(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း၃၆
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
ပါတီပွဲသည် သီးသန့်ပါတီပွဲဖြစ်ပြီး
ဇာတ်ကားတွေထဲမှာလို ကော်ဇောနီထပ်
လျှောက်ရတာမဟုတ်၍ တော်ပါသေးသည်။
ရှူထောင့်ပေါင်းစုံက မီဒီယာပေါင်းစုံနှင့်
ကင်မရာမီးတဖြတ်ဖြတ်လက်နေသော
ပွဲဆိုပါက ကြောက်လွန်း၍ဒူးတွေတောင်
ချောင်သွားနိုင်သည်။
ခုတောင် ကိုမင်းစက်ရဲ့လက်ကို တွဲထားလို့သာပေါ့
မဟုတ်ရင် ချော်လဲတာကြာပြီ။
ဝိုင်းလေးရဲ့အသွင်အပြင်ကကြတော့
အသားဖြူဖြူ အရပ်ကမရှည်လွန်း၊မပုလွန်း...
အဲ..လူကောင်ကညှပ်တော့ပုတယ်လို့လည်း
ဆိုလို့ရပါတယ်။
ခန္ဓာကိုယ်အချိုးအစားက ရှိသင့်တာရှိပေမဲ့
လုံးကြီးပေါက်လှလိုမဟုတ်ပဲ လေတိုက်ရင်တောင်
လွှင့်နိုင်လောက်သည်အထိ ပေါ့ပါးနေတာမျိုး။
ကိုမင်းစက်ကြတော့ အရပ်ရှည်ရှည်၊
ဗလကျစ်ကျစ်နဲ့ ဝံပုလွေလူသားကြီးလိုပဲ။
ဝိုင်းလေးနဲ့တော့ တစ်ခြားစီလို့ဆိုရမည်။
ပွဲထဲသို့ ၀င်လိုက်သည်နှင့် သူ့မျက်နှာက
သံမဏိလိုမာထန်ပြီး ယုံကြည်မှုရှိရှိ၊
အတွေ့အကြုံရင့်နေသူကြီးလို မော်ချီနေနိုင်ပေမဲ့..
သူနှင့်ဆန့်ကျင်ဘက်ဖြစ်စွာ ဝိုင်းလေးကတော့
ကြောက်ရွံ့နေသော မျက်၀န်းလေးတွေနှင့်
မရဲတရဲ ခပ်ရို့ရို့လေးသာ ဖြစ်နေမိသည်။
ဝိုင်းလေးအဖို့တော့ ဒီလိုလူကြီးလူကောင်းတွေ
လူဂုဏ်ထံတွေနဲ့သာ ပြည့်နေသည့်ပွဲမျိုးကို
တက်ဖူးတာက ပထမဆုံးဆိုတော့
ကြောက်လည်းကြောက် အားလည်းငယ်သည်။
အကုန်လုံးကလည်း ဝိုင်းလေးတို့နှစ်ယောက်
ပွဲထဲသို့ ၀င်လာသည်နှင့်သူတို့၏အာရုံစူးစိုက်မှုတွေ
အားလုံးကို ပြစ်လွှတ်ပြီးစူးလည်းစူးစမ်း
တီးတိုးလည်း ဆိုနေကြသည်မို့ ကျောကမလုံချင်။
အခြားသူတွေက ငါ့ကိုဘယ်လိုထင်ကြမလဲ။
ငါ၀တ်စားလာပုံက အဆင်ရောပြေရဲ့လား။
ငါ့အတင်းကိုပြောနေကြတာများလား..
စသဖြင့် ကိုယ့်အတွေးနဲ့ကိုယ်ဘုရားလှည့်ပတ်
ဖူးနေမိတာ ခေါင်းတောင်မူးချင်လာသည်။
စီအီးအိုကြီး မင်းစက်အာဏာကတော့
သူ့ကိုအရေးတယူပြုံးပြလာလည်း
ပြန်ပြုံးချင်မှ ပြုံးပြတတ်သည်။
များသော အားဖြင့်မသိချင်ယောင်ဆောင်နေတာက
များသည်။
တဖက်လူက အောင့်သက်သက်နှင့်
ခံရခက်သွားမလားလည်း သူမတွေးပေ။
ခန္တာကိုယ်ကို တဖြောင့်တည်းမတ်ထားကာ
ခံစားချက်မရှိတဲ့ ကျောက်ရုပ်ကြီးလိုပုံစံ
ဖမ်းနေသည်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။
လူဆိုတာ ရောလွန်းလျှင်လည်း
ပေါသွားတတ်သည်မဟုတ်ပါလား။
သူဟာ စီပွားရေးသမားတစ်ယောက်။
ဘယ်အရာမဆို တွက်ချက်ချိန်ဆပြီးလုပ်ရတဲ့
လူဆိုတော့ လူတိုင်းကိုစိတ်လွတ်လက်လွတ်
ပြစ်ပေါင်းလိုက်လို့ မဖြစ်သင့်တာအမှန်ပဲ။
သူနဲ့ အဆက်အဆံလုပ်ချင်သူတွေကလည်း
အကျိုးလိုလို့ ညောင်ရေသွန်ချင်သည့်
စီးပွားရေးသမားတွေများတော့ အားလုံးကို
နွားပွဲစားကြီးလို သွားကြီးဖြီးပြရင်လည်း
သူဟာ ငပေါကြီးဖြစ်သွားမှာပေါ့။
"အာ့.."
သူ့အကြောင်း ကိုယ့်အကြောင်း
လျှောက်တွေးနေမိရင်းနှင့်
စိုးရိမ်စိတ်များနေတာပါရောပြီး
နှစ်လက်မဒေါက်ကြီးနှင့်
ခြေချော်သွားလေသည်။
စီအီးအို၏ဇနီးအနေနှင့် အရှက်တကွဲအကျိုးနည်း
မဖြစ်ရအောင် သူ့လက်ကိုတင်းနေအောင်
ကိုင်ထားရင်း ဟန်ချက်ထိန်းလိုက်ရသည်။
ကံကောင်းတာက နှစ်ယောက်လုံးယိုင်မသွားတာပဲ။
ကျားကိုးစီးစားမကုန်တဲ့ သူ့ရဲ့ခွန်အားဗလက
ဒီနေရာမှာတော့ အလုပ်ဖြစ်သွားလေသည်။
"ဘာဖြစ်တာလဲ.."
"ဒေါက်ချော်သွားလို့.."
"ကိုယ့်အကြောင်းကိုယ်သိရင်လည်း
ဘာလို့ ပဲများပြီးဒေါက်အမြင့်ကြီး
စီးလာရတာလဲ.."
"ရှင်လည်းလေ..လူကိုအပြစ်တင်ဖို့ကြီးပဲ
မင်းသမီးတွေဆိုပွဲတက်ရင်ဒေါက်အမြင့်ကြီးတွေ
စီးကြတာ ရှင်မသိဘူးလား..မကြားဖူးဘူးလား
အခုပဲကြည့်ပါလား သူများတွေအားလုံး
အနည်းဆုံးသုံးလက်မဒေါက်တွေစီးလာကြတာ
ကျွန်မကသာ နှစ်လက်မဒေါက်လေးပဲ
စီးလာတာ..
မဟုတ်ရင်ကျွန်မကရှင်နဲ့ယှဉ်ရပ်တဲ့အခါ
ပုပုသေးသေးလေးဖြစ်နေမှာပေါ့.."
"ပုတော့၊သေးတော့ရော ဘာဖြစ်လဲ
ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်ကျေနပ်ရမှာပေါ့
အလကား..ဟန်တွေပန်တွေလုပ်ပြီး..
အရပ်ကရှည်ချင်နေသေးတယ်..
ဒေါက်ကြတော့ မနိုင်ပဲနဲ့.."
"ရှင်နော်..မိန်းမတွေရဲ့ခံစားချက်ကို
သိလည်းမသိပဲ စကားကိုနိုင်အောင်
လာလုပြောမနေနဲ့..
အခုကျွန်မခြေထောက်နာနေတယ်..
အမြန်ထိုင်စရာ ရှာရအောင်.."
"ကဲ..လာ..မင်းတို့မိန်းမတွေအလုပ်ကိုရှုပ်တယ်"
*ရှင့်ကသာ လျှာရှည်ပြီးဒီပွဲကို
တက်ခိုင်းတာလေဟု"
ပြန်ပြောရင်လည်း သူကဒေါသတကြီး
ပေါက်ကွဲပြအုံးမယ်။
ထို့ကြောင့် ပြန်မပြောတော့ပဲ သူ့လက်ကိုသာ
ဟန်မပျက် ချိတ်တွဲထားရင်း ဗွီအိုင်ပီစားပွဲတွေ
ဆီသို့သာ လျှောက်ခဲ့လိုက်သည်။
ခုံတွေမှာက နံပါတ်တွေပါပြီး ဝိုင်းလေးတို့က
နံပါတ်ငါးဖြစ်ကာ ရှေ့ဆုံးတန်း၏
အလည်မှာ ထိုင်ရလေသည်။
ဝိုင်းလေးတို့၏ ရှေ့တည့်တည့်မှာဆိုရင်
စတိတ်စင်ရှိပြီး ရှေ့ဆုံးအတန်းဘက်က
ဗွီအိုင်ပီခုံတွေမှာက အနုပညာရှင်အငယ်ထဲမှ
ထိပ်တန်းနာမည်ကြီးသူတွေနှင့်
ဝါရင့်ကြီးတွေသာ နေရာရလေသည်။
မီဒီယာတွေ အများအပြားမခေါ်ထားပေမဲ့
ပွဲထဲမှာတော့ ဓာတ်ပုံလိုက်ရိုက်နေသည့်
တရား၀င် လုပ်ပိုင်ခွင့်ပေးထားသူများလည်း
ရှိလေသည်။
ဝိုင်းလေးကတော့ KGရဲ့စီအီးအိုကြီးဘေးနားမှာ
ထိုင်နေရ၍ ကိုယ့်ပုံပါသွားမှာစိုးပါသည်။
"ဝိုင်ဖြည့်ပါအုံးမလားခင်ဗျာ.."
"နဲနဲဖြည့်ကွာ..."
Sora Sora, [3/24/2025 8:48 AM]
ခုံမှာ၀င်ထိုင်လိုက်သည်နှင့် ဝိတ်တာလေးက
ဝိုင်တွေလာဖြည့်ပေးသွားလေသည်။
ဒါပေမဲ့ ဝိုင်းလေးက ဝိုင်တွေဘာတွေ
မသောက်တတ်တော့ အမဲသားကိုသာဓားနှင့်
လှီးဖြတ်ပြီး မစို့မပို့လေးစားလိုက်ပါသည်။
စားလို့တော့ကောင်းသား ။
သာမာန်ချက်ထားသလိုမဟုတ်ပဲ
စိမ့်ပြီး၊အိအိလေးနှင့်မွှေးလည်းမွှေးသည်။
အိမ်မှာဆို အားပါးတရ စားလိုက်မှာပေမဲ့
ဒီမှာက စောင့်ကြည့်နေသည့်မျက်လုံးက
တစ်လုံးထဲမှ မဟုတ်ပဲ။
ဒီတော့ ပဲများပြီးအိန္ဒြေရှင်ကြီးလုပ်ကာ
စားရလေသည်။
ပင်ပန်းလိုက်တာ ။ဘယ်သူနဲ့မှလည်းမသိဘူး။
ဗိုက်စာနေလည်း အားရအောင်စားလို့မရဘူး။
ယောက်ျားလုပ်သူကလည်း တောင့်တောင့်ကြီးနဲ့။
နေနိုင်လိုက်တာများ အပျင်းပြေအောင်
အနေမခက်အောင်
စကားပြောပေးမယ်ကိုမရှိဘူး။
"အလိုက်ကိုမသိဘူး..."
"ဘာပြောလိုက်တယ်.."
"ဘာမှမဟုတ်ပါဘူး.."
တစ်ကိုယ်စာ ကြားယုံလေးပြောလိုက်ပေမဲ့
ပွဲထဲမှာ လူသံတွေ၊ဖျော်ဖြေသံတွေဆူနေတာတောင်
ကြားဖြစ်အောင် ကြားလိုက်သေးသည်။
ထို့ကြောင့် သူ့ကိုမသိမသာ
မျက်စောင်းထိုးလိုက်ပြီး အခြားဘက်သို့
ကြည့်လိုက်မိတော့.. တစ်ခုံကျော်မှာထိုင်နေသော
မမှူးနှင့် အကြည့်ချင်းသွားဆုံလေသည်။
မမှူးကလည်း လက်ပြနှုတ်ဆက်သည့်အပြင်
ပြုံးပြလာ၍ ဝိုင်းလေးလည်း ပြန်ပြုံးပြလိုက်သည်။
ဘာလို့များ မမှူးတို့နဲ့အတူမထိုင်ရတာလဲ။
မောင်နှမအချင်းချင်းတောင်
ခုံခွဲထားတာပါလား။
မမှူးရဲ့ဘေးမှာတော့ ကိုဦးကဝိုင်ခွက်ကိုမြည်းလိုက်
အမဲသားတုံးလေးကို လှီးစားလိုက်နှင့်
အလုပ်ရှုပ်နေလေသည်။
မမှူးက ဝိုင်းလေးကိုလက်ပြနှုတ်ဆက်တော့မှသာ
သူ့က မော့ကြည့်လာသည်။
ကိုဦးနှင့်ဝိုင်းလေးအကြည့်ချင်း ဆုံသွားခိုက်မှာ
ပြုံးပြမလို့ပြင်ရုံရှိသေး ခေါင်းတစ်ခုက
ကြား၀င်ခံလာသည်။
သေချာပေါက် မင်းစက်အာဏာပဲပေါ့။
အစက ပြုံးမလို့တွေးထားမိပေမဲ့
လူကိုမသင်္ဃာသလိုကြည့်နေတဲ့ အဲ့ဒီ့အေးစက်စက်
မျက်၀န်းကြီးတွေကြောင် နှုတ်ခမ်းတွေတောင်
အေးခဲတော့မလိုပဲ။
"ဘယ်ကိုကြည့်နေတာလဲ.."
"ဘယ်ကိုကြည့်ကြည့်ပေါ့.."
"မသိရင်ခက်မယ်.."
အောင်မာသူကပဲ ခနဲ့ရတယ်ရှိသေး။
ကျောက်ရုပ်ကြီးလိုထိုင်နေတဲ့ သူ့ကြောင့်
ကိုယ်နဲ့သိတဲ့လူတွေကို ရှာမိတာအပြစ်လား။
"ပြောပါအုံး ရှင်ကဘာကိုသိနေတာလဲ.."
"မင်းတို့မိန်းမတွေက အပြောတစ်မျိုး
အလုပ်တစ်မျိုးတွေဆိုတော့ ပြောပြလည်း
ဘူးခံငြင်းမှာပဲ အဲ့တော့
ငါကလွဲပြီး အခြားသူတွေကိုမကြည့်နဲ့
အထူးသဖြင့် ယောက်ျားတွေကို.."
"အော်..ရှင်ကတော်တော်ကြည့်ကောင်းနေတော့
ရှင့်ကိုပဲ ကြည့်ရမယ်ပေါ့.."
"သိရင်လည်းပြီးရော.."
