(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
(Zawgyi \ Unicode)
🌺အခန်း(၁၃)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
"ရှိုင်းဆိုတာမင်းလား..."
"ဟုတ်တယ်..."
လက်ကြောတွေ၊မေးကြောတွေ တင်းနေသော
လှိုင်မြင့်ဦး၏ လေသံကဒေါသသံစွတ်နေသလို
ရှိုင်း၏လေသံကလည်း မာထန်နေလေရာ
ပြဿနာစတော့မည်ဟု ချစ်ပန်းဝေ
တွေးလိုက်မိစဉ်မှာပဲ...
"သူတောင်စား..မင်းကများငါ့ညီမကို..."
"အမယ်လေး..ငါ့သားသေပါပြီ..."
ဒေါ်စံပယ်မွှေး၏ စူးစူးရဲရဲအော်လိုက်သံနှင့်အတူ
ရှိုင်း၏ ညာဖက်ပါးရိုးသည်လည်း
ညိုမဲ စွဲသွားလေတော့သည်။
"လှိုင်မြင့်ဦး..မင်းဘာလုပ်တာလဲ..အခုချက်ချင်း
ရပ်လိုက်တော့.."
"အဖေဘာမှ၀င်မပြောနဲ့ ကျွန်တော်ဒီကောင့်ကို
သတ်မယ်..ကျုပ်ညီမကို
ကျောရရုံကြံတဲ့ကောင်.."
"လှိုင်မြင့်ဦး မင်းကိုငါမလုပ်နဲ့လို့ပြောနေတယ်လေ
မင်းက အဖေစကားတောင်
နားမထောင်တော့ဘူးလားကွ.."
လှိုင်မြင့်ဦးသည် နဂိုကမှသွေးဆိုးသူဖြစ်၍
ယခုလည်း ရှိုင်းကိုထိုးမယ်ကြိတ်မယ်
တကဲကဲဖြစ်၍နေသည်။
ညီမအရင်းယုယလှိုင်ထက်တောင်
ပြောမနာဆိုမနာ ချစ်ပန်းဝေလေးကို
ပိုသံယောဇဉ်ရှိသူဖြစ်ရာ ဖခင်၀င်ဆွဲတာတောင်
မရဖြစ်နေသည်။
ရှိုင်းကတော့ သူ့နှုတ်ခမ်းထောင့်စွန်းတွင်
ပေနေသော သွေးစအချို့ကိုလက်မနှင့်
အသာပွတ်သုတ်လိုက်ကာ လှိုင်မြင့်ဦးကို
ပြန်တုန့်ပြန်ရန် ရှေ့တိုးလိုက်ပေမဲ့
ဒေါ်စံပယ်မွှေးက သူ့လက်ကို
ချက်ချင်းဖမ်းဆွဲပစ်လိုက်သည်။
"မောင်မောင်..အသာနေဒီကိစ္စကို
အမေရှင်းမယ်.."
"အမေ..မတွေ့ဘူးလား ဒီကာင်ကကျွန်တော့်ကို
အသားလွတ်ကြီး လာထိုးနေတာ
ကျွန်တော်လုံး၀ ငြိမ်မခံနိုင်ဘူး..."
"ဟဲ့မောင်မောင်..ရှေ့မတိုးနဲ့တော့လို့
ငါပြောနေတယ်လေ..အဲ့ဒါချစ်ပန်းဝေရဲ့အစ်ကိုဟဲ့
ညီမဇောနဲ့မို့ သွေးဆူနေတာကို
နားလည်ပေးလိုက်စမ်းပါသားရယ်.."
ချစ်ပန်းဝေ၏အစ်ကိုဆိုတာသိပေမဲ့
ရှိုင်းသည် ယခင်ကတည်းကစိတ်ဆက်သူဖြစ်ပြီး
ကိုယ့်ကို လာကြောရင် လုံး၀ညည်းမခံတတ်လေရာ
မျက်မှောင်ကြီးကြုံ့၍ လှိုင်မြင့်ဦးကို
မီး၀င်း၀င်းတောက်တော့မတတ်
ကြည့်ပစ်လိုက်သည်။
"ဟေ့ကောင် မင်းကငါ့ကိုဘာကြည့်တာလဲ.."
လှိုင်မြင့်ဦးက မိုက်ကန်းကန်းနှင့်
ရှိုင်း၏ရင်ဘတ်ကို တွန်းလိုက်ပေမဲ့
ထိတ်လန့်သွားသူမှာ လှိုင်မြင့်ဦးသာဖြစ်သည်။
ပထမတစ်ခါ ထိုးလိုက်တုန်းကတော့
လူအလစ်မှာမို့ ဒီကောင်ခံလိုက်ရတာပဲနေမယ်။
အခုဒီကောင့်ရင်ဘတ်ကို တွန်းလိုက်တော့
ခန္ဓာကိုယ်ကြီးကို တောင့်ထားလိုက်တာများ
အနောက်ကို တစ်လက်မတောင်မရွေ့ဘူး။
ရှိုင်းဆိုသည့်ကောင်ကို သေချာပြန်ကြည့်လိုက်တော့
အရပ်ကြီးကတော်တော်ရှည်ပြီး ဗလကလည်း
အပြင်ပန်းကကြည့်တာတောင်
တော်တော်တောင့်မဲ့ပုံပဲ။
ကိုယ်နဲ့သူနဲ့ နှစ်ယောက်ပြိုင်ဖိုက်မယ်ဆိုရင်
သေချာပေါက် ကိုယ်ပဲရှုံးမှာ။
ဒီကောင်ဘာတွေစားလို့ ဒီလောက်ထွားနေရတာလဲ။
"ကိုတင်မောင် ရှင့်သားကိုရှင်ပြန်ခေါ်သွားရင်
ကောင်းလိမ့်မယ်..
ဒီလိုမှမဟုတ်ပဲ ကျွန်မသားကို
ကိုယ်ထိလက်ရောက်ထပ်လုပ်ရင်တော့
မနေ့ညက ပေးထားတဲ့ကတိကို
ကျွန်မဖြတ်ရလိမ့်မယ်နော်.."
ဒေါ်စံပယ်မွှေး၏စကားကိုကြားသည်နှင့်
ဦးတင်မောင်လည်း ပြာပြာသလဲ
ဖြစ်သွားလေသည်။
"အဖေ့..အဲ့အဒေါ်ကြီးက..ဘာကတိကို
ပြောနေတာလဲ.."
"ဘာကတိဖြစ်ဖြစ်ကွာ..အိမ်ကိုပြန်လိုက်ခဲ့စမ်းမှာ
မင်းညီမကို မင်းကိုယ်တိုင်သိက္ခာချနေတာလား..
သူများတွေဝိုင်းကြည့်နေကြတယ်ကွ..
မင်းလုပ်မှ အားလုံးရစရာမရှိတော့ဘူး.."
ဦးတင်မောင်ပြောလိုက်မှ လှိုင်မြင့်ဦးလည်း
ဘေးဘီကို ကြည့်လိုက်မိတဲ့အခါ
နီးစပ်ရာ ခြံဝိုင်းတွေမှလူများ လာစပ်စုကြတာကို
သတိထားမိသွားလေသည်။
ဘေးမှာလည်း ချစ်ချစ်နှင့်မိလှိုင်က
မျက်နှာငယ်လေးများနှင့် ရှက်လွန်း၍
ခေါင်းလေးတွေငုံ့ထားကြသည်ကို
တွေ့လိုက်ရတော့ သူ့ရင်ထဲ
တစ်မျိုးဖြစ်သွားမိတာ အမှန်ပဲ။
အိမ်မှာ အမေပြောခဲ့တဲ့စကားတွေကို
ဒေါသထွက်ပြီး မဆင်မခြင်လုပ်လိုက်မိတဲ့အရာက
ကိုယ့်ညီမလေးတွေကို
ကိုယ်တိုင်တန်ဖိုးချလိုက်သလို
ဖြစ်သွားမိတာပါလား။
*ကိုယ်သာ ဆိုးချင်သလောက်ဆိုးမယ်
မိုက်ချင်သလောက်မိုက်မယ်..
ဒါပေမဲ့ ကိုယ့်မောင်နှမတွေကို ထိရင်တော့
လုံး၀မခံနိုင်တဲ့စိတ်က ဒီတစ်ခါတော့
မှားသွားပြီနဲ့တူတယ်...*
ရှိုင်းဆိုသည့်ကောင်ကို မကျေနပ်ပေမဲ့
ကိုယ့်ညီမ၏အရှက်သိက္ခာကို ကာကွယ်ရမည်
ဆိုသော အသိစိတ်ကြောင့် ချစ်ပန်းဝေ၏
လက်ကို ဖမ်းဆွဲပြီး ခြံထဲမှထွက်လာဖို့
ဆုံးဖြတ်လိုက်သည်။
"ချစ်ပန်းဝေ..လာ..နင်နဲ့ငါအိမ်ရောက်မှတွေ့မယ်.."
"လှိုင်မြင့်ဦး..မင်းငါ့တူမကို
ဘာမှကြိမ်းနေစရာအကြောင်းမရှိဘူး.."
"အဲ့ဒါအဖေ့ကိစ္စမဟုတ်ဘူး
ကျွန်တော့်ကိစ္စ..ကျွန်တော့်ညီမကို
ကျွန်တော်ကြိုက်သလို ဆုံးမမယ်..."
ပြောမရဆိုမရ လှိုင်မြင့်ဦးကချစ်ပန်းဝေကို
ဆွဲခေါ်သွားလေတော့ ဦးတင်မောင်တို့လည်း
အနောက်မှပြေးလိုက်ရတော့သည်။
ထိုစဉ်မှာ ပွစိပွစိနှင့်တွတ်ထိုးနေကြသော
အိမ်နီးနားချင်းများကတော့ ဒေါ်စံပယ်မွှေး၏
အနားသို့ ကပ်လာကြပြီး
စတင်၍ မေးမြန်စပ်စုကြတော့သည်။
"မစံပယ်..တော့်သားနဲ့ချစ်ပန်းဝေက
ဘယ်လိုလုပ်ပြီး အတူပြန်လာကြတာလဲ..
ခုဏက လှိုင်မြင့်ဦးစွပ်စွဲသွားသလို
ကျောရရုံကြံတယ် ဆိုတာကရော..."
"ဘာမှမဟုတ်ပါဘူး အစ်မတို့ရယ်..
ဒီအတိုင်း စိတ်အခန့်မသင့်လို့ ရန်ဖြစ်ကြတာပါ..
အိမ်ထဲ၀င်တော့မယ်နော်.."
ဒေါ်စံပယ်မွှေးလည်း မျက်နှာပြောင်ပြောင်နှင့်ပဲ
အားလုံးကို လိမ်လည်လိုက်ရလေတော့သည်။
ထို့နောက် သားဖြစ်သူကိုအိမ်ထဲသို့
ဆွဲခေါ်ကာ အိမ်တံခါးကို ပိတ်ပစ်လိုက်ရသည်။
ခြံအပြင်မှာတော့ ဘယ်ပွဲမဆိုပါတတ်သော
အမျိုးသမီးတို့ တစ်သိုက်၏
အသံဗလံတွေက စုံလို့ပေါ့။
"..ငါ့အထင်တော့ ကိုတင်မောင်ရဲ့တူမနဲ့
မစံပယ်ရဲ့သားက မရိုးသားသလိုပဲနော်.."
"နင်ကလည်းအေ..မြင်တာနဲ့မသိဘူးလား
လှိုင်မြင့်ဦးဒီလောက်ဒေါသထွက်ပြီး
မစံပယ်ရဲ့သားကို ထိုးလိုက်တည်းက
ပြဿနာက တော်တော်ကြီးနေလို့ပေါ့.."
"ဟဲ့..ငါမနက်ကပဲ မငွေခင်ပြောပြတာ
နားထောင်ခဲ့ရသေးတယ်...ချစ်ပန်းဝေနဲ့
မစံပယ်ရဲ့သားက မြို့တက်သွားတာ
ညတည်းက ပြန်မရောက်ဘူးတဲ့..
ကြည့်ရတာ ခိုးပြေးသလားမှမသိတာ.."
"အေးနော်..သူတို့ဇာတ်လမ်းတွေက
ခပ်ရှုပ်ရှုပ်ရယ်.."
"ရှုပ်တယ်ဆိုမှ..အဲ့ဒီ့ချစ်ချစ်က
ယောက်ျားလေးတွေနဲ့ ပလူးပလဲအရမ်းနေတာပဲတဲ့
မငွေခင်ပြောတာလေ..သူ့သားရဲရင့်တောင်
မနဲတားလို့တဲ့ အဲ့ကောင်မလေးက
ပိုက်ဆံရှိရင် ခြူစားချင်တာတဲ့တော်.."
"ဟုတ်ချင်ဟုတ်မှာပေါ့..ခုလည်းကြည့်ပါလား
မစံပယ်တို့က အရမ်းချမ်းသာတာလေ
ဒါကိုသိလို့ ကပ်တာနေမှာပေါ့.."
"ကိုတင်မောင်တို့ကတော့ တူမကိုအမည်ခံပြီး
ကောင်းစားတော့မှာပေါ့ဟယ်.."
