အခန်း(၅၂) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

အခန်း(၅၂)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘

နေမင်းကြီးကို မမြင်ရတော့ပေမဲ့
၎င်းချန်ထားရစ်ခဲ့သည် ရောင်နီတန်းတွေကတော့
လှပသေသပ်စွာ ကျန်ရှိနေသေးတုန်းပါပဲ။
ညနေဆည်းဆာ၏ အလှကိုနောက်ခံထားပြီး
ငှက်ကလေးများက ဟိုးကောင်းကင်အမြင့်ကြီးမှာ
ပျံသန်းနေကြတဲ့ပုံစံလေးဟာ အသက်၀င်လှတဲ့
ပုံချီကားတစ်ချက်နှယ် လှပလွန်းလိုက်တာ။

ကောင်ကင်ပြင်တစ်ခုထဲဆီမှ အနီရောင်၊အဝါရောင်
လိမ္မော်ရောင်နှင့်ခရမ်းရောင်စသဖြင့်
အရောင်မျိုးစုံ တောက်ပနေကြပုံက
ဝိုင်းလေး၏ မျက်၀န်းတွေထဲအထိ 
လာ၍ထင်ဟပ်နေလေသည်။

လေတဟူးဟူးတိုက်နေသည့် 
လသာဆောင်လေးတွင်
ကော်ဖီတစ်ခွက်နှင့် ဒရင်းဘတ်ပေါ်မှာ
လဲလျောင်းရင်း ကောင်းကင်ကြီး၏အလှကို
ကြည့်ရှုနေရသည့် ခံစားချက်က
စိတ်ကို အလွန်ကြည်လင်လန်းဆန်းသွားစေသည်။

ဒရင်းဘတ်ပေါ်မှာ လှဲနေတာနဲနဲကြာပြီဖြစ်၍
ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး
 ကောင်းကင်ကြီးထပ်မှ ဆည်းဆာအလှကိုပြန်၍
ငေးမောကြည့်နေချိန်မှာ လည်ပင်းထပ်၌
အေးစက်စက် အထိအတွေ့တစ်ခုကို
ခံစားလိုက်ရ၍ လက်ဖြင့်စမ်းကြည့်လိုက်ကာ
အနောက်ဘက်သို့ လှည့်ကြည့်လိုက်မိတော့..

"ကိုကို.."

"ဒါက မေ့အတွက်ကိုယ့်ရဲ့လက်ဆောင်...
ကြိုက်ရဲ့လား.."

ဘယ်အချိန်တည်းက ရောက်လာမှန်းမသိသော
ကိုကိုသည် ဝိုင်းလေး၏လည်ပင်းထက်တွင်
 ဆွဲကြိုးလေးကို လာဆွဲပေးပြီး ကန်ရေပြင်ကဲ့သို့
ကြည်လင်အေးချမ်းစွာ ပြုံးပြလာသည်။

"ခဏလေး..မှန်ကြည့်လိုက်အုံးမယ်.."

ဆွဲကြိုးက အရမ်းမရှည်တော့ အိပ်ခန်းထဲမှ
မှန်ရှေ့တွင် သွားရပ်လိုက်ပြီးကြည့်လိုက်မိရာ
ပြုံးမိသွားလေသည်။
ဆွဲပြားလေးက ကျောက်အနီရောင်လေးကို
ချယ်ရီသီးပုံစံ ထွင်းထားခြင်းဖြစ်ပြီး
ကြိုးကတော့ ပလက်တီနမ်ဖြစ်သည်။

"ကြိုက်တယ်..အရမ်းလှတယ်.."

"ကိုယ့်ရဲ့မေလောက်တော့ ဘယ်လှပါ့မလဲ.."

ကိုကိုကဝိုင်းလေး၏ခါးသိမ်သိမ်လေးကို
သိုင်းဖက်လိုက်ပြီး သူ့ရင်ခွင်ထဲသို့
ဆွဲခေါ်ကာ ‌ဖက်တွယ်ထားလိုက်သည်။

ကိုကို့၏အသက်ရှူသံ ခပ်နွေးနွေးက ဝိုင်းလေး၏
နားရွက်ကလေးများကို ယှက်တိုက်၍
ယားကျိကျိဖြစ်သွားအောင် ကျီစားနေ‌လေသည်။
လျှပ်တစ်ပြတ် ပါးပြင်ပေါ်သို့ဖြတ်ပြေးသွားသော
ညင်သာသည့် အထိအတွေ့လေးဟာ
ရှုမောစရာကောင်းလွန်းသော ဆည်းဆာချိန်ကို
 မြင်နေရတာထက်တောင်
ပိုစိတ်လှုပ်ရှားဖို့ ကောင်းနေသလိုပဲ။

ကိုကိုနဲ့ ဘယ်လောက်အထိရင်းနှီးပြီးပါစေ
အမြဲတမ်း အသစ်အဆန်းတစ်ခုလိုပဲ
ခံစားရတယ်။
တစ်နေ့တစ်နေ့ မရိုးနိုင်တဲ့သူ့ရဲ့စကားတွေ၊
အပြုအမူတွေက ဝိုင်းလေးသိဖူးတဲ့
မင်းစက်အာဏာ ဟုတ်မှဟုတ်ရဲ့လားဟု
သံသယ၀င်မိတဲ့အထိပဲ။

"ဒါက..ကိုကိုပြောတဲ့စပရိုက်စ်လား.."

"ဟုတ်တယ်..ဒါပေမဲ့မကုန်‌သေးဘူး
ကျန်သေးတယ်.."

"ဘာကျန်သေးတာလဲ.."

"မေငယ်ငယ်တုန်းက ပြောခဲ့ဖူးတဲ့စကားကို
မှတ်မိသေးလား.."

"ဘာစကားလဲ.."

"မေကကြီးလာရင်..ချယ်ရီသီးခြံကြီးကို
ပိုင်တဲ့သူနဲ့လက်ထက်မှာ လို့ပြောခဲ့တာကိုလေ..
အခု..မေ့အတွက်ကလောမှာ
ချယ်ရီသီးခြံကြီးကို ကိုယ်၀ယ်ထားတယ်
သင်္ကြန်ပိတ်ရက်ကြရင် ကိုယ်တို့ကလောကို
သွားလည်ကြရင်းနဲ့ မေ့ကိုခေါ်သွားပြမယ်.."

ကိုကို့စကားအဆုံးမှာ မျက်လုံးလေးတွေ
ပြူးသွားပြီး မှန်ထဲမှတစ်ဆင့်သူ့မျက်နှာကို
မော့ကြည့်လိုက်မိသည်။
ကိုကိုကလည်း ဝိုင်းလေး၏မျက်နှာအမူအရာကို
ဆန်းစစ်နေဟန်ဖြင့် လှမ်းကြည့်တော့
နှစ်ယောက်သား အကြည့်ချင်းဆုံသွားမိသည်။

သွားလေးတွေပေါ်နေအောင် ရယ်နေသောကြောင့်
ကိုကို့မျက်နှာဟာ ပုံမှန်နှင့်မတူပဲ
တမူထူးခြားပြီး လူငယ်ပိုဆန်နေသည်။

ဝိုင်းလေးကို ခါးကနေသိုင်းဖက်ထားပြီး
သူ့ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်းထား၍
ဝိုင်းလေး၏ ခန္ဓာကိုယ်ဟာ
သေးသေးညှက်ညှက်လေးဖြစ်နေမှန်း
 ပိုသိသာသွားစေသည်။

အနက်ရောင် အနောက်တိုင်း၀တ်စုံကို
၀တ်ဆင်ထား၍ ရုတ်တရက်ကြည့်လိုက်လျှင်
 မိန်းမပျိုလေးကိုဖမ်းဆီးထားသော
 ဂုတ်‌သွေးစုပ်တော့မည့် ဒရက်ကူလာကြီးပုံစံ
ဖြစ်နေပေမဲ့ တကယ်တမ်းက သူ့ရင်ငွေ့နှင့်
ဝိုင်းလေး၏ သွေးကြောမျှင်တစ်ခုဆီတိုင်းကို
နွေးထွေးစေနိုင်သူကြီးပါ။

"ကိုကိုက ငယ်ဘ၀မှာပြောခဲ့တဲ့စကားတွေကိုပါ
မှတ်မိနေတာလား.."

"မေနဲ့ပတ်သတ်ရင် ကိုယ်ဘယ်အရာမှ
မေ့ပစ်လိုက်လို့မရဘူးဆိုရင်..ယုံမလား..
မေနဲ့ကိုယ်စတွေ့တုန်းက အဖြစ်အပျက်တွေ
အားလုံးကို မှတ်ဉာဏ်ထဲမှာ
ဓာတ်ပုံရိုက်ထားသလိုကို မှတ်မိနေတာ.."

"ကိုကိုက တကယ်ကိုမှတ်ဉာဏ်ကောင်းတဲ့
ကောင်လေးပဲ.."

