အခန်း၄၁ 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

အခန်း၄၁

💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ဝိုင်းလေးနိုးလာတဲ့အခါ ပတ်၀န်းကျင်တစ်ခုလုံးက

ဆူညံမနေတော့ပဲ တိတ်ဆိတ်မှုအတိ

ဖြစ်နေလေသည်။

အခန်းထဲကို လှည့်ပတ်ကြည့်လိုက်တော့

ဝိုင်းလေး အရင်ကနေခဲ့တဲ့အခန်းလေးပါပဲ။


ဝိုင်းလေးနောက်ဆုံးမှတ်မိလိုက်တာက

ရေဝေးမှာ လူတွေတိုးကြိတ်နေပြီး

ငိုသံတွေနဲ့ ဖုံးလွှမ်းနေတဲ့ မြင်ကွင်းကြီး‌ပေါ့။

အခုဘယ်သူတွေကများ အိမ်ကို

ပြန်ခေါ်လာတာပါလိမ့်။


"ဝိုင်းလေ..နင်သတိရလာပြီလား.."


တံခါးဖွင့်ပြီး ၀င်လာသူကိုကြည့်လိုက်တော့

သူငယ်ချင်း၀တ်ရည်ဖြစ်နေသည်။


၀တ်ရည်ကတော့ မျက်နှာလေးဖြူဖျော့နေပြီး

စက္ကူဖြူလေးလိုဖြစ်နေသည့်

မေဝိုင်းလေးကိုသာ သနားစိတ်နှင့်ကြည့်နေမိသည်။


မေဝိုင်းလေးက အဖြူရောင်ရှပ်အိင်္ကျီနှင့်

အမဲရောင် ထဘီလေးကို၀တ်ဆင်ထားပြီး

ဆံပင်တွေက ဖွာလန်ကျဲနေကာ တကယ်ကို

အပူရုပ်လေးဖြစ်၍နေသည်။


သနပ်ခါးတောင် လိမ်းထားခြင်းမရှိတဲ့

မျက်နှာလေးက ပြောင်၀င်းနေပြီးဖွေးစွတ်နေကာ

ငိုထား၍ မျက်လုံးဒေါင့်လေးများက 

နီရဲနေလေသည်။


"ဝိုင်းလေး..ထိန်ပင်မှာနင်မေ့လဲသွားတာလေ..

ဆရာ၀န်ကတောင် ဆေးလာထိုးပေးသွားသေးတယ်

နင်အားအရမ်းနည်းနေတယ်တဲ့..

အားရှိအောင် တစ်ခုခုစားလိုက်ပါလား

ငါသွားယူပေးမယ်လေ.."


"ထားလိုက်ပါဟာ..ငါစားချင်စိတ်မရှိသေးပါဘူး.."


ဖွာလန်ကျဲနေသော ဆံပင်လေးတွေကို

သပ်သပ်ရက်ရက်ဖြစ်သွားအောင်

ခေါင်းစည်းကြိုးကို ဖြည်ချကာလက်နှင့်သပ်ချ

နေမိသည်။အခုချိန်မှာ အစာစားဖို့မပြောနဲ့

လှုပ်တောင် မလှုပ်ချင်တော့ဘူး။


"ဒါနဲ့လေ..နင့်ယောက်ျားကိုလည်းမတွေ့မိဘူးနော်"


"သူခရီးထွက်နေတယ်.."


"နင်တို့အဆင်ရော ပြေကြရဲ့လား"


၀တ်ရည်ဆိုတာ ဝိုင်းလေးရဲ့

ငယ်ပေါင်းသူငယ်ချင်းမို့

၀မ်းသာစရာဖြစ်ဖြစ်၊၀မ်းနည်းစရာဖြစ်ဖြစ်

ဝိုင်းလေးရဲ့ အကြောင်းမှန်သမျှ

သူနှင့်အမြဲ တိုင်ပင်ဖြစ်ခဲ့သည်။


ဝိုင်းလေးရဲ့ အိမ်ထောင်ရေးကိစ္စနဲ့ပတ်သတ်ပြီး

မေမေတို့ကိုတော့ ကောင်းတာတွေချည်းပဲ

သိစေခဲ့ပေမဲ့ ၀တ်ရည်ကတော့ဝိုင်းလေးရဲ့

ခံစားချက်တွေအားလုံးကို သိတဲ့

တစ်ဦးတည်းသောသူပါပဲ။

ဒါကြောင့် ဝိုင်းလေးရဲ့ကိစ္စနဲ့ပတ်သတ်ပြီး 

ပြောပြပြီး တိုင်ပင်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။


"၀တ်ရည်..သူငါ့ကိုအထင်လွဲပြီးကွာရှင်းဖို့

ပြောလာတယ်.."


"ဘာ..ကွာရှင်းမယ်ဟုတ်လား..

ဘယ်လို‌တွေဖြစ်ရတာတုန်း..

သူ့မှာနောက်တစ်ယောက်များရှိနေလို့လား..

အဲ့လိုမျိုးဆိုရင်တော့ လုံး၀ခွင့်မလွှတ်နဲ့နော်.."


၀တ်ရည်ကလည်း ကိုယ့်သူငယ်ချင်းဘက်ကနေ

မခံနိုင်တွေဖြစ်ပြီး ချက်ချင်းကို

ဒေါသထွက်လာလေသည်။


"သူ့မှာနောက်တစ်ယောက်ရှိနေလို့တော့မဟုတ်ဘူး

သူကငါ့ကို တစ်ခြားတစ်ယောက်နဲ့အထင်လွဲပြီး

ကွာရှင်းဖို့ တောင်းဆိုလာတာ.."


"ဘာပြောတယ် 

သူကပဲ နင့်ကိုအထင်လွဲရတယ်ရှိသေး..

နင်ဘယ်လောက်အေးလဲ ငါအသိဆုံးပဲဥစ္စာ

နင်ကအခုမှ နှစ်ဆယ့်သုံးနှစ်ပဲရှိသေးတာလေ

ရည်းစားတောင်တစ်ခါမှ မထားဖူးပဲ

ယောက်ျားတန်းယူလိုက်ရတာကို

သူက ဘယ်လိုတောင်အမြင်မှားနေရတာလဲ

အဲ့လူဘယ်မှာလဲ အခုချက်ချင်းသွားရှာပြီး

အသိတရားရသွားအောင် 

ပါးကိုဆယ်ချက်လောက် သွားချပေးမယ်.."


ဒေါသတကြီးနဲ့ အရမ်းတက်ကြွနေသော

၀တ်ရည်ကြောင့် ဝိုင်းလေး၏အပြုံးလေးက

ပြန်၍ အသက်၀င်လာခဲ့လေသည်။

ဝိုင်းလေးလည်း မင်းစက်အာဏာကို

တကယ်ချပစ်ချင်နေတာပါ။

*မလုပ်ရဲလို့သာ..*


"သူကအခု ထိုင်းကိုရောက်နေတယ်

တစ်လလောက်ကြာမယ်တဲ့ ဒီတစ်လအတွင်းမှာ

သူနဲ့ကွာရှင်းပြီးရင် ငါ့ဘက်ကနစ်နာကြေးအဖြစ်

လိုချင်တာတွေကို စဉ်းစားထားပါတဲ့လေ..

သူပြန်လာတာနဲ့ ကွာရှင်းမယ်တဲ့.."


"ဟင်း..ဒီလောက်တောင်သူ့ဘက်က

အသည်းအသန်ကွာရှင်းချင်ရအောင် 

သူကဘယ်လိုအထင်လွဲသွားတာမို့လို့လဲ.."


"အဖြစ်အပျက်ကတော့ ဒီလိုဟ.."


ဝိုင်းလေးလည်း ကိုဦးနဲ့ပြန်တွေ့တဲ့အချိန်ကနေစပြီး

ကိုမင်းစက်၏ရုံးခန်းထဲမှာ 

ပြဿနာဖြစ်တာတွေအပြင် ပါတီပွဲမှာ

ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုပါ တစ်ခုမကျန်၀တ်ရည်ကို

ပြောပြလိုက်တော့သည်။


၀တ်ရည်ကတော့ ခေါင်းတညိမ့်ညိမ့်နှင့်

မျက်နှာ အမူအရာအမျိုးမျိုးပြကာ

နားထောင်နေပြီးနောက် ဝိုင်းလေး၏

စကားဆုံးသောအခါ သက်ပြင်းအရှည်ကြီး

 ချလိုက်တော့သည်။


"နင့်ဟာကလည်း

 ကိုရီးယားဇာတ်လမ်းတွဲထက်တောင် 

အခြေအနေဆိုးနေပြီ..လွဲလိုက်တာမှဖြတ်ဖြတ်လူးပဲ

လွဲတဲ့ကိစ္စတွေထဲမှာ နားလည်မှုလွဲတာက

အဆိုးဆုံးပဲသိရဲ့လား..

 လူတစ်ယောက်က..ကိုယ့်အပေါ်မှာ 

ချဉ်သွားပြီဆိုရင်

ပြန်ပြင်ဖို့ တော်တော်ခက်လိမ့်မယ်..

သေချာပြန်စဉ်းစားကြည့်ရင် အားလုံးရဲ့

အဓိကတရားခံကနင်ပဲ နင်မပွင့်လင်းလို့

အခုလိုဖြစ်ရတာ.."


"ဘာဆိုင်လို့လဲ..ငါကမပွင့်လင်းဘူးလို့

ဆိုရအောင် သူတို့နှစ်ယောက်လုံးအပေါ်မှာ

ငါ့ဘက်က လိမ်ညာထားတာဘာမှမရှိဘူး.."


"အင်း..အဲ့ဒါလည်းဟုတ်တာပဲ ဒါပေမဲ့ဟာ

နင်ဘာဖြစ်လို့ နွေဦးလေပြည်ကို စတွေ့တည်းက

အိမ်ထောင်ကျနေပြီမှန်း မပြောခဲ့ရတာလဲ.."


"မပြောခဲ့တာမဟုတ်ပါဘူးဟာ..

မပြောဖြစ်ခဲ့တာပါ..သူနဲ့ငါကခဏခဏ

တွေ့ဖြစ်တာလည်းမဟုတ်ဘူးလေ..

တစ်ခါတလေလေးတွေ့ကြရုံနဲ့

ငါက *ဝိုင်းလေးအိမ်ထောင်ကျသွားပြီသိလား

သူ့နာမည်ကမင်းစက်အာဏာပါလို့*

‌ပြောရမှာလား..မပြောချင်ပါဘူးဟာ.."


"အေး..နင်အဲ့လိုမပြောခဲ့လို့ အခုလို

ပြဿနာတွေဖြစ်ရတာပေါ့..

နင့်ဘက်က သူ့အပေါ်မှာရိုးသားပေမဲ့

သူကမရိုးမသားဖြစ်နေတော့ နင့်ကိုချစ်ခွင့်ပန်ဖို့

ကြိုးစားမိတာပေါ့..အမယ်လေး

တွေးကြည့်ရင်းနဲ့

ငါ့ရဲ့၀င်းလေးကိုတောင် သနားလာပြီ.."


"ငါလည်းကိုဦးကို စာနာမိပါတယ်ဟာ

ကိုဦးသာ ငါ့အပေါ်စိတ်၀င်စားနေမှန်း

ငါတွေးခဲ့မိရင် ငါ့အိမ်ထောင်ရေးအကြောင်းကို

ထုတ်ပြောလိုက်မှာပေါ့..

.........

ဒါပေမဲ့ ငါလက်ထပ်ထားတဲ့လူက

မင်းစက်အာဏာဖြစ်နေတဲ့အတွက်

ပိုလို့မပြောချင်ခဲ့ဘူး..

............

အခုပဲကြည့်လေ

ငါဘယ်လိုရှင်းပြပြ မယုံကြည်တဲ့အပြင်

ကွာရှင်းဖို့ပဲ ပြောလာတယ်..

ငါတို့ရဲ့မင်္ဂလာသက်တမ်းက

တစ်နှစ်တောင်မပြည့်သေးဘူး..

......

ငါ့စိတ်ထဲမှာ တစ်နေ့ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ

ကြိုသိနေခဲ့လို့ သူနဲ့လက်ထပ်ထားတဲ့အကြောင်းကို

ဘယ်သူ့ကိုမှ မကြွားရဲတာပေါ့..

လူတွေက ငါ့ကိုမတန်မရာမှန်းတယ်လို့

စွတ်စွဲကြမှာကို ကြောက်တယ်.."


