🌹ဆူးကြိုး🌹(အခန်း၆၇)

    (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🌹ဆူးကြိုး🌹(အခန်း၆၇)


နီဆွေးဆွေးဖြစ်နေသော နေ၀န်းကြီးကို

ငေးကြည့်နေမိသော သူ့မျက်၀န်းများသည်လည်း နေ၀န်းနှင့်အပြိုင် ဆွေးမြေ့နေလေသည်။

ကားပြတင်းတံခါးမှနေ၍ ကောင်းကင်ကိုမော့ကြည့်နေရင်းမှ တဖြည်းဖြည်းဝေးကွာသွားသော

သီရိပစ္စယာဟိုတယ်ကြီးအား လှမ်း၍ငေးကြည့်နေမိလေသည်။


ရင်ထဲမှာ မတင်မကျဖြစ်နေလျှက် ဟိုတယ်တွင်

တစ်ခုခုကျန်ရစ်ခဲ့သလိုမျိုး စိတ်မချနိုင်ဖြစ်နေမိသည်။

သူ့ကိုငေးကြည့်ပြီး မျက်ရည်ဝဲသွားရှာတဲ့

မျက်၀န်းငယ်လေးတွေကို မြင်ယောင်လာမိတော့

ကိုယ့်စိတ်ကိုယ် မလုံမလဲဖြစ်လာသလို

ခံစားလိုက်ရသည်။

လှည့်စားခံလိုက်ရတဲ့ ခံစားချက်ဟာသိပ်ကို

ပြင်းထန်မှန်းသိပေမဲ့ သူလုပ်လိုက်မိပြီ။


"ကိုနေ..တစ်ခုခုဖြစ်နေတာလား..."


သူ့ပုံစံကိုကြည့်ပြီး မေးလာသောခင်ရူပကို

သူပြုံးသာပြလိုက်သည်။

သူ့ရင်ထဲမှာ တစ်ခုခုဖြစ်နေတာကတော့အမှန်ပါပဲ။

အဲ့ဒါဟာတစ်စုံတစ်ယောက်ကို နာကျင်အောင်လုပ်မိလိုက်ခြင်း၏အကျိုးဆက်ဖြစ်သည်။

နာကျင်မှုတွေ ရင်ထဲမှာပြည့်နှက်နေပေမဲ့

ယောက်ျားတစ်ယောက်ဟာ မျက်ရည်ကိုအားကိုးပြီးတော့လည်း ပျော့ညံ့နေလို့မရဘူး။


"ကိုနေ...ဆရာတော်ကြီး...ကျန်းမာရေးမကောင်းတာကို ကိုနေကဘယ်လိုလုပ်ပြီးသိရတာလဲ..."


"ဦးဇင်းပြုံးချိုကဖုန်းဆက်တာပါ...

ဆရာတော်ကြီးက ကျန်းမာရေးတော်တော်

မကောင်းဖြစ်နေလို့

ပြန်လာခဲ့ပါဆိုတာနဲ့...ကိုယ်လည်းချက်ချင်း

ထပြန်လိုက်ဖို့ ဖြစ်လာခဲ့တာပဲ...."


"အင်း..စိတ်မပူပါနဲ့ကိုနေရယ်..တို့ရဲ့ဦးလေကိုလည်း

လှမ်းပြီး ဖုန်းဆက်ထားပြီးပြီဆိုတော့...ဦးလေးက

အဆင်ပြေအောင် ကြည့်လုပ်ပေးမှာသေချာပါတယ်..."


"ကျေးဇူးအများကြီးတင်ပါတယ်နော်...."


"ရပါတယ်....ကိုနေကလဲ..."


စကားစပြတ်သွားသည်နှင့် ကိုနေသည်

ကားပြတင်းအပြင်ဘက်သို့သာ ပြန်၍ငေးနေပြန်သည်။ကိုနေဘာဖြစ်နေတာလဲ။

တစ်မနက်ခင်းလုံး ဘုရားဖူးတွေသွားတုန်းကတောင် ပျော်ရွှင်နေပြီး ရွှင်ရွှင်ပျပျရှိနေခဲ့ပေမဲ့

ယခုတော့ ဘာကြောင့်မှိုင်တွေနေရတာလဲ။


"ကိုနေ့ကို....တို့တစ်ခုမေးလို့ရမလား..."


"ဘာမေးမလို့လဲ...မေးလေ..."


"ခုဏက....ပုံရိပ်ကလှမ်းပြီးနှုတ်ဆက်တော့

ဘာကြောင့်ပြန်ပြီးနှုတ်မဆက်ရတာလဲ....

နောက်ပြီးသူဘာလို့ငိုနေတာလဲဆိုတာ

...ကိုနေသိလားဟင်..

တို့စိတ်ထဲမှာ...သူတစ်ခုခုဖြစ်နေသလို

ခံစားရတယ်..."


"တော်...တော်ပါတော့ဗျာ...အဲ့ဒီကိစ္စကိုမမေးပါနဲ့

အထူးသဖြင့်ပုံရိပ်နဲ့ပတ်သတ်တာမှန်သမျှ

ကျွန်တော့်ကို ဘာတစ်ခုမှလာမမေးပါနဲ့...

ကျွန်တော့သူနဲ့ပတ်သတ်တာတွေကို မကြားချင်ဘူး


ရူပ၏မေးခွန်းကိုတောင် ဆုံးအောင်နားမထောင်ပဲ

အတင်းငြင်းဆန်နေ၍ အံ့ဩနေမိသည်။

ဒီလောက်တောင်ခါးခါးသီးသီးဖြစ်နေရအောင်

ဘယ်အရာကများ ကိုနေ့ကိုတွန်းအားပေးခဲ့ရတာလဲ။

ပုံရိပ်ကလည်း ငိုနေခဲ့ပြီး

ကိုနေကလည်း မှိုင်တွေနေတယ်။

သူတို့ကြားမှာ တစ်ခုခုတော့ရှိနေတာသေချာတယ်။


"မရူပကို ကျွန်တော်တစ်ခုလောက်မေးချင်တယ်...

ကျွန်တော့်လိုဘာဆိုဘာမှမရှိတဲ့ကောင်ကို

လက်တွဲဖော်အဖြစ်နဲ့ လက်ခံနိုင်ပါ့မလား..."


"ရှင်!!!!!"


ဒဲ့တိုးကြီးပြောချလိုက်တာကြောင့် ရူပမှာပြင်ဆင်ချိန်တောင် မရလိုက်ပေ။

ကိုနေက အခုရူပကိုချစ်ခွင့်ပန်နေတာလား။

ဒါပေမဲ့ ဘာလို့နူးညံ့မနေရတာလဲ။


ကိုနေ့၏မျက်၀န်းများသည် ဆွေးမြေ့နေကာ

ညှို့ငင်နိုင်စွမ်းရှိသောကြောင့် ရူပလိုဆရာ၀န်

တစ်ယောက်ကတောင် တန်ပြန်စိုက်မကြည့်ဝံ့ရဲ

လောက်အောင်စူးရှလွန်းသည်။

ဒီလိုစူးရှပြီး စိတ်စွမ်းအင်မြင့်မားသည့်မျက်၀န်းမျိုးကို ပိုင်ဆိုင်သူများသည်ထင်မြက်ပြီး ကိုယ့်ကိုကိုယ်

ယုံကြည်မှု အလွန်ရှိခြင်းကို ပြသနေလေသည်။

ဒီလိုလူမျိုးတွေဟာ စကားကိုပေါ့ပျက်ပျက်မပြောတတ်ကြပဲ ကိစ္စတစ်ခုကိုလည်းလေးလေးနက်နက်

စဉ်းစားတွေးခေါ်ပြီးမှ လုပ်လေ့ရှိတတ်ကြသည်။


"ကိုနေအခုပြောတဲ့ အဓိပ္ပာယ်ကဘာကိုဆိုလိုတာလဲ..."


"ကျွန်တော်...ခင်ဗျားကိုချစ်ခွင့်ပန်နေတာပါ..."


