(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၄၄)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
ကားနောက်ခန်းတွင်ထိုင်နေမိရင်းနှင့်
ကောင်းကင်ကြီးကို မော့ကြည့်လိုက်သောအခါ
ကြယ်တွေ၀န်းရံထားသော လခြမ်းပဲ့လေးသည်
ကဗျာဆန်လွန်းစွာဖြင့်
သူ့ကိုငုံ့မိုးကြည့်နေလေသည်။
လပြည့်ညရောက်တဲ့အခါ လမင်းကြီးပေါ်တွင်
ဆန်ထောင်းသည့် အဖိုးအိုနှင့်
ယုန်ရုပ်သဏ္ဍန်လေးပေါ်လာတတ်သလိုမျိုး
ယခုလည်း သူ့အတွေးအာရုံတစ်ခုလုံးကို
မေဆိုသော သူ့ဇနီးလေးကသာ
လွှမ်းမိုးထားလေသည်။
ဒီကမ္ဘာပေါ်မှာ သူလေးအတွက် အရေးပါဆုံးယောက်ျားဟာ သူ့အဖေပြီးရင်
နောက်တစ်ယောက်က ကိုယ်ဆိုတာကို
သိလိုက်ရတဲ့အချိန် နှလုံးသားတစ်ခုလုံး
ဗြောင်းဆန်သွားခဲ့တယ်။
*ချစ်တယ်..အဆုံးရှုံးမခံနိုင်ဘူး..*
အဲ့ဒီ့စကားနှစ်ခွန်းတည်းနှင့်တင် ကိုယ့်အသဲကို
ခြွေယူသွားနိုင်ခဲ့တယ်။
ဘယ်လောက်တောင် စကားကြွယ်တဲ့
ကောင်မလေးလဲ။
ကိုယ့်လိုလူကို ရည်းစားစကားတောင်
ပြောလိုက်သေးတယ်။
ကိုယ့်အသိုင်းအ၀န်းမှာ ကျင်လည်နေတဲ့
လူတွေတော်တော်များများက ကိုယ့်ဆီကနေ
အကျိုးအမြတ်တစ်စုံတစ်ရာ ရယူချင်၍သာ
ကိုယ့်ကို မလိုရှိတတ်ကြတယ်။
သူလေးကတော့ လုံး၀ကိုမတူဘူး။
အခြားမိန်းမတွေလို မိန်းမလည်တွေဆိုရင်
ကွာရှင်းတဲ့အခါနစ်နာကြေးပေးမယ်ဆိုလို့ကတော့
တောင်းလိုက်ကြမှာ ဒုနဲ့ဒေး။
မေကတော့ ကိုယ့်ဆီကနေလိုချင်တာဟာ
"အချစ်"တဲ့လား။
ကိုယ့်ရဲ့ဖခင်အရင်းကတောင် ကိုယ့်ဆီကနေ
အကျိုးအမြတ်ရယူဖို့ပဲ ကြည့်ခဲ့တယ်။
ငယ်ငယ်တည်းက သူတစ်ပါးကို
လုံး၀ငဲ့ညှာတတတ်ခြင်းမရှိစေရ၊
ခြင်္သေ့၏သဘာ၀ဟာ မာန်ဖီတတ်ရမည်ဆိုသော
အသိမျိုးတွေပဲ သွတ်သွင်းပေးခဲ့တာပါ။
ဒါပေမဲ့ ကိုယ့်ရဲ့မာကျောလွန်းသော
နှလုံးသားဟာ မေ့ကြောင့်အသက်၀င်လာခဲ့တယ်။
အလုပ်မှာ အလိုမကျရင်ဒေါသထွက်ပြီးပဲ
ပေါက်ကွဲပစ်တတ်တဲ့စိတ်တွေအစား
ချစ်မိလို့ ရူးရူးမူးမူးသ၀န်တိုတတ်ခြင်းတွေ
အစားထိုးလာခဲ့တယ်။
သူစိမ်းမိန်းမတွေနဲ့ ပတ်သတ်ရမဲ့အလုပ်ဆိုရင်
မိထွေးဖြစ်တဲ့ ဒေါ်ချယ်ရီတစ်ယောက်နဲ့တင်
စိတ်ပြတ်နေမိပြီး အားလုံးကိုအရှုပ်ထုပ်တွေလို့
တွေးခဲ့မိပေမဲ့ သူလေးနဲ့ကြမှပဲ
စိတ်ရှည်သည်းခံပြီး ချော့ပေးရတော့တယ်။
သေချာစဉ်းစားကြည့်လိုက်တော့မှ
မေဝိုင်းလေးကို လက်ထပ်ဖို့ရွေးချယ်လိုက်တာဟာ
အဖွားကိုမငြင်းချင်လို့မဟုတ်ပဲ
ကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်းအလိုအလျှောက်
ခေါင်းညိမ့်ခဲ့မိတာပဲ။
ဖြစ်နိုင်တာကတော့ ဒီမိန်းကလေးကို
စိတ်၀င်စားခဲ့မိတဲ့အချိန်က ချယ်ရီသီးခင်းထဲမှာ
ကလေးမလေး ငိုတဲ့အချိန်များဖြစ်နေမလား။
ဒါမှမဟုတ် ကောင်မလေးရေနစ်တော့
ကယ်ပေးရင်းနှင့် ပထမဆုံးအကြင်နာပေးမိတဲ့
အချိန်ကများလား။
အဲ့ဒီ့အချိန်တွေတုန်းက ဒီကောင်မလေးငိုရင်ကို
သဘောကျနေခဲ့မိတာ။
ပါးဖောင်းဖောင်းရဲရဲလေးပေါ်ကို
မျက်ရည်လေးတွေ စီးကျနေရင်ကို
အရမ်းကြည့်လို့ကောင်းတာပဲ။
ကိုယ်ကလည်း အဖေနဲ့အမေ့ကိုမကျေမနပ်ဖြစ်ပြီး
စိတ်မကြည်နေခဲ့တော့ ကောင်မလေးကို
ဘုနဲ့ဘောက်ပဲပြန်ပြောပြီး မတူမတန်သလိုသာ
ဆက်ဆံခဲ့မိတယ်။
ထို့ကြောင့် ကိုယ့်လုပ်ရပ်တွေက အနိုင်ကျင့်သလို
ဖြစ်နေခဲ့တာပေါ့။
*အဲ့ဒါတွေပါရောပြီး တောင်းပန်ရင်ကောင်းမလား*
💘💘💘💘💘💘💘
"မင်းသစ်..ကားမောင်းတာကလည်း
နှေးလိုက်တာကွာ.."
"ရှေ့မှာပွဲဈေးရှိပုံရတယ်ဆရာရဲ့ အမြန်မောင်းရင်
တိုက်မိကုန်လိမ့်မယ်..."
မေဝိုင်းလေးတို့၏ လမ်းထိပ်တွင်ဘုန်းကြီးကျောင်း
တစ်ခုရှိနေပြီး ပွဲဈေးကျင်းပနေသည်ထင်ပါရဲ့
လူတွေ စုပြုံနေလေသည်။
ကားမှန်ကိုချပြီးကြည့်လိုက်တော့ မိသားစုလိုက်
ပျော်ပျော်ပါးပါး လိုက်လံလျှောက်ကြည့်နေသော
လူများကို တွေ့လိုက်ရသည်။
အချို့ကတော့ ကလေးငယ်လေးတွေကို
အဖေဖြစ်သူကချီထားပြီး အရွယ်ရောက်နေသည့်
ကလေးတွေကိုတော့ မိခင်ဖြစ်သူက
လက်ဆွဲထားကြလေသည်။
အခြားငယ်ရွယ်သော သမီးရည်းစား
အတွဲများကလည်း တစ်ယောက်လက်ကို
တစ်ယောက်ချိတ်ကာ အပြုံးလေးတွေ
ကိုယ်စီနှင့် လျှောက်လည်နေကြတာဟာ
အင်မတန်ကြည်နူးဖို့ ကောင်းလေသည်။
နောက်မှီကို မှီထိုင်လိုက်ပြီးနောက်
သူ့မျက်လုံးတွေကို မှိတ်ထားမိပေမဲ့
နှုတ်ခမ်းကတော့ ပြုံးနေမိသည်။
မေ့ရဲ့ နူးညံ့သောလက်နုနုလေးကို
ဆုပ်ကိုင်ပြီး ဒီလိုမျိုးလေးဖြတ်သန်းချင်လာသည်။
အရာအားလုံးကို ချန်ထားခဲ့ပြီး မေနဲ့အတူ
လွတ်လပ်ပျော်ရွှင်တဲ့ ဘ၀လေးကိုထူထောင်ပြီး
သားတွေ၊သမီးတွေအများကြီးနှင့်
ပျော်စရာကောင်းသော မိသားစုဘ၀လေးကို
စိတ်ကူးနှင့် ပုံဖော်နေမိလေသည်။
*အင်း..စိတ်ကူးထဲမှာ
တိုက်အိမ်ဆောက်တယ်ဆိုတာ ဒါမျိုးထင်တယ်.."
ရုံးတက်တဲ့အချိန်ဆိုရင် အမြဲတမ်း
အလုပ်ရှုပ်နေတတ်တော့ ပုံမှန်ဆို
ကားစီးရင်းသာ အနားယူတတ်တဲ့မင်းစက်လည်း
ဒီနေ့မှ အိမ်ကိုအမြန်ရောက်ချင်နေမိသည်။
အချိန်တစ်လကျော်တောင် ထိန်းချုပ်ခဲ့ရသည့်
တမ်းတစိတ်တွေဟာ အခုတော့
ပွင့်အံထွက်ကျလာပြီထင်ပါရဲ့..။
မေဝိုင်းလေးတို့၏ အိမ်ရှေ့မှာကားကို
ရပ်လိုက်သည်နှင့် သူမြန်မြန်ဆန်ဆန်ပဲကားပေါ်မှ
ဆင်းလိုက်ပြီး မင်းသစ်ကိုပြန်လွှတ်လိုက်ကာ
ခြံထဲသို့ လှမ်း၀င်လိုက်သည်။
"ကိုစက်..အလုပ်ကနေပြန်လာပြီလား.."
"ဟုတ်ကဲ့.."
လေးပေမီးချောင်းလေးကိုသာ ထွန်းထား၍
ခြံ၀န်းအရှေ့ဘက်တစ်ခုလုံးက
လင်းထိန်နေလေသည်။
မေဝိုင်းလေးတို့ မိသားစုအားလုံးကတော့
သစ်ပင်အောက်ရှိ ကွပ်ပျစ်ပေါ်တွင်ထိုင်နေကြပြီး
မေဝိုင်းလေးကတော့ မင်းစက်အာဏာကို
မြင်သည်နှင့် အိမ်ထဲသို့ချက်ချင်း
ပြေး၀င်သွားတော့သည်။
ဒေါ်တင်မမတော့ မင်းစက်ကိုအားနာစွာ
ကြည့်နေခဲ့ပေမဲ့ အဒေါ်ဖြစ်သူရွှေရည်၀င်းကတော့
မင်းစက်ကို စူးစမ်းသလိုလာကြည့်နေလေသည်။
"အမေတို့လည်း ဝိုင်းလေးကို
ဖြောင်းဖြကြည့်ပါတယ်သားရယ်..
ဒါပေမဲ့သူကအရမ်းခေါင်းမာတယ်
အမေတို့ဘယ်လိုပြောပြော လုံး၀လက်မခံဘူး.."
ဒေါ်တင်မမကသာ ရန်ပြေငြိမ်းသည့်စကားကို
ပြောနေပေမဲ့ ဒေါ်ရွှေရည်၀င်းကတော့
သူ့တူမကို ဒီလောက်အထိစိတ်ဆိုးအောင်
လုပ်လိုက်တည်းက မင်းစက်ဘက်မှ
ကြီးမားသောအပြစ်တစ်ခုကို
ကျူးလွန်ထားသည်ဟု ထင်လိုက်မိလေသည်။
"အစ်မကလည်း ဝိုင်းလေးကအဲ့လောက်အထိ
အသိတရား မခေါင်းပါးပါဘူးနော်..
တော်တန်ရုံလည်း စိတ်ဆိုးလေ့ဆိုးထ
ရှိတာမှမဟုတ်တာကို
အခုဒီလောက်အထိ မခေါ်မပြောချင်မှတော့
စိတ်နာစရာတစ်ခုခု ရှိနေလို့နေမှာပေါ့..."
"ဟဲ့..ရွှေရည်၀င်း..နင်ဘယ်လိုဖြစ်နေတာလဲ.."
ဒေါ်တင်မမတစ်ယောက် ညီမဖြစ်သူကို
တံတောင်နှင့်တို့ကာ လေသံမာမာနှင့်
ဟောက်လိုက်ရသည်။
အဖွားမိစံကတော့ အသက်ကြီးနေပြီဆိုတော့
ပြဿနာတွေထဲကို ၀င်မပါချင်တော့၍
ရေနွေးကြမ်းသာသောက်ပြီး ညိမ်နေလိုက်သည်။
သူတို့လည်း ဒီလိုအိမ်ထောင်ရေးဘ၀ကို
ဖြတ်သန်းလာခဲ့ဖူးသူဆိုတော့ အိမ်ထောင်ရေး
သုခ၊ဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရပြီးပါပြီ။
လင်နဲ့မယားဆိုတာ လျှာနဲ့သွားလိုပါပဲ။
မကြာခဏဆိုသလို ခလုတ်တိုက်တတ်ကြပြီး
တစ်ယောက်နဲ့တစ်ယောက်ကလည်း ပြီးရငါ
မရှိမဖြစ်လိုအပ်နေကြတာပဲလေ။
ကြားသုံးကြားမ၀င်ကောင်းတဲ့အထဲမှာ
လင်မယားကြားကအဆိုးဆုံးပဲ။
"ဒါနဲ့ကိုစက်ရဲ့လက်ထဲမှာလည်း
နောက်ထပ်အထုပ်တွေနဲ့ပါလား
ဘာတွေလဲကွယ့်.."
