အခန်း၈
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
"လမင်းကဘာတွေများ ထူးခြားနေလို့
ဒီလောက်စိတ်၀င်တစားနဲ့ ကြည့်နေရတာလဲ.."
သူ့အား ထိုင်းသံ၀ဲ၀ဲလေးနှင့် အင်္ဂလိပ်လို
ပြောလိုက်သူကို မည်သူမည်ဝါမှန်း
လှည့်မကြည့်ပဲနဲ့ကို သိလေသည်။
KG ဖျော်ဖြေရေးကုမ္ပဏီ၏ပါတီပွဲဖြစ်၍
ပွဲတက်လာသူများမှာ KGနှင့်လက်တွဲဖူးသော
ထုတ်လုပ်ရေးတာ၀န်ခံများ၊ဒါရိုက်တာများပါသလို KGလက်အောက်တွင်စာချုပ်ချုပ်ဆိုထားသော အဆိုတော်နှင့်သရုပ်ဆောင်များစွာလည်း
ပါ၀င်သည်။
KGဖျော်ဖြေရေးကုမ္ပဏီသည်
မြန်မာနိုင်ငံတွင်လည်း နာမည်ကြီးဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်၍ မြန်မာအမည်ခံ
KGလက်အောက်မှ
အနုပညာ၊အတတ်ပညာရှင်များလည်း
များစွာ တက်ရောက်လာကြသည်။
ထိုအထဲတွင် KGနှင့်စာချုပ်ချုပ်ပြီးခါစဖြစ်သည့်
တက်သစ်စမင်းသား၊မင်းသမီးများဟာ
ကုမ္ပဏီ၏စီအီးအို မင်းစက်အာဏာနှင့်
တွေ့ဆုံနှုတ်ဆက်နိုင်ဖို့ရာ အလွန်စိတ်အားထက်သန်စွာ ကြိုးစားဖို့ချောင်းနေကြလေသည်။
ထိုအထဲတွင် မင်းစက်အာဏာ၏ရှေ့တည့်တည့်ရှိ
ထိုင်ခုံ၌ ဝိုင်ခွက်ကိုကိုင်၍ ဝင်ထိုင်နေသော
နာမည်ကြီးထိုင်းမင်းသမီးချောလေး
မီရီရမ်မပါ၀င်ပေ။
မီရီရမ်၏အလှသည် ဗြိတိန်နှင့်ထိုင်းသွေး
ရောစပ်ထားသော အလှဖြစ်၍
ခြေဖျားကနေ ဆံစအထိ
ပြစ်ရက်စရာမရှိသော အလှတရားမျိုးဖြစ်လေသည်။
ရိုးရှင်းသောအဖြူရောင် Gucci(ဂူချီ)တံဆိပ်နှင့်ဂါ၀န်ကို၀တ်ဆင်ထားပေမဲ့
လမင်းလိုထင်လင်းနေသော
အရောင်အဝါရှိသည့် မီရီရမ်ဟာပါတီပွဲတွင်
အပေါ်လွှင်ဆုံးဟု သတ်မှတ်နိုင်သည်အထိ
လှပနေသော်လည်း မင်းစက်အာဏာကတော့
လမင်းဆီသို့ ကြည့်နေမိသောအာရုံကို
အံ့ဩစရာကောင်းစွာ လုံး၀အတိမ်အစောင်း
မခံခဲ့ပေ။
အလှနတ်သမီးတစ်ပါးဟု သတင်းဆောင်းပါးတိုင်းတွင် တင်စားခံရသောသူကို လုံး၀အရေးတယူ
လုပ်ပြီး ကြည့်မလာသောကြောင့်
စိတ်တိုလာမိ၍ နှုတ်ခမ်းလေးကို
ဖိကိုက်လိုက်မိသည်။
*ရှင်ကကျွန်မကိုပညာပြနေမှတော့
ကျွန်မလည်းရှင့်ကို ပညာပြန်ပြရတာပေါ့..*
လှပသောနှင်းဆီဖူးပမာ နှုတ်ခမ်းလေးတစ်ဖက်ကို
မဲ့ချပြစ်လိုက်ပြီး မင်းစက်အာဏာ၏
လက်ထဲတွင် ကိုင်ထားသောဝိုင်ခွက်ကို
အသာကြည့်လိုက်သည်။
ထို့နောက် မီရီရမ်ဟာသူ့လက်ထဲမှဝိုင်ခွက်ကို
မြှောက်ချလိုက်ကာ....
"ချီးယားဘော့စ်..."
"ဟာ..ဘယ်လိုလုပ်လိုက်တာလဲ.."
ဝိုင်ခွက်ကို ခပ်ပြင်းပြင်းတိုက်ချလိုက်သောကြောင့် အခြားကို အာရုံရောက်နေသော မင်းစက်အာဏာ၏ ကုတ်အိင်္ကျီပေါ်သို့ ဝိုင်နီတွေဖိတ်ကျကုန်လေသည်။KG၏သူဌေးက ကုမ္ပဏီတွင်၀င်ငွေအကောင်းဆုံး
မင်းသမီးကို အော်ထုတ်လိုက်သည့်အတွက်
လူအားလုံး၏ အာရုံဟာသူတို့နှစ်ယောက်ထံသို့
ရောက်ရှိလာတော့သည်။
"ဆောရီးပါဘော့စ်ရယ်..ဝိုင်းခွက်နဲ့
ဂုဏ်ပြုလိုက်ရုံပါဘော့စ်ကဝိုင်ခွက်ကို
သေချာမကိုင်ထားတော့ မှောက်သွားတာပေါ့..."
မီရီရမ်သည် ပါးစပ်ကလည်းတတွတ်တွတ်ပြောကာ တစ်ရှူးစများကိုဆွဲထုတ်၍ မင်းစက်၏
လည်တိုင်ကိုစင်သွားသော ဝိုင်စက်များကို
သုတ်ပေးဖို့ လက်လှမ်းလိုက်မိလေသည်။
သူမ၏ လှပသွယ်လျှသောလက်ကလေးသည်
လက်ကောက်၀တ်နားမှ ကိုင်ဆုပ်ခံလိုက်ရ
သောအခါ ဝိုင်းကြည့်နေသောလူများနည်းတူ
မီရီရမ်ပါ လန့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မီရီရမ်၏
လက်ကောက်၀တ်ကို ကိုင်ဆုပ်ထားသော
မင်းစက်အာဏာသည်
စိတ်အနှောက်အယှက်ဖြစ်ဟန်နှင့် စူးရဲစွာ
ကြည့်လာသောကြောင့် ဖြစ်လေသည်။
"ငါမင်းကိုခွင့်ပြုလိုက်မိလို့လား...."
"အာ့!!!"
ဩဇာအပြည့်ဖြင့် ခပ်ဆောင့်ဆောင့်
ထွက်သွားသော အသံနှင့်အတူမီရီရမ်၏
လက်ကို ဆောင့်ခါပြစ်လိုက်သည်။
ဝိုင်းကြည့်နေမိသောသူများမှာလည်း
လက်ကောက်၀တ်နာကျင်သွားသော
မီရီရမ်နည်းတူ ဒီလိုတုန့်ပြန်မည်ဟု
မထင်ထားခဲ့မိကြပေ။
မင်းစက်ကတော့ ကုတ်အိင်္ကျီအနက်ရောင်ကို
ချွတ်လိုက်ပြီး ဝိုင်းနီတွေကိုခက်ကြမ်းကြမ်း
ဖိသုတ်လိုက်ကာ မီရီရမ်ကိုဒေါသတကြီးနှင့်
ထပ်မံစိုက်ကြည့်လိုက်သည်။
"အေးဆေးထိုင်နေတဲ့ငါ့ကို စိတ်အနှောက်အယှက်
လာပေးရဲတဲ့သတ္တိကတော့ အံ့ဩစရာပဲ.."
"ကျွန်မတောင်းပါတယ်..ကျွန်မအမှားလုပ်မိသွားတာပါ..နောက်တစ်ခါမဖြစ်စေရပါဘူး.."
"ငါအနားယူနေတဲ့အချိန်မှာ စိတ်အနှောက်အယှက်
လာပေးတာကို ငါအမုန်းဆုံးပဲ..
မင်းရဲ့အလှကို ငါလုံး၀စိတ်မ၀င်စားလို့
နောက်တစ်ခါ ငါ့အချိန်တွေကိုလာလာမဖြုန်းပါနဲ့...
နာမည်ကြီးမင်းသမီးဆိုတဲ့ဂုဏ်ပုဒ်ကြောင့်
ဒီတစ်ခါတော့ သက်ညှာပေးလိုက်မယ်.."
မင်းစက်အာဏာကနေရာမှ ထထွက်သွားပေမဲ့
မီရီရမ်ကတော့ လူပုံအလည်တွင်အရှက်ကွဲသွား၍
မျက်ရည်ဝဲလျှက်နှင့် ကျန်ခဲ့လေသည်။
နဂိုက စီအီးအိုနှင့်နှုတ်ဆက်စကားပြောနိုင်ရန်
ကြိုးစားနေသော တက်သစ်စမင်းသား၊မင်းသမီး
များကတော့ စိတ်ကူးလေးကိုတောင်
ဖျောက်လိုက်ကြရတော့သည်။
"ဟဲ့..ဟိုမှာအစ်ကို၀င်း(wind)မဟုတ်လား.."
"အေးဟဲ့..အစ်ကို၀င်းကဆုပေးပွဲတွေကလွဲပြီး
ဒီလိုပါတီပွဲမျိုးတွေကို တတ်လေ့မရှိပါဘူး.."
ပါတီပွဲအတွင်းသို့ အဖြူရောင်အနောက်တိုင်း
၀တ်စုံအပြည့်၀တ်၍ ပြောင်လက်နေသော
အနက်ရောင်ရှူးဖိနပ်ကို စီးကာ
ခြေလှမ်းမှန်မှန်နှင့် ၀င်လာသောလူတစ်ယောက်..။
မိန်းမဆန်သော မျက်နှာကျရှိသူဖြစ်၍
နှုတ်ခမ်းနီမလေးများ၏ အသဲစွဲပုဂ္ဂိုလ်လည်း
ဖြစ်လေသည်။
ဂုတ်ထောက်နေသော ဆံပင်များကိုလှန်ကာ
ပုံချဖီးသင်ထားပြီး လေးထောင့်ကျသော
အလှမျက်မှန်အကြည်ကို
လိုက်ဖက်စွာ တတ်ထားလေသည်။
နာမည်နှင့်လိုက်ဖက်လွန်းစွာ သူ့အပြုံးသည်
နူးညံ့ငြင်သာလျှက် နွေဦးတွင်တိုက်ခတ်သွားသော
လေပြေလေးလို အင်မတန်နှစ်သက်ဖွယ်
ကောင်းလွန်းသောကြောင့် ပါတီပွဲအတွင်းသို့
သူရောက်သည်နှင့် မိန်းကလေးများ၏
အာရုံကို သိမ်းကြုံး၍ယူသွားနိုင်ခဲ့လေသည်။
သူ့နာမည်အရင်းမှာ "နွေဦးလေပြည်"ဖြစ်ပြီး
ထိုင်းမလေးများကတော့ လေ၏အင်္ဂလိပ်
အသံထွက်ဖြစ်သည့် အစ်ကို၀င်းဟုသာခေါ်လေ့ရှိကြသည်။အစ်ကို၀င်းသည် အင်္ဂလိပ်ဗားရှင်းနှင့်
သီချင်းများကိုသာ သီဆိုလေ့ရှိပြီး ကိုယ်တိုင်
တေးရေးကာ ကိုယ်တိုင်တီးခတ်သူဖြစ်၍
သူ့အား လေးစားအားကျသော
ယောက်ျားလေးဖန်အင်အားလည်း
တောင့်လေသည်။ချောမောသော
ရုပ်ရည်ကြောင့် အများထက်ပို၍ပေါ်ပြူလာ
ဖြစ်နေကာ LGBTဖန်များလည်း များပြားသူ
ဖြစ်သည်။
ထိုရုပ်ရည်ကြောင့်ပဲ အချို့သတင်းပေ့ခ်ျများကမူ
၀င်းဟာ ဂေးတစ်ယောက်ဖြစ်သည်ဟု
ရေးသား တင်ပြခံခဲ့ရလေသည်။
KGလက်အောက်မှနာမည်အရမ်းကြီးသော အဆိုတော်ဖြစ်ပေမဲ့ မိန်းကလေးများနှင့်ဒိတ်သော
သတင်းများ တက်မလာ၍လည်း ဂေးဟု
ပို၍ ခန့်မှန်းလာခဲ့ကြသည်။
သို့ပေမဲ့ ထိုကောလဟာလများကို ရှင်းပြရန်လည်း
လုံး၀စိတ်မ၀င်စားခဲ့သလို အေဂျင်စီကဒိတ်ခွင့်
ပေးတာတောင် ငြင်းပယ်ထားသူဖြစ်လေသည်။
"ဟယ်..အစ်ကို၀င်းကငါ့ကို ပြုံးပြတယ်ကြည်စမ်း.."
