(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး🔥
အခန်း(၇၂)🌹ဇာတ်သိမ်းပိုင်း
ကိုလံဘီယာတက္ကသိုလ်၏စာကြည့်တိုက်ကြီး
တစ်ခုလုံးသည် အပ်ကျသံပင်
ကြားနိုင်လောက်အောင် တိတ်ဆိတ်နေလေသည်။
စာကြည့်တိုက်ကြီးထဲရှိ ခုံအသီးသီးဆီတွင်
ကျောင်းသားတိုင်းသည် ငြိမ်သက်စွာဖြင့်
စာအုပ်ဖတ်ချင်း၊ကွန်ပြူတာထိုင်နှိပ်ခြင်းတို့
လုပ်နေကြပြီး အချို့ကတော့အုပ်စုဖွဲ့၍
စာတန်းပြုစုရမည့် ကိစ္စများကို ဆွေးနွေးတိုင်ပင်နေကြလေသည်။
ထိုနေရာတွင် ထောင့်ဘက်စွန်းစွန်းရှိ
ခုံးတန်းလေး၌ အမြဲလာရောက်ထိုင်လေ့ရှိသော
ကောင်မလေးသည် ထုံစံအတိုင်းစာအုပ်
အထူကြီးများကို ဘေးမှာချပြီး
စာဖတ်လိုက်၊လက်ပ်တော့နှင့်
မှတ်သားလိုက် လုပ်နေလေသည်။
သူမ၏မျက်နှာလေးသည် မိတ်ကပ်ပါးပါးလေးတောင်မလိမ်းထား၍ ပြောင်ရှင်းနေပေမဲ့
နဂိုကြည်ပြီးနို့နှစ်ရောင်သန်းနေသော
အသားအရည်ရှိသူဖြစ်၍ ကိုရီးယားမလေးဟု
အထင်မှားလောက်ပေသည်။
အလွန်ရှည်လျားပြီးထူထဲလှသော
ဆံပင်ထွေးကြီးကို စုထုံးထားပြီး
ဘော့ပဲင်နှင့်ထိုးထားတတ်သည်မှာလည်း
သူမ၏ ပင်ကိုယ်စတိုင်လ်လိုဖြစ်၍နေပါပြီ။
ပန်းနုရောင်တီရှပ်အပါးသား လက်တိုလေးနှင့်
ဂျင်းစကပ်အတိုလေးကိုတွဲဖက်၍၀တ်ဆင်ထားကာ
အဖြူရောင်ရှူးဖိနပ်လေးကို
ရွေးစီးထားလေသည်။
"ဟေ့..ရှဲဒိုး..နင်ဒီကိုရောက်နေမယ်ဆိုတာ
ငါသိသားပဲ..."
ပုံရိပ်၏နာမည်ပြောင်ကို အင်္ဂလိပ်လိုခေါ်ပြီး
စကားလာပြောသူထံကို ကြည့်လိုက်တော့
တရုတ်လူမျိုးကျန်းယိဖြစ်နေလေသည်။
အာရှသားအချင်းချင်းမို့ အတန်းတက်ရင်း
ခင်မင်သွားခဲ့ကြပေမဲ့ ကျန်းယိကပုံရိပ်ကို
စိတ်၀င်စားနေမှန်းသိ၍ ပြုံးသာပြလိုက်ပြီး
ဘာစကားမျှမဆိုပဲ
စာအုပ်ကိုသာ ဖတ်နေလိုက်သည်။
"ရှဲဒိုးရာ..နင့်ကိုကြည့်လိုက်ရင်
တစ်ခုခုလွဲနေသလိုပဲ.."
ပုံရိပ်ကို အသားလွတ်လာ၍ဝေဖန်နေသောကြောင့်
သူ့ကို တဖန်ပြန်၍မော့ကြည့်လိုက်တော့
သူကပုံရိပ်ကို အားပါးတရပြုံးပြလာလေသည်။
"ငါဝေဖန်တာတော့မဟုတ်ပါဘူး..ဒါပေမဲ့
အရမ်းသိချင်နေလို့ပါ..နင်ကလေ..ယူတော့
စီးပွားရေးအပိုင်းယူပြီး
နင့်ကိုကြည့်လိုက်ရင်..ဥပဒေစာအုပ်တွေပဲ
တစ်ချိန်လုံးထိုင်ဖတ်နေတာတွေ့ရတယ်..
ဥပဒေကိုစိတ်၀င်စားရင်..ဘာလို့ဥပဒေကို
မယူရတာလဲ..."
သူ့မေးခွန်းက ပုံရိပ်အတွက်တော့တကယ်ကို
ဟာသတစ်ပုဒ်ဖြစ်နေ၍ စာကြည့်မျက်မှန်ကို
ချွတ်လျှက်နှင့် ပြုံးလိုက်မိလေသည်။
ပုံရိပ်က ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို
လူတိုင်းအား ပြောပြတတ်သူမဟုတ်၍
သူငယ်ချင်းများကတော့ ပုံရိပ်ကိုအရမ်း
လျှို့ဝှက်သည်ဟု ထင်ကြတယ်။
"ငါ့မေဂျာကစီမံခန့်ခွဲမှုနဲ့ ပတ်သတ်တာပေမဲ့
ငါကမြန်မာနိုင်ငံမှာဥပဒေနဲ့ ဘွဲ့ယူခဲ့တာလေ..."
"တကယ်ကြီးလား..."
"အင်းပေါ့..."
"ဒါဆိုရင်တော့..ငါနင့်ကိုလေးစားသွားပြီရှဲဒိုးရာ...
ငါဆိုရင်ဘွဲ့တစ်ခုယူဖို့တောင်အနိုင်နိုင်ရယ်..
ဒါနဲ့..ငါနင့်ကိုတစ်ခုလောက်မေးလို့ရမလား..."
"မေးလေ..."
"နင်ဒီမှာဘွဲ့ယူပြီးသွားရင်..ရှေ့နေလုပ်မှာလား..
စီးပွားရေးလိုင်းကိုသွားမှာလား..."
ကျန်းယိမေးသော မေးခွန်းမျိုးကိုပဲ
ပုံရိပ်ကိုယ့်ဘာသာထပ်ခါထပ်ခါ မေးခဲ့ဖူးသည်။
တကယ်တော့ နိုင်ငံခြားကိုလာပြီး
ပညာသင်စေချင်ခဲ့တာဟာ ပုံရိပ်ရဲ့စိတ်ဆန္ဒ
မဟုတ်ပေမဲ့ ကွယ်လွန်သွားတဲ့ဖွားညိုကို
ကတိပေးထားခဲ့တာကြောင့် အဖွားရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးတဲ့သဘောပါပဲ။
အခုတက္ကသိုလ်မှာ အတန်းဖော်တွေနဲ့
ပရောဂျက်အကြောင်းတွေ ဆွေးနွေးကြရင်းနဲ့
စီးပွားရေးပိုင်းကိုပါ စိတ်၀င်စားလာခဲ့မိတယ်။
ရှေ့နေတစ်ယောက်နဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့ အခန်းကဏ္ဍဟာမတူညီဘူးလို့ ထင်ရပေမဲ့
သေချာတွေးကြည့်ရင် တစ်နည်းနည်းနဲ့လူထုကို
အကျိုးပြုနိုင်တယ်လို့ ထင်မြင်မိတယ်။
ရှေ့နေတစ်ယောက်ဟာ တရားမျှတမှုအတွက်
တိုက်ပွဲ၀င်နိုင်သလို စွန့်ဦးတည်ထွင်သူ
လုပ်ငန်းရှင်တစ်ယောက်ဟာလည်း ဆင်းရဲနွမ်းပါး
သော လူထုတစ်ရပ်ကိုအလုပ်အကိုင်အခွင့်အလမ်း
တွေပေးပြီး လူတစ်စုရဲ့စား၀တ်နေရေးအတွက်အထောက်အကူပြုရင်း ကိုယ်တိုင်လည်းအကျိုးအမြတ်ရနိုင်တယ်။
"ဒီအကြောင်းကိုတော့ ငါမြန်မာပြည်ကို
ပြန်ရောက်မှပဲဆုံးဖြတ်တော့မယ်ဟာ...
ငါ့ဦးလေးကလည်းအသက်ကြီးနေပြီဆိုတော့..
နည်းနည်း စဉ်းစားရကြပ်နေတယ်..."
"ဟင်..နင်ကဒီမှာအလုပ်ဆက်မလုပ်တော့ဘူးလား
နင်ကအရမ်းတော်တဲ့ကျောင်းသားတစ်ယောက်လေ
ဒီမှာသာအလုပ်ဆက်လုပ်ရင်...
နင်သေချာပေါက်အလုပ်ရမှာ...ငါကဘွဲ့ရတာနဲ့
ဝါရှင်တန်မှာရှိတဲ့...ငါ့ဦးလေးရဲ့ကုမ္ပဏီမှာ
အလုပ်သွားလုပ်မလားလို့...နည်းပညာကုမ္ပဏီလေ
နင်လည်းလျှောက်ကြည့်ပါလား..."
"မလျှောက်တော့ပါဘူးဟာ..အစကငါလည်း
နယူးယောက်မှာ အလုပ်သင်ဆင်းမလို့ပဲ
အင်တာဗျူး၀င်ရင်ကောင်းမလားတွေးသေးတယ်"
"ဒါဆိုဘာတွေကို တွေဝေနေတာလဲ..
လုပ်လိုက်ပြီးရော..."
"ငါဒီမှာအကြာကြီးမနေချင်တော့ပါဘူးဟာ...
ငါချစ်တဲ့မိသားစုတွေနဲ့ဝေးတဲ့နေရာမှာ
ငါအကြာကြီး ရှိမနေသင့်ဘူးလို့ထင်တယ်
သူတို့ငါ့ကို လိုအပ်တယ်..."
"အေးပါ..ဒါဆိုလည်းငါသွားတော့မယ်...
ဒီနေ့ကနောက်ဆုံးရက်ဆိုတော့..ငါနင့်ကိုလာနှုတ်
ဆက်တာပါ...ကံကြမ္မာသာငါ့ဘက်မှာ
ရှိသေးတယ်ဆိုရင် ငါနင်နဲ့ပြန်ဆုံချင်ပါတယ်..."
ကျန်းယိ၏စကားကို ခွန်းတုန့်မပြန်မိတော့ပဲ
ခေါင်းသာညိမ့်ပြလိုက်မိသည်။
ပုံရိပ်တို့ဟာ ရေခြား၊မြေခြားမှာလာဆုံစည်းကြပြီး
ခင်မင်ခွင့်ရခဲ့ခြင်းကိုက ရေစက်ရှိလို့ပါပဲ။
ကိုယ့်ဘ၀ထဲကနေ တစ်ယောက်ပြီးတစ်ယောက်
ထွက်ခွာသွားတာကို ရင်ကြုံးမရအောင်
ခံစားခဲ့ရပြီးဖြစ်၍ ယခုအခါမှတော့ထူးပြီး
၀မ်းနည်းမနေတော့ပါဘူး။
ကျန်းယိထွက်သွားသောအခါမှ ပုံရိပ်လည်း
လက်ပ်တော့ကိုပိတ်ပြီး စာကြည့်တိုက်ကြီးကိုသာ
ဝေ့ဝဲကြည့်နေမိသည်။
ဒီနေ့ဟာ ကိုလံဘီယာတက္ကသိုလ်မှာ ရှိနေတဲ့
နောက်ဆုံးရက်ပါပဲ။
ကျောင်းအဆောင်မှပြောင်းရတော့မည်ဖြစ်၍
နောက်ဆုံးအနေနဲ့ ပုံရိပ်အမြဲလာနေကြ
စာကြည့်တိုက်လေးမှာ လာထိုင်မိခြင်းဖြစ်လေသည်။
ကိုလံဘီယာတက္ကသိုလ်ဆိုတာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိသော
သက်တမ်းရင့်နာမည်ကြီးတက္ကသိုလ်ကိုးခုထဲမှ
တစ်ခုဖြစ်ပြီး နယူးယောက်ရဲ့သာမာန်တက္ကသိုလ်တွေရှိ တစ်နှစ်စာကုန်ကျစရိတ်က
ကိုလံဘီယာတက္ကသိုလ်၏ တစ်လစာကုန်ကျစရိတ်နဲ့ ညီမျှနေတာကြောင့် အစကဒီမှာမတက်ဘူးဟု
ပုံရိပ် လေးလေးခန့်ကိုငြင်းခဲ့ဖူးပါတယ်။
ကွင်းစ်မှာပဲ တိုက်ခန်းခပ်ကျဥ်းကျဥ်းကို
ငှားနေပြီး သာမာန်တက္ကသိုလ်တစ်ခုကိုပဲ
ရွေးကာ ရထားနဲ့ကျောင်းသွားမည်ဟု
ပြောခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဖွားညိုမရှိတော့တာကြောင့် သူ့စကားကို
အလေးမထားဘူးဟု ထင်သွားပြီးလေးလေးခန့်က
ပုံရိပ်ကိုသုံးရက်လောက် စကားမပြောပဲနေခဲ့သည်။
ဒါကြောင့်ပဲ နောက်ဆုံးမှာကိုလံဘီယာတက္ကသိုလ်ကို ရွေးချယ်လိုက်ရပါတော့တယ်။
ကျောင်းပိတ်တဲ့အချိန်တွေနဲ့ အားတဲ့အချိန်မှာတော့
ကိုယ့်စားရိတ်ကို တစ်ဖက်တစ်လမ်းကရှာချင်၍ အချိန်ပိုင်းအလုပ်တွေကို လုပ်ခဲ့ဖူးလေသည်။
နှစ်ဆယ့်လေးနာရီ၀န်ဆောင်မှုပေးရတဲ့
မီနီမားကတ်မှာ ညဆိုင်းဆင်းပြီး
မနက်ပိုင်းမှာ ကျောင်းတက်ခဲ့ရသလို စားသောက်ဆိုင်အချို့မှာလည်း စားပွဲထိုးလုပ်ခဲ့ဖူးလေသည်။
စားသုံးသူတစ်ယောက်က ပုံရိပ်၏
ပေါင်ကိုလာကိုင်၍ မန်နေဂျာကလည်းမျက်နှာလွဲ၊
ခဲပစ်လုပ်ပြီး ပုံရိပ်ကိုပဲအပြစ်လာပုံချသောကြောင့်
ပိုးစိုးပက်စက်ပြောပြစ်ပြီး အလုပ်ထွက်ခဲ့တာမျိုးလည်း ရှိခဲ့ဖူးသည်။
ကိုလံဘီယာတက္ကသိုလ်ရဲ့ သင်ကြားနည်းတွေဟာ
အဆင့်မြင့်သလို နိုင်ငံအသီးသီးမှအတန်းဖော်တွေနဲ့ ပြောဆိုဆက်ဆံရတဲ့အတွက် EQကိုလည်းမြင့်တက်စေသည်ဟု ဆိုရမည်။
ငယ်ငယ်က အတန်းထဲမှာတသီးတသန့်တည်း
နေတတ်သော ပုံရိပ်သည် နိုင်ငံအသီးသီးမှယောက်ျားလေးနဲ့ဖြစ်ဖြစ်
မိန်းကလေးနဲ့ဖြစ်ဖြစ် သင့်တင့်အောင်
ပြောဆိုဆက်ဆံတတ်လာခဲ့သည်။
ဟိုအရင်ကလို ခံစားချက်ကိုဦးစားပေးတာမျိုးတွေ
လျော့နည်းလာပြီး တဇွတ်ထိုးဆန်တတ်သည့်
စိတ်တွေလည်း ပျောက်ကွယ်သွားသလို
ခံစားရသည်။ပြည်ပမှာ ပညာသင်တယ်ဆိုတာဟာ
အိမ်ဆိုသော၊မိသားစုဆိုသော အနှစ်သာရတွေနှင့်
ဝေးကွာနေရခြင်းဖြစ်၍ ပိုမိုအထီးကျန်သလို
ခံစားနေရပြီး ကိုယ့်ဇာတိနှင့်၊ကိုယ့်မိသားစုကို
ပိုတန်းဖိုးထားရကောင်းမှန်းလည်း
သိလာခဲ့သည်။
နိုင်ငံနှင့်ချီပြီး ကျောင်းသားအချင်းချင်း
ဆွေးနွေးဖြစ်ကြတဲ့အခါမှာလည်း ကိုယ့်နိုင်ငံရဲ့
အားသာချက်၊အားနည်းချက်တွေနှင့်
အခြားနိုင်ငံများနှင့် ပညာရေး၊စီးပွားရေးအပြင်
လူ့အခွင့်အရေးလိုအပ်ချက်တွေ ဘယ်လောက်များနေသလဲဆိုတာ ရှာဖွေသိရှိလာခဲ့သည်။
"ဟေး!!ရှဲဒိုး....ဘာတွေတွေးနေတာလဲ..."
ခုံပေါ်မှာလက်ထောက်ပြီး အတွေးနယ်ချဲ့နေတုန်းမှာပဲ ပုံရိပ်၏နာမည်ပြောင်ကိုခေါ်လိုက်သော
လူတွေအား လှမ်းကြည့်လိုက်မိတော့ ပုံရိပ်၏
အခင်ဆုံးအခန်းဖော်တွေ ဖြစ်နေလေသည်။
"ဆိုဖီ...ရေချယ်...နင်တို့ဒီကိုဘယ်လိုဖြစ်ပြီး
ရောက်လာကြတာလဲ..နင်တို့ဒီနေ့အဆောင်ကနေပြောင်းကြမယ်ဆို..."
"အေးလေ...အဆောင်ပြောင်းရမှာကိုနင်က
စာကြည့်တိုက်မှာလာပြီး အလွမ်းသယ်နေလို့
လိုက်လာရတာပေါ့..."
"ငါ..ခဏနေရင်အဆောင်ကိုပြန်ပြီးသိမ်းတော့မှာပါ.."
"လုပ်မနေနဲ့တော့..နင်ဒီနေ့အလုပ်မရှိဘူးမဟုတ်လား...ငါတို့နဲ့လိုက်ခဲ့..ငါတို့ရဲ့နောက်ဆုံးနေ့လေးမှာ
အတူပျော်ပျော်ပါးပါးနေရအောင်..."
"ဟာ..ညဉ့်နက်မယ်ဆိုရင်တော့မလိုက်ချင်ဘူးနော်"
"နင်ကလည်းဟာ..အားလုံးရဲ့
နောက်ဆုံးတွေ့ဆုံမှုလေးမှာ အမှတ်တရတစ်ခုတော့
ချန်ထားခဲ့သင့်တာပေါ့.."
"နေပါအုံး...အားလုံးဆိုတော့ဘယ်သူတွေပါသေးလို့လဲ..."
"ငါတို့အဆောင်က ဘွဲယူမဲ့ကျောင်းသူတွေ
တော်တော်များများပါတယ်..ငါ့အန်ကယ်လ်ရဲ့
ဘားကိုသွားကြမှာလေ..အရမ်းမဆူပါဘူးဟ..
အဲ့ဒီ့ဘားကအထက်တန်းဆန်ပါတယ်...
နင့်လိုအဖွားအိုကြီးတွေအသွားသင့်ဆုံးနေရာလေ.."
"နင်နော်...ငါကအဲ့လောက်လဲရှေးရိုးမဆန်ပါဘူး.."
"ရှေးရိုးမဆန်ရင်လိုက်ခဲ့ပါဟာ...ငါတကယ်ပြောတာပါ..အဲ့ဒီ့ဘားကတကယ့်ကို
ဗွီအိုင်ပီ(VIP)တွေပဲသီးသန့်လာတဲ့နေရာပါ..
ငါ့အန်ကယ်လ်ကိုမနည်းပြောထားရတာ..."
"အေးပါ...အဲ့လောက်ညွှန်းနေရင်လည်း
လိုက်ခဲ့ပါ့မယ်.."
နောက်ဆုံးတော့ဆိုဖီယာ့ကို လက်မြောက်အရှုံးပေးလိုက်ရပြီး ဆိုဖီယာ၏ဦးလေးပိုင်ဆိုင်သောဘားသို့
ရောက်လာခဲ့ရလေသည်။
အဆောင်အတူနေရသော သူငယ်ချင်းများအားလုံးကို တစ်နေရာထဲမှာအတူတွေ့ရပြီး နှုတ်ဆက်ခွင့်ရ၍ အမှတ်တရတော့ဖြစ်သွားခဲ့သည်။
"ရှဲဒိုး...နင်သောက်ရမယ်နော်...ဒီညငါတို့အားလုံး
အမူးသောက်ကြမယ်..."
"ချီးယား....!!!!"
အားလုံးကတစ်ပြိုင်နက်ဖန်ခွက်တွေ တိုက်နေကြ၍
ပုံရိပ်လည်းဖန်ခွက်အတူတိုက်ပေးလိုက်ပြီး
တစ်ငုံနှစ်ငုံလောက် သောက်ကြည့်လိုက်ကာ
မူးဝေဝေဖြစ်သွားလေသည်။
တက္ကသိုလ်ကျောင်းသားတွေ
ဖြစ်သည့်အတွက် အနောက်နိုင်ငံသားတို့၏
ထုံးစံအတိုင်း ယောက်ျားလေးရော၊မိန်းကလေးရော
အရက်ခွက်မကိုင်တတ်သူရှိမနေပေ။
သူငယ်ချင်းတွေက သူတို့၏ချစ်သူတွေကိုပါ
ခေါ်လာကြပြီး ဘားတွင်ဖွင့်ထားသော
သီချင်းနှင့်အတူ ကနေကြစဉ်မှာ
ပုံရိပ်ကတော့ နည်းနည်းပဲသောက်လိုက်တာတောင်
မူးသွား၍ အဖျော်ဆရာဆီသို့သွားကာ
ဖျော်ရည်တစ်ခုကို တောင်းသောက်ရလေသည်။
"ဟေး...ရှဲဒိုး..လာကလေ..."
သူတို့အတွဲနှင့်သူတို့ သာယာနေကြသောသူငယ်ချင်းများက ၀တ်ကြေတန်းကြေကရအောင်
လှမ်းခေါ်နေသောကြောင့် ယမကာဖျော်သော
နေရာမှာပဲ စုံလည်ကုလားထိုင်တွင် နောက်ပြန်ထိုင်၍ လက်ကာပြလိုက်သည်။
အရက်ကလည်း မူးမူးနှင့်ဆိုတော့ စိတ်ထဲမှာ
မျက်စိနောက်စရာအတွဲတွေကို ကြိမ်ဆဲနေမိသည်။
"အခုချိန်မှာ...ဟိုလူကြီးရောဘာတွေလုပ်နေလောက်မလဲ..."
ကနေသောစုံတွဲတွေကိုကြည့်နေရင်းနှင့်
ဦးနေမျိုး၏အကြောင်းကို တွေးလိုက်မိ၍
အလိုလိုနေရင်းမျက်ရည်ကျလာပြန်သည်။
နယူးယောက်မှာ ကျောင်းတက်နေစဉ်ကာလအတွင်း သူ့အကြောင်းတွေကိုမတွေးမိအောင်အထိ
ကျောင်းရယ်၊အလုပ်ရယ်ကိုပဲ စိတ်ထဲမှာနှစ်ထားခဲ့မိသည်။ဟိန်းကိုနှင့်ဖေ့ဘွတ်မှာစကားပြောဖြစ်ပေမဲ့
ဦးနေမျိုး၏အကြောင်းတော့ မမေးဖြစ်အောင်သတိထားခဲ့သည်။
"မူးနေရင်...အားလုံးကိုမေ့သွားတတ်တယ်ဆို..
အခုတော့မေ့ဖို့ဝေးလို့...ဘာလို့
ပိုသတိရနေမိတာလဲကွာ..ကတိမတည်..
စကားမတည်တဲ့လူကြီးကိုမှ ငါဘာလို့မေ့မရတာလဲ"
"အရက်သောက်တိုင်းမေ့လို့ရတယ်ဆိုရအောင်
လူဆိုတာသံပတ်ပေးလို့ရတဲ့ အရုပ်မှမဟုတ်တာ.."
ဩရှရှနှင့် အင်္ဂလိပ်လိုပြောလိုက်သည့်
ကြည်လင်လွန်းသော အသံတစ်ခုကိုကြားလိုက်ရ၍ ဘေးသို့ကြည့်လိုက်တော့
ပုံရိပ်၏တစ်ခုံကျော်တွင်
ကော့တေးတစ်ခွက်ကိုကိုင်ကာ အနောက်တိုင်း
၀တ်စုံအပြည့်ဖြင့် ခြေချိတ်၍ထိုင်နေသူကို
တွေ့လိုက်ရသည်။
*သေချာတာကတော့..ဒီလူ့ကိုပုံရိပ်တစ်ခါမှမတွေ့ဖူးသလို..ပုံရိပ်နှင့်ရင်းနှီးသောမိတ်ဆွေတွေထဲမှာလည်း..ဒီလိုမျက်နှာပေါက်မျိုးမရှိတာသေချာပါတယ်..။.."
"ဟေ့..မင်းငါ့ကိုအဲ့လိုမကြည့်နဲ့..
အကြည့်တွေကိုပြင်လိုက်ရင်ကောင်းမယ်..
မင်းကငါမွေးရင်..ငါ့သမီးလောက်ပဲရှိတယ်..."
ပုံရိပ်ကိုလာကြောင်နေသည်ထင်၍
မျက်မှောင်ကြုံ့ကာ စိတ်ရှုပ်သလိုကြည့်နေမိရာမှ
တကယ်လည်း ဦးလေးအရွယ်လောက်ဖြစ်နေ၍
အကြည့်တွေကို ပြန်ပြင်လိုက်ရသည်။
ထိုလူကြီးသည် ဆံပင်တွေကဂုတ်ထောက်လုနီးပါးဖြစ်နေပြီး ရွှေရောင်ကိုင်းနှင့်မျက်မှန်ကို တပ်ထားကာ ကိုယ်ဟန်ဖြောင်ဖြောင့်နှင့်အရပ်ရှည်လေသည်။
ကော့ညွှတ်နေသည့် မျက်တောင်ထူတွေ၀န်းရံထားသော စူးရှသည့်မျက်၀န်းများဟာ
ပုံရိပ်၏မျက်၀န်းများနှင့် ခပ်စင်စင်ဖြစ်နေပြန်သည်။သေချာကြည့်လိုက်တော့မှ
မိန်းမချောချောသော ထိုလူကြီးနှင့်ပုံရိပ်ဟာ
ရုပ်ရည်ချင်းတောင် ခပ်ဆင်ဆင်ဖြစ်နေသည်။
သူ့ကိုသာပုံရိပ်ရဲ့အဖေလို့ပြောရင်..ယုံကြလောက်တယ်..
"ဦးလေးကိုကျွန်မ..မသိဘူး..."
"တို့လည်းမင်းကိုမသိပါဘူး..."