"မေဝိုင်းလေးအတွက် လက်ဆောင်ပါ...
"အော်.. အေး..အေး
အခုမှအလုပ်ကပြန်လာတာဆိုတော့
ကိုစက်ပင်ပန်းနေမှာပေါ့ အပေါ်ထပ်မှာရှိတဲ့
ခေါင်းရင်းဘက်ကအခန်းကို
အမေရှင်းပေးထားတယ်
ထိပ်ထားဦးကလည်း ခရီးထွက်သွားတော့
ခုရက်ပိုင်းအခန်းလွတ်တယ်လေ..
အမေတို့ကတော့ အောက်ထပ်မှာပဲအိပ်လိုက်မယ်"
"ဟုတ်ကဲ့ပါ..ဒါဆိုကျွန်တော်
အပေါ်တက်တော့မယ်နော်..ဒါလေးက
အန်တီတို့အတွက် လက်ဆောင်၀ယ်လာတာပါ.."
"အားနာစရာကြီးသားရယ်.."
"အားမနာပါနဲ့..နောက်မှမေဝိုင်းလေးနဲ့အတူ
သပ်သပ်ထပ်ပြီး ကန်တော့ပါရစေ..."
"ရပါတယ်သားရယ်..အမေတို့ကလက်ဆောင်
ပစ္စည်းရတာထက် သားနဲ့သမီးတို့
အဆင်ပြေပြေရှိကြရင်ပဲ လုံလောက်ပါပြီ
နော်..အမေ..အမေ့မြေးကိုဆုပေးလိုက်အုံးလေ.."
"အေးကွယ်..ငါ့မြေးတွေကျန်းမာကြပါစေ
ဒီထက်မက စီးပွားလာဘ်လာဘတွေ
တိုးပွားပါစေကွယ်..လင်မယားအချင်းချင်း
အမြန်ဆုံးပြန်သင့်မြတ်ကြပါစေ.."
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေအဖွား.."
သာမာန်လက်ဆောင်လေးပေးရုံနဲ့
၀မ်းသာပီတိဖြစ်ပြီး ဆုတွေတစ်သီကြီးပေးနေသော
မေဝိုင်းလေးတို့မိသားစု၏ အပြုအမူလေးတွေက
သူ့စိတ်ကို ရွှင်လန်းတက်ကြွစေတာအမှန်ပါပဲ။
ကိုယ့်အိမ်မှာဆို မိသားစုတစ်ယောက်ချင်းဆီက
အလုပ်ကိုယ်ဆီနဲ့ဆိုတော့ ထမင်းလက်ဆုံ
စားချိန်တောင် သိပ်မရှိကြဘူး။
ဒီမိသားစုလေးကတော့ ညခင်းလေးမှာ
ခြံထဲကိုထွက်ပြီး နွေးနွေးထွေးထွေးနှင့်
စကားတွေဖောင်ဖွဲ့နေကြလေရဲ့။
မေဝိုင်းလေးလိုချင်တဲ့ အိမ်ထောင်ရေးနဲ့
မိသားစုပုံစံက ဒီလိုမျိုးများလား။
သူနေထိုင်ခဲ့ရတဲ့မိသားစုနဲ့ ကိုယ်တွေရဲ့
အကျင့်စရိုက်ကို ယှဉ်ကြည့်လိုက်တဲ့အခါ
ကောင်မလေး သိပ်မွန်းကြပ်ခဲ့မှာပဲဟု
ကိုယ်ချင်းစာသွားမိသည်။
"ဒါနဲ့အန်တီ..ဟို..မေဝိုင်းလေးကလည်း
အောက်ထပ်မှာနေတာပဲလား.."
သူ့မေးခွန်းကိုကြားတော့ အန်တီကတစ်ခုခုကို
နားလည်သလိုနှင့် ပြုံးသွားလေသည်။
"ဝိုင်းလေးနေတဲ့အခန်းက သားနဲ့ကပ်လျှက်
အခန်းလေ..အမှန်ဆိုအောက်ထပ်မှာ
နှစ်ခန်းရှိလို့ တစ်ခန်းပေးလို့ရတယ်..
ဘာလဲ..သားကအောက်ထပ်မှာနေချင်လို့လား.."
"ဟာ..မဟုတ်ပါဘူးအန်တီ..
ကျွန်တော်အပေါ်ထပ်မှာပဲ နေချင်ပါတယ်.."
"ကောင်းပါပြီ...ကဲ..ရေမိုးချိုးပြီး
နားချင်ရင်နားတော့လေ.."
"ဟုတ်ကဲ့..."
မင်းစက်လည်း အားလုံးကိုကျောခိုင်းခဲ့ကာ
အပေါ်ထပ်သို့ တက်သွားလိုက်ပြီး
ခဏနားကာ ရေမိုးချိုး၍
အ၀တ်အစားလဲလိုက်သည်။
ပုံမှန်ဆိုရင် ညဘက်မှာလည်း အလုပ်လုပ်ပြီးမှ
အိပ်ယာ၀င်လေ့ရှိပေမဲ့ ဒီညတော့
မိန်းမကို ချော့ရအုံးမည်မို့ အေးအေးဆေးဆေး
မနေအားသေးပေ။
တစ်ဖက်အခန်းမှာတော့ မေဝိုင်းလေးသည်
ကုတင်ပေါ်တွင် လှဲနေပေမဲ့လုံး၀အိပ်လို့မပျော်ပေ။
အချိန်ကလည်း ညရှစ်နာရီကျော်သာရှိသေးသည်မို့
အားနေတာနဲ့ တစ်ဖက်အခန်းမှ
အသံကိုသာ နားစွင့်ထားမိလေသည်။
အမေညနေကပြောတာတော့ မမထိပ်ထားအခန်းမှာ
ကိုစက်ကို ခဏထားမည်တဲ့။
ကိုယ့်ယောက်ျားကို အခြားမိန်းကလေး
နေခဲ့တဲ့အခန်းမှာ မနေစေချင်တာတော့အမှန်ပဲ။
ဒါပေမဲ့လည်း သူနဲ့ကိုယ်က
ပြဿနာဖြစ်ထားတာလေ။
ကိုယ့်ဘက်ကနေစပြီး သွားရောရင်လည်း
တော်တော်ဖြစ်နေတယ်လို့ အထင်လွဲသွားနိုင်တယ်။
*ငါပို့ထားတဲ့စာကို အခုထိမဖတ်ရသေးတာလား
နောက်ပြီး ဘာဖြစ်လို့ဒီလူကြီးက
ငါ့အိမ်မှာလာတည်းရတာလဲ*
Sora Sora, [4/22/2025 7:38 PM]
တွေးရင်းတွေးရင်းနှင့် တကယ်ကို
စိတ်ရှုပ်လာမိသည်။
အလွန်ခမ်းနားသည့် ရွှေတောင်ကြားက
သူ့ရဲ့ဗီလာကြီးကို ပစ်ထားပြီးဝိုင်းလေးတို့ရဲ့
အိမ်ကလေးမှာ လာနေတာဘာအကြံတွေများ
ရှိနေလို့လဲမသိဘူး။
"ဒုန်း!!!!"
"ဟိုဘက်အခန်းကအသံပဲ ဘာဖြစ်တာလဲမသိဘူး"
ဟိုဘက်အခန်းကနေ ပစ္စည်းပြုတ်ကြသည့်
အသံကိုကြားလိုက်ရ၍ လှဲအိပ်နေရာမှ
ထထိုင်လိုက်မိလေသည်။
ဟိုဘက်အခန်းနှင့် ဒီဘက်အခန်းကသစ်သား
နံရံလေးသာ ခြားသည်ဖြစ်၍နံရံနားသို့
ကပ်ကာ နားစွင့်ထားလိုက်သည် ။
ဘာအသံတွေလည်းတော့မသိပေမဲ့
တစ်ဖက်ခန်းမှာတော့ အခုထိတဒုန်းဒုန်းနှင့်
အသံထွက်နေတုန်းပဲ။
ကြည့်ရတာ ဒီလူအရက်မူးလာတာများလား။
အရက်မူးရင် အိမ်၀င်ပေါက်တောင်
မမှတ်မိတဲ့လူဆိုတော့ ဒုက္ခပါပဲ။
မမထိပ်ထားပြန်လာတဲ့အခါ သူ့အခန်းထဲက
ပစ္စည်းတွေ ကွဲနေတာတွေ့ရင်သောင်းကျန်းမှာ
သေချာတယ်။
ငါသွားကြည့်ရမလား။
မဖြစ်သေးပါဘူး ။
သူကငါ့ကိုကွာရှင်းမယ်ဆိုပြီး
သွေးအေးအေးနဲ့ အဆက်ဖြတ်ထားခဲ့တဲ့လူလေ။
ငါကဘာလို့ စခေါ်ရမှာတုန်း။
"အား!!!သေပါပြီ...!!!!"
"ဟင်..သူတစ်ခုခုဖြစ်နေပြီလားမသိဘူး.."
သူ့အော်သံကိုကြားတော့ မသွားဘူး၊သွားမယ်ဆိုပြီး
လွန်ဆွဲနေတဲ့ ကိစ္စကလည်း
ဘယ်ဆီနေမှန်း မသိတော့ပေ။
ဟိုဘက်အခန်းဆီသို့ သွားကာ သူ့အခန်းတံခါးကို
ဆွဲဖွင့်လိုက်မိတော့...
"ဟင်..ဘယ်သူမှလည်းမရှိပါလား.."
အခန်းထဲသို့အလောတကော ၀င်သွားလိုက်ပေမဲ့
ကိုမင်းစက်က ပျောက်နေလေသည်။
"သူဘယ်ရောက်သွားတာလဲ.."
"ကိုယ်ကဒီမှာလေ...."
အသံလာရာဆီသို့ လှည့်ကြည့်လိုက်မိတော့
အခန်းအပေါက်၀ဘေးနားရှိ
ချောင်ကျကျနေရာမှာ ရပ်နေသောသူ...
လက်ထဲမှာလည်း ပန်းစည်းတစ်ခုကို
ကိုင်ထားပြီး ဝိုင်းလေးကိုသနားစဖွယ်
အကြည့်များဖြင့် ညှို့ငင်နေလေသည်။
"ရှင်..တမင်တကာဟန်ဆောင်တာပေါ့..
ပြီတော့ သူခိုးကျင့်သူခိုးကြံနဲ့
ပုန်းနေလိုက်သေးတယ်.."
"အဲ့လိုမှမလုပ်ရင် မေ့ရဲ့မျက်နှာကို
ကိုယ်ဘယ်လိုလုပ်ပြီး တွေ့နိုင်မှာလဲ..
မေကကိုယ့်ကို ရှောင်နေတာလေ....."
စကားပြောတဲ့လေသံကတော့ ပေါက်စီထက်တောင်
ပျော့နေသေးတယ်။
သူဘာလိုချင်ပြန်ပြီလဲ ။
အမြဲတမ်း မောက်မောက်မာမာပဲ
ပြောလေ့ရှိတဲ့လူက အရမ်းနူးညံ့ပြနေတော့
ဘုရားတောင် ပွင့်အုံးမယ်..။
"ဒီအိမ်မှာညအိပ်ပြီးတောင် နေတာဆိုတော့
ကျွန်မနဲ့ ကွာရှင်းဖို့ကို မစောင့်နိုင်တော့ဘူးပေါ့.."
သူ့မျက်နှာကို တည့်တည့်ကြည့်ကာ
လေသံမာမာနဲ့ ကိုယ်ကပြောလိုက်ပေမဲ့
သူ့မျက်နှာက ဘာကြောင့်ပုံမပျက်ရတာလဲ။
ထိုအစား ဝိုင်းလေး၏အနားသို့ ပိုတိုးကပ်လာပြီး
မျက်နှာလေးငယ်ကာ ငုံ့မိုး၍ကြည့်လာလေသည်။
"မေ..ကိုယ်မေ့ကိုကွာရှင်းမပေးနိုင်တော့ဘူး"
"ရှင်ကျွန်မကို လာနောက်မနေနဲ့.."
"ကိုယ့်ပုံစံက နောက်နေတဲ့ပုံပေါက်နေလို့လား.."
စကားသာပြန်ပြောနေရတာ လူကရင်တွေတုန်ပြီး
အသံတွေပါ တုန်ယင်လာသည်။
သူများတကာ တောင်းပန်နေတုန်းကတော့
မကြေအေးပေးပဲ သူပဲ ကွာရှင်းချင်တယ်
တကဲကဲလုပ်နေပြီး အခုမှပလီပလာတွေ
လာပြောနေတယ်။
"မေ..မေ့အတွက်ကိုယ်လက်ဆောင်
၀ယ်လာတယ်...မေလက်ခံပေးပါလား.."