တစ်ခွန်းတည်းနှင့် တိကျပြတ်သားစွာပြောလိုက်သော စကားကြောင့်ရူပမှာ ရယ်ရခက်၊

ငိုရခက်သော အခြေအနေသို့ရောက်နေလေသည်။

ချစ်ခွင့်ပန်လာသော စကားသည်အထက်စီးဆန်လွန်းနေပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားဖို့လည်း

ကောင်းလေသည်။


အမှန်တော့ ဒီစကားလေးကိုကြားရဖို့

အချိန်အတော်ကြာအောင် စောင့်နေခဲ့ရတာပါ။

ကိုနေဟာ စိတ်ထားဖြောင့်မှန်သူဖြစ်ကာ

တော်ပြီး ထက်မြက်သောလူငယ်တစ်ယောက်ဖြစ်သည်။တည်ကြည်ခံ့ငြားသော ရုပ်ရည်ကိုလည်း

ပိုဆိုင်ထား၍ မိန်းကလေးများစွာ၏

စိတ်၀င်စားခံရသော လူစားမျိုးဖြစ်သည်။


ကိုနေ့ကိုဆိုရင် ရူပတင်မကပဲရူပတို့တစ်မိသားစုလုံးကပါ လက်ခံတယ်ဆိုတာကို သိစေချင်သည်။

ရူပလည်း မရဲတရဲနှင့် ကိုနေ၏မျက်၀န်းတွေကို

တန်ပြန်ပြီး စိုက်ကြည့်လိုက်မိတော့ ကိုနေ၏

မျက်၀န်းထဲမှ ၀မ်းနည်းရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။


🌹🌹🌹🌹🌹🌹🌹🌹🌹


ဒေါ်ရိပ်ညိုပိုင်ဆို‌င်သော ညောင်ဦးမြို့ရှိ

ကြယ်သုံးပွင့် အဆင့်မြင့်ဟိုတယ်ကြီး၏

အခန်းတစ်ခုအရှေ့တွင်‌တော့

ဟိုတယ်၀န်ထမ်းများ စုပြုံနေကြလေသည်။

အခန်းထဲမှ  အော်ဟေ့သောင်းကျန်းသံတွေနှင့်

ငိုသံတွေကိုလည်းကြားနေရပေမဲ့

သူတို့၀င်မသွားရဲပေ။

ဒေါ်ရိပ်ညို၏မြေးဟာလည်း သူတို့၏သူဌေးပဲဖြစ်၍ ကြောက်ရွှံ့ထိတ်လန့်နေကြလေသည်။


၀န်းထမ်းတွေဆူညံနေတုန်း မန်နေဂျာကြီး

ကိုမင်းသူရောက်လာလေသည်။


"ဟဲ့...အဲ့ဒီ့မှာဘာလို့ဝိုင်းအုံနေရတာလဲ

အလုပ်မရှိကြဘူးလား...ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြလေ..."


"ကိုမင်းသူရေ...လာပါအုံး...ဒီမှာသူဌေးက

ဝိုင်နောက်တစ်ပုလင်းယူလာခိုင်းလို့

ကျွန်မစိတ်ညစ်နေတာ...

အထဲကိုလည်း၀င်မပေးရဲဘူး..."


"အေးဟယ်...သူဌေးကလူကြည့်‌တော့ဖြူဖြူ

ချောချောလေးနဲ့ ဘာကြောင့်ဒီလိုဖြစ်နေသလဲ

မသိဘူး...အခြားအခန်းတွေက လန့်သွားကြရင်ဘယ်လိုလုပ်မလဲ...."


"ဂျာကြီး...

ကျွန်မ...ဝိုင်ပုလင်း၀င်ပေးလိုက်ရမလား..."


"၀င်ပေးလို့လည်းမရဘူးလေဟာ...

သူဌေးကနောက်တစ်လလောက်မှ

အသက်၁၈နှစ်ပြည့်မှာ...

ဝိုင်ကိုအလွန်အကျွံသောက်လို့မရဘူး...

ငါလည်း ဒေါ်ရိပ်ညိုဆီကိုဖုန်းဆက်ထားပြီးပြီ...

ဒါကြောင့် သူတို့ဆီကတစ်ယောက်ယောက်

လိုက်လာလိမ့်မယ်...ခုလောလောဆယ်တော့

သူအဆင်ပြေသလိုသာ လွှတ်ထားလိုက်ဟာကိုယ်လုပ်စရာရှိတာသာသွားလုပ်ကြ..

အခန်းအရှေ့မှာယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ပဲ နေခဲ့ကြ...

ကဲ...ကျန်တဲ့လူတွေကကိုယ့်အလုပ် ကိုယ်သွားလုပ်ကြတော့..."


မေနေဂျာနှင့်အတူ အလုပ်သမား၀န်ထမ်းအချို့ထွက်သွားကြစဉ် အခန်းထဲတွင်တော့....


"ဒုန်း!!!!ခလွမ်း...."


ဝိုင်ပုလင်းကို နံရံဆီသို့ပစ်ပေါက်လိုက်သောကြောင့်

နံရံပေါ်တွင် အနီရောင်အကွက်ကြီးစွန်းထင်းသွားလေသည်။ပုံရိပ်ကတော့ မဲ့ပြုံးပြုံးလျှက်

ထိုအနီရောင်စွန်း‌ထင်းနေသော အကွက်ကြီးကိုသာ

အရူးတစ်ယောက်လို ကြည့်နေခဲ့လေသည်။

ဝိဉာဉ်ဆွဲထုတ်ခံလိုက်ရသလို အင်အားမဲ့နေလျှက်

ဝိုင်၏ထွေပြားမှုတွေကြောင့် ရယ်တစ်လှည့်၊

ငိုတစ်လှည့်ဖြစ်နေခဲ့သည်။


"လူလိမ်....လူညာ...ကတိမတည်တဲ့လူ...

အစတည်းက ကတိမတည်ပေးနိုင်ရင်

အင်းလေးကိုသွားဖို့ လက်သန်းချင်းချိတ်ပြီး

ဘာလို့ကတိပြုခဲ့ရတာလဲ...

ဘာကြောင့် ကျွန်မဆီကို

ရောက်အောင်လာခဲ့မယ်လိုပြောခဲ့ရတာလဲ..

ကျွန်မရှင့်ကိုစောင့်နေပါ့မယ်လို့ ပြောတဲ့အချိန်မှာ

ဘာကြောင့် ခေါင်းငြိမ့်ပြခဲ့ရတာလဲ....

........

ကျွန်မရဲ့အသဲနှလုံးကို ဘာလို့

စိတ်ဒဏ်ရာတွေပေးခဲ့ရတာလဲ....

ကျွန်မရှင့်ကို ဘယ်လောက်အထိချစ်သလဲဆိုတာ

ရှင်မသိဘူးလား...

.........

မျှော်လင့်ချက်တွေ...ဖြစ်တည်လာအောင်လုပ်ပြီး

ဟန်ဆောင်အပြုံးတွေနဲ့...နောက်ဆုံးမှာ

ကျွန်မနောက်ကျောကို ဓားနဲ့ထိုးလိုက်တာပေါ့...

ရှင်သိပ်ရက်စက်တာပဲ....

ရှင့်ကိုတော့ ကျွန်မယုံလို့ရမယ်လို့ ထင်ခဲ့မိတာ

အနည်းဆုံးတော့ ကျွန်မကိုတစ်ချက်လောက်

လှည့်ကြည့်သင့်ပါတယ်....

ဖြေရှင်းချက်လေးဖြစ်ဖြစ် ပေးခဲ့သင့်ပါတယ်...

ဘာလို့များ!!!!!အဟင့်...."


