အခန်း၄၂ 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

အခန်း၄၂

💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ဖွားဖွားနုတို့၏ ခမ်းနားကြီးကျယ်သော

ခြံ၀န်းကြီးအရှေ့တင် တက္ကစီလေးကို

ရပ်ခိုင်းလိုက်ပြီး ငါးဆင့်ချိုင့်လေးကိုဆွဲကာ

ကားပေါ်မှ ဆင်းလိုက်သည်။

မြင့်မားသော သံပန်းတံခါးကြီးကို

ကြည့်မိပြန်တော့ အမေ့တို့ပိုင်တဲ့ခြံ၀န်း၏

သစ်သားတံခါးလေးနှင့် နှိုင်းယှဉ်ကြည့်မိပြန်သည်။


"မင်းစက်အာဏာရဲ့ ချမ်းသာကြွယ်၀မှုကိုမပြောနဲ့

သူ့အမေတွေရဲ့ ကြွယ်၀မှုကတောင်

ဝိုင်းလေးတို့နှင့်..မိုးနဲ့မြေလို

ကွာခြားနေတာပါလားဟု.."တွေးလိုက်မိတော့

သိမ်ငယ်စိတ်တောင် ၀င်ချင်လာသည်။


သူပြောသလို ကွာရှင်းလိုက်ကြရင်ကောင်းမလား။

ဒါဆိုရင် ဘာအတွက်မှသိမ်ငယ်နေစရာ

မလိုတော့ဘူးပေါ့။

တစ်ယောက်တည်းဖြစ်သွားတဲ့အခါ

ကိုယ့်ဘာသာ အလုပ်တစ်ခုရှာလုပ်ပြီး

မိဘတွေကို ထောက်ပံ့မယ် အားတဲ့အချိန်လေးမှာ

သူငယ်ချင်းနဲ့ အပြင်ထွက်လည်မယ်..။


အင်း..စိတ်ကူးလို့တော့ကောင်းသား..။

တကယ့်လက်တွေ့မှာကြတော့ ဘာကြောင့်

သူ့ကိုမှ တွယ်ငြိသွားရသလဲဆိုတာ

ကိုယ့်ကိုကိုယ်တောင် နားမလည်နိုင်တော့ဘူး။


"တူမ.."


"ဟင်.."


တစ်ယောက်တည်းရပ်ပြီး ဖွားနုတို့၏ခြံတံခါးကို

ငေးကြည့်နေမိတာမှာ တက္ကစီသမားကိုတောင်

မေ့သွားမိလေသည်။

တက္ကစီသမားကြီးကို အလန့်တကြား

ကြည့်လိုက်မိတော့ စိတ်မရှည်ဟန်ကြီးနှင့်

ဝိုင်းလေးကို စိုက်ကြည့်နေတာများ

ဝိုင်းလေးက ပိုက်ဆံမပေးမဲ့လူကြနေတာပဲ။


"တူမက..အပြန်လည်းငှားဦးမှာလား.."


"မငှားတော့ပါဘူး..တက္ကစီခက

ဘယ်လောက်ကျလဲဦးလေး.."


"တစ်သောင်းပါ.."


"ဟင်..တစ်သောင်းကြီးတောင်လား..

များတာပေါ့ဦးလေးကလည်း.."


"ဟိတ်..စီးတုန်းကစီးလာပြီး

ခုမှဈေးဆစ်လို့မရဘူးလေ..အစတည်းက

မတတ်နိုင်ရင် ဘက်စ်ကားပဲတိုးစီးပေါ့.."


ကိုယ့်ဘက်က ဈေးအရင်မမေးမိပဲ

တက္ကစီငှားစီးလာမိခြင်းဖြစ်လေတော့

ထပ်ပြီး စကားမများချင်တော့တာနဲ့

ပိုက်ဆံအိတ်လေးထဲကနေ 

တစ်သောင်းတန်တစ်ရွက် ထုတ်ပြီးပေးလိုက်သည်။


တက္ကစီလေးမောင်းထွက်သွားသည်နှင့်

ချိုင့်ကိုဆွဲပြီး အပြင်ဘက်မှဘဲလ်ကိုတီးလိုက်သည်။

ခြံတံခါးလာဖွင့်ပေးသူမှာ ဖိုးသားဖြစ်လေသည်။

ဖိုးသားက ဝိုင်းလေးကိုမြင်သည်နှင့်

အံ့ဩသွားကာ ပြာပြာသလဲ

တံခါးလာဖွင့်ပေးရှာသည်။


"ဖိုးသားပါလား..ဒေါ်ခင်မြတို့နေကောင်းတယ်

မဟုတ်လား.."


"ဟုတ်..ကောင်းပါတယ်.."


အသက်ဆယ့်ခြောက်နှစ်ကျော်နေပြီဆိုပေမဲ့

သူစိမ်းတွေနဲ့စကားပြောရင် 

အရမ်းကြောက်တတ်သော ဖိုးသားသည်

စတွေ့တုန်းကလို လူကိုရှိန်မနေတော့ပဲ

အပြုံးလေးကအစ ရင်းနှီးလာသည်။


"မနက်စာ..စားပြီးပြီလားဖိုးသား.."


"မစားအားသေးပါဘူး..မမလေးရယ်...


"အေး..အဲ့ဒါဆိုအားတဲ့အချိန်ရောက်လို့

ဗိုက်ဆာရင် ကြည်အေးတို့ဆီကိုသွားပြီး

မုန့်သွားစားလိုက်သိလား..ကြည်အေးကို

မုန့်တွေပေးထားလိုက်မယ်.."


"ဟုတ်ကဲ့ပါ.."


သူပြောစရာရှိတာသာပြောပြီး အခြားနေရာသို့

ထွက်သွားလေတော့သည်။

ဝိုင်းလေးလည်း အိမ်ကြီးဆီသို့ တစ်ယောက်တည်း

လမ်းလျှောက်သွားလိုက်ပြီး မီးဖိုခန်းထဲသို့သာ

တန်း၀င်သွားလိုက်သည်။


"ဟယ်..မမဝိုင်းလေးပြန်လာပြီ.."


ဝိုင်းလေးကိုတွေ့သည်နှင့် ကြည်ကြည့်က

၀မ်းသာအားရ လာဖက်လေသည်။

သူတို့စိတ်ထဲမှာတော့ ဝိုင်းလေးက

အပြီးပြန်လာသည်ဟု ထင်နေကြမှာပေါ့။

ဝိုင်းလေးကလည်း ကိုယ့်မာနနဲ့ကိုယ်ပါ..။


သူကကွာရှင်းဖို့တောင် ပြောလာတော့

သူနဲ့သက်ဆိုင်တဲ့နေရာမှာ ကပ်တွယ်ပြီးတော့

လုံး၀မနေချင်ဘူး။

သူကိုယ်တိုင် လာခေါ်မှပဲ ပြန်လိုက်မည်ဟု

ဆုံးဖြတ်ထားသည်။


ဝိုင်းလေးတို့အကြောင်းကိုမသိတဲ့ အမေတို့

အန်တီလေးတို့ကတော့ အမျိုးမျိုးတိုက်တွန်း

ကြလေ့ရှိတယ်။

ဒါပေမဲ့ ဝိုင်းလေးကတော့ဟိုဟိုဒီဒီ

အကြောင်းပြပြီး တမင်ကိုမပြန်တာဖြစ်သည်။


"ဝိုင်းလေး...အပြီးပြန်လာတာလား.."


အန်တီခင်မြကပါ ဝိုင်းလေး၏လက်ကလေးကို

အသာအယာ ဆုပ်ကိုင်လာပြီးမေးတော့

ဝိုင်းလေး ခေါင်းသာခါပြလိုက်သည်။


"အိမ်မှာ မုန့်လုပ်စားလို့မုန့်လာပို့တာ

အန်တီခင်မြတို့ရော 

အခြားအိမ်အလုပ်သမားတွေပါ

စားလို့ရအောင် ငါးဆင့်ချိုင့်နဲ့ထည့်လာတယ်..

အန်တီခင်မြတို့က အပေါ်နှစ်ဆင့်ယူလိုက်ပေါ့.."


"ဘာမုန့်တွေလုပ်စားကြတာလဲမမရဲ့..."


"ကောက်ညှင်းရွှေကြည်ရယ်၊မုန့်လိပ်ပြာရယ်

ကျောက်ကျောလေးတွေရယ်ပါ.."


"ဟာ..အဲ့ဒါဆိုကြည်ကြည့်အကြိုက်ပဲ

အပေါ်နှစ်ဆင့်ကို အရင်ယူထားလိုက်မယ်.."


ကြည်ကြည်က ပြောလည်းပြော ချိုင့်ကိုလည်း

မြန်မြန်သွက်သွက်ပဲ လှယ်နေလေသည်။


ထိုအချိန်မှာပဲ အိမ့်ချစ်မှူးဝေတစ်ယောက်

မီးဖိုခန်းအ၀သို့ ရောက်လာလေတော့သည်။


"အန်တီခင်မြ..မှူးကိုမနက်စာတစ်ခြားတစ်ခု

ပြင်ပေးအုံးနော်..

အိမ်မှာချက်ထားတဲ့ ခေါက်ဆွဲကြော်ကြီး

မစားချင်လို့..ဟယ်..ဝိုင်းလေးရောက်နေတာလား"


"ဟုတ်တယ်မမှူးရဲ့ အိမ်မှာမုန့်လုပ်စားဖြစ်လို့

မမှူးတို့ဆီကိုလာပေးတာ.."


"ဟုတ်လား..ဘာမုန့်တွေလဲ.."


"ကောက်ညှင်းရွှေကြည်၊မုန့်လိပ်ပြာနဲ့

ကျောက်ကျောတွေပါ..."


"အင်း..ကောက်ညှင်းနဲ့လုပ်တာဆိုတော့

ကယ်လိုရီများမှာပါ..ဒါပေမဲ့တစ်ခါတလေတော့

စားကြည့်ပါအုံးမယ်..အန်တီခင်မြ..

မှူးအတွက်မနက်စာကို ဝိုင်းလေးယူလာတဲ့

မုန့်လေးတွေပဲပြင်ပေးနော်.."


"ဟုတ်ပါပြီမှူးလေးရဲ့.."


"ဝိုင်းလေး..မမှူးနဲ့ခဏလိုက်ခဲ့ဦး ပြောစရာရှိလို့.."

 

အိမ်နေရင်းမို့ အ၀တ်အစားကိုလည်း

ခပ်ပွပွသာ ၀တ်ထားသောမမှူးသည်

ခေါင်းကိုတောင် မဖြီးထား၍ဆံပင်တိုတွေပါ

ဖွာလန်ကျဲနေလေသည်။


"ဝိုင်းလေးကို ဘာပြောစရာရှိလို့လဲမမှူးရဲ့.."


