(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌹ဆူးကြိုး🌹(အခန်း၆၈)
(၂)နှစ်ခန့်ကြာပြီးနောက်
"အားလုံးပဲ...ဒီနေ့ကစပြီးအတန်းတွေကို မပျက်ကြတော့ဖို့ ပြောချင်တယ်...ဌာနမှူးကလည်းသတ်မှတ်ထားတဲ့ အတန်းချိန်ရာခိုင်နှုန်းမပြည့်ရင်
စာမေးပွဲဖြေခွင့်မရဘူးလို့ လာပြောထားတယ်....
အခုက ဘယ်လောက်မှမလိုတော့လို့...
အတန်းချိန်တွေကို မှန်အောင်တက်ပေးကြပါ...."
လက်ထောက်ပါမောက္ခ၏အတန်းချိန်ဖြစ်သောကြောင့် ပုံရိပ်တို့မှာမလှုပ်ရဲပေ။
နောက်ဆုံးနှစ်ကျောင်းသားတွေဖြစ်သောကြောင့်
တစ်ခုခုဆူဆူညံညံဖြစ်လျှင် နေက်ဆုံးနှစ်ကျောင်းသားတွေ ဖြစ်ပြီး"ကြီးမိုက်.."တွေဟု
အဆူခံရလေ့ရှိသည်။
ပုံမှန်ဆိုရင် မေဂျာအချိန်တွေမှာတစ်ယောက်ပြီး
တစ်ယောက်ထွက်သွားသူတွေ ရှိတတ်ပေမဲ့
ဒီနေ့တော့လူတွေ ပြည့်နေတော့သည်။
"ပုံရိပ်...ဟိုမှာကြည့်စမ်း....ငုဝါပင်ကြီးတောင်
အဖူးတွေနည်းနည်းထွက်နေပြီ...."
ငုဝါပန်းကို အင်မတန်ချစ်သော သူငယ်ချင်းက
ပြတင်းအပြင်ဘက်ခပ်လှမ်းလှမ်းတွင်ရှိသော
ငုဝါပင်ကြီးကို လက်ညှိုးထိုးပြ၍ ပုံရိပ်လည်း
ကြည့်လိုက်မိသည်။
ပုံရိပ်သည် လမ်းဘက်အခြမ်းရှိပြူတင်းပေါက်နားမှာထိုင်နေသူဖြစ်၍ အပြင်ပတ်၀န်းကျင်ကို ရှင်းရှင်း
လင်းလင်းမြင်နေရသည်။
ဒီနှနှစ်တာ ကာလအတွင်းမှာ စိတ်ဆင်းရဲစရာတွေ၊
ငိုရတဲ့အခန်းကဏ္ဍတွေ ၊ပျော်ရွှင်စရာလေးတွေ
စသဖြင့် များစွာကြုံခဲ့ရတယ်။
ဒီငုဝါပင်ကြီးလိုပေါ့ နွေကြောင့်ပူပြင်းရပြီး ငုဝါပန်းလေးတွေ ရင့်ရော်ကာ ကြွေကျလွှင့်မျောသွားရရှာတယ်။တဖန်မိုးနဲ့အတူ ငိုကြရသလို ဆောင်းနဲ့အတူ ချမ်းအေးရပြန်တယ်။
ကျောင်းပြူတင်းပေါက်ကနေ နေ့တိုင်းမြင်တွေ့နေရတဲ့ ငုဝါပင်လေးက ရာသီဥတုရဲ့အမျိုးမျိုးသော
ဒဏ်ခတ်မှုကို ခံစားခဲ့ရတာဖြစ်ပြီး ပုံရိပ်တို့လူသားတွေကတော့ ကိုယ့်ဘာသာ
ပြန်ပြီးဒဏ်ခတ်မိနေကြတယ်လို့ပဲ
မြင်တယ်။
တစ်နေ့တစ်နေ့ ကိုယ့်ရဲ့ကိုယ်ပိုင် လောဘ၊ဒေါသ၊
မောဟတွေထဲမှာ လောင်မြိုက်နစ်၀င်နေမိကြတယ်။
ချစ်ခြင်းမေတ္တာဆိုတာဟာ ချိုမြိန်တာတစ်ခုတည်းမဟုတ်ပဲ အရသာမျိုးစုံရှိသလို၊ဒဏ်ရာတွေလည်း ပေးတတ်ကြောင်းကို ပုံရိပ်ကိုယ်တိုင် ခံစားခဲ့ရပြီးပါပြီ။
အခုဆိုရင် ပုံရိပ်ရဲ့အသက်က ဆယ့်ကိုးနှစ်ကျော်ပြီး
နှစ်ဆယ်ထဲကို ရောက်နေလေပြီ။
"တူ....တူ....တူ....."
"ဟင်...ဘယ်ကဖုန်းမြည်နေတာလဲ...ဟဲ့ပုံရိပ်...
နင့်ဖုန်းမြည်နေတာ..."
ပြူတင်းတံခါးအပြင်ဘက်သို့ကြည့်ပြီး အတွေးများနေစဉ်မှာပဲ ဖုန်းကထမြည်လာတာကြောင့်
ဖုန်းကို ဆရာမသိအောင် ခိုးပြီးထုတ်ကြည့်လိုက်တော့ ကိုထက်၏ဖုန်းဖြစ်နေလေသည်။
စေ့စပ်ထားသည့် အမည်ခံကိုယူပြီး ဒီကာလအတွင်းမှာ ကိုထက်ဟာပုံရိပ်တို့ ကျောင်းဘက်သို့
ခဏခဏလာလည်လွန်း၍ မျက်စိအတော်နောက်နေလေပြီ။အချို့တွေက ပုံရိပ်တို့နှစ်ယောက်ကို
ချစ်သူတွေလို့တောင် ထင်နေကြလေရဲ့။
"ဟဲ့...ဖုန်းမကိုင်ဘူးလား..."
"ဟင့်အင်း...ဆရာရှိတယ်လေ..."
သူငယ်ချင်းက အသံတိုးတိုးလေးနှင့်အနားကပ်ပြီး လာမေးနေ၍ ပုံရိပ်လည်းတမင်ဆင်ခြေပေးပြီး
ဖုန်းကို ပိတ်ထားလိုက်သည်။
"ဟဲ့...နင့်ဖုန်းကမြည်လာပြန်ပြီ...."
"အဲ့ဒီ့ကိုထက်ဆိုတဲ့ကောင်ကို ငါအမှုန့်ကြိတ်ပစ်ချင်လာပြီ...သူတို့ဘက်မှာတော်တော်အားယားနေသလားမသိဘူး...သူများတွေအတန်းတတ်နေမှန်းလည်း နားမလည်ဘူး...."
ဖုန်းကထပ်မြည်လာတာကြောင့် ပုံရိပ်လည်း
မကျေမနပ်နဲ့ပဲ ဖုန်းကိုထပ်ပြီးချပစ်လိုက်သည်။
သုံး၊လေးကြိမ်လောက် ဆက်တိုက်လာခေါ်နေသောကြောင့် စိတ်မရှည်ဖြစ်လာပြီးဖုန်းကို
စက်ပိတ်ပစ်ဖို့ လုပ်လိုက်သည်။
"ဟဲ့...ကိုင်လိုက်စမ်းပါဟယ်...နင်ကလည်း...
ဘာအရေးကြီးကိစ္စရှိလို့လဲမှမသိတာ..."
"အေးလေဟယ်...သူ့ခမျာဆက်တိုက်ခေါ်နေတာ
အရေးကြီးတာတစ်ခုခု ပြောစရာရှိလို့နေမှာပေါ့..."
ဘေးချင်းကပ်လျှက်သူငယ်ချင်းတွေကပါ
အတင်းတိုက်တွန်းနေသောကြောင့် ပုံရိပ်လည်း
စာအုပ်နဲ့ကွယ်ပြီး ခေါင်းကိုငုံ့ကာအသံတိုးတိုးလေးနှင့် ဖုန်းပြောရလေသည်။
တော်တော် စိတ်ဒုက္ခပေးတဲ့ကောင်..
"ဟယ်လို...ကိုထက်..နင်ဘာကိစ္စနဲ့ဖုန်းတွေတဂွမ်ဂွမ်
လာဆက်နေရတာလဲ...အခုကငါတို့စာသင်ချိန်ဟဲ့
နင်တော်တော်စိတ်ဒုက္ခပေးတာပဲ...."
"ပုံရိပ်ရယ်...ဒေါသလေးနည်းနည်းလောက်လျှော့စမ်းပါ...ငါနင့်ကိုအရေးကြီးကိစ္စပြောစရာရှိလို့
နင်တို့ အတန်းအနီးကစိန်ပန်းပင်အောက်ကိုလာခဲ့...
ငါဆိုင်ကယ်နဲ့စောင့်နေမယ်...."
"အောင်မာ..ငါကဘာကိစ္စနင်ခေါ်တိုင်းလာရမှာလဲ..
အခုဖုန်းကိုင်ပေးတာတောင်လွန်လှပြီ...ဒါပဲ..
နင်နဲ့ဘာစကားမှဆက်မပြောချင်တော့ဘူး...."
"ဖုန်းမချလိုက်နဲ့နော်...နင်ဖုန်းချလိုက်တာနဲ့...
နင်တို့အခန်းထဲကို ငါအခု၀င်လာမှာ...
နင်မထွက်လာဘူးဆိုရင်...နင်တို့အခန်းထဲကို
အခုချက်ချင်း၀င်လာပြီး နင်ကငါ့ချစ်သူပါလို့
တစ်တန်းလုံးကြားအောင် အော်ပြောပြစ်မှာ..."
