🔥🌹ဆူးကြိုး(အခန်း၆၅)🔥

  (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥🌹ဆူးကြိုး(အခန်း၆၅)🔥


မနက်ခြောက်နာရီခွဲသည်နှင့် ပုံရိပ်၏အာရုံကြောတွေဟာ သူ့အလိုလိုနိုးထလာခဲ့သည်။

အချိန်ဆိုင်းမနေပဲ အိပ်ယာမှအမြန်ထလိုက်ပြီး

အိပ်ယာသိမ်းကာ ရေချိုးခန်းထဲသို့၀င်လိုက်သည်။

နွေရာသီသို့ကူး‌ပြောင်းစပြုလာပြီဖြစ်၍

ရာသီဥတုအခြေအနေကတော့ မနက်ခြောက်နာရီလောက်တည်းက အခန်းထဲသို့နေရောင်

၀င်နေပြီဖြစ်ကာ အိုက်စက်စက်ဖြစ်နေလေသည်။


ထုံးစံအတိုင်း မိတ်ကပ်ပါးပါးလေးကို လိမ်းခြယ်ပြီးသည်နှင့် အ၀တ်အစားတွေကိုလဲလိုက်ပြီး

လက်ပ်တော့နှင့်ဖိုင်လ်တွေကို လက်ဆွဲအိတ်ထဲသို့ထည့်ကာ အိပ်ခန်းထဲမှ ထွက်လိုက်သည်။


လှေကားမှ ဆင်းလာပြီးနောက်ထမင်းစားခန်းထဲသို့ ၀င်လိုက်သောအခါ အန်တီယဉ်တင့်နှင့်အတူ

ပိစိမတို့ရော အခြားအလုပ်သမားတွေကပါ

မနက်စာပြင်ဆင်ရင်း အလုပ်ရှုပ်နေကြလေသည်။

ပုံရိပ်လည်း လက်ဆွဲအိတ်ကိုခုံပေါ်သို့ တင်လိုက်ပြီး

ထမင်းစားသည့် စားပွဲမှာ၀င်ထိုင်လိုက်သည်။


"အန်တီယဉ်တင့်...ခုမနက်စာကဘာချက်လဲဟင်..."


"ဟော...ပုံရိပ်လေးတောင်ရောက်နေပြီလား..."


ပုံရိပ်ကို အခုမှသတိထားမိသွား၍ အန်တီယဉ်တင့်က ပုံရိပ်ကိုစကားလှည့်ပြောရင်းနှင့် ခေါင်းအစ

ခြေအဆုံးကို ထူးဆန်းသလိုသေချာကြည့်နေလေသည်။

ပုံရိပ်ရဲ့ မျက်နှာမှာတစ်ခုခုပေနေလို့ များလား။


"ဟာ...ငါ့တူမကြီးကအစောကြီးနိုးနေတာပါလား..."


"လေးလေးခန့်ပြန်လာပြီလား...."


"အေးကွဲ့...ဒါနဲ့မနက်စာဘာချက်လဲဟေ့...

မိန်းမရေ..ယောက်ျားဗိုက်တော်တော်ဆာနေပြီ..."


လေးလေးခန့်ကတော့ အပြင်ပိုင်းမှာတည်ကြည်ပြီး

စံပြပုဂ္ဂိုလ်တစ်ယောက်ပီသအောင် နေသလောက်

သူ့မိန်းမအရှေ့သို့ရောက်သည်နှင့် ကလေးဆန်သွားတတ်လေသည်။

ပုံရိပ်ကိုအရမ်းမုန်းတီးနေသော အဒေါ်တစ်ယောက်ရှိနေပေမဲ့ အလိုလိုက်ပြီးဖခင်အရင်းလို

ချစ်ခင်ပေးတတ်သည့် လေးလေးခန့်ရှိနေ၍

ပုံရိပ်ဒီအိမ်မှာ ဆက်ပြီး ရှိနေနိုင်တယ်လို့ပြောရမည်။

ဖေဖေနှင့် ရုပ်ချင်းဆင်၍လေးလေးခန့်ကို

ပုံရိပ်လည်း ကိုယ့်ဖခင်အရင်းလို့ သိပ်ချစ်ပါတယ်။


"မနက်စာကတော့ ရှင်‌တို့အတွက်ကမုန့်ဟင်းခါးချက်တယ်...နန်းကြီးသုတ်စားချင်လည်းရတယ်...

မေညို့အတွက်ကတော့ သက်သက်ပေါ့..."


"အန်တီတင့်...သမီးကတော့မုန့်ဟင်းခါးပဲစားတော့မယ်..."


"ကိုယ့်ကိုတော့နန်းကြီးသုတ်ပေးနော်..

ကိုယ့်မိန်းမသုတ်တဲ့ နန်းကြီးသုတ်ကိုမစားရတာ‌

တောင်ကြာပြီ..."


တူ၀ရီးနှစ်ယောက် တစ်ယောက်တစ်မျိုးဆီ

တောင်းဆိုနေကြပေမဲ့ ယဉ်တင့်ကတော့

စိတ်မဆိုးနိုင်ပေ။

ပုံရိပ်လေးဟာ ကိုယ့်ယောက်ျားနှင့်အမျိုးစပ်မှ

ကိုယ်နှင့်တူမတော်ပေမဲ့ တကယ်ကိုသမီးအရင်းလေးတစ်ယောက်ပမာ ချစ်ခင်မိသည်။

ယောက်ျားထက်ကို တူမလေးကို

အရေးပေးမိလေသည်။


ပုံရိပ်လေးဟာ အချို့အချိန်တွေမှာကလေးဆန်တတ်ပြီး အချို့အချိန်မှာတော့အရမ်းရင့်ကျက်သည်။

တစ်ခါတစ်လေမှာ ကိုယ်ကတည့်မတ်ပေးရတာတွေရှိနေပေမဲ့ ကိုယ်ပြောတဲ့ဆုံးမစကားတိုင်းကိုလည်း

အလေးအနက်နားထောင်တတ်ပြီး ပြုပြင်တတ်တဲ့

ကောင်းမွန်သော စိတ်ဓာတ်ရှိလေသည်။


*ရွှေပင်မှာနားလို့ ရွှေကျေးဖြစ်နေပေမဲ့

ရွှေလိုအဆင်းနဲ့စိတ်ဓာတ်မျိုးရှိမယ်လို့

တသမတ်တည်း တွက်ဆလို့မရနိုင်ပေ*


ဒါကိုမေဦးရဲ့ သားသမီးတွေကသက်သေပြသွားခဲ့တာပါပဲ။မေဦးရဲ့သား၊သမီးသုံးယောက်လုံးဟာ

ရွှေပေါ်မြတင်ပြီးမွေးလာခဲ့ကြသူတွေဖြစ်၍

လိုတရဘ၀တွေကို ပိုင်ဆိုင်ထားခဲ့ကြပေမဲ့

အခွင့်အခါကောင်းတုန်းမှာ ကောင်းကောင်း

အသုံးမချတတ်ခဲ့ကြတော့

သူတို့အဖေထောင်ကျပြီးနောက်ပိုင်းမှာ

သူတို့အမေလည်း စီးပွားရေးကျလာရာ

မလုပ်တတ်၊မကိုင်တတ်တွေ

ဖြစ်ကုန်ကြတော့တာပါပဲ။


 ဖွားအေကြီးဆီမှာနေ့တိုင်းလာပြီး

ဆူပူသောင်းကျန်းကြတော့ ဖွားအေကြီးလည်း

သူတို့ကြောင့် အရင်လိုရွှင်ရွှင်လန်းလန်းနဲ့

မရှိတော့ပဲ စိတ်ဆင်းရဲမှုနှင့်အတူ

ရောဂါဝေဒနာတွေကိုလည်း ပိုခံစားလာရတယ်။


ကိုယ့်ယောက်ျားက ဆရာ၀န်ဖြစ်တဲ့အပြင်

ကုမ္ပဏီကိစ္စတွေကို တော်ရုံ၀င်မပါတတ်တော့

ပုံရိပ်လေးကပဲ အရွယ်နှင့်မလိုက်အောင်

ရုန်းကန်နေရတယ်။ကုမ္ပဏီမှာရှိတဲ့အချို့လူကြီးတွေက ဆယ်ကျော်သက်အရွယ်ကလေးမလေးရဲ့

ထက်မြက်မှုနှင့် လုပ်နိုင်စွမ်းတွေကို

တွေ့နေကြပါလျှက်နဲ့  နေရာမပေးချင်ကြတော့

ရှယ်ရာတွေကို ပြန်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေပါ ရှိလာကြတယ်။


အမှန်အတိုင်းပြောရရင်တော့

ဒီအရွယ်ကလေးမလေးကို လွတ်လွတ်လပ်လပ်ပဲ

နေစေချင်မိတယ်။

အခုတော့ သူ့ခမျာလူအများရဲ့စွပ်စွဲမှုတွေ၊

ချောက်တွန်းမှုတွေမခံရအောင် သူ့အသက်ထက်

ပိုပြီး ရင့်ကျက်အောင်ပြုမူနေထိုင်ပြီး

မနိုင်၀န်ကို ထမ်းနေရရှာတယ်။

မကြည်ဖြူမှုတွေနှင့် စောင့်ကြည့်နေသော

မျက်လုံးတွေအများကြီး အောက်မှာ

အရင်လုံအပြုံးအရယ်သိပ်မရှိတော့တဲ့ ကောင်မလေးကိုအရမ်းသနားမိတာပဲ။


"တင့်တင့်ရေ...ကိုယ့်နန်းကြီးသုတ်က

ဘာလို့နည်းနေရတာလဲကွာ...

မုန့်ဖက်နည်းနည်းပဲကျန်တော့လို့လား..."


"ရှင့်ကိုစေတနာမရှိတော့လို့လေ...

ပုံရိပ်လေးကိုတွေ့တိုင်း ရှင်အသုံးမကျတာကို

ပြန်တွေးမိပြီးဒေါသထွက်လို့....ဘယ့်နယ်အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပြီး...

ကုမ္ပဏီကိစ္စကိုတော့ကူမယ်မရှိဘူး..."


"ဟ...ဘလိုင်းကြီးပါလား..."


ဦးမင်းခန့်လည်း မိန်းမကနန်းကြီးသုတ်ကို

နည်းနည်းပဲကျွေးတဲ့အပြင် ရန်ပါလာတွေ့နေတာကြောင့် ခေါင်းကုတ်နေရတော့လေသည်။

မုန့်ဟင်းခါးထိုင်စားနေသော တူမလေးကို

မျက်နှာရိပ်ပြပြီး တပ်ကူတောင်းတော့

ဒင်း‌လေးကလည်း ပခုံးတွန့်ပြပြီး

သူ့မုန့်ဟင်းခါးကိုသာ တ၀တပြဲစားနေလေသည်။


"မိန်းမရယ်...ကိုယ်က...ကိုယ့်ဂျူတီချိန်တွေနဲ့တင်ပြည့်နေတာကို...ကုမ္ပဏီကိစ္စကို

ဘယ်လှည့်ကြည့်နိုင်မှာလည်းကွာ..."


"ရှင့်ရဲ့အဲ့လိုအပြောတွေကြောင့်ကိုစိတ်တိုတာ..

ရှင့်ရဲ့ဆရာ၀န်အလုပ်ဆိုတာက

သိပ်ကိုမွန်မြတ်ပါတယ်...ဒါပေမဲ့ကိုယ့်အိမ်ကိုလည်းပြန်လှည့်ကြည့်ပါအုံးလား..

အကုန်လုံးကမိန်းမသားတွေကြီးပဲ...

ရှင့်အမေဆိုလည်း...အခုနောက်ပိုင်း

နလန်ထူနိုင်လို့လား...ရှင်ကဦးမဆောင်တော့

ကလေးကရှင့်အစားရှေ့ထွက်နေရတယ်..

ဒီအရွယ်လေးက ပျော်ပျော်ပါးပါးနေရမဲ့အရွယ်လေ

အခုတော့ သက်ကြီးအိုမတွေကြားမှာ

လူကြီးလေး လုပ်နေရတယ်...မတော်လို့

မကျေနပ်တဲ့လူတွေက ချောက်တွန်းတာဖြစ်ဖြစ်

အန္တရာယ်ပြုတာပဲဖြစ်ဖြစ်လုပ်လာခဲ့ရင်

ရှင်တို့..ကျွန်မတို့ပဲရင်ကျိုးရမှာနော်..

