အခန်း(၃)🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

🌺အခန်း(၃)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

တဖြည်းဖြည်းနှင့် အမှောင်ထုကပို၍
နက်ရှိုင်းလာသလို မိုးကလည်းပို၍
သည်းထန်လာခဲ့သည်။
လေတိုက်နှုန်းကလည်း ပြင်းလွန်း၍
လူပါလွှင့်ထွက်သွားမလားမှတ်ရတယ်။

ထော်လာဂျီ၏ရှေ့မီးကြောင့် 
ထော်လာဂျီဖြတ်မောင်းသွားသော နေရာတွေမှလွဲ၍
နောက်တွင် ကျန်ခဲ့သည့်နေရာတိုင်းသည်
မဲမှောင်ကာ စိတ်ခြောက်ခြားစရာ ကောင်းနေသည်။

ကျေးလတ်ဒေသဆိုသည့်အတိုင်း 
လမ်းလေးတွေဟာ ကျဉ်းမြောင်းပြီး
တယိမ်းတယိုင်ဖြစ်နေသည့် 
ဝါးပင်တွေဟာလည်းပေါများလှသည်။

ချစ်ချစ်ကတော့ ကျန်တာကိုသာ
မကြောက်ရင်နေမယ် ‌သရဲတော့အလွန်ကြောက်တတ်သူဖြစ်သည်။
လျှပ်စီးလက်လိုက်တိုင်း ခပ်မြင့်မြင့်
ဝါးပိုးပင်ကြီးတွေ လှုပ်ရမ်းသွားတာကိုတောင်
မော့မကြည့်ရဲပေ။
မတော်တဆ သရဲမကြီးကသစ်ပင်ခွကြားမှာ
ထိုင်နေရင် ဘယ့်နှယ့်လုပ်ပါ့မလဲ။

"အဒေါ်ကြီးရရဲ့လား.."

"ရပါတယ်.."

"ဒါပေမဲ့ အဒေါ်ကြီးရဲ့ခန္ဓာကိုယ်က 
အရမ်းတုန်နေသလိုပဲ.."

"အဲ့ဒါက အရမ်းချမ်းနေလို့ပါ..."

လူက ကြောက်တာရော၊ချမ်းနေတာပါ
စုံရသည့်ကြားထဲ နားရွက်အထပ်နားသို့
လေပူနှင့် မှုတ်လိုက်သလို အသံတိုးတိုးလေးနှင့်
မေးလာ၍ ကြက်သီးတောင်ထသွားချင်သည်။

*ကျေးဇူးပြုပြီ..ဆရာကြီးရယ်..
ဟိုဘက်နဲနဲတိုးပါအုံးလား..
ဒီထပ်ပိုတိုးကပ်လာရင် ကျွန်မ
အသက်ရှူကြပ်ပြီး သေရလိမ့်မယ်..*

*ကျွန်မကရှင်ထင်နေသလို အဒေါ်ကြီးမဟုတ်ဘူး"
ဟု ပြောလိုက်ချင်ပေမဲ့ နှစ်ယာက်ကြားမှာ
ပို၍ နေရ၊ထိုင်ရခက်သွားမှာစိုးရသည်။

ကိုယ်နှစ်နဲ့ချီ အားပေးနေခဲ့သည့် အိုင်ဒေါလ်မို့
ရှိုင်းဆိုတာ ဘယ်လိုလူလည်းသိပ်သိတာပေါ့။
ဟိုအရင်က သူ့ရဲ့ဒရမ်မာကားတွေကို
သိပ်ကြိုက်ခဲ့ရပေမဲ့ နာမည်ရလာပြီး
နောက်ပိုင်းမှာ အချစ်ဇာတ်လမ်းတွေကို
သိသာစွာ ရှောင်လာခဲ့တယ်။

အချစ်ရေးနှင့် ပတ်သတ်ပြီး ‌အရှုပ်အရှင်းလည်း
မထွက်ခဲ့ဖူးသောကြောင့် အနုပညာနယ်ပယ်မှာ
ပုံရိပ်သန့်သည့်  မင်းသားဖြစ်သည်။

တွဲဖက်ရိုက်ကူးသည့် မင်းသမီးတွေကို
အသားယူတာမျိုး လုံး၀မလုပ်ပဲ အင်မတန်
စည်းစောင့်သည်။
လူမှုရေးပိုင်းမှာ အားနည်းပေမဲ့ 
အဖက်ဖက်မှာ ထူးချွန်သူတစ်ယောက်ဖြစ်၍
ရုပ်ရည်ကြောင့် သဘောကျလာရင်းကနေ
သူ့အရည်အချင်းတွေကို အားကျလာမိခဲ့တယ်။

ဒီလိုလူမျိုးက ကိုယ့်လိုတောသူမတစ်ယောက်နဲ့
ဒီလိုနီးနီးကပ်ကပ်နေနေတာဟာ 
သူ့စိတ်ထဲမယ် အဒေါ်ကြီးလို့ထင်နေ၍ဖြစ်မည်။

*ရှိုင်းဆိုတာ ချစ်ပန်းဝေ၏အိမ်မက်ထဲက
လက်လှမ်းလို့မမှီတဲ့ ကြယ်ပွင့်လေးတစ်ခုပါ
.......
သူအနားကို တိုးကပ်မိတဲ့အခါ သဘာ၀ရဲ့
စွမ်းအားကို မလွန်ဆန်နိုင်၍ရင်ခုန်မိပါတယ်
.........
ဒါပေမဲ့ အိုင်ဒေါလ်နဲ့ပုရိတ်သတ်ဆိုတာ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုပါပဲ
........
အနုပညာသမားတစ်ယောက်က ပရိတ်သတ်ရဲ့
အားပေးချစ်ခင်မှုကို လိုအပ်ပြီး
ပရိတ်သတ်တစ်ယောက်အနေနဲ့ကတော့
အိုင်ဒေါလ်ဆိုတာ
ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေဆီကို
သွားတဲ့လမ်းမှာ လမ်းပြပေးတဲ့ကြယ်တစ်ပွင့်ပေါ့
........
ပရိတ်သတ်တစ်ယောက်အနေနဲ့ ဒီကြယ်ပွင့်လေး
တောက်ပနေတာကို ကျေနပ်နေရမှာဖြစ်ပြီး
ဖမ်းဆုပ်ဖို့ လောဘမကြီးသင့်ပေ..
........
ထို့ကြောင့် ပရိတ်သတ်နှင့်အိုင်ဒေါလ်ကြားမှာ
စည်းတစ်ခုခြားရမည်ဟု တွေးလိုက်မိသည်..*

"ဟိုလေ..မိုးကာယူရင်ယူလိုက်ပါလား
ငါကထီးပဲ ဆောင်းလိုက်မယ်.."

မိုးသံတွေကြောင့် မကြားရမည်စိုး၍
အော်ပြောလိုက်တော့ ရှိုင်းကငုံ့ကြည့်လာပြီး
မျက်မှောင်ကြုံ့သွားလေသည်။
ချစ်ပန်းဝေသည် ရှိုင်းထက်ငယ်ပေမဲ့
ရှိုင်းက အဒေါ်ကြီးဟုထင်နေသောကြောင့်
နင်တွေငါတွေပဲ သုံးနှုန်းလိုက်သည်။

"ကျွန်တော်ကမိုးကာကို ယူလိုက်ရင်
အဒေါ်ကြီးက စိုရွှဲသွားမှာပေါ့...
အဒေါ်ကြီးအဆင်မပြေရင်လည်း မိုးကာကို
အဒေါ်ပဲ ခြုံလိုက်လေထီးကို 
ကျွန်တော်ကိုင်ထားပေးမယ်..."

ရှိုင်းသည်လည်း တစ်ဆထက်တစ်ဆမိုးက
ပိုသည်းလာ၍ ဖျားနာတာမျိုးမဖြစ်ချင်ပေ။
ထို့ကြောင့် မိုးကာကိုတော့အဒေါ်ကြီးကိုပဲ
အပြည့်အ၀ ခြုံခွင့်ပေးလိုက်ပြီး ထီးကိုတော့
ကိုယ်ပဲကိုင်ပြီး နှစ်ယောက်လုံးမိုးခိုဖို့
စဉ်းစားလိုက်မိသည်။

သူ့စိတ်ကပဲ ထင်နေ၍လားတော့မသိ 
ကိုယ်ကနှစ်ယောက်လုံး မိုးလုံအောင်
အနားကပ်သွားလိုက် အဒေါ်ကြီးက
ဟိုဘက်တိုးသွားလိုက်ဖြစ်နေသည်။

*ဒီအဒေါ်ကြီးက အပျိုကြီးများလား..
အသံကလည်း ကိုယ့်ပတ်၀န်းကျင်မှာ
ကြားနေကြ မိန်းမကြီးတွေလိုမဟုတ်ပဲ
နူးညံ့ပြီး ခပ်ငယ်ငယ်မိန်းကလေးဟု
ထင်စေတဲ့အထိပဲ...ဒါဆိုရင်အသက်သိပ်ကြီးမဲ့ပုံ
မပေါ်ဘူး..ဒါပေမဲ့ပုံစံကတော့
ကိုယ့်အမေအရွယ်လောက်ရှိတယ်..
ပုဆိုးကိုခေါင်းပေါင်းထားပြီး သနပ်ခါးကို
လိမ်းထားပုံက  ကြောက်စရာကောင်းလိုက်တာများ
သူ့အိမ်မှာ သနပ်ခါးရောကျန်သေးရဲ့လားမသိဘူး*

နောက်ဆုံးမှာတော့ အရှက်အကြောက်ကြီးသော
အပျိုကြီးတစ်ယောက်ဖြစ်နိုင်သည်ဟု
ကောက်ချက်ချလိုက်ပြီး ရှိုင်းလည်း
ခပ်ခွာခွာနေရန် ဆုံးဖြတ်လိုက်စဉ်မှာ....

"ဂျိန်း!!!" "အမယ်လေး!!!!"

ရုတ်တရက်ကြားလိုက်ရသော မိုးခြိမ်းသံအဆုံးမှာ
ချစ်ပန်းဝေသည် အလန့်တကြားထအော်လိုက်ပြီး
နီးရာလူကို ပြေးဖက်လိုက်မိတော့သည်။

"အဒေါ်ကြီး...ဘာ..ဘာဖြစ်တာလဲ.."

ထီးကိုင်ထားသော ရှိုင်းအတွက်တော့ 
မထင်မှတ်ထားပဲ သူ့ရင်ခွင်ထဲမှာတောက်တဲ့လို
လာကပ်နေသည့် အဒေါ်ကြီးကြောင့်
ကြောင်စီစီဖြစ်သွားရလေသည်။
ထီးကိုပဲ လွှင့်ပစ်လိုက်ရမလား အဒေါ်ကြီးကိုပဲ
တွန်းထုတ်လိုက်ရမလား ဝေခွဲမရဖြစ်နေစဉ်မှာ...

"ဂျိန်း!!!..."    "အား!!!"

နောက်ထပ်မိုးခြိမ်းသံနှင့်အတူ 
သူ့ဂျိုင်းကြားထဲအထိ လက်တွေကိုလျှိုသွင်းကာ
တင်းကြပ်စွာ ဖက်လိုက်သည့် လုပ်ရပ်ကြောင့်
လက်ထဲမှာ ကိုင်ထားသည့်ထီးလည်း
ဘယ်ဆီကို လွှင့်ထွက်သွားမှန်းမသိတော့ပေ။

သူ့မျက်လုံးတွေလည်း ပြူးကျယ်ကုန်ပြီး
သူ့လက်တွေကလည်း လေထဲမှာကားယားကြီး
ဖြစ်နေကာ ဘာကိုဘယ်လိုစလုပ်ရမှန်း
မသိဖြစ်နေရသည်။
မိုးစက်များ အရှိန်ပြင်းစွာရွာသွန်းနေသောကြောင့်
အအေးဓာတ်ကို ခံစားရမည့်အချိန်တွင်
သူ့ရင်ထဲမှာ အနွေးလှိုင်းဖြတ်သွားသလိုဖြစ်နေပြီး
နှလုံးခုန်နှုန်းတွေပါ မြန်လာသည်။

အပေါ်ယံအမြင်မှာတော့ အ၀တ်ပွပွကြီးတွေ
၀တ်ထားသောကြောင့် အဒေါ်ကြီး၏
ခန္ဓာကိုယ်အရွယ်အစားကို သေချာမခန့်မှန်း
နိုင်ပေမဲ့ အခုတော့ဒီအဒေါ်ကြီးဟာ
အလွန်ပိန်ပါးမှန်း သိရှိသွားသည်။

သူ့ရင်ခွင်ထဲမှာ နှစ်မြုတ်နေသလားမှတ်ရသည့်
သေးညှပ်သော လူကောင်လေးကို
ငုံ့ကြည့်လိုက်မိတော့ ဦးခေါင်းကိုသာ
သေချာမြင်နေရပေမဲ့ တော်တော်လေး
ကြောက်လန့်နေ၍ တုန်ယင်နေမှန်းခံစားလိုက်ရသည်။
တဖြည်းဖြည်း မိုးသံဆဲသွားပြီဆိုပေမဲ့
နှစ်ယောက်လုံး၏ ခန္ဓာကိုယ်တွေက
ရစရာမရှိအောင် စိုရွှဲနေလေပြီ။

တဒင်္ဂမျှ ကြောင်အသွားမိပေမဲ့ အသိတစ်ချက်
၀င်လာသည်နှင့် အဒေါ်ကြီးကို ချက်ချင်း
တွန်းထုတ်လိုက်မိသည်။

ရှိုင်းသည် တစ်ဖက်လူ၏ ခံစားချက်အား
သိပ်ပြီးထည့်တွက်ပေးလေ့ရှိသူမဟုတ်၍
အဒေါ်ကြီးကို အားပြင်းပြင်းနှင့် 
ဆောင့်တွန်းလိုက်သည်အား မှားသည်ဟု
မထင်မိပေ။

သူအရွံမုန်းဆုံး မိန်းမစားမျိုးသည် 
ယောက်ျားတစ်ယောက်ကို အတင်းလိုက်တွယ်ကပ်
တတ်သည့် မိန်းမမျိုးဖြစ်ပြီး သူကိုယ်တိုင်ကလည်း
ကိုယ်နှင့် စေ့စပ်ထားသည့် ပိုပိုမှလွဲ၍
အခြားမိန်းကလေးများနှင့်  ဒွေးရောယှက်တင်
မနေချင်ပေ။

အခုချိန်မှာ ပိုပိုနှင့်စိတ်အခန့်မသင့်၍ ပြဿနာ
ဖြစ်ထားသည်ဆိုပေမဲ့ ရှိုင်းအတွက်တော့
သူအရေးပေးဆက်ဆံရမည့် သူစိမ်းမိန်းကလေးဟာ
ပိုပိုတစ်ယောက်သာရှိပြီး နောက်ဆုံးမှာ
သူလက်ထပ်ရမည့် မိန်းကလေးမှာလည်း
သက်လွန်းပိုသာဖြစ်၍ သူမအပေါ်မှာပဲ
အမြဲတမ်း သစ္စာရှိမည်ဟု ခံယူထားပြီးသား
ဖြစ်သည်။