"ဟိန်းဇေယျာထက်...နင်တော်တော်အကျင့်ယုတ်တာပဲ...ထွက်မလာဘူးဟာ.."
"အိုကေလေ...ဒါဆိုငါအခုပဲနင်တို့အခန်းထဲကို
၀င်လာခဲ့မယ်...နင်ငါ့ကိုတွေ့ရလား...
ငါလာနေပြီနော်..."
အခန်းအပြင်ဘက်သို့ကြည့်လိုက်မိတော့ ပုံရိပ်တို့
အခန်းဆီသို့ လာနေသောသူ့ကိုလှမ်းတွေ့လိုက်ရလေသည်။ကိုထက်ဟာ တဇွတ်ထိုး၊တယူသန်သမားမို့
သူတကယ်လုပ်မှာကို ပုံရိပ်သိတယ်။
ပုံရိပ်စိတ်ပျက်တာကလည်း အဲ့လိုအတ္တကြီးပြီး
စဉ်းစားချင့်ချိန်မှုမရှိတာကိုပဲ။
ဒီလိုကောင်နဲ့တော့ နာမည်အထွက်မခံနိုင်ဘူး။
အဲ့တော့ တစ်နည်းပဲရှိတော့တယ်။
သူ့ဘက်က ဖုန်းမချသေး၍ ဖုန်းကိုပြန်ကိုင်လိုက်ပြီး...
"နင်ရောက်တဲ့နေရာမှာပဲရပ်လိုက်...
ငါအခုချက်ချင်းထွက်လာခဲ့မယ်...."
ပုံရိပ်၏အသံကိုကြားတာနဲ့ သူ့ဆိုင်ကယ်ရပ်ထားသော စိန်ပန်းပင်အနီးသို့ သူပြန်လှည့်သွားမှသာ
စိတ်အေးရတော့သည်။
ဆရာ့ကိုတော့ သန့်စင်ခန်းသို့သွားလိုသည်ဟု
အကြောင်းပြချက်ပေးခဲ့ပြီး အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည်။
🌹
🌹
🌹
တက္ကသိုလ်မြေနှင့်စိန်ပန်းပင်ဆိုတာ လမင်းနှင့်ကြယ်လေးတွေရဲ့ တည်ရှိမှုလိုပါပဲ။
ကြယ်ရောင်ပျောက်သော ကောင်းကင်မှာ
လမင်းသာနေလျှင် ထိန်လင်းနေပါက ပြည့်စုံမှုမရှိသလိုပေါ့။
နေရာတိုင်းမှာ မြေသားတွေပူခြစ်လောက်အောင်
ပူလောင်နေပေမဲ့ စိန်ပန်းပင်၏အရိပ်လေးကြောင့်
ကိုထက်ရှိနေသော နေရာလေးသို့ရောက်လာသည့်အခါ အေးချမ်းမှုကိုခံစားလိုက်ရသည်။
လေဝေ့လိုက်တိုင်း အနီရောင်ပန်းပွင့်လွှာလေးတွေ
ကြွေကျနေသောကြောင့် မြေပေါ်တွင်တမင်ပန်းများ
ကျဲခင်းထားသလို ဖြစ်နေလေသည်။
ပုံရိပ်အတွက်တော့ အရာအားလုံးဟာ လှလှလေး
ကဗျာဆန်စွာတည်ရှိနေပေမဲ့
ရွှန်းစိုနေသည့် လည်သာအနက်ရောင်ကို
ဂျင်းအကြပ်အား ၀တ်ဆင်ထားကာဆိုင်ကယ်နား၌လက်ပိုက်၍ မှီရပ်နေသော ဂျိုကောင်ကိုတော့
လုံး၀ မျက်စိပဒါသဖြစ်မနေပေ။
ပုံရိပ်ဆီကိုအကြောင်းအမျိုးမျိုးနဲ့ ရောက်လာပြီး
ချဉ်းကပ်မှုအမျိုးမျိုး လုပ်ခဲ့ပေမဲ့သူ့လုပ်ရပ်တိုင်းဟာပုံရိပ်၏ မျက်လုံးထဲမှာတော့ ကန့်လန့်တွေပဲဖြစ်နေသည်။
"ဘာပြောမလို့လဲပြော..ပြောပြီးရင်ပြန်တော့.."
"နင်ကလည်းဟာ...ဘာလို့အဲ့လောက်တောင်
စိတ်တိုနေရတာလဲ...လာ..ငါတို့တစ်နေရာကို
သွားရအောင်..."
"နင်ဘာလုပ်တာလည်း..ငါမလိုက်ဘူးနော်..."
ပုံရိပ်ဘယ်လိုပဲငြင်းနေပါစေ ရည်ရွယ်ချက်ရှိရှိနှင့်
ဆိုင်ကယ်ကိုစက်နှိုးထားပြီးသားဖြစ်၍ ပုံရိပ်ကိုဆိုင်ကယ်ပေါ်သို့ တွန်းတင်ပြီးတာနှင့်ဆိုင်ကယ်ကို
အကြမ်းပတမ်းမောင်းထွက်လေတော့သည်။
"နင်ဘယ်ကိုသွားနေတာလဲ...အခုချက်ချင်း
ဆိုင်ကယ်ကိုရပ်နော်..မဟုတ်ရင်..ငါခုန်ချလိုက်မှာ.."
"ဟား...ဟား..သတ္တိရှိရင်ခုန်ချလိုက်လေ...
သတ္တိမရှိရင်တော့ ငါ့ခါးကိုဖက်ထားလို့ရတယ်...
ငါဒီလိုမှမခေါ်ရင် နင်ကငါ့နောက်ကိုလိုက်မှာမှမဟုတ်တာ...စိတ်ချပါ..
ငါနင့်ကိုခိုးပြေးနေတာမဟုတ်ပါဘူး...
ငါအဲ့လောက်လည်းအောက်တန်းမကျဘူး...
ငါနဲ့အတူကုသိုလ်တော်ဘုရားကို ခဏလေးပဲ
လိုက်ခဲ့စမ်းပါ..."
ကျောင်းခန်းထဲကနေတောင် ထွက်လာခဲ့ပြီးပြီမို့
အတန်းပြတ်လက်စနဲ့ ပုံရိပ်လည်းငြိမ်၍သာနေလိုက်သည်။
တစ်ခုသေချာသွားတာကတော့ အရင်လို
"စေ့စပ်ထားလည်း...ဘာအရေးလဲ...
သူနဲ့မပတ်သတ်ပဲကင်းကင်းနေလိုက်ရင်
ပြီးရောဟု..တွေးလို့မရတော့ပေ...
ဒီပုံစံအတိုင်းဆိုရင်...ပုံရိပ်အပေါ်မှာဒီလိုအလိုမတူပဲအနိုင်ယူမှုမျိုးတွေဟာ နောက်ထပ်အကြိမ်ပေါင်းများစွာ ရှိလာနိုင်တယ်.."
သူ့အပေါ်ရက်စက်ရာ ရောက်ပေမဲ့ ပုံရိပ်ကိုယ်တိုင်ရဲ့ ခံစားချက်ကိုပဲ ရှေ့တန်းတင်ရတော့မည်။
ဖွားညိုဘက်က စကားတွေကျွံထား၍
အားနာနေလို့လည်းမဖြစ်တော့ဘူး။
"ငါတို့ဘုရာ၀န်းထဲကို ၀င်ရအောင်..."
မဟာလောကမာရဇိန်ဘုရားသို့ ရောက်တာနှင့်
သူ့ဆိုင်ကယ်ဘောက်စ်ထဲကနေ ပါကင်ဗူးတစ်ဗူးကို
ဆွဲထုတ်ယူလိုက်ပြီး သူကပဲဦးဆောင်ကာ
ကုသိုလ်တော်ဘုရား၀န်းထဲသို့ ၀င်သွားလေသည်။
ပုံရိပ်မှာတော့ လွယ်အိတ်တွေပါ အခန်းထဲမှာထားခဲ့ရ၍ အိုးဝေငှားဖို့တောင် ပိုက်ဆံမရှိပေ။
ခရေပင်တန်းတွေဘက်ရောက်တော့မှ
အရိပ်ရသော ခရေပင်တစ်ခု၏အောက်တွင်ရှိသော
သူ့လက်ထဲမှ ပစ္စည်းကို ချပြီး
တဖြည်းဖြည်းချင်း ဖွင့်လိုက်တော့
မွေးနေ့ကိတ်လေးတစ်လုံးဖြစ်နေသည်။
"ဒီနေ့က နင့်ရဲ့မွေးနေ့လား.."
"ဟုတ်တယ်..ငါ့ရဲ့အသက်၂၀ပြည့်မွေးနေ့လေ..."
"နင့်မွေးနေ့အတွက်မွေးနေ့ပါတီမလုပ်ဘူးလား..
အရင်ကအမြဲလုပ်နေကြမဟုတ်လား...
ဒီနှစ်ကမလုပ်တော့ဘူးလား..."
"ငါ့ရဲ့မွေးနေ့ပါတီတိုင်းကို...
နင်ကဖိတ်လည်းလာမှမလာတာ...ငါနဲ့စေ့စပ်ထားတဲ့
သတို့သမီးလောင်းလို့ ပြောရင်ယုံကြမှာတာင်
မဟုတ်ဘူး....ဒီနှစ်မွေးနေ့ကို နင်နဲ့ပထမဆုံး
အတူတူဆုံးဖြတ်သန်းချင်တယ်...ငါ့ကိုမွေးနေ့ပွဲ
အတူကျင်းပပေးနိုင်မလား.."
