Unicode/Zawgyi 🚩
(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌺အခန်း(၁၉)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
"ဒေါက်..ဒေါက်..."
အခန်းထဲတွင် အနားယူနေတုန်း
တံခါးခေါက်သံကြား၍ တံခါးဖွင့်ပေးလိုက်တော့
အိမ်သန့်ရှင်းရေးကို တာ၀န်ယူထားသော
ကိုပိုင်ဇော်ဖြစ်နေသည်။
"ဟင်းကျက်ပါပြီဗျ..အဲ့ဒါထမင်းစားခန်းမှာပဲ
စားမလား..အိပ်ခန်းထဲကိုလာပို့ပေးရမလား.."
"အခန်းထဲကို လာပို့လို့ရရင်
ပို့ပေးပါလား...ညီမကနောက်မှစားမှာမို့
တစ်ယောက်စာပဲ စီစဉ်ပေးပါနော်.."
"ဟုတ်ကဲ့..စီစဉ်ပေးပါ့မယ်..."
ကိုပိုင်ဇော်ထွက်သွားပြီးနောက် အမေ့ကို
ကြည့်လိုက်တော့ မွေ့ယာပေါ်မှာ
ခုန်ပေါက်နေလေသည်။
မွေ့ယာက အိနေတော့
သူအရမ်းပျော်နေတယ်ထင်ပါရဲ့။
ထမင်းစားခန်းထဲမှာပဲ အမေ့ကို
ကျွေးချင်ပေမဲ့ အမေ့စိတ်ရောဂါကြောင့်
အဆင်ပြေနိုင်မည်မထင်ပေ။
အခုဒီအခန်းတောင် တစ်ခဏလေးနှင့်
ပွလန်နေလေပြီ။
ရှိုင်းဘက်ကတော့ အရိပ်အယောင်တောင်
ထွက်မပြသလို ဘာအသံမှလည်း
မကြားရပေ။
"ညီမရေ..ထမင်းနဲ့ဟင်းရပါပြီ...
အခန်းထဲကို သယ်သွားပေးရမလားဗျ.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..."
"ဟေး...ထမင်းစားရတော့မယ်ဟေ့..
ပျော်လိုက်တာ..ထမင်းစားရတော့မယ်..."
အမေက ထအော်ပြီး လက်ခုပ်တွေ
တီးနေတော့ ကိုပိုင်ဇော်ကအမေ့ကို
စူးစမ်းသလို ကြည့်လိုက်လေသည်။
ချစ်ချစ်ကတော့ အမေ့ကိုလည်း
အတင်းအကြပ် မတားဆီးချင်သလို
ကိုပိုင်ဇော်ကိုလည်း
အမှန်အတိုင်းမပြောပြချင်ပေ။
"ဒါနဲ့...ရှိုင်းရော..ထမင်းထွက်စားသေးလား.."
"ဟုတ်ကဲ့..ဆရာကနည်းနည်းပဲစားပြီး
အပြင်ထွက်သွားပါတယ်.."
"ဟုတ်လား..သူဘာပြောခဲ့သေးလဲ.."
"ဘာမှတော့ မပြောခဲ့ဘူးဗျ..."
လက်ထပ်ပြီးတာ ဘယ်နှစ်ရက်မှ
မရှိသေးပေမဲ့ ချစ်ချစ်တို့နှစ်ယောက်ရဲ့
ဆက်ဆံရေးကတော့ လုံး၀အေးစက်
နေလေပြီ။
*အေးလေ..ချစ်လို့ယူခဲ့ကြတာမှမဟုတ်ပဲ..*
"ဦးဟန်ထွန်းကကြက်ဘူးဟင်းအပြင်..
ပုဇွန်ထုပ်ဆီပြန်ကိုပါ ချဉ်စပ်လေး
ချက်ပေးလိုက်ပါတယ်..
စားလို့ အဆင်မပြေရင်လည်း
ပြောပါ..ဦးဟန်ထွန်းကသူပြန်ပြီး
လုပ်ပေးပါ့မယ်တဲ့.."
"ဟုတ်ကဲ့..အခုချက်ပေးတာတွေနဲ့တင်
အဆင်ပြေနေပါပြီ...ဦးဟန်ထွန်းကိုရော
ကိုပိုင်ဇော်ကိုရော ကျေးဇူးတင်ပါတယ်နော်.."
"ရပါတယ်ဗျာ..ကျေးဇူးတင်ဖို့မလိုပါဘူး..
ဒါက အစ်ကိုတို့တာ၀န်ပါ
ညီမလိုအပ်တာရှိသေးရင်လည်း အစ်ကို့ကို
အားမနာတမ်း ခိုင်းလို့ရပါတယ်.."
အိမ်ရှင်က စိတ်ပုပ်ပေမဲ့ အိမ်အလုပ်သမားက
စိတ်သဘောထားကောင်းတော့
တစ်မျိုး စိတ်ချမ်းသာရပါတယ်။
"ခိုင်းချင်တာရယ်မဟုတ်ပါဘူး...
အကူအညီတောင်းချင်တာတော့ ရှိပါတယ်.."
ချစ်ပန်းဝေ၏ အားနာနေသော
အမူအရာလေးကြောင့် ပိုင်ဇော်လည်း
အလိုလို ပြုံးမိသွားလေသည်။
ဒီမိန်းကလေး အိမ်ထဲသို့စ၀င်လာတော့
ရှိုင်းဘက်ကနေ သူမကိုပြောဆို၊
ဆက်ဆံနေပုံကိုကြည့်ခြင်းအားဖြင့်
သာမာန်မဟုတ်နိုင်မှန်း ခန့်မှန်းမိပေမဲ့
တတ်အပ်တော့ မခန့်မှန်းတတ်ခဲ့ပေ။
*၀တ်ပုံ၊စားပုံက ပုံတုံးကြီးဖြစ်နေပြီး
သနပ်ခါးတွေလည်း ကွက်ထားလေသည်။
ထို့ကြောင့် ပိုင်ဇော့်အနေနှင့် နယ်ဘက်မှ
ခေါ်လာသော ရှိုင်း၏ညီမလေးလို့သာ
တွေးထင်နေမိသည်။
"ဘာအကူအညီတောင်းမလို့လဲ..ညီမ.."
"ဟိုဟာလေ..ရေချိုးခန်းထဲကို
၀င်ကြည့်တာ ဇာတ်ကားတွေထဲကလို
ရေပိုက်ခေါင်းတွေလည်း မတွေ့ဘူးနော်..
အဲ့ဒါဘယ်လို ဖွင့်ရမလဲမသိလို့..
လိုက်ပြပေးပါလား..ညီမကတောမှာ
နေတဲ့လူဆိုတော့ ဒီလိုမျိုးတွေမသုံးဖူးဘူး.."
ချစ်ပန်းဝေလည်း ဘာကိုမှ
မကွယ်ဝှက်ထားတော့ပဲ ပွင့်ပွင့်လင်းလင်းပဲ
ပြောပြလိုက်မိလေသည်။
ကိုပိုင်ဇော်ကတော့ သဘောတကျနှင့်
ပြုံးသွားလေသည်။
"ဒါဆိုအစ်ကိုပြပေးမယ်..လာ.."
ကိုပိုင်ဇော်က ရေချိုးခန်းထဲသို့
၀င်သွားလေရာ ချစ်ချစ်လည်း
ကိုပိုင်ဇော်၏အနောက်မှ လိုက်ကာ
သင်ယူရလေတော့သည်။
"ဒီကွန်ဒိုရဲ့ ရေချိုးခန်းတွေမှာ
အရင်ကတော့
ရေပိုက်ခေါင်း တွေပဲတပ်ထားတာ..
ဒါပေမဲ့ ဆရာ၀ယ်လိုက်ပြီးနောက်မှာ
ရေချိုးခန်းတွေကို
ပြန်ပြီး ပြုပြင်လိုက်တာလေ..
..........
ဒီနံရံမှာကပ်ထားတဲ့ ခလုတ်တွေက
ရေဖွင့်တဲ့ ခလုတ်တွေပဲ...
ဒီတစ်ခုကို နှိပ်ရင် ရေတွေဖွားကနဲ
ကျလာလိမ့်မယ်..ခေါင်းတွေဘာတွေ
လျှော်ချင်ရင် ဒါကိုနှိပ်ပေါ့..
ရေများများ ကျစေချင်ရင် ဒီခလုတ်ကို
နှိပ်လိုက်...မှားစရာတော့မရှိပါဘူး..
အကုန်လုံးက ဘယ်ဟာပဲနှိပ်နှိပ်
ရေထွက်တယ်..."
"ရေက အပေါ်ကနေပဲကျမှာဆိုတော့
အမေ့ကို ရေချိုးပေးလို့
ဘယ်အဆင်ပြေတော့မလဲ.."
"ရပါတယ်ညီမရဲ့..ဒီဘက်မှာ
ရေချိုးကန်ရှိတယ်လေ..."
ကန့်လန့်ကာတစ်ခုကို ကိုပိုင်ဇော်
ဖယ်ပြလိုက်တော့မှ လူတစ်ကိုယ်စာ
၀င်ဆန့်သည့် ရေချိုးကန်ရှိမှန်း
သိရလေသည်။
ရှိုင်းတို့ ကွန်ဒိုကြီးရဲ့ ရေချိုးခန်းဟာ
ချစ်ချစ်တို့အိမ်၏ မီးဖိုချောင်ထပ်တောင်
ကျယ်နေပါသေးတယ်။
သူတို့ရဲ့ အိပ်ခန်းတစ်ခန်းစာဟာ
ချစ်ချစ်တို့၏ တစ်အိမ်စာလောက်ရှိတယ်။
သေချာနှိုင်းယှဉ်ကြည့်လျှင် ချစ်ချစ်ရယ်၊
မေမေရယ်နှင့် မမလှိုင်တို့သုံးယောက်သား
ညဘက် အိပ်စက်အနားယူသည့်
အိပ်ခန်းလေးဟာ ရှိုင်း၏အိမ်မှ
ကြွက်တွင်းလောက်သာရှိလေသည်။
"မှတ်မိလား မသိဘူး..အစ်ကိုထပ်ပြီး
ပြပေးရမလား..."
"ရေချိုးခန်းကတော့ ရပါပြီ..
ဟိုလေ..ဓာတ်လှေကားစီးတာက
ဘယ်လိုနှိပ်ရတာလဲမသိလို့ ညီမကို
လိုက်ပြပေးပါလားဟင်..အရင်က
နှိပ်ဖူးပေမဲ့ မမှတ်မိတော့လို့"
"ရပါတယ်..အစ်ကိုလိုက်ပြပေးပါ့မယ်.."
