲမှာတော့
သူရမင်းခေါင်ရဲ့ ရက်စက်မှုတွေကို
လုံး၀မေ့မပြစ်လိုက်နိုင်ဘူး။
မင်းစက်က သွေးအေးတဲ့သတ္တဝါလေးဆိုရင်
သူရမင်းခေါင်းဆိုတာ မိစ္ဆာဆိုးကြီးတစ်ကောင်ပဲ။
သူ့တစ်ကိုယ်ထဲအတွက်ကလွဲပြီး
သူများအတွက် ဘယ်သောအခါမှတွေးမပေး
တတ်ခဲ့ဘူး။
အဲ့လိုလူမျိုးနဲ့ လမ်းခွဲလိုက်မိတာ
သိပ်ကိုမှန်ကန်တဲ့ လုပ်ရပ်တစ်ခုဆိုတာ
ကျိန်းသေတာပေါ့။
မဟုတ်ရင် ရှင်လျှက်နဲ့ငရဲခံနေရတာ ကြာပြီ။
ခက်တာက သားငယ်ကိုသူခေါ်သွားတဲ့အတွက်
ကိုယ်ခံရမဲ့ငရဲကို သားငယ်လေးကိုကိုယ်စား
၀င်ခံခိုင်းလိုက်သလို ဖြစ်ခဲ့တယ်နဲ့တူပါတယ်။
*အမေတောင်းပန်ပါတယ်သားရယ်..
သားအပေါ်မှာ တင်နေတဲ့အကြွေးတွေကို
အမေပြန်ဆပ်ပါ့မယ်..မေဝိုင်းလေးက
ဒုတိယရတနာထိုက် မဖြစ်လာစေရဘူး
ငါ့သားလေးကလည်း သူရမင်းခေါင်လို
မိစ္ဆာကြီး မဖြစ်လာစေရပါဘူး..
အမေအစွမ်းကုန်ကြိုးစားပြီးကာကွယ်ပေးမယ်...*
========================
========================
"၀င်းရေ..အားလုံးရယ်ဒီဖြစ်ပြီလား.."
"ဖြစ်ပြီလေ..စရိုက်ကြတာပေါ့..ဒါနဲ့မမှူးက
ဒီနေ့ဘာဖြစ်လို့ ရောက်မလာရတာလဲ
သူတစ်ခုခုဖြစ်နေလို့များလား.."
မမှူးနဲ့အတူ ရိုက်ကူးရေးလုပ်ရမည့်နေ့မှာ
မမှူးက အရေးကြီးကိစ္စတစ်ခုရှိ၍
မလာနိုင်တော့ဘူးဟု သူ့အဖွဲ့ကနေတစ်ဆင့်
ဆက်သွယ်လာခဲ့လေသည်။
ပုံမှန်ဆိုရင် ၀င်းသည်အခြားသူတွေနဲ့အတူ
ပူးတွဲဆိုရတာကို သိပ်မလုပ်ဖြစ်ပေမဲ့
မမှူးနဲ့က အရမ်းခင်တဲ့လူချင်းမို့
လက်ခံပေးလိုက်ခြင်းဖြစ်သည်။
ဒီသီချင်းဗီဒီယိုကို မြန်မြန်လေး
အဆုံးသတ်ချင်နေပြီမို့ နောက်တစ်ခါတော့ထပ်ပြီး
မမှူးကို မပျက်ကွက်ဖို့တောင်းဆိုရပေမည်။
"မဇင် ခဏလေးနော်..ကျွန်တော်မမှူးကို
ဆက်သွယ်ကြည့်လိုက်အုံးမယ်.."
"အေးဆက်ကြည့်လိုက်လေ..အကြောင်းအရင်း
အပြည့်အစုံသိရတာပေါ့..သူ့စတူဒီယိုက၀န်ထမ်း
ပြောတာတော့ လူမှုရေးကိစ္စရှိလို့တဲ့.."
၀င်းလည်း လူရှင်းသည့်နေရာသို့
လျှောက်သွားလိုက်ပြီး မမှူးကိုဖုန်းခေါ်ကြည့်လိုက်သည်။
ချက်ချင်းမကိုင်ပေမဲ့ ခဏအကြာမှာတော့
တစ်ဖက်မှ ဖုန်းကိုင်လာပြီး "ဟယ်လို"ဆိုသည့်
အသံကိုကြားလိုက်ရလေသည်။
"ဟယ်လိုမမှူး နေကောင်းရဲ့လား
ဒီနေ့ရိုက်ကွင်းကို မလာဘူးဆိုတော့
တစ်ခုခုများ ဖြစ်လို့လား.."
"အစ်မကတော့ အားလုံးကောင်းပါတယ်၀င်းရယ်
ဒါပေမဲ့ ဝိုင်းလေးရဲ့အဖေဆုံးတာဆိုတော့
မသွားလို့မကောင်းဘူးလေ..ဝိုင်းလေးကလည်း
အရမ်းစိတ်ထိခိုက်နေတာဆိုတော့
သူ့ဘေးမှာ အဖော်ပြုပေးနေတဲ့သဘောပါ.."
"ဗျာ..ဝိုင်းလေးဆိုတာ..မေဝိုင်းလေးကို
ပြောတာလား.."
"ဟုတ်တယ်လေ၀င်းရဲ့..မင်းစက်ရဲ့မိန်းမလေ
ဟိုတလောကတင် ၀င်းနဲ့သူ့ကို
မိတ်ဆက်ပေးဖြစ်သေးတယ်လေ..မှတ်မိလား.."
"ဟုတ်ကဲ့ ကျွန်တော်မှတ်မိပါတယ်.."
ဘယ်လိုလုပ်ပြီး မေ့လို့ရနိုင်ပါ့မလဲ။
ဝိုင်းဝိုင်းက ကျွန်တော်သိပ်ချစ်ရတဲ့
တစ်ဦးတည်းသော အမျိုးသမီးလေးပဲလေ။
အခုသူ့အဖေဆုံးပြီဆိုတော့
ဝိုင်းဝိုင်းဘယ်လောက်တောင် ခံစားနေရမလဲ။
ငိုနေလောက်မှာသေချာတယ်။
ဟိုအရင်က သူ့ကိုပေးတဲ့ပန်းချီကားလေးကို
သူ့အစ်မဖြစ်သူ ဖျက်ဆီးလိုက်လို့ဆိုပြီး
အငိုတလိုင်းနဲ့ ကိုယ့်ကိုတိုင်တန်းခဲ့တာ
မှတ်မိပါသေးတယ်။
ပန်းချီကားချပ်လေးတစ်ခုကို ဆုံးရှုံးလိုက်ရရုံနဲ့
ရှိုက်ကြီးတငင် ငိုခဲ့တဲ့ကောင်မလေးဟာ
အဖေတစ်ယောက်လုံး ဆုံးရှုံးလိုက်ရတော့
ဘယ်လောက်များ ရင်ကွဲနာကျနေလိုက်မလဲ။
"မမှူး..အခုမေဝိုင်းလေးရော အဆင်ပြေရဲ့လား..
ဟိုလေ..သူ့အဖေဆုံးသွားတာဆိုတော့
အရမ်း၀မ်းနည်းနေမှာပဲနော်.."
"အမယ်လေး..ဘယ်ကသာအဆင်ပြေရမှာလဲ
ငိုရင်းမေ့လဲလို့အိမ်ကိုမနည်းပြန်ခေါ်လာပြီး
ဆရာ၀န်တောင် ပြထားရတယ်..
မမှူးလေသူ့ကိုကြည့်ပြီး သနားလွန်းလို့
အခုထိ ဒီအိမ်မှာပဲနေနေမိတာ
ကိုယ့်အိမ်တောင် မပြန်ရသေးဘူး.."