မေညိုကလည်း..ရှင်ခေါင်းရှောင်နေလို့သာ

မတတ်သာလို့ ခိုင်းနေရတာ..

သူ့မြေးတစ်ခုခုဖြစ်မှာကို အရမ်းစိတ်ပူနေတာ

သိရဲ့လား..."


အန်တီယဉ်တင့်၏စကားကြောင့်

လေးလေးခန့်တစ်ယောက် ခေါင်းငိုက်ဆိုက်ကျပြီး

ငိုင်နေလေတော့သည်။

ပုံရိပ်လည်း ဒီကာလမှာလူရော၊စိတ်ရော

ပင်ပန်းနေပြီဆိုပေမဲ့ လေးလေးခန့်ကိုတော့

အပြစ်မပြောချင်ပေ။


လေးလေးခန့်ဟာ ဆရာ၀န်တစ်ယောက်ဖြစ်ပြီး

ဒီအရာကလည်း သူငယ်ငယ်တည်းက

မက်ခဲ့ရတဲ့ အိပ်မက်တစ်ခုဖြစ်လို့

စွန့်လွှတ်ဖို့ မဖြစ်နိုင်သလို စွန့်လွှတ်ပါဟုလည်း

မပြောရက်ပေ။

အရာရာတိုင်းဟာ ကောင်းဖို့ဖြစ်လာသည်မို့

အဆိုးတွေအားလုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ကိုသာ

တွေးလိုက်မိသည်။


"အန်တီတင့်ရယ်...လေးလေးခန့်ကိုအဲ့လိုမပြောပါနဲ့

သူလည်းသူ့အလုပ်ကို သူလုပ်ပါစေ..."


ပုံရိပ်လည်း အများကြီးမပြောချင်တာကြောင့်

မုန့်ဟင်းခါးတစ်ပွဲစားပြီးသည်နှင့် အိတ်ကိုဆွဲပြီး

နေရာမှ ထထွက်ရန်ပြင်လိုက်သည်။


"ဟင်...လက်ဆွဲအိတ်ကြီးနဲ့...ဒါကဘယ်သွားမလို့လဲ..."


"အလုပ်လေ.."


"ဟဲ့...အော်...ဒီနေ့ကတနင်္ဂနွေနေ့လေ...

အလုပ်ပိတ်ရက်ကြီးလေ..."


"ဟာ...ဟုတ်သားပဲ...စိတ်ကစွဲနေတော့

ဒီနေ့ကိုအလုပ်သွားရမယ်လို့ တွေးထားမိတာ...

အဲ့ဒါဆိုရင်...သမီးအပေါ်ကိုပြန်တက်တော့မယ်နော်..."


ပုံရိပ်လေး ထမင်းစားခန်းထဲမှထွက်သွားသည်နှင့်

ဒေါ်ယဉ်တင့်သည် ဦးမင်းခန့်ကိုမျက်စောင်း

ထိုးလိုက်လေတော့သည်။


"တွေ့တယ်မဟုတ်လား...ကလေးမှာဖိအားတွေ

ဘယ်လောက်များနေလဲဆိုတာ...

ပိတ်ရက်တောင် ရုံးတက်ဖို့ပဲစိတ်စွဲနေတဲ့အထိ

သူဘယ်လောက်အထိ ၀န်ပိနေလိုက်လဲ..

ရှင်ကတော့ မျက်မမြင်ကြီးလိုပဲ

တွေ့ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်နေတယ်

အလိုက်မသိရင် ပိုပြောရခက်တယ်ဆိုတာ

ရှင့်လို လူကိုပြောတာ....

ရှင်လည်းအသက်အရွယ်တစ်ခုအထိ

ဝါသနာပါရာကို လုပ်လာခဲ့ပြီးပြီပဲ

လုပ်သင့်လုပ်ထိုက်တာကို တာ၀န်သိသိနဲ့

လုပ်ဖို့အချိန်တန်ပြီနော်..."


"အေးပါကွာ...ငါလည်းမြင်ပါတယ်၊ကြားပါတယ်

လစ်လျှူရှုမိတာလည်း..ငါ့အမှားပါ...

ဒီရက်ပိုင်းမှာ...ငါ့ရဲ့တာ၀န်တွေကိုလွှဲသင့်တဲ့လူတွေကို လွှဲပေးပြီးတာနဲ့...

လုပ်ငန်းတွေဘက်ကိုငါပြန်ကြည့်ပါ့မယ်...."


ဦးမင်းခန့်အနေနဲ့ ဒီဆုံးဖြတ်ချက်ကိုချဖို့ စဉ်းစားလိုက်မိခြင်းဟာ ဘယ်သူ့ရဲ့တိုက်တွန်းချက်ကြောင့်မှ မဟုတ်ပဲ သူကိုယ်တိုင်၏စိတ်ဆန္ဒသာ

ဖြစ်လေသည်။


ဟိုးယခင်တည်းက  ဆရာ၀န်တစ်ယောက်၏

တာ၀န်တွေနှင့်သာ ကိုယ့်ဘ၀ကိုကုန်ဆုံးစေခဲ့ပြီး

နာမကျန်းသောသူများစွာ၏မိသားစုတွေကို

သူ့လက်နှင့် ကယ်တင်ခဲ့သည်။


တစ်ဖက်မှာတော့ မိခင်နှင့်တကွ၊အိမ်ထောင်ရေးပါမကျန် တာ၀န်တွေလစ်ဟင်းခဲ့ရတာများလာခဲ့သည်။

 အချိန်အတိုင်းအတာ တစ်ခုကို

ကျော်လွန်ပြီးနောက်မှာ ကိုယ်လုပ်ချင်သော

အရာတွေကို လုပ်ခဲ့ပြီးလေပြီ။

အခုတော့ လုပ်သင့်တာကိုဦးစားပေးရမဲ့

အချိန်ပါပဲ။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


"ဖွားညို..သမီးကိုခေါ်တယ်ဆို...."


"‌ဟုတ်တယ်အရိပ်ရဲ့...အဖွားရဲ့အနားကို

လာပါအုံး...."


ဖွားညို၏ အခန်းထဲသို့၀င်လိုက်ပြီးကုတင်ပေါ်တွင်

ထိုင်လိုက်တော့ ဖွားညိုကပုံရိပ်၏လက်လေးတွေကို

ဆုပ်ကိုင်လာခဲ့သည်။ပြီးနောက် ပုံရိပ်၏ပါးလေးကို

ဖွဖွပုတ်၍ ပြုံးလိုက်လေသည်။


"ဒါကအရိပ်လေးအတွက်...."


ကုတင်ဘေးနားရှိ ခုံပေါ်တွင်တင်ထားသော

ဘူးအနီလေးကို ပုံရိပ်၏လက်ထဲသို့ထည့်လာ၍

ဖွင့်ကြည့်လိုက်မိတော့ နီလာတွေနှင့်စီခြယ်ထားသော ဘယက်ဖြစ်နေလေသည်။

အရောင်တဖြတ်ဖြတ်လက်နေသော

ထိုဘယက်ကိုစိုက်ကြည့်နေမိရာမှ ဖွားညို၏

မျက်နှာကို  အံ့ဩစွာမော့ကြည့်လိုက်မိတော့

ဘယက်ကို ယူပြီးပုံရိပ်၏လက်တိုင်လေးတွင်

၀တ်ဆင်ပေးလေသည်။


"အရိပ်လေးနဲ့ တကယ်ကိုလိုက်တာပဲ...

ဒီဘယက်လေးက ဖွားနဲ့အရိပ်ရဲ့အဖိုးလက်ထက်တော့ ဖွားရဲ့အမေကလက်ဆင့်ကမ်းပေးခဲ့တဲ့

မိသားစုရတနာပစ္စည်းလေးပဲ...အခုတော့

ပြန်ချွတ်လိုက်အုံးနော်...မင်္ဂလာဆောင်တဲ့

နေ့ရောက်မှ သတို့သားလောင်းကို၀တ်ပေးခိုင်း...."


"အဖွားဘာကိုဆိုလိုတာလဲ..."


အဖွားပြောတဲ့စကားတွေက ပုံရိပ်ကို

တကယ်အတွေးများစေတယ်။

မင်္ဂလာဆောင်တဲ့နေ့မှာ ပုံရိပ်ကိုသတို့သားလောင်းက ဘယက်၀တ်ပေးရမယ်ဆိုတော့...


"ဖွားပြောချင်တဲ့အဓိပ္ပာယ်က သမီးကိုလက်ထပ်ပေးချင်တယ်လို့ ဆိုလိုတာလား..."


"ဟုတ်တယ်အရိပ်...ဖွားရဲ့ကျန်းမာရေးက

တစ်နေ့ထက်တစ်နေ့ဆိုးလာပြီကွယ်...

ဘယ်လောက်ပဲအရိပ်ကသန်မာတယ်ဆိုအုံးတော့

စိတ်ချရတဲ့ ရင်ခွင်တစ်ခုမှာတော့အပ်ထားခဲ့ချင်တယ်...

ဒီနေ့အရိပ်လေးနဲ့စေ့စပ်ဖို့ သူတို့လာလိမ့်မယ်...

လက်ထပ်တာကတော့

အရိပ်လေးနိုင်ငံခြားက‌နေကျောင်းပြီးမှပါ..."


ဖွားညို၏မင်္ဂလာသတင်းဟာ ပုံရိပ်အတွက်တော့

သတင်းဆိုးကြီးဖြစ်နေသည်။

ဖွားညို၏စကားတစ်လုံးချင်းစီက ပုံရိပ်၏နားထဲသို့

မီးပြင်းပြင်းနဲ့ ထိုးနှက်လိုက်သလိုပါပဲ။


"ကိုထက်နဲ့လား...သမီးအတွက်ဖွားညိုရွေးပေးထားတဲ့ သတို့သားလောင်းက..ဟိန်းဇေယျာထက်လား..."


"ဟုတ်တယ်လေ...ကောင်လေးကအချိူ့အရာတွေမှာ စိတ်မြန်လက်မြန်ရှိပေမဲ့....ဟိုတစ်နေ့က

စကားပြောကြည့်တော့ အရိပ်လေးအပေါ်မှာ

တော်တော်အလေးထားတာကို မြင်ရတယ်...

အရိပ်နဲ့ကိုထက်က...ရန်ကုန်မှာတည်းက...

ခင်ကြတာဆို...အရင်တည်းကခင်ခဲ့တော့

တစ်ယောက်အကြောင်းကိုတစ်ယောက်...

အများကြီး လေ့လာစရာမလိုတော့ဘူးပေါ့...."


"သမီးသဘောမတူဘူးအဖွား...

သမီးသူ့ကိုမချစ်ဘူး..."


ပုံရိပ်၏ ဆန္ဒသည်အဖွားအတွက်တော့

ဟာသတစ်ပုဒ်ဖြစ်သွားတယ်ထင်ပါရဲ့

အဖွားက ပုံရိပ်ကိုကြည့်ပြီးပို၍ပြုံးရယ်လိုက်လေသည်။ပုံရိပ်ဟာ အသက်မပြည့်သေးတဲ့

ကလေးတစ်ယောက်ဖြစ်လို့

ပုံရိပ်ရဲ့စကားတွေ၊ပုံရိပ်ရဲ့ခံစားချက်တွေက

အသုံးမ၀င်တော့တာလား။

ပုံရိပ်ရဲ့ ရင်ထဲကိုအဖွားမြင်နိုင်ရင်

သိပ်ကောင်းမှာပဲ။

ချစ်ရသူနဲ့ ဝေးကွာရတာထက် မချစ်မနှစ်သက်သူနဲ့

လက်ချင်းတွဲရမှာကို ပို၍ထိတ်လန့်နေမိသည်။


"သူ့ကိုမချစ်ဘူးဆိုတော့...

အရိပ်လေးမှာချစ်သူရောရှိလို့လား..."


"ချစ်သူ...ဟုတ်လား..."


စကားလုံးလေးနှစ်လုံးတည်းဆိုပေမဲ့

ပုံရိပ်၏အရှိုက်တည့်တည့်ကို ရိုက်ချလိုက်သလိုပါပဲ။


*ပုံရိပ်မှာချစ်သူရှိပါတယ်...

ပုံရိပ်ဘက်က သိပ်ချစ်ရတဲ့သူပေါ့...

