(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၅၃)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
နေ့ရက်များစွာ ကျော်လွန်လာပြီးနောက်မှာ
အရာအားလုံးက သူ့ကဏ္ဍနှင့်သူ
အံ၀င်ခွင်ကျ ဖြစ်လာခဲ့လေပြီ။
ကိုကိုက သူ့အဖေရဲ့KGလုပ်ငန်းစုကနေ
ခွဲထွက်ပြီး သူ့လက်အောက်ကလုပ်ငန်းတွေ
အားလုံးကို နာမည်အသစ်နှင့်စတင်ဖို့
နေ့မနား၊ညမနားကြိုးစားနေခဲ့သည်။
ကိုကို့ရဲ့လက်ထောက်ဖြစ်သည့်
ကောင်းသန့်ကတော့ ကိုကို့အနောက်ကို
လိုက်ပါမြဲဖြစ်ပြီး လုပ်ငန်းရှင်
တော်တော်များများကလည်း ကိုကို့လက်အောက်သို့
၀င်ရောက်လာခဲ့ကြတယ်။
ဒါပေမဲ့ ဘယ်လောက်ပဲအလုပ်များပါစေ
ဝိုင်းလေးကို အချိန်ပေးဖို့တော့ သူဘယ်တော့မှ
မမေ့လျော့ခဲ့ဘူး။
အရင်ကဆို ပြည်ပခရီးတွေခဏ၊ခဏထွက်ရတာကို
ဆင်ခြေပေးပြီး ဝိုင်းလေးနဲ့ဝေးဝေးနေဖို့
ဆုံးဖြတ်ခဲ့တဲ့လူကြီးက ယခုဆိုမလိုအပ်လျှင်
ပြည်တွင်းထဲကနေ တစ်လက်မတောင်
မခွာတော့ပေ။
သူခရီးထွက်တဲ့အခါ ဝိုင်းလေးကိုပါ
အတူလိုက်ရမည်ဟု အမိန့်ချထား၍
ဝိုင်းလေးလည်း ဗီဇာစာအုပ်လုပ်ဖို့
စာရင်းသွင်းထားလိုက်ရသည်။
ဝိုင်းလေးအတွက်တော့ နေ့ရက်တိုင်းက
တကယ်ကို ချိုမြိန်ပြီးအဓိပ္ပာယ်ရှိသည်ဟု
ခံစားလာရသည်။
မနက်မိုးလင်းတဲ့အခါ အိမ်ထောင်ဦးစီးအတွက်
အလုပ်သွားဖို့ ပြင်ဆင်ပေးပြီး
နေ့လည်ရောက်တဲ့အခါ သူ့အတွက်ထမင်းချိုင့်ကို
ပြင်ဆင်ပေးရသည်။
ညရောက်တဲ့အခါ သူနှင့်အတူကြည်နူးစရာ
ညနေစာထမင်းဝိုင်းလေးမှာ
အတူကုန်ဆုံးဖြစ်ကြလေသည်။
အိပ်ယာ၀င်တဲ့အခါ သူ့ကိုကန်တော့ပြီးမှ
အိပ်ယာ၀င်လေ့ရှိတာကအစ အကျင့်တစ်ခုလို
ဖြစ်နေလေပြီ။
ဝိုင်းလေးက ကန်တော့တဲ့အခါ
မနေတတ်မထိုင်တတ်နှင့် ကန်တော့မခံချင်၍
ဂဏှာမငြိမ်ဖြစ်နေတတ်သည့် ကိုကိုသည်လည်း
ယခုတော့ ထိုအပြုအမူလေးတွေကို
နေသားကျလာခဲပါပြီ။
ဟိုးအစတည်းက ဝိုင်းလေးလိုချင်ခဲ့တဲ့
အိမ်ထောင်ရေးသုခဆိုတာ ဒီလိုမျိုးပါပဲ။
တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ခြင်း
မလုပ်ရဘူး။တစ်ယောက်ကိုတစ်ယောက်
စေတနာထားပြီး ကြင်ကြင်နာနာဆက်ဆံကြမယ်။
အပြန်အလှန် ယုံကြည်မှုလည်းရှိရပေမည်။
ကိုကိုဟာ တကယ်တမ်းမှာအရမ်းကို
ချစ်တတ်ပြီး အစစအရာရာ
နားလည်အပေးနိုင်ဆုံးသော
ယောက်ျားတစ်ယောက်ပါပဲ။
သူဟာ ချစ်တတ်ဖို့ကို မသင်ယူခဲ့ရရုံလေးပါ။
အခြားသူတွေအတွက်တော့ မောက်မာသူ၊
မာနကြီးပြီး အထက်စီးဆန်သူကြီး
ဖြစ်နေနိုင်ပေမဲ့ ဝိုင်းလေးအတွက်တော့
အင်မတန်တာ၀န်ကျေသည့် ခင်ပွန်းကောင်း
တစ်ယာက်ဖြစ်သည်။
အမေတို့ပြောနေကြ စကားတစ်ခုဖြစ်တဲ့
ယောက်ျားရကံကောင်းသည်ဆိုတာဟာ
ဝိုင်းလေးအတွက်တော့ တကယ်ကို
မှန်ကန်လွန်းပါတယ်။
အချို့အရာလေးတွေမှာ နှစ်ဦးကြားညှိယူရတာမျိုး
ရှိပေမဲ့ များသောအားဖြင့်ဝိုင်းလေးအပေါ်ကို
သူ့ဘက်ကစပြီး နားလည်ပေးတတ်တာများသည်။
**ဥပမာ..သူကအနက်ကို အကြိုက်ဆုံးဆိုရင်
ဝိုင်းလေးက အနက်ရောင်နဲ့အနီရောင်ကို
အမုန်းဆုံး ဖြစ်နေတတ်သည်။
သူအကြိုက်ဆုံးသတ္တဝါက ခြေင်္သေ့ဖြစ်ပြီး
ဝိုင်းလေးကတော့ အကောင်ကြီးတဲ့
တိရိစ္ဆာန်တွေကို လုံး၀ကြည့်လို့မရပေ။
သူကကြောင်နဲ့ကြွက်ကို မုန်းသတဲ့။
ဒါပေမဲ့ ဝိုင်းလေးအချစ်ဆုံး
အိမ်မွေးတိရိစ္ဆာန်က ကြောင်ဖြစ်နေတော့
သူဘာမှ ပြောလို့မရတော့ဘူး။
ဝိုင်းလေးကတော့ အမေတို့အိမ်ကမိဖြူလေးကို
ဒီဘက်အိမ်အထိ ခေါ်မွေးထားလိုက်တာပဲ။
သူကတော့ သူ့အိပ်ယာထဲမှာ ကြောင်မွှေးတွေ
မကပ်စေနဲ့လို့ ပြောပေမဲ့ သူမရှိတဲ့အခါ
မိဖြူလေးက ဝိုင်းလေးလိုပဲ
သူ့ကိုအရွဲ့တိုက်ကာ အိပ်ယာပေါ်
တက်အိပ်တာပါပဲ။
ရက်နည်းနည်းကြာလာတော့ ကိုကိုလည်း
ကြောင်ကိုမချစ်ပေမဲ့ အောင့်ကာနမ်းလိုက်သည်
ထင်ပါရဲ့ လင်မယားနှစ်ယောက်ကြား
ကြောင်လာအိပ်တာတောင် လုံး၀မပြောတော့ဘူး။
ပြောလို့လဲ မရဘူးလေ။
ကြောင်ကို လွှင့်ပစ်မယ်လုပ်လို့ အိပ်ခန်းတံခါးကို
ပိတ်ထားပြီး သူ့ကိုအပြစ်ပေးလိုက်တယ်လေ။
အဲ့တည်းက ကြောင်ကိစ္စဆိုရင်
သူမပြောရဲတော့ဘူး။
သူကဝိုင်းလေးကို ချစ်လွန်းလို့
အလိုလိုက်တယ်ဆိုပေမဲ့
သူနဲ့ဝိုင်းလေးက အကြိုက်နဲနဲလေးတောင်
မတူတာက တော်တော်ကိုဆိုးပါသည်။
အ၀တ်အစားအရောင်ကနေစပြီး ဝါသနာအထိ
တစ်စက်ကလေးမှကို မတူနေဘူး။
သူက နားပူနားဆာလုပ်ရင် လုံး၀မကြိုက်ပေမဲ့
ဝိုင်းလေးကတော့ စိတ်ထဲမှာအလိုမကျရင်၊
မကြိုက်ရင်တော့ တစ်နေကုန်ကိုထိုင်ပြီး
ပြောနေချင်တော့တာ။
သူကအလုပ်ပိတ်ရက်တွေတိုင်း အိမ်မှာအေးဆေး
အိပ်ရတာကို ကြိုက်တဲ့လူဖြစ်ပြီး
ဝိုင်းလေးကတော့ နားရက်ကလေးမှာ
လင်မယားနှစ်ယောက်အတူတူ
ရုပ်ရှင်ကြည့်တာ၊ခရီးထွက်တာမျိုးတွေ
လုပ်ချင်သူဖြစ်သည်။
အရင်ကဆိုရင် သူ့ရဲ့အိပ်ခန်းကြီးတစ်ခုလုံးက
အရောင်မှိုင်းမှိုင်းကြီး ဖြစ်နေခဲ့ပေမဲ့
အခုတော့ ဝိုင်းလေး၏အကြိုက်အတိုင်း
မိန်းမဆန်သော အရောင်နုနုလေးများနှင့်
တစ်ခန်းလုံး လင်းထင်းလို့နေလေပြီ။
သူကအနက်ရောင် ခရေဇီဖြစ်နေတော့
သူ့ဗီဒိုထဲရှိ အ၀တ်အစားအများစုဟာ
အနက်ရောင်တွေ ဖြစ်နေသည်။
ဝိုင်းလေးကလည်း အနက်ရောင်ဆိုသိပ်မုန်းတာ။
ဒီတော့ သူ့ရဲ့အနက်ရောင်လွှမ်းခြုံနေသည့်
ဗီဒိုကို လူငယ်ဆန်ဆန်အ၀တ်အစားတွေနဲ့အတူ
အရောင်စုံအောင် လုပ်ပစ်လိုက်တာပေါ့။
သူသိပ်တော့ ဘ၀င်မကျပေမဲ့ ဝိုင်းလေးကိုလည်း
မပြောရဲတော့ နေ့တိုင်းအိမ်ကနေ
အရောင်မရိုးရအောင် ၀တ်စားပြီး
အလုပ်သွားရတော့တာပေါ့။
အခုလည်း သူ့ရဲ့ပိတ်ရက်ဖြစ်၍ အိမ်မှာပဲ
အိပ်နေချင်သည်ဟု ပြောပေမဲ့
ဝိုင်းလေးကြည့်ချင်တဲ့
ရုပ်ရှင်ကားကရုံတင်နေတော့
အိပ်ချင်ရင် ရုပ်ရှင်ရုံထဲမှာပဲအိပ်ဆိုပြီး
အတင်းခေါ်လာပစ်လိုက်သည်။
"ဟဲ့..ဟိုကောင်လေးချောတယ်နော်.."
"အေးဟဲ့..အရပ်ကြီးကအရှည်ကြီးပဲ
ငါကြိုက်တဲ့ ကိုရီးယားမင်းသားနဲ့တောင်
တူတယ်ဟ.."
ရုပ်ရှင်ကြည့်ဖို့ ကိုကိုကလတ်မှတ်ဖြစ်ရန်
တန်းစီနေသောကြောင့် ဝိုင်းလေးကအနောက်မှာ
ရပ်စောင့်နေမိစဉ် ကိုယ့်ယောက်ျားကို
ဝိုင်းကြူးနေကြသော အစ်မကြီးတွေကြောင့်
စိတ်ရှုပ်သွားမိသည်။
ဒီနေ့ဝိုင်းလေးက မိုးပြာရောင်ဂါ၀န်လေး
၀တ်ထားသည်မို့ သူ့လည်း
မိုးပြာရောင် ရှပ်အိင်္ကျီအကွက်လက်တိုလေးနှင့်
လူငယ်ဆန်အောင် အနက်ရောင်
ဘောင်းဘီဒူးကျလေး ၀တ်ခိုင်းထားလိုက်သည်။
အခုတော့ အစ်မကြီးအဖွဲ့က ပိုင်ရှင်ရှိမှန်းမသိ
မျက်စိအစာကျွေးနေကြလေရဲ့ ။
စိတ်တိုလာ၍ ကိုကို့အားလှမ်းခေါ်လိုက်ချင်ပေမဲ့
ရုပ်ရှင်ကလည်း အရမ်းကြည့်ချင်နေတဲ့
ဇာတ်ကားဆိုတော့ ဆက်ပြီးသည်းခံနေဖို့သာ
ဆုံးဖြတ်လိုက်ရသည်။
ထိုအစ်မတွေကို မမြင်ချင်၍အခြားဘက်သို့
အကြည့်လွှဲလိုက်စဥ်မှာတော့ တကယ့်ကို
ဒုက္ခအိုးနှင့် သွားတိုးရလေသည်။
စနိုးဆိုသည့် မိန်းမဟာဝိုင်းလေးကို
မြင်သည်နှင့် မျက်နှာထားကခပ်မဲ့မဲ့
ဖြစ်သွားလေသည်။
ကိုယ်သဘောမကျရင် မျက်နှာချင်းဆိုင်မိလည်း
ရှောင်သွားလို့ ရရဲ့သားနဲ့ဝိုင်းလေးရပ်နေသော
နေရာတည့်တည့်ကိုမှ လျှောက်လာလေသည်။
သူ့အနောက်မှာတော့ သူ့အဖော်မိန်းကလေး
နှစ်ယောက်လောက်တော့ပါသည်။
"တိုက်ဆိုင်လိုက်တာနော်..ဒီနေရာမှာမင်းနဲ့မှ
ထိပ်တိုက်လာတိုးရတယ်လို့.."
