အခန်း၇ 💘မာနမင်းသားနှင့်ရွှေဖူးစာ💘




(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း၇

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


"သက်သာရဲ့လားဖွားဖွားနု..."


"အင်းသက်သာပါတယ်ဝိုင်းလေးရယ်..

အစကလက်တွေတော်တော်ကိုက်နေတာ

ဝိုင်းလေးရဲ့ လိမ်းဆေးနဲ့နှိပ်လိုက်တော့မှပဲ

တော်တော်သက်သာသွားတယ်..."


ညဘက်အဖွားဆီမှာဇာတ်ကားအတူလာကြည့်ရင်း

 အဖွားကလက်တွေကိုက်တယ်ဟုဆိုလာသည်။

မေမေတို့ဆီကို သွားလည်သောအခါက

လိမ်းရအောင်လို့ ယူလာခဲ့သောအကိုက်အခဲပျောက်ဆေးအရည်ကို  လိမ်းပေးရင်းအကျအန

ထိုင်နှိပ်ပေးနေမိသည်မှာ ညရှစ်နာရီတောင်

ထိုးနေလေပြီ။


"ဒါကဝိုင်းလေးတို့အိမ်မှာ အဖွားကိုယ်တိုင်

စပ်ထားတဲ့ ဆေးလေ..ရှောက်ဘီလူးသီးလည်း

ပါတယ်...လေငန်းသမားတွေအတွက်လည်း

အရမ်းကောင်းတယ်...ဝိုင်းလေးတို့လမ်းထဲက

အဒေါ်ကြီးတစ်ယောက်ဆို လေဖြန်းပြီးတော့

နှုတ်ခမ်းကြီး ရွဲ့ရွဲ့သွားတာ..ဒီဆေးလေးလိမ်းပြီး

သံပုရာသီးနဲ့ တိုက်ပေးလိုက်တာ..

အဲ့ဒီ့ရွဲ့နေတဲ့ နှုတ်ခမ်းကြီးကပြန်တည့်သွားရော"


"အင်း..ဒါကြောင့်မို့ရှောက်သီးနံ့လေးရနေတာကို

မိစံကလေ..အဲ့လိုဆေးဖော်တာတို့..

နှိပ်တာတို့ဆိုအရမ်းတော်တာ.."


"ဟုတ်တယ်ဖွားဖွားနုရဲ့....မန္တလေးမှာဆိုရင်

ကိုယ်၀န်သည်တွေက အဖွားဆီကိုအနှိပ်ခံဖို့

ခဏခဏလာကြတယ်..အဖွားကအကြောတွေ

ဘာတွေလည်း နားလည်တယ်လေ.

အိမ်နီးနားချင်းတွေကလည်း..ဆေးရုံဆေးခန်း

သွားချင်ရင်တောင် အဖွားကိုအမြဲ

လာခေါ်ကြတယ်.."


"မိစံက အရမ်းကူညီတတ်တာပါကွယ်...

ငါ့မြေးမသိလို့..တက္ကသိုလ်မှာ..

အတန်းထဲကကောင်မလေးတစ်ယောက်

သွေးအားနည်းပြီး မေ့လဲသွားတော့..

ဆေးရုံရောက်တဲ့အထိ လိုက်သွားပြီး

သွေးပါလှူခဲ့သေးတာ..သူငယ်ချင်းတွေအပေါ်လည်း

အနစ်နာခံပြီး ကူညီတတ်လွန်းလို့

ဖွားနုကတော့ သူ့ကိုအရမ်းချစ်တာပဲ...

ပြောရင်းနဲ့တောင် တက္ကသိုလ်ကအကြောင်းတွေကို

သတိရလာပြီ.."


ဖွားဖွားနုက စကားပြောနေရင်းနှင့်

မျက်ရည်ကဝဲလာလေသည်။

အသက်ကြီးတဲ့လူတွေဟာ အထီးကျန်လာရင်

ပိုပြီး ၀မ်းနည်းတတ်ကြတယ်။

ဒီအိမ်က ဖွားဖွားနုကပိုဆိုးတာပေါ့။


အိမ်ထဲကနေ ခြံပြင်ကိုတောင် ကောင်းကောင်း

လမ်းမလျှောက်နိုင်တဲ့ကြားက

မိသားစု၀င်တွေထဲမှာလည်း ‌အန်တီရတနာကလွဲပြီး

ကျန်သူတွေက မသိသလိုပဲနေတတ်ကြတယ်။

အန်တီရတနာကလည်း အလုပ်နားတဲ့

အချိန်လောက်လေးပဲ လာနှုတ်ဆက်ပြီး

မေးတတ်တာပါ။များသောအားဖြင့်

အိမ်အကူတွေနဲ့ပဲ အဖွားကိုပြစ်ထားတတ်တယ်။

ဖွားဖွားနုက အရမ်းသနားဖို့ကောင်းတာပဲ။


"ဒါနဲ့ ဝိုင်းလေးမှာရောတက္ကသိုလ်တုန်းက

အမှတ်တရတွေမရှိဘူးလား..

ကျောင်းပြီးထားတာလည်း သိပ်ကြာသေးမှာ

မဟုတ်ဘူး.."


"အမှတ်တရကတော့ အင်းလေးကိုသွားရင်းနဲ့

ရေနစ်တဲ့ကိစ္စပါပဲ..."


"ဟယ်..ရေနစ်တယ်..ဘယ်လိုဖြစ်လို့လဲ.."


"သူငယ်ချင်းတွေ စုပြီးအင်းလေးကို

‌စက်လှေငှားပြီးသွားတော့ လှေအကွေ့မှာစက်လှေချင်း ချိတ်မိရာကနေရေနစ်တာပါ..ရေပေါ်တဲထဲမှာ

လူတွေရှိတော့ တွေ့သွားပြီးဆင်းကယ်လို့သာ

အသက်မသေတာ.."


"အမယ်လေး..ကံသီပေလို့ပေါ့..ဒါဆိုဝိုင်းလေးက

ရေမကူးတတ်ဘူးပေါ့.."


"ရေကူးကန်မှာတော့ သင်ထားတာပဲ

ရေနက်ရင်တော့မကူးရဲဘူး..."


"အင်း..မဖြစ်ဘူး..ကိုစက်ပြန်လာရင်..

ရေကူးသင်ခိုင်းရမယ်..."


"ထားလိုက်ပါအဖွားရယ်..သူလည်း

သူ့အလုပ်နဲ့သူရှုပ်နေတဲ့ဥစ္စာ..."


မင်းစက်အာဏာ၏ အကြောင်းကိုပြောလိုက်သည်နှင့် မျက်နှာမကောင်းတော့သည့်

ဝိုင်းလေးကိုကြည့်ပြီး

ဒေါ်နုယဉ်လည်း သက်ပြင်းချလိုက်မိလေသည်။

ကောင်းမယ်ထင်လို့ စီစဉ်လိုက်ပေမဲ့

ကိုယ့်မြေးရဲ့ မထီမဲ့မြင်ပြုမူပုံက

တစ်ဖက်မိန်းကလေးအပေါ်မှာ အရမ်းရက်စက်လွန်းနေတယ်။


သူများသားသမီးကို

အိမ်ပေါ်ခေါ်တင်ပြီး စော်ကားလိုက်သလိုပဲ။

ကိုယ်တော့ သိပ်ရှက်မိတယ်။မေဝိုင်းလေးက

သူ့မိသားစုကိုသာ ပြန်ပြောမယ်ဆိုရင်

သူငယ်ချင်းမိမိစံက စိတ်ဆိုးမှာသေချာတယ်။

အခုဆို အိမ်ကိုဖုန်းတောင်တစ်ချက်မဆက်ပဲ

ကိုစက်တစ်ယောက်

ခရီးထွက်သွားတာ နှစ်လပြည့်တော့မည်။

တစ်‌ယောက်နဲ့တစ်ယောက် စိမ်းနေသေးတယ်

ဆိုရင်တောင် မင်္ဂလာဆောင်ပြီး ပြစ်ထားလိုက်သလိုလုပ်တာတော့ သိပ်ကိုရိုင်းလွန်းတယ်..။


"ဒါနဲ့ ဝိုင်းလေးကရည်းစားတွေဘာတွေ

မထားခဲ့ဖူးဘူးလား..."


"မထားခဲ့ဖူးပါဘူးအဖွားရယ်.."


"ဒါဆို..ကိုစက်ကဝိုင်းလေးအတွက်

ပထမဆုံးလူပေါ့..."


"အဲ့လိုပဲပေါ့..."


အဖွားကိုခေါင်းညိမ့်ပြလိုက်ရပေမဲ့

စိတ်ထဲမှာတော့ အတိတ်ကလူတစ်ယောက်ကို

လွမ်းသလိုလိုတော့ ဖြစ်လာလေသည်။

ရည်းစားတော့ မထားခဲ့ဖူးပေမဲ့

တစ်ဖက်သတ် သဘောကျခဲ့ရသူတော့ ရှိခဲ့တယ်။

သူက၀ိုင်း‌လေးထက် လေးနှစ်ကြီးပြီး

နာမည်ကအစနူးညံ့‌လွန်းသူဖြစ်သည်။


ကျွန်းတောထဲကို လာလာပြီးတယောတီးတတ်တဲ့

သူ့ရဲ့ ပုံသဏ္ဍန်လေးကိုအခုထိအမှတ်ရနေတုန်းပဲ။

အဖြူရောင် ရှပ်လက်ရှည်နဲ့အဖြူရောင်

ဂျင်းဘောင်းဘီလေးကို ၀တ်ထားတတ်တဲ့သူဟာ

တယောသံစဉ်တွေအပေါ်မှာ စီးမျောပြီး

မျက်လွှာလေးချထားတတ်တဲ့ပုံရိပ်လေးကအစ

အရမ်းအေးချမ်းတာပဲ။


ပြုံးလိုက်တဲ့အခါ ဆောင်းညရဲ့အိပ်မက်လေး

တစ်ခုလို အေးချမ်းလွန်းသူဖြစ်သည်။

အရပ်ရှည်ရှည် ဆံပင်ဂုတ်ထောက်လေးနဲ့ဖြစ်ကာ

အသားကလည်း ဖြူဖွေးနေပြီးမျက်နာကျ

ခပ်သွယ်သွယ်နှင့် အလွန်ချောလေသည်။

"ဝိုင်းဝိုင်းလို့.."ခေါ်တတ်တဲ့အသံလေးကအစ

လေပြည်နဲ့အတူ သစ်ရွက်စိမ်းလေးလွှင့်လာသလို

တိုးတိုးညှင်ညှင်လေး..။

သူ့နာမည်က...နွေဦးလေပြည်တဲ့...


နာမည်နဲ့လိုက်အောင်ကို နွေဦးမှာတိုက်ခတ်တဲ့

လေပြည်လေးလို သူ့ဘေးနားကိုရောက်သွားရင်

အလိုလို နွေးထွေးလုံခြုံသွားစေခဲ့တယ်။

ကိုဦးက အဆင့်အတန်းလည်းမခွဲတတ်ဘူး။

မင်းစက်အာဏာလို ကလောကိုလာတဲ့

အချိန်တွေတိုင်းမှာ ဝိုင်းလေးကိုငိုအောင်လုပ်ပြီး

မမနဲ့ပဲ ဆော့တတ်တဲ့လူမဟုတ်ဘူး။

ဦးက ဝိုင်းလေးကိုဆိုအမြဲအနိုင်ယူပြီး

ဗိုလ်ကျတတ်တဲ့ မမထိပ်ထားကို

သိပ်ကြည့်မရခဲ့ပေ။


ကိုဦးက ပန်းချီလည်းဆွဲတတ်သေးတယ်။

ကိုဦးပေးလိုက်တဲ့ ပန်းချီးကားချပ်လေးကို

မမထိပ်ထားက ဆွဲလုရင်းပြဲသွားခဲ့လို့ဆိုပြီး

ဝိုင်းလေးရဲ့ ပုံတူပန်းချီလေးကိုအမှတ်တရ

ဆွဲပေးခဲ့ဖူးတယ်။


"ကိုဦးက..လူပုံတွေကိုဆွဲရတာမကြိုက်ဘူး

ဒါပေမဲ့ ဝိုင်း၀ိုင်းကချွင်းချက်ပဲ.."ဟု 

သူတစ်ပါးစိတ်ကျေနပ်အောင်လည်း ပြောတတ်ပါသေးတယ်။

တရုတ်မှာ အနုပညာကျောင်းသွားတက်မလို့ဆိုပြီးကိုဦးလာနှုတ်ဆက်တဲ့နေ့ကဆို ဝိုင်းလေးမှာ

ငိုလိုက်ရတာ ရင်ဘတ်တွေတောင် အောင့်တယ်။


"မငိုပါနဲ့ဝိုင်းဝိုင်းရယ်..ကိုဦး‌အောင်မြင်တဲ့တစ်နေ့

ပရိတ်သတ်တွေအများကြီးရှိတဲ့ ပွဲခင်းထဲအထိ

ဝိုင်းဝိုင်းကို ခေါ်သွားပေးမယ်နော်..."