အယ်လ်ကိုဟောဓာတ်ကို ခံနိုင်ရည်နည်းပါးသောကြောင့် တစ်ကိုယ်လုံးပျော့ခွေ၍ကြမ်းပြင်ပေါ်

သို့ လဲကျသွားလေတော့သည်။

ပုံရိပ်သည် သတိမဲ့သွားခြင်းမရှိပေမဲ့

အသက်မဲ့နေသော လူတစ်ယောက်ကဲ့သို့

ခန္ဓာရော၊စိတ်ရောဟာ အင်အားမဲ့သွားခဲ့လေပြီ။

အခြားမိန်းမတစ်ယောက်၏ ပခုံးကိုဖက်လိုက်ပြီး

ပြတ်ပြတ်သားသားကျောခိုင်းသွားသော

ဆရာ့၏ပုံရိပ်တွေကသာ မျက်၀န်းထဲမှာ

ပေါ်ပေါ်လာ၍ နှုတ်ခမ်းတွေကိုသွေးထွက်အောင်

ကိုက်လိုက်မိသည်။


လက်သီးကိုဆုပ်ပြီး အံတင်းထားမိပေမဲ့

မျက်ရည်တွေဟာ မျက်၀န်းအိမ်မှတစ်ဆင့်ကြမ်းပြင်ပေါ်သို့ တစ်ပေါက်ပေါက်

စီးကျနေလေသည်။

ကြမ်းပြင်ပေါ်မှပြန်၍မထနိုင်တော့သောကြောင့်

ခွေခွေလေးလှဲနေလိုက်ပြီး နှုတ်မှလည်းစကားလုံး

အချို့ကို ရေရွတ်နေမိလေသည်။


"ရက်စက်လိုက်တာဆရာရယ်...ပုံရိပ်ကတော့

ဆရာနဲ့နီးစပ်နိုင်ဖို့...မိုင်ပေါင်းများစွာကို

အရဲစွန့်ပြီးလာခဲ့ရတယ်...

ဆရာကတော့အသိအမှတ်မပြုခဲ့ဘူး....

ဆရာ့အတွက်...ကျွန်မကအရာအာလုံးကို

စွန့်လွှတ်နိုင်ပေမဲ့...

ဆရာ့အနေနဲ့ခြေတစ်လှမ်းလေးတိုးလာခဲ့ဖို့တောင်

သတ္တိမရှိခဲ့ဘူး...

အစတည်းက ကျွန်မကိုလိမ်ညာနေခဲ့တာလား...

...........

အဟင့်...ကျွန်မ...မယုံနိုင်သေးဘူး...

အဖေနဲ့အမေလို ဆရာကလည်း

ကျွန်မကိုထားခဲ့တာပါပဲ...

..........

ဆရာ့ကို...ကျွန်မ..မနာကျင်စေချင်ပါဘူး...

ဆရာ၀မ်းနည်းရင်...ကျွန်မလည်းငိုချင်တယ်...

ဆရာထိခိုက်ရင် ကျွန်မကိုယ်တိုင်

ထိခိုက်ရသလိုပါပဲ...ဒါပေမဲ့ဆရာကတော့...

ကျွန်မကို တစ်ချက်တည်းနဲ့

အသေသတ်ပစ်လိုက်တယ်....

ဆရာကတော့ ဘယ်လိုနေမလဲမသိပေမဲ့

ကျွန်မကတော့ ဆရာပေးတဲ့ဒဏ်ရာတွေနဲ့

အသက်ရှင်ဖို့တောင် ဆန္ဒမရှိတော့ဘူး...

စိတ်ဓာတ်ပျော့ညံ့တယ်လို့ ပြောရင်လည်း

ခံရတော့မှာပဲ ဆရာရယ်..

............

ကျွန်မလေ...ဆရာ့ကိုအသက်လောက်ချစ်ခဲ့တာပါ...

ကျွန်မရဲ့ ဘ၀တစ်ခုလုံးကို..

ဆရာ့ကိုအပိုင်ပေးထားရဲ့သားနဲ့....

အသက်ဝိဉာဉ်ပါနှုတ်သွားရတဲ့အထိ

လိုအပ်ခဲ့တာလား...

.............

မချစ်ဘူးလိုငြင်းခဲ့ရင် ယုံပေးနိုင်သလို

အရာအားလုံးဟာ ဟန်ဆောင်မှုတွေပါလို့

ပြောခဲ့ရင်လည်း ယုံကြည်ပေးနိုင်ပါတယ်..

အခုတော့ ဆရာ့နှုတ်ခမ်းကနှုတ်ဆိတ်နေခဲ့ပြီး

ဥပက္ခာပြုမှုနဲ့အတူ...ကျွန်မကို

အသံတိတ်အသဲခွဲခဲ့တာပေါ့...

ဘယ်ဘက်ကကြည့်ကြည့် ဆရာမလွန်ခဲ့ပါဘူး...

ယုံမှားသံသယတွေနဲ့ တစ်ဖက်သတ်ရူးသွတ်ခဲ့တဲ့

ကျွန်မကသာ လွန်ခဲ့တာပါ...

.............

အချိန်တစ်ခုကိုရောက်ရင် အရာအားလုံး

ပြီးသွားနိုင်ပေမဲ့...

ဆရာနဲ့ပတ်သတ်ပြီး...ကျွန်မရဲ့စိတ်ထဲကို

ရိုက်သွင်းခဲ့တဲ့ ခံစားချက်တွေက..

တစ်မိနစ်..တစ်စက္ကန့်ပဲကြာခဲ့တာမဟုတ်ဘူး...

နှစ်နဲ့ချီပြီးအချိန်ယူခဲ့ရတာပါ...

ကျွန်မရဲ့ မျက်ရည်တွေလည်း

ခမ်းခြောက်ကုန်ပါပြီဆရာရယ်...

........

ကျွန်မအတွက်ဆရာက..ဒဏ်ရာတစ်ခုဖြစ်သလို

ကျိန်စာတစ်ခုလည်းဖြစ်တယ်....

...........

မုန်းလိုက်တာဆရာရယ်...

ဒါဟာသိပ်ချစ်ခဲ့မိတဲ့ အပြစ်ဒဏ်တွေပေါ့...."


ပုံရိပ်သည် ကြမ်းပြင်ပေါ်တွင်ပျော့ခွေကာ

လဲနေလျှက် တစ်ယောက်တည်း

ညီးတွားနေမိသည်မှာ အချိန်များစွာကုန်လွန်သွားခဲ့လေသည်။


ညရှစ်နာရီထိုးလောက်တွင်တော့ ဟိုတယ်အခန်းတံခါးဟာ ရုတ်တရက်ပွင့်လာခဲ့ပြီး အခန်းထဲသို့

အမျိုးသမီးတစ်ယောက်၀င်လာခဲ့လေသည်။

ထိုအမျိုးသမီးသည် ကြမ်းပြင်ပေါ်တွင်

ပျော့ခွေ၍သတိမဲ့နေသလို လဲကျနေသောပုံရိပ်ကို

တွေ့သည်နှင့် အထိတ်တလန့်ဖြစ်သွားလေသည်။

ချက်ချင်းပြေးပွေ့လိုက်ပြီး မထူလိုက်တော့

ပုံရိပ်၏မျက်၀န်းလေးတွေ ပွင့်လာခဲ့ပြီး

ထိုအမျိုးသမီးကို မော့ကြည့်လာခဲ့သည်။


"အန်တီယဉ်တင့်....အန်တီရောက်လာတယ်...

အဟင့်...ဟင့်...."


"သမီးလေးရယ်...ဘာလို့ငိုနေတာလဲကွယ်...

ဝိုင်တွေလည်းဘာလို့အရမ်းသောက်ရတာလဲ...

အရိပ်လေးက..အဲ့ဒါတွေနဲ့မတည့်ဘူးလေကွယ်...."


ဒေါ်ယဉ်တင့်ဆုံးမစကားပြောနေစဉ်မှာပဲ

ပုံရိပ်သည်  ဒေါ်ယဉ်တင့်၏ရင်ခွင်ထဲသို့

 တိုး၀င်ကာ ကလေးတစ်ယောက်လို

‌ငိုလေတော့သည်။အခုချိန်မှာ တစ်စုံတစ်ယောက်၏

ရင်ခွင်ဟာ သူမအတွက်အားအင်တစ်ခုဖြစ်စေသည်။


ဒေါ်ယဉ်တင့်လည်း ကလေးကိုမေးခွန်းတွေ

အများကြီးမမေးဖြစ်အောင် သတိထားလိုက်ပြီး ခေါင်းလေးကိုသာပုတ်ပေးနေမိသည်။


"ပုံရိပ်ရဲ့ဘ၀မှာ ဘယ်သူမှမရှိတော့ဘူး...