"ဟုတ်ပ..တိုက်ဆိုင်လိုက်တာနော်.."
ဝိုင်းလေးက ပြန်ရွဲ့လိုက်တော့ ထိုမိန်းမ၏
မျက်နှာသည် မဲ့ပြုံးပြုံးနေရာမှ
တည်သွားပြီး ဝိုင်းလေးကိုစားတော့ဝါးတော့မတတ်
မုန်းတီးစွာ ကြည့်လာခဲ့သည်။
ဝိုင်းလေးဘက်ကတော့ မုန်းတီးစရာ
ဘာအကြောင်းမှ မရှိပေမဲ့သူ့ကိုကြည့်မရတာတော့
အမှန်ပဲ။
"စနိုး..သူကဘယ်သူလဲ.."
စနိုးနှင့်အဖော်လိုက်လာသော သူငယ်ချင်းတွေက
မေဝိုင်းလေးကိုကြည့်ကာ မေးလိုက်တော့
စနိုးသည် မေဝိုင်းလေးကို အထင်သေးရွံရှာစွာ
မေးငေါ့ပြလိုက်ပြီး..
"သူက..ကိုစက်ရဲ့မိန်းမလေ..အပြင်ပန်းက
ကြည့်ရင်တော့ သိမ်မွေ့မလိုနဲ့..တကယ်တော့
မြေခွေးလိုမိန်းမ..ပျော့ပျော့လေးနဲ့နံတဲ့
ကြောင်ချီး.."
"ရှင်စကားပြောတာ ဆင်ခြင်ရင်ကောင်းမယ်နော်.."
"ဘာဖြစ်လဲ..မင်းကတကယ်ကို
ကြောင်ချီးနဲ့တူတဲ့ မိန်းမစားမို့လို
တမင်ပြောလိုက်တာ..
မင်း..မြှောက်ထိုးပင့်ကော်
လုပ်လိုက်လို့သာ ကိုကိုကငါတို့အိမ်မှာ
လာသောင်းကျန်းသွားတာပေါ့..
..........
KGကုမ္ပဏီကိုလက်ခံပြီး နင့်ကိုကွာရှင်းပေးဖို့
ခေါ်တွေ့တဲ့ ကိစ္စကိုနင်မပြောလို့ဘယ်သူက
သွားပြောမှာလဲ..
.........
နင်ကြားထဲကနေ ခလောက်ဆန်လိုက်လို့သာ
အဖေလည်း သွေးတွေတိုးပြီး
ဆေးရုံတောင် တင်လိုက်ရတယ်..
.......
နင့်ကိုငါတကယ်ချီးကျူးတယ်သိလား..
နင့်လိုဘာမဟုတ်တဲ့ ကောင်မအတွက်
ကိုကိုက ဖေဖေနဲ့တောင်ဆန့်ကျင်ပြီး
အရမ်းတန်ဖိုးကြီးတဲ့ KGအဖွဲ့အစည်းကိုတောင်
လက်လွှတ်ခဲ့ရတယ်..
.....
နင်သူ့ကို ဘယ်လိုနည်းလမ်းတွေနဲ့များ
မြှူစွယ်ထားတာလဲ.."
အများပြည်သူ သွားလာနေတဲ့ နေရာမှာလည်း
မရှောင်ပဲ လူကိုအသားလွတ်စကားနာ
လာထိုးနေ၍ အလိုလိုဒေါသထွက်လာသည်။
ဒါပေမဲ့ အတတ်နိုင်ဆုံးစိတ်ကို ထိန်းချုပ်လိုက်ကာ
လတ်မှတ်၀ယ်နေသော ကိုကို့ဘက်သို့
တစ်ချက်လှည့်ကြည့်လိုက်သည်။
ပြီးနောက် ကျေနပ်စွာမဲ့ပြုံးပြုံး၍သာ
သူ့ကို ပြန်စိုက်ကြည့်ပေးလိုက်တယ်။
"ကိုယ့်စိတ်နဲ့နှိုင်းရင် ရိုင်းတယ်တဲ့..
ကိုကို့ကိုမပိုင်ရတိုင်း မြှူစွယ်ဖျားယောင်းတယ်လို့
ကျွန်မကို လာမစွတ်စွဲပါနဲ့..
သူ့ကိုကျွန်မဘက်က ဘယ်လိုအရာမျိုးနဲ့မှ
မထိန်းချုပ်ထားဘူး..ကိုကိုကလည်း
ကျွန်မအလွယ်တကူ ထိန်းချုပ်လို့ရမယ့်
လူစားမျိုးမဟုတ်ဘူး..အဲ့ဒါကိုရှင်အသိဆုံးပါ..
ဒါပေမဲ့ ကျွန်မဆီမှာ
လျှို့ဝှက်လက်နက်တစ်ခုတော့ရှိတယ်
အဲ့ဒါက သူ့အပေါ်မှာထားတဲ့ ကျွန်မရဲ့
စစ်မှန်တဲ့မေတ္တာတရားပဲ.."
"စကားလုံးလှလှလေးတွေနဲ့
နင်ဘယ်သူ့ကိုလာလိမ်ဖို့ ကြိုးစားနေတာလဲ.."
"ကျွန်မလိမ်နေတာမဟုတ်ဘူး..
ကိုယ်စိုက်ပျိုးတာကို ပြန်ရိတ်သိမ်းရမှာပဲလေ
ရှင်တို့က သူ့အပေါ်မှာကောင်းခဲ့မှ
သူကလည်းပြန်ကောင်းမှာပေါ့..
ရှင်တို့သူ့အပေါ်မှာ ဘာတွေလုပ်ခဲ့လဲဆိုတာ
ကိုယ့်ဘာသာ အသိဆုံးဖြစ်ကြမှာပါ..
.........
ကျွန်မဘယ်တုန်းကမှ ခလောက်ဆန်တာမျိုး
မလုပ်ခဲ့ဖူးဘူး..KGကုမ္ပဏီကိုလက်ခံချင်ရင်
ကွာရှင်းပေးနိုင်တယ်လို့တောင်
ကျွန်မပြောခဲ့တာ..ဒါပေမဲ့ကိုကို့ဘာသာ
မရွေးချယ်တာတော့ မတတ်နိုင်ဘူးလေ.."
မေဝိုင်းလေး၏စကားအဆုံးမှာ
စနိုးညိမ်ကျသွားလေသည်။
သေချာပြန်တွေးကြည့်ရင် စနိုးတို့မိသားစုက
ကိုကို့ကို ဒုက္ခတွေချည်းပဲပေးခဲ့မိတယ်။
မေမေဆို ကိုကိုအိမ်ပေါ်မှာ မနေနိုင်အောင်အထိ
နှိပ်စက်ခဲ့တာ။
ဖေဖေဆိုလည်း စိတ်မကျေနပ်တိုင်း
ကိုကို့ကို နှိပ်စက်ခဲ့တာ စနိုးကိုယ်တိုင်
မြင်တွေ့ခဲ့ဖူးသည်။
ဒါပေမဲ့ ဘယ်တုန်းကမှ
စနိုးမတားဆီးနိုင်ခဲ့တဲ့အပြင်
ငယ်ငယ်က ကိုကိုအရိုက်ခံရတာကိုတောင်
အားပေးအားမြှောက်လုပ်ခဲ့မိသေးတယ်။
ကြီးလာတော့မှ တည်ကြည်လွန်းတဲ့ဟန်ပန်နှင့်
တမူထူးခြားသည့် ကိုကို့ကိုတစ်ဖက်သတ်
ချစ်မိသွားပြီး စိတ်သဘောထားတွေ
ပြောင်းလဲသွားခဲ့တယ်။
ဒါပေမဲ့ အရာအားလုံးနောက်ကျသွားခဲ့ပါပြီ။
စနိုးရဲ့ ရင်ထဲမှာအသိတရား၀င်လာတဲ့အခါ
ကိုကိုက အခြားတစ်ယောက်ကို
ရွေးချယ်သွားနှင့်လေပြီ။
"မေ...!!!"
အသံလာရာဆီသို့ စနိုးရော မေဝိုင်းလေးပါ
လှည့်ကြည့်လိုက်ကြပေမဲ့ ကိုကို့မျက်၀န်းထဲမှာတော့
သူ့ရဲ့ "မေ"တစ်ယောက်တည်းကိုသာ
မြင်နေသကဲ့သို့ စနိုးကို
လျစ်လျှူရှုထားလေသည်။
လူနှစ်ယောက် ယှဉ်ရပ်နေပေမဲ့ စခေါ်တည်းက
"မေတဲ့လေ.."။
"ကိုကို..ရုပ်ရှင်လတ်မှတ်ရခဲ့ပြီလား.."
ဝိုင်းလေးသည်လည်း ကိုကိုအနားသို့
ရောက်မလာခင်ပင် ပြေးသွားလိုက်ကာ
ကိုကို့လက်မောင်းကို ဖက်ထားလိုက်သည်။
ပြီးနောက် စနိုးဆိုသူကို မသိချင်ယောင်
ဆောင်ခဲ့ကာ ထွက်လာခဲ့လိုက်သည်။
"မေ..သူမေ့ကိုတစ်ခုခု ထိခိုက်နစ်နာအောင်
ပြောသေးလား.."
"ဟင့်အင်း..ဝိုင်းလေးကသာသူ့ကို
အနိုင်ယူခဲ့တာ.."
"အဟင်း..ဒါဆိုကိုယ့်ရဲ့မေက
အရမ်းတော်တာပေါ့.."
မင်းစက်လည်း သူ့ပခုံးထက်တွင်
ပါးလေးကပ်ပြီး ချွဲနေသောမေ့ရဲ့
ခေါင်းလေးကို ချစ်စနိုးနှင့်ပုတ်လိုက်မိလေသည်။
ရုပ်ရှင်ကြည့်ရဖို့ အချိန်လိုသေးသောကြောင့်
နှစ်ယောက်သား လက်ချင်းတွဲပြီး
အအေးဆိုင်တစ်ခုမှာ ၀င်ထိုင်လိုက်ကြသည်။
မေကတော့ ဒီလိုလည်ရ၊ပတ်ရမည်ဆို
သိပ်ပျော်တတ်တော့ မျက်နှာလေးကို
ပြုံးနေတာပဲ။
ကိုယ်ကတော့ ပုံမှန်ဆိုရင် ပိတ်ရက်တိုင်း
အားကစားလုပ်ပြီးတာနဲ့ ဥယျာဉ်ဘေးက
အဆောင်လေးမှာ ငြိမ်းငြိမ်းချမ်းချမ်း
အိပ်ပြီးပဲ အနားယူလေ့ရှိတယ်။
အခုတော့ တဝီဝီလုပ်တတ်သည့် ပျားမလေးကြောင့်
မင်းစက်အာဏာ၏ဥယျာဉ်ကြီးလည်း
အငြိမ်မနေရတော့ပေ။
ရုပ်ရှင်ကြည့်ချင်သည်ဆို၍ လိုက်သာလာရတယ်။
အချစ်ဒရမ်မာကားတွေဆို ကိုယ်က
လုံး၀မကြိုက်ဘူး။
မေကတော့ ကြည့်လိုက်ရင်ကိုရီးယားကား..
တစ်ခါတလေ ကလေးလည်းမဟုတ်ပဲ
ကားတွန်းကားတောင် ကြည့်လိုက်သေးတယ်။
အိမ်မှာလည်း ကြောင်တွေမွေးလို့မွေးနဲ့
မေ့ကိုကြည့်ပြီး တစ်စက်မှရိုးမသွားရဘူး။
"ဝိုင်းလေးကိုကြည့်ပြီး ဘာတွေရယ်နေတာလဲ.."
"ဘာမှမဟုတ်ပါဘူး..ကိုယ့်မိန်းမကအရမ်းလှလို့
ငေးမိတာပါ.."
"အပိုတွေ.."
"မပိုပါဘူး..တကယ်ပြောတာ..
ဒီစင်တာမှာက လူတွေများတော့
သူများနောက်ပါသွားမှာစိုးလို့..ကြည့်နေရတာ.."