"တကယ်လားကိုဦး..အောင်မြင်ရင်သာ

ဝိုင်းလေးကို မမေ့နဲ့နော်.."


"မမေ့ပါဘူးဗျာ..."


ထိုနေ့က အမေပေးထားခဲ့သော

ပရိတ်ကြိုးအနီရောင်လေးကို လက်ဆောင်အဖြစ် ကိုဦးရဲ့ လက်‌ကလေးမှာ ပတ်ပေးလိုက်မိတယ်။

ထိုအချိန်တုန်းက ဝိုင်းလေးဟာဆက်ကျော်သက်အရွယ်လေးသာရှိသေးပြီး တစ်မိသားစုလုံး

မန္တလေးကို ပြောင်းသွားခဲ့ပြီးကြပေမဲ့

မန္တလေးကနေအမျိုးတွေရှိတဲ့ ကလောကိုကျောင်းပိတ်ရက်မှာ

အလည်ပြန်လာရင်းနှင့် ကိုဦးနဲ့တွေ့ဆုံခဲ့ရတာပေါ့။


အသက်ဆယ့်ငါးနှစ်ဆိုတဲ့ အရွယ်လေးမှာ

ဆယ့်ကိုးနှစ်အရွယ် ကောင်လေးကို

ချစ်မိခဲ့သလားတော့ မရေရာပေမဲ့။

သူနဲ့အတူ ရှိနေခဲ့တဲ့အချိန်လေးတွေကို

ဘယ်တုန်းကမှ မေ့မရခဲ့တာတော့အမှန်ပါပဲ။

ကိုယ်ဦးနဲ့အတူရှိနေရရင် ပျော်စရာကောင်းပြီး

လူကို နူးညံ့စွာဆက်ဆံတတ်တဲ့ သူ့အပြုအမူ

လေးတွေက အရမ်းသဘောကျဖို့ကောင်းတယ်။


သူ့သီချင်းခွေတွေကို ဝိုင်းလေး၀ယ်စုတတ်ပေမဲ့

သူကတော့ အခုဆိုဝိုင်းလေးကိုတောင်

မေ့လောက်ရောပေါ့။

အိမ်ထောင်သည်ဖြစ်သွားပြီဆိုတော့

ဝိုင်းလေးလည်းဆက်ပြီး မတွေးသင့်တော့ပါဘူးလေ။


"ဝိုင်းလေး...သွားနားတော့လေ..

အဖွားလည်းသက်သာနေပါပြီ.."


"အဲ့ဒါဆိုလည်းသမီးသွားနားတော့မယ်နော်

ကိုရီးယားကားတွေလည်း

လျှောက်ကြည့်မနေနဲ့တော့နော်...စောစောအိပ်.."


"ဟုတ်ကဲ့ပါဆရာမကြီးရဲ့..."


ဒီအိမ်မှာ ဆရာလုပ်လို့ရတာဆိုလို့ ဖွားဖွားနုတစ်ယောက်တည်းသာ ရှိနေ၍ဖွားဖွားနု၏

အနီးမှာသာ အမြဲနေပြီးပြုစုစောင့်ရှောက်ဖြစ်

လေသည်။


❤️❤️❤️❤️❤️❤️❤️


"ကြည်ကြည်..အဲ့ဒီ့မှာဘာထိုင်လုပ်နေတာလဲ.."


အိမ်ရှေ့တံခါးနားရှိ ခုံပေါ်မှာ

ထိုင်နေသောကြည်ကြည့်သည် မျက်နှာလေး

ရှုံ့မဲ့နေကာ စိတ်ညစ်ဟန်ပေါ်နေလေသည်။

ဝိုင်းလေးလည်း ကြည့်ကြည့်ဘေးနားသို့

သွားကာ ထိုင်လိုက်မိသည်။


"မျက်နှာလည်းမကောင်းပါလား..

ဘာဖြစ်လို့လဲ..."


"မမလေးချစ်သက်လျှာကို စောင့်နေတာလေ..."


"ဟုတ်လား..သူကဘယ်အချိန်ပြန်လာမှာတဲ့လဲ.."


"မသိပါဘူးမမဝိုင်းလေးရယ်..ပုံမှန်ဆိုရင်တောင်

ကိုးနာရီထိုးလောက်မှ အိမ်ကိုရောက်တတ်တာ.."


"အဲ့ဒါဆိုရင် ဘာလို့စောင့်နေသေးတာလဲ..

ဦးကြင်မောင်လည်းရှိသားပဲကို

သူ့ဟာသူခြံတံခါးဖွင့်ပေးမှာပေါ့.."


"မဟုတ်ဘူး..မမဝိုင်းလေးရဲ့..မမလေးသက်လျှာက

အိမ်ကိုပြန်ရောက်တာနဲ့ ညကြီးအချိန်မတော်

ဖြစ်နေလည်း ညစာစားလေ့ရှိတယ်လေ..

အန်တီခင်မြက သိပ်နေမကောင်းတော့

ကြည်ကြည်ပဲ လုပ်ပေးရမှာမို့ပါ.."


"ကြည်ကြည်ကလည်း...ဒေါ်အေးသန်းကို

ပြောလိုက်ပြီးရောကို..."


"အမယ်လေးမပြောရဲပါဘူး..ဒေါ်အေးသန်းကြီးများ

အပေါက်ကခပ်ဆိုးဆိုးရယ်..သူ့ကိုယ်သူ

ဒီအိမ်ကလူနဲ့အမျိုးတော်တယ်ဆိုပြီး

အမောက်ကထောင်ချင်နေတာ..

မခိုင်းရဲပါဘူး.."


"အင်း..ဒါဆိုလည်း..ဝိုင်းလေးပါကူစောင့်ပေးမယ်.."


"ဟာ..မလုပ်ပါနဲ့သူကဘယ်အချိန်ပြန်လာမလဲ

မသိပဲနဲ့..မမဝိုင်းလေးပင်ပန်းနေပါ့မယ်..."


"ရပါတယ်..ဝိုင်းလေးကဘာမှလုပ်စရာ

ထွေးထွေထူးထူးမှ မရှိတာ."


ကြည်ကြည်လည်း ဘယ်လိုမှပြောလို့မရတဲ့အဆုံး

လက်ခံလိုက်ရလေသည်။

နှစ်ယောက်သား ထိုင်စောင့်နေရင်းနှင့်

လက်ဖက်သုပ်တစ်ပွဲတောင်ကုန်သွားခဲ့ပေမဲ့

မချစ်သက်လျှာကတော့ ရောက်မလာသေးပေ။

မချစ်သက်လျှာဆိုတာ ကိုကြီးဟိန်းထက်သူရ၏

မိန်းမဖြစ်သည်။


ကိုကြီးဟိန်းထက်ကအသက်(၃၃)နှစ်ဖြစ်ပြီး

မချစ်သက်လျှာကအသက်(၃၀)ဖြစ်နေပေမဲ့

အခုထိ ကလေးတစ်ယောက်တောင် မရသေးပေ။

မသက်လျှာက ဆေးရုံမှာရာထူးကြီးထဲကလို့

သိရပြီး ညတိုင်းအိမ်ပြန်ချိန်ဆို နောက်ကျလေ့ရှိတယ်။ကိုကြီးဟိန်းထက်ကလည်း ထိုနည်း၎င်းပါပဲ။

လင်မယားနှစ်ယောက်လုံး အခုထိ

အိမ်ပြန်မလာကြသေးဘူး။

အချိန်က ကိုးနာရီထိုးနေလေပြီ။


"ကြည်ကြည်..နင့်အစ်မပြန်မလာသေးဘူးလား.."


‌ပြောပြောဆိုဆိုနှင့် ကိုကြီးဟိန်းထက်က

ပြန်ရောက်လာလေသည်။

ခြံထဲမှာကားကို ရပ်ထားလိုက်ပြီး

အိမ်ပေါ်သို့ တက်လာလာချင်းပဲ

သူ့မိန်းမအကြောင်းကို အရင်မေးလာသည်။

ကြည်ကြည်က ခေါင်းခါလိုက်တော့မျက်နှာက

သိသိသာသာကို မဲ့သွားပြီး ကြည်ကြည့်ဘေးမှာ

ရပ်နေသော ဝိုင်းလေးကိုသတိထားမိဟန်ဖြင့်

မျက်နှာအမူအရာကို ပြန်၍ပြင်လိုက်သည်။


"မေဝိုင်းလေးရော..ဒီအိမ်မှာနေရတာအဆင်ပြေရဲ့လား..."


အော်..တော်တော်လေးကို ဖော်ရွေပြီး

အလိုက်သိတာပဲ။

ဝိုင်းလေး ဒီအိမ်ကိုရောက်နေတာ

နှစ်လတောင်ရှိနေပေမဲ့ အခုမှပဲမေးဖော်ရတော့တယ်။‌ မင်းစက်အာဏာနဲ့ညီအစ်ကိုတော်မှန်း

ဒီအန်‌အေစစ်စရာတောင်မလိုဘူး။

နှစ်လပြည့်တဲ့နေ့မှာပဲ အ‌ရေးတယူနဲ့

စကားလာပြောဖော်ရသော ခဲအိုကြီးကို

မချိပြုံးလေး ပြုံးပြလိုက်ရင်း ခေါင်းသာညိမ့်ပြလိုက်သည်။


"အင်း..မင်းစက်ကလည်းထိုင်းမှာသူ့ပရောဂျက်ကို

စပြီး အကောင်အထည်ဖော်နေတော့ 

မသွားမဖြစ်လို့နေမှာပါ..တစ်ခုခုလိုအပ်ရင်

ကိုယ့်အစ်ကိုတစ်ယောက်လို သဘောထားပြီး

လာပြောပေါ့.."


"ဟုတ်ကဲ့..အခုလောလောဆယ်တော့

အားလုံးအဆင်ပြေပါတယ်ကိုကြီး.."


"အေးအေး..ကိုးနာရီလည်းကျော်နေပြီဆိုတော့

သူ့ကိုစောင့်ပေးမနေပါနဲ့တော့..စောစောအိပ်ကြ.."


ကိုကြီးကို ကြည့်ရတာနည်းနည်းလည်း မူးလာပုံပဲ။

ခြေလှမ်းတွေက ယိုင်နေလေသည်။

ရုပ်ရည်ကတော့ ညီအစ်ကိုနှစ်ယောက်လုံးက

တကယ့်စံထားလောက်အောင်ကို ချောကြတယ်။

ကိုယ့်ယောက်ျားမို့ အမွန်းတင်တာတော့မဟုတ်ပေမဲ့

မင်းစက်ဆိုတဲ့လူကြီးက ပါးရိုးကားပေမဲ့

မေးရိုးခပ်သွယ်သွယ်နဲ့ နှာတံကအစဖြောင့်စင်းနေပြီး တော်တော်လေးဆွဲဆောင်မှုရှိသည့်အထဲမှာ

ပါတယ်။သူတို့မောင်နှမသုံးယောက်ထဲမှာ

သူအချောဆုံးလို့ ဆိုရမယ်။

အကျင့်အပုပ်ဆုံးကလည်း သူပါပဲ။


"..ကိုကိုကြီးရဲ့မျက်နှာမဲ့သွားတာကို 

မမ၀ိုင်း‌လေးတွေ့လိုက်လား..."