အစပိုင်းမှာတော့ ကိုယ်မရင်းနှီးသည့်
နေရာဒေသမို့ အမှားသေးသေးလေး
လုပ်မိမည်ကိုပင် ကြောက်ရွံ့နေခဲ့မိပေမဲ့
နည်းလမ်းသိသွားသည့်အခါမှာတော့
တဖြည်းဖြည်းနှင့် ရင်းနှီးလာခဲ့သလိုပါပဲ။
ကိုပိုင်ဇော်သည် ချစ်ချစ်ကိုဓာတ်လှေကား
စီးနည်းအား သေချာသင်ပေးသလို
ကွန်ဒိုကြီး တစ်ခုလုံးကိုလည်း
နှံ့နှံ့စပ်စပ် ဖြစ်အောင် လိုက်လံပြသခဲ့လေသည်။
ကိုပိုင်ဇော်၏ ပြောစကားအရ
ဒီကွန်ဒိုကြီးကို မကြာခင်ကမှ
ရှိုင်း၀ယ်လိုက်သောကြောင့် ဒီကွန်ဒိုဟာ
ရှိုင်း၏ အပိုင်သာဖြစ်သည်။
ဒါကြောင့်လည်း ကွန်ဒို၏ အခြားအလွှာတွေမှာ
အခန်းခွဲတွေရှိနေပေမဲ့ ရှိုင်းနေသော
အလွှာမှာတော့ အကုန်လုံးက
တစ်ဆက်တည်းဖြစ်နေကာ
အလွန်ကျယ်၀န်းနေလေသည်။
ရှိုင်း၏ပိုင်ဆိုင်မှုတွေဟာ ဒီကွန်ဒိုတစ်ခုထဲ
မဟုတ်လောက်မှန်း သိပေမဲ့ ပိုတွေးမိလေ
သူနဲ့ ပိုဝေးကွာသွားသလို ခံစားနေရတာတော့
အမှန်ပါပဲ။
သူက ဧရာမဆင်ကြီးတစ်ကောင်ဆိုရင်
ချစ်ချစ်ကတော့ သူ့ခြေဖဝါးအောက်မှာ
ပြားပြား၀ပ်နေရမဲ့ ပုရွက်ဆိတ်ကလေးပေါ့။
အမေ့ကို ထမင်းကျွေး၊ရေမိုးချိုး
လုပ်ပေးပြီးနောက် ချစ်ချစ်လည်း
ရေချိုးကာ ဗိုက်ဆာလွန်း၍
ရှိုင်းကိုမစောင့်တော့ပဲ
ထမင်းစားထားလိုက်မိသည်။
ညနေခြောက်နာရီသို့ ရောက်လာသည့်
အခါမှာတော့
အလုပ်သမားတွေလည်း
ပြန်ကုန်ကြလေသည်။
"တူမကြီး..ဦးလေးတို့
အလုပ်ဆင်းတော့မယ်နော်..
ဒီမှာအခန်းဖွင့်တဲ့ကဒ်ပြား ထားခဲ့ပါတယ်..."
"သမီးမယူပါရစေနဲ့ တော်ကြာ
ရှိုင်းက သမီးကိုဆူနေပါအုံးမယ်.."
ဒီကွန်ဒိုအခန်းတံခါး၏ လျှို့ဝှက်ကုဒ်ကို
သိသောသူဟာ ရှိုင်းတစ်ယောက်တည်းသာ
ရှိလေသည်။
လျှို့ဝှက်ကုဒ်မရိုက်ပဲ ဖွင့်ပါက
ကဒ်နှင့်သာ ဖွင့်လို့ရနိုင်လိမ့်မည်။
ရှိုင်းသည် ဦးဟန်ထွန်းကိုယုံကြည်၍
ကဒ်ပေးထားသည်မို့ ချစ်ချစ်ကတော့
လက်မခံရဲပေ။
"ယူလိုက်ပါ တူမကြီးရဲ့
ဆရာကဦးလေးကိုယုံကြည်လို့
ပေးထားပေမဲ့ အခုဆရာလည်းခရီးက
ပြန်ရောက်လာပြီမို့ ပြန်ပေးခဲ့ချင်တာပါ
အရင်ကလည်း ဒီလိုလုပ်နေကြပါပဲ
နေ့ခင်းက ပေးဖို့မေ့သွားလို့
တူမကြီးပဲ ဆရာ့ကိုပေးလိုက်ပါနော်..."
"ဟုတ်ကဲ့..ဒီလိုဆိုတော့လည်း
သမီးပဲ သူ့ကိုပေးလိုက်ပါ့မယ်.."
ဦးဟန်ထွန်းလက်ထဲမှ ကဒ်ပြားလေးကို
ယူလိုက်ပြီးနောက် အားလုံးအိမ်ထဲမှ
ထွက်သွားသည်နှင့် တံခါးကို
သေချာပိတ်ကာ အမေအိပ်နေသော
အခန်းထဲသို့ ၀င်လိုက်ပြီး အခန်းတံခါးကို
လော့ချ၍ အိပ်ရာပေါ်တွင်
လှဲချလိုက်မိလေသည်။
"ဒီတစ်ထပ်လုံးမှာ ငါရယ်၊အမေရယ်
နှစ်ယောက်တည်းဆိုတော့ ကြောက်စရာကြီး..
သူကလည်း ဘယ်အချိန်မှပြန်လာမယ်မှန်း
မသိဘူး..ယောက်ျားယူမိတာ
မှားပြီထင်ပါတယ်.."
အမျိုးမျိုး ညည်းတွားလိုက်မိပြီးနောက်
တစ်ယောက်ယောက်ကို
ရင်ဖွင့်ချင်လာမိလေသည်။
ထို့ကြောင့် ဧည့်ခန်းထဲသို့သွားကာ
ကြိုးဖုန်းမှတစ်ဆင့် မမလှိုင်ဆီသို့
ဖုန်းခေါ်လိုက်မိသည်။
အချိန်အားဖြင့် ခြောက်နာရီခွဲလောက်
ရှိပြီဖြစ်၍ ဒီအချိန်ဆိုမမလှိုင်တစ်ယောက်
အနားယူနေလောက်မှာ သေချာသည်။
"ဟယ်လို..ဘယ်သူပါလဲ.."
ထင်ထားခဲ့သည့်အတိုင်းပါပဲ..
ဖုန်းခေါ်လိုက်သည်နှင့် မမလှိုင်
ချက်ချင်း ဖုန်းကိုင်လေသည်။
"မမလှိုင်...သမီး..ချစ်ပန်းဝေပါ..
မမလှိုင်တို့ကို သတိရလို့
ဖုန်းဆက်လိုက်တာ.."
တစ်ဖက်မှာတော့ ချစ်ပန်းဝေ၏အသံကို
ကြားသည်နှင့် ယုယလှိုင်လည်း
အင်မတန်ပျော်ရွှင်သွားလေသည်။
တစ်နေကုန် ညီမဖြစ်သူကို
စိတ်ပူနေရ၍ အလုပ်တောင်ဖြောင့်အောင်
မလုပ်နိုင်ဖြစ်နေရသည်။
"ချစ်ချစ်ရယ်..
နင်ဖုန်းသာအမြန်ဝယ်စမ်းပါဟယ်..
မဟုတ်ရင် ငါ့မှာလေ..နင်ရန်ကုန်ကို
ရောက်သလား မရောက်သလားတွေးပြီး
စိတ်ပူနေရတာ..."
မမလှိုင်က တကယ်စိတ်ပူနေသည်ထင်ပါရဲ့
ယခုစကားပြောနေတာတောင် အသံမှာ
မာန်ပါနေလေသည်။
"မမလှိုင်ကလည်း ချစ်ချစ်မှာဖုန်းမရှိပေမဲ့
လေးလေးကို အန်တီစံပယ်တို့ရဲ့
ဖုန်းနံပါတ်နဲ့ ရှိုင်းရဲ့ဖုန်းနံပါတ်
ပေးထားခဲ့တယ်လေ.."
"အဖေကဒီနေ့ထော်လာဂျီထွက်တယ်လေ
အဲ့တော့ သူ့ကိုငါမမေးလိုက်ရဘူးပေါ့...
နင့်ယောက္ခမတွေကို
အန်တီတွေ၊ဦးလေးတွေ မခေါ်နဲ့တော့လေ..
သူတို့သားနဲ့ညားတော့ သူတို့ကလည်း
နင့်မိဘတွေ ဖြစ်သွားပြီပေါ့..
အဲ့တော့ အဖေ၊အမေလို့ပဲခေါ်.."
"ဟုတ်ကဲ့ပါ..ခေါ်နေကြမဟုတ်တော့
အသားမကျသေးလို့ပါ..ဒါနဲ့လေးလေးတို့ရော
နေကောင်းတယ်မဟုတ်လား.."
"ဟဲ့..နင်မနက်ကမှ ရွာကထွက်တာကို
တစ်ရက်တောင်မခြားသေးတာ
အဖေတို့၊အမေတို့က အကောင်းကြီးပဲပေါ့..
ဘာဖြစ်စရာရှိမလဲ..ကိုယ့်ဘာသာ
အဆင်ပြေအောင် နေစမ်းပါ..
အဲ့မှာ နင်အဆင်ရောပြေရဲ့လား...
အခု..နင့်ယောက္ခမအိမ်မှာ နေတာလား.."
"မဟုတ်ဘူး..မမလှိုင်ရဲ့..ရှိုင်းက
သူ့ရဲ့ကိုယ်ပိုင် အိမ်ရှိတယ်..
ချစ်ချစ်တို့က သူ့ကွန်ဒိုမှာလိုက်နေရတာ..
အခုလောလောဆယ်တော့
သူအပြင်ထွက်သွားတယ်...
ဒီကွန်ဒိုကြီးထဲမှာ သမီးရယ်၊အမေရယ်
နှစ်ယောက်တည်းဆိုတော့ ကြောက်လို့
စကားပြောဖော်ရအောင် မမလှိုင်ကို
လှမ်းဆက်လိုက်တာ..."
"နေပါအုံး..နင့်ယောက်ျားကဘယ်ကို
သွားနေတာလဲ..."
"မသိပါဘူးအစ်မရယ်..သမီးကိုလည်း
ပြောမသွားဘူး..."
"ဟယ်..အခုမှပူပူနွေးနွေးယူထားတဲ့
မိန်းမကို ဘာမပြော၊ညာမပြောပဲ
အပြင်ထွက်စရာလားဟဲ့..တကယ်ပါပဲ
ဒါနဲ့ သူနင့်ကိုအနိုင်ကျင့်သေးလား..
အနိုင်ကျင့်လာရင်လည်း ငြိမ်မခံနဲ့နော်..."
"ငြိမ်မခံပါဘူး..မနက်ကတောင်
သမီးသူ့ကို ပညာပြလိုက်သေးတယ်..."
"ဟင်..ဘယ်လိုပညာပြလိုက်တာလဲ.."
မမလှိုင်ဟာ အစ်မ၀မ်းကွဲဆိုပေမဲ့
ညီအစ်မအရင်းလိုပဲ အမြဲတိုင်ပင်နေကြမို့
ချစ်ချစ်လည်း မနက်ကကိစ္စတွေကို
ရင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်မိတော့သည်။
"မနက်တုန်းက လမ်းမှာလေ အမေက
ကြက်ကြော်ဆိုင်ကိုတွေ့တော့
ကြက်ကြော်စားချင်တယ်ဆိုပြီး
ပူဆာရော..
...........
အဲ့ဒါနဲ့ကားရပ်ပြီး
သမီးက ကြက်ကြော်၀င်၀ယ်ရတာပေါ့..
ဒါပေမဲ့ မမလှိုင်ရယ်..သမီးက
၀ယ်နေကြမဟုတ်တော့ တိုင်ပတ်နေတာပေါ့..
.........
အဲ့အချိန်မှာ အစ်ကိုတစ်ယောက်က
ရောက်လာပြီး ကူညီပေးတာကို
ရှိုင်းက မြင်သွားရော
အဲ့လူနဲ့ဘာ..ညာဖြစ်တယ်ဆိုပြီး အမျိုးမျိုး
သမုတ်တော့တာပဲ.."
"ဟယ်...နင့်ယောက်ျားက ဆိုးလှချည်လား
အကြောင်းအရင်းသေချာမသိပဲ
စွတ်စွဲစရာလားဟဲ့..."
"အေးလေ..အဲ့ဒါပြောတာပေါ့...
လူကိုများ စွတ်စွတ်စွဲစွဲနဲ့
မဟုတ်တမ်းတရားတွေ
လာပြောနေတော့ သမီးလည်း
ဘယ်သည်းခံနိုင်တော့မှာလဲ...
