အခန်း(၂၀) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၂၀)

  💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ဒေါ်ရတနာသည် အလုပ်သွားခါနီးတိုင်း

မိခင်ဖြစ်သူထံသို့ သွားပြီးနှုတ်ဆက်လေ့

ရှိသောကြောင့် အပေါ်ထပ်သို့တက်လာကာ

အမေ့အိပ်ခန်းထဲသို့ ၀င်လိုက်လေသည်။

စောစောနိုးတတ်သော အမေသည်

တစ်ကိုယ်ရည်သန့်ရှင်းခြင်းပြီးစီးသွား၍ထင်သည်

မနက်စာအဖြစ် ခေါက်ဆွဲကြော်စားနေလေသည်။အိမ်အကူနှစ်ယောက်ကတော့ ဘေးနားတွင် ရပ်၍အမေ့ကိုစောင့်ကြည့်ကြရသည်။


"အမေ..မနေ့ညကခေါင်းမူးတယ်ဆိုတာ

သက်သာရဲ့လား.."


"အင်း..သက်သာပါတယ်..ဆေးမသောက်ခင်ကတော့ တော်တော်မူးတာ..

ဆေးသောက်ပြီးတော့မှအဆင်ပြေသွားတယ်

ဒါနဲ့..နင်အလုပ်သွားတော့မလို့လား..

ဒီနေ့စောတယ်နော်.."


"ဟုတ်တယ်အမေ..လက်ကျန်ပစ္စည်းစာရင်း

စစ်ရအုံးမှာမို့လေ...အလုပ်သမားတွေ

တော့စုံလောက်သေးမှာမဟုတ်ဘူး.."


"အော်..ဒါနဲ့..ခင်မြတို့ဖုန်းဆက်သေးလား.."


"ဟင့်အင်း..အခုအထိမဆက်သေးဘူး.."


"ဒါဆိုဆက်ကြည့်စမ်းပါဟယ်..

အဆင်ပြေရဲ့လားလို့ အခြေအနေ

အကျိုးအကြောင်းသိရအောင်..နှစ်ယောက်စလုံးက

ဆေးမိထားမှာဆိုတော့..အခုထိတောင်

နိုးကြသေးမှာမဟုတ်ဘူး..အဟင်း..ဟင်း.."


အမေကသူ့ဘာသူ သ‌ဘောတွေကျကာ

မေးလာတော့ ဒေါ်ရတနာလည်း

အသက်ကြီးမှ ကလေးကလားလုပ်မိသည့်

ကိုယ့်အဖြစ်ကိုတွေးရင်း ရယ်ချင်သွားမိသည်။


မင်စက်တို့လင်မယားကလည်းကိုယ်မှ

မတွန်းရင် မရွေ့ကြတဲ့သူတွေမို့

ဒီလိုကြံစည်လိုက်ရတာပေါ့။

မနက်အိပ်ယာနိုးရင်တော့ နှစ်ယောက်သား

ပိုပဲရင်းနီးသွားကြမလား ပိုစိမ်းသွားမလားတော့

တတ်အပ်မခန့်မှန်းရဲပေ။

ဒါပေမဲ့ ကိုယ်တွေအကြံအစည်ကြောင့်

အဆင့်တစ်ခုကိုကျော်သွားနိုင်မှာတော့

သေချာတယ်။


"စိတ်ချအမေ..အမေမကြာခင်မြစ်ကလေး

ရမှာသေချာတယ်..အခုလောက်ဆို

နှစ်ယောက်သားပျားရည်မြစ်ထဲမှာ

မျောရင်း..ကြည်နူးနေကြလောက်ပြီ"


"တူ!!တူ!!တူ.."


ဒေါ်ရတနာလည်း အမေနှင့်အတူထိုင်ကာ

ကျေနပ်နေရင်းနှင့် ဖုန်းမြည်သံကြား၍

ကြည့်လိုက်တော့ဖုန်းစိမ်းဖြစ်နေလေသည်။


"ဘယ်ကဖုန်းလည်းမသိဘူး.."


ဖုန်းကိုကိုင်ပြီးနားထောင်လိုက်တော့

ဒေါ်ခင်မြ၏အသံဖြစ်နေလေသည်။


"မခင်မြဆက်တာအမေရဲ့..အခြေအနေထူးပြီ

ထင်ပါတယ်.."


အမေဖြစ်သူကို ပြုံးကာ‌ပြန်ပြောလိုက်ပြီးနောက်

ဖုန်းကိုဆက်၍နားထောင်လိုက်သည်။

မာနတွေ၊အတ္တတွေနှင့်သာ ဖုန်းလွှမ်းနေသော

မင်းစက်တစ်ယောက် သူ့ဘက်က‌နေ

ချစ်ပေး၊ဂရုစိုက်ပေးချင်တဲ့ အမျိုးသမီးလေးနဲ့အတူ ရှိစေချင်တဲ့ဆန္ဒလေးပြည့်၀တော့မယ်

ထင်ပါတယ်။


"..အခြေအနေဘာထူးလဲ.."


"ဘာ!!!ခေါင်းပေါက်သွားတယ်..

ဘယ်အချိန်ကလဲ..ဘာဖြစ်လို့

ခေါင်းပေါက်ရတာလဲဟယ်..

ငါ့ကိုအမြန်ပြောစမ်းပါ.."


"ဟယ်..ညတည်းကဖြစ်တာကိုအခုမှ

လာပြောရလားဟဲ့..နင်တို့ဟာလေ..

အခုပဲငါလိုက်လာခဲ့မယ်..မင်းစက်က

အိမ်မှာပဲမဟုတ်လား..ပြီးရင်နင်တို့လည်း

ငါနဲ့တွေ့မယ်.."


ဖုန်းပြောနေရင်းနှင့် မျက်နှာအမူအရာ

မျိုးစုံဖြစ်နေသော သမီးဖြစ်သူကိုကြည့်ပြီး

ဖွားနုလည်းစိုးရိမ်စိတ်ဖြစ်လာလေသည်။

ဆေးအာနိသင်ရဲ့ ဆိုးကျိုးကြောင့်

ကလေးနှစ်ယောက် ဒုက္ခများရောက်နေမလား

ဆိုပြီး ရင်ပူနေရသည်။


"အမေရေ..သမီးအခုပဲအမေ့မြေးဆီကို

သွားမှဖြစ်မယ်.."


"ဟဲ့ဘာဖြစ်လို့လဲ.."


"ဘာဖြစ်ရမှာလဲ..အမေ့မြေးပေါ့..

ဟို‌..ခေါင်းပေါက်သွားလို့တဲ့.."


"ဘာ..ဘယ်လိုကနေဘယ်လို

ခေါင်းပေါက်တာတုန်းဟဲ့..ငါရင်ပူလိုက်တာဟယ်

ရှင်းရှင်းပြောစမ်းပါ"


"ဟို..ညတုန်းကဆေးသောက်ပြီး

သူ့မိန်းမအခန်းထဲကို၀င်ပြီးနောက်မှ

ဖြစ်တာတဲ့..ကြည့်ရတာနှစ်ယောက်သား

အခုထိအဆင်မပြေကြသေးဘူးထင်တယ်..

အခုမင်းစက်ကခေါင်းပေါက်သွားလို့

 ဒီနေ့အလုပ်မသွားနိုင်ဘူးတဲ့.."