"တွေ့လိုက်သားပဲ.."


"ကြည်ကြည့်အထင်တော့..ဒီနှစ်ယောက်

သိပ်ကြာကြာခံမယ်မထင်ဘူး..."


"ကြည်ကြည်အဲ့လိုမပြောရဘူးလေ..

သူများအိမ်ထောင်ရေးက ကိုယ်နဲ့မှမဆိုင်တာ

တော်ကြာသူတို့ကြားသွားလို့

အလုပ်ထုတ်ခံနေရအုံးမယ်..."


"အင်းပါမမ၀ိုင်း‌လေးရဲ့..."


ကြည်ကြည့်ကို ဆုံးမနေစဉ်မှာပဲ ခြံထဲသို့

တန်ဖိုးကြီး ပြိုင်ကားတစ်စီး၀င်လာလေသည်။

ပြိုင်းကားအရောင်သည် အနီရောင်လေးဖြစ်ပြီး

ကားပေါ်မှ ဆင်းလာသူမှာမချစ်သက်လျှာ

ဖြစ်လေသည်။

အသက်ကသာသုံးဆယ်ပြည့်ထားပေမဲ့

မျက်နှာလေးကတော့ နုလေသည်။

အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက်ကလှတဲ့အပြင်

မျက်နှာကလည်း မော်ချီနေတတ်တော့

သူနဲ့စကားတောင် မပြောရဲပေ။


"မမချစ်သက်လျှာ..ဒီနေ့နဲနဲနောက်ကျတယ်နော်.."


ဝိုင်းလေးလည်း သူနဲ့စကားပြောဖူးချင်တာကြောင့်

ဘယ်လိုစပြီး နှုတ်ဆက်ရမှန်းမသိတာနဲ့

ရယ်ပြီး နောက်ကျတဲ့အကြောင်းကို

ပြောလိုက်မိတော့ မျက်ထောက်နီကြီးနဲ့

စိတ်ဆိုးစွာကြည့်လာခဲ့သည်။

အနီရောင်ပြိုင်ကားနှင့် လိုက်ဖက်စွာ

အနီရောင် ဒေါက်ချွန်ချွန်ပါသည့် ဖိနပ်နှင့်

တဒေါက်ဒေါက် အသံမြည်သည်အထိ

ကြမ်းပြင်းကို နင်းလျှောက်လာပြီး

ဝိုင်းလေးနှင့် နီးကပ်စွာရပ်လိုက်သည်။


"နောက်ကျတယ်ဆိုတာ..အလုပ်ရှိလို့နောက်ကျတာ

အလုပ်လုပ်တယ်ဆိုတာ

ကိုယ်စီးတဲ့ဖိနပ်..ကိုယ်ကိုင်တဲ့အိတ်နဲ့

ကိုယ်မောင်းတဲ့ကားကို..ကိုယ်ရှာတဲ့

ပိုက်ဆံနဲ့ ကိုယ်တိုင်၀ယ်ချင်လို့ပဲ..

တို့က အိမ်ထောင်စုဇယားမှာတောင်

မှီခိုလို့ ထည့်ရေးခံရရင်သိပ်စိတ်ဆိုးတာ

တို့ဘာသာတို့..နောက်ကျချင်ကျမယ်..

စောချင်စောမယ်..မင်းလိုမျိုး

အိမ်မှာပဲ အလကားထိုင်နေတဲ့လူမျိုးက

လာဝေဖန်စရာမလိုဘူး..

ခေါင်းထဲမှာမြဲမြဲမှတ်ထား.."


ဝိုင်းလေးကို အထင်အမြင်သေးစွာကြည့်လာပြီး

မျက်နှာတည့်တည့်ကို လက်ညှိုးငေါက်ငေါက်

ထိုးကာ ဆော်ကားလာသောကြောင့် 

ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းများ

ထလောက်အောင်အထိ မခံချင်စိတ်များ

စိမ့်တက်လာခဲ့သည်။


မျက်၀န်းညိုလေးများဟာ တုန်ရီလာခဲ့ပြီး

လှိုက်တက်လာသော ဒေါသမျက်ရည်တွေကို

မကျလာအောင် ဖြည်သိမ့်နေရသည်။

သူဟာ ဝိုင်းလေးထက်အသက်ခုနှနှစ်တောင်မှ

ကြီးသူတစ်ယောက်ဖြစ်ပြီး မစာမနာပြောရက်လိုက်တာ။လူကိုလည်း မှိုချိုးမျှစ်ချိုးပြောလိုက်တာများ

မသိရင် ဝိုင်းလေးကဘာမှအသုံးမကျတဲ့

လူပိုကြီးလိုပဲ။


"အစ်မဘာလို့ ရန်လိုတဲ့စကားတွေ

ပြောနေရတာလဲ..ဘာကြောင့်ဒီလိုတွေ

လာပြောနေရတာလဲ.."


"နင်သိလား..ကိုဟိန်းထက်ကတို့ကိုဘယ်လိုမျိုး

ခမ်းခမ်းနားနားနဲ့လက်ထပ်ယူခဲ့သလဲဆိုတာ..

မင်္ဂလာပွဲကိုလည်း တို့စိတ်ကြိုက်စီမံခွင့်ရခဲ့တဲ့အပြင် တို့ရဲ့မင်္ဂလာပွဲကိုတက်ခဲ့တဲ့လူတွေကအစ

လူဂုဏ်ထန်အသိုင်းအဝိုင်းကလူတွေကြီးပဲ..

ဒီအိမ်ကလူတွေတင်မကဘူး..နိုင်ငံခြားက

သူ့ဆွေမျိုးတွေကပါ အကုန်ပွဲလာတက်ပေးရတဲ့အထိ..တန်ဖိုးထားခံရတဲ့တို့လိုလူက

ဘုန်းကြီးကျောင်းမှာ ဖြစ်သလို

လက်ထပ်ယူခံရတဲ့ နင့်လိုမိန်းမမျိုးနဲ့

ဘယ်လောက် အဆင့်ကွာသလဲဆိုတာ

သိအောင်လို့ပြောပြတာ..

ယောက်ျားကတောင်အဖက်မလုပ်ချင်လို့

ပြစ်ထားခံရတဲ့ နင့်လိုလူက

ရာရာစစငါ့ကိုလာဝေဖန်လို့ပြောတာ..ရှင်းလား..."


"ချစ်သက်လျှာ..နင်ဘယ်လိုစကားတွေ

ပြောနေတာလဲ..."


ခပ်လှမ်းလှမ်းကနေ အော်ပြောလိုက်သောသူမှာ

ကိုမင်းစက်၏အစ်မ အိမ့်ချစ်မှူးဝေဖြစ်နေလေသည်။ကိုယ့်ခယ်မကို တွေ့တာတောင်

ချစ်သက်လျှာဟာ မျက်နှာကျောလုံး၀မလျော့ပဲ

ခပ်မဲ့မဲ့နဲ့ လက်ပိုက်လိုက်သောကြောင့်

ကြည်အေးကတောင် အံ့ဩသွားလေ‌သည်။

ယောင်းမနဲ့ခယ်မပေမဲ့ တော်ရုံမျက်နှာချင်း

မဆိုင်တတ်သော သူတို့နှစ်ဦးဟာ

ထိပ်တိုက်တွေ့တိုင်းလည်း တစ်ခါမှမတည့်ကြပေ။


"ငါ့ဘာသာဘယ်လို စကားကိုပြောပြော

ဒါငါ့ကိစ္စပါ..နင်နဲ့မဆိုင်ဘူး.."


"ဘာလို့မဆိုင်ရမှာလဲ..မေဝိုင်းလေးက

ငါ့မောင်ရဲ့မိန်းမဖြစ်တဲ့အတွက်

ငါ့ညီမလေးလိုပဲ ငါသဘောထားတယ်..

အေး..သူ့ကိုထိလာရင်လည်း..

အစ်မတစ်ယောက်အနေနဲ့...ငါလုံး၀သည်းခံမှာ

မဟုတ်ဘူး..."


"အဲ့ဒါငါကဘာလုပ်ရမှာလဲ..."


"နင်ဘာလုပ်ရမလဲဆိုတာကိုမသိရင်

တစ်ခါတည်းပြောလိုက်မယ်..

မေဝိုင်းလေးက..မင်းစက်အာဏာရဲ့မိန်းမ..

ဒီအိမ်ရဲ့တရား၀င်ချွေးမတစ်ယောက်ပဲ..

နင့်ဘာသာ ဆရာ၀န်မကလို့..ဘာကြီးပဲဖြစ်နေနေ

သူ့ကိုလာစော်ကားပိုင်ခွင့်မရှိဘူး..

နောက်နောင် စကားနဲ့ဖြစ်ဖြစ်၊လုပ်ရပ်နဲ့ဖြစ်ဖြစ်

မေဝိုင်းလေးကို မထိပါးမိစေနဲ့

နင်လုပ်ရမှာက အဲ့ဒါပဲ..."


"တောက်!!!အရေးမပါတာတွေ..

ရွံ့လူးနေတဲ့ခွက်ကို ဘုရားခန်းမှာ

သောက်တော်ရေခွက်အဖြစ် ထားချင်နေလည်း သဘောပဲ....ဒါပေမဲ့ငါနဲ့တော့

လာမပတ်သတ်စေနဲ့..."


ချစ်သက်လျှာကတော့ မေဝိုင်းလေးကို

ချိုးနှိမ်စွာပြောခဲ့ပြီးနောက် မျက်နှာခပ်မဲ့မဲ့ဖြင့်ပင်

အိမ်အပေါ်ထပ်သို့ တပ်သွားလေတော့သည်။

မေဝိုင်းလေးကတော့ လက်နှစ်ဖက်ကို

ကျစ်ကျစ်ပါအောင် ဆုပ်ထားလျှက်နှင့်ပင်

နေရာမှာ ငူငူကြီးရပ်နေမိသည်မှာ ကြည်အေးနှင့်

အိမ်ချစ်မှူးဝေတို့ တစ်ယောက်တလှည့်ဆီ

သူ့ကို ခေါ်နေကြပေမဲ့ ကြားတစ်ချက်၊

မကြားတစ်ချက်ဖြစ်၍ နေသည်။


"မေဝိုင်းလေး..အဆင်ပြေရဲ့လား.."


ဒီတစ်ခါမှာတော့ ခန္ဓာကိုယ်ကိုလှုပ်ပြီး

အမေးခံလိုက်ရ၍ မမမှူးကိုကြည့်ကာ

ခေါင်းငြိမ့်ပြလိုက်မိလေသည်။


"ညီမကို ကူညီပေးလို့ကျေးဇူးတင်ပါတယ်နော်

အစ်မသာ ၀င်မပြောပေးရင်ညီမပိုပြီး

အပြောခံရမှာ..."


"အပြောခံရတော့ရော..ဘာဖြစ်လဲ..

ပြန်ပြီးရန်တွေ့ပြစ်ပေါ့..တို့မိသားစုမှာ

မင်းစက်အာဏာရဲ့ အခန်းကဏ္ဍက

ဘယ်လောက်အထိ အရေးပါအရာရောက်လဲဆိုတာ

မေဝိုင်းလေး သိထားသင့်တယ်..

မင်းစက်အာဏာသာ သူ့မိန်းမက

သူများပြောသမျှကို ငြိမ်ခံနေမှန်းသိရင်

ဆွေးဆွေ့ခုန်နေလောက်ပြီ..

