🔥🌹ဆူးကြိုး(အခန်း၆၄)🔥

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥🌹ဆူးကြိုး(အခန်း၆၄)🔥


"မမရေ...ဖွားညိုကညစာစားရအောင် အောက်ထပ်ကိုဆင်းလာခဲ့ပါတဲ့..."


"ဟုတ်ပြီ...ငါလာခဲ့မယ်..."


ဥပဒေနှင့်ပတ်သတ်သော ရှေ့နေများ၏စကားဝိုင်းကို လက်ပ်တော့နှင့်ကြည့်နေရာမှ ညစာသွားစားဖို့ရန် ပိတ်လိုက်ရလေသည်။

ရေချိုးပြီး၍ ညအိပ်၀တ်စုံလဲပြီးသည်မို့ 

အောက်ထပ်သို့သာ တန်း၍ဆင်းလာခဲ့လိုက်သည်။


"ဟော..ဘုရင့်သမီးတော်ရောက်ရှိလာပါပြီ..."


ပုံရိပ်ကိုတွေ့သည်နှင့် ခနဲ့ဖို့ရန်ရိုးရာမပျက်သော အန်တီမေဦးတို့သားအမိတွေသည်လည်း ထမင်းဝိုင်းမှာလူစုံနေလေသည်။

ဒီသားအမိတွေက အိမ်ပေါ်ကနေဆင်းသွားကြပြီး အခုတော့လည်းသူတို့မဟုတ်သလိုပုံစံနှင့် ပြန်တက်လာကြတယ်။


ဖွားညိုကိုကြည့်လိုက်မိတော့ စားပွဲကြီး၏ထိပ်ဆုံးတွင် ခပ်တည်တည်ထိုင်နေကာ အရာအားလုံးကိုဥပက္ခာပြုထားသကဲ့သို့ ထမင်းစားနေလေသည်။

ပုံရိပ်လည်း ဘယ်သူ့ကိုမှစကားခွန်းတုန့်ပြန်

မနေပဲ ဖွားညိုနှင့် နီးသောနေရာမှာသာ

ထိုင်လိုက်သည်။


"အဒေါ်ကိုတွေ့ရင် နှုတ်ဆက်ရမယ်ဆိုတာကို

ညည်းမသိဘူးလား...အော်..ညည်းရဲ့ရန်ကုန်ကအဒေါ်ဆိုတာကလည်း တောသူမဆိုတော့

ဒါတွေဘယ်သင်ခဲ့ရပါ့မလဲနော်..."


"မေဦး..ထမင်းစားရင်အပိုစကားတွေမပြောနဲ့

ငါမကြိုက်ဘူး..."


"အမေကလည်း...သမီးက..ကိုယ့်တူမလေးမို့လို့...တာ၀န်ရှိလို့ဆုံးမနေတာပါ..မဟုတ်ရင်

ဒီကောင်မလေးက..ကန်းတက်ပြီးရိုင်းစိုင်းလာမှာပေါ့.."


"မလိုပါဘူး...ငါ့မြေးကိုငါပဲဆုံးမမယ်..

နင့်အကူအညီမလိုဘူး..."


"ဟုတ်ပါပြီ..အမေဘယ်လိုဆုံးမမလဲ..

ကြည့်ကြသေးတာပေါ့..အမေတို့ကြောင့်

ဒီကောင်မလေး..ပျက်စီးမှာတော့..မြင်ယောင်ပါသေးတယ်.."


ဘယ်လောက်ပြောပြော မြင်းအီးပေါက်သလို ရေရွတ်နေသောကြောင့် အဖွားလည်းသူ့ကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပေမဲ့

ဘာမှ ဆက်မပြောပဲနေလိုက်သည်။

မဟုတ်လျှင် အန်တီမေဦး၏ပြဿနာကို

ပုံကြီးချဲ့ပုံမျိုးနှင့်ဆို ရန်ပွဲအလီလီဖြစ်လာနိုင်သည်။


"ဖွားညို...အိမ်ထဲမှာပဲနေရတော့စိတ်တွေထိုင်းမှိုင်းမနေဘူးလား..သမီးတို့ဒီညနေ..

ကျုံးဘက်ကိုသွားပြီး...လေကောင်းလေသန့်သွားရှူရအောင်လေ..."


"နေပါအရိပ်ရယ်...ဖွားဘယ်မှသွားချင်စိတ်လည်းမရှိပါဘူး...ခုရက်ပိုင်းခြေထောက်တွေက ဒဏ်ထနေတာ..ညဘက်ဆိုကောင်းကောင်းမအိပ်နိုင်လို့...ထမင်းစားပြီး

ခဏနားပြီးရင် တရေးတမောနားလိုက်ပါအုံးမယ်..."


"ဒါပေမဲ့..ညနေစောင်းကြီးအိပ်တာ...

မကောင်းဘူးထင်တယ်.."


"ဟဲ့...ငါ့အမေက..သူ့ဘာသာဘယ်အချိန်

အိပ်အိပ်ပေါ့..နင်ဘာလို့ဆရာကြီး၀င်လုပ်နေရတာလဲ..."


သူ့ကိုစကားမပြောလည်း ၀င်၀င်ပါနေတတ်သောကြောင့် ပုံရိပ်လည်းစိတ်ထဲမှာအလို

မကျတော့ပေ။သူ့သမီးနှစ်ယောက်ကတော့

ပုံရိပ်ကို ကြိတ်၍လှောင်နေကြလေသည်။

သူ့သားကတော့ ထုံးစံအတိုင်းအိမ်မှာရှိမနေပေ။


အန်တီယဉ်တင့်ကတော့ ထမင်းစားပွဲမှာ

ထိုင်နေပေမဲ့ ပျောက်နေသောလူကဲ့သို့

စကားတစ်ခွန်းတောင်မဟပေ။

ပုံရိပ်ကိုသာ ခေါင်းခါပြ၍အရိပ်အခြေ

ကြည့်နေဖို့ရန် အချက်ပြလာလေသည်။


ပုံရိပ်လည်း သက်ပြင်းမောကိုသာချလိုက်ပြီး

တိတ်တိတ်ဆိတ်ဆိတ်ပဲ ထမင်းစားနေလိုက်သည်။ဒီအိမ်ရဲ့ ထမင်းစားဝိုင်းကပုံရိပ်အတွက်တော့ အမြဲထူးဆန်းနေတာပါပဲ။


ရန်ကုန်မှာဆိုရင် ဒေါ်လေးကပုံရိပ်ထမင်းစားလျှင် ဟင်းတွေခပ်ထည့်ပေးရင်း စကားတွေလည်းပြောနေတတ်သည်။

ထွန်းကိုနှင့်မိစုတို့၏ ကလေးသဘာ၀ပျော်ရွှင်စွာ ထမင်းစားနေကြသောမြင်ကွင်းလေးသည်ပင် ချစ်စရာကောင်းနေသည်။


မီးပျက်တဲ့ညဆိုရင် ငါးအရိုင်းကိုမမြင်ရ၍မနည်းဖြဲရှာရတာကပင် ရယ်ချင်စရာကောင်းနေပြီး အဒေါ်ကခရုတွေပြုတ်ပေးရင်

ဝိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါးခရုစုပ်ရတာများ

ပျော်စရာအလွန်ကောင်းသည်။

ဒီအိမ်မှာတော့ ထမင်းစားဝိုင်းသည် သုသာန်တစ်စပြင်ကြီးအလား တိတ်ဆိတ်လွန်းသည်။

ဘာနွေးထွေးမှုမှ မရှိသလို ခံစားရသည်။


"အော်...အရိပ်ကို..အဖွားပြောစရာတစ်ခုရှိတယ်.."


"ဟုတ်ကဲ့..ပြောပါအဖွား..."


"မနက်ဖြန်မနက်ကနေစပြီး..

ကျောင်းမဖွင့်သေးမချင်း.အဖွားရဲ့ကိုယ်စားရုံးတက်ပေးစေချင်တယ်..မနက်ဖြန်အရေးကြီးတဲ့အစည်းအဝေးလည်း ရှိတယ်

...အချက်အလက်တွေကိုပြီးရင်အဖွားအခန်းထဲမှာ လာယူပါ...အရိပ်လေး

မျက်စိသူငယ်၊နားသူငယ်မဖြစ်အောင်..

အဖွားညွှန်ကြားပေးမယ်.."


"ဟုတ်ကဲ့ပါ..အဖွား...*


ပုံမှန်ဆိုရင် အဖွားနဲ့သာအစည်းအဝေးတက်ဖူးသောကြောင့် အခုလိုအကြီးဆုံးရှယ်ရာရှင်

ကိုယ်စား တက်ရမည်ဆိုတော့ ရင်တွေတောင်တုန်ချင်နေသည်။ပုံရိပ်က အသက်နှစ်ဆယ်တောင်မပြည့်သေးတော့ သူတို့တွေလေးစားမှု၊လိုက်နာမှုမရှိကြရင် ဘယ်လိုလုပ်မလဲ။


အရင်ကအဖွားနဲ့ အစည်းအဝေးအတူ

တက်တုန်းက ရှယ်ရာရှင်တွေကို

ကြည့်ရသလောက်တော့

အားလုံးကအေးဆေးသမားတွေပါပဲ။

မအေးဆေးတာဆိုလို့ ဦးတမာန်ထက်တို့

သားအဖပဲရှိသည်။


ပုံရိပ်၏မျက်နှာလေး အနည်းငယ်ပျက်သွားတာကို မြင်တော့အဖွားသည် စားလက်စထမင်းကိုလက်စသတ်လိုက်ပြီး ဝှီးချဲကိုပုံရိပ်ထိုင်နေသော နေရာသို့လှိမ့်လာလေသည်။


"စိတ်လှုပ်ရှားနေတာလား.."