သူ့ကိုဘယ်လောက်အထိချစ်သလဲဆိုရင်...

အရာအားလုံးနဲ့တောင်သူ့ကိုမလဲနိုင်ဘူး

သူသာခေါ်မယ်ဆိုရင် ဘယ်နေရာကိုမဆိုလိုက်ဖို့အဆင့်သင့်ရှိပေမဲ့ သူ့ဘက်ကနေတော့...

ခြေတစ်လှမ်းတောင်တိုးမလာခဲ့ဘူး..."


"အဟင်း...

ကလေးလေးပြောစရာမဲ့သွားပြီမဟုတ်လား...

အဖွားကလည်းအရိပ်လေးကိုချက်ချင်း

လက်ထက်ခိုင်းတာမဟုတ်ပါဘူး...

အချိန်တွေအများကြီးရှိတာမို့ အရင်ဆုံး

ကောင်လေးကို လေ့လာကြည့်လို့ပဲပြောချင်တယ်..."


"အဖွား..."


"ကဲ...အဖွားပင်ပန်းနေပြီကွယ်...အရိပ်လေးလည်း

သွားနားတော့နော်..အဖွားစီစဉ်ပေးတာကို

လက်ခံလိုက်တာက အရိပ်လေးအတွက်

အကောင်းဆုံးဖြစ်လိမ့်မယ်...."


"အဖွားဘာကိုဆိုလိုချင်တာလဲ...

အဖွားပြောနေပုံအရ...

သမီးကဘာကြောင့်ငြင်းရသလဲဆိုတာ

အဖွားသိနေခဲ့တာပေါ့...ဟုတ်လား"


ပုံရိပ်၏အမေးကို ပြန်မဖြေပဲငြိမ်နေသောကြောင့်

ပို၍ သံသယ၀င်သွားမိလေသည်။

အံ့ဩလွန်းလို့ ကိုယ့်ပါးစပ်ကိုတောင်

လက်နှင့်အုပ်လိုက်မိသည်။

ပုံရိပ်ရဲ့ ရင်ထဲမှာဘာတွေရှိလည်းဆိုတာ

အဖွားသိနေခဲ့တာလား။


"အရိပ်ဘာပဲလုပ်လုပ် ဘယ်ပဲသွားသွား

အဖွားသိတယ်ဆိုရင်ရော.."


"သမီးရဲ့အနောက်ကို လူလွှတ်ထားတာလား.."


"ဟုတ်တယ်...အရိပ်ကိုအဖွားရဲ့ကွယ်ရာမှာ

အန္တရာယ်တစ်ခုခုမကြုံနိုင်ဖို့အတွက်

လူလွှတ်ပြီးစောင့်ကြည့်ခိုင်းထားတာ.."


"သမီးအန္တရာယ်ကျရောက်မှာစိုးလို့ထက်

သမီးအမှားတစ်ခုခုလုပ်မိရင်...မြန်မြန်ဆန်ဆန်ဖယ်ထုတ်နိုင်အောင်လို့မဟုတ်ဘူးလား..."


"အရိပ်!!!!"


ဒေါသမျက်၀န်းတွေရဲရဲတောက်လျှက်

ပုံရိပ်ကိုအော်လိုက်မိသော ဒေါ်ရိပ်ညို၏အသံသည်

အင်မတန်ကျယ်လောင်သွားတာကြောင့်

ယဉ်တင့်တောင် အခန်းထဲသို့ပြေး၀င်လာမိလေသည်။ပုံရိပ်ကတော့ အဖွားဖြစ်သူကို

သံသယမျက်၀န်းများနှင့် ကြည့်နေခဲ့ပြီး

ဒေါ်ရိပ်ညိုကတော့ အလိုမကျသော

ဒေါသမျက်၀န်းများနှင့် ပြန်၍ကြည့်နေခဲ့လေသည်။


"အရိပ်....အဖွားလုပ်သမျှက

အရိပ်လေးကောင်းဖို့အတွက်ချည်းပဲ...

သူ့ကိုအရိပ်ရဲ့ဆရာတစ်ယောက်အနေနဲ့အသိအမှတ်ပြုနိုင်ပေမဲ့...လက်တွဲဖော်

တစ်ယောက်အနေနဲ့ အဖွားလက်သင့်မခံနိုင်ဘူး..

အဖွားအရင်တုန်းကပြောခဲ့သလိုပဲ ..

အရမ်းချမ်းသာစရာမလိုဘူး...‌ဒါပေမဲ့...

မျိုးရိုးအဆင့်အတန်းက အခြေအနေတစ်ခုမှာ

ရှိနေရမယ်လို့ ပြောခဲ့တယ်လေ...."


"ဒါပေမဲ့...အဖွားရဲ့ရွေးချယ်ပေးမှုက..

သမီးရဲ့တစ်ဘ၀လုံး ရှင်လျှက်နဲ့သေရမဲ့အဖြစ်ကြီးဆိုတာရော...သိရဲ့လား..."


"ပုံရိပ်....ငါ့စကားကိုဘာမှစကားနာပြန်ထိုးပြီး

မနိုင်နိုင်အောင် ပြန်ပြောနေစရာအကြောင်းမရှိဘူး

ယဉ်တင့်ရေ...ကလေးကိုခေါ်သွားပြီး...

ပြင်ဆင်စရာရှိတာ...ပြင်ပေးလိုက်တော့

သိပ်မကြာခင်မှာ

စေ့စပ်ပွဲက စတော့မှာ။


ပုံရိပ် ၏ရင်ထဲကအမှန်တရားတွေကို ဥပက္ခာပြုခံလိုက်ရ၍ အတိုင်းအဆမရှိသော

၀မ်းနည်းမှုတွေနှင့်အတူ ငိုမိလေသည်။

ယောက်ျားတစ်ယောက်ကို ချစ်မိတာမှန်ပေမဲ့

အဲ့ဒီ့ယောက်ျားနဲ့ မပေါင်းဖက်ရ၍ စိတ်ပျက်သွားမည့်အထဲတွင် ပုံရိပ်မပါ၀င်ပေ။

သို့ပေမဲ့ မချစ်မနှစ်သက်သူကို ဟန်ဆောင်မျက်နှာဖုံးကြီးနှင့် ချစ်ဟန်ဆောင်ရမှာကိုတော့

လုံး၀ မသတီပေ။


*


*


*

"ကဲ...သတို့သမီးလေးလာပါပြီ...."


ဧည့်ခန်းထဲသို့ အန်တီယဉ်တင့်နှင့်အတူပုံရိပ်လှမ်း၀င်လာသာအခါ ကိုထက်နှင့်တကွ

လူကြီးများအားလုံးသည် ပုံရိပ်အားထူးဆန်းသလို ကြည့်လာကြလေသည်။


*သမီးရယ်...အရင်ဆုံးမေညိုကျေနပ်အောင်

စေ့စပ်လိုက်ပါ...လက်ထက်ဖို့ကိစ္စကတော့...

အချိန်တော်တော်ကြာအုံးမှာမို့..ဒီကြားထဲမှာ

သမီးရဲ့ခံစားချက်ကို မေညိုမြင်အောင်ကြိုးစားကြည့်ပါ...မေညိုကခုရက်ပိုင်းမှာ...

စိတ်ညစ်စရာတွေဆက်တိုက်ကြုံနေရတာမို့..

နားလည်ပြီး သည်းခံလိုက်ပါကလေးရယ်....*


အန်တီယဉ်တင့်၏ထိုကဲ့သို့ ဖြောင်းဖြစကားတွေကြောင့်သာ မဟုတ်ရင်ပုံရိပ်ဒီအခန်းထဲကို

ရောက်လာမိမှာမဟုတ်ဘူး။

ပုံရိပ်ရဲ့ စိတ်ကူးလေးဟာ ပုံရိပ်ရဲ့ဘေးနားက

လူတွေကို စိတ်ချမ်းသာစေချင်ရုံလေးပါပဲ။


ဒါပေမဲ့ အဲ့အထဲမှာ ပုံရိပ်ရဲ့ခံစားချက်တွေကို

ထာ၀ရစတေးပစ်ဖို့အထိတော့ မပါ၀င်ပေ။


ဘေးချင်းကပ်လျှက် လာထိုင်နေသော

ပုံရိပ်၏မျက်နှာလေးက တည်တင်းနေသလောက်ဟိန်းဇေယျာထက်၏ မျက်နှာကတော့ ရွှင်မြနေလေသည်။

အဖြူရောင် ချိတ်လေးနှင့် ရိုးရှင်းစွာလှနေသောကောင်းမလေးသည် အသားအရည်လေးက

၀င်းမွှတ်နေသောကြောင့် ပပ၀တီ၀င်စားသလားတောင် ထင်မိစေသည်။


မိတ်ကပ်ခပ်ပါးပါးလေးသာ လိမ်းချယ်ထားပေမဲ့

တကယ်ကို ရင်အေးစေတဲ့အလှလေးပါပဲ။

လက်ချောင်းလေးတစ်ချက်လှုပ်သွားတာကအစ

ရင်ခုန်လှိုက်မောစေသည်။

ဒီလိုမျက်နှာလေးထက်မှာ လှပတဲ့အပြုံးလေးကိုသာ ပေါ်လွှင်အောင်လုပ်နိုင်ရင် ဘယ်လောက်အထိ

ရင်သက်ရှုမောစရာ ကောင်းလိုက်မလဲ။


*ဒါပေမဲ့..သူမရဲ့အပြုံးကိုသူဆောင်ကျဉ်းပေးနိုင်ဖို့ဆိုတာဟာ မလွယ်ကူမှန်းသိပါတယ်...

မမျှတတဲ့ ပွဲတစ်ခုကိုကျင်းပလိုက်မိပြီး

ဇွတ်အတင်းရယူလိုမှုတွေ ပြင်းထန်နေမိပေမဲ့

ကိုယ့်အတွက်ကတော့ တရားတယ်လို့ပဲ

ယူဆမိတယ်...မင်းကိုပိုင်ဆိုင်နေရသ၍

ကိုယ့်အတွက်...ဒုက္ခဆိုတာ...သုခဘုံပါပဲ...*


*

*

*

"စေ့စပ်ကြောင်းလမ်းခြင်းလည်း ပြီးပြီဆိုတော့

အားလုံး စိတ်ချမ်းသာသွားကြမယ်ထင်ပါတယ်..

အခုကစပြီး ဒီမိသားစုဟာနှစ်အိမ့်တစ်အိမ်

ဖြစ်သွားပြီမို့...သားကိုထက်လည်း...

ဒီအိမ်ကိုတံခါးမရှိ...ဓားမရှိ၀င်နိုင်ထွက်နိုင်ပါတယ်..."


"အားလုံးကို တစ်ခုလောက်ပြောချင်ပါတယ်...."


ရပ်ကွက်လူကြီးအချို့ ပြန်သွားပြီးနောက်မှာ

နှစ်ဖက်သော မိသားစုသာရှိတော့တာမို့

ပုံရိပ်လည်း အားနာမနေပဲထိုင်ရာမှ ထရပ်လိုက်မိ‌

သည်။

အဖွား၏မျက်နှာကတော့ အနည်းငယ်တင်းမာသွားလေသည်။


"ကိုထက်နဲ့ နှစ်ယောက်တည်းသီးသန့်စကားပြောချင်တယ်...."


"အော်...ဘာများလဲလို့...ကဲမေညိုရေ..အခုကကလေးတွေကို အချိန်ပေးလိုက်ကြရအောင်...

လက်ထပ်တာကတော့ ကျွန်တော်တို့ပြောထားပြီးတဲ့အတိုင်း သူတို့ရဲ့အသက်မွေး၀မ်းကြောင်းတွေ

အခြေတကျဖြစ်မှ ယူတာပိုအဆင်ပြေမယ်ထင်ပါတယ်...."


အဖွားနှင့်ကိုထက်၏မိသားစုတွေစကားပြောနေကြတဲ့အချိန်မှာပဲ ပုံရိပ်ကတော့ဦးစွာဧည့်ခန်းထဲမှ

ထွက်လာလိုက်သည်။

အိမ်ရှေ့ခြံ၀န်းထဲရှိ အရိပ်ရသောခရေပင်တစ်ပင်အောက်အရောက်မှာတော့ ဟိန်းဇေယျာထက်ဘက်သို့ မကျေနပ်သောအကြည့်များဖြင့်

မုန်းတီးစွာ ကြည့်လိုက်မိလေသည်။


"ငါနင့်ကို လုံး၀မချစ်ဘူးဆိုတာ နင်သိတယ်မဟုတ်လား..."