"မဌေးကတော့ အခုလောက်ဆို
ထတောင်ကနေပြီလားမသိဘူး..
အရင်တည်းက စကားပြောရင်အာကျယ်
အာကျယ်နဲ့ဆိုတော့ အခုပိုဆိုးတော့မှာပေါ့..."
"ဘာပဲဖြစ်ဖြစ် ငါကတော့မစံပယ်တို့
သားအမိကိုပဲ သနားတယ်..
ဟိုက သူတို့ကိုပိုက်ဆံရှိလို့ ကပ်တဲ့အပြင်
အရူးမရဲ့ဒဏ်နဲ့ လူမိုက်လှိုင်မြင့်ဦးရဲ့ဒဏ်ကိုလည်း
ခံရတော့မယ်..."
"အေးဟေ့ ဘယ်လိုရှေ့ဆက်
နှစ်ပါးသွားကြမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့"
အတင်းပြောတတ်သော အမျိုးသမီးတို့၏
ထုံးစံအတိုင်း တစ်ယောက်စကားက
နောက်တစ်ယောက်နားသို့ ရောက်သွားလေရာ
အချိန်တိုအတွင်းမှာပဲ ချစ်ပန်းဝေနှင့်
ဒေါ်စံပယ်မွှေး၏သားတို့
ခိုးပြေးကြပါသည်ဆိုသော သတင်းဟာ
တောမီးသကဲ့သို့ ပျံ့နှံ့သွားလေတော့သည်။
🔥🔥🔥🔥🔥🔥
"ဟာ..ကျွန်တော်တာ၀န်မယူနိုင်ဘူးအမေ..."
"ဟဲ့..မောင်မောင်..နင်အဲ့ဒါဘာစကား
ပြောလိုက်တာလဲ..နင်နဲ့တစ်ညလုံးအတူရှိနေတဲ့
မိန်းကလေးလေ..နင်နှမသားချင်းစာနာစမ်း
စကားကို ထင်သလိုလာပြောမနေနဲ့..."
"..အမေတို့ကလဲ..ဘာကိစ္စကျွန်တော်က
တာ၀န်ယူရမှာလဲ..သူနဲ့ကျွန်တော်
ဘာတွေများ လွန်ကျူးခဲ့တာမှတ်လို့..."
"မောင်မောင်..နင်ခွေးစကားမပြောနဲ့နော်.."
"ဟာ..ဒုက္ခပဲ.."
အမေ့ကို တွန်းလှန်မရတော့ ရှိုင်းမှာ
မနေ့ညနေက ချစ်ပန်းဝေကိုသွားကြိုမိတာတောင်
နောင်တရချင်သွားတော့သည်။
ကိုယ့်နှမသားနဲ့နှိုင်းယှဉ်မိပြီး ကိုယ်ချင်းစာခဲ့မိတာ
ဒီလို လှည်းကြိုးထမ်းဖို့မှ မဟုတ်ပဲ။
တာ၀န်ယူပေးရလောက်အောင်အထိလည်း
ကိုယ်နဲ့သူက ဘာမှငြိစွန်းခဲ့တာမျိုးမရှိဘူး။
တစ်ညလုံး အခြေအနေအရ အခန်းတစ်ခုထဲမှာ
အတူရှိနေခဲ့ရင်တောင် နှစ်ယာက်လုံးထိုင်လျှက်ပဲ
အိပ်ပျော်သွားခဲ့ကြတယ်။
ဒီမိန်းကလေးအပေါ်ကို ဘာအခွင့်အရေးမှ
မယူခဲ့ကြောင်း ကျိန်ပြီးတောင်ပြောနိုင်တယ်။
အခုတော့ တာ၀န်ယူပေးရမယ်တဲ့။
လူတစ်ယောက်ကို ယုံကြည်ဖို့သိပ်ခက်ခဲတဲ့
ကိုယ့်လိုလူအတွက် မနေ့တစ်နေ့ကမှ
တွေ့တဲ့မိန်းမကို ကောက်ယူရမှာတဲ့လား။
တာ၀န်ဆိုသည့် စကားနဲ့အချုပ်အနှောင်
ခံရတော့မည်လား။
ကိုယ့်ဂုဏ်သိက္ခာ၊ကိုယ့်အဆင့်အတန်းနဲ့
သက်လွန်းပိုလို မိန်းမမျိုးကိုတောင်
အိမ်ထောင်မပြုချင်သေးလို့ အချိန်ဆွဲထားရင်း
ပြတ်မလို ဖြစ်နေတဲ့အခြေအနေမှာ
ဘာမဟုတ်တဲ့ တောကကောက်စိုက်တဲ့
မိန်းမကို ဆက်ကနဲကောက်ယူ
လက်ထပ်ရမယ်ဆိုတော့ လူရယ်စရာ
ဖြစ်နေမှာပေါ့။
"အမေ..ကျွန်တော်ပြတ်ပြတ်သားသားပဲ
ပြောလိုက်မယ်..
........
ချစ်ပန်းဝေကို
ကျွန်တော်လုံး၀မယူနိုင်ဘူး..
.......
တာ၀န်ယူတာတွေဘာတွေ လာမပြောနဲ့
ကျွန်တော်တို့ကိစ္စကို အမေလည်းသိပြီးသားပဲ
..…...
ခရီးအတူထွက် မုန်တိုင်းမိလို့အခြားနေရာမှာ
၀င်ခိုမိတာနဲ့ မိန်းမတစ်ယောက်ကို
လက်လွတ်စပယ် လက်မထပ်နိုင်ဘူး.."
"ဟဲ့..နင်အဲ့လိုပြောလို့မရဘူး
သူ့အစ်ကိုပြဿနာ လာရှာသွားလို့
ခုလောက်ဆို နင်တို့ကိစ္စကို တစ်ရွာလုံးတောင်
သိနေလောက်ပြီး နင်ကရန်ကုန်မှာပဲနေတဲ့လူမို့
ရှောင်ထွက်သွားလို့ ရနိုင်ပေမဲ့
ချစ်ပန်းဝေက ဒီရွာမှာလူပျိုကာလသားရှိတဲ့
အိမ်တိုင်းရဲ့ အထင်အမြင်သေးတာကို
အလူးအလဲခံရမှာ.."
"သူတို့ဘာသာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး
ပြဿနာလာရှာတည်းက သူတို့မရှက်လို့ပေါ့ကျွန်တော်က ဘာကိုသနားပေးရမှာလဲ
သနားပေးတိုင်းတာ မိန်းမရကြေးဆိုရင်
ကျွန်တော်ယူထားတဲ့မိန်းမက
လက်ချိုးရေလို့တောင် ရမှာမဟုတ်ဘူး..."
ပြောမရဆိုမရ မောင်မောင်တစ်ယောက်နဲ့တော့
တယ်ခက်ပါလား။
ကိုယ့်မှာ ယောက်ျားနဲ့ရန်ဖြစ်ပြီး
စိတ်ဆိုး၊စိတ်ကောက်ဖို့ ကြံယုံရှိသေး
သားဖြစ်သူက ထမွှေပြန်ပြီ။
မွှေတာကမွှေပါ။ဒါပေမဲ့ ဒင်းကအကြောမာပြီး
ပြောရဆိုရ လက်ပေါက်ကပ်တဲ့အပြင်
အရင်တည်းက မိဘစကားကို တသွေမသိမ်း
လိုက်နာခဲ့သူမဟုတ်တော့ အခက်သားလား။
ဒင်းနဲ့တော့ ငါ့ရွာမှာ မျက်နှာပျက်စရာတွေ
ဖြစ်ကုန်ပြီ။
"သားရယ်အမေ့စကားကို နားထောင်စမ်းပါ..
ဒီကိစ္စက သားအတွက်တော့
သေးငယ်နိုင်ပေမဲ့
တစ်ဖက်မိန်းကလေး
အတွက်တော့ ကိုယ်နဲ့ခိုးရာလိုက်သွားတဲ့
ယောက်ျားလေးက တာ၀န်မယူဘူးဆိုတဲ့ဟာက
ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ.."
"ဟာ..ခိုးပြေးတာမဟုတ်ပါဘူးလို့
ဒီလောက်ပြောပြနေတာကို
အမေတို့ကလည်းဒုက္ခပဲ..ကျွန်တော့်ကို
သေတွင်းထဲ မရောက်ရောက်အောင်
ပို့နေကြတာပဲ.."
"ဟဲ့..ဘယ်လိုဖြစ်ဖြစ်လေ အများအမြင်မှာတော့
နင်တို့ကို ခိုးရာလိုက်တယ်ပဲထင်ကြမှာပေါ့..
......
နင်က ယောက်ျားလေးမို့လို့ မနစ်နာပေမဲ့
ဟိုကမိန်းကလေးဟဲ့..
......
နင်နဲ့ဖြစ်ခဲ့တဲ့အမဲစက်က
သူ့နောက်ကို တောက်လျှောက်လိုက်နေမှာ...
.......
ဘယ်သားရှင်က ကြည်ကြည်ဖြူဖြူနဲ့
သူ့ကို လက်ခံတော့မှာလဲ...
ဒါကြောင့်အမေက လေကုန်ခံပြီးပြောနေရတာ.."
"အမေပြောတာကို ကျွန်တော်နားလည်တယ်
ဒါပေမဲ့ သူ့ကိုတော့ကျွန်တော်မယူနိုင်ဘူး
.......
အမေပဲစဉ်းစားကြည့်လေ
ကျွန်တော့်အရည်အချင်း
ကျွန်တော့်ပုံစံနဲ့ တွေ့ရာမိန်းမကို
ကောက်ယူစရာလား..
ဘာလုပ်လုပ်
သေချာတွေးပြီးမှ လုပ်ခဲ့သမျှ
မိန်းမယူတဲ့ကိစ္စမှာတော့ ဖြစ်သလိုမယူချင်ဘူး.."
"ဟဲ့..သူကအခုဘာဖြစ်နေလို့လဲ..
ဆင်းရဲတာကလွဲပြီး ဘာအပြစ်တွေများရှိနေလို့လဲ
.........
လိမ္မာရေးခြားရှိတဲ့ အပျိုစစ်စစ်လေ
မယားမှာတောသူ ကျွန်မှာကုလားတဲ့
နင့်အဖေတောင် ဆယ်တန်းမအောင်တဲ့ငါ့ကို
ယူခဲ့သေးတာပဲ..
..….....
ချစ်ပန်းဝေက ပညာတတ်၊ဘွဲ့ရ
နင်ဘာတွေများ နစ်နာသွားမှာမို့လဲမောင်မောင်ရယ်
..........
ညက ကိုတင်မောင်နဲ့လည်း ငါစကားကျွံပြီးပြီဟဲ့
ညအထိ ပြန်မလာရင် လုပ်သင့်လုပ်ထိုက်တာ
လုပ်ပေးပါ့မယ်လို့ ပြောထားပြီးသား
.......
ငါ့ကို ကတိမတည်တဲ့လူဖြစ်အောင်
နင်လုပ်နေတာလား..နောင်မှာငါ့ရွာတောင်
ငါပြန်မလာရဲအောင် မလုပ်ပါနဲ့မောင်မောင်ရယ်.."
"ဟာ..စိတ်ညစ်တယ်အမေရာ...စေ့စပ်ပြီးသား
လူရှိတာတောင် နောက်တစ်ယောက်နဲ့
ယူလိုက်ရမယ်ဆိုတော့
ကျွန်တော့်အသိုင်းအ၀ိုင်းမှာရော
ဘယ်လို မျက်နှာပြရတော့မှာလဲ
.......
ကျွန်တော့်ဘက်ကိုလည်း ကိုယ်ချင်းစာပေးစမ်းပါ
သူနဲ့ကျွန်တော်ကလည်း
ဘာမှဖြစ်ခဲ့ကြတာမဟုတ်ဘူး..
.........
အဲ့ဒါကို သူလည်းအသိကျွန်တော်လည်းအသိ..
ကိုယ်ချစ်တဲ့လူလည်းမဟုတ်
သူ့အကြောင်း ကိုယ့်အကြောင်းလည်းမသိပဲနဲ့
မယူချင်ဘူးဗျာ..
ကျွန်တော့်ကို အတင်းတွန်းအားမပေးပါနဲ့.."
စိတ်ရှုပ်လာတိုင်း တစ်နေရာသို့
အမြဲရှောင်ထွက်သွားတတ်သည့်အကျင့်အတိုင်း
ယခုလည်း အပေါ်ထပ်သို့တက်သွားသောကြောင့်
ဒေါ်စံပယ်မွှေးလည်း ဘာလုပ်လို့လုပ်ရမှန်း
မသိတော့ပေ။
"ဟဲ့..မောင်မောင်..ငါပြောရင်ပြောတဲ့အတိုင်း
လုပ်နော်..ငါနင့်အဖေကို ဖုန်းဆက်ပြီး
ခေါ်လိုက်တော့မယ်..."