ကိတ်မုန့်ကလေး၏ အလည်တွင်ဖယောင်းတိုင်အသေးလေး တစ်ခုကိုဆိုက်လိုက်သောအခါမှာတော့ပုံရိပ်လည်း သူများမွေးနေ့မှာ
ပြဿနာမရှာချင်၍ တိတ်တိတ်လေးပဲ
နေလိုက်သည်။
ယမင်းနဲ့ကိုထက်ဟာပုံရိပ်ထက်ငယ်မည်ဟု
ထင်ခဲ့ပေမဲ့ ကိုထက်ကအသက်၂၀အရင်ပြည့်သွားလေပြီ။
ဒါပေမဲ့ အခုချိန်အထိကလေးဆန်တဲ့ လုပ်ရပ်တွေကို လုပ်နေတုန်းပါပဲ။
အခုပဲကြည့်...ဖယောင်းတိုင်လေးကို ကိုယ့်ဘာသာမီးညှိပြီး လက်အုပ်ချီကာဆုတောင်းနေလေသည်။
ပြီးနောက်ဖယောင်းတိုင်မီးလေးကို မှုတ်လိုက်ပြီး
ပုံရိပ်ကို ကြည့်လာသည်။
သူ့အကြည့်တွေဟာ ရွှန်းလဲ့မှုအပြည့်ဖြစ်နေပြီး
အဓိပ္ပာယ်များစွာရှိနေလေသည်။
"ငါဘာကိုဆုတောင်းလိုက်လည်းသိလား..."
"ငါကဘယ်လိုလုပ်သိမှာလဲ..."
"နင်ကလည်းဟာ...ဟန်ဆောင်ပန်ဆောင်လေးတောင် ဘာလို့မမေးရတာလဲ.."
"သိမှမသိချင်တာ..."
ကလေးဆန်ပြီးနူးညံ့လွန်းသော ပုံစံလေးရှိပေမဲ့
ပါးစပ်ကထွက်လာသမျှ စကားလုံးတိုင်းက
ပြတ်သားလွန်းသောကြောင့် ဟိန်းဇေယာထက်တောင် မျက်မှောင်ကြုံ့သွားမိလေသည်။
ကိုးတန်းနှစ်မှာ ခင်မင်ခွင့်ရခဲ့တဲ့ကောင်မလေးနဲ့
အခုသူမြင်နေရတဲ့ ပုံရိပ်ဟာတစ်ထပ်တည်းပါပဲ။
သူ့အပေါ်ကိုမြင်တဲ့အမြင်တွေသာ ကွဲပြားသွားခဲ့တာပါ။အရင်လို ချောကလက်သကြားလုံးလေးတောင် သူပေးရင်လုံး၀မယူတော့တဲ့
ကောင်မလေးက သူနဲ့စေ့စပ်ထားတဲ့မိန်းကလေးပါတဲ့။
"ငါ့ရဲ့မွေးနေ့ဆုတောင်းကတော့ နင်နဲ့အမြန်ဆုံး
နီးစပ်ချင်ပြီး နင်ငါ့ကိုပြန်ချစ်လာစေဖို့ပဲ..."
သူ့ရဲ့စကားဆုံးသည်နှင့် ပုံရိပ်သူ့ကိုခပ်စူးစူးသာ
တန်ပြန်ပြီး စိုက်ကြည့်လိုက်သည်။
ကုသိုလ်တော်ဘုရားကြီးနှင့် နှစ်ချို့ခရေပင်တန်းကြီးကို သက်သေတည်ပြီးသူ့ကိုရက်စက်သော
စကားတွေ မပြောချင်ပေမဲ့ ပုံရိပ်၏အသိအာရုံ
ကတော့ ထပ်မံ၍တွန့်ဆုတ်မနေချင်တော့ပေ။
"ဒါဆိုရင်...နင့်ဆုတောင်းတွေဘယ်တော့မှ
ပြည့်မှာမဟုတ်တော့ဘူး...ငါဒီနေ့ပဲ
နင်နဲ့စေ့စပ်ပွဲကို ဖွားညိုနဲ့ပြောပြီး ဖြတ်ဖို့စဉ်းစား
ထားတယ်...ငါနင့်ကိုဘယ်လိုမှ
ချစ်နိုင်မှာမဟုတ်တဲ့အတွက် အခုပဲထပ်ငြင်းလိုက်ပါရစေ...."
"ငါ့မွေးနေ့မှာတောင် နင်ကဟန်ဆောင်မပေးနိုင်ပါလားပုံရိပ်ရယ်..."
"ဟုတ်တယ်ကိုထက်...ငါဟန်ဆောင်ရတာကိုမုန်းတယ်...နောက်ပြီးနင့်ရဲ့အချိန်တွေကို ငါ့အတွက်နဲ့
မကုန်ဆုံးစေချင်သလို...နင့်ကိုတကယ်ချစ်တဲ့သူနဲ့လည်း အမြန်စုံစည်းစေချင်တယ်...
ဒါဟာငါ့ရဲ့တစ်ခုတည်းသော နင့်အတွက်
ဖြည့်ဆည်းပေးချင်တဲ့ဆန္ဒပဲ...ဒါပေမဲ့
ငါနင့်ကိုချစ်လာစေဖို့ဆိုတာ ဒီတစ်သက်လုံး
ဖြစ်လာမဲ့အရာမဟုတ်ဘူး....."
ပုံရိပ်ထိုနေရာမှာ ဆက်ပြီးရှိမနေချင်တော့၍
လှည့်ထွက်ဖို့ လုပ်လိုက်တော့သူကပုံရိပ်၏လက်ကို
လှမ်းဆွဲလိုက်လေသည်။သူ့မျက်၀န်းတွေဟာ ဆွေးမြေ့နေပေမဲ့ ပုံရိပ်ကတော့သူ့ကိုစူးစူးရဲရဲ
ပြန်ကြည့်လိုက်ပြီး လက်ကိုရုန်းခါပစ်လိုက်သည်။
"နင်သိပ်ရက်စက်တယ်ပုံရိပ်ရာ...နင့်ရင်ထဲမှာ
ဘာလို့အခုအထိ သူတစ်ယောက်ကိုပဲနေရာပေးထားရတာလဲ...နင်အစွဲအလန်းတော်တော်ကြီးတာပဲ
ပုံရိပ်ရယ်...နင့်ကိုတကယ်ချစ်ပေးနိုင်တဲ့
လူတွေအများကြီးရှိမှန်းသိနေလျှက်နဲ့...
နင့်လက်ကိုတွဲပေးဖို့တောင် သတ္တိမရှိတဲ့သူကို
ဘာလို့စောင့်နေရသေးတာလဲ...
သူနင့်ဆီပြန်မလာတော့ဘူးဟ..
နင်သူနဲ့ပတ်သတ်ပြီး မေ့ပြစ်လိုက်ပါတော့ဟာ..."
"ဒီမှာကိုထက်...နင်ငါ့ကိစ္စတွေကို၀င်မစွက်ဖက်နဲ့
ငါမကြိုက်ဘူးနော်...ငါနင့်ကိုပြန်မချစ်နိုင်တာက
သူ့ကြောင့်လို့ ထင်နေတာလား...မဟုတ်ဘူး...
ငါကနင့်ကို အရင်ထဲက...
ပြိုင်ဘက်ကောင်းတစ်ယောက်အဖြစ်ပဲ
သတ်မှတ်ခဲ့တာ...ငါပွင့်ပွင့်လင်းလင်းပဲပြောမယ်...
ကမ္ဘာပေါ်မှာ ယောက်ျားဆိုလို့နင်တစ်ယောက်ပဲ
ရှိနေရင်တောင် ငါနင့်ကိုစိတ်မ၀င်စားဘူး....
အဲ့ဒါကို နင်မြဲမြဲမှတ်ထားလိုက်..."
"ပုံရိပ်...နင်ငါ့စိတ်ကိုလာမဆွနဲ့နော်...ငါဘာကောင်လည်းဆိုတာ နင်သိတယ်မဟုတ်လား...
ငါနင့်ကိုအခုချက်ချင်း ခိုးပြေးလိုက်လို့ရတယ်နော်.."
ဘုရားပေါ်မှာတောင်မရှောင်နိုင်ပဲ တင်းမာလွန်းနေသော လေသံနှင့်ပုံရိပ်ကိုလာခြိမ်းခြောက်နေ
လေသည်။ပုံရိပ်ဆိုတာ သူလွယ်လွယ်နဲ့
ခြောက်လွှတ်လို့ရတဲ့ မိန်းမမှမဟုတ်ပဲ။
ဒါကိုသူသိစေရမယ်..။
"နင့်မှာအဲ့လို့ယုတ်မာတဲ့အတွေးမျိုးရှိမှန်းသာသိရင်
ငါနင်နဲ့ဘယ်တော့မှ သူငယ်ချင်းဖွဲ့ဖို့စဉ်းစားခဲ့မှာ
မဟုတ်ဘူး...နင်ပြောတာမှန်တယ်...ငါ့ရင်ထဲမှာ
ဟိုးအရင်တည်းကနေအခုအချိန်အထိ...
သူတစ်ယောက်တည်းပဲရှိတယ်...
ငါသေရင်တောင် သူ့ကိုချစ်တဲ့စိတ်နဲ့ပဲသေမှာ...
နင်မှမဟုတ်ဘူး...ဘယ်ယောက်ျားကိုမှ
သူ့နေရာမှာ အစားမထိုးနိုင်ဘူး...
