အခန်း(၂၀) 🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

 

Unicode/Zawgyi 🚩 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

🌺အခန်း(၂၀)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

ကောင်ကင်တစ်ခုလုံးသည် မှောင်မည်းနေပြီး
မိုးစက်များကလည်း အားပြင်းပြင်းနှင့်
ကျဆင်းလာလေသည်။

ရှိုင်းကတော့ အဖြူရောင် 
ကုတ်အိင်္ကျီကို ညာလက်နှင့်
ကိုင်ထားရင်းမှ ပခုံးပေါ်သို့ 
လွှားတင်လိုက်သည်။
သူ၏ ဘယ်ဘက်လက်နှင့် ဝိုင်ခွက်ကို
မွှေ့ရမ်းလိုက်ပြီးနောက် 
တစ်ကျိုက်မော့သောက်လိုက်လေသည်။

တံခါးကာထား၍ မိုးရေစက်တွေ
သူ့မျက်နှာကို လာမစင်ပေမဲ့
ပြတင်းမှန်ကိုတော့ မိုးစက်များသည်
အားပြင်းပြင်းနှင့် လာ၍ရိုက်ခတ်နေလေသည်။

သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ကာ
ထိုမိုးစက်များအား သေချာစူးစိုက်၍
ကြည့်နေမိရင်း ချစ်ပန်းဝေကြောင့်
တလွဲတွေဖြစ်သွားသည့် 
သူ့အိမ်ထောင်ရေးကို
မယုံကြည်နိုင်စွာ 
တွေးတောမိသွားတော့သည်။

"ဟေ့ကောင်..ရှိုင်း...မှာထားတာတွေ
အကုန်အဆင်သင့်ဖြစ်နေပြီ
မင်းလာမစားဘူးလား..."

"အေးလေ..လာစားတော့လေကွာ..
စကားလေး ဘာလေးလည်းပြောရအောင်..."

အနောက်ပါးဆီမှ သူငယ်ချင်းများက
အတင်းခေါ်နေ၍ ရှိုင်းလည်းဝိုင်ခွက်ကို
ကိုင်ကာ စားသောက်ဝိုင်း၏
ခုံတစ်ခုမှာ နေရာ၀င်ယူလိုက်ရသည်။

"မင်းတို့ကို ခေါ်တာကအကောင်းမဟုတ်ဘူးနော်
ဒီဆိုင်က ငါအသစ်ဖွင့်တဲ့ဆိုင်ဆိုတော့
မင်းတို့တွေ စားပြီးသွားကြရင်
မှတ်ချက်လေးလည်း ပေးကြအုံး.."

"သေနာ..မင်းကလက်စသတ်တော့
ငါတို့ကို မင်းမွေးနေ့မို့ စေတနာနဲ့
ကျွေးတာမဟုတ်ပဲ မင်းရဲ့ဆိုင်
၀ယ်သူများ‌အောင်
မားကတ်တင်း ဆင်းနေတာပေါ့လေ.."

"ငါပြောပါတယ်..ဒီကောင်တစ်ခုခုတော့
ဂုံးဆင်းတော့မယ်လို့..
သူ့လို ကတ်စေးကုပ်က
ဆိုင်အပြုတ်ခံပြီး ကျွေးမဲ့ကောင်မဟုတ်ဘူး.."

ရှိုင်းတို့၏အဖွဲ့ထဲမှာ 
ကပ်စေးအကုပ်ဆုံးလည်းဖြစ်
ယခုလက်ရှိရောက်နေသော 
စားသောက်ဆိုင်ကြီး၏ ပိုင်ရှင်လည်းဖြစ်သော
ဝေမျိုးအား ကျန်သူငယ်ချင်းများက
အမြင်ကပ်ကပ်နှင့် တစ်ယောက်တစ်ပေါက် 
ထပြောကြလေတော့သည်။

ရှိုင်းတစ်ယောက်တည်းသာ ဝိုင်ခွက်ကို
လက်ကမချတမ်းမြည်းရင်
 ငြိမ်သက်၍နေလေသည်။
ဒါကိုမြင်တော့ ဝေမျိုးကိုဆူဖို့
ထက်ယံဟာ ရှိုင်းကိုပါအဖော်စပ်တော့သည်။

"ရှိုင်း...မင်းလည်းပြောလေကွာ..
အဲ့ကောင်ငါတို့ကို ဖျံကျတာ
တော်တော်များနေပြီ.."

"ငါက ဘာပြောရမှာလဲ..
ဒီကောင့်အကျင့်ကို မင်းတို့မသိတာမှတ်လို့..
ဒီကောင်က အလေ့ကျပေါက်တဲ့
မြက်ကိုတောင် ဈေးကွက်ချဲ့ထွင်ချင်တဲ့ကောင်.."

"ဟေ့ကောင်ရှိုင်း..မင်းငါ့ကိုအဲ့လိုတော့
မနှိပ်ကွပ်နဲ့ကွာ..ငါအဲ့လောက်တော့
မဆိုးသေးပါဘူး..."

"မနှိပ်ကွပ်စေချင်ရင် စားပြီးတဲ့အခါ
ငါ့ကို ရီဗျူးမရေးခိုင်းနဲ့..."

"မင်းကလည်းကွာ သူငယ်ချင်းတွေပဲဥစ္စာ
ဒီလောက်တော့ ကူညီပေးပေါ့.."

ဝေမျိုးဆိုသည်မှာ သူ့အတွက်
အကျိုးရှိလို့ကတော့ အလကားရရင်
အကုန်ယူချင်သည့်‌ကောင်။

အခုလည်း ရှိုင်း၏လူမှုကွန်ယက်စာမျက်နှာတွင်
သူ့စားသောက်ဆိုင်က အစားအစာတွေကို
မှတ်ချက်ရေးပြီး အခမဲ့
ကြော်ငြာပေးစေချင်၍ မျက်နှာကြီး
ဖြီးပြနေလေတော့သည်။

"ဟေ့ကောင်ဝေမျိုး...ရှိုင်းရဲ့အနုပညာကြေးက
ဘယ်လောက်ထင်နေလဲကွ..
မင်းရဲ့ ဆိုင်ပိစိလေးကို သူက
ကြော်ငြာပေးစရာလား နာမည်ကြီးတဲ့
အမှတ်တံဆိတ်တွေတောင် သူ့ကို
ကြော်ငြာခိုင်းဖို့ အသည်းအသန်
ချိတ်နေကြရတာကို
မင်းက ဒီလိုဖြတ်လမ်းနည်းနဲ့
လိုက်လို့မရဘူးနော်..."

"အောင်မာ...ထက်ယံ..မင်းဘယ်လိုမျက်စိနဲ့
ငါ့ဆိုင်ကို ‌ပိစိလေးလို့
ပြောလိုက်တာလဲဟင်..ငါ့ဆိုင်က
ဖိုက်စတားအဆင့် ဟိုတယ်က
အစားအသောက်တွေကိုတောင် မှီတယ်ကွ..
နိုင်ငံခြားကနေ ပညာသင်လာတဲ့
စာဖိုမှူးတွေတောင် ခေါ်ထားတဲ့ဥစ္စာ...
ဒီစားပွဲပေါ်က ဟင်းပွဲတွေကိုကြည့်လိုက်စမ်း
ဘယ်ဟာက ပေါပေါပဲပဲရှိလဲ...
အကုန်လုံး ရှယ်ကွ..ရှယ်တွေကြီးပဲ..."

"..ဟုတ်ပါပြီ..ဝေမျိုးလည်းတော်တော့
မင်းတို့နှစ်ကောင် ကိုက်တာကိုကြည့်ဖို့
လာတာမဟုတ်ဘူးနော်...
ကဲ..ဝေမျိုး..မင်းရဲ့ဆိုင်ကို
ငါရီဗျူးရေးပေးမယ် ဟုတ်ပြီလား..."

"ဟား..ဒီလိုမှပေါ့ ငါ့ကောင်ကြီးရ
ကျေးဇူးပဲကွာ..ဒီနေ့မင်းကြိုက်တာစား
ကြိုက်တာသောက်...ငါဒကာခံမယ်..
ငါ့ဆိုင်ကို မင်းရဲ့ကိုယ်ပိုင်အကောင့်မှာ
ကြော်ငြာပေးရင် မင်းရဲ့မင်္ဂလာဆောင်မှာ
ငါသတို့သားအရံပါ လုပ်ပေးမယ်ကွာ..."

"ဟာ..ဟေ့ကောင်ဝေမျိူး..."

နှုတ်စည်းမစောင့်ပဲ တရစပ်ပြောလိုက်သော
ဝေမျိုး၏ပါးစပ်ကို ထက်ယံလှမ်းပြီး
ပိတ်လိုက်ပေမဲ့ မမှီတော့လေပြီ။

ရှိုင်းကိုကြည့်လိုက်တော့ စားပွဲပေါ်မှာ
တင်ထားသောဝိုင်ခွက်ကို ငေးနေရင်းနှင့်
တစ်ခုခုကို အကြီးအကျယ်တွေးသွားပုံ
ပေါ်လေသည်။

"ဝေမျိုး..မင်းငါ့ရဲ့မင်္ဂလာဆောင်မှာ
သတို့သားအရံ လုပ်ပေးလို့မရတော့ဘူး.."

"ဟ..ဘာလို့လဲကွ..ဘာလဲ..မင်းနဲ့ပိုပိုတို့
လမ်းခွဲလိုက်လို့လား..."

မေးလိုက်သော ဝေမျိုး၏အသံက
အလွန်ကျယ်သွားလေရာ ဗွီအိုင်ပီအခန်းထဲမှ
သူငယ်ချင်းများအားလုံး ပြောလက်စ
စကားတွေကို ရပ်ပစ်လိုက်ကြပြီး
ရှိုင်းကိုသာ ဝိုင်းကြည့်လာကြသည်။

"ငါမင်းတို့အားလုံးကို ပြောစရာရှိတယ်..
ငါလက်ထပ်လိုက်ပြီ..."

"ဟာ.."

"ဘယ်တုန်းကလဲ.."

"ငါတို့လည်း မသိလိုက်ရပါလား.."

"သက်လွန်းပိုနဲ့လား..."

သူငယ်ချင်းအားလုံး ရှိုင်း၏စကားကြောင့်ထိတ်လန့်ကုန်ကြတာ အံ့ဩတကြီး
ဖြစ်နေကြပေမဲ့ ရှိုင်းကတော့
အားလုံးကို လျစ်လျှူရှု၍ 
အေးအေးလူလူသာ
ထိုင်နေလေသည်။

"ရှိုင်း...အဲ့တစ်‌ယောက်ကဘယ်သူလဲ..
ပိုပိုတော့ လုံး၀မဖြစ်နိုင်ဘူး.."

ဒေါသတကြီးနှင့်ထမေးလိုက်သော
သူရထက်၏အသံသည် တစ်ခန်းလုံး
ဟိန်းထွက်‌သွားသောကြောင့် 
ထက်ယံလည်း ရန်ဖြစ်မည်ကို
စိုးရိမ်သွားလေသည်။
ထို့ကြောင့် ရှိုင်းကိုယ်စားသူပဲပြောပြဖို့
ဆုံးဖြတ်လိုက်ရတော့သည်။

"ငါပြောပြပါ့မယ်ကွာ..တကယ်တော့
ရှိုင်းလက်ထက်လိုက်တဲ့မိန်းကလေးက
နယ်ဘက်ကပါ...ရှိုင်းအမေနေတဲ့ရွာကပဲ
........
ရုတ်တရက်ကြီး ဖြစ်သွားတာဆိုတော့
မင်းတို့ကို ငါလည်းအကြောင်းမကြား
ဖြစ်လိုက်ဘူး...စိတ်မဆိုးကြပါနဲ့ကွာ..
ဒီနေ့တော့ ငါတို့သူငယ်ချင်းတွေ
အေးအေးဆေးဆေးပဲ သောက်ကြ၊
စားကြရအောင်နော်..."

ထက်ယံက ဖြောင်းဖျနေပေမဲ့ 
ဒေါသထွက်နေသော သူရထက်ကတော့
ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်ပြီး
ရှိုင်းရှိရာ ခုံဆီသို့ပြေးသွားကာ
ရှိုင်း၏ အိင်္ကျီကော်လံစကို
စောင့်ဆွဲလိုက်လေတော့သည်။

"ရှိုင်း..မင်းမို့လို့လုပ်ရက်‌တယ်ကွာ..
ဒါဘယ်လိုဖြစ်ရတာလဲ..မင်းဘာလို့
ပို့ပို့ကို သစ္စာဖောက်ရတာလဲ...
သူမင်းကို ဘယ်လောက်ချစ်လဲ
မင်းမသိဘူးလား...မင်းဘာလို့
သစ္စာဖောက်ရတာလဲ....!!!!"