"ယုံချင်စရာပဲနော်..ဝိုင်းလေးကသာ
ကိုကို့ကိုသူများဆွဲမှာစိုးလို့ ကြည့်နေရတာပါနော်
ခုဏက လတ်မှတ်၀ယ်နေရင်းနဲ့
ကိုကိုက ဘောင်းဘီအိတ်ကပ်ထဲကို
လက်ထည့်ပြီး ပဲများပြနေတော့
အစ်မကြီးနှစ်ယောက်က ချောလိုက်တာ
ဘာဖြစ်တယ်၊ညာဖြစ်တယ်နဲ့
ပြောနေလိုက်ကြတာများ အမြင်ကပ်စရာကြီး.."
"ကိုကိုက..ဘယ်မှာ..ပဲများလို့လဲ..
မေပြောနေတဲ့လူတွေကို သတိတောင်
မထားလိုက်မိဘူး.."
"ဘာလဲ..သတိထားမိရင်ကောက်ကောက်ပါအောင်
လိုက်သွားမလို့လား.."
"မေကလည်းကွာ..လိုက်သွားစရာလား.."
မင်းစက်တော့ အရစ်ကြောနှင့်တိုးနေ၍
နားထင်ကို လက်ညှိုးနှင့်ကုတ်ခြစ်လိုက်မိရင်း
ရယ်လိုက်မိလေသည်။
မေစိတ်ဆိုးနေတာက သူ့အတွက်တော့
အမြင်ကတ်စရာမကောင်းပဲ
ချစ်စရာ ကောင်းနေတော့နှုတ်ခမ်းထော်ပြီး
ကတ်ကတ်လန်နေတာလေးကိုပဲ
အသဲတယားယား ဖြစ်နေရလေသည်။
"မေ..မနက်ဖြန်ကြရင် ကိုယ်တို့ကုမ္ပဏီကို
နာမည်အသစ်ပေးပြီး ဖွင့်ပွဲလုပ်ဖို့ရှိတယ်..
မေ့ကိုပါ ကိုယ့်ရဲ့ဇနီးအဖြစ် အားလုံးအရှေ့မှာ
ကြေငြာပေးချင်တယ်..မေအလှဆုံးပြင်ဆင်ပြီး
လာခဲ့နော်..."
"ကိုကိုကလည်း..ဒီစကားကိုမနေ့ကလည်း
ပြောပြီးပြီလေ..မေ့သွားတာလား.."
"ကိုမမေ့ပါဘူး..မေသတိမရတော့မှာစိုးလို့
ပြန်သတိပေးတာ.."
"ဒီလောက်အရေးကြီးတာကို ဝိုင်းလေးက
မေ့စရာလား..အ၀တ်အစားတောင်
ပြင်ဆင်ပြီးသွားပြီ..ဒါပေမဲ့
စိတ်တော့လှုပ်ရှားနေတယ်.."
"ဘာမှမဖြစ်ပါဘူး..ကိုယ်တစ်ယောက်လုံး
ရှိတာပဲဥစ္စာ..မနက်ဖြန်ကြရင်
ကိုယ်ကမင်းသစ်ကို ခိုင်းစရာတွေရှိနေလို့
ဖွားဖွားတို့ကို ပို့ပြီးတာနဲ့ဖွားဖွားတို့အိမ်က
ဒါရိုက်ဘာအသစ်က မေ့ကိုလာခေါ်လိမ့်မယ်.."
ဒါရိုင်ဘာအသစ်ဆိုတော့ ဦးမင်းဒင်ကို
ပြောတာပေါ့။
အဲ့လူကြီး လာကြိုမယ်ဆိုတော့
စိတ်ထဲမှာ အလိုလိုနေရင်းထိတ်လန့်သွားမိသည်။
"ဖွားဖွားနဲ့အတူလိုက်လို့မရဘူးလားဟင်.."
"ဖွင့်ပွဲကြရင် အိမ်ကလူတွေအကုန်နီးပါး
ခေါ်ထားတော့ မေပါလိုက်ရင်
နေရာကြပ်ပြီး အလှပျက်မှာစိုးလို့
သီးသန့်စီစဉ်လိုက်တာလေ
မေ့ဘက်က တစ်ခုခုအဆင်မပြေတာ
ရှိလို့လား.."
"မရှိပါဘူး..အဆင်ပြေပါတယ်.."
အားလုံးက သူ့နေရာနှင့်သူ စီစဉ်ပြီးသားဆိုတော့
ဝိုင်းလေးလည်း ကိုယ့်အခက်အခဲကို
မပြောဖို့သာ ဆုံးဖြတ်လိုက်သည်။
ဒါပေမဲ့ စိတ်ထဲမှာတော့ တစ်ခုခုကို
ရင်မဆိုင်ရဲသလိုမျိုး ထိတ်လန့်နေမိသည်။
🔥🔥🔥🔥🔥🔥🔥🔥
မင်းစက်အတွက်တော့ ဒီနေ့တစ်နေ့လုံး
ကြည်နူးစရာတွေနှင့်သာ
ပြည့်နှက်ခဲ့သည်ဟု ဆိုရပေမည်။
မေနှင့်အတူ ရုပ်ရှင်ကြည့်ခဲ့ရသည့်
ခံစားချက်ဟာ တကယ်ကိုကြည်နူးစရာ
ကောင်းလွန်းသည်။
ရုပ်ရှင်ထဲမှာ ဟာသဇာတ်၀င်ခန်းတွေပါလာတဲ့အခါ
သွားဖြူဖြူလေးတွေ ပေါ်လာတဲ့အထိ
အားရအောင် ထရယ်တတ်သောမေ့ရယ်သံ
လွင်လွင်လေးက သူ့နားထဲမယ်..
စွဲမက်ဖွယ်ကောင်းလွန်းသည်အထိ ချိုမြိန်သည်။
မေကတော့ နှစ်နာရီမျှကြာသည့်ရုပ်ရှင်ကိုသာ
အာရုံစိုက်၍ ကြည့်နေခဲ့ပေမဲ့ ကိုယ်ကတော့
အဲ့ဒီ့နှစ်နာရီလုံး မေ့မျက်နှာလေးကိုသာ
ငေးကြည့်နေခဲ့မိသည်ဟု ပြောလျှင်
ပိုသည်ဟုသာ တုန့်ပြန်လာနိုင်သည်။
ကိုယ့်အတွက်တော့ မေ့ကသာလှပတဲ့
ရုပ်ရှင်တစ်ခုဖြစ်ပြီး မေကသာကိုယ့်ရဲ့
ပြီးပြည့်စုံသည့် ကမ္ဘာငယ်လေးပါပဲ။
မေငိုတာပဲဖြစ်ဖြစ် ၊ရယ်မောတာပဲဖြစ်ဖြစ်
အရာအားလုံးကို ကိုယ့်အရှေ့မှာပဲ
ဖြစ်တည်စေချင်သည်။
ကိုယ့်အတွေးနှင့်ကိုယ် ပြုံးလိုက်မိပြီး
နာရီကိုလှမ်းကြည့်လိုက်မိတော့
ညကိုးနာရီထိုးနေလေပြီ။
သူ့ရင်ခွင်ထဲမှာတော့ နူးညံ့သည့်ဝါဂွမ်းစလေးလို
မိန်းမငယ်လေးက အသက်ရှူသံမှန်မှန်ဖြင့်
အိပ်စက်နေလေသည်။
မေ့ရဲ့လက်သေးသေးလေးကို
သူ့လက်ချောင်းများနှင့် ဆုပ်ကိုင်ထားလိုက်ပြီး
လက်မောင်းကို ခေါင်းအုံး၍
အိပ်မောကျနေသော မေ့ရဲ့ပါးပြင်လေးပေါ်မှ
ဆံစလေးတွေကို ဘယ်လက်ဖြင့်
ဖယ်ရှားပေးလိုက်သည်။
မေ့မျက်နှာလေးဟာ ဘာမှလိမ်းခြယ်မထားပေမဲ့
မွှေးကြည့်လိုက်သည့်အခါမှာတော့
သစ်သီးရနံ့လေးရနေသည်။
ပါးဖောင်းဖောင်းလေးက မီးရောင်ကြောင့်
ဖွေးနစ်နေပြီး မက်မွန်ရောင်လေးသန်းနေတော့
ဝါးပြီးမြိုချချင်စိတ်တောင် ပေါက်လာသည်။
ဒါပေမဲ့ မေကစိတ်လွတ်လက်လွတ်
အိပ်ပျော်နေတော့ မနှောက်ယှက်ချင်တော့၍
ခါးလေးကိုသာအပိုင်သိမ်းကာ
ကိုယ့်နှင့်ပိုနီးကပ်အောင် ဆွဲယူလိုက်ပြီး
မေ့လည်တိုင်ကြား၌ မျက်နှာအပ်ကာ
အိပ်ပျော်အောင် ကြိုးစားလိုက်သည်။
တစ်ယောက်တည်း နေခဲ့စဉ်
အချိန်တွေတုန်းကတော့ ပိတ်ရက်တိုင်းမှာ
ကိုယ်အိပ်စက်နေစဉ် လာနှောက်လျှင်
တစ်စက်မှ မကြိုက်ဘူး။
အဲ့လို နှောက်ယှက်လို့
အလုပ်သမားတစ်ယောက်ကိုတောင်
အလုပ်ဖြုတ်ခဲ့ဖူးသည်။
အခုတော့ ကိုယ့်စည်းကိုယ်ဖောက်ပြီး
အားလုံးဗြောင်းပြန်တွေဖြစ်ကုန်လေပြီ။
အိပ်စက်တဲ့အချိန်တိုင်း မေ့ကိုအနားမှာ
ရှိနေစေချင်သည်။
မေ့ရဲ့ ကိုယ်သင်းရနံ့လေးက သူ့အတွက်
အနှောက်အယှက်ဖြစ်နေမည့်အစား
အိပ်ဆေးစားရတာထက်ပင် ပို၍အာနိသင်
ကောင်းသည်ဟု ဆိုရမည်။
အိမ်ပြန်လာချိန်ဆိုပြီး
အတိအကျမသတ်မှတ်တတ်သည့်
အခြေအနေကနေ
အိမ်ပြန်ချိန်ကိုသာ တကြည့်ကြည့်လုပ်နေမိသည့်
အခြေအနေသို့ ရောက်လာခဲ့ရသည်။
မနက်ဖက်ဆို မေနှင့်အတူ မနက်စာစားရင်း
မေ့ကိုနှုတ်ဆက်ပြီးသာ အိမ်မှထွက်ချင်သည်။
ညဖက်ဆိုလည်း မေနှင့်အတူ လက်စုံညီ
ညစာစားပြီးမှသာ ပြည့်စုံသည်ဟု
ခံစားလာရသည်။
*ကိုယ့်ကိုကိုယ်..ဘာကြောင့်ဒီလောက်အထိ
ပြောင်းလဲသွားရသလဲဆိုတာကို
ကိုယ်တိုင်တောင် မတွေးတတ်တော့ပေ..
ဒါဟာ ကိုယ်အမှန်တကယ်လိုချင်ခဲ့မိတဲ့
ဘ၀များလား..
.......
ဟုတ်တယ်..သေချာပြန်တွေးကြည့်ရင်
ဒါဟာ ကိုယ်တကယ်လိုချင်မိခဲ့တဲ့မိသားစု
ဘ၀လေးပါပဲ..
.......
အဖေနဲ့အတူလိုက်နေခဲ့ရတော့ ဒီလို
ပျော်ရွှင်မှုမျိုး၊ဒီလိုခံစားချက်မျိုးတွေကို
မရရှိခဲ့ဘူး..
မိထွေးရဲ့ နှိက်စက်မှုတွေ၊အဖေ့ရဲ့မကြင်နာတတ်တဲ့
အပြုအမူတွေကြောင့်
အမေ့ကို အမြဲတမ်းတပြီး၊
အမြဲစိတ်ကူးယဉ်ခဲ့ဖူးတဲ့ဘ၀လေးကို
မေနဲ့မှပိုင်ဆိုင်ခွင့်ရခဲ့တာပဲ..
..........
ကိုယ့်ရဲ့အ၀တ်အစားကအစ၊
စားသောက်မှုပုံစံအဆုံး လိုက်ဂရုစိုက်ပေးတတ်တဲ့
မေ့ပုံစံဟာ
.ငယ်ငယ်တုန်းက..အမေ့ကိုမြင်ယောင်ပြီး
စိတ်ကူးယဉ်ခဲ့ဖူးတာနဲ့ တစ်ထပ်တည်းကျနေတယ်..
..........