၀တ်ရည်လည်း အသံလေးတိမ်၀င်သွားပြီး

 စိတ်အားငယ်နေရှာသော

ဝိုင်းလေး၏ ပုခုံးလေးကိုအသာပုတ်ကာ

နှစ်သိမ့်ပေးမိလေသည်။

မျက်ရည်ထပ်မကျတော့ပေမဲ့လို့ 

သူ့မျက်၀န်းလေးတွေထဲမှာ တော်တော်လေးကို

ကြေကွဲနေရှာတာ။


"ငါနင့်ကိုနားလည်ပါတယ်ဟာ

 အဖေဆုံးသွားတဲ့အပြင် နင့်ယောက်ျားနဲ့ပါ

ပြဿနာဖြစ်ထားတော့ နင်တော်တော်

စိတ်ဆင်းရဲနေမှာပဲနော်..ဘာပဲဖြစ်ဖြစ်ဟာ

အဆင်မပြေတော့မှန်းသိရင် လွှတ်ချလိုက်တာက

ပိုမကောင်းဘူးလား..

........

သူ့ဘက်ကဒီလောက်

ကွာရှင်းချင်နေမှတော့ ကွာပေးလိုက်ပေါ့ဟာ

ဒါပေမဲ့ နင်ကအသက်ငယ်ငယ်လေးနဲ့

အိမ်ထောင်ကွဲဖြစ်ရတာဆိုတော့

နင့်ဘက်က အရမ်းထိခိုက်နစ်နာတယ်

..........

ပတ်၀န်းကျင်က သွားပုပ်လေလွင့်

ပြောတာကိုလည်း ခံရအုံးမှာပဲ

နစ်နာကြေးကိုတော့ များများသာတောင်းပစ်လိုက်"


"ဟင့်အင်း..ငါသူနဲ့မကွာရှင်းချင်ဘူး.."


အစကတော့ ဟုတ်မလိုလိုနဲ့ ကွာရှင်းလိုက်ရန်

အကြံပေးလိုက်ကာမှ မယ်မင်းကြီးမလေးက

မျက်ရည်တွေ ချက်ချင်းဝဲတက်လာလေသည်။

၀တ်ရည်တောင် မျက်လုံးပြူးသွားရတယ်။


"ဘာလို့လဲ..ဘာဖြစ်လို့မကွာရှင်းချင်ရတာလဲ.."


"ငါ..ငါသူ့ကိုချစ်မိနေလို့.."


"ဘာ..!!!!"


၀တ်ရည်အဖို့ အံ့ဩရလွန်းလို့

ပါး‌စပ်တောင် ပြန်မစိနိုင်တော့ပေ။


မေဝိုင်းလေးဆိုတာ 

အရမ်းချစ်စရာကောင်းလွန်းသူလေးဖြစ်ပြီး 

ယင်ဖိုတောင်သန်းဖူးတာမဟုတ်ဘူး။

အချစ်ဆိုတာ ဘာမှန်းဃဃနနမသိတဲ့ 

နလပိန်းတုံးမလေး။

တကယ်ကို အဖြူထည်လေးပါ။


တက္ကသိုလ်ကျောင်းသူဘ၀တုန်းကလည်း

မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ၀င်ပြိုင်ဖို့

သူတို့အခန်းထဲကို စီနီယာတွေကိုယ်တိုင်

လာရွေးတာခံခဲ့ရပေမဲ့ လူတွေအာရုံစိုက်တာ

မခံချင်လို့ဆိုပြီး ငြင်းပယ်ခဲ့တယ်။


ဒါတောင်မှ မေဂျာကွင်းမပြောနဲ့

တစ်ကျောင်းလုံးရဲ့ အလှဆုံးလို့သတ်မှတ်ထားတဲ့

ကောင်မလေးထက်တောင် လာပိုပန်းသူတွေ

ပေါခဲ့တာပါ။


ဒါပေမဲ့ မေဝိုင်းလေးဆိုတာ 

ကျောင်းနဲ့အိမ်လောက်သာ သိသူမို့

ဘယ်သူကလာကြွေကြွေ

 ငတေမာရင်ပြီးရောဆိုသည့်မိန်းမလေ။


ဒီနေရာမှာရပ်ဆို ဒီနေရာမှာပဲရပ်နေတာမျိုး။

မိဘစကားကို နားအထောင်လွန်ပြီး

"ငယ်တုန်းရည်းစားမထားရ"ဆိုသည့်

သူ့အဒေါ်ရဲ့ အမိန့်ကြောင့် လာသမျှလူအကုန်

ငြင်းလွှတ်ခဲ့တာ။


ကိုယ်တွေသာ တစ်ယောက်ပြီးတစ်ယောက်ကို

လဲလို့မပြီးတာ သူကတော့ကြည့်လိုက်ရင်

အမြဲတစ်ကိုယ်တည်းပဲ။

အခုတော့ အဲ့လိုလူက..လင်စောစောရသွားပြီး

အိမ်ထောင်ရေး ကံကြတော့အနှုတ်အောက်မှာ..။


ဟော..အခုတော့အချစ်ရေးမှာ နုံချာသူကြီးက

ချစ်မိသွားပြီတဲ့လေ။

ဒီလိုပြောရင်တော့ သေချာပြီ..အဲ့တစ်ယောက်က

သူ့ရဲ့ ပထမဆုံးနဲ့နောက်ဆုံးဖြစ်သွားလိမ့်မည်။


*ကံဆိုးတာကတော့ သူချစ်နေတဲ့လူကြီးက

သူ့ကိုမချစ်ဘူး..။


"နင်သူ့ကို ဘယ်အချိန်တည်းကစပြီး

ချစ်မိသွားတာလဲ.."


"ဖြစ်နိုင်တာကတော့ ငယ်ငယ်တုန်းကငါ့ကို

ချယ်ရီသီးတွေလက်ဆောင်ပေးတဲ့ကိစ္စနဲ့

ငါရေနစ်တော့ ကယ်ပေးခဲ့တာတွေကို

သိလိုက်ရတဲ့အချိန်တုန်းကလည်း ဖြစ်ရင်ဖြစ်မယ်

ဒါမှမဟုတ် သူအရက်မူးပြီးငါ့ကိုဖိနပ်စီးပေးတဲ့

နေ့ကလည်း ဖြစ်နိုင်တယ်.."


ထိုစကားတွေကို ပြောပြနေတဲ့အချိန်မှာ

ဝိုင်းလေး၏ မျက်နှာတွင်ဖြတ်ပြေးသွားသော

နူးညံ့ခြင်းလေးတွေကို 

၀တ်ရည်ဖမ်းလိုက်နိုင်လေသည်။

အချစ်နဲ့ထိတွေ့သွားတော့လည်း

 မုန်းရမှာကိုတောင် မမုန်းနိုင်တော့ဘူးပေါ့။


"အင်း..လူတိုင်းလူတိုင်းက လွတ်လပ်စွာ

ချစ်ခွင့်ရှိပါတယ်..ဒါပေမဲ့ဝေးကွာဖို့

ကံပါလာရင်လည်း  အဲ့ဒီ့ကံတရားကို

လက်ခံပေးရမှာပဲ မဝေးချင်ဘူးဆိုရင်တော့

အမိအရဖမ်းဆုပ်ပြီး တွယ်ကပ်ထားရမှာပေါ့..

နင်ဘယ်လမ်းကိုရွေးမှာလဲ.."


"ငါမသိဘူး..ငါသိတာတစ်ခုက

ငါသူနဲ့မကွာရှင်းချင်ဘူး.."


"ဒါပေမဲ့ သူကနင့်ကိုကွာရှင်းချင်နေတယ်လေ..

သူခရီးကနေပြန်လာရင် ကွာရှင်းကြမယ်လို့

နင်ပဲပြောပြီးတော့.."


"ငါ..ငါဘာဆက်လုပ်ရမလဲဟင်..

ငါဘာလုပ်သင့်လဲ.."


"၀န်ခံလိုက်..နင်ချစ်နေတဲ့အကြောင်း

သူ့ကို၀န်ခံလိုက်ပေါ့..

နင့်ရင်ထဲကခံစားချက်တွေကို

လုံး၀မကွယ်မဝှက်ပဲ သူ့ကိုအကုန်ပြောပြလိုက်

သူကရေခဲတုံးလိုလူမျိုးဆိုရင်

သူဟတ်ထိသွားအောင် လုပ်နိုင်မှ

အရည်ပျော်လာမှာနော်..မဟုတ်ရင်တော့

နင်တို့နှစ်ယောက်ကြားမှာ 

လွဲပြီးရင်းလွဲနေအုံးမှာပဲ.."


"အဲ့ဒီလိုလုပ်ကြည့်ရင်ရော သေချာပေါက်

အဆင်ပြေနိုင်ပါ့မလား.."


"အဲ့ဒါတော့ငါလည်း သေချာမသိဘူးလေ..

နေပါအုံး မိန်းမမာယာသဲကိုးဖြာမှာ

သဲမှုန်တစ်မှုန်စာတောင် နင်ထုတ်မသုံးဖူးဘူးလား

ယောက်ျားဆိုတာ အမြှူကြိုက်၊

အချွဲကြိုက်တတ်တယ်ဟဲ့...."


"ငါမှ အဲ့လိုတွေမသိတာ.."


"အင်း..နင့်ယောက်ျားနင့်ကိုပစ်ချင်တာလည်း

မဆန်းတော့ပါဘူး..နင်ကိုယ်တိုင်ကရေခဲတုံး

ဖြစ်နေတာကိုး..အဲ့ဒါကြောင့်အရင်တည်းက

ရည်းစားထားကြည့်ပါလို့ ငါပြောခဲ့တာပေါ့

အခုတော့ကောင်းရော ယောက်ျားတွေအကြောင်း

နားကန်းတစ်လုံးမှမသိပဲ လင်တန်းရသွားတာ

..ဘယ့်နယ်ရှိစ.."


"ငါသူ့ကိုစာပို့ကြည့်လိုက်ပါ့မယ်.."


"အေး..‌သူ့ဘက်ကညွှတ်ဆင်းသွားအောင်

သေချာရေးနော်..မဟုတ်ရင်တော့

သူနင့်ဆီကို ဘယ်တော့မှရောက်လာမှာမဟုတ်ဘူး

အန်တီ၀င်းကို ဘာကူလုပ်ပေးရမလဲ

ငါသွားမေးလိုက်အုံးမယ်.."


"အေးပါ..သွားသွား.."


ဩဝါဒချွေစကားတွေကို 

ထပ်ပြီးမကြားချင်တော့၍ ၀တ်ရည်ကို

အတင်းနှင်လွှတ်လိုက်မိလေသည်။

ပြီးနောက်ဖုန်းကို ယူလိုက်ကာသူ့ဆီသို့

စာပို့ဖို့ လုပ်လိုက်သည်။

သူ့ရဲ့ အီးမေးလ်နံပါတ်ကို မသိသောကြောင့်

သူ့ဖုန်းနံပါတ်ကိုသာ မက်ဆေ့ခ်ျပို့ဖို့

တွေးလိုက်သည်။


အဖေ့ကိုဆုံးရှုံးပြီးတဲ့နောက်မှာ

သူ့ကိုပါထပ်ပြီး အဆုံးရှုံးမခံနိုင်တော့တာ

စိတ်ထဲမှာ သေချာသွားခဲ့လေပြီ။


"သူကအခုထိုင်းဆင်းကဒ်

ပြောင်းထားတယ်ဆိုရင်တောင် 

မြန်မာနိုင်ငံကိုပြန်ရောက်လို့

ဖုန်းကဒ်ချိန်းရင် ဒီမက်ဆေ့ခ်ျကို 

တွေ့လောက်မှာပါ.."


ခံစားချက်တွေအကုန်လုံးက 

အစစ်အမှန်တွေကြီးပဲမို့ စကားလုံးတွေအဖြစ်

စာစီလိုက်တဲ့အခါ

တစ်ခဏအတွင်းမှာပဲ ပြီးမြောက်သွားလေသည်။

စာကို အခေါက်ခေါက်အခါခါ

 ပြန်ဖတ်လိုက်ပြီးနောက် မျှားလေးကိုနှိပ်ပြီး

ပို့လိုက်သည်။


"သူဘယ်လိုတုန့်ပြန်မှာလဲ.."


ကိုယ့်ဘက်က မေတ္တာစစ်မှန်ကြောင်း

တစ်ရာရာခိုင်နှုန်း သေချာနေပေမဲ့

သူ့ဘက်က ကိုယ့်အပေါ်သံယောဇဉ်တောင်

တစ်စက်မှ မထားနိုင်ဘူးဆိုရင်တော့

ဒီရင်ဖွင့်ပြတဲ့ စာသားလေးတွေဟာအချည်းနှီး

ဖြစ်သွားမှာ သေချာတယ်။


"ကျွန်မရဲ့အချစ်တွေကို ရှင်မြင်နိုင်ပါစေ

ဒီစာလေးကိုမြင်တဲ့အခါ

‌ကျွန်မရဲ့ ခံစားချက်တွေကိုနင်းချေမလား

လက်ခံမလားဆိုတာ ရှင်ဆုံးဖြတ်ပေးပါ.."