"ဟုတ်ကဲ့...နည်းနည်းတော့လှုပ်ရှားတယ်.."


"စိတ်မပူပါနဲ့..ခုလောလောဆယ်တော့ဖွားက

ဘာတွေလုပ်ရမလဲဆိုတာကို အသေးစိတ်နောက်ကနေ ညွှန်ကြားပေးမှာပါ..

ပုံရိပ်ကိုယ်တိုင်အသားကျသွားတော့မှ...

အဖွားကလွှတ်ထားပေးမှာ..."


"အမေတို့များနော်..အသက်တောင်မပြည့်သေးတဲ့ကောင်မကို ပွဲထုတ်နေလိုက်တာများ

ခိုင်းချင်ရင် သမီးကိုခိုင်းပေါ့...အခုတော့

ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့လူကိုခိုင်းနေတယ်..."


"နင်ကဘာတွေများ တော်နေတတ်နေလို့လဲ

နင့်ကိုသာ ငါ့ကုမ္ပဏီအပ်လိုက်မိရင်

ဒုက္ခိတကို ပျားတုပ်တာထက်ဆိုးမယ်..

ဒီမှာ..ငါ့မြေးကပထမနှစ်ပဲပြီးသေးပေမဲ့..

ပညာရေးမှာလည်း ထူးချွန်ထက်မြက်တယ်..

ငါ့ကိုလည်းအမြဲဂုဏ်ယူရအောင် လုပ်တယ်..

ငါ့မြေးကိုငါယုံတယ်..ငါကဂိုက်လိုင်းချမပေးရင်းတောင်..သူ့ဘာသာလုပ်တတ်ကိုင်တတ်ပြီးသား...ကလေးမို့လို့သာပထမဆုံးမို့

စိတ်လှုပ်ရှားနေတာပဲရှိတာ..

မယုံရင်စောင့်ကြည့်လိုက်..

နင့်သားသမီးတွေထက်အဆတစ်ရာသာတယ်..."


"အမေနော်...စကားတွေလွန်မလာနဲ့..."


"မလွန်စေချင်ရင်...ငါ့ဆုံးဖြတ်ချက်တွေမှာ

၀င်မနှောက်ယှက်နဲ့..."


"မနှောက်ယှက်လို့ရမလား..

အမေဘယ်ခြေလှမ်းလှမ်းနေသလဲဆိုတာ ကျွန်မကသိနေတယ်လေ..အမေခုရက်ပိုင်းကျန်းမာရေးမကောင်းလို့...

အမေကဒီကောင်မလေးကို

အကုန်လုံးနေရာချပေးပြီး..ရှိသမျှအမွေတွေကို ပုံအောပြီးပေးခဲ့ဖို့ ကြံစည်နေတာမဟုတ်လား...

ဟိုတလောက ရှေ့နေနဲ့တွေ့တာကို ကျွန်မသိတယ်နော်...

ဒါကြောင့်မို့ဒီ‌အိမ်မှာကျွန်မလာနေနေတာ..."


"အော်..လက်စသတ်တော့..နင်ကငါဘယ်အချိန်သေမလဲလာစောင့်နေတာကို...

ငါသေရင်နင့်ဝေစုကို မရလိုက်မှာစိုးရိမ်နေတာပဲ...

မေဦးရယ်..နင့်ရဲ့ဒီစကားတစ်ခွန်းနဲ့တင်

ငါနင့်ကိုမွေးခဲ့မိတာကိုတောင် ရင်နာမိတယ်..

ငါနင့်ကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပဲမှားခဲ့တာလား..နင်ကိုယ်တိုင်ကိုက

သန္ဓေယုတ်နေတာလား...

ငါမခွဲခြားတတ်တော့ဘူး...စောင့်နေပါ...

ငါသေမဲ့နေ့ကိုနင်ထိုင်စောင့်နေလိုက်..."


"အဖွား..သမီး..အခန်းထဲကိုပြန်ပို့ပေးပါ့မယ်..."


အန်တီမေးဦးကြောင့် အဖွားစိတ်ဆင်းရဲနေလေသည်။နောက်ဆုံးတော့ ဒီမိသားစု၏

ထမင်းစားဝိုင်းဟာ မိခင်တစ်ယောက်၏မျက်ရည်တွေနှင့်သာ ပြည့်နှက်ခဲ့လေသည်။


🌹🌹🌹🌹🌹🌹🌹🌹🌹


"အစည်းအဝေးအချိန်ကျပါပြီ..."


ဦးထွန်းမြိုင်၏ သတိပေးစကားအဆုံးတွင်

စိတ်လှုပ်ရှားနေတာကို အတတ်နိုင်ဆုံး

ထိန်းလိုက်ပြီး ရုံးခန်းထဲမှထွက်လာလိုက်သည်။

အဖွားက အားလုံးညွှန်ကြားလိုက်ပေမဲ့

စိတ်လှုပ်ရှားမှုကတော့ ပြင်းထန်လွန်းလှသည်။


အစည်းအဝေးခန်း၏တံခါးကို တွန်းဖွင့်ပြီး

၀င်လိုက်သောအခါ ရှယ်ရာရှင်လူကြီးမင်းတွေ၏ အာရုံအလုံးစုံသည် ပုံရိပ်ထံ၌သာရှိနေကြလေသည်။


ပုံရိပ်ကတော့ သူတို့တစ်ယောက်ချင်းဆီ၏

မျက်နှာတွေကို လိုက်ဖတ်နေမိသည်။

ပုံရိပ်အပေါ်မှာ သူတို့ဘယ်လိုထင်မြင်ယူဆ

မလဲဆိုတာ သိချင်မိသည်။


တစ်ချို့မျက်နှာတွေပေါ်မှာတော့ အလိုမကျမှုတွေဟာ ပေါ်လွင်နေပြီး၊အချို့ကတော့ဟန်ဆောင်၍ ၀တ်ကျေတန်းကျေပြုံးပြနေကြလေသည်။


ထိုအထဲတွင် ဘယ်လိုမှပြုံးမပြနိုင်သည်ကတော့ ဦးတမာန်မင်းဆက်သာဖြစ်သည်။

ကြည့်ရတာ သူလည်းမနေ့ကမန္တလေးကို

ပြန်လာပုံရတယ်။


ပုံရိပ်ကတော့ သူ့ကိုမဲ့ပြလိုက်ပြီး

အကြည့်စူးစူးနှင့်သာ တုန့်ပြန်လိုက်သည်။

မန္တလေးကို ပြန်ရောက်ရောက်ချင်း ပုံရိပ်နဲ့တွေ့ဆုံရမယ်လို့ သူဘယ်ထင်လိမ့်မလဲ။

ကောင်းသောတွေ့ဆုံခြင်း မဟုတ်တာတော့သေချာတယ်။


စတုဂံပုံသဏ္ဍန်စားပွဲကြီး၏ထိပ်ဆုံးတွင်

တော့ ဖွားညိုတစ်ယောက်တည်းသာထိုင်ခွင့်ရှိသော  ထိုင်ခုံအနက်ရောင်ကတည်ရှိနေလေသည်။လူအားလုံးသည် ပုံရိပ်၏

ဖိနပ်ဒေါက်ချွန်လေး တစ်လှမ်းရွေ့သွားတိုင်း မျက်၀န်းတွေပိုနက်လာကြသည်။


အချက်မှန်မှန်မြည်နေသော ဒေါက်ဖိနပ်သံလေးသည် စားပွဲကြီး၏ထပ်ဆုံးနေရာအနီးတွင်ရပ်သွားသောအခါ ပုံရိပ်ဘယ်ထိုင်ခုံတွင်

ထိုင်မလည်းဆိုတာကို စိတ်၀င်တစားကြည့်လာကြသည်။


ခေါင်းဆောင်တစ်ယောက်သည် အပေါ်ယံကြည့်ပါက အားလုံးကိုဦးဆောင်ပြီးအုပ်စိုး

နေတယ်ထင်ရသည်။

တကယ်တမ်းမှာတော့ အမြင့်ဆုံးတိုင်ထိပ်တွင် ရပ်နေရခြင်းဖြစ်သည်။


ကိုယ့်ကို မော့ကြည့်နေကြသောသူများထဲတွင်

ခြေချော်လက်ချော်ဖြစ်၍ ပြုတ်ကျစေချင်သူများရှိသလို ပြုတ်ကျအောင်အမျိုးမျိုးဒုက္ခပေးချင်သူများလည်း ရှိလေသည်။

ထိုမျက်လုံးတွေကို ရှောင်းတိမ်းဖို့ရာတော့

မဖြစ်နိုင်ပေ။


ထို့ကြောင့် စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်လိုက်ပြီး အားလုံးနှင့်အကြည့်ချင်းဆုံကာ

ခပ်ယဲ့ယဲ့ပြုံး၍ နှုတ်ဆက်လိုက်သည်။


"ကျွန်မကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ..

ဒီနေ့ကျွန်မဒီမှာရှိနေတာကတော့

အဖွားဒေါ်ရိပ်ညိုကိုယ်စားအနေနဲ့ဖြစ်ပါတယ်...အဖွားရဲ့ကျန်းမာရေးအခြေအနေက

ဒီရက်ပိုင်းမှာ အနားယူဖို့လိုအပ်နေတာကြောင့်...ဒီအတောအတွင်းမှာ..အားလုံးနဲ့

မကြာခဏတွေ့ဆုံနေရတော့မှာပါ...

ဒါကြောင့် အဖွားကိုယ်စားကျွန်မကအစည်းအဝေးမှာ ဆုံးဖြတ်ချက်အချို့နဲ့..

