🌹ဆူးကြိုး🌹(အခန်း၇၀)

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 🌹ဆူးကြိုး🌹(အခန်း၇၀)


"မမရယ်..ရေချိုးတာဘာလို့ဒီလောက်ကြာနေရတာလဲ...ဒီမှာသမီးကဗိုက်အရမ်းဆာနေပြီ.."


အခန်းထဲသို့၀င်လာသည်နှင့် ပိစိမကနားပူနားဆာလုပ်လေတော့သည်။

ပုံရိပ်ကတော့ ဘယ်သူ့ကိုမှစကားမပြောချင်တော့၍

တိတ်တိတ်လေးသာနေလိုက်ပြီး သနပ်ခါးခုံရှေ့တွင်သာ ထိုင်လိုက်မိသည်။

မှန်ထဲတွင် မြင်နေရသောပုံရိပ်၏မျက်နှာလေးသည်

ဖြူစင်ရှင်းသန့်နေပြီး ရေချိုးပြီးခါစဖြစ်၍

ရေစက်လေးများ ခိုတွဲလျှက်ရှင်းသန့်လွန်းနေသည်။


"မမ..ဘာဖြစ်လာတာလဲ....တစ်ခုခုဖြစ်နေတာတော့

သေချာတယ်..အခန်းထဲကို၀င်လာတည်းက

သိပ်ပြီးမူမမှန်ဘူး..."


"ငါသူနဲ့..တွေ့ခဲ့တယ်..."


"ဆရာနေမျိုးလား.."


ပုံရိပ်နှင့်အနေနီး၍ထင်သည် ပုံရိပ်၏ပါးစပ်မှစကားစလိုက်တာနှင့် ဘယ်သူမှန်းတန်း၍ရိပ်မိသွားသည်။

ပုံရိပ်လည်း ခေါင်းညိမ့်ပြလိုက်ပြီး ဘာစကားမှ

ထပ်မပြောတော့ပဲ နှုတ်ဆိတ်၍သာ နေလိုက်သည်။

ပိစိမသည်လည်း ဘယ်လိုစကားမျိုးနှင့် နှစ်သိမ့်ပေးရမှန်းမသိတော့ဘူးထင်ပါရဲ့ 

ကုတင်ပေါ်တွင်သာ ငူငူကြီးထိုင်နေတော့လေသည်။


"သူက..မမကိုဘာပြောသွားသေးလဲ..

သူက..မမကိုစိတ်ဆိုးပြေသွားပြီလား.."


သနပ်ခါးရေကျဲလေးကို ပါးကွက်ကွက်နေရင်းမှ

ပုံရိပ်လည်း မိစုကိုမှန်ထဲပြန်ကြည့်လိုက်သည်။

နှုတ်ခမ်းထက်မှလည်း အပြုံးမမည်သော

မဲ့ပြုံးလေးတစ်ခု ပေါ်လာခဲ့လေသည်။


"သူကငါ့ကိုစိတ်ဆိုးနေတာမဟုတ်ဘူးဟ

ငါ့ကိုလှည့်စားပြီး ထားသွားခဲ့ပြီးမှ..

ငါ့ကို ရင်မဆိုင်ရဲတာ..

တကယ်တော့ ငါကသာသူ့ကိုစိတ်ဆိုးရမှာဟ

ဘာလို့ဆရာက..တို့ကိုစိတ်ဆိုးနေတယ်လို့

ထင်ရတာလဲ.."


"ဘာလို့ရယ်မဟုတ်ပါဘူး...ဒီ..ဒီလိုပါပဲ..

သမီးဗိုက်အရမ်းဆာနေလို့ 

ထမင်းသွားစားနှင့်တော့မယ်နော်.."


စကားတွေကို အထစ်ထစ်အငေါ့ငေါ့နှင့် ပြောခဲ့ကာ

အိပ်ခန်းထဲမှ ထွက်သွားသောမိစုကိုပုံရိပ်အံ့ဩနေမိသည်။မိစုကို ကြည့်ရတာတစ်ခုခုကို မလုံမလဲ

ဖြစ်နေသလိုပဲ။

ပုံမှန်ဆိုရင် သွက်လက်ကာနေတတ်သည့်

လူဖြစ်သည်။


ပုံရိပ်လည်းပါတိတ်၀မ်းဆက်အရောင်နုလေးကို

ရွေး၍ ၀တ်ဆင်လိုက်ပြီး တင်ပါးအုပ်နေသော

ဆံပင်တွေကို ဆံထုံးပုံ့ပုံ့လေးထုံးထားလိုက်ကာ

စံပယ်ပန်းပုံစံ ခေါင်းစည်းကွင်းလေးနှင့် 

ထပ်၍စည်းလိုက်သည်။

အိပ်ခန်းထဲမှ ထွက်လာပြီးပိစိမနှင့်အတူ

မီးဖိုထဲတွင် ထမင်းစားသောက်ပြီးနောက်

ဒေါ်လေးတို့ရှိရာ အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။

ချက်ပြုတ်ကြော်လှော်ခြင်းများ လက်စသတ်နေကြပြီဖြစ်၍ အချို့တော်တော်များများကလည်း

အိမ်သို့ပြန်ကုန်ကြလေသည်။


"ဒေါ်ကြီးတို့...ဒါဘာလုပ်နေတာလဲဟင်..."


"ဒါက..ကန်စွန်းဥရွှေကျီလုပ်မလို့လေ...ကလောမှုန့်နဲ့နယ်နေတာ..."


"သမီးလည်းလုပ်ပေးမယ်လေ..

ဒီကန်ဇွန်းဥတွေက ချေရမှာမဟုတ်လား.."


"မလုပ်ပါနဲ့ကွယ်..ဒီမှာလုပ်မဲ့သူတွေအများကြီးပါ

ဒေါ်ကြီးတို့က ပေလက်စနဲ့မို့မထူးတော့ဘူးလေ

..တူမကြီးကအခုမှရေချိုးလာတာမဟုတ်လား..."