ထမင်းစားခန်းဘက်ရောက်တဲ့အခါမှသာ

မမှူးက ခုံမှာထိုင်လိုက်ကာ ဝိုင်းလေး၏

မျက်နှာကို စူးစမ်းသလိုပုံစံဖြင့်

ကြည့်လာလေသည်။


မှူးတွေးနေမိတာကတော့ ဒီလောက်လှပြီး

ဒီလောက်ချစ်စရာကောင်းတဲ့ ကောင်မလေးကို

ကိုစက်က ဘာကြောင့်သဘောမကျရသလဲ

ဆိုတာပါပဲ။

မိဘပေးစားလို့ ယူလိုက်ရတဲ့စုံတွဲတွေလည်း

ကိုယ့်အသိုင်းအ၀န်းမှာ အများကြီးရှိသားပဲ။


အစကတော့ တစ်ယောက်နဲ့တစ်ယောက်

စိမ်းနေသေးလို့ နားလည်မပေးနိုင်ကြပေမဲ့ 

နောက်ပိုင်းကြတော့ အဆင်ပြေသွားကြတာပါပဲ။

ကိုစက်တို့ စုံတွဲကြမှပဲ နှစ်ယောက်လုံးက

ရုပ်ရည်ရူပကာ၊ပစ္စည်းဥစ္စာ...

အားလုံး လိုလေသေးမရှိပါပဲနဲ့ ဘာလို့

အဆင်မပြေဖြစ်နေကြတာပါလိမ့်။


"မမှူး..ဝိုင်းလေးကိုပြောစရာရှိလို့ဆို.."


"ဟင်..ဟုတ်တယ်ဝိုင်းလေးရဲ့

မမှူးအတွေးများနေလို့ ဘယ်ကစပြောရမှန်း

မသိဘူးဖြစ်နေတာ..

ဒါနဲ့လေ..ကိုစက်ပြန်ရောက်နေပြီဆိုတာကို

ဝိုင်းလေးသိလား..

သူဝိုင်းလေးကိုဖုန်းဆက်သေးလား."


"သူပြန်ရောက်နေပြီ..ဟုတ်လား.."


"ဟုတ်တယ်လေ..ဒီနေ့နဲ့ဆိုငါးရက်တောင်

ရှိသွားပြီ..."


"မမှူးကဘယ်လို သိတာလဲဟင်..

ကိုမင်းစက်က ပြန်ရောက်နေတာတောင်

ဒီအိမ်ကို ပြန်မလာဘူးလား.."


ဝိုင်းလေးကထိုသို့မေးလိုက်တော့ မမှူးသည်

ဝိုင်းလေး၏အနားသို့ ပို၍တိုးကပ်လာပြီး

အိမ်သားတွေကို မသိစေလိုသည့်ပုံစံဖြင့်

တိုးတိုးလေး စကားဆိုလာသည်။


"ကိုစက်ကအရမ်းတရားလွန်တာပဲသိလား

အိမ်မှာအဖွားတို့အမေတို့က သူ့ကို

မျှော်နေကြမှန်း သိလျှက်နဲ့အိမ်ကိုလုံး၀

ပြန်မလာဘူး..သူရောက်နေတဲ့အကြောင်းတောင်

မပြောဘူး..အခုသူကသူ့ရဲ့ဗီလာမှာနေနေတယ်

မမှူးက ဝိုင်းလေးကိုတော့ သူဖုန်းဆက်မယ်

ထင်နေတာ..."


"ဟင့်အင်း..သူဝိုင်းလေးကိုဖုန်းမဆက်ပါဘူး.."


"ဟုတ်လား..ဒါတော့..

ဒီကောင်အရမ်းတရားလွန်သွားပြီ..

ဒီကိစ္စကိုမေမေတို့နဲ့ တိုင်ပင်ပြီးရှင်းရမယ်..

ဝိုင်းလေးစိတ်ချသိလား..ဒီကောင့်ကို

မှတ်လောက်သားလောက်အောင်

ဆုံးမပေးမယ်...ဝိုင်းလေးကရော

မမှူးတို့အိမ်ကို ဘယ်တော့ပြန်လာမှာလဲဟင်.."


"သူနဲ့မှအတူတူမဟုတ်ရင် ဝိုင်းလေး

လာဖြစ်မယ်မထင်တော့ပါဘူး..

ဖွားဖွားနုကို ဝိုင်းလေးကနှုတ်ဆက်သွားတယ်လို့ပြောပေးပါနော်မမှူး..ဝိုင်းလေးပြန်တော့မယ်.."


ထိုစကားသာပြောပြီး အိမ်အပြင်ဘက်သို့

ပြေးထွက်လာခဲ့လိုက်သည်။

လမ်းတစ်လျှောက်လုံးလည်း တရှိုက်မက်မက်

ငိုမိလေသည်။


သူပြန်ရောက်နေတာ ငါးရက်တောင်ရှိပြီတဲ့..

‌ဒါဆိုရင် သူဝိုင်းလေးပို့ထားတဲ့ မက်ဆေ့ခ်ျကို

တွေ့ပြီးမှာပေါ့..။

ဒါပေမဲ့ သူလုံး၀ စာပြန်မလာခဲ့ဘူး။

ဒါ့ထက်ပိုဆိုးတာက ဝိုင်းလေးရဲ့အရှေ့မှာ

လုံး၀ပေါ်မလာတာပဲ။


ဖခင်တစ်ယောက်လုံး ဆုံးရှုံးလိုက်ရတဲ့အတွက်

ထပ်တူ၀မ်းနည်းရပါကြောင်း နှစ်သိမ့်ပေးတဲ့

စကားလေးတစ်ခွန်းတောင် 

သူမပြောပေးနိုင်ပါလား။


*ကိုမင်းစက်ရယ်..ရှင်ကရောမမြို့ကြီး

မီးလောင်နေတာတောင် တယောထိုးမပျက်တဲ့

 နီရိုးဘုရင်လိုလူပါလား...

ရှင့်စိတ်ကြိုက်၊ရှင့်သဘောအတိုင်း အားလုံးကို

ဆုံးဖြတ်ပြီး အခြားလူတွေရင်ထဲမှာ

ဘယ်လောက်အထိ နာကျင်နေမလဲ

မတွေးပေးတတ်တဲ့လူပဲ..*


ကိုယ့်မှာတော့ သူ့ကိုမျှော်လင့်လိုက်ရတာ..။

သူရောက်လာမဲ့အချိန်..

သူ့အပေါ်မှာ ထားရှိတဲ့ကိုယ့်ရဲ့အချစ်တွေကို

ဖွင့်ပြထားတဲ့ စာလေးကိုဖတ်မိပြီး

တုန့်ပြန်လာမဲ့ အဖြေကိုနေ့စဉ်နဲ့အမျှ

မျှော်နေခဲ့မိတာပါ။


*အခုတော့ သူကက၀ိုင်း‌လေးကိုပုပ်လေတဲ့ငါးပိ

ရှိတယ်လို့တောင် မထင်ပါလား..*


အေးလေ..သူ့လိုဘုရင်တစ်ပါးအတွက်

မေဝိုင်းလေးဆိုတာက အသုံးတော်ခံသပ်သပ်ပဲ

နေမှာပေါ့..အချိန်တန်ရင်စွန့်ပစ်လို့ရတဲ့

အမှိုက်ကလေး တစ်စသာသာလို့

သူသတ်မှတ်ထားပုံပါပဲ။


သူကမှကိုယ့်ကို မကြင်နာနိုင်တော့တာ။

ဝိုင်းလေးကလည်း ဘာလွမ်းစရာရှိတော့မှာလဲ။

လွမ်းမိရင်လည်း ခဏပေါ့၊စွဲလမ်းမိရင်လည်း

အချိန်တန်တော့ ပျောက်ရင်

ပျောက်သွားနိုင်တာပါပဲ။


သူ့ရဲ့ အခုလိုဥပက္ခာတွေကိုသာ

 နေသားကျနေသလိုပုံမျိုးနဲ့ 

မသိချင်ယောင်ဆောင်ပြီး ဇာတ်မျှောကြီးအဖြစ်

ဆက်ထားလိုက်ရင် ကိုယ့်ရဲ့ဝေဒနာပဲ

ထပ်တိုးလာတော့မှာပေါ့။


* သူကကွာရှင်းချင်တယ်ဆိုမှတော့

ကွာရှင်းလိုက်ကြရုံပဲ ရှိတော့တာပေါ့..

မေမေတို့ကို ဒီအကြောင်းတွေဖွင့်ပြောတဲ့အခါ

သေချာပေါက် နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ

အဖုအထစ်တွေ ရှိသွားနိုင်မယ်ဆိုပေမဲ့

တစ်ယောက်တည်းကြိတ်ပြီး မခံစားချင်တော့ဘူး

အားလုံးရဲ့အရှေ့မှာတော့ ဟန်ဆောင်နေရပြီးတစ်ယောက်တည်းကြိတ်ပြီး ငိုနေရတဲ့ဘ၀ကနေ

ကျွတ်ချင်လှပါပြီ.. မင်းစက်အာဏာရေ။ 


"ရှင့်ရဲ့ဆန္ဒကို ကျွန်မဖြည့်ဆည်းပေးပါ့မယ်.."


❤️❤️❤️❤️❤️❤️❤️❤️


"ဘာပြောတယ်..ကိုစက်နဲ့ကွာရှင်းမယ်

ဟုတ်လား..."


"ဟုတ်တယ်အမေ..သမီးသူနဲ့ကွာရှင်းချင်တယ်

အလားတူပဲ သူလည်းသမီးနဲ့ကွာရှင်းဖို့

ဆန္ဒရှိနေတယ်.."


သမီးဖြစ်သူ၏ ယတိပြတ်စကားကို

ကြားလိုက်ရတော့ ဒေါ်တင်မမတစ်ယောက်

ယောက်ယက်ခတ်သွားကာ သွေးလေတောင်

ချောက်ခြားသွားသလို ဖြစ်နေမိသည်။


မေဝိုင်းလေးဆိုတာ သမီးနှစ်ယောက်အနက်

အလိမ္မာဆုံးလေးဖြစ်ပြီး..