"အမယ်လေး..အဲ့လောက်တောင်ပဲ

ဖြစ်သွားတာလား..မိရတနာညည်းပြောတော့

ဒီဆေးကအရမ်းစွမ်းလို့ တစ်ခါတည်း

မြစ်ပါရနိုင်တယ်ဆို..အခုတော့နင့်သား

ခေါင်းပေါက်ပြီ..မြစ်မရတဲ့အပြင်သူ့ခေါင်းမှာ

အတက်မထွက်တာတောင်ကံကောင်း.."


"ကျွန်မလည်းကောင်းမယ်ထင်လို့

လုပ်လိုက်တာပဲအမေရယ်..ကြည့်ရတာ

ပွဲအကြမ်းလွန်ပြီးခေါင်းပေါက်သွားတာ

ထင်တယ်..ပြောမရဘူး..

မြစ်ကလေးတွေ..တစ်ယောက်မကဘူး

နှစ်ယောက်တောင်ရရင်ရနိုင်တယ်.."


"အမယ်လေး..စိတ်ကူးတာတွေလျှော့စမ်းပါအေ..ခေါင်းပေါက်သွားပါတယ်ဆို..

ဘယ်ကမြစ်တွေကိုမျှော်နေတာလဲ..

မြစ်မပြောနဲ့..အညှောင့်တောင်ထွက်မှာ

မဟုတ်ဘူး..ကဲပါ..ညည်းသားရဲ့အခြေအနေကို သွားကြည့်စမ်းပါ.."


ဒေါ်နုယဉ်ကနှင်ထုတ်လိုက်၍ ဒေါ်ရတနာလည်း အလုပ်သွားမလို့တွေးထားမိရာကနေ

ဦးတည်ချက်က ကိုစက်တို့အိမ်ကို

ပြောင်းသွားရလေသည်။


"ဟဲ့..ရတနာ..အလောတကြီးနဲ့ဘယ်ကို

သွားမလို့လဲ.."


"မင်းစက်ဆီကိုအစ်မရေ.."


ဘုရားခန်းအရှေ့မှဖြစ်လျှောက်လိုက်စဉ်တွင်

ဘုရားပန်းလဲပြီးထွက်လာသည့် အစ်မဖြစ်သူနှင့် တွေ့၍လွှတ်ကနဲဖြေလိုက်မိလေသည်။

ပြီးတော့မှ ကိုယ့်ပါးစပ်ကိုယ်အမြန်ပြန်ပိတ်

လိုက်ရသည်။

မမခိုင်က တစ်ခုခုဆိုအာကျယ်အာကျယ်သမား

ဖြစ်ပြီး ပုံကြီးချဲ့တတ်သူမို့

စကားကိုထိန်း၍ပြောမှဖြစ်လိမ့်မည်။


"ကိုစက်ဆီဘာသွားလုပ်မလို့လဲ.."


"ဟို..ဘာမှမဟုတ်ပါဘူးအစ်မရယ်..

သတိရလို့သွားတွေ့မလို့ပါ.."


"ဟဲ့..သွားတာကလည်းဒီလောက်အစောကြီး

သတိရရင်ဖုန်းဆက်ပြီးလှမ်းခေါ်လိုက်ပြီးရောကို.."


"လူကိုယ်တိုင်သွားတွေ့ချင်လို့ပေါ့အစ်မရယ်

နောက်ပြီးသားလေး..နေမှကောင်းရဲ့လားလို့

သတင်းလေးဘာလေးမေးရင်းနဲ့ပေါ့.."


ညီမဖြစ်သူ၏စကားကို သေချာနားထောင်ပြီးတဲ့နောက်မှာတော့ ဒေါ်ခိုင်မိုးမြင့်လည်း

တစ်ခုခုကို သိချင်စိတ်ဖြစ်မိ၍

တစ်ခါတည်းအတူလိုက်ဖို့ဆုံးဖြတ်လိုက်လေသည်။


"ငါလည်းလိုက်ခဲ့မယ်.."


"ဟင်..အစ်မကဘာလိုက်လုပ်မလို့လဲ.."


"ဟဲ့..ဘာကြောင့်လိုက်လိုက်ပေါ့ဟယ်..

အိမ်ထောင်မကျခင်ကဆို..ငါတူလေးက

အဆင်ပြေပြေနေနေတာလေ..

အိမ်ထောင်ကျပြီးမှ အဆင်မပြေတော့ရင်

ဘယ်လိုလုပ်မလဲ..သူ့မိန်းမကအခြေအမြင့်

ရှိတဲ့လူမဟုတ်ဘူး..တော်ကြာငါ့တူလေးကို

မကောင်းကြံနေမှ..ငါတို့ရင်ကျိုးနေရမှာ..

အဲ့မိန်းကလေးကို ငါကအစတည်းက

သိပ်ကြည့်လို့ရတာမဟုတ်ဘူး..

လာသွားကြမယ်.."


အခုမှဘုရားခန်းထဲကနေထွက်လာပြီး

အခုပဲရန်စကားတွေပြောကာ အရှေ့မှထွက်သွားသော အစ်မဖြစ်သူကြောင့်

ဒေါ်ရတနာလည်း ခေါင်းကိုက်နေရသည်။

ဟိုအိမ်ကိုခေါ်သွားလို့ သူ့တူခေါင်းပေါက်မှန်း

သိရင် ဘယ်လိုလုပ်ပါ့မလဲ။

တကယ်လို့ကိုယ်ကအဖော်မလိုက်ရင်လည်း

သူတစ်ယောက်တည်း သွားနေမှပိုရှုပ်နိုင်တယ်။


🌹🌹🌹🌹🌹


"..ခေါင်းနာနေတုန်းပဲလား.."


ကုတင်ပေါ်တွင် ထိုင်ပြီး  လက်ပ်တော့ကိုနှိပ်နေသော သူ့ကိုစွပ်ပြုတ်ပန်းကန်လေးကိုင်၍

မေးလာ၍ မော့ကြည့်လိုက်တော့

အပြစ်ရှိသလိုမျိုး မျက်နှာလေးငယ်ပြီး

သူ့ကိုကြည့်နေသည့် မျက်၀န်းလေးများနှင့်

သွား၍ စုံသည်။

ခေါင်းဒဏ်ရာက သွေးစို့သွားတယ်ဆိုပေမဲ့

အပေါ်ယံလောက်ပဲမို့ သူ့အတွက်စာမဖွဲ့လောက်ပေ။


ဒါပေမဲ့ ခါးကတော့အတော်နာနေ၍

အလုပ်ကိုတော့ ဒီနေ့တစ်ရက်နားလိုက်ရလေသည်။ကံကောင်းတာကတော့ လက်ထောက်

ကောင်းသန့်ဟာ အင်မတန်စေ့စပ်ပြီး

စိတ်ချရလို့ပါပဲ။

မဟုတ်ရင်တော့ ခါးနာ၊ခေါင်းပေါက်ဒဏ်ရာနှင့် အလုပ်ကိုသွားရမလားပဲ..။


"စွပ်ပြုတ်လေးသောက်လိုက်ပါလား.."


"ကိုယ်ကလူနာမှမဟုတ်ပဲ စွပ်ပြုတ်ကြီး

မသောက်ချင်ပါဘူး.."