"တကယ့်ကိုသက်ရှိနတ်ဘုရားပါပဲ..
သူ့မိဘတွေက ဘယ်သူတွေများလည်း
ဒီလောက်ချောတဲ့ မင်းသားလေးကို
ဘယ်လိုများမွေးထုတ်ထားတာလည်းဟာ.."
"သူ့မိဘတွေက..စင်္ကာပူမှာတဲ့..သူ့အဖေက
တရုတ်စပ်ဆိုလားပဲ..."
"ဒါကြောင့် အသားအရည်အရမ်းလှတာနေမယ်
ကြည့်စမ်းပါအုံးဟယ်..ဘယ်လောက်တောင်
မထိရက်မတို့ရက်စရာလေးလဲ..
ငါတို့ရဲ့စီအီးအိုကြီးသာ သူ့လောက်နီးနီး
နူးညံ့ပြရင်..ငါသေပျော်ပါပြီဟယ်..."
"ဟဲ့..မီးနဲ့ရေကိုမနှိုင်းစမ်းပါနဲ့..
ငါ့အ၀င်းလေးက တအားအေးချမ်းတာ
အပြုံးမျက်လုံးလေးက..ရယ်လိုက်တိုင်း
လခြမ်းလေးနှစ်ခုတင်ထားသလား
မှတ်ရတယ်.."
လူအုပ်ကြားထဲတွင် သူတစ်ယောက်ထဲကိုပဲ
နေရောင်ထိုးနေသကဲ့သို့ အရောင်အဝါ
တောက်ပစွာ ဖြတ်လျှောက်သွားသောအခါ
ထိုလူ၏ခြေထောက်အရွေ့ တစ်ခုစီတိုင်းကို
သတိတရ ကြည့်လာကြလေသည်။
ဒါဟာ သူ့အတွက်တော့အထူးအဆန်းမဟုတ်တော့
ပါဘူး။
သူဘယ်နေရာသို့သွားသွား သတင်းသမားများနှင့်
ပါပါရာဇီတွေဟာ အမြဲတမ်းတကောက်ကောက်
လိုက်တတ်လေ့ရှိနေမြဲဖြစ်သည်။
ထို့ကြောင့် သူ့ဘ၀ကြီးဟာကိုယ်တိုင်ရွေးချယ်
မိခဲ့တဲ့လမ်းကြောင့် လွတ်လပ်မှုများလည်း
ပျောက်ဆုံးသွားခဲ့တာကြာလေပြီ။
"၀င်း...မင်းရောက်နေတာကြာပြီလား..."
ပါတီပွဲထဲရှိ လူတိုင်းနှီးပါးသည် သူ့အား
တရိုတသေနှုတ်ဆက်လာကြသူများဖြစ်ပြီး
KG၏စီးအီးအိုတစ်ယောက်သာလျှင် သူ့ကို
လေသံမာနိုင်သူဖြစ်လေသည်။
"အချစ်တုံးကြီးမနက်ဖြန် ပြန်တော့မယ်ကြားလို့
လာတွေ့တာလေ.."
"ဟာဒီကောင်..စကားကိုလူလိုပြောကွ.."
မင်းစက်အာဏာဆိုသည်မှာလည်း နည်းနည်းလေးမှ
အတိမ်းအစောင်းမခံနိုင်သူဖြစ်၍
ကိုယ့်သူငယ်ချင်း အရင်းကြီးစနောက်တာတောင်
ကပ်ကပ်လန်နေလေသည်။
နှစ်ယောက်သား လူရှင်းသောထောင့်ကျကျနေရာတစ်ခုကို ရွေးပြီး ထိုင်လိုက်ကြလေသည်။
မင်းစက်ကတော့ ထုံးစံအတိုင်းသူ့ဘက်ကနေ
ဘာစကားတစ်ခွန်းမှ စမလာခဲ့ပေ။
"မင်းလက်ထက်သွားပြီဆို.."
"မင်းကဘယ်လိုလုပ်ပြီးသိတာလဲ..
ငါ့အမျိုးတွေထဲမှာတောင် လူစုံအောင်
မသိကြသေးဘူး.."
"ဟ..ဒါဆိုတကယ်ကြီးပေါ့..မမမှူးဝေပြောတုန်းကတောင် ငါမယုံချင်ခဲ့ဘူး..ဒါဆို
မင်းကငါ့ကိုတကယ်ကြီးသစ္စာဖောက်သွားပြီပေါ့.."
"ပေါတောတောနဲ့ကွာ..ဘာတွေလာပြောနေတာလဲ"
"ဟေ့ကောင်..အဲ့ဒါငါ့အမှားမှမဟုတ်တာ
သတင်းတွေမှာ မင်းနဲ့ငါ့ကိုပေးစားထားတာလေ
အဲ့ဒါသတင်းသမားတွေရဲ့အမှားပေါ့
ဒီတော့ အရင်အိမ်ထောင်ကျသွားရင်
ဘယ်လိုပဲဖြစ်ဖြစ် သစ္စာဖောက်တာပဲ.."
ပြောင်ချော်ချော် ပေါတောတောနှင့်
ဂေါက်ကြောင်လာလုပ်နေသော ၀င်းကို
မကျေမနပ်ပဲကြည့်နိုင်တော့သည်။
ငယ်ပေါင်းဆိုလို့ ဒီကောင်တစ်ယောက်တည်းသာ
ရှိတော့ ကိုယ့်မှာသူ့အထက်က
လူကြီးဖြစ်နေလည်းပဲ
သူရစ်သမျှကို သည်းခံနေရလေသည်။
စင်္ကာပူမှာ ကျောင်းအတူတက်ခဲ့ကြရင်း
ခင်ခဲ့ကြတယ်ဆိုပေမဲ့ ကိုယ့်လိုအေးတိအေးစက်သမား၏အပြောကြမ်းကြမ်းတွေကို
ဒီငပြောင်၊ငနောက်ကသာ ခံနိုင်ခဲ့သည်။
အများကတော့ ကိုယ်တွေနှစ်ဦးကို
မီးနှင့်ရေလို့ သတ်မှတ်ထားကြပြီး
၀င်းကတော့ ဘ၀ကိုတကယ်ကြီး
လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းတတ်သူဖြစ်သည်။
သီချင်းစီးရီးခွေတစ်ခုထုတ်ပြီးတိုင်း
တစ်နှစ်လောက်ပျောက်သွားပြီး
ခရီးတွေလှည့်ထွက်နေတတ်တာပဲကြည့်တော့။
ကိုယ့် အေဂျင်စီလက်အောက်မှာ စာချုပ်ချုပ်
ထားတယ်ဆိုပေမဲ့ ၀င်းကိုတော့ချွင်းချက်
အနေနှင့်သူ့စိတ်ကြိုက် ရွေးချယ်ခွင့်
ပေးထားလေသည်။
မင်းစက်အာဏာ၏ ဘ၀အကောင်း၊အဆိုးမှန်သမျှကို နားလည်သူမှာလည်း
၀င်းတစ်ယောက်သာ ရှိပါတယ်။
"မင်းမနက်ဖြန်ကြရင်..ရန်ကုန်ကိုပြန်တော့မှာ
မဟုတ်လား.."
"ဟုတ်တယ်..ဘာလဲ..မင်းလည်းလိုက်မယ်လို့
လာမပြောနဲ့နော်.."
"မပြောခိုင်းလည်းပြောရမှာပဲ..
ငါတကယ်ကြီးလိုက်မလို့.."
"အလုပ်ရှိလို့လား.."
"အေးကွ..ရန်ကုန်မှာကအဆိုတော်တစ်ယောက်က ငါနဲ့ပူးပေါင်းပြီးအလုပ်လုပ်ချင်တယ်ဆိုပြီးကမ်းလှမ်းလာလို့
မငြင်းချင်တာနဲ့ လက်ခံလိုက်မိတယ်ဆိုပါတော့.."
"ထူးထူးဆန်းဆန်းပါလား..အမြဲတမ်းတစ်ကိုယ်တော်ပဲဆိုတဲ့ကောင်က..အခုမှဘာတွေ
ထဖြစ်တာလဲ..ဘာလဲ..မင်းကိုကမ်းလှမ်းတာက
မိန်းကလေးဖြစ်နေလို့လား.."
"အချစ်ကလည်း တို့ကအချစ်ကို
သစ္စာမဖောက်ပါဘူးနော်.."
"ဟာ..ရွံစရာကြီးကွာ.."
မင်းစက်အာဏာ၏ဘီလူးသံပရာသီးစားမိသလို
မျက်နှာကြီးကို မြင်ချင်လွန်းလို့တမင်စလိုက်တော့
တကယ်ပဲ ရှုံ့မဲ့သွားလေသည်။
ဒီကောင့်ကို နောက်ရတာတကယ်ပျော်စရာကောင်းတယ်။
တော်တော်များများက ကိုယ်စလိုက်ရင်
ပြန်စနောက်တတ်ကြပေမဲ့ မင်းစက်ကတော့
ကိုယ်ပုံသွင်းသလို ပုံပြန်ပေါ်တတ်သူဖြစ်၍
ပျော်စရာပိုကောင်းသည်။
"ဒါနဲ့..မင်းရဲ့လက်ကအနီရောင်ကြိုးလေးက
ဘာကြိုးလဲ.."
"အော်..ငါ့ကောင်ရယ်..ငါဒီကြိုးကိုပတ်ထားတာဖြင့်
ငါ့အသက်ဆယ့်ကိုးနှစ်လောက်တည်းက
မင်းကအခုမှသတိထားမိတယ်ဆိုတော့
ငါ့ကိုတော်တော် ဂရုစိုက်တာပဲနော်.."
၀င်းက စနောက်နေပေမဲ့မင်းစက်ကတော့
အတည်ပေါက်ကြီး မေးနေခြင်းဖြစ်လေသည်။
၀င်း၏ ညာဘက်လက်တွင်ချည်နှောင်ထားသော
ကြိုးအနီလေးကိုသာ မျက်တောင်မခတ်တမ်း
ကြည့်နေမိသည်။
ဒီကြိုးအနီလေးကို ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပဲ။
"ဒီကြိုးလေးက..ပရိတ်ကြိုးလို့ပြောတာပဲ
ငါ့ရဲ့တစ်ဦးတည်းသော ရင်ဘတ်ထဲက
ကောင်မလေးပေးထားခဲ့တာ.."
ထိုစကားကိုပြောသည့်အချိန်မှာတော့
၀င်း၏မျက်နှာသည် အတည်တံ့ဆုံးလူသား
တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။
သူ့မျက်၀န်းများဟာ အတိတ်တစ်ချိန်ကို
ပြန်သွားနေပုံပေါ်ပြီး သူ့အပြုံးများကတော့
ပုံမှန်ထက်ပင် ပိုချိုနေခဲ့သည်။
"သူကဘယ်သူလဲ..."
"ဟင့်အင်း..ငါပြောပြလို့မရဘူး..
ငါသူ့ကိုပြန်ရှာတွေ့တော့မှ မင်းရှေ့ကို
ခေါ်လာပြမယ်..."
၀င်း၏ ပွင့်လင်းသောပုံစံကနေ
ဗဟေဠိဆန်သော
အသွင်အပြင်ကို မြင်လိုက်ရ၍
မင်းစက်ကတော့ ဟန်မဆောင်နိုင်ပဲ
မဲ့ပြုဲးပြုံးလိုက်မိလေသည်..
"ဒါဆိုရင်မင်းကသူ့ကို
ရှာလို့မတွေ့သေးဘူးပေါ့
သူကအိမ်ထောင်တွေဘာတွေကျသွားရင်
ဘယ်လိုလုပ်မလဲ..."