အန်တီကြီးတွေက အတင်းဝိုင်းတားကြ၍ပုံရိပ်လည်း မလုပ်တော့ပဲဘေးကနေသာထိုင်ကြည့်နေလိုက်သည်။အလှူအတွက်ဖြစ်တဲ့အတွက် 

အများစာနှင့်လုပ်ရသည်မှာ လက်လုပ်မုန့်တွေဟာ

အတော် လက်၀င်လေသည်။

အုန်းနို့တွေလည်း ခြစ်ပြီးအရည်ညှစ်ရသေးသလို

ကန်ဇွန်းဥတွေကိုလည်း ချေရတဲ့အပြင်

အဖက်မပါအောင် သေချာပြန်စစ်ထုတ်ရသေးသည်။


အိုးထဲသို့ထည့်ပြီးတန်း၍ ပြုတ်လို့ရတာမျိုးမဟုတ်တော့ အုတ်နီခဲနှင့်ဖိုထားသည့် မီးဖိုကိုမီးလျော့လိုက်ပြီး မုန့်ဗန်းကိုတင်ကာ အ‌ဖုံးပေါ်တွင်လည်း

ထင်းချောင်းတွေတင်၍ မီးတောက်အောင်လုပ်ရသေးသည်။

တော်တော်စိတ်ရှည်ကြတာပဲဟု မှတ်ချက်ပေးလိုက်မိသည်..


အန်တီကြီးတွေမုန့်လုပ်နေတာကို သေချာထိုင်ကြည့်နေရင်းနှင့် အခြားသူတွေကိုလိုက်ကြည့်မိစဉ်မှာတော့ လူတစ်ယောက်နှင့်အကြည့်ချင်းဆုံသွားမိလေသည်။

ထိုလူကတော့ ပုံရိပ်နှင့်မျက်၀န်းအကြည့်ချင်း

ဆုံမိသည်နှင့် ချက်ချင်းအကြည့်လွှဲသွားခဲ့သည်။

ပုံရိပ်လည်း သူ့ဆီကိုအာရုံမရောက်လိုသောကြောင့်

ဒေါ်လေးတို့ အအေးတိုက်နေသောနေရာသို့သာ

သွားလိုက်သည်။


"ဒေါ်လေး..သမီးကိုပေးလေ..သမီး..

အအေးလိုက်ဝေပေးမယ်..."


"အေး...အေး..ရော့...ဟိုမှာထင်းတုံးတွေကိုခွဲပေးနေတဲ့ နေမျိုးတို့ကိုအအေးသွားတိုက်လိုက်ပါကွယ်

သူတို့ခမျာ..ပင်ပန်းနေမှာပဲ...ပုံရိပ်လေးရဲ့ဆရာက

အလှူမလုပ်ခင်တည်းက ဒေါ်လေးနဲ့အတူ

ပစ္စည်းတွေလှည့်၀ယ်ပေးရှာတာသိရဲ့လား...

အိမ်မှာကလည်း အားကိုးစရာယောက်ျားသား

မရှိတော့ တစ်ခုခုလိုအပ်တာနဲ့ သူ့ကိုပဲ

အကူအညီတောင်းနေရတာ..."


"ဒါနဲ့...ဆရာက..ဘယ်တည်းကရန်ကုန်ကို

ပြန်ရောက်နေတာလဲဟင်.."


"နှနှစ်ကျော်...သုံးနှစ်လောက်ရှိနေပြီလေ...

ဆရာတော်ကြီးမကျန်းမာတည်းက ပြန်ရောက်နေတာ...တူမလေးရဲ့ဆရာကိုအားပေးစကားတွေ

ဘာတွေ ပြောလိုက်ပါအုံးကွယ်...

သူ့ခမျာဆရာတော်ကြီး ကျန်းမာရေး

မကောင်းတော့တည်းက စိတ်ရော၊လူရောပင်ပန်းနေရတာ..."


အားပေးစကားပြောရအောင်လည်း သူကမှ

ပုံရိပ်ကိုစကားမပြောတာဟု ပြန်ပြောလိုက်ချင်သည်။ရန်ကုန်ကိုရောက်နေတာ သုံးနှစ်လောက်ရှိပြီဆိုတော့ ပုံရိပ်သူ့ကိုပုဂံမှာတွေ့ခဲ့တဲ့နေ့ဟာ 

သူရန်ကုန်ကိုပြန်ခဲ့တဲ့နေ့ပေါ့။

အဲ့ဒီ့နေ့က ‌ဒေါက်တာခင်ရူပလည်းဆရာ့ဘေးနားမှာ

ရှိနေခဲ့တယ်။သူတို့နှစ်ယောက်အခုထိ

တွဲကြတုန်းပဲလားဆိုတာ ပုံရိပ်သိပ်သိချင်နေမိတယ်။


"ဟဲ့...ဘာတွေငူငိုင်နေတာတုန်း...

အအေးသွားတိုက်ပါဆို..."


"ဟုတ်ကဲ့ပါ...ဒေါ်လေးရဲ့..."


ဒေါ်လေးအော်လိုက်တော့မှပဲ အတွေးစကိုဖြတ်ပြီး

ဆရာတို့အဖွဲ့ရှိရာဆီသို့ သွားလိုက်ကာအအေးကို

လိုက်ကမ်းပေးရလေသည်။

ဆရာ့ကိုကြည့်ရတာတော့ အတော်ပင်ပန်းနေပုံပါပဲ

စွတ်ကျယ်ချိုင်းပြတ်အဖြူရောင်လေးတောင်

မဲညစ်နေပြီး ရင်ဘတ်နှင့်ကျော်ပြင်တွေတင်မကပဲ

မျက်နှာတစ်ခုလုံးပါ ချွေးတွေရွှဲနေလေသည်။

ပုံရိပ်၏ခါးကြားမှာ လက်ကိုင်ပုဝါလေးတစ်ခုကို

အမြဲထိုးထားတတ်သောကြောင့် သူ့မျက်နှာကို

ချွေးသုတ်ပေးချင်ပေမဲ့ သူ့အသားကိုတောင်

မထိရဲပေ။


"ဆရာ...အအေးလေးသောက်ပါအုံး...."


"ကိုယ့်ကိုဆရာလို့မခေါ်နဲ့တော့...ကိုယ်မင်းကို

စာသင်ပေးနေတာမဟုတ်ဘူး..."


"အင်းပါ..."