ဒေါ်စံပယ်မွှေးဘာပြောပြော ရှိုင်းကတော့
မသိချင်၊မကြားချင်ဟန်ဆောင်ကာ
အပေါ်ထပ်သို့တက်သွား၍
ထက်ယံလည်းအနောက်မှ
ပြေးလိုက်ရလေသည်။
အပေါ်ထပ်အခန်းသို့ရောက်တော့
ကုတင်ပေါ်မှာ နဖူးပေါ်လက်တင်ရင်း
အတွေးများနေသော ရှိုင်းကိုကြည့်ကာ
ထက်ယံလည်း သက်ပြင်းချလိုက်မိလေသည်။
"ရှိုင်း..မင်းဘာဆက်လုပ်မလဲ..
ချစ်ပန်းဝေကို မင်းလက်ထပ်မှာလား.."
"ငါလည်းဘာဆက်လုပ်ရမလဲဆိုတာ
မသိတော့ပါဘူးကွာ..ငါ့ကိုယ်ငါပဲဒါသထွက်တာ
မနေ့က အဲ့ကောင်မလေးကို ငါသွားမကြိုခဲ့သင့်ဘူး"
"မနေ့ကငါသွားကြိုပါမယ်လို့
ပြောမလို့ကို မစောင့်ပဲမင့်ဘာသာ
အလောတကြီးထွက်သွားခဲ့တာလေ..
ငါသာသွားကြိုခဲ့ရင်
မင်းနဲ့ယူစရာကိုမလိုတော့တာ.."
"ဟေ့ကောင်..မင်းလာမနောက်နဲ့နော်.."
"ဟား..ဟား..မဟုတ်လို့လား
ချစ်ပန်းဝေကို စိတ်၀င်စားနေတာကငါပါ
အခုတော့ မင်းနဲ့ညားရတော့မယ်..
အဲ့ဒါမှန်းသိရင် မနေ့ကငါပဲသွားခေါ်လိုက်တယ်.."
"ဟေ့ကောင်..သူများသားသမီးကို
လက်လွတ်စပယ်မပြောစမ်းနဲ့..."
"အံမယ်..ခုဏကတော့
သားမယူချင်ဘူး..သားမယူချင်ဘူးနဲ့..
အခုကြတော့ ချစ်ပန်းဝေကိုနဲနဲလးထိတာတောင်
မခံနိုင်တော့ပါလား..ငါမေးပါရစေ
မင်းတို့နှစ်ယောက် တစ်ညလုံးအတူရှိနေကြတာ
နည်းနည်းပါးပါး ရင်မခုန်ဘူးလား.."
"ငါကမင်းလို နှာဘူးမှမဟုတ်တာ...
ရင်ခုန်ဖို့မပြောနဲ့ တငိုငိုဖြစ်နေလို့တောင်
ရန်ဖြစ်ခဲ့ရသေးတယ်..."
"အေးပါ..မေးမိတာငါ့အမှားပါ..ဒါပေမဲ့
ဒီပွဲမှာတော့ မင်းခေါင်းမာလို့ရမယ်မထင်ဘူး..
......
မင်းအမေက ရှေးရိုးစွဲတဲ့လူဆိုတော့
မင်းကို အတင်းပေးစားမှာပဲ
.....
နောက်ပြီး သူ့အစ်ကိုကြီးကလည်း
ပြဿနာလာရှာသွားတော့ ခုလောက်ဆို
တစ်ရွာလုံးနီးပါး သိနေလောက်ပြီ
ချစ်ပန်းဝေကို မင်းမယူရင်သူအရှက်ကွဲလိမ့်မယ်..."
"ဒါပေမဲ့ကွာ..ငါတကယ်လက်မထပ်ချင်သေးဘူး
အသက်သုံးဆယ်လောက်မှ အိမ်ထောင်ပြုမယ်လို့
စဉ်းစားထားတာကွ.."
"အသက်အရွယ်က အဓိကမဟုတ်ပါဘူးကွာ
မင်းမှာက ကိုယ်ပိုင်အလုပ်ရှိတယ်..
ပိုင်ဆိုင်မှုလည်း တော်တော်များနေပြီပဲ
........
ဒါပေမဲ့ မင်းရုတ်တရက်အိမ်ထောင်ပြုလိုက်ရင်
မင်းရဲ့ပရိတ်သတ်တွေက ထပေါက်ကွဲကြလိမ့်မယ်
ပိုပိုနဲ့ ဆက်ဆံရေးကိုတောင် တရား၀င်
ချပြထားတာမှမဟုတ်ပဲနဲ့..
.........
နောက်ပြီးအေဂျင်စီကလည်း
မင်းကိုပြဿနာရှာမှာ
သေချာတယ်..
.........
ဒီ့ထက်ပိုအရေးကြီးတာကတော့
ပိုပိုပဲ..သူ့ဘက်ကဘာအမှားမှမလုပ်ပဲ
ချစ်ပန်းဝေနဲ့ကိစ္စကြောင့် စေ့စပ်ပွဲကို
ဖြတ်သိမ်းလိုက်ရင် သူမင်းကိုစိတ်နာပြီး
..........
နှစ်ဖက်အသိုင်းအ၀န်းကြားမှာလည်း
စေ့စပ်ပွဲပျက်လို့ သူအရှက်ရတဲ့အတွက်
မင်းကို မုန်းနိုင်တယ်နော်.."
"ငါလည်း မသိတော့ဘူးထက်ယံရာ..
တော်တော်စိတ်ရှုပ်လာပြီ...
တောက်!!!..အဲ့ဒီ့မိန်းမ၀င်မွှေတာနဲ့
ငါ့ဘ၀လည်း အကုန်ငါးပါးမှောက်တော့မယ်"
For Me, [8/21/2025 5:14 PM]
အမှန်တကယ်လည်း
အမျိုးမျိုးတွေးတောရလွန်းလို့
ခေါင်းတွေ ခြောက်နေလေပြီ။
ဒီမိန်းကလေးနဲ့ စတွေ့တည်းက
ကိုယ့်ဘ၀မှာ မလုပ်ဖူးတာတွေလည်းလုပ်မိသလို
မကြုံဖူးတာတွေနဲ့လည်း ကြုံခဲ့ရတယ်။
ချစ်ပန်းဝေရယ် မင်းဟာဘယ်လိုမိန်းမမျိုးလဲ။
ငါ့ဘ၀ကို မီးလောင်တိုက်သွင်းဖို့များ
ပေါ်ပေါက်လာခဲ့တာလား။
တည်ငြိမ်နေတဲ့ ငါ့ဘ၀ကြီးကမင်းနဲ့တွေ့မှ
လှိုင်းထန်တဲ့ ပင်လယ်ကြီးဖြစ်လာရတယ်။
အရာရာတိုင်းကို ပလန်ချထားပြီးခါမှ
ငါ့အစီအစဉ်တွေကို အားလုံးလွဲချော်အောင်
မင်းလုပ်လိုက်ပြီ။
မင်းအပေါ်မှာ စေတနာပိုခဲ့မိတာဟာ
ငါ့အတွက် တကယ်ကိုမဟာအမှားကြီးပဲ။
"ငါဘာဆက်လုပ်ရမလဲထက်ယံ
ငါထွက်သွားလိုက်ရမလား
အဲ့ဒါဆိုရင်လည်း အမေတို့ငါ့ကြောင့်
စိတ်ညစ်ရတော့မှာ..
ဒါမှမဟုတ် ချစ်ပန်းဝေကိုလက်ထပ်လိုက်ရမလား"
"ချစ်ပန်းဝေကိုလက်ထပ်ရင် ဖြေရှင်းရမဲ့
ပြဿနာတွေက အများကြီးပဲနော်
ချစ်ပန်းဝေကို ရွေးချယ်ရင်ပိုပိုနဲ့ကိစ္စအပြင်
အေဂျင်စီနဲ့ပါ ပြဿနာတက်လိမ့်မယ်
မင်းအတွက်တန်လို့လား..ဦးနှောက်နဲ့ပဲ
အလုပ်လုပ်မနေနဲ့ မင်းရဲ့နှလုံးသားကိုလည်း
မေးကြည့်အုံး..အများကြီးတော့
ထပ်မပြောချင်တော့ဘူး..ငါတို့ကအပြင်လူ
တကယ်ရင်ဆိုင်ရမှာက မင်း..."
ရှိုင်း၏မန်နေဂျာတစ်ယောက်အနေနှင့်
ထက်ယံကိုယ်တိုင်လည်း ချစ်ပန်းဝေကို
ရှိုင်းနှင့် သဘောမတူချင်ပေ။
မိုးနှင့်မြေဆိုတာ ပေါင်းစပ်လို့မရသလို
ချစ်ပန်းဝေဆိုတဲ့ တောသူမလေးနှင့်
ရှိုင်းလို နိုင်ငံကျော်ရုပ်ရှင်မင်းသားဆိုတာ
မျက်လုံးထဲမှာတောင် တွဲဖက်ပြီး
မြင်ကြည့်လို့ မရဘူး။
ဒါပေမဲ့ အခြေအနေကဒီလိုဖန်တီးလာတော့
ဖူးစာရေးနတ်မင်းကိုပဲ အပြစ်တင်ရမလိုလို။
ရွှေဖူးစာရွာလည် ဆိုတဲ့စကားက
တကယ်ကို အမှန်ပါပဲ။
🌺🌺🌺🌺🌺🌺
(ရန်ကုန်တိုင်း)
-------------
"ဆရာ..ဒီမှာဆရာ့ဖုန်းလာနေတယ်.."
ဧည့်ခန်းတွင်ထိုင်၍ သူ့လက်ထောက်
လာပို့ပေးသောစာချုပ်စာတန်းတွေကို
စစ်နေရင်းနှင့် ဦးနေဂုဏ်မာန်လည်း
ခုံပေါ်မှာတင်ထားသည့်
ဖုန်းကို ယူကြည့်လိုက်ရာ သူ့မျက်လုံးတွေ
ချက်ချင်းပြူးကျယ်သွားပြီး လက်ထဲမှ
စာချက်ကို ချက်ချင်းချထားလိုက်မိသည်။
ဦးနေဂုဏ်မာန်ဆိုတာ အမြဲတမ်း
အိန္ဒြေသိက္ခာကြီး တစ်ခွဲသားနှင့်
တည်တည်ကြည်ကြည် နေလေ့ရှိသော
ပုဂ္ဂိုလ်ဖြစ်၍ အခုလိုပြူးပြူပြာပြာ
ဖြစ်သွားဟန်ကြောင့် သူ့လက်ထောက်ပင်
အံ့ဩသွားလေတော့သည်။
"ဆရာ..ဘယ်သူမို့လို့လဲ.."
"ငါ့မိန်းမဆက်တာကွ..စာချုပ်တွေလည်း
စစ်ပြီးပြီဆိုတော့ မင်းပြန်ချင်ပြန်လိုက်တော့"
"ဟုတ်ကဲ့ပါဆရာ.."
သူ့လက်ထောက်ပြန်သွားသည်နှင့်
ဦးနေဂုဏ်မာန်၏ နှုတ်ခမ်းထက်၀ယ်
အလွန်ကျေနပ်နေသော အပြုံးတစ်ခု
ပေါ်ပေါက်လာလေတော့သည်။
ကိုယ့်ကို အရက်သောက်လို့ဆိုပြီး
ရန်လုပ်ကာ အိမ်ပေါ်မှဆင်းသွားတဲ့မွှေးကို
ကိုယ့်ဘက်ကလည်း အင်မတန်လွမ်းနေပေမဲ့
မဆက်သွယ်ပဲ ပစ်ထားခဲ့သည်မှာ
သုံးရက်လောက်တောင် ရှိနေလေပြီ။
အမြဲတမ်း ကိုယ့်ဘက်ကပဲအလျှော့ပေးခဲ့ရ၍
ဒီတစ်ခါတော့ အနိုင်ရမှဖြစ်မည်ဆိုပြီး
တင်းခံထားခဲ့ပေမဲ့ မွှေးရဲ့ခေါင်းမာမှုကတော့
အတိုင်းထက်အလွန်ပါပဲ။
ဒီညနေလောက်တော့ မိန်းမကိုချော့ရမည်ဟု
တွေးထားခဲ့ပေမဲ့ အခုတော့သူ့ဘက်ကစပြီး
ဖုန်းဆက်လာပြီပေါ့။
"ဟယ်လို..ဘယ်သူပါလဲ.."
"ဦးဂုဏ်မာန်..ရှင်ကျွန်မဖုန်းနံပါတ်မှန်းသိလျှက်နဲ့
တမင် ဟန်ဆောင်မနေနဲ့..."
အမတော်၏ အနုကြမ်းကတော့စပါပြီ။
ဒီလို အစွယ်တငေါငေါ ထွက်လာမယ်မှန်း
သိလို့ တမင်ကိုမသိဟန်ဆောင်နေလိုက်တာ။
နေဂုဏ်မာန်လည်း ရယ်ချင်နေမိပေမဲ့
တမင်ဟန်ဆောင်ပြီး စိတ်ကိုတင်းထားလိုက်သည်။
ဒါ့တင်မကသေးပဲ ချောင်းတစ်ချက်ဟန့်ကာ
လေသံပါ မာပစ်လိုက်သည်။
အခုဖုန်းဆက်တာဟာ မွှေးဘက်ကဖြစ်လို့
ကိုယ်ဟာ အသာစီးကပဲ။
"မင်းဖုန်းနံပါတ်မှန်းတော့ သိတာပါ့..