သူကငြင်းလိုက်တော့ ဝိုင်းလေးသက်ပြင်းချလိုက်မိလေသည်။

ကိုယ့်ကြောင့် သူအခုလိုအနာတရဖြစ်သွားလို့

လျှော်ကြေးအနေနဲ့ မနက်စောစောထပြီး

ကြက်သားစွပ်ပြုတ်လေးလုပ်ပေးထားတဲ့ 

ဥစ္စာကို လက်ပ်တော့ကိုသာနှိပ်နေလေသည်။


အလုပ်မှမလုပ်ရရင်သေသွားမှာကျနေတာပဲ။

ခေါင်းပေါက်ပြီးခါးဒီလောက်နာနေတာကိုတောင် အရေးမလုပ်ဘူး။


"အဲ့ဒီ့အလုပ်ကရှင့်ကျန်းမာရေးထက်

အရေးကြီးနေတာလား..ရှင်အလုပ်လေး

တစ်ရက်မလုပ်ရတော့တာနဲ့..ကြမ္ပဏီကြီးက

ရပ်တန့်သွားမှာကျနေတာပဲ.."


ထိုသို့ရန်စကားဆိုလိုက်တော့မှသာ

သူကဝိုင်းလေးကို ပြန်၍မော့ကြည့်လာခဲ့လေသည်။


"စွပ်ပြုတ်ကိုသောက်မှာလား..မသောက်ဘူးလား

..မနက်တည်းကကျွန်မထပြုတ်ပေးထားတာ.."


"အော်..ဒါဆို..ဒီစွပ်ပြုတ်ကမင်းကိုယ်တိုင်

ပြုတ်ထားတယ်လို့ဆိုလိုချင်တာပေါ့.."


"ဆိုလိုချင်တာမဟုတ်ဘူး..အတိအကျပဲ

သောက်မှာလား..မသောက်ဘူးလား..

မသောက်ဘူးဆိုလည်း..ပြန်ယူသွားတော့မယ်.."


ဝိုင်းလေးကပြန်လှည့်မည်လုပ်တော့

သူကဝိုင်းလေး၏တံတောင်ဆစ်ကို

လှမ်းဆွဲလိုက်ပြီး သူ့ဆီသို့ဆွဲယူနေ၍

စွပ်ပြုတ်တွေကို မမှောက်သွားစေရန်

ကုတင်ပေါ်တွင် ထိုင်ချလိုက်ရသည်။

သူနှင့် မျက်နှာချင်းဆိုင်ဖြစ်နေ၍

သူပြုံးလိုက်တာကိုလည်း မြင်လိုက်သေးသည်။


"ရှင်ဘာကိုရယ်နေတာလည်း..ကျွန်မကို

လှောင်နေတာလား.."


"မလှောင်ရဲပါဘူးဗျာ...လှောင်မိရင်

လက်ပါထပ်ကျိုးမှာစိုးလို့.."


"ရှင်နော်.."


"ဟား..ဟား.."


ဝိုင်းလေးကိုတမင်လာရွဲ့နေသောကြောင့်

သူ့ကိုမျက်စောင်းထိုးပြစ်လိုက်တော့

အားရပါးရထရယ်လေတော့သည်။

ဘာလဲဟ!!တကယ်ကြီးရယ်နေတာလား။

ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်တဲ့အထိ

အံ့ဩနေမိသည်။

ဟိုငယ်ငယ်တည်းက သူ့ကိုသိ‌ခဲ့တာကြောင့်

သူများဒုက္ခရောက်နေတဲ့အချိန်တွေမှာ

သူရယ်တတ်တာကို သိပါတယ်။

ဒါပေမဲ့ ထိုအဖြစ်ကငယ်ငယ်တုန်းကဖြစ်ပြီး


အခုအရွယ်ရောက်လာတဲ့အခါ

သူနဲ့လက်ထက်ပြီးတည်းက ဒီလိုရယ်တာကို

ဒါပထမဆုံးမြင်ဖူးတာပဲ။

တကယ်တန်းတော့ သူကတည်တည်နေတတ်လို့သာ ‌ကြောက်ကြတာပါ။

ရယ်လိုက်တော့ ကလေးလေးလိုပဲ။

သူ့ရဲ့သွားလေးတွေက ဖြူဖွေးနေပြီး

ရှည်ရှည်လေးတွေမို့ သွားလှသည့်အထဲမှာ

ပါလေသည်။

ရယ်လိုက်သည့်အခါ လခြမ်းလေးကဲ့သို့ 

ဖြစ်သွားသော မျက်၀န်းလေးတွေဟာ

မာန်မာနကြီးသည့်စူးရှမှုတွေပျောက်ဆုံးပြီး ရွှင်လန်းတက်ကြွမှုတွေနှင့်သာ ပြည့်နှက်နေသည်။


"ရှင်ကရယ်လိုက်တဲ့အခါကြည့်ကောင်းသားပဲ

ဘာလို့အမြဲရုပ်တည်တည်ကြီးနေရတာလဲ.."


"ဘာ.."


သူ့ကိုပြုံး၍ကြည့်ကာ ပြောလိုက်သော

မေဝိုင်းလေး၏စကားကြောင့် သူ့မျက်ခုံးတွေ

ပင့်တက်သွားမိလေသည်။

သူရယ်လိုက်မိတာလား။

အားရပါးရ..ပါးစပ်ကြီးဖြဲပြီးတော့လေ။

ကိုယ့်ပါးကိုယ်ပြန်ကိုင်မိကာ မေဝိုင်းလေး၏

အရှေ့မှာမှ အားရအောင်ရယ်လိုက်မိ၍

နည်းနည်းတော့ရှက်သလို ဖြစ်သွားမိသည်။


"အဟမ်း.."


သူချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက်

လက်ပ်တော့ကိုပိတ်ကာ ခြေထောက်ကို

ဆန့်ထုတ်လိုက်ပြီး အနောက်ဘက်ရှိ

ထောင်ထားသော ခေါင်းအုံးပေါ်သို့

မှီချလိုက်သည်။

ပြီးနောက်လက်ကို ပိုက်လိုက်ကာ

မေဝိုင်းလေးကိုင်ထားသော စွပ်ပြုတ်ပန်းကန်ကို ကြည့်လိုက်သည်။


"မင်းကိုယ်တိုင်ပြုတ်ထားတာမဟုတ်လား..

အဲ့တော့ မင်းကိုယ်တိုင်ကိုယ့်ကိုတိုက်ရမယ်.."


"ဟမ်..ရှင့်လက်တွေကအကောင်းကြီးပါ

ခုဏကတောင်လက်ပ်တော့နှိပ်နေပြီးတော့.."


"အဲ့ဒါကလက်ပ်တော့နှိပ်တာလေ..

အခုကလက်ကိုမြှောက်ပြီးမှစွပ်ပြုတ်

သောက်လို့ရမှာ..‌လက်မြှောက်လိုက်တိုင်း

ခေါင်းကကိုက်ကိုက်လာတယ်.."


"တကယ်ကြီးလား.."


"ကိုယ့်လိုလူက ညာပြီးပြောပါ့မလား.."


"အင်းလေ..အဲ့လိုဆိုတော့ဘယ်တတ်နိုင်ပါ့မလဲ..တိုက်ရတော့မှာပေါ့..."


"ဟာ..မင်းရဲ့စကားကမတတ်နိုင်လို့တိုက်ရတယ်

ဆိုတော့..စေတနာတော့မရှိဘူးလို့

ဆိုလိုက်တာလား.."