သူ့ကိုစနောက်ချင်၍ ညာလက်နှင့်သူ့ဆံပင်တွေကို
ဖွပြစ်လိုက်တော့ စိတ်မဆိုးပဲရယ်မော၍သာ
နေလေသည်။

ကိုယ်ကသူ့ကို ကျီးစားဖို့ဇာတ်လမ်းစလိုက်ပေမဲ့
ကိုကိုက သူ့ဆံပင်တွေအားထိုးဖွနေသည့်
ဝိုင်းလေး၏လက်ကလေးကို ဆွဲယူလိုက်ကာ
လက်ဖမိုးလေးကို နမ်းလိုက်၍
လက်ကို ပြန်ရုန်းလိုက်မိသော်လည်း..

"မှတ်ဉာဏ်အရမ်းကောင်းတဲ့ ဟော့ဒီကလူကို
ဂုဏ်ပြုတဲ့အနေနဲ့ အပြင်မှာညစာအတူလိုက်စားဖို့
ဖိတ်ခေါ်လို့ရမလားခင်ဗျာ.."

"အပြင်မှာစားဖို့ဟုတ်လား..အိမ်မှာမစားဘူးလား"

"အော်..ကိုကို့မိန်းမကလည်း
မေနဲ့ညစာအတူထွက်စားချင်လို့တောင်
အလုပ်ကနေစောစော ပြန်လာခဲ့တာလေ
ဘာလဲ..မလိုက်ချင်ဘူးလား..မေမလိုက်ရင်.."

"မေ..မလိုက်ရင်ဘာဖြစ်လဲပြော..
ဘယ်သူ့ကိုခေါ်သွားဖို့စဉ်းစားနေတာလဲ.."

"မေကလည်း ဒေါသကြီးပဲကွာ..
မေမလိုက်ရင်..ကိုကိုလည်းသွားလို့မရဘူးဆိုပြီး
ပြောမလို့ပါ..."


"ဟင်း..ဟင်း..အလျှောက်ကောင်းလို့
အထောင်းသက်သာသွားတာနော်.."

"အဟင်း..မေကလေ..တကယ်ချစ်ဖို့ကောင်းတယ်"

ပလီပလာစကားတွေပြောရင်းနှင့် ဝိုင်းလေး၏
ပါးကို နာအောင်လာဆွဲနေ၍
သူ့ကျောကုန်းကြီးကို
 ဘုန်းကနဲမြည်‌အောင်ရိုက်ပြစ်လိုက်သည်။

အရင်ကတော့ သူ့ကိုရှိန်တာ၊အားနာတာမျိုး
ရှိခဲ့ပေမဲ့ ယခုတော့အရာရာတိုင်းဟာ
သူ့နေရာနှင့်သူ အံ၀င်ခွင်ကျ ဖြစ်လာသလို
ခံစားချက်မျိုး ဖြစ်တည်လာသည်။

သူ့ဟာကိုယ့်အမျိုးသားဖြစ်ပြီး သက်ဆုံးတိုင်အထိ
ကိုယ်နှင့် လက်တွဲသွားရမည့်အဖော်အမွန်
တစ်ယောက်။
ညဘက်မှာ အတူယှဉ်တွဲ၍အိပ်ယာ၀င်ပြီး
မနက်မှာ အဖော်ပြုပြီးနိုးထလာပေးမဲ့
တစ်ဦးတည်းသော ခင်ပွန်းလောင်း။

အမှောင်ကြောက်တဲ့ ဝိုင်းလေးအတွက်
ကြောက်စိတ်တွေ၀င်လာတိုင်း အားမနာတမ်း
သူ့ကို ဖက်တွဲထားလို့ရသလို ဘာပဲလုပ်လုပ်
ဘယ်နေရာပဲသွားသွား အချိန်တန်တဲ့အခါ
သူ့ရှိနေသော နေရာကိုပဲပြန်လာရမည်ဆိုသည့်
အိမ်လို နွေးထွေးလုံခြုံမှုပေးနိုင်သည့်သူ။
သူဟာ ဝိုင်းလေးအတွက်အရာရာပါပဲ။

❤️❤️❤️❤️❤️❤️❤️

"ကိုကို..ဒီဆိုင်ကဝိုင်းလေးတို့ ပထမဆုံး
သီးသန့်တွေ့ခဲ့ကြတဲ့ ဆိုင်မဟုတ်လား.."

"ဟုတ်တယ်လေ..ကိုယ်တို့နှစ်ယောက်
စတွေ့ချင်းမှာပဲ နှောင်ချိန်ပလေးခဲ့ကြတဲ့
နေရာလေးပေါ့..ဒီနေရာလေးမှာကိုကိုတို့ရဲ့
ခံစားချက်ကောင်းလေးတွေကို ပြန်ထားခဲ့ချင်လို့
မေ့ကို ခေါ်လာခဲ့တာ.."

ဝိုင်းလေး၏လက်ကိုတွဲပြီး အရင်ကသူနှင့်အတူ
ထိုင်ခဲ့ဖူးသည့် နေရာလေးမှာလူမရှိသေး၍
ထိုနေရာလေးကိုသာ ရွေးကာထိုင်လိုက်ကြသည်။

ဝိုင်းလေးတို့နေရာယူပြီးသည်နှင့် စားပွဲထိုးက
အသင့်ရောက်သည်မို့ ကိုကိုကအချိနိမဆိုင်းတော့ပဲ
အ‌စားအသောက်တွေ မှာနေစဉ်မှာ
ဝိုင်းလေးကတော့ အခြားနေရာတွေကို
ဝေ့ဝဲ၍ လိုက်ကြည့်နေမိသည်။

"အရှေ့မှာ အရမ်းချောတဲ့လူတစ်ယောက်လုံး
ရှိနေတာကို ဘယ်တွေလိုက်ကြည့်နေတာလဲ
ကလေးမရဲ့.."

"ဒီနေရာကို ရောက်လာတော့ အရင်ကကိုကိုနဲ့
ရန်ဖြစ်ခဲ့တဲ့ ကိစ္စကိုပြန်တွေးကြည့်နေမိတာပါ
အဲ့ဒီ့တုန်းက ဝိုင်းလေးကိုမိဘတွေသဘောတူလို့သာ
လက်ခံခဲ့တာလို့ ပြောခဲ့တယ်နော်.."

"ဟာကွာ..ဘာလို့အဲ့ဒါတွေပြန်ပြာနေရတာလဲ.."

မိန်းမတွေကို သွားရွဲ့လို့မရဘူးဆိုတာ
အမှန်ပဲထင်ပါရဲ့။
အခုလည်း အရင်ကကိစ္စတွေကို
အစပြန်ဖော်နေပြန်ပြီ။
အရှောင်မတတ်ရင်တော့ အန္တရာယ်ရှိနိုင်တယ်။

"ဝိုင်းလေးမေးတာကိုပဲဖြေပါ..
တကယ်ပဲ မိဘတွေကြောင့်ဝိုင်းလေးကို
လက်ထက်လိုက်တာလား.."

"မေကဘာလို့ အဲ့မေးခွန်းကိုမေးရတာလဲ..
မေလည်းကိုယ့်ကို မိဘတွေကြောင့်ပဲ
လက်ထက်ခဲ့တာ မဟုတ်ဘူးလား.."

"ဝိုင်းလေးက မိဘတွေကြောင့်ဆိုတာ
ဟုတ်တယ်လေ..တစ်ခါမှမိဘတွေရဲ့ဆန္ဒကို
မလွန်ဆန်ရဲခဲ့တော့ လက်ခံလိုက်ရတာပေါ့
ဒါပေမဲ့ ကိုကိုကတော့မတူဘူးလေ..
မိဘတွေနဲ့ တစ်ခါမှလည်းမတည့်ပဲနဲ့
လက်ထက်ဖို့ကိစ္စကို လက်ခံလိုက်တယ်ဆိုတော့
နည်းနည်းများလွဲနေသလားလို့.."

"ဘာမှမလွဲဘူး..မေတွေးနေတာတွေအားလုံး
မှန်တယ်.."

ကြယ်ရောင်တွေထက်တောင် လင်းလက်သော
သူ့မျက်၀န်းများသည်  ချစ်ရည်ရွှန်းလဲ့ကာဖြင့်
ဝိုင်းလေးကို စူးစူးစိုက်စိုက်ကြည့်လာလေသည်။

ဝိုင်းလေးတွေးနေတာတွေ အားလုံးမှန်သည်တဲ့။
ဝိုင်းလေးရဲ့ အတွင်းစိတ်ထဲမှာဘာတွေ
တွေးနေသလဲ သူသိပုံရတယ်။

"မေတွေးနေသလိုပဲ..ကိုကိုကမေဝိုင်းလေးဆိုတဲ့
ကောင်မလေးဖြစ်နေလို့ကို လက်ခံခဲ့တာ..
သေချာပြန်တွေးကြည့်ရင် ကိုယ်မေ့ကို
ချစ်မိခဲ့တဲ့အခိုက်အတန့်က ဆယ့်သုံး၊ဆယ့်လေး
အရွယ်လောက်ကလည်း ဖြစ်နိုင်တယ်.."

"ဘယ်လို.."

