🔥🌹ဆူးကြိုး(အခန်း၆၆)🔥

   (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥🌹ဆူးကြိုး(အခန်း၆၆)🔥


"တူ....တူ...."


ဖုန်းတွေ အဆက်မပြတ်လာနေပေမဲ့ ပုံရိပ်လျစ်လျှူရှုထားလိုက်မိသည်။ဒီအချိန်မှာ ဖုံးကိုင်လိုက်မိလျှင်

ပုံရိပ်ရဲ့လုပ်ရပ်ကို ပြစ်တင်ရှုံ့ချကြလိမ့်မယ်။

အခုအချိန်မှာ ဘယ်သူ့ကြောင့်မှပုံရိပ်ရဲ့ စိတ်ကိုပြောင်းလဲနိုင်မှာ မဟုတ်ဘူး။


ပုံရိပ်ဟာဇီးရိုးဘ၀မှ လာခဲ့သူဖြစ်၍ဇီးရိုးဘ၀သို့

ပြန်ရောက်သွားလည်းပဲ ပြန်၍ရုန်းနိုင်သည်။

ဒါပေမဲ့ ကိုယ်နှစ်နှစ်ကာကာမြတ်နိုးရတဲ့

လူတစ်ယောက်ကိုတော့ ဘယ်တော့မှအဆုံးရှုံး

မခံနိုင်ပေ။

ပုံရိပ်ရဲ့အချစ်ဆုံးလူတွေဖြစ်တဲ့ ဖေကြီးနှင့်မေကြီးကို ဆုံးရှုံးခဲ့ရလေပြီ။နောက်ထပ်ဆရာ့ကိုပါ

ဆုံးရှုံးလိုက်ရမည်ဆိုလျှင် ဟိုအရင်က

ကျောင်းစာသင်ခန်းထဲမှာ အပေါင်းအသင်းမရှိပဲ

တသီးတသန့်နေ‌တတ်သော ပုံရိပ်အဖြစ်

ပြန်လည်ရောက်ရှိသွားနိုင်သည်။


"ဦးလေး...ပုဂံကိုဘယ်ဘက်အခြမ်းကနေသွားရင်

ပိုကောင်းမလဲဟင် မြန်မြန်လည်းရောက်ချင်တယ်.."


"အဲ့ဒါဆိုရင်၂၈၅မိုင်လမ်းခွဲကနေ သွားကြမယ်တူမကြီး...ကျောက်ပန်းတောင်းဘက်ကနေ၀င်မယ်လေ..."


"ဟုတ်ကဲ့..အဆင်ပြေသလိုပဲလုပ်ပေးပါ...

ဒါနဲ့ဦးလေးက ပုဂံကိုရောက်ဖူးတာလား..."


"ရောက်ဖူးတာပေါ့ကွဲ့...ဦးလေးအရင်တုန်းက

ခရီးသွားကားမောင်းခဲ့ဖူးတယ်...ပုဂံမှာ

လည်လို့ကောင်းတဲ့နေရာ တော်တော်များများကိုလည်း သိတယ်..."


"ဒါဆိုရင်လေ..ပုဂံကိုရောက်တာနဲ့...

သီရိပစ္စယာဟိုတယ်ရှိတဲ့ဘက်ကို အရင်သွားချင်တယ်...အဲ့ဒီ့ဟိုတယ်ကိုသာ တန်းပြီးမောင်းပေးပါ..."


"တူမကြီးကိုမြင်ရတာ တစ်ခုခုအလျှင်လိုနေသလိုပဲ...ဟို..စိတ်တော့မရှိပါနဲ့နော်...အခုပုဂံကိုသွားနေတာ အိမ်ကလူတွေကိုရောပြောထားခဲ့ရဲ့လား...

ခရီးဆောင်အိတ်တွေလည်း တစ်ခုမှမပါလာသလိုပဲ..."


ကားဒါရိုင်ဘာပြောမှပဲ ပုံရိပ်ကိုယ့်ပုံစံကိုယ်

ပြန်ကြည့်မိလေသည်။ပုံရိပ်တွင် အ၀တ်တစ်ထည်ကိုယ်တစ်ခုနှင့်ဖုန်းတစ်လုံးသာပါပြီး 

‌၄နာရီလောက်ကြာမြင့်မည့် ခရီးအတွက်ဘာဆို

ဘာမှ ပြင်ဆင်လာခဲ့ခြင်းမရှိပေ။

ဒါပေမဲ့ ဖုန်းတစ်လုံးပဲပါရင်ကို ပုံရိပ်အတွက်ကအရာအားလုံး အဆင်ပြေသည်။

ဖုန်း၏‌ကာဗာထဲတွင် ပုံရိပ်၏ကိုယ်ပိုင်၀င်ငွေကို

စုထားတတ်သော အေတီအမ်ကဒ်ရှိလေသည်။


"ဦးလေး...ကမ္ဘောဇဘဏ်ကိုအရင်မောင်းပေးပါနော်....ငွေလေးထုတ်ချင်လို့...နောက်ပြီး...

ဦးလေးထင်သလိုပဲ အဖွားတို့ကိုအသိမပေးခဲ့ပါဘူး.

ဒါပေမဲ့ လူတစ်ယောက်ကိုတွေ့စရာရှိလို့

ခဏလေးပဲ ဟိုမှာနေပြီး ညနေစာစားပြီးတာနဲ့

သမီးတို့ ပြန်လာကြမယ်...

ဦးလေးအဆင်ပြေမလား..အဆင်မပြေရင်တော့ဟိုတယ်မှာ...

တစ်ညလောက်နားကြတာပေါ့..."


"ဟာ...အဆင်ပြေပါတယ်...ဦးလေးအတွက်က

ဘာမှစောဒကတက်စရာရှိပါဘူး...မမလေးက...

ထက်မြတ်ပြီး စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့လူတစ်ယောက်ဆိုတာ..ဦးလေးယုံပါတယ်..."


