အခန်း(၂) 🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

🌺အခန်း(၂)

🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

     

နေ့လည်နေခင်းဖြစ်၍ နေမင်းကြီးသည်

ပုံမှန်ထက် ပို၍အပူဓာတ်ကိုထုတ်လွှတ်နေသည်။

သို့ပေမဲ့ စပါးပင်လေးများကိုတိုးတိုက်၍

တဟုန်ထိုး ပြေးလွှားလာကြသော လေအေးများက

 ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်တိုက်သွားလျှက်

ပူလောင်မှုကို လျော့ချပေးလာခဲ့သည်။


မိုးဦးကျကာလမို့ လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်များထမနေတော့သလို

ရွှံ့လည်းသိပ်မထူသေးပေ။

ဒီလိုအချိန်ဟာ ခရီးသွားလို့ကောင်းသေးသည့်

အချိန်ဟု ယူဆနိုင်သည်။


လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်ဆီတွင်

လေတိုးတိုင်း တယိမ်းယိမ်းဖြစ်နေသည့်

ဝါရွှေရောင် စပါးပင်များကမျက်စိတစ်ဆုံးပါပဲ။

နေရိပ်ထိုးနေတော့ ပို၍အရောင်တောက်နေကြသည်။


မိုးဦးကျပြီဖြစ်၍ မကြာခင်ရိတ်သိမ်းရတော့မည့်

မယင်းစပါးများဖြစ်ရာ အခုချက်ချင်းတောင်

ကုန်းရိတ်လိုက်ချင်မိသည်အထိ

စိတ်အားထက်သန်နေမိသည်။


ဦးလေးမောင်းနေသည့် အိပဲ့အိပဲ့နှင့်သွားနေသော

ထော်လာဂျီသည် အရက်မူးသမားကခုန်နေတာနှင့်

တူနေသည်။

ထို့ကြောင့် လိုက်စီးရတာမူးနောက်နောက်

ဖြစ်နေပေမဲ့ ရှူမျှော်၍မဆုံးနိုင်သော

စပါးခင်းကြီးများ၏ အလှကြောင့်

ခရီးထွက်လာရတာကို ပျော်ပါသည်။


ထော်လာဂျီခေါင်းခန်း‌မှာ ထိုင်ရခြင်းဖြစ်၍

ရှေ့မြင်ကွင်းက အကုန်ရှင်းလင်းနေပြီး

ကိုယ်ငေးချင်သည့်နေရာကို လွတ်လွတ်လပ်လပ်

ငေး၍ရနိုင်သည်။

လယ်ကွင်းတွေ တစ်ခုပြီးတစ်ခုကိုဖြတ်လာရပေမဲ့

အခြားရွာစပ်ကို တော်တော်နဲ့မရောက်နိုင်သေးပဲ

ရွာအ၀င်လမ်းကို မှိုင်းပျပျသာ မြင်ရသည့်

ခံစားချက်ကို အလွန်နှစ်သက်သည်။


ရောက်တက်ရာရာကို တွေးနေမိရင်းမှ

မကြာခင်ရိတ်ရတော့မည့် ဦးလေးတို့၏

မယင်းစပါးတွေဆီကို ပြန်လည်ရောက်သွားပြီး

စပါးဈေး ကောင်းပါစေဟုလည်း

ဆုတောင်းနေမိသည်။


ဒီလမှာ လှိုင်မင်း၏ဘော်ဒါဆောင်‌စရိတ်၊

ကျောင်းစရိတ်တွေကြောင့် အသုံးငွေက

ကုန်ခါနီးပြီဖြစ်၍ အပြင်ဘက်ကနေ

အကြွေးတောင် ဆွဲထားရသည်။

ထို့ကြောင့် မယင်းစပါးရိတ်ပြီးသည်နှင့် ခဏပဲ

စောင့်နိုင်ပြီး ရတဲ့ဈေးနှင့်ရောင်းရမည်ဖြစ်သည်။

လယ်ကြီးစပါးဆိုရင်တော့ သေချာပေါက်

အထွက်နှုန်းတိုးလောက်မည်။


"ဘာတွေ တွေးနေတာတုန်းကွ.."


ဦးတင်မောင်သည် တူမဖြစ်သူ၏ခေါင်းလေးကို

အသာပုတ်ကာ စလိုက်တော့ချစ်ချစ်သည်လည်း

ပါးပြင်ပေါ်မှ သနပ်ခါးထူထူကြီးများ 

ကြွေကျလောက်အောင်အထိ ပြုံးလိုက်မိလေသည်။


"ဒီနှစ်စပါးဈေး ကောင်းပါစေလို့ဆုတောင်းနေတာ"


"စိတ်မပူပါနဲ့ အချိန်တန်တော့သူ့ဟာသူ

အဆင်ပြေမှာပါ.."


"ဒါနဲ့လေးလေး..လေးလေးတို့ကဘာလို့ဒီရွာမှာပဲ

နေနေကြတာလဲဟင်..ဇလွန်ဘက်မှာဆို

သမီးသူငယ်ချင်းတွေရဲ့ လယ်တွေက

အရမ်းအထွက်နှုန်းတိုးတာပဲ..ဆန်စေ့ချင်းတောင်

မတူဘူး.."


"အော်..သူ့နေရာဒေသအလိုက်ပေါ့ကွယ်..

ဒီနေရာက လေးလေးတို့ရဲ့ဇာတိချက်မြှုပ်လေ

အမျိုးတွေအကုန်လုံးကလည်း ဒီမှာပဲရှိနေကြတာ

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုပေမဲ့

လေးလေးကတော့ ကိုယ့်ကိုမွေးတဲ့နေရာကလွဲပြီး

ဘယ်မှ မပြောင်းချင်ဘူး.."


"ဟုတ်တာတော့ ဟုတ်ပါတယ်..ဒါပေမဲ့

သမီးတို့ရွာက မြို့နဲ့လည်းဝေးတော့

အရေးအကြောင်းရယ်ဆို ချက်ချင်းထသွား‌လို့

မရဘူးမဟုတ်လား..အခုလှိုင်မင်းတို့

ယုယချစ်တို့..သဲသဲတုန်တို့ကိုပဲကြည့်

လမ်းပန်းဆက်သွယ်ရေးကြောင့်

ကျောင်းသားဘ၀က ဘယ်လောက်

ခက်ခဲလိုက်သလဲ..

ယုယချစ်လေးဆိုခုနှစ်တန်းရောက်ပြီ

ပြင်ကသာကို စက်ဘီးနဲ့ကျောင်းသွားနေရတာ

လမ်းခရီးက အဝေးကြီးရယ်..

ဒီအရွယ်မိန်းကလေးတွေက အရမ်းဂရုစိုက်ရတယ်

သမီးသူ့ကို အရမ်းစိုးရိမ်တာပဲ..

ဘာပဲဖြစ်ဖြစ် အထက်တန်းကျောင်းနဲ့

အရမ်းဝေးတော့ အိမ်မှာကျောင်းသား

သုံးယောက်ရှိပေမဲ့ တစ်ယောက်ကိုပဲပြီးဆုံးတဲ့အထိ

တာ၀န်ယူနိုင်တော့မှာပေါ့..."


  ယောက်ျားလေးတွေကိုသာ 

ပညာရေးနှင့်ပတ်သတ်ပြီး

ပိုမြေတောင်မြှောက်လေ့ရှိကြောင်း

ဆိုလိုခြင်းဖြစ်သည်။


အိမ်မှာ ကျောင်းသားသုံးယောက်တောင်

ရှိသည့်အတွက် သေချာပေါက်ဆယ်တန်း

တက်နေသော လှိုင်မင်းတစ်ယောက်သာ

ဘွဲ့ရသည်အထိ ထားနိုင်လိမ့်မည်။

ကျန်သည့် မိန်းကလေးနှစ်ယောက်ကတော့

အများဆုံးအထက်တန်း အဆင့်၌သာအဆုံးသတ်

ရလိမ့်မည်။


"စိတ်မပူပါနဲ့ကွယ်..လေးလေးကအကုန်လုံးကို

ဘွဲ့ရတဲ့အထိ ကျောင်းထားမှာပါ.."


လေးလေးတင်မောင်၏ ဘေးတိုက်မျက်နှာကို

ချစ်ပန်းဝေကြည့်လိုက်မိသည်။

လေးလေး၏ အသံလေးကတိုက်ခတ်လာတဲ့

လေပြည်လို အေးအေးလေးပါပဲ။


ဒါပေမဲ့ လေးလေး၏မျက်လုံးတွေကတော့

သူပေးလိုက်သည့် ကတိကိုတည်နိုင်မှု

အားနည်းနေသည်။

ဘယ်လိုပဲဖြစ်ဖြစ် လူကြီးတွေကိုတိုက်တွန်းဖို့

ခက်‌သောကြောင့် သက်ပြင်းသာချလိုက်ပြီး

လက်လျော့လိုက်ရသည်။


"အင်းလေ..လှိုင်မင်းကသိတတ်ရင်တော့

သူကနေယုယချစ်ကိုထောက်ပံ့ပေါ့

ယုယချစ်က သဲသဲတုန်ကိုပြန်ကြည့်ပေါ့

ဒီလိုဆို အဆင်ပြေမှာပါ..."


သူဖြစ်စေချင်သည့် စကားမအောင်မြင်တော့

မျက်နှာလေး ညှိုးသွားသောချစ်ချစ်ကို

ဦးတင်မောင် လှည့်ကြည့်လိုက်မိ‌ပြီး

စိတ်မကောင်းဖြစ်သွားမိသည်။


ချစ်ချစ်သည် သူ့ မောင်တွေ၊နှမတွေကို ဘွဲ့ရ၊

ပညာတတ်ကြီးတွေဖြစ်စေချင်ပြီး ရည်မှန်းချက်

ကြီးကြီးထားစေချင်ပေမဲ့ သူကိုယ်တိုင်ကတော့

ဘွဲ့ရပြီးတာတောင် လယ်တောထဲက

မထွက်နိုင်သေးပေ။


သူလေး၏အဖေမဆုံးခင် ဟိုအရင်ကဖူးဖူးမှုတ်

အလိုလိုက်ခံရသော ကလေးသည်ယခုတော့ဖြင့်

ကိုယ်တွေနှင့်အတူ ဆင်းရဲတွင်းထဲမယ်

နစ်နေရလေပြီ။

‌ကလေးမက လိုလေသေးမရှိတဲ့ဘ၀ကနေ၊

ခုလိုဘ၀ကို ထိုးကျသွားပေမဲ့ လိုက်လျောညီထွေ

ဖြစ်အောင် နေတတ်ခဲ့သည်။


ရိုးလည်းရိုးသားသည်။လိမ္မာရေးခြားရှိပြီး

အလိုက်လည်းသိသည်။

ဒါကိုတောင် ကိုယ့်မိန်းမဌေး၀င်းက 

ချစ်ပန်းဝေလေးကို အပြစ်မရှိ

အပြစ်ရှာချင်သေးသည်။


ကလေးခမျာ စိတ်ဝေဒနာသည်အမေကြောင့်

ဘယ်နေရာမှ စိတ်ချလက်ချထွက်မသွားနိုင်ပဲ

တိုင်မှာ ချည်ခံထားရသည့်ဆင်လိမ္မာလေး

ဖြစ်နေရရှာသည်။


"ချစ်ချစ်အတွက် လေးလေးစိတ်မကောင်းဘူးကွာ

ဘွဲ့တစ်ခုရအောင် ယူနိုင်ခဲ့ပါလျှက်နဲ့

လေးလေးတို့နဲ့ လာပြီးအပင်ပန်းခံနေရတယ်..

မမခိုင်ကြောင့် သမီးလေးရဲ့တက်လမ်းတွေကို

အပိတ်မခံပါနဲ့...မမခိုင်ကိုလေးလေးတို့

ကြည့်ပေးလို့ရပါတယ်ကွယ်..

ချစ်ချစ် ရန်ကုန်ကိုသွားချင်ရင်

ဟိုက ချစ်ချစ်ရဲ့ဒေါ်လေးကို 

လေးလေး အကြောင်းကြားပေးပါ့မယ်"


ခုဏက လေးလေးကိုချစ်ချစ်တိုက်တွန်းမိသလို

အခုလေးလေးက တဖန်တိုက်တွန်းစကားဆို‌လာ၍

ရယ်ကျဲကျဲနှင့် ချက်ချင်းခေါင်းခါလိုက်မိသည်။


"ဟင့်အင်း..အခုကိစ္စကသမီးဘာသာ 

ကျေကျေနပ်နပ်နဲ့ လုပ်နေတာပါ..

မေမေအသက်ရှင်နေသရွေ့ မေမေ့ဘေးနားမှာပဲ

အမြဲနေမှာ..ဖေဖေ့အပေါ်မှာ 

သမီးပျက်ကွက်ခဲ့တာတွေအတွက် 

မေ့မေ့အပေါ်မှာ ပြန်ပေးဆပ်ချင်တာ.."


"ဒါဆိုလည်း သမီးသဘောပါပဲ.."


ချက်ခြင်းဆိုသလို ညှို့မှိုင်းတက်လာသည့်

ကောင်းကင်ကြီးကို ကြည့်ပြီးမေမေ့ဘေးနားမှာ

အမြဲအဖော်ပြုပေးမည်ဟု တိုင်တည်လိုက်မိသည်။


"လေးလေး..သမီးတို့မြို့ထဲကိုမရောက်ခင်

မိုးရွာမလားမသိဘူး.."


ချစ်ပန်းဝေသည် ကောင်းကင်ကိုလက်ညှိုး

ထိုးပြပြီး‌ညီးညူလိုက်တော့ ဦးတင်မောင်လည်း

မျက်မှောင်ကြုံ့လိုက်ကာ ခေါင်းငြိမ့်လိုက်သည်။


"ထီးတွေ..မိုးကာတွေရောပါလား.."


"ပါတယ်..ဒါပေမဲ့မိုးကာဖိဖို့အုတ်နီခဲမယူလာမိဘူး

ဈေး၀ယ်ပြီးရင် သမီးအနောက်မှာ

ပြောင်းထိုင်လိုက်မယ်နော်.."


"အေး..အေး..လေးလေးလည်း

ထွန်ခြစ်၀ယ်စရာရှိတယ်.."


"ဟုတ်ကဲ့.."