"အဲ့လောက်အထိ ဒဲ့တိုးဆန်ဖို့ လိုအပ်လို့လား..."


"နင်နဲ့ငါ့ကြားမှာတော့ လိုအပ်တယ်...

ငါနင့်ကိုလုံး၀မချစ်နိုင်ဘူး...

လက်ထပ်ဖို့ဆိုတာတော့ အဝေးကြီးပဲ..

နင့်ဘက်က ငါ့အပေါ်မှာဘယ်လိုခံစားချက်ပဲရှိနေပါစေ ဒီစေ့စပ်ပွဲကိုတစ်ချိန်ချိန်မှာ

ငါ့ဘက်ကနေ ရတဲ့နည်းနဲ့ဖြတ်သိမ်းမယ်ဆိုတာကို

နင်သိထားရအောင် ကြိုပြောထားတာ..."


လက်မှာ စွပ်ထားတဲ့စေ့စပ်လက်စွပ်ကို 

သူ့အရှေ့မှာပဲ ဖြုတ်လိုက်ပြီး လက်သီးဆုပ်ထဲမှာပဲ

ဆုပ်ကိုင်လိုက်ကာ သူ့ဘေးမှဖြတ်လျှောက်လာခဲ့လိုက်သည်။ပုံရိပ်မှာ သူနဲ့ပတ်သတ်ပြီး ပြောစရာ

များများစားစားမရှိသလို ပြောလည်းမပြောချင်ပေ။


"နင့်ဘက်ကသာ သူ့အတွက်နဲ့အများကြီးဖြစ်ပျက်ပြနေပေမဲ့...သူကရောနင့်ခံစားချက်တွေကို

နားလည်လို့လား...နင့်ရဲ့တစ်ဖက်သက်အချစ်က

ဇာတ်သိမ်းသွားခဲ့ပြီဆိုတာ...ဒီနေ့စေ့စပ်ပွဲကို

နင်လက်ခံလိုက်ရတာနဲ့တင် သက်သေပြသွားတာပဲလေ....ငါသိချင်တာက...နင်သူ့ကိုချစ်သလောက်

သူကရော နင့်ကိုပြန်ချစ်လို့လား...

သူ့ကြောင့်နဲ့ နင့်ဆုံးဖြတ်ချက်တွေ

ပြတ်သားနေသလောက် သူကရော

နင့်အတွက် ရှေ့ကိုခြေဘယ်နှစ်လမ်းတိုးခဲ့ပြီးပြီလဲ...

မိုက်ရူးရဲဆန်မနေစမ်းပါနဲ့...

နင်တစ်ယောက်တည်းကနေပဲ တစ်ဖက်သက်

ခံစားနေရတဲ့ ခံစားချက်ကြီးကိုလွတ်ချလိုက်ပြီး

ငါ့လက်ကို တွဲလိုက်စမ်းပါ...

အနည်းဆုံးတော့ ငါကနင်နဲ့နီးကပ်ဖို့ရှေ့ကို

ခြေလှမ်းပေါင်းများစွာ တိုးလာရဲတယ်...

သူ့လိုသူရဲဘောမကြောင်ဘူး..."


"နင်ဆရာ့ကိုအဲ့လိုမပြောနဲ့...ဆရာက...

အဲ့လိုလူမဟုတ်ဘူး..."


"ဒါဆိုရင်ဒဲ့မေးလေ...နင်သူ့ဆီကိုသွားပြီး

တိုင်ရိုက်မေးကြည့်လိုက်...သူသာနင့်အပေါ်ကို

ခံစားချက်ရှိနေရင် ငါ့ကိုကြိုက်သလိုပြောလိုက်

စေ့စပ်ပွဲကို ဖြတ်ချင်လည်းရတယ်...

ဒါပေမဲ့ သူ့ဘက်ကဘာရေရာမှုမှ အဖြေမပေးနိုင်ရင်တော့ ငါနဲ့လက်တွဲဖို့နင်ဆုံးဖြတ်ရလိမ့်မယ်...."


"ငါနင်နဲ့ဘာအပေးအယူမှ လုပ်မှာမဟုတ်ဘူး..."


"ဘာလဲမလုပ်ရဲဘူးလား...နင့်လူရဲ့စိတ်ကို

နင်ကိုယ်တိုင်မခန့်မှန်းနိုင်လို့ ယုံကြည်ချက်မရှိတော့ဘူးမဟုတ်လား...ပုံရိပ်...

နင်ကဒဲ့တိုးသမားမဟုတ်ဘူးလား...နင်သူ့ကို

သွားမေးလိုက်စမ်းပါ...နင့်အပေါ်မှာဘယ်လိုခံစားချက်ရှိသလဲ...နင့်အတွက်သူဘယ်လောက်အထိ

ပေးဆပ်ရဲသလဲဆိုတာကို...သွားမေးလိုက်...

နင်ကျေနပ်တဲ့ အဖြေကိုရတယ်ဆိုရင်...

ငါခေါင်းဖြတ်ခံလိုက်မယ်...."


ကိုထက်၏ စကားတွေအတွက် အာမခံမှုတစ်ခုလေးတောင် မပေးနိုင်လောက်သည်အထိပုံရိပ်တွင်

ယုံကြည်မှု ကင်းမဲ့နေလေပြီ။

ဆောင်းရာသီကနေ နွေရာသီကိုသာကူးပြောင်းလာခဲ့ပေမဲ့ ပုံရိပ်အပေါ်မှာဆက်ဆံတဲ့

ဆရာ့ရဲ့ အပြုအမူတွေဟာအေးစက်နေတုန်းပါပဲ။


လတိုင်းစာအုပ်လက်ဆောင်လေးတွေရောက်လာတတ်ပေမဲ့ ဖုန်းနဲ့စာပို့လိုက်ရင်တော့အင်းမလှုပ်၊

အဲမလှုပ်နှင့် ဖြစ်နေတတ်တဲ့ဆရာ့ကို

ပုံရိပ်ဘက်ကနေ ဘယ်လိုအပိုင်အတွက်ပြီး

လူတွေအရှေ့မှာ ချပြရဲမှာလဲ။

ဒါပေမဲ့ ဟိန်းကိုပြောတာမှန်တယ်။

ပုံရိပ်သူ့ကို တိုက်ရိုက်မေးရမယ်။


ဖုန်းကိုချက်ချင်းထုတ်လိုက်ပြီး ဆရာ့ဖုန်းနံပါတ်ကို

နှိပ်လိုက်မိတော့ ဖုန်းကိုတစ်ဖက်မှ လာကိုင်လေသည်။


"ဟယ်လို.....ဘယ်သူပါလဲ.."


တစ်ဖက်ကနေထူးသောသူမှာ ဆရာမဟုတ်ပဲ

အခြားလူတစ်ယောက်၏အသံဖြစ်နေလေသည်။


"အခုဖုန်းပြောနေတာ ဘယ်သူလဲမသိဘူး

ကျွန်မက ဆရာနေမျိုးနဲ့စကားပြောချင်လို့ပါ...

သူရှိလားမသိဘူး..."


"အော်နေမျိုးတို့အဖွဲ့က ဘုရားသွားဖူးကြပါတယ်ခင်ဗျ...ကျွန်တော်ကဟော်တယ်မှာပဲ ကျန်ခဲ့တာပါ..

သူ့ဖုန်းက ကျန်ခဲ့တာဗျ..."


"ဘုရားဖူးဟုတ်လား...ဒါဆိုအခုအစ်ကိုတို့နဲ့

ဆရာနေမျိူးတို့က ဘယ်ကိုရောက်နေကြတာလဲဟင်..."


"ကျွန်တော်တို့တွေက ပုဂံကိုရောက်နေကြတာပါ...

ကုမ္ပဏီပိုင်ရှင်က သူ့မွေးနေ့မှာအလုပ်က၀န်ထမ်း

အကြီးပိုင်းတွေကို ဘုရားဖူးခေါ်ရင်းမွေးနေ့ကို

သီရိပစ္စယာဟောဟိုတယ်မှာကျင်းပမယ်ဆိုလို့ပါ...

အရေးကြီးကိစ္စရှိရင် ကျွန်တော့်ကိုလည်း

ပြောခဲ့လို့ရပါတယ်ခင်ဗျ..."


"ကျေးဇူးတင်ပါတယ်နော်...အရေးကြီးကိစ္စတော့မဟုတ်ပါဘူး...."


ကံကြမ္မာကပဲ ပုံရိပ်ကိုမျက်နှာသာမပေးချင်တာများလား။သူ့ဆီကို ဖုန်းဆက်လိုက်ပေမဲ့

သူနဲ့ တိုက်ရိုက်ပြောခွင့်မရခဲ့ပေ။

ဒါဆိုရင် ပုံရိပ်ဘာဆက်လုပ်သင့်လဲ။


"တီ!!!တီ...."


အိမ်အတွက်စားသောက်ကုန်တွေ၀ယ်ခိုင်းလိုက်သော ကားလေးခြံထဲသို့ပြန်၀င်လာတာကို

တွေ့လိုက်တာကြောင့် ဆုံးဖြတ်ချက်တစ်ခုကို

အမြန်ချလိုက်ပြီး ဖုန်းကိုသိမ်းလိုက်ကာ

ကားဆီသို့ သွားလိုက်မိသည်။


*..ပုံရိပ်သိချင်နေတဲ့အဖြေအားလုံးကို 

ဒီနေ့ဒီအချိန်မှာ သိအောင်လုပ်ရမှဖြစ်မယ်...

ဆရာဟာ...မိုင်ပေါင်းဘယ်လောက်ဝေးကွာတဲ့

အရပ်မှာပဲ ရှိနေပါစေ..ပုံရိပ်သူ့ဆီကို

ရောက်အောင်သွားမယ်...*


🌹🌹🌹🌹🌹🌹🌹🌹🌹


ပုံရိပ်တော့ ပုဂံကို လိုက်သွားတော့မယ်

ချစ်တို့ရေ....


ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို

အထူးကျေးဇူးတင်ရှိပါတယ်ရှင်...


========================================================================


🔥🌹ဆူးႀကိဳး(အခန္း၆၅)🔥


မနက္ေျခာက္နာရီခဲြသည္ႏွင့္ ပံုရိပ္၏အာရံုေၾကာေတြဟာ သူ႔အလိုလိုႏိုးထလာခဲ့သည္။

အခ်ိန္ဆိုင္းမေနပဲ အိပ္ယာမွအျမန္ထလိုက္ၿပီး

အိပ္ယာသိမ္းကာ ေရခ်ိဳးခန္းထဲသို႔၀င္လိုက္သည္။

ေနြရာသီသို႔ကူး‌ေျပာင္းစျပဳလာၿပီျဖစ္၍

ရာသီဥတုအေျခအေနကေတာ့ မနက္ေျခာက္နာရီေလာက္တည္းက အခန္းထဲသို႔ေနေရာင္

၀င္ေနၿပီျဖစ္ကာ အိုက္စက္စက္ျဖစ္ေနေလသည္။


ထံုးစံအတိုင္း မိတ္ကပ္ပါးပါးေလးကို လိမ္းျခယ္ၿပီးသည္ႏွင့္ အ၀တ္အစားေတြကိုလဲလိုက္ၿပီး

လက္ပ္ေတာ့ႏွင့္ဖိုင္လ္ေတြကို လက္ဆဲြအိတ္ထဲသို႔ထည့္ကာ အိပ္ခန္းထဲမွ ထြက္လိုက္သည္။


ေလွကားမွ ဆင္းလာၿပီးေနာက္ထမင္းစားခန္းထဲသို႔ ၀င္လိုက္ေသာအခါ အန္တီယဉ္တင့္ႏွင့္အတူ

ပိစိမတို႔ေရာ အျခားအလုပ္သမားေတြကပါ

မနက္စာျပင္ဆင္ရင္း အလုပ္ရႈပ္ေနၾကေလသည္။

ပံုရိပ္လည္း လက္ဆဲြအိတ္ကိုခံုေပၚသို႔ တင္လိုက္ၿပီး

ထမင္းစားသၫ့္ စားပဲြမွာ၀င္ထိုင္လိုက္သည္။


"အန္တီယဉ္တင့္...ခုမနက္စာကဘာခ်က္လဲဟင္..."


