(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၁၈)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
"ဟဲ့..အထဲကနေရန်ဖြစ်သံကြားရလား.."
"မကြားရဘူးအမေရဲ့အသံငြိမ်နေတယ်.."
"ဟုတ်လို့လားဟယ်.."
"တကယ်ပြောနေတာအမေရဲ့..."
ဒေါ်ရတနာသည် မကြီးမငယ်နှင့်
မင်းစက်၏အိပ်ခန်းတံခါးကို နားကပ်ကာ
ခိုး၍နားထောင်နေရလေသည်။
ဘေးနားမှခိုင်းစေသူကတော့ အမေဒေါ်နုယဉ်
သာဖြစ်သည်။
အခန်းကအသံလုံလွန်းသောကြောင့်
အပြင်မှ စကားသံတွေကို နားထောင်၍
မရဖြစ်နေလေသည်။
အမေနှင့်သမီးနှစ်ယောက်သားခမျာ
လက်ထပ်ပြီးတာနှစ်လကြာသည်အထိ
အဆီအငေါ်မတည့်ကြသေးသော
လင်မယားနှင့်သာ အလုပ်တစ်လုပ်ဖြစ်နေရသည်။ ဒေါ်ခင်မြနှင့် ကြည်အေးကတော့
ထိုသားအမိနှစ်ယောက်ရဲ့ အဖြစ်ကိုကြည့်ပြီး
ရယ်လည်းရယ်ချင်၊သနားလည်းသနားနေကြသည်။
အမှန်တော့ မင်းစက်အာဏာကမိန်းမယူဖို့
ဘယ်တုန်းကမှ မစဉ်းစားခဲ့မှန်း
သိကြပေမဲ့ ဒေါ်နုယဉ်သည် သူများအိမ်က
အဖိုးတန်သမီးများ၏ဓာတ်ပုံများကို
မကြာခဏဆိုသလို မင်းစက်ကိုပြလေ့ရှိသည်။
အကြိမ်တိုင်းလည်း အငြင်းခံရပေမဲ့
အမှတ်မရှိသော အဖွားနုဟာ
မိန်းကလေးတွေကို အိမ်သို့အလည်ခေါ်ပြီး
မြေးဖြစ်သူနှင့် မိတ်ဆက်ပေးလေ့ရှိသည်။
မင်းစက်အာဏာက ဒဲ့တိုးငြင်းတတ်သူဖြစ်၍
လက်လျှော့သွားကြသော မိန်းကလေးများလည်း
ရှိသလို မင်းစက်၏ပိုင်ဆိုင်မှုနှင့်
မက်မောလောက်စရာ ဥပဓိရုပ်ခံကြောင့်
ခွာမရအောင် ကပ်တွယ်ချင်ကြသူများလည်း
ဒုနဲ့ဒေးပါပဲ။
ဖွားနုရဲ့ ဖိတ်ခေါ်မှုကြောင့် ဒီအိမ်ဟာ
အလှူလုပ်နေသလိုကို ပျိုမေအပေါင်းနှင့်
စည်ကားနေလေ့ရှိသည်။
ဒီအိမ်မှာ မင်းစက်မနေတဲ့အဓိက
အကြောင်းအရင်းကလည်း ဖွားဖွားနုကြောင့်ပါပဲ။
မင်းစက်ကိုယ်တိုင်ကတော့ သားသဘောကျတဲ့
မိန်းကလေးပါဆိုပြီး တစ်ယောက်လေးတောင်
အိမ်သို့ ခေါ်မလာဖူးပေ။
ဖျော်ဖြေရေးကုမ္ပဏီကို ဦးစီးနေရသည့်
ငယ်ရွယ်ထက်မြက်သော စီအီးအိုတစ်ယောက်
ဖြစ်တဲ့အတွက် သူ့ကိုစိတ်၀င်စားတဲ့အထဲမှာ
နာမည်ကြီးဆယ်လီတွေ၊အနုပညာရှင်တွေလည်း
ပါ၀င်လေသည်။
တစ်ခါတလေ ထိုသူများကလုပ်ကြံဇာတ်တွေ
ခင်းတတ်လွန်းလို့ သတင်းအမှားများ
ထွက်တတ်သောကြောင့် မင်းဆက်ဟာသူ့ကုမ္ပဏီ
လက်အောက်က မင်းသမီးများနှင့်
သိပ်ပတ်သတ်ဆက်နွယ်ခြင်းမလုပ်တော့ပေ။
များသောအားဖြင့် သူ့လက်ထောက်ကောင်းသန့်
ကိုသာ၀င်၍ စီမံခိုင်းလေ့ရှိသည်။
မင်းစက်အာဏာဖောက်ပေးမည့် မဲကို
ပေါက်ချင်ကြလွန်းလို့ တန်းတောင်စီချင်ကြသည့်
အမျိုးသမီးများထဲမှ မေဝိုင်းလေးဟာ
ကံကောင်းလွန်းသူဖြစ်သွားခဲ့တယ်။
တစ်ဖက်မှာလည်း မင်းစက်ရဲ့ဘ၀က
လိုအပ်ချက်ဆိုတာမရှိသလောက်ကို ပြည့်စုံနေတဲ့
အတွက် သူ့ဘ၀ထဲသို့မေဝိုင်းလေး၀င်လာတာဟာ
ဘာမှသိပ်ပြီး ထူးခြားမသွားခဲ့ပေ။
အဖွားနုက မိန်းကလေးတစ်ယောက်ပြီး
တစ်ယောက်ကိုအိမ်အထိခေါ်ပြီး မိတ်ဆက်ပေးပေါင်းများလာတော့ ရွှေတောင်ကြားက
သူ့ဗီလာမှာ ပြောင်းနေရတဲ့
အဖြစ်ကိုရောက်သွားတော့တာပဲ။
ထပ်ပြီးတော့လည်း အငြိမ်မနေပြန်ပဲ
မေဝိုင်းလေးတို့ညီအစ်မနှစ်ယောက်ထဲက
တစ်ယောက်ကိုရွေးခိုင်းတော့ မေဝိုင်းလေးကိုရွေးချယ်သွားခဲ့တယ်။
သေချာတာကတော့ သူ့အဖွားဆီကနေ
နားအပူသက်သာလည်း အေးရောလို့
တွေးလိုက်ပုံပဲ။
ကိုယ်တိုင်က လိုလိုချင်ချင်တည်ဆောက်ထားတဲ့
အိမ်ထောင်ရေးမဟုတ်လေတော့
ဆန့်ကျင်မှုလေးတွေ ဖြစ်တာတော့
မဆန်းတော့ပါဘူး။
ဘုရင်တစ်ပါးလို ဘ၀မျိုးပိုင်ဆိုင်ထားသည့်
မင်းစက်အာဏာအတွက်တော့ မေဝိုင်းလေးဟာ
မလိုအပ်ပဲ ဆက်သခံလိုက်ရတဲ့
အပိုလက်ဆောင်တစ်ခုသာသာပါပဲ။
ဒါကိုတော့ မေဝိုင်းလေးဟာလုံး၀မသိရှာပေ။
"အမေတို့အဖွားတို့က ဒီမှာဘာလုပ်နေကြတာလဲ.."
အမေဖြစ်သူက တံခါးမှာနားကပ်ပြီး
နားအထောင် မင်းစက်ကလည်းတံခါးကိုအဖွင့်နှင့်
သွား၍ တိုက်ဆိုင်နေလေရာ ဒေါ်ရတနာမှာ
ရှေ့သို့ဟက်ထိုးမလဲတာ ကံကောင်းသွားသည်။
ဒေါ်ရတနာလည်း စိတ်ဆိုးဆိုးနှင့်သားဖြစ်သူ၏
ပခုံးကို ပိတ်ရိုက်ပြစ်လိုက်မိလေသည်။
"ဟဲ့..တံခါးကိုဘယ်လိုဖွင့်လိုက်တာလဲ..."
"ကျွန်တော်ကအေးဆေးဖွင့်လိုက်တာပဲလေ
အမေတို့ကသာခိုးနားထောင်နေကြတာ..."
"နင်တို့လင်မယား ရန်ဖြစ်နေမယ်ထင်လို့ပေါ့..
အခုရောအဆင်ပြေသွားကြပြီလား..."
"သူ့ကိုမေးကြည့်..."
ဝိုင်းလေးဘက်ကို မေးငေါ့ပြလာ၍
သူ့ကိုကြိမ်ဆဲလိုက်ချင်မိသည်။
ကိုယ်တိုင်ဖြေတော့ ဘာဖြစ်မှာမှတ်လို့လဲ
ငါလည်းလေ သူနဲ့အတူရှိရတာ အကုသိုလ်တွေ
အတောင့်လိုက်တတ်တယ်..
အမှားလုပ်လို့ လာချော့ပြီးတာနဲ့သူ့တာ၀န်
ကျေပြီလို့ သတ်မှတ်လိုက်ပုံပါပဲ...
လာခေါ်ပေးဖော်ရတာပဲ ကိုယ်ကကြိတ်ပြုံးပြီး
ကျေနပ်ရမလိုလိုနဲ့..*
"ဝိုင်းလေး...သူမြေးလေးကိုဘာတွေ
ဆူလိုက်သေးလဲဟင်
အဖွားကိုအကုန်ပြောပြလို့ရတယ်နော်..
သူနဲ့ကအဖွားအရင်းတော်နေလဲ
အဖွားက ဝိုင်းလေးဘက်ကနေကာကွယ်ပေးမှာ..."
