(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၄၅)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
သစ်လွင်လှသော နံနက်ခင်းလေးတွင်
နေရောင်ခြည်နုနုသည် ပြူတင်းတံခါးကို
ဖြတ်ကျော်လာပြီး အခန်းငယ်လေးထဲသို့
၀င်ရောက်လာခဲ့လေသည်။
ဘာဇိမ်ခံပစ္စည်းမှ မရှိသောအခန်း၏ ဖွဲ့စည်းပုံမှာ
အင်မတန်ရိုးရှင်းလေသည်။
ပြူတင်းတံခါးကိုကာထားသော လိုက်ကာလေး၏
အရောင်သည် အဖြူရောင်လေးဖြစ်ပြီး
လေတိုက်တဲ့အခါ တလူလူလွင့်ပျံနေသည်က
ဤအခန်းငယ်လေးအား
စိတ်ကူးယဉ်ပိုဆန်စေသည်။
ပြူတင်းပေါက်နှင့်ကပ်လျှက်တွင်တော့
(kiss me)ကစ်မီပန်းအိုးလေးကို
ခုံလေးနှင့်တင်ထားပြီး လေတိုက်၍
လှုပ်ခတ်သွားလိုက်တိုင်းမှာ လာနမ်းလှည့်ပါဟု
ဖိတ်ခေါ်နေသယောင် ထင်မိစေသည်။
အိပ်ခန်းလေးသည် ကုတင်တစ်လုံးစာ
ထားရုံထက် အနည်းငယ်မျှသာနေရာပိုပြီး
အလွန်ကျဉ်းမြောင်းသော်လည်း အခန်းပိုင်ရှင်၏
သေသေသပ်သပ် ထားတတ်မှုကြောင့်
ရှုပ်ပွမနေပဲ ကိုယ်ပိုင်သီးသန့်နေရာကောင်းလေး
တစ်ခုလို ခံစားရစေကာ လုံခြုံမှုကို
ပေးစွမ်းလေသည်။
အိပ်ခန်းလေး၏ ခြေရင်းဘတ်တွင်တော့
ငါးကန်သေးသေးလေးတစ်ခုရှိကာ
ရေသန့်စင်သည့်စက်ကလေးပါ
သေချာတပ်ဆင်ထား၍ ငါးလေးများဟာ
ပျော်ရွှင်စွာ စိတ်ကြိုက်ကူးခတ်ကစားနေကြလေသည်။
ငါးလေးများကဲ့သို့ မင်းစက်အာဏာသည်လည်း
သူ့ခြေထောက်တောင် မလွတ်သည့်
ကုတင်သေးသေးလေးပေါ်တွင် ခေါင်းအုံးပေါ်သို့
တံတောင်ထောက်ထားလျှက် မေဝိုင်းလေး၏
မျက်နှာလှလှလေးကို ငေးကြည့်နေမိသည်။
ထူထဲသည့် မျက်တောင်များ၀န်းရံထားသော
သူ့မျက်၀န်းများသည် ကြည်လင်သန့်ရှင်းနေရာမှ
အမှောင်ရိပ်လေး ဖြတ်သန်းသွားပြီးနောက်
မနေနိုင်စွာပဲ အိပ်နေသူလေး၏ ပါးပြင်ပေါ်တွင်
တင်နေသော ဆံနွယ်လေးများကို
သပ်တင်ပေးလိုက်မိသည်။
ရှည်သွယ်သော သူ့လက်ချောင်းလေးများနှင့်
မေဝိုင်းလေး၏ ပါးပြင်လေးကိုယှက်တိုက်၍
ကစားနေမိရာမှ ပါးလေးကို
ဖြစ်ညှစ်ကာ လိမ်ဆွဲလိုက်မိလေသည်။
"အာ့.."
မေဝိုင်းလေးဆီမှ နာကျင်သွား၍ညီးသံသဲ့သဲ့လေး
ထွက်လာပြီးနောက် ကော့ညွှတ်နေသော
မျက်တောင်လေးများသည် လိပ်ပြာတောင်ပံ
ခတ်သလို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ
ပွင့်လာပြီးနောက် သူလေးအားစူးရှစွာ
စိုက်ကြည့်နေသော မင်းစက်အာဏာကို
မြင်ပြီး အံ့ဩသွားလေသည်။
"နိုးနေတာလား..ဘာလို့မနှိုးတာလဲ"
ရှေ့ဆက်ပြောမည့်စကားလုံးများသည်
မင်းစက်အာဏာ၏ တားဆီးလိုက်မှုကြောင့်
တိတ်ဆိတ်သွားလေတော့သည်။
မင်းစက်သည်လည်း အခွင့်အရေးရတုန်း
သေးသေးကွေးကွေး နှုတ်ခမ်းကလေးမှနေ၍
ပါးပြင်တစ်လျှောက်ယှက်တိုက်ကာ
နှောက်ယှက်လိုက်လေသည်။
"တော်တော့လေ မနက်မိုးလင်းပြီ.."
မေဝိုင်းလေးကတော့ အင်မတန်ရှက်နေမိ၍
ပါးလေးများပင် ချယ်ရီပန်းပွင့်လေးများကဲ့သို့
နီရဲလာကာ အ၀တ်အစားမဲ့နေသော
မင်းစက်၏ ရင်အုံကြီးကို လက်နုနုလေးနှင့်
အားသိပ်မထည့်ပဲ တွန်းလိုက်မိလေသည်။
"အဟင်း..ကိုယ့်မိန်းမကိုယ်ကျီစယ်ချင်တာ
ကားမောင်းသလို ဘရိတ်အုပ်စရာလိုလို့လား
အမှန်ဆိုဒီအချိန်က အလုပ်သွားဖို့
ပြင်ဆင်ရမဲ့အချိန်လေ
ကိုယ့်ဇနီးလေးနိုးလာတဲ့အခါ
မနက်မိုးလင်းတည်းက
ပစ်ထားခဲ့တယ်ဆိုပြီး ၀မ်းနည်းနေမှာစိုးလို့
စောင့်နေပေးတဲ့ဥစ္စာ
ဘာလဲ မေကကိုယ့်ကိုမကြည်ဖြူဘူးလား.."
*ကြည့်..ဒီလူဟာလေ စကားစပြောတာနဲ့
ဘုနဲ့ဘောက်ဖြစ်ပြီ။
သူ့ကိုမကြည်ဖြူမှတော့ ဝိုင်းလေးက
ကိုယ့်ရဲ့ခန္ဓာရော နှလုံးသားကိုရော
ပေးပါ့မလားလို့။
သူ့ကိုချစ်မိလို့ကို သူအရင်ကဘယ်လိုပဲ
ဝိုင်းလေးကို အပြစ်ပြုထားထား
ခွင့်လွတ်ပေးခဲ့တာပေါ့။
အခုတော့ ဒါလေးငြင်းဆန်မိတာကို
အပြစ်လို့မြင်နေပြီ။
မဖြစ်ဘူး။ဒီလူနဲ့သေချာစာရင်းရှင်းရမယ်။
"ရှင့်ကိုဝိုင်းလေး တစ်ခုလောက်မေးမယ်နော်
အမှန်အတိုင်းဖြေရမယ်.."
"မေးစေဗျာ.."
"ရှင်..ဝိုင်းလေးကိုတကယ်ချစ်တာလား.."
"အဲ့လိုမေးတာကို ကိုယ်မကြိုက်ဘူးနော်.."
ဝိုင်းလေး၏ ဆံနွယ်လေးတွေကို
လက်ချောင်းလေးများနှင့် ဆော့ကစားနေမိရာမှ
မင်းစက်အာဏာ၏မျက်နှာသည် ချက်ခြင်း
ပျက်ယွင်းသွားလေတော့သည်။
"ရုပ်ကဘာဖြစ်သွားရတာလဲ
ဒါလေးမေးတာတောင် ပြန်ဖြေပေးရမှာ
စိတ်မရှည်ဘူးလား..."
မေဝိုင်းလေး အလိုလိုမျက်ရည်လေးများ
ဝဲတက်လာလေသည်။
ကိုယ့်ဘ၀တစ်ခုလုံးလည်း ပိုအပ်ပြီးပြီ။
မိန်းကလေးတန်မဲ့ အရှက်မရှိ
ချစ်စကားဆိုပြီးလည်း ၀န်ခံခဲ့မိသည်။
အရှက်နဲ့ဂုဏ်သိက္ခာကို အထိခိုက်မခံနိုင်တဲ့
ဝိုင်းလေးအတွက် သူ့ကိုအဆုံးစွန်အထိ
စိတ်ဝိဉာဏ်တွေအားလုံး ပေးအပ်ခဲ့ပြီးတာတောင်
သူ့ဘက်က ဒီစကားလေးတစ်ခွန်းကို
အလွယ်တကူမဖြေပေးနိုင်ဘူး။
"ရှင်..ဝိုင်းလေးကိုတကယ်မချစ်ဘူးမဟုတ်လား.."
အ၀တ်အစားတွေအားလုံးက မနေ့ညတည်းကကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသောကြောင့်
လောလောဆယ် စောင်ကိုရင်ဘတ်မှာကာထားပြီး
ထထိုင်လိုက်ကာ သူ့ကို
အော်ငေါက်ပစ်လိုက်မိလေသည်။
"ဟာ..ဘာလို့ငိုတာလဲကွာ..မငိုရဘူးလေ
မျက်လုံးတွေစပ်နေမှာပေါ့ တိတ်တော့နော်.."
မင်းစက်ကလည်း ထထိုင်လိုက်ပြီး
မေဝိုင်းလေး၏ မျက်နှာလေးအားဖုံးအုပ်နေသော
ဆံနွယ်များကို ဖယ်ရှားလိုက်ကာ
မျက်ရည်လေးများကို ကြင်ကြင်နာနာ
သုတ်ပေးဖို့ ကြိုးစားမိပေမဲ့ မေဝိုင်းလေးက
သူ့လက်ကို ပုတ်ထုတ်ပစ်လိုက်တော့သည်။
"အပိုတွေလာမလုပ်ပါနဲ့..ဝိုင်းလေးမေးတာကြတော့
မဖြေပဲ စကားလမ်းကြောင်းတွေ
လျှောက်လွှဲနေတယ်..မနေ့ညကရှင်ဝိုင်းလေးကို
ကျူးလွန်တာက တမင်သပ်သပ်
ကလေးလိုချင်လို့
ဉာဏ်ဆင်တာမဟုတ်လား..
အမွေဆက်ခံသူမရှိရင်
ရှင့်ရဲ့ ပစ္စည်းဥစ္စာတွေပျက်သုန်းသွားမှာ
စိုးရိမ်လို့မဟုတ်လား..မှန်မှန်ပြော.."
"အော်..ခက်တော့ခက်နေပါပြီမေရယ်..
ဘာတွေလျှောက်ပြောနေတာလဲကွာ.."
မင်းစက်မှာ တလွဲတွေတွေးနေသော
အသဲတုန်းလေးကြောင့် ငိုအားထက်
ရယ်အားသန်နေမိလေသည်။
အင်း..သူ့ခမျာ၀မ်းနည်းနေရှာတာကို
ရယ်လို့တော့ မဖြစ်ဘူး။
ထို့ကြောင့် ဆံပင်ဖားလျားကြီးနှင့် သရဲမလေးလို
မျက်နှာကအစ အုံ့အုံ့မှိုင်းမှိုင်းဖြစ်နေသော
မေဝိုင်းလေးကို အလိုမတူလည်း
ဆွဲဖက်ပစ်လိုက်တော့ ကလေးမက
သဘောမကျသလိုဖြင့် သူ့ရင်ဘတ်ကိုသာ
ထုရိုက်နေတော့သည်။
"ဘာလို့စိတ်ဆိုးနေတာလဲကွာ..ကိုယ်ကမေ့ကို
မချစ်ဘူးလို့ ပြောမိလို့လား…"
"အဲ့ဒါဆို ဝိုင်းလေးမေးတာကိုဘာလို့
မဖြေတာလဲ..."
"ဖြေဖို့မလိုလို့ပေါ့.."
"ဘာပြောတယ်...ရှင်က..စားပြီးနားမလည်
ဝါးပြီးထွေးထုတ်လုပ်ချင်နေတာလား.."
"ဝါးပြီးထွေးထုတ်ရအောင်
မေက..ကွမ်းယာမို့လို့လား.."
"ရှင်နော်..ကျွန်မကိုစိတ်တိုအောင်လာမလုပ်နဲ့.."
မင်းစက်သည် ပုံမှန်ဆိုရင်အပိုစကားတွေ
ပြောတတ်သူမဟုတ်ပေ။
အလုပ်လုပ်လျှင်လည်း
အလွန်လေးနက်တည်ကြည်သူဖြစ်ပြီး
စည်းစနစ်ကျကာ တိတိကျကျလုပ်မှသာ
ကြိုက်တတ်သူဖြစ်သည်။
စကားကို လိုတိုရှင်းသာပြောတတ်ပြီး
သူ့အရှေ့မှာ အမှားတစ်ခုခုလုပ်မိလျှင်လည်း
ဒုတိယအခွင့်အရေး လုံး၀မပေးတတ်ပေ။
ထို့ကြောင့် သူ့ရဲ့လက်ထောက်အဖြစ်
အလုပ်လုပ်ခဲ့သူများသည် သူ့ဒဏ်ကို
မခံနိုင်၍ တစ်ယောက်ပြီးတစ်ယောက်
အလုပ်ထွက်သွားကြသည်မှာ ကောင်းသန့်
တစ်ယောက်တည်းသာ ဖင်မြဲနေခြင်းဖြစ်သည်။
အခုတော့ဖြင့် အိမ်ကလူတွေနဲ့တောင်
စကားတွေအများကြီး ဖောင်ဖွဲ့ပြီးပြောရမှာ
ပျင်းသည့်မင်းစက်ဟာ သူ့မိန်းကလေးကို
ကျီစယ်နေရခြင်းအား
အလွန်နှစ်သက်နေမိလေသည်။
အကျီစယ်လွန်ပြီး သူ့ရင်ဘတ်ကို
လက်သီးဆုပ်လေးများနှင့် လာထုတော့မှသာ
ထိုလက်လေးများကို ဖမ်းဆုပ်ပြီးလိုက်ပြီး
နဖူးချင်းတိုက်မိသည်အထိ မျက်နှာနှစ်ခုကို
နီးကပ်စေလိုက်သည်။
"ကိုယ်မနေ့ညက မေ့ကိုသိပ်ချစ်တယ်လို့
ပြောခဲ့တာကိုမမှတ်မိတော့ဘူးလား..