"ဝုန်း!!!....အာ့!!!"

"ဟာ..ရှိုင်း...!!!"

စကားပြောရင်းနှင့် စိတ်မထိန်းနိုင်တော့ပဲ
သူရသည် ရှိုင်း၏ပါးကို
လက်သီးနှင့် ခပ်ပြင်းပြင်း
ထိုးချလိုက်တော့သည်။

ခုံကျိုးသံနှင့်အတူ အနောက်သို့
လန်ကျသွားသော ရှိုင်းကို
ထက်ယံက ပြေး၍ထူသကဲ့သို့
အခြားဘော်ဒါတွေကလည်း သူရထက်ကို
ဝိုင်းဆွဲကြရလေသည်။

"သူရထက်ရာ...မင်းကလည်းသူငယ်ချင်း
အချင်းချင်းကို ဘာလို့လက်ပါရတာလဲ...
စိတ်လျော့စမ်းပါ..."

"အေးလေ...အရင်ဆုံးစကားနဲ့ဖြေရှင်းစမ်းပါ
ရှိုင်းက ရုပ်ရှင်မင်းသားကွ
သူ့မျက်နှာမှာ ဒဏ်ရာရလို့မဖြစ်ဘူးလေ..."

ဝေမျိုးတို့၊သက်ထင်တို့ကပါ အမျိုးမျိုး
ဝိုင်းဖြောင်းဖျကြပေမဲ့ သူရကတော့
ပိုပို့ဖက်ကနေ ခံပြင်းလွန်း၍
လုံး၀စိတ်မလျော့နိုင် ဖြစ်နေလေသည်။

"ဘာသူငယ်ချင်းလည်း ဒီလိုသစ္စာမရှိတဲ့
ကောင်မျိုးကို ငါကသူငယ်ချင်း
တော်စရာလား...ထွီ..ရွံလိုက်တာ..
.......
ရှိုင်း...မင်းဘယ်လိုစိတ်နဲ့များ
ပိုပို့ကို သစ္စာဖောက်ရက်ရတာလဲ..ဟင်..
..........
မင်းယူလိုက်တဲ့မိန်းမက ပိုပို့ထက်
ဘာတွေများ သာနေလို့လဲ...
..........
ပိုပိုနဲ့မင်းက လူသိရှင်ကြား
စေ့စပ်ထားတာလေ
သူဘယ်လို ခံစားရမလဲဆိုတာ
မင်းနည်းနည်းလေးမှ 
ကိုယ်ချင်းမစာဘူးလား....

"တော်တော့သူရ...!!!"

သူရထက်၏ စွပ်စွဲချက်တွေကို 
မခံနိုင်တော့၍ လက်သီးကို
ကျစ်ကျစ်ပါ‌အောင်ဆုပ်ကာ
မတ်တပ်ထရပ်လိုက်ပြီး သူရထက်နှင့်
မျက်နှာချင်း ဆိုင်ပစ်လိုက်လေသည်။

ရှိုင်း၏ နဂိုဗီဇသည် သူ့ကိုသွားထိလျှင်
လုံး၀သည်းမခံတတ်သည့် ပုံစံမို့
ကျန်သူငယ်ချင်းများကလည်း
ပြဿနာပိုတက်မှာ ကြောက်နေကြသည်။

"ဒီမှာသူရထက်...ငါ့အကြောင်းကို
ငါ့ထက်ပိုသိနေတဲ့ပုံစံ လာမဖမ်းနဲ့...
ငါ့ပါးကို ထိုးခဲ့တဲ့အတွက် 
မင်းကိုဒီတစ်ခါပဲ ခွင့်လွှတ်ပေးလိုက်မယ်...
နောက်တစ်ခါ ငါ့ကိစ္စမှာ
လိုတာထက်ပိုပြီး ၀င်မပါနဲ့
ငါထပ်ပြီးသည်းခံနေမှာ မဟုတ်တော့ဘူး.."

"ရှိုင်း..မင်းစိတ်မဆိုးပါနဲ့ကွာ...
သူရက..ရုတ်တရက်မို့ စိတ်မထိန်းနိုင်
ဖြစ်သွားတာပါ..သူရ..
မင်းလည်းရှိုင်းကို တောင်းပန်လိုက်ပါကွာ...
ငါတို့အားလုံးက သူငယ်ချင်း
အရင်းကြီးတွေပဲဥစ္စာ...
သူဘာလုပ်လုပ် ငါတို့နားလည်ပေးရမှာပေါ့.."

"ဒီမှာဝေမျိုး...သူဘာလုပ်လုပ်
နားလည်ပေးလို့ ရပေမဲ့
ပိုပိုနဲ့ကိစ္စမပါဘူး....ရှိုင်းကငါတို့နဲ့
ခင်သလို ...ပိုပိုကရောငါတို့နဲ့
မခင်ဘူးလား..ဟမ်...
.........
ရှိုင်း..မင်းကိုယ်မင်း...နည်းနည်းလေးမှ
ရှက်စိတ်မ၀င်မိဘူးလား...
မင်းက...ကိုယ့်အတ္တနဲ့ကိုယ်ပဲ
အသက်ရှင်နေတဲ့ကောင်...
........
စေ့စပ်ပွဲပြီးတည်းက ပိုပို့ကိုမင်းလုံး၀
လှည့်မကြည့်ခဲ့ဘူး...
ပိုပိုဘာကြောင့် နိုင်ငံခြားကို
ထွက်သွားရလဲ..မင်းသိလား..
မင်းရဲ့ လျစ်လျှူရှုမှုတွေကို မခံစားနိုင်လို့ကွ...
..........
ဒါပေမဲ့ မင်းကိုချစ်လွန်းလို့
သူမင်းကို မစွန့်လွှတ်ရဲခဲ့ဘူး..
........
အခု..မင်းအနားမှာ
တစ်သက်လုံးနေမယ်ဆိုတဲ့
စိတ်ကူးနဲ့ သူပြန်ရောက်လာပြီလေ...
မင်းသူ့ကို ပြန်ပေးလိုက်တဲ့အရာက
ဒါမျိုးလား..."

သူရထက်၏ စကားတွေကြောင့်
ရှိုင်း၀မ်းမနည်းမိပေမဲ့ မဲ့ပြုံးတော့
ပြုံးပစ်လိုက်‌လေသည်။

သက်လွန်းပိုနဲ့ စေ့စပ်ထားတဲ့လူဟာ
ကိုယ်ဖြစ်နေပေမဲ့ သက်လွန်းပိုရဲ့
ခံစားချက်တွေကို သိနေ၊
နားလည်နေသည့်လူဟာ
ကိုယ့်သူငယ်ချင်း အရင်းကြီး
ဖြစ်နေခဲ့ပါပေါ့လား။

"သူရ..မင်းပိုပို့ကို စိတ်၀င်စားနေခဲ့တာ
မဟုတ်လား..အဟင်း..
ငါ့ကိုတော့ သစ္စာဖောက်လို့စွပ်စွဲပြီး
ငါ့နောက်ကွယ်မှာတော့ 
ပိုပိုနဲ့ တစ်ချိန်လုံးအဆက်အသွယ်
လုပ်နေခဲ့တာပဲ..."

"ရှိုင်း...မင်းမဟုတ်တာမပြောနဲ့...
မင်းအပြစ်ကို ငါ့အပြစ်ဖြစ်အောင်
လွှဲမချနဲ့..."

"ငါလွှဲမချပါဘူး..ငါမြင်တဲ့အတိုင်းငါပြောတာ..
ငါ့ကို သိပ်ပြီ..အတယ်လို့ထင်မနေကြနဲ့...
.........
ဒီနေ့ပြဿနာမဖြစ်ချင်လို့
ငါရှော်ပေးလိုက်မယ်...
အားလုံးပဲ...ငါအရင်သွားနှင့်မယ်.."

"ဟာ..ရှိုင်း...မင်းငါတို့နဲ့အတူ..
မစားတော့ဘူးလား..."

"မသွားပါနဲ့အုံးကွာ.."

သူငယ်ချင်းတွေက အမျိုးမျိုး
တားဆီးနေကြပေမဲ့ ရှုံးကတော့
အားလုံးကို လက်ကာပြလိုက်ပြီး
အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ဘ၀မှာ သူများတကာကို အရာရာတိုင်း
လိုက်ရှင်းပြနေရတာကို အမုန်းဆုံးပဲ။
ကိုယ်လုပ်တဲ့ လုပ်ရပ်တိုင်းဟာ
အမြဲတမ်း ကွက်တိကျပြီး 
မှန်ကန်နေခဲ့တဲ့အတွက် ကိုယ်ရခဲ့တဲ့
အကျိုးအမြတ်တိုင်းက ကိုယ်နဲ့
ထိုက်တန်တယ်လို့ပဲ အမြဲထင်ခဲ့တယ်။
ဒါတွေအားလုံးဟာ ချစ်ပန်းဝေနဲ့
မဆုံခင်အထိပေါ့။

အခုတော့ အားလုံးသောက်တလွဲတွေ
ဖြစ်ကုန်ပြီ။
သူငယ်ချင်းတွေရဲ့အမြင်မှာ သစ္စာဖောက်
တစ်ယောက်ဖြစ်ခဲ့ရသလို
ကိုယ့်ကို မျှော်လင့်နေတဲ့ 
သက်လွန်းပိုရဲ့ ဂုဏ်သိက္ခာကိုလည်း
ဖြတ်စီးလိုက်မိတယ်။

ကားပါကင်မှာ ရပ်ထားသော 
ဆိုင်ကယ်ပေါ်သို့ ရောက်သည်နှင့်
သူ့စိတ်ထဲမှ မကျေနပ်ချက်တွေအားလုံးကို
ဖွင့်ထုတ်ကာ ဆိုင်ကယ်ကိုသာ
မိုင်ကုန် မောင်းပစ်လိုက်တော့သည်။

ချစ်ပန်းဝေရှိနေသော အိမ်ဆိုသည့်နေရာကို
မပြန်ချင်သေး၍ မိုးတွေရွာနေသည့်ကြားမှ
ဆိုင်ကယ်ကို မရပ်တမ်း
လှည့်ပတ်မောင်းနှင်နေမိတော့သည်။
သူ့စိတ်ထဲမှာတော့ တူညီသော
စကားလုံးအချို့ကိုသာ ခဏခဏ
ရေရွတ်နေခဲ့မိသည်။

**ချစ်ပန်းဝေ..မင့်ဟာငါ့ဘ၀ထဲကို
၀င်လာတဲ့..ဂျိုဆိုးတစ်ကောင်ပဲ...
ငါ့ဘ၀ကို အစိပ်စိပ်အမွှာမွှာဖြစ်အောင်
ခုတ်ဖြတ်မဲ့ သတ္တဝါတစ်ကောင်
ငါမင်းကို..အရမ်းမုန်းတယ်..***

🍁🍁🍁🍁🍁🍁🍁🍁

"ဂျိန်း....ဂျိန်း!!!!"

ပြတင်းတံခါး အပြင်ဘက်မှမိုးခြိမ်းသံကြီးသည်
ညဉ့်နက်သန်းခေါင်၏ တိတ်ဆိတ်မှုကို
ဖြိုခွင်းသွားခဲ့လေသည်။
လေပြင်းများ တိုက်ခက်လာသောကြောင့်
ခြံ၀န်းထဲတွင် စိုက်ထားသော
အပင်များသည်ပင် ပြိုလဲလုမတတ်
ဖြစ်နေလေပြီ။

ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်စိမ့်ဖြစ်လာသလို
ခံစားလိုက်ရ၍ ချစ်ပန်းဝေလည်း
လန့်နိုးသွားရလေသည်။

‌ရွာမှာဆိုလျှင် တရေးနိုးလို့ဘယ်အချိန်ပဲ
ထကြည့်ကြည့် ပတ်၀န်ကျင်တစ်ခုလုံး
မဲမှောင်နေတတ်ပေမဲ့ ဒီမှာကတော့
ဈေးကြီးသော ကွန်ဒိုမို့
မိုးတွေ သည်းထန်စွာရွာနေတာတောင်
မီးတွေ လင်းထိန်နေလေသည်။

ဘေးနားက အမေ့ကိုငုံ့ကြည့်လိုက်တော့
ချမ်းလို့ထင်ပါရဲ့ ကွေးပြီးအိပ်နေလေသည်။
ထို့ကြောင့် ချစ်ချစ်လည်းအမေ့ကို
စောင်ခြုံပေးခဲ့လိုက်ပြီး
ရေအိမ်သွားဖို့ရာ အခန်းထဲမှ
ထွက်လာခဲ့လိုက်သည်။

"ဧည့်ခန်းထဲက ဘယ်သူပါလိမ့်...
ရှိုင်းများပြန်လာတာလား..."