ထို့ကြောင့် အခြားမိန်းမများနှင့်အလုပ်သဘောအရ
ပတ်သတ်တာမျိုးကလွဲ၍ လုံး၀
မပတ်သတ်မိအောင် နေခဲ့သည်။
ယခုတော့ ကင်မရာအရှေ့မှာပဲ 
ရုပ်ရှင်မင်းသမီးများနှင့် မဖြစ်မနေမို့
လက်ချင်းတွဲတာမျိုး၊ဖက်တာမျိုး လုပ်ခဲ့သည့်
သူ့ဘ၀မှာ ပထမဆုံးသော ရိုက်ကူးရေးမဟုတ်သည့်
နေရာ၌ သူစိမ်းမိန်းမတစ်ယောက်နှင့်
အလွန်နီးကပ်မိသွားခြင်း ဖြစ်လေသည်။

စိတ်အလိုမကျစွာဖြင့် ထိုအဒေါ်ကြီးကို
ကြည့်လိုက်မိတော့ မှောင်နေ၍အဒေါ်ကြီး၏
မျက်နှာ အနေအထားဘယ်လိုဖြစ်နေသလဲ
သူမမြင်ရပေ။
ဒါပေမဲ့ မြင်ရတာထက်မမြင်နိုင်တာကသာ
ပိုကောင်းသည်ဟု မှတ်ယူလိုက်သည်။

ချစ်ပန်းဝေမှာတော့ အတွန်းခံလိုက်ရ၍
အနည်းငယ် အောင့်သက်သက်ဖြစ်သွားပေမဲ့
ကိုယ့်ဘက်မှ စမှားခြင်းဖြစ်၍ အသံတိတ်၍သာ
နေလိုက်မိသည်။

အခုချိန်မှာ မိုးသာလင်းနေမယ်ဆိုရင်
မျက်နှာတစ်ခုလုံး 🍉ဖရဲသီးလေးလို
နီရဲနေမှန်း သိသာ‌လောက်တယ်။
လယ်ထဲကိုဆင်းတဲ့အခါ အခြားမိန်းမတွေက
သူတို့ ချစ်သူတွေအကြောင်း ကြွားလုံးထုတ်တော့
ကိုယ့်မှာ အမြင်ကပ်ခဲ့ရသည်။
*ဟုတ်တယ်လေ ကိုယ်မှရည်းစားမရှိတာကို..*

ထိုမိန်းမတွေ၏ စမြှုပ်ပြန်နေရင်း ရှက်နေကြသည့်
အမူအရာတွေကိုကြည့်ပြီး သဲလွန်းသည်ဟု
ထင်ခဲ့မိပေမဲ့ ယခုကိုယ်တိုင်ခံစားရမှသာ
နားလည်သွားတော့သည်။

*ရည်းစားထားရတာ ဒီလိုခံစားချက်များလား
ဒါ‌ဆိုရင် တစ်ယောက်လောက်တော့ထားချင်သား*

အမှောင်ရိပ်ကို အခွင့်ကောင်းယူကာ
တစ်ယောက်တည်း ကြိတ်ရယ်နေမိစဉ်
အရှေ့ခန်းမှာ ထော်လာဂျီမောင်းနေသော
လေးလေးကို ကြည့်မိသွား‌လေသည်။
*ထိုပေါက်ကရအတွေးကို လေးလေးသာသိရင်
ခေါင်းခေါက်မှာ သေချာတယ်..*

"ဟာ..ထော်လာဂျီရပ်သွားပြီ...
ဆီကုန်သွားတာလားဦးလေး.."

အရှေ့ဘက်မှ ရှိုင်း၏မန်နေဂျာသည် အထိတ်တလန့် ထအော်လိုက်လေသည်။
ထော်လာဂျီသည် ချောက်အဆင်းမှာ
စက်ရပ်သွားခြင်းဖြစ်၍ အပေါ်မတတ်သာ
အောက်မဆင်းသာသည့် အခြေအနေဖြစ်၍နေသည်။

"ဟုတ်တယ်..ဆီကုန်သွားတာပဲနေမယ်..."

ထော်လာဂျီမောင်းသည့် ဦးလေးထံမှထိုစကားကို
ကြားလိုက်ရသောအခါ ထက်ယံ၏ဦးခေါင်းသည်
အိုးထိန်းစက်ကြီးကဲ့လို ချာချာလည်သွားသလိုပါပဲ။

သူတို့အခုရောက်နေသည့်နေရာကို ကြည့်လိုက်တော့ ပတ်၀န်းကျင်တစ်ခုလုံးက 
မှောင်မည်းနေပြီး ခြောက်ခြားစရာ
သစ်ရွက်လေတိုးသံ တရှဲရှဲကိုသာကြားနေရသည်။

အချိန်ကို ကြည့်လိုက်တော့ ‌ခုနှစ်နာရီထိုးနေပြီမို့
နဂိုကမှ သရဲကြောက်သူပီပီ 
ကြက်သီးမွှေးညှင်းတွေပါထလာသည်။

"ဦးလေး..ဒါဆိုကျွန်တော်တို့က တစ်ညလုံး
ဒီနေရာမှာ နေရမှာလား.."

"ဘယ်ကသာ မောင်ရင်ရယ်..
ဒီကနေလမ်းနည်းနည်း လျှောက်လိုက်ရင်
ဦးလေးရဲ့ အသိအိမ်ကိုရောက်ပါပြီ
အဲ့ကနေ ဆီထည့်ဖို့သွားယူလာခဲ့မယ်
မောင်ရင်တို့ရော လိုက်ခဲ့မလား..."

"ကျွန်တော်တို့ မလိုက်တော့ဘူး..
ဦးလေးသာ မြန်မြန်ပြန်လာခဲ့ပါ.."

For Me, [7/9/2025 6:01 PM]
ဦးတင်မောင်၏ စကားဆုံးသည်နှင့်
မလိုက်ဘူးဟု ဖြေလိုက်သောရှိုင်းအား
ထက်ယံကတော့ အသံတိတ်နှင့်သာ
 ကြိမ်ဆဲလိုက်မိသည်။
*ဘာကျွန်‌တော်တို့လဲ...မင်းမကြောက်တတ်ပေမဲ့
ငါကသရဲဆိုရင် ဖင်တုံအောင်
ကြောက်တတ်တယ်ကွ..*

"နေခဲ့မှာ သေချာလား.."

"သေချာတယ်...!!!" 

"ဟမ်!!!ဟေ့ကောင်ရှိုင်း..
ငါကတော့ကြောက်တတ်တယ်နော်
ငါလုံး၀ မနေခဲ့နိုင်ဘူး..
နေချင်ရင် မင်းဘာသာမင်း..ဒီနားက
သရဲမတစ်ကောင်ကို အဖော်ခေါ်ပြီးနေခဲ့
ငါတော့ ဦးလေးနောက်ကိုပဲလိုက်မှာ..."

ပြောပြောဆိုဆိုနှင့် ထော်လာဂျီပေါ်မှ
ခုန်ဆင်းလိုက်သော ထက်ယံအား
ရှိုင်းသည် အမှောင်ထုထဲမှဂုတ်ချိုးသတ်ချင်သော
အကြည့်မျိုးနှင့် ကြည့်လိုက်မိလေသည်။
ဒါပေမဲ့လည်း ထက်ယံကသရဲဆို အထီးဖြစ်ဖြစ်
အစ်မဖြစ်ဖြစ် အသေကြောက်တတ်သူမို့
သူနားလည်ပေးလိုက်သည်။

"အဲ့ဒါဆိုလည်း မင်းလိုက်သွား..ငါနေခဲ့လိုက်မယ်.."

ရှိုင်း၏လေယူလေသိမ်းသည် မာထန်နေပြီ
ပြတ်သားလွန်း၍ ချစ်ပန်းဝေတောင်
အံ့ဩသွားရသည်။
အွန်လိုင်းမှာတွေ့မြင်နေကြ ရှိုင်း၏ပုံစံသည်
နွေးထွေးပြီး သဘောမနောကောင်းမည့်
ပုံစံလေးပေမဲ့ အပြင်မှာကြတော့ ဘာလို့
နဲနဲကွဲပြားနေရတာလဲ။

ဒါပေမဲ့ ရှိုင်းကိုတော့ဒီနေရာမှာ တစ်ယောက်တည်း
မထားခဲ့နိုင်ပေ။
ထို့ကြောင့် ဗိုက်အောင့်ချင်ဟန်ဆောင်လိုက်သည်။

"အာ့..လေးလေး..သမီးဗိုက်နဲနဲအောင့်လာလို့
သမီးလည်း ဒီမှာပဲနေခဲ့လိုက်မယ်နော်.."

"အရမ်းအောင့်နေတာလား ချစ်ချစ်..."

စိုးရိမ်နေသည့် လေးလေး၏မျက်နှာကို 
ဘေးနားမှ ထက်ယံ၏ဖုန်းမီးအ‌လင်းရောင်ကြောင့်
သေချာတွေ့လိုက်ရာ ကိုယ်ဟန်ဆောင်တာ
ထိရောက်သွားမှန်း သဘောပေါက်လိုက်သည်။
ထို့ကြောင့် ဗိုက်ကလေးကိုအသာဖိကာ
မျက်နှာကို ရှုံ့မဲ့ထားလိုက်သည်။

"ဟိုလေ...မြို့ကိုမသွားခင်က မမလှိုင်
သုတ်ပေးတဲ့ လက်ဖက်သုတ်ကို စားလိုက်မိလို့
ထင်ပါတယ်..စိတ်မပူပါနဲ့ ခဏနေရင်
သက်သာသွားမှာပါ..လေးလေးသာမြန်မြန်
ပြန်လာခဲ့.."

"ဒါပေမဲ့..."

"သွားပါလေးလေးရယ်...မဟုတ်ရင်အိမ်ကို
တော်တော်နောက်ကျမှ ပြန်ရောက်နေလိမ့်မယ်.."

"အေး..အေးပါကွယ်.."

ဦးတင်မောင်အနေနဲ့က သူစိမ်းတစ်ယောက်နှင့်
တူမကြီးကို နှစ်ယောက်တည်းထားခဲ့ရမှာ
စိတ်မချဖြစ်နေပေမဲ့ ဗိုက်အောင်နေသည့်သူကို
အတင်းမခေါ်ချင်၍ စိတ်မချနိုင်စွာပဲ
ထွက်သွားရလေသည်။

လေးလေးဦးတင်မောင်တို့ ထွက်သွားပြီးနောက်မှာ
မိုးလည်းတိတ်နေပြီဖြစ်၍ ထော်လာဂျီပေါ်မှာ
တိတ်ဆိတ်နေလေသည်။
ရှိုင်းကတော့ သူ၏ဖုန်းကိုမီးထွန်းထားပြီး
ကိုယ်နှင့် ဘေးချင်ယှဉ်လျှက်‌ထိုင်နေ‌ရာမှ
တစ်ဖက်အခြမ်းသို့ ပြောင်းထိုင်လိုက်လေသည်။

ချစ်ပန်းဝေကတော့ "ဘာကြောင့်အခြားဘက်မှာ
ပြောင်းထိုင်လဲဆိုသည့် "မေးခွန်းကို
မေးချင်ပေမဲ့ သူကမျက်နှာကိုတစ်ဖက်သို့
လွှဲထားကာ သူ့ကျောပိုးအိတ်ထဲမှ
ဆေးလိပ်တစ်လိပ်ထုတ်၍ မီးညှိလိုက်လေသည်။

*တော်တော်ချောတာပဲ...*
ဖုန်းမီးအရောင်ကြောင့် ဘေးတိုက်မြင်နေရသော
သူ့မျက်နှာကို ငေးကြည့်နေမိသည်။
အင်တာဗျူးတွေမှာဆို သူ့မျက်နှာလေးက
ရွှင်နေပြီး သွက်လက်ပေါ့ပါးသလောက်
အပြင်မှာတော့ သူ့မျက်လုံးတွေက ဘာကိုမှ
အထင်မကြီးတတ်သည့် ပုံစံဖြစ်နေသည်။

ချစ်ပန်းဝေငေးကြည့်နေစဉ်မှာပဲ ရှိုင်းသည်
ခြေထောက်ကို ချိတ်၍ထိုင်လိုက်ကာ
ဆေးလိပ်ကို တစ်ချက်ဖွာရှိုက်လိုက်သည်။

"အဟွတ်..အဟွတ်..."

ဆေးလိပ်ခိုးမွှန်လျှင် ချောင်းဆိုးတတ်သော
ချစ်ပန်းဝေသည် ဘယ်လိုမှအောင့်မထားနိုင်တော့ပဲ
အကျယ်ကြီး ချောင်းဆိုးမိသွားလေသည်။
ထိုအခါ ရှိုင်းသည်လည်း အလိုက်တသိနှင့်ပင်
ထော်လာဂျီအောက်သို့ ဆင်းပေးဖို့
လုပ်လိုက်ပေမဲ့...

"ရှင်ဘယ်သွားမလို့လဲ.."

"မင်းကဆေးလိပ်အနံ့ကို မခံနိုင်ဘူးမဟုတ်လား
ခပ်ဝေးဝေးမှာ သွားနေပေးမလို့လေ.."

သူ့မျက်နှာအနေအထားသည် မိုးသည်းတုန်းက
ထီးအတူဆောင်းဖို့တောင်းဆိုသည့် ပုံစံ
မဟုတ်တော့ပဲ အနည်းငယ်တင်းမာသည့်
ပုံစံပြောင်းသွားလေသည်။
ချစ်ပန်းဝေလည်း ‌သူ့လေသံကြောင့် 
စကားတောင် ဆက်ပြောဖို့မဝံ့ရဲတော့ပေမဲ့
တစ်ယောက်တည်းလည်း မနေခဲ့ချင်ပေ။

"ရှင်သွားတော့ ကျွန်မတစ်ယောက်တည်း
ကျန်ခဲ့မှာပေါ့..ဒီနေရာကသရဲခြောက်တယ်ရှင့်.."

"ဘာ!!!ဟုတ်လို့လား.."

ကောင်မလေး၏အပြောကြောင့် ရှိုင်းသည်လည်း
မှောင်မဲနေသော ပတ်၀န်းကျင်ကို
တစ်ချက်ကြည့်လိုက်မိပြီး မဆိုသလောက်လေး
သွေးလေ ခြောက်ချားသလိုဖြစ်သွားသည်။

"ဟုတ်လို့လား..မင်းငါ့ကိုတမင်ခြောက်နေတာ
မဟုတ်လား.."

"ကျွန်မကဘာလို့ ခြောက်ရမှာလည်း
ဒီနေရာကို လေးတွေချောက်လို့ခေါ်တယ်..
အရင်က သရဲအရမ်းခြောက်တာ..
တစ်ချို့လူတွေပြောတာတော့ ဒီနေရာဟာ
အရင်က ကြက်ကုန်းတဲ့..."

ကြက်ကုန်းဆိုတဲ့အဓိပ္ပာယ်ကို ရှိုင်းလည်း
နည်းနည်းတော့ တီးမိခေါက်မိပါသည်။
နာနာဘာ၀တွေဟာ ဒီနေရာမှာပဲ
 တူညီတဲ့ပုံစံနဲ့ထပ်ခါတလဲလဲ 
ငရဲခံနေရတာမျိုးပေါ့။

ကိုယ်တိုင်က သရဲကားတွေလည်း
ရိုက်ခဲ့ဖူးပေမဲ့ ရူတင်မှာလူအများကြီးနဲ့ဆိုတော့
ကြောက်စရာ မလိုခဲ့ပေ။
အခုက ဒီကောင်မလေးနဲ့ကိုယ်နှစ်ယောက်တည်း
ရှိနေတာ။တစ်ခုခုဖြစ်ရင် ကိုယ်ကတောင်
သူ့ကို ထမ်းပြေးရမဲ့ပုံ။

စိတ်ထဲမှာ ကောင်မလေး၏စကားကို
ပြန်ကြားယောင်နေပြီး အမှောင်ထုထဲတွင်
တစ်စုံတစ်ယောက် ရပ်နေသည်ဆိုသော
ခံစားချက်နှင့် လှမ်းလှမ်းကြည့်နေမိစဉ်...

