အခန်း (၃၅) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း  (၃၅)

  💘မာနမင်းသားနှင့်ရွှေဖူးစာ💘


"မမှူးရေ..မမှူးရဲ့ယောင်းမလေးကို 

ချောပြင်ပေးထားတာ လှတယ်မဟုတ်လား.."


မြနားကပ်လေးကို ၀တ်ကြည့်နေသောမှူးလည်း

မိတ်ကပ်ဖန်တီးရှင်ချော၏အသံကြောင့်

အနောက်သို့ လှည့်ကြည့်လိုက်မိတော့

လုံး၀ကို အံ့ဩသွားမိသည်။

ကိုယ့်ယောင်းမလေးက ဘာလို့များဒီလောက်

လှနေရတာလဲ။

ဖုန်တက်နေသော ပတ္တမြားကအရောင်ပြန်လတ်

လာသကဲ့သို့ မှူးမှာမျက်လုံးအကြည့်တွေတောင်

မလွှဲနိုင်တော့ပေ။


"မမှူးရယ်..မိန်းမချင်းချင်းကိုတောင်

ဒီလောက်ငေးနေရသလားလို့

မျက်လုံးကြီးလည်း ကျွတ်ကျသွားပါအုံးမယ်.."


"ကိုယ့်ယောင်းမလေးက ချောပြင်ပေးပြီးတာနဲ့

အရမ်းလှသွားတော့ ငေးမိတာအပြစ်လားလို့

မှန်းစမ်း..အနီးကပ်ကြည့်ရအောင်.."


မှူးသည်လည်း မနေနိုင်တော့ပဲ မေဝိုင်းလေး၏

အနီးသို့ ကပ်သွားလိုက်ကာနူးညံ့သော

မေးဖျားလေးကို အသဲတယားယားနှင့်

ကိုင်ကာ ပင့်မော့၍ကြည့်မိလေသည်။

မေဝိုင်းလေးကတော့ အထူးတဆန်းလုပ်နေသော

မှူးကြောင့် ရှက်လွန်း၍ပါးလေးတွေတောင်

ရဲတက်လာသည်။


ထိုရှက်အားပိုနေသော ဟန်ပန်လေးက

မင်းစက်အာဏာတော့ မသိ‌ဘူး။

မှူးကိုတောင် ရင်ခုန်စေသည်။

မှူးတို့လှတယ်ဆိုတာက နူးနူးညံ့ညံ့နဲ့

မိန်းမဆန်တဲ့ အလှမျိုးမဟုတ်ပေ။


မှူးက ဆံပင်ဂုတ်ထောက်ပဲညှပ်ထားတတ်ပြီး

များသောအားဖြင့် အနောက်တိုင်း

ယဉ်ကျေးမှုကိုသာ တုပပြီးပြင်ဆင်နေတတ်သည်။


အရောင်အနုတွေ၊အမှိန်တွေကိုလည်း

မကြိုက်တတ်သူမို့ နှုတ်ခမ်းနီတောင်မှ

ရင့်တဲ့အရောင်တွေကိုသာ ရွေးချယ်တတ်သည်။

တစ်ဖက်မှာလည်း ဘယ်သူမှမသိသေးတာက

မှူးဟာ ယောက်ျားတွေကိုစိတ်မ၀င်စား

တတ်ခြင်းပဲ။


ထို့ကြောင့် မိန်းမလှလေးတွေကိုမြင်ရင်

စိတ်၀င်တစား ကြည့်တတ်သည်။

မှူးအတွက် အလှတရားမျိုးစုံကို

မြင်တွေ့ဖူးပေမဲ့ မေဝိုင်းလေးရဲ့အလှကတော့

သူများနှင့် မတူဘူးဟုထင်မိသည်။


မေဝိုင်းလေးရဲ့အလှက သူများတွေရဲ့

မိန်းမသားဆန်တဲ့အလှထက်ကို 

ပိုပြီးမိန်းမသားဆန်နေတာမျိူး။

တစ်ချက်ကြည့်လိုက်တာနဲ့ နူးညံ့ပြီးလူတိုင်းကို

စိတ်ကြည်လင်စေတဲ့ အလှမျိုး။

အခုလည်း ချောရဲ့ပြင်ဆင်ပေးမှုကြောင့်

မှူးတောင် အကြည့်မခွာနိုင်လောက်အောင်

ဖြစ်နေမိသည်။


နဂိုကော့ညွှတ်နေပြီးသား မျက်တောင်လေးတွေကို

မျက်တောင်ကော့ဆေးသုံးပေးထားတော့

(eyeliner)အိုင်းလိုင်နာတောင် ထပ်ခြယ်စရာ

မလိုလောက်အောင် ကွေးညွှတ်တတ်‌နေပြီး

မျက်စံညိုညိုလေးတွေကို ပိုထင်ပေါ်စေသည်။


 တစ်ချက်မျှညုတုတု ကြည့်လိုက်ရုံလေးတောင် အကြည့်ခံရသူအဖို့ အရေပျော်ကျသွားနိုင်သည်။


အဲ့အထဲမှာ မင်းစက်အာဏာတော့

မပါလောက်ဘူးထင်တာပဲ။

ဒင်းက သူ့ကိုသူသာအချောဆုံး၊အတော်ဆုံးလို့

သတ်မှတ်ထားသူလေ။


"သိပ်လှတယ်..တကယ့်ကိုဂန္တ၀င်ဆန်ဆန်

ထုလုပ်ထားတဲ့ ယမင်းရုပ်လေးလိုပဲ.."


"မမှူးကလဲ ပိုပြီ..အဲ့လောက်လည်းမဟုတ်ပါဘူး.."


"မပိုပါဘူး..တကယ်ပြောနေတာ

မယုံရင်ကိုစက်ရောက်လာတဲ့အခါမှ

မေးကြည့်ပေါ့..ပြောရင်းနဲ့

သူ့တောင်အားကျလာပြီ.."


ပြောရင်းဆိုရင် မမှူးကမသိမသာလေး

မေဝိုင်းလေး၏ ပန်းနုရောင်ပါးပြင်လေးကို

ထိလိုက်တော့ ဘေးနားကမိတ်ကပ်ဆရာက

ချောင်းထဟန့်‌ရလေသည်။


"အဟင်း..ဟင်း..မမှူးရေ..ဒါလေးက

မမှူးရဲ့မောင်အပိုင်နော်..နှိုက်မြည်းဖို့ကြိုးစား

မနေနဲ့..အကျင့်တွေကိုသိတယ်နော်.."


"ကိုယ့်ယောင်းမလေးကိုချစ်လို့ဥစ္စာ

ချောက..မနာလိုနေတာလားပြော.."


"အမယ်လေး..ချောတို့ကကောင်လေးတွေကိုပဲ

စိတ်၀င်စားတာပါနော်.."


"သိပါတယ်..ဒါကြောင့်လူပျိုကြီးဖြစ်နေတာ.."


"ဟယ်..မမှူးနော်..

ဘယ်လိုကြီးပြောချလိုက်တာလဲ.."


ချောက မိန်းမလျှာတစ်ယောက်ဖြစ်လို့

မမှူးက သိသိကြီးနဲ့စလိုက်တော့ 

ဆွေ့ဆွေ့ခုန်ပါလေရော။

ဝိုင်းလေးကတော့ သူတို့နှစ်ယောက်ကိုကြည့်ပြီး

သဘောတကျ ရယ်နေမိသည်။

မမှူးကိုတော့ အရင်ကကိုမင်းစက်လို

မာနကြီးပြီး ဆက်ဆံရေးမကောင်းဘူးဟု

ထင်ခဲ့မိသည်။


တကယ့်တကယ် ပေါင်းကြည့်လိုက်တော့

ထင်တာထက်တောင် ဟိတ်ဟန်မရှိပဲ

သဘောကောင်းနေသလိုပဲ။

ကိုမင်းစက်တို့မောင်နှမတွေက တသီးတသန့်

နေတတ်တာခြင်း တူကြပေမဲ့စိတ်မနောတွေတော့

ထင်သလောက် မဆိုးဘူးဟုမှတ်ချက်ချမိသည်။


"မမှူး..အခုသွားမဲ့ပါတီပွဲကလူများမှာလားဟင်

နောက်ပြီး ဇာတ်ကားတွေထဲကလို

ကကြခုန်ကြမှာလားဟင်.."


"ဘယ်ကလာ..ကကြခုန်ကြမှာလဲဝိုင်းလေးရဲ့

အခုပွဲက အနုပညာရှင်တွေနဲ့

လူကြီးလူကောင်းတွေပဲ တက်မဲ့ပွဲပါ

အဓိကကတော့ KGလုပ်ငန်းစုရဲ့ပူးပေါင်း

ထားတဲ့ လုပ်ငန်းရှင်တွေ၊အနုပညာသမားတွေအများဆုံး လာကြမှာလေ..ဒီနှစ်စမှာတင်..

KGကရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်တွေ၊

ဇာတ်လမ်းတွဲတွေနဲ့အခြားပရောဂျက်တွေကနေပါ

အောင်မြင်မှုတွေ အများကြီးရထားလို့

ဂုဏ်ပြုတဲ့ပါတီလို့ပြောရမှာပေါ့..

နာမည်ကြီး အနုပညာရှင်တွေလည်း

လာကြမှာဆိုတော့ ဝိုင်းလေးကြိုက်တဲ့

မင်းသား၊မင်းသမီးတွေ့ရင် 

နှုတ်ဆက်ပြီးဓာတ်ပုံရိုက်လို့တောင်ရတယ်.."


"ဒါနဲ့မမှူး..ထိုင်းမင်းသမီးလေး..မီရီရမ်လည်း

လာမှာဆို..ချောကအဲ့မင်းသမီးလေးကို

အရမ်းကြိုက်တာ.."