အဲ့ဒီ့အတွက် ငါ့ကိုအစွဲအလန်းကြီးတယ်လို့
သတ်မှတ်ချင်သတ်မှတ်လိုက်....
ငါဂရုမစိုက်ဘူး....ဒီလောက်ဆိုရင်
နင်သဘောပေါက်လိုက်တော့...."
"နင်ရူးနေပြီပုံရိပ်...ဘာလို့များနင့်ကိုပစ်ထားခဲ့တဲ့
လူတစ်ယောက်အတွက် ဒီလောက်ခံစားပေးနေရတာလဲဟာ...ထိုက်တန်လို့လား..."
သူ့ရဲ့စကားကြောင့် ပုံရိပ်၏မျက်၀န်းတွင်
အရည်ကြည်တို့ စိုလဲ့စပြုလာလေသည်။
ငိုချင်မိပေမဲ့ မျက်ရည်မကျအောင်ထိန်းထားလိုက်သည်။
အဲ့ဒီ့"ထိုက်တန်ရဲ့လား.."ဆိုသောစကားလုံးကို
ပုံရိပ်ကိုယ်တိုင်လည်း ခဏခဏမေးနေမိပေမဲ့
အဖြေကတော့ တစ်ခုတည်းသာထွက်လေ့ရှိသည်။
"ထိုက်တန်တာပေါ့...သူငါ့ကိုကတိတည်မပေးနိုင်ခဲ့ရင်တောင်....ဥပက္ခာပြုသွားရင်တောင်...
နောက်ဆုံးသူငါ့ကိုလှည့်စားခဲ့ရင်တောင်...
ထိုင်တန်တယ်...အပေါ်ယံဟန်ဆောင်မှုတွေပဲ
ဆိုအုံးတော့...သူငါ့အပေါ်လုပ်ပေးခဲ့တဲ့အရာတွေ
သူငါ့အပေါ်ကောင်းပေးခဲ့တဲ့လုပ်ရပ်တွေအားလုံးက
ငါ့ဘ၀အတွက် အများကြီးအထောက်အကူပြုခဲ့တယ်...ငါသူ့ကိုသိပ်ချစ်တယ်...
သူဟာဘယ်လိုလူမျိုးပဲဖြစ်ဖြစ်...
ငါသူ့ကိုအမြဲချစ်နေမှာပဲ...နင်လည်းနင့်ကိုတကယ်ချစ်နိုင်မဲ့ မိန်းမကောင်းလေးတစ်ယောက်ကို
ရှာတွေ့နိုင်ပါစေ....ငါသွားတော့မယ်...."
ခရေပင်အရိပ်အောက်မှ ပုံရိပ်ထွက်သွားသောအခါ
လေးရူးတစ်ချက်အဝေ့၌ ခရေပန်းတွေသည်
ကိုထက်၏ ခန္ဓာကိုယ်ပေါ်သို့ ကြွေကျလာခဲ့သည်။
ကိုထက်ကတော့ ကိတ်မုန့်တင်ထားသောဘောင်ပေါ်မှာ စိတ်ပျက်စွာထိုင်ချပစ်လိုက်ပြီး မီးသေသွားသော ဖယောင်းတိုင်လေးကိုသာ အဓိပ္ပာယ်မဲ့
ငေးကြည့်နေမိလေသည်။
*ပုံရိပ်ရယ်...အစွဲအလမ်းကြီးတဲ့နေရာမှာတော့
နင်တစ်ယောက်တည်းမဟုတ်ပါဘူး....
ငါကိုယ်တိုင်လည်းပဲ နင့်ကိုစွဲလမ်းမိလို့တစ်နှစ်ပြီး
တစ်နှစ်ကုန်ဆုံးသည့်တိုင် နင့်အနားကိုရောက်ဖို့ပဲ
နည်းလမ်းပေါင်းစုံနဲ့ အားထုတ်ခဲ့မိတာပါ...
ဒါပေမဲ့ ဘာလို့အဆုံးသတ်ဟာအမြဲတမ်းအတူတူပဲ
ဖြစ်နေရတာလဲဟာ...
အဝေးကလူကိုပဲ မျှော်မှန်းနေပြီး...
ဘာကြောင့် အနီးအနားမှာရှိနေတဲ့လူကိုကြတော့
မမြင်နိုင်ရတာလဲ...
ငါ့အမေက ငါတို့ငယ်ငယ်လေးတည်းကဆုံးပါးသွားခဲ့တယ်....ငါ့ညီမလေးလည်းငါ့နံဘေးမှာ
မရှိတော့ဘူး...အနေဝေးလာတဲ့ဒယ်ဒီ့ကြောင့်
ငါဟာ မေတ္တာငတ်နေရတဲ့လူတစ်ယောက်ပါ...
အမေနဲ့ယမင်းပြီးရင်...ငါနင့်ကိုအချစ်ဆုံးဆိုတဲ့
စကားကို ဘာကြောင့်တစ်ခါလေးတောင်
ပြောဖို့ အခွင့်အရေးမပေးရတာလဲဟာ...
ငါချစ်ရတဲ့အခြားမိန်းကလေးတစ်ယောက်ရှိလာဖို့
နင်မို့လို့ ဆုတောင်းပေးရက်တယ်...
ဟိုအရင်ကိုးတန်းနှစ်လောက်တည်းက..
နင့်ကြောင့် ငါ့နှလုံးသားတွေ
အရောင်တင်ကျန်ခဲ့တာကို
နင်ကတော့ ဘယ်မြင်နိုင်ပါ့မလဲ...
ငါနင်နဲ့စကားပြောချင်ပေမဲ့...မိန်းကလေးတွေနဲ့
ဘယ်လိုစကားစပြောရမှန်းမသိလို့...
နင်စိတ်တိုအောင်...စိတ်ဆိုးအောင်လုပ်မိခဲ့တယ်...
ငါ့ဘက်ကတော့ နင်နဲ့ရန်ဖြစ်ရတာကိုတောင်
ကြည်နူးနေမိပေမဲ့...နင်ကတော့ငါ့ကိုပြိုင်ဘက်ကြီး
တစ်ယောက်လိုပဲ အမြဲတွေးနေခဲ့မှန်း ငါမသိခဲ့ဘူး...
ငါဟာစကားလုံးလှလှလေးတွေမပြောတတ်ဘူး
ပုံရိပ်ရယ်...ငါနင့်ကိုအခုအချိန်မှာ ၀န်ခံနေတဲ့စကားတွေက...နင်အိမ်ပြန်တဲ့လမ်းမှာစက်ဘီးအတူစီးရင်း
လိုက်ပို့တည်းက ပြောချင်ခဲ့တာ...
ဒါပေမဲ့ငါတို့ကငယ်သေးလို့ဆိုပြီး နောက်ဆုတ်ခဲ့တယ်..အခုတော့ငါနောက်ကျသွားခဲ့ပြီပေါ့ဟာ..."
ပုံရိပ်နှင့်သူ့ကြားမှာကြည်နူးစရာအဖြစ်အပျက်လေးတွေဆိုလို့ စတိတ်ကျောင်းသားဘ၀မှ
အချိန်လေးတွေသာ ရှိခဲ့၍ထိုအရာလေးတွေကိုသာ
ပြန်၍ တွေးကြည့်နေမိလေသည်။
မဖြစ်နိုင်တော့တဲ့ ချစ်ခြင်းတစ်ခုကို
ထပ်ပြီးမမျှော်လင့်တော့ဖို့ သူ့ကိုယ်သူပြန်၍
အထပ်ထပ်အခါခါ သတိပေးနေမိသည်။
🌹🌹🌹🌹🌹🌹🌹
ကိုထက်နဲ့ကိစ္စတော့ ပျက်ပြီနော် ဆရာနဲ့ပေါင်းမလားဆိုတာတော့ ?????
ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းဆီကို
အထူးကျေးဇူးတင်ရှိပါတယ်....
=========================================================================
🌹ဆူးႀကိဳး🌹(အခန္း၆၈)
(၂)ႏွစ္ခန႔္ၾကာၿပီးေနာက္
"အားလံုးပဲ...ဒီေန့ကစၿပီးအတန္းေတြကို မပ်က္ၾကေတာ့ဖို႔ ေျပာခ်င္တယ္...ဌာနမွဴးကလည္းသတ္မွတ္ထားတဲ့ အတန္းခ်ိန္ရာခိုင္ႏႈန္းမျပၫ့္ရင္
စာေမးပဲြေျဖခြင့္မရဘူးလို႔ လာေျပာထားတယ္....
အခုက ဘယ္ေလာက္မွမလိုေတာ့လို႔...
အတန္းခ်ိန္ေတြကို မွန္ေအာင္တက္ေပးၾကပါ...."
လက္ေထာက္ပါေမာကၡ၏အတန္းခ်ိန္ျဖစ္ေသာေၾကာင့္ ပံုရိပ္တို႔မွာမလႈပ္ရဲေပ။
ေနာက္ဆံုးႏွစ္ေက်ာင္းသားေတျြဖစ္ေသာေၾကာင့္
တစ္ခုခုဆူဆူညံညံျဖစ္လ်ွင္ ေနက္ဆံုးႏွစ္ေက်ာင္းသားေတြ ျဖစ္ၿပီး"ႀကီးမိုက္.."ေတြဟု
အဆူခံရေလ့ရိွသည္။
ပံုမွန္ဆိုရင္ ေမဂ်ာအခ်ိန္ေတြမွာတစ္ေယာက္ၿပီး
တစ္ေယာက္ထြက္သြားသူေတြ ရိွတတ္ေပမဲ့
ဒီေန့ေတာ့လူေတြ ျပၫ့္ေနေတာ့သည္။
"ပံုရိပ္...ဟိုမွာၾကၫ့္စမ္း....ငုဝါပင္ႀကီးေတာင္
အဖူးေတြနည္းနည္းထြက္ေနၿပီ...."