မေရယ်..မင်းကိုလက်ထက်လိုက်မိတာက
ကိုယ့်ရဲ့အမှန်ကန်ဆုံး ရွေးချယ်မှုတစ်ခုပဲ..*
❤️❤️❤️❤️❤️❤️❤️❤️
ကုမ္ပဏီဖွင့်ပွဲသို့ တက်ရောက်လာသော
ဧည့်သည်များက အလွန်များပြားနေ၍
မင်းစက်သည်လည်း ချွေးထွက်တာတောင်
မသုတ်အားပဲ အလှုပ်ရှုပ်နေရသည်။
တက်ရောက်လာသော လူများအားလုံးကလည်း
နယ်ပယ်စုံက လူများဖြစ်နေ၍
စကားဝိုင်းအမျိုးမျိုး ဖန်တီးနေရလေသည်။
အမှန်တကယ်ဆို ဒီဖွင့်ပွဲမလုပ်လည်း
သူ့လုပ်ငန်းတွေက လည်ပတ်နေပြီးသားမို့
ကိစ္စမရှိပေမဲ့ ကိုယ်ပိုင်တဲ့လုပ်ငန်းတွေ
အားလုံးကို နာမည်အသစ်ပေးချင်တာရော
အဖေ့ကို ရွဲ့ချင်တာကြောင့် ဒီပွဲကို
ကျင်းပလိုက်ခြင်းဖြစ်သည်။
ဘယ်ပွဲပဲတက်တက် သူများကိုအရေးတယူ
လုပ်ပြီးတမင်မနှုတ်ဆက်တတ်သလို
လာနှုတ်ဆက်လည်း သိပ်ပြီး
အရေးမလုပ်တတ်ပေမဲ့လို့ ယခုပွဲမှာတော့
ပွဲပိုင်ရှင်က ကိုယ်ဖြစ်နေ၍
လာနှုတ်ဆက်သမျှ၊စကားလာပြောသမျှ
လူတိုင်းကို အရေးတယူပြန်နှုတ်ဆက်
ပေးနေရတာ နေ့တစ်၀က်ပင်မကျိုးသေးပဲ
တော်တော်လေးကို မောနေပါပြီ။
"ဆရာ..ဆရာ့မိသားစုရောက်လာပါပြီ.."
"အမေတို့လား.."
"ဟုတ်ပါတယ်.."
"အေး..သူတို့ကို သီးသန့်စားပွဲဝိုင်းကို
ခေါ်သွားလိုက်..ငါ့မိန်းမရောက်ရင်လည်း
ငါ့ကိုလာပြောလှည့်.."
"ဟုတ်ကဲ့ပါဆရာ.."
ဆယ်နာရီထိုးလောက်မှာ ဖဲကြိုးဖြတ်မည့်
အစီအစဉ်ရှိ၍ မေကအဲ့ဒီ့အချိန်မတိုင်ခင်
ရောက်ဖို့လိုသည်။
အခု အဖွားတို့ရောက်လာပြီဆိုတော့
အဖွားတို့ရဲ့ ဒါရိုင်ဘာကမေ့ကို
သွားခေါ်နေလောက်ရောပေါ့။
မကြာခင် အရမ်းလှနေမဲ့မေက
ဟော့ဒီ့ကုမ္ပဏီထဲကို ခြေချလာပြီး
ကိုယ့်လက်ကို လာတွဲလိမ့်မည်။
ပြီးတာနဲ့ မေ့ကို စင်ပေါ်သို့ခေါ်သွားလိုက်ကာ
အားလုံးနှင့် လူသိရှင်ကြား
မိတ်ဆက်ပေးလိုက်မည်။
"မောင်မင်းစက်...ဂုဏ်ယူတယ်ကွာ
မင်းကအသက်ငယ်ငယ်လေးနဲ့
ဒီလိုကုမ္ပဏီကို ခွဲထွက်နိုင်တာပဲ.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်.."
အရင်KGလက်အောက်မှာ လုပ်တုန်းက
ကိုယ့်ကြောင့် လုပ်ငန်းတွေပိုတိုးပွားလာခဲ့ပြီး
အရမ်းအောင်မြင်လာခဲ့ပေမဲ့
အပြင်ပန်းကကြည့်ကြတဲ့အခါ အားလုံးက
ဦးသူရရဲ့ လက်ထောက်ချမှုလို့ပဲ
ထင်ခဲ့ကြတယ်။
ဒါပေမဲ့ အခုကိုယ့်လုပ်ငန်း၊သူ့လုပ်ငန်း
ခွဲလိုက်တော့မှသာ အံ့ဩသွားတဲ့လူတွေကလည်း
အများသားပင်။
ဧည့်သည်တွေကို ဧည့်ခံနေရသည်နှင့်
မအားလပ်သောကြောင့် နာရီကို
မကြည့်မိဖြစ်နေစဉ်မှာ ကောင်းသန့်က
သူ့ထံ တစ်ဖန်ရောက်လာပြန်သည်။
"ဆရာ..ဖဲကြိုးဖြတ်ရမဲ့အချိန်ရောက်နေပါပြီ
အားလုံး အဆင်သင့်ပြင်ထားပါတယ်.."
ကောင်းသန့်ပြောတော့မှ နာရီကိုကြည့်လိုက်တော့
ဆယ်နာရီထိုးနေလေပြီ။
"ကောင်းသန့်..ငါ့မိန်းမရောက်နေပြီလား.."
"မရောက်သေးဘူးဆရာ..ကုမ္ပဏီအရှေ့မှာ
ကျွန်တော်စောင့်နေတာကြာလှပြီ
ဆရာ့မိန်းမကို သွားကြိုတဲ့ကားက
ပြန်ရောက်မလာသေးဘူး..အခုဖဲကြိုးဖြတ်မဲ့
အချိန်ရောက်လာလို့ ဆရာ့ကိုကျွန်တော်
လာပြောတာပါ.."
"မဖြစ်နိုင်တာ..အဖွားတို့ရောက်နေတာ
ကိုးနာရီထဲကမဟုတ်လား..
အခုပဲဆယ်နာရီထိုးနေပြီလေ..
လမ်းခရီးကအများဆုံးကြာ နာရီ၀က်ပေါ့.."
"ကားလမ်းတွေဘာတွေများ ပိတ်နေလို့လား
မသိဘူးဆရာ.."
"နေအုံး..ငါဖုန်းဆက်ကြည့်လိုက်အုံးမယ်.."
လူအနည်းငယ်ရှင်းသော နေရာသို့သွားလိုက်ပြီး
မေ့ကို ဖုန်းဆက်ကြည့်ပေမဲ့ ဖုန်းက
ဆက်ပိတ်ထားသည်ဟုပဲ အဆက်မပြတ်
အသံထွက်နေသည်။
အိမ်ဖုန်းကို လှမ်းဆက်ကြည့်ပေမဲ့
အလုပ်သမားတွေက လာမကိုင်ကြ၍
သူတော်တော် ဒေါသထွက်နေမိသည်။
"ကောင်းသန့်..မင်းအခုချက်ချင်း
ငါ့အိမ်ကိုပြန်ပြီး ငါ့မိန်းမဒီပွဲကို
လာလားဆိုတာ သွားစုံစမ်းလာခဲ့.."
"ဆရာ..ဖွင့်ပွဲကရော.."
"ငါကြည့်ပြီး စီစဉ်ထားလိုက်မယ်.."
မေကရောက်မလာတော့
ဖဲကြိုးဖြတ်ဖွင့်လစ်ဖို့လည်း
လုံး၀စိတ်မ၀င်စားနိုင်တော့ပေ။
ထို့ကြောင့် အရေးပါသည့်ရှယ်ရာရှင်
အချို့ကိုသာ အကူအညီတောင်းလိုက်ရသည်။
အခမ်းအနားကလည်း ကိုယ်ရှိနေမှ
ဖြစ်မှာမို့ ခဏနေပေးနေရပေမဲ့
စိတ်ကတော့ မေ့ဆီသို့သာရောက်နေမိသည်။
အမေတို့အဖွားတို့လည်း ထိုကိစ္စကို
သိသွား၍ အကုန်လုံး၏မျက်နှာတွေပါ
မရွှင်လန်းနိုင်ကြတော့ပေ။
"အမေ..ကျွန်တော်အရမ်းစိတ်ပူနေပြီ
ကျွန်တော်လိုက်သွားလိုက်အုံးမယ်..."
"ဟဲ့..ဒီပွဲကသားမရှိလို့မဖြစ်ဖူးလေ..
ခဏနေစင်ပေါ်မှာတက်ပြီး
မိန့်ခွန်းပြောရအုံးမယ်မဟုတ်လား.."
"ထားလိုက်တော့အမေရာ..အခု
ကျွန်တော့်မိန်းမကိစ္စက ပိုအရေးကြီးတယ်.."
"ဟဲ့..ဖုန်းလာနေတယ်.."
ခန်းမထဲမှ ထွက်မလို့လုပ်လိုက်စဉ်မှာ
ကောင်းသန့်ဆီမှ အကြောင်းကြားလာ၍
သူကိုင်လိုက်မိလေသည်။
"ဟယ်လို..ကောင်းသန့်..ဘာထူးလဲ.."
"ဆရာ..ဆရာကတော်က..လာခေါ်တဲ့ကားနဲ့
လိုက်သွားတယ်တဲ့..ကျွန်တော်လာတဲ့
လမ်းတစ်လျှောက်လည်း..ကားလမ်းတွေ
လုံး၀မပိတ်ဘူး..ကျွန်တော့်အထင်တော့
လာကြိုတဲ့ကားသမားက..ဆရာကတော်ကို...."
ကောင်းသန့်၏ စကားမဆုံးသေးခင်မှာပဲ
သူ့ခေါင်းထဲ၌ မိုက်ခနဲဖြစ်သွား၍
ယိုင်ကျသွားမိလေသည်။
"ဟဲ့..သား..ဘာဖြစ်တာလဲ.."
"ညီလေး..မင်းအဆင်ပြေရဲ့လား.."
အစ်ကိုကြီးက သူ့ပခုံးကိုလာထိန်းကိုင်ပေးထား၍
သူလဲမကျသွားခဲ့ပေမဲ့ သူ့စိတ်တွေကတော့
အကြိမ်ကြိမ် ပြိုလဲသွားခဲ့ပြီးလေပြီ။
လူပေါင်းများစွာနှင့် စကားပြောခဲ့ရသည့်
အချိန်အတွင်းမှာ မောဟိုက်ပြီးချွေးများစွာ
ထွက်ခဲ့ပေမဲ့ အခုအချိန်မှာတော့
အကြောက်တရားတို့ ဖုံးလွှမ်းကာ
သူ့တစ်ကိုယ်လုံး အေးစက်ထုံကျင်နေသည်။
"မေ့ကို..ဆုံးရှုံးလိုက်ရမှာကြောက်တယ်..."
**အခန်း(၅၄)ဆက်ရန်..
စာရေးသူ..ဆောင်းငွေ့ဝေ
🍁🍁🍁🍁🍁🍁🍁🍁
နည်းနည်းလောင်မယ်နော်...