မမှူးကတော့ သာမာန်လေသံနှင့်ပြောနေပေမဲ့
ဝိုင်းလေးတစ်ယောက် စိတ်ထိခိုက်လွန်းပြီး
မှူးလဲသွားတယ်ဆိုတာကို ကြားလိုက်ရတော့
ရင်ထိတ်သွားမိလေသည်။
ဖြစ်နိုင်ရင် အခုချက်ချင်းဝိုင်းလေးဆီကို
ပြေးသွားလိုက်ချင်မိတယ်။
ဝိုင်းဝိုင်းကို ပွေ့ဖက်ပေးပြီးနှစ်သိမ့်ပေးချင်သည်။
*ဒါပေမဲ့ မဖြစ်နိုင်တော့ပါဘူးလေ..*
ကိုယ်ချစ်ရတဲ့လူအတွက် ဘာမှလုပ်မပေးနိုင်တဲ့
ဘ၀ကြီးမှာ ကိုယ့်ကိုကိုယ်တောင်
အသက်ရှင်သန်နေရတာ အဓိပ္ပာယ်ရှိသေးရဲ့လားလို့
ပြန်မေးနေမိတယ်။
"မမှူး..မင်းစက်လည်း သူ့မိန်းမကို
အဖော်ပြုပေးနေတယ် မဟုတ်လား.."
"အဲ့ကောင်အကြောင်းကိုတော့ ပြောမနေပါနဲ့ဟယ်
တွေးမိတိုင်း ဒေါသထွက်ရလို့.."
ဝိုင်းလေးရဲ့ဘေးနားမှာ ကိုယ်ရှိနေမပေးနိုင်ပေမဲ့
မင်းစက်ရှိနေတယ်ဆိုသော အသိနဲ့တင်
လုံလောက်ပြီဟု တွေးကာမေးလိုက်ပေမဲ့
တစ်ဖက်မှ မမှူးသည်ဒေါသတကြီး
ပြန်တုန့်ပြန်လာလိမ့်မည်ဟု မထင်မိခဲ့ပေ။
"ဘာဖြစ်လို့ ဒေါသထွက်နေရတာလဲမမှူးရဲ့.."
"ဘာဖြစ်ရမှာလဲဟယ်..သူကအခု..ထိုင်းကို
ခရီးထွက်သွားပြီလေ..ဒီမှာဝိုင်းလေးက
အရမ်းစိတ်ထိခိုက်နေတဲ့အချိန်မှာ
ဖုန်းလေးတစ်ခွန်းတောင် ဆက်ဖော်မရဘူး..
သုံးရက်တောင် ရှိသွားပြီဟယ်..သူ့မိန်းမဆီကို
မဆက်တာထားအုံး အိမ်ကိုတောင်
ဖုန်းတစ်ခါမခေါ်ဘူး..အိမ်ထောင်ကျသွားလည်း
အကျင့်တွေကတော့ အရင်အတိုင်းပါပဲ.."
"နေပါအုံး..သူကဘယ်လောက်ကြာမှာလဲ.."
"တစ်လတဲ့ဟယ်..ငါ့အထင်တော့ဟိုမှာ
တစ်လလုံးနေပြီးမှပြန်လာရင်တော့
သူ့မိန်းမနဲ့ ပြဿနာတတ်မှာသေချာတယ်
ဝိုင်းလေးနေရာမှာသာငါဆိုရင် ဒင်းကို
ကွာရှင်းလိုက်တာကြာပြီ.."
"မကြာခင်တော့ ဆက်သွယ်လာမှာပေါ့
မမှူးရယ်.."
"မထင်ပါဘူးဟယ်..မင်္ဂလာဆောင်ပြီးပြီးချင်း
ဘန်ကောက်ကို နှစ်လတိတိ
ထွက်သွားတုန်းကတောင် မိန်းမကိုဖုန်းတစ်ကော
မဆက်တဲ့ဥစ္စာ..အရမ်းကိုသွေးအေးတဲ့
ကောင်ပါဟယ်..နင့်သူငယ်ချင်းရဲ့
အိမ်ထောင်ရေးက ဒီပုံအတိုင်းဆို
ကြာကြာခံမယ်မထင်ဘူး..ငါတော့ဝိုင်းလေးကိုပဲ
သနားတယ်..အရမ်းအနေအေးပြီး
ရည်မွန်တဲ့ကလေးဖြစ်ပါလျှက်နဲ့
မင်းစက်လို သတ္တဝါမျိုးနဲ့ လာဆုံရတာ
သူသိပ်ကံဆိုးတာပဲ..
ဒါနဲ့မင်းစက်ရဲ့အီးမေးလ်ကို ၀င်းသိလားဟင်"
"ကျွန်တော်လည်း မသိဘူးမမှူးရဲ့"
"အေးပါဟယ်..မင်းစက်အာဏာဆိုတဲ့
ကောင်ကလေ..အရမ်းသွေးအေးတာပဲဟယ်
တစ်နေရာကိုသွားရင် သူ့ကိုဆက်သွယ်ဖို့
စုံစမ်းရတာလဲ ကြက်ဥအစပျောက်နေသလိုပဲ
သူသေတာတောင် ငါတို့သိပါ့မလားမသိဘူး.."
"၀င်းရေ..ဒါရိုက်တာက ရိုက်ကူးရေးစမယ်တဲ့.."
မမှူးနှင့် ဖုန်းပြောနေတုန်း မဇင်ကလာခေါ်နေ၍
စကားစကိုဖြတ်ပြီး ဖုန်းချလိုက်ရသည်။
ရိုက်ကူးရေးလုပ်ရမည့်နေရာသို့
သွားနေစဉ်အတွင်း ကိုယ့်ရဲ့အီးမေးလ်ထဲကို
၀င်စစ်ကြည့်လိုက်တော့ လွန်ခဲ့သော
သုံးလခန့်က မင်းစက်နှင့်စကားပြောထားသည့်
စာတွေကို သွားတွေ့လေသည်။
ဒီအကောင့်ဟာ မင်းစက်ရဲ့
အီးမေးလ်အကောင့်ပါပဲ။
ဆိုရှယ်မီဒီယာကို မလိုအပ်ပဲမသုံးတတ်တဲ့
မင်းစက်ကို ဆက်သွယ်ချင်ပါက
အီးမေးလ်နဲ့ စာပို့မှသာသူ့ဘက်က
စာပြန်လာလိမ့်မည်။
တစ်ခါတစ်လေ ဖုန်းခေါ်ရင်တောင်
ကိုင်ချင်မှကိုင်တာ။
စာပို့ရန် စာလုံးအနည်းငယ်ရိုက်မလို့
ပြင်လိုက်မိပေမဲ့သူ့လက်တွေဟာ
အလိုအလျှောက်ရပ်တန့်သွားခဲ့တယ်။
မေဝိုင်းလေးရဲ့သတင်းကို အစကတော့ပြောပြဖို့
စဉ်းစားခဲ့မိပေမဲ့ ယခုတော့လုံး၀ကြားမ၀င်ဖို့
သူဆုံးဖြတ်လိုက်သည်။
ဒီတစ်လအတွင်းမှာ ဝိုင်းဝိုင်းကိုလုံး၀
ဆက်သွယ်မလာဘူးဆိုရင် မင်းစက်က
ဝိုင်းဝိုင်းကို တကယ်မချစ်လို့ပဲပေါ့။
ကိုယ်သာဆိုရင် ဘယ်လောက်ပဲ
အလုပ်များနေပါစေ ကိုယ်ချစ်ရတဲ့မိန်းကလေးကို
တစ်လတိတိ အဆက်အသွယ်ဖြတ်ထားရက်မှာ
မဟုတ်ဘူး။
နေနိုင်တယ်ဆိုရင်တော့ သူ့ဘက်က
စစ်မှန်မှု မရှိလို့ပဲပေါ့။
အခန်း(၄၁)ဆက်ရန်
စာရေးသူ..ဆောင်းငွေ့ဝေ
========================
မင်းစက်ပြန်လာတဲ့အခါ
ဘာတွေဆက်ဖြစ်မလဲ????
========================
========================
အခန္း၄၀
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘
"အမယ္ေလးေမာင္ေလးရယ္..
အျဖစ္ဆိုးလွခ်ည္လား..
မမႀကီးတို႔ကိုထားခဲ့ၿပီေပါ့
နင္ေျပာေတာ့ ကေလာကို
အလည္လာခဲ့ပါအုံးမယ္ဆို..ငါနင့္ကိုအတန္တန္
ေျပာခဲ့ပါတယ္..ကိုယ့္အရပ္ကိုယ့္႐ြာမွာပဲ
ေခါင္းခ်ပါလို႔ဆိုတာ..အီဟီးအခုေတာ့
ႏႈတ္ဆက္ခြင့္ေတာင္ မရလိုက္ပါလား
ထြန္း၀င္းရဲ႕..."