မိုးရွာမှာဆိုတော့ မင်းသား"ရှိုင်း"၏ပိုစတာကို

၀ယ်လို့မရတော့ပေ။

ထုပ်ပိုးရအောင် ပလက်စတစ်အိတ်ပါပေမဲ့

မိုးတအားသည်းလို့ ဆိုသွားခဲ့သည်ရှိသော်

ထပ်၀ယ်ရန် ပိုက်ဆံစုရအုံးမည်ဖြစ်သည်။

အိမ်မှာက အသုံးစားရိတ်ကို ကန့်သတ်ထားတော့

ကိုယ်ကငွေရှာပေးရပေမဲ့ လေးလေး၏မိန်းမ

ဒေါ်ဘုတ်ဆုံကြီးက အမြဲသိမ်းသွားတတ်သည်။


🌺🌺🌺🌺🌺🌺🌺🌺


🔥မြတ်တော်၀င်ဘော်ဒါဆောင်🔥


ဘော်ဒါဆောင်လေးသည် ခြံ၀န်းနှင့်သီးသန့်

ဘောင်ခတ်ထားပြီး သစ်သားနှစ်ထပ်ဆောင်

ဖြစ်ကာ ရေနံဂျီးအ၀သုတ်ထား၍ 

မဲနက်နေလေသည်။


ခြံထဲတွင် အရိပ်ရအပင်လေးများရှိပြီး

ခုံတန်းလေးများထားရှိသည်မို့ ကျောင်းသားများ

ဟိုတစ်စု သည်တစ်စုနှင့် ရှိနေကြလေသည်။

ဒီအဆောင်ကတော့ ယောက်ျားလေးသီးသန့်

ထားသည့် အိမ်အဆောင်ဖြစ်၍ 

လူအများစုက ကောင်လေးများသာဖြစ်သည်။


အချို့က ဘောင်းဘီတိုလေးတွေသာ

၀တ်ထားပြီး အိင်္ကျီတောင်မ၀တ်ထားကြပေ။

ပုဆိုးခေါင်းပေါင်းကြီး‌နှင့်

သနပ်ခါးဗျင်းကြားကွက်ထားသော အဖွားကြီးအို

ပေါက်စလို ၀တ်စားထားသည့်ချစ်ပန်းဝေကို

တွေ့လိုက်ကြတော့ အနည်းငယ်

ကြောင်သွားကြပေမဲ့ သူတို့အမြင်မှာ

အဒေါ်ကြီးတစ်ယောက်ပဲဟု ထင်လိုက်မိပြီး

အရေးအတယူ လုပ်မနေတော့ပေ။


ချစ်ပန်းဝေသည်လည်း ထိုကလေးအုပ်စုဘေးမှ

ဖြတ်လျှောက်သွားပြီး အဆောင်မှူးထံမှာ

လှိုင်မင်းနှင့် တွေ့ခွင့်ပေးဖို့ ခွင့်တောင်းရလေသည်။


သိပ်ကြာကြာမစောင့်လိုက်ရ‌ပဲ အဆောင်မှူး

ခေါ်ပေးသောကြောင့် လှိုင်မင်းသည်

အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။


လှိုင်မင်း၏ပုံစံသည် သာမာန်လူတန်းစားမိသားစုမှ

ကောင်လေးဆိုသည့်အတိုင်း ပိန်ပိန်ပါးပါးလေး

ဖြစ်ကာ အရပ်တော့ရှည်သည်။

ရုပ်ရည်ကတော့ ဘယ်ပြောကောင်းမလဲ

*ချစ်ပန်းဝေမောင်ဆိုမှတော့ ချောတာပေါ့။*


ဒါပေမဲ့ထူးဆန်းနေတာက လှိုင်မင်းသည်လည်း

ခြံထဲမှာ တွေ့ခဲ့တဲ့ကောင်လေးတွေလို 

အားကစားဘောင်းဘီတိုလေးကိုသာ 

၀တ်ဆင်ထားလေသည်။


*ဒီကလေးတွေ..မရှိတဲ့ဗလကိုပြနေကြတာလား..*


"လှိုင်မင်း..နင်တို့အဆောင်ကကျောင်းသားတွေ

ဘာစတန့်ထွင်နေကြတာလဲ.."


"ဘာဖြစ်လို့လဲဟ.."


"အကုန်လုံးအိင်္ကျီမ၀တ်ကြလို့လေ..

လူတွေကိုကြည့်တော့ နံရံမှာကပ်နေတဲ့

အိမ်မြှောင်လေးတွေပုံစံနဲ့ ဗလကပြချင်ကြတယ်.."


"ဟဲ့..အော်..စကားကိုတိုးတိုးပြောဟ..

သူများတွေကြားသွားရင်..

နင့်စောပလော်လာတီးနေအုံးမယ်.."


"ဘာလဲ..အမှန်အတိုင်းပြောတော့ နာတာလား

နင်လည်းဘာထူးလည်း လူကြည့်တော့ငါးဖောင်ရိုး

အိင်္ကျီချွတ်ကြီးနဲ့ ဗလကပြချင်သေးတယ်

ငါပြောထားမယ်နော်..ကျောင်းတက်နေတုန်း

ရည်းစားထားဖို့ လုံး၀စိတ်မကူးနဲ့

နင့်နောက်မှာကြည့်ဖို့ ဘုစုခရုတွေအများကြီး

ကျန်သေးတယ်..."


ချစ်ပန်းဝေက ထင်ချင်ရာထင်၊ပြောချင်ရာ

လျှောက်ပြောနေတော့ လှိုင်မင်း၏

မျက်နှာကြီးသည် ချက်ချင်းမဲတူးသွားပြီး

မကြည်မသာ ဖြစ်သွားတော့သည်။


"ငါပြောတာလည်း နည်းနည်းပါးပါး

နားထောင်ပါအုံးဟာ..အိင်္ကျီကချွတ်ချင်လို့

ချွတ်တာမဟုတ်ဘူးဟ..ငါတို့က၄နာရီထိုးဆို

အတန်းတတ်ရတော့မှာလေ..အဲ့တော့

ရေရတုန်းအပြေးအလွှား ချိုးရမှာ..

အခုအချိန်က ငါတို့ရေချိုးရမဲ့အချိန်

နောက်ကျနေရင် အောက်ကသဲတွေပဲ

ခပ်ချိုးရလိမ့်မယ်..."


"ဟယ်..ဟုတ်လား..ဒါဆိုနောက်ကျလို့

ဘယ်ဖြစ်မလဲ..ရော့ရော့..ဒီမှာပိုက်ဆံတစ်သိန်းခွဲ

အဆောင်ခနဲ့ကျူရှင်ခလည်းပါတယ်နော်..

ဒီမှာ နင့်အတွက်ငါးရံ့ခြောက်မီးဖုတ်နဲ့

ပုစွန်ငန်ပြာရည်ချက်..ချက်လာပေးတယ်..

ကော်ဗူးလေးထဲမှာ နင်စာကျက်ရင်စားရအောင်

သရက်ပြားတွေလည်း ထည့်ပေးထားတယ်..

အခြားလူတွေကို တရားလွန်ကျွေးမပစ်နဲ့အုံးနော်

ငါနဲ့ မမလှိုင်ကပင်ပင်ပန်းပန်းချက်ထားရတာ.."


"အေးပါဟာ..ဘာပြောဖို့ကျန်သေးလဲ.."


"ငါကနင်အိပ်တဲ့နေရာအထိပါ တက်ကြည့်ချင်တာ

နင်ဘယ်လိုနေရသလဲလို့..."


"အမယ်လေး..အစ်မတော်ရယ်..

ယောက်ျားလေးအိပ်ဆောင်ထဲအထိတော့

မ၀င်ပါနဲ့ ရှိကြီးခိုးပါရဲ့..."


"ဘယ်ဖြစ်မလဲ..ဒီအရွယ်လေးတွေနဲ့ 

ရှက်စရာလားဟဲ့..ငါကနင့်ဖျာတွေ

ဆုတ်ပြဲနေမှာစိုးလို့ နောက်တစ်ခါဖျာအသစ်

ယူလာပေးရမလား ကြည့်မလို့ဟာကို.."


"ဖျာကကောင်းပါသေးတယ်..လိုရင်ငါပြောပါ့မယ်"


"အေးပါ..ငါ့မောင်လေးစာကြိုးစားနော်

ရည်းစားလည်းမထားရဘူးနော်..

မမထက်အမှတ်များအောင် ကြိုးစားရမယ်နော်

အော်..သူများအနိုင်ကျင့်တာလည်းမခံနဲ့နော်

ကိုယ့်ဘက်ကတော့ အရင်ရန်မစနဲ့

တကယ်လို့ မဖြစ်မနေရန်ဖြစ်ရမယ်ဆိုလည်း

ကိုယ်က ဦးအောင်အရင်လုပ်

ပြီးရင် ဆရာ၊ဆရာမတွေကို

 ဦး‌အောင်သာပြေးတိုင်..."


မှာလို့၊ကြားလို့မပြီးနိုင်သော အစ်မဖြစ်သူကြောင့်

လှိုင်မင်းလည်း မျက်နှာကြီးရှုံ့မဲ့ပြီး

စိတ်ညစ်နေရလေသည်။

ဒီအတိုင်းဆို သဲတွေပဲခပ်ချိုးရတော့မယ်

ထင်ပါတယ်။


*မိကျောင်းမသမီး..အရမ်းစကားများတာပဲ..*

..မထူးတော့ပါဘူး..ရေလည်းချိုးမနေတော့ဘူး

သူမှာတမ်းခြွေတာကိုပဲ 

နားထောင်နေလိုက်တော့မယ်...

........

မဟုတ်ရင်..အစ်မတော်ကစိတ်ကောက်တဲ့အခါ

တစ်လကိုးသတင်းက ကြာအုံးမယ်..

အိမ်မှာ သူကကိုယ့်ကိုတစ်လတစ်ခါ

ဟင်းချက်ပို့နေတာဆိုတော့ ပုစွန်ငန်ပြာရည်ချက်မှာ

ပုစွန်တစ်ကောင်ပဲ ပါနေမှဟုတ်ပေ့ဖြစ်နေမယ်..

........

တစ်ခါကဆို သူ့ကိုပြန်ခံပြောလို့ဆိုပြီး

ငါ့ရံ့ခြောက်ကို ထုပြီးဆားသိပ်လာတာများ

ငန်လိုက်တဲ့ဖြစ်ခြင်း

လျှာတောင် ရေခဲကပ်လိုက်ရတယ်..

........

စိတ်ကြည်ရင်လည်း အရမ်းကောင်းပေးတတ်တာ

သူ့အပြင်မရှိဘူး

......

အမြင်မကြည်ရင်တော့ သေပြီသာမှတ်တော့

ပါးစပ်နဲ့ရော..လက်တွေ့ပါဒုက္ခပေးတတ်တာ

.........

အိမ်မှာသူကြောက်တာဆိုလို့ 

အမေတစ်ယောက်ပဲရှိပြီး..

ကျန်တဲ့လူတွေကတော့ သူ့ကိုကြောက်ရတာပေါ့

........

အစ်ကိုကြီးလို ဖဲသမား၊ကြက်သမား

လူရမ်းကားတောင် သူ့ကိုကြောက်ရတယ်...

........

ကြောက်ရတဲ့ အကြောင်းအရင်းကတော့

မမချစ်က သူမကျေနပ်ရင်

ဟိုလူရမ်းကားကြီးရဲ့ တိုက်ကြက်ဖကြီးကို

အမွှေးနှုတ်ပြီး ဟင်းအိုးထဲထည့်ပစ်တတ်လို့ပါပဲ

..........

လုပ်ရင်လည်း လက်သည်မပေါ်အောင်

လုပ်တတ်တယ်...

ပြီးရင် အဲ့ကြက်သားဟင်းနဲ့ အစ်ကိုကြီးကို

ထမင်းပြန်ကျွေးတတ်တာ...

..........

အစ်ကိုကြီးခမျာ လူဆိုးကြီးဒဏ်မဲ့

ငိုရတာလည်းခဏ..ခဏ

အဲ့ဒါကြောင့် ဒင်းကိုအမေကလွဲပြီး

ဘယ်သူမှ သွားမစရဲတာပေါ့....

..........

အခုလည်း ကိုယ့်မှာရေမချိုးရတော့ပဲ

သူ‌ဩဝါဒ ခြွေသမျှကိုထိုင်နားထောင်နေရတယ်

ဘယ်ဘ၀က ၀ဋ်ကြွေးပါလိမ့်...*


"အစ်မ..နင်ပြောလို့ပြီးအုံးမှာလားဟာ..."


ထိုသို့ပြောလိုက်တော့ ချက်ချင်းပဲခါးထောက်ပြီး

စိတ်ဆိုးမာန်ဆိုး ဖြစ်သွားလေသည်။

မျက်လုံးကြီးပြူးပြပြီး နှုတ်ခမ်းကြီး

ဆူထွက်လာတာများ ဘီလူးမတောင်

သူ့ထက်ချောအုံးမယ်။


"ဘာလဲ..နင်ကငါစေတနာနဲ့ပြောပြတာကို

နားမထောင်ချင်ဘူးဆိုတဲ့ သဘောလား..

ဟဲ့..ငါကနင့်ထက်ထမင်းအရင်စားလာတဲ့လူပါ

နင့်ကိုငါပြောနေတာတွေအားလုံးက 

တစ်ခုမှ အပြောင်အပြက်မပါဘူးဟဲ့..

ငါ့ကိုများ အားယားနေလို့လျှောက်ပြောတယ်

ထင်နေတာလား..."


လုပ်ပြီ။မမလေးရဲ့ ဒေါသကတော့စလာပြီ။

သေသာ သေလိုက်ချင်တော့တယ်။

ဒီငရစ်မနဲ့မှ မောင်နှမလာတော်နေရတယ်လို့။

ပြန်လည်းပြောချင်ပေမဲ့ ဒီ့ထက်အရစ်ရှည်နေမှာ

စိုးလို့ ကိုယ့်ဘက်ကပဲဖြန်‌ဖြည်ရတော့သည်။


"အထင်မလွဲပါနဲ့ဟာ..ငါ့ကျူရှင်ချိန်နီးနေလို့ပါ

နင်လည်း ဓနုဖြူဈေးထဲကို၀င်ရအုံးမယ်

မဟုတ်လား..တော်ကြာနောက်ကျရင်

ဈေးပိတ်နေအုံးမယ်...အပြင်မှာလည်း

မဲမှောင်နေတာပဲ ကြည့်ပါလား

မိုးတွေသည်းမှ အပြန်ကြဒုက္ခရောက်နေမှာစိုးလို့..."


"အေးပါ...အဲ့ဒါဆိုလည်းငါသွားတော့မယ်..