"ဒါဆိုရင်ဘာလို့စကားလာပြောတာလဲ..."
"မူးနေလို့ပေါ့..ငါကမူးတဲ့အချိန်ပဲသူစိမ်းတွေနဲ့
စကားပြောတတ်တယ်ဆိုရင်ယုံမလားတော့
မသိဘူး..နောက်ပြီးမင်းကသူများတွေကတာကို
ကြည့်ပြီး...ပါးစပ်ကဗမာလိုတွေ
ရေရွတ်နေတာကို..."
"ဟင်..ဒါဆိုဗမာလိုနားလည်တာလား..."
"ငါကပြင်သစ်၊မြန်မာကပြား..."
သူ့ကိုယ်သူကပြားဖြစ်ကြောင်း ဗမာလိုမိတ်ဆက်လာတော့မှ နိုင်ငံခြားသားရုပ်ပေါက်နေသော
သူ့မျက်နှာကို သေချာစိုက်ကြည့်လိုက်ကာ
ခေါင်းညိမ့်ပြလိုက်မိသည်။
"တစ်ခုလောက်မေးလို့ရမလား..."
"ဘာကိုလဲ..."
"ခုနကဘာလို့ငိုနေတာလဲ..ဒီမှာလူတွေအားလုံး
ပျော်ပါးနေကြတာကို မင်းတစ်ယောက်ပဲငိုနေတာတွေ့တယ်..."
"ကိုယ့်ရဲ့အချစ်ကို
လိမ်ညာလှည့်စားသွားတဲ့သူကိုမှ
သတိရနေမိလို့ပေါ့...
တကယ်ဆိုရင်မဖြစ်သင့်ဘူးနော်...
လူတစ်ယောက်ကို တစ်ဖက်သတ်ချစ်တာက
ထီထိုးသလို ပေါက်ရမယ်လို့
ကျိန်းသေတွက်လို့မရမှန်း
ကြိုတင်တွေးထားခဲ့သင့်တာ..ကျွန်မကလည်း
အဲ့အချိန်ကအချစ်ကို
အရူးအမူးခံစားတတ်တဲ့အရွယ်ဆိုတော့
သူ့ရဲ့မာယာတွေအောက်မှာ မျောသွားခဲ့တာပေါ့.."
ကတိမတည်တတ်တဲ့ ယောက်ျားတွေကို
သိပ်မုန်းတာပဲ..."
"နေပါအုံး..
သူကမင်းကိုဘာတွေကတိမတည်ခဲ့လို့လဲ...
တို့မေးတာကို မင်းမဖြေချင်ရင်တော့မဖြေပါနဲ့.."
ထိုလူကြီးက မပြောချင်ရင်မပြောနှင့်ဟုဆိုပေမဲ့
ပုံရိပ်ကတော့ စိတ်ထဲမှာကိုယ်တစ်ယောက်တည်း
အချိန်အကြာကြီး ထိန်းချုပ်ထားရတဲ့အတွက်
တစ်ယောက်ယောက်ကိုတော့ ရင်ဖွင့်ချင်နေမိသည်။
ပုံရိပ်သူ့ကို တစ်ချက်ပြန်ကြည့်လိုက်တော့
သူက သူ့ရဲ့ကော့တေးခွက်ကိုမော့သောက်ရင်းနှင့်
ပုံရိပ်ပြောပြလည်းနားထောင်မည် မပြောပြလည်း
ကိစ္စမရှိတဲ့ ပုံစံဖမ်းနေလေသည်။
"ဦးလေးကလူကြီးတစ်ယောက်ဆိုတော့
အတွေ့အကြုံအများကြီးရှိမှာပဲ...ကျွန်မတစ်ခုလောက်မေးကြည့်လို့ရမလား..."
"မေးကြည့်လေ..နားထောင်ကြည့်တာပေါ့..."
"လူတစ်ယောက်က...ရုတ်တရက်ကြီး
ပြောင်းလဲသွားတတ်လားဟင်...
သာမာန်ဆက်ဆံရေးတစ်ခုကနေ...
ကိုယ်နဲ့အနီးဆုံးအထိရောက်အောင်လာခဲ့ပြီး...
ကိုယ့်အပေါ်မှာ...သာမာန်ထက်ပိုတဲ့ဂရုစိုက်မှုတွေ ပေးပြီးတော့မှ..မပတ်သတ်ချင်တော့ဘူးလို့
ပြောလာတာဘာကြောင့်လဲ...သူကျွန်မကို
ကတိတွေအများကြီးပေးခဲ့တယ်...
သူပေးခဲ့တဲ့ကတိတွေကိုသူပဲပြန်ဖြတ်ခဲ့တဲ့အပြင်..
ကျွန်မမဟုတ်တဲ့အခြားလူတစ်ယောက်ကို
သူရွေးချယ်သွားခဲ့တယ်...ကျွန်မကတော့
မျှော်လင့်ချက်တွေ တသီကြီးအပေးခံရပြီးတော့မှ
အရူးကွက်နင်းခံလိုက်ရတာလို့ပဲ မြင်တယ်..."
"ဒါဆိုသူကမင်းကို သစ္စာဖောက်သွားခဲ့တာပေါ့..."
"အဲ့လိုပဲပြောရမှာပေါ့...ဒါပေမဲ့သူပေးတဲ့
ဒဏ်ရာတွေထက်..သူပေးခဲ့တဲ့ကြင်နာမှုတွေက
ကျွန်မရင်ထဲမှာဖျောက်မရအောင်စွဲလွန်းနေတော့
သူ့ကိုမေ့ပစ်၊မုန်းပစ်ချင်ရဲ့သားနဲ့
မေ့လို့၊မုန်းလို့မရဘူးဖြစ်နေတယ်..."
"ဒါဆိုနောက်တစ်ယောက်အသစ်ထားကြည့်ပေါ့
သူ့ကိုမေ့လို့ရနိုင်သွားလိမ့်မယ်..."
"အဲ့လောက်မလွယ်ဘူး..
ကျွန်မနဲ့သူနဲ့စတွေ့ခဲ့တာကကျွန်မအသက်
ဆယ့်ငါးနှစ်လောက်မှာ..သူကကျွန်မထက်
အသက်ရှစ်နှစ်လောက်ကြီးတယ်..အဲ့အချိန်တုန်းက
ကျွန်မကအရမ်းဆိုးတာ..ကျောင်းစာကိုလည်း
မကြိုးစားတဲ့အပြင်..အတန်းဖော်တွေနဲ့လည်း
ရန်ပတ်ဖြစ်နေခဲ့တာပေါ့..ဆရာ၊ဆရာမတွေကတောင် ကျွန်မကိုလက်မြောက်ထားရတဲ့အထိပဲ.."
"ရပ်ကျော်ရွာကျော်ပေါ့..."
"အဟား..အဲ့သဘောပါပဲ..ဒါပေမဲ့သူနဲ့တွေ့ပြီးနောက်ပိုင်းမှာ ကျွန်မရဲ့အတွေးအခေါ်တွေ
အများကြီးပြောင်းလဲသွားခဲ့တယ်လို့ဆိုရမယ်
ကျွန်မဘ၀ရဲ့အရေးအကြီးဆုံး..
ဆုံးဖြတ်ချက်တွေတိုင်းမှာ..သူပါ၀င်ခဲ့တယ်..
အမှန်အတိုင်းပြောရရင်..သူကျွန်မနဲ့ပတ်သတ်ပြီး
ပြောင်းလဲသွားတဲ့ကိစ္စကြီးက...
တကယ်ကိုမယုံနိုင်လောက်စရာကြီးပဲ...
ကျွန်မကသူ့ကို ချစ်တာတစ်ခုတည်းမဟုတ်ပဲ
လေးစားခဲ့တာ..ကျွန်မရဲ့စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ်ကို သတ်မှတ်ခဲ့တာ...အခုတော့သူ့ကို
အထင်သေးနေမိတယ်...ကျွန်မရဲ့အချစ်ကို
ပြန်မတုန့်ပြန်လို့ဆိုတာထက်..ကျွန်မအထင်ကြီး
လေးစားရတဲ့လူတစ်ယောက်က..
သူ့အထက်အသက်အများကြီးငယ်တဲ့
မိန်းကလေးအပေါ်ကိုလှည့်စားခဲ့လို့ကို
အထင်သေးတာ..."
"နေပါအုံး...သူ့ကိုအရင်ကအထင်ကြီးလေးစား
ခဲ့တယ်ဆိုတော့ ဘယ်အချက်တွေကြောင့်လဲ.."
ထိုလူ၏အမေးကိုဖြေဖို့ရာ ဆရာနှင့်ပတ်သတ်သော
အကြောင်းအရာတွေကို အသေးစိတ်ကအစ
ပြန်တွေးကြည့်နေမိသည်။အံ့ဩဖို့ကောင်းတာက
ဆရာနဲ့ ပတ်သတ်သမျှအကြောင်းအရာတွေကို
အခုထိအလွတ်ရနေသေးတာကိုပဲ။
"သူကအရမ်းနွေးထွေးပေးတတ်တဲ့ နေရောင်ခြည်
လေးလို လူသားတစ်ယောက်ဖြစ်ခဲ့တယ်...
ကလေးသူငယ်တွေအပေါ်မှာ စာနာစိတ်အရမ်းကြီးပြီးတော့ ဘယ်သူ့ကိုမဆိုကူညီလိုစိတ်အမြဲရှိတယ်
ဒါပေမဲ့သူက..အကျိုးအမြတ်လိုချင်လို့
ကူညီပေးတတ်တဲ့လူတော့မဟုတ်ဘူး..
ရယူခြင်းကိုမလိုလားပဲ..ပေးဆပ်ခြင်းကိုပဲ
နှစ်သက်တဲ့ လူတစ်ယောက်ပေါ့..."
"မင်းပြောပုံအရဆိုရင်...
သူကလူကောင်းတစ်ယောက်ပေါ့.."
"ဟုတ်တယ်...သူကလူကောင်းတစ်ယောက်ပဲ..
ကောင်းလွန်းလို့..သူ့ရဲ့မျက်နှာဖုံးနောက်ကွယ်ကို
ဒီလောက်ဆိုးရွားလိမ့်မယ်လို့ မထင်ခဲ့မိတာပေါ့..
"မင်းငိုနေတာလား..."
"မဟုတ်ပါဘူး...မျက်ရည်ကျရုံလေးပါပဲ..."
"တူတူပဲလေ..."
ဦးလေးကြီးက ပုံရိပ်ငိုနေတာကိုကြည့်ပြီး
ပုံရိပ်၏လက်ထဲသို့ လက်ကိုင်ပုဝါတစ်ခုကို
မျက်ရည်သုတ်ဖို့ရာ ကမ်းပေးလာသောကြောင့်
ပုံရိပ်လည်း လက်ခံလိုက်မိသည်။
"သူကအခြားမိန်းကလေးတစ်ယောက်ကို
ရွေးချယ်ခဲ့တယ်လို့ မင်းပြောခဲ့တယ်နော်
အဲ့ဒီ့မိန်းကလေးက မင်းထက်ဘာတွေ
ပိုသာလွန်နေလို့လဲ.."
"အဲ့ဒါတော့ကျွန်မ..မသိဘူးလေ..ယောက်ျားတွေရဲ့
အကြိုက်နဲ့မိန်းမတွေရဲ့အကြိုက်က..
တစ်ယောက်နဲ့တစ်ယောက်တူမှမတူနိုင်တာ..
သူ့အတွက်အဲ့ဒီ့မိန်းမက..
တစ်ခုခုထူးခြားလို့နေမှာပေါ့.."
"သူကမင်းထက်ရုပ်ပိုချောလို့လား.."
"ဟင့်အင်း..သူကအဲ့လောက်မလှပါဘူး..
ဒါပေမဲ့ဆွဲဆောင်မှုတော့ရှိတယ်..."
"ဒါဆို..မင်းလိုက်လို့မမှီအောင်ပိုတော်နေလို့လား.."
"အဟင်း..သူတော်တာကို၀န်ခံပါတယ်..
ဒါပေမဲ့ကျွန်မကလည်းသူ့ထက်မညံ့ပါဘူး..
ကျွန်မလည်းဆေးမှတ်မှီခဲ့တာပဲ..
သူကဆရာ၀န်ဖြစ်သလို...ကျွန်မလည်းဆရာ၀န်လိုင်းကို ရွေးချယ်လို့ရတာပဲလေ..
ကျွန်မလိုက်လို့မမှီလောက်အောင်အထိ
ဒေါက်တာခင်ရူပက..တော်နေတယ်လို့
ကျွန်မ..မထင်ဘူး.."
"ဒါဆိုမင်းထက်ပိုက်ဆံချမ်းသာနေလို့လား..."
"..ကျွန်မသိသလောက်တော့
သူတို့မိသားစုကပိုက်ဆံရှိအသိုင်းအဝိုင်းဆိုပေမဲ့
အရမ်းကျိကျိတတ်ချမ်းသာနေတာမျိုးမဟုတ်ဘူး
ကျွန်မအဖွားပေးခဲ့တဲ့အမွေတွေနဲ့ဆို
ကျွန်မရဲ့အခုလက်ရှိ ပိုင်ဆိုင်မှုက
သူတို့မိသားစုဆွေစဉ်မျိုးဆက်
စုဆောင်းထားတာရဲ့ အဆတစ်ရာလောက်
ပိုများအုံးမယ်.."
"အဓိကကအဲ့ဒါပဲလေ...
မင်းထက်လည်းပိုမတော်ဘူး
မင်းထက်လည်းမချမ်းသာဘူး..မင်းထက်လည်း
အဆပေါင်းများစွာလှမနေတဲ့ မိန်းမတစ်ယောက်ကို
သူဘာကြောင့် ရွေးချယ်သွားခဲ့တာလို့ထင်လဲ..
တကယ်ချစ်လို့လား..ဒါဆိုရင်မင်းနဲ့ဘာလို့
သူပတ်သတ်ခဲ့တာလဲ..."
"သူတကယ်ချစ်မိသွားလို့လည်းဖြစ်နိုင်တာပဲလေ
လူတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင်
ကျန်တဲ့အရာတွေကို ထည့်တွက်ဖို့မေ့နေတတ်ကြတာပဲ မဟုတ်ဘူးလား...
အဟင်း..ဒီတစ်သက်တော့ကျွန်မနဲ့သူက
လုံး၀မဖြစ်နိုင်တော့ပါဘူး..."
"မင်းနဲ့သူနဲ့...မတွေ့တော့တာဘယ်လောက်ကြာပြီလဲ.."
"လေးနှစ်လောက်ရှိပြီ...အခုဆိုသူ့အသက်က
သုံးဆယ်တောင်ကျော်နေလောက်ပြီ...
ကိုယ့်ကိုကိုယ်လည်း အံ့ဩမိပါတယ်..
ဒီလောက်နှစ်တွေကြာနေတာတောင်
အခုထိသူ့ကြောင့်ဆွေးနေမိတုန်းပဲ..."
"ဒါဆိုရင်နောက်ထပ်အသစ်ရှာလိုက်ပေါ့
မဟုတ်ရင်တော့ သူ့ကိုပြန်သွားရှာပေါ့..."
"ဟား...ဟား..မဖြစ်နိုင်တော့ပါဘူး
သူကအခုလောက်ဆို..
အိမ်ထောင်တွေဘာတွေကျပြီး..
ကလေးတွေတောင်ရနေလောက်ပြီ..."
"တကယ်လို့ သူကမင်းကို
စောင့်နေသေးတယ်ဆိုရင်ရော..."
သဘောတကျရယ်နေမိသော ပုံရိပ်သည်
နှုတ်ခမ်းများကို ချက်ချင်းတည်ချလိုက်မိပြီး ခေါင်းကိုသာ တွင်တွင်ခါယမ်းနေမိလေသည်။
မပတ်သတ်ချင်တော့ဘူးလို့ ကိုယ်တိုင်ပြောခဲ့တဲ့
လူက နှစ်တွေအကြာကြီးပုံရိပ်ကို
စောင့်နေသေးတယ်ဆိုဟာ အရယ်ရဆုံးဟာသများဖြစ်နေမလား။
ပုံရိပ်ကတော့ မဲ့ပြုံးပြုံးလိုက်မိပေမဲ့
ဦးလေးကြီးကတော့ ခပ်တည်တည်ပဲဖြစ်နေလေသည်။
"မင်းလိုပဲ ဦးလည်းအချစ်ဦးကိုပဲ
စွဲစွဲမြဲမြဲချစ်ခဲ့တာ..အသက်ဆယ့်ခြောက်နှစ်မှာ
စိတ်ဒဏ်ရာဗရပွနဲ့မြန်မာနိုင်ငံကနေပြင်သစ်ကို
ထွက်ခွာခဲ့ရတယ်...
ဆယ့်နှနှစ်ဆိုတဲ့အချိန်အတွင်းမှာ..အောင်မြင်တဲ့ဘ၀တစ်ခုကိုရရှိဖို့
ကျားကန်ပြီး..မနဲကြိုးစားခဲ့ရတာကွ...
ကိုယ့်ကိုဒုက္ခပေးခဲ့တဲ့လူတွေကို
ပြန်နာကျင်စေချင်တဲ့ ဆန္ဒတွေပြည့်၀ခဲ့ပေမဲ့
တစ်ဖက်မှာတော့ ကိုယ့်အချစ်ကကိုယ်နဲ့
ဝေးရာကို ပြေးသွားခဲ့တယ်လေ...
မာနတွေ..အတ္တတွေကြီးခဲ့လို့ဖြစ်ရတဲ့ဝေဒနာပေါ့..."
"ဒါဆိုရင်..ဦးလေးရဲ့အချစ်ဦးနဲ့မပေါင်းဖက်ခဲ့ရဘူးပေါ့..."
"ဘယ်ကသာ..အခုဦးတို့မှာသားသမီးနှစ်ယောက်တောင် အပိုဆုပေါက်ထားပြီးပြီလေ..."
"ဟမ်...ဦးလေးမကောင်းဘူး..ဒီကတကယ်ထင်ပြီး
စိတ်မကောင်းတောင်ဖြစ်သွားမိတဲ့ဟာကို..."
"အဲ့လိုဖြစ်သွားရင်ဆောရီးပါကွာ..
ဦးပြောချင်တာက...မင်းနဲ့ဦးမှာတူညီတဲ့အချက်ရှိတယ်လို့..ပြောချင်တာ..မင်းကိုသူ့ဆီပြန်သွားပါလို့
မတိုက်တွန်းချင်ပါဘူး..ဒါပေမဲ့..ဒီလောက်နှစ်တွေကြာနေတာတောင် သူ့ကိုမေ့မရနိုင်ဖြစ်နေတာ..
ဘာလို့သူ့ဆီကိုတစ်ခေါက်လောက်
ပြန်သွားမကြည့်တာလဲ
..အနည်းဆုံးတော့သူ့ဘ၀ကြီး..
ဘာဖြစ်နေသလဲဆိုတာ သိရတာပေါ့..တကယ်လို့
မင်းထင်သလို..သူကသူ့မိသားစုနဲ့..သူ့ချစ်သူနဲ့
သာယာပျော်ရွှင်နေတယ်ဆိုရင်..
စိတ်ကိုပြန်ပြင်ဆင်ပြီး
အမြန်ရုန်းထွက်လိုက်တော့ပေါ့...မဟုတ်ဘူးလား.."
"ဒါဆိုရင်..အခုလက်ရှိ
သူ့မှာမိသားစုရော..ချစ်သူရောမရှိဘူးဆိုရင်ရော.."
"ဒါကတော့..ဦးဆုံးဖြတ်ရမဲ့အပိုင်းမဟုတ်တော့ဘူး
ကဲ..ဦးလည်းပြန်မှဖြစ်တော့မယ်..
သူငယ်ချင်းရဲ့ဘားဖြစ်နေလို့ အလည်၀င်လာရင်း
မင်းနဲ့စကားကောင်းနေမိတာနဲ့..အချိန်တော်တော်
ကြာသွားပြီ..ဟိုတယ်မှာမိန်းမနဲ့ကလေးတွေက
သူတို့ကိုပြစ်ထားလို့ နှုတ်ခမ်းဆူနေလောက်ပြီ..."
ထိုလူကြီးက ခုံပေါ်တွင် တင်ထားသောသူ့ရဲ့ကုတ်အင်္ကျီကိုပြန်ယူ၀တ်လိုက်ပြီး ပုံရိပ်ကိုနှုတ်ဆက်စကားဆိုလာလေသည်။
ပုံရိပ်တို့ဟာ စကားတွေသာပြောဖြစ်နေကြပေမဲ့
တစ်ယောက်နဲ့တစ်ယောက် နာမည်တောင်မမေးမိကြပေ။
ဘယ်လိုပဲဖြစ်ဖြစ် ပုံရိပ်၏ခံစားချက်တွေကို
သေသေချာချာနားထောင်ပေးသူဖြစ်၍
ကျေးဇူးအရမ်းတင်မိလေသည်။
ထို့ကြောင့် တရား၀င်လက်ဆွဲနှုတ်ဆက်ဖို့ရာ
ထိုဦးလေးဆီသို့ လက်ကမ်းပေးလိုက်မိသည်။
"ကျွန်မနဲ့အခုလိုအဖော်ပြုပြီးစကားလာပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်..ကျွန်မနာမည်
ပုံရိပ်ပါ.."
"ဦးနာမည်ကတော့..အများကသောမက်စ်လို့
ခေါ်ကြတယ်..မြန်မာနာမည်ကတော့"ကဝိ"လို့ပဲမှတ်ထားလိုက်ပါ
ဦးကပုံမှန်ဆိုရင်သူစိမ်းတွေကိုကိုယ့်ဘက်ကနေ
စကားစပြောလေ့မရှိပေမဲ့..မင်းကိုဧည့်ခံပွဲတစ်ခုမှ
ဦးမင်းခန့်နဲ့အတူ တွဲတွေ့လိုက်တည်းက
မှတ်မိနေခဲ့တာ..တစ်ချိန်မှာGDအဖွဲ့အစည်းရဲ့
အမွေဆက်ခံသူဖြစ်လာမဲ့သူလေ...
သွားခွင့်ပြုပါအုံး.."
ထူးဆန်းသော နာမည်ကိုပြောပြထားခဲ့ကာ
ဦးလေးကြီးကထွက်သွားပြီမို့ ပုံရိပ်လည်း
တစ်ယောက်တည်းပြန်ဖြစ်သွားပြီး ထိုနေရာမှာပဲ
မလှုပ်မယှက် တွေငေးနေမိလေသည်။
ပုံရိပ်၏သူငယ်ချင်းများကလည်း
ကလို့၀သွား၍ထင်ပါရဲ့ပုံရိပ်ရှိသောနေရာတွင်
လာထိုင်ကြသည်။
"..ရှဲဒိုး..ဘာတွေတွေးနေတာလဲ..."
"ဘာမှမဟုတ်ပါဘူးဟာ..ဘွဲ့ယူပြီးရင်
ဘာဆက်လုပ်ရမလဲလို့...စဉ်းစားနေတာပါ.."
"စဉ်းစားမနေနဲ့တော့..ဘွဲ့ယူပြီးနောက်တစ်နေ့မှာ
တို့တွေပြင်သစ်ကိုအလည်သွားကြမှာ...
အဲ့တာနင်လည်းလိုက်ခဲ့ရမယ်..."
"ငါလိုက်နိုင်တော့မယ်မထင်ဘူး..."
"ဘာကြောင့်လဲ...နင်ကဒါတော့မမိုက်ဘူးဟာ
ငါတို့ခေါ်ရင် တစ်ခါမှလည်းမလိုက်ဘူး...
စာအုပ်တွေပဲဖတ်မနေနဲ့နော် အချို့အရာတွေက
စာအုပ်ထဲမှာ မရနိုင်ဘူး....."
"ငါ...ဘွဲ့ယူပြီးတာနဲ့..မြန်မာကိုပြန်တော့မှာ...."
သူငယ်ချင်းတွေ အားလုံးဝိုင်းပြီးဆူပူကြပေမဲ့
မျက်နှာပြောင်တိုက်ကာ ဆက်ပြီးရူးချင်ယောင်ဆောင်လိုက်ရသည်။
ဟိုဦးလေးပြောခဲ့သလိုပဲ အနည်းဆုံးတော့
သူဘာတွေဖြစ်နေသလဲဆိုတာကို ပုံရိပ်ပြန်ကြည့်ချင်သည်။ပြီးတော့ ပုံရိပ်၏မိသားစုတွေကိုလည်း
သိပ်လွမ်းတယ်။
🔥🔥🔥🔥🔥🔥🔥🔥
တက္ကစီကားအဖြူလေးသည် ရပ်ကွက်လမ်းလေး
ထဲသို့ ချိုးကွေ့၀င်လာပြီးနောက်မှာ
လမ်းဆုံနေရာလေးတွင် ရပ်တန့်သွားခဲ့လေသည်။
ယခင်ကထက် လူနေအိမ်ပိုများပြားလာပြီး
ဈေးဆိုင်တန်းတွေနှင့် ပိုစည်ကားလာခဲ့၍
ပုံရိပ်အတွက်တော့ မျက်စိလည်
လမ်းမှားချင်စရာပါပဲ။
ဘယ်သူ့ကိုမှ အသိမပေးပဲမြန်မာပြည်ကို
ပြန်လာတာသာသိရင် လေးလေးခန့်ကတော့
ကျိန်းသေပေါက်ကို ဆူမှာသေချာသည်။
"ကလေးမပြောတာဒီလမ်းမဟုတ်လား..."
"ခဏနေပါအုံးဦးလေး..ဒီတည့်တည့်ကိုပဲမောင်းသွားလိုက်ပါ..ပြီးရင်ဘုန်းကြီးကျောင်းရှေ့မှာ
ကားကိုရပ်လိုက်...ကျောင်းထဲကိုခဏ၀င်ချင်လို့
ဦးလေးအပြင်မှာစောင့်ပေးနိုင်မလား..
ကျွန်မပိုက်ဆံပိုပေးပါ့မယ်.."
"ရပါတယ်...စောင့်ပေးပါ့မယ်..."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်.."