=====================================
===================================
အခန္း(၅၃)
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘
ေန႔ရက္မ်ားစြာ ေက်ာ္လြန္လာၿပီးေနာက္မွာ
အရာအားလုံးက သူ႔က႑ႏွင့္သူ
အံ၀င္ခြင္က် ျဖစ္လာခဲ့ေလၿပီ။
ကိုကိုက သူ႔အေဖရဲ႕KGလုပ္ငန္းစုကေန
ခြဲထြက္ၿပီး သူ႔လက္ေအာက္ကလုပ္ငန္းေတြ
အားလုံးကို နာမည္အသစ္ႏွင့္စတင္ဖို႔
ေန႔မနား၊ညမနားႀကိဳးစားေနခဲ့သည္။
ကိုကို႔ရဲ႕လက္ေထာက္ျဖစ္သည့္
ေကာင္းသန႔္ကေတာ့ ကိုကို႔အေနာက္ကို
လိုက္ပါၿမဲျဖစ္ၿပီး လုပ္ငန္းရွင္
ေတာ္ေတာ္မ်ားမ်ားကလည္း ကိုကို႔လက္ေအာက္သို႔
၀င္ေရာက္လာခဲ့ၾကတယ္။
ဒါေပမဲ့ ဘယ္ေလာက္ပဲအလုပ္မ်ားပါေစ
ဝိုင္းေလးကို အခ်ိန္ေပးဖို႔ေတာ့ သူဘယ္ေတာ့မွ
မေမ့ေလ်ာ့ခဲ့ဘူး။
အရင္ကဆို ျပည္ပခရီးေတြခဏ၊ခဏထြက္ရတာကို
ဆင္ေျခေပးၿပီး ဝိုင္းေလးနဲ႔ေဝးေဝးေနဖို႔
ဆုံးျဖတ္ခဲ့တဲ့လူႀကီးက ယခုဆိုမလိုအပ္လွ်င္
ျပည္တြင္းထဲကေန တစ္လက္မေတာင္
မခြာေတာ့ေပ။
သူခရီးထြက္တဲ့အခါ ဝိုင္းေလးကိုပါ
အတူလိုက္ရမည္ဟု အမိန႔္ခ်ထား၍
ဝိုင္းေလးလည္း ဗီဇာစာအုပ္လုပ္ဖို႔
စာရင္းသြင္းထားလိုက္ရသည္။
ဝိုင္းေလးအတြက္ေတာ့ ေန႔ရက္တိုင္းက
တကယ္ကို ခ်ိဳၿမိန္ၿပီးအဓိပၸာယ္ရွိသည္ဟု
ခံစားလာရသည္။
မနက္မိုးလင္းတဲ့အခါ အိမ္ေထာင္ဦးစီးအတြက္
အလုပ္သြားဖို႔ ျပင္ဆင္ေပးၿပီး
ေန႔လည္ေရာက္တဲ့အခါ သူ႔အတြက္ထမင္းခ်ိဳင့္ကို
ျပင္ဆင္ေပးရသည္။
ညေရာက္တဲ့အခါ သူႏွင့္အတူၾကည္ႏူးစရာ
ညေနစာထမင္းဝိုင္းေလးမွာ
အတူကုန္ဆုံးျဖစ္ၾကေလသည္။
အိပ္ယာ၀င္တဲ့အခါ သူ႔ကိုကန္ေတာ့ၿပီးမွ
အိပ္ယာ၀င္ေလ့ရွိတာကအစ အက်င့္တစ္ခုလို
ျဖစ္ေနေလၿပီ။
ဝိုင္းေလးက ကန္ေတာ့တဲ့အခါ
မေနတတ္မထိုင္တတ္ႏွင့္ ကန္ေတာ့မခံခ်င္၍
ဂဏွာမၿငိမ္ျဖစ္ေနတတ္သည့္ ကိုကိုသည္လည္း
ယခုေတာ့ ထိုအျပဳအမူေလးေတြကို
ေနသားက်လာခဲပါၿပီ။
ဟိုးအစတည္းက ဝိုင္းေလးလိုခ်င္ခဲ့တဲ့
အိမ္ေထာင္ေရးသုခဆိုတာ ဒီလိုမ်ိဳးပါပဲ။
တစ္ေယာက္နဲ႔တစ္ေယာက္ တိုက္ခိုက္ျခင္း
မလုပ္ရဘူး။တစ္ေယာက္ကိုတစ္ေယာက္
ေစတနာထားၿပီး ၾကင္ၾကင္နာနာဆက္ဆံၾကမယ္။
အျပန္အလွန္ ယုံၾကည္မႈလည္းရွိရေပမည္။
ကိုကိုဟာ တကယ္တမ္းမွာအရမ္းကို
ခ်စ္တတ္ၿပီး အစစအရာရာ
နားလည္အေပးႏိုင္ဆုံးေသာ
ေယာက္်ားတစ္ေယာက္ပါပဲ။
သူဟာ ခ်စ္တတ္ဖို႔ကို မသင္ယူခဲ့ရ႐ုံေလးပါ။
အျခားသူေတြအတြက္ေတာ့ ေမာက္မာသူ၊
မာနႀကီးၿပီး အထက္စီးဆန္သူႀကီး
ျဖစ္ေနႏိုင္ေပမဲ့ ဝိုင္းေလးအတြက္ေတာ့
အင္မတန္တာ၀န္ေက်သည့္ ခင္ပြန္းေကာင္း
တစ္ယာက္ျဖစ္သည္။
အေမတို႔ေျပာေနၾက စကားတစ္ခုျဖစ္တဲ့
ေယာက္်ားရကံေကာင္းသည္ဆိုတာဟာ
ဝိုင္းေလးအတြက္ေတာ့ တကယ္ကို
မွန္ကန္လြန္းပါတယ္။
အခ်ိဳ႕အရာေလးေတြမွာ ႏွစ္ဦးၾကားညႇိယူရတာမ်ိဳး
ရွိေပမဲ့ မ်ားေသာအားျဖင့္ဝိုင္းေလးအေပၚကို
သူ႔ဘက္ကစၿပီး နားလည္ေပးတတ္တာမ်ားသည္။
**ဥပမာ..သူကအနက္ကို အႀကိဳက္ဆုံးဆိုရင္
ဝိုင္းေလးက အနက္ေရာင္နဲ႔အနီေရာင္ကို
အမုန္းဆုံး ျဖစ္ေနတတ္သည္။
သူအႀကိဳက္ဆုံးသတၱဝါက ေျခေသၤ့ျဖစ္ၿပီး
ဝိုင္းေလးကေတာ့ အေကာင္ႀကီးတဲ့
တိရိစာၦန္ေတြကို လုံး၀ၾကည့္လို႔မရေပ။
သူကေၾကာင္နဲ႔ႂကြက္ကို မုန္းသတဲ့။
ဒါေပမဲ့ ဝိုင္းေလးအခ်စ္ဆုံး
အိမ္ေမြးတိရိစာၦန္က ေၾကာင္ျဖစ္ေနေတာ့
သူဘာမွ ေျပာလို႔မရေတာ့ဘူး။
ဝိုင္းေလးကေတာ့ အေမတို႔အိမ္ကမိျဖဴေလးကို
ဒီဘက္အိမ္အထိ ေခၚေမြးထားလိုက္တာပဲ။
သူကေတာ့ သူ႔အိပ္ယာထဲမွာ ေၾကာင္ေမႊးေတြ
မကပ္ေစနဲ႔လို႔ ေျပာေပမဲ့ သူမရွိတဲ့အခါ
မိျဖဴေလးက ဝိုင္းေလးလိုပဲ
သူ႔ကိုအ႐ြဲ႕တိုက္ကာ အိပ္ယာေပၚ
တက္အိပ္တာပါပဲ။
ရက္နည္းနည္းၾကာလာေတာ့ ကိုကိုလည္း
ေၾကာင္ကိုမခ်စ္ေပမဲ့ ေအာင့္ကာနမ္းလိုက္သည္
ထင္ပါရဲ႕ လင္မယားႏွစ္ေယာက္ၾကား
ေၾကာင္လာအိပ္တာေတာင္ လုံး၀မေျပာေတာ့ဘူး။
ေျပာလို႔လဲ မရဘူးေလ။
ေၾကာင္ကို လႊင့္ပစ္မယ္လုပ္လို႔ အိပ္ခန္းတံခါးကို
ပိတ္ထားၿပီး သူ႔ကိုအျပစ္ေပးလိုက္တယ္ေလ။
အဲ့တည္းက ေၾကာင္ကိစၥဆိုရင္
သူမေျပာရဲေတာ့ဘူး။
သူကဝိုင္းေလးကို ခ်စ္လြန္းလို႔
အလိုလိုက္တယ္ဆိုေပမဲ့
သူနဲ႔ဝိုင္းေလးက အႀကိဳက္နဲနဲေလးေတာင္
မတူတာက ေတာ္ေတာ္ကိုဆိုးပါသည္။
အ၀တ္အစားအေရာင္ကေနစၿပီး ဝါသနာအထိ
တစ္စက္ကေလးမွကို မတူေနဘူး။
သူက နားပူနားဆာလုပ္ရင္ လုံး၀မႀကိဳက္ေပမဲ့
ဝိုင္းေလးကေတာ့ စိတ္ထဲမွာအလိုမက်ရင္၊
မႀကိဳက္ရင္ေတာ့ တစ္ေနကုန္ကိုထိုင္ၿပီး
ေျပာေနခ်င္ေတာ့တာ။
သူကအလုပ္ပိတ္ရက္ေတြတိုင္း အိမ္မွာေအးေဆး
အိပ္ရတာကို ႀကိဳက္တဲ့လူျဖစ္ၿပီး
ဝိုင္းေလးကေတာ့ နားရက္ကေလးမွာ
လင္မယားႏွစ္ေယာက္အတူတူ
႐ုပ္ရွင္ၾကည့္တာ၊ခရီးထြက္တာမ်ိဳးေတြ
လုပ္ခ်င္သူျဖစ္သည္။
အရင္ကဆိုရင္ သူ႔ရဲ႕အိပ္ခန္းႀကီးတစ္ခုလုံးက
အေရာင္မႈိင္းမႈိင္းႀကီး ျဖစ္ေနခဲ့ေပမဲ့
အခုေတာ့ ဝိုင္းေလး၏အႀကိဳက္အတိုင္း
မိန္းမဆန္ေသာ အေရာင္ႏုႏုေလးမ်ားႏွင့္
တစ္ခန္းလုံး လင္းထင္းလို႔ေနေလၿပီ။
သူကအနက္ေရာင္ ခေရဇီျဖစ္ေနေတာ့
သူ႔ဗီဒိုထဲရွိ အ၀တ္အစားအမ်ားစုဟာ
အနက္ေရာင္ေတြ ျဖစ္ေနသည္။
ဝိုင္းေလးကလည္း အနက္ေရာင္ဆိုသိပ္မုန္းတာ။
ဒီေတာ့ သူ႔ရဲ႕အနက္ေရာင္လႊမ္းၿခဳံေနသည့္
ဗီဒိုကို လူငယ္ဆန္ဆန္အ၀တ္အစားေတြနဲ႔အတူ
အေရာင္စုံေအာင္ လုပ္ပစ္လိုက္တာေပါ့။
သူသိပ္ေတာ့ ဘ၀င္မက်ေပမဲ့ ဝိုင္းေလးကိုလည္း
မေျပာရဲေတာ့ ေန႔တိုင္းအိမ္ကေန
အေရာင္မ႐ိုးရေအာင္ ၀တ္စားၿပီး
အလုပ္သြားရေတာ့တာေပါ့။
အခုလည္း သူ႔ရဲ႕ပိတ္ရက္ျဖစ္၍ အိမ္မွာပဲ
အိပ္ေနခ်င္သည္ဟု ေျပာေပမဲ့
ဝိုင္းေလးၾကည့္ခ်င္တဲ့
႐ုပ္ရွင္ကားက႐ုံတင္ေနေတာ့
အိပ္ခ်င္ရင္ ႐ုပ္ရွင္႐ုံထဲမွာပဲအိပ္ဆိုၿပီး
အတင္းေခၚလာပစ္လိုက္သည္။
"ဟဲ့..ဟိုေကာင္ေလးေခ်ာတယ္ေနာ္.."
"ေအးဟဲ့..အရပ္ႀကီးကအရွည္ႀကီးပဲ
ငါႀကိဳက္တဲ့ ကိုရီးယားမင္းသားနဲ႔ေတာင္
တူတယ္ဟ.."
႐ုပ္ရွင္ၾကည့္ဖို႔ ကိုကိုကလတ္မွတ္ျဖစ္ရန္
တန္းစီေနေသာေၾကာင့္ ဝိုင္းေလးကအေနာက္မွာ
ရပ္ေစာင့္ေနမိစဥ္ ကိုယ့္ေယာက္်ားကို
ဝိုင္းၾကဴးေနၾကေသာ အစ္မႀကီးေတြေၾကာင့္
စိတ္ရႈပ္သြားမိသည္။
ဒီေန႔ဝိုင္းေလးက မိုးျပာေရာင္ဂါ၀န္ေလး
၀တ္ထားသည္မို႔ သူ႔လည္း
မိုးျပာေရာင္ ရွပ္အိက်ႌအကြက္လက္တိုေလးႏွင့္
လူငယ္ဆန္ေအာင္ အနက္ေရာင္
ေဘာင္းဘီဒူးက်ေလး ၀တ္ခိုင္းထားလိုက္သည္။
အခုေတာ့ အစ္မႀကီးအဖြဲ႕က ပိုင္ရွင္ရွိမွန္းမသိ
မ်က္စိအစာေကြၽးေနၾကေလရဲ႕ ။
စိတ္တိုလာ၍ ကိုကို႔အားလွမ္းေခၚလိုက္ခ်င္ေပမဲ့
႐ုပ္ရွင္ကလည္း အရမ္းၾကည့္ခ်င္ေနတဲ့
ဇာတ္ကားဆိုေတာ့ ဆက္ၿပီးသည္းခံေနဖို႔သာ
ဆုံးျဖတ္လိုက္ရသည္။
ထိုအစ္မေတြကို မျမင္ခ်င္၍အျခားဘက္သို႔
အၾကည့္လႊဲလိုက္စဥ္မွာေတာ့ တကယ့္ကို
ဒုကၡအိုးႏွင့္ သြားတိုးရေလသည္။
စႏိုးဆိုသည့္ မိန္းမဟာဝိုင္းေလးကို
ျမင္သည္ႏွင့္ မ်က္ႏွာထားကခပ္မဲ့မဲ့
ျဖစ္သြားေလသည္။
ကိုယ္သေဘာမက်ရင္ မ်က္ႏွာခ်င္းဆိုင္မိလည္း
ေရွာင္သြားလို႔ ရရဲ႕သားနဲ႔ဝိုင္းေလးရပ္ေနေသာ
ေနရာတည့္တည့္ကိုမွ ေလွ်ာက္လာေလသည္။
သူ႔အေနာက္မွာေတာ့ သူ႔အေဖာ္မိန္းကေလး
ႏွစ္ေယာက္ေလာက္ေတာ့ပါသည္။
"တိုက္ဆိုင္လိုက္တာေနာ္..ဒီေနရာမွာမင္းနဲ႔မွ
ထိပ္တိုက္လာတိုးရတယ္လို႔.."
