🌹ဆူးကြိုး🌹(အခန်း၇၁)

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🌹ဆူးကြိုး🌹(အခန်း၇၁)


💦နှစ်ဆန်းတစ်ရက်နေ့....💦


ဘ၀ဟာ တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်သာဆိုရင်

ကန့်လန့်ကာချလိုက်သည်နှင့် အားလုံးအဆုံးသတ်သွားနိုင်လိမ့်မည်။

ဒါပေမဲ့ ဘ၀ဆိုတာဟာ လှိုင်းထန်နေသောမြစ်ငယ်လေးလိုပါပဲ။

ဘယ်သောအခါမှ တည်ငြိမ်နေတယ်ရယ်လို့မရှိပဲ

အညစ်အကြေးတွေအားလုံးကို သိမ်းပိုက်ပွေ့ဖက်ထားရတယ်။


ပုံရိပ်လည်းပဲမပြီးဆုံးနိုင်သော အိပ်မက်ရှည်ထဲမှာစီးမျောလိုက်ပါနေရတာပါပဲ..။

ဒီနှစ်ရဲ့ မြန်မာ့နှစ်သစ်ကူးသည် ပုံရိပ်အတွက်တော့

ပျော်ရွှင်စရာ မဖြစ်ခဲ့ပါဘူး။

၀မ်းနည်းစရာတွေ ထပ်မံကြုံရမယ်မှန်းသိရင်

ရန်ကုန်ကို ပြန်လာဖို့စိတ်ကူးမိမည်မထင်ပေ။


"မမရေ...သွားရအောင်လေ..အားလုံးအဆင်သင့်ဖြစ်နေပြီ..."


မန္တလေးကိုပြန်ဖို့ ပိစိမကလာခေါ်သောအခါမှာ

ပုံရိပ်၏ရင်ထဲ၌ ၀မ်းနည်းမှုအပြည့်ဖြစ်နေလေသည်။ဒီတစ်ခါပြန်သွားပြီးရင် ပြန်လာနိုင်ဖို့က

အချိန်အများကြီး ကြာမှာသေချာသည်။

ဖွားညို၏စီစဉ်ပေးမှုနှင့် နယူးယောက်မှာကျောင်းသွားတတ်ဖို့ရာ အားလုံးစီစဉ်ပြီးလေပြီ။

ပုံရိပ်၏ ဘ၀ကိုရုပ်လုံးပေါ်လာအောင်

အချိန်ပေးပြီး ထုဆစ်ရမည့်အချိန်ပါပဲ။

သူငယ်ချင်းတွေနဲ့ရော မိသားစုနှင့်ပါဝေးကွာရမည့်

အချိန်ကို တွေးကြည့်မိတိုင်းစိတ်ထဲမှာ

‌ပူလောင်လာသည်။


"ဒေါ်လေးကို သမီးကန်တော့ခဲ့ပါတယ်..."


"အေးပါကွယ်...ငါ့တူမလေး...အမြဲတမ်းစိတ်ချမ်းသာပြီး..ပျော်ရွှင်ရပါစေ..ဘယ်နေရာကို

ရောက်ရောက်..ချစ်သူ၊ခင်သူတွေပါများပါစေကွယ်.."


" ပေးတဲ့ဆုနဲ့ပြည့်ပါစေ...ဒေါ်လေးရယ်..."


"မကြီးပုံ...မကြီးကဒီတစ်ခါပြန်သွားရင်...

အကြာကြီးနေမှပြန်လာမှာဆို..."


"မိစုကိုဘယ်သူကပြောတာလဲ..."


"ကိုကြီးပြောတာလေ...မကြီးကမိစုတို့ကို

ကြာရင်မေ့သွားမှာလားဟင်...သမီးတို့တွေကို

ပြန်လာတွေ့အုံးမှာလားဟင်..."


မိစုလေး၏စကားကြောင့် ပုံရိပ်မျက်ရည်ကျမိလေသည်။ကလေးတွေဆိုပေမဲ့ တစ်ယောက်နဲ့

တစ်ယောက် ခွဲခွာရတဲ့အခါ ၀မ်းနည်းစရာ

ကောင်းမှန်း သူတို့လေးတွေလည်း

နားလည်နေကြလေပြီ။

မိစုလေးရော၊ထွန်းကိုရောဟာ ယခင်ထက်

လူကောင်ထွားလာကြသလို အတန်းတွေလည်း

ကြီးလာပြီဖြစ်၍ ဒေါ်လေးအတွက်ကူဖော်လောင်ဖက် ရနေ‌ပါပြီ။


အချိန်တစ်ခုကိုရောက်ရင် မိစုဟာ

အိမ်မှုကိစ္စလုပ်ပေးပြီး ငွေရေးကြေးရေးကို

ထိန်းသိမ်းနိုင်သူဖြစ်လာကာ ထွန်းကိုကတော့

မိသားစု၏စား၀တ်နေရေးအတွက် စီးပွားရှာ

ရသော ဒေါ်လေး၏နေရာသို့ ရောက်ရပေလိမ့်မည်။

ပုံရိပ်ကတော့ ဒီမိသားစုလေး၏ဒေါက်တိုင်အဖြစ်

ဆက်ပြီး ရှိနေပေးအုံးမှာပါ။


"ထွန်းကိုနဲ့မိစု...မမပြောတာကိုနားထောင်နော်..

မေ့မေ့ကိုတတ်နိုင်သလောက်ကူညီပေးကြ...

မေမေ့စကားကိုအမြဲတမ်းနားထောင်ရမယ်နော်..

ကလေးတို့ရဲ့အမေက...အရမ်းပင်ပန်းခဲ့ရတာ...

တို့တွေအားလုံးပညာတတ်နိုင်ဖို့...လူရာ၀င်ဖို့

သူအများကြီးအနစ်နာခံခဲ့ရတာ...ထွန်းကိုလေးကို

အဓိကမှာချင်တယ်..မေမေနဲ့ညီမလေးကို

မောင်လေးက...စောင့်ရှောက်ရမယ်နော်..."


"စိတ်ချပါမကြီးပုံရယ်...မကြီးရဲ့စကားကို

သားသေချာနားထောင်ပါ့မယ်..."


"အံမယ်...နားထောင်မယ်လည်းပြောသေးတယ်

မကြီး...ဒီကိုစရောက်တဲ့နေ့တုန်းကတော့

ရပ်ကွက်ထဲမှာ ရေလှည့်ဆော့နေတာ

အိမ်တောင်မကပ်ဘူး...."


"မကြီးကလည်း...အဲ့ဒါကမိစုကြောင့်ပါ...

သူကရေဆော့ချင်တယ်ဆိုလို့...သားကသူ့နောက်ကို

လိုက်ပေးရတာ..."


"ကိုကြီးနော်...မဟုတ်တာတွေလျှောက်ပြောနေတယ်..သူကသွားဆော့မယ်ဆိုပြီးခေါ်လို့

သူများကလိုက်တဲ့ဥစ္စာကို..."


"ကဲ...ထွန်းကို..မိစုကတောင်‌ပြောနေပြီ..

ဘာငြင်းချင်သေးလဲ..."


"မကြီးကလည်း...သားနောက်မလုပ်တော့ပါဘူး

သားလိမ္မာပါတော့မယ်..."


"ဟား..ဟား..ပြောလည်းအပိုပါပဲမိပုံရယ်..

နင့်မောင်တွေ၊ညီမတွေက အဆော့သန်တွေပါအေ

..."


"မေကြီးကလဲ..."


ဒေါ်လေးက တိုင်လိုက်သောကြောင့်

နှစ်ယောက်သား မျက်နှာလေးတွေပျက်သွားကြလေသည်။

ပုံရိပ်လည်း ခေါင်းညိမ့်ပြကာသဘောတကျ

ရယ်လိုက်မိသည်။


"ပုံရိပ်ရေ...ပစ္စည်းတွေအားလုံးတင်ပြီးသွားပြီ..."


အိမ်အပေါက်၀မှ ဟိန်းကို၏အသံကြောင့်

ပုံရိပ်လည်း နာရီကိုလှမ်းကြည့်လိုက်မိလေသည်။

မနက်ခုနှစ်နာရီထိုးနေပြီဖြစ်၍ မန္တလေးသို့စောစောပြန်ရန် စီစဉ်ထားသည့်အတိုင်း လုပ်ဖို့သာ

ဆုံးဖြတ်လိုက်သည်။


"...ငါထွက်လာခဲ့မယ်...

ဒေါ်လေးသမီးသွားတော့မယ်နော်..."


"အေး..အေး..လမ်းမှာဂရုစိုက်ပါကွယ်..."


"ဟုတ်ကဲ့ပါဒေါ်လေးရဲ့..."


ကိုယ့်ကျောပိုးအိတ်ကို ဆွဲပြီးအိမ်ထဲမှ

ထွက်လာခဲ့လိုက်သည်။

ဟိန်းကိုကလည်း ပုံရိပ်စောစောပြန်မည်ကိုသိ၍ မနက်စောစောရောက်လာပြီး

နှုတ်ဆက်လေသည်။

ပုံရိပ်ကို လာ၍နှုတ်မဆက်သော

နေနိုင်သူကြီးကတော့ ဆရာတစ်ယောက်သာရှိပါတယ်။


"ပုံရိပ်...နင်ဟိုတစ်ခါရန်ကုန်ကိုလာတုန်းက

ငါလက်ဆောင်ပေးလိုက်တဲ့ ဒိုင်ယာရီစာအုပ်လေး

 နင့်ဆီမှာရှိသေးလား..."


"ရှိပါတယ်ဟ..ငါသေချာသိမ်းထားပါတယ်...

အရင်ကတော့သုံးဖြစ်ပေမဲ့..အခုနောက်ပိုင်း

ချမရေးဖြစ်တာကြာပြီ..."


"အေးပါဟာ..ဘယ်လိုပဲဖြစ်ဖြစ်..ငါပေးတဲ့

လက်ဆောင်လေးကို သတိတရရှိသေးတယ်

ဆိုရင်ပဲ ကျေနပ်ပါပြီ..."


"သတိတရရှိပါတယ်ဟာ..အော်

ငါပြောဖို့မေ့နေတာ..

နင့်ရဲ့ကိုယ်ရေးအချက်အလက်တွေကိုငါ့ဆီ..

ပို့ပေးထားနော်...ဒီရက်အတွင်းမှာအင်တာဗျူး

ဖြေရအောင်...ငါလုပ်ပေးမယ်..."


"ဒါပေမဲ့...ငါ့မှာဘွဲ့လက်မှတ်မှမရှိသေးတာ...

အဆင်ပြေပါ့မလား..."


"ပြေပါတယ်ဟာ..အင်တာဗျူးရဖို့အရင်ပြင်ဆင်

ထားလိုက်.."


"ကျေးဇူးပါပဲ...ပုံရိပ်ရာ.."


"ရပါတယ်ဟာ..နင်နဲ့ငါကသူငယ်ချင်းတွေပဲဥစ္စာ

ငါ့အဒေါ်တွေကိုလည်း ကြည့်ပေးပါအုံးနော်...

ငါကနိုင်ငံခြားမှာ ကျောင်းတက်ဖို့လည်း

ပြင်ဆင်ရအုံးမှာဆိုတော့...‌ငွေရေး၊ကြေးရေး

ထောက်ပံ့နိုင်တာကလွဲပြီး..ကျန်တာဘာမှ

တတ်နိုင်တော့မှာ မဟုတ်ဘူး.."


"စိတ်ချစမ်းပါဟာ...နင့်အဒေါ်ကလည်း...

ငါ့အဒေါ်ပါပဲ..."


ဟိန်းဇေယျာထက်၏စကားကြောင့်

ပုံရိပ်ကျေနပ်သွားမိသည်။

ပိစိမကတော့ အစောတည်းက

ကားပေါ်တွင်ထိုင်နေနှင့်လေပြီ။

ပုံရိပ်လည်းကားထဲသို့၀င်ကာ အားလုံးကို

တာ့တာပြလိုက်ပြီး ကားလေးမောင်းထွက်သွားသောအခါ အနောက်ဘက်သို့လှည့်ကြည့်ရင်း

စိတ်မကောင်းဖြစ်ရပြန်သည်။


"မမ....စိတ်မကောင်းဖြစ်နေတာလား..."


"ဟုတ်တယ်..‌ဒေါ်လေးကလည်း

အသက်ကြီးလာပြီဟ..ဒေါ်လေးရဲ့ဘေးနားမှာ

အနီးကပ်မစောင့်ရှောက်နိုင်တာကို

ငါစိတ်မကောင်း ဖြစ်မိတာပါ..."


"မမရယ်...လူတွေဆိုတာအချိန်တန်ရင်

ခွဲရမှာပဲလေ..

မမရဲ့ဒေါ်လေးမှာက ပြန်ကြည့်မဲ့သားသမီးတွေ

ရှိပါသေးတယ်..မမကလည်းလူငယ်ပဲလေ...

အနာဂတ်မှာပိုကောင်းဖို့  ကြိုးစားခွင့်ရတဲ့အချိန်မှာ

အကောင်းဆုံးကြိုးစားရအုံးမှာပေါ့...."


"ဟုတ်တာတော့..ဟုတ်ပါတယ်..ဒါပေမဲ့

ငါတို့ကြိုးစားနေတဲ့အချိန်မှာ..

ငါတို့ချစ်ရတဲ့လူတွေကို

ဂရုမစိုက်နိုင်တော့ဘူးလေဟာ..ငါတို့ရဲ့ဘ၀တွေ

တိုးတက်ပြောင်းလဲလာတဲ့အချိန်ရောက်တဲ့အခါ

ငါတို့ချစ်တဲ့သူတွေ မရှိကြတော့ဘူးဆိုရင်

ငါနောင်တရလို့ ဆုံးမှာမဟုတ်ဘူး..."


"သမီးလည်းမပြောတတ်တော့ပါဘူး...

မမပြောတာလည်းမှန်တာပဲ..ဒါပေမဲ့

လူဆိုတာ ကိုယ်လုပ်စရာရှိတာတော့လုပ်ရမှာပဲလေ

..အခြားလူတွေအသက်ကြီးသွားတာကို

ထိုင်စောင့်ပြီးပြုစုနေရုံနဲ့ ကိုယ်ကငယ်သွားမှာမှ

မဟုတ်တာ..အနားမှာရှိနေနိုင်တဲ့အချိန်မှာ

မမက..အကုန်လုံးကိုမျှမျှတတ..

စောင့်ရှောက်ပေးခဲ့ပြီးပြီလေ..."


"ဒါဆို...ငါတခြားနိုင်ငံမှာကျောင်းသွားတက်မှာကိုနင်ကအားပေးနေတာလား...နင်ကငါ့ကို

ခွဲနိုင်တယ်ပေါ့လေ..."


"အဲ့လိုမဟုတ်ပါဘူးမမရယ်...သမီးကမမကို

ပိုလို့တောင် မခွဲချင်သေးတယ်..မမသာ

နိုင်ငံခြားကိုသွားရင်..အိမ်မှာသမီးနဲ့ရွယ်တူ

တစ်ယောက်မှ ရှိတော့မှာမဟုတ်ဘူး...