ကိုယ့်ကိုကိုယ်ဂရုစိုက်နော်..ခေါက်ဆွဲခြောက်တွေ

ခိုးပြီး၀ယ်စားမနေနဲ့ အစားကို‌ဂျီးမများနဲ့

ပုံမှန်စား..အစာအိမ်မဖြစ်စေနဲ့...

ငါမှာထားတာ အကုန်မမေ့နဲ့နော်..."


"အေးပါဟာ..ငါမှတ်ထားပါတယ်..."


"ဘာငါလဲ...နင်၊ငါဆိုပြီး ပြောတာလည်းပြင်နော်

ဟင်း..ဟင်း..ငါနင့်ထက်ခြောက်နှစ်ကြီးတယ်.."


"..အေးပါဟာ..သိပါပြီ..."


မမချစ် အဆောင်ထဲကထွက်သွားတော့မှသာ

လှိုင်မင်းလည်း အကြာကြီးအသက်အောင့်

ထားရာကနေ သက်ပြင်းချနိုင်တော့သည်။


"ဟေ့ကောင်...ငလှိုင်...ခုနကလာတာမင်းအဒေါ်လား

ဟိုတစ်ခါလာတဲ့ မမချောချောလေးကရော

မလာတော့ဘူးလား..."


ထိုအချိန်မှာ အခန်းဖော်တစ်ယောက်က

အနားကပ်လာပြီး လှိုင်မင်း၏

ပခုံးကို လာပုတ်လေသည်။

လှည့်ကြည့်လိုက်မိတော့ ရန်ကုန်ကနေ

ပြောင်းလာတဲ့ သူဌေးသားဟုနာမည်ပြောင်

ရထားသော"အောင်ထက်ပိုင်.."ဖြစ်နေသည်။


သူ့မိဘတွေက တကယ်လည်းချမ်းသာပါသည်။

ဆယ်တန်းကျောင်းသားဆိုပေမဲ့ ဆိုင်ကယ်

အမိုက်စားကြီးနဲ့ သွားသွားလာလာလုပ်နေသူ

ဖြစ်ပြီး စတိုင်လ်ကလည်းအမိုက်စားမို့

ကျောင်းမှာရော အဆောင်မှာရော

နာမည်ကြီးသူဖြစ်သည်။


လှိုင်မင်းတို့လည်း သူ့ဆိုင်ကယ်နောက်ကနေ

တစ်ခါတလေ လိုက်ဖူးပေမဲ့ ကိုယ့်အစ်မ

အကြောင်းကို မေးတာတော့သိပ်မကြိုက်ချင်ပေ။


"မေးနေတာကို ပြန်ဖြေဖော်လေးတော့ရပါအုံး

ယောက်ဖရာ..."


"ဟေ့ကောင်..မင်းငါ့ကိုယောက်ဖလို့

လာမခေါ်နဲ့နော်..ကျန်တာကိုသာသည်းခံမယ်

ငါ့အစ်မတွေနဲ့ ပတ်သတ်ရင်လုံး၀သည်းမခံနိုင်ဘူး"


"မင်းကလည်း စတဲ့ဥစ္စာကိုစိတ်ကြီးပဲ...

ငါကအခြားစိတ်မရှိပါဘူးကွာ အရင်က

လာ‌နေကြအစ်မကြီးနဲ့ ဒီတစ်ခါလာတဲ့လူက

မတူလို့ မေးကြည့်တာပါ..."


"အတူတူပဲ...ဒီတစ်ခါကရူးနေလို့

ဘီလူးမရုပ်ပေါက်အောင် 

သနပ်ခါးလိမ်းလာတာပဲရှိတာ..."


"ဟာ..."


အစ်မဖြစ်သူကို နင်ပဲငဆပြောပြီး

ပစ္စည်း‌တွေသိမ်းဖို့ထွက်သွားသော 

လှိုင်မင်း၏နောက်ကျောကိုကြည့်ကာ 

ထက်ပိုင်မှာတောင့်တောင့်ကြီး

ရပ်ကျန်နေခဲ့ရသည်။


ခဏအကြာမှာတော့ သူ့အမူအရာကို

ချက်ချင်းပြင်လိုက်ပြီး နက်စွေးစွေးမျက်၀န်းများကို

မှေးကျဉ်းလိုက်ကာ နှုတ်ခမ်းပါးတွေ

ကော့တက်သွားအောင် ပြုံးလိုက်မိလေသည်။


"ဘီလူးမရုပ်ပေါက်နေပေမဲ့ ချစ်စရာလေးပါ.."


ထိုစကားကို လှိုင်မင်းကြားရင်တော့ 

ဆွဲထိုးမှာ သေချာနေ၍ မကြားအောင်

တိုးတိုးလေးသာ ပြောလိုက်မိသည်။

ထိုမမကို သတိထားမိနေတာဟာ

ကိုးတန်းနှစ်တည်းကဖြစ်ပြီး လှိုင်မင်းဆီသို့

အသုံးစရိတ်နှင့် ဟင်းတွေလာပို့တိုင်း

မတူညီသည့် ခံစားချက်ကိုပေးစွမ်းလေ့ရှိသည်။


တစ်ခါတလေ ကြက်တောင်စည်းလေးနဲ့

ပြင်ပြင်ဆင်ဆင်ရောက်လာတတ်ပြီး

တစ်ခါတလေကြတော့ ဘီးဆံပတ်ကြီးနဲ့

အဖွားအိုပေါက်စလေးလို ရောက်ချလာတတ်သည်။


ကိုယ်နဲ့တော့ တစ်ခါမှစကားမပြောဖူးသလို

မျက်လုံးအကြည့်ချင်းတောင်မဆုံဖူးပေမဲ့

ကျောင်းမှာဆို စာတော်၍အမြဲမျက်နှာ

မော့ချီနေတတ်သော လှိုင်မင်းသည်

ထိုမမအရှေ့မှာတော့ ငိုချတော့မတတ်

ခေါင်းလေးငုံ့၍ နာခံတတ်လွန်းသောကြောင့်

အံ့ဩခဲ့ရသည်။

ထိုမှတစ်ဆင့် သတိထားမိလာသာယည်

ဆိုပါတော့။

ဒီမမမှာ ထူးခြားမှုတစ်ခုတော့ရှိနေတယ်။

ဘာဆိုတာတော့ အဖြေရှာမရပေ။


🌺🌺🌺🌺🌺🌺🌺


လှိုင်မင်း၏ ဘော်ဒါဆောင်ကို၀င်ပြီးနောက်

ဓနုဖြူဈေးသို့ တန်းသွားကြပြီး

အိမ်အတွက် လိုအပ်တာတွေ၀ယ်ဖြစ်ကြသည်။

လေးလေးကတော့ သူ့ထော်လာဂျီအတွက်

လိုအပ်တာတွေ၀ယ်လေသည်။


ချစ်ပန်းဝေကိုယ်တိုင်ကတော့ မိုးသိပ်မရွာသေး၍

ရုပ်ရှင်မင်းသားရှိုင်း၏ ပိုစတာလေးကို

၀ယ်လိုက်ပြီး ပလက်စတစ်အိတ်နှင့်

သေချာလေး ထုပ်ပိုးထားလိုက်သည်။


မြို့ကိုတက်ရသည့်အချိန်လေးမို့ အငယ်မတွေ

အတွက်ပါ ဈေးတန်သည့်ခေါင်းစီးကွင်းလေးတွေ

၀ယ်လိုက်ပြီး လွယ်အိတ်လေးထဲသို့

အကုန်လုံးထွေး၍ ထည့်ထားလိုက်သည်။


"ချစ်ချစ်ရေ...ဓနုဖြူလမ်းဆုံနားရောက်ရင်

လေးလေးရဲ့ သူငယ်ချင်းအိမ်ကို

၀င်အုံးမယ်နော်...သူဟိုတလောက

ဆိုကယ်မှောက်ပြီး လက်ကျိုးသွားတယ်ဆိုလို့.."


"ဟုတ်ကဲ့...လေးလေး.."


ချစ်ပန်းဝေလည်း ဦးတင်မောင်၏ဆန္ဒကို

မငြင်းဆန်တော့ပဲ လေးလေး၏သူငယ်ချင်းအိမ်သို့

အတူလိုက်၀င်ရလေသည်။


"ဟာ..တင်မောင်..မင်းလာလည်တာလား.."


"အေးကွ..မင်းဆိုင်ကယ်မှောက်လို့ဆို..."


"အေး..လက်ကကျောက်ပတ်တီးတောင်

စည်းထားရတယ်လေ.."


"မူးပြီတော့ မှောက်တာတော်ရေ့

နင့်သူငယ်ချင်းအကြောင်းကို 

ပြောမပြောချင်တော့ဘူး...အရက်သောက်မိရင်

လူမှန်းခွေးမှန်း သိတာမဟုတ်ဘူး.."


ဆိုင်ကယ်မှောက်သည့် ဦးလေးကြီး၏ဇနီးက

နောက်ဖေးကနေ ရေနွေးကြမ်းထည့်ထားသည့်

လင်ဗန်းကို သယ်လာပြီး ၀င်ပြောရာကနေ

စကားတွေဆက်သွားလိုက်တာ အချိန်ငါးနာရီ

ခွဲသွားလေသည်။


ရုတ်တရက်ကြီး လေးပြင်းတွေတိုက်ချလာ၍

ဝိုင်းလေးသတိပေးတော့မှ လေးလေးတစ်ယောက်

သူများအိမ်ကြမ်းပြင်ပေါ်မှ ဖင်ကြွတော့သည်။

မိုးက သည်းကြီးမဲကြီးမရွာသေးပေမဲ့

လေကကြမ်းလွန်း၍ လူတောင်

လွင့်ထွက်သွားနိုင်သည်။


ဆိုင်တွေအားလုံးလည်း တံခါးပိတ်လိုက်ကြပြီး

လူသွားလူလာလည်း ကျဲသွားလေသည်။

ကားလမ်းနှင့်နီးသောကြောင့် ဆိုင်ကယ်အချို့နှင့်

ကားအချို့ ဖြတ်သွားတာကိုတော့

တွေ့လိုက်ရသည်။


အလာတုန်းက ‌ချစ်ပန်းဝေသည်ဦးတင်မောင်၏

ဘေးမှာ ထိုင်လိုက်လာခြင်းဖြစ်ပေမဲ့

အပြန်တွင်တော့ ၀ယ်ခြမ်းထားသည့်

ပစ္စည်း၊ပစ္စယများကို နောက်ဘက်ခြမ်းမှာ

မိုးကာနှင့် အုပ်ပြီးခြေထောက်နှင့် တက်ဖိထားရင်း

လိုက်ပါလာရသည်။


ဦးတင်မောင်၏ ထော်လာဂျီသည်ပေါင်းမိုး

ခဏဖြုတ်ထားခြင်းဖြစ်၍ မိုးရွာသည့်အခါ

ချစ်ပန်းဝေ၏တစ်ကိုယ်လုံး စိုရွှဲသွားနိုင်သည်။


ထို့ကြောင့် ချစ်ပန်းဝေသည်လည်း

အပြန့်လိုက်ကြီးရှိသည့် မိုးကာအကြည်ကို

ပတ်ထားလိုက်ကာ ထီးလည်း

ဆောင်းထားလိုက်သည်။

မိုးစိုလျှင်တောင် ကိုယ်ခံအားကောင်းသူမို့

တော်ရုံနဲ့မဖျားတတ်ပေ။


"ဗျို့..ကိုတင်မောင်...ရပ်ပါအုံး..."


ငဘအိမ်ကုန်းဆင်းနားအရောက်တွင် 

ထော်လာဂျီကိုတားနေသည့် 

လူတစ်ယောက်ကြောင့် ဦးတင်မောင်လည်း

ရပ်ပေးလိုက်လေသည်။


"ကိုစောချစ်...ဘာဖြစ်လို့လည်းဗျ..."


မိုးသံကြောင့် မကြားရမည်စိုး၍ဦးတင်မောင်က

အော်ပြောလိုက်ရာ ဦးစောချစ်သည်

ဦးတင်မောင်အနားသို့ တိုးကပ်ပြီး

အကူအညီတောင်းသည့် ဟန်ပန်ဖြင့်

စကား‌စလေတော့သည်။


"ကောင်လေးနှစ်ယောက်က ခင်ဗျားတို့ရဲ့

အုန်းပင်စုရွာကို သွားချင်လို့တဲ့ 

ကျုပ်ကိုလာမေးလို့ သူတို့ကားကလည်း

 ဒီနားမှာပျက်သွားတယ်လေ

ခင်ဗျားလည်း ရွာပြန်မှာမဟုတ်လား.."


ဦးစောချစ်၏စကားကြောင့် ဦးတင်မောင်လည်း

ခပ်လှမ်းလှမ်းရှိ အမိုးရိပ်တွင်မတ်တပ်ရပ်နေသော

လူငယ်နှစ်ယောက်ထံသို့ 

အကြည့်ရောက်သွားလေသည်။


ရုပ်ရည်တွေကတော့ လူရည်သန့်ပုံပေါ်ပေမဲ့

ကိုယ့်တူမလေးပါလာတော့ အင်တင်တင်

ဖြစ်နေလေရာ ဦးစောချစ်သည်ထပ်၍

အကူအညီတောင်းရပြန်သည်။


"ကူညီလိုက်ပါဗျာ..ကောင်လေးတွေက

လူရည်သန့်လေးတွေပါ...သူတို့လည်းအလျှင်

လိုနေတဲ့ပုံပဲ..အရပ်ပိုရှည်တဲ့

ကောင်လေးပြောတာတော့ သူ့အမေဆီကို

သွားမလို့တဲ့..လမ်းခရီးစရိတ်လည်း

သူတို့ပေးမှာပေါ့...လမ်းလည်းကြုံနေတာပဲဥစ္စာ

အခုချိန် ထော်လာဂျီငှားဖို့ကလည်း

မလွယ်တော့ဘူးလေ.."


ဦးတင်မောင်လည်း ငြင်းလွှတ်လိုက်ချင်ပေမဲ့

အားနာတတ်သူလည်း ဖြစ်လေရာ

ခေါင်းငြိမ့်လက်ခံလိုက်လေသည်။


ချစ်ပန်းဝေကတော့ ချမ်းရသည့်ကြားထဲ

လေးလေးက ထော်လာဂျီကိုရပ်ပြီး

စကားပြောနေ၍ အပြစ်တင်ချင်နေမိသည်။

မိုးကသဲနေတော့ သူတို့ဘာတွေပြောနေသလဲ

သဲသဲကွဲကွဲလည်း မကြားရပေ။


သို့ပေမဲ့ ရုတ်တရက်ယောက်ျားနှစ်ယောက်

ရပ်နေသော နေရာသို့အကြည့်ရောက်သွားမိရာ

အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ကြောင့်

ခေါင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့

တုန်လှုပ်သွားမိလေသည်။


"အဲ့ဒါ..ရုပ်ရှင်မင်းသား"ရှိုင်း"များလား...