မိဘကဒါဆိုဒါပဲလုပ်တတ်သူ။

ဘယ်တုန်းကမှ ငြင်းဆန်ခဲ့တယ်ဆိုတာ

မရှိခဲ့ဘူး။


ယောက်ျားလေးဘက်ကမဟုတ်ပဲ

ကိုယ့်သမီးဘက်ကနေစပြီး ကွာရှင်းဖို့ကိစ္စကို

ပြောလာခဲ့တော့ လိပ်ပြာလန့်မတတ်

အံ့ဩနေရလေသည်။


မေဝိုင်းလေးက အနေအေးပြီးခင်ထိပ်ထားဦးထက်

တည်ငြိမ်တဲ့အပြင် အရှက်အကြောက်လည်း

အင်မတန်ကြီးသည်။

အနေအထိုင်လည်း သိမ်မွေ့သလိုလူကြီးမိဘရဲ့

စကားဆိုလည်း တသွေမသိမ်း

လိုက်နာတတ်သူလေးပါ။


ကိုယ်တွေမှာတော့ ဒီလိုသမီးအလိမ္မာလေးကို

ပြီးပြည့်စုံတဲ့ အိမ်ထောင်ဖက်ကောင်းလေး

ရှာပေးလိုက်နိုင်ပြီလိုမှတ်တာ ဘာကြောင့်များ

အခုလို ကွာရှင်းဖို့ဖွင့်ပြောရတာပါလိမ့်။


အိမ်ထောင်သက်တမ်းက တစ်နှစ်တောင်

မပြည့်သေးပဲ ဒီလိုကွဲကြမယ်ဆိုရင်

ပတ်၀န်းကျင်အမြင်မှာ ပြောစရာဖြစ်လာမှာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ဆူးပေါ်ဖက်ကျလည်း

ဖက်ပဲ ပေါက်ရမှာ။


နောက်ဆုံးမှာ လူတွေရဲ့သထွေးခွက်မှာ

ပက်လက်မျောရပြီး ပိုနစ်နာရမှာကမိန်းကလေးပဲ။

လူ့အဖွဲ့အစည်းရဲ့ ရှိရင်းစွဲပြစ်ညက်ချက်ကိုက

အိမ်ထောင်တစ်ခုပြိုကွဲပြီဆိုရင် မိန်းမတွေကို

ပိုပြီး အမြင်လွဲမှားတတ်ကြတာ သဘာ၀ပဲ။



*ဟင့်အင်း..ဒီလိုတော့အဖြစ်မခံနိုင်ဘူး..

ငါ့သမီးလေးကို သူများတွေအပြောအဆိုခံရ

ဝေဖန်ခံရတဲ့ ဘ၀မျိုးမရောက်စေရဘူး..

 အသက်ငယ်သေးတော့ ကလေးစိတ်နဲ့

မိုက်ရူးရဲ ဆန်တာပဲနေမှာပေါ့

........

လူငယ်တွေဆိုတာက ဖြစ်တုန်းတော့

ရှူးရှူးရှဲရှဲနဲ့ ခံစားချက်ကိုမထိန်းနိုင်ပဲ

ကောက်ရိုးမီးလိုဝုန်းကနဲ ထတောက်တတ်ကြတာ

သဘာ၀ပါပဲ..

ဒါကိုငါတို့လူကြီးတွေက နားလည်ရမယ်

ကိုစက်ကိုရော သမီးလေးကိုပါ

သေချာနားလည်အောင် ရှင်းပြပြီးညှိုနှိုင်းရမှာပေါ့*


"ဝိုင်းလေး..သမီးကဘာလို့ ကွာရှင်းချင်ရတာလဲ.."


ရွှေရည်၀င်းကလည်း တူမဖြစ်သူ၏

ဆုံးဖြတ်ချက်ကို သဘောမကျ၍

ထ‌မေးလေတော့သည်။

ကိုယ်ကအပျိုကြီးဆိုပေမဲ့ ကိုယ်တူမလေးတွေကို

လင်ကောင်းသားကောင်းတော့ ရစေချင်ခဲ့တာပေါ့။


အမှန်အတိုင်း၀န်ခံရရင် ဒီမိသားစုလေးကို

ဥမကွဲသိုက်မပျက်ပဲရှိနေစေချင်တာပါ။

ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဟော့ဒီ့

အသိုက်အမြုံထဲကနေ ထွက်မသွားစေချင်ပါဘူး။


ဒါပေမဲ့ ဒီမိသားစုထဲကနေခွဲထွက်ပြီး

အိမ်ထောင်ပြုမယ်ဆိုရင်တော့ အိမ်ထောင်ရေး

တည်မြဲတာပဲလိုချင်တယ်။

မုဆိုးမဖြစ်တာကမှ ကြားကောင်းပါသေးတယ်။

အခုဟာက အသက်ငယ်ငယ်လေးနဲ့

အိမ်ထောင်ကွဲအဖြစ် တစ်ခုလတ်အမည်

ခံယူရမှာကိုတော့ လုံး၀လက်မခံနိုင်ဘူး။


"အန်တီလေးမေးနေတယ်လေ..

ဘာလို့ကွာရှင်းချင်ရတာလဲလို့

ဝိုင်းလေးတို့နှစ်ယောက် ပြဿနာဖြစ်ထားလို့လား.."


"ဟုတ်တယ်..သူနဲ့ဝိုင်းလေးပြဿနာဖြစ်ထားတယ်

အဲ့ဒီ့ပြဿနာရဲ့အရင်းအမြစ်က

တစ်ယောက်နဲ့တစ်ယောက် မချစ်နိုင်ကြတာပဲ

ဝိုင်းလေးတို့ရဲ့ အိမ်ထောင်သက်တမ်းက

ခုနှစ်လထဲကိုရောက်နေပြီဆိုပေမဲ့

အခုထိ သူစိမ်းတွေလိုဖြစ်နေတုန်းပဲ

ဒီလို သဘောထားမတိုက်ဆိုင်နေမှတော့

လမ်းခွဲလိုက်တာက အကောင်းဆုံးလို့

ဆုံးဖြတ်လိုက်တယ်..ကိုမင်းစက်လည်း

မကြာခင်မှာ ကွာရှင်းဖို့ကိစ္စပြောလာပါလိမ့်မယ်..

အခုဝိုင်းလေးက အမေတို့ကိုကြိုပြောထားတာပါ

ကျန်တာ ဝိုင်းလေးကိုဘာမှမမေးကြပါနဲ့တော့

အားလုံး သမီးကိုနားလည်ပေးကြပါ..."


ဒေါ်တင်မမခမျာ ဆုံးမစကားတွေတောင်

မချွေလိုက်နိုင်ခင်ပဲ မေဝိုင်းလေးက

အပေါ်ထပ်သို့ တက်သွားပြီးအခန်းတံခါးကိုပါ

ဆောင့်ပိတ်လိုက်သည်မို့ ဘာဆက်ပြောလို့

ပြောရမှန်းတောင် မသိတော့ပေ။


 ရှေးလူကြီးပီပီ တစ်လင်တစ်မယားစနစ်ကိုသာ

လက်ကိုင်သုံးပြီး အိမ်ထောင်ရေးပျိုကွဲခြင်းကို

ရှုံ့ချလေ့ရှိသည့် ဖွားမိစံကတော့...


"အင်း..ခောတ်လူငယ်တွေများ တယ်ခက်သကိုး

အိမ်ထောင်ရေးတစ်ခုကို တည်မြဲဖို့မကြိုးစားပဲ

စိတ်အလိုလိုက်ပြီး 

လုပ်ချင်တာတွေလုပ်နေကြတယ်..

.........

အိမ်ထောင်ရေးဆိုတာ ပန်းခင်းလမ်းမှမဟုတ်ပဲ

ပန်းခင်းလမ်းဆိုရင်တောင် 

ဆူးတွေအပြည့်နဲ့ ပန်းခင်းလမ်းဆိုတာ

မသိကြတာလား..

.........

အခက်အခဲတွေ၊

နားလည်မှုလွဲတာတွေ အမျိုးမျိုးရှိလာမှာပဲလေ

ဒါတွေအားလုံးကို ပညာသားပါပါနဲ့..

ဖြေရှင်းနိုင်ရမှာပေါ့..

........

ဘယ်လောက်ပဲချစ်ကြတဲ့လူ‌နှစ်ယောက်

ဖြစ်နေပါစေ..အိမ်ထောင်ရေးပဋိပက္ခဆိုတာတော့

ရှိမှာပဲလေ..ပိုပြီးစိမ်းတဲ့လူနှစ်ယောက်

ပေါင်းစပ်လိုက်တော့ ပြဿနာအဖုအထစ်တွေက

ပိုရှိလာမှာပဲ ဒါကိုမှမကိုင်တွယ်နိုင်ကြရင်

ဘယ်လိုလုပ်ပါ့မလဲ..."


"အဲ့ဒါအမေ့ကြောင့်လေ..ကျွန်မတူမလေးက

အခုမှအသက်နှစ်ဆယ့်သုံးနှစ်ပဲရှိသေးတာကို

အမေနဲ့ ဒေါ်နုယဉ်တို့ နှစ်ယောက်တိုင်ပင်ပြီး

လုပ်လို့ အခုလိုဖြစ်ရတာ.."


"ဟဲ့..ငါကအဆင်ပြေမယ်ထင်လို့

အခုလို စီစဉ်လိုက်တာလေ

ဒီလိုဖြစ်မယ်မှန်း ကြိုသိရင်ဘယ်လိုလုပ်ပြီး

စီစဉ်ပါ့မလဲ.."


"ကြည့်ရတာ ‌ကိုစက်က

အိမ်ထောင်ရေးဖောက်ပြန်လို့များလား.."


"မဖြစ်နိုင်ပါဘူးဟယ်..

ဝိုင်းလေးပြောသွားတယ်မဟုတ်လား..

တစ်ယောက်နဲ့တစ်ယောက်မချစ်ကြလို့တဲ့.."


"အဲ့ဒါက ဆင်ခြေတွေနေမှာပါအမေရယ်

သူတို့နှစ်ယောက်သားက 

ချစ်လို့လက်ထပ်ခဲ့ကြတာမှမဟုတ်ပဲ

မချစ်နိုင်လို့ဆိုတာ အကြောင်းပြချက်တွေပါ

ကျွန်မတော့ တစ်ခြားကိစ္စရှိအုံးမယ်လို့ထင်တယ်.."


"ပြောပါအုံး..ညည်းကဘယ်လိုထင်တာလဲ.."


"အတိအကျတော့ မသိဘူးလေ..

ဒါပေမဲ့ အမေတို့သတိထားမိလားတော့မသိဘူး

မင်္ဂလာဆွမ်းကျွေးတဲ့ တစ်ရက်လောက်ပဲ

ကိုစက်ကိုတွေ့လိုက်ရတယ် အဲ့နောက်ပိုင်း

အိမ်ကိုယောင်လို့တောင် အလည်လာဖူးလို့လား

သေချာတွေးကြည့်မယ်ဆိုရင် ကောင်လေးက

တို့ကို မထီမဲ့မြင်ပြုနေတာပဲလေ.."


"ရွှေရည်၀င်းရယ် ညည်းကလည်း

တူမဖြစ်သူက ကွာရှင်းချင်တယ်လို့ပြောလိုက်တာနဲ့

ကောင်လေးကို အပြစ်ကြီးပဲတန်းမြင်တော့တာပဲ

အဲ့ဒီ့ကိစ္စနဲ့ပတ်သတ်ပြီး ငါမိစံကိုမေးကြည့်ပြီးပါပြီ

ကိုစက်က သာမာန်ကုမ္ပဏီလေးကို

ဦးစီးနေရတာမဟုတ်ဘူးတဲ့ သူ့လုပ်ငန်းတွေက

ပြည်ပနဲ့ပါ ဆက်သွယ်ပြီးလုပ်ကိုင်ရတာမို့လို့

နိုင်ငံခြားခရီး ခဏခဏထွက်ရတယ်တဲ့လေ

အဲ့ဒါကြာင့် မအားတာနေမှာပေါ့.."