ကားဒါရိုက်ဘာကြီးကပုံရိပ်ကိုချီးမြှောက်နေပေမဲ့

ပုံရိပ်ကတော့ ကဲ့ရဲ့ဝေဖန်နေတယ်လို့ပဲ

ခံစားမိပြီး အနည်းငယ်နေရခက်နေမိတယ်။

ဒီနေ့လုပ်ရပ်ဟာ ဘ၀မှာမစဉ်းစားမဆင်ခြင်ပဲ

လုပ်မိသည့်အကြီးမားဆုံးအမှား ဖြစ်လာလိမ့်မယ်...။


အခုလောက်ဆိုရင် ပုံရိပ်ထွက်သွားတာကို

ဖွားညိုသိနေလောက်ပြီမို့ အရမ်းဒေါသထွက်နေလောက်ပြီ။ပုံရိပ်ကို ကျေးဇူးကန်းသည့်လူဟု

ထင်သွားလောက်ပေမည်။

ပုံရိပ်ကို သိပ်ချစ်သောအန်တီယဉ်တင့်တောင်

နားလည် ပေးနိုင်တော့မည်မထင်ပေ။

ပုံရိပ်ဟာ ဆရာ့အတွက်အရာအားလုံးကို

စွန့်လွှတ်ရဲတာကို ဆရာ့ကိုသိစေချင်စမ်းသည်။


ဒါဆိုရင် ပုံရိပ်ကိုသူပိုပြီးချစ်မြတ်နိုးပေးနိုင်လောက်သည်။ပုံရိပ်ဟာ အသက်အရွယ်ငယ်ပေမဲ့

အမြဲတမ်းရယူနေတာမျိုးထက် အများကြီးလည်း

စွန့်လွှတ်ရဲတာကို သိစေချင်သည်။

ယမင်း၏ အဖြစ်ကို ပုံရိပ်အခုမှသေချာကို

နားလည်သွားလေပြီ။

ယမင်းကို သိပ်ရူးမိုက်တယ်လို့ထင်ခဲ့မိတဲ့ပုံရိပ်ဟာ

ကိုယ်တိုင်က အရူးတစ်ယောက်ဖြစ်နေလေပြီ။


ပုံရိပ်ဖုန်းကိုထုတ်လိုက်ပြီး ဆရာ့ကိုစာပို့လိုက်သည်။


"ဆရာ..ဒီမက်ဆေ့ခ်ျလေးကိုတွေ့ရင်စာပြန်ပေးပါနော်..ပုံရိပ်ဆရာ့ဆီကိုလိုက်လာနေပြီ...

ဆရာ..ပုံရိပ်ကိုသေချာပေါက်..စောင့်နေပေးပါနော်..."


🌹🌹🌹🌹🌹🌹🌹🌹


ညနေခင်း၏ နေ၀န်းနီနီသည်ပုဂံမြေ၏ဘုရား၊ပုထိုးတို့အား အရောင်အဝါပို၍တောက်ပလာအောင် ဖန်တီးပေးနေသကဲ့သို့ ဖြစ်နေလေသည်။

ဧရာ၀တီမြစ်ကြီးသည်ပင် ရောင်နီသန်းလို့

နေလေပြီ။

ဆည်းဆာရောင်ခြေသည် ပုဂံမြေ၏အလှကို

သေသပ်ခမ်းနားစွာ မွမ်းမံထားသည့်အလား

ထင်မိစေသည်။


နေ၀န်းနီနီကို နောက်ခံထားလျှက် အဖြူရောင်ကားလေးဟာ တရွေ့ရွေ့ဖြတ်သန်းသွားနေလေသည်။ညောင်ဦးမြို့ထဲသို့၀င်လာသောအခါ

အိပ်နေရင်းနှင့် ပုံရိပ်လန့်နိုးသွားလေသည်။


"တူမကြီး...ဘာဖြစ်လို့လဲ..အိပ်မက်ဆိုးမက်လို့လား..."


"ဟုတ်တယ်...အိပ်မက်ဆိုးမက်လို့..."


နဖူးစပ်မှာ စိုစွတ်နေသောချွေးတွေကိုသုတ်ပစ်လိုက်ပြီးနောက်  ရေဗူးကိုဖောက်၍သောက်လိုက်မိသည်။


ပုံရိပ်ရဲ့ အိပ်မက်ကြီးကဘာကြောင့်ဒီလောက်တောင် ဆိုးရွားနေရတာလဲ...


အိပ်မက်ထဲမှာ ဆရာကပုံရိပ်ကိုထားပြီး

ထွက်သွားခဲ့သည်တဲ့။ပုံရိပ်ဆရာ့နောက်ကို

လိုက်ပေမဲ့ ဆရာကပုံရိပ်ကိုပြန်လှည့်မကြည့်ခဲ့ဘူး။


*ဒါဟာ..အိပ်မက်အဖြစ်ပဲရှိနေပါစေ

အပြင်မှာ ဆရာကပုံရိပ်ကိုဒီလိုမလုပ်ဘူးဆိုတာ...

ပုံရိပ်ယုံကြည်ရမယ်...ဒီလိုဆိုပုံရိပ်ရင်ကွဲရမှာ*


အမျိုးမျိုးသောအတွေများ ခေါင်းထဲသို့၀င်လာပြီးတဲ့နောက်မှာ ဖုန်းကိုထုတ်လိုက်ပြီး

ဆရာ့ဆီသို့ ဖုန်းခေါ်လိုက်သည်။

တစ်ဖက်မှ ဖုန်းလာကိုင်သောကြောင့် ပုံရိပ်လည်း အရမ်း၀မ်းသာသွားမိသည်။


"ဟယ်လို...ဆရာနေမျိုးလားဟင်..."


"မဟုတ်ပါဘူး..."


တစ်ဖက်က ငြင်းဆိုလိုက်သည်မှာ

မိန်းမတစ်ယောက်၏ အသံဖြစ်နေသောကြောင့်

ကိုယ့်နားကိုယ်တောင် မယုံချင်ဖြစ်သွားမိသည်။

ဆရာ့အနားမှာ အခုမိန်းမတစ်ယောက်ရှိနေတာလား။

ဆရာက မိန်းမတစ်ယောက်နဲ့အတူဘာကြောင့်

ရှိနေတာလဲ။

ဆရာ့လုပ်‌ဖော်ကိုင်ဖက်တစ်‌ယောက်ယောက်

ဖြစ်နိုင်သည်ဟု ဖြည့်‌‌တွေးကြည့်ပေးလို့ရပေမဲ့ အခြားမိန်းကလေးတစ်ယောက်က

ဆရာ့ဖုန်းကို ကိုယ်စားဖြေပေးတယ်ဆိုတာက

ပုံရိပ်ကို သ၀န်တိုစိတ်တွေပိုပြင်းထန်လာစေတယ်။


"အခုပြောနေတာက ဘယ်သူလဲဟင်..

ဆရာကဘယ်သွားလို့လဲ.."


"တို့နာမည်ကခင်ရူပလို့ခေါ်ပါတယ်..