ဆယ့်သုံး၊ဆယ်းလေးနှစ်တဲ့ ။
အဲ့အချိန်ကာလေတွေတုန်းက ဝိုင်းလေးဟာ
သူ့ကိုသိပ်မုန်းတီးနေခဲ့တာလေ။
ဝိုင်းလေးကို အဖက်မတန်သလိုဆက်ဆံခဲ့လို့
ဆိုပြီး သူ့ကိုအရမ်းအမြင်ကပ်နေခဲ့တာ။

"အိမ်ပျက်ကြီးဘေးကကန်ဘက်ကို
မေ့ရဲ့အစ်မက မေ့ကိုခေါ်သွားတော့သူ့အကျင့်ကို
သိလို့ ကိုယ်တိတ်တိတ်လေး မေတို့ရဲ့နောက်ကနေ
လိုက်ခဲ့ဖူးတယ်..ဖြစ်ချင်တော့သူကမေ့ကို
ရေကန်ထဲ တကယ်တွန်းချခဲ့တယ်လေ..
အမှန်အတိုင်းပြောရရင် အဲ့အချိန်တုန်းက
ကိုယ်ရေကူးသိပ်မကျွမ်းသေးဘူး..
ဒါပေမဲ့ မေကရေနှစ်နေတာကိုတွေ့လိုက်ရတော့
နှစ်ခါမစဉ်းစားတော့ပဲ မေ့ကိုကယ်လိုက်မိတယ်..
ပြီးတော့ နှုတ်ခမ်းချင်းထိပြီးCPRတောင်
လုပ်ခဲ့သေးတယ်.."

"ဘာလို့CPRလုပ်တဲ့ကိစ္စကိုပြန်ပြောနေရတာလဲ
ရှက်စရာကြီး.."

ငယ်ငယ်ကကိစ္စတွေကို သူကပြန်ပြောနေတော့
ဝိုင်းလေး၏ ပါးပြင်လေး‌နှစ်ဖက်က
ပူနွေးလာပြီး ပန်းရောင်လေးတောင်
သန်းချင်လာသည်။

"မေ့လိုပဲ ကိုယ်လည်းအဲ့အချိန်က
ခံစားခဲ့ရတယ်ဆိုရင်..ယုံမလား..
ကိုယ်တို့ကျောင်းမှာ
လူငယ်ကြက်ခြေနီအသင်းရှိတယ်..
ကိုယ်ကအရပ်ရှည်တော့ အဲ့ဒီ့ကြက်ခြေနီအသင်းကို
၀င်လိုက်တယ်..အဲ့ဒီ့မှာရေနစ်လို့သတိလစ်တဲ့လူကို
ရှေးဦးသူနာပြုနည်းလမ်းနဲ့ကယ်ဆယ်ဖို့
လေ့ကျင့်ကြတိုင်း CPRလုပ်ရတဲ့နေရာမှာ
ကိုယ်အမြဲကျရှုံးတယ်..ကိုယ်ကရွံတတ်တယ်လေ
အရုပ်နဲ့လည်းအစမ်းလေ့မကျင့်နိုင်သလို
လူအစစ်နဲ့လည်းမလုပ်နိုင်ခဲ့ဘူး..
ဒါပေမဲ့ မေကတော့ကိုယ်CPRလုပ်ပေးခဲ့တဲ့
ပထမဆုံးမိန်းကလေးပဲ.."

"တော်ပါတော့ ကိုယ့်ကိုကိုယ်ကံထူးမှန်း
သိပါပြီ.."

"ဟား..ဟား..ပြောပြတာလေကွာ.."

ကိုကိုရယ်နေသည့် ပုံစံလေးကိုမှင်သက်စွာ
ငေးကြည့်နေမိရင်းနှင့် ကိုကို့ဖေဖေရဲ့စကားကို
ပြန်ကြားယောင်နေမိသည်။


ဝိုင်းလေးကြောင့် ကိုကိုကKGကုမ္ပဏီကို
ဆက်ခံခွင့် ဆုံးရှုံးသွားရတာတဲ့။
အဲ့ဒီ့အတွက် ကိုကိုနောင်တရနေမလားဆိုတာ
ဝိုင်းလေး သိပ်သိချင်မိတယ်။

"ကိုကို..ဝိုင်လေးတစ်ခုလောက်မေးချင်တယ်.."

"မေးလေ.."

"ဝိုင်းလေးနဲ့အတူရှိနေတဲ့အချိန်တွေမှာ
နောင်တရတာမျိုးရှိခဲ့ဖူးလား.."

"မေ့ရင်ထဲမှာ တစ်ခုခုမတင်မကျ
ခံစားနေရလို့များလား.."

မေ့ရဲ့မျက်၀န်းတွေက ၀မ်းနည်းရိပ်တို့စွတ်ပျံ့နေပြီး
ခံစားချက်တစ်ခုခုကို ရင်မှာသိမ်းဝှက်ထားသလို
ဖြစ်နေ၍ မင်းစက်လည်းစိုးရိမ်သွားမိ‌သည်။

အိမ်ကနေ လာတဲ့တစ်လျှောက်လုံးမှာလည်း
မေ့ပုံစံက သိပ်မတက်ကြွတာကို
သူနည်းနည်းတော့ ရိပ်မိပါတယ်။

"ဝိုင်းလေးမေးတာကိုပဲ ဖြေပေးပါ..
ဝိုင်းလေးနဲ့ပတ်သတ်ပြီး ကိုကို့ရင်ထဲမှာ
နောင်တရတာမျိုး ရှိဖူးသလား.."

"ရှိတယ်..ကိုယ့်ကိုကိုယ်နောင်တရတာ..
မေ့ကိုလျစ်လျှူရှုထားခဲ့မိတဲ့ ကိုယ့်ကိုကိုယ်
နောင်တပြန်ရတာမျိုးပါ..ကိုယ့်ရဲ့
ပင်ကိုယ်ပုံစံအတိုင်း မေ့အပေါ်မှာတစ်ဖက်သတ်
သံသယတွေနဲ့အထင်အမြင်လွဲမှားခဲ့တာတွေ
အတွက် နောင်တရခဲ့မိတာပါ..
မေ့ကိုချစ်တယ်လို့ အစောတည်းက
မပြောခဲ့မိတဲ့အတွက် နောင်တရတယ်
မေ့ရဲ့ခံစားချက်တွေကို နားမထောင်မိခဲ့တဲ့အတွက်
နောင်တရတယ်..မေ့ရဲ့အဖေဆုံးသွားတဲ့အချိန်မှာ
မေ့ပေးမှာ အဖော်မပြုပေးနိုင်ခဲ့တဲ့အတွက်
ကိုယ့်ကိုကိုယ် နောင်တရလို့မဆုံးဘူး.."

ကိုယ့်စကားတွေကို နားထောင်ပြီးတဲ့နောက်မှာ
မေ့ရဲ့မျက်နှာလေးက ၀င်းပသွားပေမဲ့
တစ်ဆက်တည်းမှာ ပြန်လည်ငိုင်ကျသွား၍
ခုံပေါ်တွင် တင်ထားသည့်မေ့ရဲ့
လက်ချောင်းလေးတွေကို သူဆုပ်ကိုင်လိုက်မိသည်။

"မေ့ရင်ထဲမှာ နောက်ထပ်မေးစရာ
မေးခွန်းတွေရှိနေသေးရင် ကိုယ့်ကိုထပ်မေးလိုက်ပါ
စိတ်အလေးခံပြီး သိမ်းမထားပါနဲ့
ကိုယ်မကြိုက်ဘူး.."

မင်းစက်က ထိုသို့အဆုံးစွံအထိ ပွင့်ပွင့်လင်းလင်း
ဖြစ်ဖို့ လမ်းဖွင့်ပေးလိုက်တော့
မေက မျက်၀န်းလေးတွေနီရဲလာလျှက်
သူ့ကို သနားစရာကောင်းစွာကြည့်လာလေသည်။

"မေ..ဘာဖြစ်လို့လဲ...ကိုယ့်ကိုပြောစမ်းပါ.."

"ဝိုင်းလေးကြောင့် KGကုမ္ပဏီကို
လက်လွှတ်လိုက်ရတဲ့အတွက် ဝိုင်းလေးတကယ်ကို
စိတ်မကောင်းဘူး..ဝိုင်းလေးကြောင့်
ကိုကိုကြိုးစားခဲ့သမျှက 
အလကားဖြစ်သွားခဲ့ရတယ်မဟုတ်လား.."

"ဒီစကားတွေကို ဘယ်သူ့ဆီကနေကြားတာလဲ..
ကိုယ့်အဖေဆီကနေလား.."

"တကယ်လို့..ကိုကို့အနေနဲ့ဝိုင်းလေးကို
ကွာရှင်းချင်တယ်ဆိုလည်း ဝိုင်းလေး
လက်ခံပေးနိုင်ပါတယ်..ဝိုင်းလေးကြောင့်
ကိုကို့အနေနဲ့ ဘာကိုမှဆုံးရှုံးနစ်နာသွားရတာမျိုး
မဖြစ်စေချင်ဘူး.."

ပါးစပ်ကသာ ကွာရှင်းပေးနိုင်ကြာင်း
ပြောနေပေမဲ့ ပါးပေါ်မှမျက်ရည်စီးကြောင်းတွေက
သူလေး ဘယ်လောက်နာကျင်နေမလဲဆိုတဲ့
သက်သေတွေဖြစ်နေတော့
သူ့အဖို့ ကြာလေစိတ်တို‌လာလေ ဖြစ်နေသည်။

"ဘာမှဆက်မပြောတော့နဲ့..
ဘာအကြောင်းနဲ့မှလည်း မငိုနဲ့တော့
ညစာစားပြီးတာနဲ့ အိမ်မှာပြန်ပြီး
အေးဆေး..အနားယူရအောင်.."