နာရီများစွာ လေယာဉ်စီးလာရ၍
ပင်ပန်းနေသော်လည်း ရန်ကုန်ကို
ပြန်ရောက်ရောက်ချင်းမှာ ပုံရိပ်ပထမဦးဆုံး
သွားချင်သည့်နေရာဟာ သူရှိရာအရပ်ဆီသို့ဖြစ်နေလေသည်။
ဘုန်းကြီးကျောင်းရှေ့၌ ကားလေးရပ်သွားသောအခါ အနွေးထည်ပန်းရောင်လေးကို
ဆုပ်ကိုင်လိုက်မိပြီး ကားပေါ်မှဆင်းလိုက်မိလေသည်။
ဆောင်းရာသီဆိုတာ သူနဲ့ပုံရိပ်အတွက်
အမှတ်တရတွေ များစွာကျန်ရှိနေခဲ့သော
လရာသီလေးပေါ့။
ကျောင်းကြီးထဲသို့ တစ်လှမ်းချင်းလှမ်း၀င်မိရင်းနှင့် ဘုရားကြီးရှိရာဆီသို့သွားကာ အသစ်ပြန်လည်ပြုပြင်မွန်းမံထားသော ဘုရားဆင်းထုတော်တွေကို
လိုက်ကြည့်နေမိလေသည်။
ထို့နောက် ပုံရိပ်တို့နောက်ဆုံးနှုတ်ဆက်ခဲ့ကြသည့် ဘုရားကြီးနံဘေးမှ ရေကန်ကြီးကိုငေးကြည့်နေမိသည်။
ပုံရိပ်တို့နှစ်ယောက် နောက်ဆုံးတွေ့ဆုံခဲ့သည့်
ရေကန်ဘောင်ပေါ်ရှိ စကားပန်းပင်ကြီးအောက်တွင်တော့ စာရေးခုံအသေးလေးတစ်လုံးနှင့် ကုလားထိုင်လေးတစ်လုံးရှိနေလေသည်။
"စာရေးဆရာ..မှိုင်းရိပ်..."
ခုံလေးပေါ်တွင်တင်ထားသော ၀တ္ထုစာအုပ်လေး၏
ခေါင်းစဉ်က"မောင့်ရင်ထဲမှာအဖြေရှိတယ်.."ဖြစ်ပြီး
စာရေးဆရာ၏ နာမည်ကတော့"မှိုင်းရိပ်.."
ဖြစ်နေသည်။
ရေးလက်စစာရွက်တွေကို လွင့်မသွားအောင်
ပန်းရောင်ဒိုင်ယာရီစာအုပ်လေးနှင့် ဖိထားသေးသည်။
ထူးဆန်းတာက ဒီဒိုင်ယာရီမျိုးဟာပုံရိပ်ဆီမှာလည်း
တစ်ခုရှိနေလေသည်။
ဒါက ဟိန်းကိုပုံရိပ်ကိုပေးထားခဲ့သော
ဒိုင်ယာရီစာအုပ်လေးနဲ့ တစ်ပုံစံတည်းပါပဲ။
ပုံရိပ်ရယ်၊ဆရာနေမျိုးရယ်နဲ့ဟိန်းကိုဆီမှာပဲရှိတဲ့
စာအုပ်လေးဆိုတော့ ဒါက..
ဆရာ့ဒိုင်ယာရီစာအုပ်လေးများလား။
"ဒါဆို...သူကဒီကျောင်းမှာပဲရှိနေသေးတာလား..
ဒီ၀တ္ထုကရော..သူရေးထားတာများလား..."
"မောင့်ရင်ထဲမှာအဖြေရှိတယ်.."ဆိုသော
၀တ္ထုစာအုပ်လေးကို လှန်ကြည့်လိုက်မိတော့
စာအုပ်စတင်ထုတ်ဝေသည့်ခုနှစ်ဟာ
လွန်ခဲ့တဲ့သုံးနှစ်လောက်တည်းကဖြစ်ပြီး
ပုံရိပ်၏လက်ထဲတွင်ကိုင်ထားသည့်စာအုပ်ကစတုတ္ထအကြိမ်မြောက်ထုတ်ဝေထားခြင်း
ဖြစ်လေသည်။
အရောင်းရဆုံး စာအုပ်ဖြစ်မယ်ဆိုတာတော့
ကျိန်းသေပါတယ်။
စာအုပ်၏အစတွင်လည်း
စာရေးဆရာ၏ အတ္ထုပတိကိုရေးသားထား၍
ဆရာနေမျိုးဟာ စာရေးဆရာတစ်ယောက်
ဖြစ်နေပြီမှန်း သိလိုက်ရသည်။
မထူးဆန်းတော့ပါဘူး။သူကအရင်တည်းက
စာဖတ်ဝါသနာအိုးဆိုတော့ သူနဲ့ဒီအလုပ်ကလိုက်ဖက်ညီသည်ဟု မှတ်ချက်ပေးလိုက်မိသည်။
ထိုင်ခုံလေးမှာ ခဏထိုင်လိုက်ပြီးနောက်
စည်းဖောက်မိမှန်းသိပေမဲ့ သူ့ရဲ့ဒိုင်ယာရီစာအုပ်လေးကို တစ်ရွက်ချင်းဆီဖတ်ကြည့်လိုက်မိသည်။
------------------------------------------
စာမျက်နှာ(၁)
---------------------------------------
*မျက်၀န်းဝိုင်းလေးတွေနှင့် ဆုံသည်..
ကြည်လင်ပြီး မွှေးပျံ့တဲ့ရနံ့လေး
အသက်ရှုဖို့တောင်
မေ့ခဲ့တဲ့ တခဏဟာ သူမကြောင့်တဲ့လား..*
ဒီနေ့ဟာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သလို
ကျွန်တော့်ဘ၀ကြီးထဲကို ခံစားချက်အသစ်အဆန်းတွေ ၀င်လာတဲ့နေ့ရက်ဖြစ်လိမ့်မယ်လို့
လုံး၀မထင်ထားခဲ့မိဘူး
***
စံပယ်ပန်းလေးတွေကိုပန်ထားပြီး ရိုးယဉ်တဲ့
၀တ်စားဆင်ယင်ပုံလေးနဲ့ ကျွန်တော့်အသဲကို
သူမကိုင်လှုပ်သွားနိုင်ခဲ့တယ်..
အကြည့်ချင်းဆုံသွားတဲ့အချိန်မှာ
ရင်ခုန်သံစည်းချက် တွေမြန်ဆန်သွားတဲ့
ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်မိသွားလို့
သူမကို စကားအများကြီးတောင်
မပြောဖြစ်ခဲ့ပါဘူး
***
တစ်နှစ်ကျော်လောက်ကြာပြီးမှ..ပြန်တွေ့ခဲ့ရပေမဲ့
ဒီတစ်ခါ"ဆရာ"လို့ခေါ်လိုက်တဲ့အသံလေးက
ကျွန်တော့်ကို ပြုစားလိုက်သလိုပါပဲ...
------------------------------------------
------------------------------------------
စာမျက်နှာ(၂)
------------------------------------------
သူမကို နောက်တစ်ကြိမ်ထပ်တွေ့ချင်စိတ်တွေကို
ဘယ်လိုမှ ထိန်းချုပ်လို့မရတော့တာကြောင့်
"ချစ်ပန်းဝေ."ဆိုတဲ့ကိတ်မုန့်ဆိုင်လေးကို
ခေါ်သွားခဲ့မိတယ်.....။
"ဆရာ..ဘယ်လိုစိတ်ကူးပေါက်ပြီးဒီဆိုင်လေးကို
ရွေးတာလဲ.."ဆိုပြီးသူမကမေးလာခဲ့တယ်..။
"ကလေးတွေက ကိတ်မုန့်ကြိုက်တတ်တယ်မဟုတ်လား.."လို့ ကျွန်တော်စနောက်လိုက်မိတော့
ရှုံ့မဲ့သွားတဲ့မျက်နှာလေးကို ကြည့်ပြီး
ကျွန်တော်ပိုလို့ အသဲယားလာမိတယ်။
သူမနဲ့တွေ့ဆုံဖို့နေရာကို စဉ်းစားမိတော့
ကျွန်တော်တကယ်ပဲ ဒီကိတ်မုန့်ဆိုင်လေးကို
ပထမဦးဆုံးပြေးမြင်မိခဲ့တာပါ။
****"
ပုံရိပ်နဲ့ကျွန်တော်စကားတွေ အများကြီးပြောဖြစ်ခဲ့တယ်။
ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေးရဲ့
ရှေ့နေတစ်ယောက်ဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်က
သိပ်ကို ထူးခြားပြီးအံ့ဩဖို့ကောင်းမှန်း
လက်ခံလိုက်မိတဲ့အထိ သူမကိုအထင်ကြီး
သဘောကျသွားမိတယ်...
မန္တလေးမှာနေရတာက
စိတ်မွန်းကြပ်ကြောင်း သူလေးဆီက
ရင်ဖွင့်စကားကြားရတဲ့အခါမှာ
သိပ်ကိုသနားသွားမိတယ်...
(အမှန်အတိုင်းပြောရရင် သူလေးရဲ့ဘ၀
လွတ်လပ်ပျော်ရွှင်နေတာကိုပဲ မြင်ချင်မိတယ်
စည်းတွေ၊ဘောင်တွေကြားမှာ
ပိတ်မိမနေစေချင်ဘူး..)
ဒီနေ့သူမက ကျွန်တော့်ကိုလက်ဆောင်ပေးတော့
ကျွန်တော်စိတ်ဆိုးပြီး မယူခဲ့လို့တစ်လမ်းလုံး
စကားလုံး၀မပြောတော့တဲ့အခါ
ကျွန်တော်နေရသိပ်ခက်တာပဲ...
ဒါကြောင့်ပဲသူမပေးတဲ့လက်ဆောင်လေးကို
လက်ခံခဲ့မိတယ်
(ဘ၀မှာ တပည့်တစ်ယောက်က
တသီးတသန့်ပေးတဲ့ လက်ဆောင်ကို
ယူမိတာပထမဆုံးပါပဲ)
(သူ့အိမ်ကိုလိုက်ပို့ပေးပြီး အပြန်မှာ"ဆရာ.."လို့
သူသုံးနှုန်းလိုက်တဲ့အခါ ဓာတ်လိုက်ခံရသလို
တုန်လှုပ်သွားမိတယ်...)
(တစ်ချိန်တည်းမှာပဲ...ကျွန်တော်သူလေးရဲ့
ဆရာ..မဖြစ်ချင်တော့တာ ဘာကြောင့်များလဲ???
ကျွန်တော်တို့ကြားမှာ အဲ့ဒီ့အသုံးအနှုန်းက
စည်းတစ်ခုခြားထားသလိုခံစားရတယ်။
...ကျွန်တော်ဟာကိုယ့်စည်းကိုယ်
ပြန်ဖောက်မိတော့မယ်ထင်ပါတယ်...)
------------------------------------------
------------------------------------------
စာမျက်နှာ(၃)
------------------------------------------
ဒီနေ့..ဆရာတော်ကြီးရဲ့မွေးနေ့မှာ
အဒေါ်ကြီးတွေနဲ့အတူ ပန်းကန်တွေ
ကူဆေးပေးနေတဲ့ သူလေးကိုတွေ့လိုက်ရတော့
ကျွန်တော် အရမ်းအံ့ဩသွားမိတယ်...
သူဌေးအိမ်မှာ နေခဲ့ရတဲ့ကောင်မလေးက
တစ်နှစ်ကျော်ကြာသွားသည့်တိုင်အောင်
ဖြူစင်တဲ့စိတ်ထားလေးနဲ့ အမူအကျင့်တွေကအစ
လုံး၀ ပြောင်းလဲမသွားခဲ့ပါဘူး။
ကျွန်တော်ကဆူတဲ့အခါ
"ဆရာကလည်း..၀တ်ကောင်းစားလှ၀တ်ပြီး ပန်းကန်မဆေးရဘူးလို့
ဘယ်ဘုရားက ဟောထားလို့လဲ..."ဆိုပြီး
ပြန်ရန်တွေ့တတ်တာလေးကအစ
ချစ်စရာ သိပ်ကောင်းတာပဲ။
လင်းခောတ်ဆိုတဲ့ ကျောင်းဆရာကိုတော့
ကျွန်တော်သိပ်ပြီး ကြည့်မရဘူး။
သူ့ရဲ့အကြည့်တွေက ပုံရိပ်အပေါ်မှာ
မရိုးသားတာသေချာတယ်။
"သ၀န်တိုခြင်းက.."သူ့အလိုလိုဖြစ်ပေါ်လာခဲ့တာကို
ကျွန်တော်မတားဆီးနိုင်ခဲ့ဘူး။
ကိုယ်နဲ့ မသက်ဆိုင်သေးတဲ့
မိန်းကလေးတစ်ယောက်အတွက်နဲ့
ကျွန်တော့်ရင်ထဲမှာ
နာကျင်မှုတွေ စတင်ပေါက်ဖွားလာခဲ့တယ်။
မကြည်ပြာတို့က သင်္ကြန်ရေပက်ခံထွက်ဖို့
ခေါ်ပေမဲ့ အဲ့လိုအပျော်အပါးတွေကိုမကြိုက်တဲ့အတွက် ငြင်းလိုက်မိတယ်။
ဒါပေမဲ့ မထင်မှတ်ပဲ
ပုံရိပ်လေးကရေပက်ခံထွက်ဖို့
သဘောတူလိုက်တော့..ကျွန်တော်လည်း
မသွားချင်တဲ့ခရီးကို သွားဖို့ဆုံးဖြတ်လိုက်ရတယ်
..ကျွန်တော်သူမကိုစိတ်မချဘူး...
ကျွန်တော်သူမကို အချိန်တိုင်းကာကွယ်ပေးချင်နေမိတယ်...
------------------------------------------
------------------------------------------
စာမျက်နှာ(၄)
------------------------------------------
ဒီနေ့က ဘ၀မှာကိုယ့်စိတ်ကိုယ်မထိန်းနိုင်တဲ့အထိ
ပေါက်ကွဲမိတဲ့ နေ့တစ်နေ့ပါပဲ။
လူယုတ်မာ လင်းခောတ်ကိုအမှုန့်ကြိတ်ပစ်ချင်လောက်အောင်အထိ ဒေါသထွက်သွားခဲ့ပေမဲ့
ကျွန်တော် တစ်ယောက်တည်းကသာ
လူဆိုးဖြစ်ခဲ့ရတယ်...
ပုံရိပ်ကိုယ်တိုင်က အဆင်ပြေတယ်ဆိုပြီး
ပြောလာတော့ ကျွန်တော်ကဘာမှဆက်လုပ်လို့
မရတော့ဘူးပေါ့...။
ကိုယ့်နှလုံးသားထဲမှာ တယုတယ
သိမ်းဖွက်ထားချင်လောက်အောင် တန်ဖိုးထားရတဲ့
မိန်းကလေးကို ဖက်ဖို့မပြောနဲ့လက်ဖျားနဲ့
ထိတာတောင် မကြိုက်တဲ့အတွက်
တစ်လမ်းလုံး ဘယ်သူ့ကိုမှစကားမပြောချင်တဲ့အထိ ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ရတယ်။
(..သူမကိုအခြားလူရဲ့ရင်ခွင်ထဲမှာ တွေ့လိုက်ရတော့
ဘယ်သူ့ကိုမှ မပေးနိုင်လောက်အောင်အထိ
ပိုင်ဆိုင်ချင်နေမိမှန်း ပိုနားလည်သွားမိတယ်
ပုံရိပ်ရယ်..မင်းကိုယ့်ကိုသိပ်ပြုစားနိုင်လွန်းတယ်)
------------------------------------------
------------------------------------------
စာမျက်နှာ(၅)
----------------------------------------
ဒီနေ့ ကျွန်တော်အမှားတစ်ခုကို ကျူးလွန်လိုက်မိပြီ
ပိတောက်ပန်းလေးကို ခေါင်းမှာပန်ပြီး
ကျွန်တော့်အခန်းထဲက စားပွဲပေါ်မှာ
အိပ်ပျော်နေတဲ့ သူမကိုတွေ့တော့
အချိန်တော်တော်ကြာအောင် ထိုင်ငေးနေမိခဲ့တယ်
ပါးဖောင်းဖောင်းလေးတွေနဲ့မျက်တောင်လေးတွေကို အသဲယားလို့တို့ထိကြည့်ခဲ့မိတယ်။
သူမကတော့ အိပ်ပျော်နေတာဆိုတော့
သူ့ကိုယ်သူသိပ်ချစ်စရာကောင်းမှန်း
ဘယ်သိပါ့မလဲ
ရုတ်တရက်ကျွန်တော့် စိတ်တွေဖောက်ပြန်လာခဲ့တယ်..သူမရဲ့ခေါင်းပေါ်ကပိတောက်ပန်းလေးကို
နမ်းလိုက်မိရာမှ ပါးပြင်လေးကိုပါကျူးကျော်လိုက်မိတယ်...
**မိန်းကလေးတစ်ယောက်ကို နမ်းမိတဲ့
ပထမဆုံးနူးညံ့မှုလေးဟာ ရင်ထဲမှာတစ်သက်လုံး
စွဲစေခဲ့မယ်ထင်ပါတယ်**
**"""""
ကျွန်တော်ဟာတကယ်ကို မိုက်မဲတဲ့ကောင်ပါပဲ
ဟိန်းကိုက ဒေါသထွက်ပြီးကျွန်တော့်ကို
လက်သီးနဲ့ထိုးခဲ့တာဟာ ဖြစ်သင့်တာထက်တောင်
ပိုနေပါသေးတယ်...
အသက်ဆယ့်ခြောက်နှစ်ပဲ
ရှိသေးတဲ့အပြင် ကိုယ်စာသင်ပေးဖူးတဲ့
ကိုယ့်တပည့်ကိုမှ ပြန်ပြီးပြစ်မှားနေမိခဲ့မှန်း
ဟိန်းကိုကသတိပေးလိုက်သလိုပါပဲ
ကျွန်တော်သူမနဲ့ ဝေးဝေးနေမှဖြစ်မယ်
မဟုတ်ရင် ကျွန်တော့်စိတ်တွေဘယ်အထိ
လွင့်ထွက်သွားမလဲ မသိနိုင်ဘူး..
(အရိပ်ကလေးရယ်..မင်းနဲ့အဝေးဆုံးမှာပဲ
ကိုယ်နေပါတော့မယ်...
နှုတ်ဆက်လက်ဆောင်အဖြစ်
မင်းခေါင်းမှာပန်ထားတဲ့ ပိတောက်ခက်ကလေး
ကိုတော့ ထာ၀ရသိမ်းထားပါရစေ)
------------------------------------------
------------------------------------------
စာမျက်နှာ(၅)ကိုဖတ်အပြီးမှာ ထိုစာမျက်နှာ၌
ညှပ်ထားသော ပိတောက်ပန်းခြောက်လေးကို
ပုံရိပ် ကိုင်ကြည့်လိုက်မိလေသည်။
ဒါဆို အဲ့ဒီ့နေ့ကအိပ်မက်ဟာ တကယ်ဖြစ်နေခဲ့တာပေါ့။ပုံရိပ်မန္တလေးကို ပြန်ရမယ်မှန်းသိလျှက်နဲ့
လိုက်မပို့ခဲ့တာက သူပုံရိပ်အပေါ်မှာ
အဲ့အချိန်တည်းက ခံစားချက်တွေရှိနေခဲ့လို့ပေါ့...။
ပိတောက်ပန်းခြောက်လေးကို ပြန်ညှပ်ထားလိုက်ပြီး နောက်စာမျက်နှာကိုထပ်လှန်ကြည့်လိုက်မိသည်။
သူကွယ်ဝှက်ထားသော အရာတွေကိုပုံရိပ်
သိပ်သိချင်တယ်။
------------------------------------------
------------------------------------------
စာမျက်နှာ(၆)
------------------------------------------
အမှားတွေ မကျူးလွန်ချင်တော့တာကြောင့်
သူမက ကျွန်တော့်ကိုစာပို့တဲ့အချိန်အတိုင်း
လစ်လျူရှုထားလိုက်မိတယ်။
သူမကိုမဆက်သွယ်ဖို့ဆုံးဖြတ်မိတဲ့အတွက်
ကျွန်တော်ရူးမတက် ခံစားနေရတာကိုတော့
ဘယ်သူမှမရိပ်မိခဲ့ပါဘူး။
သူမနဲ့ဝေးနေခဲ့ပေမဲ့ နေ့တိုင်းသတိရနေခဲ့တာပါ။
အတတ်နိုင်ဆုံး သူ့ကိုမေ့ဖို့ကြိုးစားခဲ့ပေမဲ့
ဆယ်တန်းစာမေးပွဲ အောင်စာရင်းထွက်တော့
တာ၀န်တစ်ခုအရ
ဖုန်းဆက်သင့်တယ်ထင်လို့ ဖုန်းဆက်လိုက်မိတယ်။
ဖုန်းထဲကနေ သူမရဲ့ငိုသံလေးကိုကြားလိုက်ရတဲ့
အချိန် ကျွန်တော့်ရင်ထဲမှာသူလေးကို
စိတ်ပူရလွန်းလို့ ဗြောင်းဆန်သွားတာပဲ...
ချက်ချင်းပဲ တောင်ကြီးကနေမန္တလေးကို
ဆင်းလာမိတဲ့အထိ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်တွေ
ဘာကြောင့် ဒီလောက်မြန်ဆန်နေရသလဲ
မသိတော့ပါဘူး...
ဒါပေမဲ့ မန္တလေးက ပုံရိပ်တို့ခြံရှေ့မှာ
ကျွန်တော်ထွက်စောင့်နေတဲ့အချိန်..
နေပူနေတာကိုဖိနပ်မပါပဲ
ပြေးထွက်လာတဲ့သူလေးကို တွေ့လိုက်ရတော့ ကျွန်တော်သေချာသိသွားခဲ့တယ်
ကျွန်တော်သူ့ကို သိပ်ချစ်နေမိပါပြီ...
တစ်ညလုံး ညဆိုင်းဆင်းလာခဲ့တာတောင်
တောင်ကြီးကနေချက်ချင်းထွက်လာနိုင်တဲ့
ခွန်အားတွေဟာ သူမကိုချစ်တဲ့စိတ်ကြောင့်
ဖြစ်တည်လာခဲ့မှန်း သိလိုက်ရတယ်...
ကျွန်တော်သူမကို ဘာအကြောင်းနဲ့မှ
လုံး၀လက်မလွှတ်နိုင်တော့ဘူးလို့ တွေးမိပေမဲ့..
သူမတို့ရဲ့ အိမ်ကြီးထဲကိုခြေချမိတဲ့အချိန်မှာ
ခမ်းနားလွန်းတဲ့ အိမ်အပြင်အဆင်ကြောင့်
ကျွန်တော့်စိတ်တွေ သိမ်ငယ်သွားမိတယ်...
တော်၀င်တဲ့သဇင်ပန်းလေးကို ခူးယူပြီးရင်
တယုတယ မပြုစုနိုင်မှာကိုစိုးရိမ်နေမိတယ်
(ပုံရိပ်ရယ်..မင်းကကိုယ်ခူးယူဖို့မသင့်တဲ့
ပန်းလေးတစ်ပွင့်ပါကွာ..မင်းလိုနောက်ခံအင်အား
တောင့်တင်းတဲ့ မိသားစုကအဖိုးတန်လေးကို
ဆွေရယ်၊မျိုးရယ်လို့ မယ်မယ်ရရပြစရာမရှိတဲ့
ကိုယ့်ဘ၀ထဲကို အလည်လာဖို့တောင်
မဖိတ်ခေါ်ဝံ့တော့ဘူးကွယ်...)
------------------------------------------
------------------------------------------
စာမျက်နှာ(၇)
------------------------------------------
ကျွန်တော်သူမနဲ့ အတတ်နိုင်ဆုံးဝေးဝေးမှာ
နေခဲ့ပေမဲ့ ကံကြမ္မာကကျွန်တော်အားငယ်နေတဲ့အချိန်မှာသူမကို ကျွန်တော့်ဆီလွှတ်ပေးခဲ့တယ်...
ကျွန်တော်နေမကောင်းဖြစ်နေပေမဲ့
တောင်ကြီးကို အလည်လာနေတဲ့သူမရဲ့
ဓာတ်ပုံလေးကို ဖေ့ဘွတ်မှာတင်ထားတာ
တွေ့တော့ သူမကိုသွားကြိုပေးမိပြန်တယ်...
ဆောင်းတွင်းမှာ နှင်းလုံးလေးလိုဖြူစင်တဲ့သူမရဲ့
မျက်နှာလေးကိုတွေ့ရပြန်တော့ ကျွန်တော့်ရင်ထဲက
ပူလောင်မှုတွေ ပြေပျောက်သွားသလိုခံစားလိုက်ရတယ်...အချိန်တွေဘယ်လောက်ကြာပါစေ
သူမနဲ့ပတ်သတ်လာရင် အမြဲတမ်း
အသင့်အနေအထားမှာ ရှိနေမိတယ်။
ကျွန်တော်အဖျားတွေအရမ်းကြီးနေတဲ့အချိန်မှာ
ကျွန်တော့်အခန်းတံခါးကို လာခေါက်ပြီး
နှစ်သိမ့်ပေးတဲ့လူဟာ သူမဖြစ်နေလိမ့်မယ်လို့
စိတ်ကူးတောင် မယဉ်ခဲ့မိပါဘူး...
ကျွန်တော့်ကို သူတတ်သလောက်လေး
ပြုစုပေးနေတဲ့အချိန်မှာ ကျွန်တော်ဟာ
ကလေးတစ်ယောက်ပြန်ဖြစ်သွားသလို
ခံစားလိုက်ရတယ်..
ကျွန်တော့်ဘေးနားမှာ စကားလာပြောပေးပြီး
ကိုယ်ပူနေလို့ရေပက်တိုက်ပေးတဲ့အပြင်
အဆင်သင့်ဆေးတိုက်ပေးခဲ့ကာ
ကျွန်တော်စားဖို့ကြက်သားဆန်ပြုတ်လေးပါ
လုပ်ပေးခဲ့တယ်
အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာတဲ့
ကျွန်တော့်ကိုဖက်ပြီး နှစ်သိမ့်ပေးလာတဲ့အခိုက်မှာ
သူမကို တစ်သက်လုံးဘေးမှာထားချင်တဲ့
လောဘတွေဖြစ်လာမိခဲ့တယ်
ကျွန်တော်အရမ်းကို ကျေနပ်မိပါတယ်
သိပ်လည်း ပျော်မိတယ်
သူမဟာ ကျွန်တော့်အသက်လောက်ချစ်ရသူမို့
သူမကြောင့် ကျွန်တော့်အသက်ဆုံးရှုံးရလဲ
ကျေနပ်ပါတယ်..."