တို့ကအခု..ကိုနေနဲ့‌ဟိုတယ်မှာ ထမင်းစားနေတာပါ...ကိုနေ့ကိုဘာပြောပေးရမလဲဟင်...

သူက အချိုတည်းဖို့သွားယူနေတယ်...

အရေးကြီးကိစ္စဆိုရင် တို့ကိုလည်းပြောခဲ့လို့ရပါတယ်..."


"ရပါတယ်ရှင့်..အရေးမကြီးပါဘူး.."’


စကားကို အတတ်နိုင်ဆုံးလျောချလိုက်ပြီး

ဖုန်းကိုချလိုက်မိသည်။မမခင်ရူပဟာ

ရန်ကုန်ကနေ ဒီကိုဘယ်လိုလုပ်ပြီးရောက်လာရတာလဲ။

ဆရာနဲ့နှစ်ယောက်တည်း အတူရှိနေကြတာကလည်း ရိုးသားပုံရကြရဲ့လား။

ကားလေး တရွေ့ရွေ့နဲ့သွားနေစဉ်အချိန်တွေအတွင်းမှာ ထိုအကြောင်းတွေကိုသာ တွေးနေမိလေသည်။


"တူမကြီး...ကားပေါ်ကနေဆင်းလို့‌ရနေပြီလေ.."


ကားဒါရိုင်ဘာကြီး၏အသံကြောင့် ကားပြတင်းအပြင်သို့ ကြည့်လိုက်မိတော့ သီရိပစ္စယာ‌ဟိုတယ်

၏ခြံ၀န်းထဲသို့ ရောက်နေပြီဖြစ်သည်။

ကားတံခါးကိုဖွင့်ပြီး ဆင်းလိုက်မိပေမဲ့ ဟိုတယ်ထဲသို့ ၀င်ဖို့ရန်မရဲပေ။ပုံရိပ်၏ရင်ထဲမှ သံသယတွေအားလုံး မှန်ကုန်မှာစိုးရိမ်သည်။

ဟိုတယ်ထဲသို့ ၀င်ဖို့ခြေလှမ်းပြီးကာမှ ပုံရိပ်တို့ကား၏ အရှေ့ခပ်လှမ်းလှမ်းမှာ ရပ်ထားသော

ကားဘေးမှ လူရိပ်တွေကို သတိထားမိ၍

လှမ်းကြည့်လိုက်မိရာ.....


"ဆရာ......"


ဟုတ်ပါတယ်ဆရာပါပဲ။


"ပုံရိပ်ဆီကိုသူကပဲ လှမ်းလာခဲ့မယ်.."လို့ပြောခဲ့ဖူးပေမဲ့ တောင်ကြီးကနေပြန်လာကတည်းက

ပုံရိပ်နဲ့ အဆက်အသွယ်ဖြတ်ထားခဲ့တဲ့

ပုံရိပ်သိပ်ကို တန်ဖိုးထားရသောအမျိုးသား

တစ်ယောက်ဖြစ်သည်။


"ဆရာ့....ဆရာနေမျိုး..."


အသံကျယ်ကျယ်နှင့် အော်ခေါ်လိုက်မိသော

ပုံရိပ်ကို သူလှည့်ကြည့်လာခဲ့သည်။

ဒါပေမဲ့ သူပုံရိပ်ဆီကိုလျှင်လျှင်မြန်မြန်

ရောက်မလာခဲ့ပေ။

ပုံရိပ်ကိုယ်၌ကလည်း သူ့ဘေးနားမှာပြုံး၍

ရပ်နေသော မမခင်ရူပကြောင့် ရှေ့ဆက်မတိုးဝံ့ပေ။


ပုံရိပ်ဆရာ့ကို ပြုံးပြလိုက်မိသည်။


အနက်ရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီကို၀တ်ဆင်ထားသော ဆရာကတော့ ဟန်ဆောင်၍တောင်

ရယ်မပြနိုင်ရှာခဲ့ပေ။

ဘေးမှာရပ်နေသော မမရဲ့ပခုံးကိုတင်းကြပ်စွာ

ဖက်လိုက်တဲ့ အချိန်မှာတော့ ပုံရိပ်၏အပြုံးတွေ ရပ်တန့်သွားခဲ့သည်။



မယုံကြည်နိုင်မှုနှင့်နာကျင်မှုတွေ ရောထွေးသွား

လျှက် နှုတ်ခမ်းတွေကိုဖိကိုက်လိုက်မိသည်။

မျက်၀န်းအိမ်မှာ မျက်ရည်တွေစိုစွတ်သွားပြီးနောက်

ပါးပြင်ပေါ်သို့ မျက်ရည်တွေစီးဆင်းစေမိသည်။ဟန်တောင်မဆောင်နိုင်တော့ပဲ ဆရာနှင့်

ခပ်လှမ်းလှမ်းအကွာအဝေးကနေ ပုံရိပ်ငိုနေမိလေသည်။


ဆရာဘာကြောင့် ပုံရိပ်ကိုဒီလိုရက်စက်ရတာလဲ။

ပုံရိပ်မှာတော့ မိုင်ပေါင်းများစွာကျော်ဖြတ်ပြီး

ဆရာ့ဆီကို  ရောက်အောင်လာခဲ့ပေမဲ့ 

ဆရာကတော့ ရှေ့ကိုတစ်လှမ်းတိုးဖို့ နေနေသာသာ

နောက်ကိုတောင် တစ်လှမ်းဆုတ်သွားခဲ့တယ်။

ဆရာဟာ အစတည်းကပုံရိပ်ကိုလှည့်စားခဲ့တာပဲ။


ဆရာ့ကို မေးခွန်းအနည်းငယ်မေးချင်တာကြောင့်

ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပေမဲ့ 

ဆရာတို့ချစ်သူနှစ်ယောက်ဟာ ကားထဲသို့၀င်သွားကြသလို သူတို့၏ကားလေးဟာလည်း

ဟိုတယ်၀န်းထဲမှ မောင်းထွက်သွားလေပြီ။


*ရက်စက်လိုက်တာဆရာရယ်...ပုံရိပ်ကိုအားနာစိတ်ကလေးနဲ့ တစ်ချက်တောင်ပြုံးမပြခဲ့ဘူး...

ဆရာ့ချစ်သူရှေ့မှာမို့...သူစိမ်းတစ်ယောက်လို

...တစ်ခါမှာမတွေ့ဘူးတဲ့လူလိုဆက်ဆံသွားခဲ့တာလားလို့ မေးချင်မိပါတယ်...ပုံရိပ်ဆရာ့ကို

သိပ်ချစ်တယ်..ဒါလည်းဆရာသိမှာပါလေ...