ဒီလူဟာလေ ရွဲ့ပြောလို့ပြောမှန်းလည်းမသိ။
သူ့ကိုပဲ ကြည့်ရမည်တဲ့။
အားအားယားယား သူ့ပဲကြည့်ရမယ်ရှိသေး။
သူ့ကိုထိုင်ကြည့်နေမဲ့အစား
ရွှေတိဂုံဘုရားဇောင်းတန်းက
ခြင်္သေ့ရုပ်ထုကြီးတွေကိုပဲ ကြည့်လိုက်တော့မယ်။
သူကလည်း အင်္ဂါသားကိုခြင်္သေ့ကြီးဆိုတော့
အသွင်အပြင်တူတယ်လေ။
"ဒီနေ့တစ်နေ့လုံး ရှင်တော်တော်ထူးဆန်းနေတယ်"
"ပြောပါအုံး..ဘာထူးဆန်းနေတာလဲ.."
"ကျွန်မကို တစ်ခုမဟုတ်တစ်ခုကြည့်ပြီး
အပြစ်တွေကြီးပဲ ပြောနေတာလေ..
အ၀တ်အစား၀တ်တာကအစ အခုကိုယ့်မျက်လုံးနဲ့
ကိုယ်ကြည့်တာအထိ အပြစ်တွေကြီးပြောနေတာ..
မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါလား
လူကို ဘာလို့လိုက်ချုပ်ခြယ်နေရတာလဲ"
"ငါ့ကိုမင်းမစော်ကားနဲ့ ငါကမဖြစ်သင့်တာ
မဖြစ်ရအောင်ပြောနေတာ..
လည်ပင်းအဟိုက်နဲ့ အိင်္ကျီကို၀တ်လာရင်
အခုလို စားစရာရှိတာကိုလွတ်လွတ်လပ်လပ်
စားလို့ရပါ့မလား..ဒေါက်အနိမ့်သာစီးလာရင်
ခြေထောက်ရော နာပါအုံးမလား..
မင်းရဲ့ပုဇွန်ဦးနှောက်နဲ့ မိုင်တိုတိုလေးတွေးမနေနဲ့
မိဘပေးစားလို့သာ ငါ့လိုလူမျိုးနဲ့ရတာ
မင်းဘာသာဆို အခုလိုဉာဏ်တိမ်ပုံမျိုးနဲ့
ဆိုက်ကားသမားတောင် လာကြိုက်မှာမဟုတ်ဘူး"
"ရှင်နော်..စကားကိုကြည့်ပြော..
လူကိုများ ဆိုက်ကားသမားတောင်မကြိုက်ဘူး
ဘာညာနဲ့..အရင်နေခဲ့တဲ့လမ်းထဲမှာဆို
ကျွန်မကိုလာကြိုက်တဲ့လူတွေထဲမှာ
အင်ဂျင်နီယာတွေဆရာ၀န်တွေတောင်ပါသေးတယ်
အမေ့တို့ကိုတောင် လာနားဖောက်တာခဏခဏပဲ အမေတို့ကလက်မခံလို့
ကျွန်မကိုရှင်ရတာပါ သိရဲ့လား
သိပ်ပြီးလည်း ဘ၀င်လေဟပ်မနေနဲ့
ရှင့်ကိုရတော့မှသာ ကျွန်မမှာအနေကြုံ့၊
အစားကြုံ့နဲ့ အိမ်အလုပ်သမားဆီကနေတောင်
ပိုက်ဆံတောင်းသုံးရတဲ့အဖြစ်..."
"ဘာ..မင်းကိုငါဘယ်တုန်းက
ပိုက်ဆံပေးမသုံးလို့လဲ..ဟိုတစ်နေ့ကငါမင်းကို
ကဒ်ပေးထားတယ်လေ"
"အဲ့ဒါက ဟိုတစ်နေ့ကမှပေးတာလေ..
ကျွန်မပြောတာအရင်ကဟာကို"
"အသုံးလိုရင် ငါ့ကိုပြောလို့ရလျှက်နဲ့
ဘာလို့မပြောခဲ့တာလဲ..
မင်းလုပ်ပုံမဟုတ်သေးပါဘူး.."
"အော်..ကျွန်မကရိုရိုကျိုးကျိုးနဲ့လက်ဖြန့်ပြီး
လိုက်တောင်းစရာလား ရှင်တို့ယောက်ျားတွေက
အလိုက်သိရမှာလေ..ပြောပြန်ရင်လည်း
လိုချင်တယ်ဖြစ်အုံးမယ်.."
"အင်း..ကောင်းသန့်ပြောတာမှန်တယ်..
မိန်းမတွေက ငွေမက်ကိုမက်တယ်.."
"အဲ့တာငွေမက်တာမဟုတ်ဘူး..
ရှင်အလိုက်မသိတာကိုပြောနေတာ
တော်ပြီတော်ပြီ..ထပ်မပြောချင်တော့ဘူး.."
မင်းစက်လည်း ဒီနေ့မှဘာကြောင့်
စိတ်တို၊စိတ်ဆက်နေသလဲ မသိတော့ပေ။
ပုံမှန်ဆို ဘယ်ပွဲတက်တက်အေးအေးဆေးဆေးပဲ
ထိုင်နေတတ်ပေမဲ့ အခုတော့ဒီပုဇွန်မလေးကြောင့်
စိတ်အနှောက်အယှက်တွေ အမျိုးမျိုး
ဖြစ်နေရလေသည်။
စကားတွေလည်း ရေပက်မ၀င်အောင်
အများကြီး ပြောနေမိပြီး။
အလိုလိုနေရင်း တွန့်တို၊၀န်တိုစိတ်တွေနှင့်သာ
လှိုင်းထန်နေမိသည်။ဒါတောင် သူ့ကိုယ်သူ
မနည်းထိန်းနေရတာ။
ဒီကောင်မလေးကလည်း ဒီနေ့မှအာ၀ဇွန်းတော်တော် ရွှင်နေပုံရတယ်။
ကိုယ်ကတစ်ခွန်းဆို သူကတစ်ခွန်း
ပက်ခနဲ၊ပက်ခနဲ ပြန်ပြန်ပြောနေတာ။
ကိုယ်ပဲ အလိုလိုက်၊အလျှော့ပေးနေမိလို့များလား။
❤️❤️❤️❤️❤️❤️
နှစ်ယောက်သား ခပ်ကြိတ်ကြိတ်
ရန်ဖြစ်အပြီးမှာတော့ ဝိုင်းလေးတို့စားပွဲနေရာသို့
အခြားဧည့်သည်တွေပါ ရောက်လာလေသည်။
ပထမဆုံးရောက်လာသူကတော့
အတွင်းရေးမှူးမချစ်သဲ၏အဖေ
ဦးချစ်မောင်ဖြစ်လေသည်။
ဦးချစ်မောင်က KGလက်အောက်တွင်ရှိသော
ဖျော်ဖြေရေးကဏ္ဍမှလွဲ၍ အခြားလုပ်ငန်းများတွင်
ရှယ်ရာအများဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပြီး
သူကလည်း မင်းစက်အာဏာနှင့်
တန်းတူထိုင်ခွင့်ရှိလေသည်။
ဦးချစ်မောင်က ဝိုင်းလေးတို့စားပွဲမှာလာထိုင်တော့
အဖော်လိုက်လာသော မချစ်သဲခမျာ
ဟိုးနောက်ဘက် ခုံတန်းကနေတကူးတက
သူ့အဖေဆီ ရမယ်ရှာပြီးလာတော့တာပဲ။
"ကိုစက်လည်း လာတယ်နော်.."
ဦးမင်းစက်အာဏာ ဒီပွဲကိုတက်တဲ့ကိစ္စက
ပွဲတက်လာသူတိုင်း သိတာဖြစ်လို့မချစ်သဲလည်း
မသိစရာအကြောင်း မရှိပါဘူး။
တမင် အရူးကွက်နင်းပြီး မိတ်ဆက်ချင်လို့
စကားမရှိစကားရှာပေမဲ့ မင်းစက်အာဏာကတော့
သူ့ကို မော့တောင်ကြည့်မလာပေ။
သူ့ဝိုင်ခွက်နှင့်သူသာ အလုပ်ရှုပ်နေပြီး
စိုးရိမ်စိတ်နဲ့ ညာဘက်လက်သည်းခွံလေးတွေကို
ကုတ်ခြစ်နေသော ခုံအောက်မှမေဝိုင်းလေး၏
လက်ဖြူဖြူသေးသေးလေးတွေကိုသာ
အသဲတယားယားနှင့် ကြည့်နေခဲ့လေသည်။
ဦးချစ်မောင်လည်း အရင်ပြဿနာကြောင့်
တစ်ပူပေါ်နှစ်ပူဆင့်မည်စိုး၍ မျက်စပစ်ပြမှသာ
မချစ်သဲကဝိုင်းလေးကို မနာလိုအူတိုစွာ
ခပ်မဲ့မဲ့ ကြည့်လာတော့သည်။
ပြီးနောက် ပြန်၍လှည့်ထွက်သွားလေသည်။
*ဝိုင်းလေးကတော့ မချစ်သဲရဲ့မျက်၀န်းတွေကနေ
ကျိန်ဆဲနေသော အသံတွေကိုတောင်
ကြားနေသလို ခံစားလိုက်ရ၍
ထိတ်လန့်သွားမိလေသည်..*
ထိုစဉ် ခုံအောက်မှာကွယ်၀ှက်ထားသည့်
ဝိုင်းလေး၏ လက်တွေကိုဆွဲယူလိုက်သော
လက်နွေးနွေးကြီးကြောင့်
လန့်တောင်သွားမိတယ်။
"လက်တွေက..ဘာလို့အေးစက်နေတာလဲ.."
အနားကို ကပ်ပြီးခပ်တိုးတိုးပြောလာတဲ့
သူ့ကြောင့် တမင်ကိုမျက်စောင်းထိုးပစ်လိုက်သည်။
"အဲ့ဒါရှင့်ကြောင့်လေ..ရှင့်ကိုအသေရရ
အရှင်ရရဖြစ်နေတဲ့ မိန်းကလေးတွေရဲ့
အကြည့်တွေကြောင့် အငွေ့တောင်ပျံချင်လာပြီ.."
"အဲ့ဒါမင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်
ကိုယ့်လို အဖိုးတန်မျိုးကိုမင်းရလိုက်တဲ့အတွက်
သူများနောက်မပါအောင်
သေချာကာကွယ်ထားပေါ့..."
သူ့ကိုယ်သူအတိသယဝုတ္တိအလင်္ကာတွေသုံးပြီး
အလွန်အကြူး ဂုဏ်ဖော်နေလိုက်တာများ
အမြင်ကပ်ဖို့တောင် ကောင်းသေးတယ်။
သေရင် အခေါင်းထဲကိုပဲ ၀င်ရမှာကိုများ။
*အင်း..သူကသေတာတောင်
လက်ဝါးဖြန့်ပြမဲ့အစား..
လက်မထောင်ပြမဲ့အမျိုးပါလေ..*
"အော်..ဘယ်သူများလဲလို..
မေဝိုင်းလေးဖြစ်နေတာပဲ.."
ဒီအသံကို ဝိုင်းလေးအရမ်းရင်းနှီးနေသလိုပဲ။
မော့ကြည့်လိုက်မိတော့ အနက်ရောင်
၀တ်စုံနှင့် လှပကျော့ရှင်းနေသော
အမျိုးသမီးကို တွေ့လိုက်ရသည်။
"မမထိပ်ထား.."
အလန့်တကြားနှင့် ဝိုင်းလေးထရပ်မိမလို
ဖြစ်သွားချိန်မှာ လက်ကိုဖမ်းဆွဲလိုက်သည့်
ကိုမင်းစက်ကြောင့်သာ မဟုတ်ရင်
စားပွဲကြီးတောင် ပြောင်းပြန်လန်သွားမလားပဲ။
ဒီပွဲမှာမမထိပ်ထားကို တွေ့ရမယ်မထင်ခဲ့မိတော့
အလိုလိုနေရင်း ချွေးစေတွေတောင်
ထွက်ချင်လာသလိုပဲ။
အစပိုင်းက နဲနဲကြောက်မိပေမဲ့
လက်ကိုဆုပ်ကိုင်ပေးထားတဲ့ ကိုမင်းစက်ကြောင့်
ခဏတွင်းမှာ စိတ်လှုပ်ရှားတာကိုထိန်းလိုက်နိုင်ပြီး
တည်ငြိမ်သွားလေသည်။
မမထိပ်ထားကို သေချာဂရုတစိုက်ကြည့်လိုက်တော့
သူတစ်ယောက်တည်းမဟုတ်ပဲ
အခြားယောက်ျားတစ်ယောက်ရဲ့ လက်ကိုချိတ်လို့။
ထိုလူကြီးက အသက်လေးဆယ်လောက်တောင်
ရှိလိမ့်မည်။
ကြည့်ကောင်းနေသေးတယ် ဆိုပေမဲ့
ဇရာက ညာလို့မရပါဘူး။
မမထိပ်ထား ဘာတွေလုပ်နေတာလဲ။
ဂျပန်ကနေ ပြန်လာပြီးနောက်ပိုင်းအိမ်မကပ်တာ
ဒီလို လူမျိုးနဲ့တွဲနေလို့လား။
ဒီလူကလည်း သူ့ရဲ့ပထမမြောက်တောင်
ဟုတ်ချင်မှဟုတ်မှာ။
ဝိုင်းလေးကသာ မမထိပ်ထားအစားမျက်နှာပူပြီး
ယူကြုံးမရဖြစ်နေမိပေမဲ့ မမရဲ့မျက်နှာကတော့
ဒီအသက်လေးဆယ်ကျော်ကြီးရဲ့လက်ကို
တွဲထားရလို့လည်း မထူးဆန်းတော့သလိုပဲ။
အရည်ထူနေသည့် မျက်နှာပေးမျိူးပေါ့။
ရှက်ရကောင်းမှန်းလည်းမသိ။
သိန်းချီတဲ့ထီလတ်မှတ်ကြီးကို ကိုင်ထားမိသလို
မျက်နှာပေးမျိုးကြီး။
တစ်နေ့နေ့မှာ သူကသာချမ်းသာမှာဆိုသည့်
ပုံစံမျိုးနှင့် မျက်နှာကိုချီထားလေရဲ့။
သူ့ရဲ့ထီလတ်မှတ်ကြီးက ဒိတ်လွန်နေတာတော့
မသိရှာဘူး။
မေမေတို့သာ ဒီအကြောင်းတွေကိုသိရင်
ရင်ကွဲမှာသေချာတယ်။
ဒေါ်လေးသာဆို ရင်ထုမနာဖြစ်နေမှာ။
ဖွားဖွားသာသိရင် မေ့လည်းလောက်တယ်။
ဝိုင်းလေး သွားပြောပြလို့လည်းမဖြစ်သလို
မမထိပ်ထားကိုလည်း မဖြောင်းဖျရဲပေ။
"ကိုစက်..မတွေ့ရတာကြာပြီ..နေကောင်းတယ်နော်"
ဒီတစ်ခါတော့ ကိုမင်းစက်ကမချစ်သဲလို
မျက်နှာမလွဲတော့ပဲ မမထိပ်ထားကို
ခေါင်းငြိမ့်ပြလေသည်။
ဒါပေမဲ့ သူ့မျက်လုံးထဲမှာတော့
အထင်သေးမှုအပြည့်ပဲ။
"ထိပ်ထားက မောင်မင်းစက်နဲ့သိလို့လား.."
ဘေးမဇ ဟိုအသက်လေးဆယ်လူကြီးကလည်း
အသံထွက်လာလေသည်။
"သိတာပေါ့..ဒါကထိပ်ထားရဲ့ညီမလေးလေ
မေဝိုင်းလေးလို့ခေါ်တယ်..ကိုစက်နဲ့ကလည်း
ဟိုးငယ်ငယ်တည်းကသိခဲ့တာ..
