Unicode/Zawgyi 🚩
🌺အခန်း(၂၃)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
"အောက်တန်းကျတဲ့မိန်းမ
နင့်မှာယူစရာယောက်ျား
အဲ့ဒီလောက်ပဲရှားနေသလား...ဟမ်!!!
နင်ဘာလို့ရှိုင်းကိုလုယူရတာလဲ
နင်ဘာလို့ရှိုင်းကို မြှူဆွယ်ရတာလဲ..."
ချစ်ချစ်၏ဂုဏ်သိက္ခာကို
စော်ကားနေသော
ထိုမိန်းမ၏စကားတွေဟာ
အလွန်အသည်းနာစရာ
ကောင်းလွန်းလှသည်။
သူ့မျက်လုံးတွေဟာ
မုန်းတီးမှုတွေနှင့်သာ
ပြည့်နှက်နေပြီး
ချစ်ချစ်၏မျက်ဝန်းများကတော့
သိမ်ငယ်မှု ရှက်ရွံ့မှုတွေသာ
ကွန်းခိုလာလေသည်။
ထိုမိန်းမ၏စွပ်စွဲချက်များသည်
နားထဲသို့သံရည်ပူနှင့်
လောင်းချနေသလိုကို
ပူလောင်လာသည်။
ငြင်းဆန်ဖို့တောင် ခွန်အားတွေ
ပျောက်ဆုံးသွားသလိုပါပဲ။
ခေါင်းကိုသာတွင်တွင်ခါ၍
ကိုယ့်ရဲ့သိက္ခာ လက်ကျန်လေးကို
အဖတ်ဆယ်နေမိသည်။
ဘာစကားမှပြန်မပြောနိုင်လောက်အောင်
တုန်လှုပ်နေသည့် ချစ်ချစ်ကို
ထိုမိန်းမကတော့ မဲ့ပြုံးပြုံး၍
လှောင်ရယ်လိုက်ကာ
ချစ်ချစ်၏လက်ကောက်ဝတ်ကနေဆွဲပြီး
အခန်းအပြင်သို့ဆွဲထုတ်လေသည်။
"ရှင် ဘာလုပ်တာလဲ..."
"ဘာလုပ်တာလဲဟုတ်လား...
ရှိုင်းရဲ့အိမ်က နင့်လို
မကောင်းတဲ့မိန်းမတစ်ယောက်
ရှိသင့်တဲ့နေရာမဟုတ်ဘူး
ရှိုင်းကငါနဲ့စေ့စပ်ထားတဲ့ယောက်ျားဟဲ့
........
ဟင်း...လူကြည့်တော့ရိုးမလိုပုံနဲ့
အကျင့်စရိုက်ကတော့
တောသူဆိုတဲ့အတိုင်း
တော်တော်နိမ့်ကျတာပဲ...
......
ရှိုင်းလိုလူကိုတောင်
မြှူဆွယ်နိုင်တယ်ဆိုတော့
နင်ကငါထင်သလို ပေါ့သေးသေးတော့
မဟုတ်လောက်ဘူး..."
"ရှင့်စကားတွေကို..ရပ်လိုက်တော့နော်
ကျွန်မက ရှင်ထင်နေသလို
ရှိုင်းကိုမြှူဆွယ်ခဲ့တာမဟုတ်ဘူး
အခြေအနေအရ ကျွန်မတို့
လက်ထပ်လိုက်ရတာ
.............
ဒါကိုရှိုင်းလည်းသိတယ်
ရှင်မယုံရင် ရှိုင်းကိုကိုယ်တိုင်
သွားမေးကြည့်လိုက်...."
"တော်စမ်းပါ..
ဘာမှသွားမေးနေစရာမလိုဘူး
မြွေမြွေချင်း ခြေမြင်ပြီးသားဟဲ့...
ဒီရုံမြင်လို့ ဒီခြုံထွင်တာကို
ငါကမသိနိုင်ရလောက်အောင်
တုံးအနေတယ်လို့ ထင်နေတာလား...
.........
ဒီမှာ..ရှိုင်းနဲ့ ငါ့ကနင့်လိုမျိုး
မနေ့တစ်နေ့ကမှ ဆုံခဲ့တာမဟုတ်ဘူးဟဲ့!!!
ငါတို့ရဲ့ချစ်သူသက်တမ်းက
လေးနှစ်ရှိပြီ..ငါတို့နှစ်ယောက်က
တစ်ချိန်မှာသေချာပေါက်
လက်ထပ်မယ့်သူတွေ....
...........
အခုနင့်ကြောင့်...အားလုံးပျက်စီးသွားရပြီ
နင်ဘယ်လိုပြန်လျော်ပေးမှာလဲ
နင်ဘယ်လိုပြန်လုပ်ပေးမှာလဲ...
ငါတို့နှစ်ယောက်စေ့စပ်ထားတဲ့ကိစ္စကို
ဆွေမျိုးတွေ၊မိတ်ဆွေတွေအားလုံး
သိထားပြီးသား...
........
နင့်လိုဘာမဟုတ်တဲ့ မိန်းမကြောင့်
အရာအားလုံးပျက်စီးသွားရတာမျိုး
ငါအဖြစ်မခံနိုင်ဘူး..ရှင်းလား"
ချစ်ချစ်၏မျက်နှာတည့်တည့်ကို
လက်ညှိုးနှင့်ထိုးကာ
ဆုံးရှုံးသွားတာတွေအတွက်
လျော်ကြေးပြန်တောင်းသလို
လာပြောနေပေမယ့်
ချစ်ချစ်ဘာလုပ်ပေးနိုင်မှာလဲ။
ဖြစ်လာသမျှအကျိုးဆက်တွေအားလုံးကို
ချစ်ချစ်ဖန်တီးခဲ့တာမှမဟုတ်ပဲ
ကံကြမ္မာကသာ ဒီလိုမျိုးတွေ
ဖြစ်လာစေခဲ့တာ။
ဒါပေမဲ့ အဲဒီလိုပြောပြန်ရင်လည်း
ချစ်ချစ်ကိုဘယ်သူမှ
ယုံကြမှာမဟုတ်ဘူး။
သူတို့အားလုံးရဲ့အမြင်မှာ ချစ်ချစ်ဟာ
ဟိုးမြေကြီးထဲကနေ အမြင့်ကို
ရောက်တဲ့အထိ တွယ်တက်ချင်နေတဲ့
နွယ်ပင်လေးတစ်ပင်လို့
သူတို့သတ်မှတ်လိုက်ကြပြီးမှတော့
ဒီနိမ့်ကျတဲ့နွယ်ပင်လေးရဲ့
ငြင်းဆိုချက်ကိုလည်း သူတို့
ဘယ်လက်ခံပါ့မလဲ။
"ကျွန်မတောင်းပန်ပါတယ်
ကျွန်မမရည်ရွယ်ခဲ့ပါဘူး...
ကျွန်မတကယ်ကိုတောင်းပန်ပါတယ်..."
"တောင်းပန်တယ်ဟုတ်လား...
အဲဒီတော့ ငါကခွင့်လွှတ်ပေးရမှာလား..
စဉ်းစားလေ...နင့်မှာအရှက်တရားရှိသေးရင်
အခုချက်ချင်း ဒီအိမ်ကနေ
ထွက်သွားလိုက်တော့...
ငါနင့်ကိုလုံးဝမမြင်ချင်ဘူး..."
ထွက်သွားရမည်တဲ့။
ချစ်ချစ်ကဘယ်ကို ထွက်သွားရမှာလဲ။
ရန်ကုန်မှာချစ်ချစ်သိတဲ့သူ ရှိမှမရှိပဲ။
ထိုအမျိုးသမီးကို မျက်နှာငယ်လေးနှင့်
ချစ်ချစ်မော့ကြည့်လိုက်မိလေသည်။
"ကျွန်မမှာ သွားစရာနေရာမရှိဘူး
ကျမတောင်းပန်ပါတယ်...
ကျွန်မကိုထွက်မသွားခိုင်းပါနဲ့..."