"စေတနာရှိလို့ပဲ စွပ်ပြုတ်ပြုတ်ပေးတာပေါ့

ရှင်ဟာလေ စကားကိုအရမ်းအထအန

ကောက်တာပဲ..ရော့..သောက်.."


ဝိုင်းလေးလည်း စေတနာကိုမယုံသင်္ကာဖြစ်နေသော လူကြီးကိုကြက်သားလေးအားဖဲ့ပြီး

စွပ်ပြုတ်အရည်ကိုခပ်ကာ သူ့ပါးစပ်အနားသို့

ဇွန်းကိုတေ့ပေးလိုက်သည်။


"အား..ပူတယ်.."


"ဟင်..ဟုတ်လား..ခဏလေးနော်..ဝိုင်းလေး

မှုတ်ပေးမယ်.."


သူကပူတယ်ဟု ပြောလိုက်သောအခါ

စွပ်ပြုတ်ကို တဖူးဖူးမှုတ်နေ၍

သဘောကျကာ ပြုံးလိုက်မိလေသည်။

မေဝိုင်းလေးဟာ သူ့အပေါ်မှာတကယ်ပဲ

စေတနာထားပြီး ပြုစုပေးနေတာလား။

ငယ်ငယ်ကဆိုရင် အဖျားတက်တဲ့အချိန်တိုင်း

အဖေ့ကိုအနားမှာ ရှိစေချင်ခဲ့ပေမဲ့ အဖေက

ကိုယ့်ထက်သူ့အလုပ်ကိစ္စကိုပဲ ပိုပြီး

အာရုံစိုက်ခဲ့တယ်။


နက်စ်တွေအိမ်အကူတွေကတော့ ဘေးနားမှာ

အပြည့်ရှိခဲ့ပါတယ်။

ဒါပေမဲ့ အားလုံးကငွေကြောင့်သူ့ကိုဂရုစိုက်ပေးတာလို့ပဲ မင်းစက်တွေးခဲ့တယ်။

ငွေပေးပြီး မငှားရင်ထိုလူတွေဟာ ကိုယ့်အနားကို

ကပ်ကြမှာကို မဟုတ်ဘူး။


နာမည်ကြီးစားဖိုမှူးရဲ့စွပ်ပြုတ်တစ်ခွက်က

သူမရဲ့နှုတ်ခမ်းလေးနှင့် မှုတ်ပေးပြီး

တိုက်နေသည့် စွပ်ပြုတ်လောက်တောင်

ချိုမနေသလိုပဲ။

အမှန်အတိုင်း၀န်ခံရရင် ကိုယ့်အတွက်အရယ်ရဆုံး

အချိန်ဆိုတာ မေဝိုင်းလေးနဲ့တွေ့တော့မှ

ဖြစ်တည်လာခဲ့တာ။


ညိုမြမြမျက်၀န်းဝိုင်းလေးများနှင့် တစေတလွဲတွေ

ဖြစ်နေတတ်သော ကိုယ့်ထက်လေးနှစ်ငယ်သည့်

ကလေးမလေးကို ကြည့်ပြီး အမြဲရယ်ချင်နေခဲ့တာ။

ကောင်မလေးချော်လဲရင်ဖြစ်ဖြစ် ၊

သစ်ပင်ပေါ်ကနေပြုတ်ကျရင်ဖြစ်ဖြစ် 

ငိုနေရင်ဖြစ်ဖြစ် သူလေးကိုကြည့်မိနေတာနဲ့တင်

ရယ်ချင်နေခဲ့တာ။

လုံး၀မထင်ထားမိတာကတော့ ငယ်ငယ်က

ကိုယ်အနိုင်ကျင့်လို့ကောင်းခဲ့တဲ့

ကလေးမလေးဟာ ကိုယ့်ဇနီးဖြစ်လာခဲ့ခြင်းပဲ။


"မေဝိုင်းလေး..မင်းငါ့အပေါ်မှာ

တကယ်ပဲစေတနာရှိတာလား..."


ထူးထူးဆန်းဆန်းထမေးလိုက်သည့်

သူ့ကြောင့် ဝိုင်းလေးသူ့ကိုကြည့်လိုက်မိတော့

သူကဝိုင်းလေး၏ပါးတစ်ဖက်ကို

သူ့လက်ဖဝါးနှင့် နူးညံ့စွာလာထိတွေ့လိုက်ပြီးနောက် အဓိပ္ပာယ်များစွာပါ၀င်သည်

ရွှန်းလဲ့သော မျက်၀န်းများနှင့်စိုက်ကြည့်လာ

လေသည်။


"အခုအချိန်ကစပြီး ကိုယ်တို့နှစ်ယောက်.."


"ဒုန်း!!!!"


သူ့စကားမဆုံးသေးခင်မှာပဲ ခပ်ဟဟဖွင့်ထားသော အခန်းတံခါးသည်ဆောင့်တွန်းခံလိုက်ရ၍ ဒုန်းကနဲမြည်အောင်ပွင့်သွားလေသည်။မေဝိုင်းလေးလည်း လန့်ပြီးအနောက်သို့

လှည့်ကြည့်လိုက်မိတော့ စွပ်ပြုတ်ပန်းကန်

ကိုင်ထားသည့် လက်ကတုန်တက်သွားပြီး


"အား..ပူတယ်.."


"အမယ်လေး..ဟဲ့..ငါတူလေးအပူလောင်သွားပြီ

..ဟယ်..ခေါင်းမှာလဲ..ပတ်တီးကြီးနဲ့

ဘယ်လိုဖြစ်ရတာလဲ.."!!!!


အခန်း(၂၁) ဆက်ရန်......................................................


=========================================================================


အခန္း(၂၀)

  💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


ေဒၚရတနာသည္ အလုပ္သြားခါနီးတိုင္း

မိခင္ျဖစ္သူထံသို႔ သြားၿပီးႏႈတ္ဆက္ေလ့

ရိွေသာေၾကာင့္ အေပၚထပ္သို႔တက္လာကာ

အေမ့အိပ္ခန္းထဲသို႔ ၀င္လိုက္ေလသည္။

ေစာေစာႏိုးတတ္ေသာ အေမသည္

တစ္ကိုယ္ရည္သန႔္ရွင္းျခင္းၿပီးစီးသြား၍ထင္သည္

မနက္စာအျဖစ္ ေခါက္ဆဲြေၾကာ္စားေနေလသည္။အိမ္အကူႏွစ္ေယာက္ကေတာ့ ေဘးနားတြင္ ရပ္၍အေမ့ကိုေစာင့္ၾကၫ့္ၾကရသည္။


"အေမ..မေန့ညကေခါင္းမူးတယ္ဆိုတာ

သက္သာရဲ့လား.."


"အင္း..သက္သာပါတယ္..ေဆးမေသာက္ခင္ကေတာ့ ေတာ္ေတာ္မူးတာ..

ေဆးေသာက္ၿပီးေတာ့မွအဆင္ေျပသြားတယ္

ဒါနဲ႔..နင္အလုပ္သြားေတာ့မလို႔လား..

ဒီေန့ေစာတယ္ေနာ္.."


"ဟုတ္တယ္အေမ..လက္က်န္ပစၥည္းစာရင္း

စစ္ရအံုးမွာမို႔ေလ...အလုပ္သမားေတြ

ေတာ့စံုေလာက္ေသးမွာမဟုတ္ဘူး.."