------------------------------------------
------------------------------------------
စာမျက်နှာ(၈)
------------------------------------------
အဖွဲ့လိုက်true or dareကစားကြတော့
ကျွန်တော့်မှာအချစ်ဦးရှိလားလို့မေးကြတယ်
"ရှိခဲ့တယ်လို့.."ပြန်ဖြေခဲ့ပေမဲ့ "ဘယ်သူလဲလို့
ကိုဗျောကြီးတို့က ဆက်မေးလာတော့
ကျွန်တော်မဖြေခဲ့မိဘူး။
ပုံရိပ်ရဲ့အရှေ့မှာ "နွယ်.."ရဲ့နာမည်ကို
ကျွန်တော်မရေရွတ်ပါရစေနဲ့
ပြီးဆုံးသွားတဲ့ဇာတ်လမ်းတစ်ခုကို
ပြန်အစဖော်ပြီး ပုံရိပ်ကျွန်တော့်အပေါ်မှာ
အထင်လွဲသွားတာမျိုး မဖြစ်ချင်ဘူး
ပုံရိပ်ဖြေရတဲ့အလှည့်မှာ ကျွန်တော့်မျက်နှာကို
တည့်တည့်ကြည့်ပြီး
"ဆရာက အခွင့်အလမ်းကောင်းတွေ
ရှာပေးတတ်ပေမဲ့ အခွင့်အရေးယူတတ်တဲ့
လူတစ်ယောက်တော့ မဟုတ်ဘူး."လို့
ပြောလိုက်တဲ့အချိန်မှာ အဲ့ဒီ့နေရာမှာတင်
ပျောက်ကွယ်သွားချင်တဲ့အထိ ရှက်ရွံ့နေမိတယ်။
သူမရဲ့စိတ်ထဲမှာ ကျွန်တော်ကသူ့ကိုသင်ကြားလမ်းညွှန်ပေးခဲ့တဲ့ ဆရာတစ်ယောက်အဖြစ်
လေးစားရိုသေနေခဲ့ပေမဲ့ တကယ်တမ်းမှာ
ကျွန်တော်ဟာ စည်းတွေကိုဖောက်ဖြတ်ပြီး
အခွင့်အရေးယူဖို့ကြိုးစားနေမိခဲ့တဲ့အတွက်
စိတ်မလုံမလဲဖြစ်မိတာအမှန်ပဲ..
"ဆရာ.."လို့သူကျွန်တော့်ကို မခေါ်တော့ရင်
သိပ်ကောင်းမှာပဲ....။
ပိုဆိုးတာကတော့ အရက်မူးပြီးသူမကို
နမ်းလိုက်မိခြင်းပဲ။
"ကိုယ်အခွင့်အရေးယူတဲ့အခါ
အရိပ်လေးမုန်းသလား...."လို့
ကျွန်တော်မေးလိုက်မိတဲ့အထိ ရူးသွားတာပါလား။
(ပုံရိပ်ရယ်...မင်းကြောင့်ကိုယ်တကယ်
ရူးရပါတော့မယ်...
"နွယ့်ကိုချစ်သေးလား..သတိရသေးလားလို့.."
မင်းမေးခဲ့တယ်နော်.."
ကိုယ်နွယ့်ကိုတကယ်တော့
ချစ်ခဲ့တာမဟုတ်ပါဘူး..ငယ်စဉ်အခါမှာ
အပေါင်းအသင်းမရှိပဲ အနှိမ်ခံခဲ့ရတဲ့အချိန်
နွယ်တစ်ယောက်တည်းကသာ ကိုယ့်အပေါ်
စိတ်ရင်းနဲ့ခင်မင်ပေးခဲ့လို့...သံယောဇဉ်တွယ်လာပြီး
အချစ်လို့အမြင်မှားမိရာကနေ တုံးအတဲ့ကိုယ်က
သူခိုင်းစေသမျှ လုပ်ပေးခဲ့ရတဲ့ကျွန်တစ်ယောက်
ဖြစ်ခဲ့ရတာပါ..
.မင်းကိုတော့ ကိုယ်ရူးအောင်ချစ်မိပြီထင်ပါတယ်)
------------------------------------------
------------------------------------------
စာမျက်နှာ(၉)
------------------------------------------
ဒီနေ့ပုံရိပ်လေး တောင်ကြီးကနေပြန်သွားခဲ့ပြီ။
ပုံရိပ်မရှိတော့တဲ့နေရာဟာ ကျွန်တော့်အတွက်
ပျော်ရွှင်စရာအတိ ဆိတ်သုန်းသွားသလိုပါပဲ
"ကျွန်တော် သူမကိုသိပ်လွမ်းတာပဲ.."
မန္တလေးနဲ့တောင်ကြီးဟာ ကျောချင်းကပ်လျှက်
ဆိုရင်သိပ်ကောင်းမှာပဲလို့ ပထမဆုံး
အဓိပ္ပာယ်မဲ့စွာ ဆုတောင်းလိုက်မိတယ်
သူမတောင်ကြီးကနေ ထွက်မသွားခင်
အချိန်လေးမှာ
"ဆရာ..ပုံရိပ်ကိုတစ်ခုခုပြောဖို့မရှိဘူးလား..."လို့
သူမေးခဲ့တယ်။
ပြောစရာတွေက ရင်နဲ့မဆန့်အောင်ပါပဲ
ကလေးရယ်လို့ ကျွန်တော်အော်ပြောလိုက်ချင်ပါတယ်။
(မင်းကိုလွမ်းမိတဲ့အကြောင်းနဲ့ကိုယ်မင်းကို
ဘယ်လောက်အထိ ချစ်ကြောင်းကို
ရေရွတ်ပြလိုက်ချင်ပါတယ်..)
တောင်ပေါ်ကနေကြာပန်းခင်းကြီးဆီကို ခေါ်သွားခဲ့တဲ့နေ့က ကိုမင်းကိုချစ်ခွင့်ပန်ချင်ခဲ့မိတယ်...
အဲ့ဒီညနေမှာ သေချာပေါက်ချစ်ခွင့်ပန်ဖို့
ဆိုင်တစ်ဆိုင်မှာ အေးဆေးတွေ့ရအောင်
ချိန်းချင်ခဲ့ပေမဲ့ မင်းနဲ့စေ့စပ်ထားတဲ့
ကောင်လေးကပေါ်လာတော့ ကိုယ့်ဆန္ဒတွေကို
ရုတ်သိမ်းပြီး အဆောင်ကိုချက်ချင်းပြန်လာခဲ့မိတယ်..
"ကိုယ့်ကိုအချိန်နဲနဲပေးဖို့နဲ့ မင်းဆီကိုရောက်အောင်
ကိုယ်ကပဲ အရင်လာခဲ့မယ်ဆိုတဲ့စကားက.."
ကိုယ်လိမ်ညာပြီးပြောခဲ့တာမဟုတ်ပါဘူး
ဒါပေမဲ့ မထင်မှတ်ပဲမင်းကို အလိမ်အညာတွေလို့
ထင်စေမိခဲ့တယ်...
------------------------------------------
------------------------------------------
စာမျက်နှာ(၁၀)
------------------------------------------
ဒီနေ့ ပုဂံမှာ သူမနဲ့ဆုံတွေ့ခဲ့တယ်...
သူမရဲ့ မျက်လုံးထဲမှာ သံသယတွေကို
တွေ့ခဲ့ရပြီး ကျွန်တော့်ကြောင့် သူမငိုသွားရရှာတယ်။
သူ့မရဲ့သံသယတွေကို ထပ်ပြီးအရောင်တင်လိုက်တဲ့အနေနဲ့ မခင်ရူပရဲ့ပခုံးကို လှမ်းဖက်လိုက်ပြီး
သူမကိုကျောခိုင်းခဲ့မိတယ်
ပုံရိပ်ကျွန်တော့်ကို မုန်းတီးသွားမှာ သေချာပါတယ်။
ဒါပေမဲ့ အကြောင်းအရင်းအမှန်ကိုသာသိခဲ့ရင်၊
နောက်ဆုံးအချိန်အထိ သူ့ကိုကျွန်တော်အဆုံးအရှုံး
မခံနိုင်ခဲ့ဘူးဆိုတာကိုသာ သူသိခဲ့မည်ဆိုပါက
သူမုန်းတဲ့လူဟာ ကျွန်တော်မဟုတ်ပဲ
သူ့အဖွား ဖြစ်နေလောက်မလား..
"တောင်ကြီးအထိ ဖုန်းဆက်လာပြီး သူ့မြေးနဲ့
အဆက်ဖြတ်ပေးဖို့ ထပ်ပြီးမပတ်သတ်တော့ဖို့
ပြောလာပေမဲ့ ကျွန်တောလလုံး၀လက်မခံခဲ့ပါဘူး
တောင်ကြီးကနေမန္တလေးကို ချက်ချင်းဆင်းလာပြီး
ဒေါ်ရိပ်ညိုနဲ့ တွေ့ခဲ့ပေမဲ့ ရလဒ်ဟာပိုလို့
ဆိုးရွားနေခဲ့ပါတယ်...ပုံရိပ်လေးရဲ့အနားကနေ
ထွက်မသွားချင်လို့ ယောက်ျားမာနကို
အဆုံးစွန်အထိချပြစ်ခဲ့ပါတယ်
..ဒေါ်ရိပ်ညိုကိုဒူးထောက်တောင်းပန်ခဲ့ပေမဲ့
...အဆင့်အတန်းခွဲခြားလွန်းတဲ့ ဂုဏ်ရှင်ကြီးဟာ
ကျွန်းတော့်ခံစားချက်တွေကို
ကျောင်းမြက်ကလေး တစ်ပင်လိုပဲ
လစ်လျူရှုခဲ့တဲ့အပြင်..ပြည့်တန်ဆာဖြစ်ခဲ့ဖူးသော
ကျွန်တော့်ရဲ့ မိခင်အရင်းအကြောင်းကိုပါ
ဖော်ထုတ်ပြီး အကြပ်ကိုင်လာခဲ့တယ်
ကျွန်တော့်ရဲ့ မိခင်အရင်းဟာဘိုးဘွားရိပ်သာမှာ
သူ့ရဲ့အတိတ်တွေ အားလုံးကိုဖျောက်ပြီး
အေးဆေးစွာ နေနေတဲ့ဘ၀လေးဖြစ်နေပြီမို့
ကျွန်တော့်ကြောင့် သူ့ဘ၀လေး
ရှုပ်ယှက်မခက်သွားစေချင်တာဟာ
ကျွန်တော့်ရဲ့ ဆန္ဒပါပဲ....
ကျွန်တော်တစ်ခုသိလိုက်တာကတော့
ဒေါ်ရိပ်ညိုဟာ ဘယ်လိုနည်းနဲ့မှ
ကျွန်တော့်လိုလူနဲ့သူတို့အိမ်က အဖိုးတန်လေးကို သဘောတူနိုင်မှာမဟုတ်မှန်းပေါ့...
နောက်ဆုံးတော့ ကျွန်တော်ကိုယ်တိုင်ရဲ့ခံစားချက်ကြောင့်မဟုတ်ပဲ...ကျွန်တော့်မိခင်ရဲ့အရှက်သိက္ခာနဲ့
ပုံရိပ်ကို လဲလှယ်ခဲ့ရပါတော့တယ်...
ပုံရိပ်ကိုဘယ်လိုအကြောင်းမျိုးနဲ့မှ
ထပ်ပြီးမပတ်သတ်တော့ပါဘူးဆိုတဲ့
ကတိမျိုးကို ကျွန်တော်ရင်နာနာနဲ့ ပေးခဲ့ရတယ်...
(သူမနဲ့ဝေးကွာနေရတဲ့ နှစ်တွေမှာ
နေမျိုးဆိုတဲ့ကောင်ဟာ ရှင်လျှက်နဲ့သေနေတဲ့
ဘ၀ကြီးကို ပိုင်ဆိုင်ထားရမှန်း..
ကိုယ်တိုင်ကလွဲပြီး...ဘယ်သူမှသိမယ်မထင်ပါဘူး)
------------------------------------------
------------------------------------------
ဒိုင်ယာရီစာအုပ်လေးကို ဖတ်၍အပြီးမှာတော့
ပုံရိပ်၏ မျက်၀န်းသည် မျက်ရည်များဖြင့်
ရွှဲနစ်နေခဲ့လေပြီ။
ဖွားညိုဟာ ဆုံးဖြတ်ချက်တစ်ခုကို ချပြီးပြီဆိုရင် ဘယ်သောအခါမှပြန်မပြင်တတ်သူဖြစ်၍
အဆုံးအစွန်အထိ ရက်စက်ခဲ့လေသည်။
ပုံရိပ်ကိုကောင်းစေချင်လို့စေတနာနဲ့
စီမံခဲ့တယ်ဆိုပေမဲ့ တစ်ဖက်လူအတွက်တော့
စိတ်ဒဏ်ရာတွေ ရရှိသွားစေခဲ့တယ်။
မိခင်ဖြစ်သူရဲ့ ဘ၀ကိုပါဖြတ်ဆီးပြစ်မည်ဟု
ခြိမ်းခြောက်ခံရတဲ့ လူတစ်ယောက်ဟာ
ဘယ်လိုလုပ်ပြီးတော့ ချစ်သူကို
ရွေးရက်တော့မှာလဲ။
အားနည်းနေတဲ့ လူတစ်ယောက်ကို
ဖိနှိပ်ရက်လိုက်တာ အဖွားရယ်။
"ပုံရိပ်လား...တကယ်ပဲပုံရိပ်လား..."
အသံလာရာသည် ပုံရိပ်၏ကျောဘက်ဆီမှဖြစ်၍ လှည့်ကြည့်လိုက်မိတော့ ဆရာ့ပုံစံဟာ
လွန်ခဲ့သော လေးနှစ်ကပုံစံနှင့် လုံး၀ကွဲပြားနေခဲ့သည်။ဂုတ်ထောက်နေသော ဆံပင်တွေကို
အပေါ်တစ်လွှာ လှန်စီးထားပြီး ပါးသိုင်းမွှေးတွေ ဖုံးအုပ်နေ၍သူ့ရဲ့သန့်ပြန့်ချောမောခဲ့သော
မျက်နှာလေးဟာကွယ်ပျောက်လို့
နေလေသည်။
ဟိုအရင်ကလို ဝါ၀င်းသော
အသားအရည်မျိုးမဟုတ်တော့ပဲ
ညိုသည့်ဘက်သို့ ကူးပြောင်းလာခဲ့သည်။
ဟိုအရင်က အရပ်ထောင်ထောင်မောင်းမောင်းနှင့်
ဖွံ့ဖွံ့ဖြိုးဖြိုးရှိသော ဆရာသည် ယခုတော့
ပါးရိုးလေးတွေချောင်ကြနေသည်အထိ
ပိန်သွားခဲ့သည်။
"အဟင့်...ဆရာ..."
တကယ်လို့ ပုံရိပ်သာမြန်မာနိုင်ငံကိုပြန်မလာခဲ့ရင် ဆရာ့အခြေအနေကဒီ့ထက်ဆိုးရွား
သွားမှာများလား။
"ဒီကိုဘယ်နေ့တည်းကပြန်ရောက်နေတာလဲ
မန္တလေးကို ပြန်တော့မှာလား..."
"ဆရာ!!!"
ဆရာဆိုသော နာမ်စားကိုပဲထပ်မံခေါ်ယူလိုက်ပြီး ဆရာရပ်နေသော အင်ကြင်းပန်းပင်ကြီးရှိရာ
ဘုရားရင်ပြင်ပေါ်သို့ ပြေးတက်လိုက်ရင်း
ဆရာ့ခါးကိုသာ ဖက်တွယ်ထားလိုက်မိလေသည်။ပိန်ကပ်ပြီး အရိုးပေါ်အရည်တင်ရုံသာ
ဖြစ်နေသော ချစ်ရသူသည်
ဘယ်လိုအနေအထားမျိုးမှာပဲ ရှိနေပါစေ
ပုံရိပ် သူ့ဘေးနားကနေ ဘယ်တော့မှ
ထွက်သွားတော့မှာ မဟုတ်ဘူး။
ဘယ်လို အကြောင်းမျိုးနဲ့မှ ပုံရိပ်သူ့ကို
မထားခဲ့နိုင်တော့ဘူး။
ပုံရိပ်သာ ဒီတစ်ခါထွက်သွားခဲ့ရင်
သူ့ရဲ့အသက်မဲ့ခန္ဓာကိုယ်ကိုတောင်
မြင်တွေ့နိုင်ပါတော့မလား။
"အရိပ်..ကိုယ်!!!"
"ဘာမှမပြောပါနဲ့တော့..."
အညိုရောင်သန်းပြီး ခြောက်သွေ့နေသော
သူ့နှုတ်ခမ်းလေးတွေကို ဆက်မပြောဖို့ရန်
လက်ညှိုးလေးနဲ့ တို့ထိလိုက်ပြီး
ခြေဖျားထောက်ကာ သူ့နဖူးလေးကို
နမ်းလိုက်မိလေသည်။
ချိုင့်၀င်နေသော ဆရာ့မျက်၀န်းလေးတွေထဲမှာ
မျက်ရည်လေးများ ဝဲတက်လာသည်။
ခေါင်းငုံ့ကာ ငိုချလိုက်သောကြောင့်
ဆရာ့ပါးပြင်ပေါ်က မျက်ရည်စလေးတွေကို
သုတ်ပေးလိုက်ပြီး သူ့ကိုအနူးညံ့ဆုံး၊
အနွေးထွေးဆုံး ပြုံးပြလိုက်သည်။
"ဘာမှပြောစရာမလိုတော့ပါဘူး..ဒိုင်ယာရီ
စာအုပ်လေးကို ယူဖတ်လိုက်မိလို့
ပုံရိပ်အားလုံးနားလည်သွားပါပြီ..
ဆရာသိရဲ့လား..နှစ်တွေအများကြီး
ကြာသွားခဲ့ရင်တောင်..ပုံရိပ်ရဲ့ရင်ထဲမှာ
ဆရာတစ်ယောက်ပဲ ရှိနေမှာ..
ဆရာ့အတွက်ဆိုရင်လေ
ပုံရိပ်ဘယ်အရာကိုမဆို ရင်ဆိုင်နိုင်တယ်..အဟင့်
ပုံရိပ်ကိုမောင်းမထုတ်ပါနဲ့တော့နော်
တို့နှစ်ယောက်..အတူတူနားလည်မှုတွေ၊
နွေးထွေးမှုတွေနဲ့ ဘ၀ကို
အတူဖြတ်သန်းကြရအောင်...နော်..."
သူ့ရင်ခွင်ထဲသို့ တိုး၀င်ကာသူ့ခါးကို
တင်းကြပ်စွာဖက်ထားလိုက်မိပြန်သည်။
ဆရာ့ဆီကနေဟိုအရင်ကလို စံပယ်ရေမွှေးရနံ့လည်းမရတော့သလို အမျိုးသားသုံး
ရေမွှေးရနံ့တွေလည်း မသုံးတော့တာသိပေမဲ့
သူ့ရဲ့ကိုယ်သင်းရနံ့ကိုက ပုံရိပ်အတွက်
မွှေးပျံ့လွန်းနေပါပြီ။
ဒီယောက်ျားကို သိပ်စွဲလန်းသလို
သိပ်လည်းချစ်တယ်။
သူဟာ ဘယ်မိသားစုကမွေးလာတဲ့လူဖြစ်ပါစေ
ပုံရိပ်အရာအားလုံးကို လက်ခံပေးနိုင်ပါတယ်။
"အရိပ်ကို..ကိုယ်သိပ်ချစ်တယ်...
အဲ့ဒါကို ယုံရဲ့လားဟင်..."
"ယုံပါတယ်..ဆရာပြောသမျှစကားတိုင်းကို
ပုံရိပ်ယုံတယ်..."
"ဆရာလို့မခေါ်ပါနဲ့တော့လား..."
ပုံရိပ်၏ပါးပြင်လေးထပ်တွင် သူ့ရဲ့
ရှည်သွယ်နေသောလက်ချောင်းလေးများဟာ
နေရာအပြည့်ယူထားခဲ့ပြီး ယစ်မူးစေသော
သူ့နှုတ်ခမ်းညိုလေးသည် အင်းကြင်းပန်းပွင့်လေး ပါးပြင်ပေါ်သို့ယှက်တိုက်သွားသလို
နူးညံ့လွန်းစွာ ထိတွေ့လာခဲ့လေသည်။
ပုံရိပ်ကတော့ အင်ကြင်းပင်ကြီးအောက်တွင်
လေပြေနုနုကို ခံစားရင်းသူ့ရဲ့ရင်ခွင်ရိပ်၌
အနားယူနေမိလေသည်။
"ကိုကို...ပုံရိပ်တို့ထာ၀ရအတူရှိသွားကြမယ်နော်.."
"ကိုယ်တို့နှစ်ယောက်ဘယ်တော့မှ
မခွဲကြေးနော်..."
**ပြီးပါပြီ*
🌹🌹🌹🌹🌹🌹🌹🌹
အားလုံးပဲ စိတ်၏ချမ်းသာခြင်းကိုယ်၏
ကျန်းမာခြင်း ရှိကြပါစေ..
အနယ်နယ်အရပ်ရပ်မှ ချစ်ရသူများလည်း
ပုံရိပ်နဲ့ဆရာနေမျိုးတို့ ချစ်သူစုံတွဲလို
ပေါင်းဖက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်ရှင်
ဒီ၀တ္ထုလေးက ရေးခဲ့သမျှထဲမှာအကြာမြင့် ဆုံး၀တ္ထုဖြစ်ပါတယ်။အချိန်အကြာကြီးအထိ
စိတ်ရှည်သည်းခံပြီး စောင့်ဖတ်ပေးခဲ့ကြတဲ့
၀တ္ထုဖတ်သူ တစ်ဦးတစ်ယောက်ခြင်းဆီကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
(ဒီ၀တ္ထုလေးကနေ ဖတ်ရှုသူတွေကို
ရသတစ်ခုခုပေးစွမ်းချင်ခဲ့ပေမဲ့ ဖတ်ရှုသူတွေရဲ့
ရင်ထဲကိုမရောက်ခဲ့သည်ရှိသော်
ဆက်လက်ပြီး ကြိုးစားပါအုံးမည်ဟု
ပြောချင်ပါတယ်..)
=========================================================================
🔥ဆူးႀကိဳး🔥
အခန္း(၇၂)🌹ဇာတ္သိမ္းပိုင္း
ကိုလံဘီယာတကၠသိုလ္၏စာၾကၫ့္တိုက္ႀကီး
တစ္ခုလံုးသည္ အပ္က်သံပင္
ၾကားႏိုင္ေလာက္ေအာင္ တိတ္ဆိတ္ေနေလသည္။
စာၾကၫ့္တိုက္ႀကီးထဲရိွ ခံုအသီးသီးဆီတြင္
ေက်ာင္းသားတိုင္းသည္ ၿငိမ္သက္စြာျဖင့္
စာအုပ္ဖတ္ခ်င္း၊ကြန္ျပဴတာထိုင္ႏိွပ္ျခင္းတို႔
လုပ္ေနၾကၿပီး အခ်ိဳ႕ကေတာ့အုပ္စုဖဲြ႔၍
စာတန္းျပဳစုရမၫ့္ ကိစၥမ်ားကို ေဆြးေနြးတိုင္ပင္ေနၾကေလသည္။
ထိုေနရာတြင္ ေထာင့္ဘက္စြန္းစြန္းရိွ
ခံုးတန္းေလး၌ အၿမဲလာေရာက္ထိုင္ေလ့ရိွေသာ
ေကာင္မေလးသည္ ထံုစံအတိုင္းစာအုပ္
အထူႀကီးမ်ားကို ေဘးမွာခ်ၿပီး
စာဖတ္လိုက္၊လက္ပ္ေတာ့ႏွင့္
မွတ္သားလိုက္ လုပ္ေနေလသည္။
သူမ၏မ်က္ႏွာေလးသည္ မိတ္ကပ္ပါးပါးေလးေတာင္မလိမ္းထား၍ ေျပာင္ရွင္းေနေပမဲ့
နဂိုၾကည္ၿပီးႏို႔ႏွစ္ေရာင္သန္းေနေသာ
အသားအရည္ရိွသူျဖစ္၍ ကိုရီးယားမေလးဟု
အထင္မွားေလာက္ေပသည္။
အလြန္ရွည္လ်ားၿပီးထူထဲလွေသာ
ဆံပင္ေထြးႀကီးကို စုထံုးထားၿပီး
ေဘာ့ပဲင္ႏွင့္ထိုးထားတတ္သည္မွာလည္း
သူမ၏ ပင္ကိုယ္စတိုင္လ္လိုျဖစ္၍ေနပါၿပီ။
ပန္းႏုေရာင္တီရွပ္အပါးသား လက္တိုေလးႏွင့္
ဂ်င္းစကပ္အတိုေလးကိုတဲြဖက္၍၀တ္ဆင္ထားကာ
အျဖဴေရာင္ရႉးဖိနပ္ေလးကို
ေရြးစီးထားေလသည္။
"ေဟ့..ရွဲဒိုး..နင္ဒီကိုေရာက္ေနမယ္ဆိုတာ
ငါသိသားပဲ..."
ပံုရိပ္၏နာမည္ေျပာင္ကို အဂၤလိပ္လိုေခၚၿပီး
စကားလာေျပာသူထံကို ၾကၫ့္လိုက္ေတာ့
တရုတ္လူမ်ိဳးက်န္းယိျဖစ္ေနေလသည္။
အာရွသားအခ်င္းခ်င္းမို႔ အတန္းတက္ရင္း
ခင္မင္သြားခဲ့ၾကေပမဲ့ က်န္းယိကပံုရိပ္ကို
စိတ္၀င္စားေနမွန္းသိ၍ ႃပံုးသာျပလိုက္ၿပီး
ဘာစကားမ်ွမဆိုပဲ
စာအုပ္ကိုသာ ဖတ္ေနလိုက္သည္။
"ရွဲဒိုးရာ..နင့္ကိုၾကၫ့္လိုက္ရင္
တစ္ခုခုလဲြေနသလိုပဲ.."
ပံုရိပ္ကို အသားလြတ္လာ၍ေဝဖန္ေနေသာေၾကာင့္
သူ႔ကို တဖန္ျပန္၍ေမာ့ၾကၫ့္လိုက္ေတာ့
သူကပံုရိပ္ကို အားပါးတရႃပံုးျပလာေလသည္။
"ငါေဝဖန္တာေတာ့မဟုတ္ပါဘူး..ဒါေပမဲ့
အရမ္းသိခ်င္ေနလို႔ပါ..နင္ကေလ..ယူေတာ့
စီးပြားေရးအပိုင္းယူၿပီး
နင့္ကိုၾကၫ့္လိုက္ရင္..ဥပေဒစာအုပ္ေတြပဲ
တစ္ခ်ိန္လံုးထိုင္ဖတ္ေနတာေတြ့ရတယ္..
ဥပေဒကိုစိတ္၀င္စားရင္..ဘာလို႔ဥပေဒကို
မယူရတာလဲ..."
သူ႔ေမးခြန္းက ပံုရိပ္အတြက္ေတာ့တကယ္ကို
ဟာသတစ္ပုဒ္ျဖစ္ေန၍ စာၾကၫ့္မ်က္မွန္ကို
ခၽြတ္လ်ွက္ႏွင့္ ႃပံုးလိုက္မိေလသည္။
ပံုရိပ္က ကိုယ့္ရဲ့ကိုယ္ေရးကိုယ္တာကိစၥေတြကို
လူတိုင္းအား ေျပာျပတတ္သူမဟုတ္၍
သူငယ္ခ်င္းမ်ားကေတာ့ ပံုရိပ္ကိုအရမ္း
လ်ိႈ႔ဝွက္သည္ဟု ထင္ၾကတယ္။
"ငါ့ေမဂ်ာကစီမံခန႔္ခဲြမႈနဲ႔ ပတ္သတ္တာေပမဲ့
ငါကျမန္မာႏိုင္ငံမွာဥပေဒနဲ႔ ဘဲြ႔ယူခဲ့တာေလ..."