ဖေဖေတို့မေမေတို့လို...နောက်ဆုံးတော့သူလည်း

သမီးရဲ့ဘ၀ထဲကနေထွက်သွားပြီ....

သမီးလေ...သူ့ကိုသိပ်ယုံကြည်ခဲ့တာ...

လူတိုင်းကသမီးအပေါ်မှာ လှည့်စားနေရင်တောင်

သူကတော့ မလုပ်လောက်ဘူးလို့ထင်ခဲ့တာ...

သူ့နဲ့နီးနိုင်ဖို့ ဖွားညိုနဲ့တောင်အတိုက်အခံ

လုပ်ခဲ့ရတယ်...

..........

အခုလောက်ဆိုရင် ဖွားညိုလည်းသမီးကိုမုန်းနေလောက်ပါပြီ...မလိမ္မာတဲ့သမီးကိုစွန့်လွှတ်ဖို့

တွေးနေလောက်ပြီ...

.....

အဟင့်...ဖွားညိုလည်းမကောင်းဘူး....

သမီးဖြစ်ချင်တာထက်...သူတို့ဖြစ်စေချင်တာကိုပဲ

ဦးစားပေးကြတယ်...သမီးရဲ့ခံစားချက်က

ဘယ်သူ့အတွက်မှ အရေးမပါဘူးလား..."


"အရိပ်လေးရယ်....."


ဒေါ်ယဉ်တင့်လည်း ၀မ်းပန်းတနဲငိုနေရှာသော

ကလေး၏ ပါးပြင်ပေါ်မှမျက်ရည်တွေကို

သုတ်ပေးလိုက်ပြီး ဆံပင်လေးကိုသပ်တင်ပေးလိုက်သည်။တစ်ချိန်လုံးငိုထား၍

မျက်နှာလေးတစ်ခုလုံးကလည်း

ရဲ‌ဗလောင်းခက်နေလေပြီ။

အသက်တောင်မပြည့်သေးတဲ့ ကလေးမလေးကို

ဘာကြောင့် ဒဏ်ရာတွေအထပ်ထပ်ပေးနေကြတာလဲ။

ကလေးကိုကြည့်ပြီး ကိုယ်ပါငိုချင်လာသည်။


"ပုံရိပ်လေး...အန်တီတင့်ကိုကြည့်စမ်း...

အကုန်လုံးကို အန်တီတင့်မ‌ဖြည့်ဆည်းပေးနိုင်ပေမဲ့

ပုံရိပ်လေးကို အန်တီတင့်တို့က...

ဘယ်သောအခါမှ မစွန့်ပစ်ဘူးဆိုတာကိုတော့

ကတိပေးနိုင်တယ်...မေညိုကလည်း

အချို့နေရာတွေမှာ အတ္တကြီးတာမှန်ပေမဲ့

အခုပုံရိပ်ကလေးကို သူအရမ်းစိတ်ပူနေတာပါ..

သူကိုယ်တိုင်လိုက်လာလို့ရရင်....အခုအန်တီတင့်နေရာမှာ..မေညိုဖြစ်နေပါလိမ့်မယ်ကလေးရယ်..

မေညိုကလေ...ပုံရိပ်ကိုသိပ်ချစ်တာပါ...

ချစ်လို့လည်း...ဖြစ်စေချင်လွန်းလို့လည်း..

တလွဲအတ္တ၊မာနတွေနဲ့...မှားကုန်ရတာပေါ့..

မန်နေဂျာကဖုန်းဆက်တော့..

သတင်းကြားကြားချင်းမှာ...

မေညိုအရမ်း၀မ်းနည်းသွားတာသိရဲ့လား..."


"အန်တီတင့်တကယ်ပြောနေတာလားဟင်..."


"တကယ်ပြောနေတာပေါ့...ကလေးရယ်...

ပုံရိပ်ရဲ့အတွေးထဲမှာ တနေ့နေ့ငါ့ကို

ဒီမိသားစုက ပစ်သွားမှာပဲဆိုတဲ့အတွေးကို

မတွေးပါနဲ့....ပုံရိပ်ဟာအန်တီတင့်တို့ရဲ့

မိသားစု၀င်...မိုးရိပ်စံအိမ်ရဲ့နှလုံးသားပဲ...

ဒါကြောင့်..ပုံရိပ်လေးကလည်း...

အန်တီတင့်တို့ကို...ထားမသွားပါနဲ့ကွယ်..နော်.."


"ကျေးဇူးတင်ပါတယ်...အန်တီတင့်ရယ်...."


"ဟင့်အင်း...ကျေးဇူးတင်ဖို့မလိုပါဘူးကလေးရယ်.."


ဒေါ်ယဉ်တင့်သည် ကလေးကိုတင်းကြပ်စွာ

ပွေ့ဖက်လိုက်စဉ်မှာပဲ သူ့လက်ထဲမှကလေးလေး

ပျော့ခွေကျသွားတာကို သတိထားမိလိုက်လေသည်။


ထိုခဏတာအတွင်းမှာပဲ ခံစားချက်တွေအားလုံးကို

လွှတ်ချလိုက်သောပုံရိပ်လေးသည် လောကကြီးနှင့်

ခဏတာအဆက်ပြတ်သွား‌ခဲ့လေသည်။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ရှည်ရှည်လေး ရေးပေးချင်ပေမဲ့

အမှတ်တမဲ့ရေးထားတဲ့စာတွေကိုဖြတ်လိုက်သလို

မှားနှိပ်မိလို့ ခုမနက်မှအသစ်ပြန်ရေးရတဲ့အတွက် မရှည်နိုင်တော့ဘူးကွယ်...


(အပိုင်းကသိပ်မကျန်တော့ပါဘူး....

ဒါကြောင့် HE လားSEလားဆိုတာတော့

စောင့်မျှော်ပေးကြပါအုံးနော်....)


🛑နောက်ရေးမဲ့၀တ္ထုလေးကတော့ စာဖတ်သူတွေကို

ပေါ့ပေါ့ပါးပါးလေး ပြန်ခံစားစေချင်လို့

 အချစ်ဟာသနဲ့ အိမ်ထောင်ရေးဇာတ်လေး

ရေးဖို့ ရှိပါတယ်...

ပထမဆုံးရေးမဲ့ အိမ်ထောင်ရေးဇာတ်လမ်းလေး

ဖြစ်ပြီး တလွဲတွေနဲ့ရို၊ချို၊ငိုပေါ့နော်🤭



(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကိုအထူးကျေးဇူးတင်ရှိပါတယ်)


=========================================================================

🌹ဆူးႀကိဳး🌹(အခန္း၆၇)


နီေဆြးေဆြးျဖစ္ေနေသာ ေန၀န္းႀကီးကို

ေငးၾကၫ့္ေနမိေသာ သူ႔မ်က္၀န္းမ်ားသည္လည္း ေန၀န္းႏွင့္အၿပိဳင္ ေဆြးေႁမ့ေနေလသည္။

ကားျပတင္းတံခါးမွေန၍ ေကာင္းကင္ကိုေမာ့ၾကၫ့္ေနရင္းမွ တျဖည္းျဖည္းေဝးကြာသြားေသာ

သီရိပစၥယာဟိုတယ္ႀကီးအား လွမ္း၍ေငးၾကၫ့္ေနမိေလသည္။


ရင္ထဲမွာ မတင္မက်ျဖစ္ေနလ်ွက္ ဟိုတယ္တြင္

တစ္ခုခုက်န္ရစ္ခဲ့သလိုမ်ိဳး စိတ္မခ်ႏိုင္ျဖစ္ေနမိသည္။

သူ႔ကိုေငးၾကၫ့္ၿပီး မ်က္ရည္ဝဲသြားရွာတဲ့

မ်က္၀န္းငယ္ေလးေတြကို ျမင္ေယာင္လာမိေတာ့

ကိုယ့္စိတ္ကိုယ္ မလံုမလဲျဖစ္လာသလို

ခံစားလိုက္ရသည္။

လွၫ့္စားခံလိုက္ရတဲ့ ခံစားခ်က္ဟာသိပ္ကို

ျပင္းထန္မွန္းသိေပမဲ့ သူလုပ္လိုက္မိၿပီ။


"ကိုေန..တစ္ခုခုျဖစ္ေနတာလား..."