ဖုန်းရဲ့မျက်နှာပြင်မှာတော့ 

ပြန်စာမရောက်လာသေးပေမဲ့ မြန်မာပြည်ကို

ပြန်ရောက်တာနဲ့ ဒီစာလေးကိုသူဖတ်ပြီး

အကြောင်းပြန်လာပေးလိမ့်မယ်လို့

မျှော်လင့်မိပါတယ်။


ဒါပေမဲ့ ကျောခိုင်းပြီးရင် 

နောက်ပြန်လှည့်မကြည့်တတ်တဲ့ သူ့အကျင့်ကို

သိနေသူမို့ စိုးရိမ်နေမိတာတော့မှန်ပါပဲ။

သူပြန်လာတဲ့အခါ ကွာရှင်းစာချုပ်ပေးလာမဲ့

အချိန်ကို သိပ်ကြောက်နေမိတယ်။


ဒါဟာသူပိုင်ဆိုင်တဲ့အရာတွေကို

မက်မောလို့မဟုတ်ပါဘူး။

မာနကြီးပြီး မောက်မာလွန်းတဲ့လူဆိုးကြီးကိုမှ

ချစ်မိသွားလို့ပါ။


❤️❤️❤️❤️❤️❤️❤️❤️❤️❤️


🍁တစ်လကြာပြီးနောက်🍁


"အမေရေ..သမီးချိုင့်တွေအားလုံးဆေး‌ပြီးသွားပြီ

ထမင်းဗူးတွေကို ထည့်လိုက်ရတော့မလားဟင်.."


"အေးထည့်လိုက်တော့ သမီး..

စာရင်းမှတ်ထားတဲ့အတိုင်း သေချာထည့်နော်

ဟင်းတွေမှားမထည့်မိစေနဲ့.."


"ဟုတ်ကဲ့ပါအမေရဲ့..လုပ်ပေးနေတာဖြင့်

ကြာနေပြီဥစ္စာ..

သမီးကိုအခုအထိမယုံသေးဘူးလား"


"ယုံပါတယ်တော်..ယုံပါတယ်.."


အမေက ယုံတယ်ဆိုတော့ ဆူထော်နေသော

နှုတ်ခမ်းလေးကို အပြုံးလွင်လွင်လေးအဖြစ်

ပြောင်းလဲလိုက်ပြီး ထမင်းချိုင့်တွေထဲသို့

ဟင်းတွေ၊ထမင်းတွေ ခပ်ထည့်လိုက်သည်။


ထမင်းချိုင့်တွေမှာ နာမည်လေးတွေကပ်ထားတော့

တစ်ဒေါင်လောက်ရှိသည့်

 နံရံမှာကပ်ထားသော ဘုတ်ပြားကိုကြည့်ပြီး

ဘယ်သူက ကြက်သား၊ဘယ်သူကပုဇွန်ဟင်းဆိုပြီး

မမှားအောင် ကြည့်ထည့်လို့ရလေသည်။


ဖေဖေဆုံးပြီးနောက်ပိုင်းမှာ ဈေးထဲက

အထည်ဆိုင်လေးကို ဒေါ်လေး၏လက်ထဲသို့

လုံး၀လွှဲလိုက်လေတော့သည်။

မေမေကတော့ ခြံရှေ့မှာထမင်းဆိုင်နှင့်

အအေးဆိုင်လေးကို တွဲဖွင့်နေရာမှ

ဝိုင်းလေးလည်း အိမ်မှာလာနေပေးရင်း

ကူပေးမိလေသည်။


အခုဆို အရင်လိုထမင်း၊ဟင်းရောင်းတာမျိုး

မလုပ်တော့ပဲ အလုပ်သမားတွေကို

ထမင်းဗူးပြင်ပေးသည့်အလုပ်ကိုသာ

ဆက်လက် လုပ်ဖြစ်ကြသည်။


အရင်ထမင်းဆိုင်လေးတုန်းက ကိုယ့်ဘက်ကနေ

အရင်းအနှီးဆိုက်ထုတ်ပြီးမှ ပြန်ရောင်းတာဖြစ်ပြီး

အခုထမင်းဗူးပြင်ပေးတဲ့အလုပ်ကြတော့

ပိုက်ဆံကို လချုပ်သို့မဟုတ် တစ်နေ့ချင်းဆီအတွက်ကြိုယူထားကာ 

စားသုံး‌သူတွေစားချင်သည့် ဟင်းအ‌မယ်ကို

ချက်ပေးရခြင်းဖြစ်သည်။


မနက်စောစောထပြီး ချက်ပြုတ်ရတယ်ဆိုပေမဲ့

မနက်တစ်ပိုင်းလောက်ပဲ ပင်ပန်းတဲ့အပြင်

အမြတ်တွက်လည်းကိုက်၍ ဝိုင်းလေးတော့

သဘောကျမိသည်။

အဖေ့ဆေးဖိုးလည်း ကုန်ကျစရာမရှိတော့

အိမ်အသုံးစရိတ်က ပိုတောင်ပိုနေသည်။


"အမေ..နောက်သုံးရက်နေရင်..အဖေ့အတွက်

ဆွမ်းသွပ်ပေးရတော့မယ်နော်.."


"ဝိုင်းလေးကထိုသို့ သတိပေးလိုက်တော့

ကျက်သွားပြီဖြစ်သည့် ဟင်းအိုးကို

အောက်ချလိုက်ပြီးသည်နှင့် 

အမေငိုင်ကျသွားလေသည်။


"အမေမှတ်ထားပါတယ်သမီးရယ်

အမေလုံး၀မမေ့ပါဘူး..အဲ့အတွက်လည်း

ပိုက်ဆံသပ်သပ်ခွဲထားပါတယ်.."


"အင်းပါ..သမီးကအမေမေ့သွားမှာစိုးလို့

သတိပေးတာပါ..အမေပြီးသွားပြီလား

သမီးလည်းဒီမှာ အကုန်ထည့်ပြီးပြီ

တစ်ချိုင့်ကျန်တာတော့ 

အမေပဲဆက်ထည့်လိုက်တော့နော်..

ထမင်းလေးကြော်လိုက်ချင်လို့.."


"အေး..အေး..ကြက်ဥလေးလုံးပိုသေးတယ်

အချပ်လိုက်လေးကြော်လိုက်ပေါ့..

တစ်ယောက်တစ်ချပ်စားလို့ရတယ်.."


"တစ်ယောက်တစ်ချပ်ဆိုတော့ 

မမထိပ်ထားအတွက်ကြတော့ရော.."


"ကိုယ့်အစ်မအကြောင်းလည်း ကိုယ်သိရဲ့သားနဲ့

မေးနေသေးတယ်..သူကသူဌေးသမီးလေ

မနက်စာတောင် အပြင်မှာထွက်ထွက်စားတာ

ဂျပန်သင်တန်းကနေ သူရတဲ့လစာက

သူပြန်သုံးတာနဲ့တင် လောက်ရဲ့လားမသိဘူး..

ငါလည်းမပြောချင်တော့ပါဘူး.."


တစ်ချို့လူတွေက အကြောင်းအမျိုးမျိုးကြောင့်

ပြောင်းလဲသွားတတ်ကြပေမဲ့ မမထိပ်ထားကတော့

လုံး၀ကို မပြောင်းလဲ‌သေးပါဘူး။


ဖေဖေဆုံးပြီးနောက်ပိုင်းမှာ အရင်လောက်

ဖြစ်သလို မနေတော့ပဲဂျပန်သင်တန်းမှာ

ဘာသာစကားဆရာမအဖြစ် စာသင်ပေးနေပေမဲ့

သူရဲ့လစာက သူသုံးတာနဲ့တင် ကုန်နေပြီး

အမေတို့ကိုတစ်ပြားတစ်ကျပ်တောင်

ပြန်ထောက်ပံ့ဖော်မရ‌ပေ။


ဝိုင်းလေးကိုတွေ့ရင်တော့ အရင်လိုမျက်စောင်း

တခဲခဲနှင့် ရန်လိုနေတုန်းပါပဲ။

ဝိုင်းလေးလည်း သူ့အကျင့်ကိုသိနေတော့

ဘာမှမပြောမနေတော့ဘူး။

ကိုယ့်ဘက်က ပြန်မပြောတော့

ဘာပဲဖြစ်ဖြစ် ရန်ပွဲကတစ်၀က်ငြိမ်းတာပေါ့။


"ဒါနဲ့..ဝိုင်းလေးကိုအမေ မေးရအုံးမယ်..

ဟိုအိမ်ကိုဘယ်တော့ပြန်မှာလဲ

ဒီမှာနေတာ ကြာနေပြီဆိုတော့

သူတို့ဘက်က တစ်မျိုးထင်နေပါအုံးမယ်.."


ထမင်းကြော်နေရင်း မွှေနေတာကို

ရပ်တန့်လိုက်မိသည်။

အဖေဆုံးပြီးတည်းက အမေတို့နှင့်

ကိုမင်းစက်ပြန်မလာခင်အထိ လာနေပါရစေလို့

ဖွားနုတို့ကို ခွင့်တောင်းခဲ့မိတယ်။


ဖွားနုတို့ကလည်း ယောက်ျားဆုံးထားတဲ့

အမေ့ကိုစာနာတဲ့အနေနဲ့ ခွင့်ပြုခဲ့၍

အမေတို့နှင့်အတူလာနေခဲ့တာ အခုဆို

အဖေ့ဆွမ်းသွပ်တောင် ရောက်တော့မည်။

ကြည့်ရတာ အမေတို့ကဝိုင်းလေးကို

ငြိုငြင်နေပြီထင်ပါတယ်။


"အမေက သမီးကိုပြန်စေချင်နေပြီလား.."


"မဟုတ်ပါဘူးသမီးရယ်..အမေကအဲ့သဘောမျိုး

ပြောတာမဟုတ်ပါဘူး ငါ့သမီးလေးရှိတော့

အမေပိုပြီးတောင် အကူအညီရပါသေးတယ်

.......

ဒါပေမဲ့ အမေတို့ကပတ်၀န်းကျင်နဲ့နေရတာလေ

မိဘအိမ်မှာ ဒီလိုအကြာကြီးလာနေတော့

ပတ်၀န်းကျင်မှာ အထင်လွဲစရာတွေ

ဖြစ်ကုန်တာပေါ့..

........

ခေါင်းရင်းအိမ်က

မကြည်တို့ကတောင်မေးနေပြီ

"မေဝိုင်းလေးကသူ့ယောက်ျားနဲ့

အဆင်ပြေရဲ့လားတဲ့လေ.."အမေ့သမီးလေးကို

သူများတွေ မဟုတ်တမ်းတရားပြောကြမှာကို

အမေလက်မခံနိုင်ဘူး.."


"ပတ်၀န်းကျင်ဆိုတာ ချီးမွမ်းခုနှစ်ရက်

ကဲ့ရဲ့ခုနှစ်ရက်ပါအမေရယ်..

ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး.."


"အဲ့ဒီလိုမပြောရဘူးလေသမီးရယ်..

ဘာကိုမှဂရုစိုက်စရာမလိုဘူးလို့ပြောလိုက်တာက

ကိုယ်ဟာ ဘာအခြေအမြင့်မှမရှိတဲ့လူလို့

သတ်မှတ်လိုက်တာနဲ့အတူတူပဲ

........

ပတ်၀န်းကျင်ကို ဂရုမစိုက်ဘူးပဲထားဦး

သမီးရဲ့ယောက္ခမတွေကိုတော့ ဂရုစိုက်ရမယ်လေ

အမေတို့ကသမီးလေးကို ဆိုင်ပဲဆိုင်တော့တာ

မပိုင်တော့ဘူး..သမီးရဲ့ပိုင်ရှင်အစစ်က

ကိုစက်ပဲ..အဲ့တော့သူ့ရဲ့အသိုင်းအ၀န်းမှာ

၀င်ဆန့်အောင်နေရမှာပဲလေ..

............

အခုအမေတို့ဆီမှာ

အကြာကြီးလာနေတာကို..ဟိုဘက်ကလူတွေက

ဘာမှမပြောကြပေမဲ့ ကိုယ်ကသိတတ်ရမယ်လေ

အမေတို့ကိုလည်း တမင်အကြာကြီး

ခေါ်ထားတယ်လို့ ထင်‌သွားကြမှာပေါ့

မေဝိုင်းလေးက သူ့မိဘတွေကိုပဲသိတတ်တယ်လို့

အပြောမခံနိုင်ဘူး..

