အခန်း၃၉ 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

အခန်း၃၉

💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ကိုမင်းသစ်က ကားတံခါးကိုဖွင့်ပေးလာသည့်အခါ

လေးလံသော ခြေလှမ်းတွေနှင့် ခြံပေါက်၀ဆီသို့လှမ်းသွားနေမိသည်။

ခြောက်နာရီထိုးနေပြီဆိုပေမဲ့ 

နေမထွက်သေးတာကြောင့် ဆောင်းနံနက်ခင်း၏

အအေးဓာတ်က ကျောရိုးထဲစိမ့်တက်လောက်ပါရဲ့။


ခြံတံခါးကိုဖွင့်လိုက်သည့်အချိန်မှာ 

မျက်ရည်စက်တွေ ထင်ကျန်နေသော

ပါးပြင်ကို လေနုအေးက

ဖြတ်တိုက်သွားလေတယ်။

ကြိုဆိုသူမရှိသည့် ခြံ၀န်းကြီးမှာခြောက်ကပ်နေသလိုပါပဲ။


မနက်၅နာရီခွဲလောက်မှာ မမျှော်လင့်ထားပဲ

"အဖေဆုံးပြီ"ဆိုတဲ့ အမေ့ရဲ့စကားသံတွေကိုသာ

ထပ်ခါတလဲလဲ ကြားယောင်နေမိတယ်။

ထိုစကားကို စကြားမိတော့

ရင်ထဲမှာ‌ လောင်မီးကျသွားသလိုပါပဲ။

လုံး၀မယုံကြည်နိုင်ခဲ့ဘူး။


ဟိုတစ်ရက်ကတင် ကိုမင်းစက်ကဝိုင်းလေးကို

ဘဏ်ကဒ်ပေးလာခဲ့သေးတယ်။

"ပိုက်ဆံထုတ်ပြီး လက်ဆောင်ပစ္စည်းတွေ

၀ယ်ထားပါတဲ့လေ..ဝိုင်းလေးရဲ့အုပ်ထိန်းသူတွေကို

နှစ်ယောက်သား လာကန်တော့ကြမည်တဲ့.."

အခုတော့ အဲ့ဒီ့အချိန်လေးတောင်

 မရောက်လိုက်ပါလား။


အိမ်ထောင်ကျပြီးပေမဲ့ လင်ယောက်ျားနဲ့အတူ

မိဘတွေကို လာကန်တော့ချိန်တောင်

မရလိုက်ပါလား။


"ဝိုင်းလေး..အမေတို့အိမ်ထဲ၀င်ရအောင်လေ

သမီးရဲ့မိဘတွေကိုလည်း နှစ်သိမ့်ပေးရအောင်.."


ကိုမင်းစက်၏အမေ အန်တီရတနာက

ဝိုင်းလေးရဲ့ လက်မောင်းလေးကို

နွေးနွေးထွေးထွေး ဖေးကိုင်ပေးလာတယ်။

ဖွားဖွားနုကလည်း အဖေ့သတင်းကိုကြားတော့

စိတ်မကောင်းလွန်းလို့ ဝိုင်းလေးကို

နှစ်သိမ့်ပေးရှာပါတယ်။


ဒါပေမဲ့ အဖေတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတဲ့

ခံစားချက်က ဘယ်လိုလုပ်ပြီးဖြေဆည်နိုင်ပါ့မလဲ။

ယဉ်တိုက်မှုကြောင့် အိပ်ယာထဲမှာသာ

မလဲခဲ့ရင် သမီးအငယ်လေးဖြစ်တဲ့

ဝိုင်းလေးကို အခုချိန်အထိအလိုလိုက်နေခဲ့မှာ

သေချာတယ်။


အသက်(၅၆)နှစ်မှာ ဘ၀တစ်ပါး

ကူးပြောင်းသွားခဲ့တာကို စောသေးတယ်လို့

 ပြောရမည်လား။

ဒါမှမဟုတ် ဝေဒနာမျိုးစုံခံစားနေရတဲ့ဘ၀ကနေ

လွတ်မြောက်သွား၍ ၀မ်းသာပေးရမည်လား။


"သွားကြရအောင်နော်.."


အန်တီရတနာသာ ထိန်းကိုင်မပေးထားခဲ့ဘူးဆိုရင်

နေရာမှာတင် ပစ်ခွေကျသွားလောက်ပေမည်။

ခြေလှမ်းတစ်ရွေ့စီတိုင်းက ယိုင်နှဲ့နေပြီး

အိမ်ထဲမှ ငိုသံတွေနဲ့တီးတိုးစကား‌‌ပြောသံတွေကိုကြားရတဲ့အခါ ၀မ်းနည်းလွန်းလို့ရင်ထဲမှာ အောင့်သက်‌သက်ကြီး ဖြစ်လာတယ်။


"တင်မမရေ..ဒီမှာနင့်သမီးအငယ်မလာပြီ.."


"အမေ..ဒေါ်လေး.."


လူတွေကြားမှာ ဖြတ်လျှောက်ကာ

အဖေ့ရုပ်အလောင်းဘေးသို့ ပြေးသွားမိလေသည်။

အန်တီလေးနှင့်မေမေကလည်း

ဝိုင်းလေးကို ဖက်ကာငိုလိုက်ကြတာ..

ကြည့်နေသူတွေတောင် လိုက်ငိုမိကြတဲ့အထိပါပဲ။


"အဖေရယ်..အဖေအခုတော့

လွတ်လပ်သွားပြီပေါ့နော်..လမ်းမလျှောက်နိုင်

စကားမပြောနိုင်တဲ့ဘ၀ကနေ 

လွတ်မြောက်သွားပြီပေါ့နော်..သမီးတို့ကို

တကယ်ကြီးခွဲသွားပြီပေါ့.."


အေးစက်နေသော အဖေ့ရဲ့ရုပ်အလောင်းကို

ဖက်တွယ်ထားလိုက်ပြီး ချုံးပွဲချ၍ငိုမိတော့

ဒေါ်ရတနာသည်လည်း ချွေးမလေးကိုကြည့်ကာ

မျက်ရည်တွေစီးကျရင်း နှစ်သိမ့်ပေးမိလေသည်။


ဝိုင်းလေးကတော့ အဖေ့ကိုအသက်ရှင်နေသေးတဲ့

လူတစ်ယောက်လို စကားတွေပြောလိုက်

ငိုချလိုက်နှင့် အားအင်တွေယုတ်လျော့လာကာ

တစ်ကိုယ်လုံး ညွှတ်ခွေကျတော့မတတ်ပါပဲ။


"အဖေ..သမီးအခုထိမယုံနိုင်သေးဘူးအဖေရယ်

သမီးရင်တွေကွဲရချည်ရဲ့..

အဖေ့ရဲ့နောက်ဆုံးအချိန်မှာတောင်

ဘေးနားမှာ ရှိမနိုင်ပေးခဲ့မိလို့ 

ဟော့ဒီကသမီးမိုက်ကို ခွင့်မလွှတ်ပါနဲ့နော်..

သမီးကိုခွင့်မလွှတ်ပါနဲ့.."


"ဝိုင်းလေးရယ်..အဲ့လိုမပြောပါနဲ့..

ငါ့သမီးလေးက သားသမီး၀တ္တရား

ကျေပွန်ပါတယ်ကွယ်..ကိုယ့်ကိုကိုယ်

အပြစ်မတင်ပါနဲ့..အားလုံးကဖြစ်ချိန်တန်လို့

ဖြစ်သွားတာပါ.."