"ဘာ..သွားစရာနေရာမရှိဘူးဟုတ်လား
ဟင်း..တော်တော်ရယ်ရတာပဲ
နင့်လိုမိန်းမအတွက်
သွားစရာနေရာတွေမှပေါလို့
(KTV)ကေတီဗွီတို့၊မာဆက်တို့
ကြိုက်တဲ့နေရာကိုသွား
......
သွားစရာနေရာမရှိဘူးဆိုပြီး
ရှိုင်းရဲ့အနားမှာ ကပ်တွယ်ချင်နေတာ
မဟုတ်လား...ကောင်းပြီ
နင်ထွက်မသွားရင် ငါကိုယ်တိုင်နင့်ကို
မောင်းချမယ်...."
ထိုမိန်းမသည် ချက်ချင်းဆိုသလို
အိမ်ထဲသို့ဝင်သွားပြီး
အခန်းတခုချင်းစီကို
လိုက်ဖွင့်ကြည့်လေတော့တာပဲ။
"အစ်မဘာလုပ်မလို့လဲ.."
ကိုယ်ပိုင်ဇော်တို့ကပါ မနေနိုင်တော့ဘဲ
ထိုအမျိုးသမီးရှေ့မှာ ပိတ်ရပ်၍
မေးလိုက်ကြလေသည်။
သို့ပေမယ့်ထိုအမျိုးသမီးကတော့
ကိုယ်ပိုင်ဇော်တို့ကိုပါ
တွန်းထုတ်လိုက်ပြီး လက်ညှိုးထိုး၍
အမိန့်ပေးသံကြီးနှင့်
အော်ငေါက်လေတော့သည်။
"နင်တို့အခုချက်ချင်း
ငါ့အရှေ့ကဖယ်ကြစမ်း..
ငါက တစ်ချိန်ကျရင်
ရှိုင်းနဲ့လက်ထပ်မယ့်သူ
ဒီအိမ်ပိုင်ရှင်ဖြစ်လာမယ့်သူပဲ
နင်တို့အခုငါ့ကို တားရဲကြရင်
အလုပ်ပြုတ်ကြတော့မှ
လာငိုမပြကြနဲ့နော်...."
သက်လွန်းပို၏မျက်နှာဟာ
တကယ်လုပ်မည့်ပုံဖြစ်နေသောကြောင့်
ပိုင်ဇော်လည်းဘာမှမတတ်နိုင်တော့ပဲ
အနောက်သို့ဆုတ်လိုက်ရလေသည်။
ပိုင်ဇော်တို့အတွက်တော့ မတရားတာကို
မြင်ပေမဲ့ အံကြိတ်၍သာ
ကြည့်နေရတော့သည်။
အရာအားလုံးကို အတွင်းကျကျမသိပဲ
အပေါ်ယံသာကြည့်ပြီး
တွက်ဆနိုင်သည့်သူတို့အဖို့
ခက်ခက်ခဲခဲရထားခဲ့သာ အလုပ်ကိုတော့
အပြုတ်မခံနိုင်ကြပေ။
သို့ပေမဲ့ ရှိုက်ကြီးတငင်ငိုလျက်
ဟိုမိန်းမရိုင်းစိုင်းသမျှကို
ခံနေရသော ချစ်ပန်းဝေကိုကြည့်ပြီး
သူတို့လည်းထပ်တူ
စိတ်မကောင်းဖြစ်ကြရသည်။
"ဒီမိန်းမရဲ့ပစ္စည်းတွေထားတဲ့
အခန်းကဘယ်မှာလဲ..
ဟဲ့!!!ငါမေးနေတယ်လေ...ချစ်ပန်းဝေရဲ့
ပစ္စည်းတွေထားတဲ့အခန်းကဘယ်မှာလဲ..."
"ဟို..ဟိုဘက်မှာပါခင်ဗျ...."
ပိုင်ဇော်လည်းမပြောချင်ပေမယ့်
သက်လွန်းပို၏မျက်ဝန်းတွေဟာ
အင်မတန် ကြောက်စရာ
ကောင်းနေသောကြောင့်
ချစ်ပန်းဝေတို့ သားအမိနေသော
အခန်းကိုညွှန်ပြလိုက်ရလေသည်။
ချစ်ပန်းဝေတို့နေသော အခန်းကိုသိသည်နှင့်
သက်လွန်းပိုသည် အကောက်ကျစ်ဆုံး
မဲ့ပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး
ခပ်ကြမ်းကြမ်းပဲ အခန်းတံခါးကို
ဆွဲဖွင့်ဖို့ ကြိုးစားလေတော့သည်။
သို့ပေမဲ့ ချစ်ပန်းဝေကအရှေ့မှ
ပိတ်၍ ကာပစ်လိုက်သည်။
"မလုပ်ပါနဲ့အစ်မရယ်...
ကျွန်မအမေက ရောဂါသည်ပါရှင်..
ကျေးဇူးပြုပြီးအကြမ်းမဖက်ပါနဲ့...
ကျွန်မတောင်းပန်ပါတယ်...."
"ဘာ..ငါကအကြမ်းဖက်တယ်ဟုတ်လား
လဲသေလိုက်ပါလား..."
"အာ့!!!"
"ဟာ..ခင်ဗျားအဲ့လောက်ထိတော့
မလုပ်ပါနဲ့ဗျာ..."
သက်လွန်းပို၏ တွန်းတိုက်မှုကြောင့်
ကြမ်းပြင်ပေါ်သို့
အရှိန်ဖြင့်လဲကျသွားသော
ချစ်ပန်းဝေကို ပိုင်ဇော်လည်း
ဝင်ထူမိရင်း မနေနိုင်တော့ပဲ
ဝင်ပြောမိသွားလေသည်။
ကြမ်းပြင်နှင့် ရှက်တိုက်မိသွား၍
ချစ်ပန်းဝေ၏ တံထောင်ဆစ်နှစ်ခုလုံး
သွေးစို့သည်အထိ ပွန်းပဲ့သွားပေမယ့်
သက်လွန်းပိုကတော့
အသည်းနှလုံးမရှိသော လူသားအသွင်
ဖန်ဆင်းထားသလား မှတ်ရတဲ့အထိ
ကြမ်းတမ်းသောအကြည့်များနှင့်သာ
ချစ်ပန်းဝေကို ကြည့်လိုက်လေသည်။
"ဒီမှာချစ်ပန်းဝေ..နင်ကငါ့ကို
အကြမ်းဖက်တယ်ပြောရအောင်
ဒီကိစ္စတွေအားလုံးကို
ဆိုးရွားစေခဲ့တာဘယ်သူလဲ...
.............
ငါ့ကိုဒီလိုဖြစ်အောင် နင်ပဲလုပ်တာလေ
အခုမှနစ်နာသူပုံစံ
လာပြီးဟန်ဆောင်မနေပါနဲ့
ငါကဆရာဝန်မို့လို့ အပြစ်မဲ့တဲ့
လူနာတွေကိုသာ သနားတတ်တာ
.........
နင့်လိုမျိုး သူများချစ်သူကြား
အမြင်တွေတိမ်းမှားအောင်လုပ်တဲ့
မိန်းမယုတ်ကိုတော့
ငါမသနားတတ်ဘူးဟဲ့....
..........
ငါနင့်ကိုတစ်ခွန်းပဲပြောမယ်
ငါအကြမ်းပတမ်း
ဆွဲထုတ်တာမခံချင်ရင်
အခုချက်ချင်းနင့်အမေကိုခေါ်ပြီး
ကိုယ့်အထုပ်ကိုယ့်ယူ
ထွက်သွားလိုက်တော့
...........
ဒါကငါနင့်ကို သက်ညှာပေးလိုက်တာနော်
ငါပြောတဲ့အတိုင်းမလုပ်ရင်တော့
နင့်ဘဝ..ရစရာမရှိအောင်
ငါလုပ်ပြစ်မယ်....
နင့်လို..တောသူမရဲ့
တစ်လက်မဉာဏ်လောက်နဲ့
ငါ့ကိုလာမယှဥ်နဲ့....
..........
နင့်ဘဝတစ်ခုလုံးရော
နင့်မိသားစုနဲ့ နင့်ဆွေမျိုးတွေပါမကျန်
အားလုံးပျက်စီးသွားအောင်
ငါလုပ်ပစ်မှာနော်...."