"အေးလေ..သည်းခံစရာလား..
ငါ့ညီမက ရည်စားတောင်တစ်ယောက်မှ
မထားဖူးသေးတဲ့ အပျိုနုနုထွတ်ထွတ်လေး..
ဒင်းက ရှေ့မှာဘယ်နှစ်ယောက်တောင်
ထားပြီးပြီမှန်း မသိပဲနဲ့..
ငါ့ညီမကိုများ ရာရာစစ..
သတိတော့ထားနော် ရုပ်ရှင်မင်းသားတွေက
ပိုပြီး ယုံရတာမဟုတ်ဘူး..
........
သူကအဲ့လို စွတ်စွဲတော့
နင်က ဘာမှပြန်မပြောလိုက်ဘူးလား.."
"မပြောပဲနေမလား မမလှိုင်ရဲ့...
သမီးလည်း နေရာမှာတင် အော်ကြီးဟစ်ကျယ်
ထိုင်ငိုပစ်လိုက်တာပေါ့..
သူက ရုပ်ရှင်းမင်းသားဆိုတော့
အရှက်ကွဲခံနိုင်မှာမဟုတ်ဘူးလေ..
လူတွေဝိုင်းအုံလာမှာစိုးလို့
သူ့မျက်နှာကြီးပျက်ယွင်းနေတာများ
မန်ကျဉ်းစေ့လောက်ပဲ ရှိတော့တယ်သိလား
............
နောက်ဆုံးသူ့ဘက်က တောင်းပန်တော့မှ
သနားလို့ ကျေအေးပေးလိုက်တာ..."
"ဟား..ဟား..ဘယ်ဆိုးလို့လဲ
ငါ့ညီမက ဒီလိုလည်း
ကလဲ့စားချေတတ်သားပဲ"
ချစ်ပန်းဝေ၏စကားကြောင့်
ယုယလှိုင်ကတော့ အားရပါးရ
ထရယ်လေတော့သည်။
"ကလဲ့စားချေတယ်ရယ်လို့တော့
မဟုတ်ပါဘူး
သူက အရမ်းနိုင်စားလွန်းလို့
အရွဲ့တိုက်မိလိုက်တာပါ
ဒါပေမဲ့ တကယ်ထိရောက်မယ်လို့တော့
မထင်ခဲ့မိဘူး..."
"အခုတော့ တကယ်ထိရောက်ပြီး
သူနင့်ကို တောင်းပန်လိုက်ရတယ်
မဟုတ်လား...
.........
ငါ့ညီမလေးတော်တယ်
ဒီလိုပဲဖြစ်နေရမယ်...နင့်ယောက်ျားက
အရာရာ ပြည့်စုံနေတယ်ဆိုပြီး
ရုပ်ကိုက မာန်တက်နေတဲ့ရုပ်..
..........
နင်သူ့ကို အမြဲတမ်း
လိုက်လျောမပေးနဲ့သိလား
နိုင်လို့ရရင် အမြဲနိုင်နေမှာ...
အင်း..ငါလည်းရန်တိုက်ပေးမိသလို
ဖြစ်နေပြီနဲ့တူတယ်..."
"မဖြစ်ပါဘူးမမလှိုင်ရဲ့ ညီမလေး
နားလည်ပါတယ်..ဒါနဲ့ကိုကြီးလှိုင်မြင့်ဦးရော
လယ်ထဲ ဆင်းသေးလား.."
"လယ်ထဲတော့ သွားပါတယ်..
ဒါပေမဲ့ ဖင်ပူအောင်တော့မထိုင်ဘူးလေ..
ပုတ်စင်ထဲကို စပါးအိတ်တွေထမ်းသယ်ဖို့
သူ့ကို ဘယ်မှာမှရှာမရဘူးလေ...
.............
အဲ့ဒါနဲ့..
ငါ့မှာ အိမ်မှုကိစ္စလည်းလုပ်ရ
အလုပ်သမားလည်း ရှာရနဲ့
ဒေါင်ချာဆိုင်းနေတာပဲဟာ..
ဟင်း..နင်မရှိတော့ ငါပဲဒိုင်ခံပြီး
လုပ်နေရတာပေါ့...."
"အင်းပါ...ဒေါ်ကြီးကိုလည်း
သေချာဂရုစိုက်ပါနော်...သဲသဲတို့ရော
မရှိဘူးလား.."
"အပြင်မှာ သွားဆော့နေကြတယ်လေ.."
ယုယလှိုင်နှင့် ချစ်ပန်းဝေတို့
ညီအစ်မနှစ်ယောက်
အေးဆေး ဖုန်းပြောနေစဉ်မှာပဲ
ယိုင်တိုင်တိုင်နှင့် မူးရူးနေသော
လှိုင်မြင့်ဦးသည် အိမ်ပေါ်သို့ခြေသံ
တဒုန်းဒုန်းမြည်အောင် နင်းပြီး
တက်လာလေတော့သည်။
"ယုယလှိုင်ရေ..ဟေ့..ယုယလှိုင်..
ဘယ်မလဲဟ...ဒီမှာနင့်အစ်ကို
ပြန်ရောက်လာပြီနော်..ရေခပ်ပေးစမ်း...
ဟဲ့..ငါခေါ်နေတယ်လေ...
နားကန်းနေလို့ ထွက်မလာတာလား..
ငါ့ညီမလေး ချစ်ပန်းဝေဆို...
ခေါ်သံကြားတာနဲ့ထွက်လာပြီ
ဒင်းကတော့ အလိုက်ကိုမသိဘူး.."
အိမ်ရှေ့ခန်းကနေ အော်ကျယ်အော်ကျယ်
လုပ်နေသော လှိုင်မြင့်ဦးကြောင့်
ယုယလှိုင်လည်း နားမခံနိုင်တော့ပဲ
ဖုန်းကိုင်ကာ ထွက်လာရလေတော့သည်။
"အစ်ကိုကြီး..နင်ဘယ်လိုဖြစ်နေတာလဲ
ဒီမှာ ချစ်ချစ်နဲ့ဖုန်းပြောနေတဲ့ဥစ္စာ..
အေးဆေးကိုမနေရဘူး..."
"ဘာ!!..ချစ်ချစ်နဲ့ဖုန်းပြောနေတာဟုတ်လား
ပေးစမ်း..ပေးစမ်း
ငါလည်းပြောမယ်..ချစ်ချစ်ကို
ငါလည်း သတိရနေတာ..."
လှိုင်မြင့်ဦးသည် မူးမူးနှင့်ယုယလှိုင်၏
လက်ထဲမှ ဖုန်းကိုဆွဲလုလိုက်ကာ
နားမှာ ကပ်ထားလိုက်လေသည်။
"ဟယ်လို...ချစ်ချစ်ရေ..ဟာ
လိုင်းမကောင်းဘူးထင်တယ်..
အိမ်ရှေ့ကို ထွက်ပြောအုံးမှပဲ..."
"ဟဲ့..ငါ့ဖုန်းလေးကွဲပါအုံးမယ်..
ရှိတာမှ ဒီတစ်လုံးတည်းရယ်ဟ.."
ဖုန်းကိုလေထဲမှာထောင်ပြီး လှိုင်မြင့်ဦးသည်
အိမ်ပေါ်မှ ပြေးဆင်းသွားတော့
ယုယလှိုင်လည်း ပြေးလိုက်ရလေသည်။
အမူးသမားလက်ထဲမှာ ကြာကြာထားမိရင်
ဖုန်းလေးပါ မူးနောက်ပြီး
ကွဲအပ်သွားနိုင်သောကြောင့်ပါပဲ။
"ဟယ်လိုချစ်ချစ်...
ညီမလေးအဆင်ပြေရဲ့လား.."
လှိုင်မြင့်ဦး၏ လျှာလိပ်နေသော
အသံကိုကြားသည်နှင့် ဖုန်းတစ်ဖက်မှ
ချစ်ပန်းဝေသည်လည်း ပြုံးမိသွားလေသည်။
လူကသာမူးနေပေမဲ့ ညီမဖြစ်သူကို
စိတ်ပူပေးဖော်တော့ ရသားပဲဟု
တွေးမိကာ အားရှိသွားမိလေသည်။
"အဆင်ပြေပါတယ်ကိုကြီးရဲ့
ညီမက အခုရှိုင်းရဲ့ကိုယ်ပိုင်
ကွန်ဒိုမှာနေရတာလေ ဒီကွန်ဒိုကြီးက
အထပ်တွေအများကြီးပဲ
ရေကူးကန်တွေရော အားကစားလုပ်တဲ့
နေရာတွေရောရှိတယ်.."
"နင်ငါ့ကို ရှည်ရှည်ဝေးဝေး
ရှင်းပြမနေစမ်းပါနဲ့ဟာ...
နင့်ယောက်ျားပိုင်တာ..
ငါပိုင်ရတာလဲမဟုတ်ပဲနဲ့
ဒါနဲ့ စားရေးသောက်ရေးရော
အဆင်ပြေရဲ့လား..."
"ဟုတ်ကဲ့ ပြေပါတယ်ကိုကြီးရဲ့
ချက်တာ၊ပြုတ်တာလည်း အလုပ်သမား
သပ်သပ်ရှိတယ်လေ.."
"အေးပါ..အဆင်ပြေရင်ပြီးတာပါပဲ..
နင်ကအဲ့ဒီ့မှာ ကောင်းကောင်းနေ၊
ကောင်းကောင်းစားရတော့ ငါတို့ကိုလည်း
မမေ့သွားနဲ့အုံးနော်..ငါ့မှာတော့
ထမင်းစားလည်း ခူးကျွေးမဲ့သူမရှိလို့
နင့်ကို လွမ်းနေရတာဟ..."
"အံမယ်..သူခိုင်းလို့ရမဲ့သူမရှိလို့
သတိရတာများ..မနက်တုန်းကတော့
အမျိုးမျိုးကတိတွေပေးပြီး
ခုကြတော့ အရက်တွေမူးနေတယ်မဟုတ်လား..
ကတိလည်းမတည်ဘူး.."
"ဟဲ့...ငါကသောက်ချင်လို့
သောက်တာမဟုတ်ဘူး..
နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့
သောက်တာဟ..ဘာမှလည်းမသိဘူး..."
"ဟုတ်ပါပြီ...နောက်နေ့လှမ်းဆက်လို့
သောက်သေးတယ်ဆိုရင်တော့
သေခန်းပြတ်ပဲနော်.."
"ကြမ်းလှချည်လားဟ..
အေးပါဟာ..ငါ့ညီမလေးစကားကို
ကိုကြီးက နားထောင်ပါတယ်.."
"အပိုတွေ..အဲ့လိုပြောပြီး..
သိပ်မကြာဘူး..ဖဲဝိုင်းကိုသွားအုံးမှာ
မဟုတ်လား..."
"မသွားပါဘူးဟာ..စိတ်ချစမ်းပါ.."
"အဲ့ဒါဆိုလည်း ပြီးတာပဲ
ဖုန်းချလိုက်တော့မယ်နော်..."
"အေး..အေး.."
တစ်ဖက်မှ ချစ်ပန်းဝေက
ဖုန်းချသွားပေမဲ့
အိမ်ရှေ့မှ ဖြတ်သွားသော ဒေါ်ငွေခင်ကို
တွေ့လိုက်ရသည့်အခိုက်
လှိုင်မြင့်ဦးရင်ထဲတွင်
ကလဲ့စားချေချင်စိတ်တွေ
တဖွားဖွားပေါ်ထွက်လာလေသည်။
ထို့ကြောင့် စပ်စုသလိုကြည့်လာသည့်
ဒေါ်ငွေခင်ကြီးကို မျက်စောင်းထိုးပစ်ကာ
ဖုန်းကို နားမှာကပ်ကာဟန်ဆောင်၍
ဆက်ပြီး ကိုင်ထားပစ်လိုက်သည်။
"အေး..ချစ်ချစ်ရေ..နင်ကတိုက်ကြီးပေါ်မှာ
ဇိမ်နဲ့ နေနေရတယ်ဟုတ်လား...