အိမ်သာသို့သွားရန် ဧည့်ခန်းကိုဖြတ်အလျှောက်
ဆိုဖာပေါ်တွင် လဲနေသောရှိုင်းကို
တွေ့လိုက်ရလေသည်။
ချက်ချင်းပဲ ဧည့်ခန်းထဲသို့၀င်ကာ
သူ့အနားသို့ တိုးသွားလိုက်တော့
ဧည့်ခန်းမီးအလင်းရောင်ကြောင့်
ရှိုင်း၏ ခန္ဓာကိုယ်တစ်ခုလုံး
စိုရွဲနေသည်ကို မြင်လိုက်ရလေသည်။

"တစ်ကိုယ်လုံး ရေတွေစိုရွှဲနေတာပဲ..
မိုးရေထဲကနေ ပြန်လာတာနေလိမ့်မယ်..
..ဖျားနေတော့မှာပဲ..."

ရှုတ်တရက်ဆိုတော့ ရှိုင်းကိုစိတ်ပူသွားပြီး
ချစ်ချစ်လည်း ဘာကိုမှတွေးမနေတော့ပဲ
ရှိုင်း၏ နဖူးကိုသာစမ်းကြည့်လိုက်မိလေသည်။

"ကိုယ်တော့ မပူဘူး..ဒါပေမဲ့
ဒီလိုရေစို၀တ်ကြီးနဲ့ ဆက်အိပ်နေမယ်ဆိုရင်
ဖျားမှာသေချာတယ်...
ငါဘာလုပ်ရမလဲ..."

ရှိုင်းတစ်ခုခုဖြစ်သွားမည်ကို 
စိုးရိမ်သောစိတ်နှင့် ရေစက်တွေ
ခိုတွဲနေသောရှိုင်း၏မျက်နှာလေးကို 
ငေးကြည့်ရင်း ရင်ပူနေရသည်။

မျက်လုံးတွေကို တင်းကြပ်စွာပိတ်ထားပေမဲ့
မိုးရေတွေ စိုစွတ်နေသော သူ့မျက်ခုံးတန်း
ထူထူလေးတွေဟာ တစ်ခုခုကို
အလိုမကျဟန်နှင့်
တွန့်ကြုံ့နေလေသည်။

အညိုရောင်သန်းနေသော 
နှုတ်ခမ်းလေးဟာ ချောမောပြေပြစ်သော
 မျက်နှာလေးအထပ်မှာ တည်ရှိနေပေမဲ့ 
ချိုမြိန်သောစကားလုံးလေးတွေကိုတော့
တစ်ခါမှ မပြောပေ။

 နဖူးထပ်မှာကျနေသည့် ရေတွေစိုရွှဲနေသော
ဆံပင်လေးတွေကို 
သပ်တင်ပေးလိုက်ချင်သည်။
သို့ပေမဲ့ ချစ်ချစ်သူ့အသားကိုမထိရဲပေ။
သူရုတ်တရက် နိုးသွားပြီး 
စိတ်ဆိုးမှာကို ကြောက်သည်။

သူ့နှုတ်ကနေထွက်ကျလာမည့်
 စကားရိုင်းတွေကို
ချစ်ချစ် ခံနိုင်ရည်ရှိမယ်မထင်ဘူး။

"တူ..တူ...တူ..တူ..."

ချစ်ချစ်သူ့ဘေးနားမှာ တွေဝေစွာရပ်နေမိတုန်း
ခုံပေါ်မှာတင်ထားသော ရှိုင်း၏ဖုန်းက
ထမြည်လာလေသည်။

"ငါဘာလုပ်ရမလဲ...ရှိုင်းကိုနှိုးလိုက်ရမလား.."

ဖုန်းကိုကောက်ကိုင်လိုက်ပေမဲ့
ရှိုင်းအစား ပြန်မဖြေရဲပေ။
 ထို့ကြောင့် ရှိုင်းကိုသာနှိုးဖို့
ဆုံးဖြတ်လိုက်သည်။

"ရှိုင်း...ဖုန်းလာနေတယ်..ရှိုင်း...
ထပါအုံး...."

အမျိုးမျိုးခေါ်ကြည့်ပေမဲ့ ရှိုင်းက
အနည်းငယ်သာ လွန့်လူးလာပြီး 
ပြန်၍ အိပ်ပျော်သွားလေသည်။

"ကိုထက်ယံဆီက ဖုန်းပဲ...
ငါကိုင်လိုက်ရမလား...မဖြစ်ပါဘူး...
တော်ကြာ...ရှိုင်းငါ့ကိုဆူနေအုံးမယ်
သူ့ကိုပဲ မရရအောင်နှိုးတော့မယ်.."

ဖုန်းကဆက်တိုက်မြည်နေပေမဲ့ ပြန်မဖြေပဲ
ရှိုင်း၏ ပခုံးကိုသာပုတ်ပြီး
လှုပ်နှိုးလိုက်သည်။

"ရှိုင်း...ထပါအုံး...ရှိုင်း..."

"ဟင်..ဘာလဲကွာ..."

"ဒီမှာ..ဖုန်းလာနေတယ်..
ကိုထက်ယံဆီကတဲ့..."

ဒီတစ်ခါမှာတော့ ရှိုင်း၏မျက်လုံးတွေက
တဖြည်းဖြည်းချင်းပွင့်လာပြီး
သူ့ကိုငုံ့ကြည့်နေသော ချစ်ချစ်ကို
စူးစိုက်၍ ပြန်ကြည့်လာလေသည်။

"မင်းကဘာကိစ္စ..ငါ့ဖုန်းကိုကိုင်ထားရတာလဲ
ပေးစမ်း.."

ချစ်ချစ်၏လက်ထဲမှဖုန်းကို ဆက်ခနဲ
လုသွားပြီး လူကိုလည်းစိတ်ဆိုး၊မာန်ဆိုးဖြင့်
ကြည့်လာလေသည်။

သို့ပေမဲ့ ဖုန်းကဆက်တိုက်မြည်နေသည်မို့
ချစ်ချစ်ကို ဘာမှမပြောတော့ပဲ
ရေစိုနေသော သူ့ဆံပင်တွေကိုသာ
သပ်ချလိုက်ကာ ဖုန်းကိုပြန်ဖြေလိုက်လေသည်။

"ဟယ်လို..ထက်ယံ..ဘာကိစ္စလဲ..."

ရှိုင်းဟာ ဘာမှပြင်ဆင်ခြယ်သမထားပေမဲ့
ရေစိုနေသည့် ပုံစံလေးကပင် 
စမတ်ကျလွန်းလှသည်။
ရုပ်ရည်တင်မက အရပ်အမောင်းနှင့်
ခန္ဓာကိုယ်အချိုးအစားကပါ တောင့်ဖြောင့်ပြီး
အင်မတန် ကြည့်ကောင်းလှသည်။

ချစ်ချစ် သူ့ကိုမပိုင်ဆိုင်ရလဲ ဖြစ်ပါတယ်။
ဒီအတိုင်းလေး ငေးကြည့်နေရရင်ကို
ကျေနပ်နေမိတာ။
**ဒါကိုတော့ ရှိုင်းဘယ်သိပါ့မလဲ..**

"ဘာပြောတယ်..မနက်ဖြန်အေဂျင်စီကို
လာခဲ့ရမယ်ဟုတ်လား...
စီအီးအိုကိုယ်တိုင်ပြောတာလား..."

ရှိုင်း၏မျက်နှာလေးကို အနီးကပ်ကြည့်ရင်း
ပြုံးနေမိသည့်အချိန် ထအော်လိုက်သော
ရှိုင်း၏ အသံခပ်ဟိန်းဟိန်းကြောင့်
ချစ်ချစ်ပါ လန့်သွားရလေသည်။
*ရှိုင်းဘာကို စိတ်ဆိုးနေတာလဲ..**

"ကောင်းပြီ..ငါလာခဲ့မယ်..
မင်းဘက်က အရင်ဆုံးအကြောင်းအရင်း
အစုံကို သေချာရှင်းပြထား...
ဒါပဲကွာ...ဒါပဲ..."

ဒေါသတကြီးနှင့် ဖုန်းကိုချပစ်လိုက်သော
ရှိုင်းကြောင့် ချစ်ချစ်လည်း
ဒီနေရာမှာ ဆက်နေလျှင် 
ပတ်အရမ်းခံရမည်စိုး၍ တိတ်တိတ်လေး
ထွက်သွားဖို့ လုပ်လိုက်ပေမဲ့...

"ချစ်ပန်းဝေ..မင်းကြောင့်
ငါဘယ်လောက်အထိ
စိတ်ဒုက္ခရောက်နေရသလဲ မင်းသိလား..."

"...အခု..ဘာ..ဘာဖြစ်လို့လဲဟင်..."

"ဘာဖြစ်လို့လဲဟုတ်လား!!!"

ချစ်ချစ်၏ အမေးစကားကြောင့်
သူ့ရင်ဘတ်ထဲမှာ သိမ်းထားသည့်
မကျေနပ်ချက်တွေဟာ ချက်ချင်း
ပွင့်အံထွက်လာတော့ မလိုကို
ချစ်ချစ် ခံစားလိုက်ရလေသည်။

သူ့လက်ကြမ်းကြီးများနှင့် ချစ်ချစ်၏
ပခုံးနှစ်ဖက်ကို ကိုင်လှုပ်လာပြီး
ဒေါသအဟုန်ကြောင့် နီရဲနေသော
မျက်၀န်းများနှင့် တန်ပြန်၍
ကြည့်လာခဲ့သည်။

"မင်းကြောင့်..ငါ့သူငယ်ချင်းတွေကြားမှာ
သစ္စာမရှိတဲ့ကောင်လို့ ငါအပြောခံခဲ့ရတယ်..
.............
မင်းကြောင့်..
ငါကမိန်းကလေးတစ်ယောက်ကို 
လူသိရှင်ကြား စေ့စပ်ထားပြီး
နောက်တစ်ယောက်နဲ့ လက်ထပ်လိုက်တဲ့
လှေနံနှစ်ဖက် နင်းတဲ့ကောင်ဖြစ်သွားခဲ့ပြီ
...........
ဒီနေ့ဒီအချိန်မှာ နာမည်တစ်လုံးနဲ့
ဂုဏ်ရှိရှိ ရပ်တည်နိုင်ဖို့..
ငါအများကြီး ကြိုးစားခဲ့ရတာ...
.........
ချို့ယွင်းချက် တစ်ခုတောင်မရှိအောင်
ငါအမျိုးမျိုး တည်ဆောက်ခဲ့တဲ့ဘ၀ကြီးက
မင်းရောက်လာတဲ့နေ့တည်းက
အားလုံး တစ်စစီဖြစ်သွားခဲ့ရတယ်...
..........
အခု...ငါ့အေဂျင်စီကလည်း 
ငါလက်ထပ်လိုက်တာကို
မကျေနပ်လို့ ငါ့ကိုပြဿနာရှာလာပြီ...
ငါ့ကိုယ်ငါ အမှားတစ်ခုတောင်
အဖြစ်မခံခဲ့လို့...
အရင်ကခေါင်းမော့ရင်ကော့ပြီး 
နေခဲ့ရသမျှ..
မနက်ဖြန်ဆို ခေါင်းငုံ့ပြီး
တောင်းပန်ရတော့မယ်....
..........
မင်းသိရဲ့လား..ဒါတွေအားလုံးက
မင်းနဲ့မင်းဆွေမျိုးတွေကြောင့်
ဖြစ်လာရတာကွ...
ငါ့ကို နားလည်ပါးရိုက်ပြီး
ငရဲတွင်းထဲကို ခုန်းဆင်းခိုင်းခဲ့တဲ့
အဓိကတရားခံက မင်းနဲ့မင်းဆွေမျိုးတွေပဲ
မင်းတို့အားလုံးကို ငါသိပ်မုန်းတယ်..."

မီးတောင်ငယ်တစ်ခုလို 
ပေါက်ကွဲထွက်လာသည့် ရှိုင်း၏
မကျေနပ်ချက်တွေကို နားထောင်နေရင်းနှင့်
ချစ်ချစ်၏ ပါးပြင်တစ်ခုလုံးလည်း
မျက်ရည်တွေ ရွှဲနင့်သွားလေသည်။

"ရှိုင်း..ကျွန်မတောင်းပန်ပါတယ်...
ကျွန်မကြောင့် 
ရှင်စိတ်ဆင်းရဲနေရမယ်ဆိုတာ 
ကျွန်မသိပါတယ်...
ကျွန်မရှင့်ကို ဘာလုပ်ပေးရမလဲဟင်...
ရှင့်ကိုကူညီနိုင်မယ်ဆိုရင် 
ကျွန်မအသက်ကိုတောင် ရင်းရဲပါတယ်..."