ကလေးဆန်စွာ ပြောလိုက်သည့်အဖွားကိုကြည့်ပြီး
မင်းစက်ကတော့ မယုံကြည်နိုင်သလို
မျက်ခုံးတွန့်သွားရလေသည်။
ဒီမိန်းကလေးက ဘာဓာတ်တွေနဲ့များညှို့ထားသလဲ
မသိဘူး။အဖွားနဲ့အမေကတော့ သူ့ကိုအစွမ်းကုန်
ကာကွယ်ပေးနေလိုက်ကြတာ။
မသိရင် ကိုယ်ကအပြင်လူကြီးလိုပဲ။
သူထွက်သွားခဲ့တဲ့ နှစ်လအတွင်းမှာအိမ်အလုပ်သမားတွေနဲ့ရော အိမ်သားတွေနဲ့ပါ
မေဝိုင်းလေးဟာ တော်တော်လေးခင်မင်နေတာ
တွေ့ရတယ်။
ကိုယ့်ကိုဆို ကြောက်သလိုရွံ့သလို ဖြစ်နေတတ်သည့် ဒေါ်ခင်မြတို့တူ၀ရီးကလည်း သူနဲ့ဆို
ရယ်ရယ်မောမော ဖြစ်နေလိုက်ကြတာ..။
"ကျွန်တော်အလုပ်ပြန်၀င်ရအုံးမှာမို့လို့
သူ့ကိုခေါ်သွားလိုက်တော့မယ်.."
"ဟဲ့..နေပါအုံး..ဒီနေ့မှအိမ်ကိုရောက်လာတာ
နည်းနည်းပါးပါး ငါတို့နဲ့စကားလေးဘာလေး
ပြောသွားပါအုံးလား..ကိုစက်နော်..
အိမ်ထောင်ကျပြီးမှ မိသားစုနဲ့ဆက်ဆံရေး
ပိုကျဲလာတာ..ဘာသဘောလဲ..."
"အမေရယ်မရစ်စမ်းပါနဲ့..အခုကအလုပ်ချိန်ကြီးဗျ
ခေါင်းနောက်လို့ ခဏပြန်နားပြီးရင်
နောက်တစ်နာရီဆိုအစည်းအဝေးတစ်ခုတက်ရအုံးမယ်..အမေ့ချွေးမကိုလိုက်ချော့ရတာနဲ့တင်
ကျွန်တော့်ရဲ့အချိန်တွေအများကြီး ပုပ်သွားပြီ.."
"ဟယ်..ဒါဆိုနင်ကတကယ်ကြီးလာချော့တာပေါ့.."
"အမေကဘယ်လိုထင်လို့လဲ..."
မင်းစက်သည်လည်း အလုပ်ကိစ္စတွေက
မပျက်သေးပဲ ထွက်လာရ၍နောက်ဆံတင်းနေရကာ
အမေ့ကို ဘောက်ဆက်ဆက်နှင့်ပြန်ပြောလိုက်မိလေသည်။
ဒေါ်တနာကတော့ သူ့သားဆီမှတစ်ခါမှမကြားဖူးသည့် ချော့တယ်ဟူသောစကားကိုသာ
သဘောအကျကြီးကျနေရလေသည်။
"ပြောစရာရှိရင် ဒီနေရာမှာပဲ
အမြန်ပြောလိုက်ပါတော့ အမေရယ်..
ကျွန်တော်တကယ်ကိုအချိန်မရှိလို့ပါ..."
"နင်တို့ဘယ်တော့ကလေးယူဖို့ စဉ်းစားထားလဲ..."
ကောက်ကာငင်ခါကြီးထမေးလိုက်သော
ဖွားဖွားနု၏မေခွန်းကြောင့် အားလုံး
အံ့အားသင့်သွားရလေသည်။
မင်းစက်အာဏာလိုလူတောင် မျက်ခုံးပင့်တက်
သွားရသည်။
နောက်ဆုံးတော့ ဖွားနုတို့အောင့်မထားနိုင်ကြတော့
ပဲ ပွင့်အံလာပြီပေါ့..။
*မေဝိုင်းလေးကို ကိုယ့်ဆီပို့လိုက်တဲ့အဓိက
ရည်ရွယ်ချက်က သူ့ရဲ့မြစ်ချီချင်နေသည့်
ရောဂါပျောက်ဖို့အတွက်ဖြစ်နေခဲ့တာပဲ။*
အဖြေပြန်မပေးခင်မှာပဲ မင်းစက်၏မျက်၀န်းများသည် စဉ်းစားနေဟန်ဖြင့်မှေးကျဉ်းသွားကာ
အဖွား၏စကားကြောင့် ရှက်ပြီးပါးလေးတွေ
နီတက်လာသည့် မေဝိုင်းလေးကိုသာ
မချိုမချဉ်ပြုံး၍ စိုက်ကြည့်လိုက်သည်။
"အဲ့ဒါတော့သူ့ကိုမေးကြည့်ပေါ့..
ဘေဘီလေးမွေးပေးဖို့ သူအဆင်သင့်
ဖြစ်နေပြီလားလို့..ကျွန်တော်ကတော့
ထပ်ပြီး..ခါးအရိုးအကျိုးမခံနိုင်တော့ဘူး..."
ထိုစကားသာပြောပြီး မင်းစက်ကတော့
ရှူးဖိနပ်သံ တဒေါက်ဒေါက်မြည်အောင်
နင်းလျှောက်ကာ ထွက်သွားလေတော့သည်။
မေဝိုင်းလေးမှာသာ မျှားဦးကကိုယ့်ဘက်သို့
ဆွဲလှည့်ထားခံခဲ့ရ၍ အားလုံး၏ဝိုင်းကြည့်ချင်းကို
ခံနေရကာ ကျန်ခဲ့ရလေသည်။
မျက်နှာတစ်ခုလုံးကလည်း ထူပူလာကာ
ဘယ်ကနေအသက်ထွက်ချင်နေမှန်းမသိအောင်ကို
ရှက်နေမိသည်။
ဒီလူကြီးဘာတွေပြောသွားမှန်းမသိဘူး။
အရှက်ကိုမရှိတာ။
ခါးရိုးကျိုးတဲ့ဟာကြီးကို ထည့်ပြောစရာလားလို့။
မိန်းမတွေထက်တောင် အငြှိုးကြီးနေတဲ့လူပါလား။
ကုတင်ပေါ်ကနေ ကန်ချလိုက်တဲ့ကိစ္စကို
အခုထိ မှတ်ထားပြီးစမြှုပ်ပြန်ကောင်းတုန်း။
ဒီတစ်ခါဆို ခါးရိုးတင်မဟုတ်ဘူး တစ်ကိုယ်လုံးက
အရိုးတွေကိုပါ ချိုးပြစ်မှာ။
ကိုယ့်ဘာသာ တစ်ယောက်တည်းကြိတ်လောင်နေရင်းနှင့် ဘေးဘီကိုဝေ့ကြည့်လိုက်တော့
ယောက္ခမနှင့်အဖွားက ဝိုင်းလေး၏
အဖြေကို တော်တော်သိချင်နေကြပုံပေါ်နေလေသည်။
ကြည့်နေကြတာများ မျက်လုံးလေးတွေကိုပြူးလို့။
"ဟိုလေ..ဝိုင်းလေးလည်းပြန်တော့မယ်နော်.."
"ဟဲ့...မသွားနဲ့အုံးလေ.."
တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတာကို
ကြည့်နေရင်းမှ ဒေါ်နုယဉ်တို့သားအမိတွေလည်း
အကြည့်ချင်းဆုံရင်း ပြုံးလိုက်မိကြလေသည်။
"အမေ..အခြေအနေကတော့အရမ်းမဆိုးသေးဘူး
ထင်တာပဲ.."
"အခြေအနေပိုကောင်းအောင် တို့တွေရဲ့အကြံကို
အမြန်ဆုံးအကောင်အထည် ဖော်လိုက်ကြရအောင်..ခင်မြတို့တူ၀ရီးကို..ကိုစက်ရဲ့
အိမ်ကို ပြန်လွှတ်လိုက်..."