"သူကအခုမှအသက်၂၀ကျော်လောက်ပဲရှိအုံးမှာပေါ့ကွာ..တကယ်လို့ငါကံကောင်းရင်တော့
သူနဲ့သေချာပေါက် ပြန်ဆုံခွင့်ရမှာပါ..
ပြန်ဆုံခဲ့ရင် ငါသူ့ကိုဘယ်မှပေးမသွားတော့ဘူး
ငါတို့စတွေ့ခဲ့တဲ့အချိန်မှာ သူကဆယ့်ငါးနှစ်ပဲ
ရှိသေးတော့ ငါ့စိတ်ကိုငါအများကြီး
ထိန်းချုပ်ခဲ့တယ်...ပြောလို့မရဘူး..
ဒီတစ်ခါမြန်မာကိုပြန်တာက တစ်သက်လုံးလည်း
ဖြစ်သွားနိုင်တယ်..."
"မင်းကတော့ တကယ်ကိုဆေးမမှီတော့ဘူးပဲ.."
"မင်းစက်..မင်းရော..အခုအိမ်ထောင်ဘက်ကို
တကယ်သဘောကျလို့လက်ထက်တာလား...
မင်းလို အိမ်ထောင်ရေးဆိုတဲ့ ကြိုးကြီးကို
အရမ်းမုန်းတဲ့လူက အခုတော့ဒီထောင်ထဲကိုပဲ
ဇွတ်တိုး၀င်သွားတယ်ဆိုတော့
အံ့ဩစရာပဲ..."
"ငါတို့ကမိဘသဘောတူလို့ ယူခဲ့ကြတာ.."
"ဟေ့ကောင်..ဘယ်ကိုအရူးကွက်လာနင်းနေတာလဲ..မင်းလိုကောင်ကို
မင်းရဲ့မိဘတွေက ဖိအားပေးလို့ရမယ်ဆိုတာ
အရူးကိုပဲသွားပြောနော်..."
"မင်းလိုပဲငါလည်းသူနဲ့ ငယ်ငယ်တည်းက
သိခဲ့ကြတာ..ငါ့အတွက်တော့သူက
ကစားလို့ကောင်းတဲ့အရုပ်တစ်ခုသာသာပဲ..."
"အော်..အေး..အေး..ဒါကြောင့်ကစားလို့လည်း
၀သွားရော..အရုပ်မကြီးကိုအိမ်မှာထားခဲ့ပြီး
ဒီမှာလာနေနေတာပေါ့..ကြည့်လည်းလုပ်အုံးနော်
မင်းရဲ့အရုပ်က သက်ရှိအရုပ်ကြီးကွ...
အိမ်ပြန်ရောက်ရင် တင်းပုတ်နဲ့အထုခံနေရအုံးမယ်
မိန်းမတွေက အရွဲ့တိုက်ရင်ကြောက်စရာကြီးနော်.."
"အဲ့ကြောင်းကို ထားလိုက်ပါကွာ.."
မင်းစက်၏ ပုံစံကိုကြည့်ရတာတော့
ဒီလက်ထက်ပွဲကို သဘောကျပုံလည်းမပေါ်သလို
သူ့အမျိုးသမီးကို နှစ်သက်ပုံလည်းပေါ်မနေပေ။
ဒါနဲ့များ ဘာကြောင့်အိမ်ထောင်ရေးကို
အယုံအကြည်မရှိတဲ့ကောင်က
ဒီလက်ထက်ပွဲကို လက်ခံခဲ့ရတာများလဲ။
သူ့လိုကျိကျိတက်ချမ်းသာတဲ့
ဘော့စ်တစ်ယောက်က လူမသိ၊သူမသိ
မိန်းမတစ်ယောက်ကိုကောက်ယူထားမှန်း
ကိုယ်တောင်သူ့အစ်မပြောလို့
သိခဲ့ရတယ်။
အခုထိ ဒီအသိုင်းအဝိုင်းမှာတော့
သူ့ကို လူပျိုလို့လည်းထင်နေကြတုန်းပင်။
အိမ်ထောင်ပြုပြီးမှတော့ ကိုယ့်အမျိုးသမီးကို
လူသိရှင်ကြား ပွဲထုတ်ရမှာပေါ့။
အခုတော့ သိပ်သိုဝှက်လွန်းနေတယ်။
တွေးရင်းနှင့် မင်းစက်၏အမျိုးသမီးကိုတောင်
တွေ့ချင်လာမိလေသည်။
ဘယ်လိုမျိုး ထူးခြားတဲ့မိန်းကလေးလည်းဆိုတာ
သိပ်သိချင်မိတယ်..။
❤️❤️❤️❤️❤️
"အမေ...အမေတို့သားအမိက
၀တ်ကောင်းစားလှတွေ၀တ်ပြီး
ဘယ်သွားကြမလို့လဲ..."
၀တ်ကောင်းစားလှတွေ၀တ်ထားသော
အမေဖြစ်သူနှင့်ညီမဖြစ်သူကို တွေ့လိုက်ရတော့
တင်မမလည်း အံ့ဩနေမိသည်။
ဒီသားအမိနှစ်ယောက် ဒီနေ့မှသိပ်တက်ကြွနေသလိုပဲ။
"ဒီနေ့ကလပြည့်ကျော်တစ်ရက်နေ့ဆိုတော့
ရွှေတိဂုံဘုရားကို သွားမလို့လေ
ညတည်းက ငါတို့သားအမိတိုင်ပင်ထားတာ..."
"ဒီနေ့ကလပြည့်ကျော်တစ်ရက်နေ့ဟုတ်လား...
ဒါဆို မနေ့ကလပြည့်နေ့ပေါ့..."
ဒေါ်တင်မမ၏ ခေါင်းထဲသို့ရုတ်တရက်ဆိုသလို
အတွေးတစ်ခုက ဒိုင်းကနဲ၀င်ရောက်လာလေသည်။
လပြည့်ညရောက်တိုင်းမှာ ကြောက်ရွံ့ထိတ်လန့်စွာ
ထအော်ငိုတတ်သည့် သမီးဖြစ်သူကို
သတိသွားရသောအခါ သူမ၏ရင်ထဲ၌
ချက်ချင်းအမောဆို့သွားလေတော့သည်။
"ကျွန်မသမီးလေး..အဆင်မှပြေရဲ့လားမသိဘူး..
..မင်းစက်ကိုဖုန်းဆက်ကြည့်လိုက်အုံးမယ်..."
ဒေါ်တင်မမက ဧည့်ခန်းထဲသို့ပြေးသွားသောကြောင့်
အဖွားမိမိစံတို့ သားအမိကလည်းဘုရားဘက်ကို
မလှည့်နိုင်တော့ပဲ အနောက်မှစိုးရိမ်တကြီး
ပြေးလိုက်ကြရလေတော့သည်။
မေဝိုင်းလေးသည် လပြည့်နေ့တိုင်းမှာ
အိမ်မက်ဆိုးတွေ မက်တတ်ပေမဲ့
သူအိပ်ယာကနေနိုးလာတဲ့အခါမှာ
ပတ်၀န်းကျင် မှောင်မည်းမနေရင်
အဆင်ပြေတတ်သည်။
မှောင်နေတာမျိုးဆိုရင်
အရမ်းကြောက်ပြီး အကူအညီတောင်းကာ
အော်ငိုတတ်လေသည်။
ပြီးခဲ့တဲ့ လပြည့်နေ့ကတော့ အိပ်မက်ဆိုးတွေ
မက်ပေမဲ့ အဆင်ပြေပြေကျော်ဖြတ်နိုင်ခဲ့တယ်
ဆိုလို့ ၀မ်းသာခဲ့ရတယ်..။
"ဟာ..ကိုစက်ရဲ့ဖုန်းက ဘာလို့ခေါ်မရတာလဲ
မသိဘူး.."
"ဒါဆိုလည်း သူ့အမေဖုန်းကိုခေါ်လိုက်ပေါ့.."
ဒေါ်ရွှေရည်၀င်း၏ တိုက်တွန်းချက်နှင့်
ကိုစက်၏အမေကို ဖုန်းလှမ်းဆက်တော့
လာကိုင်၍ အရမ်း၀မ်းသာသွားမိသည်။
"ဟယ်လို...မရတနာလားဟင်.."
"ဟုတ်ပါတယ်...အခုပြောနေတာက
ဝိုင်းလေးရဲ့အမေမဟုတ်လား.."
"ဟုတ်ပါတယ်ရှင်..ဟိုလေ..မရတနာကို
အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ.."
"ဟုတ်ကဲ့..ဘာအကူအညီတောင်းချင်တာလဲဟင်
ခမည်းခမက်ချင်းတွေပဲ ပွင့်ပွင့်လင်းလင်း
ပြောလို့ရပါတယ်.."
"ဟိုလေ.ဝိုင်းလေးကို တစ်ချက်လောက်
သွားခေါ်ပေးလို့ရမလားဟင် သူ့ဖုန်းကို
ခေါ်တာမကိုင်လို့.."
"အော်..ဟုတ်ကဲ့ရပါတယ်..ရပါတယ်..
ကျွန်မသွားခေါ်ခိုင်းပြီး ဖုန်းပြန်ဆက်ပေးပါ့မယ်နော်.."
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ရှင်.."
"အမယ်လေး..ကျွန်မတို့ကြားမှာဒါတွေကို
ပြောစရာမှမလိုတာ..."
ဒေါ်ရတနာထိုက်ကဖုန်းချသွားခဲ့ပေမဲ့
သုံးယောက်သားကတော့ ထိုနေရာလေးမှာပဲ
မျက်နှာချင်းဆိုင်၍ ဖုန်းအလာကိုရပ်စောင့်
နေမိကြလေသည်။
"အမေတို့မှာလည်း..၀ဋ်ကြွေးပဲနော်
အိမ်ထောင်ကျသွားတာတောင်
လိုက်စိတ်ပူနေရတယ်..."
ခင်ထိပ်ထားဦးကတော့ ဧည့်ခန်းမှဖြတ်သွားရင်းနှင့်
ရွဲ့စောင်းသွားခဲ့လေသည်။
ဂျပန်ကပြန်လာပြီးတည်းက အရင်ကထက်
မိသားစုကို ကလန်ကဆန်လုပ်တတ်လာသောကြောင့် ဒေါ်တင်မမတို့မှာလည်း
သမီးအငယ်အတွက် စိတ်ဆင်းရဲရတာထက်
ဒင်းကြောင့် စိတ်ညစ်ရတဲ့အချိန်ကပိုများလေသည်။
ဂျပန်ကနေ ပြန်လာတည်းက သူဌေးဂိုက်ဖမ်းနေတတ်ပြီး တစ်နေ့တစ်နေ့အပျော်အပါးတွေကို
မက်ကာ အိမ်ကနေခဏခဏထွက်လို့
ရန်ဖြစ်ရတာလဲ မနည်းရှိနေလေပြီ။
မိဘဆိုဆုံးမရင် တစ်စက်မှမနာခံတတ်ဘူး။
*သမီးတစ်ကောင်နွားတစ်ထောင်ဆိုတဲ့စကား
သိပ်မှန်တာပဲ..*
❤️❤️❤️❤️❤️❤️❤️
"အား!!!!"
"အန်တီရတနာရေ...ဒေါ်ခင်မြရေ..လာကြပါအုံး
ဒီမှာ...မမဝိုင်းလေး..သတိမေ့နေလို့.."
ဒေါ်ရတနာ၏ခိုင်းစေချက်နှင့်မေဝိုင်းလေး၏ အခန်းထဲသို့ ၀င်လာခဲ့သောကြည်အေးသည်
အာခေါင်ခြစ်၍ အော်လိုက်ပြီးအခန်းထဲသို့
ပြေး၀င်လိုက်ကာ မေဝိုင်းလေးကို
ပွေ့လိုက်မိလေသည်။
နှလုံးခုန်နှုန်းကို စမ်းကြည့်လိုက်တော့
နှလုံးက ခုန်နေသေးပေမဲ့တစ်ကိုယ်လုံးက
ဖြူလျှော်နေပြီး ကြမ်းပြင်ပေါ်တွင်
အကြာကြီး လှဲနေရပုံပေါ်၍တစ်ကိုယ်လုံး
အေးစက်နေလေသည်။
"မမဝိုင်းလေး...မမရေ..ထပါအုံး..."
"အမယ်လေး...ဘယ်လိုဖြစ်ရတာတုန်း..."
