(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၁၉)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
"အန်တီခင်မြ..ဒီမှာကော်ဖီဖျော်ပြီးပြီ.."
"အေး..ဖျော်ပြီးရင်ဒီကိုပေး.."
မီးဖိုခန်းထဲတွင်တော့ ဒေါ်ခင်မြနှင့်ကြည်ကြည်တို့ တူ၀ရီးသည်နှစ်ယောက်သား
ခပ်ကြိတ်ကြိတ်စကားပြောနေကြရင်းနှင့်
ကော်ဖီတစ်ခွက်နှင့် အလုပ်ရှုပ်နေကြလေသည်။အစ်ကိုလေးမင်းစက်က ကော်ဖီဆိုရင်
ခါးတာကိုမှ ကြိုက်သည့်အတွက်
ကော်ဖီအစေ့ကိုကြိတ်၍ ဖျော်ရလေသည်။
အချိန်ကကိုးနာရီကျော်နေပြီဖြစ်၍
အစ်ကိုလေး၏အလုပ်သမားတွေဟာလည်း
အားလုံးအနားယူကုန်ကြလေပြီ။
ကြည်ကြည်နှင့်အန်တီခင်မြကတော့
မိသားစု၀င်လို ဖြစ်နေ၍မအိပ်ပဲ
မမဝိုင်းလေးနှင့် မဖော်ပြုပေးနေခြင်း
ဖြစ်သည်။
"အန်တီခင်မြ..အဲ့ဒီ့ဆေးအမှုန့်တွေကို
မထည့်ခင် နှစ်ခါပြန်စဉ်းစားကြည့်အုံးနော်
မနက်ရောက်လို့ ဆေးပြယ်ပြီးအစ်ကိုလေး
ရိပ်မိသွားရင် တို့တွေအရင်ဒုက္ခရောက်မှာနော် ."
ဖွားဖွားနုပေးလိုက်တဲ့ ဆေးမှုန့်တွေကို
ကော်ဖီထဲသို့ ထည့်ဖို့လုပ်နေသော
အန်တီခင်မြ၏ လက်ကိုဖမ်းဆုပ်လိုက်ပြီး
ကြည်ကြည်တစ်ယောက်ဇောချွေးများ
ပြန်လာလေသည်။
အစ်ကိုလေးက အရမ်းဒေါသကြီးတဲ့သူမို့
ကြည်ကြည်တော့ အခုကိစ္စကိုမလုပ်သင့်ဘူးလို့ ထင်မိသည်။
"ကြည်ကြည်ရယ်..ဘာမှစိတ်ပူမနေနဲ့..
တို့ကိုဖွားနုကမနက်စောစော ကားနဲ့လာခေါ်မယ်တဲ့ လာမခေါ်လည်းကိုယ့်စားရိတ်နဲ့
ကိုယ်ပြန်ရမှာပေါ့ဟယ်..ဒီကိစ္စက
တို့စိတ်သဘောအရလုပ်တာမှမဟုတ်ပဲ
ဖွားနုနဲ့မမကြီးရတနာကခိုင်းလို့လုပ်ရတာလေ
သူတို့တောင် လုပ်ခိုင်းနေတာပဲဥစ္စာ
တို့ကဘာစိတ်ပူစရာလိုလဲ..."
"ဒါပေမဲ့..ဘေးထွက်ဆိုးကျိုးတွေရှိရင်
ဘယ်လိုလုပ်မလဲ.."
"အဲ့ဒါတော့ငါလည်းမသိဘူးလေဟယ်
မမကြီးရတနာကသူ့အသိဆရာ၀န်နဲ့ပြောပြီး
ဒီဆေးကိုယူထားတာတဲ့..
ဘာမှမဖြစ်လောက်ပါဘူး..ခဏခဏ
သုံးမှာမှမဟုတ်တာပဲကို.."
"ဒါပေမဲ့ မမဝိုင်းလေးဒုက္ခရောက်မှာပေါ့.."
"ဟဲ့..ကြည်ကြည်..ဘာတွေကိုတွေးပြီး
လိုက်စိုးရိမ်နေတာလဲဟယ်..
သူ့လင်နဲ့သူ့မယားပဲ ဘာဖြစ်ဖြစ်ပေါ့ဟယ်
နင့်အလုပ်မှမဟုတ်တာကို
ကြံဖန်ပြီလိုက်ပူနေတယ်..ဖယ်..ငါ့လက်ကိုလွှတ်..
တော်ကြာကော်ဖီအချိန်မှန်မရောက်လို့
ဆူနေအုံးမယ်.."
ကြည်ကြည်ကအမျိုးမျိုးတားဆီးဖို့
လုပ်ပေမဲ့ အန်တီခင်မြကတော့ ဆေးမှုန့်တွေကို ကော်ဖီခွက်ထဲသို့လောင်းချလိုက်လေတော့သည်။
ကော်ဖီကိုနဂိုတည်းက ခပ်ခါးခါးဖျော်ထား၍
ဆေးဘယ်လောက်ခါးခါး
အစ်ကိုလေးကတော့ လုံး၀သတိထားမိမှာ
မဟုတ်လောက်ဘူး။
မမဝိုင်းလေးနဲ့ ကြည်ကြည်ကအခုချိန်မှာ
အရမ်းခင်နေပြီမို့ ဖွားနုတို့ကြံစည်ထားသည့်
ကိစ္စတွေကို ပြောပြလိုက်ချင်သည်။
ကိုရီးယားကားတွေ၊ထိုင်းကားတွေမှာဆို
မင်းသားတွေက ဒီလိုဆေးမျိုးမိပြီးသွားရင်
ပုံမှန်အသိစိတ်မျိုးမဟုတ်ပဲ ထိန်းချုပ်ဖို့တောင် ခက်ခဲတတ်တယ်။
ဒီလိုဆို အစ်ကိုလေးမင်းစက်လည်း..။
"ဟဲ့..ဘာဖြစ်နေတာလဲ.."
"ကြည်ကြည်စဉ်းစားနေတာက..ဟိုလေ..
ဒီဆေးတိုက်တယ်ပဲထားဦး အစ်ကိုလေး
တစ်ယောက်ကိုပဲတိုက်ပြီး မမဝိုင်းလေးကို
မတိုက်ဘူးဆိုရင်..ရှုပ်ကုန်မှာပေါ့.."
"အဲ့ဒါတော့စိတ်ချ..ဝိုင်းလေးအတွက်
နွားနို့တစ်ခွက်ဖျော်ထားပြီးသား..
ဖွားနုကငါ့ကိုသေချာမှာထားတာလေ
ဒီနွားနို့ကို နင်ကဝိုင်းလေးကို
သွားပေချေ..ဒီကော်ဖီခွက်ကိုတော့
ငါပဲမောင်မင်းစက်ကို သွားပေးလိုက်မယ်..
ဖွားနုရဲ့ဆန္ဒအတိုင်း မြစ်ကလေးအမြန်ရရင်တော့ တို့တွေလည်းဒီလိုကလေးကလား
အလုပ်တွေ မလုပ်ရတော့ဘူးပေါ့ဟယ်..
အမြန်ဆေးစွမ်းပြပါစေ.."
ဆေးစွမ်းပြဖို့ဆုတောင်းရင်းနှင့် မီးဖိုခန်းထဲမှ
အန်တီခင်မြကထွက်သွားနှင့်လေပြီ။
ကြည်ကြည်ကတော့ နွားနို့ကိုကိုင်ထားလျှက်နှင့် တွေဝေနေမိသည်။
သေချာစဉ်းစားကြည့်ရင် ဖွားနုတို့ဟာ
သူတို့ရဲ့မျိုးဆက်ရရှိရေးအတွက်
အသက်၂၀ကျော်အရွယ် မိန်းကလေးအပေါ်မှာ
ရက်စက်တဲ့နည်းလမ်းကို သုံးနေတယ်လို့ပဲ
မြင်တယ်။
အသိစိတ်ပျောက်ပြီး သွေးသားဆန္ဒကို
မလွန်ဆန်နိုင်ပဲမှားမိကြမယ်ဆိုရင်တောင်
ဒါဟာမမဝိုင်းလေးရဲ့
တကယ့်စိတ်ဆန္ဒအမှန်မှမဟုတ်ပဲ။
မနက်ရောက်လို့ ဆေးအာနိသင်ပြယ်တဲ့အခါ
သေချာပေါက် ရှက်ရွံ့နေမှာပဲ။
ရည်းစားတောင် တစ်ခါမှမထားခဲ့ဖူးတဲ့
အပြင် အခုချိန်အထိတင်ပါးအုပ်ဆံပင်လေးနှင့် အ၀တ်အစားတောင်လုံခြုံတာကိုမှ
ရွေး၀တ်တတ်တဲ့ မမဝိုင်းလေးအတွက်
တကယ်ကို ရိုက်ခတ်မှုအကြီးကြီးဖြစ်သွားနိုင်တယ်။
ဒီလိုကိစ္စမျိုးကို ကြည်ကြည်ဘယ်တော့မှ
မလုပ်ဘူး။
ကိုယ်နဲ့မဆိုင်ပေမဲ့ မိတ်ဆွေအစစ်အမှန်တွေက ဘယ်တော့မှ သစ္စာမဖောက်ဘူး။
အဘက်ဘက်က သေချာတွေးတောလိုက်ပြီးနောက် ဘေလ်စင်သို့သွားကာနွားနို့တွေကို
သွန်ချပစ်လိုက်သည်။
အန်တီခင်မြပြန်မလာခင် နွားနို့အသစ်
ပြန်ဖျော်လိုက်ပြီး မမဝိုင်းလေးရှိသော
အခန်းဆီသို့ တက်လာခဲ့လိုက်သည်။
အစ်ကိုလေးမင်းစက်ကလည်း ဒီနေ့မှ
ဘာစိတ်ပေါက်သလဲမသိဘူး။
မမဝိုင်းလေးကို သူနဲ့တစ်ခန်းထဲလာအိပ်ခိုင်းတယ်။
ပုံမှန်ဆိုရင်တော့ အစ်ကိုလေးဘက်ကနေ
မီးစိမ်းပြတာကို၀မ်းသာမိမှာပေမဲ့
ဒီနေ့တော့ သူတို့နှစ်ယောက်ကို တစ်ခန်းထဲမှာ
အတူရှိမနေစေချင်ပေ။
🔥🔥🔥🔥
မီးခိုးရောင်ခပ်မှိုင်းမှိုင်းအခန်းကြီးထဲမှ
အိထွေးနေသောမွေ့ယာကြီးပေါ်တွင်
အချိန်အတော်အကြာ လဲလျှောင်းနေမိပေမဲ့
ဝိုင်းလေးလုံး၀အိပ်၍ မပျော်ပေ။
ဒီအခန်းဟာ ပုံမှန်ဆိုသူတစ်ယောက်တည်း
အိပ်တာဖြစ်နိုင်သည်။
ဒါပေမဲ့ သူ့ရဲ့မွေ့ယာကတော့နှစ်ယောက်အိပ်
မွေ့ယာကြီးဖြစ်နေပြီး ကုတင်ကြီးကိုက
အပြန့်တော်တော်ကျယ်သည်။
သူ့အရပ်နဲ့ တိုင်းပြီးလုပ်ထားတယ်ထင်ပါရဲ့
ကုတင်က အလျှားလည်းတော်တော်ရှည်ပြီး
ခြေရင်းဘက်ဘောင်နှင့် ဝိုင်းလေးရဲ့ခြေထောက်က တော်တော်ကိုဝေးသည်။
အဝေးကနေကြည့်လိုက်ပါက ကုတင်ပေါ်တွင်
လူကောင်သေးသေးလေး လှဲနေသလိုဖြစ်၍
နေသည်။
"သူ့အခန်းထဲမှာအိပ်ဖို့ သူပြောလာတဲ့အချိန်မှာ ဝိုင်းလေးငြင်းချင်ခဲ့တယ်..