မီရီရမ်ဆိုသည့် နာမည်ကိုချောက ပြောလိုက်တော့

မှူးတစ်ယောက် မျက်မှောင်ကြုံ့သွားမိ‌လေသည်။

မီရီယမ်က KGရဲ့ထိုင်းဖျော်ဖြေရေးကုမ္ပဏီ

လက်အောက်က အနုပညာရှင်ဖြစ်ပြီး

ကိုစက်ကို သူသဘောကျနေတာ ဒီနယ်ပယ်က

လူတိုင်းနီးပါးသိပြီးသားပါပဲ။


ဒါပေမဲ့ ကိုစက်ကတော့သူ့ကိုတစ်ခါမှ

လိုတာထက် ပိုပြီးအဆက်အဆံမလုပ်ခဲ့ဖူးပေမဲ့

ဒီနေ့ပွဲမှာ ကိုစက်က‌ဝိုင်းလေးနဲ့လက်ချင်းချိတ်ပြီး

ပွဲတက်မှာဆိုတော့ မီရီရမ်ရဲ့စိတ်ကို

ဆွပေးမိသလို ဖြစ်သွားနိုင်တယ်။

မေဝိုင်းလေးကို အငြှိုးထားပြီးတစ်ခုခုတော့

မလုပ်လောက်ပါဘူးနော်။


"မမှူး..ပါတီပွဲက..ကော့တေးတို့ဝိုင်တို့

သောက်ရတာလားဟင်.."


"မသောက်လည်းရပါတယ်ကွာ.."


"တော်သေးတာပေါ့..ကိုမင်းစက်က

အယ်ကိုဟောလ်နဲ့မတည့်တော့ သောက်ရမှ

ဖြစ်မယ်ဆိုရင် သူဗိုက်ထပ်အောင့်မှာပဲလို့

တွေးမိသွားတာ.."


"ဟား..ဟား..ဝိုင်းလေးရယ်..သူ့ရောဂါက

အဲ့လောက်လည်းမဆိုးလောက်ပါဘူး..

ကိုစက်နဲ့က တစ်ချို့ပွဲတွေမှာဆုံဖြစ်ပါတယ်

အနည်းနဲ့အများတော့ သူသောက်တာပါပဲ

လုပ်ငန်းရှင်အချင်းချင်း စကားပြောကြတာ

ဝိုင်တစ်ခွက်လောက်တော့ ပါမှပေါ့ကွ

စိတ်ပူမနေနဲ့.."


"အင်းပါ..ဟိုတစ်ခါကသူဗိုက်အောင့်တာကို

တွေ့ပြီး ဝိုင်းလေးကစိတ်ပူသွားမိလို့ပါ.."


မှန်ထဲမှာ တွေ့နေ‌ရသောဝိုင်းလေး၏

မျက်နှာလေးသည် ကိုစက်ကိုတကယ်စိတ်ပူနေမှန်း

သိသာနေ၍ မှူးလည်းပြုံးလိုက်မိသည်။


"ဝိုင်းလေးက မင်းစက်ကိုသိပ်ချစ်တာပဲလား.."


"ရှင်.."


"ရှက်မနေပါနဲ့..မင်းစက်ကိုအဲ့လိုလေး

အသေးစိတ်ကအစ စိတ်ပူပေးနေတည်းက

သိပ်ချစ်မှန်းသိသာပါတယ်နော်.."


မမှူး၏စကားကြောင့် မှန်ထဲမှာရှိသော

ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်လိုက်မိပြီး

မေးခွန်းတွေ ထုတ်နေမိသည်။

ဝိုင်းလေး..တကယ်ပဲချစ်မိနေတာလား..

မင်းစက်အာဏာဆိုတဲ့ လူကြီးကိုလေ။

မဖြစ်နိုင်တာ။ဝိုင်းလေးကသူ့မှာအစာအိမ်ရှိလို့

စိုးရိမ်နေမိတာပါ။


သေချာတာကတော့သူဟာဝိုင်းလေးကို

လုံး၀ချစ်မှာ မဟုတ်ဘူးဆိုတာပဲ။

သူကဝိုင်းလေးနဲ့ လက်ထက်မိတာကိုတောင်

အကြိမ်ကြိမ် နောင်တရနေမလားပဲ။

ဒါပေမဲ့ ပုံမှန်ဆိုရင်ဝိုင်းလေးကို

စကားကောင်း ပြောတတ်တာရှားတဲ့လူကြီးက

ပါတီပွဲကို ဘာကြောင့်အတူတက်ချင်ရတာများလဲ။


မှန်ထဲက ကိုယ့်ရုပ်ကိုယ်ကြည့်နေမိပေမဲ့

သူ့အကြောင်းကို တွေးနေမိတော့

မျက်လုံးထဲမှာ သူ့ပုံရိပ်တွေကပေါ်လာလေသည်။

ထို့ကြောင့် ခေါင်းကိုသာခါယမ်းလိုက်မိသည်။


"မမှူး..အိင်္ကျီကအရမ်းဟိုက်မနေဘူးလားဟင်"


"မဟိုက်ပါဘူး..လည်ပင်းဟိုက်တယ်ဆိုတာက

ချပ်ချပ်ကပ်ကပ်မဖြစ်တာကို ပြောတာလေ

အရှေ့ကွဲကြောင်းက ကြီးပေမဲ့ဟိုက်မကျနေပါဘူး

အဲ့လို ဖော်ထားတာလေးက ဆွဲဆောင်မှုရှိတာ.."


မမှူးကတော့ ဝိုင်းလေးကိုယုံကြည်မှုရှိနေအောင်

အမျိုးမျိုး ပြောနေပေမဲ့ဝိုင်းလေးကတော့

ခြေမျက်စိအုပ်နေသည့် ဒီဂါ၀န်ကိုအတော်လေး

သဘောမကျဖြစ်နေမိသည်။


ထိုစဉ်မှာပဲ အခန်းတံခါးခေါက်သံကိုကြားလိုက်၍

ချောက တံခါးဖွင့်ပေးလိုက်တော့

အခန်းထဲသို့ ကြည်အေး၀င်လာပြီး

မင်းစက်အာဏာရောက်နေပြီဖြစ်ကြောင်း

သတင်းလာပို့လေသည်။


🌼🌼🌼🌼🌼


"ကိုစက်..ဝိုင်းလေးကဒါမျိုးပွဲကိုပထမဆုံး

တက်တာဆိုတော့ သေချာဂရုစိုက်ပေးရမယ်နော်"


"ကျွန်တော်သိပါတယ်.."


"ပြောလိုက်ရင် သိပါတယ်..သိပါတယ်နဲ့

ပြီးရင် တစ်စက်မှလည်းမနာခံဘူး.."


မင်းစက်လည်း မေဝိုင်းလေးကိုဧည့်ခန်းမှာ

ထိုင်စောင်းနေရင်းနှင့် မာတာမိခင်၏

အမှာစကားတွေကြောင့် မျက်ခုံးရိုးကို

နှိပ်နယ်နေရလေသည်။

အမှန်ဆိုရင် ဒီနေ့ပွဲကိုသူတက်ဖို့ 

လုံး၀အစီအစဉ်မရှိပေ။

ဒါပေမဲ့ စတူဒီယိုမှာဖြစ်ခဲ့တဲ့ပြဿနာကြောင့်

မေဝိုင်းလေးကို ပုန်းခိုင်းနေလို့မဖြစ်တော့မှန်း

သဘောပေါက်သွားမိတယ်။


တကယ်ဆိုရင် ကိုယ်ကသိုသိုသိပ်သိပ်ပဲ

နေတတ်သူမို့ အင်တာဗျူးတွေတောင်

မဂ္ဂဇင်းစာအုပ်တွေ အတွက်လောက်ပဲ

ဖြေဖြစ်ခဲ့တာ။


ပွဲတွေလည်း အများကြီးမတတ်ဖြစ်သလို

ကိုယ့်ရဲ့ မိသားစုတွေအကြောင်းကိုလည်း

အများကို မသိစေချင်ပေ။

တကယ်လို့ ပြဿနာတစ်စုံတစ်ရာရှိလာခဲ့ရင်

မိသားစုတွေကိုပါ ဒုက္ခမပေးချင်‌သောကြောင့်ပါပဲ။


ထို့ကြောင့် မေဝိုင်းလေးဘက်ကမင်္ဂလာဆောင်ကို

အကျဉ်းရုံးပြီး လုပ်မယ်ဆိုတော့

လွယ်လွယ်နဲ့ သဘောတူခဲ့မိတယ်။

မဟုတ်ရင် ကိုယ့်ရဲ့အသိုင်းအ၀န်းကျယ်ပြန့်မှုနဲ့ဆို

မေဝိုင်းလေးရဲ့ မျက်နှာကသတင်းစာမျက်နှာတွေမှာ မမြင်ချင်မှအဆုံးဖော်ပြခံနေရတာ

ကြာရောပေါ့။


"ကိုစက်..သွားကြမယ်လေ.."


အသံကြားရာကို သူမော့ကြည့်လိုက်မိတော့

ဧည့်ခန်းအပေါက်၀မှာ မြင်နေရတဲ့ပန်းနုရောင်

သဏ္ဍန်လေးကြောင့် ပြောစရာတွေတောင်

စွံ့အကုန်သလိုပါပဲ။

သူ့မျက်လုံးတွေကိုတောင် သူမယုံနိုင်ဖြစ်နေ၍

မတ်တပ်ထရပ်လိုက်မိလေသည်။


သူမရဲ့မျက်လုံးလေးတွေက ဝိုင်းစက်နေပြီး

အ၀တ်အစားနှင့် လိုက်ဖက်စွာ

မျက်နှာလေးကိုလည်း ပန်းနုရောင်လေး

ခြယ်သထားပုံက သူ့နှလုံးသားကိုမရိုးမယွ

ဖြစ်စေသည်။


ဖြူလွန်းတဲ့ အသားအရည်ပေါ်မှာ

 တဖြတ်ဖြတ်လက်နေသော ဘော်ကြယ်လေးတွေ

ထိုးထားသည့် ဇာဂါ၀န်ပန်းဖျော့ရောင်လေးက

တစ်ချိန်လုံး ငေးကြည့်ချင်နေစရာ

ကောင်းလောက်အောင် ပနံသင့်နေသည်။


တင်ပါးအုပ်သည့် ဆံပင်အရှည်လေးတွေကို

 လှိုင်းတွန့်ပုံစံ ကောက်ထားပြီးအပေါ်တစ်လွှာကို

ဆံညှပ်အသေးလေးနဲ့ ညှပ်ထားတဲ့အခါ

ဆံညှပ်မှ တွဲကျနေသောပုလဲကြိုးလေးက

ခေါင်းတစ်ချက်ဝေ့တိုင်း ယိမ်းနွဲ့သွား၍

ရိုးရှင်းပေမဲ့ အလှဆုံးဖြစ်နေသလားမှတ်ရတယ်။


"အဟင်း..အဟင်း!!!ကိုစက်ရယ်..