အမှန်အတိုင်းပြောရရင်..မမနိုင်ငံခြားကို

သွားရမဲ့နေ့ကို တွေးမိတိုင်းအရမ်းငိုချင်တာပဲ..."


"ငါလည်း...အားလုံးနဲ့မခွဲချင်ပါဘူးဟာ

အခုတောင် စိတ်ထဲမှာတစ်မျိုးကြီးပဲ..."


"ဒါဆိုရင်...နောင်တမရအောင်..နှုတ်ဆက်စကားလေးတော့..သွားပြောလိုက်ပါလား..."


"နှုတ်ဆက်ခဲ့ပြီးပြီလေဟာ..."


"ဒါပေမဲ့..တစ်ယောက်ကျန်နေသေးတယ်လေ...

မမရဲ့..ရင်ထဲကတစ်ယောက်..."


ကားလေးဟာ တဖြည်းဖြည်းနှင့်လမ်းထိပ်သို့ရောက်သောအခါ ပိစိမ၏တိုက်တွန်းသော

စကားလေးကြောင့် ပုံရိပ်တွေဝေသွားမိသည်။

ဒီလမ်းခွဲနေရာလေးကိုရောက်တိုင်း

ပုံရိပ်အရမ်း၀မ်းနည်းမိတယ်။

ပထမတစ်ခါ ရန်ကုန်ကိုလာပြီး ပြန်တုန်းကလည်း

ပုံရိပ်ကို ဆရာလာပြီးနှုတ်မဆက်ခဲ့ဘူး။

ပုံရိပ်ဘာလုပ်ရမလဲ။

နောက်ဆုံးအကြိမ်အဖြစ်

သူနဲ့စကားပြောကြည့်ရမလား။


"ဦးလေး...ဘုန်းကြီးကျောင်းဘက်ကို မောင်းပေးပါ"


"ဒီလိုမှပေါ့မမရယ်..."


ပိစိမသည် လက်မလေးထောင်ပြီးရယ်ပြလာသောကြောင့် ပုံရိပ်လည်းပြုံး၍ပြလိုက်မိလေသည်။

ဘုန်းကြီးကျောင်းရှေ့သို့ ရောက်သည်နှင့်

ကားကိုရပ်ခိုင်းလိုက်မိသည်။


"မမ..သမီးဒီမှာပဲနေခဲ့မယ်နော်..."


ပုံရိပ်၏အကြောင်းကို အစ၊အဆုံးသိနေသော

ပိစိမကအလိုက်သိစွာ ကားပေါ်မှာပဲကျန်ရစ်နေခဲ့ပေးလေသည်။

ပုံရိပ်လည်း ခေါင်းညိမ့်ပြလိုက်ကာ

ကျောင်း၀န်းထဲသို့ လှမ်း၀င်လိုက်ပြီးနောက်

ဖုန်းကိုထုတ်၍ ဆရာ့ဖုန်းနံပါတ်ကို

ခေါ်လိုက်မိသည်။

ဒီတစ်ခါတော့ ပုံရိပ်ရဲ့ဖုန်းကိုမချလိုက်ပဲ

ဆရာဖုန်းလာကိုင်သည်။


"ဟယ်လို.....ဆရာ...ပုံရိပ်တို့နောက်ဆုံးအနေနဲ့

တစ်ခါလောက်တွေ့ကြရအောင်..

ဘုရားကြီးဘေးက ရေကန်ဘေးမှာ..ဆရာ့ကို

ပုံရိပ်..စောင့်နေပါ့မယ်..."


🌹🌹🌹🌹🌹🌹🌹🌹


မနက်အစောပိုင်းဖြစ်၍ ကျောင်း၀န်းကြီး

တစ်ခုလုံးဟာ တိတ်ဆိတ်နေပြီး

တချွင်ချွင်မြည်‌နေသောဆည်းလည်းသံလေးတွေနှင့် ကျေးငှက်သံလေးတွေကိုသာ

ကြားနေရလေသည်။

အင်ကြင်းပန်းပင်ကြီးကလည်း ယခင်အတိုင်း

အပွင့်တွေဝေပြီး မွှေးပျံ့နေတုန်းပါပဲ။


ဘုရားကြီးကို အရင်ဦးချလိုက်ပြီး

ငါးကန်ကြီးနံဘေးမှာ သွားရပ်ရင်း

သူလာမှာကိုစောင့်နေလိုက်သည်။

ငါးကန်စပ်တွင် စိုက်ထားသော

စကားဝါပန်းပင်၏ အောက်ကိုရောက်အောင်

သွားမိတော့ စကားပန်း၏ရနံ့လေးဟာ

စိတ်ကိုရွှင်လန်းစေသည်ဟု ခံစားမိသည်။


နဂါးဘုရားကြီးဘက်အခြမ်းကိုကြည့်လိုက်မိတော့

ပိတောက်ပင်ကြီးဟာ ယခုအထိရှိနေတုန်းဖြစ်ပြီး

ပိတောက်ပန်းတွေလည်း ဝေနေတုန်းပါပဲ။

အိပ်မက်ထဲမှာ ဆရာကအဲ့ဒီ့ပိတောက်ပင်ကြီးကနေ

ပိတောက်ပန်းလေးကိုခူးပြီး ပုံရိပ်၏

ဦးခေါင်းထပ်မှာ ပန်ပေးသည်ဟုစိတ်ကူးယဉ်ပြီး ကြည်နူးခဲ့ဖူးသည်။

ဘာလို့ လက်တွေ့နဲ့စိတ်ကူးဟာ

သိပ်ကို ကွဲပြားနေရတာလဲ။


"ပုံရိပ်!!စောင့်ရတာကြာသွားလား..."


ဘာကြောင်ရယ်မသိ...သူ့အသံကိုကြားသည်နှင့်

ပုံရိပ်၏ ရင်ထဲမှာအလိုလို၀မ်းနည်းလာမိသည်။

ဒီနွေးထွေးတဲ့အသံလေးကြောင့်

စိတ်လုံခြုံသလိုခံစားခဲ့ရဖူးသည်။

ဒီအသံလေးကပဲ အားငယ်မှုတွေကို

နှစ်သိမ့်ပေးနိုင်ခဲ့သည်။


"ရောက်မလာတော့ဘူးလို့..ထင်ခဲ့တာ..."


ပုံရိပ်ရပ်နေသော စကားဝါပင်ကြီးအောက်သို့

လှမ်းလာနေစဉ်မှာပဲ ပုံရိပ်ပြောလိုက်သည့်

စကားကြောင့် ဆရာ့ခြေလှမ်းတွေ

ရပ်တန့်သွားလေသည်။

*ဘာကြောင့်...ရှေ့ကိုဆက်မတိုးလာရတာလဲ

ဆရာရယ်...*


"ပုံရိပ်...ကိုယ့်ကိုဘာပြောချင်လို့ခေါ်လိုက်တာလဲ.."


"ဆရာ့စကားရဲ့အဓိပ္ပာယ်က...ကျွန်မသာမခေါ်ရင်

ဆရာကျွန်မကိုတစ်သက်လုံးလာမတွေ့တော့ဘူးလို့

ဆိုလိုတာလား..."


ပုံရိပ်ကမေးခွန်းထုတ်လိုက်တော့

လိပ်ပြာမလုံသူကြီးဟာ ခေါင်းငုံ့ပြီး

မျက်နှာလွှဲသွားပြန်သည်။

သူဘယ်အချိန်အထိ ပုံရိပ်ကိုဒီလိုနာကျင်အောင်

လုပ်နေအုံးမှာလဲ။


ကိုယ့်နှုတ်ခမ်းကို အတင်းဖိကိုက်ပြစ်လိုက်ပြီး

ဆရာရပ်နေသောနေရာကို ပြေးသွားလိုက်ကာ

ဆရာ့လက်မောင်းတွေကို ဆုပ်ကိုင်လျှက်

မျက်နှာချင်းဆိုင်၍ အကြည့်ချင်းဆုံအောင်

ဖိအားပေးလိုက်မိသည်။


"ကျွန်မရဲ့မျက်လုံးတွေကို

တည့်တည့်စိုက်ကြည့်စမ်းပါ...

ကျွန်မအခုထိဆရာ့ကိုစောင့်နေသေးတယ်ဆိုတာကို ဆရာသိပါတယ်...

ဆရာပြောတော့ ကျွန်မဆီကို

ရောက်အောင်လာခဲ့မယ်ဆို...

အခုသုံးနှစ်ရှိသွားပြီဆရာရဲ့...

ဆရာ့အရှေ့ကိုကျွန်မကိုယ်တိုင်ရောက်လာပြီလေ

ဆရာ..ကျွန်မကိုဘာလို့မကြည့်ရတာလဲ..."


"ကိုယ်မင်းနဲ့မပတ်သတ်ချင်တော့ဘူး..ပုံရိပ်..."


ဆရာကိုယ်တိုင် တွန်းထုတ်လိုက်သောပုံရိပ်သည်

အနောက်သို့ အနည်းငယ်ယိုင်ကျသွားသလို

မျက်ရည်တွေဟာလည်း တားဆီး၍

မရတော့လေပြီ။နှုတ်ခမ်းသားလေးတွေဟာ

တဆက်ဆက်တုန်ယင်နေပြီး ဆရာ့ကိုသာ

မယုံကြည်နိုင်စွာ အတန်ကြာအောင်စိုက်ကြည့်နေမိသည်။


ဆရာ့မျက်၀န်းတွေဟာလည်း နီမြန်းနေပေမဲ့

ပုံရိပ်အတွက် ၀မ်းနည်းနေတာမျိုးမဟုတ်ပဲ

ဒေါသတရားလွှမ်းကာ ခက်ထန်နေခြင်းဖြစ်သည်။

လူတစ်ယောက်ဟာ ဒီလောက်အထိ

ပြောင်းလဲလွယ်တာပါလား။

ပုံရိပ်၏အပေါ်မှာ အမြဲနူးညံ့စွာ

ဆက်ဆံပေးတတ်သော ဆရာနေမျိုး၏

ပုံသဏ္ဍန်တွေ ချက်ချင်းပျောက်ကွယ်သွားသလိုပါပဲ။

နေကြာပန်းခင်းကြီးထဲမှာ ပုံရိပ်ကိုစိုးရိမ်တကြီး

ပွေ့ဖက်ခဲ့တဲ့ အပြုအမူတွေဟာလုံး၀ကို

လွှင့်ပျယ်သွားခဲ့လေပြီ။


"ကိုယ်နောက်တစ်ခါထပ်ပြောမယ်

ကိုယ်မင်းနဲ့မပတ်သတ်ချင်တော့ဘူး..."


"ကျွန်မတို့အတူ ဆုံစည်းခဲ့တဲ့နေရက်တွေ

ကျွန်မတို့အတူကြုံတွေ့ခဲ့တဲ့ အမှတ်တရတွေက

ဒီစကားလေးတစ်ခွန်းတည်းနဲ့...

မေ့ပျောက်လို့ရပြီလို့...တွေးလိုက်တာလား..."


"မင်းထင်ချင်သလိုထင်နိုင်တယ်...."


ဆရာ့ရဲ့စကားအဆုံးမှာ မျက်ရည်တွေဟာ

အတားအဆီးမဲ့စွာ ပါးပြင်တစ်ခုလုံးကို

လွှမ်းမိုးသွားသောကြောင့် မျက်၀န်းတွေကို

ပိတ်ပစ်လိုက်ကာ ရှိုက်၍ငိုလိုက်မိသည်။

ရင်ထဲမှာဆူးတစ်ချောင်းဆိုက်၀င်သွားသလို 

အသဲနာစရာကောင်းလွန်းတဲ့ ဆရာ့စကားကြောင့်

ပြောချင်သော စကားတွေဟာ

လည်ချောင်းထဲမှာ တစ်ဆို့နေလေသည်။


သိပ်ချစ်ခဲ့မိသူမို့ အသဲခိုက်အောင်

နာကျင်နေရလေပြီ။

*ဆရာ့ကိုပုံရိပ်သိချစ်မှန်းသိလျှက်နဲ့..ဘာကြောင့်

ဒီစကားကိုမှရွေး‌ပြီးပြောရတာလဲ..ဆရာရယ်..."


"ကိုယ့်ကြောင့်နဲ့...မင်းမျက်ရည်မကျပါနဲ့...

မင်းရဲ့မျက်ရည်က...ကိုယ့်လိုလူနဲ့

မထိုက်တန်ပါဘူး.."


"မျက်ရည်မကျစေချင်ရင်...

ဘာကြောင့်လှည့်စားခဲ့ရတာလဲ...

ကျွန်မပုဂံအထိလိုက်လာပြီး...

ဆရာ့ကိုလာတွေ့တဲ့နေ့က...ကိုထက်နဲ့ကျွန်မကို

စေ့စပ်ပေးတဲ့နေ့ပဲ...

စေ့စပ်ပွဲကနေထွက်ပြေးခဲ့တဲ့အပြင်

အားလုံးကိုခြေစုံကန်ပြီး..ဆရာရှိတဲ့အရပ်ကို

ကျွန်မရောက်အောင်လာခဲ့ရတာ...

ဒါပေမဲ့..ဆရာကတော့တခြားမိန်းမတစ်ယောက်ရဲ့လက်ကိုတွဲပြီး..ကျွန်မကိုကျောခိုင်းသွားခဲ့တယ်...

ဆရာ့အတွက်ကျွန်မကဘာလဲ...

ကစားလို့၀ရင်..ပစ်ထားခဲ့လို့ရတဲ့

အရုပ်တစ်ရုပ်လို့သတ်မှတ်ခဲ့တာလား..."


"မဟုတ်ဘူးပုံရိပ်..

ကိုယ်မင်းကိုဘယ်တုန်းကမှ..အဲ့ဒီ့လို

သဘောမထားခဲ့ဖူးဘူး..ဒီအတိုင်းပဲ.."


"ဒီအတိုင်း.."ဘာဖြစ်လဲ..ကျွန်မမျက်လုံးကို

တည့်တည့်ကြီးပြီးပြောစမ်းပါ...

ကျွန်မကိုလှည့်စားခဲ့တာမဟုတ်ဘူးဆိုရင်

ကျွန်မမျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး

ရှင်းပြပေးစမ်းပါ...

ဆရာ့စကားတွေအားလုံးကို..

ကျွန်မယုံကြည်ပေးပါ့မယ်...

ကျွန်မကိုတော့ မရက်စက်ပါနဲ့ဆရာရယ်...

ဆရာက..ကျွန်မရဲ့အချစ်ဦးပါ...

ကျွန်မဆရာ့ကို သိပ်ချစ်တာကို...

ဆရာယုံတယ်မဟုတ်လား..."


"ပုံရိပ်!!!!!"