"ကျွန်မကအနီရောင်ကို လုံး၀မကြိုက်ဘူး
အထူးသဖြင့် နှင်းဆီပန်းထဲမှာအနီရောင်ကို
မကြိုက်ဆုံးပဲ..."
အနီရောင်နှင်းဆီပန်းစည်းကြီးကို ပွေ့ထားပြီး
ဝိုင်းလေးကိုပေးလာပေမဲ့ ပေကပ်ပြီးတော့သာ
ငြင်းပစ်လိုက်သည်။
တကယ်လည်း ဝိုင်းလေးကအနီရောင်ဆို
သိပ်ကို မုန်းတာ။
သွေသံရဲရဲတွေဆိုလည်း မကြည့်ရဲဘူး။
ထို့ကြောင့် ဇာတ်ကားတောင်မှဟာသကားနှင့်
ဒရမ်မာတွေပဲ ကြည့်တာများတယ်။
"ဒါဆို..ဘယ်လိုလုပ်မလဲ...ကိုယ်က
မေကြိုက်မယ်ထင်လို့ အနီရောင်နှင်းဆီပန်းကို
၀ယ်လာခဲ့မိတာ..နောက်တစ်ခါဆိုရင်
မေကြိုက်တတ်တာလေးတွေ
ကိုယ့်ကိုပြောထားလေ..."
"မလိုပါဘူး..ကျွန်မကပန်းတွေကို
အလှကြည့်ရတာပဲကြိုက်တယ်..
ပန်ရတာကို လုံး၀မကြိုက်ဘူး..
ရှင့်ဆီကနေလည်း ဘာလက်ဆောင်မှ
မယူချင်ဘူး..တစ်လကျော်ကြာတဲ့အထိ
ကျွန်မကို အဆက်အသွယ်လုံး၀မလုပ်ပဲ
မေ့ထားနိုင်ခဲ့ပြီးမှ ဘာလို့ဒါမျိုးတွေ
လာလုပ်ပြနေရတာလဲ..ရှင့်ရဲ့ရည်ရွယ်ချက်က
ဘာလဲ..."
ဝိုင်းလေးလည်း စိတ်တိုတိုနှင့်ပြောပြစ်လိုက်တော့
ဝိုင်းလေးကိုငေးကြည့်နေရာမှ
ခေါင်းကိုငုံ့သွားလေသည်။
"ရှင့်ဆီမှာ ဒီ့အတွက်အဖြေမရှိရင်လည်း..
ကျွန်မကို သွားခွင့်ပြုပါအုံး.."
ကွာရှင်းဖို့ကိစ္စကိုတော့ ဝိုင်းဘေးဘက်ကစပြီး
မပြောချင်ပေ။
သူ့ဘက်က ဆန္ဒရှိနေလို့ ထုတ်ပြောလာရင်တော့
သူ့ဆန္ဒကိုသာ ဖြည့်ဆည်းပေးဖို့
တွေးထားလိုက်သည်။
အခန်းအပြင်သို့ ထွက်ရန်သူ့ကို
တွန်းဖယ်လိုက်သည့် အချိန်မှာတော့
သူ့ရဲ့ လက်နွေးနွေးကြီးနှင့် ဝိုင်းလေး၏
လက်ကောက်၀တ်လေးကို ဖမ်းဆွဲလိုက်လေသည်။
"ရှင်ဘာလုပ်တာလဲ.."
ဒီတစ်ခါမှာတော့ သူ့ပုံစံဟာ ခုဏကလို
ကျိုးကျိုးနွံနွံပုံစံလေး မဟုတ်တော့ပဲ
မာနကြီးပြီး အထက်စီးဆန်စွာနေတတ်သည့်
မူလမင်းစက်အာဏာအသွင်သို့
ပြန်ပြောင်းသွားလေသည်။
တစ်ဖက်က ဝိုင်းလေး၏လက်ကောက်၀တ်ကို
ခပ်ပြင်းပြင်းဆုပ်ကိုင်ထားပြီး
ကျန်လက်တစ်ဖက်နှင့် နှင်းဆီပန်းတွေကို
ဘေးနားမှာရှိသော ခုံပေါ်သို့ပစ်တင်လိုက်လေသည်။
ပြီးနောက် အနီရဲရဲပန်းတစ်ပွင့်ကိကောက်ယူလိုက်ကာ ဝိုင်းလေး၏မျက်၀န်းညိုလေးများကို
ပြင်းပြစူးရှစွာ ကြည့်လာလျှက်...
"အနီရောင်နှင်းဆီပန်းတစ်ပွင့်ရဲ့ အဓိပ္ပာယ်က
ဒီတစ်ကမ္ဘာလုံး၊ဒီတစ်လောကလုံးနဲ့
ကိုယ့်ဘ၀တစ်ခုလုံးမှာ မင်းတစ်ယောက်ပဲ
ရှိတယ်တဲ့..ကိုယ်ဘယ်မိန်းမကိုမှ
စိတ်မ၀င်စားဘူး..ကုန်ကုန်ပြောရရင်
ကိုယ့်အမေကိုတောင် ငယ်ငယ်ကကိုယ့်ကို
ပစ်ထားခဲ့တဲ့အတွက်
အခုထိအခဲသိပ်ကျေချင်သေးတာမဟုတ်ဘူး
မင်းကသာ ကိုယ့်ရဲ့တစ်ဦးတည်းသောသူပဲမေ..
ကိုယ့်ရဲ့ ဘ၀ထဲကို၀င်လာပြီး
ကိုယ့်နှလုံးသားကို လွှမ်းမိုးထားနိုင်တဲ့
တစ်ဦးတည်းသော သူလေးပဲ..."
ဘာလဲဟ..။
ရုတ်တရက်ကြီး သူစိတ်ရူးပေါက်သွားတာလား။
ငါက သူ့အတွက်တစ်ဦးတည်းသောလူတဲ့။
ဖြစ်နိုင်လို့လား။
သူ့စကားကြောင့် ကြောင်နေမိစဉ်မှာပဲ
နောက်ထပ်နှင်းဆီပန်းတစ်ပွင့်ကို
ယူလိုက်ပြန်သည်..။
"မေ..ဟော့ဒီ့အနီရောင်နှင်းဆီပန်းလေး
နှစ်ပွင့်လိုပဲ ကိုယ်တို့ဘယ်တော့မှမခွဲပဲ
တစ်မိုးအောက်မှာ ထာ၀ရအတူရှိနေကြရအောင်"
"ကိုမင်းစက်..ရှင်ပြောနေတဲ့စကားတွေရဲ့
အဓိပ္ပာယ်ကိုရော နားလည်ရဲ့လား..
ရှင်..နေရောကောင်းရဲ့လား.."
ဝိုင်းလေးလည်း မနေနိုင်တော့ပဲ သူ့ပါးတွေနှင့်
နှဖူးတွေကို လျှောက်စမ်းကြည့်လိုက်မိသည်။
ကိုယ်ကတော့မပူပါဘူး ဒါပေမဲ့
ဘာလို့ ဂယောင်ဂတမ်းတွေ ပြောနေရတာလဲ။
ဒါမှမဟုတ် ငါပဲနေမကောင်းဖြစ်ပြီး
ထင်ရောင်ထင်မှား ဖြစ်နေတာများလား။
"မေ..."
"ဟမ်!!!"
သူ့နဖူးပေါ်ကလက်တွေကို ပြန်ရုတ်မလို့
ပြင်လိုက်စဉ် ဝိုင်းလေးရဲ့လက်ဖျားလေးတွေကို
ဆွဲယူပြီး သူ့နှုတ်ခမ်းနှင့်ဖိကပ်၍
နမ်းပစ်လိုက်သောကြောင့် ကြက်သီးတွေတောင်
တဖြန်းဖြန်ထသွားလေတော့သည်။
သူကတော့ အလွန်တည်ငြိမ်သောပုံစံနှင့်သာ
နှစ်ဆီပန်းနောက်တစ်ပွင့်ကို ခုံပေါ်မှယူလိုက်ပြီး..
"အနီရောင်နှင်းဆီပန်းသုံးပွင့်ရဲ့
အဓိပ္ပာယ်က ဘာလဲမေသိလား.."
"မသိဘူး.."
စူးရှလွန်းပြီး ညှို့ဓာတ်ပြည့်နေသည့်
သူ့မျက်၀န်းနက်နက်တွေနှင့်
အကြည့်ချင်းမဆုံချင်၍ ခေါင်းကိုစောင်းကာ
ဘေးသို့ အကြည့်လွှဲလိုက်မိပေမဲ့
ရှည်သွယ်သော သူ့ချောင်းများသည်
ဝိုင်းလေး၏မေးဖျားလေးကို ပွတ်သပ်လာကာ
သူ့မျက်၀န်းများအား တည့်တည့်ကြည့်စေရန်
ညင်သာစွာ ဆွဲယူလိုက်လေတော့သည်။
"နှင်းဆီနီသုံးပွင့်ရဲ့ အဓိပ္ပာယ်က
*ငါမင်းကိုချစ်တယ်တဲ့..*
*မေ..ကိုယ်မေ့ကိုသိပ်ချစ်တယ်..*
........
အမေနဲ့အစ်မကို ချစ်သလိုမျိုးမဟုတ်ပဲ
ကိုယ့်အပိုင် အမျိုးသမီးလေးအနေနဲ့ချစ်တာ
ကိုယ့်ရဲ့ တစ်ဘ၀လုံးစာကို
မေ့လက်ထဲအပိုင်ထည့်ပေးပြီး
မေနဲ့ပဲ နေ၀င်ချိန်ရော၊နေထွက်ချိန်ရော
အတူဖြတ်သန်းချင်တယ်..
ကိုယ်က မေ့အတွက်အဆုံးရှုံးမခံနိုင်တဲ့
ယောက်ျားတစ်ယောက်ဆိုရင်
မေကလည်း ကိုယ့်ဘ၀အတွက် ဘာနဲ့မှ
အစားထိုးလို့မရတဲ့ ဇနီးလေးပဲ
ကိုယ့်ဘေးနားမှာ ထာ၀ရရှိနေပေးမယ်မဟုတ်လား"
သူ့စကားအဆုံးမှာ ဝိုင်းလေး၏နှလုံးခုန်နှုန်းတွေ
ရပ်တန့်သွားသကဲ့သို့ လူတစ်ကိုယ်လုံးက
အေးစက်ပြီး တုပ်တုပ်တောင်
လှုပ်၍မရတော့ပေ။
သူပြောနေတာတွေကို ဘာကြောင့်
ရင်းနှီးနေတယ်လို့ ခံစားနေရတာပါလိမ့်။
ဟုတ်သားပဲ..။အဲ့ဒါက ဝိုင်းလေးသူ့ကို
ပို့ပေးခဲ့တဲ့ မက်ဆေ့ခ်ျထဲက စကားလုံးတွေပဲ။
ဒါဆို ဝိုင်းလေးပို့ပေးခဲ့တဲ့စာကို သူဖတ်ပြီးပြီပေါ့။
"မက်ဆေ့ခ်ျကို ရှင်ဘယ်တုန်းကဖတ်လိုက်တာလဲ.."
"တောင်းပန်ပါတယ်မေ..ကိုယ့်ရဲ့ဖုန်းကဒ်က
ကောင်းသန့်ဆီရောက်နေတော့ ဒီနေ့မှ
ဖတ်လိုက်ရတာပါ..ဖတ်ပြီးပြီးချင်း
မေ့ဆီကို ပြေးလာခဲ့တာပါကွာ..
ကိုယ်တောင်းပန်ပါတယ်မေ..
မေ့ကိုအထင်လွဲခဲ့မိတယ်...
တကယ်တော့ မေ့ကိုအရမ်းချစ်လွန်းလို့
သ၀န်တိုမိခဲ့တာပါ..."
"တော်စမ်းပါ..ရှင်တို့ယောက်ျားတွေရဲ့အချစ်က
ကိုယ့်ဘက်က တစ်ဖက်သတ်တွေးပြီး
သူများကို ရှင်းပြခွင့်တောင်မပေးတတ်တာကို
ပြောတာလား..
.........
ရှင်သာကျွန်မကိုတကယ်ချစ်တယ်ဆိုရင်
ကျွန်မပြောပြတာကို ယုံကြည်ပေးခဲ့ရမှာပေါ့
အဲ့ဒီ့ညက ရှင်ပြောတဲ့စကားတွေကို
ကျွန်မအခုထိမမေ့သေးဘူး..
.......
ကျွန်မကိုဖောက်လွဲဖောက်ပြန်လုပ်တဲ့
ကိုယ်ကျင့်သိက္ခာပျက်စီးနေတဲ့
လူတစ်ယောက်အဖြစ် ရှင်သတ်မှတ်ခဲ့လို့
ရှင့်သိက္ခာအတွက် ကွာရှင်းဖို့အကြောင်း
ပြောသွားခဲ့တာလေ..
.........
အခုရှင်ဝိုင်းလေးကို
ချစ်တယ်လို့ ပြောနေပေမဲ့ တစ်ချိန်မှာ
ရှင့်ရင်ထဲက သံသယတွေပြန်နိုးထလာပြီး
ဒီလိုပဲ ထပ်လုပ်အုံးမှာပဲ..
ကျွန်မရှင့်ကို မယုံရဲတော့ဘူး.."