"ဟုတ္ပ..တိုက္ဆိုင္လိုက္တာေနာ္.."
ဝိုင္းေလးက ျပန္႐ြဲ႕လိုက္ေတာ့ ထိုမိန္းမ၏
မ်က္ႏွာသည္ မဲ့ၿပဳံးၿပဳံးေနရာမွ
တည္သြားၿပီး ဝိုင္းေလးကိုစားေတာ့ဝါးေတာ့မတတ္
မုန္းတီးစြာ ၾကည့္လာခဲ့သည္။
ဝိုင္းေလးဘက္ကေတာ့ မုန္းတီးစရာ
ဘာအေၾကာင္းမွ မရွိေပမဲ့သူ႔ကိုၾကည့္မရတာေတာ့
အမွန္ပဲ။
"စႏိုး..သူကဘယ္သူလဲ.."
စႏိုးႏွင့္အေဖာ္လိုက္လာေသာ သူငယ္ခ်င္းေတြက
ေမဝိုင္းေလးကိုၾကည့္ကာ ေမးလိုက္ေတာ့
စႏိုးသည္ ေမဝိုင္းေလးကို အထင္ေသး႐ြံရွာစြာ
ေမးေငါ့ျပလိုက္ၿပီး..
"သူက..ကိုစက္ရဲ႕မိန္းမေလ..အျပင္ပန္းက
ၾကည့္ရင္ေတာ့ သိမ္ေမြ႕မလိုနဲ႔..တကယ္ေတာ့
ေျမေခြးလိုမိန္းမ..ေပ်ာ့ေပ်ာ့ေလးနဲ႔နံတဲ့
ေၾကာင္ခ်ီး.."
"ရွင္စကားေျပာတာ ဆင္ျခင္ရင္ေကာင္းမယ္ေနာ္.."
"ဘာျဖစ္လဲ..မင္းကတကယ္ကို
ေၾကာင္ခ်ီးနဲ႔တူတဲ့ မိန္းမစားမို႔လို
တမင္ေျပာလိုက္တာ..
မင္း..ေျမႇာက္ထိုးပင့္ေကာ္
လုပ္လိုက္လို႔သာ ကိုကိုကငါတို႔အိမ္မွာ
လာေသာင္းက်န္းသြားတာေပါ့..
..........
KGကုမၸဏီကိုလက္ခံၿပီး နင့္ကိုကြာရွင္းေပးဖို႔
ေခၚေတြ႕တဲ့ ကိစၥကိုနင္မေျပာလို႔ဘယ္သူက
သြားေျပာမွာလဲ..
.........
နင္ၾကားထဲကေန ခေလာက္ဆန္လိုက္လို႔သာ
အေဖလည္း ေသြးေတြတိုးၿပီး
ေဆး႐ုံေတာင္ တင္လိုက္ရတယ္..
.......
နင့္ကိုငါတကယ္ခ်ီးက်ဴးတယ္သိလား..
နင့္လိုဘာမဟုတ္တဲ့ ေကာင္မအတြက္
ကိုကိုက ေဖေဖနဲ႔ေတာင္ဆန႔္က်င္ၿပီး
အရမ္းတန္ဖိုးႀကီးတဲ့ KGအဖြဲ႕အစည္းကိုေတာင္
လက္လႊတ္ခဲ့ရတယ္..
.....
နင္သူ႔ကို ဘယ္လိုနည္းလမ္းေတြနဲ႔မ်ား
ျမႇဴစြယ္ထားတာလဲ.."
အမ်ားျပည္သူ သြားလာေနတဲ့ ေနရာမွာလည္း
မေရွာင္ပဲ လူကိုအသားလြတ္စကားနာ
လာထိုးေန၍ အလိုလိုေဒါသထြက္လာသည္။
ဒါေပမဲ့ အတတ္ႏိုင္ဆုံးစိတ္ကို ထိန္းခ်ဳပ္လိုက္ကာ
လတ္မွတ္၀ယ္ေနေသာ ကိုကို႔ဘက္သို႔
တစ္ခ်က္လွည့္ၾကည့္လိုက္သည္။
ၿပီးေနာက္ ေက်နပ္စြာမဲ့ၿပဳံးၿပဳံး၍သာ
သူ႔ကို ျပန္စိုက္ၾကည့္ေပးလိုက္တယ္။
"ကိုယ့္စိတ္နဲ႔ႏႈိင္းရင္ ႐ိုင္းတယ္တဲ့..
ကိုကို႔ကိုမပိုင္ရတိုင္း ျမႇဴစြယ္ဖ်ားေယာင္းတယ္လို႔
ကြၽန္မကို လာမစြတ္စြဲပါနဲ႔..
သူ႔ကိုကြၽန္မဘက္က ဘယ္လိုအရာမ်ိဳးနဲ႔မွ
မထိန္းခ်ဳပ္ထားဘူး..ကိုကိုကလည္း
ကြၽန္မအလြယ္တကူ ထိန္းခ်ဳပ္လို႔ရမယ့္
လူစားမ်ိဳးမဟုတ္ဘူး..အဲ့ဒါကိုရွင္အသိဆုံးပါ..
ဒါေပမဲ့ ကြၽန္မဆီမွာ
လွ်ိဳ႕ဝွက္လက္နက္တစ္ခုေတာ့ရွိတယ္
အဲ့ဒါက သူ႔အေပၚမွာထားတဲ့ ကြၽန္မရဲ႕
စစ္မွန္တဲ့ေမတၱာတရားပဲ.."
"စကားလုံးလွလွေလးေတြနဲ႔
နင္ဘယ္သူ႔ကိုလာလိမ္ဖို႔ ႀကိဳးစားေနတာလဲ.."
"ကြၽန္မလိမ္ေနတာမဟုတ္ဘူး..
ကိုယ္စိုက္ပ်ိဳးတာကို ျပန္ရိတ္သိမ္းရမွာပဲေလ
ရွင္တို႔က သူ႔အေပၚမွာေကာင္းခဲ့မွ
သူကလည္းျပန္ေကာင္းမွာေပါ့..
ရွင္တို႔သူ႔အေပၚမွာ ဘာေတြလုပ္ခဲ့လဲဆိုတာ
ကိုယ့္ဘာသာ အသိဆုံးျဖစ္ၾကမွာပါ..
.........
ကြၽန္မဘယ္တုန္းကမွ ခေလာက္ဆန္တာမ်ိဳး
မလုပ္ခဲ့ဖူးဘူး..KGကုမၸဏီကိုလက္ခံခ်င္ရင္
ကြာရွင္းေပးႏိုင္တယ္လို႔ေတာင္
ကြၽန္မေျပာခဲ့တာ..ဒါေပမဲ့ကိုကို႔ဘာသာ
မေ႐ြးခ်ယ္တာေတာ့ မတတ္ႏိုင္ဘူးေလ.."
ေမဝိုင္းေလး၏စကားအဆုံးမွာ
စႏိုးညိမ္က်သြားေလသည္။
ေသခ်ာျပန္ေတြးၾကည့္ရင္ စႏိုးတို႔မိသားစုက
ကိုကို႔ကို ဒုကၡေတြခ်ည္းပဲေပးခဲ့မိတယ္။
ေမေမဆို ကိုကိုအိမ္ေပၚမွာ မေနႏိုင္ေအာင္အထိ
ႏွိပ္စက္ခဲ့တာ။
ေဖေဖဆိုလည္း စိတ္မေက်နပ္တိုင္း
ကိုကို႔ကို ႏွိပ္စက္ခဲ့တာ စႏိုးကိုယ္တိုင္
ျမင္ေတြ႕ခဲ့ဖူးသည္။
ဒါေပမဲ့ ဘယ္တုန္းကမွ
စႏိုးမတားဆီးႏိုင္ခဲ့တဲ့အျပင္
ငယ္ငယ္က ကိုကိုအ႐ိုက္ခံရတာကိုေတာင္
အားေပးအားေျမႇာက္လုပ္ခဲ့မိေသးတယ္။
ႀကီးလာေတာ့မွ တည္ၾကည္လြန္းတဲ့ဟန္ပန္ႏွင့္
တမူထူးျခားသည့္ ကိုကို႔ကိုတစ္ဖက္သတ္
ခ်စ္မိသြားၿပီး စိတ္သေဘာထားေတြ
ေျပာင္းလဲသြားခဲ့တယ္။
ဒါေပမဲ့ အရာအားလုံးေနာက္က်သြားခဲ့ပါၿပီ။
စႏိုးရဲ႕ ရင္ထဲမွာအသိတရား၀င္လာတဲ့အခါ
ကိုကိုက အျခားတစ္ေယာက္ကို
ေ႐ြးခ်ယ္သြားႏွင့္ေလၿပီ။
"ေမ...!!!"
အသံလာရာဆီသို႔ စႏိုးေရာ ေမဝိုင္းေလးပါ
လွည့္ၾကည့္လိုက္ၾကေပမဲ့ ကိုကို႔မ်က္၀န္းထဲမွာေတာ့
သူ႔ရဲ႕ "ေမ"တစ္ေယာက္တည္းကိုသာ
ျမင္ေနသကဲ့သို႔ စႏိုးကို
လ်စ္လွ်ဴရႈထားေလသည္။
လူႏွစ္ေယာက္ ယွဥ္ရပ္ေနေပမဲ့ စေခၚတည္းက
"ေမတဲ့ေလ.."။
"ကိုကို..႐ုပ္ရွင္လတ္မွတ္ရခဲ့ၿပီလား.."
ဝိုင္းေလးသည္လည္း ကိုကိုအနားသို႔
ေရာက္မလာခင္ပင္ ေျပးသြားလိုက္ကာ
ကိုကို႔လက္ေမာင္းကို ဖက္ထားလိုက္သည္။
ၿပီးေနာက္ စႏိုးဆိုသူကို မသိခ်င္ေယာင္
ေဆာင္ခဲ့ကာ ထြက္လာခဲ့လိုက္သည္။
"ေမ..သူေမ့ကိုတစ္ခုခု ထိခိုက္နစ္နာေအာင္
ေျပာေသးလား.."
"ဟင့္အင္း..ဝိုင္းေလးကသာသူ႔ကို
အႏိုင္ယူခဲ့တာ.."
"အဟင္း..ဒါဆိုကိုယ့္ရဲ႕ေမက
အရမ္းေတာ္တာေပါ့.."
မင္းစက္လည္း သူ႔ပခုံးထက္တြင္
ပါးေလးကပ္ၿပီး ခြၽဲေနေသာေမ့ရဲ႕
ေခါင္းေလးကို ခ်စ္စႏိုးႏွင့္ပုတ္လိုက္မိေလသည္။
႐ုပ္ရွင္ၾကည့္ရဖို႔ အခ်ိန္လိုေသးေသာေၾကာင့္
ႏွစ္ေယာက္သား လက္ခ်င္းတြဲၿပီး
အေအးဆိုင္တစ္ခုမွာ ၀င္ထိုင္လိုက္ၾကသည္။
ေမကေတာ့ ဒီလိုလည္ရ၊ပတ္ရမည္ဆို
သိပ္ေပ်ာ္တတ္ေတာ့ မ်က္ႏွာေလးကို
ၿပဳံးေနတာပဲ။
ကိုယ္ကေတာ့ ပုံမွန္ဆိုရင္ ပိတ္ရက္တိုင္း
အားကစားလုပ္ၿပီးတာနဲ႔ ဥယ်ာဥ္ေဘးက
အေဆာင္ေလးမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း
အိပ္ၿပီးပဲ အနားယူေလ့ရွိတယ္။
အခုေတာ့ တဝီဝီလုပ္တတ္သည့္ ပ်ားမေလးေၾကာင့္
မင္းစက္အာဏာ၏ဥယ်ာဥ္ႀကီးလည္း
အၿငိမ္မေနရေတာ့ေပ။
႐ုပ္ရွင္ၾကည့္ခ်င္သည္ဆို၍ လိုက္သာလာရတယ္။
အခ်စ္ဒရမ္မာကားေတြဆို ကိုယ္က
လုံး၀မႀကိဳက္ဘူး။
ေမကေတာ့ ၾကည့္လိုက္ရင္ကိုရီးယားကား..
တစ္ခါတေလ ကေလးလည္းမဟုတ္ပဲ
ကားတြန္းကားေတာင္ ၾကည့္လိုက္ေသးတယ္။
အိမ္မွာလည္း ေၾကာင္ေတြေမြးလို႔ေမြးနဲ႔
ေမ့ကိုၾကည့္ၿပီး တစ္စက္မွ႐ိုးမသြားရဘူး။
"ဝိုင္းေလးကိုၾကည့္ၿပီး ဘာေတြရယ္ေနတာလဲ.."
"ဘာမွမဟုတ္ပါဘူး..ကိုယ့္မိန္းမကအရမ္းလွလို႔
ေငးမိတာပါ.."
"အပိုေတြ.."
"မပိုပါဘူး..တကယ္ေျပာတာ..