"ထြန္း၀င္းေရ..နင္စိတ္ခ်လက္ခ်သာ
သြားပါဟယ္..နင့္မိသားစုကိုငါတို႔လည္း
တတ္ႏိုင္သေလာက္ ေစာင့္ေရွာက္ထားႏွင့္ပါ့မယ္..
သြားေလေတာ့ဟဲ့ ထြန္း၀င္းရဲ႕..."
ဒီေန႔သည္ အသုဘခ်မည့္ေန႔ျဖစ္၍ ကေလာမွ
ေရာက္လာၾကေသာ ေဆြမ်ိဳးေတြကေတာ့
တေသာေသာ ငိုၾကေလေတာ့သည္။
မႏၲေလးကို မေျပာင္းခင္တည္းက
အမ်ိဳးမ်ိဳး တားဆီးခဲ့ၾကေသာ အေဖ့ရဲ႕
မမႀကီးေတြကေတာ့ ေမ့မလဲ႐ုံတမယ္ပါပဲ။
အေဖ့ညီမေတြဆိုရင္ ရင္ကြဲပက္လက္
ျဖစ္ေလာက္ေအာင္ကို ငိုေႂကြးၾကၿပီး
ေမ့ေတာင္လဲ၍ ရႉေဆးဗူးေတြ၊သံပုရာသီးေတြ
အတင္းရႉခိုင္းမွသာ သက္သာၾကေလသည္။
ေမဝိုင္းေလးကေတာ့ ဧည့္ခန္းအတြင္းပိုင္းတြင္
နံရံေလးကို မွီၿပီးပါးျပင္ေပၚကို မ်က္ရည္ေလးေတြ
အဆက္မျပတ္ စီးက်လာကာ တိတ္တိတ္ကေလး
ပူေဆြးေနရွာသည္။
မိဘမဲ့ေဂဟာကေန ေဖေဖေခၚေဆာင္လာေပးတဲ့
ေန႔ရက္ေတြမွစၿပီး ေဖေဖနဲ႔အတူရွိခဲ့တဲ့
အမွတ္တရတိုင္းကိုသာ ေမ့မသြားေစရန္
ျပန္ေတြးေနမိေလသည္။
ဧည့္ခန္း၏ အျပင္ဘက္နံရံနားတြင္ေတာ့
ခင္ထိပ္ထားဦးသည္ သူ႔အေဖ၏
႐ုပ္အေလာင္းကိုသာ
ငူငူငိုင္ငိုင္ႀကီး ထိုင္ၾကည့္ေနေတာ့သည္။
ပုံမွန္ဆို မိတ္ကပ္အေဖြးသားႏွင့္သာ
ေနေလ့ရွိေသာ သူ႔မ်က္ႏွာတြင္
မိတ္ကပ္တစ္စက္ေတာင္ ထင္က်န္မေနပဲ
အပူသည္႐ုပ္ေပါက္ေနေလသည္။
အေဖ့ရဲ႕မမႀကီးတို႔က ေအာ္ငိုၾကတဲ့အခါမွာေတာ့
သူ႔မ်က္လုံးေတြဟာ ခ်က္ခ်င္း
အေရာင္ေျပာင္းသြားခဲ့ၿပီး နီရဲလာကာ
မ်က္ရည္ေတြ တစ္ေပါက္ၿပီးတစ္ေပါက္
က်လာေတာ့သည္။
သူ႔ရဲ႕ငိုေႂကြးသံကေတာ့ ေမဝိုင္းေလးလို
အေဖ့ရဲ႕ေနာက္ဆုံးအခ်ိန္ကို မမွီလိုက္လို႔မဟုတ္ပဲ
အေဖအသက္ရွိစဥ္အခါမွာ
မျပဳစုေပးလိုက္ရသည့္အတြက္ ကိုယ့္ကိုကိုယ္
မေက်နပ္ျခင္းသာျဖစ္သည္။
သူ႔ရဲ႕မ်က္ရည္ေတြဟာ ေနာင္တမ်က္ရည္ေတြသာ
ျဖစ္ေလသည္။
ဂ်ပန္ကိုသြားခါနီးတုန္းက ဆံပင္အတိုအၿပီး
ဆံပင္ညႇပ္တာကို အေဖကမႀကိဳက္တဲ့အတြက္
အေဖ့ေရွ႕မွာေတာင္ ျဖတ္မေလွ်ာက္ျဖစ္ခဲ့ဘူး။
အခုဂ်ပန္မွ ျပန္ေရာက္ၿပီးေနာက္ပိုင္းတြင္လည္း
ေရာဂါေဝဒနာသည္အေဖႀကီးအနားကို
လုံး၀မကပ္ျဖစ္ပဲ ကိုယ့္အေပ်ာ္အပါးဘက္သာ
အာ႐ုံစိုက္ထားမိခဲ့တယ္။
အေဖဟာ ကိုယ့္ေၾကာင့္ဆုံးပါးသြားတာ
မဟုတ္ေပမဲ့ ေသဆုံးသြားသည့္တိုင္
သားသမီး၀တၱရားကိုနည္းနည္းေလးမွ
မေက်ပြန္မိခဲ့တဲ့အတြက္ ေနာင္တဆိုသည့္အရာက
စိတ္မလုံမလဲမႈကိုပါ ျဖစ္ေစလာတယ္။
အေဖကေတာ့ ထိပ္ထားကိုလက္ဖ်ားနဲ႔
မထိရက္ေလာက္ေအာင္ ခ်စ္ေပးခဲ့ေပမဲ့
ကိုယ့္ကေတာ့ ေမဝိုင္းေလးကို
ေမြးစားဖို႔ေခၚလာခဲ့တဲ့ေန႔ကစၿပီး ေဖေဖ့ကို
အမုန္းႀကီးမုန္းခဲ့မိတယ္။
ေဖေဖ့ဘက္က ဘယ္ေလာက္ပဲအေလွ်ာ့ေပးၿပီး
ေခ်ာ့ျမႇဴခဲ့ပါေစ အၿမဲတမ္းအလိုက္ကမ္းဆိုးမသိ
ဆိုးႏြဲ႕ခဲ့မိတယ္။
ဘယ္အရာမွာမဆို ေမဝိုင္းေလးထက္
သာလြန္ခ်င္တဲ့စိတ္ေၾကာင့္ မိဘေတြတတ္ႏိုင္သလား အကဲမခတ္ပဲ လိုခ်င္တာကို
အၿမဲရေအာင္ ႀကံစည္ခဲ့တယ္။
ျပန္ေတြးၾကည့္လိုက္တိုင္း
"ငါဟာအေဖ့အေပၚမွာ တစက္ကေလးမွ
မေကာင္းခဲ့ပါလား.."ဟုသံေဝဃရေနမိေလသည္။
"အဟင့္..အေဖရယ္သမီးေတာင္းပန္းပါတယ္ေနာ္
သမီးအေဖ့အေပၚ မသိတတ္ခဲ့ပါဘူး..
ဒီသမီးမိုက္ကို ခြင့္လႊတ္ေပးပါ.."
အေဖ့အေခါင္းရွိေသာဘက္သို႔
ထိုင္လွ်က္ကေန လွမ္း၍ကန္ေတာ့လိုက္ၿပီး
ဧည့္ခန္းထဲသို႔ ေျပး၀င္သြားမိေလသည္။
ဧည့္ခန္းထဲသို႔ ေရာက္ေသာအခါ အ၀င္အ၀နားရွိ
နံရံေဘးတြင္ ငုတ္တုတ္ေလးထိုင္ေနေသာ
ေမဝိုင္းေလးကို ေတြ႕လိုက္မိခိုက္
သူ႔ရဲ႕ ၀မ္းနည္းေနေသာမ်က္ႏွာကို
ျပန္ျပင္လိုက္မိသည္။
"နင္ကေတာ့ ေက်နပ္ေနမွာေပါ့ေနာ္
တစ္ေလွ်ာက္လုံး အေဖနဲ႔အနီးကပ္ေနခဲ့ရလို႔.."
"မမ..ဘာေတြလာေျပာေနတာလဲ
အခုအခ်ိန္မွာ အားလုံးပူေဆြးေနၾကတာပါဟာ
ေက်းဇူးျပဳၿပီး စကားႏိုင္လာလုမေနပါနဲ႔
မမနဲ႔ရန္မျဖစ္ခ်င္ဘူး..ဝိုင္းေလးကိုမျမင္ခ်င္ရင္
တစ္ျခားေနရာကို သြားလို႔ရတယ္
ဒါမွမဟုတ္ ဝိုင္းေလးတစ္ျခားေနရာကို
ေ႐ႊ႕ေပးမယ္.."