ပြန်တွေးကြည့်လိုက်တော့ သူနဲ့ကိုယ်ဟာ
လက်ထက်ထားတဲ့ လူတွေဖြစ်တဲ့အတွက်
အခန်းတစ်ခုထဲကို မျှဝေပြီးသုံးတာက
ဖြစ်သင့်တယ်ဟု ထင်မိသည်။
မဟုတ်ရင်အတူမအိပ်တဲ့ တစ်ခန်းထဲအတူမအိပ်တဲ့အတွက် ဘေးလူတွေအမြင်မှာ ဝေဖန်စရာတွေ
ဖြစ်လာနိုင်သည်။
မိဘပေးစားလို့ လက်ထက်ခဲ့ကြတာဖြစ်တဲ့အတွက်
ပိုဆိုးတာပေါ့။
ဖွားဖွားနုတို့အိမ်မှာလည်း ကိုမင်းစက်၏
အိပ်ခန်းတစ်ခုရှိနေပေမဲ့ ဒီအခန်းကတော့
သူ့ရဲ့တကယ့်အစစ်အမှန်ကမ္ဘာတစ်ခုဟု
မြင်မိစေသည်။
အရောင်ခပ်မှိုင်းမှိုင်းဖြစ်သော အခန်း၏
အပြင်အဆင်သည့် သူ့ရဲ့စိတ်နေစိတ်ထားနှင့် တကယ်ကိုလိုက်ဖက်သည်။
မွေ့ယာပေါ်၌ လှဲလျောင်းနေစဉ်မှာ
သူ့ရဲ့အငွေ့အသက်တွေ၊သူ့ရဲ့ကိုယ်သင်းရနံ့တွေ
စွဲကျန်ရစ်နေသလိုပါပဲ။
အိပ်ခန်းအပြင်အဆင်ကတော့ ရိုးရှင်းပြီး
အထက်တန်းကျသည်ဟု ခံစားရသည်။
အိပ်ခန်း၏ အလယ်နားမှာအကာတစ်ခု
ထားရှိပြီး ဘောင်လေးတွေကန့်ထားကာ
သူ့ရဲ့ များပြားလှသောဆုတံဆိပ်တွေနှင့်
ငယ်ငယ်က ပုံလေးတွေကိုထောင်ထားတာ
တွေ့ရသည်။
အကာရဲ့တစ်ဖက်ခြမ်းမှာတော့ ဒရင်းဘတ်တစ်ခုနှင့် ဆိုဖာအရှည်တွေကိုထားရှိလေသည်။
အခန်းတစ်ခုလုံးကတော့ မီးခိုးရောင်
ခပ်မှိုင်းမှိုင်းတွေကိုသာ သုံးထားပြီး
လှိုက်ကာတွေ၊အိပ်ယာခင်းတွေကအစ
ခေါင်းအုံးတွေပါမကျန် မီးခိုးရောင်ဖြစ်သည်။
အဖြူကြိုက်သည့်ဝိုင်းလေးနဲ့သူကတော့
ဒီနေရာမှာတင် ဆန့်ကျင်ဘက်တွေဖြစ်နေလေပြီ။
"မမဝိုင်းလေးရေ..ကြည်ကြည်၀င်လာခဲ့မယ်နော်.."
အပြင်ဘက်မှ ကြည်ကြည့်အသံကို
ကြားလိုက်တော့မှသာ တံခါးကိုပိတ်မထားမိမှန်း သတိရလေတော့သည်။
အိပ်ယာအပေါ်မှ ထထိုင်လိုက်တော့
ကြည်ကြည်ကပြုံးကာဖြင့် လက်ထဲမှာလည်း
နွားနို့တစ်ခွက်ကိုကိုင်ထားလျှက်
အိပ်ခန်းထဲသို့၀င်လာလေသည်။
"ဒီမှာမမဝိုင်းလေးအတွက်နွားနို့ပူပူလေး
ပူတုန်းလေးသောက်လိုက်နော်.."
"ကျေးဇူးပါပဲကြည်ကြည်ရယ်..
ငါလည်းအိပ်လို့မရဘူးဖြစ်နေတာနဲ့အတော်ပဲ
အိပ်ဆေးလေးကိုနွားနို့နဲ့သောက်လိုက်ရင်
ကောင်းမလားလို့.."
"ဟာ..မမ..အိပ်ဆေးတော့လုံး၀မသောက်နဲ့နော်..
ဒီညလုံး၀အိပ်ပျော်သွားလို့မဖြစ်ဘူး.."
"ဘာဖြစ်လို့လဲဟ.."
"ဟိုလေ..အဲ့ဒါက..ဟို
အစ်ကိုလေးမင်းစက်ကညဘက်
ထယောင်ရင် ဘယ်လိုလုပ်မလဲ..
ဖွားဖွားနုပြောတာတော့ အစ်ကိုလေးက
ညဘက်ဆို ထယောင်တတ်တယ်တဲ့..
အဲ့ဒါ..တကယ်လို့အစ်ကိုနဲ့အိပ်လို့အဆင်မပြေရင် အိပ်ယာပြောင်းရအောင်လို့လေ
လုံး၀အိပ်ဆေးမသောက်မိစေနဲ့နော်..."
"ဟုတ်လို့လားကြည်ကြည်ရယ် သူ့ပုံစံက
လုံး၀မထင်ရဘူးနော်.."
"မမဝိုင်းလေးကလည်း အစ်ကိုလေးက
အဖက်ဖက်က ပြည့်စုံနေတယ်ဆိုပေမဲ့
သူ့မှာလည်း လူမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ
ရှိနိုင်တာပဲလေ.."
"အင်း..နင်ပြောတာလဲဟုတ်တာပဲနော်.."
"အဲ့ဒါတွေထားလိုက်ပါမမဝိုင်းလေးရယ်
အခုတော့နွားနို့လေးကို ပူတုန်းလေး
သောက်လိုက်ပါလား..ကြည်ကြည်တစ်ခါတည်း မီးဖိုထဲမှာဆေးကြောပြီး
သိမ်းလိုက်ချင်လို့..."
"အင်းပါ.."
ကြည်ကြည့်မှာ အမျိုးမျိုးရှောင်ရှားပြီး
စကားတွေဖွဲ့သီကာရှင်းပြလိုက်ရ၍
မောသွားရသည်။
မမဝိုင်းလေးကတော့ နွားနို့ပူပူလေးကို
မော့သောက်နေတာ တဂွက်ဂွက်နှင့်အားရစရာ ကောင်းလှသည်။
ယုန်ဖြူလေးတစ်ကောင်လို ဖြူစင်သည့်
အလှတရားလေးအား ပိုင်ဆိုင်ထားသည့်
မမဝိုင်းလေးကိုကြည့်နေမိရင်းမှ ဟိုကိစ္စကို
ဖွင့်ပြောချင်လိုက်တာ အူတွေကိုယားနေရောပဲ။
မမဝိုင်းလေးက နွားနို့တွေကိုအကုန်သောက်လို့ ပြီးစီးသွားသည့်အချိန်မှာတော့
ကြည်ကြည်သည်လည်း အိပ်ယာအခင်းကို
ဆုပ်ကိုင်လိုက်ပြီး အမှန်အတိုင်းပြောလိုက်
မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။
"ကြည်ကြည်..အဲ့မှာဘာလုပ်နေတာလဲ
ကြာလိုက်တာဟယ်..မြန်မြန်လာတော့လေ"
မမကိုဖွင့်ပြောဖို့ ပါးစပ်ဟရုံရှိသေးတယ်
အန်တီခင်မြက အခန်းထဲသို့၀င်လာပြီး
အတင်းလာ၍ခေါ်နေလေသည်။
အန်တီခင်မြဆိုတာက ဖွားဖွားနုတို့ရဲ့
ဘက်တော်သားဖြစ်တဲ့အတွက် ကြည်ကြည်က
တားလည်း နာခံမှာမဟုတ်ပေ။
တော်ကြာကြည်ကြည့်ကို ရွာပြန်ပို့ရင်တော့
ဒုက္ခရောက်သွားမှာက ကိုယ်ဖြစ်သွားနိုင်တယ်။
"ကြည်ကြည်ရေ..လာလို့ဆိုနေ.."
"ဟုတ်ကဲ့လာပါပြီ..."