.......
ဘာ...ရေကူးကန်လည်းရှိတယ်...
အဲ့ဒါဆို နင်အကြိုက်ကူးလို့ရပြီပေါ့..
..........
ဟား..ထမင်း၊ဟင်းတောင်
ကိုယ်တိုင်ချက်စရာမလိုဘူးဆိုတော့
ငါ့ညီမက သူဌေးမလေးလို
နေနေရတာပဲဟ...
......
အေး..ကောင်းတယ်..ကောင်းတယ်..
ဒီရွာက ငွေမက်တဲ့မိန်းမကြီးတွေက
အလကားနေ မာန်တက်ပြီး
ငါ့ညီမကို မလိုချင်ဘူးဘာညာပြောခဲ့ကြတာ
........
သူတို့သားတွေကြည့်တော့
ဂျိုကျိုး၊နွားရွက်ပဲ့တဲ့ နွားတွေလောက်တောင်
သားသားနားနား မရှိကြပဲနဲ့...
...........
အခုတော့ ရွာနားကနွား တွေနဲ့
ကင်းဝေးသွားပြီမို့ ကိုကြီးလည်း
စိတ်ချသွားပါပြီငါ့ညီမရယ်..."
"ဟဲ့..လှိုင်မြင့်ဦး...နင်ဘယ်သူ့ကို
စောင်းပြီးပြောနေတာလဲ..."
ဒေါ်ငွေခင်တစ်ယောက် လှိုင်မြင့်ဦး၏
ရွဲ့စောင်းပြီး ပြောနေတာတွေကို
နားမခံနိုင်တော့၍ လှိုင်မြင့်ဦးတို့၏
ခြံထဲသို့ ခြေစောင့်၍ ၀င်လိုက်ပြီး
ရန်တွေ့လေတော့သည်။
လှိုင်မြင့်ဦးသည်လည်း နဂိုကမှလူမိုက်ဖြစ်၍
ဖုန်းကိုချက်ချင်း ပိတ်ပစ်လိုက်ကာ
ခါးထောက်၍ ရန်တွေ့ရန်
ဟန်ပြင်လိုက်လေသည်။
"ဟေ့..ဒေါ်ငွေထုပ်ကြီး..."
"ဟဲ့..ငါ့နာမည်ငွေခင်..ဘာကို
ဒေါ်ငွေထုပ်လဲ.."
"ခင်ဗျားဘာသာ ထုပ်ချင်ထုပ်..ခင်ချင်ခင်
ကျုပ်စိတ်မ၀င်စားဘူး...
ကျုပ်ဘာသာ ကိုယ့်ခြံထဲမှာ
ပြောချင်ရာပြောမှာပေါ့..ခင်ဗျားနဲ့
ဘာဆိုင်လဲ..."
"ဟဲ့...နင့်စကားက ဆူးလှည်းကြီးလို
ဟိုငြိ..ဒီငြိဖြစ်နေလို့ ၀င်ပြောရတာဟဲ့.."
"အောင်မယ်...ဘာဟိုငြိ..ဒီငြိလဲ...
ကျုပ်ဘာကျုပ် ကိုယ့်ညီမနဲ့စကားပြောနေတာ
ခင်ဗျားဘာသာ အနာပေါ်တုတ်ကျပြီး
ကျုပ်ခြံထဲကို ၀င်လာတာလေ..
.........
ကျုပ်ကဆူးလှည်းကြီးဆိုရင်
ခင်ဗျားဘာသာ..မူးသလူးပြီး
လာ၀င်တိုက်တာမဟုတ်ဘူးလား
.......
..သွား..သွား..
ကျုပ်တို့ခြံက မင်္ဂလာရှိတဲ့ခြံဗျ...
ခင်ဗျားလို လောဘဇောတိုက်နေတဲ့
ပြိတ္တာတွေ ၀င်ချင်တိုင်း၀င်လို့ရတဲ့နေရာ
မဟုတ်ဘူး..."
"လှိုင်မြင့်ဦး...နင်မမှိုက်ရိုင်းနဲ့နော်...
နင်ကသာ ငရဲအိုးဂျိုးကပ်မဲ့ကောင်ဟဲ့
ငါ့ကိုများ ပြိတ္တာတဲ့..အရပ်ကတို့ရေ
ကြားလို့မှ ကောင်းကြသေးရဲ့လား..."
"ဟာ..နားတွေကိုငြီးနေတာပဲ...
ဘယ့်နှယ် သူများအိမ်ရှေ့မှာ
လာတောင်းနေရတာလဲ...
စားစရာမရှိရင်လဲ...ဘုန်းကြီးကျောင်းမှာ
ထမင်းကျန်..ဟင်းကျန်သွားတောင်းလေ..."
"ကောင်စုတ်..နင်ကများငါ့ကို
ပြောရတယ်လို့..နင့်ညီမကသူဌေးနဲ့
ငှားတယ်ဆိုပြီး...
မာန်တွေသိပ်တက်မနေနဲ့ဟဲ့
...............
ကျီးကန်းကို
ဘယ်လောက်အရောင်ပြောင်းပေးပေး
*အာ..အာ..*ဆိုတဲ့အသံတော့
ဖျောက်လို့ မရဘူးမှတ်ထား...
.........
သိပ်ပြီး မာန်တက်မနေနဲ့..
မနေဖူးတဲ့နေရာမှာနေ..မစားဖူးတာတွေ
စားပြီး ဘယ်တော့ခွေးကျကျမလဲ
ငါစောင့်ကြည့်နေမယ်.."
"ဟာ..ဒီမိန်းမကြီးကတော့
သူများခြံထဲ၀င်လာပြီး
အမျိုးမျိုးဟောင်နေတော့တာပဲ..."
ညီမကိုပြောလာလျှင် လုံး၀မခံနိုင်သူမို့
ခြံစည်းရိုးမှာထောင်ထားသည့်
တံမြက်စည်းကို ကောက်ယူပစ်လိုက်လေသည်။
"ရှူး..ရှူး...သူ့လဲ..ဘယ်သူမှမခေါ်ပဲ
သူများခြံထဲ၀င်လာတယ်
ရှူး..သွား.."
"ဟဲ့...လှိုင်မြင့်ဦး...နင်ငါ့ကို
ခွေးလိုမောင်းထုတ်စရာအကြောင်းမရှိဘူး...
နင်တို့ခြံထဲမပြောနဲ့
နင်တို့အိမ်ရှေ့ကနေတောင်
ဖြတ်မလျှောက်ချင်ဘူး သိရဲ့လား.."
လှိုင်မြင့်ဦးကို ပြန်သာပြောနေရပေမဲ့
တံမြက်စည်းနှင့် မြေကိုလှည်းသလိုလိုလုပ်ပြီး
ကိုယ့်ကို ခွေးမောင်းသလို
မောင်းထုတ်နေ၍ ဒေါ်ငွေခင်လည်း
လန့်ပြီး အလိုလိုနေရင်း
ခြံအပြင် ရောက်သွားရလေသည်။
"အေး..ခင်ဗျားစကားအတိုင်းပဲနော်..
ကျုပ်အိမ်ရှေ့က ဖြတ်လျှောက်တဲ့နေ့
ကျုပ်နဲ့တွေ့တဲ့နေ့ပဲ...
သွား...ခြုံပဲတိုး..."
"အောင်မာ...အရူးကများ
တမူးသာရတယ်လို့...နင်တို့နဲ့များ
ငါကလည်း မပတ်သတ်ချင်ဘူးဟေ့
ထွီ..ရွံလို့..."
"ကျုပ်ကခင်ဗျားထပ်ပိုရွံတယ်..ထွီ..ထွီ.."
"နင့်ကိုငါက..ပိုရွံတယ်ဟဲ့..ထွီ..ထွီ..ထွီ..."
"ငွေမက်တဲ့ မိန်းမကြီးကများ..
ထွီ..ထွီ..ထွီ..ထွီ..."
"အသုဘတကာလှည့်ပြီး ဖဲရိုက်တဲ့
ကောင်ကများ ထွီ...ထွီ..ထွီ..ထွီ..ထွီ..."
ခြံပေါက်၀မှာ လှိုင်မြင့်ဦးနှင့်ဒေါ်ငွေခင်တို့
တစ်ယောက်တစ်လှည့်ဆီ မြေကြီးကို
သထွေးနှင့် ထွေးနေကြတာကိုကြည့်ပြီး
ယုယလှိုင်ကတော့ ငိုရခက်၊ရယ်ရခက်
ဖြစ်နေရလေသည်။
*မူးလာရင်..ပေါက်ကရလုပ်တတ်သည့်
အစ်ကိုကြီးကြောင့် တကယ်ကို
စိတ်ညစ်ရပါသည်..**
♥️♥️♥️♥️♥️♥️♥️♥️
လှိုင်မြင့်ဦးနဲ့တော့ တကယ်မလွယ်ဘူး😄
(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူး တင်ရှိပါတယ်နော်..)
************************
************************
(ဖတၼရသူေၾတအၾတက္ ေအာကၼြာ ဖတႅိဳ႕ေရအာငႅဳပ္ေပးထားပါတယ္ )
🌺အခန္း(၁၉)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺
"ေဒါက္..ေဒါက္..."
အခန္းထဲတြင္ အနားယူေနတုန္း
တံခါးေခါက္သံၾကား၍ တံခါးဖြင့္ေပးလိုက္ေတာ့
အိမ္သန႔္ရွင္းေရးကို တာ၀န္ယူထားေသာ
ကိုပိုင္ေဇာ္ျဖစ္ေနသည္။
"ဟင္းက်က္ပါၿပီဗ်..အဲ့ဒါထမင္းစားခန္းမွာပဲ
စားမလား..အိပ္ခန္းထဲကိုလာပို႔ေပးရမလား.."
"အခန္းထဲကို လာပို႔လို႔ရရင္
ပို႔ေပးပါလား...ညီမကေနာက္မွစားမွာမို႔
တစ္ေယာက္စာပဲ စီစဥ္ေပးပါေနာ္.."
"ဟုတ္ကဲ့..စီစဥ္ေပးပါ့မယ္..."
ကိုပိုင္ေဇာ္ထြက္သြားၿပီးေနာက္ အေမ့ကို
ၾကည့္လိုက္ေတာ့ ေမြ႕ယာေပၚမွာ
ခုန္ေပါက္ေနေလသည္။
ေမြ႕ယာက အိေနေတာ့
သူအရမ္းေပ်ာ္ေနတယ္ထင္ပါရဲ႕။
ထမင္းစားခန္းထဲမွာပဲ အေမ့ကို
ေကြၽးခ်င္ေပမဲ့ အေမ့စိတ္ေရာဂါေၾကာင့္
အဆင္ေျပႏိုင္မည္မထင္ေပ။
အခုဒီအခန္းေတာင္ တစ္ခဏေလးႏွင့္
ပြလန္ေနေလၿပီ။
ရႈိင္းဘက္ကေတာ့ အရိပ္အေယာင္ေတာင္
ထြက္မျပသလို ဘာအသံမွလည္း
မၾကားရေပ။
"ညီမေရ..ထမင္းနဲ႔ဟင္းရပါၿပီ...
အခန္းထဲကို သယ္သြားေပးရမလားဗ်.."
"ဟုတ္ကဲ့..ေက်းဇူးတင္ပါတယ္..."