ဒီလောက်ငေးရရင်တော်ရောပေါ့ဟယ်..

ပွဲကပြီးသွားအုံးမယ်.."


မမှူးက ချောင်းဟန့်လိုက်မှသာ မင်းစက်လည်း

တဒင်္ဂစိတ်လွတ်သွားတာကို ပြန်ပြင်လိုက်ပြီး

မေဝိုင်းလေး၏ အရှေ့မှာသွားရပ်လိုက်သည်။


"ဘယ်လိုလဲ..မိတ်ကပ်ကတော့ငါပြင်ပေးထားတာ

မဟုတ်ပေမဲ့ အ၀တ်အစားကတော့

ငါရွေးပေးထားတာ လှတယ်မဟုတ်လား.."


"မဆိုးပါဘူး.."


ထိုတစ်ခွန်းသာပြော၍ ဘောင်းဘီအိတ်ထဲသို့

လက်နှိုက်ကာ အရှေ့မှထွက်‌သွားသော

မင်းစက်ကြောင့် မှူးလည်းဒေါသထွက်သွားမိသည်။


"ဘယ်လိုကောင်မှန်းမသိဘူး..

လှရင်လှတယ်..မလှရင်မလှဘူး‌ပေါ့

ကိုယ့်မိန်းမကို ချီးကျူးရမှာတောင်

တော်တော် ၀န်တာလေးနေပုံပဲ..

ဝိုင်းလေးသူနဲ့ ကားအတူတူစီးရင် 

သူ့နားကိုမကပ်နဲ့သိလား

သူ့ဆီက မကောင်းတဲ့အငွေ့အသက်‌တွေ

ကူးကုန်မှာစိုးလို့.."


မမှူးကတော့ ဝိုင်းလေးကိုလက်ကုတ်ကာ

သူ့မောင်အား နှာခေါင်းရှုံ့လေသည်။

ဝိုင်းလေးလည်း အိင်္ကျီကလည်ပင်းနဲနဲ

ပြဲ‌နေတော့ ရင်ဘတ်ကိုလက်လေးနဲ့အုပ်ပြီး

မင်းစက်အာဏာ၏ အနောက်သို့ဒေါက်ကို

မနဲနိုင်အောင်ထိန်းရင်း လိုက်ရတော့သည်။


မမှူးကတော့ သူ့ကားကိုသူထုတ်ပြီး

ကိုယ်တိုင်မောင်းတာဖြစ်ကာ ဝိုင်းလေးကတော့

ဦးမင်းစက်အာဏာ၏ ကားထဲသို့၀င်ဖို့

လုပ်ရလေသည်။


ကားတံခါးတွေက အော်တိုအဖွင့်အပိတ်လုပ်၍

ရသော တံခါးတွေဖြစ်ပြီး ပွင့်နေသော

ကားတံခါးမှနေ၍ အထဲမှာဟန်ကျကျနှင့်

ခြေချိတ်ထိုင်နေသော သူ့ကိုရှင်းရှင်းလင်းလင်း

မြင်နေရလေသည်။


ဇာတ်ကားတွေထဲမှာဆို မင်းသမီး

ကားထဲ၀င်မဲ့အချိန် မင်းသားကတယုတယလေး

ခေါ်ဆောင်ပေးကြတယ်။

သူကတော့ လူကိုအေးစက်စက်ကြီးသာ

ကြည့်နေပြီး ချော်လဲရင်ထလှောင်ဖို့

အသင့်အနေအထား ပြင်ထားသလားမှတ်ရတယ်။


ဝိုင်းလေးလည်း စိတ်တိုလွန်းလို့

ခြေမျက်စိဖုံးနေသည့် ဂါ၀န်ပျော့ပျော့အိအိကြီးကို

မကာ ကားထဲသို့၀င်ထိုင်ပစ်လိုက်သည်။

ကားတံခါးပိတ်သည်နှင့် နှုတ်ခမ်းဆူကာ

သူ့ဘက်သို့ကြည့်လိုက်တော့ သူ့မျက်လုံးတွေဟာ

ဝိုင်းလေး၏ ရက်ဘတ်နေရာကို

ကြည့်နေသလိုပဲ။


"ရှင်..ဘယ်ကိုကြည့်နေတာလဲ!!.."


အော်ထည့်လိုက်တာတောင် သူ့အကြည့်တွေက

နေရာမရွေ့သွားတော့ ဝိုင်းလေးမှာရှက်ရှက်နှင့်

မျက်နှာကြီးရဲတက်လာပြီး ရင်ဘတ်ကို

လက်နဲ့အုပ်လိုက်ရသည်။

သူကတကယ်ကို နှာဘူးအကြီးစားကြီးပါလား။


"ဘာလို့အိင်္ကျီကို အရမ်းပေါ်တာရွေး၀တ်ရတာလဲ.."


"မမှူးရွေးပေးတာလေ.."


"ကျစ်..မမှူးကလည်း‌..မသာနဲ့နားတောင်း

လိုက်ဖက်အောင်တော့ မလုပ်ပေးဘူး.."


"ရှင်ဘာပြောလိုက်တယ်..လူကြီးဖြစ်ပြီး

စကားကိုကြည့်ပြောနော်..ရှင်ပြောမှပဲ

ကျွန်မက..မသာကြီးလုံးလုံးဖြစ်နေပြီ.."


"အင်း..မင်းတို့ကလေးတွေက 

လှချင်တာပဲသိပြီး အကုန်လုံးကိုလှစ်ဟပြချင်နေလို့

ငါကပြောတာလေ..ကိုယ်နဲ့လိုက်မှန်း..

မလိုက်မှန်းအမြင်ကို မရှိကြဘူး.."


ဒီလူကြီး ဘာဖြစ်နေတာလဲ 

တော်တော်ရစ်ကြောထူနေပါလား။

လူကိုမဟုတ်တမ်းတရား‌တွေပြောရင် 

ဝိုင်းလေးကလည်းတစ်စက်မှ မခံနိုင်ဘူး။


"ဘယ်မှာ လှစ်ဟပြနေလို့လဲ..ရှင်နိုင်ငံခြား

ဇာတ်ကားတွေကို မကြည့်ဖူးဘူးလား

ပွဲတက်၀တ်စုံပါဆိုနေ..

ဒီလောက်တော့ ရှိမှာပေါ့..

ကျွန်မလှတာကို ရှင်မနာလိုနေတာမဟုတ်လား"


"ကိုယ့်ကိုကိုယ် ဘ၀င်တွေဇွတ်မြင့်မနေနဲ့

သူများကမြှောက်ပေးတိုင်း ကွေးနေအောင်

လိုက်ကမနေနဲ့..သွား..အခုချက်ချင်း

ရင်ဘတ်မပေါ်တဲ့ ၀တ်စုံသွား၀တ်လာခဲ့.."


"မ၀တ်ဘူး..မ၀တ်ဘူး..

အပေါ်လည်းပြန်မတတ်ချင်တော့ဘူး

ဒီလောက်ဖြစ်နေရင်လည်း

ရင်ဘတ်မပေါ်မဲ့ဟာ၀တ်နေမဲ့အစား

ဂတုံးတုံးပြီး မယ်သီလရှင်ပဲ 

တန်း၀တ်လိုက်တော့မယ်.."


ဒီတစ်ခါတော့ မေဝိုင်းလေးရဲ့ကလန်ကဆန်

စကားကြောင့် နှုတ်ခမ်းကိုလက်နဲ့အုပ်ကာ

သူရယ်လိုက်မိလေသည်။


မိန်းကလေးမှန်ရင် အလှအပကြိုက်တာသိပေမဲ့

ကိုယ်ပဲ မြင်နေယုံဆိုမပြောလိုပါဘူး။

အခုဟာက ပွဲထဲမှာလူအိုတွေရော၊လူပျိုတွေပါ

စုံမဲ့အခြေအနေလေ။

ဒီလို၀တ်စားတာက တမင်သွားပြနေတာနဲ့

တူမနေဘူးလား။


အခြားမိန်းမတွေ၀တ်တာကို 

သူတို့ယောက်ျားတွေက ခွင့်ပြုနိုင်တယ်

ဆိုရင်တောင် ကိုယ်ကတော့နည်းနည်းလေးမှ

ခွင့်မပြုနိုင်ပါဘူး။

ပြောလို့ဆိုလို့လည်း တော်တော်

လက်ပေါက်ကပ်တဲ့မိန်းမဖြစ်‌နေတော့

နောက်ဆုံး ကြံရာမရဖြစ်ပြီး သူ့လည်ပင်းက

ဖဲပြားလေးကိုသာ ဖြုတ်ပစ်လိုက်သည်။


"မင်းသစ်..မင်းမှာတွယ်ချိတ်ရှိလား.."


ကားခေါင်းခန်းမှာထိုင်ရင်း

 နောက်ကလင်မယားကြောင့်

ရယ်ချင်ပက်ကျိ ဖြစ်နေသောမင်းသစ်လည်း

သူ့ကိုပါ ဆွဲထည့်လာသည့်ဆရာ့ကြောင့်

ပြီတီတီရုပ်ကို မျက်နှာပိုးအမြန်သတ်လိုက်ရသည်။


"ပါတယ်ဆရာ ဖိနပ်ပျက်ရင်သုံးဖို့

ဆောင်ထားတာရှိတယ်.."