ပုံရိပ်ဟာဆရာ့အတွက်သိပ်ကိုသရုပ်ပျက်ပြီး

တန်ဖိုးမဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်နေခဲ့တယ်...ထင်ပါရဲ့...ဆရာပုံရိပ်ကိုလှည့်စားရက်တယ်...တောင်ပေါ်မှာပုံရိပ်ရဲ့လက်ကို နွေးထွေးအောင်လုပ်ပေးခဲ့တာတွေ...

နေကြာပန်းခင်းကြီးထဲမှာ စိတ်ပူပြီးထွေးဖက်ခဲ့တာတွေက...ဆရာ့အတွက်ဘယ်လိုအဓိပ္ပာယ်မျိုးများလဲ...*


"အဟင့်...ဟင့်......"


"ဟာ...ပုံရိပ်လေး...ဘာလို့ငိုနေတာလည်း...

တူမကြီးရယ်...ဦးလေးဘာလုပ်ပေးရမလဲ..."


ပုံရိပ်၏ကျောကုန်းလေးကို ဖွဖွလေးလာပုတ်ပေးနေသော ဒါရိုင်ဘာကြီးကိုမျက်ရည်တွေပြည့်နှက်နေသော မျက်၀န်းလေးများနှင့်ကြည့်လိုက်ပြီးနောက်

ဟန်မဆောင်နိုင်ပဲ ငိုချလိုက်မိသည်။


"သမီးလှည့်စားခံလိုက်ရပြီ....

သမီးအပေါ်မှာတကယ်စစ်မှန်တယ်လို့ ထင်ခဲ့မိတာ

အခုတော့ သူသမီးကိုရက်ရက်စက်စက်လှည့်စား

သွားခဲ့ပြီ....အဟင့်...သမီးမှာတော့...အားလုံးကို

ခြေစုံကန်ပြီး သူ့ဆီကိုအရဲစွန့်လိုက်လာခဲ့ရတာ..."


"တိတ်ပါတော့ကွယ်...ငိုချင်ရင်လည်း...

ကားထဲမှာပဲငိုပါနော်...သူများတွေကြည့်နေကြတယ်..."


ပုံရိပ်ကို ကားထဲသို့ ဖေးမ၍ခေါ်သွားသော

ဒါရိုင်ဘာကြီးကို သိပ်ကျေးဇူးတင်မိလေသည်။

ပုံရိပ်ကိုယ်တိုင်ဟာ လှုပ်ရှားဖို့ပင်အားအင်မရှိတော့ပေ။လက်ချောင်းတွေဟာ တုန်ယင်နေပြီး

နှလုံးခုန်နှုန်းတွေ တအားမြန်ဆန်နေကာ

နှလုံးသားတစ်ခုလုံးဟာ ဆွဲဆုတ်ထားသလို

စူးစူးရှရှ နာကျင်နေသည်။


"ဆရာ...လုက်ရက်လိုက်တာ..."ဟူသောအသိက

နစ်နစ်နဲနဲ ချစ်မိတဲ့ကိုယ့်ကိုကိုယ် ပြန်၍မုန်းနေမိလေသည်။

ပုံရိပ်ပြန်ပြီး ၀ဋ်လည်တာနေမှာပေါ့။

ဆရာနေမျိုးဆိုတဲ့ ပုဂ္ဂိုလ်မှလွဲ၍ လာချည်းကပ်သော အမျိုးသားတိုင်းကို ပျက်ပျက်သားသား

ငြင်းခဲ့ဖူးသည့်အတိုင်း ဆရာဟာသူ့ချစ်သူအရှေ့မှာ

ပုံရိပ်ကို မသိခဲ့ဖူးသလို၊မတွေ့ခဲ့ဖူးသလို

ဆက်ဆံသွားခဲ့သည်။


*ထိုနေ့ကပုံရိပ်...သူ့ဆီကိုလာခဲ့ပါတယ်...

 သူကတော့...ပုံရိပ်ဆီမှထွက်သွားခဲ့တယ်....

 ပုံရိပ်သူ့ကို စောင့်ခဲ့ပါတယ်...

 သူပြန်လှည့်မလာခဲ့ဘူး....

 ကျွန်မအတွက်တော့  ပုဂံမြေ‌ပေါ်မှာ

 သမိုင်းတွင်လောက်အောင်

 ရင်ထဲမှာနာကျင်ခဲ့ရတဲ့နေ့ပါပဲ...

  သူ့ကို ရူးလောက်အောင် ချစ်ခဲ့မိ၍

   အသဲနစ်အောင် မုန်းပါသည်..."


"စိမ်းရက်တဲ့နွယ်.."ဆိုတဲ့

ဆရာ့ကဗျာလေးထဲကလိုပဲ...


*ကျောခိုင်းပြီးရင် ပြန်လှည့်မကြည့်ပါနဲ့..."



🌹🌹🌹🌹🌹🌹🌹🌹


အပြည်ပြည်ဆိုင်ရာအသဲကွဲတဲ့နေ့ပါပဲ💔

ဆရာက ဘာအချိုးချိုးသွားတာလဲဆိုတော့

"ဒွေးချိုးပါ.."🤭



ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို

အထူးကျေးဇူးတင်ရှိပါတယ်..


မနက်ဖြန်မှ ‌ရှည်ရှည်လေးထပ်တင်ပေးမယ်နော်

=========================================================================


🔥🌹ဆူးႀကိဳး(အခန္း၆၆)🔥


"တူ....တူ...."