ဒါပေမဲ့ ဒေါ်မာနခဲကအရင်ဆက်မယ်လို့
မထင်ခဲ့လို့လေ သေချာအောင်မေးကြည့်တာ...
ဟား..ဟား.."
"ဦးဂုဏ်မာန်..ရှင်ရန်စကားလာမပြောနဲ့နော်
အခုဖုန်းဆက်တာက မဖြစ်မနေပြောရမဲ့
ကိစ္စမို့လို့ လှမ်းဆက်တာ..
မဟုတ်ရင်လေ ရှင်ရှိတဲ့အရပ်ကို
အီးတောင်လှည့်မပေါက်ဘူးမှတ်..."
"မွှေး..မင်းမညစ်ပတ်နဲ့နော်..."
ဟိုဘက်က မဒေါသက ထပေါက်ကွဲပြီး
မဟုတ်တာတွေလျှောက်ပြောနေရာ
ပြန်ပြောချင်ပေမဲ့ ရန်ဖြစ်ပြီးအိမ်ပေါ်ကနေ
ဆင်သွားတာမကြာသေးတော့ အမှုမကြီးချင်၍
ဒေါသကို ပြန်မျိုချလိုက်ရသည်။
"မင်းပြောမယ်ဆိုတာဘာလဲ.."
"ရှင့်သားကို မိန်းမတောင်းပေးမလို့
ရှင်ဒီနေ့ပဲ ကျွန်မတို့ရွာကိုလိုက်လာခဲ့
ဆွေမျိုးထဲက ခေါ်ချင်တဲ့လူနှစ်ယောက်၊
သုံးယောက်လောက်ပါ ခေါ်လာခဲ့..."
"ဘာ..မင်းငါ့ကိုလာနောက်နေတာလား
ငါ့သားက မင်းကိုလိုက်ခေါ်တာလေ
ဘယ်လိုဖြစ်ပြီး မိန်းမယူမယ်ဖြစ်သွားရတာလဲ..
မင်းဘာတွေလျှောက်လုပ်နေတာလဲ"
"ကျွန်မက ဘာလုပ်ရမှာလဲ
အခုက မပေးစားလို့မဖြစ်လို့ ပေးစားရမှာ
အကြောင်းစုံကို ဒီရောက်မှပဲပြောပြတော့မယ်
ရှင်သာ မြန်မြန်ရောက်အောင်လာခဲ့..."
"နေပါအုံး..ငါမရှင်းလို့ပါကွာ...
သားက စေ့စပ်ပြီးသားမိန်းကလေးရှိတယ်လေ
အခုက ဘယ်သူနဲ့ယူမှာတုန်း.."
"ကျွန်မတို့ရွာကပဲ ကောင်မလေးနာမည်က
ချစ်ပန်းဝေလို့ခေါ်တယ်...ကောင်မလေးက
ဘွဲ့ရပညာတတ်လေးပါ..
ကျန်တာတော့ နောက်မှပဲပြောပြတော့မယ်
ဖုန်းထဲမှာ မပြောချင်ဘူး
အော်..ရှင်လာရင်လေ..ကျွန်မရဲ့ဗီဒိုထဲက
လက်၀တ်ရတနာဗူးယူလာခဲ့စမ်းပါ
အဲ့ထဲမှာ မြတစ်ဆင်စာရှိတယ်..
ဒါပဲနော် ဖုန်းချလိုက်တော့မယ်..."
"အေးပါကွာ.."
ပြောချင်တာပြောပြီး ဖုန်းချသွားသော
မွှေးကြောင့် ဦးနေဂုဏ်မာန်လည်း
ကြောင်တောင်တောင် ဖြစ်နေလေသည်။
အမေ့ကို လိုက်ခေါ်မယ်ဆိုပြီး ရွာပြန်သွားတဲ့
သားဖြစ်သူက ဘယ့်နှယ်ကြောင့်
မိန်းမယူမယ် ဖြစ်သွားရတာလဲ။
သွားတုန်းကတစ်ယောက်တည်း ပြန်လာတော့
နှစ်ယောက် ဖြစ်တော့မယ်ထင်ပါတယ်။
"အဖေ့..အဲ့ဒီ့မှာငူငူကြီးရပ်ပြီး ဘာလုပ်နေတာလဲ.."
သမီးဖြစ်သူ ပိတောက်မွှေး၏အသံကို
ကြားတော့မှ ဦးနေဂုဏ်မာန်လည်း
အသိပြန်၀င်သွားလေတော့သည်။
"သမီးရဲ့အမေ အဖေ့ကိုအခုပဲဖုန်းဆက်လာတယ်"
"ဟယ်..ဒါဆိုမေမေစိတ်ဆိုးပြေသွားပြီပေါ့.."
"ဘယ်ကသာ စိတ်ဆိုးပြေရမှာလည်းသမီးရယ်
အခုက မင်္ဂလာကိစ္စလှမ်းအကြောင်းကြားတာ.."
"မင်္ဂလာကိစ္စဟုတ်လား..ဘာမင်္ဂလာကိစ္စလည်း
..ဘာလဲ အမေကနောက်ယောက်ျား
ယူတော့မလို့လား"
"ဖွဟဲ့..လွဲပါစေ..
နင့်အဖေ..အကောင်းစားကြီးကိုပစ်ပြီး
သူလားယူရဲမှာ...
အခုကသမီးရဲ့အစ်ကို မင်္ဂလာကိစ္စပါ..
မိန်းမတောင်းပေးရမှာမို့ ဒီနေ့ပဲရွာကိုလိုက်ခဲ့ပါတဲ့
ရာဇသံပေးလာတယ်.."
"ဟမ်..အစ်ကိုကြီးကဘယ်လိုဖြစ်ပြီး
မိန်းမယူတော့မယ် ဖြစ်ရတာလဲ..
ဟိုသက်လွန်းပိုနဲ့လား.."
"မဟုတ်ပါဘူး..ရွာကကောင်မလေးတဲ့.."
"ဟယ်..တကယ်ကြီး..အစ်ကိုကြီးလို
မောင်ကြီးကျယ်က ရွာကမိန်းကလေးကို
ယူပါ့မလားအဖေရယ်..မဟုတ်တာ..
သွားကြားထိုးတန်တောင် ဘရန်းဒတ်ပဲ
ကိုင်မဲ့လူက တောသူကိုယူမယ်ဆိုတော့
လာနောက်နေတာလား အဖေရယ်.."
"အဲ့ဒါတော့မသိဘူးလေ..သမီးရဲ့အမေပြောတာပဲ.."
ပိတောက်မွှေးလည်း လုံး၀မယုံချင်ပေမဲ့
အဖေ့မျက်နှာက တည်နေသလို
အမေကိုယ်တိုင်က ပြောတယ်ဆိုတော့
အံ့ဩလွန်း၍ မျက်လုံးတောင်ပြူးသွားရသည်။
ကိုယ့်အစ်ကိုအကြောင်းကို ကိုယ်သာအသိဆုံး။
သူ့တစ်ကိုယ်လုံးမှာ သေးသေးမွှားမွှားကအစ
ဈေးကြီးပေ့၊ကောင်းပေ့ဆိုတာမှ
၀ယ်သုံးတတ်သည့်လူဟာ တောသူကို
ယူမယ်ဆိုတော့ ကမ္ဘာ့အထူးခြားဆုံး
ဖြစ်အင်ကြီးပါလား။
"ဟား..ဟား..သမီးကတော့ပျော်တယ်
ဟိုသက်လွန်းပိုဆိုတဲ့ မကြီးကျယ်နဲ့
မညားစေချင်တာ အတော်ပဲဖြစ်သွားတာပေါ့..
ဟီဟိ..အဖေပြန်ရင် သမီးလည်းလိုက်မှာနော်.."
"ဟင်..သမီးကအားလို့လား
ကားရိုက်မရှိဘူးလား.."
"ရှိလည်းအဖေရယ် သမီးကဒါရိုက်တာပဲဥစ္စာ
ရက်ရွှေ့လို့ ရပါတယ်..
စိတ်မပူနဲ့ ကိုယ့်အစ်ကိုကိစ္စလောက်
အရေးကြီးတာ ဘယ်မှာရှိတော့မှာလဲ..
အစ်ကိုကြီးရဲ့ ဇနီးလောင်းက
ဘယ်လိုပုံလည်းဆိုတာ
လိုက်အကဲခတ်ပေးရမှာပေါ့..."
"သဘောပဲ..လိုက်မယ်ဆိုသွားပြီးပြင်ဆင်တော့.."
ဦးနေဂုဏ်မာန်လည်း မိန်းမကချက်ချင်း
လိုက်လာဆို၍ အပေါ်ထပ်သို့ပြေးတက်ကာ
ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့
လုပ်ရတော့သည်။
ပိတောက်မွှေးကတော့ အစ်ကိုမိန်းမယူမည့်
အရေးကိုတွေးပြီး အပျော်ကြီးပျော်နေတော့သည်။
စိတ်ထဲမှလည်း အမျိုးမျိူးကြိမ်းဝါးလို့ပေါ့။
*သက်လွန်းပို..သက်လွန်းပို..ငါ့အစ်ကိုကိုယူပြီးရင်
ငါ့ကိုနှိပ်ကွက်ပြမယ်ဆိုတဲ့မိန်းမ
အခုတော့ ဘာတတ်နိုင်သေးလည်း
အမြဲတမ်း အနိုင်ဘက်ကချည်းနေခဲ့တဲ့
နင့်ရဲ့ ကျရှုံးခန်းကိုငါမိန့်မိန့်ကြီး ထိုင်ကြည့်ပြမယ်.."
သက်လွန်းပိုသည် အရမ်းမာနကြီးသော
နှလုံးအထူးကု ဆရာ၀န်တစ်ယောက်ဖြစ်ပြီး
မာနလည်း အင်မတန်ကြီးကာ
အမြဲအထက်စီးကနေ နေတတ်၊ပြုမူတတ်သူ
ဖြစ်သည်။
ကိုကြီးအပေါ်မှာလည်း အရူးအမူးနဲ့
သူ့ဘက်ကပဲစပြီး ချည်းကပ်ခဲ့တာ။
အစ်ကိုကြီးကိုရရင် ကိုယ့်ကို
နှိပ်ကွက်ပြမယ်ဆိုတဲ့မိန်းမ
အခုတော့ ရှင့်အလှည့်ပေါ့။
အခန်း(၁၄)ဆက်ရန်
🌺🌺🌺🌺🌺🌺🌺
Brandတွေပဲ ကိုင်တဲ့အစ်ကြီး
အခုတော့ ပြည်တွင်းထုတ်လေးနဲ့ညားတော့မယ်
(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူး တင်ရှိပါတယ်နော်..)
=====================
=====================
🌺အခန္း(၁၃)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺
"ရႈိင္းဆိုတာမင္းလား..."
"ဟုတ္တယ္..."
လက္ေၾကာေတြ၊ေမးေၾကာေတြ တင္းေနေသာ
လႈိင္ျမင့္ဦး၏ ေလသံကေဒါသသံစြတ္ေနသလို
ရႈိင္း၏ေလသံကလည္း မာထန္ေနေလရာ
ျပႆနာစေတာ့မည္ဟု ခ်စ္ပန္းေဝ
ေတြးလိုက္မိစဥ္မွာပဲ...
"သူေတာင္စား..မင္းကမ်ားငါ့ညီမကို..."
"အမယ္ေလး..ငါ့သားေသပါၿပီ..."
ေဒၚစံပယ္ေမႊး၏ စူးစူးရဲရဲေအာ္လိုက္သံႏွင့္အတူ
ရႈိင္း၏ ညာဖက္ပါး႐ိုးသည္လည္း
ညိဳမဲ စြဲသြားေလေတာ့သည္။
"လႈိင္ျမင့္ဦး..မင္းဘာလုပ္တာလဲ..အခုခ်က္ခ်င္း
ရပ္လိုက္ေတာ့.."
"အေဖဘာမွ၀င္မေျပာနဲ႔ ကြၽန္ေတာ္ဒီေကာင့္ကို
သတ္မယ္..က်ဳပ္ညီမကို
ေက်ာရ႐ုံႀကံတဲ့ေကာင္.."
"လႈိင္ျမင့္ဦး မင္းကိုငါမလုပ္နဲ႔လို႔ေျပာေနတယ္ေလ
မင္းက အေဖစကားေတာင္
နားမေထာင္ေတာ့ဘူးလားကြ.."
လႈိင္ျမင့္ဦးသည္ နဂိုကမွေသြးဆိုးသူျဖစ္၍
ယခုလည္း ရႈိင္းကိုထိုးမယ္ႀကိတ္မယ္
တကဲကဲျဖစ္၍ေနသည္။
ညီမအရင္းယုယလႈိင္ထက္ေတာင္
ေျပာမနာဆိုမနာ ခ်စ္ပန္းေဝေလးကို
ပိုသံေယာဇဥ္ရွိသူျဖစ္ရာ ဖခင္၀င္ဆြဲတာေတာင္
မရျဖစ္ေနသည္။
ရႈိင္းကေတာ့ သူ႔ႏႈတ္ခမ္းေထာင့္စြန္းတြင္
ေပေနေသာ ေသြးစအခ်ိဳ႕ကိုလက္မႏွင့္
အသာပြတ္သုတ္လိုက္ကာ လႈိင္ျမင့္ဦးကို
ျပန္တုန႔္ျပန္ရန္ ေရွ႕တိုးလိုက္ေပမဲ့
ေဒၚစံပယ္ေမႊးက သူ႔လက္ကို
ခ်က္ခ်င္းဖမ္းဆြဲပစ္လိုက္သည္။
"ေမာင္ေမာင္..အသာေနဒီကိစၥကို
အေမရွင္းမယ္.."