"အရေးထဲမှ..လာကြွားနေပြန်ပြီ.."


ဒါရိုင်ဘာဆီကနေ တွယ်ချိတ်လှမ်းတောင်းနေသော

ကိုမင်းစက်ကိုကြည့်ပြီး ဝိုင်းလေးမှာ

အံ့ဩနေမိသည်။

တွယ်ချိတ်ကိုယူပြီး သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။

မဟုတ်မှ ငါ့အိင်္ကျီကိုများ။


"မင်းဒီဘက်ကိုလှည့်.."


"ဘာလုပ်မလို့လဲ.."


"ငြိမ်ငြိမ်နေစမ်းပါ..ပြန်မမေးစမ်းနဲ့.."


ဝိုင်းလေးကို ပခုံးကနေဆုပ်ကိုင်ပြီး

သူ့ဘက်သို့ အတင်းဆွဲလှည့်လိုက်သည်။

တွယ်ချိတ်နဲ့တွဲလိုက်သည့်

ဖဲပြားအဖြူရောင်လေးကိုကိုင်ပြီး ရင်ညွှန့်ဆီသို့

သူ့လက်ကြီးက ရွယ်လာ၍ 

လိပ်ပြာတောင်လွှင့်ကုန်တော့မတတ်

ထိတ်လန့်သွားမိလေသည်။


"မလုပ်နဲ့နော်..မကြိုက်ဘူးလို့အပ်စူးလိမ့်မယ်"


"မကြိုက်ရင် အိင်္ကျီသွားလဲပေါ့..

ကားထဲကိုမင်း၀င်လာတုန်းက

 ငါတောင်အကုန်မြင်နေရတယ်

ပွဲထဲမှာ အခြားသူတွေကိုပါမျောက်ပွဲပြသလို

လှည့်ပြချင်နေတာလား.."


"ရှင်နော်..အဟင့်..သွားလဲမှာအခုချက်ချင်း

သွားလဲမယ်လို့..အဲ့လက်ကြီးကိုဖယ်.."


ရဲတင်းလွန်းသော သူ့လက်ကြီးကိုခပ်ကြမ်းကြမ်း

ပုတ်ထုတ်ပစ်လိုက်ပြီး ဝိုင်းလေးလည်း

ကားပေါ်မှ အမြန်ပြေးဆင်း၍အိမ်အပေါ်ထပ်သို့

ပြန်တက်ရလေတော့သည်။

မဟုတ်ရင် ဒီလူကြီးကတစ်ချိန်လုံးရစ်လို့

ပြီးမယ်မထင်ဘူး။

မူးမှသာ ရစ်တတ်တယ်ထင်ခဲ့တာ

မမှူးလည်း ရစ်တာပါပဲ။


တစ်ဖက်မှာတော့ မင်းစက်အာဏာခမျာ

မေဝိုင်းလေးရိုက်ထည့်လိုက်၍ 

နာပြီးရဲသွားသော သူ့လက်ခုံကိုကြည့်ပြီး

ရှုံ့မဲ့နေမိလေသည်။


မင်းသစ်ကတော့ ဆရာတို့လင်မယား

ကျီစားနေတာကို အစ၊အဆုံးမြင်နေရ၍

အော်ပြီးသာ ရယ်လိုက်ချင်တော့သည်။

ဒါပေမဲ့ ရယ်လည်းမရယ်ရဲဘူး။


"ဆရာကလည်းဗျာ..သူ့ဘာသာလှချင်လို့

၀တ်တာပဲ ၀တ်ပါစေပေါ့.."


"အေး..မင်းမိန်းမမှမဟုတ်တာ..

ပြောအားရှိမှာပေါ့..မိန်းမတွေကပြတော့ပြချင်တယ်

ပြောတော့မကြိုက်ကြဘူး.."


"ဟား..ဟား..ဆရာကိုကအူတိုလွန်းပါတယ်.."


"ငါဘယ်မှာ အူတိုနေလို့လဲ..အမြင်မသင့်လို့

ပြောရတာ.."


"ဆင်သားရေကို..ဆိတ်သားရေနဲ့မဖုံးချင်စမ်းပါနဲ့

ဆရာရယ်..ဆရာကဘယ်တုန်းကများ

အခြားသူရဲ့၀တ်စားပုံကို 

ဒီလောက်ဂရုစိုက်ဖူးလို့လဲ

ဆရာ့ရဲ့သ၀န်တိုနေတဲ့မျက်နှာကြီးကို

အခြားကမ္ဘာကနေလှမ်းကြည့်တောင်

မြင်နိုင်ပါတယ်"


"မင်းကငါ့ကိုလှောင်နေတာလား..

ငါကမဖြစ်သင့်တာမဖြစ်ရအောင် တားနေတာကွ

မာယာများတဲ့ မိန်းမတွေရဲ့ထောင်ချောက်မှာ

ငါဘယ်တော့မှ ကျရှုံးမှာမဟုတ်ဘူး..

မိန်းမဆိုတာ မြွေလိုပဲအရမ်းလိန်ရပတ်ရတာကို

သဘောကျတဲ့အမျိုး..အခုပဲကြည့်

အိင်္ကျီသွားလဲပါဆိုတာ မနည်းပြောယူရတယ်

 သူ့အသက်အရွယ်နဲ့ ဒါမျိုးမ၀တ်သင့်လို့

ငါကဆုံးမနေတာ.."


"အစတော့ ဒီလိုပဲပြောကြတာပါပဲ..ပြီးမှသာ

အဲ့ဒီ့မာယာထောင်ချောက်ကြီးထဲကို

ခါးတောင်းကျိုက်ပြီး ‌ခုန်ချပစ်ကြတာလဲ

ကျွန်တော်တို့ ယောက်ျားတွေပဲမဟုတ်ဘူးလား

နောက်မှသာ အဲ့မြွေကြီးရစ်ပတ်တာကို

ခံချင်ပါတယ်ဖြစ်အုံးမယ်..

ချစ်ရင်ချစ်တယ်ပေါ့ဗျာ.."


"တော်..တော်..မင်းပါးစပ်ကိုပိတ်တော့.."


"ဟုတ်ကဲ့..ပိတ်ပါပြီ.."


ဆရာ့ရဲ့ ဒေါသတွေသူ့ဘက်ကို

ပြောင်းလာမည်စိုး၍ မင်းသစ်လည်း

ပါးစပ်ပေါက်အမြန်ပိတ်လိုက်ရသည်။

ထိုအချိန်မှာ မေဝိုင်းလေးသည်

 ဇာဂါ၀န်အဖြူလေးကို၀တ်ပြီး 

အိမ်ထဲမှထွက်လာကာ ကားပေါ်သို့

တက်လိုက်လေသည်။


"ဒီ၀တ်စုံကတော့ အဆင်ပြေပါတယ်.."


မင်းစက်အာဏာလည်း သူမကိုစေ့စေ့စပ်စပ်

ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ

‌မင်းသစ်ကို ကားစမောင်းဖို့

အမိန့်ပေးလိုက်လေသည်။

မှူးတစ်ယောက် ပါတီပွဲမှာမိတ်ဆွေတွေနဲ့

ဝိုင်းဖွဲ့ပြီး စကားပြောနေနှင့်ပေမဲ့

သူတို့နှစ်ယောက်ကတော့ အိမ်မှစထွက်လာရုံသာ

ရှိသေးသည်။


🌼🌼🌼🌼🌼🌼🌼


မင်းစက်တို့များ အပြောနဲ့အလုပ်နဲ့ကတလွဲတွေ


=========================================================================


အခန္း   (၃၅)

  💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


"မမွဴးေရ..မမွဴးရဲ့ေယာင္းမေလးကို 

ေခ်ာျပင္ေပးထားတာ လွတယ္မဟုတ္လား.."


ျမနားကပ္ေလးကို ၀တ္ၾကၫ့္ေနေသာမွဴးလည္း

မိတ္ကပ္ဖန္တီးရွင္ေခ်ာ၏အသံေၾကာင့္

အေနာက္သို႔ လွၫ့္ၾကၫ့္လိုက္မိေတာ့

လံုး၀ကို အံ့ဩသြားမိသည္။

ကိုယ့္ေယာင္းမေလးက ဘာလို႔မ်ားဒီေလာက္

လွေနရတာလဲ။

ဖုန္တက္ေနေသာ ပႂတၲမားကအေရာင္ျပန္လတ္

လာသကဲ့သို႔ မွဴးမွာမ်က္လံုးအၾကၫ့္ေတြေတာင္

မလႊဲႏိုင္ေတာ့ေပ။


"မမွဴးရယ္..မိန္းမခ်င္းခ်င္းကိုေတာင္

ဒီေလာက္ေငးေနရသလားလို႔

မ်က္လံုးႀကီးလည္း ကၽြတ္က်သြားပါအံုးမယ္.."


"ကိုယ့္ေယာင္းမေလးက ေခ်ာျပင္ေပးၿပီးတာနဲ႔

အရမ္းလွသြားေတာ့ ေငးမိတာအျပစ္လားလို႔

မွန္းစမ္း..အနီးကပ္ၾကၫ့္ရေအာင္.."