မေဟာကိုယ့်ဘ၀အတွက် တစ်ဦးတည်းသော
မိန်းကလေးပဲလို့ ပြောခဲ့ပြီးသားပဲလေ
ဘာလို့ကိုယ့်ကိုမယုံကြည်ရတာလဲကွာ.."
"အဲ့ဒါဆိုလည်း ခုဏကမေးတော့ဘာလို့
ချက်ချင်းပြန်မဖြေရတာလဲ..ညတုန်းက
ပြောပြီးလည်း..အခုမနက်မှာ
ပြန်ပြောလို့မရဘူးလား..
ဒီစကားလေးပြန်ပြောရမှာကို ဒီလောက်
တွန့်တိုနေစရာလား..."
"ကဲ..ဟုတ်ပါပြီကွာ..မေကအဲ့ဒီ့စကားကိုပဲ
ထပ်ခါထပ်ခါ ကြားချင်နေမှန်းကိုယ်မသိလို့ပါ
အခုသိပြီဆိုတော့ ကိုယ်ပြောပြီနော်.."
နှုတ်ခမ်းလေးဆူပြီး သူ့ကိုမျက်စောင်းထိုးလာသော
မျက်၀န်းဝိုင်းဝိုင်းလေးအား ငြင်းဆန်နေသည့်
ကြားမှ အတင်းနမ်းရှိုက်ပစ်လိုက်သည်။
ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုလည်း
ကလေးပိစိလေးတွေကို ပြုမူသလို
အသဲယား၍ လက်နှစ်ဖက်နှင့်ညှစ်ပစ်လိုက်ပြီး
မျက်လုံးအကြည့်ချင်း ဆုံစေလိုက်သည်။
"ကိုယ်မေ့ကို အသဲနင့်အောင်ချစ်တယ်
ကိုယ့်ဘ၀တစ်လျှာက်လုံး..ကိုယ့်ရဲ့ဖြစ်တည်မှု
အားလုံး မေ့ကိုပေးအပ်ပြီးတော့ကို
ချစ်ပေးမယ်..ကိုယ့်ကြောင့်မေထပ်ပြီး
စိတ်မညစ်စေရဘူးကွာ..မေ့ဘ၀ရဲ့လိုအပ်ချက်
အားလုံးကို ကိုယ်ဖြည့်ဆည်းပေးသွားမယ်
မေ့အပေါ်မှာ ပျက်ကွက်ခဲ့မိတဲ့အပြစ်တွေ
အားလုံးကိုလည်း အလျော်ပြန်ပေးပြီး
နှစ်ဆချစ်ပေးမယ်ကွာ..မေ့ရဲ့အဖေဆုံးပါးသွားတဲ့
အချိန် မေ့အနားမှာရှိမပေးနိုင်ခဲ့တဲ့အတွက်
မေပေးမဲ့အပြစ်တွေကိုလည်း ကိုယ်ခံယူမယ်
မေ့ကိုချစ်ရုံတင်မကပဲ မေချစ်တဲ့အရာတွေ
အားလုံးကိုပါ ကိုယ်ချစ်ပေးမယ်.."
"အဟင်း..ရှင်တော်တော်စကားတတ်တာပဲနော်.."
"ရင်ဘတ်ထဲက အမှန်တရားတွေပါကွာ.."
"မယုံပါဘူး..."
"အင်း..မယုံဘူးဆိုတော့လည်း
သက်သေပြရတာပေါ့..."
"အား..မလုပ်နဲ့နော်..ယားတယ်လို့.."
မေဝိုင်းလေးကို အိပ်ယာပေါ်သို့ပြန်လှဲချကာ
ကာလိထိုးပြီးစနေသောကြောင့်
မေဝိုင်းလေးကတော့ မျက်ရည်ထွက်အောင်အထိ ရယ်မိကာ လူးလှိမ့်နေတော့သည်။
ထိုစဉ် မေဝိုင်းလေး၏ကိုယ်ပေါ်မှ
စောင်လေးဟာ အောက်သို့လျှောကျသွားလေရာ
မေဝိုင်းလေးမှာ အသည်းအသန်ပြန်ဆွဲပေမဲ့
စောင်လေးက မင်းစက်အာဏာ၏
လက်ထဲသို့ ရောက်နေပြီဖြစ်၍
ဘယ်လိုမှ ပြန်ဆွဲမရတော့ပေ။
"ကိုကို့..စောင်ပြန်ပေးလို့..."
"ဘယ်လိုခေါ်လိုက်တယ်.."
မေဝိုင်းလေး၏ ကိုကိုဆိုသောအသံလေးက
သူ့နားထဲမှာ ကြေးစည်တီးချလိုက်သကဲ့သို့
စည်ထွက်သွားလေသည်။
အရမ်းသာယာတာပဲ။
အရမ်းလည်းနားထောင်လို့ကောင်းတယ်။
စမ်းချောင်းနံဘေးမှာ ကြားရတဲ့
ဂီတာသံလေးလိုမျိုး အေးမြပြီးနား၀င်ပီယံ
ရှိလွန်းလိုက်တာ။
ကောင်မလေးကို ငုံ့ကြည့်လိုက်တော့
ရှက်သွေးဖြာပြီး နောင်တရနေသောပုံမျိုးလေး
ဖြစ်နေလေရာ သူလည်းစနောက်ချင်လာ၍
တစ်ဖက်တစ်ချက်ဆီမှာ ပြန့်ကျဲနေသော
မေ့ရဲ့ ဆံပင်လေးများပေါ်သို့
လက်ထောက်ချလိုက်ကာ ဆွဲဆောင်မှုရှိသော
လေသံနှင့် တမင်မေးလိုက်သည်က...
"ထပ်ခေါ်ပါအုံး..ကိုကိုလို့.."
"ဟာ..ရှက်စရာကြီး...နောက်နေ့မှပဲခေါ်မယ်နော်
အခုတော့ အိပ်ယာထကြရအောင်..."
မေဝိုင်းလေးက သူ့လက်တွေကိုဖယ်ကာ
ကုန်းရုန်းထလိုက်ပေမဲ့ မင်းစက်အာဏာက
ပြန်ဆွဲချပစ်လိုက်ပြီး ဒီတစ်ခါတော့
ပုခုံးနုနုလေးကို အုပ်ကိုင်ထားလိုက်ကာ...
"အစလုပ်ပြီးသွားရင်..
အဆုံးသတ်ဆိုတာရှိရမယ်လေ...
ကိုကိုလို့ ထပ်မခေါ်ရင်တော့အပြစ်ပေးရမှာပဲ.."
"မရဘူးနော်.."
မင်းစက်အာဏာလည်း အစကတော့
ကျီစယ်ချင်တာပေမဲ့ အခုတော့
တကယ်အတည်ဖြစ်လာကာ မေဝိုင်းလေး၏
လက်ကလေးနှစ်ဖက်ကို သူ့ လက်များဖြင့်
အုပ်ကိုင်ကာ ယှက်ထွေးလိုက်ပြီးနောက်
စိတ်အားထက်သန်စွာ
ဦးခေါင်းကို ငုံ့ချလိုက်မိစဉ်...
"ဒေါက်!!!ဒေါက်!!!"
"ဝိုင်းလေးရေ..အိပ်ယာမထသေးဘူးလား..
အချိန်ကိုလည်းကြည့်အုံးလေ..
နေဖင်ထိုးနေပြီနော်..ဟဲ့ငါပြောတာကြားလား.."
အန်တီလေးက တံခါးလာခေါက်ပြီး
ဆူနေ၍ ဝိုင်းလေးလည်းလန့်ပြီး
ကိုကို့အား တွန်းထုတ်ပစ်လိုက်မိတော့...
"အာ့..သေပါပြီ..."
"ဟဲ့..ဝိုင်းလေး..ညည်းအခန်းထဲကဘာအသံလဲ..."
အန်တီလေးကလည်း အပျိုကြီးပီပီစပ်စပ်စုစု
နိုင်လှတာမို့ ဝိုင်းလေးမှာကုတင်ပေါ်မှ
ပြုတ်ကျသွားသော ကိုကို့အားမထူနိုင်သေးပဲ
ဗျာများနေရသည်။
"ဟဲ့..ငါမေးနေတယ်လ..အခန်းထဲမှာ
ဘယ်သူလည်းလို့..."
"ဘယ်သူရှိရမှာလဲ အန်တီလေးရယ်..
သမီးကုတင်ပေါ်ကနေ ပြုတ်ကျပြီး
နာလို့အော်လိုက်မိတာပါ အခုချက်ချင်း
မျက်နှာသစ်ပြီး ဆင်းလာခဲ့ပါ့မယ်.."
"အေး..အေး..အဲ့ဒါဆိုလည်းမြန်မြန်လုပ်ဟေ့...
ညည်းယောက်ျားရဲ့အခန်းတံခါးကြီးကတော့
ပွင့်နေတယ် အထဲမှာလည်းလူမရှိတော့ပုံရရင်
ငါတို့မသိတုန်း အလုပ်သွားလိုက်တာလား
မသိဘူး.."
အန်တီလေးက စကားများသူပီပီ သူ့ဘာသာ
ပြောချင်တာတွေ တတွတ်တွတ်ပြောကာ
ထွက်သွားလေတော့သည်။
အန်တီလေးထွက်သွားတော့မှသာ
သက်ပြင်းချလိုက်ပြီး ဘေးသို့ကြည့်လိုက်တော့..
"အရမ်းနာသွားလားဟင်..ဝိုင်းလေးလည်း
လန့်ပြီးတော့ တွန်းလိုက်မိတာပါ
စိတ်မဆိုးပါနဲ့နော်..."
"ဟင်း..စိတ်မဆိုးရက်ပါဘူး..
ကိုယ့်ကံကိုက ကုတင်ပေါ်ကနေ
ခဏခဏ ပြုတ်ကျကိန်းဆိုက်နေတော့
ဘယ်တတ်နိုင်မှာလဲ.."
"ဟား..ဟား..ဟုတ်တယ်နော်..
ကိုကိုက ကုတင်ပေါ်ကနေပြုတ်ကျရမဲ့
ကံကို ပါနေတာ.."
"ဟာ..ကိုကိုလို့ခေါ်လိုက်တယ်မဟုတ်လား.."
"မသိဘူး..ရေသွားချိုးတော့မယ်.."
"မရဘူးနော်..ထပ်ခေါ်ရမယ်..
မခေါ်ရင် အခန်းထဲကနေပေးမထွက်ဘူး.."
"ကိုကိုနော်.."
နှစ်ယောက်သား စနောက်ကျီစယ်ရင်းနှင့်
မနက်ခင်းလေးသည် ပို၍အသက်၀င်သွား
လေတော့သည်။
ကြေးငှက်ကလေးများသည်လည်း
ပြူတင်းပေါက်အပြင်ဘက်မှ တေးသီကာ
ပျံသန်းသွားကြရင်း ချစ်ရသူနှစ်ဦး၏
ကြည်နူးပျော်ရွှင်ဖွယ်ကမ္ဘာလေးကို
ပို၍လှပအောင် ပံ့ပိုးပေးနေကြလေသည်။
🌼🌼🌼🌼🌼🌼🌼🌼
မေဝိုင်းလေးနှင့် မင်းစက်အာဏာတို့နှစ်ယောက်
လက်ချင်းတွဲကာ ချစ်ချစ်ခင်ခင်နှင့်
ထမင်းစားခန်းထဲသို့ ၀င်လာသောအခါ
ဒေါ်တင်မမမှာ ပီတိတွေဖြစ်ပြီး
ပြုံးနေမိလေသည်။
မနက်စာပြင်နေရင်းနှင့် ဒေါ်တင်မမက
အမေဖြစ်သူကို လက်တို့လိုက်တော့
ဖွားမိစံကလည်း ပြန်တည့်သွားကြသည့်
လင်မယားနှစ်ယောက်အတွက်
အကျေနပ်ကြီး ကျေနပ်သွားလေသည်။
မကျေနပ်တဲ့လူကတော့ အပျိုကြီရွှေရည်၀င်းပါပဲ။
မနက်တုန်းက ကိုစက်ရဲ့အခန်းတံခါးကြီး
ပွင့်နေလို့ ကြည့်လိုက်တော့အခန်းထဲမှာ
ကိုစက်မရှိတာနဲ့ အလုပ်သွားပြီလို့
ထင်လိုက်မိတာ။
ဘယ်ဟုတ်မလဲ ဒင်းကကိုယ့်တူမအခန်းထဲကို
ရောက်နေခဲ့တာပဲ။
ရေချိုးဖို့သူတို့တွေ တစ်ယောက်ပြီးတစ်ယောက်
ဆင်းလာကြမှသာ ကိုစက်ကအလုပ်သွားတာ
မဟုတ်မှန်းသိခဲ့ရတယ်။
ကိုယ်မကျေနပ်တာက အဲ့ဒါမဟုတ်ဘူး။
လင်မယားတွေဆိုတော့ အတူအိပ်ကြတာက
သဘာ၀ကျပေမဲ့ မနက်ကသွားနှိုးတော့
အခန်းထဲမှာ ကိုစက်ရှိနေတာကို
ဝိုင်းလေးက တမင်လိမ်ပြီးပြောတဲ့အချက်ပဲ။
ဒါကိုယ့်ကို သပ်သပ်မခန့်လေးစားလုပ်တာ။
"သားတို့ ဒီနေ့ဘယ်အချိန်ပြန်ကြမှာလဲ
သားကရော အလုပ်ဆင်းရအုံးမှာလား.."
"ဟုတ်ကဲ့ ကျွန်တော်ကအလုပ်ဆင်းရအုံးမှာပါ
မေ့ကိုတော့ ကျွန်တော့်အိမ်မှာဆို
ပျင်းနေမှာဆိုးလို့ အဖွားနုတို့အိမ်မှာ
ခဏထားခဲ့ရမှာပေါ့.."
နှစ်ယောက်သား ထိုင်ခုံမှာ၀င်ထိုင်လိုက်ကြတော့
ဒေါ်တင်မမက ထမင်းကြော်နှင့်
ပုဇွန်ထုပ်ရယ် ချဉ်ဟင်းရယ်၊ငန်ပြာရည်ချက်ရယ်
ချပေးလေသည်။
"အမေထိုင်နေပါ..သမီးခူးပေးမယ်.."