မဟုတ်လောက်ပါဘူး..ရှိုင်းကဘယ်လိုလုပ်ပြီး

သူများအိမ်ရှေ့မှာ ရပ်နေမှာလဲ.."


အမျိုးမျိုးတွေတောပြီး မျက်လုံးတွေကိုလည်း

အထပ်ထပ်အခါခါ ပွတ်ကြည့်မိပေမဲ့

ဒီတစ်ရုပ်တည်းကိုပဲ မြင်နေရသည်။


"ငါ..ရူးသွားတာများလား.."


ကိုယ့်ခေါင်းကိုယ် ထီးရိုးနှင့်ခေါက်နေမိစဉ်မှာပဲ

လေးလေးနှင့်စကားပြောနေသည့် လူကြီးက

ထိုကောင်လေးနှစ်ယောက်ကို 

ဘာပြောလိုက်သလဲမသိ..

ထိုနှစ်ယောက်က..ထော်လာဂျီအနားသို့

‌ပြေးလာကြတော့သည်။


မျက်လုံးအပြူးသားနှင့် ချစ်ပန်းဝေ

ငေးကြည့်နေစဉ်မှာပဲ ရှိုင်းနှင့်အတူပါလာသော

လူဟာ အရှေ့ဘက်ရှိလေးလေးဘေးနားမှာ

၀င်ထိုင်လိုက်ပြီး ရှိုင်းလို့ထင်မိသည့်

တစ်ယောက်ကတော့ ထော်လာဂျီပေါ်သို့

တက်လာလေသည်။


အရှေ့မှာ ထိုင်နေသည့်လူကိုလည်း မြင်ဖူးသည်မို့

သေချာတွေးကြည့်နေစဉ်မှာပဲ ထော်လာဂျီလေးက

ကုန်းဆင်းအတိုင်း လျောချ

မောင်းနှင်သွားလေသည်။


"သတိထားလေ...!!!!"


ထော်လာဂျီ လှုပ်ရမ်းသွားချိန်တွင် လက်ကိုင်ကို

ဆွဲမထားမိ၍ ရှေ့သို့ငိုက်ကျသွားမိစဉ်

ချစ်ပန်းဝေ၏ ထီးကိုင်ထားသည့်

အေးစက်နေသော လက်နှစ်ဖက်ကို 

ခပ်နွေးနွေးလက်တစ်စုံက 

ဖမ်းဆုပ်လိုက်လေသည်။


ကြည်လင်ပြတ်သားသော အမိန့်ဆန်ဆန် 

အသံကြောင့် ထိုလူကိုမော့ကြည့်လိုက်မိရာ

တကယ်ပဲ ကိုယ်အရမ်းကြိုက်သည့်

ရုပ်ရှင်မင်းသား "ရှိုင်း"ဖြစ်နေသည်။


*အခုမှပဲ သေချာစဉ်းစားလို့ရတော့တယ်...

အရှေ့ခုံမှာ၀င်ထိုင်နေတာက ရှိုင်း၏‌မန်နေဂျာ

ထက်ယံပဲမဟုတ်လား...*

.........

**ဘုရားရေ..ငါတကယ်ပဲ..ငါ့ရဲ့အိုင်ဒေါလ်နဲ့

အနီးကပ်ဆုံနေရတာလား..

..........

အား...ငါသေတော့မှာပဲ...နှလုံးခုန်နှုန်းတွေ

ဘာလို့ မြန်လာရတာလဲ...

............

အသက်ရှူတောင် ကြပ်လာပြီ..

ငါသေတော့မှာလားမသိဘူး...အိုးမိုင်ဂေါ့ဒ်...

.....…...

စိတ်ကူးယဉ် ၀တ္ထုတွေထဲကလို

ငါ့ခေါင်းကိုမိုးကြိုးပစ်ပြီး..

အချိန်ခရီးသွားနေတာများလား..

............

ဒါမှမဟုတ်ငါသေသွားပြီး မဟုတ်တမ်းတရားတွေ

မြင်နေတာလား...**


"အဒေါ်ကြီး..ကျွန်တော်အရမ်းချမ်းနေလို့

ထီးအတူ မျှဆောင်းလို့ရမလား..."


အရှေ့မှာ လူအကောင်လိုက်ကြီးရှိနေပေမဲ့

မယုံရဲသေးသောကြောင့် အူကြောင်ကြောင်

ဖြစ်နေမိစဉ် ရှိုင်း၏အကူအညီ

တောင်းသံလေးက လူကိုလှုပ်နှိုးလိုက်သကဲ့သို့

ဖြစ်သွားလေသည်။


ထီးကိုင်ထားသည့် ကိုယ့်ရဲ့လက်တွေကို

လွတ်မပေးသေးသောကြောင့် သူ့လက်ဖဝါးပေါ်မှ

သူ၏အနွေးဓာတ်လေးကို ခံစားလိုက်ရစဉ်

သွေးကြောမျှင်တစ်ခုစီတိုင်း ပြန်ထကြွလာပြီး

အသိတရား ၀င်လာလေတော့သည်။

*ဒါပေမဲ့ သူငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ..*


"အဒေါ်ကြီးဆိုတာ ဘယ်သူ့ကိုခေါ်လိုက်တာလဲ.."


"ဗျာ..အဒေါ်ကြီးက..အဒေါ်ကြီးမို့..

အဒေါ်ကြီးလို့ ခေါ်လိုက်တာပါ.."


ရိုးအပုံပေါ်သည့် အဒေါ်ကြီးကသူ့ခေါ်လို့

ခေါ်မှန်းမသိသလိုပုံ ဖြစ်နေ၍ရှိုင်းလည်း

ပို၍ ရှင်းအောင်ထပ်ပြောပြလိုက်မိသည်။


"ဘာအဒေါ်ကြီးလဲ!!!..."


ရှိုင်းသည် ကိုယ်ပြောလိုက်သည့်စကားကြောင့်

ထိုအဒေါ်ကြီး သွေးတက်သလိုပုံစံ

ဖြစ်သွားလိမ့်မယ်လို့တော့ ကြိုမခန့်မှန်းမိလိုက်ပေ။

အချို့လူတွေက ကိုယ်အသက်ကြီးနေပေမဲ့

ထိုအချက်ကို မေ့ထားတတ်ကြသည်။


*ကြည့်ရတာ ဒီအဒေါ်ကြီးက..အစ်မကြီးလို့

အခေါ်ခံချင်ပုံပဲ...ဒါပေမဲ့ကိုယ်ကလည်း

လှည့်ဖျားပြီး မခေါ်ချင်ပေ..အဒေါ်ကြီးက

အဒေါ်ကြီးပဲပေါ့...မမဖြစ်ချင်ရင်တော့

ဆယ်သက်ဆုတောင်း...*


ချစ်ပန်းဝေအတွက်တော့ မိုးနတ်မင်းက

သူမကိုမျက်နှာသာ ပေးလိုက်ပေမဲ့

ပျော်ရမည့်အစား ငိုပဲငိုချင်နေမိသည်။


*အရမ်းကြိုက်ရတဲ့ ရုပ်ရှင်မင်းသားက

ငါ့ကိုပထမဆုံး စခေါ်တာဟာ

အဒေါ်ကြီးတဲ့လား...*


*အဒေါ်ကြီးလို့ အခေါ်ခံရမဲ့အစား 

ချီးကားအခါတစ်ရာလောက် တိုက်ရင်တောင်

ဟုတ်အုံးမယ်..

.......

သူနဲ့ဆုံမယ်မှန်းသာ သိရင်

ဒီနေ့မုန်တိုင်းပဲ တိုက်ပါစေ

မိတ်ကပ်တစ်ပိဿာလောက် ဖို့လာပစ်မှာ

.….....


အခုတော့ လူရမ်းကားတွေရန်ကို

ကြောက်တာနဲ့ သနပ်ခါးတစ်ပိဿာလောက်

လိမ်းထားပြီးတဲ့အပြင် ‌ပုဆိုးခေါင်းပေါင်းကြီးပါ

ပေါင်းလာမိတယ်...

ဒါတင်မကသေးဘူး ရင်ဖုံးအိင်္ကျီအပွကြီးပါ

၀တ်လာမိတာ...*


"အဒေါ်ကြီး မိုးကာအတူတူခြုံလို့ရမလား

အရမ်းချမ်းနေလို့.."


"အေး..အေး..လာလေ..

သားလေးအရမ်းချမ်းနေလား.."


ချစ်ပန်းဝေလည်း မထူးတော့ပြီဟုတွေးလိုက်ကာ

ချက်ချင်းပဲ မိခင်မေတ္တာတွေ ပေးလိုက်မိသည်။

မိုးကာစကလည်း ကြီးတော့နှစ်ယောက်မျှခြုံ၍

ရပေမဲ့ အလယ်မှာဟသွားသောကြောင့် 

ချစ်ပန်းဝေ၏ အ၀တ်အစားတွေ 

မိုးရေစိုလာရာ ရှိုင်းသည်နှစ်ဦးသားကြား

အကွာအဝေးကို ပို၍နီးကပ်စေလိုက်သည်။


အနားသို့ပိုတိုးကပ်လာသော ရှိုင်းကြောင့်

ချစ်ပန်းဝေ၏ ထီးကိုင်ထားသော

လက်တွေဟာ တုန်ယင်သွားလေသည်။

တစ်ခါမှ ရည်းစားမထားဖူးသော အပျိုဖြန်းလေးမို့

ယောက်ျားပျိုတစ်ယောက်နှင့် ယခုလို

နီးနီးကပ်နေရသည့်အခါ ရင်တုန်လာလေသည်။


အခြားသူသာဆို ကန်ထုတ်လိုက်မှာပေမဲ့

ဒီလူကတော့ နှစ်နဲ့ချီအောင်

ကိုယ်အားပေးလာခဲ့ရသည့် အနုပညာရှင်

ဖြစ်နေသည်။


ရှိုင်းကတော့ ကိုယ့်ကိုအဒေါ်ကြီးတစ်ယောက်

အထင်နှင့် အနားကပ်လာတာဖြစ်နိုင်သည်။

*ဒါပေမဲ့ ဘယ်လိုပြန်ပြောရမလဲ..ကိုယ်ကလည်း

သားလို့ ခေါ်ပြီးသွားပြီ..

မဟုတ်ရင် အလိမ်တွေပေါ်ကုန်မှာပေါ့..

..........


အခန်း(၃)ဆက်ရန်ရှိသည်..

မနက်ဖြန် တင်ပေးမယ်နော်


🌺🌺🌺🌺🌺🌺


အဒေါ်ကြီး..အဒေါ်ကြီးနဲ့ 

ဒီမင်းသားမဟုတ်သေးဘူးနော်..🤭

ကောင်မလေးရှက်နေပြီ


=====================

==========================

🌺အခန္း(၂)

🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺

     

ေန႔လည္ေနခင္းျဖစ္၍ ေနမင္းႀကီးသည္

ပုံမွန္ထက္ ပို၍အပူဓာတ္ကိုထုတ္လႊတ္ေနသည္။

သို႔ေပမဲ့ စပါးပင္ေလးမ်ားကိုတိုးတိုက္၍

တဟုန္ထိုး ေျပးလႊားလာၾကေသာ ေလေအးမ်ားက

 ခႏၶာကိုယ္တစ္ခုလုံးကို ျဖတ္တိုက္သြားလွ်က္

ပူေလာင္မႈကို ေလ်ာ့ခ်ေပးလာခဲ့သည္။


မိုးဦးက်ကာလမို႔ လွည္းလမ္းေၾကာင္းတစ္ေလွ်ာက္ ဖုန္မ်ားထမေနေတာ့သလို

႐ႊံ႕လည္းသိပ္မထူေသးေပ။

ဒီလိုအခ်ိန္ဟာ ခရီးသြားလို႔ေကာင္းေသးသည့္

အခ်ိန္ဟု ယူဆႏိုင္သည္။


လမ္းေဘးဝဲယာ တစ္ဖက္တစ္ခ်က္ဆီတြင္

ေလတိုးတိုင္း တယိမ္းယိမ္းျဖစ္ေနသည့္

ဝါေ႐ႊေရာင္ စပါးပင္မ်ားကမ်က္စိတစ္ဆုံးပါပဲ။

ေနရိပ္ထိုးေနေတာ့ ပို၍အေရာင္ေတာက္ေနၾကသည္။


မိုးဦးက်ၿပီျဖစ္၍ မၾကာခင္ရိတ္သိမ္းရေတာ့မည့္

မယင္းစပါးမ်ားျဖစ္ရာ အခုခ်က္ခ်င္းေတာင္

ကုန္းရိတ္လိုက္ခ်င္မိသည္အထိ

စိတ္အားထက္သန္ေနမိသည္။


ဦးေလးေမာင္းေနသည့္ အိပဲ့အိပဲ့ႏွင့္သြားေနေသာ

ေထာ္လာဂ်ီသည္ အရက္မူးသမားကခုန္ေနတာႏွင့္

တူေနသည္။

ထို႔ေၾကာင့္ လိုက္စီးရတာမူးေနာက္ေနာက္

ျဖစ္ေနေပမဲ့ ရႉေမွ်ာ္၍မဆုံးႏိုင္ေသာ

စပါးခင္းႀကီးမ်ား၏ အလွေၾကာင့္

ခရီးထြက္လာရတာကို ေပ်ာ္ပါသည္။


ေထာ္လာဂ်ီေခါင္းခန္း‌မွာ ထိုင္ရျခင္းျဖစ္၍

ေရွ႕ျမင္ကြင္းက အကုန္ရွင္းလင္းေနၿပီး

ကိုယ္ေငးခ်င္သည့္ေနရာကို လြတ္လြတ္လပ္လပ္

ေငး၍ရႏိုင္သည္။

လယ္ကြင္းေတြ တစ္ခုၿပီးတစ္ခုကိုျဖတ္လာရေပမဲ့

အျခား႐ြာစပ္ကို ေတာ္ေတာ္နဲ႔မေရာက္ႏိုင္ေသးပဲ

႐ြာအ၀င္လမ္းကို မႈိင္းပ်ပ်သာ ျမင္ရသည့္

ခံစားခ်က္ကို အလြန္ႏွစ္သက္သည္။


ေရာက္တက္ရာရာကို ေတြးေနမိရင္းမွ

မၾကာခင္ရိတ္ရေတာ့မည့္ ဦးေလးတို႔၏

မယင္းစပါးေတြဆီကို ျပန္လည္ေရာက္သြားၿပီး

စပါးေဈး ေကာင္းပါေစဟုလည္း

ဆုေတာင္းေနမိသည္။


ဒီလမွာ လႈိင္မင္း၏ေဘာ္ဒါေဆာင္‌စရိတ္၊

ေက်ာင္းစရိတ္ေတြေၾကာင့္ အသုံးေငြက

ကုန္ခါနီးၿပီျဖစ္၍ အျပင္ဘက္ကေန

အေႂကြးေတာင္ ဆြဲထားရသည္။

ထို႔ေၾကာင့္ မယင္းစပါးရိတ္ၿပီးသည္ႏွင့္ ခဏပဲ

ေစာင့္ႏိုင္ၿပီး ရတဲ့ေဈးႏွင့္ေရာင္းရမည္ျဖစ္သည္။

လယ္ႀကီးစပါးဆိုရင္ေတာ့ ေသခ်ာေပါက္

အထြက္ႏႈန္းတိုးေလာက္မည္။


"ဘာေတြ ေတြးေနတာတုန္းကြ.."