သက်လွန်းပို၏ ခြိမ်းခြောက်မှုဟာ
ချစ်ပန်းဝေ၏ အရိုးခံစိတ်ကလေးကို
အမှန်တကယ်တုန်လှုပ်သွားအောင်
လုပ်နိုင်ခဲ့လေသည်။
"မင်းဘဝ..".."မင်းမိသားစု"ဆိုတဲ့
စကားလုံးကိုသာ စိတ်ထဲတွင်
အကြိမ်ကြိမ် ရေရွတ်နေမိရင်း
သက်လွန်းပိုအား
လူတစ်ယောက်ဟုမမြင်တော့ဘဲ
နတ်ဆိုးတကောင်ဟုသာ
ချစ်ချစ်မြင်နေမိတော့သည်။
"ဘာလုပ်ရမလဲဆိုသော"မေးခွန်းကို
အကြိမ်ကြိမ်ကိုယ့်ဘာသာ
ပြန်မေးနေမိပေမယ့်
အဖြေလုံးဝထွက်မလာခဲ့ပေ။
ကံကြမ္မာ၏ လှည့်ကွက်တွေထဲမှာ
အချစ်တစ်ခုကို ကိုးစားပြီး
လျှောက်လှမ်းခဲ့တဲ့လမ်းတစ်ခုဟာ
တကယ်တော့ စူးခင်းလမ်းတစ်ခုထက်
မပိုခဲ့ပါလား။
တစ်ချိန်ချိန်မှာဖြစ်လာမှာပဲဆိုတဲ့
မျှော်လင့်ချက်လေးတစ်ခုတောင်
ကံကြမ္မာကဘာလို့
ပေးသနားမှုမပြုရတာလဲ။
အလိုလို မျက်ရည်တွေဝဲတက်လာပြီး
ကြောက်စိတ်ရော၊ရှက်စိတ်ပါ
တစ်ပြိုင်တည်းဖြစ်ပေါ်လာပြီးနောက်
ကိုယ်ကိုယ်ကိုယ် အားမလိုအားမရ
ဖြစ်လာမိလေသည်။
တက္ကသိုလ်ကျောင်းသားဘ၀တုန်းက
အဆောင်အတူတူနေတဲ့
သူငယ်ချင်းတစ်ယောက်ကို
မိန်းမတစ်ယောက်က သူ့ယောက်ျားနှင့်
ဖောက်ပြန်သည်ဟုဆိုကာ
ထိုအမျိုးသမီးအဆောင်ရှေ့မှာပဲ
နားမခံသာနိုင်အောင်
ပြောဆိုပစ်ခဲ့တဲ့အပြင်
လူအများရှေ့မှာ ပါးတွေ၊နားတွေပါ
ချပြီးအရှက်ခွဲခဲ့တာကို
ကိုယ်တိုင်မြင်ခဲ့ဖူးပါတယ်။
အဲဒီ့အချိန်တုန်းက ချစ်ချစ်ရဲ့သူငယ်ချင်း
အစော်ကားခံခဲ့ရလို့ အဲဒီ့အမျိုးသမီးကို
မုန်းခဲ့ဖူးတယ်။
ချစ်ချစ်ရဲ့သူငယ်ချင်းကို
လူလွတ်ပါဆိုပြီးလိမ်ညာခဲ့တဲ့
အဲဒီ့အမျိုးသားကိုလည်း
မျက်မုန်းကျိုးခဲ့ဖူးတယ်။
အခုချစ်ချစ်ရဲ့အဖြစ်ကတော့
သိလျှက်နဲ့ ကျူးလွန်ခဲ့မိတဲ့အတွက်
ချစ်ချစ်ဟာ သူများအတွဲကို
ဖြတ်လိုဖျက်ဆီးလုပ်မိတဲ့
ဗီလိန်တစ်ယောက်ပါပဲ။
ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ရွံမိတဲ့အထိ
နောင်တရနေမိတယ်။
ဒါပေမဲ့ ဒီအရာတွေက
သူများတွေအတွက်တော့
လွယ်လွယ်လေး
နောက်ပြန်ဆုတ်လို့ရနိုင်ပေမယ့်
ချစ်ချစ်အတွက်တော့
နောက်ပြန်ဆုတ်လို့မလွယ်ကူတော့ဘူး။
"ဟဲ့..ငါပြောနေတာကြားလား..
နင့်အမေကိုခေါ်ပြီး
အခုချက်ချင်း
ဒီအိမ်ထဲကနေထွက်သွားတော့...."
"ဘယ်သူ့ခွင့်ပြုချက်နဲ့
မင်းက သူ့ကိုနှင်ထုတ်နေရတာလဲ!!!"
မောက်မာမှုတွေပြည့်နှက်နေသော
သက်လွန်းပို၏ အော်သံကို
ရှိုင်း၏ကြမ်းတမ်းခက်ထန်သော
ဟိန်းသံကြီးက ဖုံးလွှမ်းသွားလေသည်။
သက်လွန်းပိုသည်လည်း
ရိုင်း၏အသံကို ကြားသည်နှင့်
အသွေးအသားထဲကနေကို
ထိတ်လန့်သွားလေသည်။
အနောက်သို့လှည့်ကြည့်လိုက်တော့
အနက်ရောင်အနောက်တိုင်းဝတ်စုံနှင့်
လိုက်ဖက်စွာ ရှိုင်း၏
မျက်ဝန်းအကြည့်များသည်
တန်ပြန်၍စူးစိုက်ပြီး
မကြည့်နိုင်လောက်အောင်
စူးရှအေးစက်လွန်းသည်။
ဟိုအရင်ထဲက ပိုပို့အပေါ်
ခံစားချက်ကင်းမဲ့လွန်းတတ်သည့်
သူ့မျက်၀န်းတွေဟာ နှစ်တွေအများကြီး
ခွဲခွာခဲ့ရပြီးနောက်မှာတော့
ပို၍စိမ်းကားသွားသလိုခံစားလိုက်ရသည်။
သူ၏နက်မှောင်သော
မျက်ခုံးတန်းများအောက်က
စိမ်းကားကားမျက်ဝန်းအကြည့်တွေနဲ့တင်
ကလီစာတွေပါ
တုန်တက်လာလောက်သည့်အထိ
ပိုပိုကြောက်ရွံ့နေမိသည်။
"ရှိုင်း...ဘယ်ကနေပြန်လာတာလဲ..."
"ငါ့ဘာသာ..ဘယ်ကနေပြန်လာလာပေါ့
မင်းကရော..ဘာကိစ္စငါ့အိမ်မှာ
လာမွှေနေရတာလဲ.."
"ရှိုင်း!!!ဘယ်လိုပြောလိုက်တာလဲ.."
အပြုအမူတွေနဲ့တင်မက
စကားအသုံးအနှုန်းတွေနဲ့ပါပြန်၍
ထိုးနှက်နေသော ရှိုင်းကြောင့်
ချစ်ပန်းဝေအပါအဝင်
ဘေးနားမှ ဝိုင်းကြည့်နေကြသော
လူတွေအားလုံးကို
မော်မကြည့်ဝံ့လောက်အောင်
ရှက်သွားမိလေသည်။
ပြီးခဲ့တဲ့မိနစ်ပိုင်းလေးမှာပဲ
ရှိုင်း၏ဇနီးလောင်းဆိုသည့်အာဏာကို
အစွမ်းကုန်ထုတ်သုံးခဲ့ပေမယ့်
အခုတော့ ရှိုင်း၏စကားနဲ့တင်
ကိုယ်က ငပေါကြီးတစ်ယောက်လို
ဖြစ်သွားခဲ့လေပြီ။
လက်သီးကိုကျစ်ကျစ်ပါအောင်
ဆုပ်ထားမိပြီး မျက်ရည်လေးများဝဲလျက်
အရင်လို ချွဲနွဲ့၍ရမည်အထင်နှင့်
ရှိုင်း၏ သနားညှာတာမှုကို
တောင်းပန်သလို ကြည့်လိုက်ပေမယ့်
ရှိုင်းကတော့ မီးတောက်တော့မလို
စူးရှရှမျက်ဝန်းတွေနဲ့သာ
ကိုယ့်စိတ်ကို အခါခါသတ်နေလေသည်။
"ရှိုင်း!!!