"ေဟာ...ပံုရိပ္ေလးေတာင္ေရာက္ေနၿပီလား..."


ပံုရိပ္ကို အခုမွသတိထားမိသြား၍ အန္တီယဉ္တင့္က ပံုရိပ္ကိုစကားလွၫ့္ေျပာရင္းႏွင့္ ေခါင္းအစ

ေျခအဆံုးကို ထူးဆန္းသလိုေသခ်ာၾကၫ့္ေနေလသည္။

ပံုရိပ္ရဲ့ မ်က္ႏွာမွာတစ္ခုခုေပေနလို႔ မ်ားလား။


"ဟာ...ငါ့တူမႀကီးကအေစာႀကီးႏိုးေနတာပါလား..."


"ေလးေလးခန႔္ျပန္လာၿပီလား...."


"ေအးကဲြ႔...ဒါနဲ႔မနက္စာဘာခ်က္လဲေဟ့...

မိန္းမေရ..ေယာက္်ားဗိုက္ေတာ္ေတာ္ဆာေနၿပီ..."


ေလးေလးခန႔္ကေတာ့ အျပင္ပိုင္းမွာတည္ၾကည္ၿပီး

စံျပပုဂၢိုလ္တစ္ေယာက္ပီသေအာင္ ေနသေလာက္

သူ႔မိန္းမအေရ႔ွသို႔ေရာက္သည္ႏွင့္ ကေလးဆန္သြားတတ္ေလသည္။

ပံုရိပ္ကိုအရမ္းမုန္းတီးေနေသာ အေဒၚတစ္ေယာက္ရိွေနေပမဲ့ အလိုလိုက္ၿပီးဖခင္အရင္းလို

ခ်စ္ခင္ေပးတတ္သၫ့္ ေလးေလးခန႔္ရိွေန၍

ပံုရိပ္ဒီအိမ္မွာ ဆက္ၿပီး ရိွေနႏိုင္တယ္လို႔ေျပာရမည္။

ေဖေဖႏွင့္ ရုပ္ခ်င္းဆင္၍ေလးေလးခန႔္ကို

ပံုရိပ္လည္း ကိုယ့္ဖခင္အရင္းလို႔ သိပ္ခ်စ္ပါတယ္။


"မနက္စာကေတာ့ ရွင္‌တို႔အတြက္ကမုန႔္ဟင္းခါးခ်က္တယ္...နန္းႀကီးသုတ္စားခ်င္လည္းရတယ္...

ေမညို႔အတြက္ကေတာ့ သက္သက္ေပါ့..."


"အန္တီတင့္...သမီးကေတာ့မုန႔္ဟင္းခါးပဲစားေတာ့မယ္..."


"ကိုယ့္ကိုေတာ့နန္းႀကီးသုတ္ေပးေနာ္..

ကိုယ့္မိန္းမသုတ္တဲ့ နန္းႀကီးသုတ္ကိုမစားရတာ‌

ေတာင္ၾကာၿပီ..."


တူ၀ရီးႏွစ္ေယာက္ တစ္ေယာက္တစ္မ်ိဳးဆီ

ေတာင္းဆိုေနၾကေပမဲ့ ယဉ္တင့္ကေတာ့

စိတ္မဆိုးႏိုင္ေပ။

ပံုရိပ္ေလးဟာ ကိုယ့္ေယာက္်ားႏွင့္အမ်ိဳးစပ္မွ

ကိုယ္ႏွင့္တူမေတာ္ေပမဲ့ တကယ္ကိုသမီးအရင္းေလးတစ္ေယာက္ပမာ ခ်စ္ခင္မိသည္။

ေယာက္်ားထက္ကို တူမေလးကို

အေရးေပးမိေလသည္။


ပံုရိပ္ေလးဟာ အခ်ိဳ႕အခ်ိန္ေတြမွာကေလးဆန္တတ္ၿပီး အခ်ိဳ႕အခ်ိန္မွာေတာ့အရမ္းရင့္က်က္သည္။

တစ္ခါတစ္ေလမွာ ကိုယ္ကတၫ့္မတ္ေပးရတာေတြရိွေနေပမဲ့ ကိုယ္ေျပာတဲ့ဆံုးမစကားတိုင္းကိုလည္း

အေလးအနက္နားေထာင္တတ္ၿပီး ျပဳျပင္တတ္တဲ့

ေကာင္းမြန္ေသာ စိတ္ဓာတ္ရိွေလသည္။


*ေရႊပင္မွာနားလို႔ ေရႊေက်းျဖစ္ေနေပမဲ့

ေရႊလိုအဆင္းနဲ႔စိတ္ဓာတ္မ်ိဳးရိွမယ္လို႔

တသမတ္တည္း တြက္ဆလို႔မရႏိုင္ေပ*


ဒါကိုေမဦးရဲ့ သားသမီးေတြကသက္ေသျပသြားခဲ့တာပါပဲ။ေမဦးရဲ့သား၊သမီးသံုးေယာက္လံုးဟာ

ေရႊေပၚျမတင္ၿပီးေမြးလာခဲ့ၾကသူေတျြဖစ္၍

လိုတရဘ၀ေတြကို ပိုင္ဆိုင္ထားခဲ့ၾကေပမဲ့

အခြင့္အခါေကာင္းတုန္းမွာ ေကာင္းေကာင္း

အသံုးမခ်တတ္ခဲ့ၾကေတာ့

သူတို႔အေဖေထာင္က်ၿပီးေနာက္ပိုင္းမွာ

သူတို႔အေမလည္း စီးပြားေရးက်လာရာ

မလုပ္တတ္၊မကိုင္တတ္ေတြ

ျဖစ္ကုန္ၾကေတာ့တာပါပဲ။


 ဖြားေအႀကီးဆီမွာေန့တိုင္းလာၿပီး

ဆူပူေသာင္းက်န္းၾကေတာ့ ဖြားေအႀကီးလည္း

သူတို႔ေၾကာင့္ အရင္လိုရႊင္ရႊင္လန္းလန္းနဲ႔

မရိွေတာ့ပဲ စိတ္ဆင္းရဲမႈႏွင့္အတူ

ေရာဂါေဝဒနာေတြကိုလည္း ပိုခံစားလာရတယ္။


ကိုယ့္ေယာက္်ားက ဆရာ၀န္ျဖစ္တဲ့အျပင္

ကုမၸဏီကိစၥေတြကို ေတာ္ရံု၀င္မပါတတ္ေတာ့

ပံုရိပ္ေလးကပဲ အရြယ္ႏွင့္မလိုက္ေအာင္

ရုန္းကန္ေနရတယ္။ကုမၸဏီမွာရိွတဲ့အခ်ိဳ႕လူႀကီးေတြက ဆယ္ေက်ာ္သက္အရြယ္ကေလးမေလးရဲ့

ထက္ျမက္မႈႏွင့္ လုပ္ႏိုင္စြမ္းေတြကို

ေတြ့ေနၾကပါလ်ွက္နဲ႔  ေနရာမေပးခ်င္ၾကေတာ့

ရွယ္ရာေတြကို ျပန္ထုတ္မယ္ဆိုၿပီး ၿခိမ္းေျခာက္မႈေတြပါ ရိွလာၾကတယ္။


အမွန္အတိုင္းေျပာရရင္ေတာ့

ဒီအရြယ္ကေလးမေလးကို လြတ္လြတ္လပ္လပ္ပဲ

ေနေစခ်င္မိတယ္။

အခုေတာ့ သူ႔ခမ်ာလူအမ်ားရဲ့စြပ္စဲြမႈေတြ၊

ေခ်ာက္တြန္းမႈေတြမခံရေအာင္ သူ႔အသက္ထက္

ပိုၿပီး ရင့္က်က္ေအာင္ျပဳမူေနထိုင္ၿပီး

မႏိုင္၀န္ကို ထမ္းေနရရွာတယ္။

မၾကည္ျဖဴမႈေတြႏွင့္ ေစာင့္ၾကၫ့္ေနေသာ

မ်က္လံုးေတြအမ်ားႀကီး ေအာက္မွာ

အရင္လံုအႃပံုးအရယ္သိပ္မရိွေတာ့တဲ့ ေကာင္မေလးကိုအရမ္းသနားမိတာပဲ။


"တင့္တင့္ေရ...ကိုယ့္နန္းႀကီးသုတ္က

ဘာလို႔နည္းေနရတာလဲကြာ...

မုန႔္ဖက္နည္းနည္းပဲက်န္ေတာ့လို႔လား..."


"ရွင့္ကိုေစတနာမရိွေတာ့လို႔ေလ...

ပံုရိပ္ေလးကိုေတြ့တိုင္း ရွင္အသံုးမက်တာကို

ျပန္ေတြးမိၿပီးေဒါသထြက္လို႔....ဘယ့္နယ္အိမ္ေထာင္ဦးစီးတစ္ေယာက္ျဖစ္ၿပီး...

ကုမၸဏီကိစၥကိုေတာ့ကူမယ္မရိွဘူး..."


"ဟ...ဘလိုင္းႀကီးပါလား..."


ဦးမင္းခန႔္လည္း မိန္းမကနန္းႀကီးသုတ္ကို

နည္းနည္းပဲကၽြေးတဲ့အျပင္ ရန္ပါလာေတြ့ေနတာေၾကာင့္ ေခါင္းကုတ္ေနရေတာ့ေလသည္။

မုန႔္ဟင္းခါးထိုင္စားေနေသာ တူမေလးကို

မ်က္ႏွာရိပ္ျပၿပီး တပ္ကူေတာင္းေတာ့

ဒင္း‌ေလးကလည္း ပခံုးတြန႔္ျပၿပီး

သူ႔မုန႔္ဟင္းခါးကိုသာ တ၀တၿပဲစားေနေလသည္။


"မိန္းမရယ္...ကိုယ္က...ကိုယ့္ဂ်ူတီခ်ိန္ေတြနဲ႔တင္ျပၫ့္ေနတာကို...ကုမၸဏီကိစၥကို

ဘယ္လွၫ့္ၾကၫ့္ႏိုင္မွာလည္းကြာ..."


"ရွင့္ရဲ့အဲ့လိုအေျပာေတြေၾကာင့္ကိုစိတ္တိုတာ..

ရွင့္ရဲ့ဆရာ၀န္အလုပ္ဆိုတာက

သိပ္ကိုမြန္ျမတ္ပါတယ္...ဒါေပမဲ့ကိုယ့္အိမ္ကိုလည္းျပန္လွၫ့္ၾကၫ့္ပါအံုးလား..

အကုန္လံုးကမိန္းမသားေတြႀကီးပဲ...

ရွင့္အေမဆိုလည္း...အခုေနာက္ပိုင္း

နလန္ထူႏိုင္လို႔လား...ရွင္ကဦးမေဆာင္ေတာ့

ကေလးကရွင့္အစားေရ႔ွထြက္ေနရတယ္..

ဒီအရြယ္ေလးက ေပ်ာ္ေပ်ာ္ပါးပါးေနရမဲ့အရြယ္ေလ

အခုေတာ့ သက္ႀကီးအိုမေတြၾကားမွာ

လူႀကီးေလး လုပ္ေနရတယ္...မေတာ္လို႔

မေက်နပ္တဲ့လူေတြက ေခ်ာက္တြန္းတာျဖစ္ျဖစ္

အႏၲရာယ္ျပဳတာပဲျဖစ္ျဖစ္လုပ္လာခဲ့ရင္

ရွင္တို႔..ကၽြန္မတို႔ပဲရင္က်ိဳးရမွာေနာ္..

ေမညိုကလည္း..ရွင္ေခါင္းေရွာင္ေနလို႔သာ

မတတ္သာလို႔ ခိုင္းေနရတာ..

သူ႔ေျမးတစ္ခုခုျဖစ္မွာကို အရမ္းစိတ္ပူေနတာ

သိရဲ့လား..."