"အပိုတွေ ပြောမနေစမ်းပါနဲ့..
မင်းရုပ်ကိုလည်းမမြင်ချင်ဘူး
မင်းအသံကိုလည်း မကြားချင်ဘူးကွာ...
အခုချက်ချင်း..ငါ့အရှေ့ကနေ
ထွက်သွားတော့...
ဒီအိမ်ထဲကနေပါ ထွက်သွားကွာ..."

"ရှိုင်း!!!!"

"ထွက်သွားလို့ ငါပြောနေတယ်လေ..."

ရှိုင်း၏ လက်မောင်းကိုလှမ်းကိုင်လိုက်မိပေမဲ့
တွန်းထုတ်ခြင်းကိုသာ ခံလိုက်ရလေသည်။
ချစ်ချစ်ကို ကျောခိုင်းပြီးခါးထောက်၍
ရပ်နေသော သူ့ကျောပြင်ကိုကြည့်နေရင်း
တစ်ခုခုကို နားလည်သဘောပေါက်သွား
မိလေသည်။

*ချစ်ချစ်သာမရှိရင် သူ့ဘ၀
ပိုပြီး အဆင်ပြေသွားမယ်ထင်တယ်..
သူပိုပြီး ပျော်ရွှင်ရမယ်ဆိုရင်
ချစ်ချစ်...ထွက်သွားပေးမှာပါ...***

ပါးပေါ်မှ မျက်ရည်တွေကို လက်ခုံနှင့်
သုတ်ပစ်လိုက်ပြီး ကွန်ဒိုတံခါးဆီသို့
ပြေးသွားလိုက်ကာ အပြင်သို့
ထွက်လာခဲ့လိုက်သည်။

စိတ်အလိုအတိုင်း သွားနေမိသော
ခြေလှမ်းများသည် မိုးရေတွေခေါင်းပေါ်သို့
စီးကျလာမှန်း သိလိုက်ရသောအခါမှသာ
ရပ်တန့်မိသွားလေသည်။

ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်တော့
လူရိပ်လူယောင်တောင် မတွေ့ရပေ။
ကွန်ဒိုကြီးကို ဆောက်ထားသော
ခြံ၀န်းထဲမှာပဲ ရှိနေသေးပေမဲ့ 
၀န်းတံခါးကြီးနှင့်တော့ နီးလာပြီမှန်း
သတိထားမိလိုက်သည်။

"ဂျိန်း!!!!"

"အား!!!"

မိုးခြိမ်းသံကြောင့် ထိတ်လန့်သွားပြီး
နှားနှစ်ဖက်ကို ပိတ်လိုက်မိပေမဲ့
ဆက်ပြီးတော့ ရပ်တန့်မနေချင်တော့ပေ။

ထီးမပါသော‌ကြောင့် 
တစ်ကိုယ်လုံး မိုးရေတွေစိုရွှဲနေပြီး
ကြွက်စုတ် တစ်ကောင်ကဲ့သို့ဖြစ်နေလည်းပဲ
သူ့စကားအတိုင်း ချစ်ချစ်ဒီနေရာကနေ
ထွက်သွားပေးချင်သည်။

ပြီးရင် သူမမြင်နိုင်၊မတွေ့နိုင်တဲ့
အဝေးတစ်နေရာမှာ ကိုယ့်ကိုကိုယ်
အဆုံးစီရင်လိုက်မည်။

ဒါဆိုရင် သူရော၊ချစ်ချစ်ကိုမုန်းနေတဲ့
လူတွေအားလုံးပါ စိတ်ချမ်းသာရမည်
မဟုတ်ပါလား။

*သူတို့အားလုံးက ချစ်ချစ်ကိုမလိုချင်ကြဘူး
ရွာကို ပြန်သွားရင်တောင် 
ဒေါ်ကြီးကလည်း ချစ်ချစ်ကို
ကျိန်းသေပေါက် ပြန်ကန်ထုတ်မှာ...
လေးလေးလည်း ချစ်ချစ်ကြောင့်
အရှက်ရလိမ့်မယ်...
.........
ချစ်ချစ်ဟာ ဒီကမ္ဘာပေါ်မှာရှိမနေသင့်တဲ့
လူတစ်ယောက်ပဲ...
ဟုတ်တယ်..ချစ်ချစ်ပျောက်ကွယ်သွားမှ
အားလုံး စိတ်ချမ်းသာရမှာ....****

"တီ...တီ!!!!"

မိုးရေထဲမှာ ချမ်းလွန်း၍ကိုယ့်ကိုကိုယ်
ပြန်ထွေးပိုက်ထားရင်း 
ကားဟွန်းတီးသံကြောင့် အနောက်သို့
လှည့်ကြည့်လိုက်မိတော့ 
ရှေ့မီးထွန်းထားသော
ကားလေးဟာ ချစ်ချစ်ရပ်နေသော
နေရာဆီသို့ တရှိန်ထိုးမောင်းနှင်လာလေရာ

"အား!!!!"

🚩🚩🚩🚩🚩🚩🚩

"ချစ်ပန်းဝေ!!!!"

မိုးခြိမ်းသံနှင့်အတူ ချွေးသီး‌ချွေးပေါက်များ
ကျလျှက် ယုယလှိုင်အိပ်ယာမှ 
လန့်နိုးသွားလေသည်။

အရင်က သုံးယောက်အတူအိပ်ခဲ့သည့်
အိပ်ခန်းလေးဟာ ယခုတော့
တစ်ယောက်တည်း ဖြစ်နေသည်။
အိပ်မက်ဆိုးကြောင့် တစ်ကိုယ်လုံး
တုန်ယင်နေပေမဲ့ ညီမလေးချစ်ပန်းဝေကိုသာ
စိုးရိမ်နေမိသည်။

"ချစ်ချစ်...တစ်ခုခုဖြစ်နေတာများလား..."

အိပ်မက်ထဲမှာ ချစ်ချစ်ဟာ 
ကားလမ်းကူးနေရင်း ကိုယ့်မျက်စိရှေ့မှာတင်
 ကားတိုက်ခံလိုက်ရ‌လေသည်။
အိပ်မက်ဆိုပေမဲ့ ရင်အတုန်မပျောက်သေးပဲ
တကယ်ဖြစ်သွားသလို ခံစားနေရတာ
ဘာကြောင့်များလဲ။

"မဖြစ်ဘူး..ချစ်ချစ်ရဲ့အိမ်ဖုန်းကို
ဆက်ကြည့်ရမယ်..."

ခြင်ထောင်ထဲမှာ ဖုန်းကိုစမ်း၍
ရှာလိုက်ပြီး ညနေကဆက်ထားသည့်
ချစ်ချစ်၏ အိမ်ဖုန်းကို
ပြန်ဆက်ကြည့်လိုက်မိသည်။

တစ်ဖက်မှာတော့ ရှိုင်းသည်စိတ်ရှုပ်စွာဖြင့်
ဧည့်ခန်းထဲမှာ ထိုင်နေသည့်အချိန်
ဖုန်းမည်သံကြား၍ စိတ်မပါသော်ငြား
သွားကိုင်လိုက်မိလေသည်။

"ဟယ်လို...ဘယ်သူလဲ..."

"ဟယ်လို...အခုဖုန်းပြောနေတာ
ရှိုင်းလား..ညီမကချစ်ပန်းဝေရဲ့အစ်မပါ..."

ချစ်ပန်းဝေဆိုသည့် နာမည်ကိုကြားသည်နှင့်
အလိုလို စိတ်အလိုမကျတော့ပေမဲ့
ဖုန်းကိုတော့ ဆက်၍ကိုင်ထားလိုက်ပါသည်။

"ဟုတ်ကဲ့...ဘာကိစ္စရှိလို့လဲမသိဘူး..."

"ဟိုလေ...ချစ်ချစ်အဲ့ဒီ့မှာ အဆင်ပြေတယ်
မဟုတ်လားရှင့်...ဒီလိုမေးလို့
စိတ်တော့မရှိပါနဲ့ရှင်...
အခုလေးတင်အိပ်မက်ဆိုးမက်လို့...
လှမ်းဆက်လိုက်တာပါ..
အိပ်မက်ထဲမှာ ချစ်ချစ်ကားတိုက်ခံလိုက်ရလို့
စိတ်ထဲမှာ မတင်မကျဖြစ်နေတာနဲ့
ချစ်ချစ် အိပ်နေသလား
အဆင်ပြေပြေ ရှိနေရဲ့လားလို့
လှမ်းမေးကြည့်တာပါ..."

ဖုန်းတစ်ဖက်မှ ယုယလှိုင်၏မေးခွန်းအဆုံး
ရှိုင်းတစ်ယောက် 
ပြာယာခတ်သွားလေတော့သည်။
*သွားပြီ...ငါစိတ်အလိုလိုက်ပြီး
‌ဆူထည့်လိုက်တာ...ချစ်ပန်းဝေ
ငိုပြီး အပြင်ကိုပြေးထွက်သွားတယ်ထင်တယ်..*

ဖုန်းကို ချက်ချင်းချပစ်လိုက်ပြီး
တစ်အိမ်လုံးနှံ့နေအောင် ချစ်ပန်းဝေကို
လိုက်ရှာပေမဲ့ အရိပ်လေးကိုတောင်
မတွေ့ရတော့ပေ။

"ဟာကွာ...မိုးရွာနေတာကို
ဒီအချိန်ကြီး အောက်ဆင်းသွားတာလား..
မဖြစ်ဘူး...လိုက်ရှာမှဖြစ်မယ်..."

ထီးတစ်ချောင်းကို အမြန်ယူပြီး
ချက်ချင်းပဲ အခန်းထဲမှထွက်ကာ
လူပြောက်ရှာပုံတော် ဖွင့်ရလေတော့သည်။

***အခန်း(၂၁)ဆက်ရန်***

🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩

မောင်စိတ်ပူနေပြီ...

*********************

**********************

Zawgyi 🚩 

(ဖတၼရသူေၾတအၾတက္ ေအာကၼြာ ဖတႅိဳ႕ေရအာငႅဳပ္ေပးထားပါတယ္ )

🌺အခန္း(၂၀)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺

ေကာင္ကင္တစ္ခုလုံးသည္ ေမွာင္မည္းေနၿပီး
မိုးစက္မ်ားကလည္း အားျပင္းျပင္းႏွင့္
က်ဆင္းလာေလသည္။

ရႈိင္းကေတာ့ အျဖဴေရာင္ 
ကုတ္အိက်ႌကို ညာလက္ႏွင့္
ကိုင္ထားရင္းမွ ပခုံးေပၚသို႔ 
လႊားတင္လိုက္သည္။
သူ၏ ဘယ္ဘက္လက္ႏွင့္ ဝိုင္ခြက္ကို
ေမႊ႕ရမ္းလိုက္ၿပီးေနာက္ 
တစ္က်ိဳက္ေမာ့ေသာက္လိုက္ေလသည္။

တံခါးကာထား၍ မိုးေရစက္ေတြ
သူ႔မ်က္ႏွာကို လာမစင္ေပမဲ့
ျပတင္းမွန္ကိုေတာ့ မိုးစက္မ်ားသည္
အားျပင္းျပင္းႏွင့္ လာ၍႐ိုက္ခတ္ေနေလသည္။

သူ႔မ်က္လုံးေတြကို ေမွးက်ဥ္းလိုက္ကာ
ထိုမိုးစက္မ်ားအား ေသခ်ာစူးစိုက္၍
ၾကည့္ေနမိရင္း ခ်စ္ပန္းေဝေၾကာင့္
တလြဲေတြျဖစ္သြားသည့္ 
သူ႔အိမ္ေထာင္ေရးကို
မယုံၾကည္ႏိုင္စြာ 
ေတြးေတာမိသြားေတာ့သည္။

"ေဟ့ေကာင္..ရႈိင္း...မွာထားတာေတြ
အကုန္အဆင္သင့္ျဖစ္ေနၿပီ
မင္းလာမစားဘူးလား..."

"ေအးေလ..လာစားေတာ့ေလကြာ..
စကားေလး ဘာေလးလည္းေျပာရေအာင္..."

အေနာက္ပါးဆီမွ သူငယ္ခ်င္းမ်ားက
အတင္းေခၚေန၍ ရႈိင္းလည္းဝိုင္ခြက္ကို
ကိုင္ကာ စားေသာက္ဝိုင္း၏
ခုံတစ္ခုမွာ ေနရာ၀င္ယူလိုက္ရသည္။

"မင္းတို႔ကို ေခၚတာကအေကာင္းမဟုတ္ဘူးေနာ္
ဒီဆိုင္က ငါအသစ္ဖြင့္တဲ့ဆိုင္ဆိုေတာ့
မင္းတို႔ေတြ စားၿပီးသြားၾကရင္
မွတ္ခ်က္ေလးလည္း ေပးၾကအုံး.."