သူ့ကိုတွန်းထုတ်ပစ်ခဲ့ကာ ကိုယ့်အခန်းဆီသို့သာ
ပြေးသွားမိလေသည်။
အခန်းထဲသို့ပြန်ရောက်သည်နှင့်
တံခါးကိုအားနှင့်ပိတ်ချဖို့အလုပ်မှာ
တံခါးကို အပြင်ဘက်မှအားနှင့်ပြန်ကာ
သူအတင်း၀င်လာလေသည်။
"ရှင်ကျွန်မအခန်းထဲကို ဘာလာလုပ်တာလဲ.."
ပိုစိုးပိုင်နင်းနှင့် ဝိုင်းလေး၏တံခါးကိုပါ
သူကဂျက်ချလိုက်သေးသည်။
"အခုချက်ချင်း ကျွန်မအခန်းထဲကနေထွက်သွား.."
"မသွားနိုင်ဘူး..ကိုယ်ဒီညဒီအခန်းထဲမှာပဲအိပ်မှာ.."
"ရှင်တော်တော်မျက်နှာပြောင်တိုက်တဲ့လူပဲ..
သွား..အခုချက်ချင်းကျွန်မအခန်းထဲကနေထွက်"
"မေက ကိုယ့်ကိုအခြားမိန်းကလေးတစ်ယောက်
နေခဲ့တဲ့အခန်းမှာ အိပ်စေချင်တာလား..
ကိုယ်ပြောထားပြီးသားပဲလေ..
မေကသာ ကိုယ့်ဘ၀အတွက်တစ်ဦးထဲသောလူလို့
အခြားမိန်းကလေးတစ်ယောက်ရဲ့
ကိုယ်သင်းရနံ့တွေစွဲကျန်နေတဲ့ မွေ့ယာပေါ်မှာ
ကိုယ်အိပ်လို့ရမှာမဟုတ်ဘူး..
ကိုယ်က မေ့ရဲ့ကိုယ်သင်းရနံ့လေးကိုပဲ..."
"ရှင်နော်..နားရှက်စရာတွေလျှောက်ပြောမနေနဲ့.."
"ကိုယ်တကယ်ပြောနေတာ..ဘာလဲ
နောက်နေတယ်ထင်လို့လား..
မယုံရင်သက်သေပြရမလား.."
"ဘာလုပ်တာလဲ.."
ချော်လဲရောထိုင်ပြီး ဝိုင်းလေးကိုလာဖက်နေ၍
ပြန်ရုန်းမိပေမဲ့ ခွန်အားဗလချင်းက မမျှတော့
အချည်းနည်းသာ ဖြစ်နေလေသည်။
"ဘာဖြစ်လို့ရုန်းနေရတာလဲ...ကိုယ့်မိန်းမကို
ကိုယ်ဖက်ပိုင်ခွင့်မရှိဘူးလား.."
"အခုမှအပိုတွေလာပြောမနေပါနဲ့
ရှင့်ကိုကျွန်မဖယ်လို့ပြောနေတယ်လေ
ဖယ်လို့..."
"ဖြန်း!!!" "အာ့!!"
စိတ်တိုလွန်း၍ အတင်းတွန်းထိုးရုန်းကန်မိရင်း
မတော်တဆ သူ့ပါးကိုရိုက်မိသွားလေသည်။
မရည်ရွယ်ပဲ လုပ်လိုက်မိ၍ဝိုင်းလေးလည်း
လန့်ဖြတ်သွားရကာ သူ့ပါးပြင်ကို
ကြည့်လိုက်မိတော့
လက်ဖဝါးအရာကြီးက ထင်းနေတာပဲ..။
"အရမ်းနာသွားလားဟင်..တမင်ရည်ရွယ်ပြီး
လုပ်တာမဟုတ်ပါဘူး.."
"ကိုယ်နားလည်ပါတယ်..."
ဘုရားရေ..သူပြုံးတယ်။
သူ့ပါးပေါ်ကို တို့ထိနေမိသည့်ဝိုင်းလေး၏
လက်လေးကို သူ့လဖဝါးကြီးနှင့်ထပ်၍
အုပ်လိုက်ကာ သွားချွန်ချွန်လေးတွေ
ပေါ်လာသည်အထိ ပြုံးပြနေလေသည်။
သူ့အပြုံးက တကယ်ကိုဆွဲဆောင်မှုရှိပြီး
သိပ်ကိုလှတာပဲ။
များသောအားဖြင့် ခပ်တည်တည်ပဲ
နေတတ်သူဖြစ်၍ သူ့အပြုံးကိုမြင်ရဖို့
တော်တော်ခဲယဉ်းလေသည်။
ဝိုင်းလေးက ကံကောင်းသူတစ်ယောက်ဟု
ဆိုရမည်လား။
သေချာတာကတော့ ဒီအပြုံးလေးတစ်ခုနဲ့တင်
သူ့အပေါ်ထားရှိတဲ့ အစိုင်အခဲတွေအားလုံး
အရည်ပျော်ကျသွားရလေပြီ။
"မေသာဆန္ဒရှိရင် ကိုယ့်အသားကို
ဓာ းနဲ့မွှန်းရင်တောင် ခံနိုင်တယ်.."
"ဘာတွေလျှောက်ပြောနေတာလဲ ဝိုင်းလေးက
အဲ့လောက်မရက်စက်တတ်ပါဘူးနော်..
ရှင်ကသာ ရက်စက်တတ်တဲ့
အသဲစားဘီလူးကြီး.."
"ကိုယ်ကအသဲစားဘီလူးကြီးဆိုရင်တောင်
မေ့ရဲ့မူပိုင်အသဲနှလုံးလေးကိုပဲ စားသုံးချင်တာ..
အရမ်းချိုမှာပဲနော်..."
"ရှင်နော်..ဘာတွေလျှောက်ပြောနေတာလဲ.."
"ဟား..ဟား..ကိုယ်ကစတာပါကွာ.."
မင်းစက်အာဏာလည်း ဒီညမှစိတ်အစဉ်ဟာ
ပျော်ရွှင်မြူးထူးနေပြီး အားရအောင်ရယ်လိုက်ကာ
ချစ်ရသူလေးကို ရင်ခွင်ထဲသို့
ဆွဲသွင်းပစ်လိုက်သည်။
ကြားလေသွင်းရင်တောင် ဝေးမှာစိုး၍
တင်းတင်းကြပ်ကြပ်ကို ဖက်ထားပစ်လိုက်ကာ
ကောင်မလေး၏ မျက်နှာနုနုလေးကို
နေရာလပ်မကျန် အနမ်းပွင့်တွေခြွေပစ်လိုက်သည်။
ထိုအချိန်၌ မေ့အခန်းပြူတင်းပေါက်မှ
လှမ်းမြင်နေရသော လခြမ်းလေးကို
ကြည့်လိုက်မိပြီးနောက် ဒီအိမ်ကိုလာသည့်
လမ်း၌ တွေ့ခဲ့သည့်ပွဲဈေးတန်းမှ
ပျော်ရွှင်နေကြသော မိသားစုလေးတွေကို
မြင်ယောင်ကြည့်နေမိသည်။
"မေ..."
"ဟင်..."
"ကိုယ်တို့ကလေးယူကြရအောင်..."
ဝိုင်းလေးကို တင်းကြပ်စွာဖက်ထားရာမှ
ရုတ်တရက်ကြီးထမေးလာ၍ လန့်တောင်
လန့်သွားမိသည်။
အရင်တစ်ခါကတော့ သူပဲ
ကလေးမယူစေချင်သေးဘူးဆို..။
"ရှင်ပဲ ဝိုင်းလေးကငယ်သေးလို့
မိခင်တစ်ယောက်မဖြစ်ထိုက်သေးဘူးဆို..
တော်ကြာ ကလေးတွေကိုမထိန်းနိုင်လို့
ဆိုးသွမ်းနေရင် ဘယ်လိုလုပ်မလဲ.."
"စိတ်မပူပါနဲ့ ကိုယ်ကူထိန်းပေးပါ့မယ်..
အခုနောက်ပိုင်း ကိုယ်အရမ်းစိတ်ကူးယဉ်
တတ်လာတယ်သိလား..
ကိုယ်ရယ်..မေရယ်..ပြီးတော့ကလေးပိစီလေးရယ်
အတူတွဲပြီး လျှောက်လည်ချင်တာမျိုး.."
ဝိုင်းလေးကို သူ့ရင်ခွင်ထဲမှဆွဲထုတ်ပြီး
သူ့မျက်နှာကို ကြည့်စေကာ
အတည်ပေါက်ကြီး ပြောနေရ၍
တကယ်လားဟု မယုံသင်္ကာဖြစ်နေမိသည်။
"နော်..ကိုယ့်စိတ်ကူးတွေကို
လက်တွေ့အကောင်အထည်ဖော်ခွင့်ပေးပါကွာ.."
ပြောလည်းပြော ဝိုင်းလေးကို
ပွေ့ချီလိုက်ကာ သူ့စိတ်ကူးယဉ်အိပ်မက်တွေကို
အကောင်အထည်ဖော်ဖို့ ကြိုးစားနေလေရာ
ဝိုင်းလေးလည်း သူ့ရဲ့အချစ်ရေယာဉ်ကြောမှာ
သိပ်မကြာခင်ပဲ မျှောလွှင့်သွားရလေတော့သည်။
ဝိုင်းလေးလိုချင်တဲ့ တောင်းပန်မှုမျိုး၊
ဝိုင်းလေးကျေနပ်စေလောက်မည့် ကတိမျိုးတွေ
သူမပေးခဲ့ပေမဲ့ ချစ်မိတဲ့နှလုံးသားဟာ
ဘာသားနှင့် ထုထားတာမှတ်လို့ ။
ချစ်သူဟာ အမုန်းကျိန်စာတွေရင်မှာ
ဝှက်သိမ်းထားတဲ့ မက်ဒူဆာဆိုရင်တောင်
ကျေကျေနပ်နပ် ကျိန်စာအသင့်ခံမည့်သူဟာ
ကျွန်မပါပဲ။
ဒီယောက်ျားဆီကနေ ဥပက္ခာတွေ၊သိမ်ငယ်မှုတွေ
လျစ်လျှူရှုမှုတွေနဲ့ အမုန်းတရားတွေကို
လက်ခံခဲ့ရဖူးပေမဲ့ မမုန်းရက်နိုင်ပါဘူးလေ။
*အော်..ချစ်မိရင်အရာရာဟာ အရှုံးကြီးပါပဲ..*
...အခန်း(၄၅)ဆက်ရန်...
စာရေးသူ..ဆောင်းငွေ့ဝေ
🔥🔥🔥🔥🔥🔥🔥🔥🔥
*ကဲ...ဒန်..ဒန့်..ဒန်နော်..*
ပြန်တည့်သွားကြပြန်ပါပြီ...