"ရပါတယ်အေ.."
"ထိုင်နေပါအမေရယ်..
ဒီနေ့သမီးအိပ်ယာထနောက်ကျသွားလို့
ထမင်းမကြော်ပေးလိုက်ရဘူးလေး
ဒါလေးတော့ လုပ်ပေးပါရစေ.."
"အေး..အေး.."
မေဝိုင်းလေးက အတင်းပြောတော့
ဒေါ်တင်မမလည်း သမီးဖြစ်သူ
စိတ်ချမ်းသာပါစေတော့ဆိုပြီး
လုပ်ခွင့်ပေးလိုက်တော့သည်။
ဒီနေ့သူ့ယောက်ျားရှိလို့သာ အိပ်ယာထ
နောက်ကျတာ ပုံမှန်အချိန်တွေဆိုရင်
သားအမိနှစ်ယောက် မနက်လေးနာရီ
လောက်တည်းက ထပြီးချက်ပြုတ်နေကြပြီ။
အခုသူ့ယောက်ျားက ပြန်ခေါ်သွားမယ်ဆိုတော့
ကိုယ့်မှာ လက်ရုံးတစ်ဖက်ပြုတ်သွားသလို
ခံစားလိုက်ရလေသည်။
မေဝိုင်းလေးက အိမ်ထောင်ကျသွားပေမဲ့
လက်ရှိဖြစ်တဲ့ ထိပ်ထားဦးထက်ပိုအားကိုးရတယ်။
အခု ထမင်းဗူးပြင်တဲ့လုပ်ငန်းလေးကိုလည်း
ဝိုင်းလေးက တွန်းအားပေးလို့သာ
လုပ်ဖြစ်ခဲ့တာပေါ့။
ခင်ထိပ်ထားဦးကြတော့ အဖေသေလို့
အသိတရားရမလားမှတ်တယ်။
သူ့ဂျပန်သင်တန်းကနေ ရတဲ့လစာက
သူသုံးတာနဲ့တင် ကုန်လေရော။
သင်တန်းအားရင်လည်း အမေတွေ၊အဒေါ်တွေကို
တစက်မှမကူပဲ ဘုရားဖူးထွက်လိုက်၊
လျှောက်လည်လိုက်နှင့်သာ အချိန်ကုန်နေသည်။
သူ့လုပ်စာသာ မျှော်ကိုးစားရမယ်ဆိုရင်တော့
ငတ်သေမှာ မလွဲဘူး။
မေဝိုင်းလေးကိုကြည့်ပြီး ဒေါ်တင်မမက
စိတ်ထဲမှ ချီးကျူးနေသလို
မင်းစက်အာဏာသည်လည်း ထမင်းကြော်တွေနှင့်
ဟင်းတွေကို ပန်းကန်ထဲသို့သေချာ
ခူးထည့်နေသော မေဝိုင်းလေးကို
လှမ်းကြည့်ကာ ပြုံးနေမိလေသည်။
မင်းစက်သည် ပုံမှန်မနက်စာကို အသား၊
အသီးအရွက်၊ပေါင်မုန့်နှင့်နို့စသဖြင့်
အနောက်တိုင်းဆန်ဆန် အမယ်စုံအောင်
စားတတ်လေသည်။
ထမင်းကြော်ဆိုတာ သူ့မနက်စာမှာ
တစ်ခါမှ မစားဖြစ်သည့်အမျိုးအစားပေမဲ့
ဒီနေ့တော့ သူ့ဇနီးလေးကိုယ်တိုင်
ခူးပေးနေတော့ မစားခင်ထဲကဗိုက်၀နေလေပြီ။
"ကိုစက်က အမေတို့စားတဲ့မနက်စာကို
သဘောတွေ့ပါ့မလားတော့ မသိဘူး..
အမေတို့ကတော့ မနက်စာဆိုထမင်းကြော်လေး
စားလိုက်ရမှာ စားမြိန်တာလေ..
တခါတလေတော့ ကောက်ညှင်းပေါင်းပြီး
စားကြတာပေါ့.."
"ရပါတယ်အန်တီ..ကျွန်တော်ကဘာဖြစ်ဖြစ်
အဆင်ပြေပါတယ်.."
"အန်တီလို့မခေါ်နဲ့လေကွယ်..ဝိုင်းလေးနဲ့
ပတ်သတ်မှတော့ သားကလည်း
အမေလို့ခေါ်မှပေါ့.."
"ဟုတ်ကဲ့ပါအမေ.."
"အဲ့လိုမှပေါ့ကွယ်..
မင်းစက်လည်း သူ့ကိုလက်မထောင်ပြကာ
တော်သည်ဟု ချီးကျူးလာသော
အမေတင်ကို ပြန်၍ပြုံးပြလိုက်မိသည်။
ဒီမိသားစုလေးကိုကြည့်ပြီး မေဝိုင်းလေးတင်မကပဲ
သူ့ကိုယ်သူပါ ကံကောင်းသည်ဟု
တွေးလိုက်မိသည်။
သူတစ်ပါးဆီကနေ ဘာအကျိုးအမြတ်မှ
မမျှော်ကိုးပဲ စိတ်ထားဖြူစင်သည့်နေရာမှာ
မေဝိုင်းလေးက သူ့မိသားစုနှင့်သွားတူလေသည်။
သူတို့သားမက်တော်ထားသည့်
မင်းစက်အာဏာဆိုတာက ဘယ်သူမို့လို့လဲ။
KGကုမ္ပဏီ၏ လက်ရှိစီအီးအိုတစ်ယောက်ဖြစ်ပြီး
အာရှမှာပါမက ဥရောပမှာပါခြေဆန့်နေသည့်
သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်သည်။
ဒါပေမဲ့ ဒီမိသားစုလေးကအခုချိန်အထိ
ကိုယ့်ဆီကနေ တစ်ပြားတစ်ချပ်မှ
မတောင်းဖူးသေးဘူး။
ဆိုင်ခန်းကိစ္စကြောင့် ဖွားဖွားနုရဲ့လက်ထပ်ဖို့
ကမ်းလှမ်းလာမှုကို သဘောတူလိုက်ရုံက
လွဲပြီး ကျန်တာဘာမှမတောင်းဆိုခဲ့ကြဘူး။
တကယ်လို့ ဒီလက်ထပ်ပွဲဟာ အပေးအယူ
သဘောမျိုးဆိုရင်တောင် သူတို့ဘက်က
အဖိုးတန်သမီးလေး တစ်ယောက်လုံး
ပေးထားရတာလေ အကျိုးအမြတ်တစ်ခုတည်း
အတွက်ဆို ဆိုင်ခန်းလေးတစ်ခုထဲက
တန်မှမတန်တာ။
ဖြစ်နိုင်တာကတော့ သတိုးသားနေရာမှာ
ကိုယ်ဖြစ်နေလို့ သူတို့သဘောတူခဲ့ကြတာ
နေလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီကို မေဝိုင်းလေးဆိုသည့်
မိန်းမလှလေးအား လက်ဆောင်ပေးခဲ့ခြင်းအတွက်
အမြဲထာ၀ရ ကျေးဇူးတင်နေမိမှာပါ။
"အမေ..ကျွန်တော်အမေ့ကိုတစ်ခုလောက်
ကမ်းလှမ်းချင်တယ်.."
"ဘာများလည်းသားရဲ့.."
"မြို့ထဲက အချက်အချာကြတဲ့နေရာမှာ
ဆိုင်ခန်းလေးတစ်ခု ဖွင့်ပေးချင်တာပါ..
စားသောက်ဆိုင်ပဲဖြစ်ဖြစ်
အမေတို့ဖွင့်လို့ရတာပေါ့..တကယ်လို့ဝိုင်းလေးက
ဝါသနာပါတယ်ဆိုလည်း အမေတို့နဲ့အတူ
တွဲလုပ်ခိုင်းလိုက်မယ်လေ..
လိုအပ်တာတွေ အတွက်တော့
ကျွန်တော်အားလုံးစီစဉ်ပေးပါ့မယ်.."
"မဟုတ်တာသားရယ်..စားသောက်ဆိုင်
ဖွင့်ဖို့ကြတော့ အမေတို့မှာအရည်အချင်း
မပြည့်သေးပါဘူး..နောက်ပြီးကိုယ်ပိုင်
လုပ်ငန်းကြီးကြီးလုပ်မယ်ဆိုရင်
တစ်ခုခုမှားသွားရင်လည်း ဆုံးရှုံးမှုများလိမ့်မယ်.."
"မလုပ်ကြည့်ရသေးပဲနဲ့ ကျရှုံးမလား
အောင်မြင်မလားဆိုတာ ဘယ်လိုလုပ်
သိနိုင်မှာလဲ..
ကိုယ်ကမချက်ပြုတ်နိုင်ရင်
ချက်တတ်တဲ့လူကိုငှားမှာပေါ့..
ကျွန်တော့်မိန်းမကလည်း အခုလက်ရှိမှာ
အားနေသေးတာဆိုတော့ သူ့ကိုပါအမေတို့နဲ့
တွဲပေးပြီး လုပ်စေချင်တာပါ..
သူလည်း သူရတဲ့ဟာသူသုံးနိုင်ရင်
ကျွန်တော့်ဆီကနေ လက်ဖြန့်တောင်းစရာ
မလိုတော့ဘူးပေါ့..အမေတို့လည်း
အဆင်ပြေသွားတာပေါ့..."
"အင်း..ဒီလိုဆိုတော့လည်း ဟုတ်တာပဲ
ဝိုင်းလေး သမီးရောလုပ်ချင်လား.."
"ဟုတ်ကဲ့..သမီးလုပ်ချင်ပါတယ်.."
အမေနဲ့ ကိုကိုတို့နှစ်ယောက် ပြောနေတာတွေ
အားလုံးကို ကြားနေရသည်မို့ ဝိုင်းလေးလည်း
လုပ်ချင်ကြောင်း ခေါင်းညိမ့်ပြလိုက်သည်။
ဘာအလုပ်မှ မလုပ်ပဲထိုင်စားနေရတာမျိုးတော့
ဝိုင်းလေး လုံး၀သဘောမကျဘူး။
မင်းစက်အာဏာ၏အတွေးကတော့
မေဝိုင်းလေးကို သူ့ကုမ္ပဏီမှာပြန်၀င်ပြီး
မလုပ်စေချင်၍ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်
ရှိသွားအောင် နည်းလမ်းရှာလိုက်ခြင်းဖြစ်သည်။
မေ့အကြောင်းကို သူသိပ်သိတာပေါ့။
မေက အမြဲအလုပ်လုပ်ဖို့စိတ်အားထက်သန်
နေသူလေး။
နှစ်ယောက်သား ပြန်တည့်သွားကြပြီဆိုတော့
ကိုယ့်ကုမ္ပဏီမှာ အလုပ်ပြန်လုပ်ဖို့
ပြောလာနိုင်တယ်။
ကိုယ်ကလည်းမေ့ကို
ကိုယ့်ရဲ့ လက်အောက်ငယ်သားတော့
မဖြစ်စေချင်ဘူး။
ဒီတော့ မေလည်းအလုပ်ရ အန်တီတင်တင်တို့လည်း
အကျိုးရှိသွားတာပေါ့။
"နောက်တစ်ခု ကျွန်တော်ပြောစရာရှိသေးတယ်
မပြောခင် အမေတို့အနေနဲ့သေချာပေါက်
မငြင်းပဲ လက်ခံပေးပါလို့ပြောချင်ပါတယ်.."
"ဘာများလည်းသားရဲ့..."
"ဒီအိမ်လေးကို ပြန်ဆောက်ပေးချင်တာပါ.."
"ဘယ်လို..."
ဒီတစ်ခါမှာတော့ ကိုစက်၏စကားကြောင့်
အိမ်သားတွေအားလုံး မျက်လုံးများ
ပြူးကျယ်သွားရကာ အံ့ဩကုန်ကြလေသည်။
"အခုအချိန်မှာ ဦးလေးလည်းဆုံးသွားပြီဆိုတော့
ဒီအိမ်မှာ မိသားစု၀င်တစ်ယောက်အနေနဲ့
ကျွန်တော်၀င်ပြီး စီမံပေးတယ်လို့ပဲ
သဘောထားပါနော်...မေနဲ့ကျွန်တော်က
အမေတို့ကို ပြန်ကန်တော့တဲ့သဘောပါ..."
"အဲ့ဒါတော့အလုပ်ပါနဲ့သားရယ်..
အမေတို့ကဆင်ဖြူတော်မှီပြီး ကြံစုပ်သလို
ဖြစ်နေလိမ့်မယ်..အိမ်ကနဲနဲဟောင်းနေပေမဲ့
နေလို့ရပါသေးတယ်.."
"ကျွန်တော့်စေတနာကို မငြင်းလိုက်ပါနဲ့..
ခုဏကပဲ ကျွန်တော့်ကိုသားတစ်ယောက်လို
သဘောထားတယ်ဆို..ဒီတော့ကျွန်တော်ဘက်က
မေ့အစား ပြန်ပြီးလုပ်ပေးချင်တာကိုလည်း
လက်ခံပေးစေချင်ပါတယ်..."