"အေမ..မေတြ႕ဘူးလား ဒီကာင္ကကြၽန္ေတာ့္ကိုအသားလြတ္ႀကီး လာထိုးေနတာ
ကြၽန္ေတာ္လုံး၀ ၿငိမ္မခံႏိုင္ဘူး..."
"ဟဲ့ေမာင္ေမာင္..ေရွ႕မတိုးနဲ႔ေတာ့လို႔
ငါေျပာေနတယ္ေလ..အဲ့ဒါခ်စ္ပန္းေဝရဲ႕အစ္ကိုဟဲ့
ညီမေဇာနဲ႔မို႔ ေသြးဆူေနတာကို
နားလည္ေပးလိုက္စမ္းပါသားရယ္.."
ခ်စ္ပန္းေဝ၏အစ္ကိုဆိုတာသိေပမဲ့
ရႈိင္းသည္ ယခင္ကတည္းကစိတ္ဆက္သူျဖစ္ၿပီး
ကိုယ့္ကို လာေၾကာရင္ လုံး၀ညည္းမခံတတ္ေလရာ
မ်က္ေမွာင္ႀကီးႀကဳံ႕၍ လႈိင္ျမင့္ဦးကို
မီး၀င္း၀င္းေတာက္ေတာ့မတတ္
ၾကည့္ပစ္လိုက္သည္။
"ေဟ့ေကာင္ မင္းကငါ့ကိုဘာၾကည့္တာလဲ.."
လႈိင္ျမင့္ဦးက မိုက္ကန္းကန္းႏွင့္
ရႈိင္း၏ရင္ဘတ္ကို တြန္းလိုက္ေပမဲ့
ထိတ္လန႔္သြားသူမွာ လႈိင္ျမင့္ဦးသာျဖစ္သည္။
ပထမတစ္ခါ ထိုးလိုက္တုန္းကေတာ့
လူအလစ္မွာမို႔ ဒီေကာင္ခံလိုက္ရတာပဲေနမယ္။
အခုဒီေကာင့္ရင္ဘတ္ကို တြန္းလိုက္ေတာ့
ခႏၶာကိုယ္ႀကီးကို ေတာင့္ထားလိုက္တာမ်ား
အေနာက္ကို တစ္လက္မေတာင္မေ႐ြ႕ဘူး။
ရႈိင္းဆိုသည့္ေကာင္ကို ေသခ်ာျပန္ၾကည့္လိုက္ေတာ့
အရပ္ႀကီးကေတာ္ေတာ္ရွည္ၿပီး ဗလကလည္း
အျပင္ပန္းကၾကည့္တာေတာင္
ေတာ္ေတာ္ေတာင့္မဲ့ပုံပဲ။
ကိုယ္နဲ႔သူနဲ႔ ႏွစ္ေယာက္ၿပိဳင္ဖိုက္မယ္ဆိုရင္
ေသခ်ာေပါက္ ကိုယ္ပဲရႈံးမွာ။
ဒီေကာင္ဘာေတြစားလို႔ ဒီေလာက္ထြားေနရတာလဲ။
"ကိုတင္ေမာင္ ရွင့္သားကိုရွင္ျပန္ေခၚသြားရင္
ေကာင္းလိမ့္မယ္..
ဒီလိုမွမဟုတ္ပဲ ကြၽန္မသားကို
ကိုယ္ထိလက္ေရာက္ထပ္လုပ္ရင္ေတာ့
မေန႔ညက ေပးထားတဲ့ကတိကို
ကြၽန္မျဖတ္ရလိမ့္မယ္ေနာ္.."
ေဒၚစံပယ္ေမႊး၏စကားကိုၾကားသည္ႏွင့္
ဦးတင္ေမာင္လည္း ျပာျပာသလဲ
ျဖစ္သြားေလသည္။
"အေဖ့..အဲ့အေဒၚႀကီးက..ဘာကတိကို
ေျပာေနတာလဲ.."
"ဘာကတိျဖစ္ျဖစ္ကြာ..အိမ္ကိုျပန္လိုက္ခဲ့စမ္းမွာ
မင္းညီမကို မင္းကိုယ္တိုင္သိကၡာခ်ေနတာလား..
သူမ်ားေတြဝိုင္းၾကည့္ေနၾကတယ္ကြ..
မင္းလုပ္မွ အားလုံးရစရာမရွိေတာ့ဘူး.."
ဦးတင္ေမာင္ေျပာလိုက္မွ လႈိင္ျမင့္ဦးလည္း
ေဘးဘီကို ၾကည့္လိုက္မိတဲ့အခါ
နီးစပ္ရာ ၿခံဝိုင္းေတြမွလူမ်ား လာစပ္စုၾကတာကို
သတိထားမိသြားေလသည္။
ေဘးမွာလည္း ခ်စ္ခ်စ္ႏွင့္မိလႈိင္က
မ်က္ႏွာငယ္ေလးမ်ားႏွင့္ ရွက္လြန္း၍
ေခါင္းေလးေတြငုံ႔ထားၾကသည္ကို
ေတြ႕လိုက္ရေတာ့ သူ႔ရင္ထဲ
တစ္မ်ိဳးျဖစ္သြားမိတာ အမွန္ပဲ။
အိမ္မွာ အေမေျပာခဲ့တဲ့စကားေတြကို
ေဒါသထြက္ၿပီး မဆင္မျခင္လုပ္လိုက္မိတဲ့အရာက
ကိုယ့္ညီမေလးေတြကို
ကိုယ္တိုင္တန္ဖိုးခ်လိုက္သလို
ျဖစ္သြားမိတာပါလား။
*ကိုယ္သာ ဆိုးခ်င္သေလာက္ဆိုးမယ္
မိုက္ခ်င္သေလာက္မိုက္မယ္..
ဒါေပမဲ့ ကိုယ့္ေမာင္ႏွမေတြကို ထိရင္ေတာ့
လုံး၀မခံႏိုင္တဲ့စိတ္က ဒီတစ္ခါေတာ့
မွားသြားၿပီနဲ႔တူတယ္...*
ရႈိင္းဆိုသည့္ေကာင္ကို မေက်နပ္ေပမဲ့
ကိုယ့္ညီမ၏အရွက္သိကၡာကို ကာကြယ္ရမည္
ဆိုေသာ အသိစိတ္ေၾကာင့္ ခ်စ္ပန္းေဝ၏
လက္ကို ဖမ္းဆြဲၿပီး ၿခံထဲမွထြက္လာဖို႔
ဆုံးျဖတ္လိုက္သည္။
"ခ်စ္ပန္းေဝ..လာ..နင္နဲ႔ငါအိမ္ေရာက္မွေတြ႕မယ္.."
"လႈိင္ျမင့္ဦး..မင္းငါ့တူမကို
ဘာမွႀကိမ္းေနစရာအေၾကာင္းမရွိဘူး.."
"အဲ့ဒါအေဖ့ကိစၥမဟုတ္ဘူး
ကြၽန္ေတာ့္ကိစၥ..ကြၽန္ေတာ့္ညီမကို
ကြၽန္ေတာ္ႀကိဳက္သလို ဆုံးမမယ္..."
ေျပာမရဆိုမရ လႈိင္ျမင့္ဦးကခ်စ္ပန္းေဝကို
ဆြဲေခၚသြားေလေတာ့ ဦးတင္ေမာင္တို႔လည္း
အေနာက္မွေျပးလိုက္ရေတာ့သည္။
ထိုစဥ္မွာ ပြစိပြစိႏွင့္တြတ္ထိုးေနၾကေသာ
အိမ္နီးနားခ်င္းမ်ားကေတာ့ ေဒၚစံပယ္ေမႊး၏
အနားသို႔ ကပ္လာၾကၿပီး
စတင္၍ ေမးျမန္စပ္စုၾကေတာ့သည္။
"မစံပယ္..ေတာ့္သားနဲ႔ခ်စ္ပန္းေဝက
ဘယ္လိုလုပ္ၿပီး အတူျပန္လာၾကတာလဲ..
ခုဏက လႈိင္ျမင့္ဦးစြပ္စြဲသြားသလို
ေက်ာရ႐ုံႀကံတယ္ ဆိုတာကေရာ..."
"ဘာမွမဟုတ္ပါဘူး အစ္မတို႔ရယ္..
ဒီအတိုင္း စိတ္အခန႔္မသင့္လို႔ ရန္ျဖစ္ၾကတာပါ..
အိမ္ထဲ၀င္ေတာ့မယ္ေနာ္.."
ေဒၚစံပယ္ေမႊးလည္း မ်က္ႏွာေျပာင္ေျပာင္ႏွင့္ပဲ
အားလုံးကို လိမ္လည္လိုက္ရေလေတာ့သည္။
ထို႔ေနာက္ သားျဖစ္သူကိုအိမ္ထဲသို႔
ဆြဲေခၚကာ အိမ္တံခါးကို ပိတ္ပစ္လိုက္ရသည္။
ၿခံအျပင္မွာေတာ့ ဘယ္ပြဲမဆိုပါတတ္ေသာ
အမ်ိဳးသမီးတို႔ တစ္သိုက္၏
အသံဗလံေတြက စုံလို႔ေပါ့။
"..ငါ့အထင္ေတာ့ ကိုတင္ေမာင္ရဲ႕တူမနဲ႔
မစံပယ္ရဲ႕သားက မ႐ိုးသားသလိုပဲေနာ္.."
"နင္ကလည္းေအ..ျမင္တာနဲ႔မသိဘူးလား
လႈိင္ျမင့္ဦးဒီေလာက္ေဒါသထြက္ၿပီး
မစံပယ္ရဲ႕သားကို ထိုးလိုက္တည္းက
ျပႆနာက ေတာ္ေတာ္ႀကီးေနလို႔ေပါ့.."
"ဟဲ့..ငါမနက္ကပဲ မေငြခင္ေျပာျပတာ
နားေထာင္ခဲ့ရေသးတယ္...ခ်စ္ပန္းေဝနဲ႔
မစံပယ္ရဲ႕သားက ၿမိဳ႕တက္သြားတာ
ညတည္းက ျပန္မေရာက္ဘူးတဲ့..
ၾကည့္ရတာ ခိုးေျပးသလားမွမသိတာ.."
"ေအးေနာ္..သူတို႔ဇာတ္လမ္းေတြက
ခပ္ရႈပ္ရႈပ္ရယ္.."
"ရႈပ္တယ္ဆိုမွ..အဲ့ဒီ့ခ်စ္ခ်စ္က
ေယာက္်ားေလးေတြနဲ႔ ပလူးပလဲအရမ္းေနတာပဲတဲ့
မေငြခင္ေျပာတာေလ..သူ႔သားရဲရင့္ေတာင္
မနဲတားလို႔တဲ့ အဲ့ေကာင္မေလးက
ပိုက္ဆံရွိရင္ ျခဴစားခ်င္တာတဲ့ေတာ္.."
"ဟုတ္ခ်င္ဟုတ္မွာေပါ့..ခုလည္းၾကည့္ပါလား
မစံပယ္တို႔က အရမ္းခ်မ္းသာတာေလ
ဒါကိုသိလို႔ ကပ္တာေနမွာေပါ့.."
"ကိုတင္ေမာင္တို႔ကေတာ့ တူမကိုအမည္ခံၿပီး
ေကာင္းစားေတာ့မွာေပါ့ဟယ္.."
"မေဌးကေတာ့ အခုေလာက္ဆို
ထေတာင္ကေနၿပီလားမသိဘူး..
အရင္တည္းက စကားေျပာရင္အာက်ယ္
အာက်ယ္နဲ႔ဆိုေတာ့ အခုပိုဆိုးေတာ့မွာေပါ့..."
"ဘာပဲျဖစ္ျဖစ္ ငါကေတာ့မစံပယ္တို႔
သားအမိကိုပဲ သနားတယ္..
ဟိုက သူတို႔ကိုပိုက္ဆံရွိလို႔ ကပ္တဲ့အျပင္
အ႐ူးမရဲ႕ဒဏ္နဲ႔ လူမိုက္လႈိင္ျမင့္ဦးရဲ႕ဒဏ္ကိုလည္း
ခံရေတာ့မယ္..."
"ေအးေဟ့ ဘယ္လိုေရွ႕ဆက္
ႏွစ္ပါးသြားၾကမလဲဆိုတာ ေစာင့္ၾကည့္ရမွာေပါ့"
အတင္းေျပာတတ္ေသာ အမ်ိဳးသမီးတို႔၏
ထုံးစံအတိုင္း တစ္ေယာက္စကားက
ေနာက္တစ္ေယာက္နားသို႔ ေရာက္သြားေလရာ
အခ်ိန္တိုအတြင္းမွာပဲ ခ်စ္ပန္းေဝႏွင့္
ေဒၚစံပယ္ေမႊး၏သားတို႔
ခိုးေျပးၾကပါသည္ဆိုေသာ သတင္းဟာ
ေတာမီးသကဲ့သို႔ ပ်ံ႕ႏွံ႔သြားေလေတာ့သည္။
🔥🔥🔥🔥🔥🔥
"ဟာ..ကြၽန္ေတာ္တာ၀န္မယူႏိုင္ဘူးအေမ..."