ကိုကို့အသံက ပျော့ပျောင်းညင်သာတာမျိုး
မဟုတ်ပဲ စိတ်အလိုမကျဖြစ်နေမှန်း
သိသာစေသည်။
ဝိုင်းလေးလည်း ဖြစ်သင့်တာတွေအားလုံးကို
ပြောပြီးသွားသည်မို့ ကိုကို့သဘောအတိုင်းသာ
ညိမ်ညိမ်လေးနေလိုက်ပြီး ကိုကိုနဲ့အတူ
ညစာအတူစားကာ အိမ်ကိုပြန်လာခဲ့လိုက်သည်။

ကိုကိုကတော့ အစောပိုင်းကလို
 စိတ်ပျော်ရွှင်နေဟန် မရှိတော့ပဲ
တစ်လမ်းလုံး တိတ်တဆိတ်သာ
အိမ်ရောက်တဲ့အထိ ကားကို
မောင်းလာခဲ့လေသည်။

ဝိုင်းလေးမေးတဲ့မေးခွန်းကိုလည်း အဖြေပြန်မပေးပဲ
ထိုညမှာ ဝိုင်းလေးကို
ပို့ပေးပြီးသည်နှင့် အိမ်ကနေကားမောင်းပြီး
သူပြန်ထွက်သွားခဲ့တယ်။

ညရှစ်နာရီထိုးလာသည်အထိ ပြန်မလာသေးသော
ကိုကို့ကြောင့် လာသာဆောင်မှာထွက်စောင့်ပြီး
ကြိတ်၍ ၀မ်းနည်းနေမိသည်။
လရောင်တွေ၊ကြယ်ရောင်တွေရဲ့
အလှကလည်း ဝိုင်းလေးကိုနှစ်သိမ့်မှု
မပေးနိုင်တော့ပေ။

အခုချိန်မှာ ဝိုင်းလေးအတွက်ကတော့
ကိုကို့ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်နေရုံကလွဲပြီး
အခြားမရှိတော့ပါဘူး။

"မေ..."

နောက်ဘက်ပါးမှ ခေါ်သံကြောင့်
လှည့်ကြည့်လိုက်မိတော့ အခန်းတစ်ခါးကို
ဖွင့်ပြီး တဖြည်းဖြည်းလှမ်း၀င်လာသော
ကိုကိုအား တွေ့လိုက်ရသည်။
ကိုကို့ကိုတွေ့နေရပေမဲ့ ရပ်နေရာကနေရွေ့ဖို့
အင်အားမရှိသလို ဖြစ်နေသည်။

"ကိုကို့!!!..ဘာဖြစ်လာတာလဲ.."

တစ်ခန်းလုံးရှိမီးတွေကို ထိန်လင်းနေအောင်
ထွန်းထား၍ ကိုကို့ရဲ့ပုံပန်းသွင်ပြင်ကို
ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

ညစာအတူစားပြီး အိမ်ကနေပြန်ထွက်သွားတဲ့အထိ
သေသေသပ်သပ် ဖြစ်နေသောကိုကို့ရဲ့
နက်ရွှင်နေသော ဆံပင်တွေဟာချွေးတွေ
ဖုံးနေသော နဖူးပြင်ပေါ်သို့ ပစ်စလက်ခက်
အုပ်ကျနေပြီး အ၀တ်အစားတွေကလည်း
ဖရိုဖရဲဖြစ်၍နေသည်။

ကိုကို့ခန္ဓာကိုယ်တစ်လျှောက် အကြည့်တွေကို
တဖြည်းဖြည်း နိမ့်ဆင်းသွားပြီးနောက်မှာ
ကိုယ့်ပါးစပ်ကိုယ် လက်ဖြင့်အုပ်လိုက်မိသည်အထိ
ထိတ်လန့်သွားမိသည်။

"ကိုကို့လက်မှာ..သွေးတွေ.."

ကိုကို့အနီးသို့ အမြန်ပြေးသွားလိုက်ပြီး
သွေးတွေပေနေသော ညာလက်ကို
ဆုပ်ကိုင်လိုက်မိသည့်အချိန်
 ထပ်တူနာကျင်သွားမိ၍  မျက်၀န်းအနှံ့
မျက်ရည်များ ပြည့်လျှံသွားလေသည်။

"ဘာဖြစ်လာတာလည်း ကိုကိုရယ်..
ဝိုင်းလေးရင်ပူလိုက်တာ
အရမ်းနာနေမှာပဲနော်..မဖြစ်ဘူး
ဒဏ်ရာကနက်နေရင် စိုးရိမ်ရတယ်
ဆေးခန်းသွားရအောင်နော်.."

"မေ..ကိုယ်ဘာမှမဖြစ်ဘူး.."

ဆေးခန်းသွားဖို့ သူ့လက်မောင်းကို 
ဆွဲ၍ခေါ်လိုက်ပေမဲ့ ကောင်းနေသော
သူ့ရဲ့ဘယ်လက်နှင့် ဝိုင်းလေးကိုသူက
ပြန်ဆွဲခေါ်လိုက်ရာ သူ့ရင်ခွင်ထဲသို့
တန်း၍ရောက်သွားရတော့သည်။

ကျော်ပြင်တစ်လျှောက် ရွေ့လျားနေသော
ကိုကို့ရဲ့လက်မောင်းအားသည်
 ပိုမိုတင်းကြပ်လာခဲ့လေရာ အသက်ရှူ
မကြပ်သွားစေရန် ခြေဖျားထောက်၍
သူ့ပခုံးပေါ်သို့ မေးတင်လိုက်ရသည်။
ဝိုင်းလေးသည်လည်း သူ့ခါးကိုပြန်၍
ဖက်တွက်လိုက်မိပါသည်။

"မေ..KGကုမ္ပဏီဆိုတာ..ကိုယ့်အတွက်တော့
မေ့လောက်အရေးမပါဘူး..
နောက်တစ်ခါ..မေနဲ့ယှဉ်ပြီးဘာကိုမှ
မရွေးချယ်ခိုင်းပါနဲ့..
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ရွေးချယ်မှုက
ဘယ်တော့ဖြစ်ဖြစ် မေတစ်‌ယောက်တည်းပဲ
အဲ့တာကို အမြဲမှတ်ထား..ကြားလား.."

"အင်း..ကြားပါတယ်.."

သူ့လည်ပင်းနားတွင် ခေါင်းလေးဖွက်ပြီး
အသံလုံးလုံးလေးနှင့် ပြောလာ၍
မင်းစက်ပြုံးလိုက်မိသည်။
ပြီးနောက် လသာဆောင်ဘက်ကနေ
သူလှမ်းမြင်နေရသည့် လမင်းကြီးကို
ကြည့်လိုက်ကာ သူ့မျက်နှာကို
တည်တင်းပစ်လိုက်မိလေသည်။

"အခုကစပြီး..မေဘယ်သူ့ကိုမှကြောက်စရာ
မလိုတော့ဘူး..မေ့ကိုရန်မူရင်
အဲ့ဒီ့လူက ကိုယ့်ရဲ့ရန်သူပဲ.."

အခန်း(၅၃)ဆက်ရန်

စာရေးသူ..ဆောင်းငွေ့ဝေ

🔥🔥🔥🔥🔥🔥🔥

ဆရာသမားတော့ ကြွေးကြော်လိုက်ပြီနော်

❗သိပ်မကြာခင်ဇာတ်သိမ်းပါတော့မယ်နော်..

=======================
=======================
အခန္း(၅၂)
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘

ေနမင္းႀကီးကို မျမင္ရေတာ့ေပမဲ့
၎ခ်န္ထားရစ္ခဲ့သည္ ေရာင္နီတန္းေတြကေတာ့
လွပေသသပ္စြာ က်န္ရွိေနေသးတုန္းပါပဲ။
ညေနဆည္းဆာ၏ အလွကိုေနာက္ခံထားၿပီး
ငွက္ကေလးမ်ားက ဟိုးေကာင္းကင္အျမင့္ႀကီးမွာ
ပ်ံသန္းေနၾကတဲ့ပုံစံေလးဟာ အသက္၀င္လွတဲ့
ပုံခ်ီကားတစ္ခ်က္ႏွယ္ လွပလြန္းလိုက္တာ။

ေကာင္ကင္ျပင္တစ္ခုထဲဆီမွ အနီေရာင္၊အဝါေရာင္
လိေမၼာ္ေရာင္ႏွင့္ခရမ္းေရာင္စသျဖင့္
အေရာင္မ်ိဳးစုံ ေတာက္ပေနၾကပုံက
ဝိုင္းေလး၏ မ်က္၀န္းေတြထဲအထိ 
လာ၍ထင္ဟပ္ေနေလသည္။

ေလတဟူးဟူးတိုက္ေနသည့္ 
လသာေဆာင္ေလးတြင္
ေကာ္ဖီတစ္ခြက္ႏွင့္ ဒရင္းဘတ္ေပၚမွာ
လဲေလ်ာင္းရင္း ေကာင္းကင္ႀကီး၏အလွကို
ၾကည့္ရႈေနရသည့္ ခံစားခ်က္က
စိတ္ကို အလြန္ၾကည္လင္လန္းဆန္းသြားေစသည္။

ဒရင္းဘတ္ေပၚမွာ လွဲေနတာနဲနဲၾကာၿပီျဖစ္၍
ခႏၶာကိုယ္ကို ျပန္မတ္လိုက္ၿပီး
 ေကာင္းကင္ႀကီးထပ္မွ ဆည္းဆာအလွကိုျပန္၍
ေငးေမာၾကည့္ေနခ်ိန္မွာ လည္ပင္းထပ္၌
ေအးစက္စက္ အထိအေတြ႕တစ္ခုကို
ခံစားလိုက္ရ၍ လက္ျဖင့္စမ္းၾကည့္လိုက္ကာ
အေနာက္ဘက္သို႔ လွည့္ၾကည့္လိုက္မိေတာ့..