သူ႔ပံုစံကိုၾကၫ့္ၿပီး ေမးလာေသာခင္ရူပကို

သူႃပံုးသာျပလိုက္သည္။

သူ႔ရင္ထဲမွာ တစ္ခုခုျဖစ္ေနတာကေတာ့အမွန္ပါပဲ။

အဲ့ဒါဟာတစ္စံုတစ္ေယာက္ကို နာက်င္ေအာင္လုပ္မိလိုက္ျခင္း၏အက်ိဳးဆက္ျဖစ္သည္။

နာက်င္မႈေတြ ရင္ထဲမွာျပၫ့္ႏွက္ေနေပမဲ့

ေယာက္်ားတစ္ေယာက္ဟာ မ်က္ရည္ကိုအားကိုးၿပီးေတာ့လည္း ေပ်ာ့ညံ့ေနလို႔မရဘူး။


"ကိုေန...ဆရာေတာ္ႀကီး...က်န္းမာေရးမေကာင္းတာကို ကိုေနကဘယ္လိုလုပ္ၿပီးသိရတာလဲ..."


"ဦးဇင္းႃပံုးခ်ိဳကဖုန္းဆက္တာပါ...

ဆရာေတာ္ႀကီးက က်န္းမာေရးေတာ္ေတာ္

မေကာင္းျဖစ္ေနလို႔

ျပန္လာခဲ့ပါဆိုတာနဲ႔...ကိုယ္လည္းခ်က္ခ်င္း

ထျပန္လိုက္ဖို႔ ျဖစ္လာခဲ့တာပဲ...."


"အင္း..စိတ္မပူပါနဲ႔ကိုေနရယ္..တို႔ရဲ့ဦးေလကိုလည္း

လွမ္းၿပီး ဖုန္းဆက္ထားၿပီးၿပီဆိုေတာ့...ဦးေလးက

အဆင္ေျပေအာင္ ၾကၫ့္လုပ္ေပးမွာေသခ်ာပါတယ္..."


"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္...."


"ရပါတယ္....ကိုေနကလဲ..."


စကားစျပတ္သြားသည္ႏွင့္ ကိုေနသည္

ကားျပတင္းအျပင္ဘက္သို႔သာ ျပန္၍ေငးေနျပန္သည္။ကိုေနဘာျဖစ္ေနတာလဲ။

တစ္မနက္ခင္းလံုး ဘုရားဖူးေတြသြားတုန္းကေတာင္ ေပ်ာ္ရႊင္ေနၿပီး ရႊင္ရႊင္ပ်ပ်ရိွေနခဲ့ေပမဲ့

ယခုေတာ့ ဘာေၾကာင့္မိႈင္ေတြေနရတာလဲ။


"ကိုေန့ကို....တို႔တစ္ခုေမးလို႔ရမလား..."


"ဘာေမးမလို႔လဲ...ေမးေလ..."


"ခုဏက....ပံုရိပ္ကလွမ္းၿပီးႏႈတ္ဆက္ေတာ့

ဘာေၾကာင့္ျပန္ၿပီးႏႈတ္မဆက္ရတာလဲ....

ေနာက္ၿပီးသူဘာလို႔ငိုေနတာလဲဆိုတာ

...ကိုေနသိလားဟင္..

တို႔စိတ္ထဲမွာ...သူတစ္ခုခုျဖစ္ေနသလို

ခံစားရတယ္..."


"ေတာ္...ေတာ္ပါေတာ့ဗ်ာ...အဲ့ဒီကိစၥကိုမေမးပါနဲ႔

အထူးသျဖင့္ပံုရိပ္နဲ႔ပတ္သတ္တာမွန္သမ်ွ

ကၽြန္ေတာ့္ကို ဘာတစ္ခုမွလာမေမးပါနဲ႔...

ကၽြန္ေတာ့သူနဲ႔ပတ္သတ္တာေတြကို မၾကားခ်င္ဘူး


ရူပ၏ေမးခြန္းကိုေတာင္ ဆံုးေအာင္နားမေထာင္ပဲ

အတင္းျငင္းဆန္ေန၍ အံ့ဩေနမိသည္။

ဒီေလာက္ေတာင္ခါးခါးသီးသီးျဖစ္ေနရေအာင္

ဘယ္အရာကမ်ား ကိုေန့ကိုတြန္းအားေပးခဲ့ရတာလဲ။

ပံုရိပ္ကလည္း ငိုေနခဲ့ၿပီး

ကိုေနကလည္း မိႈင္ေတြေနတယ္။

သူတို႔ၾကားမွာ တစ္ခုခုေတာ့ရိွေနတာေသခ်ာတယ္။


"မရူပကို ကၽြန္ေတာ္တစ္ခုေလာက္ေမးခ်င္တယ္...

ကၽြန္ေတာ့္လိုဘာဆိုဘာမွမရိွတဲ့ေကာင္ကို

လက္တဲြေဖာ္အျဖစ္နဲ႔ လက္ခံႏိုင္ပါ့မလား..."


"ရွင္!!!!!"


ဒဲ့တိုးႀကီးေျပာခ်လိုက္တာေၾကာင့္ ရူပမွာျပင္ဆင္ခ်ိန္ေတာင္ မရလိုက္ေပ။

ကိုေနက အခုရူပကိုခ်စ္ခြင့္ပန္ေနတာလား။

ဒါေပမဲ့ ဘာလို႔ႏူးညံ့မေနရတာလဲ။


ကိုေန့၏မ်က္၀န္းမ်ားသည္ ေဆြးေႁမ့ေနကာ

ၫွို႔ငင္ႏိုင္စြမ္းရိွေသာေၾကာင့္ ရူပလိုဆရာ၀န္

တစ္ေယာက္ကေတာင္ တန္ျပန္စိုက္မၾကၫ့္ဝံ့ရဲ

ေလာက္ေအာင္စူးရွလြန္းသည္။

ဒီလိုစူးရွၿပီး စိတ္စြမ္းအင္ျမင့္မားသၫ့္မ်က္၀န္းမ်ိဳးကို ပိုင္ဆိုင္သူမ်ားသည္ထင္ျမက္ၿပီး ကိုယ့္ကိုကိုယ္

ယံုၾကည္မႈ အလြန္ရိျွခင္းကို ျပသေနေလသည္။

ဒီလိုလူမ်ိဳးေတြဟာ စကားကိုေပါ့ပ်က္ပ်က္မေျပာတတ္ၾကပဲ ကိစၥတစ္ခုကိုလည္းေလးေလးနက္နက္

စဉ္းစားေတြးေခၚၿပီးမွ လုပ္ေလ့ရိွတတ္ၾကသည္။


"ကိုေနအခုေျပာတဲ့ အဓိပၸာယ္ကဘာကိုဆိုလိုတာလဲ..."


"ကၽြန္ေတာ္...ခင္ဗ်ားကိုခ်စ္ခြင့္ပန္ေနတာပါ..."