ဖအေဖြစ်သူကို မလွှတ်တမ်းဖက်တွယ်ပြီး

ငိုနေသော ဝိုင်းလေးကိုဒေါ်တင်မမလည်း

ကိုယ်တိုင်က ရင်ထဲမှမချိပေမဲ့

 နှစ်သိမ့်ပေးနေမိလေသည်။


"ဟုတ်ပါတယ်မြေးလေးရယ်

သဗ္ဗေသတ္တာ ကမ္မသကာတဲ့လူတိုင်းက

သူ့ကံအကျိုးပေးနဲ့သူ တစ်နေ့နေ့မှာ

နိဂုန်းချုပ်ကြရမှာပါပဲ..ဘယ်သူ့ဘယ်သူရဲ့

အပြစ်မှမဟုတ်ပါဘူးကွယ်..

ငါ့မြေးလေးမှာအပြစ်မရှိပါဘူး

အနည်းဆုံးတော့ အတူရှိနေချိန်မှာ 

ကိုယ့်အဖေကြီးကို စိတ်ချမ်းသာအောင်

ထားပေးခဲ့တာပဲ မဟုတ်ဘူးလား..

သတ္တဝါတစ်ခု ကံတစ်ခုလို့သာမှတ်ပါကွယ်.."


အဖွားမိစံကပါ ဝိုင်းလေးကိုနှစ်သိမ့်ပေးလာပေမဲ့

သွေးပူနေတုန်းမှာ ဘယ်လိုမှစိတ်ဖြည်သိမ့်လို့

အရပေ။


ဖေဖေဟာ ဝိုင်းလေးရဲ့ကျေးဇူးရှင်လည်းဖြစ်သလို

ကယ်တင်ရှင်လည်း ဖြစ်တယ်။

အဖေ့ကြောင့်သာမဟုတ်ရင် ဝိုင်းလေးဟာ

လူ့လောကကြီးထဲမှာ အသက်ရှင်နေပါအုံးမလား။


အစာရေစာ ငတ်ပြတ်ပြီးပိန်လီနေတဲ့

ကလေးမလေးရဲ့လက်ကို

ရဲရဲကြီး တွဲခေါ်ပေးခဲ့တဲ့လူ။


*အဲ့ဒီ့လူကြီးရဲ့ လက်တွေကအခုတော့အေးစက်လို့

သူ့ရဲ့အသက်ရှူသံလေးကိုတောင်

မကြားနိုင်တော့ဘူး..ဝိုင်းလေးတို့အားလုံးကို

ထားခဲ့ပြီ

 သူအပြီးတိုင်ထွက်ခွာသွားခဲ့ပြီ..

သမီးဘယ်လိုများ ဖြည်ဆယ်နိုင်မှာလဲ

အဖေရယ်..*


ဝိုင်းလေးကို စခေါ်လာတုန်းက မေမေအပါအ၀င်

မိသားစုအားလုံးနီးပါးနဲ့ အမျိုးတွေကအစ

ပိန်လီနေတဲ့ မိဘမဲ့ကောင်မလေးကို

မွေးစားမဲ့အရေး ကန့်ကွက်ခဲ့ကြတယ်။


အဖေတစ်ယောက်တည်းကသာ ဝိုင်းလေးရဲ့

လက်ကို မလွှတ်တမ်းကိုင်ဆွဲပေးထားပြီ...

သူ့မိသားစုထဲကို မရရအောင်ဆွဲသွင်းပေးခဲ့တယ်။


Sora Sora, [4/8/2025 8:57 PM]

"သမီးလေးမကြောက်နဲ့နော်..

ဖေဖေတစ်ယောက်လုံးရှိတယ်"ဆိုသော

စကားလေးတစ်ခွန်းက ဝိုင်းလေးရဲ့ခန္ဓာကိုယ်

တစ်ခုလုံးကို နွေးထွေးသွားဖို့လုံလောက်စေခဲ့တယ်။


"ဘာမှမဖြစ်ဘူးသမီးလေး..

အားလုံးအဆင်ပြေသွားလိမ့်မယ်..သမီးရဲ့နောက်မှာ

ဖေဖေတစ်ယောက်လုံးအမြဲရှိတယ်..

ဘယ်လိုအခက်အခဲပဲရှိရှိဖေဖေ့ကို

ပြောရမယ်နော်..သမီးလေးအတွက်ဆို

ဖေကြီးကအမြဲအသင့်ရှိပေးမယ်.."ဆိုသော

မေတ္တာရှင်ကြီးဟာ အခုတော့ဝိုင်းလေးရဲ့

မျက်ရည်တွေကို‌တောင် မသုတ်ပေးနိုင်တော့ပါလား


"မတင်ရယ်..ရုတ်တရက်ကြီး

ဘယ်လိုဖြစ်သွားရတာလဲ.."


ဒေါ်ရတနာ၏အမေးကြောင့် ဒေါ်တင်မမလည်း

သမီးလေးကို နှစ်သိမ့်ပေးနေမိရာက

မျက်ရည်ဝိုင်းသော မျက်၀န်းလေးတွေနှင့်

မော့ကြည့်လာမိလေသည်။


"မနေ့ကဆရာ၀န်လာတော့ သွေးတွေအရမ်း

တိုးနေတယ်ဆိုတာနဲ့ ကျွန်မလည်း

ဒီညသတိလေးနဲ့အိပ်တာပါပဲ

သတိထားနေရင်းနဲ့ကို အခုလိုဖြစ်သွားတာ

ညငါးနာရီထိုးလောက်မှာ ဝူးဝူးဝါးဝါးနဲ့

အသံတွေကြားလို့ ထကြည့်ပြီး

ထူပေးပြုပေးနေရင်းကပဲ ခြေတွေစောင့်

ဘာတွေစောင့်နဲ့ လေတစို့ဖြစ်သွားခဲ့တာ

ဘာမှ လုပ်ချိန်တောင်မရလိုက်ပဲ 

အသက်ပါတစ်ခါတည်း ပါသွားတော့တာပါပဲ

အဟင့်..သူ့ခမျာစကားကလည်း

ပီပီသသမပြောတတ်တော့ ရောဂါခံစားနေရလည်း

မပြောနိုင်ရှာဘူး..အရင်တည်းကလည်း

တစ်ခုခုအနာတရဖြစ်ရင် ကြိတ်ပြီးတော့

တစ်ယောက်တည်းခံစားနေတတ်တဲ့

လူကြီးပါရှင်..သူများတွေကိုသာစာနာတတ်တာ

သူပင်ပန်းရင်လေ နဲနဲလေးတောင်

ထုတ်ပြောတာမဟုတ်ဘူး.."


"အင်း..အခုလိုကြားရတော့

စိတ်ထဲမကောင်းလိုက်တာ..အိမ်ကအမေကလည်း

ခုနောက်ပိုင်း သွေးတွေတိုးတိုးနေတော့

စိတ်ပူနေရတယ်..ဝိုင်းလေးကတော့

မတင်တို့ အကြောင်းကြားကြားချင်း

သွေးရူးသွေးတန်းဖြစ်သွားရှာတာ

သမီးရယ် အမေတို့နဲ့မှအတူသွားပါဆိုပြီး

မနဲဆွဲထားခဲ့ရတာ.."


"ဟုတ်တယ်မရတနာရေ..ဝိုင်းလေးကသူ့အဖေကို

သိပ်ချစ်တာ..သူ့အဖေကလည်းသူ့သမီး

အငယ်လေးကို တုန်နေအောင်ကိုချစ်ရှာတာ..

အီဟီး..အခုတော့နောက်ဆုံးအချိန်မှာ

သူ့သမီးလေးတွေကိုတောင် မတွေ့လိုက်ရရှာဘူး.."