ဝိုင္းေလးမွာ အေဖ့ကိုဆုံးရႈံးလိုက္ရလို႔
စိတ္ဆင္းရဲေနရတဲ့ၾကားထဲ အစ္မကပါလာၿပီး
ရန္ေဆာင္ေန၍ ပိုစိတ္ညစ္သြားရသည္။
ပုံမွန္ဆိုရင္ ေျပရာေျပေၾကာင္းျပန္ေျပာမိမွာေပမဲ့
ယခုအခ်ိန္မွာေတာ့ ဘုနဲ႔ေဘာက္သာ
ျပန္ေျပာခ်င္ေနမိသည္။
"တစ္ျခားေနရာကို ေ႐ႊ႕မယ္ဆိုလည္းခဏေလး
မေ႐ြ႕နဲ႔ အၿပီးအပိုင္ေ႐ႊ႕သြားလိုက္..
ဒီမိသားစုနဲ႔ ေနာက္တစ္ခါလာမပတ္သတ္နဲ႔ေတာ့.."
"မမ..နင္ငါ့ကိုဘာလို႔ဒီေလာက္ေတာင္
ရန္လိုေနရတာလဲ..ဒါကအေဖ့နာေရးေနာ္..
ဒီလိုစကားေတြလာေျပာေနရမဲ့အခ်ိန္မဟုတ္ဘူး.."
"ေျပာမယ္..ဒီေန႔ဒီစကားေတြကို ငါေသခ်ာေပါက္
ေျပာရမွကိုျဖစ္မယ္..ဒီမိသားစုထဲကို
နင္ေရာက္လာတဲ့ေန႔ကစၿပီး ငါနဲ႔အေဖ့ရဲ႕
ဆက္ဆံေရးက တျဖည္းျဖည္းေဝးသြားခဲ့ရတာ..
ဒီေန႔လို ေနာင္တေတြတစ္သီႀကီးနဲ႔
အေဖ့အေပၚ တာ၀န္မေက်ခဲ့မိတဲ့အျဖစ္မ်ိဳး
ေရာက္ေအာင္လဲ နင္ပဲလုပ္ခဲ့တာ.."
"ဟာ..ဘာဆိုင္လို႔လဲ.."
"ဆိုင္တာေပါ့..ဒီမိသားစုထဲမွာ
ငါတစ္ေယာက္တည္း ရွိတဲ့အခ်ိန္တုန္းကဆိုရင္
အားလုံးရဲ႕ အခ်စ္ေတြကိုငါတစ္ေယာက္တည္းပဲ
ရခဲ့တာ..
......
ေအး..နင္ေရာက္လာတဲ့ေန႔ကစၿပီး
ငါ့ဘ၀ႀကီးက အရာရာေျပာင္းလဲသြားခဲ့ရတယ္
ငါပိုင္ဆိုင္တဲ့အရာတိုင္းကို နင္ကိုအၿမဲ
ခြဲေပးခဲ့ရတဲ့အျပင္..ပစၥည္းဥစၥာေတြတင္မကပဲ
အေဖနဲ႔အေမရဲ႕ ေမတၱာေတြနဲ႔
အားလုံးရဲ႕ဂ႐ုစိုက္မႈေတြကိုပါ
ငါ့ဆီကေန နင္လုယူသြားခဲ့တာ..
.....
နင့္ရဲ႕မာယာေတြနဲ႔
သမီးအလိမၼာေလးျဖစ္ခ်င္ေယာင္ေဆာင္ၿပီး
ခ်ဴျပ၊ျမႇဴျပတတ္ေတာ့ အလိုလိုေနရင္း
ငါကအ႐ိုင္းအစိုင္းမႀကီး ျဖစ္ခဲ့ရတာေလ..
........
နင္နဲ႔အႏႈိင္းခံရၿပီး လူခ်စ္၊လူခင္ေအာင္
မေနတတ္ဘူးဆိုတဲ့ ေခါင္းစဥ္နဲ႔ငါက
သမီးဆိုးတစ္ေယာက္ ျဖစ္ခဲ့ရတယ္..
ငါတစ္ေယာက္တည္း ပိုင္ဆိုင္ရမဲ့အရာေတြ
အားလုံးကို လုယူသြားခဲ့တဲ့နင္က
ငါ့အတြက္ေတာ့ ဂ်ိဳဆိုးမပဲ..
ဒီလိုေန႔မွာ မမထိပ္ထားကသူ႔ရဲ႕ခံစားခ်က္ေတြကို
မ်က္ရည္ေတြနဲ႔အတူ ရင္ဖြင့္လာခဲ့မယ္လို႔
မထင္ထားခဲ့မိေပ။
ဒါေပမဲ့ ဒီစကားေတြကိုသူ႔ပါးစပ္ကေန
ေျပာမထြက္ခင္တည္းက
သူ႔လုပ္ရပ္ေတြကေနတစ္ဆင့္
ဝိုင္းေလးအေပၚမွာ သူဘယ္လို
သေဘာထားလည္း သိၿပီးသားပါ။
"မမဘက္ကေနၾကည့္ေတာ့လည္း မမမွန္တယ္လို႔
ထင္ေနမွာေပါ့.. မမဝိုင္းေလးအေပၚမွာ
ဘယ္လို သေဘာထားတယ္ဆိုတာ
ဟိုးငယ္ငယ္ေလးတည္းက သိၿပီးသားပါ..
ဒါေပမဲ့ မမအေပၚမွာမေက်နပ္ေၾကာင္း
ဘယ္တုန္းကမွ မေျပာခဲ့ဖူးဘူး..
.......
မမမွားေနတာတစ္ခုေတာ့ ေျဖရွင္းခ်င္တယ္
ေဖေဖနဲ႔ေမေမက ဘယ္တုန္းကမွ
မမပိုင္ဆိုင္ခဲ့တဲ့အရာေတြ ဝိုင္းေလးကို
ခြဲေဝမေပးခဲ့ဖူးဘူး..
သူတို႔မမအေပၚမွာထားတဲ့ ေမွ်ာ္လင့္ခ်က္ေတြကို
မမဘာသာပဲ ႐ိုက္ခ်ိဳးျပစ္ခဲ့တာ..
ဝိုင္းေလးကို အျပစ္တင္ရမွာမဟုတ္ဘူး
မမကိုယ္မမအျပစ္တင္ရမွာ..
.....
ဝိုင္းေလး..ေဖေဖ့အနားမွာ ရွိခဲ့တဲ့အခ်ိန္ေတြမွာ
မမဘာလုပ္ေနခဲ့လဲ..မမေရာအဲ့ဒီ့အခြင့္အေရးမ်ိဳး
မရခဲ့လို႔လား..ဂ်ပန္ကေနျပန္လာၿပီးေနာက္ပိုင္း
မမဘာေတြ လုပ္ေနခဲ့လဲ..
မမကသမီးအရင္းျဖစ္တဲ့အတြက္
မမကိုသူတို႔ ဘယ္ေတာ့မွစြန႔္ပစ္ၾကမွာမဟုတ္ဘူး
ဝိုင္းေလးကေတာ့မတူဘူး
ဝိုင္းေလးသာလိမ္လိမ္မာမာ..မေနခဲ့ရင္
အခ်ိန္မေ႐ြး စြန႔္ပစ္ခံရမွာေလ..
အဲ့ဒါေၾကာင့္ ညီမရဲ႕တစ္ေနရာစာေလးကို
ကုတ္ကပ္ၿပီး ဖက္တြယ္ထားမိတာအျပစ္တဲ့လား.."
"ဘယ္လိုပဲျဖစ္ျဖစ္ ငါနင့္ကိုအၿမဲတမ္း
မုန္းေနမွာပဲ ေမဝိုင္းေလ.."
"မုန္းပါ..၀ိုင္းေလးကိုႀကိဳက္သေလာက္
မုန္းႏိုင္ပါတယ္ ဒါေပမဲ့ဒီမိသားစုထဲကေန
အၿပီးတိုင္ ထြက္သြားေပးပါလို႔ေတာ့
မေျပာပါနဲ႔..ဝိုင္းေလးမွာတြယ္တာစရာဆိုလို႔
ဒီမိသားစုေလးပဲ ရွိလို႔ပါ.."