ပုံရိပ်က ချက်ချင်းသဘောတူလိုက်တော့

ညှို့အားပြင်းသော သူ့မျက်၀န်းတို့သည်

မှေးကျဉ်းသွားလျှက် ပုံရိပ်ကိုသေချာစူးစိုက်၍

ကြည့်လာလေသည်။

ပုံရိပ်၏ ခေါင်းတွင်စည်းထားသော စံပယ်ပန်း

ခေါင်းစည်းကွင်းလေးကို သေချာကြည့်လိုက်ပြီး

သူ့နှုတ်ခမ်းတွေ ပြုံးယောင်သန်းသွားလေသည်။


ပုံရိပ်ကို ဥက္ခာပြုထားပေမဲ့လူမှုရေးသိတတ်စွာ

ဒေါ်လေးကို တူ၊သားတစ်ယောက်လိုကူညီနေတာကတော့ ကျေးဇူးတင်စရာပါပဲ။


ပုံရိပ်ကတော့ အမှတ်မရှိတဲ့ ငဒူ၊ငအတစ်ယောက်လိုပါပဲ။တင်းခံထားသမျှ မာနတွေဟာဆရာ့ဘေးနားကို ရောက်လာရုံလေးနဲ့တင် အရည်ပျော်ကျသွားခဲ့လေသည်။ကျောခိုင်းပြီးရင် လှည့်မကြည့်စေချင်တဲ့ ဆရာက လုံး၀လှည့်မကြည့်ပဲနေခဲ့ပေမဲ့

ပုံရိပ်က အမှတ်မရှိစွာတွယ်ကပ်ချင်လာမိသည်။

ကျွန်မ...ရှင့်ကိုမမုန်းရက်ဘူးဆရာရယ်...


"အအေးသောက်လိုက်အုံးလေ..."


"လက်မှာအမဲတွေပေနေလို့....အဲ့ဒါ..."


သူ့စကားမဆုံးသေးခင်မှာပဲ သူ့ပါးစပ်အနားသို့

ခွက်ကို ကိုင်ပြီးတေ့လာပေးသော ကောင်မလေးကြောင့် နေမျိုးတောင်ကြောင်သွားမိလေသည်။

လက်တွေပေနေ၍ အအေးကိုကိုယ်တိုင်ခွန့်တိုက်ပေးဖို့ ကြိုးစားနေသူလေးကို ကျေးဇူးတင်မိသလို

အသနားပိုနေမိပေမဲ့ ဥပက္ခာပြုလက်စနဲ့

ရှေ့ဆက်တိုးဖို့ကိုသာ ရွေးချယ်လိုက်မိသည်။


"မသောက်တော့ဘူး...ကိုယ်နေမကောင်းလို့...

ပြန်လိုက်အုံးမယ်...."


ပုံရိပ်၏ပခုံးကို တိုက်ခဲ့‌ကာထွက်သွားသော

ဆရာ့ကျောပြင်ကို ကြည့်နေမိရင်းနှင့်ပုံရိပ်

မျက်ရည်ဝဲမိလေသည်။

ပုံရိပ်ကို ဒီလောက်အထိလျစ်လျူရှုဖို့

လိုအပ်လို့လားဆရာရယ်။

အနားကို ဘယ်တော့မှမလာခဲ့နဲ့လို့ တစ်ခွန်းထဲပဲ

ပြောလိုက်ပါ...တစ်သတ်လုံးဆရာနဲ့ဝေးဝေးမှာပဲ

နေပေးပါ့မယ်။

အခုတော့ ဆရာကပုံရိပ်ကို

စကားလေးတစ်ခွန်းနဲ့တောင် နှစ်သိမ့်မှုမပေးပဲ

သံယောဇဉ်တွေအားလုံးကို ဖြတ်တောက်ဖို့ကြိုးစားနေခဲ့တာပဲ။


**"*ဆရာသည် ထိုနေ့မှစ၍ 

အလှူပြီးဆုံးသွားသည့်တိုင်အောင် ပုံရိပ်၏ရှေ့တွင်ပေါ်မလာခဲ့တော့ပေ။ဆရာဒီလောက်အထိ ပုံရိပ်ကိုမတွေ့ချင်မမြင်ချင်လောက်အောင် ပုံရိပ်

ဘာအပြစ်တွေများကျူးလွန်ခဲ့သလဲဟု ပြန်၍

စမ်းစစ်နေမိသည်။

ယောက်ျားတွေရဲ့စိတ်ဟာနားလည်ရသိပ်ခက်ခဲတာပဲ။


ဆရာ့ကိုတွေ့ခွင့်ရသော အချိန်ဟာသင်္ကြန်အတက်နေ့၌ ဓမ္မာရုံမှာဥပုဒ်သွားစောင့်ဖြစ်ကြရာကနေ ဘုန်းကြီးကျောင်းသို့ပြောင်း၍ ဥပုဒ်စောင့်

သောနေ့တွင် ဖြစ်လေသည်။တစ်မိသားစုလုံး

ဘုန်းကြီးကျောင်းတွင် ဥပုဒ်စောင့်ဖို့ သွားကြပြီးနောက် ကျောင်းပေါ်သို့ရောက်သောအခါမှာ

အချိုရည်ဗူးဝေနေသော ဆရာ့ကိုမြင်တွေ့ခွင့်ရခဲ့လေသည်။


ဆရာ့ကိုမြင်ခွင့်ရ၍ ၀မ်းသာချိန်တောင်မရလိုက်ပေ။ဆရာ့ဘေးနားတွင် ရပ်၍ပြုံးကာစကားပြောနေသော ဒေါက်တာခင်ရူပကြောင့် ပုံရိပ်၏

အသဲတွေ ထပ်မံကြေကွဲရပြန်သည်။

ဒေါက်တာခင်ရူပကို ဆရာပြုံးပြရင်းစကားပြန်ပြော

နေတာကို တွေ့ရတော့ပုံရိပ်မျက်ရည်ဝဲမိတယ်။

ရင်ထဲမှာလည်း ဒီမြင်ကွင်းကိုကြည့်ဖို့

အင်အားမရှိတော့လောက်အောင်ပါပဲ။


ပခုံးအပေါ်တွင် ခြုံထားသောပုဝါလေးကို

ဆုပ်ကိုင်ထားမိလျှက် ဆရာ့၏အပြုံးလေးကို

ငေးကြည့်နေမိသည်။သူများကြောင့်ပြုံးနေတာကို

သိနေပေမဲ့လည်း ပုံရိပ်နဲ့အတူရှိနေရင်

မမြင်နိုင်တော့တဲ့ အပြုံးလေးမို့ နောက်ဆုံးအနေနဲ့

အမှတ်တရအဖြစ် ရင်ထဲမှာမှတ်ထားချင်လို့ပါ။


"ပုံရိပ်...အအေးသောက်အုံးမလား.."


အနောက်ဘက်မှ ခေါ်သံကြောင့်

လှည့်ကြည့်လိုက်မိတော့ ဟိန်းကိုဖြစ်နေလေသည်။

လည်ကတုံးလက်ရှည်အဖြူရောင်ကို ၀တ်ထားတဲ့အပြင် အရင်လိုမဟုတ်တော့ပဲ

အသားအရည်ကအစ ၀င်းလာလေသည်။

သပ်ရက်သန့်ပြန့်လွန်းနေ၍ ပုံရိပ်တောင်အံ့ဩ

သွားမိသည်။


"ဟိန်းကို...နင်အရမ်းပြောင်းလဲသွားတယ်နော်...