"ေအာ္..ဒါနဲ႔..ခင္ျမတို႔ဖုန္းဆက္ေသးလား.."


"ဟင့္အင္း..အခုအထိမဆက္ေသးဘူး.."


"ဒါဆိုဆက္ၾကၫ့္စမ္းပါဟယ္..

အဆင္ေျပရဲ့လားလို႔ အေျခအေန

အက်ိဳးအေၾကာင္းသိရေအာင္..ႏွစ္ေယာက္စလံုးက

ေဆးမိထားမွာဆိုေတာ့..အခုထိေတာင္

ႏိုးၾကေသးမွာမဟုတ္ဘူး..အဟင္း..ဟင္း.."


အေမကသူ႔ဘာသူ သ‌ေဘာေတြက်ကာ

ေမးလာေတာ့ ေဒၚရတနာလည္း

အသက္ႀကီးမွ ကေလးကလားလုပ္မိသၫ့္

ကိုယ့္အျဖစ္ကိုေတြးရင္း ရယ္ခ်င္သြားမိသည္။


မင္စက္တို႔လင္မယားကလည္းကိုယ္မွ

မတြန္းရင္ မေရြ့ၾကတဲ့သူေတြမို႔

ဒီလိုႀကံစည္လိုက္ရတာေပါ့။

မနက္အိပ္ယာႏိုးရင္ေတာ့ ႏွစ္ေယာက္သား

ပိုပဲရင္းနီးသြားၾကမလား ပိုစိမ္းသြားမလားေတာ့

တတ္အပ္မခန႔္မွန္းရဲေပ။

ဒါေပမဲ့ ကိုယ္ေတြအႀကံအစည္ေၾကာင့္

အဆင့္တစ္ခုကိုေက်ာ္သြားႏိုင္မွာေတာ့

ေသခ်ာတယ္။


"စိတ္ခ်အေမ..အေမမၾကာခင္ျမစ္ကေလး

ရမွာေသခ်ာတယ္..အခုေလာက္ဆို

ႏွစ္ေယာက္သားပ်ားရည္ျမစ္ထဲမွာ

ေမ်ာရင္း..ၾကည္ႏူးေနၾကေလာက္ၿပီ"


"တူ!!တူ!!တူ.."


ေဒၚရတနာလည္း အေမႏွင့္အတူထိုင္ကာ

ေက်နပ္ေနရင္းႏွင့္ ဖုန္းျမည္သံၾကား၍

ၾကၫ့္လိုက္ေတာ့ဖုန္းစိမ္းျဖစ္ေနေလသည္။


"ဘယ္ကဖုန္းလည္းမသိဘူး.."


ဖုန္းကိုကိုင္ၿပီးနားေထာင္လိုက္ေတာ့

ေဒၚခင္ျမ၏အသံျဖစ္ေနေလသည္။


"မခင္ျမဆက္တာအေမရဲ့..အေျခအေနထူးၿပီ

ထင္ပါတယ္.."


အေမျဖစ္သူကို ႃပံုးကာ‌ျပန္ေျပာလိုက္ၿပီးေနာက္

ဖုန္းကိုဆက္၍နားေထာင္လိုက္သည္။

မာနေတြ၊အတၲေတြႏွင့္သာ ဖုန္းလႊမ္းေနေသာ

မင္းစက္တစ္ေယာက္ သူ႔ဘက္က‌ေန

ခ်စ္ေပး၊ဂရုစိုက္ေပးခ်င္တဲ့ အမ်ိဳးသမီးေလးနဲ႔အတူ ရိွေစခ်င္တဲ့ဆႏၵေလးျပၫ့္၀ေတာ့မယ္

ထင္ပါတယ္။


"..အေျခအေနဘာထူးလဲ.."


"ဘာ!!!ေခါင္းေပါက္သြားတယ္..

ဘယ္အခ်ိန္ကလဲ..ဘာျဖစ္လို႔

ေခါင္းေပါက္ရတာလဲဟယ္..

ငါ့ကိုအျမန္ေျပာစမ္းပါ.."


"ဟယ္..ညတည္းကျဖစ္တာကိုအခုမွ

လာေျပာရလားဟဲ့..နင္တို႔ဟာေလ..

အခုပဲငါလိုက္လာခဲ့မယ္..မင္းစက္က

အိမ္မွာပဲမဟုတ္လား..ၿပီးရင္နင္တို႔လည္း

ငါနဲ႔ေတြ့မယ္.."


ဖုန္းေျပာေနရင္းႏွင့္ မ်က္ႏွာအမူအရာ

မ်ိဳးစံုျဖစ္ေနေသာ သမီးျဖစ္သူကိုၾကၫ့္ၿပီး

ဖြားႏုလည္းစိုးရိမ္စိတ္ျဖစ္လာေလသည္။

ေဆးအာနိသင္ရဲ့ ဆိုးက်ိဳးေၾကာင့္

ကေလးႏွစ္ေယာက္ ဒုကၡမ်ားေရာက္ေနမလား

ဆိုၿပီး ရင္ပူေနရသည္။


"အေမေရ..သမီးအခုပဲအေမ့ေျမးဆီကို

သြားမျွဖစ္မယ္.."


"ဟဲ့ဘာျဖစ္လို႔လဲ.."


"ဘာျဖစ္ရမွာလဲ..အေမ့ေျမးေပါ့..

ဟို‌..ေခါင္းေပါက္သြားလို႔တဲ့.."


"ဘာ..ဘယ္လိုကေနဘယ္လို

ေခါင္းေပါက္တာတုန္းဟဲ့..ငါရင္ပူလိုက္တာဟယ္

ရွင္းရွင္းေျပာစမ္းပါ"


"ဟို..ညတုန္းကေဆးေသာက္ၿပီး

သူ႔မိန္းမအခန္းထဲကို၀င္ၿပီးေနာက္မွ

ျဖစ္တာတဲ့..ၾကၫ့္ရတာႏွစ္ေယာက္သား

အခုထိအဆင္မေျပၾကေသးဘူးထင္တယ္..

အခုမင္းစက္ကေခါင္းေပါက္သြားလို႔

 ဒီေန့အလုပ္မသြားႏိုင္ဘူးတဲ့.."


"အမယ္ေလး..အဲ့ေလာက္ေတာင္ပဲ

ျဖစ္သြားတာလား..မိရတနာညည္းေျပာေတာ့

ဒီေဆးကအရမ္းစြမ္းလို႔ တစ္ခါတည္း

ျမစ္ပါရႏိုင္တယ္ဆို..အခုေတာ့နင့္သား

ေခါင္းေပါက္ၿပီ..ျမစ္မရတဲ့အျပင္သူ႔ေခါင္းမွာ

အတက္မထြက္တာေတာင္ကံေကာင္း.."


"ကၽြန္မလည္းေကာင္းမယ္ထင္လို႔

လုပ္လိုက္တာပဲအေမရယ္..ၾကၫ့္ရတာ

ပဲြအၾကမ္းလြန္ၿပီးေခါင္းေပါက္သြားတာ

ထင္တယ္..ေျပာမရဘူး..

ျမစ္ကေလးေတြ..တစ္ေယာက္မကဘူး

ႏွစ္ေယာက္ေတာင္ရရင္ရႏိုင္တယ္.."