"ေဟး...ထမင္းစားရေတာ့မယ္ေဟ့..
ေပ်ာ္လိုက္တာ..ထမင္းစားရေတာ့မယ္..."
အေမက ထေအာ္ၿပီး လက္ခုပ္ေတြ
တီးေနေတာ့ ကိုပိုင္ေဇာ္ကအေမ့ကို
စူးစမ္းသလို ၾကည့္လိုက္ေလသည္။
ခ်စ္ခ်စ္ကေတာ့ အေမ့ကိုလည္း
အတင္းအၾကပ္ မတားဆီးခ်င္သလို
ကိုပိုင္ေဇာ္ကိုလည္း
အမွန္အတိုင္းမေျပာျပခ်င္ေပ။
"ဒါနဲ႔...ရႈိင္းေရာ..ထမင္းထြက္စားေသးလား.."
"ဟုတ္ကဲ့..ဆရာကနည္းနည္းပဲစားၿပီး
အျပင္ထြက္သြားပါတယ္.."
"ဟုတ္လား..သူဘာေျပာခဲ့ေသးလဲ.."
"ဘာမွေတာ့ မေျပာခဲ့ဘူးဗ်..."
လက္ထပ္ၿပီးတာ ဘယ္ႏွစ္ရက္မွ
မရွိေသးေပမဲ့ ခ်စ္ခ်စ္တို႔ႏွစ္ေယာက္ရဲ႕
ဆက္ဆံေရးကေတာ့ လုံး၀ေအးစက္
ေနေလၿပီ။
*ေအးေလ..ခ်စ္လို႔ယူခဲ့ၾကတာမွမဟုတ္ပဲ..*
"ဦးဟန္ထြန္းကၾကက္ဘူးဟင္းအျပင္..
ပုဇြန္ထုပ္ဆီျပန္ကိုပါ ခ်ဥ္စပ္ေလး
ခ်က္ေပးလိုက္ပါတယ္..
စားလို႔ အဆင္မေျပရင္လည္း
ေျပာပါ..ဦးဟန္ထြန္းကသူျပန္ၿပီး
လုပ္ေပးပါ့မယ္တဲ့.."
"ဟုတ္ကဲ့..အခုခ်က္ေပးတာေတြနဲ႔တင္
အဆင္ေျပေနပါၿပီ...ဦးဟန္ထြန္းကိုေရာ
ကိုပိုင္ေဇာ္ကိုေရာ ေက်းဇူးတင္ပါတယ္ေနာ္.."
"ရပါတယ္ဗ်ာ..ေက်းဇူးတင္ဖို႔မလိုပါဘူး..
ဒါက အစ္ကိုတို႔တာ၀န္ပါ
ညီမလိုအပ္တာရွိေသးရင္လည္း အစ္ကို႔ကို
အားမနာတမ္း ခိုင္းလို႔ရပါတယ္.."
အိမ္ရွင္က စိတ္ပုပ္ေပမဲ့ အိမ္အလုပ္သမားက
စိတ္သေဘာထားေကာင္းေတာ့
တစ္မ်ိဳး စိတ္ခ်မ္းသာရပါတယ္။
"ခိုင္းခ်င္တာရယ္မဟုတ္ပါဘူး...
အကူအညီေတာင္းခ်င္တာေတာ့ ရွိပါတယ္.."
ခ်စ္ပန္းေဝ၏ အားနာေနေသာ
အမူအရာေလးေၾကာင့္ ပိုင္ေဇာ္လည္း
အလိုလို ၿပဳံးမိသြားေလသည္။
ဒီမိန္းကေလး အိမ္ထဲသို႔စ၀င္လာေတာ့
ရႈိင္းဘက္ကေန သူမကိုေျပာဆို၊
ဆက္ဆံေနပုံကိုၾကည့္ျခင္းအားျဖင့္
သာမာန္မဟုတ္ႏိုင္မွန္း ခန႔္မွန္းမိေပမဲ့
တတ္အပ္ေတာ့ မခန႔္မွန္းတတ္ခဲ့ေပ။
*၀တ္ပုံ၊စားပုံက ပုံတုံးႀကီးျဖစ္ေနၿပီး
သနပ္ခါးေတြလည္း ကြက္ထားေလသည္။
ထို႔ေၾကာင့္ ပိုင္ေဇာ့္အေနႏွင့္ နယ္ဘက္မွ
ေခၚလာေသာ ရႈိင္း၏ညီမေလးလို႔သာ
ေတြးထင္ေနမိသည္။
"ဘာအကူအညီေတာင္းမလို႔လဲ..ညီမ.."
"ဟိုဟာေလ..ေရခ်ိဳးခန္းထဲကို
၀င္ၾကည့္တာ ဇာတ္ကားေတြထဲကလို
ေရပိုက္ေခါင္းေတြလည္း မေတြ႕ဘူးေနာ္..
အဲ့ဒါဘယ္လို ဖြင့္ရမလဲမသိလို႔..
လိုက္ျပေပးပါလား..ညီမကေတာမွာ
ေနတဲ့လူဆိုေတာ့ ဒီလိုမ်ိဳးေတြမသုံးဖူးဘူး.."
ခ်စ္ပန္းေဝလည္း ဘာကိုမွ
မကြယ္ဝွက္ထားေတာ့ပဲ ပြင့္ပြင့္လင္းလင္းပဲ
ေျပာျပလိုက္မိေလသည္။
ကိုပိုင္ေဇာ္ကေတာ့ သေဘာတက်ႏွင့္
ၿပဳံးသြားေလသည္။
"ဒါဆိုအစ္ကိုျပေပးမယ္..လာ.."
ကိုပိုင္ေဇာ္က ေရခ်ိဳးခန္းထဲသို႔
၀င္သြားေလရာ ခ်စ္ခ်စ္လည္း
ကိုပိုင္ေဇာ္၏အေနာက္မွ လိုက္ကာ
သင္ယူရေလေတာ့သည္။
"ဒီကြန္ဒိုရဲ႕ ေရခ်ိဳးခန္းေတြမွာ
အရင္ကေတာ့
ေရပိုက္ေခါင္း ေတြပဲတပ္ထားတာ..
ဒါေပမဲ့ ဆရာ၀ယ္လိုက္ၿပီးေနာက္မွာ
ေရခ်ိဳးခန္းေတြကို
ျပန္ၿပီး ျပဳျပင္လိုက္တာေလ..
..........
ဒီနံရံမွာကပ္ထားတဲ့ ခလုတ္ေတြက
ေရဖြင့္တဲ့ ခလုတ္ေတြပဲ...
ဒီတစ္ခုကို ႏွိပ္ရင္ ေရေတြဖြားကနဲ
က်လာလိမ့္မယ္..ေခါင္းေတြဘာေတြ
ေလွ်ာ္ခ်င္ရင္ ဒါကိုႏွိပ္ေပါ့..
ေရမ်ားမ်ား က်ေစခ်င္ရင္ ဒီခလုတ္ကို
ႏွိပ္လိုက္...မွားစရာေတာ့မရွိပါဘူး..
အကုန္လုံးက ဘယ္ဟာပဲႏွိပ္ႏွိပ္
ေရထြက္တယ္..."
"ေရက အေပၚကေနပဲက်မွာဆိုေတာ့
အေမ့ကို ေရခ်ိဳးေပးလို႔
ဘယ္အဆင္ေျပေတာ့မလဲ.."
"ရပါတယ္ညီမရဲ႕..ဒီဘက္မွာ
ေရခ်ိဳးကန္ရွိတယ္ေလ..."
ကန႔္လန႔္ကာတစ္ခုကို ကိုပိုင္ေဇာ္
ဖယ္ျပလိုက္ေတာ့မွ လူတစ္ကိုယ္စာ
၀င္ဆန႔္သည့္ ေရခ်ိဳးကန္ရွိမွန္း
သိရေလသည္။
ရႈိင္းတို႔ ကြန္ဒိုႀကီးရဲ႕ ေရခ်ိဳးခန္းဟာ
ခ်စ္ခ်စ္တို႔အိမ္၏ မီးဖိုေခ်ာင္ထပ္ေတာင္
က်ယ္ေနပါေသးတယ္။
သူတို႔ရဲ႕ အိပ္ခန္းတစ္ခန္းစာဟာ
ခ်စ္ခ်စ္တို႔၏ တစ္အိမ္စာေလာက္ရွိတယ္။
ေသခ်ာႏႈိင္းယွဥ္ၾကည့္လွ်င္ ခ်စ္ခ်စ္ရယ္၊
ေမေမရယ္ႏွင့္ မမလႈိင္တို႔သုံးေယာက္သား
ညဘက္ အိပ္စက္အနားယူသည့္
အိပ္ခန္းေလးဟာ ရႈိင္း၏အိမ္မွ
ႂကြက္တြင္းေလာက္သာရွိေလသည္။
"မွတ္မိလား မသိဘူး..အစ္ကိုထပ္ၿပီး
ျပေပးရမလား..."
"ေရခ်ိဳးခန္းကေတာ့ ရပါၿပီ..
ဟိုေလ..ဓာတ္ေလွကားစီးတာက
ဘယ္လိုႏွိပ္ရတာလဲမသိလို႔ ညီမကို
လိုက္ျပေပးပါလားဟင္..အရင္က
ႏွိပ္ဖူးေပမဲ့ မမွတ္မိေတာ့လို႔"
"ရပါတယ္..အစ္ကိုလိုက္ျပေပးပါ့မယ္.."
အစပိုင္းမွာေတာ့ ကိုယ္မရင္းႏွီးသည့္
ေနရာေဒသမို႔ အမွားေသးေသးေလး
လုပ္မိမည္ကိုပင္ ေၾကာက္႐ြံ႕ေနခဲ့မိေပမဲ့
နည္းလမ္းသိသြားသည့္အခါမွာေတာ့
တျဖည္းျဖည္းႏွင့္ ရင္းႏွီးလာခဲ့သလိုပါပဲ။
ကိုပိုင္ေဇာ္သည္ ခ်စ္ခ်စ္ကိုဓာတ္ေလွကား
စီးနည္းအား ေသခ်ာသင္ေပးသလို
ကြန္ဒိုႀကီး တစ္ခုလုံးကိုလည္း
ႏွံ႔ႏွံ႔စပ္စပ္ ျဖစ္ေအာင္ လိုက္လံျပသခဲ့ေလသည္။
ကိုပိုင္ေဇာ္၏ ေျပာစကားအရ
ဒီကြန္ဒိုႀကီးကို မၾကာခင္ကမွ
ရႈိင္း၀ယ္လိုက္ေသာေၾကာင့္ ဒီကြန္ဒိုဟာ
ရႈိင္း၏ အပိုင္သာျဖစ္သည္။
ဒါေၾကာင့္လည္း ကြန္ဒို၏ အျခားအလႊာေတြမွာ
အခန္းခြဲေတြရွိေနေပမဲ့ ရႈိင္းေနေသာ
အလႊာမွာေတာ့ အကုန္လုံးက
တစ္ဆက္တည္းျဖစ္ေနကာ
အလြန္က်ယ္၀န္းေနေလသည္။
ရႈိင္း၏ပိုင္ဆိုင္မႈေတြဟာ ဒီကြန္ဒိုတစ္ခုထဲ
မဟုတ္ေလာက္မွန္း သိေပမဲ့ ပိုေတြးမိေလ
သူနဲ႔ ပိုေဝးကြာသြားသလို ခံစားေနရတာေတာ့
အမွန္ပါပဲ။
သူက ဧရာမဆင္ႀကီးတစ္ေကာင္ဆိုရင္
ခ်စ္ခ်စ္ကေတာ့ သူ႔ေျခဖဝါးေအာက္မွာ
ျပားျပား၀ပ္ေနရမဲ့ ပု႐ြက္ဆိတ္ကေလးေပါ့။
အေမ့ကို ထမင္းေကြၽး၊ေရမိုးခ်ိဳး
လုပ္ေပးၿပီးေနာက္ ခ်စ္ခ်စ္လည္း
ေရခ်ိဳးကာ ဗိုက္ဆာလြန္း၍
ရႈိင္းကိုမေစာင့္ေတာ့ပဲ
ထမင္းစားထားလိုက္မိသည္။
ညေနေျခာက္နာရီသို႔ ေရာက္လာသည့္
အခါမွာေတာ့
အလုပ္သမားေတြလည္း
ျပန္ကုန္ၾကေလသည္။
"တူမႀကီး..ဦးေလးတို႔
အလုပ္ဆင္းေတာ့မယ္ေနာ္..