"တကယ္ႀကီးလား..."
"အင္းေပါ့..."
"ဒါဆိုရင္ေတာ့..ငါနင့္ကိုေလးစားသြားၿပီရွဲဒိုးရာ...
ငါဆိုရင္ဘဲြ႔တစ္ခုယူဖို႔ေတာင္အႏိုင္ႏိုင္ရယ္..
ဒါနဲ႔..ငါနင့္ကိုတစ္ခုေလာက္ေမးလို႔ရမလား..."
"ေမးေလ..."
"နင္ဒီမွာဘဲြ႔ယူၿပီးသြားရင္..ေရ႔ွေနလုပ္မွာလား..
စီးပြားေရးလိုင္းကိုသြားမွာလား..."
က်န္းယိေမးေသာ ေမးခြန္းမ်ိဳးကိုပဲ
ပံုရိပ္ကိုယ့္ဘာသာထပ္ခါထပ္ခါ ေမးခဲ့ဖူးသည္။
တကယ္ေတာ့ ႏိုင္ငံျခားကိုလာၿပီး
ပညာသင္ေစခ်င္ခဲ့တာဟာ ပံုရိပ္ရဲ့စိတ္ဆႏၵ
မဟုတ္ေပမဲ့ ကြယ္လြန္သြားတဲ့ဖြားညိုကို
ကတိေပးထားခဲ့တာေၾကာင့္ အဖြားရဲ့ဆႏၵေလးကိုျဖၫ့္ဆည္းေပးတဲ့သေဘာပါပဲ။
အခုတကၠသိုလ္မွာ အတန္းေဖာ္ေတြနဲ႔
ပေရာဂ်က္အေၾကာင္းေတြ ေဆြးေနြးၾကရင္းနဲ႔
စီးပြားေရးပိုင္းကိုပါ စိတ္၀င္စားလာခဲ့မိတယ္။
ေရ႔ွေနတစ္ေယာက္နဲ႔ စီးပြားေရးသမားတစ္ေယာက္ရဲ့ အခန္းက႑ဟာမတူညီဘူးလို႔ ထင္ရေပမဲ့
ေသခ်ာေတြးၾကၫ့္ရင္ တစ္နည္းနည္းနဲ႔လူထုကို
အက်ိဳးျပဳႏိုင္တယ္လို႔ ထင္ျမင္မိတယ္။
ေရ႔ွေနတစ္ေယာက္ဟာ တရားမ်ွတမႈအတြက္
တိုက္ပဲြ၀င္ႏိုင္သလို စြန္႔ဦးတည္ထြင္သူ
လုပ္ငန္းရွင္တစ္ေယာက္ဟာလည္း ဆင္းရဲႏြမ္းပါး
ေသာ လူထုတစ္ရပ္ကိုအလုပ္အကိုင္အခြင့္အလမ္း
ေတြေပးၿပီး လူတစ္စုရဲ့စား၀တ္ေနေရးအတြက္အေထာက္အကူျပဳရင္း ကိုယ္တိုင္လည္းအက်ိဳးအျမတ္ရႏိုင္တယ္။
"ဒီအေၾကာင္းကိုေတာ့ ငါျမန္မာျပည္ကို
ျပန္ေရာက္မွပဲဆံုးျဖတ္ေတာ့မယ္ဟာ...
ငါ့ဦးေလးကလည္းအသက္ႀကီးေနၿပီဆိုေတာ့..
နည္းနည္း စဉ္းစားရၾကပ္ေနတယ္..."
"ဟင္..နင္ကဒီမွာအလုပ္ဆက္မလုပ္ေတာ့ဘူးလား
နင္ကအရမ္းေတာ္တဲ့ေက်ာင္းသားတစ္ေယာက္ေလ
ဒီမွာသာအလုပ္ဆက္လုပ္ရင္...
နင္ေသခ်ာေပါက္အလုပ္ရမွာ...ငါကဘဲြ႔ရတာနဲ႔
ဝါရွင္တန္မွာရိွတဲ့...ငါ့ဦးေလးရဲ့ကုမၸဏီမွာ
အလုပ္သြားလုပ္မလားလို႔...နည္းပညာကုမၸဏီေလ
နင္လည္းေလ်ွာက္ၾကၫ့္ပါလား..."
"မေလ်ွာက္ေတာ့ပါဘူးဟာ..အစကငါလည္း
နယူးေယာက္မွာ အလုပ္သင္ဆင္းမလို႔ပဲ
အင္တာဗ်ူး၀င္ရင္ေကာင္းမလားေတြးေသးတယ္"
"ဒါဆိုဘာေတြကို ေတြေဝေနတာလဲ..
လုပ္လိုက္ၿပီးေရာ..."
"ငါဒီမွာအၾကာႀကီးမေနခ်င္ေတာ့ပါဘူးဟာ...
ငါခ်စ္တဲ့မိသားစုေတြနဲ႔ေဝးတဲ့ေနရာမွာ
ငါအၾကာႀကီး ရိွမေနသင့္ဘူးလို႔ထင္တယ္
သူတို႔ငါ့ကို လိုအပ္တယ္..."
"ေအးပါ..ဒါဆိုလည္းငါသြားေတာ့မယ္...
ဒီေန့ကေနာက္ဆံုးရက္ဆိုေတာ့..ငါနင့္ကိုလာႏႈတ္
ဆက္တာပါ...ကံၾကမၼာသာငါ့ဘက္မွာ
ရိွေသးတယ္ဆိုရင္ ငါနင္နဲ႔ျပန္ဆံုခ်င္ပါတယ္..."
က်န္းယိ၏စကားကို ခြန္းတုန႔္မျပန္မိေတာ့ပဲ
ေခါင္းသာညိမ့္ျပလိုက္မိသည္။
ပံုရိပ္တို႔ဟာ ေရျခား၊ေျမျခားမွာလာဆံုစည္းၾကၿပီး
ခင္မင္ခြင့္ရခဲ့ျခင္းကိုက ေရစက္ရိွလို႔ပါပဲ။
ကိုယ့္ဘ၀ထဲကေန တစ္ေယာက္ၿပီးတစ္ေယာက္
ထြက္ခြာသြားတာကို ရင္ႄကံုးမရေအာင္
ခံစားခဲ့ရၿပီးျဖစ္၍ ယခုအခါမွေတာ့ထူးၿပီး
၀မ္းနည္းမေနေတာ့ပါဘူး။
က်န္းယိထြက္သြားေသာအခါမွ ပံုရိပ္လည္း
လက္ပ္ေတာ့ကိုပိတ္ၿပီး စာၾကၫ့္တိုက္ႀကီးကိုသာ
ေဝ့ဝဲၾကၫ့္ေနမိသည္။
ဒီေန့ဟာ ကိုလံဘီယာတကၠသိုလ္မွာ ရိွေနတဲ့
ေနာက္ဆံုးရက္ပါပဲ။
ေက်ာင္းအေဆာင္မွေျပာင္းရေတာ့မည္ျဖစ္၍
ေနာက္ဆံုးအေနနဲ႔ ပံုရိပ္အၿမဲလာေနၾက
စာၾကၫ့္တိုက္ေလးမွာ လာထိုင္မိျခင္းျဖစ္ေလသည္။
ကိုလံဘီယာတကၠသိုလ္ဆိုတာ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႔မွာရိွေသာ
သက္တမ္းရင့္နာမည္ႀကီးတကၠသိုလ္ကိုးခုထဲမွ
တစ္ခုျဖစ္ၿပီး နယူးေယာက္ရဲ့သာမာန္တကၠသိုလ္ေတြရိွ တစ္ႏွစ္စာကုန္က်စရိတ္က
ကိုလံဘီယာတကၠသိုလ္၏ တစ္လစာကုန္က်စရိတ္နဲ႔ ညီမ်ွေနတာေၾကာင့္ အစကဒီမွာမတက္ဘူးဟု
ပံုရိပ္ ေလးေလးခန႔္ကိုျငင္းခဲ့ဖူးပါတယ္။
ကြင္းစ္မွာပဲ တိုက္ခန္းခပ္က်ဥ္းက်ဥ္းကို
ငွားေနၿပီး သာမာန္တကၠသိုလ္တစ္ခုကိုပဲ
ေရြးကာ ရထားနဲ႔ေက်ာင္းသြားမည္ဟု
ေျပာခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။
ဖြားညိုမရိွေတာ့တာေၾကာင့္ သူ႔စကားကို
အေလးမထားဘူးဟု ထင္သြားၿပီးေလးေလးခန႔္က
ပံုရိပ္ကိုသံုးရက္ေလာက္ စကားမေျပာပဲေနခဲ့သည္။
ဒါေၾကာင့္ပဲ ေနာက္ဆံုးမွာကိုလံဘီယာတကၠသိုလ္ကို ေရြးခ်ယ္လိုက္ရပါေတာ့တယ္။
ေက်ာင္းပိတ္တဲ့အခ်ိန္ေတြနဲ႔ အားတဲ့အခ်ိန္မွာေတာ့
ကိုယ့္စားရိတ္ကို တစ္ဖက္တစ္လမ္းကရွာခ်င္၍ အခ်ိန္ပိုင္းအလုပ္ေတြကို လုပ္ခဲ့ဖူးေလသည္။
ႏွစ္ဆယ့္ေလးနာရီ၀န္ေဆာင္မႈေပးရတဲ့
မီနီမားကတ္မွာ ညဆိုင္းဆင္းၿပီး
မနက္ပိုင္းမွာ ေက်ာင္းတက္ခဲ့ရသလို စားေသာက္ဆိုင္အခ်ိဳ႕မွာလည္း စားပဲြထိုးလုပ္ခဲ့ဖူးေလသည္။
စားသံုးသူတစ္ေယာက္က ပံုရိပ္၏
ေပါင္ကိုလာကိုင္၍ မန္ေနဂ်ာကလည္းမ်က္ႏွာလဲြ၊
ခဲပစ္လုပ္ၿပီး ပံုရိပ္ကိုပဲအျပစ္လာပံုခ်ေသာေၾကာင့္
ပိုးစိုးပက္စက္ေျပာျပစ္ၿပီး အလုပ္ထြက္ခဲ့တာမ်ိဳးလည္း ရိွခဲ့ဖူးသည္။
ကိုလံဘီယာတကၠသိုလ္ရဲ့ သင္ၾကားနည္းေတြဟာ
အဆင့္ျမင့္သလို ႏိုင္ငံအသီးသီးမွအတန္းေဖာ္ေတြနဲ႔ ေျပာဆိုဆက္ဆံရတဲ့အတြက္ EQကိုလည္းျမင့္တက္ေစသည္ဟု ဆိုရမည္။
ငယ္ငယ္က အတန္းထဲမွာတသီးတသန႔္တည္း
ေနတတ္ေသာ ပံုရိပ္သည္ ႏိုင္ငံအသီးသီးမွေယာက္်ားေလးနဲ႔ျဖစ္ျဖစ္
မိန္းကေလးနဲ႔ျဖစ္ျဖစ္ သင့္တင့္ေအာင္
ေျပာဆိုဆက္ဆံတတ္လာခဲ့သည္။
ဟိုအရင္ကလို ခံစားခ်က္ကိုဦးစားေပးတာမ်ိဳးေတြ
ေလ်ာ့နည္းလာၿပီး တဇြတ္ထိုးဆန္တတ္သၫ့္
စိတ္ေတြလည္း ေပ်ာက္ကြယ္သြားသလို
ခံစားရသည္။ျပည္ပမွာ ပညာသင္တယ္ဆိုတာဟာ
အိမ္ဆိုေသာ၊မိသားစုဆိုေသာ အႏွစ္သာရေတြႏွင့္
ေဝးကြာေနရျခင္းျဖစ္၍ ပိုမိုအထီးက်န္သလို
ခံစားေနရၿပီး ကိုယ့္ဇာတိႏွင့္၊ကိုယ့္မိသားစုကို
ပိုတန္းဖိုးထားရေကာင္းမွန္းလည္း
သိလာခဲ့သည္။
ႏိုင္ငံႏွင့္ခ်ီၿပီး ေက်ာင္းသားအခ်င္းခ်င္း
ေဆြးေနြးျဖစ္ၾကတဲ့အခါမွာလည္း ကိုယ့္ႏိုင္ငံရဲ့
အားသာခ်က္၊အားနည္းခ်က္ေတြႏွင့္
အျခားႏိုင္ငံမ်ားႏွင့္ ပညာေရး၊စီးပြားေရးအျပင္
လူ႔အခြင့္အေရးလိုအပ္ခ်က္ေတြ ဘယ္ေလာက္မ်ားေနသလဲဆိုတာ ရွာေဖြသိရိွလာခဲ့သည္။
"ေဟး!!ရွဲဒိုး....ဘာေတြေတြးေနတာလဲ..."
ခံုေပၚမွာလက္ေထာက္ၿပီး အေတြးနယ္ခ်ဲ႔ေနတုန္းမွာပဲ ပံုရိပ္၏နာမည္ေျပာင္ကိုေခၚလိုက္ေသာ
လူေတြအား လွမ္းၾကၫ့္လိုက္မိေတာ့ ပံုရိပ္၏
အခင္ဆံုးအခန္းေဖာ္ေတြ ျဖစ္ေနေလသည္။
"ဆိုဖီ...ေရခ်ယ္...နင္တို႔ဒီကိုဘယ္လိုျဖစ္ၿပီး
ေရာက္လာၾကတာလဲ..နင္တို႔ဒီေန့အေဆာင္ကေနေျပာင္းၾကမယ္ဆို..."
"ေအးေလ...အေဆာင္ေျပာင္းရမွာကိုနင္က
စာၾကၫ့္တိုက္မွာလာၿပီး အလြမ္းသယ္ေနလို႔
လိုက္လာရတာေပါ့..."
"ငါ..ခဏေနရင္အေဆာင္ကိုျပန္ၿပီးသိမ္းေတာ့မွာပါ.."
"လုပ္မေနနဲ႔ေတာ့..နင္ဒီေန့အလုပ္မရိွဘူးမဟုတ္လား...ငါတို႔နဲ႔လိုက္ခဲ့..ငါတို႔ရဲ့ေနာက္ဆံုးေန့ေလးမွာ
အတူေပ်ာ္ေပ်ာ္ပါးပါးေနရေအာင္..."
"ဟာ..ညၪ့္နက္မယ္ဆိုရင္ေတာ့မလိုက္ခ်င္ဘူးေနာ္"
"နင္ကလည္းဟာ..အားလံုးရဲ့
ေနာက္ဆံုးေတြ့ဆံုမႈေလးမွာ အမွတ္တရတစ္ခုေတာ့
ခ်န္ထားခဲ့သင့္တာေပါ့.."
"ေနပါအံုး...အားလံုးဆိုေတာ့ဘယ္သူေတြပါေသးလို႔လဲ..."
"ငါတို႔အေဆာင္က ဘဲြယူမဲ့ေက်ာင္းသူေတြ
ေတာ္ေတာ္မ်ားမ်ားပါတယ္..ငါ့အန္ကယ္လ္ရဲ့
ဘားကိုသြားၾကမွာေလ..အရမ္းမဆူပါဘူးဟ..
အဲ့ဒီ့ဘားကအထက္တန္းဆန္ပါတယ္...
နင့္လိုအဖြားအိုႀကီးေတြအသြားသင့္ဆံုးေနရာေလ.."
"နင္ေနာ္...ငါကအဲ့ေလာက္လဲေရွးရိုးမဆန္ပါဘူး.."
"ေရွးရိုးမဆန္ရင္လိုက္ခဲ့ပါဟာ...ငါတကယ္ေျပာတာပါ..အဲ့ဒီ့ဘားကတကယ့္ကို
ဗီြအိုင္ပီ(VIP)ေတြပဲသီးသန႔္လာတဲ့ေနရာပါ..
ငါ့အန္ကယ္လ္ကိုမနည္းေျပာထားရတာ..."
"ေအးပါ...အဲ့ေလာက္ၫႊန္းေနရင္လည္း
လိုက္ခဲ့ပါ့မယ္.."
ေနာက္ဆံုးေတာ့ဆိုဖီယာ့ကို လက္ေျမာက္အရႈံးေပးလိုက္ရၿပီး ဆိုဖီယာ၏ၪီးေလးပိုင္ဆိုင္ေသာဘားသို႔
ေရာက္လာခဲ့ရေလသည္။
အေဆာင္အတူေနရေသာ သူငယ္ခ်င္းမ်ားအားလံုးကို တစ္ေနရာထဲမွာအတူေတြ့ရၿပီး ႏႈတ္ဆက္ခြင့္ရ၍ အမွတ္တရေတာ့ျဖစ္သြားခဲ့သည္။
"ရွဲဒိုး...နင္ေသာက္ရမယ္ေနာ္...ဒီညငါတို႔အားလံုး
အမူးေသာက္ၾကမယ္..."
"ခ်ီးယား....!!!!"
အားလံုးကတစ္ၿပိဳင္နက္ဖန္ခြက္ေတြ တိုက္ေနၾက၍
ပံုရိပ္လည္းဖန္ခြက္အတူတိုက္ေပးလိုက္ၿပီး
တစ္ငံုႏွစ္ငံုေလာက္ ေသာက္ၾကၫ့္လိုက္ကာ
မူးေဝေဝျဖစ္သြားေလသည္။
တကၠသိုလ္ေက်ာင္းသားေတြ
ျဖစ္သၫ့္အတြက္ အေနာက္ႏိုင္ငံသားတို႔၏
ထံုးစံအတိုင္း ေယာက္်ားေလးေရာ၊မိန္းကေလးေရာ
အရက္ခြက္မကိုင္တတ္သူရိွမေနေပ။
သူငယ္ခ်င္းေတြက သူတို႔၏ခ်စ္သူေတြကိုပါ
ေခၚလာၾကၿပီး ဘားတြင္ဖြင့္ထားေသာ
သီခ်င္းႏွင့္အတူ ကေနၾကစဉ္မွာ
ပံုရိပ္ကေတာ့ နည္းနည္းပဲေသာက္လိုက္တာေတာင္
မူးသြား၍ အေဖ်ာ္ဆရာဆီသို႔သြားကာ
ေဖ်ာ္ရည္တစ္ခုကို ေတာင္းေသာက္ရေလသည္။
"ေဟး...ရွဲဒိုး..လာကေလ..."
သူတို႔အတဲြႏွင့္သူတို႔ သာယာေနၾကေသာသူငယ္ခ်င္းမ်ားက ၀တ္ေၾကတန္းေၾကကရေအာင္
လွမ္းေခၚေနေသာေၾကာင့္ ယမကာေဖ်ာ္ေသာ
ေနရာမွာပဲ စံုလည္ကုလားထိုင္တြင္ ေနာက္ျပန္ထိုင္၍ လက္ကာျပလိုက္သည္။
အရက္ကလည္း မူးမူးႏွင့္ဆိုေတာ့ စိတ္ထဲမွာ
မ်က္စိေနာက္စရာအတဲြေတြကို ႀကိမ္ဆဲေနမိသည္။
"အခုခ်ိန္မွာ...ဟိုလူႀကီးေရာဘာေတြလုပ္ေနေလာက္မလဲ..."
ကေနေသာစံုတဲြေတြကိုၾကၫ့္ေနရင္းႏွင့္
ဦးေနမ်ိဳး၏အေၾကာင္းကို ေတြးလိုက္မိ၍
အလိုလိုေနရင္းမ်က္ရည္က်လာျပန္သည္။
နယူးေယာက္မွာ ေက်ာင္းတက္ေနစဉ္ကာလအတြင္း သူ႔အေၾကာင္းေတြကိုမေတြးမိေအာင္အထိ
ေက်ာင္းရယ္၊အလုပ္ရယ္ကိုပဲ စိတ္ထဲမွာႏွစ္ထားခဲ့မိသည္။ဟိန္းကိုႏွင့္ေဖ့ဘြတ္မွာစကားေျပာျဖစ္ေပမဲ့
ဦးေနမ်ိဳး၏အေၾကာင္းေတာ့ မေမးျဖစ္ေအာင္သတိထားခဲ့သည္။
"မူးေနရင္...အားလံုးကိုေမ့သြားတတ္တယ္ဆို..
အခုေတာ့ေမ့ဖို႔ေဝးလို႔...ဘာလို႔
ပိုသတိရေနမိတာလဲကြာ..ကတိမတည္..
စကားမတည္တဲ့လူႀကီးကိုမွ ငါဘာလို႔ေမ့မရတာလဲ"
"အရက္ေသာက္တိုင္းေမ့လို႔ရတယ္ဆိုရေအာင္
လူဆိုတာသံပတ္ေပးလို႔ရတဲ့ အရုပ္မွမဟုတ္တာ.."
ဩရွရွႏွင့္ အဂၤလိပ္လိုေျပာလိုက္သၫ့္
ၾကည္လင္လြန္းေသာ အသံတစ္ခုကိုၾကားလိုက္ရ၍ ေဘးသို႔ၾကၫ့္လိုက္ေတာ့
ပံုရိပ္၏တစ္ခံုေက်ာ္တြင္
ေကာ့ေတးတစ္ခြက္ကိုကိုင္ကာ အေနာက္တိုင္း
၀တ္စံုအျပၫ့္ျဖင့္ ေျခခ်ိတ္၍ထိုင္ေနသူကို
ေတြ့လိုက္ရသည္။
*ေသခ်ာတာကေတာ့..ဒီလူ႔ကိုပံုရိပ္တစ္ခါမွမေတြ့ဖူးသလို..ပံုရိပ္ႏွင့္ရင္းႏွီးေသာမိတ္ေဆြေတြထဲမွာလည္း..ဒီလိုမ်က္ႏွာေပါက္မ်ိဳးမရိွတာေသခ်ာပါတယ္..။.."
"ေဟ့..မင္းငါ့ကိုအဲ့လိုမၾကည့္နဲ႔..
အၾကည့္ေတြကိုျပင္လိုက္ရင္ေကာင္းမယ္..
မင္းကငါေမြးရင္..ငါ့သမီးေလာက္ပဲရိွတယ္..."
ပံုရိပ္ကိုလာေၾကာင္ေနသည္ထင္၍
မ်က္ေမွာင္ႄကံု႔ကာ စိတ္ရႈပ္သလိုၾကၫ့္ေနမိရာမွ
တကယ္လည္း ဦးေလးအရြယ္ေလာက္ျဖစ္ေန၍
အၾကၫ့္ေတြကို ျပန္ျပင္လိုက္ရသည္။
ထိုလူႀကီးသည္ ဆံပင္ေတြကဂုတ္ေထာက္လုနီးပါးျဖစ္ေနၿပီး ေရႊေရာင္ကိုင္းႏွင့္မ်က္မွန္ကို တပ္ထားကာ ကိုယ္ဟန္ေျဖာင္ေျဖာင့္ႏွင့္အရပ္ရွည္ေလသည္။
ေကာ့ၫႊတ္ေနသၫ့္ မ်က္ေတာင္ထူေတြ၀န္းရံထားေသာ စူးရွသၫ့္မ်က္၀န္းမ်ားဟာ
ပံုရိပ္၏မ်က္၀န္းမ်ားႏွင့္ ခပ္စင္စင္ျဖစ္ေနျပန္သည္။ေသခ်ာၾကၫ့္လိုက္ေတာ့မွ
မိန္းမေခ်ာေခ်ာေသာ ထိုလူႀကီးႏွင့္ပံုရိပ္ဟာ
ရုပ္ရည္ခ်င္းေတာင္ ခပ္ဆင္ဆင္ျဖစ္ေနသည္။
သူ႔ကိုသာပံုရိပ္ရဲ့အေဖလို႔ေျပာရင္..ယံုၾကေလာက္တယ္..
"ဦးေလးကိုကၽြန္မ..မသိဘူး..."
"တို႔လည္းမင္းကိုမသိပါဘူး..."
"ဒါဆိုရင္ဘာလို႔စကားလာေျပာတာလဲ..."
"မူးေနလို႔ေပါ့..ငါကမူးတဲ့အခ်ိန္ပဲသူစိမ္းေတြနဲ႔
စကားေျပာတတ္တယ္ဆိုရင္ယံုမလားေတာ့
မသိဘူး..ေနာက္ၿပီးမင္းကသူမ်ားေတြကတာကို
ၾကၫ့္ၿပီး...ပါးစပ္ကဗမာလိုေတြ
ေရရြတ္ေနတာကို..."
"ဟင္..ဒါဆိုဗမာလိုနားလည္တာလား..."
"ငါကျပင္သစ္၊ျမန္မာကျပား..."
သူ႔ကိုယ္သူကျပားျဖစ္ေၾကာင္း ဗမာလိုမိတ္ဆက္လာေတာ့မွ ႏိုင္ငံျခားသားရုပ္ေပါက္ေနေသာ
သူ႔မ်က္ႏွာကို ေသခ်ာစိုက္ၾကၫ့္လိုက္ကာ
ေခါင္းညိမ့္ျပလိုက္မိသည္။
"တစ္ခုေလာက္ေမးလို႔ရမလား..."
"ဘာကိုလဲ..."
"ခုနကဘာလို႔ငိုေနတာလဲ..ဒီမွာလူေတြအားလံုး
ေပ်ာ္ပါးေနၾကတာကို မင္းတစ္ေယာက္ပဲငိုေနတာေတြ့တယ္..."
"ကိုယ့္ရဲ့အခ်စ္ကို
လိမ္ညာလွၫ့္စားသြားတဲ့သူကိုမွ
သတိရေနမိလို႔ေပါ့...
တကယ္ဆိုရင္မျဖစ္သင့္ဘူးေနာ္...
လူတစ္ေယာက္ကို တစ္ဖက္သတ္ခ်စ္တာက
ထီထိုးသလို ေပါက္ရမယ္လို႔
က်ိန္းေသတြက္လို႔မရမွန္း
ႀကိဳတင္ေတြးထားခဲ့သင့္တာ..ကၽြန္မကလည္း
အဲ့အခ်ိန္ကအခ်စ္ကို
အရူးအမူးခံစားတတ္တဲ့အရြယ္ဆိုေတာ့
သူ႔ရဲ့မာယာေတြေအာက္မွာ ေမ်ာသြားခဲ့တာေပါ့.."
ကတိမတည္တတ္တဲ့ ေယာက္်ားေတြကို
သိပ္မုန္းတာပဲ..."
"ေနပါအံုး..