ဒီစင္တာမွာက လူေတြမ်ားေတာ့
သူမ်ားေနာက္ပါသြားမွာစိုးလို႔..ၾကည့္ေနရတာ.."
"ယုံခ်င္စရာပဲေနာ္..ဝိုင္းေလးကသာ
ကိုကို႔ကိုသူမ်ားဆြဲမွာစိုးလို႔ ၾကည့္ေနရတာပါေနာ္
ခုဏက လတ္မွတ္၀ယ္ေနရင္းနဲ႔
ကိုကိုက ေဘာင္းဘီအိတ္ကပ္ထဲကို
လက္ထည့္ၿပီး ပဲမ်ားျပေနေတာ့
အစ္မႀကီးႏွစ္ေယာက္က ေခ်ာလိုက္တာ
ဘာျဖစ္တယ္၊ညာျဖစ္တယ္နဲ႔
ေျပာေနလိုက္ၾကတာမ်ား အျမင္ကပ္စရာႀကီး.."
"ကိုကိုက..ဘယ္မွာ..ပဲမ်ားလို႔လဲ..
ေမေျပာေနတဲ့လူေတြကို သတိေတာင္
မထားလိုက္မိဘူး.."
"ဘာလဲ..သတိထားမိရင္ေကာက္ေကာက္ပါေအာင္
လိုက္သြားမလို႔လား.."
"ေမကလည္းကြာ..လိုက္သြားစရာလား.."
မင္းစက္ေတာ့ အရစ္ေၾကာႏွင့္တိုးေန၍
နားထင္ကို လက္ညႇိဳးႏွင့္ကုတ္ျခစ္လိုက္မိရင္း
ရယ္လိုက္မိေလသည္။
ေမစိတ္ဆိုးေနတာက သူ႔အတြက္ေတာ့
အျမင္ကတ္စရာမေကာင္းပဲ
ခ်စ္စရာ ေကာင္းေနေတာ့ႏႈတ္ခမ္းေထာ္ၿပီး
ကတ္ကတ္လန္ေနတာေလးကိုပဲ
အသဲတယားယား ျဖစ္ေနရေလသည္။
"ေမ..မနက္ျဖန္ၾကရင္ ကိုယ္တို႔ကုမၸဏီကို
နာမည္အသစ္ေပးၿပီး ဖြင့္ပြဲလုပ္ဖို႔ရွိတယ္..
ေမ့ကိုပါ ကိုယ့္ရဲ႕ဇနီးအျဖစ္ အားလုံးအေရွ႕မွာ
ေၾကျငာေပးခ်င္တယ္..ေမအလွဆုံးျပင္ဆင္ၿပီး
လာခဲ့ေနာ္..."
"ကိုကိုကလည္း..ဒီစကားကိုမေန႔ကလည္း
ေျပာၿပီးၿပီေလ..ေမ့သြားတာလား.."
"ကိုမေမ့ပါဘူး..ေမသတိမရေတာ့မွာစိုးလို႔
ျပန္သတိေပးတာ.."
"ဒီေလာက္အေရးႀကီးတာကို ဝိုင္းေလးက
ေမ့စရာလား..အ၀တ္အစားေတာင္
ျပင္ဆင္ၿပီးသြားၿပီ..ဒါေပမဲ့
စိတ္ေတာ့လႈပ္ရွားေနတယ္.."
"ဘာမွမျဖစ္ပါဘူး..ကိုယ္တစ္ေယာက္လုံး
ရွိတာပဲဥစၥာ..မနက္ျဖန္ၾကရင္
ကိုယ္ကမင္းသစ္ကို ခိုင္းစရာေတြရွိေနလို႔
ဖြားဖြားတို႔ကို ပို႔ၿပီးတာနဲ႔ဖြားဖြားတို႔အိမ္က
ဒါ႐ိုက္ဘာအသစ္က ေမ့ကိုလာေခၚလိမ့္မယ္.."
ဒါ႐ိုင္ဘာအသစ္ဆိုေတာ့ ဦးမင္းဒင္ကို
ေျပာတာေပါ့။
အဲ့လူႀကီး လာႀကိဳမယ္ဆိုေတာ့
စိတ္ထဲမွာ အလိုလိုေနရင္းထိတ္လန႔္သြားမိသည္။
"ဖြားဖြားနဲ႔အတူလိုက္လို႔မရဘူးလားဟင္.."
"ဖြင့္ပြဲၾကရင္ အိမ္ကလူေတြအကုန္နီးပါး
ေခၚထားေတာ့ ေမပါလိုက္ရင္
ေနရာၾကပ္ၿပီး အလွပ်က္မွာစိုးလို႔
သီးသန္႔စီစဥ္လိုက္တာေလ
ေမ့ဘက္က တစ္ခုခုအဆင္မေျပတာ
ရွိလို႔လား.."
"မရွိပါဘူး..အဆင္ေျပပါတယ္.."
အားလုံးက သူ႔ေနရာႏွင့္သူ စီစဥ္ၿပီးသားဆိုေတာ့
ဝိုင္းေလးလည္း ကိုယ့္အခက္အခဲကို
မေျပာဖို႔သာ ဆုံးျဖတ္လိုက္သည္။
ဒါေပမဲ့ စိတ္ထဲမွာေတာ့ တစ္ခုခုကို
ရင္မဆိုင္ရဲသလိုမ်ိဳး ထိတ္လန႔္ေနမိသည္။
🔥🔥🔥🔥🔥🔥🔥🔥
မင္းစက္အတြက္ေတာ့ ဒီေန႔တစ္ေန႔လုံး
ၾကည္ႏူးစရာေတြႏွင့္သာ
ျပည့္ႏွက္ခဲ့သည္ဟု ဆိုရေပမည္။
ေမႏွင့္အတူ ႐ုပ္ရွင္ၾကည့္ခဲ့ရသည့္
ခံစားခ်က္ဟာ တကယ္ကိုၾကည္ႏူးစရာ
ေကာင္းလြန္းသည္။
႐ုပ္ရွင္ထဲမွာ ဟာသဇာတ္၀င္ခန္းေတြပါလာတဲ့အခါ
သြားျဖဴျဖဴေလးေတြ ေပၚလာတဲ့အထိ
အားရေအာင္ ထရယ္တတ္ေသာေမ့ရယ္သံ
လြင္လြင္ေလးက သူ႔နားထဲမယ္..
စြဲမက္ဖြယ္ေကာင္းလြန္းသည္အထိ ခ်ိဳၿမိန္သည္။
ေမကေတာ့ ႏွစ္နာရီမွ်ၾကာသည့္႐ုပ္ရွင္ကိုသာ
အာ႐ုံစိုက္၍ ၾကည့္ေနခဲ့ေပမဲ့ ကိုယ္ကေတာ့
အဲ့ဒီ့ႏွစ္နာရီလုံး ေမ့မ်က္ႏွာေလးကိုသာ
ေငးၾကည့္ေနခဲ့မိသည္ဟု ေျပာလွ်င္
ပိုသည္ဟုသာ တုန႔္ျပန္လာႏိုင္သည္။
ကိုယ့္အတြက္ေတာ့ ေမ့ကသာလွပတဲ့
႐ုပ္ရွင္တစ္ခုျဖစ္ၿပီး ေမကသာကိုယ့္ရဲ႕
ၿပီးျပည့္စုံသည့္ ကမာၻငယ္ေလးပါပဲ။
ေမငိုတာပဲျဖစ္ျဖစ္ ၊ရယ္ေမာတာပဲျဖစ္ျဖစ္
အရာအားလုံးကို ကိုယ့္အေရွ႕မွာပဲ
ျဖစ္တည္ေစခ်င္သည္။
ကိုယ့္အေတြးႏွင့္ကိုယ္ ၿပဳံးလိုက္မိၿပီး
နာရီကိုလွမ္းၾကည့္လိုက္မိေတာ့
ညကိုးနာရီထိုးေနေလၿပီ။
သူ႔ရင္ခြင္ထဲမွာေတာ့ ႏူးညံ့သည့္ဝါဂြမ္းစေလးလို
မိန္းမငယ္ေလးက အသက္ရႉသံမွန္မွန္ျဖင့္
အိပ္စက္ေနေလသည္။
ေမ့ရဲ႕လက္ေသးေသးေလးကို
သူ႔လက္ေခ်ာင္းမ်ားႏွင့္ ဆုပ္ကိုင္ထားလိုက္ၿပီး
လက္ေမာင္းကို ေခါင္းအုံး၍
အိပ္ေမာက်ေနေသာ ေမ့ရဲ႕ပါးျပင္ေလးေပၚမွ
ဆံစေလးေတြကို ဘယ္လက္ျဖင့္
ဖယ္ရွားေပးလိုက္သည္။
ေမ့မ်က္ႏွာေလးဟာ ဘာမွလိမ္းျခယ္မထားေပမဲ့
ေမႊးၾကည့္လိုက္သည့္အခါမွာေတာ့
သစ္သီးရနံ႔ေလးရေနသည္။
ပါးေဖာင္းေဖာင္းေလးက မီးေရာင္ေၾကာင့္
ေဖြးနစ္ေနၿပီး မက္မြန္ေရာင္ေလးသန္းေနေတာ့
ဝါးၿပီးၿမိဳခ်ခ်င္စိတ္ေတာင္ ေပါက္လာသည္။
ဒါေပမဲ့ ေမကစိတ္လြတ္လက္လြတ္
အိပ္ေပ်ာ္ေနေတာ့ မေႏွာက္ယွက္ခ်င္ေတာ့၍
ခါးေလးကိုသာအပိုင္သိမ္းကာ
ကိုယ့္ႏွင့္ပိုနီးကပ္ေအာင္ ဆြဲယူလိုက္ၿပီး
ေမ့လည္တိုင္ၾကား၌ မ်က္ႏွာအပ္ကာ
အိပ္ေပ်ာ္ေအာင္ ႀကိဳးစားလိုက္သည္။
တစ္ေယာက္တည္း ေနခဲ့စဥ္
အခ်ိန္ေတြတုန္းကေတာ့ ပိတ္ရက္တိုင္းမွာ
ကိုယ္အိပ္စက္ေနစဥ္ လာေႏွာက္လွ်င္
တစ္စက္မွ မႀကိဳက္ဘူး။
အဲ့လို ေႏွာက္ယွက္လို႔
အလုပ္သမားတစ္ေယာက္ကိုေတာင္
အလုပ္ျဖဳတ္ခဲ့ဖူးသည္။
အခုေတာ့ ကိုယ့္စည္းကိုယ္ေဖာက္ၿပီး
အားလုံးေျဗာင္းျပန္ေတြျဖစ္ကုန္ေလၿပီ။
အိပ္စက္တဲ့အခ်ိန္တိုင္း ေမ့ကိုအနားမွာ
ရွိေနေစခ်င္သည္။
ေမ့ရဲ႕ ကိုယ္သင္းရနံ႔ေလးက သူ႔အတြက္
အေႏွာက္အယွက္ျဖစ္ေနမည့္အစား
အိပ္ေဆးစားရတာထက္ပင္ ပို၍အာနိသင္
ေကာင္းသည္ဟု ဆိုရမည္။
အိမ္ျပန္လာခ်ိန္ဆိုၿပီး
အတိအက်မသတ္မွတ္တတ္သည့္
အေျခအေနကေန
အိမ္ျပန္ခ်ိန္ကိုသာ တၾကည့္ၾကည့္လုပ္ေနမိသည့္
အေျခအေနသို႔ ေရာက္လာခဲ့ရသည္။
မနက္ဖက္ဆို ေမႏွင့္အတူ မနက္စာစားရင္း
ေမ့ကိုႏႈတ္ဆက္ၿပီးသာ အိမ္မွထြက္ခ်င္သည္။
ညဖက္ဆိုလည္း ေမႏွင့္အတူ လက္စုံညီ
ညစာစားၿပီးမွသာ ျပည့္စုံသည္ဟု
ခံစားလာရသည္။
*ကိုယ့္ကိုကိုယ္..ဘာေၾကာင့္ဒီေလာက္အထိ
ေျပာင္းလဲသြားရသလဲဆိုတာကို
ကိုယ္တိုင္ေတာင္ မေတြးတတ္ေတာ့ေပ..
ဒါဟာ ကိုယ္အမွန္တကယ္လိုခ်င္ခဲ့မိတဲ့
ဘ၀မ်ားလား..
.......
ဟုတ္တယ္..ေသခ်ာျပန္ေတြးၾကည့္ရင္
ဒါဟာ ကိုယ္တကယ္လိုခ်င္မိခဲ့တဲ့မိသားစု
ဘ၀ေလးပါပဲ..
.......
အေဖနဲ႔အတူလိုက္ေနခဲ့ရေတာ့ ဒီလို
ေပ်ာ္႐ႊင္မႈမ်ိဳး၊ဒီလိုခံစားခ်က္မ်ိဳးေတြကို
မရရွိခဲ့ဘူး..