"အမေကလည်း..ဒေါ်မိစံကတော့

သူ့မြေးရဲ့အပြစ်မဖြစ်အောင် 

ကာပြီးပြောပေးမှာပေါ့..သူသာတကယ်သိတတ်ရင်

လူမလာနိုင်ရင်တောင် ဖုန်းလေးဆက်ပြီး

ဂါရ၀ပြုလို့မရဘူးလား.."


"အဲ့ဒါလည်းဟုတ်တာပဲ.."


"ကိုစက်က ဝိုင်းလေးကို

အနိုင်များကျင့်သလားမသိဘူး..

ဝိုင်းလေးကမာနလည်းမကြီးတတ်သလို

တော်တန်ရုံလည်း သည်းခံတတ်တဲ့သူပါ

အခုဒီလို ကွာရှင်းဖို့အထိပါတွေးတယ်ဆိုတော့

အရမ်းထူးဆန်းနေတယ်..

ပြဿနာက

သေးသေးသောသော မဟုတ်လောက်ဘူး.."


"ကဲ..ရွှေရည်၀င်းရယ်..တော်ပါတော့

သေသေချာချာလည်းသိတာမဟုတ်ပဲနဲ့

ထင်ရာတွေလျှောက်ပြောမနေစမ်းပါနဲ့.."


"မမကလည်း..ညီမကထင်ရာတွေ

လျှောက်ပြောနေတာမဟုတ်ဘူး..ဖြစ်နိုင်တာကို

တွေးကြည့်နေတာ.."


"တော်စမ်းပါဟယ်..ငါမရတနာတို့ဆီကို

ဖုန်းဆက်ကြည့်ပါအုံးမယ်.."


အမေနဲ့ညီမဖြစ်သူက တစ်ယောက်တစ်ပေါက်

ထင်ကြေးတွေ ပေးနေကြတော့ ဒေါ်တင်မမလည်း

စိတ်တွေရှုပ်ထွေးလာရသည်။


ထို့ကြောင့် သားသမီးတွေကြားမှာ

ဖြစ်တဲ့ပြဿနာကို ခမည်းခမက်ချင်းသာ

ဆွေးနွေးဖို့ စဉ်းစားလိုက်မိပြီး မရတနာတို့ကိုသာ

ဖုန်းဆက်အကြောင်းကြားဖို့ လုပ်လိုက်သည်။


မေဝိုင်းလေးက ဒီအတောအတွင်းမရတနာတို့နဲ့

အနေများခဲ့တာဆိုတော့ သူတို့လင်မယား

ဘာကြောင့် ပြဿနာဖြစ်ကြသလဲဆိုတာ

သိရင်လည်း သိလောက်ကြမှာပေါ့။


❤️❤️❤️❤️❤️❤️


မနက်အစောပိုင်း အစည်းအဝေးပြီးပြီဖြစ်၍

အစည်းအဝေးတက်ရောက်လာသော

လူများအားလုံးလည်း အခန်းထဲမှ

တစ်ယောက်ပြီးတစ်ယောက် 

ထွက်ခွာသွားကြလေသည်။


ကောင်းသန့်ကတော့ မင်းစက်အာဏာ၏

လက်ပ်တော့ကိုပိတ်လိုက်ပြီးနောက်

တစ်ခုခုကို သတိရသွားဟန်ဖြင့် 

စီအီးအိုမင်းစက်၏ အနားသို့သွားလိုက်သည်။


"ဆရာ..ဒီမှာဆရာ့ဖုန်းဆင်းကဒ်ပါ

ချင်းမိုင်မှာတုန်းက ဆရာ့ဖုန်းကိုကဒ်‌လဲပေးတော့

ကျွန်တော့်ကဒ်နဲ့‌ ရောပြီး သိမ်းလိုက်မိတာ

ဆရာ့ကိုမေ့ပြီး ပြန်မပေးမိဘူးဖြစ်သွားတယ်

အဲ့ဒါကျွန်တော် ပြန်ယူလာပေးတာပါ.."


"အင်း.."


"ဆရာကျွန်တော့်ကို ညွှန်ကြားစရာ

ရှိသေးလားသိပါရစေ..ကျွန်တော်အင်ဂျင်နီယာ

အဖွဲ့နဲ့ သွားတွေ့စရာရှိလို့ပါ.."


"အခုတော့ မရှိသေးဘူး..လိုအပ်ရင်

ငါလှမ်းပြီး ဖုန်းဆက်လိုက်မယ်.."


"ကောင်းပါပြီ.."


မင်းစက်လည်းရုံးခန်းထဲသို့ရောက်သည်နှင့်

ဆင်းကဒ်ကိုထည့်လိုက်ကာ ဆိုဖာပေါ်တွင်

ခဏထိုင်၍အနားယူနေရင်း အစည်းအဝေးတွင်တင်ပြကြသည့် အကြောင်းအရာများကိုသာ

ပြန်စဉ်းစားနေလိုက်သည်။

မိနှစ်နှစ်ဆယ်ခန့်ကြာပြီးနောက် အရေးတကြီး

လုပ်ရမည့်ကိစ္စကို သွား၍သတိရမိလေသည်။


"အင်း..ကော့သောင်းဘက်မှာ

ဆောက်နေတဲ့ စင်တာအတွင်းပိုင်း

အလှဆင်ဖို့ကိစ္စ ဦးမောင်မောင်လတ်ကို

ဆက်သွယ်ရဦးမှာပဲ.."


အတွေးနဲ့အတူချက်ချင်းပဲ ကောင်းသန့်ကို

ဆက်သွယ်လိုက်သည်။

ဦးမောင်မောင်လတ်တို့ ကုမ္ပဏီက

ရုံးတွင်းအလှဆင်တဲ့နေရာမှာ နိုင်ငံတကာ

အဆင့်မှီပြီး တမူထူးခြားတဲ့ကိုယ်ပိုင်

စိတ်ကူးမျိုးထုတ်နိုင်ကြ၍အခုနောက်ပိုင်း

သူတို့နှင့် လက်တွဲပြီးလုပ်ကြည့်ဖို့ကို

အာသီသဖြစ်နေမိသည်။


တစ်ဖက်မှာတော့ ကောင်းသန့်သည်အင်ဂျင်နီယာအဖွဲ့နှင့်စကားပြောနေရ၍ လုံးဝမအားလပ်ပေမဲ့

စီအီးအိုဆီမှ ဖုန်းလာခြင်းဖြစ်၍

ကိုင်လိုက်ရလေသည်။


"ကောင်းသန့်..မင်း..ဦးမောင်မောင်လတ်ရဲ့

ဖုန်းနံပါတ်ကိုသိလား.."


"ဘယ်ကဦးမောင်မောင်လတ်လည်းဆရာရဲ့"


"Diamondကလေကွာ.."


"အော်..ရှိတယ်ဆရာ..ခဏလေးနော်

ကျွန်တော့်ဖုန်းထဲမှာက ဖုန်းနံပါတ်တွေများနေလို့

ရှာလိုက်အုံးမယ် ခဏနေကျွန်တော်

မက်ဆေ့ခ်ျပို့လိုက်ပါ့မယ်.."


"ကောင်းပြီ.."


မင်းစက်လည်း လုပ်စရာအလုပ်တွေက

အများကြီးရှိသေးသည်မို့ ကောင်းသန့်

မက်ဆေ့ခ်ျပို့မည့်အချိန်ကို စောင့်ရင်းနှင့်

အခြား လတ်မှတ်ထိုးစရာရှိတာတွေကို

စစ်ဆေးနေလိုက်သည်။


"ဟာ..ဒီကောင်အခုထိ မက်ဆေ့ခ်ျ

မပို့သေးဘူးလား..အရေးကြီးပါတယ်ဆိုနေ"


စိတ်မရှည်တော့၍ ချထားသောဖုန်းကို

ကောက်ယူလိုက်ပြီး SMSမှာမက်ဆေ့ခ်ျ

ရောက်နေလားဟု ၀င်ကြည့်လိုက်မိသည်။


"ဟင်..ဒါက..မေဝိုင်းလေးပို့ထားတာလား.."


သူ့ရဲ့SMSမှာ ပို့ထားတဲ့မက်ဆေ့ခ်ျတွေကြားမှာ

မေဝိုင်းလေးဆိုသည့် နာမည်ကိုတွေ့လိုက်ရ၍

အံ့ဩသွားမိလေသည်။


"တောင်!!!!"


တိုက်တိုက်ဆိုင်ဆိုင် ကောင်းသန့်ရဲ့

ဖုန်းနံပါတ်မက်ဆေ့ခ်ျကလည်း ရောက်လာပေမဲ့

မေဝိုင်းလေး၏ မက်ဆေ့ခ်ျကိုသာ

ထောက်၍ ဖတ်ကြည့်လိုက်သည်။

ဒိတ်ကိုကြည့်လိုက်တော့ 

လွန်ခဲ့တဲ့တစ်လလောက်က ပို့ထားသော

စာဖြစ်နေသည်။


ဆက်ရန်ရှိသည်....


စာရေးသူ..ဆောင်းငွေ့ဝေ


❤️❤️❤️❤️❤️❤️❤️❤️


ဘာဆက်ဖြစ်ကြမလဲ...


=======================

======================


အခန္း၄၂

💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘


ဖြားဖြားႏုတို႔၏ ခမ္းနားႀကီးက်ယ္ေသာ

ၿခံ၀န္းႀကီးအေရွ႕တင္ တကၠစီေလးကို

ရပ္ခိုင္းလိုက္ၿပီး ငါးဆင့္ခ်ိဳင့္ေလးကိုဆြဲကာ

ကားေပၚမွ ဆင္းလိုက္သည္။

ျမင့္မားေသာ သံပန္းတံခါးႀကီးကို

ၾကည့္မိျပန္ေတာ့ အေမ့တို႔ပိုင္တဲ့ၿခံ၀န္း၏

သစ္သားတံခါးေလးႏွင့္ ႏႈိင္းယွဥ္ၾကည့္မိျပန္သည္။


"မင္းစက္အာဏာရဲ႕ ခ်မ္းသာႂကြယ္၀မႈကိုမေျပာနဲ႔

သူ႔အေမေတြရဲ႕ ႂကြယ္၀မႈကေတာင္

ဝိုင္းေလးတို႔ႏွင့္..မိုးနဲ႔ေျမလို

ကြာျခားေနတာပါလားဟု.."ေတြးလိုက္မိေတာ့

သိမ္ငယ္စိတ္ေတာင္ ၀င္ခ်င္လာသည္။


သူေျပာသလို ကြာရွင္းလိုက္ၾကရင္ေကာင္းမလား။

ဒါဆိုရင္ ဘာအတြက္မွသိမ္ငယ္ေနစရာ

မလိုေတာ့ဘူးေပါ့။

တစ္ေယာက္တည္းျဖစ္သြားတဲ့အခါ

ကိုယ့္ဘာသာ အလုပ္တစ္ခုရွာလုပ္ၿပီး

မိဘေတြကို ေထာက္ပံ့မယ္ အားတဲ့အခ်ိန္ေလးမွာ

သူငယ္ခ်င္းနဲ႔ အျပင္ထြက္လည္မယ္..။


အင္း..စိတ္ကူးလို႔ေတာ့ေကာင္းသား..။

တကယ့္လက္ေတြ႕မွာၾကေတာ့ ဘာေၾကာင့္

သူ႔ကိုမွ တြယ္ၿငိသြားရသလဲဆိုတာ

ကိုယ့္ကိုကိုယ္ေတာင္ နားမလည္ႏိုင္ေတာ့ဘူး။


"တူမ.."