"ေသနာ..မင္းကလက္စသတ္ေတာ့
ငါတို႔ကို မင္းေမြးေန႔မို႔ ေစတနာနဲ႔
ေကြၽးတာမဟုတ္ပဲ မင္းရဲ႕ဆိုင္
၀ယ္သူမ်ား‌ေအာင္
မားကတ္တင္း ဆင္းေနတာေပါ့ေလ.."

"ငါေျပာပါတယ္..ဒီေကာင္တစ္ခုခုေတာ့
ဂုံးဆင္းေတာ့မယ္လို႔..
သူ႔လို ကတ္ေစးကုပ္က
ဆိုင္အျပဳတ္ခံၿပီး ေကြၽးမဲ့ေကာင္မဟုတ္ဘူး.."

ရႈိင္းတို႔၏အဖြဲ႕ထဲမွာ 
ကပ္ေစးအကုပ္ဆုံးလည္းျဖစ္
ယခုလက္ရွိေရာက္ေနေသာ 
စားေသာက္ဆိုင္ႀကီး၏ ပိုင္ရွင္လည္းျဖစ္ေသာ
ေဝမ်ိဳးအား က်န္သူငယ္ခ်င္းမ်ားက
အျမင္ကပ္ကပ္ႏွင့္ တစ္ေယာက္တစ္ေပါက္ 
ထေျပာၾကေလေတာ့သည္။

ရႈိင္းတစ္ေယာက္တည္းသာ ဝိုင္ခြက္ကို
လက္ကမခ်တမ္းျမည္းရင္
 ၿငိမ္သက္၍ေနေလသည္။
ဒါကိုျမင္ေတာ့ ေဝမ်ိဳးကိုဆူဖို႔
ထက္ယံဟာ ရႈိင္းကိုပါအေဖာ္စပ္ေတာ့သည္။

"ရႈိင္း...မင္းလည္းေျပာေလကြာ..
အဲ့ေကာင္ငါတို႔ကို ဖ်ံက်တာ
ေတာ္ေတာ္မ်ားေနၿပီ.."

"ငါက ဘာေျပာရမွာလဲ..
ဒီေကာင့္အက်င့္ကို မင္းတို႔မသိတာမွတ္လို႔..
ဒီေကာင္က အေလ့က်ေပါက္တဲ့
ျမက္ကိုေတာင္ ေဈးကြက္ခ်ဲ႕ထြင္ခ်င္တဲ့ေကာင္.."

"ေဟ့ေကာင္ရႈိင္း..မင္းငါ့ကိုအဲ့လိုေတာ့
မႏွိပ္ကြပ္နဲ႔ကြာ..ငါအဲ့ေလာက္ေတာ့
မဆိုးေသးပါဘူး..."

"မႏွိပ္ကြပ္ေစခ်င္ရင္ စားၿပီးတဲ့အခါ
ငါ့ကို ရီဗ်ဴးမေရးခိုင္းနဲ႔..."

"မင္းကလည္းကြာ သူငယ္ခ်င္းေတြပဲဥစၥာ
ဒီေလာက္ေတာ့ ကူညီေပးေပါ့.."

ေဝမ်ိဳးဆိုသည္မွာ သူ႔အတြက္
အက်ိဳးရွိလို႔ကေတာ့ အလကားရရင္
အကုန္ယူခ်င္သည့္‌ေကာင္။

အခုလည္း ရႈိင္း၏လူမႈကြန္ယက္စာမ်က္ႏွာတြင္
သူ႔စားေသာက္ဆိုင္က အစားအစာေတြကို
မွတ္ခ်က္ေရးၿပီး အခမဲ့
ေၾကာ္ျငာေပးေစခ်င္၍ မ်က္ႏွာႀကီး
ၿဖီးျပေနေလေတာ့သည္။

"ေဟ့ေကာင္ေဝမ်ိဳး...ရႈိင္းရဲ႕အႏုပညာေၾကးက
ဘယ္ေလာက္ထင္ေနလဲကြ..
မင္းရဲ႕ ဆိုင္ပိစိေလးကို သူက
ေၾကာ္ျငာေပးစရာလား နာမည္ႀကီးတဲ့
အမွတ္တံဆိတ္ေတြေတာင္ သူ႔ကို
ေၾကာ္ျငာခိုင္းဖို႔ အသည္းအသန္
ခ်ိတ္ေနၾကရတာကို
မင္းက ဒီလိုျဖတ္လမ္းနည္းနဲ႔
လိုက္လို႔မရဘူးေနာ္..."

"ေအာင္မာ...ထက္ယံ..မင္းဘယ္လိုမ်က္စိနဲ႔
ငါ့ဆိုင္ကို ‌ပိစိေလးလို႔
ေျပာလိုက္တာလဲဟင္..ငါ့ဆိုင္က
ဖိုက္စတားအဆင့္ ဟိုတယ္က
အစားအေသာက္ေတြကိုေတာင္ မွီတယ္ကြ..
ႏိုင္ငံျခားကေန ပညာသင္လာတဲ့
စာဖိုမႉးေတြေတာင္ ေခၚထားတဲ့ဥစၥာ...
ဒီစားပြဲေပၚက ဟင္းပြဲေတြကိုၾကည့္လိုက္စမ္း
ဘယ္ဟာက ေပါေပါပဲပဲရွိလဲ...
အကုန္လုံး ရွယ္ကြ..ရွယ္ေတြႀကီးပဲ..."

"..ဟုတ္ပါၿပီ..ေဝမ်ိဳးလည္းေတာ္ေတာ့
မင္းတို႔ႏွစ္ေကာင္ ကိုက္တာကိုၾကည့္ဖို႔
လာတာမဟုတ္ဘူးေနာ္...
ကဲ..ေဝမ်ိဳး..မင္းရဲ႕ဆိုင္ကို
ငါရီဗ်ဴးေရးေပးမယ္ ဟုတ္ၿပီလား..."

"ဟား..ဒီလိုမွေပါ့ ငါ့ေကာင္ႀကီးရ
ေက်းဇူးပဲကြာ..ဒီေန႔မင္းႀကိဳက္တာစား
ႀကိဳက္တာေသာက္...ငါဒကာခံမယ္..
ငါ့ဆိုင္ကို မင္းရဲ႕ကိုယ္ပိုင္အေကာင့္မွာ
ေၾကာ္ျငာေပးရင္ မင္းရဲ႕မဂၤလာေဆာင္မွာ
ငါသတို႔သားအရံပါ လုပ္ေပးမယ္ကြာ..."

"ဟာ..ေဟ့ေကာင္ေဝမ်ိဴး..."

ႏႈတ္စည္းမေစာင့္ပဲ တရစပ္ေျပာလိုက္ေသာ
ေဝမ်ိဳး၏ပါးစပ္ကို ထက္ယံလွမ္းၿပီး
ပိတ္လိုက္ေပမဲ့ မမွီေတာ့ေလၿပီ။

ရႈိင္းကိုၾကည့္လိုက္ေတာ့ စားပြဲေပၚမွာ
တင္ထားေသာဝိုင္ခြက္ကို ေငးေနရင္းႏွင့္
တစ္ခုခုကို အႀကီးအက်ယ္ေတြးသြားပုံ
ေပၚေလသည္။

"ေဝမ်ိဳး..မင္းငါ့ရဲ႕မဂၤလာေဆာင္မွာ
သတို႔သားအရံ လုပ္ေပးလို႔မရေတာ့ဘူး.."

"ဟ..ဘာလို႔လဲကြ..ဘာလဲ..မင္းနဲ႔ပိုပိုတို႔
လမ္းခြဲလိုက္လို႔လား..."

ေမးလိုက္ေသာ ေဝမ်ိဳး၏အသံက
အလြန္က်ယ္သြားေလရာ ဗြီအိုင္ပီအခန္းထဲမွ
သူငယ္ခ်င္းမ်ားအားလုံး ေျပာလက္စ
စကားေတြကို ရပ္ပစ္လိုက္ၾကၿပီး
ရႈိင္းကိုသာ ဝိုင္းၾကည့္လာၾကသည္။

"ငါမင္းတို႔အားလုံးကို ေျပာစရာရွိတယ္..
ငါလက္ထပ္လိုက္ၿပီ..."

"ဟာ.."

"ဘယ္တုန္းကလဲ.."

"ငါတို႔လည္း မသိလိုက္ရပါလား.."

"သက္လြန္းပိုနဲ႔လား..."

သူငယ္ခ်င္းအားလုံး ရႈိင္း၏စကားေၾကာင့္ထိတ္လန႔္ကုန္ၾကတာ အံ့ဩတႀကီး
ျဖစ္ေနၾကေပမဲ့ ရႈိင္းကေတာ့
အားလုံးကို လ်စ္လွ်ဴရႈ၍ 
ေအးေအးလူလူသာ
ထိုင္ေနေလသည္။

"ရႈိင္း...အဲ့တစ္‌ေယာက္ကဘယ္သူလဲ..
ပိုပိုေတာ့ လုံး၀မျဖစ္ႏိုင္ဘူး.."

ေဒါသတႀကီးႏွင့္ထေမးလိုက္ေသာ
သူရထက္၏အသံသည္ တစ္ခန္းလုံး
ဟိန္းထြက္‌သြားေသာေၾကာင့္ 
ထက္ယံလည္း ရန္ျဖစ္မည္ကို
စိုးရိမ္သြားေလသည္။
ထို႔ေၾကာင့္ ရႈိင္းကိုယ္စားသူပဲေျပာျပဖို႔
ဆုံးျဖတ္လိုက္ရေတာ့သည္။

"ငါေျပာျပပါ့မယ္ကြာ..တကယ္ေတာ့
ရႈိင္းလက္ထက္လိုက္တဲ့မိန္းကေလးက
နယ္ဘက္ကပါ...ရႈိင္းအေမေနတဲ့႐ြာကပဲ
........
႐ုတ္တရက္ႀကီး ျဖစ္သြားတာဆိုေတာ့
မင္းတို႔ကို ငါလည္းအေၾကာင္းမၾကား
ျဖစ္လိုက္ဘူး...စိတ္မဆိုးၾကပါနဲ႔ကြာ..
ဒီေန႔ေတာ့ ငါတို႔သူငယ္ခ်င္းေတြ
ေအးေအးေဆးေဆးပဲ ေသာက္ၾက၊
စားၾကရေအာင္ေနာ္..."

ထက္ယံက ေျဖာင္းဖ်ေနေပမဲ့ 
ေဒါသထြက္ေနေသာ သူရထက္ကေတာ့
ထိုင္ေနရာမွ ခ်က္ခ်င္းထရပ္လိုက္ၿပီး
ရႈိင္းရွိရာ ခုံဆီသို႔ေျပးသြားကာ
ရႈိင္း၏ အိက်ႌေကာ္လံစကို
ေစာင့္ဆြဲလိုက္ေလေတာ့သည္။

"ရႈိင္း..မင္းမို႔လို႔လုပ္ရက္‌တယ္ကြာ..
ဒါဘယ္လိုျဖစ္ရတာလဲ..မင္းဘာလို႔
ပို႔ပို႔ကို သစၥာေဖာက္ရတာလဲ...
သူမင္းကို ဘယ္ေလာက္ခ်စ္လဲ
မင္းမသိဘူးလား...မင္းဘာလို႔
သစၥာေဖာက္ရတာလဲ....!!!!"

"ဝုန္း!!!....အာ့!!!"

"ဟာ..ရႈိင္း...!!!"

စကားေျပာရင္းႏွင့္ စိတ္မထိန္းႏိုင္ေတာ့ပဲ
သူရသည္ ရႈိင္း၏ပါးကို
လက္သီးႏွင့္ ခပ္ျပင္းျပင္း
ထိုးခ်လိုက္ေတာ့သည္။

ခုံက်ိဳးသံႏွင့္အတူ အေနာက္သို႔
လန္က်သြားေသာ ရႈိင္းကို
ထက္ယံက ေျပး၍ထူသကဲ့သို႔
အျခားေဘာ္ဒါေတြကလည္း သူရထက္ကို
ဝိုင္းဆြဲၾကရေလသည္။

"သူရထက္ရာ...မင္းကလည္းသူငယ္ခ်င္း
အခ်င္းခ်င္းကို ဘာလို႔လက္ပါရတာလဲ...
စိတ္ေလ်ာ့စမ္းပါ..."

"ေအးေလ...အရင္ဆုံးစကားနဲ႔ေျဖရွင္းစမ္းပါ
ရႈိင္းက ႐ုပ္ရွင္မင္းသားကြ
သူ႔မ်က္ႏွာမွာ ဒဏ္ရာရလို႔မျဖစ္ဘူးေလ..."