အမေကပြောရင်း ငိုတော့ဝိုင်းလေးပါ

ရင်ထဲ၌လှိုက်တက်လာပြန်သည်။

အဖေ့ရဲ့နောက်ဆုံးအချိန်မှာ

အတူရှိနေမပေးနိုင်တာကို ၀မ်းအနည်းရဆုံးပဲ။


"ကိုထွန်း၀င်းက တကယ်ကိုဖခင်ကောင်း၊

ခင်ပွန်းကောင်း ပီသသူပါရှင်

သူလုပ်နိုင်ကိုင်နိုင်တုန်းကဆိုရင်

မိသားစုကိုတစ်ချက်တောင်

 မျက်နှာအညှိုးခံတာမဟုတ်ဘူး..

သူ့သမီးလေးတွေဆိုလည်း 

မျက်စိအောက်ကကို အပျောက်မခံတာ

ကျွန်မက လေသံမာမာနဲ့ဆူရင်တောင်

"ကလေးတွေကို အဲ့လိုမပြောပါနဲ့ကွာ.."

ဆိုပြီး အမြဲကာပေးတတ်တာလေ.."


"အင်း..နှမျောစရာပဲ..လူကောင်းတွေကြတော့

ကံကြမ္မာကရက်စက်လိုက်တာနော်.."


"ကံကြမ္မာက ရက်စက်တာတော့မပြောပါနဲ့တော့

အမြဲတမ်းခရီးတွေထွက်ပြီး လှုပ်လှုပ်ရှားရှား

နေရတာကြိုက်တဲ့လူဆိုတော့

 သူလမ်းမလျှောက်နိုင်ဖြစ်သွားတဲ့အချိန်တုန်းက

*မိန်းမငါ့ဘ၀တော့သွားပါပြီကွာ

ငါ့ကလေးတွေအပေါ် မင်းတို့အပေါ်တာ၀န်

မကျေနိုင်တော့ဘူး"ဆိုပြီးသူ့ခမျာ

ငိုလိုက်တာများရှင်..တွေးကြည့်တိုင်းသနားရတယ်..

.......

ဝိုင်းလေးကလည်း သူ့အဖေကိုသိပ်ချစ်ရှာတာ

ဘယ်နေရာသွားသွား သူ့အဖေအတွက်တော့

တစ်ခုခုကမပါမဖြစ်ပဲ..စကားမပြောနိုင်ပေမဲ့

*ဒီမှာအဖေ့အတွက်.."ဆိုပြီး သူ့သမီးက

တစ်ခုခု၀ယ်လာတိုင်း

သူ့မှာ ခေါင်းတညိမ့်ညိမ့်‌နဲ့မျက်ရည်ဝဲရှာတယ်

အဲ့ဒါတွေပြန်တွေးကြည့်တိုင်း ရင်ထဲမှာ

တကယ်မကောင်းပါဘူး...မရတနာရယ်.."


ဒေါ်တင်မမကလည်း ရှေးဟောင်းနှောင်းဖြစ်တွေ

ပြန်တွေး၊ပြန်ပြောရင်းငိုနေသလို ညီမဖြစ်သူ

ရွှေရည်၀င်းကလည်း အစ်မကိုနှစ်သိမ့်ပေးရင်း

ငိုပြန်လေသည်။


ဆွေမျိုးတွေက ရန်ကုန်မှာမရှိပဲကလောမှာ

နေကြသူတွေဆိုတော့ သူတို့ရောက်လာတဲ့

အခါလည်း ‌ပြန်ပြောရင်းငိုကြလိမ့်အုံးပေမည်။


ဧည့်ခန်းအရှေ့ရှိသေဆုံးသူဘေးတွင် 

လူများစုအုံနေပြီး

ပူဆွေးသောက ရောက်နေကြချိန်၌

ထိပ်ထားဦးကတော့ ဟိုယိုင်ဒီထိုးနှင့်

အိမ်ထဲသို့ ၀င်လာလေသည်။


တစ်ညလုံးအပြင်မှာ ရှိနေခဲ့ပြီးမနက်မှ

ပြန်ရောက်လာခြင်းဖြစ်၍ ဖခင်တစ်ယောက်လုံး

ဆုံးတာကိုတောင် မသိ‌ထားခဲ့ပေ။


"ဟာ..နားတွေညီးလိုက်တာ..

ဘာလို့ငိုယိုနေကြတာလဲ..လူတွေကလည်း

သူများအိမ်မှာ အားအားယားယား

ဘာလာလုပ်နေကြတာလဲ..

ကိုယ့်အိမ်ကိုယ့်ယာ မရှိကြဘူးလား..

ဆူညံပွက်လောက်ရိုက်နေလိုက်ကြတာ

မသိရင် မသာအိမ်အတိုင်းပဲ..

ကျက်သရေကို မရှိဘူး..."


စကပ်ပေါင်တိုလောက်နှင့် အဖြူရောင်

လက်ရှည်အိင်္ကျီကို လျော့လျော့ရဲရဲ၀တ်ဆင်လျှက်

လူကြားမကောင်းအောင် အော်ဟေ့နေသော

ထိပ်ထားဦးကို ဒေါ်တင်မမကတော့

ပြေးရိုက်ချင်နေလေပြီ။


အိမ်မှာ အသုဘရှိလို့ရပ်ကွက်ထဲက

သတင်းလာမေးသူတွေ ဝိုင်းကူပေးနေသူတွေကို

အားနာရကောင်းမှန်းမသိပဲ အမူးသမား

တစ်ယောက်လို အာလေးလျှာလေးနှင့်

လျှောက်အော်နေလိုက်တာ 

မွေးရကြိုးမနပ်တဲ့သမီး..။


ရောက်တည်းက ဖအေနားကမခွာပဲ

ဖအေ့မျက်နှာကိုပဲ တကြည့်ကြည့်လုပ်ကာ

ငိုနေရှာသော မွေးစားသမီးမေဝိုင်းလေးနှင့်

ယှဉ်လိုက်မိတဲ့အခါ ပိုပြီးတော့ရင်ကြုံးမရ

ဖြစ်ရတယ်။


ဒီသမီးနှစ်ယောက်ကို ဆုံးမသွန်သင်ခဲ့ရာမှာ

ဘာတွေကွာခြားသွားလို့များလဲ။

ပိုပြီးအလိုလိုက်ခံခဲ့ရတဲ့ကလေးက

ပိုဆိုးသွမ်းသွားခဲ့တာ ထင်ပါတယ်။


"ငါဒီလောက်ပြောနေတာတောင် ကိုယ့်အိမ်ကိုယ်

မပြန်ကြသေးဘူးလား..

ရှင်တို့အိမ်မှာ ဘာမှလုပ်စရာမရှိလောက်အောင်

အားနေကြတာလား..'

"ခင်ထိပ်ထားဦး..နင်တော်လိုက်တော့!!!"


တစ်ခန်းလုံး ဟိန်းထွက်သွားသည်အထိ

ထအော်လိုက်သူမှာ မေဝိုင်းလေးဖြစ်နေ၍

ဒေါ်တင်မမတောင် အံ့ဩသွားရလေသည်။

မတ်တပ်ထရပ်ပြီး ထိပ်ထားဦးဆီသို့

လျှောက်သွားသော ဝိုင်းလေးဟာ

တစ်ခြားသူတစ်ယောက်အဖြစ် 

ပြောင်းလဲသွားသလားမှတ်ရတယ်။


ငယ်ငယ်တည်းက ထိပ်ထားဦးကိုဆို

ဘယ်သောအခါမှ ပြန်မပြောရဲလောက်သည်အထိ

ကြောက်တတ်သော ဝိုင်းလေးသည်

အခုများတော့ အစွယ်လေးတွေထွက်လာသည်

ထင်ပါရဲ့။


အဖေတစ်ယောက်လုံးဆုံးပါးသွားတာတောင်

အိမ်မှာ လာသောင်းကျန်းနေတော့

သည်းမခံနိုင်တာ မဆန်းတော့ပါဘူး။


"နင်ကဘာကောင်မမို့လို့ ငါ့ကိုလာအော်နေရတာလဲ

မေဝိုင်းလေး မွေးစားသမီးက

ကိုယ့်အဆင့်ကိုယ်သိနော်

လာပြီး လူရာ၀င်ချင်မနေနဲ့..."