ကြည်ကြည်ထွက်သွားတဲ့အခါမှာတော့
အခန်းကြီးကပုံမှန်အတိုင်းပြန်၍
တိတ်ဆိတ်သွားခဲ့လေသည်။
ဝိုင်းလေးလည်း အိပ်လို့မပျော်တာနှင့် ကုတင်ပေါ်မှ
ဆင်းပြီး အိပ်ခန်းထဲကိုလိုက်ပတ်ကြည့်လိုက်မိသည်။
မင်းစက်အာဏာကတော့ အခုအချိန်ဆိုရင်
စာကြည့်ခန်းထဲမှာ အလုပ်လုပ်နေလောက်မှာ
သေချာသည်။
🍒🍒🍒🍒🍒🍒
စာကြည့်ခန်းထဲတွင်တော့ မင်းစက်သည်
အလုပ်လုပ်နေရင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး
ပူလောင်လာသလို ခံစားနေရလေသည်။
ရေပဲငတ်သလိုလိုနှင့် တစ်ခုခုကိုအပြင်းအထန်
လိုအပ်နေလေသည်။
ခေါင်းတွေလည်း နောက်ကျိလာကာ
ပူအိုက်လာသလို ခံစားရ၍
အိင်္ကျီကြယ်သီးကို သုံးလုံးလောက်
ဆွဲဖြုတ်ပြစ်လိုက်မိလေသည်။
"ရေချိုးရင်ကောင်းမယ်ထင်တယ်..."
အလုပ်လည်းဆက်လုပ်လို့ မရတော့ပြီမို့
စာကြည့်ခန်းထဲမှ ထွက်လာလိုက်ပြီး
အိပ်ခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့်
ထွက်လာခဲ့လိုက်သည်။
အိပ်ခန်းအရှေ့ကိုရောက်တော့ တံခါးကိုတွန်း
ဖွင့်လိုက်ပေမဲ့ အထဲမှလော့ချထားသောကြောင့်
ဘယ်လိုမှ ဖွင့်လို့မရပေ။
ထို့ကြောင့် တံခါးခေါက်လိုက်ရလေသည် ။
"မေဝိုင်းလေး..တံခါးလာဖွင့်ပေးဦး
မင်းအိပ်နေပြီလား..မေဝိုင်းလေး.."
တံခါးကို နှစ်ချက်၊သုံးချက်လောက်ထုကြည့်ပေမဲ့
အထဲမှလူက ဘာအသံမှပြုမလာ၍
စိတ်မရှည်တော့ပဲ အခြားအခန်းသို့သွားမည်အလုပ်
တံခါးက သံရှည်ဆွဲ၍ပွင့်လာခဲ့လေသည်။
"၀င်လာခဲ့လေ.."
ည၏တိတ်ဆိတ်မှုအောက်တွင် တိုးညှင်းစွာ
ထွက်ပေါ်လာသော စကားသံလေးတစ်ခု၊
နူးညံ့ညင်သာပြီး ဆွဲဆောင်မှုအပြည့်ရှိနေသည်။
အကြည့်ချင်းဆုံသွားခိုက်မှာတော့
စပျစ်သီးလုံးလေးတွေလို
အရည်ရွှမ်းနေသည့် မျက်၀န်းလှလှလေးတွေဟာ
သူမဆီမှာ ရှိနေသည်ဟုတွေးလိုက်မိသည်။
နှာတံလုံးလုံးလေးနှင့် ပန်းဆီရောင်သန်းနေသော
နှုတ်ခမ်းလေးဟာ သူ့စိတ်ကိုညှို့ယူနေသလိုပဲ။
၀တ်ထားသည့်ညအိပ်ဂါ၀န်လေးသည်
ခြေမျက်စိအထိရှည်ပေမဲ့ လည်ဟိုက်ဖြစ်နေ၍
ရင်ညွှန့်နေရာကို ကြည့်လိုက်မိသည့်အခါ
အကြည့်တွေကို မျက်လွှာချခြင်းဖြင့်
ရှောင်လွှဲလိုက်မိလေသည်။
သူမကိုကြည့်နေမိရင် ရင်ထဲမှာလှိုင်းထန်လာပြီး
ရေဆာသလို၊ရင်မောသလိုဖြစ်၍နေသည်။
"..ရှင်အထဲကိုမ၀င်ဘူးလား.."
မေဝိုင်းလေးက မေးလိုက်တော့မှသာ
မင်းစက်လည်း အိပ်ခန်းထဲသို့လှမ်း၀င်လိုက်ပြီး
ရေချိုးခန်းဆီသို့ တန်းပြေးမိလေတော့သည်။
ရေပန်းအောက်မှာ အကြာကြီးရပ်နေမိပေမဲ့
သူ့ရဲ့အတွင်းစိတ်တွေက ပြင်းပြစွာ
ပူလောင်နေတုန်းပင်ဖြစ်သည်။
"ဒီခံစားချက်ကြီးက ဘာကြီးလဲကွာ.."
တစ်ချက်တစ်ချက် ခေါင်းတွေနောက်ကျိလာပြီး
မိုက်ကနဲ မူးဝေလာလေသည်။ပုံမှန်ဆိုအလုပ်ကို
ညဉ့်နက်တဲ့အထိ လုပ်လေ့ရှိတာမို့ အားပျက်သွားတာလားလို့ သံသယတော့၀င်မိသည်။
ဒါပေမဲ့ အားပျက်နေတာလည်းဟုတ်မနေပြန်ဘူး။
ရေချိုးခန်းထဲ၌သာ ညအိပ်၀တ်စုံကို
လဲ၀တ်လိုက်ပြီး အပြင်ကိုထွက်လာတော့
မေဝိုင်းလေးက ကုတင်ပေါ်တွင်ထိုင်ကာ
သူ့ကိုကြည့်နေရင်းမှ သူ့ဆီသို့လျှောက်လာနေလေသည်။
မျက်လုံးတွေမှေးကျဉ်းကာဖြင့် သူမကိုစိုက်ကြည့်
နေရင်းမှာ ခေါင်းတွေမူးဝေလာပြီးနောက်
မိုက်ကနဲ ယိုင်ကျသွားခဲ့သည်။
မေဝိုင်းလေးမှာတော့ အနားသို့ရောက်သည်နှင့်
သူမအပေါ်သို့ယိုင်ကျလာသောလူကို
ဘုမသိဘမသိနှင့် ယောင်ရမ်းပြီးဖမ်းလိုက်ရလေသည်။
"ကိုမင်းစက်..ရှင်ဘာဖြစ်သွားတာလဲ
အဆင်ပြေရဲ့လား..ရှင့်ခန္ဓာကိုယ်က
ဘာလို့ပူနေသလို ဖြစ်နေရတာလဲ.."
နှစ်ယောက်သား ထိုင်လျှက်အနေအထားနှင့်
ကြမ်းပြင်ပေါ်မှာလဲကျသွားပြီးနောက်
ဝိုင်းလေး၏ပခုံးပေါ်တွင် ခေါင်းမှီလျှက်
ဖြစ်နေသော ကိုမင်းစက်ကိုမူမမှန်ဘူးထင်၍
မေးလိုက်မိလေသည်။
"ဆောရီး..ကိုယ်..ခေါင်းနဲနဲမူးသွားလို့.."
ဝိုင်းလေး၏ပခုံးကိုမှီထားရာမှ ခေါင်းပြန်ထောင်လာပြီး တောင်းပန်လာ၍သူ့မျက်နှာကို
ကြည့်လိုက်မိတော့ နီရဲတွတ်နေလေသည်။
သူ့မျက်လုံးတွေကလည်း ပုံမှန်နဲ့မတူပဲရဲနေကာ
အဖျားကြီးသလိုမျိုး အားမရှိသည့်ပုံနှင့်
ခပ်မှိုင်းမှိုင်းဖြစ်၍နေသည်။
"ကိုမင်းစက်..ရှင်ဘာဖြစ်နေတာလဲ..
နေရောကောင်းရဲ့လား မျက်နှာကြီးကဘာလို့
နီစပ်စပ်ဖြစ်နေရတာလဲ..."
ဝိုင်းလေးလည်း သူတစ်ခုခုမူမမှန်တာကို
သတိထားမိ၍ စိုးရိမ်သွားမိကာသူ့နဖူးနှင့်
ပါးကိုစမ်းကာ မေးကြည့်လိုက်မိလေသည်။
သူကတော့ သူ့ပါးနှစ်ဖက်ပေါ်တွင် ရှိနေသော
ဝိုင်းလေး၏လက်ကို ပြန်၍အုပ်ကိုင်လိုက်ကာ
သူ့ရင်ဘတ်နေရာသို့ ဆွဲယူလိုက်ပြီးနောက်..
"ကိုယ်တစ်ခုခုဆာလောင်နေသလိုပဲ.."
"ရှင်..ရှင်ဗိုက်ဆာနေတာလား..တစ်ခုခုစားမလား"
"မဟုတ်ဘူး..ဗိုက်ဆာနေတာမဟုတ်ဘူး..
ကိုယ်လိုအပ်နေတာက.."
အာလေးလျှာလေးနှင့် ပြောလိုက်ပြီးနောက်
စူးရှပြီးခပ်မှေးမှေးဖြစ်နေသော မျက်၀န်းများနှင့်
ဝိုင်းလေးကိုမော့ကြည့်လာသည်။
ရုတ်တရက်ဆိုသလို ဝိုင်းလေး၏ပါးပြင်ကို
သူ့လက်ဖဝါးကြီးနှင့် ပွတ်သပ်လိုက်ပြီး
ဆံပင်ရှည်များကြားထဲသို့ လက်ချောင်းများကို
ထိုးထည့်လိုက်ကာလည်တိုင်ဆီသို့
လျှောဆင်းလာပြီးနောက်..
"!!!ရှင်ဘာလုပ်တာလဲ....."