============================
=======================================
အခန္း(၄၄)
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘
ကားေနာက္ခန္းတြင္ထိုင္ေနမိရင္းႏွင့္
ေကာင္းကင္ႀကီးကို ေမာ့ၾကည့္လိုက္ေသာအခါ
ၾကယ္ေတြ၀န္းရံထားေသာ လျခမ္းပဲ့ေလးသည္
ကဗ်ာဆန္လြန္းစြာျဖင့္
သူ႔ကိုငုံ႔မိုးၾကည့္ေနေလသည္။
လျပည့္ညေရာက္တဲ့အခါ လမင္းႀကီးေပၚတြင္
ဆန္ေထာင္းသည့္ အဖိုးအိုႏွင့္
ယုန္႐ုပ္သ႑န္ေလးေပၚလာတတ္သလိုမ်ိဳး
ယခုလည္း သူ႔အေတြးအာ႐ုံတစ္ခုလုံးကို
ေမဆိုေသာ သူ႔ဇနီးေလးကသာ
လႊမ္းမိုးထားေလသည္။
ဒီကမာၻေပၚမွာ သူေလးအတြက္ အေရးပါဆုံးေယာက္်ားဟာ သူ႔အေဖၿပီးရင္
ေနာက္တစ္ေယာက္က ကိုယ္ဆိုတာကို
သိလိုက္ရတဲ့အခ်ိန္ ႏွလုံးသားတစ္ခုလုံး
ေျဗာင္းဆန္သြားခဲ့တယ္။
*ခ်စ္တယ္..အဆုံးရႈံးမခံႏိုင္ဘူး..*
အဲ့ဒီ့စကားႏွစ္ခြန္းတည္းႏွင့္တင္ ကိုယ့္အသဲကို
ေႁခြယူသြားႏိုင္ခဲ့တယ္။
ဘယ္ေလာက္ေတာင္ စကားႂကြယ္တဲ့
ေကာင္မေလးလဲ။
ကိုယ့္လိုလူကို ရည္းစားစကားေတာင္
ေျပာလိုက္ေသးတယ္။
ကိုယ့္အသိုင္းအ၀န္းမွာ က်င္လည္ေနတဲ့
လူေတြေတာ္ေတာ္မ်ားမ်ားက ကိုယ့္ဆီကေန
အက်ိဳးအျမတ္တစ္စုံတစ္ရာ ရယူခ်င္၍သာ
ကိုယ့္ကို မလိုရွိတတ္ၾကတယ္။
သူေလးကေတာ့ လုံး၀ကိုမတူဘူး။
အျခားမိန္းမေတြလို မိန္းမလည္ေတြဆိုရင္
ကြာရွင္းတဲ့အခါနစ္နာေၾကးေပးမယ္ဆိုလို႔ကေတာ့
ေတာင္းလိုက္ၾကမွာ ဒုနဲ႔ေဒး။
ေမကေတာ့ ကိုယ့္ဆီကေနလိုခ်င္တာဟာ
"အခ်စ္"တဲ့လား။
ကိုယ့္ရဲ႕ဖခင္အရင္းကေတာင္ ကိုယ့္ဆီကေန
အက်ိဳးအျမတ္ရယူဖို႔ပဲ ၾကည့္ခဲ့တယ္။
ငယ္ငယ္တည္းက သူတစ္ပါးကို
လုံး၀ငဲ့ညႇာတတတ္ျခင္းမရွိေစရ၊
ျခေသၤ့၏သဘာ၀ဟာ မာန္ဖီတတ္ရမည္ဆိုေသာ
အသိမ်ိဳးေတြပဲ သြတ္သြင္းေပးခဲ့တာပါ။
ဒါေပမဲ့ ကိုယ့္ရဲ႕မာေက်ာလြန္းေသာ
ႏွလုံးသားဟာ ေမ့ေၾကာင့္အသက္၀င္လာခဲ့တယ္။
အလုပ္မွာ အလိုမက်ရင္ေဒါသထြက္ၿပီးပဲ
ေပါက္ကြဲပစ္တတ္တဲ့စိတ္ေတြအစား
ခ်စ္မိလို႔ ႐ူး႐ူးမူးမူးသ၀န္တိုတတ္ျခင္းေတြ
အစားထိုးလာခဲ့တယ္။
သူစိမ္းမိန္းမေတြနဲ႔ ပတ္သတ္ရမဲ့အလုပ္ဆိုရင္
မိေထြးျဖစ္တဲ့ ေဒၚခ်ယ္ရီတစ္ေယာက္နဲ႔တင္
စိတ္ျပတ္ေနမိၿပီး အားလုံးကိုအရႈပ္ထုပ္ေတြလို႔
ေတြးခဲ့မိေပမဲ့ သူေလးနဲ႔ၾကမွပဲ
စိတ္ရွည္သည္းခံၿပီး ေခ်ာ့ေပးရေတာ့တယ္။
ေသခ်ာစဥ္းစားၾကည့္လိုက္ေတာ့မွ
ေမဝိုင္းေလးကို လက္ထပ္ဖို႔ေ႐ြးခ်ယ္လိုက္တာဟာ
အဖြားကိုမျငင္းခ်င္လို႔မဟုတ္ပဲ
ကိုယ့္ရဲ႕ စိတ္ဆႏၵအတိုင္းအလိုအေလွ်ာက္
ေခါင္းညိမ့္ခဲ့မိတာပဲ။
ျဖစ္ႏိုင္တာကေတာ့ ဒီမိန္းကေလးကို
စိတ္၀င္စားခဲ့မိတဲ့အခ်ိန္က ခ်ယ္ရီသီးခင္းထဲမွာ
ကေလးမေလး ငိုတဲ့အခ်ိန္မ်ားျဖစ္ေနမလား။
ဒါမွမဟုတ္ ေကာင္မေလးေရနစ္ေတာ့
ကယ္ေပးရင္းႏွင့္ ပထမဆုံးအၾကင္နာေပးမိတဲ့
အခ်ိန္ကမ်ားလား။
အဲ့ဒီ့အခ်ိန္ေတြတုန္းက ဒီေကာင္မေလးငိုရင္ကို
သေဘာက်ေနခဲ့မိတာ။
ပါးေဖာင္းေဖာင္းရဲရဲေလးေပၚကို
မ်က္ရည္ေလးေတြ စီးက်ေနရင္ကို
အရမ္းၾကည့္လို႔ေကာင္းတာပဲ။
ကိုယ္ကလည္း အေဖနဲ႔အေမ့ကိုမေက်မနပ္ျဖစ္ၿပီး
စိတ္မၾကည္ေနခဲ့ေတာ့ ေကာင္မေလးကို
ဘုနဲ႔ေဘာက္ပဲျပန္ေျပာၿပီး မတူမတန္သလိုသာ
ဆက္ဆံခဲ့မိတယ္။
ထို႔ေၾကာင့္ ကိုယ့္လုပ္ရပ္ေတြက အႏိုင္က်င့္သလို
ျဖစ္ေနခဲ့တာေပါ့။
*အဲ့ဒါေတြပါေရာၿပီး ေတာင္းပန္ရင္ေကာင္းမလား*
💘💘💘💘💘💘💘
"မင္းသစ္..ကားေမာင္းတာကလည္း
ေႏွးလိုက္တာကြာ.."
"ေရွ႕မွာပြဲေဈးရွိပုံရတယ္ဆရာရဲ႕ အျမန္ေမာင္းရင္
တိုက္မိကုန္လိမ့္မယ္..."
ေမဝိုင္းေလးတို႔၏ လမ္းထိပ္တြင္ဘုန္းႀကီးေက်ာင္း
တစ္ခုရွိေနၿပီး ပြဲေဈးက်င္းပေနသည္ထင္ပါရဲ႕
လူေတြ စုၿပဳံေနေလသည္။
ကားမွန္ကိုခ်ၿပီးၾကည့္လိုက္ေတာ့ မိသားစုလိုက္
ေပ်ာ္ေပ်ာ္ပါးပါး လိုက္လံေလွ်ာက္ၾကည့္ေနေသာ
လူမ်ားကို ေတြ႕လိုက္ရသည္။
အခ်ိဳ႕ကေတာ့ ကေလးငယ္ေလးေတြကို
အေဖျဖစ္သူကခ်ီထားၿပီး အ႐ြယ္ေရာက္ေနသည့္
ကေလးေတြကိုေတာ့ မိခင္ျဖစ္သူက
လက္ဆြဲထားၾကေလသည္။
အျခားငယ္႐ြယ္ေသာ သမီးရည္းစား
အတြဲမ်ားကလည္း တစ္ေယာက္လက္ကို
တစ္ေယာက္ခ်ိတ္ကာ အၿပဳံးေလးေတြ
ကိုယ္စီႏွင့္ ေလွ်ာက္လည္ေနၾကတာဟာ
အင္မတန္ၾကည္ႏူးဖို႔ ေကာင္းေလသည္။
ေနာက္မွီကို မွီထိုင္လိုက္ၿပီးေနာက္
သူ႔မ်က္လုံးေတြကို မွိတ္ထားမိေပမဲ့
ႏႈတ္ခမ္းကေတာ့ ၿပဳံးေနမိသည္။
ေမ့ရဲ႕ ႏူးညံ့ေသာလက္ႏုႏုေလးကို
ဆုပ္ကိုင္ၿပီး ဒီလိုမ်ိဳးေလးျဖတ္သန္းခ်င္လာသည္။
အရာအားလုံးကို ခ်န္ထားခဲ့ၿပီး ေမနဲ႔အတူ
လြတ္လပ္ေပ်ာ္႐ႊင္တဲ့ ဘ၀ေလးကိုထူေထာင္ၿပီး
သားေတြ၊သမီးေတြအမ်ားႀကီးႏွင့္
ေပ်ာ္စရာေကာင္းေသာ မိသားစုဘ၀ေလးကို
စိတ္ကူးႏွင့္ ပုံေဖာ္ေနမိေလသည္။
*အင္း..စိတ္ကူးထဲမွာ
တိုက္အိမ္ေဆာက္တယ္ဆိုတာ ဒါမ်ိဳးထင္တယ္.."
႐ုံးတက္တဲ့အခ်ိန္ဆိုရင္ အၿမဲတမ္း
အလုပ္ရႈပ္ေနတတ္ေတာ့ ပုံမွန္ဆို
ကားစီးရင္းသာ အနားယူတတ္တဲ့မင္းစက္လည္း
ဒီေန႔မွ အိမ္ကိုအျမန္ေရာက္ခ်င္ေနမိသည္။
အခ်ိန္တစ္လေက်ာ္ေတာင္ ထိန္းခ်ဳပ္ခဲ့ရသည့္
တမ္းတစိတ္ေတြဟာ အခုေတာ့
ပြင့္အံထြက္က်လာၿပီထင္ပါရဲ႕..။
ေမဝိုင္းေလးတို႔၏ အိမ္ေရွ႕မွာကားကို
ရပ္လိုက္သည္ႏွင့္ သူျမန္ျမန္ဆန္ဆန္ပဲကားေပၚမွ
ဆင္းလိုက္ၿပီး မင္းသစ္ကိုျပန္လႊတ္လိုက္ကာ
ၿခံထဲသို႔ လွမ္း၀င္လိုက္သည္။
"ကိုစက္..အလုပ္ကေနျပန္လာၿပီလား.."
"ဟုတ္ကဲ့.."
ေလးေပမီးေခ်ာင္းေလးကိုသာ ထြန္းထား၍
ၿခံ၀န္းအေရွ႕ဘက္တစ္ခုလုံးက
လင္းထိန္ေနေလသည္။
ေမဝိုင္းေလးတို႔ မိသားစုအားလုံးကေတာ့
သစ္ပင္ေအာက္ရွိ ကြပ္ပ်စ္ေပၚတြင္ထိုင္ေနၾကၿပီး
ေမဝိုင္းေလးကေတာ့ မင္းစက္အာဏာကို
ျမင္သည္ႏွင့္ အိမ္ထဲသို႔ခ်က္ခ်င္း
ေျပး၀င္သြားေတာ့သည္။
ေဒၚတင္မမေတာ့ မင္းစက္ကိုအားနာစြာ
ၾကည့္ေနခဲ့ေပမဲ့ အေဒၚျဖစ္သူေ႐ႊရည္၀င္းကေတာ့
မင္းစက္ကို စူးစမ္းသလိုလာၾကည့္ေနေလသည္။
"အေမတို႔လည္း ဝိုင္းေလးကို
ေျဖာင္းျဖၾကည့္ပါတယ္သားရယ္..
ဒါေပမဲ့သူကအရမ္းေခါင္းမာတယ္
အေမတို႔ဘယ္လိုေျပာေျပာ လုံး၀လက္မခံဘူး.."
ေဒၚတင္မမကသာ ရန္ေျပၿငိမ္းသည့္စကားကို
ေျပာေနေပမဲ့ ေဒၚေ႐ႊရည္၀င္းကေတာ့
သူ႔တူမကို ဒီေလာက္အထိစိတ္ဆိုးေအာင္
လုပ္လိုက္တည္းက မင္းစက္ဘက္မွ
ႀကီးမားေသာအျပစ္တစ္ခုကို
က်ဴးလြန္ထားသည္ဟု ထင္လိုက္မိေလသည္။
"အစ္မကလည္း ဝိုင္းေလးကအဲ့ေလာက္အထိ
အသိတရား မေခါင္းပါးပါဘူးေနာ္..
ေတာ္တန္႐ုံလည္း စိတ္ဆိုးေလ့ဆိုးထ
ရွိတာမွမဟုတ္တာကို
အခုဒီေလာက္အထိ မေခၚမေျပာခ်င္မွေတာ့
စိတ္နာစရာတစ္ခုခု ရွိေနလို႔ေနမွာေပါ့..."
"ဟဲ့..ေ႐ႊရည္၀င္း..နင္ဘယ္လိုျဖစ္ေနတာလဲ.."
ေဒၚတင္မမတစ္ေယာက္ ညီမျဖစ္သူကို
တံေတာင္ႏွင့္တို႔ကာ ေလသံမာမာႏွင့္
ေဟာက္လိုက္ရသည္။
အဖြားမိစံကေတာ့ အသက္ႀကီးေနၿပီဆိုေတာ့
ျပႆနာေတြထဲကို ၀င္မပါခ်င္ေတာ့၍
ေရေႏြးၾကမ္းသာေသာက္ၿပီး ညိမ္ေနလိုက္သည္။
သူတို႔လည္း ဒီလိုအိမ္ေထာင္ေရးဘ၀ကို
ျဖတ္သန္းလာခဲ့ဖူးသူဆိုေတာ့ အိမ္ေထာင္ေရး
သုခ၊ဒုကၡအမ်ိဳးမ်ိဳးကို ခံစားခဲ့ရၿပီးပါၿပီ။
လင္နဲ႔မယားဆိုတာ လွ်ာနဲ႔သြားလိုပါပဲ။
မၾကာခဏဆိုသလို ခလုတ္တိုက္တတ္ၾကၿပီး
တစ္ေယာက္နဲ႔တစ္ေယာက္ကလည္း ၿပီးရငါ
မရွိမျဖစ္လိုအပ္ေနၾကတာပဲေလ။
ၾကားသုံးၾကားမ၀င္ေကာင္းတဲ့အထဲမွာ
လင္မယားၾကားကအဆိုးဆုံးပဲ။
"ဒါနဲ႔ကိုစက္ရဲ႕လက္ထဲမွာလည္း
ေနာက္ထပ္အထုပ္ေတြနဲ႔ပါလား
ဘာေတြလဲကြယ့္.."
"ေမဝိုင္းေလးအတြက္ လက္ေဆာင္ပါ...