ဒီမွာအခန္းဖြင့္တဲ့ကဒ္ျပား ထားခဲ့ပါတယ္..."
"သမီးမယူပါရေစနဲ႔ ေတာ္ၾကာ
ရႈိင္းက သမီးကိုဆူေနပါအုံးမယ္.."
ဒီကြန္ဒိုအခန္းတံခါး၏ လွ်ိဳ႕ဝွက္ကုဒ္ကို
သိေသာသူဟာ ရႈိင္းတစ္ေယာက္တည္းသာ
ရွိေလသည္။
လွ်ိဳ႕ဝွက္ကုဒ္မ႐ိုက္ပဲ ဖြင့္ပါက
ကဒ္ႏွင့္သာ ဖြင့္လို႔ရႏိုင္လိမ့္မည္။
ရႈိင္းသည္ ဦးဟန္ထြန္းကိုယုံၾကည္၍
ကဒ္ေပးထားသည္မို႔ ခ်စ္ခ်စ္ကေတာ့
လက္မခံရဲေပ။
"ယူလိုက္ပါ တူမႀကီးရဲ႕
ဆရာကဦးေလးကိုယုံၾကည္လို႔
ေပးထားေပမဲ့ အခုဆရာလည္းခရီးက
ျပန္ေရာက္လာၿပီမို႔ ျပန္ေပးခဲ့ခ်င္တာပါ
အရင္ကလည္း ဒီလိုလုပ္ေနၾကပါပဲ
ေန႔ခင္းက ေပးဖို႔ေမ့သြားလို႔
တူမႀကီးပဲ ဆရာ့ကိုေပးလိုက္ပါေနာ္..."
"ဟုတ္ကဲ့..ဒီလိုဆိုေတာ့လည္း
သမီးပဲ သူ႔ကိုေပးလိုက္ပါ့မယ္.."
ဦးဟန္ထြန္းလက္ထဲမွ ကဒ္ျပားေလးကို
ယူလိုက္ၿပီးေနာက္ အားလုံးအိမ္ထဲမွ
ထြက္သြားသည္ႏွင့္ တံခါးကို
ေသခ်ာပိတ္ကာ အေမအိပ္ေနေသာ
အခန္းထဲသို႔ ၀င္လိုက္ၿပီး အခန္းတံခါးကို
ေလာ့ခ်၍ အိပ္ရာေပၚတြင္
လွဲခ်လိုက္မိေလသည္။
"ဒီတစ္ထပ္လုံးမွာ ငါရယ္၊အေမရယ္
ႏွစ္ေယာက္တည္းဆိုေတာ့ ေၾကာက္စရာႀကီး..
သူကလည္း ဘယ္အခ်ိန္မွျပန္လာမယ္မွန္း
မသိဘူး..ေယာက္်ားယူမိတာ
မွားၿပီထင္ပါတယ္.."
အမ်ိဳးမ်ိဳး ညည္းတြားလိုက္မိၿပီးေနာက္
တစ္ေယာက္ေယာက္ကို
ရင္ဖြင့္ခ်င္လာမိေလသည္။
ထို႔ေၾကာင့္ ဧည့္ခန္းထဲသို႔သြားကာ
ႀကိဳးဖုန္းမွတစ္ဆင့္ မမလႈိင္ဆီသို႔
ဖုန္းေခၚလိုက္မိသည္။
အခ်ိန္အားျဖင့္ ေျခာက္နာရီခြဲေလာက္
ရွိၿပီျဖစ္၍ ဒီအခ်ိန္ဆိုမမလႈိင္တစ္ေယာက္
အနားယူေနေလာက္မွာ ေသခ်ာသည္။
"ဟယ္လို..ဘယ္သူပါလဲ.."
ထင္ထားခဲ့သည့္အတိုင္းပါပဲ..
ဖုန္းေခၚလိုက္သည္ႏွင့္ မမလႈိင္
ခ်က္ခ်င္း ဖုန္းကိုင္ေလသည္။
"မမလႈိင္...သမီး..ခ်စ္ပန္းေဝပါ..
မမလႈိင္တို႔ကို သတိရလို႔
ဖုန္းဆက္လိုက္တာ.."
တစ္ဖက္မွာေတာ့ ခ်စ္ပန္းေဝ၏အသံကို
ၾကားသည္ႏွင့္ ယုယလႈိင္လည္း
အင္မတန္ေပ်ာ္႐ႊင္သြားေလသည္။
တစ္ေနကုန္ ညီမျဖစ္သူကို
စိတ္ပူေနရ၍ အလုပ္ေတာင္ေျဖာင့္ေအာင္
မလုပ္ႏိုင္ျဖစ္ေနရသည္။
"ခ်စ္ခ်စ္ရယ္..
နင္ဖုန္းသာအျမန္ဝယ္စမ္းပါဟယ္..
မဟုတ္ရင္ ငါ့မွာေလ..နင္ရန္ကုန္ကို
ေရာက္သလား မေရာက္သလားေတြးၿပီး
စိတ္ပူေနရတာ..."
မမလႈိင္က တကယ္စိတ္ပူေနသည္ထင္ပါရဲ႕
ယခုစကားေျပာေနတာေတာင္ အသံမွာ
မာန္ပါေနေလသည္။
"မမလႈိင္ကလည္း ခ်စ္ခ်စ္မွာဖုန္းမရွိေပမဲ့
ေလးေလးကို အန္တီစံပယ္တို႔ရဲ႕
ဖုန္းနံပါတ္နဲ႔ ရႈိင္းရဲ႕ဖုန္းနံပါတ္
ေပးထားခဲ့တယ္ေလ.."
"အေဖကဒီေန႔ေထာ္လာဂ်ီထြက္တယ္ေလ
အဲ့ေတာ့ သူ႔ကိုငါမေမးလိုက္ရဘူးေပါ့...
နင့္ေယာကၡမေတြကို
အန္တီေတြ၊ဦးေလးေတြ မေခၚနဲ႔ေတာ့ေလ..
သူတို႔သားနဲ႔ညားေတာ့ သူတို႔ကလည္း
နင့္မိဘေတြ ျဖစ္သြားၿပီေပါ့..
အဲ့ေတာ့ အေဖ၊အေမလို႔ပဲေခၚ.."
"ဟုတ္ကဲ့ပါ..ေခၚေနၾကမဟုတ္ေတာ့
အသားမက်ေသးလို႔ပါ..ဒါနဲ႔ေလးေလးတို႔ေရာ
ေနေကာင္းတယ္မဟုတ္လား.."
"ဟဲ့..နင္မနက္ကမွ ႐ြာကထြက္တာကို
တစ္ရက္ေတာင္မျခားေသးတာ
အေဖတို႔၊အေမတို႔က အေကာင္းႀကီးပဲေပါ့..
ဘာျဖစ္စရာရွိမလဲ..ကိုယ့္ဘာသာ
အဆင္ေျပေအာင္ ေနစမ္းပါ..
အဲ့မွာ နင္အဆင္ေရာေျပရဲ႕လား...
အခု..နင့္ေယာကၡမအိမ္မွာ ေနတာလား.."
"မဟုတ္ဘူး..မမလႈိင္ရဲ႕..ရႈိင္းက
သူ႔ရဲ႕ကိုယ္ပိုင္ အိမ္ရွိတယ္..
ခ်စ္ခ်စ္တို႔က သူ႔ကြန္ဒိုမွာလိုက္ေနရတာ..
အခုေလာေလာဆယ္ေတာ့
သူအျပင္ထြက္သြားတယ္...
ဒီကြန္ဒိုႀကီးထဲမွာ သမီးရယ္၊အေမရယ္
ႏွစ္ေယာက္တည္းဆိုေတာ့ ေၾကာက္လို႔
စကားေျပာေဖာ္ရေအာင္ မမလႈိင္ကို
လွမ္းဆက္လိုက္တာ..."
"ေနပါအုံး..နင့္ေယာက္်ားကဘယ္ကို
သြားေနတာလဲ..."
"မသိပါဘူးအစ္မရယ္..သမီးကိုလည္း
ေျပာမသြားဘူး..."
"ဟယ္..အခုမွပူပူေႏြးေႏြးယူထားတဲ့
မိန္းမကို ဘာမေျပာ၊ညာမေျပာပဲ
အျပင္ထြက္စရာလားဟဲ့..တကယ္ပါပဲ
ဒါနဲ႔ သူနင့္ကိုအႏိုင္က်င့္ေသးလား..
အႏိုင္က်င့္လာရင္လည္း ၿငိမ္မခံနဲ႔ေနာ္..."
"ၿငိမ္မခံပါဘူး..မနက္ကေတာင္
သမီးသူ႔ကို ပညာျပလိုက္ေသးတယ္..."
"ဟင္..ဘယ္လိုပညာျပလိုက္တာလဲ.."
မမလႈိင္ဟာ အစ္မ၀မ္းကြဲဆိုေပမဲ့
ညီအစ္မအရင္းလိုပဲ အၿမဲတိုင္ပင္ေနၾကမို႔
ခ်စ္ခ်စ္လည္း မနက္ကကိစၥေတြကို
ရင္ဖြင့္ဖို႔ ဆုံးျဖတ္လိုက္မိေတာ့သည္။
"မနက္တုန္းက လမ္းမွာေလ အေမက
ၾကက္ေၾကာ္ဆိုင္ကိုေတြ႕ေတာ့
ၾကက္ေၾကာ္စားခ်င္တယ္ဆိုၿပီး
ပူဆာေရာ..
...........
အဲ့ဒါနဲ႔ကားရပ္ၿပီး
သမီးက ၾကက္ေၾကာ္၀င္၀ယ္ရတာေပါ့..
ဒါေပမဲ့ မမလႈိင္ရယ္..သမီးက
၀ယ္ေနၾကမဟုတ္ေတာ့ တိုင္ပတ္ေနတာေပါ့..
.........
အဲ့အခ်ိန္မွာ အစ္ကိုတစ္ေယာက္က
ေရာက္လာၿပီး ကူညီေပးတာကို
ရႈိင္းက ျမင္သြားေရာ
အဲ့လူနဲ႔ဘာ..ညာျဖစ္တယ္ဆိုၿပီး အမ်ိဳးမ်ိဳး
သမုတ္ေတာ့တာပဲ.."
"ဟယ္...နင့္ေယာက္်ားက ဆိုးလွခ်ည္လား
အေၾကာင္းအရင္းေသခ်ာမသိပဲ
စြတ္စြဲစရာလားဟဲ့..."
"ေအးေလ..အဲ့ဒါေျပာတာေပါ့...
လူကိုမ်ား စြတ္စြတ္စြဲစြဲနဲ႔
မဟုတ္တမ္းတရားေတြ
လာေျပာေနေတာ့ သမီးလည္း
ဘယ္သည္းခံႏိုင္ေတာ့မွာလဲ...