အခုအချိန်မှာ မြေခွေးတစ်ကောင်က
ယုန်ဖြူလေးကို ဖမ်းအုပ်လိုက်သလို
ဖြစ်နေခဲ့လေသည်။ယုန်လေးဟာ
သေရမှာကြောက်ရွံ့၍ ရုန်းကန်မိပေမဲ့
မြေခွေးကတော့ ယုန်ငယ်၏နားရွက်နှစ်ဖက်ကို
တက်နင်းထားသကဲ့သို့ မင်းစက်သည်လည်း
ဝိုင်းလေးရဲ့လက်တစ်ဖက်ကို သူ့ရဲ့တံတောင်နဲ့
ဖိထားကာ ကျန်လက်တစ်ဖက်ကိုတော့
လက်ကောက်၀တ်မှဖမ်းဆုပ်၍
ခေါင်းဘေးနား၌ မြှောက်ကိုင်ထားလေသည်။
ဝိုင်းလေးမှာသာ သူ့အပြုအမူတွေကြောင့်
ထိတ်လန့်နေရကာ ကြောက်ရွံ့တုန်လှုပ်လာလေသည်။
*သူဘာဖြစ်နေတာလဲ..သူဘာကြောင့်ဒီလို
လုပ်နေရတာလဲ..ပြီးတော့သူ့အကြည့်တွေက
ပန်းတစ်ပွင့်ကို အလှကြည့်ဖို့မဟုတ်ပဲ
ချေမွဖို့စဉ်းစားနေသလိုမျိုး စူးရဲလွန်းတယ်..*
"ရှင်ကျွန်မအပေါ်ကနေအခုဖယ်ပေး..
ကျွန်မကိုဒီလိုလာမလုပ်နဲ့ မကြိုက်ဘူးနော်..."
"အဟင်း..မင်းကြိုက်တာမကြိုက်တာက
ကိုယ့်အတွက်အရေးပါမယ်လို့ထင်နေလား..
ကိုယ်အခုမှသေချာသိသွားတာ..
ကိုယ်ဆာလောင်နေတာမှန်တယ်..
ဒါပေမဲ့ကိုယ်စားချင်နေတာကထမင်းမဟုတ်ဘူး
မင်းကို!!!..."
"ရှင်စကားကို ကြည့်ပြောနော် အခုချက်ချင်း
ကျွန်မကိုလွှတ်ပေးလို့..."
ဝိုင်းလေးအတင်းရုန်းတော့ သူကဝိုင်းလေး၏
မျက်လုံးတွေကို သူ့ရဲ့ညာလက်ဖြင့်အုပ်လိုက်လေသည်။
အမြင်အာရုံတွေမည်းမှောင်သွားသည့်အချိန်မှာ ဝိုင်းလေး၏လည်တိုင်ပေါ်သို့ သူ့ရဲ့ဦးခေါင်းက
ငိုက်ကျလာတာကို သတိထားလိုက်မိသည်။
နားရွက်အောက်အနားလေးမှာ
သူအသက်ရှူလိုက်တိုင်း လေငွေ့တွေလာ၍
ရိုက်ခတ်နေသည်။
သူ့ရဲ့အသက်ရှူသံတွေကိုတောင်
ကြားနေရလေသည်။
သူ့ခန္ဓာကိုယ်ရဲ့ အလေးချိန်ကတကယ်ကို
အသက်ထွက်သွားဖို့လုံလောက်ပါရဲ့။
"ကိုယ်ဘာဖြစ်နေတာလဲ တကယ်မသိတော့ဘူး
ကိုယ့်ရဲ့သိစိတ်ကတောင့်ခံထားပေမဲ့
ရင်ထဲမှာအရမ်းပူလောင်နေတယ်..
ဒီဆန္ဒတွေကို ကိုယ်မထိန်းချုပ်တတ်ပြီး
ဒီတော့မင်းကိုယ့်ကိုကူညီမှရမယ်..."
"အား!!!ရှင်..."
စကားသံအဆုံးမှာ လည်တိုင်ထပ်၌
စူးခနဲဖြစ်သွားသည့် နာကျင်မှုကြောင့်
ထအော်လိုက်မိလေသည်။
ထိုလူဟာ ထပ်မံရဲ့နာကျင်အောင်လုပ်မည်ဆိုတာ
အတတ်သိလိုက်တာကြောင့် လက်ကို
သူဆုပ်ကိုင်ထားတာ ပြေလျှော့သွားသည်နှင့်
သူ့ဗိုက်နေရာသို့စမ်းကာ ဗိုက်ခေါက်ကြီးကို
လိမ်ဆွဲပြစ်လိုက်လေတော့သည်။
"အား...မင်းဘာလုပ်တာလဲ..."
"လိမ်ဆွဲလိုက်တာလေ...ထပ်ပြီးမနာချင်ရင်
ကျွန်မကိုအခုလွတ်လိုက်..."
"မလွတ်နိုင်ဘူး.."
"ဒါဆိုလည်းရှင့်ထိုက်နဲ့ရှင့်ကံပဲ..."
ချက်ချင်းပဲ ခေါင်းကိုကြမ်းပြင်နှင့်လွတ်သည်အထိ
ကြွလိုက်ပြီး ခပ်မဲ့မဲပြုံးပြစ်လိုက်သည်။
ပါးပြင်ချင်းယှက်တိုက်လိုက်ပြီးနောက်မှာတော့
သူ့ရဲ့နီနေသောနားရွက်ဖျားလေးအနားသို့
တိုးကပ်သွားလိုက်ကာ...
"အား...မင်း..မင်းငါ့နားရွက်ကိုကိုက်တယ်..."
နားရွက်နာသွားလို့ သူထထိုင်လိုက်တယ်ဆိုရင်ပဲ
ဝိုင်းလေးလည်း ချက်ချင်းကုန်းထကာ
တံခါးဆီသို့ပြေးဖို့လုပ်ရသည်။
မင်းစက်သည်လည်း ဆေးအရှိန်ကြောင့်
စိတ်တွေကြွနေတာရယ်၊ဒေါသထွက်တာနှင့်ပါ
ရောပြီးအနောက်မှပြေးလိုက်သွားကာ
တံခါးကိုဖွင့်တော့မည့် မေဝိုင်းလေးကို
ခါးကနေဖမ်းဆွဲပြီး
မြှောက်၍ချီမပြစ်လိုက်သည်။
"အမေ့ရေ..."
မေဝိုင်းလေးသည်လည်း အမေတွေပါတကုန်ကာ
မင်းစက်အာဏာကမြှောက်ချီလိုက်စဉ်
ခြေထောက်တွေပါလေထဲသို့ မြောက်ကြွသွား၍
တံခါးကို "ဒုန်းကနဲ.."မြည်သည်အထိ
ခြေထောက်နှင့် ကန်မိသွားလေသည်။
နှစ်ယောက်လုံး အရှိန်အထိန်းနိုင်ပဲအနောက်သို့ပက်လက်လန်ကျသွားကြလေသည်။
"အား..ခါးရိုးကျိုးပြီလားမသိဘူး.."
ကြမ်းပြင်အမာပေါ်ကို အရှိန်နှင့်လန်ကြသွားခြင်း
ဖြစ်၍ သူအတော်နာသွားသည်။
မေဝိုင်းလေးကို ချီလျှက်ကနေလဲတာဖြစ်၍
အပေါ်က မေဝိုင်းလေး၏ခန္ဓာကိုယ်ဝိတ်ကြောင့်
လည်း ပိုအထိနာသည်။
"ငါ..ငါ့ခေါင်း..."
"ဟင်..ခေါင်းဘာဖြစ်လို့လဲ..."
"ခေါင်းကွဲပြီထင်တယ်...
နောက်စေ့နာနေတယ်"
ဝိုင်းလေးလည်း သူကအကြမ်းဖက်လို့
ရုန်းကန်မိပေမဲ့
ကိုယ်ယူထားတဲ့ယောက်ျားဆိုတော့
စိုးရိမ်သွားမိလေသည်။
ထတောင်မထနိုင်တော့ပဲ
ညီးညူနေသောကြောင့် သူ့နောက်စေ့နေရာကို
ကြည့်လိုက်ပြီး လက်နှင့်စမ်းကြည့်လိုက်မိတော့
သွေးစလေးတွေ ကပ်ပါလာသည်။
"ဟယ်..သွေး...သွေးထွက်နေတယ်..
ရှင်ခေါင်းပေါက်သွားပြီထင်တယ်.."
"ဘာ!!!"
အခန်း(၂၀)ဆက်ရန်..
🔥🔥🔥🔥🔥
အဖွားနဲ့အမေရဲ့ဆေးအစွမ်းအပြလွန်ပြီး
ခေါင်းပါပေါက်သွားပြီ...😄
ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
အထူးကျေးဇူးတင်ရှိပါတယ်
========================================================================
အခန္း(၁၉)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
"အန္တီခင္ျမ..ဒီမွာေကာ္ဖီေဖ်ာ္ၿပီးၿပီ.."
"ေအး..ေဖ်ာ္ၿပီးရင္ဒီကိုေပး.."
မီးဖိုခန္းထဲတြင္ေတာ့ ေဒၚခင္ျမႏွင့္ၾကည္ၾကည္တို႔ တူ၀ရီးသည္ႏွစ္ေယာက္သား
ခပ္ႀကိတ္ႀကိတ္စကားေျပာေနၾကရင္းႏွင့္
ေကာ္ဖီတစ္ခြက္ႏွင့္ အလုပ္ရႈပ္ေနၾကေလသည္။အစ္ကိုေလးမင္းစက္က ေကာ္ဖီဆိုရင္
ခါးတာကိုမွ ႀကိဳက္သၫ့္အတြက္
ေကာ္ဖီအေစ့ကိုႀကိတ္၍ ေဖ်ာ္ရေလသည္။
အခ်ိန္ကကိုးနာရီေက်ာ္ေနၿပီျဖစ္၍
အစ္ကိုေလး၏အလုပ္သမားေတြဟာလည္း
အားလံုးအနားယူကုန္ၾကေလၿပီ။
ၾကည္ၾကည္ႏွင့္အန္တီခင္ျမကေတာ့
မိသားစု၀င္လို ျဖစ္ေန၍မအိပ္ပဲ
မမဝိုင္းေလးႏွင့္ မေဖာ္ျပဳေပးေနျခင္း
ျဖစ္သည္။
"အန္တီခင္ျမ..အဲ့ဒီ့ေဆးအမႈန႔္ေတြကို
မထၫ့္ခင္ ႏွစ္ခါျပန္စဉ္းစားၾကၫ့္အံုးေနာ္
မနက္ေရာက္လို႔ ေဆးျပယ္ၿပီးအစ္ကိုေလး
ရိပ္မိသြားရင္ တို႔ေတြအရင္ဒုကၡေရာက္မွာေနာ္ ."