ဖုန္းေတြ အဆက္မျပတ္လာေနေပမဲ့ ပံုရိပ္လ်စ္လ်ွူရႈထားလိုက္မိသည္။ဒီအခ်ိန္မွာ ဖံုးကိုင္လိုက္မိလ်ွင္

ပံုရိပ္ရဲ့လုပ္ရပ္ကို ျပစ္တင္ရႈံ႔ခ်ၾကလိမ့္မယ္။

အခုအခ်ိန္မွာ ဘယ္သူ႔ေၾကာင့္မွပံုရိပ္ရဲ့ စိတ္ကိုေျပာင္းလဲႏိုင္မွာ မဟုတ္ဘူး။


ပံုရိပ္ဟာဇီးရိုးဘ၀မွ လာခဲ့သူျဖစ္၍ဇီးရိုးဘ၀သို႔

ျပန္ေရာက္သြားလည္းပဲ ျပန္၍ရုန္းႏိုင္သည္။

ဒါေပမဲ့ ကိုယ္ႏွစ္ႏွစ္ကာကာျမတ္ႏိုးရတဲ့

လူတစ္ေယာက္ကိုေတာ့ ဘယ္ေတာ့မွအဆံုးရႈံး

မခံႏိုင္ေပ။

ပံုရိပ္ရဲ့အခ်စ္ဆံုးလူေတျြဖစ္တဲ့ ေဖႀကီးႏွင့္ေမႀကီးကို ဆံုးရႈံးခဲ့ရေလၿပီ။ေနာက္ထပ္ဆရာ့ကိုပါ

ဆံုးရႈံးလိုက္ရမည္ဆိုလ်ွင္ ဟိုအရင္က

ေက်ာင္းစာသင္ခန္းထဲမွာ အေပါင္းအသင္းမရိွပဲ

တသီးတသန႔္ေန‌တတ္ေသာ ပံုရိပ္အျဖစ္

ျပန္လည္ေရာက္ရိွသြားႏိုင္သည္။


"ဦးေလး...ပုဂံကိုဘယ္ဘက္အျခမ္းကေနသြားရင္

ပိုေကာင္းမလဲဟင္ ျမန္ျမန္လည္းေရာက္ခ်င္တယ္.."


"အဲ့ဒါဆိုရင္၂၈၅မိုင္လမ္းခဲြကေန သြားၾကမယ္တူမႀကီး...ေက်ာက္ပန္းေတာင္းဘက္ကေန၀င္မယ္ေလ..."


"ဟုတ္ကဲ့..အဆင္ေျပသလိုပဲလုပ္ေပးပါ...

ဒါနဲ႔ဦးေလးက ပုဂံကိုေရာက္ဖူးတာလား..."


"ေရာက္ဖူးတာေပါ့ကဲြ႔...ဦးေလးအရင္တုန္းက

ခရီးသြားကားေမာင္းခဲ့ဖူးတယ္...ပုဂံမွာ

လည္လို႔ေကာင္းတဲ့ေနရာ ေတာ္ေတာ္မ်ားမ်ားကိုလည္း သိတယ္..."


"ဒါဆိုရင္ေလ..ပုဂံကိုေရာက္တာနဲ႔...

သီရိပစၥယာဟိုတယ္ရိွတဲ့ဘက္ကို အရင္သြားခ်င္တယ္...အဲ့ဒီ့ဟိုတယ္ကိုသာ တန္းၿပီးေမာင္းေပးပါ..."


"တူမႀကီးကိုျမင္ရတာ တစ္ခုခုအလ်ွင္လိုေနသလိုပဲ...ဟို..စိတ္ေတာ့မရိွပါနဲ႔ေနာ္...အခုပုဂံကိုသြားေနတာ အိမ္ကလူေတြကိုေရာေျပာထားခဲ့ရဲ့လား...

ခရီးေဆာင္အိတ္ေတြလည္း တစ္ခုမွမပါလာသလိုပဲ..."


ကားဒါရိုင္ဘာေျပာမွပဲ ပံုရိပ္ကိုယ့္ပံုစံကိုယ္

ျပန္ၾကၫ့္မိေလသည္။ပံုရိပ္တြင္ အ၀တ္တစ္ထည္ကိုယ္တစ္ခုႏွင့္ဖုန္းတစ္လံုးသာပါၿပီး 

‌၄နာရီေလာက္ၾကာျမင့္မၫ့္ ခရီးအတြက္ဘာဆို

ဘာမွ ျပင္ဆင္လာခဲ့ျခင္းမရိွေပ။

ဒါေပမဲ့ ဖုန္းတစ္လံုးပဲပါရင္ကို ပံုရိပ္အတြက္ကအရာအားလံုး အဆင္ေျပသည္။

ဖုန္း၏‌ကာဗာထဲတြင္ ပံုရိပ္၏ကိုယ္ပိုင္၀င္ေငြကို

စုထားတတ္ေသာ ေအတီအမ္ကဒ္ရိွေလသည္။


"ဦးေလး...ကမ႓ောဇဘဏ္ကိုအရင္ေမာင္းေပးပါေနာ္....ေငြေလးထုတ္ခ်င္လို႔...ေနာက္ၿပီး...

ဦးေလးထင္သလိုပဲ အဖြားတို႔ကိုအသိမေပးခဲ့ပါဘူး.

ဒါေပမဲ့ လူတစ္ေယာက္ကိုေတြ့စရာရိွလို႔

ခဏေလးပဲ ဟိုမွာေနၿပီး ညေနစာစားၿပီးတာနဲ႔

သမီးတို႔ ျပန္လာၾကမယ္...

ဦးေလးအဆင္ေျပမလား..အဆင္မေျပရင္ေတာ့ဟိုတယ္မွာ...

တစ္ညေလာက္နားၾကတာေပါ့..."


"ဟာ...အဆင္ေျပပါတယ္...ဦးေလးအတြက္က

ဘာမွေစာဒကတက္စရာရိွပါဘူး...မမေလးက...

ထက္ျမတ္ၿပီး စဉ္းစားဆင္ျခင္ဉာဏ္ရိွတဲ့လူတစ္ေယာက္ဆိုတာ..ဦးေလးယံုပါတယ္..."


ကားဒါရိုက္ဘာႀကီးကပံုရိပ္ကိုခ်ီးၿမွောက္ေနေပမဲ့

ပံုရိပ္ကေတာ့ ကဲ့ရဲ့ေဝဖန္ေနတယ္လို႔ပဲ

ခံစားမိၿပီး အနည္းငယ္ေနရခက္ေနမိတယ္။

ဒီေန့လုပ္ရပ္ဟာ ဘ၀မွာမစဉ္းစားမဆင္ျခင္ပဲ

လုပ္မိသၫ့္အႀကီးမားဆံုးအမွား ျဖစ္လာလိမ့္မယ္...။


အခုေလာက္ဆိုရင္ ပံုရိပ္ထြက္သြားတာကို

ဖြားညိုသိေနေလာက္ၿပီမို႔ အရမ္းေဒါသထြက္ေနေလာက္ၿပီ။ပံုရိပ္ကို ေက်းဇူးကန္းသၫ့္လူဟု

ထင္သြားေလာက္ေပမည္။

ပံုရိပ္ကို သိပ္ခ်စ္ေသာအန္တီယဉ္တင့္ေတာင္

နားလည္ ေပးႏိုင္ေတာ့မည္မထင္ေပ။

ပံုရိပ္ဟာ ဆရာ့အတြက္အရာအားလံုးကို

စြန႔္လႊတ္ရဲတာကို ဆရာ့ကိုသိေစခ်င္စမ္းသည္။


ဒါဆိုရင္ ပံုရိပ္ကိုသူပိုၿပီးခ်စ္ျမတ္ႏိုးေပးႏိုင္ေလာက္သည္။ပံုရိပ္ဟာ အသက္အရြယ္ငယ္ေပမဲ့