"အမယ်လေးဗျ...!!!"

"..ဘာဖြစ်တာလဲ.."

"တစ်ယောက်ယောက် ငါ့ကျောကုန်းကိုခဲလုံးနဲ့
လှမ်းပေါက်လိုက်သလိုပဲ..."

"ဟင်..အဲ့ဒါဆိုသရဲခြောက်တာထင်တယ်..
ဘယ်လိုလုပ်ကြမလဲ ကျွန်မတို့ဆင်းပြေးကြမလား"

"မင်းဦးလေးသွားတဲ့အိမ်ကို မင်းသိလို့လား.."

"မသိဘူးလေ.."

"မသိပဲနဲ့ ဘယ်လိုလိုက်မလဲ.."

"အေးနော်...တော်ကြာလမ်းမှားပြီး
ဒုက္ခရောက်နေမှပိုဆိုး‌နေမယ်...ဒီလိုလုပ်ပါလား
ရှင်သူတို့ကို မောင်းထုတ်လိုက်လေ..."

"ဟာ..ငါကအဝိဇ္ဇာလမ်းလိုက်တဲ့ အထက်လမ်း
ဆရာမှမဟုတ်တာ.."

ချစ်ပန်းဝေကတော့ အရေးကြုံလာသည့်အချိန်မှာ
အိုင်ဒေါလ်ရယ်ဘာရယ်နားမလည်တော့ပဲ
သူ့ကိုမော့ကြည့်ပြီး နှာခေါင်းရှုံ့လိုက်မိသည်။
အရပ်ရှည်ပြီးဗလတောင့်ပေမဲ့ သုံးစားမရရင်
ဖွတ်ကျားပဲ။

"အထက်လမ်းတွေ၊အောက်လမ်းတွေ မလိုပါဘူး
ကျွန်မဦးလေးဆို ပိုက်သွားချရင်းနဲ့
ညအိပ်တဲ့အချိန် လာနှောက်ယှက်တဲ့သရဲတွေကို
မိုးမွှန်အောင် ဆဲပစ်လိုက်တာ 
အကုန်ငြိမ်ကျသွားတာပဲတဲ့..ကျွန်မအဖေဆို
ဆေးရုံမှာ သရဲနဲ့တောင်နပန်းဖက်လုံးခဲ့ဖူးတာ.."

"လူကြီးတွေ လျှောက်ရွှီးခဲ့တဲ့စိတ်ကူးယဉ်
ဇာတ်လမ်းတွေကို မင်းတကယ်ယုံနေတာလား
အဲ့လိုဆိုရင်...မင်းဆဲပါလား.."

"ဘယ်ဖြစ်မလဲ ကျွန်မကမိန်းကလေးလေ
ရှင်တို့ယောက်ျားတွေက ဘုန်းကံပိုမြင့်တာပဲ
ရှင်တို့ဆဲရင် ပိုထိရောက်မှာပေါ့.."

"မင်းဘယ်လိုမိန်းကလေးလည်း ဗုဒ္ဓဘာသာ
ကိုးကွယ်တာမှ ဟုတ်ရဲ့လား...
နာနာဘာ၀နဲ့တွေ့ရင် မေတ္တာပို့အမျှဝေရမယ်ပဲ
ကြားဖူးပါတယ်..မင်းအလှည့်ကြမှ
ဆဲလွှတ်ခိုင်းရတယ်လို့..."

"ရှင်ဘာသိလို့လဲ တစ်ချို့နာနာဘာ၀တွေက
ခေါင်းမာတယ်..အမျှဝေလည်းယူချင်မှယူတာ..."

"နေပါအုံး...သူတို့ကအမျှဝေရင် မယူမှန်း
မင်းကဘယ်လိုသိလဲ..ကိုယ်တိုင်မြင်ဖူးလို့လား..."

"ဇာတ်ကားတွေထဲမှာ ကြည့်ဖူးတာပေါ့..."

"သေရောကွာ..."

ရှိုင်းအဖို့ ကိုယ့်နဖူးကိုယ်သာ ဖက်ကနဲမြည်အောင်
ပြန်ရိုက်လိုက်မိလေသည်။
ထိုအချိန်မှာ ကိုယ်တောင်သတိမမူမိလိုက်ပဲ
တုန့်ပြန်လိုက်သည့် လုပ်ရပ်ကို
ပြန်တွေးကြည့်လိုက်ပြီး ရှက်ရွံ့သွားမိသည်။

ကျောကုန်းကို တစ်ခုခုလာမှန်တုန်းက 
ဟိုဘက်ခုံကနေ ဒီဘက်ခုံတန်းသို့ ဘာလို့
ဆွေ့ကနဲ ခုန်ကူးလာခဲ့မိတာပါလိမ့်။

ပုံမှန်ဆိုရင် စကားအများကြီး ပြောရတာ
မကြိုက်သည့် သူ့အကျင့်ကနေသွေဖယ်ပြီး
ကြောက်ကြောက်နှင့် ဒီကောင်မလေးကို
စကားတွေ အများကြီးပြောလိုက်မိသည်။

*ငါဘာဖြစ်သွားတာပါလိမ့်..
ငါတစ်ခါမှ ဒီလိုမဖြစ်ဖူးပါဘူး..
........
ဟာကွာ..အဒေါ်ကြီးပုံစံနဲ့တောသူမရှေ့မှာမှ
အနှစ်နှစ်အလလက ထိန်းသိမ်းထားခဲ့ရတဲ့
ငါ့ရဲ့ ပုံရိပ်တွေပျက်ပါပြီ...
........
အဲ့ဒါတွေအားလုံးက ဒင်းကြောင့်ပဲ
သူ့ရဲ့ ခြောက်လုံးတွေကြောင့်သာ
အပင်ပေါ်ကနေ တစ်ခုခုကြွေကျတာကို
အထင်မှားပြီး လန့်သွားခဲ့မိတာပေါ့...***

"ရှိုင်းရေ..မင်းတို့စောင့်ရတာ ကြာသွားပြီလား.."

ထိုအချိန်မှာပဲ လှမ်းအော်ပြောလိုက်သည့်
အသံကြောင့် ထိုမိန်းကလေး၏ လက်မောင်းအား
ခုဏကကြောက်အားလန့်အားဖြင့်
 ဆုပ်ကိုင်ထားမိတာကို သတိရပြီ
 ချက်ချင်းလက်လွတ်ပေးလိုက်မိသည်။
ထက်ယံသိရင် ရန်ကုန်ရောက်တဲ့အခါ 
အခြားကောင်တွေနဲ့ ဝိုင်းဖွဲ့ပြီးလှောင်ကြမှာကို
မလိုချင်၍ ခေါင်းကိုငုံ့ကာ ကောင်မလေးအား
သတိပေးထားလိုက်သည်။

"ခုဏကကိစ္စတွေကို ငါ့သူငယ်ချင်းအရှေ့မှာ
မပြောမိစေနဲ့..ကြားလား.."

"ဘာဖြစ်လို့လဲ..."

"မပြောစေချင်လို့ပေါ့ကွာ.."

ဖုန်းမီးအရောင်ကြောင့် ရှိုင်း၏မျက်နှာကြီး
နီရဲနေသည်ကို တွေ့လိုက်ရာချစ်ပန်းဝေမှာ
မရယ်မိအောင် ကြိတ်မှိတ်နေလိုက်ရသည်။
ဒါပေမဲ့ အဆုံးမှာတော့ခေါင်းငြိမ့်၍
ကတိပေးလိုက်မိလေသည်။

ခဏအကြာမှာတော့ လေးလေးကထော်လာဂျီကို
ဆီထည့်လိုက်ပြီး လေးတွေချောက်ပေါ်သို့
မောင်းတက်လိုက်ပါတော့သည်။
ရှိုင်း၏ မန်နေဂျာသည်လည်း
 မိုးတိတ်သွားပြီဖြစ်၍ နောက်ခန်း၌
ပြောင်းထိုင်လေတော့သည်။

ရှိုင်းကတော့ ချစ်ပန်းဝေနှင့်အရင်လို 
ကပ်၍မထိုင်တော့ပဲ တန်းတစ်ခုထဲမှာပေမဲ့
ခပ်ခွာခွာသာ ထိုင်လိုက်လာပြီး 
ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ် ဖွာရှိုက်၍
နေလေသည်။
ချစ်ပန်းဝေကတော့ ဆေးလိပ်နံ့ကိုမခံနိုင်၍
နှာခေါင်းသာ ပိတ်ထားရလေသည်။

"ဟာ..ဟိုဟာအုတ်ဂူတွေမဟုတ်ဘူးလား..."

သင်္ချိုင်းအနားသို့ရောက်တော့ 
ထက်ယံသည် လမ်းဘေးကို
ဖုန်းမီးထိုးကြည့်လိုက်ပြီး ထအော်လိုက်တဲ့အပြင်
ထော်လာဂျီ၏ ၀မ်းဗိုက်ထဲတွင် ငုတ်တုတ်ကြီး
ဆင်းထိုင်လိုက်လေတော့သည်။
ချစ်ပန်းဝေကတော့ အသဲအသန်
ကြောက်ပြနေသော ထက်ယံကိုကြည့်ပြီး
ခေါင်းခါလိုက်မိသည်။

"ရှင်တို့ရန်ကုန်သားတွေကလည်း
 ကြောက်တတ်လိုက်တဲ့သရဲ...
ယောက်ျားကြီးတွေဖြစ်ပြီး.."

"ယောက်ျားလည်း အသဲနဲ့ပဲဟ..
သရဲမကြောက်တတ်ပဲနေမလား..
မင်းတို့ တောကိုကမဟုတ်တာ
ရွာလေးတစ်ခါရောက်ဖို့ ဖြတ်လိုက်ရတဲ့
သင်္ချိုင်းကုန်းဆိုတာ..မင်းဦးလေးပြောတာတော့
ငါတို့ ထော်လာဂျီပျက်ခဲ့တဲ့နေရာကလည်း
အရင်က သင်္ချိုင်းကုန်းကြီးပဲတဲ့
နင်တို့မို့လို့ ဒီမှာနေနိုင်ကြတယ်..
ငါတို့တော့ ကြာကြာနေရင်အသက်ထွက်မှာပဲ
အခုတောင် လန့်လွန်းလို့ မောနေပြီ.."

"အဲ့လောက်မောနေရင်လည်း သင်္ချိုင်းကုန်းကို
ရောက်တုန်းလေး အုတ်ဂူထဲမှာ၀င်နားလိုက်လေ"

"ဖီ..လွဲပါစေဖယ်ပါစေ..နိမိတ်မရှိတာတွေ
မပြောစမ်းပါနဲ့...ဖုတ်လိုက်ဖုတ်လိုက်နဲ့
နင်တို့ရွာကိုမနဲရောက်အောင်သွားရမဲ့
အသက်ကလေးကို လမ်းခုလတ်မှာတင်
မထားခဲ့ပါရစေနဲ့..."

"အဲ့ဒါဆိုလည်း သူများဒေသကို မဝေဖန်နဲ့လေ
ယောက်ျားကြီးတန်မဲ့ အရမ်းကြောက်ပြမနေနဲ့"

For Me, [7/9/2025 6:01 PM]
ချစ်ပန်းဝေက ထက်ယံကိုဝေဖန်လိုက်တယ်
ဆိုပေမဲ့ တိုက်ဆိုင်မှုတွေရှိနေသော ရှိုင်းကတော့
ဆေးလိပ်သောက်နေသော လက်တွေတောင်
တုန်သွားလေသည်။

သူ့စိတ်ထဲမှာ စိုးရိမ်နေမိတာကတော့
သရဲအခြောက်ခံလိုက်ရတဲ့ အဖြစ်အပျက်ကို
ဒီစကားများတဲ့ ကောင်မလေးလွှတ်ကနဲ
ပြောလိုက်မိမှာကိုပဲ။

ရှိုင်းတစ်ယောက် အမျိုးမျိုး
စိုးရိမ်နေခဲ့သည့်အတိုင်း "ရှင်တို့ရန်ကုန်သားတွေ"
ဆိုသည့် စကားကိုပြန်စဉ်းစားမိလိုက်သော
ထက်ယံသည် နားမလည်၍ထပ်မေးဖို့
ကြိုးစားလိုက်တော့သည်။

"မင်းပြောတဲ့အထဲမှာ 
ရှင်တို့ရန်ကုန်သားတွေဆိုတော့ 
ဘယ်သူပါသေးလို့လဲ..."

"ဟို..အဲ့ဒါက..."

"ချောကလက်စားမလား.."

ချစ်ပန်းဝေခမျာ ပါးစပ်ကလေးလှုပ်ရုံရှိသေး
ပါးစပ်နားသို့ လာတေ့လိုက်သော ချောကလတ်
ထုတ်လေးကြောင့် စွံ့အသွားရလေသည်။
ပေးတဲ့လူကိုကြည့်လိုက်တော့ ရှိုင်းဖြစ်နေသည်။

ချစ်ပန်းဝေထက် ပိုပြီးအံ့ဩနေရသူမှာတော့
ထက်ယံပါပဲ။
ရှိုင်းဆိုတာ ဖန်အင်အားတောင့်သည့်နိုင်ငံကျော်
ရုပ်ရှင်မင်းသားတစ်ယောက် ။
အနုပညာသမား အချင်းချင်းကြားမှာတော့
အတတ်နိုင်ဆုံးဖော်ဖော်ရွေရွေ နေတယ်ဆိုပေမဲ့
သူ့နဂိုဗီဇက ခပ်အေးအေးသမား။

သူ့အနားကို အကြောင်းအမျိုးမျိုးနှင့်
လာချည်းကပ်ကြသည့် မိန်းကလေးတိုင်းကို
ပြောင်ပြောင်တင်းတင်း ငြင်းလွှတ်တတ်ပြီး
မိန်းကလေးတစ်ယောက်အပေါ် သူ့ဘက်မှစ၍
ကျိုးနွံမည့်သူမဟုတ်ပေ။

*ဒါပေမဲ့ အခုမြင်နေရတဲ့ရှိုင်းကတော့
ရုပ်ဆိုးဆိုး တောသူမလေးကို ပါးစပ်၀အနားအထိ
ချောကလက် ခွံ့နေပါသတဲ့...
ဘုရားပွင့်သွားတာများလား..
.........
ကောင်မလေးက ဘယ်လောက်ရုပ်ဆိုးလည်းဆို
စတွေ့တုန်းက ကိုယ်တောင်အဒေါ်ကြီးလို့
ထင်ခဲ့မိတာ...
..........
ထော်လာဂျီပျက်တုန်းကမှ ဦးတင်မောင်နဲ့
လမ်းမှာ စကားစပ်မိရင်းကိုယ်တွေထက်
ငယ်တဲ့ ကောင်မလေးမှန်းသိလိုက်ရတယ်...
.........
ဒါဘယ်လို အခြေအနေကြီးလည်း
ငါပဲ အနီးမှုန်နေတာလား..
ကမ္ဘာကြီးကပဲ ပြောင်းပြန်လန်သွားတာလား.."