မင်းစက်အာဏာသည် သူကဒါကိုလုပ်မယ်ဆိုရင်
မဖြစ်မနေ လုပ်တတ်သူဖြစ်လေရာ
ဒေါ်တင်မမတို့က ဘယ်လိုပဲထပ်ပြီး
ငြင်းဆန်ပါစေ နောက်ဆုံးမှာ
သဘောတူလိုက်ရလေသည်။
အခုက ဆောင်းအကုန်နွေအကူးဆိုတော့
အိမ်ဆောက်ဖို့ကိုလည်း မင်းစက်အနေနဲ့ဆို
ဖုန်းတစ်ချက် ဆက်လိုက်သည်နှင့်
ကိုယ်တိုင်တောင် ၀င်စီမံစရာမလိုအပ်ပေ။
မေဝိုင်းလေးကတော့ စားသောက်ဆိုင်
ဖွင့်ပေးရုံတင်မကပဲ တိုက်အိမ်ပါ
ဆောက်ပေးတော့မည့် မင်းစက်အာဏာ၏
စိတ်ကိုမယုံနိုင်ဖြစ်နေရလေသည်။
ကိုယ့်အတွက်တင်မကပဲ ကိုယ့်မိသားစုအတွက်ပါ
တွေးပေးနေသည့်ကိုကို့သည် ဒီလောက်
စိတ်သဘောထားပြည့်၀မည်ဟု မထင်မိခဲ့ပေ။
ဝိုင်းလေးကို သူတကယ်ချစ်ကြောင်းတင်မက
ဝိုင်းလေးချစ်တဲ့အရာတွေကိုပါ
ချစ်ပေးမည်ဟု ကတိပေးခဲ့တာနဲ့ပတ်သတ်ပြီး
ပါးစပ်ပြောမဟုတ်ပဲ လက်တွေ့ပြနေတာများလား။
သူသာ ဝိုင်းလေးကိုတကယ်မချစ်ရင်
ဒါမျိုးတွေကို လိုက်တွေးပေးနေမှာ
မဟုတ်လောက်ဘူး။
🍒🍒🍒🍒🍒🍒🍒🍒
မနက်စာ စားသောက်ပြီးသည်နှင့်
ကိုစက်နှင့်ဝိုင်းလေးတို့သည် ဖွားဖွားနုတို့အိမ်သို့
ပြန်ဖို့ ကားခေါ်ထားလိုက်သည်။
အပြီးပြန်မှာဖြစ်တဲ့အတွက် ကိုကိုကပဲ
ဝိုင်းလေး၏ လက်ဆွဲအိတ်တွေကို
ကားနောက်ခန်းသို့ ထည့်ပေးရှာသည်။
"ဟာ..ခဏလေး..တစ်ခုမေ့ကျန်ခဲ့လို့
သွားယူလိုက်အုံးမယ်.."
ကားတံခါးကို ဖွင့်ပြီး၀င်မယ်ကြံပြီးခါမှ
ကိုကိုတစ်ယောက် အိမ်ထဲသို့
ပြန်ပြေး၀င်သွားလေသည်။
ဝိုင်းလေးကတော့ ကားဒါရိုင်ဘာကိုမင်းသစ်နှင့်
စကားပြောရင်းသာ ကျန်နေခဲ့လိုက်သည်။
ခဏအကြာမှာတော့ လက်ထဲမှာ
ပါကင်ဗူးတစ်ခုကို ကိုင်ထားလျှက်နှင့်
ကားထဲသို့ ပြန်၀င်လာလေသည်။
"ဒါကဘာကြီးလဲ.."
"ချယ်ရီသီးလေးတွေလေ..ညတုန်းက
မေ့ကိုချော့ဖို့ ကိုကို၀ယ်လာတာ..."
"ဘာကိုကိုလည်း..ကိုမင်းသစ်ရှိနေတယ်လေ..."
သူ့ကိုယ်သူ "ကိုကို"ဟုသုံးနှုန်းလိုက်ပြီး
ချယ်ရီသီးကိုဗန်းပြကာ အတင်းလာဖက်နေသောကြောင့် အမြန်ရုန်းလိုက်ရလေသည်။
အရင်က အရမ်းကိုတည်ကြည်လွန်းပါတဲ့သူက
အိန္ဒြေတောင်မဆည်နိုင်အောင်
လိုက်ကပ်နေတာများ အံ့ဩပါရဲ့။
"ဆရာကတော်ရေ...ကျွန်တော့်ကိုမရှိတဲ့လူလိုပဲ
သဘောထားပါဗျာ..
မမြင်ချင်ဟန်ဆောင်ထားပါတယ်.."
"ဟေ့ကောင်..လျှာမရှည်နဲ့၊စကားမပြောနဲ့
မောင်းစရာရှိတာမောင်း..
အထူးသဖြင့် ငါ့မိန်းမကိုလှည့်လှည့်မကြည့်နဲ့"
"အမယ်လေးဆရာရယ်..မျက်လုံးပါ
ဖောက်ထုတ်ပေးရမလား.."
"အေး..မျက်လုံးမှိတ်ပြီးကားမောင်းနိုင်ရင်တော့
ဆေးဖိုးငါစိုက်ပေးမယ်.."
"ဟာဆရာရယ်..ရက်စက်လိုက်တာ.."
"ကိုမင်းစက်..သူများကိုဘာတွေ
လျှောက်ပြောနေတာလဲ.."
"ကိုမင်းစက်မဟုတ်ဘူး..ကိုကိုလေ.."
"ရှင်နော်...တော်ပြီရှင်ပေးတဲ့ချယ်ရီသီးလည်း
မစားဘူး..."
လူကြားထဲမှာမို့ မခေါ်ချင်ပါဘူးဆိုတာ
ဇွတ်တွေ ကိုကိုစေချင်နေ၍ စိတ်တိုပြီး
မေဝိုင်းလေးက ကားတစ်ဖက်ခြမ်းကို
တိုးသွားတော့ မင်းစက်မှာမနေနိုင်ပဲ
ချော့ရပြန်လေသည်။
မေဝိုင်းလေးကို ချစ်မိမှ
သူလည်း အချော့တော်တော်ကျွမ်းနေပါပြီ။
"ဟုတ်ပါပြီကွာ..မခေါ်ချင်လည်းမခေါ်ပါနဲ့တော့
ကိုကိုဘာမှမပြောတော့ပါဘူး
ချယ်ရီသီးတော့စားပါ..
မေအရမ်းကြိုက်တယ်မဟုတ်လား..."
မင်းသစ်ကတော့ ကားမောင်းနေရင်းမှ
နောက်ကအတွဲကိုကြည့်ပြီး
သံဝေဃရနေမိလေသည်။
ကြီးနိုင်ငယ်ညှင်းဆိုသည့် အဓိပ္ပာယ်ကိုလည်း
နားလည်လိုက်မိသည်။
ဆရာကကိုယ့်ကိုနိုင်တယ် ဆရာ့ကိုကြတော့
သူ့မိန်းမက နိုင်တယ်။
သံသရာ တစ်ပတ်လည်တာပေါ့။
🍒🍒🍒🍒🍒🍒🍒
ဖွားဖွားနုတို့၏ အိမ်ကိုရောက်တော့
နှစ်ယောက်သား ကားပေါ်မှ
ဆင်းလိုက်ကြလေသည်။
ကြည်ကြည်တို့ကတော့ ကားသံကြားတည်းက
အိမ်ထဲမှ ပြေးထွက်လာပြီး ဝိုင်းလေးကို
လာကြိုပေးရှာသည်။
ထိုစဉ် ဂိုထောင်ထဲမှ ကားတစ်စီးကို
ဆင်၀င်အောက်အထိ မောင်းလာတာ
တွေ့လိုက်ရ၍ ကြည့်လိုက်မိတော့
ကားမောင်းသူ၏ မျက်နှာကိုကြည့်ပြီး
လန့်တောင်လန့်သွားမိသည်။
ကားပေါ်မှ ဆင်းလာသောထိုလူ၏
ပုံသဏ္ဍန်သည် ခန္ဓာကိုယ်ကပိန်နေပြီး
မျက်နှာက အလွန်အကျည်းတန်လေသည် ။
ပိုဆိုးသည်က နဖူးကနေစပြီးပါးရိုးတစ်လျှောက်
ရှိနေသည့် ဓားခုတ်ရာလိုလို အမာရွတ်ကြီးကြောင့်
ဝိုင်းလေး၏ ရင်ထဲမှာအလိုလိုနေရင်း
ခံစားချက်မကောင်းတော့ပေ။
"ကြည်ကြည်..သူကဘယ်သူလဲ...
အရင်ကမတွေ့ဖူးဘူးနော်.."
"အော်..သူ့နာမည်ကဦးမင်းဒင်တဲ့
ဒေါ်အေးသန်းရဲ့မောင်၀မ်းကွဲလေ..
မနေ့က ညနေကမှရောက်လာတာ
ဒေါ်အေးသန်းနဲ့အမျိုးတော်တော့လည်း
အန်တီရတနာက အလုပ်ပေးထားရတာပေါ့..
အန်တီမြခင်ပြောတာတော့
သူကထောင်ထွက်တဲ့..."
ကြည်ကြည်၏စကားကြောင့် ဝိုင်းလေး
ကြက်သီးတောင် ထသွားမိသည်။
ဒါပေမဲ့ ကိုယ်ကဒီအိမ်မှာနေတော့မှာ
မဟုတ်တော့ ကိုယ်နဲ့အမြဲတွေ့နေရမှာ
မဟုတ်၍ မျက်နှာပြန်လွှဲလိုက်ပြီး
အိမ်ထဲသို့ ၀င်ရန်ခြေလှမ်းလိုက်စဉ်မှာ...
"ဒီအထုပ်တွေ ကျွန်တော်သယ်လာပေးပါ့မယ်.."
မာထန်နေသော အသံကြီးကို
ကြားလိုက်ရသည့်အခါ မေဝိုင်းလေး၏
ခြေလှမ်းတွေ ရပ်တန့်သွားခဲ့လေသည်။
ရုတ်တရက်ဆိုသလို အကြောက်တရားတစ်ခုက
ကျောရိုးထဲအထိ စိမ့်တက်လာသလို
ခံစားလိုက်ရသည်။
Sora Sora, [4/26/2025 11:42 AM]
ဒီအသံကို အရမ်းရင်းနှီးနေသလိုပဲ။
ကြက်သီးထစရာ၊ကျောချမ်းစရာ အသံကြီး။
လူတစ်ကိုယ်လုံးဟာ လှုပ်၍
မရတော့လောက်အောင် ကြောက်ရွံ့လာပြီးနောက်
လက်ဖျားများလည်း အေးစက်လာကာ
အသက်ရှူတွေပါ ကြပ်လာခဲ့သည်။
တင်းကြပ်လာသလို ဖြစ်လာသည့်
ခံစားချက်ကြောင့်
လည်ပင်းနေရာကို ပြန်စမ်းကြည့်နေမိတဲ့အချိနှ်မှာ
အနောက်ပါးမှ ချည်းကပ်လာသော
ခြေသံတစ်ခု..
ပိုနီးကပ်လာလေ ငိုချလိုက်ချင်လောက်အောင်
၀မ်းနည်းဆို့နင့်လာခဲ့ပြီးနောက်
မျက်လုံးတွေကို မှိတ်ချလိုက်သည့်အချိန်မှာပဲ
အသိတရားကင်းမဲ့ကာ လှဲကျသွားလေတော့သည်။
လူကသတိလစ်မေ့မျောသွားခဲ့ပေမဲ့
မသိစိတ်၏ ဦးတည်ရာကတော့
မှောင်မည်းပြီး ချောက်ခြားစရာ
အပြည့်ဖြစ်နေသည့် အိမ်ကြီးထဲသို့
ပြန်လည်ရောက်ရှိသွားခဲ့လေသည်။
*ထိုအိမ်လေးထဲတွင် ကြောက်ရွံ့တုန်လှုပ်ကာဖြင့်
မိခင်ကို တမ်းတနေမိသည့်အချိန်၌
စိတ်ခြောက်ခြားစေလောက်သည့်
အသံဩဩကြီးသည် မေဝိုင်းလေးအား
ပိုမိုထိတ်လန့်အောင် နှိပ်စက်နေခဲ့သည်..*
..အခန်း(၄၆)ဆက်ရန်..
စာရေးသူ..ဆောင်းငွေ့ဝေ
🌼🌼🌼🌼🌼🌼🌼🌼🌼
ကဲ..အချိုတွေအများကြီးကျွေးတယ်နော်..
======================================
=================================
အခန္း(၄၅)
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘
သစ္လြင္လွေသာ နံနက္ခင္းေလးတြင္
ေနေရာင္ျခည္ႏုႏုသည္ ျပဴတင္းတံခါးကို
ျဖတ္ေက်ာ္လာၿပီး အခန္းငယ္ေလးထဲသို႔
၀င္ေရာက္လာခဲ့ေလသည္။
ဘာဇိမ္ခံပစၥည္းမွ မရွိေသာအခန္း၏ ဖြဲ႕စည္းပုံမွာ
အင္မတန္႐ိုးရွင္းေလသည္။
ျပဴတင္းတံခါးကိုကာထားေသာ လိုက္ကာေလး၏
အေရာင္သည္ အျဖဴေရာင္ေလးျဖစ္ၿပီး
ေလတိုက္တဲ့အခါ တလူလူလြင့္ပ်ံေနသည္က
ဤအခန္းငယ္ေလးအား
စိတ္ကူးယဥ္ပိုဆန္ေစသည္။
ျပဴတင္းေပါက္ႏွင့္ကပ္လွ်က္တြင္ေတာ့
(kiss me)ကစ္မီပန္းအိုးေလးကို
ခုံေလးႏွင့္တင္ထားၿပီး ေလတိုက္၍
လႈပ္ခတ္သြားလိုက္တိုင္းမွာ လာနမ္းလွည့္ပါဟု
ဖိတ္ေခၚေနသေယာင္ ထင္မိေစသည္။
အိပ္ခန္းေလးသည္ ကုတင္တစ္လုံးစာ
ထား႐ုံထက္ အနည္းငယ္မွ်သာေနရာပိုၿပီး
အလြန္က်ဥ္းေျမာင္းေသာ္လည္း အခန္းပိုင္ရွင္၏
ေသေသသပ္သပ္ ထားတတ္မႈေၾကာင့္
ရႈပ္ပြမေနပဲ ကိုယ္ပိုင္သီးသန႔္ေနရာေကာင္းေလး
တစ္ခုလို ခံစားရေစကာ လုံၿခဳံမႈကို
ေပးစြမ္းေလသည္။
အိပ္ခန္းေလး၏ ေျခရင္းဘတ္တြင္ေတာ့
ငါးကန္ေသးေသးေလးတစ္ခုရွိကာ
ေရသန႔္စင္သည့္စက္ကေလးပါ
ေသခ်ာတပ္ဆင္ထား၍ ငါးေလးမ်ားဟာ
ေပ်ာ္႐ႊင္စြာ စိတ္ႀကိဳက္ကူးခတ္ကစားေနၾကေလသည္။
ငါးေလးမ်ားကဲ့သို႔ မင္းစက္အာဏာသည္လည္း
သူ႔ေျခေထာက္ေတာင္ မလြတ္သည့္
ကုတင္ေသးေသးေလးေပၚတြင္ ေခါင္းအုံးေပၚသို႔
တံေတာင္ေထာက္ထားလွ်က္ ေမဝိုင္းေလး၏
မ်က္ႏွာလွလွေလးကို ေငးၾကည့္ေနမိသည္။
ထူထဲသည့္ မ်က္ေတာင္မ်ား၀န္းရံထားေသာ
သူ႔မ်က္၀န္းမ်ားသည္ ၾကည္လင္သန႔္ရွင္းေနရာမွ
အေမွာင္ရိပ္ေလး ျဖတ္သန္းသြားၿပီးေနာက္
မေနႏိုင္စြာပဲ အိပ္ေနသူေလး၏ ပါးျပင္ေပၚတြင္
တင္ေနေသာ ဆံႏြယ္ေလးမ်ားကို
သပ္တင္ေပးလိုက္မိသည္။
ရွည္သြယ္ေသာ သူ႔လက္ေခ်ာင္းေလးမ်ားႏွင့္
ေမဝိုင္းေလး၏ ပါးျပင္ေလးကိုယွက္တိုက္၍
ကစားေနမိရာမွ ပါးေလးကို
ျဖစ္ညႇစ္ကာ လိမ္ဆြဲလိုက္မိေလသည္။
"အာ့.."