"ဟင္.."


တစ္ေယာက္တည္းရပ္ၿပီး ဖြားႏုတို႔၏ၿခံတံခါးကို

ေငးၾကည့္ေနမိတာမွာ တကၠစီသမားကိုေတာင္

ေမ့သြားမိေလသည္။

တကၠစီသမားႀကီးကို အလန႔္တၾကား

ၾကည့္လိုက္မိေတာ့ စိတ္မရွည္ဟန္ႀကီးႏွင့္

ဝိုင္းေလးကို စိုက္ၾကည့္ေနတာမ်ား

ဝိုင္းေလးက ပိုက္ဆံမေပးမဲ့လူၾကေနတာပဲ။


"တူမက..အျပန္လည္းငွားဦးမွာလား.."


"မငွားေတာ့ပါဘူး..တကၠစီခက

ဘယ္ေလာက္က်လဲဦးေလး.."


"တစ္ေသာင္းပါ.."


"ဟင္..တစ္ေသာင္းႀကီးေတာင္လား..

မ်ားတာေပါ့ဦးေလးကလည္း.."


"ဟိတ္..စီးတုန္းကစီးလာၿပီး

ခုမွေဈးဆစ္လို႔မရဘူးေလ..အစတည္းက

မတတ္ႏိုင္ရင္ ဘက္စ္ကားပဲတိုးစီးေပါ့.."


ကိုယ့္ဘက္က ေဈးအရင္မေမးမိပဲ

တကၠစီငွားစီးလာမိျခင္းျဖစ္ေလေတာ့

ထပ္ၿပီး စကားမမ်ားခ်င္ေတာ့တာနဲ႔

ပိုက္ဆံအိတ္ေလးထဲကေန 

တစ္ေသာင္းတန္တစ္႐ြက္ ထုတ္ၿပီးေပးလိုက္သည္။


တကၠစီေလးေမာင္းထြက္သြားသည္ႏွင့္

ခ်ိဳင့္ကိုဆြဲၿပီး အျပင္ဘက္မွဘဲလ္ကိုတီးလိုက္သည္။

ၿခံတံခါးလာဖြင့္ေပးသူမွာ ဖိုးသားျဖစ္ေလသည္။

ဖိုးသားက ဝိုင္းေလးကိုျမင္သည္ႏွင့္

အံ့ဩသြားကာ ျပာျပာသလဲ

တံခါးလာဖြင့္ေပးရွာသည္။


"ဖိုးသားပါလား..ေဒၚခင္ျမတို႔ေနေကာင္းတယ္

မဟုတ္လား.."


"ဟုတ္..ေကာင္းပါတယ္.."


အသက္ဆယ့္ေျခာက္ႏွစ္ေက်ာ္ေနၿပီဆိုေပမဲ့

သူစိမ္းေတြနဲ႔စကားေျပာရင္ 

အရမ္းေၾကာက္တတ္ေသာ ဖိုးသားသည္

စေတြ႕တုန္းကလို လူကိုရွိန္မေနေတာ့ပဲ

အၿပဳံးေလးကအစ ရင္းႏွီးလာသည္။


"မနက္စာ..စားၿပီးၿပီလားဖိုးသား.."


"မစားအားေသးပါဘူး..မမေလးရယ္...


"ေအး..အဲ့ဒါဆိုအားတဲ့အခ်ိန္ေရာက္လို႔

ဗိုက္ဆာရင္ ၾကည္ေအးတို႔ဆီကိုသြားၿပီး

မုန႔္သြားစားလိုက္သိလား..ၾကည္ေအးကို

မုန႔္ေတြေပးထားလိုက္မယ္.."


"ဟုတ္ကဲ့ပါ.."


သူေျပာစရာရွိတာသာေျပာၿပီး အျခားေနရာသို႔

ထြက္သြားေလေတာ့သည္။

ဝိုင္းေလးလည္း အိမ္ႀကီးဆီသို႔ တစ္ေယာက္တည္း

လမ္းေလွ်ာက္သြားလိုက္ၿပီး မီးဖိုခန္းထဲသို႔သာ

တန္း၀င္သြားလိုက္သည္။


"ဟယ္..မမဝိုင္းေလးျပန္လာၿပီ.."


ဝိုင္းေလးကိုေတြ႕သည္ႏွင့္ ၾကည္ၾကည့္က

၀မ္းသာအားရ လာဖက္ေလသည္။

သူတို႔စိတ္ထဲမွာေတာ့ ဝိုင္းေလးက

အၿပီးျပန္လာသည္ဟု ထင္ေနၾကမွာေပါ့။

ဝိုင္းေလးကလည္း ကိုယ့္မာနနဲ႔ကိုယ္ပါ..။


သူကကြာရွင္းဖို႔ေတာင္ ေျပာလာေတာ့

သူနဲ႔သက္ဆိုင္တဲ့ေနရာမွာ ကပ္တြယ္ၿပီးေတာ့

လုံး၀မေနခ်င္ဘူး။

သူကိုယ္တိုင္ လာေခၚမွပဲ ျပန္လိုက္မည္ဟု

ဆုံးျဖတ္ထားသည္။


ဝိုင္းေလးတို႔အေၾကာင္းကိုမသိတဲ့ အေမတို႔

အန္တီေလးတို႔ကေတာ့ အမ်ိဳးမ်ိဳးတိုက္တြန္း

ၾကေလ့ရွိတယ္။

ဒါေပမဲ့ ဝိုင္းေလးကေတာ့ဟိုဟိုဒီဒီ

အေၾကာင္းျပၿပီး တမင္ကိုမျပန္တာျဖစ္သည္။


"ဝိုင္းေလး...အၿပီးျပန္လာတာလား.."


အန္တီခင္ျမကပါ ဝိုင္းေလး၏လက္ကေလးကို

အသာအယာ ဆုပ္ကိုင္လာၿပီးေမးေတာ့

ဝိုင္းေလး ေခါင္းသာခါျပလိုက္သည္။


"အိမ္မွာ မုန႔္လုပ္စားလို႔မုန႔္လာပို႔တာ

အန္တီခင္ျမတို႔ေရာ 

အျခားအိမ္အလုပ္သမားေတြပါ

စားလို႔ရေအာင္ ငါးဆင့္ခ်ိဳင့္နဲ႔ထည့္လာတယ္..

အန္တီခင္ျမတို႔က အေပၚႏွစ္ဆင့္ယူလိုက္ေပါ့.."


"ဘာမုန႔္ေတြလုပ္စားၾကတာလဲမမရဲ႕..."


"ေကာက္ညႇင္းေ႐ႊၾကည္ရယ္၊မုန႔္လိပ္ျပာရယ္

ေက်ာက္ေက်ာေလးေတြရယ္ပါ.."


"ဟာ..အဲ့ဒါဆိုၾကည္ၾကည့္အႀကိဳက္ပဲ

အေပၚႏွစ္ဆင့္ကို အရင္ယူထားလိုက္မယ္.."


ၾကည္ၾကည္က ေျပာလည္းေျပာ ခ်ိဳင့္ကိုလည္း

ျမန္ျမန္သြက္သြက္ပဲ လွယ္ေနေလသည္။


ထိုအခ်ိန္မွာပဲ အိမ့္ခ်စ္မႉးေဝတစ္ေယာက္

မီးဖိုခန္းအ၀သို႔ ေရာက္လာေလေတာ့သည္။


"အန္တီခင္ျမ..မႉးကိုမနက္စာတစ္ျခားတစ္ခု

ျပင္ေပးအုံးေနာ္..

အိမ္မွာခ်က္ထားတဲ့ ေခါက္ဆြဲေၾကာ္ႀကီး

မစားခ်င္လို႔..ဟယ္..ဝိုင္းေလးေရာက္ေနတာလား"


"ဟုတ္တယ္မမႉးရဲ႕ အိမ္မွာမုန႔္လုပ္စားျဖစ္လို႔

မမႉးတို႔ဆီကိုလာေပးတာ.."


"ဟုတ္လား..ဘာမုန႔္ေတြလဲ.."


"ေကာက္ညႇင္းေ႐ႊၾကည္၊မုန႔္လိပ္ျပာနဲ႔

ေက်ာက္ေက်ာေတြပါ..."


"အင္း..ေကာက္ညႇင္းနဲ႔လုပ္တာဆိုေတာ့

ကယ္လိုရီမ်ားမွာပါ..ဒါေပမဲ့တစ္ခါတေလေတာ့

စားၾကည့္ပါအုံးမယ္..အန္တီခင္ျမ..

မႉးအတြက္မနက္စာကို ဝိုင္းေလးယူလာတဲ့

မုန႔္ေလးေတြပဲျပင္ေပးေနာ္.."


"ဟုတ္ပါၿပီမႉးေလးရဲ႕.."


"ဝိုင္းေလး..မမႉးနဲ႔ခဏလိုက္ခဲ့ဦး ေျပာစရာရွိလို႔.."


Sora Sora, [4/17/2025 4:43 PM]

အိမ္ေနရင္းမို႔ အ၀တ္အစားကိုလည္း

ခပ္ပြပြသာ ၀တ္ထားေသာမမႉးသည္

ေခါင္းကိုေတာင္ မၿဖီးထား၍ဆံပင္တိုေတြပါ

ဖြာလန္က်ဲေနေလသည္။


"ဝိုင္းေလးကို ဘာေျပာစရာရွိလို႔လဲမမႉးရဲ႕.."


ထမင္းစားခန္းဘက္ေရာက္တဲ့အခါမွသာ

မမႉးက ခုံမွာထိုင္လိုက္ကာ ဝိုင္းေလး၏

မ်က္ႏွာကို စူးစမ္းသလိုပုံစံျဖင့္

ၾကည့္လာေလသည္။


မႉးေတြးေနမိတာကေတာ့ ဒီေလာက္လွၿပီး

ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးကို

ကိုစက္က ဘာေၾကာင့္သေဘာမက်ရသလဲ

ဆိုတာပါပဲ။

မိဘေပးစားလို႔ ယူလိုက္ရတဲ့စုံတြဲေတြလည္း

ကိုယ့္အသိုင္းအ၀န္းမွာ အမ်ားႀကီးရွိသားပဲ။


အစကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္

စိမ္းေနေသးလို႔ နားလည္မေပးႏိုင္ၾကေပမဲ့ 

ေနာက္ပိုင္းၾကေတာ့ အဆင္ေျပသြားၾကတာပါပဲ။

ကိုစက္တို႔ စုံတြဲၾကမွပဲ ႏွစ္ေယာက္လုံးက

႐ုပ္ရည္႐ူပကာ၊ပစၥည္းဥစၥာ...