ဒေါ်ရတနာသည်လည်း အိပ်ခန်းထဲသို့အပြေး၀င်လာကာ အလွန်ထိတ်လန့်သွားလေတော့သည်။
ကလေးမ၏ပါးပြင်လေးလေးကို ပုတ်ကြည့်ပြီး
လှုပ်နှိုးသော်လည်း လုံး၀သတိပြန်၍မလည်လာခဲ့ပေ။
"ဒုက္ခပါပဲ..ဘယ်အချိန်တည်းက
မေ့လဲနေတာလဲမသိဘူး...ဟဲ့ကြည်အေး..
ဖိုးသားနဲ့ဦးကြင်မောင်ကို
သွားခေါ်စမ်း..ဆေးရုံကိုပို့ရမယ်...
ဒေါ်ခင်မြကိုလည်း လွှတ်လိုက်.."
"ဟုတ်ကဲ့..."
ဒေါ်ရတနာကခိုင်းလိုက်သည်နှင့် ပုံမှန်ဆိုအလုပ်လုပ်လျှင် လေးဖင့်တတ်သောကြည်ကြည်သည်လည်း နောက်ကနေကျားလိုက်နေသလိုကို
ပြေးလေတော့သည်။
ဒေါ်ရတနာကတော့ မေဝိုင်းလေးကိုသာ
အကြိမ်ကြိမ်လှုပ်နှိုးနေမိသည်။
ဒေါ်တင်မမဖုန်းဆက်လို့သာပေါ့
မဟုတ်ရင် ဒီအေးစက်နေတဲ့ကြမ်းပြင်မှာ
ကောင်မလေးတစ်နေကုန် လဲနေလောက်မှာ
သေချာတယ်။
ဘာတွေများဖြစ်သွားခဲ့တာလဲကွယ်...
❤️❤️❤️🤍🤍❤️❤️❤️
"ဟေ့ကောင်မင်းစက်...ငါ့ကိုစောင့်ဦးလေ..."
မျက်လုံးအုပ်လောက်သောဦးထုပ်ကြီးကို
ဆောင်းထားပြီး maskတပ်ထားသော
၀င်းသည် လေဆိပ်အဆောက်အဦးထဲမှ
ထွက်နေသော မင်းစက်၏အနောက်သို့
ပြေးလိုက်လာပေမဲ့
ဟိုကတော့ သူ့ကိုတစ်စက်လေးမှ
စောင့်ဖော်မရတော့ ထအော်ရလေတော့သည်။
မင်းစက်ကတော့ အသင့်လာကြိုသော
သူ့ဒါရိုင်ဘာ၏ ကားပေါ်သို့တက်၍
ကားတံခါးကို စောင့်၍ပိတ်ပြစ်လိုက်ပြီး
သူ့ကားဆီသို့ပြေးလာနေသည့် ၀င်းဘက်သို့
ကြည့်ကာ...
"မင်းဘာသာ..ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားတော့ကွာ
ငါကုမ္ပဏီကို ၀င်ရအုံးမှာမို့လို့.."
"ဟား..မင်းဟာကမဟုတ်သေးဘူးနော်
အခုမှခရီးကပြန်လာတာလေ..အဲ့ဒါကို
အခုပဲရုံးတက်မယ်ဆိုတော့ အိုဗာတွေဖြစ်နေပြီနော်
အလုပ်ပိပြီး သေသံကြားရမယ်..
မိန်းမကို မျက်နှာလေးဘာလေး
သွားပြပါအုံးလားကွာ..မင်းရဲ့ပထမဦးစားပေးက
ဘာကြောင့်အမြဲတမ်း အလုပ်ဖြစ်နေရတာလဲ..
မိန်းမကိုသာ ဦးစားပေးသင့်တဲ့အချိန်နော်"
"သူကငါ့ရဲ့ပထမဦးစားပေး ဘယ်တော့မှ
ဖြစ်လာမှာမဟုတ်ဘူး..."
တစ်ခွန်းတည်းသာပြောပြီး သူ့ကားသမားကို
မောင်းဖို့အချက်ပြလိုက်တော့ ကားလေးက
လေဆိပ်၀န်းထဲမှ ဝေါကနဲထွက်သွားလေတော့သည်။
၀င်းတစ်ယောက်သာ မကျေမနပ်ဖြစ်လျှက်
ဒေါသထွက်လွန်းလို့ ခုန်စွခုန်စွနှင့်ဖြစ်ကျန်ခဲ့လေသည်။
"သူတောင်းစား..အားနာပါးနာနဲ့လိုက်ပို့ရမလားလို့
မေးရင် သေမှာမို့လို့လားမသိဘူး..
မိဘပေးစားလို့သာ အိမ်ထောင်ကျတာ
မဟုတ်ရင် သူ့အခေါင်းထဲကိုအုန်းပင်လောက်ရှိတဲ့
ငှက်ပျောတုံးကြီး ထည့်သိပ်ရမဲ့ကောင်.."
၀င်းကသာကြိမ်ဆဲနေပေမဲ့ မင်းစက်အာဏာကတော့ ကားပေါ်တွင်ကူရှင်ပေါ်သို့
ခေါင်းကိုလှန်တင်၍ မှေးနေလေသည်။
ပြီးနောက် ကိုက်ခဲလာသော မျက်ရိုးကို
ဖိ၍ကိုင်ကာ ခေါင်းကိုတစ်ချက်မျှခါလိုက်သည်။
"မင်းသစ်..ကုမ္ပဏီကိုပဲမောင်းနော်..."
"ဟိုလေ..ဆရာ..တကယ်ကြီးကုမ္ပဏီကို
မောင်းရမှာလား..."
ကားအရှေ့မှန်မှတစ်ဆင့် မင်းစက်၏မျက်နှာ
အရိပ်အကဲကို လှမ်း၍ကြည့်နေသောမင်းသစ်ကို
မင်းစက်အာဏာကလည်း မျက်မှောင်ကြုံ့၍
ပြန်ကြည့်လိုက်မိလေသည်။
မင်းသစ်၏ မျက်နှာသည်တစ်ခုခုစိတ်မကောင်းစရာနှင့် ကြုံထားသလိုဖြစ်နေပြီး
သူ့အားလည်း စကားပြောလိုဟန်ရှိနေသည်။
နဖူးမှာ ချွေးတွေရွဲနေပုံရရင် ပြောရမှာလည်း
ကြောက်နေပုံပဲ။
"ဘာပြောချင်လို့လဲ..."
သူဌေးက အခွင့်အရေးပေးလိုက်ပြီ
ဖြစ်၍ မင်းသစ်လည်းခြောက်သွေ့နေသော
နှုတ်ခမ်းကို လျှာနှင့်အသာသပ်လိုက်ပြီး..
"ဟိုလေ..ဆရာကုမ္ပဏီကိုမသွားလို့မရဘူးလား..."
"မရဘူး..အရေးကြီးအစည်းအဝေးရှိတယ်..."
"အဲ့ဒါဆိုဘယ်လိုလုပ်မလဲဆရာ
ဆရာ့မိန်းမကို ဒီမနက်ပဲဆေးရုံတင်လိုက်ရတယ်
ဆရာသွားတွေ့သင့်သလားလို့
အစည်းအဝေးရှိတယ်ဆိုတော့..."
မင်းသစ်ကလည်း ရှေ့ကြည့်မှန်ထဲမှ မြင်နေရသော
မင်းစက်၏မျက်နှာကိုကြည့်ပြီး
ရှေ့ဆက်မပြောရဲတော့ပေ။
သူဌေးရဲ့အကြောင်းကို သူအသိဆုံးဖြစ်သည်။
နေမကောင်းရင်တောင် မနားပဲ
ဆေးသောက်ပြီး အလုပ်သွားသူဖြစ်၍
သူ့ကိုယ်သူတောင် မသနားတဲ့လူက
သူများတကာနေမကောင်းတာကို ဘယ်လိုလုပ်
စိတ်ပူပါ့မလဲ။
ငါကိုယ်က လျှာရှည်တာ။
"ဆေးရုံကိုမောင်း.."
"ဆရာတကယ်ပြောနေတာလား..."
"စကားအပိုတွေမပြောနဲ့..ကားကိုအရှိန်တင်ပြီး
မြန်မြန်ရောက်အောင်သာလုပ်..."
မင်းသစ်သည် ရှေ့ကြည့်မှန်ထဲမှနေ၍
အနောက်ဘက်ခုံမှ သူဌေးကိုလှမ်း၍
ကြည့်လိုက်မိသောအခါ
"မင်းစက်အာဏာလို ပျော်သလား၊၀မ်းနည်းလား
မသိနိုင်အောင်အထိ ခံစားချက်ကို
ထိန်းချုပ်နိုင်သူ၏ မျက်နှာထက်တွင်
စိုးရိမ်မှုအရိပ်အယောင်ကို
ပထမဆုံး.."ထူးဆန်းစွာတွေ့လိုက်ရ၍
အံ့ဩမဆုံး ဖြစ်နေရလေသည်။
မှတ်မိပါသေးတယ်။
သူ့အဖေကျန်းမာရေး မကောင်းမှန်း
သိတုန်းကတောင် အလုပ်မပျက်ခဲ့တဲ့လူပါ။
အလုပ်ကို ဆေးစွဲသလိုစွဲလမ်းနေတဲ့လူဟာ
အခုတော့ အရေးကြီးအစည်းအဝေးဆိုတာကြီးက
သူ့ကိုမဆွဲဆောင်နိုင်တော့ဘူးတဲ့လား.....။
အခန်း(၉)ဆက်ရန်....
စာရေးသူ..ဆောင်းငွေ့ဝေ
🤍🤍🤍🤍🤍🤍
(ပြောတော့ပထမဦးစားပေးမဟုတ်ဘူးဆို😜)
ဖတ်ရှုအားပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူးတင်ရှိပါတယ်
========================================================================
အခန္း၈
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
"လမင္းကဘာေတြမ်ား ထူးျခားေနလို႔
ဒီေလာက္စိတ္၀င္တစားနဲ႔ ၾကၫ့္ေနရတာလဲ.."
သူ႔အား ထိုင္းသံဝဲ၀ဲေလးႏွင့္ အဂၤလိပ္လို
ေျပာလိုက္သူကို မည္သူမည္ဝါမွန္း
လွၫ့္မၾကၫ့္ပဲနဲ႔ကို သိေလသည္။
KG ေဖ်ာ္ေျဖေရးကုမၸဏီ၏ပါတီပဲြျဖစ္၍
ပဲြတက္လာသူမ်ားမွာ KGႏွင့္လက္တဲြဖူးေသာ
ထုတ္လုပ္ေရးတာ၀န္ခံမ်ား၊ဒါရိုက္တာမ်ားပါသလို KGလက္ေအာက္တြင္စာခ်ဳပ္ခ်ဳပ္ဆိုထားေသာ အဆိုေတာ္ႏွင့္သရုပ္ေဆာင္မ်ားစြာလည္း
ပါ၀င္သည္။
KGေဖ်ာ္ေျဖေရးကုမၸဏီသည္
ျမန္မာႏိုင္ငံတြင္လည္း နာမည္ႀကီးေဖ်ာ္ေျဖေရးကုမၸဏီတစ္ခုျဖစ္၍ ျမန္မာအမည္ခံ
KGလက္ေအာက္မွ
အႏုပညာ၊အတတ္ပညာရွင္မ်ားလည္း
မ်ားစြာ တက္ေရာက္လာၾကသည္။
ထိုအထဲတြင္ KGႏွင့္စာခ်ဳပ္ခ်ဳပ္ၿပီးခါစျဖစ္သၫ့္
တက္သစ္စမင္းသား၊မင္းသမီးမ်ားဟာ
ကုမၸဏီ၏စီအီးအို မင္းစက္အာဏာႏွင့္
ေတြ့ဆံုႏႈတ္ဆက္ႏိုင္ဖို႔ရာ အလြန္စိတ္အားထက္သန္စြာ ႀကိဳးစားဖို႔ေခ်ာင္းေနၾကေလသည္။
ထိုအထဲတြင္ မင္းစက္အာဏာ၏ေရ႔ွတၫ့္တၫ့္ရိွ
ထိုင္ခံု၌ ဝိုင္ခြက္ကိုကိုင္၍ ဝင္ထိုင္ေနေသာ
နာမည္ႀကီးထိုင္းမင္းသမီးေခ်ာေလး
မီရီရမ္မပါ၀င္ေပ။
မီရီရမ္၏အလွသည္ ၿဗိတိန္ႏွင့္ထိုင္းေသြး
ေရာစပ္ထားေသာ အလျွဖစ္၍
ေျခဖ်ားကေန ဆံစအထိ
ျပစ္ရက္စရာမရိွေသာ အလွတရားမ်ိဳးျဖစ္ေလသည္။
ရိုးရွင္းေသာအျဖဴေရာင္ Gucci(ဂူခ်ီ)တံဆိပ္ႏွင့္ဂါ၀န္ကို၀တ္ဆင္ထားေပမဲ့
လမင္းလိုထင္လင္းေနေသာ
အေရာင္အဝါရိွသၫ့္ မီရီရမ္ဟာပါတီပဲြတြင္
အေပၚလႊင္ဆံုးဟု သတ္မွတ္ႏိုင္သည္အထိ
လွပေနေသာ္လည္း မင္းစက္အာဏာကေတာ့
လမင္းဆီသို႔ ၾကၫ့္ေနမိေသာအာရံုကို
အံ့ဩစရာေကာင္းစြာ လံုး၀အတိမ္အေစာင္း
မခံခဲ့ေပ။
အလွနတ္သမီးတစ္ပါးဟု သတင္းေဆာင္းပါးတိုင္းတြင္ တင္စားခံရေသာသူကို လံုး၀အေရးတယူ
လုပ္ၿပီး ၾကၫ့္မလာေသာေၾကာင့္
စိတ္တိုလာမိ၍ ႏႈတ္ခမ္းေလးကို
ဖိကိုက္လိုက္မိသည္။
*ရွင္ကကၽြန္မကိုပညာျပေနမွေတာ့
ကၽြန္မလည္းရွင့္ကို ပညာျပန္ျပရတာေပါ့..*
လွပေသာႏွင္းဆီဖူးပမာ ႏႈတ္ခမ္းေလးတစ္ဖက္ကို
မဲ့ခ်ျပစ္လိုက္ၿပီး မင္းစက္အာဏာ၏
လက္ထဲတြင္ ကိုင္ထားေသာဝိုင္ခြက္ကို
အသာၾကၫ့္လိုက္သည္။
ထို႔ေနာက္ မီရီရမ္ဟာသူ႔လက္ထဲမွဝိုင္ခြက္ကို
ၿမွောက္ခ်လိုက္ကာ....