အသားလည်းပိုဖြူလာတယ်.."


"နင်လည်းအရမ်းလှလာပါတယ်..."


"အချင်းချင်းကို မြှောက်နေပြန်ပါပြီ..."


"တကယ်ပြောတာဟ...နင့်အကြောင်းတွေကို

နင့်အဒေါ်ပြောပြတယ်...ကုမ္ပဏီမှာသူဌေးရာထူးကို

ယူထားရတယ်ဆို..."


"အဲ့လောက်လည်းမဟုတ်ပါဘူးဟာ...ဒါနဲ့နင်ရော

အခုဘာတွေလုပ်နေလဲ..."


"ငါကစင်္ကာပူကို သွားမလို့ဟ..အခုလောလောဆယ်လိုအပ်တဲ့ သင်တန်းလေးတွေတက်နေတယ်..."


"ဟုတ်လား...မဆိုးပါဘူး..

ကြိုးစားထားသူငယ်ချင်းရေ..ဒါမျိုးဆို

ငါကအားပေးတယ်..

တကယ်လို့အကူအညီလိုအပ်ရင်လည်း

ငါ့ကိုပြောပေါ့...ငါ့မှာအဆက်အသွယ်တွေရှိတယ်..

နင်ကဘာအလုပ်နဲ့သွားမှာလဲ..."


"စာရင်းကိုင်နဲ့ဟ..."


"အခုအလုပ်ရသွားပြီလား..."


"‌အေးဂျင့်နဲ့ချိတ်ထားတုန်းပါပဲ...အင်တာဗျူးတွေတော့ တစ်ခု၊နှစ်ခုလောက်၀င်ကြည့်သေးတယ်

ငါနဲ့သိပ်အဆင်မပြေသေးလို့ မလုပ်သေးတာ.."


"အင်း...ဒါဆိုရင်..ဒီလိုလုပ်ပါလား...စင်္ကာပူမှာ

ငါတို့ကုမ္ပဏီရုံးခွဲတွေရှိတယ်..နင်ငါ့ကို

အီးမေးလ်ကနေကိုရေးအချက်အလက်တွေပို့လိုက်...

ငါစင်္ကာပူရုံးကို နင်နဲ့ကိုက်ညီတဲ့အလုပ်ကိုမေးပြီး

အင်တာဗျူးစီစဉ်ပေးမယ်..."


"‌ဟာ...ကျေးဇူးတင်လိုက်တာပုံရိပ်ရာ...

နင်ကတကယ်ကိုဆရာမကြီးဖြစ်နေပြီပဲ...

ငါနင့်ကို အလုပ်ရရင်ဘုရားရှိခိုးတိုင်း

မေတ္တာပို့ပါ့မယ်..."


"ဟား..ဟား...အဲ့လောက်လည်းမဟုတ်ပါဘူးဟာ

နင်ပြောမှပဲ ငါလည်းမြောက်တက်ချင်သွားပြီ.."


"အေး...နောက်မှနင့်ဆီကိုလာလည်မယ်ဟာ...

အခုတော့ အအေးလိုက်ကမ်းလိုက်အုံးမယ်..."


"အေး...အေး..သွားလေ..."


ဟိန်းကိုနှင့်စကားပြောပြီးနောက် ဆရာတို့ဘက်သို့

လှည့်ကြည့်လိုက်မိတော့ ဆရာကပုံရိပ်ကို

မျက်မှောင်ကြုံ့၍ လှမ်းကြည့်နေသလိုခံစားလိုက်ရသည်။ဆရာဘာကိုမကျေမနပ်ဖြစ်‌နေသလဲဆိုတာ

ကို အဖြေရှာနေမိတုန်းမှာပဲ ဆရာ့ပခုံးကို

ဒေါက်တာခင်ရူပက လှမ်း၍ပုတ်လိုက်သောကြောင့်

ပုံရိပ်ထံမှ ဆရာအကြည့်လွှဲသွားသလို..

ပုံရိပ်ကလည်း ခေါင်းကိုသာငုံ့ထားလိုက်မိလေသည်။


*ကျွန်မတို့နှစ်ယောက်ဟာ တစ်မိုးအောက်မှာ

အတူရှိနေကြပေမဲ့ နှလုံးသားချင်းမိုင်ပေါင်းများစွာ 

ဝေးကွာနေလေပြီ..."


🌹🌹🌹🌹🌹🌹🌹


အမှန်တော့ ဒီနေ့ဇာတ်သိမ်းမလို့ပါပဲ...

နောက်တစ်ခန်းလောက်ထပ်ရေးချင်တာကြောင့်

မနက်ဖြန်မှပဲ ဇာတ်သိမ်းခန်းတင်တော့မယ်နော်...


ဒါကြောင့် ဘယ်လိုဇာတ်သိမ်းပေးမလဲဆိုတော့

မနက်ဖြန်အတွက်မျှော်ပေါ့နော်...


(ဖတ်ရှုပေးသူ တစ်‌ဦးတစ်ယောက်ချင်းစီတိုင်းကို

ကျေးဇူးအထူးတင်ရှိပါတယ်ရှင်)


=======================================================================


🌹ဆူးႀကိဳး🌹(အခန္း၇၀)


"မမရယ္..ေရခ်ိဳးတာဘာလို႔ဒီေလာက္ၾကာေနရတာလဲ...ဒီမွာသမီးကဗိုက္အရမ္းဆာေနၿပီ.."


အခန္းထဲသို႔၀င္လာသည္ႏွင့္ ပိစိမကနားပူနားဆာလုပ္ေလေတာ့သည္။

ပံုရိပ္ကေတာ့ ဘယ္သူ႔ကိုမွစကားမေျပာခ်င္ေတာ့၍

တိတ္တိတ္ေလးသာေနလိုက္ၿပီး သနပ္ခါးခံုေရ႔ွတြင္သာ ထိုင္လိုက္မိသည္။

မွန္ထဲတြင္ ျမင္ေနရေသာပံုရိပ္၏မ်က္ႏွာေလးသည္

ျဖဴစင္ရွင္းသန႔္ေနၿပီး ေရခ်ိဳးၿပီးခါစျဖစ္၍

ေရစက္ေလးမ်ား ခိုတဲြလ်ွက္ရွင္းသန႔္လြန္းေနသည္။


"မမ..ဘာျဖစ္လာတာလဲ....တစ္ခုခုျဖစ္ေနတာေတာ့

ေသခ်ာတယ္..အခန္းထဲကို၀င္လာတည္းက

သိပ္ၿပီးမူမမွန္ဘူး..."