အကြံဆိုးကြီးနှင့် သားအမိနှစ်ယောက်
ညစ်ကျယ်ကျယ်ပြုံးလိုက်ကြပြီးတဲ့နောက်
လက်ဝါးချင်းပါရိုက်လိုက်ကြလေတော့သည်။
🍒🍒🍒🍒🍒🍒🍒🍒
ညကိုးနာရီထိုးနေပြီဖြစ်၍ ရာသီဥတုက
အေးစိမ့်စိမ့်ဖြစ်နေလေသည်။
အိမ်မှာဆိုအိင်္ကျီချိုင်းပြတ်နှင့်သာ ပေါ့ပေါ့ပါးပါး
နေတတ်သူဖြစ်၍ အနွေးထည်ကလည်း
ထပ်၍ မ၀တ်ချင်ပေ။
ထို့ကြောင့် လေအေးတွေတိုးဝှေ့၍၀င်လာသော
စာကြည့်ခန်း၏ ပြူတင်းတံခါးကိုသာ
သွား၍ ပိတ်လိုက်မိသည်။
နောက်သုံးရက်ဆိုရင် လပြည့်နေ့ကိုရောက်တော့မှာ
ဖြစ်ပြီး ယခုတော့လမင်းဟာတစ်ကိုက်ပဲ့နေသော
ပန်းသီးလေးတစ်လုံးကဲ့သို့ အပြည့်အ၀
မလှပသေးပေ။
သို့ပေမဲ့ ဆွဲဆောင်မှုတစ်ခုတော့ ရှိနေပါသေးတယ်။
ကြယ်လေးတွေဟာ လမင်းကိုဝိုင်းရံထားကြပြီး
အဖော်ပြုပေးနေ လေရဲ့။
လကိုဖုံးအုပ်ချင်နေသော တိမ်မဲတွေကို
မြင်နေရတော့ သူ့ဘ၀ကြီးကိုအုပ်စိုးချင်သည့်
လူတစ်ယောက်ကိုသွား၍ သတိရမိသည်။
လက်ကိုပိုက်ထားလျှက် ပြူတင်းပေါက်၏
ဘောင်ကိုမှီကာရပ်နေမိရင်းမှ
တံခါးကိုပြန်ဖွင့်လိုက်ပြီး
ဆေးလိပ်ကို မီးညှိကာအငွေ့တွေကို
ဖွာရှိုက်လိုက်မိလေသည်။
ထိုအခိုးအငွေ့များဟာ သူမေ့ထားမိတဲ့
အတိတ်၏သဏ္ဍန်တွေဖြစ်လာသည်ဟု
ထင်နေမိသည်။
ပြီးခဲ့တဲ့လတွေက gymသေချာဆော့ကစားထား၍
တောင့်တင်းသန်မာသော ကြွက်သားများရှိသည့်
အကြောစိမ်းများထနေသောသူ့ရဲ့ညာလက်ကို
လရောင်အောက်တွင် ဆန့်ထုတ်လိုက်ပြီးနောက်
လက်ကောက်၀တ်နေရာကို လှန်၍ကြည့်လိုက်မိသည်။
လက်ဖဝါးအရင်းနားရှိ အကြောတည့်တည့်
နေရာမှ အခုထိရှိနေသေးသော
ဘလိတ်ဓားအရာကို ကြည့်လိုက်ပြီးနောက်
နားကျည်းစွာ မဲ့ပြုံးပြုံးလိုက်မိသည် ။
သူ့ကိုနေ့စဉ်နှင့်အမျှ နှိပ်စက်နေသော
အဖေ့ရဲ့အသံတွေကိုလည်း မနေ့တစ်နေ့ကကဲ့သို့
ပြန်ကြားယောင်နေမိလေသည်။
*မင်းစက်အာဏာ..မင်းကတစ်နေ့မှာငါ့နေရာကို
ဆက်ခံရမဲ့လူပဲ..သွားချင်တဲ့နေရာကိုသွားပြီး
နေချင်သလိုနေတဲ့လူက..တိရိစ္ဆာန်ကွ၊လူမဟုတ်ဘူး
မင်းရဲ့အမေဆီကို နောက်ထပ်သွားဖို့
မကြိုးစားနဲ့တော့..ဒီတစ်ခါဆိုမင်းရဲ့ခြေထောက်တွေကို ငါရိုက်ချိုးပြစ်ပြီသာမှတ်...*
*လူတွေအားလုံးက ကိုယ်ကျိုးအတွက်ပဲ
ရှင်သန်နေကြတာ..မင်းလဲကျသွားရင်
မင်းကိုဝိုင်းလှောင်မဲ့လူတွေပဲရှိမယ်..
မင်းကိုပြေးထူမဲ့သူက မင်းကိုယ်တိုင်ပဲရှိတယ်
အဲ့ဒါကိုမင်းမြဲမြဲမှတ်ထား...*
*မင်းသိပ်သွားချင်နေတဲ့ အဲ့ဒီ့မိသားစုဆိုတာက
..မင်းသာနေတဲ့အချိန်ပဲ
အနားမှာရှိပေးကြမှာ..မင်းမှာဘာမှမရှိတော့ရင်
သူတို့ကအလိုလိုသူစိမ်းဖြစ်သွားမှာပဲ
..မင်းမှတ်ထား
ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့
ဘယ်သူ့ကိုမှငဲ့စရာမလိုဘူး..
ချနင်းသင့်ရင်နင်းရမယ်..ရက်စက်သင့်ရင်
ရက်စက်ရမယ်..ငါတို့အထိနာရင်
အသင့်မျိုဖို့စောင့်နေကြသူတွေအများကြီးပဲ
အဲ့တော့ မင်းလည်းဘယ်သူ့မျက်နှာကိုမှ
ထောက်ထားနေစရာမလိုဘူး..
မင်းလိုချင်တဲ့မေတ္တာဆိုတာက ငွေရှိရင်
ကြိုက်သလောက်၀ယ်လို့ရတယ်..*
*ငါ့အရှေ့မှာ မင်းဘယ်တော့မှမျက်ရည်မကျမိစေနဲ့
မင်းတစ်ခါငိုရင်..တစ်ခါအသားနာမယ်ဆိုတာ
မင်းခေါင်းထဲမှာ မြဲမြဲမှတ်ထား..
မင်းဟာငါသားဖြစ်နေတာကိုက
မင်းရဲ့ကံကြမ္မာပဲ..ဒါကိုလက်မခံချင်လည်း
လက်ခံရမှာပဲ..ငါ့ရဲ့အရှိန်အဝါနဲ့အားလုံးက
မင်းကိုစောင့်ကြည့်နေကြတဲ့အချိန်မှာ
နောက်တစ်ခါထွက်ပြေးရင်..
ငါ့ကိုရက်စက်တယ်လို့ လာမပြောနဲ့...*
ဆေးလိပ်ကိုလက်ကြား၌ ညှပ်ထားလျှက်နှင့်
နဖူးပေါ်သို့ ကျနေသောဆံပင်တွေကို
သပ်တင်လိုက်ကာ မျက်လုံးတွေကိုမှိတ်ချလိုက်မိလေသည်။
ကလေးလေးတည်းက သူဟာ
လဲကျရင်တောင် တစ်ခါမှအထူမခံခဲ့ရဖူးပေ။
မိခင်၏ရင်ခွင်ထဲမှာ နေရမည့်အချိန်လေးမှာ
စည်းကမ်းတင်းကြပ်လွန်းသည့် အဖေ့ရဲ့လက်ထဲ၌
ကြိုးဆွဲရုပ်အဖြစ်
စတင်အသက်၀င်နေခဲ့လေပြီ။
ကလေးသဘာ၀လွတ်လပ်စွာ သူငယ်ချင်းများဖြင့်
ဆော့ကစားရတဲ့အချိန်ဆိုတာမရှိခဲ့ဘူး။
ကလေးတော်တော်များများဟာ ချိုသည့်
အရသာလေးတွေကိုမှ သဘောကျတတ်ပေမဲ့
ကိုယ်ကတော့ ခါးသက်သည့်အရာတွေကိုသာ
ကျင့်သားရနေခဲ့သည်။
အထက်တန်းမရောက်ခင်တည်းက
လုပ်ငန်းခွင်ထဲကို၀င်ကာ ဘာမှနားမလည်ပဲ
အစည်းအဝေးခန်းထဲ၌ ထိုင်နေခဲ့ရသည်။
အရယ်အပြုံးမရှိသည့် အကျိုးအမြတ်သာသိသော
စီးပွားရေးသမားတွေကြားမှာ ရှင်သန်လူလားမြောက်ခဲ့ရပြီး ဦးနှောက်ထဲမှာစွဲကျန်နေခဲ့သည့် ငယ်ဘ၀အမှတ်တရတွေဟာ
ပြေးစက်ပေါ်မှာပြေးနေရသလို
မောဟိုက်စရာတွေသာရှိခဲ့တယ်။
အခုတော့ ဒီအရာတွေကိုကျင့်သားရနေခဲ့ပါပြီ။
"တူ..တူ...တူ..."
ထိုအချိန်မှာ ဖုန်းမြည်လာ၍ ဆေးလိပ်ကို
မီးသက်ကာ သွား၍ကိုင်လိုက်တော့ အမေ့ဆီမှ
ဖုန်းဖြစ်လေသည်။
"ဟယ်လို..."
"ကိုစက်..မေဝိုင်းလေးအဆင်ပြေရဲ့လား..."
ဖုန်းကိုင်လိုက်တာနှင့် သူ့ချွေးမကိုတန်းမေးလာ၍
တကယ်ကို မလွယ်ပါလားဟုတွေးကာ
ခေါင်းခါလိုက်မိသည်။
"ဟဲ့ငါမေးနေတယ်လေ....မေဝိုင်းလေးအဆင်ပြေရဲ့လားလို့..."
"ပြေမယ်ထင်တာပဲ.."
"စကားပြောရင်ကောင်းကောင်းပြောစမ်းပါဟယ်..
သားကိုမှာစရာရှိလို့ ဖုန်းဆက်လိုက်တာ
မေဝိုင်းလေးကအမှောင်ကြောက်တတ်တယ်
ဟိုတစ်ခါ မူးလဲသွားတော့မှသူ့အမေတွေပြောလို့
အမေလည်းသိလိုက်ရတာ..ဝိုင်းလေးက
ညဘက်အိပ်ရင် အဖော်နဲ့အိပ်မှအဆင်ပြေတာတဲ့
အိပ်မက်ဆိုးတွေ မက်ပြီးလန့်နိုးတတ်တဲ့
အကျင့်ရှိတယ်..အဲ့ဒါသူ့ကိုဂရုစိုက်လိုက်ပါသားရယ်
သူ့ခမျာလည်း မိဘတွေနဲ့ဝေးနေရတော့
သားဘက်ကအနေစိမ်းပြီး ပြစ်ထားရင်
အားငယ်ရှာမှာပေါ့...အမေ့စကားကို
နားထောင်ပါနော်.."