အမေတို့လည်းမကောင်းရာကြတယ်.."


"သမီးနားလည်ပါပြီအမေ..အမေ့စကားကို

သမီးနားထောင်ပါ့မယ်..ဒါပေမဲ့အဖေ့အတွက်

ဆွမ်းသွပ်ပေးပြီးနောက်ရက်မှပဲ

သွားပါရစေနော်..အဲ့ဒီ့အထိတော့သမီးကို

ခွင့်ပြုပေးပါနော်..."


"သမီးလေရယ်..အမေလည်းသမီးကို

မခွဲချင်ပါဘူး..ဒါပေမဲ့ထုံးစံဆိုတာ

မပြစ်ပယ်ရဘူးကွဲ့..အမေပြောတာကို

နားလည်တယ်မဟုတ်လား.."


"ဟုတ်ကဲ့ သမီးနားလည်ပါတယ်.."


ဝိုင်းလေးလည်း ထပ်ပြီးအမေ့ကိုပြန်မပြောချင်၍

နှုတ်ဆိတ်ကာ ထမင်းသာ

ဆက်ကြော်နေလိုက်သည်။

အမေတို့ကသာ သမီးရဲ့လက်ရှိပိုင်ရှင်ဟာ

ကိုမင်းစက်လို့ပြောနေပေမဲ့ သူကသမီးကိုမှ

အလိုမရှိတော့တာ။


အလိုလိုနေရင်း ၀မ်းနည်းလာမိ၍

မျက်ရည်တွေ စီးကျလာခဲ့ပေမဲ့ အမေ‌တွေ့မှာစိုး၍

လက်ဖဝါးနှင့် အမြန်သုတ်ပစ်လိုက်ရသည်။

အခုအချိန်မှာ ခံစားချက်တွေအားလုံးကို

ပေါက်ကွဲပစ်လိုက်ချင်တာပဲ သိတယ်။

*တကယ်ကို လမ်းပျောက်နေပါပြီ..*


❤️❤️❤️❤️❤️❤️❤️❤️❤️❤️


ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွာလာသော

ကားအနက်ရောင်လေးသည် ပုံမှန်အရှိန်လေးဖြင့်

သွားနေလေသည်။


ကားထဲတွင် လေအေးပေးစက်ဖွင့်ထား၍

အေးစိမ့်နေသည့်နည်းတူ အေးဆေးတည်ငြိမ်စွာ

လိုက်ပါလာသော မင်းစက်ကလည်း

အေးအေးလူလူထိုင်၍ တက်ပ်လက်ကိုထုတ်ကာ

စတော့ဈေးကွက်အကြောင်း လေ့လာရင်း

ထိုင်နေလေသည်။


နွေရာသီရောက်နေပြီဖြစ်၍ အရင်လိုအနောက်တိုင်း၀တ်စုံ အပြည့်၀တ်ဆင်ထားခြင်း

မဟုတ်တော့ပဲ နက်ပြာရောင်ရှပ်လက်တို‌ကိုသာ

ဂျင်းအပွနှင့် တွဲဖက်ကာ၀တ်ဆင်ထားလေသည်။


ထိုင်မှာနေခဲ့စဉ် တစ်လလုံးမှာအလုပ်ထဲ၌သာ

အာရုံစိုက်ထားခဲ့သလို အခုလည်း

သတိရနေမိသော အရာအားလုံးကို

မေ့ပစ်နိုင်ဖို့ အလုပ်အပေါ်သာအဆက်မပြတ်

အာရုံထားလိုက်သည်။


မင်းစက်အာဏာက စကားတစ်ခွန်းမှ

ပြောမလာတော့ ကားမောင်းနေသော

မင်းသစ်မှာ ‌မှန်ထဲမှတစ်ဆင့် ဆရာဖြစ်သူ၏

မျက်နှာကို ခဏခဏအကဲခတ်နေမိကာ

စကားစဖို့ ပါးစပ်တပြင်ပြင်လုပ်နေမိလေသည်။


"ဆရာ..ကျွန်တော်ဖွားနုတို့အိမ်ကိုပဲ

မောင်းရမလားဟင်.."


မင်းသစ်က အရဲစွန့်ပြီးတိတ်ဆိတ်မှုကို

ဖြိုခွင်းလိုက်မှသာ မင်းစက်အာဏာသည်

တက်ပ်လက်ကိုအာရုံစိုက်နေရာမှာ

မော့ကြည့်လာပြီး တစ်ခုခုကိုတွေးနေဟန်နှင့်

မျက်မှောင်ကြုံ့လိုက်လေသည်။


"ရွှေတောင်ကြားက ငါ့ဗီလာကိုပဲမောင်းလိုက်

အဲ့မှာပဲ ငါပြန်နေတော့မယ်.."


"ဆရာ့မိန်းမဆီကိုမသွားဘူးလားဟင်

ဆရာ့မိန်းမကအခု သူ့မိဘအိမ်ကိုရောက်နေတယ်

နောက်ပြီး..ပြီးခဲ့တဲ့ရက်ပိုင်းကပဲ..ဆရာ့မိန်းမရဲ့.."


"မင်းသစ်..ငါမင်းကိုသူ့အကြောင်း

မေးနေလို့လား..ငါခိုင်းတာပဲလုပ်...

ငါမမေးပဲနဲ့ အပိုတွေဘာမှလာမပြောနဲ့..

နားလည်လား.."


"ဒါပေမဲ့ဆရာ.."


"မင်းကငါ့စကားကို အရေးမလုပ်တာလား.."


"မဟုတ်ပါဘူး..ဆရာနားမထောင်ချင်ရင်

ကျွန်တော်မပြောတော့ပါဘူး..."


မင်းသစ်လည်း လျှာရှည်မိတဲ့ကိုယ့်ပါးစပ်ကိုသာ

ပြန်ချလိုက်ချင်တော့သည်။

ကိုယ်မပြောပြလည်း ‌ဆရာ့မိန်းမရဲ့အဖေဆုံးတာကို

မကြာခင် သိသွားမှာပဲလေ။

*တော်ပြီ..နောက်ဆိုသူများကိစ္စ၀င်မပါတော့ဘူး..*


မင်းစက်အာဏာကတော့ ‌"ဆရာ့မိန်းမ"ဆိုသည့်

စကားလုံးကြောင့် သူမေ့ထားဖို့မနဲကြိုးစားခဲ့ရသည့်

မေဝိုင်းလေး၏ မျက်နှာဟာအာရုံထဲမှာ

ပြန်ပေါ်လာ၍ ဒေါ်သထွက်လာကာ

ဘာကိုမှ အာရုံစိုက်လို့မ‌ရတော့ပေ။


ထိုင်းမှာ ဟိုတယ်ပရောဂျက်ကိစ္စကိုပဲ

အာရုံစိုက်ထားခဲ့ကာ မေဝိုင်းလေးကို

မေ့ပစ်နိုင်မလားဆိုပြီး ကိုယ့်ကိုကိုယ်စမ်းသပ်ခဲ့တယ်။အလုပ်များနေတဲ့ အချိန်တစ်ခုလောက်ပဲ

ခေါင်းထဲကနေ သူမကိုပြေးတွေ့ချင်တဲ့

စိတ်တွေကို ထုတ်ပစ်နိုင်ခဲ့ပေမဲ့ 

အခြားသူတစ်ယောက်က နဲနဲလေး

သတိပေးလိုက်တာနဲ့ အဲ့ဒီ့ကဝေမလေးကို

စွဲလမ်းနေမိတဲ့ စိတ်တွေက ပြန်ပေါ်လာတတ်တယ်။


သူ့ရဲ့ကိုယ်သင်းရနံ့လေး၊နူးညံ့အိစက်နေတဲ့

အထိအတွေ့လေး ပြီးတော့

နှုတ်ခမ်းပါးလေးပေါ်ကချိုမြမှုတွေ..

 သူလေးကိုထွေးပွေ့ထားမိတဲ့အချိန်တိုင်း

သွေးကြောထဲအထိ စိမ့်၀င်လာတတ်တဲ့

ခံစားချက်တွေ အားလုံးကိုရူးလောက်အောင်

လွမ်းဆွတ်လာမိတယ်။


ငါသူ့ကိုချစ်လို့မရဘူး ဒီခံစားချက်ကိုဆက်ပြီး

ထားရှိဖို့မဖြစ်ဘူးလို့ အမျိုးမျိုး

တားဆီးနေတဲ့ကြားကနေ စွဲစွဲလမ်းလမ်းကို

ချစ်နေမိပြီဆိုသည့် အာရုံတစ်ခုက

နှလုံးရဲ့သွေးကြောတွေဆီကနေ 

ဦးနှောက်ဆီကို အချိန်တိုင်း

သယ်ဆောင်လာနေတယ်။


*အဲ့ဒီ့စိတ်ကြီးကို ဘယ်လိုချိုးနှိမ်ရပါ့မလဲ..*


  ကိုယ်ပြောခဲ့သမျှ၊လုပ်ခဲ့သမျှ

ဆုံးဖြတ်ချက်တစ်ခုဆီတိုင်းကို 

အတည်ဖြစ်စေရမယ်ဆိုသည့် ကိုယ့်ရဲ့

မာနတံတိုင်းကြီးက တင်းခံနေတော့

စိတ်ရဲ့လိုရာအတိုင်း မလိုက်ချင်ဘူးဖြစ်နေတယ်။


*သူနဲ့ ဝေဝေးနေလိုက်တာပဲကောင်းပါတယ်

မင်းစက်အာဏာဆိုတာ ပြောပြီးသားစကားကို

ပြန်ရုတ်သိမ်းရိုးထုံးစံမရှိဘူး..*


❤️❤️❤️❤️❤️❤️❤️❤️❤️❤️


ကဲ..မာနမင်းသားနဲ့ရွှေဖူးစာလို့

ခေါင်းစဉ်ဘာလို့ပေးထားလဲ

သိလောက်ပြီ ထင်ပါတယ်..

========================================

=============================

အခန္း၄၁

💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘


ဝိုင္းေလးႏိုးလာတဲ့အခါ ပတ္၀န္းက်င္တစ္ခုလုံးက


ဆူညံမေနေတာ့ပဲ တိတ္ဆိတ္မႈအတိ


ျဖစ္ေနေလသည္။


အခန္းထဲကို လွည့္ပတ္ၾကည့္လိုက္ေတာ့


ဝိုင္းေလး အရင္ကေနခဲ့တဲ့အခန္းေလးပါပဲ။



ဝိုင္းေလးေနာက္ဆုံးမွတ္မိလိုက္တာက


ေရေဝးမွာ လူေတြတိုးႀကိတ္ေနၿပီး


ငိုသံေတြနဲ႔ ဖုံးလႊမ္းေနတဲ့ ျမင္ကြင္းႀကီး‌ေပါ့။


အခုဘယ္သူေတြကမ်ား အိမ္ကို


ျပန္ေခၚလာတာပါလိမ့္။



"ဝိုင္းေလ..နင္သတိရလာၿပီလား.."



တံခါးဖြင့္ၿပီး ၀င္လာသူကိုၾကည့္လိုက္ေတာ့


သူငယ္ခ်င္း၀တ္ရည္ျဖစ္ေနသည္။



၀တ္ရည္ကေတာ့ မ်က္ႏွာေလးျဖဴေဖ်ာ့ေနၿပီး


စကၠဴျဖဴေလးလိုျဖစ္ေနသည့္


ေမဝိုင္းေလးကိုသာ သနားစိတ္ႏွင့္ၾကည့္ေနမိသည္။



ေမဝိုင္းေလးက အျဖဴေရာင္ရွပ္အိက်ႌႏွင့္


အမဲေရာင္ ထဘီေလးကို၀တ္ဆင္ထားၿပီး


ဆံပင္ေတြက ဖြာလန္က်ဲေနကာ တကယ္ကို


အပူ႐ုပ္ေလးျဖစ္၍ေနသည္။



သနပ္ခါးေတာင္ လိမ္းထားျခင္းမရွိတဲ့


မ်က္ႏွာေလးက ေျပာင္၀င္းေနၿပီးေဖြးစြတ္ေနကာ


ငိုထား၍ မ်က္လုံးေဒါင့္ေလးမ်ားက 


နီရဲေနေလသည္။



"ဝိုင္းေလး..ထိန္ပင္မွာနင္ေမ့လဲသြားတာေလ..


ဆရာ၀န္ကေတာင္ ေဆးလာထိုးေပးသြားေသးတယ္


နင္အားအရမ္းနည္းေနတယ္တဲ့..