ေမဝိုင္းေလးဆီမွ နာက်င္သြား၍ညီးသံသဲ့သဲ့ေလး
ထြက္လာၿပီးေနာက္ ေကာ့ၫႊတ္ေနေသာ
မ်က္ေတာင္ေလးမ်ားသည္ လိပ္ျပာေတာင္ပံ
ခတ္သလို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ
ပြင့္လာၿပီးေနာက္ သူေလးအားစူးရွစြာ
စိုက္ၾကည့္ေနေသာ မင္းစက္အာဏာကို
ျမင္ၿပီး အံ့ဩသြားေလသည္။
"ႏိုးေနတာလား..ဘာလို႔မႏႈိးတာလဲ"
ေရွ႕ဆက္ေျပာမည့္စကားလုံးမ်ားသည္
မင္းစက္အာဏာ၏ တားဆီးလိုက္မႈေၾကာင့္
တိတ္ဆိတ္သြားေလေတာ့သည္။
မင္းစက္သည္လည္း အခြင့္အေရးရတုန္း
ေသးေသးေကြးေကြး ႏႈတ္ခမ္းကေလးမွေန၍
ပါးျပင္တစ္ေလွ်ာက္ယွက္တိုက္ကာ
ေႏွာက္ယွက္လိုက္ေလသည္။
"ေတာ္ေတာ့ေလ မနက္မိုးလင္းၿပီ.."
ေမဝိုင္းေလးကေတာ့ အင္မတန္ရွက္ေနမိ၍
ပါးေလးမ်ားပင္ ခ်ယ္ရီပန္းပြင့္ေလးမ်ားကဲ့သို႔
နီရဲလာကာ အ၀တ္အစားမဲ့ေနေသာ
မင္းစက္၏ ရင္အုံႀကီးကို လက္ႏုႏုေလးႏွင့္
အားသိပ္မထည့္ပဲ တြန္းလိုက္မိေလသည္။
"အဟင္း..ကိုယ့္မိန္းမကိုယ္က်ီစယ္ခ်င္တာ
ကားေမာင္းသလို ဘရိတ္အုပ္စရာလိုလို႔လား
အမွန္ဆိုဒီအခ်ိန္က အလုပ္သြားဖို႔
ျပင္ဆင္ရမဲ့အခ်ိန္ေလ
ကိုယ့္ဇနီးေလးႏိုးလာတဲ့အခါ
မနက္မိုးလင္းတည္းက
ပစ္ထားခဲ့တယ္ဆိုၿပီး ၀မ္းနည္းေနမွာစိုးလို႔
ေစာင့္ေနေပးတဲ့ဥစၥာ
ဘာလဲ ေမကကိုယ့္ကိုမၾကည္ျဖဴဘူးလား.."
*ၾကည့္..ဒီလူဟာေလ စကားစေျပာတာနဲ႔
ဘုနဲ႔ေဘာက္ျဖစ္ၿပီ။
သူ႔ကိုမၾကည္ျဖဴမွေတာ့ ဝိုင္းေလးက
ကိုယ့္ရဲ႕ခႏၶာေရာ ႏွလုံးသားကိုေရာ
ေပးပါ့မလားလို႔။
သူ႔ကိုခ်စ္မိလို႔ကို သူအရင္ကဘယ္လိုပဲ
ဝိုင္းေလးကို အျပစ္ျပဳထားထား
ခြင့္လြတ္ေပးခဲ့တာေပါ့။
အခုေတာ့ ဒါေလးျငင္းဆန္မိတာကို
အျပစ္လို႔ျမင္ေနၿပီ။
မျဖစ္ဘူး။ဒီလူနဲ႔ေသခ်ာစာရင္းရွင္းရမယ္။
"ရွင့္ကိုဝိုင္းေလး တစ္ခုေလာက္ေမးမယ္ေနာ္
အမွန္အတိုင္းေျဖရမယ္.."
"ေမးေစဗ်ာ.."
"ရွင္..ဝိုင္းေလးကိုတကယ္ခ်စ္တာလား.."
"အဲ့လိုေမးတာကို ကိုယ္မႀကိဳက္ဘူးေနာ္.."
ဝိုင္းေလး၏ ဆံႏြယ္ေလးေတြကို
လက္ေခ်ာင္းေလးမ်ားႏွင့္ ေဆာ့ကစားေနမိရာမွ
မင္းစက္အာဏာ၏မ်က္ႏွာသည္ ခ်က္ျခင္း
ပ်က္ယြင္းသြားေလေတာ့သည္။
"႐ုပ္ကဘာျဖစ္သြားရတာလဲ
ဒါေလးေမးတာေတာင္ ျပန္ေျဖေပးရမွာ
စိတ္မရွည္ဘူးလား..."
ေမဝိုင္းေလး အလိုလိုမ်က္ရည္ေလးမ်ား
ဝဲတက္လာေလသည္။
ကိုယ့္ဘ၀တစ္ခုလုံးလည္း ပိုအပ္ၿပီးၿပီ။
မိန္းကေလးတန္မဲ့ အရွက္မရွိ
ခ်စ္စကားဆိုၿပီးလည္း ၀န္ခံခဲ့မိသည္။
အရွက္နဲ႔ဂုဏ္သိကၡာကို အထိခိုက္မခံႏိုင္တဲ့
ဝိုင္းေလးအတြက္ သူ႔ကိုအဆုံးစြန္အထိ
စိတ္ဝိဉာဏ္ေတြအားလုံး ေပးအပ္ခဲ့ၿပီးတာေတာင္
သူ႔ဘက္က ဒီစကားေလးတစ္ခြန္းကို
အလြယ္တကူမေျဖေပးႏိုင္ဘူး။
"ရွင္..ဝိုင္းေလးကိုတကယ္မခ်စ္ဘူးမဟုတ္လား.."
အ၀တ္အစားေတြအားလုံးက မေန႔ညတည္းကၾကမ္းျပင္ေပၚတြင္ ျပန႔္က်ဲေနေသာေၾကာင့္
ေလာေလာဆယ္ ေစာင္ကိုရင္ဘတ္မွာကာထားၿပီး
ထထိုင္လိုက္ကာ သူ႔ကို
ေအာ္ေငါက္ပစ္လိုက္မိေလသည္။
"ဟာ..ဘာလို႔ငိုတာလဲကြာ..မငိုရဘူးေလ
မ်က္လုံးေတြစပ္ေနမွာေပါ့ တိတ္ေတာ့ေနာ္.."
မင္းစက္ကလည္း ထထိုင္လိုက္ၿပီး
ေမဝိုင္းေလး၏ မ်က္ႏွာေလးအားဖုံးအုပ္ေနေသာ
ဆံႏြယ္မ်ားကို ဖယ္ရွားလိုက္ကာ
မ်က္ရည္ေလးမ်ားကို ၾကင္ၾကင္နာနာ
သုတ္ေပးဖို႔ ႀကိဳးစားမိေပမဲ့ ေမဝိုင္းေလးက
သူ႔လက္ကို ပုတ္ထုတ္ပစ္လိုက္ေတာ့သည္။
"အပိုေတြလာမလုပ္ပါနဲ႔..ဝိုင္းေလးေမးတာၾကေတာ့
မေျဖပဲ စကားလမ္းေၾကာင္းေတြ
ေလွ်ာက္လႊဲေနတယ္..မေန႔ညကရွင္ဝိုင္းေလးကို
က်ဴးလြန္တာက တမင္သပ္သပ္
ကေလးလိုခ်င္လို႔
ဉာဏ္ဆင္တာမဟုတ္လား..
အေမြဆက္ခံသူမရွိရင္
ရွင့္ရဲ႕ ပစၥည္းဥစၥာေတြပ်က္သုန္းသြားမွာ
စိုးရိမ္လို႔မဟုတ္လား..မွန္မွန္ေျပာ.."
"ေအာ္..ခက္ေတာ့ခက္ေနပါၿပီေမရယ္..
ဘာေတြေလွ်ာက္ေျပာေနတာလဲကြာ.."
မင္းစက္မွာ တလြဲေတြေတြးေနေသာ
အသဲတုန္းေလးေၾကာင့္ ငိုအားထက္
ရယ္အားသန္ေနမိေလသည္။
အင္း..သူ႔ခမ်ာ၀မ္းနည္းေနရွာတာကို
ရယ္လို႔ေတာ့ မျဖစ္ဘူး။
ထို႔ေၾကာင့္ ဆံပင္ဖားလ်ားႀကီးႏွင့္ သရဲမေလးလို
မ်က္ႏွာကအစ အုံ႔အုံ႔မႈိင္းမႈိင္းျဖစ္ေနေသာ
ေမဝိုင္းေလးကို အလိုမတူလည္း
ဆြဲဖက္ပစ္လိုက္ေတာ့ ကေလးမက
သေဘာမက်သလိုျဖင့္ သူ႔ရင္ဘတ္ကိုသာ
ထု႐ိုက္ေနေတာ့သည္။
"ဘာလို႔စိတ္ဆိုးေနတာလဲကြာ..ကိုယ္ကေမ့ကို
မခ်စ္ဘူးလို႔ ေျပာမိလို႔လား…"
"အဲ့ဒါဆို ဝိုင္းေလးေမးတာကိုဘာလို႔
မေျဖတာလဲ..."
"ေျဖဖို႔မလိုလို႔ေပါ့.."
"ဘာေျပာတယ္...ရွင္က..စားၿပီးနားမလည္
ဝါးၿပီးေထြးထုတ္လုပ္ခ်င္ေနတာလား.."
"ဝါးၿပီးေထြးထုတ္ရေအာင္
ေမက..ကြမ္းယာမို႔လို႔လား.."
"ရွင္ေနာ္..ကြၽန္မကိုစိတ္တိုေအာင္လာမလုပ္နဲ႔.."
မင္းစက္သည္ ပုံမွန္ဆိုရင္အပိုစကားေတြ
ေျပာတတ္သူမဟုတ္ေပ။
အလုပ္လုပ္လွ်င္လည္း
အလြန္ေလးနက္တည္ၾကည္သူျဖစ္ၿပီး
စည္းစနစ္က်ကာ တိတိက်က်လုပ္မွသာ
ႀကိဳက္တတ္သူျဖစ္သည္။
စကားကို လိုတိုရွင္းသာေျပာတတ္ၿပီး
သူ႔အေရွ႕မွာ အမွားတစ္ခုခုလုပ္မိလွ်င္လည္း
ဒုတိယအခြင့္အေရး လုံး၀မေပးတတ္ေပ။
ထို႔ေၾကာင့္ သူ႔ရဲ႕လက္ေထာက္အျဖစ္
အလုပ္လုပ္ခဲ့သူမ်ားသည္ သူ႔ဒဏ္ကို
မခံႏိုင္၍ တစ္ေယာက္ၿပီးတစ္ေယာက္
အလုပ္ထြက္သြားၾကသည္မွာ ေကာင္းသန႔္
တစ္ေယာက္တည္းသာ ဖင္ၿမဲေနျခင္းျဖစ္သည္။
အခုေတာ့ျဖင့္ အိမ္ကလူေတြနဲ႔ေတာင္
စကားေတြအမ်ားႀကီး ေဖာင္ဖြဲ႕ၿပီးေျပာရမွာ
ပ်င္းသည့္မင္းစက္ဟာ သူ႔မိန္းကေလးကို
က်ီစယ္ေနရျခင္းအား
အလြန္ႏွစ္သက္ေနမိေလသည္။
အက်ီစယ္လြန္ၿပီး သူ႔ရင္ဘတ္ကို
လက္သီးဆုပ္ေလးမ်ားႏွင့္ လာထုေတာ့မွသာ
ထိုလက္ေလးမ်ားကို ဖမ္းဆုပ္ၿပီးလိုက္ၿပီး
နဖူးခ်င္းတိုက္မိသည္အထိ မ်က္ႏွာႏွစ္ခုကို
နီးကပ္ေစလိုက္သည္။
"ကိုယ္မေန႔ညက ေမ့ကိုသိပ္ခ်စ္တယ္လို႔
ေျပာခဲ့တာကိုမမွတ္မိေတာ့ဘူးလား..
ေမဟာကိုယ့္ဘ၀အတြက္ တစ္ဦးတည္းေသာ
မိန္းကေလးပဲလို႔ ေျပာခဲ့ၿပီးသားပဲေလ
ဘာလို႔ကိုယ့္ကိုမယုံၾကည္ရတာလဲကြာ.."
"အဲ့ဒါဆိုလည္း ခုဏကေမးေတာ့ဘာလို႔
ခ်က္ခ်င္းျပန္မေျဖရတာလဲ..ညတုန္းက
ေျပာၿပီးလည္း..အခုမနက္မွာ
ျပန္ေျပာလို႔မရဘူးလား..
ဒီစကားေလးျပန္ေျပာရမွာကို ဒီေလာက္
တြန႔္တိုေနစရာလား..."
"ကဲ..ဟုတ္ပါၿပီကြာ..ေမကအဲ့ဒီ့စကားကိုပဲ
ထပ္ခါထပ္ခါ ၾကားခ်င္ေနမွန္းကိုယ္မသိလို႔ပါ
အခုသိၿပီဆိုေတာ့ ကိုယ္ေျပာၿပီေနာ္.."