"ငါသူနဲ႔..ေတြ့ခဲ့တယ္..."


"ဆရာေနမ်ိဳးလား.."


ပံုရိပ္ႏွင့္အေနနီး၍ထင္သည္ ပံုရိပ္၏ပါးစပ္မွစကားစလိုက္တာႏွင့္ ဘယ္သူမွန္းတန္း၍ရိပ္မိသြားသည္။

ပံုရိပ္လည္း ေခါင္းညိမ့္ျပလိုက္ၿပီး ဘာစကားမွ

ထပ္မေျပာေတာ့ပဲ ႏႈတ္ဆိတ္၍သာ ေနလိုက္သည္။

ပိစိမသည္လည္း ဘယ္လိုစကားမ်ိဳးႏွင့္ ႏွစ္သိမ့္ေပးရမွန္းမသိေတာ့ဘူးထင္ပါရဲ့ 

ကုတင္ေပၚတြင္သာ ငူငူႀကီးထိုင္ေနေတာ့ေလသည္။


"သူက..မမကိုဘာေျပာသြားေသးလဲ..

သူက..မမကိုစိတ္ဆိုးေျပသြားၿပီလား.."


သနပ္ခါးေရက်ဲေလးကို ပါးကြက္ကြက္ေနရင္းမွ

ပံုရိပ္လည္း မိစုကိုမွန္ထဲျပန္ၾကၫ့္လိုက္သည္။

ႏႈတ္ခမ္းထက္မွလည္း အႃပံုးမမည္ေသာ

မဲ့ႃပံုးေလးတစ္ခု ေပၚလာခဲ့ေလသည္။


"သူကငါ့ကိုစိတ္ဆိုးေနတာမဟုတ္ဘူးဟ

ငါ့ကိုလွၫ့္စားၿပီး ထားသြားခဲ့ၿပီးမွ..

ငါ့ကို ရင္မဆိုင္ရဲတာ..

တကယ္ေတာ့ ငါကသာသူ႔ကိုစိတ္ဆိုးရမွာဟ

ဘာလို႔ဆရာက..တို႔ကိုစိတ္ဆိုးေနတယ္လို႔

ထင္ရတာလဲ.."


"ဘာလို႔ရယ္မဟုတ္ပါဘူး...ဒီ..ဒီလိုပါပဲ..

သမီးဗိုက္အရမ္းဆာေနလို႔ 

ထမင္းသြားစားႏွင့္ေတာ့မယ္ေနာ္.."


စကားေတြကို အထစ္ထစ္အေငါ့ေငါ့ႏွင့္ ေျပာခဲ့ကာ

အိပ္ခန္းထဲမွ ထြက္သြားေသာမိစုကိုပံုရိပ္အံ့ဩေနမိသည္။မိစုကို ၾကၫ့္ရတာတစ္ခုခုကို မလံုမလဲ

ျဖစ္ေနသလိုပဲ။

ပံုမွန္ဆိုရင္ သြက္လက္ကာေနတတ္သၫ့္

လူျဖစ္သည္။


ပံုရိပ္လည္းပါတိတ္၀မ္းဆက္အေရာင္ႏုေလးကို

ေရြး၍ ၀တ္ဆင္လိုက္ၿပီး တင္ပါးအုပ္ေနေသာ

ဆံပင္ေတြကို ဆံထံုးပံု႔ပံု႔ေလးထံုးထားလိုက္ကာ

စံပယ္ပန္းပံုစံ ေခါင္းစည္းကြင္းေလးႏွင့္ 

ထပ္၍စည္းလိုက္သည္။

အိပ္ခန္းထဲမွ ထြက္လာၿပီးပိစိမႏွင့္အတူ

မီးဖိုထဲတြင္ ထမင္းစားေသာက္ၿပီးေနာက္

ေဒၚေလးတို႔ရိွရာ အိမ္ေရ႔ွသို႔ထြက္လာခဲ့လိုက္သည္။

ခ်က္ျပဳတ္ေၾကာ္ေလွာ္ျခင္းမ်ား လက္စသတ္ေနၾကၿပီျဖစ္၍ အခ်ိဳ႕ေတာ္ေတာ္မ်ားမ်ားကလည္း

အိမ္သို႔ျပန္ကုန္ၾကေလသည္။


"ေဒၚႀကီးတို႔...ဒါဘာလုပ္ေနတာလဲဟင္..."


"ဒါက..ကန္စြန္းဥေရႊက်ီလုပ္မလို႔ေလ...ကေလာမႈန႔္နဲ႔နယ္ေနတာ..."


"သမီးလည္းလုပ္ေပးမယ္ေလ..

ဒီကန္ဇြန္းဥေတြက ေခ်ရမွာမဟုတ္လား.."


"မလုပ္ပါနဲ႔ကြယ္..ဒီမွာလုပ္မဲ့သူေတြအမ်ားႀကီးပါ

ေဒၚႀကီးတို႔က ေပလက္စနဲ႔မို႔မထူးေတာ့ဘူးေလ

..တူမႀကီးကအခုမွေရခ်ိဳးလာတာမဟုတ္လား..."


အန္တီႀကီးေတြက အတင္းဝိုင္းတားၾက၍ပံုရိပ္လည္း မလုပ္ေတာ့ပဲေဘးကေနသာထိုင္ၾကၫ့္ေနလိုက္သည္။အလႉအတြက္ျဖစ္တဲ့အတြက္ 

အမ်ားစာႏွင့္လုပ္ရသည္မွာ လက္လုပ္မုန႔္ေတြဟာ

အေတာ္ လက္၀င္ေလသည္။

အုန္းႏို႔ေတြလည္း ျခစ္ၿပီးအရည္ၫွစ္ရေသးသလို

ကန္ဇြန္းဥေတြကိုလည္း ေခ်ရတဲ့အျပင္

အဖက္မပါေအာင္ ေသခ်ာျပန္စစ္ထုတ္ရေသးသည္။


အိုးထဲသို႔ထၫ့္ၿပီးတန္း၍ ျပဳတ္လို႔ရတာမ်ိဳးမဟုတ္ေတာ့ အုတ္နီခဲႏွင့္ဖိုထားသည့္ မီးဖိုကိုမီးေလ်ာ့လိုက္ၿပီး မုန႔္ဗန္းကိုတင္ကာ အ‌ဖံုးေပၚတြင္လည္း

ထင္းေခ်ာင္းေတြတင္၍ မီးေတာက္ေအာင္လုပ္ရေသးသည္။

ေတာ္ေတာ္စိတ္ရွည္ၾကတာပဲဟု မွတ္ခ်က္ေပးလိုက္မိသည္..