"အေး..နင်ပြောသလိုငါကမွေးစားသမီးဆိုတာ

ဟုတ်တယ်..ဒါပေမဲ့နင့်လိုအသိတရားတော့

မခေါင်းပါးဘူး..မနက်မိုးမလင်းသေးခင်

မူးရူးနေတဲ့ နင်လိုအရှက်မရှိတဲ့မိန်းမ

မဟုတ်ဘူးဟဲ့..အခုအိမ်မှာဘာဖြစ်နေသလဲ

နင်သိလား..ကိုယ့်မိသားစုစိတ်ထိခိုက်နေချိန်မှာ

တိတ်တိတ်လေးနေပေးပါလားဟာ

ငါတို့အားလုံး၀မ်းနည်းနေကြတာပါ

ကျေးဇူးပြုပြီး အသိတရားလေးတော့ရှိပေးစမ်းပါ"


"အောင်မယ်..နင်ကများငါ့ကို

လာဆုံးမနေရတယ်လို့..နင့်လိုလူကများ

ငါ့ကိုအရှက်မရှိဘူးလို့ ပြောရဲတယ်..

အဖေခေါ်လာလို့ လူမွှေးလူယောင်

ပြောင်လာတဲ့မိန်းမကများ..

အခုချက်ချင်း ငါ့အိမ်ထဲကနေထွက်သွားစမ်း.."


"ခင်ထိပ်ထားဦး..နင်ကိုယ့်ညီမကို

ဘာလုပ်နေတာလဲ"


"သူကကျွန်မညီမမဟုတ်ဘူး..

မွေးစားသမီး.."


ထိပ်ထားဦးသည် လူကြားသူကြားမရှောင်

အော်ဟေ့နေကာ မေဝိုင်းလေးကိုလည်း

အိမ်ထဲမှာ အတင်းဆွဲထုတ်ဖို့လုပ်လေတော့သည်။

ဒီတော့ အဒေါ်တွေ၊အမေတွေနှင့်အဖွားပါမကျန်

အကုန်ထရပ်ကြပြီး ပြေးဆွဲဖို့လုပ်ရလေသည်။


ဧည့်သည်တွေကတော့ ခင်ထိပ်ထားဦးကို

အကုန်ဆလံသမိကြတော့သည်။

ဒေါ်ရတနာကတော့ ဒီညီအစ်မနှစ်ယောက်အနက်

မေဝိုင်းလေးကိုလက်ထပ်ဖို့ ရွေးချယ်လိုက်တဲ့

သားဖြစ်သူကိုသာ ‌ရင်ထဲမှကြိတ်၍

ကျေးဇူးတင်နေမိသည်။

ခင်ထိပ်ထားဦးကိုသာ ချွေးမတော်ဖြစ်ခဲ့ရင်

ငါးပါးတင်မက သံဃာစင်ပါမှောက်လိမ့်မည်။


"မမ..နင်ငါ့ကိုအခုချက်ချင်းလွှတ်ပေး.."


"စိတ်ကိုမကူးတာ..အဖေကနင့်ကိုဒီမိသားစုထဲ

ခေါ်သွင်းခဲ့တဲ့လူဆိုရင်..ငါကနင့်ကို

ဒီမိသားစုထဲကနေ နှင်ထုတ်ပစ်မဲ့လူပဲ..လာခဲ့..."


"ငါ့ကိုလွှတ်လို့ပြောနေတယ်နော်!!!!..."


*ဖြန်း!!!!*


မေဝိုင်းလေးဟာ ခင်ထိပ်ထားဦးကို

တွန်းပစ်လိုက်ပြီး အသိတရားမဲ့နေသောမိန်းမကို

အသိတရားရလာအောင် 

ပါးရိုက်ပစ်လိုက်သည်။


တစ်ပါးသူကို အသားနာအောင်လုပ်မိတဲ့အတွက်

ဝိုင်းလေးရဲ့ မျက်၀န်းမှာမျက်ရည်တွေ

ဝိုင်းလာကာ တုန်ယင်နေသောအသံဖြင့်

အော်ပြောလိုက်မိသည်။


"ခင်ထိပ်ထားဦး..နင်ဟာလေ..

ကိုယ့်အဖေဆုံးတဲ့နေ့မှာတောင် 

တိတ်တိတ်လေးမနေပေးနိုင်ပါလား.."


"ဘာအဖေဆုံးတယ်..

နင်ဘာတွေလာပြောနေတာလဲ"


မယုံကြည်နိုင်သော မျက်၀န်းတွေနှင့်

ထိပ်ထားဦးမှာ အော်ပြောလိုက်တော့

မေဝိုင်းလေးတစ်ယောက် ထိပ်ထားဦး၏

လက်ကို ဆွဲကာအဖေ့အလောင်းအရှေ့သို့

တွန်းထည့်ပစ်လိုက်သည်။


ဖခင်ဖြစ်သူ၏ရုပ်အလောင်းဘေးတွင်

ဒူးထောက်လျှက် ထိုင်ကျသွားသော

ထိပ်ထားဦးကတော့ မျက်လုံးတွေချက်ချင်း

ပြူးကျယ်လာကာ မူးနေတာတောင်

 ပြယ်သွားလေသည်။


"အဖြစ်နိုင်ဘူး...အဖေကဘယ်လိုဖြစ်ပြီး.."


ပြောစရာစကားတွေအားလုံး လည်ချောင်း၀မှာ

တစ်ဆို့နေကာ အသံတစ်စက်မှမထွက်နိုင်တော့ပဲ

သူ့မျက်၀န်းတွင် မျက်ရည်တွေ

ပြည့်အိုင်လာလေသည်။


*အဖေ့လက်ကို ကိုင်လှုပ်ကြည့်ပေမဲ့

အဖေက လုံး၀နိုးမလာခဲ့‌တော့ပေ....*


စာရေးသူ..ဆောင်းငွေ့ဝေ


🥺🥺🥺🥺🥺🥺🥺


ငလျင်ကြောင့် သောကရောက်နေကြချိန်မှာ

ပိုသောကရောက်အောင် လုပ်မိပြီထင်တယ်

=========================================

=====================================

အခန္း၃၉

💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘

ကိုမင္းသစ္က ကားတံခါးကိုဖြင့္ေပးလာသည့္အခါ


ေလးလံေသာ ေျခလွမ္းေတြႏွင့္ ၿခံေပါက္၀ဆီသို႔လွမ္းသြားေနမိသည္။


ေျခာက္နာရီထိုးေနၿပီဆိုေပမဲ့ 


ေနမထြက္ေသးတာေၾကာင့္ ေဆာင္းနံနက္ခင္း၏


အေအးဓာတ္က ေက်ာ႐ိုးထဲစိမ့္တက္ေလာက္ပါရဲ႕။



ၿခံတံခါးကိုဖြင့္လိုက္သည့္အခ်ိန္မွာ 


မ်က္ရည္စက္ေတြ ထင္က်န္ေနေသာ


ပါးျပင္ကို ေလႏုေအးက


ျဖတ္တိုက္သြားေလတယ္။


ႀကိဳဆိုသူမရွိသည့္ ၿခံ၀န္းႀကီးမွာေျခာက္ကပ္ေနသလိုပါပဲ။



မနက္၅နာရီခြဲေလာက္မွာ မေမွ်ာ္လင့္ထားပဲ


"အေဖဆုံးၿပီ"ဆိုတဲ့ အေမ့ရဲ႕စကားသံေတြကိုသာ


ထပ္ခါတလဲလဲ ၾကားေယာင္ေနမိတယ္။


ထိုစကားကို စၾကားမိေတာ့


ရင္ထဲမွာ‌ ေလာင္မီးက်သြားသလိုပါပဲ။


လုံး၀မယုံၾကည္ႏိုင္ခဲ့ဘူး။



ဟိုတစ္ရက္ကတင္ ကိုမင္းစက္ကဝိုင္းေလးကို


ဘဏ္ကဒ္ေပးလာခဲ့ေသးတယ္။


"ပိုက္ဆံထုတ္ၿပီး လက္ေဆာင္ပစၥည္းေတြ


၀ယ္ထားပါတဲ့ေလ..ဝိုင္းေလးရဲ႕အုပ္ထိန္းသူေတြကို


ႏွစ္ေယာက္သား လာကန္ေတာ့ၾကမည္တဲ့.."