ႏႈတ္ခမ္းေလးဆူၿပီး သူ႔ကိုမ်က္ေစာင္းထိုးလာေသာ
မ်က္၀န္းဝိုင္းဝိုင္းေလးအား ျငင္းဆန္ေနသည့္
ၾကားမွ အတင္းနမ္းရႈိက္ပစ္လိုက္သည္။
ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ကိုလည္း
ကေလးပိစိေလးေတြကို ျပဳမူသလို
အသဲယား၍ လက္ႏွစ္ဖက္ႏွင့္ညႇစ္ပစ္လိုက္ၿပီး
မ်က္လုံးအၾကည့္ခ်င္း ဆုံေစလိုက္သည္။
"ကိုယ္ေမ့ကို အသဲနင့္ေအာင္ခ်စ္တယ္
ကိုယ့္ဘ၀တစ္လွ်ာက္လုံး..ကိုယ့္ရဲ႕ျဖစ္တည္မႈ
အားလုံး ေမ့ကိုေပးအပ္ၿပီးေတာ့ကို
ခ်စ္ေပးမယ္..ကိုယ့္ေၾကာင့္ေမထပ္ၿပီး
စိတ္မညစ္ေစရဘူးကြာ..ေမ့ဘ၀ရဲ႕လိုအပ္ခ်က္
အားလုံးကို ကိုယ္ျဖည့္ဆည္းေပးသြားမယ္
ေမ့အေပၚမွာ ပ်က္ကြက္ခဲ့မိတဲ့အျပစ္ေတြ
အားလုံးကိုလည္း အေလ်ာ္ျပန္ေပးၿပီး
ႏွစ္ဆခ်စ္ေပးမယ္ကြာ..ေမ့ရဲ႕အေဖဆုံးပါးသြားတဲ့
အခ်ိန္ ေမ့အနားမွာရွိမေပးႏိုင္ခဲ့တဲ့အတြက္
ေမေပးမဲ့အျပစ္ေတြကိုလည္း ကိုယ္ခံယူမယ္
ေမ့ကိုခ်စ္႐ုံတင္မကပဲ ေမခ်စ္တဲ့အရာေတြ
အားလုံးကိုပါ ကိုယ္ခ်စ္ေပးမယ္.."
"အဟင္း..ရွင္ေတာ္ေတာ္စကားတတ္တာပဲေနာ္.."
"ရင္ဘတ္ထဲက အမွန္တရားေတြပါကြာ.."
"မယုံပါဘူး..."
"အင္း..မယုံဘူးဆိုေတာ့လည္း
သက္ေသျပရတာေပါ့..."
"အား..မလုပ္နဲ႔ေနာ္..ယားတယ္လို႔.."
ေမဝိုင္းေလးကို အိပ္ယာေပၚသို႔ျပန္လွဲခ်ကာ
ကာလိထိုးၿပီးစေနေသာေၾကာင့္
ေမဝိုင္းေလးကေတာ့ မ်က္ရည္ထြက္ေအာင္အထိ ရယ္မိကာ လူးလွိမ့္ေနေတာ့သည္။
ထိုစဥ္ ေမဝိုင္းေလး၏ကိုယ္ေပၚမွ
ေစာင္ေလးဟာ ေအာက္သို႔ေလွ်ာက်သြားေလရာ
ေမဝိုင္းေလးမွာ အသည္းအသန္ျပန္ဆြဲေပမဲ့
ေစာင္ေလးက မင္းစက္အာဏာ၏
လက္ထဲသို႔ ေရာက္ေနၿပီျဖစ္၍
ဘယ္လိုမွ ျပန္ဆြဲမရေတာ့ေပ။
"ကိုကို႔..ေစာင္ျပန္ေပးလို႔..."
"ဘယ္လိုေခၚလိုက္တယ္.."
ေမဝိုင္းေလး၏ ကိုကိုဆိုေသာအသံေလးက
သူ႔နားထဲမွာ ေၾကးစည္တီးခ်လိုက္သကဲ့သို႔
စည္ထြက္သြားေလသည္။
အရမ္းသာယာတာပဲ။
အရမ္းလည္းနားေထာင္လို႔ေကာင္းတယ္။
စမ္းေခ်ာင္းနံေဘးမွာ ၾကားရတဲ့
ဂီတာသံေလးလိုမ်ိဳး ေအးျမၿပီးနား၀င္ပီယံ
ရွိလြန္းလိုက္တာ။
ေကာင္မေလးကို ငုံ႔ၾကည့္လိုက္ေတာ့
ရွက္ေသြးျဖာၿပီး ေနာင္တရေနေသာပုံမ်ိဳးေလး
ျဖစ္ေနေလရာ သူလည္းစေနာက္ခ်င္လာ၍
တစ္ဖက္တစ္ခ်က္ဆီမွာ ျပန႔္က်ဲေနေသာ
ေမ့ရဲ႕ ဆံပင္ေလးမ်ားေပၚသို႔
လက္ေထာက္ခ်လိုက္ကာ ဆြဲေဆာင္မႈရွိေသာ
ေလသံႏွင့္ တမင္ေမးလိုက္သည္က...
"ထပ္ေခၚပါအုံး..ကိုကိုလို႔.."
"ဟာ..ရွက္စရာႀကီး...ေနာက္ေန႔မွပဲေခၚမယ္ေနာ္
အခုေတာ့ အိပ္ယာထၾကရေအာင္..."
Sora Sora, [4/26/2025 11:44 AM]
ေမဝိုင္းေလးက သူ႔လက္ေတြကိုဖယ္ကာ
ကုန္း႐ုန္းထလိုက္ေပမဲ့ မင္းစက္အာဏာက
ျပန္ဆြဲခ်ပစ္လိုက္ၿပီး ဒီတစ္ခါေတာ့
ပုခုံးႏုႏုေလးကို အုပ္ကိုင္ထားလိုက္ကာ...
"အစလုပ္ၿပီးသြားရင္..
အဆုံးသတ္ဆိုတာရွိရမယ္ေလ...
ကိုကိုလို႔ ထပ္မေခၚရင္ေတာ့အျပစ္ေပးရမွာပဲ.."
"မရဘူးေနာ္.."
မင္းစက္အာဏာလည္း အစကေတာ့
က်ီစယ္ခ်င္တာေပမဲ့ အခုေတာ့
တကယ္အတည္ျဖစ္လာကာ ေမဝိုင္းေလး၏
လက္ကေလးႏွစ္ဖက္ကို သူ႔ လက္မ်ားျဖင့္
အုပ္ကိုင္ကာ ယွက္ေထြးလိုက္ၿပီးေနာက္
စိတ္အားထက္သန္စြာ
ဦးေခါင္းကို ငုံ႔ခ်လိုက္မိစဥ္...
"ေဒါက္!!!ေဒါက္!!!"
"ဝိုင္းေလးေရ..အိပ္ယာမထေသးဘူးလား..
အခ်ိန္ကိုလည္းၾကည့္အုံးေလ..
ေနဖင္ထိုးေနၿပီေနာ္..ဟဲ့ငါေျပာတာၾကားလား.."
အန္တီေလးက တံခါးလာေခါက္ၿပီး
ဆူေန၍ ဝိုင္းေလးလည္းလန႔္ၿပီး
ကိုကို႔အား တြန္းထုတ္ပစ္လိုက္မိေတာ့...
"အာ့..ေသပါၿပီ..."
"ဟဲ့..ဝိုင္းေလး..ညည္းအခန္းထဲကဘာအသံလဲ..."
အန္တီေလးကလည္း အပ်ိဳႀကီးပီပီစပ္စပ္စုစု
ႏိုင္လွတာမို႔ ဝိုင္းေလးမွာကုတင္ေပၚမွ
ျပဳတ္က်သြားေသာ ကိုကို႔အားမထူႏိုင္ေသးပဲ
ဗ်ာမ်ားေနရသည္။
"ဟဲ့..ငါေမးေနတယ္လ..အခန္းထဲမွာ
ဘယ္သူလည္းလို႔..."
"ဘယ္သူရွိရမွာလဲ အန္တီေလးရယ္..
သမီးကုတင္ေပၚကေန ျပဳတ္က်ၿပီး
နာလို႔ေအာ္လိုက္မိတာပါ အခုခ်က္ခ်င္း
မ်က္ႏွာသစ္ၿပီး ဆင္းလာခဲ့ပါ့မယ္.."
"ေအး..ေအး..အဲ့ဒါဆိုလည္းျမန္ျမန္လုပ္ေဟ့...
ညည္းေယာက္်ားရဲ႕အခန္းတံခါးႀကီးကေတာ့
ပြင့္ေနတယ္ အထဲမွာလည္းလူမရွိေတာ့ပုံရရင္
ငါတို႔မသိတုန္း အလုပ္သြားလိုက္တာလား
မသိဘူး.."
အန္တီေလးက စကားမ်ားသူပီပီ သူ႔ဘာသာ
ေျပာခ်င္တာေတြ တတြတ္တြတ္ေျပာကာ
ထြက္သြားေလေတာ့သည္။
အန္တီေလးထြက္သြားေတာ့မွသာ
သက္ျပင္းခ်လိုက္ၿပီး ေဘးသို႔ၾကည့္လိုက္ေတာ့..
"အရမ္းနာသြားလားဟင္..ဝိုင္းေလးလည္း
လန႔္ၿပီးေတာ့ တြန္းလိုက္မိတာပါ
စိတ္မဆိုးပါနဲ႔ေနာ္..."
"ဟင္း..စိတ္မဆိုးရက္ပါဘူး..
ကိုယ့္ကံကိုက ကုတင္ေပၚကေန
ခဏခဏ ျပဳတ္က်ကိန္းဆိုက္ေနေတာ့
ဘယ္တတ္ႏိုင္မွာလဲ.."
"ဟား..ဟား..ဟုတ္တယ္ေနာ္..
ကိုကိုက ကုတင္ေပၚကေနျပဳတ္က်ရမဲ့
ကံကို ပါေနတာ.."
"ဟာ..ကိုကိုလို႔ေခၚလိုက္တယ္မဟုတ္လား.."
"မသိဘူး..ေရသြားခ်ိဳးေတာ့မယ္.."
"မရဘူးေနာ္..ထပ္ေခၚရမယ္..
မေခၚရင္ အခန္းထဲကေနေပးမထြက္ဘူး.."
"ကိုကိုေနာ္.."
ႏွစ္ေယာက္သား စေနာက္က်ီစယ္ရင္းႏွင့္
မနက္ခင္းေလးသည္ ပို၍အသက္၀င္သြား
ေလေတာ့သည္။
ေၾကးငွက္ကေလးမ်ားသည္လည္း
ျပဴတင္းေပါက္အျပင္ဘက္မွ ေတးသီကာ
ပ်ံသန္းသြားၾကရင္း ခ်စ္ရသူႏွစ္ဦး၏
ၾကည္ႏူးေပ်ာ္႐ႊင္ဖြယ္ကမာၻေလးကို
ပို၍လွပေအာင္ ပံ့ပိုးေပးေနၾကေလသည္။
🌼🌼🌼🌼🌼🌼🌼🌼
ေမဝိုင္းေလးႏွင့္ မင္းစက္အာဏာတို႔ႏွစ္ေယာက္
လက္ခ်င္းတြဲကာ ခ်စ္ခ်စ္ခင္ခင္ႏွင့္
ထမင္းစားခန္းထဲသို႔ ၀င္လာေသာအခါ
ေဒၚတင္မမမွာ ပီတိေတြျဖစ္ၿပီး
ၿပဳံးေနမိေလသည္။
မနက္စာျပင္ေနရင္းႏွင့္ ေဒၚတင္မမက
အေမျဖစ္သူကို လက္တို႔လိုက္ေတာ့
ဖြားမိစံကလည္း ျပန္တည့္သြားၾကသည့္
လင္မယားႏွစ္ေယာက္အတြက္
အေက်နပ္ႀကီး ေက်နပ္သြားေလသည္။
မေက်နပ္တဲ့လူကေတာ့ အပ်ိဳႀကီေ႐ႊရည္၀င္းပါပဲ။
မနက္တုန္းက ကိုစက္ရဲ႕အခန္းတံခါးႀကီး
ပြင့္ေနလို႔ ၾကည့္လိုက္ေတာ့အခန္းထဲမွာ
ကိုစက္မရွိတာနဲ႔ အလုပ္သြားၿပီလို႔
ထင္လိုက္မိတာ။
ဘယ္ဟုတ္မလဲ ဒင္းကကိုယ့္တူမအခန္းထဲကို
ေရာက္ေနခဲ့တာပဲ။
ေရခ်ိဳးဖို႔သူတို႔ေတြ တစ္ေယာက္ၿပီးတစ္ေယာက္
ဆင္းလာၾကမွသာ ကိုစက္ကအလုပ္သြားတာ
မဟုတ္မွန္းသိခဲ့ရတယ္။
ကိုယ္မေက်နပ္တာက အဲ့ဒါမဟုတ္ဘူး။
လင္မယားေတြဆိုေတာ့ အတူအိပ္ၾကတာက
သဘာ၀က်ေပမဲ့ မနက္ကသြားႏႈိးေတာ့
အခန္းထဲမွာ ကိုစက္ရွိေနတာကို
ဝိုင္းေလးက တမင္လိမ္ၿပီးေျပာတဲ့အခ်က္ပဲ။
ဒါကိုယ့္ကို သပ္သပ္မခန႔္ေလးစားလုပ္တာ။
"သားတို႔ ဒီေန႔ဘယ္အခ်ိန္ျပန္ၾကမွာလဲ
သားကေရာ အလုပ္ဆင္းရအုံးမွာလား.."
"ဟုတ္ကဲ့ ကြၽန္ေတာ္ကအလုပ္ဆင္းရအုံးမွာပါ
ေမ့ကိုေတာ့ ကြၽန္ေတာ့္အိမ္မွာဆို
ပ်င္းေနမွာဆိုးလို႔ အဖြားႏုတို႔အိမ္မွာ
ခဏထားခဲ့ရမွာေပါ့.."