အားရွိေအာင္ တစ္ခုခုစားလိုက္ပါလား


ငါသြားယူေပးမယ္ေလ.."



"ထားလိုက္ပါဟာ..ငါစားခ်င္စိတ္မရွိေသးပါဘူး.."



ဖြာလန္က်ဲေနေသာ ဆံပင္ေလးေတြကို


သပ္သပ္ရက္ရက္ျဖစ္သြားေအာင္


ေခါင္းစည္းႀကိဳးကို ျဖည္ခ်ကာလက္ႏွင့္သပ္ခ်


ေနမိသည္။အခုခ်ိန္မွာ အစာစားဖို႔မေျပာနဲ႔


လႈပ္ေတာင္ မလႈပ္ခ်င္ေတာ့ဘူး။



"ဒါနဲ႔ေလ..နင့္ေယာက္်ားကိုလည္းမေတြ႕မိဘူးေနာ္"



"သူခရီးထြက္ေနတယ္.."



"နင္တို႔အဆင္ေရာ ေျပၾကရဲ႕လား"



၀တ္ရည္ဆိုတာ ဝိုင္းေလးရဲ႕


ငယ္ေပါင္းသူငယ္ခ်င္းမို႔


၀မ္းသာစရာျဖစ္ျဖစ္၊၀မ္းနည္းစရာျဖစ္ျဖစ္


ဝိုင္းေလးရဲ႕ အေၾကာင္းမွန္သမွ်


သူႏွင့္အၿမဲ တိုင္ပင္ျဖစ္ခဲ့သည္။



ဝိုင္းေလးရဲ႕ အိမ္ေထာင္ေရးကိစၥနဲ႔ပတ္သတ္ၿပီး


ေမေမတို႔ကိုေတာ့ ေကာင္းတာေတြခ်ည္းပဲ


သိေစခဲ့ေပမဲ့ ၀တ္ရည္ကေတာ့ဝိုင္းေလးရဲ႕


ခံစားခ်က္ေတြအားလုံးကို သိတဲ့


တစ္ဦးတည္းေသာသူပါပဲ။


ဒါေၾကာင့္ ဝိုင္းေလးရဲ႕ကိစၥနဲ႔ပတ္သတ္ၿပီး 


ေျပာျပၿပီး တိုင္ပင္ၾကည့္ဖို႔ဆုံးျဖတ္လိုက္သည္။



"၀တ္ရည္..သူငါ့ကိုအထင္လြဲၿပီးကြာရွင္းဖို႔


ေျပာလာတယ္.."



"ဘာ..ကြာရွင္းမယ္ဟုတ္လား..


ဘယ္လို‌ေတြျဖစ္ရတာတုန္း..


သူ႔မွာေနာက္တစ္ေယာက္မ်ားရွိေနလို႔လား..


အဲ့လိုမ်ိဳးဆိုရင္ေတာ့ လုံး၀ခြင့္မလႊတ္နဲ႔ေနာ္.."



၀တ္ရည္ကလည္း ကိုယ့္သူငယ္ခ်င္းဘက္ကေန


မခံႏိုင္ေတြျဖစ္ၿပီး ခ်က္ခ်င္းကို


ေဒါသထြက္လာေလသည္။



"သူ႔မွာေနာက္တစ္ေယာက္ရွိေနလို႔ေတာ့မဟုတ္ဘူး


သူကငါ့ကို တစ္ျခားတစ္ေယာက္နဲ႔အထင္လြဲၿပီး


ကြာရွင္းဖို႔ ေတာင္းဆိုလာတာ.."



"ဘာေျပာတယ္ 


သူကပဲ နင့္ကိုအထင္လြဲရတယ္ရွိေသး..


နင္ဘယ္ေလာက္ေအးလဲ ငါအသိဆုံးပဲဥစၥာ


နင္ကအခုမွ ႏွစ္ဆယ့္သုံးႏွစ္ပဲရွိေသးတာေလ


ရည္းစားေတာင္တစ္ခါမွ မထားဖူးပဲ


ေယာက္်ားတန္းယူလိုက္ရတာကို


သူက ဘယ္လိုေတာင္အျမင္မွားေနရတာလဲ


အဲ့လူဘယ္မွာလဲ အခုခ်က္ခ်င္းသြားရွာၿပီး


အသိတရားရသြားေအာင္ 


ပါးကိုဆယ္ခ်က္ေလာက္ သြားခ်ေပးမယ္.."



ေဒါသတႀကီးနဲ႔ အရမ္းတက္ႂကြေနေသာ


၀တ္ရည္ေၾကာင့္ ဝိုင္းေလး၏အၿပဳံးေလးက


ျပန္၍ အသက္၀င္လာခဲ့ေလသည္။


ဝိုင္းေလးလည္း မင္းစက္အာဏာကို


တကယ္ခ်ပစ္ခ်င္ေနတာပါ။


*မလုပ္ရဲလို႔သာ..*



"သူကအခု ထိုင္းကိုေရာက္ေနတယ္


တစ္လေလာက္ၾကာမယ္တဲ့ ဒီတစ္လအတြင္းမွာ


သူနဲ႔ကြာရွင္းၿပီးရင္ ငါ့ဘက္ကနစ္နာေၾကးအျဖစ္


လိုခ်င္တာေတြကို စဥ္းစားထားပါတဲ့ေလ..


သူျပန္လာတာနဲ႔ ကြာရွင္းမယ္တဲ့.."



"ဟင္း..ဒီေလာက္ေတာင္သူ႔ဘက္က


အသည္းအသန္ကြာရွင္းခ်င္ရေအာင္ 


သူကဘယ္လိုအထင္လြဲသြားတာမို႔လို႔လဲ.."



"အျဖစ္အပ်က္ကေတာ့ ဒီလိုဟ.."



ဝိုင္းေလးလည္း ကိုဦးနဲ႔ျပန္ေတြ႕တဲ့အခ်ိန္ကေနစၿပီး


ကိုမင္းစက္၏႐ုံးခန္းထဲမွာ 


ျပႆနာျဖစ္တာေတြအျပင္ ပါတီပြဲမွာ


ျဖစ္ခဲ့တဲ့ ကိစၥေတြကိုပါ တစ္ခုမက်န္၀တ္ရည္ကို


ေျပာျပလိုက္ေတာ့သည္။



၀တ္ရည္ကေတာ့ ေခါင္းတညိမ့္ညိမ့္ႏွင့္


မ်က္ႏွာ အမူအရာအမ်ိဳးမ်ိဳးျပကာ


နားေထာင္ေနၿပီးေနာက္ ဝိုင္းေလး၏


စကားဆုံးေသာအခါ သက္ျပင္းအရွည္ႀကီး


 ခ်လိုက္ေတာ့သည္။



"နင့္ဟာကလည္း


 ကိုရီးယားဇာတ္လမ္းတြဲထက္ေတာင္ 


အေျခအေနဆိုးေနၿပီ..လြဲလိုက္တာမွျဖတ္ျဖတ္လူးပဲ


လြဲတဲ့ကိစၥေတြထဲမွာ နားလည္မႈလြဲတာက


အဆိုးဆုံးပဲသိရဲ႕လား..


 လူတစ္ေယာက္က..ကိုယ့္အေပၚမွာ 


ခ်ဥ္သြားၿပီဆိုရင္


ျပန္ျပင္ဖို႔ ေတာ္ေတာ္ခက္လိမ့္မယ္..


ေသခ်ာျပန္စဥ္းစားၾကည့္ရင္ အားလုံးရဲ႕


အဓိကတရားခံကနင္ပဲ နင္မပြင့္လင္းလို႔


အခုလိုျဖစ္ရတာ.."



"ဘာဆိုင္လို႔လဲ..ငါကမပြင့္လင္းဘူးလို႔


ဆိုရေအာင္ သူတို႔ႏွစ္ေယာက္လုံးအေပၚမွာ


ငါ့ဘက္က လိမ္ညာထားတာဘာမွမရွိဘူး.."



"အင္း..အဲ့ဒါလည္းဟုတ္တာပဲ ဒါေပမဲ့ဟာ


နင္ဘာျဖစ္လို႔ ေႏြဦးေလျပည္ကို စေတြ႕တည္းက


အိမ္ေထာင္က်ေနၿပီမွန္း မေျပာခဲ့ရတာလဲ.."



"မေျပာခဲ့တာမဟုတ္ပါဘူးဟာ..


မေျပာျဖစ္ခဲ့တာပါ..သူနဲ႔ငါကခဏခဏ


ေတြ႕ျဖစ္တာလည္းမဟုတ္ဘူးေလ..


တစ္ခါတေလေလးေတြ႕ၾက႐ုံနဲ႔


ငါက *ဝိုင္းေလးအိမ္ေထာင္က်သြားၿပီသိလား


သူ႔နာမည္ကမင္းစက္အာဏာပါလို႔*


‌ေျပာရမွာလား..မေျပာခ်င္ပါဘူးဟာ.."



"ေအး..နင္အဲ့လိုမေျပာခဲ့လို႔ အခုလို


ျပႆနာေတြျဖစ္ရတာေပါ့..


နင့္ဘက္က သူ႔အေပၚမွာ႐ိုးသားေပမဲ့


သူကမ႐ိုးမသားျဖစ္ေနေတာ့ နင့္ကိုခ်စ္ခြင့္ပန္ဖို႔


ႀကိဳးစားမိတာေပါ့..အမယ္ေလး


ေတြးၾကည့္ရင္းနဲ႔


ငါ့ရဲ႕၀င္းေလးကိုေတာင္ သနားလာၿပီ.."



"ငါလည္းကိုဦးကို စာနာမိပါတယ္ဟာ


ကိုဦးသာ ငါ့အေပၚစိတ္၀င္စားေနမွန္း


ငါေတြးခဲ့မိရင္ ငါ့အိမ္ေထာင္ေရးအေၾကာင္းကို


ထုတ္ေျပာလိုက္မွာေပါ့..


.........


ဒါေပမဲ့ ငါလက္ထပ္ထားတဲ့လူက


မင္းစက္အာဏာျဖစ္ေနတဲ့အတြက္


ပိုလို႔မေျပာခ်င္ခဲ့ဘူး..


............


အခုပဲၾကည့္ေလ


ငါဘယ္လိုရွင္းျပျပ မယုံၾကည္တဲ့အျပင္


ကြာရွင္းဖို႔ပဲ ေျပာလာတယ္..


ငါတို႔ရဲ႕မဂၤလာသက္တမ္းက


တစ္ႏွစ္ေတာင္မျပည့္ေသးဘူး..


......


ငါ့စိတ္ထဲမွာ တစ္ေန႔ဒီလိုျဖစ္လာလိမ့္မယ္ဆိုတာ


ႀကိဳသိေနခဲ့လို႔ သူနဲ႔လက္ထပ္ထားတဲ့အေၾကာင္းကို


ဘယ္သူ႔ကိုမွ မႂကြားရဲတာေပါ့..


လူေတြက ငါ့ကိုမတန္မရာမွန္းတယ္လို႔


စြတ္စြဲၾကမွာကို ေၾကာက္တယ္.."



၀တ္ရည္လည္း အသံေလးတိမ္၀င္သြားၿပီး


 စိတ္အားငယ္ေနရွာေသာ


ဝိုင္းေလး၏ ပုခုံးေလးကိုအသာပုတ္ကာ


ႏွစ္သိမ့္ေပးမိေလသည္။


မ်က္ရည္ထပ္မက်ေတာ့ေပမဲ့လို႔ 


သူ႔မ်က္၀န္းေလးေတြထဲမွာ ေတာ္ေတာ္ေလးကို


ေၾကကြဲေနရွာတာ။



"ငါနင့္ကိုနားလည္ပါတယ္ဟာ


 အေဖဆုံးသြားတဲ့အျပင္ နင့္ေယာက္်ားနဲ႔ပါ


ျပႆနာျဖစ္ထားေတာ့ နင္ေတာ္ေတာ္


စိတ္ဆင္းရဲေနမွာပဲေနာ္..ဘာပဲျဖစ္ျဖစ္ဟာ


အဆင္မေျပေတာ့မွန္းသိရင္ လႊတ္ခ်လိုက္တာက


ပိုမေကာင္းဘူးလား..


........


သူ႔ဘက္ကဒီေလာက္


ကြာရွင္းခ်င္ေနမွေတာ့ ကြာေပးလိုက္ေပါ့ဟာ


ဒါေပမဲ့ နင္ကအသက္ငယ္ငယ္ေလးနဲ႔


အိမ္ေထာင္ကြဲျဖစ္ရတာဆိုေတာ့


နင့္ဘက္က အရမ္းထိခိုက္နစ္နာတယ္


..........