မွဴးသည္လည္း မေနႏိုင္ေတာ့ပဲ ေမဝိုင္းေလး၏

အနီးသို႔ ကပ္သြားလိုက္ကာႏူးညံ့ေသာ

ေမးဖ်ားေလးကို အသဲတယားယားႏွင့္

ကိုင္ကာ ပင့္ေမာ့၍ၾကၫ့္မိေလသည္။

ေမဝိုင္းေလးကေတာ့ အထူးတဆန္းလုပ္ေနေသာ

မွဴးေၾကာင့္ ရွက္လြန္း၍ပါးေလးေတြေတာင္

ရဲတက္လာသည္။


ထိုရွက္အားပိုေနေသာ ဟန္ပန္ေလးက

မင္းစက္အာဏာေတာ့ မသိ‌ဘူး။

မွဴးကိုေတာင္ ရင္ခုန္ေစသည္။

မွဴးတို႔လွတယ္ဆိုတာက ႏူးႏူးညံ့ညံ့နဲ႔

မိန္းမဆန္တဲ့ အလွမ်ိဳးမဟုတ္ေပ။


မွဴးက ဆံပင္ဂုတ္ေထာက္ပဲၫွပ္ထားတတ္ၿပီး

မ်ားေသာအားျဖင့္ အေနာက္တိုင္း

ယဉ္ေက်းမႈကိုသာ တုပၿပီးျပင္ဆင္ေနတတ္သည္။


အေရာင္အႏုေတြ၊အမိွန္ေတြကိုလည္း

မႀကိဳက္တတ္သူမို႔ ႏႈတ္ခမ္းနီေတာင္မွ

ရင့္တဲ့အေရာင္ေတြကိုသာ ေရြးခ်ယ္တတ္သည္။

တစ္ဖက္မွာလည္း ဘယ္သူမွမသိေသးတာက

မွဴးဟာ ေယာက္်ားေတြကိုစိတ္မ၀င္စား

တတ္ျခင္းပဲ။


ထို႔ေၾကာင့္ မိန္းမလွေလးေတြကိုျမင္ရင္

စိတ္၀င္တစား ၾကၫ့္တတ္သည္။

မွဴးအတြက္ အလွတရားမ်ိဳးစံုကို

ျမင္ေတြ့ဖူးေပမဲ့ ေမဝိုင္းေလးရဲ့အလွကေတာ့

သူမ်ားႏွင့္ မတူဘူးဟုထင္မိသည္။


ေမဝိုင္းေလးရဲ့အလွက သူမ်ားေတြရဲ့

မိန္းမသားဆန္တဲ့အလွထက္ကို 

ပိုၿပီးမိန္းမသားဆန္ေနတာမ်ိူး။

တစ္ခ်က္ၾကၫ့္လိုက္တာနဲ႔ ႏူးညံ့ၿပီးလူတိုင္းကို

စိတ္ၾကည္လင္ေစတဲ့ အလွမ်ိဳး။

အခုလည္း ေခ်ာရဲ့ျပင္ဆင္ေပးမႈေၾကာင့္

မွဴးေတာင္ အၾကၫ့္မခြာႏိုင္ေလာက္ေအာင္

ျဖစ္ေနမိသည္။


နဂိုေကာ့ၫႊတ္ေနၿပီးသား မ်က္ေတာင္ေလးေတြကို

မ်က္ေတာင္ေကာ့ေဆးသံုးေပးထားေတာ့

(eyeliner)အိုင္းလိုင္နာေတာင္ ထပ္ျခယ္စရာ

မလိုေလာက္ေအာင္ ေကြးၫႊတ္တတ္‌ေနၿပီး

မ်က္စံညိုညိုေလးေတြကို ပိုထင္ေပၚေစသည္။


 တစ္ခ်က္မ်ွၫုတုတု ၾကၫ့္လိုက္ရံုေလးေတာင္ အၾကၫ့္ခံရသူအဖို႔ အေရေပ်ာ္က်သြားႏိုင္သည္။


အဲ့အထဲမွာ မင္းစက္အာဏာေတာ့

မပါေလာက္ဘူးထင္တာပဲ။

ဒင္းက သူ႔ကိုသူသာအေခ်ာဆံုး၊အေတာ္ဆံုးလို႔

သတ္မွတ္ထားသူေလ။


"သိပ္လွတယ္..တကယ့္ကိုဂႏၲ၀င္ဆန္ဆန္

ထုလုပ္ထားတဲ့ ယမင္းရုပ္ေလးလိုပဲ.."


"မမွဴးကလဲ ပိုၿပီ..အဲ့ေလာက္လည္းမဟုတ္ပါဘူး.."


"မပိုပါဘူး..တကယ္ေျပာေနတာ

မယံုရင္ကိုစက္ေရာက္လာတဲ့အခါမွ

ေမးၾကၫ့္ေပါ့..ေျပာရင္းနဲ႔

သူ႔ေတာင္အားက်လာၿပီ.."


ေျပာရင္းဆိုရင္ မမွဴးကမသိမသာေလး

ေမဝိုင္းေလး၏ ပန္းႏုေရာင္ပါးျပင္ေလးကို

ထိလိုက္ေတာ့ ေဘးနားကမိတ္ကပ္ဆရာက

ေခ်ာင္းထဟန႔္‌ရေလသည္။


"အဟင္း..ဟင္း..မမွဴးေရ..ဒါေလးက

မမွဴးရဲ့ေမာင္အပိုင္ေနာ္..ႏိႈက္ျမည္းဖို႔ႀကိဳးစား

မေနနဲ႔..အက်င့္ေတြကိုသိတယ္ေနာ္.."


"ကိုယ့္ေယာင္းမေလးကိုခ်စ္လို႔ဥစၥာ

ေခ်ာက..မနာလိုေနတာလားေျပာ.."


"အမယ္ေလး..ေခ်ာတို႔ကေကာင္ေလးေတြကိုပဲ

စိတ္၀င္စားတာပါေနာ္.."


"သိပါတယ္..ဒါေၾကာင့္လူပ်ိဳႀကီးျဖစ္ေနတာ.."


"ဟယ္..မမွဴးေနာ္..

ဘယ္လိုႀကီးေျပာခ်လိုက္တာလဲ.."


ေခ်ာက မိန္းမလ်ွာတစ္ေယာက္ျဖစ္လို႔

မမွဴးက သိသိႀကီးနဲ႔စလိုက္ေတာ့ 

ေဆြ့ေဆြ့ခုန္ပါေလေရာ။

ဝိုင္းေလးကေတာ့ သူတို႔ႏွစ္ေယာက္ကိုၾကၫ့္ၿပီး

သေဘာတက် ရယ္ေနမိသည္။

မမွဴးကိုေတာ့ အရင္ကကိုမင္းစက္လို

မာနႀကီးၿပီး ဆက္ဆံေရးမေကာင္းဘူးဟု

ထင္ခဲ့မိသည္။


တကယ့္တကယ္ ေပါင္းၾကၫ့္လိုက္ေတာ့

ထင္တာထက္ေတာင္ ဟိတ္ဟန္မရိွပဲ

သေဘာေကာင္းေနသလိုပဲ။

ကိုမင္းစက္တို႔ေမာင္ႏွမေတြက တသီးတသန႔္

ေနတတ္တာျခင္း တူၾကေပမဲ့စိတ္မေနာေတြေတာ့

ထင္သေလာက္ မဆိုးဘူးဟုမွတ္ခ်က္ခ်မိသည္။


"မမွဴး..အခုသြားမဲ့ပါတီပဲြကလူမ်ားမွာလားဟင္

ေနာက္ၿပီး ဇာတ္ကားေတြထဲကလို

ကၾကခုန္ၾကမွာလားဟင္.."


"ဘယ္ကလာ..ကၾကခုန္ၾကမွာလဲဝိုင္းေလးရဲ့

အခုပဲြက အႏုပညာရွင္ေတြနဲ႔

လူႀကီးလူေကာင္းေတြပဲ တက္မဲ့ပဲြပါ

အဓိကကေတာ့ KGလုပ္ငန္းစုရဲ့ပူးေပါင္း

ထားတဲ့ လုပ္ငန္းရွင္ေတြ၊အႏုပညာသမားေတြအမ်ားဆံုး လာၾကမွာေလ..ဒီႏွစ္စမွာတင္..

KGကရင္းႏွီးၿမွဳပ္ႏွံထားတဲ့ ရုပ္ရွင္ေတြ၊

ဇာတ္လမ္းတဲြေတြနဲ႔အျခားပေရာဂ်က္ေတြကေနပါ

ေအာင္ျမင္မႈေတြ အမ်ားႀကီးရထားလို႔

ဂုဏ္ျပဳတဲ့ပါတီလို႔ေျပာရမွာေပါ့..

နာမည္ႀကီး အႏုပညာရွင္ေတြလည္း

လာၾကမွာဆိုေတာ့ ဝိုင္းေလးႀကိဳက္တဲ့

မင္းသား၊မင္းသမီးေတြ့ရင္ 

ႏႈတ္ဆက္ၿပီးဓာတ္ပံုရိုက္လို႔ေတာင္ရတယ္.."


"ဒါနဲ႔မမွဴး..ထိုင္းမင္းသမီးေလး..မီရီရမ္လည္း

လာမွာဆို..ေခ်ာကအဲ့မင္းသမီးေလးကို

အရမ္းႀကိဳက္တာ.."


မီရီရမ္ဆိုသၫ့္ နာမည္ကိုေခ်ာက ေျပာလိုက္ေတာ့

မွဴးတစ္ေယာက္ မ်က္ေမွာင္ႄကံု႔သြားမိ‌ေလသည္။

မီရီယမ္က KGရဲ့ထိုင္းေဖ်ာ္ေျဖေရးကုမၸဏီ

လက္ေအာက္က အႏုပညာရွင္ျဖစ္ၿပီး

ကိုစက္ကို သူသေဘာက်ေနတာ ဒီနယ္ပယ္က

လူတိုင္းနီးပါးသိၿပီးသားပါပဲ။


ဒါေပမဲ့ ကိုစက္ကေတာ့သူ႔ကိုတစ္ခါမွ

လိုတာထက္ ပိုၿပီးအဆက္အဆံမလုပ္ခဲ့ဖူးေပမဲ့

ဒီေန့ပဲြမွာ ကိုစက္က‌ဝိုင္းေလးနဲ႔လက္ခ်င္းခ်ိတ္ၿပီး

ပဲြတက္မွာဆိုေတာ့ မီရီရမ္ရဲ့စိတ္ကို

ဆြေပးမိသလို ျဖစ္သြားႏိုင္တယ္။

ေမဝိုင္းေလးကို အႃငွိုးထားၿပီးတစ္ခုခုေတာ့

မလုပ္ေလာက္ပါဘူးေနာ္။


"မမွဴး..ပါတီပဲြက..ေကာ့ေတးတို႔ဝိုင္တို႔

ေသာက္ရတာလားဟင္.."