တစ္ခြန္းတည္းႏွင့္ တိက်ျပတ္သားစြာေျပာလိုက္ေသာ စကားေၾကာင့္ရူပမွာ ရယ္ရခက္၊

ငိုရခက္ေသာ အေျခအေနသို႔ေရာက္ေနေလသည္။

ခ်စ္ခြင့္ပန္လာေသာ စကားသည္အထက္စီးဆန္လြန္းေနေပမဲ့ ရင္ခုန္စိတ္လႈပ္ရွားဖို႔လည္း

ေကာင္းေလသည္။


အမွန္ေတာ့ ဒီစကားေလးကိုၾကားရဖို႔

အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ေနခဲ့ရတာပါ။

ကိုေနဟာ စိတ္ထားေျဖာင့္မွန္သူျဖစ္ကာ

ေတာ္ၿပီး ထက္ျမက္ေသာလူငယ္တစ္ေယာက္ျဖစ္သည္။တည္ၾကည္ခံ့ျငားေသာ ရုပ္ရည္ကိုလည္း

ပိုဆိုင္ထား၍ မိန္းကေလးမ်ားစြာ၏

စိတ္၀င္စားခံရေသာ လူစားမ်ိဳးျဖစ္သည္။


ကိုေန့ကိုဆိုရင္ ရူပတင္မကပဲရူပတို႔တစ္မိသားစုလံုးကပါ လက္ခံတယ္ဆိုတာကို သိေစခ်င္သည္။

ရူပလည္း မရဲတရဲႏွင့္ ကိုေန၏မ်က္၀န္းေတြကို

တန္ျပန္ၿပီး စိုက္ၾကၫ့္လိုက္မိေတာ့ ကိုေန၏

မ်က္၀န္းထဲမွ ၀မ္းနည္းရိပ္တစ္ခုကို ေတြ့လိုက္ရေလသည္။


🌹🌹🌹🌹🌹🌹🌹🌹🌹


ေဒၚရိပ္ညိုပိုင္ဆို‌င္ေသာ ေညာင္ဦးၿမိဳ႔ရိွ

ၾကယ္သံုးပြင့္ အဆင့္ျမင့္ဟိုတယ္ႀကီး၏

အခန္းတစ္ခုအေရ႔ွတြင္‌ေတာ့

ဟိုတယ္၀န္ထမ္းမ်ား စုႃပံုေနၾကေလသည္။

အခန္းထဲမွ  ေအာ္ေဟ့ေသာင္းက်န္းသံေတြႏွင့္

ငိုသံေတြကိုလည္းၾကားေနရေပမဲ့

သူတို႔၀င္မသြားရဲေပ။

ေဒၚရိပ္ညို၏ေျမးဟာလည္း သူတို႔၏သူေဌးပဲျဖစ္၍ ေၾကာက္ရႊံ႔ထိတ္လန႔္ေနၾကေလသည္။


၀န္းထမ္းေတြဆူညံေနတုန္း မန္ေနဂ်ာႀကီး

ကိုမင္းသူေရာက္လာေလသည္။


"ဟဲ့...အဲ့ဒီ့မွာဘာလို႔ဝိုင္းအံုေနရတာလဲ

အလုပ္မရိွၾကဘူးလား...ကိုယ့္အလုပ္ကိုယ္သြားလုပ္ၾကေလ..."


"ကိုမင္းသူေရ...လာပါအံုး...ဒီမွာသူေဌးက

ဝိုင္ေနာက္တစ္ပုလင္းယူလာခိုင္းလို႔

ကၽြန္မစိတ္ညစ္ေနတာ...

အထဲကိုလည္း၀င္မေပးရဲဘူး..."


"ေအးဟယ္...သူေဌးကလူၾကည့္‌ေတာ့ျဖဴႁဖူ

ေခ်ာေခ်ာေလးနဲ႔ ဘာေၾကာင့္ဒီလိုျဖစ္ေနသလဲ

မသိဘူး...အျခားအခန္းေတြက လန႔္သြားၾကရင္ဘယ္လိုလုပ္မလဲ...."


"ဂ်ာႀကီး...

ကၽြန္မ...ဝိုင္ပုလင္း၀င္ေပးလိုက္ရမလား..."


"၀င္ေပးလို႔လည္းမရဘူးေလဟာ...

သူေဌးကေနာက္တစ္လေလာက္မွ

အသက္၁၈ႏွစ္ျပၫ့္မွာ...

ဝိုင္ကိုအလြန္အကၽြံေသာက္လို႔မရဘူး...

ငါလည္း ေဒၚရိပ္ညိုဆီကိုဖုန္းဆက္ထားၿပီးၿပီ...

ဒါေၾကာင့္ သူတို႔ဆီကတစ္ေယာက္ေယာက္

လိုက္လာလိမ့္မယ္...ခုေလာေလာဆယ္ေတာ့

သူအဆင္ေျပသလိုသာ လႊတ္ထားလိုက္ဟာကိုယ္လုပ္စရာရိွတာသာသြားလုပ္ၾက..

အခန္းအေရ႔ွမွာေယာက္်ားေလးတစ္ေယာက္နဲ႔မိန္းကေလးတစ္ေယာက္ပဲ ေနခဲ့ၾက...

ကဲ...က်န္တဲ့လူေတြကကိုယ့္အလုပ္ ကိုယ္သြားလုပ္ၾကေတာ့..."


ေမေနဂ်ာႏွင့္အတူ အလုပ္သမား၀န္ထမ္းအခ်ိဳ႕ထြက္သြားၾကစဉ္ အခန္းထဲတြင္ေတာ့....


"ဒုန္း!!!!ခလြမ္း...."


ဝိုင္ပုလင္းကို နံရံဆီသို႔ပစ္ေပါက္လိုက္ေသာေၾကာင့္

နံရံေပၚတြင္ အနီေရာင္အကြက္ႀကီးစြန္းထင္းသြားေလသည္။ပံုရိပ္ကေတာ့ မဲ့ႃပံုးႃပံုးလ်ွက္

ထိုအနီေရာင္စြန္း‌ထင္းေနေသာ အကြက္ႀကီးကိုသာ

အရူးတစ္ေယာက္လို ၾကၫ့္ေနခဲ့ေလသည္။

ဝိဉာဉ္ဆဲြထုတ္ခံလိုက္ရသလို အင္အားမဲ့ေနလ်ွက္

ဝိုင္၏ေထျြပားမႈေတြေၾကာင့္ ရယ္တစ္လွၫ့္၊

ငိုတစ္လွၫ့္ျဖစ္ေနခဲ့သည္။


"လူလိမ္....လူညာ...ကတိမတည္တဲ့လူ...

အစတည္းက ကတိမတည္ေပးႏိုင္ရင္

အင္းေလးကိုသြားဖို႔ လက္သန္းခ်င္းခ်ိတ္ၿပီး

ဘာလို႔ကတိျပဳခဲ့ရတာလဲ...

ဘာေၾကာင့္ ကၽြန္မဆီကို

ေရာက္ေအာင္လာခဲ့မယ္လိုေျပာခဲ့ရတာလဲ..

ကၽြန္မရွင့္ကိုေစာင့္ေနပါ့မယ္လို႔ ေျပာတဲ့အခ်ိန္မွာ

ဘာေၾကာင့္ ေခါင္းၿငိမ့္ျပခဲ့ရတာလဲ....

........

ကၽြန္မရဲ့အသဲႏွလံုးကို ဘာလို႔

စိတ္ဒဏ္ရာေတြေပးခဲ့ရတာလဲ....

ကၽြန္မရွင့္ကို ဘယ္ေလာက္အထိခ်စ္သလဲဆိုတာ

ရွင္မသိဘူးလား...

.........

ေမ်ွာ္လင့္ခ်က္ေတြ...ျဖစ္တည္လာေအာင္လုပ္ၿပီး

ဟန္ေဆာင္အႃပံုးေတြနဲ႔...ေနာက္ဆံုးမွာ

ကၽြန္မေနာက္ေက်ာကို ဓားနဲ႔ထိုးလိုက္တာေပါ့...

ရွင္သိပ္ရက္စက္တာပဲ....

ရွင့္ကိုေတာ့ ကၽြန္မယံုလို႔ရမယ္လို႔ ထင္ခဲ့မိတာ

အနည္းဆံုးေတာ့ ကၽြန္မကိုတစ္ခ်က္ေလာက္

လွၫ့္ၾကၫ့္သင့္ပါတယ္....

ေျဖရွင္းခ်က္ေလးျဖစ္ျဖစ္ ေပးခဲ့သင့္ပါတယ္...

ဘာလို႔မ်ား!!!!!အဟင့္...."