"ေအာ္.. ေအး..ေအး
အခုမွအလုပ္ကျပန္လာတာဆိုေတာ့
ကိုစက္ပင္ပန္းေနမွာေပါ့ အေပၚထပ္မွာရွိတဲ့
ေခါင္းရင္းဘက္ကအခန္းကို
အေမရွင္းေပးထားတယ္
ထိပ္ထားဦးကလည္း ခရီးထြက္သြားေတာ့
ခုရက္ပိုင္းအခန္းလြတ္တယ္ေလ..
အေမတို႔ကေတာ့ ေအာက္ထပ္မွာပဲအိပ္လိုက္မယ္"
"ဟုတ္ကဲ့ပါ..ဒါဆိုကြၽန္ေတာ္
အေပၚတက္ေတာ့မယ္ေနာ္..ဒါေလးက
အန္တီတို႔အတြက္ လက္ေဆာင္၀ယ္လာတာပါ.."
"အားနာစရာႀကီးသားရယ္.."
"အားမနာပါနဲ႔..ေနာက္မွေမဝိုင္းေလးနဲ႔အတူ
သပ္သပ္ထပ္ၿပီး ကန္ေတာ့ပါရေစ..."
"ရပါတယ္သားရယ္..အေမတို႔ကလက္ေဆာင္
ပစၥည္းရတာထက္ သားနဲ႔သမီးတို႔
အဆင္ေျပေျပရွိၾကရင္ပဲ လုံေလာက္ပါၿပီ
ေနာ္..အေမ..အေမ့ေျမးကိုဆုေပးလိုက္အုံးေလ.."
"ေအးကြယ္..ငါ့ေျမးေတြက်န္းမာၾကပါေစ
ဒီထက္မက စီးပြားလာဘ္လာဘေတြ
တိုးပြားပါေစကြယ္..လင္မယားအခ်င္းခ်င္း
အျမန္ဆုံးျပန္သင့္ျမတ္ၾကပါေစ.."
"ေပးတဲ့ဆုနဲ႔ ျပည့္ပါေစအဖြား.."
သာမာန္လက္ေဆာင္ေလးေပး႐ုံနဲ႔
၀မ္းသာပီတိျဖစ္ၿပီး ဆုေတြတစ္သီႀကီးေပးေနေသာ
ေမဝိုင္းေလးတို႔မိသားစု၏ အျပဳအမူေလးေတြက
သူ႔စိတ္ကို ႐ႊင္လန္းတက္ႂကြေစတာအမွန္ပါပဲ။
ကိုယ့္အိမ္မွာဆို မိသားစုတစ္ေယာက္ခ်င္းဆီက
အလုပ္ကိုယ္ဆီနဲ႔ဆိုေတာ့ ထမင္းလက္ဆုံ
စားခ်ိန္ေတာင္ သိပ္မရွိၾကဘူး။
ဒီမိသားစုေလးကေတာ့ ညခင္းေလးမွာ
ၿခံထဲကိုထြက္ၿပီး ေႏြးေႏြးေထြးေထြးႏွင့္
စကားေတြေဖာင္ဖြဲ႕ေနၾကေလရဲ႕။
ေမဝိုင္းေလးလိုခ်င္တဲ့ အိမ္ေထာင္ေရးနဲ႔
မိသားစုပုံစံက ဒီလိုမ်ိဳးမ်ားလား။
သူေနထိုင္ခဲ့ရတဲ့မိသားစုနဲ႔ ကိုယ္ေတြရဲ႕
အက်င့္စ႐ိုက္ကို ယွဥ္ၾကည့္လိုက္တဲ့အခါ
ေကာင္မေလး သိပ္မြန္းၾကပ္ခဲ့မွာပဲဟု
ကိုယ္ခ်င္းစာသြားမိသည္။
"ဒါနဲ႔အန္တီ..ဟို..ေမဝိုင္းေလးကလည္း
ေအာက္ထပ္မွာေနတာပဲလား.."
သူ႔ေမးခြန္းကိုၾကားေတာ့ အန္တီကတစ္ခုခုကို
နားလည္သလိုႏွင့္ ၿပဳံးသြားေလသည္။
"ဝိုင္းေလးေနတဲ့အခန္းက သားနဲ႔ကပ္လွ်က္
အခန္းေလ..အမွန္ဆိုေအာက္ထပ္မွာ
ႏွစ္ခန္းရွိလို႔ တစ္ခန္းေပးလို႔ရတယ္..
ဘာလဲ..သားကေအာက္ထပ္မွာေနခ်င္လို႔လား.."
"ဟာ..မဟုတ္ပါဘူးအန္တီ..
ကြၽန္ေတာ္အေပၚထပ္မွာပဲ ေနခ်င္ပါတယ္.."
"ေကာင္းပါၿပီ...ကဲ..ေရမိုးခ်ိဳးၿပီး
နားခ်င္ရင္နားေတာ့ေလ.."
"ဟုတ္ကဲ့..."
မင္းစက္လည္း အားလုံးကိုေက်ာခိုင္းခဲ့ကာ
အေပၚထပ္သို႔ တက္သြားလိုက္ၿပီး
ခဏနားကာ ေရမိုးခ်ိဳး၍
အ၀တ္အစားလဲလိုက္သည္။
ပုံမွန္ဆိုရင္ ညဘက္မွာလည္း အလုပ္လုပ္ၿပီးမွ
အိပ္ယာ၀င္ေလ့ရွိေပမဲ့ ဒီညေတာ့
မိန္းမကို ေခ်ာ့ရအုံးမည္မို႔ ေအးေအးေဆးေဆး
မေနအားေသးေပ။
တစ္ဖက္အခန္းမွာေတာ့ ေမဝိုင္းေလးသည္
ကုတင္ေပၚတြင္ လွဲေနေပမဲ့လုံး၀အိပ္လို႔မေပ်ာ္ေပ။
အခ်ိန္ကလည္း ညရွစ္နာရီေက်ာ္သာရွိေသးသည္မို႔
အားေနတာနဲ႔ တစ္ဖက္အခန္းမွ
အသံကိုသာ နားစြင့္ထားမိေလသည္။
အေမညေနကေျပာတာေတာ့ မမထိပ္ထားအခန္းမွာ
ကိုစက္ကို ခဏထားမည္တဲ့။
ကိုယ့္ေယာက္်ားကို အျခားမိန္းကေလး
ေနခဲ့တဲ့အခန္းမွာ မေနေစခ်င္တာေတာ့အမွန္ပဲ။
ဒါေပမဲ့လည္း သူနဲ႔ကိုယ္က
ျပႆနာျဖစ္ထားတာေလ။
ကိုယ့္ဘက္ကေနစၿပီး သြားေရာရင္လည္း
ေတာ္ေတာ္ျဖစ္ေနတယ္လို႔ အထင္လြဲသြားႏိုင္တယ္။
*ငါပို႔ထားတဲ့စာကို အခုထိမဖတ္ရေသးတာလား
ေနာက္ၿပီး ဘာျဖစ္လို႔ဒီလူႀကီးက
ငါ့အိမ္မွာလာတည္းရတာလဲ*
ေတြးရင္းေတြးရင္းႏွင့္ တကယ္ကို
စိတ္ရႈပ္လာမိသည္။
အလြန္ခမ္းနားသည့္ ေ႐ႊေတာင္ၾကားက
Sora Sora, [4/22/2025 7:38 PM]
သူ႔ရဲ႕ဗီလာႀကီးကို ပစ္ထားၿပီးဝိုင္းေလးတို႔ရဲ႕
အိမ္ကေလးမွာ လာေနတာဘာအႀကံေတြမ်ား
ရွိေနလို႔လဲမသိဘူး။
"ဒုန္း!!!!"
"ဟိုဘက္အခန္းကအသံပဲ ဘာျဖစ္တာလဲမသိဘူး"
ဟိုဘက္အခန္းကေန ပစၥည္းျပဳတ္ၾကသည့္
အသံကိုၾကားလိုက္ရ၍ လွဲအိပ္ေနရာမွ
ထထိုင္လိုက္မိေလသည္။
ဟိုဘက္အခန္းႏွင့္ ဒီဘက္အခန္းကသစ္သား
နံရံေလးသာ ျခားသည္ျဖစ္၍နံရံနားသို႔
ကပ္ကာ နားစြင့္ထားလိုက္သည္ ။
ဘာအသံေတြလည္းေတာ့မသိေပမဲ့
တစ္ဖက္ခန္းမွာေတာ့ အခုထိတဒုန္းဒုန္းႏွင့္
အသံထြက္ေနတုန္းပဲ။
ၾကည့္ရတာ ဒီလူအရက္မူးလာတာမ်ားလား။
အရက္မူးရင္ အိမ္၀င္ေပါက္ေတာင္
မမွတ္မိတဲ့လူဆိုေတာ့ ဒုကၡပါပဲ။
မမထိပ္ထားျပန္လာတဲ့အခါ သူ႔အခန္းထဲက
ပစၥည္းေတြ ကြဲေနတာေတြ႕ရင္ေသာင္းက်န္းမွာ
ေသခ်ာတယ္။
ငါသြားၾကည့္ရမလား။
မျဖစ္ေသးပါဘူး ။
သူကငါ့ကိုကြာရွင္းမယ္ဆိုၿပီး
ေသြးေအးေအးနဲ႔ အဆက္ျဖတ္ထားခဲ့တဲ့လူေလ။
ငါကဘာလို႔ စေခၚရမွာတုန္း။
"အား!!!ေသပါၿပီ...!!!!"
"ဟင္..သူတစ္ခုခုျဖစ္ေနၿပီလားမသိဘူး.."
သူ႔ေအာ္သံကိုၾကားေတာ့ မသြားဘူး၊သြားမယ္ဆိုၿပီး
လြန္ဆြဲေနတဲ့ ကိစၥကလည္း
ဘယ္ဆီေနမွန္း မသိေတာ့ေပ။
ဟိုဘက္အခန္းဆီသို႔ သြားကာ သူ႔အခန္းတံခါးကို
ဆြဲဖြင့္လိုက္မိေတာ့...
"ဟင္..ဘယ္သူမွလည္းမရွိပါလား.."
အခန္းထဲသို႔အေလာတေကာ ၀င္သြားလိုက္ေပမဲ့
ကိုမင္းစက္က ေပ်ာက္ေနေလသည္။
"သူဘယ္ေရာက္သြားတာလဲ.."
"ကိုယ္ကဒီမွာေလ...."
အသံလာရာဆီသို႔ လွည့္ၾကည့္လိုက္မိေတာ့
အခန္းအေပါက္၀ေဘးနားရွိ
ေခ်ာင္က်က်ေနရာမွာ ရပ္ေနေသာသူ...
လက္ထဲမွာလည္း ပန္းစည္းတစ္ခုကို
ကိုင္ထားၿပီး ဝိုင္းေလးကိုသနားစဖြယ္
အၾကည့္မ်ားျဖင့္ ညႇိဳ႕ငင္ေနေလသည္။
"ရွင္..တမင္တကာဟန္ေဆာင္တာေပါ့..
ၿပီေတာ့ သူခိုးက်င့္သူခိုးႀကံနဲ႔
ပုန္းေနလိုက္ေသးတယ္.."
"အဲ့လိုမွမလုပ္ရင္ ေမ့ရဲ႕မ်က္ႏွာကို
ကိုယ္ဘယ္လိုလုပ္ၿပီး ေတြ႕ႏိုင္မွာလဲ..
ေမကကိုယ့္ကို ေရွာင္ေနတာေလ....."
စကားေျပာတဲ့ေလသံကေတာ့ ေပါက္စီထက္ေတာင္
ေပ်ာ့ေနေသးတယ္။
သူဘာလိုခ်င္ျပန္ၿပီလဲ ။
အၿမဲတမ္း ေမာက္ေမာက္မာမာပဲ
ေျပာေလ့ရွိတဲ့လူက အရမ္းႏူးညံ့ျပေနေတာ့
ဘုရားေတာင္ ပြင့္အုံးမယ္..။
"ဒီအိမ္မွာညအိပ္ၿပီးေတာင္ ေနတာဆိုေတာ့
ကြၽန္မနဲ႔ ကြာရွင္းဖို႔ကို မေစာင့္ႏိုင္ေတာ့ဘူးေပါ့.."
သူ႔မ်က္ႏွာကို တည့္တည့္ၾကည့္ကာ
ေလသံမာမာနဲ႔ ကိုယ္ကေျပာလိုက္ေပမဲ့
သူ႔မ်က္ႏွာက ဘာေၾကာင့္ပုံမပ်က္ရတာလဲ။
ထိုအစား ဝိုင္းေလး၏အနားသို႔ ပိုတိုးကပ္လာၿပီး
မ်က္ႏွာေလးငယ္ကာ ငုံ႔မိုး၍ၾကည့္လာေလသည္။
"ေမ..ကိုယ္ေမ့ကိုကြာရွင္းမေပးႏိုင္ေတာ့ဘူး"
"ရွင္ကြၽန္မကို လာေနာက္မေနနဲ႔.."
"ကိုယ့္ပုံစံက ေနာက္ေနတဲ့ပုံေပါက္ေနလို႔လား.."
စကားသာျပန္ေျပာေနရတာ လူကရင္ေတြတုန္ၿပီး
အသံေတြပါ တုန္ယင္လာသည္။
သူမ်ားတကာ ေတာင္းပန္ေနတုန္းကေတာ့
မေၾကေအးေပးပဲ သူပဲ ကြာရွင္းခ်င္တယ္
တကဲကဲလုပ္ေနၿပီး အခုမွပလီပလာေတြ
လာေျပာေနတယ္။
"ေမ..ေမ့အတြက္ကိုယ္လက္ေဆာင္
၀ယ္လာတယ္...ေမလက္ခံေပးပါလား.."