"မေသာက္လည္းရပါတယ္ကြာ.."


"ေတာ္ေသးတာေပါ့..ကိုမင္းစက္က

အယ္ကိုေဟာလ္နဲ႔မတၫ့္ေတာ့ ေသာက္ရမွ

ျဖစ္မယ္ဆိုရင္ သူဗိုက္ထပ္ေအာင့္မွာပဲလို႔

ေတြးမိသြားတာ.."


"ဟား..ဟား..ဝိုင္းေလးရယ္..သူ႔ေရာဂါက

အဲ့ေလာက္လည္းမဆိုးေလာက္ပါဘူး..

ကိုစက္နဲ႔က တစ္ခ်ိဳ႕ပဲြေတြမွာဆံုျဖစ္ပါတယ္

အနည္းနဲ႔အမ်ားေတာ့ သူေသာက္တာပါပဲ

လုပ္ငန္းရွင္အခ်င္းခ်င္း စကားေျပာၾကတာ

ဝိုင္တစ္ခြက္ေလာက္ေတာ့ ပါမွေပါ့ကြ

စိတ္ပူမေနနဲ႔.."


"အင္းပါ..ဟိုတစ္ခါကသူဗိုက္ေအာင့္တာကို

ေတြ့ၿပီး ဝိုင္းေလးကစိတ္ပူသြားမိလို႔ပါ.."


မွန္ထဲမွာ ေတြ့ေန‌ရေသာဝိုင္းေလး၏

မ်က္ႏွာေလးသည္ ကိုစက္ကိုတကယ္စိတ္ပူေနမွန္း

သိသာေန၍ မွဴးလည္းႃပံုးလိုက္မိသည္။


"ဝိုင္းေလးက မင္းစက္ကိုသိပ္ခ်စ္တာပဲလား.."


"ရွင္.."


"ရွက္မေနပါနဲ႔..မင္းစက္ကိုအဲ့လိုေလး

အေသးစိတ္ကအစ စိတ္ပူေပးေနတည္းက

သိပ္ခ်စ္မွန္းသိသာပါတယ္ေနာ္.."


မမွဴး၏စကားေၾကာင့္ မွန္ထဲမွာရိွေသာ

ကိုယ့္မ်က္ႏွာကိုယ္ ျပန္ၾကၫ့္လိုက္မိၿပီး

ေမးခြန္းေတြ ထုတ္ေနမိသည္။

ဝိုင္းေလး..တကယ္ပဲခ်စ္မိေနတာလား..

မင္းစက္အာဏာဆိုတဲ့ လူႀကီးကိုေလ။

မျဖစ္ႏိုင္တာ။ဝိုင္းေလးကသူ႔မွာအစာအိမ္ရိွလို႔

စိုးရိမ္ေနမိတာပါ။


ေသခ်ာတာကေတာ့သူဟာဝိုင္းေလးကို

လံုး၀ခ်စ္မွာ မဟုတ္ဘူးဆိုတာပဲ။

သူကဝိုင္းေလးနဲ႔ လက္ထက္မိတာကိုေတာင္

အႀကိမ္ႀကိမ္ ေနာင္တရေနမလားပဲ။

ဒါေပမဲ့ ပံုမွန္ဆိုရင္ဝိုင္းေလးကို

စကားေကာင္း ေျပာတတ္တာရွားတဲ့လူႀကီးက

ပါတီပဲြကို ဘာေၾကာင့္အတူတက္ခ်င္ရတာမ်ားလဲ။


မွန္ထဲက ကိုယ့္ရုပ္ကိုယ္ၾကၫ့္ေနမိေပမဲ့

သူ႔အေၾကာင္းကို ေတြးေနမိေတာ့

မ်က္လံုးထဲမွာ သူ႔ပံုရိပ္ေတြကေပၚလာေလသည္။

ထို႔ေၾကာင့္ ေခါင္းကိုသာခါယမ္းလိုက္မိသည္။


"မမွဴး..အိက်ႌကအရမ္းဟိုက္မေနဘူးလားဟင္"


"မဟိုက္ပါဘူး..လည္ပင္းဟိုက္တယ္ဆိုတာက

ခ်ပ္ခ်ပ္ကပ္ကပ္မျဖစ္တာကို ေျပာတာေလ

အေရ႔ွကဲြေၾကာင္းက ႀကီးေပမဲ့ဟိုက္မက်ေနပါဘူး

အဲ့လို ေဖာ္ထားတာေလးက ဆဲြေဆာင္မႈရိွတာ.."


မမွဴးကေတာ့ ဝိုင္းေလးကိုယံုၾကည္မႈရိွေနေအာင္

အမ်ိဳးမ်ိဳး ေျပာေနေပမဲ့ဝိုင္းေလးကေတာ့

ေျခမ်က္စိအုပ္ေနသၫ့္ ဒီဂါ၀န္ကိုအေတာ္ေလး

သေဘာမက်ျဖစ္ေနမိသည္။


ထိုစဉ္မွာပဲ အခန္းတံခါးေခါက္သံကိုၾကားလိုက္၍

ေခ်ာက တံခါးဖြင့္ေပးလိုက္ေတာ့

အခန္းထဲသို႔ ၾကည္ေအး၀င္လာၿပီး

မင္းစက္အာဏာေရာက္ေနၿပီျဖစ္ေၾကာင္း

သတင္းလာပို႔ေလသည္။


🌼🌼🌼🌼🌼


"ကိုစက္..ဝိုင္းေလးကဒါမ်ိဳးပဲြကိုပထမဆံုး

တက္တာဆိုေတာ့ ေသခ်ာဂရုစိုက္ေပးရမယ္ေနာ္"


"ကၽြန္ေတာ္သိပါတယ္.."


"ေျပာလိုက္ရင္ သိပါတယ္..သိပါတယ္နဲ႔

ၿပီးရင္ တစ္စက္မွလည္းမနာခံဘူး.."


မင္းစက္လည္း ေမဝိုင္းေလးကိုဧည့္ခန္းမွာ

ထိုင္ေစာင္းေနရင္းႏွင့္ မာတာမိခင္၏

အမွာစကားေတြေၾကာင့္ မ်က္ခံုးရိုးကို

ႏိွပ္နယ္ေနရေလသည္။

အမွန္ဆိုရင္ ဒီေန့ပဲြကိုသူတက္ဖို႔ 

လံုး၀အစီအစဉ္မရိွေပ။

ဒါေပမဲ့ စတူဒီယိုမွာျဖစ္ခဲ့တဲ့ျပႆနာေၾကာင့္

ေမဝိုင္းေလးကို ပုန္းခိုင္းေနလို႔မျဖစ္ေတာ့မွန္း

သေဘာေပါက္သြားမိတယ္။


တကယ္ဆိုရင္ ကိုယ္ကသိုသိုသိပ္သိပ္ပဲ

ေနတတ္သူမို႔ အင္တာဗ်ူးေတြေတာင္

မဂၢဇင္းစာအုပ္ေတြ အတြက္ေလာက္ပဲ

ေျဖျဖစ္ခဲ့တာ။


ပဲြေတြလည္း အမ်ားႀကီးမတတ္ျဖစ္သလို

ကိုယ့္ရဲ့ မိသားစုေတြအေၾကာင္းကိုလည္း

အမ်ားကို မသိေစခ်င္ေပ။

တကယ္လို႔ ျပႆနာတစ္စံုတစ္ရာရိွလာခဲ့ရင္

မိသားစုေတြကိုပါ ဒုကၡမေပးခ်င္‌ေသာေၾကာင့္ပါပဲ။


ထို႔ေၾကာင့္ ေမဝိုင္းေလးဘက္ကမဂၤလာေဆာင္ကို

အက်ဉ္းရံုးၿပီး လုပ္မယ္ဆိုေတာ့

လြယ္လြယ္နဲ႔ သေဘာတူခဲ့မိတယ္။

မဟုတ္ရင္ ကိုယ့္ရဲ့အသိုင္းအ၀န္းက်ယ္ျပန႔္မႈနဲ႔ဆို

ေမဝိုင္းေလးရဲ့ မ်က္ႏွာကသတင္းစာမ်က္ႏွာေတြမွာ မျမင္ခ်င္မွအဆံုးေဖာ္ျပခံေနရတာ

ၾကာေရာေပါ့။


"ကိုစက္..သြားၾကမယ္ေလ.."


အသံၾကားရာကို သူေမာ့ၾကၫ့္လိုက္မိေတာ့

ဧၫ့္ခန္းအေပါက္၀မွာ ျမင္ေနရတဲ့ပန္းႏုေရာင္

သ႑န္ေလးေၾကာင့္ ေျပာစရာေတြေတာင္

စြံ႔အကုန္သလိုပါပဲ။

သူ႔မ်က္လံုးေတြကိုေတာင္ သူမယံုႏိုင္ျဖစ္ေန၍

မတ္တပ္ထရပ္လိုက္မိေလသည္။


သူမရဲ့မ်က္လံုးေလးေတြက ဝိုင္းစက္ေနၿပီး

အ၀တ္အစားႏွင့္ လိုက္ဖက္စြာ

မ်က္ႏွာေလးကိုလည္း ပန္းႏုေရာင္ေလး

ျခယ္သထားပံုက သူ႔ႏွလံုးသားကိုမရိုးမယြ

ျဖစ္ေစသည္။


ျဖဴလြန္းတဲ့ အသားအရည္ေပၚမွာ

 တျဖတ္ျဖတ္လက္ေနေသာ ေဘာ္ၾကယ္ေလးေတြ

ထိုးထားသၫ့္ ဇာဂါ၀န္ပန္းေဖ်ာ့ေရာင္ေလးက

တစ္ခ်ိန္လံုး ေငးၾကၫ့္ခ်င္ေနစရာ

ေကာင္းေလာက္ေအာင္ ပနံသင့္ေနသည္။


တင္ပါးအုပ္သၫ့္ ဆံပင္အရွည္ေလးေတြကို

 လိႈင္းတြန႔္ပံုစံ ေကာက္ထားၿပီးအေပၚတစ္လႊာကို

ဆံၫွပ္အေသးေလးနဲ႔ ၫွပ္ထားတဲ့အခါ

ဆံၫွပ္မွ တဲြက်ေနေသာပုလဲႀကိဳးေလးက

ေခါင္းတစ္ခ်က္ေဝ့တိုင္း ယိမ္းႏဲြ႔သြား၍

ရိုးရွင္းေပမဲ့ အလွဆံုးျဖစ္ေနသလားမွတ္ရတယ္။


"အဟင္း..အဟင္း!!!ကိုစက္ရယ္..