အခုေတာ့ အဲ့ဒီ့အခ်ိန္ေလးေတာင္


 မေရာက္လိုက္ပါလား။



အိမ္ေထာင္က်ၿပီးေပမဲ့ လင္ေယာက္်ားနဲ႔အတူ


မိဘေတြကို လာကန္ေတာ့ခ်ိန္ေတာင္


မရလိုက္ပါလား။



"ဝိုင္းေလး..အေမတို႔အိမ္ထဲ၀င္ရေအာင္ေလ


သမီးရဲ႕မိဘေတြကိုလည္း ႏွစ္သိမ့္ေပးရေအာင္.."



ကိုမင္းစက္၏အေမ အန္တီရတနာက


ဝိုင္းေလးရဲ႕ လက္ေမာင္းေလးကို


ေႏြးေႏြးေထြးေထြး ေဖးကိုင္ေပးလာတယ္။


ဖြားဖြားႏုကလည္း အေဖ့သတင္းကိုၾကားေတာ့


စိတ္မေကာင္းလြန္းလို႔ ဝိုင္းေလးကို


ႏွစ္သိမ့္ေပးရွာပါတယ္။



ဒါေပမဲ့ အေဖတစ္ေယာက္လုံးကို ဆုံးရႈံးလိုက္ရတဲ့


ခံစားခ်က္က ဘယ္လိုလုပ္ၿပီးေျဖဆည္ႏိုင္ပါ့မလဲ။


ယဥ္တိုက္မႈေၾကာင့္ အိပ္ယာထဲမွာသာ


မလဲခဲ့ရင္ သမီးအငယ္ေလးျဖစ္တဲ့


ဝိုင္းေလးကို အခုခ်ိန္အထိအလိုလိုက္ေနခဲ့မွာ


ေသခ်ာတယ္။



အသက္(၅၆)ႏွစ္မွာ ဘ၀တစ္ပါး


ကူးေျပာင္းသြားခဲ့တာကို ေစာေသးတယ္လို႔


 ေျပာရမည္လား။


ဒါမွမဟုတ္ ေဝဒနာမ်ိဳးစုံခံစားေနရတဲ့ဘ၀ကေန


လြတ္ေျမာက္သြား၍ ၀မ္းသာေပးရမည္လား။



"သြားၾကရေအာင္ေနာ္.."



အန္တီရတနာသာ ထိန္းကိုင္မေပးထားခဲ့ဘူးဆိုရင္


ေနရာမွာတင္ ပစ္ေခြက်သြားေလာက္ေပမည္။


ေျခလွမ္းတစ္ေ႐ြ႕စီတိုင္းက ယိုင္ႏွဲ႔ေနၿပီး


အိမ္ထဲမွ ငိုသံေတြနဲ႔တီးတိုးစကား‌‌ေျပာသံေတြကိုၾကားရတဲ့အခါ ၀မ္းနည္းလြန္းလို႔ရင္ထဲမွာ ေအာင့္သက္‌သက္ႀကီး ျဖစ္လာတယ္။



"တင္မမေရ..ဒီမွာနင့္သမီးအငယ္မလာၿပီ.."



"အေမ..ေဒၚေလး.."



လူေတြၾကားမွာ ျဖတ္ေလွ်ာက္ကာ


အေဖ့႐ုပ္အေလာင္းေဘးသို႔ ေျပးသြားမိေလသည္။


အန္တီေလးႏွင့္ေမေမကလည္း


ဝိုင္းေလးကို ဖက္ကာငိုလိုက္ၾကတာ..


ၾကည့္ေနသူေတြေတာင္ လိုက္ငိုမိၾကတဲ့အထိပါပဲ။



"အေဖရယ္..အေဖအခုေတာ့


လြတ္လပ္သြားၿပီေပါ့ေနာ္..လမ္းမေလွ်ာက္ႏိုင္


စကားမေျပာႏိုင္တဲ့ဘ၀ကေန 


လြတ္ေျမာက္သြားၿပီေပါ့ေနာ္..သမီးတို႔ကို


တကယ္ႀကီးခြဲသြားၿပီေပါ့.."



ေအးစက္ေနေသာ အေဖ့ရဲ႕႐ုပ္အေလာင္းကို


ဖက္တြယ္ထားလိုက္ၿပီး ခ်ဳံးပြဲခ်၍ငိုမိေတာ့


ေဒၚရတနာသည္လည္း ေခြၽးမေလးကိုၾကည့္ကာ


မ်က္ရည္ေတြစီးက်ရင္း ႏွစ္သိမ့္ေပးမိေလသည္။



ဝိုင္းေလးကေတာ့ အေဖ့ကိုအသက္ရွင္ေနေသးတဲ့


လူတစ္ေယာက္လို စကားေတြေျပာလိုက္


ငိုခ်လိုက္ႏွင့္ အားအင္ေတြယုတ္ေလ်ာ့လာကာ


တစ္ကိုယ္လုံး ၫႊတ္ေခြက်ေတာ့မတတ္ပါပဲ။



"အေဖ..သမီးအခုထိမယုံႏိုင္ေသးဘူးအေဖရယ္


သမီးရင္ေတြကြဲရခ်ည္ရဲ႕..


အေဖ့ရဲ႕ေနာက္ဆုံးအခ်ိန္မွာေတာင္


ေဘးနားမွာ ရွိမႏိုင္ေပးခဲ့မိလို႔ 


ေဟာ့ဒီကသမီးမိုက္ကို ခြင့္မလႊတ္ပါနဲ႔ေနာ္..


သမီးကိုခြင့္မလႊတ္ပါနဲ႔.."



"ဝိုင္းေလးရယ္..အဲ့လိုမေျပာပါနဲ႔..


ငါ့သမီးေလးက သားသမီး၀တၱရား


ေက်ပြန္ပါတယ္ကြယ္..ကိုယ့္ကိုကိုယ္


အျပစ္မတင္ပါနဲ႔..အားလုံးကျဖစ္ခ်ိန္တန္လို႔


ျဖစ္သြားတာပါ.."



ဖေအျဖစ္သူကို မလႊတ္တမ္းဖက္တြယ္ၿပီး


ငိုေနေသာ ဝိုင္းေလးကိုေဒၚတင္မမလည္း


ကိုယ္တိုင္က ရင္ထဲမွမခ်ိေပမဲ့


 ႏွစ္သိမ့္ေပးေနမိေလသည္။



"ဟုတ္ပါတယ္ေျမးေလးရယ္


သေဗၺသတၱာ ကမၼသကာတဲ့လူတိုင္းက


သူ႔ကံအက်ိဳးေပးနဲ႔သူ တစ္ေန႔ေန႔မွာ


နိဂုန္းခ်ဳပ္ၾကရမွာပါပဲ..ဘယ္သူ႔ဘယ္သူရဲ႕


အျပစ္မွမဟုတ္ပါဘူးကြယ္..