သူကမင္းကိုဘာေတြကတိမတည္ခဲ့လို႔လဲ...
တို႔ေမးတာကို မင္းမေျဖခ်င္ရင္ေတာ့မေျဖပါနဲ႔.."
ထိုလူႀကီးက မေျပာခ်င္ရင္မေျပာႏွင့္ဟုဆိုေပမဲ့
ပံုရိပ္ကေတာ့ စိတ္ထဲမွာကိုယ္တစ္ေယာက္တည္း
အခ်ိန္အၾကာႀကီး ထိန္းခ်ဳပ္ထားရတဲ့အတြက္
တစ္ေယာက္ေယာက္ကိုေတာ့ ရင္ဖြင့္ခ်င္ေနမိသည္။
ပံုရိပ္သူ႔ကို တစ္ခ်က္ျပန္ၾကၫ့္လိုက္ေတာ့
သူက သူ႔ရဲ့ေကာ့ေတးခြက္ကိုေမာ့ေသာက္ရင္းႏွင့္
ပံုရိပ္ေျပာျပလည္းနားေထာင္မည္ မေျပာျပလည္း
ကိစၥမရိွတဲ့ ပံုစံဖမ္းေနေလသည္။
"ဦးေလးကလူႀကီးတစ္ေယာက္ဆိုေတာ့
အေတြ့အႄကံုအမ်ားႀကီးရိွမွာပဲ...ကၽြန္မတစ္ခုေလာက္ေမးၾကၫ့္လို႔ရမလား..."
"ေမးၾကၫ့္ေလ..နားေထာင္ၾကၫ့္တာေပါ့..."
"လူတစ္ေယာက္က...ရုတ္တရက္ႀကီး
ေျပာင္းလဲသြားတတ္လားဟင္...
သာမာန္ဆက္ဆံေရးတစ္ခုကေန...
ကိုယ္နဲ႔အနီးဆံုးအထိေရာက္ေအာင္လာခဲ့ၿပီး...
ကိုယ့္အေပၚမွာ...သာမာန္ထက္ပိုတဲ့ဂရုစိုက္မႈေတြ ေပးၿပီးေတာ့မွ..မပတ္သတ္ခ်င္ေတာ့ဘူးလို႔
ေျပာလာတာဘာေၾကာင့္လဲ...သူကၽြန္မကို
ကတိေတြအမ်ားႀကီးေပးခဲ့တယ္...
သူေပးခဲ့တဲ့ကတိေတြကိုသူပဲျပန္ျဖတ္ခဲ့တဲ့အျပင္..
ကၽြန္မမဟုတ္တဲ့အျခားလူတစ္ေယာက္ကို
သူေရြးခ်ယ္သြားခဲ့တယ္...ကၽြန္မကေတာ့
ေမ်ွာ္လင့္ခ်က္ေတြ တသီႀကီးအေပးခံရၿပီးေတာ့မွ
အရူးကြက္နင္းခံလိုက္ရတာလို႔ပဲ ျမင္တယ္..."
"ဒါဆိုသူကမင္းကို သစၥာေဖာက္သြားခဲ့တာေပါ့..."
"အဲ့လိုပဲေျပာရမွာေပါ့...ဒါေပမဲ့သူေပးတဲ့
ဒဏ္ရာေတြထက္..သူေပးခဲ့တဲ့ၾကင္နာမႈေတြက
ကၽြန္မရင္ထဲမွာေဖ်ာက္မရေအာင္စဲြလြန္းေနေတာ့
သူ႔ကိုေမ့ပစ္၊မုန္းပစ္ခ်င္ရဲ့သားနဲ႔
ေမ့လို႔၊မုန္းလို႔မရဘူးျဖစ္ေနတယ္..."
"ဒါဆိုေနာက္တစ္ေယာက္အသစ္ထားၾကၫ့္ေပါ့
သူ႔ကိုေမ့လို႔ရႏိုင္သြားလိမ့္မယ္..."
"အဲ့ေလာက္မလြယ္ဘူး..
ကၽြန္မနဲ႔သူနဲ႔စေတြ့ခဲ့တာကကၽြန္မအသက္
ဆယ့္ငါးႏွစ္ေလာက္မွာ..သူကကၽြန္မထက္
အသက္ရွစ္ႏွစ္ေလာက္ႀကီးတယ္..အဲ့အခ်ိန္တုန္းက
ကၽြန္မကအရမ္းဆိုးတာ..ေက်ာင္းစာကိုလည္း
မႀကိဳးစားတဲ့အျပင္..အတန္းေဖာ္ေတြနဲ႔လည္း
ရန္ပတ္ျဖစ္ေနခဲ့တာေပါ့..ဆရာ၊ဆရာမေတြကေတာင္ ကၽြန္မကိုလက္ေျမာက္ထားရတဲ့အထိပဲ.."
"ရပ္ေက်ာ္ရြာေက်ာ္ေပါ့..."
"အဟား..အဲ့သေဘာပါပဲ..ဒါေပမဲ့သူနဲ႔ေတြ့ၿပီးေနာက္ပိုင္းမွာ ကၽြန္မရဲ့အေတြးအေခၚေတြ
အမ်ားႀကီးေျပာင္းလဲသြားခဲ့တယ္လို႔ဆိုရမယ္
ကၽြန္မဘ၀ရဲ့အေရးအႀကီးဆံုး..
ဆံုးျဖတ္ခ်က္ေတြတိုင္းမွာ..သူပါ၀င္ခဲ့တယ္..
အမွန္အတိုင္းေျပာရရင္..သူကၽြန္မနဲ႔ပတ္သတ္ၿပီး
ေျပာင္းလဲသြားတဲ့ကိႁစၥကီးက...
တကယ္ကိုမယံုႏိုင္ေလာက္စရာႀကီးပဲ...
ကၽြန္မကသူ႔ကို ခ်စ္တာတစ္ခုတည္းမဟုတ္ပဲ
ေလးစားခဲ့တာ..ကၽြန္မရဲ့စံျပပုဂၢိုလ္တစ္ေယာက္အျဖစ္ကို သတ္မွတ္ခဲ့တာ...အခုေတာ့သူ႔ကို
အထင္ေသးေနမိတယ္...ကၽြန္မရဲ့အခ်စ္ကို
ျပန္မတုန႔္ျပန္လို႔ဆိုတာထက္..ကၽြန္မအထင္ႀကီး
ေလးစားရတဲ့လူတစ္ေယာက္က..
သူ႔အထက္အသက္အမ်ားႀကီးငယ္တဲ့
မိန္းကေလးအေပၚကိုလွၫ့္စားခဲ့လို႔ကို
အထင္ေသးတာ..."
"ေနပါအံုး...သူ႔ကိုအရင္ကအထင္ႀကီးေလးစား
ခဲ့တယ္ဆိုေတာ့ ဘယ္အခ်က္ေတြေၾကာင့္လဲ.."
ထိုလူ၏အေမးကိုေျဖဖို႔ရာ ဆရာႏွင့္ပတ္သတ္ေသာ
အေၾကာင္းအရာေတြကို အေသးစိတ္ကအစ
ျပန္ေတြးၾကၫ့္ေနမိသည္။အံ့ဩဖို႔ေကာင္းတာက
ဆရာနဲ႔ ပတ္သတ္သမ်ွအေၾကာင္းအရာေတြကို
အခုထိအလြတ္ရေနေသးတာကိုပဲ။
"သူကအရမ္းေနြးေထြးေပးတတ္တဲ့ ေနေရာင္ျခည္
ေလးလို လူသားတစ္ေယာက္ျဖစ္ခဲ့တယ္...
ကေလးသူငယ္ေတြအေပၚမွာ စာနာစိတ္အရမ္းႀကီးၿပီးေတာ့ ဘယ္သူ႔ကိုမဆိုကူညီလိုစိတ္အၿမဲရိွတယ္
ဒါေပမဲ့သူက..အက်ိဳးအျမတ္လိုခ်င္လို႔
ကူညီေပးတတ္တဲ့လူေတာ့မဟုတ္ဘူး..
ရယူျခင္းကိုမလိုလားပဲ..ေပးဆပ္ျခင္းကိုပဲ
ႏွစ္သက္တဲ့ လူတစ္ေယာက္ေပါ့..."
"မင္းေျပာပံုအရဆိုရင္...
သူကလူေကာင္းတစ္ေယာက္ေပါ့.."
"ဟုတ္တယ္...သူကလူေကာင္းတစ္ေယာက္ပဲ..
ေကာင္းလြန္းလို႔..သူ႔ရဲ့မ်က္ႏွာဖံုးေနာက္ကြယ္ကို
ဒီေလာက္ဆိုးရြားလိမ့္မယ္လို႔ မထင္ခဲ့မိတာေပါ့..
"မင္းငိုေနတာလား..."
"မဟုတ္ပါဘူး...မ်က္ရည္က်ရံုေလးပါပဲ..."
"တူတူပဲေလ..."
ဦးေလးႀကီးက ပံုရိပ္ငိုေနတာကိုၾကၫ့္ၿပီး
ပံုရိပ္၏လက္ထဲသို႔ လက္ကိုင္ပုဝါတစ္ခုကို
မ်က္ရည္သုတ္ဖို႔ရာ ကမ္းေပးလာေသာေၾကာင့္
ပံုရိပ္လည္း လက္ခံလိုက္မိသည္။
"သူကအျခားမိန္းကေလးတစ္ေယာက္ကို
ေရြးခ်ယ္ခဲ့တယ္လို႔ မင္းေျပာခဲ့တယ္ေနာ္
အဲ့ဒီ့မိန္းကေလးက မင္းထက္ဘာေတြ
ပိုသာလြန္ေနလို႔လဲ.."
"အဲ့ဒါေတာ့ကၽြန္မ..မသိဘူးေလ..ေယာက္်ားေတြရဲ့
အႀကိဳက္နဲ႔မိန္းမေတြရဲ့အႀကိဳက္က..
တစ္ေယာက္နဲ႔တစ္ေယာက္တူမွမတူႏိုင္တာ..
သူ႔အတြက္အဲ့ဒီ့မိန္းမက..
တစ္ခုခုထူးျခားလို႔ေနမွာေပါ့.."
"သူကမင္းထက္ရုပ္ပိုေခ်ာလို႔လား.."
"ဟင့္အင္း..သူကအဲ့ေလာက္မလွပါဘူး..
ဒါေပမဲ့ဆဲြေဆာင္မႈေတာ့ရိွတယ္..."
"ဒါဆို..မင္းလိုက္လို႔မမွီေအာင္ပိုေတာ္ေနလို႔လား.."
"အဟင္း..သူေတာ္တာကို၀န္ခံပါတယ္..
ဒါေပမဲ့ကၽြန္မကလည္းသူ႔ထက္မညံ့ပါဘူး..
ကၽြန္မလည္းေဆးမွတ္မွီခဲ့တာပဲ..
သူကဆရာ၀န္ျဖစ္သလို...ကၽြန္မလည္းဆရာ၀န္လိုင္းကို ေရြးခ်ယ္လို႔ရတာပဲေလ..
ကၽြန္မလိုက္လို႔မမွီေလာက္ေအာင္အထိ
ေဒါက္တာခင္ရူပက..ေတာ္ေနတယ္လို႔
ကၽြန္မ..မထင္ဘူး.."
"ဒါဆိုမင္းထက္ပိုက္ဆံခ်မ္းသာေနလို႔လား..."
"..ကၽြန္မသိသေလာက္ေတာ့
သူတို႔မိသားစုကပိုက္ဆံရိွအသိုင္းအဝိုင္းဆိုေပမဲ့
အရမ္းက်ိက်ိတတ္ခ်မ္းသာေနတာမ်ိဳးမဟုတ္ဘူး
ကၽြန္မအဖြားေပးခဲ့တဲ့အေမြေတြနဲ႔ဆို
ကၽြန္မရဲ့အခုလက္ရိွ ပိုင္ဆိုင္မႈက
သူတို႔မိသားစုေဆြစဉ္မ်ိဳးဆက္
စုေဆာင္းထားတာရဲ့ အဆတစ္ရာေလာက္
ပိုမ်ားအံုးမယ္.."
"အဓိကကအဲ့ဒါပဲေလ...
မင္းထက္လည္းပိုမေတာ္ဘူး
မင္းထက္လည္းမခ်မ္းသာဘူး..မင္းထက္လည္း
အဆေပါင္းမ်ားစြာလွမေနတဲ့ မိန္းမတစ္ေယာက္ကို
သူဘာေၾကာင့္ ေရြးခ်ယ္သြားခဲ့တာလို႔ထင္လဲ..
တကယ္ခ်စ္လို႔လား..ဒါဆိုရင္မင္းနဲ႔ဘာလို႔
သူပတ္သတ္ခဲ့တာလဲ..."
"သူတကယ္ခ်စ္မိသြားလို႔လည္းျဖစ္ႏိုင္တာပဲေလ
လူတစ္ေယာက္ကို တကယ္ခ်စ္မိၿပီဆိုရင္
က်န္တဲ့အရာေတြကို ထၫ့္တြက္ဖို႔ေမ့ေနတတ္ၾကတာပဲ မဟုတ္ဘူးလား...
အဟင္း..ဒီတစ္သက္ေတာ့ကၽြန္မနဲ႔သူက
လံုး၀မျဖစ္ႏိုင္ေတာ့ပါဘူး..."
"မင္းနဲ႔သူနဲ႔...မေတြ့ေတာ့တာဘယ္ေလာက္ၾကာၿပီလဲ.."
"ေလးႏွစ္ေလာက္ရိွၿပီ...အခုဆိုသူ႔အသက္က
သံုးဆယ္ေတာင္ေက်ာ္ေနေလာက္ၿပီ...
ကိုယ့္ကိုကိုယ္လည္း အံ့ဩမိပါတယ္..
ဒီေလာက္ႏွစ္ေတြၾကာေနတာေတာင္
အခုထိသူ႔ေၾကာင့္ေဆြးေနမိတုန္းပဲ..."
"ဒါဆိုရင္ေနာက္ထပ္အသစ္ရွာလိုက္ေပါ့
မဟုတ္ရင္ေတာ့ သူ႔ကိုျပန္သြားရွာေပါ့..."
"ဟား...ဟား..မျဖစ္ႏိုင္ေတာ့ပါဘူး
သူကအခုေလာက္ဆို..
အိမ္ေထာင္ေတြဘာေတြက်ၿပီး..
ကေလးေတြေတာင္ရေနေလာက္ၿပီ..."
"တကယ္လို႔ သူကမင္းကို
ေစာင့္ေနေသးတယ္ဆိုရင္ေရာ..."
သေဘာတက်ရယ္ေနမိေသာ ပံုရိပ္သည္
ႏႈတ္ခမ္းမ်ားကို ခ်က္ခ်င္းတည္ခ်လိုက္မိၿပီး ေခါင္းကိုသာ တြင္တြင္ခါယမ္းေနမိေလသည္။
မပတ္သတ္ခ်င္ေတာ့ဘူးလို႔ ကိုယ္တိုင္ေျပာခဲ့တဲ့
လူက ႏွစ္ေတြအၾကာႀကီးပံုရိပ္ကို
ေစာင့္ေနေသးတယ္ဆိုဟာ အရယ္ရဆံုးဟာသမ်ားျဖစ္ေနမလား။
ပံုရိပ္ကေတာ့ မဲ့ႃပံုးႃပံုးလိုက္မိေပမဲ့
ဦးေလးႀကီးကေတာ့ ခပ္တည္တည္ပဲျဖစ္ေနေလသည္။
"မင္းလိုပဲ ဦးလည္းအခ်စ္ဦးကိုပဲ
စဲြစဲြၿမဲျမဲခ်စ္ခဲ့တာ..အသက္ဆယ့္ေျခာက္ႏွစ္မွာ
စိတ္ဒဏ္ရာဗရပြနဲ႔ျမန္မာႏိုင္ငံကေနျပင္သစ္ကို
ထြက္ခြာခဲ့ရတယ္...
ဆယ့္ႏွႏွစ္ဆိုတဲ့အခ်ိန္အတြင္းမွာ..ေအာင္ျမင္တဲ့ဘ၀တစ္ခုကိုရရိွဖို႔
က်ားကန္ၿပီး..မနဲႀကိဳးစားခဲ့ရတာကြ...
ကိုယ့္ကိုဒုကၡေပးခဲ့တဲ့လူေတြကို
ျပန္နာက်င္ေစခ်င္တဲ့ ဆႏၵေတျြပၫ့္၀ခဲ့ေပမဲ့
တစ္ဖက္မွာေတာ့ ကိုယ့္အခ်စ္ကကိုယ္နဲ႔
ေဝးရာကို ေျပးသြားခဲ့တယ္ေလ...
မာနေတြ..အတၲေတြႀကီးခဲ့လို႔ျဖစ္ရတဲ့ေဝဒနာေပါ့..."
"ဒါဆိုရင္..ဦးေလးရဲ့အခ်စ္ဦးနဲ႔မေပါင္းဖက္ခဲ့ရဘူးေပါ့..."
"ဘယ္ကသာ..အခုဦးတို႔မွာသားသမီးႏွစ္ေယာက္ေတာင္ အပိုဆုေပါက္ထားၿပီးၿပီေလ..."
"ဟမ္...ဦးေလးမေကာင္းဘူး..ဒီကတကယ္ထင္ၿပီး
စိတ္မေကာင္းေတာင္ျဖစ္သြားမိတဲ့ဟာကို..."
"အဲ့လိုျဖစ္သြားရင္ေဆာရီးပါကြာ..
ဦးေျပာခ်င္တာက...မင္းနဲ႔ဦးမွာတူညီတဲ့အခ်က္ရိွတယ္လို႔..ေျပာခ်င္တာ..မင္းကိုသူ႔ဆီျပန္သြားပါလို႔
မတိုက္တြန္းခ်င္ပါဘူး..ဒါေပမဲ့..ဒီေလာက္ႏွစ္ေတြၾကာေနတာေတာင္ သူ႔ကိုေမ့မရႏိုင္ျဖစ္ေနတာ..
ဘာလို႔သူ႔ဆီကိုတစ္ေခါက္ေလာက္
ျပန္သြားမၾကၫ့္တာလဲ
..အနည္းဆံုးေတာ့သူ႔ဘ၀ႀကီး..
ဘာျဖစ္ေနသလဲဆိုတာ သိရတာေပါ့..တကယ္လို႔
မင္းထင္သလို..သူကသူ႔မိသားစုနဲ႔..သူ႔ခ်စ္သူနဲ႔
သာယာေပ်ာ္ရႊင္ေနတယ္ဆိုရင္..
စိတ္ကိုျပန္ျပင္ဆင္ၿပီး
အျမန္ရုန္းထြက္လိုက္ေတာ့ေပါ့...မဟုတ္ဘူးလား.."
"ဒါဆိုရင္..အခုလက္ရိွ
သူ႔မွာမိသားစုေရာ..ခ်စ္သူေရာမရိွဘူးဆိုရင္ေရာ.."
"ဒါကေတာ့..ဦးဆံုးျဖတ္ရမဲ့အပိုင္းမဟုတ္ေတာ့ဘူး
ကဲ..ဦးလည္းျပန္မျွဖစ္ေတာ့မယ္..
သူငယ္ခ်င္းရဲ့ဘားျဖစ္ေနလို႔ အလည္၀င္လာရင္း
မင္းနဲ႔စကားေကာင္းေနမိတာနဲ႔..အခ်ိန္ေတာ္ေတာ္
ၾကာသြားၿပီ..ဟိုတယ္မွာမိန္းမနဲ႔ကေလးေတြက
သူတို႔ကိုျပစ္ထားလို႔ ႏႈတ္ခမ္းဆူေနေလာက္ၿပီ..."
ထိုလူႀကီးက ခံုေပၚတြင္ တင္ထားေသာသူ႔ရဲ့ကုတ္အက်ႌကိုျပန္ယူ၀တ္လိုက္ၿပီး ပံုရိပ္ကိုႏႈတ္ဆက္စကားဆိုလာေလသည္။
ပံုရိပ္တို႔ဟာ စကားေတြသာေျပာျဖစ္ေနၾကေပမဲ့
တစ္ေယာက္နဲ႔တစ္ေယာက္ နာမည္ေတာင္မေမးမိၾကေပ။
ဘယ္လိုပဲျဖစ္ျဖစ္ ပံုရိပ္၏ခံစားခ်က္ေတြကို
ေသေသခ်ာခ်ာနားေထာင္ေပးသူျဖစ္၍
ေက်းဇူးအရမ္းတင္မိေလသည္။
ထို႔ေၾကာင့္ တရား၀င္လက္ဆဲြႏႈတ္ဆက္ဖို႔ရာ
ထိုဦးေလးဆီသို႔ လက္ကမ္းေပးလိုက္မိသည္။
"ကၽြန္မနဲ႔အခုလိုအေဖာ္ျပဳျပီးစကားလာေျပာေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ေနာ္..ကၽြန္မနာမည္
ပံုရိပ္ပါ.."
"ဦးနာမည္ကေတာ့..အမ်ားကေသာမက္စ္လို႔
ေခၚၾကတယ္..ျမန္မာနာမည္ကေတာ့"ကဝိ"လို႔ပဲမွတ္ထားလိုက္ပါ
ဦးကပံုမွန္ဆိုရင္သူစိမ္းေတြကိုကိုယ့္ဘက္ကေန
စကားစေျပာေလ့မရိွေပမဲ့..မင္းကိုဧၫ့္ခံပဲြတစ္ခုမွ
ဦးမင္းခန႔္နဲ႔အတူ တဲြေတြ့လိုက္တည္းက
မွတ္မိေနခဲ့တာ..တစ္ခ်ိန္မွာGDအဖဲြ႔အစည္းရဲ့
အေမြဆက္ခံသူျဖစ္လာမဲ့သူေလ...
သြားခြင့္ျပဳပါအံုး.."
ထူးဆန္းေသာ နာမည္ကိုေျပာျပထားခဲ့ကာ
ဦးေလးႀကီးကထြက္သြားၿပီမို႔ ပံုရိပ္လည္း
တစ္ေယာက္တည္းျပန္ျဖစ္သြားၿပီး ထိုေနရာမွာပဲ
မလႈပ္မယွက္ ေတြေငးေနမိေလသည္။
ပံုရိပ္၏သူငယ္ခ်င္းမ်ားကလည္း
ကလို႔၀သြား၍ထင္ပါရဲ့ပံုရိပ္ရိွေသာေနရာတြင္
လာထိုင္ၾကသည္။
"..ရွဲဒိုး..ဘာေတြေတြးေနတာလဲ..."
"ဘာမွမဟုတ္ပါဘူးဟာ..ဘဲြ႔ယူၿပီးရင္
ဘာဆက္လုပ္ရမလဲလို႔...စဉ္းစားေနတာပါ.."
"စဉ္းစားမေနနဲ႔ေတာ့..ဘဲြ႔ယူၿပီးေနာက္တစ္ေန့မွာ
တို႔ေတျြပင္သစ္ကိုအလည္သြားၾကမွာ...
အဲ့တာနင္လည္းလိုက္ခဲ့ရမယ္..."
"ငါလိုက္ႏိုင္ေတာ့မယ္မထင္ဘူး..."
"ဘာေၾကာင့္လဲ...နင္ကဒါေတာ့မမိုက္ဘူးဟာ
ငါတို႔ေခၚရင္ တစ္ခါမွလည္းမလိုက္ဘူး...
စာအုပ္ေတြပဲဖတ္မေနနဲ႔ေနာ္ အခ်ိဳ႕အရာေတြက
စာအုပ္ထဲမွာ မရႏိုင္ဘူး....."
"ငါ...ဘဲြ႔ယူၿပီးတာနဲ႔..ျမန္မာကိုျပန္ေတာ့မွာ...."
သူငယ္ခ်င္းေတြ အားလံုးဝိုင္းၿပီးဆူပူၾကေပမဲ့
မ်က္ႏွာေျပာင္တိုက္ကာ ဆက္ၿပီးရူးခ်င္ေယာင္ေဆာင္လိုက္ရသည္။
ဟိုဦးေလးေျပာခဲ့သလိုပဲ အနည္းဆံုးေတာ့
သူဘာေတျြဖစ္ေနသလဲဆိုတာကို ပံုရိပ္ျပန္ၾကၫ့္ခ်င္သည္။ၿပီးေတာ့ ပံုရိပ္၏မိသားစုေတြကိုလည္း
သိပ္လြမ္းတယ္။
🔥🔥🔥🔥🔥🔥🔥🔥
တကၠစီကားအျဖဴေလးသည္ ရပ္ကြက္လမ္းေလး
ထဲသို႔ ခ်ိဳးေကြ့၀င္လာၿပီးေနာက္မွာ
လမ္းဆံုေနရာေလးတြင္ ရပ္တန႔္သြားခဲ့ေလသည္။
ယခင္ကထက္ လူေနအိမ္ပိုမ်ားျပားလာၿပီး
ေဈးဆိုင္တန္းေတြႏွင့္ ပိုစည္ကားလာခဲ့၍
ပံုရိပ္အတြက္ေတာ့ မ်က္စိလည္
လမ္းမွားခ်င္စရာပါပဲ။
ဘယ္သူ႔ကိုမွ အသိမေပးပဲျမန္မာျပည္ကို
ျပန္လာတာသာသိရင္ ေလးေလးခန႔္ကေတာ့
က်ိန္းေသေပါက္ကို ဆူမွာေသခ်ာသည္။
"ကေလးမေျပာတာဒီလမ္းမဟုတ္လား..."
"ခဏေနပါအံုးဦးေလး..ဒီတၫ့္တၫ့္ကိုပဲေမာင္းသြားလိုက္ပါ..ၿပီးရင္ဘုန္းႀကီးေက်ာင္းေရ႔ွမွာ
ကားကိုရပ္လိုက္...ေက်ာင္းထဲကိုခဏ၀င္ခ်င္လို႔
ဦးေလးအျပင္မွာေစာင့္ေပးႏိုင္မလား..
ကၽြန္မပိုက္ဆံပိုေပးပါ့မယ္.."
"ရပါတယ္...ေစာင့္ေပးပါ့မယ္..."
"ဟုတ္ကဲ့..ေက်းဇူးတင္ပါတယ္.."