အၿမဲတမ္းရယူေနတာမ်ိဳးထက္ အမ်ားႀကီးလည္း

စြန႔္လႊတ္ရဲတာကို သိေစခ်င္သည္။

ယမင္း၏ အျဖစ္ကို ပံုရိပ္အခုမွေသခ်ာကို

နားလည္သြားေလၿပီ။

ယမင္းကို သိပ္ရူးမိုက္တယ္လို႔ထင္ခဲ့မိတဲ့ပံုရိပ္ဟာ

ကိုယ္တိုင္က အရူးတစ္ေယာက္ျဖစ္ေနေလၿပီ။


ပံုရိပ္ဖုန္းကိုထုတ္လိုက္ၿပီး ဆရာ့ကိုစာပို႔လိုက္သည္။


"ဆရာ..ဒီမက္ေဆ့ခ္်ေလးကိုေတြ့ရင္စာျပန္ေပးပါေနာ္..ပံုရိပ္ဆရာ့ဆီကိုလိုက္လာေနၿပီ...

ဆရာ..ပံုရိပ္ကိုေသခ်ာေပါက္..ေစာင့္ေနေပးပါေနာ္..."


🌹🌹🌹🌹🌹🌹🌹🌹


ညေနခင္း၏ ေန၀န္းနီနီသည္ပုဂံေျမ၏ဘုရား၊ပုထိုးတို႔အား အေရာင္အဝါပို၍ေတာက္ပလာေအာင္ ဖန္တီးေပးေနသကဲ့သို႔ ျဖစ္ေနေလသည္။

ဧရာ၀တီျမစ္ႀကီးသည္ပင္ ေရာင္နီသန္းလို႔

ေနေလၿပီ။

ဆည္းဆာေရာင္ေျခသည္ ပုဂံေျမ၏အလွကို

ေသသပ္ခမ္းနားစြာ မြမ္းမံထားသၫ့္အလား

ထင္မိေစသည္။


ေန၀န္းနီနီကို ေနာက္ခံထားလ်ွက္ အျဖဴေရာင္ကားေလးဟာ တေရြ့ေရြ့ျဖတ္သန္းသြားေနေလသည္။ေညာင္ဦးၿမိဳ႔ထဲသို႔၀င္လာေသာအခါ

အိပ္ေနရင္းႏွင့္ ပံုရိပ္လန႔္ႏိုးသြားေလသည္။


"တူမႀကီး...ဘာျဖစ္လို႔လဲ..အိပ္မက္ဆိုးမက္လို႔လား..."


"ဟုတ္တယ္...အိပ္မက္ဆိုးမက္လို႔..."


နဖူးစပ္မွာ စိုစြတ္ေနေသာခၽြေးေတြကိုသုတ္ပစ္လိုက္ၿပီးေနာက္  ေရဗူးကိုေဖာက္၍ေသာက္လိုက္မိသည္။


ပံုရိပ္ရဲ့ အိပ္မက္ႀကီးကဘာေၾကာင့္ဒီေလာက္ေတာင္ ဆိုးရြားေနရတာလဲ...


အိပ္မက္ထဲမွာ ဆရာကပံုရိပ္ကိုထားၿပီး

ထြက္သြားခဲ့သည္တဲ့။ပံုရိပ္ဆရာ့ေနာက္ကို

လိုက္ေပမဲ့ ဆရာကပံုရိပ္ကိုျပန္လွၫ့္မၾကၫ့္ခဲ့ဘူး။


*ဒါဟာ..အိပ္မက္အျဖစ္ပဲရိွေနပါေစ

အျပင္မွာ ဆရာကပံုရိပ္ကိုဒီလိုမလုပ္ဘူးဆိုတာ...

ပံုရိပ္ယံုၾကည္ရမယ္...ဒီလိုဆိုပံုရိပ္ရင္ကဲြရမွာ*


အမ်ိဳးမ်ိဳးေသာအေတြမ်ား ေခါင္းထဲသို႔၀င္လာၿပီးတဲ့ေနာက္မွာ ဖုန္းကိုထုတ္လိုက္ၿပီး

ဆရာ့ဆီသို႔ ဖုန္းေခၚလိုက္သည္။

တစ္ဖက္မွ ဖုန္းလာကိုင္ေသာေၾကာင့္ ပံုရိပ္လည္း အရမ္း၀မ္းသာသြားမိသည္။


"ဟယ္လို...ဆရာေနမ်ိဳးလားဟင္..."


"မဟုတ္ပါဘူး..."


တစ္ဖက္က ျငင္းဆိုလိုက္သည္မွာ

မိန္းမတစ္ေယာက္၏ အသံျဖစ္ေနေသာေၾကာင့္

ကိုယ့္နားကိုယ္ေတာင္ မယံုခ်င္ျဖစ္သြားမိသည္။

ဆရာ့အနားမွာ အခုမိန္းမတစ္ေယာက္ရိွေနတာလား။

ဆရာက မိန္းမတစ္ေယာက္နဲ႔အတူဘာေၾကာင့္

ရိွေနတာလဲ။

ဆရာ့လုပ္‌ေဖာ္ကိုင္ဖက္တစ္‌ေယာက္ေယာက္

ျဖစ္ႏိုင္သည္ဟု ျဖည့္‌‌ေတြးၾကၫ့္ေပးလို႔ရေပမဲ့ အျခားမိန္းကေလးတစ္ေယာက္က

ဆရာ့ဖုန္းကို ကိုယ္စားေျဖေပးတယ္ဆိုတာက

ပံုရိပ္ကို သ၀န္တိုစိတ္ေတြပိုျပင္းထန္လာေစတယ္။


"အခုေျပာေနတာက ဘယ္သူလဲဟင္..

ဆရာကဘယ္သြားလို႔လဲ.."


"တို႔နာမည္ကခင္ရူပလို႔ေခၚပါတယ္..

တို႔ကအခု..ကိုေနနဲ႔‌ဟိုတယ္မွာ ထမင္းစားေနတာပါ...ကိုေန့ကိုဘာေျပာေပးရမလဲဟင္...