ရှင်တို့ကိစ္စကို..ပိုပိုသိပြီးသွားပြီ....
ပိုပိုလုံးဝလက်မခံနိုင်ဘူး..ရှိုင်းသူနဲ့
ကွာရှင်းလိုက်ပါ..
ရှိုင်းတကယ်ချစ်တာ ပိုပို့ကိုမဟုတ်လား..
ဒီမိန်းမကရှိုင်းကို တမင်မြှူဆွယ်ခဲ့တာ
ရှိုင်းလည်းသူ့ကို ဖိအားပေးခံရလို့
လက်ထပ်လိုက်ရတာမဟုတ်လား..."
"ပိုပို...ငါသူနဲ့လက်ထပ်သည်ဖြစ်စေ
လက်မထပ်သည်ဖြစ်စေ...
မင်းနဲ့ငါကလုံးဝလက်တွဲလို့မရတဲ့
လူနှစ်ယောက်ဆိုတာ ဟိုအရင်တည်းက
ငါတို့တွေသိခဲ့ပြီးသားပါ...
............
အေးစက်သွားတဲ့ဆက်ဆံရေးတစ်ခုကို
ဘာဖြစ်လို့ ပြန်ပြီးနွေးအောင်
လုပ်ချင်နေရတာလဲ..
...........
ငါ့ကိုတစ်ခွန်းမှမပြောဘဲ နိုင်ငံခြားကို
မင်းဆုံးဖြတ်ချက်နဲ့မင်းသွားခဲ့တာ
မဟုတ်ဘူးလား.....
..….....
မင်းဆုံးဖြတ်ခဲ့တဲ့အရာအားလုံးကို
ငါတစ်ခုမှမတားခဲ့ဘူး...
ဘာဖြစ်လို့လဲဆိုတော့
မင်းစိတ်နဲ့မင်းဘဝကို
မင်းကိုယ်တိုင်ပုံဖော်ခွင့်ရှိတယ်လေ...
...........
အဲဒီလိုပဲ..အခုငါဆုံးဖြတ်လိုက်တဲ့
အရာတစ်ခုကို
မင်းဘာမှဖျက်ဆီးဖို့မကြိုးစားနဲ့
...........
ပိုပို..ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို
ဒီနေရာမှာတင်ပဲ နိဂုံးချုပ်လိုက်ရအောင်
အခုအချိန်ကစပြီးမင်းနဲ့ငါ
ပတ်သက်စရာအကြောင်း
လုံး၀မရှိတော့ဘူး...."
ရှိုင်း၏ယတိပြတ်စကားကြောင့်
ပိုပို၏နှလုံးသားတစ်ခုလုံး
တုန်လှုပ်သွားပြီ နောက်သို့ခြေတစ်လှမ်း
ဆုတ်မိသွားလေသည်။
အစကတည်းက ကိုယ်ဖက်ကနေပဲ
အတင်းဆွဲထားမိတဲ့ ဇာတ်လမ်းတပုဒ်ဟာ
အဆုံးသတ်ချိန်ကိုတကယ်ပဲ
ရောက်လာခဲ့ပြီပေါ့။
ပိုပိုသိပါတယ်။
ချစ်ပန်းဝေကြောင့် မဟုတ်လည်း
တစ်ချိန်ချိန်မှာရှိုင်းကပိုပို့ကို
လက်တွဲဖြုတ်သွားမယ်ဆိုတာ
သိပ်သိတာပေါ့။
အဲဒီနေ့ကိုမရောက်ပါစေနဲ့လို့
တစ်ချိန်လုံး ဆုတောင်းနေမိခဲ့ပြီး
ရှိုင်းနဲ့ဝေးရာကိုလည်း ထွက်ပြေးခဲ့မိသလို
သူနဲ့မျက်နှာချင်း မဆိုင်မိအောင်လည်း
အမျိုးမျိုးရှောင်တိမ်းခဲ့မိတယ်။
ကိုယ့်ဘက်ကသာသူ့ကို
နှလုံးသားတစ်ခုလုံး ပုံအပ်ထားပြီး
ချစ်ခဲ့မိပေမဲ့
ပြန်တွေ့တဲ့အချိန် ခဏလေးအတွင်းမှာ
သူ့ရဲ့စကားလုံးတိုင်းနဲ့
ကိုယ့်ကိုနာကျင်အောင်လုပ်နိုင်ခဲ့တယ်။
ဒါပေမဲ့ရှိုင်းဆိုတာ ပိုပို့ရဲ့အချစ်ဦး
ဟိုးအရင်တည်းက ကိုယ့်ဘက်ကနေ
တစ်ဖက်သတ် တိတ်တခိုးချစ်ခဲ့ရသူ။
စူးရှထက်မြတ်လွန်းတဲ့သူ့မျက်ဝန်းတွေ၊
လက်ချောင်းလေးတစ်ချောင်း
လှုပ်ရှားလိုက်ရုံနဲ့တောင်
အရှိန်အဝါတွေပြည့်နှက်နေတဲ့
ယောကျာ်းတစ်ယောက်၊
............
မာနတွေနဲ့ပြည့်နှက်နေသော
အေးစက်ခက်ထန်တဲ့
နှလုံးသားပိုင်ရှင်မှန်းသိပါလျက်နဲ့
မရရအောင်ချည်းကပ်ခဲ့ပြီး
သူ့အနားကိုရောက်အောင်သွားခဲ့မိတယ်။
...........
ဒါဟာအမှားကြီးတခုဖြစ်ရင်ဖြစ်မယ်။
ဒါပေမယ့်ပိုပိုကတော့
ရှိုင်းနဲ့ပတ်သက်လာရင်
ဘာပဲလုပ်ရလုပ်ရ လုံးဝနောင်တရမယ့်
လူစားမျိုးမဟုတ်ဘူး။***
"ရှိုင်း..ပိုပို့ကိုရိုက်ချင်ရိုက်လို့ရတယ်
ဆဲချင်ဆဲလို့ရတယ်..ဒါပေမဲ့
လမ်းခွဲမယ်ဆိုတဲ့စကားကိုတော့
ဘယ်တော့မှမပြောနဲ့..
ပိုပိုလုံးဝလက်မခံနိုင်ဘူး...
..........
ရှိုင်းသိထားဖို့က
သက်လွန်းပိုဆိုတဲ့မိန်းမဟာ..
အချစ်လည်းကြီးသလို
အမျက်ဒေါသလည်းကြီးတယ်...
.........
ရှိုင်းသာသူ့ကိုရွေးချယ်လိုက်ရင်
ပိုပိုဘယ်လိုနည်းနဲ့မဆို...
သူ့ကိုဒုက္ခရောက်အောင်လုပ်ပစ်မှာ..."
"သက်လွန်းပို...
မင်းကငါ့ကိုလာခြိမ်းခြောက်နေတာပေါ့
...ဟုတ်လား...."
သက်လွန်းပို၏စိန်ခေါ်မှုကြောင့်
ထူထဲလှသောရှိုင်း၏မျက်ခုံးတန်းတွေ
ချက်ချင်းတွန့်ချိုးသွားကာ
ပိုမိုဒေါသထွက်သွားလေသည်။
"ခြိမ်းခြောက်နေတာမဟုတ်ဘူး..
သတိပေးနေတာ...
ရှင်ကမိန်းမတစ်ယောက်ရဲ့
အချစ်ကိုအထင်သေးနေတာပဲ....
...........
ပိုပိုကအခြားမိန်းမတွေလို...
ပေးဆပ်ခြင်းနဲ့ချစ်မဲ့သူမျိုးမဟုတ်ဘူး..
လိုချင်ရင်..တကယ်ရမှကျေနပ်တာ
..........
ကိုမှမရရင်...
သူများလက်ထဲလည်းအပါမခံနိုင်ဘူး..."
"သက်လွန်းပို..မင်းအခုချက်ချင်း
ငါ့အိမ်ထဲကနေထွက်သွားစမ်း!!!.."