အန္တီႀကီးေတြမုန႔္လုပ္ေနတာကို ေသခ်ာထိုင္ၾကၫ့္ေနရင္းႏွင့္ အျခားသူေတြကိုလိုက္ၾကၫ့္မိစဉ္မွာေတာ့ လူတစ္ေယာက္ႏွင့္အၾကၫ့္ခ်င္းဆံုသြားမိေလသည္။

ထိုလူကေတာ့ ပံုရိပ္ႏွင့္မ်က္၀န္းအၾကည့္ခ်င္း

ဆံုမိသည္ႏွင့္ ခ်က္ခ်င္းအၾကၫ့္လႊဲသြားခဲ့သည္။

ပံုရိပ္လည္း သူ႔ဆီကိုအာရံုမေရာက္လိုေသာေၾကာင့္

ေဒၚေလးတို႔ အေအးတိုက္ေနေသာေနရာသို႔သာ

သြားလိုက္သည္။


"ေဒၚေလး..သမီးကိုေပးေလ..သမီး..

အေအးလိုက္ေဝေပးမယ္..."


"ေအး...ေအး..ေရာ့...ဟိုမွာထင္းတံုးေတြကိုခဲြေပးေနတဲ့ ေနမ်ိဳးတို႔ကိုအေအးသြားတိုက္လိုက္ပါကြယ္

သူတို႔ခမ်ာ..ပင္ပန္းေနမွာပဲ...ပံုရိပ္ေလးရဲ့ဆရာက

အလႉမလုပ္ခင္တည္းက ေဒၚေလးနဲ႔အတူ

ပစၥည္းေတြလွၫ့္၀ယ္ေပးရွာတာသိရဲ့လား...

အိမ္မွာကလည္း အားကိုးစရာေယာက္်ားသား

မရိွေတာ့ တစ္ခုခုလိုအပ္တာနဲ႔ သူ႔ကိုပဲ

အကူအညီေတာင္းေနရတာ..."


"ဒါနဲ႔...ဆရာက..ဘယ္တည္းကရန္ကုန္ကို

ျပန္ေရာက္ေနတာလဲဟင္.."


"ႏွႏွစ္ေက်ာ္...သံုးႏွစ္ေလာက္ရိွေနၿပီေလ...

ဆရာေတာ္ႀကီးမက်န္းမာတည္းက ျပန္ေရာက္ေနတာ...တူမေလးရဲ့ဆရာကိုအားေပးစကားေတြ

ဘာေတြ ေျပာလိုက္ပါအံုးကြယ္...

သူ႔ခမ်ာဆရာေတာ္ႀကီး က်န္းမာေရး

မေကာင္းေတာ့တည္းက စိတ္ေရာ၊လူေရာပင္ပန္းေနရတာ..."


အားေပးစကားေျပာရေအာင္လည္း သူကမွ

ပံုရိပ္ကိုစကားမေျပာတာဟု ျပန္ေျပာလိုက္ခ်င္သည္။ရန္ကုန္ကိုေရာက္ေနတာ သံုးႏွစ္ေလာက္ရိွၿပီဆိုေတာ့ ပံုရိပ္သူ႔ကိုပုဂံမွာေတြ့ခဲ့တဲ့ေန့ဟာ 

သူရန္ကုန္ကိုျပန္ခဲ့တဲ့ေန့ေပါ့။

အဲ့ဒီ့ေန့က ‌ေဒါက္တာခင္ရူပလည္းဆရာ့ေဘးနားမွာ

ရိွေနခဲ့တယ္။သူတို႔ႏွစ္ေယာက္အခုထိ

တဲြၾကတုန္းပဲလားဆိုတာ ပံုရိပ္သိပ္သိခ်င္ေနမိတယ္။


"ဟဲ့...ဘာေတြငူငိုင္ေနတာတုန္း...

အေအးသြားတိုက္ပါဆို..."


"ဟုတ္ကဲ့ပါ...ေဒၚေလးရဲ့..."


ေဒၚေလးေအာ္လိုက္ေတာ့မွပဲ အေတြးစကိုျဖတ္ၿပီး

ဆရာတို႔အဖဲြ႔ရိွရာဆီသို႔ သြားလိုက္ကာအေအးကို

လိုက္ကမ္းေပးရေလသည္။

ဆရာ့ကိုၾကၫ့္ရတာေတာ့ အေတာ္ပင္ပန္းေနပံုပါပဲ

စြတ္က်ယ္ခ်ိဳင္းျပတ္အျဖဴေရာင္ေလးေတာင္

မဲညစ္ေနၿပီး ရင္ဘတ္ႏွင့္ေက်ာ္ျပင္ေတြတင္မကပဲ

မ်က္ႏွာတစ္ခုလံုးပါ ခၽြေးေတြရႊဲေနေလသည္။

ပံုရိပ္၏ခါးၾကားမွာ လက္ကိုင္ပုဝါေလးတစ္ခုကို

အၿမဲထိုးထားတတ္ေသာေၾကာင့္ သူ႔မ်က္ႏွာကို

ခၽြေးသုတ္ေပးခ်င္ေပမဲ့ သူ႔အသားကိုေတာင္

မထိရဲေပ။


"ဆရာ...အေအးေလးေသာက္ပါအံုး...."


"ကိုယ့္ကိုဆရာလို႔မေခၚနဲ႔ေတာ့...ကိုယ္မင္းကို

စာသင္ေပးေနတာမဟုတ္ဘူး..."


"အင္းပါ..."