"ကြၽန္မကအနီေရာင္ကို လုံး၀မႀကိဳက္ဘူး
အထူးသျဖင့္ ႏွင္းဆီပန္းထဲမွာအနီေရာင္ကို
မႀကိဳက္ဆုံးပဲ..."
အနီေရာင္ႏွင္းဆီပန္းစည္းႀကီးကို ေပြ႕ထားၿပီး
ဝိုင္းေလးကိုေပးလာေပမဲ့ ေပကပ္ၿပီးေတာ့သာ
ျငင္းပစ္လိုက္သည္။
တကယ္လည္း ဝိုင္းေလးကအနီေရာင္ဆို
သိပ္ကို မုန္းတာ။
ေသြသံရဲရဲေတြဆိုလည္း မၾကည့္ရဲဘူး။
ထို႔ေၾကာင့္ ဇာတ္ကားေတာင္မွဟာသကားႏွင့္
ဒရမ္မာေတြပဲ ၾကည့္တာမ်ားတယ္။
"ဒါဆို..ဘယ္လိုလုပ္မလဲ...ကိုယ္က
ေမႀကိဳက္မယ္ထင္လို႔ အနီေရာင္ႏွင္းဆီပန္းကို
၀ယ္လာခဲ့မိတာ..ေနာက္တစ္ခါဆိုရင္
ေမႀကိဳက္တတ္တာေလးေတြ
ကိုယ့္ကိုေျပာထားေလ..."
"မလိုပါဘူး..ကြၽန္မကပန္းေတြကို
အလွၾကည့္ရတာပဲႀကိဳက္တယ္..
ပန္ရတာကို လုံး၀မႀကိဳက္ဘူး..
ရွင့္ဆီကေနလည္း ဘာလက္ေဆာင္မွ
မယူခ်င္ဘူး..တစ္လေက်ာ္ၾကာတဲ့အထိ
ကြၽန္မကို အဆက္အသြယ္လုံး၀မလုပ္ပဲ
ေမ့ထားႏိုင္ခဲ့ၿပီးမွ ဘာလို႔ဒါမ်ိဳးေတြ
လာလုပ္ျပေနရတာလဲ..ရွင့္ရဲ႕ရည္႐ြယ္ခ်က္က
ဘာလဲ..."
ဝိုင္းေလးလည္း စိတ္တိုတိုႏွင့္ေျပာျပစ္လိုက္ေတာ့
ဝိုင္းေလးကိုေငးၾကည့္ေနရာမွ
ေခါင္းကိုငုံ႔သြားေလသည္။
"ရွင့္ဆီမွာ ဒီ့အတြက္အေျဖမရွိရင္လည္း..
ကြၽန္မကို သြားခြင့္ျပဳပါအုံး.."
ကြာရွင္းဖို႔ကိစၥကိုေတာ့ ဝိုင္းေဘးဘက္ကစၿပီး
မေျပာခ်င္ေပ။
သူ႔ဘက္က ဆႏၵရွိေနလို႔ ထုတ္ေျပာလာရင္ေတာ့
သူ႔ဆႏၵကိုသာ ျဖည့္ဆည္းေပးဖို႔
ေတြးထားလိုက္သည္။
အခန္းအျပင္သို႔ ထြက္ရန္သူ႔ကို
တြန္းဖယ္လိုက္သည့္ အခ်ိန္မွာေတာ့
သူ႔ရဲ႕ လက္ေႏြးေႏြးႀကီးႏွင့္ ဝိုင္းေလး၏
လက္ေကာက္၀တ္ေလးကို ဖမ္းဆြဲလိုက္ေလသည္။
"ရွင္ဘာလုပ္တာလဲ.."
ဒီတစ္ခါမွာေတာ့ သူ႔ပုံစံဟာ ခုဏကလို
က်ိဳးက်ိဳးႏြံႏြံပုံစံေလး မဟုတ္ေတာ့ပဲ
မာနႀကီးၿပီး အထက္စီးဆန္စြာေနတတ္သည့္
မူလမင္းစက္အာဏာအသြင္သို႔
ျပန္ေျပာင္းသြားေလသည္။
တစ္ဖက္က ဝိုင္းေလး၏လက္ေကာက္၀တ္ကို
ခပ္ျပင္းျပင္းဆုပ္ကိုင္ထားၿပီး
က်န္လက္တစ္ဖက္ႏွင့္ ႏွင္းဆီပန္းေတြကို
ေဘးနားမွာရွိေသာ ခုံေပၚသို႔ပစ္တင္လိုက္ေလသည္။
ၿပီးေနာက္ အနီရဲရဲပန္းတစ္ပြင့္ကိေကာက္ယူလိုက္ကာ ဝိုင္းေလး၏မ်က္၀န္းညိဳေလးမ်ားကို
ျပင္းျပစူးရွစြာ ၾကည့္လာလွ်က္...
"အနီေရာင္ႏွင္းဆီပန္းတစ္ပြင့္ရဲ႕ အဓိပၸာယ္က
ဒီတစ္ကမာၻလုံး၊ဒီတစ္ေလာကလုံးနဲ႔
Sora Sora, [4/22/2025 7:38 PM]
ကိုယ့္ဘ၀တစ္ခုလုံးမွာ မင္းတစ္ေယာက္ပဲ
ရွိတယ္တဲ့..ကိုယ္ဘယ္မိန္းမကိုမွ
စိတ္မ၀င္စားဘူး..ကုန္ကုန္ေျပာရရင္
ကိုယ့္အေမကိုေတာင္ ငယ္ငယ္ကကိုယ့္ကို
ပစ္ထားခဲ့တဲ့အတြက္
အခုထိအခဲသိပ္ေက်ခ်င္ေသးတာမဟုတ္ဘူး
မင္းကသာ ကိုယ့္ရဲ႕တစ္ဦးတည္းေသာသူပဲေမ..
ကိုယ့္ရဲ႕ ဘ၀ထဲကို၀င္လာၿပီး
ကိုယ့္ႏွလုံးသားကို လႊမ္းမိုးထားႏိုင္တဲ့
တစ္ဦးတည္းေသာ သူေလးပဲ..."
ဘာလဲဟ..။
႐ုတ္တရက္ႀကီး သူစိတ္႐ူးေပါက္သြားတာလား။
ငါက သူ႔အတြက္တစ္ဦးတည္းေသာလူတဲ့။
ျဖစ္ႏိုင္လို႔လား။
သူ႔စကားေၾကာင့္ ေၾကာင္ေနမိစဥ္မွာပဲ
ေနာက္ထပ္ႏွင္းဆီပန္းတစ္ပြင့္ကို
ယူလိုက္ျပန္သည္..။
"ေမ..ေဟာ့ဒီ့အနီေရာင္ႏွင္းဆီပန္းေလး
ႏွစ္ပြင့္လိုပဲ ကိုယ္တို႔ဘယ္ေတာ့မွမခြဲပဲ
တစ္မိုးေအာက္မွာ ထာ၀ရအတူရွိေနၾကရေအာင္"
"ကိုမင္းစက္..ရွင္ေျပာေနတဲ့စကားေတြရဲ႕
အဓိပၸာယ္ကိုေရာ နားလည္ရဲ႕လား..
ရွင္..ေနေရာေကာင္းရဲ႕လား.."
ဝိုင္းေလးလည္း မေနႏိုင္ေတာ့ပဲ သူ႔ပါးေတြႏွင့္
ႏွဖူးေတြကို ေလွ်ာက္စမ္းၾကည့္လိုက္မိသည္။
ကိုယ္ကေတာ့မပူပါဘူး ဒါေပမဲ့
ဘာလို႔ ဂေယာင္ဂတမ္းေတြ ေျပာေနရတာလဲ။
ဒါမွမဟုတ္ ငါပဲေနမေကာင္းျဖစ္ၿပီး
ထင္ေရာင္ထင္မွား ျဖစ္ေနတာမ်ားလား။
"ေမ..."
"ဟမ္!!!"
သူ႔နဖူးေပၚကလက္ေတြကို ျပန္႐ုတ္မလို႔
ျပင္လိုက္စဥ္ ဝိုင္းေလးရဲ႕လက္ဖ်ားေလးေတြကို
ဆြဲယူၿပီး သူ႔ႏႈတ္ခမ္းႏွင့္ဖိကပ္၍
နမ္းပစ္လိုက္ေသာေၾကာင့္ ၾကက္သီးေတြေတာင္
တျဖန္းျဖန္ထသြားေလေတာ့သည္။
သူကေတာ့ အလြန္တည္ၿငိမ္ေသာပုံစံႏွင့္သာ
ႏွစ္ဆီပန္းေနာက္တစ္ပြင့္ကို ခုံေပၚမွယူလိုက္ၿပီး..
"အနီေရာင္ႏွင္းဆီပန္းသုံးပြင့္ရဲ႕
အဓိပၸာယ္က ဘာလဲေမသိလား.."
"မသိဘူး.."
စူးရွလြန္းၿပီး ညႇိဳ႕ဓာတ္ျပည့္ေနသည့္
သူ႔မ်က္၀န္းနက္နက္ေတြႏွင့္
အၾကည့္ခ်င္းမဆုံခ်င္၍ ေခါင္းကိုေစာင္းကာ
ေဘးသို႔ အၾကည့္လႊဲလိုက္မိေပမဲ့
ရွည္သြယ္ေသာ သူ႔ေခ်ာင္းမ်ားသည္
ဝိုင္းေလး၏ေမးဖ်ားေလးကို ပြတ္သပ္လာကာ
သူ႔မ်က္၀န္းမ်ားအား တည့္တည့္ၾကည့္ေစရန္
ညင္သာစြာ ဆြဲယူလိုက္ေလေတာ့သည္။
"ႏွင္းဆီနီသုံးပြင့္ရဲ႕ အဓိပၸာယ္က
*ငါမင္းကိုခ်စ္တယ္တဲ့..*
*ေမ..ကိုယ္ေမ့ကိုသိပ္ခ်စ္တယ္..*
........
အေမနဲ႔အစ္မကို ခ်စ္သလိုမ်ိဳးမဟုတ္ပဲ
ကိုယ့္အပိုင္ အမ်ိဳးသမီးေလးအေနနဲ႔ခ်စ္တာ
ကိုယ့္ရဲ႕ တစ္ဘ၀လုံးစာကို
ေမ့လက္ထဲအပိုင္ထည့္ေပးၿပီး
ေမနဲ႔ပဲ ေန၀င္ခ်ိန္ေရာ၊ေနထြက္ခ်ိန္ေရာ
အတူျဖတ္သန္းခ်င္တယ္..
ကိုယ္က ေမ့အတြက္အဆုံးရႈံးမခံႏိုင္တဲ့
ေယာက္်ားတစ္ေယာက္ဆိုရင္
ေမကလည္း ကိုယ့္ဘ၀အတြက္ ဘာနဲ႔မွ
အစားထိုးလို႔မရတဲ့ ဇနီးေလးပဲ
ကိုယ့္ေဘးနားမွာ ထာ၀ရရွိေနေပးမယ္မဟုတ္လား"
သူ႔စကားအဆုံးမွာ ဝိုင္းေလး၏ႏွလုံးခုန္ႏႈန္းေတြ
ရပ္တန႔္သြားသကဲ့သို႔ လူတစ္ကိုယ္လုံးက
ေအးစက္ၿပီး တုပ္တုပ္ေတာင္
လႈပ္၍မရေတာ့ေပ။
သူေျပာေနတာေတြကို ဘာေၾကာင့္
ရင္းႏွီးေနတယ္လို႔ ခံစားေနရတာပါလိမ့္။
ဟုတ္သားပဲ..။အဲ့ဒါက ဝိုင္းေလးသူ႔ကို
ပို႔ေပးခဲ့တဲ့ မက္ေဆ့ခ္်ထဲက စကားလုံးေတြပဲ။
ဒါဆို ဝိုင္းေလးပို႔ေပးခဲ့တဲ့စာကို သူဖတ္ၿပီးၿပီေပါ့။
"မက္ေဆ့ခ္်ကို ရွင္ဘယ္တုန္းကဖတ္လိုက္တာလဲ.."
"ေတာင္းပန္ပါတယ္ေမ..ကိုယ့္ရဲ႕ဖုန္းကဒ္က
ေကာင္းသန႔္ဆီေရာက္ေနေတာ့ ဒီေန႔မွ
ဖတ္လိုက္ရတာပါ..ဖတ္ၿပီးၿပီးခ်င္း
ေမ့ဆီကို ေျပးလာခဲ့တာပါကြာ..
ကိုယ္ေတာင္းပန္ပါတယ္ေမ..
ေမ့ကိုအထင္လြဲခဲ့မိတယ္...
တကယ္ေတာ့ ေမ့ကိုအရမ္းခ်စ္လြန္းလို႔
သ၀န္တိုမိခဲ့တာပါ..."
"ေတာ္စမ္းပါ..ရွင္တို႔ေယာက္်ားေတြရဲ႕အခ်စ္က
ကိုယ့္ဘက္က တစ္ဖက္သတ္ေတြးၿပီး
သူမ်ားကို ရွင္းျပခြင့္ေတာင္မေပးတတ္တာကို
ေျပာတာလား..