နောက်ဆုံးအနေဖြင့် ဆရာ့ကိုတင်းတင်းဖက်ကာ

ပုံရိပ်၏အချစ်တွေကို၀န်ခံမိလေသည်။

လူတစ်ယောက်ကို သိပ်ချစ်မိရင်ဘယ်လို

အကြောင်းမျိုးနှင့်မှ လက်လွှတ်နိုင်မှာ

မဟုတ်မှန်း ပုံရိပ်နားလည်လိုက်သည်။

ဒီလူကြောင့်ပဲ နာကျင်နေရမှန်းသိလျှက်နှင့်

မျက်စိစုံမှိတ်ကာ ရှေ့သို့ဆက်၍တိုးနေမိလေသည်။


အချစ်ဟာနူးညံ့သလို အန္တရာယ်လည်း

သိပ်များမှန်းသိပေမဲ့ နောင်တတရားတို့မရှိအောင် တစ်ကြိမ်တော့စွန့်စားလိုက်မိလေပြီ။

ဆရာရယ် ကျွန်မကိုလက်မလွှတ်လိုက်ပါနဲ့။

ကျွန်မရဲ့ ဂုဏ်သိက္ခာတွေအားလုံးက

ဆရာ့ခြေတော်ရင်းမှာမို့ နင်းရင်လည်းနင်းသွားလိုက်ပါတော့..။


"ကိုယ်တောင်းပန်ပါတယ်ပုံရိပ်...

ကိုယ့်မှာ..ကိုယ့်မှာချစ်သူရှိတယ်..."


ဆရာ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားမိသော

ပုံရိပ်၏ လက်တွေကိုအလိုလိုဖြေလျော့လိုက်မိလေသည်။

ပုံရိပ်၏မျက်၀န်းတွေကို စိုက်ကြည့်လာသော

ဆရာ့ကို မဲ့ပြုံးပြုံးပြကာ လှောင်ရယ်လိုက်မိသည်။

တကယ်တော့ ဟာသဖြစ်သွားခဲ့တာက

ပုံရိပ်ဆိုသော မိုက်မဲတဲ့မိန်းမပါပဲ။


ရင်ထဲမှာ..ခံစားရလွန်းလို့ငိုဖို့မျက်ရည်တွေတောင်..ခမ်းခြောက်ကုန်‌ပါပြီ...


"ဒါဆိုရင်..အခြားတစ်ယောက်ကို

ရွေးချယ်လိုက်ပြီပေါ့..

ကျွန်မကိုတကယ်လှည့်စားခဲ့တာပဲ...

ဆရာပေးတဲ့လက်ဆောင်ပစ္စည်းလေးတွေကို

အခုထိ..

ကျွန်မတယုတယသိမ်းထားတုန်းဆိုရင်

ဆရာယုံပါ့မလားမသိဘူး

.........

ဘာကြောင့်လဲသိလား...ဆရာပေးလိုက်တဲ့

အသေးအမွှားပစ္စည်းလေးကအစ

ကျွန်မအတွက်တန်ဖိုးရှိလို့..တန်ဖိုးထားလို့..

..........

ဆရာ့အတွက်တော့ ကျွန်မပေးလိုက်တဲ့

ချစ်ခြင်းမေတ္တာတွေအားလုံးက

အပေါစားတွေ ဖြစ်နေခဲ့တာလားဟင်..

ကျွန်မဘ၀မှာဒဏ်ရာတွေသိပ်များမှန်းလည်း

ဆရာအသိဆုံးမဟုတ်ဘူးလား..

လူရင်းကထိုးတဲ့ဓားက

ပိုကြောက်ဖို့ကောင်းတာပဲ..."


"ကိုယ်တောင်းပန်ပါတယ်ပုံရိပ်..

ကိုယ်တို့နှစ်ယောက်ကြားမှာ နားလည်မှုတွေ

လွှဲအောင်လုပ်ခဲ့မိရင်ကိုယ်အနူးအညွှတ်

တောင်းပန်ပါတယ်..ကိုယ်မင်းအပေါ်မှာ

ခံစားချက်ရှိနေတယ်လို့ထင်ခဲ့မိတာပါ..

နောက်ကျမှသိလိုက်ရတာက..

ကိုယ်တကယ်ချစ်တဲ့လူက..."


"တော်ပါတော့....ဒီလောက်ဆိုရင်..

ကျွန်မနားလည်လိုက်ပါပြီ...

အကျယ်တ၀င့်ရှင်းပြနေစရာမလိုတော့ပါဘူး..

ဆရာ့မျက်လုံးတွေကနေ..ကျွန်မကိုလှည့်စားခဲ့တဲ့

အမှန်တရားတွေအားလုံးကို..မြင်လိုက်ပါပြီ.."


"ကိုယ်စိတ်မကောင်းပါဘူးပုံရိပ်ရယ်...

ကိုယ်မင်းကိုလှည့်စားခဲ့သလိုဖြစ်သွားရင်

အနူးအညွှတ်တောင်းပန်ပါတယ်..."


"လှည့်စားခဲ့သလိုဖြစ်ခဲ့တာမဟုတ်ဘူး

လှည့်စားခဲ့ပြီးတာ...

........

ရှင့်အတွက်တော့အမှားသေးသေးလေးတစ်ခု

ဖြစ်ချင်ဖြစ်မယ်...ကျွန်မအတွက်တော့

နှလုံးသားတစ်ခုလုံး..ဆုတ်ပြတ်သတ်သွားတာပဲ

...........

ကျွန်မ..မချစ်ခဲ့သင့်ဘူး..

ရှင့်လိုဟန်ဆောင်ကောင်းတဲ့ ယောက်ျားကို

ကျွန်မ..မချစ်ခဲ့သင့်ဘူး...

...........

ကျွန်မမိဘတွေက

သေတာတောင်ကျွန်မကိုစိတ်ဒုက္ခမပေးခဲ့ကြဘူး

ရှင်ကတော့ ကျွန်မကိုရှင်လျှက်နဲ့သေအောင်အထိ

ရက်စက်လွန်းတယ်..."


"ပုံရိပ်ရယ်...မငိုပါနဲ့ကွာ...

ကိုယ်တောင်းပန်ပါတယ်...မင်းငိုရင်...

ကိုယ်မခံစားနိုင်ဘူး..."


ပုံရိပ်၏မျက်ရည်တွေကို သုတ်ပေးရန်ပြင်နေသော

သူ့လက်တွေကို ရိုက်ချပြစ်လိုက်ပြီး

သူ့ရင်ဘတ်ကို တွန်းထုတ်ပြစ်လိုက်မိလေသည်။

အတွင်းပုတ်ပြီး အပြင်မှာချိုမြသယောင်

ဟန်ဆောင်လိမ်ညာတတ်တဲ့လူတွေကို

ပုံရိပ်သိပ်မုန်းတယ်။

အထူးသဖြင့် ဦးနေမျိုးလိုလူတွေပေါ့။


"ကျွန်မအသားကို ရှင်လုံး၀လာမထိနဲ့...

ရှင့်စိတ်ဓာတ်ကို သိပ်ရွံတယ်...

.........

ကျွန်မရှင့်အပေါ်မှာ ကိုင်းညွှတ်နေမှန်းသိလျှက်နဲ့

မျှော်လင့်ချက်တွေ ပေးခဲ့တယ်...

သာမာန်ထက်ပိုတဲ့အထိအတွေ့တွေနဲ့...

ကြင်နာချင်ဟန်ဆောင်ခဲ့တယ်...

.........

ကျွန်မဆီကနေ..ပထမဆုံးအနမ်းတစ်ပွင့်ကိုလည်း

ရှင်ပဲယူသွားခဲ့တယ်...

ပထမဆုံးအချစ်ကိုလည်း

ရှင်ပဲယူသွားခဲ့တာပါ..

..........

မတည်နိုင်တဲ့ကတိတွေလည်း

အမျိုးမျိုးပေးခဲ့ပြီးမှ...

အဟင့်...မချစ်ဘူးတဲ့လား...

........

ရှင်ကတော်တော်အပြောင်းအလဲမြန်တာပဲ..."


"ဟုတ်ပါတယ်ကွာ...ကိုယ်မှားခဲ့ပါတယ်...

ကိုယ့်ကိုမင်းကြိုက်သလို့ အပြစ်တင်နိုင်ပါတယ်"


"ယောက်ျားတစ်ယောက်ကို

သိပ်ယုံကြည်မိခဲ့တဲ့..ကျွန်မကိုယ်ကျွန်မလည်း

သိပ်မုန်းတယ်...

ကျွန်မကရှင့်ကိုချစ်ခဲ့တယ်..

ရှင်ကကျွန်မရဲ့အချစ်ကို..ကစားခဲ့တယ်

အချိန်တွေကိုသာ နောက်ပြန်ဆုတ်လို့ရရင်လေ

ရှင်နဲ့ မဆုံခင်ကအချိန်ကိုပဲ

‌ပြန်ရောက်ချင်တယ်သိရဲ့လား...."


"အဲ့လိုမပြောပါနဲ့ပုံရိပ်ရယ်..ပုံရိပ်နဲ့ပတ်သတ်ပြီး

ကိုယ်ကူညီပေးခဲ့တာတွေအားလုံးက

တကယ်စေတနာအမှန်တွေကြီးပါပဲ...

ကိုယ်တို့နှစ်ယောက်ကြားမှာ

ထောင့်ငါးရာအချစ်ဆိုတာ မရှိနိုင်ပေမဲ့...

မင်းကို...ညီမလေးတစ်ယောက်အဖြစ်တော့

ဆက်ပြီး...ခင်မင်ခွင့်ပေးပါကွာနော်..

နောက်ဆုံး..တွေ့ဆုံမှုဆိုရင်လည်း

အမုန်းနဲ့တော့ နှုတ်မဆက်ချင်ဘူး

ကိုယ့်ကိုမုန်းတော့ မမုန်းလိုက်ပါနဲ့ကွာ...."


"ကျွန်မ...ဦးနေမျိုးကိုမမုန်းပါဘူး..

အမှတ်မရှိပဲ...ရှင်နဲ့စကားပြောဖို့

ဆုံးဖြတ်လိုက်မိတဲ့ ကိုယ့်ကိုကိုယ်မုန်းတာ...

........

ဆုံးရှုံးမှုမျိုးစုံကိုလည်း

ကျွန်မကြုံတွေ့ခဲ့ရဖူးတယ်..

ဒါပေမဲ့ဦးနေမျိုးဆီကနေ

ရလိုက်တဲ့သင်ခန်းစာကတော့...

ကြောက်စရာအကောင်းဆုံးပဲ...

.....

အဲ့ဒီ့ရှင်ရွေးချယ်လိုက်တဲ့သူနဲ့

တစ်သက်လုံးပျော်ရွှင်နိုင်ပါစေလို့

ကျွန်မဆုတောင်းပေးလိုက်မယ်...."


ကျွန်မသူ့ကိုကျောခိုင်းခဲ့မိလေသည်။

ကျွန်မတို့ရဲ့ခွဲခွာခြင်းဟာ နူးညံ့မှုရှိမနေခဲ့သလို

လှပသော လမ်းခွဲခြင်းလည်းဖြစ်‌မနေခဲ့ပါဘူး။


*နှုတ်ဆက်ခဲ့ပါတယ်...

အသက်လောက်ချစ်ရသူရေ...

ငါ့အသဲကိုမီးလောင်မြိုက်သွင်းပြီး

မင်းပျော်နိုင်ပါစေ...*


နေကန်နံဘေးတွင် ရပ်နေသူကတော့

စကားပန်းတစ်ပွင့် ကြွေသွားခိုက်၀ယ်

သူ့ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက်

ကျခဲ့လေတယ်။


🌹🌹🌹🌹🌹🌹🌹🌹🌹


ပုသိမ်ကြီးမြို့ထဲသို့ ၀င်လာပြီဖြစ်၍

ရန်ကင်းတောင်ကြီးကိုပါ မြင်နေရလေပြီ။

မကြာခင်မှာ ဖွားညိုရှိရာကိုရောက်တော့မည်ဖြစ်၍ ကားတံခါးကိုခေါင်းမှီထားလိုက်ပြီး

အပြင်ဘက်သို့သာ ငေးကြည့်နေလိုက်မိသည်။

အခုအချိန်မှာ ပုံရိပ်၏ခေါင်းထဲ၌

ဖွားညိုတစ်ယောက်သာရှိပါတော့တယ်။


ဖွားညိုဟာ ပုံရိပ်အပေါ်မှာစည်းကမ်းတင်းကြပ်ပြီး

တစ်ခါတ‌လေမှာအပြောကြမ်းတတ်ပေမဲ့

ပုံရိပ်၏အကျိုးကို အမှန်တကယ်လိုလားသူ

တစ်ယောက်ဖြစ်ပြီး အရမ်းလည်းကြီးပွားတိုးတက်စေချင်သူဖြစ်သည်။


မိသားစုစီးပွားရေးလုပ်ငန်းတွေက များပြားလွန်းတာကြောင့် ပုံရိပ်ကိုစီးပွားရေးဘက်ကိုသာ

လိုက်စားဖို့ တိုက်တွန်းတာလည်းမမှားပါဘူး။

ပုံရိပ်ကို ချစ်လို့သာသူ့ရဲ့အတ္တကိုအနည်းငယ်

လျော့ပြီး ဥပဒေပညာကိုသင်ယူခွင့်ပေးခဲ့ခြင်း

ဖြစ်လေသည်။

ဒီနေ့ကစပြီး..ပုံရိပ်ကိုတကယ်ချစ်တဲ့ဖွားညိုရဲ့

လောင်းရိပ်အောက်မှာပဲခိုလှုံပြီး ဖွားညိုဖြစ်ချင်သော ဆန္ဒတွေကိုအကောင်အထည်ဖော်ပေးဖို့သာ

ဆုံးဖြတ်လိုက်သည်။


"မမရေ...တို့လမ်းထဲတောင်ရောက်လာပြီ..."


ပုံရိပ်တို့နေသည့်လမ်းထဲသို့ ကားလေးချိုးကွေ့ပြီး

၀င်လိုက်စဉ်တွင် ပန်းတွေစိုက်ထားသော

ကိုထက်တို့အိမ်ကို လှမ်း၍ကြည့်လိုက်မိလေသည်။

ဘယ်လိုပဲဖြစ်ဖြစ်..။ကိုထက်ဟာသစ္စာရှိတဲ့

 ကောင်လေးတစ်ယောက်ပါပဲ 

ပုံရိပ်က်ိုသူအကြာကြီးစောင့်ပေးခဲ့တယ်။

ပုံရိပ်ကသူ့အပေါ်မှာ အချိန်တိုင်း

အပြစ်တင်နေခဲ့တာတောင် သူဟာတွယ်ကပ်နေပြီး လက်မလျော့ခဲ့ဘူး။


"တူမကြီး.ပစ္စည်းတွေကိုအလုပ်သမားတွေခေါ်ပြီး...နေရာချခိုင်းလိုက်ပါ့မယ်..

ခရီးပန်းထားကြတာဆိုတော့..နားကြအုံးပေါ့..."


"ဟုတ်ကဲ့ပါဦးလေး..."


ပေါ်တီကိုအောက်တွင် ကားကိုရပ်လိုက်သည်နှင့်

ပုံရိပ်လည်းကားပေါ်မှ ဆင်းလိုက်ပြီး

အိမ်ထဲသို့ လှမ်း၀င်လိုက်စဉ်မှာပဲ...