အစွမ်းကုန် ဟိန်းဟောက်လိုက်သော
ရှိုင်း၏ အသံသြသြကြီးကြောင့်
သက်လွန်းပို၏ ခန္ဓာကိုယ်လေး
တစ်ချက်တုန်တက်သွားပြီး
မျက်ရည်တွေဝဲလာပေမဲ့
ချက်ချင်းပဲဟန်ဆောင်၍
မဲ့ပြုံးပြုံးလိုက်လေသည်။
"ထွက်သွားမှာပါ...မောင်းထုတ်စရာ
မလိုပါဘူး..တစ်ခုတော့မှာခဲ့မယ်နော်...
ရှင်ကိုယ်တိုင်..တောကနေ
ခေါ်လာတဲ့..ရှင့်မဟေသီကို
မျက်စိအောက်က
အပျောက်မခံပဲသေချာစောင့်ကြည့်ထား
.........
မဟုတ်ရင်ပိုပိုဘာလုပ်မိမလဲဆိုတာ
အာမမခံနိုင်ဘူး.."
"သက်လွန်းပို မင်းကဘယ်လိုသတ္တိမျိုးနဲ့
ငါ့ကိုလာခြိမ်းခြောက်နေတာလဲ
ငါ့ကိုသိပ်ကြောက်တတ်တဲ့
ငနဲတကောင်လို့ထင်နေတာလား......"
တဖြည်းဖြည်း ရှေ့တိုးလာသော
ရှိုင်း၏ကိုယ်ဟန်အမူအရာ
တစ်ခုချင်းစီတိုင်းဟာ ရဲတင်းလွန်းနေပြီး
သူ့မျက်နှာအမူအရာဟာလည်း
ခနဲ့နေသောပုံစံမျိုးဖြစ်နေလေသည်။
*မင်းငါ့ကိုတစ်ချက်လာရိုက်ရင်
ငါကအချက်ပေါင်းများစွာ
ပြန်ရိုက်ပစ်မှာပေါ့ဟူသည့်.."
တန်ပြန်ခြိမ်းခြောက်နေသော
အရိပ်အငွေ့ကို
သက်လွန်းပို အတိုင်းသားမြင်လိုက်ရသည်။
အားလုံး၏မျက်ဝန်းအကြည့်အောက်မှာပဲ
ရှိုင်းသည်သက်လွန်းပို၏
အနားသို့တိုးကပ်သွားကာ မဲ့ပြုံးပြုံး၍
လေသံတိုးတိုးလေးနှင့်
သတိပေးစကားဆိုလိုက်လေသည်။
"သက်လွန်းပို...မင်းကငါ့ကိုဘာမှမသိတဲ့
သူငယ်နှပ်စားလေးများ ထင်နေတာလား
မနေ့ညကပဲ ငါအားလုံးစုံစမ်းပြီးသွားပြီ
မင်းနဲ့ ဟိုကောင့်အကြောင်းကို
မကြားချင်မှ အဆုံးပဲ
.........
မင်းလိုမိန်းမမျိုးကို ငါ့အနားမှာ
တစ်သက်လုံးခေါ်ထားရလောက်အောင်
ငါက..ဂျိုထွက်နေတဲ့နွားမဟုတ်ဘူး
..........
မင်းလိုတန်ဖိုးမဲ့နေပြီးသား
ကျောက်ရိုင်းတုံးကို
ငါ့လက်ထဲမှာထည့်ထားပြီး
တစ်ချိန်လုံး တသသလုပ်နေရအောင်
ငါ့ကို သိပ်အားယားနေတဲ့ကောင်လို့
ထင်နေတာလား.....
...........
ငါ့လူကိုတချက်လာထိရင်
မင်းဘဝကြီးလည်း
ဘယ်လိုစုတ်ပြတ်သတ်သွားမလဲဆိုတာ
အရင်ဆုံး ကြိုတွေးထားလိုက်
............
နှုတ်ဆက်ပါတယ်...ချစ်သူဟောင်းလေး
အိမ်တံခါးက..မင်းရှေ့တည့်တည့်မှာပါ
အချိန်မရွေးပြန်လို့ရပါတယ်...."
ပြောချင်တာပြောပြီးသည်နှင့်
ရှိုင်းသည် အနောက်သို့
ခြေလှမ်းပြန်ဆုတ်လိုက်ပြီး
ချစ်ပန်းဝေကို ဆွဲခေါ်ကာ
အိပ်ခန်းထဲသို့ဝင်၍
တံခါးကိုဒုန်းကနဲမြည်အောင်
ပိတ်ပစ်လိုက်လေသည်။
သက်လွန်းပိုတစ်ယောက်ကတော့
မတ်တပ်ရပ်နေရင်းမှ မခံချင်စိတ်ကြောင့်
မျက်ရည်တွေပိုးပိုးပေါက်ပေါက်
ကျလာပြီး အံကိုဖိကြိတ်လျက်
အပြင်သို့ပြေးထွက်သွားလေတော့သည်။
🌺🌺🌺🌺🌺🌺🌺🌺
တိတ်ဆိတ်နေသောရှိုင်း၏
အခန်းလေးထဲ၌ ရှိုင်း၏ကုတင်ပေါ်တွင်
ချစ်ချစ်ဘာအသံမျှ
မထွက်မိအောင်နေရင်း
ခန္ဓာကိုယ်ကိုအတက်နိုင်ဆုံးကြုံ့၍
ထိုင်နေမိသည်။
ရှိုင်းကတော့ အခန်းအပြင်ဘက်ရှိ
လသာဆောင်ကိုထွက်ပြီး လက်တစ်ဖက်က
ဝရန်တာလက်ရန်းကို
ဆုပ်ကိုင်ထားလျက် ဆေးလိပ်ကိုသာ
တစ်ချက်ပြီးတချက်
ဖွာရှိုက်နေလေသည်။
နွေးထွေးကျယ်ပြန့်သောသူ့ကျောပြင်ကို
ချစ်ချစ်ငေးကြည့်နေမိတာကိုတော့
သူသိလိမ့်မယ်မထင်ပါဘူး။
ရှိုင်းဘာကြောင့်တိတ်ဆိတ်နေသလဲ
ကျွန်မမသိပေမယ့် သူတစ်ခုခုကို
မကျေမနပ်ဖြစ်နေတာတော့သေချာတယ်။
ပွန်းပဲ့သွား၍ တဆစ်ဆစ်နာကျင်နေတဲ့
တံတောင်ဆစ်မှ ဒဏ်ရာတွေကိုကြည့်ပြီး
ချစ်ချစ်တိတ်တဆိတ်
မျက်ရည်ကျနေမိသည်။
ကိုယ့်ကိုကိုယ်လည်းမေးခွန်းပေါင်း
များစွာပြန်မေးနေမိတယ်။
*ငါဘာကြောင့် ကိုယ်နဲ့
မသင့်တော်တဲ့နေရာမှာ
ရောက်နေရတာလဲ....
ဘာကြောင့်များ..ကိုယ့်အဆင့်အတန်းနဲ့
ထပ်တူမကြတဲ့...မြင့်မားတဲ့နေရာတစ်ခုမှာ
နေချင်နေရတာလဲ...*
စိတ်ကတော့
ကိုယ်နဲ့မသက်ဆိုင်တဲ့နေရာကနေ
ထွက်ပြေးချင်နေမိပေမယ့်...
နှလုံးသားကတော့ တုံ့ဆိုင်းနေမိလို့
ကိုယ့်ကိုကိုယ် သိပ်မုန်းတာပဲ။
"မင်းအဆင်ပြေရဲ့လား..."