ညှိနှိုင်းမှုတွေကို ကိုယ်စားပြုလုပ်ပေးသွားမှာပါ...အားလုံးကိုအသိပေးချင်တာကတော့

ဒီလောက်ပါပဲ...အစည်းအဝေးစကြရအောင်.."


စကားကိုအတတ်နိုင်ဆုံး တိုတိုနှင့်လိုရင်းရောက်အောင် ပြောလိုက်ပြီးအဖွား၏ထိုင်ခုံနှင့် နီးသောနေရာတွင် ၀င်ထိုင်လိုက်သည်။

ဒီတော့မှ ရှယ်ရာရှင်တွေ၏မျက်နှာများသည်လည်း ပုံမှန်ပြန်ဖြစ်သွားကြလေသည်။


စီးအီးအိုနေရာတွင် ပုံရိပ်ထိုင်လိုက်ပါက

အားလုံးဆူပူအုံကြွကုန်မှာ သေချာသည်။

ဖွားညိုက ပုံရိပ်ကိုတရား၀င်ရာထူးလွှဲပြောင်းပေးထားတာမျိုးမဟုတ်ပဲ မထိုင်သင့်တာကို

လည်း ပုံရိပ်သိပါတယ်။


အဲ့ဒီ့နေရာဟာ ပုံရိပ်အတွက်သရဖူတစ်လုံးလည်း ဖြစ်နိုင်သလိုထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်သည်။

အဲ့ဒီ့နေရာမှာ ထိုင်ခွင့်ရမဲ့နေ့ကို

တွေးကြည့်လိုက်တာနဲ့တင် သွေးပျက်အောင် ကြောက်လန့်မိသည်။

*

*

*

"ဒီနေရာကိုသာ လေလံဆွဲလိုက်ရင်...

ကျွန်တော်တို့အတွက်အကျိုးအမြတ်တွေများစွာ ရရှိလာမှာပါ..မြို့သစ်စီမံကိန်းလည်း

စတော့မှာမို့...ကျွန်တော်တို့ဘက်ကကြိုတင်ပြီး အကွက်ချထားသင့်ပါတယ်..တောင်ဘက်မှာဆိုရင်...မြစ်နဲ့နီးပြီး..မြို့နှစ်ခုကိုဆက်ပေးထားတဲ့ တံတားကိုလည်းတွေ့ရမှာပါ

...ပတ်၀န်းကျင်ညစ်ညမ်းမှုလုံး၀မရှိပဲ...

မြို့ထဲကိုလည်းအလွယ်တကူလည်ပတ်လို့ရပါတယ်..."


"ကျွန်တော်ကတော့...သိပ်သဘောမကျဘူး.."


"ကျွန်တော်ကတော့အဆင်ပြေမယ်ထင်တာပဲ

..ဦးတမာန်ထက်ရဲ့ပရောဂျက်ထက်စာရင်..

ဒီနေရာကိုလေလံဆွဲတာက ပိုမှန်ကန်လိမ့်မယ်..."


"မန်နေဂျင်းပြောသလောက်ပဲ ခင်ဗျားကသိတာလေ..ခင်ဗျားကိုယ်တိုင်လေ့လာပြီးလို့လား.."


"ကျုပ်ရဲ့အတွေ့အကြုံကစကားပြောတယ်လေ...မယုံရင်ဒီပရောက်ဂျက်ကိုလက်ခံလိုက်.."


"ကလေး..ကစားစရာမဟုတ်ဘူးဗျ..."


အားလုံးတစ်ယောက်တစ်ပေါက်နှင့် ပြောနေကြ၍ ပုံရိပ်မှာခေါင်းတွေတောင်မူးလာသည်။

အရင်ကအစည်းအဝေးတက်စဉ်မှာ ဖွားညိုနဲ့တုန်းက ဒီလိုဆူပူတာမျိုးတွေမရှိပဲ

ပုံရိပ်အလှည့်ကြမှ ငြင်းခုန်နေလိုက်ကြတာများ လူကြီးလူကောင်းတွေဆိုတာ ဒါလားလို့တောင် ပြန်မေးရမလိုဖြစ်နေသည်။


"ကဲ...အားလုံးပဲ...ဒီကိစ္စကိုထပ်ပြီးငြင်းမနေပါနဲ့တော့...ဒီကိစ္စကိုဆုံးဖြတ်နိုင်ခွင့်က

ခင်ဗျားတို့ဆီမှာ မရှိဘူးဆိုတာမသိကြတာလား..."


ဦးထွန်းမြိုင်၀င်ပြောလိုက်တော့မှပဲ ပိုဆိုးသွားတော့သည်။အဘယ်ကြောင့်ဆိုသော်

 အားလုံးသောရှယ်ယာရှင်တို့သည် ပုံရိပ်ကို"အဆုံးအဖြတ်တစ်ခုပေးစမ်း.."ဆိုသောအကြည့်များဖြင့် ကြည့်လာသောကြောင့်ဖြစ်သည်။


"ဒီကိစ္စက တစ်ဦးတစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့တင် မပြီးပါဘူး..ဒါကြောင့်

ကျွန်မကတော့ မဲခွဲပြီးဆုံးဖြတ်စေချင်တယ်..

ဒီပရောဂျက်ကိုလက်ခံချင်တဲ့လူတွေရှိပါသလား...."


"ဦးကတော့ လက်ခံချင်တယ်..."


ပရောဂျက်ကို လက်ခံချင်သည့်လူများဟာ 

တစ်ယောက်ပြီး တစ်ယောက်ထွက်ပေါ်လာပြီးနောက်မှာ ပရောဂျက်ကိုလက်မခံချင်သူတွေနှင့် မဲခွဲဆုံးဖြတ်ပေးလိုက်လေသည်။

ထို့နောက်မှာတော့  လက်ခံသူအရေအတွက်များနေ၍ ပရောဂျက်ကိုလေလံဆွဲဖို့သာ ဆုံးဖြတ်လိုက်သည်။


"ဦးဇော်...အစည်းအဝေးပြီးရင်ဒီပရောဂျက်နဲ့ပတ်သတ်တဲ့အသေးစိတ်အချက်အလတ်တွေကို ရုံးခန်းထဲကိုလာပို့ပေးထားပါ..လေလံပွဲမစခင်အထိ အဲ့ဒီ့နေရာပတ်၀န်းကျင်နဲ့ပတ်သတ်ပြီး ထူးခြားတာအကုန်လုံးကို လာတင်ပြပါ..."


မန်‌နေဂျင်းဒါရိုက်တာဦးဇော်ကို ညွှန်ကြားလိုက်ပြီးနောက် ရှယ်ရာရှင်အဖွဲ့၀င်တွေဘက်သို့ လှည့်လိုက်သည်။


"အခုလောလောဆယ်တော့..မဲခွဲဆုံးဖြတ်ထားတဲ့ ရလဒ်အတိုင်းဒီပရောဂျက်ကို ဆက်ပြီးလုပ်ဆောင်မှာပါ...ဒါကယာယီဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး

...နောက်ထပ်အခြေအနေတစ်ခုကို ပြောင်းလဲသွားနိုင်‌တာကြောင့်..

အားလုံးကို အရမ်းမလောစေချင်သေးပါဘူး..

ကျွန်မတို့တွေ သေချာစမ်းစစ်ပြီး..အမျိုးမျိုးလေ့လာပြီးမှ ဒီပရောဂျက်နဲ့ပတ်သတ်ပြီး

အစည်းအဝေးထပ်လုပ်ပါ့မယ်..."


အစည်းအဝေးခန်းထဲတွင်တော့ ခေါင်းဆောင်ပိုင်းက အလုပ်သမားများ‌လည်း ရှိနေသောကြောင့် ပုံရိပ်၏ဆုံးဖြတ်ချက်တစ်ခုသည် သူတို့ဒီအစည်းအဝေးအခန်းထဲမှ

ထွက်သွားသည်နှင့် အလုပ်သမားတွေအားလုံးထံသို့ လျှင်မြန်စွာပြန့်နှံ့သွားနိုင်သည်။


"ဦးတမာန်ထက်ကရော...ရန်ကုန်မှာအခုလက်ရှိလုပ်နေတဲ့..ဟော်တယ်စီမံကိန်းက..

အခြေအနေဘယ်လိုလဲ..ကျွန်မတို့ပေးထားတဲ့အချိန်ထက်...တော်တော်လေးကိုကြာနေပြီနော်..."


"အဲ့ဒါကဒီလိုရှိပါတယ်..."


"ကျွန်မကရှင့်အဖေကိုမေးနေတာနော်..

ဦးတမာန်မင်းဆက်ကိုမေးမိလို့လား..."


သူ့အဖေအစား ထဖြေရန်ပြင်နေသော

ဦးမင်းဆက်၏ မျက်နှာကြီးသည်

ပုံရိပ်၏စကားကြောင့် ချက်ချင်းကိုပုပ်သိုးသွားလေသည်။

ပုံရိပ်ကလည်း ဒီလိုပဲဖြစ်စေချင်တာကြောင့်

ကျေနပ်သည်။


"ဦးထွန်းမြိုင်...ဦးတမာန်ထက်ကဟော်တယ်ဆောက်လုပ်ဖို့အတွက်ဆိုပြီး ထုတ်ထားတဲ့ငွေတွေကို အလွဲသုံးစားလုပ်ထားတဲ့အချက်အလက်တွေ အားလုံးကို..

ဒီကဘုတ်အဖွဲ့၀င်တွေ မြင်အောင်ပြပေးလိုက်ပါ..

ငွေမဲကို ငွေဖြူလုပ်ဖို့ကြံစည်နေတာတွေကိုရောပေါ့...."


"ဟုတ်ကဲ့ပါ..."