"ဒုန်း!!!!အား!!!."


"မမ..ဘာဖြစ်တာလဲ...ဟယ်..သွေးတွေ...

မမရဲ့ခြေမမှာ..သွေးတွေထွက်နေတယ်.."


ပိစိမကထအော်လိုက်၍..ကိုယ်ခြေထောက်ကို

ပြန်ကြည့်လိုက်မိတော့..ခြေသည်းခွံက

တစ်၀က်ကျိုးသွားခဲ့ပြီး..သွေးတွေချက်ချင်း

ရဲတက်လာလေသည်။

အသဲထဲအထိ စိမ့်တက်သွားအောင်

နာကျင်နေမိလေသည်။

မနည်းအားတင်း၍ ပိစိမကိုတွဲကာမီးဖိုခန်းဘက်သို့

လျှောက်နေစဉ်မှာပဲ အိမ်ထဲတွင်ဧည့်သည်တွေ

အများကြီးရောက်နေမှန်း သိလိုက်ရသည်။


"အိမ်ထဲမှာဘာပွဲရှိလို့လဲပိစိမ...

လူတွေအများကြီးပဲရောက်နေတယ်.."


"ဟုတ်တယ်...မမရဲ့..."


"ပုံရိပ်...!???"


ပုံရိပ်တို့နှစ်ယောက်သား ကြောင်တောင်တောင်

ဖြစ်နေစဉ်မှာပဲ အိမ်ထဲသို့၀င်လာသော

လူတစ်ယောက်၏ခေါ်သံကြောင့်အနောက်သို့

လှည့်ကြည့်လိုက်မိရာ ကုမ္ပဏီမှာရှယ်ယာရှင်း

ဦးဇော်ဇော်ဟိန်းဖြစ်နေလေသည်။


"ဦးဇော်...မတွေ့ရတာတောင်ကြာပြီနော်..."


"အေးကွယ်...ဦးလည်းစိတ်မကောင်းပါဘူး...

ဒေါ်ရိပ်ညိုဆုံးတဲ့သတင်းကို ကြားကြားချင်း

လာချင်ခဲ့ပေမဲ့...အလုပ်ကအခုမှအားလို့

လာရတာပါ..."


"ဒေါ်ရိပ်ညိုဆုံးတယ်...အဲ့ဒါဘာစကားလဲ..."


"ဟင်...ပုံရိပ်ကမသိသေးဘူးလား..."


ပုံရိပ်၏မျက်၀န်းအိမ်တွေ ဂဏှာမငြိမ်နိုင်တော့လောက်အောင်အထိ တုန်လှုပ်သွားမိလေသည်။

နှလုံးခုန်နှုန်းတွေမြန်ဆန်လာကာ မောဟိုက်လာသလို ခံစားလိုက်မိပြီးနောက် မယုံကြည်နိုင်စွာ

ဖြင့်ဖွားညို၏ အိပ်ခန်းဘက်သို့လှမ်းကြည့်လိုက်ပြီး

ခြေထောက် ထော့နဲ့ထော့နဲ့ဖြင့်ပြေးသွားမိလေသည်။


"မမရေ...ခြေထောက်မှာသွေးတွေထွက်နေတယ်လေ..."


ပုံရိပ်လေးပြေးသွားရာလမ်းတစ်လျှောက်လုံးတွင်

သွေးစက်မှာ ကျန်ရစ်ခဲ့သည့်တိုင်အောင်

ခြေမဒဏ်ရာက ပြင်းထန်နေခဲ့ပေမဲ့

ရင်ထဲမှဒဏ်ရာလောက်မနက်နဲခဲ့ပေ။


"ဖွားညို!!!!"


"ဒုန်း!!!!!"


"ပုံရိပ်...သမီးလေး!!!"


ဖွားညို၏နာမည်ကိုအော်ခေါ်ကာ ဖွားညို၏အိပ်ခန်းအပေါက်၀အထိ ပြေးလာနိုင်ခဲ့ပေမဲ့

တစိမ့်စိမ့်နာကျင်နေသည့်ခြေထောက်ဒဏ်ရာနှင့်ရောကာ အင်အားချိနဲ့စွာဖြင့် ဒူးတွေကွေးညွှတ်

ကျသွားခဲ့လေသည်။

အိပ်ခန်းအပေါက်၀မှနေ၍ ကုတင်ပေါ်တွင်

လှဲလျောင်းနေသော ဖွားညို၏ရုပ်အလောင်းကို

တွေ့လိုက်ရသောအခါမှာ ထဖို့လုံး၀အင်အားမရှိတော့ပေ။


"ပုံရိပ်...အဟင့်..မေညိုဆုံးပြီပုံရိပ်ရဲ့...

ဒီနေ့...နေ့လည်ကပဲဆုံးသွားတာ...ပုံရိပ်ကိုအကြောင်းကြားချင်ပေမဲ့ ရုတ်တရက်ကြီး

ဖြစ်သွားတော့...ပုံရိပ်တို့လမ်းမှာတစ်ခုခုဖြစ်မှာ

စိုးလို့ မပြောခဲ့ကြတာပါကွယ်..."


အိပ်ခန်းအပေါက်၀တွင် ထ၍မရသေးသော

ပုံရိပ်ကို အန်တီယဉ်တင့်ကပြေး၍ဖက်ပြီး

ငိုလာသလို လေးလေးမင်းခန့်ကလည်း

ပုံရိပ်၏ပခုံးကို ပုတ်ကာနှစ်သိမ့်ပေးနေလေသည်။


"လေးလေးခန့်..ဖွားညိုဆီကို..သမီးသွားချင်တယ်..."


ပုံရိပ်ဘာဖြစ်နေသလဲဆိုတာကို နားလည်သော

လေးလေးခန့်သည် ပုံရိပ်ကိုပွေ့ချီလိုက်ပြီး

ဖွားညို၏ကုတင်ပေးတင် ချပေးလေသည်။

အိပ်ခန်းထဲတွင်ရှိနေသော လူတွေအားလုံးကတော့

ဒေါ်ရိပ်ညို၏မျက်နှာကိုသာ အရူးတစ်ယောက်လို

ကြောင်ကြည့်နေရှာသည့် ပုံရိပ်လေးကိုကြည့်ကာ

၀မ်းနည်းနေကြလေသည်။


"ဖွားညို..ဘာဖြစ်လို့သမီးပြန်လာတာကို

မစောင့်ရတာလဲ..ရက်ပိုင်းလောက်ပဲကြာမယ်လို့

ပြောခဲ့တယ်လေအဖွားရယ်...

ရန်ကုန်ကိုမသွားခင်ကတောင်...အဖွားနဲ့သမီး..

စကားတွေအများကြီးပြောခဲ့ကြသေးတယ်လေ..

အဖွားအသက်ရှည်ရှည်နဲ့..ကျန်းမာနေဖို့တောင်

သမီးဆုတောင်ပေးခဲ့သေးတယ်..အခုတော့..

သမီးဘယ်လို ဖြည်သိမ့်ရမှာလဲ...

အဖေနဲ့အမေ့လို...အဖွားလည်းသမီးကို

တကယ်..ထားသွားခဲ့ပြီပေါ့နော်..

.........

အဖွားဖြစ်စေချင်တဲ့ဆန္ဒတွေကို...သမီးတစ်ခုမှ

မဖြည့်ဆည်းပေးရသေးဘူးလေ..

အဟင့်...သမီးကိုမထားသွားပါနဲ့..

သမီးမှာ..အဖွားပဲရှိတော့တာပါ...

..........

နိမ့်ကျနေတဲ့သမီးရဲ့ဘ၀ကို

အဖွားကအမြင့်ကိုဆွဲတင်ပေးခဲ့တယ်

ယုံကြည်မှုအားနဲနေတဲ့ ပုံရိပ်ကို

သတ္တိရှိလာအောင် လူတောတိုးရဲအောင်

သင်ပေးခဲ့ပြီးမှ...သမီးရဲ့ဘ၀

အမြင့်ဆုံးရောက်တဲ့အချိန်အထိ ဘာလို့

အတူရှိနေမပေးတော့တာလဲအဖွားရယ်...

သမီးအတွက် ဘာမှမလိုအပ်ပါဘူး

ကိုယ်ချစ်တဲ့လူတွေနဲ့ အတူရှိနေချင်ရုံလေးပါပဲ

သမီးရဲ့ ဆုတောင်းတွေမပြည့်ခဲ့ဘူး..."


ဖွားညို၏ ရုပ်အလောင်းကိုဖက်ကာ အသံတိတ်၍

ငိုမိသည်။မေမေနဲ့ဖေဖေဆုံးတုန်းက

ပုံရိပ်မသိလိုက်ပေမဲ့ တကယ်တမ်းသိလိုက်ရတဲ့အခါ ရင်ထဲမှာမခံမရပ်နိုင်‌လောက်အောင်

၀မ်းနည်းခဲ့ရတယ်။

အခုဖွားညိုလည်း ပုံရိပ်၏ဘ၀ထဲကနေ

ထွက်သွားပြန်ပြီ။


ကံကြမ္မာက ပုံရိပ်ကိုအပြစ်ပေးနေတာများလား။

၀ဋ်ကြွေးရှိရင်လည်း သည်ဘ၀မှာ

ဤမျှနှင့်သာ ကြေစေချင်ပါတယ်။


"ပုံရိပ်ရယ်မငိုပါတော့နဲ့နော်...မေညို့ရဲ့ဝိဉာဉ်က

ဒီနေရာမှာပဲရှိနေအုန်းမှာ..မေညိုကပုံရိပ်ကို

စိတ်ချတာမဟုတ်ဘူး...

ပုံရိပ်ငိုရင်သူနောက်ဆံတင်းနေလိမ့်မယ်...

မေညိုဘ၀ကူးကောင်းအောင်လုပ်ပေးရမယ်လေ

အခေါင်းသွင်းရတော့မှာမို့...

မေညို့ကိုလွှတ်လိုက်ပါနော်..."


အန်တီယဉ်တင့်က ပုံရိပ်ကိုအတင်းလာဖက်ပြီး

သတိပေးနေသောကြောင့် အဖွားကိုဖက်ထားမိရာမှ

ဖြေလွှတ်ပေးလိုက်မိလေသည်။

အသံထွက်၍ မငိုမိတော့ပေမဲ့ 

မျက်ရည်တွေကတော့ အဆက်မပြတ်ကျဆင်းနေလေသည်။


*စိတ်ချပါဖွားညိုရယ်...အဖွားဖြစ်စေချင်သလို..

သမီးကြိုးစားပါ့မယ်...သမီးကိုစိတ်ချပါ...

အဟင့်..သမီးအဖွားကိုသိပ်ချစ်ပါတယ်...

အဖွား..ကောင်းရာမွန်ရာဘုံဘ၀ကို

ရောက်ရှိနိုင်ပါစေ..

နောက်ဘ၀နောင်သံသရာအဆက်ဆက်မှာ

ဖွားညိုရရှိချင်တဲ့ မိသားစုဘ၀လေးကို

ရရှိပါစေအဖွားရယ်....*


ထာ၀ရအိပ်စက်သွားသော အသက်(၇၀)ကျော်ပြီဖြစ်သည့် ဖွားညို၏မျက်နှာလေးသည်

သေသူတစ်ယောက်နှင့်မတူပဲ

အသားအရည်ကအစ ကြည်လင်နေလေသည်။

ပြုံးနေသော မျက်နှာလေးဖြစ်နေ၍အများကတော့

သေပန်းလှသည်ဟု ဆိုကြသည်။

ပုံရိပ်တို့ကတော့ သံသရာမှာကြင်လည်ရအုံးပေမည်။


🌹🌹🌹🌹🌹🌹🌹🌹🌹


ဇာတ်သိမ်းက ရေးရင်းနဲ့ဒီလောက်ရှည်မယ်မထင်ထားခဲ့မိလို့ နှစ်ခန်းခွဲလိုက်ရပါတယ်

 (အခန်း၇၂)မှာတော့

တကယ်ဇာတ်သိမ်းပါပြီနော်


ဒီအခန်းကရင်တော့နည်းနည်း နာရပါတယ်...

‼️Spoilerအနေနဲ့ပြောရရင်တော့

ဇာတ်လမ်းလေးမှာ ဆရာနေမျိုးဘက်ကို

ဖော်ပြဖို့ ကျန်နေသေးတယ်ဆိုတာပါပဲ...

ဆရာနေမျိုးက တကယ်ပဲရက်စက်တတ်သလား

ဆိုတာကို နောက်အခန်းမှာ သိခွင့်ရပါလိမ့်မယ်


(ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို

ကျေးဇူးအထူးတင်ရှိပါတယ်..)


========================================================================

🌹ဆူးႀကိဳး🌹(အခန္း၇၁)


💦ႏွစ္ဆန္းတစ္ရက္ေန့....💦


ဘ၀ဟာ တစ္ခန္းရပ္ျပဇာတ္တစ္ပုဒ္သာဆိုရင္

ကန႔္လန႔္ကာခ်လိုက္သည္ႏွင့္ အားလံုးအဆံုးသတ္သြားႏိုင္လိမ့္မည္။

ဒါေပမဲ့ ဘ၀ဆိုတာဟာ လိႈင္းထန္ေနေသာျမစ္ငယ္ေလးလိုပါပဲ။

ဘယ္ေသာအခါမွ တည္ၿငိမ္ေနတယ္ရယ္လို႔မရိွပဲ

အညစ္အေၾကးေတြအားလံုးကို သိမ္းပိုက္ေပြ့ဖက္ထားရတယ္။


ပံုရိပ္လည္းပဲမၿပီးဆံုးႏိုင္ေသာ အိပ္မက္ရွည္ထဲမွာစီးေမ်ာလိုက္ပါေနရတာပါပဲ..။

ဒီႏွစ္ရဲ့ ျမန္မာ့ႏွစ္သစ္ကူးသည္ ပံုရိပ္အတြက္ေတာ့

ေပ်ာ္ရႊင္စရာ မျဖစ္ခဲ့ပါဘူး။

၀မ္းနည္းစရာေတြ ထပ္မံႄကံုရမယ္မွန္းသိရင္

ရန္ကုန္ကို ျပန္လာဖို႔စိတ္ကူးမိမည္မထင္ေပ။


"မမေရ...သြားရေအာင္ေလ..အားလံုးအဆင္သင့္ျဖစ္ေနၿပီ..."