ေဝမ်ိဳးတို႔၊သက္ထင္တို႔ကပါ အမ်ိဳးမ်ိဳး
ဝိုင္းေျဖာင္းဖ်ၾကေပမဲ့ သူရကေတာ့
ပိုပို႔ဖက္ကေန ခံျပင္းလြန္း၍
လုံး၀စိတ္မေလ်ာ့ႏိုင္ ျဖစ္ေနေလသည္။

"ဘာသူငယ္ခ်င္းလည္း ဒီလိုသစၥာမရွိတဲ့
ေကာင္မ်ိဳးကို ငါကသူငယ္ခ်င္း
ေတာ္စရာလား...ထြီ..႐ြံလိုက္တာ..
.......
ရႈိင္း...မင္းဘယ္လိုစိတ္နဲ႔မ်ား
ပိုပို႔ကို သစၥာေဖာက္ရက္ရတာလဲ..ဟင္..
..........
မင္းယူလိုက္တဲ့မိန္းမက ပိုပို႔ထက္
ဘာေတြမ်ား သာေနလို႔လဲ...
..........
ပိုပိုနဲ႔မင္းက လူသိရွင္ၾကား
ေစ့စပ္ထားတာေလ
သူဘယ္လို ခံစားရမလဲဆိုတာ
မင္းနည္းနည္းေလးမွ 
ကိုယ္ခ်င္းမစာဘူးလား....

"ေတာ္ေတာ့သူရ...!!!"

သူရထက္၏ စြပ္စြဲခ်က္ေတြကို 
မခံႏိုင္ေတာ့၍ လက္သီးကို
က်စ္က်စ္ပါ‌ေအာင္ဆုပ္ကာ
မတ္တပ္ထရပ္လိုက္ၿပီး သူရထက္ႏွင့္
မ်က္ႏွာခ်င္း ဆိုင္ပစ္လိုက္ေလသည္။

ရႈိင္း၏ နဂိုဗီဇသည္ သူ႔ကိုသြားထိလွ်င္
လုံး၀သည္းမခံတတ္သည့္ ပုံစံမို႔
က်န္သူငယ္ခ်င္းမ်ားကလည္း
ျပႆနာပိုတက္မွာ ေၾကာက္ေနၾကသည္။

"ဒီမွာသူရထက္...ငါ့အေၾကာင္းကို
ငါ့ထက္ပိုသိေနတဲ့ပုံစံ လာမဖမ္းနဲ႔...
ငါ့ပါးကို ထိုးခဲ့တဲ့အတြက္ 
မင္းကိုဒီတစ္ခါပဲ ခြင့္လႊတ္ေပးလိုက္မယ္...
ေနာက္တစ္ခါ ငါ့ကိစၥမွာ
လိုတာထက္ပိုၿပီး ၀င္မပါနဲ႔
ငါထပ္ၿပီးသည္းခံေနမွာ မဟုတ္ေတာ့ဘူး.."

"ရႈိင္း..မင္းစိတ္မဆိုးပါနဲ႔ကြာ...
သူရက..႐ုတ္တရက္မို႔ စိတ္မထိန္းႏိုင္
ျဖစ္သြားတာပါ..သူရ..
မင္းလည္းရႈိင္းကို ေတာင္းပန္လိုက္ပါကြာ...
ငါတို႔အားလုံးက သူငယ္ခ်င္း
အရင္းႀကီးေတြပဲဥစၥာ...
သူဘာလုပ္လုပ္ ငါတို႔နားလည္ေပးရမွာေပါ့.."

"ဒီမွာေဝမ်ိဳး...သူဘာလုပ္လုပ္
နားလည္ေပးလို႔ ရေပမဲ့
ပိုပိုနဲ႔ကိစၥမပါဘူး....ရႈိင္းကငါတို႔နဲ႔
ခင္သလို ...ပိုပိုကေရာငါတို႔နဲ႔
မခင္ဘူးလား..ဟမ္...
.........
ရႈိင္း..မင္းကိုယ္မင္း...နည္းနည္းေလးမွ
ရွက္စိတ္မ၀င္မိဘူးလား...
မင္းက...ကိုယ့္အတၱနဲ႔ကိုယ္ပဲ
အသက္ရွင္ေနတဲ့ေကာင္...
........
ေစ့စပ္ပြဲၿပီးတည္းက ပိုပို႔ကိုမင္းလုံး၀
လွည့္မၾကည့္ခဲ့ဘူး...
ပိုပိုဘာေၾကာင့္ ႏိုင္ငံျခားကို
ထြက္သြားရလဲ..မင္းသိလား..
မင္းရဲ႕ လ်စ္လွ်ဴရႈမႈေတြကို မခံစားႏိုင္လို႔ကြ...
..........
ဒါေပမဲ့ မင္းကိုခ်စ္လြန္းလို႔
သူမင္းကို မစြန႔္လႊတ္ရဲခဲ့ဘူး..
........
အခု..မင္းအနားမွာ
တစ္သက္လုံးေနမယ္ဆိုတဲ့
စိတ္ကူးနဲ႔ သူျပန္ေရာက္လာၿပီေလ...
မင္းသူ႔ကို ျပန္ေပးလိုက္တဲ့အရာက
ဒါမ်ိဳးလား..."

သူရထက္၏ စကားေတြေၾကာင့္
ရႈိင္း၀မ္းမနည္းမိေပမဲ့ မဲ့ၿပဳံးေတာ့
ၿပဳံးပစ္လိုက္‌ေလသည္။

သက္လြန္းပိုနဲ႔ ေစ့စပ္ထားတဲ့လူဟာ
ကိုယ္ျဖစ္ေနေပမဲ့ သက္လြန္းပိုရဲ႕
ခံစားခ်က္ေတြကို သိေန၊
နားလည္ေနသည့္လူဟာ
ကိုယ့္သူငယ္ခ်င္း အရင္းႀကီး
ျဖစ္ေနခဲ့ပါေပါ့လား။

"သူရ..မင္းပိုပို႔ကို စိတ္၀င္စားေနခဲ့တာ
မဟုတ္လား..အဟင္း..
ငါ့ကိုေတာ့ သစၥာေဖာက္လို႔စြပ္စြဲၿပီး
ငါ့ေနာက္ကြယ္မွာေတာ့ 
ပိုပိုနဲ႔ တစ္ခ်ိန္လုံးအဆက္အသြယ္
လုပ္ေနခဲ့တာပဲ..."

"ရႈိင္း...မင္းမဟုတ္တာမေျပာနဲ႔...
မင္းအျပစ္ကို ငါ့အျပစ္ျဖစ္ေအာင္
လႊဲမခ်နဲ႔..."

"ငါလႊဲမခ်ပါဘူး..ငါျမင္တဲ့အတိုင္းငါေျပာတာ..
ငါ့ကို သိပ္ၿပီ..အတယ္လို႔ထင္မေနၾကနဲ႔...
.........
ဒီေန႔ျပႆနာမျဖစ္ခ်င္လို႔
ငါေရွာ္ေပးလိုက္မယ္...
အားလုံးပဲ...ငါအရင္သြားႏွင့္မယ္.."

"ဟာ..ရႈိင္း...မင္းငါတို႔နဲ႔အတူ..
မစားေတာ့ဘူးလား..."

"မသြားပါနဲ႔အုံးကြာ.."

သူငယ္ခ်င္းေတြက အမ်ိဳးမ်ိဳး
တားဆီးေနၾကေပမဲ့ ရႈံးကေတာ့
အားလုံးကို လက္ကာျပလိုက္ၿပီး
အခန္းထဲမွ ထြက္လာခဲ့လိုက္သည္။

ဘ၀မွာ သူမ်ားတကာကို အရာရာတိုင္း
လိုက္ရွင္းျပေနရတာကို အမုန္းဆုံးပဲ။
ကိုယ္လုပ္တဲ့ လုပ္ရပ္တိုင္းဟာ
အၿမဲတမ္း ကြက္တိက်ၿပီး 
မွန္ကန္ေနခဲ့တဲ့အတြက္ ကိုယ္ရခဲ့တဲ့
အက်ိဳးအျမတ္တိုင္းက ကိုယ္နဲ႔
ထိုက္တန္တယ္လို႔ပဲ အၿမဲထင္ခဲ့တယ္။
ဒါေတြအားလုံးဟာ ခ်စ္ပန္းေဝနဲ႔
မဆုံခင္အထိေပါ့။

အခုေတာ့ အားလုံးေသာက္တလြဲေတြ
ျဖစ္ကုန္ၿပီ။
သူငယ္ခ်င္းေတြရဲ႕အျမင္မွာ သစၥာေဖာက္
တစ္ေယာက္ျဖစ္ခဲ့ရသလို
ကိုယ့္ကို ေမွ်ာ္လင့္ေနတဲ့ 
သက္လြန္းပိုရဲ႕ ဂုဏ္သိကၡာကိုလည္း
ျဖတ္စီးလိုက္မိတယ္။

ကားပါကင္မွာ ရပ္ထားေသာ 
ဆိုင္ကယ္ေပၚသို႔ ေရာက္သည္ႏွင့္
သူ႔စိတ္ထဲမွ မေက်နပ္ခ်က္ေတြအားလုံးကို
ဖြင့္ထုတ္ကာ ဆိုင္ကယ္ကိုသာ
မိုင္ကုန္ ေမာင္းပစ္လိုက္ေတာ့သည္။

ခ်စ္ပန္းေဝရွိေနေသာ အိမ္ဆိုသည့္ေနရာကို
မျပန္ခ်င္ေသး၍ မိုးေတြ႐ြာေနသည့္ၾကားမွ
ဆိုင္ကယ္ကို မရပ္တမ္း
လွည့္ပတ္ေမာင္းႏွင္ေနမိေတာ့သည္။
သူ႔စိတ္ထဲမွာေတာ့ တူညီေသာ
စကားလုံးအခ်ိဳ႕ကိုသာ ခဏခဏ
ေရ႐ြတ္ေနခဲ့မိသည္။

**ခ်စ္ပန္းေဝ..မင့္ဟာငါ့ဘ၀ထဲကို
၀င္လာတဲ့..ဂ်ိဳဆိုးတစ္ေကာင္ပဲ...
ငါ့ဘ၀ကို အစိပ္စိပ္အမႊာမႊာျဖစ္ေအာင္
ခုတ္ျဖတ္မဲ့ သတၱဝါတစ္ေကာင္
ငါမင္းကို..အရမ္းမုန္းတယ္..***

🍁🍁🍁🍁🍁🍁🍁🍁

"ဂ်ိန္း....ဂ်ိန္း!!!!"

ျပတင္းတံခါး အျပင္ဘက္မွမိုးၿခိမ္းသံႀကီးသည္
ညဥ့္နက္သန္းေခါင္၏ တိတ္ဆိတ္မႈကို
ၿဖိဳခြင္းသြားခဲ့ေလသည္။
ေလျပင္းမ်ား တိုက္ခက္လာေသာေၾကာင့္
ၿခံ၀န္းထဲတြင္ စိုက္ထားေသာ
အပင္မ်ားသည္ပင္ ၿပိဳလဲလုမတတ္
ျဖစ္ေနေလၿပီ။

ခႏၶာကိုယ္တစ္ခုလုံး ေအးစိမ့္စိမ့္ျဖစ္လာသလို
ခံစားလိုက္ရ၍ ခ်စ္ပန္းေဝလည္း
လန႔္ႏိုးသြားရေလသည္။

‌႐ြာမွာဆိုလွ်င္ တေရးႏိုးလို႔ဘယ္အခ်ိန္ပဲ
ထၾကည့္ၾကည့္ ပတ္၀န္က်င္တစ္ခုလုံး
မဲေမွာင္ေနတတ္ေပမဲ့ ဒီမွာကေတာ့
ေဈးႀကီးေသာ ကြန္ဒိုမို႔
မိုးေတြ သည္းထန္စြာ႐ြာေနတာေတာင္
မီးေတြ လင္းထိန္ေနေလသည္။

ေဘးနားက အေမ့ကိုငုံ႔ၾကည့္လိုက္ေတာ့
ခ်မ္းလို႔ထင္ပါရဲ႕ ေကြးၿပီးအိပ္ေနေလသည္။
ထို႔ေၾကာင့္ ခ်စ္ခ်စ္လည္းအေမ့ကို
ေစာင္ၿခဳံေပးခဲ့လိုက္ၿပီး
ေရအိမ္သြားဖို႔ရာ အခန္းထဲမွ
ထြက္လာခဲ့လိုက္သည္။

"ဧည့္ခန္းထဲက ဘယ္သူပါလိမ့္...
ရႈိင္းမ်ားျပန္လာတာလား..."