"ကိုကို.."

"ဒါက ေမ့အတြက္ကိုယ့္ရဲ႕လက္ေဆာင္...
ႀကိဳက္ရဲ႕လား.."

ဘယ္အခ်ိန္တည္းက ေရာက္လာမွန္းမသိေသာ
ကိုကိုသည္ ဝိုင္းေလး၏လည္ပင္းထက္တြင္
 ဆြဲႀကိဳးေလးကို လာဆြဲေပးၿပီး ကန္ေရျပင္ကဲ့သို႔
ၾကည္လင္ေအးခ်မ္းစြာ ၿပဳံးျပလာသည္။

"ခဏေလး..မွန္ၾကည့္လိုက္အုံးမယ္.."

ဆြဲႀကိဳးက အရမ္းမရွည္ေတာ့ အိပ္ခန္းထဲမွ
မွန္ေရွ႕တြင္ သြားရပ္လိုက္ၿပီးၾကည့္လိုက္မိရာ
ၿပဳံးမိသြားေလသည္။
ဆြဲျပားေလးက ေက်ာက္အနီေရာင္ေလးကို
ခ်ယ္ရီသီးပုံစံ ထြင္းထားျခင္းျဖစ္ၿပီး
ႀကိဳးကေတာ့ ပလက္တီနမ္ျဖစ္သည္။

"ႀကိဳက္တယ္..အရမ္းလွတယ္.."

"ကိုယ့္ရဲ႕ေမေလာက္ေတာ့ ဘယ္လွပါ့မလဲ.."

ကိုကိုကဝိုင္းေလး၏ခါးသိမ္သိမ္ေလးကို
သိုင္းဖက္လိုက္ၿပီး သူ႔ရင္ခြင္ထဲသို႔
ဆြဲေခၚကာ ‌ဖက္တြယ္ထားလိုက္သည္။

ကိုကို႔၏အသက္ရႉသံ ခပ္ေႏြးေႏြးက ဝိုင္းေလး၏
နား႐ြက္ကေလးမ်ားကို ယွက္တိုက္၍
ယားက်ိက်ိျဖစ္သြားေအာင္ က်ီစားေန‌ေလသည္။
လွ်ပ္တစ္ျပတ္ ပါးျပင္ေပၚသို႔ျဖတ္ေျပးသြားေသာ
ညင္သာသည့္ အထိအေတြ႕ေလးဟာ
ရႈေမာစရာေကာင္းလြန္းေသာ ဆည္းဆာခ်ိန္ကို
 ျမင္ေနရတာထက္ေတာင္
ပိုစိတ္လႈပ္ရွားဖို႔ ေကာင္းေနသလိုပဲ။

ကိုကိုနဲ႔ ဘယ္ေလာက္အထိရင္းႏွီးၿပီးပါေစ
အၿမဲတမ္း အသစ္အဆန္းတစ္ခုလိုပဲ
ခံစားရတယ္။
တစ္ေန႔တစ္ေန႔ မ႐ိုးႏိုင္တဲ့သူ႔ရဲ႕စကားေတြ၊
အျပဳအမူေတြက ဝိုင္းေလးသိဖူးတဲ့
မင္းစက္အာဏာ ဟုတ္မွဟုတ္ရဲ႕လားဟု
သံသယ၀င္မိတဲ့အထိပဲ။

"ဒါက..ကိုကိုေျပာတဲ့စပ႐ိုက္စ္လား.."

"ဟုတ္တယ္..ဒါေပမဲ့မကုန္‌ေသးဘူး
က်န္ေသးတယ္.."

"ဘာက်န္ေသးတာလဲ.."

"ေမငယ္ငယ္တုန္းက ေျပာခဲ့ဖူးတဲ့စကားကို
မွတ္မိေသးလား.."

"ဘာစကားလဲ.."

"ေမကႀကီးလာရင္..ခ်ယ္ရီသီးၿခံႀကီးကို
ပိုင္တဲ့သူနဲ႔လက္ထက္မွာ လို႔ေျပာခဲ့တာကိုေလ..
အခု..ေမ့အတြက္ကေလာမွာ
ခ်ယ္ရီသီးၿခံႀကီးကို ကိုယ္၀ယ္ထားတယ္
သၾကၤန္ပိတ္ရက္ၾကရင္ ကိုယ္တို႔ကေလာကို
သြားလည္ၾကရင္းနဲ႔ ေမ့ကိုေခၚသြားျပမယ္.."

ကိုကို႔စကားအဆုံးမွာ မ်က္လုံးေလးေတြ
ျပဴးသြားၿပီး မွန္ထဲမွတစ္ဆင့္သူ႔မ်က္ႏွာကို
ေမာ့ၾကည့္လိုက္မိသည္။
ကိုကိုကလည္း ဝိုင္းေလး၏မ်က္ႏွာအမူအရာကို
ဆန္းစစ္ေနဟန္ျဖင့္ လွမ္းၾကည့္ေတာ့
ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံသြားမိသည္။

သြားေလးေတြေပၚေနေအာင္ ရယ္ေနေသာေၾကာင့္
ကိုကို႔မ်က္ႏွာဟာ ပုံမွန္ႏွင့္မတူပဲ
တမူထူးျခားၿပီး လူငယ္ပိုဆန္ေနသည္။

ဝိုင္းေလးကို ခါးကေနသိုင္းဖက္ထားၿပီး
သူ႔ရင္ခြင္က်ယ္ႀကီးထဲ ဆြဲသြင္းထား၍
ဝိုင္းေလး၏ ခႏၶာကိုယ္ဟာ
ေသးေသးညႇက္ညႇက္ေလးျဖစ္ေနမွန္း
 ပိုသိသာသြားေစသည္။

အနက္ေရာင္ အေနာက္တိုင္း၀တ္စုံကို
၀တ္ဆင္ထား၍ ႐ုတ္တရက္ၾကည့္လိုက္လွ်င္
 မိန္းမပ်ိဳေလးကိုဖမ္းဆီးထားေသာ
 ဂုတ္‌ေသြးစုပ္ေတာ့မည့္ ဒရက္ကူလာႀကီးပုံစံ
ျဖစ္ေနေပမဲ့ တကယ္တမ္းက သူ႔ရင္ေငြ႕ႏွင့္
ဝိုင္းေလး၏ ေသြးေၾကာမွ်င္တစ္ခုဆီတိုင္းကို
ေႏြးေထြးေစႏိုင္သူႀကီးပါ။

"ကိုကိုက ငယ္ဘ၀မွာေျပာခဲ့တဲ့စကားေတြကိုပါ
မွတ္မိေနတာလား.."

"ေမနဲ႔ပတ္သတ္ရင္ ကိုယ္ဘယ္အရာမွ
ေမ့ပစ္လိုက္လို႔မရဘူးဆိုရင္..ယုံမလား..
ေမနဲ႔ကိုယ္စေတြ႕တုန္းက အျဖစ္အပ်က္ေတြ
အားလုံးကို မွတ္ဉာဏ္ထဲမွာ
ဓာတ္ပုံ႐ိုက္ထားသလိုကို မွတ္မိေနတာ.."

"ကိုကိုက တကယ္ကိုမွတ္ဉာဏ္ေကာင္းတဲ့
ေကာင္ေလးပဲ.."

သူ႔ကိုစေနာက္ခ်င္၍ ညာလက္ႏွင့္သူ႔ဆံပင္ေတြကို
ဖြျပစ္လိုက္ေတာ့ စိတ္မဆိုးပဲရယ္ေမာ၍သာ
ေနေလသည္။

ကိုယ္ကသူ႔ကို က်ီးစားဖို႔ဇာတ္လမ္းစလိုက္ေပမဲ့
ကိုကိုက သူ႔ဆံပင္ေတြအားထိုးဖြေနသည့္
ဝိုင္းေလး၏လက္ကေလးကို ဆြဲယူလိုက္ကာ
လက္ဖမိုးေလးကို နမ္းလိုက္၍
လက္ကို ျပန္႐ုန္းလိုက္မိေသာ္လည္း..

"မွတ္ဉာဏ္အရမ္းေကာင္းတဲ့ ေဟာ့ဒီကလူကို
ဂုဏ္ျပဳတဲ့အေနနဲ႔ အျပင္မွာညစာအတူလိုက္စားဖို႔
ဖိတ္ေခၚလို႔ရမလားခင္ဗ်ာ.."