သုံးယောက်သားလုံး ငြိမ်သက်နေစဉ်
ချစ်ပန်းဝေက စပြီးကသိကအောင့်နိုင်မှုကို
ဖြိုခွင်းလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ကျွန်မက
ချောကလက်မကြိုက်ဘူး..."

"ရော့..ယူ.."

မကြိုက်ဘူးလို့ပြောနေတာတောင် 
အတင်းထိုးပေးနေသောကြောင့် ရှိုင်း၏
မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်မိတော့
သူ့မျက်လုံးတွေက စကားပြောနေသလို
ခံစားလိုက်ရသည်။
*ချောကလက်ကိုယူပြီး ပါးစပ်ပိတ်တော့.."ဟု
အမိန့်ပေးနေသလို အကြည့်မျိုးဖြစ်သည်။

ထိုအခါမှ ချစ်ပန်းဝေလည်း မငြင်းရဲတော့ပဲ။
သူပေးတဲ့ ချောကလက်ထုပ်ကို
ဆက်ကနဲ လှမ်းယူပြီးလွယ်အိတ်ထဲသို့
ထည့်ပစ်လိုက်သည်။

"ကောင်မလေး...မင်းကသူ့ဆီကနေ
ချောကလက်ကို လက်ဆောင်ရတဲ့ပထမဆုံး
လူဆိုတာ သိရဲ့လား.."

ထက်ယံက မနေနိုင်စွာ ထပြောလိုက်တော့
ချစ်ပန်းဝေ၏ မျက်လုံးလေးများသည်
ချက်ချင်း အရောင်လတ်သွားလေသည်။

"တကယ်လား..."

"တကယ်ပေါ့..သူ့ကိုကြိုက်နေတဲ့
ကောင်မလေးတွေဆို..ဒီလိုချောကလက်ရဖို့
ဆုတောင်းတာတောင် မရကြဘူး..
မင်းကတော့ တကယ့်ကံထူးရှင်ပဲ...
သူကမင်းကိုများ ကြိုက်နေတာလားမသိဘူး.."

"ဟေ့ကောင်..မင်းပါးစပ်ကိုအခုပိတ်မလား
ထော်လာဂျီပေါ်ကနေ ငါကန်ချပေးရမလား.."

ဒီတစ်ခါတော့ ရှိုင်းဆီမှနောက်ထပ်
ချောကလက်ထုပ်နှင့် ပစ်အပေါက်ခံလိုက်ရ၍
ထက်ယံတစ်ယောက် နှဖူးနာသွားလေသည်။
သို့ပေမဲ့ နောင်တရနေပုံတော့မပေါ်ပဲ 
အောက်ကျနေသည့်ချောကလတ်ကို 
ဖောက်ပြီးတောင် စားလိုက်သေးသည်။

ပါးစပ်ထဲကို အချိုအရသာလေး
စိမ့်၀င်သွားသည်နှင့် စိတ်နည်းနည်းရွှင်သွားပြီး
သူ့အရှေ့မှ ကောင်မလေးအား 
သေချာကြည့်လိုက်မိသည်။
ပုံစံကတော့ တကယ့်ကိုတောသူစစ်စစ်ရုပ်။

ရေစိုထား၍ မျက်နှာမှသနပ်ခါးတွေကလည်း
မဲညစ်ညစ်အရောင်ပြောင်းနေလေရာ
ပို၍ ရုပ်ဆိုးနေလေသည်။
ဒါပေမဲ့ ရှိုင်းဆီကနေချောကလက် 
ရတယ်ဆိုတည်းက တော်ရုံဘုန်းကံမြင့်တာတော့
မဟုတ်လောက်ဘူး။

"ညီမလေးရဲ့နာမည်ကဘယ်လိုခေါ်လဲ.."

"ချစ်ပန်းဝေပါ.."

"အော်..အော်..ချစ်ပန်းဝေတဲ့လား
နာမည်လေးက လှသားပဲ..
ညီမလေးရဲ့ ဦးလေးပြောတာတော့
..ညီမလေးက
အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတယ်ဆို.."

"ဟုတ်ပါတယ်..ညီမကအသက်၂၂နှစ်ရှိပါပြီ..
အစ်ကိုတို့ကရော ညီမတို့ရွာကို
ဘာလုပ်ဖို့လာကြတာလဲ..."

"အစ်ကိုက ရန်ကုန်သားစစ်စစ်ကွ...
ဟိုကောင်ရှိုင်းကသာ အုန်းပင်စုရွာမှာ
မွေးခဲ့တာလေ..တောသားပေါ့...
ဒီကိုလာရတဲ့ အကြောင်းကတော့
သူ့အမေနဲ့သူ့အဖေက စိတ်အခန့်မသင့်လို့
ရန်ဖြစ်ပြီး သူ့အမေကရွာပြန်သွားလို့
လိုက်ခေါ်တာ..."

ရှိုင်းမှာတော့ သူ့ကိုတောသားဟုပြောလိုက်၍
ထက်ယံကို ပြေးကန်ချင်စိတ်တွေသာ 
ပေါ်နေတော့သည်။
ထက်ယံကို မျက်ထောက်နီကြီးနှင့် ကြည့်နေစဉ်မှာပဲ
ချစ်ပန်းဝေဆိုသည့် ကောင်မလေးက
ရှိုင်းကို ထူးဆန်းသလို ကြည့်လာလေသည်။

"အစ်ကိုက အုန်းပင်စုရွာမှာမွေးတာလား.."

"အင်း..."

"အော်..."

"သူ့အမေက အဲ့ဒီ့ရွာသူလေ...
သူ့အဖေကသာ ရန်ကုန်သား.."

"ဟုတ်လား..အဲ့ဒီ့အန်တီရဲ့နာမည်က
ဘယ်လိုခေါ်လည်း..."

"ဒေါ်စံပယ်မွှေးတဲ့..."

"ဟာ..အန်တီစံပယ်လား သိတာပေါ့..
ရွာမှာ အလှူအတန်းတွေလုပ်ရင်
အန်တီစံပယ်က အမြဲမတည်နေကြလေ...
လက်စသတ်တော့ ဒီအစ်ကိုက
အန်တီစံပယ်ရဲ့သားကို...အန်တီစံပယ်က
သူ့မှာသားတစ်ယောက်၊သမီးတစ်ယောက်
ရှိတယ်လို့တော့ ညီမရဲ့ဒေါ်ကြီးတို့ကို
ပြောဖူးတယ်...ဒါပေမဲ့မောင်မောင်ဆိုပြီးပဲ
အမြဲတမ်းခေါ်တာ.."

"ဟုတ်တယ်လေ..သူ့နာမည်အရင်းက
သင်္ကြန်မောင်လို့ခေါ်တယ်...
သူ့အိမ်ကလူတွေကတော့ မောင်မောင်လို့ပဲ
ခေါ်ကြတာပေါ့..အဲ..အနုပညာနာမည်ကတော့
ရှိုင်းပေါ့..သူကရုပ်ရှင်မင်းသားလေ..
ညီမသူ့ဇာတ်ကားတွေ ကြည့်ဖူးလား.."

"ကြည့်ဖူးတယ်ထင်တယ်..ဒါကြောင့်
မြင်ဖူးနေတယ်လို့ ထင်နေတာ..
ဒါပေမဲ့ အန်တီစံပယ်ကတော့ သူ့သားက
ရုပ်ရှင်မင်းသားလို့ တစ်ခါမှမပြောဖူးဘူး.."

ချစ်ပန်းဝေဆိုတာ ရှိုင်း၏အမာခံပရိတ်သတ်လို့တော့ မပြောလိုက်မိပေ။
အဲ့လိုပြောလိုက်ရင် သိရဲ့သားနဲ့
ဟန်ဆောင်ပြီး ချည်းကပ်တယ်ဟု 
ထင်သွားနိုင်သည်။

သူ့ရဲ့ အိမ်ခေါ်နာမည်က မောင်မောင်တဲ့လေ။

ညချမ်းအချိန်အခါမို့ လေအေးတွေမျက်နှာကို
ဖြတ်တိုက်သွား၍ ကြာလာတဲ့အခါ
မျက်လုံးတွေ စပ်ဖျင်းဖျင်းဖြစ်လာလည်း
ချစ်ချစ်ကတော့ မောင်မောင်ဆိုသူကိုသာ
 တစ်ချိန်လုံး ခိုးကြည့်နေမိသည်။

ပတ်၀န်းကျင်တစ်ခုလုံးက မှောင်နေ၍
သူ့မျက်နှာ အစိတ်အပိုင်းတစ်ခုဆီသို့
အသေးစိတ်မမြင်ရပေမဲ့ သူ့ရဲ့တည်ရှိမှုနဲ့တင်
အဓိပ္ပာယ်အများကြီး ပြည့်နှက်နေသလိုပါပဲ။

ကိုယ်အရမ်းကြိုက်ရတဲ့ ရုပ်ရှင်းမင်းသား
တစ်ယောက်နဲ့ အပြင်မှာဒီလိုကြီး
စုံစည်းရမယ်လို့ တစ်ခါမှ
စိတ်ကူးယဉ်မကြည့်ခဲ့ဖူးပေ။

သူ့ကို ပိုစတာတွေ၊ဓာတ်ပုံတွေနဲ့
ဖုန်းထဲကနေ ငေးကြည့်ခဲ့ဖူးတယ်။
စိတ်ညစ်လာတဲ့အခါတိုင်း ရင်ဖွင့်စရာ
လူတစ်ယောက်အဖြစ် သူ့ပုံလေးတွေကို
ကြည့်ပြီး စကားတွေပြောခဲ့ဖူးတယ်၊
သူ့အရှေ့မှာ ငိုပြခဲ့ဖူးတယ်။

အခုသူ့ကို အပြင်မှာမြင်နေရတော့ ကိုယ်လုပ်ခဲ့တဲ့
ရူးကြောင်ကြောင် ကိစ္စတွေအတွက်
ရှက်တောင်ရှက်လာသလိုပဲ။

"ကောင်လေးတို့...တို့ရွာထိပ်ကိုရောက်ပြီကွ..."

အရှေ့ဘက်မှ လေးလေး၏အော်သံက
ချစ်ပန်းဝေ၏ အတွေးစတွေကို 
ပြတ်တောက်သွားစေခဲ့သည်။
ရှိုင်းကို ကြည့်လိုက်မိတော့  လှမ်းမြင်နေရသော
ရွာထိပ်မှ မီးလင်းနေသည့်အိမ်ကို
ကြည့်နေလေသည်။

"ဟား..နောက်ဆုံးတော့ နားရတော့မယ်ဟေ့..
ဒီနေ့က ငါ့ဘ၀မှာကံအဆိုးဆုံး
နေ့တစ်နေ့ပဲ..ကားပျက်တယ်..မိုးမိတယ်
ထော်လာဂျီဆီကုန်တယ်...ဟူး..
မနက်ဖြန်သာ မြန်မြန်ရောက်ပါတော့..."

ကိုထက်ယံကတော့ ဒီနေ့ဟာသူ့ဘ၀မှာ
ကံအဆိုးဆုံးဟု ညီးတွားနေပေမဲ့
ချစ်ပန်းဝေအတွက်မူ ဒီကနေ့လေးဟာ
တန်ဖိုးအရှိဆုံး နေ့တစ်နေ့ပါပဲ။

ဘာကြောင့်လဲလို့ မေးလာခဲ့ရင်
မောင်မောင်ဆိုသူနှင့် အမှတ်တရများစွာ
ဖန်တီးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်၍ဟု
ဆိုပါလိမ့်မည်။

ချစ်ပန်းဝေမသိလိုက်သည်မှာ
 မောင်မောင့်အတွက်တော့ ဒီနေ့ဟာ
အဆိုးဝါးဆုံးနှင့် မေ့အပစ်ချင်ဆုံး
နေ့တစ်နေ့ပင်ဖြစ်သည်။

❤️❤️❤️❤️❤️❤️

ကဲ နေ့လေးတစ်နေ့ကုန်ဆုံးသွားပါပြီ
နောက်နေ့မှာ ဘာတွေဆက်လွဲကြအုံးမလဲ

============================
============================
🌺အခန္း(၃)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺

တျဖည္းျဖည္းႏွင့္ အေမွာင္ထုကပို၍
နက္ရႈိင္းလာသလို မိုးကလည္းပို၍
သည္းထန္လာခဲ့သည္။
ေလတိုက္ႏႈန္းကလည္း ျပင္းလြန္း၍
လူပါလႊင့္ထြက္သြားမလားမွတ္ရတယ္။

ေထာ္လာဂ်ီ၏ေရွ႕မီးေၾကာင့္ 
ေထာ္လာဂ်ီျဖတ္ေမာင္းသြားေသာ ေနရာေတြမွလြဲ၍
ေနာက္တြင္ က်န္ခဲ့သည့္ေနရာတိုင္းသည္
မဲေမွာင္ကာ စိတ္ေျခာက္ျခားစရာ ေကာင္းေနသည္။

ေက်းလတ္ေဒသဆိုသည့္အတိုင္း 
လမ္းေလးေတြဟာ က်ဥ္းေျမာင္းၿပီး
တယိမ္းတယိုင္ျဖစ္ေနသည့္ 
ဝါးပင္ေတြဟာလည္းေပါမ်ားလွသည္။

ခ်စ္ခ်စ္ကေတာ့ က်န္တာကိုသာ
မေၾကာက္ရင္ေနမယ္ ‌သရဲေတာ့အလြန္ေၾကာက္တတ္သူျဖစ္သည္။
လွ်ပ္စီးလက္လိုက္တိုင္း ခပ္ျမင့္ျမင့္
ဝါးပိုးပင္ႀကီးေတြ လႈပ္ရမ္းသြားတာကိုေတာင္
ေမာ့မၾကည့္ရဲေပ။
မေတာ္တဆ သရဲမႀကီးကသစ္ပင္ခြၾကားမွာ
ထိုင္ေနရင္ ဘယ့္ႏွယ့္လုပ္ပါ့မလဲ။

"အေဒၚႀကီးရရဲ႕လား.."

"ရပါတယ္.."

"ဒါေပမဲ့ အေဒၚႀကီးရဲ႕ခႏၶာကိုယ္က 
အရမ္းတုန္ေနသလိုပဲ.."

"အဲ့ဒါက အရမ္းခ်မ္းေနလို႔ပါ..."