စိုးရိမ်တကြီးမေးလာသည့်သူ့အသံကြောင့်
ချစ်ချစ်သူ့ကိုမော့ကြည့်လိုက်မိသည်။
သူ့မျက်လုံးတွေနဲ့အကြည့်ချင်း
ဆုံသွားတဲ့အခိုက်မှာ
မဖြစ်နိုင်မှန်းသိပေမယ့် အဖြေတစ်ခုကို
လိုက်ရှာဖွေကြည့်လိုက်မိတယ်။
သူ့မျက်ဝန်းတွေထဲမှာ
ချစ်ချစ်အတွက်စာနာမှုတွေ၊
သနားညှာတာမှုတွေရှိနေပေမယ့်
ချစ်ချစ်လိုချင်တဲ့ အရာတစ်ခုတော့
ပျောက်ဆုံးနေမြဲပါပဲ။
အခုအချိန်မျိုးမှာ တကယ်ချစ်လို့
လက်ထပ်ထားကြတဲ့
ဇနီးမောင်နှံသာဆိုရင်
ချစ်ချစ်နာကျင်ရင် သူလည်းနာသလို
ခံစားနေရမယ်ထင်တယ်။
ဒါပေမဲ့ ရှိုင်းရဲ့မျက်ဝန်းတွေကတော့
ချစ်ခြင်းတရားနဲ့သံယောဇဉ်တွေ
ကင်းမဲ့နေပြီး အပေါ်ယံ
စိုးရိမ်မှု သက်သက်သာဖြစ်နေကြောင်း
အထင်အရှားကိုပေါ်လွင်နေတယ်။
*ချစ်ချစ်တစ်ခုတော့သိလိုက်ရပါတယ်..*
*ရှိုင်းဟာ...သူနဲ့စေ့စပ်ထားခဲ့တဲ့
အမျိုးသမီးကိုလည်း
ဘယ်တုန်းကမှမချစ်ခဲ့သလို...
..........
သူနဲ့လက်ထပ်ထားတဲ့
ချစ်ချစ်အပေါ်မှာလည်း
ဘာခံစားချက်မှာရှိပုံမပေါ်ပါဘူး...*
"မင်းရဲ့လက်က သွေးတောင်စို့နေတယ်..
ဆေးခန်းပြမလား...
ငါဝေယံကိုလှမ်းခေါ်ပြီး...
မင်းကိုဆေးခန်းလိုက်ပို့ခိုင်းလိုက်မယ်..."
ကိစ္စတွေအားလုံးက
သူ့ကြောင့်ဖြစ်သွားခဲ့ပေမယ့်
ဆေးခန်းလိုက်ပို့တာကိုတောင်
အခြားသူကို
အကူအညီတောင်းမယ်တဲ့လေ။
ချစ်ချစ် ခေါင်းခါလိုက်မိပါတယ်။
"ရပါတယ်...
ဒီလောက်ကတော့ဘာမှမဟုတ်ပါဘူး..
ကိုယ့်ဘာသာကိုယ်ပဲ အရက်ပျံနဲ့
သန့်လိုက်ပြီး ဆေးထည့်လိုက်ပါ့မယ်...
ကျွန်မ ကိုယ့်အခန်းကိုပြန်တော့မယ်...."
"ဟာနေဦးလေ..."
ချစ်ချစ်၏လက်ကိုသူက
လှမ်းဆွဲလိုက်သောကြောင့်
ပြန်ကြည့်လိုက်မိလေသည်။
ရုတ်တရက်ဆိုသလို ပခုံးနှစ်ဘက်ကိုပါ
ဆုပ်ကိုင်လိုက်သော
အထိအတွေ့နွေးနွေးကြောင့်
ခန္ဓာကိုယ်ကတောင့်တောင့်ကြီး
ဖြစ်သွားမိချိန် သူကချစ်ချစ်ကို
ကုတင်ပေါ်မှာပြန်ထိုင်စေလိုက်လေသည်။
ချစ်ချစ်လည်းဘာစကားတစ်ခွန်းမှ
မဆိုနိုင်လောက်အောင်ဖြစ်သွားပြီး
သူ့ကိုသာတွေငေး၍ လိုက်ကြည့်နေမိသည်။
"ဒီနေရာမှာပဲထိုင်စောင့်နေ...
ကိုယ်အရက်ပျံရယ်
လိမ်းဆေးရယ်သွားယူလာခဲ့မယ်..."
ချစ်ချစ်ခေါင်းမငြိမ့်မိပေမယ့်
ခေါင်းလည်းမခါမိပေ။
သူသွားရာခြေလှမ်းတိုင်းကိုသာ
ငြိမ်သက်စွာထိုင်ကြည့်နေမိသည်။
အခန်းထဲမှထွက်သွားပြီး
သိပ်မကြာခင်မှာပဲ သူပြန်ဝင်လာခဲ့သည်။
သူ့လက်ထဲမှာတော့ ဂွမ်းထုပ်ကလေးရယ်၊
အရက်ပျံပုလင်းလေးနဲ့
အနာကျက်လိမ်းဆေးကို
ကိုင်လာသည်။
"လက်လေးကို
နည်းနည်းကွေးထားလိုက်..
ကိုယ်ဆေးထည့်ပေးမယ်..
စပ်ရင်ပြောနော်..."
"ဟုတ်ကဲ့..."
သူခိုင်းတဲ့အတိုင်းပဲ လက်နှစ်ဖက်လုံးကို
ကွေးလိုက်ပြီး ငြိမ်နေလိုက်မိသည်။
ချစ်ချစ်ကတော့ကုတင်ပေါ်မှာ
ထိုင်နေပေမယ့် သူကတော့
ကြမ်းပြင်ပေါ်မှာ ဒူးထောက်ခံလျက်
ချစ်ချစ်၏အနာကို ဂွမ်းစလေးနှင့်
အသာအယာသန့်ရှင်းပေးလာသည်။
"အား!!!"
"ဟင်..စပ်သွားတာလား...
ကိုယ်နည်းနည်းကြမ်းသွားတယ်ထင်တယ်
ဖြည်းဖြည်းလေးလုပ်ပေးမယ်နော်..."
နူးညံ့ငြင်သာလွန်းသော
သူ့စကားသံလေးကြောင့်
မျက်ရည်ဝဲသွားမိသလို
တစ်ပြိုင်နက်ထဲမှာ ပြုံးလိုက်မိလေသည်။
ချစ်ချစ်က အရက်ပျံကြောင့်
စပ်ပြီးအော်လိုက်မိသည့်အတွက်
ဆေးလိမ်းပေးနေသော
သူ့ရဲ့လက်ကလေးတွေဟာ
ပုံမှန်ထက် ပိုနှေးသွားပြီး
ပိုပြီးလည်း ညင်သာလာသည်။
*နဂိုကလက်လွှတ်ဖို့
ဆုံးဖြတ်ထားမိပေမယ့်
ယခုတော့ အရူးမလေးချစ်ပန်းဝေဟာ
သူ့ရဲ့ဂရုစိုက်မှုလေးနဲ့တင်
ကျေနပ်မိရပြန်ပါပြီ...
.........
သူ့အချစ်ကိုမရနိုင်ပေမယ့်...
သူ့ရဲ့ဂရုစိုက်မှုတွေကိုရရုံနဲ့တင်
ချစ်ချစ်ရဲ့ဘဝဟာ
တင်းတိမ်သွားမိတဲ့အထိပေါ့...*
"ပြီးသွားပြီ...ပွန်းထားတာက
နည်းနည်းများနေတော့...
သေချာတော့ဂရုစိုက်ရမယ်နော်..."
"ဟုတ်ကဲ့ပါ..ဒါဆိုရင်
ကျွန်မကိုယ့်အခန်းကိုပြန်တော့မယ်နော်..."
"ဟာ..နေဦးလေမင်းကိုငါ
ပြောစရာရှိသေးတယ်..."
"ဘာပြောစရာရှိတာလဲ..."
ချစ်ချစ်က ပြန်မေးလိုက်တော့
ရိုင်းဟာသူ့ရဲ့နားထင်ကို
လက်ညှိုးနဲ့ထောက်ပြီး တစ်ခုခုကို
သေချာစဉ်းစားနေလေသည်။
ပြီးနောက်ချစ်ချစ်ကို
သေချာပြန်ကြည့်လာကာ...
"ကိုယ်မနက်ဖြန်..တောင်ကြီးကို
ရိုက်ကူးရေးရှိလို့သွားရမယ်..
မင်းလည်းကိုယ်နဲ့လိုက်ခဲ့ရမယ်..."
"ဟမ်...ဘာဖြစ်လို့ကျွန်မလိုက်ခဲ့ရမှာလဲ..."