ထိပ်ထားတို့သုံးယောက်က အရမ်းခင်ကြတာလေ"
"ဟုတ်လား..ဒါဆိုအတော်ပဲပေါ့..နောက်ပိုင်း
မောင်မင်းစက်နဲ့ ဆွေးနွေးစရာရှိရင်ထိပ်ထားကိုပဲ
အားကိုးရတော့မှာပဲ..မောင်မင်းစက်
ဦးမင်းနဲ့ ဆွေးနွေးစရာလေးရှိလို့
အဆင်ပြေနိုင်မလား.."
"၀မ်းနည်းပါတယ်..ဦးကိုကိုလွင်..
ကျွန်တော်ခေါင်းသိပ်မကြည်လို့ အေးဆေးပဲ
အနားယူချင်ပါတယ်..တစ်ခုခုဆွေးနွေးစရာရှိရင်
နောက်ရက်မှ ကျွန်တော့်ကုမ္ပဏီမှာ
တွေ့ဆုံဖို့ ကြိုတင်လာအကြောင်းကြားထားပါနော်"
"အချိန်ခဏလေးပါပဲကွာ.."
"အဆင်မပြေလို့ပါ.."
ဟိုလူကြီးကလည်းမမထိပ်ထားမျက်နှာနဲ့
ရမယ်ထင်ကာ စကားပြောချင်လို့
ရမယ်ရှာနေပြီး ကိုယ်တော်ကလည်း
ခပ်ချေချေနဲ့ ငြင်းလွှတ်နေတော့ နောက်ဆုံးမှာ
မမထိပ်ထားက ဝိုင်းလေးကိုမျက်စပြစ်နေသည်။
သူမျက်စပြစ်တော့ရော ဝိုင်းလေးက
ဘာလုပ်နိုင်တာမှတ်လို့။
မင်းစက်အာဏာဆိုတာ ဝိုင်းလေးထိန်းချုပ်လို့ရတဲ့
အရုပ်ကြီးမှ မဟုတ်တာ။
"မေဝိုင်းလေး..ကိုစက်ကိုဝိုင်းပြောပေးအုံးလေ
မမတို့နဲ့ မတွေ့တာကြာလို့
သူစိမ်းဆန်သွားတာများလား..အချင်းချင်းတွေပဲကို
စကားပြောဖို့လောက်လေးတော့မျက်နှာသာ
ပေးပါအုံးလို့..မေမေတို့ကတောင်ပြောနေကြပြီ
ဝိုင်းလေးက သူတို့ကိုမေ့တောင်နေပြီလားတဲ့"
မေမေတို့ကိုပါ ဆွဲထည့်လာတော့
အခက်တွေ့ရလေပြီ။
စကားမပြောချင်ပါဘူးလို့ ကာယကံရှင်က
ခေါင်းမာနေတာကို သူတို့ကလည်းဇွတ်ပဲ။
ကိုမင်းစက်ကို မျက်နှာရိပ်ပြကြည့်လိုက်ပေမဲ့
သူကလည်း လက်ခံပုံမပေါ်တော့ ဝိုင်းလေးလည်း
ငြိမ်နေလိုက်ရသည်။
မမထိပ်ထားတို့အတွဲကတော့ ပြောမရတဲ့အဆုံး
စိတ်ဆိုးဆိုးနဲ့ သူတို့နေရာကိုသာ
ပြန်သွားကြလေသည်။
စိတ်ညစ်လိုက်တာ တစ်ယောက်ပြီးတစ်ယောက်
အကုသိုလ်က တစ်ခုပြီးတစ်ခု။
ရင်ပူလာ၍ တွေ့ရာခွက်ကိုသာ
ကောက်မော့ချလိုက်မိလေသည်။
"ဟင်..ဝိုင်တွေပါလား.."
အယောင်ယောင် အမှားမှားနှင့်ရေနဲ့ဝိုင်တောင်
မှားကုန်လေပြီ။
ဟုတ်သားပဲ ရေကဗူးလိုက်ချထားတော့
အဖုံးတောင် မဖွင့်ရသေးဘူးလေ။
စိတ်ညစ်ပါတယ်။
နောက်ဘယ်တော့မှ ဒီလိုပွဲမျိုးမတတ်တော့ဘူး။
"ဟိုင်း..ဘော့စ်..မတွေ့ရတာကြာပြီနော်.."
လာပြန်ပြီနောက်တစ်ယောက်။
ထပ်ပြီး မော့ကြည့်လိုက်မိတော့ထိုင်းသံဝဲဝဲလေးနဲ့
ကိုမင်းစက်ကို လာနှုတ်ဆက်သူမှာ
ထိုင်းမင်းသမီးလေး မီရီရမ်ပင်ဖြစ်သည်။
နာမည်ကြီးမင်းသမီးမို့ သူ့ဇာတ်ကားတွေတော့
ကြည့်ဖူးပါတယ်။ဒါပေမဲ့ သူ့ကိုတော့
အကြိုက်ကြီးရယ် မဟုတ်ဘူး။
အခုအပြင်မှာတွေ့ရတော့ ဇာတ်ကားတွေထဲက
ထက်တောင် ပိုလှနေသလိုပဲ။
ဒါပေမဲ့ သူ့အသံကတစ်မျိူးပဲ။
ချွဲတာလိုလို ညှို့အားပြင်းအောင်ဖြူစင်တဲ့ပုံစံ
ဖမ်းနေသလိုလိုနဲ့။
ပြီးတော့ ဝိုင်းလေးကိုလည်းသိပ်ကြည်ပုံမရဘူး။
"ဒါနဲ့..ဘော့စ်သူကဘယ်သူလဲ.."
"My wife(ငါ့မိန်းမ..)"
အင်္ဂလိုပြောလိုက်တဲ့ သူ့ရဲ့စကားကတိုပြတ်ပေမဲ့
သူ့လေသံက လေးနက်ပြီးကန်ရေပြင်လို
တည်ငြိမ်နေလေသည်။
မီရီရမ်ကတော့ ထိုစကားတစ်ခွန်းနဲ့တင်
စွန့်အသွားခဲ့သည်။
ပွဲထဲကို နှစ်ယောက်သား၀င်လာတည်းက
သိပြီးသားဆိုပေမဲ့ ထပ်ကြားရတော့လည်း
နားမခံသာနိုင်ပေ။
ဘော့စ်ကိုယ်တိုင် ပြောနေတော့မယုံလို့လဲမရဘူး။
ဒါပေမဲ့ မင်းသမီးဆိုတော့ဟန်ဆောင်
ကောင်းရမည်လေ။ကိုယ်လိုချင်တဲ့ပစ္စည်းကို
သူများက လုသွားတိုင်းလွယ်လွယ်
ပေါက်ကွဲလို့လည်း မဖြစ်ပြန်ဘူး။
"ဂုဏ်ယူပါတယ်မိန်းကလေး..ဘော့စ်လိုလူနဲ့
လက်တွဲခွင့်ရတာ မင်းအရမ်းကံထူးတာပဲ..
ဘော့စ်ရဲ့ဘေးနားမှာ အတူရှိချင်တဲ့
မိန်းကလေးတွေထဲကမှ
မင်းလိုသာမာန်မိန်းကလေးကို
ရွေးချယ်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး
ဘော့စ်ရဲ့နှလုံးသားကို အပိုင်ရလိုက်တဲ့အတွက်
တို့မင်းကို ဂုဏ်ပြုပါရစေ.."
မီရီရမ်က သူ့ဘာသာပြောပြီး
ဝိုင်းလေးထိုင်နေသည့် ဘက်သို့လျှောက်လာကာ
သူ့ကိုင်လာသော ဝိုင်ခွက်နှင့်ဂုဏ်ပြုချင်နေပေမဲ့
ရှေ့တိုးလာသော ထိုဝိုင်ခွက်ကို ကိုမင်းစက်က
လှမ်းတားလိုက်လေသည်။
"ကိုယ်တို့လက်ထက်ထားတာက
မနေ့တနေ့ကမဟုတ်လို့ မင်းရဲ့ဂုဏ်ပြုမှုကို
လက်ခံလို့မသင့်တော့ပါဘူး..
နောက်ပြီးသူက ငါရွေးချယ်လိုက်တဲ့မိန်းကလေးမို့
သာမာန်မဟုတ်ဘူး.."
သူ့စကားကြောင့် ဝိုင်းလေးတောင်
မျက်လုံးပြူးသွားရလေသည်။
သူရွေးချယ်လိုက်လို့ ဝိုင်းလေးက
သာမာန်မိန်းကလေးမဟုတ်တော့ဘူးဆိုတော့။
အရင်ကတော့ သာမာန်ပဲလို့ဆိုလိုတာလား။
လူကို မြှောက်နေတာလား ၊ချနင်းပြီးဖနှောင့်နဲ့
ပေါက်နေတာလားပဲ။
မီရီရမ်ကတော့ ဘော့စ်၏စိမ်းကားသော
အကြည့်စူးစူးနှင့်ကြည့်ခံလိုက်ရတဲ့အပြင်
ကိုယ့်စကားနဲ့ပါ ပြန်အပက်ခံလိုက်ရတော့
ရှက်သွားမိလေသည်။
တစ်ချိန်တည်းမှာ ဘော့စ်ကိုအပြီးအပိုင်
ဆုံးရှုံးလိုက်ရပြီဟု သိလိုက်ရ၍
စိတ်တွေ ဂဏှာမငြိမ်တော့ပဲ ဝိုင်ခွက်ကို
ကိုင်ထားသော လက်တွေပါတုန်ယင်လာလေသည်။
"အား..."
မေဝိုင်းလေးမှာ ထိုင်နေရင်းနှင့်ပေါင်ပေါ်တွင်
အေးခနဲ ဖြစ်သွား၍လန့်ပြီးထအော်လိုက်မိလေသည်။
မင်းစက်လည်း အထိတ်ထိတ်အလန့်လန့်
ဖြစ်သွားပြီး ငုံ့ကြည့်လိုက်တော့မေဝိုင်းလေး၏
၀တ်စုံပေါ်မှာ ဝိုင်တွေဖိတ်နေတာကို
တွေ့လိုက်ရသည်။
"ကျွန်မတောင်းပန်ပါတယ်နော်..
လက်ချော်သွားလို့ပါ..."
"ထွက်သွား!!!"
မီရီရမ်လည်း အားနာပြီးတောင်းပန်လာပေမဲ့
မင်းစက်ကအော်ထည့်လိုက်၍ မျက်ရည်လေးတွေ
ဝဲကာ နေရာမှထွက်သွားလေတော့သည်။
ဝိုင်ရည်တွေစွန်းသွားသည့်နေရာကို တစ်ရှူးတွေနှင့်
ဖိသုတ်လိုက်ပေမဲ့ မပြောင်တော့တာကို
တွေ့လိုက်ရလေသည်။
"၀န်ထမ်းတစ်ယောက်ကို အဖော်ထည့်လိုက်မယ်
နားနေဆောင်ကိုသွားလိုက်..ခဏနေအ၀တ်အစားလဲဖို့ ယူပြီးကိုယ်လိုက်လာခဲ့မယ်..."
"ဟုတ်ကဲ့.."
ဒီတစ်ခါတော့ သု့အမိန့်ကိုနာခံရပေမည်။
မဟုတ်ရင် စွန်းထင်းနေသည့်၀တ်စုံကြီးနဲ့
အိမ်မပြန်ချင်ပေ။
ကိုယ့်ဘာသာ အေးဆေးနေတာတောင်
ပြဿနာက အေးဆေးမနေတော့
စိတ်ညစ်နေရသည်။
မိန်းမတွေကလည်း ပိုင်ရှင်ရှိတဲ့ယောက်ျားကိုမှ
ဘာလို့ဒီလောက်ငမ်းငမ်းတက်လိုချင်နေကြလည်း
မသိဘူး။
ကိုမင်းစက် ချောတာ၊ဆွဲဆောင်မှာရှိတာကို
လက်ခံပေမဲ့ ဒီလောက်အထိမိန်းမငုတ်တုတ်ကြီး
ရှိနေတာတောင် လာမြှူချင်ကြတာတော့
တရားလွန်လွန်းတယ်။
ဘယ့်နှယ့်ဟာတွေမှန်းကိုမသိဘူး။
"အစ်မအဆင်ပြေရဲ့လား.."
"ဟုတ်ပြေပါတယ်.."
နားနေခန်းသို့ သွားနေတော့မှဝိုင်တစ်ခွက်ကို
တစ်ဂျိုက်တည်း မော့သောက်မိတဲ့အရှိန်က
စလာပြီမှန်း သိလိုက်ရသည်။
ဝိုင်းလေးက ကွမ်းယာတောင်ဆေးသေးသေးလေး
ပါတောင် မူးတတ်သည့်လူဖြစ်သည်။
ငယ်ငယ်က ဖေဖေစားတဲ့ကွမ်းယာကို ယူစားမိလို့
အိမ်ကြီး ပတ်ချာလည်နေသလိုအမူးသမား
ဖြစ်ခဲ့တာကို အခုထိမမေ့သေးပေ။
အခုလည်း အရွယ်ရောက်ပြီဆိုပေမဲ့
ထို့နည်းတူဖြစ်ချင်နေသလိုပဲ။
အဆောင်ကြီးက လည်မနေတော့ပေမဲ့
ဒေါက်က ခဏခဏချော်ကျနေ၍
နောက်ဆုံး ဟန်ချက်ပျက်ပြီး
လဲမလိုဖြစ်သွားမည့်အချိန်မှာ..
"သတိထားမှပေါ့..ဝိုင်းဝိုင်းရယ်.."
"ကိုဦးလား.."
"အင်း..."
ကိုဦး၏မျက်နှာကြီးကိုကြည့်ပြီး ကိုဦးလားဟု
မေးလိုက်မိသည်။
တကယ်ကို ရူးကြောင်ကြောင်နိုင်တာပဲ။
"ညီမပြန်ရင်ပြန်လိုက်တော့ အစ်ကိုပဲသူ့ကို
တွဲပေးလိုက်မယ်.."
"ဟုတ်ကဲ့..နားနေဆောင်ကိုသွားလိုက်ပါနော်.."
နွေဦးလေပြည်သည် မေဝိုင်းလေးကို
ဖမ်းထိန်းပေးထားရင်း တွဲပေးထား၍
၀န်ထမ်းမလေးလည်း
ပြန်လှည့်ထွက်သွားလေသည်။
သူတို့ရောက်နေသည့်နေရာက ခန်းမအပြင်ဘက်မှာ
ဖြစ်နေပြီး ပွဲလာသူတွေနှင့်ဝေးကွာလာပြီဖြစ်၍
ဘယ်သူ့ကိုမှ ဂရုစိုက်နေဖို့တော့မလိုပေ။
"ကိုချီရမလား..ဝိုင်းဝိုင်းခြေထောက်နာနေတယ်
မဟုတ်လား.."
"ရပါတယ်..ကိုဦးရယ်..သူများတွေမြင်ရင်
တစ်မျိူးထင်ကုန်မှာပေါ့.."
"ကိုယ့်ကိုအားနာစရာမလိုပါဘူး.."
"ရပါတယ်..ဝိုင်းလေးကိုနားနေဆောင်သာ
ခေါ်သွားပေးနော်.."