အန္တီယဉ္တင့္၏စကားေၾကာင့္

ေလးေလးခန႔္တစ္ေယာက္ ေခါင္းငိုက္ဆိုက္က်ၿပီး

ငိုင္ေနေလေတာ့သည္။

ပံုရိပ္လည္း ဒီကာလမွာလူေရာ၊စိတ္ေရာ

ပင္ပန္းေနၿပီဆိုေပမဲ့ ေလးေလးခန႔္ကိုေတာ့

အျပစ္မေျပာခ်င္ေပ။


ေလးေလးခန႔္ဟာ ဆရာ၀န္တစ္ေယာက္ျဖစ္ၿပီး

ဒီအရာကလည္း သူငယ္ငယ္တည္းက

မက္ခဲ့ရတဲ့ အိပ္မက္တစ္ခုျဖစ္လို႔

စြန႔္လႊတ္ဖို႔ မျဖစ္ႏိုင္သလို စြန႔္လႊတ္ပါဟုလည္း

မေျပာရက္ေပ။

အရာရာတိုင္းဟာ ေကာင္းဖို႔ျဖစ္လာသည္မို႔

အဆိုးေတြအားလံုးကိုရဲရဲဝံ့ဝံ့ရင္ဆိုင္ဖို႔ကိုသာ

ေတြးလိုက္မိသည္။


"အန္တီတင့္ရယ္...ေလးေလးခန႔္ကိုအဲ့လိုမေျပာပါနဲ႔

သူလည္းသူ႔အလုပ္ကို သူလုပ္ပါေစ..."


ပံုရိပ္လည္း အမ်ားႀကီးမေျပာခ်င္တာေၾကာင့္

မုန႔္ဟင္းခါးတစ္ပဲြစားၿပီးသည္ႏွင့္ အိတ္ကိုဆဲြၿပီး

ေနရာမွ ထထြက္ရန္ျပင္လိုက္သည္။


"ဟင္...လက္ဆဲြအိတ္ႀကီးနဲ႔...ဒါကဘယ္သြားမလို႔လဲ..."


"အလုပ္ေလ.."


"ဟဲ့...ေအာ္...ဒီေန့ကတနဂၤေနြေန့ေလ...

အလုပ္ပိတ္ရက္ႀကီးေလ..."


"ဟာ...ဟုတ္သားပဲ...စိတ္ကစဲြေနေတာ့

ဒီေန့ကိုအလုပ္သြားရမယ္လို႔ ေတြးထားမိတာ...

အဲ့ဒါဆိုရင္...သမီးအေပၚကိုျပန္တက္ေတာ့မယ္ေနာ္..."


ပံုရိပ္ေလး ထမင္းစားခန္းထဲမွထြက္သြားသည္ႏွင့္

ေဒၚယဉ္တင့္သည္ ဦးမင္းခန႔္ကိုမ်က္ေစာင္း

ထိုးလိုက္ေလေတာ့သည္။


"ေတြ့တယ္မဟုတ္လား...ကေလးမွာဖိအားေတြ

ဘယ္ေလာက္မ်ားေနလဲဆိုတာ...

ပိတ္ရက္ေတာင္ ရံုးတက္ဖို႔ပဲစိတ္စဲြေနတဲ့အထိ

သူဘယ္ေလာက္အထိ ၀န္ပိေနလိုက္လဲ..

ရွင္ကေတာ့ မ်က္မျမင္ႀကီးလိုပဲ

ေတြ့ရဲ့သားနဲ႔ မျမင္ခ်င္ေယာင္ေဆာင္ေနတယ္

အလိုက္မသိရင္ ပိုေျပာရခက္တယ္ဆိုတာ

ရွင့္လို လူကိုေျပာတာ....

ရွင္လည္းအသက္အရြယ္တစ္ခုအထိ

ဝါသနာပါရာကို လုပ္လာခဲ့ၿပီးၿပီပဲ

လုပ္သင့္လုပ္ထိုက္တာကို တာ၀န္သိသိနဲ႔

လုပ္ဖို႔အခ်ိန္တန္ၿပီေနာ္..."


"ေအးပါကြာ...ငါလည္းျမင္ပါတယ္၊ၾကားပါတယ္

လစ္လ်ွူရႈမိတာလည္း..ငါ့အမွားပါ...

ဒီရက္ပိုင္းမွာ...ငါ့ရဲ့တာ၀န္ေတြကိုလႊဲသင့္တဲ့လူေတြကို လႊဲေပးၿပီးတာနဲ႔...

လုပ္ငန္းေတြဘက္ကိုငါျပန္ၾကၫ့္ပါ့မယ္...."


ဦးမင္းခန႔္အေနနဲ႔ ဒီဆံုးျဖတ္ခ်က္ကိုခ်ဖို႔ စဉ္းစားလိုက္မိျခင္းဟာ ဘယ္သူ႔ရဲ့တိုက္တြန္းခ်က္ေၾကာင့္မွ မဟုတ္ပဲ သူကိုယ္တိုင္၏စိတ္ဆႏၵသာ

ျဖစ္ေလသည္။


ဟိုးယခင္တည္းက  ဆရာ၀န္တစ္ေယာက္၏

တာ၀န္ေတြႏွင့္သာ ကိုယ့္ဘ၀ကိုကုန္ဆံုးေစခဲ့ၿပီး

နာမက်န္းေသာသူမ်ားစြာ၏မိသားစုေတြကို

သူ႔လက္ႏွင့္ ကယ္တင္ခဲ့သည္။


တစ္ဖက္မွာေတာ့ မိခင္ႏွင့္တကြ၊အိမ္ေထာင္ေရးပါမက်န္ တာ၀န္ေတြလစ္ဟင္းခဲ့ရတာမ်ားလာခဲ့သည္။

 အခ်ိန္အတိုင္းအတာ တစ္ခုကို

ေက်ာ္လြန္ၿပီးေနာက္မွာ ကိုယ္လုပ္ခ်င္ေသာ

အရာေတြကို လုပ္ခဲ့ၿပီးေလၿပီ။

အခုေတာ့ လုပ္သင့္တာကိုဦးစားေပးရမဲ့

အခ်ိန္ပါပဲ။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


"ဖြားညို..သမီးကိုေခၚတယ္ဆို...."


"‌ဟုတ္တယ္အရိပ္ရဲ့...အဖြားရဲ့အနားကို

လာပါအံုး...."


ဖြားညို၏ အခန္းထဲသို႔၀င္လိုက္ၿပီးကုတင္ေပၚတြင္

ထိုင္လိုက္ေတာ့ ဖြားညိုကပံုရိပ္၏လက္ေလးေတြကို

ဆုပ္ကိုင္လာခဲ့သည္။ၿပီးေနာက္ ပံုရိပ္၏ပါးေလးကို

ဖြဖြပုတ္၍ ႃပံုးလိုက္ေလသည္။


"ဒါကအရိပ္ေလးအတြက္...."


ကုတင္ေဘးနားရိွ ခံုေပၚတြင္တင္ထားေသာ

ဘူးအနီေလးကို ပံုရိပ္၏လက္ထဲသို႔ထၫ့္လာ၍

ဖြင့္ၾကၫ့္လိုက္မိေတာ့ နီလာေတြႏွင့္စီျခယ္ထားေသာ ဘယက္ျဖစ္ေနေလသည္။

အေရာင္တျဖတ္ျဖတ္လက္ေနေသာ

ထိုဘယက္ကိုစိုက္ၾကၫ့္ေနမိရာမွ ဖြားညို၏

မ်က္ႏွာကို  အံ့ဩစြာေမာ့ၾကၫ့္လိုက္မိေတာ့

ဘယက္ကို ယူၿပီးပံုရိပ္၏လက္တိုင္ေလးတြင္

၀တ္ဆင္ေပးေလသည္။


"အရိပ္ေလးနဲ႔ တကယ္ကိုလိုက္တာပဲ...

ဒီဘယက္ေလးက ဖြားနဲ႔အရိပ္ရဲ့အဖိုးလက္ထက္ေတာ့ ဖြားရဲ့အေမကလက္ဆင့္ကမ္းေပးခဲ့တဲ့

မိသားစုရတနာပစၥည္းေလးပဲ...အခုေတာ့

ျပန္ခၽြတ္လိုက္အံုးေနာ္...မဂၤလာေဆာင္တဲ့

ေန့ေရာက္မွ သတို႔သားေလာင္းကို၀တ္ေပးခိုင္း...."


"အဖြားဘာကိုဆိုလိုတာလဲ..."


အဖြားေျပာတဲ့စကားေတြက ပံုရိပ္ကို

တကယ္အေတြးမ်ားေစတယ္။

မဂၤလာေဆာင္တဲ့ေန့မွာ ပံုရိပ္ကိုသတို႔သားေလာင္းက ဘယက္၀တ္ေပးရမယ္ဆိုေတာ့...


"ဖြားေျပာခ်င္တဲ့အဓိပၸာယ္က သမီးကိုလက္ထပ္ေပးခ်င္တယ္လို႔ ဆိုလိုတာလား..."


"ဟုတ္တယ္အရိပ္...ဖြားရဲ့က်န္းမာေရးက

တစ္ေန့ထက္တစ္ေန့ဆိုးလာၿပီကြယ္...

ဘယ္ေလာက္ပဲအရိပ္ကသန္မာတယ္ဆိုအံုးေတာ့

စိတ္ခ်ရတဲ့ ရင္ခြင္တစ္ခုမွာေတာ့အပ္ထားခဲ့ခ်င္တယ္...

ဒီေန့အရိပ္ေလးနဲ႔ေစ့စပ္ဖို႔ သူတို႔လာလိမ့္မယ္...

လက္ထပ္တာကေတာ့

အရိပ္ေလးႏိုင္ငံျခားက‌ေနေက်ာင္းၿပီးမွပါ..."


ဖြားညို၏မဂၤလာသတင္းဟာ ပံုရိပ္အတြက္ေတာ့

သတင္းဆိုးႀကီးျဖစ္ေနသည္။

ဖြားညို၏စကားတစ္လံုးခ်င္းစီက ပံုရိပ္၏နားထဲသို႔

မီးျပင္းျပင္းနဲ႔ ထိုးႏွက္လိုက္သလိုပါပဲ။


"ကိုထက္နဲ႔လား...သမီးအတြက္ဖြားညိုေရြးေပးထားတဲ့ သတို႔သားေလာင္းက..ဟိန္းေဇယ်ာထက္လား..."


"ဟုတ္တယ္ေလ...ေကာင္ေလးကအခ်ိူ႔အရာေတြမွာ စိတ္ျမန္လက္ျမန္ရိွေပမဲ့....ဟိုတစ္ေန့က

စကားေျပာၾကၫ့္ေတာ့ အရိပ္ေလးအေပၚမွာ

ေတာ္ေတာ္အေလးထားတာကို ျမင္ရတယ္...

အရိပ္နဲ႔ကိုထက္က...ရန္ကုန္မွာတည္းက...

ခင္ၾကတာဆို...အရင္တည္းကခင္ခဲ့ေတာ့

တစ္ေယာက္အေၾကာင္းကိုတစ္ေယာက္...

အမ်ားႀကီး ေလ့လာစရာမလိုေတာ့ဘူးေပါ့...."


"သမီးသေဘာမတူဘူးအဖြား...

သမီးသူ႔ကိုမခ်စ္ဘူး..."


ပံုရိပ္၏ ဆႏၵသည္အဖြားအတြက္ေတာ့

ဟာသတစ္ပုဒ္ျဖစ္သြားတယ္ထင္ပါရဲ့

အဖြားက ပံုရိပ္ကိုၾကၫ့္ၿပီးပို၍ႃပံုးရယ္လိုက္ေလသည္။ပံုရိပ္ဟာ အသက္မျပၫ့္ေသးတဲ့

ကေလးတစ္ေယာက္ျဖစ္လို႔

ပံုရိပ္ရဲ့စကားေတြ၊ပံုရိပ္ရဲ့ခံစားခ်က္ေတြက

အသံုးမ၀င္ေတာ့တာလား။

ပံုရိပ္ရဲ့ ရင္ထဲကိုအဖြားျမင္ႏိုင္ရင္

သိပ္ေကာင္းမွာပဲ။

ခ်စ္ရသူနဲ႔ ေဝးကြာရတာထက္ မခ်စ္မႏွစ္သက္သူနဲ႔

လက္ခ်င္းတဲြရမွာကို ပို၍ထိတ္လန႔္ေနမိသည္။


"သူ႔ကိုမခ်စ္ဘူးဆိုေတာ့...

အရိပ္ေလးမွာခ်စ္သူေရာရိွလို႔လား..."


"ခ်စ္သူ...ဟုတ္လား..."


စကားလံုးေလးႏွစ္လံုးတည္းဆိုေပမဲ့

ပံုရိပ္၏အရိႈက္တၫ့္တၫ့္ကို ရိုက္ခ်လိုက္သလိုပါပဲ။


*ပံုရိပ္မွာခ်စ္သူရိွပါတယ္...