"အျပင္မွာစားဖို႔ဟုတ္လား..အိမ္မွာမစားဘူးလား"

"ေအာ္..ကိုကို႔မိန္းမကလည္း
ေမနဲ႔ညစာအတူထြက္စားခ်င္လို႔ေတာင္
အလုပ္ကေနေစာေစာ ျပန္လာခဲ့တာေလ
ဘာလဲ..မလိုက္ခ်င္ဘူးလား..ေမမလိုက္ရင္.."

"ေမ..မလိုက္ရင္ဘာျဖစ္လဲေျပာ..
ဘယ္သူ႔ကိုေခၚသြားဖို႔စဥ္းစားေနတာလဲ.."

"ေမကလည္း ေဒါသႀကီးပဲကြာ..
ေမမလိုက္ရင္..ကိုကိုလည္းသြားလို႔မရဘူးဆိုၿပီး
ေျပာမလို႔ပါ..."


"ဟင္း..ဟင္း..အေလွ်ာက္ေကာင္းလို႔
အေထာင္းသက္သာသြားတာေနာ္.."

"အဟင္း..ေမကေလ..တကယ္ခ်စ္ဖို႔ေကာင္းတယ္"

ပလီပလာစကားေတြေျပာရင္းႏွင့္ ဝိုင္းေလး၏
ပါးကို နာေအာင္လာဆြဲေန၍
သူ႔ေက်ာကုန္းႀကီးကို
 ဘုန္းကနဲျမည္‌ေအာင္႐ိုက္ျပစ္လိုက္သည္။

အရင္ကေတာ့ သူ႔ကိုရွိန္တာ၊အားနာတာမ်ိဳး
ရွိခဲ့ေပမဲ့ ယခုေတာ့အရာရာတိုင္းဟာ
သူ႔ေနရာႏွင့္သူ အံ၀င္ခြင္က် ျဖစ္လာသလို
ခံစားခ်က္မ်ိဳး ျဖစ္တည္လာသည္။

သူ႔ဟာကိုယ့္အမ်ိဳးသားျဖစ္ၿပီး သက္ဆုံးတိုင္အထိ
ကိုယ္ႏွင့္ လက္တြဲသြားရမည့္အေဖာ္အမြန္
တစ္ေယာက္။
ညဘက္မွာ အတူယွဥ္တြဲ၍အိပ္ယာ၀င္ၿပီး
မနက္မွာ အေဖာ္ျပဳၿပီးႏိုးထလာေပးမဲ့
တစ္ဦးတည္းေသာ ခင္ပြန္းေလာင္း။

အေမွာင္ေၾကာက္တဲ့ ဝိုင္းေလးအတြက္
ေၾကာက္စိတ္ေတြ၀င္လာတိုင္း အားမနာတမ္း
သူ႔ကို ဖက္တြဲထားလို႔ရသလို ဘာပဲလုပ္လုပ္
ဘယ္ေနရာပဲသြားသြား အခ်ိန္တန္တဲ့အခါ
သူ႔ရွိေနေသာ ေနရာကိုပဲျပန္လာရမည္ဆိုသည့္
အိမ္လို ေႏြးေထြးလုံၿခဳံမႈေပးႏိုင္သည့္သူ။
သူဟာ ဝိုင္းေလးအတြက္အရာရာပါပဲ။

❤️❤️❤️❤️❤️❤️❤️

"ကိုကို..ဒီဆိုင္ကဝိုင္းေလးတို႔ ပထမဆုံး
သီးသန္႔ေတြ႕ခဲ့ၾကတဲ့ ဆိုင္မဟုတ္လား.."

"ဟုတ္တယ္ေလ..ကိုယ္တို႔ႏွစ္ေယာက္
စေတြ႕ခ်င္းမွာပဲ ေႏွာင္ခ်ိန္ပေလးခဲ့ၾကတဲ့
ေနရာေလးေပါ့..ဒီေနရာေလးမွာကိုကိုတို႔ရဲ႕
ခံစားခ်က္ေကာင္းေလးေတြကို ျပန္ထားခဲ့ခ်င္လို႔
ေမ့ကို ေခၚလာခဲ့တာ.."

ဝိုင္းေလး၏လက္ကိုတြဲၿပီး အရင္ကသူႏွင့္အတူ
ထိုင္ခဲ့ဖူးသည့္ ေနရာေလးမွာလူမရွိေသး၍
ထိုေနရာေလးကိုသာ ေ႐ြးကာထိုင္လိုက္ၾကသည္။

ဝိုင္းေလးတို႔ေနရာယူၿပီးသည္ႏွင့္ စားပြဲထိုးက
အသင့္ေရာက္သည္မို႔ ကိုကိုကအခ်ိနိမဆိုင္းေတာ့ပဲ
အ‌စားအေသာက္ေတြ မွာေနစဥ္မွာ
ဝိုင္းေလးကေတာ့ အျခားေနရာေတြကို
ေဝ့ဝဲ၍ လိုက္ၾကည့္ေနမိသည္။

"အေရွ႕မွာ အရမ္းေခ်ာတဲ့လူတစ္ေယာက္လုံး
ရွိေနတာကို ဘယ္ေတြလိုက္ၾကည့္ေနတာလဲ
ကေလးမရဲ႕.."

"ဒီေနရာကို ေရာက္လာေတာ့ အရင္ကကိုကိုနဲ႔
ရန္ျဖစ္ခဲ့တဲ့ ကိစၥကိုျပန္ေတြးၾကည့္ေနမိတာပါ
အဲ့ဒီ့တုန္းက ဝိုင္းေလးကိုမိဘေတြသေဘာတူလို႔သာ
လက္ခံခဲ့တာလို႔ ေျပာခဲ့တယ္ေနာ္.."

"ဟာကြာ..ဘာလို႔အဲ့ဒါေတြျပန္ျပာေနရတာလဲ.."

မိန္းမေတြကို သြား႐ြဲ႕လို႔မရဘူးဆိုတာ
အမွန္ပဲထင္ပါရဲ႕။
အခုလည္း အရင္ကကိစၥေတြကို
အစျပန္ေဖာ္ေနျပန္ၿပီ။
အေရွာင္မတတ္ရင္ေတာ့ အႏၲရာယ္ရွိႏိုင္တယ္။

"ဝိုင္းေလးေမးတာကိုပဲေျဖပါ..
တကယ္ပဲ မိဘေတြေၾကာင့္ဝိုင္းေလးကို
လက္ထက္လိုက္တာလား.."

"ေမကဘာလို႔ အဲ့ေမးခြန္းကိုေမးရတာလဲ..
ေမလည္းကိုယ့္ကို မိဘေတြေၾကာင့္ပဲ
လက္ထက္ခဲ့တာ မဟုတ္ဘူးလား.."

"ဝိုင္းေလးက မိဘေတြေၾကာင့္ဆိုတာ
ဟုတ္တယ္ေလ..တစ္ခါမွမိဘေတြရဲ႕ဆႏၵကို
မလြန္ဆန္ရဲခဲ့ေတာ့ လက္ခံလိုက္ရတာေပါ့
ဒါေပမဲ့ ကိုကိုကေတာ့မတူဘူးေလ..
မိဘေတြနဲ႔ တစ္ခါမွလည္းမတည့္ပဲနဲ႔
လက္ထက္ဖို႔ကိစၥကို လက္ခံလိုက္တယ္ဆိုေတာ့
နည္းနည္းမ်ားလြဲေနသလားလို႔.."

"ဘာမွမလြဲဘူး..ေမေတြးေနတာေတြအားလုံး
မွန္တယ္.."

ၾကယ္ေရာင္ေတြထက္ေတာင္ လင္းလက္ေသာ
သူ႔မ်က္၀န္းမ်ားသည္  ခ်စ္ရည္႐ႊန္းလဲ့ကာျဖင့္
ဝိုင္းေလးကို စူးစူးစိုက္စိုက္ၾကည့္လာေလသည္။

ဝိုင္းေလးေတြးေနတာေတြ အားလုံးမွန္သည္တဲ့။
ဝိုင္းေလးရဲ႕ အတြင္းစိတ္ထဲမွာဘာေတြ
ေတြးေနသလဲ သူသိပုံရတယ္။

"ေမေတြးေနသလိုပဲ..ကိုကိုကေမဝိုင္းေလးဆိုတဲ့
ေကာင္မေလးျဖစ္ေနလို႔ကို လက္ခံခဲ့တာ..
ေသခ်ာျပန္ေတြးၾကည့္ရင္ ကိုယ္ေမ့ကို
ခ်စ္မိခဲ့တဲ့အခိုက္အတန႔္က ဆယ့္သုံး၊ဆယ့္ေလး
အ႐ြယ္ေလာက္ကလည္း ျဖစ္ႏိုင္တယ္.."

"ဘယ္လို.."