ပတ္၀န္းက်င္က သြားပုပ္ေလလြင့္


ေျပာတာကိုလည္း ခံရအုံးမွာပဲ


နစ္နာေၾကးကိုေတာ့ မ်ားမ်ားသာေတာင္းပစ္လိုက္"



"ဟင့္အင္း..ငါသူနဲ႔မကြာရွင္းခ်င္ဘူး.."



အစကေတာ့ ဟုတ္မလိုလိုနဲ႔ ကြာရွင္းလိုက္ရန္


အႀကံေပးလိုက္ကာမွ မယ္မင္းႀကီးမေလးက


မ်က္ရည္ေတြ ခ်က္ခ်င္းဝဲတက္လာေလသည္။


၀တ္ရည္ေတာင္ မ်က္လုံးျပဴးသြားရတယ္။



"ဘာလို႔လဲ..ဘာျဖစ္လို႔မကြာရွင္းခ်င္ရတာလဲ.."



"ငါ..ငါသူ႔ကိုခ်စ္မိေနလို႔.."



"ဘာ..!!!!"



၀တ္ရည္အဖို႔ အံ့ဩရလြန္းလို႔


ပါး‌စပ္ေတာင္ ျပန္မစိႏိုင္ေတာ့ေပ။



ေမဝိုင္းေလးဆိုတာ 


အရမ္းခ်စ္စရာေကာင္းလြန္းသူေလးျဖစ္ၿပီး 


ယင္ဖိုေတာင္သန္းဖူးတာမဟုတ္ဘူး။


အခ်စ္ဆိုတာ ဘာမွန္းဃဃနနမသိတဲ့ 


နလပိန္းတုံးမေလး။


တကယ္ကို အျဖဴထည္ေလးပါ။



တကၠသိုလ္ေက်ာင္းသူဘ၀တုန္းကလည္း


ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲမွာ ၀င္ၿပိဳင္ဖို႔


သူတို႔အခန္းထဲကို စီနီယာေတြကိုယ္တိုင္


လာေ႐ြးတာခံခဲ့ရေပမဲ့ လူေတြအာ႐ုံစိုက္တာ


မခံခ်င္လို႔ဆိုၿပီး ျငင္းပယ္ခဲ့တယ္။



ဒါေတာင္မွ ေမဂ်ာကြင္းမေျပာနဲ႔


တစ္ေက်ာင္းလုံးရဲ႕ အလွဆုံးလို႔သတ္မွတ္ထားတဲ့


ေကာင္မေလးထက္ေတာင္ လာပိုပန္းသူေတြ


ေပါခဲ့တာပါ။



ဒါေပမဲ့ ေမဝိုင္းေလးဆိုတာ 


ေက်ာင္းနဲ႔အိမ္ေလာက္သာ သိသူမို႔


ဘယ္သူကလာေႂကြေႂကြ


 ငေတမာရင္ၿပီးေရာဆိုသည့္မိန္းမေလ။



ဒီေနရာမွာရပ္ဆို ဒီေနရာမွာပဲရပ္ေနတာမ်ိဳး။


မိဘစကားကို နားအေထာင္လြန္ၿပီး


"ငယ္တုန္းရည္းစားမထားရ"ဆိုသည့္


သူ႔အေဒၚရဲ႕ အမိန႔္ေၾကာင့္ လာသမွ်လူအကုန္


ျငင္းလႊတ္ခဲ့တာ။



ကိုယ္ေတြသာ တစ္ေယာက္ၿပီးတစ္ေယာက္ကို


လဲလို႔မၿပီးတာ သူကေတာ့ၾကည့္လိုက္ရင္


အၿမဲတစ္ကိုယ္တည္းပဲ။


အခုေတာ့ အဲ့လိုလူက..လင္ေစာေစာရသြားၿပီး


အိမ္ေထာင္ေရး ကံၾကေတာ့အႏႈတ္ေအာက္မွာ..။



ေဟာ..အခုေတာ့အခ်စ္ေရးမွာ ႏုံခ်ာသူႀကီးက


ခ်စ္မိသြားၿပီတဲ့ေလ။


ဒီလိုေျပာရင္ေတာ့ ေသခ်ာၿပီ..အဲ့တစ္ေယာက္က


သူ႔ရဲ႕ ပထမဆုံးနဲ႔ေနာက္ဆုံးျဖစ္သြားလိမ့္မည္။



*ကံဆိုးတာကေတာ့ သူခ်စ္ေနတဲ့လူႀကီးက


သူ႔ကိုမခ်စ္ဘူး..။



"နင္သူ႔ကို ဘယ္အခ်ိန္တည္းကစၿပီး


ခ်စ္မိသြားတာလဲ.."



"ျဖစ္ႏိုင္တာကေတာ့ ငယ္ငယ္တုန္းကငါ့ကို


ခ်ယ္ရီသီးေတြလက္ေဆာင္ေပးတဲ့ကိစၥနဲ႔


ငါေရနစ္ေတာ့ ကယ္ေပးခဲ့တာေတြကို


သိလိုက္ရတဲ့အခ်ိန္တုန္းကလည္း ျဖစ္ရင္ျဖစ္မယ္


ဒါမွမဟုတ္ သူအရက္မူးၿပီးငါ့ကိုဖိနပ္စီးေပးတဲ့


ေန႔ကလည္း ျဖစ္ႏိုင္တယ္.."



ထိုစကားေတြကို ေျပာျပေနတဲ့အခ်ိန္မွာ


ဝိုင္းေလး၏ မ်က္ႏွာတြင္ျဖတ္ေျပးသြားေသာ


ႏူးညံ့ျခင္းေလးေတြကို 


၀တ္ရည္ဖမ္းလိုက္ႏိုင္ေလသည္။


အခ်စ္နဲ႔ထိေတြ႕သြားေတာ့လည္း


 မုန္းရမွာကိုေတာင္ မမုန္းႏိုင္ေတာ့ဘူးေပါ့။



"အင္း..လူတိုင္းလူတိုင္းက လြတ္လပ္စြာ


ခ်စ္ခြင့္ရွိပါတယ္..ဒါေပမဲ့ေဝးကြာဖို႔


ကံပါလာရင္လည္း  အဲ့ဒီ့ကံတရားကို


လက္ခံေပးရမွာပဲ မေဝးခ်င္ဘူးဆိုရင္ေတာ့


အမိအရဖမ္းဆုပ္ၿပီး တြယ္ကပ္ထားရမွာေပါ့..


နင္ဘယ္လမ္းကိုေ႐ြးမွာလဲ.."



"ငါမသိဘူး..ငါသိတာတစ္ခုက


ငါသူနဲ႔မကြာရွင္းခ်င္ဘူး.."



"ဒါေပမဲ့ သူကနင့္ကိုကြာရွင္းခ်င္ေနတယ္ေလ..


သူခရီးကေနျပန္လာရင္ ကြာရွင္းၾကမယ္လို႔


နင္ပဲေျပာၿပီးေတာ့.."



"ငါ..ငါဘာဆက္လုပ္ရမလဲဟင္..


ငါဘာလုပ္သင့္လဲ.."



"၀န္ခံလိုက္..နင္ခ်စ္ေနတဲ့အေၾကာင္း


သူ႔ကို၀န္ခံလိုက္ေပါ့..


နင့္ရင္ထဲကခံစားခ်က္ေတြကို


လုံး၀မကြယ္မဝွက္ပဲ သူ႔ကိုအကုန္ေျပာျပလိုက္


သူကေရခဲတုံးလိုလူမ်ိဳးဆိုရင္


သူဟတ္ထိသြားေအာင္ လုပ္ႏိုင္မွ


အရည္ေပ်ာ္လာမွာေနာ္..မဟုတ္ရင္ေတာ့


နင္တို႔ႏွစ္ေယာက္ၾကားမွာ 


လြဲၿပီးရင္းလြဲေနအုံးမွာပဲ.."



"အဲ့ဒီလိုလုပ္ၾကည့္ရင္ေရာ ေသခ်ာေပါက္


အဆင္ေျပႏိုင္ပါ့မလား.."


"အဲ့ဒါေတာ့ငါလည္း ေသခ်ာမသိဘူးေလ..


ေနပါအုံး မိန္းမမာယာသဲကိုးျဖာမွာ


သဲမႈန္တစ္မႈန္စာေတာင္ နင္ထုတ္မသုံးဖူးဘူးလား


ေယာက္်ားဆိုတာ အျမႇဴႀကိဳက္၊


အခြၽဲႀကိဳက္တတ္တယ္ဟဲ့...."



"ငါမွ အဲ့လိုေတြမသိတာ.."



"အင္း..နင့္ေယာက္်ားနင့္ကိုပစ္ခ်င္တာလည္း


မဆန္းေတာ့ပါဘူး..နင္ကိုယ္တိုင္ကေရခဲတုံး


ျဖစ္ေနတာကိုး..အဲ့ဒါေၾကာင့္အရင္တည္းက


ရည္းစားထားၾကည့္ပါလို႔ ငါေျပာခဲ့တာေပါ့


အခုေတာ့ေကာင္းေရာ ေယာက္်ားေတြအေၾကာင္း


နားကန္းတစ္လုံးမွမသိပဲ လင္တန္းရသြားတာ


..ဘယ့္နယ္ရွိစ.."



"ငါသူ႔ကိုစာပို႔ၾကည့္လိုက္ပါ့မယ္.."



"ေအး..‌သူ႔ဘက္ကၫႊတ္ဆင္းသြားေအာင္


ေသခ်ာေရးေနာ္..မဟုတ္ရင္ေတာ့


သူနင့္ဆီကို ဘယ္ေတာ့မွေရာက္လာမွာမဟုတ္ဘူး


အန္တီ၀င္းကို ဘာကူလုပ္ေပးရမလဲ


ငါသြားေမးလိုက္အုံးမယ္.."



"ေအးပါ..သြားသြား.."



ဩဝါဒေခြၽစကားေတြကို 


ထပ္ၿပီးမၾကားခ်င္ေတာ့၍ ၀တ္ရည္ကို


အတင္းႏွင္လႊတ္လိုက္မိေလသည္။


ၿပီးေနာက္ဖုန္းကို ယူလိုက္ကာသူ႔ဆီသို႔


စာပို႔ဖို႔ လုပ္လိုက္သည္။


သူ႔ရဲ႕ အီးေမးလ္နံပါတ္ကို မသိေသာေၾကာင့္


သူ႔ဖုန္းနံပါတ္ကိုသာ မက္ေဆ့ခ္်ပို႔ဖို႔


ေတြးလိုက္သည္။



အေဖ့ကိုဆုံးရႈံးၿပီးတဲ့ေနာက္မွာ


သူ႔ကိုပါထပ္ၿပီး အဆုံးရႈံးမခံႏိုင္ေတာ့တာ


စိတ္ထဲမွာ ေသခ်ာသြားခဲ့ေလၿပီ။



"သူကအခုထိုင္းဆင္းကဒ္


ေျပာင္းထားတယ္ဆိုရင္ေတာင္ 


ျမန္မာႏိုင္ငံကိုျပန္ေရာက္လို႔


ဖုန္းကဒ္ခ်ိန္းရင္ ဒီမက္ေဆ့ခ္်ကို 


ေတြ႕ေလာက္မွာပါ.."



ခံစားခ်က္ေတြအကုန္လုံးက 


အစစ္အမွန္ေတြႀကီးပဲမို႔ စကားလုံးေတြအျဖစ္


စာစီလိုက္တဲ့အခါ


တစ္ခဏအတြင္းမွာပဲ ၿပီးေျမာက္သြားေလသည္။


စာကို အေခါက္ေခါက္အခါခါ


 ျပန္ဖတ္လိုက္ၿပီးေနာက္ မွ်ားေလးကိုႏွိပ္ၿပီး


ပို႔လိုက္သည္။



"သူဘယ္လိုတုန႔္ျပန္မွာလဲ.."



ကိုယ့္ဘက္က ေမတၱာစစ္မွန္ေၾကာင္း


တစ္ရာရာခိုင္ႏႈန္း ေသခ်ာေနေပမဲ့


သူ႔ဘက္က ကိုယ့္အေပၚသံေယာဇဥ္ေတာင္


တစ္စက္မွ မထားႏိုင္ဘူးဆိုရင္ေတာ့


ဒီရင္ဖြင့္ျပတဲ့ စာသားေလးေတြဟာအခ်ည္းႏွီး


ျဖစ္သြားမွာ ေသခ်ာတယ္။



"ကြၽန္မရဲ႕အခ်စ္ေတြကို ရွင္ျမင္ႏိုင္ပါေစ


ဒီစာေလးကိုျမင္တဲ့အခါ


‌ကြၽန္မရဲ႕ ခံစားခ်က္ေတြကိုနင္းေခ်မလား


လက္ခံမလားဆိုတာ ရွင္ဆုံးျဖတ္ေပးပါ.."