ပံုရိပ္က ခ်က္ခ်င္းသေဘာတူလိုက္ေတာ့

ၫွို႔အားျပင္းေသာ သူ႔မ်က္၀န္းတို႔သည္

ေမွးက်ဉ္းသြားလ်ွက္ ပံုရိပ္ကိုေသခ်ာစူးစိုက္၍

ၾကၫ့္လာေလသည္။

ပံုရိပ္၏ ေခါင္းတြင္စည္းထားေသာ စံပယ္ပန္း

ေခါင္းစည္းကြင္းေလးကို ေသခ်ာၾကၫ့္လိုက္ၿပီး

သူ႔ႏႈတ္ခမ္းေတြ ႃပံုးေယာင္သန္းသြားေလသည္။


ပံုရိပ္ကို ဥကၡာျပဳထားေပမဲ့လူမႈေရးသိတတ္စြာ

ေဒၚေလးကို တူ၊သားတစ္ေယာက္လိုကူညီေနတာကေတာ့ ေက်းဇူးတင္စရာပါပဲ။


ပံုရိပ္ကေတာ့ အမွတ္မရိွတဲ့ ငဒူ၊ငအတစ္ေယာက္လိုပါပဲ။တင္းခံထားသမ်ွ မာနေတြဟာဆရာ့ေဘးနားကို ေရာက္လာရံုေလးနဲ႔တင္ အရည္ေပ်ာ္က်သြားခဲ့ေလသည္။ေက်ာခိုင္းၿပီးရင္ လွၫ့္မၾကၫ့္ေစခ်င္တဲ့ ဆရာက လံုး၀လွၫ့္မၾကၫ့္ပဲေနခဲ့ေပမဲ့

ပံုရိပ္က အမွတ္မရိွစြာတြယ္ကပ္ခ်င္လာမိသည္။

ကၽြန္မ...ရွင့္ကိုမမုန္းရက္ဘူးဆရာရယ္...


"အေအးေသာက္လိုက္အံုးေလ..."


"လက္မွာအမဲေတြေပေနလို႔....အဲ့ဒါ..."


သူ႔စကားမဆံုးေသးခင္မွာပဲ သူ႔ပါးစပ္အနားသို႔

ခြက္ကို ကိုင္ၿပီးေတ့လာေပးေသာ ေကာင္မေလးေၾကာင့္ ေနမ်ိဳးေတာင္ေၾကာင္သြားမိေလသည္။

လက္ေတြေပေန၍ အေအးကိုကိုယ္တိုင္ခြန႔္တိုက္ေပးဖို႔ ႀကိဳးစားေနသူေလးကို ေက်းဇူးတင္မိသလို

အသနားပိုေနမိေပမဲ့ ဥပကၡာျပဳလက္စနဲ႔

ေရ႔ွဆက္တိုးဖို႔ကိုသာ ေရြးခ်ယ္လိုက္မိသည္။


"မေသာက္ေတာ့ဘူး...ကိုယ္ေနမေကာင္းလို႔...

ျပန္လိုက္အံုးမယ္...."


ပံုရိပ္၏ပခံုးကို တိုက္ခဲ့‌ကာထြက္သြားေသာ

ဆရာ့ေက်ာျပင္ကို ၾကၫ့္ေနမိရင္းႏွင့္ပံုရိပ္

မ်က္ရည္ဝဲမိေလသည္။

ပံုရိပ္ကို ဒီေလာက္အထိလ်စ္လ်ူရႈဖို႔

လိုအပ္လို႔လားဆရာရယ္။

အနားကို ဘယ္ေတာ့မွမလာခဲ့နဲ႔လို႔ တစ္ခြန္းထဲပဲ

ေျပာလိုက္ပါ...တစ္သတ္လံုးဆရာနဲ႔ေဝးေဝးမွာပဲ

ေနေပးပါ့မယ္။

အခုေတာ့ ဆရာကပံုရိပ္ကို

စကားေလးတစ္ခြန္းနဲ႔ေတာင္ ႏွစ္သိမ့္မႈမေပးပဲ

သံေယာဇဉ္ေတြအားလံုးကို ျဖတ္ေတာက္ဖို႔ႀကိဳးစားေနခဲ့တာပဲ။


**"*ဆရာသည္ ထိုေန့မွစ၍ 

အလႉၿပီးဆံုးသြားသၫ့္တိုင္ေအာင္ ပံုရိပ္၏ေရ႔ွတြင္ေပၚမလာခဲ့ေတာ့ေပ။ဆရာဒီေလာက္အထိ ပံုရိပ္ကိုမေတြ့ခ်င္မျမင္ခ်င္ေလာက္ေအာင္ ပံုရိပ္

ဘာအျပစ္ေတြမ်ားက်ူးလြန္ခဲ့သလဲဟု ျပန္၍

စမ္းစစ္ေနမိသည္။

ေယာက္်ားေတြရဲ့စိတ္ဟာနားလည္ရသိပ္ခက္ခဲတာပဲ။


ဆရာ့ကိုေတြ့ခြင့္ရေသာ အခ်ိန္ဟာသႀကၤန္အတက္ေန့၌ ဓမၼာရံုမွာဥပုဒ္သြားေစာင့္ျဖစ္ၾကရာကေန ဘုန္းႀကီးေက်ာင္းသို႔ေျပာင္း၍ ဥပုဒ္ေစာင့္

ေသာေန့တြင္ ျဖစ္ေလသည္။တစ္မိသားစုလံုး

ဘုန္းႀကီးေက်ာင္းတြင္ ဥပုဒ္ေစာင့္ဖို႔ သြားၾကၿပီးေနာက္ ေက်ာင္းေပၚသို႔ေရာက္ေသာအခါမွာ

အခ်ိဳရည္ဗူးေဝေနေသာ ဆရာ့ကိုျမင္ေတြ့ခြင့္ရခဲ့ေလသည္။


ဆရာ့ကိုျမင္ခြင့္ရ၍ ၀မ္းသာခ်ိန္ေတာင္မရလိုက္ေပ။ဆရာ့ေဘးနားတြင္ ရပ္၍ႃပံုးကာစကားေျပာေနေသာ ေဒါက္တာခင္ရူပေၾကာင့္ ပံုရိပ္၏

အသဲေတြ ထပ္မံေၾကကဲြရျပန္သည္။

ေဒါက္တာခင္ရူပကို ဆရာႃပံုးျပရင္းစကားျပန္ေျပာ

ေနတာကို ေတြ့ရေတာ့ပံုရိပ္မ်က္ရည္ဝဲမိတယ္။

ရင္ထဲမွာလည္း ဒီျမင္ကြင္းကိုၾကၫ့္ဖို႔

အင္အားမရိွေတာ့ေလာက္ေအာင္ပါပဲ။


ပခံုးအေပၚတြင္ ႃခံုထားေသာပုဝါေလးကို

ဆုပ္ကိုင္ထားမိလ်ွက္ ဆရာ့၏အႃပံုးေလးကို

ေငးၾကၫ့္ေနမိသည္။သူမ်ားေၾကာင့္ႃပံုးေနတာကို

သိေနေပမဲ့လည္း ပံုရိပ္နဲ႔အတူရိွေနရင္

မျမင္ႏိုင္ေတာ့တဲ့ အႃပံုးေလးမို႔ ေနာက္ဆံုးအေနနဲ႔

အမွတ္တရအျဖစ္ ရင္ထဲမွာမွတ္ထားခ်င္လို႔ပါ။


"ပံုရိပ္...အေအးေသာက္အံုးမလား.."