မႏၲေလးကိုျပန္ဖို႔ ပိစိမကလာေခၚေသာအခါမွာ

ပံုရိပ္၏ရင္ထဲ၌ ၀မ္းနည္းမႈအျပၫ့္ျဖစ္ေနေလသည္။ဒီတစ္ခါျပန္သြားၿပီးရင္ ျပန္လာႏိုင္ဖို႔က

အခ်ိန္အမ်ားႀကီး ၾကာမွာေသခ်ာသည္။

ဖြားညို၏စီစဉ္ေပးမႈႏွင့္ နယူးေယာက္မွာေက်ာင္းသြားတတ္ဖို႔ရာ အားလံုးစီစဉ္ၿပီးေလၿပီ။

ပံုရိပ္၏ ဘ၀ကိုရုပ္လံုးေပၚလာေအာင္

အခ်ိန္ေပးၿပီး ထုဆစ္ရမၫ့္အခ်ိန္ပါပဲ။

သူငယ္ခ်င္းေတြနဲ႔ေရာ မိသားစုႏွင့္ပါေဝးကြာရမၫ့္

အခ်ိန္ကို ေတြးၾကၫ့္မိတိုင္းစိတ္ထဲမွာ

‌ပူေလာင္လာသည္။


"ေဒၚေလးကို သမီးကန္ေတာ့ခဲ့ပါတယ္..."


"ေအးပါကြယ္...ငါ့တူမေလး...အၿမဲတမ္းစိတ္ခ်မ္းသာၿပီး..ေပ်ာ္ရႊင္ရပါေစ..ဘယ္ေနရာကို

ေရာက္ေရာက္..ခ်စ္သူ၊ခင္သူေတြပါမ်ားပါေစကြယ္.."


" ေပးတဲ့ဆုနဲ႔ျပၫ့္ပါေစ...ေဒၚေလးရယ္..."


"မႀကီးပံု...မႀကီးကဒီတစ္ခါျပန္သြားရင္...

အၾကာႀကီးေနမျွပန္လာမွာဆို..."


"မိစုကိုဘယ္သူကေျပာတာလဲ..."


"ကိုႀကီးေျပာတာေလ...မႀကီးကမိစုတို႔ကို

ၾကာရင္ေမ့သြားမွာလားဟင္...သမီးတို႔ေတြကို

ျပန္လာေတြ့အံုးမွာလားဟင္..."


မိစုေလး၏စကားေၾကာင့္ ပံုရိပ္မ်က္ရည္က်မိေလသည္။ကေလးေတြဆိုေပမဲ့ တစ္ေယာက္နဲ႔

တစ္ေယာက္ ခဲြခြာရတဲ့အခါ ၀မ္းနည္းစရာ

ေကာင္းမွန္း သူတို႔ေလးေတြလည္း

နားလည္ေနၾကေလၿပီ။

မိစုေလးေရာ၊ထြန္းကိုေရာဟာ ယခင္ထက္

လူေကာင္ထြားလာၾကသလို အတန္းေတြလည္း

ႀကီးလာၿပီျဖစ္၍ ေဒၚေလးအတြက္ကူေဖာ္ေလာင္ဖက္ ရေန‌ပါၿပီ။


အခ်ိန္တစ္ခုကိုေရာက္ရင္ မိစုဟာ

အိမ္မႈကိစၥလုပ္ေပးၿပီး ေငြေရးေၾကးေရးကို

ထိန္းသိမ္းႏိုင္သူျဖစ္လာကာ ထြန္းကိုကေတာ့

မိသားစု၏စား၀တ္ေနေရးအတြက္ စီးပြားရွာ

ရေသာ ေဒၚေလး၏ေနရာသို႔ ေရာက္ရေပလိမ့္မည္။

ပံုရိပ္ကေတာ့ ဒီမိသားစုေလး၏ေဒါက္တိုင္အျဖစ္

ဆက္ၿပီး ရိွေနေပးအံုးမွာပါ။


"ထြန္းကိုနဲ႔မိစု...မမေျပာတာကိုနားေထာင္ေနာ္..

ေမ့ေမ့ကိုတတ္ႏိုင္သေလာက္ကူညီေပးၾက...

ေမေမ့စကားကိုအၿမဲတမ္းနားေထာင္ရမယ္ေနာ္..

ကေလးတို႔ရဲ့အေမက...အရမ္းပင္ပန္းခဲ့ရတာ...

တို႔ေတြအားလံုးပညာတတ္ႏိုင္ဖို႔...လူရာ၀င္ဖို႔

သူအမ်ားႀကီးအနစ္နာခံခဲ့ရတာ...ထြန္းကိုေလးကို

အဓိကမွာခ်င္တယ္..ေမေမနဲ႔ညီမေလးကို

ေမာင္ေလးက...ေစာင့္ေရွာက္ရမယ္ေနာ္..."


"စိတ္ခ်ပါမႀကီးပံုရယ္...မႀကီးရဲ့စကားကို

သားေသခ်ာနားေထာင္ပါ့မယ္..."


"အံမယ္...နားေထာင္မယ္လည္းေျပာေသးတယ္

မႀကီး...ဒီကိုစေရာက္တဲ့ေန့တုန္းကေတာ့

ရပ္ကြက္ထဲမွာ ေရလွၫ့္ေဆာ့ေနတာ

အိမ္ေတာင္မကပ္ဘူး...."


"မႀကီးကလည္း...အဲ့ဒါကမိစုေၾကာင့္ပါ...

သူကေရေဆာ့ခ်င္တယ္ဆိုလို႔...သားကသူ႔ေနာက္ကို

လိုက္ေပးရတာ..."


"ကိုႀကီးေနာ္...မဟုတ္တာေတြေလ်ွာက္ေျပာေနတယ္..သူကသြားေဆာ့မယ္ဆိုၿပီးေခၚလို႔

သူမ်ားကလိုက္တဲ့ဥစၥာကို..."


"ကဲ...ထြန္းကို..မိစုကေတာင္‌ေျပာေနၿပီ..

ဘာျငင္းခ်င္ေသးလဲ..."


"မႀကီးကလည္း...သားေနာက္မလုပ္ေတာ့ပါဘူး

သားလိမၼာပါေတာ့မယ္..."


"ဟား..ဟား..ေျပာလည္းအပိုပါပဲမိပံုရယ္..

နင့္ေမာင္ေတြ၊ညီမေတြက အေဆာ့သန္ေတြပါေအ

..."


"ေမႀကီးကလဲ..."


ေဒၚေလးက တိုင္လိုက္ေသာေၾကာင့္

ႏွစ္ေယာက္သား မ်က္ႏွာေလးေတြပ်က္သြားၾကေလသည္။

ပံုရိပ္လည္း ေခါင္းညိမ့္ျပကာသေဘာတက်

ရယ္လိုက္မိသည္။


"ပံုရိပ္ေရ...ပစၥည္းေတြအားလံုးတင္ၿပီးသြားၿပီ..."


အိမ္အေပါက္၀မွ ဟိန္းကို၏အသံေၾကာင့္

ပံုရိပ္လည္း နာရီကိုလွမ္းၾကၫ့္လိုက္မိေလသည္။

မနက္ခုႏွစ္နာရီထိုးေနၿပီျဖစ္၍ မႏၲေလးသို႔ေစာေစာျပန္ရန္ စီစဉ္ထားသၫ့္အတိုင္း လုပ္ဖို႔သာ

ဆံုးျဖတ္လိုက္သည္။


"...ငါထြက္လာခဲ့မယ္...

ေဒၚေလးသမီးသြားေတာ့မယ္ေနာ္..."


"ေအး..ေအး..လမ္းမွာဂရုစိုက္ပါကြယ္..."


"ဟုတ္ကဲ့ပါေဒၚေလးရဲ့..."


ကိုယ့္ေက်ာပိုးအိတ္ကို ဆဲြၿပီးအိမ္ထဲမွ

ထြက္လာခဲ့လိုက္သည္။

ဟိန္းကိုကလည္း ပံုရိပ္ေစာေစာျပန္မည္ကိုသိ၍ မနက္ေစာေစာေရာက္လာၿပီး

ႏႈတ္ဆက္ေလသည္။

ပံုရိပ္ကို လာ၍ႏႈတ္မဆက္ေသာ

ေနႏိုင္သူႀကီးကေတာ့ ဆရာတစ္ေယာက္သာရိွပါတယ္။


"ပံုရိပ္...နင္ဟိုတစ္ခါရန္ကုန္ကိုလာတုန္းက

ငါလက္ေဆာင္ေပးလိုက္တဲ့ ဒိုင္ယာရီစာအုပ္ေလး

 နင့္ဆီမွာရိွေသးလား..."


"ရိွပါတယ္ဟ..ငါေသခ်ာသိမ္းထားပါတယ္...

အရင္ကေတာ့သံုးျဖစ္ေပမဲ့..အခုေနာက္ပိုင္း

ခ်မေရးျဖစ္တာၾကာၿပီ..."


"ေအးပါဟာ..ဘယ္လိုပဲျဖစ္ျဖစ္..ငါေပးတဲ့

လက္ေဆာင္ေလးကို သတိတရရိွေသးတယ္

ဆိုရင္ပဲ ေက်နပ္ပါၿပီ..."


"သတိတရရိွပါတယ္ဟာ..ေအာ္

ငါေျပာဖို႔ေမ့ေနတာ..

နင့္ရဲ့ကိုယ္ေရးအခ်က္အလက္ေတြကိုငါ့ဆီ..

ပို႔ေပးထားေနာ္...ဒီရက္အတြင္းမွာအင္တာဗ်ူး

ေျဖရေအာင္...ငါလုပ္ေပးမယ္..."


"ဒါေပမဲ့...ငါ့မွာဘဲြ႔လက္မွတ္မွမရိွေသးတာ...

အဆင္ေျပပါ့မလား..."


"ေျပပါတယ္ဟာ..အင္တာဗ်ူးရဖို႔အရင္ျပင္ဆင္

ထားလိုက္.."


"ေက်းဇူးပါပဲ...ပံုရိပ္ရာ.."


"ရပါတယ္ဟာ..နင္နဲ႔ငါကသူငယ္ခ်င္းေတြပဲဥစၥာ

ငါ့အေဒၚေတြကိုလည္း ၾကၫ့္ေပးပါအံုးေနာ္...

ငါကႏိုင္ငံျခားမွာ ေက်ာင္းတက္ဖို႔လည္း

ျပင္ဆင္ရအံုးမွာဆိုေတာ့...‌ေငြေရး၊ေၾကးေရး

ေထာက္ပံ့ႏိုင္တာကလဲြၿပီး..က်န္တာဘာမွ

တတ္ႏိုင္ေတာ့မွာ မဟုတ္ဘူး.."


"စိတ္ခ်စမ္းပါဟာ...နင့္အေဒၚကလည္း...

ငါ့အေဒၚပါပဲ..."


ဟိန္းေဇယ်ာထက္၏စကားေၾကာင့္

ပံုရိပ္ေက်နပ္သြားမိသည္။

ပိစိမကေတာ့ အေစာတည္းက

ကားေပၚတြင္ထိုင္ေနႏွင့္ေလၿပီ။

ပံုရိပ္လည္းကားထဲသို႔၀င္ကာ အားလံုးကို

တာ့တာျပလိုက္ၿပီး ကားေလးေမာင္းထြက္သြားေသာအခါ အေနာက္ဘက္သို႔လွၫ့္ၾကၫ့္ရင္း

စိတ္မေကာင္းျဖစ္ရျပန္သည္။


"မမ....စိတ္မေကာင္းျဖစ္ေနတာလား..."


"ဟုတ္တယ္..‌ေဒၚေလးကလည္း

အသက္ႀကီးလာၿပီဟ..ေဒၚေလးရဲ့ေဘးနားမွာ

အနီးကပ္မေစာင့္ေရွာက္ႏိုင္တာကို

ငါစိတ္မေကာင္း ျဖစ္မိတာပါ..."


"မမရယ္...လူေတြဆိုတာအခ်ိန္တန္ရင္

ခဲြရမွာပဲေလ..

မမရဲ့ေဒၚေလးမွာက ျပန္ၾကၫ့္မဲ့သားသမီးေတြ

ရိွပါေသးတယ္..မမကလည္းလူငယ္ပဲေလ...

အနာဂတ္မွာပိုေကာင္းဖို႔  ႀကိဳးစားခြင့္ရတဲ့အခ်ိန္မွာ

အေကာင္းဆံုးႀကိဳးစားရအံုးမွာေပါ့...."


"ဟုတ္တာေတာ့..ဟုတ္ပါတယ္..ဒါေပမဲ့

ငါတို႔ႀကိဳးစားေနတဲ့အခ်ိန္မွာ..

ငါတို႔ခ်စ္ရတဲ့လူေတြကို

ဂရုမစိုက္ႏိုင္ေတာ့ဘူးေလဟာ..ငါတို႔ရဲ့ဘ၀ေတြ

တိုးတက္ေျပာင္းလဲလာတဲ့အခ်ိန္ေရာက္တဲ့အခါ

ငါတို႔ခ်စ္တဲ့သူေတြ မရိွၾကေတာ့ဘူးဆိုရင္

ငါေနာင္တရလို႔ ဆံုးမွာမဟုတ္ဘူး..."


"သမီးလည္းမေျပာတတ္ေတာ့ပါဘူး...

မမေျပာတာလည္းမွန္တာပဲ..ဒါေပမဲ့

လူဆိုတာ ကိုယ္လုပ္စရာရိွတာေတာ့လုပ္ရမွာပဲေလ

..အျခားလူေတြအသက္ႀကီးသြားတာကို

ထိုင္ေစာင့္ၿပီးျပဳစုေနရံုနဲ႔ ကိုယ္ကငယ္သြားမွာမွ

မဟုတ္တာ..အနားမွာရိွေနႏိုင္တဲ့အခ်ိန္မွာ

မမက..အကုန္လံုးကိုမ်ွမ်ွတတ..

ေစာင့္ေရွာက္ေပးခဲ့ၿပီးၿပီေလ..."


"ဒါဆို...ငါတျခားႏိုင္ငံမွာေက်ာင္းသြားတက္မွာကိုနင္ကအားေပးေနတာလား...နင္ကငါ့ကို

ခဲြႏိုင္တယ္ေပါ့ေလ..."


"အဲ့လိုမဟုတ္ပါဘူးမမရယ္...သမီးကမမကို

ပိုလို႔ေတာင္ မခဲြခ်င္ေသးတယ္..မမသာ

ႏိုင္ငံျခားကိုသြားရင္..အိမ္မွာသမီးနဲ႔ရြယ္တူ

တစ္ေယာက္မွ ရိွေတာ့မွာမဟုတ္ဘူး...

အမွန္အတိုင္းေျပာရရင္..မမႏိုင္ငံျခားကို

သြားရမဲ့ေန့ကို ေတြးမိတိုင္းအရမ္းငိုခ်င္တာပဲ..."


"ငါလည္း...အားလံုးနဲ႔မခဲြခ်င္ပါဘူးဟာ

အခုေတာင္ စိတ္ထဲမွာတစ္မ်ိဳးႀကီးပဲ..."


"ဒါဆိုရင္...ေနာင္တမရေအာင္..ႏႈတ္ဆက္စကားေလးေတာ့..သြားေျပာလိုက္ပါလား..."


"ႏႈတ္ဆက္ခဲ့ၿပီးၿပီေလဟာ..."


"ဒါေပမဲ့..တစ္ေယာက္က်န္ေနေသးတယ္ေလ...

မမရဲ့..ရင္ထဲကတစ္ေယာက္..."