ငါ့ေျမးေလးမွာအျပစ္မရွိပါဘူး


အနည္းဆုံးေတာ့ အတူရွိေနခ်ိန္မွာ 


ကိုယ့္အေဖႀကီးကို စိတ္ခ်မ္းသာေအာင္


ထားေပးခဲ့တာပဲ မဟုတ္ဘူးလား..


သတၱဝါတစ္ခု ကံတစ္ခုလို႔သာမွတ္ပါကြယ္.."



အဖြားမိစံကပါ ဝိုင္းေလးကိုႏွစ္သိမ့္ေပးလာေပမဲ့


ေသြးပူေနတုန္းမွာ ဘယ္လိုမွစိတ္ျဖည္သိမ့္လို႔


အရေပ။



ေဖေဖဟာ ဝိုင္းေလးရဲ႕ေက်းဇူးရွင္လည္းျဖစ္သလို


ကယ္တင္ရွင္လည္း ျဖစ္တယ္။


အေဖ့ေၾကာင့္သာမဟုတ္ရင္ ဝိုင္းေလးဟာ


လူ႔ေလာကႀကီးထဲမွာ အသက္ရွင္ေနပါအုံးမလား။



အစာေရစာ ငတ္ျပတ္ၿပီးပိန္လီေနတဲ့


ကေလးမေလးရဲ႕လက္ကို


ရဲရဲႀကီး တြဲေခၚေပးခဲ့တဲ့လူ။



*အဲ့ဒီ့လူႀကီးရဲ႕ လက္ေတြကအခုေတာ့ေအးစက္လို႔


သူ႔ရဲ႕အသက္ရႉသံေလးကိုေတာင္


မၾကားႏိုင္ေတာ့ဘူး..ဝိုင္းေလးတို႔အားလုံးကို


ထားခဲ့ၿပီ


 သူအၿပီးတိုင္ထြက္ခြာသြားခဲ့ၿပီ..


သမီးဘယ္လိုမ်ား ျဖည္ဆယ္ႏိုင္မွာလဲ


အေဖရယ္..*



ဝိုင္းေလးကို စေခၚလာတုန္းက ေမေမအပါအ၀င္


မိသားစုအားလုံးနီးပါးနဲ႔ အမ်ိဳးေတြကအစ


ပိန္လီေနတဲ့ မိဘမဲ့ေကာင္မေလးကို


ေမြးစားမဲ့အေရး ကန႔္ကြက္ခဲ့ၾကတယ္။



အေဖတစ္ေယာက္တည္းကသာ ဝိုင္းေလးရဲ႕


လက္ကို မလႊတ္တမ္းကိုင္ဆြဲေပးထားၿပီ...


Sora Sora, [4/8/2025 8:58 PM]

သူ႔မိသားစုထဲကို မရရေအာင္ဆြဲသြင္းေပးခဲ့တယ္။



"သမီးေလးမေၾကာက္နဲ႔ေနာ္..


ေဖေဖတစ္ေယာက္လုံးရွိတယ္"ဆိုေသာ


စကားေလးတစ္ခြန္းက ဝိုင္းေလးရဲ႕ခႏၶာကိုယ္


တစ္ခုလုံးကို ေႏြးေထြးသြားဖို႔လုံေလာက္ေစခဲ့တယ္။



"ဘာမွမျဖစ္ဘူးသမီးေလး..


အားလုံးအဆင္ေျပသြားလိမ့္မယ္..သမီးရဲ႕ေနာက္မွာ


ေဖေဖတစ္ေယာက္လုံးအၿမဲရွိတယ္..


ဘယ္လိုအခက္အခဲပဲရွိရွိေဖေဖ့ကို


ေျပာရမယ္ေနာ္..သမီးေလးအတြက္ဆို


ေဖႀကီးကအၿမဲအသင့္ရွိေပးမယ္.."ဆိုေသာ


ေမတၱာရွင္ႀကီးဟာ အခုေတာ့ဝိုင္းေလးရဲ႕


မ်က္ရည္ေတြကို‌ေတာင္ မသုတ္ေပးႏိုင္ေတာ့ပါလား



"မတင္ရယ္..႐ုတ္တရက္ႀကီး


ဘယ္လိုျဖစ္သြားရတာလဲ.."



ေဒၚရတနာ၏အေမးေၾကာင့္ ေဒၚတင္မမလည္း


သမီးေလးကို ႏွစ္သိမ့္ေပးေနမိရာက


မ်က္ရည္ဝိုင္းေသာ မ်က္၀န္းေလးေတြႏွင့္


ေမာ့ၾကည့္လာမိေလသည္။



"မေန႔ကဆရာ၀န္လာေတာ့ ေသြးေတြအရမ္း


တိုးေနတယ္ဆိုတာနဲ႔ ကြၽန္မလည္း


ဒီညသတိေလးနဲ႔အိပ္တာပါပဲ


သတိထားေနရင္းနဲ႔ကို အခုလိုျဖစ္သြားတာ


ညငါးနာရီထိုးေလာက္မွာ ဝူးဝူးဝါးဝါးနဲ႔


အသံေတြၾကားလို႔ ထၾကည့္ၿပီး


ထူေပးျပဳေပးေနရင္းကပဲ ေျခေတြေစာင့္


ဘာေတြေစာင့္နဲ႔ ေလတစို႔ျဖစ္သြားခဲ့တာ


ဘာမွ လုပ္ခ်ိန္ေတာင္မရလိုက္ပဲ 


အသက္ပါတစ္ခါတည္း ပါသြားေတာ့တာပါပဲ


အဟင့္..သူ႔ခမ်ာစကားကလည္း


ပီပီသသမေျပာတတ္ေတာ့ ေရာဂါခံစားေနရလည္း


မေျပာႏိုင္ရွာဘူး..အရင္တည္းကလည္း


တစ္ခုခုအနာတရျဖစ္ရင္ ႀကိတ္ၿပီးေတာ့


တစ္ေယာက္တည္းခံစားေနတတ္တဲ့


လူႀကီးပါရွင္..သူမ်ားေတြကိုသာစာနာတတ္တာ


သူပင္ပန္းရင္ေလ နဲနဲေလးေတာင္


ထုတ္ေျပာတာမဟုတ္ဘူး.."



"အင္း..အခုလိုၾကားရေတာ့


စိတ္ထဲမေကာင္းလိုက္တာ..အိမ္ကအေမကလည္း


ခုေနာက္ပိုင္း ေသြးေတြတိုးတိုးေနေတာ့


စိတ္ပူေနရတယ္..ဝိုင္းေလးကေတာ့


မတင္တို႔ အေၾကာင္းၾကားၾကားခ်င္း


ေသြး႐ူးေသြးတန္းျဖစ္သြားရွာတာ


သမီးရယ္ အေမတို႔နဲ႔မွအတူသြားပါဆိုၿပီး


မနဲဆြဲထားခဲ့ရတာ.."



"ဟုတ္တယ္မရတနာေရ..ဝိုင္းေလးကသူ႔အေဖကို


သိပ္ခ်စ္တာ..သူ႔အေဖကလည္းသူ႔သမီး


အငယ္ေလးကို တုန္ေနေအာင္ကိုခ်စ္ရွာတာ..


အီဟီး..အခုေတာ့ေနာက္ဆုံးအခ်ိန္မွာ


သူ႔သမီးေလးေတြကိုေတာင္ မေတြ႕လိုက္ရရွာဘူး.."



အေမကေျပာရင္း ငိုေတာ့ဝိုင္းေလးပါ


ရင္ထဲ၌လႈိက္တက္လာျပန္သည္။


အေဖ့ရဲ႕ေနာက္ဆုံးအခ်ိန္မွာ


အတူရွိေနမေပးႏိုင္တာကို ၀မ္းအနည္းရဆုံးပဲ။



"ကိုထြန္း၀င္းက တကယ္ကိုဖခင္ေကာင္း၊


ခင္ပြန္းေကာင္း ပီသသူပါရွင္


သူလုပ္ႏိုင္ကိုင္ႏိုင္တုန္းကဆိုရင္


မိသားစုကိုတစ္ခ်က္ေတာင္


 မ်က္ႏွာအညႇိဳးခံတာမဟုတ္ဘူး..