မူးနေသည်ဆိုသော်လည်း ကိုဦးကို
ပွေ့ချီခိုင်းရအောင်အထိတော့ မဝံ့ရဲပါဘူး။
သူကနာမည်ကြီးတစ်ယောက်ဆိုတော့
အိမ်ထောင်သည်ဖြစ်တဲ့ ဝိုင်းလေးနဲ့
လူမြင်ကွင်းမှာ ချီလား၊ပွေ့လားဆိုရင်
သူပဲ နစ်နာမှာပေါ့။
ခြေထောက်က တော်တော်နာနေသည်မို့လို့သာ
ကိုဦး၏ လက်မောင်းကို တွဲလျှောက်ရပေမဲ့
ဒီလို သူစိမ်းယောက်ျားလေးနှင့် အသားချင်း
ထိတွေ့ရတာမျိုး မဖြစ်ချင်တာတော့အမှန်ပဲ။
ကိုဦးနဲ့အရမ်းခင်ပေမဲ့ ဒီလိုမျိုးကိစ္စကိုတော့
နှစ်ယောက်လုံး ဆင်ခြင်သင့်သည်မဟုတ်ပါလား။
"ကိုဦးပြန်ချင်ပြန်တော့လေ..
ဝိုင်းလေးတစ်ယောက်တည်း အဆင်ပြေပါတယ်"
"ဘယ်ဖြစ်မလဲ..ကိုယ်ခဏတော့စောင့်ပေးပါ့မယ်"
သူကစောင့်ပေးမယ်ဆိုတော့လည်း
ကိုယ်ကဘာပြောစရာ ရှိတော့မှာလည်း။
နားနေဆောင်ထဲမှာ ဘယ်သူမှမရှိတော့၍
ဝိုင်းလေးတစ်ယောက်တည်းသာဆိုလည်း
ကြောက်နေမှာ သေချာတယ်။
"ဒါနဲ့ကိုဦးကို ဝိုင်းလေးတစ်ခုလောက်
မေးချင်တယ်..မကွယ်မဝှက်တမ်း
ဖြေပေးပါလားဟင်.."
"မေးကြည့်လေ.."
"ကိုမင်းစက်နဲ့ကိုဦးတို့ ရုံးခန်းထဲမှာအတူရှိတဲ့နေ့က
ဘာတွေ ဖြစ်ကြတာလဲဟင်.."
"ကိုယ်အမှန်အတိုင်းပြောရင် မင်းစိတ်ဆိုးမှာလား"
"ဆိုးစရာလား..ဝိုင်းလေးကလည်းအမှန်အတိုင်းပဲ
သိချင်တာလေ.."
"တကယ်တော့ အဲ့နေ့ကဝိုင်းလေးကို
ကိုယ်ချစ်ရေးဆိုချင်တဲ့အကြောင်း
မင်းစက်ကို ပြောလိုက်မိတယ်.."
"ဘာ..ချစ်ရေးဆိုချင်တယ်.."
"ဟုတ်တယ်ဝိုင်းဝိုင်း.."
ကိုဦး၏အသံက တိမ်၀င်သွားပြီး
မတ်တပ်ရပ်နေရာမှ ဝိုင်းလေး၏အရှေ့မှာ
မုဆိုးဒူးထောက်သလို ထိုင်ချလာလေသည်။
ပြီးနောက် ရီဝေဝေဖြစ်နေသော ဝိုင်းလေးကို
မျက်၀န်းချင်း ဆုံ၍ပါကြည့်လာသည်။
သူ့မျက်၀န်းတွေက အဖြေတစ်ခုကိုရှာနေသလိုပဲ။
ရုတ်တရက်သူ့ရဲ့ အေးစက်နေသောလက်နဲ့
ဝိုင်းလေး၏ လက်ဖျားလေးတွေကို
ကိုင်ဆုပ်လိုက်တဲ့အချိန် ချက်ချင်းသတိ၀င်ပြီး
အနောက်သို့ ပြန်ဆွဲယူလိုက်ပေမဲ့
သူကလုံး၀လွတ်မပေးပဲ ပြန်ဆွဲထားလေသည်။
"ကိုဦး ဘာလုပ်တာလဲ.."
"ခဏလေးပါပဲ ဝိုင်းဝိုင်းရယ်..အငြင်းခံရမယ်
ဆိုတာသိပေမဲ့ ကိုယ်နောင်တမရချင်ဘူးကွာ
ဝိုင်းဝိုင်းကို လျစ်လျှူရှုဖို့မကြည့်ဖို့ကြိုးစားပေမဲ့
ကိုယ်လုံး၀ မလုပ်နိုင်ခဲ့ဘူး
မင်းရှိတဲ့နေရာကိုပဲကိုယ်အမြဲ ကြည့်ချင်နေမိသလို
မင်းခြေထောက်လေးနာတာကို တွေ့ရတော့လည်း
ကိုယ့်ရင်ထဲမှာ ကိုယ်တိုင်နာကျင်နေရသလိုပဲ
ဒါကြောင့် ကိုယ်အရဲစွန့်ပြီး လိုက်လာခဲ့မိတာပါ.."
"ကိုဦးဘာတွေပြောနေတာလဲ..
ဆက်မပြောပါနဲ့တော့..
ဝိုင်းလေးကလူလွတ်မဟုတ်ဘူးလေ..
ကိုဦးသူငယ်ချင်းရဲ့..."
]
"ကိုယ်သိပါတယ်ကွာ..မပြောပြပါနဲ့တော့
ကိုယ်ပြောတာကိုပဲ နားထောင်ပေးပါနော်..
ကိုယ်မင်းကိုသိပ်ချစ်တယ်ဝိုင်းဝိုင်း..
အဲ့ဒီ့အချစ်က အခုမှဖြစ်တည်လာတာမဟုတ်ဘူး
ကိုယ်တို့ စတွေ့တဲ့အချိန်တည်းကပဲ
ဝိုင်းဝိုင်း အသက်၁၅နှစ်လောက်တည်းက
ကိုယ့်ရင်ထဲမှာ ဝိုင်းဝိုင်းနဲ့ပတ်သတ်တိုင်း
စိတ်လှုပ်ရှားခဲ့ရတာ..ကိုယ်နာမည်စကြီးတဲ့
အချိန်တည်းက ဝိုင်းဝိုင်းကိုရှာခဲ့ပေမဲ့
ပြန်တွေ့တဲ့အချိန်မှာ ဝိုင်းဝိုင်းကအခြားတစ်ယောက်
လက်ထဲကို ရောက်နှင့်နေပြီ..
ကိုယ်နောက်ကျသွားတယ်ဝိုင်းဝိုင်းရယ်
မင်းစက်ကိုလည်းအားကျတယ်..
ဘာလို့ကံကောင်းတဲ့လူက
ကိုယ်မဖြစ်ရတာလဲကွာ..ကိုယ်တို့ဘယ်နေရာမှာ
လွဲခဲ့ကြတာလဲဟင်.."
ကိုဦး၏ ၀န်ခံချက်ကဝိုင်းလေးကို
ရှော့ခ်ရသွားစေတာတော့ အမှန်ပဲ။
ဒီလိုစကားမျိုးတွေ ကြားရလိမ့်မယ်လို့လည်း
တစ်ခါမှ မတွေးခဲ့ဖူးပေ။
ဘယ်လိုပြန်ပြီးနှစ်သိမ့်ပေးရမှန်းတောင်
မသိတော့ဘူး။
ထို့ကြောင့် သူဆုပ်ကိုင်ထားသော လက်လေးကိုသာ
ပြန်ဆွဲယူလိုက်မိသည်။
ကိုဦးကတော့ မျက်ရည်များဝဲလျှက်
မော့ကြည့်လာလေသည်။
"ဝိုင်းလေးကိုဦးကို..အစ်ကိုတစ်ယောက်လို
ခင်ပါတယ်..ဟိုအရင်တည်းကဝိုင်းလေးအပေါ်
ကောင်းပေးခဲ့တာတွေအတွက်လည်း
အမြဲအမှတ်ရနေခဲ့တာပါ..ဒါကြောင့်လည်း
ဝိုင်းလေးဘက်ကနေစပြီး ကိုဦးကိုရှိုးပွဲမှာ
လှမ်းခေါ်လိုက်တာပေါ့..ဝိုင်းလေးအပေါ််မှာ
ကိုဦးကအများကြီးကြင်နာပေခဲ့တယ်
ဝိုင်းလေးကို ဘယ်တုန်းကမှလည်း
အထင်အမြင် မသေးခဲ့ဖူးဘူး..
အဲ့ဒီ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်..
တစ်ချိန်ချိန်မှာ ပြန်ဆပ်ခွင့်ရမယ်ဆိုရင်
သေချာပေါက် ပြန်ဆပ်ပါ့မယ်နော်..."
ကိုယ်ဦးအပေါ်မှာ ဟိုအရင်ကခံစားချက်တွေ
ရှိကောင်းရှိနိုင်ပေမဲ့ အချစ်လို့တော့ခေါင်းစဉ်
တပ်လို့ မရပေ။
ကိုဦးကို သူများထက်ခင်ပြီး ပိုတွယ်တာမိတာကို
၀န်ခံပေမဲ့ ချစ်သူတစ်ယောက်လိုမျိုးတော့
မခံစားတတ်ခဲ့ဘူး။
ကိုဦးနဲ့အတူ သူ့ပန်ချီကားလေးတွေကို
ကြည့်ရတာကျေနပ်ပြီး ကိုဦးရဲ့တယောသံလေးကို
နားထောင်ရရင် ပျော်နေတတ်တာတော့
အမှန်ပါပဲ။
အမှန်အတိုင်း ပြောရရင်အခုချိန်အထိ
မိဘတွေအပြင် ဝိုင်းလေးဘယ်သူ့ကိုမှနင့်နင့်နဲနဲ
မချစ်မိသေးပါချေ။
ထို့ကြောင့် ကိုဦးအားဘယ်လိုစကားမျိုးနှင့်
နှစ်သိမ့်ပေးရမှန်းတောင် မသိတော့ဘူး။
"အခုတော့ မဖြစ်နိုင်တော့ဘူးမဟုတ်လား..
ကိုယ့်အတွက် လုံး၀အခွင့်အရေးမရှိတော့ဘူး
မဟုတ်လား..ကိုယ်နားလည်ပါတယ်
ဒါပေမဲ့နောက်ဆုံးအနေနဲ့ ကိုယ့်ခံစားချက်တွေကို
ဝိုင်းဝိုင်းသိအောင် ပြောပြမိချင်ခဲ့လို့
ကိုယ်အရဲစွန့်မိတာပါ..ဒီလိုလုပ်လို့
သူငယ်ချင်းအပေါ် စည်းမစောင့်ရာကျနေတာ
ကိုယ်သိပါတယ်..ဒါပေမဲ့ဝိုင်းဝိုင်းကိုချစ်မိတဲ့
အတွက်တော့ ကိုယ်လုံး၀နောင်တရမှာမဟုတ်ဘူး"
"နွေဦးလေပြည်..!!!.."
နားနေဆောင်တစ်ခုလုံး ဟိန်းထွက်သွားသည့်
အသံကြောင့် ဝိုင်းလေးနှင့်ကိုဦးတို့
နှစ်ယောက်သား ထိတ်လန့်သွားကြလေသည်။
ခပ်လှမ်းလှမ်းမှာ ရပ်နေသောသူကတော့
လက်တစ်ဖက်က ဆေးထုပ်ကိုကိုင်ထားရင်း
ကျန်လက်တစ်ဖက်က အ၀တ်ထုတ်ကို
ကိုင်ထားလေသည်။
သူ့ရဲ့ နှုတ်ခမ်းထပ်မှာတော့ ခါးသက်သော
မဲ့ပြုံးတစ်ခုက ရည်ရွယ်ချက်ရှိရှိ
ပေါ်ပေါက်လာခဲ့သည်။
သူ့မျက်၀န်းတွေသည် မီးတောင်ငယ်ပေါက်၍
စီးဆင်းလာသော မီးနီနီရဲရဲတွေနှင့်
အရောင်တူနေသည့်အလား ထင်မှတ်ရသည်။
"မင်းစက်..!!!"
နွေဦးလေပြည်၏နှုတ်မှ မင်းစက်၏နာမည်ကို
ရေရွတ်၍ အပြီးမှာတော့တဟုန်ထိုးပစ်၀င်လာသော
လက်သီးချက်က ၀င်း၏ပါးရိုးပေါ်သို့
ပြင်းထန်စွာ ကျရောက်လာခဲ့လေသည်။
🔥🔥🔥🔥🔥🔥🔥
မင်းစက်တို့ ကြမ်းကုန်ပြီ
========================================
အခန္း၃၆
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘
ပါတီပြဲသည္ သီးသန္႔ပါတီပြဲျဖစ္ၿပီး
ဇာတ္ကားေတြထဲမွာလို ေကာ္ေဇာနီထပ္
ေလွ်ာက္ရတာမဟုတ္၍ ေတာ္ပါေသးသည္။
ရႉေထာင့္ေပါင္းစုံက မီဒီယာေပါင္းစုံႏွင့္
ကင္မရာမီးတျဖတ္ျဖတ္လက္ေနေသာ
ပြဲဆိုပါက ေၾကာက္လြန္း၍ဒူးေတြေတာင္
ေခ်ာင္သြားႏိုင္သည္။
ခုေတာင္ ကိုမင္းစက္ရဲ႕လက္ကို တြဲထားလို႔သာေပါ့
မဟုတ္ရင္ ေခ်ာ္လဲတာၾကာၿပီ။
ဝိုင္းေလးရဲ႕အသြင္အျပင္ကၾကေတာ့
အသားျဖဴျဖဴ အရပ္ကမရွည္လြန္း၊မပုလြန္း...
အဲ..လူေကာင္ကညႇပ္ေတာ့ပုတယ္လို႔လည္း
ဆိုလို႔ရပါတယ္။
ခႏၶာကိုယ္အခ်ိဳးအစားက ရွိသင့္တာရွိေပမဲ့
လုံးႀကီးေပါက္လွလိုမဟုတ္ပဲ ေလတိုက္ရင္ေတာင္
လႊင့္ႏိုင္ေလာက္သည္အထိ ေပါ့ပါးေနတာမ်ိဳး။
ကိုမင္းစက္ၾကေတာ့ အရပ္ရွည္ရွည္၊
ဗလက်စ္က်စ္နဲ႔ ဝံပုေလြလူသားႀကီးလိုပဲ။
ဝိုင္းေလးနဲ႔ေတာ့ တစ္ျခားစီလို႔ဆိုရမည္။
ပြဲထဲသို႔ ၀င္လိုက္သည္ႏွင့္ သူ႔မ်က္ႏွာက
သံမဏိလိုမာထန္ၿပီး ယုံၾကည္မႈရွိရွိ၊
အေတြ႕အႀကဳံရင့္ေနသူႀကီးလို ေမာ္ခ်ီေနႏိုင္ေပမဲ့..
သူႏွင့္ဆန႔္က်င္ဘက္ျဖစ္စြာ ဝိုင္းေလးကေတာ့
ေၾကာက္႐ြံ႕ေနေသာ မ်က္၀န္းေလးေတြႏွင့္
မရဲတရဲ ခပ္႐ို႕႐ို႕ေလးသာ ျဖစ္ေနမိသည္။
ဝိုင္းေလးအဖို႔ေတာ့ ဒီလိုလူႀကီးလူေကာင္းေတြ
လူဂုဏ္ထံေတြနဲ႔သာ ျပည့္ေနသည့္ပြဲမ်ိဳးကို
တက္ဖူးတာက ပထမဆုံးဆိုေတာ့
ေၾကာက္လည္းေၾကာက္ အားလည္းငယ္သည္။
အကုန္လုံးကလည္း ဝိုင္းေလးတို႔ႏွစ္ေယာက္
ပြဲထဲသို႔ ၀င္လာသည္ႏွင့္သူတို႔၏အာ႐ုံစူးစိုက္မႈေတြ
အားလုံးကို ျပစ္လႊတ္ၿပီးစူးလည္းစူးစမ္း
တီးတိုးလည္း ဆိုေနၾကသည္မို႔ ေက်ာကမလုံခ်င္။
အျခားသူေတြက ငါ့ကိုဘယ္လိုထင္ၾကမလဲ။
ငါ၀တ္စားလာပုံက အဆင္ေရာေျပရဲ႕လား။
ငါ့အတင္းကိုေျပာေနၾကတာမ်ားလား..