"ဟုတ်ကဲ့..ကျွန်တော်မှတ်ထားလိုက်ပါ့မယ်.."
အမေနှင့်ခဏလောက် ဖုန်းပြောပြီးနောက်
စာကြည့်ခန်းထဲမှ ထွက်လာလိုက်ကာ
အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
အောက်ထပ်မှာတော့ မေဝိုင်းလေးဟာ
ကြည်ကြည်တို့နှင့်အတူ ကာတွန်းကားကြည့်ပြီး
ဟီးဟီးဟားဟား..ဖြစ်နေတာကို တွေ့လိုက်ရတော့
စိတ်ပူမိတဲ့ ကိုယ့်ကိုကိုယ်သာပြန်၍
အပြစ်တင်လိုက်ချင်မိသည်။
*တော်တော်အားငယ်နေရှာတာပဲ
ရယ်နေလိုက်တာ ပါးစပ်ကြီးကိုပြဲလို့...*
"ကြည်ကြည်.."
"ရှင်အစ်ကိုလေး..."
"ကာတွန်းကားကြည့်တာခဏထားငါ့ကို
ကော်ဖီ သွားဖျော်ပေးစမ်းပါ.."
"အရင်လိုခါးခါးလေးပဲလားအစ်ကိုလေး.."
"ဟုတ်တယ်..."
ကြည်ကြည့်ကို ပါ့ထုတ်လိုက်ပြီးနောက်
ကာတွန်းကားထိုင်ကြည့်နေသော မေဝိုင်းလေး၏
အနောက်နား၌ သွား၍ရပ်လိုက်မိလေသည်။
မေဝိုင်းလေးကတော့ ကျောထဲမှာစိမ့်တက်လာသလို ခံစားလိုက်ရ၍အနောက်သို့ လှည့်ကြည့်လိုက်မိတော့ မတ်တပ်ရပ်၍ ကိုယ့်ကိုငုံ့မိုးကြည့်နေသော
လူကြောင့် ရင်တောင်ထိတ်သွားမိလေသည်။
"ကာတွန်းကားက..တော်တော်ကောင်းပုံပဲ
ကိုယ်ရောက်နေတာတောင်မသိဘူးဆိုတော့.."
"ဘာပြောစရာရှိလို့လဲ..."
ကိုယ်ကနဲနဲဂရုစိုက်ပေးမလို့ တွေးမိပေမဲ့
တစ်ဖက်မိန်းကလေးက သူစိမ်းဆန်သော
အပြောမျိုးဖြစ်နေ၍ အလိုမကျဖြစ်သွားမိလေသည်။ထို့ကြောင့် ပျော့ပြောင်းတော့မည့်
လေသံဟာချက်ချင်းပြန်မာသွားခဲ့ပြီး..
"မနက်ဖြန်အလုပ်ဆင်းရမှာကို အခုထိဘာလို့
မအိပ်သေးတာလဲ..အလုပ်နောက်ကျရင်တော့
လစာထဲကဖြတ်မှာနော်..ကာတွန်းကားကို
အခုပိတ်ပြီးသွားအိပ်တော့..."
"ရှင်ဘယ်လိုဖြစ်နေတာလဲ..အခုမှကိုးနာရီပဲ
ရှိသေးတာကို အိပ်မှာပေါ့..
သူကြတော့မအိပ်သေးပဲနဲ့.."
"ကိုးနာရီကနဲတဲ့အချိန်မဟုတ်တော့ဘူးလေ
မိန်းကလေးတစ်ယောက်ရဲ့အိပ်ချိန်က
အရမ်းနောက်မကျသင့်ဘူး..."
လူကိုသူသမီးလေးလို အမျိုးမျိုးအမိန့်တွေလာထုတ်နေ၍ နှုတ်ခမ်းကိုဆူပြစ်လိုက်ပြီး
ပေ၍သာ ဆက်ထိုင်နေလိုက်သည်။
ဘာတတ်နိုင်သေးလည်း ကိုယ့်မျက်လုံးနဲ့ကိုယ်
တီဗွီကြည့်တာပဲဥစ္စာ သူ့မျက်လုံးကိုငှားကြည့်တာ
လည်းမဟုတ်ဘူး။
"ကာတွန်းကားပြီးတော့မှအိပ်မှာ
ရှင်အမိန့်တွေလာပေးမနေနဲ့..
ဝိုင်းလေးကိုရှင်မွေးထားတာမဟုတ်ဘူး.."
"မင်းကိုငါမွေးမထားပေမဲ့
ငါကမင်းနဲ့ယူထားတဲ့ယောက်ျားဖြစ်နေတာကတော့
ငြင်းလို့မရတဲ့အမှန်တရားတစ်ခုပဲ
မင်းရဲ့အလုပ်ရှင်ဆိုလည်း မမှားဘူး
ဆက်ပြီးခေါင်းမာနေမယ်ဆိုရင်
မင်းကိုအလုပ်ထုတ်ရလိမ့်မယ်..."
"ရှင်...ရှင်တော်တော်အကျင့်ပုတ်တာပဲ..."
"မင်းကြိုက်သလိုထင်နိုင်တယ်.."
ဝိုင်းလေးကို အကြပ်ကိုင်နေသောထိုလူ့ကို
အမြင်ကပ်စွာ မျက်စောင်းထိုးလိုက်ပြီး
တီဗွီကိုပိတ်ပစ်လိုက်ကာ အိပ်ခန်းဆီသို့
သွားရန်ပြင်တော့ လမ်းတစ်၀က်မှာတင်
သူကလက်ကို ဖမ်းဆွဲလိုက်လေသည်။
လက်ကောက်၀တ်ကို အရမ်းကြီးတင်းတင်း
ဆုပ်ထားတာမဟုတ်ပေမဲ့ သူ့ရဲ့လက်နွေးနွေးက
ဝိုင်းလေးကို ကြက်သီးထစေတာတော့အမှန်ပါပဲ။
မျက်လုံးချင်းဆုံအောင် သေချာကြည့်လာသည့်
သူ့ရဲ့ စူးရှရှမျက်၀န်းတွေက
အငွေ့ပါပျံလောက်စေသည်။
"ဘာ..ဘာလုပ်မလို့လဲ.."
"ဒီနေ့ကစပြီး...
ကိုယ့်အိပ်ခန်းထဲမှာပဲမင်းလာအိပ်တော့.."
"ဘာ!!!"
အခန်း(၁၉)ဆက်ရန်ရှိသည်...
စာရေးသူ..ဆောင်းငွေ့ဝေ
🍒🍒🍒🍒🍒🍒
(ကိုကော်ဖီခါးတို့ စတင်၍ချိုလာ၏)
နောက်နေ့မှာနောက်တစ်ပိုင်းထပ်ဖတ်ချင်ရင်
Pageမှာ like and shareလေးများများ
လုပ်ပေးကြနော်
ဒါဆိုဝေဝေလည်း ရေးဖို့အားရှိတာပေါ့❤️
ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူးတင်ရှိပါတယ်..
=========================================================================
အခန္း(၁၈)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
"ဟဲ့..အထဲကေနရန္ျဖစ္သံၾကားရလား.."
"မၾကားရဘူးအေမရဲ့အသံၿငိမ္ေနတယ္.."
"ဟုတ္လို႔လားဟယ္.."
"တကယ္ေျပာေနတာအေမရဲ့..."