"ခ်ီးယားေဘာ့စ္..."
"ဟာ..ဘယ္လိုလုပ္လိုက္တာလဲ.."
ဝိုင္ခြက္ကို ခပ္ျပင္းျပင္းတိုက္ခ်လိုက္ေသာေၾကာင့္ အျခားကို အာရံုေရာက္ေနေသာ မင္းစက္အာဏာ၏ ကုတ္အိက်ႌေပၚသို႔ ဝိုင္နီေတြဖိတ္က်ကုန္ေလသည္။KG၏သူေဌးက ကုမၸဏီတြင္၀င္ေငြအေကာင္းဆံုး
မင္းသမီးကို ေအာ္ထုတ္လိုက္သၫ့္အတြက္
လူအားလံုး၏ အာရံုဟာသူတို႔ႏွစ္ေယာက္ထံသို႔
ေရာက္ရိွလာေတာ့သည္။
"ေဆာရီးပါေဘာ့စ္ရယ္..ဝိုင္းခြက္နဲ႔
ဂုဏ္ျပဳလိုက္ရံုပါေဘာ့စ္ကဝိုင္ခြက္ကို
ေသခ်ာမကိုင္ထားေတာ့ ေမွာက္သြားတာေပါ့..."
မီရီရမ္သည္ ပါးစပ္ကလည္းတတြတ္တြတ္ေျပာကာ တစ္ရႉးစမ်ားကိုဆဲြထုတ္၍ မင္းစက္၏
လည္တိုင္ကိုစင္သြားေသာ ဝိုင္စက္မ်ားကို
သုတ္ေပးဖို႔ လက္လွမ္းလိုက္မိေလသည္။
သူမ၏ လွပသြယ္လ်ွေသာလက္ကေလးသည္
လက္ေကာက္၀တ္နားမွ ကိုင္ဆုပ္ခံလိုက္ရ
ေသာအခါ ဝိုင္းၾကၫ့္ေနေသာလူမ်ားနည္းတူ
မီရီရမ္ပါ လန႔္သြားခဲ့သည္။
အဘယ္ေၾကာင့္ဆိုေသာ္ မီရီရမ္၏
လက္ေကာက္၀တ္ကို ကိုင္ဆုပ္ထားေသာ
မင္းစက္အာဏာသည္
စိတ္အေနွာက္အယွက္ျဖစ္ဟန္ႏွင့္ စူးရဲစြာ
ၾကၫ့္လာေသာေၾကာင့္ ျဖစ္ေလသည္။
"ငါမင္းကိုခြင့္ျပဳလိုက္မိလို႔လား...."
"အာ့!!!"
ဩဇာအျပၫ့္ျဖင့္ ခပ္ေဆာင့္ေဆာင့္
ထြက္သြားေသာ အသံႏွင့္အတူမီရီရမ္၏
လက္ကို ေဆာင့္ခါျပစ္လိုက္သည္။
ဝိုင္းၾကၫ့္ေနမိေသာသူမ်ားမွာလည္း
လက္ေကာက္၀တ္နာက်င္သြားေသာ
မီရီရမ္နည္းတူ ဒီလိုတုန႔္ျပန္မည္ဟု
မထင္ထားခဲ့မိၾကေပ။
မင္းစက္ကေတာ့ ကုတ္အိက်ႌအနက္ေရာင္ကို
ခၽြတ္လိုက္ၿပီး ဝိုင္းနီေတြကိုခက္ၾကမ္းၾကမ္း
ဖိသုတ္လိုက္ကာ မီရီရမ္ကိုေဒါသတႀကီးႏွင့္
ထပ္မံစိုက္ၾကၫ့္လိုက္သည္။
"ေအးေဆးထိုင္ေနတဲ့ငါ့ကို စိတ္အေနွာက္အယွက္
လာေပးရဲတဲ့သတၲိကေတာ့ အံ့ဩစရာပဲ.."
"ကၽြန္မေတာင္းပါတယ္..ကၽြန္မအမွားလုပ္မိသြားတာပါ..ေနာက္တစ္ခါမျဖစ္ေစရပါဘူး.."
"ငါအနားယူေနတဲ့အခ်ိန္မွာ စိတ္အေနွာက္အယွက္
လာေပးတာကို ငါအမုန္းဆံုးပဲ..
မင္းရဲ့အလွကို ငါလံုး၀စိတ္မ၀င္စားလို႔
ေနာက္တစ္ခါ ငါ့အခ်ိန္ေတြကိုလာလာမျဖဳန္းပါနဲ႔...
နာမည္ႀကီးမင္းသမီးဆိုတဲ့ဂုဏ္ပုဒ္ေၾကာင့္
ဒီတစ္ခါေတာ့ သက္ၫွာေပးလိုက္မယ္.."
မင္းစက္အာဏာကေနရာမွ ထထြက္သြားေပမဲ့
မီရီရမ္ကေတာ့ လူပံုအလည္တြင္အရွက္ကဲြသြား၍
မ်က္ရည္ဝဲလ်ွက္ႏွင့္ က်န္ခဲ့ေလသည္။
နဂိုက စီအီးအိုႏွင့္ႏႈတ္ဆက္စကားေျပာႏိုင္ရန္
ႀကိဳးစားေနေသာ တက္သစ္စမင္းသား၊မင္းသမီး
မ်ားကေတာ့ စိတ္ကူးေလးကိုေတာင္
ေဖ်ာက္လိုက္ၾကရေတာ့သည္။
"ဟဲ့..ဟိုမွာအစ္ကို၀င္း(wind)မဟုတ္လား.."
"ေအးဟဲ့..အစ္ကို၀င္းကဆုေပးပဲြေတြကလဲြၿပီး
ဒီလိုပါတီပဲြမ်ိဳးေတြကို တတ္ေလ့မရိွပါဘူး.."
ပါတီပဲြအတြင္းသို႔ အျဖဴေရာင္အေနာက္တိုင္း
၀တ္စံုအျပၫ့္၀တ္၍ ေျပာင္လက္ေနေသာ
အနက္ေရာင္ရႉးဖိနပ္ကို စီးကာ
ေျခလွမ္းမွန္မွန္ႏွင့္ ၀င္လာေသာလူတစ္ေယာက္..။
မိန္းမဆန္ေသာ မ်က္ႏွာက်ရိွသူျဖစ္၍
ႏႈတ္ခမ္းနီမေလးမ်ား၏ အသဲစဲြပုဂၢိုလ္လည္း
ျဖစ္ေလသည္။
ဂုတ္ေထာက္ေနေသာ ဆံပင္မ်ားကိုလွန္ကာ
ပံုခ်ဖီးသင္ထားၿပီး ေလးေထာင့္က်ေသာ
အလွမ်က္မွန္အၾကည္ကို
လိုက္ဖက္စြာ တတ္ထားေလသည္။
နာမည္ႏွင့္လိုက္ဖက္လြန္းစြာ သူ႔အႃပံုးသည္
ႏူးညံ့ျငင္သာလ်ွက္ ေနြဦးတြင္တိုက္ခတ္သြားေသာ
ေလေျပေလးလို အင္မတန္ႏွစ္သက္ဖြယ္
ေကာင္းလြန္းေသာေၾကာင့္ ပါတီပဲြအတြင္းသို႔
သူေရာက္သည္ႏွင့္ မိန္းကေလးမ်ား၏
အာရံုကို သိမ္းႄကံုး၍ယူသြားႏိုင္ခဲ့ေလသည္။
သူ႔နာမည္အရင္းမွာ "ေနြဦးေလျပည္"ျဖစ္ၿပီး
ထိုင္းမေလးမ်ားကေတာ့ ေလ၏အဂၤလိပ္
အသံထြက္ျဖစ္သည့္ အစ္ကို၀င္းဟုသာေခၚေလ့ရိွၾကသည္။အစ္ကို၀င္းသည္ အဂၤလိပ္ဗားရွင္းႏွင့္
သီခ်င္းမ်ားကိုသာ သီဆိုေလ့ရိွၿပီး ကိုယ္တိုင္
ေတးေရးကာ ကိုယ္တိုင္တီးခတ္သူျဖစ္၍
သူ႔အား ေလးစားအားက်ေသာ
ေယာက္်ားေလးဖန္အင္အားလည္း
ေတာင့္ေလသည္။ေခ်ာေမာေသာ
ရုပ္ရည္ေၾကာင့္ အမ်ားထက္ပို၍ေပၚျပဴလာ
ျဖစ္ေနကာ LGBTဖန္မ်ားလည္း မ်ားျပားသူ
ျဖစ္သည္။
ထိုရုပ္ရည္ေၾကာင့္ပဲ အခ်ိဳ႕သတင္းေပ့ခ္်မ်ားကမူ
၀င္းဟာ ေဂးတစ္ေယာက္ျဖစ္သည္ဟု
ေရးသား တင္ျပခံခဲ့ရေလသည္။
KGလက္ေအာက္မွနာမည္အရမ္းႀကီးေသာ အဆိုေတာ္ျဖစ္ေပမဲ့ မိန္းကေလးမ်ားႏွင့္ဒိတ္ေသာ
သတင္းမ်ား တက္မလာ၍လည္း ေဂးဟု
ပို၍ ခန႔္မွန္းလာခဲ့ၾကသည္။
သို႔ေပမဲ့ ထိုေကာလဟာလမ်ားကို ရွင္းျပရန္လည္း
လံုး၀စိတ္မ၀င္စားခဲ့သလို ေအဂ်င္စီကဒိတ္ခြင့္
ေပးတာေတာင္ ျငင္းပယ္ထားသူျဖစ္ေလသည္။
"ဟယ္..အစ္ကို၀င္းကငါ့ကို ႃပံုးျပတယ္ၾကည္စမ္း.."
"တကယ့္ကိုသက္ရိွနတ္ဘုရားပါပဲ..
သူ႔မိဘေတြက ဘယ္သူေတြမ်ားလည္း
ဒီေလာက္ေခ်ာတဲ့ မင္းသားေလးကို
ဘယ္လိုမ်ားေမြးထုတ္ထားတာလည္းဟာ.."
"သူ႔မိဘေတြက..စကၤာပူမွာတဲ့..သူ႔အေဖက
တရုတ္စပ္ဆိုလားပဲ..."