တစ်ခုတော့ ပြောချင်တယ်..ဒီအိမ်မှာ

မင်းပိုင်တဲ့ ယောက်ျားကလွဲပြီး တို့အပါအ၀င်

ဘယ်သူ့ကိုမှ အလွယ်တကူပစ်မယုံလိုက်နဲ့

အားလုံးမှာ မျက်နှာဖုံးကိုယ်ဆီရှိတယ်...

တို့ဒီနေ့အိမ်မှာ မအိပ်ဖြစ်ဘူး..

သွားပြီနော်.."


ဆံပင်ဂုတ်ထောက်လေးနှင့်  ယောက်ျားဆန်ဆန်

၀တ်စားဆင်ယင်ထားသော အိမ်ချစ်မှူးဝေသည်လည်း သူပြောချင်ရာကိုပြောကာ ထွက်သွားခဲ့လေသည်။ဝိုင်းလေးမှာသာ နေရာ၌ တောင့်တောင့်ကြီး

ရပ်၍ ကျန်ခဲ့ရလေသည်။


"မင်းပိုင်တဲ့ ယောက်ျားကလွဲပြီး တို့အပါအ၀င်

ဘယ်သူ့ကိုမှ အလွယ်တကူ ပစ်မယုံလိုက်နဲ့တဲ့.."


"အဟွန်း..."


အသံထွက်အောင်အထိ ရယ်လိုက်မိသည်။

အဲ့ဒီ့ယောက်ျားကိုလည်း ဝိုင်းလေးမပိုင်ပါဘူး။

မင်္ဂလာဆောင်ပြီးလို့ အချိန်နှစ်လလောက်

ကြာသွားခဲ့ပေမဲ့ ခဏသာတွေ့ခဲ့ရတဲ့အပြင်

စာမလာ၊သတင်းမပါးပဲ ဝိုင်းလေးကို

မေ့ထားခဲ့တယ်။

ဒီလောကကြီးထဲမှာ ဝိုင်းလေးရဲ့ခံစားချက်ကို

ဂရုစိုက်ပေးမဲ့သူ မရှိတော့ဘူးထင်ပါတယ်။


"မမ...မမငိုနေတာလား...မငိုပါနဲ့မမရယ်"


မေဝိုင်းလေးငိုနေမိလေသည်။ပါးပြင်တစ်ခုလုံး

မျက်ရည်များ ရွှဲနစ်သွားသည်အထိ ငိုနေမိ၍

ကြည်ကြည်တစ်ယောက် ဘယ်လိုချော့ရမှန်းမသိတော့ပေ။


"ကြည်ကြည်..အစ်မသွားအိပ်တော့မယ်နော်.."


ကြည်ကြည့်ကို ကျောခိုင်းခဲ့ပြီး 

အိပ်ခန်းဆီသို့ရောက်‌သည်အထိ 

လေ့လံနေသောခြေထောက်တွေကို

မနည်းသယ်ယူခဲ့ရသည်။တစ်ကိုယ်လုံးဟာ

လေးလံ ထုံထိုင်းနေပြီး ရင်ထဲမှာ

စကားလုံး‌ပေါင်းများစွာကိုသာ ရေရွတ်နေမိသည်။

"မပျော်ဘူး..ဝိုင်းလေးဒီအိမ်မှာနေရတာ

လုံး၀မပျော်ရွှင်ဘူး..

ဝိုင်းလေးကို တန်ဖိုးမဲ့ပစ္စည်းတစ်ခုလိုမျိုး

စွပ်စွဲပြောဆိုနေတဲ့ စကားသံတွေကို

သိပ်မုန်းတယ်.."


အခန်းထဲသို့ ၀င်လိုက်ပြီးလသာ‌ဆောင်တံခါးကို

ဖွင့်လိုက်သည့်အခါမှာတော့

လ၏အလင်းရောင်သည် မေဝိုင်းလေး၏

ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ရုတ်တရက်ဆိုသလို ဝိုင်းစက်နေသော

လမင်းကြီးသည် တိမ်တွေ၏နောက်မှ

ပြန်လည်ထွက်ပေါ်လာတာကို

မြင်လိုက်ရသောအခါမှာတော့...


"ဒီနေ့ကလပြည့်နေ့လား..."


ဝိုင်းလေး၏ မျက်၀န်းများသည် လပြည့်၀န်းကြီး

တည့်တည့်ကို မျက်တောင်မခတ်တမ်း

စိုက်ကြည့်နေမိစဉ်မှာပဲ

အိပ်ယာဘေးနားတွင် ထွန်းထားသည့်

တစ်ခုတည်းသော မီးအိမ်လေးသည်

လင်းတစ်ချက် မလင်းတစ်ချက်ဖြစ်လာခဲ့လေသည်။


"အခန်းမီး..အခန်းမီး‌တွေကိုဖွင့်ရမယ်..."


အဖွား၏အခန်းထဲသို့ သွားသည့်အချိန်မှာ

အခန်းမီးတွေကို ပိတ်ထားခဲ့မိသည်။

ထို့ကြောင့် အခန်းမီးတွေကိုဖွင့်ဖို့

အိပ်ခန်းတံခါး၀အနားသို့ သွားရန်ပြင်လိုက်စဉ်မှာ

မီးအိမ်၏အလင်းရောင်သည် လုံး၀ကို

ပြန်လင်းမလာတော့ပဲ အခန်းတစ်ခုလုံးဟာ

အမှောင်အတိ ကျသွားခဲ့လေသည်။


"အာ့..."


အမှောင်ထဲ၌ စမ်း၍လျှောက်နေမိစဉ်မှာပဲ

ကုတင်စွန်းနှင့်တိုက်မိပြီး

၀မ်းလျှားမှောက်လုမတတ်

လဲကျသွားလေတော့သည်။

ပြန်ရုန်းထလိုက်စဉ်မှာ ကျောထဲ၌အေးစိမ့်သော

ခံစားချက်ကြီး ပေါ်လာမိ၍လသာဆောင်ဘက်သို့

အထိတ်တလန့် ပြန်၍လှည့်ကြည့်လိုက်မိသောအခါ

ချောက်ချားစရာ လပြည့်၀န်းကြီးသည်

ဝိုင်းလေး၏ စိတ်ဝိဉာဉ်တွေကို ဆွဲနှုတ်ယူတော့

မည့် ကြောက်စရာသတ္တဝါကြီးလို

ပြောင်းလဲသွားခဲ့သည်။

အရိပ်မဲကြီးတစ်ခုက ဝိုင်းလေးဆီကို

လှမ်းလာနေသလိုပဲ..။


"အား!!!!!"


အသံနက်ကြီးဖြင့် အော်လိုက်မိပေမဲ့ အသံလုံ

အခန်းဖြစ်၍ ကယ်မည့်သူများမလာခဲ့ပေ။

ဝိုင်းလေးအတွက်တော့ အမှောင်ထုထဲမှာ

ဦးတည်ရာမဲ့ ပြေးလွှားနေရသလိုပါပဲ။


"မလုပ်နဲ့..."


"အမေရေ..သမီးကြောက်တယ်.."


"အမေ့သမီးကိုလာကယ်ပါ.."


ကြမ်းပြင်ပေါ်၌ ၀မ်းလျှားမှောက်၍

တွားသွားနေမိကာ တစ်ကိုယ်လုံး

တုန်ယင်လာလေသည်။

လပြည့်နေ့တွေတိုင်းမှာ ဒီဝေဒနာတွေ၊

ဒီထိတ်လန့်မှုတွေ၊ဒီအကြောက်တရားတွေဟာ

ပြန်ပေါ်လာတတ်ပေမဲ့ ယခုအခါမှာ

ပို၍ ကြောက်ရွံ့နေမိသည်။


ကူကယ်မည့်သူမရှိဘူး။

မှောင်မိုက်ပြီး အေးစက်တဲ့နေရာတစ်ခုမှာ..။

ပြီးတော့ ရက်ရက်စက်စက်တောက်ပလွန်းနေသော

လမင်း...။


"မလုပ်နဲ့!!!!"


အရိပ်မဲကြီးတစ်ခုသည် ဝိုင်းလေး၏

ခြေထောက်တွေကို လာ၍ဆွဲနေသည်ဟု

ခံစားလိုက်ရပြီးနောက် ထိုအရိပ်မဲကြီး၏

ဖုံးလွှမ်းမှုနှင့်အတူ တစ်ကိုယ်လုံး

လေးလံလာကာ အားအင်တွေ

ကုန်ခမ်းသွားခဲ့လေသည်။


တွန်းကန်ရုံးထွက်နေမိပေမဲ့ တစ်ယောက်ယောက်က

လည်ပင်းကို လာညစ်နေသည်ဟု

ခံစားလိုက်ရကာ စကားသံတွေတောင်

မထွက်နိုင်တော့ပဲ မျက်ရည်များကိုသာ

အဖော်ပြုရင်းနှင့် ထိုကြမ်းပြင်ပေါ်တွင်ပဲ

သတိလစ်သွားခဲ့လေသည်။


အခန်း(၈)ဆက်ရန်....


စာရေးသူ..ဆောင်းငွေ့ဝေ


❤️❤️❤️❤️❤️❤️❤️❤️

(စိတ်ဒဏ်ရာတစ်ခုက

လွယ်လွယ်နဲ့ မပျောက်ဘူးနော်.

ဝိုင်းလေးဘယ်လိုကြုံတွေ့ခဲ့ရတာဖြစ်မလဲ)


ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို

ကျေးဇူးအထူး တင်ရှိပါတယ်..

=========================================================================


အခန္း၇
             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘

"သက္သာရဲ့လားဖြားဖြားႏု..."

"အင္းသက္သာပါတယ္ဝိုင္းေလးရယ္..
အစကလက္ေတြေတာ္ေတာ္ကိုက္ေနတာ
ဝိုင္းေလးရဲ့ လိမ္းေဆးနဲ႔ႏိွပ္လိုက္ေတာ့မွပဲ
ေတာ္ေတာ္သက္သာသြားတယ္..."

ညဘက္အဖြားဆီမွာဇာတ္ကားအတူလာၾကၫ့္ရင္း
 အဖြားကလက္ေတြကိုက္တယ္ဟုဆိုလာသည္။
ေမေမတို႔ဆီကို သြားလည္ေသာအခါက
လိမ္းရေအာင္လို႔ ယူလာခဲ့ေသာအကိုက္အခဲေပ်ာက္ေဆးအရည္ကို  လိမ္းေပးရင္းအက်အန
ထိုင္ႏိွပ္ေပးေနမိသည္မွာ ညရွစ္နာရီေတာင္
ထိုးေနေလၿပီ။

"ဒါကဝိုင္းေလးတို႔အိမ္မွာ အဖြားကိုယ္တိုင္
စပ္ထားတဲ့ ေဆးေလ..ေရွာက္ဘီလူးသီးလည္း
ပါတယ္...ေလငန္းသမားေတြအတြက္လည္း
အရမ္းေကာင္းတယ္...ဝိုင္းေလးတို႔လမ္းထဲက
အေဒၚႀကီးတစ္ေယာက္ဆို ေလျဖန္းၿပီးေတာ့
ႏႈတ္ခမ္းႀကီး ရဲြ႔ရဲြ႔သြားတာ..ဒီေဆးေလးလိမ္းၿပီး
သံပုရာသီးနဲ႔ တိုက္ေပးလိုက္တာ..
အဲ့ဒီ့ရဲြ႔ေနတဲ့ ႏႈတ္ခမ္းႀကီးကျပန္တၫ့္သြားေရာ"

"အင္း..ဒါေၾကာင့္မို႔ေရွာက္သီးနံ႔ေလးရေနတာကို
မိစံကေလ..အဲ့လိုေဆးေဖာ္တာတို႔..
ႏိွပ္တာတို႔ဆိုအရမ္းေတာ္တာ.."