လူက ေၾကာက္တာေရာ၊ခ်မ္းေနတာပါ
စုံရသည့္ၾကားထဲ နား႐ြက္အထပ္နားသို႔
ေလပူႏွင့္ မႈတ္လိုက္သလို အသံတိုးတိုးေလးႏွင့္
ေမးလာ၍ ၾကက္သီးေတာင္ထသြားခ်င္သည္။

*ေက်းဇူးျပဳၿပီ..ဆရာႀကီးရယ္..
ဟိုဘက္နဲနဲတိုးပါအုံးလား..
ဒီထပ္ပိုတိုးကပ္လာရင္ ကြၽန္မ
အသက္ရႉၾကပ္ၿပီး ေသရလိမ့္မယ္..*

*ကြၽန္မကရွင္ထင္ေနသလို အေဒၚႀကီးမဟုတ္ဘူး"
ဟု ေျပာလိုက္ခ်င္ေပမဲ့ ႏွစ္ယာက္ၾကားမွာ
ပို၍ ေနရ၊ထိုင္ရခက္သြားမွာစိုးရသည္။

ကိုယ္ႏွစ္နဲ႔ခ်ီ အားေပးေနခဲ့သည့္ အိုင္ေဒါလ္မို႔
ရႈိင္းဆိုတာ ဘယ္လိုလူလည္းသိပ္သိတာေပါ့။
ဟိုအရင္က သူ႔ရဲ႕ဒရမ္မာကားေတြကို
သိပ္ႀကိဳက္ခဲ့ရေပမဲ့ နာမည္ရလာၿပီး
ေနာက္ပိုင္းမွာ အခ်စ္ဇာတ္လမ္းေတြကို
သိသာစြာ ေရွာင္လာခဲ့တယ္။

အခ်စ္ေရးႏွင့္ ပတ္သတ္ၿပီး ‌အရႈပ္အရွင္းလည္း
မထြက္ခဲ့ဖူးေသာေၾကာင့္ အႏုပညာနယ္ပယ္မွာ
ပုံရိပ္သန႔္သည့္  မင္းသားျဖစ္သည္။

တြဲဖက္႐ိုက္ကူးသည့္ မင္းသမီးေတြကို
အသားယူတာမ်ိဳး လုံး၀မလုပ္ပဲ အင္မတန္
စည္းေစာင့္သည္။
လူမႈေရးပိုင္းမွာ အားနည္းေပမဲ့ 
အဖက္ဖက္မွာ ထူးခြၽန္သူတစ္ေယာက္ျဖစ္၍
႐ုပ္ရည္ေၾကာင့္ သေဘာက်လာရင္းကေန
သူ႔အရည္အခ်င္းေတြကို အားက်လာမိခဲ့တယ္။

ဒီလိုလူမ်ိဳးက ကိုယ့္လိုေတာသူမတစ္ေယာက္နဲ႔
ဒီလိုနီးနီးကပ္ကပ္ေနေနတာဟာ 
သူ႔စိတ္ထဲမယ္ အေဒၚႀကီးလို႔ထင္ေန၍ျဖစ္မည္။

*ရႈိင္းဆိုတာ ခ်စ္ပန္းေဝ၏အိမ္မက္ထဲက
လက္လွမ္းလို႔မမွီတဲ့ ၾကယ္ပြင့္ေလးတစ္ခုပါ
.......
သူအနားကို တိုးကပ္မိတဲ့အခါ သဘာ၀ရဲ႕
စြမ္းအားကို မလြန္ဆန္ႏိုင္၍ရင္ခုန္မိပါတယ္
.........
ဒါေပမဲ့ အိုင္ေဒါလ္နဲ႔ပုရိတ္သတ္ဆိုတာ
ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီဆိုသလိုပါပဲ
........
အႏုပညာသမားတစ္ေယာက္က ပရိတ္သတ္ရဲ႕
အားေပးခ်စ္ခင္မႈကို လိုအပ္ၿပီး
ပရိတ္သတ္တစ္ေယာက္အေနနဲ႔ကေတာ့
အိုင္ေဒါလ္ဆိုတာ
ကိုယ့္ရဲ႕ စိတ္ကူးအိပ္မက္ေတြဆီကို
သြားတဲ့လမ္းမွာ လမ္းျပေပးတဲ့ၾကယ္တစ္ပြင့္ေပါ့
........
ပရိတ္သတ္တစ္ေယာက္အေနနဲ႔ ဒီၾကယ္ပြင့္ေလး
ေတာက္ပေနတာကို ေက်နပ္ေနရမွာျဖစ္ၿပီး
ဖမ္းဆုပ္ဖို႔ ေလာဘမႀကီးသင့္ေပ..
........
ထို႔ေၾကာင့္ ပရိတ္သတ္ႏွင့္အိုင္ေဒါလ္ၾကားမွာ
စည္းတစ္ခုျခားရမည္ဟု ေတြးလိုက္မိသည္..*

"ဟိုေလ..မိုးကာယူရင္ယူလိုက္ပါလား
ငါကထီးပဲ ေဆာင္းလိုက္မယ္.."

မိုးသံေတြေၾကာင့္ မၾကားရမည္စိုး၍
ေအာ္ေျပာလိုက္ေတာ့ ရႈိင္းကငုံ႔ၾကည့္လာၿပီး
မ်က္ေမွာင္ႀကဳံ႕သြားေလသည္။
ခ်စ္ပန္းေဝသည္ ရႈိင္းထက္ငယ္ေပမဲ့
ရႈိင္းက အေဒၚႀကီးဟုထင္ေနေသာေၾကာင့္
နင္ေတြငါေတြပဲ သုံးႏႈန္းလိုက္သည္။

"ကြၽန္ေတာ္ကမိုးကာကို ယူလိုက္ရင္
အေဒၚႀကီးက စို႐ႊဲသြားမွာေပါ့...
အေဒၚႀကီးအဆင္မေျပရင္လည္း မိုးကာကို
အေဒၚပဲ ၿခဳံလိုက္ေလထီးကို 
ကြၽန္ေတာ္ကိုင္ထားေပးမယ္..."

ရႈိင္းသည္လည္း တစ္ဆထက္တစ္ဆမိုးက
ပိုသည္းလာ၍ ဖ်ားနာတာမ်ိဳးမျဖစ္ခ်င္ေပ။
ထို႔ေၾကာင့္ မိုးကာကိုေတာ့အေဒၚႀကီးကိုပဲ
အျပည့္အ၀ ၿခဳံခြင့္ေပးလိုက္ၿပီး ထီးကိုေတာ့
ကိုယ္ပဲကိုင္ၿပီး ႏွစ္ေယာက္လုံးမိုးခိုဖို႔
စဥ္းစားလိုက္မိသည္။

သူ႔စိတ္ကပဲ ထင္ေန၍လားေတာ့မသိ 
ကိုယ္ကႏွစ္ေယာက္လုံး မိုးလုံေအာင္
အနားကပ္သြားလိုက္ အေဒၚႀကီးက
ဟိုဘက္တိုးသြားလိုက္ျဖစ္ေနသည္။

*ဒီအေဒၚႀကီးက အပ်ိဳႀကီးမ်ားလား..
အသံကလည္း ကိုယ့္ပတ္၀န္းက်င္မွာ
ၾကားေနၾက မိန္းမႀကီးေတြလိုမဟုတ္ပဲ
ႏူးညံ့ၿပီး ခပ္ငယ္ငယ္မိန္းကေလးဟု
ထင္ေစတဲ့အထိပဲ...ဒါဆိုရင္အသက္သိပ္ႀကီးမဲ့ပုံ
မေပၚဘူး..ဒါေပမဲ့ပုံစံကေတာ့
ကိုယ့္အေမအ႐ြယ္ေလာက္ရွိတယ္..
ပုဆိုးကိုေခါင္းေပါင္းထားၿပီး သနပ္ခါးကို
လိမ္းထားပုံက  ေၾကာက္စရာေကာင္းလိုက္တာမ်ား
သူ႔အိမ္မွာ သနပ္ခါးေရာက်န္ေသးရဲ႕လားမသိဘူး*

ေနာက္ဆုံးမွာေတာ့ အရွက္အေၾကာက္ႀကီးေသာ
အပ်ိဳႀကီးတစ္ေယာက္ျဖစ္ႏိုင္သည္ဟု
ေကာက္ခ်က္ခ်လိုက္ၿပီး ရႈိင္းလည္း
ခပ္ခြာခြာေနရန္ ဆုံးျဖတ္လိုက္စဥ္မွာ....

"ဂ်ိန္း!!!" "အမယ္ေလး!!!!"

႐ုတ္တရက္ၾကားလိုက္ရေသာ မိုးၿခိမ္းသံအဆုံးမွာ
ခ်စ္ပန္းေဝသည္ အလန႔္တၾကားထေအာ္လိုက္ၿပီး
နီးရာလူကို ေျပးဖက္လိုက္မိေတာ့သည္။

"အေဒၚႀကီး...ဘာ..ဘာျဖစ္တာလဲ.."

For Me, [7/9/2025 6:02 PM]
ထီးကိုင္ထားေသာ ရႈိင္းအတြက္ေတာ့ 
မထင္မွတ္ထားပဲ သူ႔ရင္ခြင္ထဲမွာေတာက္တဲ့လို
လာကပ္ေနသည့္ အေဒၚႀကီးေၾကာင့္
ေၾကာင္စီစီျဖစ္သြားရေလသည္။
ထီးကိုပဲ လႊင့္ပစ္လိုက္ရမလား အေဒၚႀကီးကိုပဲ
တြန္းထုတ္လိုက္ရမလား ေဝခြဲမရျဖစ္ေနစဥ္မွာ...

"ဂ်ိန္း!!!..."    "အား!!!"

ေနာက္ထပ္မိုးၿခိမ္းသံႏွင့္အတူ 
သူ႔ဂ်ိဳင္းၾကားထဲအထိ လက္ေတြကိုလွ်ိဳသြင္းကာ
တင္းၾကပ္စြာ ဖက္လိုက္သည့္ လုပ္ရပ္ေၾကာင့္
လက္ထဲမွာ ကိုင္ထားသည့္ထီးလည္း
ဘယ္ဆီကို လႊင့္ထြက္သြားမွန္းမသိေတာ့ေပ။

သူ႔မ်က္လုံးေတြလည္း ျပဴးက်ယ္ကုန္ၿပီး
သူ႔လက္ေတြကလည္း ေလထဲမွာကားယားႀကီး
ျဖစ္ေနကာ ဘာကိုဘယ္လိုစလုပ္ရမွန္း
မသိျဖစ္ေနရသည္။
မိုးစက္မ်ား အရွိန္ျပင္းစြာ႐ြာသြန္းေနေသာေၾကာင့္
အေအးဓာတ္ကို ခံစားရမည့္အခ်ိန္တြင္
သူ႔ရင္ထဲမွာ အေႏြးလႈိင္းျဖတ္သြားသလိုျဖစ္ေနၿပီး
ႏွလုံးခုန္ႏႈန္းေတြပါ ျမန္လာသည္။

အေပၚယံအျမင္မွာေတာ့ အ၀တ္ပြပြႀကီးေတြ
၀တ္ထားေသာေၾကာင့္ အေဒၚႀကီး၏
ခႏၶာကိုယ္အ႐ြယ္အစားကို ေသခ်ာမခန္႔မွန္း
ႏိုင္ေပမဲ့ အခုေတာ့ဒီအေဒၚႀကီးဟာ
အလြန္ပိန္ပါးမွန္း သိရွိသြားသည္။

သူ႔ရင္ခြင္ထဲမွာ ႏွစ္ျမဳတ္ေနသလားမွတ္ရသည့္
ေသးညႇပ္ေသာ လူေကာင္ေလးကို
ငုံ႔ၾကည့္လိုက္မိေတာ့ ဦးေခါင္းကိုသာ
ေသခ်ာျမင္ေနရေပမဲ့ ေတာ္ေတာ္ေလး
ေၾကာက္လန႔္ေန၍ တုန္ယင္ေနမွန္းခံစားလိုက္ရသည္။
တျဖည္းျဖည္း မိုးသံဆဲသြားၿပီဆိုေပမဲ့
ႏွစ္ေယာက္လုံး၏ ခႏၶာကိုယ္ေတြက
ရစရာမရွိေအာင္ စို႐ႊဲေနေလၿပီ။

တဒဂၤမွ် ေၾကာင္အသြားမိေပမဲ့ အသိတစ္ခ်က္
၀င္လာသည္ႏွင့္ အေဒၚႀကီးကို ခ်က္ခ်င္း
တြန္းထုတ္လိုက္မိသည္။

ရႈိင္းသည္ တစ္ဖက္လူ၏ ခံစားခ်က္အား
သိပ္ၿပီးထည့္တြက္ေပးေလ့ရွိသူမဟုတ္၍
အေဒၚႀကီးကို အားျပင္းျပင္းႏွင့္ 
ေဆာင့္တြန္းလိုက္သည္အား မွားသည္ဟု
မထင္မိေပ။

သူအ႐ြံမုန္းဆုံး မိန္းမစားမ်ိဳးသည္ 
ေယာက္်ားတစ္ေယာက္ကို အတင္းလိုက္တြယ္ကပ္
တတ္သည့္ မိန္းမမ်ိဳးျဖစ္ၿပီး သူကိုယ္တိုင္ကလည္း
ကိုယ္ႏွင့္ ေစ့စပ္ထားသည့္ ပိုပိုမွလြဲ၍
အျခားမိန္းကေလးမ်ားႏွင့္  ေဒြးေရာယွက္တင္
မေနခ်င္ေပ။

အခုခ်ိန္မွာ ပိုပိုႏွင့္စိတ္အခန႔္မသင့္၍ ျပႆနာ
ျဖစ္ထားသည္ဆိုေပမဲ့ ရႈိင္းအတြက္ေတာ့
သူအေရးေပးဆက္ဆံရမည့္ သူစိမ္းမိန္းကေလးဟာ
ပိုပိုတစ္ေယာက္သာရွိၿပီး ေနာက္ဆုံးမွာ
သူလက္ထပ္ရမည့္ မိန္းကေလးမွာလည္း
သက္လြန္းပိုသာျဖစ္၍ သူမအေပၚမွာပဲ
အၿမဲတမ္း သစၥာရွိမည္ဟု ခံယူထားၿပီးသား
ျဖစ္သည္။

ထို႔ေၾကာင့္ အျခားမိန္းမမ်ားႏွင့္အလုပ္သေဘာအရ
ပတ္သတ္တာမ်ိဳးကလြဲ၍ လုံး၀
မပတ္သတ္မိေအာင္ ေနခဲ့သည္။
ယခုေတာ့ ကင္မရာအေရွ႕မွာပဲ 
႐ုပ္ရွင္မင္းသမီးမ်ားႏွင့္ မျဖစ္မေနမို႔
လက္ခ်င္းတြဲတာမ်ိဳး၊ဖက္တာမ်ိဳး လုပ္ခဲ့သည့္
သူ႔ဘ၀မွာ ပထမဆုံးေသာ ႐ိုက္ကူးေရးမဟုတ္သည့္
ေနရာ၌ သူစိမ္းမိန္းမတစ္ေယာက္ႏွင့္
အလြန္နီးကပ္မိသြားျခင္း ျဖစ္ေလသည္။

စိတ္အလိုမက်စြာျဖင့္ ထိုအေဒၚႀကီးကို
ၾကည့္လိုက္မိေတာ့ ေမွာင္ေန၍အေဒၚႀကီး၏
မ်က္ႏွာ အေနအထားဘယ္လိုျဖစ္ေနသလဲ
သူမျမင္ရေပ။
ဒါေပမဲ့ ျမင္ရတာထက္မျမင္ႏိုင္တာကသာ
ပိုေကာင္းသည္ဟု မွတ္ယူလိုက္သည္။

ခ်စ္ပန္းေဝမွာေတာ့ အတြန္းခံလိုက္ရ၍
အနည္းငယ္ ေအာင့္သက္သက္ျဖစ္သြားေပမဲ့
ကိုယ့္ဘက္မွ စမွားျခင္းျဖစ္၍ အသံတိတ္၍သာ
ေနလိုက္မိသည္။

အခုခ်ိန္မွာ မိုးသာလင္းေနမယ္ဆိုရင္
မ်က္ႏွာတစ္ခုလုံး 🍉ဖရဲသီးေလးလို
နီရဲေနမွန္း သိသာ‌ေလာက္တယ္။
လယ္ထဲကိုဆင္းတဲ့အခါ အျခားမိန္းမေတြက
သူတို႔ ခ်စ္သူေတြအေၾကာင္း ႂကြားလုံးထုတ္ေတာ့
ကိုယ့္မွာ အျမင္ကပ္ခဲ့ရသည္။
*ဟုတ္တယ္ေလ ကိုယ္မွရည္းစားမရွိတာကို..*

ထိုမိန္းမေတြ၏ စျမႇဳပ္ျပန္ေနရင္း ရွက္ေနၾကသည့္
အမူအရာေတြကိုၾကည့္ၿပီး သဲလြန္းသည္ဟု
ထင္ခဲ့မိေပမဲ့ ယခုကိုယ္တိုင္ခံစားရမွသာ
နားလည္သြားေတာ့သည္။

*ရည္းစားထားရတာ ဒီလိုခံစားခ်က္မ်ားလား
ဒါ‌ဆိုရင္ တစ္ေယာက္ေလာက္ေတာ့ထားခ်င္သား*

အေမွာင္ရိပ္ကို အခြင့္ေကာင္းယူကာ
တစ္ေယာက္တည္း ႀကိတ္ရယ္ေနမိစဥ္
အေရွ႕ခန္းမွာ ေထာ္လာဂ်ီေမာင္းေနေသာ
ေလးေလးကို ၾကည့္မိသြား‌ေလသည္။
*ထိုေပါက္ကရအေတြးကို ေလးေလးသာသိရင္
ေခါင္းေခါက္မွာ ေသခ်ာတယ္..*

"ဟာ..ေထာ္လာဂ်ီရပ္သြားၿပီ...
ဆီကုန္သြားတာလားဦးေလး.."