အယ္လ္ကိုေဟာဓာတ္ကို ခံႏိုင္ရည္နည္းပါးေသာေၾကာင့္ တစ္ကိုယ္လံုးေပ်ာ့ေခြ၍ၾကမ္းျပင္ေပၚ

သို႔ လဲက်သြားေလေတာ့သည္။

ပံုရိပ္သည္ သတိမဲ့သြားျခင္းမရိွေပမဲ့

အသက္မဲ့ေနေသာ လူတစ္ေယာက္ကဲ့သို႔

ခႏၶာေရာ၊စိတ္ေရာဟာ အင္အားမဲ့သြားခဲ့ေလၿပီ။

အျခားမိန္းမတစ္ေယာက္၏ ပခံုးကိုဖက္လိုက္ၿပီး

ျပတ္ျပတ္သားသားေက်ာခိုင္းသြားေသာ

ဆရာ့၏ပံုရိပ္ေတြကသာ မ်က္၀န္းထဲမွာ

ေပၚေပၚလာ၍ ႏႈတ္ခမ္းေတြကိုေသြးထြက္ေအာင္

ကိုက္လိုက္မိသည္။


လက္သီးကိုဆုပ္ၿပီး အံတင္းထားမိေပမဲ့

မ်က္ရည္ေတြဟာ မ်က္၀န္းအိမ္မွတစ္ဆင့္ၾကမ္းျပင္ေပၚသို႔ တစ္ေပါက္ေပါက္

စီးက်ေနေလသည္။

ၾကမ္းျပင္ေပၚမျွပန္၍မထႏိုင္ေတာ့ေသာေၾကာင့္

ေခြေခြေလးလွဲေနလိုက္ၿပီး ႏႈတ္မွလည္းစကားလံုး

အခ်ိဳ႕ကို ေရရြတ္ေနမိေလသည္။


"ရက္စက္လိုက္တာဆရာရယ္...ပံုရိပ္ကေတာ့

ဆရာနဲ႔နီးစပ္ႏိုင္ဖို႔...မိုင္ေပါင္းမ်ားစြာကို

အရဲစြန႔္ၿပီးလာခဲ့ရတယ္...

ဆရာကေတာ့အသိအမွတ္မျပဳခဲ့ဘူး....

ဆရာ့အတြက္...ကၽြန္မကအရာအာလံုးကို

စြန႔္လႊတ္ႏိုင္ေပမဲ့...

ဆရာ့အေနနဲ႔ေျခတစ္လွမ္းေလးတိုးလာခဲ့ဖို႔ေတာင္

သတၲိမရိွခဲ့ဘူး...

အစတည္းက ကၽြန္မကိုလိမ္ညာေနခဲ့တာလား...

...........

အဟင့္...ကၽြန္မ...မယံုႏိုင္ေသးဘူး...

အေဖနဲ႔အေမလို ဆရာကလည္း

ကၽြန္မကိုထားခဲ့တာပါပဲ...

..........

ဆရာ့ကို...ကၽြန္မ..မနာက်င္ေစခ်င္ပါဘူး...

ဆရာ၀မ္းနည္းရင္...ကၽြန္မလည္းငိုခ်င္တယ္...

ဆရာထိခိုက္ရင္ ကၽြန္မကိုယ္တိုင္

ထိခိုက္ရသလိုပါပဲ...ဒါေပမဲ့ဆရာကေတာ့...

ကၽြန္မကို တစ္ခ်က္တည္းနဲ႔

အေသသတ္ပစ္လိုက္တယ္....

ဆရာကေတာ့ ဘယ္လိုေနမလဲမသိေပမဲ့

ကၽြန္မကေတာ့ ဆရာေပးတဲ့ဒဏ္ရာေတြနဲ႔

အသက္ရွင္ဖို႔ေတာင္ ဆႏၵမရိွေတာ့ဘူး...

စိတ္ဓာတ္ေပ်ာ့ညံ့တယ္လို႔ ေျပာရင္လည္း

ခံရေတာ့မွာပဲ ဆရာရယ္..

............

ကၽြန္မေလ...ဆရာ့ကိုအသက္ေလာက္ခ်စ္ခဲ့တာပါ...

ကၽြန္မရဲ့ ဘ၀တစ္ခုလံုးကို..

ဆရာ့ကိုအပိုင္ေပးထားရဲ့သားနဲ႔....

အသက္ဝိဉာဉ္ပါႏႈတ္သြားရတဲ့အထိ

လိုအပ္ခဲ့တာလား...

.............

မခ်စ္ဘူးလိုျငင္းခဲ့ရင္ ယံုေပးႏိုင္သလို

အရာအားလံုးဟာ ဟန္ေဆာင္မႈေတြပါလို႔

ေျပာခဲ့ရင္လည္း ယံုၾကည္ေပးႏိုင္ပါတယ္..

အခုေတာ့ ဆရာ့ႏႈတ္ခမ္းကႏႈတ္ဆိတ္ေနခဲ့ၿပီး

ဥပကၡာျပဳမႈနဲ႔အတူ...ကၽြန္မကို

အသံတိတ္အသဲခဲြခဲ့တာေပါ့...

ဘယ္ဘက္ကၾကၫ့္ၾကၫ့္ ဆရာမလြန္ခဲ့ပါဘူး...

ယံုမွားသံသယေတြနဲ႔ တစ္ဖက္သတ္ရူးသြတ္ခဲ့တဲ့

ကၽြန္မကသာ လြန္ခဲ့တာပါ...

.............

အခ်ိန္တစ္ခုကိုေရာက္ရင္ အရာအားလံုး

ၿပီးသြားႏိုင္ေပမဲ့...

ဆရာနဲ႔ပတ္သတ္ၿပီး...ကၽြန္မရဲ့စိတ္ထဲကို

ရိုက္သြင္းခဲ့တဲ့ ခံစားခ်က္ေတြက..

တစ္မိနစ္..တစ္စကၠန႔္ပဲၾကာခဲ့တာမဟုတ္ဘူး...

ႏွစ္နဲ႔ခ်ီၿပီးအခ်ိန္ယူခဲ့ရတာပါ...

ကၽြန္မရဲ့ မ်က္ရည္ေတြလည္း

ခမ္းေျခာက္ကုန္ပါၿပီဆရာရယ္...

........

ကၽြန္မအတြက္ဆရာက..ဒဏ္ရာတစ္ခုျဖစ္သလို

က်ိန္စာတစ္ခုလည္းျဖစ္တယ္....

...........

မုန္းလိုက္တာဆရာရယ္...

ဒါဟာသိပ္ခ်စ္ခဲ့မိတဲ့ အျပစ္ဒဏ္ေတြေပါ့...."


ပံုရိပ္သည္ ၾကမ္းျပင္ေပၚတြင္ေပ်ာ့ေခြကာ

လဲေနလ်ွက္ တစ္ေယာက္တည္း

ညီးတြားေနမိသည္မွာ အခ်ိန္မ်ားစြာကုန္လြန္သြားခဲ့ေလသည္။


ညရွစ္နာရီထိုးေလာက္တြင္ေတာ့ ဟိုတယ္အခန္းတံခါးဟာ ရုတ္တရက္ပြင့္လာခဲ့ၿပီး အခန္းထဲသို႔

အမ်ိဳးသမီးတစ္ေယာက္၀င္လာခဲ့ေလသည္။

ထိုအမ်ိဳးသမီးသည္ ၾကမ္းျပင္ေပၚတြင္

ေပ်ာ့ေခြ၍သတိမဲ့ေနသလို လဲက်ေနေသာပံုရိပ္ကို

ေတြ့သည္ႏွင့္ အထိတ္တလန႔္ျဖစ္သြားေလသည္။

ခ်က္ခ်င္းေျပးေပြ့လိုက္ၿပီး မထူလိုက္ေတာ့

ပံုရိပ္၏မ်က္၀န္းေလးေတြ ပြင့္လာခဲ့ၿပီး

ထိုအမ်ိဳးသမီးကို ေမာ့ၾကၫ့္လာခဲ့သည္။


"အန္တီယဉ္တင့္....အန္တီေရာက္လာတယ္...

အဟင့္...ဟင့္...."


"သမီးေလးရယ္...ဘာလို႔ငိုေနတာလဲကြယ္...

ဝိုင္ေတြလည္းဘာလို႔အရမ္းေသာက္ရတာလဲ...