ဖြားဖြားႏုေပးလိုက္တဲ့ ေဆးမႈန႔္ေတြကို
ေကာ္ဖီထဲသို႔ ထၫ့္ဖို႔လုပ္ေနေသာ
အန္တီခင္ျမ၏ လက္ကိုဖမ္းဆုပ္လိုက္ၿပီး
ၾကည္ၾကည္တစ္ေယာက္ေဇာခၽြေးမ်ား
ျပန္လာေလသည္။
အစ္ကိုေလးက အရမ္းေဒါသႀကီးတဲ့သူမို႔
ၾကည္ၾကည္ေတာ့ အခုကိစၥကိုမလုပ္သင့္ဘူးလို႔ ထင္မိသည္။
"ၾကည္ၾကည္ရယ္..ဘာမွစိတ္ပူမေနနဲ႔..
တို႔ကိုဖြားႏုကမနက္ေစာေစာ ကားနဲ႔လာေခၚမယ္တဲ့ လာမေခၚလည္းကိုယ့္စားရိတ္နဲ႔
ကိုယ္ျပန္ရမွာေပါ့ဟယ္..ဒီကိစၥက
တို႔စိတ္သေဘာအရလုပ္တာမွမဟုတ္ပဲ
ဖြားႏုနဲ႔မမႀကီးရတနာကခိုင္းလို႔လုပ္ရတာေလ
သူတို႔ေတာင္ လုပ္ခိုင္းေနတာပဲဥစၥာ
တို႔ကဘာစိတ္ပူစရာလိုလဲ..."
"ဒါေပမဲ့..ေဘးထြက္ဆိုးက်ိဳးေတြရိွရင္
ဘယ္လိုလုပ္မလဲ.."
"အဲ့ဒါေတာ့ငါလည္းမသိဘူးေလဟယ္
မမႀကီးရတနာကသူ႔အသိဆရာ၀န္နဲ႔ေျပာၿပီး
ဒီေဆးကိုယူထားတာတဲ့..
ဘာမွမျဖစ္ေလာက္ပါဘူး..ခဏခဏ
သံုးမွာမွမဟုတ္တာပဲကို.."
"ဒါေပမဲ့ မမဝိုင္းေလးဒုကၡေရာက္မွာေပါ့.."
"ဟဲ့..ၾကည္ၾကည္..ဘာေတြကိုေတြးၿပီး
လိုက္စိုးရိမ္ေနတာလဲဟယ္..
သူ႔လင္နဲ႔သူ႔မယားပဲ ဘာျဖစ္ျဖစ္ေပါ့ဟယ္
နင့္အလုပ္မွမဟုတ္တာကို
ႀကံဖန္ၿပီလိုက္ပူေနတယ္..ဖယ္..ငါ့လက္ကိုလႊတ္..
ေတာ္ၾကာေကာ္ဖီအခ်ိန္မွန္မေရာက္လို႔
ဆူေနအံုးမယ္.."
ၾကည္ၾကည္ကအမ်ိဳးမ်ိဳးတားဆီးဖို႔
လုပ္ေပမဲ့ အန္တီခင္ျမကေတာ့ ေဆးမႈန႔္ေတြကို ေကာ္ဖီခြက္ထဲသို႔ေလာင္းခ်လိုက္ေလေတာ့သည္။
ေကာ္ဖီကိုနဂိုတည္းက ခပ္ခါးခါးေဖ်ာ္ထား၍
ေဆးဘယ္ေလာက္ခါးခါး
အစ္ကိုေလးကေတာ့ လံုး၀သတိထားမိမွာ
မဟုတ္ေလာက္ဘူး။
မမဝိုင္းေလးနဲ႔ ၾကည္ၾကည္ကအခုခ်ိန္မွာ
အရမ္းခင္ေနၿပီမို႔ ဖြားႏုတို႔ႀကံစည္ထားသၫ့္
ကိစၥေတြကို ေျပာျပလိုက္ခ်င္သည္။
ကိုရီးယားကားေတြ၊ထိုင္းကားေတြမွာဆို
မင္းသားေတြက ဒီလိုေဆးမ်ိဳးမိၿပီးသြားရင္
ပံုမွန္အသိစိတ္မ်ိဳးမဟုတ္ပဲ ထိန္းခ်ဳပ္ဖို႔ေတာင္ ခက္ခဲတတ္တယ္။
ဒီလိုဆို အစ္ကိုေလးမင္းစက္လည္း..။
"ဟဲ့..ဘာျဖစ္ေနတာလဲ.."
"ၾကည္ၾကည္စဉ္းစားေနတာက..ဟိုေလ..
ဒီေဆးတိုက္တယ္ပဲထားဦး အစ္ကိုေလး
တစ္ေယာက္ကိုပဲတိုက္ၿပီး မမဝိုင္းေလးကို
မတိုက္ဘူးဆိုရင္..ရႈပ္ကုန္မွာေပါ့.."
"အဲ့ဒါေတာ့စိတ္ခ်..ဝိုင္းေလးအတြက္
ႏြားႏို႔တစ္ခြက္ေဖ်ာ္ထားၿပီးသား..
ဖြားႏုကငါ့ကိုေသခ်ာမွာထားတာေလ
ဒီႏြားႏို႔ကို နင္ကဝိုင္းေလးကို
သြားေပေခ်..ဒီေကာ္ဖီခြက္ကိုေတာ့
ငါပဲေမာင္မင္းစက္ကို သြားေပးလိုက္မယ္..
ဖြားႏုရဲ့ဆႏၵအတိုင္း ျမစ္ကေလးအျမန္ရရင္ေတာ့ တို႔ေတြလည္းဒီလိုကေလးကလား
အလုပ္ေတြ မလုပ္ရေတာ့ဘူးေပါ့ဟယ္..
အျမန္ေဆးစြမ္းျပပါေစ.."
ေဆးစြမ္းျပဖို႔ဆုေတာင္းရင္းႏွင့္ မီးဖိုခန္းထဲမွ
အန္တီခင္ျမကထြက္သြားႏွင့္ေလၿပီ။
ၾကည္ၾကည္ကေတာ့ ႏြားႏို႔ကိုကိုင္ထားလ်ွက္ႏွင့္ ေတြေဝေနမိသည္။
ေသခ်ာစဉ္းစားၾကၫ့္ရင္ ဖြားႏုတို႔ဟာ
သူတို႔ရဲ့မ်ိဳးဆက္ရရိွေရးအတြက္
အသက္၂၀ေက်ာ္အရြယ္ မိန္းကေလးအေပၚမွာ
ရက္စက္တဲ့နည္းလမ္းကို သံုးေနတယ္လို႔ပဲ
ျမင္တယ္။
အသိစိတ္ေပ်ာက္ၿပီး ေသြးသားဆႏၵကို
မလြန္ဆန္ႏိုင္ပဲမွားမိၾကမယ္ဆိုရင္ေတာင္
ဒါဟာမမဝိုင္းေလးရဲ့
တကယ့္စိတ္ဆႏၵအမွန္မွမဟုတ္ပဲ။
မနက္ေရာက္လို႔ ေဆးအာနိသင္ျပယ္တဲ့အခါ
ေသခ်ာေပါက္ ရွက္ရြံ႔ေနမွာပဲ။
ရည္းစားေတာင္ တစ္ခါမွမထားခဲ့ဖူးတဲ့
အျပင္ အခုခ်ိန္အထိတင္ပါးအုပ္ဆံပင္ေလးႏွင့္ အ၀တ္အစားေတာင္လံုႃခံုတာကိုမွ
ေရြး၀တ္တတ္တဲ့ မမဝိုင္းေလးအတြက္
တကယ္ကို ရိုက္ခတ္မႈအႀကီးႀကီးျဖစ္သြားႏိုင္တယ္။
ဒီလိုကိစၥမ်ိဳးကို ၾကည္ၾကည္ဘယ္ေတာ့မွ
မလုပ္ဘူး။
ကိုယ္နဲ႔မဆိုင္ေပမဲ့ မိတ္ေဆြအစစ္အမွန္ေတြက ဘယ္ေတာ့မွ သစၥာမေဖာက္ဘူး။
အဘက္ဘက္က ေသခ်ာေတြးေတာလိုက္ၿပီးေနာက္ ေဘလ္စင္သို႔သြားကာႏြားႏို႔ေတြကို
သြန္ခ်ပစ္လိုက္သည္။
အန္တီခင္ျမျပန္မလာခင္ ႏြားႏို႔အသစ္
ျပန္ေဖ်ာ္လိုက္ၿပီး မမဝိုင္းေလးရိွေသာ
အခန္းဆီသို႔ တက္လာခဲ့လိုက္သည္။
အစ္ကိုေလးမင္းစက္ကလည္း ဒီေန့မွ
ဘာစိတ္ေပါက္သလဲမသိဘူး။
မမဝိုင္းေလးကို သူနဲ႔တစ္ခန္းထဲလာအိပ္ခိုင္းတယ္။
ပံုမွန္ဆိုရင္ေတာ့ အစ္ကိုေလးဘက္ကေန
မီးစိမ္းျပတာကို၀မ္းသာမိမွာေပမဲ့
ဒီေန့ေတာ့ သူတို႔ႏွစ္ေယာက္ကို တစ္ခန္းထဲမွာ
အတူရိွမေနေစခ်င္ေပ။
🔥🔥🔥🔥
မီးခိုးေရာင္ခပ္မိႈင္းမိႈင္းအခန္းႀကီးထဲမွ
အိေထြးေနေသာေမြ့ယာႀကီးေပၚတြင္
အခ်ိန္အေတာ္အၾကာ လဲေလ်ွာင္းေနမိေပမဲ့
ဝိုင္းေလးလံုး၀အိပ္၍ မေပ်ာ္ေပ။
ဒီအခန္းဟာ ပံုမွန္ဆိုသူတစ္ေယာက္တည္း
အိပ္တာျဖစ္ႏိုင္သည္။
ဒါေပမဲ့ သူ႔ရဲ့ေမြ့ယာကေတာ့ႏွစ္ေယာက္အိပ္
ေမြ့ယာႀကီးျဖစ္ေနၿပီး ကုတင္ႀကီးကိုက
အျပန႔္ေတာ္ေတာ္က်ယ္သည္။
သူ႔အရပ္နဲ႔ တိုင္းၿပီးလုပ္ထားတယ္ထင္ပါရဲ့
ကုတင္က အလ်ွားလည္းေတာ္ေတာ္ရွည္ၿပီး
ေျခရင္းဘက္ေဘာင္ႏွင့္ ဝိုင္းေလးရဲ့ေျခေထာက္က ေတာ္ေတာ္ကိုေဝးသည္။
အေဝးကေနၾကၫ့္လိုက္ပါက ကုတင္ေပၚတြင္
လူေကာင္ေသးေသးေလး လွဲေနသလိုျဖစ္၍
ေနသည္။
"သူ႔အခန္းထဲမွာအိပ္ဖို႔ သူေျပာလာတဲ့အခ်ိန္မွာ ဝိုင္းေလးျငင္းခ်င္ခဲ့တယ္..