အေနာက္ဘက္မွ ေခၚသံေၾကာင့္

လွၫ့္ၾကၫ့္လိုက္မိေတာ့ ဟိန္းကိုျဖစ္ေနေလသည္။

လည္ကတံုးလက္ရွည္အျဖဴေရာင္ကို ၀တ္ထားတဲ့အျပင္ အရင္လိုမဟုတ္ေတာ့ပဲ

အသားအရည္ကအစ ၀င္းလာေလသည္။

သပ္ရက္သန႔္ျပန႔္လြန္းေန၍ ပံုရိပ္ေတာင္အံ့ဩ

သြားမိသည္။


"ဟိန္းကို...နင္အရမ္းေျပာင္းလဲသြားတယ္ေနာ္...

အသားလည္းပိုျဖဴလာတယ္.."


"နင္လည္းအရမ္းလွလာပါတယ္..."


"အခ်င္းခ်င္းကို ၿမွောက္ေနျပန္ပါၿပီ..."


"တကယ္ေျပာတာဟ...နင့္အေၾကာင္းေတြကို

နင့္အေဒၚေျပာျပတယ္...ကုမၸဏီမွာသူေဌးရာထူးကို

ယူထားရတယ္ဆို..."


"အဲ့ေလာက္လည္းမဟုတ္ပါဘူးဟာ...ဒါနဲ႔နင္ေရာ

အခုဘာေတြလုပ္ေနလဲ..."


"ငါကစကၤာပူကို သြားမလို႔ဟ..အခုေလာေလာဆယ္လိုအပ္တဲ့ သင္တန္းေလးေတြတက္ေနတယ္..."


"ဟုတ္လား...မဆိုးပါဘူး..

ႀကိဳးစားထားသူငယ္ခ်င္းေရ..ဒါမ်ိဳးဆို

ငါကအားေပးတယ္..

တကယ္လို႔အကူအညီလိုအပ္ရင္လည္း

ငါ့ကိုေျပာေပါ့...ငါ့မွာအဆက္အသြယ္ေတြရိွတယ္..

နင္ကဘာအလုပ္နဲ႔သြားမွာလဲ..."


"စာရင္းကိုင္နဲ႔ဟ..."


"အခုအလုပ္ရသြားၿပီလား..."


"‌ေအးဂ်င့္နဲ႔ခ်ိတ္ထားတုန္းပါပဲ...အင္တာဗ်ူးေတြေတာ့ တစ္ခု၊ႏွစ္ခုေလာက္၀င္ၾကၫ့္ေသးတယ္

ငါနဲ႔သိပ္အဆင္မေျပေသးလို႔ မလုပ္ေသးတာ.."


"အင္း...ဒါဆိုရင္..ဒီလိုလုပ္ပါလား...စကၤာပူမွာ

ငါတို႔ကုမၸဏီရံုးခဲြေတြရိွတယ္..နင္ငါ့ကို

အီးေမးလ္ကေနကိုေရးအခ်က္အလက္ေတြပို႔လိုက္...

ငါစကၤာပူရံုးကို နင္နဲ႔ကိုက္ညီတဲ့အလုပ္ကိုေမးၿပီး

အင္တာဗ်ူးစီစဉ္ေပးမယ္..."


"‌ဟာ...ေက်းဇူးတင္လိုက္တာပံုရိပ္ရာ...

နင္ကတကယ္ကိုဆရာမႀကီးျဖစ္ေနၿပီပဲ...

ငါနင့္ကို အလုပ္ရရင္ဘုရားရိွခိုးတိုင္း

ေမတၲာပို႔ပါ့မယ္..."


"ဟား..ဟား...အဲ့ေလာက္လည္းမဟုတ္ပါဘူးဟာ

နင္ေျပာမွပဲ ငါလည္းေျမာက္တက္ခ်င္သြားၿပီ.."


"ေအး...ေနာက္မွနင့္ဆီကိုလာလည္မယ္ဟာ...

အခုေတာ့ အေအးလိုက္ကမ္းလိုက္အံုးမယ္..."


"ေအး...ေအး..သြားေလ..."


ဟိန္းကိုႏွင့္စကားေျပာၿပီးေနာက္ ဆရာတို႔ဘက္သို႔

လွၫ့္ၾကၫ့္လိုက္မိေတာ့ ဆရာကပံုရိပ္ကို

မ်က္ေမွာင္ႄကံု႔၍ လွမ္းၾကၫ့္ေနသလိုခံစားလိုက္ရသည္။ဆရာဘာကိုမေက်မနပ္ျဖစ္‌ေနသလဲဆိုတာ

ကို အေျဖရွာေနမိတုန္းမွာပဲ ဆရာ့ပခံုးကို

ေဒါက္တာခင္ရူပက လွမ္း၍ပုတ္လိုက္ေသာေၾကာင့္

ပံုရိပ္ထံမွ ဆရာအၾကၫ့္လႊဲသြားသလို..

ပံုရိပ္ကလည္း ေခါင္းကိုသာငံု႔ထားလိုက္မိေလသည္။


*ကၽြန္မတို႔ႏွစ္ေယာက္ဟာ တစ္မိုးေအာက္မွာ

အတူရိွေနၾကေပမဲ့ ႏွလံုးသားခ်င္းမိုင္ေပါင္းမ်ားစြာ 

ေဝးကြာေနေလၿပီ..."


🌹🌹🌹🌹🌹🌹🌹


အမွန္ေတာ့ ဒီေန့ဇာတ္သိမ္းမလို႔ပါပဲ...

ေနာက္တစ္ခန္းေလာက္ထပ္ေရးခ်င္တာေၾကာင့္

မနက္ျဖန္မွပဲ ဇာတ္သိမ္းခန္းတင္ေတာ့မယ္ေနာ္...


ဒါေၾကာင့္ ဘယ္လိုဇာတ္သိမ္းေပးမလဲဆိုေတာ့

မနက္ျဖန္အတြက္ေမ်ွာ္ေပါ့ေနာ္...


(ဖတ္ရႈေပးသူ တစ္‌ဦးတစ္ေယာက္ခ်င္းစီတိုင္းကို

ေက်းဇူးအထူးတင္ရိွပါတယ္ရွင္)

No comments:

Post a Comment