တကယ်တော့ ဒီကိစ္စကိုပုံရိပ်အဖွားနှင့် ကြိုပြီးတိုင်ပင် ထားပြီးသားဖြစ်သည်။

ဦးတမာန်ထက်၏လုပ်ရပ်တွေကို အားလုံးအရှေ့မှာဖွင့်ချဖို့အတွက် အဖွားကသေချာစုံစမ်းထားပေမဲ့

ဒီနေ့မှာလုပ်ဖို့ကိုတော့

ပုံရိပ်ကအကြံပေးခဲ့ခြင်းဖြစ်သည်။

ဦးမင်းဆက်နဲ့ မန္တလေးမှာသာမတွေ့ခဲ့ပဲ 

ဆရာ့အပေါ်ကိုဒုက္ခပေးခဲ့သူမှန်းသာ မသိခဲ့ရင်

အခြေအနေတွေက ဒီလောက်အထိမမြန်ဆန်နိုင်ပေ။


ပုံရိပ်စိတ်ဒုက္ခပေးချင်တဲ့ သူ့သားကိုယ်တိုင်

ရောက်နေတော့ ပွဲကပိုလှတာပေါ့။

တောင်ကြီးမှာ သူ့ကိုကြွေးကြော်ခဲ့တဲ့စကားဟာ တကယ်ဖြစ်လာတယ်ဆိုတာ သူ့ကို

မျက်ဝါးထင်ထင်မြင်စေချင်သည်...။


"ကိုတမာန်ထက်...ခင်ဗျားယုတ်မာလှချည်လား...ခင်ဗျားကိုဒီလိုလူမျိုးမှန်း မထင်ထားခဲ့မိဘူး...."


"တော်သေးတာပေါ့...ဟိုတလောကတင်ကျုပ်ဆီကနေ..သိန်းသုံးထောင်လာချေးတာ..

မပေးလိုက်မိလို့..."


"အစကတော့..သတင်းသဲ့သဲ့ကြားပေမဲ့..

တကယ်မလုပ်လောက်ဘူးလို့ ထင်ခဲ့တာ...

ခင်ဗျားလိုလူမျိုးနဲ့ အလုပ်တွဲလုပ်မိတာတောင်

မယုံနိုင်ဘူး...."


"ကျေးဇူးပြုပြီးတော့ ငြိမ်ငြိမ်လေးနေပေကြပါ...

ဦးတမာန်ထက်က..ဟော်တယ်စီမံကိန်းအတွက်

ငွေတွေကို အလွဲသုံးစားလုပ်ထားတဲ့အတွက်ရော

...ငွေမဲကိုကုမ္ပဏီထဲအထိယူလာဖို့ ကြိုးစားတဲ့အတွက်ရော..ဖွားညိုက

ဦးတမာန်ထက်ကို  တရားဆွဲဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်...အားလုံးပဲသဘောတူလက်ခံမယ်လို့ ယုံကြည်ပါတယ်...အစည်းအဝေးသိမ်းပါမယ်..."


ပုံရိပ်လည်း လက်ပ်တော့တွေကိုပိတ်လိုက်ပြီးအစည်းအဝေးခန်းထဲမှ ထွက်ဖို့ပြင်လိုက်သည်။

ထိုစဉ် ဦးတမာန်ထက်သည်ပုံရိပ်၏အရှေ့မှ

ကာရပ်လိုက်၍ ဦးထွန်းမြိုင်ကပုံရိပ်ကို

လှမ်းဆွဲလိုက်ရသည်။


"တူမကြီးရယ်...ဦးလေးကိုနောက်ထပ်အခွင့်အရေးပေးပါနော်...ဦးလေးတောင်းပန်ပါတယ်.."


"ဒီမှာဦးတမာန်ထက်..ဦးလေးလုပ်ခဲ့တဲ့လုပ်ရပ်က

...ဦးလေးတစ်ယောက်တည်းနဲ့

သက်ဆိုင်တာမဟုတ်ဘူး...ကုမ္ပဏီတစ်ခုလုံးနဲ့သက်ဆိုင်နေတာနော်...တစ်ခုခုဖြစ်လာရင်လည်း

...ဦးလေးကြောင့်ကျွန်မတို့အားလုံး

ဒုက္ခရောက်ရမှာ...ဦးလေးမှာနောက်ထပ်အခွင့်အရေးဆိုတာ မရှိတော့ဘူး...

ကျွန်မတို့ဘက်က တကယ်လုပ်ချင်ရင်

အခုဒီအခန်းထဲမှာတင် ဖမ်းချုပ်ခိုင်းလိုက်လို့ရတယ်..

ဆင့်ခေါ်စာကိုသာစောင့်နေလိုက်တော့..."


"မင်းငါ့ကိုမကျေနပ်တာနဲ့ပဲ..ငါ့အဖေကို

တမင်ချောက်တွန်းတာမဟုတ်လား...ဟမ်

မင်းယုတ်မာလှချည်လား..."


အစည်းအဝေးခန်းထဲက ထွက်တော့မည့်ပုံရိပ်၏ လက်ကို ဖမ်းဆွဲလိုက်သောဦးမင်းဆက်ကို

ပုံရိပ်ကလည်း မာမာထန်ထန်နှင့် ပြန်ကြည့်လိုက်ပြီး

လက်ကို ဆောင့်ရုန်းပစ်လိုက်သည်။


"ရှင့်ကိုဒုက္ခပေးချင်ယုံနဲ့ ရှင့်အဖေကို

လွယ်လွယ်‌လေးချောက်ချလို့ရမယ်ထင်နေတာလား...ကိုယ်လုပ်တာကိုယ်ပြန်ခံရတာပဲ

ဦးနှောက်ရှိရင် သေချာပြန်တွေး...

ဦးထွန်းမြိုင်..သွားရအောင်..."


"မင်းမသွားနဲ့အုံး..ငါမင်းနဲ့စာရင်းရှင်းစရာရှိသေးတယ်..."


"ဦးထွန်းမြိုင် လုံခြုံရေးကိုခေါ်ပြီးမောင်းထုတ်လိုက်ပါ...

ထိန်းလို့မရရင် ရဲစခန်းကိုဆက်လိုက်..."


ဒေါသတကြီးနှင့် ပေါက်ကွဲနေသောဦးမင်းဆက်ကို

၀န်ထမ်းတွေရော ဦးထွန်းမြိုင်တို့ကမနည်းထိန်းနေရလေသည်။ပုံရိပ်ကတော့ ရုံးခန်းဆီသို့သာ

ဦးတည်၍ သွားလိုက်ပြီး မဲ့ပြုံးပြုံးလိုက်မိလေသည်။


ထိုနေ့မှစ၍ ကုမ္ပဏီတွင် ဒေါ်ရိပ်ညို၏မြေးသည် ဒေါ်ရိပ်ညိုထက်ပို၍ ဆုံးဖြတ်ချက်ပြတ်သားသည်ဆိုသော အသံများလွင့်ပြန်ကုန်လေသည်။


အချို့ကတော့ လူကြီးတွေနှင့်တောင်

အစည်းအဝေးအခန်းထဲတွင် သူတစ်ခွန်း

ကိုယ်တစ်ခွန်းပြော၍ ရိုင်းသည်ဟုဝေဖန်ကြပြီး အချို့ကတော့ဒေါ်ရိပ်ညိုထက်

ပိုကြောက်ဖို့ကောင်းသည်ဟု ဝေဖန်ကြလေသည်။

အဓိကအချက်ကတော့ ပုံရိပ်ဆိုသော

ဆယ်ကျော်သက်မိန်းကလေးကို ဘယ်သူမှအထင်မသေးရဲကြတော့ပေ။


(အခန်း၆၅)ဆက်ရန်ရှိသည်


🌹🌹🌹🌹🌹🌹🌹🌹

=========================================================================


🔥🌹ဆူးႀကိဳး(အခန္း၆၄)🔥


"မမေရ...ဖြားညိုကညစာစားရေအာင္ ေအာက္ထပ္ကိုဆင္းလာခဲ့ပါတဲ့..."


"ဟုတ္ၿပီ...ငါလာခဲ့မယ္..."


ဥပေဒႏွင့္ပတ္သတ္ေသာ ေရ႔ွေနမ်ား၏စကားဝိုင္းကို လက္ပ္ေတာ့ႏွင့္ၾကၫ့္ေနရာမွ ညစာသြားစားဖို႔ရန္ ပိတ္လိုက္ရေလသည္။

ေရခ်ိဳးၿပီး၍ ညအိပ္၀တ္စံုလဲၿပီးသည္မို႔ 

ေအာက္ထပ္သို႔သာ တန္း၍ဆင္းလာခဲ့လိုက္သည္။


"ေဟာ..ဘုရင့္သမီးေတာ္ေရာက္ရိွလာပါၿပီ..."


ပံုရိပ္ကိုေတြ့သည္ႏွင့္ ခနဲ႔ဖို႔ရန္ရိုးရာမပ်က္ေသာ အန္တီေမဦးတို႔သားအမိေတြသည္လည္း ထမင္းဝိုင္းမွာလူစံုေနေလသည္။

ဒီသားအမိေတြက အိမ္ေပၚကေနဆင္းသြားၾကၿပီး အခုေတာ့လည္းသူတို႔မဟုတ္သလိုပံုစံႏွင့္ ျပန္တက္လာၾကတယ္။


ဖြားညိုကိုၾကၫ့္လိုက္မိေတာ့ စားပဲြႀကီး၏ထိပ္ဆံုးတြင္ ခပ္တည္တည္ထိုင္ေနကာ အရာအားလံုးကိုဥပကၡာျပဳထားသကဲ့သို႔ ထမင္းစားေနေလသည္။

ပံုရိပ္လည္း ဘယ္သူ႔ကိုမွစကားခြန္းတုန႔္ျပန္

မေနပဲ ဖြားညိုႏွင့္ နီးေသာေနရာမွာသာ

ထိုင္လိုက္သည္။


"အေဒၚကိုေတြ့ရင္ ႏႈတ္ဆက္ရမယ္ဆိုတာကို

ညည္းမသိဘူးလား...ေအာ္..ညည္းရဲ့ရန္ကုန္ကအေဒၚဆိုတာကလည္း ေတာသူမဆိုေတာ့

ဒါေတြဘယ္သင္ခဲ့ရပါ့မလဲေနာ္..."