"အမယ္ေလး..စိတ္ကူးတာေတြေလ်ွာ့စမ္းပါေအ..ေခါင္းေပါက္သြားပါတယ္ဆို..

ဘယ္ကျမစ္ေတြကိုေမ်ွာ္ေနတာလဲ..

ျမစ္မေျပာနဲ႔..အေၫွာင့္ေတာင္ထြက္မွာ

မဟုတ္ဘူး..ကဲပါ..ညည္းသားရဲ့အေျခအေနကို သြားၾကၫ့္စမ္းပါ.."


ေဒၚႏုယဉ္ကႏွင္ထုတ္လိုက္၍ ေဒၚရတနာလည္း အလုပ္သြားမလို႔ေတြးထားမိရာကေန

ဦးတည္ခ်က္က ကိုစက္တို႔အိမ္ကို

ေျပာင္းသြားရေလသည္။


"ဟဲ့..ရတနာ..အေလာတႀကီးနဲ႔ဘယ္ကို

သြားမလို႔လဲ.."


"မင္းစက္ဆီကိုအစ္မေရ.."


ဘုရားခန္းအေရ႔ွမျွဖစ္ေလ်ွာက္လိုက္စဉ္တြင္

ဘုရားပန္းလဲၿပီးထြက္လာသၫ့္ အစ္မျဖစ္သူႏွင့္ ေတြ့၍လႊတ္ကနဲေျဖလိုက္မိေလသည္။

ၿပီးေတာ့မွ ကိုယ့္ပါးစပ္ကိုယ္အျမန္ျပန္ပိတ္

လိုက္ရသည္။

မမခိုင္က တစ္ခုခုဆိုအာက်ယ္အာက်ယ္သမား

ျဖစ္ၿပီး ပံုႀကီးခ်ဲ႔တတ္သူမို႔

စကားကိုထိန္း၍ေျပာမျွဖစ္လိမ့္မည္။


"ကိုစက္ဆီဘာသြားလုပ္မလို႔လဲ.."


"ဟို..ဘာမွမဟုတ္ပါဘူးအစ္မရယ္..

သတိရလို႔သြားေတြ့မလို႔ပါ.."


"ဟဲ့..သြားတာကလည္းဒီေလာက္အေစာႀကီး

သတိရရင္ဖုန္းဆက္ၿပီးလွမ္းေခၚလိုက္ၿပီးေရာကို.."


"လူကိုယ္တိုင္သြားေတြ့ခ်င္လို႔ေပါ့အစ္မရယ္

ေနာက္ၿပီးသားေလး..ေနမွေကာင္းရဲ့လားလို႔

သတင္းေလးဘာေလးေမးရင္းနဲ႔ေပါ့.."


ညီမျဖစ္သူ၏စကားကို ေသခ်ာနားေထာင္ၿပီးတဲ့ေနာက္မွာေတာ့ ေဒၚခိုင္မိုးျမင့္လည္း

တစ္ခုခုကို သိခ်င္စိတ္ျဖစ္မိ၍

တစ္ခါတည္းအတူလိုက္ဖို႔ဆံုးျဖတ္လိုက္ေလသည္။


"ငါလည္းလိုက္ခဲ့မယ္.."


"ဟင္..အစ္မကဘာလိုက္လုပ္မလို႔လဲ.."


"ဟဲ့..ဘာေၾကာင့္လိုက္လိုက္ေပါ့ဟယ္..

အိမ္ေထာင္မက်ခင္ကဆို..ငါတူေလးက

အဆင္ေျပျပေနေနတာေလ..

အိမ္ေထာင္က်ၿပီးမွ အဆင္မေျပေတာ့ရင္

ဘယ္လိုလုပ္မလဲ..သူ႔မိန္းမကအေျခအျမင့္

ရိွတဲ့လူမဟုတ္ဘူး..ေတာ္ၾကာငါ့တူေလးကို

မေကာင္းႀကံေနမွ..ငါတို႔ရင္က်ိဳးေနရမွာ..

အဲ့မိန္းကေလးကို ငါကအစတည္းက

သိပ္ၾကၫ့္လို႔ရတာမဟုတ္ဘူး..

လာသြားၾကမယ္.."


အခုမွဘုရားခန္းထဲကေနထြက္လာၿပီး

အခုပဲရန္စကားေတြေျပာကာ အေရ႔ွမွထြက္သြားေသာ အစ္မျဖစ္သူေၾကာင့္

ေဒၚရတနာလည္း ေခါင္းကိုက္ေနရသည္။

ဟိုအိမ္ကိုေခၚသြားလို႔ သူ႔တူေခါင္းေပါက္မွန္း

သိရင္ ဘယ္လိုလုပ္ပါ့မလဲ။

တကယ္လို႔ကိုယ္ကအေဖာ္မလိုက္ရင္လည္း

သူတစ္ေယာက္တည္း သြားေနမွပိုရႈပ္ႏိုင္တယ္။


🌹🌹🌹🌹🌹


"..ေခါင္းနာေနတုန္းပဲလား.."


ကုတင္ေပၚတြင္ ထိုင္ၿပီး  လက္ပ္ေတာ့ကိုႏိွပ္ေနေသာ သူ႔ကိုစြပ္ျပဳတ္ပန္းကန္ေလးကိုင္၍

ေမးလာ၍ ေမာ့ၾကၫ့္လိုက္ေတာ့

အျပစ္ရိွသလိုမ်ိဳး မ်က္ႏွာေလးငယ္ၿပီး

သူ႔ကိုၾကၫ့္ေနသၫ့္ မ်က္၀န္းေလးမ်ားႏွင့္

သြား၍ စံုသည္။

ေခါင္းဒဏ္ရာက ေသြးစို႔သြားတယ္ဆိုေပမဲ့

အေပၚယံေလာက္ပဲမို႔ သူ႔အတြက္စာမဖဲြ႔ေလာက္ေပ။


ဒါေပမဲ့ ခါးကေတာ့အေတာ္နာေန၍

အလုပ္ကိုေတာ့ ဒီေန့တစ္ရက္နားလိုက္ရေလသည္။ကံေကာင္းတာကေတာ့ လက္ေထာက္

ေကာင္းသန႔္ဟာ အင္မတန္ေစ့စပ္ၿပီး

စိတ္ခ်ရလို႔ပါပဲ။

မဟုတ္ရင္ေတာ့ ခါးနာ၊ေခါင္းေပါက္ဒဏ္ရာႏွင့္ အလုပ္ကိုသြားရမလားပဲ..။


"စြပ္ျပဳတ္ေလးေသာက္လိုက္ပါလား.."


"ကိုယ္ကလူနာမွမဟုတ္ပဲ စြပ္ျပဳတ္ႀကီး

မေသာက္ခ်င္ပါဘူး.."