"ဟုတ္တယ္ဖြားဖြားႏုရဲ့....မႏၲေလးမွာဆိုရင္
ကိုယ္၀န္သည္ေတြက အဖြားဆီကိုအႏိွပ္ခံဖို႔
ခဏခဏလာၾကတယ္..အဖြားကအေၾကာေတြ
ဘာေတြလည္း နားလည္တယ္ေလ.
အိမ္နီးနားခ်င္းေတြကလည္း..ေဆးရံုေဆးခန္း
သြားခ်င္ရင္ေတာင္ အဖြားကိုအၿမဲ
လာေခၚၾကတယ္.."

"မိစံက အရမ္းကူညီတတ္တာပါကြယ္...
ငါ့ေျမးမသိလို႔..တကၠသိုလ္မွာ..
အတန္းထဲကေကာင္မေလးတစ္ေယာက္
ေသြးအားနည္းၿပီး ေမ့လဲသြားေတာ့..
ေဆးရံုေရာက္တဲ့အထိ လိုက္သြားၿပီး
ေသြးပါလႉခဲ့ေသးတာ..သူငယ္ခ်င္းေတြအေပၚလည္း
အနစ္နာခံၿပီး ကူညီတတ္လြန္းလို႔
ဖြားႏုကေတာ့ သူ႔ကိုအရမ္းခ်စ္တာပဲ...
ေျပာရင္းနဲ႔ေတာင္ တကၠသိုလ္ကအေၾကာင္းေတြကို
သတိရလာၿပီ.."

ဖြားဖြားႏုက စကားေျပာေနရင္းႏွင့္
မ်က္ရည္ကဝဲလာေလသည္။
အသက္ႀကီးတဲ့လူေတြဟာ အထီးက်န္လာရင္
ပိုၿပီး ၀မ္းနည္းတတ္ၾကတယ္။
ဒီအိမ္က ဖြားဖြားႏုကပိုဆိုးတာေပါ့။

အိမ္ထဲကေန ၿခံျပင္ကိုေတာင္ ေကာင္းေကာင္း
လမ္းမေလ်ွာက္ႏိုင္တဲ့ၾကားက
မိသားစု၀င္ေတြထဲမွာလည္း ‌အန္တီရတနာကလဲြၿပီး
က်န္သူေတြက မသိသလိုပဲေနတတ္ၾကတယ္။
အန္တီရတနာကလည္း အလုပ္နားတဲ့
အခ်ိန္ေလာက္ေလးပဲ လာႏႈတ္ဆက္ၿပီး
ေမးတတ္တာပါ။မ်ားေသာအားျဖင့္
အိမ္အကူေတြနဲ႔ပဲ အဖြားကိုျပစ္ထားတတ္တယ္။
ဖြားဖြားႏုက အရမ္းသနားဖို႔ေကာင္းတာပဲ။

"ဒါနဲ႔ ဝိုင္းေလးမွာေရာတကၠသိုလ္တုန္းက
အမွတ္တရေတြမရိွဘူးလား..
ေက်ာင္းၿပီးထားတာလည္း သိပ္ၾကာေသးမွာ
မဟုတ္ဘူး.."

"အမွတ္တရကေတာ့ အင္းေလးကိုသြားရင္းနဲ႔
ေရနစ္တဲ့ကိစၥပါပဲ..."

"ဟယ္..ေရနစ္တယ္..ဘယ္လိုျဖစ္လို႔လဲ.."

"သူငယ္ခ်င္းေတြ စုၿပီးအင္းေလးကို
‌စက္ေလွငွားၿပီးသြားေတာ့ ေလွအေကြ့မွာစက္ေလွခ်င္း ခ်ိတ္မိရာကေနေရနစ္တာပါ..ေရေပၚတဲထဲမွာ
လူေတြရိွေတာ့ ေတြ့သြားၿပီးဆင္းကယ္လို႔သာ
အသက္မေသတာ.."

"အမယ္ေလး..ကံသီေပလို႔ေပါ့..ဒါဆိုဝိုင္းေလးက
ေရမကူးတတ္ဘူးေပါ့.."

"ေရကူးကန္မွာေတာ့ သင္ထားတာပဲ
ေရနက္ရင္ေတာ့မကူးရဲဘူး..."

"အင္း..မျဖစ္ဘူး..ကိုစက္ျပန္လာရင္..
ေရကူးသင္ခိုင္းရမယ္..."

"ထားလိုက္ပါအဖြားရယ္..သူလည္း
သူ႔အလုပ္နဲ႔သူရႈပ္ေနတဲ့ဥစၥာ..."

မင္းစက္အာဏာ၏ အေၾကာင္းကိုေျပာလိုက္သည္ႏွင့္ မ်က္ႏွာမေကာင္းေတာ့သၫ့္
ဝိုင္းေလးကိုၾကၫ့္ၿပီး
ေဒၚႏုယဉ္လည္း သက္ျပင္းခ်လိုက္မိေလသည္။
ေကာင္းမယ္ထင္လို႔ စီစဉ္လိုက္ေပမဲ့
ကိုယ့္ေျမးရဲ့ မထီမဲ့ျမင္ျပဳမူပံုက
တစ္ဖက္မိန္းကေလးအေပၚမွာ အရမ္းရက္စက္လြန္းေနတယ္။

သူမ်ားသားသမီးကို
အိမ္ေပၚေခၚတင္ၿပီး ေစာ္ကားလိုက္သလိုပဲ။
ကိုယ္ေတာ့ သိပ္ရွက္မိတယ္။ေမဝိုင္းေလးက
သူ႔မိသားစုကိုသာ ျပန္ေျပာမယ္ဆိုရင္
သူငယ္ခ်င္းမိမိစံက စိတ္ဆိုးမွာေသခ်ာတယ္။
အခုဆို အိမ္ကိုဖုန္းေတာင္တစ္ခ်က္မဆက္ပဲ
ကိုစက္တစ္ေယာက္
ခရီးထြက္သြားတာ ႏွစ္လျပၫ့္ေတာ့မည္။
တစ္‌ေယာက္နဲ႔တစ္ေယာက္ စိမ္းေနေသးတယ္
ဆိုရင္ေတာင္ မဂၤလာေဆာင္ၿပီး ျပစ္ထားလိုက္သလိုလုပ္တာေတာ့ သိပ္ကိုရိုင္းလြန္းတယ္..။

"ဒါနဲ႔ ဝိုင္းေလးကရည္းစားေတြဘာေတြ
မထားခဲ့ဖူးဘူးလား..."

"မထားခဲ့ဖူးပါဘူးအဖြားရယ္.."

"ဒါဆို..ကိုစက္ကဝိုင္းေလးအတြက္
ပထမဆံုးလူေပါ့..."

"အဲ့လိုပဲေပါ့..."

အဖြားကိုေခါင္းညိမ့္ျပလိုက္ရေပမဲ့
စိတ္ထဲမွာေတာ့ အတိတ္ကလူတစ္ေယာက္ကို
လြမ္းသလိုလိုေတာ့ ျဖစ္လာေလသည္။
ရည္းစားေတာ့ မထားခဲ့ဖူးေပမဲ့
တစ္ဖက္သတ္ သေဘာက်ခဲ့ရသူေတာ့ ရိွခဲ့တယ္။
သူကဝိုင္း‌ေလးထက္ ေလးႏွစ္ႀကီးၿပီး
နာမည္ကအစႏူးညံ့‌လြန္းသူျဖစ္သည္။

ကၽြန္းေတာထဲကို လာလာၿပီးတေယာတီးတတ္တဲ့
သူ႔ရဲ့ ပံုသ႑န္ေလးကိုအခုထိအမွတ္ရေနတုန္းပဲ။
အျဖဴေရာင္ ရွပ္လက္ရွည္နဲ႔အျဖဴေရာင္
ဂ်င္းေဘာင္းဘီေလးကို ၀တ္ထားတတ္တဲ့သူဟာ
တေယာသံစဉ္ေတြအေပၚမွာ စီးေမ်ာၿပီး
မ်က္လႊာေလးခ်ထားတတ္တဲ့ပံုရိပ္ေလးကအစ
အရမ္းေအးခ်မ္းတာပဲ။

ႃပံုးလိုက္တဲ့အခါ ေဆာင္းညရဲ့အိပ္မက္ေလး
တစ္ခုလို ေအးခ်မ္းလြန္းသူျဖစ္သည္။
အရပ္ရွည္ရွည္ ဆံပင္ဂုတ္ေထာက္ေလးနဲ႔ျဖစ္ကာ
အသားကလည္း ျဖဴေဖြးေနၿပီးမ်က္နာက်
ခပ္သြယ္သြယ္ႏွင့္ အလြန္ေခ်ာေလသည္။
"ဝိုင္းဝိုင္းလို႔.."ေခၚတတ္တဲ့အသံေလးကအစ
ေလျပည္နဲ႔အတူ သစ္ရြက္စိမ္းေလးလႊင့္လာသလို
တိုးတိုးၫွင္ၫွင္ေလး..။
သူ႔နာမည္က...ေနြဦးေလျပည္တဲ့...

နာမည္နဲ႔လိုက္ေအာင္ကို ေနြဦးမွာတိုက္ခတ္တဲ့
ေလျပည္ေလးလို သူ႔ေဘးနားကိုေရာက္သြားရင္
အလိုလို ေနြးေထြးလံုႃခံုသြားေစခဲ့တယ္။
ကိုဦးက အဆင့္အတန္းလည္းမခဲြတတ္ဘူး။
မင္းစက္အာဏာလို ကေလာကိုလာတဲ့
အခ်ိန္ေတြတိုင္းမွာ ဝိုင္းေလးကိုငိုေအာင္လုပ္ၿပီး
မမနဲ႔ပဲ ေဆာ့တတ္တဲ့လူမဟုတ္ဘူး။
ဦးက ဝိုင္းေလးကိုဆိုအၿမဲအႏိုင္ယူၿပီး
ဗိုလ္က်တတ္တဲ့ မမထိပ္ထားကို
သိပ္ၾကၫ့္မရခဲ့ေပ။

ကိုဦးက ပန္းခ်ီလည္းဆဲြတတ္ေသးတယ္။
ကိုဦးေပးလိုက္တဲ့ ပန္းခ်ီးကားခ်ပ္ေလးကို
မမထိပ္ထားက ဆဲြလုရင္းၿပဲသြားခဲ့လို႔ဆိုၿပီး
ဝိုင္းေလးရဲ့ ပံုတူပန္းခ်ီေလးကိုအမွတ္တရ
ဆဲြေပးခဲ့ဖူးတယ္။

"ကိုဦးက..လူပံုေတြကိုဆဲြရတာမႀကိဳက္ဘူး
ဒါေပမဲ့ ဝိုင္းဝိုင္းကခၽြင္းခ်က္ပဲ.."ဟု 
သူတစ္ပါးစိတ္ေက်နပ္ေအာင္လည္း ေျပာတတ္ပါေသးတယ္။
တရုတ္မွာ အႏုပညာေက်ာင္းသြားတက္မလို႔ဆိုၿပီးကိုဦးလာႏႈတ္ဆက္တဲ့ေန့ကဆို ဝိုင္းေလးမွာ
ငိုလိုက္ရတာ ရင္ဘတ္ေတြေတာင္ ေအာင့္တယ္။

"မငိုပါနဲ႔ဝိုင္းဝိုင္းရယ္..ကိုၪီး‌ေအာင္ျမင္တဲ့တစ္ေန့
ပရိတ္သတ္ေတြအမ်ားႀကီးရိွတဲ့ ပဲြခင္းထဲအထိ
ဝိုင္းဝိုင္းကို ေခၚသြားေပးမယ္ေနာ္..."

"တကယ္လားကိုဦး..ေအာင္ျမင္ရင္သာ
ဝိုင္းေလးကို မေမ့နဲ႔ေနာ္.."

"မေမ့ပါဘူးဗ်ာ..."