မိေထြးရဲ႕ ႏွိက္စက္မႈေတြ၊အေဖ့ရဲ႕မၾကင္နာတတ္တဲ့
အျပဳအမူေတြေၾကာင့္
အေမ့ကို အၿမဲတမ္းတၿပီး၊
အၿမဲစိတ္ကူးယဥ္ခဲ့ဖူးတဲ့ဘ၀ေလးကို
ေမနဲ႔မွပိုင္ဆိုင္ခြင့္ရခဲ့တာပဲ..
..........
ကိုယ့္ရဲ႕အ၀တ္အစားကအစ၊
စားေသာက္မႈပုံစံအဆုံး လိုက္ဂ႐ုစိုက္ေပးတတ္တဲ့
ေမ့ပုံစံဟာ
.ငယ္ငယ္တုန္းက..အေမ့ကိုျမင္ေယာင္ၿပီး
စိတ္ကူးယဥ္ခဲ့ဖူးတာနဲ႔ တစ္ထပ္တည္းက်ေနတယ္..
..........
ေမရယ္..မင္းကိုလက္ထက္လိုက္မိတာက
ကိုယ့္ရဲ႕အမွန္ကန္ဆုံး ေ႐ြးခ်ယ္မႈတစ္ခုပဲ..*
❤️❤️❤️❤️❤️❤️❤️❤️
ကုမၸဏီဖြင့္ပြဲသို႔ တက္ေရာက္လာေသာ
ဧည့္သည္မ်ားက အလြန္မ်ားျပားေန၍
မင္းစက္သည္လည္း ေခြၽးထြက္တာေတာင္
မသုတ္အားပဲ အလႈပ္ရႈပ္ေနရသည္။
တက္ေရာက္လာေသာ လူမ်ားအားလုံးကလည္း
နယ္ပယ္စုံက လူမ်ားျဖစ္ေန၍
စကားဝိုင္းအမ်ိဳးမ်ိဳး ဖန္တီးေနရေလသည္။
အမွန္တကယ္ဆို ဒီဖြင့္ပြဲမလုပ္လည္း
သူ႔လုပ္ငန္းေတြက လည္ပတ္ေနၿပီးသားမို႔
ကိစၥမရွိေပမဲ့ ကိုယ္ပိုင္တဲ့လုပ္ငန္းေတြ
အားလုံးကို နာမည္အသစ္ေပးခ်င္တာေရာ
အေဖ့ကို ႐ြဲ႕ခ်င္တာေၾကာင့္ ဒီပြဲကို
က်င္းပလိုက္ျခင္းျဖစ္သည္။
ဘယ္ပြဲပဲတက္တက္ သူမ်ားကိုအေရးတယူ
လုပ္ၿပီးတမင္မႏႈတ္ဆက္တတ္သလို
လာႏႈတ္ဆက္လည္း သိပ္ၿပီး
အေရးမလုပ္တတ္ေပမဲ့လို႔ ယခုပြဲမွာေတာ့
ပြဲပိုင္ရွင္က ကိုယ္ျဖစ္ေန၍
လာႏႈတ္ဆက္သမွ်၊စကားလာေျပာသမွ်
လူတိုင္းကို အေရးတယူျပန္ႏႈတ္ဆက္
ေပးေနရတာ ေန႔တစ္၀က္ပင္မက်ိဳးေသးပဲ
ေတာ္ေတာ္ေလးကို ေမာေနပါၿပီ။
"ဆရာ..ဆရာ့မိသားစုေရာက္လာပါၿပီ.."
"အေမတို႔လား.."
"ဟုတ္ပါတယ္.."
"ေအး..သူတို႔ကို သီးသန႔္စားပြဲဝိုင္းကို
ေခၚသြားလိုက္..ငါ့မိန္းမေရာက္ရင္လည္း
ငါ့ကိုလာေျပာလွည့္.."
"ဟုတ္ကဲ့ပါဆရာ.."
ဆယ္နာရီထိုးေလာက္မွာ ဖဲႀကိဳးျဖတ္မည့္
အစီအစဥ္ရွိ၍ ေမကအဲ့ဒီ့အခ်ိန္မတိုင္ခင္
ေရာက္ဖို႔လိုသည္။
အခု အဖြားတို႔ေရာက္လာၿပီဆိုေတာ့
အဖြားတို႔ရဲ႕ ဒါ႐ိုင္ဘာကေမ့ကို
သြားေခၚေနေလာက္ေရာေပါ့။
မၾကာခင္ အရမ္းလွေနမဲ့ေမက
ေဟာ့ဒီ့ကုမၸဏီထဲကို ေျခခ်လာၿပီး
ကိုယ့္လက္ကို လာတြဲလိမ့္မည္။
ၿပီးတာနဲ႔ ေမ့ကို စင္ေပၚသို႔ေခၚသြားလိုက္ကာ
အားလုံးႏွင့္ လူသိရွင္ၾကား
မိတ္ဆက္ေပးလိုက္မည္။
"ေမာင္မင္းစက္...ဂုဏ္ယူတယ္ကြာ
မင္းကအသက္ငယ္ငယ္ေလးနဲ႔
ဒီလိုကုမၸဏီကို ခြဲထြက္ႏိုင္တာပဲ.."
"ဟုတ္ကဲ့..ေက်းဇူးတင္ပါတယ္.."
အရင္KGလက္ေအာက္မွာ လုပ္တုန္းက
ကိုယ့္ေၾကာင့္ လုပ္ငန္းေတြပိုတိုးပြားလာခဲ့ၿပီး
အရမ္းေအာင္ျမင္လာခဲ့ေပမဲ့
အျပင္ပန္းကၾကည့္ၾကတဲ့အခါ အားလုံးက
ဦးသူရရဲ႕ လက္ေထာက္ခ်မႈလို႔ပဲ
ထင္ခဲ့ၾကတယ္။
ဒါေပမဲ့ အခုကိုယ့္လုပ္ငန္း၊သူ႔လုပ္ငန္း
ခြဲလိုက္ေတာ့မွသာ အံ့ဩသြားတဲ့လူေတြကလည္း
အမ်ားသားပင္။
ဧည့္သည္ေတြကို ဧည့္ခံေနရသည္ႏွင့္
မအားလပ္ေသာေၾကာင့္ နာရီကို
မၾကည့္မိျဖစ္ေနစဥ္မွာ ေကာင္းသန႔္က
သူ႔ထံ တစ္ဖန္ေရာက္လာျပန္သည္။
"ဆရာ..ဖဲႀကိဳးျဖတ္ရမဲ့အခ်ိန္ေရာက္ေနပါၿပီ
အားလုံး အဆင္သင့္ျပင္ထားပါတယ္.."
ေကာင္းသန႔္ေျပာေတာ့မွ နာရီကိုၾကည့္လိုက္ေတာ့
ဆယ္နာရီထိုးေနေလၿပီ။
"ေကာင္းသန႔္..ငါ့မိန္းမေရာက္ေနၿပီလား.."
"မေရာက္ေသးဘူးဆရာ..ကုမၸဏီအေရွ႕မွာ
ကြၽန္ေတာ္ေစာင့္ေနတာၾကာလွၿပီ
ဆရာ့မိန္းမကို သြားႀကိဳတဲ့ကားက
ျပန္ေရာက္မလာေသးဘူး..အခုဖဲႀကိဳးျဖတ္မဲ့
အခ်ိန္ေရာက္လာလို႔ ဆရာ့ကိုကြၽန္ေတာ္
လာေျပာတာပါ.."
"မျဖစ္ႏိုင္တာ..အဖြားတို႔ေရာက္ေနတာ
ကိုးနာရီထဲကမဟုတ္လား..
အခုပဲဆယ္နာရီထိုးေနၿပီေလ..
လမ္းခရီးကအမ်ားဆုံးၾကာ နာရီ၀က္ေပါ့.."
"ကားလမ္းေတြဘာေတြမ်ား ပိတ္ေနလို႔လား
မသိဘူးဆရာ.."
"ေနအုံး..ငါဖုန္းဆက္ၾကည့္လိုက္အုံးမယ္.."
လူအနည္းငယ္ရွင္းေသာ ေနရာသို႔သြားလိုက္ၿပီး
ေမ့ကို ဖုန္းဆက္ၾကည့္ေပမဲ့ ဖုန္းက
ဆက္ပိတ္ထားသည္ဟုပဲ အဆက္မျပတ္
အသံထြက္ေနသည္။
အိမ္ဖုန္းကို လွမ္းဆက္ၾကည့္ေပမဲ့
အလုပ္သမားေတြက လာမကိုင္ၾက၍
သူေတာ္ေတာ္ ေဒါသထြက္ေနမိသည္။
"ေကာင္းသန႔္..မင္းအခုခ်က္ခ်င္း
ငါ့အိမ္ကိုျပန္ၿပီး ငါ့မိန္းမဒီပြဲကို
လာလားဆိုတာ သြားစုံစမ္းလာခဲ့.."
"ဆရာ..ဖြင့္ပြဲကေရာ.."
"ငါၾကည့္ၿပီး စီစဥ္ထားလိုက္မယ္.."
ေမကေရာက္မလာေတာ့
ဖဲႀကိဳးျဖတ္ဖြင့္လစ္ဖို႔လည္း
လုံး၀စိတ္မ၀င္စားႏိုင္ေတာ့ေပ။
ထို႔ေၾကာင့္ အေရးပါသည့္ရွယ္ရာရွင္
အခ်ိဳ႕ကိုသာ အကူအညီေတာင္းလိုက္ရသည္။
အခမ္းအနားကလည္း ကိုယ္ရွိေနမွ
ျဖစ္မွာမို႔ ခဏေနေပးေနရေပမဲ့
စိတ္ကေတာ့ ေမ့ဆီသို႔သာေရာက္ေနမိသည္။
အေမတို႔အဖြားတို႔လည္း ထိုကိစၥကို
သိသြား၍ အကုန္လုံး၏မ်က္ႏွာေတြပါ
မ႐ႊင္လန္းႏိုင္ၾကေတာ့ေပ။
"အေမ..ကြၽန္ေတာ္အရမ္းစိတ္ပူေနၿပီ
ကြၽန္ေတာ္လိုက္သြားလိုက္အုံးမယ္..."
"ဟဲ့..ဒီပြဲကသားမရွိလို႔မျဖစ္ဖူးေလ..
ခဏေနစင္ေပၚမွာတက္ၿပီး
မိန႔္ခြန္းေျပာရအုံးမယ္မဟုတ္လား.."
"ထားလိုက္ေတာ့အေမရာ..အခု
ကြၽန္ေတာ့္မိန္းမကိစၥက ပိုအေရးႀကီးတယ္.."
"ဟဲ့..ဖုန္းလာေနတယ္.."
ခန္းမထဲမွ ထြက္မလို႔လုပ္လိုက္စဥ္မွာ
ေကာင္းသန႔္ဆီမွ အေၾကာင္းၾကားလာ၍
သူကိုင္လိုက္မိေလသည္။
"ဟယ္လို..ေကာင္းသန႔္..ဘာထူးလဲ.."
"ဆရာ..ဆရာကေတာ္က..လာေခၚတဲ့ကားနဲ႔
လိုက္သြားတယ္တဲ့..ကြၽန္ေတာ္လာတဲ့
လမ္းတစ္ေလွ်ာက္လည္း..ကားလမ္းေတြ
လုံး၀မပိတ္ဘူး..ကြၽန္ေတာ့္အထင္ေတာ့
လာႀကိဳတဲ့ကားသမားက..ဆရာကေတာ္ကို...."
ေကာင္းသန႔္၏ စကားမဆုံးေသးခင္မွာပဲ
သူ႔ေခါင္းထဲ၌ မိုက္ခနဲျဖစ္သြား၍
ယိုင္က်သြားမိေလသည္။
"ဟဲ့..သား..ဘာျဖစ္တာလဲ.."
"ညီေလး..မင္းအဆင္ေျပရဲ႕လား.."
အစ္ကိုႀကီးက သူ႔ပခုံးကိုလာထိန္းကိုင္ေပးထား၍
သူလဲမက်သြားခဲ့ေပမဲ့ သူ႔စိတ္ေတြကေတာ့
အႀကိမ္ႀကိမ္ ၿပိဳလဲသြားခဲ့ၿပီးေလၿပီ။
လူေပါင္းမ်ားစြာႏွင့္ စကားေျပာခဲ့ရသည့္
အခ်ိန္အတြင္းမွာ ေမာဟိုက္ၿပီးေခြၽးမ်ားစြာ
ထြက္ခဲ့ေပမဲ့ အခုအခ်ိန္မွာေတာ့
အေၾကာက္တရားတို႔ ဖုံးလႊမ္းကာ
သူ႔တစ္ကိုယ္လုံး ေအးစက္ထုံက်င္ေနသည္။
"ေမ့ကို..ဆုံးရႈံးလိုက္ရမွာေၾကာက္တယ္..."
**အခန္း(၅၄)ဆက္ရန္..
စာေရးသူ..ေဆာင္းေငြ႕ေဝ
🍁🍁🍁🍁🍁🍁🍁🍁
နည္းနည္းေလာင္မယ္ေနာ္...
No comments:
Post a Comment