"ဒါေၾကာင့္ အသားအရည္အရမ္းလွတာေနမယ္
ၾကၫ့္စမ္းပါအံုးဟယ္..ဘယ္ေလာက္ေတာင္
မထိရက္မတို႔ရက္စရာေလးလဲ..
ငါတို႔ရဲ့စီအီးအိုႀကီးသာ သူ႔ေလာက္နီးနီး
ႏူးညံ့ျပရင္..ငါေသေပ်ာ္ပါၿပီဟယ္..."
"ဟဲ့..မီးနဲ႔ေရကိုမႏိႈင္းစမ္းပါနဲ႔..
ငါ့အ၀င္းေလးက တအားေအးခ်မ္းတာ
အႃပံုးမ်က္လံုးေလးက..ရယ္လိုက္တိုင္း
လျခမ္းေလးႏွစ္ခုတင္ထားသလား
မွတ္ရတယ္.."
လူအုပ္ၾကားထဲတြင္ သူတစ္ေယာက္ထဲကိုပဲ
ေနေရာင္ထိုးေနသကဲ့သို႔ အေရာင္အဝါ
ေတာက္ပစြာ ျဖတ္ေလ်ွာက္သြားေသာအခါ
ထိုလူ၏ေျခေထာက္အေရြ့ တစ္ခုစီတိုင္းကို
သတိတရ ၾကၫ့္လာၾကေလသည္။
ဒါဟာ သူ႔အတြက္ေတာ့အထူးအဆန္းမဟုတ္ေတာ့
ပါဘူး။
သူဘယ္ေနရာသို႔သြားသြား သတင္းသမားမ်ားႏွင့္
ပါပါရာဇီေတြဟာ အၿမဲတမ္းတေကာက္ေကာက္
လိုက္တတ္ေလ့ရိွေနၿမဲျဖစ္သည္။
ထို႔ေၾကာင့္ သူ႔ဘ၀ႀကီးဟာကိုယ္တိုင္ေရြးခ်ယ္
မိခဲ့တဲ့လမ္းေၾကာင့္ လြတ္လပ္မႈမ်ားလည္း
ေပ်ာက္ဆံုးသြားခဲ့တာၾကာေလၿပီ။
"၀င္း...မင္းေရာက္ေနတာၾကာၿပီလား..."
ပါတီပဲြထဲရိွ လူတိုင္းႏွီးပါးသည္ သူ႔အား
တရိုတေသႏႈတ္ဆက္လာၾကသူမ်ားျဖစ္ၿပီး
KG၏စီးအီးအိုတစ္ေယာက္သာလ်ွင္ သူ႔ကို
ေလသံမာႏိုင္သူျဖစ္ေလသည္။
"အခ်စ္တံုးႀကီးမနက္ျဖန္ ျပန္ေတာ့မယ္ၾကားလို႔
လာေတြ့တာေလ.."
"ဟာဒီေကာင္..စကားကိုလူလိုေျပာကြ.."
မင္းစက္အာဏာဆိုသည္မွာလည္း နည္းနည္းေလးမွ
အတိမ္းအေစာင္းမခံႏိုင္သူျဖစ္၍
ကိုယ့္သူငယ္ခ်င္း အရင္းႀကီးစေနာက္တာေတာင္
ကပ္ကပ္လန္ေနေလသည္။
ႏွစ္ေယာက္သား လူရွင္းေသာေထာင့္က်က်ေနရာတစ္ခုကို ေရြးၿပီး ထိုင္လိုက္ၾကေလသည္။
မင္းစက္ကေတာ့ ထံုးစံအတိုင္းသူ႔ဘက္ကေန
ဘာစကားတစ္ခြန္းမွ စမလာခဲ့ေပ။
"မင္းလက္ထက္သြားၿပီဆို.."
"မင္းကဘယ္လိုလုပ္ၿပီးသိတာလဲ..
ငါ့အမ်ိဳးေတြထဲမွာေတာင္ လူစံုေအာင္
မသိၾကေသးဘူး.."
"ဟ..ဒါဆိုတကယ္ႀကီးေပါ့..မမမွဴးေဝေျပာတုန္းကေတာင္ ငါမယံုခ်င္ခဲ့ဘူး..ဒါဆို
မင္းကငါ့ကိုတကယ္ႀကီးသစၥာေဖာက္သြားၿပီေပါ့.."
"ေပါေတာေတာနဲ႔ကြာ..ဘာေတြလာေျပာေနတာလဲ"
"ေဟ့ေကာင္..အဲ့ဒါငါ့အမွားမွမဟုတ္တာ
သတင္းေတြမွာ မင္းနဲ႔ငါ့ကိုေပးစားထားတာေလ
အဲ့ဒါသတင္းသမားေတြရဲ့အမွားေပါ့
ဒီေတာ့ အရင္အိမ္ေထာင္က်သြားရင္
ဘယ္လိုပဲျဖစ္ျဖစ္ သစၥာေဖာက္တာပဲ.."
ေျပာင္ေခ်ာ္ေခ်ာ္ ေပါေတာေတာႏွင့္
ေဂါက္ေၾကာင္လာလုပ္ေနေသာ ၀င္းကို
မေက်မနပ္ပဲၾကၫ့္ႏိုင္ေတာ့သည္။
ငယ္ေပါင္းဆိုလို႔ ဒီေကာင္တစ္ေယာက္တည္းသာ
ရိွေတာ့ ကိုယ့္မွာသူ႔အထက္က
လူႀကီးျဖစ္ေနလည္းပဲ
သူရစ္သမ်ွကို သည္းခံေနရေလသည္။
စကၤာပူမွာ ေက်ာင္းအတူတက္ခဲ့ၾကရင္း
ခင္ခဲ့ၾကတယ္ဆိုေပမဲ့ ကိုယ့္လိုေအးတိေအးစက္သမား၏အေျပာၾကမ္းၾကမ္းေတြကို
ဒီငေျပာင္၊ငေနာက္ကသာ ခံႏိုင္ခဲ့သည္။
အမ်ားကေတာ့ ကိုယ္ေတြႏွစ္ဦးကို
မီးႏွင့္ေရလို႔ သတ္မွတ္ထားၾကၿပီး
၀င္းကေတာ့ ဘ၀ကိုတကယ္ႀကီး
လြတ္လပ္ေပါ့ပါးစြာ ျဖတ္သန္းတတ္သူျဖစ္သည္။
သီခ်င္းစီးရီးေခြတစ္ခုထုတ္ၿပီးတိုင္း
တစ္ႏွစ္ေလာက္ေပ်ာက္သြားၿပီး
ခရီးေတြလွၫ့္ထြက္ေနတတ္တာပဲၾကၫ့္ေတာ့။
ကိုယ့္ ေအဂ်င္စီလက္ေအာက္မွာ စာခ်ဳပ္ခ်ဳပ္
ထားတယ္ဆိုေပမဲ့ ၀င္းကိုေတာ့ခၽြင္းခ်က္
အေနႏွင့္သူ႔စိတ္ႀကိဳက္ ေရြးခ်ယ္ခြင့္
ေပးထားေလသည္။
မင္းစက္အာဏာ၏ ဘ၀အေကာင္း၊အဆိုးမွန္သမ်ွကို နားလည္သူမွာလည္း
၀င္းတစ္ေယာက္သာ ရိွပါတယ္။
"မင္းမနက္ျဖန္ၾကရင္..ရန္ကုန္ကိုျပန္ေတာ့မွာ
မဟုတ္လား.."
"ဟုတ္တယ္..ဘာလဲ..မင္းလည္းလိုက္မယ္လို႔
လာမေျပာနဲ႔ေနာ္.."
"မေျပာခိုင္းလည္းေျပာရမွာပဲ..
ငါတကယ္ႀကီးလိုက္မလို႔.."
"အလုပ္ရိွလို႔လား.."
"ေအးကြ..ရန္ကုန္မွာကအဆိုေတာ္တစ္ေယာက္က ငါနဲ႔ပူးေပါင္းၿပီးအလုပ္လုပ္ခ်င္တယ္ဆိုၿပီးကမ္းလွမ္းလာလို႔
မျငင္းခ်င္တာနဲ႔ လက္ခံလိုက္မိတယ္ဆိုပါေတာ့.."
"ထူးထူးဆန္းဆန္းပါလား..အၿမဲတမ္းတစ္ကိုယ္ေတာ္ပဲဆိုတဲ့ေကာင္က..အခုမွဘာေတြ
ထျဖစ္တာလဲ..ဘာလဲ..မင္းကိုကမ္းလွမ္းတာက
မိန္းကေလးျဖစ္ေနလို႔လား.."
"အခ်စ္ကလည္း တို႔ကအခ်စ္ကို
သစၥာမေဖာက္ပါဘူးေနာ္.."
"ဟာ..ရြံစရာႀကီးကြာ.."
မင္းစက္အာဏာ၏ဘီလူးသံပရာသီးစားမိသလို
မ်က္ႏွာႀကီးကို ျမင္ခ်င္လြန္းလို႔တမင္စလိုက္ေတာ့
တကယ္ပဲ ရႈံ႔မဲ့သြားေလသည္။
ဒီေကာင့္ကို ေနာက္ရတာတကယ္ေပ်ာ္စရာေကာင္းတယ္။
ေတာ္ေတာ္မ်ားမ်ားက ကိုယ္စလိုက္ရင္
ျပန္စေနာက္တတ္ၾကေပမဲ့ မင္းစက္ကေတာ့
ကိုယ္ပံုသြင္းသလို ပံုျပန္ေပၚတတ္သူျဖစ္၍
ေပ်ာ္စရာပိုေကာင္းသည္။
"ဒါနဲ႔..မင္းရဲ့လက္ကအနီေရာင္ႀကိဳးေလးက
ဘာႀကိဳးလဲ.."
"ေအာ္..ငါ့ေကာင္ရယ္..ငါဒီႀကိဳးကိုပတ္ထားတာျဖင့္
ငါ့အသက္ဆယ့္ကိုးႏွစ္ေလာက္တည္းက
မင္းကအခုမွသတိထားမိတယ္ဆိုေတာ့
ငါ့ကိုေတာ္ေတာ္ ဂရုစိုက္တာပဲေနာ္.."
၀င္းက စေနာက္ေနေပမဲ့မင္းစက္ကေတာ့
အတည္ေပါက္ႀကီး ေမးေနျခင္းျဖစ္ေလသည္။
၀င္း၏ ညာဘက္လက္တြင္ခ်ည္ေနွာင္ထားေသာ
ႀကိဳးအနီေလးကိုသာ မ်က္ေတာင္မခတ္တမ္း
ၾကၫ့္ေနမိသည္။
ဒီႀကိဳးအနီေလးကို ရင္းရင္းႏွီးႏွီးျမင္ဖူးေနသလိုပဲ။
"ဒီႀကိဳးေလးက..ပရိတ္ႀကိဳးလို႔ေျပာတာပဲ
ငါ့ရဲ့တစ္ဦးတည္းေသာ ရင္ဘတ္ထဲက
ေကာင္မေလးေပးထားခဲ့တာ.."
ထိုစကားကိုေျပာသၫ့္အခ်ိန္မွာေတာ့
၀င္း၏မ်က္ႏွာသည္ အတည္တံ့ဆံုးလူသား
တစ္ေယာက္ကဲ့သို႔ ျဖစ္ေနခဲ့သည္။
သူ႔မ်က္၀န္းမ်ားဟာ အတိတ္တစ္ခ်ိန္ကို
ျပန္သြားေနပံုေပၚၿပီး သူ႔အႃပံုးမ်ားကေတာ့
ပံုမွန္ထက္ပင္ ပိုခ်ိဳေနခဲ့သည္။
"သူကဘယ္သူလဲ..."
"ဟင့္အင္း..ငါေျပာျပလို႔မရဘူး..
ငါသူ႔ကိုျပန္ရွာေတြ့ေတာ့မွ မင္းေရ႔ွကို
ေခၚလာျပမယ္..."
၀င္း၏ ပြင့္လင္းေသာပံုစံကေန
ဗေဟဠိဆန္ေသာ
အသြင္အျပင္ကို ျမင္လိုက္ရ၍
မင္းစက္ကေတာ့ ဟန္မေဆာင္ႏိုင္ပဲ
မဲ့ၿပဲဳးႃပံုးလိုက္မိေလသည္..