ထိုေန့က အေမေပးထားခဲ့ေသာ
ပရိတ္ႀကိဳးအနီေရာင္ေလးကို လက္ေဆာင္အျဖစ္ ကိုဦးရဲ့ လက္‌ကေလးမွာ ပတ္ေပးလိုက္မိတယ္။
ထိုအခ်ိန္တုန္းက ဝိုင္းေလးဟာဆက္ေက်ာ္သက္အရြယ္ေလးသာရိွေသးၿပီး တစ္မိသားစုလံုး
မႏၲေလးကို ေျပာင္းသြားခဲ့ၿပီးၾကေပမဲ့
မႏၲေလးကေနအမ်ိဳးေတြရိွတဲ့ ကေလာကိုေက်ာင္းပိတ္ရက္မွာ
အလည္ျပန္လာရင္းႏွင့္ ကိုဦးနဲ႔ေတြ့ဆံုခဲ့ရတာေပါ့။

အသက္ဆယ့္ငါးႏွစ္ဆိုတဲ့ အရြယ္ေလးမွာ
ဆယ့္ကိုးႏွစ္အရြယ္ ေကာင္ေလးကို
ခ်စ္မိခဲ့သလားေတာ့ မေရရာေပမဲ့။
သူနဲ႔အတူ ရိွေနခဲ့တဲ့အခ်ိန္ေလးေတြကို
ဘယ္တုန္းကမွ ေမ့မရခဲ့တာေတာ့အမွန္ပါပဲ။
ကိုယ္ဦးနဲ႔အတူရိွေနရရင္ ေပ်ာ္စရာေကာင္းၿပီး
လူကို ႏူးညံ့စြာဆက္ဆံတတ္တဲ့ သူ႔အျပဳအမူ
ေလးေတြက အရမ္းသေဘာက်ဖို႔ေကာင္းတယ္။

သူ႔သီခ်င္းေခြေတြကို ဝိုင္းေလး၀ယ္စုတတ္ေပမဲ့
သူကေတာ့ အခုဆိုဝိုင္းေလးကိုေတာင္
ေမ့ေလာက္ေရာေပါ့။
အိမ္ေထာင္သည္ျဖစ္သြားၿပီဆိုေတာ့
ဝိုင္းေလးလည္းဆက္ၿပီး မေတြးသင့္ေတာ့ပါဘူးေလ။

"ဝိုင္းေလး...သြားနားေတာ့ေလ..
အဖြားလည္းသက္သာေနပါၿပီ.."

"အဲ့ဒါဆိုလည္းသမီးသြားနားေတာ့မယ္ေနာ္
ကိုရီးယားကားေတြလည္း
ေလ်ွာက္ၾကၫ့္မေနနဲ႔ေတာ့ေနာ္...ေစာေစာအိပ္.."

"ဟုတ္ကဲ့ပါဆရာမႀကီးရဲ့..."

ဒီအိမ္မွာ ဆရာလုပ္လို႔ရတာဆိုလို႔ ဖြားဖြားႏုတစ္ေယာက္တည္းသာ ရိွေန၍ဖြားဖြားႏု၏
အနီးမွာသာ အၿမဲေနၿပီးျပဳစုေစာင့္ေရွာက္ျဖစ္
ေလသည္။

❤️❤️❤️❤️❤️❤️❤️

"ၾကည္ၾကည္..အဲ့ဒီ့မွာဘာထိုင္လုပ္ေနတာလဲ.."

အိမ္ေရ႔ွတံခါးနားရိွ ခံုေပၚမွာ
ထိုင္ေနေသာၾကည္ၾကၫ့္သည္ မ်က္ႏွာေလး
ရႈံ႔မဲ့ေနကာ စိတ္ညစ္ဟန္ေပၚေနေလသည္။
ဝိုင္းေလးလည္း ၾကၫ့္ၾကၫ့္ေဘးနားသို႔
သြားကာ ထိုင္လိုက္မိသည္။

"မ်က္ႏွာလည္းမေကာင္းပါလား..
ဘာျဖစ္လို႔လဲ..."

"မမေလးခ်စ္သက္လ်ွာကို ေစာင့္ေနတာေလ..."

"ဟုတ္လား..သူကဘယ္အခ်ိန္ျပန္လာမွာတဲ့လဲ.."

"မသိပါဘူးမမဝိုင္းေလးရယ္..ပံုမွန္ဆိုရင္ေတာင္
ကိုးနာရီထိုးေလာက္မွ အိမ္ကိုေရာက္တတ္တာ.."

"အဲ့ဒါဆိုရင္ ဘာလို႔ေစာင့္ေနေသးတာလဲ..
ဦးၾကင္ေမာင္လည္းရိွသားပဲကို
သူ႔ဟာသူၿခံတံခါးဖြင့္ေပးမွာေပါ့.."

"မဟုတ္ဘူး..မမဝိုင္းေလးရဲ့..မမေလးသက္လ်ွာက
အိမ္ကိုျပန္ေရာက္တာနဲ႔ ညႀကီးအခ်ိန္မေတာ္
ျဖစ္ေနလည္း ညစာစားေလ့ရိွတယ္ေလ..
အန္တီခင္ျမက သိပ္ေနမေကာင္းေတာ့
ၾကည္ၾကည္ပဲ လုပ္ေပးရမွာမို႔ပါ.."

"ၾကည္ၾကည္ကလည္း...ေဒၚေအးသန္းကို
ေျပာလိုက္ၿပီးေရာကို..."

"အမယ္ေလးမေျပာရဲပါဘူး..ေဒၚေအးသန္းႀကီးမ်ား
အေပါက္ကခပ္ဆိုးဆိုးရယ္..သူ႔ကိုယ္သူ
ဒီအိမ္ကလူနဲ႔အမ်ိဳးေတာ္တယ္ဆိုၿပီး
အေမာက္ကေထာင္ခ်င္ေနတာ..
မခိုင္းရဲပါဘူး.."

"အင္း..ဒါဆိုလည္း..ဝိုင္းေလးပါကူေစာင့္ေပးမယ္.."

"ဟာ..မလုပ္ပါနဲ႔သူကဘယ္အခ်ိန္ျပန္လာမလဲ
မသိပဲနဲ႔..မမဝိုင္းေလးပင္ပန္းေနပါ့မယ္..."

"ရပါတယ္..ဝိုင္းေလးကဘာမွလုပ္စရာ
ေထြးေထြထူးထူးမွ မရိွတာ."

ၾကည္ၾကည္လည္း ဘယ္လိုမွေျပာလို႔မရတဲ့အဆံုး
လက္ခံလိုက္ရေလသည္။
ႏွစ္ေယာက္သား ထိုင္ေစာင့္ေနရင္းႏွင့္
လက္ဖက္သုပ္တစ္ပဲြေတာင္ကုန္သြားခဲ့ေပမဲ့
မခ်စ္သက္လ်ွာကေတာ့ ေရာက္မလာေသးေပ။
မခ်စ္သက္လ်ွာဆိုတာ ကိုႀကီးဟိန္းထက္သူရ၏
မိန္းမျဖစ္သည္။

ကိုႀကီးဟိန္းထက္ကအသက္(၃၃)ႏွစ္ျဖစ္ၿပီး
မခ်စ္သက္လ်ွာကအသက္(၃၀)ျဖစ္ေနေပမဲ့
အခုထိ ကေလးတစ္ေယာက္ေတာင္ မရေသးေပ။
မသက္လ်ွာက ေဆးရံုမွာရာထူးႀကီးထဲကလို႔
သိရၿပီး ညတိုင္းအိမ္ျပန္ခ်ိန္ဆို ေနာက္က်ေလ့ရိွတယ္။ကိုႀကီးဟိန္းထက္ကလည္း ထိုနည္း၄ပါပဲ။
လင္မယားႏွစ္ေယာက္လံုး အခုထိ
အိမ္ျပန္မလာၾကေသးဘူး။
အခ်ိန္က ကိုးနာရီထိုးေနေလၿပီ။

"ၾကည္ၾကည္..နင့္အစ္မျပန္မလာေသးဘူးလား.."

‌ေျပာေျပာဆိုဆိုႏွင့္ ကိုႀကီးဟိန္းထက္က
ျပန္ေရာက္လာေလသည္။
ၿခံထဲမွာကားကို ရပ္ထားလိုက္ၿပီး
အိမ္ေပၚသို႔ တက္လာလာခ်င္းပဲ
သူ႔မိန္းမအေၾကာင္းကို အရင္ေမးလာသည္။
ၾကည္ၾကည္က ေခါင္းခါလိုက္ေတာ့မ်က္ႏွာက
သိသိသာသာကို မဲ့သြားၿပီး ၾကည္ၾကၫ့္ေဘးမွာ
ရပ္ေနေသာ ဝိုင္းေလးကိုသတိထားမိဟန္ျဖင့္
မ်က္ႏွာအမူအရာကို ျပန္၍ျပင္လိုက္သည္။

"ေမဝိုင္းေလးေရာ..ဒီအိမ္မွာေနရတာအဆင္ေျပရဲ့လား..."

ေအာ္..ေတာ္ေတာ္ေလးကို ေဖာ္ေရြၿပီး
အလိုက္သိတာပဲ။
ဝိုင္းေလး ဒီအိမ္ကိုေရာက္ေနတာ
ႏွစ္လေတာင္ရိွေနေပမဲ့ အခုမွပဲေမးေဖာ္ရေတာ့တယ္။‌ မင္းစက္အာဏာနဲ႔ညီအစ္ကိုေတာ္မွန္း
ဒီအန္‌ေအစစ္စရာေတာင္မလိုဘူး။
ႏွစ္လျပၫ့္တဲ့ေန့မွာပဲ အ‌ေရးတယူနဲ႔
စကားလာေျပာေဖာ္ရေသာ ခဲအိုႀကီးကို
မခ်ိႃပံုးေလး ႃပံုးျပလိုက္ရင္း ေခါင္းသာညိမ့္ျပလိုက္သည္။

"အင္း..မင္းစက္ကလည္းထိုင္းမွာသူ႔ပေရာဂ်က္ကို
စၿပီး အေကာင္အထည္ေဖာ္ေနေတာ့ 
မသြားမျဖစ္လို႔ေနမွာပါ..တစ္ခုခုလိုအပ္ရင္
ကိုယ့္အစ္ကိုတစ္ေယာက္လို သေဘာထားၿပီး
လာေျပာေပါ့.."

"ဟုတ္ကဲ့..အခုေလာေလာဆယ္ေတာ့
အားလံုးအဆင္ေျပပါတယ္ကိုႀကီး.."

"ေအးေအး..ကိုးနာရီလည္းေက်ာ္ေနၿပီဆိုေတာ့
သူ႔ကိုေစာင့္ေပးမေနပါနဲ႔ေတာ့..ေစာေစာအိပ္ၾက.."

ကိုႀကီးကို ၾကၫ့္ရတာနည္းနည္းလည္း မူးလာပံုပဲ။
ေျခလွမ္းေတြက ယိုင္ေနေလသည္။
ရုပ္ရည္ကေတာ့ ညီအစ္ကိုႏွစ္ေယာက္လံုးက
တကယ့္စံထားေလာက္ေအာင္ကို ေခ်ာၾကတယ္။
ကိုယ့္ေယာက္်ားမို႔ အမြန္းတင္တာေတာ့မဟုတ္ေပမဲ့
မင္းစက္ဆိုတဲ့လူႀကီးက ပါးရိုးကားေပမဲ့
ေမးရိုးခပ္သြယ္သြယ္နဲ႔ ႏွာတံကအစေျဖာင့္စင္းေနၿပီး ေတာ္ေတာ္ေလးဆဲြေဆာင္မႈရိွသၫ့္အထဲမွာ
ပါတယ္။သူတို႔ေမာင္ႏွမသံုးေယာက္ထဲမွာ
သူအေခ်ာဆံုးလို႔ ဆိုရမယ္။
အက်င့္အပုပ္ဆံုးကလည္း သူပါပဲ။

"..ကိုကိုႀကီးရဲ့မ်က္ႏွာမဲ့သြားတာကို 
မမဝိုင္း‌ေလးေတြ့လိုက္လား..."