သူကျငင္းလိုက္ေတာ့ ဝိုင္းေလးသက္ျပင္းခ်လိုက္မိေလသည္။

ကိုယ့္ေၾကာင့္ သူအခုလိုအနာတရျဖစ္သြားလို႔

ေလ်ွာ္ေၾကးအေနနဲ႔ မနက္ေစာေစာထၿပီး

ၾကက္သားစြပ္ျပဳတ္ေလးလုပ္ေပးထားတဲ့ 

ဥစၥာကို လက္ပ္ေတာ့ကိုသာႏိွပ္ေနေလသည္။


အလုပ္မွမလုပ္ရရင္ေသသြားမွာက်ေနတာပဲ။

ေခါင္းေပါက္ၿပီးခါးဒီေလာက္နာေနတာကိုေတာင္ အေရးမလုပ္ဘူး။


"အဲ့ဒီ့အလုပ္ကရွင့္က်န္းမာေရးထက္

အေရးႀကီးေနတာလား..ရွင္အလုပ္ေလး

တစ္ရက္မလုပ္ရေတာ့တာနဲ႔..ၾကမၸဏီႀကီးက

ရပ္တန႔္သြားမွာက်ေနတာပဲ.."


ထိုသို႔ရန္စကားဆိုလိုက္ေတာ့မွသာ

သူကဝိုင္းေလးကို ျပန္၍ေမာ့ၾကၫ့္လာခဲ့ေလသည္။


"စြပ္ျပဳတ္ကိုေသာက္မွာလား..မေသာက္ဘူးလား

..မနက္တည္းကကၽြန္မထျပဳတ္ေပးထားတာ.."


"ေအာ္..ဒါဆို..ဒီစြပ္ျပဳတ္ကမင္းကိုယ္တိုင္

ျပဳတ္ထားတယ္လို႔ဆိုလိုခ်င္တာေပါ့.."


"ဆိုလိုခ်င္တာမဟုတ္ဘူး..အတိအက်ပဲ

ေသာက္မွာလား..မေသာက္ဘူးလား..

မေသာက္ဘူးဆိုလည္း..ျပန္ယူသြားေတာ့မယ္.."


ဝိုင္းေလးကျပန္လွၫ့္မည္လုပ္ေတာ့

သူကဝိုင္းေလး၏တံေတာင္ဆစ္ကို

လွမ္းဆဲြလိုက္ၿပီး သူ႔ဆီသို႔ဆဲြယူေန၍

စြပ္ျပဳတ္ေတြကို မေမွာက္သြားေစရန္

ကုတင္ေပၚတြင္ ထိုင္ခ်လိုက္ရသည္။

သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေန၍

သူႃပံုးလိုက္တာကိုလည္း ျမင္လိုက္ေသးသည္။


"ရွင္ဘာကိုရယ္ေနတာလည္း..ကၽြန္မကို

ေလွာင္ေနတာလား.."


"မေလွာင္ရဲပါဘူးဗ်ာ...ေလွာင္မိရင္

လက္ပါထပ္က်ိဳးမွာစိုးလို႔.."


"ရွင္ေနာ္.."


"ဟား..ဟား.."


ဝိုင္းေလးကိုတမင္လာရဲြ႔ေနေသာေၾကာင့္

သူ႔ကိုမ်က္ေစာင္းထိုးျပစ္လိုက္ေတာ့

အားရပါးရထရယ္ေလေတာ့သည္။

ဘာလဲဟ!!တကယ္ႀကီးရယ္ေနတာလား။

ကိုယ့္မ်က္လံုးေတာင္ ကိုယ္မယံုႏိုင္တဲ့အထိ

အံ့ဩေနမိသည္။

ဟိုငယ္ငယ္တည္းက သူ႔ကိုသိ‌ခဲ့တာေၾကာင့္

သူမ်ားဒုကၡေရာက္ေနတဲ့အခ်ိန္ေတြမွာ

သူရယ္တတ္တာကို သိပါတယ္။

ဒါေပမဲ့ ထိုအျဖစ္ကငယ္ငယ္တုန္းကျဖစ္ၿပီး


အခုအရြယ္ေရာက္လာတဲ့အခါ

သူနဲ႔လက္ထက္ၿပီးတည္းက ဒီလိုရယ္တာကို

ဒါပထမဆံုးျမင္ဖူးတာပဲ။

တကယ္တန္းေတာ့ သူကတည္တည္ေနတတ္လို႔သာ ‌ေၾကာက္ၾကတာပါ။

ရယ္လိုက္ေတာ့ ကေလးေလးလိုပဲ။

သူ႔ရဲ့သြားေလးေတြက ျဖဴေဖြးေနၿပီး

ရွည္ရွည္ေလးေတြမို႔ သြားလွသၫ့္အထဲမွာ

ပါေလသည္။

ရယ္လိုက္သၫ့္အခါ လျခမ္းေလးကဲ့သို႔ 

ျဖစ္သြားေသာ မ်က္၀န္းေလးေတြဟာ

မာန္မာနႀကီးသၫ့္စူးရွမႈေတြေပ်ာက္ဆံုးၿပီး ရႊင္လန္းတက္ႂကြမႈေတြႏွင့္သာ ျပၫ့္ႏွက္ေနသည္။


"ရွင္ကရယ္လိုက္တဲ့အခါၾကၫ့္ေကာင္းသားပဲ

ဘာလို႔အၿမဲရုပ္တည္တည္ႀကီးေနရတာလဲ.."


"ဘာ.."


သူ႔ကိုႃပံုး၍ၾကၫ့္ကာ ေျပာလိုက္ေသာ

ေမဝိုင္းေလး၏စကားေၾကာင့္ သူ႔မ်က္ခံုးေတြ

ပင့္တက္သြားမိေလသည္။

သူရယ္လိုက္မိတာလား။

အားရပါးရ..ပါးစပ္ႀကီးၿဖဲျပီးေတာ့ေလ။

ကိုယ့္ပါးကိုယ္ျပန္ကိုင္မိကာ ေမဝိုင္းေလး၏

အေရ႔ွမွာမွ အားရေအာင္ရယ္လိုက္မိ၍

နည္းနည္းေတာ့ရွက္သလို ျဖစ္သြားမိသည္။


"အဟမ္း.."


သူေခ်ာင္းတစ္ခ်က္ဟန႔္လိုက္ၿပီးေနာက္

လက္ပ္ေတာ့ကိုပိတ္ကာ ေျခေထာက္ကို

ဆန႔္ထုတ္လိုက္ၿပီး အေနာက္ဘက္ရိွ

ေထာင္ထားေသာ ေခါင္းအံုးေပၚသို႔

မွီခ်လိုက္သည္။

ၿပီးေနာက္လက္ကို ပိုက္လိုက္ကာ

ေမဝိုင္းေလးကိုင္ထားေသာ စြပ္ျပဳတ္ပန္းကန္ကို ၾကၫ့္လိုက္သည္။


"မင္းကိုယ္တိုင္ျပဳတ္ထားတာမဟုတ္လား..

အဲ့ေတာ့ မင္းကိုယ္တိုင္ကိုယ့္ကိုတိုက္ရမယ္.."


"ဟမ္..ရွင့္လက္ေတြကအေကာင္းႀကီးပါ

ခုဏကေတာင္လက္ပ္ေတာ့ႏိွပ္ေနၿပီးေတာ့.."


"အဲ့ဒါကလက္ပ္ေတာ့ႏိွပ္တာေလ..

အခုကလက္ကိုၿမွောက္ၿပီးမွစြပ္ျပဳတ္

ေသာက္လို႔ရမွာ..‌လက္ၿမွောက္လိုက္တိုင္း

ေခါင္းကကိုက္ကိုက္လာတယ္.."


"တကယ္ႀကီးလား.."


"ကိုယ့္လိုလူက ညာၿပီးေျပာပါ့မလား.."