နာရီမ်ားစြာ ေလယာဉ္စီးလာရ၍
ပင္ပန္းေနေသာ္လည္း ရန္ကုန္ကို
ျပန္ေရာက္ေရာက္ခ်င္းမွာ ပံုရိပ္ပထမဦးဆံုး
သြားခ်င္သၫ့္ေနရာဟာ သူရိွရာအရပ္ဆီသို႔ျဖစ္ေနေလသည္။
ဘုန္းႀကီးေက်ာင္းေရ႔ွ၌ ကားေလးရပ္သြားေသာအခါ အေနြးထည္ပန္းေရာင္ေလးကို
ဆုပ္ကိုင္လိုက္မိၿပီး ကားေပၚမွဆင္းလိုက္မိေလသည္။
ေဆာင္းရာသီဆိုတာ သူနဲ႔ပံုရိပ္အတြက္
အမွတ္တရေတြ မ်ားစြာက်န္ရိွေနခဲ့ေသာ
လရာသီေလးေပါ့။
ေက်ာင္းႀကီးထဲသို႔ တစ္လွမ္းခ်င္းလွမ္း၀င္မိရင္းႏွင့္ ဘုရားႀကီးရိွရာဆီသို႔သြားကာ အသစ္ျပန္လည္ျပဳျပင္မြန္းမံထားေသာ ဘုရားဆင္းထုေတာ္ေတြကို
လိုက္ၾကၫ့္ေနမိေလသည္။
ထို႔ေနာက္ ပံုရိပ္တို႔ေနာက္ဆံုးႏႈတ္ဆက္ခဲ့ၾကသၫ့္ ဘုရားႀကီးနံေဘးမွ ေရကန္ႀကီးကိုေငးၾကၫ့္ေနမိသည္။
ပံုရိပ္တို႔ႏွစ္ေယာက္ ေနာက္ဆံုးေတြ့ဆံုခဲ့သၫ့္
ေရကန္ေဘာင္ေပၚရိွ စကားပန္းပင္ႀကီးေအာက္တြင္ေတာ့ စာေရးခံုအေသးေလးတစ္လံုးႏွင့္ ကုလားထိုင္ေလးတစ္လံုးရိွေနေလသည္။
"စာေရးဆရာ..မိႈင္းရိပ္..."
ခံုေလးေပၚတြင္တင္ထားေသာ ၀တၴုစာအုပ္ေလး၏
ေခါင္းစဉ္က"ေမာင့္ရင္ထဲမွာအေျဖရိွတယ္.."ျဖစ္ၿပီး
စာေရးဆရာ၏ နာမည္ကေတာ့"မိႈင္းရိပ္.."
ျဖစ္ေနသည္။
ေရးလက္စစာရြက္ေတြကို လြင့္မသြားေအာင္
ပန္းေရာင္ဒိုင္ယာရီစာအုပ္ေလးႏွင့္ ဖိထားေသးသည္။
ထူးဆန္းတာက ဒီဒိုင္ယာရီမ်ိဳးဟာပံုရိပ္ဆီမွာလည္း
တစ္ခုရိွေနေလသည္။
ဒါက ဟိန္းကိုပံုရိပ္ကိုေပးထားခဲ့ေသာ
ဒိုင္ယာရီစာအုပ္ေလးနဲ႔ တစ္ပံုစံတည္းပါပဲ။
ပံုရိပ္ရယ္၊ဆရာေနမ်ိဳးရယ္နဲ႔ဟိန္းကိုဆီမွာပဲရိွတဲ့
စာအုပ္ေလးဆိုေတာ့ ဒါက..
ဆရာ့ဒိုင္ယာရီစာအုပ္ေလးမ်ားလား။
"ဒါဆို...သူကဒီေက်ာင္းမွာပဲရိွေနေသးတာလား..
ဒီ၀တၴုကေရာ..သူေရးထားတာမ်ားလား..."
"ေမာင့္ရင္ထဲမွာအေျဖရိွတယ္.."ဆိုေသာ
၀တၴုစာအုပ္ေလးကို လွန္ၾကၫ့္လိုက္မိေတာ့
စာအုပ္စတင္ထုတ္ေဝသၫ့္ခုႏွစ္ဟာ
လြန္ခဲ့တဲ့သံုးႏွစ္ေလာက္တည္းကျဖစ္ၿပီး
ပံုရိပ္၏လက္ထဲတြင္ကိုင္ထားသၫ့္စာအုပ္ကစတုတၴအႀကိမ္ေျမာက္ထုတ္ေဝထားျခင္း
ျဖစ္ေလသည္။
အေရာင္းရဆံုး စာအုပ္ျဖစ္မယ္ဆိုတာေတာ့
က်ိန္းေသပါတယ္။
စာအုပ္၏အစတြင္လည္း
စာေရးဆရာ၏ အတၴုပတိကိုေရးသားထား၍
ဆရာေနမ်ိဳးဟာ စာေရးဆရာတစ္ေယာက္
ျဖစ္ေနၿပီမွန္း သိလိုက္ရသည္။
မထူးဆန္းေတာ့ပါဘူး။သူကအရင္တည္းက
စာဖတ္ဝါသနာအိုးဆိုေတာ့ သူနဲ႔ဒီအလုပ္ကလိုက္ဖက္ညီသည္ဟု မွတ္ခ်က္ေပးလိုက္မိသည္။
ထိုင္ခံုေလးမွာ ခဏထိုင္လိုက္ၿပီးေနာက္
စည္းေဖာက္မိမွန္းသိေပမဲ့ သူ႔ရဲ့ဒိုင္ယာရီစာအုပ္ေလးကို တစ္ရြက္ခ်င္းဆီဖတ္ၾကၫ့္လိုက္မိသည္။
------------------------------------------
စာမ်က္ႏွာ(၁)
---------------------------------------
*မ်က္၀န္းဝိုင္းေလးေတြႏွင့္ ဆံုသည္..
ၾကည္လင္ၿပီး ေမႊးပ်ံ႔တဲ့ရနံ႔ေလး
အသက္ရႈဖို႔ေတာင္
ေမ့ခဲ့တဲ့ တခဏဟာ သူမေၾကာင့္တဲ့လား..*
ဒီေန့ဟာ ႏွစ္ဆန္းတစ္ရက္ေန့ျဖစ္သလို
ကၽြန္ေတာ့္ဘ၀ႀကီးထဲကို ခံစားခ်က္အသစ္အဆန္းေတြ ၀င္လာတဲ့ေန့ရက္ျဖစ္လိမ့္မယ္လို႔
လံုး၀မထင္ထားခဲ့မိဘူး
***
စံပယ္ပန္းေလးေတြကိုပန္ထားၿပီး ရိုးယဉ္တဲ့
၀တ္စားဆင္ယင္ပံုေလးနဲ႔ ကၽြန္ေတာ့္အသဲကို
သူမကိုင္လႈပ္သြားႏိုင္ခဲ့တယ္..
အၾကၫ့္ခ်င္းဆံုသြားတဲ့အခ်ိန္မွာ
ရင္ခုန္သံစည္းခ်က္ ေတျြမန္ဆန္သြားတဲ့
ကိုယ့္ကိုကိုယ္ မလံုမလဲျဖစ္မိသြားလို႔
သူမကို စကားအမ်ားႀကီးေတာင္
မေျပာျဖစ္ခဲ့ပါဘူး
***
တစ္ႏွစ္ေက်ာ္ေလာက္ၾကာၿပီးမွ..ျပန္ေတြ့ခဲ့ရေပမဲ့
ဒီတစ္ခါ"ဆရာ"လို႔ေခၚလိုက္တဲ့အသံေလးက
ကၽြန္ေတာ့္ကို ျပဳစားလိုက္သလိုပါပဲ...
------------------------------------------
------------------------------------------
စာမ်က္ႏွာ(၂)
------------------------------------------
သူမကို ေနာက္တစ္ႀကိမ္ထပ္ေတြ့ခ်င္စိတ္ေတြကို
ဘယ္လိုမွ ထိန္းခ်ဳပ္လို႔မရေတာ့တာေၾကာင့္
"ခ်စ္ပန္းေဝ."ဆိုတဲ့ကိတ္မုန္႔ဆိုင္ေလးကို
ေခၚသြားခဲ့မိတယ္.....။
"ဆရာ..ဘယ္လိုစိတ္ကူးေပါက္ၿပီးဒီဆိုင္ေလးကို
ေရြးတာလဲ.."ဆိုၿပီးသူမကေမးလာခဲ့တယ္..။
"ကေလးေတြက ကိတ္မုန႔္ႀကိဳက္တတ္တယ္မဟုတ္လား.."လို႔ ကၽြန္ေတာ္စေနာက္လိုက္မိေတာ့
ရႈံ႔မဲ့သြားတဲ့မ်က္ႏွာေလးကို ၾကၫ့္ၿပီး
ကၽြန္ေတာ္ပိုလို႔ အသဲယားလာမိတယ္။
သူမနဲ႔ေတြ့ဆံုဖို႔ေနရာကို စဉ္းစားမိေတာ့
ကၽြန္ေတာ္တကယ္ပဲ ဒီကိတ္မုန႔္ဆိုင္ေလးကို
ပထမဦးဆံုးေျပးျမင္မိခဲ့တာပါ။
****"
ပံုရိပ္နဲ႔ကၽြန္ေတာ္စကားေတြ အမ်ားႀကီးေျပာျဖစ္ခဲ့တယ္။
ဆယ့္ေျခာက္ႏွစ္အရြယ္ ေကာင္မေလးရဲ့
ေရ႔ွေနတစ္ေယာက္ျဖစ္ခ်င္ရတဲ့ ရည္ရြယ္ခ်က္က
သိပ္ကို ထူးျခားၿပီးအံ့ဩဖို႔ေကာင္းမွန္း
လက္ခံလိုက္မိတဲ့အထိ သူမကိုအထင္ႀကီး
သေဘာက်သြားမိတယ္...
မႏၲေလးမွာေနရတာက
စိတ္မြန္းၾကပ္ေၾကာင္း သူေလးဆီက
ရင္ဖြင့္စကားၾကားရတဲ့အခါမွာ
သိပ္ကိုသနားသြားမိတယ္...
(အမွန္အတိုင္းေျပာရရင္ သူေလးရဲ့ဘ၀
လြတ္လပ္ေပ်ာ္ရႊင္ေနတာကိုပဲ ျမင္ခ်င္မိတယ္
စည္းေတြ၊ေဘာင္ေတြၾကားမွာ
ပိတ္မိမေနေစခ်င္ဘူး..)
ဒီေန့သူမက ကၽြန္ေတာ့္ကိုလက္ေဆာင္ေပးေတာ့
ကၽြန္ေတာ္စိတ္ဆိုးၿပီး မယူခဲ့လို႔တစ္လမ္းလံုး
စကားလံုး၀မေျပာေတာ့တဲ့အခါ
ကၽြန္ေတာ္ေနရသိပ္ခက္တာပဲ...
ဒါေၾကာင့္ပဲသူမေပးတဲ့လက္ေဆာင္ေလးကို
လက္ခံခဲ့မိတယ္
(ဘ၀မွာ တပၫ့္တစ္ေယာက္က
တသီးတသန႔္ေပးတဲ့ လက္ေဆာင္ကို
ယူမိတာပထမဆံုးပါပဲ)
(သူ႔အိမ္ကိုလိုက္ပို႔ေပးၿပီး အျပန္မွာ"ဆရာ.."လို႔
သူသံုးႏႈန္းလိုက္တဲ့အခါ ဓာတ္လိုက္ခံရသလို
တုန္လႈပ္သြားမိတယ္...)
(တစ္ခ်ိန္တည္းမွာပဲ...ကၽြန္ေတာ္သူေလးရဲ့
ဆရာ..မျဖစ္ခ်င္ေတာ့တာ ဘာေၾကာင့္မ်ားလဲ???
ကၽြန္ေတာ္တို႔ၾကားမွာ အဲ့ဒီ့အသံုးအႏႈန္းက
စည္းတစ္ခုျခားထားသလိုခံစားရတယ္။
...ကၽြန္ေတာ္ဟာကိုယ့္စည္းကိုယ္
ျပန္ေဖာက္မိေတာ့မယ္ထင္ပါတယ္...)
------------------------------------------
------------------------------------------
စာမ်က္ႏွာ(၃)
------------------------------------------
ဒီေန့..ဆရာေတာ္ႀကီးရဲ့ေမြးေန့မွာ
အေဒၚႀကီးေတြနဲ႔အတူ ပန္းကန္ေတြ
ကူေဆးေပးေနတဲ့ သူေလးကိုေတြ့လိုက္ရေတာ့
ကၽြန္ေတာ္ အရမ္းအံ့ဩသြားမိတယ္...
သူေဌးအိမ္မွာ ေနခဲ့ရတဲ့ေကာင္မေလးက
တစ္ႏွစ္ေက်ာ္ၾကာသြားသၫ့္တိုင္ေအာင္
ျဖဴစင္တဲ့စိတ္ထားေလးနဲ႔ အမူအက်င့္ေတြကအစ
လံုး၀ ေျပာင္းလဲမသြားခဲ့ပါဘူး။
ကၽြန္ေတာ္ကဆူတဲ့အခါ
"ဆရာကလည္း..၀တ္ေကာင္းစားလွ၀တ္ၿပီး ပန္းကန္မေဆးရဘူးလို႔
ဘယ္ဘုရားက ေဟာထားလို႔လဲ..."ဆိုၿပီး
ျပန္ရန္ေတြ့တတ္တာေလးကအစ
ခ်စ္စရာ သိပ္ေကာင္းတာပဲ။
လင္းေခာတ္ဆိုတဲ့ ေက်ာင္းဆရာကိုေတာ့
ကၽြန္ေတာ္သိပ္ၿပီး ၾကၫ့္မရဘူး။
သူ႔ရဲ့အၾကၫ့္ေတြက ပံုရိပ္အေပၚမွာ
မရိုးသားတာေသခ်ာတယ္။
"သ၀န္တိုျခင္းက.."သူ႔အလိုလိုျဖစ္ေပၚလာခဲ့တာကို
ကၽြန္ေတာ္မတားဆီးႏိုင္ခဲ့ဘူး။
ကိုယ္နဲ႔ မသက္ဆိုင္ေသးတဲ့
မိန္းကေလးတစ္ေယာက္အတြက္နဲ႔
ကၽြန္ေတာ့္ရင္ထဲမွာ
နာက်င္မႈေတြ စတင္ေပါက္ဖြားလာခဲ့တယ္။
မၾကည္ျပာတို႔က သႀကၤန္ေရပက္ခံထြက္ဖို႔
ေခၚေပမဲ့ အဲ့လိုအေပ်ာ္အပါးေတြကိုမႀကိဳက္တဲ့အတြက္ ျငင္းလိုက္မိတယ္။
ဒါေပမဲ့ မထင္မွတ္ပဲ
ပံုရိပ္ေလးကေရပက္ခံထြက္ဖို႔
သေဘာတူလိုက္ေတာ့..ကၽြန္ေတာ္လည္း
မသြားခ်င္တဲ့ခရီးကို သြားဖို႔ဆံုးျဖတ္လိုက္ရတယ္
..ကၽြန္ေတာ္သူမကိုစိတ္မခ်ဘူး...
ကၽြန္ေတာ္သူမကို အခ်ိန္တိုင္းကာကြယ္ေပးခ်င္ေနမိတယ္...
------------------------------------------
------------------------------------------
စာမ်က္ႏွာ(၄)
------------------------------------------
ဒီေန့က ဘ၀မွာကိုယ့္စိတ္ကိုယ္မထိန္းႏိုင္တဲ့အထိ
ေပါက္ကဲြမိတဲ့ ေန့တစ္ေန့ပါပဲ။
လူယုတ္မာ လင္းေခာတ္ကိုအမႈန႔္ႀကိတ္ပစ္ခ်င္ေလာက္ေအာင္အထိ ေဒါသထြက္သြားခဲ့ေပမဲ့
ကၽြန္ေတာ္ တစ္ေယာက္တည္းကသာ
လူဆိုးျဖစ္ခဲ့ရတယ္...
ပံုရိပ္ကိုယ္တိုင္က အဆင္ေျပတယ္ဆိုၿပီး
ေျပာလာေတာ့ ကၽြန္ေတာ္ကဘာမွဆက္လုပ္လို႔
မရေတာ့ဘူးေပါ့...။
ကိုယ့္ႏွလံုးသားထဲမွာ တယုတယ
သိမ္းဖြက္ထားခ်င္ေလာက္ေအာင္ တန္ဖိုးထားရတဲ့
မိန္းကေလးကို ဖက္ဖို႔မေျပာနဲ႔လက္ဖ်ားနဲ႔
ထိတာေတာင္ မႀကိဳက္တဲ့အတြက္
တစ္လမ္းလံုး ဘယ္သူ႔ကိုမွစကားမေျပာခ်င္တဲ့အထိ ႀကိတ္မႏိုင္ခဲမရျဖစ္ခဲ့ရတယ္။
(..သူမကိုအျခားလူရဲ့ရင္ခြင္ထဲမွာ ေတြ့လိုက္ရေတာ့
ဘယ္သူ႔ကိုမွ မေပးႏိုင္ေလာက္ေအာင္အထိ
ပိုင္ဆိုင္ခ်င္ေနမိမွန္း ပိုနားလည္သြားမိတယ္
ပံုရိပ္ရယ္..မင္းကိုယ့္ကိုသိပ္ျပဳစားႏိုင္လြန္းတယ္)
------------------------------------------
------------------------------------------
စာမ်က္ႏွာ(၅)
----------------------------------------
ဒီေန့ ကၽြန္ေတာ္အမွားတစ္ခုကို က်ူးလြန္လိုက္မိၿပီ
ပိေတာက္ပန္းေလးကို ေခါင္းမွာပန္ၿပီး
ကၽြန္ေတာ့္အခန္းထဲက စားပဲြေပၚမွာ
အိပ္ေပ်ာ္ေနတဲ့ သူမကိုေတြ့ေတာ့
အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ထိုင္ေငးေနမိခဲ့တယ္
ပါးေဖာင္းေဖာင္းေလးေတြနဲ႔မ်က္ေတာင္ေလးေတြကို အသဲယားလို႔တို႔ထိၾကၫ့္ခဲ့မိတယ္။
သူမကေတာ့ အိပ္ေပ်ာ္ေနတာဆိုေတာ့
သူ႔ကိုယ္သူသိပ္ခ်စ္စရာေကာင္းမွန္း
ဘယ္သိပါ့မလဲ
ရုတ္တရက္ကၽြန္ေတာ့္ စိတ္ေတြေဖာက္ျပန္လာခဲ့တယ္..သူမရဲ့ေခါင္းေပၚကပိေတာက္ပန္းေလးကို
နမ္းလိုက္မိရာမွ ပါးျပင္ေလးကိုပါက်ူးေက်ာ္လိုက္မိတယ္...
**မိန္းကေလးတစ္ေယာက္ကို နမ္းမိတဲ့
ပထမဆံုးႏူးညံ့မႈေလးဟာ ရင္ထဲမွာတစ္သက္လံုး
စဲြေစခဲ့မယ္ထင္ပါတယ္**
**"""""
ကၽြန္ေတာ္ဟာတကယ္ကို မိုက္မဲတဲ့ေကာင္ပါပဲ
ဟိန္းကိုက ေဒါသထြက္ၿပီးကၽြန္ေတာ့္ကို
လက္သီးနဲ႔ထိုးခဲ့တာဟာ ျဖစ္သင့္တာထက္ေတာင္
ပိုေနပါေသးတယ္...
အသက္ဆယ့္ေျခာက္ႏွစ္ပဲ
ရိွေသးတဲ့အျပင္ ကိုယ္စာသင္ေပးဖူးတဲ့
ကိုယ့္တပၫ့္ကိုမွ ျပန္ၿပီးျပစ္မွားေနမိခဲ့မွန္း
ဟိန္းကိုကသတိေပးလိုက္သလိုပါပဲ
ကၽြန္ေတာ္သူမနဲ႔ ေဝးေဝးေနမျွဖစ္မယ္
မဟုတ္ရင္ ကၽြန္ေတာ့္စိတ္ေတြဘယ္အထိ
လြင့္ထြက္သြားမလဲ မသိႏိုင္ဘူး..
(အရိပ္ကေလးရယ္..မင္းနဲ႔အေဝးဆံုးမွာပဲ
ကိုယ္ေနပါေတာ့မယ္...
ႏႈတ္ဆက္လက္ေဆာင္အျဖစ္
မင္းေခါင္းမွာပန္ထားတဲ့ ပိေတာက္ခက္ကေလး
ကိုေတာ့ ထာ၀ရသိမ္းထားပါရေစ)
------------------------------------------
------------------------------------------
စာမ်က္ႏွာ(၅)ကိုဖတ္အၿပီးမွာ ထိုစာမ်က္ႏွာ၌
ၫွပ္ထားေသာ ပိေတာက္ပန္းေျခာက္ေလးကို
ပံုရိပ္ ကိုင္ၾကၫ့္လိုက္မိေလသည္။
ဒါဆို အဲ့ဒီ့ေန့ကအိပ္မက္ဟာ တကယ္ျဖစ္ေနခဲ့တာေပါ့။ပံုရိပ္မႏၲေလးကို ျပန္ရမယ္မွန္းသိလ်ွက္နဲ႔
လိုက္မပို႔ခဲ့တာက သူပံုရိပ္အေပၚမွာ
အဲ့အခ်ိန္တည္းက ခံစားခ်က္ေတြရိွေနခဲ့လို႔ေပါ့...။
ပိေတာက္ပန္းေျခာက္ေလးကို ျပန္ၫွပ္ထားလိုက္ၿပီး ေနာက္စာမ်က္ႏွာကိုထပ္လွန္ၾကၫ့္လိုက္မိသည္။
သူကြယ္ဝွက္ထားေသာ အရာေတြကိုပံုရိပ္
သိပ္သိခ်င္တယ္။
------------------------------------------
------------------------------------------
စာမ်က္ႏွာ(၆)
------------------------------------------
အမွားေတြ မက်ူးလြန္ခ်င္ေတာ့တာေၾကာင့္
သူမက ကၽြန္ေတာ့္ကိုစာပို႔တဲ့အခ်ိန္အတိုင္း
လစ္လ်ူရႈထားလိုက္မိတယ္။
သူမကိုမဆက္သြယ္ဖို႔ဆံုးျဖတ္မိတဲ့အတြက္
ကၽြန္ေတာ္ရူးမတက္ ခံစားေနရတာကိုေတာ့
ဘယ္သူမွမရိပ္မိခဲ့ပါဘူး။
သူမနဲ႔ေဝးေနခဲ့ေပမဲ့ ေန့တိုင္းသတိရေနခဲ့တာပါ။
အတတ္ႏိုင္ဆံုး သူ႔ကိုေမ့ဖို႔ႀကိဳးစားခဲ့ေပမဲ့
ဆယ္တန္းစာေမးပဲြ ေအာင္စာရင္းထြက္ေတာ့
တာ၀န္တစ္ခုအရ
ဖုန္းဆက္သင့္တယ္ထင္လို႔ ဖုန္းဆက္လိုက္မိတယ္။
ဖုန္းထဲကေန သူမရဲ့ငိုသံေလးကိုၾကားလိုက္ရတဲ့
အခ်ိန္ ကၽြန္ေတာ့္ရင္ထဲမွာသူေလးကို
စိတ္ပူရလြန္းလို႔ ေျဗာင္းဆန္သြားတာပဲ...
ခ်က္ခ်င္းပဲ ေတာင္ႀကီးကေနမႏၲေလးကို
ဆင္းလာမိတဲ့အထိ ကၽြန္ေတာ့္ရဲ့ဆံုးျဖတ္ခ်က္ေတြ
ဘာေၾကာင့္ ဒီေလာက္ျမန္ဆန္ေနရသလဲ
မသိေတာ့ပါဘူး...
ဒါေပမဲ့ မႏၲေလးက ပံုရိပ္တို႔ၿခံေရ႔ွမွာ
ကၽြန္ေတာ္ထြက္ေစာင့္ေနတဲ့အခ်ိန္..
ေနပူေနတာကိုဖိနပ္မပါပဲ
ေျပးထြက္လာတဲ့သူေလးကို ေတြ့လိုက္ရေတာ့ ကၽြန္ေတာ္ေသခ်ာသိသြားခဲ့တယ္
ကၽြန္ေတာ္သူ႔ကို သိပ္ခ်စ္ေနမိပါၿပီ...
တစ္ညလံုး ညဆိုင္းဆင္းလာခဲ့တာေတာင္
ေတာင္ႀကီးကေနခ်က္ခ်င္းထြက္လာႏိုင္တဲ့
ခြန္အားေတြဟာ သူမကိုခ်စ္တဲ့စိတ္ေၾကာင့္
ျဖစ္တည္လာခဲ့မွန္း သိလိုက္ရတယ္...
ကၽြန္ေတာ္သူမကို ဘာအေၾကာင္းနဲ႔မွ
လံုး၀လက္မလႊတ္ႏိုင္ေတာ့ဘူးလို႔ ေတြးမိေပမဲ့..
သူမတို႔ရဲ့ အိမ္ႀကီးထဲကိုေျခခ်မိတဲ့အခ်ိန္မွာ
ခမ္းနားလြန္းတဲ့ အိမ္အျပင္အဆင္ေၾကာင့္
ကၽြန္ေတာ့္စိတ္ေတြ သိမ္ငယ္သြားမိတယ္...
ေတာ္၀င္တဲ့သဇင္ပန္းေလးကို ခူးယူၿပီးရင္
တယုတယ မျပဳစုႏိုင္မွာကိုစိုးရိမ္ေနမိတယ္
(ပံုရိပ္ရယ္..မင္းကကိုယ္ခူးယူဖို႔မသင့္တဲ့
ပန္းေလးတစ္ပြင့္ပါကြာ..မင္းလိုေနာက္ခံအင္အား
ေတာင့္တင္းတဲ့ မိသားစုကအဖိုးတန္ေလးကို
ေဆြရယ္၊မ်ိဳးရယ္လို႔ မယ္မယ္ရရျပစရာမရိွတဲ့
ကိုယ့္ဘ၀ထဲကို အလည္လာဖို႔ေတာင္
မဖိတ္ေခၚဝံ့ေတာ့ဘူးကြယ္...)
------------------------------------------
------------------------------------------
စာမ်က္ႏွာ(၇)
------------------------------------------
ကၽြန္ေတာ္သူမနဲ႔ အတတ္ႏိုင္ဆံုးေဝးေဝးမွာ
ေနခဲ့ေပမဲ့ ကံၾကမၼာကကၽြန္ေတာ္အားငယ္ေနတဲ့အခ်ိန္မွာသူမကို ကၽြန္ေတာ့္ဆီလႊတ္ေပးခဲ့တယ္...
ကၽြန္ေတာ္ေနမေကာင္းျဖစ္ေနေပမဲ့
ေတာင္ႀကီးကို အလည္လာေနတဲ့သူမရဲ့
ဓာတ္ပံုေလးကို ေဖ့ဘြတ္မွာတင္ထားတာ
ေတြ့ေတာ့ သူမကိုသြားႀကိဳေပးမိျပန္တယ္...