.........
ရွင္သာကြၽန္မကိုတကယ္ခ်စ္တယ္ဆိုရင္
ကြၽန္မေျပာျပတာကို ယုံၾကည္ေပးခဲ့ရမွာေပါ့
အဲ့ဒီ့ညက ရွင္ေျပာတဲ့စကားေတြကို
ကြၽန္မအခုထိမေမ့ေသးဘူး..
.......
ကြၽန္မကိုေဖာက္လြဲေဖာက္ျပန္လုပ္တဲ့
ကိုယ္က်င့္သိကၡာပ်က္စီးေနတဲ့
လူတစ္ေယာက္အျဖစ္ ရွင္သတ္မွတ္ခဲ့လို႔
ရွင့္သိကၡာအတြက္ ကြာရွင္းဖို႔အေၾကာင္း
ေျပာသြားခဲ့တာေလ..
.........
အခုရွင္ဝိုင္းေလးကို
ခ်စ္တယ္လို႔ ေျပာေနေပမဲ့ တစ္ခ်ိန္မွာ
ရွင့္ရင္ထဲက သံသယေတြျပန္ႏိုးထလာၿပီး
ဒီလိုပဲ ထပ္လုပ္အုံးမွာပဲ..
ကြၽန္မရွင့္ကို မယုံရဲေတာ့ဘူး.."
သူ႔ကိုတြန္းထုတ္ပစ္ခဲ့ကာ ကိုယ့္အခန္းဆီသို႔သာ
ေျပးသြားမိေလသည္။
အခန္းထဲသို႔ျပန္ေရာက္သည္ႏွင့္
တံခါးကိုအားႏွင့္ပိတ္ခ်ဖို႔အလုပ္မွာ
တံခါးကို အျပင္ဘက္မွအားႏွင့္ျပန္ကာ
သူအတင္း၀င္လာေလသည္။
"ရွင္ကြၽန္မအခန္းထဲကို ဘာလာလုပ္တာလဲ.."
ပိုစိုးပိုင္နင္းႏွင့္ ဝိုင္းေလး၏တံခါးကိုပါ
သူကဂ်က္ခ်လိုက္ေသးသည္။
"အခုခ်က္ခ်င္း ကြၽန္မအခန္းထဲကေနထြက္သြား.."
"မသြားႏိုင္ဘူး..ကိုယ္ဒီညဒီအခန္းထဲမွာပဲအိပ္မွာ.."
"ရွင္ေတာ္ေတာ္မ်က္ႏွာေျပာင္တိုက္တဲ့လူပဲ..
သြား..အခုခ်က္ခ်င္းကြၽန္မအခန္းထဲကေနထြက္"
"ေမက ကိုယ့္ကိုအျခားမိန္းကေလးတစ္ေယာက္
ေနခဲ့တဲ့အခန္းမွာ အိပ္ေစခ်င္တာလား..
ကိုယ္ေျပာထားၿပီးသားပဲေလ..
ေမကသာ ကိုယ့္ဘ၀အတြက္တစ္ဦးထဲေသာလူလို႔
အျခားမိန္းကေလးတစ္ေယာက္ရဲ႕
ကိုယ္သင္းရနံ႔ေတြစြဲက်န္ေနတဲ့ ေမြ႕ယာေပၚမွာ
ကိုယ္အိပ္လို႔ရမွာမဟုတ္ဘူး..
ကိုယ္က ေမ့ရဲ႕ကိုယ္သင္းရနံ႔ေလးကိုပဲ..."
"ရွင္ေနာ္..နားရွက္စရာေတြေလွ်ာက္ေျပာမေနနဲ႔.."
"ကိုယ္တကယ္ေျပာေနတာ..ဘာလဲ
ေနာက္ေနတယ္ထင္လို႔လား..
မယုံရင္သက္ေသျပရမလား.."
"ဘာလုပ္တာလဲ.."
ေခ်ာ္လဲေရာထိုင္ၿပီး ဝိုင္းေလးကိုလာဖက္ေန၍
ျပန္႐ုန္းမိေပမဲ့ ခြန္အားဗလခ်င္းက မမွ်ေတာ့
အခ်ည္းနည္းသာ ျဖစ္ေနေလသည္။
"ဘာျဖစ္လို႔႐ုန္းေနရတာလဲ...ကိုယ့္မိန္းမကို
ကိုယ္ဖက္ပိုင္ခြင့္မရွိဘူးလား.."
"အခုမွအပိုေတြလာေျပာမေနပါနဲ႔
ရွင့္ကိုကြၽန္မဖယ္လို႔ေျပာေနတယ္ေလ
ဖယ္လို႔..."
"ျဖန္း!!!" "အာ့!!"
စိတ္တိုလြန္း၍ အတင္းတြန္းထိုး႐ုန္းကန္မိရင္း
မေတာ္တဆ သူ႔ပါးကို႐ိုက္မိသြားေလသည္။
မရည္႐ြယ္ပဲ လုပ္လိုက္မိ၍ဝိုင္းေလးလည္း
လန႔္ျဖတ္သြားရကာ သူ႔ပါးျပင္ကို
ၾကည့္လိုက္မိေတာ့
လက္ဖဝါးအရာႀကီးက ထင္းေနတာပဲ..။
"အရမ္းနာသြားလားဟင္..တမင္ရည္႐ြယ္ၿပီး
လုပ္တာမဟုတ္ပါဘူး.."
"ကိုယ္နားလည္ပါတယ္..."
ဘုရားေရ..သူၿပဳံးတယ္။
သူ႔ပါးေပၚကို တို႔ထိေနမိသည့္ဝိုင္းေလး၏
လက္ေလးကို သူ႔လဖဝါးႀကီးႏွင့္ထပ္၍
အုပ္လိုက္ကာ သြားခြၽန္ခြၽန္ေလးေတြ
ေပၚလာသည္အထိ ၿပဳံးျပေနေလသည္။
သူ႔အၿပဳံးက တကယ္ကိုဆြဲေဆာင္မႈရွိၿပီး
သိပ္ကိုလွတာပဲ။
မ်ားေသာအားျဖင့္ ခပ္တည္တည္ပဲ
ေနတတ္သူျဖစ္၍ သူ႔အၿပဳံးကိုျမင္ရဖို႔
ေတာ္ေတာ္ခဲယဥ္းေလသည္။
ဝိုင္းေလးက ကံေကာင္းသူတစ္ေယာက္ဟု
ဆိုရမည္လား။
ေသခ်ာတာကေတာ့ ဒီအၿပဳံးေလးတစ္ခုနဲ႔တင္
သူ႔အေပၚထားရွိတဲ့ အစိုင္အခဲေတြအားလုံး
အရည္ေပ်ာ္က်သြားရေလၿပီ။
"ေမသာဆႏၵရွိရင္ ကိုယ့္အသားကို
ဓာ းနဲ႔မႊန္းရင္ေတာင္ ခံႏိုင္တယ္.."
"ဘာေတြေလွ်ာက္ေျပာေနတာလဲ ဝိုင္းေလးက
အဲ့ေလာက္မရက္စက္တတ္ပါဘူးေနာ္..
ရွင္ကသာ ရက္စက္တတ္တဲ့
အသဲစားဘီလူးႀကီး.."
"ကိုယ္ကအသဲစားဘီလူးႀကီးဆိုရင္ေတာင္
ေမ့ရဲ႕မူပိုင္အသဲႏွလုံးေလးကိုပဲ စားသုံးခ်င္တာ..
အရမ္းခ်ိဳမွာပဲေနာ္..."
"ရွင္ေနာ္..ဘာေတြေလွ်ာက္ေျပာေနတာလဲ.."
"ဟား..ဟား..ကိုယ္ကစတာပါကြာ.."
မင္းစက္အာဏာလည္း ဒီညမွစိတ္အစဥ္ဟာ
ေပ်ာ္႐ႊင္ျမဴးထူးေနၿပီး အားရေအာင္ရယ္လိုက္ကာ
ခ်စ္ရသူေလးကို ရင္ခြင္ထဲသို႔
ဆြဲသြင္းပစ္လိုက္သည္။
ၾကားေလသြင္းရင္ေတာင္ ေဝးမွာစိုး၍
တင္းတင္းၾကပ္ၾကပ္ကို ဖက္ထားပစ္လိုက္ကာ
ေကာင္မေလး၏ မ်က္ႏွာႏုႏုေလးကို
ေနရာလပ္မက်န္ အနမ္းပြင့္ေတြေႁခြပစ္လိုက္သည္။
ထိုအခ်ိန္၌ ေမ့အခန္းျပဴတင္းေပါက္မွ
လွမ္းျမင္ေနရေသာ လျခမ္းေလးကို
ၾကည့္လိုက္မိၿပီးေနာက္ ဒီအိမ္ကိုလာသည့္
လမ္း၌ ေတြ႕ခဲ့သည့္ပြဲေဈးတန္းမွ
ေပ်ာ္႐ႊင္ေနၾကေသာ မိသားစုေလးေတြကို
ျမင္ေယာင္ၾကည့္ေနမိသည္။
"ေမ..."
"ဟင္..."
"ကိုယ္တို႔ကေလးယူၾကရေအာင္..."
ဝိုင္းေလးကို တင္းၾကပ္စြာဖက္ထားရာမွ
႐ုတ္တရက္ႀကီးထေမးလာ၍ လန႔္ေတာင္
လန႔္သြားမိသည္။
အရင္တစ္ခါကေတာ့ သူပဲ
ကေလးမယူေစခ်င္ေသးဘူးဆို..။
"ရွင္ပဲ ဝိုင္းေလးကငယ္ေသးလို႔
မိခင္တစ္ေယာက္မျဖစ္ထိုက္ေသးဘူးဆို..
ေတာ္ၾကာ ကေလးေတြကိုမထိန္းႏိုင္လို႔
ဆိုးသြမ္းေနရင္ ဘယ္လိုလုပ္မလဲ.."
"စိတ္မပူပါနဲ႔ ကိုယ္ကူထိန္းေပးပါ့မယ္..
အခုေနာက္ပိုင္း ကိုယ္အရမ္းစိတ္ကူးယဥ္
တတ္လာတယ္သိလား..
ကိုယ္ရယ္..ေမရယ္..ၿပီးေတာ့ကေလးပိစီေလးရယ္
အတူတြဲၿပီး ေလွ်ာက္လည္ခ်င္တာမ်ိဳး.."
ဝိုင္းေလးကို သူ႔ရင္ခြင္ထဲမွဆြဲထုတ္ၿပီး
သူ႔မ်က္ႏွာကို ၾကည့္ေစကာ
အတည္ေပါက္ႀကီး ေျပာေနရ၍
တကယ္လားဟု မယုံသကၤာျဖစ္ေနမိသည္။
"ေနာ္..ကိုယ့္စိတ္ကူးေတြကို
လက္ေတြ႕အေကာင္အထည္ေဖာ္ခြင့္ေပးပါကြာ.."
ေျပာလည္းေျပာ ဝိုင္းေလးကို
ေပြ႕ခ်ီလိုက္ကာ သူ႔စိတ္ကူးယဥ္အိပ္မက္ေတြကို
အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနေလရာ
ဝိုင္းေလးလည္း သူ႔ရဲ႕အခ်စ္ေရယာဥ္ေၾကာမွာ
သိပ္မၾကာခင္ပဲ ေမွ်ာလႊင့္သြားရေလေတာ့သည္။
ဝိုင္းေလးလိုခ်င္တဲ့ ေတာင္းပန္မႈမ်ိဳး၊
ဝိုင္းေလးေက်နပ္ေစေလာက္မည့္ ကတိမ်ိဳးေတြ
သူမေပးခဲ့ေပမဲ့ ခ်စ္မိတဲ့ႏွလုံးသားဟာ
ဘာသားႏွင့္ ထုထားတာမွတ္လို႔ ။
ခ်စ္သူဟာ အမုန္းက်ိန္စာေတြရင္မွာ
ဝွက္သိမ္းထားတဲ့ မက္ဒူဆာဆိုရင္ေတာင္
ေက်ေက်နပ္နပ္ က်ိန္စာအသင့္ခံမည့္သူဟာ
ကြၽန္မပါပဲ။
ဒီေယာက္်ားဆီကေန ဥပကၡာေတြ၊သိမ္ငယ္မႈေတြ
လ်စ္လွ်ဴရႈမႈေတြနဲ႔ အမုန္းတရားေတြကို
လက္ခံခဲ့ရဖူးေပမဲ့ မမုန္းရက္ႏိုင္ပါဘူးေလ။
*ေအာ္..ခ်စ္မိရင္အရာရာဟာ အရႈံးႀကီးပါပဲ..*
...အခန္း(၄၅)ဆက္ရန္...
စာေရးသူ..ေဆာင္းေငြ႕ေဝ
🔥🔥🔥🔥🔥🔥🔥🔥🔥
*ကဲ...ဒန္..ဒန႔္..ဒန္ေနာ္..*
ျပန္တည့္သြားၾကျပန္ပါၿပီ...
မျှော်
ReplyDeleteကျေးဇူပါ
ReplyDeleteခုတော့သာသာယာယာဘဲ
ReplyDeleteနောက်ဘာတွေဆက်ဖြစ်မလည်းပေါ့နော်။စောင့်မျှော်လျှက်ပါ
ေခ်ာ့တာကလည္း ဒါပဲလား
ReplyDelete