ဦးတင္ေမာင္သည္ တူမျဖစ္သူ၏ေခါင္းေလးကို

အသာပုတ္ကာ စလိုက္ေတာ့ခ်စ္ခ်စ္သည္လည္း

ပါးျပင္ေပၚမွ သနပ္ခါးထူထူႀကီးမ်ား 

ေႂကြက်ေလာက္ေအာင္အထိ ၿပဳံးလိုက္မိေလသည္။


"ဒီႏွစ္စပါးေဈး ေကာင္းပါေစလို႔ဆုေတာင္းေနတာ"


"စိတ္မပူပါနဲ႔ အခ်ိန္တန္ေတာ့သူ႔ဟာသူ

အဆင္ေျပမွာပါ.."


"ဒါနဲ႔ေလးေလး..ေလးေလးတို႔ကဘာလို႔ဒီ႐ြာမွာပဲ

ေနေနၾကတာလဲဟင္..ဇလြန္ဘက္မွာဆို

သမီးသူငယ္ခ်င္းေတြရဲ႕ လယ္ေတြက

အရမ္းအထြက္ႏႈန္းတိုးတာပဲ..ဆန္ေစ့ခ်င္းေတာင္

မတူဘူး.."


"ေအာ္..သူ႔ေနရာေဒသအလိုက္ေပါ့ကြယ္..

ဒီေနရာက ေလးေလးတို႔ရဲ႕ဇာတိခ်က္ျမႇဳပ္ေလ

အမ်ိဳးေတြအကုန္လုံးကလည္း ဒီမွာပဲရွိေနၾကတာ

တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ဆိုေပမဲ့

ေလးေလးကေတာ့ ကိုယ့္ကိုေမြးတဲ့ေနရာကလြဲၿပီး

ဘယ္မွ မေျပာင္းခ်င္ဘူး.."


"ဟုတ္တာေတာ့ ဟုတ္ပါတယ္..ဒါေပမဲ့

သမီးတို႔႐ြာက ၿမိဳ႕နဲ႔လည္းေဝးေတာ့

အေရးအေၾကာင္းရယ္ဆို ခ်က္ခ်င္းထသြား‌လို႔

မရဘူးမဟုတ္လား..အခုလႈိင္မင္းတို႔

ယုယခ်စ္တို႔..သဲသဲတုန္တို႔ကိုပဲၾကည့္

လမ္းပန္းဆက္သြယ္ေရးေၾကာင့္

ေက်ာင္းသားဘ၀က ဘယ္ေလာက္

ခက္ခဲလိုက္သလဲ..

ယုယခ်စ္ေလးဆိုခုႏွစ္တန္းေရာက္ၿပီ

ျပင္ကသာကို စက္ဘီးနဲ႔ေက်ာင္းသြားေနရတာ

လမ္းခရီးက အေဝးႀကီးရယ္..

ဒီအ႐ြယ္မိန္းကေလးေတြက အရမ္းဂ႐ုစိုက္ရတယ္

သမီးသူ႔ကို အရမ္းစိုးရိမ္တာပဲ..

ဘာပဲျဖစ္ျဖစ္ အထက္တန္းေက်ာင္းနဲ႔

အရမ္းေဝးေတာ့ အိမ္မွာေက်ာင္းသား

သုံးေယာက္ရွိေပမဲ့ တစ္ေယာက္ကိုပဲၿပီးဆုံးတဲ့အထိ

တာ၀န္ယူႏိုင္ေတာ့မွာေပါ့..."


  ေယာက္်ားေလးေတြကိုသာ 

ပညာေရးႏွင့္ပတ္သတ္ၿပီး

ပိုေျမေတာင္ေျမႇာက္ေလ့ရွိေၾကာင္း

ဆိုလိုျခင္းျဖစ္သည္။


အိမ္မွာ ေက်ာင္းသားသုံးေယာက္ေတာင္

ရွိသည့္အတြက္ ေသခ်ာေပါက္ဆယ္တန္း

တက္ေနေသာ လႈိင္မင္းတစ္ေယာက္သာ

ဘြဲ႕ရသည္အထိ ထားႏိုင္လိမ့္မည္။

က်န္သည့္ မိန္းကေလးႏွစ္ေယာက္ကေတာ့

အမ်ားဆုံးအထက္တန္း အဆင့္၌သာအဆုံးသတ္

ရလိမ့္မည္။


"စိတ္မပူပါနဲ႔ကြယ္..ေလးေလးကအကုန္လုံးကို

ဘြဲ႕ရတဲ့အထိ ေက်ာင္းထားမွာပါ.."


ေလးေလးတင္ေမာင္၏ ေဘးတိုက္မ်က္ႏွာကို

ခ်စ္ပန္းေဝၾကည့္လိုက္မိသည္။

ေလးေလး၏ အသံေလးကတိုက္ခတ္လာတဲ့

ေလျပည္လို ေအးေအးေလးပါပဲ။


ဒါေပမဲ့ ေလးေလး၏မ်က္လုံးေတြကေတာ့

သူေပးလိုက္သည့္ ကတိကိုတည္ႏိုင္မႈ

အားနည္းေနသည္။

ဘယ္လိုပဲျဖစ္ျဖစ္ လူႀကီးေတြကိုတိုက္တြန္းဖို႔

ခက္‌ေသာေၾကာင့္ သက္ျပင္းသာခ်လိုက္ၿပီး

လက္ေလ်ာ့လိုက္ရသည္။


"အင္းေလ..လႈိင္မင္းကသိတတ္ရင္ေတာ့

သူကေနယုယခ်စ္ကိုေထာက္ပံ့ေပါ့

ယုယခ်စ္က သဲသဲတုန္ကိုျပန္ၾကည့္ေပါ့

ဒီလိုဆို အဆင္ေျပမွာပါ..."


သူျဖစ္ေစခ်င္သည့္ စကားမေအာင္ျမင္ေတာ့

မ်က္ႏွာေလး ညႇိဳးသြားေသာခ်စ္ခ်စ္ကို

ဦးတင္ေမာင္ လွည့္ၾကည့္လိုက္မိ‌ၿပီး

စိတ္မေကာင္းျဖစ္သြားမိသည္။


ခ်စ္ခ်စ္သည္ သူ႔ ေမာင္ေတြ၊ႏွမေတြကို ဘြဲ႕ရ၊

ပညာတတ္ႀကီးေတြျဖစ္ေစခ်င္ၿပီး ရည္မွန္းခ်က္

ႀကီးႀကီးထားေစခ်င္ေပမဲ့ သူကိုယ္တိုင္ကေတာ့

ဘြဲ႕ရၿပီးတာေတာင္ လယ္ေတာထဲက

မထြက္ႏိုင္ေသးေပ။


သူေလး၏အေဖမဆုံးခင္ ဟိုအရင္ကဖူးဖူးမႈတ္

အလိုလိုက္ခံရေသာ ကေလးသည္ယခုေတာ့ျဖင့္

ကိုယ္ေတြႏွင့္အတူ ဆင္းရဲတြင္းထဲမယ္

နစ္ေနရေလၿပီ။

‌ကေလးမက လိုေလေသးမရွိတဲ့ဘ၀ကေန၊

ခုလိုဘ၀ကို ထိုးက်သြားေပမဲ့ လိုက္ေလ်ာညီေထြ

ျဖစ္ေအာင္ ေနတတ္ခဲ့သည္။


႐ိုးလည္း႐ိုးသားသည္။လိမၼာေရးျခားရွိၿပီး

အလိုက္လည္းသိသည္။

ဒါကိုေတာင္ ကိုယ့္မိန္းမေဌး၀င္းက 

ခ်စ္ပန္းေဝေလးကို အျပစ္မရွိ

အျပစ္ရွာခ်င္ေသးသည္။


ကေလးခမ်ာ စိတ္ေဝဒနာသည္အေမေၾကာင့္

ဘယ္ေနရာမွ စိတ္ခ်လက္ခ်ထြက္မသြားႏိုင္ပဲ

တိုင္မွာ ခ်ည္ခံထားရသည့္ဆင္လိမၼာေလး

ျဖစ္ေနရရွာသည္။


"ခ်စ္ခ်စ္အတြက္ ေလးေလးစိတ္မေကာင္းဘူးကြာ

ဘြဲ႕တစ္ခုရေအာင္ ယူႏိုင္ခဲ့ပါလွ်က္နဲ႔

ေလးေလးတို႔နဲ႔ လာၿပီးအပင္ပန္းခံေနရတယ္..

မမခိုင္ေၾကာင့္ သမီးေလးရဲ႕တက္လမ္းေတြကို

အပိတ္မခံပါနဲ႔...မမခိုင္ကိုေလးေလးတို႔

ၾကည့္ေပးလို႔ရပါတယ္ကြယ္..

ခ်စ္ခ်စ္ ရန္ကုန္ကိုသြားခ်င္ရင္

ဟိုက ခ်စ္ခ်စ္ရဲ႕ေဒၚေလးကို 

ေလးေလး အေၾကာင္းၾကားေပးပါ့မယ္"


ခုဏက ေလးေလးကိုခ်စ္ခ်စ္တိုက္တြန္းမိသလို

အခုေလးေလးက တဖန္တိုက္တြန္းစကားဆို‌လာ၍

ရယ္က်ဲက်ဲႏွင့္ ခ်က္ခ်င္းေခါင္းခါလိုက္မိသည္။


"ဟင့္အင္း..အခုကိစၥကသမီးဘာသာ 

ေက်ေက်နပ္နပ္နဲ႔ လုပ္ေနတာပါ..

ေမေမအသက္ရွင္ေနသေ႐ြ႕ ေမေမ့ေဘးနားမွာပဲ

အၿမဲေနမွာ..ေဖေဖ့အေပၚမွာ 

သမီးပ်က္ကြက္ခဲ့တာေတြအတြက္ 

ေမ့ေမ့အေပၚမွာ ျပန္ေပးဆပ္ခ်င္တာ.."


"ဒါဆိုလည္း သမီးသေဘာပါပဲ.."


ခ်က္ျခင္းဆိုသလို ညႇိဳ႕မႈိင္းတက္လာသည့္

ေကာင္းကင္ႀကီးကို ၾကည့္ၿပီးေမေမ့ေဘးနားမွာ

အၿမဲအေဖာ္ျပဳေပးမည္ဟု တိုင္တည္လိုက္မိသည္။


"ေလးေလး..သမီးတို႔ၿမိဳ႕ထဲကိုမေရာက္ခင္

မိုး႐ြာမလားမသိဘူး.."


ခ်စ္ပန္းေဝသည္ ေကာင္းကင္ကိုလက္ညႇိဳး

ထိုးျပၿပီး‌ညီးညဴလိုက္ေတာ့ ဦးတင္ေမာင္လည္း

မ်က္ေမွာင္ႀကဳံ႕လိုက္ကာ ေခါင္းၿငိမ့္လိုက္သည္။


"ထီးေတြ..မိုးကာေတြေရာပါလား.."


"ပါတယ္..ဒါေပမဲ့မိုးကာဖိဖို႔အုတ္နီခဲမယူလာမိဘူး

ေဈး၀ယ္ၿပီးရင္ သမီးအေနာက္မွာ

ေျပာင္းထိုင္လိုက္မယ္ေနာ္.."


"ေအး..ေအး..ေလးေလးလည္း

ထြန္ျခစ္၀ယ္စရာရွိတယ္.."


"ဟုတ္ကဲ့.."