ေဒၚရတနာသည္ မႀကီးမငယ္ႏွင့္
မင္းစက္၏အိပ္ခန္းတံခါးကို နားကပ္ကာ
ခိုး၍နားေထာင္ေနရေလသည္။
ေဘးနားမွခိုင္းေစသူကေတာ့ အေမေဒၚႏုယဉ္
သာျဖစ္သည္။
အခန္းကအသံလံုလြန္းေသာေၾကာင့္
အျပင္မွ စကားသံေတြကို နားေထာင္၍
မရျဖစ္ေနေလသည္။
အေမႏွင့္သမီးႏွစ္ေယာက္သားခမ်ာ
လက္ထပ္ၿပီးတာႏွစ္လၾကာသည္အထိ
အဆီအေငၚမတၫ့္ၾကေသးေသာ
လင္မယားႏွင့္သာ အလုပ္တစ္လုပ္ျဖစ္ေနရသည္။ ေဒၚခင္ျမႏွင့္ ၾကည္ေအးကေတာ့
ထိုသားအမိႏွစ္ေယာက္ရဲ့ အျဖစ္ကိုၾကၫ့္ၿပီး
ရယ္လည္းရယ္ခ်င္၊သနားလည္းသနားေနၾကသည္။
အမွန္ေတာ့ မင္းစက္အာဏာကမိန္းမယူဖို႔
ဘယ္တုန္းကမွ မစဉ္းစားခဲ့မွန္း
သိၾကေပမဲ့ ေဒၚႏုယဉ္သည္ သူမ်ားအိမ္က
အဖိုးတန္သမီးမ်ား၏ဓာတ္ပံုမ်ားကို
မၾကာခဏဆိုသလို မင္းစက္ကိုျပေလ့ရိွသည္။
အႀကိမ္တိုင္းလည္း အျငင္းခံရေပမဲ့
အမွတ္မရိွေသာ အဖြားႏုဟာ
မိန္းကေလးေတြကို အိမ္သို႔အလည္ေခၚၿပီး
ေျမးျဖစ္သူႏွင့္ မိတ္ဆက္ေပးေလ့ရိွသည္။
မင္းစက္အာဏာက ဒဲ့တိုးျငင္းတတ္သူျဖစ္၍
လက္ေလ်ွာ့သြားၾကေသာ မိန္းကေလးမ်ားလည္း
ရိွသလို မင္းစက္၏ပိုင္ဆိုင္မႈႏွင့္
မက္ေမာေလာက္စရာ ဥပဓိရုပ္ခံေၾကာင့္
ခြာမရေအာင္ ကပ္တြယ္ခ်င္ၾကသူမ်ားလည္း
ဒုနဲ႔ေဒးပါပဲ။
ဖြားႏုရဲ့ ဖိတ္ေခၚမႈေၾကာင့္ ဒီအိမ္ဟာ
အလႉလုပ္ေနသလိုကို ပ်ိဳေမအေပါင္းႏွင့္
စည္ကားေနေလ့ရိွသည္။
ဒီအိမ္မွာ မင္းစက္မေနတဲ့အဓိက
အေၾကာင္းအရင္းကလည္း ဖြားဖြားႏုေၾကာင့္ပါပဲ။
မင္းစက္ကိုယ္တိုင္ကေတာ့ သားသေဘာက်တဲ့
မိန္းကေလးပါဆိုၿပီး တစ္ေယာက္ေလးေတာင္
အိမ္သို႔ ေခၚမလာဖူးေပ။
ေဖ်ာ္ေျဖေရးကုမၸဏီကို ဦးစီးေနရသၫ့္
ငယ္ရြယ္ထက္ျမက္ေသာ စီအီးအိုတစ္ေယာက္
ျဖစ္တဲ့အတြက္ သူ႔ကိုစိတ္၀င္စားတဲ့အထဲမွာ
နာမည္ႀကီးဆယ္လီေတြ၊အႏုပညာရွင္ေတြလည္း
ပါ၀င္ေလသည္။
တစ္ခါတေလ ထိုသူမ်ားကလုပ္ႀကံဇာတ္ေတြ
ခင္းတတ္လြန္းလို႔ သတင္းအမွားမ်ား
ထြက္တတ္ေသာေၾကာင့္ မင္းဆက္ဟာသူ႔ကုမၸဏီ
လက္ေအာက္က မင္းသမီးမ်ားႏွင့္
သိပ္ပတ္သတ္ဆက္ႏြယ္ျခင္းမလုပ္ေတာ့ေပ။
မ်ားေသာအားျဖင့္ သူ႔လက္ေထာက္ေကာင္းသန႔္
ကိုသာ၀င္၍ စီမံခိုင္းေလ့ရိွသည္။
မင္းစက္အာဏာေဖာက္ေပးမၫ့္ မဲကို
ေပါက္ခ်င္ၾကလြန္းလို႔ တန္းေတာင္စီခ်င္ၾကသၫ့္
အမ်ိဳးသမီးမ်ားထဲမွ ေမဝိုင္းေလးဟာ
ကံေကာင္းလြန္းသူျဖစ္သြားခဲ့တယ္။
တစ္ဖက္မွာလည္း မင္းစက္ရဲ့ဘ၀က
လိုအပ္ခ်က္ဆိုတာမရိွသေလာက္ကို ျပၫ့္စံုေနတဲ့
အတြက္ သူ႔ဘ၀ထဲသို႔ေမဝိုင္းေလး၀င္လာတာဟာ
ဘာမွသိပ္ၿပီး ထူးျခားမသြားခဲ့ေပ။
အဖြားႏုက မိန္းကေလးတစ္ေယာက္ၿပီး
တစ္ေယာက္ကိုအိမ္အထိေခၚၿပီး မိတ္ဆက္ေပးေပါင္းမ်ားလာေတာ့ ေရႊေတာင္ၾကားက
သူ႔ဗီလာမွာ ေျပာင္းေနရတဲ့
အျဖစ္ကိုေရာက္သြားေတာ့တာပဲ။
ထပ္ၿပီးေတာ့လည္း အၿငိမ္မေနျပန္ပဲ
ေမဝိုင္းေလးတို႔ညီအစ္မႏွစ္ေယာက္ထဲက
တစ္ေယာက္ကိုေရြးခိုင္းေတာ့ ေမဝိုင္းေလးကိုေရြးခ်ယ္သြားခဲ့တယ္။
ေသခ်ာတာကေတာ့ သူ႔အဖြားဆီကေန
နားအပူသက္သာလည္း ေအးေရာလို႔
ေတြးလိုက္ပံုပဲ။
ကိုယ္တိုင္က လိုလိုခ်င္ခ်င္တည္ေဆာက္ထားတဲ့
အိမ္ေထာင္ေရးမဟုတ္ေလေတာ့
ဆန႔္က်င္မႈေလးေတြ ျဖစ္တာေတာ့
မဆန္းေတာ့ပါဘူး။
ဘုရင္တစ္ပါးလို ဘ၀မ်ိဳးပိုင္ဆိုင္ထားသည့္
မင္းစက္အာဏာအတြက္ေတာ့ ေမဝိုင္းေလးဟာ
မလိုအပ္ပဲ ဆက္သခံလိုက္ရတဲ့
အပိုလက္ေဆာင္တစ္ခုသာသာပါပဲ။
ဒါကိုေတာ့ ေမဝိုင္းေလးဟာလံုး၀မသိရွာေပ။
"အေမတို႔အဖြားတို႔က ဒီမွာဘာလုပ္ေနၾကတာလဲ.."
အေမျဖစ္သူက တံခါးမွာနားကပ္ၿပီး
နားအေထာင္ မင္းစက္ကလည္းတံခါးကိုအဖြင့္ႏွင့္
သြား၍ တိုက္ဆိုင္ေနေလရာ ေဒၚရတနာမွာ
ေရ႔ွသို႔ဟက္ထိုးမလဲတာ ကံေကာင္းသြားသည္။
ေဒၚရတနာလည္း စိတ္ဆိုးဆိုးႏွင့္သားျဖစ္သူ၏
ပခံုးကို ပိတ္ရိုက္ျပစ္လိုက္မိေလသည္။
"ဟဲ့..တံခါးကိုဘယ္လိုဖြင့္လိုက္တာလဲ..."
"ကၽြန္ေတာ္ကေအးေဆးဖြင့္လိုက္တာပဲေလ
အေမတို႔ကသာခိုးနားေထာင္ေနၾကတာ..."
"နင္တို႔လင္မယား ရန္ျဖစ္ေနမယ္ထင္လို႔ေပါ့..
အခုေရာအဆင္ေျပသြားၾကၿပီလား..."
"သူ႔ကိုေမးၾကၫ့္..."
ဝိုင္းေလးဘက္ကို ေမးေငါ့ျပလာ၍
သူ႔ကိုႀကိမ္ဆဲလိုက္ခ်င္မိသည္။
ကိုယ္တိုင္ေျဖေတာ့ ဘာျဖစ္မွာမွတ္လို႔လဲ
ငါလည္းေလ သူနဲ႔အတူရိွရတာ အကုသိုလ္ေတြ
အေတာင့္လိုက္တတ္တယ္..
အမွားလုပ္လို႔ လာေခ်ာ့ၿပီးတာနဲ႔သူ႔တာ၀န္
ေက်ၿပီလို႔ သတ္မွတ္လိုက္ပံုပါပဲ...
လာေခၚေပးေဖာ္ရတာပဲ ကိုယ္ကႀကိတ္ႃပံုးၿပီး
ေက်နပ္ရမလိုလိုနဲ႔..*
"ဝိုင္းေလး...သူေျမးေလးကိုဘာေတြ
ဆူလိုက္ေသးလဲဟင္
အဖြားကိုအကုန္ေျပာျပလို႔ရတယ္ေနာ္..
သူနဲ႔ကအဖြားအရင္းေတာ္ေနလဲ
အဖြားက ဝိုင္းေလးဘက္ကေနကာကြယ္ေပးမွာ..."
ကေလးဆန္စြာ ေျပာလိုက္သၫ့္အဖြားကိုၾကၫ့္ၿပီး
မင္းစက္ကေတာ့ မယံုၾကည္ႏိုင္သလို
မ်က္ခံုးတြန႔္သြားရေလသည္။
ဒီမိန္းကေလးက ဘာဓာတ္ေတြနဲ႔မ်ားၫွို႔ထားသလဲ
မသိဘူး။အဖြားနဲ႔အေမကေတာ့ သူ႔ကိုအစြမ္းကုန္
ကာကြယ္ေပးေနလိုက္ၾကတာ။
မသိရင္ ကိုယ္ကအျပင္လူႀကီးလိုပဲ။
သူထြက္သြားခဲ့တဲ့ ႏွစ္လအတြင္းမွာအိမ္အလုပ္သမားေတြနဲ႔ေရာ အိမ္သားေတြနဲ႔ပါ
ေမဝိုင္းေလးဟာ ေတာ္ေတာ္ေလးခင္မင္ေနတာ
ေတြ့ရတယ္။
ကိုယ့္ကိုဆို ေၾကာက္သလိုရြံ႔သလို ျဖစ္ေနတတ္သၫ့္ ေဒၚခင္ျမတို႔တူ၀ရီးကလည္း သူနဲ႔ဆို
ရယ္ရယ္ေမာေမာ ျဖစ္ေနလိုက္ၾကတာ..။
"ကၽြန္ေတာ္အလုပ္ျပန္၀င္ရအံုးမွာမို႔လို႔
သူ႔ကိုေခၚသြားလိုက္ေတာ့မယ္.."