ဆယ့္သုံး၊ဆယ္းေလးႏွစ္တဲ့ ။
အဲ့အခ်ိန္ကာေလေတြတုန္းက ဝိုင္းေလးဟာ
သူ႔ကိုသိပ္မုန္းတီးေနခဲ့တာေလ။
ဝိုင္းေလးကို အဖက္မတန္သလိုဆက္ဆံခဲ့လို႔
ဆိုၿပီး သူ႔ကိုအရမ္းအျမင္ကပ္ေနခဲ့တာ။

"အိမ္ပ်က္ႀကီးေဘးကကန္ဘက္ကို
ေမ့ရဲ႕အစ္မက ေမ့ကိုေခၚသြားေတာ့သူ႔အက်င့္ကို
သိလို႔ ကိုယ္တိတ္တိတ္ေလး ေမတို႔ရဲ႕ေနာက္ကေန
လိုက္ခဲ့ဖူးတယ္..ျဖစ္ခ်င္ေတာ့သူကေမ့ကို
ေရကန္ထဲ တကယ္တြန္းခ်ခဲ့တယ္ေလ..
အမွန္အတိုင္းေျပာရရင္ အဲ့အခ်ိန္တုန္းက
ကိုယ္ေရကူးသိပ္မကြၽမ္းေသးဘူး..
ဒါေပမဲ့ ေမကေရႏွစ္ေနတာကိုေတြ႕လိုက္ရေတာ့
ႏွစ္ခါမစဥ္းစားေတာ့ပဲ ေမ့ကိုကယ္လိုက္မိတယ္..
ၿပီးေတာ့ ႏႈတ္ခမ္းခ်င္းထိၿပီးCPRေတာင္
လုပ္ခဲ့ေသးတယ္.."

"ဘာလို႔CPRလုပ္တဲ့ကိစၥကိုျပန္ေျပာေနရတာလဲ
ရွက္စရာႀကီး.."

ငယ္ငယ္ကကိစၥေတြကို သူကျပန္ေျပာေနေတာ့
ဝိုင္းေလး၏ ပါးျပင္ေလး‌ႏွစ္ဖက္က
ပူေႏြးလာၿပီး ပန္းေရာင္ေလးေတာင္
သန္းခ်င္လာသည္။

"ေမ့လိုပဲ ကိုယ္လည္းအဲ့အခ်ိန္က
ခံစားခဲ့ရတယ္ဆိုရင္..ယုံမလား..
ကိုယ္တို႔ေက်ာင္းမွာ
လူငယ္ၾကက္ေျခနီအသင္းရွိတယ္..
ကိုယ္ကအရပ္ရွည္ေတာ့ အဲ့ဒီ့ၾကက္ေျခနီအသင္းကို
၀င္လိုက္တယ္..အဲ့ဒီ့မွာေရနစ္လို႔သတိလစ္တဲ့လူကို
ေရွးဦးသူနာျပဳနည္းလမ္းနဲ႔ကယ္ဆယ္ဖို႔
ေလ့က်င့္ၾကတိုင္း CPRလုပ္ရတဲ့ေနရာမွာ
ကိုယ္အၿမဲက်ရႈံးတယ္..ကိုယ္က႐ြံတတ္တယ္ေလ
အ႐ုပ္နဲ႔လည္းအစမ္းေလ့မက်င့္ႏိုင္သလို
လူအစစ္နဲ႔လည္းမလုပ္ႏိုင္ခဲ့ဘူး..
ဒါေပမဲ့ ေမကေတာ့ကိုယ္CPRလုပ္ေပးခဲ့တဲ့
ပထမဆုံးမိန္းကေလးပဲ.."

"ေတာ္ပါေတာ့ ကိုယ့္ကိုကိုယ္ကံထူးမွန္း
သိပါၿပီ.."

"ဟား..ဟား..ေျပာျပတာေလကြာ.."

ကိုကိုရယ္ေနသည့္ ပုံစံေလးကိုမွင္သက္စြာ
ေငးၾကည့္ေနမိရင္းႏွင့္ ကိုကို႔ေဖေဖရဲ႕စကားကို
ျပန္ၾကားေယာင္ေနမိသည္။


ဝိုင္းေလးေၾကာင့္ ကိုကိုကKGကုမၸဏီကို
ဆက္ခံခြင့္ ဆုံးရႈံးသြားရတာတဲ့။
အဲ့ဒီ့အတြက္ ကိုကိုေနာင္တရေနမလားဆိုတာ
ဝိုင္းေလး သိပ္သိခ်င္မိတယ္။

"ကိုကို..ဝိုင္ေလးတစ္ခုေလာက္ေမးခ်င္တယ္.."

"ေမးေလ.."

"ဝိုင္းေလးနဲ႔အတူရွိေနတဲ့အခ်ိန္ေတြမွာ
ေနာင္တရတာမ်ိဳးရွိခဲ့ဖူးလား.."

"ေမ့ရင္ထဲမွာ တစ္ခုခုမတင္မက်
ခံစားေနရလို႔မ်ားလား.."

ေမ့ရဲ႕မ်က္၀န္းေတြက ၀မ္းနည္းရိပ္တို႔စြတ္ပ်ံ႕ေနၿပီး
ခံစားခ်က္တစ္ခုခုကို ရင္မွာသိမ္းဝွက္ထားသလို
ျဖစ္ေန၍ မင္းစက္လည္းစိုးရိမ္သြားမိ‌သည္။

အိမ္ကေန လာတဲ့တစ္ေလွ်ာက္လုံးမွာလည္း
ေမ့ပုံစံက သိပ္မတက္ႂကြတာကို
သူနည္းနည္းေတာ့ ရိပ္မိပါတယ္။

"ဝိုင္းေလးေမးတာကိုပဲ ေျဖေပးပါ..
ဝိုင္းေလးနဲ႔ပတ္သတ္ၿပီး ကိုကို႔ရင္ထဲမွာ
ေနာင္တရတာမ်ိဳး ရွိဖူးသလား.."

"ရွိတယ္..ကိုယ့္ကိုကိုယ္ေနာင္တရတာ..
ေမ့ကိုလ်စ္လွ်ဴရႈထားခဲ့မိတဲ့ ကိုယ့္ကိုကိုယ္
ေနာင္တျပန္ရတာမ်ိဳးပါ..ကိုယ့္ရဲ႕
ပင္ကိုယ္ပုံစံအတိုင္း ေမ့အေပၚမွာတစ္ဖက္သတ္
သံသယေတြနဲ႔အထင္အျမင္လြဲမွားခဲ့တာေတြ
အတြက္ ေနာင္တရခဲ့မိတာပါ..
ေမ့ကိုခ်စ္တယ္လို႔ အေစာတည္းက
မေျပာခဲ့မိတဲ့အတြက္ ေနာင္တရတယ္
ေမ့ရဲ႕ခံစားခ်က္ေတြကို နားမေထာင္မိခဲ့တဲ့အတြက္
ေနာင္တရတယ္..ေမ့ရဲ႕အေဖဆုံးသြားတဲ့အခ်ိန္မွာ
ေမ့ေပးမွာ အေဖာ္မျပဳေပးႏိုင္ခဲ့တဲ့အတြက္
ကိုယ့္ကိုကိုယ္ ေနာင္တရလို႔မဆုံးဘူး.."

ကိုယ့္စကားေတြကို နားေထာင္ၿပီးတဲ့ေနာက္မွာ
ေမ့ရဲ႕မ်က္ႏွာေလးက ၀င္းပသြားေပမဲ့
တစ္ဆက္တည္းမွာ ျပန္လည္ငိုင္က်သြား၍
ခုံေပၚတြင္ တင္ထားသည့္ေမ့ရဲ႕
လက္ေခ်ာင္းေလးေတြကို သူဆုပ္ကိုင္လိုက္မိသည္။

"ေမ့ရင္ထဲမွာ ေနာက္ထပ္ေမးစရာ
ေမးခြန္းေတြရွိေနေသးရင္ ကိုယ့္ကိုထပ္ေမးလိုက္ပါ
စိတ္အေလးခံၿပီး သိမ္းမထားပါနဲ႔
ကိုယ္မႀကိဳက္ဘူး.."

မင္းစက္က ထိုသို႔အဆုံးစြံအထိ ပြင့္ပြင့္လင္းလင္း
ျဖစ္ဖို႔ လမ္းဖြင့္ေပးလိုက္ေတာ့
ေမက မ်က္၀န္းေလးေတြနီရဲလာလွ်က္
သူ႔ကို သနားစရာေကာင္းစြာၾကည့္လာေလသည္။

"ေမ..ဘာျဖစ္လို႔လဲ...ကိုယ့္ကိုေျပာစမ္းပါ.."

"ဝိုင္းေလးေၾကာင့္ KGကုမၸဏီကို
လက္လႊတ္လိုက္ရတဲ့အတြက္ ဝိုင္းေလးတကယ္ကို
စိတ္မေကာင္းဘူး..ဝိုင္းေလးေၾကာင့္
ကိုကိုႀကိဳးစားခဲ့သမွ်က 
အလကားျဖစ္သြားခဲ့ရတယ္မဟုတ္လား.."

"ဒီစကားေတြကို ဘယ္သူ႔ဆီကေနၾကားတာလဲ..
ကိုယ့္အေဖဆီကေနလား.."