အားလုံး လိုေလေသးမရွိပါပဲနဲ႔ ဘာလို႔

အဆင္မေျပျဖစ္ေနၾကတာပါလိမ့္။


"မမႉး..ဝိုင္းေလးကိုေျပာစရာရွိလို႔ဆို.."


"ဟင္..ဟုတ္တယ္ဝိုင္းေလးရဲ႕

မမႉးအေတြးမ်ားေနလို႔ ဘယ္ကစေျပာရမွန္း

မသိဘူးျဖစ္ေနတာ..

ဒါနဲ႔ေလ..ကိုစက္ျပန္ေရာက္ေနၿပီဆိုတာကို

ဝိုင္းေလးသိလား..

သူဝိုင္းေလးကိုဖုန္းဆက္ေသးလား."


"သူျပန္ေရာက္ေနၿပီ..ဟုတ္လား.."


"ဟုတ္တယ္ေလ..ဒီေန႔နဲ႔ဆိုငါးရက္ေတာင္

ရွိသြားၿပီ..."


"မမႉးကဘယ္လို သိတာလဲဟင္..

ကိုမင္းစက္က ျပန္ေရာက္ေနတာေတာင္

ဒီအိမ္ကို ျပန္မလာဘူးလား.."


ဝိုင္းေလးကထိုသို႔ေမးလိုက္ေတာ့ မမႉးသည္

ဝိုင္းေလး၏အနားသို႔ ပို၍တိုးကပ္လာၿပီး

အိမ္သားေတြကို မသိေစလိုသည့္ပုံစံျဖင့္

တိုးတိုးေလး စကားဆိုလာသည္။


"ကိုစက္ကအရမ္းတရားလြန္တာပဲသိလား

အိမ္မွာအဖြားတို႔အေမတို႔က သူ႔ကို

ေမွ်ာ္ေနၾကမွန္း သိလွ်က္နဲ႔အိမ္ကိုလုံး၀

ျပန္မလာဘူး..သူေရာက္ေနတဲ့အေၾကာင္းေတာင္

မေျပာဘူး..အခုသူကသူ႔ရဲ႕ဗီလာမွာေနေနတယ္

မမႉးက ဝိုင္းေလးကိုေတာ့ သူဖုန္းဆက္မယ္

ထင္ေနတာ..."


"ဟင့္အင္း..သူဝိုင္းေလးကိုဖုန္းမဆက္ပါဘူး.."


"ဟုတ္လား..ဒါေတာ့..

ဒီေကာင္အရမ္းတရားလြန္သြားၿပီ..

ဒီကိစၥကိုေမေမတို႔နဲ႔ တိုင္ပင္ၿပီးရွင္းရမယ္..

ဝိုင္းေလးစိတ္ခ်သိလား..ဒီေကာင့္ကို

မွတ္ေလာက္သားေလာက္ေအာင္

ဆုံးမေပးမယ္...ဝိုင္းေလးကေရာ

မမႉးတို႔အိမ္ကို ဘယ္ေတာ့ျပန္လာမွာလဲဟင္.."


"သူနဲ႔မွအတူတူမဟုတ္ရင္ ဝိုင္းေလး

လာျဖစ္မယ္မထင္ေတာ့ပါဘူး..

ဖြားဖြားႏုကို ဝိုင္းေလးကႏႈတ္ဆက္သြားတယ္လို႔ေျပာေပးပါေနာ္မမႉး..ဝိုင္းေလးျပန္ေတာ့မယ္.."


ထိုစကားသာေျပာၿပီး အိမ္အျပင္ဘက္သို႔

ေျပးထြက္လာခဲ့လိုက္သည္။

လမ္းတစ္ေလွ်ာက္လုံးလည္း တရႈိက္မက္မက္

ငိုမိေလသည္။


သူျပန္ေရာက္ေနတာ ငါးရက္ေတာင္ရွိၿပီတဲ့..

‌ဒါဆိုရင္ သူဝိုင္းေလးပို႔ထားတဲ့ မက္ေဆ့ခ္်ကို

ေတြ႕ၿပီးမွာေပါ့..။

ဒါေပမဲ့ သူလုံး၀ စာျပန္မလာခဲ့ဘူး။

ဒါ့ထက္ပိုဆိုးတာက ဝိုင္းေလးရဲ႕အေရွ႕မွာ

လုံး၀ေပၚမလာတာပဲ။


ဖခင္တစ္ေယာက္လုံး ဆုံးရႈံးလိုက္ရတဲ့အတြက္

ထပ္တူ၀မ္းနည္းရပါေၾကာင္း ႏွစ္သိမ့္ေပးတဲ့

စကားေလးတစ္ခြန္းေတာင္ 

သူမေျပာေပးႏိုင္ပါလား။


*ကိုမင္းစက္ရယ္..ရွင္ကေရာမၿမိဳ႕ႀကီး

မီးေလာင္ေနတာေတာင္ တေယာထိုးမပ်က္တဲ့

 နီ႐ိုးဘုရင္လိုလူပါလား...

ရွင့္စိတ္ႀကိဳက္၊ရွင့္သေဘာအတိုင္း အားလုံးကို

ဆုံးျဖတ္ၿပီး အျခားလူေတြရင္ထဲမွာ

ဘယ္ေလာက္အထိ နာက်င္ေနမလဲ

မေတြးေပးတတ္တဲ့လူပဲ..*


ကိုယ့္မွာေတာ့ သူ႔ကိုေမွ်ာ္လင့္လိုက္ရတာ..။

သူေရာက္လာမဲ့အခ်ိန္..

သူ႔အေပၚမွာ ထားရွိတဲ့ကိုယ့္ရဲ႕အခ်စ္ေတြကို

ဖြင့္ျပထားတဲ့ စာေလးကိုဖတ္မိၿပီး

တုန႔္ျပန္လာမဲ့ အေျဖကိုေန႔စဥ္နဲ႔အမွ်

ေမွ်ာ္ေနခဲ့မိတာပါ။


*အခုေတာ့ သူကက၀ိုင္း‌ေလးကိုပုပ္ေလတဲ့ငါးပိ

ရွိတယ္လို႔ေတာင္ မထင္ပါလား..*


ေအးေလ..သူ႔လိုဘုရင္တစ္ပါးအတြက္

ေမဝိုင္းေလးဆိုတာက အသုံးေတာ္ခံသပ္သပ္ပဲ

ေနမွာေပါ့..အခ်ိန္တန္ရင္စြန႔္ပစ္လို႔ရတဲ့

အမႈိက္ကေလး တစ္စသာသာလို႔

သူသတ္မွတ္ထားပုံပါပဲ။


သူကမွကိုယ့္ကို မၾကင္နာႏိုင္ေတာ့တာ။

ဝိုင္းေလးကလည္း ဘာလြမ္းစရာရွိေတာ့မွာလဲ။

လြမ္းမိရင္လည္း ခဏေပါ့၊စြဲလမ္းမိရင္လည္း

အခ်ိန္တန္ေတာ့ ေပ်ာက္ရင္

ေပ်ာက္သြားႏိုင္တာပါပဲ။


သူ႔ရဲ႕ အခုလိုဥပကၡာေတြကိုသာ

 ေနသားက်ေနသလိုပုံမ်ိဳးနဲ႔ 

မသိခ်င္ေယာင္ေဆာင္ၿပီး ဇာတ္ေမွ်ာႀကီးအျဖစ္

ဆက္ထားလိုက္ရင္ ကိုယ့္ရဲ႕ေဝဒနာပဲ

ထပ္တိုးလာေတာ့မွာေပါ့။


* သူကကြာရွင္းခ်င္တယ္ဆိုမွေတာ့

ကြာရွင္းလိုက္ၾက႐ုံပဲ ရွိေတာ့တာေပါ့..

ေမေမတို႔ကို ဒီအေၾကာင္းေတြဖြင့္ေျပာတဲ့အခါ

ေသခ်ာေပါက္ ႏွစ္ဖက္အသိုင္းအဝိုင္းၾကားမွာ

အဖုအထစ္ေတြ ရွိသြားႏိုင္မယ္ဆိုေပမဲ့

တစ္ေယာက္တည္းႀကိတ္ၿပီး မခံစားခ်င္ေတာ့ဘူး

အားလုံးရဲ႕အေရွ႕မွာေတာ့ ဟန္ေဆာင္ေနရၿပီးတစ္ေယာက္တည္းႀကိတ္ၿပီး ငိုေနရတဲ့ဘ၀ကေန

ကြၽတ္ခ်င္လွပါၿပီ.. မင္းစက္အာဏာေရ။ 


"ရွင့္ရဲ႕ဆႏၵကို ကြၽန္မျဖည့္ဆည္းေပးပါ့မယ္.."


❤️❤️❤️❤️❤️❤️❤️❤️


"ဘာေျပာတယ္..ကိုစက္နဲ႔ကြာရွင္းမယ္

ဟုတ္လား..."


"ဟုတ္တယ္အေမ..သမီးသူနဲ႔ကြာရွင္းခ်င္တယ္

အလားတူပဲ သူလည္းသမီးနဲ႔ကြာရွင္းဖို႔

ဆႏၵရွိေနတယ္.."


သမီးျဖစ္သူ၏ ယတိျပတ္စကားကို

ၾကားလိုက္ရေတာ့ ေဒၚတင္မမတစ္ေယာက္

ေယာက္ယက္ခတ္သြားကာ ေသြးေလေတာင္

ေခ်ာက္ျခားသြားသလို ျဖစ္ေနမိသည္။


ေမဝိုင္းေလးဆိုတာ သမီးႏွစ္ေယာက္အနက္

အလိမၼာဆုံးေလးျဖစ္ၿပီး..

မိဘကဒါဆိုဒါပဲလုပ္တတ္သူ။

ဘယ္တုန္းကမွ ျငင္းဆန္ခဲ့တယ္ဆိုတာ

မရွိခဲ့ဘူး။


Sora Sora, [4/17/2025 4:43 PM]

ေယာက္်ားေလးဘက္ကမဟုတ္ပဲ

ကိုယ့္သမီးဘက္ကေနစၿပီး ကြာရွင္းဖို႔ကိစၥကို

ေျပာလာခဲ့ေတာ့ လိပ္ျပာလန႔္မတတ္

အံ့ဩေနရေလသည္။


ေမဝိုင္းေလးက အေနေအးၿပီးခင္ထိပ္ထားဦးထက္

တည္ၿငိမ္တဲ့အျပင္ အရွက္အေၾကာက္လည္း

အင္မတန္ႀကီးသည္။

အေနအထိုင္လည္း သိမ္ေမြ႕သလိုလူႀကီးမိဘရဲ႕

စကားဆိုလည္း တေသြမသိမ္း

လိုက္နာတတ္သူေလးပါ။


ကိုယ္ေတြမွာေတာ့ ဒီလိုသမီးအလိမၼာေလးကို

ၿပီးျပည့္စုံတဲ့ အိမ္ေထာင္ဖက္ေကာင္းေလး

ရွာေပးလိုက္ႏိုင္ၿပီလိုမွတ္တာ ဘာေၾကာင့္မ်ား

အခုလို ကြာရွင္းဖို႔ဖြင့္ေျပာရတာပါလိမ့္။


အိမ္ေထာင္သက္တမ္းက တစ္ႏွစ္ေတာင္

မျပည့္ေသးပဲ ဒီလိုကြဲၾကမယ္ဆိုရင္

ပတ္၀န္းက်င္အျမင္မွာ ေျပာစရာျဖစ္လာမွာေပါ့။

ဘယ္လိုပဲျဖစ္ျဖစ္ ဆူးေပၚဖက္က်လည္း

ဖက္ပဲ ေပါက္ရမွာ။


ေနာက္ဆုံးမွာ လူေတြရဲ႕သေထြးခြက္မွာ

ပက္လက္ေမ်ာရၿပီး ပိုနစ္နာရမွာကမိန္းကေလးပဲ။

လူ႔အဖြဲ႕အစည္းရဲ႕ ရွိရင္းစြဲပနက္ခ်က္ကိုက

အိမ္ေထာင္တစ္ခုၿပိဳကြဲၿပီဆိုရင္ မိန္းမေတြကို

ပိုၿပီး အျမင္လြဲမွားတတ္ၾကတာ သဘာ၀ပဲ။



*ဟင့္အင္း..ဒီလိုေတာ့အျဖစ္မခံႏိုင္ဘူး..