သူက အခ်ိဳတည္းဖို႔သြားယူေနတယ္...

အေရးႀကီးကိစၥဆိုရင္ တို႔ကိုလည္းေျပာခဲ့လို႔ရပါတယ္..."


"ရပါတယ္ရွင့္..အေရးမႀကီးပါဘူး.."’


စကားကို အတတ္ႏိုင္ဆံုးေလ်ာခ်လိုက္ၿပီး

ဖုန္းကိုခ်လိုက္မိသည္။မမခင္ရူပဟာ

ရန္ကုန္ကေန ဒီကိုဘယ္လိုလုပ္ၿပီးေရာက္လာရတာလဲ။

ဆရာနဲ႔ႏွစ္ေယာက္တည္း အတူရိွေနၾကတာကလည္း ရိုးသားပံုရၾကရဲ့လား။

ကားေလး တေရြ့ေရြ့နဲ႔သြားေနစဉ္အခ်ိန္ေတြအတြင္းမွာ ထိုအေၾကာင္းေတြကိုသာ ေတြးေနမိေလသည္။


"တူမႀကီး...ကားေပၚကေနဆင္းလို႔‌ရေနၿပီေလ.."


ကားဒါရိုင္ဘာႀကီး၏အသံေၾကာင့္ ကားျပတင္းအျပင္သို႔ ၾကၫ့္လိုက္မိေတာ့ သီရိပစၥယာ‌ဟိုတယ္

၏ၿခံ၀န္းထဲသို႔ ေရာက္ေနၿပီျဖစ္သည္။

ကားတံခါးကိုဖြင့္ၿပီး ဆင္းလိုက္မိေပမဲ့ ဟိုတယ္ထဲသို႔ ၀င္ဖို႔ရန္မရဲေပ။ပံုရိပ္၏ရင္ထဲမွ သံသယေတြအားလံုး မွန္ကုန္မွာစိုးရိမ္သည္။

ဟိုတယ္ထဲသို႔ ၀င္ဖို႔ေျခလွမ္းၿပီးကာမွ ပံုရိပ္တို႔ကား၏ အေရ႔ွခပ္လွမ္းလွမ္းမွာ ရပ္ထားေသာ

ကားေဘးမွ လူရိပ္ေတြကို သတိထားမိ၍

လွမ္းၾကၫ့္လိုက္မိရာ.....


"ဆရာ......"


ဟုတ္ပါတယ္ဆရာပါပဲ။


"ပံုရိပ္ဆီကိုသူကပဲ လွမ္းလာခဲ့မယ္.."လို႔ေျပာခဲ့ဖူးေပမဲ့ ေတာင္ႀကီးကေနျပန္လာကတည္းက

ပံုရိပ္နဲ႔ အဆက္အသြယ္ျဖတ္ထားခဲ့တဲ့

ပံုရိပ္သိပ္ကို တန္ဖိုးထားရေသာအမ်ိဳးသား

တစ္ေယာက္ျဖစ္သည္။


"ဆရာ့....ဆရာေနမ်ိဳး..."


အသံက်ယ္က်ယ္ႏွင့္ ေအာ္ေခၚလိုက္မိေသာ

ပံုရိပ္ကို သူလွၫ့္ၾကၫ့္လာခဲ့သည္။

ဒါေပမဲ့ သူပံုရိပ္ဆီကိုလ်ွင္လ်ွင္ျမန္ျမန္

ေရာက္မလာခဲ့ေပ။

ပံုရိပ္ကိုယ္၌ကလည္း သူ႔ေဘးနားမွာႃပံုး၍

ရပ္ေနေသာ မမခင္ရူပေၾကာင့္ ေရ႔ွဆက္မတိုးဝံ့ေပ။


ပံုရိပ္ဆရာ့ကို ႃပံုးျပလိုက္မိသည္။


အနက္ေရာင္တီရွပ္ႏွင့္ ဂ်င္းေဘာင္းဘီကို၀တ္ဆင္ထားေသာ ဆရာကေတာ့ ဟန္ေဆာင္၍ေတာင္

ရယ္မျပႏိုင္ရွာခဲ့ေပ။

ေဘးမွာရပ္ေနေသာ မမရဲ့ပခံုးကိုတင္းၾကပ္စြာ

ဖက္လိုက္တဲ့ အခ်ိန္မွာေတာ့ ပံုရိပ္၏အႃပံုးေတြ ရပ္တန႔္သြားခဲ့သည္။



မယံုၾကည္ႏိုင္မႈႏွင့္နာက်င္မႈေတြ ေရာေထြးသြား

လ်ွက္ ႏႈတ္ခမ္းေတြကိုဖိကိုက္လိုက္မိသည္။

မ်က္၀န္းအိမ္မွာ မ်က္ရည္ေတြစိုစြတ္သြားၿပီးေနာက္

ပါးျပင္ေပၚသို႔ မ်က္ရည္ေတြစီးဆင္းေစမိသည္။ဟန္ေတာင္မေဆာင္ႏိုင္ေတာ့ပဲ ဆရာႏွင့္

ခပ္လွမ္းလွမ္းအကြာအေဝးကေန ပံုရိပ္ငိုေနမိေလသည္။


ဆရာဘာေၾကာင့္ ပံုရိပ္ကိုဒီလိုရက္စက္ရတာလဲ။

ပံုရိပ္မွာေတာ့ မိုင္ေပါင္းမ်ားစြာေက်ာ္ျဖတ္ၿပီး

ဆရာ့ဆီကို  ေရာက္ေအာင္လာခဲ့ေပမဲ့ 

ဆရာကေတာ့ ေရ႔ွကိုတစ္လွမ္းတိုးဖို႔ ေနေနသာသာ

ေနာက္ကိုေတာင္ တစ္လွမ္းဆုတ္သြားခဲ့တယ္။

ဆရာဟာ အစတည္းကပံုရိပ္ကိုလွၫ့္စားခဲ့တာပဲ။


ဆရာ့ကို ေမးခြန္းအနည္းငယ္ေမးခ်င္တာေၾကာင့္

ေရ႔ွသို႔ေျခတစ္လွမ္းတိုးလိုက္ေပမဲ့ 

ဆရာတို႔ခ်စ္သူႏွစ္ေယာက္ဟာ ကားထဲသို႔၀င္သြားၾကသလို သူတို႔၏ကားေလးဟာလည္း

ဟိုတယ္၀န္းထဲမွ ေမာင္းထြက္သြားေလၿပီ။


*ရက္စက္လိုက္တာဆရာရယ္...ပံုရိပ္ကိုအားနာစိတ္ကေလးနဲ႔ တစ္ခ်က္ေတာင္ႃပံုးမျပခဲ့ဘူး...