စကားလုံးေတြနဲ႔တင္မဟုတ္ အတတ္ႏိုင္ဆုံး
ကိုယ့္ကိုကိုယ္ ခ်ိဳးႏွိမ္ထားေသာမ်က္၀န္း
အၾကည့္ေတြနဲ႔ပါ မမထိပ္ထားကို
ေတာင္းပန္ေနမိေပမဲ့ သူကေတာ့မူလအတိုင္း
မုန္းတီးေနတုန္းပါပဲ။
*ေအာ္..ကိုယ့္ဘက္က ဘယ္ေလာက္ပဲ
စိတ္ေစတနာေကာင္းထားပါေစ
လူေတြရဲ႕ေဝဖန္ျပစ္တင္ျခင္းကေန
ဘယ္ေတာ့မွ လြတ္ႏိုင္မွာမဟုတ္သလို
ခ်စ္ခင္ေပးတဲ့လူေတြရွိသလို မုန္းတဲ့သူေတြလည္း
ဆက္ရွိေနအုံးမွာပါပဲ..ဒီေတာ့လည္း
အေရထူစြာနဲ႔ သည္းခံလိုက္ဖို႔သာ
ရွိေတာ့တာေပါ့.*
မၾကာခင္မွာပဲ အသုဘခ်ရမည့္အခ်ိန္နီးကပ္လာ၍
အေဖ့ရဲ႕အေခါင္းေဘးနားမွာ
ထိုင္ကန္ေတာ့ လိုက္ၾကၿပီးေနာက္
ကားေတြဆီသို႔သြားရန္ အေမ့လက္ကို
တြဲေပးလိုက္သည္။
အေခါင္းကို သယ္သြားၾကၿပီဆိုေပမဲ့
အမ်ိဳးေတြကေတာ့ အေဖ့နာမည္ကိုတၿပီး
ငိုေနၾကတုန္းပါပဲ။
ကာယကံရွင္ျဖစ္တဲ့ ဝိုင္းေလးတို႔မိသားစုကေတာ့
အတတ္ႏိုင္ဆုံး စိတ္ကိုတင္းခံထားၾကေပမဲ့
ေရေဝးကို ေရာက္တဲ့အခါအေဖ့အေခါင္းကို
မီးသၿဂႋဳလ္သည့္ေနရာသို႔ ထည့္ၿပီးတံခါးပိတ္သြားခ်ိန္မွာေတာ့ "အေဖနဲ႔ငါတို႔တကယ္ႀကီး
ခြဲခြာသြားရၿပီ"ဆိုသည့္ အသိ၀င္လာခ်ိန္
စိတ္ဓာတ္ေတြပါ ထိုးက်သြားခဲ့ၿပီး
တစ္ကိုယ္လုံး အားအင္ေတြယုတ္ေလ်ာ့ကုန္ကာ
ၫႊတ္ေခြက်သြားေလေတာ့သည္။
"ဟယ္..ဝိုင္းေလး..ဝိုင္းေလးသတိလစ္သြားၿပီ..
လုပ္ၾကပါအုံး.."
ေမဝိုင္းေလး၏သူငယ္ခ်င္းျဖစ္သူ
၀တ္ရည္သည္ သတိလစ္ကာေမ့ေမ်ာသြားေသာ
ေမဝိုင္းေလးကို ဖက္ေပးထားလွ်က္
ထေအာ္လိုက္ေတာ့ လူေတြလည္းထိုေနရာသို႔
ဝိုင္းအုံလာၾကေလသည္။
အသုဘလိုက္ပို႔ေပးၾကေသာ ေဒၚရတနာႏွင့္
အိမ္ခ်စ္မႉးေဝတို႔ကေတာ့ ေမဝိုင္းေလး၏
ျဖစ္အင္ကိုၾကည့္ၿပီး စိုးရိမ္သြားမိၾကသလို
တစ္ၿပိဳင္တည္းမွာ စိတ္မေကာင္းလည္း
ျဖစ္မိၾကေလသည္။
တကယ့္အေရးႀကီးေသာအခ်ိန္မွာမွ
ခရီးထြက္သြားေသာ မင္းစက္အာဏာကို
သတိရမိၾကေတာ့ ခမည္းခမက္ခ်င္း
မ်က္ႏွာေတာင္ မျပရဲေလာက္ေအာင္
အားနာေနမိၾကေလသည္။
========================
========================
အသုဘၿပီးသည္ႏွင့္ ေဒၚရတနာလည္း
အေမ့ကို စိတ္ပူ၍အိမ္သို႔ခဏျပန္လာလိုက္သည္။
သံေဝဃေတြလည္း တစ္သီႀကီးရမိသလို
အလုပ္ေတြဘက္ကို ဦးလွည့္တာေလွ်ာ့ၿပီး
မိခင္ျဖစ္သူကို အနီးကပ္ဂ႐ုစိုက္ေပးရမည္ဟု
အေတြး၀င္လာမိသည္။
ထို႔ေၾကာင့္ မႉးကိုအသုဘအိမ္မွာ
ေမဝိုင္းေလးအား အေဖာ္ျပဳေပးေစကာ
ကိုယ္ကေတာ့ အိမ္မွာက်န္ခဲ့သည့္
အေမ့ဆီသို႔ ျပန္လစ္လာခဲ့လိုက္သည္။
အေမ့အိပ္ခန္းထဲသို႔ ၀င္လိုက္ေတာ့
ကုတင္ေပၚမွာ ေအးေဆးတရားစာထိုင္ဖတ္ေနသည့္
စိတ္ေအးလက္ေအးျဖစ္ေနပုံကို
ေတြ႕လိုက္ရေလသည္။
"အေမ..ေန႔လည္ေန႔ခင္းမအိပ္ဘူးလား.."
"အိပ္ၿပီးပါၿပီေတာ္..ခဏပဲအိပ္လို႔ရၿပီး
စိတ္မၾကည္တာနဲ႔ တရားစာထိုင္ဖတ္ေနတာ.."
"ပုံမွန္ဆို စိတ္မၾကည္ရင္ကိုရီးယားကား
ၾကည့္တာမဟုတ္ဘူးလား..ဒီေန႔မွအထူးအဆန္း.."
"အင္း..ဝိုင္းေလးရဲ႕အေဖသတင္းၾကားၿပီးတည္းက
ရင္ထဲမွာ မေကာင္းဘူးျဖစ္ေနတာေလ..
ေသခ်ာေတြးၾကည့္ရင္ၿဖိဳးကနဲျဖတ္ကနဲဆိုေတာ့
ငါလည္း တရားေလးဘာေလးဘက္ကို
အာ႐ုံျပန္ဆိုက္တဲ့သေဘာပါ..
အင္း..ေမာင္ထြန္း၀င္းကငါ့ကို
သတိေပးလိုက္သလိုပါပဲ.."
"အဲ့ဒါအသာထားအုံး..အခုအေမ့ေျမးကို
ဆက္သြယ္ေပးဖို႔လုပ္အုံး..အေမက
KGရဲ႕ စိမံကမန္ေနဂ်ာနဲ႔ ရင္းႏွီးတယ္မဟုတ္လား.."
"ကိုစက္ကို ဆက္သြယ္ခ်င္တာမ်ား
သူ႔ဖုန္းကိုဆက္လိုက္ပါလား.."
"ဟာ..အေမကလည္းထိုင္းကိုသြားပါတယ္ဆို
ထိုင္းဆင္းကဒ္ေျပာင္းလိုက္ၿပီေနမွာေပါ့..
အဲ့ဒါေၾကာင့္ သမီးဆက္ၾကည့္တာမရဘူး
ျဖစ္ေနတယ္.."
"အဲ့ဒါဆို..မႉးကိုဆက္သြယ္ခိုင္းၾကည့္ပါလား
သူတို႔ေမာင္ႏွမေတြကေတာ့
တစ္နည္းမဟုတ္တစ္နည္း ဆက္သြယ္လို႔ရမွာေပါ့.."
"ေမးၿပီးၿပီ..မႉးေျပာတာကေတာ့..