ကားေလးဟာ တျဖည္းျဖည္းႏွင့္လမ္းထိပ္သို႔ေရာက္ေသာအခါ ပိစိမ၏တိုက္တြန္းေသာ

စကားေလးေၾကာင့္ ပံုရိပ္ေတြေဝသြားမိသည္။

ဒီလမ္းခဲြေနရာေလးကိုေရာက္တိုင္း

ပံုရိပ္အရမ္း၀မ္းနည္းမိတယ္။

ပထမတစ္ခါ ရန္ကုန္ကိုလာၿပီး ျပန္တုန္းကလည္း

ပံုရိပ္ကို ဆရာလာၿပီးႏႈတ္မဆက္ခဲ့ဘူး။

ပံုရိပ္ဘာလုပ္ရမလဲ။

ေနာက္ဆံုးအႀကိမ္အျဖစ္

သူနဲ႔စကားေျပာၾကၫ့္ရမလား။


"ဦးေလး...ဘုန္းႀကီးေက်ာင္းဘက္ကို ေမာင္းေပးပါ"


"ဒီလိုမွေပါ့မမရယ္..."


ပိစိမသည္ လက္မေလးေထာင္ၿပီးရယ္ျပလာေသာေၾကာင့္ ပံုရိပ္လည္းႃပံုး၍ျပလိုက္မိေလသည္။

ဘုန္းႀကီးေက်ာင္းေရ႔ွသို႔ ေရာက္သည္ႏွင့္

ကားကိုရပ္ခိုင္းလိုက္မိသည္။


"မမ..သမီးဒီမွာပဲေနခဲ့မယ္ေနာ္..."


ပံုရိပ္၏အေၾကာင္းကို အစ၊အဆံုးသိေနေသာ

ပိစိမကအလိုက္သိစြာ ကားေပၚမွာပဲက်န္ရစ္ေနခဲ့ေပးေလသည္။

ပံုရိပ္လည္း ေခါင္းညိမ့္ျပလိုက္ကာ

ေက်ာင္း၀န္းထဲသို႔ လွမ္း၀င္လိုက္ၿပီးေနာက္

ဖုန္းကိုထုတ္၍ ဆရာ့ဖုန္းနံပါတ္ကို

ေခၚလိုက္မိသည္။

ဒီတစ္ခါေတာ့ ပံုရိပ္ရဲ့ဖုန္းကိုမခ်လိုက္ပဲ

ဆရာဖုန္းလာကိုင္သည္။


"ဟယ္လို.....ဆရာ...ပံုရိပ္တို႔ေနာက္ဆံုးအေနနဲ႔

တစ္ခါေလာက္ေတြ့ၾကရေအာင္..

ဘုရားႀကီးေဘးက ေရကန္ေဘးမွာ..ဆရာ့ကို

ပံုရိပ္..ေစာင့္ေနပါ့မယ္..."


🌹🌹🌹🌹🌹🌹🌹🌹


မနက္အေစာပိုင္းျဖစ္၍ ေက်ာင္း၀န္းႀကီး

တစ္ခုလံုးဟာ တိတ္ဆိတ္ေနၿပီး

တခၽြင္ခၽြင္ျမည္‌ေနေသာဆည္းလည္းသံေလးေတြႏွင့္ ေက်းငွက္သံေလးေတြကိုသာ

ၾကားေနရေလသည္။

အင္ၾကင္းပန္းပင္ႀကီးကလည္း ယခင္အတိုင္း

အပြင့္ေတြေဝၿပီး ေမႊးပ်ံ႔ေနတုန္းပါပဲ။


ဘုရားႀကီးကို အရင္ဦးခ်လိုက္ၿပီး

ငါးကန္ႀကီးနံေဘးမွာ သြားရပ္ရင္း

သူလာမွာကိုေစာင့္ေနလိုက္သည္။

ငါးကန္စပ္တြင္ စိုက္ထားေသာ

စကားဝါပန္းပင္၏ ေအာက္ကိုေရာက္ေအာင္

သြားမိေတာ့ စကားပန္း၏ရနံ႔ေလးဟာ

စိတ္ကိုရႊင္လန္းေစသည္ဟု ခံစားမိသည္။


နဂါးဘုရားႀကီးဘက္အျခမ္းကိုၾကၫ့္လိုက္မိေတာ့

ပိေတာက္ပင္ႀကီးဟာ ယခုအထိရိွေနတုန္းျဖစ္ၿပီး

ပိေတာက္ပန္းေတြလည္း ေဝေနတုန္းပါပဲ။

အိပ္မက္ထဲမွာ ဆရာကအဲ့ဒီ့ပိေတာက္ပင္ႀကီးကေန

ပိေတာက္ပန္းေလးကိုခူးၿပီး ပံုရိပ္၏

ဦးေခါင္းထပ္မွာ ပန္ေပးသည္ဟုစိတ္ကူးယဉ္ၿပီး ၾကည္ႏူးခဲ့ဖူးသည္။

ဘာလို႔ လက္ေတြ့နဲ႔စိတ္ကူးဟာ

သိပ္ကို ကဲြျပားေနရတာလဲ။


"ပံုရိပ္!!ေစာင့္ရတာၾကာသြားလား..."


ဘာေၾကာင္ရယ္မသိ...သူ႔အသံကိုၾကားသည္ႏွင့္

ပံုရိပ္၏ ရင္ထဲမွာအလိုလို၀မ္းနည္းလာမိသည္။

ဒီေနြးေထြးတဲ့အသံေလးေၾကာင့္

စိတ္လံုႃခံုသလိုခံစားခဲ့ရဖူးသည္။

ဒီအသံေလးကပဲ အားငယ္မႈေတြကို

ႏွစ္သိမ့္ေပးႏိုင္ခဲ့သည္။


"ေရာက္မလာေတာ့ဘူးလို႔..ထင္ခဲ့တာ..."


ပံုရိပ္ရပ္ေနေသာ စကားဝါပင္ႀကီးေအာက္သို႔

လွမ္းလာေနစဉ္မွာပဲ ပံုရိပ္ေျပာလိုက္သၫ့္

စကားေၾကာင့္ ဆရာ့ေျခလွမ္းေတြ

ရပ္တန႔္သြားေလသည္။

*ဘာေၾကာင့္...ေရ႔ွကိုဆက္မတိုးလာရတာလဲ

ဆရာရယ္...*


"ပံုရိပ္...ကိုယ့္ကိုဘာေျပာခ်င္လို႔ေခၚလိုက္တာလဲ.."


"ဆရာ့စကားရဲ့အဓိပၸာယ္က...ကၽြန္မသာမေခၚရင္

ဆရာကၽြန္မကိုတစ္သက္လံုးလာမေတြ့ေတာ့ဘူးလို႔

ဆိုလိုတာလား..."


ပံုရိပ္ကေမးခြန္းထုတ္လိုက္ေတာ့

လိပ္ျပာမလံုသူႀကီးဟာ ေခါင္းငံု႔ၿပီး

မ်က္ႏွာလႊဲသြားျပန္သည္။

သူဘယ္အခ်ိန္အထိ ပံုရိပ္ကိုဒီလိုနာက်င္ေအာင္

လုပ္ေနအံုးမွာလဲ။


ကိုယ့္ႏႈတ္ခမ္းကို အတင္းဖိကိုက္ျပစ္လိုက္ၿပီး

ဆရာရပ္ေနေသာေနရာကို ေျပးသြားလိုက္ကာ

ဆရာ့လက္ေမာင္းေတြကို ဆုပ္ကိုင္လ်ွက္

မ်က္ႏွာခ်င္းဆိုင္၍ အၾကၫ့္ခ်င္းဆံုေအာင္

ဖိအားေပးလိုက္မိသည္။


"ကၽြန္မရဲ့မ်က္လံုးေတြကို

တၫ့္တၫ့္စိုက္ၾကၫ့္စမ္းပါ...

ကၽြန္မအခုထိဆရာ့ကိုေစာင့္ေနေသးတယ္ဆိုတာကို ဆရာသိပါတယ္...

ဆရာေျပာေတာ့ ကၽြန္မဆီကို

ေရာက္ေအာင္လာခဲ့မယ္ဆို...

အခုသံုးႏွစ္ရိွသြားၿပီဆရာရဲ့...

ဆရာ့အေရ႔ွကိုကၽြန္မကိုယ္တိုင္ေရာက္လာၿပီေလ

ဆရာ..ကၽြန္မကိုဘာလို႔မၾကၫ့္ရတာလဲ..."


"ကိုယ္မင္းနဲ႔မပတ္သတ္ခ်င္ေတာ့ဘူး..ပံုရိပ္..."


ဆရာကိုယ္တိုင္ တြန္းထုတ္လိုက္ေသာပံုရိပ္သည္

အေနာက္သို႔ အနည္းငယ္ယိုင္က်သြားသလို

မ်က္ရည္ေတြဟာလည္း တားဆီး၍

မရေတာ့ေလၿပီ။ႏႈတ္ခမ္းသားေလးေတြဟာ

တဆက္ဆက္တုန္ယင္ေနၿပီး ဆရာ့ကိုသာ

မယံုၾကည္ႏိုင္စြာ အတန္ၾကာေအာင္စိုက္ၾကၫ့္ေနမိသည္။


ဆရာ့မ်က္၀န္းေတြဟာလည္း နီျမန္းေနေပမဲ့

ပံုရိပ္အတြက္ ၀မ္းနည္းေနတာမ်ိဳးမဟုတ္ပဲ

ေဒါသတရားလႊမ္းကာ ခက္ထန္ေနျခင္းျဖစ္သည္။

လူတစ္ေယာက္ဟာ ဒီေလာက္အထိ

ေျပာင္းလဲလြယ္တာပါလား။

ပံုရိပ္၏အေပၚမွာ အၿမဲႏူးညံ့စြာ

ဆက္ဆံေပးတတ္ေသာ ဆရာေနမ်ိဳး၏

ပံုသ႑န္ေတြ ခ်က္ခ်င္းေပ်ာက္ကြယ္သြားသလိုပါပဲ။

ေနၾကာပန္းခင္းႀကီးထဲမွာ ပံုရိပ္ကိုစိုးရိမ္တႀကီး

ေပြ့ဖက္ခဲ့တဲ့ အျပဳအမူေတြဟာလံုး၀ကို

လႊင့္ပ်ယ္သြားခဲ့ေလၿပီ။


"ကိုယ္ေနာက္တစ္ခါထပ္ေျပာမယ္

ကိုယ္မင္းနဲ႔မပတ္သတ္ခ်င္ေတာ့ဘူး..."


"ကၽြန္မတို႔အတူ ဆံုစည္းခဲ့တဲ့ေနရက္ေတြ

ကၽြန္မတို႔အတူႄကံုေတြ့ခဲ့တဲ့ အမွတ္တရေတြက

ဒီစကားေလးတစ္ခြန္းတည္းနဲ႔...

ေမ့ေပ်ာက္လို႔ရၿပီလို႔...ေတြးလိုက္တာလား..."


"မင္းထင္ခ်င္သလိုထင္ႏိုင္တယ္...."


ဆရာ့ရဲ့စကားအဆံုးမွာ မ်က္ရည္ေတြဟာ

အတားအဆီးမဲ့စြာ ပါးျပင္တစ္ခုလံုးကို

လႊမ္းမိုးသြားေသာေၾကာင့္ မ်က္၀န္းေတြကို

ပိတ္ပစ္လိုက္ကာ ရိႈက္၍ငိုလိုက္မိသည္။

ရင္ထဲမွာဆူးတစ္ေခ်ာင္းဆိုက္၀င္သြားသလို 

အသဲနာစရာေကာင္းလြန္းတဲ့ ဆရာ့စကားေၾကာင့္

ေျပာခ်င္ေသာ စကားေတြဟာ

လည္ေခ်ာင္းထဲမွာ တစ္ဆို႔ေနေလသည္။


သိပ္ခ်စ္ခဲ့မိသူမို႔ အသဲခိုက္ေအာင္

နာက်င္ေနရေလၿပီ။

*ဆရာ့ကိုပံုရိပ္သိခ်စ္မွန္းသိလ်ွက္နဲ႔..ဘာေၾကာင့္

ဒီစကားကိုမွေရြး‌ၿပီးေျပာရတာလဲ..ဆရာရယ္..."


"ကိုယ့္ေၾကာင့္နဲ႔...မင္းမ်က္ရည္မက်ပါနဲ႔...

မင္းရဲ့မ်က္ရည္က...ကိုယ့္လိုလူနဲ႔

မထိုက္တန္ပါဘူး.."


"မ်က္ရည္မက်ေစခ်င္ရင္...

ဘာေၾကာင့္လွၫ့္စားခဲ့ရတာလဲ...

ကၽြန္မပုဂံအထိလိုက္လာၿပီး...

ဆရာ့ကိုလာေတြ့တဲ့ေန့က...ကိုထက္နဲ႔ကၽြန္မကို

ေစ့စပ္ေပးတဲ့ေန့ပဲ...

ေစ့စပ္ပဲြကေနထြက္ေျပးခဲ့တဲ့အျပင္

အားလံုးကိုေျခစံုကန္ၿပီး..ဆရာရိွတဲ့အရပ္ကို

ကၽြန္မေရာက္ေအာင္လာခဲ့ရတာ...

ဒါေပမဲ့..ဆရာကေတာ့တျခားမိန္းမတစ္ေယာက္ရဲ့လက္ကိုတဲြၿပီး..ကၽြန္မကိုေက်ာခိုင္းသြားခဲ့တယ္...

ဆရာ့အတြက္ကၽြန္မကဘာလဲ...

ကစားလို႔၀ရင္..ပစ္ထားခဲ့လို႔ရတဲ့

အရုပ္တစ္ရုပ္လို႔သတ္မွတ္ခဲ့တာလား..."


"မဟုတ္ဘူးပံုရိပ္..

ကိုယ္မင္းကိုဘယ္တုန္းကမွ..အဲ့ဒီ့လို

သေဘာမထားခဲ့ဖူးဘူး..ဒီအတိုင္းပဲ.."


"ဒီအတိုင္း.."ဘာျဖစ္လဲ..ကၽြန္မမ်က္လံုးကို

တၫ့္တၫ့္ႀကီးၿပီးေျပာစမ္းပါ...

ကၽြန္မကိုလွၫ့္စားခဲ့တာမဟုတ္ဘူးဆိုရင္

ကၽြန္မမ်က္လံုးကို တၫ့္တၫ့္စိုက္ၾကည့္ၿပီး

ရွင္းျပေပးစမ္းပါ...

ဆရာ့စကားေတြအားလံုးကို..

ကၽြန္မယံုၾကည္ေပးပါ့မယ္...

ကၽြန္မကိုေတာ့ မရက္စက္ပါနဲ႔ဆရာရယ္...

ဆရာက..ကၽြန္မရဲ့အခ်စ္ဦးပါ...

ကၽြန္မဆရာ့ကို သိပ္ခ်စ္တာကို...

ဆရာယံုတယ္မဟုတ္လား..."


"ပံုရိပ္!!!!!"