ဖုန္းရဲ႕မ်က္ႏွာျပင္မွာေတာ့ 


ျပန္စာမေရာက္လာေသးေပမဲ့ ျမန္မာျပည္ကို


ျပန္ေရာက္တာနဲ႔ ဒီစာေလးကိုသူဖတ္ၿပီး


အေၾကာင္းျပန္လာေပးလိမ့္မယ္လို႔


ေမွ်ာ္လင့္မိပါတယ္။



ဒါေပမဲ့ ေက်ာခိုင္းၿပီးရင္ 


ေနာက္ျပန္လွည့္မၾကည့္တတ္တဲ့ သူ႔အက်င့္ကို


သိေနသူမို႔ စိုးရိမ္ေနမိတာေတာ့မွန္ပါပဲ။


သူျပန္လာတဲ့အခါ ကြာရွင္းစာခ်ဳပ္ေပးလာမဲ့


အခ်ိန္ကို သိပ္ေၾကာက္ေနမိတယ္။



ဒါဟာသူပိုင္ဆိုင္တဲ့အရာေတြကို


မက္ေမာလို႔မဟုတ္ပါဘူး။


မာနႀကီးၿပီး ေမာက္မာလြန္းတဲ့လူဆိုးႀကီးကိုမွ


ခ်စ္မိသြားလို႔ပါ။



❤️❤️❤️❤️❤️❤️❤️❤️❤️❤️


🍁တစ္လၾကာၿပီးေနာက္🍁


"အေမေရ..သမီးခ်ိဳင့္ေတြအားလုံးေဆး‌ၿပီးသြားၿပီ


ထမင္းဗူးေတြကို ထည့္လိုက္ရေတာ့မလားဟင္.."



"ေအးထည့္လိုက္ေတာ့ သမီး..


စာရင္းမွတ္ထားတဲ့အတိုင္း ေသခ်ာထည့္ေနာ္


ဟင္းေတြမွားမထည့္မိေစနဲ႔.."



"ဟုတ္ကဲ့ပါအေမရဲ႕..လုပ္ေပးေနတာျဖင့္


ၾကာေနၿပီဥစၥာ..


သမီးကိုအခုအထိမယုံေသးဘူးလား"



"ယုံပါတယ္ေတာ္..ယုံပါတယ္.."



အေမက ယုံတယ္ဆိုေတာ့ ဆူေထာ္ေနေသာ


ႏႈတ္ခမ္းေလးကို အၿပဳံးလြင္လြင္ေလးအျဖစ္


ေျပာင္းလဲလိုက္ၿပီး ထမင္းခ်ိဳင့္ေတြထဲသို႔


ဟင္းေတြ၊ထမင္းေတြ ခပ္ထည့္လိုက္သည္။



ထမင္းခ်ိဳင့္ေတြမွာ နာမည္ေလးေတြကပ္ထားေတာ့


တစ္ေဒါင္ေလာက္ရွိသည့္


 နံရံမွာကပ္ထားေသာ ဘုတ္ျပားကိုၾကည့္ၿပီး


ဘယ္သူက ၾကက္သား၊ဘယ္သူကပုဇြန္ဟင္းဆိုၿပီး


မမွားေအာင္ ၾကည့္ထည့္လို႔ရေလသည္။



ေဖေဖဆုံးၿပီးေနာက္ပိုင္းမွာ ေဈးထဲက


အထည္ဆိုင္ေလးကို ေဒၚေလး၏လက္ထဲသို႔


လုံး၀လႊဲလိုက္ေလေတာ့သည္။


ေမေမကေတာ့ ၿခံေရွ႕မွာထမင္းဆိုင္ႏွင့္


အေအးဆိုင္ေလးကို တြဲဖြင့္ေနရာမွ


ဝိုင္းေလးလည္း အိမ္မွာလာေနေပးရင္း


ကူေပးမိေလသည္။



အခုဆို အရင္လိုထမင္း၊ဟင္းေရာင္းတာမ်ိဳး


မလုပ္ေတာ့ပဲ အလုပ္သမားေတြကို


ထမင္းဗူးျပင္ေပးသည့္အလုပ္ကိုသာ


ဆက္လက္ လုပ္ျဖစ္ၾကသည္။



အရင္ထမင္းဆိုင္ေလးတုန္းက ကိုယ့္ဘက္ကေန


အရင္းအႏွီးဆိုက္ထုတ္ၿပီးမွ ျပန္ေရာင္းတာျဖစ္ၿပီး


အခုထမင္းဗူးျပင္ေပးတဲ့အလုပ္ၾကေတာ့


ပိုက္ဆံကို လခ်ဳပ္သို႔မဟုတ္ တစ္ေန႔ခ်င္းဆီအတြက္ႀကိဳယူထားကာ 


စားသုံး‌သူေတြစားခ်င္သည့္ ဟင္းအ‌မယ္ကို


ခ်က္ေပးရျခင္းျဖစ္သည္။



မနက္ေစာေစာထၿပီး ခ်က္ျပဳတ္ရတယ္ဆိုေပမဲ့


မနက္တစ္ပိုင္းေလာက္ပဲ ပင္ပန္းတဲ့အျပင္


အျမတ္တြက္လည္းကိုက္၍ ဝိုင္းေလးေတာ့


သေဘာက်မိသည္။


အေဖ့ေဆးဖိုးလည္း ကုန္က်စရာမရွိေတာ့


အိမ္အသုံးစရိတ္က ပိုေတာင္ပိုေနသည္။



"အေမ..ေနာက္သုံးရက္ေနရင္..အေဖ့အတြက္


ဆြမ္းသြပ္ေပးရေတာ့မယ္ေနာ္.."



"ဝိုင္းေလးကထိုသို႔ သတိေပးလိုက္ေတာ့


က်က္သြားၿပီျဖစ္သည့္ ဟင္းအိုးကို


ေအာက္ခ်လိုက္ၿပီးသည္ႏွင့္ 


အေမငိုင္က်သြားေလသည္။



"အေမမွတ္ထားပါတယ္သမီးရယ္


အေမလုံး၀မေမ့ပါဘူး..အဲ့အတြက္လည္း


ပိုက္ဆံသပ္သပ္ခြဲထားပါတယ္.."



"အင္းပါ..သမီးကအေမေမ့သြားမွာစိုးလို႔


သတိေပးတာပါ..အေမၿပီးသြားၿပီလား


သမီးလည္းဒီမွာ အကုန္ထည့္ၿပီးၿပီ


တစ္ခ်ိဳင့္က်န္တာေတာ့ 


အေမပဲဆက္ထည့္လိုက္ေတာ့ေနာ္..


ထမင္းေလးေၾကာ္လိုက္ခ်င္လို႔.."


Sora Sora, [4/13/2025 3:32 PM]

"ေအး..ေအး..ၾကက္ဥေလးလုံးပိုေသးတယ္


အခ်ပ္လိုက္ေလးေၾကာ္လိုက္ေပါ့..


တစ္ေယာက္တစ္ခ်ပ္စားလို႔ရတယ္.."



"တစ္ေယာက္တစ္ခ်ပ္ဆိုေတာ့ 


မမထိပ္ထားအတြက္ၾကေတာ့ေရာ.."



"ကိုယ့္အစ္မအေၾကာင္းလည္း ကိုယ္သိရဲ႕သားနဲ႔


ေမးေနေသးတယ္..သူကသူေဌးသမီးေလ


မနက္စာေတာင္ အျပင္မွာထြက္ထြက္စားတာ


ဂ်ပန္သင္တန္းကေန သူရတဲ့လစာက


သူျပန္သုံးတာနဲ႔တင္ ေလာက္ရဲ႕လားမသိဘူး..


ငါလည္းမေျပာခ်င္ေတာ့ပါဘူး.."



တစ္ခ်ိဳ႕လူေတြက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္


ေျပာင္းလဲသြားတတ္ၾကေပမဲ့ မမထိပ္ထားကေတာ့


လုံး၀ကို မေျပာင္းလဲ‌ေသးပါဘူး။



ေဖေဖဆုံးၿပီးေနာက္ပိုင္းမွာ အရင္ေလာက္


ျဖစ္သလို မေနေတာ့ပဲဂ်ပန္သင္တန္းမွာ


ဘာသာစကားဆရာမအျဖစ္ စာသင္ေပးေနေပမဲ့


သူရဲ႕လစာက သူသုံးတာနဲ႔တင္ ကုန္ေနၿပီး


အေမတို႔ကိုတစ္ျပားတစ္က်ပ္ေတာင္


ျပန္ေထာက္ပံ့ေဖာ္မရ‌ေပ။



ဝိုင္းေလးကိုေတြ႕ရင္ေတာ့ အရင္လိုမ်က္ေစာင္း


တခဲခဲႏွင့္ ရန္လိုေနတုန္းပါပဲ။


ဝိုင္းေလးလည္း သူ႔အက်င့္ကိုသိေနေတာ့


ဘာမွမေျပာမေနေတာ့ဘူး။


ကိုယ့္ဘက္က ျပန္မေျပာေတာ့


ဘာပဲျဖစ္ျဖစ္ ရန္ပြဲကတစ္၀က္ၿငိမ္းတာေပါ့။



"ဒါနဲ႔..ဝိုင္းေလးကိုအေမ ေမးရအုံးမယ္..


ဟိုအိမ္ကိုဘယ္ေတာ့ျပန္မွာလဲ


ဒီမွာေနတာ ၾကာေနၿပီဆိုေတာ့


သူတို႔ဘက္က တစ္မ်ိဳးထင္ေနပါအုံးမယ္.."



ထမင္းေၾကာ္ေနရင္း ေမႊေနတာကို


ရပ္တန႔္လိုက္မိသည္။


အေဖဆုံးၿပီးတည္းက အေမတို႔ႏွင့္


ကိုမင္းစက္ျပန္မလာခင္အထိ လာေနပါရေစလို႔


ဖြားႏုတို႔ကို ခြင့္ေတာင္းခဲ့မိတယ္။



ဖြားႏုတို႔ကလည္း ေယာက္်ားဆုံးထားတဲ့


အေမ့ကိုစာနာတဲ့အေနနဲ႔ ခြင့္ျပဳခဲ့၍


အေမတို႔ႏွင့္အတူလာေနခဲ့တာ အခုဆို


အေဖ့ဆြမ္းသြပ္ေတာင္ ေရာက္ေတာ့မည္။


ၾကည့္ရတာ အေမတို႔ကဝိုင္းေလးကို


ၿငိဳျငင္ေနၿပီထင္ပါတယ္။



"အေမက သမီးကိုျပန္ေစခ်င္ေနၿပီလား.."



"မဟုတ္ပါဘူးသမီးရယ္..အေမကအဲ့သေဘာမ်ိဳး


ေျပာတာမဟုတ္ပါဘူး ငါ့သမီးေလးရွိေတာ့


အေမပိုၿပီးေတာင္ အကူအညီရပါေသးတယ္


.......


ဒါေပမဲ့ အေမတို႔ကပတ္၀န္းက်င္နဲ႔ေနရတာေလ


မိဘအိမ္မွာ ဒီလိုအၾကာႀကီးလာေနေတာ့


ပတ္၀န္းက်င္မွာ အထင္လြဲစရာေတြ


ျဖစ္ကုန္တာေပါ့..


........


ေခါင္းရင္းအိမ္က


မၾကည္တို႔ကေတာင္ေမးေနၿပီ


"ေမဝိုင္းေလးကသူ႔ေယာက္်ားနဲ႔


အဆင္ေျပရဲ႕လားတဲ့ေလ.."အေမ့သမီးေလးကို


သူမ်ားေတြ မဟုတ္တမ္းတရားေျပာၾကမွာကို


အေမလက္မခံႏိုင္ဘူး.."



"ပတ္၀န္းက်င္ဆိုတာ ခ်ီးမြမ္းခုႏွစ္ရက္


ကဲ့ရဲ႕ခုႏွစ္ရက္ပါအေမရယ္..


ကိုယ္ေကာင္းရင္ ေခါင္းမေ႐ြ႕ပါဘူး.."



"အဲ့ဒီလိုမေျပာရဘူးေလသမီးရယ္..


ဘာကိုမွဂ႐ုစိုက္စရာမလိုဘူးလို႔ေျပာလိုက္တာက


ကိုယ္ဟာ ဘာအေျခအျမင့္မွမရွိတဲ့လူလို႔


သတ္မွတ္လိုက္တာနဲ႔အတူတူပဲ


........