ပံုရိပ္ဘက္က သိပ္ခ်စ္ရတဲ့သူေပါ့...

သူ႔ကိုဘယ္ေလာက္အထိခ်စ္သလဲဆိုရင္...

အရာအားလံုးနဲ႔ေတာင္သူ႔ကိုမလဲႏိုင္ဘူး

သူသာေခၚမယ္ဆိုရင္ ဘယ္ေနရာကိုမဆိုလိုက္ဖို႔အဆင့္သင့္ရိွေပမဲ့ သူ႔ဘက္ကေနေတာ့...

ေျခတစ္လွမ္းေတာင္တိုးမလာခဲ့ဘူး..."


"အဟင္း...

ကေလးေလးေျပာစရာမဲ့သြားၿပီမဟုတ္လား...

အဖြားကလည္းအရိပ္ေလးကိုခ်က္ခ်င္း

လက္ထက္ခိုင္းတာမဟုတ္ပါဘူး...

အခ်ိန္ေတြအမ်ားႀကီးရိွတာမို႔ အရင္ဆံုး

ေကာင္ေလးကို ေလ့လာၾကၫ့္လို႔ပဲေျပာခ်င္တယ္..."


"အဖြား..."


"ကဲ...အဖြားပင္ပန္းေနၿပီကြယ္...အရိပ္ေလးလည္း

သြားနားေတာ့ေနာ္..အဖြားစီစဉ္ေပးတာကို

လက္ခံလိုက္တာက အရိပ္ေလးအတြက္

အေကာင္းဆံုးျဖစ္လိမ့္မယ္...."


"အဖြားဘာကိုဆိုလိုခ်င္တာလဲ...

အဖြားေျပာေနပံုအရ...

သမီးကဘာေၾကာင့္ျငင္းရသလဲဆိုတာ

အဖြားသိေနခဲ့တာေပါ့...ဟုတ္လား"


ပံုရိပ္၏အေမးကို ျပန္မေျဖပဲၿငိမ္ေနေသာေၾကာင့္

ပို၍ သံသယ၀င္သြားမိေလသည္။

အံ့ဩလြန္းလို႔ ကိုယ့္ပါးစပ္ကိုေတာင္

လက္ႏွင့္အုပ္လိုက္မိသည္။

ပံုရိပ္ရဲ့ ရင္ထဲမွာဘာေတြရိွလည္းဆိုတာ

အဖြားသိေနခဲ့တာလား။


"အရိပ္ဘာပဲလုပ္လုပ္ ဘယ္ပဲသြားသြား

အဖြားသိတယ္ဆိုရင္ေရာ.."


"သမီးရဲ့အေနာက္ကို လူလႊတ္ထားတာလား.."


"ဟုတ္တယ္...အရိပ္ကိုအဖြားရဲ့ကြယ္ရာမွာ

အႏၲရာယ္တစ္ခုခုမႄကံုႏိုင္ဖို႔အတြက္

လူလႊတ္ၿပီးေစာင့္ၾကၫ့္ခိုင္းထားတာ.."


"သမီးအႏၲရာယ္က်ေရာက္မွာစိုးလို႔ထက္

သမီးအမွားတစ္ခုခုလုပ္မိရင္...ျမန္ျမန္ဆန္ဆန္ဖယ္ထုတ္ႏိုင္ေအာင္လို႔မဟုတ္ဘူးလား..."


"အရိပ္!!!!"


ေဒါသမ်က္၀န္းေတြရဲရဲေတာက္လ်ွက္

ပံုရိပ္ကိုေအာ္လိုက္မိေသာ ေဒၚရိပ္ညို၏အသံသည္

အင္မတန္က်ယ္ေလာင္သြားတာေၾကာင့္

ယဉ္တင့္ေတာင္ အခန္းထဲသို႔ေျပး၀င္လာမိေလသည္။ပံုရိပ္ကေတာ့ အဖြားျဖစ္သူကို

သံသယမ်က္၀န္းမ်ားႏွင့္ ၾကၫ့္ေနခဲ့ၿပီး

ေဒၚရိပ္ညိုကေတာ့ အလိုမက်ေသာ

ေဒါသမ်က္၀န္းမ်ားႏွင့္ ျပန္၍ၾကၫ့္ေနခဲ့ေလသည္။


"အရိပ္....အဖြားလုပ္သမ်ွက

အရိပ္ေလးေကာင္းဖို႔အတြက္ခ်ည္းပဲ...

သူ႔ကိုအရိပ္ရဲ့ဆရာတစ္ေယာက္အေနနဲ႔အသိအမွတ္ျပဳႏိုင္ေပမဲ့...လက္တဲြေဖာ္

တစ္ေယာက္အေနနဲ႔ အဖြားလက္သင့္မခံႏိုင္ဘူး..

အဖြားအရင္တုန္းကေျပာခဲ့သလိုပဲ ..

အရမ္းခ်မ္းသာစရာမလိုဘူး...‌ဒါေပမဲ့...

မ်ိဳးရိုးအဆင့္အတန္းက အေျခအေနတစ္ခုမွာ

ရိွေနရမယ္လို႔ ေျပာခဲ့တယ္ေလ...."


"ဒါေပမဲ့...အဖြားရဲ့ေရြးခ်ယ္ေပးမႈက..

သမီးရဲ့တစ္ဘ၀လံုး ရွင္လ်ွက္နဲ႔ေသရမဲ့အျဖစ္ႀကီးဆိုတာေရာ...သိရဲ့လား..."


"ပံုရိပ္....ငါ့စကားကိုဘာမွစကားနာျပန္ထိုးၿပီး

မႏိုင္ႏိုင္ေအာင္ ျပန္ေျပာေနစရာအေၾကာင္းမရိွဘူး

ယဉ္တင့္ေရ...ကေလးကိုေခၚသြားၿပီး...

ျပင္ဆင္စရာရိွတာ...ျပင္ေပးလိုက္ေတာ့

သိပ္မၾကာခင္မွာ

ေစ့စပ္ပဲြက စေတာ့မွာ။


ပံုရိပ္ ၏ရင္ထဲကအမွန္တရားေတြကို ဥပကၡာျပဳခံလိုက္ရ၍ အတိုင္းအဆမရိွေသာ

၀မ္းနည္းမႈေတြႏွင့္အတူ ငိုမိေလသည္။

ေယာက္်ားတစ္ေယာက္ကို ခ်စ္မိတာမွန္ေပမဲ့

အဲ့ဒီ့ေယာက္်ားနဲ႔ မေပါင္းဖက္ရ၍ စိတ္ပ်က္သြားမၫ့္အထဲတြင္ ပံုရိပ္မပါ၀င္ေပ။

သို႔ေပမဲ့ မခ်စ္မႏွစ္သက္သူကို ဟန္ေဆာင္မ်က္ႏွာဖံုးႀကီးႏွင့္ ခ်စ္ဟန္ေဆာင္ရမွာကိုေတာ့

လံုး၀ မသတီေပ။


*


*


*

"ကဲ...သတို႔သမီးေလးလာပါၿပီ...."


ဧၫ့္ခန္းထဲသို႔ အန္တီယဉ္တင့္ႏွင့္အတူပံုရိပ္လွမ္း၀င္လာသာအခါ ကိုထက္ႏွင့္တကြ

လူႀကီးမ်ားအားလံုးသည္ ပံုရိပ္အားထူးဆန္းသလို ၾကၫ့္လာၾကေလသည္။


*သမီးရယ္...အရင္ဆံုးေမညိုေက်နပ္ေအာင္

ေစ့စပ္လိုက္ပါ...လက္ထက္ဖို႔ကိစၥကေတာ့...

အခ်ိန္ေတာ္ေတာ္ၾကာအံုးမွာမို႔..ဒီၾကားထဲမွာ

သမီးရဲ့ခံစားခ်က္ကို ေမညိုျမင္ေအာင္ႀကိဳးစားၾကၫ့္ပါ...ေမညိုကခုရက္ပိုင္းမွာ...

စိတ္ညစ္စရာေတြဆက္တိုက္ႄကံုေနရတာမို႔..

နားလည္ၿပီး သည္းခံလိုက္ပါကေလးရယ္....*


အန္တီယဉ္တင့္၏ထိုကဲ့သို႔ ေျဖာင္းျဖစကားေတြေၾကာင့္သာ မဟုတ္ရင္ပံုရိပ္ဒီအခန္းထဲကို

ေရာက္လာမိမွာမဟုတ္ဘူး။

ပံုရိပ္ရဲ့ စိတ္ကူးေလးဟာ ပံုရိပ္ရဲ့ေဘးနားက

လူေတြကို စိတ္ခ်မ္းသာေစခ်င္ရံုေလးပါပဲ။


ဒါေပမဲ့ အဲ့အထဲမွာ ပံုရိပ္ရဲ့ခံစားခ်က္ေတြကို

ထာ၀ရစေတးပစ္ဖို႔အထိေတာ့ မပါ၀င္ေပ။


ေဘးခ်င္းကပ္လ်ွက္ လာထိုင္ေနေသာ

ပံုရိပ္၏မ်က္ႏွာေလးက တည္တင္းေနသေလာက္ဟိန္းေဇယ်ာထက္၏ မ်က္ႏွာကေတာ့ ရႊင္ျမေနေလသည္။

အျဖဴေရာင္ ခ်ိတ္ေလးႏွင့္ ရိုးရွင္းစြာလွေနေသာေကာင္းမေလးသည္ အသားအရည္ေလးက

၀င္းမႊတ္ေနေသာေၾကာင့္ ပပ၀တီ၀င္စားသလားေတာင္ ထင္မိေစသည္။


မိတ္ကပ္ခပ္ပါးပါးေလးသာ လိမ္းခ်ယ္ထားေပမဲ့

တကယ္ကို ရင္ေအးေစတဲ့အလွေလးပါပဲ။

လက္ေခ်ာင္းေလးတစ္ခ်က္လႈပ္သြားတာကအစ

ရင္ခုန္လိႈက္ေမာေစသည္။

ဒီလိုမ်က္ႏွာေလးထက္မွာ လွပတဲ့အႃပံုးေလးကိုသာ ေပၚလႊင္ေအာင္လုပ္ႏိုင္ရင္ ဘယ္ေလာက္အထိ

ရင္သက္ရႈေမာစရာ ေကာင္းလိုက္မလဲ။


*ဒါေပမဲ့..သူမရဲ့အႃပံုးကိုသူေဆာင္က်ဉ္းေပးႏိုင္ဖို႔ဆိုတာဟာ မလြယ္ကူမွန္းသိပါတယ္...

မမ်ွတတဲ့ ပဲြတစ္ခုကိုက်င္းပလိုက္မိၿပီး

ဇြတ္အတင္းရယူလိုမႈေတြ ျပင္းထန္ေနမိေပမဲ့

ကိုယ့္အတြက္ကေတာ့ တရားတယ္လို႔ပဲ

ယူဆမိတယ္...မင္းကိုပိုင္ဆိုင္ေနရသ၍

ကိုယ့္အတြက္...ဒုကၡဆိုတာ...သုခဘံုပါပဲ...*


*

*

*

"ေစ့စပ္ေၾကာင္းလမ္းျခင္းလည္း ၿပီးၿပီဆိုေတာ့

အားလံုး စိတ္ခ်မ္းသာသြားၾကမယ္ထင္ပါတယ္..

အခုကစၿပီး ဒီမိသားစုဟာႏွစ္အိမ့္တစ္အိမ္

ျဖစ္သြားၿပီမို႔...သားကိုထက္လည္း...

ဒီအိမ္ကိုတံခါးမရိွ...ဓားမရိွ၀င္ႏိုင္ထြက္ႏိုင္ပါတယ္..."


"အားလံုးကို တစ္ခုေလာက္ေျပာခ်င္ပါတယ္...."


ရပ္ကြက္လူႀကီးအခ်ိဳ႕ ျပန္သြားၿပီးေနာက္မွာ

ႏွစ္ဖက္ေသာ မိသားစုသာရိွေတာ့တာမို႔

ပံုရိပ္လည္း အားနာမေနပဲထိုင္ရာမွ ထရပ္လိုက္မိ‌

သည္။

အဖြား၏မ်က္ႏွာကေတာ့ အနည္းငယ္တင္းမာသြားေလသည္။


"ကိုထက္နဲ႔ ႏွစ္ေယာက္တည္းသီးသန႔္စကားေျပာခ်င္တယ္...."