ေနာက္ဆံုးအေနျဖင့္ ဆရာ့ကိုတင္းတင္းဖက္ကာ

ပံုရိပ္၏အခ်စ္ေတြကို၀န္ခံမိေလသည္။

လူတစ္ေယာက္ကို သိပ္ခ်စ္မိရင္ဘယ္လို

အေၾကာင္းမ်ိဳးႏွင့္မွ လက္လႊတ္ႏိုင္မွာ

မဟုတ္မွန္း ပံုရိပ္နားလည္လိုက္သည္။

ဒီလူေၾကာင့္ပဲ နာက်င္ေနရမွန္းသိလ်ွက္ႏွင့္

မ်က္စိစံုမိွတ္ကာ ေရ႔ွသို႔ဆက္၍တိုးေနမိေလသည္။


အခ်စ္ဟာႏူးညံ့သလို အႏၲရာယ္လည္း

သိပ္မ်ားမွန္းသိေပမဲ့ ေနာင္တတရားတို႔မရိွေအာင္ တစ္ႀကိမ္ေတာ့စြန္႔စားလိုက္မိေလၿပီ။

ဆရာရယ္ ကၽြန္မကိုလက္မလႊတ္လိုက္ပါနဲ႔။

ကၽြန္မရဲ့ ဂုဏ္သိကၡာေတြအားလံုးက

ဆရာ့ေျခေတာ္ရင္းမွာမို႔ နင္းရင္လည္းနင္းသြားလိုက္ပါေတာ့..။


"ကိုယ္ေတာင္းပန္ပါတယ္ပံုရိပ္...

ကိုယ့္မွာ..ကိုယ့္မွာခ်စ္သူရိွတယ္..."


ဆရာ့ကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားမိေသာ

ပံုရိပ္၏ လက္ေတြကိုအလိုလိုေျဖေလ်ာ့လိုက္မိေလသည္။

ပံုရိပ္၏မ်က္၀န္းေတြကို စိုက္ၾကၫ့္လာေသာ

ဆရာ့ကို မဲ့ႃပံုးႃပံုးျပကာ ေလွာင္ရယ္လိုက္မိသည္။

တကယ္ေတာ့ ဟာသျဖစ္သြားခဲ့တာက

ပံုရိပ္ဆိုေသာ မိုက္မဲတဲ့မိန္းမပါပဲ။


ရင္ထဲမွာ..ခံစားရလြန္းလို႔ငိုဖို႔မ်က္ရည္ေတြေတာင္..ခမ္းေျခာက္ကုန္‌ပါၿပီ...


"ဒါဆိုရင္..အျခားတစ္ေယာက္ကို

ေရြးခ်ယ္လိုက္ၿပီေပါ့..

ကၽြန္မကိုတကယ္လွၫ့္စားခဲ့တာပဲ...

ဆရာေပးတဲ့လက္ေဆာင္ပစၥည္းေလးေတြကို

အခုထိ..

ကၽြန္မတယုတယသိမ္းထားတုန္းဆိုရင္

ဆရာယံုပါ့မလားမသိဘူး

.........

ဘာေၾကာင့္လဲသိလား...ဆရာေပးလိုက္တဲ့

အေသးအမႊားပစၥည္းေလးကအစ

ကၽြန္မအတြက္တန္ဖိုးရိွလို႔..တန္ဖိုးထားလို႔..

..........

ဆရာ့အတြက္ေတာ့ ကၽြန္မေပးလိုက္တဲ့

ခ်စ္ျခင္းေမတၲာေတြအားလံုးက

အေပါစားေတြ ျဖစ္ေနခဲ့တာလားဟင္..

ကၽြန္မဘ၀မွာဒဏ္ရာေတြသိပ္မ်ားမွန္းလည္း

ဆရာအသိဆံုးမဟုတ္ဘူးလား..

လူရင္းကထိုးတဲ့ဓားက

ပိုေၾကာက္ဖို႔ေကာင္းတာပဲ..."


"ကိုယ္ေတာင္းပန္ပါတယ္ပံုရိပ္..

ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာ နားလည္မႈေတြ

လႊဲေအာင္လုပ္ခဲ့မိရင္ကိုယ္အႏူးအၫႊတ္

ေတာင္းပန္ပါတယ္..ကိုယ္မင္းအေပၚမွာ

ခံစားခ်က္ရိွေနတယ္လို႔ထင္ခဲ့မိတာပါ..

ေနာက္က်မွသိလိုက္ရတာက..

ကိုယ္တကယ္ခ်စ္တဲ့လူက..."


"ေတာ္ပါေတာ့....ဒီေလာက္ဆိုရင္..

ကၽြန္မနားလည္လိုက္ပါၿပီ...

အက်ယ္တ၀င့္ရွင္းျပေနစရာမလိုေတာ့ပါဘူး..

ဆရာ့မ်က္လံုးေတြကေန..ကၽြန္မကိုလွၫ့္စားခဲ့တဲ့

အမွန္တရားေတြအားလံုးကို..ျမင္လိုက္ပါၿပီ.."


"ကိုယ္စိတ္မေကာင္းပါဘူးပံုရိပ္ရယ္...

ကိုယ္မင္းကိုလွၫ့္စားခဲ့သလိုျဖစ္သြားရင္

အႏူးအၫႊတ္ေတာင္းပန္ပါတယ္..."


"လွၫ့္စားခဲ့သလိုျဖစ္ခဲ့တာမဟုတ္ဘူး

လွၫ့္စားခဲ့ၿပီးတာ...

........

ရွင့္အတြက္ေတာ့အမွားေသးေသးေလးတစ္ခု

ျဖစ္ခ်င္ျဖစ္မယ္...ကၽြန္မအတြက္ေတာ့

ႏွလံုးသားတစ္ခုလံုး..ဆုတ္ျပတ္သတ္သြားတာပဲ

...........

ကၽြန္မ..မခ်စ္ခဲ့သင့္ဘူး..

ရွင့္လိုဟန္ေဆာင္ေကာင္းတဲ့ ေယာက္်ားကို

ကၽြန္မ..မခ်စ္ခဲ့သင့္ဘူး...

...........

ကၽြန္မမိဘေတြက

ေသတာေတာင္ကၽြန္မကိုစိတ္ဒုကၡမေပးခဲ့ၾကဘူး

ရွင္ကေတာ့ ကၽြန္မကိုရွင္လ်ွက္နဲ႔ေသေအာင္အထိ

ရက္စက္လြန္းတယ္..."


"ပံုရိပ္ရယ္...မငိုပါနဲ႔ကြာ...

ကိုယ္ေတာင္းပန္ပါတယ္...မင္းငိုရင္...

ကိုယ္မခံစားႏိုင္ဘူး..."


ပံုရိပ္၏မ်က္ရည္ေတြကို သုတ္ေပးရန္ျပင္ေနေသာ

သူ႔လက္ေတြကို ရိုက္ခ်ျပစ္လိုက္ၿပီး

သူ႔ရင္ဘတ္ကို တြန္းထုတ္ျပစ္လိုက္မိေလသည္။

အတြင္းပုတ္ၿပီး အျပင္မွာခ်ိဳျမသေယာင္

ဟန္ေဆာင္လိမ္ညာတတ္တဲ့လူေတြကို

ပံုရိပ္သိပ္မုန္းတယ္။

အထူးသျဖင့္ ဦးေနမ်ိဳးလိုလူေတြေပါ့။


"ကၽြန္မအသားကို ရွင္လံုး၀လာမထိနဲ႔...

ရွင့္စိတ္ဓာတ္ကို သိပ္ရြံတယ္...

.........

ကၽြန္မရွင့္အေပၚမွာ ကိုင္းၫႊတ္ေနမွန္းသိလ်ွက္နဲ႔

ေမ်ွာ္လင့္ခ်က္ေတြ ေပးခဲ့တယ္...

သာမာန္ထက္ပိုတဲ့အထိအေတြ့ေတြနဲ႔...

ၾကင္နာခ်င္ဟန္ေဆာင္ခဲ့တယ္...

.........

ကၽြန္မဆီကေန..ပထမဆံုးအနမ္းတစ္ပြင့္ကိုလည္း

ရွင္ပဲယူသြားခဲ့တယ္...

ပထမဆံုးအခ်စ္ကိုလည္း

ရွင္ပဲယူသြားခဲ့တာပါ..

..........

မတည္ႏိုင္တဲ့ကတိေတြလည္း

အမ်ိဳးမ်ိဳးေပးခဲ့ၿပီးမွ...

အဟင့္...မခ်စ္ဘူးတဲ့လား...

........

ရွင္ကေတာ္ေတာ္အေျပာင္းအလဲျမန္တာပဲ..."


"ဟုတ္ပါတယ္ကြာ...ကိုယ္မွားခဲ့ပါတယ္...

ကိုယ့္ကိုမင္းႀကိဳက္သလို႔ အျပစ္တင္ႏိုင္ပါတယ္"


"ေယာက္်ားတစ္ေယာက္ကို

သိပ္ယံုၾကည္မိခဲ့တဲ့..ကၽြန္မကိုယ္ကၽြန္မလည္း

သိပ္မုန္းတယ္...

ကၽြန္မကရွင့္ကိုခ်စ္ခဲ့တယ္..

ရွင္ကကၽြန္မရဲ့အခ်စ္ကို..ကစားခဲ့တယ္

အခ်ိန္ေတြကိုသာ ေနာက္ျပန္ဆုတ္လို႔ရရင္ေလ

ရွင္နဲ႔ မဆံုခင္ကအခ်ိန္ကိုပဲ

‌ျပန္ေရာက္ခ်င္တယ္သိရဲ့လား...."


"အဲ့လိုမေျပာပါနဲ႔ပံုရိပ္ရယ္..ပံုရိပ္နဲ႔ပတ္သတ္ၿပီး

ကိုယ္ကူညီေပးခဲ့တာေတြအားလံုးက

တကယ္ေစတနာအမွန္ေတြႀကီးပါပဲ...

ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာ

ေထာင့္ငါးရာအခ်စ္ဆိုတာ မရိွႏိုင္ေပမဲ့...

မင္းကို...ညီမေလးတစ္ေယာက္အျဖစ္ေတာ့

ဆက္ၿပီး...ခင္မင္ခြင့္ေပးပါကြာေနာ္..

ေနာက္ဆံုး..ေတြ့ဆံုမႈဆိုရင္လည္း

အမုန္းနဲ႔ေတာ့ ႏႈတ္မဆက္ခ်င္ဘူး

ကိုယ့္ကိုမုန္းေတာ့ မမုန္းလိုက္ပါနဲ႔ကြာ...."


"ကၽြန္မ...ဦးေနမ်ိဳးကိုမမုန္းပါဘူး..

အမွတ္မရိွပဲ...ရွင္နဲ႔စကားေျပာဖို႔

ဆံုးျဖတ္လိုက္မိတဲ့ ကိုယ့္ကိုကိုယ္မုန္းတာ...

........

ဆံုးရႈံးမႈမ်ိဳးစံုကိုလည္း

ကၽြန္မႄကံုေတြ့ခဲ့ရဖူးတယ္..

ဒါေပမဲ့ဦးေနမ်ိဳးဆီကေန

ရလိုက္တဲ့သင္ခန္းစာကေတာ့...

ေၾကာက္စရာအေကာင္းဆံုးပဲ...

.....

အဲ့ဒီ့ရွင္ေရြးခ်ယ္လိုက္တဲ့သူနဲ႔

တစ္သက္လံုးေပ်ာ္ရႊင္ႏိုင္ပါေစလို႔

ကၽြန္မဆုေတာင္းေပးလိုက္မယ္...."


ကၽြန္မသူ႔ကိုေက်ာခိုင္းခဲ့မိေလသည္။

ကၽြန္မတို႔ရဲ့ခဲြခြာျခင္းဟာ ႏူးညံ့မႈရိွမေနခဲ့သလို

လွပေသာ လမ္းခဲြျခင္းလည္းျဖစ္‌မေနခဲ့ပါဘူး။


*ႏႈတ္ဆက္ခဲ့ပါတယ္...

အသက္ေလာက္ခ်စ္ရသူေရ...

ငါ့အသဲကိုမီးေလာင္ၿမိဳက္သြင္းၿပီး

မင္းေပ်ာ္ႏိုင္ပါေစ...*


ေနကန္နံေဘးတြင္ ရပ္ေနသူကေတာ့

စကားပန္းတစ္ပြင့္ ႂကြေသြားခိုက္၀ယ္

သူ႔ပါးျပင္ေပၚသို႔ မ်က္ရည္တစ္စက္

က်ခဲ့ေလတယ္။


🌹🌹🌹🌹🌹🌹🌹🌹🌹


ပုသိမ္ႀကီးၿမိဳ႔ထဲသို႔ ၀င္လာၿပီျဖစ္၍

ရန္ကင္းေတာင္ႀကီးကိုပါ ျမင္ေနရေလၿပီ။

မၾကာခင္မွာ ဖြားညိုရိွရာကိုေရာက္ေတာ့မည္ျဖစ္၍ ကားတံခါးကိုေခါင္းမွီထားလိုက္ၿပီး

အျပင္ဘက္သို႔သာ ေငးၾကၫ့္ေနလိုက္မိသည္။

အခုအခ်ိန္မွာ ပံုရိပ္၏ေခါင္းထဲ၌

ဖြားညိုတစ္ေယာက္သာရိွပါေတာ့တယ္။


ဖြားညိုဟာ ပံုရိပ္အေပၚမွာစည္းကမ္းတင္းၾကပ္ၿပီး

တစ္ခါတ‌ေလမွာအေျပာၾကမ္းတတ္ေပမဲ့

ပံုရိပ္၏အက်ိဳးကို အမွန္တကယ္လိုလားသူ

တစ္ေယာက္ျဖစ္ၿပီး အရမ္းလည္းႀကီးပြားတိုးတက္ေစခ်င္သူျဖစ္သည္။


မိသားစုစီးပြားေရးလုပ္ငန္းေတြက မ်ားျပားလြန္းတာေၾကာင့္ ပံုရိပ္ကိုစီးပြားေရးဘက္ကိုသာ

လိုက္စားဖို႔ တိုက္တြန္းတာလည္းမမွားပါဘူး။

ပံုရိပ္ကို ခ်စ္လို႔သာသူ႔ရဲ့အတၲကိုအနည္းငယ္

ေလ်ာ့ၿပီး ဥပေဒပညာကိုသင္ယူခြင့္ေပးခဲ့ျခင္း

ျဖစ္ေလသည္။

ဒီေန့ကစၿပီး..ပံုရိပ္ကိုတကယ္ခ်စ္တဲ့ဖြားညိုရဲ့

ေလာင္းရိပ္ေအာက္မွာပဲခိုလႈံၿပီး ဖြားညိုျဖစ္ခ်င္ေသာ ဆႏၵေတြကိုအေကာင္အထည္ေဖာ္ေပးဖို႔သာ

ဆံုးျဖတ္လိုက္သည္။


"မမေရ...တို႔လမ္းထဲေတာင္ေရာက္လာၿပီ..."