"ေအးေလ..သည္းခံစရာလား..
ငါ့ညီမက ရည္စားေတာင္တစ္ေယာက္မွ
မထားဖူးေသးတဲ့ အပ်ိဳႏုႏုထြတ္ထြတ္ေလး..
ဒင္းက ေရွ႕မွာဘယ္ႏွစ္ေယာက္ေတာင္
ထားၿပီးၿပီမွန္း မသိပဲနဲ႔..
ငါ့ညီမကိုမ်ား ရာရာစစ..
သတိေတာ့ထားေနာ္ ႐ုပ္ရွင္မင္းသားေတြက
ပိုၿပီး ယုံရတာမဟုတ္ဘူး..
........
သူကအဲ့လို စြတ္စြဲေတာ့
နင္က ဘာမွျပန္မေျပာလိုက္ဘူးလား.."
"မေျပာပဲေနမလား မမလႈိင္ရဲ႕...
သမီးလည္း ေနရာမွာတင္ ေအာ္ႀကီးဟစ္က်ယ္
ထိုင္ငိုပစ္လိုက္တာေပါ့..
သူက ႐ုပ္ရွင္းမင္းသားဆိုေတာ့
အရွက္ကြဲခံႏိုင္မွာမဟုတ္ဘူးေလ..
လူေတြဝိုင္းအုံလာမွာစိုးလို႔
သူ႔မ်က္ႏွာႀကီးပ်က္ယြင္းေနတာမ်ား
မန္က်ဥ္းေစ့ေလာက္ပဲ ရွိေတာ့တယ္သိလား
............
ေနာက္ဆုံးသူ႔ဘက္က ေတာင္းပန္ေတာ့မွ
သနားလို႔ ေက်ေအးေပးလိုက္တာ..."
"ဟား..ဟား..ဘယ္ဆိုးလို႔လဲ
ငါ့ညီမက ဒီလိုလည္း
ကလဲ့စားေခ်တတ္သားပဲ"
ခ်စ္ပန္းေဝ၏စကားေၾကာင့္
ယုယလႈိင္ကေတာ့ အားရပါးရ
ထရယ္ေလေတာ့သည္။
"ကလဲ့စားေခ်တယ္ရယ္လို႔ေတာ့
မဟုတ္ပါဘူး
သူက အရမ္းႏိုင္စားလြန္းလို႔
အ႐ြဲ႕တိုက္မိလိုက္တာပါ
ဒါေပမဲ့ တကယ္ထိေရာက္မယ္လို႔ေတာ့
မထင္ခဲ့မိဘူး..."
"အခုေတာ့ တကယ္ထိေရာက္ၿပီး
သူနင့္ကို ေတာင္းပန္လိုက္ရတယ္
မဟုတ္လား...
.........
ငါ့ညီမေလးေတာ္တယ္
ဒီလိုပဲျဖစ္ေနရမယ္...နင့္ေယာက္်ားက
အရာရာ ျပည့္စုံေနတယ္ဆိုၿပီး
႐ုပ္ကိုက မာန္တက္ေနတဲ့႐ုပ္..
..........
နင္သူ႔ကို အၿမဲတမ္း
လိုက္ေလ်ာမေပးနဲ႔သိလား
ႏိုင္လို႔ရရင္ အၿမဲႏိုင္ေနမွာ...
အင္း..ငါလည္းရန္တိုက္ေပးမိသလို
ျဖစ္ေနၿပီနဲ႔တူတယ္..."
"မျဖစ္ပါဘူးမမလႈိင္ရဲ႕ ညီမေလး
နားလည္ပါတယ္..ဒါနဲ႔ကိုႀကီးလႈိင္ျမင့္ဦးေရာ
လယ္ထဲ ဆင္းေသးလား.."
"လယ္ထဲေတာ့ သြားပါတယ္..
ဒါေပမဲ့ ဖင္ပူေအာင္ေတာ့မထိုင္ဘူးေလ..
ပုတ္စင္ထဲကို စပါးအိတ္ေတြထမ္းသယ္ဖို႔
သူ႔ကို ဘယ္မွာမွရွာမရဘူးေလ...
.............
အဲ့ဒါနဲ႔..
ငါ့မွာ အိမ္မႈကိစၥလည္းလုပ္ရ
အလုပ္သမားလည္း ရွာရနဲ႔
ေဒါင္ခ်ာဆိုင္းေနတာပဲဟာ..
ဟင္း..နင္မရွိေတာ့ ငါပဲဒိုင္ခံၿပီး
လုပ္ေနရတာေပါ့...."
"အင္းပါ...ေဒၚႀကီးကိုလည္း
ေသခ်ာဂ႐ုစိုက္ပါေနာ္...သဲသဲတို႔ေရာ
မရွိဘူးလား.."
"အျပင္မွာ သြားေဆာ့ေနၾကတယ္ေလ.."
ယုယလႈိင္ႏွင့္ ခ်စ္ပန္းေဝတို႔
ညီအစ္မႏွစ္ေယာက္
ေအးေဆး ဖုန္းေျပာေနစဥ္မွာပဲ
ယိုင္တိုင္တိုင္ႏွင့္ မူး႐ူးေနေသာ
လႈိင္ျမင့္ဦးသည္ အိမ္ေပၚသို႔ေျခသံ
တဒုန္းဒုန္းျမည္ေအာင္ နင္းၿပီး
တက္လာေလေတာ့သည္။
"ယုယလႈိင္ေရ..ေဟ့..ယုယလႈိင္..
ဘယ္မလဲဟ...ဒီမွာနင့္အစ္ကို
ျပန္ေရာက္လာၿပီေနာ္..ေရခပ္ေပးစမ္း...
ဟဲ့..ငါေခၚေနတယ္ေလ...
နားကန္းေနလို႔ ထြက္မလာတာလား..
ငါ့ညီမေလး ခ်စ္ပန္းေဝဆို...
ေခၚသံၾကားတာနဲ႔ထြက္လာၿပီ
ဒင္းကေတာ့ အလိုက္ကိုမသိဘူး.."
အိမ္ေရွ႕ခန္းကေန ေအာ္က်ယ္ေအာ္က်ယ္
လုပ္ေနေသာ လႈိင္ျမင့္ဦးေၾကာင့္
ယုယလႈိင္လည္း နားမခံႏိုင္ေတာ့ပဲ
ဖုန္းကိုင္ကာ ထြက္လာရေလေတာ့သည္။
"အစ္ကိုႀကီး..နင္ဘယ္လိုျဖစ္ေနတာလဲ
ဒီမွာ ခ်စ္ခ်စ္နဲ႔ဖုန္းေျပာေနတဲ့ဥစၥာ..
ေအးေဆးကိုမေနရဘူး..."
"ဘာ!!..ခ်စ္ခ်စ္နဲ႔ဖုန္းေျပာေနတာဟုတ္လား
ေပးစမ္း..ေပးစမ္း
ငါလည္းေျပာမယ္..ခ်စ္ခ်စ္ကို
ငါလည္း သတိရေနတာ..."
လႈိင္ျမင့္ဦးသည္ မူးမူးႏွင့္ယုယလႈိင္၏
လက္ထဲမွ ဖုန္းကိုဆြဲလုလိုက္ကာ
နားမွာ ကပ္ထားလိုက္ေလသည္။
"ဟယ္လို...ခ်စ္ခ်စ္ေရ..ဟာ
လိုင္းမေကာင္းဘူးထင္တယ္..
အိမ္ေရွ႕ကို ထြက္ေျပာအုံးမွပဲ..."
"ဟဲ့..ငါ့ဖုန္းေလးကြဲပါအုံးမယ္..
ရွိတာမွ ဒီတစ္လုံးတည္းရယ္ဟ.."
ဖုန္းကိုေလထဲမွာေထာင္ၿပီး လႈိင္ျမင့္ဦးသည္
အိမ္ေပၚမွ ေျပးဆင္းသြားေတာ့
ယုယလႈိင္လည္း ေျပးလိုက္ရေလသည္။
အမူးသမားလက္ထဲမွာ ၾကာၾကာထားမိရင္
ဖုန္းေလးပါ မူးေနာက္ၿပီး
ကြဲအပ္သြားႏိုင္ေသာေၾကာင့္ပါပဲ။
"ဟယ္လိုခ်စ္ခ်စ္...
ညီမေလးအဆင္ေျပရဲ႕လား.."
လႈိင္ျမင့္ဦး၏ လွ်ာလိပ္ေနေသာ
အသံကိုၾကားသည္ႏွင့္ ဖုန္းတစ္ဖက္မွ
ခ်စ္ပန္းေဝသည္လည္း ၿပဳံးမိသြားေလသည္။
လူကသာမူးေနေပမဲ့ ညီမျဖစ္သူကို
စိတ္ပူေပးေဖာ္ေတာ့ ရသားပဲဟု
ေတြးမိကာ အားရွိသြားမိေလသည္။
"အဆင္ေျပပါတယ္ကိုႀကီးရဲ႕
ညီမက အခုရႈိင္းရဲ႕ကိုယ္ပိုင္
ကြန္ဒိုမွာေနရတာေလ ဒီကြန္ဒိုႀကီးက
အထပ္ေတြအမ်ားႀကီးပဲ
ေရကူးကန္ေတြေရာ အားကစားလုပ္တဲ့
ေနရာေတြေရာရွိတယ္.."
"နင္ငါ့ကို ရွည္ရွည္ေဝးေဝး
ရွင္းျပမေနစမ္းပါနဲ႔ဟာ...
နင့္ေယာက္်ားပိုင္တာ..
ငါပိုင္ရတာလဲမဟုတ္ပဲနဲ႔
ဒါနဲ႔ စားေရးေသာက္ေရးေရာ
အဆင္ေျပရဲ႕လား..."
"ဟုတ္ကဲ့ ေျပပါတယ္ကိုႀကီးရဲ႕
ခ်က္တာ၊ျပဳတ္တာလည္း အလုပ္သမား
သပ္သပ္ရွိတယ္ေလ.."
"ေအးပါ..အဆင္ေျပရင္ၿပီးတာပါပဲ..
နင္ကအဲ့ဒီ့မွာ ေကာင္းေကာင္းေန၊
ေကာင္းေကာင္းစားရေတာ့ ငါတို႔ကိုလည္း
မေမ့သြားနဲ႔အုံးေနာ္..ငါ့မွာေတာ့
ထမင္းစားလည္း ခူးေကြၽးမဲ့သူမရွိလို႔
နင့္ကို လြမ္းေနရတာဟ..."
"အံမယ္..သူခိုင္းလို႔ရမဲ့သူမရွိလို႔
သတိရတာမ်ား..မနက္တုန္းကေတာ့
အမ်ိဳးမ်ိဳးကတိေတြေပးၿပီး
ခုၾကေတာ့ အရက္ေတြမူးေနတယ္မဟုတ္လား..
ကတိလည္းမတည္ဘူး.."
"ဟဲ့...ငါကေသာက္ခ်င္လို႔
ေသာက္တာမဟုတ္ဘူး..
ေနာက္ဆုံးႏႈတ္ဆက္တဲ့အေနနဲ႔
ေသာက္တာဟ..ဘာမွလည္းမသိဘူး..."
"ဟုတ္ပါၿပီ...ေနာက္ေန႔လွမ္းဆက္လို႔
ေသာက္ေသးတယ္ဆိုရင္ေတာ့
ေသခန္းျပတ္ပဲေနာ္.."
"ၾကမ္းလွခ်ည္လားဟ..
ေအးပါဟာ..ငါ့ညီမေလးစကားကို
ကိုႀကီးက နားေထာင္ပါတယ္.."
"အပိုေတြ..အဲ့လိုေျပာၿပီး..