သူ႔သမီးေလးေတြဆိုလည္း 


မ်က္စိေအာက္ကကို အေပ်ာက္မခံတာ


ကြၽန္မက ေလသံမာမာနဲ႔ဆူရင္ေတာင္


"ကေလးေတြကို အဲ့လိုမေျပာပါနဲ႔ကြာ.."


ဆိုၿပီး အၿမဲကာေပးတတ္တာေလ.."



"အင္း..ႏွေမ်ာစရာပဲ..လူေကာင္းေတြၾကေတာ့


ကံၾကမၼာကရက္စက္လိုက္တာေနာ္.."



"ကံၾကမၼာက ရက္စက္တာေတာ့မေျပာပါနဲ႔ေတာ့


အၿမဲတမ္းခရီးေတြထြက္ၿပီး လႈပ္လႈပ္ရွားရွား


ေနရတာႀကိဳက္တဲ့လူဆိုေတာ့


 သူလမ္းမေလွ်ာက္ႏိုင္ျဖစ္သြားတဲ့အခ်ိန္တုန္းက


*မိန္းမငါ့ဘ၀ေတာ့သြားပါၿပီကြာ


ငါ့ကေလးေတြအေပၚ မင္းတို႔အေပၚတာ၀န္


မေက်ႏိုင္ေတာ့ဘူး"ဆိုၿပီးသူ႔ခမ်ာ


ငိုလိုက္တာမ်ားရွင္..ေတြးၾကည့္တိုင္းသနားရတယ္..


.......


ဝိုင္းေလးကလည္း သူ႔အေဖကိုသိပ္ခ်စ္ရွာတာ


ဘယ္ေနရာသြားသြား သူ႔အေဖအတြက္ေတာ့


တစ္ခုခုကမပါမျဖစ္ပဲ..စကားမေျပာႏိုင္ေပမဲ့


*ဒီမွာအေဖ့အတြက္.."ဆိုၿပီး သူ႔သမီးက


တစ္ခုခု၀ယ္လာတိုင္း


သူ႔မွာ ေခါင္းတညိမ့္ညိမ့္‌နဲ႔မ်က္ရည္ဝဲရွာတယ္


အဲ့ဒါေတြျပန္ေတြးၾကည့္တိုင္း ရင္ထဲမွာ


တကယ္မေကာင္းပါဘူး...မရတနာရယ္.."



ေဒၚတင္မမကလည္း ေရွးေဟာင္းေႏွာင္းျဖစ္ေတြ


ျပန္ေတြး၊ျပန္ေျပာရင္းငိုေနသလို ညီမျဖစ္သူ


ေ႐ႊရည္၀င္းကလည္း အစ္မကိုႏွစ္သိမ့္ေပးရင္း


ငိုျပန္ေလသည္။



ေဆြမ်ိဳးေတြက ရန္ကုန္မွာမရွိပဲကေလာမွာ


ေနၾကသူေတြဆိုေတာ့ သူတို႔ေရာက္လာတဲ့


အခါလည္း ‌ျပန္ေျပာရင္းငိုၾကလိမ့္အုံးေပမည္။



ဧည့္ခန္းအေရွ႕ရွိေသဆုံးသူေဘးတြင္ 


လူမ်ားစုအုံေနၿပီး


ပူေဆြးေသာက ေရာက္ေနၾကခ်ိန္၌


ထိပ္ထားဦးကေတာ့ ဟိုယိုင္ဒီထိုးႏွင့္


အိမ္ထဲသို႔ ၀င္လာေလသည္။



တစ္ညလုံးအျပင္မွာ ရွိေနခဲ့ၿပီးမနက္မွ


ျပန္ေရာက္လာျခင္းျဖစ္၍ ဖခင္တစ္ေယာက္လုံး


ဆုံးတာကိုေတာင္ မသိ‌ထားခဲ့ေပ။



"ဟာ..နားေတြညီးလိုက္တာ..


ဘာလို႔ငိုယိုေနၾကတာလဲ..လူေတြကလည္း


သူမ်ားအိမ္မွာ အားအားယားယား


ဘာလာလုပ္ေနၾကတာလဲ..


ကိုယ့္အိမ္ကိုယ့္ယာ မရွိၾကဘူးလား..


ဆူညံပြက္ေလာက္႐ိုက္ေနလိုက္ၾကတာ


မသိရင္ မသာအိမ္အတိုင္းပဲ..


က်က္သေရကို မရွိဘူး..."



စကပ္ေပါင္တိုေလာက္ႏွင့္ အျဖဴေရာင္


လက္ရွည္အိက်ႌကို ေလ်ာ့ေလ်ာ့ရဲရဲ၀တ္ဆင္လွ်က္


လူၾကားမေကာင္းေအာင္ ေအာ္ေဟ့ေနေသာ


ထိပ္ထားဦးကို ေဒၚတင္မမကေတာ့


ေျပး႐ိုက္ခ်င္ေနေလၿပီ။



အိမ္မွာ အသုဘရွိလို႔ရပ္ကြက္ထဲက


သတင္းလာေမးသူေတြ ဝိုင္းကူေပးေနသူေတြကို


အားနာရေကာင္းမွန္းမသိပဲ အမူးသမား


တစ္ေယာက္လို အာေလးလွ်ာေလးႏွင့္


ေလွ်ာက္ေအာ္ေနလိုက္တာ 


ေမြးရႀကိဳးမနပ္တဲ့သမီး..။



ေရာက္တည္းက ဖေအနားကမခြာပဲ


ဖေအ့မ်က္ႏွာကိုပဲ တၾကည့္ၾကည့္လုပ္ကာ


ငိုေနရွာေသာ ေမြးစားသမီးေမဝိုင္းေလးႏွင့္


ယွဥ္လိုက္မိတဲ့အခါ ပိုၿပီးေတာ့ရင္ႀကဳံးမရ


ျဖစ္ရတယ္။



ဒီသမီးႏွစ္ေယာက္ကို ဆုံးမသြန္သင္ခဲ့ရာမွာ


ဘာေတြကြာျခားသြားလို႔မ်ားလဲ။


ပိုၿပီးအလိုလိုက္ခံခဲ့ရတဲ့ကေလးက


Sora Sora, [4/8/2025 8:58 PM]

ပိုဆိုးသြမ္းသြားခဲ့တာ ထင္ပါတယ္။



"ငါဒီေလာက္ေျပာေနတာေတာင္ ကိုယ့္အိမ္ကိုယ္


မျပန္ၾကေသးဘူးလား..


ရွင္တို႔အိမ္မွာ ဘာမွလုပ္စရာမရွိေလာက္ေအာင္


အားေနၾကတာလား.."



"ခင္ထိပ္ထားဦး..နင္ေတာ္လိုက္ေတာ့!!!"