အိမ္သာသို႔သြားရန္ ဧည့္ခန္းကိုျဖတ္အေလွ်ာက္
ဆိုဖာေပၚတြင္ လဲေနေသာရႈိင္းကို
ေတြ႕လိုက္ရေလသည္။
ခ်က္ခ်င္းပဲ ဧည့္ခန္းထဲသို႔၀င္ကာ
သူ႔အနားသို႔ တိုးသြားလိုက္ေတာ့
ဧည့္ခန္းမီးအလင္းေရာင္ေၾကာင့္
ရႈိင္း၏ ခႏၶာကိုယ္တစ္ခုလုံး
စို႐ြဲေနသည္ကို ျမင္လိုက္ရေလသည္။

"တစ္ကိုယ္လုံး ေရေတြစို႐ႊဲေနတာပဲ..
မိုးေရထဲကေန ျပန္လာတာေနလိမ့္မယ္..
..ဖ်ားေနေတာ့မွာပဲ..."

ရႈတ္တရက္ဆိုေတာ့ ရႈိင္းကိုစိတ္ပူသြားၿပီး
ခ်စ္ခ်စ္လည္း ဘာကိုမွေတြးမေနေတာ့ပဲ
ရႈိင္း၏ နဖူးကိုသာစမ္းၾကည့္လိုက္မိေလသည္။

"ကိုယ္ေတာ့ မပူဘူး..ဒါေပမဲ့
ဒီလိုေရစို၀တ္ႀကီးနဲ႔ ဆက္အိပ္ေနမယ္ဆိုရင္
ဖ်ားမွာေသခ်ာတယ္...
ငါဘာလုပ္ရမလဲ..."

ရႈိင္းတစ္ခုခုျဖစ္သြားမည္ကို 
စိုးရိမ္ေသာစိတ္ႏွင့္ ေရစက္ေတြ
ခိုတြဲေနေသာရႈိင္း၏မ်က္ႏွာေလးကို 
ေငးၾကည့္ရင္း ရင္ပူေနရသည္။

မ်က္လုံးေတြကို တင္းၾကပ္စြာပိတ္ထားေပမဲ့
မိုးေရေတြ စိုစြတ္ေနေသာ သူ႔မ်က္ခုံးတန္း
ထူထူေလးေတြဟာ တစ္ခုခုကို
အလိုမက်ဟန္ႏွင့္
တြန႔္ႀကဳံ႕ေနေလသည္။

အညိဳေရာင္သန္းေနေသာ 
ႏႈတ္ခမ္းေလးဟာ ေခ်ာေမာေျပျပစ္ေသာ
 မ်က္ႏွာေလးအထပ္မွာ တည္ရွိေနေပမဲ့ 
ခ်ိဳၿမိန္ေသာစကားလုံးေလးေတြကိုေတာ့
တစ္ခါမွ မေျပာေပ။

 နဖူးထပ္မွာက်ေနသည့္ ေရေတြစို႐ႊဲေနေသာ
ဆံပင္ေလးေတြကို 
သပ္တင္ေပးလိုက္ခ်င္သည္။
သို႔ေပမဲ့ ခ်စ္ခ်စ္သူ႔အသားကိုမထိရဲေပ။
သူ႐ုတ္တရက္ ႏိုးသြားၿပီး 
စိတ္ဆိုးမွာကို ေၾကာက္သည္။

သူ႔ႏႈတ္ကေနထြက္က်လာမည့္
 စကား႐ိုင္းေတြကို
ခ်စ္ခ်စ္ ခံႏိုင္ရည္ရွိမယ္မထင္ဘူး။

"တူ..တူ...တူ..တူ..."

ခ်စ္ခ်စ္သူ႔ေဘးနားမွာ ေတြေဝစြာရပ္ေနမိတုန္း
ခုံေပၚမွာတင္ထားေသာ ရႈိင္း၏ဖုန္းက
ထျမည္လာေလသည္။

"ငါဘာလုပ္ရမလဲ...ရႈိင္းကိုႏႈိးလိုက္ရမလား.."

ဖုန္းကိုေကာက္ကိုင္လိုက္ေပမဲ့
ရႈိင္းအစား ျပန္မေျဖရဲေပ။
 ထို႔ေၾကာင့္ ရႈိင္းကိုသာႏႈိးဖို႔
ဆုံးျဖတ္လိုက္သည္။

"ရႈိင္း...ဖုန္းလာေနတယ္..ရႈိင္း...
ထပါအုံး...."

အမ်ိဳးမ်ိဳးေခၚၾကည့္ေပမဲ့ ရႈိင္းက
အနည္းငယ္သာ လြန႔္လူးလာၿပီး 
ျပန္၍ အိပ္ေပ်ာ္သြားေလသည္။

"ကိုထက္ယံဆီက ဖုန္းပဲ...
ငါကိုင္လိုက္ရမလား...မျဖစ္ပါဘူး...
ေတာ္ၾကာ...ရႈိင္းငါ့ကိုဆူေနအုံးမယ္
သူ႔ကိုပဲ မရရေအာင္ႏႈိးေတာ့မယ္.."

ဖုန္းကဆက္တိုက္ျမည္ေနေပမဲ့ ျပန္မေျဖပဲ
ရႈိင္း၏ ပခုံးကိုသာပုတ္ၿပီး
လႈပ္ႏႈိးလိုက္သည္။

"ရႈိင္း...ထပါအုံး...ရႈိင္း..."

"ဟင္..ဘာလဲကြာ..."

"ဒီမွာ..ဖုန္းလာေနတယ္..
ကိုထက္ယံဆီကတဲ့..."

ဒီတစ္ခါမွာေတာ့ ရႈိင္း၏မ်က္လုံးေတြက
တျဖည္းျဖည္းခ်င္းပြင့္လာၿပီး
သူ႔ကိုငုံ႔ၾကည့္ေနေသာ ခ်စ္ခ်စ္ကို
စူးစိုက္၍ ျပန္ၾကည့္လာေလသည္။

"မင္းကဘာကိစၥ..ငါ့ဖုန္းကိုကိုင္ထားရတာလဲ
ေပးစမ္း.."

ခ်စ္ခ်စ္၏လက္ထဲမွဖုန္းကို ဆက္ခနဲ
လုသြားၿပီး လူကိုလည္းစိတ္ဆိုး၊မာန္ဆိုးျဖင့္
ၾကည့္လာေလသည္။

သို႔ေပမဲ့ ဖုန္းကဆက္တိုက္ျမည္ေနသည္မို႔
ခ်စ္ခ်စ္ကို ဘာမွမေျပာေတာ့ပဲ
ေရစိုေနေသာ သူ႔ဆံပင္ေတြကိုသာ
သပ္ခ်လိုက္ကာ ဖုန္းကိုျပန္ေျဖလိုက္ေလသည္။

"ဟယ္လို..ထက္ယံ..ဘာကိစၥလဲ..."

ရႈိင္းဟာ ဘာမွျပင္ဆင္ျခယ္သမထားေပမဲ့
ေရစိုေနသည့္ ပုံစံေလးကပင္ 
စမတ္က်လြန္းလွသည္။
႐ုပ္ရည္တင္မက အရပ္အေမာင္းႏွင့္
ခႏၶာကိုယ္အခ်ိဳးအစားကပါ ေတာင့္ေျဖာင့္ၿပီး
အင္မတန္ ၾကည့္ေကာင္းလွသည္။

ခ်စ္ခ်စ္ သူ႔ကိုမပိုင္ဆိုင္ရလဲ ျဖစ္ပါတယ္။
ဒီအတိုင္းေလး ေငးၾကည့္ေနရရင္ကို
ေက်နပ္ေနမိတာ။
**ဒါကိုေတာ့ ရႈိင္းဘယ္သိပါ့မလဲ..**

"ဘာေျပာတယ္..မနက္ျဖန္ေအဂ်င္စီကို
လာခဲ့ရမယ္ဟုတ္လား...
စီအီးအိုကိုယ္တိုင္ေျပာတာလား..."

ရႈိင္း၏မ်က္ႏွာေလးကို အနီးကပ္ၾကည့္ရင္း
ၿပဳံးေနမိသည့္အခ်ိန္ ထေအာ္လိုက္ေသာ
ရႈိင္း၏ အသံခပ္ဟိန္းဟိန္းေၾကာင့္
ခ်စ္ခ်စ္ပါ လန႔္သြားရေလသည္။
*ရႈိင္းဘာကို စိတ္ဆိုးေနတာလဲ..**

"ေကာင္းၿပီ..ငါလာခဲ့မယ္..
မင္းဘက္က အရင္ဆုံးအေၾကာင္းအရင္း
အစုံကို ေသခ်ာရွင္းျပထား...
ဒါပဲကြာ...ဒါပဲ..."

ေဒါသတႀကီးႏွင့္ ဖုန္းကိုခ်ပစ္လိုက္ေသာ
ရႈိင္းေၾကာင့္ ခ်စ္ခ်စ္လည္း
ဒီေနရာမွာ ဆက္ေနလွ်င္ 
ပတ္အရမ္းခံရမည္စိုး၍ တိတ္တိတ္ေလး
ထြက္သြားဖို႔ လုပ္လိုက္ေပမဲ့...

"ခ်စ္ပန္းေဝ..မင္းေၾကာင့္
ငါဘယ္ေလာက္အထိ
စိတ္ဒုကၡေရာက္ေနရသလဲ မင္းသိလား..."

"...အခု..ဘာ..ဘာျဖစ္လို႔လဲဟင္..."

"ဘာျဖစ္လို႔လဲဟုတ္လား!!!"

ခ်စ္ခ်စ္၏ အေမးစကားေၾကာင့္
သူ႔ရင္ဘတ္ထဲမွာ သိမ္းထားသည့္
မေက်နပ္ခ်က္ေတြဟာ ခ်က္ခ်င္း
ပြင့္အံထြက္လာေတာ့ မလိုကို
ခ်စ္ခ်စ္ ခံစားလိုက္ရေလသည္။

သူ႔လက္ၾကမ္းႀကီးမ်ားႏွင့္ ခ်စ္ခ်စ္၏
ပခုံးႏွစ္ဖက္ကို ကိုင္လႈပ္လာၿပီး
ေဒါသအဟုန္ေၾကာင့္ နီရဲေနေသာ
မ်က္၀န္းမ်ားႏွင့္ တန္ျပန္၍
ၾကည့္လာခဲ့သည္။

"မင္းေၾကာင့္..ငါ့သူငယ္ခ်င္းေတြၾကားမွာ
သစၥာမရွိတဲ့ေကာင္လို႔ ငါအေျပာခံခဲ့ရတယ္..
.............
မင္းေၾကာင့္..
ငါကမိန္းကေလးတစ္ေယာက္ကို 
လူသိရွင္ၾကား ေစ့စပ္ထားၿပီး
ေနာက္တစ္ေယာက္နဲ႔ လက္ထပ္လိုက္တဲ့
ေလွနံႏွစ္ဖက္ နင္းတဲ့ေကာင္ျဖစ္သြားခဲ့ၿပီ
...........
ဒီေန႔ဒီအခ်ိန္မွာ နာမည္တစ္လုံးနဲ႔
ဂုဏ္ရွိရွိ ရပ္တည္ႏိုင္ဖို႔..
ငါအမ်ားႀကီး ႀကိဳးစားခဲ့ရတာ...
.........
ခ်ိဳ႕ယြင္းခ်က္ တစ္ခုေတာင္မရွိေအာင္
ငါအမ်ိဳးမ်ိဳး တည္ေဆာက္ခဲ့တဲ့ဘ၀ႀကီးက
မင္းေရာက္လာတဲ့ေန႔တည္းက
အားလုံး တစ္စစီျဖစ္သြားခဲ့ရတယ္...
..........
အခု...ငါ့ေအဂ်င္စီကလည္း 
ငါလက္ထပ္လိုက္တာကို
မေက်နပ္လို႔ ငါ့ကိုျပႆနာရွာလာၿပီ...
ငါ့ကိုယ္ငါ အမွားတစ္ခုေတာင္
အျဖစ္မခံခဲ့လို႔...
အရင္ကေခါင္းေမာ့ရင္ေကာ့ၿပီး 
ေနခဲ့ရသမွ်..
မနက္ျဖန္ဆို ေခါင္းငုံ႔ၿပီး
ေတာင္းပန္ရေတာ့မယ္....
..........
မင္းသိရဲ႕လား..ဒါေတြအားလုံးက
မင္းနဲ႔မင္းေဆြမ်ိဳးေတြေၾကာင့္
ျဖစ္လာရတာကြ...
ငါ့ကို နားလည္ပါး႐ိုက္ၿပီး
ငရဲတြင္းထဲကို ခုန္းဆင္းခိုင္းခဲ့တဲ့
အဓိကတရားခံက မင္းနဲ႔မင္းေဆြမ်ိဳးေတြပဲ
မင္းတို႔အားလုံးကို ငါသိပ္မုန္းတယ္..."