ျပန္ေတြးၾကၫ့္လိုက္ေတာ့ သူနဲ႔ကိုယ္ဟာ
လက္ထက္ထားတဲ့ လူေတျြဖစ္တဲ့အတြက္
အခန္းတစ္ခုထဲကို မ်ွေဝၿပီးသံုးတာက
ျဖစ္သင့္တယ္ဟု ထင္မိသည္။
မဟုတ္ရင္အတူမအိပ္တဲ့ တစ္ခန္းထဲအတူမအိပ္တဲ့အတြက္ ေဘးလူေတြအျမင္မွာ ေဝဖန္စရာေတြ
ျဖစ္လာႏိုင္သည္။
မိဘေပးစားလို႔ လက္ထက္ခဲ့ၾကတာျဖစ္တဲ့အတြက္
ပိုဆိုးတာေပါ့။
ဖြားဖြားႏုတို႔အိမ္မွာလည္း ကိုမင္းစက္၏
အိပ္ခန္းတစ္ခုရိွေနေပမဲ့ ဒီအခန္းကေတာ့
သူ႔ရဲ့တကယ့္အစစ္အမွန္ကမ႓ာတစ္ခုဟု
ျမင္မိေစသည္။
အေရာင္ခပ္မိႈင္းမိႈင္းျဖစ္ေသာ အခန္း၏
အျပင္အဆင္သၫ့္ သူ႔ရဲ့စိတ္ေနစိတ္ထားႏွင့္ တကယ္ကိုလိုက္ဖက္သည္။
ေမြ့ယာေပၚ၌ လွဲေလ်ာင္းေနစဉ္မွာ
သူ႔ရဲ့အေငြ့အသက္ေတြ၊သူ႔ရဲ့ကိုယ္သင္းရနံ႔ေတြ
စဲြက်န္ရစ္ေနသလိုပါပဲ။
အိပ္ခန္းအျပင္အဆင္ကေတာ့ ရိုးရွင္းၿပီး
အထက္တန္းက်သည္ဟု ခံစားရသည္။
အိပ္ခန္း၏ အလယ္နားမွာအကာတစ္ခု
ထားရိွၿပီး ေဘာင္ေလးေတြကန႔္ထားကာ
သူ႔ရဲ့ မ်ားျပားလွေသာဆုတံဆိပ္ေတြႏွင့္
ငယ္ငယ္က ပံုေလးေတြကိုေထာင္ထားတာ
ေတြ့ရသည္။
အကာရဲ့တစ္ဖက္ျခမ္းမွာေတာ့ ဒရင္းဘတ္တစ္ခုႏွင့္ ဆိုဖာအရွည္ေတြကိုထားရိွေလသည္။
အခန္းတစ္ခုလံုးကေတာ့ မီးခိုးေရာင္
ခပ္မိႈင္းမိႈင္းေတြကိုသာ သံုးထားၿပီး
လိႈက္ကာေတြ၊အိပ္ယာခင္းေတြကအစ
ေခါင္းအံုးေတြပါမက်န္ မီးခိုးေရာင္ျဖစ္သည္။
အျဖဴၾကိဳက္သည့္ဝိုင္းေလးနဲ႔သူကေတာ့
ဒီေနရာမွာတင္ ဆန႔္က်င္ဘက္ေတျြဖစ္ေနေလၿပီ။
"မမဝိုင္းေလးေရ..ၾကည္ၾကည္၀င္လာခဲ့မယ္ေနာ္.."
အျပင္ဘက္မွ ၾကည္ၾကၫ့္အသံကို
ၾကားလိုက္ေတာ့မွသာ တံခါးကိုပိတ္မထားမိမွန္း သတိရေလေတာ့သည္။
အိပ္ယာအေပၚမွ ထထိုင္လိုက္ေတာ့
ၾကည္ၾကည္ကႃပံုးကာျဖင့္ လက္ထဲမွာလည္း
ႏြားႏို႔တစ္ခြက္ကိုကိုင္ထားလ်ွက္
အိပ္ခန္းထဲသို႔၀င္လာေလသည္။
"ဒီမွာမမဝိုင္းေလးအတြက္ႏြားႏို႔ပူပူေလး
ပူတုန္းေလးေသာက္လိုက္ေနာ္.."
"ေက်းဇူးပါပဲၾကည္ၾကည္ရယ္..
ငါလည္းအိပ္လို႔မရဘူးျဖစ္ေနတာနဲ႔အေတာ္ပဲ
အိပ္ေဆးေလးကိုႏြားႏို႔နဲ႔ေသာက္လိုက္ရင္
ေကာင္းမလားလို႔.."
"ဟာ..မမ..အိပ္ေဆးေတာ့လံုး၀မေသာက္နဲ႔ေနာ္..
ဒီညလံုး၀အိပ္ေပ်ာ္သြားလို႔မျဖစ္ဘူး.."
"ဘာျဖစ္လို႔လဲဟ.."
"ဟိုေလ..အဲ့ဒါက..ဟို
အစ္ကိုေလးမင္းစက္ကညဘက္
ထေယာင္ရင္ ဘယ္လိုလုပ္မလဲ..
ဖြားဖြားႏုေျပာတာေတာ့ အစ္ကိုေလးက
ညဘက္ဆို ထေယာင္တတ္တယ္တဲ့..
အဲ့ဒါ..တကယ္လို႔အစ္ကိုနဲ႔အိပ္လို႔အဆင္မေျပရင္ အိပ္ယာေျပာင္းရေအာင္လို႔ေလ
လံုး၀အိပ္ေဆးမေသာက္မိေစနဲ႔ေနာ္..."
"ဟုတ္လို႔လားၾကည္ၾကည္ရယ္ သူ႔ပံုစံက
လံုး၀မထင္ရဘူးေနာ္.."
"မမဝိုင္းေလးကလည္း အစ္ကိုေလးက
အဖက္ဖက္က ျပၫ့္စံုေနတယ္ဆိုေပမဲ့
သူ႔မွာလည္း လူမသိႏိုင္တဲ့ လ်ိႈ႔ဝွက္ခ်က္ေတြ
ရိွႏိုင္တာပဲေလ.."
"အင္း..နင္ေျပာတာလဲဟုတ္တာပဲေနာ္.."
"အဲ့ဒါေတြထားလိုက္ပါမမဝိုင္းေလးရယ္
အခုေတာ့ႏြားႏို႔ေလးကို ပူတုန္းေလး
ေသာက္လိုက္ပါလား..ၾကည္ၾကည္တစ္ခါတည္း မီးဖိုထဲမွာေဆးေၾကာၿပီး
သိမ္းလိုက္ခ်င္လို႔..."
"အင္းပါ.."
ၾကည္ၾကၫ့္မွာ အမ်ိဳးမ်ိဳးေရွာင္ရွားၿပီး
စကားေတြဖဲြ႔သီကာရွင္းျပလိုက္ရ၍
ေမာသြားရသည္။
မမဝိုင္းေလးကေတာ့ ႏြားႏို႔ပူပူေလးကို
ေမာ့ေသာက္ေနတာ တဂြက္ဂြက္ႏွင့္အားရစရာ ေကာင္းလွသည္။
ယုန္ျဖဴေလးတစ္ေကာင္လို ျဖဴစင္သၫ့္
အလွတရားေလးအား ပိုင္ဆိုင္ထားသၫ့္
မမဝိုင္းေလးကိုၾကၫ့္ေနမိရင္းမွ ဟိုကိစၥကို
ဖြင့္ေျပာခ်င္လိုက္တာ အူေတြကိုယားေနေရာပဲ။
မမဝိုင္းေလးက ႏြားႏို႔ေတြကိုအကုန္ေသာက္လို႔ ၿပီးစီးသြားသၫ့္အခ်ိန္မွာေတာ့
ၾကည္ၾကည္သည္လည္း အိပ္ယာအခင္းကို
ဆုပ္ကိုင္လိုက္ၿပီး အမွန္အတိုင္းေျပာလိုက္
မည္ဟု ဆံုးျဖတ္ခ်က္ခ်လိုက္ပါသည္။
"ၾကည္ၾကည္..အဲ့မွာဘာလုပ္ေနတာလဲ
ၾကာလိုက္တာဟယ္..ျမန္ျမန္လာေတာ့ေလ"
မမကိုဖြင့္ေျပာဖို႔ ပါးစပ္ဟရံုရိွေသးတယ္
အန္တီခင္ျမက အခန္းထဲသို႔၀င္လာၿပီး
အတင္းလာ၍ေခၚေနေလသည္။
အန္တီခင္ျမဆိုတာက ဖြားဖြားႏုတို႔ရဲ့
ဘက္ေတာ္သားျဖစ္တဲ့အတြက္ ၾကည္ၾကည္က
တားလည္း နာခံမွာမဟုတ္ေပ။
ေတာ္ၾကာၾကည္ၾကၫ့္ကို ရြာျပန္ပို႔ရင္ေတာ့
ဒုကၡေရာက္သြားမွာက ကိုယ္ျဖစ္သြားႏိုင္တယ္။
"ၾကည္ၾကည္ေရ..လာလို႔ဆိုေန.."
"ဟုတ္ကဲ့လာပါၿပီ..."