စသျဖင့္ ကိုယ့္အေတြးနဲ႔ကိုယ္ဘုရားလွည့္ပတ္
ဖူးေနမိတာ ေခါင္းေတာင္မူးခ်င္လာသည္။
စီအီးအိုႀကီး မင္းစက္အာဏာကေတာ့
သူ႔ကိုအေရးတယူၿပဳံးျပလာလည္း
ျပန္ၿပဳံးခ်င္မွ ၿပဳံးျပတတ္သည္။
မ်ားေသာ အားျဖင့္မသိခ်င္ေယာင္ေဆာင္ေနတာက
မ်ားသည္။
တဖက္လူက ေအာင့္သက္သက္ႏွင့္
ခံရခက္သြားမလားလည္း သူမေတြးေပ။
ခႏၲာကိုယ္ကို တေျဖာင့္တည္းမတ္ထားကာ
ခံစားခ်က္မရွိတဲ့ ေက်ာက္႐ုပ္ႀကီးလိုပုံစံ
ဖမ္းေနသည္။
ဟုတ္ေတာ့လည္း ဟုတ္ပါတယ္။
လူဆိုတာ ေရာလြန္းလွ်င္လည္း
ေပါသြားတတ္သည္မဟုတ္ပါလား။
သူဟာ စီပြားေရးသမားတစ္ေယာက္။
ဘယ္အရာမဆို တြက္ခ်က္ခ်ိန္ဆၿပီးလုပ္ရတဲ့
လူဆိုေတာ့ လူတိုင္းကိုစိတ္လြတ္လက္လြတ္
ျပစ္ေပါင္းလိုက္လို႔ မျဖစ္သင့္တာအမွန္ပဲ။
သူနဲ႔ အဆက္အဆံလုပ္ခ်င္သူေတြကလည္း
အက်ိဳးလိုလို႔ ေညာင္ေရသြန္ခ်င္သည့္
စီးပြားေရးသမားေတြမ်ားေတာ့ အားလုံးကို
ႏြားပြဲစားႀကီးလို သြားႀကီးၿဖီးျပရင္လည္း
သူဟာ ငေပါႀကီးျဖစ္သြားမွာေပါ့။
"အာ့.."
သူ႔အေၾကာင္း ကိုယ့္အေၾကာင္း
ေလွ်ာက္ေတြးေနမိရင္းႏွင့္
စိုးရိမ္စိတ္မ်ားေနတာပါေရာၿပီး
ႏွစ္လက္မေဒါက္ႀကီးႏွင့္
ေျခေခ်ာ္သြားေလသည္။
စီအီးအို၏ဇနီးအေနႏွင့္ အရွက္တကြဲအက်ိဳးနည္း
မျဖစ္ရေအာင္ သူ႔လက္ကိုတင္းေနေအာင္
ကိုင္ထားရင္း ဟန္ခ်က္ထိန္းလိုက္ရသည္။
ကံေကာင္းတာက ႏွစ္ေယာက္လုံးယိုင္မသြားတာပဲ။
က်ားကိုးစီးစားမကုန္တဲ့ သူ႔ရဲ႕ခြန္အားဗလက
ဒီေနရာမွာေတာ့ အလုပ္ျဖစ္သြားေလသည္။
"ဘာျဖစ္တာလဲ.."
"ေဒါက္ေခ်ာ္သြားလို႔.."
"ကိုယ့္အေၾကာင္းကိုယ္သိရင္လည္း
ဘာလို႔ ပဲမ်ားၿပီးေဒါက္အျမင့္ႀကီး
စီးလာရတာလဲ.."
"ရွင္လည္းေလ..လူကိုအျပစ္တင္ဖို႔ႀကီးပဲ
မင္းသမီးေတြဆိုပြဲတက္ရင္ေဒါက္အျမင့္ႀကီးေတြ
စီးၾကတာ ရွင္မသိဘူးလား..မၾကားဖူးဘူးလား
အခုပဲၾကည့္ပါလား သူမ်ားေတြအားလုံး
အနည္းဆုံးသုံးလက္မေဒါက္ေတြစီးလာၾကတာ
ကြၽန္မကသာ ႏွစ္လက္မေဒါက္ေလးပဲ
စီးလာတာ..
မဟုတ္ရင္ကြၽန္မကရွင္နဲ႔ယွဥ္ရပ္တဲ့အခါ
ပုပုေသးေသးေလးျဖစ္ေနမွာေပါ့.."
"ပုေတာ့၊ေသးေတာ့ေရာ ဘာျဖစ္လဲ
ကိုယ့္ရဲ႕ျဖစ္တည္မႈကို ကိုယ္ေက်နပ္ရမွာေပါ့
အလကား..ဟန္ေတြပန္ေတြလုပ္ၿပီး..
အရပ္ကရွည္ခ်င္ေနေသးတယ္..
ေဒါက္ၾကေတာ့ မႏိုင္ပဲနဲ႔.."
"ရွင္ေနာ္..မိန္းမေတြရဲ႕ခံစားခ်က္ကို
သိလည္းမသိပဲ စကားကိုႏိုင္ေအာင္
လာလုေျပာမေနနဲ႔..
အခုကြၽန္မေျခေထာက္နာေနတယ္..
အျမန္ထိုင္စရာ ရွာရေအာင္.."
"ကဲ..လာ..မင္းတို႔မိန္းမေတြအလုပ္ကိုရႈပ္တယ္"
*ရွင့္ကသာ လွ်ာရွည္ၿပီးဒီပြဲကို
တက္ခိုင္းတာေလဟု"
ျပန္ေျပာရင္လည္း သူကေဒါသတႀကီး
ေပါက္ကြဲျပအုံးမယ္။
ထို႔ေၾကာင့္ ျပန္မေျပာေတာ့ပဲ သူ႔လက္ကိုသာ
ဟန္မပ်က္ ခ်ိတ္တြဲထားရင္း ဗြီအိုင္ပီစားပြဲေတြ
ဆီသို႔သာ ေလွ်ာက္ခဲ့လိုက္သည္။
ခုံေတြမွာက နံပါတ္ေတြပါၿပီး ဝိုင္းေလးတို႔က
နံပါတ္ငါးျဖစ္ကာ ေရွ႕ဆုံးတန္း၏
အလည္မွာ ထိုင္ရေလသည္။
ဝိုင္းေလးတို႔၏ ေရွ႕တည့္တည့္မွာဆိုရင္
စတိတ္စင္ရွိၿပီး ေရွ႕ဆုံးအတန္းဘက္က
ဗြီအိုင္ပီခုံေတြမွာက အႏုပညာရွင္အငယ္ထဲမွ
ထိပ္တန္းနာမည္ႀကီးသူေတြႏွင့္
ဝါရင့္ႀကီးေတြသာ ေနရာရေလသည္။
မီဒီယာေတြ အမ်ားအျပားမေခၚထားေပမဲ့
ပြဲထဲမွာေတာ့ ဓာတ္ပုံလိုက္႐ိုက္ေနသည့္
တရား၀င္ လုပ္ပိုင္ခြင့္ေပးထားသူမ်ားလည္း
ရွိေလသည္။
ဝိုင္းေလးကေတာ့ KGရဲ႕စီအီးအိုႀကီးေဘးနားမွာ
ထိုင္ေနရ၍ ကိုယ့္ပုံပါသြားမွာစိုးပါသည္။
"ဝိုင္ျဖည့္ပါအုံးမလားခင္ဗ်ာ.."
"နဲနဲျဖည့္ကြာ..."
ခုံမွာ၀င္ထိုင္လိုက္သည္ႏွင့္ ဝိတ္တာေလးက
Sora Sora, [3/24/2025 8:52 AM]
ဝိုင္ေတြလာျဖည့္ေပးသြားေလသည္။
ဒါေပမဲ့ ဝိုင္းေလးက ဝိုင္ေတြဘာေတြ
မေသာက္တတ္ေတာ့ အမဲသားကိုသာဓားႏွင့္
လွီးျဖတ္ၿပီး မစို႔မပို႔ေလးစားလိုက္ပါသည္။
စားလို႔ေတာ့ေကာင္းသား ။
သာမာန္ခ်က္ထားသလိုမဟုတ္ပဲ
စိမ့္ၿပီး၊အိအိေလးႏွင့္ေမႊးလည္းေမႊးသည္။
အိမ္မွာဆို အားပါးတရ စားလိုက္မွာေပမဲ့
ဒီမွာက ေစာင့္ၾကည့္ေနသည့္မ်က္လုံးက
တစ္လုံးထဲမွ မဟုတ္ပဲ။
ဒီေတာ့ ပဲမ်ားၿပီးအိေျႏၵရွင္ႀကီးလုပ္ကာ
စားရေလသည္။
ပင္ပန္းလိုက္တာ ။ဘယ္သူနဲ႔မွလည္းမသိဘူး။
ဗိုက္စာေနလည္း အားရေအာင္စားလို႔မရဘူး။
ေယာက္်ားလုပ္သူကလည္း ေတာင့္ေတာင့္ႀကီးနဲ႔။
ေနႏိုင္လိုက္တာမ်ား အပ်င္းေျပေအာင္
အေနမခက္ေအာင္
စကားေျပာေပးမယ္ကိုမရွိဘူး။
"အလိုက္ကိုမသိဘူး..."
"ဘာေျပာလိုက္တယ္.."
"ဘာမွမဟုတ္ပါဘူး.."
တစ္ကိုယ္စာ ၾကားယုံေလးေျပာလိုက္ေပမဲ့
ပြဲထဲမွာ လူသံေတြ၊ေဖ်ာ္ေျဖသံေတြဆူေနတာေတာင္
ၾကားျဖစ္ေအာင္ ၾကားလိုက္ေသးသည္။
ထို႔ေၾကာင့္ သူ႔ကိုမသိမသာ
မ်က္ေစာင္းထိုးလိုက္ၿပီး အျခားဘက္သို႔
ၾကည့္လိုက္မိေတာ့.. တစ္ခုံေက်ာ္မွာထိုင္ေနေသာ
မမႉးႏွင့္ အၾကည့္ခ်င္းသြားဆုံေလသည္။
မမႉးကလည္း လက္ျပႏႈတ္ဆက္သည့္အျပင္
ၿပဳံးျပလာ၍ ဝိုင္းေလးလည္း ျပန္ၿပဳံးျပလိုက္သည္။
ဘာလို႔မ်ား မမႉးတို႔နဲ႔အတူမထိုင္ရတာလဲ။
ေမာင္ႏွမအခ်င္းခ်င္းေတာင္
ခုံခြဲထားတာပါလား။
မမႉးရဲ႕ေဘးမွာေတာ့ ကိုဦးကဝိုင္ခြက္ကိုျမည္းလိုက္
အမဲသားတုံးေလးကို လွီးစားလိုက္ႏွင့္
အလုပ္ရႈပ္ေနေလသည္။
မမႉးက ဝိုင္းေလးကိုလက္ျပႏႈတ္ဆက္ေတာ့မွသာ
သူ႔က ေမာ့ၾကည့္လာသည္။
ကိုဦးႏွင့္ဝိုင္းေလးအၾကည့္ခ်င္း ဆုံသြားခိုက္မွာ
ၿပဳံးျပမလို႔ျပင္႐ုံရွိေသး ေခါင္းတစ္ခုက
ၾကား၀င္ခံလာသည္။
ေသခ်ာေပါက္ မင္းစက္အာဏာပဲေပါ့။
အစက ၿပဳံးမလို႔ေတြးထားမိေပမဲ့
လူကိုမသဃၤာသလိုၾကည့္ေနတဲ့ အဲ့ဒီ့ေအးစက္စက္
မ်က္၀န္းႀကီးေတြေၾကာင္ ႏႈတ္ခမ္းေတြေတာင္
ေအးခဲေတာ့မလိုပဲ။
"ဘယ္ကိုၾကည့္ေနတာလဲ.."
"ဘယ္ကိုၾကည့္ၾကည့္ေပါ့.."
"မသိရင္ခက္မယ္.."
ေအာင္မာသူကပဲ ခနဲ႔ရတယ္ရွိေသး။
ေက်ာက္႐ုပ္ႀကီးလိုထိုင္ေနတဲ့ သူ႔ေၾကာင့္
ကိုယ္နဲ႔သိတဲ့လူေတြကို ရွာမိတာအျပစ္လား။
"ေျပာပါအုံး ရွင္ကဘာကိုသိေနတာလဲ.."
"မင္းတို႔မိန္းမေတြက အေျပာတစ္မ်ိဳး
အလုပ္တစ္မ်ိဳးေတြဆိုေတာ့ ေျပာျပလည္း
ဘူးခံျငင္းမွာပဲ အဲ့ေတာ့
ငါကလြဲၿပီး အျခားသူေတြကိုမၾကည့္နဲ႔
အထူးသျဖင့္ ေယာက္်ားေတြကို.."
"ေအာ္..ရွင္ကေတာ္ေတာ္ၾကည့္ေကာင္းေနေတာ့
ရွင့္ကိုပဲ ၾကည့္ရမယ္ေပါ့.."
"သိရင္လည္းၿပီးေရာ.."
ဒီလူဟာေလ ႐ြဲ႕ေျပာလို႔ေျပာမွန္းလည္းမသိ။
သူ႔ကိုပဲ ၾကည့္ရမည္တဲ့။
အားအားယားယား သူ႔ပဲၾကည့္ရမယ္ရွိေသး။
သူ႔ကိုထိုင္ၾကည့္ေနမဲ့အစား
ေ႐ႊတိဂုံဘုရားေဇာင္းတန္းက
ျခေသၤ့႐ုပ္ထုႀကီးေတြကိုပဲ ၾကည့္လိုက္ေတာ့မယ္။
သူကလည္း အဂၤါသားကိုျခေသၤ့ႀကီးဆိုေတာ့
အသြင္အျပင္တူတယ္ေလ။
"ဒီေန႔တစ္ေန႔လုံး ရွင္ေတာ္ေတာ္ထူးဆန္းေနတယ္"
"ေျပာပါအုံး..ဘာထူးဆန္းေနတာလဲ.."
"ကြၽန္မကို တစ္ခုမဟုတ္တစ္ခုၾကည့္ၿပီး
အျပစ္ေတြႀကီးပဲ ေျပာေနတာေလ..
အ၀တ္အစား၀တ္တာကအစ အခုကိုယ့္မ်က္လုံးနဲ႔
ကိုယ္ၾကည့္တာအထိ အျပစ္ေတြႀကီးေျပာေနတာ..
မေက်နပ္တာရွိရင္ ပြင့္ပြင့္လင္းလင္းေျပာပါလား
လူကို ဘာလို႔လိုက္ခ်ဳပ္ျခယ္ေနရတာလဲ"
"ငါ့ကိုမင္းမေစာ္ကားနဲ႔ ငါကမျဖစ္သင့္တာ
မျဖစ္ရေအာင္ေျပာေနတာ..
လည္ပင္းအဟိုက္နဲ႔ အိက်ႌကို၀တ္လာရင္
အခုလို စားစရာရွိတာကိုလြတ္လြတ္လပ္လပ္
စားလို႔ရပါ့မလား..ေဒါက္အနိမ့္သာစီးလာရင္
ေျခေထာက္ေရာ နာပါအုံးမလား..