ေဆာင္းတြင္းမွာ ႏွင္းလံုးေလးလိုျဖဴစင္တဲ့သူမရဲ့
မ်က္ႏွာေလးကိုေတြ့ရျပန္ေတာ့ ကၽြန္ေတာ့္ရင္ထဲက
ပူေလာင္မႈေတြ ေျပေပ်ာက္သြားသလိုခံစားလိုက္ရတယ္...အခ်ိန္ေတြဘယ္ေလာက္ၾကာပါေစ
သူမနဲ႔ပတ္သတ္လာရင္ အၿမဲတမ္း
အသင့္အေနအထားမွာ ရိွေနမိတယ္။
ကၽြန္ေတာ္အဖ်ားေတြအရမ္းႀကီးေနတဲ့အခ်ိန္မွာ
ကၽြန္ေတာ့္အခန္းတံခါးကို လာေခါက္ၿပီး
ႏွစ္သိမ့္ေပးတဲ့လူဟာ သူမျဖစ္ေနလိမ့္မယ္လို႔
စိတ္ကူးေတာင္ မယဉ္ခဲ့မိပါဘူး...
ကၽြန္ေတာ့္ကို သူတတ္သေလာက္ေလး
ျပဳစုေပးေနတဲ့အခ်ိန္မွာ ကၽြန္ေတာ္ဟာ
ကေလးတစ္ေယာက္ျပန္ျဖစ္သြားသလို
ခံစားလိုက္ရတယ္..
ကၽြန္ေတာ့္ေဘးနားမွာ စကားလာေျပာေပးၿပီး
ကိုယ္ပူေနလို႔ေရပက္တိုက္ေပးတဲ့အျပင္
အဆင္သင့္ေဆးတိုက္ေပးခဲ့ကာ
ကၽြန္ေတာ္စားဖို႔ၾကက္သားဆန္ျပဳတ္ေလးပါ
လုပ္ေပးခဲ့တယ္
အိပ္မက္ဆိုးမက္ၿပီး လန႔္ႏိုးလာတဲ့
ကၽြန္ေတာ့္ကိုဖက္ၿပီး ႏွစ္သိမ့္ေပးလာတဲ့အခိုက္မွာ
သူမကို တစ္သက္လံုးေဘးမွာထားခ်င္တဲ့
ေလာဘေတျြဖစ္လာမိခဲ့တယ္
ကၽြန္ေတာ္အရမ္းကို ေက်နပ္မိပါတယ္
သိပ္လည္း ေပ်ာ္မိတယ္
သူမဟာ ကၽြန္ေတာ့္အသက္ေလာက္ခ်စ္ရသူမို႔
သူမေၾကာင့္ ကၽြန္ေတာ့္အသက္ဆံုးရႈံးရလဲ
ေက်နပ္ပါတယ္..."
------------------------------------------
------------------------------------------
စာမ်က္ႏွာ(၈)
------------------------------------------
အဖဲြ႔လိုက္true or dareကစားၾကေတာ့
ကၽြန္ေတာ့္မွာအခ်စ္ဦးရိွလားလို႔ေမးၾကတယ္
"ရိွခဲ့တယ္လို႔.."ျပန္ေျဖခဲ့ေပမဲ့ "ဘယ္သူလဲလို႔
ကိုေဗ်ာႀကီးတို႔က ဆက္ေမးလာေတာ့
ကၽြန္ေတာ္မေျဖခဲ့မိဘူး။
ပံုရိပ္ရဲ့အေရ႔ွမွာ "ႏြယ္.."ရဲ့နာမည္ကို
ကၽြန္ေတာ္မေရရြတ္ပါရေစနဲ႔
ၿပီးဆံုးသြားတဲ့ဇာတ္လမ္းတစ္ခုကို
ျပန္အစေဖာ္ၿပီး ပံုရိပ္ကၽြန္ေတာ့္အေပၚမွာ
အထင္လဲြသြားတာမ်ိဳး မျဖစ္ခ်င္ဘူး
ပံုရိပ္ေျဖရတဲ့အလွၫ့္မွာ ကၽြန္ေတာ့္မ်က္ႏွာကို
တၫ့္တၫ့္ၾကၫ့္ၿပီး
"ဆရာက အခြင့္အလမ္းေကာင္းေတြ
ရွာေပးတတ္ေပမဲ့ အခြင့္အေရးယူတတ္တဲ့
လူတစ္ေယာက္ေတာ့ မဟုတ္ဘူး."လို႔
ေျပာလိုက္တဲ့အခ်ိန္မွာ အဲ့ဒီ့ေနရာမွာတင္
ေပ်ာက္ကြယ္သြားခ်င္တဲ့အထိ ရွက္ရြံ႔ေနမိတယ္။
သူမရဲ့စိတ္ထဲမွာ ကၽြန္ေတာ္ကသူ႔ကိုသင္ၾကားလမ္းၫႊန္ေပးခဲ့တဲ့ ဆရာတစ္ေယာက္အျဖစ္
ေလးစားရိုေသေနခဲ့ေပမဲ့ တကယ္တမ္းမွာ
ကၽြန္ေတာ္ဟာ စည္းေတြကိုေဖာက္ျဖတ္ၿပီး
အခြင့္အေရးယူဖို႔ႀကိဳးစားေနမိခဲ့တဲ့အတြက္
စိတ္မလံုမလဲျဖစ္မိတာအမွန္ပဲ..
"ဆရာ.."လို႔သူကၽြန္ေတာ့္ကို မေခၚေတာ့ရင္
သိပ္ေကာင္းမွာပဲ....။
ပိုဆိုးတာကေတာ့ အရက္မူးၿပီးသူမကို
နမ္းလိုက္မိျခင္းပဲ။
"ကိုယ္အခြင့္အေရးယူတဲ့အခါ
အရိပ္ေလးမုန္းသလား...."လို႔
ကၽြန္ေတာ္ေမးလိုက္မိတဲ့အထိ ရူးသြားတာပါလား။
(ပံုရိပ္ရယ္...မင္းေၾကာင့္ကိုယ္တကယ္
ရူးရပါေတာ့မယ္...
"ႏြယ့္ကိုခ်စ္ေသးလား..သတိရေသးလားလို႔.."
မင္းေမးခဲ့တယ္ေနာ္.."
ကိုယ္ႏြယ့္ကိုတကယ္ေတာ့
ခ်စ္ခဲ့တာမဟုတ္ပါဘူး..ငယ္စဉ္အခါမွာ
အေပါင္းအသင္းမရိွပဲ အႏိွမ္ခံခဲ့ရတဲ့အခ်ိန္
ႏြယ္တစ္ေယာက္တည္းကသာ ကိုယ့္အေပၚ
စိတ္ရင္းနဲ႔ခင္မင္ေပးခဲ့လို႔...သံေယာဇဉ္တြယ္လာၿပီး
အခ်စ္လို႔အျမင္မွားမိရာကေန တံုးအတဲ့ကိုယ္က
သူခိုင္းေစသမ်ွ လုပ္ေပးခဲ့ရတဲ့ကၽြန္တစ္ေယာက္
ျဖစ္ခဲ့ရတာပါ..
.မင္းကိုေတာ့ ကိုယ္ရူးေအာင္ခ်စ္မိၿပီထင္ပါတယ္)
------------------------------------------
------------------------------------------
စာမ်က္ႏွာ(၉)
------------------------------------------
ဒီေန့ပံုရိပ္ေလး ေတာင္ႀကီးကေနျပန္သြားခဲ့ၿပီ။
ပံုရိပ္မရိွေတာ့တဲ့ေနရာဟာ ကၽြန္ေတာ့္အတြက္
ေပ်ာ္ရႊင္စရာအတိ ဆိတ္သုန္းသြားသလိုပါပဲ
"ကၽြန္ေတာ္ သူမကိုသိပ္လြမ္းတာပဲ.."
မႏၲေလးနဲ႔ေတာင္ႀကီးဟာ ေက်ာခ်င္းကပ္လ်ွက္
ဆိုရင္သိပ္ေကာင္းမွာပဲလို႔ ပထမဆံုး
အဓိပၸာယ္မဲ့စြာ ဆုေတာင္းလိုက္မိတယ္
သူမေတာင္ႀကီးကေန ထြက္မသြားခင္
အခ်ိန္ေလးမွာ
"ဆရာ..ပံုရိပ္ကိုတစ္ခုခုေျပာဖို႔မရိွဘူးလား..."လို႔
သူေမးခဲ့တယ္။
ေျပာစရာေတြက ရင္နဲ႔မဆန႔္ေအာင္ပါပဲ
ကေလးရယ္လို႔ ကၽြန္ေတာ္ေအာ္ေျပာလိုက္ခ်င္ပါတယ္။
(မင္းကိုလြမ္းမိတဲ့အေၾကာင္းနဲ႔ကိုယ္မင္းကို
ဘယ္ေလာက္အထိ ခ်စ္ေၾကာင္းကို
ေရရြတ္ျပလိုက္ခ်င္ပါတယ္..)
ေတာင္ေပၚကေနၾကာပန္းခင္းႀကီးဆီကို ေခၚသြားခဲ့တဲ့ေန့က ကိုမင္းကိုခ်စ္ခြင့္ပန္ခ်င္ခဲ့မိတယ္...
အဲ့ဒီညေနမွာ ေသခ်ာေပါက္ခ်စ္ခြင့္ပန္ဖို႔
ဆိုင္တစ္ဆိုင္မွာ ေအးေဆးေတြ့ရေအာင္
ခ်ိန္းခ်င္ခဲ့ေပမဲ့ မင္းနဲ႔ေစ့စပ္ထားတဲ့
ေကာင္ေလးကေပၚလာေတာ့ ကိုယ့္ဆႏၵေတြကို
ရုတ္သိမ္းၿပီး အေဆာင္ကိုခ်က္ခ်င္းျပန္လာခဲ့မိတယ္..
"ကိုယ့္ကိုအခ်ိန္နဲနဲေပးဖို႔နဲ႔ မင္းဆီကိုေရာက္ေအာင္
ကိုယ္ကပဲ အရင္လာခဲ့မယ္ဆိုတဲ့စကားက.."
ကိုယ္လိမ္ညာၿပီးေျပာခဲ့တာမဟုတ္ပါဘူး
ဒါေပမဲ့ မထင္မွတ္ပဲမင္းကို အလိမ္အညာေတြလို႔
ထင္ေစမိခဲ့တယ္...
------------------------------------------
------------------------------------------
စာမ်က္ႏွာ(၁၀)
------------------------------------------
ဒီေန့ ပုဂံမွာ သူမနဲ႔ဆံုေတြ့ခဲ့တယ္...
သူမရဲ့ မ်က္လံုးထဲမွာ သံသယေတြကို
ေတြ့ခဲ့ရၿပီး ကၽြန္ေတာ့္ေၾကာင့္ သူမငိုသြားရရွာတယ္။
သူ႔မရဲ့သံသယေတြကို ထပ္ၿပီးအေရာင္တင္လိုက္တဲ့အေနနဲ႔ မခင္ရူပရဲ့ပခံုးကို လွမ္းဖက္လိုက္ၿပီး
သူမကိုေက်ာခိုင္းခဲ့မိတယ္
ပံုရိပ္ကၽြန္ေတာ့္ကို မုန္းတီးသြားမွာ ေသခ်ာပါတယ္။
ဒါေပမဲ့ အေၾကာင္းအရင္းအမွန္ကိုသာသိခဲ့ရင္၊
ေနာက္ဆံုးအခ်ိန္အထိ သူ႔ကိုကၽြန္ေတာ္အဆံုးအရႈံး
မခံႏိုင္ခဲ့ဘူးဆိုတာကိုသာ သူသိခဲ့မည္ဆိုပါက
သူမုန္းတဲ့လူဟာ ကၽြန္ေတာ္မဟုတ္ပဲ
သူ႔အဖြား ျဖစ္ေနေလာက္မလား..
"ေတာင္ႀကီးအထိ ဖုန္းဆက္လာၿပီး သူ႔ေျမးနဲ႔
အဆက္ျဖတ္ေပးဖို႔ ထပ္ၿပီးမပတ္သတ္ေတာ့ဖို႔
ေျပာလာေပမဲ့ ကၽြန္ေတာလလံုး၀လက္မခံခဲ့ပါဘူး
ေတာင္ႀကီးကေနမႏၲေလးကို ခ်က္ခ်င္းဆင္းလာၿပီး
ေဒၚရိပ္ညိုနဲ႔ ေတြ့ခဲ့ေပမဲ့ ရလဒ္ဟာပိုလို႔
ဆိုးရြားေနခဲ့ပါတယ္...ပံုရိပ္ေလးရဲ့အနားကေန
ထြက္မသြားခ်င္လို႔ ေယာက္်ားမာနကို
အဆံုးစြန္အထိခ်ျပစ္ခဲ့ပါတယ္
..ေဒၚရိပ္ညိုကိုဒူးေထာက္ေတာင္းပန္ခဲ့ေပမဲ့
...အဆင့္အတန္းခဲြျခားလြန္းတဲ့ ဂုဏ္ရွင္ႀကီးဟာ
ကၽြန္းေတာ့္ခံစားခ်က္ေတြကို
ေက်ာင္းျမက္ကေလး တစ္ပင္လိုပဲ
လစ္လ်ူရႈခဲ့တဲ့အျပင္..ျပၫ့္တန္ဆာျဖစ္ခဲ့ဖူးေသာ
ကၽြန္ေတာ့္ရဲ့ မိခင္အရင္းအေၾကာင္းကိုပါ
ေဖာ္ထုတ္ၿပီး အၾကပ္ကိုင္လာခဲ့တယ္
ကၽြန္ေတာ့္ရဲ့ မိခင္အရင္းဟာဘိုးဘြားရိပ္သာမွာ
သူ႔ရဲ့အတိတ္ေတြ အားလံုးကိုေဖ်ာက္ၿပီး
ေအးေဆးစြာ ေနေနတဲ့ဘ၀ေလးျဖစ္ေနၿပီမို႔
ကၽြန္ေတာ့္ေၾကာင့္ သူ႔ဘ၀ေလး
ရႈပ္ယွက္မခက္သြားေစခ်င္တာဟာ
ကၽြန္ေတာ့္ရဲ့ ဆႏၵပါပဲ....
ကၽြန္ေတာ္တစ္ခုသိလိုက္တာကေတာ့
ေဒၚရိပ္ညိုဟာ ဘယ္လိုနည္းနဲ႔မွ
ကၽြန္ေတာ့္လိုလူနဲ႔သူတို႔အိမ္က အဖိုးတန္ေလးကို သေဘာတူႏိုင္မွာမဟုတ္မွန္းေပါ့...
ေနာက္ဆံုးေတာ့ ကၽြန္ေတာ္ကိုယ္တိုင္ရဲ့ခံစားခ်က္ေၾကာင့္မဟုတ္ပဲ...ကၽြန္ေတာ့္မိခင္ရဲ့အရွက္သိကၡာနဲ႔
ပံုရိပ္ကို လဲလွယ္ခဲ့ရပါေတာ့တယ္...
ပံုရိပ္ကိုဘယ္လိုအေၾကာင္းမ်ိဳးနဲ႔မွ
ထပ္ၿပီးမပတ္သတ္ေတာ့ပါဘူးဆိုတဲ့
ကတိမ်ိဳးကို ကၽြန္ေတာ္ရင္နာနာနဲ႔ ေပးခဲ့ရတယ္...
(သူမနဲ႔ေဝးကြာေနရတဲ့ ႏွစ္ေတြမွာ
ေနမ်ိဳးဆိုတဲ့ေကာင္ဟာ ရွင္လ်ွက္နဲ႔ေသေနတဲ့
ဘ၀ႀကီးကို ပိုင္ဆိုင္ထားရမွန္း..
ကိုယ္တိုင္ကလဲြၿပီး...ဘယ္သူမွသိမယ္မထင္ပါဘူး)
------------------------------------------
------------------------------------------
ဒိုင္ယာရီစာအုပ္ေလးကို ဖတ္၍အၿပီးမွာေတာ့
ပံုရိပ္၏ မ်က္၀န္းသည္ မ်က္ရည္မ်ားျဖင့္
ရႊဲနစ္ေနခဲ့ေလၿပီ။
ဖြားညိုဟာ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်ၿပီးၿပီဆိုရင္ ဘယ္ေသာအခါမျွပန္မျပင္တတ္သူျဖစ္၍
အဆံုးအစြန္အထိ ရက္စက္ခဲ့ေလသည္။
ပံုရိပ္ကိုေကာင္းေစခ်င္လို႔ေစတနာနဲ႔
စီမံခဲ့တယ္ဆိုေပမဲ့ တစ္ဖက္လူအတြက္ေတာ့
စိတ္ဒဏ္ရာေတြ ရရိွသြားေစခဲ့တယ္။
မိခင္ျဖစ္သူရဲ့ ဘ၀ကိုပါျဖတ္ဆီးျပစ္မည္ဟု
ၿခိမ္းေျခာက္ခံရတဲ့ လူတစ္ေယာက္ဟာ
ဘယ္လိုလုပ္ၿပီးေတာ့ ခ်စ္သူကို
ေရြးရက္ေတာ့မွာလဲ။
အားနည္းေနတဲ့ လူတစ္ေယာက္ကို
ဖိႏိွပ္ရက္လိုက္တာ အဖြားရယ္။
"ပံုရိပ္လား...တကယ္ပဲပံုရိပ္လား..."
အသံလာရာသည္ ပံုရိပ္၏ေက်ာဘက္ဆီမျွဖစ္၍ လွၫ့္ၾကၫ့္လိုက္မိေတာ့ ဆရာ့ပံုစံဟာ
လြန္ခဲ့ေသာ ေလးႏွစ္ကပံုစံႏွင့္ လံုး၀ကဲြျပားေနခဲ့သည္။ဂုတ္ေထာက္ေနေသာ ဆံပင္ေတြကို
အေပၚတစ္လႊာ လွန္စီးထားၿပီး ပါးသိုင္းေမႊးေတြ ဖံုးအုပ္ေန၍သူ႔ရဲ့သန႔္ျပန္႔ေခ်ာေမာခဲ့ေသာ
မ်က္ႏွာေလးဟာကြယ္ေပ်ာက္လို႔
ေနေလသည္။
ဟိုအရင္ကလို ဝါ၀င္းေသာ
အသားအရည္မ်ိဳးမဟုတ္ေတာ့ပဲ
ညိုသၫ့္ဘက္သို႔ ကူးေျပာင္းလာခဲ့သည္။
ဟိုအရင္က အရပ္ေထာင္ေထာင္ေမာင္းေမာင္းႏွင့္
ဖြံ႔ဖြံ႔ၿဖိဳးၿဖိဳးရိွေသာ ဆရာသည္ ယခုေတာ့
ပါးရိုးေလးေတြေခ်ာင္ၾကေနသည္အထိ
ပိန္သြားခဲ့သည္။
"အဟင့္...ဆရာ..."
တကယ္လို႔ ပံုရိပ္သာျမန္မာႏိုင္ငံကိုျပန္မလာခဲ့ရင္ ဆရာ့အေျခအေနကဒီ့ထက္ဆိုးရြား
သြားမွာမ်ားလား။
"ဒီကိုဘယ္ေန့တည္းကျပန္ေရာက္ေနတာလဲ
မႏၲေလးကို ျပန္ေတာ့မွာလား..."
"ဆရာ!!!"
ဆရာဆိုေသာ နာမ္စားကိုပဲထပ္မံေခၚယူလိုက္ၿပီး ဆရာရပ္ေနေသာ အင္ၾကင္းပန္းပင္ႀကီးရိွရာ
ဘုရားရင္ျပင္ေပၚသို႔ ေျပးတက္လိုက္ရင္း
ဆရာ့ခါးကိုသာ ဖက္တြယ္ထားလိုက္မိေလသည္။ပိန္ကပ္ၿပီး အရိုးေပၚအရည္တင္ရံုသာ
ျဖစ္ေနေသာ ခ်စ္ရသူသည္
ဘယ္လိုအေနအထားမ်ိဳးမွာပဲ ရိွေနပါေစ
ပံုရိပ္ သူ႔ေဘးနားကေန ဘယ္ေတာ့မွ
ထြက္သြားေတာ့မွာ မဟုတ္ဘူး။
ဘယ္လို အေၾကာင္းမ်ိဳးနဲ႔မွ ပံုရိပ္သူ႔ကို
မထားခဲ့ႏိုင္ေတာ့ဘူး။
ပံုရိပ္သာ ဒီတစ္ခါထြက္သြားခဲ့ရင္
သူ႔ရဲ့အသက္မဲ့ခႏၶာကိုယ္ကိုေတာင္
ျမင္ေတြ့ႏိုင္ပါေတာ့မလား။
"အရိပ္..ကိုယ္!!!"
"ဘာမွမေျပာပါနဲ႔ေတာ့..."
အညိုေရာင္သန္းၿပီး ေျခာက္ေသြ့ေနေသာ
သူ႔ႏႈတ္ခမ္းေလးေတြကို ဆက္မေျပာဖို႔ရန္
လက္ၫွိုးေလးနဲ႔ တို႔ထိလိုက္ၿပီး
ေျခဖ်ားေထာက္ကာ သူ႔နဖူးေလးကို
နမ္းလိုက္မိေလသည္။
ခ်ိဳင့္၀င္ေနေသာ ဆရာ့မ်က္၀န္းေလးေတြထဲမွာ
မ်က္ရည္ေလးမ်ား ဝဲတက္လာသည္။
ေခါင္းငံု႔ကာ ငိုခ်လိုက္ေသာေၾကာင့္
ဆရာ့ပါးျပင္ေပၚက မ်က္ရည္စေလးေတြကို
သုတ္ေပးလိုက္ၿပီး သူ႔ကိုအႏူးညံ့ဆံုး၊
အေနြးေထြးဆံုး ႃပံုးျပလိုက္သည္။
"ဘာမွေျပာစရာမလိုေတာ့ပါဘူး..ဒိုင္ယာရီ
စာအုပ္ေလးကို ယူဖတ္လိုက္မိလို႔
ပံုရိပ္အားလံုးနားလည္သြားပါၿပီ..
ဆရာသိရဲ့လား..ႏွစ္ေတြအမ်ားႀကီး
ၾကာသြားခဲ့ရင္ေတာင္..ပံုရိပ္ရဲ့ရင္ထဲမွာ
ဆရာတစ္ေယာက္ပဲ ရိွေနမွာ..
ဆရာ့အတြက္ဆိုရင္ေလ
ပံုရိပ္ဘယ္အရာကိုမဆို ရင္ဆိုင္ႏိုင္တယ္..အဟင့္
ပံုရိပ္ကိုေမာင္းမထုတ္ပါနဲ႔ေတာ့ေနာ္
တို႔ႏွစ္ေယာက္..အတူတူနားလည္မႈေတြ၊
ေနြးေထြးမႈေတြနဲ႔ ဘ၀ကို
အတူျဖတ္သန္းၾကရေအာင္...ေနာ္..."
သူ႔ရင္ခြင္ထဲသို႔ တိုး၀င္ကာသူ႔ခါးကို
တင္းၾကပ္စြာဖက္ထားလိုက္မိျပန္သည္။
ဆရာ့ဆီကေနဟိုအရင္ကလို စံပယ္ေရေမႊးရနံ႔လည္းမရေတာ့သလို အမ်ိဳးသားသံုး
ေရေမႊးရနံ႔ေတြလည္း မသံုးေတာ့တာသိေပမဲ့
သူ႔ရဲ့ကိုယ္သင္းရနံ႔ကိုက ပံုရိပ္အတြက္
ေမႊးပ်ံ႔လြန္းေနပါၿပီ။
ဒီေယာက္်ားကို သိပ္စဲြလန္းသလို
သိပ္လည္းခ်စ္တယ္။
သူဟာ ဘယ္မိသားစုကေမြးလာတဲ့လူျဖစ္ပါေစ
ပံုရိပ္အရာအားလံုးကို လက္ခံေပးႏိုင္ပါတယ္။
"အရိပ္ကို..ကိုယ္သိပ္ခ်စ္တယ္...
အဲ့ဒါကို ယံုရဲ့လားဟင္..."
"ယံုပါတယ္..ဆရာေျပာသမ်ွစကားတိုင္းကို
ပံုရိပ္ယံုတယ္..."
"ဆရာလို႔မေခၚပါနဲ႔ေတာ့လား..."
ပံုရိပ္၏ပါးျပင္ေလးထပ္တြင္ သူ႔ရဲ့
ရွည္သြယ္ေနေသာလက္ေခ်ာင္းေလးမ်ားဟာ
ေနရာအျပၫ့္ယူထားခဲ့ၿပီး ယစ္မူးေစေသာ
သူ႔ႏႈတ္ခမ္းညိုေလးသည္ အင္းၾကင္းပန္းပြင့္ေလး ပါးျပင္ေပၚသို႔ယွက္တိုက္သြားသလို
ႏူးညံ့လြန္းစြာ ထိေတြ့လာခဲ့ေလသည္။
ပံုရိပ္ကေတာ့ အင္ၾကင္းပင္ႀကီးေအာက္တြင္
ေလေျပႏုႏုကို ခံစားရင္းသူ႔ရဲ့ရင္ခြင္ရိပ္၌
အနားယူေနမိေလသည္။
"ကိုကို...ပံုရိပ္တို႔ထာ၀ရအတူရိွသြားၾကမယ္ေနာ္.."
"ကိုယ္တို႔ႏွစ္ေယာက္ဘယ္ေတာ့မွ
မခဲြေၾကးေနာ္..."
**ၿပီးပါၿပီ*
🌹🌹🌹🌹🌹🌹🌹🌹
အားလံုးပဲ စိတ္၏ခ်မ္းသာျခင္းကိုယ္၏
က်န္းမာျခင္း ရိွၾကပါေစ..
အနယ္နယ္အရပ္ရပ္မွ ခ်စ္ရသူမ်ားလည္း
ပံုရိပ္နဲ႔ဆရာေနမ်ိဳးတို႔ ခ်စ္သူစံုတဲြလို
ေပါင္းဖက္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း
ေတာင္းေပးလိုက္ပါတယ္ရွင္
ဒီ၀တၴုေလးက ေရးခဲ့သမ်ွထဲမွာအၾကာျမင့္ ဆံုး၀တၴုျဖစ္ပါတယ္။အခ်ိန္အၾကာႀကီးအထိ
စိတ္ရွည္သည္းခံၿပီး ေစာင့္ဖတ္ေပးခဲ့ၾကတဲ့
၀တၴုဖတ္သူ တစ္ဦးတစ္ေယာက္ျခင္းဆီကိုလည္း အထူးပဲေက်းဇူးတင္ရိွပါတယ္။
(ဒီ၀တၴုေလးကေန ဖတ္ရႈသူေတြကို
ရသတစ္ခုခုေပးစြမ္းခ်င္ခဲ့ေပမဲ့ ဖတ္ရႈသူေတြရဲ့
ရင္ထဲကိုမေရာက္ခဲ့သည္ရိွေသာ္
ဆက္လက္ၿပီး ႀကိဳးစားပါအံုးမည္ဟု
ေျပာခ်င္ပါတယ္..)

No comments:
Post a Comment