ဒီေလာက္ေငးရရင္ေတာ္ေရာေပါ့ဟယ္..

ပဲြကၿပီးသြားအံုးမယ္.."


မမွဴးက ေခ်ာင္းဟန႔္လိုက္မွသာ မင္းစက္လည္း

တဒဂၤစိတ္လြတ္သြားတာကို ျပန္ျပင္လိုက္ၿပီး

ေမဝိုင္းေလး၏ အေရ႔ွမွာသြားရပ္လိုက္သည္။


"ဘယ္လိုလဲ..မိတ္ကပ္ကေတာ့ငါျပင္ေပးထားတာ

မဟုတ္ေပမဲ့ အ၀တ္အစားကေတာ့

ငါေရြးေပးထားတာ လွတယ္မဟုတ္လား.."


"မဆိုးပါဘူး.."


ထိုတစ္ခြန္းသာေျပာ၍ ေဘာင္းဘီအိတ္ထဲသို႔

လက္ႏိႈက္ကာ အေရ႔ွမွထြက္‌သြားေသာ

မင္းစက္ေၾကာင့္ မွဴးလည္းေဒါသထြက္သြားမိသည္။


"ဘယ္လိုေကာင္မွန္းမသိဘူး..

လွရင္လွတယ္..မလွရင္မလွဘူး‌ေပါ့

ကိုယ့္မိန္းမကို ခ်ီးက်ူးရမွာေတာင္

ေတာ္ေတာ္ ၀န္တာေလးေနပံုပဲ..

ဝိုင္းေလးသူနဲ႔ ကားအတူတူစီးရင္ 

သူ႔နားကိုမကပ္နဲ႔သိလား

သူ႔ဆီက မေကာင္းတဲ့အေငြ့အသက္‌ေတြ

ကူးကုန္မွာစိုးလို႔.."


မမွဴးကေတာ့ ဝိုင္းေလးကိုလက္ကုတ္ကာ

သူ႔ေမာင္အား ႏွာေခါင္းရႈံ႔ေလသည္။

ဝိုင္းေလးလည္း အိက်ႌကလည္ပင္းနဲနဲ

ၿပဲ‌ေနေတာ့ ရင္ဘတ္ကိုလက္ေလးနဲ႔အုပ္ၿပီး

မင္းစက္အာဏာ၏ အေနာက္သို႔ေဒါက္ကို

မနဲႏိုင္ေအာင္ထိန္းရင္း လိုက္ရေတာ့သည္။


မမွဴးကေတာ့ သူ႔ကားကိုသူထုတ္ၿပီး

ကိုယ္တိုင္ေမာင္းတာျဖစ္ကာ ဝိုင္းေလးကေတာ့

ဦးမင္းစက္အာဏာ၏ ကားထဲသို႔၀င္ဖို႔

လုပ္ရေလသည္။


ကားတံခါးေတြက ေအာ္တိုအဖြင့္အပိတ္လုပ္၍

ရေသာ တံခါးေတျြဖစ္ၿပီး ပြင့္ေနေသာ

ကားတံခါးမွေန၍ အထဲမွာဟန္က်က်ႏွင့္

ေျခခ်ိတ္ထိုင္ေနေသာ သူ႔ကိုရွင္းရွင္းလင္းလင္း

ျမင္ေနရေလသည္။


ဇာတ္ကားေတြထဲမွာဆို မင္းသမီး

ကားထဲ၀င္မဲ့အခ်ိန္ မင္းသားကတယုတယေလး

ေခၚေဆာင္ေပးၾကတယ္။

သူကေတာ့ လူကိုေအးစက္စက္ႀကီးသာ

ၾကၫ့္ေနၿပီး ေခ်ာ္လဲရင္ထေလွာင္ဖို႔

အသင့္အေနအထား ျပင္ထားသလားမွတ္ရတယ္။


ဝိုင္းေလးလည္း စိတ္တိုလြန္းလို႔

ေျခမ်က္စိဖံုးေနသၫ့္ ဂါ၀န္ေပ်ာ့ေပ်ာ့အိအိႀကီးကို

မကာ ကားထဲသို႔၀င္ထိုင္ပစ္လိုက္သည္။

ကားတံခါးပိတ္သည္ႏွင့္ ႏႈတ္ခမ္းဆူကာ

သူ႔ဘက္သို႔ၾကၫ့္လိုက္ေတာ့ သူ႔မ်က္လံုးေတြဟာ

ဝိုင္းေလး၏ ရက္ဘတ္ေနရာကို

ၾကၫ့္ေနသလိုပဲ။


"ရွင္..ဘယ္ကိုၾကၫ့္ေနတာလဲ!!.."


ေအာ္ထၫ့္လိုက္တာေတာင္ သူ႔အၾကၫ့္ေတြက

ေနရာမေရြ့သြားေတာ့ ဝိုင္းေလးမွာရွက္ရွက္ႏွင့္

မ်က္ႏွာႀကီးရဲတက္လာၿပီး ရင္ဘတ္ကို

လက္နဲ႔အုပ္လိုက္ရသည္။

သူကတကယ္ကို ႏွာဘူးအႀကီးစားႀကီးပါလား။


"ဘာလို႔အိက်ႌကို အရမ္းေပၚတာေရြး၀တ္ရတာလဲ.."


"မမွဴးေရြးေပးတာေလ.."


"က်စ္..မမွဴးကလည္း‌..မသာနဲ႔နားေတာင္း

လိုက္ဖက္ေအာင္ေတာ့ မလုပ္ေပးဘူး.."


"ရွင္ဘာေျပာလိုက္တယ္..လူႀကီးျဖစ္ၿပီး

စကားကိုၾကၫ့္ေျပာေနာ္..ရွင္ေျပာမွပဲ

ကၽြန္မက..မသာႀကီးလံုးလံုးျဖစ္ေနၿပီ.."


"အင္း..မင္းတို႔ကေလးေတြက 

လွခ်င္တာပဲသိၿပီး အကုန္လံုးကိုလွစ္ဟျပခ်င္ေနလို႔

ငါကေျပာတာေလ..ကိုယ္နဲ႔လိုက္မွန္း..

မလိုက္မွန္းအျမင္ကို မရိွၾကဘူး.."


ဒီလူႀကီး ဘာျဖစ္ေနတာလဲ 

ေတာ္ေတာ္ရစ္ေၾကာထူေနပါလား။

လူကိုမဟုတ္တမ္းတရား‌ေတြေျပာရင္ 

ဝိုင္းေလးကလည္းတစ္စက္မွ မခံႏိုင္ဘူး။


"ဘယ္မွာ လွစ္ဟျပေနလို႔လဲ..ရွင္ႏိုင္ငံျခား

ဇာတ္ကားေတြကို မၾကၫ့္ဖူးဘူးလား

ပဲြတက္၀တ္စံုပါဆိုေန..

ဒီေလာက္ေတာ့ ရိွမွာေပါ့..

ကၽြန္မလွတာကို ရွင္မနာလိုေနတာမဟုတ္လား"


"ကိုယ့္ကိုကိုယ္ ဘ၀င္ေတြဇြတ္ျမင့္မေနနဲ႔

သူမ်ားကၿမွောက္ေပးတိုင္း ေကြးေနေအာင္

လိုက္ကမေနနဲ႔..သြား..အခုခ်က္ခ်င္း

ရင္ဘတ္မေပၚတဲ့ ၀တ္စံုသြား၀တ္လာခဲ့.."


"မ၀တ္ဘူး..မ၀တ္ဘူး..

အေပၚလည္းျပန္မတတ္ခ်င္ေတာ့ဘူး

ဒီေလာက္ျဖစ္ေနရင္လည္း

ရင္ဘတ္မေပၚမဲ့ဟာ၀တ္ေနမဲ့အစား

ဂတံုးတံုးၿပီး မယ္သီလရွင္ပဲ 

တန္း၀တ္လိုက္ေတာ့မယ္.."


ဒီတစ္ခါေတာ့ ေမဝိုင္းေလးရဲ့ကလန္ကဆန္

စကားေၾကာင့္ ႏႈတ္ခမ္းကိုလက္နဲ႔အုပ္ကာ

သူရယ္လိုက္မိေလသည္။


မိန္းကေလးမွန္ရင္ အလွအပႀကိဳက္တာသိေပမဲ့

ကိုယ္ပဲ ျမင္ေနယံုဆိုမေျပာလိုပါဘူး။

အခုဟာက ပဲြထဲမွာလူအိုေတြေရာ၊လူပ်ိဳေတြပါ

စံုမဲ့အေျခအေနေလ။

ဒီလို၀တ္စားတာက တမင္သြားျပေနတာနဲ႔

တူမေနဘူးလား။


အျခားမိန္းမေတြ၀တ္တာကို 

သူတို႔ေယာက္်ားေတြက ခြင့္ျပဳႏိုင္တယ္

ဆိုရင္ေတာင္ ကိုယ္ကေတာ့နည္းနည္းေလးမွ

ခြင့္မျပဳႏိုင္ပါဘူး။

ေျပာလို႔ဆိုလို႔လည္း ေတာ္ေတာ္

လက္ေပါက္ကပ္တဲ့မိန္းမျဖစ္‌ေနေတာ့

ေနာက္ဆံုး ႀကံရာမရျဖစ္ၿပီး သူ႔လည္ပင္းက

ဖဲျပားေလးကိုသာ ျဖဳတ္ပစ္လိုက္သည္။


"မင္းသစ္..မင္းမွာတြယ္ခ်ိတ္ရိွလား.."