မင္းရဲ႕ပုဇြန္ဦးေႏွာက္နဲ႔ မိုင္တိုတိုေလးေတြးမေနနဲ႔
မိဘေပးစားလို႔သာ ငါ့လိုလူမ်ိဳးနဲ႔ရတာ
မင္းဘာသာဆို အခုလိုဉာဏ္တိမ္ပုံမ်ိဳးနဲ႔
ဆိုက္ကားသမားေတာင္ လာႀကိဳက္မွာမဟုတ္ဘူး"
"ရွင္ေနာ္..စကားကိုၾကည့္ေျပာ..
လူကိုမ်ား ဆိုက္ကားသမားေတာင္မႀကိဳက္ဘူး
ဘာညာနဲ႔..အရင္ေနခဲ့တဲ့လမ္းထဲမွာဆို
ကြၽန္မကိုလာႀကိဳက္တဲ့လူေတြထဲမွာ
အင္ဂ်င္နီယာေတြဆရာ၀န္ေတြေတာင္ပါေသးတယ္
အေမ့တို႔ကိုေတာင္ လာနားေဖာက္တာခဏခဏပဲ အေမတို႔ကလက္မခံလို႔
ကြၽန္မကိုရွင္ရတာပါ သိရဲ႕လား
သိပ္ၿပီးလည္း ဘ၀င္ေလဟပ္မေနနဲ႔
ရွင့္ကိုရေတာ့မွသာ ကြၽန္မမွာအေနႀကဳံ႕၊
အစားႀကဳံ႕နဲ႔ အိမ္အလုပ္သမားဆီကေနေတာင္
ပိုက္ဆံေတာင္းသုံးရတဲ့အျဖစ္..."
"ဘာ..မင္းကိုငါဘယ္တုန္းက
ပိုက္ဆံေပးမသုံးလို႔လဲ..ဟိုတစ္ေန႔ကငါမင္းကို
ကဒ္ေပးထားတယ္ေလ"
"အဲ့ဒါက ဟိုတစ္ေန႔ကမွေပးတာေလ..
ကြၽန္မေျပာတာအရင္ကဟာကို"
"အသုံးလိုရင္ ငါ့ကိုေျပာလို႔ရလွ်က္နဲ႔
ဘာလို႔မေျပာခဲ့တာလဲ..
မင္းလုပ္ပုံမဟုတ္ေသးပါဘူး.."
"ေအာ္..ကြၽန္မက႐ို႐ိုက်ိဳးက်ိဳးနဲ႔လက္ျဖန႔္ၿပီး
လိုက္ေတာင္းစရာလား ရွင္တို႔ေယာက္်ားေတြက
အလိုက္သိရမွာေလ..ေျပာျပန္ရင္လည္း
လိုခ်င္တယ္ျဖစ္အုံးမယ္.."
"အင္း..ေကာင္းသန႔္ေျပာတာမွန္တယ္..
မိန္းမေတြက ေငြမက္ကိုမက္တယ္.."
"အဲ့တာေငြမက္တာမဟုတ္ဘူး..
ရွင္အလိုက္မသိတာကိုေျပာေနတာ
ေတာ္ၿပီေတာ္ၿပီ..ထပ္မေျပာခ်င္ေတာ့ဘူး.."
မင္းစက္လည္း ဒီေန႔မွဘာေၾကာင့္
စိတ္တို၊စိတ္ဆက္ေနသလဲ မသိေတာ့ေပ။
ပုံမွန္ဆို ဘယ္ပြဲတက္တက္ေအးေအးေဆးေဆးပဲ
ထိုင္ေနတတ္ေပမဲ့ အခုေတာ့ဒီပုဇြန္မေလးေၾကာင့္
စိတ္အေႏွာက္အယွက္ေတြ အမ်ိဳးမ်ိဳး
ျဖစ္ေနရေလသည္။
စကားေတြလည္း ေရပက္မ၀င္ေအာင္
အမ်ားႀကီး ေျပာေနမိၿပီး။
အလိုလိုေနရင္း တြန႔္တို၊၀န္တိုစိတ္ေတြႏွင့္သာ
လႈိင္းထန္ေနမိသည္။ဒါေတာင္ သူ႔ကိုယ္သူ
မနည္းထိန္းေနရတာ။
ဒီေကာင္မေလးကလည္း ဒီေန႔မွအာ၀ဇြန္းေတာ္ေတာ္ ႐ႊင္ေနပုံရတယ္။
ကိုယ္ကတစ္ခြန္းဆို သူကတစ္ခြန္း
ပက္ခနဲ၊ပက္ခနဲ ျပန္ျပန္ေျပာေနတာ။
ကိုယ္ပဲ အလိုလိုက္၊အေလွ်ာ့ေပးေနမိလို႔မ်ားလား။
❤️❤️❤️❤️❤️❤️
ႏွစ္ေယာက္သား ခပ္ႀကိတ္ႀကိတ္
ရန္ျဖစ္အၿပီးမွာေတာ့ ဝိုင္းေလးတို႔စားပြဲေနရာသို႔
အျခားဧည့္သည္ေတြပါ ေရာက္လာေလသည္။
ပထမဆုံးေရာက္လာသူကေတာ့
အတြင္းေရးမႉးမခ်စ္သဲ၏အေဖ
ဦးခ်စ္ေမာင္ျဖစ္ေလသည္။
ဦးခ်စ္ေမာင္က KGလက္ေအာက္တြင္ရွိေသာ
ေဖ်ာ္ေျဖေရးက႑မွလြဲ၍ အျခားလုပ္ငန္းမ်ားတြင္
ရွယ္ရာအမ်ားဆုံးလူေတြထဲက တစ္ေယာက္ျဖစ္ၿပီး
သူကလည္း မင္းစက္အာဏာႏွင့္
တန္းတူထိုင္ခြင့္ရွိေလသည္။
ဦးခ်စ္ေမာင္က ဝိုင္းေလးတို႔စားပြဲမွာလာထိုင္ေတာ့
အေဖာ္လိုက္လာေသာ မခ်စ္သဲခမ်ာ
ဟိုးေနာက္ဘက္ ခုံတန္းကေနတကူးတက
သူ႔အေဖဆီ ရမယ္ရွာၿပီးလာေတာ့တာပဲ။
"ကိုစက္လည္း လာတယ္ေနာ္.."
ဦးမင္းစက္အာဏာ ဒီပြဲကိုတက္တဲ့ကိစၥက
ပြဲတက္လာသူတိုင္း သိတာျဖစ္လို႔မခ်စ္သဲလည္း
မသိစရာအေၾကာင္း မရွိပါဘူး။
တမင္ အ႐ူးကြက္နင္းၿပီး မိတ္ဆက္ခ်င္လို႔
စကားမရွိစကားရွာေပမဲ့ မင္းစက္အာဏာကေတာ့
သူ႔ကို ေမာ့ေတာင္ၾကည့္မလာေပ။
သူ႔ဝိုင္ခြက္ႏွင့္သူသာ အလုပ္ရႈပ္ေနၿပီး
စိုးရိမ္စိတ္နဲ႔ ညာဘက္လက္သည္းခြံေလးေတြကို
ကုတ္ျခစ္ေနေသာ ခုံေအာက္မွေမဝိုင္းေလး၏
လက္ျဖဴျဖဴေသးေသးေလးေတြကိုသာ
အသဲတယားယားႏွင့္ ၾကည့္ေနခဲ့ေလသည္။
ဦးခ်စ္ေမာင္လည္း အရင္ျပႆနာေၾကာင့္
တစ္ပူေပၚႏွစ္ပူဆင့္မည္စိုး၍ မ်က္စပစ္ျပမွသာ
မခ်စ္သဲကဝိုင္းေလးကို မနာလိုအူတိုစြာ
ခပ္မဲ့မဲ့ ၾကည့္လာေတာ့သည္။
ၿပီးေနာက္ ျပန္၍လွည့္ထြက္သြားေလသည္။
*ဝိုင္းေလးကေတာ့ မခ်စ္သဲရဲ႕မ်က္၀န္းေတြကေန
က်ိန္ဆဲေနေသာ အသံေတြကိုေတာင္
ၾကားေနသလို ခံစားလိုက္ရ၍
ထိတ္လန႔္သြားမိေလသည္..*
ထိုစဥ္ ခုံေအာက္မွာကြယ္၀ွက္ထားသည့္
ဝိုင္းေလး၏ လက္ေတြကိုဆြဲယူလိုက္ေသာ
လက္ေႏြးေႏြးႀကီးေၾကာင့္
လန႔္ေတာင္သြားမိတယ္။
"လက္ေတြက..ဘာလို႔ေအးစက္ေနတာလဲ.."
အနားကို ကပ္ၿပီးခပ္တိုးတိုးေျပာလာတဲ့
သူ႔ေၾကာင့္ တမင္ကိုမ်က္ေစာင္းထိုးပစ္လိုက္သည္။
"အဲ့ဒါရွင့္ေၾကာင့္ေလ..ရွင့္ကိုအေသရရ
အရွင္ရရျဖစ္ေနတဲ့ မိန္းကေလးေတြရဲ႕
အၾကည့္ေတြေၾကာင့္ အေငြ႕ေတာင္ပ်ံခ်င္လာၿပီ.."
"အဲ့ဒါမင္းကိုယ္မင္း ဂုဏ္ယူသင့္တယ္
ကိုယ့္လို အဖိုးတန္မ်ိဳးကိုမင္းရလိုက္တဲ့အတြက္
သူမ်ားေနာက္မပါေအာင္
ေသခ်ာကာကြယ္ထားေပါ့..."
သူ႔ကိုယ္သူအတိသယဝုတၱိအလကၤာေတြသုံးၿပီး
အလြန္အၾကဴး ဂုဏ္ေဖာ္ေနလိုက္တာမ်ား
အျမင္ကပ္ဖို႔ေတာင္ ေကာင္းေသးတယ္။
ေသရင္ အေခါင္းထဲကိုပဲ ၀င္ရမွာကိုမ်ား။
*အင္း..သူကေသတာေတာင္
လက္ဝါးျဖန႔္ျပမဲ့အစား..
လက္မေထာင္ျပမဲ့အမ်ိဳးပါေလ..*
"ေအာ္..ဘယ္သူမ်ားလဲလို..
ေမဝိုင္းေလးျဖစ္ေနတာပဲ.."
ဒီအသံကို ဝိုင္းေလးအရမ္းရင္းႏွီးေနသလိုပဲ။
ေမာ့ၾကည့္လိုက္မိေတာ့ အနက္ေရာင္
၀တ္စုံႏွင့္ လွပေက်ာ့ရွင္းေနေသာ
အမ်ိဳးသမီးကို ေတြ႕လိုက္ရသည္။
"မမထိပ္ထား.."
အလန႔္တၾကားႏွင့္ ဝိုင္းေလးထရပ္မိမလို
ျဖစ္သြားခ်ိန္မွာ လက္ကိုဖမ္းဆြဲလိုက္သည့္
ကိုမင္းစက္ေၾကာင့္သာ မဟုတ္ရင္
စားပြဲႀကီးေတာင္ ေျပာင္းျပန္လန္သြားမလားပဲ။
ဒီပြဲမွာမမထိပ္ထားကို ေတြ႕ရမယ္မထင္ခဲ့မိေတာ့
အလိုလိုေနရင္း ေခြၽးေစေတြေတာင္
ထြက္ခ်င္လာသလိုပဲ။
အစပိုင္းက နဲနဲေၾကာက္မိေပမဲ့
လက္ကိုဆုပ္ကိုင္ေပးထားတဲ့ ကိုမင္းစက္ေၾကာင့္
ခဏတြင္းမွာ စိတ္လႈပ္ရွားတာကိုထိန္းလိုက္ႏိုင္ၿပီး
တည္ၿငိမ္သြားေလသည္။
မမထိပ္ထားကို ေသခ်ာဂ႐ုတစိုက္ၾကည့္လိုက္ေတာ့
သူတစ္ေယာက္တည္းမဟုတ္ပဲ
အျခားေယာက္်ားတစ္ေယာက္ရဲ႕ လက္ကိုခ်ိတ္လို႔။
ထိုလူႀကီးက အသက္ေလးဆယ္ေလာက္ေတာင္
ရွိလိမ့္မည္။
ၾကည့္ေကာင္းေနေသးတယ္ ဆိုေပမဲ့
ဇရာက ညာလို႔မရပါဘူး။
မမထိပ္ထား ဘာေတြလုပ္ေနတာလဲ။
ဂ်ပန္ကေန ျပန္လာၿပီးေနာက္ပိုင္းအိမ္မကပ္တာ
ဒီလို လူမ်ိဳးနဲ႔တြဲေနလို႔လား။
ဒီလူကလည္း သူ႔ရဲ႕ပထမေျမာက္ေတာင္
ဟုတ္ခ်င္မွဟုတ္မွာ။
ဝိုင္းေလးကသာ မမထိပ္ထားအစားမ်က္ႏွာပူၿပီး
ယူႀကဳံးမရျဖစ္ေနမိေပမဲ့ မမရဲ႕မ်က္ႏွာကေတာ့
ဒီအသက္ေလးဆယ္ေက်ာ္ႀကီးရဲ႕လက္ကို
တြဲထားရလို႔လည္း မထူးဆန္းေတာ့သလိုပဲ။
အရည္ထူေနသည့္ မ်က္ႏွာေပးမ်ိဴးေပါ့။
ရွက္ရေကာင္းမွန္းလည္းမသိ။
သိန္းခ်ီတဲ့ထီလတ္မွတ္ႀကီးကို ကိုင္ထားမိသလို
မ်က္ႏွာေပးမ်ိဳးႀကီး။
တစ္ေန႔ေန႔မွာ သူကသာခ်မ္းသာမွာဆိုသည့္
ပုံစံမ်ိဳးႏွင့္ မ်က္ႏွာကိုခ်ီထားေလရဲ႕။
သူ႔ရဲ႕ထီလတ္မွတ္ႀကီးက ဒိတ္လြန္ေနတာေတာ့
မသိရွာဘူး။
ေမေမတို႔သာ ဒီအေၾကာင္းေတြကိုသိရင္
ရင္ကြဲမွာေသခ်ာတယ္။
ေဒၚေလးသာဆို ရင္ထုမနာျဖစ္ေနမွာ။
ဖြားဖြားသာသိရင္ ေမ့လည္းေလာက္တယ္။
ဝိုင္းေလး သြားေျပာျပလို႔လည္းမျဖစ္သလို
မမထိပ္ထားကိုလည္း မေျဖာင္းဖ်ရဲေပ။
"ကိုစက္..မေတြ႕ရတာၾကာၿပီ..ေနေကာင္းတယ္ေနာ္"
ဒီတစ္ခါေတာ့ ကိုမင္းစက္ကမခ်စ္သဲလို
မ်က္ႏွာမလြဲေတာ့ပဲ မမထိပ္ထားကို
ေခါင္းၿငိမ့္ျပေလသည္။
ဒါေပမဲ့ သူ႔မ်က္လုံးထဲမွာေတာ့
အထင္ေသးမႈအျပည့္ပဲ။
"ထိပ္ထားက ေမာင္မင္းစက္နဲ႔သိလို႔လား.."
ေဘးမဇ ဟိုအသက္ေလးဆယ္လူႀကီးကလည္း
အသံထြက္လာေလသည္။
"သိတာေပါ့..ဒါကထိပ္ထားရဲ႕ညီမေလးေလ
ေမဝိုင္းေလးလို႔ေခၚတယ္..ကိုစက္နဲ႔ကလည္း
ဟိုးငယ္ငယ္တည္းကသိခဲ့တာ..