အေရွ႕ဘက္မွ ရႈိင္း၏မန္ေနဂ်ာသည္ အထိတ္တလန႔္ ထေအာ္လိုက္ေလသည္။
ေထာ္လာဂ်ီသည္ ေခ်ာက္အဆင္းမွာ
စက္ရပ္သြားျခင္းျဖစ္၍ အေပၚမတတ္သာ
ေအာက္မဆင္းသာသည့္ အေျခအေနျဖစ္၍ေနသည္။

"ဟုတ္တယ္..ဆီကုန္သြားတာပဲေနမယ္..."

ေထာ္လာဂ်ီေမာင္းသည့္ ဦးေလးထံမွထိုစကားကို
ၾကားလိုက္ရေသာအခါ ထက္ယံ၏ဦးေခါင္းသည္
အိုးထိန္းစက္ႀကီးကဲ့လို ခ်ာခ်ာလည္သြားသလိုပါပဲ။

သူတို႔အခုေရာက္ေနသည့္ေနရာကို ၾကည့္လိုက္ေတာ့ ပတ္၀န္းက်င္တစ္ခုလုံးက 
ေမွာင္မည္းေနၿပီး ေျခာက္ျခားစရာ
သစ္႐ြက္ေလတိုးသံ တရွဲရွဲကိုသာၾကားေနရသည္။

အခ်ိန္ကို ၾကည့္လိုက္ေတာ့ ‌ခုႏွစ္နာရီထိုးေနၿပီမို႔
နဂိုကမွ သရဲေၾကာက္သူပီပီ 
ၾကက္သီးေမႊးညႇင္းေတြပါထလာသည္။

"ဦးေလး..ဒါဆိုကြၽန္ေတာ္တို႔က တစ္ညလုံး
ဒီေနရာမွာ ေနရမွာလား.."

"ဘယ္ကသာ ေမာင္ရင္ရယ္..
ဒီကေနလမ္းနည္းနည္း ေလွ်ာက္လိုက္ရင္
ဦးေလးရဲ႕ အသိအိမ္ကိုေရာက္ပါၿပီ
အဲ့ကေန ဆီထည့္ဖို႔သြားယူလာခဲ့မယ္
ေမာင္ရင္တို႔ေရာ လိုက္ခဲ့မလား..."

"ကြၽန္ေတာ္တို႔ မလိုက္ေတာ့ဘူး..
ဦးေလးသာ ျမန္ျမန္ျပန္လာခဲ့ပါ.."

For Me, [7/9/2025 6:02 PM]
ဦးတင္ေမာင္၏ စကားဆုံးသည္ႏွင့္
မလိုက္ဘူးဟု ေျဖလိုက္ေသာရႈိင္းအား
ထက္ယံကေတာ့ အသံတိတ္ႏွင့္သာ
 ႀကိမ္ဆဲလိုက္မိသည္။
*ဘာကြၽန္‌ေတာ္တို႔လဲ...မင္းမေၾကာက္တတ္ေပမဲ့
ငါကသရဲဆိုရင္ ဖင္တုံေအာင္
ေၾကာက္တတ္တယ္ကြ..*

"ေနခဲ့မွာ ေသခ်ာလား.."

"ေသခ်ာတယ္...!!!" 

"ဟမ္!!!ေဟ့ေကာင္ရႈိင္း..
ငါကေတာ့ေၾကာက္တတ္တယ္ေနာ္
ငါလုံး၀ မေနခဲ့ႏိုင္ဘူး..
ေနခ်င္ရင္ မင္းဘာသာမင္း..ဒီနားက
သရဲမတစ္ေကာင္ကို အေဖာ္ေခၚၿပီးေနခဲ့
ငါေတာ့ ဦးေလးေနာက္ကိုပဲလိုက္မွာ..."

ေျပာေျပာဆိုဆိုႏွင့္ ေထာ္လာဂ်ီေပၚမွ
ခုန္ဆင္းလိုက္ေသာ ထက္ယံအား
ရႈိင္းသည္ အေမွာင္ထုထဲမွဂုတ္ခ်ိဳးသတ္ခ်င္ေသာ
အၾကည့္မ်ိဳးႏွင့္ ၾကည့္လိုက္မိေလသည္။
ဒါေပမဲ့လည္း ထက္ယံကသရဲဆို အထီးျဖစ္ျဖစ္
အစ္မျဖစ္ျဖစ္ အေသေၾကာက္တတ္သူမို႔
သူနားလည္ေပးလိုက္သည္။

"အဲ့ဒါဆိုလည္း မင္းလိုက္သြား..ငါေနခဲ့လိုက္မယ္.."

ရႈိင္း၏ေလယူေလသိမ္းသည္ မာထန္ေနၿပီ
ျပတ္သားလြန္း၍ ခ်စ္ပန္းေဝေတာင္
အံ့ဩသြားရသည္။
အြန္လိုင္းမွာေတြ႕ျမင္ေနၾက ရႈိင္း၏ပုံစံသည္
ေႏြးေထြးၿပီး သေဘာမေနာေကာင္းမည့္
ပုံစံေလးေပမဲ့ အျပင္မွာၾကေတာ့ ဘာလို႔
နဲနဲကြဲျပားေနရတာလဲ။

ဒါေပမဲ့ ရႈိင္းကိုေတာ့ဒီေနရာမွာ တစ္ေယာက္တည္း
မထားခဲ့ႏိုင္ေပ။
ထို႔ေၾကာင့္ ဗိုက္ေအာင့္ခ်င္ဟန္ေဆာင္လိုက္သည္။

"အာ့..ေလးေလး..သမီးဗိုက္နဲနဲေအာင့္လာလို႔
သမီးလည္း ဒီမွာပဲေနခဲ့လိုက္မယ္ေနာ္.."

"အရမ္းေအာင့္ေနတာလား ခ်စ္ခ်စ္..."

စိုးရိမ္ေနသည့္ ေလးေလး၏မ်က္ႏွာကို 
ေဘးနားမွ ထက္ယံ၏ဖုန္းမီးအ‌လင္းေရာင္ေၾကာင့္
ေသခ်ာေတြ႕လိုက္ရာ ကိုယ္ဟန္ေဆာင္တာ
ထိေရာက္သြားမွန္း သေဘာေပါက္လိုက္သည္။
ထို႔ေၾကာင့္ ဗိုက္ကေလးကိုအသာဖိကာ
မ်က္ႏွာကို ရႈံ႕မဲ့ထားလိုက္သည္။

"ဟိုေလ...ၿမိဳ႕ကိုမသြားခင္က မမလႈိင္
သုတ္ေပးတဲ့ လက္ဖက္သုတ္ကို စားလိုက္မိလို႔
ထင္ပါတယ္..စိတ္မပူပါနဲ႔ ခဏေနရင္
သက္သာသြားမွာပါ..ေလးေလးသာျမန္ျမန္
ျပန္လာခဲ့.."

"ဒါေပမဲ့..."

"သြားပါေလးေလးရယ္...မဟုတ္ရင္အိမ္ကို
ေတာ္ေတာ္ေနာက္က်မွ ျပန္ေရာက္ေနလိမ့္မယ္.."

"ေအး..ေအးပါကြယ္.."

ဦးတင္ေမာင္အေနနဲ႔က သူစိမ္းတစ္ေယာက္ႏွင့္
တူမႀကီးကို ႏွစ္ေယာက္တည္းထားခဲ့ရမွာ
စိတ္မခ်ျဖစ္ေနေပမဲ့ ဗိုက္ေအာင္ေနသည့္သူကို
အတင္းမေခၚခ်င္၍ စိတ္မခ်ႏိုင္စြာပဲ
ထြက္သြားရေလသည္။

ေလးေလးဦးတင္ေမာင္တို႔ ထြက္သြားၿပီးေနာက္မွာ
မိုးလည္းတိတ္ေနၿပီျဖစ္၍ ေထာ္လာဂ်ီေပၚမွာ
တိတ္ဆိတ္ေနေလသည္။
ရႈိင္းကေတာ့ သူ၏ဖုန္းကိုမီးထြန္းထားၿပီး
ကိုယ္ႏွင့္ ေဘးခ်င္ယွဥ္လွ်က္‌ထိုင္ေန‌ရာမွ
တစ္ဖက္အျခမ္းသို႔ ေျပာင္းထိုင္လိုက္ေလသည္။

ခ်စ္ပန္းေဝကေတာ့ "ဘာေၾကာင့္အျခားဘက္မွာ
ေျပာင္းထိုင္လဲဆိုသည့္ "ေမးခြန္းကို
ေမးခ်င္ေပမဲ့ သူကမ်က္ႏွာကိုတစ္ဖက္သို႔
လႊဲထားကာ သူ႔ေက်ာပိုးအိတ္ထဲမွ
ေဆးလိပ္တစ္လိပ္ထုတ္၍ မီးညႇိလိုက္ေလသည္။

*ေတာ္ေတာ္ေခ်ာတာပဲ...*
ဖုန္းမီးအေရာင္ေၾကာင့္ ေဘးတိုက္ျမင္ေနရေသာ
သူ႔မ်က္ႏွာကို ေငးၾကည့္ေနမိသည္။
အင္တာဗ်ဴးေတြမွာဆို သူ႔မ်က္ႏွာေလးက
႐ႊင္ေနၿပီး သြက္လက္ေပါ့ပါးသေလာက္
အျပင္မွာေတာ့ သူ႔မ်က္လုံးေတြက ဘာကိုမွ
အထင္မႀကီးတတ္သည့္ ပုံစံျဖစ္ေနသည္။

ခ်စ္ပန္းေဝေငးၾကည့္ေနစဥ္မွာပဲ ရႈိင္းသည္
ေျခေထာက္ကို ခ်ိတ္၍ထိုင္လိုက္ကာ
ေဆးလိပ္ကို တစ္ခ်က္ဖြာရႈိက္လိုက္သည္။

"အဟြတ္..အဟြတ္..."

ေဆးလိပ္ခိုးမႊန္လွ်င္ ေခ်ာင္းဆိုးတတ္ေသာ
ခ်စ္ပန္းေဝသည္ ဘယ္လိုမွေအာင့္မထားႏိုင္ေတာ့ပဲ
အက်ယ္ႀကီး ေခ်ာင္းဆိုးမိသြားေလသည္။
ထိုအခါ ရႈိင္းသည္လည္း အလိုက္တသိႏွင့္ပင္
ေထာ္လာဂ်ီေအာက္သို႔ ဆင္းေပးဖို႔
လုပ္လိုက္ေပမဲ့...

"ရွင္ဘယ္သြားမလို႔လဲ.."

"မင္းကေဆးလိပ္အနံ႔ကို မခံႏိုင္ဘူးမဟုတ္လား
ခပ္ေဝးေဝးမွာ သြားေနေပးမလို႔ေလ.."

သူ႔မ်က္ႏွာအေနအထားသည္ မိုးသည္းတုန္းက
ထီးအတူေဆာင္းဖို႔ေတာင္းဆိုသည့္ ပုံစံ
မဟုတ္ေတာ့ပဲ အနည္းငယ္တင္းမာသည့္
ပုံစံေျပာင္းသြားေလသည္။
ခ်စ္ပန္းေဝလည္း ‌သူ႔ေလသံေၾကာင့္ 
စကားေတာင္ ဆက္ေျပာဖို႔မဝံ့ရဲေတာ့ေပမဲ့
တစ္ေယာက္တည္းလည္း မေနခဲ့ခ်င္ေပ။

"ရွင္သြားေတာ့ ကြၽန္မတစ္ေယာက္တည္း
က်န္ခဲ့မွာေပါ့..ဒီေနရာကသရဲေျခာက္တယ္ရွင့္.."

"ဘာ!!!ဟုတ္လို႔လား.."

ေကာင္မေလး၏အေျပာေၾကာင့္ ရႈိင္းသည္လည္း
ေမွာင္မဲေနေသာ ပတ္၀န္းက်င္ကို
တစ္ခ်က္ၾကည့္လိုက္မိၿပီး မဆိုသေလာက္ေလး
ေသြးေလ ေျခာက္ခ်ားသလိုျဖစ္သြားသည္။

"ဟုတ္လို႔လား..မင္းငါ့ကိုတမင္ေျခာက္ေနတာ
မဟုတ္လား.."

"ကြၽန္မကဘာလို႔ ေျခာက္ရမွာလည္း
ဒီေနရာကို ေလးေတြေခ်ာက္လို႔ေခၚတယ္..
အရင္က သရဲအရမ္းေျခာက္တာ..
တစ္ခ်ိဳ႕လူေတြေျပာတာေတာ့ ဒီေနရာဟာ
အရင္က ၾကက္ကုန္းတဲ့..."

ၾကက္ကုန္းဆိုတဲ့အဓိပၸာယ္ကို ရႈိင္းလည္း
နည္းနည္းေတာ့ တီးမိေခါက္မိပါသည္။
နာနာဘာ၀ေတြဟာ ဒီေနရာမွာပဲ
 တူညီတဲ့ပုံစံနဲ႔ထပ္ခါတလဲလဲ 
ငရဲခံေနရတာမ်ိဳးေပါ့။

ကိုယ္တိုင္က သရဲကားေတြလည္း
႐ိုက္ခဲ့ဖူးေပမဲ့ ႐ူတင္မွာလူအမ်ားႀကီးနဲ႔ဆိုေတာ့
ေၾကာက္စရာ မလိုခဲ့ေပ။
အခုက ဒီေကာင္မေလးနဲ႔ကိုယ္ႏွစ္ေယာက္တည္း
ရွိေနတာ။တစ္ခုခုျဖစ္ရင္ ကိုယ္ကေတာင္
သူ႔ကို ထမ္းေျပးရမဲ့ပုံ။

စိတ္ထဲမွာ ေကာင္မေလး၏စကားကို
ျပန္ၾကားေယာင္ေနၿပီး အေမွာင္ထုထဲတြင္
တစ္စုံတစ္ေယာက္ ရပ္ေနသည္ဆိုေသာ
ခံစားခ်က္ႏွင့္ လွမ္းလွမ္းၾကည့္ေနမိစဥ္...