"ဒါဆိုရင္မင္းကသူ႔ကို
ရွာလို႔မေတြ့ေသးဘူးေပါ့
သူကအိမ္ေထာင္ေတြဘာေတြက်သြားရင္
ဘယ္လိုလုပ္မလဲ..."
"သူကအခုမွအသက္၂၀ေက်ာ္ေလာက္ပဲရိွအံုးမွာေပါ့ကြာ..တကယ္လို႔ငါကံေကာင္းရင္ေတာ့
သူနဲ႔ေသခ်ာေပါက္ ျပန္ဆံုခြင့္ရမွာပါ..
ျပန္ဆံုခဲ့ရင္ ငါသူ႔ကိုဘယ္မွေပးမသြားေတာ့ဘူး
ငါတို႔စေတြ့ခဲ့တဲ့အခ်ိန္မွာ သူကဆယ့္ငါးႏွစ္ပဲ
ရိွေသးေတာ့ ငါ့စိတ္ကိုငါအမ်ားႀကီး
ထိန္းခ်ဳပ္ခဲ့တယ္...ေျပာလို႔မရဘူး..
ဒီတစ္ခါျမန္မာကိုျပန္တာက တစ္သက္လံုးလည္း
ျဖစ္သြားႏိုင္တယ္..."
"မင္းကေတာ့ တကယ္ကိုေဆးမမွီေတာ့ဘူးပဲ.."
"မင္းစက္..မင္းေရာ..အခုအိမ္ေထာင္ဘက္ကို
တကယ္သေဘာက်လို႔လက္ထက္တာလား...
မင္းလို အိမ္ေထာင္ေရးဆိုတဲ့ ႀကိဳးႀကီးကို
အရမ္းမုန္းတဲ့လူက အခုေတာ့ဒီေထာင္ထဲကိုပဲ
ဇြတ္တိုး၀င္သြားတယ္ဆိုေတာ့
အံ့ဩစရာပဲ..."
"ငါတို႔ကမိဘသေဘာတူလို႔ ယူခဲ့ၾကတာ.."
"ေဟ့ေကာင္..ဘယ္ကိုအရူးကြက္လာနင္းေနတာလဲ..မင္းလိုေကာင္ကို
မင္းရဲ့မိဘေတြက ဖိအားေပးလို႔ရမယ္ဆိုတာ
အရူးကိုပဲသြားေျပာေနာ္..."
"မင္းလိုပဲငါလည္းသူနဲ႔ ငယ္ငယ္တည္းက
သိခဲ့ၾကတာ..ငါ့အတြက္ေတာ့သူက
ကစားလို႔ေကာင္းတဲ့အရုပ္တစ္ခုသာသာပဲ..."
"ေအာ္..ေအး..ေအး..ဒါေၾကာင့္ကစားလို႔လည္း
၀သြားေရာ..အရုပ္မႀကီးကိုအိမ္မွာထားခဲ့ၿပီး
ဒီမွာလာေနေနတာေပါ့..ၾကၫ့္လည္းလုပ္အံုးေနာ္
မင္းရဲ့အရုပ္က သက္ရိွအရုပ္ႀကီးကြ...
အိမ္ျပန္ေရာက္ရင္ တင္းပုတ္နဲ႔အထုခံေနရအံုးမယ္
မိန္းမေတြက အရဲြ႔တိုက္ရင္ေၾကာက္စရာႀကီးေနာ္.."
"အဲ့ေၾကာင္းကို ထားလိုက္ပါကြာ.."
မင္းစက္၏ ပံုစံကိုၾကၫ့္ရတာေတာ့
ဒီလက္ထက္ပဲြကို သေဘာက်ပံုလည္းမေပၚသလို
သူ႔အမ်ိဳးသမီးကို ႏွစ္သက္ပံုလည္းေပၚမေနေပ။
ဒါနဲ႔မ်ား ဘာေၾကာင့္အိမ္ေထာင္ေရးကို
အယံုအၾကည္မရိွတဲ့ေကာင္က
ဒီလက္ထက္ပဲြကို လက္ခံခဲ့ရတာမ်ားလဲ။
သူ႔လိုက်ိက်ိတက္ခ်မ္းသာတဲ့
ေဘာ့စ္တစ္ေယာက္က လူမသိ၊သူမသိ
မိန္းမတစ္ေယာက္ကိုေကာက္ယူထားမွန္း
ကိုယ္ေတာင္သူ႔အစ္မေျပာလို႔
သိခဲ့ရတယ္။
အခုထိ ဒီအသိုင္းအဝိုင္းမွာေတာ့
သူ႔ကို လူပ်ိဳလို႔လည္းထင္ေနၾကတုန္းပင္။
အိမ္ေထာင္ျပဳျပီးမွေတာ့ ကိုယ့္အမ်ိဳးသမီးကို
လူသိရွင္ၾကား ပဲြထုတ္ရမွာေပါ့။
အခုေတာ့ သိပ္သိုဝွက္လြန္းေနတယ္။
ေတြးရင္းႏွင့္ မင္းစက္၏အမ်ိဳးသမီးကိုေတာင္
ေတြ့ခ်င္လာမိေလသည္။
ဘယ္လိုမ်ိဳး ထူးျခားတဲ့မိန္းကေလးလည္းဆိုတာ
သိပ္သိခ်င္မိတယ္..။
❤️❤️❤️❤️❤️
"အေမ...အေမတို႔သားအမိက
၀တ္ေကာင္းစားလွေတြ၀တ္ၿပီး
ဘယ္သြားၾကမလို႔လဲ..."
၀တ္ေကာင္းစားလွေတြ၀တ္ထားေသာ
အေမျဖစ္သူႏွင့္ညီမျဖစ္သူကို ေတြ့လိုက္ရေတာ့
တင္မမလည္း အံ့ဩေနမိသည္။
ဒီသားအမိႏွစ္ေယာက္ ဒီေန့မွသိပ္တက္ႂကြေနသလိုပဲ။
"ဒီေန့ကလျပၫ့္ေက်ာ္တစ္ရက္ေန့ဆိုေတာ့
ေရႊတိဂံုဘုရားကို သြားမလို႔ေလ
ညတည္းက ငါတို႔သားအမိတိုင္ပင္ထားတာ..."
"ဒီေန့ကလျပၫ့္ေက်ာ္တစ္ရက္ေန့ဟုတ္လား...
ဒါဆို မေန့ကလျပၫ့္ေန့ေပါ့..."
ေဒၚတင္မမ၏ ေခါင္းထဲသို႔ရုတ္တရက္ဆိုသလို
အေတြးတစ္ခုက ဒိုင္းကနဲ၀င္ေရာက္လာေလသည္။
လျပၫ့္ညေရာက္တိုင္းမွာ ေၾကာက္ရြံ႔ထိတ္လန႔္စြာ
ထေအာ္ငိုတတ္သၫ့္ သမီးျဖစ္သူကို
သတိသြားရေသာအခါ သူမ၏ရင္ထဲ၌
ခ်က္ခ်င္းအေမာဆို႔သြားေလေတာ့သည္။
"ကၽြန္မသမီးေလး..အဆင္မွေျပရဲ့လားမသိဘူး..
..မင္းစက္ကိုဖုန္းဆက္ၾကၫ့္လိုက္အံုးမယ္..."
ေဒၚတင္မမက ဧၫ့္ခန္းထဲသို႔ေျပးသြားေသာေၾကာင့္
အဖြားမိမိစံတို႔ သားအမိကလည္းဘုရားဘက္ကို
မလွၫ့္ႏိုင္ေတာ့ပဲ အေနာက္မွစိုးရိမ္တႀကီး
ေျပးလိုက္ၾကရေလေတာ့သည္။
ေမဝိုင္းေလးသည္ လျပၫ့္ေန့တိုင္းမွာ
အိမ္မက္ဆိုးေတြ မက္တတ္ေပမဲ့
သူအိပ္ယာကေနႏိုးလာတဲ့အခါမွာ
ပတ္၀န္းက်င္ ေမွာင္မည္းမေနရင္
အဆင္ေျပတတ္သည္။
ေမွာင္ေနတာမ်ိဳးဆိုရင္
အရမ္းေၾကာက္ၿပီး အကူအညီေတာင္းကာ
ေအာ္ငိုတတ္ေလသည္။
ၿပီးခဲ့တဲ့ လျပၫ့္ေန့ကေတာ့ အိပ္မက္ဆိုးေတြ
မက္ေပမဲ့ အဆင္ေျပျပေက်ာ္ျဖတ္ႏိုင္ခဲ့တယ္
ဆိုလို႔ ၀မ္းသာခဲ့ရတယ္..။
"ဟာ..ကိုစက္ရဲ့ဖုန္းက ဘာလို႔ေခၚမရတာလဲ
မသိဘူး.."
"ဒါဆိုလည္း သူ႔အေမဖုန္းကိုေခၚလိုက္ေပါ့.."
ေဒၚေရႊရည္၀င္း၏ တိုက္တြန္းခ်က္ႏွင့္
ကိုစက္၏အေမကို ဖုန္းလွမ္းဆက္ေတာ့
လာကိုင္၍ အရမ္း၀မ္းသာသြားမိသည္။
"ဟယ္လို...မရတနာလားဟင္.."
"ဟုတ္ပါတယ္...အခုေျပာေနတာက
ဝိုင္းေလးရဲ့အေမမဟုတ္လား.."
"ဟုတ္ပါတယ္ရွင္..ဟိုေလ..မရတနာကို
အကူအညီတစ္ခုေလာက္ ေတာင္းခ်င္လို႔ပါ.."
"ဟုတ္ကဲ့..ဘာအကူအညီေတာင္းခ်င္တာလဲဟင္
ခမည္းခမက္ခ်င္းေတြပဲ ပြင့္ပြင့္လင္းလင္း
ေျပာလို႔ရပါတယ္.."
"ဟိုေလ.ဝိုင္းေလးကို တစ္ခ်က္ေလာက္
သြားေခၚေပးလို႔ရမလားဟင္ သူ႔ဖုန္းကို
ေခၚတာမကိုင္လို႔.."
"ေအာ္..ဟုတ္ကဲ့ရပါတယ္..ရပါတယ္..
ကၽြန္မသြားေခၚခိုင္းၿပီး ဖုန္းျပန္ဆက္ေပးပါ့မယ္ေနာ္.."
"ဟုတ္ကဲ့...ေက်းဇူးတင္ပါတယ္ရွင္.."
"အမယ္ေလး..ကၽြန္မတို႔ၾကားမွာဒါေတြကို
ေျပာစရာမွမလိုတာ..."
ေဒၚရတနာထိုက္ကဖုန္းခ်သြားခဲ့ေပမဲ့
သံုးေယာက္သားကေတာ့ ထိုေနရာေလးမွာပဲ
မ်က္ႏွာခ်င္းဆိုင္၍ ဖုန္းအလာကိုရပ္ေစာင့္
ေနမိၾကေလသည္။
"အေမတို႔မွာလည္း..၀ဋ္ႂကြေးပဲေနာ္
အိမ္ေထာင္က်သြားတာေတာင္
လိုက္စိတ္ပူေနရတယ္..."
ခင္ထိပ္ထားဦးကေတာ့ ဧၫ့္ခန္းမျွဖတ္သြားရင္းႏွင့္
ရဲြ႔ေစာင္းသြားခဲ့ေလသည္။
ဂ်ပန္ကျပန္လာၿပီးတည္းက အရင္ကထက္
မိသားစုကို ကလန္ကဆန္လုပ္တတ္လာေသာေၾကာင့္ ေဒၚတင္မမတို႔မွာလည္း
သမီးအငယ္အတြက္ စိတ္ဆင္းရဲရတာထက္
ဒင္းေၾကာင့္ စိတ္ညစ္ရတဲ့အခ်ိန္ကပိုမ်ားေလသည္။
ဂ်ပန္ကေန ျပန္လာတည္းက သူေဌးဂိုက္ဖမ္းေနတတ္ၿပီး တစ္ေန့တစ္ေန့အေပ်ာ္အပါးေတြကို
မက္ကာ အိမ္ကေနခဏခဏထြက္လို႔
ရန္ျဖစ္ရတာလဲ မနည္းရိွေနေလၿပီ။
မိဘဆိုဆံုးမရင္ တစ္စက္မွမနာခံတတ္ဘူး။
*သမီးတစ္ေကာင္ႏြားတစ္ေထာင္ဆိုတဲ့စကား
သိပ္မွန္တာပဲ..*
❤️❤️❤️❤️❤️❤️❤️
"အား!!!!"