ထိပ္ထားတို႔သုံးေယာက္က အရမ္းခင္ၾကတာေလ"
"ဟုတ္လား..ဒါဆိုအေတာ္ပဲေပါ့..ေနာက္ပိုင္း
ေမာင္မင္းစက္နဲ႔ ေဆြးေႏြးစရာရွိရင္ထိပ္ထားကိုပဲ
အားကိုးရေတာ့မွာပဲ..ေမာင္မင္းစက္
ဦးမင္းနဲ႔ ေဆြးေႏြးစရာေလးရွိလို႔
အဆင္ေျပႏိုင္မလား.."
"၀မ္းနည္းပါတယ္..ဦးကိုကိုလြင္..
ကြၽန္ေတာ္ေခါင္းသိပ္မၾကည္လို႔ ေအးေဆးပဲ
အနားယူခ်င္ပါတယ္..တစ္ခုခုေဆြးေႏြးစရာရွိရင္
ေနာက္ရက္မွ ကြၽန္ေတာ့္ကုမၸဏီမွာ
ေတြ႕ဆုံဖို႔ ႀကိဳတင္လာအေၾကာင္းၾကားထားပါေနာ္"
"အခ်ိန္ခဏေလးပါပဲကြာ.."
"အဆင္မေျပလို႔ပါ.."
ဟိုလူႀကီးကလည္းမမထိပ္ထားမ်က္ႏွာနဲ႔
ရမယ္ထင္ကာ စကားေျပာခ်င္လို႔
ရမယ္ရွာေနၿပီး ကိုယ္ေတာ္ကလည္း
ခပ္ေခ်ေခ်နဲ႔ ျငင္းလႊတ္ေနေတာ့ ေနာက္ဆုံးမွာ
မမထိပ္ထားက ဝိုင္းေလးကိုမ်က္စျပစ္ေနသည္။
သူမ်က္စျပစ္ေတာ့ေရာ ဝိုင္းေလးက
ဘာလုပ္ႏိုင္တာမွတ္လို႔။
မင္းစက္အာဏာဆိုတာ ဝိုင္းေလးထိန္းခ်ဳပ္လို႔ရတဲ့
အ႐ုပ္ႀကီးမွ မဟုတ္တာ။
"ေမဝိုင္းေလး..ကိုစက္ကိုဝိုင္းေျပာေပးအုံးေလ
မမတို႔နဲ႔ မေတြ႕တာၾကာလို႔
သူစိမ္းဆန္သြားတာမ်ားလား..အခ်င္းခ်င္းေတြပဲကို
စကားေျပာဖို႔ေလာက္ေလးေတာ့မ်က္ႏွာသာ
ေပးပါအုံးလို႔..ေမေမတို႔ကေတာင္ေျပာေနၾကၿပီ
ဝိုင္းေလးက သူတို႔ကိုေမ့ေတာင္ေနၿပီလားတဲ့"
ေမေမတို႔ကိုပါ ဆြဲထည့္လာေတာ့
အခက္ေတြ႕ရေလၿပီ။
စကားမေျပာခ်င္ပါဘူးလို႔ ကာယကံရွင္က
ေခါင္းမာေနတာကို သူတို႔ကလည္းဇြတ္ပဲ။
ကိုမင္းစက္ကို မ်က္ႏွာရိပ္ျပၾကည့္လိုက္ေပမဲ့
သူကလည္း လက္ခံပုံမေပၚေတာ့ ဝိုင္းေလးလည္း
ၿငိမ္ေနလိုက္ရသည္။
မမထိပ္ထားတို႔အတြဲကေတာ့ ေျပာမရတဲ့အဆုံး
စိတ္ဆိုးဆိုးနဲ႔ သူတို႔ေနရာကိုသာ
ျပန္သြားၾကေလသည္။
စိတ္ညစ္လိုက္တာ တစ္ေယာက္ၿပီးတစ္ေယာက္
အကုသိုလ္က တစ္ခုၿပီးတစ္ခု။
ရင္ပူလာ၍ ေတြ႕ရာခြက္ကိုသာ
ေကာက္ေမာ့ခ်လိုက္မိေလသည္။
"ဟင္..ဝိုင္ေတြပါလား.."
အေယာင္ေယာင္ အမွားမွားႏွင့္ေရနဲ႔ဝိုင္ေတာင္
မွားကုန္ေလၿပီ။
ဟုတ္သားပဲ ေရကဗူးလိုက္ခ်ထားေတာ့
အဖုံးေတာင္ မဖြင့္ရေသးဘူးေလ။
စိတ္ညစ္ပါတယ္။
ေနာက္ဘယ္ေတာ့မွ ဒီလိုပြဲမ်ိဳးမတတ္ေတာ့ဘူး။
"ဟိုင္း..ေဘာ့စ္..မေတြ႕ရတာၾကာၿပီေနာ္.."
လာျပန္ၿပီေနာက္တစ္ေယာက္။
ထပ္ၿပီး ေမာ့ၾကည့္လိုက္မိေတာ့ထိုင္းသံဝဲဝဲေလးနဲ႔
ကိုမင္းစက္ကို လာႏႈတ္ဆက္သူမွာ
ထိုင္းမင္းသမီးေလး မီရီရမ္ပင္ျဖစ္သည္။
နာမည္ႀကီးမင္းသမီးမို႔ သူ႔ဇာတ္ကားေတြေတာ့
ၾကည့္ဖူးပါတယ္။ဒါေပမဲ့ သူ႔ကိုေတာ့
အႀကိဳက္ႀကီးရယ္ မဟုတ္ဘူး။
အခုအျပင္မွာေတြ႕ရေတာ့ ဇာတ္ကားေတြထဲက
ထက္ေတာင္ ပိုလွေနသလိုပဲ။
ဒါေပမဲ့ သူ႔အသံကတစ္မ်ိဴးပဲ။
ခြၽဲတာလိုလို ညႇိဳ႕အားျပင္းေအာင္ျဖဴစင္တဲ့ပုံစံ
ဖမ္းေနသလိုလိုနဲ႔။
ၿပီးေတာ့ ဝိုင္းေလးကိုလည္းသိပ္ၾကည္ပုံမရဘူး။
"ဒါနဲ႔..ေဘာ့စ္သူကဘယ္သူလဲ.."
"My wife(ငါ့မိန္းမ..)"
အဂၤလိုေျပာလိုက္တဲ့ သူ႔ရဲ႕စကားကတိုျပတ္ေပမဲ့
သူ႔ေလသံက ေလးနက္ၿပီးကန္ေရျပင္လို
တည္ၿငိမ္ေနေလသည္။
မီရီရမ္ကေတာ့ ထိုစကားတစ္ခြန္းနဲ႔တင္
စြန႔္အသြားခဲ့သည္။
ပြဲထဲကို ႏွစ္ေယာက္သား၀င္လာတည္းက
သိၿပီးသားဆိုေပမဲ့ ထပ္ၾကားရေတာ့လည္း
နားမခံသာႏိုင္ေပ။
ေဘာ့စ္ကိုယ္တိုင္ ေျပာေနေတာ့မယုံလို႔လဲမရဘူး။
ဒါေပမဲ့ မင္းသမီးဆိုေတာ့ဟန္ေဆာင္
ေကာင္းရမည္ေလ။ကိုယ္လိုခ်င္တဲ့ပစၥည္းကို
သူမ်ားက လုသြားတိုင္းလြယ္လြယ္
ေပါက္ကြဲလို႔လည္း မျဖစ္ျပန္ဘူး။
"ဂုဏ္ယူပါတယ္မိန္းကေလး..ေဘာ့စ္လိုလူနဲ႔
လက္တြဲခြင့္ရတာ မင္းအရမ္းကံထူးတာပဲ..
ေဘာ့စ္ရဲ႕ေဘးနားမွာ အတူရွိခ်င္တဲ့
မိန္းကေလးေတြထဲကမွ
မင္းလိုသာမာန္မိန္းကေလးကို
ေ႐ြးခ်ယ္သြားလိမ့္မယ္လို႔ မထင္ထားခဲ့မိဘူး
ေဘာ့စ္ရဲ႕ႏွလုံးသားကို အပိုင္ရလိုက္တဲ့အတြက္
တို႔မင္းကို ဂုဏ္ျပဳပါရေစ.."
မီရီရမ္က သူ႔ဘာသာေျပာၿပီး
ဝိုင္းေလးထိုင္ေနသည့္ ဘက္သို႔ေလွ်ာက္လာကာ
သူ႔ကိုင္လာေသာ ဝိုင္ခြက္ႏွင့္ဂုဏ္ျပဳခ်င္ေနေပမဲ့
ေရွ႕တိုးလာေသာ ထိုဝိုင္ခြက္ကို ကိုမင္းစက္က
လွမ္းတားလိုက္ေလသည္။
"ကိုယ္တို႔လက္ထက္ထားတာက
မေန႔တေန႔ကမဟုတ္လို႔ မင္းရဲ႕ဂုဏ္ျပဳမႈကို
လက္ခံလို႔မသင့္ေတာ့ပါဘူး..
ေနာက္ၿပီးသူက ငါေ႐ြးခ်ယ္လိုက္တဲ့မိန္းကေလးမို႔
သာမာန္မဟုတ္ဘူး.."
သူ႔စကားေၾကာင့္ ဝိုင္းေလးေတာင္
မ်က္လုံးျပဴးသြားရေလသည္။
သူေ႐ြးခ်ယ္လိုက္လို႔ ဝိုင္းေလးက
သာမာန္မိန္းကေလးမဟုတ္ေတာ့ဘူးဆိုေတာ့။
အရင္ကေတာ့ သာမာန္ပဲလို႔ဆိုလိုတာလား။
လူကို ေျမႇာက္ေနတာလား ၊ခ်နင္းၿပီးဖေႏွာင့္နဲ႔
ေပါက္ေနတာလားပဲ။
မီရီရမ္ကေတာ့ ေဘာ့စ္၏စိမ္းကားေသာ
အၾကည့္စူးစူးႏွင့္ၾကည့္ခံလိုက္ရတဲ့အျပင္
ကိုယ့္စကားနဲ႔ပါ ျပန္အပက္ခံလိုက္ရေတာ့
ရွက္သြားမိေလသည္။
တစ္ခ်ိန္တည္းမွာ ေဘာ့စ္ကိုအၿပီးအပိုင္
ဆုံးရႈံးလိုက္ရၿပီဟု သိလိုက္ရ၍
စိတ္ေတြ ဂဏွာမၿငိမ္ေတာ့ပဲ ဝိုင္ခြက္ကို
ကိုင္ထားေသာ လက္ေတြပါတုန္ယင္လာေလသည္။
"အား..."
ေမဝိုင္းေလးမွာ ထိုင္ေနရင္းႏွင့္ေပါင္ေပၚတြင္
ေအးခနဲ ျဖစ္သြား၍လန႔္ၿပီးထေအာ္လိုက္မိေလသည္။
မင္းစက္လည္း အထိတ္ထိတ္အလန႔္လန႔္
ျဖစ္သြားၿပီး ငုံ႔ၾကည့္လိုက္ေတာ့ေမဝိုင္းေလး၏
၀တ္စုံေပၚမွာ ဝိုင္ေတြဖိတ္ေနတာကို
ေတြ႕လိုက္ရသည္။
"ကြၽန္မေတာင္းပန္ပါတယ္ေနာ္..
လက္ေခ်ာ္သြားလို႔ပါ..."
"ထြက္သြား!!!"
မီရီရမ္လည္း အားနာၿပီးေတာင္းပန္လာေပမဲ့
မင္းစက္ကေအာ္ထည့္လိုက္၍ မ်က္ရည္ေလးေတြ
ဝဲကာ ေနရာမွထြက္သြားေလေတာ့သည္။
ဝိုင္ရည္ေတြစြန္းသြားသည့္ေနရာကို တစ္ရႉးေတြႏွင့္
ဖိသုတ္လိုက္ေပမဲ့ မေျပာင္ေတာ့တာကို
ေတြ႕လိုက္ရေလသည္။
"၀န္ထမ္းတစ္ေယာက္ကို အေဖာ္ထည့္လိုက္မယ္
နားေနေဆာင္ကိုသြားလိုက္..ခဏေနအ၀တ္အစားလဲဖို႔ ယူၿပီးကိုယ္လိုက္လာခဲ့မယ္..."
"ဟုတ္ကဲ့.."
ဒီတစ္ခါေတာ့ သု႔အမိန႔္ကိုနာခံရေပမည္။
မဟုတ္ရင္ စြန္းထင္းေနသည့္၀တ္စုံႀကီးနဲ႔
အိမ္မျပန္ခ်င္ေပ။
ကိုယ့္ဘာသာ ေအးေဆးေနတာေတာင္
ျပႆနာက ေအးေဆးမေနေတာ့
စိတ္ညစ္ေနရသည္။
မိန္းမေတြကလည္း ပိုင္ရွင္ရွိတဲ့ေယာက္်ားကိုမွ
ဘာလို႔ဒီေလာက္ငမ္းငမ္းတက္လိုခ်င္ေနၾကလည္း
မသိဘူး။
ကိုမင္းစက္ ေခ်ာတာ၊ဆြဲေဆာင္မွာရွိတာကို
လက္ခံေပမဲ့ ဒီေလာက္အထိမိန္းမငုတ္တုတ္ႀကီး
ရွိေနတာေတာင္ လာျမႇဴခ်င္ၾကတာေတာ့
တရားလြန္လြန္းတယ္။
ဘယ့္ႏွယ့္ဟာေတြမွန္းကိုမသိဘူး။
"အစ္မအဆင္ေျပရဲ႕လား.."
"ဟုတ္ေျပပါတယ္.."
နားေနခန္းသို႔ သြားေနေတာ့မွဝိုင္တစ္ခြက္ကို
တစ္ဂ်ိဳက္တည္း ေမာ့ေသာက္မိတဲ့အရွိန္က
စလာၿပီမွန္း သိလိုက္ရသည္။
ဝိုင္းေလးက ကြမ္းယာေတာင္ေဆးေသးေသးေလး
ပါေတာင္ မူးတတ္သည့္လူျဖစ္သည္။
ငယ္ငယ္က ေဖေဖစားတဲ့ကြမ္းယာကို ယူစားမိလို႔
အိမ္ႀကီး ပတ္ခ်ာလည္ေနသလိုအမူးသမား
ျဖစ္ခဲ့တာကို အခုထိမေမ့ေသးေပ။
အခုလည္း အ႐ြယ္ေရာက္ၿပီဆိုေပမဲ့
ထို႔နည္းတူျဖစ္ခ်င္ေနသလိုပဲ။
အေဆာင္ႀကီးက လည္မေနေတာ့ေပမဲ့
ေဒါက္က ခဏခဏေခ်ာ္က်ေန၍
ေနာက္ဆုံး ဟန္ခ်က္ပ်က္ၿပီး
လဲမလိုျဖစ္သြားမည့္အခ်ိန္မွာ..
"သတိထားမွေပါ့..ဝိုင္းဝိုင္းရယ္.."
"ကိုဦးလား.."
"အင္း..."
ကိုဦး၏မ်က္ႏွာႀကီးကိုၾကည့္ၿပီး ကိုဦးလားဟု
ေမးလိုက္မိသည္။
တကယ္ကို ႐ူးေၾကာင္ေၾကာင္ႏိုင္တာပဲ။
"ညီမျပန္ရင္ျပန္လိုက္ေတာ့ အစ္ကိုပဲသူ႔ကို
တြဲေပးလိုက္မယ္.."
"ဟုတ္ကဲ့..နားေနေဆာင္ကိုသြားလိုက္ပါေနာ္.."