"ဟဲ့..ေမာင္ေမာင္..နင္အဲ့ဒါဘာစကား
ေျပာလိုက္တာလဲ..နင္နဲ႔တစ္ညလုံးအတူရွိေနတဲ့
မိန္းကေလးေလ..နင္ႏွမသားခ်င္းစာနာစမ္း
စကားကို ထင္သလိုလာေျပာမေနနဲ႔..."
"..အေမတို႔ကလဲ..ဘာကိစၥကြၽန္ေတာ္က
တာ၀န္ယူရမွာလဲ..သူနဲ႔ကြၽန္ေတာ္
ဘာေတြမ်ား လြန္က်ဴးခဲ့တာမွတ္လို႔..."
"ေမာင္ေမာင္..နင္ေခြးစကားမေျပာနဲ႔ေနာ္.."
"ဟာ..ဒုကၡပဲ.."
အေမ့ကို တြန္းလွန္မရေတာ့ ရႈိင္းမွာ
မေန႔ညေနက ခ်စ္ပန္းေဝကိုသြားႀကိဳမိတာေတာင္
ေနာင္တရခ်င္သြားေတာ့သည္။
ကိုယ့္ႏွမသားနဲ႔ႏႈိင္းယွဥ္မိၿပီး ကိုယ္ခ်င္းစာခဲ့မိတာ
ဒီလို လွည္းႀကိဳးထမ္းဖို႔မွ မဟုတ္ပဲ။
တာ၀န္ယူေပးရေလာက္ေအာင္အထိလည္း
ကိုယ္နဲ႔သူက ဘာမွၿငိစြန္းခဲ့တာမ်ိဳးမရွိဘူး။
တစ္ညလုံး အေျခအေနအရ အခန္းတစ္ခုထဲမွာ
အတူရွိေနခဲ့ရင္ေတာင္ ႏွစ္ယာက္လုံးထိုင္လွ်က္ပဲ
အိပ္ေပ်ာ္သြားခဲ့ၾကတယ္။
ဒီမိန္းကေလးအေပၚကို ဘာအခြင့္အေရးမွ
မယူခဲ့ေၾကာင္း က်ိန္ၿပီးေတာင္ေျပာႏိုင္တယ္။
အခုေတာ့ တာ၀န္ယူေပးရမယ္တဲ့။
လူတစ္ေယာက္ကို ယုံၾကည္ဖို႔သိပ္ခက္ခဲတဲ့
ကိုယ့္လိုလူအတြက္ မေန႔တစ္ေန႔ကမွ
ေတြ႕တဲ့မိန္းမကို ေကာက္ယူရမွာတဲ့လား။
တာ၀န္ဆိုသည့္ စကားနဲ႔အခ်ဳပ္အေႏွာင္
ခံရေတာ့မည္လား။
ကိုယ့္ဂုဏ္သိကၡာ၊ကိုယ့္အဆင့္အတန္းနဲ႔
သက္လြန္းပိုလို မိန္းမမ်ိဳးကိုေတာင္
အိမ္ေထာင္မျပဳခ်င္ေသးလို႔ အခ်ိန္ဆြဲထားရင္း
ျပတ္မလို ျဖစ္ေနတဲ့အေျခအေနမွာ
ဘာမဟုတ္တဲ့ ေတာကေကာက္စိုက္တဲ့
မိန္းမကို ဆက္ကနဲေကာက္ယူ
လက္ထပ္ရမယ္ဆိုေတာ့ လူရယ္စရာ
ျဖစ္ေနမွာေပါ့။
"အေမ..ကြၽန္ေတာ္ျပတ္ျပတ္သားသားပဲ
ေျပာလိုက္မယ္..
........
ခ်စ္ပန္းေဝကို
ကြၽန္ေတာ္လုံး၀မယူႏိုင္ဘူး..
.......
တာ၀န္ယူတာေတြဘာေတြ လာမေျပာနဲ႔
ကြၽန္ေတာ္တို႔ကိစၥကို အေမလည္းသိၿပီးသားပဲ
..…...
ခရီးအတူထြက္ မုန္တိုင္းမိလို႔အျခားေနရာမွာ
၀င္ခိုမိတာနဲ႔ မိန္းမတစ္ေယာက္ကို
လက္လြတ္စပယ္ လက္မထပ္ႏိုင္ဘူး.."
"ဟဲ့..နင္အဲ့လိုေျပာလို႔မရဘူး
သူ႔အစ္ကိုျပႆနာ လာရွာသြားလို႔
ခုေလာက္ဆို နင္တို႔ကိစၥကို တစ္႐ြာလုံးေတာင္
သိေနေလာက္ၿပီး နင္ကရန္ကုန္မွာပဲေနတဲ့လူမို႔
ေရွာင္ထြက္သြားလို႔ ရႏိုင္ေပမဲ့
ခ်စ္ပန္းေဝက ဒီ႐ြာမွာလူပ်ိဳကာလသားရွိတဲ့
အိမ္တိုင္းရဲ႕ အထင္အျမင္ေသးတာကို
အလူးအလဲခံရမွာ.."
"သူတို႔ဘာသာ ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းၿပီး
ျပႆနာလာရွာတည္းက သူတို႔မရွက္လို႔ေပါ့ကြၽန္ေတာ္က ဘာကိုသနားေပးရမွာလဲ
သနားေပးတိုင္းတာ မိန္းမရေၾကးဆိုရင္
ကြၽန္ေတာ္ယူထားတဲ့မိန္းမက
လက္ခ်ိဳးေရလို႔ေတာင္ ရမွာမဟုတ္ဘူး..."
ေျပာမရဆိုမရ ေမာင္ေမာင္တစ္ေယာက္နဲ႔ေတာ့
တယ္ခက္ပါလား။
ကိုယ့္မွာ ေယာက္်ားနဲ႔ရန္ျဖစ္ၿပီး
စိတ္ဆိုး၊စိတ္ေကာက္ဖို႔ ႀကံယုံရွိေသး
သားျဖစ္သူက ထေမႊျပန္ၿပီ။
ေမႊတာကေမႊပါ။ဒါေပမဲ့ ဒင္းကအေၾကာမာၿပီး
ေျပာရဆိုရ လက္ေပါက္ကပ္တဲ့အျပင္
အရင္တည္းက မိဘစကားကို တေသြမသိမ္း
လိုက္နာခဲ့သူမဟုတ္ေတာ့ အခက္သားလား။
ဒင္းနဲ႔ေတာ့ ငါ့႐ြာမွာ မ်က္ႏွာပ်က္စရာေတြ
ျဖစ္ကုန္ၿပီ။
"သားရယ္အေမ့စကားကို နားေထာင္စမ္းပါ..
ဒီကိစၥက သားအတြက္ေတာ့
ေသးငယ္ႏိုင္ေပမဲ့
တစ္ဖက္မိန္းကေလး
အတြက္ေတာ့ ကိုယ္နဲ႔ခိုးရာလိုက္သြားတဲ့
ေယာက္်ားေလးက တာ၀န္မယူဘူးဆိုတဲ့ဟာက
ဘယ္ေလာက္ ရွက္စရာေကာင္းလိုက္သလဲ.."
"ဟာ..ခိုးေျပးတာမဟုတ္ပါဘူးလို႔
ဒီေလာက္ေျပာျပေနတာကို
အေမတို႔ကလည္းဒုကၡပဲ..ကြၽန္ေတာ့္ကို
ေသတြင္းထဲ မေရာက္ေရာက္ေအာင္
ပို႔ေနၾကတာပဲ.."
"ဟဲ့..ဘယ္လိုျဖစ္ျဖစ္ေလ အမ်ားအျမင္မွာေတာ့
နင္တို႔ကို ခိုးရာလိုက္တယ္ပဲထင္ၾကမွာေပါ့..
......
နင္က ေယာက္်ားေလးမို႔လို႔ မနစ္နာေပမဲ့
ဟိုကမိန္းကေလးဟဲ့..
......
နင္နဲ႔ျဖစ္ခဲ့တဲ့အမဲစက္က
သူ႔ေနာက္ကို ေတာက္ေလွ်ာက္လိုက္ေနမွာ...
.......
ဘယ္သားရွင္က ၾကည္ၾကည္ျဖဴျဖဴနဲ႔
သူ႔ကို လက္ခံေတာ့မွာလဲ...
ဒါေၾကာင့္အေမက ေလကုန္ခံၿပီးေျပာေနရတာ.."
"အေမေျပာတာကို ကြၽန္ေတာ္နားလည္တယ္
ဒါေပမဲ့ သူ႔ကိုေတာ့ကြၽန္ေတာ္မယူႏိုင္ဘူး
.......
အေမပဲစဥ္းစားၾကည့္ေလ
ကြၽန္ေတာ့္အရည္အခ်င္း
ကြၽန္ေတာ့္ပုံစံနဲ႔ ေတြ႕ရာမိန္းမကို
ေကာက္ယူစရာလား..
ဘာလုပ္လုပ္
ေသခ်ာေတြးၿပီးမွ လုပ္ခဲ့သမွ်
မိန္းမယူတဲ့ကိစၥမွာေတာ့ ျဖစ္သလိုမယူခ်င္ဘူး.."
"ဟဲ့..သူကအခုဘာျဖစ္ေနလို႔လဲ..
ဆင္းရဲတာကလြဲၿပီး ဘာအျပစ္ေတြမ်ားရွိေနလို႔လဲ
.........
လိမၼာေရးျခားရွိတဲ့ အပ်ိဳစစ္စစ္ေလ
မယားမွာေတာသူ ကြၽန္မွာကုလားတဲ့
နင့္အေဖေတာင္ ဆယ္တန္းမေအာင္တဲ့ငါ့ကို
ယူခဲ့ေသးတာပဲ..
..….....
ခ်စ္ပန္းေဝက ပညာတတ္၊ဘြဲ႕ရ
နင္ဘာေတြမ်ား နစ္နာသြားမွာမို႔လဲေမာင္ေမာင္ရယ္
..........
ညက ကိုတင္ေမာင္နဲ႔လည္း ငါစကားကြၽံၿပီးၿပီဟဲ့
ညအထိ ျပန္မလာရင္ လုပ္သင့္လုပ္ထိုက္တာ
လုပ္ေပးပါ့မယ္လို႔ ေျပာထားၿပီးသား
.......
ငါ့ကို ကတိမတည္တဲ့လူျဖစ္ေအာင္
နင္လုပ္ေနတာလား..ေနာင္မွာငါ့႐ြာေတာင္
ငါျပန္မလာရဲေအာင္ မလုပ္ပါနဲ႔ေမာင္ေမာင္ရယ္.."
"ဟာ..စိတ္ညစ္တယ္အေမရာ...ေစ့စပ္ၿပီးသား
လူရွိတာေတာင္ ေနာက္တစ္ေယာက္နဲ႔
ယူလိုက္ရမယ္ဆိုေတာ့
ကြၽန္ေတာ့္အသိုင္းအ၀ိုင္းမွာေရာ
ဘယ္လို မ်က္ႏွာျပရေတာ့မွာလဲ
.......
ကြၽန္ေတာ့္ဘက္ကိုလည္း ကိုယ္ခ်င္းစာေပးစမ္းပါ
သူနဲ႔ကြၽန္ေတာ္ကလည္း
ဘာမွျဖစ္ခဲ့ၾကတာမဟုတ္ဘူး..
.........
အဲ့ဒါကို သူလည္းအသိကြၽန္ေတာ္လည္းအသိ..
ကိုယ္ခ်စ္တဲ့လူလည္းမဟုတ္
သူ႔အေၾကာင္း ကိုယ့္အေၾကာင္းလည္းမသိပဲနဲ႔
မယူခ်င္ဘူးဗ်ာ..
ကြၽန္ေတာ့္ကို အတင္းတြန္းအားမေပးပါနဲ႔.."
စိတ္ရႈပ္လာတိုင္း တစ္ေနရာသို႔
အၿမဲေရွာင္ထြက္သြားတတ္သည့္အက်င့္အတိုင္း
ယခုလည္း အေပၚထပ္သို႔တက္သြားေသာေၾကာင့္
ေဒၚစံပယ္ေမႊးလည္း ဘာလုပ္လို႔လုပ္ရမွန္း
မသိေတာ့ေပ။
"ဟဲ့..ေမာင္ေမာင္..ငါေျပာရင္ေျပာတဲ့အတိုင္း
လုပ္ေနာ္..ငါနင့္အေဖကို ဖုန္းဆက္ၿပီး
ေခၚလိုက္ေတာ့မယ္..."