"ပိုပိုက..သိပ်ပြီးကျေနပ်သေးပုံမရဘူး
မင်းကို သူပြဿနာထပ်ရှာနိုင်တယ်..
အဲဒီတော့..မင်းငါနဲ့အတူလိုက်ခဲ့လိုက်
ဒါဆိုရင်..မင်းအန္တရာယ်မရှိအောင်
ငါလည်းစောင့်ရှောက်ပေးနိုင်တာပေါ့
.......
မင်းတစ်ခုခုဖြစ်သွားရင်
ငါ့ကြောင့်လို့အပြောမခံနိုင်ဘူး...
မင်းအမေကိုတော့
ငါ့အမေတို့အိမ်မှာပဲ
အပ်ထားခဲ့လိုက်မယ်
.........
မင်းအမေရဲ့ရောဂါကို
သမားတော်ကြီးတွေနဲ့ သေချာလေး
ပြပေးဖို့ပါ ငါမှာခဲ့လိုက်မယ်..."
"ဒါပေမဲ့အမေက
ကျွန်မ..မရှိရင်ဖြစ်မှာမဟုတ်ဘူး..."
"ဘာလို့မဖြစ်ရမှာလဲ..
မင်းအမေကမင်းကိုလည်း
သူ့သမီးလို့မှတ်မိနေတာမှမဟုတ်ပဲ...
အနေများလို့မင်းကို
ခင်တွယ်နေရုံသက်သက်ပဲ...
.........
ဘာမှမပြောနဲ့တော့ကွာ
ကိုယ်လိုက်ဆိုရင်..လိုက်ခဲ့ရမယ်
အခုတော့ပြန်နားလိုက်တော့...
ညကျရင်အဝတ်တွေ
သေချာထုတ်ပိုးထား...ရိုက်ကူးရေးက
နည်းနည်းကြာမှာဆိုတော့
အဝတ်အစားကို
များများလေးထည့်ထား..ကြားလား.."
"ဟုတ်ကဲ့ပါ..ကျွန်မသွားတော့မယ်.."
ချစ်ချစ်ကိုကာကွယ်ပေးချင်တဲ့
စိတ်ရင်းလေးပါနေပေမယ့်
လေသံကတော့အထက်စီးကပါပဲ။
ချစ်ချစ်ကတော့ သူဘာပြောပြော
ခေါင်းညိတ်ရုံသာရှိတော့တာပေါ့။
(အခန်း..၂၄ဆက်ရန်)
(မနက်ဖြန်တင်ပေးမယ်နော်
🌺🌺🌺🌺🌺🌺🌺🌺🌺
ဒီတစ်ခါတော့ updateစောင့်ရတာ
တော်တော်ကြာသွားမယ်ထင်ပါတယ်
အခုထိမမေ့ပဲဖတ်ဖို့ စောင့်ပေးနေကြသူတွေ
ရှိရင်တော့ ဝေဝေက
ကျေးဇူးအများကြီးတင်ပါတယ်လို့
ပြောချင်ပါတယ်
🌺🌺🌺🌺🌺🌺🌺🌺🌺
Unicode/Zawgyi 🚩
🌺အခန်း(၂၃)
စော်ကားနေသော
ထိုမိန်းမ၏စကားတွေဟာ
အလွန်အသည်းနာစရာ
ကောင်းလွန်းလှသည်။
သူ့မျက်လုံးတွေဟာ
ပြည့်နှက်နေပြီး
ကွန်းခိုလာလေသည်။
လောင်းချနေသလိုကို
ပူလောင်လာသည်။
အဖတ်ဆယ်နေမိသည်။
လှောင်ရယ်လိုက်ကာ
"ရှင် ဘာလုပ်တာလဲ..."
"ဘာလုပ်တာလဲဟုတ်လား...
........
အကျင့်စရိုက်ကတော့
တောသူဆိုတဲ့အတိုင်း
တော်တော်နိမ့်ကျတာပဲ...
......
မဟုတ်လောက်ဘူး..."
အခြေအနေအရ ကျွန်မတို့
လက်ထပ်လိုက်ရတာ
.............
သွားမေးကြည့်လိုက်...."
"တော်စမ်းပါ..
.........
လက်ထပ်မယ့်သူတွေ....
...........
သိထားပြီးသား...
........
လက်ညှိုးနှင့်ထိုးကာ
လာပြောနေပေမယ့်
ဖြစ်လာစေခဲ့တာ။
ချစ်ချစ်ကိုဘယ်သူမှ
ယုံကြမှာမဟုတ်ဘူး။
ဘယ်လက်ခံပါ့မလဲ။
"တောင်းပန်တယ်ဟုတ်လား...
ထွက်သွားလိုက်တော့...
ထွက်သွားရမည်တဲ့။
ကျမတောင်းပန်ပါတယ်...
နင့်လိုမိန်းမအတွက်
......
မဟုတ်လား...ကောင်းပြီ
မောင်းချမယ်...."
အခန်းတခုချင်းစီကို
"အစ်မဘာလုပ်မလို့လဲ.."
မေးလိုက်ကြလေသည်။
အော်ငေါက်လေတော့သည်။
"နင်တို့အခုချက်ချင်း
ငါ့အရှေ့ကဖယ်ကြစမ်း..
ငါက တစ်ချိန်ကျရင်
အလုပ်ပြုတ်ကြတော့မှ
လာငိုမပြကြနဲ့နော်...."
မြင်ပေမဲ့ အံကြိတ်၍သာ
ကြည့်နေရတော့သည်။
အပေါ်ယံသာကြည့်ပြီး
အပြုတ်မခံနိုင်ကြပေ။
သူတို့လည်းထပ်တူ
အခန်းကဘယ်မှာလဲ..
"ဟို..ဟိုဘက်မှာပါခင်ဗျ...."
အင်မတန် ကြောက်စရာ
ကောင်းနေသောကြောင့်
ပိတ်၍ ကာပစ်လိုက်သည်။
"မလုပ်ပါနဲ့အစ်မရယ်...
လဲသေလိုက်ပါလား..."
"အာ့!!!"
မလုပ်ပါနဲ့ဗျာ..."
ကြမ်းပြင်ပေါ်သို့
ဝင်ပြောမိသွားလေသည်။
သက်လွန်းပိုကတော့
.............
အခုမှနစ်နာသူပုံစံ
.........
မိန်းမယုတ်ကိုတော့
ငါမသနားတတ်ဘူးဟဲ့....
..........
ငါအကြမ်းပတမ်း
ဆွဲထုတ်တာမခံချင်ရင်
ကိုယ့်အထုပ်ကိုယ့်ယူ
ထွက်သွားလိုက်တော့
...........
နင့်ဘဝ..ရစရာမရှိအောင်
ငါလုပ်ပြစ်မယ်....
နင့်လို..တောသူမရဲ့
တစ်လက်မဉာဏ်လောက်နဲ့
ငါ့ကိုလာမယှဉ်နဲ့....
..........
နင့်ဘဝတစ်ခုလုံးရော
ငါလုပ်ပစ်မှာနော်...."
လုပ်နိုင်ခဲ့လေသည်။
သက်လွန်းပိုအား
နတ်ဆိုးတကောင်ဟုသာ
ပြန်မေးနေမိပေမယ့်
မပိုခဲ့ပါလား။
ကံကြမ္မာကဘာလို့
ပေးသနားမှုမပြုရတာလဲ။
ဖြစ်လာမိလေသည်။
အဆောင်အတူတူနေတဲ့
ဖောက်ပြန်သည်ဟုဆိုကာ
နားမခံသာနိုင်အောင်
မုန်းခဲ့ဖူးတယ်။
ဗီလိန်တစ်ယောက်ပါပဲ။
နောင်တရနေမိတယ်။
ဒါပေမဲ့ ဒီအရာတွေက
သူများတွေအတွက်တော့
လွယ်လွယ်လေး
ချစ်ချစ်အတွက်တော့
နင့်အမေကိုခေါ်ပြီး
အခုချက်ချင်း
သက်လွန်းပိုသည်လည်း
အသွေးအသားထဲကနေကို
ထိတ်လန့်သွားလေသည်။
လိုက်ဖက်စွာ ရှိုင်း၏
စူးရှအေးစက်လွန်းသည်။
သူ၏နက်မှောင်သော
ကလီစာတွေပါ
လာမွှေနေရတာလဲ.."