"ေအာ္...ဘာမ်ားလဲလို႔...ကဲေမညိုေရ..အခုကကေလးေတြကို အခ်ိန္ေပးလိုက္ၾကရေအာင္...

လက္ထပ္တာကေတာ့ ကၽြန္ေတာ္တို႔ေျပာထားၿပီးတဲ့အတိုင္း သူတို႔ရဲ့အသက္ေမြး၀မ္းေၾကာင္းေတြ

အေျခတက်ျဖစ္မွ ယူတာပိုအဆင္ေျပမယ္ထင္ပါတယ္...."


အဖြားႏွင့္ကိုထက္၏မိသားစုေတြစကားေျပာေနၾကတဲ့အခ်ိန္မွာပဲ ပံုရိပ္ကေတာ့ဦးစြာဧၫ့္ခန္းထဲမွ

ထြက္လာလိုက္သည္။

အိမ္ေရ႔ွၿခံ၀န္းထဲရိွ အရိပ္ရေသာခေရပင္တစ္ပင္ေအာက္အေရာက္မွာေတာ့ ဟိန္းေဇယ်ာထက္ဘက္သို႔ မေက်နပ္ေသာအၾကၫ့္မ်ားျဖင့္

မုန္းတီးစြာ ၾကၫ့္လိုက္မိေလသည္။


"ငါနင့္ကို လံုး၀မခ်စ္ဘူးဆိုတာ နင္သိတယ္မဟုတ္လား..."


"အဲ့ေလာက္အထိ ဒဲ့တိုးဆန္ဖို႔ လိုအပ္လို႔လား..."


"နင္နဲ႔ငါ့ၾကားမွာေတာ့ လိုအပ္တယ္...

ငါနင့္ကိုလံုး၀မခ်စ္ႏိုင္ဘူး...

လက္ထပ္ဖို႔ဆိုတာေတာ့ အေဝးႀကီးပဲ..

နင့္ဘက္က ငါ့အေပၚမွာဘယ္လိုခံစားခ်က္ပဲရိွေနပါေစ ဒီေစ့စပ္ပဲြကိုတစ္ခ်ိန္ခ်ိန္မွာ

ငါ့ဘက္ကေန ရတဲ့နည္းနဲ႔ျဖတ္သိမ္းမယ္ဆိုတာကို

နင္သိထားရေအာင္ ႀကိဳေျပာထားတာ..."


လက္မွာ စြပ္ထားတဲ့ေစ့စပ္လက္စြပ္ကို 

သူ႔အေရ႔ွမွာပဲ ျဖဳတ္လိုက္ၿပီး လက္သီးဆုပ္ထဲမွာပဲ

ဆုပ္ကိုင္လိုက္ကာ သူ႔ေဘးမျွဖတ္ေလ်ွာက္လာခဲ့လိုက္သည္။ပံုရိပ္မွာ သူနဲ႔ပတ္သတ္ၿပီး ေျပာစရာ

မ်ားမ်ားစားစားမရိွသလို ေျပာလည္းမေျပာခ်င္ေပ။


"နင့္ဘက္ကသာ သူ႔အတြက္နဲ႔အမ်ားႀကီးျဖစ္ပ်က္ျပေနေပမဲ့...သူကေရာနင့္ခံစားခ်က္ေတြကို

နားလည္လို႔လား...နင့္ရဲ့တစ္ဖက္သက္အခ်စ္က

ဇာတ္သိမ္းသြားခဲ့ၿပီဆိုတာ...ဒီေန့ေစ့စပ္ပဲြကို

နင္လက္ခံလိုက္ရတာနဲ႔တင္ သက္ေသျပသြားတာပဲေလ....ငါသိခ်င္တာက...နင္သူ႔ကိုခ်စ္သေလာက္

သူကေရာ နင့္ကိုျပန္ခ်စ္လို႔လား...

သူ႔ေၾကာင့္နဲ႔ နင့္ဆံုးျဖတ္ခ်က္ေတြ

ျပတ္သားေနသေလာက္ သူကေရာ

နင့္အတြက္ ေရ႔ွကိုေျခဘယ္ႏွစ္လမ္းတိုးခဲ့ၿပီးၿပီလဲ...

မိုက္ရူးရဲဆန္မေနစမ္းပါနဲ႔...

နင္တစ္ေယာက္တည္းကေနပဲ တစ္ဖက္သက္

ခံစားေနရတဲ့ ခံစားခ်က္ႀကီးကိုလြတ္ခ်လိုက္ၿပီး

ငါ့လက္ကို တဲြလိုက္စမ္းပါ...

အနည္းဆံုးေတာ့ ငါကနင္နဲ႔နီးကပ္ဖို႔ေရ႔ွကို

ေျခလွမ္းေပါင္းမ်ားစြာ တိုးလာရဲတယ္...

သူ႔လိုသူရဲေဘာမေၾကာင္ဘူး..."


"နင္ဆရာ့ကိုအဲ့လိုမေျပာနဲ႔...ဆရာက...

အဲ့လိုလူမဟုတ္ဘူး..."


"ဒါဆိုရင္ဒဲ့ေမးေလ...နင္သူ႔ဆီကိုသြားၿပီး

တိုင္ရိုက္ေမးၾကၫ့္လိုက္...သူသာနင့္အေပၚကို

ခံစားခ်က္ရိွေနရင္ ငါ့ကိုႀကိဳက္သလိုေျပာလိုက္

ေစ့စပ္ပဲြကို ျဖတ္ခ်င္လည္းရတယ္...

ဒါေပမဲ့ သူ႔ဘက္ကဘာေရရာမႈမွ အေျဖမေပးႏိုင္ရင္ေတာ့ ငါနဲ႔လက္တဲြဖို႔နင္ဆံုးျဖတ္ရလိမ့္မယ္...."


"ငါနင္နဲ႔ဘာအေပးအယူမွ လုပ္မွာမဟုတ္ဘူး..."


"ဘာလဲမလုပ္ရဲဘူးလား...နင့္လူရဲ့စိတ္ကို

နင္ကိုယ္တိုင္မခန႔္မွန္းႏိုင္လို႔ ယံုၾကည္ခ်က္မရိွေတာ့ဘူးမဟုတ္လား...ပံုရိပ္...

နင္ကဒဲ့တိုးသမားမဟုတ္ဘူးလား...နင္သူ႔ကို

သြားေမးလိုက္စမ္းပါ...နင့္အေပၚမွာဘယ္လိုခံစားခ်က္ရိွသလဲ...နင့္အတြက္သူဘယ္ေလာက္အထိ

ေပးဆပ္ရဲသလဲဆိုတာကို...သြားေမးလိုက္...

နင္ေက်နပ္တဲ့ အေျဖကိုရတယ္ဆိုရင္...

ငါေခါင္းျဖတ္ခံလိုက္မယ္...."


ကိုထက္၏ စကားေတြအတြက္ အာမခံမႈတစ္ခုေလးေတာင္ မေပးႏိုင္ေလာက္သည္အထိပံုရိပ္တြင္

ယံုၾကည္မႈ ကင္းမဲ့ေနေလၿပီ။

ေဆာင္းရာသီကေန ေနြရာသီကိုသာကူးေျပာင္းလာခဲ့ေပမဲ့ ပံုရိပ္အေပၚမွာဆက္ဆံတဲ့

ဆရာ့ရဲ့ အျပဳအမူေတြဟာေအးစက္ေနတုန္းပါပဲ။


လတိုင္းစာအုပ္လက္ေဆာင္ေလးေတြေရာက္လာတတ္ေပမဲ့ ဖုန္းနဲ႔စာပို႔လိုက္ရင္ေတာ့အင္းမလႈပ္၊

အဲမလႈပ္ႏွင့္ ျဖစ္ေနတတ္တဲ့ဆရာ့ကို

ပံုရိပ္ဘက္ကေန ဘယ္လိုအပိုင္အတြက္ၿပီး

လူေတြအေရ႔ွမွာ ခ်ျပရဲမွာလဲ။

ဒါေပမဲ့ ဟိန္းကိုေျပာတာမွန္တယ္။

ပံုရိပ္သူ႔ကို တိုက္ရိုက္ေမးရမယ္။


ဖုန္းကိုခ်က္ခ်င္းထုတ္လိုက္ၿပီး ဆရာ့ဖုန္းနံပါတ္ကို

ႏိွပ္လိုက္မိေတာ့ ဖုန္းကိုတစ္ဖက္မွ လာကိုင္ေလသည္။


"ဟယ္လို.....ဘယ္သူပါလဲ.."


တစ္ဖက္ကေနထူးေသာသူမွာ ဆရာမဟုတ္ပဲ

အျခားလူတစ္ေယာက္၏အသံျဖစ္ေနေလသည္။


"အခုဖုန္းေျပာေနတာ ဘယ္သူလဲမသိဘူး

ကၽြန္မက ဆရာေနမ်ိဳးနဲ႔စကားေျပာခ်င္လို႔ပါ...

သူရိွလားမသိဘူး..."


"ေအာ္ေနမ်ိဳးတို႔အဖဲြ႔က ဘုရားသြားဖူးၾကပါတယ္ခင္ဗ်...ကၽြန္ေတာ္ကေဟာ္တယ္မွာပဲ က်န္ခဲ့တာပါ..

သူ႔ဖုန္းက က်န္ခဲ့တာဗ်..."


"ဘုရားဖူးဟုတ္လား...ဒါဆိုအခုအစ္ကိုတို႔နဲ႔

ဆရာေနမ်ိူးတို႔က ဘယ္ကိုေရာက္ေနၾကတာလဲဟင္..."


"ကၽြန္ေတာ္တို႔ေတြက ပုဂံကိုေရာက္ေနၾကတာပါ...

ကုမၸဏီပိုင္ရွင္က သူ႔ေမြးေန့မွာအလုပ္က၀န္ထမ္း

အႀကီးပိုင္းေတြကို ဘုရားဖူးေခၚရင္းေမြးေန့ကို

သီရိပစၥယာေဟာဟိုတယ္မွာက်င္းပမယ္ဆိုလို႔ပါ...

အေရးႀကီးကိစၥရိွရင္ ကၽြန္ေတာ့္ကိုလည္း

ေျပာခဲ့လို႔ရပါတယ္ခင္ဗ်..."


"ေက်းဇူးတင္ပါတယ္ေနာ္...အေရးႀကီးကိစၥေတာ့မဟုတ္ပါဘူး...."


ကံၾကမၼာကပဲ ပံုရိပ္ကိုမ်က္ႏွာသာမေပးခ်င္တာမ်ားလား။သူ႔ဆီကို ဖုန္းဆက္လိုက္ေပမဲ့

သူနဲ႔ တိုက္ရိုက္ေျပာခြင့္မရခဲ့ေပ။

ဒါဆိုရင္ ပံုရိပ္ဘာဆက္လုပ္သင့္လဲ။


"တီ!!!တီ...."


အိမ္အတြက္စားေသာက္ကုန္ေတြ၀ယ္ခိုင္းလိုက္ေသာ ကားေလးၿခံထဲသို႔ျပန္၀င္လာတာကို

ေတြ့လိုက္တာေၾကာင့္ ဆံုးျဖတ္ခ်က္တစ္ခုကို

အျမန္ခ်လိုက္ၿပီး ဖုန္းကိုသိမ္းလိုက္ကာ

ကားဆီသို႔ သြားလိုက္မိသည္။


*..ပံုရိပ္သိခ်င္ေနတဲ့အေျဖအားလံုးကို 

ဒီေန့ဒီအခ်ိန္မွာ သိေအာင္လုပ္ရမျွဖစ္မယ္...

ဆရာဟာ...မိုင္ေပါင္းဘယ္ေလာက္ေဝးကြာတဲ့

အရပ္မွာပဲ ရိွေနပါေစ..ပံုရိပ္သူ႔ဆီကို

ေရာက္ေအာင္သြားမယ္...*


🌹🌹🌹🌹🌹🌹🌹🌹🌹


ပံုရိပ္ေတာ့ ပုဂံကို လိုက္သြားေတာ့မယ္

ခ်စ္တို႔ေရ....


ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

အထူးေက်းဇူးတင္ရိွပါတယ္ရွင္...

No comments:

Post a Comment