ေဒၚစံပယ္ေမႊးဘာေျပာေျပာ ရႈိင္းကေတာ့
မသိခ်င္၊မၾကားခ်င္ဟန္ေဆာင္ကာ
အေပၚထပ္သို႔တက္သြား၍
ထက္ယံလည္းအေနာက္မွ
ေျပးလိုက္ရေလသည္။
အေပၚထပ္အခန္းသို႔ေရာက္ေတာ့
ကုတင္ေပၚမွာ နဖူးေပၚလက္တင္ရင္း
အေတြးမ်ားေနေသာ ရႈိင္းကိုၾကည့္ကာ
ထက္ယံလည္း သက္ျပင္းခ်လိုက္မိေလသည္။
"ရႈိင္း..မင္းဘာဆက္လုပ္မလဲ..
ခ်စ္ပန္းေဝကို မင္းလက္ထပ္မွာလား.."
"ငါလည္းဘာဆက္လုပ္ရမလဲဆိုတာ
မသိေတာ့ပါဘူးကြာ..ငါ့ကိုယ္ငါပဲဒါသထြက္တာ
မေန႔က အဲ့ေကာင္မေလးကို ငါသြားမႀကိဳခဲ့သင့္ဘူး"
"မေန႔ကငါသြားႀကိဳပါမယ္လို႔
ေျပာမလို႔ကို မေစာင့္ပဲမင့္ဘာသာ
အေလာတႀကီးထြက္သြားခဲ့တာေလ..
ငါသာသြားႀကိဳခဲ့ရင္
မင္းနဲ႔ယူစရာကိုမလိုေတာ့တာ.."
"ေဟ့ေကာင္..မင္းလာမေနာက္နဲ႔ေနာ္.."
"ဟား..ဟား..မဟုတ္လို႔လား
ခ်စ္ပန္းေဝကို စိတ္၀င္စားေနတာကငါပါ
အခုေတာ့ မင္းနဲ႔ညားရေတာ့မယ္..
အဲ့ဒါမွန္းသိရင္ မေန႔ကငါပဲသြားေခၚလိုက္တယ္.."
"ေဟ့ေကာင္..သူမ်ားသားသမီးကို
လက္လြတ္စပယ္မေျပာစမ္းနဲ႔..."
"အံမယ္..ခုဏကေတာ့
သားမယူခ်င္ဘူး..သားမယူခ်င္ဘူးနဲ႔..
အခုၾကေတာ့ ခ်စ္ပန္းေဝကိုနဲနဲလးထိတာေတာင္
မခံႏိုင္ေတာ့ပါလား..ငါေမးပါရေစ
မင္းတို႔ႏွစ္ေယာက္ တစ္ညလုံးအတူရွိေနၾကတာ
နည္းနည္းပါးပါး ရင္မခုန္ဘူးလား.."
"ငါကမင္းလို ႏွာဘူးမွမဟုတ္တာ...
ရင္ခုန္ဖို႔မေျပာနဲ႔ တငိုငိုျဖစ္ေနလို႔ေတာင္
ရန္ျဖစ္ခဲ့ရေသးတယ္..."
"ေအးပါ..ေမးမိတာငါ့အမွားပါ..ဒါေပမဲ့
ဒီပြဲမွာေတာ့ မင္းေခါင္းမာလို႔ရမယ္မထင္ဘူး..
......
မင္းအေမက ေရွး႐ိုးစြဲတဲ့လူဆိုေတာ့
မင္းကို အတင္းေပးစားမွာပဲ
.....
ေနာက္ၿပီး သူ႔အစ္ကိုႀကီးကလည္း
ျပႆနာလာရွာသြားေတာ့ ခုေလာက္ဆို
တစ္႐ြာလုံးနီးပါး သိေနေလာက္ၿပီ
ခ်စ္ပန္းေဝကို မင္းမယူရင္သူအရွက္ကြဲလိမ့္မယ္..."
"ဒါေပမဲ့ကြာ..ငါတကယ္လက္မထပ္ခ်င္ေသးဘူး
အသက္သုံးဆယ္ေလာက္မွ အိမ္ေထာင္ျပဳမယ္လို႔
စဥ္းစားထားတာကြ.."
"အသက္အ႐ြယ္က အဓိကမဟုတ္ပါဘူးကြာ
မင္းမွာက ကိုယ္ပိုင္အလုပ္ရွိတယ္..
ပိုင္ဆိုင္မႈလည္း ေတာ္ေတာ္မ်ားေနၿပီပဲ
........
ဒါေပမဲ့ မင္း႐ုတ္တရက္အိမ္ေထာင္ျပဳလိုက္ရင္
မင္းရဲ႕ပရိတ္သတ္ေတြက ထေပါက္ကြဲၾကလိမ့္မယ္
ပိုပိုနဲ႔ ဆက္ဆံေရးကိုေတာင္ တရား၀င္
ခ်ျပထားတာမွမဟုတ္ပဲနဲ႔..
.........
ေနာက္ၿပီးေအဂ်င္စီကလည္း
မင္းကိုျပႆနာရွာမွာ
ေသခ်ာတယ္..
.........
ဒီ့ထက္ပိုအေရးႀကီးတာကေတာ့
ပိုပိုပဲ..သူ႔ဘက္ကဘာအမွားမွမလုပ္ပဲ
ခ်စ္ပန္းေဝနဲ႔ကိစၥေၾကာင့္ ေစ့စပ္ပြဲကို
ျဖတ္သိမ္းလိုက္ရင္ သူမင္းကိုစိတ္နာၿပီး
..........
ႏွစ္ဖက္အသိုင္းအ၀န္းၾကားမွာလည္း
ေစ့စပ္ပြဲပ်က္လို႔ သူအရွက္ရတဲ့အတြက္
မင္းကို မုန္းႏိုင္တယ္ေနာ္.."
"ငါလည္း မသိေတာ့ဘူးထက္ယံရာ..
ေတာ္ေတာ္စိတ္ရႈပ္လာၿပီ...
ေတာက္!!!..အဲ့ဒီ့မိန္းမ၀င္ေမႊတာနဲ႔
ငါ့ဘ၀လည္း အကုန္ငါးပါးေမွာက္ေတာ့မယ္"
အမွန္တကယ္လည္း
အမ်ိဳးမ်ိဳးေတြးေတာရလြန္းလို႔
ေခါင္းေတြ ေျခာက္ေနေလၿပီ။
ဒီမိန္းကေလးနဲ႔ စေတြ႕တည္းက
ကိုယ့္ဘ၀မွာ မလုပ္ဖူးတာေတြလည္းလုပ္မိသလို
မႀကဳံဖူးတာေတြနဲ႔လည္း ႀကဳံခဲ့ရတယ္။
For Me, [8/21/2025 5:16 PM]
ခ်စ္ပန္းေဝရယ္ မင္းဟာဘယ္လိုမိန္းမမ်ိဳးလဲ။
ငါ့ဘ၀ကို မီးေလာင္တိုက္သြင္းဖို႔မ်ား
ေပၚေပါက္လာခဲ့တာလား။
တည္ၿငိမ္ေနတဲ့ ငါ့ဘ၀ႀကီးကမင္းနဲ႔ေတြ႕မွ
လႈိင္းထန္တဲ့ ပင္လယ္ႀကီးျဖစ္လာရတယ္။
အရာရာတိုင္းကို ပလန္ခ်ထားၿပီးခါမွ
ငါ့အစီအစဥ္ေတြကို အားလုံးလြဲေခ်ာ္ေအာင္
မင္းလုပ္လိုက္ၿပီ။
မင္းအေပၚမွာ ေစတနာပိုခဲ့မိတာဟာ
ငါ့အတြက္ တကယ္ကိုမဟာအမွားႀကီးပဲ။
"ငါဘာဆက္လုပ္ရမလဲထက္ယံ
ငါထြက္သြားလိုက္ရမလား
အဲ့ဒါဆိုရင္လည္း အေမတို႔ငါ့ေၾကာင့္
စိတ္ညစ္ရေတာ့မွာ..
ဒါမွမဟုတ္ ခ်စ္ပန္းေဝကိုလက္ထပ္လိုက္ရမလား"
"ခ်စ္ပန္းေဝကိုလက္ထပ္ရင္ ေျဖရွင္းရမဲ့
ျပႆနာေတြက အမ်ားႀကီးပဲေနာ္
ခ်စ္ပန္းေဝကို ေ႐ြးခ်ယ္ရင္ပိုပိုနဲ႔ကိစၥအျပင္
ေအဂ်င္စီနဲ႔ပါ ျပႆနာတက္လိမ့္မယ္
မင္းအတြက္တန္လို႔လား..ဦးေႏွာက္နဲ႔ပဲ
အလုပ္လုပ္မေနနဲ႔ မင္းရဲ႕ႏွလုံးသားကိုလည္း
ေမးၾကည့္အုံး..အမ်ားႀကီးေတာ့
ထပ္မေျပာခ်င္ေတာ့ဘူး..ငါတို႔ကအျပင္လူ
တကယ္ရင္ဆိုင္ရမွာက မင္း..."
ရႈိင္း၏မန္ေနဂ်ာတစ္ေယာက္အေနႏွင့္
ထက္ယံကိုယ္တိုင္လည္း ခ်စ္ပန္းေဝကို
ရႈိင္းႏွင့္ သေဘာမတူခ်င္ေပ။
မိုးႏွင့္ေျမဆိုတာ ေပါင္းစပ္လို႔မရသလို
ခ်စ္ပန္းေဝဆိုတဲ့ ေတာသူမေလးႏွင့္
ရႈိင္းလို ႏိုင္ငံေက်ာ္႐ုပ္ရွင္မင္းသားဆိုတာ
မ်က္လုံးထဲမွာေတာင္ တြဲဖက္ၿပီး
ျမင္ၾကည့္လို႔ မရဘူး။
ဒါေပမဲ့ အေျခအေနကဒီလိုဖန္တီးလာေတာ့
ဖူးစာေရးနတ္မင္းကိုပဲ အျပစ္တင္ရမလိုလို။
ေ႐ႊဖူးစာ႐ြာလည္ ဆိုတဲ့စကားက
တကယ္ကို အမွန္ပါပဲ။
🌺🌺🌺🌺🌺🌺
(ရန္ကုန္တိုင္း)
-------------
"ဆရာ..ဒီမွာဆရာ့ဖုန္းလာေနတယ္.."
ဧည့္ခန္းတြင္ထိုင္၍ သူ႔လက္ေထာက္
လာပို႔ေပးေသာစာခ်ဳပ္စာတန္းေတြကို
စစ္ေနရင္းႏွင့္ ဦးေနဂုဏ္မာန္လည္း
ခုံေပၚမွာတင္ထားသည့္
ဖုန္းကို ယူၾကည့္လိုက္ရာ သူ႔မ်က္လုံးေတြ
ခ်က္ခ်င္းျပဴးက်ယ္သြားၿပီး လက္ထဲမွ
စာခ်က္ကို ခ်က္ခ်င္းခ်ထားလိုက္မိသည္။
ဦးေနဂုဏ္မာန္ဆိုတာ အၿမဲတမ္း
အိေျႏၵသိကၡာႀကီး တစ္ခြဲသားႏွင့္
တည္တည္ၾကည္ၾကည္ ေနေလ့ရွိေသာ
ပုဂၢိဳလ္ျဖစ္၍ အခုလိုျပဴးျပဴျပာျပာ
ျဖစ္သြားဟန္ေၾကာင့္ သူ႔လက္ေထာက္ပင္
အံ့ဩသြားေလေတာ့သည္။
"ဆရာ..ဘယ္သူမို႔လို႔လဲ.."
"ငါ့မိန္းမဆက္တာကြ..စာခ်ဳပ္ေတြလည္း
စစ္ၿပီးၿပီဆိုေတာ့ မင္းျပန္ခ်င္ျပန္လိုက္ေတာ့"
"ဟုတ္ကဲ့ပါဆရာ.."
သူ႔လက္ေထာက္ျပန္သြားသည္ႏွင့္
ဦးေနဂုဏ္မာန္၏ ႏႈတ္ခမ္းထက္၀ယ္
အလြန္ေက်နပ္ေနေသာ အၿပဳံးတစ္ခု
ေပၚေပါက္လာေလေတာ့သည္။
ကိုယ့္ကို အရက္ေသာက္လို႔ဆိုၿပီး
ရန္လုပ္ကာ အိမ္ေပၚမွဆင္းသြားတဲ့ေမႊးကို
ကိုယ့္ဘက္ကလည္း အင္မတန္လြမ္းေနေပမဲ့
မဆက္သြယ္ပဲ ပစ္ထားခဲ့သည္မွာ
သုံးရက္ေလာက္ေတာင္ ရွိေနေလၿပီ။
အၿမဲတမ္း ကိုယ့္ဘက္ကပဲအေလွ်ာ့ေပးခဲ့ရ၍
ဒီတစ္ခါေတာ့ အႏိုင္ရမွျဖစ္မည္ဆိုၿပီး
တင္းခံထားခဲ့ေပမဲ့ ေမႊးရဲ႕ေခါင္းမာမႈကေတာ့
အတိုင္းထက္အလြန္ပါပဲ။
ဒီညေနေလာက္ေတာ့ မိန္းမကိုေခ်ာ့ရမည္ဟု
ေတြးထားခဲ့ေပမဲ့ အခုေတာ့သူ႔ဘက္ကစၿပီး
ဖုန္းဆက္လာၿပီေပါ့။
"ဟယ္လို..ဘယ္သူပါလဲ.."