ပတ္၀န္းက်င္ကို ဂ႐ုမစိုက္ဘူးပဲထားဦး


သမီးရဲ႕ေယာကၡမေတြကိုေတာ့ ဂ႐ုစိုက္ရမယ္ေလ


အေမတို႔ကသမီးေလးကို ဆိုင္ပဲဆိုင္ေတာ့တာ


မပိုင္ေတာ့ဘူး..သမီးရဲ႕ပိုင္ရွင္အစစ္က


ကိုစက္ပဲ..အဲ့ေတာ့သူ႔ရဲ႕အသိုင္းအ၀န္းမွာ


၀င္ဆန႔္ေအာင္ေနရမွာပဲေလ..


............


အခုအေမတို႔ဆီမွာ


အၾကာႀကီးလာေနတာကို..ဟိုဘက္ကလူေတြက


ဘာမွမေျပာၾကေပမဲ့ ကိုယ္ကသိတတ္ရမယ္ေလ


အေမတို႔ကိုလည္း တမင္အၾကာႀကီး


ေခၚထားတယ္လို႔ ထင္‌သြားၾကမွာေပါ့


ေမဝိုင္းေလးက သူ႔မိဘေတြကိုပဲသိတတ္တယ္လို႔


အေျပာမခံႏိုင္ဘူး..


အေမတို႔လည္းမေကာင္းရာၾကတယ္.."



"သမီးနားလည္ပါၿပီအေမ..အေမ့စကားကို


သမီးနားေထာင္ပါ့မယ္..ဒါေပမဲ့အေဖ့အတြက္


ဆြမ္းသြပ္ေပးၿပီးေနာက္ရက္မွပဲ


သြားပါရေစေနာ္..အဲ့ဒီ့အထိေတာ့သမီးကို


ခြင့္ျပဳေပးပါေနာ္..."



"သမီးေလရယ္..အေမလည္းသမီးကို


မခြဲခ်င္ပါဘူး..ဒါေပမဲ့ထုံးစံဆိုတာ


မျပစ္ပယ္ရဘူးကြဲ႕..အေမေျပာတာကို


နားလည္တယ္မဟုတ္လား.."



"ဟုတ္ကဲ့ သမီးနားလည္ပါတယ္.."



ဝိုင္းေလးလည္း ထပ္ၿပီးအေမ့ကိုျပန္မေျပာခ်င္၍


ႏႈတ္ဆိတ္ကာ ထမင္းသာ


ဆက္ေၾကာ္ေနလိုက္သည္။


အေမတို႔ကသာ သမီးရဲ႕လက္ရွိပိုင္ရွင္ဟာ


ကိုမင္းစက္လို႔ေျပာေနေပမဲ့ သူကသမီးကိုမွ


အလိုမရွိေတာ့တာ။



အလိုလိုေနရင္း ၀မ္းနည္းလာမိ၍


မ်က္ရည္ေတြ စီးက်လာခဲ့ေပမဲ့ အေမ‌ေတြ႕မွာစိုး၍


လက္ဖဝါးႏွင့္ အျမန္သုတ္ပစ္လိုက္ရသည္။


အခုအခ်ိန္မွာ ခံစားခ်က္ေတြအားလုံးကို


ေပါက္ကြဲပစ္လိုက္ခ်င္တာပဲ သိတယ္။


*တကယ္ကို လမ္းေပ်ာက္ေနပါၿပီ..*



❤️❤️❤️❤️❤️❤️❤️❤️❤️❤️



ရန္ကုန္မဂၤလာဒုံေလဆိပ္မွ ထြက္ခြာလာေသာ


ကားအနက္ေရာင္ေလးသည္ ပုံမွန္အရွိန္ေလးျဖင့္


သြားေနေလသည္။



ကားထဲတြင္ ေလေအးေပးစက္ဖြင့္ထား၍


ေအးစိမ့္ေနသည့္နည္းတူ ေအးေဆးတည္ၿငိမ္စြာ


လိုက္ပါလာေသာ မင္းစက္ကလည္း


ေအးေအးလူလူထိုင္၍ တက္ပ္လက္ကိုထုတ္ကာ


စေတာ့ေဈးကြက္အေၾကာင္း ေလ့လာရင္း


ထိုင္ေနေလသည္။



ေႏြရာသီေရာက္ေနၿပီျဖစ္၍ အရင္လိုအေနာက္တိုင္း၀တ္စုံ အျပည့္၀တ္ဆင္ထားျခင္း


မဟုတ္ေတာ့ပဲ နက္ျပာေရာင္ရွပ္လက္တို‌ကိုသာ


ဂ်င္းအပြႏွင့္ တြဲဖက္ကာ၀တ္ဆင္ထားေလသည္။



ထိုင္မွာေနခဲ့စဥ္ တစ္လလုံးမွာအလုပ္ထဲ၌သာ


အာ႐ုံစိုက္ထားခဲ့သလို အခုလည္း


သတိရေနမိေသာ အရာအားလုံးကို


ေမ့ပစ္ႏိုင္ဖို႔ အလုပ္အေပၚသာအဆက္မျပတ္


အာ႐ုံထားလိုက္သည္။



မင္းစက္အာဏာက စကားတစ္ခြန္းမွ


ေျပာမလာေတာ့ ကားေမာင္းေနေသာ


မင္းသစ္မွာ ‌မွန္ထဲမွတစ္ဆင့္ ဆရာျဖစ္သူ၏


မ်က္ႏွာကို ခဏခဏအကဲခတ္ေနမိကာ


စကားစဖို႔ ပါးစပ္တျပင္ျပင္လုပ္ေနမိေလသည္။



"ဆရာ..ကြၽန္ေတာ္ဖြားႏုတို႔အိမ္ကိုပဲ


ေမာင္းရမလားဟင္.."


မင္းသစ္က အရဲစြန႔္ၿပီးတိတ္ဆိတ္မႈကို


ၿဖိဳခြင္းလိုက္မွသာ မင္းစက္အာဏာသည္


တက္ပ္လက္ကိုအာ႐ုံစိုက္ေနရာမွာ


ေမာ့ၾကည့္လာၿပီး တစ္ခုခုကိုေတြးေနဟန္ႏွင့္


မ်က္ေမွာင္ႀကဳံ႕လိုက္ေလသည္။



"ေ႐ႊေတာင္ၾကားက ငါ့ဗီလာကိုပဲေမာင္းလိုက္


အဲ့မွာပဲ ငါျပန္ေနေတာ့မယ္.."



"ဆရာ့မိန္းမဆီကိုမသြားဘူးလားဟင္


ဆရာ့မိန္းမကအခု သူ႔မိဘအိမ္ကိုေရာက္ေနတယ္


ေနာက္ၿပီး..ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ..ဆရာ့မိန္းမရဲ႕.."



"မင္းသစ္..ငါမင္းကိုသူ႔အေၾကာင္း


ေမးေနလို႔လား..ငါခိုင္းတာပဲလုပ္...


ငါမေမးပဲနဲ႔ အပိုေတြဘာမွလာမေျပာနဲ႔..


နားလည္လား.."



"ဒါေပမဲ့ဆရာ.."



"မင္းကငါ့စကားကို အေရးမလုပ္တာလား.."



"မဟုတ္ပါဘူး..ဆရာနားမေထာင္ခ်င္ရင္


ကြၽန္ေတာ္မေျပာေတာ့ပါဘူး..."



မင္းသစ္လည္း လွ်ာရွည္မိတဲ့ကိုယ့္ပါးစပ္ကိုသာ


ျပန္ခ်လိုက္ခ်င္ေတာ့သည္။


ကိုယ္မေျပာျပလည္း ‌ဆရာ့မိန္းမရဲ႕အေဖဆုံးတာကို


မၾကာခင္ သိသြားမွာပဲေလ။


*ေတာ္ၿပီ..ေနာက္ဆိုသူမ်ားကိစၥ၀င္မပါေတာ့ဘူး..*



မင္းစက္အာဏာကေတာ့ ‌"ဆရာ့မိန္းမ"ဆိုသည့္


စကားလုံးေၾကာင့္ သူေမ့ထားဖို႔မနဲႀကိဳးစားခဲ့ရသည့္


ေမဝိုင္းေလး၏ မ်က္ႏွာဟာအာ႐ုံထဲမွာ


ျပန္ေပၚလာ၍ ေဒၚသထြက္လာကာ


ဘာကိုမွ အာ႐ုံစိုက္လို႔မ‌ရေတာ့ေပ။



ထိုင္းမွာ ဟိုတယ္ပေရာဂ်က္ကိစၥကိုပဲ


အာ႐ုံစိုက္ထားခဲ့ကာ ေမဝိုင္းေလးကို


ေမ့ပစ္ႏိုင္မလားဆိုၿပီး ကိုယ့္ကိုကိုယ္စမ္းသပ္ခဲ့တယ္။အလုပ္မ်ားေနတဲ့ အခ်ိန္တစ္ခုေလာက္ပဲ


ေခါင္းထဲကေန သူမကိုေျပးေတြ႕ခ်င္တဲ့


စိတ္ေတြကို ထုတ္ပစ္ႏိုင္ခဲ့ေပမဲ့ 


အျခားသူတစ္ေယာက္က နဲနဲေလး


သတိေပးလိုက္တာနဲ႔ အဲ့ဒီ့ကေဝမေလးကို


စြဲလမ္းေနမိတဲ့ စိတ္ေတြက ျပန္ေပၚလာတတ္တယ္။



သူ႔ရဲ႕ကိုယ္သင္းရနံ႔ေလး၊ႏူးညံ့အိစက္ေနတဲ့


အထိအေတြ႕ေလး ၿပီးေတာ့


ႏႈတ္ခမ္းပါးေလးေပၚကခ်ိဳျမမႈေတြ..


 သူေလးကိုေထြးေပြ႕ထားမိတဲ့အခ်ိန္တိုင္း


ေသြးေၾကာထဲအထိ စိမ့္၀င္လာတတ္တဲ့


ခံစားခ်က္ေတြ အားလုံးကို႐ူးေလာက္ေအာင္


လြမ္းဆြတ္လာမိတယ္။



ငါသူ႔ကိုခ်စ္လို႔မရဘူး ဒီခံစားခ်က္ကိုဆက္ၿပီး


ထားရွိဖို႔မျဖစ္ဘူးလို႔ အမ်ိဳးမ်ိဳး


တားဆီးေနတဲ့ၾကားကေန စြဲစြဲလမ္းလမ္းကို


ခ်စ္ေနမိၿပီဆိုသည့္ အာ႐ုံတစ္ခုက


ႏွလုံးရဲ႕ေသြးေၾကာေတြဆီကေန 


ဦးေႏွာက္ဆီကို အခ်ိန္တိုင္း


သယ္ေဆာင္လာေနတယ္။



*အဲ့ဒီ့စိတ္ႀကီးကို ဘယ္လိုခ်ိဳးႏွိမ္ရပါ့မလဲ..*



  ကိုယ္ေျပာခဲ့သမွ်၊လုပ္ခဲ့သမွ်


ဆုံးျဖတ္ခ်က္တစ္ခုဆီတိုင္းကို 


အတည္ျဖစ္ေစရမယ္ဆိုသည့္ ကိုယ့္ရဲ႕


မာနတံတိုင္းႀကီးက တင္းခံေနေတာ့


စိတ္ရဲ႕လိုရာအတိုင္း မလိုက္ခ်င္ဘူးျဖစ္ေနတယ္။



*သူနဲ႔ ေဝေဝးေနလိုက္တာပဲေကာင္းပါတယ္


မင္းစက္အာဏာဆိုတာ ေျပာၿပီးသားစကားကို


ျပန္႐ုတ္သိမ္း႐ိုးထုံးစံမရွိဘူး..*



❤️❤️❤️❤️❤️❤️❤️❤️❤️❤️



ကဲ..မာနမင္းသားနဲ႔ေ႐ႊဖူးစာလို႔


ေခါင္းစဥ္ဘာလို႔ေပးထားလဲ


သိေလာက္ၿပီ ထင္ပါတယ္..

5 comments:

  1. 41ကိုရောက်ပီအဆင်ပြေသင့်ပီလားလို့နော်

    ReplyDelete
  2. ချိုလည်းချို ရိုလည်းရို ဇတ်လဲသိမ်းပါပြီ

    ReplyDelete
  3. မင်းသားလေးရယ်လှည့်လို့ကြည့်ပါအုံးဝိုင်းလေးကို

    ReplyDelete
  4. နောက်တပိုင်းမလာသေးဘူးလားလို့

    ReplyDelete
  5. မာနမင်းသားနဲ့ရွှေဖူးစာ နေ့တိုင်းမတင်ပေးဘူးလား တစ်ရက်ခြားလား

    ReplyDelete