ငါ့သမီးေလးကို သူမ်ားေတြအေျပာအဆိုခံရ

ေဝဖန္ခံရတဲ့ ဘ၀မ်ိဳးမေရာက္ေစရဘူး..

 အသက္ငယ္ေသးေတာ့ ကေလးစိတ္နဲ႔

မိုက္႐ူးရဲ ဆန္တာပဲေနမွာေပါ့

........

လူငယ္ေတြဆိုတာက ျဖစ္တုန္းေတာ့

ရႉးရႉးရွဲရွဲနဲ႔ ခံစားခ်က္ကိုမထိန္းႏိုင္ပဲ

ေကာက္႐ိုးမီးလိုဝုန္းကနဲ ထေတာက္တတ္ၾကတာ

သဘာ၀ပါပဲ..

ဒါကိုငါတို႔လူႀကီးေတြက နားလည္ရမယ္

ကိုစက္ကိုေရာ သမီးေလးကိုပါ

ေသခ်ာနားလည္ေအာင္ ရွင္းျပၿပီးညႇိဳႏႈိင္းရမွာေပါ့*


"ဝိုင္းေလး..သမီးကဘာလို႔ ကြာရွင္းခ်င္ရတာလဲ.."


ေ႐ႊရည္၀င္းကလည္း တူမျဖစ္သူ၏

ဆုံးျဖတ္ခ်က္ကို သေဘာမက်၍

ထ‌ေမးေလေတာ့သည္။

ကိုယ္ကအပ်ိဳႀကီးဆိုေပမဲ့ ကိုယ္တူမေလးေတြကို

လင္ေကာင္းသားေကာင္းေတာ့ ရေစခ်င္ခဲ့တာေပါ့။


အမွန္အတိုင္း၀န္ခံရရင္ ဒီမိသားစုေလးကို

ဥမကြဲသိုက္မပ်က္ပဲရွိေနေစခ်င္တာပါ။

ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ ေဟာ့ဒီ့

အသိုက္အၿမဳံထဲကေန ထြက္မသြားေစခ်င္ပါဘူး။


ဒါေပမဲ့ ဒီမိသားစုထဲကေနခြဲထြက္ၿပီး

အိမ္ေထာင္ျပဳမယ္ဆိုရင္ေတာ့ အိမ္ေထာင္ေရး

တည္ၿမဲတာပဲလိုခ်င္တယ္။

မုဆိုးမျဖစ္တာကမွ ၾကားေကာင္းပါေသးတယ္။

အခုဟာက အသက္ငယ္ငယ္ေလးနဲ႔

အိမ္ေထာင္ကြဲအျဖစ္ တစ္ခုလတ္အမည္

ခံယူရမွာကိုေတာ့ လုံး၀လက္မခံႏိုင္ဘူး။


"အန္တီေလးေမးေနတယ္ေလ..

ဘာလို႔ကြာရွင္းခ်င္ရတာလဲလို႔

ဝိုင္းေလးတို႔ႏွစ္ေယာက္ ျပႆနာျဖစ္ထားလို႔လား.."


"ဟုတ္တယ္..သူနဲ႔ဝိုင္းေလးျပႆနာျဖစ္ထားတယ္

အဲ့ဒီ့ျပႆနာရဲ႕အရင္းအျမစ္က

တစ္ေယာက္နဲ႔တစ္ေယာက္ မခ်စ္ႏိုင္ၾကတာပဲ

ဝိုင္းေလးတို႔ရဲ႕ အိမ္ေထာင္သက္တမ္းက

ခုႏွစ္လထဲကိုေရာက္ေနၿပီဆိုေပမဲ့

အခုထိ သူစိမ္းေတြလိုျဖစ္ေနတုန္းပဲ

ဒီလို သေဘာထားမတိုက္ဆိုင္ေနမွေတာ့

လမ္းခြဲလိုက္တာက အေကာင္းဆုံးလို႔

ဆုံးျဖတ္လိုက္တယ္..ကိုမင္းစက္လည္း

မၾကာခင္မွာ ကြာရွင္းဖို႔ကိစၥေျပာလာပါလိမ့္မယ္..

အခုဝိုင္းေလးက အေမတို႔ကိုႀကိဳေျပာထားတာပါ

က်န္တာ ဝိုင္းေလးကိုဘာမွမေမးၾကပါနဲ႔ေတာ့

အားလုံး သမီးကိုနားလည္ေပးၾကပါ..."


ေဒၚတင္မမခမ်ာ ဆုံးမစကားေတြေတာင္

မေခြၽလိုက္ႏိုင္ခင္ပဲ ေမဝိုင္းေလးက

အေပၚထပ္သို႔ တက္သြားၿပီးအခန္းတံခါးကိုပါ

ေဆာင့္ပိတ္လိုက္သည္မို႔ ဘာဆက္ေျပာလို႔

ေျပာရမွန္းေတာင္ မသိေတာ့ေပ။


 ေရွးလူႀကီးပီပီ တစ္လင္တစ္မယားစနစ္ကိုသာ

လက္ကိုင္သုံးၿပီး အိမ္ေထာင္ေရးပ်ိဳကြဲျခင္းကို

ရႈံ႕ခ်ေလ့ရွိသည့္ ဖြားမိစံကေတာ့...


"အင္း..ေခာတ္လူငယ္ေတြမ်ား တယ္ခက္သကိုး

အိမ္ေထာင္ေရးတစ္ခုကို တည္ၿမဲဖို႔မႀကိဳးစားပဲ

စိတ္အလိုလိုက္ၿပီး 

လုပ္ခ်င္တာေတြလုပ္ေနၾကတယ္..

.........

အိမ္ေထာင္ေရးဆိုတာ ပန္းခင္းလမ္းမွမဟုတ္ပဲ

ပန္းခင္းလမ္းဆိုရင္ေတာင္ 

ဆူးေတြအျပည့္နဲ႔ ပန္းခင္းလမ္းဆိုတာ

မသိၾကတာလား..

.........

အခက္အခဲေတြ၊

နားလည္မႈလြဲတာေတြ အမ်ိဳးမ်ိဳးရွိလာမွာပဲေလ

ဒါေတြအားလုံးကို ပညာသားပါပါနဲ႔..

ေျဖရွင္းႏိုင္ရမွာေပါ့..

........

ဘယ္ေလာက္ပဲခ်စ္ၾကတဲ့လူ‌ႏွစ္ေယာက္

ျဖစ္ေနပါေစ..အိမ္ေထာင္ေရးပဋိပကၡဆိုတာေတာ့

ရွိမွာပဲေလ..ပိုၿပီးစိမ္းတဲ့လူႏွစ္ေယာက္

ေပါင္းစပ္လိုက္ေတာ့ ျပႆနာအဖုအထစ္ေတြက

ပိုရွိလာမွာပဲ ဒါကိုမွမကိုင္တြယ္ႏိုင္ၾကရင္

ဘယ္လိုလုပ္ပါ့မလဲ..."


"အဲ့ဒါအေမ့ေၾကာင့္ေလ..ကြၽန္မတူမေလးက

အခုမွအသက္ႏွစ္ဆယ့္သုံးႏွစ္ပဲရွိေသးတာကို

အေမနဲ႔ ေဒၚႏုယဥ္တို႔ ႏွစ္ေယာက္တိုင္ပင္ၿပီး

လုပ္လို႔ အခုလိုျဖစ္ရတာ.."


"ဟဲ့..ငါကအဆင္ေျပမယ္ထင္လို႔

အခုလို စီစဥ္လိုက္တာေလ

ဒီလိုျဖစ္မယ္မွန္း ႀကိဳသိရင္ဘယ္လိုလုပ္ၿပီး

စီစဥ္ပါ့မလဲ.."


"ၾကည့္ရတာ ‌ကိုစက္က

အိမ္ေထာင္ေရးေဖာက္ျပန္လို႔မ်ားလား.."


"မျဖစ္ႏိုင္ပါဘူးဟယ္..

ဝိုင္းေလးေျပာသြားတယ္မဟုတ္လား..

တစ္ေယာက္နဲ႔တစ္ေယာက္မခ်စ္ၾကလို႔တဲ့.."


"အဲ့ဒါက ဆင္ေျခေတြေနမွာပါအေမရယ္

သူတို႔ႏွစ္ေယာက္သားက 

ခ်စ္လို႔လက္ထပ္ခဲ့ၾကတာမွမဟုတ္ပဲ

မခ်စ္ႏိုင္လို႔ဆိုတာ အေၾကာင္းျပခ်က္ေတြပါ

ကြၽန္မေတာ့ တစ္ျခားကိစၥရွိအုံးမယ္လို႔ထင္တယ္.."


"ေျပာပါအုံး..ညည္းကဘယ္လိုထင္တာလဲ.."


"အတိအက်ေတာ့ မသိဘူးေလ..

ဒါေပမဲ့ အေမတို႔သတိထားမိလားေတာ့မသိဘူး

မဂၤလာဆြမ္းေကြၽးတဲ့ တစ္ရက္ေလာက္ပဲ

ကိုစက္ကိုေတြ႕လိုက္ရတယ္ အဲ့ေနာက္ပိုင္း

အိမ္ကိုေယာင္လို႔ေတာင္ အလည္လာဖူးလို႔လား

ေသခ်ာေတြးၾကည့္မယ္ဆိုရင္ ေကာင္ေလးက

တို႔ကို မထီမဲ့ျမင္ျပဳေနတာပဲေလ.."