"ေမဦး..ထမင္းစားရင္အပိုစကားေတြမေျပာနဲ႔

ငါမႀကိဳက္ဘူး..."


"အေမကလည္း...သမီးက..ကိုယ့္တူမေလးမို႔လို႔...တာ၀န္ရိွလို႔ဆံုးမေနတာပါ..မဟုတ္ရင္

ဒီေကာင္မေလးက..ကန္းတက္ၿပီးရိုင္းစိုင္းလာမွာေပါ့.."


"မလိုပါဘူး...ငါ့ေျမးကိုငါပဲဆံုးမမယ္..

နင့္အကူအညီမလိုဘူး..."


"ဟုတ္ပါၿပီ..အေမဘယ္လိုဆံုးမမလဲ..

ၾကၫ့္ၾကေသးတာေပါ့..အေမတို႔ေၾကာင့္

ဒီေကာင္မေလး..ပ်က္စီးမွာေတာ့..ျမင္ေယာင္ပါေသးတယ္.."


ဘယ္ေလာက္ေျပာေျပာ ျမင္းအီးေပါက္သလို ေရရြတ္ေနေသာေၾကာင့္ အဖြားလည္းသူ႔ကိုမ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ေပမဲ့

ဘာမွ ဆက္မေျပာပဲေနလိုက္သည္။

မဟုတ္လ်ွင္ အန္တီေမဦး၏ျပႆနာကို

ပံုႀကီးခ်ဲ႔ပံုမ်ိဳးႏွင့္ဆို ရန္ပဲြအလီလီျဖစ္လာႏိုင္သည္။


"ဖြားညို...အိမ္ထဲမွာပဲေနရေတာ့စိတ္ေတြထိုင္းမိႈင္းမေနဘူးလား..သမီးတို႔ဒီညေန..

က်ဳံးဘက္ကိုသြားၿပီး...ေလေကာင္းေလသန႔္သြားရႉရေအာင္ေလ..."


"ေနပါအရိပ္ရယ္...ဖြားဘယ္မွသြားခ်င္စိတ္လည္းမရိွပါဘူး...ခုရက္ပိုင္းေျခေထာက္ေတြက ဒဏ္ထေနတာ..ညဘက္ဆိုေကာင္းေကာင္းမအိပ္ႏိုင္လို႔...ထမင္းစားၿပီး

ခဏနားၿပီးရင္ တေရးတေမာနားလိုက္ပါအံုးမယ္..."


"ဒါေပမဲ့..ညေနေစာင္းႀကီးအိပ္တာ...

မေကာင္းဘူးထင္တယ္.."


"ဟဲ့...ငါ့အေမက..သူ႔ဘာသာဘယ္အခ်ိန္

အိပ္အိပ္ေပါ့..နင္ဘာလို႔ဆရာႀကီး၀င္လုပ္ေနရတာလဲ..."


သူ႔ကိုစကားမေျပာလည္း ၀င္၀င္ပါေနတတ္ေသာေၾကာင့္ ပံုရိပ္လည္းစိတ္ထဲမွာအလို

မက်ေတာ့ေပ။သူ႔သမီးႏွစ္ေယာက္ကေတာ့

ပံုရိပ္ကို ႀကိတ္၍ေလွာင္ေနၾကေလသည္။

သူ႔သားကေတာ့ ထံုးစံအတိုင္းအိမ္မွာရိွမေနေပ။


အန္တီယဉ္တင့္ကေတာ့ ထမင္းစားပဲြမွာ

ထိုင္ေနေပမဲ့ ေပ်ာက္ေနေသာလူကဲ့သို႔

စကားတစ္ခြန္းေတာင္မဟေပ။

ပံုရိပ္ကိုသာ ေခါင္းခါျပ၍အရိပ္အေျခ

ၾကၫ့္ေနဖို႔ရန္ အခ်က္ျပလာေလသည္။


ပံုရိပ္လည္း သက္ျပင္းေမာကိုသာခ်လိုက္ၿပီး

တိတ္တိတ္ဆိတ္ဆိတ္ပဲ ထမင္းစားေနလိုက္သည္။ဒီအိမ္ရဲ့ ထမင္းစားဝိုင္းကပံုရိပ္အတြက္ေတာ့ အၿမဲထူးဆန္းေနတာပါပဲ။


ရန္ကုန္မွာဆိုရင္ ေဒၚေလးကပံုရိပ္ထမင္းစားလ်ွင္ ဟင္းေတြခပ္ထၫ့္ေပးရင္း စကားေတြလည္းေျပာေနတတ္သည္။

ထြန္းကိုႏွင့္မိစုတို႔၏ ကေလးသဘာ၀ေပ်ာ္ရႊင္စြာ ထမင္းစားေနၾကေသာျမင္ကြင္းေလးသည္ပင္ ခ်စ္စရာေကာင္းေနသည္။


မီးပ်က္တဲ့ညဆိုရင္ ငါးအရိုင္းကိုမျမင္ရ၍မနည္းၿဖဲရွာရတာကပင္ ရယ္ခ်င္စရာေကာင္းေနၿပီး အေဒၚကခရုေတျြပဳတ္ေပးရင္

ဝိုင္းဖဲြ႔ၿပီး ေပ်ာ္ေပ်ာ္ပါးပါးခရုစုပ္ရတာမ်ား

ေပ်ာ္စရာအလြန္ေကာင္းသည္။

ဒီအိမ္မွာေတာ့ ထမင္းစားဝိုင္းသည္ သုသာန္တစ္စျပင္ႀကီးအလား တိတ္ဆိတ္လြန္းသည္။

ဘာေနြးေထြးမႈမွ မရိွသလို ခံစားရသည္။


"ေအာ္...အရိပ္ကို..အဖြားေျပာစရာတစ္ခုရိွတယ္.."


"ဟုတ္ကဲ့..ေျပာပါအဖြား..."


"မနက္ျဖန္မနက္ကေနစၿပီး..

ေက်ာင္းမဖြင့္ေသးမခ်င္း.အဖြားရဲ့ကိုယ္စားရံုးတက္ေပးေစခ်င္တယ္..မနက္ျဖန္အေရးႀကီးတဲ့အစည္းအေဝးလည္း ရိွတယ္

...အခ်က္အလက္ေတြကိုၿပီးရင္အဖြားအခန္းထဲမွာ လာယူပါ...အရိပ္ေလး

မ်က္စိသူငယ္၊နားသူငယ္မျဖစ္ေအာင္..

အဖြားၫႊန္ၾကားေပးမယ္.."


"ဟုတ္ကဲ့ပါ..အဖြား...*


ပံုမွန္ဆိုရင္ အဖြားနဲ႔သာအစည္းအေဝးတက္ဖူးေသာေၾကာင့္ အခုလိုအႀကီးဆံုးရွယ္ရာရွင္

ကိုယ္စား တက္ရမည္ဆိုေတာ့ ရင္ေတြေတာင္တုန္ခ်င္ေနသည္။ပံုရိပ္က အသက္ႏွစ္ဆယ္ေတာင္မျပၫ့္ေသးေတာ့ သူတို႔ေတြေလးစားမႈ၊လိုက္နာမႈမရိွၾကရင္ ဘယ္လိုလုပ္မလဲ။


အရင္ကအဖြားနဲ႔ အစည္းအေဝးအတူ

တက္တုန္းက ရွယ္ရာရွင္ေတြကို

ၾကၫ့္ရသေလာက္ေတာ့

အားလံုးကေအးေဆးသမားေတြပါပဲ။

မေအးေဆးတာဆိုလို႔ ဦးတမာန္ထက္တို႔

သားအဖပဲရိွသည္။


ပံုရိပ္၏မ်က္ႏွာေလး အနည္းငယ္ပ်က္သြားတာကို ျမင္ေတာ့အဖြားသည္ စားလက္စထမင္းကိုလက္စသတ္လိုက္ၿပီး ဝွီးခ်ဲကိုပံုရိပ္ထိုင္ေနေသာ ေနရာသို႔လိွမ့္လာေလသည္။


"စိတ္လႈပ္ရွားေနတာလား.."


"ဟုတ္ကဲ့...နည္းနည္းေတာ့လႈပ္ရွားတယ္.."


"စိတ္မပူပါနဲ႔..ခုေလာေလာဆယ္ေတာ့ဖြားက

ဘာေတြလုပ္ရမလဲဆိုတာကို အေသးစိတ္ေနာက္ကေန ၫႊန္ၾကားေပးမွာပါ..

ပံုရိပ္ကိုယ္တိုင္အသားက်သြားေတာ့မွ...

အဖြားကလႊတ္ထားေပးမွာ..."


"အေမတို႔မ်ားေနာ္..အသက္ေတာင္မျပၫ့္ေသးတဲ့ေကာင္မကို ပဲြထုတ္ေနလိုက္တာမ်ား

ခိုင္းခ်င္ရင္ သမီးကိုခိုင္းေပါ့...အခုေတာ့

ကိုယ့္ကိုကိုယ္ ယံုၾကည္မႈမရိွတဲ့လူကိုခိုင္းေနတယ္..."