"အမယ္ေလးဗ်...!!!"

"..ဘာျဖစ္တာလဲ.."

"တစ္ေယာက္ေယာက္ ငါ့ေက်ာကုန္းကိုခဲလုံးနဲ႔
လွမ္းေပါက္လိုက္သလိုပဲ..."

For Me, [7/9/2025 6:02 PM]
"ဟင္..အဲ့ဒါဆိုသရဲေျခာက္တာထင္တယ္..
ဘယ္လိုလုပ္ၾကမလဲ ကြၽန္မတို႔ဆင္းေျပးၾကမလား"

"မင္းဦးေလးသြားတဲ့အိမ္ကို မင္းသိလို႔လား.."

"မသိဘူးေလ.."

"မသိပဲနဲ႔ ဘယ္လိုလိုက္မလဲ.."

"ေအးေနာ္...ေတာ္ၾကာလမ္းမွားၿပီး
ဒုကၡေရာက္ေနမွပိုဆိုး‌ေနမယ္...ဒီလိုလုပ္ပါလား
ရွင္သူတို႔ကို ေမာင္းထုတ္လိုက္ေလ..."

"ဟာ..ငါကအဝိဇၨာလမ္းလိုက္တဲ့ အထက္လမ္း
ဆရာမွမဟုတ္တာ.."

ခ်စ္ပန္းေဝကေတာ့ အေရးႀကဳံလာသည့္အခ်ိန္မွာ
အိုင္ေဒါလ္ရယ္ဘာရယ္နားမလည္ေတာ့ပဲ
သူ႔ကိုေမာ့ၾကည့္ၿပီး ႏွာေခါင္းရႈံ႕လိုက္မိသည္။
အရပ္ရွည္ၿပီးဗလေတာင့္ေပမဲ့ သုံးစားမရရင္
ဖြတ္က်ားပဲ။

"အထက္လမ္းေတြ၊ေအာက္လမ္းေတြ မလိုပါဘူး
ကြၽန္မဦးေလးဆို ပိုက္သြားခ်ရင္းနဲ႔
ညအိပ္တဲ့အခ်ိန္ လာေႏွာက္ယွက္တဲ့သရဲေတြကို
မိုးမႊန္ေအာင္ ဆဲပစ္လိုက္တာ 
အကုန္ၿငိမ္က်သြားတာပဲတဲ့..ကြၽန္မအေဖဆို
ေဆး႐ုံမွာ သရဲနဲ႔ေတာင္နပန္းဖက္လုံးခဲ့ဖူးတာ.."

"လူႀကီးေတြ ေလွ်ာက္႐ႊီးခဲ့တဲ့စိတ္ကူးယဥ္
ဇာတ္လမ္းေတြကို မင္းတကယ္ယုံေနတာလား
အဲ့လိုဆိုရင္...မင္းဆဲပါလား.."

"ဘယ္ျဖစ္မလဲ ကြၽန္မကမိန္းကေလးေလ
ရွင္တို႔ေယာက္်ားေတြက ဘုန္းကံပိုျမင့္တာပဲ
ရွင္တို႔ဆဲရင္ ပိုထိေရာက္မွာေပါ့.."

"မင္းဘယ္လိုမိန္းကေလးလည္း ဗုဒၶဘာသာ
ကိုးကြယ္တာမွ ဟုတ္ရဲ႕လား...
နာနာဘာ၀နဲ႔ေတြ႕ရင္ ေမတၱာပို႔အမွ်ေဝရမယ္ပဲ
ၾကားဖူးပါတယ္..မင္းအလွည့္ၾကမွ
ဆဲလႊတ္ခိုင္းရတယ္လို႔..."

"ရွင္ဘာသိလို႔လဲ တစ္ခ်ိဳ႕နာနာဘာ၀ေတြက
ေခါင္းမာတယ္..အမွ်ေဝလည္းယူခ်င္မွယူတာ..."

"ေနပါအုံး...သူတို႔ကအမွ်ေဝရင္ မယူမွန္း
မင္းကဘယ္လိုသိလဲ..ကိုယ္တိုင္ျမင္ဖူးလို႔လား..."

"ဇာတ္ကားေတြထဲမွာ ၾကည့္ဖူးတာေပါ့..."

"ေသေရာကြာ..."

ရႈိင္းအဖို႔ ကိုယ့္နဖူးကိုယ္သာ ဖက္ကနဲျမည္ေအာင္
ျပန္႐ိုက္လိုက္မိေလသည္။
ထိုအခ်ိန္မွာ ကိုယ္ေတာင္သတိမမူမိလိုက္ပဲ
တုန႔္ျပန္လိုက္သည့္ လုပ္ရပ္ကို
ျပန္ေတြးၾကည့္လိုက္ၿပီး ရွက္႐ြံ႕သြားမိသည္။

ေက်ာကုန္းကို တစ္ခုခုလာမွန္တုန္းက 
ဟိုဘက္ခုံကေန ဒီဘက္ခုံတန္းသို႔ ဘာလို႔
ေဆြ႕ကနဲ ခုန္ကူးလာခဲ့မိတာပါလိမ့္။

ပုံမွန္ဆိုရင္ စကားအမ်ားႀကီး ေျပာရတာ
မႀကိဳက္သည့္ သူ႔အက်င့္ကေနေသြဖယ္ၿပီး
ေၾကာက္ေၾကာက္ႏွင့္ ဒီေကာင္မေလးကို
စကားေတြ အမ်ားႀကီးေျပာလိုက္မိသည္။

*ငါဘာျဖစ္သြားတာပါလိမ့္..
ငါတစ္ခါမွ ဒီလိုမျဖစ္ဖူးပါဘူး..
........
ဟာကြာ..အေဒၚႀကီးပုံစံနဲ႔ေတာသူမေရွ႕မွာမွ
အႏွစ္ႏွစ္အလလက ထိန္းသိမ္းထားခဲ့ရတဲ့
ငါ့ရဲ႕ ပုံရိပ္ေတြပ်က္ပါၿပီ...
........
အဲ့ဒါေတြအားလုံးက ဒင္းေၾကာင့္ပဲ
သူ႔ရဲ႕ ေျခာက္လုံးေတြေၾကာင့္သာ
အပင္ေပၚကေန တစ္ခုခုေႂကြက်တာကို
အထင္မွားၿပီး လန႔္သြားခဲ့မိတာေပါ့...***

"ရႈိင္းေရ..မင္းတို႔ေစာင့္ရတာ ၾကာသြားၿပီလား.."

ထိုအခ်ိန္မွာပဲ လွမ္းေအာ္ေျပာလိုက္သည့္
အသံေၾကာင့္ ထိုမိန္းကေလး၏ လက္ေမာင္းအား
ခုဏကေၾကာက္အားလန႔္အားျဖင့္
 ဆုပ္ကိုင္ထားမိတာကို သတိရၿပီ
 ခ်က္ခ်င္းလက္လြတ္ေပးလိုက္မိသည္။
ထက္ယံသိရင္ ရန္ကုန္ေရာက္တဲ့အခါ 
အျခားေကာင္ေတြနဲ႔ ဝိုင္းဖြဲ႕ၿပီးေလွာင္ၾကမွာကို
မလိုခ်င္၍ ေခါင္းကိုငုံ႔ကာ ေကာင္မေလးအား
သတိေပးထားလိုက္သည္။

"ခုဏကကိစၥေတြကို ငါ့သူငယ္ခ်င္းအေရွ႕မွာ
မေျပာမိေစနဲ႔..ၾကားလား.."

"ဘာျဖစ္လို႔လဲ..."

"မေျပာေစခ်င္လို႔ေပါ့ကြာ.."

ဖုန္းမီးအေရာင္ေၾကာင့္ ရႈိင္း၏မ်က္ႏွာႀကီး
နီရဲေနသည္ကို ေတြ႕လိုက္ရာခ်စ္ပန္းေဝမွာ
မရယ္မိေအာင္ ႀကိတ္မွိတ္ေနလိုက္ရသည္။
ဒါေပမဲ့ အဆုံးမွာေတာ့ေခါင္းၿငိမ့္၍
ကတိေပးလိုက္မိေလသည္။

ခဏအၾကာမွာေတာ့ ေလးေလးကေထာ္လာဂ်ီကို
ဆီထည့္လိုက္ၿပီး ေလးေတြေခ်ာက္ေပၚသို႔
ေမာင္းတက္လိုက္ပါေတာ့သည္။
ရႈိင္း၏ မန္ေနဂ်ာသည္လည္း
 မိုးတိတ္သြားၿပီျဖစ္၍ ေနာက္ခန္း၌
ေျပာင္းထိုင္ေလေတာ့သည္။

ရႈိင္းကေတာ့ ခ်စ္ပန္းေဝႏွင့္အရင္လို 
ကပ္၍မထိုင္ေတာ့ပဲ တန္းတစ္ခုထဲမွာေပမဲ့
ခပ္ခြာခြာသာ ထိုင္လိုက္လာၿပီး 
ေဆးလိပ္တစ္လိပ္ၿပီးတစ္လိပ္ ဖြာရႈိက္၍
ေနေလသည္။
ခ်စ္ပန္းေဝကေတာ့ ေဆးလိပ္နံ႔ကိုမခံႏိုင္၍
ႏွာေခါင္းသာ ပိတ္ထားရေလသည္။

"ဟာ..ဟိုဟာအုတ္ဂူေတြမဟုတ္ဘူးလား..."

သခ်ႋဳင္းအနားသို႔ေရာက္ေတာ့ 
ထက္ယံသည္ လမ္းေဘးကို
ဖုန္းမီးထိုးၾကည့္လိုက္ၿပီး ထေအာ္လိုက္တဲ့အျပင္
ေထာ္လာဂ်ီ၏ ၀မ္းဗိုက္ထဲတြင္ ငုတ္တုတ္ႀကီး
ဆင္းထိုင္လိုက္ေလေတာ့သည္။
ခ်စ္ပန္းေဝကေတာ့ အသဲအသန္
ေၾကာက္ျပေနေသာ ထက္ယံကိုၾကည့္ၿပီး
ေခါင္းခါလိုက္မိသည္။

"ရွင္တို႔ရန္ကုန္သားေတြကလည္း
 ေၾကာက္တတ္လိုက္တဲ့သရဲ...
ေယာက္်ားႀကီးေတြျဖစ္ၿပီး.."

"ေယာက္်ားလည္း အသဲနဲ႔ပဲဟ..
သရဲမေၾကာက္တတ္ပဲေနမလား..
မင္းတို႔ ေတာကိုကမဟုတ္တာ
႐ြာေလးတစ္ခါေရာက္ဖို႔ ျဖတ္လိုက္ရတဲ့
သခ်ႋဳင္းကုန္းဆိုတာ..မင္းဦးေလးေျပာတာေတာ့
ငါတို႔ ေထာ္လာဂ်ီပ်က္ခဲ့တဲ့ေနရာကလည္း
အရင္က သခ်ႋဳင္းကုန္းႀကီးပဲတဲ့
နင္တို႔မို႔လို႔ ဒီမွာေနႏိုင္ၾကတယ္..
ငါတို႔ေတာ့ ၾကာၾကာေနရင္အသက္ထြက္မွာပဲ
အခုေတာင္ လန႔္လြန္းလို႔ ေမာေနၿပီ.."

"အဲ့ေလာက္ေမာေနရင္လည္း သခ်ႋဳင္းကုန္းကို
ေရာက္တုန္းေလး အုတ္ဂူထဲမွာ၀င္နားလိုက္ေလ"

"ဖီ..လြဲပါေစဖယ္ပါေစ..နိမိတ္မရွိတာေတြ
မေျပာစမ္းပါနဲ႔...ဖုတ္လိုက္ဖုတ္လိုက္နဲ႔
နင္တို႔႐ြာကိုမနဲေရာက္ေအာင္သြားရမဲ့
အသက္ကေလးကို လမ္းခုလတ္မွာတင္
မထားခဲ့ပါရေစနဲ႔..."

"အဲ့ဒါဆိုလည္း သူမ်ားေဒသကို မေဝဖန္နဲ႔ေလ
ေယာက္်ားႀကီးတန္မဲ့ အရမ္းေၾကာက္ျပမေနနဲ႔"

For Me, [7/9/2025 6:02 PM]
ခ်စ္ပန္းေဝက ထက္ယံကိုေဝဖန္လိုက္တယ္
ဆိုေပမဲ့ တိုက္ဆိုင္မႈေတြရွိေနေသာ ရႈိင္းကေတာ့
ေဆးလိပ္ေသာက္ေနေသာ လက္ေတြေတာင္
တုန္သြားေလသည္။

သူ႔စိတ္ထဲမွာ စိုးရိမ္ေနမိတာကေတာ့
သရဲအေျခာက္ခံလိုက္ရတဲ့ အျဖစ္အပ်က္ကို
ဒီစကားမ်ားတဲ့ ေကာင္မေလးလႊတ္ကနဲ
ေျပာလိုက္မိမွာကိုပဲ။

ရႈိင္းတစ္ေယာက္ အမ်ိဳးမ်ိဳး
စိုးရိမ္ေနခဲ့သည့္အတိုင္း "ရွင္တို႔ရန္ကုန္သားေတြ"
ဆိုသည့္ စကားကိုျပန္စဥ္းစားမိလိုက္ေသာ
ထက္ယံသည္ နားမလည္၍ထပ္ေမးဖို႔
ႀကိဳးစားလိုက္ေတာ့သည္။

"မင္းေျပာတဲ့အထဲမွာ 
ရွင္တို႔ရန္ကုန္သားေတြဆိုေတာ့ 
ဘယ္သူပါေသးလို႔လဲ..."

"ဟို..အဲ့ဒါက..."

"ေခ်ာကလက္စားမလား.."

ခ်စ္ပန္းေဝခမ်ာ ပါးစပ္ကေလးလႈပ္႐ုံရွိေသး
ပါးစပ္နားသို႔ လာေတ့လိုက္ေသာ ေခ်ာကလတ္
ထုတ္ေလးေၾကာင့္ စြံ႕အသြားရေလသည္။
ေပးတဲ့လူကိုၾကည့္လိုက္ေတာ့ ရႈိင္းျဖစ္ေနသည္။

ခ်စ္ပန္းေဝထက္ ပိုၿပီးအံ့ဩေနရသူမွာေတာ့
ထက္ယံပါပဲ။
ရႈိင္းဆိုတာ ဖန္အင္အားေတာင့္သည့္ႏိုင္ငံေက်ာ္
႐ုပ္ရွင္မင္းသားတစ္ေယာက္ ။
အႏုပညာသမား အခ်င္းခ်င္းၾကားမွာေတာ့
အတတ္ႏိုင္ဆုံးေဖာ္ေဖာ္ေ႐ြေ႐ြ ေနတယ္ဆိုေပမဲ့
သူ႔နဂိုဗီဇက ခပ္ေအးေအးသမား။

သူ႔အနားကို အေၾကာင္းအမ်ိဳးမ်ိဳးႏွင့္
လာခ်ည္းကပ္ၾကသည့္ မိန္းကေလးတိုင္းကို
ေျပာင္ေျပာင္တင္းတင္း ျငင္းလႊတ္တတ္ၿပီး
မိန္းကေလးတစ္ေယာက္အေပၚ သူ႔ဘက္မွစ၍
က်ိဳးႏြံမည့္သူမဟုတ္ေပ။

*ဒါေပမဲ့ အခုျမင္ေနရတဲ့ရႈိင္းကေတာ့
႐ုပ္ဆိုးဆိုး ေတာသူမေလးကို ပါးစပ္၀အနားအထိ
ေခ်ာကလက္ ခြံ႕ေနပါသတဲ့...
ဘုရားပြင့္သြားတာမ်ားလား..
.........
ေကာင္မေလးက ဘယ္ေလာက္႐ုပ္ဆိုးလည္းဆို
စေတြ႕တုန္းက ကိုယ္ေတာင္အေဒၚႀကီးလို႔
ထင္ခဲ့မိတာ...
..........
ေထာ္လာဂ်ီပ်က္တုန္းကမွ ဦးတင္ေမာင္နဲ႔
လမ္းမွာ စကားစပ္မိရင္းကိုယ္ေတြထက္
ငယ္တဲ့ ေကာင္မေလးမွန္းသိလိုက္ရတယ္...
.........
ဒါဘယ္လို အေျခအေနႀကီးလည္း
ငါပဲ အနီးမႈန္ေနတာလား..
ကမာၻႀကီးကပဲ ေျပာင္းျပန္လန္သြားတာလား.."