ႏွစ္ေယာက္သား ထိုင္ခုံမွာ၀င္ထိုင္လိုက္ၾကေတာ့
ေဒၚတင္မမက ထမင္းေၾကာ္ႏွင့္
ပုဇြန္ထုပ္ရယ္ ခ်ဥ္ဟင္းရယ္၊ငန္ျပာရည္ခ်က္ရယ္
ခ်ေပးေလသည္။
"အေမထိုင္ေနပါ..သမီးခူးေပးမယ္.."
"ရပါတယ္ေအ.."
"ထိုင္ေနပါအေမရယ္..
ဒီေန႔သမီးအိပ္ယာထေနာက္က်သြားလို႔
ထမင္းမေၾကာ္ေပးလိုက္ရဘူးေလး
ဒါေလးေတာ့ လုပ္ေပးပါရေစ.."
"ေအး..ေအး.."
ေမဝိုင္းေလးက အတင္းေျပာေတာ့
ေဒၚတင္မမလည္း သမီးျဖစ္သူ
စိတ္ခ်မ္းသာပါေစေတာ့ဆိုၿပီး
လုပ္ခြင့္ေပးလိုက္ေတာ့သည္။
ဒီေန႔သူ႔ေယာက္်ားရွိလို႔သာ အိပ္ယာထ
ေနာက္က်တာ ပုံမွန္အခ်ိန္ေတြဆိုရင္
သားအမိႏွစ္ေယာက္ မနက္ေလးနာရီ
ေလာက္တည္းက ထၿပီးခ်က္ျပဳတ္ေနၾကၿပီ။
အခုသူ႔ေယာက္်ားက ျပန္ေခၚသြားမယ္ဆိုေတာ့
ကိုယ့္မွာ လက္႐ုံးတစ္ဖက္ျပဳတ္သြားသလို
ခံစားလိုက္ရေလသည္။
ေမဝိုင္းေလးက အိမ္ေထာင္က်သြားေပမဲ့
လက္ရွိျဖစ္တဲ့ ထိပ္ထားဦးထက္ပိုအားကိုးရတယ္။
အခု ထမင္းဗူးျပင္တဲ့လုပ္ငန္းေလးကိုလည္း
ဝိုင္းေလးက တြန္းအားေပးလို႔သာ
လုပ္ျဖစ္ခဲ့တာေပါ့။
ခင္ထိပ္ထားဦးၾကေတာ့ အေဖေသလို႔
အသိတရားရမလားမွတ္တယ္။
သူ႔ဂ်ပန္သင္တန္းကေန ရတဲ့လစာက
သူသုံးတာနဲ႔တင္ ကုန္ေလေရာ။
သင္တန္းအားရင္လည္း အေမေတြ၊အေဒၚေတြကို
တစက္မွမကူပဲ ဘုရားဖူးထြက္လိုက္၊
ေလွ်ာက္လည္လိုက္ႏွင့္သာ အခ်ိန္ကုန္ေနသည္။
သူ႔လုပ္စာသာ ေမွ်ာ္ကိုးစားရမယ္ဆိုရင္ေတာ့
ငတ္ေသမွာ မလြဲဘူး။
ေမဝိုင္းေလးကိုၾကည့္ၿပီး ေဒၚတင္မမက
စိတ္ထဲမွ ခ်ီးက်ဴးေနသလို
မင္းစက္အာဏာသည္လည္း ထမင္းေၾကာ္ေတြႏွင့္
ဟင္းေတြကို ပန္းကန္ထဲသို႔ေသခ်ာ
ခူးထည့္ေနေသာ ေမဝိုင္းေလးကို
လွမ္းၾကည့္ကာ ၿပဳံးေနမိေလသည္။
မင္းစက္သည္ ပုံမွန္မနက္စာကို အသား၊
အသီးအ႐ြက္၊ေပါင္မုန႔္ႏွင့္ႏို႔စသျဖင့္
အေနာက္တိုင္းဆန္ဆန္ အမယ္စုံေအာင္
စားတတ္ေလသည္။
ထမင္းေၾကာ္ဆိုတာ သူ႔မနက္စာမွာ
တစ္ခါမွ မစားျဖစ္သည့္အမ်ိဳးအစားေပမဲ့
ဒီေန႔ေတာ့ သူ႔ဇနီးေလးကိုယ္တိုင္
ခူးေပးေနေတာ့ မစားခင္ထဲကဗိုက္၀ေနေလၿပီ။
"ကိုစက္က အေမတို႔စားတဲ့မနက္စာကို
သေဘာေတြ႕ပါ့မလားေတာ့ မသိဘူး..
အေမတို႔ကေတာ့ မနက္စာဆိုထမင္းေၾကာ္ေလး
စားလိုက္ရမွာ စားၿမိန္တာေလ..
တခါတေလေတာ့ ေကာက္ညႇင္းေပါင္းၿပီး
စားၾကတာေပါ့.."
"ရပါတယ္အန္တီ..ကြၽန္ေတာ္ကဘာျဖစ္ျဖစ္
အဆင္ေျပပါတယ္.."
"အန္တီလို႔မေခၚနဲ႔ေလကြယ္..ဝိုင္းေလးနဲ႔
ပတ္သတ္မွေတာ့ သားကလည္း
အေမလို႔ေခၚမွေပါ့.."
"ဟုတ္ကဲ့ပါအေမ.."
"အဲ့လိုမွေပါ့ကြယ္..
မင္းစက္လည္း သူ႔ကိုလက္မေထာင္ျပကာ
ေတာ္သည္ဟု ခ်ီးက်ဴးလာေသာ
အေမတင္ကို ျပန္၍ၿပဳံးျပလိုက္မိသည္။
ဒီမိသားစုေလးကိုၾကည့္ၿပီး ေမဝိုင္းေလးတင္မကပဲ
သူ႔ကိုယ္သူပါ ကံေကာင္းသည္ဟု
ေတြးလိုက္မိသည္။
သူတစ္ပါးဆီကေန ဘာအက်ိဳးအျမတ္မွ
မေမွ်ာ္ကိုးပဲ စိတ္ထားျဖဴစင္သည့္ေနရာမွာ
ေမဝိုင္းေလးက သူ႔မိသားစုႏွင့္သြားတူေလသည္။
သူတို႔သားမက္ေတာ္ထားသည့္
မင္းစက္အာဏာဆိုတာက ဘယ္သူမို႔လို႔လဲ။
KGကုမၸဏီ၏ လက္ရွိစီအီးအိုတစ္ေယာက္ျဖစ္ၿပီး
အာရွမွာပါမက ဥေရာပမွာပါေျခဆန႔္ေနသည့္
သန္းႂကြယ္ သူေဌးတစ္ေယာက္ျဖစ္သည္။
ဒါေပမဲ့ ဒီမိသားစုေလးကအခုခ်ိန္အထိ
ကိုယ့္ဆီကေန တစ္ျပားတစ္ခ်ပ္မွ
မေတာင္းဖူးေသးဘူး။
ဆိုင္ခန္းကိစၥေၾကာင့္ ဖြားဖြားႏုရဲ႕လက္ထပ္ဖို႔
ကမ္းလွမ္းလာမႈကို သေဘာတူလိုက္႐ုံက
လြဲၿပီး က်န္တာဘာမွမေတာင္းဆိုခဲ့ၾကဘူး။
တကယ္လို႔ ဒီလက္ထပ္ပြဲဟာ အေပးအယူ
သေဘာမ်ိဳးဆိုရင္ေတာင္ သူတို႔ဘက္က
အဖိုးတန္သမီးေလး တစ္ေယာက္လုံး
ေပးထားရတာေလ အက်ိဳးအျမတ္တစ္ခုတည္း
အတြက္ဆို ဆိုင္ခန္းေလးတစ္ခုထဲက
တန္မွမတန္တာ။
ျဖစ္ႏိုင္တာကေတာ့ သတိုးသားေနရာမွာ
ကိုယ္ျဖစ္ေနလို႔ သူတို႔သေဘာတူခဲ့ၾကတာ
ေနလိမ့္မယ္။
ဘာပဲျဖစ္ျဖစ္ ကိုယ့္ဆီကို ေမဝိုင္းေလးဆိုသည့္
မိန္းမလွေလးအား လက္ေဆာင္ေပးခဲ့ျခင္းအတြက္
အၿမဲထာ၀ရ ေက်းဇူးတင္ေနမိမွာပါ။
"အေမ..ကြၽန္ေတာ္အေမ့ကိုတစ္ခုေလာက္
ကမ္းလွမ္းခ်င္တယ္.."
"ဘာမ်ားလည္းသားရဲ႕.."
"ၿမိဳ႕ထဲက အခ်က္အခ်ာၾကတဲ့ေနရာမွာ
ဆိုင္ခန္းေလးတစ္ခု ဖြင့္ေပးခ်င္တာပါ..
စားေသာက္ဆိုင္ပဲျဖစ္ျဖစ္
အေမတို႔ဖြင့္လို႔ရတာေပါ့..တကယ္လို႔ဝိုင္းေလးက
ဝါသနာပါတယ္ဆိုလည္း အေမတို႔နဲ႔အတူ
တြဲလုပ္ခိုင္းလိုက္မယ္ေလ..
လိုအပ္တာေတြ အတြက္ေတာ့
ကြၽန္ေတာ္အားလုံးစီစဥ္ေပးပါ့မယ္.."
"မဟုတ္တာသားရယ္..စားေသာက္ဆိုင္
ဖြင့္ဖို႔ၾကေတာ့ အေမတို႔မွာအရည္အခ်င္း
မျပည့္ေသးပါဘူး..ေနာက္ၿပီးကိုယ္ပိုင္
လုပ္ငန္းႀကီးႀကီးလုပ္မယ္ဆိုရင္
တစ္ခုခုမွားသြားရင္လည္း ဆုံးရႈံးမႈမ်ားလိမ့္မယ္.."
"မလုပ္ၾကည့္ရေသးပဲနဲ႔ က်ရႈံးမလား
ေအာင္ျမင္မလားဆိုတာ ဘယ္လိုလုပ္
သိႏိုင္မွာလဲ..
ကိုယ္ကမခ်က္ျပဳတ္ႏိုင္ရင္
ခ်က္တတ္တဲ့လူကိုငွားမွာေပါ့..
ကြၽန္ေတာ့္မိန္းမကလည္း အခုလက္ရွိမွာ
အားေနေသးတာဆိုေတာ့ သူ႔ကိုပါအေမတို႔နဲ႔
တြဲေပးၿပီး လုပ္ေစခ်င္တာပါ..
သူလည္း သူရတဲ့ဟာသူသုံးႏိုင္ရင္
ကြၽန္ေတာ့္ဆီကေန လက္ျဖန႔္ေတာင္းစရာ
မလိုေတာ့ဘူးေပါ့..အေမတို႔လည္း
အဆင္ေျပသြားတာေပါ့..."
"အင္း..ဒီလိုဆိုေတာ့လည္း ဟုတ္တာပဲ
ဝိုင္းေလး သမီးေရာလုပ္ခ်င္လား.."
"ဟုတ္ကဲ့..သမီးလုပ္ခ်င္ပါတယ္.."
အေမနဲ႔ ကိုကိုတို႔ႏွစ္ေယာက္ ေျပာေနတာေတြ
အားလုံးကို ၾကားေနရသည္မို႔ ဝိုင္းေလးလည္း
လုပ္ခ်င္ေၾကာင္း ေခါင္းညိမ့္ျပလိုက္သည္။
ဘာအလုပ္မွ မလုပ္ပဲထိုင္စားေနရတာမ်ိဳးေတာ့
ဝိုင္းေလး လုံး၀သေဘာမက်ဘူး။
မင္းစက္အာဏာ၏အေတြးကေတာ့
ေမဝိုင္းေလးကို သူ႔ကုမၸဏီမွာျပန္၀င္ၿပီး
မလုပ္ေစခ်င္၍ ႏွစ္ဦးႏွစ္ဖက္အက်ိဳးအျမတ္
ရွိသြားေအာင္ နည္းလမ္းရွာလိုက္ျခင္းျဖစ္သည္။
ေမ့အေၾကာင္းကို သူသိပ္သိတာေပါ့။
ေမက အၿမဲအလုပ္လုပ္ဖို႔စိတ္အားထက္သန္
ေနသူေလး။
ႏွစ္ေယာက္သား ျပန္တည့္သြားၾကၿပီဆိုေတာ့
ကိုယ့္ကုမၸဏီမွာ အလုပ္ျပန္လုပ္ဖို႔
ေျပာလာႏိုင္တယ္။
ကိုယ္ကလည္းေမ့ကို
ကိုယ့္ရဲ႕ လက္ေအာက္ငယ္သားေတာ့
မျဖစ္ေစခ်င္ဘူး။
ဒီေတာ့ ေမလည္းအလုပ္ရ အန္တီတင္တင္တို႔လည္း
အက်ိဳးရွိသြားတာေပါ့။
"ေနာက္တစ္ခု ကြၽန္ေတာ္ေျပာစရာရွိေသးတယ္
မေျပာခင္ အေမတို႔အေနနဲ႔ေသခ်ာေပါက္
မျငင္းပဲ လက္ခံေပးပါလို႔ေျပာခ်င္ပါတယ္.."
"ဘာမ်ားလည္းသားရဲ႕..."
"ဒီအိမ္ေလးကို ျပန္ေဆာက္ေပးခ်င္တာပါ.."
"ဘယ္လို..."
ဒီတစ္ခါမွာေတာ့ ကိုစက္၏စကားေၾကာင့္
အိမ္သားေတြအားလုံး မ်က္လုံးမ်ား
ျပဴးက်ယ္သြားရကာ အံ့ဩကုန္ၾကေလသည္။
"အခုအခ်ိန္မွာ ဦးေလးလည္းဆုံးသြားၿပီဆိုေတာ့
ဒီအိမ္မွာ မိသားစု၀င္တစ္ေယာက္အေနနဲ႔
ကြၽန္ေတာ္၀င္ၿပီး စီမံေပးတယ္လို႔ပဲ
သေဘာထားပါေနာ္...ေမနဲ႔ကြၽန္ေတာ္က
အေမတို႔ကို ျပန္ကန္ေတာ့တဲ့သေဘာပါ..."
"အဲ့ဒါေတာ့အလုပ္ပါနဲ႔သားရယ္..
အေမတို႔ကဆင္ျဖဴေတာ္မွီၿပီး ႀကံစုပ္သလို
ျဖစ္ေနလိမ့္မယ္..အိမ္ကနဲနဲေဟာင္းေနေပမဲ့
ေနလို႔ရပါေသးတယ္.."