"နင္ကဘာေတြမ်ား ေတာ္ေနတတ္ေနလို႔လဲ

နင့္ကိုသာ ငါ့ကုမၸဏီအပ္လိုက္မိရင္

ဒုကၡိတကို ပ်ားတုပ္တာထက္ဆိုးမယ္..

ဒီမွာ..ငါ့ေျမးကပထမႏွစ္ပဲၿပီးေသးေပမဲ့..

ပညာေရးမွာလည္း ထူးခၽြန္ထက္ျမက္တယ္..

ငါ့ကိုလည္းအၿမဲဂုဏ္ယူရေအာင္ လုပ္တယ္..

ငါ့ေျမးကိုငါယံုတယ္..ငါကဂိုက္လိုင္းခ်မေပးရင္းေတာင္..သူ႔ဘာသာလုပ္တတ္ကိုင္တတ္ၿပီးသား...ကေလးမို႔လို႔သာပထမဆံုးမို႔

စိတ္လႈပ္ရွားေနတာပဲရိွတာ..

မယံုရင္ေစာင့္ၾကၫ့္လိုက္..

နင့္သားသမီးေတြထက္အဆတစ္ရာသာတယ္..."


"အေမေနာ္...စကားေတြလြန္မလာနဲ႔..."


"မလြန္ေစခ်င္ရင္...ငါ့ဆံုးျဖတ္ခ်က္ေတြမွာ

၀င္မေနွာက္ယွက္နဲ႔..."


"မေနွာက္ယွက္လို႔ရမလား..

အေမဘယ္ေျခလွမ္းလွမ္းေနသလဲဆိုတာ ကၽြန္မကသိေနတယ္ေလ..အေမခုရက္ပိုင္းက်န္းမာေရးမေကာင္းလို႔...

အေမကဒီေကာင္မေလးကို

အကုန္လံုးေနရာခ်ေပးၿပီး..ရိွသမ်ွအေမြေတြကို ပံုေအာၿပီးေပးခဲ့ဖို႔ ႀကံစည္ေနတာမဟုတ္လား...

ဟိုတေလာက ေရ႔ွေနနဲ႔ေတြ့တာကို ကၽြန္မသိတယ္ေနာ္...

ဒါေၾကာင့္မို႔ဒီ‌အိမ္မွာကၽြန္မလာေနေနတာ..."


"ေအာ္..လက္စသတ္ေတာ့..နင္ကငါဘယ္အခ်ိန္ေသမလဲလာေစာင့္ေနတာကို...

ငါေသရင္နင့္ေဝစုကို မရလိုက္မွာစိုးရိမ္ေနတာပဲ...

ေမဦးရယ္..နင့္ရဲ့ဒီစကားတစ္ခြန္းနဲ႔တင္

ငါနင့္ကိုေမြးခဲ့မိတာကိုေတာင္ ရင္နာမိတယ္..

ငါနင့္ကို ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ နည္းလမ္းပဲမွားခဲ့တာလား..နင္ကိုယ္တိုင္ကိုက

သႏၶေယုတ္ေနတာလား...

ငါမခဲြျခားတတ္ေတာ့ဘူး...ေစာင့္ေနပါ...

ငါေသမဲ့ေန့ကိုနင္ထိုင္ေစာင့္ေနလိုက္..."


"အဖြား..သမီး..အခန္းထဲကိုျပန္ပို႔ေပးပါ့မယ္..."


အန္တီေမးဦးေၾကာင့္ အဖြားစိတ္ဆင္းရဲေနေလသည္။ေနာက္ဆံုးေတာ့ ဒီမိသားစု၏

ထမင္းစားဝိုင္းဟာ မိခင္တစ္ေယာက္၏မ်က္ရည္ေတြႏွင့္သာ ျပၫ့္ႏွက္ခဲ့ေလသည္။


🌹🌹🌹🌹🌹🌹🌹🌹🌹


"အစည္းအေဝးအခ်ိန္က်ပါၿပီ..."


ဦးထြန္းၿမိဳင္၏ သတိေပးစကားအဆံုးတြင္

စိတ္လႈပ္ရွားေနတာကို အတတ္ႏိုင္ဆံုး

ထိန္းလိုက္ၿပီး ရံုးခန္းထဲမွထြက္လာလိုက္သည္။

အဖြားက အားလံုးၫႊန္ၾကားလိုက္ေပမဲ့

စိတ္လႈပ္ရွားမႈကေတာ့ ျပင္းထန္လြန္းလွသည္။


အစည္းအေဝးခန္း၏တံခါးကို တြန္းဖြင့္ၿပီး

၀င္လိုက္ေသာအခါ ရွယ္ရာရွင္လူႀကီးမင္းေတြ၏ အာရံုအလံုးစံုသည္ ပံုရိပ္ထံ၌သာရိွေနၾကေလသည္။


ပံုရိပ္ကေတာ့ သူတို႔တစ္ေယာက္ခ်င္းဆီ၏

မ်က္ႏွာေတြကို လိုက္ဖတ္ေနမိသည္။

ပံုရိပ္အေပၚမွာ သူတို႔ဘယ္လိုထင္ျမင္ယူဆ

မလဲဆိုတာ သိခ်င္မိသည္။


တစ္ခ်ိဳ႕မ်က္ႏွာေတြေပၚမွာေတာ့ အလိုမက်မႈေတြဟာ ေပၚလြင္ေနၿပီး၊အခ်ိဳ႕ကေတာ့ဟန္ေဆာင္၍ ၀တ္ေက်တန္းေက်ႃပံုးျပေနၾကေလသည္။


ထိုအထဲတြင္ ဘယ္လိုမွႃပံုးမျပႏိုင္သည္ကေတာ့ ဦးတမာန္မင္းဆက္သာျဖစ္သည္။

ၾကၫ့္ရတာ သူလည္းမေန့ကမႏၲေလးကို

ျပန္လာပံုရတယ္။


ပံုရိပ္ကေတာ့ သူ႔ကိုမဲ့ျပလိုက္ၿပီး

အၾကၫ့္စူးစူးႏွင့္သာ တုန႔္ျပန္လိုက္သည္။

မႏၲေလးကို ျပန္ေရာက္ေရာက္ခ်င္း ပံုရိပ္နဲ႔ေတြ့ဆံုရမယ္လို႔ သူဘယ္ထင္လိမ့္မလဲ။

ေကာင္းေသာေတြ့ဆံုျခင္း မဟုတ္တာေတာ့ေသခ်ာတယ္။


စတုဂံပံုသ႑န္စားပဲြႀကီး၏ထိပ္ဆံုးတြင္

ေတာ့ ဖြားညိုတစ္ေယာက္တည္းသာထိုင္ခြင့္ရိွေသာ  ထိုင္ခံုအနက္ေရာင္ကတည္ရိွေနေလသည္။လူအားလံုးသည္ ပံုရိပ္၏

ဖိနပ္ေဒါက္ခၽြန္ေလး တစ္လွမ္းေရြ့သြားတိုင္း မ်က္၀န္းေတြပိုနက္လာၾကသည္။


အခ်က္မွန္မွန္ျမည္ေနေသာ ေဒါက္ဖိနပ္သံေလးသည္ စားပဲြႀကီး၏ထပ္ဆံုးေနရာအနီးတြင္ရပ္သြားေသာအခါ ပံုရိပ္ဘယ္ထိုင္ခံုတြင္

ထိုင္မလည္းဆိုတာကို စိတ္၀င္တစားၾကၫ့္လာၾကသည္။


ေခါင္းေဆာင္တစ္ေယာက္သည္ အေပၚယံၾကၫ့္ပါက အားလံုးကိုဦးေဆာင္ၿပီးအုပ္စိုး

ေနတယ္ထင္ရသည္။

တကယ္တမ္းမွာေတာ့ အျမင့္ဆံုးတိုင္ထိပ္တြင္ ရပ္ေနရျခင္းျဖစ္သည္။


ကိုယ့္ကို ေမာ့ၾကၫ့္ေနၾကေသာသူမ်ားထဲတြင္

ေျခေခ်ာ္လက္ေခ်ာ္ျဖစ္၍ ျပဳတ္က်ေစခ်င္သူမ်ားရိွသလို ျပဳတ္က်ေအာင္အမ်ိဳးမ်ိဳးဒုကၡေပးခ်င္သူမ်ားလည္း ရိွေလသည္။

ထိုမ်က္လံုးေတြကို ေရွာင္းတိမ္းဖို႔ရာေတာ့

မျဖစ္ႏိုင္ေပ။


ထို႔ေၾကာင့္ စိတ္ကိုအတတ္ႏိုင္ဆံုးထိန္းခ်ဳပ္လိုက္ၿပီး အားလံုးႏွင့္အၾကၫ့္ခ်င္းဆံုကာ

ခပ္ယဲ့ယဲ့ႃပံုး၍ ႏႈတ္ဆက္လိုက္သည္။


"ကၽြန္မကိုေတာ့ အားလံုးသိၿပီးသားျဖစ္မွာပါ..

ဒီေန့ကၽြန္မဒီမွာရိွေနတာကေတာ့

အဖြားေဒၚရိပ္ညိုကိုယ္စားအေနနဲ႔ျဖစ္ပါတယ္...အဖြားရဲ့က်န္းမာေရးအေျခအေနက

ဒီရက္ပိုင္းမွာ အနားယူဖို႔လိုအပ္ေနတာေၾကာင့္...ဒီအေတာအတြင္းမွာ..အားလံုးနဲ႔

မၾကာခဏေတြ့ဆံုေနရေတာ့မွာပါ...

ဒါေၾကာင့္ အဖြားကိုယ္စားကၽြန္မကအစည္းအေဝးမွာ ဆံုးျဖတ္ခ်က္အခ်ိဳ႕နဲ႔..