သုံးေယာက္သားလုံး ၿငိမ္သက္ေနစဥ္
ခ်စ္ပန္းေဝက စၿပီးကသိကေအာင့္ႏိုင္မႈကို
ၿဖိဳခြင္းလိုက္ေလသည္။

"ေက်းဇူးတင္ပါတယ္...ဒါေပမဲ့ကြၽန္မက
ေခ်ာကလက္မႀကိဳက္ဘူး..."

"ေရာ့..ယူ.."

မႀကိဳက္ဘူးလို႔ေျပာေနတာေတာင္ 
အတင္းထိုးေပးေနေသာေၾကာင့္ ရႈိင္း၏
မ်က္လုံးေတြကို တည့္တည့္ၾကည့္လိုက္မိေတာ့
သူ႔မ်က္လုံးေတြက စကားေျပာေနသလို
ခံစားလိုက္ရသည္။
*ေခ်ာကလက္ကိုယူၿပီး ပါးစပ္ပိတ္ေတာ့.."ဟု
အမိန႔္ေပးေနသလို အၾကည့္မ်ိဳးျဖစ္သည္။

ထိုအခါမွ ခ်စ္ပန္းေဝလည္း မျငင္းရဲေတာ့ပဲ။
သူေပးတဲ့ ေခ်ာကလက္ထုပ္ကို
ဆက္ကနဲ လွမ္းယူၿပီးလြယ္အိတ္ထဲသို႔
ထည့္ပစ္လိုက္သည္။

"ေကာင္မေလး...မင္းကသူ႔ဆီကေန
ေခ်ာကလက္ကို လက္ေဆာင္ရတဲ့ပထမဆုံး
လူဆိုတာ သိရဲ႕လား.."

ထက္ယံက မေနႏိုင္စြာ ထေျပာလိုက္ေတာ့
ခ်စ္ပန္းေဝ၏ မ်က္လုံးေလးမ်ားသည္
ခ်က္ခ်င္း အေရာင္လတ္သြားေလသည္။

"တကယ္လား..."

"တကယ္ေပါ့..သူ႔ကိုႀကိဳက္ေနတဲ့
ေကာင္မေလးေတြဆို..ဒီလိုေခ်ာကလက္ရဖို႔
ဆုေတာင္းတာေတာင္ မရၾကဘူး..
မင္းကေတာ့ တကယ့္ကံထူးရွင္ပဲ...
သူကမင္းကိုမ်ား ႀကိဳက္ေနတာလားမသိဘူး.."

"ေဟ့ေကာင္..မင္းပါးစပ္ကိုအခုပိတ္မလား
ေထာ္လာဂ်ီေပၚကေန ငါကန္ခ်ေပးရမလား.."

ဒီတစ္ခါေတာ့ ရႈိင္းဆီမွေနာက္ထပ္
ေခ်ာကလက္ထုပ္ႏွင့္ ပစ္အေပါက္ခံလိုက္ရ၍
ထက္ယံတစ္ေယာက္ ႏွဖူးနာသြားေလသည္။
သို႔ေပမဲ့ ေနာင္တရေနပုံေတာ့မေပၚပဲ 
ေအာက္က်ေနသည့္ေခ်ာကလတ္ကို 
ေဖာက္ၿပီးေတာင္ စားလိုက္ေသးသည္။

ပါးစပ္ထဲကို အခ်ိဳအရသာေလး
စိမ့္၀င္သြားသည္ႏွင့္ စိတ္နည္းနည္း႐ႊင္သြားၿပီး
သူ႔အေရွ႕မွ ေကာင္မေလးအား 
ေသခ်ာၾကည့္လိုက္မိသည္။
ပုံစံကေတာ့ တကယ့္ကိုေတာသူစစ္စစ္႐ုပ္။

ေရစိုထား၍ မ်က္ႏွာမွသနပ္ခါးေတြကလည္း
မဲညစ္ညစ္အေရာင္ေျပာင္းေနေလရာ
ပို၍ ႐ုပ္ဆိုးေနေလသည္။
ဒါေပမဲ့ ရႈိင္းဆီကေနေခ်ာကလက္ 
ရတယ္ဆိုတည္းက ေတာ္႐ုံဘုန္းကံျမင့္တာေတာ့
မဟုတ္ေလာက္ဘူး။

"ညီမေလးရဲ႕နာမည္ကဘယ္လိုေခၚလဲ.."

"ခ်စ္ပန္းေဝပါ.."

"ေအာ္..ေအာ္..ခ်စ္ပန္းေဝတဲ့လား
နာမည္ေလးက လွသားပဲ..
ညီမေလးရဲ႕ ဦးေလးေျပာတာေတာ့
..ညီမေလးက
အသက္ႏွစ္ဆယ္ေက်ာ္ပဲ ရွိေသးတယ္ဆို.."

"ဟုတ္ပါတယ္..ညီမကအသက္၂၂ႏွစ္ရွိပါၿပီ..
အစ္ကိုတို႔ကေရာ ညီမတို႔႐ြာကို
ဘာလုပ္ဖို႔လာၾကတာလဲ..."

"အစ္ကိုက ရန္ကုန္သားစစ္စစ္ကြ...
ဟိုေကာင္ရႈိင္းကသာ အုန္းပင္စု႐ြာမွာ
ေမြးခဲ့တာေလ..ေတာသားေပါ့...
ဒီကိုလာရတဲ့ အေၾကာင္းကေတာ့
သူ႔အေမနဲ႔သူ႔အေဖက စိတ္အခန႔္မသင့္လို႔
ရန္ျဖစ္ၿပီး သူ႔အေမက႐ြာျပန္သြားလို႔
လိုက္ေခၚတာ..."

ရႈိင္းမွာေတာ့ သူ႔ကိုေတာသားဟုေျပာလိုက္၍
ထက္ယံကို ေျပးကန္ခ်င္စိတ္ေတြသာ 
ေပၚေနေတာ့သည္။
ထက္ယံကို မ်က္ေထာက္နီႀကီးႏွင့္ ၾကည့္ေနစဥ္မွာပဲ
ခ်စ္ပန္းေဝဆိုသည့္ ေကာင္မေလးက
ရႈိင္းကို ထူးဆန္းသလို ၾကည့္လာေလသည္။

"အစ္ကိုက အုန္းပင္စု႐ြာမွာေမြးတာလား.."

"အင္း..."

"ေအာ္..."

"သူ႔အေမက အဲ့ဒီ့႐ြာသူေလ...
သူ႔အေဖကသာ ရန္ကုန္သား.."

"ဟုတ္လား..အဲ့ဒီ့အန္တီရဲ႕နာမည္က
ဘယ္လိုေခၚလည္း..."

"ေဒၚစံပယ္ေမႊးတဲ့..."

"ဟာ..အန္တီစံပယ္လား သိတာေပါ့..
႐ြာမွာ အလႉအတန္းေတြလုပ္ရင္
အန္တီစံပယ္က အၿမဲမတည္ေနၾကေလ...
လက္စသတ္ေတာ့ ဒီအစ္ကိုက
အန္တီစံပယ္ရဲ႕သားကို...အန္တီစံပယ္က
သူ႔မွာသားတစ္ေယာက္၊သမီးတစ္ေယာက္
ရွိတယ္လို႔ေတာ့ ညီမရဲ႕ေဒၚႀကီးတို႔ကို
ေျပာဖူးတယ္...ဒါေပမဲ့ေမာင္ေမာင္ဆိုၿပီးပဲ
အၿမဲတမ္းေခၚတာ.."

For Me, [7/9/2025 6:02 PM]
"ဟုတ္တယ္ေလ..သူ႔နာမည္အရင္းက
သၾကၤန္ေမာင္လို႔ေခၚတယ္...
သူ႔အိမ္ကလူေတြကေတာ့ ေမာင္ေမာင္လို႔ပဲ
ေခၚၾကတာေပါ့..အဲ..အႏုပညာနာမည္ကေတာ့
ရႈိင္းေပါ့..သူက႐ုပ္ရွင္မင္းသားေလ..
ညီမသူ႔ဇာတ္ကားေတြ ၾကည့္ဖူးလား.."

"ၾကည့္ဖူးတယ္ထင္တယ္..ဒါေၾကာင့္
ျမင္ဖူးေနတယ္လို႔ ထင္ေနတာ..
ဒါေပမဲ့ အန္တီစံပယ္ကေတာ့ သူ႔သားက
႐ုပ္ရွင္မင္းသားလို႔ တစ္ခါမွမေျပာဖူးဘူး.."

ခ်စ္ပန္းေဝဆိုတာ ရႈိင္း၏အမာခံပရိတ္သတ္လို႔ေတာ့ မေျပာလိုက္မိေပ။
အဲ့လိုေျပာလိုက္ရင္ သိရဲ႕သားနဲ႔
ဟန္ေဆာင္ၿပီး ခ်ည္းကပ္တယ္ဟု 
ထင္သြားႏိုင္သည္။

သူ႔ရဲ႕ အိမ္ေခၚနာမည္က ေမာင္ေမာင္တဲ့ေလ။

ညခ်မ္းအခ်ိန္အခါမို႔ ေလေအးေတြမ်က္ႏွာကို
ျဖတ္တိုက္သြား၍ ၾကာလာတဲ့အခါ
မ်က္လုံးေတြ စပ္ဖ်င္းဖ်င္းျဖစ္လာလည္း
ခ်စ္ခ်စ္ကေတာ့ ေမာင္ေမာင္ဆိုသူကိုသာ
 တစ္ခ်ိန္လုံး ခိုးၾကည့္ေနမိသည္။

ပတ္၀န္းက်င္တစ္ခုလုံးက ေမွာင္ေန၍
သူ႔မ်က္ႏွာ အစိတ္အပိုင္းတစ္ခုဆီသို႔
အေသးစိတ္မျမင္ရေပမဲ့ သူ႔ရဲ႕တည္ရွိမႈနဲ႔တင္
အဓိပၸာယ္အမ်ားႀကီး ျပည့္ႏွက္ေနသလိုပါပဲ။

ကိုယ္အရမ္းႀကိဳက္ရတဲ့ ႐ုပ္ရွင္းမင္းသား
တစ္ေယာက္နဲ႔ အျပင္မွာဒီလိုႀကီး
စုံစည္းရမယ္လို႔ တစ္ခါမွ
စိတ္ကူးယဥ္မၾကည့္ခဲ့ဖူးေပ။

သူ႔ကို ပိုစတာေတြ၊ဓာတ္ပုံေတြနဲ႔
ဖုန္းထဲကေန ေငးၾကည့္ခဲ့ဖူးတယ္။
စိတ္ညစ္လာတဲ့အခါတိုင္း ရင္ဖြင့္စရာ
လူတစ္ေယာက္အျဖစ္ သူ႔ပုံေလးေတြကို
ၾကည့္ၿပီး စကားေတြေျပာခဲ့ဖူးတယ္၊
သူ႔အေရွ႕မွာ ငိုျပခဲ့ဖူးတယ္။

အခုသူ႔ကို အျပင္မွာျမင္ေနရေတာ့ ကိုယ္လုပ္ခဲ့တဲ့
႐ူးေၾကာင္ေၾကာင္ ကိစၥေတြအတြက္
ရွက္ေတာင္ရွက္လာသလိုပဲ။

"ေကာင္ေလးတို႔...တို႔႐ြာထိပ္ကိုေရာက္ၿပီကြ..."

အေရွ႕ဘက္မွ ေလးေလး၏ေအာ္သံက
ခ်စ္ပန္းေဝ၏ အေတြးစေတြကို 
ျပတ္ေတာက္သြားေစခဲ့သည္။
ရႈိင္းကို ၾကည့္လိုက္မိေတာ့  လွမ္းျမင္ေနရေသာ
႐ြာထိပ္မွ မီးလင္းေနသည့္အိမ္ကို
ၾကည့္ေနေလသည္။

"ဟား..ေနာက္ဆုံးေတာ့ နားရေတာ့မယ္ေဟ့..
ဒီေန႔က ငါ့ဘ၀မွာကံအဆိုးဆုံး
ေန႔တစ္ေန႔ပဲ..ကားပ်က္တယ္..မိုးမိတယ္
ေထာ္လာဂ်ီဆီကုန္တယ္...ဟူး..
မနက္ျဖန္သာ ျမန္ျမန္ေရာက္ပါေတာ့..."

ကိုထက္ယံကေတာ့ ဒီေန႔ဟာသူ႔ဘ၀မွာ
ကံအဆိုးဆုံးဟု ညီးတြားေနေပမဲ့
ခ်စ္ပန္းေဝအတြက္မူ ဒီကေန႔ေလးဟာ
တန္ဖိုးအရွိဆုံး ေန႔တစ္ေန႔ပါပဲ။

ဘာေၾကာင့္လဲလို႔ ေမးလာခဲ့ရင္
ေမာင္ေမာင္ဆိုသူႏွင့္ အမွတ္တရမ်ားစြာ
ဖန္တီးႏိုင္ခဲ့ေသာ ေန႔တစ္ေန႔ျဖစ္၍ဟု
ဆိုပါလိမ့္မည္။

ခ်စ္ပန္းေဝမသိလိုက္သည္မွာ
 ေမာင္ေမာင့္အတြက္ေတာ့ ဒီေန႔ဟာ
အဆိုးဝါးဆုံးႏွင့္ ေမ့အပစ္ခ်င္ဆုံး
ေန႔တစ္ေန႔ပင္ျဖစ္သည္။

❤️❤️❤️❤️❤️❤️

ကဲ ေန႔ေလးတစ္ေန႔ကုန္ဆုံးသြားပါၿပီ
ေနာက္ေန႔မွာ ဘာေတြဆက္လြဲၾကအုံးမလဲ

2 comments:

  1. နောက်ရက်တွေမှာဘာတွေဆက်ဖြစ်မလည်းဆိုတာစောင်မျှော်ဖတ်ရှု့ပါ့မယ်နော်။

    ReplyDelete
  2. အလွဲလေးတွေနဲ့
    ပေါ့ပေါ့ပါးပါးအကြည်ဓါတ်လေး

    ReplyDelete