ေႏြဦးေလျပည္သည္ ေမဝိုင္းေလးကို
ဖမ္းထိန္းေပးထားရင္း တြဲေပးထား၍
၀န္ထမ္းမေလးလည္း
ျပန္လွည့္ထြက္သြားေလသည္။
သူတို႔ေရာက္ေနသည့္ေနရာက ခန္းမအျပင္ဘက္မွာ
ျဖစ္ေနၿပီး ပြဲလာသူေတြႏွင့္ေဝးကြာလာၿပီျဖစ္၍
ဘယ္သူ႔ကိုမွ ဂ႐ုစိုက္ေနဖို႔ေတာ့မလိုေပ။
"ကိုခ်ီရမလား..ဝိုင္းဝိုင္းေျခေထာက္နာေနတယ္
မဟုတ္လား.."
"ရပါတယ္..ကိုဦးရယ္..သူမ်ားေတြျမင္ရင္
တစ္မ်ိဴးထင္ကုန္မွာေပါ့.."
"ကိုယ့္ကိုအားနာစရာမလိုပါဘူး.."
"ရပါတယ္..ဝိုင္းေလးကိုနားေနေဆာင္သာ
ေခၚသြားေပးေနာ္.."
မူးေနသည္ဆိုေသာ္လည္း ကိုဦးကို
ေပြ႕ခ်ီခိုင္းရေအာင္အထိေတာ့ မဝံ့ရဲပါဘူး။
သူကနာမည္ႀကီးတစ္ေယာက္ဆိုေတာ့
အိမ္ေထာင္သည္ျဖစ္တဲ့ ဝိုင္းေလးနဲ႔
လူျမင္ကြင္းမွာ ခ်ီလား၊ေပြ႕လားဆိုရင္
သူပဲ နစ္နာမွာေပါ့။
ေျခေထာက္က ေတာ္ေတာ္နာေနသည္မို႔လို႔သာ
ကိုဦး၏ လက္ေမာင္းကို တြဲေလွ်ာက္ရေပမဲ့
ဒီလို သူစိမ္းေယာက္်ားေလးႏွင့္ အသားခ်င္း
ထိေတြ႕ရတာမ်ိဳး မျဖစ္ခ်င္တာေတာ့အမွန္ပဲ။
ကိုဦးနဲ႔အရမ္းခင္ေပမဲ့ ဒီလိုမ်ိဳးကိစၥကိုေတာ့
ႏွစ္ေယာက္လုံး ဆင္ျခင္သင့္သည္မဟုတ္ပါလား။
"ကိုဦးျပန္ခ်င္ျပန္ေတာ့ေလ..
ဝိုင္းေလးတစ္ေယာက္တည္း အဆင္ေျပပါတယ္"
"ဘယ္ျဖစ္မလဲ..ကိုယ္ခဏေတာ့ေစာင့္ေပးပါ့မယ္"
သူကေစာင့္ေပးမယ္ဆိုေတာ့လည္း
ကိုယ္ကဘာေျပာစရာ ရွိေတာ့မွာလည္း။
နားေနေဆာင္ထဲမွာ ဘယ္သူမွမရွိေတာ့၍
ဝိုင္းေလးတစ္ေယာက္တည္းသာဆိုလည္း
ေၾကာက္ေနမွာ ေသခ်ာတယ္။
"ဒါနဲ႔ကိုဦးကို ဝိုင္းေလးတစ္ခုေလာက္
ေမးခ်င္တယ္..မကြယ္မဝွက္တမ္း
ေျဖေပးပါလားဟင္.."
"ေမးၾကည့္ေလ.."
"ကိုမင္းစက္နဲ႔ကိုဦးတို႔ ႐ုံးခန္းထဲမွာအတူရွိတဲ့ေန႔က
ဘာေတြ ျဖစ္ၾကတာလဲဟင္.."
"ကိုယ္အမွန္အတိုင္းေျပာရင္ မင္းစိတ္ဆိုးမွာလား"
"ဆိုးစရာလား..ဝိုင္းေလးကလည္းအမွန္အတိုင္းပဲ
သိခ်င္တာေလ.."
"တကယ္ေတာ့ အဲ့ေန႔ကဝိုင္းေလးကို
ကိုယ္ခ်စ္ေရးဆိုခ်င္တဲ့အေၾကာင္း
မင္းစက္ကို ေျပာလိုက္မိတယ္.."
"ဘာ..ခ်စ္ေရးဆိုခ်င္တယ္.."
"ဟုတ္တယ္ဝိုင္းဝိုင္း.."
ကိုဦး၏အသံက တိမ္၀င္သြားၿပီး
မတ္တပ္ရပ္ေနရာမွ ဝိုင္းေလး၏အေရွ႕မွာ
မုဆိုးဒူးေထာက္သလို ထိုင္ခ်လာေလသည္။
ၿပီးေနာက္ ရီေဝေဝျဖစ္ေနေသာ ဝိုင္းေလးကို
မ်က္၀န္းခ်င္း ဆုံ၍ပါၾကည့္လာသည္။
သူ႔မ်က္၀န္းေတြက အေျဖတစ္ခုကိုရွာေနသလိုပဲ။
႐ုတ္တရက္သူ႔ရဲ႕ ေအးစက္ေနေသာလက္နဲ႔
ဝိုင္းေလး၏ လက္ဖ်ားေလးေတြကို
ကိုင္ဆုပ္လိုက္တဲ့အခ်ိန္ ခ်က္ခ်င္းသတိ၀င္ၿပီး
အေနာက္သို႔ ျပန္ဆြဲယူလိုက္ေပမဲ့
သူကလုံး၀လြတ္မေပးပဲ ျပန္ဆြဲထားေလသည္။
"ကိုဦး ဘာလုပ္တာလဲ.."
"ခဏေလးပါပဲ ဝိုင္းဝိုင္းရယ္..အျငင္းခံရမယ္
ဆိုတာသိေပမဲ့ ကိုယ္ေနာင္တမရခ်င္ဘူးကြာ
ဝိုင္းဝိုင္းကို လ်စ္လွ်ဴရႈဖို႔မၾကည့္ဖို႔ႀကိဳးစားေပမဲ့
ကိုယ္လုံး၀ မလုပ္ႏိုင္ခဲ့ဘူး
မင္းရွိတဲ့ေနရာကိုပဲကိုယ္အၿမဲ ၾကည့္ခ်င္ေနမိသလို
မင္းေျခေထာက္ေလးနာတာကို ေတြ႕ရေတာ့လည္း
ကိုယ့္ရင္ထဲမွာ ကိုယ္တိုင္နာက်င္ေနရသလိုပဲ
ဒါေၾကာင့္ ကိုယ္အရဲစြန႔္ၿပီး လိုက္လာခဲ့မိတာပါ.."
"ကိုဦးဘာေတြေျပာေနတာလဲ..
ဆက္မေျပာပါနဲ႔ေတာ့..
ဝိုင္းေလးကလူလြတ္မဟုတ္ဘူးေလ..
ကိုဦးသူငယ္ခ်င္းရဲ႕..."
"ကိုယ္သိပါတယ္ကြာ..မေျပာျပပါနဲ႔ေတာ့
ကိုယ္ေျပာတာကိုပဲ နားေထာင္ေပးပါေနာ္..
ကိုယ္မင္းကိုသိပ္ခ်စ္တယ္ဝိုင္းဝိုင္း..
အဲ့ဒီ့အခ်စ္က အခုမွျဖစ္တည္လာတာမဟုတ္ဘူး
ကိုယ္တို႔ စေတြ႕တဲ့အခ်ိန္တည္းကပဲ
ဝိုင္းဝိုင္း အသက္၁၅ႏွစ္ေလာက္တည္းက
ကိုယ့္ရင္ထဲမွာ ဝိုင္းဝိုင္းနဲ႔ပတ္သတ္တိုင္း
စိတ္လႈပ္ရွားခဲ့ရတာ..ကိုယ္နာမည္စႀကီးတဲ့
အခ်ိန္တည္းက ဝိုင္းဝိုင္းကိုရွာခဲ့ေပမဲ့
ျပန္ေတြ႕တဲ့အခ်ိန္မွာ ဝိုင္းဝိုင္းကအျခားတစ္ေယာက္
လက္ထဲကို ေရာက္ႏွင့္ေနၿပီ..
ကိုယ္ေနာက္က်သြားတယ္ဝိုင္းဝိုင္းရယ္
မင္းစက္ကိုလည္းအားက်တယ္..
ဘာလို႔ကံေကာင္းတဲ့လူက
ကိုယ္မျဖစ္ရတာလဲကြာ..ကိုယ္တို႔ဘယ္ေနရာမွာ
လြဲခဲ့ၾကတာလဲဟင္.."
ကိုဦး၏ ၀န္ခံခ်က္ကဝိုင္းေလးကို
ေရွာ့ခ္ရသြားေစတာေတာ့ အမွန္ပဲ။
ဒီလိုစကားမ်ိဳးေတြ ၾကားရလိမ့္မယ္လို႔လည္း
တစ္ခါမွ မေတြးခဲ့ဖူးေပ။
ဘယ္လိုျပန္ၿပီးႏွစ္သိမ့္ေပးရမွန္းေတာင္
မသိေတာ့ဘူး။
ထို႔ေၾကာင့္ သူဆုပ္ကိုင္ထားေသာ လက္ေလးကိုသာ
ျပန္ဆြဲယူလိုက္မိသည္။
ကိုဦးကေတာ့ မ်က္ရည္မ်ားဝဲလွ်က္
ေမာ့ၾကည့္လာေလသည္။
"ဝိုင္းေလးကိုဦးကို..အစ္ကိုတစ္ေယာက္လို
ခင္ပါတယ္..ဟိုအရင္တည္းကဝိုင္းေလးအေပၚ
ေကာင္းေပးခဲ့တာေတြအတြက္လည္း
အၿမဲအမွတ္ရေနခဲ့တာပါ..ဒါေၾကာင့္လည္း
ဝိုင္းေလးဘက္ကေနစၿပီး ကိုဦးကိုရႈိးပြဲမွာ
လွမ္းေခၚလိုက္တာေပါ့..ဝိုင္းေလးအေပၚ္မွာ
ကိုဦးကအမ်ားႀကီးၾကင္နာေပခဲ့တယ္
ဝိုင္းေလးကို ဘယ္တုန္းကမွလည္း
အထင္အျမင္ မေသးခဲ့ဖူးဘူး..
အဲ့ဒီ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္..
တစ္ခ်ိန္ခ်ိန္မွာ ျပန္ဆပ္ခြင့္ရမယ္ဆိုရင္
ေသခ်ာေပါက္ ျပန္ဆပ္ပါ့မယ္ေနာ္..."
ကိုယ္ဦးအေပၚမွာ ဟိုအရင္ကခံစားခ်က္ေတြ
ရွိေကာင္းရွိႏိုင္ေပမဲ့ အခ်စ္လို႔ေတာ့ေခါင္းစဥ္
တပ္လို႔ မရေပ။
ကိုဦးကို သူမ်ားထက္ခင္ၿပီး ပိုတြယ္တာမိတာကို
၀န္ခံေပမဲ့ ခ်စ္သူတစ္ေယာက္လိုမ်ိဳးေတာ့
မခံစားတတ္ခဲ့ဘူး။
ကိုဦးနဲ႔အတူ သူ႔ပန္ခ်ီကားေလးေတြကို
ၾကည့္ရတာေက်နပ္ၿပီး ကိုဦးရဲ႕တေယာသံေလးကို
နားေထာင္ရရင္ ေပ်ာ္ေနတတ္တာေတာ့
အမွန္ပါပဲ။
အမွန္အတိုင္း ေျပာရရင္အခုခ်ိန္အထိ
မိဘေတြအျပင္ ဝိုင္းေလးဘယ္သူ႔ကိုမွနင့္နင့္နဲနဲ
မခ်စ္မိေသးပါေခ်။
ထို႔ေၾကာင့္ ကိုဦးအားဘယ္လိုစကားမ်ိဳးႏွင့္
ႏွစ္သိမ့္ေပးရမွန္းေတာင္ မသိေတာ့ဘူး။
"အခုေတာ့ မျဖစ္ႏိုင္ေတာ့ဘူးမဟုတ္လား..
ကိုယ့္အတြက္ လုံး၀အခြင့္အေရးမရွိေတာ့ဘူး
မဟုတ္လား..ကိုယ္နားလည္ပါတယ္
ဒါေပမဲ့ေနာက္ဆုံးအေနနဲ႔ ကိုယ့္ခံစားခ်က္ေတြကို
ဝိုင္းဝိုင္းသိေအာင္ ေျပာျပမိခ်င္ခဲ့လို႔
ကိုယ္အရဲစြန႔္မိတာပါ..ဒီလိုလုပ္လို႔
သူငယ္ခ်င္းအေပၚ စည္းမေစာင့္ရာက်ေနတာ
ကိုယ္သိပါတယ္..ဒါေပမဲ့ဝိုင္းဝိုင္းကိုခ်စ္မိတဲ့
အတြက္ေတာ့ ကိုယ္လုံး၀ေနာင္တရမွာမဟုတ္ဘူး"
"ေႏြဦးေလျပည္..!!!.."
နားေနေဆာင္တစ္ခုလုံး ဟိန္းထြက္သြားသည့္
အသံေၾကာင့္ ဝိုင္းေလးႏွင့္ကိုဦးတို႔
ႏွစ္ေယာက္သား ထိတ္လန႔္သြားၾကေလသည္။
ခပ္လွမ္းလွမ္းမွာ ရပ္ေနေသာသူကေတာ့
လက္တစ္ဖက္က ေဆးထုပ္ကိုကိုင္ထားရင္း
က်န္လက္တစ္ဖက္က အ၀တ္ထုတ္ကို
ကိုင္ထားေလသည္။
သူ႔ရဲ႕ ႏႈတ္ခမ္းထပ္မွာေတာ့ ခါးသက္ေသာ
မဲ့ၿပဳံးတစ္ခုက ရည္႐ြယ္ခ်က္ရွိရွိ
ေပၚေပါက္လာခဲ့သည္။
သူ႔မ်က္၀န္းေတြသည္ မီးေတာင္ငယ္ေပါက္၍
စီးဆင္းလာေသာ မီးနီနီရဲရဲေတြႏွင့္
အေရာင္တူေနသည့္အလား ထင္မွတ္ရသည္။
"မင္းစက္..!!!"
ေႏြဦးေလျပည္၏ႏႈတ္မွ မင္းစက္၏နာမည္ကို
ေရ႐ြတ္၍ အၿပီးမွာေတာ့တဟုန္ထိုးပစ္၀င္လာေသာ
လက္သီးခ်က္က ၀င္း၏ပါး႐ိုးေပၚသို႔
ျပင္းထန္စြာ က်ေရာက္လာခဲ့ေလသည္။
🔥🔥🔥🔥🔥🔥🔥
မင္းစက္တို႔ ၾကမ္းကုန္ၿပ
=========================================
အရမ်းကောင်းဆကိလက်မျှော်
ReplyDeleteကြမ်းကုန်ကျပြီ သူငယ်ချင်း တွေ
ReplyDeleteကံကောင်းလိုက်တာမေဝိုင်းလေး ငါသာဆိုနှစ်ယောက်လဲယူမှာ
ReplyDeleteဖတ်ပြီးရင်း ဖတ်ချင်နေပါတယ်😁😁
ReplyDeleteအရမ်းကောင်းပါတယ်
ReplyDeleteရေခဲတုံးကြီးအရေပျော်ပါတော့
ကိုဦးလုပ်မှ မင်းစက်နဲ့မေဝိုင်းလေး ညားတော့မယ်😁😁
ReplyDeleteကျေးဇူပါ❤️
ReplyDeleteမျှော်
ReplyDeleteမျှော်
ReplyDelete