"ေတြ့လိုက္သားပဲ.."

"ၾကည္ၾကၫ့္အထင္ေတာ့..ဒီႏွစ္ေယာက္
သိပ္ၾကာၾကာခံမယ္မထင္ဘူး..."

"ၾကည္ၾကည္အဲ့လိုမေျပာရဘူးေလ..
သူမ်ားအိမ္ေထာင္ေရးက ကိုယ္နဲ႔မွမဆိုင္တာ
ေတာ္ၾကာသူတို႔ၾကားသြားလို႔
အလုပ္ထုတ္ခံေနရအံုးမယ္..."

"အင္းပါမမဝိုင္း‌ေလးရဲ့..."

ၾကည္ၾကၫ့္ကို ဆံုးမေနစဉ္မွာပဲ ၿခံထဲသို႔
တန္ဖိုးႀကီး ၿပိဳင္ကားတစ္စီး၀င္လာေလသည္။
ၿပိဳင္းကားအေရာင္သည္ အနီေရာင္ေလးျဖစ္ၿပီး
ကားေပၚမွ ဆင္းလာသူမွာမခ်စ္သက္လ်ွာ
ျဖစ္ေလသည္။
အသက္ကသာသံုးဆယ္ျပၫ့္ထားေပမဲ့
မ်က္ႏွာေလးကေတာ့ ႏုေလသည္။
အရပ္ရွည္ၿပီး ကိုယ္လံုးကိုယ္ေပါက္ကလွတဲ့အျပင္
မ်က္ႏွာကလည္း ေမာ္ခ်ီေနတတ္ေတာ့
သူနဲ႔စကားေတာင္ မေျပာရဲေပ။

"မမခ်စ္သက္လ်ွာ..ဒီေန့နဲနဲေနာက္က်တယ္ေနာ္.."

ဝိုင္းေလးလည္း သူနဲ႔စကားေျပာဖူးခ်င္တာေၾကာင့္
ဘယ္လိုစၿပီး ႏႈတ္ဆက္ရမွန္းမသိတာနဲ႔
ရယ္ၿပီး ေနာက္က်တဲ့အေၾကာင္းကို
ေျပာလိုက္မိေတာ့ မ်က္ေထာက္နီႀကီးနဲ႔
စိတ္ဆိုးစြာၾကၫ့္လာခဲ့သည္။
အနီေရာင္ၿပိဳင္ကားႏွင့္ လိုက္ဖက္စြာ
အနီေရာင္ ေဒါက္ခၽြန္ခၽြန္ပါသၫ့္ ဖိနပ္ႏွင့္
တေဒါက္ေဒါက္ အသံျမည္သည္အထိ
ၾကမ္းျပင္းကို နင္းေလ်ွာက္လာၿပီး
ဝိုင္းေလးႏွင့္ နီးကပ္စြာရပ္လိုက္သည္။

"ေနာက္က်တယ္ဆိုတာ..အလုပ္ရိွလို႔ေနာက္က်တာ
အလုပ္လုပ္တယ္ဆိုတာ
ကိုယ္စီးတဲ့ဖိနပ္..ကိုယ္ကိုင္တဲ့အိတ္နဲ႔
ကိုယ္ေမာင္းတဲ့ကားကို..ကိုယ္ရွာတဲ့
ပိုက္ဆံနဲ႔ ကိုယ္တိုင္၀ယ္ခ်င္လို႔ပဲ..
တို႔က အိမ္ေထာင္စုဇယားမွာေတာင္
မွီခိုလို႔ ထၫ့္ေရးခံရရင္သိပ္စိတ္ဆိုးတာ
တို႔ဘာသာတို႔..ေနာက္က်ခ်င္က်မယ္..
ေစာခ်င္ေစာမယ္..မင္းလိုမ်ိဳး
အိမ္မွာပဲ အလကားထိုင္ေနတဲ့လူမ်ိဳးက
လာေဝဖန္စရာမလိုဘူး..
ေခါင္းထဲမွာၿမဲျမဲမွတ္ထား.."

ဝိုင္းေလးကို အထင္အျမင္ေသးစြာၾကၫ့္လာၿပီး
မ်က္ႏွာတည့္တည့္ကို လက္ၫွိုးေငါက္ေငါက္
ထိုးကာ ေဆာ္ကားလာေသာေၾကာင့္ 
ခႏၶာကိုယ္တစ္ခုလံုး ၾကက္သီးေမႊးၫွင္းမ်ား
ထေလာက္ေအာင္အထိ မခံခ်င္စိတ္မ်ား
စိမ့္တက္လာခဲ့သည္။

မ်က္၀န္းညိုေလးမ်ားဟာ တုန္ရီလာခဲ့ၿပီး
လိႈက္တက္လာေသာ ေဒါသမ်က္ရည္ေတြကို
မက်လာေအာင္ ျဖည္သိမ့္ေနရသည္။
သူဟာ ဝိုင္းေလးထက္အသက္ခုႏွႏွစ္ေတာင္မွ
ႀကီးသူတစ္ေယာက္ျဖစ္ၿပီး မစာမနာေျပာရက္လိုက္တာ။လူကိုလည္း မိႈခ်ိဳးမ်ွစ္ခ်ိဳးေျပာလိုက္တာမ်ား
မသိရင္ ဝိုင္းေလးကဘာမွအသံုးမက်တဲ့
လူပိုႀကီးလိုပဲ။

"အစ္မဘာလို႔ ရန္လိုတဲ့စကားေတြ
ေျပာေနရတာလဲ..ဘာေၾကာင့္ဒီလိုေတြ
လာေျပာေနရတာလဲ.."

"နင္သိလား..ကိုဟိန္းထက္ကတို႔ကိုဘယ္လိုမ်ိဳး
ခမ္းခမ္းနားနားနဲ႔လက္ထပ္ယူခဲ့သလဲဆိုတာ..
မဂၤလာပဲြကိုလည္း တို႔စိတ္ႀကိဳက္စီမံခြင့္ရခဲ့တဲ့အျပင္ တို႔ရဲ့မဂၤလာပဲြကိုတက္ခဲ့တဲ့လူေတြကအစ
လူဂုဏ္ထန္အသိုင္းအဝိုင္းကလူေတြႀကီးပဲ..
ဒီအိမ္ကလူေတြတင္မကဘူး..ႏိုင္ငံျခားက
သူ႔ေဆြမ်ိဳးေတြကပါ အကုန္ပဲြလာတက္ေပးရတဲ့အထိ..တန္ဖိုးထားခံရတဲ့တို႔လိုလူက
ဘုန္းႀကီးေက်ာင္းမွာ ျဖစ္သလို
လက္ထပ္ယူခံရတဲ့ နင့္လိုမိန္းမမ်ိဳးနဲ႔
ဘယ္ေလာက္ အဆင့္ကြာသလဲဆိုတာ
သိေအာင္လို႔ေျပာျပတာ..
ေယာက္်ားကေတာင္အဖက္မလုပ္ခ်င္လို႔
ျပစ္ထားခံရတဲ့ နင့္လိုလူက
ရာရာစစငါ့ကိုလာေဝဖန္လို႔ေျပာတာ..ရွင္းလား..."

"ခ်စ္သက္လ်ွာ..နင္ဘယ္လိုစကားေတြ
ေျပာေနတာလဲ..."

ခပ္လွမ္းလွမ္းကေန ေအာ္ေျပာလိုက္ေသာသူမွာ
ကိုမင္းစက္၏အစ္မ အိမ့္ခ်စ္မွဴးေဝျဖစ္ေနေလသည္။ကိုယ့္ခယ္မကို ေတြ့တာေတာင္
ခ်စ္သက္လ်ွာဟာ မ်က္ႏွာေက်ာလံုး၀မေလ်ာ့ပဲ
ခပ္မဲ့မဲ့နဲ႔ လက္ပိုက္လိုက္ေသာေၾကာင့္
ၾကည္ေအးကေတာင္ အံ့ဩသြားေလ‌သည္။
ေယာင္းမနဲ႔ခယ္မေပမဲ့ ေတာ္ရံုမ်က္ႏွာခ်င္း
မဆိုင္တတ္ေသာ သူတို႔ႏွစ္ဦးဟာ
ထိပ္တိုက္ေတြ့တိုင္းလည္း တစ္ခါမွမတၫ့္ၾကေပ။

"ငါ့ဘာသာဘယ္လို စကားကိုေျပာေျပာ
ဒါငါ့ကိစၥပါ..နင္နဲ႔မဆိုင္ဘူး.."

"ဘာလို႔မဆိုင္ရမွာလဲ..ေမဝိုင္းေလးက
ငါ့ေမာင္ရဲ့မိန္းမျဖစ္တဲ့အတြက္
ငါ့ညီမေလးလိုပဲ ငါသေဘာထားတယ္..
ေအး..သူ႔ကိုထိလာရင္လည္း..
အစ္မတစ္ေယာက္အေနနဲ႔...ငါလံုး၀သည္းခံမွာ
မဟုတ္ဘူး..."

"အဲ့ဒါငါကဘာလုပ္ရမွာလဲ..."

"နင္ဘာလုပ္ရမလဲဆိုတာကိုမသိရင္
တစ္ခါတည္းေျပာလိုက္မယ္..
ေမဝိုင္းေလးက..မင္းစက္အာဏာရဲ့မိန္းမ..
ဒီအိမ္ရဲ့တရား၀င္ခၽြေးမတစ္ေယာက္ပဲ..
နင့္ဘာသာ ဆရာ၀န္မကလို႔..ဘာႀကီးပဲျဖစ္ေနေန
သူ႔ကိုလာေစာ္ကားပိုင္ခြင့္မရိွဘူး..
ေနာက္ေနာင္ စကားနဲ႔ျဖစ္ျဖစ္၊လုပ္ရပ္နဲ႔ျဖစ္ျဖစ္
ေမဝိုင္းေလးကို မထိပါးမိေစနဲ႔
နင္လုပ္ရမွာက အဲ့ဒါပဲ..."

"ေတာက္!!!အေရးမပါတာေတြ..
ရြံ႔လူးေနတဲ့ခြက္ကို ဘုရားခန္းမွာ
ေသာက္ေတာ္ေရခြက္အျဖစ္ ထားခ်င္ေနလည္း သေဘာပဲ....ဒါေပမဲ့ငါနဲ႔ေတာ့
လာမပတ္သတ္ေစနဲ႔..."

ခ်စ္သက္လ်ွာကေတာ့ ေမဝိုင္းေလးကို
ခ်ိဳးႏိွမ္စြာေျပာခဲ့ၿပီးေနာက္ မ်က္ႏွာခပ္မဲ့မဲ့ျဖင့္ပင္
အိမ္အေပၚထပ္သို႔ တပ္သြားေလေတာ့သည္။
ေမဝိုင္းေလးကေတာ့ လက္ႏွစ္ဖက္ကို
က်စ္က်စ္ပါေအာင္ ဆုပ္ထားလ်ွက္ႏွင့္ပင္
ေနရာမွာ ငူငူႀကီးရပ္ေနမိသည္မွာ ၾကည္ေအးႏွင့္
အိမ္ခ်စ္မွဴးေဝတို႔ တစ္ေယာက္တလွၫ့္ဆီ
သူ႔ကို ေခၚေနၾကေပမဲ့ ၾကားတစ္ခ်က္၊
မၾကားတစ္ခ်က္ျဖစ္၍ ေနသည္။

"ေမဝိုင္းေလး..အဆင္ေျပရဲ့လား.."

ဒီတစ္ခါမွာေတာ့ ခႏၶာကိုယ္ကိုလႈပ္ၿပီး
အေမးခံလိုက္ရ၍ မမမွဴးကိုၾကၫ့္ကာ
ေခါင္းၿငိမ့္ျပလိုက္မိေလသည္။

"ညီမကို ကူညီေပးလို႔ေက်းဇူးတင္ပါတယ္ေနာ္
အစ္မသာ ၀င္မေျပာေပးရင္ညီမပိုၿပီး
အေျပာခံရမွာ..."