ၾကည္ၾကည္ထြက္သြားတဲ့အခါမွာေတာ့
အခန္းႀကီးကပံုမွန္အတိုင္းျပန္၍
တိတ္ဆိတ္သြားခဲ့ေလသည္။
ဝိုင္းေလးလည္း အိပ္လို႔မေပ်ာ္တာႏွင့္ ကုတင္ေပၚမွ
ဆင္းၿပီး အိပ္ခန္းထဲကိုလိုက္ပတ္ၾကၫ့္လိုက္မိသည္။
မင္းစက္အာဏာကေတာ့ အခုအခ်ိန္ဆိုရင္
စာၾကၫ့္ခန္းထဲမွာ အလုပ္လုပ္ေနေလာက္မွာ
ေသခ်ာသည္။
🍒🍒🍒🍒🍒🍒
စာၾကၫ့္ခန္းထဲတြင္ေတာ့ မင္းစက္သည္
အလုပ္လုပ္ေနရင္းႏွင့္ ခႏၶာကိုယ္တစ္ခုလံုး
ပူေလာင္လာသလို ခံစားေနရေလသည္။
ေရပဲငတ္သလိုလိုႏွင့္ တစ္ခုခုကိုအျပင္းအထန္
လိုအပ္ေနေလသည္။
ေခါင္းေတြလည္း ေနာက္က်ိလာကာ
ပူအိုက္လာသလို ခံစားရ၍
အိက်ႌၾကယ္သီးကို သံုးလံုးေလာက္
ဆဲြျဖဳတ္ျပစ္လိုက္မိေလသည္။
"ေရခ်ိဳးရင္ေကာင္းမယ္ထင္တယ္..."
အလုပ္လည္းဆက္လုပ္လို႔ မရေတာ့ၿပီမို႔
စာၾကၫ့္ခန္းထဲမွ ထြက္လာလိုက္ၿပီး
အိပ္ခန္းဆီသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္
ထြက္လာခဲ့လိုက္သည္။
အိပ္ခန္းအေရ႔ွကိုေရာက္ေတာ့ တံခါးကိုတြန္း
ဖြင့္လိုက္ေပမဲ့ အထဲမွေလာ့ခ်ထားေသာေၾကာင့္
ဘယ္လိုမွ ဖြင့္လို႔မရေပ။
ထို႔ေၾကာင့္ တံခါးေခါက္လိုက္ရေလသည္ ။
"ေမဝိုင္းေလး..တံခါးလာဖြင့္ေပးဦး
မင္းအိပ္ေနၿပီလား..ေမဝိုင္းေလး.."
တံခါးကို ႏွစ္ခ်က္၊သံုးခ်က္ေလာက္ထုၾကၫ့္ေပမဲ့
အထဲမွလူက ဘာအသံမျွပဳမလာ၍
စိတ္မရွည္ေတာ့ပဲ အျခားအခန္းသို႔သြားမည္အလုပ္
တံခါးက သံရွည္ဆဲြ၍ပြင့္လာခဲ့ေလသည္။
"၀င္လာခဲ့ေလ.."
ည၏တိတ္ဆိတ္မႈေအာက္တြင္ တိုးၫွင္းစြာ
ထြက္ေပၚလာေသာ စကားသံေလးတစ္ခု၊
ႏူးညံ့ညင္သာၿပီး ဆဲြေဆာင္မႈအျပၫ့္ရိွေနသည္။
အၾကၫ့္ခ်င္းဆံုသြားခိုက္မွာေတာ့
စပ်စ္သီးလံုးေလးေတြလို
အရည္ရႊမ္းေနသၫ့္ မ်က္၀န္းလွလွေလးေတြဟာ
သူမဆီမွာ ရိွေနသည္ဟုေတြးလိုက္မိသည္။
ႏွာတံလံုးလံုးေလးႏွင့္ ပန္းဆီေရာင္သန္းေနေသာ
ႏႈတ္ခမ္းေလးဟာ သူ႔စိတ္ကိုၫွို႔ယူေနသလိုပဲ။
၀တ္ထားသၫ့္ညအိပ္ဂါ၀န္ေလးသည္
ေျခမ်က္စိအထိရွည္ေပမဲ့ လည္ဟိုက္ျဖစ္ေန၍
ရင္ၫႊန႔္ေနရာကို ၾကၫ့္လိုက္မိသၫ့္အခါ
အၾကၫ့္ေတြကို မ်က္လႊာခ်ျခင္းျဖင့္
ေရွာင္လႊဲလိုက္မိေလသည္။
သူမကိုၾကၫ့္ေနမိရင္ ရင္ထဲမွာလိႈင္းထန္လာၿပီး
ေရဆာသလို၊ရင္ေမာသလိုျဖစ္၍ေနသည္။
"..ရွင္အထဲကိုမ၀င္ဘူးလား.."
ေမဝိုင္းေလးက ေမးလိုက္ေတာ့မွသာ
မင္းစက္လည္း အိပ္ခန္းထဲသို႔လွမ္း၀င္လိုက္ၿပီး
ေရခ်ိဳးခန္းဆီသို႔ တန္းေျပးမိေလေတာ့သည္။
ေရပန္းေအာက္မွာ အၾကာႀကီးရပ္ေနမိေပမဲ့
သူ႔ရဲ့အတြင္းစိတ္ေတြက ျပင္းျပစြာ
ပူေလာင္ေနတုန္းပင္ျဖစ္သည္။
"ဒီခံစားခ်က္ႀကီးက ဘာႀကီးလဲကြာ.."
တစ္ခ်က္တစ္ခ်က္ ေခါင္းေတြေနာက္က်ိလာၿပီး
မိုက္ကနဲ မူးေဝလာေလသည္။ပံုမွန္ဆိုအလုပ္ကို
ညၪ့္နက္တဲ့အထိ လုပ္ေလ့ရိွတာမို႔ အားပ်က္သြားတာလားလို႔ သံသယေတာ့၀င္မိသည္။
ဒါေပမဲ့ အားပ်က္ေနတာလည္းဟုတ္မေနျပန္ဘူး။
ေရခ်ိဳးခန္းထဲ၌သာ ညအိပ္၀တ္စံုကို
လဲ၀တ္လိုက္ၿပီး အျပင္ကိုထြက္လာေတာ့
ေမဝိုင္းေလးက ကုတင္ေပၚတြင္ထိုင္ကာ
သူ႔ကိုၾကၫ့္ေနရင္းမွ သူ႔ဆီသို႔ေလ်ွာက္လာေနေလသည္။
မ်က္လံုးေတြေမွးက်ဉ္းကာျဖင့္ သူမကိုစိုက္ၾကၫ့္
ေနရင္းမွာ ေခါင္းေတြမူးေဝလာၿပီးေနာက္
မိုက္ကနဲ ယိုင္က်သြားခဲ့သည္။
ေမဝိုင္းေလးမွာေတာ့ အနားသို႔ေရာက္သည္ႏွင့္
သူမအေပၚသို႔ယိုင္က်လာေသာလူကို
ဘုမသိဘမသိႏွင့္ ေယာင္ရမ္းၿပီးဖမ္းလိုက္ရေလသည္။
"ကိုမင္းစက္..ရွင္ဘာျဖစ္သြားတာလဲ
အဆင္ေျပရဲ့လား..ရွင့္ခႏၶာကိုယ္က
ဘာလို႔ပူေနသလို ျဖစ္ေနရတာလဲ.."
ႏွစ္ေယာက္သား ထိုင္လ်ွက္အေနအထားႏွင့္
ၾကမ္းျပင္ေပၚမွာလဲက်သြားၿပီးေနာက္
ဝိုင္းေလး၏ပခံုးေပၚတြင္ ေခါင္းမွီလ်ွက္
ျဖစ္ေနေသာ ကိုမင္းစက္ကိုမူမမွန္ဘူးထင္၍
ေမးလိုက္မိေလသည္။
"ေဆာရီး..ကိုယ္..ေခါင္းနဲနဲမူးသြားလို႔.."
ဝိုင္းေလး၏ပခံုးကိုမွီထားရာမွ ေခါင္းျပန္ေထာင္လာၿပီး ေတာင္းပန္လာ၍သူ႔မ်က္ႏွာကို
ၾကၫ့္လိုက္မိေတာ့ နီရဲတြတ္ေနေလသည္။
သူ႔မ်က္လံုးေတြကလည္း ပံုမွန္နဲ႔မတူပဲရဲေနကာ
အဖ်ားႀကီးသလိုမ်ိဳး အားမရိွသည့္ပံုႏွင့္
ခပ္မိႈင္းမိႈင္းျဖစ္၍ေနသည္။
"ကိုမင္းစက္..ရွင္ဘာျဖစ္ေနတာလဲ..
ေနေရာေကာင္းရဲ့လား မ်က္ႏွာႀကီးကဘာလို႔
နီစပ္စပ္ျဖစ္ေနရတာလဲ..."
ဝိုင္းေလးလည္း သူတစ္ခုခုမူမမွန္တာကို
သတိထားမိ၍ စိုးရိမ္သြားမိကာသူ႔နဖူးႏွင့္
ပါးကိုစမ္းကာ ေမးၾကၫ့္လိုက္မိေလသည္။
သူကေတာ့ သူ႔ပါးႏွစ္ဖက္ေပၚတြင္ ရိွေနေသာ
ဝိုင္းေလး၏လက္ကို ျပန္၍အုပ္ကိုင္လိုက္ကာ
သူ႔ရင္ဘတ္ေနရာသို႔ ဆဲြယူလိုက္ၿပီးေနာက္..
"ကိုယ္တစ္ခုခုဆာေလာင္ေနသလိုပဲ.."
"ရွင္..ရွင္ဗိုက္ဆာေနတာလား..တစ္ခုခုစားမလား"
"မဟုတ္ဘူး..ဗိုက္ဆာေနတာမဟုတ္ဘူး..
ကိုယ္လိုအပ္ေနတာက.."
အာေလးလ်ွာေလးႏွင့္ ေျပာလိုက္ၿပီးေနာက္
စူးရွၿပီးခပ္ေမွးေမွးျဖစ္ေနေသာ မ်က္၀န္းမ်ားႏွင့္
ဝိုင္းေလးကိုေမာ့ၾကၫ့္လာသည္။
ရုတ္တရက္ဆိုသလို ဝိုင္းေလး၏ပါးျပင္ကို
သူ႔လက္ဖဝါးႀကီးႏွင့္ ပြတ္သပ္လိုက္ၿပီး
ဆံပင္ရွည္မ်ားၾကားထဲသို႔ လက္ေခ်ာင္းမ်ားကို
ထိုးထၫ့္လိုက္ကာလည္တိုင္ဆီသို႔
ေလ်ွာဆင္းလာၿပီးေနာက္..