ဆရာ့ခ်စ္သူေရ႔ွမွာမို႔...သူစိမ္းတစ္ေယာက္လို

...တစ္ခါမွာမေတြ့ဘူးတဲ့လူလိုဆက္ဆံသြားခဲ့တာလားလို႔ ေမးခ်င္မိပါတယ္...ပံုရိပ္ဆရာ့ကို

သိပ္ခ်စ္တယ္..ဒါလည္းဆရာသိမွာပါေလ...

ပံုရိပ္ဟာဆရာ့အတြက္သိပ္ကိုသရုပ္ပ်က္ၿပီး

တန္ဖိုးမဲ့တဲ့ မိန္းမငယ္ေလးတစ္ေယာက္ျဖစ္ေနခဲ့တယ္...ထင္ပါရဲ့...ဆရာပံုရိပ္ကိုလွၫ့္စားရက္တယ္...ေတာင္ေပၚမွာပံုရိပ္ရဲ့လက္ကို ေနြးေထြးေအာင္လုပ္ေပးခဲ့တာေတြ...

ေနၾကာပန္းခင္းႀကီးထဲမွာ စိတ္ပူၿပီးေထြးဖက္ခဲ့တာေတြက...ဆရာ့အတြက္ဘယ္လိုအဓိပၸာယ္မ်ိဳးမ်ားလဲ...*


"အဟင့္...ဟင့္......"


"ဟာ...ပံုရိပ္ေလး...ဘာလို႔ငိုေနတာလည္း...

တူမႀကီးရယ္...ဦးေလးဘာလုပ္ေပးရမလဲ..."


ပံုရိပ္၏ေက်ာကုန္းေလးကို ဖြဖြေလးလာပုတ္ေပးေနေသာ ဒါရိုင္ဘာႀကီးကိုမ်က္ရည္ေတျြပၫ့္ႏွက္ေနေသာ မ်က္၀န္းေလးမ်ားႏွင့္ၾကၫ့္လိုက္ၿပီးေနာက္

ဟန္မေဆာင္ႏိုင္ပဲ ငိုခ်လိုက္မိသည္။


"သမီးလွၫ့္စားခံလိုက္ရၿပီ....

သမီးအေပၚမွာတကယ္စစ္မွန္တယ္လို႔ ထင္ခဲ့မိတာ

အခုေတာ့ သူသမီးကိုရက္ရက္စက္စက္လွၫ့္စား

သြားခဲ့ၿပီ....အဟင့္...သမီးမွာေတာ့...အားလံုးကို

ေျခစံုကန္ၿပီး သူ႔ဆီကိုအရဲစြန႔္လိုက္လာခဲ့ရတာ..."


"တိတ္ပါေတာ့ကြယ္...ငိုခ်င္ရင္လည္း...

ကားထဲမွာပဲငိုပါေနာ္...သူမ်ားေတြၾကၫ့္ေနၾကတယ္..."


ပံုရိပ္ကို ကားထဲသို႔ ေဖးမ၍ေခၚသြားေသာ

ဒါရိုင္ဘာႀကီးကို သိပ္ေက်းဇူးတင္မိေလသည္။

ပံုရိပ္ကိုယ္တိုင္ဟာ လႈပ္ရွားဖို႔ပင္အားအင္မရိွေတာ့ေပ။လက္ေခ်ာင္းေတြဟာ တုန္ယင္ေနၿပီး

ႏွလံုးခုန္ႏႈန္းေတြ တအားျမန္ဆန္ေနကာ

ႏွလံုးသားတစ္ခုလံုးဟာ ဆဲြဆုတ္ထားသလို

စူးစူးရွရွ နာက်င္ေနသည္။


"ဆရာ...လုက္ရက္လိုက္တာ..."ဟူေသာအသိက

နစ္နစ္နဲနဲ ခ်စ္မိတဲ့ကိုယ့္ကိုကိုယ္ ျပန္၍မုန္းေနမိေလသည္။

ပံုရိပ္ျပန္ၿပီး ၀ဋ္လည္တာေနမွာေပါ့။

ဆရာေနမ်ိဳးဆိုတဲ့ ပုဂၢိုလ္မွလဲြ၍ လာခ်ည္းကပ္ေသာ အမ်ိဳးသားတိုင္းကို ပ်က္ပ်က္သားသား

ျငင္းခဲ့ဖူးသည့္အတိုင္း ဆရာဟာသူ႔ခ်စ္သူအေရ႔ွမွာ

ပံုရိပ္ကို မသိခဲ့ဖူးသလို၊မေတြ့ခဲ့ဖူးသလို

ဆက္ဆံသြားခဲ့သည္။


*ထိုေန့ကပံုရိပ္...သူ႔ဆီကိုလာခဲ့ပါတယ္...

 သူကေတာ့...ပံုရိပ္ဆီမွထြက္သြားခဲ့တယ္....

 ပံုရိပ္သူ႔ကို ေစာင့္ခဲ့ပါတယ္...

 သူျပန္လွၫ့္မလာခဲ့ဘူး....

 ကၽြန္မအတြက္ေတာ့  ပုဂံေျမ‌ေပၚမွာ

 သမိုင္းတြင္ေလာက္ေအာင္

 ရင္ထဲမွာနာက်င္ခဲ့ရတဲ့ေန့ပါပဲ...

  သူ႔ကို ရူးေလာက္ေအာင္ ခ်စ္ခဲ့မိ၍

   အသဲနစ္ေအာင္ မုန္းပါသည္..."


"စိမ္းရက္တဲ့ႏြယ္.."ဆိုတဲ့

ဆရာ့ကဗ်ာေလးထဲကလိုပဲ...


*ေက်ာခိုင္းၿပီးရင္ ျပန္လွၫ့္မၾကၫ့္ပါနဲ႔..."



🌹🌹🌹🌹🌹🌹🌹🌹


အျပည္ျပည္ဆိုင္ရာအသဲကဲြတဲ့ေန့ပါပဲ💔

ဆရာက ဘာအခ်ိဳးခ်ိဳးသြားတာလဲဆိုေတာ့

"ေဒြးခ်ိဳးပါ.."🤭



ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

အထူးေက်းဇူးတင္ရိွပါတယ္..


မနက္ျဖန္မွ ‌ရွည္ရွည္ေလးထပ္တင္ေပးမယ္ေနာ္

No comments:

Post a Comment