ကိုစက္က ေဖ့ဘြတ္မေျပာနဲ႔အင္စတာဂရမ္ဆိုလား
အဲ့ဒါေတာင္ မသုံးဘူးတဲ့..ၿပီးေတာ့
ကိုစက္ရဲ႕အီးေမးလ္ကို စာပို႔ရေအာင္လည္း
အီးေမးလ္နံပါတ္ကို မႉးကမသိဘူးတဲ့ေလ..
ဒါေပမဲ့ မႉးကဘန္ေကာက္မွာရွိတဲ့
KGေဖ်ာ္ေျဖေရး ကုမၸဏီကိုလမ္းဆက္ၾကည့္ၿပီး
အေၾကာင္းၾကားခိုင္းလိုက္တယ္.."
"အဲ့ေတာ့ ဘာထူးလဲ..."
ေဒၚႏုယဥ္က ေမွ်ာ္လင့္တႀကီးေမးလိုက္ေပမဲ့
သမီးျဖစ္သူကေတာ့ စိတ္ညစ္ညဴးစြာျဖင့္
ေခါင္းခါလိုက္ေလေတာ့သည္။
"ဘန္ေကာက္ကေန အေၾကာင္းျပန္တာကေတာ့
ကိုစက္ကခ်င္းမိုင္ဘက္ထြက္သြားလို႔
သူတို႔ဘယ္လိုမွ ေျပာေပးလို႔မရပါဘူးတဲ့
ကိုစက္ရဲ႕ ယခုလက္ရွိထိုင္းနံပါတ္ကိုလည္း
သူတို႔မသိဘူးတဲ့
အဲ့ဒါထက္ဆိုးတာက
ဟိုတယ္လ္ပေရာဂ်က္အသစ္အတြက္
ကိုစက္က ပင္လယ္ဘက္ကိုထြက္သြားၿပီတဲ့ေလ
ကြၽန္းတစ္ခုကိုသြားတာေတာ့သိေပမဲ့
ဘယ္ေနရာလည္း အတိအက်မသိပါဘူးတဲ့.."
"ဟယ္..၀န္ထမ္းေတြကလည္းညံ့လိုက္တာ
ကိုယ့္ကုမၸဏီကစီအီးအိုတစ္ေယာက္လုံး
ဘယ္ေနရာကိုသြားလဲေတာင္ အတိအက်
မေျပာႏိုင္ၾကဘူး.."
"ေအာ္..အေမကလဲ..မႉးဆက္ေပးတာက
ေဖ်ာ္ေျဖေရးကုမၸဏီေလ..နယ္ပယ္ခ်င္းက
တစ္ျခားစီဥစၥာ ဟိုတယ္ပေရာဂ်က္ကိစၥကို
သူတို႔ကဘယ္လိုလုပ္ၿပီး သိၾကပါ့မလဲ.."
"အဲ့ဒါလည္းဟုတ္တာပဲ ေနအုံး..
မန္ေနဂ်ာ ေမာင္သန႔္ဇင္ကို
ဖုန္းဆက္ၾကည့္လိုက္မယ္...."
အေမျဖစ္သူက ခ်က္ခ်င္းပဲသူ႔ဖုန္းကိုယူကာ
မန္ေနဂ်ာကို ဆက္ၾကည့္ေန၍ေဒၚရတနာလည္း
ဆက္လို႔ရပါေစဟုအႀကိမ္ႀကိမ္
ဆုေတာင္းေနမိသည္။
မင္းစက္သာျပန္လာရင္ ပထမဆုံးလုပ္ခ်င္တာက
ေႏွာင္က်င္ေအာင္ကို ထုေထာင္းပစ္ခ်င္တာ။
ဘယ့္ႏွယ္..ခရီးထြက္သြားတယ္ဆိုေပမဲ့လည္း
အိမ္မွာ သူ႔မိန္းမတစ္ေယာက္လုံး
က်န္ေနခဲ့တာေလ။နည္းနည္းပါးပါးေတာ့
ဆက္သြယ္သင့္တာေပါ့။
မဟုတ္ရင္လည္း သူ႔ကိုဆက္သြယ္လို႔ရမဲ့
ဖုန္းနံပါတ္ေတြဘာေတြ ေပးထားသင့္တာေပါ့။
တစ္ခုခုအေရးႀကဳံလာတဲ့အခါ
ဘယ္လို သိႏိုင္ပါေတာ့မလဲ။
တစ္ခုခုလုပ္ရင္ ေနာက္ေၾကာင္းကို
လွည့္မၾကည့္တတ္တဲ့ အက်င့္ႀကီးက
ေတာ္ေတာ္ကို ဆိုးလြန္းတယ္။
ကိုယ္ကလူပ်ိဳလူလြတ္လည္း မဟုတ္ေတာ့ဘူး။
ဒါေၾကာင့္မို႔ ဒင္းကိုကေလးရေစခ်င္တာ။
ကေလးေတြနဲ႔ဆိုရင္ ဒီလိုေအးစက္စက္ႀကီး
ျဖစ္ေတာ့မွာ မဟုတ္ေလာက္ဘူး..။
*ဟူး..ခုေတာ့ဒင္းကခရီးခဏခဏ ထြက္ေနတာနဲ႔ပဲ
ေျမးရတနာက ဘယ္ေခ်ာင္ကပ္ေနၿပီလဲ
မသိဘူး..*
"ရတနာေရ..ေမာင္သန႔္ဇင္ကိုဖုန္းေခၚၾကည့္ေပမဲ့
စက္ပိတ္ထားတယ္.."
"ဟင္း..စိတ္ညစ္ပါတယ္အေမရယ္..
သားတစ္ေယာက္ေမြးထားပါတယ္
က်ားတစ္ေထာင္ထိန္းရတာထက္ ပိုဆိုးေနၿပီ
အခုဝိုင္းေလးက အေဖေသလို႔စိတ္ထိခိုက္ေနတယ္
ဒီလိုအခ်ိန္ ဝိုင္းေလးရဲ႕ေဘးမွာ
သူရွိေနသင့္တာေပါ့..ေကာင္မေလးက
စိတ္ထိခိုက္ၿပီး မူးေတာင္လဲတယ္
သနားပါတယ္အေမရယ္.."
"ေအးဟယ္..ကိုစက္ကတစ္လေနမွ
ျပန္လာမွာဆိုေတာ့ ဝိုင္းေလးကသူ႔ကို
စိတ္ဆိုးေနေတာ့မွာပဲ.."
"အေသအခ်ာပဲ..အနည္းဆုံးေတာ့
လူျပန္မလာႏိုင္ေတာင္ ဖုန္းေလးေတာ့
လွမ္းဆက္သင့္တာေပါ့..အေမ့ေျမးကိုက
ေနႏိုင္လြန္းတယ္.."
"ဟဲ့..အဲ့ဒါနင့္သားေလ..နင္ေမြးထားတာ.."
"အေမကလဲ အေရးထဲ
စကားႏိုင္လာလုေနေသးတယ္...
ေသခ်ာျပန္ေတြးၾကည့္ေတာ့ သားေလးအခုလို
တစ္ကိုယ္ေကာင္းဆန္ၿပီး ေသြးေအးတဲ့
သတၱဝါေလးလိုပုံစံျဖစ္ေနတာရဲ႕ အဓိကတရားခံကသူရမင္းေခါင္ေၾကာင့္ပဲ..သူ႔ေၾကာင့္
ကြၽန္မသားက အခုလိုပုံစံျဖစ္သြားခဲ့တာ
သမီးသူ႔ကို သိပ္မုန္းတာပဲ.."
"အသက္ေတြလည္း ႀကီးပါၿပီေအ
အာဃာတေတြလည္း ထားမေနပါနဲ႔ေတာ့.."