"ဟဲ့..ေနပါအံုး..ဒီေန့မွအိမ္ကိုေရာက္လာတာ
နည္းနည္းပါးပါး ငါတို႔နဲ႔စကားေလးဘာေလး
ေျပာသြားပါအံုးလား..ကိုစက္ေနာ္..
အိမ္ေထာင္က်ၿပီးမွ မိသားစုနဲ႔ဆက္ဆံေရး
ပိုက်ဲလာတာ..ဘာသေဘာလဲ..."
"အေမရယ္မရစ္စမ္းပါနဲ႔..အခုကအလုပ္ခ်ိန္ႀကီးဗ်
ေခါင္းေနာက္လို႔ ခဏျပန္နားၿပီးရင္
ေနာက္တစ္နာရီဆိုအစည္းအေဝးတစ္ခုတက္ရအံုးမယ္..အေမ့ခၽြေးမကိုလိုက္ေခ်ာ့ရတာနဲ႔တင္
ကၽြန္ေတာ့္ရဲ့အခ်ိန္ေတြအမ်ားႀကီး ပုပ္သြားၿပီ.."
"ဟယ္..ဒါဆိုနင္ကတကယ္ႀကီးလာေခ်ာ့တာေပါ့.."
"အေမကဘယ္လိုထင္လို႔လဲ..."
မင္းစက္သည္လည္း အလုပ္ကိစၥေတြက
မပ်က္ေသးပဲ ထြက္လာရ၍ေနာက္ဆံတင္းေနရကာ
အေမ့ကို ေဘာက္ဆက္ဆက္ႏွင့္ျပန္ေျပာလိုက္မိေလသည္။
ေဒၚတနာကေတာ့ သူ႔သားဆီမွတစ္ခါမွမၾကားဖူးသၫ့္ ေခ်ာ့တယ္ဟူေသာစကားကိုသာ
သေဘာအက်ႀကီးက်ေနရေလသည္။
"ေျပာစရာရိွရင္ ဒီေနရာမွာပဲ
အျမန္ေျပာလိုက္ပါေတာ့ အေမရယ္..
ကၽြန္ေတာ္တကယ္ကိုအခ်ိန္မရိွလို႔ပါ..."
"နင္တို႔ဘယ္ေတာ့ကေလးယူဖို႔ စဉ္းစားထားလဲ..."
ေကာက္ကာငင္ခါႀကီးထေမးလိုက္ေသာ
ဖြားဖြားႏု၏ေမခြန္းေၾကာင့္ အားလံုး
အံ့အားသင့္သြားရေလသည္။
မင္းစက္အာဏာလိုလူေတာင္ မ်က္ခံုးပင့္တက္
သြားရသည္။
ေနာက္ဆံုးေတာ့ ဖြားႏုတို႔ေအာင့္မထားႏိုင္ၾကေတာ့
ပဲ ပြင့္အံလာၿပီေပါ့..။
*ေမဝိုင္းေလးကို ကိုယ့္ဆီပို႔လိုက္တဲ့အဓိက
ရည္ရြယ္ခ်က္က သူ႔ရဲ့ျမစ္ခ်ီခ်င္ေနသၫ့္
ေရာဂါေပ်ာက္ဖို႔အတြက္ျဖစ္ေနခဲ့တာပဲ။*
အေျဖျပန္မေပးခင္မွာပဲ မင္းစက္၏မ်က္၀န္းမ်ားသည္ စဉ္းစားေနဟန္ျဖင့္ေမွးက်ဉ္းသြားကာ
အဖြား၏စကားေၾကာင့္ ရွက္ၿပီးပါးေလးေတြ
နီတက္လာသၫ့္ ေမဝိုင္းေလးကိုသာ
မခ်ိဳမခ်ဉ္ႃပံုး၍ စိုက္ၾကၫ့္လိုက္သည္။
"အဲ့ဒါေတာ့သူ႔ကိုေမးၾကၫ့္ေပါ့..
ေဘဘီေလးေမြးေပးဖို႔ သူအဆင္သင့္
ျဖစ္ေနၿပီလားလို႔..ကၽြန္ေတာ္ကေတာ့
ထပ္ၿပီး..ခါးအရိုးအက်ိဳးမခံႏိုင္ေတာ့ဘူး..."
ထိုစကားသာေျပာၿပီး မင္းစက္ကေတာ့
ရႉးဖိနပ္သံ တေဒါက္ေဒါက္ျမည္ေအာင္
နင္းေလ်ွာက္ကာ ထြက္သြားေလေတာ့သည္။
ေမဝိုင္းေလးမွာသာ မ်ွားဦးကကိုယ့္ဘက္သို႔
ဆဲြလွၫ့္ထားခံခဲ့ရ၍ အားလံုး၏ဝိုင္းၾကၫ့္ခ်င္းကို
ခံေနရကာ က်န္ခဲ့ရေလသည္။
မ်က္ႏွာတစ္ခုလံုးကလည္း ထူပူလာကာ
ဘယ္ကေနအသက္ထြက္ခ်င္ေနမွန္းမသိေအာင္ကို
ရွက္ေနမိသည္။
ဒီလူႀကီးဘာေတြေျပာသြားမွန္းမသိဘူး။
အရွက္ကိုမရိွတာ။
ခါးရိုးက်ိဳးတဲ့ဟာႀကီးကို ထၫ့္ေျပာစရာလားလို႔။
မိန္းမေတြထက္ေတာင္ အႃငွိုးႀကီးေနတဲ့လူပါလား။
ကုတင္ေပၚကေန ကန္ခ်လိုက္တဲ့ကိစၥကို
အခုထိ မွတ္ထားၿပီးစၿမွဳပ္ျပန္ေကာင္းတုန္း။
ဒီတစ္ခါဆို ခါးရိုးတင္မဟုတ္ဘူး တစ္ကိုယ္လံုးက
အရိုးေတြကိုပါ ခ်ိဳးျပစ္မွာ။
ကိုယ့္ဘာသာ တစ္ေယာက္တည္းႀကိတ္ေလာင္ေနရင္းႏွင့္ ေဘးဘီကိုေဝ့ၾကၫ့္လိုက္ေတာ့
ေယာကၡမႏွင့္အဖြားက ဝိုင္းေလး၏
အေျဖကို ေတာ္ေတာ္သိခ်င္ေနၾကပံုေပၚေနေလသည္။
ၾကၫ့္ေနၾကတာမ်ား မ်က္လံုးေလးေတြကိုျပဴးလို႔။
"ဟိုေလ..ဝိုင္းေလးလည္းျပန္ေတာ့မယ္ေနာ္.."
"ဟဲ့...မသြားနဲ႔အံုးေလ.."
တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္သြားတာကို
ၾကၫ့္ေနရင္းမွ ေဒၚႏုယဉ္တို႔သားအမိေတြလည္း
အၾကၫ့္ခ်င္းဆံုရင္း ႃပံုးလိုက္မိၾကေလသည္။
"အေမ..အေျခအေနကေတာ့အရမ္းမဆိုးေသးဘူး
ထင္တာပဲ.."
"အေျခအေနပိုေကာင္းေအာင္ တို႔ေတြရဲ့အႀကံကို
အျမန္ဆံုးအေကာင္အထည္ ေဖာ္လိုက္ၾကရေအာင္..ခင္ျမတို႔တူ၀ရီးကို..ကိုစက္ရဲ့
အိမ္ကို ျပန္လႊတ္လိုက္..."