မိုး႐ြာမွာဆိုေတာ့ မင္းသား"ရႈိင္း"၏ပိုစတာကို

၀ယ္လို႔မရေတာ့ေပ။

ထုပ္ပိုးရေအာင္ ပလက္စတစ္အိတ္ပါေပမဲ့

မိုးတအားသည္းလို႔ ဆိုသြားခဲ့သည္ရွိေသာ္

ထပ္၀ယ္ရန္ ပိုက္ဆံစုရအုံးမည္ျဖစ္သည္။

အိမ္မွာက အသုံးစားရိတ္ကို ကန႔္သတ္ထားေတာ့

ကိုယ္ကေငြရွာေပးရေပမဲ့ ေလးေလး၏မိန္းမ

ေဒၚဘုတ္ဆုံႀကီးက အၿမဲသိမ္းသြားတတ္သည္။


🌺🌺🌺🌺🌺🌺🌺🌺


🔥ျမတ္ေတာ္၀င္ေဘာ္ဒါေဆာင္🔥


ေဘာ္ဒါေဆာင္ေလးသည္ ၿခံ၀န္းႏွင့္သီးသန႔္

ေဘာင္ခတ္ထားၿပီး သစ္သားႏွစ္ထပ္ေဆာင္

ျဖစ္ကာ ေရနံဂ်ီးအ၀သုတ္ထား၍ 

မဲနက္ေနေလသည္။


ၿခံထဲတြင္ အရိပ္ရအပင္ေလးမ်ားရွိၿပီး

ခုံတန္းေလးမ်ားထားရွိသည္မို႔ ေက်ာင္းသားမ်ား

ဟိုတစ္စု သည္တစ္စုႏွင့္ ရွိေနၾကေလသည္။

ဒီအေဆာင္ကေတာ့ ေယာက္်ားေလးသီးသန႔္

ထားသည့္ အိမ္အေဆာင္ျဖစ္၍ 

လူအမ်ားစုက ေကာင္ေလးမ်ားသာျဖစ္သည္။


အခ်ိဳ႕က ေဘာင္းဘီတိုေလးေတြသာ

၀တ္ထားၿပီး အိက်ႌေတာင္မ၀တ္ထားၾကေပ။

ပုဆိုးေခါင္းေပါင္းႀကီး‌ႏွင့္

သနပ္ခါးဗ်င္းၾကားကြက္ထားေသာ အဖြားႀကီးအို

ေပါက္စလို ၀တ္စားထားသည့္ခ်စ္ပန္းေဝကို

ေတြ႕လိုက္ၾကေတာ့ အနည္းငယ္

ေၾကာင္သြားၾကေပမဲ့ သူတို႔အျမင္မွာ

အေဒၚႀကီးတစ္ေယာက္ပဲဟု ထင္လိုက္မိၿပီး

အေရးအတယူ လုပ္မေနေတာ့ေပ။


ခ်စ္ပန္းေဝသည္လည္း ထိုကေလးအုပ္စုေဘးမွ

ျဖတ္ေလွ်ာက္သြားၿပီး အေဆာင္မႉးထံမွာ

လႈိင္မင္းႏွင့္ ေတြ႕ခြင့္ေပးဖို႔ ခြင့္ေတာင္းရေလသည္။


သိပ္ၾကာၾကာမေစာင့္လိုက္ရ‌ပဲ အေဆာင္မႉး

ေခၚေပးေသာေၾကာင့္ လႈိင္မင္းသည္

ေအာက္ထပ္သို႔ ေျပးဆင္းလာခဲ့သည္။


လႈိင္မင္း၏ပုံစံသည္ သာမာန္လူတန္းစားမိသားစုမွ

ေကာင္ေလးဆိုသည့္အတိုင္း ပိန္ပိန္ပါးပါးေလး

ျဖစ္ကာ အရပ္ေတာ့ရွည္သည္။

႐ုပ္ရည္ကေတာ့ ဘယ္ေျပာေကာင္းမလဲ

*ခ်စ္ပန္းေဝေမာင္ဆိုမွေတာ့ ေခ်ာတာေပါ့။*


ဒါေပမဲ့ထူးဆန္းေနတာက လႈိင္မင္းသည္လည္း

ၿခံထဲမွာ ေတြ႕ခဲ့တဲ့ေကာင္ေလးေတြလို 

အားကစားေဘာင္းဘီတိုေလးကိုသာ 

၀တ္ဆင္ထားေလသည္။


*ဒီကေလးေတြ..မရွိတဲ့ဗလကိုျပေနၾကတာလား..*


"လႈိင္မင္း..နင္တို႔အေဆာင္ကေက်ာင္းသားေတြ

ဘာစတန႔္ထြင္ေနၾကတာလဲ.."


"ဘာျဖစ္လို႔လဲဟ.."


"အကုန္လုံးအိက်ႌမ၀တ္ၾကလို႔ေလ..

လူေတြကိုၾကည့္ေတာ့ နံရံမွာကပ္ေနတဲ့

အိမ္ေျမႇာင္ေလးေတြပုံစံနဲ႔ ဗလကျပခ်င္ၾကတယ္.."


"ဟဲ့..ေအာ္..စကားကိုတိုးတိုးေျပာဟ..

သူမ်ားေတြၾကားသြားရင္..

နင့္ေစာပေလာ္လာတီးေနအုံးမယ္.."


"ဘာလဲ..အမွန္အတိုင္းေျပာေတာ့ နာတာလား

နင္လည္းဘာထူးလည္း လူၾကည့္ေတာ့ငါးေဖာင္႐ိုး

အိက်ႌခြၽတ္ႀကီးနဲ႔ ဗလကျပခ်င္ေသးတယ္

ငါေျပာထားမယ္ေနာ္..ေက်ာင္းတက္ေနတုန္း

ရည္းစားထားဖို႔ လုံး၀စိတ္မကူးနဲ႔

နင့္ေနာက္မွာၾကည့္ဖို႔ ဘုစုခ႐ုေတြအမ်ားႀကီး

က်န္ေသးတယ္..."


ခ်စ္ပန္းေဝက ထင္ခ်င္ရာထင္၊ေျပာခ်င္ရာ

ေလွ်ာက္ေျပာေနေတာ့ လႈိင္မင္း၏

မ်က္ႏွာႀကီးသည္ ခ်က္ခ်င္းမဲတူးသြားၿပီး

မၾကည္မသာ ျဖစ္သြားေတာ့သည္။


"ငါေျပာတာလည္း နည္းနည္းပါးပါး

နားေထာင္ပါအုံးဟာ..အိက်ႌကခြၽတ္ခ်င္လို႔

ခြၽတ္တာမဟုတ္ဘူးဟ..ငါတို႔က၄နာရီထိုးဆို

အတန္းတတ္ရေတာ့မွာေလ..အဲ့ေတာ့

ေရရတုန္းအေျပးအလႊား ခ်ိဳးရမွာ..

အခုအခ်ိန္က ငါတို႔ေရခ်ိဳးရမဲ့အခ်ိန္

ေနာက္က်ေနရင္ ေအာက္ကသဲေတြပဲ

ခပ္ခ်ိဳးရလိမ့္မယ္..."


For Me, [7/6/2025 10:40 AM]

"ဟယ္..ဟုတ္လား..ဒါဆိုေနာက္က်လို႔

ဘယ္ျဖစ္မလဲ..ေရာ့ေရာ့..ဒီမွာပိုက္ဆံတစ္သိန္းခြဲ

အေဆာင္ခနဲ႔က်ဴရွင္ခလည္းပါတယ္ေနာ္..

ဒီမွာ နင့္အတြက္ငါးရံ႕ေျခာက္မီးဖုတ္နဲ႔

ပုစြန္ငန္ျပာရည္ခ်က္..ခ်က္လာေပးတယ္..

ေကာ္ဗူးေလးထဲမွာ နင္စာက်က္ရင္စားရေအာင္

သရက္ျပားေတြလည္း ထည့္ေပးထားတယ္..

အျခားလူေတြကို တရားလြန္ေကြၽးမပစ္နဲ႔အုံးေနာ္

ငါနဲ႔ မမလႈိင္ကပင္ပင္ပန္းပန္းခ်က္ထားရတာ.."


"ေအးပါဟာ..ဘာေျပာဖို႔က်န္ေသးလဲ.."


"ငါကနင္အိပ္တဲ့ေနရာအထိပါ တက္ၾကည့္ခ်င္တာ

နင္ဘယ္လိုေနရသလဲလို႔..."


"အမယ္ေလး..အစ္မေတာ္ရယ္..

ေယာက္်ားေလးအိပ္ေဆာင္ထဲအထိေတာ့

မ၀င္ပါနဲ႔ ရွိႀကီးခိုးပါရဲ႕..."


"ဘယ္ျဖစ္မလဲ..ဒီအ႐ြယ္ေလးေတြနဲ႔ 

ရွက္စရာလားဟဲ့..ငါကနင့္ဖ်ာေတြ

ဆုတ္ၿပဲေနမွာစိုးလို႔ ေနာက္တစ္ခါဖ်ာအသစ္

ယူလာေပးရမလား ၾကည့္မလို႔ဟာကို.."


"ဖ်ာကေကာင္းပါေသးတယ္..လိုရင္ငါေျပာပါ့မယ္"


"ေအးပါ..ငါ့ေမာင္ေလးစာႀကိဳးစားေနာ္

ရည္းစားလည္းမထားရဘူးေနာ္..

မမထက္အမွတ္မ်ားေအာင္ ႀကိဳးစားရမယ္ေနာ္

ေအာ္..သူမ်ားအႏိုင္က်င့္တာလည္းမခံနဲ႔ေနာ္

ကိုယ့္ဘက္ကေတာ့ အရင္ရန္မစနဲ႔

တကယ္လို႔ မျဖစ္မေနရန္ျဖစ္ရမယ္ဆိုလည္း

ကိုယ္က ဦးေအာင္အရင္လုပ္

ၿပီးရင္ ဆရာ၊ဆရာမေတြကို

 ဦး‌ေအာင္သာေျပးတိုင္..."


မွာလို႔၊ၾကားလို႔မၿပီးႏိုင္ေသာ အစ္မျဖစ္သူေၾကာင့္

လႈိင္မင္းလည္း မ်က္ႏွာႀကီးရႈံ႕မဲ့ၿပီး

စိတ္ညစ္ေနရေလသည္။

ဒီအတိုင္းဆို သဲေတြပဲခပ္ခ်ိဳးရေတာ့မယ္

ထင္ပါတယ္။


*မိေက်ာင္းမသမီး..အရမ္းစကားမ်ားတာပဲ..*

..မထူးေတာ့ပါဘူး..ေရလည္းခ်ိဳးမေနေတာ့ဘူး

သူမွာတမ္းေႁခြတာကိုပဲ 

နားေထာင္ေနလိုက္ေတာ့မယ္...

........

မဟုတ္ရင္..အစ္မေတာ္ကစိတ္ေကာက္တဲ့အခါ

တစ္လကိုးသတင္းက ၾကာအုံးမယ္..

အိမ္မွာ သူကကိုယ့္ကိုတစ္လတစ္ခါ

ဟင္းခ်က္ပို႔ေနတာဆိုေတာ့ ပုစြန္ငန္ျပာရည္ခ်က္မွာ

ပုစြန္တစ္ေကာင္ပဲ ပါေနမွဟုတ္ေပ့ျဖစ္ေနမယ္..

........

တစ္ခါကဆို သူ႔ကိုျပန္ခံေျပာလို႔ဆိုၿပီး

ငါ့ရံ႕ေျခာက္ကို ထုၿပီးဆားသိပ္လာတာမ်ား

ငန္လိုက္တဲ့ျဖစ္ျခင္း

လွ်ာေတာင္ ေရခဲကပ္လိုက္ရတယ္..

........

စိတ္ၾကည္ရင္လည္း အရမ္းေကာင္းေပးတတ္တာ

သူ႔အျပင္မရွိဘူး

......

အျမင္မၾကည္ရင္ေတာ့ ေသၿပီသာမွတ္ေတာ့

ပါးစပ္နဲ႔ေရာ..လက္ေတြ႕ပါဒုကၡေပးတတ္တာ

.........

အိမ္မွာသူေၾကာက္တာဆိုလို႔ 

အေမတစ္ေယာက္ပဲရွိၿပီး..

က်န္တဲ့လူေတြကေတာ့ သူ႔ကိုေၾကာက္ရတာေပါ့

........

အစ္ကိုႀကီးလို ဖဲသမား၊ၾကက္သမား

လူရမ္းကားေတာင္ သူ႔ကိုေၾကာက္ရတယ္...

........

ေၾကာက္ရတဲ့ အေၾကာင္းအရင္းကေတာ့

မမခ်စ္က သူမေက်နပ္ရင္

ဟိုလူရမ္းကားႀကီးရဲ႕ တိုက္ၾကက္ဖႀကီးကို

အေမႊးႏႈတ္ၿပီး ဟင္းအိုးထဲထည့္ပစ္တတ္လို႔ပါပဲ

..........

လုပ္ရင္လည္း လက္သည္မေပၚေအာင္

လုပ္တတ္တယ္...

ၿပီးရင္ အဲ့ၾကက္သားဟင္းနဲ႔ အစ္ကိုႀကီးကို

ထမင္းျပန္ေကြၽးတတ္တာ...

..........

အစ္ကိုႀကီးခမ်ာ လူဆိုးႀကီးဒဏ္မဲ့

ငိုရတာလည္းခဏ..ခဏ

အဲ့ဒါေၾကာင့္ ဒင္းကိုအေမကလြဲၿပီး

ဘယ္သူမွ သြားမစရဲတာေပါ့....

..........

အခုလည္း ကိုယ့္မွာေရမခ်ိဳးရေတာ့ပဲ

သူ‌ဩဝါဒ ေႁခြသမွ်ကိုထိုင္နားေထာင္ေနရတယ္

ဘယ္ဘ၀က ၀ဋ္ေႂကြးပါလိမ့္...*


"အစ္မ..နင္ေျပာလို႔ၿပီးအုံးမွာလားဟာ..."


ထိုသို႔ေျပာလိုက္ေတာ့ ခ်က္ခ်င္းပဲခါးေထာက္ၿပီး

စိတ္ဆိုးမာန္ဆိုး ျဖစ္သြားေလသည္။

မ်က္လုံးႀကီးျပဴးျပၿပီး ႏႈတ္ခမ္းႀကီး

ဆူထြက္လာတာမ်ား ဘီလူးမေတာင္

သူ႔ထက္ေခ်ာအုံးမယ္။


"ဘာလဲ..နင္ကငါေစတနာနဲ႔ေျပာျပတာကို

နားမေထာင္ခ်င္ဘူးဆိုတဲ့ သေဘာလား..

ဟဲ့..ငါကနင့္ထက္ထမင္းအရင္စားလာတဲ့လူပါ

နင့္ကိုငါေျပာေနတာေတြအားလုံးက 

တစ္ခုမွ အေျပာင္အျပက္မပါဘူးဟဲ့..

ငါ့ကိုမ်ား အားယားေနလို႔ေလွ်ာက္ေျပာတယ္

ထင္ေနတာလား..."


လုပ္ၿပီ။မမေလးရဲ႕ ေဒါသကေတာ့စလာၿပီ။

ေသသာ ေသလိုက္ခ်င္ေတာ့တယ္။

ဒီငရစ္မနဲ႔မွ ေမာင္ႏွမလာေတာ္ေနရတယ္လို႔။

ျပန္လည္းေျပာခ်င္ေပမဲ့ ဒီ့ထက္အရစ္ရွည္ေနမွာ

စိုးလို႔ ကိုယ့္ဘက္ကပဲျဖန္‌ျဖည္ရေတာ့သည္။


"အထင္မလြဲပါနဲ႔ဟာ..ငါ့က်ဴရွင္ခ်ိန္နီးေနလို႔ပါ

နင္လည္း ဓႏုျဖဴေဈးထဲကို၀င္ရအုံးမယ္

မဟုတ္လား..ေတာ္ၾကာေနာက္က်ရင္

ေဈးပိတ္ေနအုံးမယ္...အျပင္မွာလည္း

မဲေမွာင္ေနတာပဲ ၾကည့္ပါလား

မိုးေတြသည္းမွ အျပန္ၾကဒုကၡေရာက္ေနမွာစိုးလို႔..."