အေမကႏွစ္သိမ့္ေပးေနေပမဲ့ ရတနာ့ရင္ထဲမွာေတာ့
သူရမင္းေခါင္ရဲ႕ ရက္စက္မႈေတြကို
လုံး၀ေမ့မျပစ္လိုက္ႏိုင္ဘူး။
မင္းစက္က ေသြးေအးတဲ့သတၱဝါေလးဆိုရင္
သူရမင္းေခါင္းဆိုတာ မိစာၦဆိုးႀကီးတစ္ေကာင္ပဲ။
သူ႔တစ္ကိုယ္ထဲအတြက္ကလြဲၿပီး
သူမ်ားအတြက္ ဘယ္ေသာအခါမွေတြးမေပး
တတ္ခဲ့ဘူး။
အဲ့လိုလူမ်ိဳးနဲ႔ လမ္းခြဲလိုက္မိတာ
သိပ္ကိုမွန္ကန္တဲ့ လုပ္ရပ္တစ္ခုဆိုတာ
က်ိန္းေသတာေပါ့။
မဟုတ္ရင္ ရွင္လွ်က္နဲ႔ငရဲခံေနရတာ ၾကာၿပီ။
ခက္တာက သားငယ္ကိုသူေခၚသြားတဲ့အတြက္
ကိုယ္ခံရမဲ့ငရဲကို သားငယ္ေလးကိုကိုယ္စား
၀င္ခံခိုင္းလိုက္သလို ျဖစ္ခဲ့တယ္နဲ႔တူပါတယ္။
*အေမေတာင္းပန္ပါတယ္သားရယ္..
သားအေပၚမွာ တင္ေနတဲ့အေႂကြးေတြကို
အေမျပန္ဆပ္ပါ့မယ္..ေမဝိုင္းေလးက
ဒုတိယရတနာထိုက္ မျဖစ္လာေစရဘူး
ငါ့သားေလးကလည္း သူရမင္းေခါင္လို
မိစာၦႀကီး မျဖစ္လာေစရပါဘူး..
အေမအစြမ္းကုန္ႀကိဳးစားၿပီးကာကြယ္ေပးမယ္...*
========================
========================
"၀င္းေရ..အားလုံးရယ္ဒီျဖစ္ၿပီလား.."
"ျဖစ္ၿပီေလ..စ႐ိုက္ၾကတာေပါ့..ဒါနဲ႔မမႉးက
ဒီေန႔ဘာျဖစ္လို႔ ေရာက္မလာရတာလဲ
သူတစ္ခုခုျဖစ္ေနလို႔မ်ားလား.."
မမႉးနဲ႔အတူ ႐ိုက္ကူးေရးလုပ္ရမည့္ေန႔မွာ
မမႉးက အေရးႀကီးကိစၥတစ္ခုရွိ၍
မလာႏိုင္ေတာ့ဘူးဟု သူ႔အဖြဲ႕ကေနတစ္ဆင့္
ဆက္သြယ္လာခဲ့ေလသည္။
ပုံမွန္ဆိုရင္ ၀င္းသည္အျခားသူေတြနဲ႔အတူ
ပူးတြဲဆိုရတာကို သိပ္မလုပ္ျဖစ္ေပမဲ့
မမႉးနဲ႔က အရမ္းခင္တဲ့လူခ်င္းမို႔
လက္ခံေပးလိုက္ျခင္းျဖစ္သည္။
ဒီသီခ်င္းဗီဒီယိုကို ျမန္ျမန္ေလး
အဆုံးသတ္ခ်င္ေနၿပီမို႔ ေနာက္တစ္ခါေတာ့ထပ္ၿပီး
မမႉးကို မပ်က္ကြက္ဖို႔ေတာင္းဆိုရေပမည္။
"မဇင္ ခဏေလးေနာ္..ကြၽန္ေတာ္မမႉးကို
ဆက္သြယ္ၾကည့္လိုက္အုံးမယ္.."
"ေအးဆက္ၾကည့္လိုက္ေလ..အေၾကာင္းအရင္း
အျပည့္အစုံသိရတာေပါ့..သူ႔စတူဒီယိုက၀န္ထမ္း
ေျပာတာေတာ့ လူမႈေရးကိစၥရွိလို႔တဲ့.."
၀င္းလည္း လူရွင္းသည့္ေနရာသို႔
ေလွ်ာက္သြားလိုက္ၿပီး မမႉးကိုဖုန္းေခၚၾကည့္လိုက္သည္။
ခ်က္ခ်င္းမကိုင္ေပမဲ့ ခဏအၾကာမွာေတာ့
တစ္ဖက္မွ ဖုန္းကိုင္လာၿပီး "ဟယ္လို"ဆိုသည့္
အသံကိုၾကားလိုက္ရေလသည္။
"ဟယ္လိုမမႉး ေနေကာင္းရဲ႕လား
ဒီေန႔႐ိုက္ကြင္းကို မလာဘူးဆိုေတာ့
တစ္ခုခုမ်ား ျဖစ္လို႔လား.."
"အစ္မကေတာ့ အားလုံးေကာင္းပါတယ္၀င္းရယ္
ဒါေပမဲ့ ဝိုင္းေလးရဲ႕အေဖဆုံးတာဆိုေတာ့
မသြားလို႔မေကာင္းဘူးေလ..ဝိုင္းေလးကလည္း
အရမ္းစိတ္ထိခိုက္ေနတာဆိုေတာ့
သူ႔ေဘးမွာ အေဖာ္ျပဳေပးေနတဲ့သေဘာပါ.."
"ဗ်ာ..ဝိုင္းေလးဆိုတာ..ေမဝိုင္းေလးကို
ေျပာတာလား.."
"ဟုတ္တယ္ေလ၀င္းရဲ႕..မင္းစက္ရဲ႕မိန္းမေလ
ဟိုတေလာကတင္ ၀င္းနဲ႔သူ႔ကို
မိတ္ဆက္ေပးျဖစ္ေသးတယ္ေလ..မွတ္မိလား.."
"ဟုတ္ကဲ့ ကြၽန္ေတာ္မွတ္မိပါတယ္.."
ဘယ္လိုလုပ္ၿပီး ေမ့လို႔ရႏိုင္ပါ့မလဲ။
ဝိုင္းဝိုင္းက ကြၽန္ေတာ္သိပ္ခ်စ္ရတဲ့
တစ္ဦးတည္းေသာ အမ်ိဳးသမီးေလးပဲေလ။
အခုသူ႔အေဖဆုံးၿပီဆိုေတာ့
ဝိုင္းဝိုင္းဘယ္ေလာက္ေတာင္ ခံစားေနရမလဲ။
ငိုေနေလာက္မွာေသခ်ာတယ္။
ဟိုအရင္က သူ႔ကိုေပးတဲ့ပန္းခ်ီကားေလးကို
သူ႔အစ္မျဖစ္သူ ဖ်က္ဆီးလိုက္လို႔ဆိုၿပီး
အငိုတလိုင္းနဲ႔ ကိုယ့္ကိုတိုင္တန္းခဲ့တာ
မွတ္မိပါေသးတယ္။
ပန္းခ်ီကားခ်ပ္ေလးတစ္ခုကို ဆုံးရႈံးလိုက္ရ႐ုံနဲ႔
ရႈိက္ႀကီးတငင္ ငိုခဲ့တဲ့ေကာင္မေလးဟာ
အေဖတစ္ေယာက္လုံး ဆုံးရႈံးလိုက္ရေတာ့
ဘယ္ေလာက္မ်ား ရင္ကြဲနာက်ေနလိုက္မလဲ။
"မမႉး..အခုေမဝိုင္းေလးေရာ အဆင္ေျပရဲ႕လား..
ဟိုေလ..သူ႔အေဖဆုံးသြားတာဆိုေတာ့
အရမ္း၀မ္းနည္းေနမွာပဲေနာ္.."
"အမယ္ေလး..ဘယ္ကသာအဆင္ေျပရမွာလဲ
ငိုရင္းေမ့လဲလို႔အိမ္ကိုမနည္းျပန္ေခၚလာၿပီး
ဆရာ၀န္ေတာင္ ျပထားရတယ္..
မမႉးေလသူ႔ကိုၾကည့္ၿပီး သနားလြန္းလို႔
အခုထိ ဒီအိမ္မွာပဲေနေနမိတာ
ကိုယ့္အိမ္ေတာင္ မျပန္ရေသးဘူး.."