အႀကံဆိုးႀကီးႏွင့္ သားအမိႏွစ္ေယာက္
ညစ္က်ယ္က်ယ္ႃပံုးလိုက္ၾကၿပီးတဲ့ေနာက္
လက္ဝါးခ်င္းပါရိုက္လိုက္ၾကေလေတာ့သည္။
🍒🍒🍒🍒🍒🍒🍒🍒
ညကိုးနာရီထိုးေနၿပီျဖစ္၍ ရာသီဥတုက
ေအးစိမ့္စိမ့္ျဖစ္ေနေလသည္။
အိမ္မွာဆိုအိက်ႌခ်ိဳင္းျပတ္ႏွင့္သာ ေပါ့ေပါ့ပါးပါး
ေနတတ္သူျဖစ္၍ အေနြးထည္ကလည္း
ထပ္၍ မ၀တ္ခ်င္ေပ။
ထို႔ေၾကာင့္ ေလေအးေတြတိုးေဝ႔ွ၍၀င္လာေသာ
စာၾကၫ့္ခန္း၏ ျပဴတင္းတံခါးကိုသာ
သြား၍ ပိတ္လိုက္မိသည္။
ေနာက္သံုးရက္ဆိုရင္ လျပၫ့္ေန့ကိုေရာက္ေတာ့မွာ
ျဖစ္ၿပီး ယခုေတာ့လမင္းဟာတစ္ကိုက္ပဲ့ေနေသာ
ပန္းသီးေလးတစ္လံုးကဲ့သို႔ အျပၫ့္အ၀
မလွပေသးေပ။
သို႔ေပမဲ့ ဆဲြေဆာင္မႈတစ္ခုေတာ့ ရိွေနပါေသးတယ္။
ၾကယ္ေလးေတြဟာ လမင္းကိုဝိုင္းရံထားၾကၿပီး
အေဖာ္ျပဳေပးေန ေလရဲ့။
လကိုဖံုးအုပ္ခ်င္ေနေသာ တိမ္မဲေတြကို
ျမင္ေနရေတာ့ သူ႔ဘ၀ႀကီးကိုအုပ္စိုးခ်င္သၫ့္
လူတစ္ေယာက္ကိုသြား၍ သတိရမိသည္။
လက္ကိုပိုက္ထားလ်ွက္ ျပဴတင္းေပါက္၏
ေဘာင္ကိုမွီကာရပ္ေနမိရင္းမွ
တံခါးကိုျပန္ဖြင့္လိုက္ၿပီး
ေဆးလိပ္ကို မီးၫွိကာအေငြ့ေတြကို
ဖြာရိႈက္လိုက္မိေလသည္။
ထိုအခိုးအေငြ့မ်ားဟာ သူေမ့ထားမိတဲ့
အတိတ္၏သ႑န္ေတျြဖစ္လာသည္ဟု
ထင္ေနမိသည္။
ၿပီးခဲ့တဲ့လေတြက gymေသခ်ာေဆာ့ကစားထား၍
ေတာင့္တင္းသန္မာေသာ ႂကြက္သားမ်ားရိွသည့္
အေၾကာစိမ္းမ်ားထေနေသာသူ႔ရဲ့ညာလက္ကို
လေရာင္ေအာက္တြင္ ဆန႔္ထုတ္လိုက္ၿပီးေနာက္
လက္ေကာက္၀တ္ေနရာကို လွန္၍ၾကၫ့္လိုက္မိသည္။
လက္ဖဝါးအရင္းနားရိွ အေၾကာတၫ့္တၫ့္
ေနရာမွ အခုထိရိွေနေသးေသာ
ဘလိတ္ဓားအရာကို ၾကၫ့္လိုက္ၿပီးေနာက္
နားက်ည္းစြာ မဲ့ႃပံုးႃပံုးလိုက္မိသည္ ။
သူ႔ကိုေန့စဉ္ႏွင့္အမ်ွ ႏိွပ္စက္ေနေသာ
အေဖ့ရဲ့အသံေတြကိုလည္း မေန့တစ္ေန့ကကဲ့သို႔
ျပန္ၾကားေယာင္ေနမိေလသည္။
*မင္းစက္အာဏာ..မင္းကတစ္ေန့မွာငါ့ေနရာကို
ဆက္ခံရမဲ့လူပဲ..သြားခ်င္တဲ့ေနရာကိုသြားၿပီး
ေနခ်င္သလိုေနတဲ့လူက..တိရိစၧာန္ကြ၊လူမဟုတ္ဘူး
မင္းရဲ့အေမဆီကို ေနာက္ထပ္သြားဖို႔
မႀကိဳးစားနဲ႔ေတာ့..ဒီတစ္ခါဆိုမင္းရဲ့ေျခေထာက္ေတြကို ငါရိုက္ခ်ိဳးျပစ္ၿပီသာမွတ္...*
*လူေတြအားလံုးက ကိုယ္က်ိဳးအတြက္ပဲ
ရွင္သန္ေနၾကတာ..မင္းလဲက်သြားရင္
မင္းကိုဝိုင္းေလွာင္မဲ့လူေတြပဲရိွမယ္..
မင္းကိုေျပးထူမဲ့သူက မင္းကိုယ္တိုင္ပဲရိွတယ္
အဲ့ဒါကိုမင္းၿမဲျမဲမွတ္ထား...*
*မင္းသိပ္သြားခ်င္ေနတဲ့ အဲ့ဒီ့မိသားစုဆိုတာက
..မင္းသာေနတဲ့အခ်ိန္ပဲ
အနားမွာရိွေပးၾကမွာ..မင္းမွာဘာမွမရိွေတာ့ရင္
သူတို႔ကအလိုလိုသူစိမ္းျဖစ္သြားမွာပဲ
..မင္းမွတ္ထား
ကိုယ္လိုခ်င္တဲ့ပန္းတိုင္ကိုေရာက္ဖို႔
ဘယ္သူ႔ကိုမွငဲ့စရာမလိုဘူး..
ခ်နင္းသင့္ရင္နင္းရမယ္..ရက္စက္သင့္ရင္
ရက္စက္ရမယ္..ငါတို႔အထိနာရင္
အသင့္မ်ိဳဖို႔ေစာင့္ေနၾကသူေတြအမ်ားႀကီးပဲ
အဲ့ေတာ့ မင္းလည္းဘယ္သူ႔မ်က္ႏွာကိုမွ
ေထာက္ထားေနစရာမလိုဘူး..
မင္းလိုခ်င္တဲ့ေမတၲာဆိုတာက ေငြရိွရင္
ႀကိဳက္သေလာက္၀ယ္လို႔ရတယ္..*
*ငါ့အေရ႔ွမွာ မင္းဘယ္ေတာ့မွမ်က္ရည္မက်မိေစနဲ႔
မင္းတစ္ခါငိုရင္..တစ္ခါအသားနာမယ္ဆိုတာ
မင္းေခါင္းထဲမွာ ၿမဲျမဲမွတ္ထား..
မင္းဟာငါသားျဖစ္ေနတာကိုက
မင္းရဲ့ကံၾကမၼာပဲ..ဒါကိုလက္မခံခ်င္လည္း
လက္ခံရမွာပဲ..ငါ့ရဲ့အရိွန္အဝါနဲ႔အားလံုးက
မင္းကိုေစာင့္ၾကၫ့္ေနၾကတဲ့အခ်ိန္မွာ
ေနာက္တစ္ခါထြက္ေျပးရင္..
ငါ့ကိုရက္စက္တယ္လို႔ လာမေျပာနဲ႔...*
ေဆးလိပ္ကိုလက္ၾကား၌ ၫွပ္ထားလ်ွက္ႏွင့္
နဖူးေပၚသို႔ က်ေနေသာဆံပင္ေတြကို
သပ္တင္လိုက္ကာ မ်က္လံုးေတြကိုမိွတ္ခ်လိုက္မိေလသည္။
ကေလးေလးတည္းက သူဟာ
လဲက်ရင္ေတာင္ တစ္ခါမွအထူမခံခဲ့ရဖူးေပ။
မိခင္၏ရင္ခြင္ထဲမွာ ေနရမၫ့္အခ်ိန္ေလးမွာ
စည္းကမ္းတင္းၾကပ္လြန္းသၫ့္ အေဖ့ရဲ့လက္ထဲ၌
ႀကိဳးဆဲြရုပ္အျဖစ္
စတင္အသက္၀င္ေနခဲ့ေလၿပီ။
ကေလးသဘာ၀လြတ္လပ္စြာ သူငယ္ခ်င္းမ်ားျဖင့္
ေဆာ့ကစားရတဲ့အခ်ိန္ဆိုတာမရိွခဲ့ဘူး။
ကေလးေတာ္ေတာ္မ်ားမ်ားဟာ ခ်ိဳသၫ့္
အရသာေလးေတြကိုမွ သေဘာက်တတ္ေပမဲ့
ကိုယ္ကေတာ့ ခါးသက္သၫ့္အရာေတြကိုသာ
က်င့္သားရေနခဲ့သည္။
အထက္တန္းမေရာက္ခင္တည္းက
လုပ္ငန္းခြင္ထဲကို၀င္ကာ ဘာမွနားမလည္ပဲ
အစည္းအေဝးခန္းထဲ၌ ထိုင္ေနခဲ့ရသည္။
အရယ္အႃပံုးမရိွသၫ့္ အက်ိဳးအျမတ္သာသိေသာ
စီးပြားေရးသမားေတြၾကားမွာ ရွင္သန္လူလားေျမာက္ခဲ့ရၿပီး ဦးေနွာက္ထဲမွာစဲြက်န္ေနခဲ့သၫ့္ ငယ္ဘ၀အမွတ္တရေတြဟာ
ေျပးစက္ေပၚမွာေျပးေနရသလို
ေမာဟိုက္စရာေတြသာရိွခဲ့တယ္။
အခုေတာ့ ဒီအရာေတြကိုက်င့္သားရေနခဲ့ပါၿပီ။
"တူ..တူ...တူ..."
ထိုအခ်ိန္မွာ ဖုန္းျမည္လာ၍ ေဆးလိပ္ကို
မီးသက္ကာ သြား၍ကိုင္လိုက္ေတာ့ အေမ့ဆီမွ
ဖုန္းျဖစ္ေလသည္။
"ဟယ္လို..."
"ကိုစက္..ေမဝိုင္းေလးအဆင္ေျပရဲ့လား..."
ဖုန္းကိုင္လိုက္တာႏွင့္ သူ႔ခၽြေးမကိုတန္းေမးလာ၍
တကယ္ကို မလြယ္ပါလားဟုေတြးကာ
ေခါင္းခါလိုက္မိသည္။
"ဟဲ့ငါေမးေနတယ္ေလ....ေမဝိုင္းေလးအဆင္ေျပရဲ့လားလို႔..."
"ေျပမယ္ထင္တာပဲ.."
"စကားေျပာရင္ေကာင္းေကာင္းေျပာစမ္းပါဟယ္..