"အင္းေလ..အဲ့လိုဆိုေတာ့ဘယ္တတ္ႏိုင္ပါ့မလဲ..တိုက္ရေတာ့မွာေပါ့..."


"ဟာ..မင္းရဲ့စကားကမတတ္ႏိုင္လို႔တိုက္ရတယ္

ဆိုေတာ့..ေစတနာေတာ့မရိွဘူးလို႔

ဆိုလိုက္တာလား.."


"ေစတနာရိွလို႔ပဲ စြပ္ျပဳတ္ျပဳတ္ေပးတာေပါ့

ရွင္ဟာေလ စကားကိုအရမ္းအထအန

ေကာက္တာပဲ..ေရာ့..ေသာက္.."


ဝိုင္းေလးလည္း ေစတနာကိုမယံုသကၤာျဖစ္ေနေသာ လူႀကီးကိုၾကက္သားေလးအားဖဲ့ၿပီး

စြပ္ျပဳတ္အရည္ကိုခပ္ကာ သူ႔ပါးစပ္အနားသို႔

ဇြန္းကိုေတ့ေပးလိုက္သည္။


"အား..ပူတယ္.."


"ဟင္..ဟုတ္လား..ခဏေလးေနာ္..ဝိုင္းေလး

မႈတ္ေပးမယ္.."


သူကပူတယ္ဟု ေျပာလိုက္ေသာအခါ

စြပ္ျပဳတ္ကို တဖူးဖူးမႈတ္ေန၍

သေဘာက်ကာ ႃပံုးလိုက္မိေလသည္။

ေမဝိုင္းေလးဟာ သူ႔အေပၚမွာတကယ္ပဲ

ေစတနာထားၿပီး ျပဳစုေပးေနတာလား။

ငယ္ငယ္ကဆိုရင္ အဖ်ားတက္တဲ့အခ်ိန္တိုင္း

အေဖ့ကိုအနားမွာ ရိွေစခ်င္ခဲ့ေပမဲ့ အေဖက

ကိုယ့္ထက္သူ႔အလုပ္ကိစၥကိုပဲ ပိုၿပီး

အာရံုစိုက္ခဲ့တယ္။


နက္စ္ေတြအိမ္အကူေတြကေတာ့ ေဘးနားမွာ

အျပၫ့္ရိွခဲ့ပါတယ္။

ဒါေပမဲ့ အားလံုးကေငြေၾကာင့္သူ႔ကိုဂရုစိုက္ေပးတာလို႔ပဲ မင္းစက္ေတြးခဲ့တယ္။

ေငြေပးၿပီး မငွားရင္ထိုလူေတြဟာ ကိုယ့္အနားကို

ကပ္ၾကမွာကို မဟုတ္ဘူး။


နာမည္ႀကီးစားဖိုမွဴးရဲ့စြပ္ျပဳတ္တစ္ခြက္က

သူမရဲ့ႏႈတ္ခမ္းေလးႏွင့္ မႈတ္ေပးၿပီး

တိုက္ေနသၫ့္ စြပ္ျပဳတ္ေလာက္ေတာင္

ခ်ိဳမေနသလိုပဲ။

အမွန္အတိုင္း၀န္ခံရရင္ ကိုယ့္အတြက္အရယ္ရဆံုး

အခ်ိန္ဆိုတာ ေမဝိုင္းေလးနဲ႔ေတြ့ေတာ့မွ

ျဖစ္တည္လာခဲ့တာ။


ညိုျမျမမ်က္၀န္းဝိုင္းေလးမ်ားႏွင့္ တေစတလဲြေတြ

ျဖစ္ေနတတ္ေသာ ကိုယ့္ထက္ေလးႏွစ္ငယ္သၫ့္

ကေလးမေလးကို ၾကၫ့္ၿပီး အၿမဲရယ္ခ်င္ေနခဲ့တာ။

ေကာင္မေလးေခ်ာ္လဲရင္ျဖစ္ျဖစ္ ၊

သစ္ပင္ေပၚကေနျပဳတ္က်ရင္ျဖစ္ျဖစ္ 

ငိုေနရင္ျဖစ္ျဖစ္ သူေလးကိုၾကၫ့္မိေနတာနဲ႔တင္

ရယ္ခ်င္ေနခဲ့တာ။

လံုး၀မထင္ထားမိတာကေတာ့ ငယ္ငယ္က

ကိုယ္အႏိုင္က်င့္လို႔ေကာင္းခဲ့တဲ့

ကေလးမေလးဟာ ကိုယ့္ဇနီးျဖစ္လာခဲ့ျခင္းပဲ။


"ေမဝိုင္းေလး..မင္းငါ့အေပၚမွာ

တကယ္ပဲေစတနာရိွတာလား..."


ထူးထူးဆန္းဆန္းထေမးလိုက္သၫ့္

သူ႔ေၾကာင့္ ဝိုင္းေလးသူ႔ကိုၾကၫ့္လိုက္မိေတာ့

သူကဝိုင္းေလး၏ပါးတစ္ဖက္ကို

သူ႔လက္ဖဝါးႏွင့္ ႏူးညံ့စြာလာထိေတြ့လိုက္ၿပီးေနာက္ အဓိပၸာယ္မ်ားစြာပါ၀င္သည္

ရႊန္းလဲ့ေသာ မ်က္၀န္းမ်ားႏွင့္စိုက္ၾကၫ့္လာ

ေလသည္။


"အခုအခ်ိန္ကစၿပီး ကိုယ္တို႔ႏွစ္ေယာက္.."


"ဒုန္း!!!!"


သူ႔စကားမဆံုးေသးခင္မွာပဲ ခပ္ဟဟဖြင့္ထားေသာ အခန္းတံခါးသည္ေဆာင့္တြန္းခံလိုက္ရ၍ ဒုန္းကနဲျမည္ေအာင္ပြင့္သြားေလသည္။ေမဝိုင္းေလးလည္း လန႔္ၿပီးအေနာက္သို႔

လွၫ့္ၾကၫ့္လိုက္မိေတာ့ စြပ္ျပဳတ္ပန္းကန္

ကိုင္ထားသၫ့္ လက္ကတုန္တက္သြားၿပီး


"အား..ပူတယ္.."


"အမယ္ေလး..ဟဲ့..ငါတူေလးအပူေလာင္သြားၿပီ

..ဟယ္..ေခါင္းမွာလဲ..ပတ္တီးႀကီးနဲ႔

ဘယ္လိုျဖစ္ရတာလဲ.."!!!!


အခန္း(၂၁) ဆက္ရန္   ..............................................................................



 

7 comments:

  1. ဘယ်တော့မှတကယ်ညားမှာလဲဟင်

    ReplyDelete
  2. အရမ်းကိုကောင်း

    ReplyDelete
  3. ဖတ်ရတာမဝလိုက်တာငွေ့ရယ်

    ReplyDelete
  4. 1ရက် 2ပိုင်းဖတ်ချင်လိုက်တာနော်😁😁🥰🥰ဖတ်လို့မဝ အရမ်းကောင်းတာပါလို့😁😁

    ReplyDelete
  5. နေ့တိုင်းမျှော်နေပါတယ်နော်

    ReplyDelete
  6. ဒီနေ့ မတင်တာလား
    မျှော်နေမိတယ် ခဏခဏ ဝင်ကြည့်နေတာ မတင်သေးလို့

    ReplyDelete