Sora Sora, [4/17/2025 4:43 PM]

"ေ႐ႊရည္၀င္းရယ္ ညည္းကလည္း

တူမျဖစ္သူက ကြာရွင္းခ်င္တယ္လို႔ေျပာလိုက္တာနဲ႔

ေကာင္ေလးကို အျပစ္ႀကီးပဲတန္းျမင္ေတာ့တာပဲ

အဲ့ဒီ့ကိစၥနဲ႔ပတ္သတ္ၿပီး ငါမိစံကိုေမးၾကည့္ၿပီးပါၿပီ

ကိုစက္က သာမာန္ကုမၸဏီေလးကို

ဦးစီးေနရတာမဟုတ္ဘူးတဲ့ သူ႔လုပ္ငန္းေတြက

ျပည္ပနဲ႔ပါ ဆက္သြယ္ၿပီးလုပ္ကိုင္ရတာမို႔လို႔

ႏိုင္ငံျခားခရီး ခဏခဏထြက္ရတယ္တဲ့ေလ

အဲ့ဒါၾကာင့္ မအားတာေနမွာေပါ့.."


"အေမကလည္း..ေဒၚမိစံကေတာ့

သူ႔ေျမးရဲ႕အျပစ္မျဖစ္ေအာင္ 

ကာၿပီးေျပာေပးမွာေပါ့..သူသာတကယ္သိတတ္ရင္

လူမလာႏိုင္ရင္ေတာင္ ဖုန္းေလးဆက္ၿပီး

ဂါရ၀ျပဳလို႔မရဘူးလား.."


"အဲ့ဒါလည္းဟုတ္တာပဲ.."


"ကိုစက္က ဝိုင္းေလးကို

အႏိုင္မ်ားက်င့္သလားမသိဘူး..

ဝိုင္းေလးကမာနလည္းမႀကီးတတ္သလို

ေတာ္တန္႐ုံလည္း သည္းခံတတ္တဲ့သူပါ

အခုဒီလို ကြာရွင္းဖို႔အထိပါေတြးတယ္ဆိုေတာ့

အရမ္းထူးဆန္းေနတယ္..

ျပႆနာက

ေသးေသးေသာေသာ မဟုတ္ေလာက္ဘူး.."


"ကဲ..ေ႐ႊရည္၀င္းရယ္..ေတာ္ပါေတာ့

ေသေသခ်ာခ်ာလည္းသိတာမဟုတ္ပဲနဲ႔

ထင္ရာေတြေလွ်ာက္ေျပာမေနစမ္းပါနဲ႔.."


"မမကလည္း..ညီမကထင္ရာေတြ

ေလွ်ာက္ေျပာေနတာမဟုတ္ဘူး..ျဖစ္ႏိုင္တာကို

ေတြးၾကည့္ေနတာ.."


"ေတာ္စမ္းပါဟယ္..ငါမရတနာတို႔ဆီကို

ဖုန္းဆက္ၾကည့္ပါအုံးမယ္.."


အေမနဲ႔ညီမျဖစ္သူက တစ္ေယာက္တစ္ေပါက္

ထင္ေၾကးေတြ ေပးေနၾကေတာ့ ေဒၚတင္မမလည္း

စိတ္ေတြရႈပ္ေထြးလာရသည္။


ထို႔ေၾကာင့္ သားသမီးေတြၾကားမွာ

ျဖစ္တဲ့ျပႆနာကို ခမည္းခမက္ခ်င္းသာ

ေဆြးေႏြးဖို႔ စဥ္းစားလိုက္မိၿပီး မရတနာတို႔ကိုသာ

ဖုန္းဆက္အေၾကာင္းၾကားဖို႔ လုပ္လိုက္သည္။


ေမဝိုင္းေလးက ဒီအေတာအတြင္းမရတနာတို႔နဲ႔

အေနမ်ားခဲ့တာဆိုေတာ့ သူတို႔လင္မယား

ဘာေၾကာင့္ ျပႆနာျဖစ္ၾကသလဲဆိုတာ

သိရင္လည္း သိေလာက္ၾကမွာေပါ့။


❤️❤️❤️❤️❤️❤️


မနက္အေစာပိုင္း အစည္းအေဝးၿပီးၿပီျဖစ္၍

အစည္းအေဝးတက္ေရာက္လာေသာ

လူမ်ားအားလုံးလည္း အခန္းထဲမွ

တစ္ေယာက္ၿပီးတစ္ေယာက္ 

ထြက္ခြာသြားၾကေလသည္။


ေကာင္းသန႔္ကေတာ့ မင္းစက္အာဏာ၏

လက္ပ္ေတာ့ကိုပိတ္လိုက္ၿပီးေနာက္

တစ္ခုခုကို သတိရသြားဟန္ျဖင့္ 

စီအီးအိုမင္းစက္၏ အနားသို႔သြားလိုက္သည္။


"ဆရာ..ဒီမွာဆရာ့ဖုန္းဆင္းကဒ္ပါ

ခ်င္းမိုင္မွာတုန္းက ဆရာ့ဖုန္းကိုကဒ္‌လဲေပးေတာ့

ကြၽန္ေတာ့္ကဒ္နဲ႔‌ ေရာၿပီး သိမ္းလိုက္မိတာ

ဆရာ့ကိုေမ့ၿပီး ျပန္မေပးမိဘူးျဖစ္သြားတယ္

အဲ့ဒါကြၽန္ေတာ္ ျပန္ယူလာေပးတာပါ.."


"အင္း.."


"ဆရာကြၽန္ေတာ့္ကို ၫႊန္ၾကားစရာ

ရွိေသးလားသိပါရေစ..ကြၽန္ေတာ္အင္ဂ်င္နီယာ

အဖြဲ႕နဲ႔ သြားေတြ႕စရာရွိလို႔ပါ.."


"အခုေတာ့ မရွိေသးဘူး..လိုအပ္ရင္

ငါလွမ္းၿပီး ဖုန္းဆက္လိုက္မယ္.."


"ေကာင္းပါၿပီ.."


မင္းစက္လည္း႐ုံးခန္းထဲသို႔ေရာက္သည္ႏွင့္

ဆင္းကဒ္ကိုထည့္လိုက္ကာ ဆိုဖာေပၚတြင္

ခဏထိုင္၍အနားယူေနရင္း အစည္းအေဝးတြင္တင္ျပၾကသည့္ အေၾကာင္းအရာမ်ားကိုသာ

ျပန္စဥ္းစားေနလိုက္သည္။

မိႏွစ္ႏွစ္ဆယ္ခန႔္ၾကာၿပီးေနာက္ အေရးတႀကီး

လုပ္ရမည့္ကိစၥကို သြား၍သတိရမိေလသည္။


"အင္း..ေကာ့ေသာင္းဘက္မွာ

ေဆာက္ေနတဲ့ စင္တာအတြင္းပိုင္း

အလွဆင္ဖို႔ကိစၥ ဦးေမာင္ေမာင္လတ္ကို

ဆက္သြယ္ရဦးမွာပဲ.."


အေတြးနဲ႔အတူခ်က္ခ်င္းပဲ ေကာင္းသန႔္ကို

ဆက္သြယ္လိုက္သည္။

ဦးေမာင္ေမာင္လတ္တို႔ ကုမၸဏီက

႐ုံးတြင္းအလွဆင္တဲ့ေနရာမွာ ႏိုင္ငံတကာ

အဆင့္မွီၿပီး တမူထူးျခားတဲ့ကိုယ္ပိုင္

စိတ္ကူးမ်ိဳးထုတ္ႏိုင္ၾက၍အခုေနာက္ပိုင္း

သူတို႔ႏွင့္ လက္တြဲၿပီးလုပ္ၾကည့္ဖို႔ကို

အာသီသျဖစ္ေနမိသည္။


တစ္ဖက္မွာေတာ့ ေကာင္းသန႔္သည္အင္ဂ်င္နီယာအဖြဲ႕ႏွင့္စကားေျပာေနရ၍ လုံးဝမအားလပ္ေပမဲ့

စီအီးအိုဆီမွ ဖုန္းလာျခင္းျဖစ္၍

ကိုင္လိုက္ရေလသည္။


"ေကာင္းသန႔္..မင္း..ဦးေမာင္ေမာင္လတ္ရဲ႕

ဖုန္းနံပါတ္ကိုသိလား.."


"ဘယ္ကဦးေမာင္ေမာင္လတ္လည္းဆရာရဲ႕"


"Diamondကေလကြာ.."


"ေအာ္..ရွိတယ္ဆရာ..ခဏေလးေနာ္

ကြၽန္ေတာ့္ဖုန္းထဲမွာက ဖုန္းနံပါတ္ေတြမ်ားေနလို႔

ရွာလိုက္အုံးမယ္ ခဏေနကြၽန္ေတာ္

မက္ေဆ့ခ္်ပို႔လိုက္ပါ့မယ္.."


"ေကာင္းၿပီ.."


မင္းစက္လည္း လုပ္စရာအလုပ္ေတြက

အမ်ားႀကီးရွိေသးသည္မို႔ ေကာင္းသန႔္

မက္ေဆ့ခ္်ပို႔မည့္အခ်ိန္ကို ေစာင့္ရင္းႏွင့္

အျခား လတ္မွတ္ထိုးစရာရွိတာေတြကို

စစ္ေဆးေနလိုက္သည္။


"ဟာ..ဒီေကာင္အခုထိ မက္ေဆ့ခ္်

မပို႔ေသးဘူးလား..အေရးႀကီးပါတယ္ဆိုေန"


စိတ္မရွည္ေတာ့၍ ခ်ထားေသာဖုန္းကို

ေကာက္ယူလိုက္ၿပီး SMSမွာမက္ေဆ့ခ္်

ေရာက္ေနလားဟု ၀င္ၾကည့္လိုက္မိသည္။


"ဟင္..ဒါက..ေမဝိုင္းေလးပို႔ထားတာလား.."


သူ႔ရဲ႕SMSမွာ ပို႔ထားတဲ့မက္ေဆ့ခ္်ေတြၾကားမွာ

ေမဝိုင္းေလးဆိုသည့္ နာမည္ကိုေတြ႕လိုက္ရ၍

အံ့ဩသြားမိေလသည္။


"ေတာင္!!!!"


တိုက္တိုက္ဆိုင္ဆိုင္ ေကာင္းသန႔္ရဲ႕

ဖုန္းနံပါတ္မက္ေဆ့ခ္်ကလည္း ေရာက္လာေပမဲ့

ေမဝိုင္းေလး၏ မက္ေဆ့ခ္်ကိုသာ

ေထာက္၍ ဖတ္ၾကည့္လိုက္သည္။

ဒိတ္ကိုၾကည့္လိုက္ေတာ့ 

လြန္ခဲ့တဲ့တစ္လေလာက္က ပို႔ထားေသာ

စာျဖစ္ေနသည္။


ဆက္ရန္ရွိသည္....


စာေရးသူ..ေဆာင္းေငြ႕ေဝ


❤️❤️❤️❤️❤️❤️❤️❤️


ဘာဆက္ျဖစ္ၾကမလဲ...


=======================

=======================


3 comments:

  1. မေဝိုင်းလေးစိတ်ဆိုးသွားပြီမင်းစက်ရေချော့လြိက်တော့

    ReplyDelete
  2. မာနမင်းသားဖြစ်ချင်တဲ့အတိုင်းသာပေးဖြစ်လိုက်ပါ

    ReplyDelete
  3. ဆက်ဖတ်ချင်နေပြီနော် ​နော်

    ReplyDelete