"ေအးပါ...အဲ့ဒါဆိုလည္းငါသြားေတာ့မယ္..

ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ေနာ္..ေခါက္ဆြဲေျခာက္ေတြ

ခိုးၿပီး၀ယ္စားမေနနဲ႔ အစားကို‌ဂ်ီးမမ်ားနဲ႔

ပုံမွန္စား..အစာအိမ္မျဖစ္ေစနဲ႔...

ငါမွာထားတာ အကုန္မေမ့နဲ႔ေနာ္..."


"ေအးပါဟာ..ငါမွတ္ထားပါတယ္..."


"ဘာငါလဲ...နင္၊ငါဆိုၿပီး ေျပာတာလည္းျပင္ေနာ္

ဟင္း..ဟင္း..ငါနင့္ထက္ေျခာက္ႏွစ္ႀကီးတယ္.."


"..ေအးပါဟာ..သိပါၿပီ..."


မမခ်စ္ အေဆာင္ထဲကထြက္သြားေတာ့မွသာ

လႈိင္မင္းလည္း အၾကာႀကီးအသက္ေအာင့္

ထားရာကေန သက္ျပင္းခ်ႏိုင္ေတာ့သည္။


"ေဟ့ေကာင္...ငလႈိင္...ခုနကလာတာမင္းအေဒၚလား

ဟိုတစ္ခါလာတဲ့ မမေခ်ာေခ်ာေလးကေရာ

မလာေတာ့ဘူးလား..."


ထိုအခ်ိန္မွာ အခန္းေဖာ္တစ္ေယာက္က

အနားကပ္လာၿပီး လႈိင္မင္း၏

ပခုံးကို လာပုတ္ေလသည္။

လွည့္ၾကည့္လိုက္မိေတာ့ ရန္ကုန္ကေန

ေျပာင္းလာတဲ့ သူေဌးသားဟုနာမည္ေျပာင္

ရထားေသာ"ေအာင္ထက္ပိုင္.."ျဖစ္ေနသည္။


သူ႔မိဘေတြက တကယ္လည္းခ်မ္းသာပါသည္။

ဆယ္တန္းေက်ာင္းသားဆိုေပမဲ့ ဆိုင္ကယ္

အမိုက္စားႀကီးနဲ႔ သြားသြားလာလာလုပ္ေနသူ

ျဖစ္ၿပီး စတိုင္လ္ကလည္းအမိုက္စားမို႔

ေက်ာင္းမွာေရာ အေဆာင္မွာေရာ

နာမည္ႀကီးသူျဖစ္သည္။


လႈိင္မင္းတို႔လည္း သူ႔ဆိုင္ကယ္ေနာက္ကေန

တစ္ခါတေလ လိုက္ဖူးေပမဲ့ ကိုယ့္အစ္မ

အေၾကာင္းကို ေမးတာေတာ့သိပ္မႀကိဳက္ခ်င္ေပ။


"ေမးေနတာကို ျပန္ေျဖေဖာ္ေလးေတာ့ရပါအုံး

ေယာက္ဖရာ..."


"ေဟ့ေကာင္..မင္းငါ့ကိုေယာက္ဖလို႔

လာမေခၚနဲ႔ေနာ္..က်န္တာကိုသာသည္းခံမယ္

ငါ့အစ္မေတြနဲ႔ ပတ္သတ္ရင္လုံး၀သည္းမခံႏိုင္ဘူး"


"မင္းကလည္း စတဲ့ဥစၥာကိုစိတ္ႀကီးပဲ...

ငါကအျခားစိတ္မရွိပါဘူးကြာ အရင္က

လာ‌ေနၾကအစ္မႀကီးနဲ႔ ဒီတစ္ခါလာတဲ့လူက

မတူလို႔ ေမးၾကည့္တာပါ..."


"အတူတူပဲ...ဒီတစ္ခါက႐ူးေနလို႔

ဘီလူးမ႐ုပ္ေပါက္ေအာင္ 

သနပ္ခါးလိမ္းလာတာပဲရွိတာ..."


"ဟာ..."


အစ္မျဖစ္သူကို နင္ပဲငဆေျပာၿပီး

ပစၥည္း‌ေတြသိမ္းဖို႔ထြက္သြားေသာ 

လႈိင္မင္း၏ေနာက္ေက်ာကိုၾကည့္ကာ 

ထက္ပိုင္မွာေတာင့္ေတာင့္ႀကီး

ရပ္က်န္ေနခဲ့ရသည္။


ခဏအၾကာမွာေတာ့ သူ႔အမူအရာကို

ခ်က္ခ်င္းျပင္လိုက္ၿပီး နက္ေစြးေစြးမ်က္၀န္းမ်ားကို

ေမွးက်ဥ္းလိုက္ကာ ႏႈတ္ခမ္းပါးေတြ

ေကာ့တက္သြားေအာင္ ၿပဳံးလိုက္မိေလသည္။


"ဘီလူးမ႐ုပ္ေပါက္ေနေပမဲ့ ခ်စ္စရာေလးပါ.."


ထိုစကားကို လႈိင္မင္းၾကားရင္ေတာ့ 

ဆြဲထိုးမွာ ေသခ်ာေန၍ မၾကားေအာင္

တိုးတိုးေလးသာ ေျပာလိုက္မိသည္။

ထိုမမကို သတိထားမိေနတာဟာ

ကိုးတန္းႏွစ္တည္းကျဖစ္ၿပီး လႈိင္မင္းဆီသို႔

အသုံးစရိတ္ႏွင့္ ဟင္းေတြလာပို႔တိုင္း

မတူညီသည့္ ခံစားခ်က္ကိုေပးစြမ္းေလ့ရွိသည္။


တစ္ခါတေလ ၾကက္ေတာင္စည္းေလးနဲ႔

ျပင္ျပင္ဆင္ဆင္ေရာက္လာတတ္ၿပီး

တစ္ခါတေလၾကေတာ့ ဘီးဆံပတ္ႀကီးနဲ႔

အဖြားအိုေပါက္စေလးလို ေရာက္ခ်လာတတ္သည္။


ကိုယ္နဲ႔ေတာ့ တစ္ခါမွစကားမေျပာဖူးသလို

မ်က္လုံးအၾကည့္ခ်င္းေတာင္မဆုံဖူးေပမဲ့

ေက်ာင္းမွာဆို စာေတာ္၍အၿမဲမ်က္ႏွာ

ေမာ့ခ်ီေနတတ္ေသာ လႈိင္မင္းသည္

ထိုမမအေရွ႕မွာေတာ့ ငိုခ်ေတာ့မတတ္

ေခါင္းေလးငုံ႔၍ နာခံတတ္လြန္းေသာေၾကာင့္

အံ့ဩခဲ့ရသည္။

ထိုမွတစ္ဆင့္ သတိထားမိလာသာယည္

ဆိုပါေတာ့။

ဒီမမမွာ ထူးျခားမႈတစ္ခုေတာ့ရွိေနတယ္။

ဘာဆိုတာေတာ့ အေျဖရွာမရေပ။


🌺🌺🌺🌺🌺🌺🌺


လႈိင္မင္း၏ ေဘာ္ဒါေဆာင္ကို၀င္ၿပီးေနာက္

ဓႏုျဖဴေဈးသို႔ တန္းသြားၾကၿပီး

အိမ္အတြက္ လိုအပ္တာေတြ၀ယ္ျဖစ္ၾကသည္။

ေလးေလးကေတာ့ သူ႔ေထာ္လာဂ်ီအတြက္

လိုအပ္တာေတြ၀ယ္ေလသည္။


ခ်စ္ပန္းေဝကိုယ္တိုင္ကေတာ့ မိုးသိပ္မ႐ြာေသး၍

႐ုပ္ရွင္မင္းသားရႈိင္း၏ ပိုစတာေလးကို

၀ယ္လိုက္ၿပီး ပလက္စတစ္အိတ္ႏွင့္

ေသခ်ာေလး ထုပ္ပိုးထားလိုက္သည္။


ၿမိဳ႕ကိုတက္ရသည့္အခ်ိန္ေလးမို႔ အငယ္မေတြ

အတြက္ပါ ေဈးတန္သည့္ေခါင္းစီးကြင္းေလးေတြ

၀ယ္လိုက္ၿပီး လြယ္အိတ္ေလးထဲသို႔

အကုန္လုံးေထြး၍ ထည့္ထားလိုက္သည္။


"ခ်စ္ခ်စ္ေရ...ဓႏုျဖဴလမ္းဆုံနားေရာက္ရင္

ေလးေလးရဲ႕ သူငယ္ခ်င္းအိမ္ကို

၀င္အုံးမယ္ေနာ္...သူဟိုတေလာက

ဆိုကယ္ေမွာက္ၿပီး လက္က်ိဳးသြားတယ္ဆိုလို႔.."


"ဟုတ္ကဲ့...ေလးေလး.."


ခ်စ္ပန္းေဝလည္း ဦးတင္ေမာင္၏ဆႏၵကို

မျငင္းဆန္ေတာ့ပဲ ေလးေလး၏သူငယ္ခ်င္းအိမ္သို႔

အတူလိုက္၀င္ရေလသည္။


"ဟာ..တင္ေမာင္..မင္းလာလည္တာလား.."


"ေအးကြ..မင္းဆိုင္ကယ္ေမွာက္လို႔ဆို..."


"ေအး..လက္ကေက်ာက္ပတ္တီးေတာင္

စည္းထားရတယ္ေလ.."


"မူးၿပီေတာ့ ေမွာက္တာေတာ္ေရ႕

နင့္သူငယ္ခ်င္းအေၾကာင္းကို 

ေျပာမေျပာခ်င္ေတာ့ဘူး...အရက္ေသာက္မိရင္

လူမွန္းေခြးမွန္း သိတာမဟုတ္ဘူး.."


ဆိုင္ကယ္ေမွာက္သည့္ ဦးေလးႀကီး၏ဇနီးက

ေနာက္ေဖးကေန ေရေႏြးၾကမ္းထည့္ထားသည့္

လင္ဗန္းကို သယ္လာၿပီး ၀င္ေျပာရာကေန

စကားေတြဆက္သြားလိုက္တာ အခ်ိန္ငါးနာရီ

ခြဲသြားေလသည္။


႐ုတ္တရက္ႀကီး ေလးျပင္းေတြတိုက္ခ်လာ၍

ဝိုင္းေလးသတိေပးေတာ့မွ ေလးေလးတစ္ေယာက္

သူမ်ားအိမ္ၾကမ္းျပင္ေပၚမွ ဖင္ႂကြေတာ့သည္။

မိုးက သည္းႀကီးမဲႀကီးမ႐ြာေသးေပမဲ့

ေလကၾကမ္းလြန္း၍ လူေတာင္

လြင့္ထြက္သြားႏိုင္သည္။


ဆိုင္ေတြအားလုံးလည္း တံခါးပိတ္လိုက္ၾကၿပီး

လူသြားလူလာလည္း က်ဲသြားေလသည္။

ကားလမ္းႏွင့္နီးေသာေၾကာင့္ ဆိုင္ကယ္အခ်ိဳ႕ႏွင့္

ကားအခ်ိဳ႕ ျဖတ္သြားတာကိုေတာ့

ေတြ႕လိုက္ရသည္။


အလာတုန္းက ‌ခ်စ္ပန္းေဝသည္ဦးတင္ေမာင္၏

ေဘးမွာ ထိုင္လိုက္လာျခင္းျဖစ္ေပမဲ့

အျပန္တြင္ေတာ့ ၀ယ္ျခမ္းထားသည့္

ပစၥည္း၊ပစၥယမ်ားကို ေနာက္ဘက္ျခမ္းမွာ

မိုးကာႏွင့္ အုပ္ၿပီးေျခေထာက္ႏွင့္ တက္ဖိထားရင္း

လိုက္ပါလာရသည္။


ဦးတင္ေမာင္၏ ေထာ္လာဂ်ီသည္ေပါင္းမိုး

ခဏျဖဳတ္ထားျခင္းျဖစ္၍ မိုး႐ြာသည့္အခါ

ခ်စ္ပန္းေဝ၏တစ္ကိုယ္လုံး စို႐ႊဲသြားႏိုင္သည္။


ထို႔ေၾကာင့္ ခ်စ္ပန္းေဝသည္လည္း

အျပန႔္လိုက္ႀကီးရွိသည့္ မိုးကာအၾကည္ကို

ပတ္ထားလိုက္ကာ ထီးလည္း

ေဆာင္းထားလိုက္သည္။

မိုးစိုလွ်င္ေတာင္ ကိုယ္ခံအားေကာင္းသူမို႔

ေတာ္႐ုံနဲ႔မဖ်ားတတ္ေပ။


"ဗ်ိဳ႕..ကိုတင္ေမာင္...ရပ္ပါအုံး..."


ငဘအိမ္ကုန္းဆင္းနားအေရာက္တြင္ 

ေထာ္လာဂ်ီကိုတားေနသည့္ 

လူတစ္ေယာက္ေၾကာင့္ ဦးတင္ေမာင္လည္း

ရပ္ေပးလိုက္ေလသည္။


"ကိုေစာခ်စ္...ဘာျဖစ္လို႔လည္းဗ်..."


မိုးသံေၾကာင့္ မၾကားရမည္စိုး၍ဦးတင္ေမာင္က

ေအာ္ေျပာလိုက္ရာ ဦးေစာခ်စ္သည္

ဦးတင္ေမာင္အနားသို႔ တိုးကပ္ၿပီး

အကူအညီေတာင္းသည့္ ဟန္ပန္ျဖင့္

စကား‌စေလေတာ့သည္။


"ေကာင္ေလးႏွစ္ေယာက္က ခင္ဗ်ားတို႔ရဲ႕

အုန္းပင္စု႐ြာကို သြားခ်င္လို႔တဲ့ 

က်ဳပ္ကိုလာေမးလို႔ သူတို႔ကားကလည္း

 ဒီနားမွာပ်က္သြားတယ္ေလ

ခင္ဗ်ားလည္း ႐ြာျပန္မွာမဟုတ္လား.."