ငုဝါပန္းကို အင္မတန္ခ်စ္ေသာ သူငယ္ခ်င္းက
ျပတင္းအျပင္ဘက္ခပ္လွမ္းလွမ္းတြင္ရိွေသာ
ငုဝါပင္ႀကီးကို လက္ၫွိုးထိုးျပ၍ ပံုရိပ္လည္း
ၾကၫ့္လိုက္မိသည္။
ပံုရိပ္သည္ လမ္းဘက္အျခမ္းရိျွပဴတင္းေပါက္နားမွာထိုင္ေနသူျဖစ္၍ အျပင္ပတ္၀န္းက်င္ကို ရွင္းရွင္း
လင္းလင္းျမင္ေနရသည္။
ဒီႏွႏွစ္တာ ကာလအတြင္းမွာ စိတ္ဆင္းရဲစရာေတြ၊
ငိုရတဲ့အခန္းက႑ေတြ ၊ေပ်ာ္ရႊင္စရာေလးေတြ
စသျဖင့္ မ်ားစြာႄကံုခဲ့ရတယ္။
ဒီငုဝါပင္ႀကီးလိုေပါ့ ေနြေၾကာင့္ပူျပင္းရၿပီး ငုဝါပန္းေလးေတြ ရင့္ေရာ္ကာ ႂကြေက်လႊင့္ေမ်ာသြားရရွာတယ္။တဖန္မိုးနဲ႔အတူ ငိုၾကရသလို ေဆာင္းနဲ႔အတူ ခ်မ္းေအးရျပန္တယ္။
ေက်ာင္းျပဴတင္းေပါက္ကေန ေန့တိုင္းျမင္ေတြ့ေနရတဲ့ ငုဝါပင္ေလးက ရာသီဥတုရဲ့အမ်ိဳးမ်ိဳးေသာ
ဒဏ္ခတ္မႈကို ခံစားခဲ့ရတာျဖစ္ၿပီး ပံုရိပ္တို႔လူသားေတြကေတာ့ ကိုယ့္ဘာသာ
ျပန္ၿပီးဒဏ္ခတ္မိေနၾကတယ္လို႔ပဲ
ျမင္တယ္။
တစ္ေန့တစ္ေန့ ကိုယ့္ရဲ့ကိုယ္ပိုင္ ေလာဘ၊ေဒါသ၊
ေမာဟေတြထဲမွာ ေလာင္ၿမိဳက္နစ္၀င္ေနမိၾကတယ္။
ခ်စ္ျခင္းေမတၲာဆိုတာဟာ ခ်ိဳၿမိန္တာတစ္ခုတည္းမဟုတ္ပဲ အရသာမ်ိဳးစံုရိွသလို၊ဒဏ္ရာေတြလည္း ေပးတတ္ေၾကာင္းကို ပံုရိပ္ကိုယ္တိုင္ ခံစားခဲ့ရၿပီးပါၿပီ။
အခုဆိုရင္ ပံုရိပ္ရဲ့အသက္က ဆယ့္ကိုးႏွစ္ေက်ာ္ၿပီး
ႏွစ္ဆယ္ထဲကို ေရာက္ေနေလၿပီ။
"တူ....တူ....တူ....."
"ဟင္...ဘယ္ကဖုန္းျမည္ေနတာလဲ...ဟဲ့ပံုရိပ္...
နင့္ဖုန္းျမည္ေနတာ..."
ျပဴတင္းတံခါးအျပင္ဘက္သို႔ၾကၫ့္ၿပီး အေတြးမ်ားေနစဉ္မွာပဲ ဖုန္းကထျမည္လာတာေၾကာင့္
ဖုန္းကို ဆရာမသိေအာင္ ခိုးၿပီးထုတ္ၾကၫ့္လိုက္ေတာ့ ကိုထက္၏ဖုန္းျဖစ္ေနေလသည္။
ေစ့စပ္ထားသၫ့္ အမည္ခံကိုယူၿပီး ဒီကာလအတြင္းမွာ ကိုထက္ဟာပံုရိပ္တို႔ ေက်ာင္းဘက္သို႔
ခဏခဏလာလည္လြန္း၍ မ်က္စိအေတာ္ေနာက္ေနေလၿပီ။အခ်ိဳ႕ေတြက ပံုရိပ္တို႔ႏွစ္ေယာက္ကို
ခ်စ္သူေတြလို႔ေတာင္ ထင္ေနၾကေလရဲ့။
"ဟဲ့...ဖုန္းမကိုင္ဘူးလား..."
"ဟင့္အင္း...ဆရာရိွတယ္ေလ..."
သူငယ္ခ်င္းက အသံတိုးတိုးေလးႏွင့္အနားကပ္ၿပီး လာေမးေန၍ ပံုရိပ္လည္းတမင္ဆင္ေျခေပးၿပီး
ဖုန္းကို ပိတ္ထားလိုက္သည္။
"ဟဲ့...နင့္ဖုန္းကျမည္လာျပန္ၿပီ...."
"အဲ့ဒီ့ကိုထက္ဆိုတဲ့ေကာင္ကို ငါအမႈန႔္ႀကိတ္ပစ္ခ်င္လာၿပီ...သူတို႔ဘက္မွာေတာ္ေတာ္အားယားေနသလားမသိဘူး...သူမ်ားေတြအတန္းတတ္ေနမွန္းလည္း နားမလည္ဘူး...."
ဖုန္းကထပ္ျမည္လာတာေၾကာင့္ ပံုရိပ္လည္း
မေက်မနပ္နဲ႔ပဲ ဖုန္းကိုထပ္ၿပီးခ်ပစ္လိုက္သည္။
သံုး၊ေလးႀကိမ္ေလာက္ ဆက္တိုက္လာေခၚေနေသာေၾကာင့္ စိတ္မရွည္ျဖစ္လာၿပီးဖုန္းကို
စက္ပိတ္ပစ္ဖို႔ လုပ္လိုက္သည္။
"ဟဲ့...ကိုင္လိုက္စမ္းပါဟယ္...နင္ကလည္း...
ဘာအေရးႀကီးကိစၥရိွလို႔လဲမွမသိတာ..."
"ေအးေလဟယ္...သူ႔ခမ်ာဆက္တိုက္ေခၚေနတာ
အေရးႀကီးတာတစ္ခုခု ေျပာစရာရိွလို႔ေနမွာေပါ့..."
ေဘးခ်င္းကပ္လ်ွက္သူငယ္ခ်င္းေတြကပါ
အတင္းတိုက္တြန္းေနေသာေၾကာင့္ ပံုရိပ္လည္း
စာအုပ္နဲ႔ကြယ္ၿပီး ေခါင္းကိုငံု႔ကာအသံတိုးတိုးေလးႏွင့္ ဖုန္းေျပာရေလသည္။
ေတာ္ေတာ္ စိတ္ဒုကၡေပးတဲ့ေကာင္..
"ဟယ္လို...ကိုထက္..နင္ဘာကိစၥနဲ႔ဖုန္းေတြတဂြမ္ဂြမ္
လာဆက္ေနရတာလဲ...အခုကငါတို႔စာသင္ခ်ိန္ဟဲ့
နင္ေတာ္ေတာ္စိတ္ဒုကၡေပးတာပဲ...."
"ပံုရိပ္ရယ္...ေဒါသေလးနည္းနည္းေလာက္ေလ်ွာ့စမ္းပါ...ငါနင့္ကိုအေရးႀကီးကိစၥေျပာစရာရိွလို႔
နင္တို႔ အတန္းအနီးကစိန္ပန္းပင္ေအာက္ကိုလာခဲ့...
ငါဆိုင္ကယ္နဲ႔ေစာင့္ေနမယ္...."
"ေအာင္မာ..ငါကဘာကိစၥနင္ေခၚတိုင္းလာရမွာလဲ..
အခုဖုန္းကိုင္ေပးတာေတာင္လြန္လွၿပီ...ဒါပဲ..
နင္နဲ႔ဘာစကားမွဆက္မေျပာခ်င္ေတာ့ဘူး...."
"ဖုန္းမခ်လိုက္နဲ႔ေနာ္...နင္ဖုန္းခ်လိုက္တာနဲ႔...
နင္တို႔အခန္းထဲကို ငါအခု၀င္လာမွာ...
နင္မထြက္လာဘူးဆိုရင္...နင္တို႔အခန္းထဲကို
အခုခ်က္ခ်င္း၀င္လာၿပီး နင္ကငါ့ခ်စ္သူပါလို႔
တစ္တန္းလံုးၾကားေအာင္ ေအာ္ေျပာျပစ္မွာ..."
"ဟိန္းေဇယ်ာထက္...နင္ေတာ္ေတာ္အက်င့္ယုတ္တာပဲ...ထြက္မလာဘူးဟာ.."
"အိုေကေလ...ဒါဆိုငါအခုပဲနင္တို႔အခန္းထဲကို
၀င္လာခဲ့မယ္...နင္ငါ့ကိုေတြ့ရလား...
ငါလာေနၿပီေနာ္..."