သိပ္မၾကာဘူး..ဖဲဝိုင္းကိုသြားအုံးမွာ
မဟုတ္လား..."
"မသြားပါဘူးဟာ..စိတ္ခ်စမ္းပါ.."
"အဲ့ဒါဆိုလည္း ၿပီးတာပဲ
ဖုန္းခ်လိုက္ေတာ့မယ္ေနာ္..."
"ေအး..ေအး.."
တစ္ဖက္မွ ခ်စ္ပန္းေဝက
ဖုန္းခ်သြားေပမဲ့
အိမ္ေရွ႕မွ ျဖတ္သြားေသာ ေဒၚေငြခင္ကို
ေတြ႕လိုက္ရသည့္အခိုက္
လႈိင္ျမင့္ဦးရင္ထဲတြင္
ကလဲ့စားေခ်ခ်င္စိတ္ေတြ
တဖြားဖြားေပၚထြက္လာေလသည္။
ထို႔ေၾကာင့္ စပ္စုသလိုၾကည့္လာသည့္
ေဒၚေငြခင္ႀကီးကို မ်က္ေစာင္းထိုးပစ္ကာ
ဖုန္းကို နားမွာကပ္ကာဟန္ေဆာင္၍
ဆက္ၿပီး ကိုင္ထားပစ္လိုက္သည္။
"ေအး..ခ်စ္ခ်စ္ေရ..နင္ကတိုက္ႀကီးေပၚမွာ
ဇိမ္နဲ႔ ေနေနရတယ္ဟုတ္လား...
.......
ဘာ...ေရကူးကန္လည္းရွိတယ္...
အဲ့ဒါဆို နင္အႀကိဳက္ကူးလို႔ရၿပီေပါ့..
..........
ဟား..ထမင္း၊ဟင္းေတာင္
ကိုယ္တိုင္ခ်က္စရာမလိုဘူးဆိုေတာ့
ငါ့ညီမက သူေဌးမေလးလို
ေနေနရတာပဲဟ...
......
ေအး..ေကာင္းတယ္..ေကာင္းတယ္..
ဒီ႐ြာက ေငြမက္တဲ့မိန္းမႀကီးေတြက
အလကားေန မာန္တက္ၿပီး
ငါ့ညီမကို မလိုခ်င္ဘူးဘာညာေျပာခဲ့ၾကတာ
........
သူတို႔သားေတြၾကည့္ေတာ့
ဂ်ိဳက်ိဳး၊ႏြား႐ြက္ပဲ့တဲ့ ႏြားေတြေလာက္ေတာင္
သားသားနားနား မရွိၾကပဲနဲ႔...
...........
အခုေတာ့ ႐ြာနားကႏြား ေတြနဲ႔
ကင္းေဝးသြားၿပီမို႔ ကိုႀကီးလည္း
စိတ္ခ်သြားပါၿပီငါ့ညီမရယ္..."
"ဟဲ့..လႈိင္ျမင့္ဦး...နင္ဘယ္သူ႔ကို
ေစာင္းၿပီးေျပာေနတာလဲ..."
ေဒၚေငြခင္တစ္ေယာက္ လႈိင္ျမင့္ဦး၏
႐ြဲ႕ေစာင္းၿပီး ေျပာေနတာေတြကို
နားမခံႏိုင္ေတာ့၍ လႈိင္ျမင့္ဦးတို႔၏
ၿခံထဲသို႔ ေျခေစာင့္၍ ၀င္လိုက္ၿပီး
ရန္ေတြ႕ေလေတာ့သည္။
လႈိင္ျမင့္ဦးသည္လည္း နဂိုကမွလူမိုက္ျဖစ္၍
ဖုန္းကိုခ်က္ခ်င္း ပိတ္ပစ္လိုက္ကာ
ခါးေထာက္၍ ရန္ေတြ႕ရန္
ဟန္ျပင္လိုက္ေလသည္။
"ေဟ့..ေဒၚေငြထုပ္ႀကီး..."
"ဟဲ့..ငါ့နာမည္ေငြခင္..ဘာကို
ေဒၚေငြထုပ္လဲ.."
"ခင္ဗ်ားဘာသာ ထုပ္ခ်င္ထုပ္..ခင္ခ်င္ခင္
က်ဳပ္စိတ္မ၀င္စားဘူး...
က်ဳပ္ဘာသာ ကိုယ့္ၿခံထဲမွာ
ေျပာခ်င္ရာေျပာမွာေပါ့..ခင္ဗ်ားနဲ႔
ဘာဆိုင္လဲ..."
"ဟဲ့...နင့္စကားက ဆူးလွည္းႀကီးလို
ဟိုၿငိ..ဒီၿငိျဖစ္ေနလို႔ ၀င္ေျပာရတာဟဲ့.."
"ေအာင္မယ္...ဘာဟိုၿငိ..ဒီၿငိလဲ...
က်ဳပ္ဘာက်ဳပ္ ကိုယ့္ညီမနဲ႔စကားေျပာေနတာ
ခင္ဗ်ားဘာသာ အနာေပၚတုတ္က်ၿပီး
က်ဳပ္ၿခံထဲကို ၀င္လာတာေလ..
.........
က်ဳပ္ကဆူးလွည္းႀကီးဆိုရင္
ခင္ဗ်ားဘာသာ..မူးသလူးၿပီး
လာ၀င္တိုက္တာမဟုတ္ဘူးလား
.......
..သြား..သြား..
က်ဳပ္တို႔ၿခံက မဂၤလာရွိတဲ့ၿခံဗ်...
ခင္ဗ်ားလို ေလာဘေဇာတိုက္ေနတဲ့
ၿပိတၱာေတြ ၀င္ခ်င္တိုင္း၀င္လို႔ရတဲ့ေနရာ
မဟုတ္ဘူး..."
"လႈိင္ျမင့္ဦး...နင္မမႈိက္႐ိုင္းနဲ႔ေနာ္...
နင္ကသာ ငရဲအိုးဂ်ိဳးကပ္မဲ့ေကာင္ဟဲ့
ငါ့ကိုမ်ား ၿပိတၱာတဲ့..အရပ္ကတို႔ေရ
ၾကားလို႔မွ ေကာင္းၾကေသးရဲ႕လား..."
"ဟာ..နားေတြကိုၿငီးေနတာပဲ...
ဘယ့္ႏွယ္ သူမ်ားအိမ္ေရွ႕မွာ
လာေတာင္းေနရတာလဲ...
စားစရာမရွိရင္လဲ...ဘုန္းႀကီးေက်ာင္းမွာ
ထမင္းက်န္..ဟင္းက်န္သြားေတာင္းေလ..."
"ေကာင္စုတ္..နင္ကမ်ားငါ့ကို
ေျပာရတယ္လို႔..နင့္ညီမကသူေဌးနဲ႔
ငွားတယ္ဆိုၿပီး...
မာန္ေတြသိပ္တက္မေနနဲ႔ဟဲ့
...............
က်ီးကန္းကို
ဘယ္ေလာက္အေရာင္ေျပာင္းေပးေပး
*အာ..အာ..*ဆိုတဲ့အသံေတာ့
ေဖ်ာက္လို႔ မရဘူးမွတ္ထား...
.........
သိပ္ၿပီး မာန္တက္မေနနဲ႔..
မေနဖူးတဲ့ေနရာမွာေန..မစားဖူးတာေတြ
စားၿပီး ဘယ္ေတာ့ေခြးက်က်မလဲ
ငါေစာင့္ၾကည့္ေနမယ္.."
"ဟာ..ဒီမိန္းမႀကီးကေတာ့
သူမ်ားၿခံထဲ၀င္လာၿပီး
အမ်ိဳးမ်ိဳးေဟာင္ေနေတာ့တာပဲ..."
ညီမကိုေျပာလာလွ်င္ လုံး၀မခံႏိုင္သူမို႔
ၿခံစည္း႐ိုးမွာေထာင္ထားသည့္
တံျမက္စည္းကို ေကာက္ယူပစ္လိုက္ေလသည္။
"ရႉး..ရႉး...သူ႔လဲ..ဘယ္သူမွမေခၚပဲ
သူမ်ားၿခံထဲ၀င္လာတယ္
ရႉး..သြား.."
"ဟဲ့...လႈိင္ျမင့္ဦး...နင္ငါ့ကို
ေခြးလိုေမာင္းထုတ္စရာအေၾကာင္းမရွိဘူး...
နင္တို႔ၿခံထဲမေျပာနဲ႔
နင္တို႔အိမ္ေရွ႕ကေနေတာင္
ျဖတ္မေလွ်ာက္ခ်င္ဘူး သိရဲ႕လား.."
လႈိင္ျမင့္ဦးကို ျပန္သာေျပာေနရေပမဲ့
တံျမက္စည္းႏွင့္ ေျမကိုလွည္းသလိုလိုလုပ္ၿပီး
ကိုယ့္ကို ေခြးေမာင္းသလို
ေမာင္းထုတ္ေန၍ ေဒၚေငြခင္လည္း
လန႔္ၿပီး အလိုလိုေနရင္း
ၿခံအျပင္ ေရာက္သြားရေလသည္။
"ေအး..ခင္ဗ်ားစကားအတိုင္းပဲေနာ္..
က်ဳပ္အိမ္ေရွ႕က ျဖတ္ေလွ်ာက္တဲ့ေ
န႔
က်ဳပ္နဲ႔ေတြ႕တဲ့ေန႔ပဲ...
သြား...ၿခဳံပဲတိုး..."
"ေအာင္မာ...အ႐ူးကမ်ား
တမူးသာရတယ္လို႔...နင္တို႔နဲ႔မ်ား
ငါကလည္း မပတ္သတ္ခ်င္ဘူးေဟ့
ထြီ..႐ြံလို႔..."
"က်ဳပ္ကခင္ဗ်ားထပ္ပို႐ြံတယ္..ထြီ..ထြီ.."
"နင့္ကိုငါက..ပို႐ြံတယ္ဟဲ့..ထြီ..ထြီ..ထြီ..."
"ေငြမက္တဲ့ မိန္းမႀကီးကမ်ား..
ထြီ..ထြီ..ထြီ..ထြီ..."
"အသုဘတကာလွည့္ၿပီး ဖဲ႐ိုက္တဲ့
ေကာင္ကမ်ား ထြီ...ထြီ..ထြီ..ထြီ..ထြီ..."
ၿခံေပါက္၀မွာ လႈိင္ျမင့္ဦးႏွင့္ေဒၚေငြခင္တို႔
တစ္ေယာက္တစ္လွည့္ဆီ ေျမႀကီးကို
သေထြးႏွင့္ ေထြးေနၾကတာကိုၾကည့္ၿပီး
ယုယလႈိင္ကေတာ့ ငိုရခက္၊ရယ္ရခက္
ျဖစ္ေနရေလသည္။
*မူးလာရင္..ေပါက္ကရလုပ္တတ္သည့္
အစ္ကိုႀကီးေၾကာင့္ တကယ္ကို
စိတ္ညစ္ရပါသည္..**
♥️♥️♥️♥️♥️♥️♥️♥️
လႈိင္ျမင့္ဦးနဲ႔ေတာ့ တကယ္မလြယ္ဘူး😄
(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္..)
လိူင်မြင့်ဦးပြောတာ သဘောကြပါ့ဟယ်
ReplyDeleteဒါမှလှိုင်မြင့်ဦးကွ
ReplyDeleteအပိုင်းသစ်လေး မျှော်
ReplyDeleteမျှော်
ReplyDeleteဘယ်နိုင်ငံမယ်နေတာပါလဲ စာရေးသူကအချိန်မတူတာသတိထားမိလို့ပါ
ReplyDelete