တစ္ခန္းလုံး ဟိန္းထြက္သြားသည္အထိ


ထေအာ္လိုက္သူမွာ ေမဝိုင္းေလးျဖစ္ေန၍


ေဒၚတင္မမေတာင္ အံ့ဩသြားရေလသည္။


မတ္တပ္ထရပ္ၿပီး ထိပ္ထားဦးဆီသို႔


ေလွ်ာက္သြားေသာ ဝိုင္းေလးဟာ


တစ္ျခားသူတစ္ေယာက္အျဖစ္ 


ေျပာင္းလဲသြားသလားမွတ္ရတယ္။



ငယ္ငယ္တည္းက ထိပ္ထားဦးကိုဆို


ဘယ္ေသာအခါမွ ျပန္မေျပာရဲေလာက္သည္အထိ


ေၾကာက္တတ္ေသာ ဝိုင္းေလးသည္


အခုမ်ားေတာ့ အစြယ္ေလးေတြထြက္လာသည္


ထင္ပါရဲ႕။



အေဖတစ္ေယာက္လုံးဆုံးပါးသြားတာေတာင္


အိမ္မွာ လာေသာင္းက်န္းေနေတာ့


သည္းမခံႏိုင္တာ မဆန္းေတာ့ပါဘူး။



"နင္ကဘာေကာင္မမို႔လို႔ ငါ့ကိုလာေအာ္ေနရတာလဲ


ေမဝိုင္းေလး ေမြးစားသမီးက


ကိုယ့္အဆင့္ကိုယ္သိေနာ္


လာၿပီး လူရာ၀င္ခ်င္မေနနဲ႔..."



"ေအး..နင္ေျပာသလိုငါကေမြးစားသမီးဆိုတာ


ဟုတ္တယ္..ဒါေပမဲ့နင့္လိုအသိတရားေတာ့


မေခါင္းပါးဘူး..မနက္မိုးမလင္းေသးခင္


မူး႐ူးေနတဲ့ နင္လိုအရွက္မရွိတဲ့မိန္းမ


မဟုတ္ဘူးဟဲ့..အခုအိမ္မွာဘာျဖစ္ေနသလဲ


နင္သိလား..ကိုယ့္မိသားစုစိတ္ထိခိုက္ေနခ်ိန္မွာ


တိတ္တိတ္ေလးေနေပးပါလားဟာ


ငါတို႔အားလုံး၀မ္းနည္းေနၾကတာပါ


ေက်းဇူးျပဳၿပီး အသိတရားေလးေတာ့ရွိေပးစမ္းပါ"



"ေအာင္မယ္..နင္ကမ်ားငါ့ကို


လာဆုံးမေနရတယ္လို႔..နင့္လိုလူကမ်ား


ငါ့ကိုအရွက္မရွိဘူးလို႔ ေျပာရဲတယ္..


အေဖေခၚလာလို႔ လူေမႊးလူေယာင္


ေျပာင္လာတဲ့မိန္းမကမ်ား..


အခုခ်က္ခ်င္း ငါ့အိမ္ထဲကေနထြက္သြားစမ္း.."



"ခင္ထိပ္ထားဦး..နင္ကိုယ့္ညီမကို


ဘာလုပ္ေနတာလဲ"



"သူကကြၽန္မညီမမဟုတ္ဘူး..


ေမြးစားသမီး.."



ထိပ္ထားဦးသည္ လူၾကားသူၾကားမေရွာင္


ေအာ္ေဟ့ေနကာ ေမဝိုင္းေလးကိုလည္း


အိမ္ထဲမွာ အတင္းဆြဲထုတ္ဖို႔လုပ္ေလေတာ့သည္။


ဒီေတာ့ အေဒၚေတြ၊အေမေတြႏွင့္အဖြားပါမက်န္


အကုန္ထရပ္ၾကၿပီး ေျပးဆြဲဖို႔လုပ္ရေလသည္။



ဧည့္သည္ေတြကေတာ့ ခင္ထိပ္ထားဦးကို


အကုန္ဆလံသမိၾကေတာ့သည္။


ေဒၚရတနာကေတာ့ ဒီညီအစ္မႏွစ္ေယာက္အနက္


ေမဝိုင္းေလးကိုလက္ထပ္ဖို႔ ေ႐ြးခ်ယ္လိုက္တဲ့


သားျဖစ္သူကိုသာ ‌ရင္ထဲမွႀကိတ္၍


ေက်းဇူးတင္ေနမိသည္။


ခင္ထိပ္ထားဦးကိုသာ ေခြၽးမေတာ္ျဖစ္ခဲ့ရင္


ငါးပါးတင္မက သံဃာစင္ပါေမွာက္လိမ့္မည္။



"မမ..နင္ငါ့ကိုအခုခ်က္ခ်င္းလႊတ္ေပး.."



"စိတ္ကိုမကူးတာ..အေဖကနင့္ကိုဒီမိသားစုထဲ


ေခၚသြင္းခဲ့တဲ့လူဆိုရင္..ငါကနင့္ကို


ဒီမိသားစုထဲကေန ႏွင္ထုတ္ပစ္မဲ့လူပဲ..လာခဲ့..."



"ငါ့ကိုလႊတ္လို႔ေျပာေနတယ္ေနာ္!!!!..."



*ျဖန္း!!!!*



ေမဝိုင္းေလးဟာ ခင္ထိပ္ထားဦးကို


တြန္းပစ္လိုက္ၿပီး အသိတရားမဲ့ေနေသာမိန္းမကို


အသိတရားရလာေအာင္ 


ပါး႐ိုက္ပစ္လိုက္သည္။



တစ္ပါးသူကို အသားနာေအာင္လုပ္မိတဲ့အတြက္


ဝိုင္းေလးရဲ႕ မ်က္၀န္းမွာမ်က္ရည္ေတြ


ဝိုင္းလာကာ တုန္ယင္ေနေသာအသံျဖင့္


ေအာ္ေျပာလိုက္မိသည္။



"ခင္ထိပ္ထားဦး..နင္ဟာေလ..


ကိုယ့္အေဖဆုံးတဲ့ေန႔မွာေတာင္ 


တိတ္တိတ္ေလးမေနေပးႏိုင္ပါလား.."



"ဘာအေဖဆုံးတယ္..


နင္ဘာေတြလာေျပာေနတာလဲ"



မယုံၾကည္ႏိုင္ေသာ မ်က္၀န္းေတြႏွင့္


ထိပ္ထားဦးမွာ ေအာ္ေျပာလိုက္ေတာ့


ေမဝိုင္းေလးတစ္ေယာက္ ထိပ္ထားဦး၏


လက္ကို ဆြဲကာအေဖ့အေလာင္းအေရွ႕သို႔


တြန္းထည့္ပစ္လိုက္သည္။



ဖခင္ျဖစ္သူ၏႐ုပ္အေလာင္းေဘးတြင္


ဒူးေထာက္လွ်က္ ထိုင္က်သြားေသာ


ထိပ္ထားဦးကေတာ့ မ်က္လုံးေတြခ်က္ခ်င္း


ျပဴးက်ယ္လာကာ မူးေနတာေတာင္


 ျပယ္သြားေလသည္။



"အျဖစ္ႏိုင္ဘူး...အေဖကဘယ္လိုျဖစ္ၿပီး.."



ေျပာစရာစကားေတြအားလုံး လည္ေခ်ာင္း၀မွာ


တစ္ဆို႔ေနကာ အသံတစ္စက္မွမထြက္ႏိုင္ေတာ့ပဲ


သူ႔မ်က္၀န္းတြင္ မ်က္ရည္ေတြ


ျပည့္အိုင္လာေလသည္။



*အေဖ့လက္ကို ကိုင္လႈပ္ၾကည့္ေပမဲ့


အေဖက လုံး၀ႏိုးမလာခဲ့‌ေတာ့ေပ....*



စာေရးသူ..ေဆာင္းေငြ႕ေဝ

🥺🥺🥺🥺🥺🥺🥺



ငလ်င္ေၾကာင့္ ေသာကေရာက္ေနၾကခ်ိန္မွာ


ပိုေသာကေရာက္ေအာင္ လုပ္မိၿပီထင္တယ္

2 comments:

  1. ငိုဖို့မျက်ရည်ပါမကျန်တော့လောက်အောင်နာကျင်ထုံနေပါပြီရယ်

    ReplyDelete
  2. စိတ်မကောင်းလိုက်တာဝိုင်းလေးရယ်

    ReplyDelete