အပြုအမူတွေနဲ့တင်မက
ချစ်ပန်းဝေအပါအဝင်
လူတွေအားလုံးကို
ရှက်သွားမိလေသည်။
ဖြစ်သွားခဲ့လေပြီ။
"ရှိုင်း!!!
ကွာရှင်းလိုက်ပါ..
လက်မထပ်သည်ဖြစ်စေ...
............
လုပ်ချင်နေရတာလဲ..
...........
မဟုတ်ဘူးလား.....
..….....
ငါတစ်ခုမှမတားခဲ့ဘူး...
ဘာဖြစ်လို့လဲဆိုတော့
...........
အရာတစ်ခုကို
...........
ပတ်သက်စရာအကြောင်း
လုံးဝမရှိတော့ဘူး...."
ဆုတ်မိသွားလေသည်။
ရောက်လာခဲ့ပြီပေါ့။
ပိုပိုသိပါတယ်။
သိပ်သိတာပေါ့။
ကိုယ့်ဘက်ကသာသူ့ကို
ချစ်ခဲ့မိပေမဲ့
ယောကျာ်းတစ်ယောက်၊
............
အေးစက်ခက်ထန်တဲ့
...........
ဒါပေမယ့်ပိုပိုကတော့
လူစားမျိုးမဟုတ်ဘူး။***
ဘယ်တော့မှမပြောနဲ့..
..........
ရှိုင်းသိထားဖို့က
အချစ်လည်းကြီးသလို
.........
"သက်လွန်းပို...
...ဟုတ်လား...."
သတိပေးနေတာ...
...........
..........
ကိုမှမရရင်...
မျက်ရည်တွေဝဲလာပေမဲ့
မျက်စိအောက်က
.........
အာမမခံနိုင်ဘူး.."
အရိပ်အငွေ့ကို
မကြားချင်မှ အဆုံးပဲ
.........
..........
ကျောက်ရိုင်းတုံးကို
ထင်နေတာလား.....
...........
မင်းဘဝကြီးလည်း
............
အိပ်ခန်းထဲသို့ဝင်၍
ပိတ်ပစ်လိုက်လေသည်။
🌺🌺🌺🌺🌺🌺🌺🌺
ချစ်ချစ်ဘာအသံမျှ
မထွက်မိအောင်နေရင်း
ထိုင်နေမိသည်။
ဝရန်တာလက်ရန်းကို
တစ်ချက်ပြီးတချက်
ဖွာရှိုက်နေလေသည်။
ချစ်ချစ်တိတ်တဆိတ်
မျက်ရည်ကျနေမိသည်။
*ငါဘာကြောင့် ကိုယ်နဲ့
မသင့်တော်တဲ့နေရာမှာ
ရောက်နေရတာလဲ....
နေချင်နေရတာလဲ...*
စိတ်ကတော့
"မင်းအဆင်ပြေရဲ့လား..."
ဆုံသွားတဲ့အခိုက်မှာ
သူ့မျက်ဝန်းတွေထဲမှာ
ပျောက်ဆုံးနေမြဲပါပဲ။
လက်ထပ်ထားကြတဲ့
ခံစားနေရမယ်ထင်တယ်။
အမျိုးသမီးကိုလည်း
..........
သူနဲ့လက်ထပ်ထားတဲ့
ဆေးခန်းပြမလား...
ကိစ္စတွေအားလုံးက
အခြားသူကို
"ရပါတယ်...
"ဟာနေဦးလေ..."
ချစ်ချစ်၏လက်ကိုသူက
ဆုပ်ကိုင်လိုက်သော
ကိုယ်အရက်ပျံရယ်
ခေါင်းလည်းမခါမိပေ။
အရက်ပျံပုလင်းလေးနဲ့
အနာကျက်လိမ်းဆေးကို
ကိုင်လာသည်။
"လက်လေးကို
ကိုယ်ဆေးထည့်ပေးမယ်..
စပ်ရင်ပြောနော်..."
"ဟုတ်ကဲ့..."
"အား!!!"
"ဟင်..စပ်သွားတာလား...
သူ့စကားသံလေးကြောင့်
မျက်ရည်ဝဲသွားမိသလို
ဆေးလိမ်းပေးနေသော
သူ့ရဲ့လက်ကလေးတွေဟာ
*နဂိုကလက်လွှတ်ဖို့
ဆုံးဖြတ်ထားမိပေမယ့်
ကျေနပ်မိရပြန်ပါပြီ...
.........
ချစ်ချစ်ရဲ့ဘဝဟာ
နည်းနည်းများနေတော့...
"ဟုတ်ကဲ့ပါ..ဒါဆိုရင်
"ဟာ..နေဦးလေမင်းကိုငါ
ပြောစရာရှိသေးတယ်..."
"ဘာပြောစရာရှိတာလဲ..."
သေချာစဉ်းစားနေလေသည်။
သေချာပြန်ကြည့်လာကာ...
.......
မင်းအမေကိုတော့
ငါ့အမေတို့အိမ်မှာပဲ
အပ်ထားခဲ့လိုက်မယ်
.........
မင်းအမေရဲ့ရောဂါကို
"ဒါပေမဲ့အမေက
"ဘာလို့မဖြစ်ရမှာလဲ..
မင်းအမေကမင်းကိုလည်း
အနေများလို့မင်းကို
.........
ဘာမှမပြောနဲ့တော့ကွာ
ညကျရင်အဝတ်တွေ
အဝတ်အစားကို
(အခန်း..၂၄ဆက်ရန်)
🌺🌺🌺🌺🌺🌺🌺🌺🌺
မျှော်နေတာပြန်တင်ပေးလို့ ကျေးဇူးပါ ဝေလေးရယ်
ReplyDeleteမျှေနေတာဲီဒတခါတလကျော်ကြာတယ်နေ့တိုင်းနီးပါးဝင်ကြည့်ဏတာအမောတနေ့သုးံခါကျော်တယ်အပိုင်းသစ်လေးကို ဆူးကြိုးတုန်းကလိုပဲ
ReplyDeleteupdateကြာသွားတာတောင် ဖတ်ဖို့စောင့်နေပေးလို့ အရမ်းပျော်ရပါတယ်
Deleteမျှော်နေတာ
ReplyDeleteကျေးဇူးပါနော်
ထပ်မတင်ဘူးလားတောင်ထင်သွားတာ
updateကြာသွားတာတောင် ဖတ်ဖို့စောင့်နေပေးလို့ အရမ်းပျော်ရပါတယ်
Deleteကျေးဇူးပါမျှော်နေတာလည်ပင်ရှည်နေပြီနော်ဝေဝေ
ReplyDeleteကျေးစူးတင်ပါတယ်နော်တင်ပေးလို့မျှော်နေတာ
ReplyDeleteမျှော်နေတာကျေးဇူးပါ
ReplyDeleteမျော်နေတာကျေးဇူးပါ
ReplyDeleteစာမေးပွဲရှိတာတောင်တင်ပြီလားဝင်ဝင်ကြည့်နေတာ
ကျေးဇူးပါနော်
ReplyDeleteထပ်မတင်ဘူးလားတောင်ထင်သွားတာ
တင်မဲ့အချိန်မှာဖတ်ဖို့စောင့်နေတာပါ။တစ်ခါတစ်လေပျက်ပဲသွားတာလားဆိုပီးထင်မိသေးတယ်။စာရေးသူရေးသမျှအရမ်းကြိုက်တာဆိုတောပျက်သွားမှာကြောက်နေတာ။စာရေးသူဘယ်အချိန်တင်တင်ဖတ်မှာပါ။ကျေးဇူးလည်တင်ပါတယ်ရှင့်
ReplyDeleteအားပေးနေမယ်
ReplyDeleteစောင့်နေတာ ❤️
ReplyDeleteThank you. 🥰💜❤️
ReplyDeleteစောင့်မျှော်နေပါတယ်ရှင့်
ReplyDelete