"အေျပာခံရေတာ့ေရာ..ဘာျဖစ္လဲ..
ျပန္ၿပီးရန္ေတြ့ျပစ္ေပါ့..တို႔မိသားစုမွာ
မင္းစက္အာဏာရဲ့ အခန္းက႑က
ဘယ္ေလာက္အထိ အေရးပါအရာေရာက္လဲဆိုတာ
ေမဝိုင္းေလး သိထားသင့္တယ္..
မင္းစက္အာဏာသာ သူ႔မိန္းမက
သူမ်ားေျပာသမ်ွကို ၿငိမ္ခံေနမွန္းသိရင္
ေဆြးေဆြ့ခုန္ေနေလာက္ၿပီ..
တစ္ခုေတာ့ ေျပာခ်င္တယ္..ဒီအိမ္မွာ
မင္းပိုင္တဲ့ ေယာက္်ားကလဲြၿပီး တို႔အပါအ၀င္
ဘယ္သူ႔ကိုမွ အလြယ္တကူပစ္မယံုလိုက္နဲ႔
အားလံုးမွာ မ်က္ႏွာဖံုးကိုယ္ဆီရိွတယ္...
တို႔ဒီေန့အိမ္မွာ မအိပ္ျဖစ္ဘူး..
သြားၿပီေနာ္.."

ဆံပင္ဂုတ္ေထာက္ေလးႏွင့္  ေယာက္်ားဆန္ဆန္
၀တ္စားဆင္ယင္ထားေသာ အိမ္ခ်စ္မွဴးေဝသည္လည္း သူေျပာခ်င္ရာကိုေျပာကာ ထြက္သြားခဲ့ေလသည္။ဝိုင္းေလးမွာသာ ေနရာ၌ ေတာင့္ေတာင့္ႀကီး
ရပ္၍ က်န္ခဲ့ရေလသည္။

"မင္းပိုင္တဲ့ ေယာက္်ားကလဲြၿပီး တို႔အပါအ၀င္
ဘယ္သူ႔ကိုမွ အလြယ္တကူ ပစ္မယံုလိုက္နဲ႔တဲ့.."

"အဟြန္း..."

အသံထြက္ေအာင္အထိ ရယ္လိုက္မိသည္။
အဲ့ဒီ့ေယာက္်ားကိုလည္း ဝိုင္းေလးမပိုင္ပါဘူး။
မဂၤလာေဆာင္ၿပီးလို႔ အခ်ိန္ႏွစ္လေလာက္
ၾကာသြားခဲ့ေပမဲ့ ခဏသာေတြ့ခဲ့ရတဲ့အျပင္
စာမလာ၊သတင္းမပါးပဲ ဝိုင္းေလးကို
ေမ့ထားခဲ့တယ္။
ဒီေလာကႀကီးထဲမွာ ဝိုင္းေလးရဲ့ခံစားခ်က္ကို
ဂရုစိုက္ေပးမဲ့သူ မရိွေတာ့ဘူးထင္ပါတယ္။

"မမ...မမငိုေနတာလား...မငိုပါနဲ႔မမရယ္"

ေမဝိုင္းေလးငိုေနမိေလသည္။ပါးျပင္တစ္ခုလံုး
မ်က္ရည္မ်ား ရႊဲနစ္သြားသည္အထိ ငိုေနမိ၍
ၾကည္ၾကည္တစ္ေယာက္ ဘယ္လိုေခ်ာ့ရမွန္းမသိေတာ့ေပ။

"ၾကည္ၾကည္..အစ္မသြားအိပ္ေတာ့မယ္ေနာ္.."

ၾကည္ၾကၫ့္ကို ေက်ာခိုင္းခဲ့ၿပီး 
အိပ္ခန္းဆီသို႔ေရာက္‌သည္အထိ 
ေလ့လံေနေသာေျခေထာက္ေတြကို
မနည္းသယ္ယူခဲ့ရသည္။တစ္ကိုယ္လံုးဟာ
ေလးလံ ထံုထိုင္းေနၿပီး ရင္ထဲမွာ
စကားလံုး‌ေပါင္းမ်ားစြာကိုသာ ေရရြတ္ေနမိသည္။
"မေပ်ာ္ဘူး..ဝိုင္းေလးဒီအိမ္မွာေနရတာ
လံုး၀မေပ်ာ္ရႊင္ဘူး..
ဝိုင္းေလးကို တန္ဖိုးမဲ့ပစၥည္းတစ္ခုလိုမ်ိဳး
စြပ္စဲြေျပာဆိုေနတဲ့ စကားသံေတြကို
သိပ္မုန္းတယ္.."

အခန္းထဲသို႔ ၀င္လိုက္ၿပီးလသာ‌ေဆာင္တံခါးကို
ဖြင့္လိုက္သၫ့္အခါမွာေတာ့
လ၏အလင္းေရာင္သည္ ေမဝိုင္းေလး၏
ခႏၶာကိုယ္တစ္ခုလံုးကို လႊမ္းႃခံုသြားခဲ့သည္။
ရုတ္တရက္ဆိုသလို ဝိုင္းစက္ေနေသာ
လမင္းႀကီးသည္ တိမ္ေတြ၏ေနာက္မွ
ျပန္လည္ထြက္ေပၚလာတာကို
ျမင္လိုက္ရေသာအခါမွာေတာ့...

"ဒီေန့ကလျပၫ့္ေန့လား..."

ဝိုင္းေလး၏ မ်က္၀န္းမ်ားသည္ လျပၫ့္၀န္းႀကီး
တၫ့္တၫ့္ကို မ်က္ေတာင္မခတ္တမ္း
စိုက္ၾကၫ့္ေနမိစဉ္မွာပဲ
အိပ္ယာေဘးနားတြင္ ထြန္းထားသၫ့္
တစ္ခုတည္းေသာ မီးအိမ္ေလးသည္
လင္းတစ္ခ်က္ မလင္းတစ္ခ်က္ျဖစ္လာခဲ့ေလသည္။

"အခန္းမီး..အခန္းမီး‌ေတြကိုဖြင့္ရမယ္..."

အဖြား၏အခန္းထဲသို႔ သြားသၫ့္အခ်ိန္မွာ
အခန္းမီးေတြကို ပိတ္ထားခဲ့မိသည္။
ထို႔ေၾကာင့္ အခန္းမီးေတြကိုဖြင့္ဖို႔
အိပ္ခန္းတံခါး၀အနားသို႔ သြားရန္ျပင္လိုက္စဉ္မွာ
မီးအိမ္၏အလင္းေရာင္သည္ လံုး၀ကို
ျပန္လင္းမလာေတာ့ပဲ အခန္းတစ္ခုလံုးဟာ
အေမွာင္အတိ က်သြားခဲ့ေလသည္။

"အာ့..."

အေမွာင္ထဲ၌ စမ္း၍ေလ်ွာက္ေနမိစဉ္မွာပဲ
ကုတင္စြန္းႏွင့္တိုက္မိၿပီး
၀မ္းလ်ွားေမွာက္လုမတတ္
လဲက်သြားေလေတာ့သည္။
ျပန္ရုန္းထလိုက္စဉ္မွာ ေက်ာထဲ၌ေအးစိမ့္ေသာ
ခံစားခ်က္ႀကီး ေပၚလာမိ၍လသာေဆာင္ဘက္သို႔
အထိတ္တလန႔္ ျပန္၍လွၫ့္ၾကၫ့္လိုက္မိေသာအခါ
ေခ်ာက္ခ်ားစရာ လျပၫ့္၀န္းႀကီးသည္
ဝိုင္းေလး၏ စိတ္ဝိဉာဉ္ေတြကို ဆဲြႏႈတ္ယူေတာ့
မၫ့္ ေၾကာက္စရာသတၲဝါႀကီးလို
ေျပာင္းလဲသြားခဲ့သည္။
အရိပ္မဲႀကီးတစ္ခုက ဝိုင္းေလးဆီကို
လွမ္းလာေနသလိုပဲ..။

"အား!!!!!"

အသံနက္ႀကီးျဖင့္ ေအာ္လိုက္မိေပမဲ့ အသံလံု
အခန္းျဖစ္၍ ကယ္မၫ့္သူမ်ားမလာခဲ့ေပ။
ဝိုင္းေလးအတြက္ေတာ့ အေမွာင္ထုထဲမွာ
ဦးတည္ရာမဲ့ ေျပးလႊားေနရသလိုပါပဲ။

"မလုပ္နဲ႔..."

"အေမေရ..သမီးေၾကာက္တယ္.."

"အေမ့သမီးကိုလာကယ္ပါ.."

ၾကမ္းျပင္ေပၚ၌ ၀မ္းလ်ွားေမွာက္၍
တြားသြားေနမိကာ တစ္ကိုယ္လံုး
တုန္ယင္လာေလသည္။
လျပၫ့္ေန့ေတြတိုင္းမွာ ဒီေဝဒနာေတြ၊
ဒီထိတ္လန႔္မႈေတြ၊ဒီအေၾကာက္တရားေတြဟာ
ျပန္ေပၚလာတတ္ေပမဲ့ ယခုအခါမွာ
ပို၍ ေၾကာက္ရြံ႔ေနမိသည္။

ကူကယ္မၫ့္သူမရိွဘူး။
ေမွာင္မိုက္ၿပီး ေအးစက္တဲ့ေနရာတစ္ခုမွာ..။
ၿပီးေတာ့ ရက္ရက္စက္စက္ေတာက္ပလြန္းေနေသာ
လမင္း...။

"မလုပ္နဲ႔!!!!"

အရိပ္မဲႀကီးတစ္ခုသည္ ဝိုင္းေလး၏
ေျခေထာက္ေတြကို လာ၍ဆဲြေနသည္ဟု
ခံစားလိုက္ရၿပီးေနာက္ ထိုအရိပ္မဲႀကီး၏
ဖံုးလႊမ္းမႈႏွင့္အတူ တစ္ကိုယ္လံုး
ေလးလံလာကာ အားအင္ေတြ
ကုန္ခမ္းသြားခဲ့ေလသည္။

တြန္းကန္ရံုးထြက္ေနမိေပမဲ့ တစ္ေယာက္ေယာက္က
လည္ပင္းကို လာညစ္ေနသည္ဟု
ခံစားလိုက္ရကာ စကားသံေတြေတာင္
မထြက္ႏိုင္ေတာ့ပဲ မ်က္ရည္မ်ားကိုသာ
အေဖာ္ျပဳရင္းႏွင့္ ထိုၾကမ္းျပင္ေပၚတြင္ပဲ
သတိလစ္သြားခဲ့ေလသည္။

အခန္း(၈)ဆက္ရန္....

စာေရးသူ..ေဆာင္းေငြ့ေဝ

❤️❤️❤️❤️❤️❤️❤️❤️
(စိတ္ဒဏ္ရာတစ္ခုက
လြယ္လြယ္နဲ႔ မေပ်ာက္ဘူးေနာ္.
ဝိုင္းေလးဘယ္လိုႄကံုေတြ့ခဲ့ရတာျဖစ္မလဲ)


ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းဆီတိုင္းကို
ေက်းဇူးအထူး တင္ရိွပါတယ္..



 

6 comments:

  1. ကျေးဇူးပါ

    ReplyDelete
  2. မေဝိုင်းလေးသနားလိုက်တာ စိတ်ဒဏ်ရာတွေကိုမင်းစက်ကကာကွယ်ပေးစေချင်တာ အခုတော့ဒင်းကိုနုတ်နုတ်စင်းချင်တာ

    ReplyDelete
  3. ဝိုင်းလေးသနားပါတယ်

    ReplyDelete
  4. ေမ်ာ္ေနပါမယ္ 😍😍

    ReplyDelete
  5. ​​မျော်

    ReplyDelete
  6. ဝိုင်းလေးအတွက်ကံတရားကနှိတ်ဆက်လိုက်တာနော်

    ReplyDelete