ဦးေစာခ်စ္၏စကားေၾကာင့္ ဦးတင္ေမာင္လည္း

ခပ္လွမ္းလွမ္းရွိ အမိုးရိပ္တြင္မတ္တပ္ရပ္ေနေသာ

လူငယ္ႏွစ္ေယာက္ထံသို႔ 

အၾကည့္ေရာက္သြားေလသည္။


႐ုပ္ရည္ေတြကေတာ့ လူရည္သန႔္ပုံေပၚေပမဲ့

ကိုယ့္တူမေလးပါလာေတာ့ အင္တင္တင္

ျဖစ္ေနေလရာ ဦးေစာခ်စ္သည္ထပ္၍

အကူအညီေတာင္းရျပန္သည္။


"ကူညီလိုက္ပါဗ်ာ..ေကာင္ေလးေတြက

လူရည္သန႔္ေလးေတြပါ...သူတို႔လည္းအလွ်င္

လိုေနတဲ့ပုံပဲ..အရပ္ပိုရွည္တဲ့

ေကာင္ေလးေျပာတာေတာ့ သူ႔အေမဆီကို

သြားမလို႔တဲ့..လမ္းခရီးစရိတ္လည္း

သူတို႔ေပးမွာေပါ့...လမ္းလည္းႀကဳံေနတာပဲဥစၥာ

အခုခ်ိန္ ေထာ္လာဂ်ီငွားဖို႔ကလည္း

မလြယ္ေတာ့ဘူးေလ.."


ဦးတင္ေမာင္လည္း ျငင္းလႊတ္လိုက္ခ်င္ေပမဲ့

အားနာတတ္သူလည္း ျဖစ္ေလရာ

ေခါင္းၿငိမ့္လက္ခံလိုက္ေလသည္။


ခ်စ္ပန္းေဝကေတာ့ ခ်မ္းရသည့္ၾကားထဲ

ေလးေလးက ေထာ္လာဂ်ီကိုရပ္ၿပီး

စကားေျပာေန၍ အျပစ္တင္ခ်င္ေနမိသည္။

မိုးကသဲေနေတာ့ သူတို႔ဘာေတြေျပာေနသလဲ

သဲသဲကြဲကြဲလည္း မၾကားရေပ။


သို႔ေပမဲ့ ႐ုတ္တရက္ေယာက္်ားႏွစ္ေယာက္

ရပ္ေနေသာ ေနရာသို႔အၾကည့္ေရာက္သြားမိရာ

အရပ္ရွည္ရွည္ႏွင့္ လူတစ္ေယာက္ေၾကာင့္

ေခါင္းကို မိုးႀကိဳးပစ္ခ်လိုက္သကဲ့သို႔

တုန္လႈပ္သြားမိေလသည္။


"အဲ့ဒါ..႐ုပ္ရွင္မင္းသား"ရႈိင္း"မ်ားလား...

မဟုတ္ေလာက္ပါဘူး..ရႈိင္းကဘယ္လိုလုပ္ၿပီး

သူမ်ားအိမ္ေရွ႕မွာ ရပ္ေနမွာလဲ.."


အမ်ိဳးမ်ိဳးေတြေတာၿပီး မ်က္လုံးေတြကိုလည္း

အထပ္ထပ္အခါခါ ပြတ္ၾကည့္မိေပမဲ့

ဒီတစ္႐ုပ္တည္းကိုပဲ ျမင္ေနရသည္။


"ငါ..႐ူးသြားတာမ်ားလား.."


ကိုယ့္ေခါင္းကိုယ္ ထီး႐ိုးႏွင့္ေခါက္ေနမိစဥ္မွာပဲ

ေလးေလးႏွင့္စကားေျပာေနသည့္ လူႀကီးက

ထိုေကာင္ေလးႏွစ္ေယာက္ကို 

ဘာေျပာလိုက္သလဲမသိ..

ထိုႏွစ္ေယာက္က..ေထာ္လာဂ်ီအနားသို႔

‌ေျပးလာၾကေတာ့သည္။


မ်က္လုံးအျပဴးသားႏွင့္ ခ်စ္ပန္းေဝ

ေငးၾကည့္ေနစဥ္မွာပဲ ရႈိင္းႏွင့္အတူပါလာေသာ

လူဟာ အေရွ႕ဘက္ရွိေလးေလးေဘးနားမွာ

၀င္ထိုင္လိုက္ၿပီး ရႈိင္းလို႔ထင္မိသည့္

တစ္ေယာက္ကေတာ့ ေထာ္လာဂ်ီေပၚသို႔

တက္လာေလသည္။


အေရွ႕မွာ ထိုင္ေနသည့္လူကိုလည္း ျမင္ဖူးသည္မို႔

ေသခ်ာေတြးၾကည့္ေနစဥ္မွာပဲ ေထာ္လာဂ်ီေလးက

ကုန္းဆင္းအတိုင္း ေလ်ာခ်

ေမာင္းႏွင္သြားေလသည္။


"သတိထားေလ...!!!!"


ေထာ္လာဂ်ီ လႈပ္ရမ္းသြားခ်ိန္တြင္ လက္ကိုင္ကို

ဆြဲမထားမိ၍ ေရွ႕သို႔ငိုက္က်သြားမိစဥ္

ခ်စ္ပန္းေဝ၏ ထီးကိုင္ထားသည့္

ေအးစက္ေနေသာ လက္ႏွစ္ဖက္ကို 

ခပ္ေႏြးေႏြးလက္တစ္စုံက 

ဖမ္းဆုပ္လိုက္ေလသည္။


ၾကည္လင္ျပတ္သားေသာ အမိန႔္ဆန္ဆန္ 

အသံေၾကာင့္ ထိုလူကိုေမာ့ၾကည့္လိုက္မိရာ

တကယ္ပဲ ကိုယ္အရမ္းႀကိဳက္သည့္

႐ုပ္ရွင္မင္းသား "ရႈိင္း"ျဖစ္ေနသည္။


*အခုမွပဲ ေသခ်ာစဥ္းစားလို႔ရေတာ့တယ္...

အေရွ႕ခုံမွာ၀င္ထိုင္ေနတာက ရႈိင္း၏‌မန္ေနဂ်ာ

ထက္ယံပဲမဟုတ္လား...*

.........

**ဘုရားေရ..ငါတကယ္ပဲ..ငါ့ရဲ႕အိုင္ေဒါလ္နဲ႔

အနီးကပ္ဆုံေနရတာလား..

..........

အား...ငါေသေတာ့မွာပဲ...ႏွလုံးခုန္ႏႈန္းေတြ

ဘာလို႔ ျမန္လာရတာလဲ...

............

အသက္ရႉေတာင္ ၾကပ္လာၿပီ..

ငါေသေတာ့မွာလားမသိဘူး...အိုးမိုင္ေဂါ့ဒ္...

.....…...

စိတ္ကူးယဥ္ ၀တၳဳေတြထဲကလို

ငါ့ေခါင္းကိုမိုးႀကိဳးပစ္ၿပီး..

အခ်ိန္ခရီးသြားေနတာမ်ားလား..

............

ဒါမွမဟုတ္ငါေသသြားၿပီး မဟုတ္တမ္းတရားေတြ

ျမင္ေနတာလား...**


"အေဒၚႀကီး..ကြၽန္ေတာ္အရမ္းခ်မ္းေနလို႔

ထီးအတူ မွ်ေဆာင္းလို႔ရမလား..."


အေရွ႕မွာ လူအေကာင္လိုက္ႀကီးရွိေနေပမဲ့

မယုံရဲေသးေသာေၾကာင့္ အူေၾကာင္ေၾကာင္

ျဖစ္ေနမိစဥ္ ရႈိင္း၏အကူအညီ

ေတာင္းသံေလးက လူကိုလႈပ္ႏႈိးလိုက္သကဲ့သို႔

ျဖစ္သြားေလသည္။


ထီးကိုင္ထားသည့္ ကိုယ့္ရဲ႕လက္ေတြကို

လြတ္မေပးေသးေသာေၾကာင့္ သူ႔လက္ဖဝါးေပၚမွ

သူ၏အေႏြးဓာတ္ေလးကို ခံစားလိုက္ရစဥ္

ေသြးေၾကာမွ်င္တစ္ခုစီတိုင္း ျပန္ထႂကြလာၿပီး

အသိတရား ၀င္လာေလေတာ့သည္။

*ဒါေပမဲ့ သူငါ့ကိုဘယ္လိုေခၚလိုက္တာလဲ..*


"အေဒၚႀကီးဆိုတာ ဘယ္သူ႔ကိုေခၚလိုက္တာလဲ.."


"ဗ်ာ..အေဒၚႀကီးက..အေဒၚႀကီးမို႔..

အေဒၚႀကီးလို႔ ေခၚလိုက္တာပါ.."


႐ိုးအပုံေပၚသည့္ အေဒၚႀကီးကသူ႔ေခၚလို႔

ေခၚမွန္းမသိသလိုပုံ ျဖစ္ေန၍ရႈိင္းလည္း

ပို၍ ရွင္းေအာင္ထပ္ေျပာျပလိုက္မိသည္။


"ဘာအေဒၚႀကီးလဲ!!!..."


ရႈိင္းသည္ ကိုယ္ေျပာလိုက္သည့္စကားေၾကာင့္

ထိုအေဒၚႀကီး ေသြးတက္သလိုပုံစံ

ျဖစ္သြားလိမ့္မယ္လို႔ေတာ့ ႀကိဳမခန႔္မွန္းမိလိုက္ေပ။

အခ်ိဳ႕လူေတြက ကိုယ္အသက္ႀကီးေနေပမဲ့

ထိုအခ်က္ကို ေမ့ထားတတ္ၾကသည္။


*ၾကည့္ရတာ ဒီအေဒၚႀကီးက..အစ္မႀကီးလို႔

အေခၚခံခ်င္ပုံပဲ...ဒါေပမဲ့ကိုယ္ကလည္း

လွည့္ဖ်ားၿပီး မေခၚခ်င္ေပ..အေဒၚႀကီးက

အေဒၚႀကီးပဲေပါ့...မမျဖစ္ခ်င္ရင္ေတာ့

ဆယ္သက္ဆုေတာင္း...*


ခ်စ္ပန္းေဝအတြက္ေတာ့ မိုးနတ္မင္းက

သူမကိုမ်က္ႏွာသာ ေပးလိုက္ေပမဲ့

ေပ်ာ္ရမည့္အစား ငိုပဲငိုခ်င္ေနမိသည္။


*အရမ္းႀကိဳက္ရတဲ့ ႐ုပ္ရွင္မင္းသားက

ငါ့ကိုပထမဆုံး စေခၚတာဟာ

အေဒၚႀကီးတဲ့လား...*


*အေဒၚႀကီးလို႔ အေခၚခံရမဲ့အစား 

ခ်ီးကားအခါတစ္ရာေလာက္ တိုက္ရင္ေတာင္

ဟုတ္အုံးမယ္..

.......

သူနဲ႔ဆုံမယ္မွန္းသာ သိရင္

ဒီေန႔မုန္တိုင္းပဲ တိုက္ပါေစ

မိတ္ကပ္တစ္ပိႆာေလာက္ ဖို႔လာပစ္မွာ

.….....


အခုေတာ့ လူရမ္းကားေတြရန္ကို

ေၾကာက္တာနဲ႔ သနပ္ခါးတစ္ပိႆာေလာက္

လိမ္းထားၿပီးတဲ့အျပင္ ‌ပုဆိုးေခါင္းေပါင္းႀကီးပါ

ေပါင္းလာမိတယ္...

ဒါတင္မကေသးဘူး ရင္ဖုံးအိက်ႌအပြႀကီးပါ

၀တ္လာမိတာ...*


"အေဒၚႀကီး မိုးကာအတူတူၿခဳံလို႔ရမလား

အရမ္းခ်မ္းေနလို႔.."


"ေအး..ေအး..လာေလ..

သားေလးအရမ္းခ်မ္းေနလား.."


For Me, [7/6/2025 10:40 AM]

ခ်စ္ပန္းေဝလည္း မထူးေတာ့ၿပီဟုေတြးလိုက္ကာ

ခ်က္ခ်င္းပဲ မိခင္ေမတၱာေတြ ေပးလိုက္မိသည္။

မိုးကာစကလည္း ႀကီးေတာ့ႏွစ္ေယာက္မွ်ၿခဳံ၍

ရေပမဲ့ အလယ္မွာဟသြားေသာေၾကာင့္ 

ခ်စ္ပန္းေဝ၏ အ၀တ္အစားေတြ 

မိုးေရစိုလာရာ ရႈိင္းသည္ႏွစ္ဦးသားၾကား

အကြာအေဝးကို ပို၍နီးကပ္ေစလိုက္သည္။


အနားသို႔ပိုတိုးကပ္လာေသာ ရႈိင္းေၾကာင့္

ခ်စ္ပန္းေဝ၏ ထီးကိုင္ထားေသာ

လက္ေတြဟာ တုန္ယင္သြားေလသည္။

တစ္ခါမွ ရည္းစားမထားဖူးေသာ အပ်ိဳျဖန္းေလးမို႔

ေယာက္်ားပ်ိဳတစ္ေယာက္ႏွင့္ ယခုလို

နီးနီးကပ္ေနရသည့္အခါ ရင္တုန္လာေလသည္။


အျခားသူသာဆို ကန္ထုတ္လိုက္မွာေပမဲ့

ဒီလူကေတာ့ ႏွစ္နဲ႔ခ်ီေအာင္

ကိုယ္အားေပးလာခဲ့ရသည့္ အႏုပညာရွင္

ျဖစ္ေနသည္။


ရႈိင္းကေတာ့ ကိုယ့္ကိုအေဒၚႀကီးတစ္ေယာက္

အထင္ႏွင့္ အနားကပ္လာတာျဖစ္ႏိုင္သည္။

*ဒါေပမဲ့ ဘယ္လိုျပန္ေျပာရမလဲ..ကိုယ္ကလည္း

သားလို႔ ေခၚၿပီးသြားၿပီ..

မဟုတ္ရင္ အလိမ္ေတြေပၚကုန္မွာေပါ့..

..........


အခန္း(၃)ဆက္ရန္ရွိသည္..


🌺🌺🌺🌺🌺🌺


အေဒၚႀကီး..အေဒၚႀကီးနဲ႔ 

ဒီမင္းသားမဟုတ္ေသးဘူးေနာ္..🤭

ေကာင္မေလးရွက္ေနၿပီ

2 comments:

  1. ဒီလောက်ရုပ်ဖျက်ပီးလာမှတော့မင်းသားရဲ့အဒေါ်လို့ခေါ်တာခံရပီပေါ့

    ReplyDelete
  2. မင်းသားကိုတောွငါးခြောက်ဖုတ်ဆားထည်ပြီးမကျွေးလောက်ဘူး

    ReplyDelete