မမႉးကေတာ့ သာမာန္ေလသံႏွင့္ေျပာေနေပမဲ့
ဝိုင္းေလးတစ္ေယာက္ စိတ္ထိခိုက္လြန္းၿပီး
မႉးလဲသြားတယ္ဆိုတာကို ၾကားလိုက္ရေတာ့
ရင္ထိတ္သြားမိေလသည္။
ျဖစ္ႏိုင္ရင္ အခုခ်က္ခ်င္းဝိုင္းေလးဆီကို
ေျပးသြားလိုက္ခ်င္မိတယ္။
ဝိုင္းဝိုင္းကို ေပြ႕ဖက္ေပးၿပီးႏွစ္သိမ့္ေပးခ်င္သည္။
*ဒါေပမဲ့ မျဖစ္ႏိုင္ေတာ့ပါဘူးေလ..*
ကိုယ္ခ်စ္ရတဲ့လူအတြက္ ဘာမွလုပ္မေပးႏိုင္တဲ့
ဘ၀ႀကီးမွာ ကိုယ့္ကိုကိုယ္ေတာင္
အသက္ရွင္သန္ေနရတာ အဓိပၸာယ္ရွိေသးရဲ႕လားလို႔
ျပန္ေမးေနမိတယ္။
"မမႉး..မင္းစက္လည္း သူ႔မိန္းမကို
အေဖာ္ျပဳေပးေနတယ္ မဟုတ္လား.."
"အဲ့ေကာင္အေၾကာင္းကိုေတာ့ ေျပာမေနပါနဲ႔ဟယ္
ေတြးမိတိုင္း ေဒါသထြက္ရလို႔.."
ဝိုင္းေလးရဲ႕ေဘးနားမွာ ကိုယ္ရွိေနမေပးႏိုင္ေပမဲ့
မင္းစက္ရွိေနတယ္ဆိုေသာ အသိနဲ႔တင္
လုံေလာက္ၿပီဟု ေတြးကာေမးလိုက္ေပမဲ့
တစ္ဖက္မွ မမႉးသည္ေဒါသတႀကီး
ျပန္တုန႔္ျပန္လာလိမ့္မည္ဟု မထင္မိခဲ့ေပ။
"ဘာျဖစ္လို႔ ေဒါသထြက္ေနရတာလဲမမႉးရဲ႕.."
"ဘာျဖစ္ရမွာလဲဟယ္..သူကအခု..ထိုင္းကို
ခရီးထြက္သြားၿပီေလ..ဒီမွာဝိုင္းေလးက
အရမ္းစိတ္ထိခိုက္ေနတဲ့အခ်ိန္မွာ
ဖုန္းေလးတစ္ခြန္းေတာင္ ဆက္ေဖာ္မရဘူး..
သုံးရက္ေတာင္ ရွိသြားၿပီဟယ္..သူ႔မိန္းမဆီကို
မဆက္တာထားအုံး အိမ္ကိုေတာင္
ဖုန္းတစ္ခါမေခၚဘူး..အိမ္ေထာင္က်သြားလည္း
အက်င့္ေတြကေတာ့ အရင္အတိုင္းပါပဲ.."
"ေနပါအုံး..သူကဘယ္ေလာက္ၾကာမွာလဲ.."
"တစ္လတဲ့ဟယ္..ငါ့အထင္ေတာ့ဟိုမွာ
တစ္လလုံးေနၿပီးမွျပန္လာရင္ေတာ့
သူ႔မိန္းမနဲ႔ ျပႆနာတတ္မွာေသခ်ာတယ္
ဝိုင္းေလးေနရာမွာသာငါဆိုရင္ ဒင္းကို
ကြာရွင္းလိုက္တာၾကာၿပီ.."
"မၾကာခင္ေတာ့ ဆက္သြယ္လာမွာေပါ့
မမႉးရယ္.."
"မထင္ပါဘူးဟယ္..မဂၤလာေဆာင္ၿပီးၿပီးခ်င္း
ဘန္ေကာက္ကို ႏွစ္လတိတိ
ထြက္သြားတုန္းကေတာင္ မိန္းမကိုဖုန္းတစ္ေကာ
မဆက္တဲ့ဥစၥာ..အရမ္းကိုေသြးေအးတဲ့
ေကာင္ပါဟယ္..နင့္သူငယ္ခ်င္းရဲ႕
အိမ္ေထာင္ေရးက ဒီပုံအတိုင္းဆို
ၾကာၾကာခံမယ္မထင္ဘူး..ငါေတာ့ဝိုင္းေလးကိုပဲ
သနားတယ္..အရမ္းအေနေအးၿပီး
ရည္မြန္တဲ့ကေလးျဖစ္ပါလွ်က္နဲ႔
မင္းစက္လို သတၱဝါမ်ိဳးနဲ႔ လာဆုံရတာ
သူသိပ္ကံဆိုးတာပဲ..
ဒါနဲ႔မင္းစက္ရဲ႕အီးေမးလ္ကို ၀င္းသိလားဟင္"
"ကြၽန္ေတာ္လည္း မသိဘူးမမႉးရဲ႕"
"ေအးပါဟယ္..မင္းစက္အာဏာဆိုတဲ့
ေကာင္ကေလ..အရမ္းေသြးေအးတာပဲဟယ္
တစ္ေနရာကိုသြားရင္ သူ႔ကိုဆက္သြယ္ဖို႔
စုံစမ္းရတာလဲ ၾကက္ဥအစေပ်ာက္ေနသလိုပဲ
သူေသတာေတာင္ ငါတို႔သိပါ့မလားမသိဘူး.."
"၀င္းေရ..ဒါ႐ိုက္တာက ႐ိုက္ကူးေရးစမယ္တဲ့.."
မမႉးႏွင့္ ဖုန္းေျပာေနတုန္း မဇင္ကလာေခၚေန၍
စကားစကိုျဖတ္ၿပီး ဖုန္းခ်လိုက္ရသည္။
႐ိုက္ကူးေရးလုပ္ရမည့္ေနရာသို႔
သြားေနစဥ္အတြင္း ကိုယ့္ရဲ႕အီးေမးလ္ထဲကို
၀င္စစ္ၾကည့္လိုက္ေတာ့ လြန္ခဲ့ေသာ
သုံးလခန႔္က မင္းစက္ႏွင့္စကားေျပာထားသည့္
စာေတြကို သြားေတြ႕ေလသည္။
ဒီအေကာင့္ဟာ မင္းစက္ရဲ႕
အီးေမးလ္အေကာင့္ပါပဲ။
ဆိုရွယ္မီဒီယာကို မလိုအပ္ပဲမသုံးတတ္တဲ့
မင္းစက္ကို ဆက္သြယ္ခ်င္ပါက
အီးေမးလ္နဲ႔ စာပို႔မွသာသူ႔ဘက္က
စာျပန္လာလိမ့္မည္။
တစ္ခါတစ္ေလ ဖုန္းေခၚရင္ေတာင္
ကိုင္ခ်င္မွကိုင္တာ။
စာပို႔ရန္ စာလုံးအနည္းငယ္႐ိုက္မလို႔
ျပင္လိုက္မိေပမဲ့သူ႔လက္ေတြဟာ
အလိုအေလွ်ာက္ရပ္တန႔္သြားခဲ့တယ္။
ေမဝိုင္းေလးရဲ႕သတင္းကို အစကေတာ့ေျပာျပဖို႔
စဥ္းစားခဲ့မိေပမဲ့ ယခုေတာ့လုံး၀ၾကားမ၀င္ဖို႔
သူဆုံးျဖတ္လိုက္သည္။
ဒီတစ္လအတြင္းမွာ ဝိုင္းဝိုင္းကိုလုံး၀
ဆက္သြယ္မလာဘူးဆိုရင္ မင္းစက္က
ဝိုင္းဝိုင္းကို တကယ္မခ်စ္လို႔ပဲေပါ့။
ကိုယ္သာဆိုရင္ ဘယ္ေလာက္ပဲ
အလုပ္မ်ားေနပါေစ ကိုယ္ခ်စ္ရတဲ့မိန္းကေလးကို
တစ္လတိတိ အဆက္အသြယ္ျဖတ္ထားရက္မွာ
မဟုတ္ဘူး။
ေနႏိုင္တယ္ဆိုရင္ေတာ့ သူ႔ဘက္က
စစ္မွန္မႈ မရွိလို႔ပဲေပါ့။
အခန္း(၄၁)ဆက္ရန္
စာေရးသူ..ေဆာင္းေငြ႕ေဝ
========================
မင္းစက္ျပန္လာတဲ့အခါ
ဘာေတြဆက္ျဖစ္မလဲ????
========================
========================
မေဝိုင်းရယ်
ReplyDelete😡
ReplyDeleteနှလုံးသားရှီပြီးအကြင်နာတရားမရှိတဲ့သူကြီး။ဝဋ်လည်ပါစေတော်
ReplyDelete