အခန္းအျပင္ဘက္သို႔ၾကၫ့္လိုက္မိေတာ့ ပံုရိပ္တို႔
အခန္းဆီသို႔ လာေနေသာသူ႔ကိုလွမ္းေတြ့လိုက္ရေလသည္။ကိုထက္ဟာ တဇြတ္ထိုး၊တယူသန္သမားမို႔
သူတကယ္လုပ္မွာကို ပံုရိပ္သိတယ္။
ပံုရိပ္စိတ္ပ်က္တာကလည္း အဲ့လိုအႂတၲကီးၿပီး
စဉ္းစားခ်င့္ခ်ိန္မႈမရိွတာကိုပဲ။
ဒီလိုေကာင္နဲ႔ေတာ့ နာမည္အထြက္မခံႏိုင္ဘူး။
အဲ့ေတာ့ တစ္နည္းပဲရိွေတာ့တယ္။
သူ႔ဘက္က ဖုန္းမခ်ေသး၍ ဖုန္းကိုျပန္ကိုင္လိုက္ၿပီး...
"နင္ေရာက္တဲ့ေနရာမွာပဲရပ္လိုက္...
ငါအခုခ်က္ခ်င္းထြက္လာခဲ့မယ္...."
ပံုရိပ္၏အသံကိုၾကားတာနဲ႔ သူ႔ဆိုင္ကယ္ရပ္ထားေသာ စိန္ပန္းပင္အနီးသို႔ သူျပန္လွၫ့္သြားမွသာ
စိတ္ေအးရေတာ့သည္။
ဆရာ့ကိုေတာ့ သန႔္စင္ခန္းသို႔သြားလိုသည္ဟု
အေၾကာင္းျပခ်က္ေပးခဲ့ၿပီး အခန္းအျပင္သို႔ထြက္လာခဲ့လိုက္သည္။
🌹
🌹
🌹
တကၠသိုလ္ေျမႏွင့္စိန္ပန္းပင္ဆိုတာ လမင္းႏွင့္ၾကယ္ေလးေတြရဲ့ တည္ရိွမႈလိုပါပဲ။
ၾကယ္ေရာင္ေပ်ာက္ေသာ ေကာင္းကင္မွာ
လမင္းသာေနလ်ွင္ ထိန္လင္းေနပါက ျပၫ့္စံုမႈမရိွသလိုေပါ့။
ေနရာတိုင္းမွာ ေျမသားေတြပူျခစ္ေလာက္ေအာင္
ပူေလာင္ေနေပမဲ့ စိန္ပန္းပင္၏အရိပ္ေလးေၾကာင့္
ကိုထက္ရိွေနေသာ ေနရာေလးသို႔ေရာက္လာသၫ့္အခါ ေအးခ်မ္းမႈကိုခံစားလိုက္ရသည္။
ေလေဝ့လိုက္တိုင္း အနီေရာင္ပန္းပြင့္လႊာေလးေတြ
ႂကြေက်ေနေသာေၾကာင့္ ေျမေပၚတြင္တမင္ပန္းမ်ား
က်ဲခင္းထားသလို ျဖစ္ေနေလသည္။
ပံုရိပ္အတြက္ေတာ့ အရာအားလံုးဟာ လွလွေလး
ကဗ်ာဆန္စြာတည္ရိွေနေပမဲ့
ရႊန္းစိုေနသၫ့္ လည္သာအနက္ေရာင္ကို
ဂ်င္းအၾကပ္အား ၀တ္ဆင္ထားကာဆိုင္ကယ္နား၌လက္ပိုက္၍ မွီရပ္ေနေသာ ဂ်ိဳေကာင္ကိုေတာ့
လံုး၀ မ်က္စိပဒါသျဖစ္မေနေပ။
ပံုရိပ္ဆီကိုအေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေရာက္လာၿပီး
ခ်ဉ္းကပ္မႈအမ်ိဳးမ်ိဳး လုပ္ခဲ့ေပမဲ့သူ႔လုပ္ရပ္တိုင္းဟာပံုရိပ္၏ မ်က္လံုးထဲမွာေတာ့ ကန႔္လန႔္ေတြပဲျဖစ္ေနသည္။
"ဘာေျပာမလို႔လဲေျပာ..ေျပာၿပီးရင္ျပန္ေတာ့.."
"နင္ကလည္းဟာ...ဘာလို႔အဲ့ေလာက္ေတာင္
စိတ္တိုေနရတာလဲ...လာ..ငါတို႔တစ္ေနရာကို
သြားရေအာင္..."
"နင္ဘာလုပ္တာလည္း..ငါမလိုက္ဘူးေနာ္..."
ပံုရိပ္ဘယ္လိုပဲျငင္းေနပါေစ ရည္ရြယ္ခ်က္ရိွရိွႏွင့္
ဆိုင္ကယ္ကိုစက္ႏိႈးထားၿပီးသားျဖစ္၍ ပံုရိပ္ကိုဆိုင္ကယ္ေပၚသို႔ တြန္းတင္ၿပီးတာႏွင့္ဆိုင္ကယ္ကို
အၾကမ္းပတမ္းေမာင္းထြက္ေလေတာ့သည္။
"နင္ဘယ္ကိုသြားေနတာလဲ...အခုခ်က္ခ်င္း
ဆိုင္ကယ္ကိုရပ္ေနာ္..မဟုတ္ရင္..ငါခုန္ခ်လိုက္မွာ.."
"ဟား...ဟား..သတၲိရိွရင္ခုန္ခ်လိုက္ေလ...
သတၲိမရိွရင္ေတာ့ ငါ့ခါးကိုဖက္ထားလို႔ရတယ္...
ငါဒီလိုမွမေခၚရင္ နင္ကငါ့ေနာက္ကိုလိုက္မွာမွမဟုတ္တာ...စိတ္ခ်ပါ..
ငါနင့္ကိုခိုးေျပးေနတာမဟုတ္ပါဘူး...
ငါအဲ့ေလာက္လည္းေအာက္တန္းမက်ဘူး...
ငါနဲ႔အတူကုသိုလ္ေတာ္ဘုရားကို ခဏေလးပဲ
လိုက္ခဲ့စမ္းပါ..."
ေက်ာင္းခန္းထဲကေနေတာင္ ထြက္လာခဲ့ၿပီးၿပီမို႔
အတန္းျပတ္လက္စနဲ႔ ပံုရိပ္လည္းၿငိမ္၍သာေနလိုက္သည္။
တစ္ခုေသခ်ာသြားတာကေတာ့ အရင္လို
"ေစ့စပ္ထားလည္း...ဘာအေရးလဲ...
သူနဲ႔မပတ္သတ္ပဲကင္းကင္းေနလိုက္ရင္
ၿပီးေရာဟု..ေတြးလို႔မရေတာ့ေပ...
ဒီပံုစံအတိုင္းဆိုရင္...ပံုရိပ္အေပၚမွာဒီလိုအလိုမတူပဲအႏိုင္ယူမႈမ်ိဳးေတြဟာ ေနာက္ထပ္အႀကိမ္ေပါင္းမ်ားစြာ ရိွလာႏိုင္တယ္.."
သူ႔အေပၚရက္စက္ရာ ေရာက္ေပမဲ့ ပံုရိပ္ကိုယ္တိုင္ရဲ့ ခံစားခ်က္ကိုပဲ ေရ႔ွတန္းတင္ရေတာ့မည္။
ဖြားညိုဘက္က စကားေတြကၽြံထား၍
အားနာေနလို႔လည္းမျဖစ္ေတာ့ဘူး။
"ငါတို႔ဘုရာ၀န္းထဲကို ၀င္ရေအာင္..."
မဟာေလာကမာရဇိန္ဘုရားသို႔ ေရာက္တာႏွင့္
သူ႔ဆိုင္ကယ္ေဘာက္စ္ထဲကေန ပါကင္ဗူးတစ္ဗူးကို
ဆဲြထုတ္ယူလိုက္ၿပီး သူကပဲဦးေဆာင္ကာ
ကုသိုလ္ေတာ္ဘုရား၀န္းထဲသို႔ ၀င္သြားေလသည္။
ပံုရိပ္မွာေတာ့ လြယ္အိတ္ေတြပါ အခန္းထဲမွာထားခဲ့ရ၍ အိုးေဝငွားဖို႔ေတာင္ ပိုက္ဆံမရိွေပ။
ခေရပင္တန္းေတြဘက္ေရာက္ေတာ့မွ
အရိပ္ရေသာ ခေရပင္တစ္ခု၏ေအာက္တြင္ရိွေသာ
သူ႔လက္ထဲမွ ပစၥည္းကို ခ်ၿပီး
တျဖည္းျဖည္းခ်င္း ဖြင့္လိုက္ေတာ့
ေမြးေန့ကိတ္ေလးတစ္လံုးျဖစ္ေနသည္။
"ဒီေန့က နင့္ရဲ့ေမြးေန့လား.."
"ဟုတ္တယ္..ငါ့ရဲ့အသက္၂၀ျပၫ့္ေမြးေန့ေလ..."
"နင့္ေမြးေန့အတြက္ေမြးေန့ပါတီမလုပ္ဘူးလား..
အရင္ကအၿမဲလုပ္ေနၾကမဟုတ္လား...
ဒီႏွစ္ကမလုပ္ေတာ့ဘူးလား..."
"ငါ့ရဲ့ေမြးေန့ပါတီတိုင္းကို...