ၫွိႏိႈင္းမႈေတြကို ကိုယ္စားျပဳလုပ္ေပးသြားမွာပါ...အားလံုးကိုအသိေပးခ်င္တာကေတာ့

ဒီေလာက္ပါပဲ...အစည္းအေဝးစၾကရေအာင္.."


စကားကိုအတတ္ႏိုင္ဆံုး တိုတိုႏွင့္လိုရင္းေရာက္ေအာင္ ေျပာလိုက္ၿပီးအဖြား၏ထိုင္ခံုႏွင့္ နီးေသာေနရာတြင္ ၀င္ထိုင္လိုက္သည္။

ဒီေတာ့မွ ရွယ္ရာရွင္ေတြ၏မ်က္ႏွာမ်ားသည္လည္း ပံုမွန္ျပန္ျဖစ္သြားၾကေလသည္။


စီးအီးအိုေနရာတြင္ ပံုရိပ္ထိုင္လိုက္ပါက

အားလံုးဆူပူအံုႂကြကုန္မွာ ေသခ်ာသည္။

ဖြားညိုက ပံုရိပ္ကိုတရား၀င္ရာထူးလႊဲေျပာင္းေပးထားတာမ်ိဳးမဟုတ္ပဲ မထိုင္သင့္တာကို

လည္း ပံုရိပ္သိပါတယ္။


အဲ့ဒီ့ေနရာဟာ ပံုရိပ္အတြက္သရဖူတစ္လံုးလည္း ျဖစ္ႏိုင္သလိုေထာင္ေခ်ာက္တစ္ခုလည္း ျဖစ္ႏိုင္သည္။

အဲ့ဒီ့ေနရာမွာ ထိုင္ခြင့္ရမဲ့ေန့ကို

ေတြးၾကၫ့္လိုက္တာနဲ႔တင္ ေသြးပ်က္ေအာင္ ေၾကာက္လန႔္မိသည္။

*

*

*

"ဒီေနရာကိုသာ ေလလံဆဲြလိုက္ရင္...

ကၽြန္ေတာ္တို႔အတြက္အက်ိဳးအျမတ္ေတြမ်ားစြာ ရရိွလာမွာပါ..ၿမိဳ႔သစ္စီမံကိန္းလည္း

စေတာ့မွာမို႔...ကၽြန္ေတာ္တို႔ဘက္ကႀကိဳတင္ၿပီး အကြက္ခ်ထားသင့္ပါတယ္..ေတာင္ဘက္မွာဆိုရင္...ျမစ္နဲ႔နီးၿပီး..ၿမိဳ႔ႏွစ္ခုကိုဆက္ေပးထားတဲ့ တံတားကိုလည္းေတြ့ရမွာပါ

...ပတ္၀န္းက်င္ညစ္ညမ္းမႈလံုး၀မရိွပဲ...

ၿမိဳ႔ထဲကိုလည္းအလြယ္တကူလည္ပတ္လို႔ရပါတယ္..."


"ကၽြန္ေတာ္ကေတာ့...သိပ္သေဘာမက်ဘူး.."


"ကၽြန္ေတာ္ကေတာ့အဆင္ေျပမယ္ထင္တာပဲ

..ဦးတမာန္ထက္ရဲ့ပေရာဂ်က္ထက္စာရင္..

ဒီေနရာကိုေလလံဆဲြတာက ပိုမွန္ကန္လိမ့္မယ္..."


"မန္ေနဂ်င္းေျပာသေလာက္ပဲ ခင္ဗ်ားကသိတာေလ..ခင္ဗ်ားကိုယ္တိုင္ေလ့လာၿပီးလို႔လား.."


"က်ဳပ္ရဲ့အေတြ့အႄကံုကစကားေျပာတယ္ေလ...မယံုရင္ဒီပေရာက္ဂ်က္ကိုလက္ခံလိုက္.."


"ကေလး..ကစားစရာမဟုတ္ဘူးဗ်..."


အားလံုးတစ္ေယာက္တစ္ေပါက္ႏွင့္ ေျပာေနၾက၍ ပံုရိပ္မွာေခါင္းေတြေတာင္မူးလာသည္။

အရင္ကအစည္းအေဝးတက္စဉ္မွာ ဖြားညိုနဲ႔တုန္းက ဒီလိုဆူပူတာမ်ိဳးေတြမရိွပဲ

ပံုရိပ္အလွၫ့္ၾကမွ ျငင္းခုန္ေနလိုက္ၾကတာမ်ား လူႀကီးလူေကာင္းေတြဆိုတာ ဒါလားလို႔ေတာင္ ျပန္ေမးရမလိုျဖစ္ေနသည္။


"ကဲ...အားလံုးပဲ...ဒီကိစၥကိုထပ္ၿပီးျငင္းမေနပါနဲ႔ေတာ့...ဒီကိစၥကိုဆံုးျဖတ္ႏိုင္ခြင့္က

ခင္ဗ်ားတို႔ဆီမွာ မရိွဘူးဆိုတာမသိၾကတာလား..."


ဦးထြန္းၿမိဳင္၀င္ေျပာလိုက္ေတာ့မွပဲ ပိုဆိုးသြားေတာ့သည္။အဘယ္ေၾကာင့္ဆိုေသာ္

 အားလံုးေသာရွယ္ယာရွင္တို႔သည္ ပံုရိပ္ကို"အဆံုးအျဖတ္တစ္ခုေပးစမ္း.."ဆိုေသာအၾကၫ့္မ်ားျဖင့္ ၾကၫ့္လာေသာေၾကာင့္ျဖစ္သည္။


"ဒီကိစၥက တစ္ဦးတစ္ေယာက္တည္းရဲ့ဆံုးျဖတ္ခ်က္နဲ႔တင္ မၿပီးပါဘူး..ဒါေၾကာင့္

ကၽြန္မကေတာ့ မဲခဲြၿပီးဆံုးျဖတ္ေစခ်င္တယ္..

ဒီပေရာဂ်က္ကိုလက္ခံခ်င္တဲ့လူေတြရိွပါသလား...."


"ဦးကေတာ့ လက္ခံခ်င္တယ္..."


ပေရာဂ်က္ကို လက္ခံခ်င္သၫ့္လူမ်ားဟာ 

တစ္ေယာက္ၿပီး တစ္ေယာက္ထြက္ေပၚလာၿပီးေနာက္မွာ ပေရာဂ်က္ကိုလက္မခံခ်င္သူေတြႏွင့္ မဲခဲြဆံုးျဖတ္ေပးလိုက္ေလသည္။

ထို႔ေနာက္မွာေတာ့  လက္ခံသူအေရအတြက္မ်ားေန၍ ပေရာဂ်က္ကိုေလလံဆဲြဖို႔သာ ဆံုးျဖတ္လိုက္သည္။


"ဦးေဇာ္...အစည္းအေဝးၿပီးရင္ဒီပေရာဂ်က္နဲ႔ပတ္သတ္တဲ့အေသးစိတ္အခ်က္အလတ္ေတြကို ရံုးခန္းထဲကိုလာပို႔ေပးထားပါ..ေလလံပဲြမစခင္အထိ အဲ့ဒီ့ေနရာပတ္၀န္းက်င္နဲ႔ပတ္သတ္ၿပီး ထူးျခားတာအကုန္လံုးကို လာတင္ျပပါ..."


မန္‌ေနဂ်င္းဒါရိုက္တာဦးေဇာ္ကို ၫႊန္ၾကားလိုက္ၿပီးေနာက္ ရွယ္ရာရွင္အဖဲြ႔၀င္ေတြဘက္သို႔ လွၫ့္လိုက္သည္။


"အခုေလာေလာဆယ္ေတာ့..မဲခဲြဆံုးျဖတ္ထားတဲ့ ရလဒ္အတိုင္းဒီပေရာဂ်က္ကို ဆက္ၿပီးလုပ္ေဆာင္မွာပါ...ဒါကယာယီဆံုးျဖတ္ခ်က္တစ္ခုျဖစ္ၿပီး

...ေနာက္ထပ္အေျခအေနတစ္ခုကို ေျပာင္းလဲသြားႏိုင္‌တာေၾကာင့္..

အားလံုးကို အရမ္းမေလာေစခ်င္ေသးပါဘူး..

ကၽြန္မတို႔ေတြ ေသခ်ာစမ္းစစ္ၿပီး..အမ်ိဳးမ်ိဳးေလ့လာၿပီးမွ ဒီပေရာဂ်က္နဲ႔ပတ္သတ္ၿပီး

အစည္းအေဝးထပ္လုပ္ပါ့မယ္..."


အစည္းအေဝးခန္းထဲတြင္ေတာ့ ေခါင္းေဆာင္ပိုင္းက အလုပ္သမားမ်ား‌လည္း ရိွေနေသာေၾကာင့္ ပံုရိပ္၏ဆံုးျဖတ္ခ်က္တစ္ခုသည္ သူတို႔ဒီအစည္းအေဝးအခန္းထဲမွ

ထြက္သြားသည္ႏွင့္ အလုပ္သမားေတြအားလံုးထံသို႔ လ်ွင္ျမန္စြာျပန႔္ႏွံ႔သြားႏိုင္သည္။


"ဦးတမာန္ထက္ကေရာ...ရန္ကုန္မွာအခုလက္ရိွလုပ္ေနတဲ့..ေဟာ္တယ္စီမံကိန္းက..

အေျခအေနဘယ္လိုလဲ..ကၽြန္မတို႔ေပးထားတဲ့အခ်ိန္ထက္...ေတာ္ေတာ္ေလးကိုၾကာေနၿပီေနာ္..."


"အဲ့ဒါကဒီလိုရိွပါတယ္..."


"ကၽြန္မကရွင့္အေဖကိုေမးေနတာေနာ္..