ကားေခါင္းခန္းမွာထိုင္ရင္း

 ေနာက္ကလင္မယားေၾကာင့္

ရယ္ခ်င္ပက္က်ိ ျဖစ္ေနေသာမင္းသစ္လည္း

သူ႔ကိုပါ ဆဲြထၫ့္လာသၫ့္ဆရာ့ေၾကာင့္

ၿပီတီတီရုပ္ကို မ်က္ႏွာပိုးအျမန္သတ္လိုက္ရသည္။


"ပါတယ္ဆရာ ဖိနပ္ပ်က္ရင္သံုးဖို႔

ေဆာင္ထားတာရိွတယ္.."


"အေရးထဲမွ..လာႂကြားေနျပန္ၿပီ.."


ဒါရိုင္ဘာဆီကေန တြယ္ခ်ိတ္လွမ္းေတာင္းေနေသာ

ကိုမင္းစက္ကိုၾကၫ့္ၿပီး ဝိုင္းေလးမွာ

အံ့ဩေနမိသည္။

တြယ္ခ်ိတ္ကိုယူၿပီး သူဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ။

မဟုတ္မွ ငါ့အိက်ႌကိုမ်ား။


"မင္းဒီဘက္ကိုလွၫ့္.."


"ဘာလုပ္မလို႔လဲ.."


"ၿငိမ္ၿငိမ္ေနစမ္းပါ..ျပန္မေမးစမ္းနဲ႔.."


ဝိုင္းေလးကို ပခံုးကေနဆုပ္ကိုင္ၿပီး

သူ႔ဘက္သို႔ အတင္းဆဲြလွၫ့္လိုက္သည္။

တြယ္ခ်ိတ္နဲ႔တဲြလိုက္သည့္

ဖဲျပားအျဖဴေရာင္ေလးကိုကိုင္ၿပီး ရင္ၫႊန႔္ဆီသို႔

သူ႔လက္ႀကီးက ရြယ္လာ၍ 

လိပ္ျပာေတာင္လႊင့္ကုန္ေတာ့မတတ္

ထိတ္လန႔္သြားမိေလသည္။


"မလုပ္နဲ႔ေနာ္..မႀကိဳက္ဘူးလို႔အပ္စူးလိမ့္မယ္"


"မႀကိဳက္ရင္ အိက်ႌသြားလဲေပါ့..

ကားထဲကိုမင္း၀င္လာတုန္းက

 ငါေတာင္အကုန္ျမင္ေနရတယ္

ပဲြထဲမွာ အျခားသူေတြကိုပါေမ်ာက္ပဲြျပသလို

လွၫ့္ျပခ်င္ေနတာလား.."


"ရွင္ေနာ္..အဟင့္..သြားလဲမွာအခုခ်က္ခ်င္း

သြားလဲမယ္လို႔..အဲ့လက္ႀကီးကိုဖယ္.."


ရဲတင္းလြန္းေသာ သူ႔လက္ႀကီးကိုခပ္ၾကမ္းၾကမ္း

ပုတ္ထုတ္ပစ္လိုက္ၿပီး ဝိုင္းေလးလည္း

ကားေပၚမွ အျမန္ေျပးဆင္း၍အိမ္အေပၚထပ္သို႔

ျပန္တက္ရေလေတာ့သည္။

မဟုတ္ရင္ ဒီလူႀကီးကတစ္ခ်ိန္လံုးရစ္လို႔

ၿပီးမယ္မထင္ဘူး။

မူးမွသာ ရစ္တတ္တယ္ထင္ခဲ့တာ

မမွဴးလည္း ရစ္တာပါပဲ။


တစ္ဖက္မွာေတာ့ မင္းစက္အာဏာခမ်ာ

ေမဝိုင္းေလးရိုက္ထၫ့္လိုက္၍ 

နာၿပီးရဲသြားေသာ သူ႔လက္ခံုကိုၾကၫ့္ၿပီး

ရႈံ႔မဲ့ေနမိေလသည္။


မင္းသစ္ကေတာ့ ဆရာတို႔လင္မယား

က်ီစားေနတာကို အစ၊အဆံုးျမင္ေနရ၍

ေအာ္ၿပီးသာ ရယ္လိုက္ခ်င္ေတာ့သည္။

ဒါေပမဲ့ ရယ္လည္းမရယ္ရဲဘူး။


"ဆရာကလည္းဗ်ာ..သူ႔ဘာသာလွခ်င္လို႔

၀တ္တာပဲ ၀တ္ပါေစေပါ့.."


"ေအး..မင္းမိန္းမမွမဟုတ္တာ..

ေျပာအားရိွမွာေပါ့..မိန္းမေတြကျပေတာ့ျပခ်င္တယ္

ေျပာေတာ့မႀကိဳက္ၾကဘူး.."


"ဟား..ဟား..ဆရာကိုကအူတိုလြန္းပါတယ္.."


"ငါဘယ္မွာ အူတိုေနလို႔လဲ..အျမင္မသင့္လို႔

ေျပာရတာ.."


"ဆင္သားေရကို..ဆိတ္သားေရနဲ႔မဖံုးခ်င္စမ္းပါနဲ႔

ဆရာရယ္..ဆရာကဘယ္တုန္းကမ်ား

အျခားသူရဲ့၀တ္စားပံုကို 

ဒီေလာက္ဂရုစိုက္ဖူးလို႔လဲ

ဆရာ့ရဲ့သ၀န္တိုေနတဲ့မ်က္ႏွာႀကီးကို

အျခားကမ႓ာကေနလွမ္းၾကၫ့္ေတာင္

ျမင္ႏိုင္ပါတယ္"


"မင္းကငါ့ကိုေလွာင္ေနတာလား..

ငါကမျဖစ္သင့္တာမျဖစ္ရေအာင္ တားေနတာကြ

မာယာမ်ားတဲ့ မိန္းမေတြရဲ့ေထာင္ေခ်ာက္မွာ

ငါဘယ္ေတာ့မွ က်ရႈံးမွာမဟုတ္ဘူး..

မိန္းမဆိုတာ ႁမြေလိုပဲအရမ္းလိန္ရပတ္ရတာကို

သေဘာက်တဲ့အမ်ိဳး..အခုပဲၾကၫ့္

အိက်ႌသြားလဲပါဆိုတာ မနည္းေျပာယူရတယ္

 သူ႔အသက္အရြယ္နဲ႔ ဒါမ်ိဳးမ၀တ္သင့္လို႔

ငါကဆံုးမေနတာ.."


"အစေတာ့ ဒီလိုပဲေျပာၾကတာပါပဲ..ၿပီးမွသာ

အဲ့ဒီ့မာယာေထာင္ေခ်ာက္ႀကီးထဲကို

ခါးေတာင္းက်ိဳက္ၿပီး ‌ခုန္ခ်ပစ္ၾကတာလဲ

ကၽြန္ေတာ္တို႔ ေယာက္်ားေတြပဲမဟုတ္ဘူးလား

ေနာက္မွသာ အဲ့ႁမြေႀကီးရစ္ပတ္တာကို

ခံခ်င္ပါတယ္ျဖစ္အံုးမယ္..

ခ်စ္ရင္ခ်စ္တယ္ေပါ့ဗ်ာ.."


"ေတာ္..ေတာ္..မင္းပါးစပ္ကိုပိတ္ေတာ့.."


"ဟုတ္ကဲ့..ပိတ္ပါၿပီ.."


ဆရာ့ရဲ့ ေဒါသေတြသူ႔ဘက္ကို

ေျပာင္းလာမည္စိုး၍ မင္းသစ္လည္း

ပါးစပ္ေပါက္အျမန္ပိတ္လိုက္ရသည္။

ထိုအခ်ိန္မွာ ေမဝိုင္းေလးသည္

 ဇာဂါ၀န္အျဖဴေလးကို၀တ္ၿပီး 

အိမ္ထဲမွထြက္လာကာ ကားေပၚသို႔

တက္လိုက္ေလသည္။


"ဒီ၀တ္စံုကေတာ့ အဆင္ေျပပါတယ္.."


မင္းစက္အာဏာလည္း သူမကိုေစ့ေစ့စပ္စပ္

ၾကၫ့္လိုက္ၿပီး ေခါင္းၿငိမ့္ျပလိုက္ကာ

‌မင္းသစ္ကို ကားစေမာင္းဖို႔

အမိန႔္ေပးလိုက္ေလသည္။

မွဴးတစ္ေယာက္ ပါတီပဲြမွာမိတ္ေဆြေတြနဲ႔

ဝိုင္းဖဲြ႔ၿပီး စကားေျပာေနႏွင့္ေပမဲ့

သူတို႔ႏွစ္ေယာက္ကေတာ့ အိမ္မွစထြက္လာရံုသာ

ရိွေသးသည္။


🌼🌼🌼🌼🌼🌼🌼


မင္းစက္တို႔မ်ား အေျပာနဲ႔အလုပ္နဲ႔ကတလဲြေတြ

2 comments:

  1. အမလေးဇာတ်ရှိန်ကောင်းတုန်းရှိသေးဖီးလ်ပျက်သွားတော့ဆန့်တငင်ငင်ဘဲမျှော် good

    ReplyDelete
  2. မြန်မြန်တည့်ပေးလိုက်တော့လို့

    ReplyDelete