မီးေတာင္ငယ္တစ္ခုလို 
ေပါက္ကြဲထြက္လာသည့္ ရႈိင္း၏
မေက်နပ္ခ်က္ေတြကို နားေထာင္ေနရင္းႏွင့္
ခ်စ္ခ်စ္၏ ပါးျပင္တစ္ခုလုံးလည္း
မ်က္ရည္ေတြ ႐ႊဲနင့္သြားေလသည္။

"ရႈိင္း..ကြၽန္မေတာင္းပန္ပါတယ္...
ကြၽန္မေၾကာင့္ 
ရွင္စိတ္ဆင္းရဲေနရမယ္ဆိုတာ 
ကြၽန္မသိပါတယ္...
ကြၽန္မရွင့္ကို ဘာလုပ္ေပးရမလဲဟင္...
ရွင့္ကိုကူညီႏိုင္မယ္ဆိုရင္ 
ကြၽန္မအသက္ကိုေတာင္ ရင္းရဲပါတယ္..."

"အပိုေတြ ေျပာမေနစမ္းပါနဲ႔..
မင္း႐ုပ္ကိုလည္းမျမင္ခ်င္ဘူး
မင္းအသံကိုလည္း မၾကားခ်င္ဘူးကြာ...
အခုခ်က္ခ်င္း..ငါ့အေရွ႕ကေန
ထြက္သြားေတာ့...
ဒီအိမ္ထဲကေနပါ ထြက္သြားကြာ..."

"ရႈိင္း!!!!"

"ထြက္သြားလို႔ ငါေျပာေနတယ္ေလ..."

ရႈိင္း၏ လက္ေမာင္းကိုလွမ္းကိုင္လိုက္မိေပမဲ့
တြန္းထုတ္ျခင္းကိုသာ ခံလိုက္ရေလသည္။
ခ်စ္ခ်စ္ကို ေက်ာခိုင္းၿပီးခါးေထာက္၍
ရပ္ေနေသာ သူ႔ေက်ာျပင္ကိုၾကည့္ေနရင္း
တစ္ခုခုကို နားလည္သေဘာေပါက္သြား
မိေလသည္။

*ခ်စ္ခ်စ္သာမရွိရင္ သူ႔ဘ၀
ပိုၿပီး အဆင္ေျပသြားမယ္ထင္တယ္..
သူပိုၿပီး ေပ်ာ္႐ႊင္ရမယ္ဆိုရင္
ခ်စ္ခ်စ္...ထြက္သြားေပးမွာပါ...***

ပါးေပၚမွ မ်က္ရည္ေတြကို လက္ခုံႏွင့္
သုတ္ပစ္လိုက္ၿပီး ကြန္ဒိုတံခါးဆီသို႔
ေျပးသြားလိုက္ကာ အျပင္သို႔
ထြက္လာခဲ့လိုက္သည္။

စိတ္အလိုအတိုင္း သြားေနမိေသာ
ေျခလွမ္းမ်ားသည္ မိုးေရေတြေခါင္းေပၚသို႔
စီးက်လာမွန္း သိလိုက္ရေသာအခါမွသာ
ရပ္တန႔္မိသြားေလသည္။

ေဘးပတ္၀န္းက်င္ကို ၾကည့္လိုက္ေတာ့
လူရိပ္လူေယာင္ေတာင္ မေတြ႕ရေပ။
ကြန္ဒိုႀကီးကို ေဆာက္ထားေသာ
ၿခံ၀န္းထဲမွာပဲ ရွိေနေသးေပမဲ့ 
၀န္းတံခါးႀကီးႏွင့္ေတာ့ နီးလာၿပီမွန္း
သတိထားမိလိုက္သည္။

"ဂ်ိန္း!!!!"

"အား!!!"

မိုးၿခိမ္းသံေၾကာင့္ ထိတ္လန႔္သြားၿပီး
ႏွားႏွစ္ဖက္ကို ပိတ္လိုက္မိေပမဲ့
ဆက္ၿပီးေတာ့ ရပ္တန႔္မေနခ်င္ေတာ့ေပ။

ထီးမပါေသာ‌ေၾကာင့္ 
တစ္ကိုယ္လုံး မိုးေရေတြစို႐ႊဲေနၿပီး
ႂကြက္စုတ္ တစ္ေကာင္ကဲ့သို႔ျဖစ္ေနလည္းပဲ
သူ႔စကားအတိုင္း ခ်စ္ခ်စ္ဒီေနရာကေန
ထြက္သြားေပးခ်င္သည္။

ၿပီးရင္ သူမျမင္ႏိုင္၊မေတြ႕ႏိုင္တဲ့
အေဝးတစ္ေနရာမွာ ကိုယ့္ကိုကိုယ္
အဆုံးစီရင္လိုက္မည္။

ဒါဆိုရင္ သူေရာ၊ခ်စ္ခ်စ္ကိုမုန္းေနတဲ့
လူေတြအားလုံးပါ စိတ္ခ်မ္းသာရမည္
မဟုတ္ပါလား။

*သူတို႔အားလုံးက ခ်စ္ခ်စ္ကိုမလိုခ်င္ၾကဘူး
႐ြာကို ျပန္သြားရင္ေတာင္ 
ေဒၚႀကီးကလည္း ခ်စ္ခ်စ္ကို
က်ိန္းေသေပါက္ ျပန္ကန္ထုတ္မွာ...
ေလးေလးလည္း ခ်စ္ခ်စ္ေၾကာင့္
အရွက္ရလိမ့္မယ္...
.........
ခ်စ္ခ်စ္ဟာ ဒီကမာၻေပၚမွာရွိမေနသင့္တဲ့
လူတစ္ေယာက္ပဲ...
ဟုတ္တယ္..ခ်စ္ခ်စ္ေပ်ာက္ကြယ္သြားမွ
အားလုံး စိတ္ခ်မ္းသာရမွာ....****

"တီ...တီ!!!!"

မိုးေရထဲမွာ ခ်မ္းလြန္း၍ကိုယ့္ကိုကိုယ္
ျပန္ေထြးပိုက္ထားရင္း 
ကားဟြန္းတီးသံေၾကာင့္ အေနာက္သို႔
လွည့္ၾကည့္လိုက္မိေတာ့ 
ေရွ႕မီးထြန္းထားေသာ
ကားေလးဟာ ခ်စ္ခ်စ္ရပ္ေနေသာ
ေနရာဆီသို႔ တရွိန္ထိုးေမာင္းႏွင္လာေလရာ

"အား!!!!"

🚩🚩🚩🚩🚩🚩🚩

"ခ်စ္ပန္းေဝ!!!!"

မိုးၿခိမ္းသံႏွင့္အတူ ေခြၽးသီး‌ေခြၽးေပါက္မ်ား
က်လွ်က္ ယုယလႈိင္အိပ္ယာမွ 
လန႔္ႏိုးသြားေလသည္။

အရင္က သုံးေယာက္အတူအိပ္ခဲ့သည့္
အိပ္ခန္းေလးဟာ ယခုေတာ့
တစ္ေယာက္တည္း ျဖစ္ေနသည္။
အိပ္မက္ဆိုးေၾကာင့္ တစ္ကိုယ္လုံး
တုန္ယင္ေနေပမဲ့ ညီမေလးခ်စ္ပန္းေဝကိုသာ
စိုးရိမ္ေနမိသည္။

"ခ်စ္ခ်စ္...တစ္ခုခုျဖစ္ေနတာမ်ားလား..."

အိပ္မက္ထဲမွာ ခ်စ္ခ်စ္ဟာ 
ကားလမ္းကူးေနရင္း ကိုယ့္မ်က္စိေရွ႕မွာတင္
 ကားတိုက္ခံလိုက္ရ‌ေလသည္။
အိပ္မက္ဆိုေပမဲ့ ရင္အတုန္မေပ်ာက္ေသးပဲ
တကယ္ျဖစ္သြားသလို ခံစားေနရတာ
ဘာေၾကာင့္မ်ားလဲ။

"မျဖစ္ဘူး..ခ်စ္ခ်စ္ရဲ႕အိမ္ဖုန္းကို
ဆက္ၾကည့္ရမယ္..."

ျခင္ေထာင္ထဲမွာ ဖုန္းကိုစမ္း၍
ရွာလိုက္ၿပီး ညေနကဆက္ထားသည့္
ခ်စ္ခ်စ္၏ အိမ္ဖုန္းကို
ျပန္ဆက္ၾကည့္လိုက္မိသည္။

တစ္ဖက္မွာေတာ့ ရႈိင္းသည္စိတ္ရႈပ္စြာျဖင့္
ဧည့္ခန္းထဲမွာ ထိုင္ေနသည့္အခ်ိန္
ဖုန္းမည္သံၾကား၍ စိတ္မပါေသာ္ျငား
သြားကိုင္လိုက္မိေလသည္။

"ဟယ္လို...ဘယ္သူလဲ..."

"ဟယ္လို...အခုဖုန္းေျပာေနတာ
ရႈိင္းလား..ညီမကခ်စ္ပန္းေဝရဲ႕အစ္မပါ..."

ခ်စ္ပန္းေဝဆိုသည့္ နာမည္ကိုၾကားသည္ႏွင့္
အလိုလို စိတ္အလိုမက်ေတာ့ေပမဲ့
ဖုန္းကိုေတာ့ ဆက္၍ကိုင္ထားလိုက္ပါသည္။

"ဟုတ္ကဲ့...ဘာကိစၥရွိလို႔လဲမသိဘူး..."

"ဟိုေလ...ခ်စ္ခ်စ္အဲ့ဒီ့မွာ အဆင္ေျပတယ္
မဟုတ္လားရွင့္...ဒီလိုေမးလို႔
စိတ္ေတာ့မရွိပါနဲ႔ရွင္...
အခုေလးတင္အိပ္မက္ဆိုးမက္လို႔...
လွမ္းဆက္လိုက္တာပါ..
အိပ္မက္ထဲမွာ ခ်စ္ခ်စ္ကားတိုက္ခံလိုက္ရလို႔
စိတ္ထဲမွာ မတင္မက်ျဖစ္ေနတာနဲ႔
ခ်စ္ခ်စ္ အိပ္ေနသလား
အဆင္ေျပေျပ ရွိေနရဲ႕လားလို႔
လွမ္းေမးၾကည့္တာပါ..."

ဖုန္းတစ္ဖက္မွ ယုယလႈိင္၏ေမးခြန္းအဆုံး
ရႈိင္းတစ္ေယာက္ 
ျပာယာခတ္သြားေလေတာ့သည္။
*သြားၿပီ...ငါစိတ္အလိုလိုက္ၿပီး
‌ဆူထည့္လိုက္တာ...ခ်စ္ပန္းေဝ
ငိုၿပီး အျပင္ကိုေျပးထြက္သြားတယ္ထင္တယ္..*

ဖုန္းကို ခ်က္ခ်င္းခ်ပစ္လိုက္ၿပီး
တစ္အိမ္လုံးႏွံ႔ေနေအာင္ ခ်စ္ပန္းေဝကို
လိုက္ရွာေပမဲ့ အရိပ္ေလးကိုေတာင္
မေတြ႕ရေတာ့ေပ။

"ဟာကြာ...မိုး႐ြာေနတာကို
ဒီအခ်ိန္ႀကီး ေအာက္ဆင္းသြားတာလား..
မျဖစ္ဘူး...လိုက္ရွာမွျဖစ္မယ္..."

ထီးတစ္ေခ်ာင္းကို အျမန္ယူၿပီး
ခ်က္ခ်င္းပဲ အခန္းထဲမွထြက္ကာ
လူေျပာက္ရွာပုံေတာ္ ဖြင့္ရေလေတာ့သည္။

***အခန္း(၂၁)ဆက္ရန္***

🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩

ေမာင္စိတ္ပူေနၿပီ...






6 comments:

  1. ဘာလို့မောင်းထုပ်လဲ
    ခုကြမှအသဲအသံရှာနေတာ

    ReplyDelete
  2. မတူညီတဲ့ဘဝတွေ
    တူညီမျှတဲ့မေတ္တာရှိတဲ့နေ့စောင့်ရအုံးမယ်လေ💔💔

    ReplyDelete
  3. အဆက်လေးတင်ပေးပါအုံး
    တစ်ရက်ခြားလေးတင်ပေးရင်ကောင်းမှာ ပဲ🥺

    ReplyDelete
  4. ရှာမနေပါနဲ့ရှိိုင်ရယ်နှင်ထုတ်တုန်းကနှင်ထုတ်ထားပီးတော့သနားပါတယ်ချစ်ပန်းဝေတစ်ယောက်သူ့အမေကိုတောင်ထားခဲ့ပီထွက်သွားတာသူမှာဘာအပြစ်ရှိလို့လည်း

    ReplyDelete
  5. ကျက်သရေတုံးကောင် ရှိုင်း

    ReplyDelete