"!!!ရွင္ဘာလုပ္တာလဲ....."
အခုအခ်ိန္မွာ ေျမေခြးတစ္ေကာင္က
ယုန္ျဖဴေလးကို ဖမ္းအုပ္လိုက္သလို
ျဖစ္ေနခဲ့ေလသည္။ယုန္ေလးဟာ
ေသရမွာေၾကာက္ရြံ႔၍ ရုန္းကန္မိေပမဲ့
ေျမေခြးကေတာ့ ယုန္ငယ္၏နားရြက္ႏွစ္ဖက္ကို
တက္နင္းထားသကဲ့သို႔ မင္းစက္သည္လည္း
ဝိုင္းေလးရဲ့လက္တစ္ဖက္ကို သူ႔ရဲ့တံေတာင္နဲ႔
ဖိထားကာ က်န္လက္တစ္ဖက္ကိုေတာ့
လက္ေကာက္၀တ္မွဖမ္းဆုပ္၍
ေခါင္းေဘးနား၌ ၿမွောက္ကိုင္ထားေလသည္။
ဝိုင္းေလးမွာသာ သူ႔အျပဳအမူေတြေၾကာင့္
ထိတ္လန႔္ေနရကာ ေၾကာက္ရြံ႔တုန္လႈပ္လာေလသည္။
*သူဘာျဖစ္ေနတာလဲ..သူဘာေၾကာင့္ဒီလို
လုပ္ေနရတာလဲ..ၿပီးေတာ့သူ႔အၾကၫ့္ေတြက
ပန္းတစ္ပြင့္ကို အလွၾကၫ့္ဖို႔မဟုတ္ပဲ
ေခ်မြဖို႔စဉ္းစားေနသလိုမ်ိဳး စူးရဲလြန္းတယ္..*
"ရွင္ကၽြန္မအေပၚကေနအခုဖယ္ေပး..
ကၽြန္မကိုဒီလိုလာမလုပ္နဲ႔ မႀကိဳက္ဘူးေနာ္..."
"အဟင္း..မင္းႀကိဳက္တာမႀကိဳက္တာက
ကိုယ့္အတြက္အေရးပါမယ္လို႔ထင္ေနလား..
ကိုယ္အခုမွေသခ်ာသိသြားတာ..
ကိုယ္ဆာေလာင္ေနတာမွန္တယ္..
ဒါေပမဲ့ကိုယ္စားခ်င္ေနတာကထမင္းမဟုတ္ဘူး
မင္းကို!!!..."
"ရွင္စကားကို ၾကၫ့္ေျပာေနာ္ အခုခ်က္ခ်င္း
ကၽြန္မကိုလႊတ္ေပးလို႔..."
ဝိုင္းေလးအတင္းရုန္းေတာ့ သူကဝိုင္းေလး၏
မ်က္လံုးေတြကို သူ႔ရဲ့ညာလက္ျဖင့္အုပ္လိုက္ေလသည္။
အျမင္အာရံုေတြမည္းေမွာင္သြားသၫ့္အခ်ိန္မွာ ဝိုင္းေလး၏လည္တိုင္ေပၚသို႔ သူ႔ရဲ့ဦးေခါင္းက
ငိုက္က်လာတာကို သတိထားလိုက္မိသည္။
နားရြက္ေအာက္အနားေလးမွာ
သူအသက္ရႉလိုက္တိုင္း ေလေငြ့ေတြလာ၍
ရိုက္ခတ္ေနသည္။
သူ႔ရဲ့အသက္ရႉသံေတြကိုေတာင္
ၾကားေနရေလသည္။
သူ႔ခႏၶာကိုယ္ရဲ့ အေလးခ်ိန္ကတကယ္ကို
အသက္ထြက္သြားဖို႔လံုေလာက္ပါရဲ့။
"ကိုယ္ဘာျဖစ္ေနတာလဲ တကယ္မသိေတာ့ဘူး
ကိုယ့္ရဲ့သိစိတ္ကေတာင့္ခံထားေပမဲ့
ရင္ထဲမွာအရမ္းပူေလာင္ေနတယ္..
ဒီဆႏၵေတြကို ကိုယ္မထိန္းခ်ဳပ္တတ္ၿပီး
ဒီေတာ့မင္းကိုယ့္ကိုကူညီမွရမယ္..."
"အား!!!ရွင္..."
စကားသံအဆံုးမွာ လည္တိုင္ထပ္၌
စူးခနဲျဖစ္သြားသၫ့္ နာက်င္မႈေၾကာင့္
ထေအာ္လိုက္မိေလသည္။
ထိုလူဟာ ထပ္မံရဲ့နာက်င္ေအာင္လုပ္မည္ဆိုတာ
အတတ္သိလိုက္တာေၾကာင့္ လက္ကို
သူဆုပ္ကိုင္ထားတာ ေျပေလ်ွာ့သြားသည္ႏွင့္
သူ႔ဗိုက္ေနရာသို႔စမ္းကာ ဗိုက္ေခါက္ႀကီးကို
လိမ္ဆဲြျပစ္လိုက္ေလေတာ့သည္။
"အား...မင္းဘာလုပ္တာလဲ..."
"လိမ္ဆဲြလိုက္တာေလ...ထပ္ၿပီးမနာခ်င္ရင္
ကၽြန္မကိုအခုလြတ္လိုက္..."
"မလြတ္ႏိုင္ဘူး.."
"ဒါဆိုလည္းရွင့္ထိုက္နဲ႔ရွင့္ကံပဲ..."
ခ်က္ခ်င္းပဲ ေခါင္းကိုၾကမ္းျပင္ႏွင့္လြတ္သည္အထိ
ႂကြလိုက္ၿပီး ခပ္မဲ့မဲႃပံုးျပစ္လိုက္သည္။
ပါးျပင္ခ်င္းယွက္တိုက္လိုက္ၿပီးေနာက္မွာေတာ့
သူ႔ရဲ့နီေနေသာနားရြက္ဖ်ားေလးအနားသို႔
တိုးကပ္သြားလိုက္ကာ...
"အား...မင္း..မင္းငါ့နားရြက္ကိုကိုက္တယ္..."
နားရြက္နာသြားလို႔ သူထထိုင္လိုက္တယ္ဆိုရင္ပဲ
ဝိုင္းေလးလည္း ခ်က္ခ်င္းကုန္းထကာ
တံခါးဆီသို႔ေျပးဖို႔လုပ္ရသည္။
မင္းစက္သည္လည္း ေဆးအရိွန္ေၾကာင့္
စိတ္ေတြႂကြေနတာရယ္၊ေဒါသထြက္တာႏွင့္ပါ
ေရာၿပီးအေနာက္မွေျပးလိုက္သြားကာ
တံခါးကိုဖြင့္ေတာ့မၫ့္ ေမဝိုင္းေလးကို
ခါးကေနဖမ္းဆဲြၿပီး
ၿမွောက္၍ခ်ီမျပစ္လိုက္သည္။
"အေမ့ေရ..."
ေမဝိုင္းေလးသည္လည္း အေမေတြပါတကုန္ကာ
မင္းစက္အာဏာကၿမွောက္ခ်ီလိုက္စဉ္
ေျခေထာက္ေတြပါေလထဲသို႔ ေျမာက္ႂကြသြား၍
တံခါးကို "ဒုန္းကနဲ.."ျမည္သည္အထိ
ေျခေထာက္ႏွင့္ ကန္မိသြားေလသည္။
ႏွစ္ေယာက္လံုး အရိွန္အထိန္းႏိုင္ပဲအေနာက္သို႔ပက္လက္လန္က်သြားၾကေလသည္။
"အား..ခါးရိုးက်ိဳးၿပီလားမသိဘူး.."
ၾကမ္းျပင္အမာေပၚကို အရိွန္ႏွင့္လန္ၾကသြားျခင္း
ျဖစ္၍ သူအေတာ္နာသြားသည္။
ေမဝိုင္းေလးကို ခ်ီလ်ွက္ကေနလဲတာျဖစ္၍
အေပၚက ေမဝိုင္းေလး၏ခႏၶာကိုယ္ဝိတ္ေၾကာင့္
လည္း ပိုအထိနာသည္။
"ငါ..ငါ့ေခါင္း..."
"ဟင္..ေခါင္းဘာျဖစ္လို႔လဲ..."
"ေခါင္းကဲြၿပီထင္တယ္...
ေနာက္ေစ့နာေနတယ္"
ဝိုင္းေလးလည္း သူကအၾကမ္းဖက္လို႔
ရုန္းကန္မိေပမဲ့
ကိုယ္ယူထားတဲ့ေယာက္်ားဆိုေတာ့
စိုးရိမ္သြားမိေလသည္။
ထေတာင္မထႏိုင္ေတာ့ပဲ
ညီးၫူေနေသာေၾကာင့္ သူ႔ေနာက္ေစ့ေနရာကို
ၾကၫ့္လိုက္ၿပီး လက္ႏွင့္စမ္းၾကၫ့္လိုက္မိေတာ့
ေသြးစေလးေတြ ကပ္ပါလာသည္။
"ဟယ္..ေသြး...ေသြးထြက္ေနတယ္..
ရွင္ေခါင္းေပါက္သြားၿပီထင္တယ္.."
"ဘာ!!!"
အခန္း(၂၀)ဆက္ရန္..
🔥🔥🔥🔥🔥
အဖြားနဲ႔အေမရဲ့ေဆးအစြမ္းအျပလြန္ၿပီး
ေခါင္းပါေပါက္သြားၿပီ...😄
ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
အထူးေက်းဇူးတင္ရိွပါတယ္

ဖတ်ရတာဇာတ်ရှိန်တက်
ReplyDeleteရင်ခုန်ရမလားမှတ်တယ်ရည်ရမလို ငိုရမလိုနဲ ..ဝေရေ🤩💙
ReplyDeleteဟုတ်ပ
Deleteအရှိုန်တွေတက်နေပြီလို့
ReplyDeleteတင်ပေးအုံး
ReplyDeleteေ မျှာ်
ReplyDeleteမျှော်နေပါမည်
ReplyDelete