ပံုရိပ္တို႔ေနသၫ့္လမ္းထဲသို႔ ကားေလးခ်ိဳးေကြ့ၿပီး

၀င္လိုက္စဉ္တြင္ ပန္းေတြစိုက္ထားေသာ

ကိုထက္တို႔အိမ္ကို လွမ္း၍ၾကၫ့္လိုက္မိေလသည္။

ဘယ္လိုပဲျဖစ္ျဖစ္..။ကိုထက္ဟာသစၥာရိွတဲ့

 ေကာင္ေလးတစ္ေယာက္ပါပဲ 

ပံုရိပ္က္ိုသူအၾကာႀကီးေစာင့္ေပးခဲ့တယ္။

ပံုရိပ္ကသူ႔အေပၚမွာ အခ်ိန္တိုင္း

အျပစ္တင္ေနခဲ့တာေတာင္ သူဟာတြယ္ကပ္ေနၿပီး လက္မေလ်ာ့ခဲ့ဘူး။


"တူမႀကီး.ပစၥည္းေတြကိုအလုပ္သမားေတြေခၚၿပီး...ေနရာခ်ခိုင္းလိုက္ပါ့မယ္..

ခရီးပန္းထားၾကတာဆိုေတာ့..နားၾကအံုးေပါ့..."


"ဟုတ္ကဲ့ပါဦးေလး..."


ေပၚတီကိုေအာက္တြင္ ကားကိုရပ္လိုက္သည္ႏွင့္

ပံုရိပ္လည္းကားေပၚမွ ဆင္းလိုက္ၿပီး

အိမ္ထဲသို႔ လွမ္း၀င္လိုက္စဉ္မွာပဲ...


"ဒုန္း!!!!အား!!!."


"မမ..ဘာျဖစ္တာလဲ...ဟယ္..ေသြးေတြ...

မမရဲ့ေျခမမွာ..ေသြးေတြထြက္ေနတယ္.."


ပိစိမကထေအာ္လိုက္၍..ကိုယ္ေျခေထာက္ကို

ျပန္ၾကၫ့္လိုက္မိေတာ့..ေျခသည္းခြံက

တစ္၀က္က်ိဳးသြားခဲ့ၿပီး..ေသြးေတြခ်က္ခ်င္း

ရဲတက္လာေလသည္။

အသဲထဲအထိ စိမ့္တက္သြားေအာင္

နာက်င္ေနမိေလသည္။

မနည္းအားတင္း၍ ပိစိမကိုတဲြကာမီးဖိုခန္းဘက္သို႔

ေလ်ွာက္ေနစဉ္မွာပဲ အိမ္ထဲတြင္ဧၫ့္သည္ေတြ

အမ်ားႀကီးေရာက္ေနမွန္း သိလိုက္ရသည္။


"အိမ္ထဲမွာဘာပဲြရိွလို႔လဲပိစိမ...

လူေတြအမ်ားႀကီးပဲေရာက္ေနတယ္.."


"ဟုတ္တယ္...မမရဲ့..."


"ပံုရိပ္...!???"


ပံုရိပ္တို႔ႏွစ္ေယာက္သား ေၾကာင္ေတာင္ေတာင္

ျဖစ္ေနစဉ္မွာပဲ အိမ္ထဲသို႔၀င္လာေသာ

လူတစ္ေယာက္၏ေခၚသံေၾကာင့္အေနာက္သို႔

လွၫ့္ၾကၫ့္လိုက္မိရာ ကုမၸဏီမွာရွယ္ယာရွင္း

ဦးေဇာ္ေဇာ္ဟိန္းျဖစ္ေနေလသည္။


"ဦးေဇာ္...မေတြ့ရတာေတာင္ၾကာၿပီေနာ္..."


"ေအးကြယ္...ဦးလည္းစိတ္မေကာင္းပါဘူး...

ေဒၚရိပ္ညိုဆံုးတဲ့သတင္းကို ၾကားၾကားခ်င္း

လာခ်င္ခဲ့ေပမဲ့...အလုပ္ကအခုမွအားလို႔

လာရတာပါ..."


"ေဒၚရိပ္ညိုဆံုးတယ္...အဲ့ဒါဘာစကားလဲ..."


"ဟင္...ပံုရိပ္ကမသိေသးဘူးလား..."


ပံုရိပ္၏မ်က္၀န္းအိမ္ေတြ ဂဏွာမၿငိမ္ႏိုင္ေတာ့ေလာက္ေအာင္အထိ တုန္လႈပ္သြားမိေလသည္။

ႏွလံုးခုန္ႏႈန္းေတျြမန္ဆန္လာကာ ေမာဟိုက္လာသလို ခံစားလိုက္မိၿပီးေနာက္ မယံုၾကည္ႏိုင္စြာ

ျဖင့္ဖြားညို၏ အိပ္ခန္းဘက္သို႔လွမ္းၾကၫ့္လိုက္ၿပီး

ေျခေထာက္ ေထာ့နဲ႔ေထာ့နဲ႔ျဖင့္ေျပးသြားမိေလသည္။


"မမေရ...ေျခေထာက္မွာေသြးေတြထြက္ေနတယ္ေလ..."


ပံုရိပ္ေလးေျပးသြားရာလမ္းတစ္ေလ်ွာက္လံုးတြင္

ေသြးစက္မွာ က်န္ရစ္ခဲ့သၫ့္တိုင္ေအာင္

ေျခမဒဏ္ရာက ျပင္းထန္ေနခဲ့ေပမဲ့

ရင္ထဲမွဒဏ္ရာေလာက္မနက္နဲခဲ့ေပ။


"ဖြားညို!!!!"


"ဒုန္း!!!!!"


"ပံုရိပ္...သမီးေလး!!!"


ဖြားညို၏နာမည္ကိုေအာ္ေခၚကာ ဖြားညို၏အိပ္ခန္းအေပါက္၀အထိ ေျပးလာႏိုင္ခဲ့ေပမဲ့

တစိမ့္စိမ့္နာက်င္ေနသၫ့္ေျခေထာက္ဒဏ္ရာႏွင့္ေရာကာ အင္အားခ်ိနဲ႔စြာျဖင့္ ဒူးေတြေကြးၫႊတ္

က်သြားခဲ့ေလသည္။

အိပ္ခန္းအေပါက္၀မွေန၍ ကုတင္ေပၚတြင္

လွဲေလ်ာင္းေနေသာ ဖြားညို၏ရုပ္အေလာင္းကို

ေတြ့လိုက္ရေသာအခါမွာ ထဖို႔လံုး၀အင္အားမရိွေတာ့ေပ။


"ပံုရိပ္...အဟင့္..ေမညိုဆံုးၿပီပံုရိပ္ရဲ့...

ဒီေန့...ေန့လည္ကပဲဆံုးသြားတာ...ပံုရိပ္ကိုအေၾကာင္းၾကားခ်င္ေပမဲ့ ရုတ္တရက္ႀကီး

ျဖစ္သြားေတာ့...ပံုရိပ္တို႔လမ္းမွာတစ္ခုခုျဖစ္မွာ

စိုးလို႔ မေျပာခဲ့ၾကတာပါကြယ္..."


အိပ္ခန္းအေပါက္၀တြင္ ထ၍မရေသးေသာ

ပံုရိပ္ကို အန္တီယဉ္တင့္ကေျပး၍ဖက္ၿပီး

ငိုလာသလို ေလးေလးမင္းခန႔္ကလည္း

ပံုရိပ္၏ပခံုးကို ပုတ္ကာႏွစ္သိမ့္ေပးေနေလသည္။


"ေလးေလးခန႔္..ဖြားညိုဆီကို..သမီးသြားခ်င္တယ္..."


ပံုရိပ္ဘာျဖစ္ေနသလဲဆိုတာကို နားလည္ေသာ

ေလးေလးခန႔္သည္ ပံုရိပ္ကိုေပြ့ခ်ီလိုက္ၿပီး

ဖြားညို၏ကုတင္ေပးတင္ ခ်ေပးေလသည္။

အိပ္ခန္းထဲတြင္ရိွေနေသာ လူေတြအားလံုးကေတာ့

ေဒၚရိပ္ညို၏မ်က္ႏွာကိုသာ အရူးတစ္ေယာက္လို

ေၾကာင္ၾကၫ့္ေနရွာသၫ့္ ပံုရိပ္ေလးကိုၾကၫ့္ကာ

၀မ္းနည္းေနၾကေလသည္။


"ဖြားညို..ဘာျဖစ္လို႔သမီးျပန္လာတာကို

မေစာင့္ရတာလဲ..ရက္ပိုင္းေလာက္ပဲၾကာမယ္လို႔

ေျပာခဲ့တယ္ေလအဖြားရယ္...

ရန္ကုန္ကိုမသြားခင္ကေတာင္...အဖြားနဲ႔သမီး..

စကားေတြအမ်ားႀကီးေျပာခဲ့ၾကေသးတယ္ေလ..

အဖြားအသက္ရွည္ရွည္နဲ႔..က်န္းမာေနဖို႔ေတာင္

သမီးဆုေတာင္ေပးခဲ့ေသးတယ္..အခုေတာ့..

သမီးဘယ္လို ျဖည္သိမ့္ရမွာလဲ...

အေဖနဲ႔အေမ့လို...အဖြားလည္းသမီးကို

တကယ္..ထားသြားခဲ့ၿပီေပါ့ေနာ္..

.........

အဖြားျဖစ္ေစခ်င္တဲ့ဆႏၵေတြကို...သမီးတစ္ခုမွ

မျဖၫ့္ဆည္းေပးရေသးဘူးေလ..

အဟင့္...သမီးကိုမထားသြားပါနဲ႔..

သမီးမွာ..အဖြားပဲရိွေတာ့တာပါ...

..........

နိမ့္က်ေနတဲ့သမီးရဲ့ဘ၀ကို

အဖြားကအျမင့္ကိုဆဲြတင္ေပးခဲ့တယ္

ယံုၾကည္မႈအားနဲေနတဲ့ ပံုရိပ္ကို

သတၲိရိွလာေအာင္ လူေတာတိုးရဲေအာင္

သင္ေပးခဲ့ၿပီးမွ...သမီးရဲ့ဘ၀

အျမင့္ဆံုးေရာက္တဲ့အခ်ိန္အထိ ဘာလို႔

အတူရိွေနမေပးေတာ့တာလဲအဖြားရယ္...

သမီးအတြက္ ဘာမွမလိုအပ္ပါဘူး

ကိုယ္ခ်စ္တဲ့လူေတြနဲ႔ အတူရိွေနခ်င္ရံုေလးပါပဲ

သမီးရဲ့ ဆုေတာင္းေတြမျပၫ့္ခဲ့ဘူး..."


ဖြားညို၏ ရုပ္အေလာင္းကိုဖက္ကာ အသံတိတ္၍

ငိုမိသည္။ေမေမနဲ႔ေဖေဖဆံုးတုန္းက

ပံုရိပ္မသိလိုက္ေပမဲ့ တကယ္တမ္းသိလိုက္ရတဲ့အခါ ရင္ထဲမွာမခံမရပ္ႏိုင္‌ေလာက္ေအာင္

၀မ္းနည္းခဲ့ရတယ္။

အခုဖြားညိုလည္း ပံုရိပ္၏ဘ၀ထဲကေန

ထြက္သြားျပန္ၿပီ။


ကံၾကမၼာက ပံုရိပ္ကိုအျပစ္ေပးေနတာမ်ားလား။

၀ဋ္ႂကြေးရိွရင္လည္း သည္ဘ၀မွာ

ဤမ်ွႏွင့္သာ ေၾကေစခ်င္ပါတယ္။


"ပံုရိပ္ရယ္မငိုပါေတာ့နဲ႔ေနာ္...ေမညို႔ရဲ့ဝိဉာဉ္က

ဒီေနရာမွာပဲရိွေနအုန္းမွာ..ေမညိုကပံုရိပ္ကို

စိတ္ခ်တာမဟုတ္ဘူး...

ပံုရိပ္ငိုရင္သူေနာက္ဆံတင္းေနလိမ့္မယ္...

ေမညိုဘ၀ကူးေကာင္းေအာင္လုပ္ေပးရမယ္ေလ

အေခါင္းသြင္းရေတာ့မွာမို႔...

ေမညို႔ကိုလႊတ္လိုက္ပါေနာ္..."


အန္တီယဉ္တင့္က ပံုရိပ္ကိုအတင္းလာဖက္ၿပီး

သတိေပးေနေသာေၾကာင့္ အဖြားကိုဖက္ထားမိရာမွ

ေျဖလႊတ္ေပးလိုက္မိေလသည္။

အသံထြက္၍ မငိုမိေတာ့ေပမဲ့ 

မ်က္ရည္ေတြကေတာ့ အဆက္မျပတ္က်ဆင္းေနေလသည္။


*စိတ္ခ်ပါဖြားညိုရယ္...အဖြားျဖစ္ေစခ်င္သလို..

သမီးႀကိဳးစားပါ့မယ္...သမီးကိုစိတ္ခ်ပါ...

အဟင့္..သမီးအဖြားကိုသိပ္ခ်စ္ပါတယ္...

အဖြား..ေကာင္းရာမြန္ရာဘံုဘ၀ကို

ေရာက္ရိွႏိုင္ပါေစ..

ေနာက္ဘ၀ေနာင္သံသရာအဆက္ဆက္မွာ

ဖြားညိုရရိွခ်င္တဲ့ မိသားစုဘ၀ေလးကို

ရရိွပါေစအဖြားရယ္....*


ထာ၀ရအိပ္စက္သြားေသာ အသက္(၇၀)ေက်ာ္ၿပီျဖစ္သၫ့္ ဖြားညို၏မ်က္ႏွာေလးသည္

ေသသူတစ္ေယာက္ႏွင့္မတူပဲ

အသားအရည္ကအစ ၾကည္လင္ေနေလသည္။

ႃပံုးေနေသာ မ်က္ႏွာေလးျဖစ္ေန၍အမ်ားကေတာ့

ေသပန္းလွသည္ဟု ဆိုၾကသည္။

ပံုရိပ္တို႔ကေတာ့ သံသရာမွာၾကင္လည္ရအံုးေပမည္။


🌹🌹🌹🌹🌹🌹🌹🌹🌹


ဇာတ္သိမ္းက ေရးရင္းနဲ႔ဒီေလာက္ရွည္မယ္မထင္ထားခဲ့မိလို႔ ႏွစ္ခန္းခဲြလိုက္ရပါတယ္

 (အခန္း၇၂)မွာေတာ့

တကယ္ဇာတ္သိမ္းပါၿပီေနာ္


ဒီအခန္းကရင္ေတာ့နည္းနည္း နာရပါတယ္...

‼️Spoilerအေနနဲ႔ေျပာရရင္ေတာ့

ဇာတ္လမ္းေလးမွာ ဆရာေနမ်ိဳးဘက္ကို

ေဖာ္ျပဖို႔ က်န္ေနေသးတယ္ဆိုတာပါပဲ...

ဆရာေနမ်ိဳးက တကယ္ပဲရက္စက္တတ္သလား

ဆိုတာကို ေနာက္အခန္းမွာ သိခြင့္ရပါလိမ့္မယ္


(ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းဆီတိုင္းကို

ေက်းဇူးအထူးတင္ရိွပါတယ္..)

No comments:

Post a Comment