"ကြၽန္ေတာ့္ေစတနာကို မျငင္းလိုက္ပါနဲ႔..
ခုဏကပဲ ကြၽန္ေတာ့္ကိုသားတစ္ေယာက္လို
သေဘာထားတယ္ဆို..ဒီေတာ့ကြၽန္ေတာ္ဘက္က
ေမ့အစား ျပန္ၿပီးလုပ္ေပးခ်င္တာကိုလည္း
လက္ခံေပးေစခ်င္ပါတယ္..."
မင္းစက္အာဏာသည္ သူကဒါကိုလုပ္မယ္ဆိုရင္
မျဖစ္မေန လုပ္တတ္သူျဖစ္ေလရာ
ေဒၚတင္မမတို႔က ဘယ္လိုပဲထပ္ၿပီး
ျငင္းဆန္ပါေစ ေနာက္ဆုံးမွာ
သေဘာတူလိုက္ရေလသည္။
အခုက ေဆာင္းအကုန္ေႏြအကူးဆိုေတာ့
အိမ္ေဆာက္ဖို႔ကိုလည္း မင္းစက္အေနနဲ႔ဆို
ဖုန္းတစ္ခ်က္ ဆက္လိုက္သည္ႏွင့္
ကိုယ္တိုင္ေတာင္ ၀င္စီမံစရာမလိုအပ္ေပ။
ေမဝိုင္းေလးကေတာ့ စားေသာက္ဆိုင္
ဖြင့္ေပး႐ုံတင္မကပဲ တိုက္အိမ္ပါ
ေဆာက္ေပးေတာ့မည့္ မင္းစက္အာဏာ၏
စိတ္ကိုမယုံႏိုင္ျဖစ္ေနရေလသည္။
ကိုယ့္အတြက္တင္မကပဲ ကိုယ့္မိသားစုအတြက္ပါ
ေတြးေပးေနသည့္ကိုကို႔သည္ ဒီေလာက္
စိတ္သေဘာထားျပည့္၀မည္ဟု မထင္မိခဲ့ေပ။
ဝိုင္းေလးကို သူတကယ္ခ်စ္ေၾကာင္းတင္မက
ဝိုင္းေလးခ်စ္တဲ့အရာေတြကိုပါ
ခ်စ္ေပးမည္ဟု ကတိေပးခဲ့တာနဲ႔ပတ္သတ္ၿပီး
ပါးစပ္ေျပာမဟုတ္ပဲ လက္ေတြ႕ျပေနတာမ်ားလား။
သူသာ ဝိုင္းေလးကိုတကယ္မခ်စ္ရင္
ဒါမ်ိဳးေတြကို လိုက္ေတြးေပးေနမွာ
မဟုတ္ေလာက္ဘူး။
🍒🍒🍒🍒🍒🍒🍒🍒
မနက္စာ စားေသာက္ၿပီးသည္ႏွင့္
ကိုစက္ႏွင့္ဝိုင္းေလးတို႔သည္ ဖြားဖြားႏုတို႔အိမ္သို႔
ျပန္ဖို႔ ကားေခၚထားလိုက္သည္။
အၿပီးျပန္မွာျဖစ္တဲ့အတြက္ ကိုကိုကပဲ
ဝိုင္းေလး၏ လက္ဆြဲအိတ္ေတြကို
ကားေနာက္ခန္းသို႔ ထည့္ေပးရွာသည္။
"ဟာ..ခဏေလး..တစ္ခုေမ့က်န္ခဲ့လို႔
သြားယူလိုက္အုံးမယ္.."
ကားတံခါးကို ဖြင့္ၿပီး၀င္မယ္ႀကံၿပီးခါမွ
ကိုကိုတစ္ေယာက္ အိမ္ထဲသို႔
ျပန္ေျပး၀င္သြားေလသည္။
ဝိုင္းေလးကေတာ့ ကားဒါ႐ိုင္ဘာကိုမင္းသစ္ႏွင့္
စကားေျပာရင္းသာ က်န္ေနခဲ့လိုက္သည္။
ခဏအၾကာမွာေတာ့ လက္ထဲမွာ
ပါကင္ဗူးတစ္ခုကို ကိုင္ထားလွ်က္ႏွင့္
ကားထဲသို႔ ျပန္၀င္လာေလသည္။
"ဒါကဘာႀကီးလဲ.."
"ခ်ယ္ရီသီးေလးေတြေလ..ညတုန္းက
ေမ့ကိုေခ်ာ့ဖို႔ ကိုကို၀ယ္လာတာ..."
"ဘာကိုကိုလည္း..ကိုမင္းသစ္ရွိေနတယ္ေလ..."
သူ႔ကိုယ္သူ "ကိုကို"ဟုသုံးႏႈန္းလိုက္ၿပီး
ခ်ယ္ရီသီးကိုဗန္းျပကာ အတင္းလာဖက္ေနေသာေၾကာင့္ အျမန္႐ုန္းလိုက္ရေလသည္။
အရင္က အရမ္းကိုတည္ၾကည္လြန္းပါတဲ့သူက
အိေျႏၵေတာင္မဆည္ႏိုင္ေအာင္
လိုက္ကပ္ေနတာမ်ား အံ့ဩပါရဲ႕။
"ဆရာကေတာ္ေရ...ကြၽန္ေတာ့္ကိုမရွိတဲ့လူလိုပဲ
သေဘာထားပါဗ်ာ..
မျမင္ခ်င္ဟန္ေဆာင္ထားပါတယ္.."
"ေဟ့ေကာင္..လွ်ာမရွည္နဲ႔၊စကားမေျပာနဲ႔
ေမာင္းစရာရွိတာေမာင္း..
အထူးသျဖင့္ ငါ့မိန္းမကိုလွည့္လွည့္မၾကည့္နဲ႔"
"အမယ္ေလးဆရာရယ္..မ်က္လုံးပါ
ေဖာက္ထုတ္ေပးရမလား.."
"ေအး..မ်က္လုံးမွိတ္ၿပီးကားေမာင္းႏိုင္ရင္ေတာ့
ေဆးဖိုးငါစိုက္ေပးမယ္.."
"ဟာဆရာရယ္..ရက္စက္လိုက္တာ.."
"ကိုမင္းစက္..သူမ်ားကိုဘာေတြ
ေလွ်ာက္ေျပာေနတာလဲ.."
"ကိုမင္းစက္မဟုတ္ဘူး..ကိုကိုေလ.."
"ရွင္ေနာ္...ေတာ္ၿပီရွင္ေပးတဲ့ခ်ယ္ရီသီးလည္း
မစားဘူး..."
လူၾကားထဲမွာမို႔ မေခၚခ်င္ပါဘူးဆိုတာ
ဇြတ္ေတြ ကိုကိုေစခ်င္ေန၍ စိတ္တိုၿပီး
ေမဝိုင္းေလးက ကားတစ္ဖက္ျခမ္းကို
တိုးသြားေတာ့ မင္းစက္မွာမေနႏိုင္ပဲ
ေခ်ာ့ရျပန္ေလသည္။
ေမဝိုင္းေလးကို ခ်စ္မိမွ
သူလည္း အေခ်ာ့ေတာ္ေတာ္ကြၽမ္းေနပါၿပီ။
"ဟုတ္ပါၿပီကြာ..မေခၚခ်င္လည္းမေခၚပါနဲ႔ေတာ့
ကိုကိုဘာမွမေျပာေတာ့ပါဘူး
ခ်ယ္ရီသီးေတာ့စားပါ..
ေမအရမ္းႀကိဳက္တယ္မဟုတ္လား..."
မင္းသစ္ကေတာ့ ကားေမာင္းေနရင္းမွ
ေနာက္ကအတြဲကိုၾကည့္ၿပီး
သံေဝဃရေနမိေလသည္။
ႀကီးႏိုင္ငယ္ညႇင္းဆိုသည့္ အဓိပၸာယ္ကိုလည္း
နားလည္လိုက္မိသည္။
ဆရာကကိုယ့္ကိုႏိုင္တယ္ ဆရာ့ကိုၾကေတာ့
သူ႔မိန္းမက ႏိုင္တယ္။
သံသရာ တစ္ပတ္လည္တာေပါ့။
🍒🍒🍒🍒🍒🍒🍒
ဖြားဖြားႏုတို႔၏ အိမ္ကိုေရာက္ေတာ့
ႏွစ္ေယာက္သား ကားေပၚမွ
ဆင္းလိုက္ၾကေလသည္။
ၾကည္ၾကည္တို႔ကေတာ့ ကားသံၾကားတည္းက
အိမ္ထဲမွ ေျပးထြက္လာၿပီး ဝိုင္းေလးကို
လာႀကိဳေပးရွာသည္။
ထိုစဥ္ ဂိုေထာင္ထဲမွ ကားတစ္စီးကို
ဆင္၀င္ေအာက္အထိ ေမာင္းလာတာ
ေတြ႕လိုက္ရ၍ ၾကည့္လိုက္မိေတာ့
ကားေမာင္းသူ၏ မ်က္ႏွာကိုၾကည့္ၿပီး
လန႔္ေတာင္လန႔္သြားမိသည္။
ကားေပၚမွ ဆင္းလာေသာထိုလူ၏
ပုံသ႑န္သည္ ခႏၶာကိုယ္ကပိန္ေနၿပီး
မ်က္ႏွာက အလြန္အက်ည္းတန္ေလသည္ ။
ပိုဆိုးသည္က နဖူးကေနစၿပီးပါး႐ိုးတစ္ေလွ်ာက္
ရွိေနသည့္ ဓားခုတ္ရာလိုလို အမာ႐ြတ္ႀကီးေၾကာင့္
ဝိုင္းေလး၏ ရင္ထဲမွာအလိုလိုေနရင္း
ခံစားခ်က္မေကာင္းေတာ့ေပ။
"ၾကည္ၾကည္..သူကဘယ္သူလဲ...
အရင္ကမေတြ႕ဖူးဘူးေနာ္.."
"ေအာ္..သူ႔နာမည္ကဦးမင္းဒင္တဲ့
ေဒၚေအးသန္းရဲ႕ေမာင္၀မ္းကြဲေလ..
မေန႔က ညေနကမွေရာက္လာတာ
ေဒၚေအးသန္းနဲ႔အမ်ိဳးေတာ္ေတာ့လည္း
အန္တီရတနာက အလုပ္ေပးထားရတာေပါ့..
အန္တီျမခင္ေျပာတာေတာ့
သူကေထာင္ထြက္တဲ့..."
ၾကည္ၾကည္၏စကားေၾကာင့္ ဝိုင္းေလး
ၾကက္သီးေတာင္ ထသြားမိသည္။
ဒါေပမဲ့ ကိုယ္ကဒီအိမ္မွာေနေတာ့မွာ
မဟုတ္ေတာ့ ကိုယ္နဲ႔အၿမဲေတြ႕ေနရမွာ
မဟုတ္၍ မ်က္ႏွာျပန္လႊဲလိုက္ၿပီး
အိမ္ထဲသို႔ ၀င္ရန္ေျခလွမ္းလိုက္စဥ္မွာ...
"ဒီအထုပ္ေတြ ကြၽန္ေတာ္သယ္လာေပးပါ့မယ္.."
မာထန္ေနေသာ အသံႀကီးကို
ၾကားလိုက္ရသည့္အခါ ေမဝိုင္းေလး၏
ေျခလွမ္းေတြ ရပ္တန႔္သြားခဲ့ေလသည္။
႐ုတ္တရက္ဆိုသလို အေၾကာက္တရားတစ္ခုက
ေက်ာ႐ိုးထဲအထိ စိမ့္တက္လာသလို
ခံစားလိုက္ရသည္။
ဒီအသံကို အရမ္းရင္းႏွီးေနသလိုပဲ။
ၾကက္သီးထစရာ၊ေက်ာခ်မ္းစရာ အသံႀကီး။
လူတစ္ကိုယ္လုံးဟာ လႈပ္၍
မရေတာ့ေလာက္ေအာင္ ေၾကာက္႐ြံ႕လာၿပီးေနာက္
လက္ဖ်ားမ်ားလည္း ေအးစက္လာကာ
အသက္ရႉေတြပါ ၾကပ္လာခဲ့သည္။
တင္းၾကပ္လာသလို ျဖစ္လာသည့္
ခံစားခ်က္ေၾကာင့္
လည္ပင္းေနရာကို ျပန္စမ္းၾကည့္ေနမိတဲ့အခ်ိႏွ္မွာ
အေနာက္ပါးမွ ခ်ည္းကပ္လာေသာ
ေျခသံတစ္ခု..
ပိုနီးကပ္လာေလ ငိုခ်လိုက္ခ်င္ေလာက္ေအာင္
၀မ္းနည္းဆို႔နင့္လာခဲ့ၿပီးေနာက္
မ်က္လုံးေတြကို မွိတ္ခ်လိုက္သည့္အခ်ိန္မွာပဲ
အသိတရားကင္းမဲ့ကာ လွဲက်သြားေလေတာ့သည္။
လူကသတိလစ္ေမ့ေမ်ာသြားခဲ့ေပမဲ့
မသိစိတ္၏ ဦးတည္ရာကေတာ့
ေမွာင္မည္းၿပီး ေခ်ာက္ျခားစရာ
အျပည့္ျဖစ္ေနသည့္ အိမ္ႀကီးထဲသို႔
ျပန္လည္ေရာက္ရွိသြားခဲ့ေလသည္။
*ထိုအိမ္ေလးထဲတြင္ ေၾကာက္႐ြံ႕တုန္လႈပ္ကာျဖင့္
မိခင္ကို တမ္းတေနမိသည့္အခ်ိန္၌
စိတ္ေျခာက္ျခားေစေလာက္သည့္
အသံဩဩႀကီးသည္ ေမဝိုင္းေလးအား
ပိုမိုထိတ္လန႔္ေအာင္ ႏွိပ္စက္ေနခဲ့သည္..*
..အခန္း(၄၆)ဆက္ရန္..
စာေရးသူ..ေဆာင္းေငြ႕ေဝ
🌼🌼🌼🌼🌼🌼🌼🌼🌼
ကဲ..အခ်ိဳေတြအမ်ားႀကီးေကြၽးတယ္ေနာ္..
No comments:
Post a Comment