"အန္တီရတနာေရ...ေဒၚခင္ျမေရ..လာၾကပါအံုး
ဒီမွာ...မမဝိုင္းေလး..သတိေမ့ေနလို႔.."
ေဒၚရတနာ၏ခိုင္းေစခ်က္ႏွင့္ေမဝိုင္းေလး၏ အခန္းထဲသို႔ ၀င္လာခဲ့ေသာၾကည္ေအးသည္
အာေခါင္ျခစ္၍ ေအာ္လိုက္ၿပီးအခန္းထဲသို႔
ေျပး၀င္လိုက္ကာ ေမဝိုင္းေလးကို
ေပြ့လိုက္မိေလသည္။
ႏွလံုးခုန္ႏႈန္းကို စမ္းၾကၫ့္လိုက္ေတာ့
ႏွလံုးက ခုန္ေနေသးေပမဲ့တစ္ကိုယ္လံုးက
ျဖဴေလ်ွာ္ေနၿပီး ၾကမ္းျပင္ေပၚတြင္
အၾကာႀကီး လွဲေနရပံုေပၚ၍တစ္ကိုယ္လံုး
ေအးစက္ေနေလသည္။
"မမဝိုင္းေလး...မမေရ..ထပါအံုး..."
"အမယ္ေလး...ဘယ္လိုျဖစ္ရတာတုန္း..."
ေဒၚရတနာသည္လည္း အိပ္ခန္းထဲသို႔အေျပး၀င္လာကာ အလြန္ထိတ္လန႔္သြားေလေတာ့သည္။
ကေလးမ၏ပါးျပင္ေလးေလးကို ပုတ္ၾကၫ့္ၿပီး
လႈပ္ႏိႈးေသာ္လည္း လံုး၀သတိျပန္၍မလည္လာခဲ့ေပ။
"ဒုကၡပါပဲ..ဘယ္အခ်ိန္တည္းက
ေမ့လဲေနတာလဲမသိဘူး...ဟဲ့ၾကည္ေအး..
ဖိုးသားနဲ႔ဦးၾကင္ေမာင္ကို
သြားေခၚစမ္း..ေဆးရံုကိုပို႔ရမယ္...
ေဒၚခင္ျမကိုလည္း လႊတ္လိုက္.."
"ဟုတ္ကဲ့..."
ေဒၚရတနာကခိုင္းလိုက္သည္ႏွင့္ ပံုမွန္ဆိုအလုပ္လုပ္လ်ွင္ ေလးဖင့္တတ္ေသာၾကည္ၾကည္သည္လည္း ေနာက္ကေနက်ားလိုက္ေနသလိုကို
ေျပးေလေတာ့သည္။
ေဒၚရတနာကေတာ့ ေမဝိုင္းေလးကိုသာ
အႀကိမ္ႀကိမ္လႈပ္ႏိႈးေနမိသည္။
ေဒၚတင္မမဖုန္းဆက္လို႔သာေပါ့
မဟုတ္ရင္ ဒီေအးစက္ေနတဲ့ၾကမ္းျပင္မွာ
ေကာင္မေလးတစ္ေနကုန္ လဲေနေလာက္မွာ
ေသခ်ာတယ္။
ဘာေတြမ်ားျဖစ္သြားခဲ့တာလဲကြယ္...
❤️❤️❤️🤍🤍❤️❤️❤️
"ေဟ့ေကာင္မင္းစက္...ငါ့ကိုေစာင့္ဦးေလ..."
မ်က္လံုးအုပ္ေလာက္ေသာဦးထုပ္ႀကီးကို
ေဆာင္းထားၿပီး maskတပ္ထားေသာ
၀င္းသည္ ေလဆိပ္အေဆာက္အဦးထဲမွ
ထြက္ေနေသာ မင္းစက္၏အေနာက္သို႔
ေျပးလိုက္လာေပမဲ့
ဟိုကေတာ့ သူ႔ကိုတစ္စက္ေလးမွ
ေစာင့္ေဖာ္မရေတာ့ ထေအာ္ရေလေတာ့သည္။
မင္းစက္ကေတာ့ အသင့္လာႀကိဳေသာ
သူ႔ဒါရိုင္ဘာ၏ ကားေပၚသို႔တက္၍
ကားတံခါးကို ေစာင့္၍ပိတ္ျပစ္လိုက္ၿပီး
သူ႔ကားဆီသို႔ေျပးလာေနသၫ့္ ၀င္းဘက္သို႔
ၾကၫ့္ကာ...
"မင္းဘာသာ..ကိုယ့္အစီအစဉ္နဲ႔ကိုယ္သြားေတာ့ကြာ
ငါကုမၸဏီကို ၀င္ရအံုးမွာမို႔လို႔.."
"ဟား..မင္းဟာကမဟုတ္ေသးဘူးေနာ္
အခုမွခရီးကျပန္လာတာေလ..အဲ့ဒါကို
အခုပဲရံုးတက္မယ္ဆိုေတာ့ အိုဗာေတျြဖစ္ေနၿပီေနာ္
အလုပ္ပိၿပီး ေသသံၾကားရမယ္..
မိန္းမကို မ်က္ႏွာေလးဘာေလး
သြားျပပါအံုးလားကြာ..မင္းရဲ့ပထမဦးစားေပးက
ဘာေၾကာင့္အၿမဲတမ္း အလုပ္ျဖစ္ေနရတာလဲ..
မိန္းမကိုသာ ဦးစားေပးသင့္တဲ့အခ်ိန္ေနာ္"
"သူကငါ့ရဲ့ပထမဦးစားေပး ဘယ္ေတာ့မွ
ျဖစ္လာမွာမဟုတ္ဘူး..."
တစ္ခြန္းတည္းသာေျပာၿပီး သူ႔ကားသမားကို
ေမာင္းဖို႔အခ်က္ျပလိုက္ေတာ့ ကားေလးက
ေလဆိပ္၀န္းထဲမွ ေဝါကနဲထြက္သြားေလေတာ့သည္။
၀င္းတစ္ေယာက္သာ မေက်မနပ္ျဖစ္လ်ွက္
ေဒါသထြက္လြန္းလို႔ ခုန္စြခုန္စြႏွင့္ျဖစ္က်န္ခဲ့ေလသည္။
"သူေတာင္းစား..အားနာပါးနာနဲ႔လိုက္ပို႔ရမလားလို႔
ေမးရင္ ေသမွာမို႔လို႔လားမသိဘူး..
မိဘေပးစားလို႔သာ အိမ္ေထာင္က်တာ
မဟုတ္ရင္ သူ႔အေခါင္းထဲကိုအုန္းပင္ေလာက္ရိွတဲ့
ငွက္ေပ်ာတံုးႀကီး ထၫ့္သိပ္ရမဲ့ေကာင္.."
၀င္းကသာႀကိမ္ဆဲေနေပမဲ့ မင္းစက္အာဏာကေတာ့ ကားေပၚတြင္ကူရွင္ေပၚသို႔
ေခါင္းကိုလွန္တင္၍ ေမွးေနေလသည္။
ၿပီးေနာက္ ကိုက္ခဲလာေသာ မ်က္ရိုးကို
ဖိ၍ကိုင္ကာ ေခါင္းကိုတစ္ခ်က္မ်ွခါလိုက္သည္။
"မင္းသစ္..ကုမၸဏီကိုပဲေမာင္းေနာ္..."
"ဟိုေလ..ဆရာ..တကယ္ႀကီးကုမၸဏီကို
ေမာင္းရမွာလား..."
ကားအေရ႔ွမွန္မွတစ္ဆင့္ မင္းစက္၏မ်က္ႏွာ
အရိပ္အကဲကို လွမ္း၍ၾကၫ့္ေနေသာမင္းသစ္ကို
မင္းစက္အာဏာကလည္း မ်က္ေမွာင္ႄကံု႔၍
ျပန္ၾကၫ့္လိုက္မိေလသည္။
မင္းသစ္၏ မ်က္ႏွာသည္တစ္ခုခုစိတ္မေကာင္းစရာႏွင့္ ႄကံုထားသလိုျဖစ္ေနၿပီး
သူ႔အားလည္း စကားေျပာလိုဟန္ရိွေနသည္။
နဖူးမွာ ခၽြေးေတြရဲြေနပံုရရင္ ေျပာရမွာလည္း
ေၾကာက္ေနပံုပဲ။
"ဘာေျပာခ်င္လို႔လဲ..."
သူေဌးက အခြင့္အေရးေပးလိုက္ၿပီ
ျဖစ္၍ မင္းသစ္လည္းေျခာက္ေသြ့ေနေသာ
ႏႈတ္ခမ္းကို လ်ွာႏွင့္အသာသပ္လိုက္ၿပီး..
"ဟိုေလ..ဆရာကုမၸဏီကိုမသြားလို႔မရဘူးလား..."
"မရဘူး..အေရးႀကီးအစည္းအေဝးရိွတယ္..."
"အဲ့ဒါဆိုဘယ္လိုလုပ္မလဲဆရာ
ဆရာ့မိန္းမကို ဒီမနက္ပဲေဆးရံုတင္လိုက္ရတယ္
ဆရာသြားေတြ့သင့္သလားလို႔
အစည္းအေဝးရိွတယ္ဆိုေတာ့..."
မင္းသစ္ကလည္း ေရ႔ွၾကၫ့္မွန္ထဲမွ ျမင္ေနရေသာ
မင္းစက္၏မ်က္ႏွာကိုၾကၫ့္ၿပီး
ေရ႔ွဆက္မေျပာရဲေတာ့ေပ။
သူေဌးရဲ့အေၾကာင္းကို သူအသိဆံုးျဖစ္သည္။
ေနမေကာင္းရင္ေတာင္ မနားပဲ
ေဆးေသာက္ၿပီး အလုပ္သြားသူျဖစ္၍
သူ႔ကိုယ္သူေတာင္ မသနားတဲ့လူက
သူမ်ားတကာေနမေကာင္းတာကို ဘယ္လိုလုပ္
စိတ္ပူပါ့မလဲ။
ငါကိုယ္က လ်ွာရွည္တာ။
"ေဆးရံုကိုေမာင္း.."
"ဆရာတကယ္ေျပာေနတာလား..."
"စကားအပိုေတြမေျပာနဲ႔..ကားကိုအရိွန္တင္ၿပီး
ျမန္ျမန္ေရာက္ေအာင္သာလုပ္..."
မင္းသစ္သည္ ေရ႔ွၾကၫ့္မွန္ထဲမွေန၍
အေနာက္ဘက္ခံုမွ သူေဌးကိုလွမ္း၍
ၾကည့္လိုက္မိေသာအခါ
"မင္းစက္အာဏာလို ေပ်ာ္သလား၊၀မ္းနည္းလား
မသိႏိုင္ေအာင္အထိ ခံစားခ်က္ကို
ထိန္းခ်ဳပ္ႏိုင္သူ၏ မ်က္ႏွာထက္တြင္
စိုးရိမ္မႈအရိပ္အေယာင္ကို
ပထမဆံုး.."ထူးဆန္းစြာေတြ့လိုက္ရ၍
အံ့ဩမဆံုး ျဖစ္ေနရေလသည္။
မွတ္မိပါေသးတယ္။
သူ႔အေဖက်န္းမာေရး မေကာင္းမွန္း
သိတုန္းကေတာင္ အလုပ္မပ်က္ခဲ့တဲ့လူပါ။
အလုပ္ကို ေဆးစဲြသလိုစဲြလမ္းေနတဲ့လူဟာ
အခုေတာ့ အေရးႀကီးအစည္းအေဝးဆိုတာႀကီးက
သူ႔ကိုမဆဲြေဆာင္ႏိုင္ေတာ့ဘူးတဲ့လား.....။
အခန္း(၉)ဆက္ရန္....
စာေရးသူ..ေဆာင္းေငြ့ေဝ
🤍🤍🤍🤍🤍🤍
(ေျပာေတာ့ပထမဦးစားေပးမဟုတ္ဘူးဆို😜)
ဖတ္ရႈအားေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူးတင္ရိွပါတယ္

🥰🥰
ReplyDeleteအဲလိုမှပေါ့ မင်းသားလေးရယ် ချစ်ဖို့ကောင်းလိုက်တာ
ReplyDelete🥰🥰
ReplyDeleteမာနမင်းသားရေ
ReplyDeleteနောက်ထပ်တပိုင်းကိုမျှော်နေပီနော်