နင္ကဖိတ္လည္းလာမွမလာတာ...ငါနဲ႔ေစ့စပ္ထားတဲ့
သတို႔သမီးေလာင္းလို႔ ေျပာရင္ယံုၾကမွာတာင္
မဟုတ္ဘူး....ဒီႏွစ္ေမြးေန့ကို နင္နဲ႔ပထမဆံုး
အတူတူဆံုးျဖတ္သန္းခ်င္တယ္...ငါ့ကိုေမြးေန့ပဲြ
အတူက်င္းပေပးႏိုင္မလား.."
ကိတ္မုန႔္ကေလး၏ အလည္တြင္ဖေယာင္းတိုင္အေသးေလး တစ္ခုကိုဆိုက္လိုက္ေသာအခါမွာေတာ့ပံုရိပ္လည္း သူမ်ားေမြးေန့မွာ
ျပႆနာမရွာခ်င္၍ တိတ္တိတ္ေလးပဲ
ေနလိုက္သည္။
ယမင္းနဲ႔ကိုထက္ဟာပံုရိပ္ထက္ငယ္မည္ဟု
ထင္ခဲ့ေပမဲ့ ကိုထက္ကအသက္၂၀အရင္ျပၫ့္သြားေလၿပီ။
ဒါေပမဲ့ အခုခ်ိန္အထိကေလးဆန္တဲ့ လုပ္ရပ္ေတြကို လုပ္ေနတုန္းပါပဲ။
အခုပဲၾကၫ့္...ဖေယာင္းတိုင္ေလးကို ကိုယ့္ဘာသာမီးၫွိၿပီး လက္အုပ္ခ်ီကာဆုေတာင္းေနေလသည္။
ၿပီးေနာက္ဖေယာင္းတိုင္မီးေလးကို မႈတ္လိုက္ၿပီး
ပံုရိပ္ကို ၾကၫ့္လာသည္။
သူ႔အၾကၫ့္ေတြဟာ ရႊန္းလဲ့မႈအျပၫ့္ျဖစ္ေနၿပီး
အဓိပၸာယ္မ်ားစြာရိွေနေလသည္။
"ငါဘာကိုဆုေတာင္းလိုက္လည္းသိလား..."
"ငါကဘယ္လိုလုပ္သိမွာလဲ..."
"နင္ကလည္းဟာ...ဟန္ေဆာင္ပန္ေဆာင္ေလးေတာင္ ဘာလို႔မေမးရတာလဲ.."
"သိမွမသိခ်င္တာ..."
ကေလးဆန္ၿပီးႏူးညံ့လြန္းေသာ ပံုစံေလးရိွေပမဲ့
ပါးစပ္ကထြက္လာသမ်ွ စကားလံုးတိုင္းက
ျပတ္သားလြန္းေသာေၾကာင့္ ဟိန္းေဇယာထက္ေတာင္ မ်က္ေမွာင္ႄကံု႔သြားမိေလသည္။
ကိုးတန္းႏွစ္မွာ ခင္မင္ခြင့္ရခဲ့တဲ့ေကာင္မေလးနဲ႔
အခုသူျမင္ေနရတဲ့ ပံုရိပ္ဟာတစ္ထပ္တည္းပါပဲ။
သူ႔အေပၚကိုျမင္တဲ့အျမင္ေတြသာ ကဲြျပားသြားခဲ့တာပါ။အရင္လို ေခ်ာကလက္သၾကားလံုးေလးေတာင္ သူေပးရင္လံုး၀မယူေတာ့တဲ့
ေကာင္မေလးက သူနဲ႔ေစ့စပ္ထားတဲ့မိန္းကေလးပါတဲ့။
"ငါ့ရဲ့ေမြးေန့ဆုေတာင္းကေတာ့ နင္နဲ႔အျမန္ဆံုး
နီးစပ္ခ်င္ၿပီး နင္ငါ့ကိုျပန္ခ်စ္လာေစဖို႔ပဲ..."
သူ႔ရဲ့စကားဆံုးသည္ႏွင့္ ပံုရိပ္သူ႔ကိုခပ္စူးစူးသာ
တန္ျပန္ၿပီး စိုက္ၾကၫ့္လိုက္သည္။
ကုသိုလ္ေတာ္ဘုရားႀကီးႏွင့္ ႏွစ္ခ်ိဳ႕ခေရပင္တန္းႀကီးကို သက္ေသတည္ၿပီးသူ႔ကိုရက္စက္ေသာ
စကားေတြ မေျပာခ်င္ေပမဲ့ ပံုရိပ္၏အသိအာရံု
ကေတာ့ ထပ္မံ၍တြန႔္ဆုတ္မေနခ်င္ေတာ့ေပ။
"ဒါဆိုရင္...နင့္ဆုေတာင္းေတြဘယ္ေတာ့မွ
ျပၫ့္မွာမဟုတ္ေတာ့ဘူး...ငါဒီေန့ပဲ
နင္နဲ႔ေစ့စပ္ပဲြကို ဖြားညိုနဲ႔ေျပာၿပီး ျဖတ္ဖို႔စဉ္းစား
ထားတယ္...ငါနင့္ကိုဘယ္လိုမွ
ခ်စ္ႏိုင္မွာမဟုတ္တဲ့အတြက္ အခုပဲထပ္ျငင္းလိုက္ပါရေစ...."
"ငါ့ေမြးေန့မွာေတာင္ နင္ကဟန္ေဆာင္မေပးႏိုင္ပါလားပံုရိပ္ရယ္..."
"ဟုတ္တယ္ကိုထက္...ငါဟန္ေဆာင္ရတာကိုမုန္းတယ္...ေနာက္ၿပီးနင့္ရဲ့အခ်ိန္ေတြကို ငါ့အတြက္နဲ႔
မကုန္ဆံုးေစခ်င္သလို...နင့္ကိုတကယ္ခ်စ္တဲ့သူနဲ႔လည္း အျမန္စံုစည္းေစခ်င္တယ္...
ဒါဟာငါ့ရဲ့တစ္ခုတည္းေသာ နင့္အတြက္
ျဖၫ့္ဆည္းေပးခ်င္တဲ့ဆႏၵပဲ...ဒါေပမဲ့
ငါနင့္ကိုခ်စ္လာေစဖို႔ဆိုတာ ဒီတစ္သက္လံုး
ျဖစ္လာမဲ့အရာမဟုတ္ဘူး....."
ပံုရိပ္ထိုေနရာမွာ ဆက္ၿပီးရိွမေနခ်င္ေတာ့၍
လွၫ့္ထြက္ဖို႔ လုပ္လိုက္ေတာ့သူကပံုရိပ္၏လက္ကို
လွမ္းဆဲြလိုက္ေလသည္။သူ႔မ်က္၀န္းေတြဟာ ေဆြးေႁမ့ေနေပမဲ့ ပံုရိပ္ကေတာ့သူ႔ကိုစူးစူးရဲရဲ
ျပန္ၾကၫ့္လိုက္ၿပီး လက္ကိုရုန္းခါပစ္လိုက္သည္။
"နင္သိပ္ရက္စက္တယ္ပံုရိပ္ရာ...နင့္ရင္ထဲမွာ
ဘာလို႔အခုအထိ သူတစ္ေယာက္ကိုပဲေနရာေပးထားရတာလဲ...နင္အစဲြအလန္းေတာ္ေတာ္ႀကီးတာပဲ
ပံုရိပ္ရယ္...နင့္ကိုတကယ္ခ်စ္ေပးႏိုင္တဲ့
လူေတြအမ်ားႀကီးရိွမွန္းသိေနလ်ွက္နဲ႔...
နင့္လက္ကိုတဲြေပးဖို႔ေတာင္ သတၲိမရိွတဲ့သူကို
ဘာလို႔ေစာင့္ေနရေသးတာလဲ...
သူနင့္ဆီျပန္မလာေတာ့ဘူးဟ..
နင္သူနဲ႔ပတ္သတ္ၿပီး ေမ့ျပစ္လိုက္ပါေတာ့ဟာ..."
"ဒီမွာကိုထက္...နင္ငါ့ကိစၥေတြကို၀င္မစြက္ဖက္နဲ႔
ငါမႀကိဳက္ဘူးေနာ္...ငါနင့္ကိုျပန္မခ်စ္ႏိုင္တာက
သူ႔ေၾကာင့္လို႔ ထင္ေနတာလား...မဟုတ္ဘူး...
ငါကနင့္ကို အရင္ထဲက...
ၿပိဳင္ဘက္ေကာင္းတစ္ေယာက္အျဖစ္ပဲ
သတ္မွတ္ခဲ့တာ...ငါပြင့္ပြင့္လင္းလင္းပဲေျပာမယ္...
ကမ႓ာေပၚမွာ ေယာက္်ားဆိုလို႔နင္တစ္ေယာက္ပဲ
ရိွေနရင္ေတာင္ ငါနင့္ကိုစိတ္မ၀င္စားဘူး....
အဲ့ဒါကို နင္ၿမဲျမဲမွတ္ထားလိုက္..."
"ပံုရိပ္...နင္ငါ့စိတ္ကိုလာမဆြနဲ႔ေနာ္...ငါဘာေကာင္လည္းဆိုတာ နင္သိတယ္မဟုတ္လား...
ငါနင့္ကိုအခုခ်က္ခ်င္း ခိုးေျပးလိုက္လို႔ရတယ္ေနာ္.."