"ဦးဂုဏ္မာန္..ရွင္ကြၽန္မဖုန္းနံပါတ္မွန္းသိလွ်က္နဲ႔
တမင္ ဟန္ေဆာင္မေနနဲ႔..."
အမေတာ္၏ အႏုၾကမ္းကေတာ့စပါၿပီ။
ဒီလို အစြယ္တေငါေငါ ထြက္လာမယ္မွန္း
သိလို႔ တမင္ကိုမသိဟန္ေဆာင္ေနလိုက္တာ။
ေနဂုဏ္မာန္လည္း ရယ္ခ်င္ေနမိေပမဲ့
တမင္ဟန္ေဆာင္ၿပီး စိတ္ကိုတင္းထားလိုက္သည္။
ဒါ့တင္မကေသးပဲ ေခ်ာင္းတစ္ခ်က္ဟန႔္ကာ
ေလသံပါ မာပစ္လိုက္သည္။
အခုဖုန္းဆက္တာဟာ ေမႊးဘက္ကျဖစ္လို႔
ကိုယ္ဟာ အသာစီးကပဲ။
"မင္းဖုန္းနံပါတ္မွန္းေတာ့ သိတာပါ့..
ဒါေပမဲ့ ေဒၚမာနခဲကအရင္ဆက္မယ္လို႔
မထင္ခဲ့လို႔ေလ ေသခ်ာေအာင္ေမးၾကည့္တာ...
ဟား..ဟား.."
"ဦးဂုဏ္မာန္..ရွင္ရန္စကားလာမေျပာနဲ႔ေနာ္
အခုဖုန္းဆက္တာက မျဖစ္မေနေျပာရမဲ့
ကိစၥမို႔လို႔ လွမ္းဆက္တာ..
မဟုတ္ရင္ေလ ရွင္ရွိတဲ့အရပ္ကို
အီးေတာင္လွည့္မေပါက္ဘူးမွတ္..."
"ေမႊး..မင္းမညစ္ပတ္နဲ႔ေနာ္..."
ဟိုဘက္က မေဒါသက ထေပါက္ကြဲၿပီး
မဟုတ္တာေတြေလွ်ာက္ေျပာေနရာ
ျပန္ေျပာခ်င္ေပမဲ့ ရန္ျဖစ္ၿပီးအိမ္ေပၚကေန
ဆင္သြားတာမၾကာေသးေတာ့ အမႈမႀကီးခ်င္၍
ေဒါသကို ျပန္မ်ိဳခ်လိုက္ရသည္။
"မင္းေျပာမယ္ဆိုတာဘာလဲ.."
"ရွင့္သားကို မိန္းမေတာင္းေပးမလို႔
ရွင္ဒီေန႔ပဲ ကြၽန္မတို႔႐ြာကိုလိုက္လာခဲ့
ေဆြမ်ိဳးထဲက ေခၚခ်င္တဲ့လူႏွစ္ေယာက္၊
သုံးေယာက္ေလာက္ပါ ေခၚလာခဲ့..."
"ဘာ..မင္းငါ့ကိုလာေနာက္ေနတာလား
ငါ့သားက မင္းကိုလိုက္ေခၚတာေလ
ဘယ္လိုျဖစ္ၿပီး မိန္းမယူမယ္ျဖစ္သြားရတာလဲ..
မင္းဘာေတြေလွ်ာက္လုပ္ေနတာလဲ"
"ကြၽန္မက ဘာလုပ္ရမွာလဲ
အခုက မေပးစားလို႔မျဖစ္လို႔ ေပးစားရမွာ
အေၾကာင္းစုံကို ဒီေရာက္မွပဲေျပာျပေတာ့မယ္
ရွင္သာ ျမန္ျမန္ေရာက္ေအာင္လာခဲ့..."
"ေနပါအုံး..ငါမရွင္းလို႔ပါကြာ...
သားက ေစ့စပ္ၿပီးသားမိန္းကေလးရွိတယ္ေလ
အခုက ဘယ္သူနဲ႔ယူမွာတုန္း.."
"ကြၽန္မတို႔႐ြာကပဲ ေကာင္မေလးနာမည္က
ခ်စ္ပန္းေဝလို႔ေခၚတယ္...ေကာင္မေလးက
ဘြဲ႕ရပညာတတ္ေလးပါ..
က်န္တာေတာ့ ေနာက္မွပဲေျပာျပေတာ့မယ္
ဖုန္းထဲမွာ မေျပာခ်င္ဘူး
ေအာ္..ရွင္လာရင္ေလ..ကြၽန္မရဲ႕ဗီဒိုထဲက
လက္၀တ္ရတနာဗူးယူလာခဲ့စမ္းပါ
အဲ့ထဲမွာ ျမတစ္ဆင္စာရွိတယ္..
ဒါပဲေနာ္ ဖုန္းခ်လိုက္ေတာ့မယ္..."
"ေအးပါကြာ.."
ေျပာခ်င္တာေျပာၿပီး ဖုန္းခ်သြားေသာ
ေမႊးေၾကာင့္ ဦးေနဂုဏ္မာန္လည္း
ေၾကာင္ေတာင္ေတာင္ ျဖစ္ေနေလသည္။
အေမ့ကို လိုက္ေခၚမယ္ဆိုၿပီး ႐ြာျပန္သြားတဲ့
သားျဖစ္သူက ဘယ့္ႏွယ္ေၾကာင့္
မိန္းမယူမယ္ ျဖစ္သြားရတာလဲ။
သြားတုန္းကတစ္ေယာက္တည္း ျပန္လာေတာ့
ႏွစ္ေယာက္ ျဖစ္ေတာ့မယ္ထင္ပါတယ္။
"အေဖ့..အဲ့ဒီ့မွာငူငူႀကီးရပ္ၿပီး ဘာလုပ္ေနတာလဲ.."
သမီးျဖစ္သူ ပိေတာက္ေမႊး၏အသံကို
ၾကားေတာ့မွ ဦးေနဂုဏ္မာန္လည္း
အသိျပန္၀င္သြားေလေတာ့သည္။
"သမီးရဲ႕အေမ အေဖ့ကိုအခုပဲဖုန္းဆက္လာတယ္"
"ဟယ္..ဒါဆိုေမေမစိတ္ဆိုးေျပသြားၿပီေပါ့.."
"ဘယ္ကသာ စိတ္ဆိုးေျပရမွာလည္းသမီးရယ္
အခုက မဂၤလာကိစၥလွမ္းအေၾကာင္းၾကားတာ.."
"မဂၤလာကိစၥဟုတ္လား..ဘာမဂၤလာကိစၥလည္း
..ဘာလဲ အေမကေနာက္ေယာက္်ား
ယူေတာ့မလို႔လား"
"ဖြဟဲ့..လြဲပါေစ..
နင့္အေဖ..အေကာင္းစားႀကီးကိုပစ္ၿပီး
သူလားယူရဲမွာ...
အခုကသမီးရဲ႕အစ္ကို မဂၤလာကိစၥပါ..
မိန္းမေတာင္းေပးရမွာမို႔ ဒီေန႔ပဲ႐ြာကိုလိုက္ခဲ့ပါတဲ့
ရာဇသံေပးလာတယ္.."
"ဟမ္..အစ္ကိုႀကီးကဘယ္လိုျဖစ္ၿပီး
မိန္းမယူေတာ့မယ္ ျဖစ္ရတာလဲ..
ဟိုသက္လြန္းပိုနဲ႔လား.."
"မဟုတ္ပါဘူး..႐ြာကေကာင္မေလးတဲ့.."
"ဟယ္..တကယ္ႀကီး..အစ္ကိုႀကီးလို
ေမာင္ႀကီးက်ယ္က ႐ြာကမိန္းကေလးကို
ယူပါ့မလားအေဖရယ္..မဟုတ္တာ..
သြားၾကားထိုးတန္ေတာင္ ဘရန္းဒတ္ပဲ
ကိုင္မဲ့လူက ေတာသူကိုယူမယ္ဆိုေတာ့
လာေနာက္ေနတာလား အေဖရယ္.."
"အဲ့ဒါေတာ့မသိဘူးေလ..သမီးရဲ႕အေမေျပာတာပဲ.."
ပိေတာက္ေမႊးလည္း လုံး၀မယုံခ်င္ေပမဲ့
အေဖ့မ်က္ႏွာက တည္ေနသလို
အေမကိုယ္တိုင္က ေျပာတယ္ဆိုေတာ့
အံ့ဩလြန္း၍ မ်က္လုံးေတာင္ျပဴးသြားရသည္။
ကိုယ့္အစ္ကိုအေၾကာင္းကို ကိုယ္သာအသိဆုံး။
သူ႔တစ္ကိုယ္လုံးမွာ ေသးေသးမႊားမႊားကအစ
ေဈးႀကီးေပ့၊ေကာင္းေပ့ဆိုတာမွ
၀ယ္သုံးတတ္သည့္လူဟာ ေတာသူကို
ယူမယ္ဆိုေတာ့ ကမာၻ႔အထူးျခားဆုံး
ျဖစ္အင္ႀကီးပါလား။
"ဟား..ဟား..သမီးကေတာ့ေပ်ာ္တယ္
ဟိုသက္လြန္းပိုဆိုတဲ့ မႀကီးက်ယ္နဲ႔
မညားေစခ်င္တာ အေတာ္ပဲျဖစ္သြားတာေပါ့..
ဟီဟိ..အေဖျပန္ရင္ သမီးလည္းလိုက္မွာေနာ္.."
"ဟင္..သမီးကအားလို႔လား
ကား႐ိုက္မရွိဘူးလား.."
"ရွိလည္းအေဖရယ္ သမီးကဒါ႐ိုက္တာပဲဥစၥာ
ရက္ေ႐ႊ႕လို႔ ရပါတယ္..
စိတ္မပူနဲ႔ ကိုယ့္အစ္ကိုကိစၥေလာက္
အေရးႀကီးတာ ဘယ္မွာရွိေတာ့မွာလဲ..
အစ္ကိုႀကီးရဲ႕ ဇနီးေလာင္းက
ဘယ္လိုပုံလည္းဆိုတာ
လိုက္အကဲခတ္ေပးရမွာေပါ့..."
"သေဘာပဲ..လိုက္မယ္ဆိုသြားၿပီးျပင္ဆင္ေတာ့.."
ဦးေနဂုဏ္မာန္လည္း မိန္းမကခ်က္ခ်င္း
လိုက္လာဆို၍ အေပၚထပ္သို႔ေျပးတက္ကာ
ျပင္ဆင္စရာရွိတာေတြကို ျပင္ဆင္ဖို႔
လုပ္ရေတာ့သည္။
ပိေတာက္ေမႊးကေတာ့ အစ္ကိုမိန္းမယူမည့္
အေရးကိုေတြးၿပီး အေပ်ာ္ႀကီးေပ်ာ္ေနေတာ့သည္။
စိတ္ထဲမွလည္း အမ်ိဳးမ်ိဴးႀကိမ္းဝါးလို႔ေပါ့။
*သက္လြန္းပို..သက္လြန္းပို..ငါ့အစ္ကိုကိုယူၿပီးရင္
ငါ့ကိုႏွိပ္ကြက္ျပမယ္ဆိုတဲ့မိန္းမ
အခုေတာ့ ဘာတတ္ႏိုင္ေသးလည္း
အၿမဲတမ္း အႏိုင္ဘက္ကခ်ည္းေနခဲ့တဲ့
နင့္ရဲ႕ က်ရႈံးခန္းကိုငါမိန႔္မိန႔္ႀကီး ထိုင္ၾကည့္ျပမယ္.."
သက္လြန္းပိုသည္ အရမ္းမာနႀကီးေသာ
ႏွလုံးအထူးကု ဆရာ၀န္တစ္ေယာက္ျဖစ္ၿပီး
မာနလည္း အင္မတန္ႀကီးကာ
အၿမဲအထက္စီးကေန ေနတတ္၊ျပဳမူတတ္သူ
ျဖစ္သည္။
ကိုႀကီးအေပၚမွာလည္း အ႐ူးအမူးနဲ႔
သူ႔ဘက္ကပဲစၿပီး ခ်ည္းကပ္ခဲ့တာ။
အစ္ကိုႀကီးကိုရရင္ ကိုယ့္ကို
ႏွိပ္ကြက္ျပမယ္ဆိုတဲ့မိန္းမ
အခုေတာ့ ရွင့္အလွည့္ေပါ့။
အခန္း(၁၄)ဆက္ရန္
🌺🌺🌺🌺🌺🌺🌺
Brandေတြပဲ ကိုင္တဲ့အစ္ႀကီး
အခုေတာ့ ျပည္တြင္းထုတ္ေလးနဲ႔ညားေတာ့မယ္
(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္..)
အဖိုးတန်ပန်းလေးပါ...ကိုကို
ReplyDeleteရှိုင်းရေပြည်တွင်းဖြစ်လေးကိုဘဲအားပေးပါနော်
ReplyDeleteပြည်တွင်းဖြစ်စိုပီးအထင်မသေးပါနဲ့
ReplyDelete