အရိပ္ေလးက..အဲ့ဒါေတြနဲ႔မတၫ့္ဘူးေလကြယ္...."


ေဒၚယဉ္တင့္ဆံုးမစကားေျပာေနစဉ္မွာပဲ

ပံုရိပ္သည္  ေဒၚယဉ္တင့္၏ရင္ခြင္ထဲသို႔

 တိုး၀င္ကာ ကေလးတစ္ေယာက္လို

‌ငိုေလေတာ့သည္။အခုခ်ိန္မွာ တစ္စံုတစ္ေယာက္၏

ရင္ခြင္ဟာ သူမအတြက္အားအင္တစ္ခုျဖစ္ေစသည္။


ေဒၚယဉ္တင့္လည္း ကေလးကိုေမးခြန္းေတြ

အမ်ားႀကီးမေမးျဖစ္ေအာင္ သတိထားလိုက္ၿပီး ေခါင္းေလးကိုသာပုတ္ေပးေနမိသည္။


"ပံုရိပ္ရဲ့ဘ၀မွာ ဘယ္သူမွမရိွေတာ့ဘူး...

ေဖေဖတို႔ေမေမတို႔လို...ေနာက္ဆံုးေတာ့သူလည္း

သမီးရဲ့ဘ၀ထဲကေနထြက္သြားၿပီ....

သမီးေလ...သူ႔ကိုသိပ္ယံုၾကည္ခဲ့တာ...

လူတိုင္းကသမီးအေပၚမွာ လွၫ့္စားေနရင္ေတာင္

သူကေတာ့ မလုပ္ေလာက္ဘူးလို႔ထင္ခဲ့တာ...

သူ႔နဲ႔နီးႏိုင္ဖို႔ ဖြားညိုနဲ႔ေတာင္အတိုက္အခံ

လုပ္ခဲ့ရတယ္...

..........

အခုေလာက္ဆိုရင္ ဖြားညိုလည္းသမီးကိုမုန္းေနေလာက္ပါၿပီ...မလိမၼာတဲ့သမီးကိုစြန႔္လႊတ္ဖို႔

ေတြးေနေလာက္ၿပီ...

.....

အဟင့္...ဖြားညိုလည္းမေကာင္းဘူး....

သမီးျဖစ္ခ်င္တာထက္...သူတို႔ျဖစ္ေစခ်င္တာကိုပဲ

ဦးစားေပးၾကတယ္...သမီးရဲ့ခံစားခ်က္က

ဘယ္သူ႔အတြက္မွ အေရးမပါဘူးလား..."


"အရိပ္ေလးရယ္....."


ေဒၚယဉ္တင့္လည္း ၀မ္းပန္းတနဲငိုေနရွာေသာ

ကေလး၏ ပါးျပင္ေပၚမွမ်က္ရည္ေတြကို

သုတ္ေပးလိုက္ၿပီး ဆံပင္ေလးကိုသပ္တင္ေပးလိုက္သည္။တစ္ခ်ိန္လံုးငိုထား၍

မ်က္ႏွာေလးတစ္ခုလံုးကလည္း

ရဲ‌ဗေလာင္းခက္ေနေလၿပီ။

အသက္ေတာင္မျပၫ့္ေသးတဲ့ ကေလးမေလးကို

ဘာေၾကာင့္ ဒဏ္ရာေတြအထပ္ထပ္ေပးေနၾကတာလဲ။

ကေလးကိုၾကၫ့္ၿပီး ကိုယ္ပါငိုခ်င္လာသည္။


"ပံုရိပ္ေလး...အန္တီတင့္ကိုၾကၫ့္စမ္း...

အကုန္လံုးကို အန္တီတင့္မ‌ျဖၫ့္ဆည္းေပးႏိုင္ေပမဲ့

ပံုရိပ္ေလးကို အန္တီတင့္တို႔က...

ဘယ္ေသာအခါမွ မစြန႔္ပစ္ဘူးဆိုတာကိုေတာ့

ကတိေပးႏိုင္တယ္...ေမညိုကလည္း

အခ်ိဳ႕ေနရာေတြမွာ အႂတၲကီးတာမွန္ေပမဲ့

အခုပံုရိပ္ကေလးကို သူအရမ္းစိတ္ပူေနတာပါ..

သူကိုယ္တိုင္လိုက္လာလို႔ရရင္....အခုအန္တီတင့္ေနရာမွာ..ေမညိုျဖစ္ေနပါလိမ့္မယ္ကေလးရယ္..

ေမညိုကေလ...ပံုရိပ္ကိုသိပ္ခ်စ္တာပါ...

ခ်စ္လို႔လည္း...ျဖစ္ေစခ်င္လြန္းလို႔လည္း..

တလဲြအတၲ၊မာနေတြနဲ႔...မွားကုန္ရတာေပါ့..

မန္ေနဂ်ာကဖုန္းဆက္ေတာ့..

သတင္းၾကားၾကားခ်င္းမွာ...

ေမညိုအရမ္း၀မ္းနည္းသြားတာသိရဲ့လား..."


"အန္တီတင့္တကယ္ေျပာေနတာလားဟင္..."


"တကယ္ေျပာေနတာေပါ့...ကေလးရယ္...

ပံုရိပ္ရဲ့အေတြးထဲမွာ တေန့ေန့ငါ့ကို

ဒီမိသားစုက ပစ္သြားမွာပဲဆိုတဲ့အေတြးကို

မေတြးပါနဲ႔....ပံုရိပ္ဟာအန္တီတင့္တို႔ရဲ့

မိသားစု၀င္...မိုးရိပ္စံအိမ္ရဲ့ႏွလံုးသားပဲ...

ဒါေၾကာင့္..ပံုရိပ္ေလးကလည္း...

အန္တီတင့္တို႔ကို...ထားမသြားပါနဲ႔ကြယ္..ေနာ္.."


"ေက်းဇူးတင္ပါတယ္...အန္တီတင့္ရယ္...."


"ဟင့္အင္း...ေက်းဇူးတင္ဖို႔မလိုပါဘူးကေလးရယ္.."


ေဒၚယဉ္တင့္သည္ ကေလးကိုတင္းၾကပ္စြာ

ေပြ့ဖက္လိုက္စဉ္မွာပဲ သူ႔လက္ထဲမွကေလးေလး

ေပ်ာ့ေခြက်သြားတာကို သတိထားမိလိုက္ေလသည္။


ထိုခဏတာအတြင္းမွာပဲ ခံစားခ်က္ေတြအားလံုးကို

လႊတ္ခ်လိုက္ေသာပံုရိပ္ေလးသည္ ေလာကႀကီးႏွင့္

ခဏတာအဆက္ျပတ္သြား‌ခဲ့ေလသည္။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ရွည္ရွည္ေလး ေရးေပးခ်င္ေပမဲ့

အမွတ္တမဲ့ေရးထားတဲ့စာေတြကိုျဖတ္လိုက္သလို

မွားႏိွပ္မိလို႔ ခုမနက္မွအသစ္ျပန္ေရးရတဲ့အတြက္ မရွည္ႏိုင္ေတာ့ဘူးကြယ္...


(အပိုင္းကသိပ္မက်န္ေတာ့ပါဘူး....

ဒါေၾကာင့္ HE လားSEလားဆိုတာေတာ့

ေစာင့္ေမ်ွာ္ေပးၾကပါအံုးေနာ္....)


🛑ေနာက္ေရးမဲ့၀တၴုေလးကေတာ့ စာဖတ္သူေတြကို

ေပါ့ေပါ့ပါးပါးေလး ျပန္ခံစားေစခ်င္လို႔

 အခ်စ္ဟာသနဲ႔ အိမ္ေထာင္ေရးဇာတ္ေလး

ေရးဖို႔ ရိွပါတယ္...

ပထမဆံုးေရးမဲ့ အိမ္ေထာင္ေရးဇာတ္လမ္းေလး

ျဖစ္ၿပီး တလဲြေတြနဲ႔ရို၊ခ်ိဳ၊ငိုေပါ့ေနာ္🤭



(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကိုအထူးေက်းဇူးတင္ရိွပါတယ္)

No comments:

Post a Comment