ဘုရားေပၚမွာေတာင္မေရွာင္ႏိုင္ပဲ တင္းမာလြန္းေနေသာ ေလသံႏွင့္ပံုရိပ္ကိုလာၿခိမ္းေျခာက္ေန
ေလသည္။ပံုရိပ္ဆိုတာ သူလြယ္လြယ္နဲ႔
ေျခာက္လႊတ္လို႔ရတဲ့ မိန္းမမွမဟုတ္ပဲ။
ဒါကိုသူသိေစရမယ္..။
"နင့္မွာအဲ့လို႔ယုတ္မာတဲ့အေတြးမ်ိဳးရိွမွန္းသာသိရင္
ငါနင္နဲ႔ဘယ္ေတာ့မွ သူငယ္ခ်င္းဖဲြ႔ဖို႔စဉ္းစားခဲ့မွာ
မဟုတ္ဘူး...နင္ေျပာတာမွန္တယ္...ငါ့ရင္ထဲမွာ
ဟိုးအရင္တည္းကေနအခုအခ်ိန္အထိ...
သူတစ္ေယာက္တည္းပဲရိွတယ္...
ငါေသရင္ေတာင္ သူ႔ကိုခ်စ္တဲ့စိတ္နဲ႔ပဲေသမွာ...
နင္မွမဟုတ္ဘူး...ဘယ္ေယာက္်ားကိုမွ
သူ႔ေနရာမွာ အစားမထိုးႏိုင္ဘူး...
အဲ့ဒီ့အတြက္ ငါ့ကိုအစဲြအလန္းႀကီးတယ္လို႔
သတ္မွတ္ခ်င္သတ္မွတ္လိုက္....
ငါဂရုမစိုက္ဘူး....ဒီေလာက္ဆိုရင္
နင္သေဘာေပါက္လိုက္ေတာ့...."
"နင္ရူးေနၿပီပံုရိပ္...ဘာလို႔မ်ားနင့္ကိုပစ္ထားခဲ့တဲ့
လူတစ္ေယာက္အတြက္ ဒီေလာက္ခံစားေပးေနရတာလဲဟာ...ထိုက္တန္လို႔လား..."
သူ႔ရဲ့စကားေၾကာင့္ ပံုရိပ္၏မ်က္၀န္းတြင္
အရည္ၾကည္တို႔ စိုလဲ့စျပဳလာေလသည္။
ငိုခ်င္မိေပမဲ့ မ်က္ရည္မက်ေအာင္ထိန္းထားလိုက္သည္။
အဲ့ဒီ့"ထိုက္တန္ရဲ့လား.."ဆိုေသာစကားလံုးကို
ပံုရိပ္ကိုယ္တိုင္လည္း ခဏခဏေမးေနမိေပမဲ့
အေျဖကေတာ့ တစ္ခုတည္းသာထြက္ေလ့ရိွသည္။
"ထိုက္တန္တာေပါ့...သူငါ့ကိုကတိတည္မေပးႏိုင္ခဲ့ရင္ေတာင္....ဥပကၡာျပဳသြားရင္ေတာင္...
ေနာက္ဆံုးသူငါ့ကိုလွၫ့္စားခဲ့ရင္ေတာင္...
ထိုင္တန္တယ္...အေပၚယံဟန္ေဆာင္မႈေတြပဲ
ဆိုအံုးေတာ့...သူငါ့အေပၚလုပ္ေပးခဲ့တဲ့အရာေတြ
သူငါ့အေပၚေကာင္းေပးခဲ့တဲ့လုပ္ရပ္ေတြအားလံုးက
ငါ့ဘ၀အတြက္ အမ်ားႀကီးအေထာက္အကူျပဳခဲ့တယ္...ငါသူ႔ကိုသိပ္ခ်စ္တယ္...
သူဟာဘယ္လိုလူမ်ိဳးပဲျဖစ္ျဖစ္...
ငါသူ႔ကိုအၿမဲခ်စ္ေနမွာပဲ...နင္လည္းနင့္ကိုတကယ္ခ်စ္ႏိုင္မဲ့ မိန္းမေကာင္းေလးတစ္ေယာက္ကို
ရွာေတြ့ႏိုင္ပါေစ....ငါသြားေတာ့မယ္...."
ခေရပင္အရိပ္ေအာက္မွ ပံုရိပ္ထြက္သြားေသာအခါ
ေလးရူးတစ္ခ်က္အေဝ့၌ ခေရပန္းေတြသည္
ကိုထက္၏ ခႏၶာကိုယ္ေပၚသို႔ ႂကြေက်လာခဲ့သည္။
ကိုထက္ကေတာ့ ကိတ္မုန႔္တင္ထားေသာေဘာင္ေပၚမွာ စိတ္ပ်က္စြာထိုင္ခ်ပစ္လိုက္ၿပီး မီးေသသြားေသာ ဖေယာင္းတိုင္ေလးကိုသာ အဓိပၸာယ္မဲ့
ေငးၾကၫ့္ေနမိေလသည္။
*ပံုရိပ္ရယ္...အစဲြအလမ္းႀကီးတဲ့ေနရာမွာေတာ့
နင္တစ္ေယာက္တည္းမဟုတ္ပါဘူး....
ငါကိုယ္တိုင္လည္းပဲ နင့္ကိုစဲြလမ္းမိလို႔တစ္ႏွစ္ၿပီး
တစ္ႏွစ္ကုန္ဆံုးသၫ့္တိုင္ နင့္အနားကိုေရာက္ဖို႔ပဲ
နည္းလမ္းေပါင္းစံုနဲ႔ အားထုတ္ခဲ့မိတာပါ...
ဒါေပမဲ့ ဘာလို႔အဆံုးသတ္ဟာအၿမဲတမ္းအတူတူပဲ
ျဖစ္ေနရတာလဲဟာ...
အေဝးကလူကိုပဲ ေမ်ွာ္မွန္းေနၿပီး...
ဘာေၾကာင့္ အနီးအနားမွာရိွေနတဲ့လူကိုၾကေတာ့
မျမင္ႏိုင္ရတာလဲ...
ငါ့အေမက ငါတို႔ငယ္ငယ္ေလးတည္းကဆံုးပါးသြားခဲ့တယ္....ငါ့ညီမေလးလည္းငါ့နံေဘးမွာ
မရိွေတာ့ဘူး...အေနေဝးလာတဲ့ဒယ္ဒီ့ေၾကာင့္
ငါဟာ ေမတၲာငတ္ေနရတဲ့လူတစ္ေယာက္ပါ...
အေမနဲ႔ယမင္းၿပီးရင္...ငါနင့္ကိုအခ်စ္ဆံုးဆိုတဲ့
စကားကို ဘာေၾကာင့္တစ္ခါေလးေတာင္
ေျပာဖို႔ အခြင့္အေရးမေပးရတာလဲဟာ...
ငါခ်စ္ရတဲ့အျခားမိန္းကေလးတစ္ေယာက္ရိွလာဖို႔
နင္မို႔လို႔ ဆုေတာင္းေပးရက္တယ္...
ဟိုအရင္ကိုးတန္းႏွစ္ေလာက္တည္းက..
နင့္ေၾကာင့္ ငါ့ႏွလံုးသားေတြ
အေရာင္တင္က်န္ခဲ့တာကို
နင္ကေတာ့ ဘယ္ျမင္ႏိုင္ပါ့မလဲ...
ငါနင္နဲ႔စကားေျပာခ်င္ေပမဲ့...မိန္းကေလးေတြနဲ႔
ဘယ္လိုစကားစေျပာရမွန္းမသိလို႔...
နင္စိတ္တိုေအာင္...စိတ္ဆိုးေအာင္လုပ္မိခဲ့တယ္...
ငါ့ဘက္ကေတာ့ နင္နဲ႔ရန္ျဖစ္ရတာကိုေတာင္
ၾကည္ႏူးေနမိေပမဲ့...နင္ကေတာ့ငါ့ကိုၿပိဳင္ဘက္ႀကီး
တစ္ေယာက္လိုပဲ အၿမဲေတြးေနခဲ့မွန္း ငါမသိခဲ့ဘူး...
ငါဟာစကားလံုးလွလွေလးေတြမေျပာတတ္ဘူး
ပံုရိပ္ရယ္...ငါနင့္ကိုအခုအခ်ိန္မွာ ၀န္ခံေနတဲ့စကားေတြက...နင္အိမ္ျပန္တဲ့လမ္းမွာစက္ဘီးအတူစီးရင္း
လိုက္ပို႔တည္းက ေျပာခ်င္ခဲ့တာ...
ဒါေပမဲ့ငါတို႔ကငယ္ေသးလို႔ဆိုၿပီး ေနာက္ဆုတ္ခဲ့တယ္..အခုေတာ့ငါေနာက္က်သြားခဲ့ၿပီေပါ့ဟာ..."
ပံုရိပ္ႏွင့္သူ႔ၾကားမွာၾကည္ႏူးစရာအျဖစ္အပ်က္ေလးေတြဆိုလို႔ စတိတ္ေက်ာင္းသားဘ၀မွ
အခ်ိန္ေလးေတြသာ ရိွခဲ့၍ထိုအရာေလးေတြကိုသာ
ျပန္၍ ေတြးၾကၫ့္ေနမိေလသည္။
မျဖစ္ႏိုင္ေတာ့တဲ့ ခ်စ္ျခင္းတစ္ခုကို
ထပ္ၿပီးမေမ်ွာ္လင့္ေတာ့ဖို႔ သူ႔ကိုယ္သူျပန္၍
အထပ္ထပ္အခါခါ သတိေပးေနမိသည္။
🌹🌹🌹🌹🌹🌹🌹
ကိုထက္နဲ႔ကိစၥေတာ့ ပ်က္ၿပီေနာ္ ဆရာနဲ႔ေပါင္းမလားဆိုတာေတာ့ ?????
ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းဆီကို
အထူးေက်းဇူးတင္ရိွပါတယ္....
No comments:
Post a Comment