ဦးတမာန္မင္းဆက္ကိုေမးမိလို႔လား..."


သူ႔အေဖအစား ထေျဖရန္ျပင္ေနေသာ

ဦးမင္းဆက္၏ မ်က္ႏွာႀကီးသည္

ပံုရိပ္၏စကားေၾကာင့္ ခ်က္ခ်င္းကိုပုပ္သိုးသြားေလသည္။

ပံုရိပ္ကလည္း ဒီလိုပဲျဖစ္ေစခ်င္တာေၾကာင့္

ေက်နပ္သည္။


"ဦးထြန္းၿမိဳင္...ဦးတမာန္ထက္ကေဟာ္တယ္ေဆာက္လုပ္ဖို႔အတြက္ဆိုၿပီး ထုတ္ထားတဲ့ေငြေတြကို အလဲြသံုးစားလုပ္ထားတဲ့အခ်က္အလက္ေတြ အားလံုးကို..

ဒီကဘုတ္အဖဲြ႔၀င္ေတြ ျမင္ေအာင္ျပေပးလိုက္ပါ..

ေငြမဲကို ေငျြဖဴလုပ္ဖို႔ႀကံစည္ေနတာေတြကိုေရာေပါ့...."


"ဟုတ္ကဲ့ပါ..."


တကယ္ေတာ့ ဒီကိစၥကိုပံုရိပ္အဖြားႏွင့္ ႀကိဳၿပီးတိုင္ပင္ ထားၿပီးသားျဖစ္သည္။

ဦးတမာန္ထက္၏လုပ္ရပ္ေတြကို အားလံုးအေရ႔ွမွာဖြင့္ခ်ဖို႔အတြက္ အဖြားကေသခ်ာစံုစမ္းထားေပမဲ့

ဒီေန့မွာလုပ္ဖို႔ကိုေတာ့

ပံုရိပ္ကအႀကံေပးခဲ့ျခင္းျဖစ္သည္။

ဦးမင္းဆက္နဲ႔ မႏၲေလးမွာသာမေတြ့ခဲ့ပဲ 

ဆရာ့အေပၚကိုဒုကၡေပးခဲ့သူမွန္းသာ မသိခဲ့ရင္

အေျခအေနေတြက ဒီေလာက္အထိမျမန္ဆန္ႏိုင္ေပ။


ပံုရိပ္စိတ္ဒုကၡေပးခ်င္တဲ့ သူ႔သားကိုယ္တိုင္

ေရာက္ေနေတာ့ ပဲြကပိုလွတာေပါ့။

ေတာင္ႀကီးမွာ သူ႔ကိုႂကြေးေၾကာ္ခဲ့တဲ့စကားဟာ တကယ္ျဖစ္လာတယ္ဆိုတာ သူ႔ကို

မ်က္ဝါးထင္ထင္ျမင္ေစခ်င္သည္...။


"ကိုတမာန္ထက္...ခင္ဗ်ားယုတ္မာလွခ်ည္လား...ခင္ဗ်ားကိုဒီလိုလူမ်ိဳးမွန္း မထင္ထားခဲ့မိဘူး...."


"ေတာ္ေသးတာေပါ့...ဟိုတေလာကတင္က်ဳပ္ဆီကေန..သိန္းသံုးေထာင္လာေခ်းတာ..

မေပးလိုက္မိလို႔..."


"အစကေတာ့..သတင္းသဲ့သဲ့ၾကားေပမဲ့..

တကယ္မလုပ္ေလာက္ဘူးလို႔ ထင္ခဲ့တာ...

ခင္ဗ်ားလိုလူမ်ိဳးနဲ႔ အလုပ္တဲြလုပ္မိတာေတာင္

မယံုႏိုင္ဘူး...."


"ေက်းဇူးျပဳျပီးေတာ့ ၿငိမ္ၿငိမ္ေလးေနေပၾကပါ...

ဦးတမာန္ထက္က..ေဟာ္တယ္စီမံကိန္းအတြက္

ေငြေတြကို အလဲြသံုးစားလုပ္ထားတဲ့အတြက္ေရာ

...ေငြမဲကိုကုမၸဏီထဲအထိယူလာဖို႔ ႀကိဳးစားတဲ့အတြက္ေရာ..ဖြားညိုက

ဦးတမာန္ထက္ကို  တရားဆဲြဖို႔ဆံုးျဖတ္ခ်က္ခ်လိုက္ပါတယ္...အားလံုးပဲသေဘာတူလက္ခံမယ္လို႔ ယံုၾကည္ပါတယ္...အစည္းအေဝးသိမ္းပါမယ္..."


ပံုရိပ္လည္း လက္ပ္ေတာ့ေတြကိုပိတ္လိုက္ၿပီးအစည္းအေဝးခန္းထဲမွ ထြက္ဖို႔ျပင္လိုက္သည္။

ထိုစဉ္ ဦးတမာန္ထက္သည္ပံုရိပ္၏အေရ႔ွမွ

ကာရပ္လိုက္၍ ဦးထြန္းၿမိဳင္ကပံုရိပ္ကို

လွမ္းဆဲြလိုက္ရသည္။


"တူမႀကီးရယ္...ဦးေလးကိုေနာက္ထပ္အခြင့္အေရးေပးပါေနာ္...ဦးေလးေတာင္းပန္ပါတယ္.."


"ဒီမွာဦးတမာန္ထက္..ဦးေလးလုပ္ခဲ့တဲ့လုပ္ရပ္က

...ဦးေလးတစ္ေယာက္တည္းနဲ႔

သက္ဆိုင္တာမဟုတ္ဘူး...ကုမၸဏီတစ္ခုလံုးနဲ႔သက္ဆိုင္ေနတာေနာ္...တစ္ခုခုျဖစ္လာရင္လည္း

...ဦးေလးေၾကာင့္ကၽြန္မတို႔အားလံုး

ဒုကၡေရာက္ရမွာ...ဦးေလးမွာေနာက္ထပ္အခြင့္အေရးဆိုတာ မရိွေတာ့ဘူး...

ကၽြန္မတို႔ဘက္က တကယ္လုပ္ခ်င္ရင္

အခုဒီအခန္းထဲမွာတင္ ဖမ္းခ်ဳပ္ခိုင္းလိုက္လို႔ရတယ္..

ဆင့္ေခၚစာကိုသာေစာင့္ေနလိုက္ေတာ့..."


"မင္းငါ့ကိုမေက်နပ္တာနဲ႔ပဲ..ငါ့အေဖကို

တမင္ေခ်ာက္တြန္းတာမဟုတ္လား...ဟမ္

မင္းယုတ္မာလွခ်ည္လား..."


အစည္းအေဝးခန္းထဲက ထြက္ေတာ့မၫ့္ပံုရိပ္၏ လက္ကို ဖမ္းဆဲြလိုက္ေသာဦးမင္းဆက္ကို

ပံုရိပ္ကလည္း မာမာထန္ထန္ႏွင့္ ျပန္ၾကၫ့္လိုက္ၿပီး

လက္ကို ေဆာင့္ရုန္းပစ္လိုက္သည္။


"ရွင့္ကိုဒုကၡေပးခ်င္ယံုနဲ႔ ရွင့္အေဖကို

လြယ္လြယ္‌ေလးေခ်ာက္ခ်လို႔ရမယ္ထင္ေနတာလား...ကိုယ္လုပ္တာကိုယ္ျပန္ခံရတာပဲ

ဦးေနွာက္ရိွရင္ ေသခ်ာျပန္ေတြး...

ဦးထြန္းၿမိဳင္..သြားရေအာင္..."


"မင္းမသြားနဲ႔အံုး..ငါမင္းနဲ႔စာရင္းရွင္းစရာရိွေသးတယ္..."


"ဦးထြန္းၿမိဳင္ လံုႃခံုေရးကိုေခၚၿပီးေမာင္းထုတ္လိုက္ပါ...

ထိန္းလို႔မရရင္ ရဲစခန္းကိုဆက္လိုက္..."


ေဒါသတႀကီးႏွင့္ ေပါက္ကဲြေနေသာဦးမင္းဆက္ကို

၀န္ထမ္းေတြေရာ ဦးထြန္းၿမိဳင္တို႔ကမနည္းထိန္းေနရေလသည္။ပံုရိပ္ကေတာ့ ရံုးခန္းဆီသို႔သာ

ဦးတည္၍ သြားလိုက္ၿပီး မဲ့ႃပံုးႃပံုးလိုက္မိေလသည္။


ထိုေန့မွစ၍ ကုမၸဏီတြင္ ေဒၚရိပ္ညို၏ေျမးသည္ ေဒၚရိပ္ညိုထက္ပို၍ ဆံုးျဖတ္ခ်က္ျပတ္သားသည္ဆိုေသာ အသံမ်ားလြင့္ျပန္ကုန္ေလသည္။


အခ်ိဳ႕ကေတာ့ လူႀကီးေတြႏွင့္ေတာင္

အစည္းအေဝးအခန္းထဲတြင္ သူတစ္ခြန္း

ကိုယ္တစ္ခြန္းေျပာ၍ ရိုင္းသည္ဟုေဝဖန္ၾကၿပီး အခ်ိဳ႕ကေတာ့ေဒၚရိပ္ညိုထက္

ပိုေၾကာက္ဖို႔ေကာင္းသည္ဟု ေဝဖန္ၾကေလသည္။

အဓိကအခ်က္ကေတာ့ ပံုရိပ္ဆိုေသာ

ဆယ္ေက်ာ္သက္မိန္းကေလးကို ဘယ္သူမွအထင္မေသးရဲၾကေတာ့ေပ။


(အခန္း၆၅)ဆက္ရန္ရိွသည္


🌹🌹🌹🌹🌹🌹🌹🌹

No comments:

Post a Comment