သားကိုမွာစရာရိွလို႔ ဖုန္းဆက္လိုက္တာ
ေမဝိုင္းေလးကအေမွာင္ေၾကာက္တတ္တယ္
ဟိုတစ္ခါ မူးလဲသြားေတာ့မွသူ႔အေမေတြေျပာလို႔
အေမလည္းသိလိုက္ရတာ..ဝိုင္းေလးက
ညဘက္အိပ္ရင္ အေဖာ္နဲ႔အိပ္မွအဆင္ေျပတာတဲ့
အိပ္မက္ဆိုးေတြ မက္ၿပီးလန႔္ႏိုးတတ္တဲ့
အက်င့္ရိွတယ္..အဲ့ဒါသူ႔ကိုဂရုစိုက္လိုက္ပါသားရယ္
သူ႔ခမ်ာလည္း မိဘေတြနဲ႔ေဝးေနရေတာ့
သားဘက္ကအေနစိမ္းၿပီး ျပစ္ထားရင္
အားငယ္ရွာမွာေပါ့...အေမ့စကားကို
နားေထာင္ပါေနာ္.."
"ဟုတ္ကဲ့..ကၽြန္ေတာ္မွတ္ထားလိုက္ပါ့မယ္.."
အေမႏွင့္ခဏေလာက္ ဖုန္းေျပာၿပီးေနာက္
စာၾကၫ့္ခန္းထဲမွ ထြက္လာလိုက္ကာ
ေအာက္ထပ္သို႔ ဆင္းလာခဲ့လိုက္သည္။
ေအာက္ထပ္မွာေတာ့ ေမဝိုင္းေလးဟာ
ၾကည္ၾကည္တို႔ႏွင့္အတူ ကာတြန္းကားၾကၫ့္ၿပီး
ဟီးဟီးဟားဟား..ျဖစ္ေနတာကို ေတြ့လိုက္ရေတာ့
စိတ္ပူမိတဲ့ ကိုယ့္ကိုကိုယ္သာျပန္၍
အျပစ္တင္လိုက္ခ်င္မိသည္။
*ေတာ္ေတာ္အားငယ္ေနရွာတာပဲ
ရယ္ေနလိုက္တာ ပါးစပ္ႀကီးကိုၿပဲလို႔...*
"ၾကည္ၾကည္.."
"ရွင္အစ္ကိုေလး..."
"ကာတြန္းကားၾကၫ့္တာခဏထားငါ့ကို
ေကာ္ဖီ သြားေဖ်ာ္ေပးစမ္းပါ.."
"အရင္လိုခါးခါးေလးပဲလားအစ္ကိုေလး.."
"ဟုတ္တယ္..."
ၾကည္ၾကၫ့္ကို ပါ့ထုတ္လိုက္ၿပီးေနာက္
ကာတြန္းကားထိုင္ၾကၫ့္ေနေသာ ေမဝိုင္းေလး၏
အေနာက္နား၌ သြား၍ရပ္လိုက္မိေလသည္။
ေမဝိုင္းေလးကေတာ့ ေက်ာထဲမွာစိမ့္တက္လာသလို ခံစားလိုက္ရ၍အေနာက္သို႔ လွၫ့္ၾကၫ့္လိုက္မိေတာ့ မတ္တပ္ရပ္၍ ကိုယ့္ကိုငံု႔မိုးၾကၫ့္ေနေသာ
လူေၾကာင့္ ရင္ေတာင္ထိတ္သြားမိေလသည္။
"ကာတြန္းကားက..ေတာ္ေတာ္ေကာင္းပံုပဲ
ကိုယ္ေရာက္ေနတာေတာင္မသိဘူးဆိုေတာ့.."
"ဘာေျပာစရာရိွလို႔လဲ..."
ကိုယ္ကနဲနဲဂရုစိုက္ေပးမလို႔ ေတြးမိေပမဲ့
တစ္ဖက္မိန္းကေလးက သူစိမ္းဆန္ေသာ
အေျပာမ်ိဳးျဖစ္ေန၍ အလိုမက်ျဖစ္သြားမိေလသည္။ထို႔ေၾကာင့္ ေပ်ာ့ေျပာင္းေတာ့မၫ့္
ေလသံဟာခ်က္ခ်င္းျပန္မာသြားခဲ့ၿပီး..
"မနက္ျဖန္အလုပ္ဆင္းရမွာကို အခုထိဘာလို႔
မအိပ္ေသးတာလဲ..အလုပ္ေနာက္က်ရင္ေတာ့
လစာထဲကျဖတ္မွာေနာ္..ကာတြန္းကားကို
အခုပိတ္ၿပီးသြားအိပ္ေတာ့..."
"ရွင္ဘယ္လိုျဖစ္ေနတာလဲ..အခုမွကိုးနာရီပဲ
ရိွေသးတာကို အိပ္မွာေပါ့..
သူၾကေတာ့မအိပ္ေသးပဲနဲ႔.."
"ကိုးနာရီကနဲတဲ့အခ်ိန္မဟုတ္ေတာ့ဘူးေလ
မိန္းကေလးတစ္ေယာက္ရဲ့အိပ္ခ်ိန္က
အရမ္းေနာက္မက်သင့္ဘူး..."
လူကိုသူသမီးေလးလို အမ်ိဳးမ်ိဳးအမိန႔္ေတြလာထုတ္ေန၍ ႏႈတ္ခမ္းကိုဆူျပစ္လိုက္ၿပီး
ေပ၍သာ ဆက္ထိုင္ေနလိုက္သည္။
ဘာတတ္ႏိုင္ေသးလည္း ကိုယ့္မ်က္လံုးနဲ႔ကိုယ္
တီဗီြၾကၫ့္တာပဲဥစၥာ သူ႔မ်က္လံုးကိုငွားၾကၫ့္တာ
လည္းမဟုတ္ဘူး။
"ကာတြန္းကားၿပီးေတာ့မွအိပ္မွာ
ရွင္အမိန႔္ေတြလာေပးမေနနဲ႔..
ဝိုင္းေလးကိုရွင္ေမြးထားတာမဟုတ္ဘူး.."
"မင္းကိုငါေမြးမထားေပမဲ့
ငါကမင္းနဲ႔ယူထားတဲ့ေယာက္်ားျဖစ္ေနတာကေတာ့
ျငင္းလို႔မရတဲ့အမွန္တရားတစ္ခုပဲ
မင္းရဲ့အလုပ္ရွင္ဆိုလည္း မမွားဘူး
ဆက္ၿပီးေခါင္းမာေနမယ္ဆိုရင္
မင္းကိုအလုပ္ထုတ္ရလိမ့္မယ္..."
"ရွင္...ရွင္ေတာ္ေတာ္အက်င့္ပုတ္တာပဲ..."
"မင္းႀကိဳက္သလိုထင္ႏိုင္တယ္.."
ဝိုင္းေလးကို အၾကပ္ကိုင္ေနေသာထိုလူ႔ကို
အျမင္ကပ္စြာ မ်က္ေစာင္းထိုးလိုက္ၿပီး
တီဗီြကိုပိတ္ပစ္လိုက္ကာ အိပ္ခန္းဆီသို႔
သြားရန္ျပင္ေတာ့ လမ္းတစ္၀က္မွာတင္
သူကလက္ကို ဖမ္းဆဲြလိုက္ေလသည္။
လက္ေကာက္၀တ္ကို အရမ္းႀကီးတင္းတင္း
ဆုပ္ထားတာမဟုတ္ေပမဲ့ သူ႔ရဲ့လက္ေနြးေနြးက
ဝိုင္းေလးကို ၾကက္သီးထေစတာေတာ့အမွန္ပါပဲ။
မ်က္လံုးခ်င္းဆံုေအာင္ ေသခ်ာၾကၫ့္လာသၫ့္
သူ႔ရဲ့ စူးရွရွမ်က္၀န္းေတြက
အေငြ့ပါပ်ံေလာက္ေစသည္။
"ဘာ..ဘာလုပ္မလို႔လဲ.."
"ဒီေန့ကစၿပီး...
ကိုယ့္အိပ္ခန္းထဲမွာပဲမင္းလာအိပ္ေတာ့.."
"ဘာ!!!"
အခန္း(၁၉)ဆက္ရန္ရိွသည္...
စာေရးသူ..ေဆာင္းေငြ့ေဝ
🍒🍒🍒🍒🍒🍒
(ကိုေကာ္ဖီခါးတို႔ စတင္၍ခ်ိဳလာ၏)
ေနာက္ေန့မွာေနာက္တစ္ပိုင္းထပ္ဖတ္ခ်င္ရင္
Pageမွာ like and shareေလးမ်ားမ်ား
လုပ္ေပးၾကေနာ္
ဒါဆိုေဝေဝလည္း ေရးဖို႔အားရိွတာေပါ့❤️
ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူးတင္ရိွပါတယ္..

အချိုလေး ဟေ့ အချိုလေး 🤩
ReplyDeleteနေ့တိုင်းကိုဖတ်ချင်နေတာပါ.များများရေးပေးဦးနော်.
ReplyDeleteမျော်နေပါပြီကိုစက်မျော်နေပါပြီကိုစက်ရေ
ReplyDeleteအရမ်းကောင်းမျှော်
ReplyDeleteဖတ်လေဖတ်လေဖတ်ချင်လေ
ReplyDeleteဖြစ်နေတာပါဘဲ
အရမ်းကြိုက်တယ်နော်။ အရေးအသားကောင်းလွန်းလို့အပြီးထိ တခါတည်းဖတ်ချင်သွားတယ်😁😁🥰🥰
ReplyDeleteUp
ReplyDelete😍😍😘
ReplyDeleteတင်ပေးအုံးနော်
ReplyDelete