"တကယ္လို႔..ကိုကို႔အေနနဲ႔ဝိုင္းေလးကို
ကြာရွင္းခ်င္တယ္ဆိုလည္း ဝိုင္းေလး
လက္ခံေပးႏိုင္ပါတယ္..ဝိုင္းေလးေၾကာင့္
ကိုကို႔အေနနဲ႔ ဘာကိုမွဆုံးရႈံးနစ္နာသြားရတာမ်ိဳး
မျဖစ္ေစခ်င္ဘူး.."

ပါးစပ္ကသာ ကြာရွင္းေပးႏိုင္ၾကာင္း
ေျပာေနေပမဲ့ ပါးေပၚမွမ်က္ရည္စီးေၾကာင္းေတြက
သူေလး ဘယ္ေလာက္နာက်င္ေနမလဲဆိုတဲ့
သက္ေသေတြျဖစ္ေနေတာ့
သူ႔အဖို႔ ၾကာေလစိတ္တို‌လာေလ ျဖစ္ေနသည္။

"ဘာမွဆက္မေျပာေတာ့နဲ႔..
ဘာအေၾကာင္းနဲ႔မွလည္း မငိုနဲ႔ေတာ့
ညစာစားၿပီးတာနဲ႔ အိမ္မွာျပန္ၿပီး
ေအးေဆး..အနားယူရေအာင္.."

ကိုကို႔အသံက ေပ်ာ့ေပ်ာင္းညင္သာတာမ်ိဳး
မဟုတ္ပဲ စိတ္အလိုမက်ျဖစ္ေနမွန္း
သိသာေစသည္။
ဝိုင္းေလးလည္း ျဖစ္သင့္တာေတြအားလုံးကို
ေျပာၿပီးသြားသည္မို႔ ကိုကို႔သေဘာအတိုင္းသာ
ညိမ္ညိမ္ေလးေနလိုက္ၿပီး ကိုကိုနဲ႔အတူ
ညစာအတူစားကာ အိမ္ကိုျပန္လာခဲ့လိုက္သည္။

ကိုကိုကေတာ့ အေစာပိုင္းကလို
 စိတ္ေပ်ာ္႐ႊင္ေနဟန္ မရွိေတာ့ပဲ
တစ္လမ္းလုံး တိတ္တဆိတ္သာ
အိမ္ေရာက္တဲ့အထိ ကားကို
ေမာင္းလာခဲ့ေလသည္။

ဝိုင္းေလးေမးတဲ့ေမးခြန္းကိုလည္း အေျဖျပန္မေပးပဲ
ထိုညမွာ ဝိုင္းေလးကို
ပို႔ေပးၿပီးသည္ႏွင့္ အိမ္ကေနကားေမာင္းၿပီး
သူျပန္ထြက္သြားခဲ့တယ္။

ညရွစ္နာရီထိုးလာသည္အထိ ျပန္မလာေသးေသာ
ကိုကို႔ေၾကာင့္ လာသာေဆာင္မွာထြက္ေစာင့္ၿပီး
ႀကိတ္၍ ၀မ္းနည္းေနမိသည္။
လေရာင္ေတြ၊ၾကယ္ေရာင္ေတြရဲ႕
အလွကလည္း ဝိုင္းေလးကိုႏွစ္သိမ့္မႈ
မေပးႏိုင္ေတာ့ေပ။

အခုခ်ိန္မွာ ဝိုင္းေလးအတြက္ကေတာ့
ကိုကို႔ရဲ႕ ဆုံးျဖတ္ခ်က္ကိုေစာင့္ေန႐ုံကလြဲၿပီး
အျခားမရွိေတာ့ပါဘူး။

"ေမ..."

ေနာက္ဘက္ပါးမွ ေခၚသံေၾကာင့္
လွည့္ၾကည့္လိုက္မိေတာ့ အခန္းတစ္ခါးကို
ဖြင့္ၿပီး တျဖည္းျဖည္းလွမ္း၀င္လာေသာ
ကိုကိုအား ေတြ႕လိုက္ရသည္။
ကိုကို႔ကိုေတြ႕ေနရေပမဲ့ ရပ္ေနရာကေနေ႐ြ႕ဖို႔
အင္အားမရွိသလို ျဖစ္ေနသည္။

"ကိုကို႔!!!..ဘာျဖစ္လာတာလဲ.."

တစ္ခန္းလုံးရွိမီးေတြကို ထိန္လင္းေနေအာင္
ထြန္းထား၍ ကိုကို႔ရဲ႕ပုံပန္းသြင္ျပင္ကို
ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ပါသည္။

ညစာအတူစားၿပီး အိမ္ကေနျပန္ထြက္သြားတဲ့အထိ
ေသေသသပ္သပ္ ျဖစ္ေနေသာကိုကို႔ရဲ႕
နက္႐ႊင္ေနေသာ ဆံပင္ေတြဟာေခြၽးေတြ
ဖုံးေနေသာ နဖူးျပင္ေပၚသို႔ ပစ္စလက္ခက္
အုပ္က်ေနၿပီး အ၀တ္အစားေတြကလည္း
ဖ႐ိုဖရဲျဖစ္၍ေနသည္။

ကိုကို႔ခႏၶာကိုယ္တစ္ေလွ်ာက္ အၾကည့္ေတြကို
တျဖည္းျဖည္း နိမ့္ဆင္းသြားၿပီးေနာက္မွာ
ကိုယ့္ပါးစပ္ကိုယ္ လက္ျဖင့္အုပ္လိုက္မိသည္အထိ
ထိတ္လန႔္သြားမိသည္။

"ကိုကို႔လက္မွာ..ေသြးေတြ.."

ကိုကို႔အနီးသို႔ အျမန္ေျပးသြားလိုက္ၿပီး
ေသြးေတြေပေနေသာ ညာလက္ကို
ဆုပ္ကိုင္လိုက္မိသည့္အခ်ိန္
 ထပ္တူနာက်င္သြားမိ၍  မ်က္၀န္းအႏွံ႔
မ်က္ရည္မ်ား ျပည့္လွ်ံသြားေလသည္။

"ဘာျဖစ္လာတာလည္း ကိုကိုရယ္..
ဝိုင္းေလးရင္ပူလိုက္တာ
အရမ္းနာေနမွာပဲေနာ္..မျဖစ္ဘူး
ဒဏ္ရာကနက္ေနရင္ စိုးရိမ္ရတယ္
ေဆးခန္းသြားရေအာင္ေနာ္.."

"ေမ..ကိုယ္ဘာမွမျဖစ္ဘူး.."


ေဆးခန္းသြားဖို႔ သူ႔လက္ေမာင္းကို 
ဆြဲ၍ေခၚလိုက္ေပမဲ့ ေကာင္းေနေသာ
သူ႔ရဲ႕ဘယ္လက္ႏွင့္ ဝိုင္းေလးကိုသူက
ျပန္ဆြဲေခၚလိုက္ရာ သူ႔ရင္ခြင္ထဲသို႔
တန္း၍ေရာက္သြားရေတာ့သည္။

ေက်ာ္ျပင္တစ္ေလွ်ာက္ ေ႐ြ႕လ်ားေနေသာ
ကိုကို႔ရဲ႕လက္ေမာင္းအားသည္
 ပိုမိုတင္းၾကပ္လာခဲ့ေလရာ အသက္ရႉ
မၾကပ္သြားေစရန္ ေျခဖ်ားေထာက္၍
သူ႔ပခုံးေပၚသို႔ ေမးတင္လိုက္ရသည္။
ဝိုင္းေလးသည္လည္း သူ႔ခါးကိုျပန္၍
ဖက္တြက္လိုက္မိပါသည္။

"ေမ..KGကုမၸဏီဆိုတာ..ကိုယ့္အတြက္ေတာ့
ေမ့ေလာက္အေရးမပါဘူး..
ေနာက္တစ္ခါ..ေမနဲ႔ယွဥ္ၿပီးဘာကိုမွ
မေ႐ြးခ်ယ္ခိုင္းပါနဲ႔..
ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္ရဲ႕ေ႐ြးခ်ယ္မႈက
ဘယ္ေတာ့ျဖစ္ျဖစ္ ေမတစ္‌ေယာက္တည္းပဲ
အဲ့တာကို အၿမဲမွတ္ထား..ၾကားလား.."

"အင္း..ၾကားပါတယ္.."

သူ႔လည္ပင္းနားတြင္ ေခါင္းေလးဖြက္ၿပီး
အသံလုံးလုံးေလးႏွင့္ ေျပာလာ၍
မင္းစက္ၿပဳံးလိုက္မိသည္။
ၿပီးေနာက္ လသာေဆာင္ဘက္ကေန
သူလွမ္းျမင္ေနရသည့္ လမင္းႀကီးကို
ၾကည့္လိုက္ကာ သူ႔မ်က္ႏွာကို
တည္တင္းပစ္လိုက္မိေလသည္။

"အခုကစၿပီး..ေမဘယ္သူ႔ကိုမွေၾကာက္စရာ
မလိုေတာ့ဘူး..ေမ့ကိုရန္မူရင္
အဲ့ဒီ့လူက ကိုယ့္ရဲ႕ရန္သူပဲ.."



🔥🔥🔥🔥🔥🔥🔥

ဆရာသမားေတာ့ ေႂကြးေၾကာ္လိုက္ၿပီေနာ္

❗သိပ္မၾကာခင္ဇာတ္သိမ္းပါေတာ့မယ္ေနာ္..


1 comment: